• Feb- 2024 -
    14 February
    သတင်း

    နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် ၂ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာအထက် နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာ ၂ ရက်ခြားတစ်ကြိမ်သာ အလှည့်ကျစနစ်နဲ့ လျှက်စစ်မီးပေးနေတယ်လို့သိရပါတယ်။ ဇန်နဝါရီလဆန်းပိုင်လောက်ကနေ ပူတာအို မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ နမ့်ထွမ်ချောင်းရေဟာ ရေတိမ်ကောစပြုလာတာကြောင့် ရေအပြည့်အဝမရရှိနိုင်တော့ဘဲ မီးအလှည့်ကျစနစ်နဲ့ ပေးနေတာဖြစ်တယ်လို့…

    Read More »
  • 14 February
    သတင်း

    ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။ စစ်ကောင်စီတပ် ၊ SNA တပ်တွေ နဲ့ ပျူစောထီး ပူးပေါင်းတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွှေပြည်အေးမြို့ထဲက…

    Read More »
  • 14 February
    သတင်း

    TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ

    ၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ဒေသ နယ်မြေတစ်ချို့ကို စိုးမိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံတဲ့အသွင်နဲ့ အုပ်ချူပ်လာမှုကြောင့် အတူယှဉ်တွဲနေထိုင်ရေးမှာ အခက်ကြုံလာတယ်လို့ လက်ရှိ TNLA ထိန်းချူပ်မှုအောက်မှာရှိတဲ့ ဒေသခံတွေ ပြောပါတယ်။ ကွတ်ခိုင်မြို့ခံ…

    Read More »
  • 13 February
    သတင်း

    ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။ “အလောင်းကဦးနောက်တွေပွင့်ထွက်နေတယ်ပြောတယ်။ အမျိုးသားတဲ့ အသက်က ၃၀ ဝန်းကျင်…

