• Aug- 2023 -
    4 August
    သတင်းဒီပဲယင်း

    ဒီပဲယင်းက မရကန်ရွာ ၃ ကြိမ်မြောက်မီးရှို့ခံရ

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၃ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် နေအိမ်၂၇လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ၂ရက်နေ့ မနက်ပိုင်းကတည်းက အင်အား၁၅၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီပဲယင်းအရှေ့ခြမ်းကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီးတော့ ညနေပိုင်း ၄နာရီလောက်ပိုင်းမရကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ကပြန်ကြားရေးတာဝန်ခံကိုထူးခန့်က ပြောပါတယ်။ “မနက်အစောပိုင်းက…

    Read More »
  • 4 August
    သတင်း

    မန္တလေးတိုင်းကနေတက်လာတဲ့ စစ်သင်္ဘော ၉ စီးမှာအချုပ်သား ၅၀ ကျော်တင်ဆောင်လာ

    ကချင်ပြည်နယ်ထဲကို ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးမှာ ကသာနယ်ထဲဝင်ရောက် နေပြီဖြစ်ပြီး သင်္ဘောထဲမှာအချုပ်သား ၅၀ ကျော်လည်း ပါဝင်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ စစ်သားအင်အားအများအပြားနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေတင်ဆောင်လာတဲ့အပြင် ထီးချိုင့်အချုပ်ထဲက အချုပ်သား ၅၀ ကျော်ကိုလည်းတင်ဆောင်လာတယ်လို့ ကသာ PDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။ “အရပ်သား၊အချုပ်သားပေါ့ ထီးချိုင့်မှာအချုပ်ကျနေတဲ့အချုပ်သား…

    Read More »
  • 3 August
    သတင်း

    ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် မနေ့ည ၈နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ အဲဒီဆေးခန်းဟာ ပုဂ္ဂလိကဆေးခန်းဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ဆေးခန်းဖြစ်ပြီး  မနေ့ညဆေးခန်းဖွင့်ထားချိန်မှာ အိမ်စီးကား ၅စီးနဲ့ လူအင်အား ၁၀ ကျော်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည ဖမ်းဆီးခံသွားရတာ ဖားကန့်ဆေးရုံအုပ်ဟောင်းဟုတ်တယ် ဖမ်းဆီးခံရတဲ့ချိန် ဆေးခန်းမပိတ်သေးဘူး ဆေးခန်းကလာဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူဟာ ဖားကန့်ဆေးရုံအုပ်ဟောင်း ဒေါက်တာသိန်းမြင့်ဝေဆိုသူဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ဆေးရုံအုပ်ကြီးတာဝန်မှ နုတ်ထွက်ထားသူဖြစ်ကြောင်းလည်း သိရပါတယ်။ ဒေသခံတွေပြောတာကတော့ ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းဆီးခံသွားသူတွေဟာ စစ်တပ်ကဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ယောက်က ခုလိုသုံးသပ်ပြောဆိုပါတယ်။ “သူက CDM ဆရာဝန်တစ်ယောက်ကို အလုပ်ပေးထားတယ်ကြားတယ် အဲဒါနဲ့လည်း ဆက်စပ်နေလားပေါ့ ဖြစ်နိုင်တာတော့ စစ်တပ်ဘက်က ဖြစ်ဖို့များတယ်”လို့ပြောပါတယ်။ ဖားကန့်မှာပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖမ်းဆီးခံရမှု၊ဇူလိုင်လ ၂၇ ရက်နေ့ အမိန့်ရအပေါင်ဆိုင်ပိုင်ရှင်ဇနီး ဖမ်းဆီးခံခဲ့ရတာရှိခဲ့ပါတယ်။…

    Read More »
  • 3 August
    သတင်း

    မန္တလေးကနေ ကချင်ပြည်ဘက်ဆန်တက်နေတဲ့ စစ်သင်္ဘောကနေ စစ်ကောင်စီတပ်တွေက မြစ်ကမ်းတစ်လျှောက် ရွာတွေကို ဆက်တိုက်ပစ်ခတ်လာ

    မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော ၉စီးက စစ်ကောင်စီတပ်သားများဟာ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုဆက်တိုက်ပစ်ခတ်လာနေတယ်လို့ ထီးချိုင့်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အဲ့ဒီ စစ်သင်္ဘောတွေဟာ ဩဂုတ်လ ၁ ရက်နေ့ သပိတ်ကျင်းမြို့ကနေ ဆန်တက်တာဖြစ်ပြီး မနေ့ကညနေ  ၅နာရီလောက်မှာ ထီးချိုင့်မြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ထီးချိုင့်ကာကွယ်ရေးတပ်တွေကပြောပါတယ်။ အဲဒီနောက် ဒီကနေ့မနက် ၆နာရီ လောက်မှာတော့ ထီးချိုင့်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆက်ပြီး ဆန်တက်လာနေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေဟာ သင်္ဘောဆန်တက်လာရာ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လာတာတွေကြောင့် ထီးချိုင့်မြို့နယ် ကနေအိမ်၂လုံး ပျက်ဆီးခဲ့ရတဲ့အပြင်အရပ်သားတွေသေဆုံးတာ တွေရှိနိုင်တယ်လို့လည်း ထီးချိုင့်မြို့နယ်က…

