# Kachin News Group (KNG) > Kachin News Group (KNG) ## Posts - [တိုက်ပွဲကြောင့် ရွာသား ၇၀၀ ခန့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာ](https://burmese.kachinnews.com/2015/02/21/feb-21/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့နယ်အတွင်းရှိ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပါအဝင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသား ၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူဆယ်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စစ်ပြေးဒုက္ခများ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာ Sumlut Brang San က ပြောသည်။ - [ကချင်ဆရာမ ၂ ဦးအမှု အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်သာလန် ရှိ ကချင်တိုင်းရင်းသားများ ဆန္ဒပြတောင်းဆို](https://burmese.kachinnews.com/2015/02/19/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%86%e1%80%9b%e1%80%ac%e1%80%99-%e1%81%82-%e1%80%a5%e1%80%ae%e1%80%b8%e1%80%a1%e1%80%99%e1%82%88-%e1%80%a1%e1%80%bb%e1%80%99%e1%80%94%e1%80%b9/): အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ကချင်ကျောင်း ဆရာမ နှစ်ဦး၏အမှု တရားမျှတစွာ ဖော်ထုတ်နိုင်ရန်နှင့် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှု ဖြေရှင်းပေးရန် နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ၏ စစ်အင်အားတိုးမြင့်လာမှုများ ရုပ်သိမ်းပေးရန်နှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်တို့ အပါအဝင် အချက် ၅ ချက်ကို ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီကျော်မှ ၃ နာရီထိ ဘယ်လ်ဂျီယမ် (Belgium) နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ အဓိက ဆရာမနှစ်ဦးအမှု ဖော်ထုတ်ပေးဖို့၊ လိုင်ဇာကို လက်နက်ကြီး ပစ်လို့ ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုကို အစိုးရကနေ အမြန်အဖြေရှာပြီး KIO ကို ဖြေရှင်းပေးဖို့၊ စစ်ပြေး ဒုက္ခသည်တွေကို ဖမ်းဆီး၍ သတ်ဖြတ်နေမှုတွေ မလုပ်ဖို့၊ စစ်ပြေးဒုက္ခသည်တွေကို ပေးတဲ့ ထောက်ပံ့ ပစ္စည်းတွေ ပြန်ယူတာမျိုး၊ ခိုးယူတာမျိုး မလုပ်ဖို့၊ ထောက်ပံ့ပေးတဲ့ အဖွဲ့တွေကို အနှောက်အယှက် မပေးဖို့၊ အခုဖြစ်နေတဲ့ ပြဿနာက စစ်ရေးပြဿနာမဟုတ်ဘူး။ နိုင်ငံရေး ပြဿနာဖြစ်လို့ နိုင်ငံရေးကို စားပွဲဝိုင်းမှာ ဆွေးနွေး အဖြေရှာဖို့ တောင်းဆိုတယ်” ဟု KCNL ၏ ဥက္ကဌ Slg. Mwihpu Bawk … - [သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင်အမှု ရှုံး စီရင်ချက် ချခံရ](https://burmese.kachinnews.com/2015/02/17/feb-17/): လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။ - [ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်](https://burmese.kachinnews.com/2015/02/14/feb-14/): ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်းစခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။ - [ငြိမ်းချမ်းရေးအတွက် KIO ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်](https://burmese.kachinnews.com/2015/02/12/feb-12/): ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ ကျရောက်သော (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။ - [ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ](https://burmese.kachinnews.com/2015/02/06/feb-6/): မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။ - [ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး](https://burmese.kachinnews.com/2015/02/04/feb-4/): ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုထားရှိမည့်ကိစ္စကို အချိန်မတန်သေးကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ သတိပေးစာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။ - [အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား](https://burmese.kachinnews.com/2015/02/02/feb-2/): ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။ - [ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော](https://burmese.kachinnews.com/2015/01/30/jan-30/): လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြုအပ်ပါသည်” ဟု အဆိုပြုလိုက်ခြင်း ဖြစ်သည်။ “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သမ္မတကြီးက ရေဒီယို မိန့်ခွန်းမှာ ပြောလည်း ပြောပြီးပြီ၊ အခုက ရေဒီယိုမှာ မပြောနဲ့တော့ စာချုပ်ပေါ်မှာ ချရေးပြီးတော့ နှစ်ဖက် သဘောတူတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကလည်း ခွဲထွက်မဲ့လူတို့၊ လွတ်လပ်ရေးကြေငြာမဲ့ လူ မရှိဘူးပေါ့။ အပြန်အလှန် ကတိပြုပြီးတော့ ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုတဲ့ ကတိကို ပြည်ထောင်စုနေ့မှာ ရရင် ကောင်းတယ်။ ဒါကို အဆိုပြုတာပါ” ဟု UNFC မှ အထွေထွေအတွင်းရေးမှူး (၁)က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ အပြန်အလှန် ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုလည်း နှောင့်နှေးကြန့်ကြာမှု မရှိစေပဲ … - [အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော](https://burmese.kachinnews.com/2015/01/28/jan-28/): ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာရှိ (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုဖြစ်၍ တရားလက်လွတ်ပြုမူခြင်းကို ရပ်စဲသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။ - [မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို](https://burmese.kachinnews.com/2015/01/26/jan-26/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။ - [ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို](https://burmese.kachinnews.com/2015/01/23/jan-23/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့်  ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။ - [အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး](https://burmese.kachinnews.com/2015/01/22/jan-22-2/): တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု မပြီးသေးသဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်များက ပြောသည်။ - [အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ](https://burmese.kachinnews.com/2015/01/22/jan-22/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။ - [ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ](https://burmese.kachinnews.com/2015/01/21/jan-21/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ - [စစ်ပွဲအတွင်း ပိတ်မိနေသော ရွာသားများကို တွေ့ဆုံကူညီရန် PCG အား အစိုးရတပ် ခွင့်မပေး](https://burmese.kachinnews.com/2015/01/20/jan-20-2/): ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသားများအား အစိုးရစစ်တပ်က အကူညီပေးမည့်အဖွဲ့အများအပါအဝင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စားလှယ်များကိုလည်း သွားရောက်တွေ့ဆုံခွင့် မပေးသောကြောင့် ၎င်းတို့အတွက် ရိက္ခာပြတ်လပ်မှုအခက်ခဲ စိုးရိမ်စရာရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ - [ကချင်နှစ်ခြင်းခရစ်ယာန် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အစိုးရစစ်တပ် အဓ္ဓမပြုကျင့် သတ်ခံရ](https://burmese.kachinnews.com/2015/01/20/jan-20/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။ - [KIA ဖမ်းဆီးထားသော အစိုးရဲတပ်ဖွဲ့ဝင် ၃ ဦးကို လွှဲပြောင်းပေး](https://burmese.kachinnews.com/2015/01/19/jan-19/): ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ဖမ်းဆီးခဲ့သော အစိုးရ ရဲတပ်ဖွဲ့ သုံးဦးကို ဇန်နဝါရီလ ၁၉ ရက် ညနေတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ - [ပိတ်မိနေသော ရွာသားများ ရိက္ခာပြတ်လပ်တော့မည်](https://burmese.kachinnews.com/2015/01/18/jan-18/): ဖားကန့်မြို့နယ် သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၁၈ ရက် လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်မိနေသော ဒေသခံ ရွာသားများ စားနပ်ရိက္ခာ ပြတ်လပ်တော့မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။ - [တိုက်ပွဲဆက်ဖြစ်နေချိန် ဖားကန့်ဒေသခံများ အစိုးရနယ်အတွင်းပိတ်မိနေဆဲ](https://burmese.kachinnews.com/2015/01/17/jan-17-2/): ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။ - [KIA ထိန်းသိမ်းထားသော အစိုးရအဖွဲ့ဝင် ၃ ဦးကို လွှဲပြောင်းပေးမည်](https://burmese.kachinnews.com/2015/01/17/jan-17/): ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဖမ်းဆီးထားသော အစိုးရ ရဲတပ်ဖွဲ့ ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလန ၁၈ ရက်တွင် ဖားကန့်မြို့နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ - [ဖားကန်သို့ အစိုးတပ်နှင့် KIA တိုက်ပွဲများ ပြင်းထန်နေ](https://burmese.kachinnews.com/2015/01/16/jan-16/): ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။ - [ဖားကန့် ကျောင်းသူ သေဆုံးသည့် အမှု တရားလို အစိုးရဗိုလ်မှူး ၅၀ ကြိမ်မြောက်ရုံးချိန်းမှ ရောက်လာ](https://burmese.kachinnews.com/2015/01/14/jan-13/): ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုအပေါ် စစ်ဆေးရန် တိုင်းတန်းခဲ့ရာမှ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ တရားလို အစိုးရ စစ်တပ်၏ ဗိုလ်မှူး ဇာနည်မင်းပိုက်သည် တစ်နှစ်ကျော်ကြာ တရားရုံးသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းသို့ ပြန်လည် တက်ရောက်ခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။ - [မြန်မာနယ်စပ်သို့် တရုတ် တိုက်ခိုက်ရေး တပ်ဖွဲ့၏ စစ်စခန်းများ အမြန် တည်ဆောက်နေ](https://burmese.kachinnews.com/2010/12/29/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/): တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်း ဆက်စပ်သည့် ၎င်း၏ ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့် တပ်များသာ ထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန် တည်ဆောက်နေပါသည်။ - [ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်](https://burmese.kachinnews.com/2010/12/27/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%90%e1%80%b6%e1%80%90%e1%80%ac/): ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်း … ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြံုတွေ့နေရကြောင်း သိရသည်။ ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော်် မြို့နှစ်မြို့ကို ဆက်သွယ်ပေးသည့် ဗလမင်းထင်တံတားတွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။ “ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။ အဲထက်နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။ ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်နဝါရီ ရ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည်ဖြစ်သောကြောင့် မြို့တွင်းလုံခြံုရေး တင်းကြပ်လာခြင်းဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။ နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှုများတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြံုရေးတပ်ဖွဲ့ဝင်များ နေရာချထားလျက်ရှိသည်။ မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသားများက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် … - [ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ](https://burmese.kachinnews.com/2010/12/21/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba/): မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ်သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်းမော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံ … မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ်သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်းမော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။ KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် ဖားကန့်မြို့နယ် ဂင်ဆီ ဆိုင်းရာ (Gin Si Seng Ra) ကျေးရွာစသည့် ကျောက်စိမ်းမော်များနှင့် အခြား စစ်အစိုးရ ထိန်းချုပ်နယ်မြေတစ်ချို့မှာလည်း ကောက်ခံနေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အထက်က KIO အရာရှိမှ ပြောသည်။ ယခုအခွန်ကောက်ခံခြင်းကို ရွှေမော်၊ ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းတွေအား လုပ်ပိုင်ခွင့်သတ်မှတ်ပေးထား သည့်ပေါ်မူတည်ကာ ကောက်ခံသွားရန်ရှိကြောင်း ကိုလည်း KIO အရာရှိမှ ပြောသည်။ “အခု KIO က တရားဝင် မြို့အဝင်အထွက် သွားလာဖို့ ခက်ခဲလာပြီဆိုတော့ သူတို့လက်အောက်မှာရှိတဲ့ သူတို့မြင်နေရတဲ့ ကုမ္ပဏီတွေကို အခွန်ကောက်ခံလာတာ ဖြစ်တယ််” ဟု ဖားကန့် ဒေသခံတစ်ဦး သုံးသပ် ပြောဆိုသည်။ ၁၉၉၄ အရှေ့ပိုင်း၌ KIO သည် ဖားကန့်မြို့နယ် တစ်ခုလုံး၌ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန် ကောက်ခံခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း … - [ခေတ်စားလာတဲ့ ဒီဇိုင်းထွင် ကချင်ရိုးရာ ရက်လုပ်ထည်](https://burmese.kachinnews.com/2010/12/18/%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-%e1%80%92%e1%80%ae%e1%80%87%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%bd/): အရောင်အသွေးစုံလင်သည့် ကချင်တိုင်းရင်းရိုးရာ ရက်လုပ်အထည်ဆန်းများကို ယခင်က ရိုးရာအသုံးဆောင်အဖြစ် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့ကြရာမှ ယခုအခါ ခေတ်နှင့်အညီ ဒီဇိုင်းများ … အရောင်အသွေးစုံလင်သည့် ကချင်တိုင်းရင်းရိုးရာ ရက်လုပ်အထည်ဆန်းများကို ယခင်က ရိုးရာအသုံးဆောင်အဖြစ် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့ကြရာမှ ယခုအခါ ခေတ်နှင့်အညီ ဒီဇိုင်းများတီထွင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ၀တ်စားဆင်ယဉ်လာကြသည်ကို တွေ့မြင်နေရသည်။ Bawsang ခေါ် ကချင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လချိတ်၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လီဆူမျိုးနွယ် များ၏ ရိုးရာရက်လုပ်ထည်များကို ယခင်က ဘုရားကျောင်း၊ ပွဲလမ်းသဘင်နှင့် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့သော်လည်း ယခုအခါတွင် ခေတ်နှင့်အညီ ဒီဇိုင်းသစ်များ ဖန်တီးကာ ၀တ်ဆင်လာကြသဖြင့် အနုပညာရှင်များသာမက ခေတ်လူငယ်များအကြား ရေပန်းစားလျက်ရှိသည်။ “ကချင်ရိုးရာအဆင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။ လှတယ်။ တခြားအဆင်တွေနဲ့မတူဘူး။ ပွဲတွေသွားလည်းထည်တယ်။ လူတွေကလည်း စိတ်ဝင်စားလို့ဝတ်တာဖြစ်တယ်။ အခုနောက်ပိုင်းတွေမှာ မင်္ဂလာဆောင်တွေမှာ ဝတ်လာတာများတယ်” ဟု ကချင်တိုင်းရင်းသူ မော်ဒယ် အောန်ဆိုင်းက ဂုဏ်ယူစွာ ပြောဆိုသည်။ ယခုအခါတွင် ကချင်ရက်လုပ်အဆင်များကို လွတ်လပ်ပေါ့ပါးသည့် ဖက်ရှင်ဒီဇိုင်းများဖန်တီးကာ ဒီဇိုင်းအသစ်၊ ပုံစံအသစ်များဖြင့် ချုပ်လုပ်ကြပြီး ဖက်ရှင်ရှိုးပွဲမှအစ၊ မင်္ဂလာဆောင်ပွဲ အထိ တခန်းတနားဝတ်ဆင်လာကြရာ ကချင်ရက်လုပ်ထည်များ စျေးကွက်အတွင်း ရောင်းအားကောင်းလာကြောင်း ဒီဇိုင်းချုပ်လုပ်သူများနှင့် ရက်လုပ်ထည်များရောင်း သည့် စျေးဆိုင်များက ဆိုသည်။ “ဖက်ရှင်လောကလည်း Traditional pattern၊ တို့နိုင်ငံကလည်း traditional ethnic pattern တွေကို အရမ်းအားပေးလာတဲ့အခါကြတော့ ဖက်ရှင်ထွင်တာ ပိုများလာလေလေ ပရိသတ်ရော လူငယ်တွေအပိုင်းမှာရော၊ လူကြီးတွေမှာရော ပိုပြီးစိတ်ဝင်စားလာတာ ပိုများလာတယ်” … - [မြစ်ကြီးနား-မြစ်ဆုံလမ်း ယာဉ်တိုက်မှု အရှိန်မြင့်နေ](https://burmese.kachinnews.com/2010/12/09/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%9c%e1%80%99%e1%80%ba%e1%80%b8/): မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြား ကားလမ်းမ အချောသပ် ပြုလုပ်ပြီးနောက် ယာဉ်တိုက်မှု … မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြား ကားလမ်းမ အချောသပ် ပြုလုပ်ပြီးနောက် ယာဉ်တိုက်မှုများ နေ့စဉ် ဖြစ်ပေါ်နေသည်ဟု ဒေသခံများ ပြောသည်။ မြစ်ကြီးနား-မြစ်ဆုံကြား ၂၇ မိုင်ရှိပြီး မြစ်ကြီးနားမှ နောင်နန်း ကချင် သမ္မာကောလိပ် ကျော် (၁၀ မိုင်အထိ) ကတ္တရာလမ်းကို အစောပိုင်းက ပြုလုပ်ခဲ့ပြီး ထိုမှ မြစ်ဆုံ စီမံကိန်းအထိမှာ  ၁ ပေ အထူရှိသည့် ကွန်ကရစ်လမ်းသစ် ဖြစ်သည်။ ပြီးခဲ့သည့်အပတ် ဒီဇင်ဘာလဆန်းပိုင်းတွင် မူးယစ်ရဲအရာရှိ သုံးပွင့်ဗိုလ်ကြီးနှင့် အမျိုးသမီးတစ်ဦး မြစ်ကြီးနားမှ မြစ်ဆုံအလာ ၁၀မိုင်ကျော် လမ်းတွင် ယင်းဒေသခံတစ်ဦးနဲ့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ မူးယစ်ဗိုလ်နှင့် ဒေသခံတစ်ဦးတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ အမျိုးသမီးမှာ ထိခိုက်ရာရရှိခဲ့သည်ဟု မြင်တွေ့ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။ “အလောင်းနှစ်လောင်းကို တွေ့တယ်။ လမ်းမှာလည်း သွေးတွေ အပြည့်ပဲ။ ကောင်မလေးကိုကြတော့ သုံးဘီးကားနဲ့ ဆေးရုံကို ခေါ်သွားလိုက်ကြတယ်။” ဟု အမျိူးသမီးမှ ပြောသည်။ ၎င်းယာဉ်တိုက်မှု မဖြစ်မှီ နိုဝင်ဘာလကုန်ပိုင်း၌လည်း ၁၀မိုင်လမ်းထဲတွင် မည်သို့တိုက်ထားသည်မသိရဘဲ လူတစ်ဦးအလောင်းနဲ့ ဆိုင်ကယ်အပျက်တစ်စီး တွေ့ရကြောင်း တန်ဖရဲ ဒေသခံတစ်ဦးပြောသည်။ ယခုလိုယာဉ်တိုက်မှုမှာ နေ့စဉ်နဲ့ အမျှ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေပြီး ဆိုင်ကယ်၊ မော်တော်ကား အရှိန်ပြင်းစွာ … - [ကချင်ပြည်နယ် မနောပွဲတော် ကျင်းပနိုင်ဖို့ ပဋိပက္ခဖြစ်နေ](https://burmese.kachinnews.com/2010/12/08/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%99%e1%80%94%e1%80%b1%e1%80%ac%e1%80%95%e1%80%bd%e1%80%b2%e1%80%90%e1%80%b1%e1%80%ac/): ဇန်နဝါရီလ ၁ဝရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၆၃ ကြိမ်မြောက် မနောပွဲတော်ကြီး ကျင်းပ ပြုလုပ်ရန်အတွက် စစ်အစိုးရမှ ဦးဆောင်သွားမည် … ဇန်နဝါရီလ ၁ဝရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၆၃ ကြိမ်မြောက် မနောပွဲတော်ကြီး ကျင်းပ ပြုလုပ်ရန်အတွက် စစ်အစိုးရမှ ဦးဆောင်သွားမည် ဖြစ်သောကြောင့် မနော ဖြစ်မြောက်ရေး ကော်မတီ အတွင်း၌ စစ်အေးတိုက်ပွဲ ဖြစ်နေသည်ဟု မနော ဖြစ်မြောက်ရေး ကော်မတီခွဲမှ အဖွဲ့ဝင် တစ်ဦး ပြောသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျအောင် အမိန့်ဖြစ် မနောပွဲတော် ကျင်းပပြုလုပ်ဖို့ရန် ဒုတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း (ကချင်ပြည်နယ် တိုင်းမှူး ဟောင်း) အား ဥက္ကဋ္ဌအဖြစ် ဒီဇင်ဘာ ၆ ရက်နေ့ ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ် ဇေယျာအောင်မှ ယခင်မရှိသော “ဦးစီးကောင်စီနှင့် အကြံပေးအဖွဲ့” ဟု နှစ်မျိုး ထပ်တိုး ဖွဲ့စည်းပေးလိုက်သည်။ မနောဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလခီလအောင်အား အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်သည်။ ယခုလို စစ်အစိုးရမှ ဦးဆောင်ကျင်းပလာခြင်းသည် မြစ်ကြီးနား ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် အမတ် ဦးသိန်းဇော်သည် ကျပ်သိန်း ၅ဝဝ ရံပုံငွေရှာပေးကာ အနောပွဲတော် ကျင်းပရန် တွင် နေရာယူလာသော ကြောင့် ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှ မည်သည်ကိုမှ တိုင်ပင်ခြင်းမရှိပဲ မနောဖြစ်မြောက်ရေးကော်မတီ သီးသန့်ဖွဲ့စည်းကာ မနောပွဲတော်အား ကြံ့ခိုင်ရေးပါတီ အောင်ပွဲခံအနေဖြင့် ပြုလုပ်ကျင်းပမည့် အစီအစဉ်ရှိနေကာ ယခင် … - [ကချင်ပြည်နယ်သို့ အစိုးရ စစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ](https://burmese.kachinnews.com/2010/12/04/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b/): မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရ … မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။ တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ  ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။ ၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြံုရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။ ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။ သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် စျေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။ “အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။ စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် … - [စစ်အာဏာပိုင်များမှ ကုန်တင် ထော်လာဂျီကားများထံ မတရား ငွေကောက်](https://burmese.kachinnews.com/2010/12/02/%e1%80%85%e1%80%85%e1%80%ba%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%99%e1%80%be-%e1%80%80%e1%80%af%e1%80%94%e1%80%ba/): ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန် တံတား ကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး … ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန် တံတား ကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး၍ ယနေ့ ကျပ်ငွေ ၁၃၀၀၀ ကို မတရား ကောက်ခံပြီး ပြန်လွှတ်ပေးကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္ဂလာနေ့ ညနေပိုင်း ၃ နာရီခန့်တွင် ထော်လာဂျီကား အစီး၂၀ကျော်ခန့်အား ကားမိုင်းမြို့နယ် မရက နှင့် မော်တော်ယာဉ်ထိန်းရဲများက ရဲစခန်းကုန်း၌ အကြောင်းပြချက်မရှိ ဖမ်းဆီးထားရာမှ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။ ဖါးကန့်သို့ လောင်စာဆီ တင်ပို့နေတဲ့ ကုန်တင်ကားတစ်စီး။ ပုံ-ကချင်သတင်းဌာန “ကျတော်တို့ကို ဘာမှ မပြောပါဘူး၊ ထော်လာဂျီ သမားတွေအကုန်လုံး ရဲစခန်းကုန်းပေါ်တက်မောင်းဆိုပြီး မောင်းတက်ခိုင်းတယ်၊ အခုဆိုရင် ငွေ ၁၃၀၀၀ ပေးတဲ့ ကားတွေက တရားဝင် မောင်းခွင့်ရပြီ လို့ပြောတယ်” ဟု ထော်လာဂျီမောင်းသူ တစ်ဦးပြောသည်။ တံတားပျက်နေသဖြင့် ကုန်တင်ကားကြီးများ တစ်ဖက်ကမ်းသို့ မောင်း၍ မရသောကြောင့် ဘော်လုံးကွင်း ကြီးထဲ ကုန်တင် ကုန်ချ လုပ်ဆောင်ပြီး ယင်းကွင်းထဲမှာပင် ဂိတ်ကြီးတစ်ဂိတ် ထားရှိသည်။ ဂိတ်မှ တစ်ကြိမ်ကုန်ပို့်ထွက်လျင် ကားတစ်စီးတွင် ကျပ် ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကုန်ချ အထမ်း သမားများလည်း ကားတစ်စီး ကုန်ချပေးလျင် … - [လဂျားယန် မြန်မာစစ်တပ် ဂိတ်မှ မြစ်ကြီးနားသို့ ကုန်ဝင်ထွက်ခွင့် ပိတ်ထားဆဲ](https://burmese.kachinnews.com/2010/11/30/%e1%80%9c%e1%80%82%e1%80%bb%e1%80%ac%e1%80%b8%e1%80%9a%e1%80%94%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%82%e1%80%ad/): ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ လဂျားယန် မြန်မာစစ်အစိုးရ ဂိတ်မှှ တရုတ်ကုန် ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ ကုန်တင်သွင်းခွင့် ပိတ်လိုက်သည်မှာ တစ်ပါတ်ကြာ … ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ လဂျားယန် မြန်မာစစ်အစိုးရ ဂိတ်မှှ တရုတ်ကုန် ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ ကုန်တင်သွင်းခွင့် ပိတ်လိုက်သည်မှာ တစ်ပါတ်ကြာပြီ ဖြစ်သောကြောင့် ဒေသခံများ အခက်ကြုံနေရသည်။ ကုန်အဝင်အထွက် စီးဆင်းမှု မရှိသောကြောင့် ယခင်က စည်စည်ကားကား အရောင်းအဝယ် သွက်သော လိုင်ဇာမြို့တွင်လည်း တရုတ်ပစ္စည်းများ အရောင်းပါးနေပြီး ကုန်သည်များ အခက်ကြုံနေရကြောင်း လိုင်ဇာဒေသခံ တစ်ဦးမှ ပြောသည်။ “စျေးသည်တွေက ငေးပဲ ငေးနေကြတယ်။ ဘယ်သူမှ လာမဝယ်ကြဘူးလေ။ ကုန်တွေတစ်ခုမှ မသည်ခိုင်းတော့ ဘယ်သူမှ မဝယ်ကြတော့ဘူးပေါ့။ ပြည်သူတွေလည်း ငတ်ပြတ်ရုံပဲ ရှိတာပေါ့” ဟု လိုင်ဇာဒေသခံ ပြောသည်။ ပြီးခဲ့သည့်အပတ် နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ မြန်မာစစ်အစိုးရစုပေါင်းဂိတ်မှ အထက်ကအမိန့်အရဟု ပြောကာရက် အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ကုန်ကားသမားများ ပြောသည်။ ဂိတ်ဖွင့်ခဲ့ချိန်တွင် ကုန်တင်ကားများ (၁) ရက် အစီး ၁၀၀ ကျော် အဝင်အထွက်ရှိသော်လည်း ကုန်တင်ခွင့် ပိတ်ပြီး နောက်ပိုင်း ခရီးသည်တင်ကားမှအပ မရှိတော့ပေ။ ကချင်ပြည်နယ်တွင် ပြည်သူလူထုကစားသုံးကုန်မှအစ အဝတ်အထည် စက်ပစ္စည်းများထိ တရုတ်ကုန်ပစ္စည်း သာ အဓိကအသုံးပြုရာယခုတွင် စားသောက်ကုန်ပစ္စည်းများစတင်စျေးတက်လာကြောင်း မြစ်ကြီးနား ဒေသခံများပြောသည်။ “စားစရာလေးတောင်မသယ် ခိုင်းဘူး။ ကြက်သွန်ဖြူကအခုတစ်ပိဿ ရှစ်ထောင်ရှိပြီလေ။ကြာလာရင်တော့ … - [KIO ဆက်ဆံရေးရုံး ပိတ်ရန် မြန်မာစစ်အစိုးရ သတိပေး](https://burmese.kachinnews.com/2010/11/11/kio-%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b%e1%80%af%e1%80%b6%e1%80%b8-%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%9b%e1%80%94%e1%80%ba-%e1%80%99%e1%80%bc/): စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ … စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်လိုက်သည်။ မြန်မာ စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား ဆက်ဆံရေးရုံး၊ ဘူးဂါးကုမ္ပဏီရုံး၊ ဘူးဂါးလျှပ်စစ်ရုံး သုံးခုမှလွဲ၍ ကျန်သည့် KIO ဆက်ဆံရေးရုံး အားလုံးရုပ်သိမ်းရန် နိုဝင်ဘာ ၂၀ ရက်နေ့တွင် KIO ဗဟိုကော်မတီမှ အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ “နေ့စွဲက သူတို့ မသက်မှတ်ဘူး၊ ကျတော်တို့ကိုယ်တိုင် သတ်မှတ်လိုက်တာ၊ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်ဆိုတော့ ဒီနိုဝင်ဘာ ၂၅နောက်မကျအောင် ဆိုတာက ကျတော်တို့ သက်မှတ်ယူတာပါ၊” ဟု အမည်အဖော်လိုသူ KIO အရာရှိကြီးတစ်ဦးမှ ပြောသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ယခုလ နိုဝင်ဘာလဆန်းမှစကာ မြစ်ကြီးနားအခြေစိုက် KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး (ဒူကဘား) ဂျီးနောင်အား KIO ဆက်ဆံရေးရုံးများအား ချက်ခြင်းရုပ်သိမ်းပေးရန် ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျီးနောင်မှ ပြောသည်။ “သူတို့ဘက်က အမိန့်လိုမျိုးဟုတ်နေတယ်။ အမိန့်ဟုတ်တယ်၊ အမိန့်ပေးတာ၊ အဲ့….စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျတော်တို့ ငြင်းဆန်နေရင် ပြန်ခံရနိုင်တယ်” ဟု KIO … - [ေဒသခံမ်ား မသိရဘဲ ချီဖွေ ၀ါးရုံတော ခုတ်ရောင်းနေ](https://burmese.kachinnews.com/2019/08/16/%e1%80%b1%e1%80%92%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%9e%e1%80%ad%e1%80%9b%e1%80%98%e1%80%b2-%e1%80%81%e1%80%ba%e1%80%ae%e1%80%b1%e1%80%96%e1%80%bc/): ကချင်ပြည်နယ် Chipwe (ချီဖွေမြို့ )၊ Yit Law ဒေသခံများနှင့်သက်ဆိုင်သော ၀ါးရုံတောများ ခုတ်ရောင်းရန် လုပ်ငန်းရှင်များကို ခွင့်ပြုခဲ့သည့် Yit Law (ရစ်လော်)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဒေသခံ ရွာသားများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီသို့ တိုင်ကြားသွားမည်ဟု သိရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဘက်မှ ကျေးရွာ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များမှ ကျပ် သိန်း ၂၀ လက်ခံပြီး ဝါးရုံတောခုတ်ရောင်းနေခြင်းဖြစ်သော်လည်း ၎င်းကိစ္စ ရွာသားများကို တိုင်ပင်ခြင်း မရှိကြောင်း ဆိုပါသည်။ “ကျနော်တို့ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ ငါက ရပ်ကွက်ရန်ပုံငွေအတွက် လုပ်တာလို့ပြောတယ်။ အုပ်ချုပ်ရေးမှူးရဲ့ စာရေးက ဂရန် (၁၀၅)ရှိလား ဒါမှမဟုတ် ပုံစံ (၇) ရှိလား။ အဲဒါမရှိရင် မင်းတို့ ဘာမှလုပ်လို့မရဘူး တိုင်ချင်တဲ့နေရာတိုင်လို့ ပြောတယ်” ဟု အမည်မဖော်လိုသူ Yit Law  ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ (၁၂)ရက်နေ့၌ Yit Law ရပ်ကွက် ဒေသခံ(၃၀)က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ဆွေးနွေးခဲ့သော်လည်း အချေအတင် ငြင်းခုံမှုများဖြင့်သာ ပြန်သွားခဲ့ရကြောင်း သိရသည်။ ဝါးပင်ကို အဖျားမှ အမြစ်မကျန် ခုတ်ယူနေမှုကြောင့် ဒေသခံရွာသားများက ကန့်ကွက်စာ လက်မှတ်ရေးထိုး တင်ပြမှုများလည်း ရှိခဲ့ကြောင်းပြောပါသည်။ “ဒီလို ၀ါးပင်ခုတ်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေတယ်။ ရေ ခမ်းခြောက်လာမှာလည်း စိုးရိမ်ရတယ်။ ဒီမြေမှာပဲ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ ဒေသခံတွေလည်း ၀ါးခုတ်တဲ့အတွက် စိုးရိမ်နေကြတယ်” ဟု အမည်မဖော်လိုသူ ရစ်လော်ဒေသခံ တစ်ဦးထပ်မံ ပြောဆိုပါသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး Yit Law … - [၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန့်ကျင်သောဆန္ဒပြပွဲ မြစ်ကြီးနားတွင် ပြုလုပ်](https://burmese.kachinnews.com/2019/08/16/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%81%82%e1%81%80%e1%81%80%e1%81%88-%e1%80%96%e1%80%bc%e1%80%b2/): စစ်တပ်ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ၎င်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးသည့် ပုဒ်မများ မပြင်ဆင်ရေး လူထု ဆန္ဒဖော်ထုတ်ပွဲကို သြဂုတ်လ (၁၆)ရက်နေ့ ပြုလုပ်ခြင်းဖြစ်သည်။ ယခု ဆန္ဒပြပွဲကို စစ်တပ်နှင့်ဆက်နွယ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ စီစဉ်ပြုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စောင့်ကြည့်သူများ ဆိုပါသည်။ ဆန္ဒပြသူများက “ကျနော်တို့ ဒီကနေ့ ပြင်ဆင်ရန်နဲ့ မပြင်ရန် အဓိက(၂) ချက်တောင်းဆိုတယ်။ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် ပုဒ်မ ၅၉(စ)က လုံးဝ ပြင်လို့ မရဘူး။ အဲ့တာကို ပြင်လိုက်မယ်ဆိုရင် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် မပြင်ဆင်ချင်ဘူး။ နောက် ပုဒ်မ ၂၆၁ က ပြင်ရမယ့် အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်ဖြစ်ခွင့်ကို သမ္မတက ခန့်အပ်တာ မဟုတ်ဘဲ ဘယ်လူမျိုးမဆို တိုင်းဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကနေ ရွေးချယ်ပေးတာကို လိုအပ်တယ်” ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး တာဝန်ခံ Ngwa Thar (ဦးငွါးသား) ဆိုသည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ပုဒ်မ ၅၉(စ)တွင် ‘နိုင်ငံတော် သမ္မတ ဖြစ်ရန်အတွက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ တရားဝင် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် … - [၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်](https://burmese.kachinnews.com/2019/08/15/%e1%81%82%e1%81%80%e1%81%80%e1%81%88-%e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1%80%85%e1%80%8a%e1%80%b9%e1%80%b8%e1%80%95%e1%80%b6%e1%80%af-%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%86%e1%80%84%e1%80%b9/): ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ယနေ့ သြဂုတ်ဘ (၁၅)ရက်နေ့ မြစ်ကြီးနားမြို့တွင် ကချင်လူထု ထောင်ချီ ဆန္ဒပြဆောင်းဆိုကြပါသည်။ ယခုပြုလုပ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး မြစ်ကြီးနား လူထုထောက်ခံပွဲကြီးနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲ အစီစဉ်ဖြစ်မြောက်ရေး တာဝန်ရှိသူ ဦးသောင်းက ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “အားလုံးသိတဲ့အတိုင်းပဲ။ ၂၀၀၈ အခြေခံ ဥပဒေကြောင့် လူထုတွေ ဒုက္ခတွင်းက မလွတ်မြောက်နိုင်သေးဘူး။ ပြည်သူလူထုတွေရဲ့ဘဝ လုံခြုံရေးတွေရရှိဖို့က ဒီဥပေဒပြင်မှ ရမယ်။ နောက်တစ်ခုက ဒီဥပဒေ မပြင်မချင်း ငြိမ်းချမ်းရေးဆိုတာ ရရှိမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးရရှိဖို့ ၂၀၀၈ ဥပဒေပြင်ဆင်မှရမယ်” ဟု သူကဆိုသည်။ ဆန္ဒပြ ကချင်ပြည်သူများက “ငြိမ်းချမ်းရေးအောင်မြင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ကြစို့”… “၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုဆိုသည်”… စသည့် ဗီနိုင်း စာသားများကို ကချင်၊ ရှမ်း နှင့် ဗမာ ဘာသာစကား (၃)မျိုးဖြင့် ကိုင်ဆောင်ကြပါသည်။ ထို့အပြင် “ဒီမိုကရေစီနစ်ဖြင့် မကိုက်ညီသော ဥပဒေများကိုပြင်ဆင်ရေး..ဒို့အရေး..ဒို့အရေး”… “ပြည်သူ့ဆန္ဒအခြေခံ ဥပဒေပြင်ဆင်ရေး..ဒို့အရေး..ဒို့အရေး”… စသည်ဖြင့်လည်း ကြွေးကြော်ခဲ့ကြပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် ကိုက်ညီမှု မရှိသောအချက်များကို အမြန်ပြင်ဆင်ရန်လိုအပ်ကြောင်း ထောက်ခံပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေး စီးပွားရေး သုတေသီ ဦးနိုင်ကိုကို ယခုလို ပြောဆိုပါသည်။ “ဒီမိုကရေစီနိုင်ငံသစ် တစ်ခုကို သွားမယ်ဆိုရင် ဒီမိုကရေစီနဲ့ဆိုင်တဲ့ စံချိန်စံနှုန်းတွေ ပြန်ထည့်ဖို့လိုပါတယ်။ ဆန့်ကျင်နေတဲ့ အရာအားလုံးကို ဖယ်ထုတ်ဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက … - [တရားမ၀င် ဆိုင်ဖွင့်သော တရုတ်နိုင်ငံသား ၃ဦးကို ကချင်ပြည်နယ်အစိုးရ ဖမ်းဆီး](https://burmese.kachinnews.com/2019/08/15/%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%81%80%e1%80%84%e1%80%b9-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%96%e1%80%bc%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%9e%e1%80%ac-%e1%80%90/): ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ပစ္စည်းအရောင်းဆိုင်များဖွင့်ကာ စီးပွားရေးလုပ်ကိုင်နေသော တရုတ်နိုင်ငံသား (၃)ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြည်နယ်အစိုးရမှ ဖမ်းဆီး အရေးယူထားကြောင်း ဆိုပါသည်။ သြဂုတ်လ (၁၄)ရက်နေ့ Waingmaw (ဝိုင်းမော်)မြို့ ရပ်ကွက်(၃)မှာ ‘ရှမ်းနန်’ အမည်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တရုတ်အမျိုးသမီး (၁)ဦး နှင့် ၎င်းဆိုင်အနီး ကပ်ရပ် သစ်သျှူးငှက်ပျော စိုက်ခင်းအတွင်း အသုံးပြုပစ္စည်းရောင်းချပေးနေသောဆိုင်မှ တရုတ်အမျိုးသား (၂)ဦး၊ စသည့် စုစုပေါင်း (၃)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်ထားပြီး လက်ရှိ ၎င်းတို့ကို ဝိုင်းမော်မြို့နယ်ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးအားဆီ (Ah Si)မှ ကချင်သတင်းဌာန KNG ယခုလို ပြောပါသည်။ “သူတို့နေထိုင်တာက တရားဝင်ဖြစ်တယ်။ ဒါပေမယ့် တရားမဝင်ဈေးရောင်းတာပါ။ သူတို့ကို အကြိမ်ကြိမ်ပြောပြီးပြီ။ ပြည်နယ်ကနေ တရားဝင်ကြေညာထားပြီ။ ဆိုင်တွေရောင်းမယ် ဆိုရင် သက်ဆိုင်ရာ ဌာနကို ခွင့်ပြုမိန့်တောင်းရမယ်ဖြစ်တယ်။ အခုကတရားမဝင် လုပ်ကိုင်တဲ့အတွက် လ.ဝ.က ဥပဒေနဲ့အရေးယူထားတယ်” ဟုဆိုသည်။ အဆိုပါ လ.၀.က ဥပဒေ ချိုးဖောက်သော တရုတ်နိုင်ငံသားများကို တရားရုံးမှ ဒဏ်ငွေ ကျပ် (၁၀)သိန်းအထိ ချမှတ်ခွင့်ရှိသော်လည်း လက်ရှိဝိုင်းမော်မြို့နယ်တရားရုံးမှ ပုံမှန် ကျပ် (၅)သိန်းအောက် ချမှတ်ကာ ပြန်လွှတ်ပေးလျက်ရှိကြောင်း မေးမြန်းသိရသည်။   - [ရေဘေးသင့် နောင်မွန်းဒေသခံများကို ရဝမ်လူငယ်အဖွဲ့ စားနပ်ရိက္ခာ ကူညီပေး](https://burmese.kachinnews.com/2019/08/13/%e1%80%b1%e1%80%9b%e1%80%b1%e1%80%98%e1%80%b8%e1%80%92%e1%80%8f%e1%80%b9%e1%80%81%e1%80%b6-%e1%80%b1%e1%80%94%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%95/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် Nawngmun (နောင်မွန်း)မြို့နယ်အတွင်း ရေဘေးသင့် ဒေသခံများကို Rawang (ရ၀မ်)လူငယ်အဖွဲ့မှ စားနပ်ရိက္ခာများ ကူညီပေးခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေသည့် အိမ်ခြေ ၂၀ကျော်အတွက် စားနပ်ရိက္ခာများကို Rvwang New Generation Congress Myanmar မှ သြဂုတ်လ (၁၁)ရက်နေ့ သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း ဆိုပါသည်။ “အဲ့ဒီဘက်ရှိတဲ့ ဒေသခံတွေက ရေဘေး တော်တော်ဆိုးရွားစွာကြုံတွေ့ခဲ့ရတယ်။ ရေကလည်း ခဏလေးနဲ့ မကျဘူး။ ဒါကြောင့် ကျနော်တို့ ရဝမ်လူငယ်တွေအနေနဲ့က တတ်နိုင်သလောက် စုပြီး သွားရောက်ကူညီခဲ့တယ်” ဟု လူငယ်တာဝန်ခံ မဘု ဆင်ဆာရ်း (Mvbøq Sønsvr) ပြောပါသည်။ ဆန်၊ ဆီ၊ ဆပ်ပြာ၊ ဓါတ်ဆား၊ အာဟာရ နှင့် ဆေးဝါးများကို ရေဘေးဒဏ်ကြုံတွေ့ရသော Yapbaw (ရပ်ဘော့) နှင့် Babaw (ဘဘော့) ကျေးရွာ (၂)ရွာ ရွာသားများကို ကူညီခဲ့ခြင်းဖြစ်သည်။ ပြီးခဲံသည့် ဇူလိုင် လ လယ်ပိုင်းက နောင်မွန်းမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် နေအိမ်များ ပြိုလဲပျက်စီးခဲ့ရပြီး စားနပ်ရိက္ခာ အထောက်အပံ့များ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း လူငယ်အဖွဲ့မှသိရသည်။ - [ကချင်ရွာသားများ ထိုင်းဘုရင်မ မွေးနေ့ အပင် ၉၀၀ ကျော် စိုက်ပျိုး](https://burmese.kachinnews.com/2019/08/12/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%bc%e1%80%ac%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%98/): ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Mai Province ကချင်ရွာသားများက သြဂုတ် (၁၂)ရက် ဘုရင်မ မွေးနေ့မှာ ပထမဆုံး အပင်ပေါင်း ၉၀၀ ကျော် စိုက်ပျိုးခြင်းအစီစဉ်ဖြင့် ဂုဏ်ပြုခဲ့သည်။ ထိုင်းဘုရင် ရာမ (၉) တည်ထောင်ပေးခဲ့သည့် Chiang Dao ခရိုင် Ban Mai Samakee ကချင်ရွာသားများက Fang ခရိုင်အတွင်း လွန်ခဲ့သည့် ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းတည်ခဲ့သော Htam Ngop Bum တောင်ပေါ်သို့ တက်လာပြီး ဘုရင်မမွေးနေ့ အထူး သစ်ပင်စိုက်ခြင်းအစီစဉ် ပြုလုပ်ခြင်းဖြစ်သည်။ ကချင်အမျိုးသားကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် နေရာပေးသော ထိုင်းဘုရင် နှင့် ဘုရင်မကို ကျေးဇူးတင်ခြင်းအားဖြင့်လည်း သစ်ပင်စိုက်ခြင်းဖြစ်သည်။ “လေးစားရတဲ့ ဘုရင်နဲ့ဘုရင်မကို ကျေးဇူးတင်ရခြင်းအကြောင်း၊ ပူတဲ့ဒေသမှ အေးတဲ့ဒေသဆီကို ရောက်လာပြီးတော့ ကျနော်တို့ကို နေစရာမြေ စီစဉ်ပေးတယ်။ လွန်ခဲ့တဲ့ GOC ရှိခဲ့တဲ့ ကာလ ကတည်းက ထိုင်းနိုင်ငံအထဲ ၀င်ခွင့်ရပြီး ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့က ကျနော်တို့ကို ကြိုဆိုခဲ့တယ်” ဟု ပထမဆုံး ကချင်တော်လှန်ရေး (KIO/KIA) ခေါင်းဆောင် GOC Lahtaw Zau Seng ကာလ KIA စစ်သားဟောင်း နှင့် Ban Mai Samakee ရွာသား ဦး Kareng Hkawng Hawng က ကချင်သတင်းဌာန KNG ကို ပြောပြသည်။ ၁၉၇၆ … - [ပျောက်ဆုံးနေသော ကချင် လယ်သမား La Seng ၏ ရုပ်အလောင်း ရှာတွေ့](https://burmese.kachinnews.com/2019/08/12/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9e%e1%80%b1%e1%80%94-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9-%e1%80%9c%e1%80%9a%e1%80%b9/): တစ်ပတ်ကျော် ပျောက်ဆုံးနေသော ဖားကန့် ကချင်လယ်သမား Hpaujung La Seng၊ အသက် (၄၈)နှစ် ၏ သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရာ ပဏာမ စစ်ဆေးချက်အရ ပြင်ပဒဏ်ရာ မတွေ့ရကြောင်း ဆိုပါသည်။ သြဂုတ်လ (၁၀)ရက်နေ့ La Seng ၏ ပျက်စီးနေသောရုပ်အလောင်းကို ကားမိုင်းမြို့နယ်ခွဲ ရဲစခန်းမှူးအဖွဲ့နှင့် ဆေးဆရာဝန်များ သွားရောက်စစ်ဆေးခဲ့ရာ အပြင်ဒဏ်ရာ လုံးဝမတွေ့ရှိဘဲ သေဆုံးနေကြောင်းကို ကားမိုင်း မြို့နယ် ရဲစခန်းမှူးထံမှသိရပါသည်။ “မျက်မြင်သက်သေ စစ်ဆေးချက်အရ ပြင်းပြင်းထန်ထန် အပြင်ဒဏ်ရက မတွေ့ရဘူး။ ဆေးစာအရတော့ သိရမှာပါ။ အဲ့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ သက်သေတွေလည်း စုံအောင်စရမယ် ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (၃)တွင် နေထိုင်သူ သားသမီး (၅)ဦး ဖခင် La Seng သည် ကားမိုင်း နှင့် မအူပင်ကြား ရေကာတာကျေးရွာ အနီး မိမိလယ်သို့သွားစဉ် ဇူလိုင်လ (၃၁)နေ့ ထူးထူးခြားခြားပျောက်ဆုံးသွားခဲ့ပြီး သြဂုတ် (၉)ရက်နေ့ ညနေပိုင်းချိန် လယ်တောအနီးတ၀ိုက် သေဆုံးနေသော၎င်း၏အလောင်းကို တွေ့ရှိခဲ့သည်ဟု မိသားစုများမှ သိရသည်။ ဖခင်၏ ဘယ်လိုသေဆုံးရကြောင်း သက်သေလက္ခဏာများ မတွေ့ရသော်လည်း ‘တစ်စုံတစ်ယောက်ကြောင့် သေဆုံးမှု ဖြစ်နိုင်သည်’ ဟု သားဖြစ်သူ Hpaujung Sut Naw Hpan က ယခုလို သုံးသပ်ပါသည်။ “အလောင်းကို တွေ့တော့ တွေးစရာတွေ အများကြီးဖြစ်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ၏ ပစ္စည်းတွေနဲ့ … - [(၄၄) နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် ဆုတောင်းပွဲများ ပြုလုပ်](https://burmese.kachinnews.com/2019/08/10/%e1%81%84%e1%81%84-%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b7-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%a1%e1%80%ac%e1%80%87%e1%80%ac%e1%80%94/): ယနေ့ ကျရောက်သော (၄၄) နှစ်ပြည့် ကချင် အာဇာနည်နေ့အထိမ်းအမှတ် ဆုတောင်းပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ နှင့် အခြား ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သော ၁၉၇၅ ခုနှစ် သြဂုတ် ၁၀ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်တည်ထောင်ခဲ့သူ GOC Lahtaw Zau Seng နှင့် ထိပ်ပိုင်းခေါင်းဆောင်တချို့ ကျဆုံးခဲ့သောနေ့ကို ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ် အာဇာနည်နေ့တွင်လည်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန် မှ မိန့်ခွန်း ထုတ်ပြန်ခဲ့ပြီး ၄င်းအာဇာနည်ခေါင်းဆောင် များသည် တိုင်းပြည်နဲ့လူမျိုးအတွက် နိုင်ငံရေးဖိနှိပ်ခံရမှု မှ လွတ်မြောက်ရန် မိမိတို့ အင်အား၊ အရည်အချင်း၊ စိတ်နှလုံးတို့ဖြင့် အသက်စွန့် တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်ဟု ဂုဏ်ပြုထားပါသည်။ ထို့ကြောင့် လက်ရှိ ပညာသင်ကြားနေဆဲ လူငယ်များသည် ကချင်အာဇာနည် သမိုင်းကြောင်းကို သိထားရန် လိုအပ်ကြောင်းနှင့် တော်လှန်ရေးတာဝန်ကို လက်ဆင့်ကမ်းယူရမည့်အကြောင်း ဖော်ပြထားပါသည်။ “နိုင်ငံရေးအရ တော်လှန်တာက အဓိကဖြစ်တယ်။ စစ်ရေးက ဒုတိယမှ လိုက်လာတယ်။ လူငယ်တွေ ဒီတာဝန်ကို ဆက်ထမ်းရမယ်ဆိုတာ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင် မရောက်မချင်း ဆက်သွားရမှာပဲ။ နိုင်ငံရေး အခွင့်အာဏာမရဘဲ တော်လှန်ရေးခရီး ရပ်လိုက်ရအောင်ပြောလို့ မရဘူးလေ။ အခုလက်ရှိ ဦးဆောင်နေတဲ့ အသက်ကြီးခေါင်းဆောင် သူတွေရဲ့ လက်ထက် နိုင်ငံရေး အခွင့်အာဏာ မရခဲ့ရင်တောင် လူငယ်တွေက ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ် … - [လူငယ်သာသနာဖွဲ့ မှ ကချင် ကျေးလက် လူနာ ၅၀၀၀ ကျော်ကို ဆေးကုသပေး](https://burmese.kachinnews.com/2019/08/10/%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%9e%e1%80%ac%e1%80%9e%e1%80%94%e1%80%ac%e1%80%96%e1%80%bc%e1%80%b2%e1%82%95-%e1%80%99%e1%80%bd-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9/): ဝိုင်းမော်မြို့အခြေစိုက် အလင်းသစ်မီဒီယာသာသနာအဖွဲ့ လူငယ်များက ကချင်ပြည်နယ် သွားလာရေးခက်ခဲသော ကျေးလက်ဒေသများသို့ မိုးတွင်းကာလအတွင်း အခမဲ့ ဆေးဝါးကုသမှုများသွားရောက်ပြုခဲ့ရာ လူနာပေါင်း ၅၀၀၀ ကျော်ကို ဆေးကုသမှုများပြုလုပ်ခဲ့သည်။ ပြီးခဲ့သော ဇူလိုင်လအတွင်း ရက်ပေါင်း ၂၀ကျော်ခန့် Sadon (ဆဒုံး)၊ Kambaiti (ကန်ပိုင်တည်)တစ်လျှောက်၊ ဝိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများ စုစုပေါင်းကျေးရွာ ၂၀ကျော်ခန့်၊ လူနာ ဦးရေ ၅၁၆၄ ယောက်ကို သွားရောက် ပံ့ပိုးကူညီ ကုသပေးခဲ့ကြောင်းကို A Lin Thit Media Mission Group (အလင်းသစ်မီဒီယာသာသနာအဖွဲ့ ) တာဝန်ခံ ဆရာ Z Kham Xin က ကချင်သတင်းဌာန KNG ကို ယခုလိုပြောပါသည်။ “ကျနော်တို့ အလင်းသစ်မီဒီယာ လူငယ်တွေအနေနဲ့ ကတော့ ကိုယ်တတ်စွမ်းသလောက် သွားရောက် ကူညီပေးတာပါ။ အဓိကတော့ ဘုရားရဲ့ကျေးဇူးတော်သက်သက်ပါ။ ပြည်သူတွေအနေနဲ့တကယ်ပဲ လိုအပ်နေတဲ့အချိန် မေတ္တာတရားကို ပြပေးတယ်။ ဆေးတစ်ထောင့်ဘဲ ဖြစ်စေ စသဖြင့်ပေါ့။ သူတို့ရဲ့အခက်အခဲတွေကို သွားရောက်မြင်တွေ့တော့ တကယ်လဲစိတ်မကောင်းဖြစ်မိတယ်” ဟု ဆရာက ဆိုသည်။ လက်ရှိသွားရောက်ကုသမှုများပြုလုပ်ခဲ့သော လူနာပေါင်း ငါးထောင်ကျော်မှာ စားဝတ်နေရေး အလွန်ခက်ခဲသော ပြည်သူများဖြစ်သည့်အပြင် ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါ ဝေဒနာများကိုလည်း ခံစားနေရခြင်းဖြစ်သည်ဟု ဆရာ Kham Xin က ဆက်လက်ပြောဆိုခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးကလည်း သူ၏ မဲဆန္ဒနယ် အတွင်းရှိ ပြည်သူများကို အလင်းသစ်မီဒီယာသာသနာအဖွဲ့ လူငယ်များနှင့်ပူးပေါင်းကာ စားနပ်ရိက္ခာများ၊ ဆေးဝါးကုသမှုများ သွားရောက်ကူညီခဲ့ကြောင်းကို … - [ဖားကန့် မူရင်းဌာနေသားများ ‘၎င်းတို့ရှိနေသေးကြောင်း’ သိစေလို](https://burmese.kachinnews.com/2019/08/09/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94-%e1%80%99%e1%80%b0%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%8c%e1%80%ac%e1%80%b1%e1%80%94%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba/): စက်ယန္တရားကြီးများဖြင့် အတိုင်းထက်အလွန် ကျောက်စိမ်းတူးဖော်ခြင်းနှင့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား လူဦးရေ ကြီးစိုးခြင်းခံနေရသော ဖားကန့်ဒေသ မူရင်းဌာနေ ကချင်လူမျိုးများ က ‘၎င်းတို့ရှိနေသေးကြောင်း’ သိစေလိုသည်ဟု ဆိုပါသည်။ ထို့ကြောင့် ယခင် ‘Mungnawk Hkawng Uru Ga (မုန်နောက်ခေါင်ဥရုဒေသ)’ ဟု ခေါ်ဆိုသော ယခု ဖားကန့်ဒေသ မူရင်းဌာနေတိုင်းရင်းသားများ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့  Mungnawk Hkawng Uru Rudi Ruhpang Hpung (မုန်နောက်ခေါင်ဥရုဌာနေပြည်သူများအဖွဲ့) က ဦးဆောင်ပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous People)ကို ဖားကန့်၊ မှော်ဝမ်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် သြဂုတ်လ (၉)နေ့ ကျင်းပပြုလုပ်ခဲ့သည်။ ဖားကန့်သို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အချိန်ကာလ အတန်ကြာ အခြေချနေထိုင်လာကြသောကြောင့် ဒေသခံဖြစ်လာသူများကို ‘နဂိုမူရင်း ဌာနေရင်းသားများ ရှိနေသေးကြောင်း’ သိရှိစေလိုသောကြောင့် ယခုလို အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ့ စီစဉ်ကျင်းပရခြင်း ဖြစ်သည်ဟု အစီစဉ်ဦးဆောင်သူ ဖားကန့်ဌာနေသား ဆရာ Lamawng La Tawng က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “အဓိကတော့ အခုနောက်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျနော်တို့ နဂိုမူလဌာနေသားတွေ ရှိနေသေးတာကို သိစေချင်တယ် မြင်စေချင်တယ်။ ပြီးရင် မူရင်းဌာနေသားတွေအနေနဲ့လည်း ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ ပြန်လည်ရရှိလာအောင် အားလုံးဝိုင်းဝန်ဆောင်ရွက်ချင်တယ်။ ဒါကြောင့် ယခုလို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုပါသည်။ ဖားကန့် မူရင်းဌာနေသားများ၏ အချက်(၇)ချက်ပါ ထုတ်ပြန်ချက်တွင် … - [ရှမ်းမြောက် တာမိုးညဲ မြန်မာစစ်စခန်းကို မြောက်ပိုင်းမဟာမိတ် ၀င်တိုက်](https://burmese.kachinnews.com/2019/08/09/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9-%e1%80%90%e1%80%ac%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%8a%e1%80%b2-%e1%80%bb%e1%80%99%e1%80%94/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မြန်မာစစ်တပ် တာမိုးညဲစခန်းကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့မှ သြဂုတ် (၈)ရက် ကြာသပတေးနေ့ည တိုက်ခိုက်ခဲ့ကြောင်း ဆိုပါသည်။ တာမိုးညဲမြို့အနီး အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ တပ်မတော် လက်နက်ကြီးစခန်းကို မြောက်ပိုင်းမဟာမိတ် (Northern Alliance) တပ်ပေါင်းစုမှ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ည ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများကို မိနစ် ၃၀ထိ ဆက်တိုက်ကြားနေရကြောင်း လုံခြုံရေးစိုးရိမ်ရသောကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။ “ပလောင် (တအောန်း)တပ်ဖွဲ့မှ ၀င်တိုက်တာဖြစ်ပါတယ်။ ပစ်ခတ်သံများ မိနစ် ၃၀ ထိ ကြားနေရတယ်။ အဲဒီ့မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကတော့ လက်နက်ကြီးတပ် ခလရ (၂၉၀) ဖြစ်တယ်လို့သိရတယ်” ဟု သူပြောပြသည်။ ယခု တိုက်ခိုက်ခံရသည့် တာမိုးညဲ တပ်မတော် လက်နက်ကြီးစခန်းသည် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀)လက်အောက် တပ်ရင်း (၂) နယ်မြေဖြစ်ကြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း KIA အရာရှိများမှ သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မြန်မာစစ်တပ်နှင့် bilateral နှစ်ဖက် အပစ်ရပ် လက်မှတ်ထိုးရန် လိုလားသော်လည်း အစိုးရနှင့် တပ်မတော် ဘက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်ခံရန်ကိုပဲ ဖိအားပေးနေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ရခိုင်ပြည်နယ်တွင်လည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။    - [ရာသီတုတ်ကွေးကြောင့် ကချင်အသင်းတော်ကျောင်းများ ခေတ္တ ပိတ်ထားရ](https://burmese.kachinnews.com/2019/08/09/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%90%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%81%e1%80%ba/): ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် မိုးတွင်းကာလ ရာသီတုတ်ကွေးရောဂါများ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အခြေပြု အသင်းတော် အမျိုးသားကျောင်း (Myu Sha Jawng)များကို ခေတ္တပိတ်ထားရကြောင်း သိရသည်။ Jan Mai Kawng ရပ်ကွက် Jan Mai Hpaji Shalat အမျိုးသားကျောင်းရှိ ကျောင်းသူ ကျောင်းသားများတွင် ဇူလိုင် လဆန်းပိုင်းကစပြီး ရာသီတုတ်ကွေး ဖြစ်ပွားမှု ပိုမိုများပြားလာ သောကြောင့် သြဂုတ်လ (၇)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျောင်းပိတ်ထားခဲ့ရကြောင်း ကျောင်းတာဝန်ခံ ဦး Lama Naw Tawng ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ကျနော့် ကျောင်းဂေဟာမှာက တော်တော်ဆိုးတယ်လို့ပြောလို့ရတယ်။ အဲ့ကြောင့် ဂေဟာလည်း ၁ပတ် ပိတ်ပေးလိုက်တယ်။ တစ်ခန်းမှာက အနည်းဆုံး ၅ယောက် ၆ယောက်ကျော် ဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူးစက်ကြတာပေါ့။ မပိတ်လို့က မရတော့ဘူး” ဟု ဆိုသည်။ အဆိုပါ Jan Mai Hpaji Shalat ဂေဟာကျောင်းမှာ ကျောင်းသူကျောင်းသား စုစုပေါင်း (၁၈၀)ကျော် ရှိပြီး အများစုသည် မြစ်ကြီးနားမြို့အနီးတဝိုက်ရှိ ကလေးများနှင့် စစ်ရှောင်စခန်းများမှ ကလေးများဖြစ်ကြသည်။ ထိုနည်းသူ N’Jang Dung နှစ်ခြင်းအသင်းတော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားကျောင်းကိုလည်း ရာသီတုတ်ကွေးကြောင့် ပိတ်ထားရကြောင်းသိရသည်။ KBC အသင်းတော် အခြေပြုဖြင့် ဖွင့်လှစ်ထားသော ကချင်အမျိုးသားကျောင်းများတွင် အဓိက Jinghpaw စာနှင့်စကား၊ ကချင်ရိုးရာယဉ်ကျေးမှု နှင့် အင်္ဂလိပ်စာနှင့်စကား များကို သင်ကြားပေးသည်။   - [ကချင်လူငယ် ၂ ဦးအမှု သက်သေများကို ဆက်လက် စစ်ဆေး](https://burmese.kachinnews.com/2019/08/08/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9-%e1%81%82-%e1%80%a5%e1%80%ae%e1%80%b8%e1%80%a1%e1%80%99%e1%82%88-%e1%80%9e%e1%80%80%e1%80%b9%e1%80%b1/): ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော်တင်ဆက်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော လူငယ် ၂ ဦး အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူဘက် နောက်ထပ် သက်သေ၂ ဦးကို ယနေ့ မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပါသည်။ ထိုသူ ၂ ဦးမှာ ဦးမဂျီဘရန်အောင် (Slg. Maji Brang Awng) နှင့် ဦးဖော့နဘောက်နော် (Slg.Hpauna Bawk Naw) ဖြစ်ပြီး ကချင်လူငယ်များ၏ လမ်းဘေးတေးသရုပ်ဖော်ပြမှုသည် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ညှိစွန်းကြောင်း စွပ်စွဲချက်ပေါ် ပြန်လည်ခုခံပြောဆိုခဲ့သည်ဟု ဦးဖော့နဘောက်နော် က ယခုလို ပြောဆိုပါသည်။ “ ဒါက ဆန္ဒပြတာလည်းမဟုတ်ဘူး။ အားလုံးမြင်သိတဲ့အတိုင်း ဇွန် ၉ရက်နေ့ဆို အမှတ်တရ တစ်ခုခုကို နှစ်စဉ် လုပ်နေတာလည်းဖြစ်တယ်။ ခုဆိုလည်း လူငယ်တွေအနေနဲ့ တေးသရုပ်ဖော်သာ လုပ်ခဲ့တယ်။ ဒါကြောင့် လုံးဝငြိမ်းစုစီ နှင့် မညှိဘူး” ဟု ထွက်ဆိုခဲ့ကြောင်း ပြန်လည်ပြောဆိုပါသည်။ စွပ်စွဲခံရသူများ သက်သေအဖြစ် ၆ ဦးကို တင်ပြထားပြီး လာမယ့်အပတ် သြဂုတ် ၁၅ ရက်နေ့တွင် နောက်ဆုံး ကျန်ရှိသက်သေ၂ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရာစွဲဆိုထားခံရသော မဆိုင်းနူးပန် နှင့် ကိုပေါလု တို့ ၂ ဦးမှာ ဇွန်လ ၉ရက်နေ့ ကချင်စစ်ဘေး(၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးနား စိမ်းမြဧရာ … - [ထိုင်းဘုရင်မ မွေးနေ့ သစ်ပင်စိုက်ပျိုးခြင်း အစီစဉ်ဖြင့် ကချင်များ ဂုဏ်ပြု](https://burmese.kachinnews.com/2019/08/07/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%98%e1%80%af%e1%80%9b%e1%80%84%e1%80%b9%e1%80%99-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%b1%e1%80%94%e1%82%94-%e1%80%9e%e1%80%85%e1%80%b9/): လာမည့်အပတ် သြဂုတ် (၁၂) တနင်္လာနေ့ ကျရောက်မည့် ထိုင်းဘုရင်မ မွေးနေ့မှာ နိုင်ငံမြောက်ပိုင်းရှိ ကချင်အမျိုးသားများက ပထမဆုံး သစ်ပင်စိုက်ခြင်း အစီစဉ်ဖြင့် ဘုရင်မကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ အပင်ပေါင်း ၅၀၀ ကျော် ကို Fang ခရိုင်အတွင်း ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အခြေစိုက်စခန်းရှိခဲ့သည့် Htam Ngob Bum တောင်ပေါ် ကျဆုံးသွားသော ပထမဆုံး KIO/KIA ခေါင်းဆောင် GOC Lahtaw Zau Seng ၏ ရုံးစိုက်ခဲ့သည့် ကုန်းပေါ်မှာ စိုက်ပျိုးရန် စီစဉ်ထားခြင်းဖြစ်သည်။ “GOC ကျောက်တိုင် စိုက်ထားတဲ့ GOC ရုံးစိုက်ခဲ့တဲ့ ကုန်းပေါ်မှာ။ ကျနော့်တို့ အဲဒီ့ကုန်းကို ပတ်တဲ့လမ်းရှိပြီးတားဖြစ်တယ် ယခင် စခန်း (KIA) ရှိခဲ့တုန်းက။ အဲဒီ့ GOC ကုန်းကို ပတ်တဲ့လမ်း အပေါ်ပိုင်းအားလုံးမှာ အပင်စိုက်မှာဖြစ်ပါတယ်” ဟု Htam Ngob တောင် KIA စစ်သားဟောင်း Ban Mai Samakee ကချင်ရွာသား ဦး Kareng Hkawng Hawng က ဆိုပါသည်။ Chiang Dao ခရိုင်ရှိ Ban Mai Samakee ကချင်ရွာသားများ ဦးဆောင်သော ဘုရင်မ မွေးနေ့ သစ်ပင်စိုက်ပျိုးခြင်း အစီစဉ်သို့ Htam Ngob Bum တောင် ပတ်ဝန်းကျင် တရုတ်ရွာသားများ၊ Ban Mai Samakee ကချင်ရွာ Royal King Project … - [စစ်တပ်နှင့်ဆယ်နွယ်သော စီးပွားရေး ကုမ္ပဏီများကို အရေးယူပိတ်ဆို့ရန် ကုလ FFM တောင်းဆို](https://burmese.kachinnews.com/2019/08/05/%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%86%e1%80%9a%e1%80%b9%e1%82%8f%e1%80%bc%e1%80%9a%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%85/): မြန်မာစစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေး လုပ်ငန်းကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် လက်နက်ရောင်းချမှုကို ပိတ်ဆို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင် FFM က သြဂုတ် ၅ ရက်နေ့ တောင်းဆိုလိုက်သည် ယင်း စီးပွားရေးလုပ်ငန်းမှ ရရှိသောငွေကြေးထောက်ပံ့မှုများဖြင့် တိုင်းရင်းသားအုပ်စုများအပေါ် ရက်ရက်စက်စက် စစ်ဆင်ရေး ပြုလုပ်ခြင်း၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာစစ်တပ်က ပြုလုပ်နေကြောင်း ပြောဆိုထားပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့က နိုင်ငံအတွင်း စီးပွားရေး ကဏ္ဍမျိုးစုံတို့မှ အနည်းဆုံး လုပ်ငန်းပေါင်း ၁၂၀ ကို ပိုင်ဆိုင်ထားပြီး ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျောက်စိမ်းနှင့် ပတ္တမြား တူးဖော်ရေး လိုင်စင်များပင် ရရှိထားကြောင်း ထုတ်ဖော်ထားပါသည်။ ၂၀၁၇ သြဂုတ်လမှစတင်ပြီး ရခိုင်ပြည်နယ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြန်မာပြည်ရှိ ကုမ္ပဏီနှင့်အဖွဲ့အစည်းပေါင်း ၄၅ ခု က မြန်မာစစ်တပ်ကို ဒေါ်လာ (၁၀)သန်းကျော် အလှူပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအထဲတွင် ကမ္ဘောဇအုပ်စု [Kanbawza (KBZ) Group] နှင့် မက်စ်မြန်မာ (Max Myanmar) တို့လည်း မြန်မာ–ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ခြံစည်းရိုးကာရန် ငွေကြေးထောက်ပံ့ခဲ့သဖြင့် ရာဇဝတ်မှုအတွက် တရားစွဲဆိုနိုင်ရန် စုံစမ်းစစ်ဆေးသင့်ကြောင်း မစ်ရှင်မှ ကျွမ်းကျင်ပညာရှင် ခရစ်စီဒိုတီ က ဆိုထားသည်။ ကမ္ဘောဇအုပ်စု (KBZ) က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များဆောင်ရွက်ရေးကော်မတီ ကို ဒေါ်လာ ၂ ဒသမ ၂ … - [KIO ခေါင်းဆောင်၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲ လိုင်ဇာမှာ ပြုလုပ်](https://burmese.kachinnews.com/2019/08/05/kio-%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%81%8f-%e1%80%a1%e1%80%91%e1%80%b0%e1%80%b8-%e1%80%b1%e1%80%80%e1%80%ba%e1%80%b8/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Nban La မိသားစု၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲကို သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့က မြန်မာပြည်မြောက်ပိုင်း KIO ထိန်းချုပ်သော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်း၏ လိုင်ဇာ နေအိမ်ဆုတောင်းခြင်းအစီစဉ်တွင် “KIO ဗဟိုကော်မတီ ဥက္ကဌ၏ အသက် (၇၃)နှစ်ပြည့် မွေးနေ့၊ တော်လှန်ရေးလုပ်သက် (၅၅)နှစ်ပြည့် နှင့် အိမ်ထောင်သက် (၄၅)နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်းဖြစ်ကြောင်း” ဆုတောင်းပွဲဦးဆောင်သော လိုင်ဇာမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အသင်းတော် က သင်းအုပ်ဆရာ Rev. Lahpai Shing Rip ပြောပါသည်။ ဗိုလ်ချုပ်ကြီး Nban La မိသားစု၏ ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲသို့ လိုင်ဇာမြို့ ခံများ နှင့် KIO မိသားစုများ အပြင် လိုင်ဇာပြင်ပမှ အထူးဖိတ်ကြားသော ဆွေမျိုး၊ ဧသည်တော်များလည်း ပါဝင်ခဲ့သည်ဟု သင်းအုပ်ဆရာက ဆိုပါသည်။ ဗိုလ်ချုပ်ကြီး Nban La သည် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ဥက္ကဌ တာဝန်ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ထိ ထမ်းဆောင်းခဲ့သည်။ ၎င်းနောက် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဖြစ်လာချင်း ဗိုလ်ချုပ်ကြီး Nban La က မြန်မာစစ်တပ်နှင့် နှစ်ဖက်အပစ်ခတ်ရပ်စဲရေး (bilateral ceasefire) ပြုလုပ်နိုင်ရန် အစပြု တင်ပြညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။   - [ဧရာဝတီမြစ် တံတား ဖောက်ခွဲခြင်း မရှိစေရန် တပ်နှင့်ရဲ ပူးပေါင်း လုံခြံရေးယူ](https://burmese.kachinnews.com/2019/08/03/%e1%80%9c%e1%80%b6%e1%80%af%e1%80%bb%e1%80%81%e1%80%b6%e1%80%b3%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%b1%e1%80%94%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တံတားအား မိုင်းထောင်ဖောက်ခွဲခြင်း မရှိစေရန် တပ်မတော် နှင့် ရဲ ပူးပေါင်း လုံခြုံရေးယူထားရသေကြောင့် ညပိုင်း လမ်းပိတ်ထားရကြောင်း အာဏာပိုင်များဆိုပါသည်။ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကို ၂၄ နာရီ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ညပိုင်းပိတ်ပင်ရခြင်းမှာ လုံခြုံရေးကိစ္စများနှင့် တရားမဝင် ကုန်ပစ္စည်းများ၊ နိုင်ငံခြားသားများကို စီစစ်ရန်ဖြစ်သည်ဟု ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော်တွင် ပြောဆိုလိုက်ပါသည်။ သြဂုတ်လ ၂ရက်နေ့ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမုန်အစည်းအဝေး သတ္တမနေ့တွင် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး (Slg. Lagang Ze Jung) ၏ ‘ဗလင်မင်းထင်တံတားကို ပြည်သူများသွားလာမှု (၂၄) နာရီ ပိတ်ချိန်မရှိခွင့်ပြုပေးရန်နှင့် မလိုအပ်သောစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီစဉ် ရှိ မရှိ’ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်ပါသည်။ ဗလမင်းထင်တံတားကို ည ၉ နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပြီး လတ်တလောနယ်မြေ အခြေအနေအရ တံတားအား မိုင်းထောင်ဖောက်ခွဲခြင်းများ မရှိစေရန် တပ်မတော်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းကာ လုံခြုံရေး ပေးနေကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ ပေးပို့သော အချက်အလက်များနှင့်အတူ ဖြေကြားခဲ့ပါသည်။ အဆိုပါ မေးခွန်းအား ပြည်သူ့လွှတ်တော်တွင် မေးမြန်းရခြင်းအကြောင်း ဝိုင်းမော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Lagang Ze Jung က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ကျနော်အနေနဲ့တင်ပြဖြစ်ခဲ့တာက ပြည်သူတွေရဲ့တောင်းဆိုမှုပါ။ … - [ကလေး ၅ဦးဖခင် ဖားကန့်-ကားမိုင်း လယ်သွားလမ်းမှာ ပျောက်ဆုံး](https://burmese.kachinnews.com/2019/08/03/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8-%e1%81%85%e1%80%a5%e1%80%ae%e1%80%b8%e1%80%96%e1%80%81%e1%80%84%e1%80%b9-%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94-%e1%80%80%e1%80%ac/): လယ်သွားလမ်းတွင် ပျောက်ဆုံးသွားသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကလေး (၅)ဦးဖခင် Hpaujung La Seng သည် သြဂုတ် ၄ရက် စနေနေ့ထိ ၃ရက်တိုင် သတင်း အစအနမသိရဘဲ ပျောက်ဆုံး နေဆဲဖြစ်သည်။ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (၃)တွင်နေထိုင်သော Hpungjung La Seng (ဦးဖောင်ဂျုံလဆိုင်း) သည် ကားမိုင်း–မအူပင် ရေကာတာကျေးရွာမှ မိမိလယ်တောသို့သွားရာလမ်းတွင် ပျောက်ဆုံးသွားသည်ဟု မိသားစုမှ ဆိုပါသည်။ “ကျနော့်အဖေက ဗုဒ္ဓဟူးနေ့ ညနေပိုင်းပျောက်သွားတယ်။ ဒီကနေ့ဆိုရင် ၄ရက်ရှိပြီ။ အခုထိလည်း ဆက်ရှာနေတုန်းဘဲ။ တစ်ခြားအစအနတွေကိုတော့ တွေ့တယ်။ အဖေ့ သူကိုင်သွားတဲ့ ပစ္စည်းတွေ လယ်တောမှာ တွေ့တယ်။ ပြီးရင် သူ့အဝတ်အစားတွေလည်းတွေ့တယ်။ အခုပျောက်နေတာက လူကိုယ်ပဲ ပျောက်နေတယ်” ဟု သားဖြစ်သူ Hpaujung Sut Naw Hpan က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ဖားကန့်မြို့နယ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉)နယ်မြေဖြစ်ပြီး ကားမိုင်း–ဖားကန့်ကားလမ်းမတလျှောက်မြန်မာစစ်တပ်နှင့်ရှမ်းနီပြည်သူ့စစ်စခန်းများကိုချထားပါသည်။ ဦး La Seng ပျောက်ဆုံးနေခြင်းကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကြောင့် ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်စေ အဖြစ်အပျက်မှန်ကို မိသားစုမှ အမြန်သိလိုကြောင်း အားလုံးဝိုင်းဝန်းကူညီပေးကြရန် မိသားစုမှတောင်းဆိုထားပါသည်။ ၂၀၁၁ ခုနှစ်မှ မြန်မာအစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား တကြော့ပြန် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ၎င်း၏လယ်ကို ပစ်ထားခဲ့ရပြီး ယခုနှစ်ပြန်လုပ်ရန် ကျိုးစားခြင်းလည်း ဖြစ်သည်။ - [ချီဖွေမြို့အနီး ကျောက်ခွဲစက်ရုံကြောင့် ဒေသခံများ နေထိုင်ရခက်ခဲ](https://burmese.kachinnews.com/2019/08/02/%e1%80%81%e1%80%ba%e1%80%ae%e1%80%b1%e1%80%96%e1%80%bc%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%a1%e1%80%94%e1%80%ae%e1%80%b8-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%81/): ချီဖွေမြို့ ရစ်လော်ရပ်ကွက်အတွင်း ကျောက်ခွဲစက်ရုံဖွင့်လှစ်ထားခြင်းကြောင့် ချီဖွေမြို့နေ ပြည်သူများ နေထိုင်ရခက်ခဲသည့် ဒုက္ခကြုံတွေ့နေရကြောင်း သိရသည်။ ယင်းကျောက်ခွဲစက်ရုံမှ ထွက်သည့် အမှုန့်များနှင့် ဆူညံသံများကြောင့် ချီဖွေဒေသခံ အမျိုးသမီးများ နှင့် ကလေးငယ်များ အသက်ရှူကျပ်ခြင်း၊ အိပ်မပျော်ခြင်းများဖြစ်နေကြောင်း ဒေသခံတစ်ဦး ပြောသည်။ “ကျနော်တို့ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အစိုးရကခွင့်မပြုဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး လုပ်ထား ဒါလို့ပြောတယ်။ မေခမြစ်က ကျောက်ရွှေတွေကိုခွဲတာ။ ကျောက်သေးတွေကိုက ဘက်ဟိုးနဲ့ ကော်ပြီး ပုံထားတယ်။ ခွဲဖို့ခက်တဲ့ ကျောက်ကြီးတွေကို ဟိုက်ဒေါလစ်ဆိုတဲ့ ဟာမျိုးနဲ့ခွဲတော့ သေနတ်ပစ်နေတဲ့ အတိုင်းပဲ ဆူညံနေတာ။ ကျနော်တို့နေလို့တောင်မရဘူး။ ကျနော်နေတဲ့အိမ်နဲ့က ပေ ၁၀၀ ကျော်တော့ ဝေးတယ်။” ဟု ချီဖွေ ဒေသခံ ဦးဟန်းဂေါင်းဇောင်းဒေါင် က KNG ကချင်သတင်းဌာနကို ပြောပါသည်။ ကျောက်ခွဲစက်ရုံပိတ်ပင်တားဆီးပေးရန် စက်ရုံအနီးတွင်နေထိုင်သည့် ချီဖွေဒေသခံ ၁၀၀ ကျော်က ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ကန့်ကွက်လက်မှတ် စာတင်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ ယခင်က ချီဖွေဒေသခံများ မေခမြစ်မှ မျှောလာသည့် ထင်းချောင်းများ ဆယ်ယူအသုံးပြုခဲ့ကြရပြီး ယခု ကျောက်ခွဲစက်ရုံရှိနေသည့် ကာလမှ လမ်းပိတ်လိုက်ခြင်းကြောင့် အခက်အခဲရှိနေကြောင်း သိရသည်။ ၄င်းကိစ္စနှင့်ပတ်သက်ပြီး ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ အား KNG က ချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ပါ။ ယင်း ကျောက်ခွဲစက်ရုံကြောင့် ယခုလိုဖြစ်ပျက်နေမှု၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရပါသည်။ - [ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီးသစ်ခန့်အပ်](https://burmese.kachinnews.com/2019/08/01/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9-%e1%80%9c%e1%80%b0%e1%80%9d%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%81%be%e1%80%80%e1%80%ae/): ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုးချဲ့ဖွဲ့စည်းထားသော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်တွင် တနိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။ ယနေ့ သြဂုတ်လ ၁ရက်နေ့ ပြုလုပ်သည့် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးအသစ် ခန့်အပ်ရန်အတွက် ကန့်ကွက်သူရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် ဥက္ကဌက မေးမြန်းခဲ့ရာ ကန့်ကွက်သူ မရှိသောကြောင့် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိ NLD အစိုးရ ၃နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ကြေညာစာတမ်းအရ လူ့စွမ်းအားအရင်း အမြစ်နဲ့ ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသောကြောင့် ကျန်ရှိသည့် ၁နှစ်ကျော် ကာလ ပြန်လည်လုပ်ဆောင်ရန် ဖြစ်ကြောင်းကို ဝန်ကြီးအသစ် ဦးဇော်ဝင်း က သုံးသပ် ပြောဆိုခဲ့သည်။ ဝန်ကြီးဌာနအသစ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကို ဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ လွှတ်တော်အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ - [တရုတ် နယ်စပ်လုံခြံရေး အရာရှိများ လိုင်ဇာမြို့တွင် KIO ခေါင်းဆောင်များနှင့်တွေ့ဆုံ](https://burmese.kachinnews.com/2019/08/01/%e1%80%90%e1%82%90%e1%80%af%e1%80%90%e1%80%b9-%e1%80%94%e1%80%9a%e1%80%b9%e1%80%85%e1%80%95%e1%80%b9%e1%80%9c%e1%80%af%e1%80%b6%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%9b%e1%80%b8-%e1%80%a1%e1%80%9b/): တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ နယ်စပ်ကုန်သွယ်ရေး နှင့် နယ်စပ် လုံခြုံရေးဆိုင်ရာ အရာရှိများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ သြဂုတ်လ (၁)ရက်၊ ယနေ့သွားရောက်ပြီး KIO ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ လိုင်ဇာမြို့တွင် ယူနန်အစိုးရ အရာရှိများနှင့်ဆွေးနွေးရန်ရှိသော်လည်း မည်သည့်အကြောင်းအရာဖြစ်ကြောင်းကို မသိရသေးကြောင်း လိုင်ဇာမှ အမည်မဖော်လိုသူ KIO အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြောပါသည်။ “အခုချိန်ထိ မြန်မာအစိုးရနဲ့ နိုင်ငံရေးပြဿနာ ဘာမှဖြေရှင်းနိုင်ခြင်း မရှိသေးခင် KIO အနေနဲ့ တရုတ်ကို နယ်စပ်လမ်းဖောက်လုပ်ခွင့်ပေးခြင်း၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်း စတာတွေ မလုပ်သင့်ဘူး” ဟု တရုတ်နယ်စပ်တွင်ရောက်ရှိနေသည့် ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ Duwa Bawmwang La Raw က ဆိုပါသည်။ ပြည်ပြအခြေစိုက် KNO အဖွဲ့သည် ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ရန် KIO နှင့် နှစ်ဖက်နားလည်မှု စာချွန်လွှာ MOU ကို ၂၀၁၁ ခုနှစ်က ရေးထိုးခဲ့သည်။ ယခုတွေ့ဆုံမှုတွင် တအောန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိပ်ပိုင်းခေါင်းဆောင်များလည်းပါကြောင်း KIO သတင်းရပ်ကွက်က ဆိုပါသည်။ ပီကင်း ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ ယခုလို ယူနန်ပြည်နယ်အစိုးရ နယ်စပ်ကုန်သွယ်ရေး နှင့် လုံခြုံရေး ကိုယ်စားလှယ်အဖွဲ့ KIO ထိန်းချုပ်သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်လာပြီး KIO ခေါင်းဆောင်များကိုတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ယူနန်အစိုးရ သတင်းများ ဆိုပါသည်။ - [ရှမ်းမြောက်တွင် အသတ်ခံရသော ဒေါ်နန်ထန်အမှု ရန်ကုန်တွင် သတင်းရှင်းလင်းပွဲ ပြုလုပ်](https://burmese.kachinnews.com/2019/07/31/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%9e%e1%80%90%e1%80%b9%e1%80%81%e1%80%b6%e1%80%9b/): ကွတ်ခိုင်မြို့နယ် နမ့်ဆုံကျေးရွာ နေအိမ်တွင် သတ်ဖြတ်ခံရသော ဒေါ်နန်ထန်အမှုနှင့် ပတ်သက်ပြီး ပဋိပက္ခဒေသအတွင်းရှိ အမျိုးသမီးများ လုံခြုံမှုရရှိရေးအတွက် ယနေ့ ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါ သည်။ အသက် ၄၈နှစ် အရွယ် ကလေး ၂ ဦး၏ မိခင် ဒေါ်အင်ခွမ် နန်ထန်သည် သူမ ၏ နေအိမ်ဈေးဆိုင်အတွင်း ဇူလိုင်လ ၃ ရက်နေ့ ည ပြင်းထန် သော ရိုက်နက် ဒဏ်ရာများဖြင့်  သေဆုံးခဲ့ရသည်မှာ ၁ လခန့်ရှိလာပြီ ဖြစ်ပါသည်။ “မငြိမ်းချမ်းသေးသော ဒေသအတွင်းရှိ ပြည်သူများနှင့် အမျိုးသမီးများ လုံခြုံရေး ပိုမိုရရှိရေး ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကလည်း ပွင့်လင်းမြင်သာမှုရှိစွာ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးရန်၊ စတဲ့အချက်တွေကို တောင်းဆိုခဲ့သည်ဟု” သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး ဒေါ်လွမ်းညွယ်က ပြောပါသည်။ သေဆုံးမှုတွင် ရိုက်နက်မှုကိုသာ တွေ့ရှိရပြီး မဒိန်းမှုမြောက် မမြောက်ကိုမူ သေဆုံးသူ၏ဆေးစစ်ချက်ကို လားရှိုးဆေးရုံမှ တဆင့် မန္တလေးဆေးရုံသို့ ပို့ထားပြီးဖြစ်ကြောင်းနှင့် ယနေ့ချိန်ထိ အဖြေမသိရှိရသေးကြောင်း ၄င်းက ပြောဆိုပါသည်။ “ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် သတင်းမီဒီယာကတဆင့် သက်ဆိုင်ရာတွေသိရှိစေဖို့ ၊ အစိုးရနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမယ့် အချိန်တွေမှာလည်း ဒီအကြောင်းအရာကို အမြဲစည်းရုံး လှုံ့ဆော်မှုတွေပြုလုပ်သွားမယ်။ မှန်ကန်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် တတ်သိပညာရှင် တရားဥပဒေရှေ့နေ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်” ဟု KNG သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ် … - [နေရပ်ပြန်စစ်ရှောင်များကို ကူညီရန် အစိုးရနှင့် KHCC ဆွေးနွေး](https://burmese.kachinnews.com/2019/07/30/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/): နေရပ်ပြန် ကချင် စစ်ရှောင်များကို ကူညီပေးရန်နှင့် မပြန်သေးသော သူများ၏ သဘောထားကိုလည်း ကွင်းဆင်းရယူရန် အစိုးရပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ နှင့် ကချင်လူသားချင်းစာနာထောက်ထားမှုကော်မတီ KHCC တို့ ဇူလိုင် ၂၄ ရက်နေ့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ကချင်ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသော KHCC အဖွဲ့နှင့် အစိုးရပြန်လည် နေရာချထားရေး လုပ်ငန်းကော်မတီတို့၏ နှစ်လတစ်ကြိမ် တွေ့ဆုံမှု အစည်းအဝေးတွင် နေရပ်ပြန်စစ်ရှောင်များကို ကူညီပေးရန်နှင့် မပြန်သေးသောသူများ၏ သဘောထားကိုလည်း နားထောင်ပြီး ၄င်းတို့ကို သတင်းအချက်အလက်ပေးရန် ဆွေးနွေးခဲ့သည်ဟု KHCC ဒုအတွင်းရေးမှူး ၁ ဖာသာရ်နော်လတ် ထံမှ သိရပါသည်။ “KHCC အနေနဲ့ JST ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ထားတဲ့ rapid need accessement report ကိုတင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှာဖွေတွေ့ရှိမှု အကြံပြုမှုတွေကို ပြောပြပြီး ပထမသဘောတူညီမှုကတော့ လုပ်ငန်းကော်မတီ အနေနဲ့ NRPC နဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်နေတဲ့အချက်တွေကို ပံ့ပိုးသွားဖို့ ဖြစ်ပါတယ်။ ပထမဦးကတော့ တစ်လစာကို တစ်လလ ပံ့ပိုးသွားဖို့ အပိုင်းကို သဘောတူညီမှု ရခဲ့ပါတယ်။” ဟု ပြောဆိုခဲ့ပါသည်။ သြဂုတ်လမှ စတင်ပြီးကူညီနိုင်ရန် မျှော်မှန်းထားပြီး နေရပ်ပြန် စစ်ရှောင်များအတွက် အစားအသောက်၊ မိုးရာသီကာလ အသုံးအဆောင်များ၊ ကလေးများ၏ စာသင်ကြားရေး အထောက်အပံ့တို့ဖြစ်မည်ဟု သိရပါသည်။ ထိုအစည်းအဝေးတွင် ဒုတိသဘောတူညီချက်အနေဖြင့် နေရပ်မပြန်နိုင်သေးသောသူများကို ပြန်နိုင်အောင် စီစဉ်သွားမည့်ခေါင်းစဉ်အောက်တွင် လုံခြုံသော ကျေးရွာများရှိ စစ်ရှောင် ပြည်သူများကို စခန်းသို့ သွားရောက်တွေ့ဆုံကာ ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း … - [လယ် ပြန်ရရန်တောင်းသော နမ္မားအမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ရိုက်နက်ခံရ](https://burmese.kachinnews.com/2019/07/30/%e1%80%9c%e1%80%9a%e1%80%b9-%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%9b%e1%80%94%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%94%e1%80%99/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားဒေသ နန့်စော်လော်ကျေးရွာတွင် မြေယာကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နက်မှုအထိ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ ဖြစ်စဉ်မှာ ရိုက်နက်ခံရသော ဒေါ်ခင်စန်း ဆိုသူသည် ၄င်း၏နစ်နာဆုံးရှုံးသွားသော လယ်ယာများကို ပြန်လည်ရရှိရန် ပြည်ထောင်စုအဆင့် လယ်ဆည်ဝန်ကြီးရုံးသို့ စာတင်ပြတောင်းဆိုခဲ့သောကြောင့် ယခုလ ဇူလိုင်လ ၂၄ရက်နေ့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကွင်းဆင်းစစ်ဆေးချိန် ယခုလို ဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်စစ်ဆေးနေစဉ် နန့်စော်လော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ဒေါ်ခင်စန်းတို့ စကားများရာမှ ဒေါ်ခင်စန်း၏ ညာဘက် ရင်အုတ်ကို လက်တီးဖြင့် ထိုးလိုက်သောကြောင့် ဒေါ်ခင်စန်းမှာ လက်ရှိ နမ္မား ဆေးရုံမှ မိုးညှင်းဆေးရုံသို့ ဆေးကုသ ခံယူနေရကြောင်း အနီးကပ် စောင့်ရှောက်ပေးနေသည့် ဒေါ်မွှေးလှိုင်က ကချင်သတင်းဌာန KNG ကို ယခုလိုပြောဆိုထားပါသည်။ “ကျမ ဖြစ်တဲ့နေ့မှာပဲ ဖုန်းခေါ်လိုက်တယ်။ ဒေါ်ခင်စန်းကိုယ်တိုင် ကျမကို ဖုန်းပြောခဲ့တယ်။ သူက အော်ဟစ်ညည်းညူ နေတယ်။ အရမ်းနာတယ်လို့ အော်နေတယ်။ အုပ်ချုပ်ရေးမှူးက ထိုးလိုက် တယ်ပေါ့။ အဲ့တော့ ဘာလို့ထိုးလဲလို့ မေးလိုက်တယ်။ ဒီမှာ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေနဲ့ မြေတိုင်းတွေက လာတယ်။ အဲ့မှာပဲ အုပ်ချုပ်ရေးမှူးနဲ့ စကားများပြီး ထိုးလိုက်တယ်လို့ သူကပြောခဲ့တယ်” ဟုပြောဆိုသည်။ ဒေါ်ခင်စခန်းကို နမ္မား ဆေးရုံးတွင် တင်ထားရာမှ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသောကြောင့် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ ဇူလိုင် ၂၆ရက်နေ့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရပါသည်။ ဒေသခံအမျိုးသမီးအား … - [ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ပထမဆုံး လူထုမိတ်ဆက်ခြင်း အခမ်းနား ကျင်းပ](https://burmese.kachinnews.com/2019/07/29/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%9e%e1%80%b0%e1%82%94%e1%80%95%e1%80%ab%e1%80%90/): ပထမဆုံး ကချင်ပေါင်းစည်းနိုင်ငံရေးပါတီ ‘ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)’ ၏ ပါတီသစ် မိတ်ဆက် လူထုတွေ့ဆုံပွဲကြီးကို ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်း Majoi Gawknu ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS တို့သည် ပါတီပေါင်းစည်းရန်ကချင်လူထုဖိအားပေးမှုကို လက်ခံပြီး နောက်ဆုံး၎င်းတို့ပါတီများကိုဖျက်သိမ်းကာ အကြီးဆုံး ကချင်ပြည်နယ်ကိုယ်စားပြုပါတီ Kachin State People’s Party ကို ဖွဲ့စည်းထူထောင်လိုက်ခြင်းဖြစ်သည်။ ပါတီများပေါင်းစည်းခြင်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြို့နယ်အားလုံး (၁၈) မြို့နယ်တွင် မဲ အနိုင်ရရှိရေး ပြင်ဆင်ခြင်းဖြစ်ကြောင်း KSPP ယာယီဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဌ ၂ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂရောင် အောင်ခမ်း)က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ကျနော်တို့ ပါတီနဲ့ပတ်သက်ပြီး ပြည်သူတွေကို မိတ်ဆက်ပြီးနောက်တော့ လုပ်ငန်း စတင်တော့မယ်။ မြို့နယ် ၁၈ခုရှိတဲ့အတွက် ဒေသတွေမှာ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းသွားမယ်။ ရုံးတွေ စသဖြင့် စည်းရုံးရေးကော်မတီတွေလည်း ဖွဲ့စည်းသွားဖို့ မကြာမီ လုပ်ငန်းစတင်ပါတော့မယ်။ ပြီးရင် ပြိုင်မယ့် အမတ်လောင်းတွေက ၅၀လောက် ကျော်သွားမယ်” ဟု ဆိုပါသည်။ ကချင်ပြည်နယ်ပြည်သူများကို ပါတီမိတ်ဆက်သည့် အခမ်းအနားကြီးသို့ ဗမာတိုင်းရင်းသား၊ ရှမ်းနီတိုင်းရင်းသား နှင့် ရခိုင်တိုင်းရင်းသားများလည်း KSPP ပါတီဝင် … - [၈နှစ်ကြာ ပိတ်ထားသော မိုင်ဂျာယန်-လွယ်ဂျယ်လမ်း KIO ပြန်ဖွင့်ပေး](https://burmese.kachinnews.com/2019/07/29/%e1%81%88%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ac-%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%91%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%99%e1%80%ad%e1%80%af%e1%80%84/): တိုက်ပွဲကြောင့် ၈နှစ်ကျော် ပိတ်ထားရသည့် ကချင်ပြည်နယ်အရှေ့ဘက် မိုင်ဂျာယန်-လွယ်ဂျယ် ကားလမ်းမကို ကချင်လွတ်လပ်ရေးအဖွဲ့ #KIO က ဇူလိုင်လ ၂၉၊ တနင်္လာနေ့ နံနက်ပိုင်းမှ တရားဝင်ပြန်ဖွင့်ပေးလိုက်ကြောင်း ဒေသခံများဆိုသည်။ တရုတ်နယ်စပ် KIO ထိန်းချုပ်သော Mai Ja Yang (မိုင်ဂျာယန်)မြို့ နှင့် မြန်မာအစိုးရ ထိန်းချုပ်သော Loije (လွယ်ဂျယ်)မြို့ ကြား ဆယ်သွယ်သော ကားလမ်းမကို KIO က ပြန်လည်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ “မိုင်ဂျာယန် နဲ့ လွယ်ဂျယ်ကို ဆယ်သွယ်ပေးတဲ့ ကားလမ်းကို KIO ဘက်က စဖွင့်လိုက်ပါပြီ။ အစိုးရနဲ့ KIO နှစ်ဖက် သဘောတူပြီး ပြန်ဖွင့်တာလားတော့ မသိရသေးဘူး” ဟု မိုင်ဂျာယန် ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။ ယခုဖွင့်လိုက်သည့်လမ်းသည် ယခင်ပုံမှန်သွားနေကျ Kawng Sa (ကောင်းဆာ)လမ်းကြောင်း မဟုတ်ဘဲ သင်္ချိုင်းဘက်က လမ်းဖြစ်ကြောင်း သိရသည်။ မိုင်ဂျာယန်-လွယ်ဂျယ်လမ်း ပြန်ဖွင့်လာသောကြောင့် မိုင်ဂျာယန် ခရီးသည်များ တရုတ်ပြည်ကနေ ၀ိုက်ပြီးသွားစရာမတော့လိုဘဲ လွယ်ဂျယ်ကနေ တိုက်ရိုက် သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။ - [ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု လုံခြုံရေးရဲ အပါဝင် (၁၈)ဦးထိ သေဆုံးနိုင်](https://burmese.kachinnews.com/2019/07/29/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9/): နောက်ဆုံးဖြစ်ပွားသော ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းတခု မြေဇာပုံပြိုကျမှုတွင် ကုမ္ပဏီအလုပ်သမားများ နှင့် အစိုးရ လုံခြုံရေး ရဲများ အပါဝင် (၁၈)ဦးထိ သေဆုံးနိုင်ကြောင်း ဒေသခံများဆိုပါသည်။ ဖားကန့်မြို့နယ် Seng Tawng (ဆိုင်းတောင်)ကျေးရွာအုပ်စု၊ Kawng San (ကောင်ဆန်) ကျေးရွာ အဝင် စိန်လုံတောင် သက်တမ်းကုန် လုပ်ကွက်ဟောင်းတစ်ခု ဇူလိုင်လ ၂၈ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲခန့်တွင် မြေပြိုမှုဖြစ်ပွားခြင်း ဖြစ်သည်။ မြို့နယ်အစိုးရ ပြန်ကြားရေးဌာန၏ စာရင်းတွင် သေဆုံးသူ (၁၈)ဦးထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဖားကန့်ဒေသ Green Land သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦး Nawng Lat မှ သိရပါသည်။ “ဒီနေ့ မနက်လည်း ၃ ယောက် အလောင်း ထပ်တွေ့တယ်။ မနေ့ကလည်း ၁၀ ယောက်ကျော် ထုတ်ထားတယ်ဆိုတော့ ၁၅ ယောက်လောက်တော့ ရှိလာပြီ” ဟု ဦး Nawng La ပြောပါသည်။ ယခုလို ဖားကန့်ကျောက်စိမ်းမှော်တွင် မြေပြိုမှုမကြာခဏဖြစ်ပွားခြင်းသည် ကုမ္ပဏီများပေါ် မိုင်းနင်း ဥပဒေဖြင့် တိတိကျကျ ထိရောက်စွာ စိုးမိုးမှု မရှိနိုင်သောကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲ ရလာဒ် ဖြစ်သည်ဟု ၄င်းက သုံးသပ်ပြောဆိုထားပါသည်။ Photo: Nawng Lat Jangmaw - [တပ်သိမ်း မြေယာအတွက် နစ်နာကြေး (သို့) စွန့်လွတ်ရန် အစီစဉ် မရှိ](https://burmese.kachinnews.com/2019/07/28/%e1%80%90%e1%80%95%e1%80%b9%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%b8-%e1%80%b1%e1%80%bb%e1%80%99%e1%80%9a%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%94%e1%80%85%e1%80%b9%e1%80%94/): တပ်မတော်သိမ်းဆည်းထားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံများ၏ မြေယာဧကများနှင့်ပတ်သက်ပြီး ‘နစ်နာကြေး ပေးရန်’ သို့မဟုတ် ‘ပြန်လည် စွန့်လွတ်ရန်’ သဘောထား မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများအား ဇူလိုင် (၂၆) ရက်နေ့ ပြန်လည်ပြောဆိုခဲ့ပါသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ပေးပို့လာသော သဘောထားပါရှိချက်အရ “၁၉၉၁ ခုနှစ် ခမရ (၃၂၁) တပ်ရင်းမှ တပ်မြေအဖြစ် သိမ်းယူခဲ့စဉ် ၎င်းမြေယာများမှာ မြေလွတ်မြေရိုင်း ဖြစ်နေသည့် အတွက် လျော်ကြေးအဖြစ် ပေးမည်မဟုတ်ကြောင်း” ဆိုထားပါသည်။ ရွှေညောင်ပင်ကျေးရွာကို ၁၉၈၄ခုနှစ် မတိုင်မီ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် ခမရ (၃၂၁) တပ်ရင်းက တပ်စခန်းစတည်ခဲ့သည်ဟု သိရပါသည်။ ထို့နောက် ၂၀၁၆-၂၀၁၇ ခုနှစ် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမှုများ ကျယ်ပြန့်လာပြီးနောက် ဒေသခံပြည်သူများ၏ သင်္ချိုင်းမြေ နှင့် အိမ်ခြံမြေ များကို တပ်မြေ ကျူးကျော်အဖြစ် တရားဝင် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရပါသည်။ လက်ရှိ တပ်မတော်သိမ်းဆည်းထားသော မြေယာများတွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးထားသည်ကိုသာ တွေ့ရပါသည်။ သို့သော်လည်း ဒေသခံများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထပ်မံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အိမ်ခြံမြေသိမ်းခံထားရသော Slg. Brang Hkum (ဦးဘရန်ခွမ်)က ယခုလိုပြောဆိုထားပါသည်။ “ကျနော်တို့တောင်းဆိုထားတာ မကောင်မြင်ဘူးပေါ့။ ဒါပေမယ့် ပြန်ပြီး သက်ဆိုင်ရာကို အသနားခံ ထပ်တင်သွားမယ်။ ဒေသခံတွေက စစ်တပ်နေရာကို လုယူနေတာမဟုတ်ဘူး။ ကိုယ့်မြေယာကို ရအောင်ယူချင်တယ်။ နောက်ဆုံး လျော်ကြေး မပေးချင်နေ။ ကိုယ်မြေယာကိုဘဲ ရအောင်တောင်းဆိုမယ် နောက်ထပ် တာဝန်ရှိတွေနဲ့ ညှိနှိုင်းပြီး ပြန်လုပ်ဆောင်သွားမယ်” … - [ရှမ်းမြောက် အစိုးရ တပ်မ(၉၉)ယာဉ်တန်း ကို KIA ထပ်မံ မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2019/07/27/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%af%e1%80%b8%e1%80%9b-%e1%80%90%e1%80%95%e1%80%b9%e1%80%99/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုဒေသမှတပ်အပြောင်းလဲနှင့်ဆင်းလာသော မြန်မာစစ်တပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဇူလိုင်လ ၂၆၊ သောကြာနေ့ည ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မုံးကိုဒေသ KIA တပ်မဟာ (၆) ဆိုပါသည်။ တပ်မ (၉၉) ယာဉ်တန်းကို Pangsai (Kyukok) မြို့အနီး Namba Tek ရွာနား KIA တပ်မဟာ (၆) တပ်ဖွဲ့များ မိုင်း ၁လုံး ဖောက်ခွဲတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပြောပါသည်။ “ည ၁၀ ခန့်မှာ တပ်အပြောင်းအလဲနဲ့ မုံးကိုဘက်က ဆင်းလာတဲ့ တပ်မ (၉၉) ကို ပန်ဆိုင်း၊ Namba Tek မှာ မိုင်း ၁လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်သား ၁ဦး ဦးခေါင်းမှာ ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့် တပ်မ (၉၉)တပ်ဖွဲ့သည် Mongkoe (မိုးကိုမြို့) အနီး Mankang (မန်ကန်)ကျေးရွာ နှင့် Manjak (မန်ဂျက်)ကျေးရွာ စခန်းများမှဖြစ်ကြသည်ဟု ဒေသခံများဆိုပါသည်။ လွန်ခဲ့သည့်နှစ်ရက် ဇူလိုင် (၂၄) ရက်နေ့မှာလည်း Namtau-Mungbaw (နမ်တောင်း-မုန်းဘော်) လမ်းကြောင်းမှ မုံးကိုဘက်ကို တပ်အပြောင်းအလဲနှင့်တက်လာသည့် တပ်မတော် ယာဉ်တန်းသည် Kawng Hka ရွာအနီး KIA တပ်ရင်း (၃၆) … - [မုံးကိုသို့ ဦးတည်သော တပ်မတော်ယာဉ်တန်းကို KIA မိုင်းဖြင့် ခုခံ တိုက်ခိုက်](https://burmese.kachinnews.com/2019/07/26/%e1%80%99%e1%80%b6%e1%80%af%e1%80%af%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%af%e1%80%9e%e1%80%ad%e1%80%af%e1%80%af%e1%82%94-%e1%80%a5%e1%80%ae%e1%80%b8%e1%80%90%e1%80%8a%e1%80%b9%e1%80%b1%e1%80%9e/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုဒေသသို့ဦးတည်လာသော မြန်မာစစ်တပ် ယာဉ်တန်းကို ဇူလိုင် ၂၄၊ ဗုဒ္ဓဟူးနေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းဖြင့် ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် မြန်မာစစ်သား (၃)ဦး သေဆုံးပြီး အခြား ဒဏ်ရာရရှိသူ (၁၆)ဦးထိရှိကြောင်း တပ်မတော် မုံးကိုစစ်ဗျူဟာ သတင်းအရ သိရသည်။ Namtau-Mungbaw (နမ်တောင်း-မုန်ဘော်)လမ်းကြောင်းမှ Mongkoe (မုံးကို) ဒေသသို့ တပ်မတော် စစ်ကား(၁၄)စင်းပါ ယာဉ်တန်း တက်လာစဉ် Kawng Hka (ကောင်းခါးရွာ)အလွန် Mungbaw (မုန်းဘော်ကျေးရွာ)အ၀င်မှာ KIA တပ်ရင်း (၃၆) တပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ “မုံးကိုဘက်ကို စစ်အင်အား ဖြည့်တင်းလာတာလား ဒါမှမဟုတ် တပ်အပြောင်းအလဲအတွက် တက်လာတာလားတော့ မသိဘူး။ မွန်းလွဲ ၁၂နာရီခန့်မှာ မုန်ဘော်အ၀င် ကောင်းခါးမှာ မိုင်း ၁လုံး ဖောက်ခွဲတိုက်ခိုက်တာပါ” ဟု မုံးကိုဒေသ KIA တပ်မဟာ (၆)မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ယခုလို မြန်မာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားလာခြင်း မရှိကြောင်း သိရသည်။ မြန်မာစစ်တပ်က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်ထားခြင်း ဒုတိယအကြိမ် နှစ်လ ရက်ထပ်တိုးခြင်းကို ဇွန်လ (၃၀)ရက်နေ့ပြုလုပ်ခဲ့သည်။ တချိန်တည်းမှာ ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးထား KIA အဖွဲ့၏ စစ်သား နှင့် လက်နက် စာရင်းပေးရန် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှ စာဖြင့် … - [ဂျော်မဆပ်စစ်ရှောင်စခန်းမှ မူကြိုဆရာမ ၄ ဦးကို ထောက်ပံ့ရန် အခက်အခဲရှိနေ](https://burmese.kachinnews.com/2019/07/25/%e1%80%b1%e1%80%82%e1%80%ba%e1%80%ac%e1%80%b9%e1%80%99%e1%80%86%e1%80%95%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9/): မြစ်ကြီးနား ဂျော်မဆပ် စစ်ရှောင်စခန်းအတွင်း ဖွင့်လှစ်ထားသော ကလေးမူကြိုကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ၄ ဦးကို လစာပေးရန် စစ်ရှောင်မိသားစုများ ဘက်မှ အခက်ကြုံတွေ့နေရကြောင်း သိရပါသည်။ ဆရာမ ၄ ဦး တာဝန်ထမ်းဆောင်နေသည်မှာ ၃လခန့်ရှိလာပြီ ဖြစ်သော်လည်း လုပ်အား လစာအဖြစ် မပေးနိုင်သေးကြောင်း စခန်းတာဝန်ခံ ဒေါ်ဘောမ်မျှော် က ယခုလို ပြောဆိုထား ပါသည်။ “အခုနောက်ပိုင်း ကူညီရေးအဖွဲ့တွေကလည်း မလာတော့ဘူး။ လက်ရှိ မူကြိုဆရာမအဖြစ် တာဝန်ထမ်း ဆောင်နေတာက ၄ယောက်ရှိတယ်။ သူတို့ကို လုပ်ခ လစာက မပေးနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ရှောင်တစ်ဦး တစ်လကို အများဆုံး ၁၅၀၀၀ခွဲ လောက်ပဲရတယ်။ အဲထဲမှာ တစ်ချို့က စားစရာမရှိတော့ ဆန်ဝယ်လိုက်။ လိုအပ်တဲ့နေရာမှာ သုံးလိုက်တာက ပိုများနေတယ်။ မူကြိုဆရာမတွေကို များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ လစာအဖြစ်ပေးဖို့က အခက်ခဲနေတာပေါ့”ဟု ပြောဆိုသည်။ ၎င်းမူကြိုကျောင်းကို ယခုနှစ် လဆန်းပိုင်းက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်စခန်းမှ မူကြိုကလေး ၃၆ ဦးကို ဆရာမ ၄ ဦးက တာဝန်ယူ ကြည့်ရှု့ပေးနေတာလည်း ဖြစ်ပါသည်။ ဆရာမ ၄ဦးကို မဖြစ်မနေ ကူညီထောက်ပံ့ရမည်ဖြစ်သောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သို့ အသနားခံ အကူညီ တောင်းခံသွားရမည်ဖြစ်ကြောင်း ဒေါ်ဘော်မျှော်က ဆက်လက်ပြောဆိုခဲ့ပါသည်။ ဂျော်မဆပ်စစ်ရှောင်စခန်းသည် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာအုပ်စု မှော်တောင်းကျေးရွာတွင် တည်ရှိပြီး အောင်လောဒ့်ပြည်သူများ ခိုလှုံနေသော စခန်းဖြစ်ပါသည်။ - [ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားစွဲခံရသော ကချင်လူငယ် ၂ ဦးအမှု မဆိုင်းနူးပန်ကို ထပ်မံစစ်ဆေး](https://burmese.kachinnews.com/2019/07/25/%e1%80%bb%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%85%e1%80%af%e1%80%85%e1%80%ae%e1%80%95%e1%80%af%e1%80%92%e1%80%b9%e1%80%99-%e1%81%81%e1%81%89-%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7/): ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေး တေးသရုပ်ဖော်ပြမှုကြောင့် တရားစွဲဆိုထားခံရသော လူငယ် ၂ ဦးအမှု မဆိုင်းနူးပန်ကို ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပါသည်။ တရားလိုဘက် သက်သေအားလုံးနှင့် တရားစွဲခံရသူများဘက် ကိုပေါလုကို လွန်ခဲ့သည့် ဇူလိုင် ၁၈ ရုံးချိန်းအထိ စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် တရားစွဲခံရသူတစ်ဦး မဆိုင်းနူးပန်ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှ စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ “ကျမတို့က အကြောင်းကြားခဲ့တယ်။ တကယ်တမ်းလည်း တရားလိုဘက်နဲ့ ဇွန်လ ၆ရက်နေ့ တရားဝင်ဆွေးနွေးခဲ့တယ်။ ပြီးမှ ရဲစခန်းကိုအကြောင်းကြား စကားပြောခဲ့တယ်။ သူတို့ဘက်က ခွင့်ပြုမိန့်တင်စရာမလိုဘူး။ ငြိမ်းစုစီ တင်စရာမလိုဘူး။ ပွဲမိန့်ဘဲတင်ပါ။ ဆိုပြီးပြောခဲ့တယ်။ အဲ့ကြောင့် မတင်ခဲ့ဘူး။ ပွဲမိန့်နဲ့သာ သွားခဲ့တယ်။ အခုက ငြိမ်းစုစီ နဲ့စွဲတယ်။ ဒါ့ကြောင့် ကျမတို့မှာ အပြစ်မရှိဘူး”ဟု ထွက်ဆိုခဲ့ကြောင်း မဆိုင်းနူးပန် ပြောဆိုခဲ့သည်။ လမ်းဘေးတေးသရုပ်ဖော်ပြခဲ့သည်မှာ တစ်စုံတစ်ယောက်ကို နစ်နာအောင် ပြုလုပ်ခြင်းမဟုတ်သလို လက်ရှိ ငြိမ်းချမ်းရေးကို တွန်းအားပေးခြင်းသာဖြစ်ပြီး စစ်ရှောင်ပြည်သူများ ၈ နှစ်အတွင်း ကြုံတွေ့ခဲ့သော အခက်အခဲများကိုလည်း မြန်မာတစ်ပြည်လုံး သိအောင် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆက်လက်ပြောဆိုခဲ့ပါသည်။ လာမည့် သြဂုတ်လ ၁ရက်နေ့တွင် ထပ်မံရုံးချိန်းထားပြီး တရားစွဲခံရသူများဘက် တင်ပြထားသော သက်သေ ၆ဦးအနက် ၂ဦးကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်တရားရုံးမှ သိရပါသည်။ မြို့နယ်တရားရုံးမှ ရုံးချိန် ၇ ကြိမ်ချိန်းဆိုခဲ့ပြီ ဖြစ်သော်လည်း တရားလို ယာယီ ဒုရဲမှူး မင်းသန့်ဇော် ဘက်ကတော့ စစ်ဆေးမှု တစ်ရက်သာတက်ရောက်ခဲ့ပြီး ကျန်ရုံးချိန်းများတွင် တက်ရောက်ခဲ့ခြင်း … - [တရုတ်နိုင်ငံတွင်ကျင်းပမည့် ကျူရှင်းကာရာတေးပြိုင်ပွဲသို့ ကချင်လူငယ် ၃ ဦးပါဝင်ယှဉ်ပြိုင်မည်](https://burmese.kachinnews.com/2019/07/24/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%95/): တရုတ်နိုင်ငံတွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် အာရှကျူရှင်းကာရာတေး ပြိုင်ပွဲကြီးတွင် ကချင်ပြည်နယ်မှ ကချင်လူငယ် ၃ဦးပါဝင်ကာ မြန်မာနိုင်ငံကိုယ်စားအဖြစ် သွားရောက်ယှဉ်ပြိုင်နေပြီ ဖြစ်ကြောင်းသိရပါသည်။ ဇူလိုင် ၂၇ ရက်နေ့ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် အာရှ ၁၅ နိုင်ငံပြိုင်ပွဲမှာ ကချင်ပြည်နယ် မှ ၃ ဦး နှင့် ရန်ကုန်မှ ၃ ဦး စုစုပေါင်း လူငယ် ၆ ဦး သွားရောက်နေခြင်း ဖြစ်သည်ဟု သိရပါသည်။ ကချင်ပြည်နယ်မှလူငယ် ၃ ဦးအနက် ၂ ဦးမှာ စစ်ရှောင်စခန်းမှ ဖြစ်ကြောင်း ကချင်ပြည်နယ် Zai Wunpawng Kyoshin Karate Club အသင်းမှ နည်းပြ ဦးယိန်းခေါ် (Slg.Bwi Lap Ying Bawm) ထံမှ သိရပါသည်။ ၄င်းတို့မှာ မြစ်ကြီးနား တပ်ကုန်းစစ်ရှောင်စခန်းမှ မောင်ဂေါလုဒွဲလတ် (Shd.Gawlu Doi Lat) နှင့် မောင်ဒေးဂျာဆန် (Shd. Day Ja San) တို့ ၂ ဦးဖြစ်ပြီး နောက် ၁ ဦးမှာ မြစ်ကြီးနား YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်မုန်ရာ (Shd.Mung Ra) တို့ဖြစ်ကြသည်။ မောင်ဂေါ်လုဒွဲလတ်သည် အသက် ၁၂ နဲ့ ၁၃ ကြား၊ မောင်ဒေးဂျာဆန်သည် အသက် ၁၀ နဲ့ ၁၁ကြား နှင့် မောင်မုန်ရာ သည် ၇၀ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောပါသည်။ လက်ရှိသွားရောက်ယှဉ်ပြိုင်မည့်ပွဲမှာ … - [မြစ်ကြီးနားတက္ကသိုလ်တွင် ဆင်တုတ်ကွေး ပျံ့ပွား](https://burmese.kachinnews.com/2019/07/24/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%90%e1%80%80%e1%81%a0%e1%80%9e%e1%80%ad%e1%80%af%e1%80%af%e1%80%9c%e1%80%b9%e1%80%90%e1%80%bc/): ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဆောင်တွင် နေထိုင်ကြသည့် ကျောင်းသားအချို့ ဆင်တုတ်ကွေး ကူးစက်နေပြီဖြစ်ကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ထံမှ သိရသည်။ “မိုးညှင်း၊ မိုးကောင်းဘက်ကို အိမ်ပြန်သွားတဲ့သူတွေ ကူးစက်လာတာတွေက ခုကျောင်းအတွင်းဆောင်မှာပြန်ရောက်တော့ အဆောင်တွေမှာပြန့်လာတာ ခုကျနော်ကိုယ်တိုင်ကလည်း ကူးခံနေရတယ်” ဆိုပြီး ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကို အာကာကျော် က ဆိုသည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂက ဆင်တုတ်ကွေးကူးစက်မှု ကြိုတင်ကာကွယ်ပေးရန်နှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ထံ စာတင်ပြတောင်းဆိုထားကြောင်း ကို အာကာကျော် က ကချင်သတင်းဌာန KNG သို့ ပြောသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့တင်ပြထားတဲ့အတိုင်းဘဲ အဆောင်တွေမှာ ဆေးဖျန်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်။ ဒီကနေ့ဘဲ ပြည်နယ်ကျန်းမာရေးဦးစီးဌာနကို စာပို့ထားတယ်။ နောက်တစ်ခုကတော့ ခုနပြောတဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အဆောင်နေတဲ့သူတွေကို တိုင်းရင်းဆေးဝါးတွေ တိုက်ကျွေးဖို့ အဆောင်မှူးတွေကို ပြောလိုက်တယ်” ဟု မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဆိုသည်။ လက်ရှိ ယင်းဆင်တုတ်ကွေးကူးစက်ခံရသူ ဦးရေသည် အနည်းငယ်သာရှိပြီး တုတ်ကွင်းဖြစ်ပွားသော ကျောင်းသားများကို ၎င်းတို့မိဘများမှ ပြန်လည်ခေါ်ယူသွားပြီဖြစ်ပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း