သတင်း

အောင်လအင်ဆန် ပြိုင်ဖက် ကစားသမားကို ပွဲအစတွင် အနိုင်ယူ ထိုးသတ်နိုင်ခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ One Fight Night ထိုးသတ်သည့် ယနေ့ နံနက်ပိုင်း ပွဲစဉ်တွင် အောင်လအင်ဆန်သည် ဘရာဇီးလ်နိုင်ငံသား ဂီလ်ဘာတို ကိုပထမအချီမှာတင် ထိုးသတ် အနိုင်ရရှိခဲ့သည်။

ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၇း၃၀၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Impact Arena တွင် ကျင်းပခဲ့သည့် ပွဲစဉ်တွင် အောင်လအင်ဆန်သည် ပြိုင်ဘက်အားကစားသမား ဂီလ်ဘာတို ကို ၁ မိနစ် ၂၉ စက္ကန့်ဖြင့် ပထမအချီမှာတင် အနိုင်ထိုးသတ်နိုင်ခဲ့သည်။

အနိုင်ရရှိမှုနှင့် ပက်သက်ပြီး ကျေးဇူးတင်ကြောင်း အောင်လအင်ဆန်သည် ကစားကွင်းတွင် မြန်မာဘာသာဖြင့် ယခုလို ပြောဆိုခဲ့သည်။

“မြန်မာပရိတ်သတ်တွေကို ကျွန်တော်အမြဲတမ်းအရမ်း ကျေးဇူးတင်တယ်။ အရင်တစ်နှစ်ဆိုရင် ကျွန်တော့ အတွက် အရမ်းခက်ခဲခဲ့တယ် စိတ်ဓာတ်တွေကျခဲ့တယ်။ အားလုံးစိတ်ကို တင်းတင်းထားပါ ငြိမ်းချမ်းရေးအကျိုးအတွက် အရေးအကြီးဆုံးဘဲ အားလုံး ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးပါ လို့တိုက်တွန်းချင်ပါတယ်”ဟု အောင်လ အင်ဆန် ပြောခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ONE 163 ပွဲစဉ်တွင်လည်း အောင်လအင်ဆန်သည် ပြိုင်ဖက်အားကစားသမားယူရှင်အိုကာမိ ကို ပထမတစ်ချီ မှာတင် အနိုင်ရရှိခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် နှစ်များတွင် One Championship Middle Weight နှင့် Light Heavy Weight ချန်ပီယံ ဆုံးရှုံးခဲ့သော အောင်လအင်ဆန်သည် လက်ရှိတွင် အဆိုပါ ခါးပတ်များ ပြန်လည်ရရှိရေးအတွက် ပြင်ဆင်နေကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button