    Read More »
  • 13 February
    သတင်း

    အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်လာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမျိုးသမီးတွေ သေဆုံးမှုတွေ ပိုမိုမြင့်တက်လာသလို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေးအကြပ်အတည်းကာလမှာ အမျိုးသမီးတွေဟာအဘက်ဘက်ကနေ ထိခိုက်နစ်နာဆုံးရှုံးတွေမှုအများဆုံးခံနေရတဲ့အပြင် အသက်အန္တရာယ်သေဆုံးတဲ့ အထိဖြစ်လာနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ ဆရာမ လီလီက KNG ကိုအခုလိုပြောပါတယ်။ “ဘာလို့လဲဆိုရင် ဒီစားဖို့သောက်ဖို့ အသက်ရှင်ရပ်တည်ဖို့အတွက် ဝင်ငွေရဖို့ လုပ်ငန်းရဖို့အတွက်ဆိုတာဟာ ခက်ခဲလာတဲ့အခါမှာ လူသားတွေက လူသားမဆန်တော့ဘူးဘဲ ဘာမဆိုလုပ်လာရဲတဲ့အခါမှာ ပိုပြီးတော့မှအားနည်းပြီး ဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေပြီးတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသူအမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ရွှေငွေပစ္စည်းဆုံးရှုံးရတဲ့အပြင် အသက်အန္တရာယ်ထိပါ ထိးပါးလာတဲ့အခြေအနေ ရှိသွားတာပေါ့နော်” လို့ပြောပါတယ်။ ဒ့ါအပြင် အမျိုးသမီးတစ်ယောက် သတ်ဖြတ်ခံရတာဖြစ်ဖြစ်၊ မတရားအနိုင်ကျင့်ခံရတာမျိုးဖြစ်ဖြစ် ကြုံလာတဲ့အခါ တရားရင်ဆိုင်ပေမဲ့ ကျူးလွန်သူတွေဘက်က အမှုနိုင်တာမျိုးတွေရှိနေတာတွေကြောင့် တရားရုံးဟာ ကိုယ့်ဘက်ကို ရပ်တည်ပေးနိုင်တဲ့ နေရာမဟုတ်ဘူးဆိုတာ သိလာရတာလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ရပ်ရွာဒေသမှာ အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တောင် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ တာဝန်ယူလုပ်ဆောင်ရတာတွေများတဲ့အတွက် လက်နက်ကြီးထိမှန်တာတွေ အများဆုံးခံရတာလည်းဖြစ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။ “ကိုယ့်ရွာမှာ လာပစ်လာပြီဆိုရင် မြန်မြန်ပြေးဖို့ သူ့မှာ ကလေးတွေ၊ ဉပမာ နို့စို့ကလေးကိုလည်း သူကြည့်ရတယ်၊ ကလေးကိုချီရတယ်၊ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရတာတွေများတယ်၊ ပြီးတော့ တစ်ချို့ကျတော့လည်း ကလေးတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နဲ့ အဘိုးအဘွားတွေကို ပြန်ခေါ်နေရတာနဲ့ မြန်မြန်လုံခြုံတဲ့နေရာမရောက်နိုင်တော့ စစ်တပ်လက်ထဲရောက်သွားတာမျိုး၊ လက်နက်ထိတာတွေက သူတို့ကြုံရဖို့ အများဆုံးဖြစ်ပြီးတော့ ထိခိုက်သေဆုံးတာတွေဖြစ်ရတယ်ဆိုတာကို ပိုတွေ့ရတယ်ပေါ့နော်” လို့ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေကြောင့် အမျိုးသမီးသေဆုံးမှုတွေ ပိုမြင့်တက်လာနေတဲ့အကြောင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်တွေကနေ သိရပါတယ်။ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေဟာ ပြည်သူတွေအပေါ် တာဝန်ယူမှုမရှိတာ၊ လုံခြုံမှုမပေးနိုင်တာ၊ တိုးတက်အောင်မြင်အောင မလုပ်ပေးနိုင်ရင် အစိုးရဆိုတဲ့နေရာမှာ မနေသင့်ဘူးလို့ အမျိုးသမီးနဲ့ကလေးသူငယ် အရေးလှုပ်ရှားသူ ဆရာမ မွန်းနေလီက KNG ကိုပြောပါတယ်။ “ပြောရမယ်ဆိုရင် စစ်အစိုးရအုပ်ချုပ်တာဖြစ်ဖြစ်၊ ပြည်သူတွေကို တာဝန်ယူပြီး ငါကအုပ်ချုပ်နေတာဆိုပြီးအဲ့နေရာမှာ ရှိနေတဲ့သူက တာဝန်အရမ်းကြီးတာဟုတ်တယ်။ အခုကျွန်မတို့ နိုင်ငံမှာ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ ကလေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာက အစိုးရဆိုပြီးခံယူထားတဲ့သူတွေကိုယ်တိုင် ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ ဉစ္စာပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ ဒီလိုဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ပိုပြီးထိခိုက်လာရတာဖြစ်တယ်” လို့ပြောပါတယ်။ ခုလို စစ်တပ်ဘက်က ပြည်သူတွေအပေါ် မတရားသတ်ဖြတ်တာ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ လူအခွင့်အရေးဆိုင်ရာဘက်ကနေ ကြည့်ရင်တောင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု ဉပဒေရှိသမျှကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စစ်တပ်ကဖမ်းဆီးထားတဲ့ အမျိုးသမီး ၃၂၉၉  သေဆုံးသူ ၇၅၄ ဦးထိရှိလာပြီဖြစ်သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ၂၆ ရက်အတွင်း အမျိုးသမီးသေဆုံးသူ ၅၉ ယောက်ထိရှိခဲ့ပြီးတော့ အဲ့ဒီသူတွေဟာ စစ်တပ်ဘက် အရပ်သားနေအိမ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးသမ္မဂအဖွဲ့က ဖေဖော်ဝါရီလ လဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။ ဒီသေဆုံးမှုစာရင်းထဲက အများဆုံးဟာ စစ်ကိုင်းတိုင်းထဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အလားတူဘဲ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမျိုးသမီးတစ်ယောက် ပစ္စည်းလုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာက အမျိုးသမီးတစ်ယောက် စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို နောက်ထပ်အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    Read More »
  • 13 February
    သတင်း