ကဆက်ပြောသည်။ ကချင်ပြည်နယ် မိုးးညှင်း၊ မိုးကောင်းတို့တွင် လွန်ခဲ့သည့်လမှစပြီး ဆင်တုတ်ကွေးတစ်မြို့လုံး ကူးစက်ခံနေရကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ကြပြီး တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပရဟိသ အဖွဲ့အစည်းများမှ သွားရောက်ဆေးကုသပေးနေကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင်လည်း H1N1 ရာသီတုတ်ကွေးဖြစ်ပေါ်သူ ဇူလိုင်လ တတိယပတ်အထိ (၂၃)ဦး ရှိခဲ့ပြီး သေဆုံးသူ (၁)ဦးအထိရှိနေပြီဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ Z. Lum … - [ရေဘေးဒဏ်ခံ နောင်မွန်းဒေသခံများအတွက် အကူညီလိုအပ်နေဆဲ](https://burmese.kachinnews.com/2019/07/23/%e1%80%b1%e1%80%9b%e1%80%b1%e1%80%98%e1%80%b8%e1%80%92%e1%80%8f%e1%80%b9%e1%80%81%e1%80%b6-%e1%80%b1%e1%80%94%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%92/): ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်း ရေကြီးရေလျှံမူ လျော့ကျသွားသည်မှာ ၁၀ရက်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ရေဘေးကြုံတွေ့ခဲ့ရသည့် ဒေသခံများအတွက် အကူညီအထောက်အပံ့ လိုအပ်နေဆဲ ဖြစ်ကြောင်း နောင်မွန်းမြို့ရှိ အရပ်ဘက်အဖွဲ့စည်းများထံမှ သိရသည်။ “စပါးကျီက ရေမြုပ်ကုန်တော့ စပါးတွေက နုံးနဲ့ဘာနဲ့ ဖြစ်နေပြီ။ စားစရာမရှိတော့ အဲဒီစပါးတွေကို နုံးပြောင် အောင်ရေနဲ့ဆေးချပြီး ကျက်ခိုးစင်ပေါ်မှာ မီးအပူနဲ့ခြောက်အောင်လုပ်ကြတယ်။ အဲစပါးတွေခြောက်မှ လက်ဆုံမှာပြန်ထောင်းပြီး စားနေကြရတယ်။ အရမ်းကို ခက်ခဲနေကြတယ်။ ရေမြုပ်တာတော့ အိမ်ခြေ ၂၁အိမ်ကျော် ဆိုပေမယ့် လောလောဆယ် ၈ အိမ်က စားစရာလုံးဝမရှိတဲ့ အခြေနေမှာ ဖြစ်နေတယ်။ ကျန်တဲ့အိမ်တွေကတော့ စားစရာနည်းနည်းတော့ ရှိသေးတယ်။ ဒါပေမယ့် သူတို့လည်း လချီပြီးတော့ စားဖို့ရာတော့ မရှိကြတော့ဘူး” ဆိုပြီး နောင်မွန်းမြို့ အရပ်ဖက်အဖွဲ့စည်းမှ ဦးထိန ကပြောသည်။ ရေကြီးရေလျှံမူဖြစ်ခဲ့သည့် နေရာသည် နောင်မွန်းမြို့မှ ၉မိုင်ခန့်ကွာဝေးသည့် ရပ်ဘော့နှင့် ဘာဘော့ကျေးရွာများအတွင်းရှိ နေရာများဖြစ်ကာ လူနေအိမ်များနှင့် စပါးကျီများ၊ လမ်းတံတားများ၊ လယ်ယာမြေများ များစွာဆုံးရူံးပျက်စီး သွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ “ ပျက်စီးသွားတဲ့ လယ်မြေ၊စပါးကျီတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ လယ်မြေ ခန့်ခွဲရေး ကော်မတီအဖွဲ့တွေကနေ စာရင်းကောက်ပြီးတော့မှ ကချင်ပြည်နယ်အစိုးရအဖွဲ့ထံကို စာရင်း တင်ထားပြီး ဖြစ်တယ်။ မြို့မှာလိုရေဘေးအတွက် ထမင်းတစ်နှပ် နှစ်နှပ်အဲလိုပေးရမယ့်အနေထားထက် သူတို့ရဲ့ ဆုံးရူံးမူကိုသေချာတွက်ချက်ပြီးတော့ နစ်နာကြေးကို အစိုးရရော လူကယ်ပြန်ရော ဆောင်ရွက်ရမယ့် အနေထားဖြစ်တော့ စာရင်းစာယားမှားမှာစိုးလို့ သေချာတင်ထားပြီဖြစ်တယ်။ လက်တွေ့ကူညီထောက်ပံ့ရမယ့်အပိုင်းနဲ့ ပတ်သက်ပြီးတော့ လူမူရေးဝန်ကြီးဌာနတွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်။” ဆိုပြီး နောင်မွန်းမြို့နယ် … - [မြစ်ကြီးနား ပမ္မတီးစစ်ရှောင်များ ‘စစ်ရှောင်အတု’ ဟု အမြင်လွှဲ ခံနေရ](https://burmese.kachinnews.com/2019/07/23/%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-%e1%80%95%e1%80%99%e1%81%bc%e1%80%90%e1%80%ae%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးကျေးရွာအတွင်းရှိ စစ်ရှောင်စခန်းသည် စစ်ရှောင် ‘အတု’ မဟုတ်ကြောင်း ယင်းစစ်ရှောင်စခန်းအား ကူညီဆောင်ရွက်ပေးနေသည့် Assembly of God အသင်းတော်နယ်မြေ (၁၀)မှ ဥက္ကဌ သင်းအုပ်ဆရာတော် Rev. Dashi Tang Nau က ပြောသည်။ စစ်ရှောင်အဖြစ်နေထိုင်လာကြသည်မှာ ၁ နှစ် နီးပါးရှိလာပြီဖြစ်သော်လည်း ပမ္မတီးစစ်ရှောင်စခန်းသည် အစိုးရ၏တရားဝင်စစ်ရှောင်စခန်းအဖြစ် သတ်မှတ်ထားခြင်း မခံရသေးသည့်အပြင် ‘စစ်ရှောင်အတု’ ဖြစ်သည်ဟု ပြောဆိုနေကြသည့်အပေါ် သင်းအုပ်ဆရာတော် Rev. Tang Nau က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြသည်။ “ဒီစစ်ရှောင်စခန်းက နမ္မတီး၊ ကံလှ အသင်းတော်ကနေ အစိုးရရဲ့တရားဝင်နုတ်မိန့်နဲ့ပြောင်းလာတာ ဟုတ်တယ်။ ဒါကို စစ်ရှောင်အတုပါဆိုပြီး အဖွဲ့စည်းတိုင်းကို လိုက်ပြောနေတဲ့သူ တစ်ယောက်ရှိတယ်။ ကျနော်တို့အနေနဲ့ ဒီလိုမလုပ်ဖို့အတွက်လည်း သူ့ကို အကြိမ်ကြိမ်တားမြစ်ခဲ့ပါသေးတယ်။ ဒီစစ်ရှောင်တွေ Kasung ကနေ နမ္မတီးကို စပြောင်းလာတဲ့ချိန်မှာ ဒီစစ်ရှောင်တွေရဲ့ တာဝန်ခံအဖြစ်ခန့်ထားတာ ဟုတ်တယ်။ ဒါပေမယ့် သူ့ကြောင့်ဒီလောက်များတဲ့လူတွေ ဒုက္ခဆင်းရဲခံနေရတာ ကျနော်တို့လည်း မကြည့်နိုင်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ အသင်းတော်ကလူကြီးတွေ အစည်းအဝေးလုပ်ပြီး အမှုတော်ဆောင်ကနေလည်း ရပ်နားခွင့်ပြုလိုက်ပြီဖြစ်တယ်” ဟု သင်းအုပ်ဆရာတော်က ပြောသည်။ ယင်းစစ်ရှောင်စခန်းသည် မြစ်ကြီးနားမြို့ပေါ်ရှိ Pangmati (ပမ္မတီး)ရပ်ကွက်တွင် မိုးကာတဲများဖြင့်သာနေထိုင်နေကြရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများလည်း မရရှိကြသည့်အတွက် အခက်ခဲများစွာရင်ဆိုင်နေကြရသည်။ “ကျနော်တို့ သက်ဆိုင်ရာဌာနတွေမှာ စာအကြိမ်ကြိမ်တင်ပြီးပြီ ဘာမှထူးမလာဘူး။ ကျနော်တို့ လီဆူလူမျိုးတွေဖြစ်နေလို့များလား တစ်ခါတစ်လေအဲလိုတွေတောင် စဉ်းစားမိတယ်။ ဘာသေချာမူမရှိတဲ့ ပြောတဲ့စကားတွေကို ယုံကြလို့လား အရင်လူမူရေးဝန်ကြီးကအစ … - [ဖားကန့်တွင် လုယက် လူငယ်အဖွဲ့ကို ဖမ်းဆီး](https://burmese.kachinnews.com/2019/07/22/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9c%e1%80%af%e1%80%9a%e1%80%80%e1%80%b9-%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%a1/): လုံးခင်းအုပ်စု ကျေးရွာများအတွင်း လုယက်မှု ကျူးလွန်နေသော လူငယ်တစ်ဖွဲ့အား ဇူလိုင် ၂၀ ရက်နေ့ ဖမ်းဆီးရမိကြောင်း လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ “ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက သတင်းရလို့ သွားဖမ်းတဲ့ချိန် သူတို့က ဓါး၊ ဒုတ်တွေနဲ့ပြန်ခုခံတာ ကျနော်တို့ဘက်က လူများလို့ဘဲ မဟုတ်ရင် မဖမ်းနိုင်ဘူး။ ခုအားလုံး စုစုပေါင်း ၇ ယောက်ဖမ်းမိထားပြီ ဖမ်းမိထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာ လုံးခင်းနယ်မြေခံရဲစခန်းမှာ အပ်လိုက်ပြီ။” ဆိုပြီး သွားရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် မှော်စီဇာအုပ်စုအပိုင်မှ ရပ်ကွက်မှူး ကိုဖိုးပွား ကပြောသည်။ ဇူလိုင်လ ၂၀ ရက်နေ့ လယ်ပြင်နှစ်မျက်နှာ ဘုရားလမ်းအတက်လမ်းတွင် ဖြစ်ပွားခဲ့သည့် လုယက်မူမှ တစ်ဆင့် ခြေရာခံ ဖမ်းမိသွားခြင်းဖြစ်သည် ဟု သိရပါသည်။ ယင်းလုယက်မူတွင် ဖုန်း ဆင်းကတ် ၂ ကဒ် ထိုးထားသည့် ကိုမောင်ထွန်း၏ ဖုန်းအား လုယူသွားခဲ့ပြီးနောက် ဆင်းကတ်တစ်ခုကိုသာ ထုတ်ပြီး ကျန်တစ်ကဒ်ကို မထုတ်ဘဲ သုံးစွဲနေရာမှ စိုးဘထ္ထရီဆိုင်တွင် အားသွင်းထားချိန် ဖုန်းပိုင်ရှင်မှ ၄င်း၏ဖုန်းအားဆက်သွယ်ပြီး ခြေရာခံကာ လုယှက်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်မှူး ဖိုးပွားပြောပါသည်။ အဆိုပါ လုယှက်သူ ၂ ဦး၏ထွက်ဆိုချက်ကြောင့် နောက်ထပ် ၅ ဦးပြန်လည်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။ “အစတော့ ၂ယောက်အရင်ဖမ်းမိတာပေါ့နော်။ နောက်မှကျန်တဲ့ ၅ယောက်ပြန်ဖမ်းမိတာ ခုသူတို့ရဲ့စစ်ချက်တွေပေါ်မူတည်ပြီးတော့မှဘဲ ပုဒ်မဘယ်လောက်နဲ့စွဲသွားမယ်ဆိုတာ သိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦး နှစ်ဦးမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့တွေက လုပ်ထားထာတွေများနေတော့ ဘယ်ချိန်မှာ ဘယ်သူ့ဆီက … - [အမေရိကန် ဒဏ်ခတ်အရေးယူမှု မြန်မာစစ်ခေါင်းဆောင်များကိုသာ ထိခိုက်](https://burmese.kachinnews.com/2019/07/21/%e1%80%a1%e1%80%b1%e1%80%99%e1%80%9b%e1%80%ad%e1%80%80%e1%80%94%e1%80%b9-%e1%80%92%e1%80%8f%e1%80%b9%e1%80%81%e1%80%90%e1%80%b9%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%9a%e1%80%b0%e1%80%99%e1%82%88/): အမေရိကန်အစိုးရ၏ မြန်မာစစ်ခေါင်းဆောင် ၄ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်းသည် အစိုးရကို ထိခိုက်စေမှာမဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီးများ၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကိုသာ ထိခိုက်စေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာကြီး Lazum Kam Hpang (လဇွမ်ကမ်ဖန်) က ပြောပါသည်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဒဏ်ခတ်အရေးယူလိုက်သည့် ပုဂ္ဂိုလ်လေးဦးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦး နှင့် ဗိုလ်ချုပ် အောင်အောင် တို့ဖြစ်ကြပါသည်။ “ပိုပြီး ဆက်နွယ်အောင်ပြောရမယ်ဆိုရင် စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ စတာတွေက ထိခိုက်မယ်။ အမေရိကန်က အခြေအမြစ်တစ်ခုကိုင်မိပြီဆိုတာနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့မိသားစု၊ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာ ရှိတဲ့ သူတို့ရဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ပင်ခံရနိုင်တယ်။ သူတို့ သားသမီးတွေ ကျောင်းတက်နေတာ ရှိရင်လည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် သိပ်တော့မလွယ်လှဘူး” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေချိန် ဆရာကြီး Lazum Kam Hpang က ဆိုသည်။ ပတ်ဆို့အရေးယူမှုကို အပိုဒ် ၇၀၃၁၊ (ဂ)၊ ၂၀၁၉ ခုနှစ် ဥပဒေအရ နိုင်ငံခြားအစိုးရ အရာရှိများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု နှင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုရှိကြောင်း ခိုင်လုံသော အချက်အလက်ရှိလျှင် ကျူးလွန်သူ ပုဂ္ဂိုလ်တွေနှင့် မိသားစုဝင်တွေဟာ အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါသည်။ ယခုလို ဒဏ်ခတ်အရေးယူလိုက်ခြင်းသည် တပ်မတော် ခေါင်းဆောင် ၄ ဦးမက ၎င်းတို့၏ မိသားစုဝင်များပင် ထိခိုက်လာနိုင်သောကြောင့် စစ်ဗိုလ်ချုပ်များအနေဖြင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ကြောင်း … - [နန့်ဝါသစ်တော်ကြိုဝိုင်းကို ဒေသအစုအဖွဲ့ပိုင် CF လျှောက်ရာတွင် အခက်အခဲ ဖြစ်နေ](https://burmese.kachinnews.com/2019/07/20/%e1%80%94%e1%80%94%e1%80%b9%e1%82%94%e1%80%9d%e1%80%ab%e1%80%9e%e1%80%85%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%81%be%e1%80%80%e1%80%ad%e1%80%b3%e1%80%9d%e1%80%af%e1%80%ad%e1%80%84%e1%80%b9/): ဝိုင်းမော်မြို့နယ်အတွင်းရှိ တစ်ရုတ်တစ်သျှူးငှက်ပျောစိုက်ထားသည့် နမ့်ဝါသစ်တောကြိုးဝိုင်းအား ဒေသအစုအဖွဲ့ပိုင် သစ်တောမြေ CF လျှောက်ရာတွင် မြေခွဲဝေမူနဲ့ ပတ်သက်ပြီး ဒေသခံများအကြား ညီညွှတ်မူမရှိဖြစ်နေသောကြောင့် CF လျှောက်ရာ အဆင်မပြေမူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ခရိုင်သစ်တောဦးစီးမှူးနဲ့ ဒေသခံများတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မြေရရှိရေး ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ဦးလကျန်ဇေခေါင်က ယခုလို ပြောသည်။ “သူတို့က လုပ်ရမယ် လျှောက်ရမယ်လို့ပြောတာမှန်တယ်။ ဒါပေမယ့် မြို့နယ်ဦးစီးမှူးကနေ မြေခွဲကော်မတီ ဆိုတာလုပ်လာတဲ့ချိန်မှာ ကျနော်တို့အသင်းသားတွေအနေနဲ့လျှောက်ဖြစ်အောင်ဆိုပြီး မြေခွဲကော်မတီ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာ CF လျှောက်ခွင့်မရသေးဘူး။ လျှောက်ထားတာလည်း ဘယ်ရောက်သွားလဲမသိဘူး။ ဘာလို့မရလဲဆိုတော့ သူတို့ပြောတာက နင်တို့ချင်းချင်းမညီညွှတ်ဘူး နင်တို့ အချင်းချင်း ညီညွှတ်ရင် ပြသာနာမဖြစ်ရင် လျှောက်လို့ရနိုင်တယ်ဆိုပြီးပြောလာတယ်။” ဆိုပြီး မြေယာပြန်လည်ရရှိရေးဦးဆောင်နေသူ ဒေသခံဦးလကျန်ဇေခေါင်ကပြောသည်။ အဆိုပါသစ်တောကြိုးဝိုင်းတွင် မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ ကျေးရွာများမှ ဒေသခံ ၁၃၆ ပါဝင်ပြီး ၎င်းတို့အား အစုအဖွဲ့ပိုင်သစ်တောကြိုးဝိုင်းအဖြစ် ပြန်လည်စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်သို့ တိုင်ကြားခဲ့ကြပြီး နှစ် ၂၀ ကြာမြင့်ပြီးနောက် ဇွန်လ ၂ရက်နေ့တွင် ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ပြန်လည်လုပ်ကိုင်စေရန် သဘောတူခဲ့ပြီးဖြစ်သည်။ သို့သော်လက်ရှိချိန်တွင် ဒေသခံ ၁၃၆ ဦးထဲမှ လက်ငုပ်လက်ရင်းအတိုင်း ရရှိလိုသည့် တစ်ဦးတစ်ယောက်၏ လုပ်ဆောင်မူကြောင့် ယခုလိုဖြစ်နေရကြောင်း ဒေသခံအချို့ကပြောဆိုကြသည်။ “ ဒီကိစ္စက ကျနော်တို့ထဲက တစ်ယောက်သောသူက တစ်ခြားအဖွဲ့အစည်းကလူတွေနဲ့ပေါင်းပြီး ဒီအဖွဲ့ထဲမှာ ပြေလည်မူမရအောင်လုပ်ဆောင်နေတာ ဟုတ်တယ်။” ဆိုပြီး ဒေသခံတစ်ဦးကဆိုသည်။ ထိုနေရာတွင် ယခင်ကတည်းက လုပ်ကိုင်လာခဲ့ကြသည့် သူများရှိသကဲ့သို့ နောက်ပိုင်း … - [တရုတ်ငှက်ပျောစိုက်ခင်းတွင် ကုမ္မဏီနှင့် အလုပ်သမားများကြား လစာနှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်](https://burmese.kachinnews.com/2019/07/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%84%e1%80%bd%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%84%e1%80%b9%e1%80%b8/): ဝိုင်းမော်မြို့နယ် ဒိန်ဂျန်ကျေးရွာအနီးရှိ တရုတ်တစ်သျှုးငှက်ပျောကုမ္မဏီတစ်ခုတွင် လုပ်ခလစာနှင့်ပတ်သက်ပြီး အလုပ်သမားများနှင့် ကုမ္မဏီဘက် တာဝန်ခံများ အငြင်းပွားမူဖြစ်နေကြောင်း ငှက်ပျောခင်းတွင် အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။ လခ လစာကြိုထုတ်ပေးရန်အတွက် ညှိနိုင်းထားသော်လည်း ကြိုထုတ်ပေးခြင်းမရှိသည့်အပြင် အလုပ်ဆင်းရန် ကုမ္မဏီဘက်မှ စေခိုင်းလာသည့်အတွက် ဖြစ်သည်ဟု အလုပ်သမားများနှင့် ကုမ္မဏီကြား စကားပြန်လုပ်ပေးသူ ကိုအားဆန်းက ခုလိုပြောပါသည်။ “သူတို့ပြောထားတဲ့အတိုင်း ရိက္ခာဝယ်ဖို့လစာကြိုထုတ်ပေးမယ်ပြောထားကြပြီး ခုထိမထုတ်ပေးကြဘူး။ ထုတ်ပေးမယ်ဆိုပြီး တစ်ရက်ပြီးတစ်ရက်ချိန်းနေတာ ဒီနေ့က လစာကြိုမထုတ်ပေးတဲ့အပြင် အလုပ်လာဆင်းခိုင်းနေကြတယ်။ အလုပ်သမားတွေကလည်း လစာကြိုမထုတ်ရင် မဆင်းနိုင်ဘူးပြောတော့ မဆင်းနိုင်တဲ့သူ အိပ်ယာလိပ်ပြီးပြန်ဆိုပြီး ပြောလာလို့ ကျနော်စိတ်အရမ်းတိုချင်တာနဲ့ အဲကုမ္မဏီက တာဝန်ခံတစ်ယောက်ကိုတောင် ၂ ချက်စွဲထိုးလိုက်တယ်။ မတရားလုပ်တာတော့ ကျနော်လည်း မကြည့်နိုင်ဘူးဆိုပြီး” စကားပြန်လုပ်သူ ကဆိုသည်။ တစ်သျှူးငှက်ပျောစိုက်ခင်းတွင် နေ့စားလုပ်ကိုင်သူများရှိသကဲ့သို့ အပင်ပြတ်လုပ်ကိုင်သူများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။ ယခုပြသာနာဖြစ်နေသည့် သူများသည် အပင်ပြတ်လုပ်ကိုင်နေကြသူများဖြစ်ပြီး တရုတ်တစ်သျှူးကုမ္မဏီဘက်မှ အလုပ်သမားများအတွက် ၁၅ရက်လျှင် တစ်ကြိမ် တစ်လလျှင် လစာ ၂ကြိမ်ကြိုထုတ်ပေးရန် သဘောတူထားကြောင်း သိရပါသည်။ သို့သော်လက်ရှိတွင် အပင်ပြတ်လုပ်ကိုင်နေကြသည့်အလုပ်သမားများအား ၁၅ ရက်ကျော်လွန်နေပြီ ဖြစ်သော်လည်း လစာကြိုထုတ်ပေးခြင်းမရှိသေးကြောင်း ယင်းဌက်ပျောစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသူ ဦးလုတ်စိန်ယိန်းချန်းက ခုလိုပြောသည်။ “ကျနော်တို့မှာ ရိက္ခာဝယ်စရာလည်း ပိုက်ဆံမရှိတော့ဘူး။ စားဖို့သောက်ဖို့ ဆေးဖိုးတွေအားလုံးက အဲပိုက်ဆံရမှ အဆင်ပြေမှာ တစ်ချို့ဆိုနေမကောင်းတာတောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိကြဘူး။ တစ်ကယ်ဘဲ ကျနော်တို့ပြည်သူတွေကို တရုတ်ကုမ္မဏီတွေကအရမ်းနိုင်စားတယ်။”ဟု ပြောပါသည်။ အပင်ပြတ်သမားများသည် တစ်ဦးလျှင်ငှက်ပျောပင် ၂၅၀၀ တာဝန်ယူရပြီး ၄င်းတွင် ငှက်ပျောပင်များအား ပေါင်းရှင်းခြင်းမှ ငှက်ပျောခိုင်ခုတ်လို့ရသည့် အထိပြုစုကြရကြောင်း ပြောပါသည်။ ပေါင်းရှင်းရန်အတွက် အပင်ပြတ်သမားများသည် နေ့စားများပြန်ခေါ်ကြပြီး … - [ဗန်းမော် မြစ်တစ်ဖက်ကမ်းကျေးရွာများတွင် ရေမကျသေးသဖြင့် အကူအညီလိုအပ်](https://burmese.kachinnews.com/2019/07/19/%e1%80%97%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9-%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%96%e1%80%80%e1%80%b9%e1%80%80%e1%80%99%e1%80%b9%e1%80%b8/): ကချင်ပြည်နယ် ဗန်မော်မြို့အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နေသည်မှာ ၁ပတ်ကျော်ခန့်ရှိလာပြီ ဖြစ်သော်လည်း လျော့ကျမှု မရှိသေးဘဲ မြစ်ဖက်ကမ်းရှိ ကျေးရွာများမှာ စားနပ်ရိက္ခာ အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရပါသည်။ ဗန်မော်မြို့အတွင်း အချို့ရပ်ကွက်များတွင် ရေအနည်းငယ်ကျဆင်းသွားသော်လည်း မြစ်တစ်ဖက်ကမ်းရှိ ပါးပေါင်းကျေးရွာတွင်မူ ရေကျဆင်းမှုမရှိသေးဘဲ အိမ်ခြေ ၃၀၀ကျော်ခန့်က စားရပ်ရိက္ခာထောက်ပံ့များနှင့် အကူအညီများ လိုအပ်နေကြောင်းကို ဒေသခံ သင်းထောက် ဦးဘရန်တောင်ထံမှ သိရပါသည်။ “အခုချိန်မှာ ရေကလုံးဝမကျဘူး။ ရေဘေးသင့် ပြည်သူတွေက စားနပ်ရိက္ခာတွေ ပြတ်နေပြီ။ အဓိကတော့ သောက်ရေနဲ့ ဆေးဝါးပစ္စည်းတွေ လိုနေတယ်။ အားလုံးက ရေနစ်နေတဲ့ အိမ်ပေါ်မှာ ငုတ်တုတ်ထိုင်နေကြတယ်။ ဘယ်အထောက်အပံ့အကူအညီလည်းမလာကြဘူး”ဟုပြောဆိုခဲ့သည်။ အဆိုပါ ပါပေါင်းကျေးရွာမှ ရေဘေးသင့် ပြည်သူများမှာ ရေနစ်နေသည့် အိမ်ခေါင်မိုးပေါ်တွင်သာမက ရေလွတ်ကုန်းပေါ်များတွင် တိမ်းရှောင်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူမျာ၏ ကူညီထောက်ပံ့မှုကို မျှော်လင့်နေရကြောင်း ဆိုပါသည်။ ဇူလိုင်လ ၁၃ရက်နေ့ ဧရာဝတီ မြစ်ရေသည် စိုးရိမ်မှတ်ကျော်လွန်၍ မြင့်တက်မှုလာသောကြောင့် ဗန်မော်မြို့အတွင်းရှိ ဆင်ကုန်းရပ်ကွက်၊ မဟာဒီးရပ်ကွက်၊ ခွန်သာရပ်ကွက်၊ တပ်ကလေးရပ်ကွက် စသောရပ်ကွက်တို့မှာ ရေလွှမ်းမိုးခဲ့သောကြောင့် ဒေသခံပြည်သူများ ရေဘေးသင့် ပြသာနာ ကြုံတွေ့ခဲ့ရပါသည်။ Photo- Hpauyam La Aung - [နေရပ်ပြန်စစ်ရှောင်များလည်း ကူညီမှု မရရှိသေး](https://burmese.kachinnews.com/2019/07/17/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-2/): ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်ဘာသာရေးအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသော Kachin Humanitarian Concern Committee KHCC နဲ့ အစိုးရဘက် ပြည်ထောင်စု ပြန်လည်နေရာချထားရေးဌာန ဒုဝန်ကြီး ပါဝင်သောအဖွဲ့ တို့ ဆွေးနွေးမှုသည် လွန်ခဲ့တဲ့ မေလက နောက်ဆုံးပြုလုပ်ခဲ့ပြီး အခုလ ၂၄ ရက်နေ့ မှာလည်း ထပ်မံတွေ့ဆုံမယ်လို့ သိရပါတယ်။ ဒါ့အပြင် နေရပ်ပြန်ထားနှင့်ပြီဖြစ်သော စစ်ရှောင်များလည်း ကူညီမှု မရလို့ ခက်ခဲနေကြောင်း ပြောဆိုသွားပါတယ်။ အခြေအနေအသေးစိတ်ကို KBC ဖွံ့ဖြိုးရေးဌာနတာဝန်ခံ KHCC အဖွဲ့မှ ဆရာခါးလီ ကို ကချင်သတင်းဌာန KNG က မေးမြန်းတင်ပြထားပါတယ်။ မေး ။ ။ ဆရာတို့ KHCC အနေနဲ့ စစ်ရှောင် နေရပ်ပြန်နိုင်ဖို့ လက်ရှိ လုပ်ဆောင်နေတဲ့အပေါ် ပြောပြပေးပါ။ ဖြေ ။ ။ KHCC အနေနဲ့တော့ စစ်ရှောင်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့ လုပ်နေပါတယ်။ အဲဒီတော့ စစ်ရှောင်တွေလည်း ယခုဆို အားလုံးသိတဲ့အတိုင်း ၈ နှစ်တောင် ကျော်လာပြီ။ အခက်အခဲတွေလည်း ပိုပြီးများလာသလို စစ်ရှောင်မိသားစုတွေလည်း နေပြန်ရပ်ကို ပိုပြီးပြန်ချင်လာကြတယ်။ ဒါကြောင့် ကျနော်တို့ KHCC က နည်းလမ်းမှန်ကို အမြန်ရှာဖွေနိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် နဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပုံမှန်ပြုလုပ်နေပါတယ်။ မေး။ ။ KHCC နဲ့ အစိုးရပြန်လည်နေရာချထားရေးအဖွဲ့က ဘယ်တော့လောက် ပြန်ပြီး တွေ့ဆုံဖို့ ရှိသလဲ။ ဖြေ ။ ။ … - [တရုတ်နိုင်ငံသားများနှင့်ပတ်သက်သော လူကုန်ကူးခံရမှုဖြစ်စဉ်များကို အရေးယူမှုဆောင်ရွက်ရန်ခက်ခဲ](https://burmese.kachinnews.com/2019/07/16/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%82%8f%e1%80%bd%e1%80%84/): လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများပတ်သက်လာလျှင် အရေးယူမှုပြုလုပ်ရန် ခက်ခဲကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အတွင်းလူကုန်ကူးခံရမှုဆွေးနွေးပွဲတွင် ထွယ်ဂျန်ဒါ အရပ်ဘက်အဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဒေါ်ဆာလီထွေး က ဆွေးနွေးပြောဆိုသွားခဲပါသည်။ “ထိုင်းနိုင်ငံကတော့ MOU ရှိတဲ့အတွက် တစ်ခုခုဖြစ်ပြီဆိုရင် အေဂျင်စီကပြောတယ်။ အလုပ်သမား သံရုံးကတစ်ဆင့် ဆုံးရူံးရတဲ့သူတွေတွက် အခွင့်အရေးကို တောင်းဆိုလို့ရတယ်။ ထိထိရောက်ရောက်ဆောင်ရွက် နိုင်ပေမယ့် ကျမတို့ရဲ့ ဒီတရုတ်နိုင်ငံနဲ့ ဖြစ်လာပြီဆိုရင် လူပြန်ရောက်လာတာတောင် ကံကောင်းပါပြီဆိုပြီး သူတို့ကို ရှိခိုးရမလိုဖြစ် အဲအခြေနေ ဖြစ်နေတယ်ဆိုပြီး” ၎င်းကဆက်ပြောသည်။ ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနဲ့ထိစပ်နေသည့် နယ်စပ်မြို့ ၃ ခုရှိနေပြီး လူကုန်ကူးခံရသူအများစုသည် တရုတ်နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားလက်ထက်စေမှုဖြစ်ကြောင်း လူကုန်ကူးမူ တိုက်ဖျက်ရေးအဖွဲ့ စာရင်းအရ သိရသည်။ “ ကျမတို့ ပြည်တွင်းမှာဖြစ်တယ်ဆိုရင် တစ်ကယ်ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ပေမယ့် အဓိက စိန်ခေါ်မူက ဘာလဲဆိုရင် ပြည်ပက တရုတ်နိုင်ငံသားမယားအဖြစ်ရောင်းစားခံရတဲ့ ကိစ္စမျိုးဆိုရင် ကျမတို့ ဒီဥပဒေနဲ့လက်လှမ်းမမီသလို ခံစားရတယ်။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေအတိုင်းသွားတယ်။ ကျမတို့လည်း ကျမတို့နိုင်ငံရဲ့မြန်မာအမျိုးသမီးတွေကို လာပြီးတော့လက်ထပ်ဟန်ဆောင်တာက တစ်ကြောင်း လက်ထပ်ယူသွားပြီးတော့ သားမတ်မတ်မယားမတ်မတ် ပေါင်းသင်းဆက်ဆံခြင်းမရှိတာတွေကို ကျမတို့အနေနဲ့ အရေးယူဆောင်ရွက်ဖို့ခက်တယ်။” ဟု ဥပဒေရေးရာ ကုစားရေးအဖွဲ့ မြန်မာမှ တာဝန်ခံဒေါ်ဘန်ထွယ်က ပြောသည်။ ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာခဲ့သည်မှာ ၈နှစ်ကျော်ကြာမြင့်လာပြီး စစ်ရှောင်ဦးရေမှာ ၁ သိန်းကျော်ရှိကြောင်း သိရသည်။ မငြိမ်းချမ်းသေးသည့် ကချင်ပြည်နယ်တွင် စစ်ရှောင်များသည် ၁၀ပေ ပတ်လည် အခန်းကျဉ်းများတွင်နေကြရပြီး စားဝတ်နေရေး အဆင်မပြေမူများကြောင့် စစ်ဘေးရှောင်အချို့နဲ့ ဒေသခံပြည်သူများသည် တရုတ်နိုင်ငံသို့ … - [ဒေါ်အင်ခွမ်နန်ထန် သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ရှမ်းမြောက်ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2019/07/11/%e1%80%b1%e1%80%92%e1%81%9a%e1%80%a1%e1%80%84%e1%80%b9%e1%80%81%e1%80%bc%e1%80%99%e1%80%b9%e1%80%94%e1%80%94%e1%80%b9%e1%80%91%e1%80%94%e1%80%b9-%e1%80%9e%e1%80%90%e1%80%b9%e1%80%bb%e1%80%96%e1%80%90/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် အသတ်ခံရသော စစ်ပြေးဒုက္ခသည် ဒေါ်အင်ခွမ်နန်ထန်၏ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် ရှမ်းမြောက်ဒေသခံများ တောင်းဆိုလိုက်ပါသည်။ နမ္မတူမြို့နယ် နမ့်ဆုံကျေးရွာတွင် ဈေးရောင်းနေသော အသက် ၄၈ နှစ် အရွယ် ဒေါ်အင်ခွမ် နန်ထန်သည် သူမ၏ နေအိမ်ဈေးဆိုင်အတွင်း ဇူလိုင်လ ၃ ရက်နေ့ ည ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရ ခြင်းဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး နမ့်ဖက်ကာ ရဲစခန်းမှူး ဦးသန်းဇော်မှ ကချင်သတင်းဌာန KNG ကို ယခုလိုပြောဆိုသည်။ “မဒိန်းမှုမြောက်မမြောက် ဆေးစစ်ချက်ကို လားရှိုး ကနေ မန္တလေးကို ပို့ထားသေးတယ်။ သေဆုံးသူရဲ့ အိမ်နီးချင်း ယောက်မ ဒေါ်လထော်ဂျာနန် အနေနဲ့ လူ သတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၀ နဲ့ နမ်ဖက်ကာရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကျနော်တို့ ရဲစခန်းကနေလဲ ဆက်လက်စစ် ဆေးနေပါသေးတယ်။” ဟု နမ့်ဖက်ကာ စခန်းမှူးက ပြောဆိုသွားပါသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဇူလိုင် ၄ ရက်နေ့ နမ့်ဆုံကျေးရွာမှ နမ်ဖတ်ကာသို့သယ်ဆောင်ခဲ့ပြီး နမ်ဖတ်ကာရင်ခွဲရုံ၏ စစ်ဆေးချက်အရ ပြင်းထန်သောဒဏ်ရာဖြင့်သေဆုံးကြောင်းကိုသာ စစ်ချက်ပေးပြီး မဒိန်းမှုမြောက် မမြောက်ကိုတော့ လားရှိုးဆေးရုံမှ တဆင့် မန္တလေးဆေးရုံသို့ ပို့ထားပြီး အဖြေမသိရှိရသေးကြောင်း နမ်ဖတ်ကာစစ်ရှောင်တာဝန်ခံ ဆရာမဒေါ်ဘောက်တောင် ပြောပါသည်။ ၂၀၁၁ ခုနှစ်မှစပြီး အဆိုပါဒေသ ပြည်တွင်းစစ်ဖြစ်လာသောကြောင့် ဒေါ်နန်ထန်မိသားစုသည် နမ်ဖတ်ကာ စစ်ရှောင်စခန်းတွင် ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် ဝမ်းရေးအတွက် မူလ နမ့်ဆုံကျေးရွာသို့ ပြန်လာပြီး ဈေးရောင်းနေစဉ် ယခုလို ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်ဟု … - [ယုဇနကုမ္ပဏီ ရွှေတွင်းကြောင့် ဟူးကောင်းဒေသခံများကို ထိခိုက်](https://burmese.kachinnews.com/2019/07/09/%e1%80%9a%e1%80%af%e1%80%af%e1%80%87%e1%80%94%e1%80%80%e1%80%af%e1%80%af%e1%80%99%e1%81%b8%e1%80%8f%e1%80%ae-%e1%80%b1%e1%80%9b%e1%82%8a%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be/): ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီ မတရားသိမ်းပိုက်ထားသော မြေယာတွင် ရွှေတူးဖော်မှုပြုလုပ်နေခြင်းကြောင့် ဒေသခံများကို ထိခိုက်စေကြောင်း ဆိုပါသည်။ Shahtuzup (ရှထိုးဇွပ်)၊ Awng Ra (အောင်ရာ) နှင့် Lawt Ja (လောဒ့်ဂျာ) ကျေးရွာများ နေ့စဉ် သွားလာနေသည့်လမ်းမ တဖက်တချက်ရှိ ပီလောပီနှံစိုကခင်းများအတွင်း ယုဇနကုမ္ပဏီနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသောကြောင့် ရွာသားများ၏ အိမ်မွေးတိရစ္ဆာန်များ ရွှေတွင်းများထဲ ပြုတ်ကျသေဆုံးမှုများ ရှိနေသည်ဟု ဆိုပါသည်။ “အခုသူတို့ ရွှေလုပ်နေတာက ယုဇနကုမ္ပဏီတွေရဲ့ ပီလောခင်းအတွင်းမှာဖြစ်တယ်။ လူကြီးပိုင်းတွေက ဘယ်လိုလုပ်နေကြတယ် ဆိုတာက မသိပါဘူး။ ဒါပေမယ့် အနီးတဝိုက ကျေးရွာ အားလုံးရဲ့ ကျွဲ၊ နွား တွေက အဲ့ထဲမှာပဲ နေကြတာ။ အနီးတဝိုက်မှာက ယုဇနတွေရဲ့ ပီလောခင်းတွေကြီးပဲ။ ကျနော့်နွား ဆိုရင် ဘက်ဟိုးဖြင့် တူးထားတဲ့ တွင်းနက်မှာ ပြုတ်ကျပြီး သေသွားတယ်” ဟု မျက်မြင်သက်သေတွေ့ ကြုံခဲ့ရသော Slg. Tu Ja (ဦးတူးဂျာ)က အဖြစ်အပျက်ကို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ရွှေတူးဖော်ရန် လုပ်ကွက်များကို ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများကိုယ်တိုင် သွားရောက်တိုင်းတာ ချမှတ် ပေးနေတာဖြစ်ပြီး လက်ရှိ တွင် ရွှေတူးဖော်သည့်ဧက ၁၀၀ကျော် ရှိသွားပြီ ဖြစ်ကြောင်း ဆက်လက်ပြော ဆိုခဲ့သည်။ လက်ရှိ ပီလောပီနံခင်း စိုက်ပျိုးထားသော တစ်ချို့နေရာတွင်မှာ ရွှေလုပ်ငန်းလုပ်ကိုင်လာသောကြောင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အစိုးရက လာရောက်ကွင်းဆင်း စစ်ဆေးလိုကြောင်းကိုဒေသခံ တစ်ဦး ထပ်မံ … - [ကချင်ဒေသခံ မူးယစ်တိုက်ဖျက်ရေးမှာ UNODC ပူးပေါင်းရန် KNO တိုက်တွန်း](https://burmese.kachinnews.com/2019/07/09/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%9e%e1%80%81%e1%80%b6-%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%af%e1%80%80%e1%80%b9/): ကချင်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးမှာ ကုလသမဂ္ဂမူးယစ်နှင့် ပြစ်မှုဆိုင်ရာရုံး UNODC က ဒေသခံများနှင့်ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က တိုက်တွန်းလိုက်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ‘Drug Issues Fact-finding Commission’ အစီရင်ခံစာကို ကြိုဆိုထောက်ခံကြောင်း Kachin National Organization ၏ ဇူလိုင်လ (၅)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။ “UNODC ရဲ့အစီရင်ခံစာကို ကြည့်ရင် သတ်မှတ်ထားတဲ့နေရာအလိုက် ဥပမာ တနိုင်း ဘက်ဆို ဂြိုလ်တုကနေပဲ ကြည့်တယ်။ ဘယ်နေရာမှာ ဘယ်သူစိုက်တယ်ဆိုတာ ပြောနိုင်တာက ဒေသခံတွေပဲ ရှိတယ်။ တိုက်ပွဲနေရာလည်း ဖြစ်တဲ့ အဲဒီဒေသတွေမှာ သူတို့က ဒေသခံတွေနဲ့လည်း အတူတွဲမလုပ်ဘူး။ ဂြိုလ်တုကနေပဲ ကြည့်တယ်ဆိုတာ ဘယ်လို အဖြေမှန် ရမလဲ။ ဒါကြောင့် KIO ထုတ်ပြန်ထားတဲ့ အစီရင်ခံစာက UNODC ထက်ပိုတိကျနေတယ်။ ဒါက ခြားနားချက်တွေ ဖြစ်တယ်။” ဟု လန်ဒန်မြို့ ရှိ KNO အထွေထွေအတွင်းရေးမှူး Layang Hkun Htoi ပြောပါသည်။ မြန်မာအစိုးရနှင့် ကုလသမဂ္ဂမူးယစ်နှင့် ပြစ်မှုဆိုင်ရာရုံး UNODC တို့ ပူးပေါင်းထုတ်ပြန်သည့် ‘Myanmar Opium Survey 2018’ အစီရင်ခံကို ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး KIO အစီရင်ခံစာကို ဇွန်လမှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ “တိုက်ပွဲဖြစ်လို့ အစိုးရနယ်မြေ မဟုတ်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ မူုးယစ်ဆေးဝါး စိုက်ပျိုး … - [ကချင်မြို့နယ် ၃ ခုတွင် အသေးစားရွှေလုပ်ကွက် ထပ်မံခွင့်ပြု](https://burmese.kachinnews.com/2019/07/09/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9-%e1%81%83-%e1%80%81%e1%80%af%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1/): ကချင်ပြည်နယ် မြို့နယ် ၃ ခုတွင် အသေးစားရွှေလုပ်ကွက်နှင့် လက်လုပ်လက်စား လုပ်ကိုင်ခွင့် ပဉ္စမအကြိမ်မြောက် ထပ်မံခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါ သည်။ ရွှေဂူမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် နှင့် ပူတာအိုမြို့နယ် စသည့်နေရာ ၃ ခုတွင် ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး အသေးစားရွှေလုပ်ကွက် ၂၀ ကွက်နှင့် လက်လုပ်လက်စားရွှေလုပ်ကွက် ၁ ကွက်ကို ဇူလိုင်လ ၉ရက်နေ့ ပြည်နယ်သတ္ထုရုံးတွင် ခွင့်ပြုမိန့် လက်မှတ်ပေးအပ်ခဲ့ပါသည်။ “လုပ်ကွက်တွေပေးတာဖြစ်တယ်။ အားလုံးက ဥပဒေဘောင်အတွင်းမှာ ဆောင်ရွက်ပေးတာပါ။ အဓိကတော့ တရားမဝင် လုပ်ကိုင်နေတဲ့ သူတွေများလာတော့ ဒီလို နည်းလမ်းမှန်မှန် ဥပဒေနဲ့ အညီဆောင်ရွက်ပေးတာဖြစ်တယ်” ဟု ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း ပြောပါသည်။ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်လိုသူများက ကချင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုလာသောကြောင့် လုပ်ထုံးလုပ်နည်းအရ တရားဥပဒေနှင့်အညီ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ လက်ရှိ ကချင်ပြည်နယ်အစိုးရ အနေဖြင့် တရားဝင် အသေးစားနှင့် လက်လုပ်လက်စား သတ္ထုတူးဖော်ခွင့်ကို မြို့နယ် ၈ ခုအတွင်း လုပ်ကွက်စုစုပေါင်း ၁၃၅ ခန့်ကို ချထားပေးကြောင်း ဆက်လက်ပြောဆို ပါသည်။ ထို့အပြင် ကချင်ပြည်နယ် အစိုးရထံသို့ ခွင့်ပြုမိန့်တင်ထားသော ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကို လည်း သေချာစီစစ်ပြီးနောက် မကြာမှီ ချပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သတ္ထုရုံး ပြောဆိုချက်မှ သိရပါသည်။ - [တစ်သျှူးငှက်ပျောခြံအတွင်း တရားမဝင် တရုတ်နိုင်ငံသားများ မရှိဟု ဝန်ကြီးချုပ်ပြော](https://burmese.kachinnews.com/2019/07/05/%e1%80%90%e1%80%85%e1%80%b9%e1%80%9e%e1%80%bd%e1%80%ba%e1%80%b4%e1%80%b8%e1%80%84%e1%80%bd%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%90%e1%80%bc/): ကချင်ပြည်နယ်ရှိ တစ်သျှူးငှက်ပျောခြံများတွင် တရားမဝင် တရုတ်နိုင်ငံသားများ ရှိနေသည်ဆိုသည်မှာ မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ငြင်းဆိုလိုက်ပါသည်။ ဇူလိုင် ၅ရက်နေ့ ကချင်ပြည်နယ်အစိုးရ၏ တတိယအကြိမ် (၁)နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေ လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းစာရှင်လင်းပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ယခုလိုပြောဆိုခဲ့ပါသည်။ “တရားမဝင် တရုတ်နိုင်ငံတွေက အများကြီး ငှက်ပျောခြံတွေမှာ ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမှာ လုံနယ်ဝန်ကြီး ကိုယ်တိုင် လဝက ပြည်နယ်မှူးက သေချာ ချမှတ်ပြီး Border Pass BP နဲ့ ခွင့်ပြုတယ်။ Green Card နဲ့ ခွင့်ပြုတာ ရှိပါတယ်။ ဟိုတစ်ခေါက်က ဖမ်းမိတယ် ဆိုတာကလည်း ဒီဘက်မှာ အမျိုးတွေ မင်္ဂလာဆောင်ရှိလို့ ရောက်လာတယ်။ အဲ့လူမျိုးတွေကိုပဲ ပြောတာပါ” ဟုပြောဆိုခဲ့ပါသည်။ ဝိုင်းမော်မြို့နယ် တစ်သျှူးငှက်ပျောခြံအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရပြီး လဝက ဥပဒေအရ ပြည်နှင်ခဲ့သော တရုတ်နိုင်ငံသား အရေအတွက်မှာ ပြီးခဲ့သော ဇွန်လတွင်းပင် ၁၉ ဦးထိ ရှိခဲ့ကြောင်း မြို့နယ် လဝကဌာနမှ သိရပါသည်။ တရုတ်နိုင်ငံသားအများစုမှာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့်သာ ဝင်ရောက်လာသော်လည်း တစ်သျှူးငှက်ပျောခြံအတွင်း ဝင်ရောက်လုပ်ကိုင်နေကြသောကြောင့် လဝက ဥပဒေဖြင့် အရေးယူဆောင်ရခြင်း ဖြစ်သည်ဟု ဝိုင်းမော်မြို့နယ် လဝကရုံးမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ “အမှန်တော့လေ တရုတ်နိုင်ငံသား တစ်ချို့က နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့သာ ဝင်ရောက်နေထိုင်ကြတယ်။ နယ်စပ်ဖြတ်လက်မှတ်က သပ်သပ်။ နေထိုင်လက်မှတ်က သပ်သပ်။ လဝက ဥပဒေအရဆို စိုက်ပျိုးရေးလုပ်ကိုင်ဖို့ လက်မှတ်မဟုတ်ဘူး။ တရားမဝင်လို့ပြောတာက အဲ့တာတွေပဲ။ … - [တနိုင်းပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့်ရတော့မည်](https://burmese.kachinnews.com/2019/07/04/gold-and-amber-mine/): နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ဖြင့် ပထမအကြိမ် ကချင်ပြည်နယ် တနိုင်း ပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့် ဧက ၇ ထောင်ခန့်ကို ချပေးတော့မည်ဖြစ်ကြောင်း သိရပါသည်။ ဒေသခံများနှင့် သက်ဆိုင်ရာလွတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ဧကပေါင်း ၆၉၁၈.၉၅ ကို ပြည်နယ်အစိုးရ ဦးဆောင်မှုအောက် အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရပါသည်။ “ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လုပ်ကွက်တွေကို စနစ်တကျ ချပေးဖို့က တနိုင်းအုပ်ချုပ်ရေးမှူးုကို တာဝန်ယူ ဆောင်ရွက်ခိုင်းထားတယ်။ တကယ့်အကွက်ချဆောင်ရွက်လာတဲ့အချိန်မှာလည်း တပြိုင်နက် ကြေညာပေးမယ်။ အဲ့နောက်ပိုင်းမှာက အကွက်လျှောက်ထားမှုတွေ ပြုလုပ်ရမယ် ဖြစ်တယ်။ အကွက်လျှောက်တဲ့သူတွေဆိုရင် ဒေသအတွင်းရှိ အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကို ဦးစားပေးဆောင်ရွက်ပေးမယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ လုပ်ငန်းအခွင့်အလမ်းတွေ ရရှိအောင် ဆောင်ရွက်ပေးခြင်ဖြစ်သည်”ဟုပြောဆိုထားသည်။ တရားဝင်တူးဖော်ခွင့်ရရှိသည့် နေရာ ၃ ခုမှာ နွယ်နီဘွမ် ၊ နန်မဖြူ နှင့် ထပရားမှော် တို့ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်ကို အဓိကအားဖြင့် ၎င်းဒေသရှိ မူရင်းအိမ်ထောင်စု ကိုင်ဆောင်ထားသူများကိုသာ ချပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ထပ်မံ ပြောဆိုသွားပါသည်။ ပယင်း လုပ်ကွက်ချပေးရာတွင် လူတစ်ဦးလျှင် ၁ ဧကနှုန်းဖြင့် မြန်မာ ကျပ်ငွေ ၁၁ သိန်း သတ်မှတ်ထားပြီး စက်တင်ဘာလ လဆန်းပိုင်းမှ စတင်တူးဖော်နိုင်အောင် လုပ်ဆောင်နေကြောင်း သိရပါသည်။ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် နှင့် နယ်မြေလုံခြုံရေး ရှိစေရန် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် သက်ဆိုင်ရာ … - [ကချင်လူငယ် ၂ ဦးအမှု တရားလိုသက်သေများကို စစ်ဆေး](https://burmese.kachinnews.com/2019/07/04/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9-%e1%81%82-%e1%80%a5%e1%80%ae%e1%80%b8%e1%80%a1%e1%80%99%e1%82%88-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8/): ကချင်စစ်ဘေး (၈) နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော်ပြသမှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရ သည့် ကိုပေါလု နှင့် မဆိုင်းနူးပန်တို့ အမှုနှင့်ပတ်သက်ပြီး တရားလိုအပါအဝင် သက်သေ ၄ ဦးကို ယနေ့ မြို့နယ် တရားရုံး တွင် စစ်ဆေးမှု ပြီးပြီ ဖြစ်ကြောင်း သိရပါသည်။ တရားလိုသက်သေများအဖြစ် ရဲအုပ်ဝင်းနိုင်၊ ရှမ်းစုမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း နှင့် မြို့နယ် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇင်ကိုကို တို့ဖြစ်ပြီး တရားလိုမှာမြို့နယ် ယာယီ ဒုရဲမှူးမင်းသန့်ဇော် ဖြစ်ကြောင်း သိရပါသည်။ ယနေ့ စစ်ဆေးချက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရသူ မဆိုင်းနူးပန်က ယခုလို ပြောဆိုပါသည်။ “စစ်ဆေးတဲ့အချိန် တရားလိုဘက်က ရခိုင်မှာရှိတဲ့ ပြည်သူတစ်ဦးဘက်ကနေ သူတို့ ရခိုင်ကျရှုံးခန်း နှစ် ၂၀၀ ကျော်နဲ့ ပတ်သတ်ပြီးမှ ရခိုင်ပြည်နယ်တရားရုံးမှာ လူတစ်ယောက်က ဆန္ဒပြတယ်။ အဲဒီဖြစ်စဉ်နဲ့ ကျမတို့ ဇွန်လ ၉ ရက်နေ့မှာ လုပ်တဲ့ တေးသရုပ်ဖော်ပြဇာတ်က တူပါတယ်ဆိုပြီး ထွက်ဆိုတယ်။ အဲဒီတော့ ကျမတို့ရှေ့နေဘက်ကနေ ဒါက စစ်ရှောင်ပြည်သူတွေက ကချင်နိုင်ငံကို တောင်းဆိုနေတာမဟုတ်ဘူး။ တူစရာအကြောင်းလဲ မရှိဘူးလို့ ချေပခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်ကနေ တူပါတယ်ဆိုပြီး ဆက်လက်ချေပခဲ့တယ်။” လို့ မဆိုင်းနူးပန် ပြောသည်။ ပြီးနောက် “ဒီထွက်ဆိုမှုမှာ ကျမတို့က လုံးဝအပြစ်မရှိဘူး။ ကျမတို့ လုပ်ဆောင်မှုအပိုင်းမှာလဲ သူတို့ ရဲစ ခန်းဘက်ကနေ ဆွေးနွေးပြီးပြီ။ ဒါကို သူတို့ဘက်ကနေ ၀န်မခံဘူး။မဟုတ်မမှန်တဲ့အဖြေတွေကိုပေးနေ တယ်လို့ ကျမတို့ကမြင်ပါတယ်။” … - [တန်းတူအခွင့်အရေးမရသည့်အပေါ် ပမ္မတီး စစ်ရှောင်များ မေးခွန်းထုတ်](https://burmese.kachinnews.com/2019/07/02/%e1%80%90%e1%80%94%e1%80%b9%e1%80%b8%e1%80%90%e1%80%b0%e1%80%a1%e1%80%81%e1%80%bc%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%99%e1%80%9b%e1%80%9e%e1%80%8a%e1%80%b9%e1%80%b7/): တိုက်ပွဲကြောင့် မြစ်ကြီးနား ပမ္မတီး နယ်မြေ (၅)သို့ ထွက်ပြေးလာသော ကဆုန် စစ်ရှောင်များသည် တန်းတူအခွင့်အရေးမရဘဲ မိုးကာတဲဖြင့် ၁နှစ်ခန့် ခိုလှုံနေရဆဲအခြေအနေပေါ် မေးခွန်းထုတ်နေကြပါသည်။ မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂၀ ကျော်တွင် ကိုယ်ပိုင်အဆောင်များဖြင့် နေထိုင်ခွင့်ရသော်လည်း အဆိုပါ ပမ္မတီး စစ်ရှောင်စခန်းတွင်မူ အထပ်ထပ် ဖားထေးထားသည့် မိုးယို မိုးကာတဲတွင် မိုးရာသီကို ကျော်ဖြတ်နေရကြောင်းပြောပါသည်။ “ကျနော်တို့ကို အစိုးရက သီးသန့် ထောက်ပံ့ပေးတာက မရှိသေးဘူး။ ဟိုမှာ(နမ္မတီး)က ရေလွှမ်းမိုးဒဏ်ကို မခံနိုင်လို့ အစိုးရကို တင်ပြပြီး ပြောင်းခဲ့တာဖြစ်တယ်။ အခုဆို ၁နှစ်ပြည့်တော့မယ်။ ပြီးရင် မိုးတွင်းလည်း ပြန်ရောက်လာနေပြီ။ ကျနော်တို့မှာ အဆောက်အဦးတွေလိုအပ်တယ်။ မြင်တဲ့အတိုင်း အားလုံးက မိုးကာတဲထိုးပြီး ဖြစ်သလိုနေကြတယ်။ မိုးရွာတဲ့အခါမှာလည်း နေပူတဲ့အခါမှာလည်း နေရထိုင်ရခက်တယ်။ စစ်ရှောင်ကူညီရေးအဖွဲ့တွေ ကိုလည်း တင်ပြထားတာတော့ရှိတယ်။ ဒါပေမယ့် အခုထိတော့လုပ်ဆောင်ပေးတာမရှိသေးဘူး။ သက်ဆိုင်ရာတွေ လာရောက်ကြည့်ရှု့စေချင်တယ်” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဦးလဒန်နော် ပြောဆိုသွားပါသည်။ မိုးကာတဲတွင်း မိုးယိုမှုနှင့် နေပူဒဏ်တို့ကြောင့် စခန်းတွင်းပြည်သူများ ကျန်းမာရေးချို့တဲ့မှုများ ကြုံတွေ့နေရကြောင်း ပြောပါသည်။ အစိုးရအနေဖြင့် အဆိုပါ စစ်ရှောင်များကို မထောက်ပံ့နိုင်ရခြင်းမှာ တရားဝင်စစ်ရှောင်စခန်း မဟုတ်သောကြောင့် ဖြစ်သည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောဆိုပါသည်။ “ပမ္မတီး စစ်ရှောင်စခန်းက အမှန်တိုင်းပြောရရင် မြို့ပေါ်က တရားဝင်စစ်ရှောင်စခန်းလည်း မဟုတ်ဘူးပေါ့နော်။ ဒီစစ်ရှောင်တွေ ပြောင်းရွှေ့လာတဲ့အချိန်က ဝန်ကြီးအရွှေ့အပြောင်း တွေလုပ်နေကြတယ်။ ကျနော်ကိုယ်တိုင်လည်း သိပ်မသိရသေးတာလည်းပါတယ်။ ဒါပေမယ့် သွားရောက်ထောက်ပံ့ပေးဖို့က ကြိုးစားနေပါတယ်”ဟု ပြောဆိုသည်။ လူမှုရေးဝန်ကြီးအနေနဲ့ ယခုလအတွင်း အဆိုပါ … - [တပ်မတော်အနေဖြင့် တစ်နိုင်ငံအပစ်ရပ်ရန် လိုအပ်ကြောင်း KIO ဆို](https://burmese.kachinnews.com/2019/07/02/%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%a1%e1%80%b1%e1%80%94%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7-%e1%80%90%e1%80%85%e1%80%b9%e1%82%8f%e1%80%af%e1%80%ad/): တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတည်းတွင် အပစ်အခတ်ရပ်စဲခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်စဲသင့်ကြောင်း KIO တာဝန်ရှိသူ နှင့် ကချင်နိုင်ငံရေးပါတီမှ သုံးသပ်ပြောဆိုခဲ့ပါသည်။ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်မျှော်လင့်ချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ပိုမိုဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အပစ်ရပ်ကာလ ၂ လထပ်မံတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၃၀ ရက်နေ့ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ “အပစ်အခတ်ရပ်ဆိုင်းပေးတာကအရမ်းကောင်းပါတယ်။ ဒါပေမယ့်ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပေးရင် ပိုကောင်းတာပေါ့။ အခုဟာကသူတို့ရဲ့နယ်မြေ ၅ ခုမှာပဲ စစ်ဆင်ရေးလှုပ်ရှားမှုတွေမလုပ်ဘူးလို့ ပြောတဲ့သဘောသက်ရောက်နေတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ မှ ကချင်သတင်းဌာန KNG သို့ပြောပါသည်။ တပ်မတော် အပစ်အခတ်ရပ်ဆိုင်းရေး ကြေငြာထားသော နယ်မြေ ၅ ခုမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတို့ဖြစ်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ ပါဝင်ခြင်း မရှိသည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့် အပစ်ရပ်ကာလ ၆ လအတွင်း မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှု၂ ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း တိကျခိုင်မာသော အဖြေမရှိခဲ့ခြင်းကြောင့် ယခုနောက်ထပ် ၂ လ ထပ်မံတိုးမြင့်ပေးသည့်ကာလအတွင်း ပိုမိုကောင်းမွန်သော ရလဒ်ကောင်များရရှိရန် ပြည်သူအားလုံးမှမျှော်လင့်နေကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒေါက်တာတူးဂျာ ပြောဆိုပါသည်။ “တိုးတက်မှုကိုတော့ တွေ့ရတယ်။ ဒါပေမယ့် တိုက်ပွဲတွေဆက်မဖြစ်ဖို့တော့ အရေးကြီးတယ်။ တိုက်ပွဲဖြစ်ရင် ကြားက ပြည်သူတွေ အရမ်းဒုက္ခရောက်တယ်” … - [တရုတ်နိုင်င်ငံသား ၈ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး](https://burmese.kachinnews.com/2019/07/01/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8-%e1%81%88-%e1%80%a5%e1%80%ae%e1%80%b8%e1%80%80/): ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးထိန်း သိမ်းခံထားရသော တရုတ်နိုင်ငံသား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ ဇွန်လ ၂၈ နှင့်၂၉ ရက်နေ့တို့တွင် အသီးသီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် သောကြာနေ့တွင် ၃ ဦး ၊ စနေနေ့ ၅ ဦး စသည်တို့ကို တရုတ်နယ်စပ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ဝိုင်းမော် လူဝန်မှုကြီးကြပ်ဌာနမှ ဆရာ အားဆီ ထံမှ သိရပါသည်။ “ ပြည်နယ်အမိန့်ကျလာတယ်။ ၅ယောက်ကတော့ လ.၀.က အမှုနဲ့ သစ်တောအမှု နှစ်မှုရောယှက်ပြီးတော့ဆွဲထားတယ်။ ငွေဒဏ် နဲ့ပဲပြီးသွားတယ်။ လ.၀.က တရားသူကြီးချမှတ်ဒါက ဒဏ်ငွေဆောင်မယ်ဆို မြန်မာငွေ ၅သိန်း ဆောင်ရမယ်။ မဆောင်နိုင်ရင် ထောင် ၆ လဆိုတော့။ ငွေနဲ့ပဲဆောင်သွားတယ်။ သစ်တောက တစ် ဦးကို ၃ သိန်းဆောင်ခိုင်း တယ်လို့ ကြားတယ်။ အတိအကျတော့ မသိဘူး။” ဟု ၀ိုင်းမော်မြို့နယ် လူဝန်မှုကြီးကြပ်ရေးဌာနမှ ဆရာ အားဆီ ပြောပါတယ်။ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ၈ ဦးအနက် ၃ ဦးမှာ ဇွန်လ ၅ ရက်နေ့ ဆဒုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် အထောက်အထားမပါ ဝင်ရောက်လာသူများ ဖြစ်ပြီး ကျန် ၅ ဦးမှာ အောင်မြေ ၂ ကျေးရွာရှိ သစ်တော်ကြိုးဝိုင်းတွင် တရုတ်သစ်သျှူးငှက်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် ထိုသူတို့ကို လ.၀.က အမှု နှင့် သစ်တောအမှု တို့ဖြင့် အရေးခံထားရသူများ … - [ကချင်ပြည်နယ် ဘိန်းခင်း ကုလသမဂ္ဂ UNODC ထုတ်ပြန်ချက်ထက် ၂ ဆ များ ဟု KIO ဆို](https://burmese.kachinnews.com/2019/06/26/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9-%e1%80%98%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%80/): ကချင်ပြည်နယ်အတွင်း လက်ရှိဘိန်းခင်းစိုက်ပျိုး ထုတ်လုပ်နေမှုသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ၂၀၁၈ အစီရင်ခံစာပါ ဖော်ပြချက်ထက် ၂ဆ ပိုများနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဆိုလိုက်သည်။ UNODC ၏ ဖော်ပြချက်ထက် ၂ဆ များသော ဘိန်းခင်းစိုက်ပျိုးထုတ်လုပ်နေမှုများသည် မြန်ာအစိုးရ တပ်မတော်လက်အောက် ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေများတွင် ရှိနေသည်ဟု ဇွန်လ ၂၆ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်သော KIO အစီရင်ခံစာ က ဆိုသည်။ ယခုနှစ် ဇန်နဝါရီလ UNODC ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တစ်ခုတည်းမှာပင် ၂၀၁၇ ထက် ၂၀၁၈ တွင် ဘိန်းခင်း စိုက်ပျိုးမှု ၅၀၀ ဟတ်တာ လျှော့နည်းသွားကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခု KIO အဖွဲ့ Drug Issue Fact-Finding Commission IDFC ၏ ထုတ်ပြန်ချက်တွင်မူ ၂၀၁၈ ကချင်ပြည်နယ်အတွင်း ဘိန်းခင်း ၆၉၁၈ ဟက်တာ ရှိနေသေးကြောင်း ပြောပြထားပါသည်။ “ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသက မူးယစ်ဆေးဝါးရဲ့ မူလအရင်းမြစ်ကို သိရှိစေဖို့ နဲ့ ဒါကို ဘယ်လို နည်းလမ်းမှန် ဖြေရှင်းသင့်သလဲ ရှာဖွေသိရှိနိုင်အောင် ရည်ရွယ်ပြီး ထုတ်ပြန်တာဖြစ်တယ်။ အချက်အလက်တွေကိုတော့ ယုံကြည်ထိုက်တဲ့အတွက် ထုတ်ပြန်တာဖြစ်တယ်။ လက်တွေ့ ကောက်ယူထားတာဖြစ်တယ်။ ဒါက မြန်မာတစ်နိုင်ငံလုံးက အချက်အလက် အစီရင်ခံစာလည်း မဟုတ်သလို ရှမ်းပြည်နယ်လုံးရဲ့ အချက်အလက်လည်း မပါပါဘူး။ ဒါက … - [ဖားကန့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး ဆွေးနွေး](https://burmese.kachinnews.com/2019/06/25/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94-%e1%80%b1%e1%80%9b%e1%82%8a%e1%82%95%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95/): ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်း နှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရရုံးတွင် ဇွန် ၂၄ ရက်နေ့ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနေရာချထားမှုကို စီမံချက်ရေးဆွဲနိုင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဒေသခံအဖွဲ့အစည်းများဖြင့်ပူးပေါင်းပြီး အထူးစစ်ဆင်ရေးဆောင်ရွက်နိုင်ရေး၊ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးအပြင် အခြား အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါသည်။ ထိုအစည်းအဝေးတွင် ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ၊ ပြည်နယ်အစိုးရအဖွဲ့ နှင့် ကချင်ဘာသာရေးခေါင်းဆောင်တို့ ပါဝင်ကာ ဆွေးနွေးခဲ့သည်ဟု သိရပါသည်။ ကချင်ဘာသာရေးခေါင်းဆောင်များ ပါဝင်ခဲ့သော်လည်း ဖားကန့် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး မဆွေးနွေးဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းကိုသာ တင်ပြခဲ့သည်ဟု အစည်းအဝေးသွားရောက်ပါဝင်ခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတူးမိုင် ယခုလိုပြောပါသည်။ “KBC နဲ့ RC ဘက်ကတော့ အဓိက ကျွန်တော်တို့လုပ်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအကြောင်းပါပဲ သွားရောက်ပြောပြတယ်။ ဖားကန့် ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ကတော့ သူတို့ဆွေးနွေးနေတဲ့ နောက်ဆုံးပိုင်း သွားနားထောင်မိသလောက်ပဲ။” ဟု ပြောပါသည်။ ထိုသို့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းအဖွဲ့ခွဲများမှ ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များကို ဇူလိုင် ၁၇ ရက်နေ့တွင် အပြီး ရေးဆွဲတင်ပြရန်ဟု ထုတ်ပြန်ချက်တွင် ထပ်မံ ဖော်ပြထားပါသည်။ ဖားကန့်ဒေသ ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်နေရာချထားမှုအစီစဉ်သည် လက်ရှိ နိုင်ငံရေးအခြေအနေတွင် လုပ်ဆောင်ရန် မသင့်သေးကြောင်း ဝေဖန်မှုများလည်း ရှိနေပါသည်။ “ကချင်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခင် … - [ဖားကန့်တွင် မြေဇာပုံဟောင်း ပြိုကျမှုကြောင့် လူ ၂ ဦးသေ](https://burmese.kachinnews.com/2019/06/22/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%b1%e1%80%bb%e1%80%99%e1%80%87%e1%80%ac%e1%80%95%e1%80%b6%e1%80%af%e1%80%b1%e1%80%9f%e1%80%ac/): ဖားကန့်မြို့ မှော်မော်ကုန်း ကျေးရွာရှိ မြေဇာပုံဟောင်းပြိုကျမူကြောင့် လူ၂ ဦး သေဆုံးသွားကြောင်း ကနဦးသတင်းအရ သိရသည်။ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄နာရီချိန်ခန့်တွင် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်နေကြသည့် လူ ၄ဦးအနက် ၂ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ “Jade land တွေရဲ့ လုပ်ကွက်ဟောင်းမှာ ဟုတ်တယ်။ သေတဲ့ သူတွေရဲ့ အလောင်းကတော့ ခုထိရှာလို့ မတွေ့သေးဘူး” ဆိုပြီး ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် နာရေးကူညီထောက်ပံ့ရေးအဖွဲ့များနဲ့ သက်ဆိုင်ရာ အုပ်ချူ ပ်ရေးပိုင်းမှ တာဝန်ရှိသူများ ဘတ်ဖိုးများနှင့် ရှာဖွေမူ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သေဆုံးသူ ၂ဦးမှာ မိုင်းနား(RC)စစ်ရှောင်စခန်းမှ အသက် ၂၄နှစ်အရွယ်ရှိ မခါအောင်လတ်နဲ့ မြစ်ကြီးနား တပ်ကုန်းရပ်ကွက်မှ အသက် ၄၇နှစ် ဦးမရော် ဘရန်တောင် တို့ဖြစ်ကြောင်း သိရသည်။ လက်ရှိဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များအား ပြည်နယ်အစိုးရမှ ၃ လ ရပ်ဆိုင်းထားခိုင်း ထားသည့်အတွက် ကျောက်စိမ်းကုမ္မဏီအချို့  လုပ်ငန်းများ ရပ်နားထားခြင်းဖြစ်သည်။ - [ဖမ်းဆီးအရေးယူခြင်းဖြင့် မူးယစ်ဆေးပြဿနာမဖြေရှင်းနိုင်](https://burmese.kachinnews.com/2019/06/22/%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%9a%e1%80%b0%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%84%e1%80%b9/): ဖမ်းဆီး အရေးယူမူ ပြုလုပ်ခြင်းသည် မူးယစ်ဆေးကျဆင်းရေး ပြသာနာကို ဖြေရှင်းသည့်နည်း မဟုတ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး စကားဝိုင်းတွင် ဝိုင်းမော် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းကျော်က ပြောဆိုသည်။ ဇွန်လ ၂၂ရက်နေ့ ဝိုင်းမော် ရွှေညာင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျေးလက်စကားဝိုင်း ဟောပြောပွဲတွင် မူးယစ်ဆေးလျော့ချရေး ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ ရမ်းဖမ်းဆီးချင်လို့ ဖမ်းတာမဟုတ်ဘူး။ ကလေးတွေဆိုလည်း ဖမ်းလို့ရတယ် ကလေးဥပဒေရှိတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့ဘဝရှေ့ရေးရှိတယ်။ အဓိကတော့ ဒေသခံတွေ ပြည်သူတွေအားလုံး အသိတရားလေးတွေနဲ့ ပါဝင်စေချင်တယ်။ ” ဆိုပြီး ၎င်းကပြောသည်။ ယင်းဆွေးနွေးပွဲသူ ပါဝင်ဆွေးနွေးသွားသည့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သိန်းမြို့ ကလည်း ၎င်းအနေနဲ့ မူးယစ်ကင်းစင်နယ်မြေ ရှိလာစေဖို့ အားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့သည်။ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ညိုလှကလည်း” ကျမတို့ရွာမှာက တစ်ရွာလုံးနီးပါးမူးယစ်ဆေးသုံးကြတယ် ။ ဒီနေ့ဒီမှာရောက်ရှိနေကြတဲ့ ရပ်မိရပ်ဖ ဆယ်အိမ်မှူးးတွေလောက်ဘဲကျန်တော့တယ်။ ရဲဌာနတစ်ခုတည်းနဲ့ဘဲ ဖမ်းလို့မရတော့ အုပ်စုလိုက်ကို ရောင်းနေကြပြီ။ ဌာနဆိုင်ရာအနေနဲ့ ဒေသခံရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်။ ” ဟုဆိုသည်။ လက်ရှိ မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသည့် နိုင်ငံများ အနက် ဒုတိယနေရာရှိနေပြီး မြန်မာနိုင်ငံထဲမှ ကချင်ပြည်နယ်သည် ပထမအဆင့်ရောက်ရှိနေကြောင်း စစ်တမ်းများအရ သိရသည်။ ယခုနှစ် အတွင်းဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးအမူ စုစုပေါင်း တစ်ရာ ကျော်ရှိနေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။ - [ဖားကန့်တွင် ရေမဆေးသမားတစ်ဦး ကျည်ထိ ဒဏ်ရာရဟု ဆို](https://burmese.kachinnews.com/2019/06/21/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%b1%e1%80%9b%e1%80%99%e1%80%b1%e1%80%86%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%90/): ဖားကန့် လုံးခင်းကျေးရွာအုပ်စု ရွာသစ်နောက်ဘက်တွင် ရေမဆေးသမား တစ်ဦး ကျည်ထိကာ ဒဏ်ရာရရှိမှု ဇွန်လ ၂၀ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ သို့သော် တာဝန်ကျရဲများ၏ ပြောဆိုချက်အရ ကျောက်စထိမှန်ခြင်းသာဖြစ်သည်ဟု ပြောကြောင်း လုံးခင်းအုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးက ပြောသည်။ “ကျနော်တို့ဆီမှာကျတော့ လူနာရောက်တယ်ဆိုတဲ့ သတင်းလောက်ဘဲ လာပြောကြတယ်။ သူတို့အချင်းချင်းဘယ်လိုညှိနိုင်းမှုတွေ လုပ်ကြလဲတော့ မသိဘူး။ မှော်မှာတာဝန်ကျတဲ့ရဲတွေရဲ့ ဆေးစာအရတော့ ကျောက်စထိမှန်ထားတယ်လို့ဘဲ သိရတယ်။ ဖြစ်ပြီးချင်း ဆေးရုံတန်းပို့လိုက်တာဆိုတော့ ရမ်းစိုးရိမ်ရတဲ့အခြေနေတော့ မရှိတော့ပါဘူး။” ဟု အုပ်ချုပ်ရေးမှူး ဦးလှအောင်က ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသည့် ရေမဆေးသမားသည် လုံးခင်းကျေးရွာအုပ်စု မလန်ကျေးရွာမှ ဖြစ်ကာ လက်ရှိချိန်တွင် ပြင်ပလူနာအနေဖြစ် ဆေးကုသမူခံယူနေကြောင်း သိရသည်။ “ရဲတွေပြောထားတာကတော့ တစ်သုံးလုံးကုမ္မဏီတွင်းသို့ ရေမဆေးသမားများ အယောက် ၄၀ခန့်က တရားမဝင်နည်းလမ်းများဖြင် လာရောက်တူးခဲ့ကြချိန် ပိသာချိန် ၅၀ ခန့်ရှိ ကျောက်စိမ်းတုံးအား ရရှိကြပြီး ယင်းကျောက်စိမ်းတုံးအား သယ်ထုတ်ရန် ကြိုးစားစဉ် တာဝန်ရှိရဲများမှ သေနတ်ဖြင့်ပစ်ခတ်ခတ် သတိပေးခဲ့သည် ဆိုပြီးပြောထားတယ်။ ဒါပေမယ့် ဒေသခံတွေပြောတာကတော့ ပစ်လိုက်တဲ့ချိန်မှာ ဘယ်ဘက်ခြေထောက်အရိုးမှာတော့ မထိဘူး။ အသားမှာထိပြီးတော့ ပေါက်သွားသဘောရိှတယ်။” ဆိုပြီးဒေသခံတစ်ဦးက ဆိုသည်။ ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးနှင့် တာဝန်ရှိ လုံခြုံရေးရဲများကြား မကြာခဏ ဆိုသလို ယခုကဲ့သိုသော အငြင်းပွားမှု ပြဿနာ ရှိကြသည်။ ကုမ္မဏိင်္များမှ ရေမဆေးသမားမျာအား ကျောက်စိမ်းရှာရန် ပုံမှန် ညနေ ၄ နာရီတွင် တရားဝင် ဝင်ခွင့်ပြုထားပြီး ယခုပြဿနာဖြစ်ချိန်သည် နေ့လည် ၁၂ ခွဲချိန်ဖြစ်ကြောင်း သိရသည်။ … - [ကဏ္ဍအသီးသီးတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရန် မူဝါဒ ဆွေးနွေး](https://burmese.kachinnews.com/2019/06/21/%e1%80%80%e1%82%91%e1%80%a1%e1%80%9e%e1%80%ae%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae/): အမျိုးသမီးများကို ကဏ္ဍအသီးသီးမှာ ၃၀ရာခိုင်နှုန်း ထည့်သွင်း စဉ်းစားပေးနိုင်ရန်အတွက် ကျား မ ရေးရာ ထည့်သွင်းစဉ်စားသည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးပွဲကို ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် Gender Equality Network တို့ပူးပေါင်းပြီး ကချင်ပြည်နယ်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များတို့ဖြင့် ဇွန် ၂၁ရက်နေ့ မြစ်ကြီးနား မဒီရာဟိုတယ် တွင်ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် အမျိုးသမီးများ ကိုယ်တိုင် နိုင်ငံရေးနှင့်ငြိမ်းချမ်းရေး အခန်းကဏ္ဍမှာ ပိုမိုပါဝင်ခွင့်ရရှိရန်၊ မူးယစ်ဆေးဝါး ပြသာနာဖြေရှင်းရာတွင် ပါဝင်မှုအားကောင်လာနိုင်ရန်၊ သဘာဝသယံဇတနှင့် မြေယာခွဲဝေမှု စသော ကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရန် စသောအချက်များဖြင့် ဆွေးနွေးသွားခဲ့ကြောင်းသိရပါသည်။ “အဓိကတော့ အမျိုးသမီးများကို အမျိုးသားများနဲ့တန်းတူ အခွင့်အရေးရချင်တယ်။ ကျမတို့အခုလို ဆွေးနွေးပွဲလုပ်ရတယ် ဆိုတာကလည်း ကိုယ့်ဒေသမှာ ဖြစ်နေတဲ့ ပြသာနာတွေ အောက်ခြေကအစ သက်ဆိုင်ရာ အာဏာပိုင်တွေ ဥပဒေပြုနိုင်တဲ့ သူတွေကို တိုက်ရိုက်တောင်းဆို တင်ပြခိုင်းတဲ့သဘော။ ဒါမှ သူတို့ကသိသွားမယ်”ဟု Gender Equality Network မှ တာဝန်ရှိသူ မေစံပယ်ဖြူက ပြောဆိုထားသည်။ မြန်မာနိုင်ငံတွင် ကဏ္ဍအသီးသီး အမျိုးသားများပါဝင်မှုသည် အမျိုးသမီးများထက် ၅၀ရာခိုင်နှုန်း ပိုများနေသည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် အမျိုးသမီးအနည်းဆုံး ၃၀ရာခိုင်နှုန်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ရှမ်းအမျိုးသမီးများ ဖွံ့ဖြိုးရေးကွန်ရက်မှ တာဝန်ရှိသူ ဒေါ်နန့်ခမ်းရင် ပြောဆိုထားသည်။ “ ကျမတို့ အဓိကပြောချင်တာက ကျား၊ မ ရေးရာ ကဏ္ဍမှာ ခွဲခြားစရာမလိုဘူး။ ပြောရမယ်ဆိုရင် ဥပဒေပြုရေးဆိုင်ရာ၊ လွှတ်တော်ဆိုင်ရာ ဌာနအသီးသီးမှာ အမျိုးသမီးတွေကိုအနည်းဆုံး … - [လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာဖြင့် စစ်ရှောင်များနေရပ်ပြန်သင့်ဟု EU သံအမတ်ပြော](https://burmese.kachinnews.com/2019/06/20/%e1%80%9c%e1%80%b6%e1%80%af%e1%80%bb%e1%80%81%e1%80%b6%e1%80%b3%e1%80%bb%e1%80%95%e1%80%ae%e1%80%b8-%e1%80%82%e1%80%af%e1%80%8f%e1%80%b9%e1%80%9e%e1%80%ad%e1%80%80%e1%81%a1%e1%80%ac%e1%80%9b%e1%80%bd/): ကချင်စစ်ရှောင်များအနေဖြင့် မိမိတို့ မြေနေရာ ဆုံးရှုံးရမှာ စိုးရိမ်ခြင်းထက် လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိစွာဖြင့်သာ နေရပ်ပြန်သင့်ကြောင်း မြစ်ကြီးနားကို ရောက်ရှိနေသည့် ဥရောပသမ္မဂအဖွဲ့ (European Union) သံအမတ် Kristian Schmidt ပြောဆိုသွားပါသည်။ ယနေ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းမှာ ပြုလုပ်တဲ့ ဥရောပသမ္မဂအကြောင်း နှင့် ပညာသင်ဆုများအကြောင်းကို မြစ်ကြီးနား တက္ကသိုလ်ကျောင်းသူ/သားများအား လာရောက်ရှင်းပြသည့် အစီစဉ်အပြီး သတင်းထောက်များကို သံအမတ်ကြီးက ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။ “စစ်ရှောင်နေရပ်ပြန်မှုဟာ လုံခြုံစိတ်ချရပါမယ်။ ကူညီထောက်ပံ့မှုများနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရပါမယ်။ ပြီးတော့ စစ်ရေးပဋ္ဌိပက္ခရှိသေးတဲ့နေရာမှာ ဘယ်လိုမှ ပြန်ဖို့ နည်းလမ်းမရှိပါဘူး။ တပ်မတော် နဲ့ KIA ကလည်း ဆွေးနွေးဖို့ အရေးကြီးပြီး ပူးပေါင်းလုပ်ဆောင်ရပါမယ်။ လုံခြုံစိတ်ချပြီ ဖြစ်ကြောင်း ကြေငြာထားတဲ့ နေရာဖြစ်ရမယ်။ စစ်ရေးလှုပ်ရှားမှု မရှိရတော့ဘူး။ အရေးကြီးတဲ့စည်းမျဉ်းတွေကတော့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ မြန်မြန် နေရပ်ပြန်ဖို့ စီစဉ်တာမျိုး မဖြစ်ရဘူး။ ပြင်ဆင်ရမယ်။ အားလုံး သဘောတူရမယ်။ စနစ်တကျ အကောင်ထည်ဖော်ရမယ်” ဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိ နေရပ်ပြန်ပြီဖြစ်သော နမ်ဆန်ယန်ကျေးရွာနှင့် ပတ်သက်ပြီး သံအမတ်ကြီးက ယခုလို ဆက်လက် သုံးသပ်ထားပါသည်။ “နမ်ဆန်ယန်မှာ နေရပ်ပြန်တာနှင့် ပတ်သက်ပြီး ပြင်ဆင်မှု အများကြီးလိုသေးတယ်လို့ မြင်တယ်။ တပ်မတော် နဲ့ KIA နှစ်ဖက်စစ်တပ်စခန်းက နီးနီးကပ်ကပ် ရှိနေသေးတယ်။ မိုင်းရှင်းလင်းရေးကလည်း မပြီးသေးဘူး။ အခုပြန်တဲ့သူတွေဆို သူတို့မြေယာတွေ ဆုံးရှုံးမှာ စိုးရိမ်လို့ ပြန်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်း ပြင်ဆင်မှုတွေ ရှိပြီးမှ … - [လီဒိုလမ်းမပေါ် စံပြကျေးရွာတွင် သချိုင်းမြေရရှိရန် တောင်းဆို](https://burmese.kachinnews.com/2019/06/19/%e1%80%9c%e1%80%ae%e1%80%92%e1%80%af%e1%80%ad%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%80%b1%e1%80%95%e1%81%9a-%e1%80%85%e1%80%b6%e1%80%bb%e1%80%95%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%9b/): ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ် စံပြကျေးရွာတွင် ကျေးရွာပိုင် သချိုင်းမြေ လိုအပ်နေကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ စံပြကျေးရွာကို ၂၀၀၈ ခုနှစ်တွင် ယုဇနကုမ္ပဏီ စီမံကိန်းဖြင့် ဘန်ကောက်၊ အောင်ရာ၊ လဂျာပါ ၊ နမ်ဆိုင် စသော ကျေးရွာ ၄ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကျေးရွာပိုင် မြေဧကများကို ယုဇနကုမ္ပဏီ သိမ်းပိုက်ထားသည့် ၁၀ စုနှစ် တစ်ခုအကြာ ဒေသခံများအတွက် အရေးတကြီးလိုအပ်နေသော သချိုင်းနယ်မြေ သတ်မှတ်ပေးခြင်းမရှိဟု စံပြကျေးရွာမှ ဦး La Aung မှ ကချင်သတင်းဌာန KNG ကိုပြောဆိုထားပါသည်။ “ကျနော်ကိုယ်တိုင်လည်း ဒီရွာမှာ ၁၀နှစ်ကျော်ရှိနေပါပြီ။ အဓိကတော့ ယုဇနကုမ္ပဏီအနေနဲ့ ၂၀၀၈ ခုနှစ် နောက်ပိုင်း စီမံကိန်းနဲ့ ကျေးရွာမှာ ကျောင်းတွေ လမ်းပမ်းဆက်သွယ်ရေးတွေ တစ်ချို့လုပ်ပေးတာတော့ တွေ့ရတယ်။ ဒါပေမယ့်အများကြီး ထိရောက်တာတော့မရှိဘူး။ ပိုဆိုးတာက ကျေးရွာအတွင်း လူသေရင် မြုပ်ဖို့ သချိုင်းမြေအခုထိ မချပေးသေးဘူး။ ပြသာနာက လူသေရင် ဒုက္ခအရမ်းရောက်တယ်။”ဟုပြောဆိုခဲ့ပါသည်။ ကျေးရွာပိုင်သချိုင်းမြေ မရှိသေးသောကြောင့် လတ်တလော လူသေဆုံးမှုများကို ရှဒူးဇွပ် ခရစ်ယာန်သာသနာပိုင် နယ်မြေတွင် သွားရောက် မြုပ်နှံနေရကြောင်း သိရပါသည်။ စံပြကျေးရွာအတွက် သချိုင်းနယ်မြေ သတ်မှတ်ပေးရန် ယုဇနကုမ္ပဏီတွင် တိုက်ရိုက် တာဝန်ရှိသော်လည်း သက်ဆိုင်ရာအစိုးရဌာနမှလည်း ကူညီပေးရန် လိုအပ်ကြောင်း ပြောဆိုပါသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြခဲ့ပြီ ဖြစ်သော်လည်း လက်ရှိတွင် ဟူးဟောင့်ချိုင့်ဝှမ်း ဒေသတစ်လျှောက် ဘေးမဲ့တောဧက နှင့် ယုဇနကုမ္ပဏီသိမ်းဆည်းဧကသာရှိနေသောကြောင့် သချိုင်းနယ်မြေသတ်မှတ်ပေးရန် … - [ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံရသောအမှု တရားလို ယာယီဒုရဲမှူးကို စတင်စစ်ဆေး](https://burmese.kachinnews.com/2019/06/19/%e1%80%bb%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%85%e1%80%af%e1%80%85%e1%80%ae-%e1%80%95%e1%80%af%e1%80%92%e1%80%b9%e1%80%99-%e1%81%81%e1%81%89-%e1%80%bb%e1%80%96%e1%80%84%e1%80%b9/): ကချင်စစ်ဘေး ၈ နှစ်ပြည့် လူငယ်များ၏ လမ်းဘေး တေးသရုပ်ဖော် ပြဇတ်ဦးဆောင်ခဲ့သူ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှု တရားလို မြို့နယ် ရဲတပ်ဖွဲ့ ယာယီ ဒုရဲမှူး မင်းသန့်ဇော် ကို စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ဇွန်လ ၉ ရက်နေ့ မြစ်ကြီးနား စိမ်းမြဧရာပန်းခြံ နှင့် ပြည်သူ့ရင်ပြင်အားကစားကွင်း နေရာ ၂ ခုတွင် ခွင့်ပြုချက်မတောင်းခံဘဲ လူစုလူရုံးပြုခဲ့သည်ဟုဆိုကာ ကိုပေါလု နှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို တရားစွဲဆိုထားမှု နှင့်ပတ်သက်ပြီး တရားလို ဒုရဲမှူး အား သတင်းမီဒီယာများ မေးမြန်းခွင့်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ထို့ကြောင့် ဒုတိယအကြိမ်မြောက် ရုံးချိန်းဖြစ်သော ယနေ့ စစ်ဆေးချက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရသူ ကိုပေါလု ယခုလို ပြောဆိုပါသည်။ “သူ့ဘက်က(တရားလို) တင်ပြထားတာကတော့ ခွင့်ပြချက် မတောင်းခံဘဲ စုရုံးတယ်။ တေးသရုပ်ဖော်တဲ့အတွက် ငြိမ်းစုစီ ပုဒ်မ ၄ အရ တရားစွဲတာလို့ ပြောလာတယ်။ တချို့အချက်တွေကိုတော့ သူက မသိဘူးလို့ပြောလာတယ်။ အဲလောက်ပါဘဲ။” ဟု ပြောပါသည်။ လွန်ခဲ့သည့်အပတ် ဇွန်လ ၁၂ ရက်နေ့ ပထမအကြိမ် ရုံးချိန်းတွင် လမ်းဘေး တေးသရုပ်ဖော်အစီစဉ် ဦးဆောင်သူ ၂ ဦးမှ အပြစ်မရှိကြောင်း ငြင်းဆိုထားသည့်အတွက် ထပ်မံ စစ်ဆေးခြင်း ဖြစ်သည်ဟု သိရပါသည်။ “ဒါက အစိုးရကို ဆန့်ကျင် သပိတ်မှောက်နေတာလည်း မဟုတ်ဘူး။ စစ်ရှောင်တွေ ဘယ်လိုခံစားနေရတယ်ဆိုတာကို … - [ဝိုင်းမော်မြို့နယ် သစ်တော်ကြိုးဝိုင်းအတွင်း မိုးရာသီ စုပေါင်း သစ်ပင်စိုက်](https://burmese.kachinnews.com/2019/06/19/%e1%80%9d%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9-%e1%80%9e%e1%80%85%e1%80%b9%e1%80%b1/): ဝိုင်းမော်မြို့နယ် သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးနေသော တရုတ် တစ်သျှူးငှက်ပျောခင်းများကို ထိရောက်စွာ အရေးယူမှု ပြုလုပ်နေပြီး ဒေသခံများအား အစုအဖွဲ့ပိုင် သစ်တောအဖြစ် ပြန်လည်အပ်နှံမူများ ပြုလုပ်နေပြီဖြစ်ကြောင်း မိုးရာသီ သစ်ပင်စိုက် ပွဲတော်တွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြောဆိုခဲ့ပါသည်။ ထို မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ဝိုင်းမော် နမ့်ဝါသစ်တောကြိုးဝိုင်းတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပကာ ဝိုင်းမော်မြို့တွင်းရှိ ဌာနဆိုင်ရာများနှင့် ဝူယန်ဒေသခံများ စုစုပေါင်း လူအင်အား ၂၀၀ ခန့် ပါဝင်ခဲ့ကြသည်ကို တွေ့ရပါသည်။ “သစ်ပင်တစ်ပင်ဖြစ်လာဖို့ဆိုတာ ဒီနေ့ပါဝင်ကြတဲ့ ဌာနဆိုင်ရာတွေရော ပြည်သူတွေရော ပူးပေါင်းခြင်းအားဖြင့် သစ်ပင်တစ်ပင်ဖြစ်လာဖို့ဆိုတာ ဘယ်လောက်ခက်ခက်ခဲခဲ စိုက်ပျိုးရသလဲဆိုတဲ့ အသိလေးဝင်လာပြီဆိုရင် ငါတို့ ဘယ်လိုထိမ်းသိမ်းရမလဲ၊ လွယ်လွယ်ကူကူခုတ်လို့မဖြစ်ဘူးဆိုတဲ့ အများကြိီးရရှိသွားမယ်လို့ထင်တယ်။” ဟု ဝိုင်းမော်မြို့နယ် သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာက ပြောသည်။ ယခုလို မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရခြင်းသည် ရာသီဥတုက တစ်ဖြည်းဖြည်း ပူပြင်းလာတဲ့သည့်အတွက် သစ်ပင်စိုက်ခြင်းများ ပြုလုပ်ရခြင်းဖြစ်ပြီး သစ်ပင်စိုက်ခြင်းတွင်လည်း ပြည်သူများအနေနဲ့ ပူးပေါင်းပါဝင်စေလိုသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “ကျနော်တို့ဒေသခံတောင်သူတွေဟာ ဘာမှမသိတဲ့ ပညာမတတ်တဲ့အနိမ့်ဆုံး လူတန်းစားတွေဖြစ်ပါတယ်။ ခုလိုဘဲ ကျနော်တို့ အတွက်ကောင်းစားဖို့ သက်ဆိုင်ရာဌာနပေါင်းစုံအားဖြင့် ပူးပေါင်းပါဝင်စေခွင့်ပြုတဲ့အတွက် ကျေးဇူးတင်တယ်။” ဆိုပြီး ဒေသခံ ဦးဇေခေါင်က ဆိုသည်။ ၂၀၁၉ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်တွင် ယူကလစ် ၁၂၁၀၊ မယ်စလီပင် ၁၂၁၀ စုစုပေါင်းပျိုးပင် ၂၄၂၀ စိုက်ပျိုးခဲ့ကြသည်။ နမ့်ဝါသစ်တောကြိုးဝိုင်းသည် စုစုပေါင်းဧက ၃၈၀၀ ရှိပြီး ဒေသခံများအတွက် ထင်းစိုက်ခင်းများ တစ်ရွာ … - [ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီ နှင့် ဒေသခံတို့ကြား မြေယာ ပြဿနာကို ဖြေရှင်းပေးစေလို](https://burmese.kachinnews.com/2019/06/17/%e1%80%9f%e1%80%b0%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%84%e1%80%b9%e1%80%b7%e1%80%9d%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1/): ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာများတွင် ယုဇနကုမ္ပဏီနှင့် ဒေသခံတို့ကြား မြေယာပြဿနာကြောင့် ရုန်းရင်းဆန်ခတ်မှု အကြိမ်ကြိမ် ဖြစ်ပွားနေသောကြောင့် အစိုရအဖွဲ့အား အမြန်ဆုံး လာရောက် ဖြေရှင်းစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ ဇွန်လ ၇ရက်နေ့ နှောင်းမီကျေးရွာတွင် ယုဇနကုမ္ပဏီဘက်မှ ဒေသခံများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက ၁၀၀ ခန့်တွင် ဘက်ဟိုး၊ ထွန်စက်များဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံ ၃၀ ဦးခန့်နှင့် ကုမ္ပဏီဘက်မှ ၁၅ ဦးခန့်က ပြသာနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆယ်စုနှစ်တစ်ခုအကြာ လီဒိုလမ်းတစ်လျှောက်က နှောင်းမီ ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ၊ ဘန်ကောက် နှင့် စံပြ ကျေးရွာများတွင် ပုံစံတူဖြစ်ပျက်နေသော ကုမ္ပဏီနှင့် ဒေသခံပြည်သူများကြား ပြဿနာများကို သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဖြေရှင်းစေလိုကြောင်း နှောင်းမှီ အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့ MRJ မှ ဦးဆိုင်းအောင်က KNG သတင်းဌာနကို ပြောဆိုပါသည်။ “ပြောရမယ်ဆိုရင် ယုဇနကုမ္ပဏီနဲ့ အခုလို ထိပ်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာက ဒီတစ်ခါနဲ့ဆိုရင် ၅ခါရှိပြီ။ အဓိကဖြစ်တဲ့ ပြသာနာ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို စက်ယန္တရားတွေနဲ့ ဝင်ရောက် ထိုးကလော်ပေးတယ်။ ဒါကို ဒေသခံတွေက ကန့်ကွက်ရင်း ပြသာနာတွေထဖြစ်ခဲ့တယ်။ ဒါကြောင့် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ကနေ အမြန်ဆုံး လာရောက်ဖြေရှင်းပေးရန် လိုအပ်နေပြီ” ဟုပြောဆိုခဲ့ပါသည်။ ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ယုဇနကုမ္ပဏီပိုင်အဖြစ် မြေ ဧက စုစုပေါင်း ၆သိန်းကျော် သိမ်းယူထားပြီး ၂သိန်းကျော်ကို လုပ်ငန်း အကောင်ထည်ဖော်နေတဲ့အတွက် အစိုရမှ … - [မြစ်ကြီးနား Trinity စစ်ရှောင်စခန်းတွင် ရေရှားပါးမှုဒဏ် ကြုံတွေ့နေရ](https://burmese.kachinnews.com/2019/06/17/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-trinity-%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%85/): မိုးရာသီ ရောက်ပြီ ဖြစ်သော်လည်း မြစ်ကြီးနား ပလန ကျေးရွာ Trinity Camp စစ်ရှောင်စခန်းတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင် ပြည်သူများသည် ရေရှားပါးမှုဒဏ် ကြုံတွေ့နေကြရကြောင်း သိရပါသည်။ “ရေတွင်းတစ်ခုဘဲရှိတော့ အဆင်မပြေဘူး။ အဲရေတွင်းလည်း ခနနဘဲရေစုပ်လို့ရတယ်။ ၁၅မိနစ်လောက်ဆို မရတော့ဘူး။ သောက်ရေနဲ့ ထမင်းချက်စားဖို့ရေကိုကျတော့ ဒီအနီးမှာရှိတဲ့ ဘုရားကျောင်းကနေ သုံးဘီးကနေ သွားခပ်ပေးတယ်။ ဒါပေမယ့် လုံလောက်မူမရှိဘူး။ ရေချိုးကြတာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာ သွားချိုးကြတယ်” ဆိုပြီး စခန်းတာဝန်ခံ တစ်ဦး ဆရာဘရန်ရှောင်က ဆိုပါသည်။ အိမ်ခြေ ၁၇၀ ရှိသော ထို စစ်ရှောင်စခန်းတွင် ရေတွင်း တစ်ခုသာရှိသောကြောင့် စစ်ရှောင်တာဝန်ခံများအနေဖြင့် တစ်ရက်လျှင် ၈ ကြိမ်ခန့် သုံးဘီးဖြင့် ခပ်ပေးနေသော်လည်း ပြဿနာ မဖြေရှင်းနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ယင်းစစ်ရှောင်စခန်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ကူညီဆောင်ရွက်နေပြီး လက်တွေ့လုပ်ငန်းလုပ်ဆောင်ရာတွင် Mega City ကုမ္မဏီမှ အဝီစိတွင်းတူးဖို့ရန် စီစဉ်နေသော်လည်း ရေကြော အောင်မြင်မူ မရှိသောကြောင့် ရေတွင်းတူးရာတွင် အဆင်မပြေမူများ ရှိနေကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။ “သုံးဘီးကနေဘဲ ခပ်ပေးတာဆိုတော့ သွားတန်းစီပြီး လုခပ်ရတယ်။ ကျမတို့လို ကလေးနဲ့ ဘာနဲ့ အလုပ်မအားတဲ့ချိန်ဆိုတော့ သွားပြီးလုခပ်ရတာ အဆင်မပြေဘူး။ ရေမရှိတဲ့အတွက် ချွေတာပြီးတော့ဘဲ သုံးရတယ်။ သုံးဘီးကနေခပ်ပေးတဲ့ရေ မလောက်တဲ့အတွက် ဒီအနီးနားအိမ်တွေမှာ သွားခပ်ပြန်တော့လဲ ကြိမ်ဖန်များလာတော့ အိမ်ရှင်တွေလည်း စိတ်ဆိုးလာကြတယ်။ ရေမရှိတော့ အရမ်းခက်ခဲတယ်။” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် … - [တရုတ်နိုင်ငံသား ၁၁ ဦးကို ပြည်နှင်ဒဏ်ပေး](https://burmese.kachinnews.com/2019/06/13/%e1%80%90%e1%82%90%e1%80%af%e1%80%90%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8-%e1%81%81%e1%81%81-%e1%80%a5%e1%80%ae%e1%80%b8%e1%80%80%e1%80%ad/): ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော တရုတ်နိုင်ငံသား ၁၁ ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လ.ဝ.က ဥပဒေအရ ယနေ့ ဇွန်လ ၁၃ရက်နေ့ ပြည်နှင်ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ၁၁ ဦးအနက် ၁၀ ဦးမှာ မေလ ၂၆ရက်နေ့ ဆဒုံးမြို့ စုပေါင်းဂိတ်တွင် အထောက်အထားမပါဘဲ ဝင်ရောက်လာသူများဖြစ်ပြီး ၁ ဦးမှာ ယဉ်တိုက်မှုဖြင့် လ.၀.က မှ အရေးယူထားသူဖြစ်ကြောင်း သိရပါသည်။ ပြည်နှင်ခံရသော ၁၁ဦး ကို လ.ဝ.က ပုဒ်မ ၁၃(၁)အရ တစ်ဦးလျှင် ဒဏ်ငွေအဖြစ် မြန်မာကျပ်ငွေ ၅သိန်းစီ ပေးဆောင် စေပြီး ဖြစ်ကြောင်းလည်း သိရပါသည်။ “ဒီကနေ့ တရုတ်နိုင်ငံသား ၁၁ဦးကိုက ပြည်နယ် မိန့်ရလို့ လွတ်လိုက်တာဖြစ်တယ်။ ဖြစ်စဉ်က ဒီထဲမှာ ၁၀ဦးကိုက ဆဒုံးစုပေါင်းဂိတ်မှာ နိုင်ငံကူးအထောက်အထားမပါလို့ ဖမ်းဆီးထားတာဖြစ်တယ်။ နောက် ၁ယောက်ကတော့ ယဉ်တိုက်မှုကြောင့်ပါ။ ဒီ ၁၁ဦးကတော့ လ.ဝ.က အမိန့်ချပြီးမှ ယခုက ပြည်နယ်မိန့်နဲ့ဆောင်ရွက် ပေးတာပါ”ဟု ဝိုင်းမော်မြို့နယ် လ၀က ရုံးမှ သိရပါသည်။ ထို့အပြင် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်ကျူးကျော်လုပ်ကိုင်နေသူများနှင့် သက်တမ်းကုန် နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂ ဦးကို လက်ရှိ ဝိုင်းမော်မြို့နယ် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရပါသည်။ “သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ပြုလုပ်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီများကို ဖမ်းဆီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်။ ကျနော်တို့အနေနဲ့က ကြိုးဝိုင်းအတွင်းမှာ ကျူးကျော်နေတယ် ဆိုရင်က ဥပဒေအရ ဆောင်ရွက်ရမှာဘဲ။ ယခုဆိုရင် … - [လီဒိုလမ်း ပြည်သူ့စစ်စခန်း ရွှေ့ပြောင်းပေးရန် ဒေသခံ နှင့် စစ်ရှောင်များ တောင်းဆို](https://burmese.kachinnews.com/2019/06/12/%e1%80%9c%e1%80%ae%e1%80%92%e1%80%ad%e1%80%af%e1%80%af%e1%80%9c%e1%80%99%e1%80%b9%e1%80%b8-%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%9e%e1%80%b0%e1%82%94%e1%80%85%e1%80%85%e1%80%b9%e1%80%85%e1%80%81/): ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာနှင့်နီးကပ်လျှက်ရှိ ပြည်သူ့စခန်းသစ်ကို လုံခြုံရေးအရ စိုးရိမ်ရဖွယ်ရှိသောကြောင့် ရွှေ့ပြောင်းပေးရန် ဟူးကောင်းရွာသားများနှင့် စစ်ရှောင်များ တောင်းဆိုနေကြပါသည်။ အဆိုပါ ရှမ်းနီပြည်သူ့စစ် စခန်းကို မြန်မာစစ်တပ် ခလရ (၂၉၇) အကာအကွယ်ပေးမှုအောက် Shahtuzup ကျေးရွာ နှင့် Lawt Ja စစ်ရှောင်စခန်းများနှင့်နီးကပ်သည့် စံပြကျေးရွာတွင် မေလကတည်းက အခြေစိုက်လာခြင်းဖြစ်သည်။ ကျေးရွာနှင့်ကပ်ပြီး တပ်စခန်း မထားပေးရန်အတွက် တာဝန်ရှိသူနှင့်တွေ့ဆုံပြီး တင်ပြတောင်းဆိုခဲ့သော်လည်း ‘အထက်အမိန့်ကြောင့် လုပ်ရခြင်းဖြစ်သည်’ ဟု ပြောဆိုလာကြောင်းကို စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလယ်မယ်သား (Lay May Ta) က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။ “ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး မလုပ်ခင်ကတည်းက တာဝန်ရှိသူနဲ့တွေ့ဆုံပြောဆိုခဲ့တယ်။ တပ်စခန်း ထားဖို့က ဒေသခံတွေလည်း သဘောတူမှာမဟုတ်ဘူး။ ပြီးရင် ဒီနေရာမှာက စခန်းထားဖို့ အဆင်မပြေဘူး။ ကျေးရွာနဲ့လည်းအလွန်နီးတယ်။ အနားမှာလည်း စစ်ရှောင်စခန်းလည်းရှိတယ်။ ပြီးရင် ဒီအနီးနားမှာဘဲ ကချင်လွတ်လပ်ရေးတပ်မတော် တွေလည်းရှိတယ်။ ဒေသခံတွေက တစ်ခုခုဖြစ်လာမှာကို စိုးရိမ်နေကြတယ်” ဟု သူကဆိုသည်။ တနိုင်းမြို့နယ်အတွင်း ၂၀၁၇ တပ်မတော် နှင့် KIA တို့ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသည့် Lawt Ja စခန်း စစ်ရှောင်များလည်း အလွန်စိုးရိမ်နေကြာင်းကို စခန်းတာဝန်ခံ Sara Zau Aung က ယခုလိုပြောသည်။ “ယခုဆောက်ထားတဲ့ စခန်းက အားလုံးမြင်တဲ့အတိုင်းပါပဲ ရွာနဲ့ အင်မတန် နီးတယ်။ ကျနော်တို့ စစ်ရှောင်စခန်းနဲ့ ဆိုရင်လည်း မလှမ်း … - [နမ်ဆန်ယန် စစ်ရှောင်နေရပ်ပြန် စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ဆရာ/မ ၁၃ ဦးကို စေလွတ်](https://burmese.kachinnews.com/2019/06/06/%e1%80%94%e1%80%99%e1%80%b9%e1%80%86%e1%80%94%e1%80%b9%e1%80%9a%e1%80%94%e1%80%b9-%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%94%e1%80%9b%e1%80%95/): ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ ပထမအကြိမ် နေရပ်ပြန် အစိုးရကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမ ၁၃ဦးကို ဇွန်လ ၆ရက်နေ့ ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သွားရောက် ပို့ဆောင်ခဲ့ပါသည်။ “ကျနော်တို့ အဓိတော့ ပြည်နယ်ပညာရေးမှူး ညွန်ကြားချက်အရပေါ့။ အခုဖွင့်မယ့် နမ်ဆန်ယန် ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ ၁၃ဦးကို သွားရောက်ပို့ပေးတာပါ။ သူတို့က ကျောင်းသား ၂၀၀ခန့်ကို သွားရောက်သင်ကြားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရွာရှိရင် ကျောင်းရှိရမယ်။ ကျောင်းသားရှိရင် သင်ကြားတဲ့ ဆရာတွေရှိရမယ်။ ဒီလိုနဲ့သွားတာပါ” ဟု မြို့နယ် ဒုပညာရေးမှူး ဦးဝင်းလှ ပြောဆိုပါသည်။ လက်ရှိ နမ်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန် အိမ်ထောင်စု ၁၀၀ ခန့် ရှိလာပြီး လူဦးရေ ၅၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် စာသင်ကြားခံယူရန် စားရင်းသွင်းထားသူ အများစုမှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ တွင် ခိုလှုံနေသော စစ်ရှောင် ကျောင်းသူ/သား များ ဖြစ်ကြောင်း သိရပါသည်။ နေအိမ် မပြင်ဆင်နိုင်သေးသော သူများအတွက် ကျေးရွာ ကတ်သလစ်ဘုရားကျောင်းတွင် စိန်ပေါလ် ကလေးဘော်ဒါဆောင် ဖွင့်ထားပြီး၊ ကျောင်းဆရာ/မ များကိုလည်း ကျေးရွာအတွင်း နေရာချထားမည်ဟု သိရပါသည်။ ယခုဖွင့်လှစ်မည့် အလက နမ်ဆန်ယန်ကျောင်းသည် ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် အစိုးရတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားချိန် စွန့်ခွာခဲ့ရာမှ ၈ နှစ်အကြာမှသာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါသည်။ Photo-KNG - [လက်နက်ကြီးကျည်ဟောင်း ပေါက်ကွဲမည်ကို ချီဖွေ စစ်ရှောင်များ စိုးရိမ်](https://burmese.kachinnews.com/2019/06/06/%e1%80%9c%e1%80%80%e1%80%b9%e1%80%94%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%8a%e1%80%b9%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%95/): ကချင်ပြည်နယ် ချီဖွေ (Chipwi) စစ်ရှောင်စခန်းတွင် ကျရောက်သော (၁၁၀) မမ အမြောက်ဆံဟောင်း၏ အရင်းပိုင်းကို မြန်မာအစိုးရ စစ်သားများ ထုတ်ယူခဲ့သော်လည်း ပေါက်ကွဲနိုင်သည့် ထိပ်ဖူးအပိုင်းကို ကျန်ထားသောကြောင့် စစ်ရှောင်များ စိုးရိမ်နေကြပါသည်။ “လာတူးဖော်တာတော့ သိပ်မကြာသေးဘူး။ ကျနော်တို့က လာတူးကြပြီဆိုတော့ အရမ်းဝမ်းသာနေတာ ဒါပေမယ့် ပိုအန္တာရယ်ရှိတဲ့အပိုင်းက ချန်ထားသေးကြတော့ စိတ်က မအေးရသေးဘူး။ ဘယ်နေ့ပြန်လာဖော်မယ်ဆိုတာလည်း သေချာမသိသေးဘူး” ဟု စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သူ ဦးလဆော့လွမ်းဇေ (Lasaw Lum Ze)က ပြောသည်။ ယင်းအမြောက်ဆံသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လော်ဝေါ်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းနံဘေးတွင် မပေါက်ပွဲဘဲ ထိုးကျခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဧပြီလတွင် ချီဖွေမြို့ မြန်မာစစ်တပ်မှ ထုတ်ယူခဲ့စဉ် ပေါက်ကွဲနိုင်သည့် ထိပ်ဖူးအပိုင်းကို ချန်ထားခြင်း ဖြစ်သည်။ စစ်ရှောင်များပြောဆိုချက်အရ အမြောက်ဆံသည် မြေပြင်မှ အနက် ၁ လက်မခန့်သာ စိုက်ဝင်ထားခြင်းဖြစ်ပြီး ၎င်းနေရာအား သွပ်ကာပြီး ဆားဖျန်းထားသည်။ “သူတို့ပြောပုံအရဆိုရင်တော့ အမြောက်ဆံထိပ်ဖူးက အုတ်ခုံနီး အထဲကိုစိုက်ဝင်နေတဲ့ချိန်ကျတော့ ထုတ်ယူဖို့ခက်တယ်။ ဖောက်ခွဲလိုက်မယ်ဆိုရင်တော့ ဒီမှာရှိတဲ့စစ်ရှောင်တွေကို ခဏလောက် နေရာဖယ်ခိုင်းပြီး ဖောက်ခွဲလိုက်ရင်တော့ အဆင်ပြေနိုင်တယ်ပြောတယ်။ ဒါပေမယ့် ခက်တာက စစ်ရှောင်စခန်းနားမှာ တယ်လီနောဆက်သွယ်ရေး ဖုန်းတာဝါတိုင်ကိုတော့ မလျော်ပေးနိုင်ဘူးဆိုပြီး ပြောကြတယ်။” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ပြောသည်။ ချီဖွေမြို့တွင်း စစ်ရှောင်မိသားစု ၅၀၀ ခန့်ရှိပြီး လော်ဝေါ်နှစ်ခြင်းခရစ်ယာနအဖွဲ့ချုပ် (LBC) နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော် ဘုရားကျောင်းများတွင် လာရောက်ခိုလှုံနေကြပြီး ယခုအမြောက်ကျသည့် နေရာသည် … - [ရက်လွန် နေထိုင်သော တရုတ်နိုင်ငံသား (၃)ဦးကို လ၀ကမှ ဖမ်းဆီး](https://burmese.kachinnews.com/2019/06/05/%e1%80%9b%e1%80%80%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9-%e1%80%b1%e1%80%94%e1%80%91%e1%80%ad%e1%80%af%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%90%e1%82%90%e1%80%af%e1%80%af/): ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့တွင် တရားမ၀င်နေထိုင်နေသည့် တရုတ်နိုင်ငံခြားသား (၃)ဦးကို ဇွန်လ (၅) ရက်နေ့ မြစ်ကြီးနား-ကန်ပိုင်တီလမ်း ဆဒုံးစစ်ဆေးရေးဂိတ်တွင် ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ မှ စစ်ဆေးဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ယင်းတရုတ်နိုင်ငံခြားသား ၃ ဦးမှာ နေထိုင်ခွင့်အမိန့် ခွင့်ပြုရက်ကာလ (၁)လ ကျော်ချိန်မှ ယခုလို အဖမ်းဆီး ခံရခြင်းဖြစ်ပြီး ယဉ်မောင်းလိုင်စဉ်မဲ့ကား မောင်းနှင်သူ ဦး ရန်မိုက်လွင်မှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ “ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေအတွက် သစ္စာမရှိဘူးပေါ့။ ကားပေါ်မှာတော့ တရုတ် ၃ယောက် တင်ထား တယ်။ ဂိတ်မှာကျတော့ ဆင်းပြီးသတင်းပို့တယ်။ မပါတဲ့သဘာမျိုးပေါ့။ ဒါပေမဲ့ ကျနော်တို့ လ၀က စစ်ဆေးလိုက်တဲ့ချိန်မှာ တရုတ် ၃ ယောက်တွေ့တယ်။ သက်တမ်းကကျော်နေပြီဖြစ်တဲ့အတွက် လ၀က ကဖမ်းထားတယ်။” ဟု ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန မှ ဆရာ အားဆီ ထံမှ သိရသည်။ “ခရီးသည် ၇ ယောက်ပါတာကို ၄ယောက်စာအတွက်ပဲ ဂိတ်ကိုပြတယ်။ စစ်ဆေးကြည့်တော့ နောက်လူ ၃ယောက်က ဘယ်သူလဲ မေးတော့ ကားသမားက သူ့သူငယ်ချင်းတွေပါ။ မကန (မြစ်ကြီးနား) က တိုင်းရင်းသား တွေပဲလို့ လိမ်တယ်။” ဟု ၄င်းက ကချင်သတင်းဌာန KNG ကို ဆက်ဆိုသည်။ ယခုကဲ့သို့ ကချင်ပြည်နယ်သို့ တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသားများ စစ်ဆေးဖမ်းဆီးခံရခြင်းသည် တစ်လကျော်အတွင်း ၂၂ ဦးခန့် ရှိနေပြီဖြစ်သည်။ မေလ ၁၂ ရက်နေ့က ဖမ်းဆီးအရေးယူခံထားရသည့် ဝိုင်းမော်မြို့နယ် အောင်မြင် (၂) … - [နေရပ်ပြန်လိုသော ချီဖွေ စစ်ရှောင်များကို ကြက်ခြေနီအသင်းမှ အိမ်ယာများ ဆောက်လုပ်ပေး](https://burmese.kachinnews.com/2019/06/05/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%af%e1%80%b1%e1%80%9e%e1%80%ac-%e1%80%81%e1%80%ba%e1%80%ae%e1%80%b1%e1%80%96%e1%80%bc/): ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်းရှိ စစ်ရှောင်များအား မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ပထမဆုံးအကြိမ် စီမံကိန်းအိမ်ယာများ ဆောက်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။ Chipwe (ချီဖွေ)မြို့နယ်တွင်းရှိ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LBC)နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အသင်းတော်များတွင် ခိုလှုံနေထိုင်ကြသည့် စစ်ရှောင်များ မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသည့် အိမ်ထောင်စုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပထမဆုံးအကြိမ်အဖြစ် စီမံကိန်း အိမ်ယာဆောက်လုပ်ပေးပြီး စတင်ပြောင်းရွှေ့ထားပြီ ဖြစ်ကြောင်း လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ “ပြောင်းရွှေ့နေထိုင်ချင်တဲ့သူတွေ နာမည်စာရင်း လိုက်ကောက်တဲ့ချိန်မှာ ပြောင်းချင်တဲ့သူတွေက အရမ်းများနေကြတဲ့ချိန်ကျတော့ မဲစနစ်နဲ့ဘဲလုပ်လိုက်ရတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ဒီတစ်ကြိမ်ပြီးရင် နောက်ထပ်ပြန်ပြီး စီမံကိန်းအိမ်ယာတွေ ထပ်ပြီးဆောက်လုပ်ပေးသွားအုံးမယ်လို့ပြောပါတယ်။” ဟု လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ စစ်ရှောင်တာဝန်ခံတစ်ဦးဖြစ်သူ အမူတော်ဆောင် ဆရာမ ဒေါ်တိုက်ညွယ် (Tai Nyoi)က ခုလိုပြောသည်။ ယခုပြောင်းရွှေ့ပေးနေသည့် စီမံကိန်းအိမ်ယာသည် စစ်ရှောင်များ၏ မူလနေရပ်တွင်မဟုတ်ဘဲ ချီဖွေမြို့မှ ၁မိုင်ခန့်ကွာဝေးသည့် မဂေါင်ကျေးရွာတွင်ဖြစ်ပြီး ပထမဆုံးပြောင်းရွှေ့နေထိုင်သည့် အကြိမ်ဖြစ်သည့်အတွက် အဆင်မပြေမှုများစွာရှ်ိကြောင်း ၎င်းကဆက်ပြောသည်။ “မနေ့က စပြောင်းတဲ့အနေနဲ့ ဆုတောင်းတာတွေအားလုံးလုပ်ပြီးသွားပြီ ဒါပေမယ့် ခုလောလောဆယ်မှာ အိမ်ခြေ ၁၁ အိမ်သုံးဖို့အတွက် တောင်ကျရေကနေသွယ်ထားတဲ့ ရေပိုက်အသေးတစ်ခုဘဲ ရှိတော့ ရေအဆင်မပြေတာတွေ ပြီးတော့ မီးမရသေးဘူး။ အိမ်ဆိုအိမ်သက်သက်ဘဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီစစ်ရှောင်စခန်းမှာ နေရတာထက်စာရင် စိတ်ထဲမှာ ကိုယ့်အိမ်ဘဲဆိုတော့စိတ်နဲ့ နေရတာပိုပြီးတော့လွတ်လပ်တယ်။” ဆိုပြီး မကောင့်ကျေးရွာတွင်ပြောင်းရွှေ့နေထိုင်ပြီဖြစ်သည့် စစ်ရှောင်တစ်ဦးဖြစ်သူ ဒေါ်ဘောမ်မျှော် (Bawm Myaw)က ပြောသည်။ Makawk (မကောင့်)ကျေးရွာတွင် စတင်ပြောင်းရွှေ့နေကြသည့် စစ်ရှောင်အိမ်ထောင်စုများသည် ၂၀၁၂ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် … - [ချီဖွေဒေသခံများ သစ်ပင်စိုက်ခြင်းဖြင့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ပြုလုပ်](https://burmese.kachinnews.com/2019/06/05/%e1%80%81%e1%80%ba%e1%80%ae%e1%80%b1%e1%80%96%e1%80%bc%e1%80%b1%e1%80%92%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%9e%e1%80%85%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%85/): ကချင်ပြည်နယ် ချီဖွေမြို့တွင် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား အထိမ်းအမှတ်ပြုသည့်အနေနှင့် ဇွန်လ ၅ရက်နေ့ သစ်ပင်စိုက်သည့်အစီစဉ်ပြုလုပ်ခဲ့ကြောင်း လောင်ဗျစ်ခေါင် အရပ်ဘက်အဖွဲအစည်းမှ သိရသည်။ “ကျနော်တို့ ချီဖွေမှာ ခု၂၀၁၀နောက်ပိုင်း မြေပြိုမှုတွေ ခနနပိုများလာတယ်။ မိုးရွာမယ့်ချိန်ကျ မိုးမရွာဘူး ရာသီဥတုကပိုဆိုးလာတယ်။ ဒါတွေအားလုံးကို ပညာရှိတဲ့သူတွေရော ပညာမရှိတဲ့သူတွေရော ဒီအရာတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ဆိုတာ အသိတရားတော့ ရှိလာကြတယ်။ ဒါပေမယ့် သစ်ပင်စိုက်ဖို့ကျတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ အဲလောက်မရှိသေးဘူး အဲဒါကြောင့် ကျနော်တို့ ပထမဆုံးစံပြအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ခုလိုသစ်ပင်စိုက်ကြတာဖြစ်တယ်။” ဟု လောင်ဗျစ်ခေါင်အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှ်ိသူတစ်ဦးဖြစ်သည့် ဦးဇောင်းဒိုင် (Slg. Zawng Dai) ကပြောသည်။ သစ်ပင်များကို ချီဖွေမြို့တွင်း တစ်နေရာတည်းတွင်သာ သီးသန့်စိုက်ရန် နေရာအဆင်မပြေမှုများရှိသည့်အတွက် အစိုးရဌာနဆိုင်ရာရုံးများတွင် သစ်ပင်စိုက်လို့ရမည့်နေရာများတွင်သာ စိုက်ပျိုးခဲ့ကြပြီး ကြက်မောက်သီး၊ တရုတ်ဇီးသီးနှင့် အခြားအသီးပင်များကို စိုက်ပျိုးခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါ သစ်ပင်စိုက်သည့်အစီစဉ်ကို ချီဖွေမြို့တွင်းရှိ လောင်ဗျစ်ခေါင်၊ တောင်သူများကွန်ယက်စသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များ၊ ဒေသခံပြည်သူများပါဝင်ကြပြီး စုစုပေါင်းလူအင်အား ၃၀ခန့် ပါဝင်ခဲ့ကြသည်။ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ထက် ဖျက်စီးတာက ပိုများနေတယ်။ သတ္တုတူးတာတွေ၊ သစ်ခုတ်တွေဒါတွေအားလုံးက သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေကြတာဘဲ။ တွေ့နေလည်း ကျနော်တို့ပြည်သူတွေက ဘာမှပြောလို့မရ လက်နက်ကိုင်အဖွဲ့စည်းတွေဆိုတော့ တားဆီးလို့်လည်းမရ သူတို့က ဆက်ဖျက်စီးနေကြတုန်းဘဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာ ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းမှာ တာဝန်ရှိသလို အစိုးရတွေမှာလည်း တာဝန်ရှိတယ်။” ဆိုပြီး သစ်ပင်စိုက်ရာတွင်လာရောက်ပါဝင်သည့် ဒေသခံတစ်ဦးက ပြောသည်။ ယခုလတွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့တွင်လည်း သစ်ပင်စိုက်သည့်အစီစဉ်များ ပြုလုပ်နေကြကာ ချီဖွေမြို့တွင်လည်း … - [နေရပ်ပြန် Nam San Yang စစ်ရှောင် ရွာသားများ သောက်ရေ ခက်ခဲနေ](https://burmese.kachinnews.com/2019/06/04/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9-nam-san-yang-%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9-%e1%80%9b%e1%80%bc/): ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော် ဒုက္ခသည်စခန်းများမှ Nam San Yang နေရပ်သို့ ပြန်လာကြသည့် ကချင်စစ်ရှောင်ရွာသားများ ရာသီဥတု အလွန်ပူပင်းမှုအောက် သောက်သုံးရေ မရှိ အခက်အခဲနှင့် ပြန်လည်ကြံတွေ့နေရကြောင်း စစ်ရှောင်များ နေရပ်ပြန်လာရေး ဦးဆောင်သူများ ဆိုပါသည်။ တိုက်ပွဲကြောင့် ၈နှစ်ကြာ ပစ်ထားခဲ့ရသည့် ကျေးရွာရှိ ရေတွင်းများတွင် ရေခမ်းခြောက်ကုန်သောကြောင့် သောက်သုံးရေရှားပါးသည့် ပြဿနာရင်ဆိုင်နေရသည်ဟု Nam San Yang စစ်ရှောင်များ နေရပ်ပြန်ရာရေး ဦးဆောင်ကူညီပေးသူ ကချင်နာမည်ကျော် အဆိုတော် Slg. Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။ “နေအရမ်းပူတော့ ရေတွေခမ်းခြောက်ကုန်တယ်။ ဒီနေရပ်ပြန်တဲ့ စစ်ရှောင်တွေက အရင်ရေတွင်းဟောင်းကိုဘဲ သန့်ရှင်းရေးလုပ်ပြီး ပြန်သုံးကြတာဖြစ်တယ်။ ရေတွင်းအသစ်တွေကို မတူးပေးနိုင်သေးဘူး။ ခုလောလောဆယ် ကို သောက်ရေ အရမ်းအခက်ခဲဖြစ်နေတယ်။ သုံးရေကျတော့ ဒီ Nam San Yang ရွာနားက ချောင်းမှာ သွားခပ်ကြတယ်။” ဟု ဆိုသည်။ Nam San Yang ကျေးရွာတွင် ယခုနှစ်မှစကာ ၈ နှစ်ကြာပိတ်ထားခဲ့ရသည့် အစိုးရစာသင်ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ပျက်စီးယိုယွင်းနေသောကျောင်းဆောင်များနှင့် ကျောင်းသူ ကျောင်းသူများအတွက် ဘော်ဒါဆောင် ဆောက်နေပါသည်။ “ဘော်ဒါဆောင်လုပ်နေတဲ့သူတွေလည်း ရေအခက်ခဲရှိနေတယ် ကျနော်တို့အနေနဲ့လည်း ရေတွင်းတူးပေးဖို့ မတတ်နိုင်ဘူး။ ရေတွင်းတွေက အားလုံးခမ်းကုန်ပြီ။ တချို့အဖွဲ့အစည်းတွေက လာကြည့်တာတော့ရှိတယ်။ ဒါပေမယ့် ဘာမှထူးမလာဘူး” ဟု Hpaula Gam Hpang က ဆက်ပြောသည်။ ဇွန်လ … - [ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းရန် သဘောတူ](https://burmese.kachinnews.com/2019/06/04/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%af/): ရှမ်းပြည်အတွင်း ကချင်နိုင်ငံရေးပါတီတစ်ခုထူထောင်ရန် ​မေလ ၂၈ ရက်မှစတင်ကာ ၂ရက်တာဆွေးနွေးခဲ့ရာတွင် ပါတီထူထောင်ရန် အတည်ပြုဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပါတီထူထောင်ရေး ကော်မတီ ယာယီတာဝန်ခံ Duwa Tangbau Naw Hkam ဆိုပါသည်။ “ဒီနေ့ဆွေးနွေးပွဲကတော့ ပြောစရာမရှိအောင် ရာခိုင်နှုန်းအပြည့်အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာတဲ့သူတွေအားလုံးကလည်း ကချင်နိုင်ငံရေးပါတီ မဖွင့်ရင် မဖြစ်တော့ဘူး ပါတီထူထောင်သင့်ပြီ ဆိုပြီး အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ ကျနော်တို့အတွက အောင်မြင်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြပြီဖြစ်တယ်။” ဟု ပါတီယာယီတာဝန်ခံ ကပြောသည်။ ယင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ အသင်းတော်ခေါင်းဆောင်များ၊ ဒေသခံ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး ပါတီ၏ရှေ့ဆက်လုပ်ဆောင်သွားမည့် ကိစ္စများ ဦးဆောင်ရန်အတွက် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြပြီဖြစ်သည်။ “ခုကျနော်အမှုတော်ဆောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ပါတီတစ်ခု တစ်ကယ်ပဲ ထူ ထောင်သင့်ပြီလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်မှာရှိတဲ့ ကချင်လူထုကို ကာကွယ်ဖို့အတွက် ကချင်နိုင်ငံရေးတစ်ခုတော့ ရှိကို ရှိသင့်ပြီလို့မြင်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ Duwa Tangbau Hkun Myat (ဦးတီခွန်မြတ်)၏ ညီဖြစ်သူ မုံးကိုပြည်သူ့စစ်ခေါင်းဆောင် ဒူဝါ တီနော်ခမ်း သည် လားရှိုးမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ၏ သင်းထောက် တစ်ဦးလည်းဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခု ထူထောင်မည်ဆိုလျှင် ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရ ပါတီတစ်ခုထူထောင်ရာတွင် ပါတီဝင်များက အဖွဲ့အစည်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်နေသူမျိုးမဖြစ်ရန်၊ အဖွဲ့အစည်းတစ်ခုခု၏ အမှီအခိုကင်းသူများဖြစ်ရမည်ဖြစ်ကြောင်း ပါရှိသည်။ သို့သော်လက်ရှိ ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီထူထောင်ရန် ဦးဆောာင်သူများသည် ပြည်သူ့စစ်မှ ခေါင်းဆောင်အချို့ ပါဝင်နေခြင်းအပေါ် ကချင်လူထုအချို့စိုးရိမ်မှုများရှိနေသည်။ ယင်းကိစ္စရပ်အပေါ် ဆွေးနွေးပွဲတက်ရောက်လာသူ တစ်ဦးဖြစ်သူ မူဆယ် … - [နေရပ်ပြန် ရှမ်းမြောက် ကချင်စစ်ရှောင်များအတွက် နေအိမ် အဆင့်သင့် မရှိသေး](https://burmese.kachinnews.com/2019/06/04/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9-%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9-%e1%80%80%e1%80%81/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ဝိန်းဆိုင် ကချင်စစ်ရှောင်များ မိမိနေရပ်သို့ ပြန်လာနေကြပြီ ဖြစ်သော်လည်း နေထိုင်ရန် အိမ် အဆင့်သင့် မရှိသေးကြောင်း စစ်ရှောင်ရွာသားများဆိုပါသည်။ Mungbaw (မုံးပေါ်)ကျေးရွာအုပ်စု Wing Seng (ဝိန်းဆိုင်)ကျေးရွာသို့ ပြန်လာကြသော စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ပေးခြင်း မပြီးသေးမီ နေရပ်ပြန်ရန် ပြောဆိုလာသောကြောင့် နေစရာအိမ် မရှိခြင်းဖြစ်ကြောင်းပြောပါသည်။ “ကျနော်တို့က နောက်နှစ်ဒီအိမ်တွေဆောက်ပြီးတဲ့အချိန်မှ ပြန်မယ်လို့ပြောတာဟုတ်တယ်။ အသင်းတော် ဇုံနယ်ကနေ ခုပြန်ရတော့မယ်။ အသင်းတော်ဘုရားကျောင်းဝင်းမှာလည်း အစီစဉ်တွေအမျိုးမျိုးလုပ်နေတော့ နေရာကျဉ်းတယ်။ ဒီနှစ်ပြန်ရမယ်ဆိုတော့ ကျနော်တို့လည်း ဘယ်လိုမှလုပ်လို့မရတော့ဘူး” ဆိုပြီး စစ်ဘေးရှောင် ရွာသားတစ်ဦးမှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။ စစ်ဘေးရှောင်များသည် မူဆယ်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြသူများဖြစ်ပြီး နေရပ်ပြန်ရန် ယမန်နှစ်ကတည်းကပင် ဆန္ဒရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေကြကြောင်း ၎င်းကဆက်ပြောသည်။ “အစကတော့ မေတ္တာ(အဖွဲ့)က အိမ်ဆောက်ပေးမယ်ဆိုပြီး ကျနော်တို့အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့်နောက်မှာတော့ သူတို့လည်း ခုဒီနှစ်လောလောလတ်လတ်ဆိုရင်တော့ မဖြစ်နိုင်သေးဘူး ဒီနှစ် ဒီဇင်ဘာလလောက်မှ ဆောက်ဖြစ်မယ်။ လောလောဆယ်ဆယ် ဒီနှစ်ဒီမှာ အရင်နေကြအုံးဆိုပြီး လာပြောတယ်။ ဒီလိုဆိုရင်တော့ ကျနော်တို့လည်း အဆင်ပြေတာပေါ့ဆိုပြီး နေနေတာ နောက်ကျတော့ အလန့်တကြား ပြန်ရမယ်ဆိုတော့ ပြန်ခဲ့ကြတာပေါ့ ခုဒီမှာ တစ်ချို့ကတော့ အမျိုးတွေရဲ့အိမ်တွေမှာလိုက်နေကြတယ်။ တစ်ချို့ကတော့ သူများနွားတင်းကုပ်မှာ နေနေရတယ်။ ကျနော်တို့တော့ လိုက်နေဖို့လည်းမရှိတော့ သူများရဲ့ ထင်း ထားတဲ့နေရာနားမှာ မိုးကာတဲထိုးပြီးနေတယ်။” ဟု စစ်ဘေးရှောင် Slg. Ze Hkawng ကပြောသည်။ လတ်တလောတွင် နေရပ်ပြန်စစ်ဘေးရှောင်များအား မူဆယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ နေအိမ်သစ် ဆောက်လုပ်မည့်သူများအတွက် … - [ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို](https://burmese.kachinnews.com/2019/05/30/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94%e1%80%b1%e1%80%9d%e1%80%bd%e1%80%81%e1%80%ab%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%9b%e1%80%bc%e1%80%ac%e1%80%b1%e1%80%92%e1%80%9e/): ဖားကန့်၊ ဝှေခါကျေးရွာ ရပ်ကွက် ၆ မြေစာပုံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များကို ကုမ္ပဏီများက လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်နေမှုပေါ် ကျေနပ် အားရမှုမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၅ ရက်နေ့ ဝှေခါအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီ ၃ ခုမှ တာဝန်ရှိသူများ၊ ဒေသခံများ ညိနှိုင်းသဘောတူညီချက်အရ ပျက်စီးသွာသည့် အိမ်ထောင်စု၂၇အိမ်ကို ကုမ္ပဏီများဘက်မှ နဂိုမူလအတိုင်း ပြန်လည် လုပ်ဆောင်ပေးရန်နှင့် ၁ အိမ်ထောင်လျှင် မြန်မာကျပ်ငွေ ၅ သိန်းတိတိပေးရန် ဖြစ်သော်လည်း လက်ရှိတွင် ရတနာသိန်းရွှေ ကုမ္ပဏီ ၁ ခုတည်းသာ ဆောင်ရွက်ပေးနေသောကြောင့် လုပ်ငန်း ကြန့်ကြာနေသည့်အပြင် ငွေကျပ် ၅ သိန်းကိုလည်း ပေးလျှော်ခြင်း မရှိသေးကြောင်း ဒေသခံ ဦးဇော်ဦး ကချင်သတင်းဌာန KNG သို့ပြောဆိုပါသည်။ “ပျက်စီးသွားတဲ့ အိမ်တွေကို မြေဖို့တာတို့က လုပ်နေတယ်။ ဒါပေမယ့် အစတုန်းက မြို့နယ်လူကြီးတွေနဲ့ဆွေးနွေးတုန်းကတော့ ကုမ္ပဏီ ၃ခုက လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုက ရတနာသန်းရွှေ ကုမ္ပဏီ ၁ခုသာလုပ်ပေးနေတယ်။ သူတို့က ပြောထားတဲ့အတိုင်းမလုပ်ပေးဘူး။ ကျနော်တို့က အမြန်လုပ်ပေးစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခုနောက်ပိုင်းက မိုးလည်းကျတော့မယ်။ ဒါကို သူတို့ဘက်ကနေ အားရလုပ်ပေးစေချင်တဲ့စေတနာမရှိဘူး” ဟုပြော ဆိုသည်။ ၂၀၁၉ ဖေဖော်ဝါရီလဆန်းပိုင်း ရတနာသန်းရွှေ ၊ ကျောက်စိမ်းမြေ နှင့် မြန်မာ့ဂုဏ်ရည် စသည့် ကုမ္ပဏီ ၃ခုက ကျေးရွာအတွင်းမြေစာပုံချခြင်းကြောင့် လူနေအိမ်များ ၂၇အိမ်ခန့် ပြိုကျပျက်စီးသွားခဲ့သည့်အတွက် ဒေသခံများ မေလ ၂၃ရက်နေ့ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ … - [ဝိုင်းမော်အရှေ့ဘက် သစ်သျှူးငှက်ပျောခြံမှ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ထပ်မံ ဖမ်းဆီး](https://burmese.kachinnews.com/2019/05/27/%e1%80%9d%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%a1%e1%80%b1%e1%80%9b%e1%80%bd%e1%82%95%e1%80%98%e1%80%80%e1%80%b9-%e1%80%9e%e1%80%85%e1%80%b9%e1%80%9e/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ခြမ်း သစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၄ ဦးကို မြို့နယ် သက်ဆိုင်ရာက မေလ ၂၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးအရေးယူမှု ပြုလုပ်ထားတယ်လို့ သိရပါသည်။ ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းတွင်း တရားမဝင်တစ်သျှူးငှက်ပျောလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂ ဦး၊ ဝါရှောင်ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း လုပ်ကိုင်နေသူ ကျား ၁ ဦးနှင့် မ ၁ ဦးတို့ကို သစ်တောဥပဒေ နဲ့ လဝက အက်ဥပဒေတို့ဖြင့် အရေးယူနိုင်ရန် ဝိုင်းမော် မြို့မ ရဲစခန်းသို့ အပ်နှံထားသည်ဟု သိရပါသည်။ “လ.