• Dec- 2023 -
    27 December
    သတင်း

    နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ

    ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ဒီကနေ့ နမ္မတူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်တာတွေလည်းရှိ‌နေတယ်လို့…

    Read More »
  • 26 December
    သတင်း

    ဖားကန့်မှာ စစ်တပ်ကဖမ်းထားတဲ့ ပြည်သူ ၂ ဦး ရဟတ်ယာဉ် နဲ့ နေရာပြောင်းရွှေ့

    ဖားကန့်မှာ စစ်‌ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ  ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ “ကိုသိန်းနဲ့ ဦးမြင့်လွင်တို့ပေါ့၊သူတို့နှစ်ဦးကို မိုးညှင်းထောင်ကို…

    Read More »
  • 26 December
    သတင်း

    ဗန်းမော်မှာ ကျပ်သိန်း ၁၆၀ ‌ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

    ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ပြည်သူ ၂ ဦးဆီကနေ ကာလတန်ဖိုးကျပ်သိန်း ၁၆၀ ‌ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဗန်းမော်မြို့ သာစည်ရပ်ကွက်…

    Read More »
  • 26 December
    သတင်း

    နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ…

    Read More »
  • 26 December
    သတင်း

    မိုးတားလေးမှာ စစ်တပ်က ဗုံးကျဲလို့ KPDF တပ်ဖွဲ့  ၁ ဦးသေဆုံး၊ အရပ်သားလည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

    ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးတားလေးရွာထဲကို အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်သွားတဲ့အတွက် မြို့လှ KPDF က တပ်သားတစ်ဦးသေဆုံးပြီး အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ နေ့လည် ၁၁ နာရီခွဲအချိန် မြစ်ကြီးနားကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာတစ်စီးဟာ မိုးတားလေးရွာနဲ့ ကျွန်းပင်ရွာဘက်ကို ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံး တစ်လုံးစီကျဲချသွားတာဖြစ်တယ်လို့ ကသာကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် မိုးတားလေးမှာ တော်လှန်ရေးအဖွဲ့တွေ ကင်းပတ်ရင်းခနနားနေတဲ့ချိန် ဗုံးချသွားတာ KPDF ကတစ်ယောက်ကျတယ်။ ပြီးတော့ အရပ်သား မိန်းကလေး တစ်ယောက်နဲ့ အမျိုးသား ၂ ယောက်လည်း ထိထားတယ်။ ကျွန်းပင်ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ဘဲ သိထားသေးတယ် အဲလောက်ဘဲပြောလို့ရအုံးမယ် အသေးစိတ်တော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က ဗုံးကျဲချသွားတဲ့နေအိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ကင်းပတ်ရင်း ယာယီဝင်နားနေတဲ့နေအိမ်ဖြစ်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်သွားတာဖြစ်တဲ့အတွက် နေအိမ်မှာတည်းခိုနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးကာ အရပ်သားထိခိုက်မှုရှိတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ခုလို စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ယာယီဝင်နားနေတဲ့နေရာကိုပါ တိတိကျကျ ဗုံးကျဲသွားတာဟာ စစ်တပ်သတင်းပေးထက်သာတဲ့ တပ်တွင်းသတင်းပေးတွေရှိနေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ကာကွယ်းတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ပစ်မှတ်ဒီလောက်တိတိကျကျပစ်နိုင်တာ ဒါပထမဆုံးအကြိမ်ဘဲ ရိုးရိုးသတင်းပေးထက် သာတဲ့သတင်းပေးရှိနေလို့ ဒီလိုပစ်မှတ်တိကျတာ”လို့ ပြောပါတယ်။ စစ်တပ်က ဗုံးကျဲချသွားတဲ့ မိုးတားလေးရွာနဲ့ကျွန်းပင်ရွာဟာ မိုင်အားဖြင့် ၃ မိုင်ခန့်ဝေးတဲ့ရွာဖြစ်ပါတယ်။ ကသာမှာ ဒီဇင်ဘာလ လဆန်းပိုင်းကစပြီး စစ်ကိုင်းဘက်ကနေ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ကျားဘီလူးဆိုတဲ့စစ်ကြောင်းတွေရောက်လာပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကသာမြို့နယ် ပကဖက သတင်းတာဝန်ခံအပါအဝင် ၃ ယောက် သတ်ဖြတ်ခံရတဲ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း မိုးတားလေး ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ အောင်ပုံရွာက ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ခုလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားသတ်ဖြတ်ခံရတာ ခပ်စိပ်စိပ်ဖြစ်လာနေတာဟာ စစ်တပ်သတင်းပေးအခိုင်မာရှိနေခြင်းကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကသာမြို့ဟာ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းနံဘေး ရှိတဲ့မြို့နယ်ဖြစ်တဲ့အပြင် စစ်ရေးအရအချက်ချကျတဲ့ နေရာလည်းဖြစ်ပါတယ်။ By – ဇမီ