    Read More »
  • 3 August
    သတင်း

    ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထိုးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ်…

    Read More »
  • 3 August
    သတင်းမူဆင့်

    စစ်ကောင်စီပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မူဆင့် ဒေသခံ ၃ ဦးတစ်လကျော်ကြာပျောက်ဆုံးနေ

    ကချင်ပြည်နယ် မံစီမြို့နယ် မူဆင့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ မူဆင့်ဒေသခံအမျိုးသား ၃ ဦး တစ်လကျော်ကြာတဲ့အထိပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ မူဆင့်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး ဟိန်းထက်ရှိန်းကနေပြီး မူဆင့်ဒေသခံအမျိုးသား ၃ ဦးကို မံစီမြို့နယ် မူဆင့်ရွာကနေ ရှမ်းပြည်နယ်…

    Read More »
  • 2 August
    သတင်း

    အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂…

    Read More »
  • 2 August
    သတင်း

    တနိုင်းချောင်းတံတားအောက်က စွန့်ပစ်အမှိုက်တွေကြောင့် အမှိုက်ပုံနားနေထိုင်တဲ့ ဒေသခံများ ဖျားနာသူများလာ

    ကချင်ပြည်နယ် တနိုင်းမြို့ပေါ်တံတားအောက်မှာ စည်းမဲ့ကမ်းမဲ့ လာရောက်စွန့်ပစ်ထားတဲ့ အမှိုက်အညစ်အကြေးကြောင့် အမှိုက်ပုံဘေးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဟုတ်တယ်၊ အမှိုက်တွေလည်း အရမ်းများတော့ အရမ်းနံတယ်၊ နေ့တိုင်းသွားလာနေရတော့အဲ့ဒီကအနံ့တွေကြောင့် ခေါင်းမူးတာ၊ ဖျားတာတွေရှိတယ်၊ ချောင်းဘေးမှာဆိုတော့ အမှိုက်သာမကရေမသန့်တဲ့အတွက်လည်း ခြင်တွေပေါပြီး ငှက်ဖျားတွေလည်း ဖြစ်တယ်” လို့ အမှိုက်ပုံဘေးနားမှာ နေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။ တနိုင်းမှာ ပုံမှန်ဆိုရင် မြို့ပေါ်ရပ်ကွက်နဲ့စျေးတွေမှာ စည်ပင်အမှိုက်ကား တစ်ပတ် ၂ ကြိမ် အမှိုက်တွေ လာသိမ်းတာရှိပေမယ့် ခုနောက်ပိုင်းတွင် လာရောက်သိမ်းဆည်းတာ မရှိတော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “စည်ပင်ကားမတွေ့တာတောင်တော်တော်ကြာပြီ၊…

    Read More »
  • 2 August
    သတင်း

    ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၃ဦး မြွေကိုက်ခံရပြီး ၁ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်း မြွေကိုက်ခံရသူ ၁၃ ဦးအထိရှိခဲ့ပြီး ၁ဦး သေဆုံး ခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကသိရပါတယ်။ မြွေကိုက်ခံရသူများဟာ ထန်းကုန်းတိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ပင့်သာတိုက်နယ်နဲ့ ကန့်ဘလူ တိုက်နယ်က စစ်ဘေးရှောင်ပြည်သူတွေဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျနော်တို့လက်ရှိအထိရထားတဲ့အချက်အလက်အရတော့ ၁၃ယောက်ရှိတယ်သေဆုံးခဲ့တဲ့သူကတော့…

    Read More »
  • 2 August
    သတင်း

    မြစ်ဆုံဒေသမှာ လုပ်ငန်းရှင်တစ်ချို့ တားမြစ်နေရာသတ်မှတ်ပြီး နယ်မြေတိုးချဲ့လာတာကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်မှာရှိတဲ့ မြစ်ဆုံဒေသမှာ အာဏာရှိသူတွေက တားမြစ်နယ်မြေတွေသတ်မှတ်ပြီး နယ်မြေတိုးချဲ့သိမ်းယူမှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ကစပြီး မြစ်ဆုံဒေသကို ပြန်လည်မွမ်းမံပြင် ဆင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် နေရာယူပြီး စက်ယန္တရားကြီးတွေနဲ့ စတင်ရွှေတူးဖော်လာရာကနေ လက်ရှိချိန်မှာတော့ မြစ်ဆုံဒေသမှာ ပြည်သူတွေရဲ့…

    Read More »
Back to top button