စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က မေလ ၂၇ရက်နေ့ ဆန္ဒဖော်ထုတ်ရန် ထုတ်ပြန်ကြေညာထားသော်လည်း ၄င်းတို့၏ တောင်းဆိုချက် ၄ ချက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဘက်မှ လိုက်လျောပေးခဲ့မှုကြောင့် ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းငံ့ထားသည်ဟု ပြောပါသည်။ လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာ ဘန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လီဆူလူမျိုး ၄ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကြောင့်
ဖားကန့် ဆိပ်မူအုပ်စု ဝှေခါကျေးရွာ ရပ်ကွက် ၆ တွင် လမ်းပိတ်ဆန္ဒပြခဲ့မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီများမှ ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လုပ်ဆောင်ပေးရန် ယနေ့ မနက်ပိုင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ညှိ့နှိုင်း ပြေလည်မှု ရရှိပြီ ဖြစ်ကြောင်း သိရပါသည်။ ကျေးရွာအနီး ကုမ္ပဏီများမှ မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြေရှင်းပေးရန်အတွက် မေလ ၂၃ ရက်နေ့ ဒေသခံများက လမ်းပိတ်ဆန္ဒဖော်ထုတ်ခဲ့ရာ သက်ဆိုင်ရာမှ ကုမ္ပဏီနှင့် ညှိ့နှိုင်းပေးမည်ဟု
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။ “ နေရပ်ပြန်ပြီဖြစ်တဲ့ နမ့်ဆန်ယန်လိုနေရာမျိုးမှာ လိုအပ်တဲ့အချက်တွေကို သိရှိအောင် (KHCC) ကဆောင်ရွက်မယ်။ နောက်တစ်ခုက ဆက်လက်ပြီး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းပြီးတော့ ပြန်လည်နေရာချထားဖို့အတွက် လက်တွေ့လုပ်ဆောင်သွားရမယ့် လုပ်ငန်းရှင် အဆင့်ဆင့်
ဖားကန့်မြို့နယ် ဝှေခါချောင်းတွင် ယမန်နှစ်ထက် နုံးမြေ ၆ပေခန့်မြင့်တက်လာသည့် အတွက် ဒေသခံများ စိုးရိမ်နေကြပြီး ချောင်းရှင်းလင်းရေးလုပ်ဆောင်ရန် ရပ်ကျေးအုပ်ချုပ်ရေးသို့ အကူညီတောင်းခံသော်လည်း ထူးခြားမူ ရှိမလာသည့်အတွက် သက်ဆိုင်ရာ အစိုးရဌာနအဆင့်ဆင့် စာတင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဝှေခါချောင်းအတွင်းရှိ နုံးမြေသည် ချောင်းဘေး မြေဇာပစ်ရန် ဖောက်လုပ်ထားသည့် လမ်းနဲ့ တန်းတူမြင့်တက်လာပြီး လာမည့်မိုးတွင်းကာလတွင် ဝှေခါကျေးရွာ ရေလွှမ်းမိုးမည့် အန္တရယ် ကြုံလာနိုင်ကြောင်း ဒေသခံ ကိုလမင်းဦးကဆိုသည်။ “ ကုမ္မဏီတွေက စည်းကမ်းလိုက်မနာကြဘူး
ဖားကန့် ဆိပ်မူအုပ်စု ဝှေခါ ကျေးရွာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ ရွာအနီးတဝိုက် မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များပြိုကျလာမှုကို ဖြေရှင်းပေးရန် ဒေသခံပြည်သူများ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါရပ်ကွက် ၆ တွင် ရတနာသန်းရွှေ၊ ကျောက်စိမ်းမြေ နှင့် မြန်မာ့ဂုဏ်ရည်စသော ကုမ္ပဏီ ၃ ခုက လူနေအိမ် နှင့် ကပ်ရပ်တွင် မြေစာ အမြင့် ပေ၂၀၀၀ထောင်ခန့်နှင့် အကျယ် ပေ