    Read More »
  • 26 December
    သတင်း

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဘေလီတံတား(ဒေသအခေါ် ဘေလီတံတားသစ်) ကိုမနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၂နာရီအချိန်မှ အမည်မသိလူတစ်စုက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုင်းတောင်ကျေးရွာအမှတ် ၃ ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ််။ “ညကအုန်းခနဲ့ တစ်ချက်တော့ကြားလိုက်တယ် မနက်ကြမှတံတားခွဲခံရတယ်ဆိုတာ သိလိုက်တာအရမ်းကြီးတော်မပျက်စီးသွားဘူး။ လူတွေသွားလာ နေကြတယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဖောက်ခွဲခံလိုက်ရတဲ့တံတားဟာ ဆိုင်းတောင်ကနေဖားကန့်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိပြီး ကျောက်သွေးတောင်နဲ့ဆိုင်းတောင်ကြားမှာရှိတာဖြစ်ပါတယ်။ “ဘာကြောင့်ခွဲတာလည်းတော့မသိတတ်ဘူး ညက ခရစ္စမတ်ညဆိုတော့ လူသွားလူလာတော့များတယ်လေး လူတွေထူထပ်နေတော့ ခြောက်တဲ့သဘောနဲ့ခွဲတာလား မပြောတတ်ဘူး”လို့ နောက်ထပ်ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားရဲ့ကြမ်းခင်းအနည်းငယ်အက်ကွဲတာ၊ တံတားဘေးဘောင်ပွန်းပဲ့ တာတွေရှိပြီး အသွားအလာတော့ပုံမှန်အတိုင်းရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီတံတားဟာ ဒီနှစ်အစောပိုင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး ဖားကန့်–ဆိုင်းတောင်လမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 25 December
    သတင်း

    အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံရ 

    စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကသာမြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်ည ကသာမြို့နယ်ထဲမှာ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကျားဘီလူးစစ်ကြောင်းဟာ အောင်ပုံရွာထဲဝင်ရောက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ထောက်ပို့လုပ်သူဟုဆိုကာ နေအိမ်အတွင်း…

    Read More »
  • 25 December
    သတင်း

    မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ

    မြစ်ကြီးနား – ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ ခုလို ခရီးသည်တင်ယာဉ်တွေ ရပ်နားလာရတာဟာ စက်သုံးဆီမြင့်တက်မှုတွေနဲ့အတူ လမ်းတစ်လျှောက်‌ ကောက်ခံတဲ့ ဂိတ်တွေကြောင့်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေနဲ့ မမျှတာ‌တွေများလာတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနား– ပူတာအို…

    Read More »
  • 25 December
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

    စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • 25 December
    သတင်း

    ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့လူငယ်အများစု မိသားစုနဲ့အဆက်သွယ်မရသေး

    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က နေရပ်ပြန်လာရင်း ကိုးကန့်တပ် MMDAA ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ချို့တစ်လကျော်ကြာလာပေမေယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံသွားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အဖမ်းခံရတဲ့ လူငယ်အများစုဟာ နိုဝင်ဘာ ၂၅ ရက်နေ့နောက်ပိုင်း ကိုးကန့်တပ်ဘက်က နေရပ်ပြန်ဖို့လမ်းတွေပြန်ဖွင့်ပေးလိုက်တဲ့နောက် နေရပ်ပြန်လာချိန် ချင်းရွှေဟော်ဂိတ်နားမှာ ဖမ်းဆီးခံသွားရတာဖြစ်ပြီး လက်ရှိချိန်ထိ တစ်လကျော်ကြာ လာပေမယ့်လို့ အများပိုင်းက မိသားစုနဲ့အဆက်သွယ်မရတဲ့အပြင် ပြန်ပြီးလွတ်မြောက် လာတာမရှိသေးဘူးလို့ လားရှိုးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဖမ်းခံရတဲ့ သူကတော့…

    Read More »
Back to top button