သတင်း

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့ ရှိ အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထွေအုပ်ဝန်ထမ်း ၁ သေဆုံးကာ  ၁ ဦးပြင်းထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကားမိုင်း အုပ်ချုပ်ရေးရုံးဗုံးဖောက်ခွဲခံရမှုတွင် အုပ်ချုပ်ရေးမှူးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ဗုံးစထိမှန်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ကားမိုင်းဒေသခံတစ်ဦး KNG ကိုပြောသည်။

ထိတာက ၂ ယောက်ဟုတ်တယ် အဲ့မှာ တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ အုပ်ချုပ်ရေးမှူးဟုတ်တယ်။ ဘယ်လောက်ထိ ထိခိုက်သွားတယ်ဆိုတာကတော့ အသေးစိတ်မသိရသေးဘူးဟုပြောဆိုသည်။

သေဆုံးသွားသည့်သူမှာ ထွေအုပ်စားရေးဖြစ်သည်ဟုသိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးထက်မနည်းရှိသည်ဟုလည်း သတင်းအရင်းအမြစ်များကပြောဆိုသည်။

လက်ရှိတွင် ကားမိုင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားမိုင်းမြို့တွင်းမြို့ပြင် လမ်းဆုံးနေရာများတွင် စစ်အင်အားအများအပြား လုံးခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ထို့နောက် နိုဝင်ဘာလ ၂၃ ရက်နေ့ ကားမိုင်းမြို့နယ် မြစိမ်းရောင်ရပ်ကွက်မှ စိုင်းဇော်လတ်သည်လည်း ၎င်း၏ လယ်တွင်း ညစောင့်အိပ်နေချိန် ပစ်သတ်ခံရသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သည်ဟုသိရသည်။

Show More

Related Articles

Back to top button