“တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။
Read More »ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ…
Read More »ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။ “မနေ့ကပဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတာ…
Read More »ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ မံစီမြို့အနီး ဒိန်ဆင်းပါဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မိုင်ဂျာယန် ဒေသခံလူထု ၁၆၀၀ ကျော်နဲ့ တွေ့ဆုံစဉ် ကန့်ကွက်တဲ့ စီမံကိန်းအားလုံးကိုရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံလူထုအသံကို အလေးနက်ထားတဲ့ KIO ခေါင်းဆောင်တွေကို ကျေးဇူးတင်တဲ့အကြောင်း ဒေသခံအားလုံး ကိုယ်စား အမျိုးသမီးတစ်ဦးက အခုလို…
Read More »