Month: February 2023

  • သတင်း

    မြစ်ကြီးနားတွင် အဆောင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရွှေလိပ်ပြာအဆောင်ပိုင်ရှင်အား စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် စီတာပူရပ်ကွက် ရွှေလိပ်ပြာအဆောင် ၎င်း၏နေအိမ်အတွင်း မိသားစုနှင့် ရှိနေစဉ် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားသည်ဟု…

    Read More »
  • ရွေးကောက်ပွဲဆိုင်ရာ

    စစ်တပ်က ကျင်းပဖို့ကြံစည်‌နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်

    မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာ‌ကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်‌ခြေအလားအလာ‌တွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မိုးညှင်းဒေသခံလူငယ်တစ်ဦး “ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့…

    Read More »
  • သတင်း

    တနိုင်း-ရှင်ဗွေယန် လမ်းပိုင်းဆိုးရွာစွာ ပျက်စီးနေသည့်အတွက် သွားလာရေးအခက်အခဲကြုံတွေ့နေရ

    ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ရှင်ဗွေယန်သို့ သွားလာနေသည့် ကားလမ်မကြီးသွားလာ၍မရအောင် အလွန်အကျွံ ပျက်စီးနေသည့်အတွက် သွားလာရေးခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ တနိုင်းနှင့်ရှင်ဗွေယန်ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ပြုပြင်ထားသည့် အချိန်ကာလတစ်ခု အလွန်ကြာမြင့်သွားပြီဖြစ်သည့်အတွက် လက်ရှိတွင် မြေသားများပျက်စီးသွားသည့်အပြင် ချိုင့်ခွက်များဖြစ်ပေါ်နေသောကြောင့် သွားလာရေးအခက်အခဲကြုံတွေ့နေရသည်ဟု ရှင်ဗွေယန်မြို့ခံ…

    Read More »
  • တိုက်ပွဲ

    KIO ဌာနချုပ်အနီး နမ့်ဆန်ယန်တွင် စစ်ကောင်စီ တပ်စခန်းထိုင်ရန် ပြင်ဆင်နေသဖြင့် စစ်ရေးတင်းမာနေ

    ဝိုင်းမော်မြို့နယ် မြစ်ကြီးနားမြို့နယ်– ဗန်းမော်ကားလမ်းမပေါ် နမ့်ဆန်ယန် (Namsan Yang) ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်ရန် ပြင်ဆင်နေသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နာဖော့ဘက်မှ စစ်ရိက္ခာတင်ပို့ပြီးဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မြစ်ကြီးနားမြို့နယ် ဆင်ဘိုနယ်ဘက်မှ တက်လာသည့် စစ်ကြောင်းသည် နမ့်ဆန်ယန်ကျေးရွာအနီး နှစ်နေရာတွင် တပ်စွဲနေထိုင်ရန် အင်အားဖြည့်တင်းနေကြောင်း KIA ရှေ့တန်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်က နမ့်ဆန်ကနေ နာဖော့ကိုသွားမယ် ခြေလျင်နဲ့ဖြတ်မယ်ဆိုတာကို…

    Read More »
  • သတင်း

    တိုက်ပွဲသွားရန် ပြင်ဆင်ရင်း ဗုံးသီပေါက်ကွဲသွားသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် တိုက်ပွဲသွားရန် လက်နက်ပြင်ဆင်ရင်း ဗုံးသီးမတော်တဆပေါက်ကွဲမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင် စစ်ဆင်ရေးသွားရန် လက်နက်ပြင်ဆင်ထားသည့် ၆၀ မမဗုံးသီးတစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ…

    Read More »
  • သတင်း

    နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။ မိုးညှင်းနှင့် နန်းမားမြို့မှ ခလရ ၁၅ ၊ ခလရ ၄၀၊…

    Read More »
  • Fact Check

    ‘Fact Check’ ဆိုသော စကားလုံးပါတိုင်း ယုံကြည်ရန် ခက်ခဲလာပြီ

    “အမှန်တရားက ဖိနပ်စီးနေတုန်းလောက်ပဲရှိဦးမယ်၊ အလိမ်အညာကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပါပြီး” ဟု မက်ခ်တွိုင်း _Mark Twain ပြောခဲ့သည်။ Mark Twain သည် အမေရိကန် ဟာသပညာရှင်၊ ဝတ္ထုရေးဆရာနှင့် ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်ပြီး ‘The Adventures of…

