ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။ လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…
Read More »“ကျနော်ကတော့ တစ်ခြားဒေသကိုရောက်နေတာ တစ်ပတ်လောက်ရှိသွားပြီ။ တစ်အိမ်တစ်ယောက် မလုပ်မနေရ အဲ့လို့ပြောနေတာ အဲ့တာကြောင့် ကျနော်လည်း ထွက်ပြေးလာတာ” လို့ဆိုလာသူက ဝိုင်းမော်မြို့ဒေသခံ လူငယ်တစ်ယောက်ပါ။ ဒါကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက လီဆူလူမျိုးတွေကို တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက် ဖြစ်လာတဲ့အခြေနေပါ။…
Read More »အင်းတော်မြို့နယ် မောတိတ်ကျေးရွာမှာ ဒေသခံတွေအိမ်ဆောက်ဖို့ စုဆောင်းထားတဲ့ ပျဥ်တွေကို စစ်ကောင်စီက ခိုးထုတ်ပြီးတော့ ရောင်းချနေတယ်လို့ သိရပါတယ်။ စစ်အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းတစ်ကြောင်းမှာ ပြီးခဲ့တဲ့ မေလကတည်းကနေ မော်တိတ်ကျေးရွာထဲတပ်စွဲနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ပျဥ်တွေကို ခိုးထုတ်ရောင်းချနေတယ်လို့ အသက် ၄၀ ကျော် မော်တိတ်ဒေသခံ အမျိူးသားတစ်ဦးက KNG ကို ပြောပါတယ်။ “လွန်ခဲ့တဲ့လကတည်းကနေ ခိုးထုတ်နေတာလေး…
Read More »ကချင်ပြည်နယ် ရွှေကူမြို့နယ် စီးသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္ထုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကနေ စီသောင်ကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ အမည်မသိလူတစ်စုက ဒေသခံတွေကိုညှိနှိုင်းအသိပေးတာမျိုးမရှိပဲ သတ္ထုတူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့စက်ယန္တရားကြီးတွေအသုံးပြုပြီး ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ရွှေတောင် တောင်ကုန်းပေါ်မှာလုပ်နေတာ ဘတ်ဖိုးတွေမြေသယ်ကားကြီးတွေနဲ့ကိုလုပ်စားနေတာ ဘယ်ကခွင့်ပြုချက်နဲ့လုပ်နေလဲတော့မသိဘူး။ ရွာကိုလည်းအသိမပေးဘူး ရပ်ရွာအတွက်လည်း ဘာအကြိုးမှမပြုဘူးတူးနေတာ”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့ စီသောင်ဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့အဲ့ဒီ သတ္ထုတွင်းတွေကနေ ရွှေ၊ကြေးနီ၊ ရွှေဖြူတွေအပါအဝင် စုစုပေါင်းကျောက်မျက် ၇ မျိုးလောက်ထွက်ပြီး ဗန်းမော်ဘက်က လုပ်ငန်းရှင်တစ်ချို့ဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်တို့စုံစမ်းကြည့်တော့အခုလာတူးနေတဲ့လုပ်ငန်းရှင်တွေဟာ ဗန်းမော်ဘက်ကလို့သိရပါတယ်။ တရုတ်တွေနဲ့ပေါင်းပြီးတူးနေတာတဲ့တခြားဘယ်အဖွဲ့အစည်းပါသေးလဲတော့မသိဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားက ထပ်ပြောပါတယ်။ လက်ရှိ သတ္ထုတူးဖော်နေတဲ့ ရွှေတောင်ဆိုတဲ့တောင်ကုန်းဟာ စီသောင်၊စီသာ၊…
Read More »