အင်တာဗျူး

ကုန်ဈေးနူန်း မြင့်တက်မှုကြောင့် နယ်စပ်ဒေသရောက် အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ နေ့စဉ် ဒုက္ခ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့တဲ့အပြင် ငွေကြေးစီးဆင်းမှု ရပ်တန့်သွားတာတွေကြောင့် နိုင်ငံတွင်းငွေကြေးဖောင်းပွမူနဲ့ ကုန်ဈေးနူန်းမြင့်တက်မူတွေကို ပြည်သူတွေက နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။

အဲ့ဒီထဲမှာမှ တရုတ်နယ်စပ်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်က‌ ကိုဗစ်‌ရောဂါအကြောင်းပြချက်နဲ့ နယ်စပ်ဂိတ်တွေက ကုန်ပစ္စည်းတင်သွင်းခွင့်ကိုလည်း အကန့်သတ်နဲ့သာ တင်သွင်းခွင့်ပေးနေတဲ့အတွက် စားသောက်ကုန်‌တွေကလည်း အရင်ထက် ဈေး ၂ ဆမြင့်နေတဲ့အပြင် ငွေကြေးဖောင်းပွမူတွေ ခံစားနေကြရတယ်။

ဒီအခက်ခဲတွေကို နယ်စပ်ဒေသမှာ‌ ရောက်ရှိ‌နေတဲ့ စစ်ဘေးရှောင်အမျိုးသမီးအနေ‌တွေ၊ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေကြရတဲ့ ကုန်ဈေးနှုန်းမြင့်တက်မူ ငွေကြောင်းဖောင်းပွမှုဒဏ်ကို ဘယ်လိုဖြေရှင်းနေကြလဲ ဘယ်လို ရင်ဆိုင်နေကြရတာလဲဆိုတာကို မေးမြန်းထားပါတယ်။

အမှန်တိုင်းပြောရရင် ကျမ Sunday နေ့မှာ ဈေးမရောင်းချင်ဘူး ဒါပေမယ့် အိမ်လခပေးမယ့်ဟာကို တွေးလိုက်ရင် မနားရဲဘူး မနားနိုင်ဘူး ကျမတို့က နယ်စပ်မှာမို့ဆို‌တော့ တစ်ခြားနယ်က မတူဘူးလေ အိမ်လခကလည်း တစ်ခန်းကိုတရုတ်ငွေ ၂၅၀ ဆိုပေမယ့် မြန်မာငွေနဲ့တွက်ရင် ၁ သိန်းကျော်ရှိသွားပြီ အရင်ကဆို အာဏာမသိမ်းခင် တစ်ခန်းကို တရုတ်ငွေ ယွင် ၁၀၀ ဘဲရှိတယ်။ ခု ၁ ဆကျော်တိုးသွားတော့ ကုန်ဈေးနူန်းတွေကလည်းတက် တစ်လတစ်လ အိမ်လခနဲ့ကို မစားရက်မသောက်ရက် စုနေရတယ် စားဖို့က ဒုတိတောင်ဖြစ်နေတယ် ဘာနဲ့ဘဲ စားရ စားရ နေစရာက ပိုအရေးကြီးနေလို့လေလို့ နယ်စပ်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင် ဈေးသည်အမျိုးသမီး တစ်ဦးကပြောပါတယ်။

နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း သူမရဲ့အခက်ခဲကို ခုလိုဘဲ ပြောပြပါတယ်။

စား‌ဆီ မဝယ်နိုင်တာ တစ်ပတ်ရှိသွားပီ ကလေးတွေက ဟိုနေ့က မုန့်စားချင်တယ်ဆိုတာကို မဝယ်ကျွေးနိုင်ဘူး။  ပြည့်ဝဆီ ဗူးအသေး တစ်ဗူးကို အရင် ၂၀၀၀ ခု ၄၀၀၀ ရှိသွားပြီ အိမ်လခတောင်မပေးနိုင်လို့ ခုသူများကုန်းငှားပြီးတဲထိုးလာနေရတာ ဟုတ်တယ် လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

