• Dec- 2023 -
    26 December
    သတင်း

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဘေလီတံတား(ဒေသအခေါ် ဘေလီတံတားသစ်) ကိုမနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၂နာရီအချိန်မှ အမည်မသိလူတစ်စုက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုင်းတောင်ကျေးရွာအမှတ် ၃ ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ််။ “ညကအုန်းခနဲ့ တစ်ချက်တော့ကြားလိုက်တယ် မနက်ကြမှတံတားခွဲခံရတယ်ဆိုတာ သိလိုက်တာအရမ်းကြီးတော်မပျက်စီးသွားဘူး။ လူတွေသွားလာ နေကြတယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဖောက်ခွဲခံလိုက်ရတဲ့တံတားဟာ ဆိုင်းတောင်ကနေဖားကန့်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိပြီး ကျောက်သွေးတောင်နဲ့ဆိုင်းတောင်ကြားမှာရှိတာဖြစ်ပါတယ်။ “ဘာကြောင့်ခွဲတာလည်းတော့မသိတတ်ဘူး ညက ခရစ္စမတ်ညဆိုတော့ လူသွားလူလာတော့များတယ်လေး လူတွေထူထပ်နေတော့ ခြောက်တဲ့သဘောနဲ့ခွဲတာလား မပြောတတ်ဘူး”လို့ နောက်ထပ်ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားရဲ့ကြမ်းခင်းအနည်းငယ်အက်ကွဲတာ၊ တံတားဘေးဘောင်ပွန်းပဲ့ တာတွေရှိပြီး အသွားအလာတော့ပုံမှန်အတိုင်းရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီတံတားဟာ ဒီနှစ်အစောပိုင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး ဖားကန့်–ဆိုင်းတောင်လမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 25 December
    သတင်း

    အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံရ 

    စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကသာမြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်ည ကသာမြို့နယ်ထဲမှာ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကျားဘီလူးစစ်ကြောင်းဟာ အောင်ပုံရွာထဲဝင်ရောက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ထောက်ပို့လုပ်သူဟုဆိုကာ နေအိမ်အတွင်း…

    Read More »
  • 25 December
    သတင်း

    မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ

    မြစ်ကြီးနား – ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ ခုလို ခရီးသည်တင်ယာဉ်တွေ ရပ်နားလာရတာဟာ စက်သုံးဆီမြင့်တက်မှုတွေနဲ့အတူ လမ်းတစ်လျှောက်‌ ကောက်ခံတဲ့ ဂိတ်တွေကြောင့်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေနဲ့ မမျှတာ‌တွေများလာတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနား– ပူတာအို…

    Read More »
  • 25 December
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

    စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • 25 December
    သတင်း

    ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့လူငယ်အများစု မိသားစုနဲ့အဆက်သွယ်မရသေး

    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က နေရပ်ပြန်လာရင်း ကိုးကန့်တပ် MMDAA ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ချို့တစ်လကျော်ကြာလာပေမေယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံသွားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အဖမ်းခံရတဲ့ လူငယ်အများစုဟာ နိုဝင်ဘာ ၂၅ ရက်နေ့နောက်ပိုင်း ကိုးကန့်တပ်ဘက်က နေရပ်ပြန်ဖို့လမ်းတွေပြန်ဖွင့်ပေးလိုက်တဲ့နောက် နေရပ်ပြန်လာချိန် ချင်းရွှေဟော်ဂိတ်နားမှာ ဖမ်းဆီးခံသွားရတာဖြစ်ပြီး လက်ရှိချိန်ထိ တစ်လကျော်ကြာ လာပေမယ့်လို့ အများပိုင်းက မိသားစုနဲ့အဆက်သွယ်မရတဲ့အပြင် ပြန်ပြီးလွတ်မြောက် လာတာမရှိသေးဘူးလို့ လားရှိုးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဖမ်းခံရတဲ့ သူကတော့…

    Read More »
  • 25 December
    သတင်း

    ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်စခန်းက အမျိုးသမီးတွေရဲ့ရင်တွင်းစကား

    ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့စတင်ခဲ့တဲ့ ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲဟာ အခုဆိုရင် ၁၂ နှစ်ကျော်လာပြီးဖြစ်ပါတယ်။ စစ်ပွဲ‌တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အချိန်ကနေ လက်ရှိချိန်ထိစစ်ရှောင် အမျိုးသမီးတွေဟာအဘက်ဘက်ကနေ  အခက်အခဲတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းနေရကြတာလည်း ဖြစ်ပါတယ်။ စစ်ရှောင်အနေနဲ့နေခဲ့တာလည်းကြာလာပြီဖြစ်တဲ့အတွက် ကိုယ့်ရပ်ရွာဒေသမှာဘဲ ပြန်လည်နေထိုင်ချင်ပြီလို့ မိုးကောင်းမြို့နယ် နမ္မတီး လမ်ဘရော့ယန်စစ်ရှောင်စခန်းက မိခင်တစ်ယောက်က…

    Read More »
  • 22 December
    သတင်း

    တလူးဘက်စစ်ရေးတင်း‌မာနေတဲ့အတွက် ရှင်ဗွေယန်မြို့နယ်ဘက် တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် တလူးကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာအချို့မှာတိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ တလူးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နိုဝင်ဘာလ ၅ ရက်နေ့ကနေစပြီး ဒီဇင်ဘာလအထိ…

    Read More »
  • 22 December
    သတင်း

    တရုတ်ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

    ၁၀၂၇ စစ်ဆင်ရေအဖြစ်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ မြို့နယ်တွေကို လေကြောင်းကနေရော မြေပြင်ကနေပါ တိုက်ခိုက်မှုတွေရှိနေတဲ့ အတွက် ပိုက်လိုင်းပေါက်ကွဲမှုတွေဖြစ်လာမှာကို အရပ်သားတွေစိုးရိမ်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က သတင်းထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကပစ်မှတ်နေရာဟာ…

    Read More »
  • 22 December
    သတင်း

    သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်း

    မြန်မာသတင်းမီဒီယာသမားများ လုံခြုံရေးနဲ့အကာအကွယ်ရရှိနိုင်ရေးအတွက် ‘လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ’ Independent Press Council – Myanmar (IPCM)ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်နေရာမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမားတွေဟာ…

    Read More »
  • 22 December
    သတင်း

    မြေစာစွန့်ပစ်မှုကြောင့် နွံကန် ရေများလျှံကျနေ

    ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စု ၊ မမုံကျေးရွာမှာမြေစာစွန့်ပစ်ရာက‌နေ နွံကန်အောက်ခြေမှာရှိတဲ့ ရေနဲ့နွံများလျှံကျနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ “မနေ့ညကစပြီး ရေတွေရွာထဲဝင်လာခဲ့တာပေါ့၊နွံတွေလည်း လျှံတက်လာခဲ့တယ်”လို့ မမုံကျေးရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိ မမုံကျေးရွာလမ်းမကြီးတစ်လျှောက် ရေလျှံတာ‌တွေ ဖြစ်ပေါ်နေပြီး၊ ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းဝင်းနဲ့ ကိုယ်ထူကိုယ်ထကျောင်းဝင်းအတွင်းမှာ…

    Read More »
Back to top button