• Dec- 2023 -
    8 December
    သတင်း

    တော်လှန်ရေးခုတုံးလုပ်ပြီး အွန်လိုင်းပေါ် ငွေလိမ်လည်တာတွေများလာ

    မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ စစ်တပ်ကို အပြီးတိုင်တိုက်ထုတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ တော်လှန်ရေးခရီးမှာ နေရာဒေသ နယ်မြေအလိုက် ပြည်သူကာကွယ်ရေးတပ်တွေ အမြောက်အများရှိလာပြီး တော်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ ပြည်သူတွေကိုယ်၌ကလည်း နည်းမျိုးစုံနဲ့ ကာကွယ်ရေးတပ်တွေကို…

    Read More »
  • 8 December
    သတင်း

    KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 8 December
    သတင်း

    လောက်ကိုင်ကနေ နေရပ်ပြန်လာသူတစ်ချို့ MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရ

    ရှမ်းမြောက် လောက်ကိုင်ကနေ နေရပ်ပြန်လာတဲ့ပြည်သူတစ်ချို့ ကိုးကန့်တပ် MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ ပြန်ပြီးလွတ်မြောက်လာသူတွေက ပြောပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာစတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လောက်ကိုင်မြို့ကိုသိမ်းပိုက်တော့မယ်အကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ခဲ့တဲ့အပြင် လောက်ကိုင်မြို့ထဲမှာတော့ သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ မြို့တွင်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ပိုင်းညီနောင်မဟာမိတ်တွေက ပိတ်မိနေသူတွေအားလုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး နေရပ်ပြန်ခွင့်ပေးပြီးလမ်းဖွင့်ပေးခဲ့တဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေ အလုပ်လာလုပ်ရင်း မြို့ထဲပိတ်မိနေတဲ့သောင်းနဲ့ချီပြည်သူတွေဟာ နေရပ်ပြန်လာခဲ့ကြပါတယ်။ သို့သော် အဲဒီနေရပ်ပြန်ပြည်သူတွေထဲက လူငယ်လူရွယ်တစ်ချို့ကတော့ ကိုးကန့် MNDAA ဘက်က လမ်းခုလတ်မှာတင် တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ လွတ်မြောက်လာတဲ့ လားရှိုးဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။ “ဂိတ်မှာ စစ်မေးပြီး လူမျိုးတွေခွဲလိုက်တယ် တိုင်းရင်းသားသပ်သပ် ဗမာသပ်သပ် တရုတ်သပ်သပ် သူတို့သုံးဖွဲ့ခွဲလိုက်တယ် တိုင်းရင်းသား ဆိုရင် တစ်ခါထဲအထဲဝင်ခိုင်းပြီးတော့ ဆိုင်ကယ်တွေသိမ်းပြီးတော့ ကားပေါ် တင်ပြီး ၁၂ ဘီးကားကြီးနှစ်စီးပေါ်တက်ခိုင်းတယ်။ အဲကားပေါ်တက်ပြီးကျွန်တော်တို့ကိုခေါ်သွားတာဘဲဗျ ကျွန်တော်တို့ကိုပြန်ပို့ပေးသလိုလို ဘာမှမပြောဘဲ သူတို့ရဲ့စခန်းကိုခေါ်သွားတာဗျ”လို့ပြောပါတယ်။ လောက်ကိုင်ကနေ နေရပ်ပြန်သူတွေဟာ  ဝပြည်ချင်းရွှေဟော်ဘက်ကနေ ဝပြည်နန့်သစ်ဘက်လမ်း၊ သိန္နီ– ကွမ်းလုံဘက်ကလမ်း နမ်းဇလပ်တောလမ်းကနေ လားရှိုးဘက်ကို ပြန်ကြရာကနေ လမ်းတစ်လျှောက်မှာ တပ်သားသစ် စုဆောင်းခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သူထဲမှာ အသက် ၂၀ နဲ့ အသက် ၃၀ ကြားမှာရှိတဲ့ လူငယ်လူရွယ်တွေအများဆုံးဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေဟာ သောင်းချီရှိသလို မိန်းကလေးငယ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA တပ်တွေဟာ နေရပ်ပြန်တဲ့ပြည်သူတွေထဲက အသက်အရွယ်ကောင်းတဲ့ လူငယ်တွေကို အဓိကဖမ်းတာဖြစ်ပေမယ့် နာမကျန်းသူနဲ့ ဗမာတိုင်းရင်းသားတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ လားရှိုးဒေသခံတစ်ယောက်က ဆိုပါတယ်။ “ကျွန်တော်…

    Read More »
  • 7 December
    တိုက်ပွဲ

    မဘိန်း- ငအို ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲခံရမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သား ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

    ကချင် – ရှမ်းပြည်နယ်အစပ် ရှမ်း​မြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး–မဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က KIA တပ်ရင်း ၁၂ နယ်မြေ…

    Read More »
  • 7 December
    သတင်း

    ဒေါ့ဖုန်းယန်မှာ ဒေသခံတောင်သူတွေရဲ့ စပါးတွေကို စစ်ကောင်စီတပ် အတင်းအဓမ္မဝယ်ယူစုဆောင်းနေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေါ့ဖုန်းယန်ဒေသခံတောင်သူတွေဆီကနေ ရိတ်သိမ်းပြီး ရာသီပေါ် စက်ခြွေစပါးတွေကို တင်းထောင်ချီ ဝယ်ယူစုဆောင်းနေတယ်လို့ သိရပါတယ်။ ဒေါ့ဖုန်းယန်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ဖွဲ့တွေက နိုဝင်ဘာလကုန်ပိုင်းလောက်ကနေ…

