• Sep- 2023 -
    20 September
    သတင်း

    ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်တပ်ကနေ နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက် ဒီနေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကနေ ခိုမုန်းကျေးရွာအနီးက TNLA တပ်စွဲနေရာယူထားတဲ့ ကောင်းမူး(Kawng  Mu) တောင်ကုန်းကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောပါတယ်။ “ဒီတလော တိုက်ပွဲတော့ ဆက်တိုက်ဖြစ်နေတယ်။ ညနေပိုင်းကတည်းကနေ ကောင်းမူးတောင်မှာ တိုက်ပွဲပြန်ဖြစ်နေပြီ။ နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ လက်နက်ကြီး ၁၀ ထက်မနည်း ပစ်ကူနေတယ်။ ဘယ်ဘက် ဘယ်ဘက်ကို ကျပြီလဲမသိဘူး”ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး မူဆယ်မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတဲ့အပြင် မနေ့ညအထိ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။ ဒ့ါအပြင် စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မူဆယ်မြို့နီးမှာရှိတဲ့…

    Read More »
  • 20 September
    သတင်း

    စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို

    ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို…

    Read More »
  • 20 September
    သတင်း

    မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…

    Read More »
  • 20 September
    သတင်း

    ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး  စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

    ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ်ဘက်က  ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတာ‌တွေရှိတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အဲဒီပန်းတင်တံတားဂိတ်ကို ဖားကန့် KIA,PDF ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့…

    Read More »
  • 20 September
    သတင်း

    ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၅၀ လောက်ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းကနေ ကောင်ရာရပ်ကွက်…

    Read More »
  • 20 September
    သတင်း

    ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။ “ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့…

    Read More »
  • 20 September
    သတင်း

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မသန်စွမ်းတွေ စားဝတ်နေရေးပိုခက်ခဲလာ

    မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာ တာနဲ့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေကြောင့် နိုင်ငံတစ်ဝှမ်းကမသန်စွမ်းတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေဆီကနေ သိရပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် မသန်စွမ်းတွေဟာ အလုပ်အကိုင်ရှားပါးလာပြီး အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာတယ်လို့  ကချင်ပြည်နယ်အတွင်းက မသန်စွမ်းအရေးဆောင်ရွက်နေတဲ့ တွဲလက်မေတ္တာ ပရဟိတအသင်းက ဆရာအဇောင်းက“အရင်ကဆို မသန်စွမ်းတွေအတွက်အခွင့်အရေးက ကူညီတဲ့အဖွဲ့အစည်းတွေက သူတို့အတွက်အစားအသောက်အကူညီတွေရတယ် ပြီးတော့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်အခုတော့မရှိတော့ ဘူး အားလုံးကခက်ခဲသွားကြတော့ အလုပ်တွေကရှားသွားတာပေါ့“လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းတစ်ချို့ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ မသန်စွမ်းတစ်ယောက်ကို…

    Read More »
  • 20 September
    သတင်း

    အင်းတော်နယ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF တပ်ဖွဲ့တွေကြား စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး မနေ့ညအထိနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော် ရိက္ခာကုန်းတပ်ကနေ ဆင်းလာတဲ့ အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ စက်တင်ဘာ…

    Read More »
  • 19 September
    သတင်း

    ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ…

    Read More »
  • 19 September
    သတင်း

    ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ

    မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့…

    Read More »
Back to top button