သတင်း

မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ က ကျေးရွာရပ်ကွက်အတွင်း ကချင်နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်နေပြီးနောက် ဒေသခံ ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ် မိုးကောင်းချောင်းတံတားထိပ်ပိုင်း အနီးတဝိုက် မြေမြှုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ယမန်နေ့ညအထိ စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကိုပြောသည်။

မိုင်းပေါက်ကွဲသွားတဲ့ အနီးမှာရှိကြတဲ့ ကချင်အိမ်တွေကို စစ်ဆေးတယ်။ အဲ့မှာလေး ငါးယောက်လောက်ကို ဖမ်းဆီးသွားတယ်။ တစ်ချို့ကိုတော့ ပြန်လွတ်ပေးလိုက်တယ်လို့ သိရတယ်။ ၂ ယောက်လောက်က ကျန်သေးတယ်။ အဲ့ဒီ စနေနေ့ ညကနေ လိုက်စစ်တာ မနေ့ညအထိပဲ သူတို့က ကချင်အိမ်တွေပဲ ရွေးပြီးစစ်တယ်။ စစ်တဲ့ အိမ်တွေကို အိမ်တံခါးတွေ ရိုက်ဖွင့်ပေးတယ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပြီး လိုက်စစ်နေတာဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၂ ဦးမှာ ရပ်ကွက် () တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဦးခရမ်ခါးဂျာခေါ်သူနှင့် ဆိုင်ကယ် ကယ်ရီသမား ဦးမရန်လ ခေါ်သူ တို့ကို ပြည်သူ့စစ်အဖွဲ့က မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး စံပြပြည်သူ့စစ်စခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ကျေးရွာပြည်သူများ၏ ပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့သည် ကျေးရွာအတွင်း ကချင်နေအိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် တံခါးများ ရိုက်ချိုးပေးခြင်း၊ နေအိမ်အတွင်းသို့ သေနတ်များကိုင်ဆောင်ထားကာ စစ်ဝတ်စုံများဖြင့် ခြိမ်ခြောက်ပြောဆိုပြီး နေရာအနှံ့ရှာဖွေခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သော အပတ်တွင်လည်း ရှဒူးဇွပ်ကျေးရွာမှ ချောင်းဆုံ ဘက်သို့ သွားသည့် ကချင်ဘာရေးဆရာ တစ်ဦးကိုလည်း ပြည်သူ့စစ်အဖွဲ့မှ မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ဝါရာဇွပ်ဒေသ မင်းဇင်သန့်ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့၏ စံပြကျေးရွာ ပြည်သူ့စစ်ဂိတ်အတွင်း ဖြတ်သန်းသွားလာသည့် အများပြည်သူကိုလည်း ဖမ်းဆီးရိုက်နက် စစ်ဆေးမှုများ ကြုံနေရသည့်အပြင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများလည်း ပုံမှန်ပြုလုပ်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button