တိုက်ပွဲသတင်း

ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား

မိုးညှင်း နှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင်ရှိ ညောင်ထောက်ကုန်းအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က စ်ကောင်စီတပ်နှင့် KIA PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် အင်းတော်ဘက်မှ ဖားကန့်ဝှေခါဘက်သို့ တက်လာခဲ့ရာတွင် KIA နှင့် PDF အဖွဲ့ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုသည်။

ဒီကနေ့ ၁ နာရီလောက်ကနေ တိုက်ပွဲဖြစ်ကြတယ် ၃နာရီလောက်အထိပစ်ကြတာ။ အခုက ဗမာစစ်သားတွေဘက်က နောက်ဆုတ်ထားလို့ ခဏပြန်ငြိမ်နေတယ်။ စစ်သားတွေက KIA တပ်စခန်းရှိတဲ့ ဘက်ကိုတက်လာတာ ကြားဖြတ်တိုက်ခိုက်ခံရတာဟုတ်တယ်။ သိရသလောက်က ဗမာစစ်သားဘက်က ထိခိုက်မှုများတယ်လို့ပြောလာတယ်ဟုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ၂ ဖက်တပ် ၃ နာရီဝန်းကျင်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည့်အတွက် ဆုတ်ခွာသွားကြောင်းသိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် KIA တပ်မဟာ ၉ နယ်မြေ တပ်ရင်း ၂၆ နှင့် တပ်ရင်း ၆ နယ်မြေဖြစ်ပြီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့သည် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့တို့ဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည့်အတွက် ၂ ဖက်တပ်စောင့်ကြည့်နေသည့် အနေအထားတွင်ရှိနေပြီး ဆက်လက်တိုက်ပွားနိုင်ကြောင်း သတင်းအရင်းအမြစ်ကပြောသည်။

ထို့နောက် KIA တပ်ရင်း ၂၆ နေရာဟောင်းဖြစ်သည့် သုန်ပျဉ်ကျေးရွာ ဘက်တွင်လည်း ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနေရာတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမျှမရှိခဲ့ကြောင်း KIA တပ်ရင်း ၂၆ နယ်မြေဘက်မှ KIA သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button