Fact Checkသတင်း

စစ်ကောင်စီနှင့် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ NUG ယာယီသမ္မတဒူဝါလရှီးလ‌ ပြောတယ်ဆိုသည့် သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စစ်ကောင်စီကို အပြတ်တော်လှန်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်သင့်ပြီဟု NUG ယာယီသမ္မတဒူဝါလရှီးလမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသွားသည်’ ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ()ရက်နေ့တွင် မှိုင်းဝေ ဆိုသည့် Telegram အကောင့်မှ စတင် ရေးသား ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။

အဆိုပါသတင်းအမှားကို ‘Ko Thet’ အထွန်းဖွား ‘Thit Lwin’ ‘Kyaw Win Maung’ စစ်တောင်းသစ္စာ ‘Pyay News’ နှင့် ဘိုးစင်္ကြာ စသည့်  Telegram အကောင့်များတွင်းလည်း ထပ်မံဖြန့်ဝေထားသည်ကို တွေ့ရသည်။

ရေးသားဖြန့်ဝေထားသောအကြောင်းအရာတွင် စကစကို အပြတ်တော်လှန်နိုင်ဖို့မဖြစ်နိုင်တာကြောင့် ညှိနှိင်းမှု တွေ လုပ်သင့်ပြီလို လရှီးလ ပြော၊ တိုက်ပွဲတွေ နေ့စဥ်ရက်ဆက်တွေဖြစ်နေပေမယ့် အခြေပင်မယိုင်နဲ့ သွားတဲ့ စကစ ကို အပြုတ်တိုက်ဖိုဆိုတာ မဖြစ်နိုင်ကြောင်း မိမိတို ထိပ်ပိုင်းခေါင်းဆောင်အချို စကစ နဲ့ ဆွေးနွေဖို စီစဥ်နေကြောင်း အောက်ခြေကိုတော့ တွေမယ့် အစီအစဥ်တွေ ချမပြသေးကြောင်း၊အမေရိကန်ရဲ့ NDAA ဆိုတာကလည်း စာရွက်ပေါ်မှာသာဖြစ်တဲ့အတွက် မျှော်ကိုးလို့ မရကြောင်း၊ ယမန်နေ့က လည်းမိမိတို အောက် ခြေအဖွဲတွေ တော်တော်အထိနာနေကြောင်း၊ EAOsအဖွဲတွေကိုလည်း စိတ်မချရကြောင်း ပြီးခဲ့တဲ့ရက်ကလည်း PDF ၅၀ ကျော်လောက် လက်စပျောက်သွားကြောင်း စတဲ့အချက်တွေကို meeting မှာပြောသွားခဲ့ကြောင်းသိရ၊ လရှီးလကတော့ အမြင်မှန်ရနေပြီဟု Zoom အစည်းအဝေး Screenshot ပုံများနှင့်အတူ ရေးသား ဖော်ပြထားပါသည်။

ဒီအကြောင်းအရာနှင့်ပတ်သက်၍ သတင်းအချက်အလက်ကို စုံစမ်းစစ်ဆေးကြည့်ရာတွင် ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏Acting President Duwa Lashi Laတရားဝင်ဖေ့စ်ဘုတ်အကောင့်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ() ရက်နေ့တွင် တင်ထားသောအမျိုးသားညီညွတ်ရေးအစိုးရ၏ ၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလမှာစစ်ကောင်စီနဲ့ ညှိနှိုင်းမှုတွေ လုပ်သင့်ပြီဟု ပြောကြားထားသည် မတွေ့ရပါ။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးဟာ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ () နှစ်တာ ကာလကို ကြံ့ကြံ့ခိုင်ပြီး မလျှော့သောဇွဲ၊ အရှုံးမပေးသော လုံ့လဖြင့် အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အားလုံးအနေနဲ့ နွေဦးတော်လှန်ရေးအောင် မြင်တဲ့အထိ အားတင်းကာ ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ် ဟုသာ ပြောကြားထားသည်ကို တွေ့ရသည်။

ထို့ကြောင့် NUG အစိုးရအနေဖြင့် စစ်ကောင်စီ နဲ့ ညှိနှိုင်းမှုတွေ လုပ်သင့်ပြီ ဆိုသည့် သတင်းသည် စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

အလားတူ ဇန်နဝါရီလ (၁၉) ရက်နေ့တွင်လည်းစစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် နစက ကို NUG အဖွဲ့မှ လျှို့ဝှက်ကမ်းလှမ်းနေဆိုသည့် သတင်းအမှားတစ်ပုဒ်ကို မှိုင်းဝေ ဆိုသည့် Telegram အကောင့်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။

ယခုအချိန်တွင် စစ်ကောင်စီထောက်ခံသည့် စစ်တပ်လော်ဘီအုပ်စုများသည် Telegram ချန်နယ်များတွင် ပြည်သူလူထုနှင့် NUG KIA PDF အစရှိသည့် စစ်အာဏာရှင်ဆန့်ကျင်နေကြသည့်အုပ်စုများကြား စည်းလုံးမှုဖြိုခွဲရန် မဟုတ်မမှန်သည့် သတင်းမုန်းစကား ရေးသားဖြန့်ဝေခြင်းများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျအစီအစဥ်ဆွဲပြီး ပိုမိုလုပ်ဆောင်လာနေသည်ကို တွေ့မြင်လာရသည်။

သို့ဖြစ်ပါ၍ ပြည်သူများနေဖြင့် သတင်းများဖတ်ရှုရာတွင် ယုံကြည်ရသော သတင်းမီဒီယာစာမျက်နှာများတွင် ရေးသားဖော်ပြထားသော သတင်းအကြောင်းများနှင့် တိုက်စစ်ပြီးမှ ယုံကြည်ရမည်ဖြစ်ပါသည်။

Show More

Related Articles

Back to top button