    Read More »
  • လူ့အခွင့်အရေးချိုးဖောက်မှုSabyit

    ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်က စစ်ကောင်စီ…

    Read More »
  • သတင်း

    တော်လှန်ရေးစခန်းတစ်နေရာက သူနာပြုဆရာမလေး

    “အိမ်သာဘက်သွားပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ အမဆီကစာဝင်ထားတယ် နိကြောင့်အမေ မေ့လဲသွားတယ် မိဘမျက်ရည်ကျအောင်လုပ်တဲ့ သားသမီး ဘယ်တော့မကောင်းစားဘူး ပြန်လာခဲ့” ဆိုတဲ့ မက်ဆေ့တစ်စောင်ကြောင့် မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ်လို့ ပြောလာသူကတော့ ရှေ့တန်းတစ်နေရာက ဆေးသူနာပြုဆရာမလေး ငရုတ်သီး ဖြစ်ပါတယ်။ တိတ်ဆိတ်မှောင်မဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံမှတပါး အခြား ဘာအသံမှမကြားရပါ။ အချိန်အားဖြင့် မနက် ၄ နာရီသာရှိသေးတာမို့ ဒီချိန်ဟာအများသူငှာ အိပ်စက်အနားယူလို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ငရုတ်သီးတို့အိမ်က မိသားစုတွေကလည်း တစ်အိမ်လည်းအိပ်မောကျနေတဲ့ချိန် မိဘတွေမသိအောင် အိမ်ကနေခိုးထွက်သွားဖို့ ပြင်ဆင်နေတဲ့ ငရုတ်သီးအဖို့တော့ မိုးသံလေသံတွေကြားမှာ အတွေးပေါင်းများစွာနဲ့ အိပ်မပျော်နိုင်ခဲ့တဲ့ ညတစ်ညလို့ဆိုပါတယ်။ “အဲညတစ်ညလုံး လေနဲ့မိုးနဲ့ဘဲ ဖြစ်ချင်တော့ အမေက ကျမထွက်သွားမှာရိပ်မိလို့လားမသိ ကျမအိပ်တဲ့ခြေရင်းမှာ လာစောင့်အိပ်တယ်။ ဒါပေမယ့် မနက် ၄ နာရီလောက်အမေအိပ်ပျော်နေတဲ့ချိန်မှာ ခိုးထွက်ခဲ့တာ။ ထွက်လာခါနီးအမေ့ကို ကန်တော့ခဲ့ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် အမေနိုးလာမှာစိုးလို့ မကန်တော့ခဲ့ရဘူး” အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ငရုတ်သီးဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနယ်ကဖြစ်ပြီး မုံရွာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူမလေးတစ်ယောက်ဖြစ်ကာ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ လူထုကြုံကြွမှုတွေဖြစ်ပြီး လမ်းမပေါ်ထွက်ဆန္ဒပြနေကြတာတွေ့တော့ သူမတို့ရွာကလည်း ရွာလူကြီးတွေဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို စစ်တပ်ရဲ့လက်ပါးစေတွေဟာ သပိတ်ဦးဆောင်တဲ့သူတွေကို သပိတ်မထွက်ဖို့ ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ဦးဆောင်တဲ့ ရွာလူကြီးတွေက ရပ်နားသွားအောင် လုပ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်တွေအပြင် စစ်တပ်ရဲ့ အလိမ်အညာသတင်းတွေမြင်နေရတာဟာ သူမချစ်တဲ့ တပ်မတော်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲတတ်လာတဲ့ထိ ခါးသီးလာသလို ငရုတ်သီးအတွက် တော်လှန်ရေးစိတ်ဓါတ် ပိုပြင်းထန်လာအောင် လုံ့ဆော်ပေးခဲ့သလို လက်နက်ကိုင်တော်လှန်ရေးဘက်သွားရန် တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူမတို့ရွာမှာ သပိတ်ဦးဆောင်သူတွေ ရပ်နားလိုက်ကြပေမယ့် နိုင်ငံရေးအသိစိတ်ရှိတဲ့ ငရုတ်သီးဟာ သပိတ်ကိုဦးဆောင်ဖို့ လူကြီးတွေကို သွားရောက်တိုင်ပင်ခဲ့ပါတယ်။ “လူကြီးတွေကို သွားပြောတယ် သူများမြို့တွေမှာလည်း လုပ်နေကြတာပဲ၊ ဆက်လုပ်ကြမယ်လို့ သွားပြောတော့ လူငယ်တွေဦးဆောင်ပြီး