• Mar- 2024 -
    12 March
    သတင်း

    ကသိုဏ်းတောင်(Kasen Bum)တပ်စခန်းကို KIA က အပြီးသတ်ရှင်းလင်း

    KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တာမခံတပ်စခန်းသိမ်းပိုက်အပြီး မတ်လ ၁၁ နေ့ ညနေပိုင်းပိုင်းလောက်မှာ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်လာချိန်မှာဘဲ စစ်ကောင်စီတပ်သားတွေက တပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။

    Read More »
  • 12 March
    သတင်း

    နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး

    မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့…

    Read More »
  • 12 March
    သတင်း

    မနမှော်နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရ ၄ ဦးတွေ့ရှိ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ထဲကနွံကန်တစ်ခုပေါက်ကျမှု ဖြစ်စဥ်မှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရှိထားသူ ၄ ဦးသာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့အနီး မနမှော်မှာရှိထဲက ပေ ၅၀၀ ဝန်းကျင်လောက် ကျယ်တဲ့ နွမ်ကန်တစ်ခု ဒီကနေ့မနက်  ၄နာရီအချိန်မှာပေါက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီနွံကန်ပေါက်ကျမှုကြောင့် နွမ်ကန်ရဲ့အောက်မှာ…

    Read More »
  • 11 March
    သတင်း

    ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှု‌တော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်

    ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက  အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…

    Read More »
  • 11 March
    သတင်း

    တာမခံကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိတိတိုက်ခိုက်ခံရ

    “တိုက်ပွဲ ဖြစ်တော့မနေ့ကလက်နက်ကြီးတွေအတော်ထုတယ် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျတယ်အဲ့မှာအလှူလုပ်ဖို့ထမင်းချက်နေတဲ့လူတွေရှိတဲ့ မီးဖိုချောင်ထဲကျတာတစ်ယောက်ကပွဲချင်းပြီး ၂ယောက်က ဒဏ်ရာရတယ် တစ်ယောက်ပါးစပ်ပြဲသွားတယ်”လို့ အထက်ဖော်ပြပါအရပ်သားတစ်ဦးကပြောပါတယ်။

    Read More »
  • 11 March
    သတင်း

    စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ “နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ ၃ ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။ လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။…

    Read More »
  • 11 March
    သတင်း

    တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ

    ၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ “တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား…

    Read More »
  • 11 March
    သတင်း

    ကသာနဲ့မဘိမ်းကြားက ခလရ ၁၂၁ တပ်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက် 

    စစ်ကိုင်း– ကချင် နဲ့ ရှမ်းမြောက်အစပ် ကသာမြို့နယ်နဲ့မဘိမ်းမြို့ကြားက ငအိုးရွာမှာရှိတဲ့ စစ်ကောင်စီ တပ် ခလရ–၁၂၁ ကို ဒီကနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ တွေက အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါ တယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ၊ ကျောင်းသားတပ်မတော် ABSDF အပါအဝင် ရခိုင့်တပ်တော် AA တို့ကပါ ဒီတိုက်ခိုက်မှုမှာ ပါဝင်တိုက်ခိုက်နေကြတယ်လို့ ကသာမြို့မတိုက်နယ် ပကဖ တာဝန်ခံဆီကသိရပါတယ်။ “ဒီမနက်တိုက်တာဗျ အလှစ်အငိုက်ဝင်ဆော်လိုက်တာဗျ အခြေနေကတော့ကောင်းပါတယ် သူတို့ ဘက်က ကျဆုံးမှုတော့ရှိနိုင်တယ် တချို့ခဲယမ်းတွေလည်းရရှိတာရှိပါတယ်။ စခန်းသိမ်းတာမျိုး တော့မဟုတ်ဘူး အချိန်အခါကြည့်ပြီးဝင်ဆော်လိုက်တာ အခုတော့ နောက်ပြန်ဆုတ်ထားပါတယ်” လို့ ကသာမြို့မတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကတော့ ဒီကနေ့ မနက်ပိုင်း၈နာရီနဲ့ ၁၁နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ကင်းထောက် လေယာဥ်နဲ့ပတ်ဝဲပြီးစောင့်ကြည့်တာမျိုးတွေလုပ်နေတယ်လို့သူက ဆက်ပြော ပါတယ်။ အဲ့ဒီ ခလရ ၁၂၁ တပ်စခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးရွာအနီး ကသာနယ် ရွှေလီတံတားအစပ်မှာတည်ရှိတာဖြစ်ပြီး အင်အား၂၀၀ ကျော်နဲ့တပ်စွဲထားတာလို့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ လက်ရှိ တိုက်ပွဲဟာခေတ္တငြိမ်နေပြီး အဲ့ဒီတပ်စခန်းအနီးတစ်ဝှိုက်က ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ “မနက် ၂ နာရီလောက်တိုက်ပွဲဖြစ်တာဆိုတော့ မိုးလည်းမလင်းသေးတဲ့အခါကျတော့ ပြည်သူတွေ ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတာပေါ့ ကသာဘက်ကရောကြိုရှောင်နေကြတယ် “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ နဲ့ မြို့လှ၊ ကသာ၊ ရှမ်းမြောက်ဘက်တွေမှာ စစ်ရေးလှုပ်ရှားတဲ့တပ်ရင်းတွေ စုပေါင်းပြီး အထိုင်ချထား ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီတပ်စခန်းဟာ ဗန်းမော်–မန္တလေး လမ်းမကြီးပေါ်မှာတည်ရှိပြီး ငအိုးရွာနဲ့ မိုင်တစ်ဝက် လောက်အကွာမှာရှိတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ ခလရ–၁၂၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကသာ၊မြို့လှ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ဒေသတချို့ကို စစ်ကြောင်းတွေပတ်ထိုးလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၇ ရက်နေ့က စပြီးတော့ မြစ်ကြီးနား–ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ဗျူဟာကျတဲ့တောင်ကုန်းတွေနဲ့တပ်စခန်းကြီးတွေကို သိမ်းပိုက်ထား ပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 11 March
    သတင်း

    အောင်မြေ(၂) ဒေသခံပြည်သူရာချီ ပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်၊

    တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင်…

    Read More »
  • 10 March
    သတင်း

    ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆောင် ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် 

    ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…

    Read More »
Back to top button