ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား
,
ဖားကန့်မြို့ မှော်မော်ကုန်း ကျေးရွာရှိ မြေဇာပုံဟောင်းပြိုကျမူကြောင့် လူ၂ ဦး သေဆုံးသွားကြောင်း ကနဦးသတင်းအရ သိရသည်။ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄နာရီချိန်ခန့်တွင် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်နေကြသည့် လူ ၄ဦးအနက် ၂ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ "Jade land တွေရဲ့ လုပ်ကွက်ဟောင်းမှာ ဟုတ်တယ်။ သေတဲ့ သူတွေရဲ့ အလောင်းကတော့ ခုထိရှာလို့
ဖမ်းဆီး အရေးယူမူ ပြုလုပ်ခြင်းသည် မူးယစ်ဆေးကျဆင်းရေး ပြသာနာကို ဖြေရှင်းသည့်နည်း မဟုတ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး စကားဝိုင်းတွင် ဝိုင်းမော် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းကျော်က ပြောဆိုသည်။ ဇွန်လ ၂၂ရက်နေ့ ဝိုင်းမော် ရွှေညာင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျေးလက်စကားဝိုင်း ဟောပြောပွဲတွင် မူးယစ်ဆေးလျော့ချရေး ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ " ကျနော်တို့ ရမ်းဖမ်းဆီးချင်လို့ ဖမ်းတာမဟုတ်ဘူး။ ကလေးတွေဆိုလည်း ဖမ်းလို့ရတယ် ကလေးဥပဒေရှိတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့ဘဝရှေ့ရေးရှိတယ်။
ဖားကန့် လုံးခင်းကျေးရွာအုပ်စု ရွာသစ်နောက်ဘက်တွင် ရေမဆေးသမား တစ်ဦး ကျည်ထိကာ ဒဏ်ရာရရှိမှု ဇွန်လ ၂၀ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ သို့သော် တာဝန်ကျရဲများ၏ ပြောဆိုချက်အရ ကျောက်စထိမှန်ခြင်းသာဖြစ်သည်ဟု ပြောကြောင်း လုံးခင်းအုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးက ပြောသည်။ “ကျနော်တို့ဆီမှာကျတော့ လူနာရောက်တယ်ဆိုတဲ့ သတင်းလောက်ဘဲ လာပြောကြတယ်။ သူတို့အချင်းချင်းဘယ်လိုညှိနိုင်းမှုတွေ လုပ်ကြလဲတော့ မသိဘူး။ မှော်မှာတာဝန်ကျတဲ့ရဲတွေရဲ့ ဆေးစာအရတော့ ကျောက်စထိမှန်ထားတယ်လို့ဘဲ သိရတယ်။ ဖြစ်ပြီးချင်း ဆေးရုံတန်းပို့လိုက်တာဆိုတော့ ရမ်းစိုးရိမ်ရတဲ့အခြေနေတော့ မရှိတော့ပါဘူး။”
အမျိုးသမီးများကို ကဏ္ဍအသီးသီးမှာ ၃၀ရာခိုင်နှုန်း ထည့်သွင်း စဉ်းစားပေးနိုင်ရန်အတွက် ကျား မ ရေးရာ ထည့်သွင်းစဉ်စားသည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးပွဲကို ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် Gender Equality Network တို့ပူးပေါင်းပြီး ကချင်ပြည်နယ်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များတို့ဖြင့် ဇွန် ၂၁ရက်နေ့ မြစ်ကြီးနား မဒီရာဟိုတယ် တွင်ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် အမျိုးသမီးများ ကိုယ်တိုင် နိုင်ငံရေးနှင့်ငြိမ်းချမ်းရေး အခန်းကဏ္ဍမှာ ပိုမိုပါဝင်ခွင့်ရရှိရန်၊ မူးယစ်ဆေးဝါး ပြသာနာဖြေရှင်းရာတွင် ပါဝင်မှုအားကောင်လာနိုင်ရန်၊
ကချင်စစ်ရှောင်များအနေဖြင့် မိမိတို့ မြေနေရာ ဆုံးရှုံးရမှာ စိုးရိမ်ခြင်းထက် လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိစွာဖြင့်သာ နေရပ်ပြန်သင့်ကြောင်း မြစ်ကြီးနားကို ရောက်ရှိနေသည့် ဥရောပသမ္မဂအဖွဲ့ (European Union) သံအမတ် Kristian Schmidt ပြောဆိုသွားပါသည်။ ယနေ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းမှာ ပြုလုပ်တဲ့ ဥရောပသမ္မဂအကြောင်း နှင့် ပညာသင်ဆုများအကြောင်းကို မြစ်ကြီးနား တက္ကသိုလ်ကျောင်းသူ/သားများအား လာရောက်ရှင်းပြသည့် အစီစဉ်အပြီး သတင်းထောက်များကို သံအမတ်ကြီးက ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။ “စစ်ရှောင်နေရပ်ပြန်မှုဟာ လုံခြုံစိတ်ချရပါမယ်။ ကူညီထောက်ပံ့မှုများနှင့် ဂုဏ်သိက္ခာရှိစွာ
ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ် စံပြကျေးရွာတွင် ကျေးရွာပိုင် သချိုင်းမြေ လိုအပ်နေကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ စံပြကျေးရွာကို ၂၀၀၈ ခုနှစ်တွင် ယုဇနကုမ္ပဏီ စီမံကိန်းဖြင့် ဘန်ကောက်၊ အောင်ရာ၊ လဂျာပါ ၊ နမ်ဆိုင် စသော ကျေးရွာ ၄ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကျေးရွာပိုင် မြေဧကများကို ယုဇနကုမ္ပဏီ သိမ်းပိုက်ထားသည့် ၁၀ စုနှစ် တစ်ခုအကြာ ဒေသခံများအတွက် အရေးတကြီးလိုအပ်နေသော
ကချင်စစ်ဘေး ၈ နှစ်ပြည့် လူငယ်များ၏ လမ်းဘေး တေးသရုပ်ဖော် ပြဇတ်ဦးဆောင်ခဲ့သူ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှု တရားလို မြို့နယ် ရဲတပ်ဖွဲ့ ယာယီ ဒုရဲမှူး မင်းသန့်ဇော် ကို စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ဇွန်လ ၉ ရက်နေ့ မြစ်ကြီးနား စိမ်းမြဧရာပန်းခြံ နှင့် ပြည်သူ့ရင်ပြင်အားကစားကွင်း နေရာ ၂ ခုတွင် ခွင့်ပြုချက်မတောင်းခံဘဲ လူစုလူရုံးပြုခဲ့သည်ဟုဆိုကာ ကိုပေါလု
ဝိုင်းမော်မြို့နယ် သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးနေသော တရုတ် တစ်သျှူးငှက်ပျောခင်းများကို ထိရောက်စွာ အရေးယူမှု ပြုလုပ်နေပြီး ဒေသခံများအား အစုအဖွဲ့ပိုင် သစ်တောအဖြစ် ပြန်လည်အပ်နှံမူများ ပြုလုပ်နေပြီဖြစ်ကြောင်း မိုးရာသီ သစ်ပင်စိုက် ပွဲတော်တွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြောဆိုခဲ့ပါသည်။ ထို မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ဝိုင်းမော် နမ့်ဝါသစ်တောကြိုးဝိုင်းတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပကာ ဝိုင်းမော်မြို့တွင်းရှိ ဌာနဆိုင်ရာများနှင့် ဝူယန်ဒေသခံများ စုစုပေါင်း
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာများတွင် ယုဇနကုမ္ပဏီနှင့် ဒေသခံတို့ကြား မြေယာပြဿနာကြောင့် ရုန်းရင်းဆန်ခတ်မှု အကြိမ်ကြိမ် ဖြစ်ပွားနေသောကြောင့် အစိုရအဖွဲ့အား အမြန်ဆုံး လာရောက် ဖြေရှင်းစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ ဇွန်လ ၇ရက်နေ့ နှောင်းမီကျေးရွာတွင် ယုဇနကုမ္ပဏီဘက်မှ ဒေသခံများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက ၁၀၀ ခန့်တွင် ဘက်ဟိုး၊ ထွန်စက်များဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံ ၃၀ ဦးခန့်နှင့် ကုမ္ပဏီဘက်မှ ၁၅ ဦးခန့်က ပြသာနာ ဖြစ်ပွားခဲ့ကြောင်း
မိုးရာသီ ရောက်ပြီ ဖြစ်သော်လည်း မြစ်ကြီးနား ပလန ကျေးရွာ Trinity Camp စစ်ရှောင်စခန်းတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင် ပြည်သူများသည် ရေရှားပါးမှုဒဏ် ကြုံတွေ့နေကြရကြောင်း သိရပါသည်။ “ရေတွင်းတစ်ခုဘဲရှိတော့ အဆင်မပြေဘူး။ အဲရေတွင်းလည်း ခနနဘဲရေစုပ်လို့ရတယ်။ ၁၅မိနစ်လောက်ဆို မရတော့ဘူး။ သောက်ရေနဲ့ ထမင်းချက်စားဖို့ရေကိုကျတော့ ဒီအနီးမှာရှိတဲ့ ဘုရားကျောင်းကနေ သုံးဘီးကနေ သွားခပ်ပေးတယ်။ ဒါပေမယ့် လုံလောက်မူမရှိဘူး။ ရေချိုးကြတာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာ သွားချိုးကြတယ်” ဆိုပြီး