    ယာယီစစ်ရှောင်စခန်းနဲ့နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

    နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် ကထန်ယန်( Gahtan Yang)နဲ့ လွယ်ဆိုင် (Loi Seng)ကျေးရွာ ၂ခုမှာ တိမ်းရှောင်နေကြတဲ့ မအူပင်စစ်ရှောင်ပြည်သူတွေက စစ်ရှောင်အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဖားကန့်သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက အကြောင်းမဲ့ လာရောက်မီးရှို့ဖျက်ဆီးပေးလိုက်တာကြောင့် အိမ်ခြေ ၂၀ ကျော်လောက်ကို မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။ လက်ရှိ မအူပင်ဒေသခံပြည်သူတွေက ကထန်ယန်နဲ့ လွယ်ဆိုင် ကျေးရွာ ၂ခုမှာရှိတဲ့ သက်ဆိုင်ရာ ဘာသာရေးကျောင်းဝင်းတွေမှာ တိမ်းရှောင်နေကြပြီး အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မအူပင် စစ်ရှောင်ပြည်သူတစ်ယောက်က ပြောပါတယ်။ “အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ မိခင်နဲ့ ကလေးငယ်တွေ အများပိုင်း နာမကျန်းဖြစ်တာတွေ ခပ်စိပ်စိပ် ဖြစ်လာပြီး ဆေးပေးခန်းတွေမှာလည်း ဆေးဝါးပြတ်လပ်နေတာကြောင့် ဆေးဝါးတွေ အကူအညီပေးကြဖို့ ဆက်လက်တောင်းဆိုထားပါတယ်။ ဒါ့အပြင် တိမ်းရှောင်နေတဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ နေရာအခက်အခဲတွေဖြစ်နေပြီး ပြန်လည်တိုးချဲ့ဆောက်လုပ်ပေးဖို့ရန်အတွက်လည်း ငွေကြေးအကူအညီလိုအပ်နေတယ်လို့ လွယ်ဆိုင် ကတ်သစ်လစ် ဘုရားကျောင်းဝင်မှာ နေထိုင်တဲ့ စစ်ရှောင်တာဝန်ခံက အခုလိုပြောပါတယ်။ “ဘုရားကျောင်းဝင်းထဲက ၂ ထပ်ဆောင်မှာ နေကြတာဟုတ်တယ်။ ဒါပေမယ့် မိသားစုဝင်တွေ ဖြစ်ကြတဲ့အတွက် နေရာက မဆန့်ဘူးဖြစ်နေတယ်။ ကြာလာရင်လည်း မကောင်းဘူး။ အဲ့တာကြောင့် ဟောခန်းအသစ်လုပ်ထားတဲ့ နေရာမှာ အခန်းပြန်ခွဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ငွေကြေးက ပြန်ခက်ခဲနေဖြစ်တယ်”လို့ပြောပါတယ်။ မအူပင်ကျေးရွာပြည်သူတွေက ကထန်ယန်နဲ့ လွယ်ဆိုင်ကျေးရွာ ၂ခုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ မူးရင်းနှစ်ခြင်းအသင်းတော် နဲ့ ကတ်သစ်လစ်ဘုရားကျောင်းနေရာတွေမှာ စစ်ရှောင်ဦးရေ ၁၈၀ ခန့် တိမ်းရှောင်နေကြပါတယ်။ အဲဒီ စစ်ရှောင်တွေဟာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့အပြင် ရွာမီးရှို့ခံရတဲ့နေ့မှာတင် ဒေသခံအမျိုးသား ၈ ယောက်ကိုလည်း စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကားမိုင်းဗျူဟာကုန်းကို ဖမ်းဆီးသွားပြီး ရိုက်နက် စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မအူပင် စစ်ရှောင်ပြည်သူတွေက နေရပ်ပြန်ပြီး ပြန်လည်ထူးထောင်ရေးလုပ်ပြီး သွားရောက်နေထိုင်ဖို့ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် ကထန်ယန်ကျေးရွာမှာပဲ ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ကထန်ယန်ကျေးရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာလုပ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ မအူပင်စစ်ရှောင်ပြည်သူအတွက် ယာယီစစ်ရှောင်စခန်းအဖြစ် ဆောက်လုပ်ပြီး နေထိုင်ကြဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြောဆိုတာတွေ လုပ်ဆောင်နေပြီလို့ ကတ်သစ်လစ်ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ယောက်က ပြောပါတယ်။ “ဒါနဲ့ ပတ်သက်ပြီး စစ်ရှောင်တာဝန်ခံတွေနဲ့ အစည်းဝေးတွေလည်း လုပ်နေပါတယ်။ ပြန်လို့မရသေးတဲ့ အခြေအနေ တစ်ခုအထိ ကထန်ယန်မှာပဲ စစ်ရှောင်ကြဖို့ ဖြစ်တယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ သူတွေနဲ့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။ အခုချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ အဆင့်ဆင့်တင်ပြရမယ့်အရာတွေကျန်သေးတယ်”လို့ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိ တိမ်းရှောင်နေကြတဲ့ ဘုရားကျောင်းဝင်းနေရာမှာ တစ်လကျော်လောက်သာ နေထိုင်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ ယာယီစစ်ရှောင်စခန်း ဆောက်လုပ်ပြီးစီးသွားရင် နေရာအသစ်ကို ပြန်လည်ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆက်ဆိုပါတယ်။ မအူပင်ကျေးရွာဟာ ကားမိုင်းစစ်ဗျူဟာကုန်းနဲ့ နန့်ယား စစ်တပ် ၂ခုကြားရဲ့ မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး တစ်ဖက်မှာ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကြောင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် နေရပ်မပြန်ရဲသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ကားမိုင်းအနီးတဝိုက် တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မအူပင်ကျေးရွာကို မီးရှို့ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။ By –…