၀.က ဥပဒေအရက သူတို့ကို တရားစွဲပြီးတော့ ငွေဒဏ်နဲ့ပြီးမလား၊ ထောင်ဒဏ်နဲ့ ပြီးမလား ကျွန်တော် တို့ လ.၀.က အပိုင်းပေါ့။သစ်တောအပိုင်းက သစ်တောဘာနဲ့ ပြီးမလဲတော့မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အပိုင်းက ငွေဒဏ်နဲ့ပြီးမယ်ဆိုရင်လည်း ပြည်နယ်အမိန့်ဆိုဒါ အထက်ကိုတင် ရတယ်။ ပြစ်ဒဏ်စီရင်ပြီးနောက်ပိုင်းမှ ပြန်ပို့ဖို့ အထက်ကိုပြန်ပြီးတော့မှ ပြည်နယ် မိန့်တောင်းရ တယ်။အထက်က ပြည်နယ်မိန့်ကျလာရင် တော့ တရုတ်ကိုပြန်လွှဲပေးတယ်။” ဟု ဝိုင်းမော် လဝက မှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။ “ပျက်ပျက်သားသားဖြစ်စေချင်တယ်။ နောက်ပိုင်းကျရင် အခုပုံစံမျိုးက လ.၀.က ပဲခွင့်ပြုထားသလို ပြည်သူ တွေအမြင်မှာ တရားခံပုံစံမျိုး ကျွန်တော်တို့ကပဲ လုပ်သလိုပုံစံမျိုးလည်း အဖြစ်မခံနိုင်ဘူး လေ။ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုဒါကို ပျက်ပျက်သားသား လုပ်ရင် ပိုကောင်းတယ်။” ဟု ၄င်းက ဆက်ဆိုထားသည်။ ထို့အပြင် ဝိုင်းမော်မြို့နယ် အောင်မြင် … - [ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့](https://burmese.kachinnews.com/2019/05/27/%e1%80%92%e1%80%b0%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%af%e1%80%ad%e1%80%81%e1%80%ba%e1%80%80/): လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က မေလ ၂၇ရက်နေ့ ဆန္ဒဖော်ထုတ်ရန် ထုတ်ပြန်ကြေညာထားသော်လည်း ၄င်းတို့၏ တောင်းဆိုချက် ၄ ချက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဘက်မှ လိုက်လျောပေးခဲ့မှုကြောင့် ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းငံ့ထားသည်ဟု ပြောပါသည်။ လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာ ဘန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လီဆူလူမျိုး ၄ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကြောင့် နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာ ဒူးလေးပါတီတောင်းဆိုချက်ကို KIO ဘက်က လိုက်လျောခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ “အဓိက ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်တာက KIA/KIO ကနေ ကျနော်တို့ရဲ့ တောင်ဆိုမှုကို လိုက်လျော တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ တောင်းဆိုချက်က ၄ချက်တောင်းဆိုတယ်။ အဲ့ဒီတော့ လီဆူရိုးရာယဉ်ကျေးမှုနဲ့ တရားဝင် ဆောင်ရွက်ပေးတယ်လို့ကြားသိရပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ လုပ်တာက ယာယီပဲ ရပ်ဆိုင်းတာပါ”ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်း မှ ကချင်သတင်းဌာန KNG ကို ပြောဆိုသွားပါသည်။ ဆန္ဒပြပွဲကို ရုတ်သိမ်းလိုက်ခြင်းမဟုတ်ပဲ ယာယီခဏသာ ရပ်ဆိုင်းထားသည်ဖြစ်သည့်အတွက် တရားဝင်ဆန္ဒပြပွဲကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသတ်ဖြတ်ခံရသူ ၃ ဦးနဲ့ ထွက်ပြေးလွတ်မြောက်သူ ၁ ဦးတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG နှင့် ကျေးရွာ ရပ်မိရပ်ဖတို့သည် မေလ ၂၅ ရက်နေ့ ဆွေးနွေးရာ … - [ဖားကန့် ဝှေခါကျေးရွာ ဆန္ဒပြမှု ကုမ္ပဏီနှင့် ဒေသခံများ ပြေလည်မှုရရှိ](https://burmese.kachinnews.com/2019/05/25/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94-%e1%80%b1%e1%80%9d%e1%80%bd%e1%80%81%e1%80%ab%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%9b%e1%80%bc%e1%80%ac-%e1%80%86%e1%82%8f%e1%81%b5/): ဖားကန့် ဆိပ်မူအုပ်စု ဝှေခါကျေးရွာ ရပ်ကွက် ၆ တွင် လမ်းပိတ်ဆန္ဒပြခဲ့မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီများမှ ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လုပ်ဆောင်ပေးရန် ယနေ့ မနက်ပိုင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ညှိ့နှိုင်း ပြေလည်မှု ရရှိပြီ ဖြစ်ကြောင်း သိရပါသည်။ ကျေးရွာအနီး ကုမ္ပဏီများမှ မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြေရှင်းပေးရန်အတွက် မေလ ၂၃ ရက်နေ့ ဒေသခံများက လမ်းပိတ်ဆန္ဒဖော်ထုတ်ခဲ့ရာ သက်ဆိုင်ရာမှ ကုမ္ပဏီနှင့် ညှိ့နှိုင်းပေးမည်ဟု ပြောဆိုလာသောကြောင့် ထို့နေ့ မွန်းလွဲပိုင်းတွင် သပိတ်စခန်း ရပ်နားလိုက်သည်ဟု သိရပါသည်။ “ကျနော်တို့ သပိတ်စခန်းဖွင့် ဆန္ဒပြတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေက လာပြီးတားမြစ်တယ်။ ကုမ္ပဏီနဲ့ ညိနှိုင်းပေးမယ်ပေါ့။ သပိတ်စခန်းကို ရုတ်သိမ်းလိုက်တယ်။ ကုမ္ပဏီဘက်ကနေ ပျက်စီး ပြိုကျသွားတဲ့ အိမ်တွေ ခြံတွေကို နဂိုမူလအတိုင်း မြေတွေဖို့ပေးမယ်။ တပ်ခြံတွေ ပြန်လုပ်ပေးမယ်လို့တော့ ကတိပြုသွားတယ်” ဟု ဆန္ဒပြခေါင်းဆောင် ဦးဇော်ဦး ပြောပါသည်။ လျှော်ကြေးအဖြစ် ပျက်စီးယိုယွင်းသွားမှုများကို ပြင်ဆင်ပေးမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေကျပ် ၅ သိန်း ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရပါသည်။ ရတနာသန်းရွှေ၊ ကျောက်စိမ်းမြေနှင့် မြန်မာ့ဂုဏ်ရည်စသော ကုမ္ပဏီ ၃ခုက အဆိုပါကျေးရွာရှိ လူနေအိမ်များ ကပ်ယက် မြေစာ အမြင့် ပေ ၂ထောင်ကျော်ခန့်၊ အကျယ် ပေ ၅ ထောင်ခန့် ပုံချထားခြင်းကြောင့် ၂၀၁၉ ဖေဖဝါရီလဆန်းပိုင်းတွင် အဆိုပါ မြေစာပုံပြိုကျမှုကြောင့် အိမ်ခြေ ၂၇အိမ် ပြိုကျသွား ခဲ့ပါသည်။ … - [ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ](https://burmese.kachinnews.com/2019/05/24/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1/): ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။ “ နေရပ်ပြန်ပြီဖြစ်တဲ့ နမ့်ဆန်ယန်လိုနေရာမျိုးမှာ လိုအပ်တဲ့အချက်တွေကို သိရှိအောင် (KHCC) ကဆောင်ရွက်မယ်။ နောက်တစ်ခုက ဆက်လက်ပြီး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းပြီးတော့ ပြန်လည်နေရာချထားဖို့အတွက် လက်တွေ့လုပ်ဆောင်သွားရမယ့် လုပ်ငန်းရှင် အဆင့်ဆင့် နိုင်ငံတော်ဘက်က ရေးဆွဲဖို့ရှိတယ်။ Plan Of Action ရေးဆွဲနိုင်ဖို့( KHCC) ဘက်က လိုအပ်တဲ့ အချက်လက်များကို ပေါင်းဆက်ပြီးတော့ ပံ့ပိုးပေးဖို့တွက် ဆုံးဖြတ်တာ တစ်ခုရှိတယ်။ မိမိနေရပ်ပြန်ရောက်နေပြီဖြစ်တဲ့သူတွေရော မပြန်သေးတဲ့သူတွေ ခုလက်ရှိပြန်နေတဲ့လူတွေရဲ့ ကျန်းမာရေး ပညာရေးစတဲ့လိုအပ်ချက်တွေကို (KHCC)လိုအပ်တဲ့ ပံ့ပိုးမူတွေကို ဆောင်ရွက်စရာတွေရှိလို့ရှိရင် ကချင်ပြည်နယ် အစိုးရမှာ ဖြည့်စွက်ပြီးတော့ ဖြေရှင်းပေးဖို့ရှိတယ်။ နောက်ဆုံးအနေနဲ့ ဇွန်လနောက်ဆုံးပတ်မှာ ထပ်တွေ့ဖို့ရှိတယ်။” ဟု ၎င်းကဆိုသည်။ ရှေ့ဆက် စစ်ရှောင်နေရာပြန်လည်ချထားရေးအစီစဉ်များအတွက် ကချင်ပြည်နယ်အစိုးရဘက် တာဝန်ရှိသူ ပုဂ္ဂိုလ်နှင့် KHCC ဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်တို့ကိုလည်း အသီးသီး သတ်မှတ်ထားသည်ဟု ပြောပါသည်။ အစိုးရအနေဖြင့် စစ်ရှောင်စခန်းများကို ရုတ်သိမ်းပြီး ပြန်လည်နေရာချထားနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြောင်း သိရပါသည်။ ယနေ့ ဆွေးနွေးပွဲသည် ပြည်ထောင်စု အစိုးရ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ အကူအညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ပထမအကြိမ် အဓိက တွေ့ဆုံ … - [ဖားကန့် ဝှေခါချောင်းနုံးမြေ ရှင်းလင်းပေးရေး ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2019/05/23/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b9%e1%82%94-%e1%80%b1%e1%80%9d%e1%80%bd%e1%80%81%e1%80%ab%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%b6%e1%80%af/): ဖားကန့်မြို့နယ် ဝှေခါချောင်းတွင် ယမန်နှစ်ထက် နုံးမြေ ၆ပေခန့်မြင့်တက်လာသည့် အတွက် ဒေသခံများ စိုးရိမ်နေကြပြီး ချောင်းရှင်းလင်းရေးလုပ်ဆောင်ရန် ရပ်ကျေးအုပ်ချုပ်ရေးသို့ အကူညီတောင်းခံသော်လည်း ထူးခြားမူ ရှိမလာသည့်အတွက် သက်ဆိုင်ရာ အစိုးရဌာနအဆင့်ဆင့် စာတင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဝှေခါချောင်းအတွင်းရှိ နုံးမြေသည် ချောင်းဘေး မြေဇာပစ်ရန် ဖောက်လုပ်ထားသည့် လမ်းနဲ့ တန်းတူမြင့်တက်လာပြီး လာမည့်မိုးတွင်းကာလတွင် ဝှေခါကျေးရွာ ရေလွှမ်းမိုးမည့် အန္တရယ် ကြုံလာနိုင်ကြောင်း ဒေသခံ ကိုလမင်းဦးကဆိုသည်။ “ ကုမ္မဏီတွေက စည်းကမ်းလိုက်မနာကြဘူး လုပ်ကွက်သိမ်းပြီးသွားရင်လည်း သူတို့စာချုပ်အတိုင်း မြေဇာပစ်လမ်းတွေကို ပြန်ပြီးတော့ ရှင်းထုတ်ပေးရမှာ ခုက အပေါ်ယံဘဲလုပ်သွားတဲ့အခါကျတော့ လမ်းဖောက်ရန် အောက်မှာခံထားတဲ့ကျောက်တုံးကြီးတွေက ဒီတိုင်းဘဲရှိနေတော့ မိုးရွာပြီဆိုတာနဲ့ အဲကျောက်တုံးတွေပေါ် အလိုလိုနုံးတွေပြန်တင်လာမှာ ခုတောင်မှ ချောင်းတွင်းမှာရှိတဲ့နုံးတွေက အရင်နှစ်တွေထက်အများကြီး မြင့်တက်လာတယ်။ ဒီတိုင်းဆိုရင်တော့ ဒီနှစ်ကမိုးတွင်းရောက်လာရင် တစ်ရွာလုံးရေနစ်မှာ သေချာတယ်။” ဟု ၎င်းကပြောသည်။ ဝှေခါချောင်းတွင် လွန်ခဲ့သည့် ၂၀၁၅ မတိုင်ခင် ချောင်းရှင်းလင်းရေးလုပ်ခဲ့ကြပြီးနောက်ပိုင်း ရေလွှမ်းမူဒဏ်မရှိတော့ပေမယ့် ၂၀၁၅ နောက်ပိုင်းတွင် ထပ်မံရှင်းလင်းခြင်းမရှိတော့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့( အရပ်ဘက်) အဖွဲ့အစည်းမှ ဒေါ်ခင်စန်းသင့်ကဆိုသည်။ “ ကျမတို့အနေနဲ့ သွားရောက်ပြီး လိုအပ်တာတွေကို သက်ဆိုင်ရာကို တင်ပြရင်လည်း ဆိုင်ရာပိုင်ရာတွေရှိနေတော့ ဘာမှ ထူးခြားမူမရှိပါဘူး။ ဘယ်လူကြီးလာလာ လက်တွေ့တော့ ကွင်းဆင်းသွားတယ် ဘာမှထူးမလာဘူး။ ကျမတို့ဖြစ်စေချင်တာ အနည်းဆုံးတော့ ကျမတို့လိုအရပ်ဘက်အဖွဲ့အစည်းတွေ တင်ပြလာတာတွေကိုတော့ စီစစ်ဆောင်ရွက်ပေးသင့်တယ်လို့ မြင်တယ်။” ဟု အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့လည်း ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် ကုမ္မဏီနဲ့ ပြည်သူများကြား ကိစ္စတွင် … - [ကုမ္ပဏီမြေစာကြောင့် လူနေအိမ် ပြိုကျလာမှုကို ဖြေရှင်းပေးရန် သပိတ်စခန်းဖွင့် တောင်းဆို](https://burmese.kachinnews.com/2019/05/23/%e1%80%80%e1%80%af%e1%80%99%e1%81%b8%e1%80%8f%e1%80%ae%e1%80%b1%e1%80%bb%e1%80%99%e1%80%85%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%9c%e1%80%b0%e1%80%b1%e1%80%94/): ဖားကန့် ဆိပ်မူအုပ်စု ဝှေခါ ကျေးရွာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ ရွာအနီးတဝိုက် မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များပြိုကျလာမှုကို ဖြေရှင်းပေးရန် ဒေသခံပြည်သူများ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါရပ်ကွက် ၆ တွင် ရတနာသန်းရွှေ၊ ကျောက်စိမ်းမြေ နှင့် မြန်မာ့ဂုဏ်ရည်စသော ကုမ္ပဏီ ၃ ခုက လူနေအိမ် နှင့် ကပ်ရပ်တွင် မြေစာ အမြင့် ပေ၂၀၀၀ထောင်ခန့်နှင့် အကျယ် ပေ ၅ထောင်ခန့် ပုံချထားခြင်းကြောင့် မြေစာပုံပြိုကျမှု ဖြစ်နေကြောင်း ဒေသခံတစ်ဦးလည်းဖြစ် သပိတ်စခန်းခေါင်းဆောင်း ဦးဇော်ဦး ထံမှသိရသည်။ “ကျနော်တို့ သပိတ်စခန်းလုပ်ရတာက ကုမ္ပဏီတွေက လူနေအိပ်ကပ်ယက် မြေစာများအမြင့်ကြီး ပုံချထားတယ်။ အဲ့လိုဆိုတော့ ရွာမြေက ဝိတ်မနိုင်တော့ပဲ ရွာတစ်ခြမ်းအိကျသွားတယ်။ အခုပါသွားတာ ၂၇အိမ်လောက်ရှိပြီ။ အဲ့လိုဆိုတော့ မိသားစုတွေက အနေဆင်းရဲပြီပေါ့။ ”ဟုပြောဆိုထားသည်။ အဆိုပါ ဝှေခါရပ်ကွက် ၆ သည် ပြည်နယ်မြေစာရင်းဦးစီးဌာန ချထားပေးသည့် ရပ်ကွက် ဖြစ်သောကြောင့် ယခုလက်ရှိ ဆုံးရှုံးပျက်စီးသွားသည့် ဒေသခံ အိမ်ထောင်စု ၂၇ အား ပြေလည် အောင် ဖြေရှင်းဆောင်ရွက်ခြင်း မရှိပါက သပိတ်စခန်းကို ရုတ်သိမ်းသွားမည် မဟုတ်ကြောင်းကို ဆက်လက်ပြောဆိုသည်။ ၂၀၁၉ ဖေဖဝါရီလ လဆန်းပိုင်း မြေပြိုသည့်အချိန်မှ စပြီး ရာအိမ်မှူးမှ တဆင့် မြို့နယ်အဆင့်ဆင့်သို့ တင်ပြတောင်းဆိုခဲ့ပြီးနောက် သက်ဆိုင်ရာ ဝန်းကြီးများကိုယ်တိုင်လည်း မှတ်တမ်းများဖြင့် လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း ယခုချိန်အထိ တစ်စုံတစ်ရာမှ ဖြေရှင်ပေးခြင်းမရှိသည့်အပြင် အခြေအနေ ပိုမိုဆိုးရွာလာကြောင်း … - [၀ိုင်းမော် ခတ်ချိုစစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲ ကျင်းပ](https://burmese.kachinnews.com/2019/05/23/%e1%81%80%e1%80%ad%e1%80%af%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9-%e1%80%81%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%85%e1%80%85%e1%80%b9%e1%80%b1/): ကချင်ပြည်နယ်အစိုးရ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာန နှင့် ကချင်ပြည်နယ်စာတိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ခတ်ချိုစစ်ရှောင်စခန်း နှင့် မခန္ဓီးကျေးရွာတို့တွင် စာပေဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ “အဓိက စစ်ရှောင်တွေအတွက် စိတ်ဓါတ်ခွန်အားရရှိဖို့ဖြစ်တယ်။ ပြီးတော့ စာပေကနေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဗဟုသုတ ရရှိဖို့အတွက်ဖြစ်တယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သက်မွန် က ပြောသည်။ စစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲပြုလုပ်ခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ရှောင်များအတွက် သုတ၊ ရသ စာအုပ်ပေါင်း တစ်ရာကျော် လှူးဒါန်းခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ယခုစာပေဟောပြောပွဲသည် ကချင်ပြည်နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာန နှင့် ကချင်ပြည်နယ်စာတိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် စာတိုက်တွင် လိုအပ်သည့် ပရိဘောဂများအပြင် စာအုပ်များကိုလည်း လှူဒါန်းကြကြောင်း စာရေးဆရာ အကြီးကိုကို (ကသာ) ကဆိုသည်။ “ပထမဆုံးအနေနဲ့တော့ သော့ခတ်ပိတ်ထားကြတဲ့ စာတိုက်တွေ ပြန်ဖွင့်လာဖို့နဲ့ စာဖတ်စွမ်းအား ရှင်သန်နေစေဖို့အတွက်ဆိုပြီး ပြုလုပ်ခြင်းဖြစ်တယ်။” ဟု ကချင်ပြည်နယ် စာတိုက်ဖောင်ဒေးရှင်း ဥက္ကဌ စာရေးဆရာ အကြီးကိုကို (ကသာ) ကပြောသည်။ လက်ရှိတွင် ရပ်ကွက်၊ ကျေးရွာအချို့တွင် စာကြည့်တိုက်များ ပိတ်ထားကြပြီး စာဖတ်အားလည်း အလွန်အားနည်းကြောင်း ၎င်းကဆက်ပြောသည်။ ထို့ကြောင့် ၎င်းတို့အနေနဲ့ ယခုနှစ်အတွင်း တက္ကသိုလ်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းးများ၊ အစိုးရအထက်တန်းကျောင်းများတွင်လည်း စာဖတ်အားကောင်းလာရေန်အတွက် စာပေဟောပြောပွဲများ ထပ်မံကျင်းပသွားမည်ဖြစ်ပြီး လာမည့် ဇွန်လတွင်လည်း နေရပ်ပြန်လည်နေပြီ ဖြစ်သည့် Nam San Yang ကျေးရွာမှ အ.လ.က ကျောင်းတွင်လည်း စာပေဟောပြောပွဲကို သွားရောက်ကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ … - [ဒုတိယအကြိမ် ကချင်ကျောက်မျက်ရတနာအရောင်းပြပွဲ ပထမအကြိမ်ထက် ပိုပိုအောင်မြင်](https://burmese.kachinnews.com/2019/05/19/%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%81%be%e1%80%80%e1%80%ad%e1%80%99%e1%80%b9-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9/): ဒုတိယအကြိမ် ကချင်ပြည်နယ် ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ပထမအကြိမ်ထက် ၅ဆခန့် ပိုမို ရောင်းချနိုင်ခဲ့ကြောင်း ကချင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။ မေလ ၁၄ မှ ၁၈ ရက်နေ့ထိ ပြုလုပ်ခဲ့သော အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၄၉၂တွဲပြသခဲ့ရာ အတွဲပေါင်း ၄၀၀ကျော်အတွက် မြန်မာငွေကျပ်သိန်း ၆သောင်းကျော်ခန့် ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်အသင်း(မြစ်ကြီးနား) ဥက္ကဌ ဦးဇေလွမ်း ပြောပါသည်။ “ပြောရမယ်ဆိုရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က အရမ်းကွာခြားတယ်။ ဘယ်လိုကွာလဲဆိုတော့ အတွေ့အကြုံပိုင်းကော ကျောက်စိမ်းပြတဲ့ နည်းစနစ်ပိုင်းကော။ ပထမအကြိမ်က အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။ အခုဒုတိယအကြိမ် ရောင်းရတာက ၅ဆခန့်အောင်မြင်တယ်။”ဟု ပြောဆိုပါသည်။ ပထမအကြိမ် ယမန်နှစ် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၃၈၈တွဲပြသခဲ့ပြီး ၁၉၅တွဲခန့်ရောင်းချခဲ့နိုင်ခဲ့သဖြင့် မြန်မာငွေကျပ်သိန်း ၁သောင်းကျော်ခန့် ရရှိခဲ့သည်ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းထံမှ သိရသည်။ ဒုတိယအကြိမ်ထိ မြန်မာငွေကျပ်ဖြင့်သာ ရောင်းချခဲ့ပြီး လာမည့် တတိယအကြိမ် အရောင်းပြပွဲမှ နိုင်ငံခြားငွေဖြင့် ပြသနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း ပြောဆိုပါသည်။ ပြည်တွင်းကျပ်ငွေဖြင့်သာ ရောင်းချသည့် ပွဲဖြစ်သောကြောင့် မန္တလေး၊ ရန်ကုန်၊ ဖားကန့်၊ နေပြည်တော် စသော ပြည်နယ်အသီးသီးက ကုန်သည်များအား အများဆုံးလာရောက်ဝယ်ယူကြောင်းသိရသည်။ တရားမဝင် ကျောက်စိမ်းရောင်းဝယ်မှုကို ပပျောက်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည် ပြည်တွင်း အရောင်းပြပွဲကို ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်တွင် ၁ နှစ်လျှင် ၂ ကြိမ်ပြုလုပ်ရန် ကြိုးစားနေသော်လည်း ကျောက်စိမ်းသယ်ယူပို့ဆောင်ရေးနဲ့ အစိုးရခွင့်ပြုမိန့်တို့ကြောင့် အခက်ခဲ ရှိနေကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။ - [ဝိုင်းမော် အောင်မြေ ၂ ကျေးရွာရှိ တစ်သျှူးငှက်ပျောစိုက်ပျိုးရေး ကုမ္ပဏီ တာဝန်ရှိသူနဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးအရေးယူထား](https://burmese.kachinnews.com/2019/05/19/%e1%80%9d%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9-%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%bb%e1%80%99-%e1%81%82-%e1%80%b1%e1%80%80/): ဝိုင်းမော်မြို့နယ် အောင်မြင် ၂ ကျေးရွာတွင် တစ်သျှူးငှက်ပျောစိုက်ရန် မြေဧက အသစ်ပြန်လည်ဖော်ထုတ်လာသည့် ဂျိန်းဖေါ့နဒီ ကုမ္မဏီမှ တာဝန်ရှိသည့် မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အောင်မြင် ၂ ကျေးရွာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။ “ ဒီနေရာက သစ်တောကြိုးဝိုင်းထဲပါတယ်ဆိုပြီး ဝိုင်းမော်မြို့နယ် လ.ဝ.က နဲ့ သစ်တော်ရုံးက တာဝန်ရှိတဲ့သူတွေကို လာရောက်ကွင်းဆင်းပြီး ဖမ်းဆီး သွားတယ်။” ဟု အောင်မြင်(၂) အုပ်ချုပ်ရေးမှူး ဦးဇော်ဘောက်က ပြောသည်။ လက်ရှိ တစ်သျှူးငှက်ပျောစိုက်ရန် ဖော်ဆောင်နေသည့် မြေဧကမှာ ၅၀၀ခန့်ရှိပြီး မြေငှားရမ်းမှုကို ကုမ္မဏီများနှင့် ဒေသခံများ နှစ်ဦးသဘောတူ ငှားရမ်းမှု ပြုလုပ်ကြကြောင်း သိရသည်။ “ သူတို့အချင်းချင်းငှားကြတာဖြစ်တယ်။ ကျနော်တို့ အုပ်ချုပ်ရေးအနေနဲ့တော့ ဒါတွေ လိုက်ပါဆောင်ရွက်လို့ မသင်တော့်ဘူး။ တစ်ခါတစ်လေ မြေငှားခ အဆင်မပြေတဲ့အခါဆိုရင်တော့ အုပ်ချုပ်ရေးမှူးပြောပေးပါအုံးဆို ပြောပေးလိုက်တယ်။” ဟု အုပ်ချုပ်ရေးမှူး ဦးဇော်ဘောက်ကဆိုသည်။ တစ်သျှူးငှက်ပျောစိုက်ပျိုးလာသည့်အတွက် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးသည်သာ ပိုများနေသည့်အတွက် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို ရပ်ဆိုင်းပေးရန်အတွက်လည်း ဒေသခံအချို့လိုလားနေကြသော်လည်း မြေငှားရမ်းမူများကို ဒေသခံများကိုယ်၌ ဆက်လက်လုပ်ဆောင်နေသည့်အတွက် တစ်သျှူးငှက်ပျောစိုက်ဧကများ ပိုများလာရခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းအချို့က သုံးသပ်ပြောဆိုသည်။ “ ငှားတာတော့ မငှားချင်ဘူး။ ဒီလိုမြေငှားလိုက်တဲ့အတွက် နောက်နောင်ကျရင် ကျနော်တို့မြေမှာ ဘာမှစိုက်လို့ မရတော့ဘူးဆိုတာ သိတယ်။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေအတွက် ဘယ်နေရာသွားသွား လုံခြုံမူမရှိဘူး။ နိုင်ငံရေးမကောင်းတော့ စီးပွားရေးလုပ်လည်း အဆင်မပြေဘူး။ အဲဒါကြောင့်မို့ မတတ်နိုင်တဲ့အဆုံးငှားရတာဖြစ်တယ်။ တစ်သျှူးငှက်ပျောစိုက်တဲ့ ကုမ္မဏိီတွေကိုတော့ သက်ဆိုင်ရာ ဌာနကနေ တိတိကျကျစနစ်တကျ … - [ဝိုင်မော်မြို့အရှေ့ဘက် ကျေးရွာများ မြေယာကိစ္စ သက်ဆိုင်ရာအစိုးရဌာနမှ စိစစ်ဆောင်ရွက်ပေးခြင်းမရှိသေး](https://burmese.kachinnews.com/2019/05/18/%e1%80%9d%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%a1%e1%80%b1%e1%80%9b%e1%80%bd%e1%82%95%e1%80%98%e1%80%80%e1%80%b9/): ဝိုင်းမော်မြို့နယ် နမ့်ဝါ ၊ မုတ်ကျိတ်၊ ဝူယန် ၊ ကျေးရွားများမှ ဒေသခံတောင်သူ ၁၃၆ ဦးတို့၏ မြေယာကိစ္စများအား ၂၁ နှစ်ခန့်ကြာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ သက်ဆိုင်ရာအစိုးရဌာနများမှ စီစစ်ဆောင်ရွက်ပေးခြင်းမျိုး မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံ ၁၃၆ ဦး၏ မြေ ၅၈၈ ဧကအား ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံမြေအသုံးချမူစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်နဲ့ တိုင်ကြားစာများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ပြည်ထောင်စု ရုံးမှ ပြည်ထဲရေးဌာန၊ ပြည်သူ့လွှတ်တော် ရုံး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့တွက် လိုအပ်သလို စီစစ်ဆောင်ရွက်နိုင်ရန် စာထုတ်ပြန်ခဲ့သော်လည်း ယင်းမြေနေရာများအား ယနေ့ချိန်ထိ စီစစ်ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးလကျန်ဇေခေါင်က ခုလိုပြောသည်။ “ ကျနော်တို့ သက်ဆိုင်ရာကို တစ်သျှူးငှက်ပျောစိုက်ထားတဲ့ ကုမ္မဏီကို ပယ်ရှားပေးပြီးတော့ စီစစ်အရေးယူပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဒီကနေ့ထိ ထူးခြားလာတာမရှိဘူး။ သစ်တောက ကျနော်တို့ကိုကျတော့ ဒီနေရာက သစ်တောကြိုးဝို်င်းဆိုပြီး ကျနောတို့ဒေသခံတောင်သူတွေ စိုက်ထားတဲ့အပင်တွေကိုတော့ ခုတ်ထွင်ရှင်းလင်းပေးခဲ့ပြီးမှ ခုကျတော့ တရုတ်ငှက်ပျောကုမ္မဏီကို ပြန်စိုက်ခိုင်းထားတယ်။ ပြည်သူတွေသိတဲ့သစ်တောဥပဒေနဲ အစိုးရ သူကိုယ်တိုင်ကျင့်သုံးနေတဲ့ သစ်တောဥပဒေ ဘာတွေများကွာနေလဲဆိုတာ ကျနောတို့ စဉ်းစားစရာဖြစ်လာတယ်။” ဟု ၎င်းကဆက်ပြောသည်။ ယင်းနေရာတွင် ဒေသခံများသည် စားဝတ်နေရေးဖြေရှင်းဖို့ရန် နှစ်ရှည်ပင်များအား ထင်းစိုက်ခင်းမျာ စိုက်ပျိုးထားကြကြောင်း ဒေသခံများက ဆိုသည်။ ၁၉၉၈ သစ်တောဦးစီးဌာနမှ နမ့်ဝါသစ်တောကြိုးဝိုင်းဟုဆိုကာ လာရောက်သိမ်းခဲ့ကြပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်ငှက်ပျော်စိုက်သည့် ကုမ္မဏီအား တစ်သျှူးငှက်ပျောစိုက်ခွင့်ပြုခဲ့ကြသည်။ “ တစ်ခါလာရင်လည်း ငွေဒဏ်နဲ့ပြီးသွားလိုက် ဒီကိစ္စက ပိုင်ဆိုင်မူအငြင်းပွားနေတာ မဟုတ်ဘူး။ သစ်တော … - [မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသားများ ဆူပူဆန္ဒပြနေ](https://burmese.kachinnews.com/2019/05/09/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8%e1%80%b1%e1%80%91%e1%80%ac%e1%80%84%e1%80%b9/): ‘နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် မျှတမှုမရှိ’ ဟု ဆိုကာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသားများ ယနေ့ မနက် ၄ နာရီခန့်မှ စတင်ကာ ဆူပူ ဆန္ဒဖော်ထုတ်နေသည်မှာ မွန်းလွဲပိုင်းထိပင် မပြီးဆုံးသေးကြောင်း သိရပါသည်။ အကျဉ်းသားများ တောင်းဆိုဆန္ဒပြ နေသည်မှာ ‘သတင်းမီဒီယာများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရေး၊ လူ့အခွင့်အရေးကော်မရှင် နှင့်တွေ့ဆုံခွင့်၊ ဝန်ကြီးချုပ်ဖြင့် တွေ့ဆုံခွင့်တို့ဖြစ်ကြောင်း’ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးရုံး အကြီးတန်းစားရေး ဦးယော်နူးထံမှ သိရပါသည်။ သို့သော်လည်း မွန်းလွဲ ၃ နာရီအချိန်ထိ သက်ဆိုင်ရာမှ အကျဉ်းထောင်တွင်း အခြေအနေနှင့် စပ်လျှဉ်းပြီး သတင်းမီဒီယာများကို တရားဝင် ရှင်းလင်းဖြေကြားခြင်း မရှိသည်ကို တွေ့ရပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်မှုဖြင့်ထောင်ကျနေသူများတွင်ပင် နှစ်ရှည်ကျခံရသူများ လွတ်ငြိမ်းခွင့်ရပြီး၊ နှစ်တိုများ လွတ်ငြိမ်းခွင့်မရခြင်း စသည့် မညီမျှမှုများကြောင့် ဖြစ်ရခြင်း ဖြစ်သည်ဟု ထောင်ဝင်စာ တွေ့ရန် စောင့်ဆိုင်းသော မိဘများ ပြောဆိုနေသည်ကို ကြားရပါသည်။ နေ့လည် ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားစဉ် ထောင်ဝင်စာလာတွေ့သော မိဘများက အကျဉ်းသားများကို ရိုက်နက်ခြင်း မပြုရန် အော်ဟစ် တောင်းဆိုမှုများ ပြုခဲ့သည်။ “ရိုက်ပိုင်ခွင့်မရှိဘူးနော် အထဲက သူတွေကို၊ မရိုက်ရဘူးနော် ပြည်သူတွေ မကြိုက်ဘူး” ဟု အကျဉ်းသား မိသားစုဝင်များက ထောင်ဝင်းပြင်ပမှ ငိုကြွေး အော်ဟစ်တောင်းဆိုခဲ့ကြပါသည်။ ထိုနောက် မွန်းလွဲ ၂ နာရီတွင် အကျဉ်းထောင်သွားရာ လမ်းများကို တားဆီးပိတ်ဆို့ခဲ့ပြီး ၊ အကျဉ်းထောင်တွင်း အခြေအနေကောင်းသည့်အတွက် ထောင်ဝင်စာ တွေ့ရန် စောင့်ဆိုင်းနေသော မိသားစုဝင်များကို နောက်မှ … - [စစ်ကိုင်းတိုင်းက ပေါ်တူဂီမျိုးဆက်များ (သို့မဟုတ်) နဘက်ရွာ](https://burmese.kachinnews.com/2019/02/14/%e1%80%85%e1%80%85%e1%80%b9%e1%80%80%e1%80%af%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%af%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%80-%e1%80%b1%e1%80%95%e1%81%9a%e1%80%90/): စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် အတွင်းမှာရှိတဲ့ မြောင် ပရိမ္မ ကားလမ်းနဘေးရှိ နဘက် ကျေးရွာအုပ်စုထဲတွင် ရှိသော နဘက် ဘုရင်ဂျီကျေးရွာအတွင်း ၀င်လိုက်ပြီး ရွာလယ်လမ်းကို လျှောက်မိပြီးနောက် လမ်းချိုးလေး တစ်ခုကို ချိုးလိုက်စဉ် ခပ်လှမ်းလှမ်းတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို မြင်လိုက်သည်နှင့် စိတ်ထဲတွင် အေးချမ်းမှုကို ခံစားရရှိသည်။ အဆိုပါ ဘုရားကျောင်းရဲ့ ဘေးဘက်ကနေ တစ်မိနစ်ခန့်လမ်းလျှောက်လိုက်ပြီးနောက် တစ်လမ်းခြားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို တွေ့မြင်ရမည် ဖြစ်သည်။ ဤကျေးရွာတွင် အိမ်ခြေပေါင်း ၁၃၀ ကျော် ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်ကာ ခရစ်ယာန် ရိုမန်ကက်သလစ် ကိုးကိုယ်သူများ ဖြစ်သည်ဟု အဆိုပါ နဘက် (ဘုရင်ဂျီ) ရွာ ကျေးရွာ ရာအိမ်မှုး ဦးမင်းသိန်းကျော် က ပြောသည်။ နဘက်ကျေးရွာများတွင် ရွာသုံးရွာ ရှိပြီး နဘက် ရွာသစ်၊ နဘက် ရွာမ ၊ နဘက် ဘုရင်ဂျီ ရွာတို့ဖြစ်ပြီး ထိုသုံးရွာလုံးကို နဘက်ရွာဟုပင် ဒေသခံများက ဆိုကြသည်။ အမြင့်ပေ ၁၃၇ ပေ ခန့်ရှိသော ခရစ်ယာန် ဘုရားကျောင်းဝင်းထဲကို ၀င်ရောက်ခဲ့ပြီးနောက်တွင်မူ ဘုန်းတော်ကြီး၏ နေအိမ်တွင် ရွာ၏ သမိုင်းကြောင်းကို ရှင်းပြရာ နဘက် သုံးရွာထဲရှိ နဘက် ဘုရင်ဂျီရွာတွင် ပေါ်တူဂီမျိုးနွယ်များက ဆင်းသက်လာသူများဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများစု နေထိုင်ကြသည်။ အဆိုပါ “ သံယောဟန် ဗတ္တစ္စတား ဘုရားရှိခိုးကျောင်း” သည် ၂၀၁၀ ပြည့်နှစ်က ရာပြည့်ပွဲ ကျင်းပခဲ့သည်။ … - [မတူသော်လည်း ပျော်ရွှင်ကြတယ်](https://burmese.kachinnews.com/2019/02/10/%e1%80%99%e1%80%90%e1%80%b0%e1%80%b1%e1%80%9e%e1%80%ac%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9b%e1%82%8a%e1%80%84%e1%80%b9%e1%81%be%e1%80%80/): လားဟူတိုင်းရင်းသူလေး နာကော် ဟာ မိဘတွေရဲ့ပေါ့ဆ မှုကြောင့် မမျှော်လင့်ပဲ နက်နဲတဲ့ချောက် အတွင်းသို့ ရောက်ရှိခဲ့ရသည်။ ကလေးသူငယ်လေး အရွယ်မို့ ဆော့ကစားရင်း ဝက်စာချက်တဲ့အိုး မှာသွားတိုက်မိရာက မျက်မမြင်ဘဝ သို့ရောက်ရှိခဲ့ရပါသည်။ မိဘများက ဆိုးရိမ်းစိတ်ပေါင်းများစွာနှင့် နီးစပ်ရာဆေးရုံသို့ သွားရောက်ပြသခဲ့သော်လည်း စိတ်မကောင်းများစွာ ဖြင့်သာ မျက်ကြောပြတ်သွားကြောင်းပြောပြလာပြီးနောက် မိဘဆွေမျိုးများက သိတတ်သော ဆေးမီးတိုများ၊ အရွက်များထောင်းထည့်ပေးသော်လည်း မျက်စိနှစ်ဖက်စလုံးကွယ်သွားခဲ့ရကြောင်းပြောပြသည်။ သူ့မိဘများက သမီးလေးရဲ့ ဘဝအတွက်ဘယ်လိုလုပ်ရမည် ကိုမသိ ဆင်းစားရခက်နေချိန် ဆွေးမျိုးအတိုင်း အဝိုင်းများမှပညာပေးပြောပြလားပြီး ရန်ကုန်မျက်မမြင်ကျောင်းကို သွားရောက်အပ်နှံဖို့ လမ်းစရခဲ့ပြီး သည်ကျောင်းတွင်လာရောက်အပ်နှံခဲ့တယ်လို့ သူကပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနှိုင်းကျေးရွာမှ လားဟူတိုင်းရင်းသူလေးနာကော် သည် အသက် ၅ နှစ် အရွယ်ခန့် ကစပြီး ၁၉၇၉ ခုနှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်း ကို ရောက်ရှိခဲ့ပြီး ပညာသင်ကြားခွင့်ရရှိခဲ့သည်။ သူမမျက်မမြင်ကျောင်းရောက်ပြီးနောက် နှစ်အနည်းငယ်ကြာသော် သူမ၏ မိဘများသေဆုံးခဲ့ပြီးနောက် ခိုးကိုးရာမဲ့ မိဘမဲ့ဘဝသို့ရောက်ရှိ ခဲ့ပြီးနောက် အိမ်နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ ပညာသင်ကြားတဲ့အချိန်မိဘတွေဆီက ထောက်ပံ့မှုမရရှိခဲ့ဘူး ရန်ကုန်မျက်မမြင်ကျောင်း မှ ပညာသင်စရိတ်ရှာပေးခဲ့တယ် သည်ကျောင်းကပဲ စပွန်စာတွေရှာပေးပြီး သည်လိုနှင့်ကျောင်းပြီးအောင် နေခဲ့ ရကြောင်းသိရသည်။ ပညာသင်ကြားချိန်တွေမှာလဲ ပြီးပြည့်စုံတဲ့လူများ၏ ခွဲခြားဆက်ဆံမှုအမျိုးမျိုးကိုလည်း ခံစားခဲ့ရကြောင်းကို လည်းယခုလိုပြောပြသည်။ “ မျက်မမြင်တဲ့သူတွေရှေ့မှာမထိုင်နှင့် မင်းတို့ကမျက်မမြင်တဲ့အတွက် Black board ကြည့်စရာမလိုတဲ့အတွက် အနောက်မှာသွားထိုင်ဆိုပြီးသွားပို့တယ်။ ကျွှန်တော်တို့ကမျက်မမြင်တဲ့အတွက် ဆရာတွေနှင့်အတူထိုင်ခြင် တယ် အာရုံစိုက်ပြီးနားထောင်ခြင်တယ်။ နောက်မှာထိုင်ရင်သူတို့တွေကအရမ်းဆူတော့အာရုံနှောက်တယ်။ မကြားရတော့ စာမရတော့ဘူး အေလိုခွဲခြားဆက်ဆံမှုမျိုးတွေးအများကြီးခံစားခဲ့ရပါတယ်” ကျောင်းတက်ပညာသင်ကြားချိန်တွေမှာလည်း မသန်စွမ်းတဲ့အတွက် လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့ အကြောင်းမျိုးတွေလည်းအများကြီးရှိခဲ့ကြောင်း ပြောပြသည်။ ဒီလိုနှင့် မိဘမဲ့ခိုးကိုးရာမဲ့ဖြစ်သွားတဲ့အတွက် … - [ကချင် ပြည်သူများကို သွေးစုပ်နေသော တရုတ် သစ်သျှူး ငှက်ပျော အန္တရယ်](https://burmese.kachinnews.com/2018/03/10/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8/): ဝိုင်းမော်မြို့နယ် ဦးလဆန်အောင်ဝါ ဌာနေပြည်သူ့စစ်ဒေသ နမ်ခေါင် ရွာသားများ၏ အခက်ခဲ ငိုကြွေးသံများကို ကျွန်တော်တို့ အနေဖြင့် ယခုနှစ်ဆန်း ကတည်းကပင် စတင်ကြားခဲ့ရပါသည်။ ထို့ကြောင့် မတ်လ ၇ ရက်နေ့တွင် ကျွန်တော်တို့ သတင်းသမားအချို့သည် ဂွေထုဒေသ နမ်ခေါင်ကျေးရွာကို ရောက်သွားခဲ့ပါသည်။ အကြောင်းတိုက်စွာဖြင့် ထိုနေ့တွင် စိတ်မကောင်းစရာ မြင်ကွင်းများကို တွေ့ခဲ့ရသည်။ အဖြစ်အပျက်မှာ ကျွန်တော်တို့အဖွဲ့ ရွာကိုရောက်ပြီး ခနအကြာ ရွာနဘေး မီးလောင်သံ စတင်ကြားရပြီး ကောင်းကင် တစ်ခုလုံး မဲမှောင်သွားအောင် မီးလောင်နေသည်ကို တွေ့ရပါတော့သည်။ ထိုစဉ် ရွာသားများ၏ မျက်နှာမှာ မှိုင်တွေနေပြီး တစ်စုံတစ်ခုကို အားကိုးရာမဲ့နေကြောင်း ပေါ်လွင်နေသည်။ အခြေအနေအကြောင်းစုံ သိရှိရန် ဦးလုကာ အင်လော်နော်ဆမ် ကိုမေးမြန်းကြည့်ရာ “ကျနော်တို့စိုက်ပျိုးထားတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုး ပင်တွေကို အခုလို မီးရှို့ပေးလိုက်တာပါ။ တရုတ် သစ်သျှူး ငှက်ပျော စိုက်ပျိုးဖို့ ကျွန်တော်တို့ထံက မြေနေရာ အတင်းလုယူထားတာပါ” ဟုပြောပြသည်။ ခုတ်ထွင် ရှင်းလင်းခံရသော မြေနေရာများသည် ဒေသခံ တောင်သူ ၂၅ ဦး၏ ခြံမြေဧက ၁၇၀ ကျော်၊ ကျွန်းသစ်ပင် ၈ သောင်းကျော် နှင့် အခြား သီးနှံပင်တို့ ပါဝင်ကြောင်း သိရပါသည်။ “ရွာသူ/သား အားလုံးနဲ့ စည်းဝေးတိုင်ပင်ပြီးမှ ပြောခဲ့သောစကား သူတို့ပြောခဲ့တာက လမ်းဖေါက်ဖို့ သက်သက်ပါ။ ငှက်ပျော စိုက်ခင်းဆိုတာကတော့ လုံးဝ မပြောခဲ့ပါဘူး။ မတ်လ ၇ ရက်နေ့ ဒီကနေ့ ဟာ မီးရှို့ခြင်းလည်း ခံရပါတယ်” ဟု … - [စစ်ရှောင်များ ရောက်လာချိန် အစိုးရ ဆေးရုံနှင့် ဆေးပေးခန်း ပိတ်ထား](https://burmese.kachinnews.com/2016/08/08/aug-8/): ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လတ်တလော အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်များ ထွက်ပေါ်လာချိန် ဒေသတွင်း အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများ ပိတ်ထားပါသည်။ - [ပစ်သတ်ခံရသော ကချင်ကျောင်းသား အမှု သက်သေများကို စတင် စစ်ဆေး](https://burmese.kachinnews.com/2016/07/12/july-12/): အစိုးရတပ်မတော်သား ၂ ဦး ပစ်သတ်လိုက်သည့် ကွန်ပျူတာကျောင်းသားတစ်ဦး အမှုနှင့် ပတ်သက်ပြီး တရားလို တရားခံ နှစ်ဖက် သက်သေများကို ဇူလိုင် ၁၁ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် ပထမဆုံးအကြိမ် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ - [မိုင်ဂျာယန် အစည်းအဝေး ‘၂၁ ရာစု ပင်လုံ ညီလာခံ’ မှာ အဓိက ကျမည်](https://burmese.kachinnews.com/2016/07/11/jul-11-2/): တိုင်းရင်းသား အခွင့်အရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ဦးဆောင်ကျင်းပသည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ကျင်းပမည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး၏ သဘောတူညီချက် သည်သာ ၂၁ ရာစုပင်လုံ ညီလာခံမှာ အဓိက ကျမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ က ပြောပါသည်။ - [ကချင်ပါတီများ ပူးပေါင်းရေး ကော်မတီမှ လုပ်ငန်း ဌာန (၅)ခု ဖွဲ့စည်း](https://burmese.kachinnews.com/2016/07/11/jul-11/): လက်ရှိ ကချင် နိုင်ငံရေး ပါတီ (၃)ခု ပါဝင်သည့် ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) သည် လက်တွေ့ လုပ်ငန်းဆောင်ရွက်ရန် အတွက် အရေးကြီးသည့် ဌာန (၅)ခုကို ဖွဲ့စည်းလိုက်သည်။ - [ရှေ့တန်းမှ အစိုးရတပ် အတွင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွား](https://burmese.kachinnews.com/2016/07/06/jul-6/): ကချင် ဒေသ ရှေ့တန်းမှ အစိုးရတပ် အတွင်း စစ်သား တဦးမှ ၎င်းအထက် ဗိုလ်ကြီး (၁)ဦးနှင့် အခြားတပ်သား (၃)ဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးမှု ဇူလိုင် (၅) ရက် ယမန်နေ့က ဖြစ်ပွားခဲ့သည်။ - [လီဆူ ပြည်သူ့စစ် ခေါင်းဆောင်များကို KIO ခေါ်ယူ တွေ့ဆုံ နေ](https://burmese.kachinnews.com/2016/07/05/jul-5/): လီဆူ ပြည်သူ့စစ်အဖွဲ့ ထပ်မံ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အကျိုးအကြောင်း သိရှိရန် သက်ဆိုင်ရာ လီဆူ အမျိုးသား ခေါင်းဆောင်များကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ခေါ်ယူ တွေ့ဆုံ နေကြောင်း သိရသည်။ - [ကချင်ပြည်နယ် တွင် ရှမ်းနီ တပ် SNA များ တိုးချဲ့ ဖွဲ့စည်းနေ](https://burmese.kachinnews.com/2016/04/07/sna/): ကချင်ပြည်နယ် အတွင်း ရှမ်းနီ တပ်စခန်းများ တိုးချဲ့ ဖွဲ့စည်း လာနေကြောင်းကို ဧပြီလ ၅ ရက်နေ့ မိုင်ဂျာယန်မြို့ စစ်ရေး အခြေအနေ သုံးသပ် ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိပ်ပိုင်း ခေါင်းဆောင်များ ပြောသည်။ Shanni Nationalities Army (SNA) ရှမ်းနီ တပ်ဖွဲ့များသည် ယခုချိန် ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ ဧရာဝတီမြစ် တကျောနှင့် ဖားကန့်မြို့နယ်၊ ခန္တီး (စစ်ကိုင်းတိုင်း ဖားကန့်အနီး) ဒေသများတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် က ပြောခဲ့ပါသည်။ စစ်ဦးစီးချုပ် ဆက်ပြောရာတွင် ရှမ်းနီ အမျိုးသားများ တပ်မတော် SNA တပ်ဖွဲ့များကို အစိုးရတပ်မှ လက်နက် ထောက်ပံပေးနေပြီး ယခုချိန် စစ်ပွဲတစ်ပွဲစာ တပ်ဖွဲ့တဖွဲ့ကို ကျည်ဆန် ၅၀၀၀ ကျော် စီ ထုတ်ပေးထားပြီး ဖြစ်နေကြောင်း ဆိုပါသည်။ ထို့ကြောင့် တိုင်းရင်းသား တပ်ဖွဲ့ချင်း ပြဿနာ မဖြစ်စေရန် သက်ဆိုင်ရာ ရှမ်းနီ အမျိုးသား ခေါင်းဆောင်များကို KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ မကြာသေးမီ ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ယခုချိန်မှာလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးများ လိုင်ဇာမြို့တွင် ရောက်ရှိနေပြီး မည်သည့် အကြောင်းကြောင့် လာရခြင်းကို မသိရ သေးပါ။ လွန်ခဲ့သည့် အောက်တိုဘာလတွင် ရှမ်းပြည်နယ် တောင်ပိုင်းအခြေစိုက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA-S သည် အစိုးရနှင့် … - [ကချင် အသင်းတော်များ တနိုင်းမြို့ရှိ ဘိန်းခင်း ဧက ၂ ထောင်ကျော် ဖျက်ဆီး](https://burmese.kachinnews.com/2015/03/04/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9-%e1%80%a1%e1%80%9e%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%90%e1%82%8f%e1%80%ad%e1%80%af/): ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့ရှိ ခရစ်ယာန်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များဦးဆောင်ပြီး မူးယစ်ဆေးဝါးများပေါများရာ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဘိန်းခင်းဧကပေါင်း ၂၂၃၆ ကို ရက်ပေါင်း ၁၉ ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ ဘိန်းခင်းဖျက်ဆီးပေးခဲ့သောနေရာများသည် တနိုင်းမြို့အနောက်ဘက် မိုင် ၂၀ ကျော်ရှိ တဝမ် (Tawang)၊ အနောက်တောင် တရုန် (Tarung) နှင့် တနိုင်းမြစ်ဖျားတလျှောက် ဂန်ဒေါင်ယန် (Gangdau Yang) ရှိ ဘိန်းခင်းများ ဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်ပါဝင်သူ ဦးတန်လွမ်လရိန် ပြောသည်။ ထိုသို့ဘိန်းခင်းများဖျက်ဆီးအဖွဲ့မှလာရောက်ချိန်တွင် ဘိန်းခင်းပိုင်ရှင်တို့ကြား အခက်ခဲများနှင့် ခြိမ်းခြောက်မှုများ လည်း ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။ “ဆန့်ကျင်တဲ့သူတွေက အများကြီးပဲ Tarung မှာက ရခိုင် ၁၀ ယောက်ကျော်က လက်နက်နဲ့ သတ္တိရှိတဲ့ လူလာခဲ့ ပစ်သတ်လိုက်မယ်ဆိုပြီး ကျနော်တို့လာနေတဲ့ လမ်းတွေမှာ စာတွေရေးထားတာ တချို့က ကျနော်တို့ကိုပစ်ဖို့ ချိန်နေတဲ့ကြားက ဘုရားကျေးဇူးတော်ကြောင့် ကျနော်တို့ရောက်လာရင် ပြန်ထွက်ပြေးသွားကြတယ်။” ကချင်ပြည်နယ်ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံဖြစ်သော မြစ်ကြီးနားဒေသ၊ ဝိုင်းမော်ဒေသ၊ မိုးကောင်းဒေသ၊ ဖားကန့်ဒေသ၊ တနိုင်းဟူး ကောင်းချိုင့်ဝှမ်းဒေသမှ စုပေါင်းကာ မူးယစ်တိုက်ဖျက်ရေလူဦးရေ ၅၀၀ ကျော် အဖွဲ့ ၃ ဖွဲ့ခွဲကာ တိုက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းအဖွဲ့မှသိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်မှ မတ်လ ၂ ရက်နေ့ထိ ဘိန်းခင်းများရှိရာသို့ချီတက်ကာ ဖျက်ဆီးခဲ့ရာတွင် အောင်မြင်စွာပြုလုပ်ခဲ့ရပြီး ခရီးစဉ်အတွင်း လဝါး (Lawa) မှ ကချင်အမျိုးသမီး ၃ ဦးလည်း ပြီးဆုံးသည်ထိ ပါဝင်ခဲ့ကြောင်း ဘိန်းခင်းတိုက်ဖျက်အဖွဲ့ဝင်များပြောသည်။ … - [ဟူးကောင်းတောင်သူများ လယ်ယာမြေ ပြန်လည်ရရှိရေး ဆက်လက် တောင်းဆို](https://burmese.kachinnews.com/2015/03/03/%e1%80%9f%e1%80%b0%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%9c%e1%80%9a/): ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမ ဝါရာဇွပ် (Wa Ra Zup) ကျေးရွာရှိ တောင်သူများမှ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ တွင်ပြုလုပ်သည့် အခမ်းအနားတွင် တောင်သူများမှ တာဝန်ရှိသူများထံ အချက် ၅ ချက်တောင်းဆိုခဲ့ကြသည်။ ထိုအချက်များမှာ တောင်သူများမှ ဟူးကောင်းဒေသရှိကျေးရွာ တခုစီ၏ ရှိသင့်ရှိထိုက်သော လိုအပ်မြေများ လုံလောက်စွာ ရရှိရေး၊ မတရားသိမ်းဆည်းထားသော လယ်ယာမြေများ အားလုံးပြန်လည်ရရှိရေး၊ ယုဇနကုမ္မဏီစက်ရုံမှ ထုတ်လွတ်သောစွန့်ပစ်အညစ်အကြေး အရည်နှင့် အနံ့ဆိုးများဖယ်ရှားပေးရေး၊ ဟူးကောင်းဒေသနေ တောင်သူများ လယ်ယာမြေထွန်းကားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမြှင့်တင်ပေးရန်နှင့် လယ်ယာမြေများ ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုအပ်သော ဆည်၊ ရေနှင့် ရေလှောင်တမံများ တည်ဆောက်ပေးရေး စသည့်အချက်များတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဝါရာဇွပ် (Wa Ra Zup) ကျေးရွာတွင် ပြုလုပ်သည့် တောင်သူလယ်သမားများနေ့အခမ်းအနားတွင် ဒေသခံတောင်သူများ ၁၀၀ ခန့်တက်ရောက်ပြီး အထက်တန်းရှေ့နေဦးမာခါးမှ လယ်ယာမြေနှင့် ပတ်သက်သည့် အသိအမြင်ပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။ လယ်ယာမြေနှင့် ပတ်သက်၍ အသိအမြင်ရရှိစေရန်နှင့် လုံလောက်သော စိုက်ပျိုးမြေ၊ လိုအပ်မြေများရရှိကာ ဘဝတိုးတက်မြှင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု တောင်သူများတာဝန်ခံ လရှီးအောင်လတ် (Lashi Awng Lat) ပြောသည်။ ၂၀၀၆ ခုနှစ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမတလျှောက် ယုဇနကုမ္မဏီများရောက်ရှိလာချိန်မှ ဒေသခံတောင် သူများ၏ လယ်ယာမြေအားလုံး သိမ်းဆည်းပြီး ဒေသခံတောင်သူများ လယ်ယာမြေပျောက်ဆုံးကာ နေ့စဉ်ခက်ခဲမှု ပြဿနာများဆိုင်ရင်နေရခြင်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမတလျှောက်ရှိ ကျေးရွာ ၁၀ … - [၇ ကြိမ်မြောက်စိုးရကော်မတီနှင့် NCCTတွေ့ဆုံမှု မတ်လလယ်တွင်ပြုလုပ်မည်](https://burmese.kachinnews.com/2015/02/23/%e1%81%87-%e1%82%80%e1%80%80%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%99/): ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လာမည့် မတ်လလယ်တွင် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့သည်ဟု သိရသည်။ “UPWC နဲ့ NCCT ရဲ့ ၇ ကြိမ်မြောက်တွေ့ဖို့ အကြိုညှိနှိုင်းတဲ့သဘောပါ။ အစည်းအဝေးပွဲလုပ်မဲ့အချိန်။ ဆွေးနွေးမဲ့ အကြောင်း အရာတွေပေါ့။ မတ်လလယ်လောက်မှာတွေ့ဖြစ်မယ်လို့ လျာထားတယ်။ ၁၂ ကနေ ၁၆ ရက် ဒီကြားမှာတော့ တွေ့ဖို့ လျာထားတယ်” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။ NCCT နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ ၂၁ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ လာမည့် ဖေဖော်ဝါရီလ ၂ရ၊ ၂၈နှင့် မတ်လ ၁ ရက်များတွင် NCCT အစည်းအဝေး ကျင်းပပြီးနောက် မတ်လ ၁၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်မြို့ရှိ MPC ရုံးတွင် ရ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် သဘောညီမှု ရရှိခဲ့သည်ဟု MPC မှ အထက်တန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။ “၇ ကြိမ်မြောက်ဆွေးနွေးပွဲကို ဘယ်တော့ ရန်ကုန်မှာလုပ်နိုင်မလဲဆိုတာပါဘဲ။ အခုနောက်ဆုံး ကျနော်တို့နဲ့ သူတို့ နားလည်မှုရှိတာကတော့ အန်စီစီတီရဲ့ အစည်းအဝေးကို ၂၇၊ ၂၈ နဲ့ မတ်လ ၁ ရက်နေ့တွေကို ချင်းမိုင်မှာလုပ်ဖို့ လျာထားတယ်။ ကျနော်တို့ အလုပ်အဖွဲ့ကတော့ … - [မူးယစ်ကင်းစင်ရေးကျောင်းမှ အမျိုးသမီးများအတွက် အလုပ်ရုံဖွင့်လှစ်ပေး](https://burmese.kachinnews.com/2020/01/09/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): ဖားကန့်ရှိ မူးယစ်ကင်းစင်ရေးသင်တန်းကျောင်းမှ အမျိုးသမီးများကို ကျောက်ဖြတ်လုပ်ငန်းဖြင့် ဘဝသစ်တစ်ခု ပြန်လည်ထူထောင်နိုင်ရန် အလုပ်ရုံတစ်ခု ဖွင့်လှစ်ပေးထားကြောင်း သိရပါသည်။ ကချင်အမျိုးသားဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Amyusha Zinlum Hpung) မှ ဦးစီးပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ မော်စီစာ ရပ်ကွက်တွင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မူးယစ်ဆေးသုံးစွဲသည့် အမျိုးသမီးများ တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြင့် မိမိဘဝ ပြန်လည်ထိန်းကျောင်းလာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောပါသည်။ “မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေဘဲဖြစ်ဖြစ် မူးယစ်ဆေးဝါးကင်းစင်ရေးတွေ လုပ်နေလဲ နောက်ပိုင်း အလုပ်အကိုမရှိတဲ့အတွက် မပြတ်နိုင်ဘဲ ပြန်လည်သုံးစွဲနေတာကို မြင်တွေ့ရတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့အဖွဲ့အစည်းတွေ အနေနဲ့က အမျိုးသမီးတွေကို တစ်နိုင်တစ်ပိုင် အလုပ်ရရှိလာအောင် ပြုလုပ်သွားဖို့ရှိတယ်။ အိမ်ထောင်စုတစ်ခုမှာ အမျိုးသမီးတွေဟာ အင်မတန်မှ အရေးပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ အမျိုးသမီးတွေကို ဦးစားပေးလုပ်ဆောင်ပေးရတာဖြစ်တယ်”ဟု ကချင်အမျိုးသား ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦး Latung Sau Bawm က ပြောဆိုသည်။ အစီစဉ်တွင် ကျောက်ဖြတ်လုပ်ငန်းနှင့် ၊ ကျောက်စိမ်းမှ ချောထည် လက်ဝတ်ရတနာများ ရရှိအောင်ပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San) မှ အမျိုးသမီး ၆ ဦးကို ပထမဆုံးအကြိမ်အဖြစ် စတင် သင်တန်းပေးနေသည်ဟု ပြောပါသည်။ - [ရှမ်းမြောက် KIA စစ်သင်တန်းစခန်း ကို မြန်မာအစိုးရတပ် တိုက်ခိုက်](https://burmese.kachinnews.com/2020/01/09/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9-kia-%e1%80%85%e1%80%85%e1%80%b9%e1%80%9e%e1%80%84%e1%80%b9%e1%80%90%e1%80%94%e1%80%b9%e1%80%b8/): မြန်မာအစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သင်တန်းစခန်း တစ်ခုကို ဇန်နဝါရီလ (၈)၊ ဗုဒ္ဓဟူးနေ့ စစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်မြောက်ပိုင်း KIA အဖွဲ့က ဆိုပါသည်။ ယင်းစခန်းသည် သန္နီ (သိန်းနီ)ဘက်မှ Kunlong သို့တက်လာသောလမ်း Gang Mung နှင့် Loidau ကြားမှာရှိပြီး KIA တပ်မဟာ (၁၀)လက်အောက်၊ တပ်ရင်း (၁၇)မှ အခြေခံ စစ်သင်တန်းပေးနေသည့် ယာယီစခန်းတစ်ခုလည်း ဖြစ်သည်။ ပစ်ခတ်ချိန်သည် သင်တန်းကွင်းမှာ သင်တန်းသားများ ရှိမနေချိန်ဖြစ်သောကြောင့် ထိခိုက်မှု သတင်း မကြားရကြောင်း ရှမ်းမြောက် KIA အရာရှိ တစ်ဦး ယခုလိုပြောသည်။ “သင်တန်းစခန်းအထဲမှာ လက်နက်ကြီး ကျည်ဆံ (၄)ခုလောက် ကျတယ်။  ဒါပေမယ့်လဲ အဲဒီ့ မြန်မာစစ်တပ်တွေ ပစ်ခတ်ချိန်မှာ တပ်ရင်း (၁၇)တိုက်နယ် လူတွေအားလုံး ရပ်နားချိန်ဖြစ်လို့ ထိခိုက်မှု မရှိ” ဟုဆိုပါသည်။ တပ်မတော်စစ်ကြောင်းများက တအာင်း TNLA နှင့် ကိုးကန့် MNDAA တပ်များကိုသာ လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိမိတို့ KIA တပ်ကို လာမတိုက်ဘူး ဆိုကာ လုံခြုံရေး ယူမထားစဉ် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်သည်။ “အဲဒီမှာ မြန်မာစစ်တပ်က သူတို့ကို ပစ်ခတ်မှာမဟုတ်ဘူးဆိုပြီး သူတို့ လူခြုံရေး မစောင့်ဘဲ ရှိနေချိန်မှာ အနီးကိုကပ်လာပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အတော်လေး ပစ်ခတ်ခဲ့တာပါ” ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။ ၎င်းနေ့ မွန်းလွဲပိုင်းမှာလည်း မူဆယ်လမ်း … - [ကချင်စစ်ပြေးဒုက္ခသည်နေရပ်ပြန်အခြေချရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာမူဝါဒ ဆွေးနွေးပွဲ ပြုလုပ်](https://burmese.kachinnews.com/2020/01/08/idp-resettlement-policy/): ကချင်စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒ ရှင်းလင်းပွဲတစ်ခု ဇန်နဝါရီလ ၆ ရက်နေ့ မြစ်ကြီးနား မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ‘ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဝါဒ’ စာအုပ်ကို အဓိက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ စစ်ရှောင်များ၏ မူလကျေးရွာရှိ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်အချက်များကို စစ်ရှောင်ပြည်သူများက စိုးရိမ်နေကြောင်း အဆိုပါဆွေးနွေးပွဲတွင် စစ်ရှောင်များ၏ ကိုယ်စား မိုင်းနား ကတ်သလစ် စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးဂွမ်ဆိုင်း မှထောက်ပြ ပြောဆိုခဲ့သည်။ “ကျနော်တို့ ကျေးလက်ဒေသမှာဆိုရင် တိုက်ပွဲမဖြစ်သေးတဲ့ အချိန်တုန်းကတောင် မြေယာနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု မကြာခဏ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ မြေယာ ပြေစာရှိတဲ့ အိမ်ထောင်စု တော်တော် နည်းတာကိုတွေ့ရတယ်။ ဒါကြောင့် ပြောချင်တာက ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံဆိုတဲ့ အထဲမှာ ဖြည့်စွက်အနေနဲ့ ပတ်ဝန်းကျင်ထောက်ခံမှု နဲ့လည်း ပိုင်ဆိုင်မှု ရရှိစေလိုတယ်” ဟု ပြောဆိုခဲ့သည်။ ထို့အပြင် အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မှလည်းစစ်ရှောင်စခန်းများ ပိတ်သိမ်းရန်အတွက် လုံခြုံရေးအာမခံမှု ရှိမရှိ ၊ နေရပ်ပြန် ပြည်သူများကို ကူညီမည့်အစီစဉ် ၊ ပညာရေး၊ ကျန်းမာရေး နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် စစ်ရှောင်များနေရပ်ပြန်နိုင်ရေး အဆိုပါမဟာဗျူဟာမူဝါဒကို လက်တွေ့အကောင်ထည် ဖော်ဆောင်နိုင်မည့် အချိန်ကိုလည်း မေးမြန်းထားသည်ကို တွေ့ရပါသည်။ “ကမြတို့ … - [KIO ဗဟိုဌာနချုပ် နယ်မြေပေါ် ဂျက်တိုက်လေယာဉ် ၁စီး အကြိမ်ပေါင်းများစွာ ပျံဝဲ](https://burmese.kachinnews.com/2020/01/08/kio-%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%8c%e1%80%ac%e1%80%94%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9-%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%b1%e1%80%95%e1%81%9a/): ကချင်ပြည်နယ် တရုတ်နယ်စပ် KIO ဗဟိုဌာနချုပ် နယ်မြေများပေါ် ဂျက်တိုက်လေယာဉ် ၁ စီး၊ ယနေ့ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ၅ ကြိမ်ထက် မက ပျံသန်းခဲ့ကြောင်း KIO တာဝန်ရှိသူများထံမှ သိရပါသည်။ မြန်မာ့တပ်မတော်ပိုင်လေယာဉ်ဟု ယူဆရသော အဆိုပါ အဖြူရောင် ဂျက်တိုက်လေယာဉ်သည် မွန်းလွဲပိုင်း ၂ နာရီနောက်ပိုင်း KIO/KIA ဌာနချုပ် နှင့် တပ်စခန်းများပေါ် အချိန် (၂)နာရီကျော်ခန့်ကြာ ထပ်ခါထပ်ခါ ပျံသန်းခဲ့ပြီး တရုတ်နယ်နိမိတ်အထဲ Na Bang၊ Yinjiang နှင့် Jang Hkong ဘက်ကိုလည်း ကျူးကျော် ပျံသန်းခဲ့သည်ဟု လိုင်ဇာဒေသခံများ ပြောပါသည်။ “မိမိတို့ KIA စစ်တပ်စခန်းတွေဘက်မှာဘဲ ပျံဝဲနေတာ။ ရေချောင်းအတိုင်း လျှောက်ပျံသန်းတာတော့ မဟုတ်ဘဲနဲ့ KIA စခန်းတွေပေါ်မှာပဲ လေ့လာပျံသန်းတာ ဖြစ်နေပါတယ်” ဟု KIA အရာရှိတစ်ဦး ပြောပါသည်။ KIO/KIA ဗဟိုနယ်မြေ Laiza (လိုင်ဇာ)၊ Laisin Bum (လိုင်စင်) နှင့် Mai Ja Yang (မိုင်ဂျာယန်)တလျှောက် KIA တပ်စခန်းများပေါ် ဦးတည်ကာ ပျံဝဲခဲ့သည့်အတွက် မြန်မာ့တပ်မတော် ဂျက်တိုက်လေယာဉ် ဖြစ်နိုင်ကြောင်း ခန့်မှန်းရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဇန်နဝါရီ (၆)ရက်နေ့တွင် KIO နှင့် ရခိုင် AA ခေါင်းဆောင်များ တရုတ်အစိုးရကိုယ်စားလှယ်တို့ဖြင့် လိုင်ဇာမြို့တွင် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နောက်  တရက်တွင် ယခုလို ဌာနချုပ်နယ်မြေများပေါ် ဂျက်လေယာဉ် ပျံဝဲခဲ့ခြင်း ဖြစ်ပါသည်။ … - [၇၂ နှစ်ပြည့် ကချင်ပြည်နေ့ မနောပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါဝင်မည်](https://burmese.kachinnews.com/2020/01/07/72nd-kachin-state-day/): Unicode ကချင် မျိုးနွယ်စုဝင်များကြား အငြင်းပွားမှုရှိနေသော (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ပါဝင်မည်ဖြစ်ပြီး ပွဲတော် နာမည်ကိုလည်း ယခင်အတိုင်း ‘Jinghpaw Mungdaw Nhtoi’ ကချင်ဘာသာဖြင့် အသုံးပြုရန် စီစဉ်နေသည်ဟု သိရပါသည်။ ကချင်ပြည်နယ်အစိုးရ တာဝန်ယူ ပြုလုပ်မည့် ယခုနှစ် ကချင်ပြည်နယ်နေ့တွင် ပွဲတော်ခေါင်းစဉ်ကို ‘ကချင်စာဖြင့် မရေးဘဲ မြန်မာစာဖြင့်သာဖော်ပြရန်’ ပွဲစီစဉ်နေမှုကြောင့် ကချင်မျိုးနွယ်စုဝင်တချို့ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် စီတာပူ မနောကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ထိုသို့ ဖော်ထုတ်နေစဉ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှာ ကြားဝင်ညှိနှိုင်းပြီးနောက် ကချင်စာဖြင့်လည်း ဖော်ပြရန် သဘောတူညီမှု ရရှိခဲ့သဖြင့် ဆန္ဒပြသည့်အစီစဉ် ရပ်တန့်သွားခဲ့သည်ဟု သိရပါသည်။ “PCG အနေနဲ့ နှစ်ဖက်စလုံး ပြေလည်ဖို့ အခု ၂၀၂၀ ခုနှစ်မှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်မှာ ‘Kachin State Day’ နဲ့ ‘Jinghpaw Mungdaw Nhtoi’ ဆိုတဲ့ ခေါင်းစဉ်ကို သုံးသွားဖို့ ပြောတော့ ဒီမနက်ဆန္ဒပြ လာကြတဲ့သူတွေက Jinghpaw Mungdaw Nhtoi ပါရင် ဘာ မလိုတော့ဘူး။ ဆန္ဒမပြတော့ဘူးဆိုပြီး သူတို့ပြန် သွားကြတယ်။ ကျနော်တို့ လူမျိူး ကြားမှာ အတိုက်အခိုက်မရှိပဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် အရင်က နာမည်ကိုပဲ သုံးပြီး တနေ့နေ့ ကျနော်တို့ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပြီး ပြည်သူတွေ အများဆုံး လိုလားတာကို ကိုင်ဆောင်ကြရအောင် … - [၂၀၁၉ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကာကွယ်သူအဖြစ် ကချင်လူငယ် ၂ဦး ဂုဏ်ပြုခံရ](https://burmese.kachinnews.com/2020/01/06/foe-award-to-two-kachin-youth/): လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူများအဖြစ် ကချင် စစ်ရှောင်အရေးလှုပ်ရှားသူ လူငယ် ၂ ဦးအား PEN MYANMAR မှ ၂၀၁၉ ခုနှစ် Freedom of Expression Award ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ ပါသည်။ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုတ်ကိုင်ကာ လွတ်လပ်စွာ ထုတ်ဖော်တင်ဆက်ခဲ့မှုအတွက် ပဲန်မြန်မာမှ ၂၀၁၉ အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ် ကျင့်သုံးသူများအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်မြို့တွင် တွင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ “သက်ဆိုင်တဲ့ အစိုးရအနေနဲ့ အစိုးရကောင်းဖြစ်ချင်တယ်ဆိုရင် ပြည်သူတွေ ထုတ်ဖော်ပြတဲ့အရာတွေကို လက်ခံရမယ်။ အခုလို လုပ်တာက ကျမတို့ အစိုးရကို ခြိမ်းခြောက်တာလည်း မဟုတ်ဘူးလေ လက်ခံပေးသင့်တယ်။ လက်ခံပေးမှ ကျမတို့ဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံဖြစ်လာမယ်။ ဝေဖန်မခံနိုင်တဲ့ အစိုးရက ကောင်းမွန်တဲ့ အစိုးရဖြစ်လာဖို့ မလွယ်ဘူး။ အစိုးရတစ်ခုဖြစ်နေတဲ့အတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ပေးရမယ်။” ဟု မ Seng Nu Pan (ဆိုင်းနူးပန်) က ဆိုပါသည်။ ကချင်စစ်ဘေး (၈) နှစ်ပြည့် စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို လမ်းဘေး တေးသရုပ်ဖော်ပြရာတွင် ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ ၂ ဦးအား မြစ်ကြီးနား မြို့နယ် တရားရုံးမှ စက်တင်ဘာ ၂ ရက်နေ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့ပါသည်။ ယင်း တရားစီရင်မှုကို … - [ပျော်ရွှင် ဝမ်းနည်းမှုများနှင့် ၂၀၁၉ နှစ်ဟောင်း ကချင်သတင်းအကျဥ်းချုပ်](https://burmese.kachinnews.com/2020/01/04/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%99/): ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကို ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ ရသစုံနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ပြီးခဲ့နှစ်က ကချင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်စဉ် ၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံက သတင်းတွေကို အကျဉ်းချုပ် ပြန်လည်တင်ပြပေးလိုက်ပါတယ်။ ၂၀၁၉ နှစ်သစ်မှာ ကချင်လူထုသာမက မြန်မာတစ်ပြည်လုံးကို လှုပ်ခါစေတဲ့သတင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ မြစ်ဆုံရေကာတာစီမံကိန်းကို ပြုလုပ်ဖို့ ဒေသခံတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ သဘောတူပေမဲ့ ပြည်ပရောက် လူတချို့ က ကန့်ကွက်နေလို့ အခုလိုဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီထုတ်ပြန်ချက်ဟာ မှားယွင်းကြောင်းနဲ့ ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်းကို အမြဲကန့်ကွက်မှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးပါဝင်တဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်တဲ့ဆန္ဒပြပွဲ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယတစ်ခုကတော့ ဇန်နဝါရီလမှာပဲ ကချင်အမျိုးသားတွေရဲ့ နိုင်ငံရေးပန်းတိုင်ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO က ဦးဆောင်ပြုလုပ်ပြီး ပြည်တွင်းပြည်ပ ကချင်လူထုကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရတပ်တို့ တိုက်ပွဲဟာ ပြီးခဲ့တဲ့နှစ်က အလွန်နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က KIA တပ်စခန်းတချို့ကို သိမ်းပိုက်တဲ့တိုက်ပွဲတချို့တော့ ဖြစ်ပွားခဲ့ပါတယ်။ ထူးခြားမှုတစ်ခုကတော့ KIO/KIA ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်းတပ် TNLA ၊ ရက္ခိုင့်တပ် AA ၊ ကိုးကန့်တပ် MNDAA တို့နဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုမှာ ပါဝင်မှုမရှိခဲ့ပါဘူး။ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်ဦးလွင်၊ … - [‘Jinghpaw Mung Nhtoi’ အဖြစ် ကချင်ပြည်နယ်နေ့ကို ဖားကန့်တွင် ဆက်လက်ပြုလုပ်ရန် စီစဉ်နေ](https://burmese.kachinnews.com/2020/01/03/jinghpaw-mung-nhtoi-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba/): Unicode လာမည့် (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ဖားကန့်မြို့တွင် ‘Jinghpaw Mung Nhtoi ’ခေါင်းစဉ်ဖြင့်သာ ကျင်းပသွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။ ၂၀၂၀ ဇန်နဝါရီလ(၁၀)ရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဖားကန့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ၁ ရက်တာ ဆုတောင်းပွဲအစီစဉ် ပြုလုပ်သွားမည်ဖြစ်သည်ဟု အစီစဉ် ဦးဆောင်ပြုလုပ်မည့် Myusha Zin Lum Hpung ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးလမောင်လတောင်က ပြောဆိုပါသည်။ “ကျနော်တို့အနေနဲ့ ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ပြုလုပ် ကျင်းပနေတာဖြစ်တယ်။ ‘Jinghpaw Mung Nhtoi ’ ဆိုတဲ့ခေါင်းစဉ်အောက်မှာဘဲ ပြုလုပ်သွားမယ်ဖြစ်တယ်။ ဘာကြောင့် ဒီအမည်နာမကိုဘဲ အသုံးပြုရ သလဲဆိုတော့ ၁၉၃၂ ရှေ့ပိုင်းမှာ ဒီအမည်နာမကိုဘဲ အသုံးပြုခဲ့ကြတယ်ဖြစ်တယ်။ နောက်ပိုင်း ၁၉၄၈နောက်ပိုင်းမှ အစိုးရက ‘ကချင်ပြည်နယ်နေ့’ ဆိုပြီး သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်။ အဲ့မှာကျနော်တို့ နားလည်ထားတာက ‘နယ်’ ဆိုတဲ့စကားလုံးက နယ်စွန်နယ်ဖြားလို့ဘဲ သတ်မှတ်ခံယူထားတာဖြစ်တယ်။ ကျနော်တို့ရဲ့ မြေနေရာတွေက ဘိုးဘွားစဉ်ဆက် အုပ်ချုပ်လာတဲ့ ကချင်အမျိုးသားတွေရဲ့ မြေနေရာတွေဘဲ ဖြစ်တယ်။ အဲ့ကြောင့် ၁၉၃၂ ရှေ့အသုံးပြုခဲ့တဲ့ အမည်နာမကိုဘဲ ပျောက်ကွယ်မသွားအောင် အသုံးပြုသွားမယ်”ဟု ပြောဆိုခဲ့သည်။ ‘Jinghpaw Mung Nhtoi’ တိုက်ရိုက်ဘာသာပြန်လျှင် ‘ဂျိန်ဖော့ပြည်နေ့’ စသဖြင့် ‘နယ်’ ဟူသော စကားလုံးကို ဖြုတ်ကာ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ပါသည်။ ထို့အပြင် နှစ်စဉ်ပြုလုပ်နေသည့် မနက် ၆ နာရီမှ ညနေ ၆ နာရီထိ … - [ခရစ္စမတ်နေ့မြန်မာအစိုးရ တပ်မ (၉၉)ကို KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2019/12/26/%e1%80%81%e1%80%9b%e1%80%85%e1%81%a5%e1%80%99%e1%80%90%e1%80%b9%e1%80%b1%e1%80%94%e1%82%94-%e1%80%b7%e1%80%b7%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%a1%e1%80%85%e1%80%ad%e1%80%af/): Unicode KIA စခန်းကို တိုက်ခိုက်၊ သိမ်းပိုက်၊ မီးရှိုဖျက်ဆီးပြီး ပြန်လာသော မြန်မာအစိုးရ တပ်မ (၉၉) စစ်ကြောင်းကို ဒီဇင်ဘာလ (၂၅)၊ ခရစ္စမတ်နေ့ နံနက်ပိုင်းမှာ KIA မှ မိုင်းဖြင့် စောင့်ကြိုဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA က ဆိုပါသည်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ Mungbaw (မုန်ဘော်)ကျေးရွာ ပတ်ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) ၏ Ting Sa Kawng စခန်းကို မီးရှိုဖျက်ဆီးပြီး ပြန်လာသည့် အင်အား (၉၀)ခန့် တပ်မ (၉၉) စစ်ကြောင်းကို Mungbaw ဈေးအနီး KIA တပ်ဖွဲ့များ မိုင်းဖြင့် စောင့်ကြိုဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု KIA တပ်မဟာ (၆) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။ “Mungbaw (မုန်ဘော်)၊ Nam Hkawng Hka (နမ့်ခေါင်ချောင်း)မှာ KIA တပ်ဖွဲ့မှ အခုတလော တပ်ရင်း (၃၆)ကို သိမ်းပိုက်ကာ မီးရှိုဖျက်ဆီးပြီး ပြန်ခေါက်လာတဲ့ မြန်မာအစိုးရတပ်တွေကို စောင့်ဆိုတိုက်ခိုက်ခဲ့တယ်။ ဘေးပတ်ဝန်းကျင်မှ အစိုးရတပ်တွေက လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်” ဟု အထက် KIA တပ်မဟာ (၆) အရာရှိ ပြောသည်။ အစိုးရတပ်မှ အရေအတွက်မသိရသည့် ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသော စစ်သား ၁ဦးကို မူဆယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မျက်မြင်များမှ မေးမြန်းသိရသည်။ … - [ကချင်ဆရာမ ၂ ဦး အဓမ္မပြုကျင့် အသတ်ခံရခြင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းနေဆဲ](https://burmese.kachinnews.com/2019/12/24/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%86%e1%80%9b%e1%80%ac%e1%80%99-%e1%81%82-%e1%80%a6%e1%80%b8-%e1%80%a1%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%95%e1%80%bc%e1%80%af%e1%80%80/): Unicode ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင် KBC စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးအမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းရေးအဖွဲ့ကို ဖျက်သိမ်းခြင်းမရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါသည်။ အသက် ၂၀ ဝန်းကျင် ဆရာမ Maran Lu Ra နှင့် ဆရာမ Tangbau Hkawng Nan Tsin တို့ ၂ ဦးသည် ၂၀၁၅ ဇန်နဝါရီ (၁၉)ရက်နေ့ည ရက်ရက်စက်စက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရခဲ့သော်လည်း ယနေ့ (၅)နှစ်ပြည့်လာချိန်ထိ တရားမျှတမှု မရရှိသေးပေ။ “ဆရာမ ၂ ဦးအမှုဟာ ရပ်သွားသလိုဖြစ်ပေမယ့် အတွင်းပိုင်းမှာတော့ ကျနော်တို့ မရပ်သေးပါဘူး။ ရှေ့နေတွေနဲ့ အလုပ်လုပ်နေဆဲ ဖြစ်တယ်။ တစ်နေ့မှာ ကျနော်တို့ဘက် သက်သေအထောက်အထားခိုင်လုံရင် အရေးယူမှုတွေ လုပ်သွားမှာဖြစ်တယ်” ဟု အမှုမှန်ပေါ်ပေါက်ရေးခေါင်းဆောင်ဖြစ်သူ ယခု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ Rev. Dr. Hkalam Samson ပြောပါသည်။ အမှုမှန်ပေါ်ပေါက်ရေးကြိုးစားရာတွင် သံသယဖြစ်ခံရသော တပ်မတော် ခမရ (၅၀၃) စစ်ကြောင်းမှူးနှင့်တကွ တပ်မတော်သားများကို ကိုယ်တိုင်စစ်မေးရန် KBC အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ကြိုးစားခဲ့သော်လည်း လားရှိုးခရိုင်တရားရုံးမှ လက်မခံခဲ့သည့်အတွက် ရပ်တန့်နေဆဲဖြစ်သည်ဟု သိရပါသည်။ ဆရာမ ၂ ဦး အမှု တစ်နှစ်ပြည့်ချိန် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT မှ ဖြစ်စဉ်ကို အသေးစိတ်လေ့လာပြီး ဥပဒေအရလေ့လာသုံးသပ်ထားသည့် ‘Justice Delay, Justice Denied’ ဆိုသည့် အစီရင်ခံစာတွင် … - [ကျေးရွာ သုဿန်မြေကိစ္စ ယုဇနကုမ္ပဏီ နှင့် ဟူးကောင်းဒေသခံများ အငြင်းပွား](https://burmese.kachinnews.com/2019/12/23/%e1%80%9e%e1%80%af%e1%80%9e%e1%80%ac%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%b1-%e1%80%9e%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%9a%e1%80%b0%e1%80%99%e1%80%be/): ZawGyi ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းတလျှောက် ယခင်စစ်အစိုးရလက်ထက် ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီမှ သိမ်းဆည်းခဲ့သော ဒေသခံကချင်လူမျိုးများ၏ နယ်မြေတွင် ရွာသားများ ကိုယ်ပိုင် ‘သုဿန်မြေ’ အဖြစ် ဆိုင်းဘုတ်များစိုက်ထားခြင်းကို ကုမ္ပဏီဘက်မှ ဖျက်ဆီးခြင်းပြုလုပ်နေကြောင်း ဒေသခံများ ဆိုပါသည်။ (၁၀)နှစ် ကျော်ခန့် ‘သုဿန်မြေ’ ပျောက်ဆုံးခဲ့သည့် Ban Kawk (ဘန်ကောက်)၊ Awng Ra (အောင်ရာ)၊ San Pya (စံပြ)ကျေးရွာ (၃)ရွာသည် ယခုလဆန်းပိုင်းက “သုဿန်မြေ” စာပါ ဆိုင်းဘုတ်ကို သွားရောက်စိုက်ထူခဲ့ရာ တစ်ပတ်ခန့်အကြာတွင် ယုဇနကုမ္ပဏီ အမှုထမ်းများ ပြန်လည် ဖျက်သိမ်းပေးလိုက်ကြောင်း Awng Ra (အောင်ရာ)ကျေးရွာမှ Slg. La Awng (ဦးလအောင်)က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။ “အခုပြောတဲ့ ကျေးရွာ (၃)ရွာမှာ ‘သုဿန်မြေ’ မရှိတော့ ကျနော်တို့က ဒီကျေးရွာ (၃)ရွာမှာရှိတဲ့ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး သုဿန်မြေတောင်းဆိုဖို့ အစည်းဝေးတွေလည်း (၂)ခေါက်လောက် ပြုလုပ်ခဲ့ပါတယ်။ အဲ့မှာ တောင်းခံစာကို အုပ်ချုပ်ရေးမှူးက ယုဇနကုမ္ပဏီရုံးကို တင်ပေးမယ်ဆိုပြီး ယူသွားတယ်။ နောက် သုဿန်မြေကို သူတို့နေရာချပေးမလား ဆိုပြီး စောင့်ဆိုင်းခဲ့သေးတယ်။ ဒါပေမယ့် သူတို့က ချက်ချင်းနေရာ မချပေးဘူး။ အဲ့ကြောင့် ကျနော်တို့က ချက်ချင်းအကောင်အထည်ဖော်လိုက်တာဖြစ်တယ်။ ဆိုင်းဘုတ်သွားထောင်ထားတော့ တစ်ပတ်လောက်ဘဲ ယုဇနကုမ္ပဏီက ဖျက်သိမ်းပေးလိုက်တယ်” ဟု ပြောဆိုသည်။ လက်ရှိ ကျေးရွာ (၃)ရွာပေါင်း အိမ်ခြေ ၆၀၀ ကျော်ရှိနေပြီး မကြာခဏ လူသေဆုံးမှုဖြစ်လာချိန် … - [နောက်ထပ် (၁)ပါတီ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPနှင့် ပေါင်းစည်း](https://burmese.kachinnews.com/2019/12/22/%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%91%e1%80%95%e1%80%b9-%e1%81%81%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a/): Unicode လာမည့်နှစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် အရေးပါသော ပြင်ဆင်မှုတစ်ခုအားဖြင့် ကချင်ပေါင်းစည်းပါတီ KSPP သို့ နောက်ထပ် (၁) ပါတီ ပေါင်းစည်းလာခြင်း နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခြင်း ကို ဒီဇင်ဘာလ (၂၀)ရက်နေ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။ ဒေါ်ဘောက်ဂျာ (Labyawng Bawk Ja) ဦးဆောင်သော ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ်ဒီမိုကရေစီပါတီ (UNFDP)မှ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့်ပေါင်းစည်းလိုက်ခြင်း အစီစဉ်ကို WMR ခေါ် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “မပေါင်းစည်းဘဲ ဒီလိုမျိုးကွဲနေရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပါတီတစ်ခုကို ဖျက်သိမ်းပြီးတော့ ဒီလိုမျိုး ပူးပေါင်းစည်းလိုက်တယ်ဆိုတာ ကျမတို့ အရမ်းတော့ ခံစားရပါတယ်။ ဒါပေမယ့်လဲ အရေးကြီးဆုံးတော့ ပြည်သူတွေရဲ့မျက်နှာကိုထောက်ပြီး ဒီလိုမျိုး ပေါင်းစည်းလိုက်ရတာပါ” ဟု Union Nationalities Federal Democracy Party ခေါင်းဆောင် ဒေါ် Bawk Ja ဆိုပါသည်။ မိမိတို့ ကချင်ပြည်နယ်တွင် ကချင်ပါတီများ ရွေးကောက်ပွဲ မဲ အနိုင်ရရှိရေးအတွက် ပါတီများ ပေါင်းစည်းရန်လိုအပ်ကြောင်းကို ကချင်ပြည်သူများ အလေးအနက်ထား တောင်းဆိုလာခြင်းကြောင့် ပြည်သူများကိုယ်စား ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly) ၏ ကချင်ပါတီများ အားလုံးပေါင်းစည်းရေး ဦးဆောင်မှုအောက်တွင် ယခုလို UNFDP က ကချင်ပြည်သူ့ပါတီနှင့်ပေါင်းစည်းလာခြင်းလည်း ဖြစ်သည်။ “ကျောက်တိုင်ပါတီ ခေါ် UNFDP ကို ဦးဆောင်တူတွေဟာ ကျနော်တို့ အမျိုးချင်းတွေပါ။ ဒါကြောင့်မို့လို့ သူတို့ကို … - [ကချင် စစ်ရှောင် ၃ ထောင်ကျော်ကို နေရပ်အခြေချပေးရန် စီစဉ်](https://burmese.kachinnews.com/2019/12/21/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%81%83-%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80/): ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုှုမရှိတော့သည့် ကျေးရွာ(၁၀) ခုမှ ကချင်စစ်ရှောင်များကို လာမည့် နှစ်ဆန်းပိုင်းတွင် နေရပ်ပြန်အခြေချနိုင်ရန် စီစဉ်နေကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်ပါသည်။ အိမ်ခြေ ၅၀၀ နှင့် လူဦးရေ ၃၀၀၀ကျော်ကို လာမယ့် ၂၀၂၀ ဇန်နဝါရီလဆန်းမှ ဧပြီလအတွင်း ပြန်လည်ထူထောင်ရေးအတွက် စီစဉ်နေပြီး ၎င်းတို့ကို ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်းမှလည်း ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့သွားမည်ဟု ယနေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးတွင် KBC နှင့် Nippon Foundation တို့ပါဝင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။ “ကျနော်တို့အနေနဲ့ စစ်ရှောင်ပြည်သူများ လူနေမှုအဆင့်အတန်းမြင်မားလာရန်အတွက် အစွမ်းကုန်ထောက်ပံ့သွားမယ်ဖြစ်တယ်။ နေရပ်ပြန်စစ်ရှောင်ပြည်သူများရဲ့ မူလရပ်ရွာများမှာ ပြန်လည်နေထိုင်ပြီး လယ်ယာလုပ်ငန်းများ၊ အခြားသော လုပ်ငန်းများရရှိအောင် ကူညီသွားမယ်။ ဒါဟာ ကျနော်တို့ရဲ့ ပထမဆုံးအကြိမ် ကူညီထောက်ပံ့မှု ခြေလှမ်တစ်ရပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ပတ်သက် ဘယ်လိုထောက်ပံ့မှုတွေ ပြုလုပ်သွားရင် ကောင်းမလဲ။ ဒါတွေကို KBC နဲ့ ဆွေးနွေးထားပါတယ်။”ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာရိုဟေး ဆာဆာကာဝါ ပြောဆိုခဲ့ပါသည်။ ပြန်လည်နေရာချရန် ဆုံးဖြတ်ရာတွင် တိုက်ပွဲမဖြစ်ခဲ့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့်ရပ်ရွာများ၊ တစ်ဖက်အစိုးရ(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ညိနှိုင်းဆုံးဖြစ်၍ ရနိုင်သော ကျေးရွာများ၊ ၂၀၁၁မှ ယနေ့အထိ အတည်တကျ ခိုင်မာစွာရှိနေသောကျေးရွာများ စသည့် အခြေခံ ၃ ချက်ပေါ်သုံးသပ်ကာ ကျေးရွာ ၁၀ ခုကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း KHCC ဘက်မှ သိရပါသည်။ … - [မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးသူများကို မြစ်ကြီးနားတွင် ဘွဲ့စတင်ပေးအပ်မည်](https://burmese.kachinnews.com/2019/12/21/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%99%e1%80%be/): မန္တလေးအဝေးသင်တက္ကသိုလ်အောက်၌ရှိသော မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးအောင်မြင်သူများအား ဘွဲ့လက်မှတ်ပေးအပ်သည့်အခမ်းအနားကို လာမည့်နှစ်မှစကာ မြစ်ကြီးနားတက္ကသိုလ်တွင်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းထံမှ သိရသည်။ ပထမဆုံးအကြိမ် အဝေးသင်ကျောင်းသူ/သားများ၏ ဘွဲ့လက်မှတ်ပေးအပ်မည့် အခမ်းနားကို ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ “လန်ဒန်တက္ကသိုလ်ကနေ လာပြီးတော့လေ့လာတယ်။ အကြံဉာဏ်ပေးသွားတယ်။ မန္တလေးအဝေးသင်ဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေကို မန္တလေးအဝေးသင်တက္ကသိုလ်အောက်မှာ မရှိတော့ဘဲနဲ့ ၂၀၂၀-၂၀၂၁ ကစပြီးတော့ အားလုံးကိုလွှဲပြောင်းယူလိုက်တယ်။ အရင်ကတော့ မန္တာလေးအဝေးသင်တက္ကသိုလ် မြစ်ကြီးဌာန ခုကျတော့ မဟုတ်တော့ဘူး မြစ်ကြီးနားတက္ကသိုလ်ဝင်ဖြစ်သွားပြီ။ အဲကြောင့် မနှစ်ကကျောင်းပြီးသွားတဲ့ကလေးတွေကို လာမည့်နှစ်ကစပြီး ဒီမှာဘဲ စပေးမယ်။” ဟု မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းထံ ပြောသည်။ ယခုနှစ်စတင် ဘွဲ့ယူမည့် အဝေးသင်ကျောင်းသူ/သားများတွင် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်မှ ကျောင်းသူ/သားများ ပါဝင်မှာ ဖြစ်ပြီး သိပ္ပံ၊ ဝိဇ္ဖာ ကျောင်းသား ဦးရေ ၁သောင်းခွဲ ရှိကြောင်း ၎င်းကဆက်ပြောသည်။ အဝေးသင်ကျောင်းသားများသိအပ်သော ကျောင်းအပ်မည့်ကိစ္စများ ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများအား မြစ်ကြီးနားအဝေးသင်တက္ကသိုလ် လူမူကွန်ယက်စာမျက်နှာ (Feacbook page) များအပြင်၊ သတင်းစာများ၌လည်း ထည့်သွင်းကြေညာပေးနေကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းက ဆိုသည်။ - [အစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ကြား အပစ် မရပ်မီ အဖမ်းခံရသူများ လွှတ်ပေးရေး ဆွေးနွေး](https://burmese.kachinnews.com/2019/12/21/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9/): အပစ်ရပ်လက်မှတ် မရေးထိုးမီ နှစ်ဖက် ဖမ်းဆီးထားသူများ လွှတ်ပေးရေးကိစ္စ အရင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားအလှယ်အဖွဲ့ ကို တရုတ်ပြည်၊ ကူမင်းမြို့ တွင် တနင်္ဂနွေနေ့ တွေ့ဆုံစဉ် တင်ပြခဲ့သည်။ မြောက်ပိုင်းမဟာမိတ်ဘက်က တင်ပြချက်နှင့်ပတ်သက်ပြီး ၎င်း ဆွေးနွေးပွဲသို့ပါဝင်ခဲ့သော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် Peace-talk Creation Group (PCG)မှ Duwa Lamai Gum Ja (ဒူဝါ လမိုင် ဂွမ်ဂျာ)က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ဖမ်းဆီးထားတဲ့ ဟိုဖက်ဒီဖက် (အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်) လူတွေကို အရင်ဆုံး လွှတ်ပေးရေးကိစ္စနဲ့ ရှေ့ဆက်ပြီးတော့ ဖမ်းဆီးတာမျိုး မပြုလုပ်ရန်ကိစ္စ စတာတွေပါတဲ့ အချက် (၃)ချက်ကို ပြေလည်အောင်ဆွေးနွေးပြီးမှ အပစ်ရပ်လက်မှတ်ထိုးမယ်လို့ ဆိုထားတယ်။” သို့သော်လည်း ယခုချိန်ထိ ယင်းတင်ပြချက်ပေါ် ဆွေးနွေးနေဆဲ အနေအထားဖြစ်ပြီး လာမည့် ၂၀၂၀ နှစ်သစ် ဇန်နဝါရီလတွင် ဆက်လက် နှစ်ဖက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူခဲ့သည်ဟု Duwa Gum Ja က ဆက်ဆိုသည်။ ကချင်ပြည်နယ်အတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ရပ်နေသည့်အနေထားတွင် KIA အဖွဲ့ဝင် (၄)ဦးကို တပ်မတော်မှ ဖမ်းဆီးခြင်း လွန်ခဲ့လအတွင်း ပြုလုပ်ခဲ့သည်။ အင်းတော်ကြီးအိုင်ဒေသ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်အုပ်ချုပ်ရေးမှုး အပါဝင် KIA တပ်ရင်း (၂၆) နှင့် တပ်ရင်း (၄၄)မှ စစ်သားစုစုပေါင်း (၄)ဦးကို … - [ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2019/12/20/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8-%e1%80%bb/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းဘော် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) နယ်မြေမှာ မြန်မာအစိုးရတပ်နှင့် ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေသည်။ KIA တပ်ရင်း (၃၆) တပ်ဖွဲ့များရှိသော Mungbaw (မုန်းဘော်)ကျေးရွာ အနီး Maw Tawng နှင့် Mungli လမ်းခွဲသို့ အစိုးရစစ်ကြောင်းများ တက်လာသောကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားကြောင်း KIA တပ်ရင်း (၃၆) သတင်းရပ်ကွက်က ဆိုသည်။ “တပ်ရင်း (၃၆)တွေရှိနေတဲ့ Maw Tawng နဲ့ Mungli လမ်းခွဲဘက်ကို မြန်မာစစ်ကြောင်းတွေ တက်လာတာလို့ ခုခံတိုက်ခိုက်တာပါ” ဟု အမည်မဖော်သူ KIA အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မတော် (၆) နယ်မြေ မူဆယ်ခရိုင်၊ မုံးကိုဒေသသို့ ပြီးခဲ့သည့် တစ်ပတ်ကျော်က တပ်မတော်စစ်ကြောင်းများ တက်လာသည်ဟု ဒေသခံများ ဆိုပါသည်။ - [၂၀၁၉-၂၀၂၀ ကချင်ပြည်နယ်အစိုးရဘတ်ဂျက်တွင် ‘လမ်း’ အတွက် အများဆုံးသုံးစွဲထား](https://burmese.kachinnews.com/2019/12/18/%e1%81%82%e1%81%80%e1%81%81%e1%81%89-%e1%81%82%e1%81%80%e1%81%82%e1%81%80-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%85/): ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ဘတ်ဂျက်သုံးစွဲရာတွင် ‘လမ်း’ အတွက် သုံးထားသောဘတ်ဂျက်မှာ ကျပ် ၉၅ ဘီလီယံအဖြစ် အမြင့်ဆုံးဖြစ်သည်ဟု အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာစာစောင်မှ တွေ့ရပါသည်။ ပြည်နယ်အစိုးရလိုအပ်ချက်အတွက် ပြည်ထောင်စုမှ ချပေးသည့် ကျပ်သန်းပေါင်း ၁၈၃၄၄၂.၉၀၇ အနက် ‘လမ်း’ အတွက် သုံးစွဲငွေမှာ ကျပ်သန်း ၉၅၃၉၆.၇၈၉ အဖြစ် ဘတ်ဂျက်၏ ၅၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အခြားသုံးစွဲငွေများမှာ လျှပ်စစ်ဓာတ်အား ကျပ်သန်း ၁၈၅၆၃.၈၃၂ ၊ တံတား ကျပ်သန်း ၁၀၄၅၀.၄၃၇ ၊ ဆည်မြောင်း ကျပ်သန်း ၇၉၈၅.၉၄၀ ၊ ကမ်းပါးပြိုကာကွယ်ရေးအတွက် ကျပ်သန်း ၆၄၈၁.၃၃၀၊ လယ်ယာမြေဖော်ထုတ်ရေး ကျပ်သန်း ၃၀၄၆.၀၀၀ ၊ ရေရှိရေး ကျပ်သန်း ၂၄၉၉.၉၅၅ ၊ အခြားဆောက်လုပ်ရေးလုပ်ငန်းတွင် ကျပ်သန်း ၁၇၅၈၇.၅၀၀ နှင့် ရုံးသုံးစက်ကိရိယာ ပရိဘောဂနှင့် အခြားငွေလုံးစားရင်း ကျပ်သန်း ၄၂၅၈.၆၉၂ သုံးစွဲထားကြောင်း တွေ့ရပါသည်။ ပြည်ထောင်စုအစိုးရမှ ချပေးသည့်ငွေကြေးအပြင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍရေးနှစ်အတွင်း အခွန်ကောက်မှ ရငွေ ကျပ်သန်းပေါင်း ၂၅၄၁.၇၂၉ နှင့် အခွန်မဟုတ်သည့် သာမန်ရငွေ ကျပ်သန်း ၁၁၂၃၉.၃၂၆ တို့လည်း ကချင်ပြည်နယ်အစိုးရ ရရှိထားသည်ဟု သိရပါသည်။ မြို့နယ်အလိုက် ဆောက်လုပ်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍာအတွက်ပြည်နယ်အစိုးရ၏ သုံးစွဲငွေမှာ မြစ်ကြီးနားတွင် ငွေကျပ် သိန်း ၄၁၂၂၅.၀၀ ဖြင့် အများဆုံး သုံးစွဲထားပြီး ပူတာအိုတွင် ၃၃၀၂၀.၈ … - [မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူညီလိုအပ်](https://burmese.kachinnews.com/2019/12/18/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81/): ကချင်ပြည်နယ် ဗန်းမော်မြို့ မိုင်းခေါင်ကျေးရွာ KBC စစ်ရှောင်စခန်းအတွင်း ယမန်နေ့ မနက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ် အကူညီများ လိုအပ်နေကြောင်း သိရပါသည်။ မီးဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၅) စု၏ လူနေအိမ်တန်းလျား(Shelter) နှင့် အိမ်သုံးပစ္စည်းများ မီးလောင်မှုတွင် ပါဝင်ဆုံးရှုံးသွားကြောင့် စစ်ရှောင်စခန်းတာဝန်ခံ ဆရာနော်မိုင်ထံမှ သိရပါသည်။ “စပြီး လောင်တာက ထမင်းချက်ပြီး မီးစနဲနဲကျန်ရာ ကနေ စလောင်တာဖြစ်မယ်။ အခုလတ် တလောလိုအပ်နေတာက ဆောင်းရာသီဆိုတော့ စောင် နဲ့ အနွေးထည် ချက်စားဖို့ အိုး ခွက်တွေ လိုအပ်နေတယ်။”ဟု မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက ဆိုပါသည်။ မီးလောင်မှုအတွင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိကြောင်း ဆက်ဆိုထားသည်။ မိုင်းခေါင်စစ်ရှောင်စခန်းကို မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် အိမ်ထောင်စု ၄၀၀ ကျော် လူဦးရေ ၁၈၀၀ နေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပါသည်။ - [တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ချခံရသော ကချင်လူငယ်လွတ်မြောက်](https://burmese.kachinnews.com/2019/12/16/%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%81%e1%80%bd%e1%80%84%e1%80%ba/): တရားစီရင်ရာတွင် မျှတမှုမရှိဟုဆိုကာ တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ဒဏ် ၃ လချမှတ်ခံရသော ကချင်လူငယ် ကိုပေါလုသည် ချုပ်ရက်စေ့သဖြင့် ယနေ့မနက် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ပါသည်။ ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်လူငယ်များ၏ လမ်းဘေးတေးသရုပ်ဖော်မှုနှင့် ပက်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် လွန်ခဲ့သည့် စက်တင်ဘာ ၂ ရက် နေ့၌ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြင့် တရားသူကြီးကို ချိန်ခွင်အပျက် ပေးခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးသန်းထွန်းမှ ရာဇသက်ကြီး ပုဒ်မ ၂၂၈ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။ “တည်ဆဲဥပဒေက ကျနော်တို့ကို ကန့်သတ်ထားတာတွေ အများကြီးရှိတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးမှ ကန့်သက်ချက်တွေ ဒီလမ်းမသွားရဘူး။ ဒီဆိုင်းဘုတ်မကိုင်ရဘူး။ ဒီတိုင်းသွားရင်အပြစ်ပေး အရေးယူမှုတွေအများကြီးရှိတယ်။ အဲတော့ ဒီဥပဒေတွေ ပြုပြင်ပြောင်းလဲသွားဖို့ရန်အတွက် ကျနော်တို့က ဆက်ပြီးမှ ကြိုးစားသွားရမယ်။ ပြည်သူတွေ နဲ့ လူငယ်တွေအကုန်လုံး လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ရရှိအောင် ကျနော်တို့ ဝိုင်းဝန်းဖန်တီးဖို့လိုတယ်။” ဟု ကိုပေါလုထောင်မှ ထွက်လာချိန် ပြောဆိုခဲ့ပါသည်။ ကိုပေါ်လုသည် စက်တင်ဘာ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်ထောင်ချခံရပြီး၊ စက်တင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၅ အထိမှာ တရားသူကြီးကို ချိန်ခွင့်အပြတ်ပေးမှုဖြင့် ထပ်တိုးချမှတ်ခံရသော ထောင်ဒဏ် ၃ လ … - [ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အရောင်းစင်တာများကို အရေးယူတော့မည်ဟုဆို](https://burmese.kachinnews.com/2019/12/14/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85/): ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် အရောင်းစင်တာများကို လာမယ့် ဇန်နဝါရီလမှ စကာ ဖမ်းဆီးအရေးယူမူများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။ လက်ရှိတွင် ဆိုင်ကယ်အရောင်းစင်တာများအား ပညာပေးအနေဖြင့် စစ်ဆေးမူများပြုလုပ်နေပြီး ပထမအကြိမ်လိုင်စင်မဲ့တွေ့ရှိပါက လိုင်စင်ပြုလုပ်ရန်တိုက်တွန်းမည်ဖြစ်ပြီး၊ ဒုတိယကြိမ် ထပ်မံတွေ့ရှိလျှင် ငွေဒဏ် ကျပ်ငွေ ၁၀သိန်း၊ တတိယအကြိမ်ထပ်မံတွေ့ရှိပါက ထောင်ဒဏ် ၃လအပြင် ငွေဒဏ် ကျပ်သိန်း၃၀ ပေးဆောင်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။ “ခုလောလောဆယ်တော့ ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေဆဲဖြစ်တဲ့အတွက် သူတို့ကိုလည်း ပညာပေးအနေနဲ့ လိုက်စစ်ဆေးနေတယ်။ without ဆိုင်ကယ်တွေ မရှိရေး။ လိုင်စင်မဲ့ဆိုင်ကယ် မထားဖို့ပေါ့။” ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး ရဲမှူးရဲလွင်ထံမှ သိရသည်။ ယခုနှစ် ဒီဇင်ဘာလကုန်ထိ ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးနေသည်ဖြစ်ပြီး နှစ်ဆန်းပိုင်းမှစတင်ကာ စတင်စစ်ဆေးအရေးယူများ ပြုလုပ်တော့မည်ဖြစ်သည်ဟု ပြောပါသည်။ “လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဖမ်းမယ်လို့ပြောတော့ အစ်ကိုတို့ကတော့ ရှုပ်လို့ အားလုံးလုပ်ထားပြီ။ without ဆိုင်ကယ် လုံးဝမရောင်းဘူး။” ဆိုပြီး ဆိုင်ကယ်အရောင်းစင်တာတစ်ခုမှ ကိုသန့်ဇင်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးနေသည်မှာ ၄လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ဆိုင်ကယ်အစီးရေ ခုနှစ်ရာဝန်းကျင်သာ ရှိသေးကြောင်း သက်ဆိုင်ရာဌာမှ သိရသည်။ လိုင်စင်ပြုလုပ်ရာတွင် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁သိန်းမှ ၁သိန်းခွဲအထိရှိသည်။ တရုတ်အိမ်နီးချင်း နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များကိုသာ အများဆုံး စီးကြသည်။ - [ချီဖွေ မုတ်သုံတောအတွင်း ရွှေတူးနေမှု လချိဒ်ယဉ်ကျေးမှုအဖွဲ့ကန့်ကွက်](https://burmese.kachinnews.com/2019/12/12/%e1%80%81%e1%80%bb%e1%80%ae%e1%80%96%e1%80%bd%e1%80%b1-%e1%80%99%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/): ကချင်ပြည်နယ် ၊ ချီဖွေမြို့ ဇန်နောင်ကျေးရွာအထက်ရှိ မုတ်သုံတောအတွင်း ကုမ္ပဏီများ စက်ယန္တရား ကြီးများဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆိုလိုက်ပါသည်။ ယင်းမြေနေရာအတွင်း ရွှေတူးဖော်ရန် ကချင်မျိုးနွယ်စု ယဉ်ကျေးမှုအဖွဲ့ ၃ ဖွဲ့၏ အမည်ခံဖြင့် တူးဖော်လုပ်ကိုင်နေခြင်းပြီး ၁ ဖွဲ့လျှင် သိန်း ၁၀၀ ကျပ် ရံပုံငွေပေးမည်ဟု ဆိုကာ တူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ပြောပါသည်။ ‘’ဆိုးကျိုးတွေက အရင်ကဆို အဲဒီနေရာမှာ နွားစားကျက်လုပ်တယ်။အခုက ကျောက်တွေ သဲတွေပဲ ရှိတော့တယ်။ သစ်ပင်တွေ တစ်ပင်မှ မပေါက်တော့ဘူး။ မြေတွေက အားလုံးပျက်စီးကုန်ပြီ။’’ ဟု လချိဒ်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးလချိဒ်လွမ်းဇောင်းက ပြောဆိုထားပါသည်။ လက်ရှိ ရွှေတူးဖော်နေသည့် မြေနေရာ၌ သဘာဝပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်နှစ်နာဆုံးရှုံးစေခြင်းကြောင့် ချီဖွေမြို့နယ် လာချိတ်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ရွှေတူးဖော်မှုစတင်ခဲ့ပြီး ကြားကာလ (၂ )နှစ် သာ ရပ်ဆိုင်းထားပြီးနောက် ယခုနှစ်တွင် ထပ်မံ၍ ပြန်လည်ရွှေတူးဖော်နေခြင်း ဖြစ်သည်ဟုလည်း ဆိုပါသည်။ ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုစာပေအဖွဲ့အစည်းများဖြစ်သော လီဆူ ၊ လော်ဝေါ် နှင့် လချိဒ်အဖွဲ့အစည်းများ၏ ရန်ပုံငွေအဖြင့် ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ရွှေကျင်းပိုင်ရှင်များထံမှ သိရကြောင်း ၎င်းကဆိုသည်။ ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းအနေဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့၌ ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့ပြီးနောက် တုန့်ပြန်မှုမရှိခဲ့လျှင် တခြားသောနည်းလမ်းများဖြင့် ဆက်လုပ်ဆောင်သွားဖို့ရန် ရှိကြောင်း … - [ချီဖွေချောင်းရေ အနီရောင်ပြောင်းလဲ စီးဆင်နေမှု ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2019/12/11/%e1%80%81%e1%80%bb%e1%80%ae%e1%80%96%e1%80%bd%e1%80%b1%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1-%e1%80%a1%e1%80%94%e1%80%ae%e1%80%9b%e1%80%b1%e1%80%ac%e1%80%84/): ကချင်ပြည်နယ် ချီဖွေမြို့ရှိ ချောင်းရေ အနီရောင်အဖြစ် ပြောင်းလျှက် (၃) ရက်ကြာ စီးဆင်းနေကြောင်း ချီဖွေဒေသခံ ဦးဇောင်းဒိုင် ထံမှ သိရပါသည်။ ပန်ဝါဖက်မှ စတင်စီးဆင်းလာသည့် ဇုန်လုန်ချောင်းသည် လွတ်ပီကျေးရွာတွင် ချီဖွေချောင်းဖြင့် ပေါင်းခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချီဖွေချောင်းအနီရောင်အဖြစ် ချီဖွေဒေသခံများက တွေ့မြင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ “ရေတွေ အရမ်းနီနေတော့ ရေကို ထိဖို့တောင် ကြောက်နေတယ်။ အပေါ်ကနေကြည်လိုက်ရင် သွေးတွေ စီးနေသလိုဖြစ်နေတယ်။ ရေဒီလောက်နီနေတာကို အစိုးရ နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေလည်း သိပါစေ..ပြည်သူတွေအတွက် ဒီရေသန့်ရှင်းဖို့ နဲ့ ဒီရေက ကျနော်တို့ ပြည်သူတွေ အသုံးပြုနိုင်အောင် အစိုးရက ဘယ်လို နည်းလမ်းသုံးပေးမယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီသတ္တုမတူးပါနဲ့လို့ တားမြစ်တာလည်း မဟုတ်ဘူး..