    Read More »
  • 7 December
    သတင်း

    နာဂဒေသမှာ အထက်တန်းကျောင်းသူအဖွဲ့လိုက် ပျောက်ဆုံးနေ

    စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့ ဆပ်ပြာကျေးရွာက Grade-9 အထက်တန်းကျောင်းသူ ၆ ဦးအဖွဲ့လိုက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းသူ ၆ ဦးဟာ မိဘအသိဆွေမျိုးတွေကို အသိပေးပြောဆိုထားတာမရှိဘဲ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်း အိမ်ကနေအဖွဲ့လိုက်ထွက်သွားတာဖြစ်တယ်လို့ ပျောက်ဆုံးနေတဲ့ကျောင်းသူတစ်ဦးရဲ့ မိသားစုဝင်တွေက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ်ပျောက်နေတာ G-9 ရှိသေးတာ အတန်းက…

    Read More »
  • 6 December
    သတင်း

    လုံးခင်းကျောက်ဝိုင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

    ဖားကန့်မြို့ လုံးခင်းကျေးရွာမှာရှိတဲ့ ညကျောက်ဝိုင်းမှာ ဒီကနေ့ည ၇ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ အမျိုးသားတစ်ဦး ဒဏ်ရာရရှိတယ်လို့ ကျောက်အရောင်း၊အဝယ် လုပ်သူတွေဆီက သိရပါတယ်။ “သေနတ်နဲ့ပစ်တာ၊တစ်ချက်ကြားလိုက်ရတယ်၊ပေါင်မှာဒဏ်ရာရသွားခဲ့တာ”လို့ မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက ပြောပါတယ်။ သေနတ်နဲ့အပစ်ခံရသူဟာ အသက် ၄၀ အရွယ်ခန့်ရှိ…

    Read More »
  • 6 December
    သတင်း

    နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

    “အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။

    Read More »
  • 6 December
    သတင်း

    နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ

    ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်(Riyang ) ၊ဇီးဒဘန်(Zi dabang)၊ ဘန်ဂျရော့ပ်(Bang Jarawp)၊ မ နောယန်(ManauYang) စတဲ့ရက်ကွက် ၄ ခု ကို နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး တိမ်းရှောင်ခိုင်းတာကြောင့် လက်ရှိ နမ့်ဖတ်ကာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “အဓိက လက်နက်ကြီးအမြဲကျတဲ့ ရပ်ကွက်တွေပေါ့။ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက် ၄ ခုရှောင်ခိုင်းတာဟုတ်တယ်။ အဓိက အဲ့ဒီရွာတွေဘက်က လက်နက်ကိုင်တော်လှန်ရေးတပ်မဖွဲ့တွေ လာလာပစ်လို့တဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ဆိုပြီး ရှောင်ခိုင်းတာဟုတ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ရီးယန်ရပ်ကွက်က ပြည်သူတွေက ခိုမုန်း၊ ဇွပ်ရာ နဲ့ လုံစော်ယန်စတဲ့ကျေးရွာတွေရှိ မိမိအသိမိတ်ဆွေတွေဆီခိုလှုံတိမ်းရှောင်သွားကြပြီး ဇီးဒဘန်ရပ်ကွက်သားတွေကတော့ လုံဂျာယန်ကျေးရွာတွေဆီ ခိုလှုံတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဘန်ဂျရောပ်ရပ်ကွက်နေ ပြည်သူတွေက နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား နမ့်မွေအနီးတဝိုက်တိမ်းရှောင်နေကြပြီး ခလရ ၁၂၃ တပ်စခန်းနဲ့ကပ်ရပ် မနောယန်ရပ်ကွက်နေပြည်သူတွေကတော့ ဟိုဖျက်ကျေးရွာသို့ အမြောက်အများ တိမ်းရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။ လက်ရှိ နမ့်ဖက်ကာကျေးရွာထဲက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နီးစပ်ရွာကျေးရွာတွေနဲ့ ဆွေမျိုးအိမ်တွေဆီ၊ တောင်ယာအခင်းတွေဆီ တိမ်းရှောင်နေကြရတဲ့အပြင် တိမ်းရှောင်ဖို့ခက်ခဲတဲ့ပြည်သူတစ်ချို့လည်း ရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပါတယ်။ “သူတို့ရှောင်လို့မပြောတဲ့ ရပ်ကွက်တွေထဲက ရွာသားတွေလည်း အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဟို..လယ်တောတွေထဲ ပို့ထားတယ်။ တောထဲအခင်းတွေထဲ တိမ်းရှောင်နေတယ်။ အားလုံးက ကိုယ့်သိကျွမ်းရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တိမ်းရှောင်ကြရတာပေါ့။ ရွာထဲရှိနေသေးတဲ့အမြောက်အများလည်း ကတုန်းကျင်းနဲ့သတိနဲ့ နေနေတယ်။” လို့ နမ့်ဖတ်ကာ…

    Read More »
Back to top button