စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ဗန်းမောက်မြို့နယ် နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။…
Read More »“တစ်နေ့ကျမ မရှိတော့တဲ့နောက်ပိုင်း ဒီအကြောင်းအရာသမိုင်းတွေကို နောင်လာနောက်သားတွေသိဖို့ ခုလိုကြိုးစားသင်ပြပေးနေတာဟုတ်တယ်” ဒီ စကားကို ပြောခဲ့တဲ့သူကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ် ကချင်ရွာတစ်ရွာမှာ ကချင်ဘာသာစကား မပျောက်ပျက်ရေး ကြိုးစားလုပ်ဆောင်နေတဲ့ ခရစ်ယာန် သာသနာပြုဆရာမ Sumlut Roi Seng ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက် ထိုင်း–မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းက ထမ်းငေါ့မ်တောင်စခန်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပထမဆုံး ဥက္ကဋ္ဌ GOC လထော်ဇော်ဆိုင်းလုပ်ကြံခံ ခဲ့ရပါတယ်။ သူနဲ့အတူတော်လှန်ရေးအတွက် ထိုင်းနိုင်ငံက တစ်ဆင့် လက်နက်ခဲယမ်း သယ်ဆောင်ဖို့…
Read More »အင်းတော်မြို့နယ် မောတိတ်ကျေးရွာမှာ ဒေသခံတွေအိမ်ဆောက်ဖို့ စုဆောင်းထားတဲ့ ပျဥ်တွေကို စစ်ကောင်စီက ခိုးထုတ်ပြီးတော့ ရောင်းချနေတယ်လို့ သိရပါတယ်။ စစ်အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းတစ်ကြောင်းမှာ ပြီးခဲ့တဲ့ မေလကတည်းကနေ မော်တိတ်ကျေးရွာထဲတပ်စွဲနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ပျဥ်တွေကို ခိုးထုတ်ရောင်းချနေတယ်လို့ အသက် ၄၀ ကျော် မော်တိတ်ဒေသခံ အမျိူးသားတစ်ဦးက KNG ကို ပြောပါတယ်။ “လွန်ခဲ့တဲ့လကတည်းကနေ ခိုးထုတ်နေတာလေး…
Read More »ကချင်ပြည်နယ် ရွှေကူမြို့နယ် စီးသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္ထုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကနေ စီသောင်ကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ အမည်မသိလူတစ်စုက ဒေသခံတွေကိုညှိနှိုင်းအသိပေးတာမျိုးမရှိပဲ သတ္ထုတူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့စက်ယန္တရားကြီးတွေအသုံးပြုပြီး ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ရွှေတောင် တောင်ကုန်းပေါ်မှာလုပ်နေတာ ဘတ်ဖိုးတွေမြေသယ်ကားကြီးတွေနဲ့ကိုလုပ်စားနေတာ ဘယ်ကခွင့်ပြုချက်နဲ့လုပ်နေလဲတော့မသိဘူး။ ရွာကိုလည်းအသိမပေးဘူး ရပ်ရွာအတွက်လည်း ဘာအကြိုးမှမပြုဘူးတူးနေတာ”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့ စီသောင်ဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့အဲ့ဒီ သတ္ထုတွင်းတွေကနေ ရွှေ၊ကြေးနီ၊ ရွှေဖြူတွေအပါအဝင် စုစုပေါင်းကျောက်မျက် ၇ မျိုးလောက်ထွက်ပြီး ဗန်းမော်ဘက်က လုပ်ငန်းရှင်တစ်ချို့ဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်တို့စုံစမ်းကြည့်တော့အခုလာတူးနေတဲ့လုပ်ငန်းရှင်တွေဟာ ဗန်းမော်ဘက်ကလို့သိရပါတယ်။ တရုတ်တွေနဲ့ပေါင်းပြီးတူးနေတာတဲ့တခြားဘယ်အဖွဲ့အစည်းပါသေးလဲတော့မသိဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားက ထပ်ပြောပါတယ်။ လက်ရှိ သတ္ထုတူးဖော်နေတဲ့ ရွှေတောင်ဆိုတဲ့တောင်ကုန်းဟာ စီသောင်၊စီသာ၊…
Read More »