သတင်း

မရှီကထောင် အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းခေါ်သွားပြီး ပစ်သတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်ရှိ အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်သည်ဟု သိရသည်။

မရှီကထောင်ရပ်ကွက် ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် ဦးဝင်းကို() မောင်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်တွင် နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူမျက်ကွယ်တွင် ပစ်သတ်လိုက်ကြောင်း အသတ်ခံရသည့် ဦးဝင်းကိုနှင့် ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။

ပစ်သတ်လိုက်ပြီဆိုတာ အတည်ပြုတယ်ဗျ။ သူတို့က ည ၁၂ နာရီကြီးမှာလာခေါ်သွားတာ အဲ့နောက်မကြာဘူး သေနတ်သံကြားတယ် မနက်တော့ပစ်သတ်လိုက်ပြီးဆိုတာသိရတယ်။ အတွင်းသတင်းအရသိရတာ အတည်ပြုတယ်။ အလောင်းကတော့ ပြန်ပေးမပေးမသိရသေးဘူး။ ပြန်ပေးမယ်လို့တော့ထင်တယ်။ ကျန်ရစ်မိသားစုကိုတော့ ဘာမှမလုပ်ဘူးဟု သေးဆုံးသူ ဦးဝင်းကိုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ဦးဝင်ကို ပစ်သတ်ခံရမှုသည် KIA နှင့် ဆက်နွယ်မှုရှိသောကြောင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထွက်ပေါ်နေသော်လည်း KNG သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ည ၁၂ နာရီကြီးဆိုတော့လည်း အရပ်ဝတ်နဲ့လားစစ်ယူနီဖောင်းနဲ့လားသေချာမသိရဘူး။ အခုလည်းရဲတွေ စစ်သားတွေ က မရှီကထောင်ထဲကိုဝင်ပြီး ခြေရှုပ်နေတယ်ဗျ အရမ်းစစ်ဆေးနေတယ်ဟု ဖားကန့်မြို့ မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့် ဗျူဟာကုန်းမှလည်း ယမန်နေ့ ည ၁၂ နာရီအချိန်တွင် ယူမာ၊ ငှက်ပျောတောဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လူနှင့်အခြားထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button