    Read More »
  • 13 February
    သတင်း

    စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်ကူညီပေးနေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ NBPDFထုတ်ပြန်

    စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်လိုက်ပါကူညီနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အုပ်ချုပ်ရေးမှုတို့ ရာအိမ်မှူးတို့ကို ထိရောက်စွာ အရေးယူမယ်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့က အသက် ၁၈နှစ်ပြည့်တဲ့ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့မှာရှိတဲ့ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖွဲ့တွေကစစ်ကောင်စီနဲ့အတူ တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင် စာရင်းလိုက်ကောက်တဲ့ သတင်းထွက်ပေါ်နေပါတယ်။ တဆက်တည်းမှာပဲ  NBDF ဘက်ကလည်း စစ်မှုထမ်း ဥပဒေအသက်ဝင်အောင် ကူညီနေသူတွေကို ထိရောက်စွာအရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ NBPDF တာဝန်ခံက ခုလိုပြောပါတယ်။ “ခုလို ထုတ်ရတာက ဧည့်စာရင်းလိုက်ကောက်တယ်ကြားတာပေါ့ အဓိက အုပ်ချုပ်ရေးမှူးတွေပေါ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လူစာရင်းလိုက်ကောက် အိမ်ထောင်စုစာရင်းလိုက်ကြည့်တာ ကြားလို့ကတော့ ထိထိရောက်ရောက်အရေးယူမှာပေါ့ စမ်းကြည့်ပေါ့”လို့ သူကဆိုပါတယ်။ စစ်ကောင်စီဘက်က ခုလိုစစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီဘက်က ကြံရာမရ ဆုတ်ယုတ်လာပြီး လုပ်တာဖြစ်တယ်လို့ သူကခုလိုဆက်ပြောပါတယ်။ ဒါအပြင် ခုလိုစစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာကြောင့် တော်လှန်ရေးအဖွဲ့တွေမှာ လူအင်အားပိုမိုများပြားလာနိုင်တယ်လို့ သူကခုလို သုံးသပ်ပါတယ်။ “ကောင်းပါတယ် လူငယ်တွေအနေနဲ့ ဘယ်ဘက်သွားမလဲ ဘယ်ဘက်လျှောက်မှာလဲပေါ့ အရင်တုန်းကတော့ တော်လှန်ရေးအဖွဲ့က ပေါ်တာလိုက်ဆွဲနေရတာပေါ့ အခုက သူဟာသူရောက်လာကြတဲ့သူတွေလည်း ရှိနေပြီ”လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဥပဒေထုတ်ပြန်ချက်ထဲမှာ အမျိုသားသာမက အသက်၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေလည်း စစ်မှုထမ်းရမယ်ဆိုတာကိုဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မြစ်ကြီးနားက အမျိုးသမီးတစ်ဦးကတော့ ခုလိုပြောပါတယ်။ “စစ်ကောင်စီဘက်က အခုလို ဥပဒေကြေငြာလိုက်တာက တစ်ဖက်ကတော့ ကောင်းတယ်လို့ မြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ လူငယ်တွေလည်း စစ်ကောင်စီကို မကြိုက်တော့ တော်လှန်ရေး အင်အားစုတွေဘက်ကို အင်အားပိုမိုများလာလိမ့်မယ်လို့ မြင်တယ်”လို့ သူမက ဆိုပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ…

    Read More »
  • 13 February
    သတင်း

    အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။  တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။  လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 13 February
    သတင်း

    မော်လူးစည်ပင်စျေး ဆောက်လုပ်ပြီးစီးဖို့ ငါးလခန့်ကြာမြင့်နိုင်

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက မီးလောင်ပျက်စီးသွားတဲ့ မော်လူးမြို့မစျေး တည်ဆောက်ပြီးစီးနိုင်ဖို့ အချိန် ၅ လ ခန့်ကြာမြင့် နိုင်ပြီး NUG အစိုးရကလည်း ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပေါ့ဆမီးကြောင့် ဆိုင်ခန်းပေါင်း ၁၀၀…

    Read More »
  • 12 February
    သတင်း

    တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်

    စစ်ရေးတင်းမာ‌‌နေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တို့…

    Read More »
Back to top button