တူးတယ်ဆိုလည်း ကျနော်တို့ပြည်သူတွေ အသုံးပြုနေတဲ့ ရေကို မထိပါစေနဲ့…ပြည်သူတွေအနေနဲ့ သက်ဆိုင်တဲ့အစိုးရကို ဖြစ်စေချင်တယ်။” ဟု ချီဖွေဒေသခံ ဦးဇောင်းဒိုင်က ပြောပါသည်။ မြေရှားသတ္တုတူးဖော်သည့် စွန့်ပစ်ပစ္စည်း ၊ ဓာတုဆေးဝါး နှင့် ရေလောင်ကန်ပေါက်ခြင်းကြောင့် ရေအနီရောင်သို့ ပြောင်းလဲသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားပါသည်။ ယခုကဲ့သို့ ချီဖွေချေင်းအတွင်း ရေအနီရောင်ပြောင်းလျှက် စီးဆင်းနေသည်မှာ ပထမအကြိမ်ဖြစ်ပြီး ချီဖွေဒေသခံများ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ရေအနီရောင်ပြောင်းနေသည့် ချောင်းအတွင်း ငါးဖမ်းပြီး ဝမ်းရေးရှာဖွေစားသောက်နေသည့် ချီဖွေဒေသခံအချို့တွင်လည်း အခက်ခဲများ ရှိနေကြသည်ဟု ဆိုပါသည်။ ချီဖွေအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စကို စီစစ်နေဆဲဖြစ်ကြောင်း ပြောပါသည်။ “ကျနော်တို့ လောလောဆယ်တော့ ဘယ်ကဖြစ်တာလည်းဆိုတာကို ခုမှ ရှာနေတုန်း … - [တပ်မတော်ထိုးစစ်ကြောင့် ရိုဟင်ဂျာများနည်းတူ ကချင်ပြည်သူများလည်း ခံစားနေရကြောင်း ကချင်လူငယ်အဖွဲ့ထုတ်ပြန်](https://burmese.kachinnews.com/2019/12/11/%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba/): တပ်မတော်ထိုးစစ်ကြောင့် ရိုဟင်ဂျာလူမျိုးများခံစားနေရသည့်နည်းတူ ကချင်ပြည်သူများသည်လည်း စစ်ရှောင်အဖြစ် လူဦးရေ ၁ သိန်းကျော်နေရပ်စွန့်ခွာနေရကြောင်း ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂအဖွဲ့ ထုတ်ပြန်လိုက်ပါသည်။ ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုန်းသတ်ဖြတ်ကြောင်း မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားသည့်အမှု မြန်မာဘက်မှ ပြန်လည်ချေပသည့် နေ့တွင် ကချင်လူငယ်အဖွဲ့ AKYU မှ ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ ‘‘ရိုဟင်တွေသာမက တခြားတိုင်းရင်းသားတွေလည်း ခံစားနေရတာရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ တရားမျှတအောင် အလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒီနေ့နိုင်ငံတကာ အရေးယူမှုတွေ လုပ်နေတယ်။ ဒါကြောင့် ကျနေ်ာတို့က အမှန်တရားပေါ် ရပ်တည်ရမယ်။ ရာဇဝတ်မှုကျူးလွန်တဲ့ဘယ်သူကိုမဆို လူမျိုးသုန်းရှင်းလင်းရေးလုပ်တဲ့သူတွေကို အရေးယူမှု အားပေးကြောင့် ကျနော်တို့ ထောက်ခံတာဖြစ်တယ်။’’ ဟု AKYU ဥက္ကဌ ဦးလွမ်းဇောင်း ပြောပါသည်။ နှစ်ပေါင်းများစွာ တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်နေမှုကို ပြည်တွင်းတရားရုံးက မျှတအောင် မလုပ်နိုင်သဖြင့် နိုင်ငံတကာ တရားရုံးမှ ယခုလိုစစ်ဆေးအရေးယူလာခြင်းကို ထောက်ခံကြောင်းနှင့် လိုအပ်ပါက တရားမျှတမှုပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း ပြောဆိုထားခြင်း ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံThe Hague မြို့ရှိ ICJ တရားရုံးတွင် ဂမ်ဘီယာ၏ စွပ်စွဲချက်များကို မြန်မာအစိုးရဌားရမ်းထားသည့် ရှေ့နေများမှ ပြန်လည်ချေပနေပါသည်။ ဂမ်ဘီယာက စွပ်စွဲသလို လူမျိုးသုန်းသတ်ဖြတ်မှုမရှိကြောင်း အစီစဉ်အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားပါသည်။ ယမန်နေ့ ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲချက်တွင် မြန်မာတပ်မတော်က စစ်ဆင်ရေးပြုလုပ်နေချိန် အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု နှင့် လူအများအပြားကို နေရပ်စွန့်ခွာစေမှု အကြောင်းတွေကို ပြောဆိုသွားခဲ့ပါသည်။   - [မြန်မာအစိုးရကို တရားစွဲဆိုမှု ထောက်ခံသည့် ဆန္ဒပြပွဲ ICJ တရားရုံးရှေ့တွင် ပြုလုပ်](https://burmese.kachinnews.com/2019/12/10/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%85%e1%80%bd%e1%80%b2/): လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲထားသည့်အမှု စတင်ကြားနာသည့် ပထမနေ့တွင် တရားစွဲဆိုမှုကို ထောက်ခံသည့် ဆန္ဒပြပွဲကို အပြည်ပြည်ဆိုင်ရာတရားရုံးဆိုက်ရာ နယ်သာလန်နိုင်ငံ The Hague မြို့ရှိ International Court of Justice ICJ တရားရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဥပရောပ ရိုဟင်ဂျာအဖွဲ့အစည်းဦးဆောင်မှုဖြင့် မြန်မာပြည်မှ ကချင်၊ ကရင် လူမျိုးတွေလည်းပါဝင်ကာ လူအင်အား နှစ်ရာခန့်က ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြောင့် အစီစဉ်တွင် ဦးဆောင်ပါဝင်နေသူ ကချင်အမျိုးသားအစည်းအရုံး KNO အထွေထွေအတွင်းရေးမှုး ဦး Layang Hkun Htoi ပြောပါသည်။ ‘‘ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကိစ္စကြောင့် တရားစွဲခံရတဲကိစ္စမှာ ကျနော်တို့က ထောက်ခံရမယ်။ ဘာလို့ဆိုတော့ ဒီလုပ်ရပ်ကျူးလွန်နေတဲ့တပ်မတော်က ကျနော်တို့ လူမျိုးတွေကိုလည်း နှစ်ပေါင်း ၆၀ ကျော်ဖိနှိပ်ခဲ့ပြီ။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရှာပေးရင်း ကျန်တဲ့ သူတွေအတွက်လည်း ဖြစ်လာမယ်။ ဒါကြောင့် ဒီအမှုမှာ တရားစွဲတဲ့ဘက် အောင်မြင်ဖို့ ကျနော်တို့ လာရောက်အားပေးတာဖြစ်တယ်’’ ဟု ပြောခဲ့ပါသည်။ တရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံမှာ ထွက်ဆိုသည့်နေ့တွင် လူအင်အား နှစ်ရာခန့်သာ ဆန္ဒပြနိုင်ခဲ့ပြီး၊ ဒုတိယနေ့ မြန်မာပြည်မှ ပြန်လည်ချေပမည့် မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ဆန္ဒဖော်ထုတ်ပွဲ ထပ်မံပြုလုပ်သွားမည်ဟု သိရပါသည်။ ယနေ့ ဂမ်ဘီယာ နိုင်ငံမှ စွပ်စွဲခဲ့သည့်အချက်များတွင် တပ်မတော်နယ်မြေရှင်းလင်းရေးအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ရိုဟင်ဂျာလူမျိုးများကို ခွဲခြားဆက်ဆံမှုစသည့် အချက်များကို တင်ပြခဲ့ပါသည်။ မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြန်မာဘက်မှ ပြန်လည်ချေပမည့်အစီစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့် … - [အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားတွင် ပြုလုပ်](https://burmese.kachinnews.com/2019/12/10/%e1%80%a1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%9c%e1%80%b0%e1%80%b7%e1%80%a1%e1%80%81%e1%80%bd/): (၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများစုပေါင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ လူထုများ လူအခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို ပိုမိုသိရှိပြီး လက်ကိုင်ကျင့်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရပါသည်။ “လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အရင်ဆုံးကျင့်သုံးဖို့ နဲ့ နားလည်ဖို့ လိုအပ်တယ်။ နောက်ပိုင်းမှ ကျနော်တို့ မျှဝေဖို့လိုအပ်တယ်။ ဒါမှ ကျနော်တို့ ပတ်ဝန်းကျင်ဟာ ဆိုရင် တကယ်ကို သာယာလှပပြီးတော့ အားလုံးက လူတန်းစေ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်သွားမှာဖြစ်တဲ့ အတွက် လူ့အခွင့်အရေးဟာဆိုရင် ပိုမိုလေ့လာဖို့အတွက်အရေးကြီးတယ်။” ဟု အခမ်းအနားတတ်ရောက်လာသည့် လူငယ် မောင် ဗီဆင့် က ဆိုပါသည်။ အခမ်းအနားတွင် ဘာသာရေးခေါင်းဆောင်များ ၊ အစိုးရဌာန ၊ နိုင်ငံတကာအဖွဲ့အစည်း ကမ္ဘာကုလသမ္မဂ ၊ လူငယ်အဖွဲ့အစည်းများ ၊ အမျိုးသမီးအဖွဲ့အစည်းများ ၊ ရှေ့နေများ ၊ နှင့် အရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တတ်ရောက်ခဲ့ပါသည်။ “လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်လာပြီဆိုရင် ချိုးဖောက်ခံရတဲ့သူဘက်က ရပ်တည်ပြီးတော့မှ ကျူးလွန်သူကို ဥပဒေအရ ပြင်းထန်စွာ အရေးယူမှု ၊ လုပ်ဆောင်မှုမရှိလို့ ဖြစ်တယ်လို့ ကျမတို့ပြောလို့ရတယ်။ များသောအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေက ငွေရှိလို့ ၊ ပါဝါရှိလို့ ၊ အသိုင်းအဝိုင်း တစ်ခုခု နောက်ခံကြီးလို့ အဲအခြေအနေမှာရှိရင် … - [ကျောက်မျက်အရောင်းပြပွဲ တတိယအကြိမ်ကို ဖေဖော်ဝါရီတွင်ပြုလုပ်မည်](https://burmese.kachinnews.com/2019/12/10/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%95%e1%80%bd%e1%80%b2/): ကချင်ပြည်နယ်၏ ကျောက်မျက်ရတနာ အရောင်းပြပွဲ တတိယအကြိမ်ကို လာမည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပတော့မည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လွန်ခဲ့သည့် ဒုတိယအကြိမ်အထိ ကျောက်မျက်အရောင်းပြပွဲကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းကိုယ်တိုင် ဦးဆောင်ခဲ့သော်လည်း တတိယအကြိမ်တွင်မူ အစိုးရဖွဲ့စည်းပေးသည့် ကော်မတီတစ်ခုက ဦးဆောင်သွားမည်ဟု သိရပါသည်။ “ပွဲဖြစ်မြောက်ရေး ကော်မတီကတော့ ပြည်နယ်အစိုးရကနေ ဖွဲ့စည်းပေးထားတာဖြစ်တယ်။ မြစ်ကြီးနား ကျောက်စိမ်းရုံးတာဝန်ခံက အဖွဲ့ခေါင်းဆောင်၊ ပြီးတော့ ကျောက်မျက်အသင်းက ကျနော်၊ ထွေအုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လဝက ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်က မန်နေဂျာ၊ ပြည်တွင်းအခွန်မှ ဒုတိယညွှန်ကြားရေးမှူး၊ အကောက်ခွန်ဌာနက ညွှန်ကြားရေးမှူး၊ ကော်မတီ ၈ ဦးပါဝင်တဲ့ ကျနော်တို့ကော်မတီကနေ အစည်းဝေးလုပ်တယ်။ အစည်းဝေးလုပ်တဲ့ချိန်ကျတော့ ဒီဇင်ဘာလမှာ လုပ်မယ်ဆိုရင် အချိန်ကအရမ်းနီးကပ်နေပြီဖြစ်တယ်။ ပြီးတော့ ဖားကန့်ကနေမြစ်ကြီးနားကို ကျောက်စိမ်းတွေ သယ်ယူပို့ဆောင်မယ့်အပိုင်းတွေမှာ အချိန်မလောက်တော့ဘူး။” ဟု လက်ရှိ ကချင်ကျောက်မျက်အသင်း ဥက္ကဌ ဦးရစ်နန်ဇေလွမ်းက ဆိုသည်။ ယခု တတိယအကြိမ်ကျောက်မျက်ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၂၀၀၀ကျော် ပြသရောင်းချနိုင်အောင် စီစဉ်နေကြောင်း ဦးဇေလွမ်းက ဆက်လက်ပြောဆိုသည်။ ကျောက်မျက်ပြပွဲတွင် ရောင်းမည့်ကျောက်များကို A,B,C,D အဆင့် ၄ဆင့်သတ်မှတ်ထားပြီး ကချင်ပြည်နယ်တွင်ပြုလုပ်ခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ပြပွဲများတွင် C,D အဆင့်ကို ပြသခွင့်ရှိခဲ့သည်။ ထို့အပြင် ကျောက်အတွဲပေါင်း ၃၀၀ ဝန်းကျင်သာ ပြသနိုင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းထံမှ သိရသည်။ ကချင်ပြည်နယ်ကျောက်မျက် စျေးကွက်ဖြစ်ပေါ်လာစေရန်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သော ယင်းကျောက်မျက်အရောင်း ပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချခဲ့သည်။ နိုင်ငံခြားသားများကို ကြည့်ရှု့ခွင့်ပေးခဲ့သော်လည်း ဝယ်ယူခွင့်မပြုခဲ့ကြောင်း သိရပါသည်။ … - [လုံခြုံမှုမရှိသေးသည့် စစ်ရှောင် ကဇူးကျေးရွာတွင် ပထမအကြိမ် ဆုတောင်းပွဲ ပြန်လည်ပြုလုပ်](https://burmese.kachinnews.com/2019/12/09/%e1%80%9c%e1%80%af%e1%80%b6%e1%80%81%e1%80%bc%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b1%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%85/): လုံခြုံမှုမရှိသေးသော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ၈ နှစ်ကျော် စွန့်ခွာထားသည့် ကဇူးကျေးရွာဘုရားကျောင်းဝင်းတွင် ဒေသခံများက ပထမအကြိမ် သွားရောက်ရှင်းလင်းပြီး ဒီဇင်ဘာလ ၇ရက်နေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ကျေးရွာနှစ်ခြင်းခရစ်ယာန်အသင်းတော် နှစ် (၃၀)ပြည့်ဆုတောင်းပွဲဖြစ်ပြီး ထို ၁ ရက်သာ အစီစဉ်အတွက် ကျေးရွာအနီးရှိ တပ်မတော်စစ်စခန်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်တို့ကို ခက်ခဲစွာ ညှိနှိုင်းခဲ့ရကြောင်း ကဇူးနှစ်ခြင်းအသင်းတော် အထွေအထွေအတွင်းရေးမှူး သင်းထောက် ဦးလဖိုင်ဇော်ရော် က ပြောဆိုပါသည်။ “ကျနော်တို့က ကိုယ့်ဒေသကို ပစ်ထားတာလည်း အခုဆို ၉နှစ်နီးပါးရှိသွားပြီ။ အဲ့တော့ ကိုယ့်ရွာမှာဘဲ ရှင်းလင်းရေးတွေပြုလုပ်ပြီး ဆုတောင်းပွဲလုပ်ချင်ကြတယ်။ နောက် ကျနော်တို့ စစ်ရှောင်တွေက ဂုဏ်သိက္ခာရှိစွာ နဲ့ နေရပ်ပြန်ချင်ပြီ ဆိုတဲ့ သဘောလည်းပါတယ်။ ဒါ့ကြောင့် ဒီမှာရှိတဲ့ တပ်ရင်းနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အဆင့်ဆင့် တင်ပြတောင်းဆိုခဲ့တယ်။ အစတုန်းကတော့ ခွင့်ပြုသလိုလိုနဲ့ ဆုတောင်း ပွဲပြုလုပ်ဖို့ အလိုမှာ ပြန်မဖြစ်ဖို့အဆင့်အထိ ဖြစ်သွားတယ်။” ဟု ပြောဆိုသည်။ တစ်ရွာလုံးကို သွားရောက်ခုတ်ထွင်ရှင်းလင်းခြင်းမဟုတ်ဘဲ ဘုရားကျောင်းဝင်းနှင့် သွားရာလမ်းတစ်လျှောက်သာ ရှင်းလင်းထားသည်ကို တွေ့ရပါသည်။ စစ်ရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန်မှာ မိုင်းရှင်းလင်းရေးနှင့် စစ်တပ်စခန်းများ ရုတ်သိမ်းရေးလုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ရှောင်များ ပြောပါသည်။ ကဇူးစစ်ရှောင်များ၏ အသင်းတော်စတင်တည်ထောင်သည့် နှစ် ၃၀နှစ်ပြည့် မှတ်တိုင်စိုက်ထူသည့် ဆုတောင်းပွဲသို့ ဒေသခံ ၃၀၀ ခန့်က စစ်ရှောင်စခန်းအသီးသီးမှ လာရောက်ပါဝင်ခဲ့ကြပါသည်။ “ကဇူးနှစ်ခြင်းအသင်းတော် စတင်တည်ထောင်တာက ၂၀၁၄မှာဆိုရင် ၂၅နှစ်ပြည့်သွားပြီဖြစ်တယ်။ ဂျူဘီလီပွဲပြုလုပ်ရမယ်ဖြစ်တယ်။ ဒါပေမယ့် နေရပ်စွန့်ခွာ ထားခဲ့ရတဲ့အတွက် … - [ညီနောင် (၃)ဖွဲ့၏ ICC၊ ICJ ထောက်ခံမှု ပြန်ရုပ်သိမ်းရန် တရုတ် ဖိအားပေး](https://burmese.kachinnews.com/2019/12/08/%e1%80%8a%e1%80%ae%e1%80%b1%e1%80%94%e1%80%ac%e1%80%84%e1%80%b9-%e1%81%83%e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1%81%8f-icc%e1%81%8a-icj-%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%81/): လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံကို ICC နှင့် ICJ ခေါ် နိုင်ငံတကာ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးများမှ အရေးယူ ကြားနာစစ်ဆေးမှု စတင်လုပ်ဆောင်လာခြင်းပေါ် မိမိတို့ သုံးဖွဲ့က ‘အပြည့်အ၀ထောက်ခံကြောင်း’ သဘောထားထုတ်ပြန်ချက်အား ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်အစိုးရမှ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်များကို လူတွေ့ ဖိအားပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ (၅)ရက်နေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တရုတ်–မြန်မာနယ်စပ် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဌာနချုပ် မုန်းလားသို့ တရုတ်အစိုးရ ကိုယ်စားလှယ်များက ရခိုင် AA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ယခုလို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ “မနေ့က (ဒီဇင်ဘာ ၅) မုန်းလားကို တရုတ်အစိုးရလူတွေ လာပြီးတော့ ‘o’ (UWSA)လိုမျိုး အဲ့တာကို ကန့်ကွက်သလိုပဲ ခင်ဗျားတို့ သုံးဖွဲ့လည်း အလားတူ ယင်းထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပါ ဆိုပြီးတော့ မဟာမိတ် သုံးဖွဲ့ ခေါင်းဆောင်တွေကို လာပြောခဲ့တယ်လို့သိရတယ်” ဟု နယ်စပ် မြောက်ပိုင်းမဟာမိတ် အရာရှိ တစ်ဦး ကချင်သတင်းဌာန (KNG) ကို ပြောပါသည်။ သို့သော်လည်း ယခုလို လာရောက်ဖိအားပေးခဲ့သော တရုတ်အစိုးရ ကိုယ်စားလှယ်များ၏ နာမည်များကို မသိရသေးပါဘူး။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် (၄)ဖွဲ့မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မပါဘဲ AA၊ TNLA နှင့် MNDAA သုံးဖွဲ့က နိုင်ငံတကာ စစ်ရာဇ၀တ်မှုခုံရုံး International Criminal Court နှင့် International … - [နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား](https://burmese.kachinnews.com/2019/12/06/%e1%80%94%e1%80%99%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%a1%e1%80%94%e1%80%ae%e1%80%b8-%e1%80%90%e1%80%ad/): ကချင်စစ်ရှောင်များကို ပထမဆုံးနေရပ်ပြန်ပို့ခဲ့သည့် နမ်ဆန်ယန်ကျေးရွာ၏အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တပ်မတော်မှ KIA စခန်းတစ်ခုကို လာရောက်သိမ်းပိုက်သည့် တိုက်ပွဲကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေးရန် ပြင်ဆင်နေသည်ဟု သိရပါသည်။ နေရပ်ပြန်ရေး အစအဆုံးကူညီပေးခဲ့သူ ဦးဖော်လားဂမ်ဖန်က ယခုတိုက်ပွဲသည် အစိုးရ၏ ပြန်လည်နေရာချထားရေးအစီစဉ်ကို ပျက်စီးစေနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ကို လိပ်မှုပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြန်ထောင်စု လူကယ်ပြန် ဒုဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခနှင့် နယ်လုံဝန်ကြီးတို့ကိုမိတ္တူဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ တိုင်ကြားခဲ့ကြောင်း ပြောသည်။ ‘‘အခုလိုမျိုးနောက်တစ်ခါထပ်ဖြစ်ရင် နမ်ဆန်ယန်ကျေးရွာလည်း စစ်ပြေးပြန်ဖြစ်ရမှာကိုစိုးရိမ်တဲ့အတွက် အဖြစ်အပျက်ကို ကျနော်က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ထံ စာအမြန်ရေးပြီး ကိုယ်တိုင်နေပြည်တော်ကို သွားပေးခဲ့တယ်။’’ ဟု နမ်ဆန်ယန်နေရပ်ပြန်ရေးကို ကူညီပေးနေသူ ကချင်တေးရေး၊ တေးဆို နာမည်ကျော်အဆိုတော် ဦးဖော်လားဂမ်ဖန်က ပြောပါသည်။ သူ၏ တိုင်တန်းမှုအပေါ် ‘နမ်ဆန်ယန်ကျေးရွာနဲ့ ပတ်သက်ပြီး နောက်ထပ် စိုးရိမ်ခြင်းမရှိရလေအောင် ကြိုးပမ်းသွားမည့်အကြောင်း’ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တာဝန်ခံတစ်ဦးမှ ဦးဖော်လားဂမ်ဖန်ကို ဒီဇင်ဘာ ၅ ရက်နေ့ မနက် ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု သူက ပြောဆိုပါသည်။ နမ်ဆန်ယန်ကျေးရွာ နေရပ်ပြန်နိုင်ရေးကို ၂၀၁၈ နိုင်ဝင်ဘာလတွင်စတင်ခဲ့ပြီး တစ်လအကြာတွင် စစ်ရှောင် အိမ်ထောင်စု ၁၇ စုကို နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုချိန် အိမ်ထောင်စု ၉၈ စု နှင့် လူဦးရေ ၅၀၀ ကျော် ပြန်လည်အခြေချနေထိုင်နေပြီး၊ လွန်ခဲ့သည့်အပတ် တိုက်ပွဲက ၎င်းတို့ကို ပြန်လည်ထွက်ပြေးရန် ကြောက်လန့်စေခဲ့ကြောင်း ထပ်မံပြောဆိုပါသည်။ ‘‘အခုနောက်ထပ်လည်း စစ်ရှောင်တွေကို … - [ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ](https://burmese.kachinnews.com/2019/12/04/%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%99%e1%80%be%e1%80%85%e1%80%90%e1%80%84%e1%80%ba%e1%80%80%e1%80%ac-%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%95/): အခြေခံပညာ အထက်တန်းဖြေဆိုပြီးသည့် ကျောင်းသူ/သားများအား စာမေးပွဲ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အထက်တန်းအဆင့်ပြီးဆုံးကြောင်း လက်မှတ်များကို ယခုနှစ်မှစတင်ကာ ပေးအပ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးဌာနမှ သိရပါသည်။ “အထက်တန်း မအောင်နိုင်တဲ့ ကလေးတွေအတွက် အပြင်မှာအလုပ်ရှာတဲ့ချိန်မှာ အလုပ်ကိုင်အခွင့်အလမ်းတွေ မရနိုင်ဘူး။ အဲဒါကြောင့်ဆယ်တန်းကို အဲဒါကြောင့်မို့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးလိုက်ခြင်း အားဖြင့် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းပညာတွေ၊ အလုပ်အကိုင်တွေ ရရှိအောင်ဆိုပြီး ပေးရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုက နေ သိရပါတယ်။” ဟု ဒေါ်ခင်သန်းနွှဲ့ထံမှ သိရသည်။ ဆိုသည်။ ယခုစနစ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်မည်ဖြစ်ပြီး၊ ယခင်နှစ်အထိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သော သူများကိုသာ အောင်လက်မှတ်သာပေးအပ်လေ့ရှိပါသည်။ သို့သော်လည်း အခြေခံပညာအထက်တန်းအဆင့်ပြီးဆုံးကြောင်း လက်မှတ်ရရှိရန် ပြည်ထောင်စုမှ စံသတ်မှတ်ချက် (၇)ချက်နဲ့ လမ်းညွှန်မှုများ ရှိကြောင်း သိရပါသည်။ “လက်ရှိကတော့ ကျမတို့ကျောင်းမှာ ကျောင်းတွင်း အရည်အချင်းစီစစ်ရေးအဖွဲ့ဖွဲ့ထားပါတယ်။ ကျမတို့ စီစစ်ရေးအဖွဲ့ကနေ ကလေးတွေရဲ့အမှတ်တွေကို ခုကတည်းကဖြည့်နေပါတယ်။ လပတ်စာမေးပွဲမှာ ကျတဲ့သူတွေကတော့ ကုစားပြန်ဖြေခွင့်ရှိတယ်။ ကုစားပြန်ဖြေတော့ အမှတ်တွေ ပြန်ရသွားတယ်။ နောက်ဆုံးချုပ်တဲ့အချိန်မှာ ၃ ဘာသာကျနေရင်တောင် ကုစားပြန်ဖြေခွင့်ရအောင် လုပ်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။” ဟု မြစ်ကြီးနား အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျေောင်းအုပ် ဒေါ်ညိုညိုသန်း က ဆိုသည်။ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန် ပြည်ထောင်စုမှချမှတ်ထားသည့် စံသတ်မှတ်ချက်များမှာ ကျောင်းခေါ်ချိန်ပြည့်မှီခြင်း ၊ ပညာရည်စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက် တတ်မြှောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေအနုပညာလုပ်ငန်းများတွင် ကျောင်းသူ/သားများ ပါဝင်ဆောင်ရွက်နိုင်မှု၊ လူမှုရေးပစ်ချက်ကင်းပြီး ကျောင်းစည်းကမ်းလိုက်နာမှု၊ အားကစားနဲ့ကာယလူပ်ရှားမူ လုပ်ငန်းများတွင်ပါဝင်မူ၊ ကျောင်းကောင်စီအသင်းအဖွဲ့များနဲ့ လူမူရေးအသင်းအဖွဲ့များတွင် ပါဝင်မှုတို့ဖြစ်ကြောင်း … - [နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို](https://burmese.kachinnews.com/2019/12/04/%e1%80%94%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8-%e1%80%9c%e1%80%9a%e1%80%ba%e1%80%9a%e1%80%ac%e1%80%99/): မြစ်ကြီးနားမြို့အနောက် ၈ မိုင်အကွာ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွင်းပါဝင်နေသည့် ဒေသခံများ၏ လယ်ယာမြေအတွက် နစ်နာကြေးများမရရှိပါက လူထုဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နန်ကျင်ဒေသခံများ ဆိုသည်။ ပြည်နယ်အစိုးရမှ ၄င်းတို့ကို ကျူးကျော်အဖြစ်သတ်မှတ်ထားသဖြင့် MOA လက်မှတ်မထိုးမီ နန်ကျင်ဒေသခံများအနေဖြင့် ဆန္ဒထုတ်ဖော်လိုသော်လည်း တရားဥပဒေလမ်းစဉ် မသိခြင်းကြောင့် အသစ်ဖွဲ့စည်းလိုက်သော ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ နှင့် ပူးပေါင်းတိုင်ပင်ဆွေးနွေးနေကြောင်း သိရပါသည်။ မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ဖော်ဆောင်မည့် အဆိုပါစီမံကိန်းအတွက် မြေဧက ၄၇၀၀ ကို အသုံးပြုမည်ဖြစ်သည်။ “ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူ့ကိုဘယ်လိုမေးပြီး ဘယ်လိုလုပ်ရမယ်ဆိုဒါကို မသိသေးဘူး။ အခုမှ KNC ပါတီနဲ့ တိုင်ပင်နေကြပြီး ဆန္ဒပြဖို့စီစဉ်နေပေမဲ့ ဆန္ဒပြဖို့တောင် ရွာက လူတွေက ဘာအကြောင်းမသိလို့ အားလုံးကြောက်နေကြပြီး ဘယ်လို စရမှန်းတောင် မသိဘူး။” ဟု နန်ကျင်ဒေသခံ ဒေါ် မရန်ကိုင်ဘူက ပြောပါသည်။ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) အနေဖြင့် လက်ရှိ နန်ကျင်စီးပွားရေးဇုန် အကောင်ထည်ဖော်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရထံ အကြိမ်ကြိမ် စာတင်ပြတောင်းခံခဲ့သော်လည်း တုန့်ပြန်ခြင်းမရှိသည့်နောက် ဖွဲ့စည်းလိုက်သည့် ‘ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ’ မှ အဆိုပါကိစ္စကို ကိုင်တွယ်ရန် စီစဉ်နေသည်ဟု သိရပါသည်။ “တကယ် MOA မှာ ကချင်ပြည်နယ်က ကျနော်တို့ ပြည်သူတွေကို သူတို့ ဘယ်လိုအလုပ်တွေပေးမယ်။ ဘယ်လောက် ရာခိုင်နှုန်းလုပ်မယ် အဲဒီအချက်တွေပါရမယ်။ အဲအချက်တွေမပါရင် အလကားပဲ ဒါတွေက … - [လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို](https://burmese.kachinnews.com/2019/12/03/%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%af%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%b1%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba/): ကချင်ပြည်နယ်အစိုးရစီမံချက်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ဆုံးသော ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။ “သတ်မှတ်ကာလကုန်သွားတဲ့နောက် လိုင်စင်မဲ့ဆိုင်ကယ်များကိုဖမ်းစီးအရေးယူမှုတွေလုပ်သွားမယ်။ လိုင်စင်လာမလုပ်တဲ့ ဆိုင်ကယ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွာမယ်” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းဝင်းက KNG ကိုပြောပါသည်။ ထပ်မံဖမ်းဆီးသွားမည့်ဆိုင်ကယ်များကို ထားရှိရန် ဂိုဒေါင်ကိုလည်း ဆောက်လုပ်ထားပြီဖြစ်ကြောင်း ထပ်မံ ပြောဆိုပါသည်။ ဖမ်းဆီးခံရသည့်နေ့မှ ၁၅ ရက်အတွင်း အဆိုပါ မိမိဆိုင်ကယ်ကို လိုင်စင်ပြုလုပ်ခြင်းဖြင့် ထပ်မံ ရွေးယူနိုင်ကြောင်း သိရပါသည်။ ပြည်နယ်အစိုးရစီမံချက်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခြင်းကို လွန်ခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၁၂ နေ့ထိ စုစုပေါင်း၄ လသတ်မှတ်ခဲ့ရာ ထိုကာလအတွင်း ဆိုင်ကယ် ၄၁၂ စီးသာ လာရောက်မှတ်ပုံတင်ကြကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ထပ်မံ ပြောဆိုပါသည်။ ထို့အပြင် ဆိုင်ကယ်ရောင်းချသည့် ဆိုင်များကိုလည်း တရားဝင်လိုင်စင်နှင့် တကွရောင်းချပေးသည့် ဆိုင်များဖြစ်အောင် အစိုးရ ကြိုးပမ်းနေကြောင်း ပြောသည်။ သို့သော်လည်း ယနေ့ချိန်ထိ မြစ်ကြီးနားမြို့ပေါ်နေရာများတွင် ဆိုင်ကယ်များကို လိုင်စင်မဲ့အဖြစ် ရောင်းချနေဆဲ ဖြစ်ပါသည်။   - [ကချင်ပြည်နယ်မှ တရားမဝင် တရုတ်နိုင်ငံသားများကို စီစစ်ရန် လုံခြုံရေးအရ ခက်ခဲ](https://burmese.kachinnews.com/2019/12/02/%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%b6%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99/): ကချင် ငှက်ပျောခြံများအတွင်း ခွင့်ပြုချက်မရှိဘဲ ယာယီလည်ပတ်ခွင့် BP ဖြင့် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများကို စစ်ဆေးရန်လုံခြုံရေးအားနည်းမှုကြောင့် ခက်ခဲနေကြောင်း ပြည်နယ် လဝက ဝန်ကြီး ပြောပါသည်။ “ကျနော်တို့ လဝက ဥပဒေအရတော့ ယာယီလည်ပတ်ခွင့်လက်မှတ် (BP) နဲ့ ဝင်ရောက်လာတဲ့သူတွေ အလုပ်လုပ်ကိုင်ခွင့်မရှိဘူး၊ သူတို့ကလည်ပတ်ခွင့်ဘဲ။ ဒါပေမယ့် လက်ရှိငှက်ပျောခင်းတွေမှာ ယာယီလည်ပတ်ခွင့်လက်မှတ်ကိုင်တဲ့သူတွေလည်း ရှိနေတယ်လို့ ကြားနေရတယ်။ ကျနော်တို့ လဝကအနေနဲ့ကျပြန်တော့လည်း အဲငှက်ပျောခင်းတွေ ထိသွားဖို့ကျတော့ လုံခြုံရေးအပိုင်းမှာ အခက်ခဲရှိတယ်” ဆိုပြီး လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း က ဆိုသည်။ လက်ရှိ ပြည်နယ်အတွင်း တရုတ်နိုင်ငံသားအလုပ်သမားများကို ခွင့်ပြုထားသည့် Border Pass (BP) ဖြင့်ဝင်ရောက်သူ ၄၀၀၀ ကျော်ခန့်ရှိပြီး ယာယီအလုပ်သမားလက်မှတ် (GC) ကိုင်ဆောင်သူ ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။ အလည်အပတ်ခွင့်ပြုမိန့်လက်မှတ် (BP) အတွက် တစ်ဦးလျှင် တရုတ် ယွမ်ငွေ ၁၀ (ကျပ်ငွေ ၂၀၀၀၀ ခန့်) ပေးဆောင်စေပြီး (၁၃)ညအိပ် (၁၄)ရက်သာလည်ပတ်ခွင့် ပေးသည်ထားဟု သိရပါသည်။ ယာယီအလုပ်သမားလက်မှတ် (GC) ဖြင့်ဝင်ရောက်သူများသည် နေထိုင်ခွင့် (၃)လဖြစ်ကာ တစ်ဦးလျှင် ယွမ် ၆၀ (ကျပ်ငွေ ၁သိန်း ၂သောင်းခန့်) ပေးဆောင်ရကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ အလည်အပတ်ခွင့်ပြုမိန့်လက်မှတ် (BP)ကို နယ်စပ်ဂိတ်များဖြစ်သည့် Kambaiti (ကံပိုက်တည်ဂိတ်)၊ Loije (လွယ်ဂျယ်ဂိတ်)မှထုတ်ပေးပြီး ယာယီအလုပ်သမားလက်မှတ် (GC)ကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုထုတ်ပေးထားသည်ဟု ပြောပါသည်။ တရားမဝင် နိုင်ငံခြားသားများအားပေးနိုင်သည့် … - [အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို](https://burmese.kachinnews.com/2019/12/01/%e1%80%a1%e1%80%95%e1%80%85%e1%80%ba%e1%80%a1%e1%80%81%e1%80%90%e1%80%ba%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%b2%e1%80%9b%e1%80%b1%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%89/): အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်ရပ်လက်မှတ်ထိုးရန် ပြင်ဆင်ရာတွင် လူထုပါဝင်ခွင့်ပြုသင့်ကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်ကို တွေ့ရပါသည်။ ကချင်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဝင်းတွင် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ‘‘ငြိမ်းချမ်းရေးဆိုတဲ့လမ်းကြောင်းမှာ တက်လှမ်းနိုင်ဖို့ဆိုရင် အပစ်ခတ်ရပ်စဲရေးအဆင့်မှာဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူပါဝင်ရမယ်။ ပြည်သူတွေပါမှ ဒီပြည်သူတွေက သက်သေအနေနဲ့ဖြစ်သွားတဲ့အတွက် သဘောတူချုပ်ဆိုထားတဲ့အချက်တွေ ချိုးဖောက်ဖို့အတွက် ခက်ခဲသွားပြီ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ထိုးတယ်။ မနက်ဖြန်ပြန်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင် စစ်ရှောင်တွေ တစ်ခါပြန်ပြီးတော့ စစ်ရှောင်ရပြန်တယ်။’’ ဟု ထွယ်ဂျန်ဒါဖွံ့ ဖြိုးရေးအဖွဲ့မှ ဆရာမဒေါ်နန်ပူ ပြောပါသည်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်သူပါဝင်သင့်ကြောင်းနဲ့ သက်ဆိုင်တဲ့အချက် ၈ ချက်ကိုလည်း ထုတ်ပြန်ထားပါသည်။ ‘‘ပြောချင်တာက လူ့ဂုဏ်သိက္ခာနဲ့အညီ မိမိနေရပ်ကို ကောင်းမွန်စွာ ပြန်ချင်တယ်။ စစ်ရှောင်နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ဒီသဘောထားကို ကောင်းစွာ နားလည်ပေးရမယ်။ အကောင်အထည်ဖော်ပေးရမှာဖြစ်တယ်။’’ ဟု မလိယန်စစ်ရှောင်စခန်းမှ ဆရာဆိုင်းခေါင်ပြောပါသည်။ ကချင်ပြည် တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်ကျော်လာချိန် ပြည်နယ်တွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော် ရှိနေဆဲဖြစ်ပါသည်။ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အဖွဲ့ကြား Bilateral ထိုးမည့် သတင်းများ ထွက်ပေါ်လာချိန် ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများမှ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နိုဝင်ဘာ ၂၉ ရက်နေ့ နမ်ဆန်ကျေးရွာ၊ နိုဝင်ဘာ … - [အစိုးရတပ်မတော်နှင့် KIA လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2019/11/30/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-kia-%e1%80%9c%e1%80%ad/): အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့တို့ကြား အပစ်ရပ်သဘောတူ Bilateral လက်မှတ်ထိုးရန် ကြိုးစားနေချိန် KIO ဗဟိုဌာနချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာတွင် နိုဝင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ တပ်မတော် ခလရ (၁၄၀) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် တပ်မဟာ (၅ ) အောက် ပေါင်စေး (PAU SE) တပ်ရင်းစခန်းတွင် ယမန်နေ့ မနက်ပိုင်း ၁၁ နာရီခန့်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းများတွင် ဖော်ပြထားပါသည်။ နမ်ဆန်ယန်ကျေးရွာ၏ အနောက်ဘက် ၆ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါကျေးရွာဒေသခံ တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါသည်။ ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေစဉ် တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာသည်မှာ ငြိမ်းချမ်းရေးကို အထောက်အကူမပြုကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာတူးဂျာ သုံးသပ်ပြောဆိုပါသည်။ ‘‘ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန် ဒီလိုစစ်ကြောင်းလျှောက်သွားနေတာ မကောင်းဘူး။ ပစ်ခတ်တိုက်ခိုက်မှုတွေပဲ ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ Bilateral အပစ်ရပ်လက်မှတ်ထိုးနိုင်မှာမဟုတ်ဘူး’’ ဟု ပြောပါသည်။ ထို့အပြင် မံစီမြို့နယ် KIA တပ်ရင်း ၂၇ နယ်မြေတွင်လည်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ကြား စစ်ရေးတင်မာမှု ဖြစ်ပွားနေကြောင်း သိရပါသည်။ အစိုးရတပ်နှင့် KIO တို့သည် အပစ်ရပ်လက်မှတ်ထိုးထားခြင်းမရှိသော်လည်း ၂၀၁၈ မှစပြီး တိုက်ပွဲမရှိသလောက် လျှော့နည်းခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် … - [(၇၂) နှစ်ပြည့်ကချင်ပြည်နယ်နေ့ကို မနောပွဲတော်ဖြင့် ပြုလုပ်ရန် စီစဉ်နေ](https://burmese.kachinnews.com/2019/11/22/%e1%81%87%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94/): ၂၀၂၀ ဇန်နဝါရီ (၁၀) ရက်နေ့ ကျရောက်မည့် (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မနောပွဲတော်ဖြင့် မြစ်ကြီးနားမြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့များထံမှ သိရပါသည်။ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့သောကြောင့် ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု အသင်းအနေနှင့် ယခုနှစ်တွင်လည်းဆက်လက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်ရိုးရာယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦး Hpare Hkaw Luk က KNG သတင်းဌာနကို ယခုလိုပြောဆိုထား ပါသည်။ “ကချင်ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ဖို့က ဆုံးဖြတ်ထားပါပြီ။ ကိုယ့်ပြည်နယ်နေ့ကို နှစ်စဉ် စီစီကားကား ပြုလုပ်ရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲလုပ်တာကို တစ်ချို့သူတွေက မလိုလားကြဘူး။ တစ်ချို့ကလိုလားကြတယ်။ ကျနော်တို့ကိုယ်တိုင်မလုပ်ဘူးဆိုရင် ဘယ်သူလုပ်မှာလဲ။ နောက် ကျနော်တို့ရဲ့ ပြည်နယ်နေ့ကို သူများတွေလုပ်သွားရင် ဘယ်လိုပြန်လုပ်မှာလဲ။ ဒါတွေက စဉ်းစားစရာဘဲ။ ဒီလို အထိမ်းအမှတ်ပွဲကို အခြားလူမျိုးတွေကို ဖော်ပြဖို့က ကျနော်တို့ အယောက်စီတိုင်းမှာတာဝန်ရှိတယ်” ဟု ပြောဆိုသည်။ ကချင်ပြည်နယ်နေ့တွင် မနောပွဲတော်ဖြင့် ပြုလုပ်မည်ဖြစ်သောကြောင့် လာရောက်ပါဝင်နိုင်ရန် နိုင်ဝင်ဘာလ ၁၅ရက်နေ့ မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သည့် နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူကို ကချင်ရိုးရာယဉ်ကျေးမှုအသင်းက ဖိတ်ခေါ်လိုက်သည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့် (၇၁) နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲကိုလည်း စီတာပူမနောကွင်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပါဝင်ခဲ့ပါသည်။ - [နန်ကျင်စီးပွားရေးဇုန်အတွင်း ဒေသခံများကို ကျူးကျော်အဖြစ်သတ်မှတ်မှု တိကျသည့်အဖြေလိုချင်](https://burmese.kachinnews.com/2019/11/22/%e1%80%94%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%87%e1%80%af%e1%80%94%e1%80%ba-%e1%80%85/): ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံတို့ကြားပူးပေါင်းဆောင်ရွက်မည့် နန်ကျင်ဘက်စုံ စီးပွားရေးဇုန်အတွင်းရှိ ဒေသခံများ၏ နယ်မြေများကို ကျူးကျော်အဖြစ်သတ်မှတ်မှုကို တိကျရှင်းလင်းစွာ ချပြရန် ဒေသခံများ တောင်းဆိုနေကြပါသည်။ မြစ်ကြီးနား စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ဖော်ဆောင်မည့် မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ ပြည်ထောင် ကြိုးဝိုင်း လီဒိုလမ်းမကြီးပေါ်ရှိ နန်ကျင်ကျေးရွာအုပ်စုတွင် ပြုလုပ်ရန် မြေဧက ၄၇၀၀ ကို အသုံးပြုမည်ဟု သိရပါသည်။ စီမံကိန်းနယ်မြေ လျှော်ကြေးများကို ဗဟိုမှခွင့်ပြုသူ(၄) ဦး နှင့် ဒေသအာဏာပိုင် (၂) ဦး ကိုသာ နှစ်နာကြေးပေးမည် ဖြစ်ပြီး တောင်ယာအတွင်း ကျူးကျော်စိုက်ပျိုးထားသည့် ကျန်ရှိဒေသခံ ၈၀ ဦးခန့်ကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နန်ကျင်ကျေးရွာ သတ်မှတ်ဇုန်သို့ နိုင်ငံတော်ဒုတိယသမ္မတ (၂) ဦဟင်နရီဗန်ထီးယူ လာရောက်ခဲ့စဉ် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးဝေလင်း မှ ရှင်းပြခဲ့သည်ကို တွေ့ရပါသည်။ ထိုဒေသတွင် ခေတ်အဆက်ဆက်ကြီး ပြင်းနေထိုင်လာသည့် ဒေသခံများအနေဖြင့် ပြေစာရရှိရန်လျှောက်ခဲ့ကြသော်လည်း မရရှိခဲ့ဘဲ၊ ယခုချိန်ထိ မြေလွတ်မြေလတ်အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးပြောပါသည်။ “အရင်တုန်းက ဒီနေရာကို အနက်ရောင်နယ်မြေဆိုပြီး ဘယ်သူမှ မဝင်ရဲကြဘူး။ ပြေစာလည်း လာမပေးရဲ ကြဘူး။ ပေးမယ်ဆိုရင် ကျမတို့က ယူမဲ့သူတွေပါပဲ။ သူတို့တွေလည်း အခုထိမပေးဘူး။ ကျမတို့ အထောက်အထားပြမယ်ဆိုလည်း ပြေစာ မပေးထားဘူးဆိုတော့ ဘယ်လိုမှယူလို့ မရဘူးလေ။ … - [ဟူကောင်းဒေသခံများ ကိုယ်ပိုင်ကျေးရွာစားကျက်မြေ သတ်မှတ်](https://burmese.kachinnews.com/2019/11/21/%e1%80%9f%e1%80%b0%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/): ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ကျေးရွာ(၅)ခုသည် သိမ်းဆည်းခံခဲ့ရသော ၎င်းတို့၏ လယ်ယာမြေများကို ‘စားကျက်မြေ’ အဖြစ် ပြန်လည်သတ်မှတ်သည့် တတိယအကြိမ် လှုပ်ရှားမှု အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။ ကျေးရွာ ၅ခု ဖြစ်သည့် ရှဒူးဇွပ်ကျေးရွာ၊ ဒွန်ဘန်ကျေးရွာ၊ လဝါးကျေးရွာ၊ မဂေါင်ကထောင်ကျေးရွာနှင့် ဒွန်ဘုံး ကျေးရွာတို့တွင် ကချင်လူမှုတိုးတက်ရေးအဖွဲ့(Mungchying Rawt Jat) မှ ဦးဆောင်ပြီး နိုဝင်ဘာလ ၁၇မှ ၁၈ရက်အထိ စားကျက်မြေ သတ်မှတ်သည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း MRJ တာဝန်ရှိသူ ဦး Lashi Aung Lawt ထံ မှ သိရပါသည်။ “အစိုးရက သိမ်းယူလိုက်တဲ့ ကျားထိန်းသိမ်းရေးနယ်မြေတွေက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေဖြစ်တယ်။ ကျေးရွာတစ်ခုမှာက စားကျက်မြေရှိရမယ်။ သချိုင်းမြေရှိရမယ်ဖြစ်တယ်။ အများပိုင်မြေယာတွေရှိရမယ်။ ဒါပေမယ့် အခု ဒီကျေးရွာ ၂၅ရွာမှာက စားကျက်မြေဆိုတာလုံးဝမရှိဘူး။ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ပြန်ရရှိအောင် အဆင့်ဆင့် တောင်းဆိုခဲ့တယ်။ ဘာထူးခြားမှုမှ မရရှိခဲ့ဘူး။ အဲ့ကြောင့် ကျနော်တို့ရဲ့ ပြည်နယ်ဖြစ်တယ်။ ကျနော်တို့ရဲ့နယ်မြေဖြစ်တယ်။ ဘယ်သူမှ သတ်မှတ်ပေးစရာမလိုဘူး။ ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်”ဟု ပြောဆိုသည်။ စားကျက်မြေအဖြစ် ဒွန်ဘန်ကျေးရွာတွင် (၁၁၁၅၃) ဧက၊ ဒွန်ဘုံးခကျေးရွာ (၁၅၉၉၈) ဧက ၊ ရှဒူးဇွပ်ကျေးရွာ (၁၃၅၉၇) ဧက ၊ မဂေါင်းတောင် (၁၅၉၉၈) ဧက ၊ လဝါးကျေးရွာ (၈၇၂၀) ဧက စသဖြင့် ကျေးရွာအသီးသီးတွင် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။ ဟူးဟောင့်ချိုင့်ဝှမ်းဒေသအတွင်း ကျေးရွာစုစုပေါင်း ၂၅ရွာရှိနေပြီး စားကျက်မြေအဖြစ်သတ်မှတ်ထားခြင်းမရှိသောကြောင့် … - [သစ်သျှူးငှက်ပျောခြံသုံး ပိုးသတ်ဆေးကြောင့် ချောင်းရေအတွင်း ငါးများ စုပြုံသေဆုံးနေ](https://burmese.kachinnews.com/2019/11/20/%e1%80%9e%e1%80%85%e1%80%ba%e1%80%9e%e1%80%bb%e1%80%be%e1%80%b0%e1%80%b8%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%b6%e1%80%9e%e1%80%af%e1%80%b6/): ဝိုင်းမော်မြို့နယ် ဖုန်တန်ယန်အုပ်စု ဝါရာယန်ကျေးရွာအတွင်း သစ်သျှူးငှက်ပျောခြံသုံး ဓာတုပိုးသတ်ဆေးကြောင့် ချောင်းရေအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပါသည်။ နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဝါရာဝန်ကျေးရွာအနီး ငှက်ပျောခြံ ကုမ္မဏီလုပ်သားများက ဒေသခံများ သောက်သုံးနေသည့် ‘အင်ဂမ့်ခ’ (N Gam Hka) ချောင်းအတွင်း ပိုးသတ်ဆေးသုံးကာ ငါးဖမ်းခဲ့သဖြင့် ယနေ့ ၄ရက်ခန့်အကြာအထိ ငါးများအဆက်မပြတ် သေဆုံးနေသည်ဟု မျက်မြင် ဒေသခံ ဦး Ndau Tu Lum ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ဒေသခံတွေက ဒီလိုလုပ်ရပ်တွေ လုပ်မှာမဟုတ်ဘူး။ ကျနော်တို့သွားကြည့်တော့ ချောင်းအနီးတဝိုက် အသုံးပြုထားတဲ့ ဆေးဗူးတွေ တွေ့ရတယ်။ ငါးတွေလည်း အကြီးအသေး အစုလိုက်အပြုံလိုက် အားလုံးသေကြတယ်။ ဒီချောင်းကို သောက်သုံတယ်။ နောက် ကျွဲ၊ နွား တိရိစ္ဆာန်တွေလည်း ဒီရေဘဲ သောက်ကြတယ်။ အဲ့ကြောင့်အခုဆိုရင် တစ်ရွာလုံးစိုးရိမ်နေကြပြီ။”ဟု ပြောဆိုသည်။ လက်ရှိ ဝါရာယန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမြေ ဧက ၃၀၀၀ ကျော်ရှိနေကြောင်း သိရပါသည်။ လွန်ခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့တွင်လည်း ယခုလို ချောင်းအတွင်း ငါး အများအပြားသေဆုံးခဲ့ပြီး ကျွဲ၊ နွားအချို့လည်း ၎င်းချောင်းရေသောက်မိသဖြင့် သေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထပ်မံပြောဆိုသည်။   ဝါရာယန်ကျေးရွာ အိမ်ခြေ ၄၀ကျော်က အဆိုပါ ချောင်ကို သောက်သုံးရေအဖြစ် အသုံးပြုနေသဖြင့် ယခုအဖြစ်အပျက်ကိုလည်း သက်ဆိုင်ရာမှ အမြန် လာရောက်စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဒေသခံ ဦး Maran La Nu … - [မှတ်ပုံတင် အိမ်ထောင်စု ပြုလုပ်ရာတွင် ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်](https://burmese.kachinnews.com/2019/11/20/%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%90%e1%80%84%e1%80%ba-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af-%e1%80%95/): ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုများ ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်းနှင့် ခရီးသွားလာစဉ် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင် မပါသူများအား ဒဏ်ငွေရိုက်ခြင်းများပြုလုပ်ပါက သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားနိုင်ကြောင်း ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောပါသည်။ “ကျနော်တို့ဌာနအနေနဲ့ ပြည်သူတွေကို ဝန်ဆောင်မူပေးတာ တိကျတာမှုပဲ ဖြစ်တယ်။ အဲလိုတောင်းခံတဲ့ ဝန်ထမ်းတွေရှိလို့ ရှိရင် တိတိကျကျတိုင်တန်းနိုင်တယ်။ ဆက်သွယ်တိုင်တန်းလာတဲ့သူတွေရှိရင် ဝန်ထမ်းတွေကို သေချာစီစစ်ပြီးတော့ အရေးယူမူတွေဆောင်ရွက်နေပါတယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။ မှတ်တင်ပုံတင်၊ အိမ်ထောင်စုပြုလုပ်ရာတွင် ငွေကြေးတောင်းခံမူများရှိနေကြောင်း လူမူကွန်ယက်စာမျက်နှာများတွင် တွေ့ရှိသော်လည်း တိတိကျကျတိုင်တန်းလာမှသာ ငွေကြေးတောင်းခံသည့် ဝန်ထမ်းများအား ထိထိရောက်ရောက်အရေးယူနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “ ဟိုတစ်လောက ပြည်သူတစ်ယောက် ၂၁ မိုင်ဂိတ်မှာ မှတ်ပုံတင်မပါလို့ ဒဏ်ငွေ ၃၀၀၀ ရိုက်တယ်ဆိုပြီး တိုင်တန်းလာတယ်။ အဲကြောင့် အဲဝန်ထမ်းကို ချက်ချင်းဘဲ အပြောင်းအရွှေ့ လုပ်လိုက်တယ်။” ဆိုပြီး ပြောသည်။ မြို့ပြများတွင် မှတ်ပုံတင်များအားပုံမှန်ပြုလုပ်ပေးနေပြီး ပြည်သူများအတွက် အဆင်ပြေစေရန် ဧည့်ကြိုများလည်း ထားရှိပေးထားကြောင်း သိရသည်။ ပြည်သူတွေက ရုံးလာရမှာ ကြောက်တဲ့စိတ်ရှိတယ်ဆိုတော့ ကျနောက ဧည့်ကြို ထားထားတယ်။ ဒါကတော့ပြည်ထောင်စုရဲ့ ညွှန်ကြားချက်တော့မဟုတ်ပါဘူး။ ကျနော်သီးခြားညွှန်ကြားချက် ပြည်သူတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဧည့်ကြိုထားပေးတာ ဟုတ်တယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုလာလုပ်တဲ့သူတွေ ပိုအဆင်ပြေဖို့လုပ်ထားတာဖြစ်တယ်။” ဟု ဝန်ကြီး ဦးဇော်ဝင်းက ဆက်ပြောသည်။ လက်ရှိတွင် စီမံချက်တစ်ရပ်နေနဲ့ အောက်တိုဘာလမှစကာ ဒီဇင်ဘာလထိ ခရိုင်၊ မြို့နယ် များတွင် မှတ်ပုံတင်များပြုလုပ်ပေးနေပြီး စီမံချက်ကာလအတွင်း ၆၈၇၇ ကဒ်ပြုလုပ်ပြီးပြီဖြစ်ကြောင်း … - [တရုတ်တစ်သျှူးငှက်ပျော်ကုမ္ပဏီတရားစွဲထားသည့် မုတ်ကြိတ်ဒေသခံများကို အမိန့်ချ](https://burmese.kachinnews.com/2019/11/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb%e1%80%be%e1%80%b0%e1%80%b8%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba/): တရုတ်တစ်သျှူးငှက်ပျော်ကုမ္မဏီ၏ တရားစွဲဆိုခံထားရသည့် မုတ်ကျိတ်ဒေသခံ (၇) ဦးအား ငွေဒဏ် ၅ သောင်းသို့မဟုတ် ထောင် ၆ လ ချခံရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် အပြီးသတ်အမိန့်ချလိုက်ပြီဖြစ်သည်။ ထိုကြောင့် ဒေသခံ (၇) ဦးက တစ်ဦးလျှင် ငွေဒဏ် ၅ သောင်စီပေးရန် ရွေးချယ်လိုက်ကြပါသည်။ ငှက်ပျောစိုက်သည့် မျိုးဆက်သစ်ကုမ္မဏီမှ လုပ်ငန်းလုပ်ကိုင်နေစဉ်တွင် လာရောက်နှောင့်ယှက်ဖျက်စီးခဲ့သည်ဟု ဆိုကာ ၂၀၁၈ ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်စီးမူ ပုဒ်မ ၄၂၇ ဖြင့် ဒေသခံများကို စတင်အမူဖွင့်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တွင် ယခုလို အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။ ဒေသခံများ သဘောတူညီမှုမရဘဲ စီမံကိန်းလုပ်ဆောင်ခဲ့သဖြင့်ဟုဆိုကာ ထိုဧရိယာအတွင်း ၂ ဖက်အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။ “သူတို့ဘက်က စစ်ဆေးတဲ့ သက်သေထိုင်ခုံတွေ ရိုက်ချိုးတယ်၊ ရေပိုက်တွေဖျက်တယ်၊ ငှက်ပျောပင်တွေခုတ်တယ်ဆိုတာ အမှန်တစ်ကယ် ကျမတို့သွားလုပ်တယ်ဆိုတာလည်း မရှိဘူး။ တစ်ကယ်လို့ရိုက်ချိုးတယ်ဆိုရင် သူတို့အဖွဲ့တွေများကြီးရှိတယ်။ ရိုက်ချိုးတဲ့ချိန်ဓါတ်ပုံရိုက်ထားပါလား။ ဓါတ်ပုံလည်းမရိုက်ထားဘူး။ နောက်ပြီးမှ သူများတွေကို ခေါ်ပြီးမှရိုက်ချိုးပြီးမှ ကျမတို့ကို အပြစ်ညွှန်လိုက်တာဘဲဟုတ်တယ်။” တရားစွဲဆိုခံရသူများဖြစ်သည့် မုတ်ကျိတ်ဒေသခံ ဒေါ်လင်းခက်အေး ကဆိုသည်။ ဒေသခံများအနေဖြင့် ၎င်းတို့ခြံများအား ရောင်းချထားခြင်းမရှိဘဲ တရုတ်တစ်သျှူးငှက်ပျောစိုက်ဖို့ လာရောက်ကျူးကျော်ဖျက်စီးသည့် ကိစ္စများသည် တရားလိုများဘက်သို့ စစ်ဆေးခဲ့ကြသော်လည်း အမူပေါ်ပေါက်ခြင်း မရှိဘဲ ၎င်းတို့တားမြစ်ခြင်းသည်သာ အမူပေါ်ပေါက်ခြင်းအပေါ် ကျေနပ်မူမရှိကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအမူကို တရားလိုပြုစွဲဆိုခဲ့သည့် မျိုးဆက်သစ်ကုမ္မဏီမှ တာဝန်ရှိသူအား မေးမြန်းရာတွင် ဖြေဆိုရာငြင်းဆိုခဲ့သည်။ “ အစကတော့ နွားတွေမွေးမယ်ဆိုပြီး ပွဲစားက မြေလိုက်ဝယ်တယ်။ … - [ဂျပန် ကျူရှင်းကာရာတေးကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် မြန်မာကိုယ်စား ကချင်လူငယ် ၄ ဦးပါဝင်](https://burmese.kachinnews.com/2019/11/18/%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba-%e1%80%80%e1%80%bb%e1%80%b0%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ac%e1%80%9b%e1%80%ac%e1%80%90%e1%80%b1%e1%80%b8%e1%80%80%e1%80%99/): ဂျပန်နိုင်ငံတွင် ယခုအပတ် ပြုလုပ်ကျင်းပမည့် ကျူရှင်းကာရာတေးပြိုင်ပွဲကြီး၏ အမြင့်ဆုံး World Champion အဆင့်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ကစားသမား လူငယ် ၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာ ၂၂-၂၃ တို့တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက် အဆိုပါ ကမ္ဘာ့ကျူရှင်းကာရာတေး ချန်ပီယံ ပြိုင်ပွဲသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ဂျပန်နိုင်ငံပြိုင်ပွဲတွင် ချန်ပီယံရရှိခဲ့သူများသာ ပြန်လည်ယှဉ်ပြိုင်နိုင်သည့် ပွဲဖြစ်ကြောင်း သိရပါသည်။ “ဒီတစ်ခေါက်ပြိုင်ပွဲက ကျူရှင်းကာရာတေးမှာ အမြင့်ဆုံးပွဲဖြစ်တယ်။ ၄နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်တာ ဖြစ်တယ်။ ဝင်ပြိုင်ချင် သူတိုင်းလည်း ပြိုင်လို့မရဘူး။ ကချင်လူငယ် ၃ဦးအနေနဲ့ ပြီးခဲ့တဲ့ ဂျပန်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့အတွက် ယှဉ်ပြိုင်ခွင့် ရရှိသွားတာဖြစ်တယ်” ဟု Zai Wunpawng Kyokushin Karate Club မှ နည်းပြဆရာ ဦး BwiLap Ying Bawm က ပြောဆိုထားပါသည်။ ပြိုင်ပွဲတွင် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလ (Maran Ja La)၊ မောင် မဂျီဆိုင်းလတ်အောင်(Maji SengLat Aung)၊ မ မဂျီဆန့်မိုင်နူး(Maji San Mai Nu) အပါအဝင် YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်ယာကု (Ya Ku) တို့ ပါဝင်နေပါသည်။ မောင်ဂျာလ သက်ငယ် ကီလိုတန်း ၄၀ နဲ့ ၄၅ကြား၊ မောင် မဂျီဆိုင်းလတ်အောင် သက်ငယ်တန်း ကီလိုတန်း ၃၀နဲ့ … - [ျမန္မာ ခေါင်းဆောင်များကို ICJ မှာ တရားစွဲထားခြင်း ကချင် ထောက်ခံ](https://burmese.kachinnews.com/2019/11/18/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac-%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80/): ရိုဟင်ဂျာလူနည်းစုများပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာခေါင်းဆောင်များကို ICJ နိုင်ငံတကာခုံရုံးမှာ ဂမ်ဘီယာနိုင်ငံ တရားစွဲထားခြင်းကို ထောက်ခံကြောင်း ကချင်အမျိုးသားအစည်းအရုံး (KNO) က သတင်းထုတ်ပြန်သည်။ Kachin National Organization – KNO သည် ၂၀၀၈ စစ်တပ်ရေးဆွဲသည့် အခြေခံဥပဒေအရ ဖွဲ့စည်းသော အစိုးရကို ယခုအချိန်ထိ အသိအမှတ်ပြုခြင်း မရှိသည့် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် (၅၇) နိုင်ငံ ပါဝင်သော OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး International Court of Justice – ICJ မှာ နိုဝင်ဘာလ (၁၁)ရက်နေ့ အမှုစွဲတင်လိုက်ခြင်းဖြစ်သည်။ “ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ICJ မှာ တရားစွဲခြင်းကို ကျနော်တို့ KNO ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားတွေကို အဲ့ဒီလို မြေပုံမှ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ဗလီတွေကို ဖျက်ဆီးတာဟာ လူ့စိတ် မဟုတ်တော့ဘူး။ ကျနော်တို့ ကချင်လူမျိုးတွေလည်း ဒီလိုခံနေရတာ အနှစ် ၅၀၊ ၆၀ ရှိလာပြီလေ” ဟု လန်ဒန်မြို့ KNO ကောင်စီ အတွင်းရေးမှူး Layang Hkun Htoi က ဆိုပါသည်။ ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ကြရန် ၂၀၁၁ ခုနှစ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIOနှင့် နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ် ရေးထိုးထားသော KNO သည် ၂၀၁၇ ခုနှစ် … - [ကချင် ၊ ရှမ်းနှင့် အလယ်ပိုင်းဒေသ စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်မှ ဒေါ်လာ ၃၈ သန်း ထောက်ပံ့](https://burmese.kachinnews.com/2019/11/15/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%81%8a-%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9c%e1%80%9a%e1%80%ba%e1%80%95/): ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးစေရန် အမေရိကန်နိုင်ငံက ဒေါ်လာ ၃၈ သန်းကို ၅ နှစ်စီမံကိန်းအဖြစ် ထောက်ပံ့မည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သိရပါသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့ ကာတယ် (Cartel Hotel) ဟိုတယ်တွင် စီမံကိန်းနှင့်ပတ်သက်ပြီး ကချင်ဒေသခံတောင်သူ ၆၀ ကျော်ကို ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ပါသည်။ “ ကျနော်တို့မှာ အတွေ့အကြုံတွေတော့ အများကြီးရှိပါတယ်။ စီမံကိန်းမစခင် ကျနော်တို့အနေနဲ့ ဒီမြေနေရာနဲ့ ဘယ်လိုသီးနှံမျိုးသင့်တော်မလဲ၊ ဘာတွေစိုက်ရင်ကောင်းမလဲ အရင်ဆုံးကွင်းစစ်ဆေးမူတွေကို လုပ်ပြီးတော့မှ ကချင်ပြည်နယ်မြေနေရာနဲ့ သင့်တော်မယ့် သီးနှံမျိုး စိုက်ပျိုးဖို့ စီမံသွားမှာပါ။” ဟု အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ စိုက်ပျိုးရေးဆိုင်ရာအရာရှိ Mutt Curtis ပြောသည်။ ယခုအစီစဉ်သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးအကူအညီဖြစ်ပြီး ဖော်ပြပါဒေသများရှိ လူဦးရေ ၁၂၅,၀၀၀ ကျော်ကို ထောက်ပံ့နိုင်မည့် အစီစဉ်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် တောင်သူများကို ၎င်းတို့ လယ်ယာလုပ်ငန်းမှ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၂ သန်းတိုးတက်ရရှိစေရန်၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြစ်ထွန်းစေရန် နှင့် အချိန်ပြည့်အလုပ်အကိုင် ၃၅၀၀ ပေါ်ပေါက်လာစေရန် မျှော်မှန်းကြောင်း ပြောဆိုထားသည်ကို သိရပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် သံအမတ်ကြီး စကော့မာစီရယ်လည်းပါဝင်ခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စီမံကိန်းဖော်ဆောင်ရာတွင် (USAID) မှ ဝန်ထမ်းများနှင့် ကချင်ပြည်နယ်တွင်းရှိ တောင်သူများ၊ … - [ကချင်ရိုးရာဓလေ့အတိုင်းပြုလုပ်သည့် ကျိန်ထောင်ပါ ‘ကောက်သစ်စားကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’](https://burmese.kachinnews.com/2019/11/12/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%93%e1%80%9c%e1%80%b1%e1%80%b7%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8/): နှစ်စဉ် နိုဝင်ဘာလသည် ကချင်လူမျိုးများ၏ ‘ကောက်သစ်စားပွဲတော်’ ကာလဖြစ်သော်လည်း ကျိန်ထောင်ပါ (Chying Htawng Pa) ကျေးရွာတွင်ပြုလုပ်သော ကောက်သစ်စား ပွဲတော်သည် အခြားသောဒေသများထက် ပိုမိုထူးခြားစွာ ကချင်ရိုးရာဓလေ့နှင့်အညီ ပြုလုပ်နေဆဲ ဖြစ်ပါသည်။ ဝိုင်းမော် ဆဒုံမြို့နယ်ခွဲရှိ အဆိုပါကျေးရွာတွင် နှစ်ခြင်းခရစ်ယာန်ယုံကြည်သူ ဒေသခံများက နိုဝင်ဘာ ၁၁-၁၂ ရက်များတွင် ‘ကျေးဇူးတော်ချီးမွမ်းခြင်း ကောက်သစ်စားပွဲတော်’ ကို ၂ ရက်သာ ပြုလုပ်ခဲ့ကြပါသည်။ တစ်နှစ်တာအတွင်း မိမိတို့ တောင်ယာ ၊ လယ်ယာ စိုက်ပျိုးမြေမှ ပထမဆုံးရရှိသော ဆန်၊ စပါး၊ ကောက်ပဲ၊ သီးနှံများနှင့်အတူ မွေးမြူထားသော ကြက်၊ ဝက်၊ နွားများကိုလည်း ရိုးရာနဲ့အညီ ယဇ်ပူဇော်မှုများဖြင့် ပြုလုပ်မှု မြင်တွေ့ခဲ့ရပါသည်။ ကချင်ဒေသတိုက်ပွဲကြောင့် ကောက်သစ်စားပွဲကို ရိုးရာဓလေ့နှင့်အညီ နေရာအနှံ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းသောအားဖြင့် ကျိန်ထောင်ပါဒေသခံများက ကြိုးစား လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ကျိန်ထောင်ပါ နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာ Rev. Dawshi Brang Aung က ယခုလို ပြောဆိုထားပါသည်။ ‘‘ကချင်လူမျိုးတွေ ဘိုးဘေးစဉ်ဆက် ပြုလုပ်ကျင်းပခဲ့တာပါ။ ပြီးရင် ဒါဟာ ကျနော်လူမျိုးတွေ အင်မတန်မှ တန်ဖိုးထားရတဲ့ ရိုးရာတစ်ခုလည်းဖြစ်တယ်။ အခြားညီနောင်တွေရဲ့အမြင်မှာလည်း ကျနော်တို့ရဲ့ ယဇ်ပူဇော်တတ်တဲ့ ထုံးတမ်းတွေကိုလည်း သိမြင်သွားမယ်။ အခုနောက်ပိုင်းဆို နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရိုးရာနှင့်အညီ ပြုလုပ်ကျင်းပနိုင်တာ ရှားလာတယ်။ ဒါကြောင့် ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရတာဖြစ်တယ်” ဟု သူက ပြောဆိုသည်။ ကောက်သစ်စားပွဲ ၂ … - [မြစ်ကြီးနားအကျဉ်းထောင်တွင် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပ](https://burmese.kachinnews.com/2019/11/11/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် နှစ်စဉ်ပြုလုပ်နေသည့် ‘ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’ ကို YCC အကျဉ်းထောင်သာနာအဖွဲ့ ဦးဆောင်ပြီး နိုဝင်ဘာ ၁၀ ယမန်နေ့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဆယ်စုနှစ်များစွာ မြစ်ကြီးနားထောင်တွင်း အဝင်အထွက်ပြုကာ အကျဉ်းထောင်သနာပြုလုပ်နေသော Youth for Christ Center ထူထောင်သူ ကချင်နာမည်ကျော် အဆိုတော် အင်ဒိန်အားဂျာက ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ရခြင်းအကြောင်း ယခုလိုပြောပါသည်။ ‘ထောင်ကျတာ က နှစ်နဲ့ချီပြီး ကျတာလေ။သူတို့အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုကွဲကုန်တယ်။ ကလေးတွေ ပျက်စီး ကုန်တယ်။ ကလေးတွေ တရုတ်ပြည်ဘက်တွေ ရောင်းစားခံခဲ့ရတယ်။ ပညာရေးတွေမှာ ကျရှုံးကုန်တယ်။ ဒါကြောင့် ကျနော် ထောင်ကျနေတဲ့ သူတွေရဲ့ သား သမီးတွေကို ကျောင်းထားပေးတယ်။ ထောင်မှာလည်း ဝင်ထွက် လုပ်ပြီး အမြဲတမ်း ကျနော်တို့က စောင့်ကြည့်ပေးနေတယ်။ ကျမ်းစာနဲ့ ခွန်အားပေးတယ်။ ဒီလို ပွဲတွေလုပ်တယ် ဝင်ထွက်နေတဲ့အတွက်ကြောင့် ကျနော်တို့ သူတို့ကို ကာကွယ်ပေးနိုင်တာလည်း ဟုတ်တယ်။” ဟု အဆိုတော် ဆရာ N’ding Ah Ja က ဆိုသည်။ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၃၀၀၀ ခန့် ရှိသည့် အနက် အများစုမှာ မူးယစ်ကြောင့် ထောင်ကျခံရသူများဖြစ်ပြီး၊ အများစုမှာလည်း ခရစ်ယာန်ဘာသာ ယုံကြည်သူများ ဖြစ်သည်ဟု သိရပါသည်။ YCC (Youth For Christ Center ) သည် မူးယစ်ဆေးသစွဲနေသူများအား ကျမ်းစာသင်ကြားပေးခြင်း နှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း ထောင်သာသနာများကို ဦးဆောင်၍ ဆောက်ရွက်နေသည်ဟု သိရသည်။ မြစ်ကြီးနားအကျဉ်းထောင်အတွင်း … - [ျမန္မာအစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ တွေ့ဆုံမည့် နေရာကိစ္စ ဆွေးနွေး နေဆဲ](https://burmese.kachinnews.com/2019/11/10/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80/): မြန်မာအစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ တို့ ယခုလအတွင်း တွေ့ဆုံမည့် နေရာ အတွက် ဆက်လက် ဆွေးနွေးနေဆဲဖြစ်ကြောင်း နှစ်ဖက်တွေ့ဆုံမှုအတွက် ကြားဝင် ကူညီပေးသော ငြိမ်းချမ်းရေးအကျိုးဆောင်များ ဆိုပါသည်။ အပစ်အခတ်ရပ်စဲရေး (bilateral ceasefire) ကိစ္စ တွေ့ဆုံဆွေးနွေးမည့် ‘နေရာ နှင့် နေ့ရက်’ အတွက် နှစ်ဖက် ဆွေးနွေးနေဆဲ အခြေအနေဖြစ်ပြီး ယခုချိန်အထိ မသိရသေးကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG (Peace-talk Creation Group) မှ ဒူဝါ Lamai Gum Ja က ကချင်သတင်းဌာန KNG ကို စနေနေ့က ပြောပါသည်။ နှစ်ဖက် သဘောတူသော နေရာတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ် ကချင် KIO၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့က ၎င်းတို့ လုံခြုံရေးအတွက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှာပြုလုပ်ရန် လိုလားသော်လည်း အစိုးရဘက်ကတော့ မြန်မာပြည်အတွင်း ပြုလုပ်ရန်လိုလားခြင်း ဖြစ်သည်။ အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းအဖွဲ့ (၄)တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စက်တင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံး တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် အောက်တိုဘာလ ကုန်ပိုင်း ပြန်လည်တွေ့ဆုံရန် သဘောတူထားသော်လည်း မတွေ့ဆုံနိုင်ခဲ့သောကြောင့် ယခု နိုဝင်ဘာလအတွင်း ပြန်လည် တွေ့ဆုံရန် ဆွေးနွေးနေခြင်းဖြစ်ပါသည်။ KIO မပါဘဲ … - [ဒုသမ္မတပါဝင်တက်ရောက်မည့် 'ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ' ကို လာမည့်အပတ် ပြုလုပ်မည်](https://burmese.kachinnews.com/2019/11/09/%e1%80%92%e1%80%af%e1%80%9e%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%95%e1%80%ab%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%8a/): ကချင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်း ကဏ္ဍအသီးသီး ဦးမော့လာနိုင်ရန် ပထမအကြိမ် ‘ကချင်ပြည်နယ် စီးပွားရေး နှီးနှောဖလှယ်ပွဲ ’ ကို မြစ်ကြီးနားမြို့ မနောကွင်းတွင် လာမည့်အပတ်တွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။ ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း ( Kachin Amyusha Sut Hpaga Hpung) က ကြီးမှူးပြီး နိုဝင်ဘာလ ၁၅-၁၆ အတွင်း စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်သည့် နည်းပညာဆိုင်ရာ ဗဟုတများကို အဓိက ဖလှယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကချင်တိုင်းရင်းသားလုပ်ငန်းရှင် အများအပြားပေါ်ပေါက်လာစေရန်၊ ဒေသအတွင်း စီးပွားရေးလုပ်ငန်း အမြောက်အများပေါ်ပေါက်လာစေရန် နှင့် ပြည်တွင်း ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်းများနှင့် ချိတ်ဆက်မှု အားကောင်းလာရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခက်ထိန်နန် မှ ပြောဆိုသည်။ “ကျနော်တို့အသင်းအနေနဲ့ ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်။ ကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံ ဖွံ့ဖြိုး သာယာဖို့။ နောက်ဆုံးအနေနဲ့က ကိုယ့်ဒေသတွေမှာ စီးပွားရေးတွေ ဖွံ့ဖြိုးလာမှ လူမှုဘဝပြည့်စုံလာရင် ပြည်နယ်အေးချမ်းလာမယ်။ ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုစေမယ်။ ဒါကြောင့်ဆောင်ရွက်နေတာပါ”ဟု ပြောသည်။ အဆိုပါ စီးပွားရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်အဆင့် ဒုတိယ သမ္မတ တစ်ဦး နှင့် ပြည်ထောင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများနှင့် အခြားသော တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်သည်ဟု သိရပါသည်။ ထို့အပြင် ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝသယံဇာတ တူးဖော်ရေး စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ကချင်ပြည်နယ်အခြေစိုက် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသအတွင်းရှိ … - [မြစ်ဆုံစီမံကိန်း ထာဝရ တားဝရမ်းလျှောက်ထားမှု မြစ်ကြီးနားခရိုင်တရားရုံးပယ်ချ](https://burmese.kachinnews.com/2019/11/09/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8-%e1%80%91%e1%80%ac%e1%80%9d%e1%80%9b-%e1%80%90%e1%80%ac/): မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်စဲရေး စီမံကိန်းလုပ်ဆောင်နေသော ကုမ္ပဏီနှစ်ခုအား အမှုဖွင့်လျှောက်ထားမှုကို မြစ်ကြီးနားခရိုင်တရားရုံးမှ နိုဝင်ဘာ ၈ ရက်နေ့တွင် ပယ်ချ လိုက်ပါသည်။ မြစ်ဆုံကျေးရွာများဖြစ်သော အောင်မြင်၊ မလိယန် နှင့် ကျိန်ခရန် ဒေသခံ စုစုပေါင်း ၃၀၂ ယောက်ကိုယ်စား စီမံကိန်းကို ထာဝရ တားဝရမ်းထုတ်ပေးရန် အောက်တိုဘာ ၂၅ ရက်နေ့ လျှောက်တင်ခဲ့ရာ ယမန်နေ့တွင် ပယ်ချခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရကြား စာချုပ်ဖြစ်ပြီး အမှုလျှောက်ထားမှုသည် ကုမ္ပဏီ ၂ ခုကို တရားစွဲဆိုပေးရန် ဖြစ်သောကြောင့် ပယ်ချခဲ့ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင် တရားသူကြီး ဦးညွန့်လင်း ဆိုသည်။ “တရားစွဲဆိုတဲ့ အဆိုလွှာပေါ့ လျှောက်လွှာမှာ ဘယ်လိုပါလဲဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ စာချုပ်ပြီးတော့ မြစ်ဆုံစီမံကိန်းကို စီမံဆောင်ရွက်ကြတာကိုး။ ခုသူတရားစွဲတာက SPIC နှင့် အေးရှားဝေါ ကုမ္ပဏီတွေကို တရားစွဲထားတာကြောင့် မပေါပေါက်ဘူးဆိုပြီး ပယ်လိုက်တာပါ။” ဟု ဦးညွန့်လင်းက ပြောသည်။ ဒေသခံများကိုယ်စား တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သည့် အထက်တန်းရှေ့နေ ဦးဖိုးဖြူက မြစ်ကြီးနားခရိုင်ရုံး၏ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်သည့်အပေါ် ၎င်းတို့အနေဖြင့် အထက်ရုံးတော်ထံသို့ ဆင့်ဆင့် အမှု ပြင်ဆင်မှု ၊ အယူခံခြင်းများ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း ပြောသည်။ “ မြစ်ဆုံစီမံကိန်း စာချုပ်သည် မြန်မာနိုင်ငံ အစိုးရကိုယ်တိုင်က ချုပ်ဆိုကြတယ်ဆိုရင်ဖြင့် အစိုးရကိုယ်တိုင်က ပါဝင်ပတ်သက်နေတယ်ဆိုတာ သေချာနေတဲ့ စီရင်ချက် ၊ သေချာနေတဲ့ ညွန်းပြချက် ၊ သေချာနေတဲ့ ရုံးတော်ရဲ့လမ်းညွန်းချက် တစ်ရပ်ဟာ ဆိုင်ရာ ဆိုင်ရာ … - [လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်း ကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်](https://burmese.kachinnews.com/2019/11/08/%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%87%e1%80%ac-kio-%e1%80%a1%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8%e1%80%9b%e1%80%af/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲကို ပြုလုပ်ရန် ပြင်ဆင်ထားသောနေရာ လိုင်ဇာမြို့ ကုန်းပေါ်ကို နိုဝင်ဘာလ (၇)ရက် ကြသာပတေးနေ့ည က မြန်မာအစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KIO အရာရှိများဆိုပါသည်။ “ယမန်နေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီကျော်လောက်မှာ လိုင်ဇာ DGA (အုပ်ချုပ်ရေး)ကုန်းပေါ်ကို မြန်မာစစ်တပ်မှ လက်နက်ကြီး (၈)ကြိမ်လောက် ပစ်ခတ်လို့ တချို့ ပြေးကုန်ကြတယ်” ဟု နာမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဗိုလ် တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ လိုင်ဇာမြို့ပေါ် Alen Bum တောင်ကုန်းပေါ်ရှိ အဆိုပါ အထွေထွေအုပ်ချုပ်ရေးဌာန DGA (Department of General Administration) ရုံးစိုက်ရာ တောင်ကုန်းပေါ်မှာ ကျေးဇူးတော်ချီးမွမ်းပွဲတော်ကြီးကို နိုဝင်ဘာလ ၁၄၊ ၁၅ နှစ်ရက်ကြာ ကျင်းပရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခု ပစ်ခတ်မှုသတင်းကို KIO မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ - [KIO အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပမည်](https://burmese.kachinnews.com/2019/11/08/kio-%e1%80%a1%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8%e1%80%8c%e1%80%ac%e1%80%94-%e1%80%a1%e1%82%8f%e1%80%bd%e1%80%85%e1%80%b9-%e1%81%85/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO အောက် DGA ခေါ် အထွေထွေအုပ်ချုပ်ရေးဌာန ၏ အနှစ် (၅၀) ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲတော်ကြီးကို ရှေ့အပတ် နိုဝင်ဘာလ ၁၄၊ ၁၅ ရက်နေ့ ၎င်းထိန်းချုပ်သော လိုင်ဇာမြို့တွင် ကျင်းပမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် မြန်မာအစိုးရ နှင့် KIO ကြား တကျော့ပြန် ပြည်တွင်းစစ် ဖြစ်လာပြီး ယခု ရှစ်နှစ်အကြာမှာ ယခုပွဲတော်ကြီးသည် KIO အဖွဲ့၏ ပထမဆုံး ပြုလုပ်သော အကြီးဆုံး ပွဲတော်လည်းဖြစ်သည်။ “ဆုတောင်း ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ အုပ်ချုပ်ရေးဌာန ဖွဲ့စည်းခဲ့တဲ့သမိုင်းတွေကို ပြန်လည် ပြောပြတဲ့ အစီစဉ်ဖြစ်ပါတယ်” ဟု လိုင်ဇာမြို့မှ KIO လက်ထောက် အထွေထွေအတွင်းရေးမှူး (၂) ဆလန်ကဘား Labang Doi Pyisa က ဆိုပါသည်။ KIO ကို စတင်ဖွဲ့စည်းခဲ့သည့် (၉)နှစ်အကြာမှ အုပ်ချုပ်ရေးဌာန (Department of General Administration) ကို ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း DGA အုပ်ချုပ်ရေးဌာန နေ့ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဆလန်ကဘား ဆိုပါသည်။ “အစောပိုင်းက အုပ်ချုပ်ရေးမှူးတွေကို အင်္ဂလိပ်လို Organizer လို့ ခေါ်ဆို ပါတယ်။ အဲဒါ ပြည်သူလူထုကို တော်လှန်ရေးအတွက် စည်းရုံးရေးလုပ်ပါတယ်။ အဲဒီ့နောက် လူနေရပ်ကွက်ကျေးရွာတွေမှာ စည်ပင်သာယာရေး လုပ်ငန်းတွေ လုပ်လာပါတယ်” ဟု သူက ပြောပါသည်။ ကချင်ပြည်နယ် တရုတ်နယ်အနီး KIO ထိန်းချုပ်သော လိုင်ဇာ … - [ရွှေ့ပြောင်းအလုပ်လုပ်နေသူများ မဲထည့်နိုင်ရန်ရက် ၉၀ သတ်မှတ်မှု KSPP ကန့်ကွက်](https://burmese.kachinnews.com/2019/11/07/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%b7%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94/): ရွေ့ပြောင်းနေထိုင်သူများ နေရာတစ်ခုတွင် ရက်၉၀ အခြေချနေထိုင်ပြီးပါက မဲထည့်ခွင့်ရမည်ဟူသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်မည့်အကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှပြောဆိုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်ပြင်ဆင်သည့်ဥပဒေကို အောက်တိုဘာ၃ရက်စွဲဖြင့် အမျိုးသားလွတ်တော်နှင့် ပြည်သူ့လွတ်တော်တို့ကို ယခုပတ်တွင် ပို့လိုက်ကြောင်းသိရသည်။ ‛‛ရွေ့ပြောင်းအလုပ်သမားတွေကို မဲထည့်ခွင့်ပေးတာမှားတယ်။ သူတို့အိမ်ထောင်စုရှိတဲ့နေရာမှာဘဲ ထည့်ခိုင်းသင့်တယ်။ မှတ်ပုံတင်ရှိယုံနဲ့မရသင့်ဘူး’’ ဟု Kachin State People’s Party KSPP ယာယီဥက္ကဌ ဒေါက်တာမနမ်တူးဂျာ ပြောပါသည်။ မြန်မာပြည်တွင် ရွေ့ပြောင်းအလုပ်သမားအများဆုံးရောက်ရှိသောပြည်နယ်မှာ ကချင်ပြည်နယ်ဖြစ်ပြီး ဖားကန့် တနိုင်းနှင့် တရုတ်သစ်သျှူးငှက်ပျောစိုက်ခင်းများတွင် အများဆုံးဖြစ်သည်။ ခြောက်လ(ရက်ပေါင်း၁၈၀) မှ၃လ(ရက်ပေါင်း၉၀) သို့သတ်မှတ်လိုက်မှုကြောင့် ဒေသအခြေစိုက် နိုင်ငံရေးပါတီများအတွက် အကျိုးမရှိနိုင်သဖြင့် ကန့်ကွက်သွားမည်ဟု လွတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောသည်။ “ကျနောတို့ ကချင်ပြည်နယ်မှာ သယံဇာတလာရောက်တူးဖော်နေသည့် အောက်မြန်မာပြည်က ရွေ့ပြောင်းအလုပ်သမား အရမ်းများတယ်။ ဒါကြောင့် အခုပြင်ဆင်ချက်ကိုလည်းအရင် ရက်ပေါင်း၁၈၀ကို ပြန်ပြောင်းဖို့ ကန့်ကွက်မှာပါ” ဟု ကချင်ပြည်နယ် အင်ဂျန်းယန်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပြောသည်။ ထို့အပြင်ကချင်ပြည်နယ်တွင်းရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာချထားရေး ပြည်နယ်အစိုးရပြင်ဆင်မှုကိုKSPP က ကန့်ကွက်ထားကြောင်းသိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်တွင် တပ်မတော်မဲရုံကို တပ်ပြင်ပတွင် ထားရှိရန်အချက်လည်း ပါရှိကြောင်း သိရပါသည်။ - [ကချင်စစ်ရှောင်စခန်းမှာ အိမ်သာများလုံလောက်မှုမရှိ](https://burmese.kachinnews.com/2019/11/07/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac/): မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှာ အိမ်သာလုံလောက်မှုမရှိတဲ့အတွက် အိမ်သာနှင့်ပတ်သက်သည့် ကျန်းမာရေး အခက်အခဲပြသာနာများ ကြုံတွေ့နေရကြောင်းသိရပါသည်။ လူဦးရေနှင့်မမျှသည့်အပြင် ယာယီဆောက်လုပ်ထားပေးသည့် အိမ်သာဖြစ်သောကြောင့် လျှင်မြန်စွာ ပြည့်လျှံသည့် အခက်အခဲများရင်ဆိုင်ကြုံတွေ့နေ ရကြောင်း စစ်ရှောင်တာဝန်ခံ ဦးထွယ်အောင်က ယခုလိုပြောဆိုထားပါသည်။ “အိမ်သာအလုံးအရေနဲ့ ကြည့်မယ်ဆိုရင်တော့ များသလိုထင်ရတယ်။ ဒါပေမယ့် စစ်ရှောင်ခါစတုန်းက ယာယီဆောက်ပေးတာ ဘဲဖြစ်တယ်။ အဲ့ဆောက်လုပ်ထားပေးတဲ့ အိမ်သာတွေကလည်း အရမ်းတိမ်တယ်။ ဂွင် ၂လုံး၊ ၃လုံးစာလောက်ဘဲရှိတယ်။ အိမ်သာကျင်းတိမ်တော့ မကြာခဏ ပြည့်လျံတဲ့ ပြသာနာကြုံတွေ့နေရတယ်။ တစ်ချို့အိမ်သာတွေကျတော့ ရေကြော်နဲ့ မိတဲ့အခါကျတော့ မိုးနဲနဲရွာတာနဲ့ပြည့်သွားပြီ။” ဟုပြောပါသည်။ အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၀ကျော်နဲ့ လူဦးရေ တစ်ထောင်ကျော်ခန့်ရှိနေပြီး အိမ်သာကတော့ စုစုပေါင်း ၄၀ ခန့်သာ ရှိကြောင်း သိရပါသည်။ ထို့ကြောင့် အိမ်သာခွဲတမ်းအရ အိမ်ထောင်စု ၁၀စုမှာ အိမ်သာ ၂လုံးနှုန်းဖြင့်သာ အသုံပြုနေရသည်ဟု စစ်ရှောင်ပြည်သူများ ပြောဆိုချက်မှ သိရသည်။ ထို့အပြင် ဆောက်လုပ်ထားသည့် အိမ်သာများမှာ တစ်ခုနဲ့ တစ်ခုကြား ၃ပေသားခြားသဖြင့် စစ်ရှောင်ပြည်သူတွေမှာ ဝမ်းပျက်၊ ဝမ်းလျော နှင့် သွေးလွန်ကွေးဖြစ်ပွားနေပြီး လူသေဆုံးမှုတွေအထိရှှိခဲ့ကြောင်း ပြောဆိုထား သည်။ “အိမ်သာက နီးနီးကပ်ကပ်ဘဲ ဆောက်ထားပေးတဲ့အတွက် ကျန်းမာရေအတွက်လည်း တော်တော်စိုးရိမ်ရတယ်။ တစ်ယောက်က ဝမ်းပျက်ဝမ်းလျောဖြစ်ပြီ ဆိုရင် နောက်တစ်ယောက်ကို ကူးစက်ဖို့က အရမ်းမြန်တယ်။ လူဦးရေများတဲ့အတွက် ဖြစ်ဖို့အတွက်လည်း အရမ်းလွယ်တယ်။”ဟု ဦးဂလောင်းတူးကပြောဆိုသည်။ ထို့ပြဿနာများကိုဖြေရှင်ရန် ဖြစ်နိုင်လျှင် ၂ အိမ်ထောင်ကို အိမ်သာ ၁လုံးနှုန်းဖြင့် ဆောက်လုပ်ပေးရန်လိုအပ်နေသည်ဟု စစ်ရှောင်အမျိုးတစ်ဦး ဒေါ်လုရာက ပြောဆိုထားပါသည်။ ကျန်းမာရေးအတွက်သာမက နေထိုင်မှုအဆင်ပြေလည်စေရန် … - [ကချင်စစ်ရှောင်အမျိုးသမီးများ၏ လက်မှုထုတ်ကုန် ပြသရောင်းချ](https://burmese.kachinnews.com/2019/11/05/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99/): ကချင်စစ်ရှောင်စခန်းမှ အမျိုးသမီးများ၏ လူသိနည်း လက်မှုထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ ထိုးဖောက်နိုင်စေရန် ရည်ရွယ်သည့် လက်မှုထုတ်ကုန်ရောင်းပွဲတစ်ခု မြစ်ကြီးနားမှာ မနောကွင်းမဂျွယ်ခန်းမ နိုဝင်ဘာ ၅ ရက်နေ့ ပြုလုပ်ခဲ့ပါသည်။ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေအသီးသီးရှိ စစ်ရှောင်အမျိုးသမီးများ၏ အသေးစား လက်မှုထုတ်ကုန်ပစ္စည်းများကို လာရောက်ပြသရောင်းချနိုင်ရန် ထွယ်ဂျဲန်ဒါဖွဲ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်ခဲ့သည်ဟု သိရပါသည်။ “ကချင်ပြည်နယ်က စစ်ဘေးရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမရှိတဲ့အတွက် အနိုင်ကျင့်ခံနေရတယ်။ တရုတ်ပြည်ဘက်သို့ လူကုန်ကုန်ကူးခံရတဲ့ အခက်အခက်တွေနဲ့ ကြုံတွေ့နေရတယ်။ ခုလိုမဖြစ်ရအောင် သူတို့ရဲ့ထုတ်ကုန် ပစ္စည်းလေးတွေကို ပြန်ရောင်းပြီး အမြတ်ရမှ သူတို့ရဲ့ဝမ်းရေးအတွက် အဆင်ပြေလာမယ်။” ဟု ထွယ်ဂျဲဒါအဖွဲ့မှ ဒေါ်နန်ပူ ပြောပါသည်။ ယင်း ပြပွဲတွင် စစ်ရှောင်အမျိုးသမီးများ ပြုလုပ်သည့် ကချင်ရိုးရာ အိတ်အမျိုးမျိုး ၊ ဝါးဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်များ ၊ ဆပ်ပြာရည်နှင့် စားသုံးကုန် စသည့် အမျိုးပေါင်း (၄၀) ခန့်ကို ပြသရောင်းချခဲ့ကြောင်းသိရပါသည်။ “အဒေါ်ဒီမှာ ရောင်းတာက မြေပဲယို ၊ ပဲနို့မှုန့် ၊အာလူးကြော် ၊ငှက်ပျောကြော် ရောင်းတာ အခုဆို ၃ နှစ်ရှိသွားပြီ။ အခက်အခဲကတော့ လုပ်ထားတဲ့ မုန့်တွေကို ရောင်းဖို့ ဈေးကွက်တွေ လိုနေတာပေါ့။ အခုက မုန့်အထုပ်ရေ ၁၀၀ အောက်လောက် ၅၀ ထုပ် ၊၂၅ ထုပ် လောက်ပဲပို့ နိုင်တယ်။ ဖြစ်နိုင်ရင် တစ်ခါတည်း အထုပ် ၅၀၀ လောက်ကို ဖောက်သည်ယူပေးနိုင်တဲ့ ဈေးကွက်လေးတွေများရှိခဲ့ရင် ကျမရဲ့မိသားစုတွေအတွက် မီးဖိုချောင်မှာလိုအပ်နေတဲ့ ဆန် ဆီ ဆားဝယ်ဖို့ … - [မြန်မာစစ်တပ် တိုက်ခိုက်မှုကြောင့် KIO အထိမ်းအမှတ်နေ့ မကျင်းပ ရ](https://burmese.kachinnews.com/2019/10/27/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9/): ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှစ်ပတ်လည် ကျင်းပရန် စီစဉ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ကျေးရွာ တစ်ရွာသို့ မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အထိမ်းအမှတ်နေ့ မကျင်းပနိုင်ခဲ့ကြောင်း ရွာသားများ ဆိုပါသည်။ အောက်တိုဘာလ (၂၅)ရက်နေ့ ကျရောက်သော (၅၉)နှစ်ပြည့် KIO အထိမ်းအမှတ်နေ့ လူထုအစည်းအဝေး ကို နမ္မတူမြို့နယ် Bang Gaw ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈)မှ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ “မြန်မာစစ်တပ်မှ လက်နက်ကြီးတွေ အရမ်းပစ်ခတ်တာကြောင့် မကျင်းပနိုင်ခဲ့ဘူး။ ရွာသားတွေ အားလုံး ထွက်ပြေးကြကုန်သွားလို့ပါ” ဟု ရှမ်းပြည်မြောက်ပိုင်း KIA သတင်းအရင်းမြစ် တစ်ခုက ကချင်သတင်းဌာန KNG ကို ပြောပါသည်။ တပ်မတော် စစ်ကြောင်းများသည် အဆိုပါ ကျေးရွာသို့ အောက်တိုဘာ(၂၃)ရက်နေ့ တက်လာပြီး KIO အထိမ်းမှတ်နေ့ မတိုင်ခင် လက်နက်ကြီးများ ရွာထဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ ဆိုပါသည်။ ယခင် ကချင်ပြည်နယ်ခွဲ (Kachin Sub-state)ဟု ခေါ်သော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) ကို ကချင် တက္ကသိုလ်ကျောင်းသားများမှ ၁၉၆၀ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ဖွဲ့စည်းခဲ့သည်။ “မြန်မာအစိုးရနှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူ စာချုပ် ချုပ်ဆိုပြီး ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေး အစီစဉ်ကို အလေးထားပြုလုပ်သွားနိုင်ရန် KIO ဗဟိုကော်မတီ ကြိုးပမ်းနေကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး … - [သမ္မာကျမ်းစာသင်တန်းကျောင်းကို ဝင်းစီးခဲ့မှု အကြောင်းရင်း မသိရသေး](https://burmese.kachinnews.com/2019/10/25/%e1%80%9e%e1%80%99%e1%81%bc%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%b9%e1%80%90%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac-2/): ကချင်ခရစ်ယာန်အသင်းတော်ပိုင် မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ ‘အသက်တာသစ် သမ္မာ ကျမ်းစာသင်တန်းကျောင်း’ ကို လက်နက်ဖြင့်အရပ်ဝတ်လူတစ်စု ဝင်စီးခဲ့မှု အကြောင်းရင်းကို သင်တန်းကျောင်းတာဝန်ခံများမှ ပြည်နယ်ဝန်ကြီးချုပ်ထံ မေးမြန်းထားခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါသည်။ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် မိုးမလင်းမှီအချိန် အဆိုပါသင်တန်းကျောင်းကို စရဖအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အများပြည်သူ ပွဲလမ်းသဘင်သုံး စကားပြောစက်ကို ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်မှုကြောင့်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် သင်တန်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဆရာလခဲဆိုင်းအောင်ကို တရားစွဲဆိုထားပါသည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် နှင့် မြစ်ကြီးနားဇုံနယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(MKBA) နှင့် အသက်တာသစ် ကျမ်းစာသင်တန်းကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ်အား မေးမြန်းချက်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲများကို အောက်တိုဘာ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ “၀န်ကြီးချုပ်အဖွဲ့ကိုလည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့တောင်းဆိုတဲ့အရာကတော့ ဒီနေ့ထိ သူတို့လည်း အကြောင်းမပြန်ပါဘူး။ ဒါကြောင့်မို့ လူထုအားလုံးလည်း ဒီအကြောင်းအရာအဖြစ်အပျက်ကို ပွင့်လင်းမြင်သာစေဖို့ ၊ နောက်ပြီး သာသနာလုပ်ငန်းကိုလည်း ကျနော်တို့အားလုံး ၀ိုင်းဝန်းလုပ်ဆောင် နိုင်ဖို့ရန်အတွက် ဒီကနေ့ ဒီ ရှင်းလင်းပွဲကို လုပ်ခြင်းဖြစ်ပါတယ်။” ဟု မြစ်ကြီးနားဇုံနယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ သိက္ခာတော်ရ ဆရာ လဆီ နော်ဘောက် ဆိုသည်။ သို့သော်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲခံရသည့် ဖြစ်စဉ်တွင် ယနေ့ချိန်ထိ တရားရုံးမှ ဆင့်ခေါ်စာ မရရှိသေးကြောင်း ဆိုပါသည်။ ဆက်သွယ်ရေးဥပဒေ … - [KIO အထိမ်းအမှတ်နေ့ ပြုလုပ်မည့်နေရာသို့ မြန်မာစစ်ကြောင်းများ တက်လာ](https://burmese.kachinnews.com/2019/10/25/kio-%e1%80%a1%e1%80%91%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%a1%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%b1%e1%80%94%e1%82%94-%e1%80%bb%e1%80%95%e1%80%b3%e1%80%9c%e1%80%af%e1%80%95%e1%80%b9/): (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့ အထိမ်းအမှတ်နေ့ ပြုလုပ်ရန် ပြင်ဆင်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်း (၈) နယ်မြေသို့ မြန်မာစစ်တပ် စစ်ကြောင်းများ တက်လာနေကြောင်း ဆိုပါသည်။ နှစ်ပတ်လည်နေ့ကို နမ္မတူမြို့နယ် Bang Gaw ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားရာ အောက်တိုဘာ (၂၄)ရက်နေ့က တပ်မတော် စစ်ကြောင်းများ တက်လာခြင်းကြောင့် နှစ်ဖက် စစ်ရေး တင်းမာလာနိုင်ကြောင်း KIA တပ်ရင်း(၈) သတင်းရပ်ကွက်က ဆိုပါသည်။ ကချင်ပြည်နယ် ပယင်းထွက်ရှိရာ တနိုင်းမြို့နယ် KIA တပ်ရင်း (၁၄)၊ Nam Byu ဧရိယာဘက်ကိုလည်းမြန်မာစစ်တပ်အင်အားဖြည့်တင်းမှုပြုလုပ်နေကြောင်းဒေသခံများဆိုပါသည်။ ယနေ့ အောက်တိုဘာလ (၂၅)သည် (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) နေ့ဖြစ်သည်။ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) ၏ နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် “ရန်သူနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ နဲ့ တခြားအကြောင်းအရာတွေကိုလည်း စားပွဲပေါ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ဖို့ KIO ဗဟိုကော်မတီ ကြိုးစားနေကြောင်း” ထုတ်ပြန် ထားပါသည်။ KIO ကို ကချင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီး လွန်ခဲ့သော ၁၉၆၀ ခုနှစ် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဖွဲ့စည်းခဲ့သည်။ - [မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူးတံတားအသစ် ထပ်မံတည်ဆောက်ရန် စီစဉ်နေ](https://burmese.kachinnews.com/2019/10/25/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95-%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး တံတားအမှတ် (၂) ကို အသစ်တည်ဆောက်နိုင်ရန် စီမံချက် ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်နယ် လမ်းတံတားဦးစီးဌာန တံတားဆောက်လုပ်ရေးအဖွဲ့ (၁) မှ သိရပါသည်။ ၂၀၁၉-၂၀၂၀ အတွင်း မြစ်ချောင်းတိုင်းတာခြင်း ၊ လမ်းဦးကြောင်းရှာခြင်း ၊ တံတား ဦးကြောင်းရှာခြင်း နှင့် မြေစမ်းသပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပြီးနောက် သတ်မှတ်ထားသည့် ဘတ်ဂျတ်နှစ်အတွင်း တံတားပုံစံထုတ်ခြင်းကို အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာ (ဗလမင်းထင်တံတား) ခံနိုင်ဝန်အားနည်းနေပြီးတော့ ကျနော်တို့ ၃၅ တန်ထိပဲ ခွင့်ပြုထားတယ်။ အခုလက်ရှိ လားရှိုး-ဗန်းမော်- မြစ်ကြီးနား လမ်းအပိုင်းမှာ ဆိုရင် ကျနော်တို့ နှစ်စဉ် နှစ်အမျှ တန်ဖိုးတွေ မြင့်တတ်လာပြီးတော့ အများဆုံးဖြတ်သန်းတဲ့အချိန်မှာဆို အေဒီတန် ဖိုးက ၄၀၀၀ နဲ့ ၅၀၀၀ ကြားမှာ ရှိနေပါတယ်။ နောက် ဒီလမ်းကြီး ဟာလည်း ပြည်နယ်အစိုးရအနေနဲ့ ၄ လမ်းသွား ချဲ့ထွင်ဆောင်ရွက်ဖို့အတွက်လည်း စီစဉ်ရေးဆွဲ ထားဒါတွေရှိပါတယ်။” ဟု ကချင်ပြည်နယ် တံတားဦးစီးဌာန တံတားဆောက်လုပ်ရေး အဖွဲ့ (၁) မှ ဒုတိယညွန်ကြားရေးမှူး ဦးစောဇာနည်လှ ကပြောသည်။ ခံနိုင်ဝန်တန် ၆၀ ကားများဖြတ်သန်းနိုင်ရေးအတွက် ပြည်ထောင်စုငွေလုံး ငွေရင်းရံပုံငွေ မှ ကျခံပြီး ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အကောင်ထည်ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ “ဗလမင်းထင်တံတားကို ကျနော်တို့ ပြီးခဲ့တဲ့နှစ်က ရေတိုက်စားမှုအများဆုံး ဖြစ်ခဲ့တဲ့အချိန်မှာလည်း စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့တဲ့အချိန်မှာလည်း ယနေ့အထိ ထူးခြားပြောင်းလဲဒါတွေလည်း မရှိပါဘူး တံတားက … - [မြန်မာစစ်တပ် နှင့် KIO အပစ်ရပ်ရန် ကချင်စစ်ရှောင်များ လိုလားသော်လည်း စိုးရိမ်](https://burmese.kachinnews.com/2019/10/25/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-kio-%e1%80%a1%e1%80%95%e1%80%85%e1%80%b9/): ‘ကချင်စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး’ ခေါင်းစဉ်သတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မြန်မာစစ်တပ်နှင့် နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးရန် ကြိုးပမ်းနေသည်ဟု ဆိုသည့်သတင်းကို အကောင်းဘက်ကမြင်သော်လည်း စိုးရိမ်းမှုများရှိနေကြောင်း စစ်ရှောင်များကြား ပြောဆိုနေကြပါသည်။ အောက်တိုဘာလ (၂၅)ရက်၊ သောကြာနေ့ ကျရောက်သည့် (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ ထုတ်ပြန်သည့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) မိန့်ခွန်းတွင် “ရန်သူနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ နဲ့ တခြားအကြောင်းအရာတွေကို စားပွဲပေါ်မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြောင်း” ဖော်ပြထားပါသည်။ “အခုလို ဆုံးဖြတ်ချက်ပေါ်မှာ KIO ကို တခြားဝေဖန်တာ မပြုချင်ပေမယ့် ကိုယ့်အမျိုးသားပေါ်မှာ ရိုးသားဖြောင့်မတ်စေချင်တယ်။ စစ်ရေးကိုဖြေရှင်းရာမှာ ပြည်သူကို အသုံးမချဖို့လည်း တောင်းဆိုလိုပါတယ်” ဟု မြစ်ကြီးနား၊ ဂျန်မိုင်ကောင်း (Jan Mai Kawng) ရိုမန်ကတ်သလစ် စစ်ရှောင်စခန်းမှ ဆရာမ ရွယ်ဂျာ (Saranum Roi Ja) ဆိုပါသည်။ ဖေ့စ်ဘုတ်လူမှုကွန်ယှက်စာမျက်နှာမှာ အခုအပတ်အတွင်း ဒီအကြောင်းအရာနှင့်ပတ်သက်လို့ ထောက်ခံသူများရှိသလို ကန့်ကွက်သူ အများအပြားကို တွေ့နေရပါသည်။ ယခုချိန်ထိ bilateral အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး KIO က ကချင်အမျိုးသားများကို သီးခြား ရှင်းလင်းတင်ပြခြင်း မရှိသေးပါ။ “အပစ်ရပ်လက်မှတ်ထိုးမယ့်အကြောင်းကို ကျနော်တို့ လိုလားတယ်။ ဒါပေမယ့် အပစ်ရပ်မယ်ဆိုတာ ကာလဘယ်လောက်ကြာမလဲ စိုးရိမ်တယ်။ ၁၉၉၄ ခုနှစ်က အပစ်ရပ်လက်မှတ်ဆိုတော့ ထပ်ပြီးထွက်ပြေးရမှာလားလို့လည်း မေးချင်တယ်။ စစ်ရှောင်တွေ နေရပ်ပြန်ဖို့တစ်ခုတည်းအတွက် လက်မှတ်ထိုးမယ်ဆိုတာက သိပ်မသင့်တော်ဘူးလို့မြင်တယ်” ဟု မြစ်ကြီးနား၊ … - [စည်ပင် ဝန်ထမ်းနှင့် စက်ယန္တရားမလုံလောက်မှုကြောင့် အမှိုက် မသိမ်းဆည်းနိုင်](https://burmese.kachinnews.com/2019/10/23/%e1%80%85%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9-%e1%80%9d%e1%80%94%e1%80%b9%e1%80%91%e1%80%99%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%85%e1%80%80%e1%80%b9%e1%80%9a/): ကချင်ပြည်နယ် မြို့ကြီးများအတွင်း ရပ်ကွက်အလိုက် အမှိုက်များလိုက်လံ သိမ်းဆည်းရန် ၀န်ထမ်း နှင့် စက်ယန္တရား မလုံလောက်မှုကြောင့် အခက်အခဲရှိနေကြောင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောဆိုခဲ့သည်။ “မြစ်ကြီးနားမြို့မှာ ရပ်ကွက် ၂၈ ခု ရှိတယ်။ စည်ပင်ကားက ၁၆ စီးပဲရှိတယ်။ အဲဒီမှာ နည်းနည်း အားနည်း နေသေးတယ်။”ဟု ၄င်းက ဆိုသည်။ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရပ်ကွက်အချို့တွင် အမှိုက်မီးရှို့မှုများ လုပ်ဆောင်နေပြီး၊ အချို့ရပ်ကွက်များသည် အမှိုက်များကို စုပုံကာ အမှိုက်ပုံရှိရာသို့ သွားရောက်ပစ်လေ့ရှိကြောင်း သိရပါသည်။ “အဒေါ်တို့ အိမ်က အမှိုက်တွေကိုတော့ ဧရာရုပ်ရှင်ရုံ အရှေ့က အမှိုက်ပုံမှာ သွားသွား ပစ်တယ်။ တစ်ခါတစ်လေ သုံးဘီးငှားပြီး ပစ်ခိုင်းလိုက်တယ်။ ၃၀၀၀ လောက်တော့ပေးရတယ်လေ။ အဒေါ်တို့လည်း လူကိုယ်တိုင်မပစ်နိုင်ဘူး ခဏ ခဏတော့ဝေးတယ်လေ။ ဖြစ်နိုင်ရင် ရပ်ကွက်မှာ စုပြီး ကောက်ပေးစေချင်တယ်။ ” ဟု ဒူကထောက်ရပ်ကွက်တွင်နေထိုင်သည့် ဒေါ် ဘောက်ပန်က ပြောပါသည်။ မြို့နယ်စည်ပင်သာယာအဖွဲ့က မြို့တွင်း ရပ်ကွက်အချို့တွင်သာ အမှိုက်များကို ကားဖြင့် လိုက်လံသိမ်းဆည်းနေပြီး၊ စည်ပင်ဝင်ရောက်မှုမရှိသော ရပ်ကွက်အချို့သည် ဧရာဝတီမြစ်ကမ်းနဘေးသို့ အမှိုက်ပစ်နေကြသည်ကို တွေ့နေရပါသည်။ စည်ပင်သာယာရေး ဌာနအနေဖြင့် ရပ်ကွက် နှင့် ကျောင်းများသို့ ၁ လလျှင် အနည်းဆုံး ၂ ကြိမ်မျှ ပြည်သူလူထုများအား အသိပညာပေးဟောပြောပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း ဆိုပါသည်။ - [တရုတ်-မြန်မာအကျိုးတူပြုလုပ်မည့် နန်ကျင်စီးပွားရေးဇုန်ကို ဒေသခံများ သဘောမတူ](https://burmese.kachinnews.com/2019/10/19/%e1%80%90%e1%80%9b%e1%80%af%e1%80%af%e1%80%90%e1%80%b9-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%b0%e1%80%bb%e1%80%95/): ကချင်ပြည်နယ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်မယ့် နန်ကျင်စီးပွားရေးဇုန်ကိစ္စကို သဘောတူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီနဲ့ တရုတ်ကုမ္ပဏီတို့ကြား ၂၀၁၈ မေလ ၈ ရက်နေ့က သဘောတူစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဒေသခံတွေကတော့ ဒီအကြောင်းကို အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ “ကျနော်တို့ ဒီကတောင်သူတွေကတော့ ဒီစီမံကိန်းကို ခဏဆိုင်းငံ့ထားစေချင်တယ်ဗျာ။ ကောင်းကျိုးရှိမှာဖြစ်ပေမဲ့ ကျနော်တို့ ဒေသခံတွေအတွက် ဆိုးကျိုးပိုဖြစ်လာမလား၊ ဘယ်သူ့ကို ပြောပြရမလဲ စဉ်းစားရခက်တယ်။ အစိုးရဘက်ကိုလည်း ဒီကိစ္စသိစေချင်တယ်။ ဒါကြောင့် တားဆီးထားနိုင်ရင်တော့ ကောင်းမယ်လို့ ထင်တယ်။” ဟု နမ်ကျင်နယ်မြေမှူး ဦးလထွယ်ပြောပါတယ်။ မြစ်ကြီးနားမြို့နဲ့ကပ်လျက် မြို့အနောက်ဘက်ခြမ်းရှိ နန်ကျင်ကျေးရွာ မြေဧက ၄,၇၀၀ မှာ ဒေသတွင်းထုတ်ကုန်တွေကို အဆင့်မြင့် ထုတ်ကုန်ပြန်လုပ်နိုင်ဖို့ စက်ရုံတည်ဆောက်မှာဖြစ်တယ်လို့ ပြောပါတယ်။ စီမံကိန်းစတင်ရင် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေးမယ့်အကြောင်း တရုတ်က ပြောဆိုထားတယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။ အစိုးရဘက်ကတော့ မြေဧက ၄,၇၀၀ ရရှိအောင် လျော်ကြေးတွေကိုလည်း ပြင်ဆင်ထားပြီလို့ သိရပါတယ်။ “အလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ပြောချင်တာတစ်ခုက သူတို့က တတ်နိုင်လုပ်နိုင်တဲ့သူတွေကိုပဲ အလုပ်ခန့်လိမ့်မယ်။ ဒါပေမဲ့ နည်းပညာလုပ်သားတွေကတော့ သူတို့တရုတ်နိုင်ငံသားတွေပဲဖြစ်မှာ။ ကျမတို့ဒေသခံတွေကတော့ လစာနည်း အလုပ်ကြမ်းတွေပဲ ရမယ်ထင်တယ်။ ဒါကြောင့် ကျမတို့ ဒီဒေသခံတွေ အလုပ်လက်မဲ့ဖြစ်သွားမှာ ပိုစိုးရိမ်တယ်။” ဟု နန်ကျင်ဒေသခံ ဒေါ်ဂျာနန် ကချင်သတင်းဌာန KNG ကိုပြောပါသည်။     လျော်ကြေးထက် အဖိုးတန်တဲ့ သဘာဝဆေးဖက်ဝင် တိုင်းရင်းဆေးခြံဧက ၆၅၀ ကို ချန်လှပ်ပေးထားဖို့ လုပ်ငန်းရှင်တွေက … - [ကချင်လူငယ် ၂ ဦး၏ အယူခံကို ပြည်နယ်တရားရုံး ပယ်ချ](https://burmese.kachinnews.com/2019/10/19/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9-%e1%81%82-%e1%80%a5%e1%80%ae%e1%80%b8%e1%81%8f-%e1%80%a1%e1%80%9a%e1%80%b0%e1%80%81%e1%80%b6%e1%80%80/): ကချင်စစ်ဘေး ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်တာကြောင့် ထောင်ချခံခဲ့ရတဲ့ လူငယ်ခေါင်းဆောင် ၂ ဦးရဲ့ အယူခံတင်ပြမှုကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်ပါတယ်။ မဆိုင်းနူးပန်နဲ့ ကိုပေါလု တို့ ၂ ဦး အပြစ်မရှိကြောင်း အယူခံကို အောက်တိုဘာလ ၁၇ ရက်နေ့တင်ပြခဲ့ရာ အဲဒီနေ့မှာပဲ ပြည်နယ်တရားရုံးက ပယ်ချခဲ့တာပါ။ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း ခရိုင်တရားရုံးမှာ အယူခံပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ “ကချင်ပြည်နယ်တရားစီရင်ရေးက ယုံကြည်စရာမရှိတော့ဘူးဆိုတဲ့ အဖြေတစ်ခုတော့ ရခဲ့ပါတယ်။ တကယ်လည်း ကျမတို့ အပြစ်မရှိကြောင်း ပြင်ဆင်မှုလျှောက်ပေမဲ့ သူတို့က အချည်းနှီး ပြန်ပလပ်လိုက်တယ်။” ဟု ထောင်ဒဏ် ၁၅ ရက်ချခံခဲ့သော မဆိုင်းနူးပန်ပြောပါတယ်။ ဒါကြောင့် နေပြည်တော် တရားလွှတ်တော်ရုံးအထိ အယူခံတင်ပြသွားမယ်လို့ ပြောပါတယ်။ အယူခံတင်ပြမှု အောင်မြင်ရင် ငွေဒဏ်ဆောင်ခဲ့သော် ပြန်ရနိုင်ပြီး ပြစ်မှုမှတ်တမ်းလည်း ပယ်ဖျက်နိုင်တယ်လို့ သိရပါတယ်။ “အထိမ်းအမှတ်နေ့ ပြုလုပ်တာကို ဆန္ဒဖော်ထုတ်တာဆိုပြီး တံဆိပ်ကပ်တာလေ။ အဲဒီဟာက နောက်နောင် အထိမ်းအမှတ်ပွဲလုပ်တိုင်း ငြိမ်းစုစီတင်ရမလိုဖြစ်နေတဲ့သဘောဖြစ်လာတော့ ကျနော်တို့ဒါကို အားလုံးအတွက်ကောင်းဖို့၊ သူတို့ကိုယ်တိုင်လည်း အပြစ်မရှိဘူးလို့ပြောထားတယ်။” ဟု လူငယ် ၂ ဦး၏ ရှေ့နေ တရားလွတ်တော်ရှေ့နေ ဦးဂျီမာခါး ပြောပါသည်။ ကချင်စစ်ဘေး ၈ နှစ်ပြည့်တဲ့ ဇွန်လ ၉ ရက်နေ့မှာ စစ်ဘေးရှောင်လူငယ်တွေက လမ်းဘေးတေးသရုပ်ဖော်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဦးဆောင်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ၂ ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာပါ။ … - [ကချင်ပြည်နယ်တွင် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာ](https://burmese.kachinnews.com/2019/10/16/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac/): မြန်မာစစ်တပ်၏ တဖက်သတ် ထိုးစစ်ရပ်ထားခြင်း (၉)လတာ ကာလ ကုန်ဆုံးခဲ့ပြီးနောက် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်တိုက်ပွဲ ယခုအပတ်မှ စတင်ဖြစ်ပွားလာပါသည်။ KIA တပ်မဟာ (၈) လက်အောက် တပ်ရင်း (၅)နယ်မြေ၊ အင်းတော်ကြီးအိုင်၏ တောင်ဘက် ခေါင်မြေကျေးရွာအနီး အောက်တိုဘာ (၁၄)၊ တနင်္လာနေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်း နှင့် KIA တပ်ရင်း (၅) တပ်ဖွဲ့ကြား အချိန်တို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။ “မြန်မာအစိုးရတပ် တပ်မ (၁၀၁) နဲ့ ခလရ (၁၄၁) စုပေါင်းစစ်ကြောင်းနဲ့ ခေါင်မြေကျေးရွာအနီး ကိုးအိမ်စုစခန်း နားမှာ မနက် ၉ နာရီခန့်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။ တခြားနေရာမှ တပ်မတော် စစ်ကူတွေ ရောက်လာတာကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အနေထား ရှိပါတယ်” ဟု လိုင်ဇာဌာနချုပ်မှ အမည်မဖော်လိုသူ KIA အရာရှိ တစ်ဦး ကချင်သတင်းဌာန (KNG)ကို ပြောပါသည်။ အဆိုပါဒေသတွင် ရွှေမှော်များရှိပြီး အခြားအဖိုးတန် ကျွန်းသစ် နှင့် တာမလန်း သစ်ထုတ်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်မှစပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်မှ တဖက်သတ် ထိုးစစ်ရပ်ထားခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်တွင် ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် နှစ်ဖက်ကြား တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်သော အနေအထားဖြစ်နေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group (PCG)မှ Duwa Lamai Gum … - [လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း လူငယ်များအား ဟောပြောပွဲ ပြုလုပ်](https://burmese.kachinnews.com/2019/10/12/%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%9c%e1%80%95%e1%80%b9%e1%80%85%e1%80%bc%e1%80%ac-%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%96%e1%80%ac%e1%80%b9%e1%80%b1%e1%80%bb%e1%80%95%e1%80%ac/): လူငယ်နှင့် နိုင်ငံရေး အသိပညာပေး ဟောပြောပွဲအစီအစဉ်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP လူငယ် ဌာန ဦးစီးပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ လူငယ်များအနေဖြင့် လွပ်လပ်စွာပြောဆိုခွင့်နှင့် ဥပဒေအရ မိမိကိုယ်ကို ကာကွယ်နိုင်မှုရစေရန် အသိပညာပေးသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု KSPP လူငယ်ဌာန ခေါင်းဆောင် ကို ဂျန်ခုန် က ပြောပါသည်။ “လူငယ်တွေ နိုင်ငံရေးဘက်မှာ ပိုပြီး ရင့်ကျက်လာအောင် မြို့ပြနိုင်ငံရေးဆိုတာကို လုပ်လာတဲ့အချိန်မှာ လူငယ်တွေ နိုင်ငံရေးဘက်ကို ပိုပြီး သိနေမှ ရင့်ကျက်နေမှ ကျနော်တို့ အောင်မြင်နိုင်မယ်။ ဒါကြောင့်လူငယ်တွေအတွက် ဒီပွဲကို ဖြစ်လာတာ။” ဟု ပြောဆိုသည်။ ဟောပြောခဲ့သည့် အကြောင်းအရာများမှာ လူငယ်နှင့် ဘာသာရေးလွပ်လပ်ခွင့် ၊ လူငယ်နှင့် နိုင်ငံရေး ၊ လူငယ်နှင့် ဖယ်ဒရယ်လစ်ဇင် ၊ လူငယ်နှင့် လွပ်လပ်စွာပြောဆိုခွင့် ဖြစ်ပြီး သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson ၊ လူငယ်အရေး လုပ်ရှားသူ Seng Nu Pan ၊ Lum Zawng နှင့် Jaw San Naw တို့ ၄ ဦးက ဟောပြောခဲ့ပါသည်။ “လွပ်လပ်စွာထုပ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တစ်ကယ်ကို ကချင်ပြည်နယ်မှာ ဥပဒေကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ NLD အစိုးရကလည်း ဒီမိုကရေစီနိုင်ငံဆိုပြီး ကြွေးကြော်နေတာတွေ ရှိတယ်။ ကျမတို့အနေနဲ့လည်း ပြောဖို့အချိန်ရောက်ပြီမို့လို့ … - [ကချင်စစ်ရှောင်များ နေရပ်ပြန်ရန် ဆန္ဒရှိသော်လည်း လုံခြုံရေးအာမခံ ရှိမှ ပြန်မည်ဟုပြော](https://burmese.kachinnews.com/2019/10/09/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%b1%e1%80%94%e1%80%9b%e1%80%95/): လုံခြုံစိတ်ချပြီဟု ယူဆသောစစ်ရှောင်ကျေးရွာများကို နေရပ်ပြန်ပို့ရန် အစိုးရဘက်မှ ကြိုးစားလုပ်ဆောင်နေသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေး အာမခံချက်တစ်စုံတစ်ရာ မရှိသေးသောကြောင့် နေရပ်ပြန်ရန် အချိန်မတန်သေးကြောင်း စစ်ရှောင်ပြည်သူအချို့က ပြောဆိုပါသည်။ လွန်ခဲ့သည့် စက်တင်ဘာလအတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံမှ စစ်ရှောင်စန်းများသို့ ညွန်းကြားစာ တစ်ခုပေးပို့ခဲ့ပြီး ထိုအထဲတွင် ကချင်ပြည်သူများသည်၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ စစ်ရှောင်အဖြစ် တိမ်းရှောင်နေသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ယခုချိန် နယ်မြေ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီ ဖြစ်သဖြင့် မိမိတို့မူရင်းဒေသသို့ ပြန်လည် ပြောင်းရွှေ့ လိုခြင်း ရှိ၊ မရှိ ဆန္ဒသဘောထားများကို ကောက်ခံခဲ့ကြောင်း သိရသည်။ သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေ စစ်ရှောင်များ၏သဘောထား ဆန္ဒကောက်ခံမှုသည် စစ်ရှောင်ပြည်သူများကို ဖိအားပေးနေသည့် သဘောသာရှိနေသည်ဟု မြစ်ကြီးနား လယ်ကုန်းရပ် ၊ မလိယန်စစ်ရှောင်စခန်းတွင်နေထိုင်သူ Sara Seng Hkawng က ယခုလိုပြောဆိုထားပါသည်။ “စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် အုပ်ချုပ်ရေးဘက်က အကြောင်းကြားစာ ပေးပို့လာတယ်။ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာနဲ့ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာက မတူဘူးဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုအဆင့်က မိန့်ကြားတယ်လို့က မထင်ဘူး။ အဲ့ကြောင့် တရားဝင်လို့မမြင်ဘူး။ စစ်ရှောင်တွေကို ဖိအားပေးနေတယ်လို့မြင်ပါတယ်” ဟု ပြောဆိုသည်။ ယခုလုပ်ဆောင်မှုသည် လွန်ခဲ့သည့် ဇူလိုင်လ နေပြည်တော်တွင် အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်တာ NRPC နှင့် ကချင်လူစားချင်းစာနာထောက်ထားမှုကော်မတီ KHCC တို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သည်ဟုလည်း သိရပါသည်။ တိုက်ပွဲသံ ရပ်စဲပြီဟုဆိုသော်လည်း နေရပ်ပြန်မည့်ကျေးရွာများတွင် စစ်တပ်များ ဆက်လက်တည်ရှိနေမှုများနှင့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ … - [ပမ္မတီးစစ်ရှောင်းစခန်းတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲ](https://burmese.kachinnews.com/2019/10/08/%e1%80%95%e1%80%99%e1%81%bc%e1%80%90%e1%80%ae%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%90/): မြစ်ကြီးနားမြို့ရှိ အခြားစစ်ရှောင်စခန်းများ ကဲ့သို့ ကူညီထောက်ပံ့မှုမရရှိသော ပမ္မတီးနယ်မြေ ၅ ရှိ စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာနှင့်အတူ ကလေးများ၏ ကျန်းမာရေး နှင့် ပညာရေးထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။ “ဒီ Camp ကို တရားဝင်အသိမှတ်မပြုတဲ့ သဘောသက်ရောက်တဲ့ အတွက်ကြောင့် တစ်ချို့အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေ ခက်ခဲတယ်တဲ့လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကရော လိုအပ်တဲ့ဟာတွေကို တင်ပြတယ်။ အဲဒါကို ကျနော်တို့ လူမှုရေးဝန်ကြီး ကိုယ်တိုင်လည်း ဘာဖြစ်လို့ ကြန့်ကြာလဲရသလဲဆိုတာမေးတယ်။” ဟု ပမ္မတီးစစ်ရှောင်တာဝန်ခံ ဦးဒွဲအောင် ဆိုသည်။ လက်ရှိ အိမ်ထောင်စု ၃၀ ရှိပြီး အမျိုးသား ၈၈ ဦး နှင့် အမျိုးသမီး ၆၈ ဦး စုစုပေါင်း လူဦးရေ ၁၅၆ ဦး ရှိပါသည်။ စခန်းရှိစစ်ရှောင်များအတွက် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်ဖြင့်ထောက်ပံ့မှုကို ၃ လစာအတွက် လွန်ခဲ့သည့်မေလတွင် လက်ခံရရှိခဲ့ပြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဌာနမှ ဆန်၊ ဆီ၊ ဆားများကို ၁ လစာ ထောက်ပံ့ပေးခြင်း စသည့်အကူညီများကိုသာ ရရှိသည်ဟု သိရပါသည်။ သို့သော်လည်း အရေးတကြီးလိုအပ်သော တည်းခိုစရာ နေအိမ်များကို ဆောက်လုပ်ပေးခြင်းမရှိသောကြောင့် မိုးကာတဲများတွင်သာ ခိုလှုံနေဆဲ ဖြစ်ပါသည်။ “ရာသီတုပ်ကွေးကြောင့် အားလုံးဖျားကြတယ်။ မဖျားတဲ့ တဲတစ်တဲမှ မရှိဘူး။ တစ်ပြန် နှစ်ပြန် သုံးပြန်တောင် ဖျားကြတယ်။ အဲလိုမျိုးဖျားကြတဲ့အခါမှာ ကလေးတွေ လူကြီးတွေဖြစ်ဖြစ် ဆေးကုဖို့ ခက်ခဲတယ်။” ဟု ယင်းစစ်ရှောင် စခန်းမှ ဒေါ်နော … - [သယံဇာတမှီခိုမှုကင်းသော မြို့ပြစီးပွားရေးစနစ်အတွက် ဆွေးနွေး](https://burmese.kachinnews.com/2019/10/02/%e1%80%9e%e1%80%9a%e1%80%b6%e1%80%87%e1%80%ac%e1%80%90%e1%80%99%e1%80%bd%e1%80%ae%e1%80%81%e1%80%af%e1%80%ad%e1%80%99%e1%82%88%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%bb/): ကချင် လူငယ်များအနေဖြင့် သဘာဝသယံဇာတအပေါ်အမှီအခိုကင်းပြီး မြို့ပြစီပွားရေးလုပ်ငန်းများအဖြင့် ရေရှည် ရပ်တည်သွားနိုင်ရန် အသိပညာပေးသည့် ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင်၂ရက်သာ ပြုလုပ်ခဲ့သည်။ City Park Royal တွင်ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် သဘာဝသယံဇာတကြောင့် လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးနေကြောင်း Kachin Democratic Institute (KDI) မှ ဒေါက်တာခန်နော် ယခုလို ပြောပါသည်။ “အဓိကပြောချင်တာက လူငယ်တွေအနေနဲ့ သယံဇာတကို မှီခိုတတ်သွားတဲ့အတွက် မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြတယ်။ နောက်ပညာရေးပိုင်းကို အာရုံ မစိုက်နိုင်ကြဘူး။ ပြီးရင်သူတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးနေသလို ကင်းမဲ့နေတယ်။ ဒါက ဝမ်းနည်းစရာတစ်ခုဖြစ်သလို အနာဂတ် အတွက် စိုးရိမ်စရာတစ်ခုလည်းဖြစ်တယ်”ဟု ပြောဆိုသည်။ လက်ရှိပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအပါဝင် မြို့ပြကို အခြေခံသည့် စီးပွားရေးလုပ်ငန်းပိုင်းတွင် လူငယ်များပိုမိုစိတ်ဝင်စားမှုရှိလာရန် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ သယံဇာတပေါ်မှီခိုနေသဖြင့် လူ့စွမ်းအားအရင်းမြစ်ကိုအခြေခံသည့် တီထွင်ကြံဆမှုများ နည်းပါးနေကြောင်း ဆွေးနွေးပွဲတက်ရောက်သူ ကိုဂျန့်ခုန့်က ယခုလိုပြောပါသည်။ “ပညာရပ်ပိုင်းဆိုင်တဲ့ လူ့အရင်းအမြစ်လူတွေက တီထွင်ကြံဆမှုပြုလုပ်မှသာ မြို့ပြ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ဒါမှ လူငယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမယ် ဖြစ်တယ်” ဟုပြောဆိုခဲ့သည်။ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ၎င်း ဆွေးနွေးပွဲကို ပျိုးဖောင်ဒေရှင်းအဖွဲ့ နှင့် KDI တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များ စုစုပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။ ကချင်ပြည်နယ်တွင်း ကမ္ဘာ့အဖိုးတန် … - [ကချင်စစ်ရှောင်စခန်းမှ မသန်စွမ်းသူများ၏ လက်မှုထုတ်ကုန် ဈေးကွက် မတင်ပို့နိုင်သေး](https://burmese.kachinnews.com/2019/10/01/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%bd-%e1%80%99/): ကချင် စစ်ရှောင်စခန်းမှ မသန်စွမ်းသူများဝင်ငွေရရှိရေး လက်မှုလုပ်ငန်းများကိုယ်တိုင် လုပ်ကိုင်နေသော်လည်း အခက်အခဲများ ရှိနေဆဲဟု သိရသည်။ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ မသန်စွမ်းသူများ စုပေါင်း၍ အိမ်သုံး ပန်းတိုင် ဆပ်ပြာရည် ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း ကုန်ကြမ်းမှာယူရန်နှင့် ထုတ်ကုန်များကို ဈေးကွက်ထိ တင်ပို့ ရောင်းချနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရပါသည်။ အဆိုပါ မသန်စွမ်းသူများအဖွဲ့ကို ဦးဆောင်နေသူ ဒေါ်ခေါန်နန်က “ဒီဆပ်ပြာကို ကျမတို့ မသန်စွမ်းတဲ့ အမျိုးသမီး ၃ ယောက်၊ ယောက်ျား ၃ယောက်နဲ့ အတူပေါင်းလုပ်တယ်။ ကျမတို့ မသန်စွမ်းတွေမှာ နာတာရှည်၊ အသက်ကြီးတဲ့သူတွေရော ရှိတယ်။ ကုန်ကြမ်းမှာ တာက ရန်ကုန်ဘက်ကို မှာရတာဆိုတော့ အချိန်ကြာပြီး ပြန်စောင့်နေရတဲ့ ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။ မသန်စွမ်း စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း ဆပ်ပြာရည် ထုတ်ကုန်များကို ဈေးကွက်အတွင်း မတင်ပို့နိုင်သေးသောကြောင့် ဂျန်မိုင်ကောင် ရပ်ကွက်ဈေးဆိုင်များတွင်သာ ပလိုင်းဖြင့်သယ်ကာ လှည့်လည်ရောင်းချ နေကြရသည်ဟု ပြောပါသည်။ လွန်ခဲ့သည့် ဇွန်လအတွင်း KBC အသင်းတော် မသန်စွမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆပ်ပြာရည်ထုတ်လုပ်နည်း သင်တန်းကို ပေးခဲ့သည်ဟု သိရပါသည်။ ထို့နောက် ၄ လ အတွင်း ဈေးဆိုင်ငယ်များသို့ ရောင်းချနိုင်ပြီ ဟု ပြောပါသည်။ စစ်ရှောင်စခန်းများတွင် နေထိုင်သော အမျိုးသမီးများနှင့် မသန်စွမ်းသူများအား အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများ သင်တန်းများပေးကာ ကူညီပေးလျှက်ရှိကြောင်း သိရသည်။ KBC လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာနမှ တွဲဖက်တာဝန်ခံ ဒေါ်ထုဆမ်ကတော့ … - [လက်ကိုင်စကားပြောစက် သုံးစွဲမှုဖြင့် သမ္မာကျမ်းစာသင်တန်းကျောင်း တာဝန်ခံတစ်ဦးကို အမှုဖွင့်ထား](https://burmese.kachinnews.com/2019/09/27/%e1%80%9c%e1%80%80%e1%80%b9%e1%80%80%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%85%e1%80%80%e1%80%b9-%e1%80%9e%e1%80%b6%e1%80%af/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ ‘အသက်သာသစ်သမ္မာကျမ်းစာသင်တန်းကျောင်း’ တွင် အစိုးရအာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့ပြီးနောက် လက်ကိုင်စကားပြောစက် တွေ့ရှိခဲ့သောကြောင့် တာဝန်ခံ တစ်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ စက်တင်ဘာလ ၂၆ရက် နံနက် ၃နာရီတွင် စရဖအပါအဝင် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ လူအင်အား ၂၀ကျော်ခန့်က အဆိုပါသင်တန်းကျောင်းကို လာရောက်စစ်ဆေးခဲ့ရာ သင်တန်းအတွင်းအသုံးပြုနေသည့် လက်ကိုင် စကားပြောစက် ၅လုံးကို သိမ်းယူသွားသည်ဟု သင်တန်းကျောင်းတာဝန်ခံ Sara Seng Hpa က ပြောဆိုသည်။ “သူတို့ လာရောက်စစ်ဆေးတဲ့အခါမှာ တစ်ကျောင်းလုံးစစ်တယ်။ တပ်ထားတဲ့ စီစီတီဗီလည်း စစ်တယ်။ ပြီးရင်လက်ကိုင်ဖုန်းတွေသိမ်းယူလိုက်တယ်။ သင်တန်းသားတွေကိုလည်း စစ်တယ်။ နောက် သင်တန်းကျောင်းအတွင်းအသုံးပြုနေတဲ့ လက်ကိုင်စကားပြောစက် ၅ခု ရှိတာကိုလည်း သိမ်းယူသွားတယ်။ အဲ့ စကားပြောစက် ၅လုံးမှ ၃လုံးအပျက်ဟုတ်တယ်”ဟု ပြောဆိုခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကားပြောစက် ကိုင်ဆောင်မှုကြောင့် သင်တန်းကျောင်း၏ စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာ Lahkye Seng Awng ကို နယ်ထိန်း ဒုရဲအုပ် ညီညီလင်း တရားလိုပြုကာ အမှုဖွင့်ထားကြောင်း သိရသည်။ “ကျနော်တို့အနေနဲ့ ခွင့်ပြုချက်မရဘဲ လက်ကိုင်စကားပြောစက် ကိုင်ဆောင်တဲ့အတွက် ဆက်သွယ်ရေး ပုဒ်မ နဲ့ အရေးထားတယ်။ ဒါက တရားဝင်ကိုင်ဆာင်ခွင့်မရှိဘဲ ကိုင်ဆောင်တဲ့အတွက် ဖြစ်တယ်”ဟု မြစ်ကြီးနားမြို့နယ် ရဲမှူး မြင့်မိုး က ပြောဆိုခဲ့သည်။ အဆိုပါသင်တန်းကျောင်းသည် မူးယစ်ဆေးစွဲသောသူများကို စာရိတ္တပြုပြင်ပေးနေသော သမ္မာကျမ်းစာသင်တန်းကျောင်းတစ်ခုဖြစ်ကာ လက်ရှိ သင်တန်းသား ဦးရေ … - [အစိုးရ အာဏာပိုင်များ ကချင်သမ္မာကျမ်းစာသင်တန်းကို ဝင်စီး](https://burmese.kachinnews.com/2019/09/27/%e1%80%9e%e1%80%99%e1%81%bc%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%b9%e1%80%90%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac/): မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နှင့် တည်နေရာနီးကပ်သော အောက်မော်ဖောင်း နယ်မြေ ၂ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ‘အသက်သာသစ် သမ္မာကျမ်းစာ သင်တန်းကျောင်း’ ကို လက်နက်ဖြင့် အရပ်ဝတ်လူတစ်စု ဝင်ရောက်စစ်ဆေးခဲ့မှုအကြောင်းအရင်းကို မသိရသေးကြောင်း စခန်းတာဝန်ခံ ပြောပါသည်။ စက်တင်ဘာလ ၂၆ရက် နံနက် မိုးမလင်းမှီ ၃ နာရီခန့်တွင် စရဖ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး စုစုပေါင်း လူအင်အား ၂၀ကျော်က သမ္မကျမ်းစာသင်တန်းကျောင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သင်တန်းကျောင်းတာဝန်ခံ Sara Seng Hpa (ဆရာဆိုင်းဖာ) ယခုလိုပြောဆိုထားပါသည်။ “ဘာကြောင့်လာတယ်။ ဘယ်သူက ညွန်ကြားပြီး လာရတယ်။ ဘာတစ်ခုမှ ခိုင်လုံမှုမရှိဘဲ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်တာကိုတွေ့ရတယ်။ မေးတော့လည်း ဘာမှ ပြောမသွားကြဘူး။ အဲ့ကြောင့် တကယ်တမ်း သုံးသပ်ကြည့်ရင် သူတို့က အဖွဲ့တွေနဲ့ ပြင်ဆင်ပြီး လာတယ်ဆိုတော့ တစ်စုံတစ်ခု မင်္သကာမှုတွေရှိနေတဲ့ ပုံစံ အနုကြမ်းစီးတဲ့ ပုံဖြစ်နေတယ်” ဟု ပြောဆိုသည်။ သင်တန်းကျောင်းအတွင်းအသုံးပြုနေသော လက်ကိုင်စကားပြောစက်ကို တန်းစီပြီး ဓါတ်ပုံရိုက်ယူကာ ၊ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးခဲ့သည်ဟု ပြောဆိုပါသည်။ သင်တန်းကျောင်းဝင်းအတွင်း လာရောက်စစ်ဆေးသူများက အရပ်ဝတ်ဖြင့် သေနတ်၊ ပုဆိန်၊ သံညှပ်ကပ်ကြေး အစ ယူဆောင်ကာ အတင်းဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သင်တန်းကျောင်းအတွင်း ဆက်ကပ် ပါဝင်နေသည့် Lahke Seng Aung (ကိုဆိုင်းအောင်) က ယခုလိုပြောဆိုပါသည်။ “အရပ်ဝတ်နဲ့ တစ်ချို့က သေနတ် အရှည်နဲ့ အတိုကိုင်ကြတယ်။ အာလုံး အယောက် … - [ဗက်လင်စစ်ရှောင်စခန်းအသစ်တွင် ကလေးများ ကျောင်းသွားကျောင်းပြန် ခက်ခဲနေ](https://burmese.kachinnews.com/2019/09/25/%e1%80%97%e1%80%80%e1%80%b9%e1%80%9c%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%a1%e1%80%9e/): မြစ်ကြီးနားမြို့ ၊ လယ်ကုန်းရပ်ကွက် ဗက်လင်နှစ်ခြင်းဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းကို နေရာအသစ်သို့ ပြောင်းရွေ့လိုက်ပြီးနောက် ၎င်းစခန်းမှ ကျောင်းသူ/သားများ၏ ကျောင်းသွားကျောင်းပြန် အခက်အခဲရှိနေကြောင်း ပြောဆိုပါသည်။ ယင်းစခန်းတွင် ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး ရပ်ကွက်အတွင်း စာသင်ကျောင်းများတွင် တက်ရောက်နေသူများအဖို့ အဆင်ပြေသော်လည်း မြို့တွင်းအထိ တက်ရောက်နေသောသူများအတွက် စာသင်ကျောင်းနှင့် ပိုမို ဝေးကွာသွားစေသည်ဟု စစ်ရှောင်များပြောပါသည်။ “ကျောင်းသားတွေ သွားလာရေးပိုင်းမှာက အခက်အခဲတော်တော်ကြုံတွေ့နေရတယ်။ ဘယ်လို ခက်ခဲလဲဆိုတော့ မူလစခန်းက ကျောင်းသားတွေ ကျောင်းနဲ့ နီးတယ်ဆိုတော့ အဆင်ပြေတယ်။ ဒီမှာက တစ်ချို့မိသားစုတွေမှာ ဆိုင်ကယ်ရှိတဲ့သူတွေအတွက်က အဆင်ပြေတယ်။ ဆိုင်ကယ်မရှိတဲ့ သူတွေက ကျောင်းသွားလာရေးမှာ အဆင်ပြေဘူး။” ဟု ဗက်လင်စစ်ရှောင်စခန်းတာဝန်ခံ Slg.Tangbau Naw Ja (ဦးတန်ဘောင်နော်ဂျာ) ပြောပါသည်။ ယခု စခန်းအသစ်သည် မူလစခန်းထက် နေရာအခန်း ပိုကျယ်လာသော်လည်း စာသင်ကျောင်းများနှင့် ပိုမိုဝေးကွာသွားသဖြင့် ကလေးများတွင် စိတ်ပူပန်နေရသည်ဟု ပြောဆိုကြပါသည်။ လယ်ကုန်း နယ်မြေ ၂ ၊ ဗက်လင်းနှစ်ခြင်းဘုရားကျောင်းအတွင်း ၈ နှစ်ကျော် တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် ထိုနေရာတွင် ကျဉ်းကျပ်လာသောကြောင့် လွန်ခဲ့သည့်အပတ်မှစ၍ မူလ စခန်းနှင့် ၄မိုင်ခန့်ကွာဝေးသည့် စစ်ရှောင်ကူညီရေးအဖွဲ့များ ဆောက်လုပ်ထားသည့် လယ်ကုန်း နယ်မြေ ၁၁ သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းအကြိုအပို့ တစ်နေ့ ၅ ကြိမ်ခန့် ပုံမှန်လုပ်နေရသဖြင့် သွားလာရေးစရိတ်တွင် နဂိုလမူလ စခန်းထက် ၂ဆခန့် ကုန်ကျခံနေရကြောင်း အခက်အခဲများကို အဆိုပါစခန်းမှ Jan Roi Ji (ဒေါ်ရွယ်ဂျီ) ယခုလို ပြောဆိုထားသည်။ … - [စစ်ရှောင်စခန်းက ပန်းကလေးတွေရဲ့ ဘဝ](https://burmese.kachinnews.com/2019/09/25/%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%80-%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c/): မျက်နှာခပ်ဝိုင်းဝိုင်းနဲ့ အမျိုးသမီးငယ်လေးတစ်ဦး ခြေတန်ရှည်အိမ်လေးရဲ့အောက်မှာ ရွယ်တူအဖော် သုံးယောက်နဲ့အတူ ကစားနေပါတယ်။ ကစားနေတယ်ဆိုရင် ပျော်နေရမှာ ဖြစ်နိုင်ပေမယ့် သူ့မျက်နှာပေါ်မှာတော့အပြုံးတွေ ကင်းမဲ့လို့ နေတယ်။ သူတို့ ကစားနေတဲ့ ခြေတန်ရှည်အိမ်လေးက ကချင်ပြည်နယ်က စစ်ရှောင်စခန်း တစ်ခုထဲမှာ တည်ရှိနေတာပါ။ သူ့ရဲ့အရပ်အမောင်းက ၅ ပေ ကျော်လောက် မြင့်ပြီး ခန္ဓာကိုယ်ကတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပါ။ သူဟာ ပ.