• Mar- 2024 -
    26 March
    သတင်း

    မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို

    ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်သူဟာ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်မှာရှိတဲ့ ခြံထဲဟင်းရွက်တွေသွားခူးချိန် မုဒိန်းကျင့်ခံရတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ “အမေက အဲ့နေ့ညနေ ခြံထဲမှာ ဒန့်ဒလွန်ရွက် သွားခူးတာ ပြီးတော့ ခြံအောက်ဘက်မှာကန်ပိုင်ယန်ချောင်းဆိုပြီးရှိတယ် အဲ့ဒီချောင်းမှာ ဒရင်ကောက်အရွက်ပြန်ဆင်းခူးတဲ့အချိန် အဲ့ဒီယောကျ်ားကနောက်ကလိုက်လာပြီး သူကအဲ့လိုမျိုးလုပ်သွားတာ”လို့ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုသူဆိုသူဖြစ်ပြီး  ပဲခူးတိုင်းဘက်ကနေ ချီဖွေမြို့၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ကန်ပိုင်ယန်ရွှေမှော်မှာလာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။ မုဒိန်မှုကျူးလွန်တဲ့အမျိုးသားကိုတော့ မနေ့က မတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီလောက် ရပ်ရွာလူကြီးတွေနဲ့ သက်ဆိုင်သူတွေက ရွှေမှော်မှာသွားရောက်ဖမ်းဆီးကာ လက်ရှိချီဖွေမြို့နယ် ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပြီး အမှုရင်ဆိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။ နစ်နာသူမိသားစုတွေဘက်ကတော့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့သူကို သက်ဆိုင်ရာတွေဘက်က ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ကျူးလွန်ခံရသူရဲ့ သမီးဖြစ်သူက အခုလိုပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ သူ့ကို ထိထိရောက်ရောက်အရေးယူခိုင်းစေချင်တာပေါ့၊ သတ်တောင်သတ် ချင်ပစ်ချင်တာ၊ အမေက မုဆိုးမအဖေဆုံးသွားတာ ၁၇ နှစ်လောက်ရှိပြီ အမေကနာမည်ဆိုးလည်း မရှိခဲ့ဖူးဘူး၊ အမေက သူမုဆိုးမဆိုပြီး ဂုဏ်သိက္ခာရှိရှိနေခဲ့တာ အခုက အရှက်လည်းကွဲ၊ စိတ်ဒဏ်ရာလည်းရတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ကြုံရတယ်၊ အဲ့တာကြောင့် သူ့ကို ထိထိရောက်ရောက်အရေးယူချင်တာ”လို့ပြောပါတယ်။ လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးဖြစ်သူဟာ အစာစားလို့မရတဲ့အခြေအနေဖြစ်နေပြီး ခြေ၊ လက်၊ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ချီဖွေမြို့အဝင်တွေကို စစ်တပ်ထောက်ခံစာပါမှသာဝင်လို့ရတာဖြစ်ပြီး  ကျူးလွန်တဲ့အမျိုးသားဖြစ်သူဟာဆိုရင်လည်း ပဲခူးတိုင်းဘက်က ရောက်လာတာ သုံးလေးရက်လောက်သာရှိသေးတဲ့အတွက် ရွှေမှော်သူဌေးနာမည်နဲ့ ဝင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ်  မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်တာတွေ ပိုမိုဆိုးရွားလာတဲ့အပြင် ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သားတွေရဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုး ကြုံနေရတယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် ရဲ့  ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – Bu Bu

    Read More »
  • 26 March
    သတင်း

    ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က…

    Read More »
  • 26 March
    သတင်း

    နန့်မွန်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီဝန်းကျင် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးဌေးအောင်ဟာ ဇနီးသည်ဒေါ်ညိုကို မနက်စျေးလိုက်ပို့ချိန် စျေးအဝင်ပေါက်မှာပစ်ခံရတာဖြစ်တယ်လို့  အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ်ဗျ ဒီနေ့မနက် မနက်အစောကြီး ၄ နာရီမှာဟုတ်တယ် သူ့မိန်းမ ဒေါ်ညိုကို စျေးလိုက်ပို့တဲ့အချိန် စျေးပေါက်ဝမှာပစ်ခံလိုက်ရတာ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ ဦးခေါင်းမှာတစ်ချက်၊လက်မောင်းမှာ ၂ ချက်ထိမှန်သွားပြီး အသက်ရှိနေသေးတာကြောင့် မြစ်ကြီးနားဆေးရုံကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့သိရပြီး ဘယ်အဖွဲ့ကပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ချက်ချင်းပဲမြစ်ကြီးနားဆေးရုံကိုပို့လိုက်တယ် အခြေနေဘာမှန်းတော့မသိရသေးဘူး။ စိုးရိမ်ရတဲ့အခြေနေမှာရှိနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မျက်မြင်တွေ့တဲ့ဒေသခံတွေပြောပြချက်အရ သေနတ် ဒဏ်ရာ ၃ချက်ထိထားတဲ့အုပ်ချုပ်ရေးမှူးဟာ အသက်မသေဆုံးမှီ မြစ်ကြီးနားဆေးရုံပို့ဆောင်ထားနိုင်ပေမယ့် ဦးခေါင်း ဒဏ်ရာပြင်းထန်စွာရရှိထားတာကြောင့် သက်ရှင်နိုင်တဲ့ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ဆိုပါတယ်။ သေနတ်ပစ်ခံရတဲ့ နတ်ကြီးကုန်းအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအတွက် နတ်ကြီးကုန်းရပ်ကွက်မှာ မတ်လ လဆန်းပိုင်းကစပြီး နာမည်စာရင်းကောက်ခံတာ၊မဲနှိုက်ခိုင်းတာတွေလုပ်ဆောင်ခဲ့တာကြောင့် ခုလိုလုပ်ကြံခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ သတ်ဖြတ်ခံရတာတွေဟာ  ခနငြိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်ကစစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် စစ်မှုထမ်းဥပဒေကိုပါဝင်ကူညီပေးနေတဲ့  မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ကျေးရွာ၊အုပ်ချုပ်ရေးမှူးတွေဟာ သတ်ဖြတ်ခံရတဲ့ရုပ်သံတွေကလည်း လူမူကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းမကြာခန မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 25 March
    သတင်း

