Fact Checkသတင်း

KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်

အောင်ဟိန်းမင်း ခေါင်းဆောင်သည့် KIA/PDFအဖွဲ့မှ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံလူငယ်အချို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး ငွေကြေးပစ္စည်းများအား လုယူသွားကြောင်းသိရသည်ဆိုပြီး သတင်းအမှား တစ်ခု ဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင်ဗလမင်းထင် ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Oo Sitt” “Kachin Land”  အကောင့်များနှင့်အတူချိတ်ကာ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖော်ပြထားသောအကြောင်းအရာတွင်ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံ လူငယ် ၁၆ ဦး ခန့်အား ယနေ့ နံနက် ၆နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သော PDF အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့ပြီး ငွေကြေးပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည် ဆိုပြီး ဖော်ပြထားပါသည်။

ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး ဒေသအခြေစိုက် The 74 Media တွင် ဖော်ပြထားသည်မှာဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဘိန်းခန်းများကို ယနေ့ နံနက် () နာရီခန့်က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ် (KIA)နှင့် ရပ်ကွက်နေပြည်သူများက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ သွားရောက်ရှင်းလင်းချိန်တွင် ပြန်လည်ခုခံသူများလည်းရှိပြီး ဆေးသုံးစွဲနေသူ ၁၆ ဦးကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်တိုက်ဖျက်ရေးပြုလုပ်နေသူတစ်ဦးက The 74 Media ကိုပြောသည် ဟုသာ ဖော်ပြထားသည်။

ထို့ကြောင့် ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာ ဒေသခံလူငယ် ၁၆ ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးပစ္စည်းများ လုယူခဲ့သည် ဆိုသည့်အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်းကို တွေ့မြင်နိုင်သည်။

လွန်ခဲ့သော စက်တင်ဘာလ (၂၁) ရက်နေ့မှာလည်း အဆိုပါဗလမင်းထင်ဆိုသည့်ဖေ့စ်ဘုတ်အကောင့်သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားတစ်ခု ဖြန့်ဝေခဲ့သည်။

အထူးသဖြင့် ယခုသတင်းအမှားဖော်ပြနေသော facebook account များသည် ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အောင်ဟိန်းမင်းနှင့် ပတ်သက်ပြီး သတင်းအမှားများ ပုံမှန် ဖန်တီကာ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် နေ့စဥ်လူမှုကွန်ယက်ပေါ်ကသတင်းများကို ဖတ်ရှုရာတွင် သတင်းအကြောင်းအရာမှန် မမှန်ကို သိရှိလိုလျှင် ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားသော အကြောင်းအရာများနှင့် တိုက်စစ်ပြီးမှသာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button