လ.န အထက်တန်းကျောင်းမှာ ၆ တန်း ပညာ သင်ယူနေတဲ့ အသက် ၁၄ နှစ် အရွယ် ကျောင်းသူလေး ဖြစ်ပါတယ်။ သူ့နာမည်ကတော့ မဂျာရတ် ပါ။ သူ့မျက်နှာပေါ် အပြုံးမဲ့နေရခြင်း အကြောင်းကတော့ စစ်ရှောင်စခန်းက ၁၀ ပေ ပတ်လည် အခန်းကျဉ်းထဲမှာ နေရတဲ့အခါ သူ့အတွက် လွတ်လပ်တဲ့ နေထိုင်ခွင့်တွေ ဆုံးရှုံးနေတာကြောင့် လို့ဆိုပါတယ်။ စစ်ရှောင်စခန်းတွေ ဖြစ်တည်လာတာ ရှစ်နှစ်ကျော်ရှိတဲ့ ကာလအတွင်းမှာ စခန်းကို ရောက်စက ကလေးအရွယ်တွေဟာ အခုဆို အရွယ်ရောက်လို့ နေပါပြီ။ ဒါကြောင့် မဂျာရတ်လိုပဲ စစ်ရှောင်စခန်းက အရွယ်ရောက်လာတဲ့ အမျိုးသမီးငယ်လေးတွေအတွက် လွတ်လွတ်လပ်လပ် နေထိုင်ခွင့် မရတာတွေ ရှိနေပါတယ်။ မဂျာရတ်ဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ကြား တိုက်ပွဲတွေကြောင့် မြစ်ဆုံအနီး တန်ဖရယ် စစ်ရှောင်စခန်းကို ရောက်ရှိခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာတော့ မြစ်ကြီးနားမြို့နယ်၊ ပ.လ.န တြီနီတီ စိန်ဂျိူးဇက် (RC) စစ်ရှောင်စခန်းကို မိသားစု လေးယောက်နဲ့ အတူ ပြောင်းရွှေ့လာခဲ့တာပါ။ သူနေတဲ့ အခန်းကျဉ်းထဲမှာ … - [အစိုးရ၏ ရွှေ့ပြောင်းအလုပ်သမား နေရာချထားရေး အစီစဉ်ကို ကချင်ပါတီ ကန့်ကွက်](https://burmese.kachinnews.com/2019/09/21/%e1%80%b1%e1%80%9b%e1%80%bc%e1%82%95%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba/): ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာချထားရန် မြန်မာအစိုးရလုပ်ဆောင်နေခြင်း အစီစဉ်အား ရပ်တန့်ပေးရန် အဓိက ကချင်နိုင်ငံရေးပါတီ၏ ကန့်ကွက် တင်ပြထားမှုကိစ္စ အစိုးရက ပါတီခေါင်းဆောင်များနှင့် စက်တင်ဘာ (၂၀) သောကြာနေ့ မြစ်ကြီးနားမြု့တွင် တွေ့ဆုံခဲ့သည်။  ကချင်ပြည်နယ်သို့  ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ၀င်ရောက်လာသူများကို အထူးသဖြင့် ဖားကန့် နှင့် တနိုင်း နှစ်မြို့နယ်အတွင်း အိမ်ထောင်စု နှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ခြံမြေ နှင့် ပြန်လည်နေရာချထားရေး စီမံကိန်းများလုပ်ဆောင်မှုကို ရပ်တန့်ထားစေလိုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က သြဂုတ်လ (၅)ရက်နေ့ ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန သို့ စာတင်ပြ တောင်းဆိုခဲ့ပြီးနောက် ယခုလို ပြည်နယ်အစိုးရမှ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။ “ဒေသခံပြည်သူတွေရဲ့သဘောထားမပါတဲ့အတွက် ကန့်ကွက်တယ်လို့ ပြည်ထောင်စုသို့တင်ပြခဲ့တယ်။ ပြည်ထောင်စုကနေ တဆင့် NRPC (အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ကို ပြည်နယ်အစိုးရနဲ့ ကချင်ပါတီတွေကို တွေ့ဆုံဖို့ညွန်ကြားလာတယ်။ ပြည်နယ်အစိုးရအနေနဲ့တော့ နယ်လုံဝန်ကြီးနဲ့ တွေ့ဆုံဖို့ ညွန်ကြားလာတယ်။ နယ်လုံဝန်ကြီးက ဆင့်ခေါ်လာတဲ့အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်တယ်” ဟု KSPP ယာယီဦးဆောင် ကော်မတီ ဒုတိယ ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) က ဆိုသည်။ တွေ့ဆုံမှုတွင် ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဦးဇော်ဝင်း တို့ ဦးဆောင် ပါဝင်ပြီး၊ KSPP ဘက်မှ ဥက္ကဌ … - [ငြိမ်းချမ်းရေးတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းလက်တွေ့ဖော်ဆောင်ရန် အားနည်းနေသေး](https://burmese.kachinnews.com/2019/09/21/%e1%80%bb%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad/): မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်အရငြိမ်းချမ်းရေးလုပ်ငန်စဉ်များတွင် အမျိုးသမီးများ ပါဝင်မှု ၃၀ ရာခိုင်နှုန်းမပြည့်သေးသည့်အပြင် ပါဝင်သူများမှာလည်း အိမ်ပြည့်အဖြစ်သာ ပါဝင်နေသေးသည်ဟု ငြိမ်းချမ်းရေးတွင် ပါဝင် လှုပ်ရှားနေသူ အမျိုးသမီးများက သုံးသပ်ပြောဆိုသည်။ “ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပိုပါလာတယ်လို့ ပြောကြတယ်။ တကယ်တမ်းက အထက်ပိုင်း ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ပိုပါလာတာ မဟုတ်ဘူး။ ၀န်ဆောင်မှုပေးရတဲ့အပိုင်းတွေမှာပဲ ပါလာတာ” ဟု ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP)မှ ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။ မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါရှိသည့် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် ပြန်လည်နေရာချထားရေး ၊လူမှုဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်း နှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရန် ဆိုသည့်အချက်ပါဝင်သည်။ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က “၃၀ ရာခိုင်နှုန်းကတော့ မရှိနိုင်သေးဘူး။ အမျိုးသမီးတွေကို နှစ်ပေါင်းများစွာ အနောက်မှာ ပစ်ထားခဲ့တဲ့ လူတွေက ချက်ချင်းကြီးကတော့ အားရှိပါးရှိ ပြိုင်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် အဲဒီလို ပြိုင်နိုင်ဖို့ မလွယ်တာကို ထည့်သွင်းပေးဖို့လိုသလို တကယ်ထက်မြက်တဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ အဲဒါကို အသိမှတ်ပြုဖို့လည်း လိုတယ်” ဟု သူ့အမြင်ကို ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး ပါဝင်ရေးဟု ဆိုရာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်သဘောတူညီချက်မရသေးသည့် လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးဟု သုံးသပ်ကြသည့် အမျိုးသားများလည်း ရှိကြသည်။ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက “တပ်မတော်နဲ့ ကေအိုင်အေ … - [ကချင်ပြည်နယ်တွင် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပ](https://burmese.kachinnews.com/2019/09/21/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8/): မြန်မာ တိုင်းရင်းသား သတင်းမီဒီယာများ၏ အကြီးဆုံး မီဒီယာညီလာခံကို နိုင်ငံမြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု နှင့် ဒုက္ခသည်ပြဿနာများ ကြံနေရသည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သုံးရက်ကြာ ကျင်းပခဲ့သည်။ “တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာ” ဆောင်ပုဒ်အောက် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို မြစ်ကြီးနားမြို့ ကချင်ရိုးရာမနောကွင်း Majoi Gawknu (မဂျွယ်ခန်းမ)တွင် စက်တင်ဘာလ ၁၆ မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သည်။ တိုင်းရင်းမီဒီယာညီလာခံပြုလုပ်ရသည့်အဓိက ရည်ရွယ်ချက်မှာ ‘တိုင်းရင်းမီဒီယာများ ရေရှည် တည်တံ့ရေး၊ သတင်းထောက်များ၏ လုံခြုံရေးနှင့် အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ပေါ်ထွန်းလာရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်မှုမှာ အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း’ ညီလာခံကို အိမ်ရှင်အဖြင့် လက်ခံကျင်းပသည့် ကချင်သတင်းဌာန KNG မှ Lagwi Htang Ying (လဂွေထန့်ယိန်း) ကဆိုပါသည်။ ညီလာခံကို သတင်းမီဒီယာများနှင့် လူမှုအဖွဲ့အစည်းများက သတင်းသမားများ၏ လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏ လုံခြုံရေး၊ တိုင်းရင်းမီဒီယာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကချင်ဒေသအတွင်းရှိ ပဋိပက္ခများ၊ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ၏ အခက်အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံကြောင့် ပြည်နယ်အတွင်း တိုင်းရင်းသားမီဒီယာများအတွက် ရလဒ်ကောင်းများရရှိနေကြောင်းကို ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ နှင့် ကရင်သတင်းစဉ် KIC အယ်ဒီတာ ဆရာမ နန့်ဖေါးဂေ က ယခုလို ပြောပါသည်။ “ပြောရမယ်ဆိုရင် သတင်းဌာနကြီးတွေက တိုင်းရင်းသားသတင်းတွေ ရေးရမယ်ဆိုပြီးတော့ ပြည်နယ်အသီးသီးမှာ ဒေသအခြေစိုက် သတင်းထောက်တွေ ထားရှိလာခြင်းအားဖြင့် တိုင်းရင်းသားပြည်သူ့အသံ သတင်းတွေကို ရေးသားဖော်ထုတ်လာတဲ့ဟာတွေရှိတယ်။ … - [ကချင်စစ်ရှောင်အရေးလှုပ်ရှားသူ မဆိုင်းနူးပန် ရက်စေ့သဖြင့် လွတ်မြောက်လာ](https://burmese.kachinnews.com/2019/09/16/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%82%88%e1%80%95%e1%80%b9/): ကချင်စစ်ရှောင်အရေး တေးသရုပ်ဖော်မှုကြောင့် ထောင်ဒဏ် ၁၅ ရက်ချခံရသော မဆိုင်းနူးပန်သည် လွတ်ရက်စေ့သဖြင့် ယနေ့ မနက် ၆ နာရီတွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ပါသည်။ အဆိုပါ တေးသရုပ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသော မဆိုင်းနူးပန်နှင့် ကိုပေါလုတို့ ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅ ရက် အမိန့်ချခဲ့ခြင်း ဖြစ်ပါသည်။ “ကျမတို့ရဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့စစ်ဘေးအတွင်း ခက်ခဲကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို တင်ဆက်ပြမှုကြောင့် ဖြစ်လာမို့ အပြစ်ရှိတယ်လို့ မခံယူပါဘူး။ အပြစ်မရှိတဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ပါဘူး။” ဟု မ ဆိုင်းနူးပန် ယနေ့ မနက်တွင် ပြောဆိုသွားပါသည်။ ၄င်းတို့ ၂ ဦးကို အပြစ်ရှိကြောင်း ဝန်ခံလျှင် ငွေဒဏ် ၃ သောင်း ၊ ငြင်းဆိုလျှင် ထောင်ဒဏ် ၁၅ ရက် အဖြစ်ရွေးချယ်ခွင့်ပြုရာ အပြစ်မရှိကြောင်းကိုသာ ရွေးချယ်ခဲ့ကြပါသည်။ ထို့နောက် တရားစီရင်သည့်နေ့တွင် တရားသူကြီးကို ချိန်ခွင်ပျက်ပေးခဲ့သည့် ကိုပေါလုကို ထောင်ဒဏ် ၁၅ ရက်အပြင် နောက်ထပ် ၃ လ ထပ်မံ ကျခံစေခဲ့ပါသည်။ “ကျမတို့ကို အကျဉ်းချထောင်ချလို့ပဲ ရရင်ရမယ်။ ခံယူချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက် ဘယ်တော့မှ ထောင်ချ အကျဉ်းချလို့ မရဘူးလို့ ဆက်ပြောချင်တယ်” မဆိုင်းနူးပန်က ပြောဆိုခဲ့ပါသည်။ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းသန့်ဇော် မှ တရားလိုပြုကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခဲ့သောဤအမှုကို … - [တပ်ချုပ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်တို့ တွေ့ဆုံမှု ဘာထူးခြားလဲ](https://burmese.kachinnews.com/2019/09/14/%e1%80%90%e1%80%95%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%82%8f%e1%80%bd%e1%80%85%e1%80%b9/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ Rev.Dr. Hkalam Samson အား ဥပဒေအရ အရေးယူရန် ပြင်ဆင်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် KBC ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။ အမှုရုပ်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုအရ မန္တလေး နန်းတွင်း ရန်ကြီးအောင်ခန်းမတွင် စက်တင်ဘာ ၁၂ နေ့ တွေ့ဆုံခဲ့ကြသည်ဟု သိရပါသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံစဉ် တပ်မတော်ကို အရေးယူပိတ်ဆို့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်မှာ တပ်မတော်က ခရစ်ယာန်ဘာသာဝင်တွေကို ညှဉ်းပန်းနှိပ်စက်နေကြောင်း Rev.Dr. Hkalam Samson က တင်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဆရာဆမ်ဆွန်ကို ဥပဒေအရ အရေးယူပေးဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုဗိုလ်မှူးကြီးသန်းထိုက်က သြဂုတ်လ ၂၆ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ခဲ့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ “အမှုရုပ်သိမ်းပေးတဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ ကျနော်ပြောခဲ့တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ်မှာ စိတ်အနှောက်အယှက်ဖြစ်ခဲ့တယ်ဆိုရင်လည်း စိတ်မကောင်းကြောင်း အပြုသဘောနဲ့ ပြောခဲ့တာလို့။ ဒါကြောင့်လည်း မြန်မာပြည်ကို ပြန်လာပြီး အမှန်တရားရင်ဆိုင်ဖို့ လာခဲ့တဲ့အကြောင်းတွေပေါ့။” ဟု သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson ပြောပါသည်။ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က ‘တရားစွဲဆိုမှုကို ရုပ်သိမ်းပေးကြောင်း၊ ငြိမ်းချမ်းရေးအမြန်ရအောင် အတူကြိုးပမ်းဖို့ ၊ ဘာသာရေးဖိနှိပ်မှု မရှိကြောင်း ၊ စစ်ရှောင်နေရပ်ပြန်ရေး အမြန်ဖော်ဆောင်ဖို့ ၊ ပြည်ထောင်စု မပြိုကွဲရေး၊ သူဟာ တစ်ဖက်စောင်းလူမျိုးမဟုတ်ကြောင်း … - [ဈေးကွက်ပျောက်နေဆဲ စစ်ရှောင်စခန်းက ထုတ်ကုန်များ](https://burmese.kachinnews.com/2019/09/13/%e1%80%b1%e1%80%85%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%94%e1%80%86%e1%80%b2-%e1%80%85%e1%80%85%e1%80%b9%e1%80%b1/): ကချင်ပြည်နယ် စစ်ရှောင်စခန်းများရှိ အမျိုးသမီးများအတွက် ၀င်ငွေရရှိရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း အခက်အခဲများ ရှိနေသည်ဟု သိရသည်။ စစ်ရှောင်စခန်းများအတွင်းမှာပင် အမျိုးသမီးများအနေဖြင့် တနိုင်တပိုင် စက်ချုပ်ခြင်း၊ အိမ်တွင်းသုံး ဆပ်ပြာရည်ပြုလုပ်ခြင်း၊ ပိုက်ခြင်းယက်ခြင်း၊ လက်ယက္ကန်းယက်ခြင်း ၀က်မွေးမြူခြင်း စသည့် လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရန် လုပ်ကိုင်နေကြသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကုန်ကြမ်းမှာယူရသည့် အခက်အခဲများ အပြင် ထုတ်ကုန်များကို ဈေးကွက်ထိ တင်ပို့ ရောင်းချနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ မသန်စွမ်းသူများ စုပေါင်း ထုတ်လုပ်သော ပန်းတိုင်ဆပ်ပြာရည် ထုတ်လုပ်သူများထဲတွင် ပါဝင်သူ ဒေါ်ခေါန်နန်က “ဒီဆပ်ပြာကို ကျမတို့ မသန်စွမ်းတဲ့ အမျိုးသမီး ၃ ယောက်၊ ယောက်ျား ၃ယောက်နဲ့ အတူပေါင်းလုပ်တယ်။ ကျမတို့ မသန်စွမ်းတွေမှာ နာတာရှည်၊ အသက်ကြီးတဲ့သူတွေရော ရှိတယ်။ ကုန်ကြမ်းမှာတာက ရန်ကုန်ဘက်ကို မှာရတာဆိုတော့ ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။ အဆိုပါ ဆပ်ပြာရည်ထုတ်လုပ်နိုင်ရန် ၂၀၁၉ ဇွန်လအတွင်းက KBC အသင်းတော် မသန်စွမ်း စောင့်ရှောက်ရေး အဖွဲ့အစည်းများမှ သင်တန်းပေးခဲ့ပြီး ယခု ၄ လ အတွင်း ဖောက်သည်ချရောင်းချနိုင်ပြီ ဟု သိရသည်။ စစ်ရှောင်စခန်းများတွင် နေထိုင်သော အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ရန်အတွက် KBC ကဲ့သို့သော ဘာသာရေး အဖွဲ့အစည်းများအပါအ၀င် ဂရုဏာ လူမှု စည်းလုံး ညီညွတ်ရေးအသင်း KMSS ကဲ့သို့သော ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက သင်တန်းများပေးကာ … - [ကချင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို မြန်မာစစ်တပ်မှ စစ်ရေးဖြင့် ငြိမ်းခြောက်](https://burmese.kachinnews.com/2019/09/11/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9-%e1%80%bb%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8-%e1%80%86%e1%82%8f%e1%81%b5/): ငြိမ်းချမ်းရေးနှင့် တရားမျှတရေး အတွက် ကချင်လူငယ်များ မြစ်ကြီးနားမြို့တွင် ဆန္ဒပြပွဲပြုလုပ်နေစဉ် ထူးထူးခြားခြား မြန်မာစစ်တပ် တင့်ကားများ ၀င်ရောက်လာခြင်းသည် ‘စစ်အာဏာ’ ပြသခြင်းဖြစ်ကြောင်း ကချင်ပေါင်းစည်းပါတီ က ဝေဖန်လိုက်ပါသည်။ စက်တင်ဘာလ (၉)ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံး အနောက်ဘက်တွင် တတိယမြောက်နေ့ ဆန္ဒပြနေစဉ် စစ်သားများတင်ဆောင်ထားသော တင့်ကားအပါအဝင် စစ်ကား (၁၀)စီးခန့် လှည့်လည်ဖြတ်သွားခြင်းဖြစ်သည်။ “ကျနော်တို့နိုင်ငံဟာ နိုင်ငံရေးယဉ်ကျေးမှု မထွန်းကားသေးဘူးလို့မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးဆိုတာက အရမ်းကိုသိမ်မွေ့တာဖြစ်တယ်။ အခုက စစ်ရေးနဲ့ ဓါးမိုးပြီး အုပ်ချုပ်နေတယ်လို့ မြင်နေရတယ်။ တစ်စုံတစ်ခုဖြစ်လာပြီဆိုရင် တပ်မတော်က အာဏာပြနေတဲ့အပိုင်းတွေဖြစ်နေတယ်။ ဒါမျိုးတွေက အနာဂတ်ဖက်ဒရယ် နိုင်ငံတည်ဆောက်နေတဲ့ အချိန်ဆို လုံးဝ မဖြစ်သင့်ရဘူး” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၏ ယာယီဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဌ ဒူဝါ ကွမ်ဂေါင်အောင်ခမ်း (Duwa Gumgrawng Awng Hkam) က ဝေဖန်ပါသည်။ မြို့ပေါ်အတွင်း ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိသည့် ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်စေသည် သာမက ပြည်သူလူထုကို ခြိမ်းခြောက်မှုများ ဖြစ်စေသည်ဟုလည်း မြစ်ကြီးနားမြို့အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေကွန်ရက် (KDNG)မှ ဦးစာဂျီး (Tsaji)က ယခုလို သုံးသပ်ပါသည်။ “မြို့အတွင်း တင့်ကားတွေ ရောက်လာတော့ ပြည်သူလူထုအတွက် စဉ်းစားစရာတွေ ဖြစ်လာခဲ့သလို အလန့်တကြားဖြစ်သွားခဲ့တယ်။ တက်ဖက်ကကြည့်မယ်ဆိုရင်လည်း ပြည်သူလူထုကို ခြိမ်းခြောက်မှုများ ဖြစ်နိုင်မလား။ နောက်ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ကြည့်မယ်ဆိုရင်လည်း တွေဖယ်မှုတွေဖြစ်စေတယ်။ တကယ့်ငြိမ်းချမ်းရေးကို လိုချင်နေတာကောဖြစ်ရဲ့လား။ ပြည်သူလူထုက မေးခွန်းတွေ ထုတ်လာနိုင်တယ်” ဟု သူက ဆိုပါသည်။ တပ်မတော်ဘက်ကနေ … - [ဆန္ဒပြဦးဆောင် လူငယ် ၂ ဦးကို ငွေဒဏ် ၂ သောင်းဖြင့် အမိန့်ချ](https://burmese.kachinnews.com/2019/09/10/%e1%80%86%e1%82%8f%e1%81%b5%e1%80%bb%e1%80%95%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9-%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9-%e1%81%82-%e1%80%a5%e1%80%ae/): ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုမိန့်ထက် ပိုလွန်ကာ စာသားအပို ကိုင်ဆောင်ခြင်းနှင့် လာရောက်ဝန်းရံသူများ၏ တီရှပ်အကျီ တို့ကြောင့် တာဝန်ခံ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ယနေ့မြစ်ကြီးနား မြို့နယ်တရားရုံးတွင် တစ်ဦးလျှင်ငွေဒဏ် ၂သောင်းစီဖြင့် အပြီးသတ်စီရင်ခဲ့ပါသည်။ ကချင်စစ်ရှောင်များ၏ ခံစားချက်ကို ထုတ်ဖော်ခြင်းနှင့် တရားစီရင်မှု မမျှတမှုကို မီးမှောင်းထိုးပြသည့် ဆန္ဒဖော်ထုတ်ပွဲကို မြစ်ကြီးနားတွင် ၃ ရက်သာ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့တွင် စာသားအပိုကိုင်ဆောင်မှု ၊ စက်တင်ဘာ ၉ ရက်နေ့တွင် လာရောက်ဝန်းရံသည့် ရန်ကုန်လူငယ်အဖွဲ့ ဝတ်ဆင်လာသော စာသားပါ တီရှပ်ဝတ်ဆင်သည့်အမှုတို့ဖြင့် မြို့နယ် ရဲမှူး မြင့်မိုး မှ တရားလိုပြုကာ အရေးယူခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ Nhkum La Nu (ကိုလနူး) နှင့် Malang Hka Mai (ဒေါ်မလန်ခါးမိုင်) တို့ ၂ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ နှစ်မှုဖြင့် ယနေ့ စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ “ဆန္ဒပြပွဲက ပြည်သူလူထုရဲ့ထောက်ခံမှုက အများကြီးရခဲ့ပါတယ်။ အဲ့မှာ ပြည်သူလူထုတွေကလည်း လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး ခံစားနေတာကို တွေ့မြင်ခဲ့ရပါတယ်။ အားလုံးက ဖိနှိပ်ခံနေရတယ် ဆိုတာကို ပိုသိသွာတယ်။”ဟု ကိုလနူးက ပြောဆိုသွားပါသည်။ လူငယ်များ၏ ၃ ရက်သာ ဆန္ဒပြပွဲကို မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၅ ၊ ၆၊ ၉ စသည့်နေ့ရက် များတွင် ပြုလုပ်သွားခဲ့ပါသည်။ ကချင်စစ်ရှောင်အရေးတေးသရုပ်ဖော်မှုကြောင့် … - [မြောက်ပိုင်းအဖွဲ့တစ်ဖက်သတ်အပစ်ရပ်ထားချိန်တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2019/09/10/%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%96%e1%80%bc%e1%80%b2%e1%82%95%e1%80%90%e1%80%85%e1%80%b9%e1%80%96%e1%80%80/): မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သတ် အပစ်ခတ်ရပ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည့် စက်တင်ဘာလ (၉)ရက် နေ့မှာပဲ မြန်မာအစိုးရတပ်နှင့်တိုက်ပွဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး တစ်နာရီခန့် ဖြစ်ပွားခဲ့သည်။ Dah Shi Hpang Wawm (ဒါရှီးဖန်ဝေါမ်) ဆိုသည့် ရွာနား ညီနောင်မဟာမိတ် (၃)ဖွဲ့ခေါ် တအာင်း TNLA၊ ကိုးကန့် MNDAA နှင့် ရခိုင် AA တပ်ပေါင်းစုကို မြန်မာစစ်တပ်မှ လိုက်လံပစ်ခတ်မှုကြောင့် အချိန် ၁နာရီခန့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများဆိုသည်။ “ဒီကနေ့ ၁၂နာရီခန့်မှာ ကွတ်ခိုင် အလွန် Dah Shi Hpang Wawm ရွာနားမှာ မြန်မာစစ်တပ်တွေ လိုက်လာပြီး မဟာမိတ်တပ်တွေကို လာပစ်ခတ်လို့ တိုက်ပွဲမှာ ၁နာရီခွဲလောက်ထိ ဖြစ်ပွားခဲ့တယ်” ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ မြောက်ပိုင်းအဖွဲ့ မဟာမိတ် (၃)ဖွဲ့ က တစ်လတာ တစ်ဖက်သတ် အပစ်ခတ်ရပ်ထားခြင်းကို စက်တင်ဘာ (၉)ရက်မှ အောက်တိုဘာ (၈)ရက်နေ့ အထိ ပြုလုပ်ထားပါသည်။ သို့သော်လည်း မြန်မာအစိုးရတပ်က မဟာမိတ်တပ်များကို စစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လာမည် ဆိုပါက “မိမိကိုယ်မိမိ ခုခံကာကွယ်သောအနေအထားမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်း” သတိပေး ထုတ်ပြန်ထားပါသည်။ စက်တင်ဘာ (၇)ရက်၊ စနေနေ့က တပ်မတော် စစ်အင်အား ကား (၇၀)ကျော်သည် ကွတ်ခိုင် ဘက်ကို တက်လာကြောင်း ဒေသခံများမှသိရသည်။ သြဂုတ်လ (၁၅)ရက်မှ … - [ကချင်အသင်းတော် ခေါင်းဆောင်ပေါ် တရားစွဲရန် ပြင်ဆင်မှု မြန်မာစစ်တပ် ပြန် ရုတ်သိမ်း](https://burmese.kachinnews.com/2019/09/09/kbc-%e1%80%a5%e1%80%80%e1%81%a0%e1%80%8c-%e1%80%86%e1%80%9b%e1%80%ac%e1%80%86%e1%80%99%e1%80%b9%e1%80%86%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%95%e1%80%b9%e1%80%99/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson အား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် တပ်မတော်မှ တရားစွဲဆိုရန် မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားမှု ကို စက်တင်ဘာ (၉)ရက် ယနေ့ ပြန်လည် ရုတ်သိမ်းသွားကြောင်း သိရသည်။ မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က တရားလိုပြုကာ Rev. Dr. Hkalam Samson ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ အရ အရေးယူပေးရန် သြဂုတ်လ (၂၆)ရက်နေ့ ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်။ တရားလို ဒုတိယမှူးကြီး သန်းထိုက် က သူ၏ သဘောဆန္ဒအရ တရားစွဲဆိုပေးရန်လျှောက်ထားမှုကို လာရောက်ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ်တရားသူကြီး ဦးသန်းထွန်း က ယခုလိုထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ “ကျနော်တို့ အနေနဲ့ လျှောက်ထားစွဲဆိုထားမှုကို ၂၀၁၉ခုနှစ် ရာဇဝတ်ကြီးမှု အမှတ်(၂၁၈၇) အမှုနဲ့ လက်ခံ စစ်ဆေးထားခြင်းဖြစ်ပါတယ်။ အဲ့ဒါကို ဒီ ယနေ့ (စက်တင်ဘာ ၉) မှာတော့ အမှုလျှောက်ထားသူ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ အမှုကို ကျေအေးပေးပါရန် ပြန်ပြီးလျှောက်လာတယ်။ ဒါကြောင့် ကျနော်တို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၃၄၅(၁)အရ ကျေအေးပေးပြီး ၃၄၅(၆)အရ စွတ်စွဲခံရသူကို အမှုကနေ ပြီးပြတ်လွတ်ပေးလိုက်တယ်။ တရားလိုဘက်မှ ဆန္ဒအရပါဘဲ” ဟု မြို့နယ်တရားသူကြီး ဦးသန်းထွန်း က ထုတ်ပြန်ပြောဆိုခဲ့သည်။ တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုကို ရုတ်သိမ်းလိုက်သည့်အပေါ် တပ်မတော်နှင့် ပြည်သူကြား ပုံမှန်တရားစွဲဆိုမှုတွေရှိနေသည့်အတွက် တပ်မတော်ဘက်မှ ကောင်းသောဘက်ကို … - [တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးသော ကချင်လူငယ် ထောင် ၃လ ချခံရ](https://burmese.kachinnews.com/2019/09/06/%e1%80%80%e1%80%af%e1%80%ad%e1%80%b1%e1%80%95%e1%80%ab%e1%80%9c%e1%80%af%e1%80%b1%e1%80%91%e1%80%ac%e1%80%84%e1%80%b9-%e1%81%83-%e1%80%9c%e1%80%81%e1%80%ba%e1%80%81%e1%80%b6%e1%80%9b/): ထောင်ဒဏ် ၁၅ရက် ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးခဲ့သော ကချင်လူငယ် ကိုပေါလုကို မြစ်ကြီးနား မြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် ၃လ ထပ်မံ ချမှတ် လိုက်ပါသည်။ လမ်းဘေးတေးသရုပ်ဖော်ပြမှုနဲ့ပတ်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့၂ဦးကို ယခုအပတ် တနလာင်္နေ့ ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြစ် ကိုပေါလု က တရားသူကြီး ဦးသန်းထွန်းအား ချိန်ခွင်ပျက် ပေးခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့် တရားစီရင်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် နှောက်ယှက်စော်ကားမှု ရာဇသတ်ကြီး ပုဒ်မ ၂၂၈ဖြင့် အရေးယူပေးရန် တရားသူကြီး ဦးသန်းထွန်း တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို ယနေ့ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါသည်။ “စက်တင်ဘာလ ၂ ရက်နေ့မှာ ကျနော်တို့ကို အမိန့်ချတယ်ပေါ့နော်။ ဒီအမိန့်ချလိုက်တဲ့အပေါ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရား မှားယွင်းနေပါတယ်ဆိုပြီး ကျနော်တို့က ခံယူတဲ့အတွက် တဖက်မှာလည်း မြန်မာနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုလုံး ယိုယွင်းပျက်စီးနေပါတယ်ဆိုတာ တစ်တိုင်းပြည်လုံးသိတယ်။ ဒါကို ကျနော်တို့ ပြည်သူများ သိရှိအောင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ သိရှိအောင် ဒီလုပ်ရက်ကို ကျနော် လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်။” ဟု ထောင်ဒဏ် ချမှတ်ခံရသော ကိုပေါလု တရားရုံးရှေ့တွင် ပြောဆိုခဲ့ပါသည်။ ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ဥပဒေပြဌာန်ချက်အရ ပြစ်ဒဏ်ချမှတ်ရာတွင် ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် ချမှတ်နိုင်သည်ဖြစ်သော်လည်း ရွေးချယ်ပိုင်ခွင့်မရှိဘဲ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့စွာလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ကချင်တစ်မျိုးသားလုံးဆိုင်ရာလူငယ်များ သမဂ္ဂ AKYU မှ ကိုလွမ်းဇောင်း က ယခုလိုပြောဆိုထားသည်။ “တရားမျှတမှု … - [အစိုးရ နှင့် တိုင်းရင်းသား တပ်များ နိုင်ငံတကာစစ်ဥပဒေ လိုက်နာရန် တောင်းဆို](https://burmese.kachinnews.com/2019/09/06/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%9e/): လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွင်ပါဝင်ပတ်သက်နေသော မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့် မြန်မာအစိုးရတပ် တို့က ပြည်သူလူထုကို အကာကွယ်ပေးသည့် နိုင်ငံတကာစစ်ဥပဒေကို လိုက်နာရန် ပြည်တွင်းလူမှုအဖွဲ့အစည်းများ တောင်းဆိုလိုက်ပါသည်။ သြဂုတ်လ (၃၁)ရက်နေ့ ကွတ်ခိုင်မြို့အနီးတိုက်ပွဲတွင် မော်ဟစ်(Mawhik) ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၂)ဦး အပါဝင် ကချင်ရွာသား (၅)ဦး သေဆုံးခဲ့သည်။ အဖွဲ့အစည်း ၃၀၀ ကျော် ထောက်ခံပါဝင်သော အဆိုပါတောင်းဆိုမှုတွင် “တိုက်ပွဲများအား ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများအား လမ်းဖွင့်ပေးရန် နှင့် သံတမန်ရေးရာလမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာရန်၊ နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာအစိုးရ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားတိုက်တွန်းရန် နှင့် အများသုံး လမ်းများဖွင့်ပေးရန်” စသည့် (၅)ချက်ကို တောင်းဆိုခဲ့သည်။ “နှစ်ဖက်စလုံးကို ပြောချင်တယ်။ စစ် မဖြစ်ပေမယ့် လေယာဉ်ပျံတွေနဲ့ ပစ်နေလို့ စစ်ရှောင်တွေ ထပ်ပေါ်လာတယ်။ မော်ဟစ်မှာ ကလေး ၂ ဦး အပါအဝင် ၅ ဦးသေတယ်။ ပြီးတော့ ပြည်ထောင်စုလမ်းမပေါ်မှာလည်း ကားတွေ မီးရှို့ထားတယ်။ လူထုထိခိုက်စေမယ့်အရာ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် ဒီစည်းကမ်းလိုက်နာဖို့နဲ့ အပစ်ရပ်ဖို့ တိုက်တွန်းတာဖြစ်တယ်” ဟု ရှမ်းမြောက်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (HST-NSS)မှ ဆရာမ Mai Mai (မိုင်းမိုင်) ပြောပါသည်။ နိုင်ငံတကာစစ်ပွဲနှင့် ပြည်တွင်းစစ်များကို လွမ်းခြုံသည့် ဂျီနီဗာပြဌာန်းချက်တွင် မြန်မာနိုင်ငံသည် လက်မှတ်ရေးထိုးထားသော်လည်း ထိုဥပဒေနှင့်အညီ စစ်ဘက်ဆိုင်ရာ ဥပဒေပြဌာန်းခြင်း မရှိသေးပါ။ သို့သော်လည်း ပြဌာန်းချက်ကို … - [စစ်ရှောင်များ၏ ခံစားချက်ကို ဖော်ထုတ်သည့် ၃ ရက်ကြာဆန္ဒပြပွဲ စတင်ပြုလုပ်](https://burmese.kachinnews.com/2019/09/05/%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%ba%e1%80%80/): စစ်ရှောင်အရေးလှုပ်ရှားသူ ကချင်လူငယ်ခေါင်းဆောင် ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည့် တရားစီရင်မှုသည် မျှတမှုမရှိကြောင်း ကချင်လူငယ်များ၏ ၃ ရက်သာ ဆန္ဒဖော်ထုတ်ပွဲ ယနေ့ မြစ်ကြီးနားမြို့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ယနေ့ ပထမနေ့ အဖြစ် ဗိုလ်ချုပ်ကြေးရုပ်တု ပန်ခြံရှေ့၊ စက်တင်ဘာလ ၆ရက်နေ့တွင် MPT ဖုန်းရုံးရှေ့ နှင့် စက်တင်ဘာ ၉ ရက်နေ့တွင် မြို့နယ်တရားရုံးရှေ့ စသည့် ၃ နေရာတွင် ၃ ရက် ပြုလုပ်သွားရန် စီစဉ်နေကြကြောင်း ဦးဆောင်သူများထံမှ သိရပါသည်။ “စစ်ရှောင်တစ်ဦးအနေနဲ့ပြောရမယ်ဆိုရင် လက်ရှိအစိုးရကို အယုံအကြည်နည်းပါးလာတယ်။ အမြဲတမ်းဖိနိပ်နေတယ်လို့ မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်လုပ်ဆောင်တဲ့တိုင်းမှာ သူတို့က တရားစွဲလိုက်။ ပြီးရင်ထောင်ချလိုက်။ ဒီလိုနဲ့ဘဲ လုပ်ဆောင်နေတယ်။ အဲ့ကြောင့် ရတဲ့နည်းလမ်းနဲ့ ဆန္ဒဖော်ထုတ်ရတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦး Nhkum La Nu (အင်ခွမ်လနူး) ပြောဆိုခဲ့သည်။ ဆန္ဒဖော်ထုတ်သော လူငယ်များက ‘IDP များ၏ ဘဝမှန်တေးသရုပ်ဖော်ခြင်းအား ပြစ်ဒဏ်ပေးခြင်း မလိုမရှိ..အလိုမရှိ၊ စစ်ကိုမုန်းသည် ၊ ပြည်သူသည် စစ်၏ ဓားစာခံမဟုတ်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရေး၊ မတရားသဖြင့်တရားစီရင်သော တရားသူကြီး အလိုမရှိ’ စသည့် စာတမ်းများကို ကိုင်ဆောင်ကာ လမ်းဘေးတွင် ကြွေးကြော်ခဲ့ကြပါသည်။ မြို့ပေါ်တွင် နေထိုင်နေသည့် ပြည်သူများအနေနဲ့လည်း စစ်ရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လစ်လျူရှု့နေပါက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိလာမည် မဟုတ်ကြောင်း အစီစဉ် … - [ကချင်စစ်ရှောင်ဘ၀ ဦးဆောင်လှုပ်ရှားသော လူငယ် ၂ဦး ပြစ်ဒဏ် ချ ခံရ](https://burmese.kachinnews.com/2019/09/02/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84/): ကချင်စစ်ဘေး (၈)နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော် လှုပ်ရှားမှု ဦးဆောင်ခဲ့သော ကချင်လူငယ် (၂)ဦးကို စက်တင်ဘာလ (၂)ရက်၊ ယနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၅)ရက် စီရင်ချက် ချလိုက်သည်။ ကို Paw Lu နှင့် မ Seng Nu Pan တို့အား အပြစ်ရှိကြောင်းဝန်ခံလျှင် ငွေဒဏ် ၃ သောင်း၊ အပြစ်မရှိကြောင်းငြင်းဆိုလျှင် ထောင်ဒဏ် (၁၅)ရက် ရွေးချယ်ရန် တရားရုံးမှစီရင်လိုက်ခြင်း အပေါ် လူငယ်ခေါင်းဆောင် (၂)ဦးက အပြစ်မရှိကြောင်း ငြင်းဆိုလိုက်သည်။ “ကျနော်တို့ကို အမိန့်ချခဲ့တာက ထောင်ဒဏ် (၁၅)ရက်နဲ့ ငွေဒဏ် (၃)သောင်း… ဒီ ၂ခု မှ တစ်ခုကိုရွေးချယ်ခိုင်းတယ်။ အဲ့တော့ ငွေဒဏ်ပေးလိုက်မယ်ဆိုရင် အမှု စ စွဲကတည်းက ပေးလိုက်ရင်ပြီးပြီ။ အခုက လုံးဝ အပြစ်မရှိဘူးဖြစ်တဲ့အတွက် (၁)လကျော် ၂လကျော် အချိန်ယူပြီး ထုချေခဲ့တာဖြစ်တယ်။ လမ်းဘေးတေးသရုပ်ဖော်ပြမှုက တကယ်ဘဲ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်တဲ့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်” ဟု ထောင်ဒဏ်ချမှတ်ခံရသော ကချင်လူငယ် ကို Paw Lu ပြောပါသည်။ ၎င်းတို့ (၂)ဦးသည် အပြစ်မရှိ ဟုဆိုကာ ယနေ့အပါအဝင် ရုံးချိန်း စုစုပေါင်း (၁၂)ကြိမ်ဖြင့် သက်သေများနှင့်တကွ ထုချေခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံကိုသွားနေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရန်လိုအပ်သောကြောင့် လူငယ် ၂ ဦးကို ပြစ်ဒဏ်မှ လွှတ်ပေးသင့်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ယာယီဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ Manam Tu Ja … - [မိုးရေကြောင့် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့နေအိမ်များ ရေဝင်](https://burmese.kachinnews.com/2019/09/02/%e1%80%99%e1%80%af%e1%80%ad%e1%80%b8%e1%80%b1%e1%80%9b%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%94/): မြစ်ကြီးနားမြို့တွင် ယမန်နေ့ည မိုးသည်းစွာရွာသွန်းခဲ့တာကြောင့် မြေမြင့်၊ ထွယ်ဆန် နှင့် ယုဇန စသည့် ရပ်ကွက်များရှိ နေအိမ်အချို့တွင် ရေဝင်ရောက်မူရှိနေပြီး သွားလာရေးအထိ ခက်ခဲနေကြကြောင်း ရေဝင်ရောက်မူ ကြုံတွေ့နေကြသည့် မိသားစုများထံမှ သိရသည်။ “ခုအိမ်ထဲထိပါ ရေကဝင်လာပြီ ပိုကြီးလာတယ် လမ်းမှာဆို ခါးလောက်ရှိတယ်။ ဆက်ရွာနေရင်တော့ ဒီမှာနေလို့မရနိုင်တော့ဘူး။ ဆိုပြီး မြေမြင့်ကွက်သစ်မှ ဒေါ်သူဇာက ဆိုသည်။ မိုးရေကြီးမှုကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်အချို့ လမ်း၊ လူနေအိမ်များသို့ ရေဝင်ရောက်ပြီး စာသင်းကျောင်းအချို့လဲ ခေတ္တပိတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ ” အရင်ကဆို မိုးရွာလို့ အိမ်ထဲရေဝင်ပြီဆိုတာနဲ့ အနည်းဆုံး ၄ရက်လောက်တော့ အပြင်ထွက်လို့ မရတော့ဘူး ဒီနှစ်ကတော့ ရေမြောင်းတွေ ဖောက်နေကြပြီဆိုတော့ ဆက်မရွာရင် နက်ဖြန်လောက်ဆို ရေကျသွားလောက်ပြီ” ဟု ဒေါ်မေသူက ပြောသည်။ ဧရာဝတီမြစ်ရေ မြင့်တက်မှု မရှိကြောင်း သိရပါသည်။ မိုးရေကြောင့် လက်ရှိရေဝင်ရောက်မူအများဆုံးမှာ မြေမြင့်ကွက်သစ်တွင် ဖြစ်သည်ဟု သိရပါသည်။ - [မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းခံ ကချင် မုဆိုးမ နေအိမ် အမြန် ပြုပြင်ပေးရန် လိုအပ်](https://burmese.kachinnews.com/2019/09/01/%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9b%e1%82%8a%e1%82%95%e1%80%b1%e1%80%bb/): ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အစိုးရ၏ အောင်မြင်သာစုစည်းရွာသို့ အတင်း ရွှေ့ပြောင်းခံရသည့် မုဆိုးမ တစ်ဦး၏နေအိမ် ဆိုးရွားစွာပျက်စီးနေသောကြောင့် အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်နေကြောင်း ဆိုပါသည်။ အောင်မြင်သာ၊ ရပ်ကွက် (၇)မှ မုဆိုးမ ဒေါ် Hkawn Tawng ၏ နေအိမ်သည် မူလကတည်းက ပျက်စီးနေရာမှ ပြီးခဲ့သည့် မေလ (၁၉)ရက်နေ့မှာ ပြင်းထန်သောလေ တိုက်ခတ်မှုနှင့် ထပ်မံ ကြုံခဲ့ရသောကြောင့် နေထိုင်၍မရအောင် ပျက်စီးရခြင်းဖြစ်သည်။ “အိမ်က နဂိုကနေပျက်စီးနေတာ ကြာပါပြီ။ ဒါပေမယ့် နေလို့မရအောင်တော့ မဖြစ်သေးဘူး။ အခုက နေလို့တောင် မရတော့ဘူး။ ကြားထဲမှာ မိုးရွာရင်ပိုဆိုးတယ်။ အိပ်လို့တောင်မရဘူး။ အဲ့တော့ လူကြီးတွေကို တင်ပြတော့ လက်သမားတွေနဲ့ပြန်ပြင်ပေးမယ်လို့ပြောတယ်။ နောက် လက်သမားတွေ ပြန်ပြီး လာကြည့်တော့ အိမ်ကပြင်လို့ မရတော့ဘူးတဲ့။ အစကနေ ပြန်ဆောက်ရမယ်လို့ပြောတယ်။ အခုဆိုရင် ကျမက မုဆိုးမဆိုတော့ အိမ်တစ်လုံးဆောက်ဖို့က အင်အားမရှိဘူး” ဟု ဒေါ် Hkawn Tawng က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် အစိုးရ၏ အဓ္ဓမရွှေ့ပြောင်းခံခဲ့ရသော ဒေသခံကချင်ရွာသားများအတွက် နေအိမ် ၃၀၀ ကျော်ခန့်ကို တရုတ်အစိုးရပိုင် ရေကာတာ ဆောက်လုပ်ရေး ကုမ္ပဏီ (China Power Investment Corporation, CPI)မှ မြစ်ကြီးနားမြို့ မြောက်ဘက် Chying Hkrang ကျေးရွာအနီး ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အထိ ၂နှစ်အတွင်း အပြီးဆောက်လုပ်ပေးခြင်းဖြစ်သည်။ … - [မြန်မာစစ်တပ် ရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ရွာသား (၅)ဦး သေဆုံး](https://burmese.kachinnews.com/2019/08/31/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%80%9b%e1%80%bc%e1%80%ac%e1%80%91%e1%80%b2-%e1%80%9c%e1%80%80%e1%80%b9%e1%80%94%e1%80%80/): အထက်မြန်မာပြည် ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုနှင့် သြဂုတ်လ (၃၁) ရက်နေ့ ဖြစ်ပွားသောတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်မှ ကျေးရွာထဲ ပစ်ခတ်သော လက်နက်ကြီးကြောင့် ကလေးငယ် (၂)ဦး အပါဝင် ကချင်ရွာသား (၅)ဦး သေဆုံးခဲ့သည်။ မော်ဟိတ်ရွာထဲ ကွတ်ခိုင်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၄၁ မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့စဉ် ရွာသား (၅)ဦး သေဆုံးပြီး အခြား (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများဆိုပါသည်။ ရွာထဲကျရောက်ပေါက်ကွဲသော လက်နက်ကြီးကျည် (၃)လုံးအနက် ၁လုံးမှာ လူနေအိမ်ကို ထိမှန်ခဲ့သဖြင့် (၃)ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် နောက်ထပ် (၂)ဦး သေဆုံးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှု အဖွဲ့ဝင်မှ ဆရာမ Mai Mai (မိုင်းမိုင်)ထံမှသိရသည်။ အဆိုပါ ကျေးရွာအနီး နံနက်ပိုင်း (၇)နာရီကျော်ခန့်မှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာချိန် (၁၀)နာရီကျော်ခန့်တွင် လက်နက်ကြီးများ အပြန်အလှန်ပစ်မှု စတင်လာပြီး မြန်မာစစ်တပ်မှ ရွာထဲ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခံခဲ့ခြင်းဖြစ်သည်ဟု ဆရာမ က ဆိုသည်။ လက်နက်ကြီးထိမှန် သေဆုံးသူများမှာ ဒေါ် Htoi Ja (အသက် ၃၅ နှစ်)၊ မ Lu San (အသက် ၁၈နှစ်)၊ မ Nang Mun Pan (အသက် ၁၄ နှစ်)၊ မောင် Zau … - [တရုတ်နိုင်ငံသား ၃ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး](https://burmese.kachinnews.com/2019/08/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8-%e1%81%83-%e1%80%a5%e1%80%ae%e1%80%b8%e1%80%80%e1%80%af%e1%80%ad/): ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သောကြောင့် လ.ဝ.က ဥပဒေဖြင့် အရေးယူထားသော တရုတ်နိုင်ငံသား ၃ဦးကို သြဂုတ်၂၈ ရက်နေ့ ပြည်နှင်ဒဏ် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံသား ၃ဦးကို သြဂုတ်လ ၁၅ရက်နေ့ ဝိုင်းမော်မြို့နယ်တရားရုံးမှ ငွေဒဏ် ၅သိန်းစီချမှတ်ခဲ့ပြီး သြဂုတ်လ ၂၈ရက်နေ့တွင် ပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ပြည်နှင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် လူဝင်ကြီးကြပ်ရေးဌာနမှ ဆရာအားဆီထံမှ သိရပါသည်။ ဝိုင်းမော်မြို့ ရပ်ကွက် ၃ ‘ရှမ်းနန်’အမည်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တရုတ်နိုင်ငံသား အမျိုးသမီး ၁ဦးနှင့် ၎င်းဆိုင်အနီး ကပ်ရပ် သစ်သျှူးငှက်ပျောစိုက်ပျိုးခင်းသုံး ပစ္စည်းရောင်းချပေးနေသောဆိုင်မှ အမျိုးသား ၂ဦး တို့ကို လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် သြဂုတ်လ(၁၄)ရက်နေ့ ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် လွန်ခဲ့ ဇွန်လအတွင်း ပြည်နှင်ဒဏ်ပေးခံရသော်လည်း တရားမဝင်ပြန်လည်ဝင်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးကိုလည်း သြဂုတ် ၂၇ ရက်နေ့ ငွေဒဏ် ၈ သိန်း ထပ်မံ ချမှတ်လိုက်ကြောင်း သိရပါသည်။ - [KBC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် ကို အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယဗိုလ်မှူးကြီးတစ်ဦးမှ တရားစွဲထား](https://burmese.kachinnews.com/2019/08/27/kbc-%e1%80%a5%e1%80%80%e1%81%a0%e1%80%8c-%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%81%e1%80%9c%e1%80%99%e1%80%b9%e1%80%86%e1%80%99%e1%80%b9%e1%80%86%e1%80%bc%e1%80%94/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရ ဆရာခလမ်ဆမ်ဆွန်ကို တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်မှ တရားစွဲဆိုထားကြောင်း သိရပါသည်။ သြဂုတ် ၂၆ ရက်နေ့ ရက်စွဲဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်း ဖြစ်ပြီး ၄င်းအတွက် စက်တင်ဘာ ၉ ရက်နေ့ စစ်ဆေးချက်ကို အမိန့်ချမည်ဖြစ်ကြောင်း သိရပါသည်။ မြန်မာပြည်မှာ စစ်တပ်က ခရစ်ယာန်ဘာသာရေးကို ဖိနှိပ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဆရာဆမ်ဆွန်က ဇူလိုင် ၁၈ ရက်နေ့ သမ္မတ အိမ်ဖြူတော်မှာ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တရားစွဲဆိုထားခြင်းကိစ္စကို မသိရှိရသေးကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူများထံမှ သိရပါသည်။ - [ကချင်စစ်ဘေး ၈ နှစ်ပြည့် တေးသရုပ်ဖော်လူငယ် ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ အမိန့်ချမည်](https://burmese.kachinnews.com/2019/08/26/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%98%e1%80%b8-%e1%81%88-%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b7/): ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော် ဦးဆောင်မှုကြောင့် တရားစွဲခံထားရသော လူငယ်ခေါင်းဆောင် ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရပါသည်။ ယနေ့ ၁၁ ကြိမ်မြောက် ရုံးချိန်းတွင် လျှောက်လဲချက်တင်ခဲ့ပြီး လာမယ့်အပတ်တွင် အပြီးသတ် အမိန့်ချရန် ရုံးချိန်းပေးလိုက်ကြောင်း တရားစွဲခံထားရသော မဆိုင်းနူးပန် ပြောပါသည်။ “ဒီနေ့တော့ အဓိက လျှောက်လဲချက် တင်တာပဲရှိတယ်။ တရားသူကြီးက ကျမတို့အမှုကို တစ်ခါတည်း အမိန့်မချဘဲ အဲဒါကို ဖတ်ပြီးမှ လာမယ့်အပတ် စက်တင်ဘာ ၂ရက်နေ့ အမိန့်ချဖို့ ရုံးချိန်းလိုက်ပါတယ်။” ဟုပြောပါသည်။ ဇွန်လ ၉ ရက်နေ့ ကျရောက်သော တစ်ကျော့ပြန် ကချင်စစ်ဘေး ၈ နှစ်ပြည့်နေ့မှာ မြစ်ကြီးနားမြို့ လူစည်ကားရာ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင် စသည့်နေရာ ၂ ခုတွင် စစ်ရှောင်လူငယ်တွေက ခံစားချက် တေးသရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။ ထိုအစီစဉ်အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလု နှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ ယာယီရဲမှူး မင်းသန့်ဇော် မှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ပါသည်။ - [လူမှုသဟဇာတ မြှင့်တင်ခြင်း စကားဝိုင်း မြစ်ကြီးနားမှာ ပြုလုပ်](https://burmese.kachinnews.com/2019/08/26/%e1%80%9c%e1%80%b0%e1%80%99%e1%82%88%e1%80%9e%e1%80%9f%e1%80%87%e1%80%ac%e1%80%90-%e1%80%bb%e1%80%99%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/): မတူညီသော လူမျိုးဘာသာအချင်းချင်းကြား လူမှုသဟဇာတ ပိုမိုရှိလာစေရန် “ငြိမ်းချမ်းရေးအတွက် လူမှုသဟဇာတဖြစ်ခြင်းအား မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၂၆၊ ယနေ့ မြစ်ကြီးနားမြို့ Cartel Hotel တွင်ပြုလုပ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေသည့်အပြင် လူမျိုးအချင်းချင်း မညီမညာ ပဋိပက္ခများ များပြားလာသောကြောင့် အချင်းချင်းသဟဇာတ အားနည်းလာသည့် အပေါ် ပြန်လည် ကုစားနိုင်ရန် စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်သည်ဟု Naushawng Development Institute မှတာဝန်ရှိသူ ဆရာမ Kumba Roi Nu ကပြောဆိုသည်။ “အခုနောက်ပိုင်းဆိုရင် လူမျိုးအချင်းချင်းမယုံကြည်မှုတွေ၊ နားလည်မှုတွေ မရှိကြတော့ဘူး။ ပြီးရင် ပဋိပက္ခပိုများလာတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေ အဲ့ဒါက လူမျိုးအချင်းချင်း သဟဇာတကို အားနည်း စေတယ်။ ဒါကြောင့် သဟဇာတကိုမြင့်တင်ဖို့က အဓိက ဘယ်လိုခက်ခဲနေလဲ။ ဘယ်လိုပြင်ဆင်ရမလဲ။ အချင်းချင်းနားလည်ဖို့လိုအပ်တယ်” ဟု ဆိုသည်။ လူမျိုးဘာသာအချင်းအချင်းကြား သဟဇာတဖြစ်အောင် တည်ဆောက်ရာတွင် လက်ရှိချမှတ်ထားသည့် မူဝါဒ ဥပဒေက ယုံကြည်မှုကို ပျက်ပြားစေမှု ရှိမရှိ အားနည်းချက်များကို ဆန်းစစ်ရမည်ဖြစ်သည်ဟု စကားဝိုင်းဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့သော ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation)မှ Maran Jaw Gun ကယခုလိုပြောဆိုထားပါသည်။ “ကျနော်တို့ အချင်းချင်း သဟဇာတကိုတည်ဆောက်မယ်ဆိုရင် လက်ရှိပြဌာန်ထားတဲ့ မူဝါဒ ဥပဒေတွေက လူမှုသဟဇာတကို ဘယ်လောက်ထိပျက်ပြားစေသလဲ။ ဒါမှမဟုတ် အားနည်းစေတဲ့ အချက်တွေကို ပြန်ဆန်းစစ်ရမယ်ဖြစ်တယ်။ နောက်ပြီးရင် ရှိနေတဲ့ မူဝါဒတွေကို ပြန်ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်ဖြစ်တယ်။ ပြီးရင် လူမျိုးအချင်းချင်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ သူတို့တန်ဖိုးထားတဲ့ အရာတွေ၊ … - [၀ိုင်းမော်မြို့တွင် တရားမ၀င် ဆိုင်ဖွင့်သော တရုတ် (၃)ဦးကို ငွေဒဏ် စီရင်](https://burmese.kachinnews.com/2019/08/23/%e1%81%80%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%90%e1%80%9b%e1%80%ac/): ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ခွင့်ပြုချက်မရှိဘဲ ပစ္စည်းအရောင်းဆိုင်များ ဖွင့်သော တရုတ်နိုင်ငံသား (၃)ဦးကို သြဂုတ်လ (၁၅)ရက်နေ့ ဝိုင်းမော်မြို့နယ်တရားရုံးမှ ငွေဒဏ် (၅)သိန်းစီ အပြီးသတ် ပစ်ဒဏ်ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စည်းကမ်းဖောက်ဖျက်သော နိုင်ငံခြားသားများကို ငွေဒဏ် ကျပ် (၁၀)သိန်းထိ ချမှတ်ခွင့်ရှိသော်လည်း လက်ရှိ ဝိုင်းမော်မြို့နယ်တရားရုံးမှ ပုံမှန် (၅)သိန်းအောက် စီရင်နေခြင်းပေါ် အားရကျေနပ်မှုမရှိကြောင်း လူဝင်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦး အားဆီ ကပြောသည်။ “ကျနော်တို့ လ.ဝ.က အပိုင်းအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ဘက်မှာလည်း ဥပဒေရှိသေးတယ်။ မတိကျ မသေချာဘဲနဲ့ အိမ်တစ်အိမ်ကို ဝင်ခွင့်တောင်မရဘူး။ ဝင်လိုက်လို့ တရုတ်နိုင်ငံသား မရှိဘူးဆိုရင် ပြဿနာတွေ ထ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ဥပဒေမှာ တင်ပြထားတဲ့အတိုင်း ဆောင်ရွက်စေချင်တယ်” ဟု သူကဆိုသည်။ ဝိုင်းမော်မြိ့အတွင်း ရပ်ကွက်(၃)မှာ ‘ရှမ်းနန်’ အမည်ရှိ ကား ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တရုတ်အမျိုးသမီး(၁)ဦး နှင့် ၎င်းဆိုင်အနီးကပ်ယက် သစ်သျှူးငှက်ပျော စိုက်ပျိုးခင်းအတွင်း အသုံးပြုပစ္စည်းရောင်းချပေးနေသောဆိုင်မှ တရုတ်အမျိုးသား (၂)ဦး၊ စုစုပေါင်း (၃)ဦးတို့ကို လ.ဝ.က ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် သြဂုတ် (၁၄)ရက်နေ့ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးအရေးယူခံထားရသော တရုတ်နိုင်ငံသား (၃)ဦးကို လ.ဝ.က အဖွဲ့မှ ပြည်နှင်ရန် ပြည်နယ်အစိုးရက ညွန်ကြားလာခြင်းမရှိသေးသောကြောင့် လက်ရှိ ဝိုင်းမော်မြို့နယ်ရဲစခန်း တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။ - [ကချင်စစ်ရှောင်များ ရှေ့ရေး KBC နှစ်ခြင်းအဖွဲ့ချုပ် ဆွေးနွေး](https://burmese.kachinnews.com/2019/08/22/%e1%80%80%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9b%e1%80%bd%e1%82%95/): ကချင်ပြည်နယ်က ၈ နှစ်ကြာ စစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က သက်ဆိုင်သော စစ်ပြေးဒုက္ခသည်စခန်း ခေါင်းဆောင်များနှင့် ၂ ရက်သာ တွေ့ဆုံဆွေးနွေး ခဲ့သည်။ သြဂုတ် (၁၉) နှင့် (၂၀)ရက်အတွင်း KBC အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး လက်ရှိ စစ်ရှောင်များတွင် အမြင်မတူဖြစ်သော နေရပ်ပြန်ရေး မပြန်ရေး အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ဟု KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ Sara Hkali (ဆရာခါးလီ)ပြောပါသည်။ “စစ်ရှောင် ၈ နှစ်ကျော်လာတဲ့အချိန် ရှေ့ဆက်ဘယ်လိုသွားကြမလဲ ဆွေးနွေးပါတယ်။ အခုလက်ရှိမှာ တချို့က ပြန်ချင်လို့ ပြန်သွားကြပြီ။ တချို့ကတော့ အဖွဲ့အစည်းတစ်ခုခု ဦးဆောင်းပြီး အာမခံရှိရှိ နေရပ်ပြန်ဖို့ လုပ်မှာဘဲလို့ စောင့်ဆိုင်းနေကြတယ်။ ပြီးတော့ နေရပ်ပြန်ဖို့ မသင့်တော့ဘူး ဒီမှာ ဆက်နေထိုင်သွားတော့မယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်” ဟု ပြောဆိုသွားပါသည်။ ထို့ပြင် လက်ရှိ ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေသလို ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲ ပြန်လည် ပြင်းထန်လာလျှင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း တိုင်ပင်ထားသည်ဟု ထပ်မံ ပြောဆိုပါသည်။ အဆိုပါ ၂ ရက်သာ ပြုလုပ်သည့် ကချင်စစ်ရှောင်များ၏ ရှေ့ရေးဆွေးနွေးပွဲကို ပြည်နယ်အတွင်း နေရာအနှံ့မှ စစ်ရှောင်စခန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ပြောပါသည်။ လက်ရှိတွင် ကချင်စစ်ရှောင်အားလုံး နေရပ်ပြန်နိုင်ရန် ကချင်ခရစ်ယာန်အသင်းတော်ပေါင်းစုံ ပါဝင်သော ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC နှင့် အစိုးရပြန်လည်နေရာချထားရေးအဖွဲ့တို့ ဆွေးနွေးနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ဇူလိုင်လတွင် နေပြည်တော်၌ နောက်ဆုံး တွေ့ဆုံခဲ့သည်။ ၄င်းဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြသည့် … - [ရှမ်းမြောက် စစ်ပြေးဒုက္ခသည်များ အရေးပေါ် အကူညီလိုအပ်](https://burmese.kachinnews.com/2019/08/21/%e1%80%9b%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9-%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%92%e1%80%af%e1%80%80%e1%81%a1/): ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ ပြန်လည်ပြင်ထန်းလာသောကြောင့် စစ်ပြေးဒုက္ခသည် သစ် လူဦးရေတိုးလာပြီး အရေးပေါ်အကူများလိုအပ်နေကြောင်း သိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများ နှင့် မိမိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး ၎င်းတို့အတွက် အစားအသောက် နှင့် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းပြည်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းရေးကော်မတီမှ တာဝန်ရှိသူ Hkawng Dau (ဦးဟောင်းဒေါင်)က ယခုလိုပြောဆိုသည်။ “အခုချိန်မှာ အကူအညီတွေက အများကြီးလိုအပ်နေတယ်။ ပြောရမယ်ဆို အဓိကတော့ အစားအသောက်ပေါ့။ နောက်သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်။ ကူညီရေးအဖွဲ့ တွေကလည်း အခုထိသိပ် မတွေ့ရသလောက်ဘဲ။ တစ်ချို့ဆို ဘာအကူအညီ မှမရသေးတာကပိုပြီးများ နေတယ်” ဟု သူကဆိုသည်။ ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများတွင် စစ်ရှောင် လူဦးရေ ဆက်လက်တိုးလာနေဆဲ ဖြစ်သောကြောင့် အစားအသောက်များ နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရပါသည် သြဂုတ်လ (၁၅)ရက်မှစပြီး ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ လားရှိုး၊ မူဆယ်လမ်းတစ်လျှောက် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ကြား တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသောကြောင့် စစ်ဘေးပြည်သူများ ၇၀၀ ကျော်ခန့်က ကွတ်ခိုင်မြို့သို့ ထွက်ပြေး တိမ်းရှောင် လာကြောင်း ဦး Hkawng Dau ပြောပါသည်။ - [ဟူးကောင်းချိုင့်ဝှမ်းဒေသခံများ၏ ‘သွေးစွန်းနေသော’ ပယင်း](https://burmese.kachinnews.com/2019/08/20/%e1%80%9f%e1%80%b0%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%84%e1%80%b9%e1%80%b7%e1%80%9d%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1-2/): ကမ္ဘာ့အဖိုးတန်ရတနာ ပယင်းထွက်ရှိရာ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို မြန်မာ့တပ်မတော်မှ သိမ်းပိုက်လိုက်ခြင်းသည် ၄င်းဒေသရှိ ဌာနေတိုင်းရင်းသားများကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည် ဟု ‘သွေးစွန်းသောပယင်း’ အစီရင်ခံစာတွင် ဖော်ပြလိုက်ပါသည်။ ဤအစီရင်ခံစာအုပ် မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို ဒေသခံများ နှင့် Kachin Development Networking Group (KDNG) တို့ သြဂုတ်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြပါသည်။ “သွေးစွန်းနေတဲ့ ပယင်းမှော်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဘာလို့ဆိုတော့ ကမ္ဘာမှာ အရမ်းအဖိုးတန် ရတနာဖြစ်ပေမယ့် ဒီဟာကို သွေးစွန်းပြီး ရယူကြတယ်။ သွေးမြေကျတဲ့ နေရာ။ ငိုကြွေးသံတွေနဲ့ ပြည့်တဲ့နေရာဖြစ်တယ်” ဟု အစီရင်ခံစာကို ထုတ်ဝေသည့် ကချင်လူမှုဖွံ့ဖြိုးရေးကွက်ရက် KDNG မှ ဦး Tsa Ji က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဈေးကွက်တောင်းဆိုမှုအရ မြန်မာ့ဟူးကောင်းချိုင့်ဝှမ်းဒေသ ပယင်းတူးဖော်မှုသည် ၂၀၁၁ မှ ၂၀၁၆ အထိ အမြင့်ဆုံးရှိခဲ့ပြီး မြန်မာပြည် နေရာဒေသစုံမှ ရွှေ့ပြောင်းအလုပ်သမား သောင်းချီ ထိုဒေသသို့ ဝင်ရောက်လုပ်ကိုင်လာခဲ့ကြသည်။ တူးဖော်ရရှိသော ပယင်းများကို မှော်ဒေသမှ တနိုင်းမြို့သို့ စက်လှေဖြင့်သယ်ယူပြီး ထိုမှတဆင့် ကားလမ်းဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ အနည်းအကျဉ်းကိုသာ ပြည်တွင်းနေရာအချို့ ၌ ရောင်းချခဲ့ကြောင်း အစီရင်ခံစာအုပ်တွင် ဖော်ပြထားသည်။ ‘တနိုင်းပယင်းမှော်၊ ရွှေမှော်များအတွင်း အလုပ်လုပ်ကိုင်နေကြသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား အမြန်ဆုံးထွက်ခွာသွားရန် နှင့် မထွက်ခွာပါက KIA အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း’ သတိပေးသည့်စာကို မြန်မာ့တပ်မတော်က၂၀၁၇ ဇွန်လ ၅ … - [ရတနာပုံ အလုပ်သမား (၂)ဦး Sumprabum ကျောင်းဆရာမ ၁ ဦးကို ရိုက်နက်](https://burmese.kachinnews.com/2019/08/19/%e1%80%86%e1%80%bc%e1%80%99%e1%80%b9%e1%80%95%e1%80%9b%e1%80%ac%e1%80%98%e1%80%bc%e1%80%99%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%96%e1%80%af/): ကချင်ပြည်နယ်၊ Sumprabum (ဆွမ်ပရာဘွမ်မြို့ )အစိုးရဝန်ထမ်း ကချင်ကျောင်းဆရာမ (၁)ဦးကို ရတနာပုံ ဖုန်းကုမ္ပဏီမှ အလုပ်သမား (၂)ဦးက ရိုက်နက်မှု သြဂုတ်လ (၁၇)ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ရိုက်နက်ခံရသည့် မိသားစုဝင်ထံမှ သိရပါသည်။ လက်ရှိ Sumprabum အထက်တန်းကျောင်းတွင် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် (၂၆)နှစ်အရွယ်ခန့်ရှိကြသည့် ဆရာမ N’sen Lu Bu (အင်ဆန်းလုဘူ) နှင့် ဆရာမ Nang Lum Aung (နန်လွမ်အောင်) တို့ ၂ဦးသည် စနေနေ့ ကျောင်းပိတ်ရက် ရွာအနီးတစ်မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမနံဘေး တောတစ်နေရာတွင် ဟင်းရှာထွက်နေစဉ် ဆက်သွယ်ရေးဖုန်းကြိုး လိုက်မြုပ်နေသော ရတနာပုံကုမ္ပဏီမှ အလုပ်သမား (၂)ဦးက ဆရာမတစ်ဦး၏ ခေါင်းနောက်စေ့ကို ရိုက်နက်ခဲ့ကြောင်း ရိုက်နက်ခံရသူ၏ ဦးလေးတော်စပ်သူ Slg. N’rang Sam Naw (ဦးအင်ရန်ဆမ်နော်) က ယခုလို ပြောဆိုပါသည်။ “ဖုန်းအလုပ်သမား ၂ ယောက်က ဆရာမနှစ်ယောက် ရှိတဲ့ဘက်ကို လိုက်လာပြီး ဆရာမ N’sen Lu Bu ရဲ့ ခေါင်းနောက်စေ့ကိုရိုက်ပေးလိုက်တယ်။ နောက်အဲ့မှာဘဲ သူက လဲကျသွားတယ်။ သူတို့က ဘာအကြံအစည်ရှိမှန်းလည်း မသိဘူး။ အဲမှာ ကျန်နေတဲ့ ဆရာမ Nang Lum Aung က အော်ငိုပြီး ရဲစခန်းကို ဖုန်းဆက်နေတဲ့အချိန် အဲ့အလုပ်သမား (၂)ဦး ထွက်ပြေးသွားတယ်” ဟု ရိုက်ခံရသည့် ဆရာမ၂ ဦးက ယခုလိုပြောပြကြောင်း ၎င်းက ဆိုသည်။ ဆရာမ ၂ဦး … - [မြန်မာစစ်တပ် တပ်မ(၂)ခုမှ စစ်သားများ ရှမ်းမြောက်သို့ တက်လာ](https://burmese.kachinnews.com/2019/08/19/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%81%82%e1%80%81%e1%80%af%e1%80%99%e1%80%bd/): မြန်မာစစ်တပ် တပ်မ (၄၄) နှင့် တပ်မ (၇၇) စစ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေသို့ ၀င်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။ တနင်္ဂနွေ ညနေပိုင်း လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ ကွတ်ခိုင်ဘက်သို့ တက်လာသော စစ်ကား ၄၀ ကျော်နှင့် သံချပ်ကာကား ၂စီးကို သိန္နီအနီး မြောက်ပိုင်းမဟာတပ်ဖွဲ့မှ တားဆီးပစ်ခတ်ခဲ့ကြောင်းသိရသည်။ “ညနေ ၆နာရီကျော်လောက်မှာ လားရှိုးဘက်နေ တက်လာတဲ့ ကားအစီး ၄၀ ကျော်နဲ့ တင့်ကား ၂စီးကို ခလွမ် နဲ့ နမ်တွန်းကြား ခဏပစ်ခတ်တားဆီးတယ်။ ဒါမဲ့ ကျော်ဖြတ်နိုင်ပြီး အခု သိန္နီ၊ ကျွန်းသစ်တောမှာ ရပ်နေပုံရတယ်။ တပ်မ (၄၄) နဲ့ တပ်မ (၇၇) ဖြစ်တယ်လို့ ထင်ရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ စစ်ရေးလေ့လာသူ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။ မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်များ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုပြီး ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ပတ်ဝန်းကျင်ရှိ မဟာမိတ်အဖွဲ့ ပစ်မှတ်များကို သြဂုတ်လ (၁၈)ရက်နေ့မှစပြီး တိုက်ခိုက်နေကြောင်း ဒေသခံများဆိုပါသည်။ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး (၃)ဖွဲ့ ဖြစ်သော ရခိုင် AA၊ ကိုးကန့် နှင့် တအာင်း(ပလောင်) TNLA ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ်လ (၁၅)ရက်နေ့ မြေမြို့ (ပြင်ဦးလွင်) တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချို မူးယစ်စစ်ဆေးရေးဂိတ် အပါဝင် … - [မူဆယ်လမ်း မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်သမား ၂ ဦးသေဆုံး၊ ၂ဦး ထိခိုက်](https://burmese.kachinnews.com/2019/08/18/%e1%80%99%e1%80%b0%e1%80%86%e1%80%9a%e1%80%b9%e1%80%9c%e1%80%99%e1%80%b9%e1%80%b8-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%80%95/): တိုက်ပွဲ ပြန်လည်ပြင်းထန်လာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်–မူဆယ်လမ်းမပေါ် သြဂုတ် (၁၈)ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်စီးခရီးသွားများကို မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများ ဆိုပါသည်။ နမ်ဖတ်ကာ၊ နမ့်ခိုင်ချောင်းတံတားအနီး အဆိုပါ လူနှစ်ဦးစီနှင့်ဆိုင်ကယ် နှစ်စီးကို မြန်မာစစ်သားများ ရပ်ခိုင်းသော်လည်း မရပ်သောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုရေးကွန်ယက်များတွင် ဖော်ပြပါသည်။ “ဟုတ်ကဲ့ ညနေ ၄နာရီလောက်မှာ ဖြစ်ပျက်တာပါ။ ပစ်ခတ်တာကတော့ နမ်ဖတ်ကာ ခလရ (၁၂၃) တပ် ဖြစ်တယ်လို့ ဆိုကြတယ်” ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ အဆိုပါ လေးဦးသည် ကွတ်ခိုင်မှ မူဆယ်ဘက်သို့တက်လာစဉ် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေကြောင့် ၎င်းတို့ကို လမ်းမပေါ်ရှိ မြောက်ပိုင်းမဟာမိတ်မှ ကိုးကန့် MNDAA တပ်ဖွဲ့များ ဖြတ်သွားခွင့် မပေးသောကြောင့် ပြန်ခေါက်လာစဉ် အစိုးရစစ်သားများ၏ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး (၃)ဖွဲ့ ဖြစ်သော ရခိုင် AA၊ ကိုးကန့် နှင့် တအာင်း(ပလောင်) TNLA ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ်လ (၁၅)ရက်နေ့ မြေမြို့ (ပြင်ဦးလွင်) တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချို မူးယစ်စစ်ဆေးရေးဂိတ် အပါဝင် ပစ်မှတ် (၅)ခုကို တချိန်တည်း တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများသည် အထူးသဖြင့် မြန်မာနိုင်ငံ၏အကြီးဆုံး မန္တလေး–မူဆယ်  တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နောင်ချို၊ ကျောက်မြဲ၊ လားရှိုး၊ ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ဒေသများတွင် … - [စစ်ရှောင်စခန်းပြင်ပ တစ်ညအိပ်ပြန်လာသူများ Quarantine ၁၄ ရက် စောင့်ကြည့်ခံရ](https://burmese.kachinnews.com/2020/04/09/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%95-%e1%80%90%e1%80%85%e1%80%ba/): ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းအချို့တွင် သက်ဆိုင်ရာမှညွှန်ကြားထားခြင်းမရှိသော်လည်း စခန်းပြင်ပသို့ တစ်ညအိပ်ပြီး ပြန်ရောက်လာသူများကို ၁၄ ရက်သီးသန့်ထား စောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။ - [ကိုရိုနာကပ်ရောဂါကြောင့် ဖားကန့် ကျောက်စိမ်းလုပ်ကွက်ချထားပေးမှု ရက်ရွေ့ဆိုင်း](https://burmese.kachinnews.com/2020/04/08/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%80%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7/): ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေတွင် ဒေသခံများအတွက် လက်လုပ်လက်စားလုပ်ကွက်ချထားပေးရန် ဧပြီလတွင် စီစဉ်ထားသော်လည်း Covid-19 ကြောင့် ရက်အကန့်အသတ် ရွေ့ဆိုင်းထားကြောင်း သိရသည်။ - [နိုင်ငံတော်အစိုးရ၏ သင်္ကြန်ကာလ ထောက်ပံ့မှုတွင် ကချင်ပြည်နယ်ရှိ ရွေ့ပြောင်းများပါဝင်](https://burmese.kachinnews.com/2020/04/08/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%81%8f-%e1%80%9e%e1%80%84%e1%80%ba%e1%80%b9/): နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း အခြေခံလူတန်းစာများအတွက် ထောက်ပံ့မည့်အစီစဉ်တွင် မြစ်ကြီးနားမြို့နယ်တွင်းရှိ ဒေသခံများ၊ ရွေ့ပြောင်းများ ( အိမ်ထောင်စုဇယားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အမှန်တစ်ကယ်ခက်ခဲသူများအတွက် ပါဝင်ကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပြောသည်။ - [Covid-19 ကာကွယ်ရေး လိုင်ဇာမြို့ဝင်ပေါက်များကို ပိတ်ထား](https://burmese.kachinnews.com/2020/04/08/covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8-%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%87%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7/): KIO ထိန်းချူပ်နယ်မြေဖြစ်သော လိုင်ဇာမြို့အတွင်း Covid -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုအတွက် မြို့အဝင်အထွက် သွားလာမှုများအားလုံးကို ပိတ်ထားကြောင်း KIO Covid -19 ကာကွယ်ရေးကော်မတီမှ သိရသည်။ - [နိုင်ငံခြားမှ ပြန်လာမည့်သူများကို ဆဒုံးမြို့တွင် ထားရှိရန် စီစဉ်နေမှုကို ဒေသခံများကန့်ကွက်](https://burmese.kachinnews.com/2020/04/07/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%ac%e1%80%99%e1%80%8a/): ဝိုင်းမော်မြို့နယ် တရုတ်-မြန်မာနယ်စပ်နှင့် နီးသောဆဒုံးမြို့တွင် နိုင်ငံခြားမှ ပြည်တော်ပြန်များကို Qurantine နေရာအဖြစ်သတ်မှတ်ရန်စီစဉ်နေမှုကို ဒေသခံများမှ သဘောမတူကြောင်း သက်ဆိုင်ရာသို့ စာတင်ထားသည်ဟု သိရသည်။ - [သတင်းမီဒီယာများ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရမှု နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတထံ BNI စာပို့](https://burmese.kachinnews.com/2020/04/07/%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%96/): အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော သတင်းမီဒီယာများမှ အယ်ဒီတာချူပ်များအား ၎င်းတို့ရင်ဆိုင်နေရသော အမှုများမှ အမြန်ဆုံး ရုပ်သိမ်း ပယ်ဖျက်ပေးပါရန် နိုင်ငံတော်တိုင်ပင်ခံနှင့် သမ္မတထံ Burma News International (BNI) မှ အိတ်ဖွင့်ပေးစာ ပေးထားသည်ဟု သိရသည်။ - [KIA ကို တပ်မတော် တိုက်ခိုက်လာမလား](https://burmese.kachinnews.com/2020/04/06/kia-%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ရက္ခိုင်တပ်မတော် AA ကို ဆက်လက်ထားရှိလျှင် စစ်ရေးအရ တိုက်ခိုက်မည်ဟု တပ်မတော်မှ ပြောဆိုလာမှုအပေါ် ကချင်ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူများ၏ အမြင်ကို တင်ပြထားပါသည်။ - [ကချင်ပြည်နယ်တွင် Covid-19 သံသယ လူ စာရင်း ၂၉၀၀ ကျော် ရှိ](https://burmese.kachinnews.com/2020/04/04/%e1%80%a7%e1%80%95%e1%80%bc%e1%80%ae-%e1%81%84-%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%91%e1%80%ad-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် Home Quarantine ထားရှိသည့် စောင့်ကြည့်သူ ဧပြီလ (၃)ရက်နေ့ထိ လူဦးရေ စုစုပေါင်း (၂၃၅၃) ဦး ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။ - [ဝါးရှောင်ကျေးရွာလမ်းမှ ဖရဲတင်ကုန်ကားများဖြတ်သန်းမှုကို ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2020/04/04/%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be/): ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာတွင် ရပ်ကွက်လမ်းမှ ဖရဲသီး ကုန်တင်ကားကြီးများကို ဖြတ်သန်းခွင့်ပေးလိုက်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။ - [မြစ်ကြီးနား COVID-19 ပညာပေး ပန်းချီဆရာများ ဗုဒ္ဓဘာသာ ထိပါးမှုဖြင့် တရားစွဲခံရ](https://burmese.kachinnews.com/2020/04/03/%e1%80%a1%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba-covid-19-%e1%80%a1%e1%80%9e%e1%80%ad%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာ တိုက်တန်းအုတ်နံရံများတွင် COVID-19 လူထု အသိပညာပေး ပန်းချီရေးဆွဲခဲ့သည့် လူငယ်များကို ဗုဒ္ဓဘာသာကို ထိပါးစေသည့် ဥပဒေ ပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။ - [ကချင်စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေး လက်ဆေးရန် ရေအလုံအလောက်မရှိ](https://burmese.kachinnews.com/2020/03/31/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac/): Covid-19 ကူးစက်ရောဂါကာကွယ်ရန် လက်ဆေးခြင်းသည် အဓိကဖြစ်သော်လည်း ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းတချို့တွင် လက်ဆေးရန် ရေအလုံအလောက်မရှိသည့်အပြင် အခြားကာကွယ်ရေးပစ္စည်းများ ပြတ်လတ်မှုရှိနေကြောင်း သိရသည်။ - [ရခိုင်တိုင်းရင်းသတင်းဌာန ၂ ခုကို မြန်မာ့ဆက်သွယ်ရေး MPT နှင့် Mytel ဖြင့် ဖတ်ရှု၍ မရ](https://burmese.kachinnews.com/2020/03/30/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%8c/): ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန ၂ ခုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Mytel တို့ဖြင့် ဝင်ရောက်ဖတ်ရှု၍ မရသည်မှာ ၁ ပတ်ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။ - [ကိုရိုနာဗိုင်းရပ်ကို ဘယ်လိုကာကွယ်မလဲ၊ တပတ်အတွင်း ကချင်သတင်းများ](https://burmese.kachinnews.com/2020/03/29/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a/) - [AA ရှိသော KIO နယ်မြေ တိုက်ခိုက်ခံရမည်ဟု မြန်မာအစိုးရတပ် သတိပေး](https://burmese.kachinnews.com/2020/03/29/aa-%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b1%e1%80%ac-kio-%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%80/): အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရသော ရက္ခိုင့်တပ်မတော် AA ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ပြင်းထန်စွာ တိုက်ခိုက်မှုခံရမည်ဟု သတိပေးထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group မှတဆင့် KIO ကို သတိပေးခြင်းဖြစ်သည်။ “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ PCG ကို မပခ တိုင်းမှုးကနေ ဒီလ ၂၀ ရက်နေ့မှာ ခေါ်ယူ အသိပေးတာရှိပါတယ်။ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် KIO နယ်မြေမှာ AA ရှိတဲ့အတွက် AA ကိုတိုက်ဖို့ ရှိလာတယ်။ ဒါကြောင့်မို့ AA တွေကို အမြန် ဖယ်ထုတ်လိုက်ပါ ဆိုပြီးတော့ အသိပေးတာမျိုး ရှိပါတယ်” ဟု မြစ်ကြီးနား အခြေစိုက် PCG မှ Duwa Lamai Gum Ja (ဒူဝါ လမိုင် ဂွမ်ဂျာ) ပြောပါသည်။ မြန်မာအစိုးရက KIO နယ်မြေထဲမှာပဲ AA ရှိသည်ဟု ထင်မြင်ထားနေသော်လည်း AA ဌာနချုပ်သည် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ် Pangsang (ပန်ဆိုင်း)မှာ အခြေစိုက်ထားကြောင်း Duwa Lamai Gum Ja ဆက်ဆိုသည်။ “KIO နယ်မြေမှာ သူတို့ (AA)တပ်စွဲပြီး ဌာနချုပ်လုပ်တာ မရှိပါဘူး။ စစ်သားတွေ … - [မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပြီး KDA ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ် ထိန်းချုပ်](https://burmese.kachinnews.com/2020/03/27/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8%e1%80%a1%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95/): မြန်မာစစ်တပ်က ၎င်းလက်အောက် ကောင်းခါးပြည်သူ့စစ် ခေါ် ယခင် ကချင်ကာကွယ်ရေးတပ်မတော် (KDA) နယ်မြေမှ ယခု မတ်လ လဆန်းပိုင်းမှာ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်စက်များ မြောက်များစွာ ဖမ်းဆီးရမိပြီးနောက် KDA ဌာနချုပ် Kawnghka နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ဘက် KDA ဌာနချုပ် Kawnghka နှင့် ၎င်း၏ တပ်မဟာ (၁) ဌာနချုပ် Loi Hkang တို့ကို မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းများ သံချပ်ကားများနှင့်တက်လာပြီး ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG သို့ပြောသည်။ “သူတို့(တပ်မတော်)က KDA ကို ဖျက်စီးချင်တဲ့သဘောရှိတယ်။ တပ်မဟာ (၁) နယ်မြေကို ဒီနေ့ (မတ်လ ၂၅) မှာ ထိန်းချုပ်ထားပြီးတော့ လက်နက်အားလုံးကိုလည်း သိမ်းယူသွားတယ်။ ခေါင်းဆောင်တွေကိုလည်း ခေါ်သွားပြီ။ ဒါကြောင့် အခု Loi Hkang ဘက်မှာဆို KDA တံဆိပ်ပါတဲ့ အကျီတွေ မဝတ်ဖို့ ညွန်ကြားထားတယ်လို့ သိရတယ်။ ဖျက်စီးလိုက်တဲ့ ပုံပေါက်နေပြီ။” ဆက်လက်ပြီး Ja Yang နယ်မြေဘက်မှာ အခြေစိုက်သော KDA တပ်မဟာ (၂)ဘက်သို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လာစဉ် မတ်လ (၂၆)ရက်နေ့ ကိုးကန့်တပ် MNDAA တပ်မဟာ (၂၁၁)လက်အောက် တပ်ရင်း (၂၀၄)တပ်ဖွဲ့နှင့် နေ့လည် ၁နာရီမှ ညနေပိုင်းထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။ … - [ပြည်ထောင်စုညွန်ကြားမှု မရသေးသရွှေ့ ကချင်ပြည်နယ်ရှိ ဈေးများဖွင့်ထားမည်](https://burmese.kachinnews.com/2020/03/26/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%8a%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af/): ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားမှု မရရှိသေးသရွှေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိဈေးများ ပိတ်မည် မဟုတ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီထံမှ သိရသည်။ - [မြစ်ကြီးနား မြေမြင့်ရပ်ကွက်က ဆီပန့်တစ်ခုကို အိမ်နီးချင်းများကန့်ကွက်](https://burmese.kachinnews.com/2020/03/26/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-%e1%80%99%e1%80%bc%e1%80%b1%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%95%e1%80%ba/): မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ လူနေအိမ်များဖြင့် အလွန်နီးကပ်စွာ ဆောက်လုပ်နေသော စက်သုံးဆီပန့်ဆိုင်ကို ဖျက်သိမ်းပေးရန် ယနေ မတ်လ ၂၆ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ - [Covid-19 ကာကွယ်တားဆီးရေး မြို့နယ်ကော်မတီများတွင် ပါဝင်ခွင့်ပြုရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများ သမ္မတထံ စာပို့](https://burmese.kachinnews.com/2020/03/26/covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%90%e1%80%ac%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8-%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94/): Covid-19 ကပ်ရောဂါကာကွယ်တားဆီးရာတွင် ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ဖွဲ့စည်းထားသော ကော်မတီများတွင် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များကို ထည့်သွင်းရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများ ယနေ့ တောင်းဆိုလိုက်သည်။ - [ကချင် ကျောက်စိမ်းမှော်မြေစာပုံနေ ရွှေ့ပြောင်းမိသားစုမှ မြေယာပိုင်ဆိုင်ရေး ဆန္ဒပြ](https://burmese.kachinnews.com/2020/03/24/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%9a%e1%80%ac%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8-%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85/): ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် မြေဇာပုံမှာ နေထိုင်သည့် ပြည်တွင်းရွှေ့ပြောင်း မိသားစု တစ်စုက ၎င်းနေရာကို တရားဝင် ပိုင်ဆိုင်လိုကြောင်း ဆန္ဒပြတောင်းဆိုမှု ပြုလုပ်နေပါသည်။ - [ထိုင်း နယ်စပ်ဂိတ်များ ပိတ်လာချိန် တရုတ်နယ်စပ်ဂိတ်များ ဖွင့်နေဆဲ](https://burmese.kachinnews.com/2020/03/24/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%be-%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1/): ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာစိုးရိမ်ရသောကြောင့် ပြီးခဲ့သည့်အပတ်မှ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်လာချိန်မှာ ကချင်ပြည်နယ် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဖွင့်နေဆဲဖြစ်သည်။ - [မြစ်ကြီးနား တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲကို ရက်အကန့်သတ်မရှိ ရပ်ဆိုင်း](https://burmese.kachinnews.com/2020/03/24/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba-%e1%80%95%e1%80%91/): တရုတ် ဝူဟန်ဗိုင်းရပ်ကူးစက်မှုအန္တရယ်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို မတ်လ ၂၄ ရက်မှစကာ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ - [COVID-19 ကူးစက်ရောဂါကြောင့် ကချင်စစ်ရှောင်စခန်းက ပြည်သူများ၏စိုးရိမ်မှု](https://burmese.kachinnews.com/2020/03/21/covid-19-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%81%e1%80%bb/) - [မြန်မာ-တရုတ် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုံ စီမံကိန်း ‘ရပ်ဆိုင်း’ ထား ဟု ကချင်ပြည်နယ်အစိုးရ ဆို](https://burmese.kachinnews.com/2020/03/21/%e1%80%94%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96%e1%80%bc%e1%80%ad%e1%80%af/): ကချင်ပြည်သူများ ကန့်ကွက်နေသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရ ပူးပေါင်းစီမံကိန်း မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုံ (Myitkyina Economic Development Zone)ကို လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း ကချင်ပြည်နယ်အစိုးရ ဆိုပါသည်။ - [ဝိုင်းမော်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ](https://burmese.kachinnews.com/2020/03/20/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%80%9d%e1%80%84%e1%80%ba/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကျေးရွာနီး တရားမဝင်သစ်စက်နှင့်အတူ သစ်တန်ချိန်ပေါင်း ၁၂၀၀ကျော်အား မတ်လ ၁၆ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။ - [တစ်သျှူးငှက်ပျောလုပ်သားများ လုပ်ခလစာ မရမှုကို ဖြေရှင်းပေးရန် ပြည်နယ်အစိုးရထံ တောင်းဆို](https://burmese.kachinnews.com/2020/03/20/%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb%e1%80%be%e1%80%b0%e1%80%b8%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%ac/): ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ တစ်သျှူးငှက်ပျောစိုက်ခင်းရှိ ရွှေ့ပြောင်းအလုပ်သမားများက လုပ်ခလစာ မရရှိသဖြင့် အဆိုပါကိစ္စကို အမြန်ဖြေရှင်းပေးရန် မတ်လ ၁၉ရက်နေ့ ကချင်ပြည်နယ် အစိုးရုံးသို့ လာရောက်တောင်းဆိုခဲ့ ကြသည်။ - [နေရပ်ပြန် နမ်ဆန်ယန် စစ်ရှောင်များကို ထပ်မံ ထောက်ပံ့ရန် အစိုးရထံ တောင်းဆို](https://burmese.kachinnews.com/2020/03/20/%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%94%e1%80%99%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%9b/): အစိုးရနှင့် တပ်မတော်၏ အစီအစဉ်ဖြင့် ပထမဆုံးနေရပ်ပြန်သော နမ်ဆန်ယန်ကျေးရွာတွင် လာမည့် မိုးတွင်းမရောက်မှီ စားနပ်ရိက္ခာကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်များ ပြောသည်။ - [ကျောက်စိမ်း လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားသူ နည်းပါး](https://burmese.kachinnews.com/2020/03/19/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8-%e1%80%9c%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%85/): ဖားကန့်မြို့ ရတနာနယ်မြေအတွင်း ပထမဆုံးလက်လုပ်လက်စားလုပ်ကွက် ရောင်းချပေးရာတွင် လာရောက်လျှောက်ထားသူ နည်းသေးကြောင်း သိရသည်။ - [ဆန်ပြတ်လတ်သော ဆော့လော်မြို့နယ်သို့ ပြည်ထောင်စုအစိုးရမှ ဆန်တင်ပို့](https://burmese.kachinnews.com/2020/03/19/%e1%80%86%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%90%e1%80%ba%e1%80%9c%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%86%e1%80%b1%e1%80%ac%e1%80%b7%e1%80%9c%e1%80%b1%e1%80%ac%e1%80%ba%e1%80%99/): Covid-19 ကူးစက်ရောဂါကြောင့် တရုတ်နယ်စပ် နယ်နမိတ်အတွင်း လမ်းကြောင်းပိတ်ဆို့လိုက်သောကြောင့် ဆန်ပြတ်လတ်သွားသော ကချင်ပြည်နယ် ဆော့လော်ဒေသခံများအတွက် ပြည်ထောင်စုအစိုးရမှ ပထမအကြိမ် ဆန်အိတ်ပေါင်း တစ်ထောင်ကျော် ထောက်ပံ့ထားကြောင်း သိရသည်။ အဆိုပါ ဆန်အိတ်ပေါင်း တစ်ထောင်ကျော်အား ကချင်ပြည်နယ်ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ယူကာ ဝယ်ယူပေးမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူ ပြောသည်။ “လောလောဆယ် မိုးတွင်းကာလအတွက်ကတာ့ သိပ်စိုးရိမ်စရာ မလိုတော့ဘူးလို့ထင်ပါတယ်။ ရောဂါဖြစ်လို့တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့ချိန်ကျတော့ ဆော့လော်ပြည်သူတွေအတွက် အစားသောက်ရမ်းကိုခက်ခဲသွားပါတယ်။ အစ်မကလည်း အရမ်းစိုးရိမ်စိတ်တွေ ဝင်ပြီးတော့ ပြည်ထောင်စုဘေးစီကို အကူညီတောင်းလိုက်တဲ့ချိန်ကျတော့ ဆန်အိတ်ပေါင်း ၁၄၀၀ ကူညီထားပါတယ်။” ဟု ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူ ဆိုသည်။ မိုးတွင်းကာလ မရောက်မှီ အဆိုပါ ဆန်အိတ်ပေါင်း ၁ ထောင်ကျော်ကို အရောက်ပို့နိုင်ရန် လမ်းစရိတ်အတွက် ပြည်နယ်အစိုးရထံ တောင်းခံထားသည်ဟု သိရသည်။ ယခုဆန်ထောက်ပံ့မှု ရရှိမည့် ကျေးရွာများမှာ လန်ဆယ်ကျေးရွာအုပ်စု ဆန်အိတ်(၃၀၀)၊ လကင်အုပ်စု(၁၀၀)၊ ဟန်းကောအုပ်စု(၂၀၀)၊ ထော့လန်(၂၀၀) ၊ယော်ဂျော(၁၅၀)၊ပရဲှအုပ်စု (၁၀၀)၊ ဂျရန်အုပ်စု(၅၀) ၊ကျေးရွာပေါင်း ၇ရွာမှ အိမ်ထောင်စု ၆၃၉ စုလူဦးရေ ၄၅၅၆ ဦးအား အဓိက ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် ၈ပြည်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆော့လော်မြို့နယ်ရှိ ဖီမော်၊ ရှိန်းခေါင်၊ ကန်ဖန့် စသည့်ဂိတ်များသည် တရုတ်နိုင်ငံမှ တရားဝင်ဂိတ်များဖြစ်သည့်အတွက် တရုတ်အစိုးရမှ တရားဝင် ပိတ်လိုက်ပြီးနောက်တွင် ဆန်နဲ့စားသောကုန်များ ဈေးမြင့်တက်မှုရှိနေပြီး ဝယ်ယူရန်ပင် ခက်ခဲသည့် အခြေနေထိရှိနေခဲ့သည်။ ယခုအကြိမ်ပြည်ထောင်စုမှ ထောက်ပံ့သည့်ဆန်သည် … - [တရုတ်နယ်စပ်ဂိတ်များပိတ်ရန် ပြည်နယ်အစိုးရတွင်အခွင့်မရှိ၊ ဝင်ထွက်သွားလာမှု ပိုမိုများပြားလာ](https://burmese.kachinnews.com/2020/03/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%90/): Covid-19 ကူးစက်ရောဂါကြောင့် ကချင်-တရုတ်နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ကချင်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။ နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း သိရသည်။ “ကျနော်တို့ ဒီကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ ၁၉၉၇ နှစ် တရုတ်နဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သို့သော် ပန်ဝါဂိတ်ကတော့ ပြည်နယ်အစိုးရရဲ့လိုအပ်ချက်အနေနဲ့ ဖွင့်ထားတဲ့ဂိတ်ဖြစ်တယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ ပိတ်မှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်လွားကူးစက်ပြန့်နှံနေသည့်အတွက် နိုင်ငံအချို့တွင် ဝင်ထွက်ခွင့် ပိတ်ထားသော်လည်း မြန်မာနိုင်ငံတွင်မူ အတည်ပြုလူနာမတွေ့သေးသဖြင့် ဂိတ်များသည် ဖွင့်ထားဆဲဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် အကြီးမားဆုံးနှင့် စတင်ဖြစ်ပွားခဲ့သောတရုတ်ပြည်နှင့် နယ်စပ်ချင်း ကချင်ပြည်နယ်တွင် နယ်စပ်ဂိတ်များကို ယနေ့ထိ ဖွင့်ထားဆဲဖြစ်သည်။ “လူဝင်လူထွက်ကတော့ ဒီ ၃လပိုင်းအတွင်းမှာ ပိုများလာတယ်လို့ပြောလို့ရပါတယ်။ ရောဂါစဖြစ်တဲ့ ဇန်နဝါရီလကထက် ဒီမတ်လထဲမှာ လူဝင်လူထွက်ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်သျှူးငှက်ပျော် ထွက်နေတဲ့ချိန်မို့ လူအဝင်အထွက်ရော ကားအဝင်အထွက်ပါ ပိုများလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးနဲ့ပတ်သက်ပြီးတော့ သံသယလူနာတစ်ယောက်သာ ရှိပါသေးတယ်။ သံသယလူနာကလည်း ဆေးစစ်ချက်အရ ရောဂါပိုးမရှိဘူး။” ဟု လူဝင်ကြီးကြပ်ရေး လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ဆိုသည်။ ဇန်နဝါရီလမှ မတ်လထိ ပြုစုထားသောစာရင်းများအရ လွယ်ဂျယ်ဂိတ်တွင် တရုတ်နိုင်ငံသား အဝင် ၃၃၀၀ ၊ … - [မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် နမ်ဆန်ယန်ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2020/03/18/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba/): ပထမဆုံး စစ်ရှောင်နေရပ်ပြန် နမ်ဆန်ယန်ကျေးရွာတွင် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန် အစိုးရတပ်နှင့် KIA စသော နှစ်ဖက်တပ်များ ညှိ့နှိုင်းဆွေးနွေးမှုပြုလုပ်ကာ မိုင်းရှင်းလင်းရေးအမြန်လုပ်ဆောင်စေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။ - [အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်နေ့ မြစ်ဆုံဒေသခံများ ပြုလုပ်](https://burmese.kachinnews.com/2020/03/16/%e1%80%a1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bb/): မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်မီးရရှိအောင် ပြုလုပ်ခြင်းမဟုတ်ဘဲ ဒေသခံများ၏လူမှုဘဝနေထိုင်မှုများ ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု မတ်လ ၁၄ရက်နေ့ မြစ်ဆုံဒေသတွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနားတွင် Htoi Gender Development ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး ပြောဆိုခဲ့သည်။ - [မိုးကာတဲဖြင့် ၂ နှစ်ခိုလှုံခဲ့ရသော ပမ္မတီးစစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ပေး](https://burmese.kachinnews.com/2020/03/14/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ac%e1%80%90%e1%80%b2%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%9c/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပမ္မတီးစစ်ရှောင်များသည် မိုးကာတဲတွင် ၂နှစ်ခန့်ခိုလှုံခဲ့ပြီးနောက် ပထမဆုံးနေအိမ်ရရှိပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ - [နန့်ဝါသစ်တောကြိုးဝိုင်း CF မြေခွဲဝေရာတွင် တောင်သူ ၇ ဦး မရရှိ](https://burmese.kachinnews.com/2020/03/11/%e1%80%94%e1%80%94%e1%80%b7%e1%80%ba%e1%80%9d%e1%80%ab%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba/): ကချင်ပြည်နယ်၊ ဝိုင်းမော် နမ့်ဝါသစ်တောကြိုးဝိုင်းမြေခွဲဝေရာတွင် မြေနေရာမရရှိသည့်တောင်သူ ၇ဦးသည် ယခင်ကတည်းက နာမည်စာရင်းပါဝင်ခြင်းမရှိသည့်အတွက် မရရှိခြင်းဖြစ်ကြောင်း နမ့်ဝါသစ်တောကြိုးဝိုင်း မြေခွဲဝေရေးအဖွဲ့မှ သိရသည်။ - [ရွှေ့ပြောင်းများ ရက် ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိနေရာတွင် မဲပေးနိုင်မယ့်ဥပဒေကို ကန့်ကွက်ဆန္ဒပြ](https://burmese.kachinnews.com/2020/03/10/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%b7%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9b%e1%80%80%e1%80%ba-%e1%81%89%e1%81%80/): ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့်သာ မိမိရောက်ရာဒေသတွင် မဲပေးပိုင်ခွင့် ရရှိမည့် ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခု မတ်လ ၉ရက်နေ့ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။ - [ငွေပျော်စံပြကျေးရွာ ဆေးရုံဆောက်ရန်နေရာတွင် ဘုန်းကြီးကျောင်းဆောက်နေမှုကို ယာယီရပ်ခိုင်းထား](https://burmese.kachinnews.com/2020/03/09/%e1%80%84%e1%80%bd%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%b6%e1%80%95%e1%80%bc%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%86%e1%80%b1%e1%80%b8/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် လျှာထားသောမြေနေရာတွင် ဗုဒ္စဘာသာဘုန်းကြီးကျောင်း ဆောက်လုပ်နေသည့်အတွက် စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ယာယီရပ်နားထားရန် တားမြစ်ထားသော်လည်း ယနေ့ချိန်ထိ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ငွေပျော်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပြောသည်။ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း နားခိုင်းထားတယ်။ သူတို့မနားဘူး ဆက်လုပ်နေတယ်။ ပြီးတော့ ကျနော်သိရသလောက်ဆို ကျနော်ဝန်ကြီးချုပ်ဆီမှာ ကျနော်သွားတွေ့တုန်းကလည်း ဝန်ကြီးချုပ်လည်း နားခိုင်းရပ်ခိုင်းထားဖို့ ညွှန်ကြားချက်ပေးလိုက်ပြီ။ အဲဒါလည်း ဆက်လုပ်နေတုန်းဘဲ ခုကရေတွင်းတူးလိုက် တစ်ခြားနေ့တွေမှာ မလုပ်ဘူး။ တနင်္ဂနွေနေ့မှာမှ ၄ယောက် ၅ယောက်လောက်လာလိုက် ရေတွင်းတူးလိုက် ဟိုဟာလုပ်လိုက် ရိုက်လိုက်လုပ်နေကြတယ်။” ဟု ငွေပျော်စံပြအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။ ငွေပျော်စံပြကျေးရွာစတင်တည်ထောင်စဉ်က တိုက်နယ်ဆေးရုံလုပ်ဆောင်ရန်အတွက် မြေနေရာလျှာထားသည့် မြေနေရာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်နေသည့်အတွက် ယင်းကိစ္စအာ သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပေရန် ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စာတင်ခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ပြောသည်။ ငွေပျော်စံပြကျေးရွာသည် ပလန ကျေးရွာအုပ်စုတွင်ပါဝင်သည့်အတွက် အဆိုပါ ဘုန်းကြီးကျောင်းဆောက်လုပ်ရေး လုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန် လွန်ခဲ့သည့်လတွင် တရားဝင်စာထုတ်ထားကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။ “ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ဘဲ ကျနော်တို့ကတော့ စစ်ဆေးနေစဉ်အတွင်းမှာတော့ ဒီလုပ်ငန်းလုပ်တာတွေကို ရပ်နားထားဖို့အတွက် ပြောထားပြီ သူတို့လုပ်ရင် သူတို့ခံပေါ့။ လက်ရှိမှာ မြို့နယ်ကတော့ စစ်ဆေးမူပြုလုပ်နေပြီ” ဟု‌ပြောသည်။ ငွေပျော်စံပြကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်ဒေသအသီးသီးမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များ နေထိုင်ရန်အတွက် ပြည်နယ်အစိုးရမှ ပြန်လည်နေရာချထားရေးကျေးရွာအဖြစ် တည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အိမ်ထောင်စု ၄၃၀ နှင့် လူဦးရေ ၂၂၅၉ ဦးရှိကြောင်း သိရသည်။ … - [ကဆုန်ဒေသခံ စစ်ရှောင် ၂ ဦး မိုင်းနင်းမိ၊ ခြေထောက်ဒဏ်ရာပြင်းထန်စွာရရှိ](https://burmese.kachinnews.com/2020/03/06/%e1%80%80%e1%80%86%e1%80%af%e1%80%94%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%81%82-%e1%80%a6/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ကဆုန့်ကျေးရွာမှစစ်ရှောင် ၂ဦးသည် ကန့်သတ်နယ်မြေအတွင်း တောင်ယာခုတ်ရန် လိုက်ကြည့်ရာမှ မတ်လ ၅ ရက်နေ့တွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာဆိုးရွားစွာရရှိခဲ့သည်ဟု စစ်ရှောင်တာဝန်ခံများမှ သိရသည်။ - [ကချင်ပေါင်းစည်းပါတီ KSPP ပထမအကြိမ်ညီလာခံမှ ယာယီဦးဆောင်သူများကို တရားဝင်အဖြစ်ခန့်အပ်](https://burmese.kachinnews.com/2020/03/05/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-kspp-%e1%80%95%e1%80%91/): ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ပထမအကြိမ်ညီလာခံကို မတ်လ ၃ နှင့် ၄ ရက်တွင် ပြုလုပ်ပြီးနောက် ယာယီဖွဲ့စည်းထားသော ဦးဆောင်ကော်မတီများကို တရားဝင်ဦးဆောင်ကော်မတီများအဖြစ် ဖွဲ့စည်းကာ မူဝါဒများကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။ - [ဖားကန့်တွင် လက်လုပ်လက်စားများ လျှောက်လွှာများ စတင်လက်ခံနေ](https://burmese.kachinnews.com/2020/03/05/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%85/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပထမဆုံး လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်ပြုလိုက်ပြီးနောက် လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်နေ့မှစကာ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ရောင်းချပေးနေသည်ဟု သိရသည်။ ကချင်ပြည်နယ် မှတ်ပုံတင် ၁/ ကိုင်ဆောင်သူများ၊ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိသူများ လျှောက်ထားခွင့်ရှိပြီး တစ်ဦးလျှင်လုပ်ကွက် ၃ကွက်အထိ လျှောက်ထားနိုင်သည်ဟု သိရသည်။ “ဦးစားပေးကတော့ မှတ်ပုံတင် ၁/ ကမန (ကားမိုင်း) ကိုင်ဆောင်တဲ့သူတွေကို ကမန မှတ်ပုံတင်က ဖားကန့်ကဖြစ်တဲ့အတွက် ဦးစားပေးခြင်းဖြစ်တယ်။ ၁/ကမန တော့မရှိဘူး အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိရင်တော့ သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း စီစစ်ပေးသွားဖို့ရှိတယ်။ နောက်ပြီးတော့ တစ်ဦးလျှင် လုပ်ကွက် ၃ကွက် လျှောက်လို့ရတယ်။ ရမရတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ စီစစ်ပေးမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။ လျှောက်ထားသူများတွင် လုပ်ကွက်နံပါတ်တူနေပါက အခြားမြို့နယ်များထက် ၁/ ကမန မှတ်ပုံတင်ကိုင်ဆောင်သော ဖားကန့်၊ ကာမိုင်း ဒေသခံများကို အဓိကဦးစားပေးမည်ဖြစ်ပြီး၊ ၁/ကမန ကိုင်ဆောင်သူများအချင်းချင်း သတ်မှတ်ထားသည့် အရည်အချင်း လုပ်ကွက်တူညီနေပြန်လျှင် စဘော်ငွေ ကြိုပေးထားသူများကိုသာ အဓိက ဦးစားပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်၏ ဧရိယာအကျယ်အဝန်းသည် တစ်ဧကရှိပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရ၏ စဘော်ငွေကျပ်(၅၀၀၀၀၀)၊ လျှောက်လွှာတစ်စောင်(၁၀၀၀)၊ မှတ်ပုံတင်ကြေး(၃၀၀၀)၊ စစ်ဆေးခ(၅၀၀၀၀)၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ(၁၀၀၀၀၀) စုစုပေါင်း ၆၅၄၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။ “ တူးတဲ့အပိုင်းကျတော့ လေးပင်စနစ်ဘဲတူးတူး လုပ်ငန်းပေါ်မူတည်တယ်။ ကျနော်တို့အနေနဲ့တော့ သတ်မှတ်ချက်ပေးထားခြင်းမရှိပါဘူး။ လွှတ်လွှတ်လပ်လပ်တူးခွင့်ရှိတယ်။ ဒါပေမယ့် သုံးရမယ့် … - [ကချင် ဝါရင့် ရုပ်ရှင်နှင့်သရုပ်ဆောင် အနုပညာရှင်များကို ပထမအကြိမ် ဂုဏ်ပြုချီးမြှင့်ရန် စီစဉ်နေ](https://burmese.kachinnews.com/2020/03/04/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%80%9d%e1%80%ab%e1%80%9b%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84/): ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောကကို ကနဦး စွမ်းဆောင်ခဲ့ကြသော ဝါရင့်အနုပညာရှင်ကြီးများကို ဂုဏ်ပြုဆုချီးမြင့်သည့် အခမ်းအနားကို မတ်လ ၁၀ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် ပြုလုပ်သွားမည်ဟု သိရသည်။ - [ပထမအကြိမ် နေရပ်ပြန်ပို့မည့်အစီစဉ်တွင် သတ်မှတ်ထားသည့် အိမ်ထောင်စုအရေအတွက်ထက် ပိုများနေ (တွေ့ဆုံမေးမြန်းခြင်း)](https://burmese.kachinnews.com/2020/03/03/%e1%80%95%e1%80%91%e1%80%99%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba-%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို ကချင်ပြည်နယ် ကျေးရွာ ၁၀ ခုတွင် နေရပ်ပြန်ပို့နိုင်ရန် စီစဉ်နေပြီဖြစ်သည်။ ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်း ကူညီမှုဖြင့်လုပ်ငန်းဖော်ဆောင်မည်ဖြစ်သော နေရပ်ပြန်ရေးနောက်ဆုံးအခြေအနေကို KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာ ခါးလီကို ကချင်သတင်းဌာန KNG တွေ့ဆုံမေးမြန်းထားသည်။ - [လော်ဝေါ် ဇမ်ဂေါပွဲကို မတ်လကုန်ပိုင်း ဝိုင်းမော်တွင်ပြုလုပ်မည်](https://burmese.kachinnews.com/2020/03/03/%e1%80%9c%e1%80%b1%e1%80%ac%e1%80%ba%e1%80%9d%e1%80%b1%e1%80%ab%e1%80%ba-%e1%80%87%e1%80%99%e1%80%ba%e1%80%82%e1%80%b1%e1%80%ab%e1%80%95%e1%80%bd%e1%80%b2%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%90/): လော်ဝေါ်လူမျိုးများ၏ လော်ဝေါ်စာပေ (၄၆) နှစ်ပြည့်နေ့ အထိမ်းအမှတ်နှင့်အတူ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲ ရိုးရာဇမ်ဂ​ေါ် (Zam G0″) ကို မတ်လကုန်ပိုင်းတွင် ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမူတည်ရှိရာ ( ကျောင်ယမ်)ဝင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီဇမ်ဂေါ် (Zam Go”) ပွဲတော်မှာ လော်ဝေါ်လူမျိုးများစာပေရရှိလာတာ (၄၆) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အပြင် ခုဆောက်နေတဲ့ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲပါ ကျင်းပမှာဖြစ်ပါတယ်။ လူသားတိုင်းဟာ ဘယ်နိုင်ငံမှာမွေးချင်တယ်။ ဘယ်လူမျိုးဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်လို့မရပါဘူး။ အဲကြောင့်ဖြစ်တည်နေတဲ့လူမျိုးမှာ သူ့ရိုးရာ၊ သူ့ယဉ်ကျေးမှုရှိကြပါတယ်။ လော်ဝေါ်လူမျိုးဆိုတာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ ဒီပွဲမှာလည်း မျိုးနွယ်စုဝင်အားလုံးတွေကိုလည်း ဖိတ်မှာဖြစ်တယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။” ဟု လော်ဝေါ်စာပေယဉ်ကျေးမူ အလုပ်အမှုဆောင်၊ မနောတိုင် မနောကွင်းဖြစ်မြောက်ရေး တာဝန်ခံ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး Z ခမ်းရယ် (ခ) ဦးနော်လီပြောသည်။ ယခင်က သစ်သားများဖြင့် တည်ဆောက်ထားသော လော်ဝေါ်စာပေယဉ်ကျေးမှုဗိမာန်ကွင်းကို လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်မှ စကာ ကွန်ကရစ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို မနောကွင်း မနောတိုင်ဆောက်လုပ်ရာတွင် ကျပ်သိန်းပေါင်း ၁၂၀၀ ကုန်ကျပြီး၊ သိန်းပေါင်း ၅၀၀ ကို ကချင်ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လော်ဝေါ်စာပေကို ၁၉၆၇ ခုနှစ်တွင် လော်ဝေါ်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဘုန်းတော်ကြီး လုကတ် လဟုန်ဟောင်းလွမ်းမှ ရောမအက္ခရာများဖြင့် တီထွင်ပြုစုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ တီထွင်ပြုစုပေးခဲ့သော စာမူအား အတည်ပြုပေးရန်အတွက် နိုင်ငံတော်သို့ တင်ပြခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၊ … - [နှစ်ဖက်တပ် ညှိနှိုင်းပြီးမှသာ စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်နိုင်မည်ဟု ကချင်နယ်လုံဝန်ကြီးပြော](https://burmese.kachinnews.com/2020/03/03/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%96%e1%80%80%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%8a%e1%80%be%e1%80%ad%e1%80%94%e1%80%be%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc/): ကချင်ပြည်နယ်အတွင်း နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIAအနေဖြင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဟု ကချင်ပြည်နယ် နယ်လုံဝန်ကြီး ပြောဆိုခဲ့သည်။ နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းရေးလုပ်ဆောင်ပေးရန် အစီစဉ်ရှိမရှိ (၁၈) ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပဉ္စမနေ့ပုံမှန် အစည်းအဝေး (ဖေဖော်ဝါရီ ၂၈ ရက်နေ့) တွင် ရွှေကူမြို့နယ် မဲဆန္ဒနယ်(၁) မှပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်ယု မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းမှ ယခုလို ပြန်လည်ဖြေကြားခဲ့သည်။ “ မိုင်းရှင်းလင်းတဲ့ခါ မြေပြင်အခြေနေမှာ မိုင်းထောင်ထားတဲ့အနေထားကို နှစ်ဖက်က ညှိနှိုင်းပြီးမှ ဆောင်ရွက်လို့ရမယ်။ ဘယ်နေရာမှာမိုင်းထောင်ထားတယ်။ တပ်မတော်အနေနဲ့ကတော့ မိုင်းထောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှ စွန့်လွတ်မိုင်းထောင်ခဲ့တာမျိုးမရှိပါဘူး။ တပ်မတော်အနေနဲ့ထောင်ခဲ့တာတော့ အားလုံးမှတ်ပုံတင်မိုင်းတွေသာ ထောင်တာဖြစ်တယ်။ ထောင်ထားတဲ့မိုင်းတွေကလည်း စစ်ဆင်ရေးနယ်မြေအရ ပြည်သူလူထု သွားလာနိုင်တဲ့ နယ်မြေမှာ ထောင်ထားခဲ့တာမျိုး မရှိပါဘူး။ လက်ရှိကျနော်ဆွေးနွေးခဲ့တဲ့ မိုင်းတွေကတော့ KIA လက်နက်ကိုင်အဖွဲ့ လူပ်ရှားနေတဲ့နယ်မြေမှာ NCA ထိုးပြီးတော့မှ သူတို့ဘယ်နေရာမှာထောင်ထားလဲ ထောင်ထားသော် နှစ်ဘက်အဖွဲ့အစည်းကနေ ညှိ့နှိုင်းပြီးတော့မှ တစ်ဆင့်ခြင်းဆောင်ရွက်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ပြန်လည်ဖြေကြားခဲ့သည်။ ပထမဆုံးနေရပ်ပြန်ဖြစ်သော နမ်ဆန်ယန်ဒေသခံတစ်ဦးသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျေးရွာနှင့် မိုင်အနည်းငယ်ခန့်အကွာ ငါးဖမ်းရန်သွားစဉ် မိုင်းနင်းမိသဖြင့် ခြေထောက်ဖြတ်လိုက်ရသည်ဟု သိရသည်။ ထို့ကြောင့် စစ်ရှောင်များ မိမိနေရပ်သို့ပြန်လည်နေထိုင်ရာတွင် စစ်ကြွင်း စစ်ကျန်များ၊ မြေမြုပ်မိုင်းအန္တရယ်များ အလွန်စိုးရိမ်နေရသဖြင့် သက်ဆိုင်ရာဌာနမှ တာဝန်ယူဖြေရှင်းပေးရန် အစီစဉ် ရှိမရှိမေးမြန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြေပြင်တွင် မိုင်းတွေ့ရှိလျှင်သော်လည်းကောင်း၊ မိုင်းထောင်ထားသည်ဟု သံသယရှိလျှင်သော်လည်းကောင်း၊ … - [ကချင်ပေါင်းစည်းပါတီ၏ ပထမအကြိမ် ညီလာခံ လာမယ့်အပတ်တွင်ပြုလုပ်မည်](https://burmese.kachinnews.com/2020/03/01/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae%e1%81%8f-%e1%80%95%e1%80%91/): ကချင်ပေါင်းစည်း ပါတီကြီးတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ Kachin State People’s Party (KSPP) ၏ ပထမအကြိမ် ပါတီညီလာခံကို လာမည့်အပတ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ၂ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။ - [ဂေါ်ဆက်ယန် ကျေးရွာ (CF) အတွင်း မီးကြိုးသွယ်တန်းမှု ထိုက်တန်သည့်လျော်ကြေးပေးရန် တောင်းဆို](https://burmese.kachinnews.com/2020/02/28/%e1%80%82%e1%80%b1%e1%80%ab%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%9a%e1%80%94%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-cf-%e1%80%a1%e1%80%90%e1%80%bd%e1%80%84/): ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စု ဂေါ်ဆက်ယန်ကျေးရွာ ဒေသခံအစုအဖွဲ့ပိုင် (CF) စိုက်ပျိုးမြေဧရိယာတွင်းမှ လျှပ်စစ်ကြိုး သွယ်တန်းသွားသည့်အတွက် ထိုက်တန်သည့် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်း သိရသည်။ - [တရုတ်ကုန်ကားများကို ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် လွှတ်တော်တွင် ဆွေးနွေး](https://burmese.kachinnews.com/2020/02/27/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%81%e1%80%bb/): တစ်သျှူးငှက်ပျောတင်သည့် တရုတ်ကုန်တင်ကားကြီးများကို ကချင်ပြည်နယ်တွင်းသို့ ဝင်ထွက်ခွင့်မပြုရန်နှင့် နယ်စပ်ဂိတ်များတွင်သာ ကုန်အချိန်းအပြောင်းလုပ်ရန်မှာ အဆင်မပြေသေးကြောင်း ကချင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ပြောသည်။ တရုတ်ကုန်ကားများ ကချင်ပြည်နယ်သို့ ဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး ၁၈ ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးမှ ယခုလို ပြောခဲ့သည်။ “ကန်ပိုက်တီကုန်သွယ်ရေး စခန်းဟာ ဌာနပိုင်မြေအဖြစ် ဧကပေါင်း ဝ.