Month: October 2022

  • Oct- 2022 -
    27 October
    သတင်း

    ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ

    ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းကို သယ်ယူခွင့်မရအောင် ဖားကန့် Ginsi ကျေးရွာအထွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး လွတ်မြောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုမည်ဟု သိရကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အခုက သူတို့ တော်တော်တင်းကြပ်ထားတဲ့ပုံစံဖြစ်တယ်။ စစ်ကောင်စီတွေက ဒဏ်ရာရပြီး လွတ်လာတဲ့သူတွေကော ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ ၁၇(၁)နဲ့ ဖမ်းဆီးမယ်လို့လည်း ပြောနေကြတယ်။ အဲ့ကြောင့် ပြည်သူတွေလည်း လုပ်ရကိုင်ရတာ တော်တော်ခက်ခဲသွားတယ်”ဟုပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုနေသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များက အောက်မေ့ သတိရ ဆုတောင်းပွဲပြုလုပ်၍ မရသည့် အခြေအနေရှိနေသည်ဟု သူကဆက်ဆိုသည်။ လက်ရှိ ဒဏ်ရာရရှိသူများပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင့် KIA တပ်မဟာ ၉ နယ်မြေတွင်သာ ဆေးဝါးကုသမှုများပြုလုပ်လျက်ရှိနေပြီး တစ်ချို့မှာ ဆေးကုသခံယူမှု နှောင့်နည်းသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးမှုများရှိနေသည်။ ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်၏ ရုပ်အလောင်းများကို ဖားကန့် Ginsi ကျေးရွာအထက် ဘော်ဆာဒီးကျေးရွာ၏ ဥရုချောင်းတစ်ဖက်ကမ်းတွင် အောက်တိုဘာလ ၂၅ ၊၂၆ ရက်နေ့တို့တွင် မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ ည စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး ၃ ရက်ခန့်အကြာ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာရရှိသူများသွေးလွန်ကာ သေဆုံးမှုများရှိခဲ့သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဗုံးကျဲမှုအပြီး ဖားကန့် ဆေးရုံး ဆေးခန်းများတွင် စစ်ကောင်စီ စစ်သားများနှင့်ရဲများက ဒဏ်ရာပြင်းထန်သည့် လူများရှိမရှိ လိုက်လံစစ်ဆေးမှုများရှိနေသည့်အတွက် မြို့တွင်း မြို့ပြင်နေရာများတွင်လည်း စစ်ဆေးရေးတင်းကြပ်ထားသည်ခြင်းသည်။

    Read More »
  • 27 October
    သတင်း

    ဗန်းမော်တွင်  KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်တွင် KIA စစ်သားများတက်လာသည်ဟု ပြောဆိုကာ ဗန်းမော် ၄ မိုင် စစ်တပ်ကုန်းမှ လက်နက်ကြီး ခြောက်လန့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်…

    Read More »
  • 26 October
    သတင်း

    ဗန်းမော်တွင် စစ်ရိက္ခာသယ် သင်္ဘောများ ဝင်ရောက်နေသဖြင့် စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်နေ

    ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို ကာကွယ်ရန်အတွက် လုံခြုံရေးဟုဆိုကာ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် နေကြောင်း ဗန်းမော်ဒေသခံ များထံမှသိရသည်။ “စစ်ရိက္ခာသယ်လာတဲ့ သင်္ဘောတွေ ဒီကနေ့ရောက်မယ်ဆိုတော့ လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ထုနေကြတယ်။…

    Read More »
  • 26 October
    သတင်း

    ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတင်းကြပ်နေသည့်အတွက် KIA ဘက်မှ ညမထွက်ရ အမိန့်ထုတ်ပြန်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အများပြည်သူကို ရှောင်တခင် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည့်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် KIA အမိန့်ထုတ်ထားသည်ဟု သိရသည်။ ဖားကန့် မြို့တွင်း…

    Read More »
  • 25 October
    သတင်း

    ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ A Nang Pa တွင် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုသည် ‘ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေခြင်းသာဖြစ်သည်’ ဟု ကချင်လူထု ပြောသည်။ စစ်ရေးနှင့် မသက်ဆိုင်ဘဲ ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ…

    Read More »
  • 25 October
    တိုက်ပွဲ

    မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ

    ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄…

    Read More »
  • 25 October
    သတင်း

    စစ်လှေမှောက်ထဲပါသွားသည့် စစ်ကောင်စီ လက်နက်များ ဒေသခံများကို အတင်းအကြပ်ဆယ်ယူခိုင်း

    ရွှေကူမြို့နယ် မြိုင်သာယာကျွန်း နှင့် ပေါလောကျွန်းကြားတွင် စစ်ကောင်စီ၏ စစ်လှေတိမ်းမှောက်ခဲ့သည့်အတွက် လက်နက်အချို့ ရေထဲမြှုပ်ပါသွားခဲ့ရာ ဘိုကုန်းကျေးရွာ ဒေသခံများအား အတင်းအကြပ်ဖိအားပေးကာ လက်နက်များဆယ်ယူခိုင်နေကြောင်းသိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က မင်းကျောင်းကုန်းရွာမှ…

    Read More »
  • 25 October
    တိုက်ပွဲ

    ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

    စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများကို အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်က ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။…

    Read More »
  • 24 October
    တိုက်ပွဲ

    ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော်အထိတွေ့ရှိ

    ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ  အောက်တိုဘာလ ၂၄ ရက်နေ့  ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။…

    Read More »
  • 24 October
    တိုက်ပွဲ

    ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရပြည်သူ ၁၀၀ ကျော်ကို ဆေးကုခွင့်မရအောင် စစ်တပ်က တားမြစ်ထား

    ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခွင့်မရအောင် Ginsi ကျေးရွာ အထွက်ဂိတ်တွင် စစ်ကောင်စီက တားမြစ်းထားကြောင်း သိရသည်။ အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် တံတားဦးဘက်မှ ဂျက်ဖိုက်တာ…

    Read More »
Back to top button