• Jun- 2025 -
    24 June
    သတင်း

    ကချင်‌မှာရှိတဲ့ နယ်စပ်ဂိတ်တွေမှာ သွင်းကုန်ကန့်သတ်ချက်ရှိနေဆဲ

    ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ်မှာ သွင်းကုန်ကန့်သတ်ထားချက်ရှိပေမယ့် ပို့ကုန်ကိုတော့ကန့်သတ်ချက်မဲ့သယ်ယူခွင့်ရှိ‌နေတယ်လို့ ဒေသခံ တွေဆီ‌ကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာ၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တည်နယ်စပ်ဂိတ်တွေမှာ နှစ်နိုင်ငံကုန်သွယ်‌ရေးပြန်လည်ပတ်နေတာ ၂ လခန့်ရှိလာပြီဖြစ်ပေမယ့်တရုတ်ဘက်ကနေ မြန်မာဘက်သွင်း‌တဲ့ကုန်တွေ ကန့်သတ်ချက်ရှိနေပြီး မြန်မာဘက်ကနေ…

    Read More »
  • 23 June
    သတင်း

    လုံးခင်းအုပ်စုက ရေမြောင်းတွေရှင်းလင်းဖို့ ဒေသခံတစ်ချို့အကြံပြု

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက ရပ်ကွက်တစ်ချို့ကရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးမများပေမဲ့ ရေဝင်ရောက်မှုတွေရှိနေတဲ့အတွက် ရေမြောင်းတွေရှင်းလင်းဖို့ဒေသခံတစ်ချို့ကအကြံပြုလိုက်ပါတယ်။ လက်ရှိရေမြောင်းပိတ်ဆို့တာတွေကြောင့် လုံးခင်းအုပ်စု ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၅ နေရာတစ်ချို့မှာ ရေတွေဝင်ရောက်နေပြီး ဒေသခံဈေးသည်တွေရွှေ့ပြောင်းနေကြရပါတယ်။ “လုံးခင်းရေကြီးတာက မြေအနိမ့်အမြင့်တွေကို စနစ်တကျရေမြောင်းလုပ်တာမရှိတာရယ်။…

    Read More »
  • 23 June
    သတင်း

    ပူတာအိုမှာ ပြည်သူ့စစ်တပ်ဖွဲ့ ၁၀ ဦး လက်နက်နဲ့အတူထွက်ပြေးသွားဟုဆို

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ် ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်နဲ့အတူထွက်ပြေးသွား‌ ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်သား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ လက်နက်တွေနဲ့အတူထွက်ပြေးသွားတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြေးသွားတာက…

    Read More »
  • 21 June
    သတင်း

    ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့်‌ နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလကတည်းက မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးလက်ရှိအချိန်အထိသွားလာလို့မရနိုင်သေးသလို၊ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် သွားလာဖို့ခက်ခဲနေတဲ့အတွက် ဟုမ္မလင်းမြို့နယ်ထဲကုန်စည်အဝင်ရပ်တန့်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်နဲ့တင်တဲ့ကုန်တွေလောက်ပဲရှိတယ်။ ကုန်းကြောင်းကောရေကြောင်းကော ဘာကုန်မှမဝင်တာဟိုလကတည်းကပဲ။…

    Read More »
  • 20 June
    သတင်း

    ဖားကန့်မှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာ နဲ့ ထပ်မံသေဆုံးနေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာအရှေ့မုဒ်ဝမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းကို ပြည်သူတစ်ချို့ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အလောင်းက နေ့လည် ၁…

    Read More »
  • 20 June
    သတင်း

    ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားပြီး အစားအသောက်များ ပြတ်လပ်

    တိုက်ပွဲငြိမ်သက်သွားလို့ နေရပ်ပြန်လာနေထိုင်ကြတဲ့ ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ကပ်မှော်၊ နန်တိန့်၊ တံတားညီနောင်၊ ကပ်မှော်၊ ဂေါ့လူယန် စတဲ့ကျေးရွာနေ ပြည်သူဒေသခံ ၅၀၀၀…

    Read More »
  • 20 June
    သတင်း

    ဝါရာဇွပ်ကျေးရွာမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးတိရိစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံး

    ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာ အိမ်မွေးတိရိစ္ဆာန်များ ရောဂါကူးစက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ကျွှဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒေသခံအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ထိရောက်တဲ့ကုသမှုတွေ မလုပ်နိုင်ဘဲ သေဆုံးမှုအရေအတွက်…

    Read More »
  • 19 June
    အင်တာဗျူး

    KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။   ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။ ဖြေ။   ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မေး။   ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။  ဖြေ။   ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။ မေး။   ။…

    Read More »
  • 19 June
    သတင်း

    စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

    ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…

    Read More »
  • 18 June
    သတင်း

    လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု

    ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊…

    Read More »
Back to top button