၉၈၃ ဧကသာရှိပါတယ်။ ကုန်ပစ္စည်းများအား ခေတ်မီစက်ပစ္စည်းများဖြင့် စစ်ဆေးနိုင်ခြင်းမရှိသေးတဲ့ စခန်းဖြစ်ပါတယ်။ ကုန်ပစ္စည်းတင်ရန် ကုန်စစ်စင်များ၊ ကုန်တင်ကားယာဉ်စစ်ဆေးကွင်းအား မရှိတဲ့အပြင် ကုန်ပစ္စည်းအချိန်းအပြောင်းလုပ်ရန် ဌာနပိုင်၊ ကုမ္မဏီပိုင်မြေနေရာများ ယာဉ်တင်ချကွင်းများ မရှိတဲ့အတွက် လတ်တလော ချိန်းပြောင်းလုပ်ရန်အတွက် ခက်ခဲရှိအုံးမည်ဖြစ်ပါတယ်။” ဟု ပြည်နယ် ဘဏ္ဍ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ပြန်လည်ဖြေကြားခဲ့သည်။ ကန်ပိုင်တီကုန်သွယ်ရေးစန်းမှ နေ့စဉ်ပို့ကုန်၊ သွင်းကုန် ယာဉ်အရေအတွက်မှာ အစီး၂၀၀ မှ ၅၀၀ခန့်ရှိကြောင်း သိရသည်။ ထိုအထဲ တရုတ်တစ်သျှူးငှက်ပျောတင် ကုန်ကားများသည် ဝိုင်းမော်မြို့ စိုက်ခင်းအထိဝင်ရောက်နေသည်ကို တွေ့ရသည်။ အဆိုပါမေးခွန်းသည် ရွှေကူမြို့နယ်၊ မဲဆန္ဒနယ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယု၏ ကြယ်ပွင့်ပြ မေးခွန်းဖြစ်သည်။ “ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်ရွှေကူမြို့နယ်များမှ တရုတ်ကုမ္မဏီများဟာ မြန်မာနိုင်ငံရဲ့နိုင်ငံသူ၊သားများ နာမည်ခံပြီးတော့ ငှက်ပျောများစိုက်လာကြသည်မှာ ပိုများလာပြီး ငှက်ပျောတင်ကားများ၏ ဝန်များကြောင့် လမ်း၊ တံတားများ ပျက်စီးလာပါတယ်။ နယ်စပ်ဂိတ်တွင် အပြောင်းအလဲမလုပ်တဲ့အတွက် ငှက်ပျောတင်ကားကြီးများက လွှတ်လပ်စွာ သွားလာနိုင်မူကြောင့် သယံဇာတများခိုးတူးမူကိုလည်း သံသယဖြစ်ဖွယ်များစွာရှိလာပါတယ်။ ထို့ကြောင့် ငှက်ပျောတင် ကုန်သည်ကားများအား … - [ဖားကန့် မှော်စီစာတွင် မြေပြိုမှုဖြစ်](https://burmese.kachinnews.com/2020/02/25/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%99%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%ae%e1%80%85%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%bc/): ဖားကန့်၊ မှော်စီစာတွင် ကျူးကျော်များနေထိုင်သည့် မြေနေရာတွင် ယနေ့ မြေစာပုံပြိုကျခဲ့သဖြင့် တဲအိမ် ၃လုံး ပျက်စီးသွားကြောင်း သိရသည်။ - [ကျပ်သိန်း ၁ သောင်းကျော်ပေးဆောင်ရန် ဒေသခံများကို တစ်သျှူးငှက်ပျောကုမ္ပဏီမှ တရားစွဲဆိုမှုကို ရှင်းလင်း](https://burmese.kachinnews.com/2020/02/25/%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb%e1%80%be%e1%80%b0%e1%80%b8%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f/): ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မုတ်ကျိတ်ဒေသခံများနှင့် တစ်သျှူးငှက်ပျောကုမ္ပဏီတို့ကြား ဖြစ်ပွားခဲ့သည့်တရားစွဲဆိုမှုများနှင့်ပတသက်ပြီး ဒေသခံများ ယနေ့ မြစ်ကြီးနား AGAPE HOTEL တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ - [တတိယအကြိမ် ကျောက်မျက်ပြပွဲ မျှော်မှန်းအရည်အတွက်၏ တစ်ဝက်သာပြသနိုင်ခဲ့](https://burmese.kachinnews.com/2020/02/25/%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%95-2/): မြစ်ကြီးနားတွင် ယခုပြုလုပ်နေဆဲ တတိယအကြိမ်ကျောက်မျက် အရောင်းပြပွဲတွင် မျှော်မှန်းထားသည့် ကျောက်စိမ်းအရည်အတွက်၏ တစ်ဝက်ကိုသာ ပြသနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ သိရသည်။ - [ကချင်-တရုတ်နယ်စပ်မှ တရုတ်ကုန်ကားများ ဖြတ်သန်းမှုကိုတားဆီးပေးရန် ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2020/02/24/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%99%e1%80%be-%e1%80%90%e1%80%9b%e1%80%af%e1%80%90/): ကချင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမရှိစေရန်နှင့် တရုတ်နိုင်ငံသားများဖြတ်သန်း သွားလာခွင့်ကို ရပ်ဆိုင်းပေးရန် ဝိုင်းမော်ဒေသခံများ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မြစ်ကြီးနား စိမ်မြဧရာပန်းခြံတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ - [ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ပိတ်ပြီးနောက် ဆော့လော်မြို့နယ်တွင် ဆန်ဈေးမြင့်တက်](https://burmese.kachinnews.com/2020/02/24/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b1/): ကချင်ပြည်နယ် ဆော့လော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်ပြည်နယ်စပ် ပိတ်လိုက်ပြီးနောက် ဆန် နှင့် စားသောက်ကုန် ဈေးမြင့်တက်မှုအခက်အခဲ ကြုံနေရသည်ဟု သိရသည်။ - [နေရပ်ပြန်ခြင်းထက် မြေနေရာတစ်ခုတွင် အခြေချပေးရန် ပူတာအိုရှိ စစ်ရှောင်များတောင်းဆို](https://burmese.kachinnews.com/2020/02/22/%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%80%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%94%e1%80%b1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ လုံးစွတ်စစ်ရှောင်များသည် မူလဒေသသို့ ပြန်လည်နေထိုင်ရန် အခက်အခဲရှိနေသဖြင့် မြေနေရာအသစ်သို့ ရွှေ့ပြောင်းအခြေအနေချပေးရန် တောင်းဆိုထားသည်ဟု စစ်ရှောင်များထံမှသိရပါသည်။ - [ထိန်းသိမ်းခံ ကချင်ဓမ္မဆရာ ၂ ဦးနှင့် တရားစွဲခံရသူ စုစုပေါင်း ၄ ယောက် လွတ်မြောက်](https://burmese.kachinnews.com/2020/02/20/%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%b6-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%86/): ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ၂ ပတ်ကြာ ထိန်းသိမ်းထားခံခဲ့ရသော ကချင်ဓမ္မဆရာ ၂ဦးကို ယနေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွတ်ပေးလိုက်ပြီဟု သိရသည်။ လွတ်မြောက်လာသည့် ဆရာ ၂ ဦးအပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ သရုပ်ဖော်ပြဇတ်တွင် ဦးဆောင်ခဲ့သော ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှ ဆရာ ၂ ဦးကိုလည်း အမှုမှ ရုပ်သိမ်းပေးလိုက်သည်ဟု သိရသည်။ မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခဲ့သော တပ်မတော်ဘက်မှ ယနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးတွင် အမှုကိုအပြီး ရုပ်သိမ်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မြစ်ကြီးနားဇုံနယ်မှ သိက္ခာတော်ရ ဆရာ La Wawm ယခုလိုပြောသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကနေ ကျနော်တို့ရဲ့ ဆရာ ၄ ဦးကို ၁၇/၁ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီကနေ့ အမှုအားလုံးကို မြို့နယ်တရားရုံးမှာ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်ပြီး ရုတ်သိမ်းပေးလိုက်ပြီ။ ဘာလို့ရုပ်လိုက်လဲဆိုတော့ သူတို့အနေနဲ့ အခုစွဲထားတဲ့ ပုဒ်မနဲ့ မညိစွန်းမှန်းလည်း သူတို့ သိမယ်ထင်တယ်။ အဲ့ကြောင့် ထင်တာဘဲ။ ကျနော်တို့လည်း တိတိကျကျတော့ မသိရဘူး”ဟု ကချင်သတင်းဌာန KNG သို့ပြောသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ လားတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝင်တင် ကိုယ်တိုင် ယနေ့ လာရောက်ကာ အမှုရုပ်သိမ်းပေးခဲ့ကြောင်း ဆရာက ဆက်လက်ပြောဆိုခဲ့သည်။ တရားစွဲဆိုခံရသည့် ၄ဦးအနက် ဓမ္မဆရာ လူငယ်ဆရာတူးထန်းနှင့် သိက္ခာတော်ရ ဆရာဘီမာဒေါင်လွမ်းတို့ ၂ဦးကို ဖေဖဝါရီလ … - [ဖားကန့် သာယာကုန်း အုပ်ချုပ်ရေးမှူး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2020/02/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb/): ဖားကန့်မြို့နယ် သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်ဆိုင်းပေးရန်အတွက် ဒေသခံများက သက်ဆိုင်ရာသို့ စာတင်ထားကြောင်း သိရသည်။ - [လိပ်ကျောက်တူးဖော်မှုကြောင် ငွေပျော်စံပြကျေးရွာ သစ်တော ဧက ၁၀ ကျော် ပျက်စီး](https://burmese.kachinnews.com/2020/02/19/%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%b0%e1%80%b8%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc/): ကချင်ပြည်နယ် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာနီး အင်ခိုင်ဘွမ်တောင်ခြေ အမျိုးသားဥယျာဉ်တွင် လိပ်ကျောက်တူးဖော်မူကြောင့် ငွေပျော်ဒေသခံများ၏ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ ၁၀ ဧကကျော်ခန့် ပျက်စီးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။ ငွေပျော်စံပြ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ စုစုပေါင်း ဧက ၂ထောင်ကျော်ရှိပြီး လက်ရှိတွင်လိပ်ကျောက်တူးဖော်မူကြောင့် ပျက်စီးသွားသည့် နှစ်ရှည်ပင်များလည်း ရှိကြောင်း ပြောသည်။ “ ခုကြည့်တာတော့ ၁၀ဧကလောက် ပျက်စီးနေပြီ တူးထားတဲ့ကျင်းတွေကိုတော့ ခြံပိုင်ရှင်တွေကဘဲ ပြန်ဖို့ယူရတော့မယ်။ ကျနော်တို့ အုပ်ချုပ်ရေးဘက်ကတော့ မြေတွေဖို့ပေးဖို့အစီစဉ်မရှိပါဘူး။ တစ်ဖက်ကပြောမယ်ဆိုရင် ခုလို ပြည်နယ်အစိုးရက တားလိုက်တာ ကျနော်တို့ဒေသခံတွေအတွက် အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ငွေပျော်စံပြကျေးရွာရဲ့ သောက်သုံးရေက အဲတောင်ကျရေတွေကို သောက်ရတာဖြစ်တယ်။ မတားလို့ရှိရင် ရေလည်းနှောက်လာမယ်။ ပြီးတော့ ကြာကြာတူးရင် တောင်ပြိုတဲ့အဆင့်ထိပါ ဖြစ်လာနိုင်တယ်။” ငွေပျော်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။ ငွေပျော်စံပြကျေးရွာ အစုအဖွဲ့ပိုင်စိုက်ပျိုးမြေတွင် ရေမနီ၊ ပျဉ်းကတိုး၊ ကျွန်း၊ စသည့်နှစ်ရှည်ပင်များ စိုက်ပျိုးထားကြပြီး ယင်းနေရာသည် အမျိုးသားဥယျာဉ်၏ ဧက ၇သောင်းအတွင်း ပါဝင်သည်။ လိပ်ကျောက်ကို ဖေဖော်ဝါရီလ ၆ ရက်မှ ငွေပျော်ကျေးရွာတွင် စတင်တူးဖော်ခဲ့ကြပြီးနောက် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကာ သဘာဝပတ်ဝန်းကျင်နဲ့ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၆ရက်နေ့ထိ အသိပညာပေးဆိုင်းဘုတ်များတပ်ဆင်ခဲ့ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လိပ်ကျောက် ဆက်လက်တူးနေသူ ၃၅၉ ဦးကို ဖမ်းဆီးခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း ငွေပျော်စံပြ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ … - [ဖားကန့်ကျောက်စိမ်းကုမ္ပဏီတစ်ခုကို မိသားစု တစ်စု ဆန္ဒပြ](https://burmese.kachinnews.com/2020/02/17/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%af%e1%80%99%e1%80%b9/): ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သည့် စိမ်းလဲ့ရတနာဝင်းကုမ္မဏီ၏ ဥပဒေမဲ့လုပ်ရပ်ကို ဖြေရှင်းပေးရန် မိသားစုတစ်ခုမှ ယနေ့ ကချင်ပြည်နယ်သယံဇာတရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။ - [နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ](https://burmese.kachinnews.com/2020/02/17/%e1%80%94%e1%80%99%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8-%e1%80%99%e1%80%ad%e1%80%af/): ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အခြေအနေထိ ဖြစ်ခဲ့ကြောင်း သိရသည်။ - [ဖားကန့်နှင့် ကာမိုင်း ဒေသခံများ ကျောက်စိမ်း လက်လုပ်လက်စားလျှောက်ခွင့်ရှိ](https://burmese.kachinnews.com/2020/02/15/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%ac%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%92%e1%80%b1/): ကချင်ပြည်နယ် ဖားကန့်တွင် လက်လုပ်လက်စားကျောက်စိမ်းတူးဖော်ခွင့်ကို ကားမိုင်းနှင့် ဖားကန့် မှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ချထားပေးမည်ဟု ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှ သိရသည်။ - [ဟူးကောင်းဒေသတွင် ဒေသခံနှင့် ယုဇနကုမ္ပဏီကြား မြေအငြင်းပွားမှုဖြစ်](https://burmese.kachinnews.com/2020/02/14/%e1%80%9f%e1%80%b0%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%94/): ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ဒေသခံများ နှင့် ယုဇနကုမ္ပဏီတို့ကြား ဖေဖေဖော်ဝါရီ ၁၂ ရက်နေ့ မြေယာပြသာနာအငြင်းပွားမှု တစ်ဖန်ဖြစ်ပွားခဲ့သည်။ - [ကချင်ဓမ္မဆရာ ၂ ဦးအမှု ညှိနှိုင်းနေဆဲဟုဆို](https://burmese.kachinnews.com/2020/02/13/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%86%e1%80%9b%e1%80%ac-%e1%81%82-%e1%80%a6%e1%80%b8%e1%80%a1%e1%80%99%e1%80%be%e1%80%af-%e1%80%8a%e1%80%be/): မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ကချင်ဓမ္မဆရာ ၂ဦးကို နောက် ၁ပတ်ခန့်အကြာထိ ထပ်မံ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ - [တတိယအကြိမ် ကျောက်မျက်ပြပွဲကို ယခုနောက်ဆုံးအပတ် ပြုလုပ်တော့မည်](https://burmese.kachinnews.com/2020/02/13/%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%95%e1%80%bc/): ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ဝေဖန်မူများရှိနေသော်လည်း တတိယအကြိမ် ကျောက်မျက်ပြပွဲကို မြစ်ကြီးနားမြို့တွင် လာမည့်ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ပြုလုပ်သွားမည်ဟု ပြည်နယ်အစိုးရမှ ပြောဆိုထားသည်။ - [ကချင်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်း](https://burmese.kachinnews.com/2020/02/11/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%86%e1%80%9b%e1%80%ac-%e1%81%82-%e1%80%a6%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%b2%e1%80%85/): ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြဇတ်ဖျော်ဖြေမှုကြောင့် ထိန်းသိမ်းခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ယခုရွေ့ပြောင်းလိုက်ပြီဖြစ်သည်။ - [မံစီတွင် လက်လုပ်လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး](https://burmese.kachinnews.com/2020/02/11/%e1%80%99%e1%80%b6%e1%80%85%e1%80%ae%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%b1%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%90/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်တွင် ကလေးများဆော့ကစားသော လေထိုးတံသေနတ်များကို မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်စေရေး ထပ်မံ သိမ်းဆည်းကာ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။ - [Kachin State Universities Exchange Program အကြောင်း မိတ်ဆက်](https://burmese.kachinnews.com/2020/02/11/kachin-state-universities-exchange-program-%e1%80%9e%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba/): ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် ‘Kachin State Universities Exchange Program’ အမည်ဖြင့် သင်တန်းကို မြစ်ကြီးနား တက္ကသိုလ်တွင် ၆ ရက်တိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ - [ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ဆက်လက်ထိန်းသိမ်းထားဆဲ](https://burmese.kachinnews.com/2020/02/08/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%9b%e1%80%85%e1%80%ba%e1%80%9a%e1%80%ac%e1%80%94%e1%80%ba%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%86%e1%80%9b%e1%80%ac-%e1%81%82-%e1%80%a6/): ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနား အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားခံရသည့် ခရစ်ယာန်ဓမ္မဆရာ ၂ဦးကို ယနေ့လွတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လွတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။ - [ကချင်တော်လှန်ရေးအစီစဉ်ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ](https://burmese.kachinnews.com/2020/02/07/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%85%e1%80%ae%e1%80%85%e1%80%89%e1%80%ba/): မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။ - [ကချင်တော်လှန်ရေးနေ့အစီစဉ်ပါဝင်သူ ၂ ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ](https://burmese.kachinnews.com/2020/02/06/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%b7%e1%80%a1%e1%80%85%e1%80%ae/): မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်း တောင်တွင် ယမန်နေ့ပြုလုပ်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားပါဝင်သူ (၂) ဦး လက်ရှိ ရဲစခန်းတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။ - [မံစီတွင် လေထိုးသေနတ်များ ဖျက်ဆီးမှု ကလေးများ၏တီထွင်မှုကို ဖျက်ဆီးခြင်းဟု ဝေဖန်နေ](https://burmese.kachinnews.com/2020/02/05/%e1%80%99%e1%80%b6%e1%80%85%e1%80%ae%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%b1%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%b1%e1%80%94%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac/): ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကလေးငယ်များပြုလုပ်သော လေထိုးသေနတ်ကို ဖျက်ဆီးလိုက်ခြင်းမှာ ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။ - [ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်](https://burmese.kachinnews.com/2020/02/05/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%b7-%e1%80%a1%e1%80%81%e1%80%99/): (၆၀) ကြိမ်မြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တော်လှန်ရေးနေ့အထိမ်းအမှတ်ဖြစ် ကချင်လူထုဆုတောင်းပွဲကို မြစ်ကြီးနားမြို့ နောင်နန်း ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အထိမ်းအမှတ်ဆုတောင်းပွဲကို ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ဘာသာရေးခေါင်းဆောင်များပါဝင်ကာ လူထု ၄ ထောင်ခန့်ဖြင့် ပြုလုပ်ခဲ့သည်။ - [ကချင်မျိုးနွယ်စုကြား အချင်းချင်းဆက်သွယ်ရာတွင် အခြားသော ဘာသာစကားမသုံးစွဲရန် KIO ဥက္ကဌပြော](https://burmese.kachinnews.com/2020/02/05/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%bd%e1%80%9a%e1%80%ba%e1%80%85%e1%80%af%e1%80%80%e1%80%bc%e1%80%ac%e1%80%b8-%e1%80%a1%e1%80%81/): ကချင်မျိုးနွယ်စုများကြား အချင်းချင်းဆက်သွယ်ပြောဆိုရာ၌ တပါးအမျိုးသား ဘာသာစကားကို အသုံးမပြုရန် ယနေ့ ကျရောက်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုခဲ့သည်။ - [မြစ်ကြီးနား ကချင်ရိုးရာမနောပွဲအစီစဉ်တွင် ဆိုင်ခန်းဝယ်ယူသူ နည်းပါး](https://burmese.kachinnews.com/2020/02/05/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac/): မြစ်ကြီးနားမြို့တွင် ယနေ့ စတင်ပြုလုပ်နေသော ကချင်ရိုးရာမနောပွဲတွင် ဆိုင်ခန်းဝယ်ယူသူဦးရေး အလွန်နည်းပါးခဲ့သဖြင့် ပျော်ပွဲရွှင်ပွဲကဏ္ဍကို ကန်ထရိုက်ယူထားသော လုပ်ငန်းရှင်များ အခက်အခဲကြုံနေရသည်ဟု တာဝန်ရှိ သူများ ပြောသည်။ - [ကချင်ပြည်နယ် ပြည်ထောင်စုနေ့အခမ်းအနား မနောကွင်းတွင် ပြုလုပ်ရန် စီစဉ်](https://burmese.kachinnews.com/2020/02/04/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85/): ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကျရောက်မည့် (၇၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်တွင် ကချင်ရိုးရာမနောင်ပွဲတော်နှင့်အတူ မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။ ဖျက်သိမ်းခဲ့ရသော ကချင်ပြည်နယ်နေ့ မနောပွဲအစားပြန်လည်ပြုလုပ်သည့် ရိုးရာမနောပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၅ရက်နေ့မှ ၁၂ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက် ၁၂ရက်နေ့မှာ ပြည်ထောင်စုနေ့ ဖြစ်သောကြောင့် အဆိုပါနေ့တွင် ပြည်နယ်အစိုးရ၏ ညွန်ကြားချက်အရ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားရန် ဖြစ်ကြောင်း မနောပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦး Ginraw Tang Gun ယခုလိုပြောသည်။ “ကျနော်တို့ ကချင်ရိုးရာမနောပွဲကို ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ပြုလုပ်ဖို့ ပြည်နယ်အစိုးရကို ပွဲမိန့်တင်ခဲ့တယ်။ ပြည်နယ်အစိုးရက ၅ရက်နေ့ကနေ ၁၂ရက်နေ့အထိ လုပ်ဖို့ ပြောဆိုလာတယ်။နောက်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်တယ်။ မနောပွဲကို ၁၂ရက်အထိ လုပ်ဖို့ပြောတယ်။ အဲ့ဒီ ၁၂ရက်နေ့မှာလည်း လူမျိုးပေါင်းစုံ အားလုံးပါဝင်တဲ့ မနောအက ကရန် စီစဉ်ထားတာလည်းဖြစ်တယ်။ အဓိက နိုင်ငံတော်သမ္မတ ပေးပို့လာတဲ့ သဝဏ်လွှာကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က လာရောက်ဖတ်ကြားပေးဖို့ သက်သက်သာဖြစ်တယ်” ဟု သူက ကချင်သတင်းဌာန KNG ကိုပြောသည်။ ‘ပြည်ထောင်စုနေ့ မနောပွဲ’ မဟုတ်ဘဲ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ သာဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။ ယခုပွဲမှာ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ အမည်ဖြင့် ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ကချင်ရိုးရာယဉ်ကျေးမှု မဟိုကော်မတီမှ ဦးဆောင်ကာ မျိုးနွယ် ၆ခု ပါဝင်ဆင်နွှဲသည့် မနောပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။ ၈ ရက်ကြာပြုလုပ်သွားမည့်အစီစဉ်များတွင် ၅ရက်မှ ၁၀ရက်အနေ့အထိ … - [ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းဖျက်ဆီးရေး စတင်ပြုလုပ်](https://burmese.kachinnews.com/2020/02/03/%e1%80%9f%e1%80%b0%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%b7%e1%80%ba%e1%80%9d%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%92/): ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ဒေသခံများနှင့် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ PJS တို့ပူးပေါင်းပြီး ဘိန်းစိုက်ခင်းဖျက်ဆီးရေး လုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းမှ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဝါရာဇွပ်ကျေးရွာ အရှေ့အနောက်ဘက်ခြမ်းရှိ မနချောင်း ၊ မိုးကောင်းချောင်း ၊ နန်းဖြတ်ချောင်းများနှင့် ရှထူးဇွပ်ကျေးရွာ မြောက်ဘက်ပိုင်းဒေသများရှိ ဘိန်းခင်း (၂၃) ဧကခန့်ကို ခုတ်ထွင်းရှင်းလင်းပြီးဖြစ်ကြောင်း ဝါရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ကချင်သတင်းဌာန KNG ကို ပြောသည်။ “ကျနော်တို့က ဘိန်းခင်းရှိတဲ့နေရာတွေကို လိုက်ရှာပြီး လိုက်ခုတ်ရှင်းတာဖြစ်တယ်။ ဒေသခံတွေ နဲ့ တစ်ချို့ဘိန်းစွဲနေတဲ့သူတွေ စိုက်ကြတယ်။ တခြား ဘိန်းပင်မဟုတ်ပဲ အစားထိုးသီးနှံတွေ စိုက်စားစရာတွေအများကြီး ရှိပါတယ်။ အခုလို ခုတ်ပေးလိုက်တဲ့အတွက် သူတို့ဝမ်းရေး အခက်အခဲရှိသွားတယ်လို့လည်း မဟုတ်ပါဘူး။ ဘိန်းစိုက်တာကို ပြည်သူတွေလည်း မကြိုက်ဘူး ၊ ဘုရားလည်းမကြိုက်ဘူး ၊ အစိုးရ လည်းမကြိုက်ဘူး။ ဒီဘိန်းကိုတော့ ဝမ်းရေး အနေနဲ့ ဘယ်သူကမှ မလုပ်ပေးဖို့ပြောချင်တယ်။” ဟု ပြောသည်။ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် နှစ်စဉ် ဘိန်းခင်းရာသီဖြစ်သောယခုအချိန်တွင် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ဘိန်းခင်းဖျက်စီးမှုအစီစဉ် ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်အတွက် လူအင်အား ၁၀၀ ကျော်ဖြင့် ဘိန်းခင်းဖျက်ဆီးရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ “ကျနော်တို့ ပေါ်လဆီမှာက ဘိန်းခင်းနှိမ်နင်းတာတို့မလုပ်ပဲ အမြင်ဖွင့်တဲ့ဘက်ကိုပဲ အဓိကထားဆောင်ရွက်တာ ဖြစ်တယ်။ ဘိန်းခင်းဖျက်တာတို့ ၊ ဖမ်းဆီးအရေးယူဒါတွေကို ကျနော်တို့ အတင်းအကျပ်တော့ မလုပ်ဘူး။ အမြင်ဖွင့်ပေးတာကိုတော့ အဓိကထားလုပ်ဆောင်တယ်။ အခု ဝါရာဇွပ်မှာ ဘိန်းခင်းဖျက်ဆီးကြတာက သူတို့ဒေသခံတွေ စုပေါင်းသဘောတူပြီး လုပ်ဆောင်ကြတယ်လို့ မြင်ပါတယ်။” … - [KIO နယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးအစီစဉ် ပြုလုပ်နေ](https://burmese.kachinnews.com/2020/02/03/kio-%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af/): တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးအစီစဉ်များ ပြုလုပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။ “ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့နည်းတွေ mask အုပ်ရမယ်ဆိုတာတွေ ၊ တစ်ကိုယ်ရေ ကျန်းမာရေး လိုက်စားရမယ်ဆိုတာတွေ ၊ နိုင်ငံတကာသတိပေးချက်အတိုင်း လူအများရှိတဲ့နေရာတွေ မသွားဖို့ ၊ ဒီလိုမျိုး ပညာပေးတဲ့အပိုင်းတွေကို FM ကနေလွင့်ပေးခြင်း၊ လူစုတဲ့နေရာတွေမှာ စာရွက်တွေနဲ့ဖြန့်ဝေပေးခြင်းမျိုးတွေကို လုပ်နေတယ်” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။ နယ်စပ်ဂိတ်ပိတ်ခြင်း၊ လူစုလူဝေးကန့်သတ်ခြင်းစသည့် အမိန့်ထုတ်ပြန်ထားခြင်းမတွေ့ရသော်လည်း ကိုယ်အပူတက်ခြင်း၊ ချောင်းဆိုခြင်း၊ အသက်ရှုရခက်ခဲခြင်း ဖြစ်လျှင်ဆေးရုံသို့ ပြသရန်၊ လူစုလူဝေးနေရာမသွားရန် စသည့် ကျန်းမာရေးလမ်းညွန်ချက်များကို ထုတ်ပြန်ထားသည်။ အလားတူ စစ်ရှောင်စခန်းများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောမှုများပြုလုပ်နေသည်ဟု သတင်းဖော်ပြမှုတွင် တွေ့ရသည်။ ထို့အပြင် KIO နှင့် တရုတ်နယ်စပ် ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်မှု မရှိတော့သည့်အခြေအနေဖြစ်နေကြောင်း ပြောဆိုသည်။ ယနေ့ထိ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော ထူခြားသံသယလူနာ တစ်ယောက်မျှမတွေ့ရှိသေးကြောင်းလည်း ထပ်မံပြောသည်။ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အပါအဝင် စစ်ပြေးဒုက္ခသည်စခန်းအများစုသည် တရုတ်နယ်စပ်တွင်ရှိပြီး စစ်ရှောင်အများစုမှာ တရုတ်ပြည်ဘက်တွင် အလုပ်လုပ်နေကြဟု သိရပါသည်။ မြန်မာ-တရုတ်နယ်စပ်ဖြစ်သော ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၀၅ ဦးရှိခဲ့ပြီး ၃ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ မရှိသေးကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထားပါသည်။   - [ကချင်ပြည်နယ် တရုတ်နယ်စပ်တွင် Thermal Scanners ဖြင့် Coronavirus စတင်စစ်ဆေး](https://burmese.kachinnews.com/2020/02/03/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95/): ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဝတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ရောဂါစစ်ဆေးမှု မြန်ဆန်စေရန် Thermal Scanners (အပူတိုင်းကိရိယာ) ထားရှိထားပြီဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေး ဌာနမှသိရပါသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော အဆိုပါရောဂါကြောင့် ၄ ရက်အတွင်း တရုတ်နိုင်ငံမှ မြန်မာပြည်သို့ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပေါင်း ၂ ထောင်ကျော်ရှိလာသဖြင့် စစ်ဆေးရေးတွင် လစ်ဟမှုမရှိအောင် Thermal Scanners (အပူတိုင်းကိရိယာ) စက်ဖြင့် စစ်ဆေးရန်လိုအပ်နေကြောင်း ဝိုင်းမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့ ယခုလိုပြောသည်။ “အခုက တစ်ရက်နဲ့ တစ်ရက် တရုတ်ပြည်က ပြန်လာတာ ရာနဲ့ချီတယ်။ အဲ့တော့ အခုစစ်ဆေးတဲ့ အပိုင်းမှာ ၂ပိုင်းနဲ့ စစ်ဆေးတယ်။ အခုအသုံးပြုနေတဲ့ Infrared Thermometer နဲ့ ဘဲစစ်နေတယ်။ အဲ့ဒါနဲ့ဘဲဆိုတော့ အချိန်လည်း ယူရသလို လူအင်အားတွေလိုအပ်တာပေါ့။ အခက်အခဲနည်း နည်းရှိတာပေါ့။ ကျနော်တို့ တပ်ဆင်ဖို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ပေးလိုက်တာပါ”ဟုသူကပြောသည်။ လက်ရှိချိန်ထိ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်မှ ဝင်ရောက်လာသူများတွင် ရောဂါကူးစက်မှု မတွေ့ရှိရသေးသော်လည်း ဇန်နဝါရီ ၂၇ရက်နေ့တွင် အပူချိန်ကျော်လွန်နေသည့် တရုတ်နိုင်ငံသား ၃ဦးကို တွေ့ရှိသဖြင့် ပြန်လှည့်ခိုင်းခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။ နယ်စပ်ဂိတ်ပိတ်ရန် ညွန်ကြားချက် မရှိသဖြင့် ကချင်ပြည်နယ်အတွင်း လွယ်ဂျယ် နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ် ၂ ခုတို့တွင် ပြည်တွင်းဝင်ရောက်လာသူများကို အပူချိန်တိုင်းတာမှုများ ပုံမှန်ပြုလုပ်နေကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ထားသည်။ ပြည်နယ်အစိုးရအနေနဲ့ ရောဂါလက္ခာရှိသည့် မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်တွေ့ရှိပါက ကျန်းမာရေးနှင့်ပတ်သက်ပြီး အဆင့်ဆင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကန်ပိုင်တည် အုပ်ချုပ်ရေးမှူး … - [မုံးကိုးတွင် အလင်းဝင်သော တပ်သားများမှာ KIA တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း ငြင်းဆို](https://burmese.kachinnews.com/2020/01/31/%e1%80%99%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%9e%e1%80%b1/): ရှမ်းမြောက် မုံးကိုးမြို့ရှိ မြန်မာ့တပ်မတာ်ထံသို့ အလင်းဝင်သွားသော စစ်သား၂၁ ဦးမှာ KIA တပ်သားများမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး နော်ဘူပြောသည်။ “မုန်းကိုးမှာ ပြည်သူ့စစ်ဖွဲ့ချင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်မှာ သူက မှတ်ပုံတင်တာလည်းမရှိ။ ဒါကြောင့် သူ့ကို ပြည်သူ့စစ်ဖွဲ့ခွင့်မပေးဘူး။ သတ်မှတ်ထားတဲ့ လက်နက်အင်အား လူအင်းအား ၆၀ လောက်လည်း မပြည့်တော့ အဖမ်းခံရမယ့် အခြေအနေရှိခဲ့တယ်။ ဆိုတော့ သူက မုံးကိုး ဗျူဟာမှူးတွေနဲ့ပေါင်းပြီး အဲမှာ ရှိနေတဲ့ ပြည်သူ့စစ်အကျန်တွေ၊ အိမ်မှာ နားနေတဲ့အသက်ကြီးတွေ ၊ KIA ကနေ ဟိုးအရင်ကတည်း နားလိုက်တဲ့သူတွေကို စုပြီး အခုလို KIA ကနေ လက်နက်နဲ့ ငြိမ်းချမ်းရေးလှဲလှယ် ဆိုပြီးလုပ်တာ။” ဟု ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။ တပ်မတော်ကာကွယ်ရေးဦစီးချုပ်ရုံး၏ ဇန်နဝါရီ ၃၀ ထုတ်ပြန်ချက်တွင် ‘ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ(၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်’ ဟု ဖော်ပြထားသည်။ ထို့အပြင် တပ်မတော်ထုတ်ပြန်ထားသည့် ဓါတ်ပုံတွင် ပါရှိသော လက်နက်များသည်လည်း KIA ၏ လက်နက်ပုံစံ မဟုတ်ကြောင်း ပြောဆိုထားသည်။ ယခုလို တပ်မတော်ဘက် သတင်းလွင့်မှုသည် လူထုကို မဟုတ်မမှန်သတင်းပေးခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ … - [KIA တပ်စခန်းတချို့ကို တပ်မတော် ဒရုန်းဖြင့် ထောက်လှမ်းဟု FBR ထုတ်ပြန်](https://burmese.kachinnews.com/2020/01/30/kia-%e1%80%90%e1%80%95%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%90%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%95%e1%80%ba%e1%80%99/): ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းကို တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းခဲ့ကြောင်း Free Burma Rangers အဖွဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ခဲ့သည်။ ကျောက်ဖြာရှိ တပ်မတော်စခန်းမှ KIA တပ်ရင်း ၁၂ နှင့် ၂၇ ဌာနချုပ် စခန်းကို ဒီဇင်ဘာ ၃ ရက်နေ့ ထောက်လှမ်းခဲ့သည်ဟု ၊ ကချင်နှင့် ရှမ်းမြောက်ဒေသ တိုက်ပွဲအချက်အလက်များကို ပြုစုထားသည့် FBR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဖားကန့်ဒေသတွင် တပ်မတော်က ဆပ်ကြေးကောက်ခြင်း၊ မချန်းဘောမြို့နယ် ဆွမ်ပီယန်တွင် ကားသမားတစ်ဦး၏ ခြေထောက်ကို သေနတ်ဖြင့်ပစ်ခြင်း နှင့် တနိုင်းအောင်လော့ဒ်သို့သွားမည့် ပြည်သူများကို တားဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။ ကချင်ပြည်နယ် ဝိုင်းမော်နှင့် မံစီမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှမ်းမြောက်ဒေသတွင်လည်း တိုက်ပွဲ ၉ ကြိမ်ပွားခဲ့သည်ဟု ဆိုထားသည်။ ရှမ်းမြောက်တိုက်ပွဲတွင် KIA ထိန်းချုပ်နယ်မြေတွင်သာမက တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ဖြင့်လည်း တပ်မတော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။ Free Burma Rangers အဖွဲ့သည် ဖိနှိပ်ခံရသူများဘဝ ဆက်လက်ရှင်သန်နိုင်ရန် ကျန်းမာရေး၊ ပညာရေးနှင့် အခြားအကူညီများကို ပေးနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။   - [ICJ ဆုံးဖြတ်ချက်ချရာတွင် တိုင်းရင်းသားအရေးပါ ထည့်သွင်းသင့်](https://burmese.kachinnews.com/2020/01/28/icj-%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%90/): မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်ကျူးလွန်မှုများ ဖြေရှင်းနိုင်ရန် ရိုဟင်ဂျာပြဿနာ တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားဒေသမှအရေးများ ထည့်သွင်းဆွေးနွေးရန်လိုအပ်ကြောင်း နိုင်ငံတကာကို ပြောဆိုနေသည်ဟု ကချင်အမျိုးသမီးအဖွဲ့ပြောသည်။ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကိုတရားစွဲဆိုထားသည့်အမှုတွင် ကြားဖြတ်စီမံချက် (၄) ချက်ကို ဇန်နဝါရီ (၂၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြေရှင်းရာတွင် တိုင်းရင်းသားအရေးကိစ္စများကို ထည့်သွင်းရမည်ဟု ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT အဖွဲ့တာဝန်ရှိသူ Htoi San (ဒေါ်ဆန်ထွယ်)ပြောသည်။ “ရိုဟင်ဂျာအရေးတစ်ခုနှင့် မြန်မာပြည်မှာအခု ရှုပ်နေတဲ့ နိုင်ငံရေး၊ စစ်တပ်အခန်းကဏ္ဍတွေက ချုပ်ငြိမ်းဖို့မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားအရေးကို အမြဲထည့်ပြောနေရတယ်။ ရိုဟင်ဂျာအရေးတစ်ခုတည်းဆို မြန်မာလူထုလည်း မထောက်ခံဘူး။ တိုင်းရင်းသားအရေးပါရင်တော့ ထောက်ခံမှာဖြစ်လို့ လုပ်ရမယ်လို့ ထင်တယ်။ အခုလည်း ရိုဟင်ဂျာတစ်ခုတည်းနဲ့ လုံလောက်မှုရှိမယ်လို့ မမျှော်လင့်ဘူး” ဟု ပြောသည်။ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်စေရေး မြန်မာအစိုးရမှ လုပ်ဆောင်ရန်နှင့် တပ်မတော်၊ ပြည်သူ့စစ်နှင့် လက်နက်ကိုင်အဖွဲ့များလည်း ထိုသို့မဖြစ်ရန် ဆောင်ရွက်ရမည့်အကြောင်းအပါအဝင် အချက် (၄)ချက်ကို ICJ မှ ကြားဖြတ်အစီစဉ်အဖြစ် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ကြိုဆိုလက်ခံကြောင်း ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး Kachin National Organization (KNO) ဇန်နဝါရီ (၂၇)ရက်နေ့ ထုတ်ပြန်ထားသည်။ “ရိုဟင်ဂျာများအတွက်သာမက ဆယ်စုနှစ်ပေါင်းများစွာ မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်မှုကိုခံစားခဲ့ရသောသူများအတွက် တရားမျှတမှုရရှိသော နေ့တစ်နေ့ဖြစ်တယ်” ဟု KNO နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ Hkanhpa Tu က ပြောသည်။ ICJ … - [ရွှေနှင့် ပယင်း လုပ်ကွက်ချပေးနိုင်ရေး ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုထား](https://burmese.kachinnews.com/2020/01/28/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%9a%e1%80%84%e1%80%ba%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%80%e1%80%ba/): မြန်မာ့တပ်မတော် သိမ်းပိုက်ထားသော ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေနှင့် ပယင်းမှော်ဒေသတွင် အသေးစား လက်လုပ်လက်စားလုပ်ငန်းများ တရားဝင် ကွင်းဆင်းစိစစ်နိုင်ရေး ခွင့်ပြုပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးမှ တောင်းဆိုထားကြောင်း သိရသည်။ ရွှေသတ္ထုနှင့် ပယင်းကျောက် ထွက်ရှိရာ နန်ဗျူ၊ ညောင်ပင်ကုန်း၊ ဇီးဖြူကုန်း၊ တုံမဏီ စသော မှော်ဒေသတွင် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်ဆန်းတွင် တပ်မတော်မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် တပ်မတော်သိမ်းပိုက်ပြီးသော အဆိုပါနေရာများတွင် လက်လုပ်လက်စားလုပ်ကွက်ချပေးရန် ပြည်နယ်အစိုးရအစီစဉ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ကွင်းဆင်းစိစစ်ရန်ဆောင်ရွက်လာချိန် နယ်မြေလုံခြုံရေးခေါင်းစဉ်ဖြင့် တပ်မတော်မှ ခွင့်မပြုသဖြင့် ယခုခွင့်ပြုပေးရန် ဇန်နဝါရီ ၂၀ ရက်နေ့တွင် တောင်းဆိုခြင်းဖြစ်သည်ဟု ဦးလင်းလင်းဦးပြောသည်။ “အခုတောင်းဆိုထားတဲ့ ဒေသတွေမှယ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ပြီး နယ်မြေစိုးမိုးထားတာ ၂နှစ်ကျော်လောက်ရှိနေပြီ။ ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးဆိုက်တွေက တည်ဆဲဥပဒေလမ်းကြောင်းနဲ့အညီ ဒေသခံတွေ လုပ်ငန်းအခွင့်အလမ်း ရဖို့ တစ်နိုင်တပိုင် လုပ်ကွက်ချပေးဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကွင်းဆင်းစစ်ဆေးလို့မရဘူး။ တပ်မတော်က နယ်မြေလုံခြုံရေးဆိုပြီး တားမြစ်ထားတယ်။ အဲ့ကြောင့် အဲ့ဒီဘက်မှာ တာဝန်ယူထား တဲ့အကြီးအကဲကို ခွင့်ပြုပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ” ပြောဆိုသည်။ လက်ရှိမှော်ဒေသတွင် တရားမဝင်လုပ်ကိုင်မှုများ ရှိနေသောကြောင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခြင်းဖြင့် သယံဇာတများ ဆုံးရှုံးနစ်နာမှုကို လျှော့ချသင့်ကြောင်း ဆက်လက်ပြောဆိုသည်။ ဒေသခံများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရဟုဆိုကာ တနိုင်းမြို့နယ်အတွင်း မြေဧက ၆၉၁၈.၉၅ … - [ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး ကချင်ပြည်နယ် နယ်စပ်ဂိတ်များတွင် စစ်ဆေး](https://burmese.kachinnews.com/2020/01/27/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba-%e1%80%80%e1%80%ac%e1%80%80/): တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန် ကချင်ပြည်နယ် Kambaiti (ကန်ပိုင်တီ) နှင့် Loije (လွယ်ဂျယ်)နယ်စပ်ဂိတ် နှစ်ခုတွင် ရောဂါစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေပြီး၊ နယ်စပ်ဂိတ်ပိတ်ရန်လည်း ပြည်ထောင်စုသို့ စာတင်ထားကြောင်း သက်ဆိုင်ရာ ဌာနများဆိုသည်။ ဇန်နဝါရီ (၂၇)ရက်နေ့မှစတင်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး Kambaiti ဥမင်ထွက်ပေါက်ဝ တွင် ဖြတ်သန်းသွားလာသူများကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မဖြတ်သန်းမှီ ကြိုတင်စစ်ဆေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် နယ်စပ်ဂိတ်များကို ပိတ်ရန် ပြည်ထောင်စုသို့ စာတင်ထားကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းပြောသည်။ “ပြည်ထောင်စုအဆင့်က လုပ်ထားတဲ့ ဂိတ်တွေဖြစ်တဲ့အတွက် ကျနောတို့ ကချင်ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုကို တင်ထားတာရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုကတော့ အခုချိန်ထိ ပိတ်ပါ မပိတ်ပါနဲ့ဆိုတဲ့ အမိန့်တစ်စုံတစ်ရာ မရှိသေးပါ” ဟုပြောသည်။ ထို့အပြင် ပြည်နယ်တွင်း ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအို လေဆိပ်မှ ဝင်ရောက်လာသော နိုင်ငံခြားသားများကိုလည်း ၎င်းတို့ ဟိုတယ် စာရင်းကောက်ယူကာ စောင့်ကြည့်နေကြောင်း ဆိုသည်။ ရောဂါလက္ခဏာ မပေါ်သေးသော်လည်း ကူးစက်ခံရနိုင်ကြောင်း တရုတ်နိုင်ငံသတင်းများအရ သိရှိရသဖြင့် မြန်မာအစိုးရအနေဖြင့်လည်း နယ်စပ်ဂိတ်များကို စနစ်တကျစိစစ်သင့်ကြောင်း ဝိုင်းမော်ဒေသခံ ဦးဂဲနက်စ် ပြောသည်။ “ကျနော်တို့မှာ နည်းပညာလိုအပ်မှု အရမ်းချို့တဲ့တယ်။ တရုတ်လိုနိုင်ငံက သူ့နိုင်ငံမှာဖြစ်ပွားခဲ့တာကို တော်ရုံတန်ရုံ ကမ္ဘာသိမလုပ်ဘူးဗျာ။ အခုလိုမျိုးကိစ္စရပ်မှာသူတို့တရားဝင်ဆေးရုံဆောက်၊ မြို့ပြင်မထွက်ဖို့ လုပ်လာတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံသားတွေ ဒီမှာလာနေတဲ့သူတွေ၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ လာရောက်နေထိုင်တဲ့သူတွေကို အုပ်စုခွဲပြီး စိစစ်သင့်တယ်။ ကိုယ့်နိုင်ငံထဲဝင်လာတယ်ဆိုပေမယ့် ကချင်ပြည်နယ် ဝိုင်းမော်လမ်းကြောင်းကဆိုတော့ … - [ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကချင် ကန်ပိုင်တီနယ်စပ်ပိတ်ရန် စာတင်ထား](https://burmese.kachinnews.com/2020/01/27/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b1-2/) - [‘မျိုးဆက်သစ်မြန်မာ သုတေသန အစီရင်ခံစာ’ မြစ်ကြီးနားတွင် မိတ်ဆက်](https://burmese.kachinnews.com/2020/01/23/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%9e%e1%80%85%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9e%e1%80%af%e1%80%90%e1%80%b1/): လူငယ်များ ဘဝအခွင့်အလမ်းနှင့် မျှော်မှန်းချက်များကို သုတေသနပြုလုပ်ထားသည့် ‘မျိုးဆက်သစ်မြန်မာ သုတေသန အစီရင်ခံစာ’ ကို ကချင်လူငယ်များထံ မိတ်ဆက်ပေးသည့်အခမ်းအနား ဇန်နဝါရီလ ၂၂ ရက်နေ့ မြစ်ကြီးနား မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။ မြန်မာလူငယ်များ၏ အနာဂတ်မျှော်မှန်းချက်၊ ခံစားချက်၊ မတူကွဲပြားသောအမြင်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်မှု ရာခိုင်နှုန်း၊ နိုင်ငံရေးတွင် လှုပ်ရှားပါဝင်မှု ၊ အစိုးရနှင့်အဖွဲ့အစည်းများအပေါ် အမြင်သဘောထား၊ လက်ရှိမြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် လူငယ်များ၏စိန်ခေါ်မှု၊ လုပ်ငန်းလုပ်ကိုင်မှု အခွင့်အလမ်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ပြသာနာ စသည့်မတူညီသော ကဏ္ဍအကြောင်းအရာများကို စုစည်းပြုစုထားသည့် စာတမ်းဖြစ်ကြောင်း အခမ်းအနားတွင် ရှင်းလင်းခဲ့ပါသည်။ “အခု မျိုးဆက်သစ် သုတေသနက ဘာကြောင့် ပြုစုသလဲဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲ ဖြစ်နေတဲ့ နိုင်ငံတွေမှာ ပြုစုကြပါတယ်။ အဲ့လိုပါဘဲ ကျမတို့နိုင်ငံလည်း အပြောင်းအလဲ ဖြစ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် မျိုးဆက်သစ်မြန်မာ သုတေသနပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု အစီစဉ် ဦးဆောင်ခဲ့သူ မ မီးမီးမျိုးဝင်း ပြောဆိုခဲ့ပါသည်။ ယခုအစီရင်ခံစာကို BRITISH COUNCIL မှ၂နှစ်ခန့် အချိန်ယူပြုစုခဲ့ကြောင်း ဆိုထားသည်။ ရည်ရွယ်ချက်မှာ လူငယ်ဆိုင်ရာ မူဝါဒပိုင်းဆောင်ရွက်နေသူများနှင့် လူငယ်ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော်နေသူများ သိစေရန် ဖြစ်ကြောင်း ထပ်မံ ပြောဆိုခဲ့သည်။ အသက်အရွယ် ၁၈ နှစ် မှ ၃၀ အတွင်း လူငယ်၂ ထောင်ကျော်အား စစ်တမ်းကောက်ချက်အရ လာမည့် ၅နှစ်အတွင်း ပြုပြင်ပြောင်းလဲစေလိုသော အချက်များမှာ မူးယစ်ဆေးဝါး ပြသာနာနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ဖြစ်သည်ကို တွေ့ရသည်ဟု … - [လူမျိုးသုန်းသတ်ဖြတ်မှုကာကွယ်ရေး ကြားဖြတ်စီမံချက် ၄ ချက် ICJ ချမှတ်](https://burmese.kachinnews.com/2020/01/23/%e1%80%9c%e1%80%b0%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%af/): မြန်မာပြည်တွင် လူမျိုးသုန်းသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာများကို ကာကွယ်သင့်ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားဖြတ်အစီမံ ၄ ချက်ကို ယနေ့ ချမှတ်ခဲ့သည်။ လွန်ခဲ့သည့်ဒီဇင်ဘာလ ကြားနားမှုတွင် ဂမ်ဘီယာနိုင်ငံမှ တင်သွင်းသည့် အချက် ၆ ချက် ရှိသည့်အနက် ICJ တရားသူကြီးများမှ အချက် ၄ ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ (၁) ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စေသည့် လုပ်ဆောင်မှုများအားလုံးကို မြန်မာ အစိုးရမှ ရပ်တန့်အောင် ဆောင်ရွက်ရန်၊ (၂) မြန်မာစစ်တပ်၊ ပြည်သူ့စစ်နှင့် အခြား လက်နက်ကိုင်တပ်ဖွဲ့များ လူမျိုးသုန်းသတ်ဖြတ်မှု မကျူးလွန်စေရန် ဟန့်တားရန်၊ (၃) ဂျီနိုဆိုက်သက်သေအထောက်အထားများကို ဖျက်ဆီးမှုတွေမရှိစေရေး မြန်မာအစိုးရမှ ဆောင်ရွက်ရန်၊ (၄) ယနေ့ အမိန့်ချမှတ်သည်မှစ၍ ၄ လအတွင်း အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအပြီးသတ်အမိန့်မချမှတ်မှီ ၆ လတစ်ကြိမ် အစီရင်ခံစာ တင်သွင်းရန် တို့ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရဘက်မှ တောင်းဆိုခဲ့သော (၁) ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားသော အမှုကို လုံးဝပယ်ဖျက်ရန်၊ (၂) အမှုကို မပယ်ဖျက်ပေးနိုင်လျှင် ဂမ်ဘီယာ၏ ကြားဖြတ်စီမံချက်တောင်းဆိုမှုကို အမိန့်ထုတ်ပေးခြင်းမပြုရန် စသည့် ၂ ချက်ကို ICJ ဘက်မှ ပယ်ချခဲ့သည်။ မြန်မာအစိုးရစစ်တပ်သည် လူမျိုးသုန်းသတ်ဖြတ်မှုသဘောတူညီမှုကို ကျူးလွန်နေသည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကို လွန်ခဲ့သည့်နှစ်က နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ပြီး ICJ တရားရုံး၏ ပထမ ကြားနာမှုကို ဒီဇင်ဘာ လတွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေးယုံကြည်ချက်နှင့် လူမျိုးရေးဖြစ်တည်မှု၊ ကွဲပြားမှုများကို နိုင်ငံရေး၊စစ်ရေး၊လူမှုရေးအရ … - [အေးမြသာယာ ဈေးသစ်ကြီးမဖွင့်မှီ ပျံကျဈေးနေရာများအရင် စီစဉ်မည်](https://burmese.kachinnews.com/2020/01/21/%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac-%e1%80%88%e1%80%b1%e1%80%b8%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%96%e1%80%bd/): မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေးသစ်ကြီးဖွင့်ရန်အတွက် ဈေးရုံသစ်နားရှိ ပျံကျဈေးနေရာကို လာမည့် ဇန်နဝါရီ ၂၃ရက်နေ့တွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။ “ဈေးရုံသစ်ကြီး မဖွင့်နိုင်သေးတဲ့ ဒီစပ်ကြားမှာတော့ ပျံကျဈေးပေါ်မှာလည်း ဈေးသည်အချို့ရောင်းကြတယ်။ နောက် ပျံကျဈေးရုံကြီး ၆ရုံနဲ့ ဈေးရုံသစ်ကြီး ၄ရုံကြားထဲမှာ ကားပါကင်လုပ်ခဲ့တဲ့ လမ်းလေးမှာလည်း ယာယီ ပျံကျ ဈေးရောင်းကြတဲ့လူတွေရှိတယ်။ ခုဒီဘက်ဈေးရုံသစ်ကြီးဖွင့်မယ်ဆိုတဲ့ခါကျတော့ ဒီပျံကျတွေကို နေရာချပေးဖို့ ရှိတယ်။” ဟု မြို့နယ်စည်ပင်သာယာရေးမှူး ယခုလိုပြောသည်။ ပျံကျဈေးရုံသည် အခန်းပေါင်း ၁၁၉ ခန်း ရှိပြီး ဆိုင်ခန်းဌားရမ်းခအနေဖြင့် တစ်လလျှင် ၃၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ပျံကျဈေးအား နေရာပြန်လည် စီစစ်ချထားပေးရန်အတွက် စည်ပင်သာယာရေးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများ၊ ဈေးရောင်းသူများတွေ့ဆုံကာ နေရာချသွားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ “ပျံကျဈေးနားမှာဘဲ ချထားပေးမှာ လမ်းကြီးကျယ်ကျယ်ရှိတာဘဲ ပျံကျဈေးနဲ့ ဈေးသစ်ကြီးကြား ၁၀ပေလောက်ကို ခင်းနိုင်ဖို့ အတွက် ဒီဘက်မှာ ကားရပ်ဖို့အတွက်လည်း ပေ၂၀လောက် စီစဉ်ပေးဖို့ မျှတအောင်စီမံပေးဖို့ လုပ်သွားမှာပါ။” ဟု ပြောသည်။ ပျံကျဈေးကြီးသည် ဈေးရုံသစ်ကြီး နံဘေးတွင်ရှိပြီး အဆိုပါ ဈေးရုံသစ်ကြီး၏ ကားပတ်ကင် ဧရိယာအတွင်း ယာယီဈေးရောင်းချမှုရှိနေသဖြင့် ယခုလို စီစစ်နေရာချထားပေးခြင်းဖြစ်သည်ဟု ပြောပါသည်။ - [ဖားကန့်တွင် မြေစာပုံပြိုကျ ရေမဆေးသမား ၁ ဦးသေဆုံး](https://burmese.kachinnews.com/2020/01/21/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%85%e1%80%ac%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%bc%e1%80%ad/): ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင် (ခေါ်) ကျောက်စိမ်း သစ်ရွက်လုပ်ကွက်အနီးရှိ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ညနေ ၃ နာရီခွဲအချိန်၌ ရေမဆေးသမား ၁ ဦး မြေစာပိသေဆုံးခဲ့ကြောင်း သိရပါသည်။ ယင်းမြေစာပုံသည် အမြင့်ပေ (၃၀၀) ခန့်ရှိပြီး မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်အုပ်ချုပ်ရေးမှူး ဦး ဉာဏ်လင်းအောင် ထံမှ သိရပါသည်။ သေဆုံးသူသည် မြေပြိုကျခဲ့သည့် နေရာအနီးရှိ ကောင်ဆန်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အသက် (၅၄) နှစ်အရွယ် ဦးလှထွန်းဖြူ ဆိုသူဖြစ်ကြောင်း သိရသည်။ မြေစာပိသေဆုံးသူ ဦးလှထွန်းဖြူ၏ ရုပ်အလောင်းကို အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းရှာဖွေခဲ့ရာ ညနေ ၄း၄၀ခန့်တွင် တွေ့ရှိခဲ့ပြီး လက်ရှိ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။ ဖားကန့်ဒေသတွင် မြေစာပုံများစွာရှိပြီး ယခုကဲ့သို့မြေစာပုံပြိုကျမှုကြောင့် အသက်သေဆုံးခဲ့သည့် သူအများအ ပြားရှိနေပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း မြေပြိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရပါသည်။   - [ဝိုင်းမော်မြို့တွင် မီးပွိုင့်တစ်ခုထပ်မံတပ်ဆင်ရန် အဆင်မပြေဟု ယာဉ်ထိန်းအဖွဲ့ပြော](https://burmese.kachinnews.com/2020/01/20/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%ae%e1%80%b8/): ဝိုင်းမော်မြို့တွင် နောက်ထပ် မီးပွိုင့်တစ်ခု တပ်ဆင်ရန် လျှောက်ထားမှုများ ရှိသော်လည်း လမ်းကြောင်းအခြေအနေအရ ချပေးရန်အဆင်မပြေသေးကြောင်း အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး မှသိရသည်။ “လမ်းမကြီး မိန်းလမ်းက အကျယ်ကြီးဘဲ ဒါပေမယ့် ကျောင်းဘက်သွားတဲ့ လမ်းသွယ်က သေးသေးလေးဖြစ်နေတော့ ပေးလို့အဆင်မပြေသေးဘူး။ တစ်ဖက်မှာ နီနေပြီဆိုရင် ကားတွေက အတန်းလိုက်ဖြစ်သွားမှာ လမ်းမကြီးပေါ်မှာတော့ ကားတွေက အဆင်ပြေပြေသွားလို့ ရနိုင်ပေမယ့် လမ်းကြားဘက်ကို ဝင်ဖို့ကျတော့ အခက်အခဲများကြီးဖြစ်သွားမယ်။ ကားတွေကွေ့ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တစ်ချို့နေရာတွေကျတော့ မီးပွိုင့်တပ်လိုက်မှ ပိုဆိုးသွားမယ့်နေရာတွေရှိတယ်။ အနည်းဆုံး မိန်းလမ်း ၂လမ်းရှိမှ တပ်လို့အဆင်ပြေမယ်။” ဆိုပြီး အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး ရဲမှူးရဲလွင် ပြောသည်။ လက်ရှိတွင် ဈေးကြီးလမ်းထောင့်၌ မီးပွိုင့်တစ်ခုတည်းသာ ထားရှိပြီး၊ လိုအပ်ချက်အရ အ.ထ.က (၁) ကျောင်းနားရှိ လမ်းဆုံတွင်လည်း ထပ်မံချပေးရန်လိုနေသေးကြောင်း ဝိုင်းမော်မြို့နယ် အရပ်ဘက်အဖွဲ့စည်းမှ တာဝန်ရှိသူများ ထောက်ပြ ပြောဆိုပါသည်။ “ကျောင်းလမ်းဆုံမှာက ကျောင်းသားတွေ ပို့တဲ့ကားတွေ၊ သုံးဘီးတွေပြီးတော့ လမ်းဘေး ဈေးလည်း ရှိနေပြန်တော့ လမ်းသွားလမ်းလာအရမ်းအန္တာရယ်ကြီးတယ်။ ဖြစ်နိုင်ရင်တော့ လမ်းချဲ့ပြီး စနစ်တကျ လုပ်ပေးထားရင် ယာဉ်အန္တာရယ်လည်း လျော့နည်းသွားမယ်။ လမ်းသွားလမ်းလာလည်း လွှတ်လွှတ်လပ်လပ် သွားလို့ရမယ်။ အဲကြောင့် သက်ဆိုင်ရာများအနေနဲ့ လမ်းအခြေနေများကို အမြန်ဆုံးစီမံခန့်ခွဲပြီး လုပ်ပေးစေချင်တယ်” ဝိုင်းမော် အရပ်ဘက်အဖွဲ့စည်းမှ ဦးဘောမ်ဆောင်က ဆိုသည်။ ဝိုင်းမော်မြို့ဈေးလမ်းရှိ တစ်ခုတည်းသော မီးပွိုင့်ကို လွန်ခဲ့သည့် ၂၀၁၈ခုနှစ်တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပါသည်။   - [မျက်မြင်သက်သေများထွက်ဆိုရန် စိုးရိမ်သဖြင့် KBC ဆရာမ ၂ ဦးအမှု မပေါ်ပေါက်ဟုဆို](https://burmese.kachinnews.com/2020/01/20/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%86/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်အမှု ၅နှစ်ကြာသော်လည်း မျက်မြင်သက်သေများ၏ ထွက်ဆိုရန် စိုးရိမ်ကြောက်စိတ်များရှိနေသဖြင့် ယနေ့ချိန်ထိ အမှုမှန်မပေါ်ဘဲ ကြန့်ကြာနေခြင်းဟု KBC ဥက္ကဌ ပြောပါသည်။ ဇန်နဝါရီလ ၁၉ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည့် ဆရာမ တန်ဘောင်ခေါင်နန်စင် နှင့် ဆရာမ မရန်လုရာတို့ ၂ ဦး၏ (၅)နှစ်ပြည့် အောက်မေ့ လွမ်းဆွတ်ဖွယ် ဆုတောင်းပွဲ အခမ်းအနားတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ ဒေါက်တာ Hkalam Sam Son ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ “ဒီအမှုမှန် အမြန်ပေါ်ပေါက်ဖို့ အဓိကတော့ ရှမ်းပြည်ကောင်းခါးမှာနေတဲ့ ဒေသခံ မျက်မြင် သက်သေတွေက အင်မတန်မှ အရေးကြီးပါတယ်။ သူတို့အနေနဲ့ သတ္တိရှိဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ မျက်မြင်သက်သေတွေဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကို တရားရုံးမှာ ကောင်းကောင်းမွန်မွန် ဖြေပေးဖို့တောင်ဆိုခဲ့တယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ခဲ့ ကြဘူး။ သူတို့ရဲ့စိုးရိမ်မှုက အတိုင်းထက်အလွန်များနေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း သူတို့ကို အတင်းအဓမ္မ မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အဖြစ်မှန်အားလုံးကို ပြောပြနိုင်ခဲ့ရင် တရားခံကို အလွယ်တကူ ရှာနိုင်လိမ့်မယ်။ အဲ့ဒီအဆင့်ကို ရောက်ဖို့အတွက် မလွယ်ကူပါဘူး။ ဘာကြောင့် လဲဆိုတော့ အဲ့မှာရှိတဲ့ လူထုတွေအနေနဲ့ ကြောက်စိတ် အရမ်းများ နေတော့ မပြောနိုင်ကြဘူး။ ဒါကြောင့် အခုထိ ဒီအမှုမှန် မပေါ်နိုင်သေးတာပါ”ဟု ပြောဆိုသည်။ … - [နန့်ဝါသစ်တောကြိုးဝိုင်းကို ယခုလအတွင်း မြေပြင်တိုင်းတာမှုပြုလုပ်ပေးမည်ဟုဆို](https://burmese.kachinnews.com/2020/01/20/namva/): ဝိုင်းမော်မြို့နယ် နမ့်ဝါသစ်တောကြိုးဝိုင်း ဒေသခံများကို ပေးအပ်ထားသည့်မြေဧက ၃၀၀ အတွက် ယခုလအတွင်း မြေပြင်တိုင်းတာမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။ “ဒေသခံများအကြား လက်ငုပ်လက်ရင်းနှင့် လက်ငုပ်လက်ရင်းမရှိတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ဖြစ်လာတယ်။ ကျနော်တို့ကတော့ ဒီတစ်သျှူးငှက်ပျောတွေကို အမြန်ခုတ်ထွင်ရှင်းလင်းပြီးတော့ (CF) အမြန်ဆုံးလုပ်စေချင်တယ်။ ဒါပေမယ့် ဒေသခံတွေကြား သဘောထားကွဲလွှဲနေတာတွေရှိတဲ့အတွက် အရမ်းကြာသွားတယ်။ ခုထိတော့ မလျှောက်နိုင်တာ နောက်ဆုံး ဘယ်လိုဖြေရှင်းပေးလိုက်လဲဆိုရင် ဒီခုစာရင်းဝင်ထားတဲ့ ၁၃၆ ဦးအပြင်နောက်ထပ် နောက်တိုးမထည့်နဲ့တော့ အရမ်းကြာသွားရင် ဘာအပင်ဘဲဖြစ်ဖြစ် အပင်ပြန်ပေါက်လာမယ်။ ခုနောက်ဆုံးတော့ ၁၃၆ ယောက် နဲ့ပဲ ခရိုင်မှာ လျှောက်ထားပေးထားပြီ။” ဆိုပြီး မြို့နယ်သစ်တောဦးစီးမှူး ဆွတ်ရိန်ဆိုင်းလာက ပြောသည်။ လက်ရှိတွင် အဆိုပါတောင်သူ ၁၃၆ ဦးဖြင့် ခရိုင်သစ်တောဦးစီးထံ လျှောက်ထားပေးပြီဖြစ်ပြီး ယခုလအတွင်း မြေပြင်တိုင်းတာမူများ စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “လက်ငုပ်လက်ရင်းနဲ့ လက်ငုပ်လက်ရင်းမရှိအဖွဲ့ဆိုပြီး ကွဲနေတဲ့အတွက် ကျနော်တို့မြေယာစီစစ်ရေးအဖွဲ့ကနေ တစ်ချက်လွှတ် အမိန့်ပုံစံနဲ့လုပ်လိုက်ရတာ်ပေါ့။ ၁၃၆ ဦးထဲမှာ ၇ဦးကိုတော့ ကျန်တဲ့သူတွေထက်မြေဧက အနည်းငယ်ပိုပေးဖို့ ဆုံးဖြတ်ထားကြတယ်။ ဥပမာ ကျနော်တို့က ၂ဧက ရတယ်ဆိုရင် သူတို့ကိုကျတော့ ၂ဧကခွဲလောက်ပေါ့။ ဒါကိုအားလုံးက သဘောတူတဲ့တွက် ဒီသဘောထားကွဲလွှဲတဲ့အပိုင်းတော့ အဆင်ပြေသွားပြီ။ အဆင်ပြေပြီးတဲ့နောက်ပိုင်း စာတင်ထားတာ ၂လလောက်တော့ရှိပြီ” ဟု လမြန်ကချင်နှစ်ခြင်းအသင်းတော်မှအမှုတော်ဆောင် ဆရာတန်ဂွန်း ဆိုပါသည်။ မြေဧက လျှောက်ထားသူများသည် စုစုပေါင်း ၁၃၆ ဦးရှိပြီး ထပ်တိုးလက်မခံတော့ကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယနေ့ လက်ရှိမြေယာစီစစ်ရေးကော်မတီအား ခရိုင်သစ်တောဦးစီးဌာနမှ ဆင့်ခေါ်ထားကြောင်းသိရသည်။ - [ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်သူကို တရားရုံးမှ ဒဏ်ငွေချမှတ်](https://burmese.kachinnews.com/2020/01/17/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%9a%e1%80%89%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%a1/): (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားနှင့်ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG ကို ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦး Tsawm Naw ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီလ ၁၇ ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားသူကြီးမှ ငွေဒဏ် ၃ သောင်း ချမှတ်လိုက်ပါသည်။ ခွင့်ပြုချက်မယူဘဲ လူစုလူဝေး ဆန္ဒပြခဲ့ခြင်းကြောင့် ဦးဆောင်သူ ဦး Tsawm Naw ကို မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုး မှ တရားလိုပြုကာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “အမှုစီရင်တဲ့အပေါ်မှာ ကျနော့ကို ဦးစီး ဦးဆောင်တယ်ဆိုပြီး စွဲချက်တင်တာပေါ့နော်။ ဒါပေမဲ့ တကယ့် တကယ် ဦးဆောင်တယ် ဆိုတဲ့ထဲမှာ သူတို့ရဲ့ခွင့်ပြုမိန့်ကို တင်နေမဲ့အချိန်လည်း မဟုတ်တော့ဘူး။ အချိန်က နီးကပ်နေပြီ။ သူတို့လည်း မြေပြင်ရဲ့ အနေအထားကိုကြည့်ပြီး ကျနော့ကိုပဲ ဦးစီးဦးဆောင် ဆိုပြီးတော့ စွပ်စွဲလိုက်တာဖြစ်တယ်။ အဲတာကမဖြစ်သင့်ဘူး။ တကယ်ဆိုမြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ ဦးဆောင်နေတဲ့ ကော်မတီတွေလည်းရှိတယ်။” ဟု ဦး Tsawm Naw ပြောပါသည်။ (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ကချင်လို ‘Jinghpaw Mungdaw Nhtoi’ ဆိုပြီး ခေတ်အဆက်ဆက် ပြုလုပ်လာပြီးနောက် ယခုနှစ်တွင် ‘Jinghpaw’ ကိုဖြုတ်ကာ အစီစဉ်ပြုလုပ်ရန် စီစဉ်ခဲ့သည့် ကချင်ရိုးရာယဉ်ကျေးမှုအသင်းကို ဖျက်သိမ်းပေးရန် ဇန်နဝါရီ ၇ ရက်နေ့တွင် ကချင်မျိုးနွယ်စု … - [ကျောက်နီထွက်သည့် နမ့်ယာပိုင်းကို လုံခြုံရေးအခြေအနေအရ လုပ်ကွက်ချထားမှုအစီစဉ် ချန်လှပ်](https://burmese.kachinnews.com/2020/01/17/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%94%e1%80%ae%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%9a%e1%80%ac/): ပြည်ထောင်စုညွန်ကြားချက်ဖြင့် ယခုနှစ်အတွက် အသေးစားလက်လုပ်လက်စား မြေဧကချပေးသည့်အစီစဉ်တွင် လုံခြုံရေးအခြေအနေကြောင့် ကျောက်နီထွက်ရှိရာ ဖားကန့် နမ့်ယားဒေသပိုင်းကို ချန်ထားခဲ့ရကြောင်း ပြည်နယ်သယံဇာတ ဝန်ကြီးထံမှ သိရပါသည်။ “ကျောက်နီနဲ့ ကျောက်စိမ်းကိုတစ်ချိန်တည်းမှာဘဲလုပ်တယ်။ ကျောက်နီက နမ့်ယာဆိပ်ဒေသမှာဆိုတော့ အဲဒီဘက် နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်ကနေပြီးတော့ နယ်မြေလုံခြုံရေး မကောင်းတဲ့အတွက်ကြောင့် သူတို့ဘက်ကနေ နောင် နယ်မြေလုံခြုံရေးကောင်းမွန်တဲ့ချိန်မှပဲ ဆောင်ရွက်သင့်ပါကြောင်းဆိုပြီး သဘောထား မှတ်ချက်ပေးထားတာရှိတော့ ကျနော်တို့အနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုပိုင်းမှာ ပြည်သူတွေကို လက်လွှတ်စပယ် မချထားပေးရဲတဲ့ အနေအထားပေါ့။” ဟု သယံဇာတနှင့်ဘာဝထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောပါသည်။ ရတနာနယ်မြေ ဧက၂သောင်းကျော် မြေကွက်ချထားပေးမူတွင် ဧကများဆုံးဖြစ်သည့် ကျောက်နီထွက်ရှိရာ နမ့်ယာဒေသကို ချန်လှပ်ထားပြီး၊ ကျောက်စိမ်းလုပ်ကွက်အတွက် ဧက ၆၀၀ အတွင်း လုပ်ကွက် ၆၀၀ ကိုလည်း အကွက်ရိုက်သတ်မှတ် ထားနိုင်ပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လက်လုပ်လက်စားတူးဖော်ခွင့်ပြုရာတွင် လုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ တစ်ဧကဖြစ်ပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ ပြည်ထောင်စုမှ လက်လုပ်လက်စားလုပ်ကိုင်ခွင့် ချထားပေးသည့် မြေဧကသည် စုစုပေါင်း ၂၇၇၄၀ နှင့်မှော်ပေါင်း ၂၆ မှော်ရှိပြီး ၎င်းတို့ကို ဖားကန့်အပိုင်းနဲ့ နမ့်ယာအပိုင်းစသဖြင့် ၂ ပိုင်း ခွဲထားကြောင်း ၎င်းကဆက်ပြောသည်။ ဖားကန့်သည် ကျောက်စိမ်းပိုင်းဖြစ်ပြီး ဧက ၁သောင်းဝန်းကျင်ခန့်ရှိသည်။ ထို့အတူ နမ့်ယာသည် ကျောက်န်ီ အပိုင်းဖြစ်ပြီး ဧက ၁ သောင်းကျော် ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ “ အများဆုံးက ကျောက်နီထွက်တဲ့ ဘက် ဧကပိုများတယ်။ ခုကျန်တဲ့နေရာမှာလည်း တစ်ချို့ချို့တွေက အရင်ကနေ ပိုင်ဆိုင်ထားပြီးတဲ့ … - [တရုတ်သမ္မတရောက်လာစဉ် မြန်မာအစိုးရတပ်မှ ကိုးကန့်စခန်းကို တိုက်ခိုက်](https://burmese.kachinnews.com/2020/01/17/%e1%80%90%e1%82%90%e1%80%af%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%81%bc%e1%80%90%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%9c%e1%80%ac%e1%80%85%e1%80%a5%e1%80%b9-%e1%80%bb%e1%80%99%e1%80%94/): တရုတ်သမ္မတ Mr. Xi Jinping သည် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးရောက်လာစဉ် တပ်မတော်က ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီး ကိုးကန့် MNDAA စခန်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ အလစ် ဝင်တိုက်ခဲ့ကြောင်း ဒေသခံများဆိုပါသည်။ ဇန်နဝါရီ (၁၇)၊ သောကြာနေ့ နံနက်မိုးမလင်းခင် (၆)နာရီဝန်းကျင်ခန့် အဆိုပါ မူဆယ်မြို့နယ် Hpawng Seng ဒေသ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စခန်းကို ခိုးဝင်ပြီး တပ်မ (၆၆)လက်အောက် ခမရ (၃၆၄)၏ တိုက်ခိုက်မှုသည် အချိန် မိနစ် (၂၀)ခန့်ကြာပြီး ကိုးကန့် စစ်သား ၁ဦး ကျဆုံးကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ဒီနေ့မနက် ၆နာရီခန့်မှာ ဖောင်းဆိုင် ကိုးကန့်တွေရှိတဲ့ Puwang ကုန်းမှာ မြန်မာအစိုးရတပ်တွေ လာပစ်တော့ တစ်ဦးကျသွားတယ်လို့ ကြားရတယ်။ သမ္မတရှီကျင်ဖင် မြန်မာနိုင်ငံလာမယ်ဆိုတော့ သေနတ် မပစ်ဖောက်နဲ့ ဆိုထားစဉ် အချိန် လေးနာရီခန့် ကားနဲ့သွားရတဲ့ နေရာမှ မြန်မာစစ်တပ်တွေ ကား ၁စီးနဲ့ ညမှာ ခိုးဝင်လာပြီးတော့ မနက်စောစော လာပစ်ကာ ပြန်ခေါက်သွားတာ ဖြစ်ပါတယ်” ဟု ဖောင်းဆိုင် ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ပြောပါတယ်။ ခြေမြန်တပ်ရင်း (၃၆၄) တပ်သည် Luyin Htang ကနေ ကား ၁စီးဖြင့် အချိန် ၄နာရီကျော် မောင်းရသော တရုတ်နယ်စပ်အနီး အဆိုပါ MNDAA စစ်သား (၁၀)ဦးကျော်ရှိသည့် စခန်းကို … - [မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် တရုတ်သမ္မတကို ကချင်အဖွဲ့စည်းများ တောင်းဆို](https://burmese.kachinnews.com/2020/01/16/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8-%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%9e%e1%80%ad/): မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆဲပေးရန်နှင့် အခြားအချက် (၉)ချက်ပါ အိတ်ဖွင့်ပေးစာကို ကချင်အဖွဲ့အစည်း (၅၀)ကျော်မှ တောင်းဆိုလိုက်ပါသည်။ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇-၁၈ ရက်များအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ရေးရာ အနှစ် (၇၀)ပြည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံသမ္မတတစ်ဦးမှ မြန်မာပြည်ကို လာရောက်ခြင်းလည်း ဖြစ်ပါသည်။ အိပ်ဖွင့်စာတွင် တရုတ်နိုင်ငံဖြင့် နယ်နမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်မှ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများအကြောင်းကို အဓိကထား တောင်းဆိုထားကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများမှ ဦး Tsaji ပြောပါသည်။ “ကျနော်တို့ ပြည်နယ်မှာ ပဠိပက္ခဖြစ်နေတာတွေကိုလည်း သိမြင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေး လမ်းကြောင်းတွေ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံထားမှုတွေကို တရားမျှတစွာ လုပ်ဆောင်ပေးဖို့ ရည်ရယ်ပြီး သူတို့ တရုတ်နိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ တရားလမ်းတွေနဲ့အညီ ကျနော်တို့မှာလည်း ဖြည့်ဆည်းပေးပါ။ မလုပ်မနေရ လုပ်နေရတဲ့ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ဆောင်တဲ့အခါ ဒီအချက်တွေကို လိုက်နာပေးစေလိုတဲ့အတွက် ဒီစာကို ရေးရတာပါ” ဟု သူက ဆိုသည်။ တောင်းဆိုချက်များတွင် ‘တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်အတွင်း အကောင်ထည်ဖော်နေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းလေးစားရန်၊ ဒေသခံဌာနေပြည်သများ၏ သမိုင်းဝင် ထုံးတမ်းများ တန်ဖိုးထားရန်၊ စီမံကိန်းမစခင် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးရန်’ စသည်တို့ ပါဝင်ပါသည်။ ထို့အပြင် ကချင်လို Mali-N’mai Zup ခေါ် မြစ်ဆုံရေကာစီမံကိန်းကြီးကိုလည်း အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ကို တွေ့ရပါသည်။ ကချင်ပြည်နယ်တွင် … - [ဖျက်သိမ်းလိုက်သော ကချင်ပြည်နယ်နေ့ မနောပွဲ အစား ဖေဖော်ဝါရီလတွင် ရိုးရာမနောပွဲ ပြန်လည် ပြုလုပ်မည်](https://burmese.kachinnews.com/2020/01/16/%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba/): အမည်နာမ အငြင်းပွားမှုကြောင့် ဖျက်သိမ်းခဲ့ရသော (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို ပြန်လည်အစားထိုးသည့် ‘ကချင်ရိုးရာ ယဉ်ကျေးမှု မနောပွဲတော်ကြီး’ ကို ဖေဖော်ရီလအတွင်း ၈ရက်ကြာ ပြန်လည် ပြုလုပ်မည်ဟု ကချင်ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူများ ပြောပါသည်။ ကချင်မျိုးနွယ်စုအတွင်း အမည်နာမအငြင်းပွားမှုကြောင့် မနောပွဲ ရပ်ဆိုင်းခဲ့ရသော်လည်း ပွဲအတွက် ကြိုတင်ရယူထားသည့် လေလံများကို လျော်ကြေးအဖြစ် ပြန်လည်ပေးရသည့် အခြေအနေရှိလာသောကြောင့် မဖြစ်မနေ ပြန်လည် ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဒု ဥက္ကဋ္ဌ ဦး Hpauwung Bawk Tawng က ယခုလို ပြောပါသည်။ “ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mungdaw Nhtoi’ လို့ မရေးရင် မနောပွဲ မကျင်းပရဘူးလို့ လူငယ်တစ်ချို့က လူအင်အားကြီးကြီးနဲ့ ဖျက်မယ်လို့ ပြောကြတယ်။ ပြီးရင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း သွားပြောကြတယ်တဲ့။ အဲ့တော့ ဝန်ကြီးချုပ်က နောက်ဆုံးမှာတော့ ကျနော်တို့ လူမျိုးအချင်းချင်းကြားမှာသာမက သီးခြားလူမျိုးစုကြားမှာလည်း မြင်မကောင်းစရာတွေ ဖြစ်လာနိုင်တယ် ဆိုပြီး သူတို့လိုချင်တဲ့ အမည်နာမ အသုံးပြုပြီး ကချင်ပြည်နယ်နေ့ ကို တစ်ရက်သာ ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့ WHG စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကျနော်တို့က ဒီမနောပွဲလုပ်ဖို့ ငွေကြေးလေးလံတွေ ရရယူထားတာဖြစ်တယ်။ နောက်ဆုံးပွဲမဖြစ်တော့ လေလံငွေကြေးတွေကို ဘယ်သူဆပ်ပေးမှာလဲ။ အစိုးရကလည်း ဆပ်ပေးမှာမဟုတ်ဘူး။ ကျနော်တို့လည်း ဒီလောက်များတဲ့ ငွေတွေမဆပ်နိုင်ဘူး။ အဲ့တော့ ကျနော်တို့က ပြည်ထောင်စုနေ့ကျရောက်တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။” ဟု … - [NLD တိုင်းရင်းကော်မတီ ဥက္ကဋ္ဌ ကချင်လူမျိုး ခန့်ထားခြင်းပေါ် KSPP ဝေဖန်](https://burmese.kachinnews.com/2020/01/16/nld-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%90%e1%80%ae-%e1%80%a5%e1%80%80%e1%80%b9%e1%80%80/): အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုတိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းထားပြီး ၎င်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ကချင်ကိုယ်စားလှယ် Slg. Nhtung Hka Naw Sam (ဦးအင်ထုံးခါးနော်ဆမ်)ကို ရွေးချယ်ထားမှုသည် လာမည့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးတစ်ခုသာဖြစ်ကြောင်း ပြည်နယ်၏အဓိက အတိုက်အခံပါတီဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှ ဝေဖန်လိုက်သည်။ “အခုလို NLD အနေနဲ့ တိုင်းရင်းသားရေးရာကော်မတီဖွဲ့လိုက်တယ်ဆိုတာ သူတို့မှာ လိုအပ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရန် တိုင်းရင်းသားများ အချင်းချင်းကြား မဲဆွယ်စည်းရုံးဖို့အတွက်သာ ဖွဲ့စည်းတယ်လို့မြင်ပါတယ်။ အဲ့ကြောင့် အားလုံးကို ကိုယ်စားပြုမယ်လို့က မထင်ဘူး။ ဒါကိုလည်း အားလုံးကို နားလည်စေချင်တယ်။ အမှန်တိုင်း ပြောရမယ်ဆိုရင် ဒီဟာကို ဖွဲ့စည်းဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ပြောဆိုညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမှာဖြစ်တယ်။ အခုကအဲလိုမဟုတ်တဲ့အတွက် အရာထင်မယ်လို့ မမြင်ဘူး” ဟု KSPP ဒုဥက္ကဌ ဒူဝါ ကွမ်ဂေါင်အောင်ခမ်း (Duwa Gumgrawng Awng Hkam) က ပြောသည်။ NLD ပါတီ၏ ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီကို ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ (၂) ရက်နေ့ NLD ပါတီမှထုတ်ပြန်ထားသည်ကို တွေ့ရသည်။ တိုင်းရင်းသားအရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ‘ဗဟိုတိုင်းရင်းသားရေးရာကော်မတီ’ ကို မဖြစ်မနေ ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်သည်ဟု ကော်မတီ ဥက္ကဌ အဖြစ် ခန့်အပ်ခြင်း ခံရသည့် NLD ပါတီဝင် ကချင်တိုင်းရင်းသား ဦး Nhtung Hka Naw Sam က ယခုလို ပြောဆိုပါသည်။ “ကျနော်တို့ … - [ဖားကန့်တွင် ကျပ်သိန်း ၆ သောင်းကျော် ကုန်ကျမည့် ကျောက်မျက်ရတနာဈေးတစ်ခု တည်ဆောက်မည်](https://burmese.kachinnews.com/2020/01/15/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%80%9e%e1%80%ad%e1%80%94%e1%80%ba%e1%80%b8-%e1%81%86/): ဖားကန့်မြို့တွင် ကျပ်သိန်းပေါင်း ၆ သောင်းကျော် ကုန်ကျမည့် ကျောက်မျက်ရတနာဈေးတစ်ခု စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် သဘာဝသယံဇာတဝန်ကြီးဌာနမှ သိရပါသည်။ အဆိုပါ ကျောက်စိမ်းဈေးကို ပြည်နယ် သဘာဝ သယံဇာတဝန်ကြီးဌာနနှင့် ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါသည်။ “လုံခြုံရေးအရ လုပ်ငန်းဆောင်ရွက်တဲ့ခါမှာ ကျောက်သယ်ဆောင်လာတဲ့ ဟာတွေ(တရားမဝင်) ကျောက်အရောင်းအဝယ် လုပ်တဲ့အချိန်မှာ တွေ့တဲ့ဟာတွေကို ဖမ်းရတယ်။ တရားဝင်ဈေး ဖြစ်သွားခဲ့မယ်ဆိုရင် တရားဝင်ဈေးမှာ ရောင်းကြ ဝယ်ကြမယ်။ ဒီတရားဝင်ဈေးက ဝယ်ပြီးမှသယ်ယူသွားတဲ့ဟာမျိုးဆိုရင် ထောက်ခံချက်တွေပါမယ်။ ဖမ်းဆီးတဲ့သူတွေလည်း ထောက်ခံချက်ကို တွေ့မယ်ဆိုရင် ဖမ်းဆီးတာတွေ လျော့နည်းသွားမယ်။” ဟု ကျောက်စိမ်းဈေးနှင့်ပတ်သက်ပြီး သယံဇာတဝန်ကြီး ဦးဒရှီလှဆိုင်း ဆိုသည်။ အဆိုပါကျောက်မျက်ရတနာဈေးတွင် အခန်းပေါင်း ၁၀၈ ခန်း ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် အများဆုံး ကျပ်သိန်း ၇၅၀ ကုန်ကျမည်ဖြစ်ကာ အရစ်ကျပေးချေသည့်စနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ထို့အပြင် ဖားကန့်ကျောက်စိမ်းဈေးတွင် A အဆင့် B အဆင့် သတ်မှတ်ထားခြင်းမရှိသည့်အတွက် မည်သည့် ကျောက်စိမ်း မဆို လာရောက်ရောင်းချနိုင်ကြောင်း ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကိုဝမ်းက ပြောသည်။ “ဖားကန့်ကျောက်စိမ်းဈေးမှာတော့ အဆင့်သတ်မှတ်လို့ရမှာ မဟုတ်ဘူး အကုန်လုံးရောင်းချခွင့်ပြုမှာပါ ။ အဓိကတော့ ကုန်သည်တွေအတွက် ဆိုင်ခန်းတွေရောင်းပေးမယ်။ ဆိုင်ခန်းတွေရှိရင် ရောင်းသူ ဝယ်သူတွေ ရောက်လာမှာဘဲ။ အဲလို ရောင်းဝယ်ပြီးတော့ မြစ်ကြီးနားကို ပို့ချင်တာဘဲဖြစ်ဖြစ်၊ မန္တလေးကို ပို့ချင်တာပဲ ဖြစ်ဖြစ်၊ တရားဝင်လိုင်စင် အခွန်ဆောင်နိုင်အောင် ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ် ချိတ်ဆက်ပေးမယ်။” ဟု … - [ဥရုချောင်းရှင်းလင်းရေး စံချိန်စံညွန်းမှီရန်နှင့် ကုမ္ပဏီများစည်းကမ်းလိုက်နာရန် လိုအပ်ဟုဆို](https://burmese.kachinnews.com/2020/01/15/%e1%80%a5%e1%80%9b%e1%80%af%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8/): ဖားကန့်တွင် နှစ်စဉ်ရေဘေးအန္တရယ်လျှော့ချရေးအတွက် ဥရုချောင်းရှင်းလင်းရေးကို နိုင်ငံတကာစံချိန်မှီပြုလုပ်ရန်နှင့် ကုမ္မဏီများမှလည်း စည်းကမ်းလိုက်နာရန်လိုအပ်ကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ ဥရုချောင်းရှင်းလင်းရေးကော်မတီအမည်ဖြင့် နှစ်စဉ် ချောင်းရှင်းလင်းရေး ပြုလုပ်နေသော်လည်း ထိရောက်မှုမရှိသည့်အပြင် ကုမ္မဏီများမှလည်း ချမှတ်ထားသော စည်းကမ်း လိုက်နာမှုမရှိသဖြင့် နှစ်စဉ်ရေကြီးမှုဒဏ်ခံနေရခြင်းဖြစ်သည်ဟု ဖားကန့်မော်ဝမ်း ရပ်ကွက်(၅) ဥရုချောင်းအနီးတွင်နေထိုင်သည့် ဦး Ja Naw ယခုလို ပြောဆိုထားပါသည်။ “ဥရုချောင်းရှင်းလင်းရေးကိုလည်း လုပ်လာတာ အခုဆိုရင် ၅နှစ်လောက်ရှိပြီ။ ဒါပေမယ့် ထိထိမိမိမရှိဘူး။ အဖြစ်သဘောမဟုတ်ဘဲ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း လုပ်စေချင်တယ်။ အစိုးရကလည်း ဒီအပိုင်းကို ကောင်းကောင်လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ကုမ္မဏီဘက်ကလည်း ရေကြီးတာကို သဘာဝဘေးကြောင့်လို့ဘဲပြောတယ်။ အမှန်တော့ ဒါက လူလုပ်တဲ့ ဘေးအန္တရယ်လို့ဘဲ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဥရုချောင်းရဲ့ပေ ၅၀၀မှာ မြေစာပုံမပစ်ရ ဆိုပြီး ချမှတ်ထားတာတွေရှိတယ်။ ဒါပေမယ့် ကုမ္မဏီဘက်က စည်ကမ်းလိုက်နာတာ မတွေ့ရဘူး။ ဒီအပိုင်းတွေကိုလည်း အစိုးရကနေ သေသေချာချာ ကြပ်မှတ်သင့်တယ်” ဟု ဒေသခံတစ်ဦး ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ ဥရုချောင်းအနီးတဝိုက်ရှိ လုံးခင်း၊ မော်ဝမ်း၊ ငှက်ပျောတော နှင့် အေးမြသာယာရပ်ကွက်များတို့တွင် နှစ်စဉ် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့ နေရကြောင်း ဒေသခံများပြောဆိုချက်မှ သိရှိရသည်။ အဆိုပါရေကြီးမှု ဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသဖြင့် နေအိမ်ကိုလည်း ပုံမှန်ပြန်လည်ပြုပြင်နေရကြောင်း ဥရုချောင်းအနီးတဝိုက်ရှိ ငှက်ပျောတောရပ်ကွက်တွင် နေထိုင်သည့် ဒေါ် Gawat Htawng Yang ယခုလိုပြောဆိုထားပါသည်။ “တစ်နှစ်ထက်တစ်နှစ် ရေကြီးလာမှုက ပုံမှန်မရှိဘူး။ မနှစ်တုန်းက ၄ပေလောက်ရောက်ပြီ ဆိုရင် ဒီနှစ်က ၅ပေအထိရောက်တယ်။ … - [ရှဒူးဇွပ် ကျေးရွာဈေး ကိုယ်ထူကိုယ်ထ ပြန်လည်ဆောက်လုပ်ရန် ဒေသခံများတောင်းဆိုထား](https://burmese.kachinnews.com/2020/01/15/%e1%80%9b%e1%80%be%e1%80%92%e1%80%b0%e1%80%b8%e1%80%87%e1%80%bd%e1%80%95%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%88%e1%80%b1%e1%80%b8-%e1%80%80%e1%80%ad%e1%80%af/): လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ မီးလောင်သွားသည့် ဈေးကြီးအား ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောက်လုပ်ရန် ဖားကန့်မြို့နယ်သို့ စာတင်ထားကြောင်း သိရပါသည်။ စည်ပင်ဌာနမှ ပြန်လည်တည်ဆောက်ပေးလျှင် အနည်းဆုံး ၇ လခန့်ကြန့်ကြာနိုင်သဖြင့် ဒေသခံများကိုယ်တိုင် ဆောက်လုပ်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဝရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ပြောပါသည်။ “ အစကတော့ ကိုယ်ထူကိုယ်ထဈေးကို စည်ပင်သာယာရေးဌာနနေနဲ့ ဦးဆောင်ပြီးဆောက်ပေးဖို့တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်သာယာရေးဌာနအနေနဲ့ဆောက်ရင် အနည်းဆုံး ၇ လလောက်တော့ကြာနိုင်တယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်တိုင်ဆောက်ရင် ၃လောက်ဆိုပြီးနိုင်တယ်ဆိုပြီး စည်ပင်သာယာကနေ ဆောက်ပေးတာကိုလက်မခံတော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ ဆောက်ဖို့ စာတင်ထားတာ ၅ ရက်ရှိနေပြီ။ ခုချိန်ထိ ဘာအကြောင်းမှ မပြန်သေးဘူး။” ဟု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ဆိုပါသည်။ စည်ပင်သာယာရေးဌာနမှလည်း ရှဒိုးဇွပ်ကျေးရွာဈေး ပြန်လည်တည်ဆောက်ရန်အတွက် အသေးစိတ်အစီစဉ်ဆောင်ရွက်နေကြောင်း စည်ပင်ဝန်ကြီး ဦးနော်လီ ပြောပါသည်။ “ကျနော်တို့ စည်ပင်ဌာနအနေနဲ့တော့ ရေတွင်း၊ ရေစင်တွေဆောက်ပေးဖို့အတွက် သိန်း၂၅၀ကျော်ကုန်ကျမှာဖြစ်တယ်။ ပြီးတော့ ဈေးပြန်ဆောက်ရန် ဆောက်မယ့်ဈေး ဒီဇိုင်းဆွဲပေးတယ်။ ငွေရေးကြေးရေးကိုကျတော့ ဈေးဆောက်လုပ်ရေးကော်မတီက ကိုင်မှာဖြစ်တယ်။ ဆိုင်ခန်းတစ်ခန်းကို ၄သိန်းကုန်ကျမယ်။ ဒါပေမယ့် ကုမ္မဏီတစ်ခုက တစ်ခန်းကို ၁ သိန်းစီ စိုက်ပေးတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ၃သိန်းစိုက်ရမှဖြစ်တယ်။” ဟု ဝန်ကြီး ဦးနော်လီ က ဆိုသည်။ လက်ရှိသည် ဈေးမီးလောင်သွားသည့်အတွက် ဈေးသည်များအနေဖြင့် ၎င်းတို့အိမ်များ၌ရောင်းချကြပြီး အချို့ဈေးသည်များသည် ယခင်က ကုန်စိမ်းဈေးတန်းဟောင်းတွင် ရောင်းချနေကြကြောင်း သိရပါသည်။ ဆိုင်ခန်းပေါင်း ၁၄၀ ကျော်ရှိသည့် ရှဒူးဇွပ်ဈေးကြီးသည် ၂၀၁၉ ဒီဇင်ဘာ ၃၀ရက်နေ့ညတွင် … - [ကိုယ် လက် အင်္ဂါ မသန်းစွမ်းသူများကို အခမဲ့ကုသပေးမည်](https://burmese.kachinnews.com/2020/01/14/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba-%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab-%e1%80%99%e1%80%9e%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%bd/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုယ် လက် အင်္ဂါ မသန်စွမ်း လူနာများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများထံမှ သိရပါသည်။ အခမဲ့ ကုသမည့်အစီစဉ်ကို လာမည့် ဖေဖော်ဝါရီ ၃ရက်မှ ၉ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကုသခံယူလိုသူများအနေဖြင့် အရိုးကုသဆောင်တွင် ကြိုတင်စားရင်းပေးသွင်းရမည်ဟု သိရပါသည်။ “မီးလောင်အပူလောင်ပြီးမှ ခြေလက် ကောက်ကွေးသွားတာမျိုး၊ ရိုးရိုး ပုံမှန်ဆေးတွေကုနေလည်း မသက်သာဘဲ ခြေလက်ကောက်ကွေးသွားတာမျိုး၊ နောက်တစ်ခုက မွေးရာပါ ခြေလက်ကောက်ကွေးသွားတာမျိုးကို ပြန်ကောင်းသွားအောင် ဘယ်သူကို မဆိုအခမဲ့ ခွဲစိတ်ကုပေးပါတယ်။” ဟု အရိုးအထူးကုဆရာဝန် ဒေါက်တာကေနော်အောင် ဆိုပါသည်။ ခြေလက်မသန်စွမ်းသူများအား ခွဲစိတ်ကုသရာတွင် ဦးဆောင်မည့်သူများမှာ နယ်သာလန်နိုင်ငံမှ Dr.Willenနှင့် J.Theuvenet တို့ ၂ ဦးဖြစ်ကြောင်း သိရပါသည်။ ကချင်ပြည်နယ်တွင် ခြေလက်မသန်စွမ်းသူများအား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် မြစ်ကြီးနားနှင့် ပူတာအိုမြို့တို့တွင် ပထမအကြိမ်အဖြစ် ကုသပေးခဲ့ပြီး ယခုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများမှ သိရပါသည်။ - [ကချင်ဆရာမ နှစ်ဦး သတ်ဖြတ်ခံရခြင်း (၅) နှစ်ပြည့် ဆုတောင်းပွဲအစီစဉ် နေရာ ၂ ခုတွင် ပြုလုပ်မည်](https://burmese.kachinnews.com/2020/01/13/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%86%e1%80%9b%e1%80%ac%e1%80%99-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a6%e1%80%b8-%e1%80%9e%e1%80%90%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba/): ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦး၏ အမှု (၅) နှစ်ပြည့်အစီစဉ်ကို နေရာ ၂ခုတွင် ဆုတောင်းခြင်း အစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး (၅) နှစ်ပြည့် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်များကို ဇန်နဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်း မြစ်ကြီးနားမြို့ နောင်နန်း- ဂျော်ဘွမ် ခရစ်ယာန်ဆုတောင်းတောင်နှင့် ဆရာမ ၂ ဦးအသတ်ခံရသည့် ကောင်းခါးကျေးရွာတို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ အသက် ၂၀ ဝန်းကျင် ဆရာမ Maran Lu Ra နှင့် ဆရာမ Tangbau Hkawn Nan Tsin တို့ ၂ ဦး အတွက် အမှုမှန်ပေါ်ပေါက်ရေး ဆုတောင်းပွဲတစ်ခုဖြစ်ကြောင်း KBC မုံမောင်ဇုံနယ် အတွင်းရေးမှူး ဆရာဇော်ရာ ပြောပါသည်။ “ဒီအမှုနဲ့ ပက်သက်ပြီး မျက်မြင်သက်သေတွေတော့ ရှိတယ်။ ဒါပေမဲ့ အရမ်းကြောက်နေကြသလိုလည်း ရှိတယ် ၊ တစ်ချို့က လျှို့ဝှက်ထားတယ်။ ကြိုးစားနေပါတယ် ဒါကြောင့် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ ပြည်သူ တွေ စုပေါင်းပြီး နှစ်တိုင်း သတိရနေတယ်ဆိုတဲ့အကြောင်း စုဝေးဆုတောင်းကြတာ။ တစ်နေ့တော့ အမှုမှန်ဖော် ထုတ် နိုင်မယ်လို့ ယုံကြည်တယ်။” ဟု ပြောပါသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်သော အမှုမှန်ဖော်ထုတ်ရေးကော်မတီသည် ယခုအမှုနှင့်ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ပြီးနောက် သံသယရှိသော မြန်မာ့တပ်မတော် … - [ရှမ်းမြောက် တပ်မတော်ကျူးလွန်သော ရာဇဝတ်မှုများ ဖြေရှင်းခြင်း မရှိ](https://burmese.kachinnews.com/2020/01/12/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%bb%e1%80%b0/): ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပေါ် အမှန်တရားဖော်ဆောင်ခြင်း မရှိသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့မှ ထောက်ပြလိုက်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်မှ ချိုးဖောက်ထားသည့် မတူညီသည့် ရာဇဝတ်မှု ၆ ခုပေါ် အသေးစိတ်လေ့လာထားသော အစီရင်ခံစာ ဇန်ဝါရီ (၇)ရက်နေ့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး KWAT မှ ထုတ်ပြန်သည်။ “နိုင်ငံတကာကလည်း မြန်မာတပ်မတော်ကို စစ်ရာဇဝတ်မှုချိုးဖော်နေကြောင်း ပြောနေချိန် အစိုးရဒေါ်အောင်ဆန်းစုကြည်က မဟုတ်ကြောင်း၊ ဥပဒေအရ စီစဉ်နေကြောင်း ပြောတာရှိတယ်။ ဒီလိုပြောခဲ့ပေမယ့် လက်တွေ့မြေပြင်အခြေအနေက ကွာခြားနေတဲ့အကြောင်း ၊ လူ့အခွင့်အရေးချိုးဖောက်မှုရှိနေတဲ့အကြောင်းနဲ့ အမှန်တရားရှာဖွေမှု လုပ်လို့မရတဲ့အကြောင်း ထောက်ပြချင်တာဖြစ်တယ်” ဟု KWAT မှ တာဝန်ရှိသူ San Htoi (ဒေါ်ဆန်ထွယ်) ပြောပါသည်။ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု ဆိုကာ ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကို တရားစွဲဆိုထားသည့်အမှုကြားနာသည့် ၂၀၁၉ ဒီဇင်ဘာ (၁၁)ရက်နေ့ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဒေါ်အောင်ဆန်းစုကြည်မှ ‘မြန်မာတပ်ဖွဲ့ဝင်များ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်အညီ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်မှ အရေးယူခြင်းခံရမည်’ ဟု ပြောဆိုခဲ့ပါသည်။ သို့သော်လည်း KWAT ကချင်အမျိုးသမီးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသော ရာဇဝတ်မှုများတွင် မြန်မာ့တပ်မတော်မှ ဆက်စပ်ပါဝင်နေသော်လည်း တရားမျှတမှု ရရှိရန် လုပ်ဆောင်မှု မရှိသေးကြောင်း ဖော်ပြထားသည်။ ဥပမာ ၂၀၁၉ ဇူလိုင် ၃ ရက်ည ကွတ်ခိုင်မြို့နယ် Nam Sung (နမ်ဆွန်ရွာ)ရှိ အသက် (၅၁)နှစ်အရွယ် Nhkum Nang Htoi (ဒေါ်အင်ခွမ်နန်ထန်)သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် … - [ကချင်အမျိုးသားများ နှင့် ဒေါ်အောင်ဆန်းစုကြည် မနောပွဲတော် အတူဆင်နွှဲ](https://burmese.kachinnews.com/2020/01/10/%e1%81%87%e1%81%82-%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba/): (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အကြောင်းအရာဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကချင်အဖွဲ့အစည်းအသီးသီးတို့ဖြင့် တွေ့ဆုံခဲ့သည့်အပြင် မနောအကဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့သည်။ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရန် လိုအပ်ကြောင်း ဇန်နဝါရီ (၉)ရက်နေ့ မြစ်ကြီးနားမြို့ Palm Spring hotel တွင် ကချင် ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ရိုးရာစာပေ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ ပြီးတော့ ဖယ်ဒရယ် ဒီမိုကရေစီတည်ထောင်မဲ့ လမ်းစဉ်ကိုလည်း ပြောပြီး ဆွေးနွေးသွားတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ ဒီအကြောင်းအရာ ရှိတယ်လို့ ထင်တယ်။ ပြည်သူတွေ ဒီနေ့လိုချင်တာလည်း ဒါပဲဆိုတော့ အခုလို အောင်ဆန်းစုကြည် ကနေ ပြောလာတာဆိုတော့ ကျနော် ကျေနပ်ပါတယ်” ဟု ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR ဒုတိယ ဥက္ကဌ Slg. Labang Gam Awng က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ထို့နောက် မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး၊ ညနေပိုင်းတွင် အကြီးဆုံး ကချင်အသင်းတော် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention) ခေါင်းဆောင်များနှင့်လည်း သီးသန့် တွေ့ဆုံခဲ့သည်။ “အဓိက IDP တွေ လှုံခြုံစွာ နေရပ်ပြန်တဲ့အချိန်မှာ ဒီ KIA နဲ့ တပ်မတော်နဲ့ Bilateral Ceasefire က အဓိက ဖြစ်မယ်ဆိုတဲ့အကြောင်း၊ အဲတာဖြစ်ဖို့ကလည်း ဒီမြောက်ပိုင်း (၄)ဖွဲ့နဲ့ တစ်ပြိုင်တည်း ဒီပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့နေရာမှာ … - [ထိုင်းပြည်တော်ပြန် ၇၀၀ ကျော်အနက် ၄၄ ဦးကိုစစ်ဆေးရာ ပိုးမတွေ့](https://burmese.kachinnews.com/2020/06/12/return-from-thailand/): ကချင်ပြည်နယ်တွင် ဆိုက်ရောက်နေပြီဖြစ်သော ထိုင်းပြည်တော်ပြန် ၇၀၀ ကျော်အနက် ပထမဆုံးအကြိမ် ၄၄ ယောက်ကို စစ်ဆေးခဲ့ရာ တစ်ဦးမျှပိုးမတွေ့ရသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ - [မိုးမောက် လူနာအမှတ်စဉ် ၂၄၉ ကြောင့် KIO အရှေ့ပိုင်းခရိုင် ခရီးသွားလာမှုပိတ်ပင်ထား](https://burmese.kachinnews.com/2020/06/12/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%82/): မိုးမောက်မြို့နယ်တွင် ပိုးတွေ့လူနာထွက်ပေါ်ခဲ့သောကြောင့် နယ်မြေချင်းနီးစပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ခရီးသွားလာမှုကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း KIO Covid-19 ထိန်ချူပ်ရေးကော်မတီထံမှသိရသည်။ - [ပိုးတွေ့အမှတ်စဉ် ၂၄၉ နှင့်ထိတွေ့သူ စာစစ်ဆရာနှင့်အဆောင်တူ ဆရာ ၅၉ ဦးကို အသွားအလာကန့်သတ်ထား](https://burmese.kachinnews.com/2020/06/12/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%82%e1%81%84%e1%81%89-%e1%80%94%e1%80%be%e1%80%84/): လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်ရန်ရောက်ရှိနေသည့် ဆရာနှင့်တစ်ဆောင်တည်းအတူနေသည့်ဆရာ ၅၆ ဦးကိုလည်း အသွားအလာကန့်သတ်မှု ပြုလုပ်ထားကြောင်း မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ အောင်ဝင်းထံမှ သိရသည်။ - [ပူတာအို စစ်ရှောင်များကို နေရာအသစ်တွင်ပြန်လည်နေရာချထားရန် KHCC စီစဉ်](https://burmese.kachinnews.com/2020/06/11/%e1%80%95%e1%80%b0%e1%80%90%e1%80%ac%e1%80%a1%e1%80%ad%e1%80%af-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ လုံးစွတ်စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးအဆင်မပြေတော့သဖြင့် သီးခြားနေရာချထားပေးရန် ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ KHCC က စီစဉ်နေပြီဟု သိရသည်။ - [လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သော မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်နေသည့်ကျောင်းဆရာကို ဆေးရုံသို့ခေါ်ဆောင်](https://burmese.kachinnews.com/2020/06/11/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%82%e1%81%84%e1%81%89-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ad/): မိုးမောက်က Covid-19 ပိုးတွေ့လူနာအမှတ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးတက္ကသိုလ်တွင်စာစစ်ရန်ရောက်ရှိနေသည့် ဆရာတစ်ဦးကို ဇွန်လ ၁၁ရက်နေ့ ယနေ့ ညနေပိုင်း ၃နာရီအချိန်ခန့်တွင် ပြည်သူ့ဆေးရုံရှိ Quarantine Center သို့ ခေါ်ဆောင်သွားပြီဟု မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ဝင်းထံ မှ သိရသည်။ - [လူနာအမှတ်စဉ် ၂၄၅ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးနား စီတာပူရပ်ကွက်မှ လူ ၈ ဦးကို နေအိမ်တွင်စောင့်ကြည့်ထား](https://burmese.kachinnews.com/2020/06/11/case-245-contact-tracing/): ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှ ပိုးတွေ့လူနာအမှတ် ၂၄၅ နှင့် ထိတွေ့ခဲ့သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှ လူ ၈ ဦးကို နေအိမ်တွင်စောင့်ကြည့်ထားသည်ဟု သက်ဆိုင်ရာဌာနမှ သိရသည်။ - [တရုတ်ပြည်တော်ပြန်များကို ဆေးစစ်သည့်ကျန်းမာရေးဝန်ထမ်း Covid-19 ကူးစက်ခံရ](https://burmese.kachinnews.com/2020/06/11/nurse-tested-positive/): တရုတ်နယ်စပ် လွယ်ဂျယ်တွင် ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးပေးသည့်ဝန်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၁၁ ရက်နေ့ ယနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။ - [ဂျော်မဆပ်စစ်ရှောင်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ](https://burmese.kachinnews.com/2020/06/10/kachin-youth-erect-memorial-monument/): ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၉နှစ်ပြည့်နေ့တွင် Kachin Youth Movement အဖွဲ့ကဦးဆောင်ပြီး မြစ်ကြီးနားမြို့ ဂျော်မဆပ် စစ်ရှောင်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့သည်ဟု သိရသည်။ ‘ANHTE GALOI N MALAP NA GA AI’ (ကျွနိုပ်တို့ဘယ်တော့မှမမေ့ပါ) အဓိပ္ပာယ်ရသည့် စာတမ်းပါ ကျောက်တိုင်ကို စခန်း ၃ ခုတွင် စိုက်ထူသွားရန် ကနဦးစီစဉ်ခဲ့သော်လည်း နေရာအခက်အခဲကြောင့် စခန်း ၁ ခုတွင်သာပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီလုပ်ငန်းလုပ်ဖို့ လူငယ်တွေကို ဘယ်သူမှ တိုက်တွန်းပေးတာမရှိဘူး။ အခုဆိုရင်စစ်ရှောင်လာတဲ့ ကာလက အရမ်း ကြာလာပြီဖြစ်တယ်။ နောင်တချိန်မှာ မျိုးဆက်သစ်တွေ သိမြင်ဖို့။ အမြဲတမ်းသတိရနေဖို့ ရည်ရွယ်ပြီး လုပ်တာပေါ့လေ။ ကျောက်တိုင် စိုက်ထူတဲ့နေရာမှာလည်း ၃နေရာမှာ လုပ်ဖို့စီစဉ်ထားတာဖြစ်တယ်။”ဟု အစီစဉ်အကောင်ထည်ဖော်ခဲ့သည့် ကချင်လူငယ်အဖွဲ့မှ ကိုပေါလု က ပြောသည်။ ဂျော်မဆပ်စစ်ရှောင်စခန်းတွင် စိုက်ထူထားသည့် ကျောက်တိုင်အတွက် ဆုတောင်းပွဲအခမ်းအနားကို ကချင်တစ်ကျော့ပြန်တိုက်ပွဲ ၉နှစ်ပြည့်သည့် ဇွန်လ ၉ရက်နေ့ ညနေပိုင်း ၃နာရီ အချိန်တွင်ပြုလုပ်ခဲ့သည်။ စစ်ရှောင်များနေထိုင်သည့်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူသည့်လှုပ်ရှားမှုသည် စစ်ရှောင်ပြည်သူများအတွက် ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဂျောမဆပ် စစ်ရှောင် ဒုတာဝန်ခံ ဒေါ်ဘောမ်မျှော်က ယခုလိုပြောဆိုသည်။ “အခုလို စစ်ရှောင်တွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုဟာ အင်မတန်မှ ကောင်းမွန်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကျမတို့လူမျိုးတွေဟာ နေရာတကာ နေထိုင်ခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် ဘာအမှတ်အသားတွေမှ မရှိခဲ့ဘူ။ အဲ့ကြောင့် အခုစစ်ရှောင်တွေ နေထိုင်ခဲ့တဲ့နေရာတွေကို အခုလို အမှတ်အသား မှတ်တိုင်ပြုလုပ်ထားက အရမ်းကို ထောက်ခံတယ်။ ဒီနေရာမှာ စစ်ရှောင်တွေက ခက်ခက်ခဲခဲနေထိုင်ခဲ့တာကို တရားဝင်မှတ်တမ်းတင်ထားတာ … - [ကချင်ပြည်နယ်တွင် ထိုင်းပြည်တော်ပြန် အယောက် ၄၀၀ ကျော်ရှိလာ](https://burmese.kachinnews.com/2020/06/10/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ဇွန်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမှပြည်တော်ပြန် စုစုပေါင်း ၄၀၀ ကျော်ရှိပြီဟု ပြည်နယ်ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ - [တိုက်ပွဲရပ်တန့်ပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ရေးလုပ်ဆောင်ပေးရန် ကချင်အဖွဲ့များတောင်းဆို](https://burmese.kachinnews.com/2020/06/09/cease-fire-and-return/): ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်လက်နက်ကိုင်များသဘောတူညီမှု တစ်စုံတစ်ခု ရရှိမှသာလျှင် နေရပ်ပြန်ရေးသည် စိတ်ချရမည်ဖြစ်သည်ဟု ယနေ့ ကချင်တိုက်ပွဲ ၉ နှစ်ပြည့်နေ့တွင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။ တိုက်ပွဲ ၉ နှစ်ပြည့်အစီစဉ်နှင့်ပတ်သက်ပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ယနေ့ မနက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် WMR အကြံပေး သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ‘‘တစ်ခုခုသဘောတူညီမှုရှိမှသာလျှင် နေရပ်ပြန်ရေးဟာစိတ်ချရမှာဖြစ်တယ်။ ဒါကြောင့် Bilateral က စိတ်ချမှု တစ်ခုအနေနှင့် လိုအပ်တာဖြစ်တဲ့အတွက် တိုက်တွန်းထားခြင်းဖြစ်တယ်။’’ ဟုပြောသည်။ WMR အဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ရှောင်များ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာနေရပ်ပြန်ရေး၊ နေရပ်မည့်ဒေသများတွင် သက်ဆိုင်ရာမှ မြေမြုပ်မိုင်းရှင်းလင်းပေးရန်နှင့် စစ်တပ်စခန်းများကို ဆုတ်ခွာပေးရေး၊ နေရပ်ပြန်ရေး ဆန္ဒမရှိသော စစ်ရှောင်များအတွက် မြေလွတ်မြေရိုင်းများကို နေထိုင်ခွင့်ရရှိရေးအတွက် စီစဉ်ပေးရန်၊ လက်နက်ကိုင်ပဠိပက္ခ အဆုံးသတ်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တောင်းဆိုချက် စသည်တို့ ပါဝင်သည်ကို တွေ့ရသည်။ ထို့အပြင် ကချင်အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံပါဝင်သော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ Joint Strategy Team ကလည်း ကချင်နှင့်ရှမ်းမြောက်ဒေသ တစ်ကျော့ပြန်တိုက်ပွဲ ၉ နှစ်ပြည့်နေ့တွင် အချက် ၄ ချက်ဖြင့်တောင်းဆိုချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ တစ်နိုင်ငံလုံးတွင် စစ်ပွဲများ ချက်ချင်းရပ်တန့်ပေးရန်၊ IDP များ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူညီများရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများလုပ်ဆောင်နေသော ဒေသခံအဖွဲ့အစည်းလူပုဂ္ဂိုလ်များကို လေးစားရန် စသည့်အချက်တို့ဖြစ်သည်။ ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုအဖွဲ့ (KHCC) … - [မိုးရာသီဝင်သော်လည်း အင်းတော်ကြီးအိုင် တိမ်ကောနေဆဲ](https://burmese.kachinnews.com/2020/06/09/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%9d%e1%80%84%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8-%e1%80%a1%e1%80%84%e1%80%ba/): အင်းတော်ကြီးအိုင်ရေကျဆင်းတိမ်ကောနေမှုမှာ မိုးရာသီဝင်ပြီဖြစ်သော်လည်း ရေမျက်နှာပြင်မြင့်တက်လာမှု မရှိသေးကြောင်း သိရသည်။ - [ကချင် ဝေးလံခေါင်ဖျားနေသော ဒေသခံများမဲပေးခွင့်ရရှိရေး KNC ပါတီက ရွေးကောက်ပွဲကော်မရှင်ထံတောင်းဆို](https://burmese.kachinnews.com/2020/06/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba-%e1%80%9d%e1%80%b1%e1%80%b8%e1%80%9c%e1%80%b6%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9e/): ကချင်ပြည်နယ်အတွင်းဝေးလံခေါင်ဖျားသော ဒေသခံများတွင်နိုင်ငံသားများ မဲပေးခွင့်ရရှိရေးနှင့် မဲရုံအရေအတွက်တိုးချဲ့ထားရှိရေးနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံနိုင်ရန် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC က ဇွန်လ ၆ ရက်နေ့ တောင်းဆိုထားသည်။ - [ဝါရာဇွပ်ကျေးရွာဒေသခံများ နှစ်ရှည်ပင်ပေါင်း၄၀၀၀ ကျော် စိုက်ပျိုး](https://burmese.kachinnews.com/2020/06/08/warazup/): ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ အငြင်းပွားမှုဖြစ်နေဆဲ မြေနေရာတွင် ဒေသခံများက နှစ်ရှည်ပင် ၄၀၀၀ ကျော် စိုက်ပျိုးသည့်လှုပ်ရှားမှုကို ဇွန်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည်။ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်(KDNG) နှင့် Mungchying Rawt Jat (MRJ) အဖွဲ့တို့က ဦးဆောင်ပြီး ဝါရာဇွပ်ဒေသခံ ၃၀ ကျော် ပါဝင်စိုက်ပျိုးခဲခြင်းဖြစ်သည်။ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကိုဆောင်ရွက်ခြင်းဖြစ်တယ်။ အစိုးရက ကျေးရွာဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ နဂိုမူလရှိတဲ့ သဘာဝပတ်ဝန်းကျင်တွေကို စိုက်ပျိုးရေးစီမံကိန်းတွေနဲ့ ဖျက်စီးပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့်ဒေသခံတွေ တတ်နိုင်သလောက်နဲ့ ပြန်လည်တည်ထောင်တာပါ။ ရှေ့ဆက်ပြီးမှလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” ဟု MRJ အဖွဲ့မှ ဦးလရှီးအောင်လတ် က ပြောသည်။ အဆိုပါနယ်မြေများသည် ယခင်က ယုဇနကုမ္ပဏီမှ သိမ်းယူထားသောနေရာများဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒေသခံများက ကုမ္ပဏီမှ ဧက ၂၀ ခန့် ပြန်လည်ရယူထားသည်ဟု သိရသည်။ ထိုနေရာများအနက် ယခုနှစ်သစ်ပင်စိုက်လိုက်သော အကျယ်အဝန်းမှာ ၅ ဧကခန့်ရှိသည်။ “ကျမတို့က ယုဇနကုမ္ပဏီ မဝင်ခင်တုန်း ဒီမြေနေရာတွေက ဒေသခံတွေကျက်စားခဲ့တဲ့ မြေနေရာဖြစ်တယ်။ ကုမ္ပဏီ တွေဝင်လာတဲ့နောက်ပိုင်း ကျေးရွာရဲ့ စားကျက်မြေတွေမရှိတော့ဘူး။ ဒေသခံတွေရဲ့ လုပ်စားနေတဲ့ မြေနေရာတွေ လည်း အားလုံးပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် ဒီနေ့က ကျေးရွာမှာ အခုလို သစ်ပင်စိုက်တဲ့ လုပ်ရတော့ အင်မတန်မှ ဝမ်းသာကြည်နူးမိတယ်။ ဒီနေရာတွေက ကျမတို့ ဒေသခံတွေအတွက် အင်မတန်မှ တန်ဖိုးမဖြတ်နိုင်တဲ့ မြေနေရာပါ။ ဒါကြောင့် အရင်းကလို အေးအေးချမ်နဲ့ ပြန်နေချင်တယ်” ဟု … - [မြန်မာအစိုးတပ် နှင့် KIA မူဆယ်မြို့နယ်အတွင်း ဒုတိယနေ့ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2020/06/07/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%95%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-kia-%e1%80%99%e1%80%b0/): ယမန်နေ့ ည နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ယနေ့ ဇွန် (၇)ရက် တနင်္ဂနွေနေ့ မိုး စလင်းချိန်မှ မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတာ် (KIA) ကြား တိုက်ပွဲ ဒုတိယနေ့ ပြန်လည်ဖြစ်ပွားနေကြောင်း KIA ကဆိုပါသည်။ စနေနေ့ ည တိုက်ပွဲ ဖြစ်ပွားခဲ့သော KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) တပ်ဖွဲ့များရှိနေသောနေရာ Htan Hpa Bum (ထန်ဖါဘွမ်)၊ Layan Kawng (လယန်းကောင်) သို့ မြန်မာစစ်သားများ တက်လာရန်ကြိုးပမ်းလာချိန်မှ တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။ “မနေ့ည တိုက်ပွဲဖြစ်တဲ့နေရာမှာ ရပ်နေတဲ့ မြန်မာစစ်ကြောင်း ဒီကနေ့ မနက် မိုး စလင်းလာချိန် မိမိတို့ရှိတဲ့ နေရာဆီ ပြန်တက်လာရန်ကြိုးစားစဉ် မိုင်းနှင်းမိပေါက်ကွဲကာ အဲဒီပတ်ဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်ပွားနေတာပါ” ဟု KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ယင်း အမည်မသိ တပ်မတော် စစ်ကြောင်းသည် ဟူးဖြတ် ဘက်မှ KIA တပ်ရင်း (၉)တပ်ဖွဲ့များ ရှိသောနေရာကို တက်လာခြင်းကြောင့် စနေနေ့ ည ၇နာရီကျော်မှာ KIA က စတင် ဟန့်တား ပစ်ခတ်ရာမှ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် ၎င်း၏ COVID-19 ကပ်ရောဂါ ကာလ စစ်ပွဲရပ်ထားချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA … - [မြန်မာစစ်တပ် နှင့် KIA မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/06/07/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-kia-%e1%80%99%e1%80%b0%e1%80%86%e1%80%9a/): ကာလ အတန်ကြာ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဇွန် (၆)ရက်နေ့ ည ၇နာရီကျော်ကနေ တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က အတည်ပြုပြောပါသည်။ KIA တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း (၉)တပ်ဖွဲ့များ အခြေချနေသည့် Htan Hpa Bum (ထန်ဖာတောင်)၊ Layan Kawng (လယန်းကုန်း)သို့ အမည်မသိ တပ်မတော် စစ်ကြောင်း တစ်ကြောင်း ချီတက်လာသောကြောင့် KIA ဘက်မှခုခံတိုက်ခိုက်ရာမှ ည တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။ “မိမိတို့ KIA တပ်ရင်း (၉)တပ်ဖွဲ့တွေ ရှိတဲ့နေရာသို့ Hu Hpyet (ဟူးဖြတ်) ဘက်ကနေ တပ်မတော် စစ်ကြောင်း တက်လာတာကြားတော့ စောင့်ကြည့်နေချိန် ထွက်ပေါ်လာလို့ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်” ဟု KIA တပ်မဟာ (၆) အရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။ ယခုချိန် ယင်း နယ်မြေတွင် မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း ဒေသခံများ ဆိုပါသည်။ ယင်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ရှိ မရှိ မသိရသော်လည်း KIA ဘက်က ထိခိုက်မှု မရှိကြောင်း တပ်မဟာ (၆) အရာရှိက … - [နှစ်ဖက် တိုက်ပွဲရပ်ထားချိန် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းအဖွဲ့ တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2020/06/04/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%96%e1%80%80%e1%80%ba-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%9b%e1%80%95%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%81/): နှစ်ဖက် စစ်တိုက်ပွဲရပ်ထားကြောင်း ထုတ်ပြန်ထားချိန် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ကြား ဇွန် (၃)ရက် ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပါသည်။ မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းများက စစ်မျက်နှာ သုံးဘက်မှ ကိုးကန့် MNDAA တပ်ရင်း (၅၀၁) နှင့် တအာင်း TNLA တပ်ရင်း (၃၃၅) တပ်ဖွဲ့များရှိသော တာမိုးညဲမြို့နယ်ခွဲ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရကြောင်း မူဆယ်မြို့နယ်မှ အမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ တစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။ “ဒီကနေ့ (ဇွန် ၃) မနက် ၈နာရီကနေ တိုက်ပွဲ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်။ ကိုးကန့် တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်း (၅၀၁) နဲ့ တအာင်း တပ်ရင်း (၃၃၅) တပ်တွေကို မြန်မာစစ်တပ်က သုံးနေရာကနေ လာဝိုင်းပြီး တိုက်ခိုက်ရာမှ ဒီညနေ ၅နာရီခွဲချိန်ထိ မုန်းဆီး (Mungji)ဗျူဟာကနေ့ လက်နက်ကြီး အကြိမ်ပေါင်း (၂၀)ကျော်ခန့် ပစ်ကူပေးတာနဲ့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားတာပါ။” KIA တပ်မဟာ (၁၀) လက်အောက်ခံ တပ်ရင်း (၂) နယ်မြေ Kong Lim တောင်မှာ စခန်းချထားသော MNDAA နှင့် TNLA တပ်ဖွဲ့များကို … - [ကချင်ပြည်နယ်တွင် Covid-19 စမ်းသပ်မည့်စက် မထားနိုင်သေး](https://burmese.kachinnews.com/2020/06/04/kachin-state-will-not-set-up-covid-19-testing-machine/): ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုး ရှိ မရှိ စမ်းသပ်သည့်စက်ကို ထားရှိနိုင်မည် မဟုတ်သေးကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။ - [Covid-19 ကြောင့် မိုးချေးငွေများကို အတိုးနှုန်းလျှော့ချထား](https://burmese.kachinnews.com/2020/06/03/covid-19-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bb%e1%80%b1%e1%80%b8%e1%80%84%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ac/): Covid-19 ကပ်ရောဂါကြောင့် ကချင်ပြည်နယ်တစ်ပြည်လုံးတွင် ထုတ်ချေးပေးနေသောချေးငွေများကို အတိုး ၃ ရာခိုင်နူန်းလျော့ချပေးထားကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။ - [ကချင်တစ်ကျော့ပြန်စစ်ပွဲ ၉ နှစ်ပြည့်နေ့ စစ်ရှောင်စခန်းများတွင် ကျောက်တိုင်စိုက်ထူမည်](https://burmese.kachinnews.com/2020/06/03/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%95/): မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲ ၉ နှစ်ပြည့် ဇွန်လ ၉ ရက်နေ့တွင် အထိမ်းအမှတ်ကျောက်တိုင်များကို စစ်ရှောင်စခန်းများတွင် စိုက်ထူသွားမည်ဟု သိရသည်။ - [အသက် ၁၀ နှစ်အောက်ကလေးငယ်များကို ယာဉ်ပေါ်တွင် အသက်ကယ်ခုံဖြင့်သာတင်ရန် ဥပဒေပြဌာန်း](https://burmese.kachinnews.com/2020/06/02/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%81%e1%81%80-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/): အသက် (၁၀)နှစ်အောက် ကလေးငယ်များကို အသက်ကယ်ထိုင်ခုံ အသုံးပြုခြင်းမရှိဘဲ ယာဉ်ပေါ်လိုက်ပါစီးနှင်းခွင့်ပြုပါက ငွေဒဏ်(၃၀၀၀၀)ထိ ချမှတ်နိုင်သည့် ဥပဒေကို ပြဌာန်းထားပြီ ဖြစ်သည်။ - [မေခမြစ်ပေါ်က ရေကာတာ ၆ခု၏ အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန် ခက်ခဲနေဟုဆို](https://burmese.kachinnews.com/2020/06/02/%e1%80%99%e1%80%b1%e1%80%81%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80-%e1%80%9b%e1%80%b1%e1%80%80%e1%80%ac%e1%80%90%e1%80%ac-%e1%81%86%e1%80%81%e1%80%af%e1%81%8f/): မေခ မြစ်ပေါ်ရှိ ရေကာတာ ၆ခု၏ ရေစီးဆင်းမှုနှင့်ပတ်သက်သည့် အချက်လက်မရရှိသေးသရွှေ့ ဧရာဝတီမြစ်ရေအတက်အကျအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲနေသည်ဟု သိရသည်။ - [ကချင်ပြည်နယ်အစိုးရနှင့် ကချင်လူငယ်အဖွဲ့တို့၏တွေ့ဆုံမှု အားရကျေနပ်မှု မရှိဟုဆို](https://burmese.kachinnews.com/2020/06/01/kachin-youth-express-dissatisfaction-over-long-awaited-meeting-with-state-govt/): အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ညွန်ကြားချက်ဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်လူငယ်အဖွဲ့တို့သည် မေလ ၂၈ရက်နေ့တွင် တွေ့ဆုံခဲ့ကြသော်လည်း ရလဒ်အပေါ်အားရကျေနပ်မှုမရှိကြောင်း လူငယ်များက ပြောသည်။ ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေရာတွင် တင်ပြထားသည့်အချက်များစွာရှိသည့်အနက် စစ်ရှောင်လူငယ်များ၏ ပညာရေးနှင့် မူယစ်ဆေးဝါးပြသနာအကြောင်းကိုသာဆွေးနွေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ခြင်း မရှိဟု တွေ့ဆုံရာတွင် ပါဝင်သော ကချင်လူငယ်တစ်ဦး ဆွတ်ဆိုင်းထွယ် က ပြောသည်။ “NRPC က ပြည်နယ်အစိုးရကို လူငယ်တွေက တင်ပြထားတဲ့အကြာင်းတွေကို ထပ်မံပြီး ရှင်းလင်းခိုင်းလိုက်တာပေါ့နော်။ သူတို့ရဲ့ ရှင်းလင်းမှုမှာ လူငယ်တွေရဲ့ တောင်းဆိုထားတဲ့ အချက်တွေအများကြီးရှိပေမယ့် IDP အကြောင်းနဲ့ မူးယစ်ဆေးဝါး ကိစ္စပါလာ တယ်။ ဒီ ၂ချက်ဘဲ ပါလာတယ်။ ကျန်တဲ့အရေးကြီးတဲ့အချက်တွေပါမလာဘူး။ အဲ့ဆိုတော့ အစိုးရတစ်ခုဖြစ်တဲ့ အတွက် တောင်းဆိုတဲ့အချက်တွေ တာဝန်ယူမှုရှိရှိနဲ့ ဖြေခိုင်းစေချင်တယ်။ ၂၀၁၈ကနေ စာတွေဆက်တိုက် တင်ထားတယ်။ အခု ၃နှစ်လောက်အကြာ အခြေနေတွေပြောင်းလဲသွားမှ တုန့်ပြန်လာတယ်ဆိုတော့ ကျေနပ်အားရမှု မရှိဘူး” ဟု ပြောသည်။ ၂၀၁၈ မှစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ လာရောက်သည့်အချိန်တိုင်းတွင် ကချင်လူငယ်အဖွဲ့ (Kachin Youth Movement)က ၃ ကြိမ်ထက်မနည်း စာတင်ပြတောင်းဆိုခဲ့သည်။ တောင်းဆိုသည့်အချက်များတွင် ‘အခြားပြည်နယ်များနည်းတူ ကချင်လူငယ်များနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပါဝင်သော ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ပေးရန်၊ စစ်ရှောင်လူငယ်များ၏ ပညာရေးနှင့်အနာဂတ်အပေါ် အစိုးရ၏ပြင်ဆင်မှု၊ မူးယစ်ဆေးဝါးပြသနာနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် အစိုးရမှတရားလိုပြုလုပ်ကာ တရားစွဲဆိုမှုများမပြုလုပ်ပေးရန်’ စသည်တို့ ဖြစ်သည်။ စတင်တောင်းဆိုခဲ့သည့်အချိန်မှ ယခု၂ နှစ်အကြာ NRPC ၏ညွန်ကြားချက်ဖြင့် ပြည်နယ်အစိုးရနှင့် ပထမအကြိမ် တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ … - [COVID-19: KIO မှ အစိုးရ အကူညီ ပြန် အပ်ပေး](https://burmese.kachinnews.com/2020/05/30/covid-19-kio-%e1%80%99%e1%80%be-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-%e1%80%a1%e1%80%80%e1%80%b0%e1%80%8a%e1%80%ae-%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%a1%e1%80%95%e1%80%ba/) - [ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မည့်အစီစဉ် နောက်ဆုတ်ခဲ့ရ](https://burmese.kachinnews.com/2020/05/27/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84/): ၂၀၂၀ နွေရာသီမှာ ပထမအကြိမ်အဖြစ် ကချင်စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောဆိုခဲ့ပေမယ့် အခုမိုးတွင်းဝင်တဲ့အချိန်ထိ နေရပ်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့် အခုလိုအခြေအနေဖြစ်သွားရလဲဆိုတာပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာခါးလီကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ မေး။ ။ Covid-19 ကာလမှာ KHCC က အဓိက ဘာတွေလုပ်ဆောင်ခဲ့သလဲ။ ဖြေ။ ။ ကျွန်တော်တို့ ဒီ covid-19 အချိန်မှာတော့ KHCC အနေနဲ့တစ်ခြားလှုပ်ရှားမှုတွေမရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် KHCC ရဲ့ တာဝန်က စစ်ရှောင်တွေ နေရပ်ပြန်မဲ့ကိစ္စနှင့်ပတ်သက်ပြီး အစိုးရနဲ့နှစ်ဖက်ကြား ညှိနှိုင်းဖို့ဖြစ်တဲ့အတွက် တခြားလှုပ်ရှားမှုတွေမှာ မပါဝင်တော့တာဖြစ်တယ်။ မေး။ ။ ရက္ခိုင်တပ် AA ကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့မယ်ဆိုရင် စစ်ရှောင်တွေပြန်မဲ့ကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားမလဲ။ ဖြေ။ ။ လက်မှတ်မထိုးမချင်းတော့ စစ်ပွဲကဘယ်ချိန်မဆိုဖြစ်လာနိုင်တယ်လို့ ယူဆထားတယ်။ တစ်ဖက်မှာ စစ်ပွဲဖြစ်နေပြီး တစ်ဖက်မှာ မဖြစ်ဘူးဆိုပေမယ့် အမှန်တကယ် လက်မှတ်ရေးထိုးပြီး ဒီနေ့ကစပြီး တကယ်အပစ်ရပ်နားပြီဆိုမှ နှစ်ဦးနှစ်ဖက်ကြား လက်မှတ်ထိုးတာမရှိသရွှေ့တော့ အချိန်မရွေးစစ်ပွဲဖြစ်လာနိုင်တယ်။ မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးမှုအစီစဉ်က အခုချိန်ရပ်တန့်နေတယ်လို့ ပြောလို့ရတယ်။ ဒီအချိန်မှာ စစ်ရှောင်တွေရဲ့ အိမ်ပြန်မည့်အစီစဉ်က ဘယ်လိုဖြစ်လာမလဲ။ ဖြေ။ ။ပြည်နယ်အစိုးရနှင့်လည်း ဆွေးနွေးထားတာရှိတယ်။ ပြီးရင် KHCC ကနေ လုပ်ဆောင်မှုတွေရှိသလို ကိုယ့်အဖွဲ့အစည်းထဲက အသင်းသူ/သားတွေ ပြင်ဆင်လာမှုအပေါ်မူတည်ပြီး အဲ့ဒါကို ဖြည့်စွက်ပေးနိုင်အောင် ကူညီထောက်ပံ့မှုရအောင် အစိုးရတွေနှင့် ဆွေးနွေးတိုင်ပင်တာတွေရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းတော့ အရင်လိုကော်မတီအဖွဲ့ကြီးတွေနှင့် … - [ကျောင်းဖွင့်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းရှိ Quarantine များကိုပြောင်းရွေ့ရန် စီစဉ်နေ](https://burmese.kachinnews.com/2020/05/27/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%99%e1%80%8a%e1%80%ba%e1%80%96%e1%80%bc%e1%80%85/): ကချင်ပြည်နယ်အတွင်း Community F.Q နေရာအဖြစ် သတ်မှတ်ထားသည့် အခြေခံစာသင်ကျောင်းများကို ဇွန်လ ၁၅ရက် အပြီးတိုင်အပ်နိုင်ရန် စီစဉ်နေပြီဟု သိရသည်။ - [ချီဖွေ KBC စစ်ရှောင်စခန်းတွင် မြစ်ရေဝင်ရောက်လာ](https://burmese.kachinnews.com/2020/05/27/%e1%80%81%e1%80%bb%e1%80%ae%e1%80%96%e1%80%bd%e1%80%b1-kbc-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%90/): ကချင်ပြည်နယ် ချီဖွေမြို့တွင် ၃ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့မှုကြောင့် မေခမြစ်ရေ မြင့်တက်လာပြီး မေလ ၂၆ ရက်နေ့တွင် စစ်ရှောင်စခန်းနေအိမ်အချို့တွင်ရေဝင်ရောက်လာသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။ - [ပယင်းမှော်ဒေသ အသေးစားလုပ်ပိုင်ခွင့်ချထားပေးရန် တောင်းဆိုမှုကို တပ်မတော်က ခွင့်မပြု](https://burmese.kachinnews.com/2020/05/26/%e1%80%95%e1%80%9a%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%92%e1%80%b1%e1%80%9e-%e1%80%a1%e1%80%9e%e1%80%b1%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%af/): ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေနှင့်ပယင်းထွက်ရှိရာဒေသတွင် အသေးစားလုပ်ငန်းများကို တရားဝင်လုပ်ပိုင်ခွင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ တောင်းဆိုမှုအပေါ် လုံးဝခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။ - [စီတာပူ ကုန်တင်ကုန်ချစခန်းဘေးနားတွင် ပျံကျဈေးနေရာသတ်မှတ်](https://burmese.kachinnews.com/2020/05/26/%e1%80%85%e1%80%ae%e1%80%90%e1%80%ac%e1%80%95%e1%80%b0-%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%85%e1%80%81%e1%80%94/): မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းဘေးနားရှိ ပျံကျဈေးဟောင်းတွင် ဈေးရောင်းရန်နေရာအတည်တကျမရှိသည့် ဈေးသည်များကို မေလ ၂၆ရက်နေ့မှစကာ ယာယီရောင်းချခွင့်ပြုထားပြီဟု သိရသည်။ - [လက်ကိုင်စကားပြောစက်အသုံးပြုမှုကြောင့် တရားစွဲဆိုခံရသူ၏အမှုကို စတင်စစ်ဆေးတော့မည်](https://burmese.kachinnews.com/2020/05/26/%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%85%e1%80%80%e1%80%ba%e1%80%a1%e1%80%9e%e1%80%af/): မြစ်ကြီးနား အောက်မော်ဖောင်းကျေးရွာရှိ လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွင် လက်ကိုင်စကားပြောစက် အသုံးပြုမှုကြောင့် တရားစွဲဆိုခံထားရသော ဆရာဆိုင်းအောင်၏ အမှုကို မေလ ၂၇ရက်တွင် စတင်စစ်ဆေးတော့မည်ဟု သိရသည်။ - [ဝါးရှောင်ဆည်ကို ကျပ် ၁.၅ ဘီလီယံ ကုန်ကျခံကာ ပြန်လည်ပြင်ဆင်](https://burmese.kachinnews.com/2020/05/25/%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%8a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bb%e1%80%95%e1%80%ba-%e1%81%81-%e1%81%85/): နှစ်ပေါင်း ၅၀ ကျော်ကြာ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ရေလွှဲဆည်ကို ပထမအကြိမ်အဖြစ် သဲနှုန်းဆယ်သည့်လုပ်ငန်း စတင်နေပြီ ဖြစ်သည်။ - [Covid-19 ကူးစက်ရောဂါကြောင့် နမ္မတီးစစ်ရှောင်များ မြို့ပြင်စခန်းသစ်သို့ ပြောင်းရွေ့](https://burmese.kachinnews.com/2020/05/25/covid-19-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%99%e1%80%b9/): Covid-19 ကပ်ရောက်ဂါကြောင့် နမ္မတီးမြို့ရှိ စစ်ရှောင်တချို့သည် မြို့နှင့်ဝေးသော ညောင်တောကျေးရွာသို့ ပြောင်းရွေ့သွားသည်မှာ ၁လကျော်ပြီဖြစ်ပြီး အစားအသောက်နှင့် ကျန်းမာရေး အခက်အခဲများရှိနေကြောင်း သိရသည်။ - [ချီဖွေတွင် ပြန်လည်နေရာချသည့် စစ်ရှောင်များအဆင်မပြေသဖြင့် မူလ စစ်ရှောင်စခန်းတွင် ပြန်နေထိုင်](https://burmese.kachinnews.com/2020/05/25/%e1%80%81%e1%80%bb%e1%80%ae%e1%80%96%e1%80%bd%e1%80%b1%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%81/): ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်များကို ပြန်လည်နေရာချထားပေးသည့်နေရာတွင် သောက်သုံးရေနှင့် ကလေးများ ပညာရေးအတွက် သွားလာမှုခက်ခဲသည့်အတွက် မူလ စစ်ရှောင်စခန်းကိုသာ ပြန်လည်နေထိုင်ခဲ့သည်ဟု သိရသည်။ - [ခေါင်လန်ဖူးမြို့နယ် မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်မည့်အစီစဉ် ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2020/05/23/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%9c%e1%80%94%e1%80%ba%e1%80%96%e1%80%b0%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် က မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်ရေးအစီစဉ်အတွက် စမ်းသပ်ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ရန် အစိုးရက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ခွင့်ပြုလိုက်ပြီးနောက် ဘိုးဘွားပိုင်နယ်မြေများ ပျက်စီးဆုံးရှုံးသွားမည်ကို ဒေသခံများစိုရိမ်နေကြသည်။ - [အခြားနယ်မှ ဈေးသည်များ လာရောက်ရောင်းချမည်ကို စီတာပူရပ်ကွက်ဈေးသည်များ ကန့်ကွက်နေကြ](https://burmese.kachinnews.com/2020/05/23/%e1%80%a1%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%be-%e1%80%88%e1%80%b1%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9c%e1%80%ac/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် တက္ကသိုလ်ကျောင်းဝင်းအနောက်ဘက်တွင်ရှိသည့် စီတာပူ ညဈေးတန်းနားတွင် အခြားနယ်မှဈေးသည်များအားလုံးကို ရောင်းချခွင့်မပြုနိုင်ကြောင်း ရပ်ကွက်ဈေးသည်များက ကန့်ကွက်နေကြသည်။ - [တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကို ကုတ်စနစ် စတင်စစ်ဆေးနေ](https://burmese.kachinnews.com/2020/05/23/%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8-%e1%80%85%e1%80%ac%e1%80%99%e1%80%b1%e1%80%b8%e1%80%95/): ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများကို စစ်ဆေးနိုင်ရန်တွက် ကုဒ်စနစ် စစ်ဆေးခြင်းကို စတင်ဆောင်ရွက်နေပြီဟု ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ - [မြစ်ကြီးနားမြို့ရှိ ဈေးကြီးများကို ပြန်လည်ဖွင့်လှစ်တော့မည်](https://burmese.kachinnews.com/2020/05/22/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-%e1%80%88%e1%80%b1%e1%80%b8/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာရေး ဈေး(၁) နှင့် ဈေး(၂) ကို မေလ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ - [စိုက်ပျိုးရေးကုမ္ပဏီ တိုးချဲ့လာမှုကြောင့် မံဝယ် လိုင်နှောင်ခူး စစ်ရှောင်များ တားမြစ်ဆိုင်းဘုတ်စိုက်ထူ](https://burmese.kachinnews.com/2020/05/21/%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f%e1%80%ae-%e1%80%90%e1%80%ad/): ကချင်ပြည်နယ် ကားမိုင်းမြို့တွင် စစ်ရှောင်အဖြစ်ရှိနေသော မံယ်ကျေးရွာ(လိုင်နှောင်ခူး) စစ်ရှောင်ပြည်သူများက ၎င်းတို့ စွန့်ခွာခဲ့သော နေရင်းကိုပြန်လည်ကာကွယ်သည့် သတိပေးဆိုင်းဘုတ်များ မေလ ၁၈ ရက်နေ့တွင် သွားရောက် စိုက်ထူခဲ့သည်ဟု သိရသည်။ - [Covid-19 ခေါင်းစဉ်ဖြင့် တပ်မတော်နှင့် KIO တို့ တွေ့ဆုံ](https://burmese.kachinnews.com/2020/05/21/covid-19-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%89%e1%80%ba%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac/): ကာလအတန်ကြာ သီးခြားတွေ့ဆုံမှုမရှိတော့သည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် Covid-19 ကာကွယ်ရေးခေါင်းစဉ်ဖြင့် မေလ ၂၀ ရက်နေ့ KIO ဌာနချုပ်နယ်မြေ Mai Sak Pa တွင် တွေ့ဆုံခဲ့ပြီး တပ်မတော်က Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ - [နမ္မတီးမြို့ လမ်းခွ စစ်ရှောင်များ စားနပ်ရိက္ခာကျပ်တည်းမှု ကြုံတွေ့နေရ](https://burmese.kachinnews.com/2020/05/20/%e1%80%94%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bd-%e1%80%85%e1%80%85%e1%80%ba%e1%80%9b/): ကချင်ပြည်နယ် နမ္မတီးမြို့တွင် ခိုလှုံနေကြသော ကဆုန်စစ်ရှောင်များသည် Covid-19 ကာလအတွင်း ၎င်းတို့ကို ထောက်ပံ့ပေးသည့် လူမှုကူညီရေးအဖွဲ့အစည်းများ မရှိသောကြောင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဖြင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ - [အင်တာနက်မရသည့် ကချင်ပြည်နယ်က စာသင်ကျောင်း ၃၁ ကျောင်းသို့ DBE BOX များတပ်ဆင်](https://burmese.kachinnews.com/2020/05/19/%e1%80%a1%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%80%94%e1%80%80%e1%80%ba%e1%80%99%e1%80%9b%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a/): စနစ်သစ်သင်ရိုးညွှန်းတမ်းသင်ကြားရန်တွက် ကချင်ပြည်နယ်အတွင်း အင်တာနက်မရရှိသည့် မြို့နယ်၇ ခုမှ ကျောင်း ၃၂ ကျောင်းအတွက် DBE BOX (Digital Teaching Resources) ၃၂ လုံးကို ပထမဆုံး စတင်တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးရုံးမှူးရုံး သိရသည်။ - [ဝိုင်းမော်မြို့ စာသင်ကျောင်းအနီးတွင် တည်ဆောက်မည့် Mini shopping Mall ကို ဒေသခံတချို့ကန့်ကွက်](https://burmese.kachinnews.com/2020/05/19/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%bb/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် (၁)၊ စာသင်ကျောင်းအနီးတွင် တည်ဆောက်မည့် ရုပ်ရှင်ရုံပါဝင်သော Mini Shopping Center ကို ဒေသခံတချို့ကန့်ကွက်နေကြသည်။ - [Lockdown ဖြေလျှော့ပြီး ၅ ပတ်အကြာမှသာ အခြေခံပညာရေးကျောင်းများ ပြန်ဖွင့်နိုင်မည့်အလားအလာရှိ](https://burmese.kachinnews.com/2020/05/18/lockdown-%e1%80%96%e1%80%bc%e1%80%b1%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%81%85-%e1%80%95%e1%80%90%e1%80%ba%e1%80%a1%e1%80%80%e1%80%bc%e1%80%ac/): တစ်နိုင်ငံလုံးအတိုင်းအတာ Lockdown ဖြေလျှော့ပြီးနောက် စာစစ်ရန်ကျန်ရှိနေသည့် တိုင်းနှင့်ပြည်နယ်များသည် တပတ်အတွင်း အပြီးစစ်ဆေးရမည်ဖြစ်ပြီး ဇူလိုင်လတွင် ကျောင်းဖွင့်နိုင်ရန် စီစဉ်နေကြောင်း ကချင်ပြည်နယ်ပညာရေးရုံးမှ သိရသည်။ - [အခြေခံလူတန်းစားများကို ဒုတိယအကြိမ်ပြန်လည်ထောက်ပံ့မည်](https://burmese.kachinnews.com/2020/05/16/%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%9c%e1%80%b0%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af/): Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပြည်ထောင်စုမှ ဒုတိယအကြိမ် ထပ်မံထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။ - [လီဒိုလမ်းတွင် အစိုးရမှလယ်ယာမြေဖော်ထုတ်ပေးရာတွင် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ်ရှိနေ](https://burmese.kachinnews.com/2020/05/15/%e1%80%9c%e1%80%ae%e1%80%92%e1%80%ad%e1%80%af%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%99%e1%80%be%e1%80%9c/): ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာအတွက် လယ်ယာမြေဖော်ထုတ်ပေးသည့်အစီစဉ်ကို နှောင်းမီ ကျေးရွာတွင် ဖော်ဆောင်နေသောကြောင့် ကျေးရွာ ၂ခုကြား အငြင်းပွားဖွယ်ဖြစ်လာဖွယ်ရှိသည်ဟု သိရသည်။ - [ကချင်ပြည်နယ် နယ်နမိတ်အတွင်းထိ တရုတ်ကားများဝင်ရောက်မှုကို တားဆီးခြင်းမပြုရန် ပြည်နယ်အစိုးရပြော](https://burmese.kachinnews.com/2020/05/15/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%94%e1%80%9a%e1%80%ba%e1%80%94%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%90/): ကချင်ပြည်နယ်အတွင်းသို့ နယ်စပ်ဂိတ်မှဝင်ရောက်လာသော တရုတ်တစ်သျှူးငှက်ပျောကားများနှင့် ကုန်ကားများကို တားဆီးခြင်း မပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။ - [Covid-19 ရောဂါကာကွယ်ရေးအတွက် KIO နှင့် ပြည်နယ်အစိုးရ ပထမအကြိမ်တွေ့ဆုံ](https://burmese.kachinnews.com/2020/05/14/covid-19-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-kio-%e1%80%94/): ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့နှင့် KIO Covid-19 ကာကွယ်ရေးကော်မတီအဖွဲ့တို့၏ မေလ ၁၃ ရက်တွေ့ဆုံမှုတွင် ရောဂါကာကွယ်ရေးအကြောင်းအရာကိုသာဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကြောင်းအရာများပါဝင်ခြင်းမရှိဟု KIO ဘက်က ပြောသည်။ - [အွန်လိုင်းပညာရေးစနစ်အတွက် ကချင်ပြည်နယ်တွင် အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခုရှိ](https://burmese.kachinnews.com/2020/05/13/%e1%80%a1%e1%80%bd%e1%80%94%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%a1%e1%80%90/): ကချင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် စနစ်သစ် သင်ရိုးညွှန်းတမ်းကို အွန်လိုင်းစနစ်ဖြင့် သင်ကြားမည်ဆိုပါက အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခု ရှိသည်ဟု သိရသည်။ - [တပ်မတော်၏ ၃ လကျော် အပစ်ခတ်ရပ်စဲရေးကြေငြာချက်အပေါ် ကချင်လူထု၏အမြင်](https://burmese.kachinnews.com/2020/05/12/%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%81%8f-%e1%81%83-%e1%80%9c%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba-%e1%80%a1%e1%80%95%e1%80%85%e1%80%ba%e1%80%81/): တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံးမှ ထုတ်ပြန်သည့် သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်တွင် ‘အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ’ ဟု ပါရှိသဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခံထားရသော ရခိုင်တပ်မတော် AA တည်ရှိရာနေရာများတွင် ပါဝင်ခြင်းမရှိသည်ဟု တွေ့ရသည်။ - [မူဆယ် Asia World Company တိုးဂိတ်မှာ မိုင်း ပေါက်ကွဲမှု ဖြစ်ပွား](https://burmese.kachinnews.com/2020/05/12/%e1%80%99%e1%80%b0%e1%80%86%e1%80%9a%e1%80%b9-asia-world-company-%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%82%e1%80%ad%e1%80%90%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%99%e1%80%ad%e1%80%af/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ Asia World Company တိုးဂိတ်တွင် မိုင်းပေါက်ကွဲမှု တစ်ခု မေ (၁၁)၊ တနင်္လာနေ့ည ဖြစ်ပွားခဲ့သည်။ မြန်မာ–တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းမပေါ် ဘီးခွန်ကောက်ခံနေသော Asia World Company တိုးဂိတ်တွင် ညနေ ၆နာရီကျော်ခန့်မှာ မိုင်း ၁လုံးပေါက်ကွဲမှုဖြစ်ပွားရာတွင် လူ ထိခိုက်သူ မရှိကြောင်း ဒေသခံများ ဆိုပါသည်။ “ဘယ်သူ့လက်ချက် ဆိုတာ မသိဘူး။ ဒါပေမယ့် သူတို့ (ကုမ္ပဏီဂိတ်)ဘက်က အဲဒီ့နေရာမှာ အမြဲ ဖြတ်သွားဖြတ်လာ လုပ်နေကျ ပြည်သူ့စစ်အဖွဲ့တွေကိုတောင်မှ ငွေကောက်တာ မသက်သာဘူးလို့ ဝေဖန်သံတွေ ကြားတယ်” ဟု မုံးကိုပြည်သူ့အဖွဲ့နှင့်နီးစပ်သော အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ၎င်းတိုးဂိတ်မှာအစိုးရဘက်ကတပ်၊ရဲနှင့်ပြည်သူ့စစ်အဖွဲ့များကလည်းအမြဲလိုလိုရှိသည့်စစ်ဆေးဂိတ်တစ်ခုဖြစ်ကြောင်းဆိုပါသည်။ မန္တလေး–မူဆယ် လမ်းပိုင်း ပြုပြင်ရေးလုပ်ဆောင်နေသည့် Asia World Company ကို မြန်မာနိုင်ငံ၏ ဘိန်းဘုရင်အဖြစ် နာမည်ကျော်ကြားခဲ့သူ Lo Hsing Han ၏သား Lo Ping Zhong ခေါ် ဦး ထွန်းမြင့်နိုင် (သို့မဟုတ်) Steven Law မှ ပိုင်ဆိုင်ပါသည်။ - [အစိုးရ Covid-19 ကာကွယ်တားဆီးရေးကော်မတီသို့ KIO က စာရရှိကြောင်းသာ အကြောင်းပြန်၊ လုပ်ငန်းပိုင်းဆိုင်ရာမပါသေးဟုဆို](https://burmese.kachinnews.com/2020/05/11/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%90%e1%80%ac%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8/): တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ နယ်မြေတွင် Covid-19 ကာကွယ်တားဆီးရေးညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့်ပတ်သက်ပြီး အစိုးရ၏အကြောင်းကြားစာကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စာရရှိကြောင်းသာ အကြောင်းပြန်ခဲ့ပြီး လုပ်ငန်းပူးပေါင်းရေးဆိုင်ရာ အကြောင်းအရာများ မပါရှိသေးကြောင်း KIO အဖွဲ့က ပြောသည်။ - [ကချင်ပြည်နယ်မှ လူနာအမှတ်စဉ် ၁၄၄ ဆေးရုံဆင်းခွင့်ရ](https://burmese.kachinnews.com/2020/05/11/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%be-%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90/): ကချင်ပြည်နယ်၏ ပထမဆုံး ပိုးတွေ့လူနာ အမှတ်စဉ် ၁၄၄ သည် ၂ ကြိမ်စစ်ဆေးပြီးနောက် ပိုးမတွေ့ရတော့သဖြင့် ယနေ့မေလ ၁၁ရက်နေ့တွင် ဆေးရုံးဆင်းခွင့်ပေးလိုက်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်ထံမှ သိရသည်။ - [ဝါရာဇွပ်ဒေသခံများတောင်းဆိုသည့် စားကျက်မြေ မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရအကြောင်းပြန်](https://burmese.kachinnews.com/2020/05/09/%e1%80%9d%e1%80%ab%e1%80%9b%e1%80%ac%e1%80%87%e1%80%bd%e1%80%95%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသခံများ တောင်းဆိုထားသည့် စားကျက်မြေကို တောင်းဆိုမှုအတိုင်း မသတ်မှတ်ပေးနိုင်ကြောင်း ဒေသခံများကို ကားမိုင်းအုပ်ချုပ်ရေးရုံးမှ မေလ ၇ ရက်နေ့ အကြောင်းပြန်ခဲ့သည်ဟု သိရသည်။ - [မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားအသစ်များကို သီးသန့်ခွဲထား](https://burmese.kachinnews.com/2020/05/08/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-2/): Covid-19 ကာလအတွင်း ဝင်ရောက်လာသည့် မြစ်ကြီးနားအကျဉ်းထောင်သို့ဝင်လာသူများကို သီးသန့်ဆောင်တွင် ထားကာ စောင့်ကြည့်နေကြာင်း မြစ်ကြီးနားအကျဉ်းဦးစီးမှ ထောင်ပိုင်ဦးကျော်ထွန်းဦး က ပြောသည်။ - [မြစ်ကြီးနားရှိ FQ များကို အစားအသောက်ထောက်ပံ့နေသည့် ပရဟိတအဖွဲ့များ ခေတ္တရပ်နားမည်ဟုဆို](https://burmese.kachinnews.com/2020/05/08/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%9b%e1%80%be%e1%80%ad-fq-%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af/): မြစ်ကြီးနားမြို့ရှိ Covid-19 ရောဂါကြောင့် FQ ဝင်နေသူများကို ပရဟိတအဖွဲ့မှ အစားအသောက်ထောက်ပံ့နေမှုကို မေလ ၁၁ရက်နေ့မှစကာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း Covid-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြုပရဟိတအဖွဲ့မှ စာရင်းစစ် အထက်တန်းရှေ့နေ ဦးခွန်မြတ်မင်းအောင် ကပြောသည်။ - [ဧပြီလအတွင်းငြိမ်းချမ်းရေးစောင့်ကြည့်မှုမှတ်တမ်း](https://burmese.kachinnews.com/2020/05/07/%e1%80%a7%e1%80%95%e1%80%bc%e1%80%ae%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8/): ဧပြီလအတွင်း မြန်မာ့တပ်မတော်နှင့် NCA တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများရှိခဲ့သလို စစ်ပြေးဒုက္ခသည် အသစ်ထပ်တိုးလာကြောင်း BNI – Myanmar Peace Monitor ၏ ငြိမ်းချမ်းရေးဆိုင်ရာသတင်းစောင့်ကြည့်မှုမှတ်တမ်းအရ သိရသည်။ - [COVID-19 ရောဂါကာကွယ်ရေး စေတနာ့ဝန်ထမ်းများ ထပ်မံ လိုအပ်](https://burmese.kachinnews.com/2020/05/06/covid-19-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8-%e1%80%85%e1%80%b1%e1%80%90%e1%80%94%e1%80%ac%e1%80%b7%e1%80%9d/): ကချင်ပြည်နယ် မြစ်ကြီးနားအတွင်း ပြည်တော်ပြန်များကို Quarantine ထားရှိနေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးရန် လူအင်အား လိုအပ်နေသည်ဟု Kachin State Covid-19 Prevention Network မှ သိရသည်။ - [COVID-19 ပညာပေး ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးအမှု ကျေအေးမှု မရ](https://burmese.kachinnews.com/2020/05/06/covid-19-%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%86%e1%80%bd%e1%80%b2%e1%80%9e-2/): သာသနာညိုးနွမ်းစေပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမှ ပန်းချီရေးဆွဲသူ လူငယ် ၃ဦး၏ အမှုကို တရားလိုဘက်မှ မကျေအေးသဖြင့် မေလ ၁၁ ရက်တွင် အမှုစတင် စစ်ဆေးတော့မည်ဟု သိရသည်။ - [ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်](https://burmese.kachinnews.com/2020/05/05/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1/): ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းဝေးတက်ရောက်မည့် လွှွတ်တော်ကိုယ်စားလှယ်များ မေလ ၁၀ရက်မှ ၁၇ ရက်ထိ Quarantine ဝင်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်ထံမှ သိရသည်။ - [ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ](https://burmese.kachinnews.com/2020/05/05/%e1%80%80%e1%80%94%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%ae-quarantine-%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%bc%e1%80%85/): တရုတ်နယ်စပ် ကန်ပိုက်တီနယ်စပ်တွင်ထားရှိသော Quarantine များကို မြစ်ကြီးနားသို့ ရွှေ့ပြောင်းရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။ - [COVID-19 ကြောင့် အောင်မြင်သာ ဒေသခံများ စားဝတ်နေရေးခက်ခဲလာ](https://burmese.kachinnews.com/2020/05/05/covid-19-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%9e%e1%80%ac-%e1%80%92%e1%80%b1%e1%80%9e/): COVID-19 ကူးစက်ရောဂါကြောင့် မြစ်ကြီးနာမြို့ အောင်မြင်သာကျေးရွာရှိ အပန်းဖြေစခန်းများကို ယာယီပိတ်လိုက်ပြီးနောက် အဆိုပါလုပ်ငန်းကို မှီခိုလုပ်ကိုင်စားသောက်နေကြသောဒေသခံများသည် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း ပြောသည်။ - [Covid-19 ပညာပေး ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးအမှုကို ပယ်ဖျက်ရန် LAN အဖွဲ့တောင်းဆို](https://burmese.kachinnews.com/2020/05/04/covid-19-%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%86%e1%80%bd%e1%80%b2%e1%80%9e%e1%80%b0/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲဆိုခံနေရသော လူငယ် ၃ ဦးအမှုကို ပလပ်ပေးရန် ဥပဒေ အထောက်အကူပြုကွန်ရက် ( Legal Aid Network) မှ မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူထု ရွေးချယ်တင်မြောက်ထားသည့် လက်ရှိအာဏာရ NLD အစိုးရအနေဖြင့် သတင်းမီဒီယာသမားများနှင့် တတ်ကြွလှုပ်ရှားသူများကို အဓိကပစ်မှတ်ထား အရေးယူနေသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတား ပြုနေသည့် ဥပဒေများကို ပယ်ဖျက်ရန် စသည်တို့ကို တောင်းဆိုထားသည်။ “တရားစွဲခံထားရတဲ့ လူငယ်သုံးဦးက အခုဖြစ်နေတဲ့ ဒီရောဂါက ဘယ်လောက်ကြောက်ရတယ်ဆိုဒါ ပြည်သူတွေကို ပညာပေးချင်လို့ သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီး ဆွဲကြတာဖြစ်တယ်။ ကုလသမ္မဂ လူ့အခွင့်အရေးကြေငြာစာတမ်း UDHR မှာကနေထွက်လာတဲ့ ICCPR နဲ့ ICESCR မှာပါတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်ကမှ ပိတ်ပင်တားဆီးမှုတွေ မရှိပဲနဲ့ အစိုးရလည်း ပိတ်ပင်တားဆီးတာတွေမရဘူး။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ တည်ဆဲဥပဒေမှာ ဥပမာ-၃၅၄ ကို ကြည့်မယ်ဆိုရင် မိမိရဲ့ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့် ဖြန့်ဝေခွင့်ဆိုပြီး ရေးတော့ ရေးထားပေမဲ့ သူ့အပေါ်မှာ နိုင်ငံတော် လုံခြုံရေးဆိုပြီး ကျနော်တို့က ဒါကို အဓိပ္ပါယ်ကောက်ရမှာလည်း ခက်တယ်။ ဟု ဥပဒေ အထောက်အကူပြုကွန်ရက် ( Legal Aid Network) မှ ဦးလဖိုင်နော်ဆန့်က ကချင်သတင်းဌာန KNG သို့ ပြောသည်။ … - [တရုတ်နိုင်ငံသားအလုပ်ရှင် နေရပ်ပြန်သွားသဖြင့် တစ်သျှူးငှက်ပျောခြံအလုပ်သမားများ လုပ်အားခအတွက်စိုးရိမ်](https://burmese.kachinnews.com/2020/05/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be/): ဝိုင်းမော်မြို့နယ် ဒိန်ဂျန်ယန်ကျေးရွာနားရှိ တရုတ်တစ်သျှူးငှက်ပျော်ခြံတွင် အလုပ်သမားများ ရရှိမည့်လုပ်ခလစာကို မရသေးချိန် အလုပ်ရှင် တရုတ်နိုင်ငံသားနေရပ်ပြန်သွားသည့်အတွက် လုပ်အားခ သိန်း၄၀၀ခန့် ဆုံးရှုံးမည်ကို အလုပ်သမားများ စိုးရိမ်နေကြသည်။ - [Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲခံရသူ ၃ ဦးအာမခံရရှိ](https://burmese.kachinnews.com/2020/04/30/covid-19-%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%86%e1%80%bd%e1%80%b2%e1%80%99%e1%80%be/): သာသနာညှိးနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေး ပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏အမှု ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင်ငွေကျပ်သိန်း (၁၀၀)စီဖြင့် အာမခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမူတွင် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး တရားလိုပြုလုပ်ကာ Covid-19ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ မစီစီလျာဂျာဆိုင်း၊ ကိုနော်ထွန်းအောင်နှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်တို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်သည်။ “ဒီနေ့ကတော့ ရာဇဝတ်ဆိုင်ရာကျင့်ထုံးနဲ့အညီ အာမခံလျှောက်တာဖြစ်တယ်။ အမှုကတော့ ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)နဲ့ စွဲထားတာဖြစ်တယ်။ ၂၉၅(က)ကတော့ အမှုရုပ်သိမ်းလို့မရဘူး။ ကျေအေးလို့မရဘူး ရုတ်သိမ်းလို့မရဘူး။ ဒါပေမယ့် ကျမတို့က ရာဇဝတ်ကျင့်ထုံးဥပဒေကျင့်ထုံးဥပဒေ ၄၉၇(၁)အရကတော့ အာမခံလျှောက်ထားလို့ရတယ်။ ကျမတို့အပိုင်းကလည်း မဂျာဆိုင်းဆိုလို့ရှိရင် ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ မိခင်အို၊ဖခင်အိုကို ပြုစုနေရတဲ့သူဖြစ်တယ်။ ဇေယျာနောင်လည်း အစာအိမ်ရောဂါခံစားနေရသူဖြစ်တယ် ဆေးစာတွေလည်းတင်ပြထားတယ်။ နောက်တစ်ခါ နော်ထွန်းအောင်ကလည်း သူငယ်ငယ်ကတည်းကနေ ရင်ကျပ်ရောဂါရှိတယ်လက်ရှိလည်း ဆေးရုံနဲ့ကုသနေရတာဖြစ်တယ်။ သူတို့ဘက်ကလည်း အထောက်အထားအပြည့်အစုံတင်ပေးတယ်။ တစ်ဖက်ကလည်း ကျမတို့ိကို ဒီအာမခံနဲ့ပတ်သက်ပြီးဥပဒေအရာရှိ ဆုံးဖြတ်ချက်ဘဲလို့ပြောတယ်။ ဥပဒေအရာရှိဘက်ကလည်း ဒီပုဒ်မက သေဒဏ်၊ တစ်သက်တစ်ကျွန်းချမှတ်လို့ရတဲ့ ဥပဒေမဟုတ်ဘူး။ သက်သေအထောက်ထားခိုင်လုံတဲ့တွက် အာမခံပေးခြင်းဖြစ်တယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။ အဆိုပါအမှုသည် ဧပြီလ ၃ရက်နေ့ Covid-19 အန္တာရယ်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနားဘူတာတိုက်တန်းတွင် ပန်းချီရေးဆွဲခဲ့ရာ ပန်းချီတွင် သေမင်းတမန်ပုံရေးဆွဲရာတွင် သေမင်းတမန်၏ဝတ်ရုံသည် ဗုဒ္ဓဘာသာရဟန်း၏ သင်္ကန်းနဲ့တူညီမှုရှိသည်ဟုဝေဖန်မူများစွာ ရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်မှ တရားလိုပြုလုပ်ကာ စွဲဆိုခဲ့ခြင်းဖြစ်သည်။ “ ဒါကတော့ ဥပဒေအရဘဲ ဟိုတစ်ခါကလဲပြောထားပြီးသားလေခု ကိုယ်တို့ဆောင်ရွက်ထားတဲ့အမှုသည် တရားရုံးကိုရောက်နေပြီ။ အဲတွက်ကြောင့်မို့ တရားရုံးကဘဲ ဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားလိမ့်မယ်” … - [တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွင် Covid-19 ပူးပေါင်းကာကွယ်ရန် အစိုးရမှအကြောင်းကြား](https://burmese.kachinnews.com/2020/04/30/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%9b/): တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာဒေသတွင် အစိုးရအနေဖြင့် COVID-19 ကာကွယ်ထိန်းချူပ်ကုသရေးနှင့် ပတ်သက်ပြီး ညှိ့နှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ထံ ဧပြီလ ၂၈ ရက်နေ့ အကြောင်းကြားစာပို့လိုက်သည်ဟု သိရသည်။ - [ဝိုင်းမော် ဒိန်ဂျန်ယန်ရှိ ငှက်ပျော်ခြံလုပ်သားများ လုပ်ခလစာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့တိုင်ကြားမည်ဟုဆို](https://burmese.kachinnews.com/2020/04/29/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba-%e1%80%92%e1%80%ad%e1%80%94%e1%80%ba%e1%80%82%e1%80%bb%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba%e1%80%9b/): ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားအချို့ လုပ်ခလစာ ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ - [ဗန်းမော်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေးပစ္စည်းများ လုံလောက်မှုမရှိသေး](https://burmese.kachinnews.com/2020/04/29/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81/): ကချင်ပြည်နယ် ဗန်မော်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်သည့် အသုံးအဆောင်ပစ္စည်း လုံလောက်မှုမရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများပြောသည်။ - [ညမထွက်ရအမိန့်ချိုးဖောက်သူ အယောက် ၂၀ ကျော်ကို ထောင်ဒဏ်ချမှတ်](https://burmese.kachinnews.com/2020/04/29/%e1%80%8a%e1%80%99%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%9b%e1%80%a1%e1%80%99%e1%80%ad%e1%80%94%e1%80%b7%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%96%e1%80%b1%e1%80%ac%e1%80%80/): ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၄ ခုတွင် ညမထွက်ရအမိန့်ချမှတ်ပြီးနောက် မြစ်ကြီးနားမြို့အတွင်း အမိန့်ချိုးဖောက်သော အယောက် ၅၀ကျော်ကို အရေးယူထားသည်ဟု သိရသည်။ - [Covid-19 ကာလ ဖားကန့် ရေမဆေးသမား လူအုပ်ကို ထိန်းချုပ်ရန်ခက်ခဲနေ](https://burmese.kachinnews.com/2020/04/28/covid-19-%e1%80%80%e1%80%ac%e1%80%9c-%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%9b%e1%80%b1%e1%80%99%e1%80%86%e1%80%b1%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8/): ဖားကန့်တွင် ရေမဆေးသမားများကို Covid-19 ကာလထိန်းချုပ်ရန် ခက်ခဲမှုရှိနေကြောင်း ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှ သိရသည်။ - [လွယ်ဂျယ်နယ်စပ်ဂိတ်မှဝင်လာသော တရုတ်ပြည်တော်ပြန် ၄ ထောင်နီးပါးရှိလာ](https://burmese.kachinnews.com/2020/04/28/%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%80%82%e1%80%bb%e1%80%9a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%9d%e1%80%84%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e/): တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက်သည် ဧပြီ ၁၆ မှ ၂၇နေ့ထိ စုစုပေါင်း ၃၇၉၁ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအင်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ - [ရခိုင်နှင့်ချင်းပြည်နယ်တွင် ထိုးစစ်ကြောင့်အရပ်သားများသေဆုံးနေမှုပေါ် ကချင်လူထု၏ အမြင်](https://burmese.kachinnews.com/2020/04/28/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a/): ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ် AA တို့ တိုက်ပွဲကြောင့် ပြည်သူများ၏ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသောကြောင့် စစ်ပွဲရပ်တန့်ရန် လိုအပ်ကြောင်း ကချင်လူထုဘက်မှလည်း ပြောဆိုနေကြသည်။ - [“ဗဟိုထိန်းချုပ်မှု မဖြစ်သင့်တော့ဘူး။” အင်တာဗျူး](https://burmese.kachinnews.com/2020/04/27/%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af-%e1%80%99%e1%80%96%e1%80%bc%e1%80%85/): Kachin State Covid-19 Prevention Network သည် ကချင်အရပ်ဖက်အဖွဲ့အစည်းများစုစည်းထားသော ကွန်ရက်ဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် လူထူထပ်သော နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပညာပေးအစီစဉ်များပြုလုပ်နေသည်။ - [ဖားကန့်မြို့သို့ ဝင်လာသူများ ကိုယ့်စားရိတ်ဖြင့် ၂၁ ရက် Quarantine နေရမည်](https://burmese.kachinnews.com/2020/04/27/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%9d%e1%80%84%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e/): လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်ထားသည့်နေရာတွင် ၂၁ရက် Quarantine ဝင်ရမည်ဟု သိရသည်။ - [ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ကို အိမ်တွင်းဆုတောင်းခြင်းအစီစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရ](https://burmese.kachinnews.com/2020/04/25/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9c%e1%80%b0%e1%80%91%e1%80%af%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%96%e1%80%bb/): နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့သည် ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ (Anti-Drug Day) ဖြစ်သော်လည်း ယခုနှစ်တွင် Covid-19 ရောဂါအခြေအနေကြောင့် လူထုဆုတောင်းပွဲမပြုလုပ်နိုင်ဘဲ မိမိအိမ်တွင်သာ ဆုတောင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ - [အပြင်ထွက်ခွင့်တားမြစ်ခံရခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များအခက်တွေ့](https://burmese.kachinnews.com/2020/04/24/%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%b6%e1%80%b7%e1%80%99%e1%80%be%e1%80%af-%e1%80%9a%e1%80%ac%e1%80%9a%e1%80%ae%e1%80%9b%e1%80%95%e1%80%ba/): ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကြောင့် စားနပ်ရိက္ခာခက်ခဲလာနေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ - [KIO Covid-19 ကာကွယ်ရေးကော်မတီဖြင့် ဆက်သွယ်မေးမြန်းခြင်း](https://burmese.kachinnews.com/2020/04/24/kio-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%90%e1%80%ae%e1%80%96%e1%80%bc%e1%80%84%e1%80%b7/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီသည် Covid-19 တားဆီးရေး ကော်မတီဖွဲ့ပြီး အသစ်ဝင်လာသူများကို သီးသန့် Quarantine ထားပြီးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ - [နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ကချင်လူထု၏အမြင်များ](https://burmese.kachinnews.com/2020/04/23/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%95%e1%80%84%e1%80%ba%e1%80%81%e1%80%b6%e1%80%95%e1%80%af/): ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြပါကြောင်း နိုိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများစွာရှိနေသည်။ - [Covid-19 ကာကွယ်ရေး KIO နယ်မြေရှိ စစ်ရှောင်စခန်းများကို အဝင်အထွက်ပိတ်](https://burmese.kachinnews.com/2020/04/23/6374/): တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံနှံလာခဲ့သော Covid-19 ကူးစက်ရောဂါသည် ယခုချိန် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ တစ်ရာကျော်လာပြီ ဖြစ်သည်။ ယခုလလယ် ခန့်မှစပြီး တရုတ်နိုင်ငံမှ ပြည်တော်ပြန်များ ကချင် လွယ်ဂျယ် နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာပြီဖြစ်သည်။ - [Face Shield မျက်နှာကာများကို ဗန်းမော်လူငယ်များကိုယ်တိုင်ပြုလုပ်](https://burmese.kachinnews.com/2020/04/22/face-shield-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%80%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%97%e1%80%94%e1%80%ba%e1%80%b8/): ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်ရှိ ဆေးရုံများတွင်အသုံးပြုနိုင်ရန် Covid-19 ကူးစက်ရောဂါကာကွယ်ရေး မျက်နှာကာ Face Shield အခု ၅၀၀၀ခန့်ကို ဗန်းမော်မြို့ရှိ လူငယ်များကိုယ်တိုင်လက်မှုပြုလုပ်ကာ ယခုလအတွင်း သွားရောက်လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။ - [ကချင်ပြည်နယ်ရှိ Covid-19 ကာကွယ်ရေး volunteer အဖွဲ့များတွင် PPE ဝတ်စုံများလိုအပ်](https://burmese.kachinnews.com/2020/04/22/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba/): မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန်များကို ကူညီပေးနေသော လုပ်အားပေး Volunteer အဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများ ထပ်မံ လိုအပ်နေသည်ဟု သိရသည်။ - [တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဟု လဝက ဝန်ကြီးပြော](https://burmese.kachinnews.com/2020/04/21/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba/): တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ - [အခြေခံပညာစာသင်ကျောင်းများ အောင်စားရင်းထုတ်ပြန်မည့်ရက် အတိအကျမသိရသေး](https://burmese.kachinnews.com/2020/04/21/6358/): ကချင်ပြည်နယ် အခြေခံပညာစာသင်ကျောင်းများ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသား/သူများ၏ အောင်စာရင်း ထုတ်ပြန် ကြေညာမည့် ရက်အား အတိကျ မသိသေးကြောင်း ကချင်ပြည်နယ်ပညာရေးစီးဦးဌာနမှ သိရသည်။ - [လူနာအမှတ်စဉ် ၈၂ ဖြင့်ဆက်စပ်သော ကချင်ပြည်နယ်မှ စောင့်ကြည့်လူနာ ၈ ဦးအနက် ၄ ဦးကို စစ်ဆေးရာ ပိုးမတွေ့](https://burmese.kachinnews.com/2020/04/20/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%88%e1%81%82-%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%80%e1%80%ba/): Covid-19 ပိုးတွေ့ရှိ လူနာအမှတ်စဉ် ၈၂ နှင့် ထိစပ်ခဲ့ကြသည့် ကချင်ပြည်နယ်မှ စောင့်ကြည့်ခံထားသူ ၈ဦးအနက် ၄ ဦးအား ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ပိုးမတွေ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ - [ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်](https://burmese.kachinnews.com/2020/04/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%85%e1%80%ac%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%bb%e1%80%99/): ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ မနက် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ - [၅ ဦးထက်ပိုပြီး လူစုလူဝေးမပြုရန် အမိန့်ထုတ်ပြန်](https://burmese.kachinnews.com/2020/04/17/%e1%81%85-%e1%80%a6%e1%80%b8%e1%80%91%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9c%e1%80%b0%e1%80%85%e1%80%af%e1%80%9c%e1%80%b0%e1%80%9d%e1%80%b1%e1%80%b8/): ခွင့်ပြုထားသည့်အကြောင်းအရာမှလွဲပြီး လူ ၅ ဦးဖြစ်စေ လူ ၅ဦးထက်ပိုသည်ဖြစ်စေ လူစုလူဝေးမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၁၆ရက်နေ့ အမိန့်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ - [လူနာအမှတ်စဉ် ၈၂ ဖြင့် လေယာဉ်စီးခဲ့သော ဝါးရှောင်ကျေးရွာမှ အမျိုးသမီးကို သတ်မှတ်နေရာသို့ ရွှေ့ပြောင်း](https://burmese.kachinnews.com/2020/04/17/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%88%e1%81%82-%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c%e1%80%b1/): လူနာအမှတ် ၈၂ ဖြင့် လေယာဉ်အတူးစီးနှင်းခဲ့သည့် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာမှအမျိုးသမီးတစ်ဦးအား ဆေးစစ်ဆေးရန် ၎င်း၏နေအိမ်မှ ဝါးရှောင်ကျေးရွာ Quarantine သတ်မှတ်နေရာသို့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း ဝါးရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ - [သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကချင်ပြည်နယ်အကျဉ်းထောင့်များမှ အကျဉ်းသား ၁၇၀၀ လွတ်မြောက်](https://burmese.kachinnews.com/2020/04/17/%e1%80%9e%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%81%8f-%e1%80%9c%e1%80%bd%e1%80%90%e1%80%ba%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9e/): နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကချင်ပြည်နယ်အတွင်း အကျဉ်းထောင်များမှ အကျဉ်းသားစုစုပေါင်း ၁၇၀၀ ခန့် ယနေ့ လွတ်မြောက်လာကြောင်း သိရသည်။ - [Covid-19 kap bra ana makawp ga (Zau Doi Hkawng)](https://burmese.kachinnews.com/2020/04/17/covid-19-kap-bra-ana-makawp-ga-zau-doi-hkawng/) - [လူနာအမှတ်စဉ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနားမှ အမျိုးသမီးတစ်ဦးကို ဆေးရုံသတ်မှတ်နေရာသို့ ပို့ထား](https://burmese.kachinnews.com/2020/04/16/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%88%e1%81%82-%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ad%e1%80%90/): Covid-19 ပိုးတွေ့ လူနာအမှတ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနား၊ ခေမာသီရိ ရပ်ကွက် (၃) မှ အမျိုးသမီး တစ်ဦးအား ဓါတ်ခွဲစစ်ဆေးရန် ယနေ့ ည၄နာရီချိန်တွင် ၎င်း၏နေအိမ်မှ မြစ်ကြီးနားဆေးရုံ Quarantine ထားရန်သတ်မှတ်ထားသည့် နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ခေမာသီရိအုပ်ချုပ်ရေးမှူး ထံမှသိရသည်။ - [လူနာအမှတ်စဉ် ၆၃ ၏ စက်ရုံမှပြန်လာသူကို မြစ်ကြီးနား မန်ခိန် နေအိမ်တွင် Home Quarantine လုပ်ထား](https://burmese.kachinnews.com/2020/04/15/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%86%e1%81%83-%e1%81%8f-%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%af%e1%80%b6/): Covid-19 လူနာအမှတ် ၆၃ ၏ စက်ရုံတွင်အလုပ်လုပ်ရာမှ ပြန်လာပြီး ယခု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် နေထိုင်သူအား Home Quarantine လုပ်ထားကြောင်း မန်ခိန်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ - [စစ်ရှောင်စခန်းများဝင်ထွက်ပိတ်ပင်မှု အချိန်ကြာလာရင် စားဝတ်နေရေး ခက်ခဲလာမည် (အင်တာဗျူး)](https://burmese.kachinnews.com/2020/04/15/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%91/): Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကူးစက်အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင်လည်း အဝင်အထွက် စတင်ပိတ်ပင်ခဲ့သည်။ - [ဝိုင်းမော်ကျေးရွာအချို့တွင် တရုတ်ကုမ္ပဏီသို့ နေ့စားသွားခြင်းမပြုရန် အမိန့်ထုတ်](https://burmese.kachinnews.com/2020/04/15/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af/): ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စုရှိ တရုတ်စိုက်ပျိုးရေးကုမ္ပဏီသို့ နေ့စားသွားခြင်း မပြုလုပ်ရန် ကျေးလက်အုပ်ချုပ်ရေးရုံးမှ ညွန်ကြားထားကြောင်း စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ - [ကချင်ပြည်နယ်အတွင်း ဈေးရောင်းရမည့်အချိန်များ ထပ်မံ ပြောင်းလဲ](https://burmese.kachinnews.com/2020/04/14/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%88%e1%80%b1%e1%80%b8%e1%80%9b/): ကချင်ပြည်နယ်အတွင်း အစိုးရစည်ပင်ဈေးနှင့် ကျေးလက်ဈေးများကို နံနက် ၅ နာရီမှ ၁၂ နာရီအထိသာ ဖွင့်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ထပ်မံထုတ်ပြန်ထားသည်ကို တွေ့ရသည်။ - [လိုင်ဇာမြို့တွင် တွေ့ရသော Covid-19 စောင့်ကြည့်လူနာအဖြေကို ၃ ရက်ခန့်မှ သိရမည်](https://burmese.kachinnews.com/2020/04/14/%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%87%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%9e/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် Covid-19 စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိထားပြီး နောက်ထပ် ၂ ရက်ခန့်မှ ဓါတ်ခွဲအဖြေသိနိုင်မည်ဟု သိရသည်။ - [Covid-19 awareness Campaign](https://burmese.kachinnews.com/2020/04/14/covid-19-awareness-campaign/) - [Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်](https://burmese.kachinnews.com/2020/04/13/covid-19-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%a1%e1%80%9b%e1%80%95%e1%80%ba/): ကချင်ပြည်နယ်အတွင်း နယ်လှည့်ပြီး လူထုကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်ပြုလုပ်လာခဲ့သည့် ကချင်နယ်လည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ KBPHWT သည် ယခုချိန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ပြန်လည် လုပ်ဆောင်နေပြီဟု သိရသည်။ - [ဖားကန့်မြို့ အဝင်အထွက်ကို စတင်စစ်ဆေးတော့မည်ဟု ပြည်နယ်အစိုးရပြော](https://burmese.kachinnews.com/2020/04/10/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9d%e1%80%84%e1%80%ba%e1%80%a1%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%80/): ကချင်ပြည်နယ် ဖားကန့်မြို့သို့ လူသစ်များထပ်မံဝင်ရောက်မှု မရှိစေရန် ဧပြီလ ၁၁ရက်နေ့မှစကာ လူအဝင်အထွက် စိစစ်တော့မည်ဟု သိရသည်။ - [ကချင်ပြည်နယ် အခြေခံလူတန်းစားများအား ထောက်ပံ့ရန် ကျပ်သန်းပေါင်း ၁ ထောင် သုံးစွဲမည်](https://burmese.kachinnews.com/2020/04/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%9c%e1%80%b0%e1%80%90%e1%80%94/): ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ သင်္ကြန်ကာလတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့မည့်အစီစဉ်တွင် ကျပ်သန်းပေါင်း ၁ထောင် ( ၁ ဘီလီယံ) သုံးမည်ဟု သိရသည်။ - [မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများတွင် Covid-19 ကြောင့် ကူညီထောက်ပံ့မှုများလျှော့နည်း](https://burmese.kachinnews.com/2020/04/09/%e1%80%99%e1%80%ad%e1%80%98%e1%80%99%e1%80%b2%e1%80%b7%e1%80%82%e1%80%b1%e1%80%9f%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%99%e1%80%99%e1%80%bc/): မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းများနှင့် မိဘမဲ့ဂေဟာများတွင် Covid-19 ရောဂါကြောင့် အလှူရှင်များလာရောက်မှု မရှိတော့သည့်နောက်ပိုင်း အစားအသောက်အတွက် အခက်အခဲကြုံတွေ့လာရသည်ဟု သိရသည်။ - [ဝိုင်းမော်တွင် ဆည်မြောင်းရေမလာသဖြင့် သောက်ရေတွင်းများလည်း ခမ်းခြောက်](https://burmese.kachinnews.com/2020/04/09/%e1%80%9d%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%86%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/): ဆည်မြောင်းရေကို မှီခိုနေရသည့် ဝိုင်းမော်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် နွေရာသီရေခမ်းခြောက်လာဖြင့် သောက်သုံးရေပြတ်လတ်နေကြောင်း သိရသည်။ - [ဥရုချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် တရားဝင် ရွှေတူးဖော်နေမှုကို ဒေသခံတစ်ချို့သဘောမတူ](https://burmese.kachinnews.com/2020/04/09/%e1%80%a5%e1%80%9b%e1%80%af%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8-2/): ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်သည့်နေရာတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်နေသည်မှာ အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။ - [မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့်တပ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား](https://burmese.kachinnews.com/2020/08/29/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9-%e1%80%90%e1%80%95%e1%80%b9%e1%80%99-%e1%81%82%e1%81%82-%e1%82%8f%e1%80%bd%e1%80%84/): မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း သြဂုတ် ၂၉၊ စနေနေ့ နံနက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော် ရဟတ်ယာဉ် တစ်စင်း ပါဝင်တိုက်ခိုက်ကြောင်း ဒေသခံများမှ သိရသည်။ နှစ်ဖက်တိုက်ပွဲသည် တန့်ယန်းမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ Loi Dau တိုက်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀)၊ တပ်ရင်း (၁၇) နယ်မြေအတွင်း Man Mak နှင့် Hpa Hpik ကြား အချိန် ၂နာရီခန့် ဖြစ်ပွားခြင်းဖြစ်သည်။ “Man Mak နဲ့ Hpa Hpik ကြားမှာ ဒီကြားမှာပဲ ကရင်ပြည်နယ်ဘက်က ချီတက်လာတဲ့ တပ်မ ၂၂ နဲ့ ကိုးကန့် တပ်မဟာ (၂၁၁)မှ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၀၃)၊ တပ်ရင်း (၂၀၄) တို့နဲ့ အချိန် ၂နာရီခန့် တပ်ပွဲဖြစ်ပွားတယ်။ တပ်မတော် ရယာဉ် ၁စင်း နဲ့ အပြင်းအထန် လာပစ်ခတ်တဲ့ နောက်ပိုင်း ပြန်ရပ်သွားတယ်” ဟု လုံခြုံရေးအရေ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ KIO ပါဝင်သော မြောက်ပိုင်းမဟာမိတ် (Northern Alliance) လေးဖွဲ့မှ ကိုးကန့် MNDAA တပ်စခန်းများကို မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လာသောကြောင့် ယခုလို တိုက်ပွဲဖြစ်ရကြောင်း ကချင်သတင်းဌာန KNG … - [ဗန်းမော်ခရိုင်ရှိ စစ်ရှောင်စခန်း ၃ ခု၌သာ မဲရုံထားမည်](https://burmese.kachinnews.com/2020/08/28/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be/): ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် စစ်ရှောင်စခန်းပေါင်း ၂၀ ရှိသည့်အနက် စခန်း ၃ ခုတွင်သာ မဲရုံဖွင့်မည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [Covid-19 ပိုးတွေ့ရှိဒေသမှ KIO နယ်မြေသို့ဝင်လာသူတိုင်း Quarantine ပြန်ဝင်ရတော့မည်](https://burmese.kachinnews.com/2020/08/28/covid-19-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%be%e1%80%ad%e1%80%92%e1%80%b1%e1%80%9e%e1%80%99%e1%80%be-kio-%e1%80%94%e1%80%9a%e1%80%ba%e1%80%99/): အစိုးရထိန်းချုပ်နယ်မြေရှိ ပိုးတွေ့လူနာများရှိနေဆဲနေရာမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေသို့ ဝင်လာသောမည်သူမဆို Quarantine (၇) ရက်ခံယူရမည်ဖြစ်ကြောင်း KIO Covid-19 ကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ သိရသည်။ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကြောင့် လက်ရှိ မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ်တွင်ကူးစက်မှုများပြားလာပြီး ရန်ကုန်နှင့် အခြားမြို့များသို့လည်း တဖန်ကူးစက်လာသာကြောင့် ယခုလို ပြန်လည်ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု KIO Covid-19 ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီအတွင်းရေးမှူး ဦးဟိန်းဝေါမ်က ယခုလိုပြောဆိုသည်။ “အခုတလော ရခိုင်ဘက်မှာ ရောဂါဖြစ်ပွားတဲ့သူတွေ ပိုတိုးလာတဲ့အတွက် Check- Point တွေမှာ စစ်ဆေးမှုကို အရင်ကထက်ပိုပြီး ကြိုတင်ပြင်ဆင်ထားတယ်။ ရောဂါဖြစ်နေတဲ့ ဒေသကလာတဲ့ သူတွေကိုဆို သူတို့ရဲ့ခရီးသွား ရာဇဝင်နဲ့ မှတ်ပုံတင်တွေကအစ သေသေချာချာ စီစစ်တယ်။ နောက်ပြီး သူတို့က Quarantine လည်း ဝင်ရမှာဖြစ် တယ်” ဟု ပြောဆိုသည်။ ပိုးတွေ့ဒေသမှ ရောက်လာသူများကို ပုံမှန်နေရာတွင် Quarantine ထားမှာဖြစ်ပြီး ကိုယ်အပူချိန်တိုင်းမြင့်တက်သူများကိုမူ ဌာနချုပ် လိုင်ဇာမြို့အနီး Mung Lai Hkyet (မုန်လိုင်ခတ်) ဆေးရုံကြီးတွင် ဆေးကုသခံယူစေမည်ဟု သူကဆက်လက်ပြောဆိုသည်။ KIO ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် Check- Point ၁၇ ခု ထားရှိထားပြီး ဖြတ်သန်းသွားလာနေသူများ၏ ခရီးသွားမှတ်တမ်းကောက်ယူခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သော သြဂုတ် ၁၆ ရက်နေ့မှစ၍ KIA နယ်မြေအတွင်း ဝင်လာသူများတွင် ကိုယ်အပူချိန်မြင့်တက်နေသူများမှအပ အခြားသူများမှာ ကွာရန်တင်းဝင်စရာမလိုအောင် KIO က ဖြေလျှော့မှုပြုလုပ်ခဲ့သည်။ သို့သော်လည်း … - [ကချင်ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ မြစ်ကြီးနားတွင်ပြုလုပ်](https://burmese.kachinnews.com/2020/08/27/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%ae/): ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အခြေအနေများ လေ့လာဆန်းစစ်ရေးနှင့် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား သတင်းမျှဝေနိုင်ဖို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို သြဂုတ် ၂၆ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို Burma News International (BNI) နှင့် Kachin News Group (KNG) မှ ပူးပေါင်းဦးဆောင်ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ CARTEL HOTEL တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခနှင့်အပစ်အခတ်ရပ်စဲရေး၊ စစ်ဘေးရှောင်များနေရပ်ပြန်ရေးနှင့် စခန်းတွင်းလူမှုရေးပြဿနာများ၊ သဘာဝသယံဇာတနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ၂၀၂၀ ရွှေးကောက်ပွဲစသည့်အချက် ၄ ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။ “အဓိကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် ပြန်ကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေနှင့် တကယ့်မြေပြင်ထဲမှာလုပ်နေတဲ့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေ IDP camp ကလူတွေ တခြားသူတွေကြားထဲမှာ ဆက်သွယ်မှုပြတ်နေတယ်လို့ တွေ့ရတယ်။ ဒါကြောင့် သူတို့ကြားထဲမှာ ကျွန်တော်တို့ အပြန်အလှန်သတင်း အချက်အလက်တွေ ဖလှယ်ပေးဖို့က အရေးကြီးတယ်လို့ ကျွန်တော်တို့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် သုံးသပ်မိတယ်။” ဟု BNI ၏ Peace Coordinator ဦးကျော်ထက်အောင်က ပြောသည်။ ဩဂုတ် ၂၆ ရက်နေ့ မြစ်ကြီးနားတွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ ၊ ငြိမ်းချမ်းရေးလုပ်ဆောင်နေသောအရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ရှောင်စခန်းမှတာဝန်ခံများ စုစုပေါင်းအဖွဲ့ ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင်ပါဝင်သော စစ်ရှောင်တစ်ဦးက “ကျွန်မတို့ဟာ အသက်အန္တရာယ်ကြောက်လို့ ထွက်ပြေးခဲ့တာဟုတ်တယ်။ နောက်ထပ်တစ်ကျော့ ကျွန်မတို့ မထွက်ပြေးချင်တော့ဘူး။ တကယ်ပြန်မယ်ဆိုရင် တကယ့်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး လုပ်နေလား ၊ ခုက ပြေလည်း မပြေလည်ဘူး။ ဒါပေမဲ့ IDP … - [လူငယ်တစ်ဦးရိုက်နှက်ခံရမှု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့တိုင်ကြားထား](https://burmese.kachinnews.com/2020/08/25/%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9b/): ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။ - [နေရပ်ပြန်ရေးအစီစဉ်အပေါ် စစ်ရှောင်များ၏ အသံ](https://burmese.kachinnews.com/2020/08/25/%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%85%e1%80%ae%e1%80%85%e1%80%89%e1%80%ba%e1%80%a1%e1%80%95%e1%80%b1%e1%80%ab/): စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်ဖို့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းတွေပြင်ဆင်နေတဲ့အပေါ် စစ်ဘေးရှောင်တွေရဲ့အသံကို စုစည်းတင်ဆက်လိုက်ပါတယ်။ ဒေါ်ခန်ဂျေရွယ်စွန် မိုင်းနား KBC စစ်ဘေးရှောင်စခန်း “ကျမတစ်ဦးချင်းအမြင်ဆို အိမ်မပြန်ချင်တော့ဘူး။ အရင် ကျမ လူငယ်ခေတ်ကတည်းက စစ်ပွဲကြား ကြီးလာတာ။ အဲဒီခေတ်ကိုပြန်စဉ်းစားရင် အခုလည်း ငြိမ်းချမ်းရေးအတွက် အာမခံချက်မရှိသေးတဲ့အခါ အိမ်ပြန်ရင် အရင်လို ပြန်ဖြစ်မှာစိုးရိမ်တယ်။ ဒါပေမဲ့ ပြန်ဖို့ အားလုံးပြင်နေပြီဆိုတော့ ဘာမှမတတ်နိုင်ပဲ လိုက်လုပ်နေရတာ။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ လုပ်နေတာကလည်း ကျမတို့ မူလမြေယာကိုပြန်ရဖို့ တစ်ခုတည်းကိုပဲ မျှော်လင့်ပြီး လုပ်နေတာဖြစ်တယ်။ အဲကြောင့် နေရပ်ပြန်ဖို့အစီအစဉ်ကို နောက်ဆုံး လက်ခံလိုက်ရတာဖြစ်ပါတယ်။” ဒေါ်ဘောက်မိုင် တာလောကြီးကျေးရွာ၊ ဂျန်မိုင်ကောင်စစ်ဘေးရှောင်စခန်း “ကျမတို့ တာလောကြီးဒေသခံတွေမှာက ပြည်သူ့စစ်လည်းရှိနေတော့ စစ်ကြောင်းတွေရောက်လာရင် သူတို့ပူးပေါင်းပြီး လူထုကို ဒုက္ခပြန်ပေးမလား အရမ်းစိုးရိမ်တယ်။” သင်းထောက် အင်ဘူဘရန် တာလောကြီးကျေးရွာ၊ စံပြစစ်ဘေးရှောင်စခန်း “သဘောတူညီမှုမရဘဲ ပြန်ရမယ်ဆိုတော့ စိတ်တော့ညစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဆုံးဖြတ်ထားတာက အစိုးရ မမောင်းထုတ်သေးသရွေ့တော့ ဒီမှာဆက်နေအုံးမယ်။ နေ့စား ရှာစားပြီးလည်းနေမယ်။” ဦးအင်ဂေါင်အောင်ဂျာ ဂျန်မိုင်ကောင်စစ်ဘေးရှောင်စခန်း “ရှင်းရှင်းပြောရရင် ကျနော်က မပြန်ခိုင်းစေချင်သေးဘူး။ ဒီစစ်ရှောင်စခန်းမှာနေတာ ၁၀ စုနှစ်တစ်ခုရှိလာတော့ ဘယ်သူမှ မခံမရပ်နိုင်တော့ဘူး။ အားလုံးက ပြန်ချင်ကြပြီဖြစ်ပေမဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိုပဲ ကြည့်ကြည့် KIO ရဲ့ ငြိမ်းချမ်းရေးကိုပဲကြည့်ကြည့် NCA လည်း အဆင်မပြေဘူး။ Bilateral လည်း အဆင်မပြေတော့ အချိန်မရွေး စစ်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ အခုနေရပ်ပြန်လိုက်ရင် နောက်ပိုင်း ပိုဒုက္ခရောက်မှာလည်း စိုးရိမ်တယ်။” ဒေါ်ဂျာဒွဲ စံပြစစ်ဘေးရှောင်စခန်း “ကျမတို့ပြန်လည်အခြေချမယ့်နေရာတွေက ကျမတို့အတွက် … - [နေရာအသစ်တွင် ပြန်လည်ထူထောင်ရေးပြုလုပ်ပေးရန် တာလောကြီးဒေသခံများတောင်းဆို](https://burmese.kachinnews.com/2020/08/24/%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%91%e1%80%b0%e1%80%91/): မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် အစိုးရမှနေရပ်ပြန်ရေးစီစဉ်ရာ၌ ယခင်မူလမြေနေရာတွင် မဟုတ်ဘဲ အခြားမြေနေရာတစ်ခုတွင်သာ စီစဉ်ပေးစေလိုသည်ဟု စစ်ရှောင်များက တောင်းဆိုနေကြသည်။ - [NLD ပါတီကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထား](https://burmese.kachinnews.com/2020/08/23/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-nld-%e1%80%95%e1%80%ab%e1%80%90/): ကချင်ပြည်နယ် ဗန်းမော်-မံစီ ကားလမ်းမကြီးတစ်လျှောက်တွင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD) ကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထားသည်ဟု သိရသည်။ - [Covid-19 ရောဂါကို ဆက်လက်ကာကွယ်ကြပါစို့](https://burmese.kachinnews.com/2020/08/20/covid-19-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%86%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%80/) - [မသန်စွမ်းသူများကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်](https://burmese.kachinnews.com/2020/08/20/%e1%80%99%e1%80%9e%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95/): Covid-19 ကပ်ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် ကချင်ပြည်နယ်ရှိ မသန်စွမ်းသူဦးရေ ၇၆၀၆ ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ - [ဖားကန့်ရေကြီးရေလျှံမှုနှင့် ထိရောက်မှုမရှိခဲ့သောဥရုချောင်းရှင်းလင်းရေးလုပ်ငန်း](https://burmese.kachinnews.com/2020/08/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%b1%e1%80%9c%e1%80%bb%e1%80%be%e1%80%b6%e1%80%99%e1%80%be%e1%80%af/): ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းကို အစိုးရက ဒေသခံပြည်သူများနှင့် ပူးပေါင်းခြင်းမရှိဘဲ နီးစပ်ရာလုပ်ငန်းရှင်များနှင့်သာ ပူပေါင်းလုပ်ဆောင်နေသောကြောင့် နှစ်စဉ်ရေဘေးဒဏ်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက ဝေဖန် ပြောဆိုနေကြသည်။ - [ဧရာဝတီမြစ်ကျောင်းတစ်လျှောက် တရားမဝင်စက်လှေအစီး ၂၀ ကျော်ကို တစ်ရက်အတွင်းဖမ်းမိ](https://burmese.kachinnews.com/2020/08/20/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9c%e1%80%bb/): ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေပေါင်း ၂၀ ကျော်ကို သြဂုတ်လ ၁၅ ရက်နေ့ တစ်ရက်အတွင်း ဖမ်းဆီးထားသည်ဟု သိရသည်။ - [လူဦးရေ ၃၀ အထက် လူစုလူဝေးပြုမည်ဆိုပါက ခွင့်ပြုမိန့်တင်ရမည်ဟုဆို](https://burmese.kachinnews.com/2020/08/19/%e1%80%9c%e1%80%b0%e1%80%a6%e1%80%b8%e1%80%9b%e1%80%b1-%e1%81%83%e1%81%80-%e1%80%a1%e1%80%91%e1%80%80%e1%80%ba-%e1%80%9c%e1%80%b0%e1%80%85%e1%80%af%e1%80%9c%e1%80%b0%e1%80%9d%e1%80%b1%e1%80%b8/): ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကချင်ပြည်နယ်တွင် Covid-19 ကပ်ကာလ လူဦးရေ ၃၀ ထက်ပိုပြီး လူစုလူဝေးပြုလုပ်မည်ဆိုပါက ပြည်နယ်အစိုးရထံ ခွင့်ပြုမိန့်တင်ရမည်ဖြစ်ကြောင်း သိရသည်။ “ခုသင်တန်းတွေလုပ်တာရှိကြတယ်၊ ဒါလည်း ၃၀ထက်မပိုရဘူး။ အရင်ကတည်းကလည်း ဘာသာရေးအခမ်းနားတွေ လုပ်မယ်ဆိုခဲ့ရင် ခွင့်ပြုချက်တောင်းရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လက်ဆေးဖို့ ဘေစဉ်တွေထားရတယ်။ အဲကြောင့် အဲတိုင်းဘဲဆက်သွားမယ်။ သို့သော်လည်း ဒါကိုအမှီပြုပြီးတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွင်ပြန်ဖွင့်နေကြတယ်။ ဒါကိုတရားဝင် ခွင့်မပြုသေးပါဘူး။” ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။ အဆိုပါ ခွင့်ပြုမိန့်များတောင်းမည်ဆိုပါက ခွင့်ပြုစာအား ၂ပတ်ကြိုတင်ရမည်ဖြစ်ပြီး အခမ်းနားလုပ်မည့်အချိန်၊ နေရာအား တစ်ပါတည်း ဖော်ပြတောင်းခံရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် မပေါ့ဆရန် ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ(၁၅)ရက်တွင် သတိပေးစာများထပ်မံထုတ်ပြန်ထားသည်။ “ခုနောက်ထပ် ဒုတိယလှိုင်းပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကို ပြောနေကြတာတွေ့ရတယ်။ နောက်တစ်ခုက စစ်ဆေးရေးဂိတ်တွေမှာ ခုဆိုစစ်တာအားနည်းသွားတဲ့အပိုင်းတွေရှိနေတယ်။ ဒီရောဂါက လွယ်လွယ်နဲ့ပျောက်ကင်းသွားမယ့် ရောဂါမဟုတ်တဲ့အတွက် ခရီးသွားရာဇဝင်တွေ သေချာရှိရမယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်ပကပြန်လာပြီး ကူးတာတွေများနေတဲ့တွက် ခရီးသွားရာဇဝင်တော့ သေချာလုပ်ထားဖို့ လိုအပ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေး အရပ်ဘက်အဖွဲ့စည်းတစ်ခုမှ ရှေ့နေဦးခွန်မြတ်မင်းအောင်က ဆိုသည်။ ကချင်ပြည်နယ် Covid-19 ရောဂါပိုးတွေ့ရှိသူ ၂ဦးရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လတွင်ပင် ရောဂါပျောက်ကင်းသွားသဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လည်း ၎င်း၏နယ်မြေသို့ဝင်လာသောသူများတွင် ကိုယ်အပူချိန်မြင့်တက်နေသူများကလွဲပြီး မည်သူမျှ ကွာရန်တင်းဝင်ရန်မလိုတော့ကြောင်း ပြောဆိုထားသည်။ ကချင်ပြည်နယ်တွင် သြဂုတ်လ ၁၈ ရက်နေ့ထိ ဓါတ်ခွဲနမူနာပေါင်း ၅၃၆၃ဦး၊ … - [ဒေသခံ ရာနှုန်းပြည့်ခန့် ကန့်ကွက်သော ခေါင်လန်ဖူး ရွှေနှင့်သတ္တုတူးဖော်ရေးအစီစဉ်](https://burmese.kachinnews.com/2020/08/18/%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6-%e1%80%9b%e1%80%ac%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%b7%e1%80%ba/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြေဧက ၃သိန်းကျော်တွင် Fortuna Metals Company က ရွှေနှင့်သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေမယ့်လုပ်ငန်းကို ဒေသခံများသဘောတူကြောင်း အစိုးရက ပြောဆိုနေသော်လည်း ခေါင်လန်ဖူးဒေသခံများကိုယ်တိုင် အဆိုပါစီမံကိန်းကို မသိရှိရကြောင်း KNG က သွားရောက် မေးမြန်းနိုင်ခဲ့သည်။ - [KIO နယ်မြေသို့ဝင်လာသူတိုင်း ကွာရန်တင်း ဝင်ရန် မလိုတော့](https://burmese.kachinnews.com/2020/08/18/kio-%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%9d%e1%80%84%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%b0%e1%80%90%e1%80%ad%e1%80%af%e1%80%84/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ဒေသသို့ဝင်လာသောသူတိုင်း ကွာရန်တင်းဝင်ရမည် မဟုတ်သော်လည်း ကိုယ်အပူချိန်မြင့်တက်သူများမှာ ဆက်လက်ပြီး ၅ ရက် ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။ - [စစ်ရှောင်စခန်းအချို့တွင် မဲရုံထားရှိမည်](https://burmese.kachinnews.com/2020/08/17/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd/): လာမယ့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းအချို့၌ မဲရုံဖွင့်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ - [ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအမည်စာရင်း တင်သွင်းသူ ပယ်ချခံရ](https://burmese.kachinnews.com/2020/08/17/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%97%e1%80%99%e1%80%ac%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b/): ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကိုယ်စားလှယ်လောင်း ပယ်ချခံရမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရန် အစီစဉ်မရှိကြောင်း အမည်စာရင်း တင်သွင်းသူ စာရေးဆရာ ဦးသန်းဝင်း(ခေါ်) ဦးသန်းဝင်းလှိုင်ထံမှ သိရသည်။ - [တရုတ်ထောက်ပံ့ငွေဖြင့် ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးအစီစဉ် စက်တင်ဘာလတွင်စတင်နိုင်ဖွယ်ရှိ](https://burmese.kachinnews.com/2020/08/15/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%b6%e1%80%b7%e1%80%84%e1%80%bd%e1%80%b1%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%80/): တရုတ်နယ်စပ် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် တရုတ်အစိုးရထောက်ပံ့သည့် ယွမ် ၄ သန်းကိုလာမည့် စက်တင်ဘာလခန့်တွင် စတင်အကောင်ထည်ဖော်နိုင်မည်ဟု ပြည်နယ်အစိုးရထံမှ သိရသည်။ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် ဆန္ဒပြုထားသည့် တာလောကြီးကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ ဒဘတ်ကျေးရွာ (၃၄) စု နှင့် နမ်ဆန်ယန်ကျေးရွာ (၉၈) စု စသည့် အိမ်ထောင်စုပေါင်း ၁၉၁ ခုအတွက် နေအိမ်၊ မီး ရရှိအောင် လုပ်ဆောင်နေသည်ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။ “အားလုံးကတော့ ယွမ်သန်း ၂၀၀ဆိုတဲ့ စီမံချက်ထဲမှာပါကြတယ်။ ဒါပေမယ့် တရုတ်သမ္မတကြီး လာသွားတဲ့နောက်ပိုင်း သံအမတ်နှင့်အကြီးအကဲတွေ တွေ့ကြတော့ ၂၀၀လုံး မဟုတ်ရင်တောင် ယွမ် ၁၀သန်းနဲ့စပြီး ရွာတွေ ရွေ့လို့ရတဲ့အနေထား စလုပ်လို့ရအောင် ဗြုန်းကနဲလုပ်မယ့်အစား တစ်ဖြည်းဖြည်းလုပ်လို့ရအောင် အခြေနေအရ ရွေ့လို့ရတဲ့နေရာရှိသလို ရွေ့လို့မရတဲ့နေရာရှိတယ်။ အဲတော့ ဆရာတို့က ယွမ် ၂သန်း သို့မဟုတ် ၃သန်းနဲ့လုပ်လို့ရမယ့် အခြေနေကိုလှမ်းတောင်းပြီးတော့ ဒီရွာ ၃ရွာကို ဦးစားပေးပြီး တင်ပေးလိုက်တာပါ။” ဟု ပြောသည်။ စီမံကိန်းတွင် နေအိမ်မွမ်းမံမည့်မိသားစုများအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း၊ အသစ်ဆောက်လုပ်ရန်လိုအပ်သည့် မိသားစုတစ်စုလျှင် ငွေကျပ် ၇၅သိန်းခန့် လျာထားကြောင်း ၎င်းကဆက်ပြောသည်။ တရုတ်အစိုးရက ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ယွမ် သန်း ၂၀၀ ထောက်ပံ့ရန် ကတိပြုထားပြီး ပထမအကြိမ် ယွမ် ၄ သန်းကို သြဂုတ် ၅ ရက်နေ့ နေပြည်တော်ပြည်ထောင်စုလူကယ်ပြန်ဝန်ကြီးထံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် က ပေးအပ်ခဲ့သည်။ … - [လုံးစွတ် စစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2020/08/13/%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%bd%e1%80%90%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8/): ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် စစ်ရှောင်ပြည်သူများသည် မိုးရာသီ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသောကြောင့် ကူညီထောက်ပံ့ပေးစေလိုသည်ဟု စခန်းတာဝန်ခံများမှ သိရသည်။ - [၂၀၀၈ ဖွဲ့စည်းပုံ လက်မခံသည့်အတွက် ရွေးကောက်ပွဲကိုလည်းလက်မခံဟု KIO ပြော](https://burmese.kachinnews.com/2020/08/12/%e1%81%82%e1%81%80%e1%81%80%e1%81%88-%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%af%e1%80%b6-%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%81%e1%80%b6%e1%80%9e/): ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ - [၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ](https://burmese.kachinnews.com/2020/08/11/%e1%81%82%e1%81%81-%e1%80%9b%e1%80%ac%e1%80%85%e1%80%af-%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%b1/): ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ရက္ခိုင်တပ်မတော် AA ကို ဖိတ်ကြားမှုမရှိသဖြင့် KIO ကလည်း ပင်လုံအစည်းအဝေးသို့ တက် မတက်ကို ပြန်လည်ဆွေးနွေးနေကြောင်း သိရသည်။ - [Social Media ကို သတိပြုသုံးစွဲရန် KIO ဥက္ကဌ၏ အာဇာနည်နေ့မိန့်ခွန်းတွင်ပါရှိ](https://burmese.kachinnews.com/2020/08/10/social-media-%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%90%e1%80%ad%e1%80%95%e1%80%bc%e1%80%af%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%bd%e1%80%b2%e1%80%9b%e1%80%94%e1%80%ba-kio-%e1%80%a5/): လူမှုစာမျက်နှာပေါ်တွင်ဖြစ်ပျက်နေသော သတင်းအမှား အမှန်များကို လူထုကိုယ်တိုင်စီစစ်ပြီ ယုံကြည်ရန် တာဝန်ရှိကြောင်း ဩဂုတ် ၁၀ ရက်နေ့ (ယနေ့) ကျရောက်သော ကချင်အာဇာနည်နေ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ - [၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်ညီလာခံအပေါ် သူတို့အမြင်](https://burmese.kachinnews.com/2020/08/10/%e1%81%82%e1%81%81-%e1%80%9b%e1%80%ac%e1%80%85%e1%80%af%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%b6-%e1%80%85%e1%80%90%e1%80%af%e1%80%90%e1%80%b9%e1%80%91%e1%80%a1%e1%80%80%e1%80%bc%e1%80%ad/): မကြာခင် နေပြည်တော်တွင်ကျင်းပပြုလုပ်တော့မည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးအတွက် ကချင်လူထုတွင် စိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ရသည်။ - [ကချင်စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံက ယွမ် ၄ သန်းစတင်ပေးအပ်](https://burmese.kachinnews.com/2020/08/08/7312/): ကချင် စစ်ရှောင်များ ပြန်လည်နေရာချထားရေးအစီစဉ်အတွက် တရုတ်နိုင်ငံကလှူဒါန်းမည့် ယွမ်သန်း၂၀၀ အနက် ကနဦး ယွမ် ၄ သန်းကို မြန်မာအစိုးရ လူငယ်ပြန်ဝန်ကြီးထံ တရုတ်သံအမတ်ကြီး Mr. Chen Hai က သြဂုတ်လ၅ ရက်နေ့ နေပြည်တော်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ - [၃ လကျော်ပိတ်ထားသည့် အောင်မြင်သာအပန်းဖြေစခန်းများ ပြန်ဖွင့်](https://burmese.kachinnews.com/2020/08/07/7306/): COVID-19 ကပ်ရောဂါကြောင့် ၃ လကျော်ကြာပိတ်ထားခဲ့သော မြစ်ကြီးနားမြို့ရှိ အောင်မြင်သာအပန်းဖြေစခန်းကို ဇူလိုင် လကုန်ပိုင်းကစတင်ပြီး ဖွင့်လှစ်နေပြီဟု သိရသည်။ မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရပြီးနောက် ဈေးရောင်းသည့်လုပ်ငန်းကိုသာ မှီခိုနေရသော အောင်မြင်သာဒေသခံများသည် အပန်းဖြေရိပ်သာပြန်ဖွင့်နိုင်ရန် ဇူလိုင်လဆန်းပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။ “ရွာသူ ရွာသားတွေကလည်း စားဖို့သောက်ဖို့ အရမ်းခက်ခဲလာပြီ။ ဘာပဲဖြစ်ဖြစ် အစိုးရသတ်မှတ်ထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်း ဥပဒေနှင့်လည်းအညီ ရောင်ချခွင့်ရအောင် သက်ဆိုင်ရာအစိုးရ ဝန်ကြီးချူပ်ထံ ကူညီတောင်းပေးပါ ဆိုပြီး ရွာသူတွေအားလုံးက လာပြောကြတာများတော့ သူတို့ဈေးရောက်ကြတဲ့သူတွေကိုယ်တိုင် လက်မှတ်ထိုးပြီး ကျနော်တို့ ကချင်ပြည်နယ်ဝန်ကြီးချူပ်ထံလျှောက်တင်ပြီး ဈေးဆိုင်တွေ ပြန်ဖွင့်ကြတာဖြစ်တယ်။” ဟု အောင်မြင်သာကျေးရွာအုပ်ချူပ်မှုး ဦးနော်ဂျာ က ပြောသည်။ ဝန်ကြီးချုပ်ဘက်က ခွင့်ပြုကြောင်းတရားဝင် ပြန်ကြားမှုမရှိသော်လည်း စားဝတ်နေရေးအခက်ခဲနှင့် လာရောက်လည်ပတ်သူများကို ပိတ်ပင်တားဆီးရန် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ပြန်ဖွင့်လိုက်ရခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။ ၃ လကျော်ကြာဆိုင်ပိတ်ခဲ့ရသောကြောင့် ယခုချိန် ဆိုင်ခန်းများ ပြန်လည်ပြင်ဆင်နေရသောကြောင်း အပန်းဖြေရိပ်သာတွင် ဈေးရောင်းချမှုသည် ယခင် အိမ်ထောင် ၁၀၀ ခန့်ရှိသော်လည်း ယခုချိန်တွင် ၂၅ အိမ်ထောင်လောက်သာ ရောင်းချနေသေးကြောင်း သိရသည်။ “ဆိုင်က ရောင်းလို့မရတော့ဘူး၊ ပိတ်လိုက်ရတော့၊ အိမ်မှာဘဲအောင်းနေရင်း ငွေလေးနည်းနည်းပါးပါးဘဲရှိတာက ကလေးတွေက ဟိုဟာစားရအောင်ဒီဟာလုပ်စားရအောင်ဘဲပြောတော့ ရှိတာလေးက စားလို့ကုန်ပြီ။” ဟု အောင်မြင်သာတွင် ဆယ်လီမမ ဟု နာမည်ကြီးသူ ဒေါ်ပေါမ်ရွယ်တောင် က ပြောသည်။ ယခုချိန်တွင် အောင်မြင်သာအပန်းဖြေစခန်းသို့ လာရောက်လာလည်ပတ်သူများကို ဈေးကော်မတီနှင့် အုပ်ချူပ်ရေးဌာန၊ သက်ဆိုင်ရာရဲများမှ ကြီးကြပ်စောင့်ကြည့်ထိန်းချူပ်နေကြောင်း သိရသည်။ လူစုလူဝေးမပြုလုပ်ရန် အစိုးရမှ ညွန်ကြားချက်ထုတ်ပြန်ထားသော်လည်း အောင်မြင်သာ အပန်းဖြေစခန်းကို … - [မဲ စာရင်းလာရောက်ကြည့်ရှုသူ နည်းပါးကြောင်း အုပ်ချုပ်ရေးမှုးများ ပြော](https://burmese.kachinnews.com/2020/08/05/%e1%80%99%e1%80%b2-%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%9b%e1%80%be/): လာမည့် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာမှုသည် မကြာခင်ပြီးဆုံးတော့မည်ဖြစ်သော်လည်း မြစ်ကြီးနားမြို့ ရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးရုံးများတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ အလွန်နည်းပါးနေကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ - [မသန်စွမ်းများ မဲထည့်နိုင်ရေးအချိန်တစ်ခုသတ်မှတ်ပေးရန်တောင်းဆို](https://burmese.kachinnews.com/2020/08/03/%e1%80%99%e1%80%9e%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%99%e1%80%b2%e1%80%91%e1%80%8a%e1%80%b7%e1%80%ba%e1%80%94%e1%80%ad%e1%80%af/): လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်အဂါၤမသန်စွမ်းသူများ အခက်အခဲမရှိ မဲထည့်နိုင်ရေး အချိန်တစ်ခုသတ်မှတ်ပေးစေလိုကြောင်း ကချင်ပြည်နယ်ကိုယ်အဂါၤမသန်စွမ်းသူများအသင်းမှ ဥက္ကဌ ဦးဇုန်းဆောင် က ပြောသည်။ - [နမ်ဆန်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးပြုလုပ်](https://burmese.kachinnews.com/2020/07/31/%e1%80%94%e1%80%99%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%a7%e1%80%80-%e1%81%81%e1%81%80%e1%81%80-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန်စစ်ရှောင်အိမ်ထောင်စု ၉၈ စု လုပ်ကိုင်စားသောက်ရန် လယ်ယာမြေ ဧက ၁၀၀ ခန့်တွင် မိုင်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ - [ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်နယ်အခြေစိုက် ပေါင်းစည်းပါတီ လူငယ်အဖွဲ့များ တွေ့ဆုံ](https://burmese.kachinnews.com/2020/07/30/%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/): လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရေးဆွဲနိုင်ရန် တိုင်းရင်းသား