ကချင်ပြည်နယ်အစိုးရ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာန နှင့် ကချင်ပြည်နယ်စာတိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ခတ်ချိုစစ်ရှောင်စခန်း နှင့် မခန္ဓီးကျေးရွာတို့တွင် စာပေဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ “အဓိက စစ်ရှောင်တွေအတွက် စိတ်ဓါတ်ခွန်အားရရှိဖို့ဖြစ်တယ်။ ပြီးတော့ စာပေကနေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဗဟုသုတ ရရှိဖို့အတွက်ဖြစ်တယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သက်မွန် က ပြောသည်။ စစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲပြုလုပ်ခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ရှောင်များအတွက် သုတ၊ ရသ
ဒုတိယအကြိမ် ကချင်ပြည်နယ် ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ပထမအကြိမ်ထက် ၅ဆခန့် ပိုမို ရောင်းချနိုင်ခဲ့ကြောင်း ကချင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။ မေလ ၁၄ မှ ၁၈ ရက်နေ့ထိ ပြုလုပ်ခဲ့သော အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၄၉၂တွဲပြသခဲ့ရာ အတွဲပေါင်း ၄၀၀ကျော်အတွက် မြန်မာငွေကျပ်သိန်း ၆သောင်းကျော်ခန့် ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်အသင်း(မြစ်ကြီးနား) ဥက္ကဌ ဦးဇေလွမ်း ပြောပါသည်။ “ပြောရမယ်ဆိုရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က အရမ်းကွာခြားတယ်။ ဘယ်လိုကွာလဲဆိုတော့ အတွေ့အကြုံပိုင်းကော
ဝိုင်းမော်မြို့နယ် အောင်မြင် ၂ ကျေးရွာတွင် တစ်သျှူးငှက်ပျောစိုက်ရန် မြေဧက အသစ်ပြန်လည်ဖော်ထုတ်လာသည့် ဂျိန်းဖေါ့နဒီ ကုမ္မဏီမှ တာဝန်ရှိသည့် မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အောင်မြင် ၂ ကျေးရွာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။ “ ဒီနေရာက သစ်တောကြိုးဝိုင်းထဲပါတယ်ဆိုပြီး ဝိုင်းမော်မြို့နယ် လ.ဝ.က နဲ့ သစ်တော်ရုံးက တာဝန်ရှိတဲ့သူတွေကို လာရောက်ကွင်းဆင်းပြီး ဖမ်းဆီး သွားတယ်။” ဟု အောင်မြင်(၂) အုပ်ချုပ်ရေးမှူး ဦးဇော်ဘောက်က
ဝိုင်းမော်မြို့နယ် နမ့်ဝါ ၊ မုတ်ကျိတ်၊ ဝူယန် ၊ ကျေးရွားများမှ ဒေသခံတောင်သူ ၁၃၆ ဦးတို့၏ မြေယာကိစ္စများအား ၂၁ နှစ်ခန့်ကြာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ သက်ဆိုင်ရာအစိုးရဌာနများမှ စီစစ်ဆောင်ရွက်ပေးခြင်းမျိုး မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံ ၁၃၆ ဦး၏ မြေ ၅၈၈ ဧကအား ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံမြေအသုံးချမူစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်နဲ့ တိုင်ကြားစာများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ပြည်ထောင်စု ရုံးမှ ပြည်ထဲရေးဌာန၊ ပြည်သူ့လွှတ်တော်
‘နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် မျှတမှုမရှိ’ ဟု ဆိုကာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသားများ ယနေ့ မနက် ၄ နာရီခန့်မှ စတင်ကာ ဆူပူ ဆန္ဒဖော်ထုတ်နေသည်မှာ မွန်းလွဲပိုင်းထိပင် မပြီးဆုံးသေးကြောင်း သိရပါသည်။ အကျဉ်းသားများ တောင်းဆိုဆန္ဒပြ နေသည်မှာ ‘သတင်းမီဒီယာများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရေး၊ လူ့အခွင့်အရေးကော်မရှင် နှင့်တွေ့ဆုံခွင့်၊ ဝန်ကြီးချုပ်ဖြင့် တွေ့ဆုံခွင့်တို့ဖြစ်ကြောင်း’ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးရုံး အကြီးတန်းစားရေး ဦးယော်နူးထံမှ သိရပါသည်။ သို့သော်လည်း မွန်းလွဲ ၃ နာရီအချိန်ထိ