    မချမ်းဘော့မှာ ၅ နှစ်ကြာတပ်စွဲခဲ့တဲ့အလန်ဂါးတပ်စခန်းမှ စစ်သားများစခန်းစွန့်ခွာ

    ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ ၅ နှစ်ကြားတပ်စွဲနေထိုင်ခဲ့တဲ့ အလန်ဂါးစခန်းထဲက စစ်သားများစခန်းဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ   ၂၀၁၈ ခုနှစ်ကတည်းကတပ်စွဲနေထိုင်ခဲ့တဲ့ ခလရ ၁၃၇ တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အလန်ဂါးကတော့ ပြီးသွားပြီ လာတိုက်စရာတောင်မလိုဘူး အားလုံးထွက်ပြေးသွားပြီ သူတို့စခန်းကိုတော့ မီးရှို့တာတော့မလုပ်သွားဘူး ဒီတိုင်းဆုတ်သွားတာ ဘာမှကိုမချန်ထားဘူး ကြက်၊ဝက်ကအစအကုန်သယ်သွားတယ်တဲ့သေချာသွားပြီ”လို့ ပြောပါတယ်။ အဲ့ဒီအလန်ဂါးကျေးရွာက ခလရ ၁၃၇ အထိုင်တပ်ဟာ မချမ်းဘော့မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး ပုံမှန် အင် အား ၄၀ ဝန်းကျင်လောက်တာရှိတာဖြစ်ရှိတဲ့တပ်စခန်းလို့သိရပါတယ်။ အခုလိုစစ်ကောင်စီစစ်သားတွေစခန်းစွန့်ခွာသွားတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ရေးနှင့် လုံခြုံရေး စ်ိုးရိမ်စရာမလိုတော့ကြောင်းလည်း ဒေသခံတွေကဆိုပါတယ်။ “သူတို့ဆုတ်ခွာသွားတော့ အလန်ဂါးရွာသားတွေအတွက်ကောင်းတာပေါ့ မဟုတ်ရင် ဒီဘက်ကလာတိုက်တဲ့အခါ စစ်သားတွေက ရွာသားတွေကိုဖိနှိပ်တာတွေလုပ်အုံးမှာပြီးတော့ အဲ့စခန်းက မချမ်းဘော့ နောင်မွန်လမ်းပိုင်းမှာရှိတာလေး တခါတလေ ခရီးသွားတွေအတွက်လည်းအဆင်မပြေဘူး အခုတော့အဲ့နားကသွားရလာရ အဆင်ပြေသွားတာပေါ့”လို့ ဒေသခံတစ်ဦးပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်မှာ မတ်လ ၉ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ရှေ့တန်းစခန်းငယ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့အပြင် ဆွမ်ပရာဘွမ်မြို့ပေါ်ရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီး လက်ရှိမှာတော့ မြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ရင်းကိုတော့ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေဆဲဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါနတယ်။ အခုလိုစခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်တပ်ရဲ့ ခလရ ၄၆ တပ်ဟာတပ်ထဲမှာ စစ်လက်နက်အင်အားနဲ့ စစ်သားအင်အားတွေဆက်တိုက်ဖြည့်တင်းနေပြီး အလန်ဂါးက စွန့်ခွာသွားတဲ့စစ်သားတွေကလည်း  ခလရ ၄၆ တပ်ထဲ အင်အားသွားရောက်ဖြည့်တင်းထားတယ်လို့  သိရပါတယ်။  “၄၆ တပ်က အခုအင်အားတွေအတော်ဖြည့်နေတယ်နော် ဟိုနေ့ကလည်း ကား ၅ စီးစာ လက်နက်ခဲရမ်းတွေ အပြည့်လာပို့သွားတယ် လာချတာက လေယာဥ်နဲ့လာချသွားတာ လေဆိပ်မှာရောက်တဲ့ချိန်မြင်ခဲ့တယ်။ ကား ၅ စီးနဲ့ ဗုံးသီးတွေကော လက်နက်ကြီးတွေကော အများကြီးပဲတင်သွားတယ်တပ်ထဲမှာ”လို့ ပူတာအိုမြို့နေ အခြားဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာမှာ တပ်စွဲခဲ့တဲ့ အင်အား ၅၀ ကျော်ပါတဲ့စစ်ကောင်စီစစ်သားတွေဟာ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 25 March
    သတင်း

    ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ

    မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉…

    Read More »
  • 25 March
    သတင်း

    ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက…

    Read More »
  • 25 March
    သတင်း

    ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိ‌သေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ရေကို အဝီဇိတွင်းတွေကနေသာအဓိကရယူကြတာဖြစ်ပြီး ရေရဖို့အတွက် လျှပ်စစ်မီးကိုအဓိကအသုံးပြုရတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာပဲ လျှပ်စစ်မီးတွေ လုံးဝမရပဲပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “လျှပ်စစ်မီးမရတာပေါ့နော် စက်သုံးဆီကိုအဓိကထားပြီးတော့…

    Read More »
  • 23 March
    သတင်း

    နောင်ကွန်(Nawng kawn)အမြှောက်တပ်ကြီးကို KIA သိမ်းပိုက်

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မားခွယ်(Mahkoi)ကျေးရွာအုပ်စု နောင်ကွန်(Nawng Kawn) ကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့အမြှောက်တပ်ရင်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသေးတဲ့တပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၂၁ ရက်နေ့ နွမ်လန့်တပ်စခန်းသိမ်းပိုက်ပြီးနောက် နောင်ကွန်အမြှောက်တပ် ခမရ ၃၇၀ တပ်ရင်းကို မတ်လ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “နောင်ကွန်က ဒီမနက် ၇ နာရီခွဲလောက်မှာ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။ ကုန်းလောတပ်ရင်းကို က ဒီမနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကုန်းလောက အခုချိန်ထိတော့အသိမ်းနိုင်သေးဘူး။ နွမ်လန့်ပြီးတာနဲ့ နောင်ကွန်တပ်ရင်းကို ပြန်တိုက်ယူလိုက်တဲ့ သဘောပါ”လို့ ပြောပါတယ်။ ဒါ့အပြင် နောင်ကွန်အမြှောက်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တစ်ဆက်ထဲမှာပဲ ခမရ ၃၈၇ ကုန်းလောတပ်ရင်းကို ပြန်လည်တိုက်ခိုက်နေပြီး ညနေပိုင်း ၂ နာရီဝန်းကျင်အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ နောင်ကွန်အမြှောက်တပ်ရင်းဟာ မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့အကြီးဆုံး အမြှောက်တပ်တစ်ခုဖြစ်ပြီး ဒေါ့ဖုန်းယန်အောက်ဖက်ခြမ်း မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း၊ စီဟတ် စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံးခြုံရေးယူပေးနေတဲ့ အမြှောက်တပ်ရင်းလည်းဖြစ်ပါတယ်။ ဒီတပ်စခန်းတွေထဲက နွမ်လန့် တပ်စခန်း ၂ ခုနဲ့ နောင်ကွန်မြှောက်တပ်ကို KIA တပ်တွေက မတ်လ ၂၁ ရက်နေ့တစ်ရက်အတွင်း သိမ်းပိုက်ထားနိုင်တဲ့အပြင် တစ်ဆက်ထဲမှာပဲကျန်ရှိနေသေးတဲ့ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း တပ်စခန်းနေရာတွေကို KIA က ဆက်လက်တိုက်ပွဲဖော်ဆောင်နေပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ကုန်းလောဖက်မှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဒီကနေ့ မနက်ပိုင်းမှာတင် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး KIO လိုင်ဇာဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်အပါ စစ်ကောင်စီတပ်စခန်း နေရာတွေကို တစ်ခုပြီးတစ်ခု KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ၁၀ ရက်ကျော်အတွင်းမှာ စခန်းအကြီးအငယ် တပ်စခန်း အကြီးအငယ် ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 22 March
    သတင်း

    ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကသာမြို့နယ်ထဲက ဟဲနားဆိုတဲ့ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာတစ်စုံတစ်ရာမရှိပဲ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG…

    Read More »
  • 22 March
    သတင်း

    ဒု – ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ သတိပေးချက်အပေါ် လူငယ်တွေရဲ့ အမြင်

    “လူ့ဘဝမှာ ရွေးချယ်မှုမှားရင် ဆုံးရှုံးနစ်နာမှုများစွာနဲ့ဘဝမှားသလို ရွေးချယ်မှုကောင်းရင် ဘဝကောင်းမယ်”ဆိုတာ လောကရဲ့ နိယာမတရားဘဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ဒုက္ခပင်လယ်ဝေနေတဲ့အပြင် စစ်တပ်ကပေးနေတဲ့ သောကအပူမီးဟာ ပြည်သူတွေအဖို့ တစ်ရက်ထက်တစ်ရက် ပိုပြီးတောက်လောင် ခံစားနေကြရတာလည်းဖြစ်ပါတယ်။…

    Read More »
Back to top button