• Jan- 2024 -
    2 January
    ဆောင်းပါး

    တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ နေရပ်ပြန်ရွှေညောင်ပင်ပြည်သူများ

    “မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေပြီ ဘာလုပ်လို့လုပ်ရမှန်းမသိ ဘယ်အချိန်ဘယ်နေ့ပြေးရမှန်းမသိ အဲ့လိုမျိုးပဲ ဆိုးရွားတဲ့အခြေနေတစ်ခုကိုပဲ စောင့်နေရသလိုဖြစ်နေတယ်” လို့ ဆိုလာသူကတော့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကဒေသခံ ကိုနောနော် (အမည်လွှဲ) ပါ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်ရေးတပ်မတော် KIA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေလို့ ထွက်ပြေးနေရသူလည်းဖြစ်ပါတယ်။ ရွှေညောင်ပင်ဒေသခံတွေဟာ…

    Read More »
  • 2 January
    သတင်း

    ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဝန်းသိုမြို့နယ်က ခမရ ၁၂၀ တပ်ရင်းကနေ ကောလင်းမြို့ပေါ် နဲ့ ကောလင်းမြို့မဈေးထဲကို ဟောင်ဝစ်ဇာ လက်နက်ကြီးအမျိုးအစားနဲ့ မနက် ၉ နာရီဝန်းကျင်ကနေ ၉ နာရီခွဲလောက်အထိ ၆ လုံးတိတိ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ဒီကနေ့မနက်တော့လက်နက်ကြီးနဲ့၆ကြိမ်ပစ်တယ် ပစ်တဲ့အချိန် မှာ မြို့ထဲကိုကျတယ် တစ်လုံးကတော့ မြို့မဈေးထဲကျတယ် အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် နဲ့ သားငါးသည်တွေ ကြားထဲကိုကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့မြို့မဈေးထဲကိုကျတာဖြစ်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၇ ယောက်လောက် ဒဏ်ရာရခဲ့ပြီးတော့ ထိခိုက်သေဆုံးသူတွေရဲ့အသေးစိတ်အခြေနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကိုတော့စစ်ကောင်စီတပ်ဘက်က ပြန်လည် တိုက်ခိုက်ဖို့ဝန်းသိုမြို့နယ်ဘက်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ “ ဝန်းသိုမြို့ထဲက စကစတပ်တွေဖြစ်တဲ့ စကစတပ်တွေဖြစ်တဲ့ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများ ဆုံး ၇ မိုင်လောက်ဝေးပါတယ် သူတို့ဘက်ကတော့ ကောလင်းမြို့ကိုပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့အနေ အထား ရှိပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုပြုနေထိုင်ကြဖို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း ဝန်းသို့မြို့နယ်ဘက်ကနေ ကောလင်းမြို့နယ် ထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကလေးငယ်နှစ်ယောက်အပါအဝင် အရပ်သား ၄ ယောက်အထိသေဆုံးခဲ့ပါသေးတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်

    စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။ ဒီကနေ့ မွန်းလွှဲပိုင်း…

    Read More »
  • 28 December
    သတင်း

    ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာ …

    Read More »
  • 28 December
    သတင်း

    ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းက နောင်ပိုအောင်ကျေးရွာဘက်မှာရှိတဲ့ အိုက်ခွဲကျေးရွာ ၊ပင်ခုတ်ကျေးရွာ ၊နောင်ဖာမူကျေးရွာနဲ့ နတ်နန်းကျေးရွာလေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ…

    Read More »
  • 28 December
    သတင်း

    လုံရှာယန်ရွာအလယ်ခေါင်မှာ စစ်တပ်ကတပ်စွဲနေထိုင်ဖို့ စခန်းတည်ဆောက်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ရွာမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်ဖို့ စခန်းပြန်ပြီးဆောက်နေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ပူတာအိုကနေ စစ်ကား ၂စီး စစ်အင်အား ၆၀ လောက်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့…

    Read More »
  • 28 December
    သတင်း

    လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ

    စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေတယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး လဟယ်မြို့နယ်မှာရှိတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအဓ္ဓမအခြေခံစစ်သင်တန်းပေးခဲ့ရာကနေ ဒီဇင်ဘာလ…

    Read More »
  • 28 December
    သတင်း

    ဝိုင်းမော်ဒေသခံ ၂ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တွေက အမျိုးသား ၂ ယောက်ကို အတင်းအဓမ္မ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် ဒီကနေ့ နံနက်ပိုင်း ၈ နာရီလောက်မှာ…

    Read More »
  • 28 December
    သတင်း

    ရွှေညောင်ပင်စစ်ရှောင်တွေ သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့ဖို့ပြင်ဆင်

    ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာက ကချင်နှစ်ခြင်းအသင်းတော် KBC မှာ လာရောက်ခိုလှုံနေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေဟာ စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပြီလို့ ရွှေညောင်ပင်စစ်ရှောင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်ကစပြီး ရွှေညောင်ပင် ခလရ…

    Read More »
  • 28 December
    သတင်း

    ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

    ကချင်ပြည်နယ် ဖားကန်​မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပုံမှန်စစ်ဆေးနေကြနေရာတွေမှာအခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့တွေငြိမ်နေတာကြာပြီ…

    Read More »
Back to top button