တရုတ်နယ်စပ် လိုင်ဇာမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ တရုတ်ငွေပေါက်ဈေး မြန်မာငွေတစ်သိန်းလျှင် တရုတ်ငွေ ၂၀၀ ယွင်ထိသာပေါက်နေတဲ့အပြင် မြန်မာဘက်က စားသောက်ကုန်လည်း တရုတ်ယွမ်နဲ့ ရောင်းနေကြတဲ့အတွက် တစ်ခြားနယ်တွေထက် စားသောက်ဝယ်စားနေရဈေးဟာ ၂ ဆထက်ပိုများနေတဲ့နေရာဖြစ်ပါတယ်။

ဒီလို ခက်ခဲမူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ဖြစ်လာပြီး အခန်းငှားစားနေရတာတောင် အကြွေးနဲ့ ငှားနေရတဲ့အတွက် အခန်းနေအိမ်ပြန်လည်ပြုပြင်ဖို့ရန်ပင် ငွေကြေးခက်ခဲနေတယ်လို့ နောက်ထပ်အမျိုးသမီးက ပြောပါတယ်။

တစ်ချို့ဆို ဘယ်ချိန်ပြန်သွားတာလဲ မသိလိုက်ဘူး။ ခုအခန်းခ လုံးဝမရတဲ့ဟာတွေ ၁ နှစ်ကျော်ရှိတဲ့ အခန်းလည်းရှိတယ် သွားတောင်းမယ်ဆိုလည်း အားလုံးက ခက်ခဲနေကြတော့ မတောင်းရဲဘူး အိမ်တွေက မိုးယိုနေပြီ ပြန်ပြင်ဖို့က ဘယ်လိုမှ မပြင်နိုင်သေးဘူး လို့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

တရုတ်နယ်စပ် လိုင်ဇာမြို့မှာ ဒေသခံ‌များစစ်ဘေးရှောင်မိသားစုများအပြင် စစ်အာဏာရှင်ကိုတော်လှန်လို့ ထွက်ပြေးတိမရှောင်လာရောက်ခိုလှုံနေတဲ့ အိမ်ထောင်မိသားစုတွေလည်း ရှိနေပါတယ်။

အဲ့ဒီထဲက အိမ်ထောင်ရှင် အမျိုးသမီးကလည်း သူမရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို ခုလိုပြောပါတယ်။

ဒီမှ စရောက်တာ ၆ လလောက်ရှိပြီ ကုန်ဈေးနှုန်းတက်ပေမယ့် ခုဟာက ဥပမာ မြစ်ကြီးနားမှာ အချို့မုန့် တစ်ထုပ်ကို ၅၀၀ ဆို ဒီမှာက ၅ ယွမ်ရောင်းကြတယ်။ ၅ယွမ်ဆို ခုပေါက်ဈေးက ၂၃၀၀ လောက်ရှိတယ်။ အဲတော့ ဒီက တစ်ခြားနယ်ထက် ကုန်ဈေးနုန်းတက်တဲ့ဒဏ်ပိုခံကြရတယ်။ အားလုံးက အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲတွေ ကျမတို့ဆိုလည်း အခန်းခ မတတ်နိုင်လို့ ၁၀ ပေခန်းမှာ ထမင်းစားလည်း ဒီမှာ မိသားစု ၅ ယောက်လောက် ပေါင်းနေနေရတယ် ခုလောလောဆယ်တော့ မြို့ထဲက ကုန်စိမ်းတွေဝယ်ပြီး စစ်ရှောင်စခန်းဘက် လိုက်ရောင်းပြီးတော့ ဒီပြသာနာဖြေရှင်နေရတာပေါ့” လို့ ရွေ့ပြောင်း အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Show More

Related Articles

Back to top button