လုပ်ချင်လုပ်ကြပါ။ ကျနော်တို့နောက်ကနေ ကူညီနေမယ်လို့ ပြောလာတော့ ကျမအပါအဝင်လူငယ် ၃ယောက်ကနေက ဦးဆောင်ပြီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်” ရွာလူကြီးတွေနားလိုက်တဲ့ ဒီဆန္ဒပြမှုတွေကို ငရုတ်သီးအပါအဝင် လူငယ်တွေကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီတော့ အချိန်မရွေး ရန်ပြုလာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရှောင်ရှားဖို့ ငရုတ်သီးသူငယ်ချင်း ၃ယောက် ကိုယ်ရောင်ဖျောက်ရ ပါတော့တယ်။ အာဏာမသိမ်းခင်အချိန်ထိ သူမဟာ စစ်တပ်ကို ပြည်သူ့တပ်မတော်ကြီးဆိုပြီး အရမ်းအထင်ကြီးလေးစားခဲ့တဲ့အပြင် စစ်သူနာပြုသင်တန်းတက်ဖို့ရန် အကြိမ်ကြိမ်ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့အကြမ်းဖက်မှုအောက် ဖေဖော်ဝါရီလ  ၉ ရက်နေ့နေပြည်တော်မှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်ကြည့်ပြီး စစ်တပ်ရဲ့ယုတ်မာရိုင်းစိုင်းလှတဲ့ အပြုအမှုကို စပြီးရွံမုန်းလာတာနဲ့အမျှ သူမအထင်ကြီးလေးစားခဲ့ရတဲ့ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ကာ အိမ်ကနေ တိတ်တစိတ် ထွက်လာခဲ့ရပါတော့တယ်။ တော်လှန်ရေးခရီးအစ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာတွေကြောင့် နေရာဒေသတစ်ချို့မှာ သပိတ်ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတွေ တစ်စနှစ်စ စတင်ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။ ငရုတ်သီးရဲ့ဆွေးမျိုးထဲမှာပင်လျှင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ကို အမာခံသတင်းပေးတွေ အရှေ့နောက် တောင်မြောက်များလွန်းလှတာကြောင့် အိမ်မှာနေလို့ မဖြစ်နိုင်တော့တဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူမရဲ့ အသိတစ်ယောက်ဆီကိုချိတ်ဆက်ပြီး အခြေခံစစ်သင်တန်းတက်ပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး  ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်ည အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ သူမအပါအဝင် သူငယ်ချင်း ၃ ယောက်ဟာ ကျောပိုးအိတ်တစ်လုံးထဲ အဝတ်အစားတစ်စုံစီ ပေါင်းထည့်ပြီး ဟုမ္မလင်းကနေ စတင်ထွက်လာခဲ့ကြပါတယ်။ ဟုမ္မလင်းကနေမြို့ထဲဘက်သွားပြီး ချင်းပြည်နယ်ဘက်က ဆက်သွယ်ထားတဲ့မိတ်ဆွေဆီ သွားရန်ထွက်လာခဲ့ကြပေမယ့် အိမ်ကအထွက် လမ်းတစ်ဝက်ရောက်တော့ ချင်းပြည်နယ်ဘက် စစ်သင်တန်းပေးတာရပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့် လမ်းတစ်ဝက်တင် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြန်ပါတယ်။ လမ်းတစ်ဝက်တင် စမ်းတဝါးဝါးဖြစ်တဲ့ သူတို့ သူငယ်ချင်း ၃ယောက်ဟာ စစ်အာဏာရှင်ကြီး အမြစ်ပြတ်တိုက်ဖို့ ဆုံးဖြတ်ပြီး ထွက်ခဲ့ကြတာမို့ နောက်ပြန်လှည့်ရန်အစီစဉ်မရှိဘဲ မျက်စိစုံမှိတ်ပြီး ဘာဘဲဖြစ်ဖြစ်ရှေ့ဆက်ဖို့သာ ကြိုးစားခဲ့ကြပါတယ်။…

    Read More »
  • တိုက်ပွဲ

    ရွှေကူတွင် စစ်ကောင်စီ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ ၂ ဦးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ ညနေပိုင်း ၃ နာရီအချိန် ငပေါက်ကျေးရွာ၏…

    Read More »
Back to top button