မိတ်ဖက်ပြည်နယ်အခြေစိုက်ပါတီ ၅ ပါတီမှ လူငယ်များတွေ့ဆုံကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ရုံးခန်းတွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။ တိုင်းရင်းသား မိတ်ဖက်ပါတီ ၅ပါတီမှ လူငယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကာ အဓိကအားဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရန်ဖြစ်ပြီး ဇူလိုင်လ ၂၉-၃၀ ရက်နေ့တွင် ကျင်းပခဲ့ကြကြောင်း KSPP ပါတီမှ လူငယ်ရေးရာတာဝန်ခံ ဦးနော်ခုန့်က ပြောသည်။ “ဒီနေ့ကျနော်တို့ မပါရင် ဘယ်သူမှအစိုးရမဖြစ်နိုင်ဘူး။ အရင်ကတည်းကလည်း အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကျနော်တို့ပြည်နယ်ရဲ့ မဲပါလို့ဖွဲ့နိုင်တာ။ တိုင်းဒေသကြီးကမဲနဲ့ဘဲ အစိုးရဖွဲ့ဖို့ ဆိုတာ ၄၅ ရာခိုင်နှုန်းဘဲရှိတဲ့အတွက် မလောက်ဘူး။ လွန်ခဲ့တဲ့ရွေးကောက်ပွဲ ၂ကြိမ်ဖြတ်သန်းခဲ့တုန်းကလည်း ဒီတိုင်းဘဲဖြစ်တယ်။ အဲကြောင့် အဓိကတော့ ပါတီတစ်ခုထဲနဲ့ ပြည်နယ်ရဲ့မဲမပါဘဲနဲ့ ဘယ်လိုမှ အစိုးရမဖွဲ့နိုင်ဘူးဆိုတာ ပထမတစ်ချက်အနေနဲ့ သိစေချင်တယ်။ နောက်တစ်ချက်က ကိုယ့်ပြည်နယ်မှာဘယ်လိုမဲနိုင်အောင်လုပ်မယ်ဆိုတာကို အချင်းချင်းဖလှယ်ကြမယ်။ ပြီးတော့ အားလုံးပူးပေါင်းလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကိုလည်း ရေးဆွဲသွားမှာဖြစ်တယ်။” ဟု ဆိုသည်။ ယင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ မွန်ညီညွှတ်ရေးပါတီ MUP၊ ချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီCNLD၊ ကယားဒီမိုကရက်တစ်ပါတီ KSDP၊ စသည့် ပြည်နယ်အခြေစိုက်သည့် တိုင်းရင်းသားမိတ်ဖက် ၅ပါတီမှ လူငယ်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ထပ် ရခိုင်ပါတီနဲ့မူ ပြည်နယ်အခြေစိုက်အဖြစ်မဟုတ်ဘဲ မဟာမိတ်ပါတီအနေဖြင့် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ၎င်းကဆက်ပြောသည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှ ၂၀၁၅ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်နယ်အသီးသီးမှ လူငယ်များ တစ်ခဲနက်အားပေးဝန်းရံခဲ့ကြသော်လည်း ပေးထားသည့် ကတိကဝတ်များ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် တိုင်းရင်းသားလူငယ်များအနေဖြင့်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန်လိုအပ်သည်ဟု … - [ICRC က KIO ကို Covid-19 ကာကွယ်ရေးပစ္စည်းများ ပေးအပ်](https://burmese.kachinnews.com/2020/07/30/icrc-%e1%80%80-kio-%e1%80%80%e1%80%ad%e1%80%af-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba%e1%80%b8/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ Covid-19 ကာကွယ်ရေးနေရာများအတွက် International Committee of the Red Cross (ICRC) မှ ကူညီသော ရောဂါကာကွယ်ရေးပစ္စည်းများကို PCG ကတဆင့် သွားရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။ - [ကချင်ပြည်နယ် Covid-19 စေတနာ့ဝန်ထမ်းအဖွဲ့များ၏နောက်ဆုံးအခြေအနေ](https://burmese.kachinnews.com/2020/07/30/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-covid-19-%e1%80%85%e1%80%b1%e1%80%90%e1%80%94%e1%80%ac%e1%80%b7%e1%80%9d%e1%80%94%e1%80%ba/): ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိမှု နည်းပါးသွားပြီးနောက် ပြည်သူလူထုကြားရောဂါအခြေအနေစိုးရိမ်မှု လျှော့ကျလာကာ စေတနာ့ဝန်ထမ်း Volunteer အဖြစ်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ချို့သည်လည်း လုပ်ငန်းစဉ်များရပ်နားသွားသည်ကို မြင်တွေ့နေရသည်။ ဇူလိုင် ၃၀ ရက်နေ့အထိ ကချင်ပြည်နယ်တွင် Quarantine Center ၄၂၆ ခုသာရှိပြီး လူဦးရေ ၆၁၄ ဦးရှိကာ ဓါတ်ခွဲအတည်ပြု လူနာ ၂ ဦးသာ ရှိခဲ့သည်။ မြန်မာပြည်တွင် Covid-19 ဓါတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိပြီး ၄ လကျော်အကြာ ကချင်ပြည်နယ်ရှိ Covid-19 စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတချို့ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။ ကိုပေါ်လု Kachin State Covid-19 Prevention Network “ကျနော်တို့ အဖွဲ့အစည်းကတော့ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်နယ်အတွင်းမှာ ဒုက္ခကြုံတွေ့ခဲ့ရတဲ့ မိသားစု ၁ထောင်ကျော်ရှိနေတယ်။ ဒီမိသားစုတွေကို လိုအပ်ရင်လိုအပ်သလို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်။ နောက် မျက်မမြင်ကျောင်းနဲ့ မြို့ပေါ်က အိမ်ဌားမိသားစုတွေရဲ့ နာမည်စရင်းကောက်ပြီး သွားရောက်ကူညီတယ်။ အခုလည်း အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆား တွေကျန်ရှိနေသေးတယ်။ ဒီဟာတွေကိုလည်း ဆက်လက် ထောက်ပံ့မှုတွေပြုလုပ်နေတယ်။ တစ်ချို့ရပ်နားရင်လည်း ကျနော်တို့က ရပ်နားဖို့ အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါက ပေါ့လို့မရဘူး။ ပြီးရင်ကိုယ့်ပြည်နယ်မှာဆိုတော့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ခံစားရတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ လူသာပြောင်းသွားမယ်။ အဖွဲ့အစည်းက အမြဲတမ်းရှိနေမယ်”   ဦးခွန်မြတ်မင်းအောင် Covid-19 ကူညီရေး မြစ်ကြီးနားအခြေပြုအဖွဲ့ “ကျနော်တို့ကတော့ အစိုးရနဲ့ပြည်သူကြား လစ်ဟာနေတဲ့အရာလေးတွေ ဖြည့်ဆည်းပေးဖို့ … - [နမ္မတီး ညောင်တော စစ်ရှောင်စခန်းမှ ကျောင်းသားများအတွက်ကြိုပို့ယာဉ် စီစဉ်ပေးရန်တောင်းဆို](https://burmese.kachinnews.com/2020/07/29/%e1%80%94%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%ae%e1%80%b8-%e1%80%8a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%b1%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac/): မိုးကောင်းမြို့နယ် နမ္မတီးမြို့စွန်တွင်ပြောင်းရွေ့ထားသော ညောင်တောစစ်ရှောင်စခန်းမှ ကျောင်းသူ၊သားများသည် လက်ရှိတက်ရောက်နေသည့် စာသင်ကျောင်းနှင့် အလွန်ဝေးကွာနေသဖြင့် ကျောင်းသွား ကျောင်းပြန် သွားလာရေးပြဿနာကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံမှ သိရသည်။ - [၂၁ ရာစု ပင်လုံညီလာခံသို့ အစိုးရက ဖိတ်ကြားလျှင် FPNCC အစီစဉ်ဖြင့် ပါဝင်သွားမည်ဟု KIO ပြော](https://burmese.kachinnews.com/2020/07/29/%e1%81%82%e1%81%81-%e1%80%9b%e1%80%ac%e1%80%85%e1%80%af-%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%8a%e1%80%ae%e1%80%9c%e1%80%ac%e1%80%81%e1%80%b6%e1%80%9e%e1%80%ad%e1%80%af%e1%80%b7/): ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေး စတုတ္ထအကြိမ်နှင့်ပတ်သက်ပြီး အစိုးရဖက်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ဖိတ်ကြားမှုမရှိသေးကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ - [ပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်)](https://burmese.kachinnews.com/2020/07/28/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%81%83/): လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီသစ် (ကချင်) အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည့်အကြောင်း NDP ပါတီ၏ ဒုဥက္ကဌ ဦးဆန်းခေါင်ကို ကချင်သတင်းဌာန KNG က မေးမြန်းထားသည်။ - [ဖားကန့်လမ်းပြုပြင်ရန် ပြည်နယ်အစိုးရတွင်စီမံခွင့်မရှိဟူသောအချက်ကို ဒေသခံများ လက်မခံ](https://burmese.kachinnews.com/2020/07/28/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%af%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%9b%e1%80%94%e1%80%ba-%e1%80%95/): ကချင်ပြည်နယ် ဖားကန့်လမ်းမကြီးပြုပြင်ရန် ပြည်နယ်အစိုးရတွင် စီမံခန့်ခွဲပိုင်ခွင့်မရှိဟူသော ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ဒေသခံများက လက်မခံသောကြောင့် လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွာမည်ဟု ဆိုသည်။ “အင်္ဂလိပ်ခေတ်တုန်းကတောင်မှ ဒီလမ်းကကောင်းခဲ့တယ်။ ဒီကနေ့အစိုးရလက်ထက်မှာ ဒီလမ်းတွေကိုလုပ်ပိုင်ခွင့် မရှိဘူး လုပ်လို့မရဘူးဆိုတော့ မလုပ်ပေးချင်ဘူး အဲသဘောနဲ့ဘဲ ဖြစ်နေတဲ့အတွက် ကျနော်တို့ အရပ်ဘက်အဖွဲ့စည်းအနေနဲ့ စာထည့်သွားမှာဖြစ်တယ်။ ကျနော်တို့ ဒီလောက်အဖိုးတန်တဲ့ကျောက်မျက်ထွက်တဲ့နေရာက ဘာလို့ဒီလိုစုတ်ပြတ်နေလဲဆိုတာ တမင်သက်သက် ကျနော်တို့ကချင်ပြည်နယ်မှာ ဒါမျိုးလမ်းကောင်းတွေ မလုပ်ပေးစေချင်လို့ဘဲ။ စက်ရုံတွေဘာလို့ မလုပ်ပေးချင်သလဲဆိုတဲ့ စိတ်ဓါတ်တွေကိုသိလာပြီ။ အဲကြောင့်မို့ လူထုတွေနဲ့ပေါင်းပြီး လှုပ်ရှားမူတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။” ဟု ဖားကန့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Amyusha Zinlum Hpung) အတွင်းရေးမှူး ဦးဒရှီနော်လောန်က ပြောသည်။ ဖားကန့်လမ်းကို ပြုပြင်ပေးရန် ဒေသခံများက၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတထံသို့ စာတင်ခဲ့သော်လည်း ကွင်းဆင်းရုံမှအပ ယနေ့ချိန်ထိတစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိဟုသူကပြောသည်။ ထို့ကြောင့် ဖားကန့်လမ်းပြုလုပ်ပေးရန် လူထုလှုပ်ရှားမှုအပြင် နောက်ထပ် နိုင်ငံတော်သမ္မတရုံးထိစာတင်သွားမည်ဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိလာလျှင်လည်း လူထုအင်အားဖြင့် တတ်နိုင်သည့််အတိုင်းအသာနှင့် ဖားကန့်လမ်းကို ပြင်ဆင်သွားမည်ဟု ဆိုသည်။ မိုးကောင်း-ဖားကန့်လမ်းသည် စုစုပေါင်း ၅၉ မိုင်ရှည်ပြီး အထူးသဖြင့် မိုးတွင်းကာလ လမ်းမပေါ် ရေလျှံမှုများဖြစ်ကာ သွားလာမှုခက်ခဲမှုများရှိနေသည်။ သို့သော် ဖားကန့်လမ်းပြုပြင်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့ ပြည်နယ်အစိုးရ၏ ၄ နှစ်သာသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “မိုးကောင်း-ဖားကန့်လမ်း နဂိုက ကျနော်တို့ ပြည်နယ်အစိုရရဲ့လုပ်ပိုင်ခွင့်ထဲမှာပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန စာရင်းထဲကို ထည့်လိုက်တဲ့အချိန်ကျတော့ ကျနော်တို့ပြည်နယ်အစိုးရကနေ စီမံခန့်ခွဲပိုင်ခွင့်မရှိတဲ့အတွက် ဒီနေ့ဒီလမ်းက နောက်ကျနေခြင်းဖြစ်တယ်။” ဟု … - [ကချင်နှင့် ရှမ်းပြည်နယ် မြို့နယ်တချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် LNUDP ပါတီ](https://burmese.kachinnews.com/2020/07/27/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba/): လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ LNUDP ၏အကြောင်း ပါတီ ဥက္ကဌ ဦးလခမ်ဒေါင်ခမ် ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားပါသည်။ - [ပထမအကြိမ် မဲ စာရင်းများကို ကြေညာတော့မည်](https://burmese.kachinnews.com/2020/07/24/%e1%80%99%e1%80%b2-%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%87%e1%80%b0%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%81%82%e1%81%85-%e1%80%9b/): လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ စကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။ - [KIA က ခေါ်ဆောင်သွားသည့် ကျောင်းသား ၂ ဦးသေဆုံးကြောင်းအတည်ပြု](https://burmese.kachinnews.com/2020/07/23/kia-%e1%80%80-%e1%80%81%e1%80%b1%e1%80%ab%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာရှိ ကျောင်းသား ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားသည့်အတွက် အဆိုပါအမှုကို ညှိနှိုင်းရန်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသူ ကျောင်းသား ၂ဦး၏ မိဘများထံမှ သိရသည်။ အဆိုပါအမှုကို ဇူလိုင်လ ၂၄ရက်နေ့တွင် ညှိနှိုင်းရန် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသွားသည့် ကျောင်းသား ၂ဦးအနက် မောင်သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ကချင်သတင်းဌာန KNG ကို ပြောသည်။ “ကျမတို့ကလေးက အသက်မရှိတော့ဘူးဆိုတာကို မနေ့ကမှ သိရတာပါ။ အဲကြောင့် သေသွားရင်လည်း ကျမတို့ကလေးရှိတဲ့နေရာကို ဘာကြီးဘဲမြင်ရ မြင်ရ အဝတ်စားဘဲမြင်ရ မြင်ရ သေပြီးတဲ့အလောင်းဘဲမြင်ရ အဲဒီဟာကို တောင်းဆိုချင်ပါတယ်။ သူတို့ဘက်ကတော့ မနက်ဖြန်ကို ကျမတို့နဲ့သူတို့နဲ့တွေ့ပြီးတော့မှ မေးမယ်လို့ပြောပါတယ်။ ကလေးတွေဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကလေးရဲ့မိဘတွေနဲ့တွေ့ဆုံပြီးတော့မှ ဘယ်လိုကျေနပ်နိုင်မယ် သူတို့ဘက်ကနေ လုပ်ပေးပါ့မယ် အဲလိုမျိုးပြောခဲ့တယ်” ဟု သေဆုံးသွားသည့် ကျောင်းသား သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ဆိုသည်။ သေဆုံးသွားသူ ၂ ဦးမှာ မောင်သန့်ဇင်အောင် အသက် ၁၈နှစ် မုံရွာတက္ကသိုလ် ပထမနှစ် အင်္ဂလိပ်စာ ဘာသာရပ်အထူးပြုကျောင်းသားဖြစ်ပြီး၊ မောင်ဇော်မျိုးဦး အသက် ၁၇နှစ်တို့ နဝမတန်း ဖြစ်ကာ ရှမ်းနီတိုင်းရင်းသားများဖြစ်ကြသည်။ နောက်ဆုံးအခြေအနေအရ ကျောင်းသား ၂ဦး သေဆုံးသွားသည်မှာ မှန်ကန်ကြောင်းနှင့် သေဆုံးသွားရသည့် ဖြစ်စဉ်ကိုလည်း အသေးစိတ်စစ်ဆေးမေးမြန်းနေသေးကြောင်းနှင့် ယခုဖြစ်စဉ်သည် ကချင်နှင့်ရှမ်းတို့၏ လူမျိုးရေးပဠိပက္ခမဟုတ်ကြောင်း KIO ဗဟိုဌာနချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီနော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။ “စစ်ဆေးချက်အရတော့ … - [သီတာရပ်ကွက် လမ်းနယ်တွင် အငြိမ်းစားရဲမှူးတစ်ဦးအတွက် အိမ်ယာမြေချထားပေးမှုကို ကန့်ကွက်](https://burmese.kachinnews.com/2020/07/23/%e1%80%9e%e1%80%ae%e1%80%90%e1%80%ac%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%81/): မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် ကားကြီးကွင်းဟောင်းအနီးရှိ လမ်းမတစ်ခု၏ နောက်ဆုံးနေရာတွင် ပြည်နယ်အစိုးရက အငြိမ်းစားရဲမှူးဦးအောင်မင်းကြည်အတွက် မြေနေရာချထားပေးရာတွင် နေအိမ်တစ်ခု၏ အိမ်ရှေ့မျက်နှာစာလမ်း ဖြစ်နေသောကြောင့် တရားဥပဒေနှင့်အညီ အမြန်ပြည်ဖြေရှင်းပေးရန် ဦးအင်ဂန်လတောင်က တောင်းဆိုထားသည်ဟု သိရသည်။ အငြိမ်းစားရဲမှူးအောင်မင်းကြည်မှ မိသားစုအခက်အခဲကြောင့် အိမ်မဲ့ယာမဲ့ဖြစ်နေသဖြင့် ပလပ်မြေနေရာလျှောက်ထားခဲ့ရာ ၂၀၁၈ ခုနှစ်တွင် သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မြေစာရင်းဌာနတို့က ဦးအင်ဂန်လတောင်၏ အိမ်ရှေ့လမ်းမတွင် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ပြီးနောက် ၂၀၂၀ခုနှစ် ဇွန်လ ၂၂ရက်၊ ရက်စွဲဖြင့် အငြိမ်းစားရဲမှူး ဦးအောင်မင်းကြည်အတွက် မြေဧရိယာ(ဝ.၀၅၅)ဧကကို ခရိုင်အထွေအထွေ အုပ်ချုပ်ရေးကော်လိတ္တော်အရာရှိမှ မြေနေရာချထားပေးခဲ့ကြောင်းသိရသည်။ မိမိနေအိမ် တံခါးဝ အိမ်ရှေ့လမ်းမတွင် တစ်ဦးပိုင်မြေနေရာချပေးရေးလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် အဆိုပါကိစ္စကို ကန့်ကွက်ကြောင်း ဦးအင်ဂန်လတောင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ၂ကြိမ်တိုင်တိုင် သွားရောက်တက်ပြခဲ့ပြီဟု ဆိုသည်။ “အဓိကကျနော့်အနေနဲ့ ဘာကြောင့်ကန့်ကွက်ရသလဲဆိုတော့ သူတို့က ကျနော့်အိမ်ရှေ့တံခါးဝကို ပိတ်ပေးလိုက်တယ်။ အစိုးရရဲ့စာမှာက လမ်းနဘေးမှာလို့ပါတယ်။ အခုကလမ်းနဘေးမှာမဟုတ်ဘူး။ လမ်းကိုဖျက်ပြီး ဆောက်ဖို့လုပ်နေကြတယ်။ ကျနော်က ဘယ်အပေါက်ကနေထွက်ရမလဲ။ ကျနော့်သွားဖို့လမ်းမရှိတော့ဘူး။ ၂၀၁၈ မှာ ရဲမှူးအောင်မင်းကြည်နဲ့ လူတစ်ယောက်က ရဲဝတ်စုံတွေနဲ့လာပြီး အိမ်ရှေ့မှာ မြေလာတိုင်းတာကို တွေ့ရတယ်။ ကျနော်မေးတော့ ဝန်ကြီးချုပ်ကိုတောင်းထားတဲ့ မြေကွက်ကိုလာတိုင်းနေပါတယ် ဆိုပြီးပြောတယ်။ နောက်ကျနော်လည်း ဝန်ကြီးချုပ်ဆီ ရပ်ကွက်က ကန့်ကွက်တဲ့ ရပ်မိရပ်ဖတွေရဲ့ကန့်ကွက်စာအပါ ဝန်ကြီးချုပ်နဲ့ သွားတွေ့ခဲ့တယ်။ အဲ့မှာဝန်ကြီးချုပ်က ဘာမှမပူနဲ့ အစိုးရအဖွဲ့ဝင်အဆင့်မှာ ပျယ်ချပေးလိုက်မယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ဒုတိယအကြိမ် ပြန်သွားတဲ့အခါမှာလည်း သူက အခုအိမ်မြေနေရာချပေးတာက အိမ်နဘေးမှာဖြစ်တယ်။ တကယ်လို့ လမ်းပေါ်မှာသာဖြစ်ရင် ပြန်ဖျက်သိမ်းပေးလိုက်မယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ဦးအင်ဂန်လတောင်က ပြောသည်။ … - [ဂါးရာယန်စစ်ပြေးဒုက္ခသည်များ ကျေးရွာဘုရားကျောင်းဝင်းကို သွားရောက်ရှင်းလင်း](https://burmese.kachinnews.com/2020/07/22/%e1%80%82%e1%80%ab%e1%80%b8%e1%80%9b%e1%80%ac%e1%80%9a%e1%80%94%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%92%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%9e%e1%80%8a/): ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသော ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာတွင် ဒေသခံများက လူအင်အားဖြင့် ကျေးရွာဘုရားကျောင်းဝင်းကို သွားရောက် ရှင်းလင်းခဲ့ကြသည်ဟု သိရသည်။ စစ်ပြေးဒုက္ခသည်စခန်းတွင် ၉ နှစ်ကျော်ခိုလှုံခဲ့ပြီးနောက် နေရပ်ပြန်ရန်လုံခြုံမှုမရှိသေးသော်လည်း မိမိကျေးရွာဒေသသို့ ပြန်လည်အခြေချလိုသောဆန္ဒဖြင့်သာ ဇူလိုင် ၁၈ ရက်နေ့တွင် သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ကျေးရွာတစ်ခုမှာ ကျွန်တော်တို့အတွက် ဘုရားကျောင်းဆိုတာ အရေးကြီးဆုံးဖြစ်တယ်။ အများပိုင်နေရာဖြစ်တယ်။ တစ်ခြားကိုယ့်နေအိမ် တစ်ခြားနေရာတွေမရှင်းလင်းနိုင်ရင်တောင် ဘုရားကျောင်းဝင်းလေးတော့ ခြုံတွေခုတ် ရှင်းလင်းထားနိုင်ပါစေ။ ဒီနေရာလေးကို ရှင်းလင်းထားနိုင်ရင်တော့ ကျွန်တော်တို့ဘယ်သူမဆို စိတ်ချမ်းသာခွင့်ရတယ်။ ဖြတ်သွားသူတွေလဲ ရွာဆိုတာကောင်းကောင်း တွေ့နိုင်အောင် ကျွန်တော်တို့အတွက်လဲ ကိုယ့်ရွာဆိုပြီး ညွန်းစရာရှိတယ်။’ ဟု ဂါးရာယန်ဒေသခံ ဦးဘရန်မိုင်က ပြောသည်။ နေရပ်ပြန်ခွင့်မရသေးသော်လည်း ဂါးရာယန်စစ်ရှောင်ပြည်သူများသည် ကျေးရွာသို့သွားရောက်ပြီး ခြုံခုတ်ရှင်းလင်းခဲ့သည်မှာ ယခုနှစ်အပါ ၂ ကြိမ်ရှိပြီဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ရွာသားတွေကို နှိုးဆော်ပြီး အခုလိုသွားလုပ်ဖို့ပြောတာတော့မရှိခဲ့ဘူး။ တကယ်ဆိုကျွန်တော်တို့ ဘုရားကျောင်းလေးကို ခြုံခုတ်ရှင်းလင်းဖို့ စီစဉ်ရာ လူသိပ်မများဘဲသွားဖို့လုပ်တာ။ သူတို့အနေနဲ့ ကိုယ့်နယ်ရပ်ကို သတိရလွန်းနေတော့ သွားချင်ကြတာနဲ့ လူနည်းနည်းများသွားတာ။ သူတို့မှာ ကိုယ်နေရပ်ပြန်ချင်တဲ့ ဆန္ဒတွေလည်း အပြည့်ှရှိနေပြီ။” ဟု ဂါးရာယန်မြေယာကာကွယ်ရေးကော်မတီမှ ဆရာတူးနန်က ပြောသည်။ လူထုအင်အား ၇၀ ကျော်ဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဝင်းကို သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြန်ခွင့်မရသေးသည့်ကာလအတွင်း ထိုနေရာများသည် မူလပိုင်ရှင်ရှိကြောင်းကို ပြသလိုသောဆန္ဒဖြင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း ပြောသည်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်မပေါ်တွင်ရှိသော ဂါးရာယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်ကစပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျေးရွာဖြစ်သည်။ ဂါးရာယန်ကျေးရွာနှင့် ကပ်လျှက်တည်ရှိသော ကဇူးကျေးရွာတွင် လူအခြေချနေထိုင်မှုမရှိသော်လည်း လွန်ခဲ့သည့် ဒီဇင်ဘာလတွင် … - [ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့သို့မဝင်စေရန် ရေတံခါးပြုလုပ်ရန်စီစဉ်နေ](https://burmese.kachinnews.com/2020/07/21/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%b1-%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94-2/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျပ်ဘီလီယံ သန်း ၅၀ခန့်ကုန်ကျမည့် ရေထိန်းနံရံ ၊ ရေတံခါးများဆောက်လုပ်သွားရန်စီစဉ်နေသည်ဟု သိရသည်။ ဇူလိုင်လ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရ၏ ၄ နှစ်တာကာလတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နှစ်စဉ်ရေဝင်နေတာကို မဝင်အောင်ဘယ်လိုလုပ်မလဲဆိုပြီး ဆည်မြောင်းဝန်ကြီးဌာနနဲ့ဆွေးနွေးတဲ့ချိန်မှာ စာပေလုပ်ပြီး ဖွဲ့ခိုင်းပါတယ်။ အဲလိုဖွဲ့လိုက်တော့ ဘီလီယံ ၅၀ကုန်ကျနိုင်မယ့် ရွှေစက်၊ မန်ခိန်ကနေ စီတာပူ တစ်လျှောက် ကြက်ပေါင်ခြံအထိ တစ်ချို့နေရာတွေကျတော့ ရေမဝင်နိုင်အောင် ရေတံခါးတွေလုပ်ဖို့ အစီမံရှိပါတယ်။” ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောသည်။ အဆိုပါ စီမံကိန်းဆောင်ရွက်နိုင်ရန် လက်ရှိချိန်တွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေပြီး စီမံကိန်းကာလ ၅နှစ်ခန့်ကြာမြင့် နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် မြစ်ရေဝင်ရောက်မှု စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး လွန်ခဲ့သည့် ၁၉၇၉ခုနှစ်တွင် စိုးရိမ်ရေအမှတ်(၁၄၁၄)၊၂၀၀၄ ခုနှစ် စိုးရိမ်ရေအမှတ်(၁၄၀၈) နှင့် ၂၀၁၉ စိုးရိမ်ရေအမှတ်(၁၂၂၉) ထိ ရောက်ရှိခဲ့သော်လည်း ဧရာဝတီမြစ်ရေသည် ရေထိန်းနံရံတာရိုးဘောင်ကျော်ကာ ဝင်ရောက်လာခြင်းမရှိခဲ့ပေ။ ဧရာဝတီမြစ်ရေတက်လာသည်နှင့်အမျှ မြစ်ကြီးနားမြို့တွင်း မြေနိမ့်ရပ်ကွက်များတွင် ရေဝင်ရောက်ခြင်း၏ အဓိကအချက်သည် ရေဝင်ပေါက်များမှ ဝင်ရောက်သည့်ရေများကြောင့်ဖြစ်ပြီး အဆိုပါရေဝင်ပေါက်တွင် ရေတံခါးတပ်ဆင်ထားပါက မြို့တွင်းသို့ ဝင်ရောက်နေသည့်မြစ်ရေကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေးနဲ့ ကချင်သတင်းဌာန KNG တို့ ဇွန်လ ၂ရက်နေ့ အင်တာဗျုးရာတွင် ပြောဆိုခဲ့ဖူးသည်။ မြစ်ကြီးနားမြို့တွင် ရေဝင်ပေါက် ၈ခုရှိနေပြီး ဧရာဝတီမြစ်ရေမြင့်တက်လာသည်နှင့်အမျှ ရေဝင်နိုင်သော မြေနိမ့် ရပ်ကွက်များမှာ လယ်ကုန်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ကွက်သစ်၊ စီတာပူ … - [လီဒိုလမ်း ရှထိုးဇွပ်ကျေးရွာ ရေကြီးရေလျံမှု ၂ ရက်ဆက်တိုက်ဖြစ်ပေါ်နေ](https://burmese.kachinnews.com/2020/07/21/%e1%80%9c%e1%80%ae%e1%80%92%e1%80%ad%e1%80%af%e1%80%9c%e1%80%99%e1%80%ba%e1%80%b8-%e1%80%9b%e1%80%be%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%87%e1%80%bd%e1%80%95%e1%80%ba%e1%80%80%e1%80%bb%e1%80%b1/): ဟူးကောင်း လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ရေကြီးရေလျံမှုဆက်လက်ဖြစ်ကာ လူနေအိမ်ခြေ ၅၀၀ ကျော် ရေမြုပ်သွားသဖြင့် ဒေသခံများရေဘေးဒဏ်ကို ကြုံတွေ့နေရသည်။ - [နမ်ကျင်စီးပွားရေးဇုန် MOU ဆက်မထိုးဘဲ ရပ်ဆိုင်းထား](https://burmese.kachinnews.com/2020/07/21/%e1%80%94%e1%80%99%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%87%e1%80%af%e1%80%94%e1%80%ba-mou/): ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မည့် နမ်ကျင်စီးပွားရေးဇုန်နှင့်ပတ်သက်ပြီး နားလည်မှုစာချွှန်လွှာ (MOU) ဆက်ထိုးတော့မည်မဟုတ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဇူလိုင် ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ပြည်နယ်အစိုးရ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ကြား နားလည်မှုစာချွှန်လွှာ (MOU) ကို ၂၀၁၈ မေလ ၈ ရက်နေ့တွင် ရေးထိုးခဲ့သော်လည်း ၆ လကျော်အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စီမံကိန်းနှင့်ပတ်သက်ပြီးလိုက်နာရမည့်အချက်များကို နိုင်ငံတော်သမ္မတက ညွန်ကြားစာထုတ်ခဲ့ပြီးနောက် MOU ဆက်မထိုးတော့ခြင်းဖြစ်သည်ဟု ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းက ဆိုသည်။ “အဲဒီညွှန်ကြားစာမှာဘာပါလဲဆိုရင် နိုင်ငံတော်ပိုင်မြေဖြစ်ခဲ့ရင် အကျိုးတူလုပ်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ စီမံကိန်းတွေအကောင်အထည်ဖော်မယ်ဆိုရင် နံပါတ် ၁ ပွင့်လင်းမြင်သာမှု ရှိရမယ်။ နောက်ပြီးတော့မှ နိုင်ငံတော်သမ္မတရဲ့ ၃၀ ရက်နေ့ ၈လပိုင်း ၂၀၁၉ မှာ ၂/၁၉ မှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူစေရန် လိုက်နာရမည့်အချက် မြေနဲ့အဆောက်အအုံ သတင်းအချက်လက်များဆိုပြီး ညွှန်ကြားချက်ထွက်လာတယ်။” ဟု ပြောသည်။ ၂၀၁၈ သြဂုတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပထမအကြိမ် ညွှန်ကြားစာထွက်လာပြီး၊ နောက်ထပ် ၈လအကြာတွင် ၂/၂၀၁၉ ဖြင့် ဒုတိယအကြိမ် ညွှန်ကြားစာတစ်ခု ထပ်မံ ထွက်လာခဲ့သည်။ အဆိုပါ ညွှန်ကြားစာများမှ အချက် ၃ချက်ကြောင့်၂၀၁၈ မေလ ၈ ရက်နေ့က တရုတ်ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွာ (MOU) သည် Direct Award လုပ်၍မရတော့ဘဲ … - [ရှထိုးဇွပ်ကျေးရွာ ရေးဘေးသင့်ပြည်သူများအတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2020/07/20/%e1%80%9b%e1%80%be%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%87%e1%80%bd%e1%80%95%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%9b%e1%80%b1%e1%80%b8%e1%80%98%e1%80%b1/): ကချင်ပြည်နယ် ဟူးကောင်းလီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး ကျေးရွာအိမ်ခြေ ၂၀၀ ခန့်ရေဘေးသင့်နေကြောင်း ကျေးရွာအုပ်ချူပ်ရေးမှူးထံမှ သိရသည်။ - [KBC ခေါင်းဆောင် Rev. Dr. Hkalam Samson ရဲ့ KIO လိုင်ဇာမှမြစ်ကြီးနား အပြန်လမ်း စစ်ဆေးခံရ](https://burmese.kachinnews.com/2020/07/20/kbc-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင် Rev. Dr. Hkalam Samson သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ ပြန်လာချိန် Nam San Yang ကျေးရွာတွင် တပ်မတော်မှ ပိတ်ပင်တားဆီးမှုများရှိခဲ့သော်လည်း ပြန်လည်ထွက်ခွာလာနိုင်ပြီဟု သိရသည်။ ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးလုပ်ဆောင်နေသော KHCC အဖွဲ့ခေါင်းဆောင်ဖြစ်သူ Rev.Dr. Hkalam Samson သည် ယခင်က တပ်မတော်နှင့် အစိုးရကို အကြောင်းကြားမှုရှိခဲ့သော်လည်း ယခုအခေါက် မလုပ်နိုင်သဖြင့် စစ်ဆေးခံရခြင်းဖြစ်သည်ဟု ဆိုသည်။ “အရင်ကတော့ KHCC အနေနဲ့သွားရင် အစိုးရနဲ့ တပ်မတော်ကို အကြောင်းကြားတယ်။ ဒီတစ်ခေါက်တော့ အလုပ်များသွားတော့ မလုပ်နိုင်တော့ဘူး။ ဒီတော့ ပြန်အကြောင်းကြားပြီးမှ ထွက်လာနိုင်ခဲ့တယ်။ အားလုံးအဆင်ပြေပြီ။” ဟု ဆရာဆမ်ဆွန်က ပြောသည်။ Rev.Dr.Hkalam Samson နှင့် KHCC အဖွဲ့သည် လွန်ခဲ့သည့်အပတ် နေပြည်တော်တွင် ပြည်ထောင်စုလူကယ်ပြန်ဝန်ကြီးတို့နှင့် တွေ့ဆုံပြီး ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးအတွက် တတိယအကြိမ်မြောက်သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ ထို့နောက် မြစ်ကြီးနားမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးအတွက် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အဲဒီပိတ်မိတဲ့နေ့မှာဘဲ တိုင်းမှူးကိုအကြောင်းကြား၊ ပြည်နယ်အစိုးရကို အကြောင်းကြာ ပြီး နားလည်အောင်ပြောပြတယ်။ ” ဟု ထပ်မံပြောဆိုသည်။ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ Nam San Yang ကျေးရွာ ကားဂိတ်မှတဆင့် လိုင်ဇာသို့ ခရီးသွားတွေ ဝင်ထွက်သွားလာနေခြင်းကို တပ်မတော်နဲ့ KIO တို့ နှစ်ဖက်နားလည်မှုနဲ့ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ - [ကချင်စစ်ရှောင်များ နေရပ်ပြန်ချိန်တန်ပြီလား(အင်တာဗျူး)](https://burmese.kachinnews.com/2020/07/18/kachin-idp-return/): ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ ကချင်စစ်ရှောင်များနေရပ်ပြန်ရေး မဟာဗျူဟာမူဝါဒနှင့်ပတ်သက်ပြီး ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC နှင့် ပြည်ထောင်စု လူကယ်ပြန်ဝန်ကြီးတို့ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြသည်။ လက်ရှိနိုင်ငံရေးအခြေအနေတွင် စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်နိုင်ရေးကြိုးစားနေတာနဲ့ပတ်သက်ပြီး KHCC ဥက္ကဌ Rev.Dr.Hkalam Samson ကို ကချင်သတင်းဌာန KNG က တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ ပြည်ထောင်စုလူကယ်ပြန် ဝန်ကြီးနဲ့ နေပြန်တော်မှာ သွားရောက်တွေ့ဆုံဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါ။ ဖြေ။ ။ ဇူလိုင် ၁၀ ရက်နေ့ နေပြည်တော်မှာ ကျနော်တို့ သွားတွေ့တယ်။ NRPC ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ပြီး ဆွေးနွေးသွားဖို့ ဖြစ်တယ်။ ဒါပေမဲ့ NRPC ကနေ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနဲ့ တွေ့ဆုံရင်လည်းရပြီ။ ဒါက သူတို့ သတ်မှတ်ထားတယ်ဆိုတော့ ကျနော်တို့ သွားတွေ့တယ်။ KIA ၊ JST ရယ် KHCC ရယ်ပေါင်းပြီး ကျနော်တို့ ရေးသားပြုစုထားတဲ့ မူဝါဒကို သွားပေးတာဖြစ်တယ်။ သူတို့နဲ့ ကျနော်တို့ ကွဲလွဲနေတာတွေ နည်းနည်းတော့ရှိတယ်။ ကျနော်တို့ဘက်က မူဝါဒက ဒါဖြစ်တယ်ဆိုပြီး သွားပေးတာဖြစ်တယ်။ မေး။ ။ အခုရေးဆွဲထားတဲ့ မဟာဗျူဟာထဲမှာ ဘာတွေပါလဲ။ ဖြေ။ ။ အများအားဖြင့်တော့ တူတယ်။ UN ကနေ တစ်နိုင်ငံလုံးလုပ်နေတဲ့ Principle တွေပဲဖြစ်တယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ NRPC ကိုလည်း UN ကနေ ကူညီပြီး လုပ်ဆောင်တဲ့ နည်းလမ်းကို အသုံးပြုတာ ဖြစ်တယ်။ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တတ်သိနားလည်တဲ့ … - [Covid-19 ပညာပေး ပန်းချီဆရာ ၃ ဦး အပြစ်မရှိဟု တရားရုံက အမိန့်ချ](https://burmese.kachinnews.com/2020/07/17/covid-19/): Covid-19 ပညာပေးပန်းချီရေးဆွဲခဲ့သော လူငယ် ၃ဦးကို တရားစွဲဆိုထားသည့်အမှုတွင် ၎င်းတို့၌အပြစ်မရှိကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် စီရင်ချက် ချမှတ်လိုက်သည်ဟု သိရသည်။ လူငယ် ၃ ဦးရေးဆွဲခဲ့သည့် ပန်ချီကားနဲ့ပတ်သက်ပြီး တရားလိုက ထင်မြင်ယူဆချက်ဖြင့်သာ တရားစွဲဆိုခဲ့သောကြောင့် တရားသူကြီးက အပြစ်မရှိကြောင်း အပြီးသတ်စီရင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သော တရားလွှတ်တော်ရှေ့နယ် ဒေါ်ဒွဲဘူက ယခုလို ပြောသည်။ “တရားသူကြီးရဲ့ သုံးသပ်ချက်ပေါ့နော်။ အခုက တရားလိုဘက် ထွက်ဆိုချက်တွေ။ တရားခံတွေရဲ့ထွက်ဆိုချက်တွေ။ နောက်တရားခံဘက်တင်တဲ့ သက်သေအထောက်အထားတွေအကုန် တင်ပြခဲ့တာဖြစ်တယ်။ တရားလိုဘက်ကနေ ပန်းချီကားနဲ့ပတ်သက်ပြီးမှ ဗုဒ္ဓဘာသာ ရဟန်း သံဃာတွေ ဆွမ်းခံကြွလာတဲ့ပုံနဲ့တူတယ်။ နောက်သံဃာတော်တွေက ရောဂါဖြန့်ဖြူးနေတဲ့ ပုံစံဖြစ်နေတယ် ဆိုပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ဘဲ ထွက်ဆိုခဲ့တာပေါ့။ သက်သေတွေနဲ့ အတိအကျဖော်ပြ ထောက်ပြစွဲဆိုခဲ့တာမရှိဘူး။ ပြီးရင် တစ်ချို့ အဲ့ဒီတရားလိုပြသက်သေအဖွဲ့ကဘဲ ပန်းချီကားပုံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့မတူဘူးလို့ ပြောဆိုတာတွေလည်းရှိတယ်။ တရားသူကြီးက ဒီအချက်တွေအပေါ်မှာ သုံးသပ်ပြီး အပြစ်မရှိကြောင်း စီရင်ချပေး လိုက်တာဖြစ်တယ်”ဟု ပြောဆိုသည်။ ပန်းချီရေးဆွဲခဲ့သော လူငယ် ၃ ဦးသည် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးသဘောဖြင့်သာ ရေးဆွဲခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ချမှတ်၍ မရနိုင်ကြောင်း သူကဆက်လက်ပြောဆိုသည်။ လွန်ခဲ့သည့် ဧပြီလ ၃ရက်နေ့ မြစ်ကြီးနား ဘူတာတိုက်တန်းတွင် ကိုဇေယျာနှောင်၊ နော်ထွန်းအောင်နှင့် မစီစီလျာဂျာဆိုင်းတို့ပါဝင်သော ပညာပေးအဖွဲ့မှ ကိုဇေယျာနှောင်ရေးဆွဲခဲ့သော သေမင်းတမန်ပုံတွင် သေမင်း၏ဝတ်ရုံနှင့် ကိုင်ဆောင်သော အိုးမှာ ဗုဒ္ဓဘာသာအနီရောင်သင်္ကာန်းဝတ်ရုံနှင့် သပိတ် ဖြင့်ဆင်တူနေသည်ဟုဆိုကာ ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် … - [ခေါင်လန်ဖူးဒေသ သတ္တုတူးဖော်မည့်အစီစဉ်ကို Fortuna Metals ကုမ္ပဏီဘက်က ရပ်နားထား](https://burmese.kachinnews.com/2020/07/17/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%9c%e1%80%94%e1%80%ba%e1%80%96%e1%80%b0%e1%80%b8%e1%80%92%e1%80%b1%e1%80%9e-%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%af%e1%80%90%e1%80%b0%e1%80%b8/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃သိန်းကျော်တွင် သတ္တု၊ ကြေးနီတူးဖော်မည့်အစီစဉ်ကို ရပ်ဆိုင်းထားရန် Fortuna Metals Company ကစာတင်ထားသည်ဟု ဇူလိုင်လ ၁၇ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် က ပြောသည်။ - [ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီဖြင့်တွေ့ဆုံခြင်း](https://burmese.kachinnews.com/2020/07/16/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-2/): လာမည့် နိုဝင်ဘာလတွင်ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူ နောင်မွန်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် ကို ကချင်သတင်းဌာန KNG တွေ့ဆုံမေးမြန်းထားသည်။ - [ဂိုင်ဒေါ်ကျေးရွာက ၅ လောင်းပြိုင်လူသတ်မှု တရားခံ ၃ ဦးကို KIO အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေး](https://burmese.kachinnews.com/2020/07/16/%e1%80%82%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%80-%e1%81%85-%e1%80%9c%e1%80%b1%e1%80%ac%e1%80%84/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဂိုင်ဒေါ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ၅ လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ဦးကို KIO ဗန်းမော်မြို့နယ်တရားရုံးတွင် စစ်ဆေးပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေးရန် ပြင်ဆင်နေကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူထံမှ သိရသည်။ - [ဘော်ဒါဆောင်ဖွင့်လှစ်ခွင့်မပြုမှုကြောင့် နယ်စပ်ဒေသမှ မြို့သို့ကျောင်းလာတက်မည့်ကျောင်းသားများအခက်တွေ့နေ](https://burmese.kachinnews.com/2020/07/16/%e1%80%98%e1%80%b1%e1%80%ac%e1%80%ba%e1%80%92%e1%80%ab%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bd/): ယခုနှစ်အထက်တန်းပညာရေးကျောင်းများပြန်ဖွင့်ရာတွင် ‘ဘော်ဒါဆောင်ထားရှိသည့် ကိုယ်ပိုင်ကျောင်းများနှင့် အဆောင်များ ပြန်လည်ဖွင့်လစ်ရန်ခွင့်မပြုသော’ အစိုးရ၏ ထုတ်ပြန်ချက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံသောနယ်ရပ်မှ မြစ်ကြီးနားသို့ ဘော်ဒါဆောင်နေကာ ကျောင်းတက်ကြမည့် ကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းဆုံးရှုံးမည့် အခြေအနေ ကြုံနေရသည်ဟု ပြောဆိုနေကြသည်။ - [ကဘူဒမ်းသို့သွားသည့်လမ်းကို အမြန်ပြုပြင်ပေးရန် တောင်းဆိုနေ](https://burmese.kachinnews.com/2020/07/15/%e1%80%80%e1%80%98%e1%80%b0%e1%80%92%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%9c%e1%80%99%e1%80%ba/): မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်အနီးရှိ နန်းကွေ့အုပ်စု ကဘူဒမ်းကျေးရွာသို့ သွားလာရသည့် လမ်းမှာ ဆိုးရွားစွာပျက်စီးနေပြီဖြစ်သောကြောင့် အမြန်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ သဲခင်းလမ်းဖြစ်သည့်အတွက် မိုးတွင်းကာလတွင် ပြည်သူများ ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲနေသောကြောင့် ယခုနှစ်မကုန်ခင် အမြန်ပြုပြင်ပေးရန် ကဘူဒမ်းဒေသခံ ဦးဆန်နိုင်ဖီး က ကချင်သတင်းဌာန KNG ကို ပြောသည်။ “အခုဒီလမ်းရဲ့အခြေအနေက တော်တော်လည်း ဆိုးရွားနေပါတယ်။ အဲ့ကြောင့် ဖြတ်သန်းသွားလာနေတဲ့ ရွာသူရွာ သားတွေက အခက်အခဲဖြစ်နေပါတယ်။ သဲခင်းလမ်းဖြစ်တဲ့အတွက် မိုးတွင်းကာလဆို ပိုဆိုးသွားတာပေါ့။ ဗွက်တွေထတယ်။ ချိုင့်ခွက်တွေလည်း ပေါတဲ့အတွက် ဆိုင်ကယ်တွေသွားဖို့အဆင်မပြေဘူး။ ကျောင်းသူ/သား တွေအတွက်လည်းသွားဖို့လာဖို့ခက်ခဲတယ်။ နောက်အသက်ကြီးရွယ်အိုတွေအတွက်လည်း ပိုဆိုးတာပေါ့” ဟု ပြောဆို သည်။ ပျက်စီးနေသည့်လမ်း ပြုပြင်ပေးရန်အတွက် ဒေသခံများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်အထိ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလတွင် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ အေးမြသာယာလမ်းမကြီးမှ ကဘူဒမ်းအထိ ပေပေါင်း ၃၀၀၀ ရှည်သောလမ်းပြုပြင်ရန် မြန်မာကျပ်ငွေ သန်း ၁၃၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က အကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြောဆိုကြသည်။ အဆိုပါပျက်စီးနေသော လမ်းမသည် နောင်းဘုံ၊ နန့်ကွေ့နှင့် ရာတာကောင့်ရပ်ကွက် စသော နေရာများသို့ တောက်လျောက်သွားလာနိုင်ရန် ဆက်သွယ်ထားသည်ဟု သိရသည်။ လက်ရှိအသုံးပြုနေသောလမ်းကို ၂၀၁၈ခုနှစ်တွင် ကျေးလက်စီမံကိန်းဦးစီးဌာနမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကဘူဒမ်းကျေးရွာမှာ မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း အမြန်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ - [ကချင်ပြည်နယ်အတွင်းမြို့နယ် ၈ ခုတွင်ဝင်ပြိုင်မည့် ဒူးလေးပါတီဖြင့် တေွ့ဆုံခြင်း](https://burmese.kachinnews.com/2020/07/15/interview-with-lndp/): လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၈ ခု၊ ရှမ်းပြည်နယ်တွင် ၁ နေရာ နှင့် မန္တလေးတိုင်းတွင် ၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။ - [မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေသူ ဒေါ်ဂျာခေါ်န် ကျောက်ကပ်ရောဂါကုသရေးအတွက် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2020/07/14/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%94%e1%80%b7/): ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေးအတွက် တက်ကြွလှုပ်ရှားသူ ဒေါ်ဂျာခေါန်သည် ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသဖြင့် ပြန်လည်ကောင်းမွန်ရေးအတွက် အကူညီလိုအပ်နေကြောင်း သိရသည်။ - [မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္ပဏီကို တရားစွဲထားသည့်အမှု နောက်တိုးသက်သေ ပယ်ချခံရ](https://burmese.kachinnews.com/2020/07/14/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%82%e1%80%bb%e1%80%ac%e1%80%94%e1%80%9a%e1%80%ba/): မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားသည့်အမှု နောက်တိုးသက်သေလျှောက်ထားရာတွင် လျှောက်လွှဲချက် ပယ်ချခံရကြောင်း တရားလိုရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းထံမှ သိရသည်။ - [ဒေသခံတစ်ဦးကို ရိုက်နှက်ခဲ့သည်ဆိုသည့်ကိစ္စကို KIA အဖွဲ့က စတင်စစ်ဆေးနေဟုဆို](https://burmese.kachinnews.com/2020/07/14/kia/): မိုးညှင်းခရိုင် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA တပ်ရင်း ၂၆ မှ မြို့နယ်မှူး အဆင့်ရှိသူတစ်ဦးနှင့် ၎င်း၏အပေါင်းအပါ ၈ ဦး က ဒေသခံတစ်ဦးကို ရိုက်နှက်ပြီး ကျောင်းသား ၂ဦးကို ခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး KIA ဗဟိုဌာနချုပ်မှလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ သိရသည်။ - [ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ်မရောက်ပဲ ပြန်ကျသွား](https://burmese.kachinnews.com/2020/07/13/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%b1-%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုနှစ် မိုးတွင်းကာလ ဧရာဝတီမြစ်ရေမြင့်တက်မှုသည် စိုးရိမ်ရေအမှတ်အထိ မရောက်ဘဲ မြစ်ရေပြန်ကျနေပြီဖြစ်ကြောင်း သိရသည်။ - [Covid-19 ပညာပေးပန်းချီဆရာ လူငယ် ၃ ဦးအမှု သောကြာနေ့တွင် အပြီးသတ်အမိန့်ချတော့မည်](https://burmese.kachinnews.com/2020/07/13/covid-19-%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%86%e1%80%9b%e1%80%ac-%e1%81%82-%e1%80%a6%e1%80%b8%e1%80%a1%e1%80%99/): မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏ အမှုကို လာမည့် ဇူလိုင် လ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချတော့မည်ဟု သိရသည်။ အဆိုပါအမှုသည် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးက တရားလိုပြုကာ Covid-19 ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ နော်ထွန်းအောင်၊ မစီစီလျာဂျာဆိုင်းနှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနှောင်းတို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်ပြီး (၉) ကြိမ်မြောက်လျှောက်လှဲချက်အပြီး လာမည့်ဇူလိုင်လ ၁၇ရက်နေ့တွင် အပြီးသတ်အမိန့်ချမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။ “ကျမတို့ဘက်ကတော့ အပြစ်မရှိကြောင်း တင်ပြထားပြီးသား၊ ဒီအမှုမှာကွင်းလုံးကျွတ်လွှတ်ရမယ် ယုံကြည်ထားတယ်။ သူတို့ဘက်က ဗုဒ္ဓဘာသာကိုစော်ကားတယ်ဆိုပြီး အဓိကစွပ်ဆွဲထားတယ်။” ဟု တရားစွဲဆိုခံထားရသည့်ဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။ လွန်ခဲ့သည့် ဧပြီလ ၃ရက်နေ့တွင် Covid-19 အန္တာရယ်ကာကွယ်ရေး ပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနားဘူတာတိုက်တန်းတွင် နံရံပန်းချီရေးဆွဲခဲ့ပြီး ပုံ၏ဘယ်ဘက်ထောင့်တွင်ပါရှိသည့် သေမင်းတမန်၏ ဝတ်ရုံသည် ဗုဒ္ဓာဘာသာရဟန်း၏ သင်္ကာန်းနှင့် ဆင်တူနေသည့်အတွက် ဝေဖန်မှုများစွာရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်မှတရားလိုပြုလုပ်ကာ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ထို့နောက် ဧပြီလ ၃၀ ရက်နေ့ ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် အာမခံရရှိခဲ့ကာ မေလ ၅ရက်နေ့တွင် တရားလိုရှေ့နေများနှင့် တရားစွဲဆိုခံထားရသည့်ဘက်မှရှေ့နေများ သီးသန့်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် တရားစွဲဆိုခံထားရသူများဘက်မှ ကျေးအေးပေးခြင်းမရှိသည့်အတွက် အဆိုပါအမှုအား မေလ ၁၁ရက်နေ့မှ တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ “အဓိက သူတို့စွပ်စွဲတာတော့ နော်ထွန်းအောင်ကိုတော့ ခေါင်းဆောင် ပြီးတော့ ကျမကိုကျတော့ Idea ပေးမှ … - [ကချင်စစ်ရှောင်များနေပြန်နိုင်ရေးကိစ္စ KHCC နှင့် အစိုးရ နေပြည်တော်တွင် တွေ့ဆုံ](https://burmese.kachinnews.com/2020/07/13/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%95%e1%80%bc/): ကချင်စစ်ရှောင်များနေရပ်ပြန်ရေးနှင်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရေးဆွဲထားသော စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး နှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) မှတဆင့်နေပြည်တော်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၀ ရက်နေ့ က သွားရောက်တင်ပြခဲ့သည်ဟု သိရသည်။ - [ဖားကန့်မြေပြိုမှုကိစ္စ ကုမ္ပဏီနှင့် ကုမ္ပဏီကို ကြီးကြပ်သူများကိုသာ အရေးယူသင့်ကြောင်း ပြောဆို](https://burmese.kachinnews.com/2020/07/13/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%bc%e1%80%ad%e1%80%af%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%85%e1%80%b9%e1%80%85/): ဖားကန့် ဂွေခါ ကျောက်စိမ်းမှော် မြေပြိုကျမှုကြောင့် ရေးမဆေးသမားရာချီ သေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရေမဆေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့ခြင်းထက် စက်ယန္တရားကြီးများဖြင့် တူးဖော်သည့်ကုမ္ပဏီပိုင်ရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကိုသာ ထိထိရောက်ရောက်အရေးယူပေးစေလိုကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။ - [ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ အမြန်ဆုံးထွက်သွားရန် သတိပေး](https://burmese.kachinnews.com/2020/07/13/%e1%80%9f%e1%80%b0%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%b7%e1%80%ba%e1%80%9d%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99/): ရန်ကုန်အခြေစိုက် ဦး ဌေးမြင့် ပိုင် ယုဇနကုမ္ပဏီ က ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် မတရားသိမ်းယူထားသည့် မူရင်းဒေသခံများ၏ လယ်ယာမြေများကို မူရင်းဒေသခံများကို ခြွင်းချက်မရှိ ကောင်းမွန်စွာပြန်အပ်ပြီး ထွက်သွားရန် ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့မှ သတိပေးထားကြောင်း ဆိုပါသည်။ KNO (Kachin National Organization) က ဦး ဌေးမြင့်ထံ လိပ်မူသော အိပ်ဖွင့်ပေးစာကို ဇူလိုင်လ (၈)ရက် ရက်စွဲဖြင့် အသိပေးခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ဒီ ယုဇန ဦး ဌေးမြင့် ကုမ္ပဏီနဲ့ ဒီ တခြား စစ်အစိုးရနဲ့ ဆက်သွယ်ပြီးတော့ ပြည်သူလူထုတွေရဲ့ နယ်မြေတွေကို မတရား သိမ်းထားတဲ့ ကုမ္ပဏီ၊ လူတစ်ခု၊ အဖွဲ့တွေ အားလုံးကို ကျွန်တော်တို့က ထွက်သွားဖို့၊ ကချင်ပြည်နယ်ကနေ ထွက်သွားဖို့ အမိန့်ထုတ်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှ KNO နိုင်ငံခြားရေးရာ ပြောခွင့်ရ Hkanhpa Shadan က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ တပ်မတော် အကာအကွယ်ပေးမှုအောက် ဦး ဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီက ဟူကောင်းချိုင့်ဝှမ်း သို့ ၂၀၀၆ ခုနှစ်တွင် ဝင်လာပြီး ဒေသခံများ၏ လယ်ယာမြေ ဧက ၄သိန်းကျော်ကို သိမ်းယူထားကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG (Kachin Development Networking Group) က ဆိုပါသည်။ ထို့ကြောင့် ယုဇန ကုမ္ပဏီက ဟူးကောင်းဒေသ မတရား … - [ကချင်လူမျိုးများအကြောင်းမှားယွင်းဖော်ပြမှုကို ယခုနှစ်ပညာသင်နှစ်အမှီ ပြင်ဆင်ပေးရန်တောင်းဆိုသွားမည်](https://burmese.kachinnews.com/2020/07/10/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9c%e1%80%b0%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/): အခြေခံပညာ စနစ်သစ်သင်ရိုးညွှန်းတမ်းမှ သတ္တမတန်းပထဝီဘာသာရပ်တွင် ကချင်လူမျိုးများအကြောင်းကို မှားယွင်းစွာရေးသားဖော်ပြထားမှု ယခုနှစ်ပညာသင်နှစ်အမှီ ပြင်ဆင်ပေးရန် မြန်မာနိုင်ငံ ကချင်လူမျိုးများယဉ်ကျေးမှုဗဟို WHG မှ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။ - [ကိုယ်ပိုင်ကျောင်းများကို အဆောင်နေခွင့်ပြုထားခြင်း မရှိ](https://burmese.kachinnews.com/2020/07/09/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80/): ကချင်ပြည်နယ်တွင် ပညာရေးကျောင်းများပြန်ဖွင့်တော့မည်ဖြစ်သော်လည်း COVID-19 ကာလဖြစ်သောကြောင့် ကိုယ်ပိုင်ကျောင်းများကို စာသင်ခွင့်သာပေးထားပြီး အဆောင်နေခွင့်ပြုထားခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ - [ကချင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင်ယှဉ်ပြိုင်မည့် SNLD ပါတီဖြင့်တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2020/07/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc%e1%80%ad%e1%80%af/): “ဗိုလ်ချုပ်အောင်ဆန်းကို မြင်တဲ့ပုံစံက ပြည်မက မြင်တဲ့ပုံနဲ့ ကျနော်တို့ တိုင်းရင်းသားတွေမြင်တဲ့ပုံက မတူဘူး။ အဲကြောင့် အဲလိုခွင့်ပြုတယ်ဆိုရင်တောင် ကျနော်တို့အတွက် ဘာမထူးပါဘူး။” - [ကချင်ပြည်နယ် မဲစာရင်းကောက်ခံ၍မရသည့် ကျေးရွာပေါင်း ၂၀၀ ခန့်ရှိနေ](https://burmese.kachinnews.com/2020/07/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%99%e1%80%b2%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%b1/): ကချင်ပြည်နယ်အတွင်း မဲစာရင်းအတွက် လူဦးရေးစာရင်းကောက်ခံ၍မရသော ကျေးရွာပေါင်း၂၀၀ ခန့် ရှိနေကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ သိရသည်။ - [‘ကျောက်စိမ်းမြေသည် လိုင်စင်ရ လူသေကွင်း’ ဆိုသည့် လှုပ်ရှားမှုပြုလုပ်နေ](https://burmese.kachinnews.com/2020/07/08/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%b1%e1%80%9e%e1%80%8a%e1%80%ba-%e1%80%9c%e1%80%ad%e1%80%af%e1%80%84/): ဖားကန့်မြို့ ဂွေခါကျေးရွာ ကျောက်စိမ်းမှော်မြေပြိုမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင်လှုပ်ရှားမှုတစ်ခုကို အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်ပြီး ပြုလုပ်နေသည်ဟု သိရသည်။ - [ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ပြောဆို](https://burmese.kachinnews.com/2020/07/07/%e1%80%80%e1%80%98%e1%80%b0%e1%80%92%e1%80%99%e1%80%ba%e1%80%b8%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%94%e1%80%b1/): မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အနီး နန်းကွေ့အုပ်စု၊ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်များက ၎င်းတို့၏ မူလနေရပ်သို့ပြန်ကာ ပြန်လည်အခြေချနေထိုင်လိုကြောင်း ပြောဆိုနေကြသည်။ - [မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ပြန်လည်လျှောက်ထား](https://burmese.kachinnews.com/2020/07/06/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%90/): ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး စာချွန်တော် ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်တွင် ဇူလိုင် ၃ ရက်နေ့ ပြန်လည်လျှောက်ထားသည်ဟု ရှေ့နေ ဦးဖိုးဖြူထံမှ သိရသည်။ - [ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေ့ပြောင်းအရေး၊ ကြိုတင်မဲနှင့် တပ်တွင်းမဲဆွယ်ခွင့်ကိစ္စအကြောင်း ဘယ်လိုပြောဆိုခဲ့သလဲ (အင်တာဗျူး)](https://burmese.kachinnews.com/2020/07/05/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd/): “ကြိုတင်မဲက ကြိုပြီးထည့်ထားရတဲ့ကိစ္စမလို့ UEC ကပြောတာတော့ မနက် ၆နာရီဆို မဲရုံကိုပို့ရမှာပေါ့၊ ညနေ ၄ နာရီနောက်ပိုင်းဆို လုံးဝလက်မခံရဘူးဆိုပြီး ပြောသွားပါတယ်။ ကျမတို့လည်း အဲလိုသေချာမှတ်သားထားပါတယ်။ တစ်ကယ်မဲထည့်တဲ့နေ့မှာ တစ်ကယ်နည်းဥပဒေတိုင်း လုပ်ဆောင်ခြင်းရှိမရှိ စောင့်ကြည့်ရမှာပေါ့။” - [ကချင်စစ်ပြေးဒုက္ခသည်များကို KHCC က နေရပ်ပြန်ပို့](https://burmese.kachinnews.com/2020/07/04/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%92%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%bb/): ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စစ်ပြေးဒုက္ခသည်အိမ်ထောင်စုတစ်ချို့သည် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ၏ အစီစဉ်ဖြင့် ဇူလိုင် ၄ ရက်နေ့တွင် ပထမအကြိမ် နေရပ်ပြန်ကြပြီဖြစ်သည်။ - [ဖားကန့် မြေပြိုကျမှု သေဆုံးသူ ၁၇၀ ကျော်ရှိလာ](https://burmese.kachinnews.com/2020/07/03/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%bb%e1%80%99%e1%80%be%e1%80%af-%e1%80%9e%e1%80%b1%e1%80%86/): ဖားကန့် ဂွေခါ(ဝှေခါ) မြေပြိုကျမူဖြစ်စဉ်တွင် ဇူလိုင်လ ၃ရက်နေ့ ညနေ ၃နာရီခွဲချိန်ထိ သေဆုံးသူဦးရေ ၁၇၀ ရှိလာပြီး အလောင်းများကို ဝှေခါသုသာန်တွင် သဂြိုလ်နေပြီဖြစ်ကြောင်း သိရသည်။ - [ဆူနာမီ ပုံစံ ဖါးကန့် ကျောက်စိမ်းတွင်း ပြိုကျမှုတွင် လူ ၁၂၀ ကျော် သေဆုံး](https://burmese.kachinnews.com/2020/07/02/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%9d%e1%80%be%e1%80%b1%e1%80%81%e1%80%ab%e1%80%99%e1%80%be%e1%80%b1%e1%80%ac%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%85%e1%80%ac/): မြန်မာနိုင်ငံ တဝန်းမှ လူ ထောင်ပေါင်းများစွာ လာရောက် ကျောက်စိမ်းတူးဖော်နေကြသည့် ကချင်ပြည်နယ် ဖါးကန့် Gwi Hka မှော်တွင် ဇူလိုင်လ (၂)ရက် မနက် ၈ နာရီခန့် က ဆူနာမီ ပုံစီ မြေဇာပုံကြီးပြိုကျမှုကြောင့် သေဆုံးသူ ဇွန်လ (၂)ရက်၊ ညနေ ၆ နာရီအထိ ၁၂၀ ကျော်ရှိပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲမှာ အမျိုးသမီးအချို့ ပါသည်ကိုတွေ့ရပြီး ယခ ုသေဆုံးမှုကိန်းဂဏန်းသည် ယခုနှစ်အတွင်း အကြီးမားဆုံးလည်း ဖြစ်သည်ဟု မြေဇာပုံပြိုကျမှုဖြစ်ပွားပြီးနောက် Gwi Hka ကျောက်စိမ်းမှော်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဖါးကန့်မြို့နယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party) ကော်မတီ ဥက္ကဌ Duwa Mangshang Zung Ying က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “ကုမ္ပဏီတွေ အနက်ကြီးတူးထားတဲ့ ကျောက်စိမ်းတွင်းဟောင်းကြီး ရေကန်ထဲသို့ အပေါ် အမြင့်ကြီးကနေ မြေဇာပုံကြီး ရုတ်တရက် ပြိုကျတော့ ဆူနာမီ ပုံစံ ရေလှိုင်းကြီးတွေဖြစ်လာပြီး ဒီဘေးပတ်ဝန်းကျင်မှာ ကျောက်တူးနေသူတွေကို ရိုက်ခတ် ဝါးမျိုသွားတာပါ။” ဟု သူက ပြောပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖါးကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က“ခုက ကယ်ဆယ်ရေးလုပ်တဲ့သူတွေရော အားလုံးကပင်ပန်းနေကြပြီဆိုတော့။ ဒီညနေ ၆နာရီမှာ နားခိုင်းလိုက်ပြီ မနက်ဖြန်မှ ထပ်ပြီးဆယ်ဖို့လုပ်မယ်။ တွေ့ပြီးတော့ မဆယ်ရသေးတဲ့အလောင်းတွေလည်း များကြီးရှိနေသေးတဲ့အတွက် မနက်ဖြန်ထပ်ပြီး ဆက်ဆယ်မယ် ဆက်ရှာမယ်။ ဒီနေ့တော့ တစ်နေကုန်လုပ်နေကြတာဆိုတော့ အားလုံးကလည်း … - [ကချင်ပြည်နယ်၏ ဒုတိယ ပိုးတွေ့လူနာ ပိုး မတွေ့သောကြောင့် ဆေးရုံ ဆင်းခွင့်ပြု](https://burmese.kachinnews.com/2020/07/02/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9c%e1%80%b0/): ကချင်ပြည်နယ်၏ ဒုတိယမြောက် COVID-19 ပိုးတွေ့လူနာ အမှတ် (၂၄၉)ကို ဒုတိယအကြိမ် ရောဂါ စစ်ဆေးရာ ပိုးထပ် မတွေ့သောကြောင့် ဇူလှိုင်လ (၂)ရက်နေ့တွင် ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ပြုလိုက်သည်။ သို့သော်လည်း အစိုးရ ကျန်းမာရေးဝန်ထမ်း ဆရာမ တစ်ဦးဖြစ်သူ လူနာ အမှတ် (၂၄၉)အား သူမ တာဝန်ကျသော N’mawk (မိုးမောက်)ပြည်သူ့ဆေးရုံတွင် ၂ပတ် နေစေပြီး ၎င်းနောက် သူ့မကို အိမ်ပြန်ခွင့်ပြုကာ နေအိမ်တွင် home quarantine ထပ်မံဝင်ရန် စီစဉ်ထားပါသည်။ “လူနာအမှတ် (၂၄၉)က ပိုး ၂ ခါ စစ်ပြီးပြီ။ ဇွန်(၁၈)ရက်မှာ တစ်ခါစစ်တယ် ဇွန်(၂၅)ရက်နေ့ ထွက်တယ်။ Negative ထွက်တယ်။ ပြီးတော့ ဇွန် (၂၅)ရက်မှာ ပြန်စစ်တာ ဇွန် (၃၀) ရက်နေ့မှာ Negative ပြန်ထွက်တယ်။ အဲတော့ ၂ကြိမ်စလုံး ပိုး မတွေ့တော့တဲ့အတွက် ဒီနေ့ဘဲ ဗန်းမော်ပြည်သူ့ဆေးရုံ က ဆင်းခွင့်ပြုလိုက်ပါပြီ။ ဒါပေမယ့် သူ့ကို ထပ်မံစောင့်ကြည့်နိုင်ဖို့အတွက် ဆရာမတို့ မိုးမောက်ဆေးရုံမှာ ၂ပတ်ထားအုံးမယ်။ မိုးမောက်ဆေးရုံက ဆင်းခွင့်ရပြီဆိုရင်တောင် သူ့နေအိမ်မှာ Home Quarantine ထပ်မံဝင်ရမှာဖြစ်တယ်။ ပြီးမှ သာမန်သူတွေလို သွားလာဖို့ခွင့်ပြုမှာဖြစ်တယ်။” ဟု မိုးမောက်မြိ့နယ်မှ ကျန်းမာရေးမှူး ဒေါက်တာ တင်မေသင်း က ပြောသည်။ လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာအမှတ် (၂၄၉) နှင့်ထိတွေ့ခဲ့ကြသူများဖြစ်သည့် လူ ၂၆၆ ဦး သည်လည်း ပထမတစ်ကြိမ် ပိုးစစ်ဆေးရာ ပိုးမတွေ့ရှိသဖြင့် … - [လူနာအမှတ်စဉ် ၂၄၉ တွင် ဒုတိယအကြိမ်ထိ ပိုးထပ်မံ မတွေ့](https://burmese.kachinnews.com/2020/07/01/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%82%e1%81%84%e1%81%89-%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%92%e1%80%af/): ကချင်ပြည်နယ် မိုးမောက်မြို့ရှိ ပိုးတွေ့အတည်ပြုလူနာ အမှတ်စဉ် ၂၄၉ ကို ဒုတိယအကြိမ်အထိ ပြန်လည်စစ်ဆေးရာ ပိုးမတွေ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ - [ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြင့်တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2020/07/01/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba/): လက်နက်ကိုင်ပဋိပက္ခများပြားသော ရှမ်းပြည်နယ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူမျိုးရေးဆိုင်ရာပြဿနာများနှင့် ကချင်လူမျိုးတို့၏အခြေအနေအကြောင်း ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါတန်ဘောင်ဇုတ်ဒေါင် ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ဘယ်ချိန်မှစပြီး ကချင်ရေးရာဝန်ကြီးတာဝန် စယူခဲ့တယ်ဆိုတာပြောပေးပါ။ ဖြေ။ ။ ၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ အစီစဉ်လည်းမရှိဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်လည်းမဟုတ်ဘူး။ ရိုးရိုးသာမန် အရပ်သားပဲ။ ၂၀၁၀ မှာ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက ကချင်တိုင်းရင်သားရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခေါ်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ကချင်ရေးရာဝန်ကြီး တာဝန်စယူလာတာဖြစ်တယ်။ ၂၀၁၅ မှာကျတော့ ပြည်ခိုင်ဖြိုးပါတီက ကျနော့်ကို ရေးရာဝန်ကြီးနေရာအတွက်ရွေးထားပြီ။ ဦးရွှေမန်းဥက္ကဌ ဖြစ်တဲ့ချိန်ကျတော့ ကျနော့ကိုမကြိုက်ဘူးဆိုပြီး ပြန်ဖြုတ်ချလိုက်တယ်။ ဖြုတ်ချလိုက်ရင်လည်းရပြီ ကျနော်ဝင်မပြိုင်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ကနေ သူတို့ဖြုတ်ချင်သလိုဖြုတ်လို့မရဘူး။ ဒါကျနော်တို့လူမျိုးတွေကို ဆော်ကားတာပဲဆိုပြီး မင်းပဲတာဝန်ထပ်ယူပါဆိုပြီး ရှမ်ပြည်ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က တာဝန်ထပ်ပေးတဲ့အတွက် ၂၀၁၅ မှာ တသီးပုဂ္ဂလနဲ့ပဲ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ အခုထိ ရှမ်ပြည်ကချင်တိုင်းရင်းသားရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်။ မေး။ ။ တိုက်ပွဲတွေများတဲ့နေရာမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်နိုင်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။ ဖြေ။ ။ ဦသိန်းစိန်အစိုးရလက်ထက်မှာ ကျနော်စာရေးပြီးတင်ပြခဲ့တယ်။ နှုတ်နဲ့လည်းပြောတာတွေရှိတယ်။ ဘာမှ အရးယူပေးတာ မရှိဘူး။ အခုလိုတိုက်ပွဲကြီးတွေဖြစ်နေတာက ဆွေးနွေးယူလို့မရတော့ဘူးလား။ တိုက်ပွဲနဲ့ပဲ ဖြေရှင်တော့မှာလား ဆိုပြီးပြောဆိုတင်ပြခဲ့တယ်။ ဘယ်လောက်ထိပြောလဲဆို ဒါမင်းတို့ လူမျိုးကြီးဝါဒကျင့်သုံးတယ်။ ကချင်တွေဝန်ထမ်းလုပ်ရင် ရာထူးမတိုးပေးဘူး၊ ဝန်ထမ်းမခန့်ချင်ဘူး၊ တိုင်းရင်းသူယူတဲ့ဗမာလူမျိုးတွေကိုတောင် ရာထူးမတိုးပေးဘူး၊ ဖိနှိပ်ချုပ်ချယ်ခွဲခြား ဆက်ဆံတယ်။ ဒီလောက်ခွဲခြားပြီးဆက်ဆံနေရင် ဘယ်လိုဖြစ်ပြီးငြိမ်းချမ်းရေး ရမှာလဲ။ အခုလိုပြန်လည်ထိုးစစ်ဆင်လာတာ ကျနော်တို့လုံးဝ ကန့်ကွက်တယ်ဆိုပြီး … - [မြန်မာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ](https://burmese.kachinnews.com/2020/06/30/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%90%e1%80%95%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-kia-%e1%80%90/): နှစ်ဖက် bilateral အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲကာလမှာ တိုက်ပွဲဖြစ်ပွါးမှု မရှိသလေက်ဖြစ်နေသော ကချင်ပြည်နယ်မှာ မြန်မာ အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဇွန်လ (၂၉)ရက်၊ တနင်္လာနေ့ က ကချင်ပြည်နယ်အလယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားလာသည်ဟုသိရသည်။ - [ကချင်စစ်ရှောင်အမျိုးသမီးများ ကျန်းမာရေးနှင့်ပတ်သက်သည့်အသုံးအဆောင်ပစ္စည်းများလုံလောက်စွာမရရှိ](https://burmese.kachinnews.com/2020/06/29/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99-2/): ကချင်စစ်ရှောင်စခန်းက အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းနှင့် လစဉ်သုံးပစ္စည်းများလုံလောက်မှုမရှိခြင်းစသည့် အခက်အခဲများဖြင့် ရင်ဆိုင်နေသည်ဟု စစ်ရှောင်စခန်းမှ အမျိုးသမီးများပြောသည်။ - [Covid-19 ကာကွယ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအချို့ အနားယူရန် အိမ်ပြန်](https://burmese.kachinnews.com/2020/06/28/covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8-%e1%80%85%e1%80%b1%e1%80%90/): Covid-19 ကာလတစ်လျှောက် စေတနာ့ဝန်ထမ်းအဖြစ်ကူညီခဲ့သည့် မြစ်ကြီးနားရှိ Kachin State Covid-19 Prevention Network က ကချင်လူငယ်အချို့သည် ပြန်လည်အားဖြည့်ရန်အတွက် အိမ်ပြန်ကြပြီဟု သိရသည်။ - [တပ်မတော်ကကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းမည့်အဖွဲ့ ဖွဲ့စည်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို](https://burmese.kachinnews.com/2020/06/27/%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%80%e1%80%bb%e1%80%b0%e1%80%b8%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%8a/): တပ်မတော်က ကျူးလွန်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန်နှင့် စုံစမ်းစစ်ဆေးနိုင်ရေး လွတ်လပ်သောအဖွဲ့ဖွဲ့စည်းပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများက ဇွန် ၂၆ ရက်နေ့ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ဖြင့်တောင်းဆိုလိုက်သည်။ - [ကားမိုင်း Quarantine နေရာများတွင် စေတနာ့ဝန်ထမ်းများလိုအပ်နေ](https://burmese.kachinnews.com/2020/06/26/%e1%80%80%e1%80%ac%e1%80%b8%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-quarantine-%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84/): ကားမိုင်းမြို့တွင် ၂၁ရက် Quarantine ဝင်ရောက်နေသူများကို စောင့်ကြည့်ရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကူညီပေးမည့်သူများမရှိသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ - [အစိုးရသင်ရိုးညွန်းတမ်းတွင် ကချင်လူမျိုးများ၏အခေါ်ဝေါ်မှားယွင်းနေမှုကို ပြင်ဆင်ပေးရန် တောင်းဆိုသွားမည်](https://burmese.kachinnews.com/2020/06/26/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%9e%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%8a%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%90%e1%80%99%e1%80%ba%e1%80%b8/): အစိုးရအခြေခံပညာရေး သတ္တမတန်း ပထဝီဘာသာရပ်သင်ရိုးညွှန်းတမ်းအသစ်တွင် ကချင်မျိုးနွယ်စုဝင်များ၏ အမည်နာမကို မှားယွင်းဖော်ပြထားမှုကို အမှားပြင်ဆင်ပေးရန်အတွက် ကချင်မျိုးနွယ်စုဝင်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့များက တောင်းဆိုသွားမည်ဟု သိရသည်။ - [ပမ္ပတီးစစ်ရှောင်စခန်းတွင် လျှပ်စစ်မီးနဲ့ အခြားအကူညီများလိုအပ်နေ](https://burmese.kachinnews.com/2020/06/25/%e1%80%95%e1%80%99%e1%80%b9%e1%80%95%e1%80%90%e1%80%ae%e1%80%b8%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%9e/): မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ ၅ ရှိ ကဆုန့် (ခါနန်)စစ်ရှောင်များသည် ၂ နှစ်ကျော်ကြာမိုးကာတဲတွင်ခိုလှုံခဲ့ရာမှ ယခု အဆောက်အဦးဖြင့်နေထိုင်ရပြီဖြစ်သော်လည်း အခြားကူညီထောက်ပံ့မှုများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံများပြောသည်။ - [ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးထပ်မံတပ်ဆင်ပေးရန် တောင်းဆို](https://burmese.kachinnews.com/2020/06/24/%e1%80%84%e1%80%bd%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%b6%e1%80%95%e1%80%bc%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%bd%e1%80%84/): မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်ဒေသခံအိမ်ခြေတစ်ချို့က ပြည်နယ်အစိုးရထံ တောင်းဆိုထားသည့်အတိုင်း လျှပ်စစ်မီးအမြန်လိုချင်ကြောင်း ပြောဆိုနေကြသည်။ - [ဖားကန့်မြို့အဝင် ကျောက်စိမ်းရိုင်းတုံးထားတော့မည်](https://burmese.kachinnews.com/2020/06/23/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%9d%e1%80%84%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/): ဖားကန့်မြို့အဝင်တွင် အစိမ်းရောင် ဆေးခြယ်ထားသည့် ကျောက်တုံးအစား ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ကျော်ခန့်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကို ယာယီထားရန်စီစဉ်နေသည်ဟု သိရသည်။ - [မိုးမောက် ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိတွေ့ခဲ့သူ ၁၆၃ ဦးတွင် ပိုးမတွေ့၊ စစ်ဆေးရန်ကျန်ရှိနေသေး](https://burmese.kachinnews.com/2020/06/23/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1/): ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိစပ်မှုရှိခဲ့သူ စုစုပေါင်း ၂၂၆ ယောက်ရှိသည့်အနက် ၁၆၃ ဦး၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ပတ်ယူပြီး စစ်ဆေးခဲ့ရာတွင် ရောဂါပိုးမတွေ့ရှိရကြောင်း မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ပြောသည်။ - [တရုတ်-မြန်မာနယ်စပ် KIO COVID-19 စစ်ဆေးရေးဂိတ် မြန်မာစစ်တပ်၏ ဖယ်ရှားဖျက်ဆီး ခံရ](https://burmese.kachinnews.com/2020/06/22/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-kio-covid-19-%e1%80%85%e1%80%85%e1%80%ba/): ကချင်ပြည်နယ် Loije (လွယ်ဂျယ်)မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန်လ (၂၂) တနင်္လာနေ့က မြန်မာစစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ဖယ်ရှားလိုက်ရသည်ဟု ဒေသခံများမှသိရသည်။ - [မြစ်ကြီးနားမြို့နယ်တွင် ဆိုင်ကယ်ပျောက်ဖူးသူများ နယ်မြေရဲစခန်းတွင် လာရောက်စုံစမ်းရယူနိုင်](https://burmese.kachinnews.com/2020/06/22/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84/): မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးခံရသည့် ပြည်သူများအနေဖြင့် ပျောက်ဆုံးထားသောမိမိတို့ဆိုင်ကယ်များအား မြစ်ကြီးနား ခေမာသီရိရပ်ကွက်ရှိနယ်မြေရဲစခန်းတွင် လာရောက်စုံးစမ်းနိုင်ပြီဟု သိရသည်။ ဇွန်လ ၁ရက်နေ့တွင် ၁စီး၊ ဇွန်လ ၂၀ရက်နေ့တွင် ၁၀ စီး ဖမ်းဆီးရမိထားသည့်အတွက် ဆိုင်ကယ်ခိုးခံထားရသည့် ပြည်သူများအနေဖြင့် မိမိတို့ဆိုင်ကယ်ဖြစ်ကြောင်း မှန်ကန်ကြောင်းသက်သေအထောက်ထားပြည့်စုံစွာဖော်ပြနိုင်ပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲမှူးဦးမြင့်မိုးက ပြောသည်။ “ဆိုင်ကယ်အမျိုးစား၊ ပျောက်တဲ့ရက်၊ ဆိုင်ကယ်ဝယ်တဲ့ချိန်မှာပါတဲ့စာအုပ်၊ နောက်သူတို့မှတ်မိနိုင်တဲ့ဆိုင်ကယ်အမှတ်အသား အဲဒါတွေပြောနိုင်တယ်။ ပြနိုင်တယ်ဆိုလို့ရှိရင် ကျနော်တို့က ပိုင်ရှင်တွေနဲ့သက်သေတွေနဲ့တရားရုံးမှာ တရားစွဲတင်တဲ့ခါကျရင် ဆိုင်ကယ်ကိုပြန်ထုတ်ယူလို့ရတယ်။” ဟု ပြောသည်။ ထို့အပြင် ယခုနှစ်ဆန်းပိုင်းမှ ဇွန်လ ၂၂ရက်နေ့အထိ မြစ်ကြီးနားမြို့နယ်တွင် ဖော်ထုတ်ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်ပေါင်း ၄၅ စီးရှိပြီ ဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။ “အစပိုင်းဖမ်းထားရတဲ့ ၃၄ စီးကတော့ ပိုင်ရှင်ပေါ်ပြီဖြစ်တဲ့တွက် ပြန်အပ်လိုက်ပြီ။ ခုလက်ရှိ ၁၁စီး ရှိတယ်။ ပိုင်ရှင်မပေါ်တဲ့ ဆိုင်ကယ်တွေကိုတော့ တရားရုံးသို့တင်ပို့ပြီး နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းဆည်းမှာဖြစ်တယ်” ဟု မြစ်ကြီးနားမြို့နယ်ရဲမှူးမြင့်မိုးက ဆက်လက်ပြောဆိုသည်။ - [ဗိုလ်ချုပ်ပုံငွေစက္ကူထက် ဗိုလ်ချုပ်ကတိကဝတ်သာ အရေးကြီးသည်](https://burmese.kachinnews.com/2020/06/22/%e1%80%97%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%84%e1%80%bd%e1%80%b1%e1%80%85%e1%80%80%e1%80%b9%e1%80%80%e1%80%b0%e1%80%91/): လာမည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ကျပ် ၅၀၀ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု အစိုးရက ကြေငြာထားသည်။ - [ရှမ်းမြောက်တွင် မြန်မာအစိုးရတပ် နှင့် KIA ကြား လေးရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/06/20/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%a1/): မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ Kaleng (ကာလိုင်) ဒေသတွင် နေ့စဉ် ကြိုကျားတိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ဇွန်လ (၁၉)၊ သောကြာနေ့ ထိ လေးရက် ရှိလာပြီဖြစ်သည်။ ညနေ (၅)နာရီကျော်မှ ပြန်စသည့် သောကြာနေ့တိုက်ပွဲသည် အတော်ပြင်းထန်ပြီး အချိန် မိနစ် (၄၀)ခန့် ကြာကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်သံများကို Kaleng ကျေးရွာမှ ကြားနေရကြောင်း ဒေသခံများဆိုပါသည်။ “အခုဖြစ်တာက Kaleng ကျေးရွာအနီးမှာဖြစ်ပါတယ်။ KIA အထူးလှုပ်ရှားတပ်ရင်း (၂၉) နဲ့ မြန်မာစစ်ကြောင်း ထိတွေ့ပြီး တိုက်ပွဲက အတော်လည်း ပြင်းထန်ပါတယ်” ဟု KIA တပ်မဟာ (၄) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng ဒေသကို ကွတ်ခိုင်မြို့ အနောက်ဘက် (၈)မိုင်ကျော် အကွာမှာရှိပြီး ၎င်းနယ်မြေသို့ မြန်မာစစ်တပ် တပ်မ (၈၈) နှင့် (၉၉) စစ်ကြောင်းများ ထိုးစစ်ဆင်လှုပ်ရှားလာခြင်းကြောင့် KIA အဖွဲ့နှင့် ကြိုကျားတိုက်ပွဲများ ဇွန်လ (၁၆)ရက်နေ့ ညမှ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု မြန်မာအစိုးရတပ်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး (bilateral ceasefire) ညှိနှိုင်းဆွေးနွေးနေသည့်ကာလ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်ဖွဲ့များ အားလုံး အစိုးရတပ်ကို တိုက်ခိုက်ခြင်း မပြုလုပ်ရန်ညွှန်ကြားထားဆဲဖြစ်ပြီး မိမိကိုယ်ကိုကာကွယ်ခြင်း သဘောဖြင့်သာ … - [ကချင်ပြည်နယ် မဲစာရင်းအတွက် မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေ ၁ သိန်းခွဲရှိနေ](https://burmese.kachinnews.com/2020/06/19/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%99%e1%80%b2%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90/): ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေ ၁သိန်းခွဲရှိနေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ)မှ သိရသည်။ - [ကချင်လူထုက ဘယ်လို လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြမလဲ](https://burmese.kachinnews.com/2020/06/19/%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%be%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%84/): လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ကချင်လူထုအနေနဲ့ ဘယ်လို ကိုယ်စားလှယ်လောင်းကို ရွေးချယ်သင့်သလဲဆိုတဲ့အကြောင်းကို နိုင်ငံရေးသုတေသီတွေရဲ့ အသံကို တင်ပြထားပါတယ်။ - [ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် KSPP ပါတီဖြင့်တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2020/06/19/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%a1/): ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဟာ ပေါင်းစည်းပါတီသစ်ဖြစ်ပြီး အခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၈ ခုအတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်နေတယ်လို့ သိရပါတယ်။ လက်ရှိပါတီအတွင်း ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအစီစဉ်နဲ့ပတ်သက်ပြီး ပါတီရဲ့ ဒုဥက္ကဌ တစ်ဦး ဦးကွမ်ကရောင်အောင်ခမ်းကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ မေး – အခု KSPP က ရွေကောက်ပွဲအတွက်ဘယ်လိုလုပ်ဆောင်နေပြီလဲဆိုတာ ပြောပြပေးပါ။ ဖြေ – ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာဝင်ဖို့ စီစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ကိုဖွဲ့ပါတယ်။ သူတို့အနေနဲ့ ဒေသအသီးသီးကိုအကြောင်းကြားပြီးမှ လူရွေးချယ်တဲ့ပုံစံမျိုးတွေ နာမည်ကောက်ခံပြီးမှ တင်ပြလာတဲ့အချိန်ဖြစ်ပါတယ်။ မေး – အဲ့ဒီ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကော်မတီမှာ ဒေသခံပြည်သူပါဝင်မှုက ဘယ်လောက်အတိုင်းအတာထိရှိလဲ။ ဖြေ – ပါတီဌာနချူပ်ရဲ့ nomination မှာကျတော့ ဗဟိုအလုပ်မှုဆောင်က လူတွေဘဲဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ဒေသခံတွေကနေ ပါဝင်တာကတော့အကုန်လုံး မြို့နယ်အသီးသီး အခြေခံဘက်မှာကျတော့ လူငယ်တို့ အမျိုးသမီးအဖွဲ့အစည်းတို့ NGO တို့ ယဉ်ကျေးမှုတို့အကုန်လုံး ပါဝင်ပြီးမှ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မေး – လူရွေးချယ်တဲ့နေရာမှာ မြို့နယ်အလိုက်ဘယ်လိုမျိုး ရွေးချယ်ဖို့လုပ်ထားလဲ။ ဖြေ – ကျွန်တော်တို့အဓိက နှစ်မျိုးရှိပါတယ်။ ပထမအချက်အနေနဲ့ မြို့နယ်ကိုယ်စားလှယ်တွေ မြို့နယ်ဘက်ကနေ သူတို့အနေနဲ့ ရွေးချယ်မဲ့ရွေးကောက်ပွဲမှာဝင်မည့်သူတွေရဲ့ စာရင်းတင်ပြပါတယ်။ ဒုတိယအချက်အနေနဲ့တော့ ဒီ KSPP ရဲ့ဗဟိုဌာနချူပ်ကနေ ဝင်မဲ့သူတွေရဲ့စာရင်းကိုလည်းလုပ်ပြီးမှ နှစ်ဖက်စလုံးကိုမျှပြီးမှ ဘယ်လိုမျိုးလုပ်မယ်ဆိုတာကို ညှိနှိုင်းပြီးမှလုပ်ပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ အဓိကထားတာကတော့ လူငယ်တွေပါရမယ်၊ အမျိုးသမီးတွေပါရမယ်။ နောက်ပြီးမှ ပါတီပေါင်းစီးရေးဆိုတဲ့နေရာမှာ ပါတီအသီးသီးက ပုဂ္ဂိုလ်တွေလည်းပါရမယ်။ ဒီကချင်ပြည်နယ်မှာမှီတင်းနေထိုင်တဲ့ လူတွေလည်းအကုန်လုံးပါဝင်ဖို့ လမ်းကြောင်းဖွင့်ထားပါတယ်။ ဒါကြောင့်အကုန်လုံး … - [နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/06/18/%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%95%e1%80%90%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%81%be%e1%80%80%e1%80%ad/): မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နှစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ(၁၇)၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ကွတ်ခိုင်မြို့ အနောက်မြောက်ဘက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng (ကာလိုင်)ကျေးရွာအုပ်စု Nawng Maw Bum (နောင်မော့တောင်)သို့ တပ်မတော်စစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် KIA ဘက်က ခုခံယင်း တိုက်ပွဲဖြစ်ပွားရကြောင်း KIA တပ်မဟာ (၄) အရာရှိ တစ်ဦး ယခုလို အတည်ပြုပြောပါသည်။ “မြန်မာစစ်တပ် ထိုးစစ်ဆင်လာတာကတော့ သုံး၊ လေးရက်လောက်ရှိပြီ၊ သုံးနေရာ ကနေ မိမိသို့ စခန်းဆီ တက်လာတာပါ။ တပ်မ (၈၈) နဲ့ တခြားတပ်ရင်းတွေ ပူးပေါင်းတဲ့ စစ်ကြောင်းတွေ စုစုပေါင်း အင်အား ၄၀၀ လောက်ရှိမယ်” ဟု သူက ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့ ပြောပါသည်။ ယခုတိုက်ပွဲသည် KIA တပ်ရင်း (၈) လက်အောက် Kaleng တိုက်နယ်ရုံးကို လုံခြုံရေးပေးသော KIA အထူးလှုပ်ရှားရေးတပ်ရင်း (Mobile Battalion) (၂၉) နှင့် ‘နယ်မြေရှင်းလင်းရေးခေါင်းစဉ်’ ဖြင့် ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။ လွန်ခဲ့သော တစ်ပတ်ကျော်မှာလည်း မူဆယ်မြို့နယ်အတွင်း KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) အခြေစိုက်စခန်း … - [တာလောကြီးကျေးရွာ နှစ်ရှည်ပင်စိုက်ပျိုးမြေနေရာ ဖျက်စီးခံရမှု ပြည်နယ်အစိုးရ စုံစမ်းနေ](https://burmese.kachinnews.com/2020/06/17/%e1%80%90%e1%80%ac%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9b%e1%80%be/): ကချင်ပြည်နယ် တာလောကြီးကျေးရွာရှိ ဒေသခံများ၏နှစ်ရှည်ပင်စိုက်ပျိုးထားသည့်မြေနေရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေခြင်းကို စီစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတဝန်ကြီး က ပြောသည်။ - [ပြည်နယ်အစိုးရ၏ လယ်ယာမြေဖော်ထုတ်မှုကြောင့် လီဒိုလမ်းမပေါ်ကျေးရွာ ၂ ခုအငြင်းပွားဖွယ်ရှိနေ](https://burmese.kachinnews.com/2020/06/17/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%81%8f-%e1%80%9c%e1%80%9a%e1%80%ba%e1%80%9a%e1%80%ac%e1%80%99%e1%80%bc%e1%80%b1/): အစိုးရ၏ ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စံပြ ရွေ့ပြောင်းကျေးရွာသစ်အတွက် မြေယာအသစ်ဖော်ထုတ်မှုကို အစိုးရက နှောင်းမီကျေးရွာတွင် လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၂ ခုကြား ပဠိပက္ခဖြစ်လာမည့်အခြေအနေရှိနေသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။ ဖားကန့်မြို့နယ် မြေယာဖော်ထုတ်ရေးကော်မတီက စံပြကျေးရွာအတွက် မြေဧက ၂၀၀ ကျော်ကို ၎င်းကျေးရွာနှင့် မိုင် ၂၀ ကျော်ကွာဝေးသော နှောင်းမီကျေးရွာတွင် လွန်ခဲ့သည့်မတ်လ ကတည်းက စတင်ဖော်ဆောင်ခဲ့ရာ နှောင်းမီဒေသခံများက ကန့်ကွက်နေဆဲဖြစ်သည်။ လယ်ယာမြေဖော်ထုတ်ပေးရန် နှောင်းမှီကျေးရွာဒေသခံမှ တောင်းဆိုခြင်းမရှိသော်လည်း စံပြကျေးရွာကသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်နယ်အစိုးရ၏ ညွန်ကြားစာတွင် ‘နှောင်းမီစံပြကျေးရွာ’ တွင် ဟု ကျေးရွာ ၂ ခုကိုရောထွေးစွာ ဖော်ပြခဲ့သဖြင့် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။ “ညွန်ကြားစာမှာက ‘နှောင်းမှီစံပြကျေးရွာ’ လို့စာထွက်လာတယ်။ စာထဲမှာကိုက မြေနေရာရှာခိုင်းတာပေါ့။ ညွန်ကြား စာက ဝန်ကြီးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကထွက်လာတာပေါ့။ အဲ့မှတဆင့် ကျနော်တို့ကို ကွင်းဆင်းခိုင်းတယ်။ နောက်စံပြ ကျေးရွာအနီးတဝိုက်မှာ ကမြေနေရာလွတ်တာမရှိဘူးလေ။ စာမှာကိုက နှောင်းမီပါနေတော့ အဲ့ဒီကို ပြန်ရှာတာပေါ့။ အဲ့မှာက မြေလွတ်မြေလပ်ရှိနေတော့ တင်ပေးလိုက်တာပေါ့။ လက်ရှိအခြေအနေမှာလည်း စံပြတောင်သူအတွက်ဖြစ်တယ်လို့၊ နောက် နှောင်းမှီတောင်သူတွေအတွက်ဖြစ်တယ်လို့ ၂ ဦး စလုံးကို တိတိကျကျ ချမှတ်ပေးတာမရှိသေးပါဘူး”ဟု ဖားကန့်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဇော်လင်းက ပြောဆိုသည်။ လယ်ယာမြေဖော်ထုတ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့ချိန် ဒေသခံများအတွက် ဆောင်ရွက်ပေးမည့်အကြောင်း ပြောဆိုခဲ့သောကြောင့် အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု နှောင်းမီဒေသခံ ဦးဆိုင်းအောင်က သတင်းဌာန KNG … - [သခင်စစ်ကုမ္ပဏီကိုတရားစွဲဆိုထားသည့်အမှု တရားလိုသက်သေ ရဲစခန်း၏ထွက်ဆိုမှုကို အားရကျေနပ်မှု မရှိဟုဆို](https://burmese.kachinnews.com/2020/06/16/%e1%80%9e%e1%80%81%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f%e1%80%ae%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%85/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားထားသည့်အမှု ဇွန်လ ၁၅ရက်နေ့ ရုံးချိန်းတွင် တရားလိုသက်သေဖြစ်သော ရဲစခန်း၏ထွက်ဆိုချက်အပေါ် ကျေနပ်အားရမှုမရှိကြောင်း တရားလို သတင်းထောက် မွန်းမွန်းပန် ထံမှ သိရသည်။ - [လူနာအမှတ်စဉ် ၂၄၉ ဖြင့်ထိတွေ့သူ မြစ်ကြီးနားတက္ကသိုလ်မှ စာစစ်ဆရာတွင် ပိုးမတွေ့](https://burmese.kachinnews.com/2020/06/16/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%82%e1%81%84%e1%81%89-%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ad/): လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်ရန်ရောက်ရှိနေသည့် ဗန်းမော်မြို့မှ ကျောင်းဆရာနှင့် ၎င်း၏ အခန်ဖော်ဆရာတို့ ၂ ဦးတွင် ပိုးမတွေ့ရတော့သဖြင့် တက္ကသိုလ်ဝင်းတွင် အသွားအလာကန့်သတ်ခံထားရသူအားလုံးကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် နေရပ်ပြန်လွတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ - [တပ်ကုန်းလမ်းမကြီး ပြုပြင်နေမှု စက်တင်ဘာလမှ ပြီးစီးနိုင်မည်ဟုဆို](https://burmese.kachinnews.com/2020/06/16/%e1%80%90%e1%80%95%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%95%e1%80%bc%e1%80%af%e1%80%95%e1%80%bc/): ဝေဖန်မှုမြင့်မားနေသော မြစ်ကြီးနားမြို့ တပ်ကုန်းလမ်းမကြီး ပြုပြင်နေမှုကို စက်တင်ဘာလမှသာ ပြီးစီးနိုင်မည်ဟု မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။ - [မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အွန်လိုင်းတွေ့ဆုံဆွေးနွေးရန် အစိုးရကဆက်သွယ်](https://burmese.kachinnews.com/2020/06/15/northern-alliance/): မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အွန်လိုင်းဖြင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံ ဆက်သွယ်လာကြောင်း ဦးလမိုင်ဂွမ်ဂျာထံမှ သိရသည်။ - [အခြေခံပညာစာသင်ကျောင်းများ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့ထွက်မည်](https://burmese.kachinnews.com/2020/06/12/%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%95%e1%80%8a%e1%80%ac%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99/): ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ၏ အောင်စာရင်းများကို ဇွန်လ ၁၃ရက်နေ့တွင် ထွက်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ “လူစုလူဝေးမဖြစ်အောင်လို့ တစ်နေရာနဲ့တစ်နေရာ အောင်စာရင်းတွေကို ခွဲပြီးကပ်ဖို့မှာထားပါတယ်။ သူ့ရဲ့အတန်းလိုက် အတန်းလိုက်အောင်စာရင်းကို သပ်သပ်စီကပ်ပေးထားဖို့တွက် မြို့နယ်ပညာရေးမှူး အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်တယ်။ အောင်စာရင်းလာကြည့်တဲ့သူတွေက Social Distancing အတိုင်း တစ်ယောက်နဲ့တစ်ယောက် ၆ပေကွာဖို့နဲ့ အောင်စာရင်းကြည့်တဲ့ခါဘဲဖြစ်ဖြစ် ကျောင်းသားလက်ခံတဲ့ချိန်မှာလည်း၊ ကျောင်းဖွင့်တဲ့ချိန်ဘဲ ကျောင်းသားတွေ၊ ဆရာတွေလိုက်နာရမယ့် ဆောင်ရွက်ရမည့်အရာတွေကို ညွှွန်ကြားထားပြီးဖြစ်တယ်။” ဟု ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ထံမှ သိရသည်။ ထို့နောက် အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင်၂၁ ရက်နေ့မှစကာ ကျောင်းများအပ်နှံရေး စတင်တော့မည်ဟု ဆက်လက်ပြောဆိုသည်။ “ကျောင်းဖွင့်ဖို့တွက် မြို့နယ်မှူး၊ ကျောင်းအုပ်တွေအဆင့်ဆင့် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျောင်းမှာရှိတဲ့ စာသင်ခန်းအရည်အတွက်၊ စာသင်ချိန်အရေအတွက်၊ ဆရာ၊မတွေရဲ့စာသင်ချိန် အဲဒါတွေနဲ့ညှိနှိုင်းပြီးတော့ တစ်ချို့ကျောင်းတွေမှာဆို ပုံမှန်တိုင်း ၃ချက်စလုံးပြည့်စုံရင် တစ်သုတ်တက်တဲ့ကျောင်း၊ တစ်ချို့ကလည်း ဥပမာအားဖြင့် စာသင်ခန်းရှိတယ် ဆရာမလည်းလုံလောက်တယ် သို့သော်လည်းစာသင်ခုံမလောက်ဘူးဆိုရင် သူတို့က ကျမတို့က တစ်ပတ်ခြားဆီ ဒီပတ်က ၅၀ရာခိုင်နူန်းတက်မယ် ကျန်တဲ့နောက် ၅၀ရာခိုင်နူန်းကတစ်ပတ်တက်မယ်။ အဲဒါမှမလောက်သေးဘူး စာသင်ခုံ၊ စာသင်ခန်းအခက်ခဲရှိတယ်ဆိုရင် အဆင်မပြေသေးဘူးဆိုရင် တစ်ရက်မှာ ၂သုတ်တက်မယ် တစ်ပတ်ခြားဆီတက်ရမယ် အဲဒါမှကျောင်းသားရဲ့ ၂၅ရာခိုင်နူန်းဆီတက်ရမှာဖြစ်ပါတယ်။” ဟု ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းသည်လည်း ယခင်နှစ်များကဲ့သို့ အောင်စာရင်းနဲ့ထုတ်ပြန်ကြေညာမည်မဟုတ်ဘဲ အထက်တန်းပြီးဆုံးကြောင်း ကိုသာကြေညာမည်ဟု သိရသည်။ - [ကချင်ပြည်နယ်အစိုးရအဖွဲ့ NLD ဝန်ကြီးအားလုံး ပြန်လည်အနိုင်ရ](https://burmese.kachinnews.com/2020/11/09/l1-24/): ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအားလုံး ပြန်လည်အနိုင်ရရှိထားကြောင်း သက်ဆိုင်ရာဝန်ကြီးများ၏ လူမူကွန်ယက်စာမျက်နှာမှ သိရသည်။ - [မြစ်ကြီးနားတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ထပ်မံ အနိုင်ရ](https://burmese.kachinnews.com/2020/11/09/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ထပ်မံအနိုင်ရရှိပြီဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။ - [မြစ်ကြီးနားမြို့နယ်တွင် အသက် ၆၀ အထက် မဲဆန္ဒရှင် တစ်ဝက်ခန့် ကြိုတင်မဲထည့်ခဲ့](https://burmese.kachinnews.com/2020/11/07/l1-23/): ကချင်ပြည်နယ် မြစ်ကြီးမြို့နယ်တွင် အသက် ၆၀ ကျော်အထက် ကြိုတင်မဲပေးခွင့်ရရှိသူ ၂သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်သာ လာရောက် ကြိုတင်မဲထည့်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရပါသည်။ - [မဲပေးရာတွင် တံဆိပ်တုံး အတု အစစ် သတိပြုရန် UEC ထုတ်ပြန်](https://burmese.kachinnews.com/2020/11/07/1-2/): မဲပေးရာတွင် တံဆိပ်တုံး၌ UEC စာလုံး သုံးလုံး ပါရှိခြင်း ရှိ/ မရှိ ကြည့်ရူစစ်ဆေးပြီးမှသာ ဆန္ဒမဲပေးရန် နိုဝင်ဘာလ ၆ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။ - [ကွတ်ခိုင်စစ်ရှောင်တချို့ နေရပ်ပြန်အခြေချရေးအတွက်အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2020/11/06/l1-22/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖန်ငေါ့ကျေးရွာအနီးရှိ စစ်ဘေးရှောင်တရာကျော်သည်  မိမိနေရပ်ဒေသသို့ ပြန်လည်အခြေချနေထိုင်ရန်အတွက် အကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။ - [မျှော်လင့်ခဲ့တဲ့ ကတိတွေအတွက် ကိုယ်တိုင်ကြိုးစားကြရတော့မည်](https://burmese.kachinnews.com/2020/11/06/1/): ဒေါ်လုရာမှာ ကချင်ပြည်နယ် မြစ်ဆုံတွင် နေထိုင်ခဲ့သော ဒေသခံပြည်သူ တယောက်ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းက သူတို့၏ နေထိုင်စားသောက်မှုဘဝတွေကို ဖျက်ဆီးပစ်ခဲ့သည်။ မူလ နေရပ်တွင် မနေနိုင်ပဲ ပြောင်းရွှေ့နေရာ ချထားသည့် နေရာတွင် နေရသည်။ မိသားစုစားဝတ်နေရေးအတွက် နေရာသစ်တွင် လုပ်ကိုင်စားစရာမရှိ။ - [ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပါတီများနှင့် လက်တွဲသင့်ကြောင့် ကချင်လူထု၏အမြင်သဘောထား](https://burmese.kachinnews.com/2020/11/05/l1-21/): ဒေါက်တာ ခလန်တူးခေါင် နိုင်ငံရေးလေ့လာသုံးသပ်သူ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးဆိုပြီး ညွန်းဆိုနေတာတွေရှိတယ်။ တကယ့်တကယ်ငြိမ်းချမ်ရေးက အပစ်ရပ်ဆဲရေးတစ်ခုထဲ မဟုတ်ဘူး။ အပစ်ခတ်ရပ်ဆဲရေးက ယာယီ Ceasefire သာဖြစ်တယ်။ Peace အဆင့်ရောက်ဖို့ ဆက်သွားရမယ်၊ Peace အဆင့်ရောက်ဖို့က တကယ့်တကယ် အပြောင်းအလဲလုပ်ရမယ်။ နိုင်ငံရေးအပြောင်အလဲ လုပ်နိုင်ဖို့အတွက် ဗဟိုချူပ်ကိုင်မှုစနစ်တွေအားလုံး လျော့ချဖို့ တိုင်းရင်းသားပါတီတွေ လိုအပ်တယ်။ တိုင်းရင်းသားပါတီတွေအားကောင်းရင် ဗဟိုအစိုးရကိုဝိုင်းပြီးတွန်းလို့ရတယ်။ မဟုတ်ရင် ဒီမိုကရေစီတောင်မှ ကမ္ဘောဒီးယား ကပုံစံလိုမျိုး ဖြစ်သွားနိုင်တယ်။ ဒီမိုကရေစီ တစ်ပါတီအာဏာရှင်စနစ်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ပြည်နယ်အခြေပြုပါတီ တိုင်းရင်းသားပါတီအားကောင်းပြီး ညွန့်ပေါင်းဖွဲ့ရင် ဘာပဲဖြစ်ဖြစ် အစိုးရမဖြစ်ရင်တောင် အစိုးရဖွဲ့ချင်တဲ့ ပြည်မပါတီတွေက လာပြီးတော့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုတွေလုပ်ရတဲ့အနေအထားမျိုးကို တွန်းပို့ရမယ်။ NLD အနေနဲ့ ဒီမိုကရေစီကို စံတန်းဖိုးထားတယ်ဆိုရင် သူနဲ့ မူဝါဒတူတဲ့ ပါတီတွေအားလုံးကို သူကညွှန့်ပေါင်းအနေနဲ့ ဖိတ်ခေါ်ရမှာဖြစ်တယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီကို NLD က ပေးမယ်ဆိုရင် ဒီမိုကရေစီ ဖယ်ဒရယ် ပြောနေစရာမလိုဘူး။ တိုင်းရင်းသားပါတီတွေ အားလုံးပြောနေတဲ့ ဖယ်ဒရယ် Principal အရ တူနေရင် လက်တွဲခေါ်ရမှာဖြစ်တယ်။ ဒီမိုကရေစီကို တကယ်တန်းဖိုးထားရင် ဒီမိုကရေစီကိုသဘောကျတဲ့ပါတီအားလုံးကို လက်တွဲခေါ်ရမယ်။ သိက္ခာတော်ရ ဆရာဆမ်ဆွန် KBC ဥက္ကဌ ဒီနေ့ NLD ကလည်းတစ်ဖက်မှာ ဗဟိုချူပ်ကိုင်မှုစနစ်ကို အသုံးပြုနေတယ်လို့မြင်တယ်။ တကယ်တန်းဆို တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေနဲ့လက်တွဲရမှာဖြစ်တယ်။ ဒါပေမဲ့ သူ ဒီလိုမလုပ်ခဲ့ဘူး၊ ဆိုတော့ တိုင်းရင်းသားပါတီတွေအားလုံးက ၂၀၂၀ မှာကျတော့ ၂၀၁၅ ကို အတွေ့အကြုံယူပြီးတော့ ကိုယ့်ပြည်နယ် ကိုယ့်ဒေသတွေမှာ … - [ထပ်မံရွေးချယ်ခံရလျှင် မပြီးပြတ်သေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လုပ်မည်ဟု ဝန်ကြီးချုပ်ပြော](https://burmese.kachinnews.com/2020/11/05/l1-20/): ယခုရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်တင်မြောက်ခံရလျှင် ဝန်ကြီးချုပ်အဖြစ် ၅နှစ်အတွင်း မလုပ်နိုင်ခဲ့သည့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ မနက် မြစ်ကြီးနား ဧရာရပ်ကွက်တွင် ကြိုတင်မဲသွားပေးစဉ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။ - [ချီဖွေစစ်ရှောင်တချို့ နေရပ်ပြန်ရန် စီစဉ်](https://burmese.kachinnews.com/2020/11/04/l2-22/): ကချင်ပြည်နယ် ချီဖွေမြို့နယ်စစ်ရှောင်စခန်းမှ စစ်ရှောင်တချို့သည် နေရပ်ပြန်နိုင်ရေးအတွက် ပထမဆုံးအကြိမ် မိမိတို့ကျေးရွာ ခြုံနွယ်များ သွားရောက်ရှင်းလင်းခဲ့ကြသည်ဟု သိရသည်။ - [တပ်မတော်၏ ကြေညာချက်ကို ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း KIO ဆို](https://burmese.kachinnews.com/2020/11/04/l2-21/): ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပေါ် တပ်မတော်၏ သဘောထားကြေညာချက်ကို ပြန်လည်တုံ့ပြန်မှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။ - [ရွေးကောက်ပွဲအကြို အမှားများကို အစိုးရက တာဝန်ယူရမည်ဟု ကာကွယ်ရေးရုံးမှ ထုတ်ပြန်](https://burmese.kachinnews.com/2020/11/03/l2-20/): လက်ရှိ ရွေးကောက်ပွဲ အကြိုကာလတွင်ဖြစ်ပေါ်နေသော ရွေးကောက်ပွဲကော်မရှင်၏ အမှားများကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရသည်။ - [ဖားကန့်တွင် အချုပ်သားများ စတင် မဲ ပေး](https://burmese.kachinnews.com/2020/11/02/l2-19/): ဖားကန့်မြို့နယ်တွင်ရှိသော အချုပ်သား မဲဆန္ဒရှင် ၁၀၀ ကျော်အနက် တချို့သည် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ မဲပေးနေပြီဖြစ်ကြောင်း သိရသည်။ - [မြစ်ကြီးနားမြို့တွင် Covid-19 အတည်ပြုလူနာ ထပ်တိုး](https://burmese.kachinnews.com/2020/11/02/l1-19/): မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း ရန်ကုန်ပြန် ကိုဗစ်လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ပြောသည်။ - [ခွင့်ပြုချက်မရှိဘဲ မဲဆွယ်ခဲ့သည့် ဖားကန့် NLD ကိုယ်စားလှယ်လောင်းကို USDP ကိုယ်စားလှယ်လောင်းက တိုင်းကြား](https://burmese.kachinnews.com/2020/10/30/l1-18/): Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် မဲဆွယ်ခဲ့သည့် NLD ပါတီကိုယ်စားလှယ်လောင်း ဦးတင့်စိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်း က ဆိုသည်။ - [ဖားကန့် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်း မဖြုတ်သေး](https://burmese.kachinnews.com/2020/10/28/l1-17/): ကချင်ပြည်နယ်က ပိုးတွေ့လူနာအများဆုံးရှိသော ဖားကန့်မြိုနယ် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုမှုရှိနေသော်လည်း ဖြုတ်ပေးရန်အစီစဉ်မရှိသေးကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ထံမှ သိရသည်။ - [လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်](https://burmese.kachinnews.com/2020/10/23/l2-18/): ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ - [KBC ဥက္ကဌ ညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား](https://burmese.kachinnews.com/2020/10/23/l2-17/): မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသောကြောင့် မကြာခင် Bilateral အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟူသောသတင်းသည် သတင်းမှားဖြစ်သည်ဟု သက်ဆိုင်သူများပြောသည်။ - [နမ်ခမ်၊ အင်ဂါးဂါး စစ်ပြေးဒုက္ခသည်များကို တနိုင်းမြို့တွင် ပြန်လည်နေချထားပေး](https://burmese.kachinnews.com/2020/10/22/l3-4/): တနိုင်းမြို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသော နန်ခမ်၊ အင်ဂါးဂါးကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၂၆ စုကို ပြန်လည်နေရာချထားရေးအဖြစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်ခဲ့ကြသည်။ - [မြစ်ကြီးနား ကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်ထားမည်](https://burmese.kachinnews.com/2020/10/22/l2-16/): မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ - [ဆွမ်ပရာဘွမ် ကျေးရွာနယ်နမိတ်အတွင်း ရွှေသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးရန်တောင်းဆို](https://burmese.kachinnews.com/2020/10/22/l1-16/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းရှိ ဖုန်အင်ယာန်ကျေးရွာတွင် ကျေးရွာ တားမြစ်နယ်နမိတ်ဧရိယာအတွင်း ရွှေသတ္ထုတူးဖော်ရန် လုပ်ဆောင်နေသဖြင့် အဆိုပါစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။ - [ဖျက်သိမ်းလိုက်ပြီဖြစ်သော UDP ပါတီတွင် ဆန္ဒမဲ ပြုမိပါက ပယ်မဲ ဖြစ်မယ်ဟု UEC ကြေညာ](https://burmese.kachinnews.com/2020/10/21/l3-3/): ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ပါတီသည် ဖျက်သိမ်းလိုက်ပြီဖြစ်သောကြောင်း လာမည့်ရွေးကောက်ပွဲတွင် UDP ပါတီနေရာတွင် ဆန္ဒမဲ ပြုမည်ဆိုပါက ပယ်မဲအဖြစ်သတ်မှတ်လိုက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ - [မြစ်ကြီးနား ကားကြီးကွင်းတွင် ကိုဗစ် အတည်ပြုလူနာတစ်ဦး ထပ်တိုး](https://burmese.kachinnews.com/2020/10/21/l4/): မြစ်ကြီးနား မြစ်ဖျားဧရာ ကားကြီးကွင်းရှိ လင်းကမ္ဘာကားဂိတ် ဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ကာကွယ်ရေးကော်မတီမှ သိရသည်။ - [Stay Home ကြေညာထားသည့် ကချင်မှ မြို့နယ် ၂ ခုတွင် မဲဆွယ်စည်းရုံးခွင့်မပြု](https://burmese.kachinnews.com/2020/10/21/l2-15/): ကချင်ပြည်နယ်မှ မိုးညှင်းမြို့နယ် နှင့် ဖားကန့်မြို့နယ်ကို Stay Home ကြေညာလိုက်သဖြင့် ထိုမြို့နယ်များတွင် နိုင်ငံရေးပါတီများ မဲဆွယ်ရန် လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။ - [မိုးမောက်မြို့နယ်တွင် KSPP နှင့် KNC ပါတီဆိုင်းဘုတ်များ ဖျက်စီးခံရ](https://burmese.kachinnews.com/2020/10/21/l2-14/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC တို့၏ ပါတီ ဆိုင်းဘုတ်များ အောက်တိုဘာ ၁၅ ရက်နေ့က ဖျက်စီးခံရကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ - [ဖားကန့် စည်ပင်ဥက္ကဌ ရွေးချယ်မှုတွင် အစိုးရက ဗဟိုဦးစီး စနစ်ဆန်နေကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ထောက်ပြ](https://burmese.kachinnews.com/2020/10/20/l3-2/): ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌရွေးချယ်သည့်ကိစ္စတွင် ပြည်နယ်အစိုးရ၏လုပ်ရပ်သည် ဗဟိုဦးစီးစနစ်ဆန်လွန်းကာ ပြည်သူ့အသံကို လှစ်လျူရှုရာ ရောက်နေကြောင်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ပြည်နယ်ဝန်ကြီးချုပ်ထံ အကြံပြုခဲ့သည်ဟု သိရသည်။ - [ဖားကန့်နှင့် မိုးညှင်းကို Stay Home သတ်မှတ်ပြီးနောက် မြစ်ကြီးနားမြို့အဝင်ဂိတ်ကိုလည်း စစ်ဆေးရေးတင်းကြပ်](https://burmese.kachinnews.com/2020/10/20/l1-15/): Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်းသို့ ဝင်ရောက်လာသူတိုင်းကို ၂၁ မိုင်ဂိတ်တွင် အောက်တိုဘာ ၂၀ ရက်နေ့မှ စတင်ပြီး ဝင်ခွင့်စတင်စစ်ဆေးနေပြီ ဖြစ်သည်ဟု သိရသည်။ - [လီဒိုလမ်းမပေါ်က ပိုးတွေ့လူနာကို ဘန်ကောက်ဆေးရုံတွင် ဆေးကုသပေး](https://burmese.kachinnews.com/2020/10/20/l1-14/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာမှ Covid-19 အတည်ပြုလူနာကို လက်ရှိ ဘန်ကောက်တိုက်နယ်ဆေးရုံတွင် ဆေးကုသခံယူနေစေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဝါရာဇွပ်ကျေးရွာ အုပ်ချူပ်ရေးမှူး ထံမှ သိရသည်။ - [ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KBC ဥက္ကဌ ဖြင့်တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2020/10/19/%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80/): ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ မဲပေးကြရန် တိုက်တွန်းသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KBC အသင်းချုပ် ဥက္ကဌ Rev.Dr. Hkalam Samson ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ - [ကချင်ပြည်နယ်က ကျေးရွာ ၁၉၂ နေရာမှာ ရွေးကောက်ပွဲပြုလုပ်မည်မဟုတ်ကြောင်း ကြေညာ](https://burmese.kachinnews.com/2020/10/18/l2-12/): ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာအများစုမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။ - [Covid-19 ကြောင့် ဖားကန့်တွင် မဲရုံထပ်တိုးပေးရန် တောင်းဆို](https://burmese.kachinnews.com/2020/10/18/l2-11/): ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်တွင်းရှိ ဗလခကျေးရွာမှ ဒေသခံများအား မဲရုံသီးသန့်ထားရှိပေးရန်တောင်းဆိုထားကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။ - [ကချင်တစ်ပြည်နယ်လုံးတွင် ရွေ့ပြောင်းမဲစာရင်း ၃ သောင်းကျော်ထပ်တိုး၊ ဖားကန့်အများဆုံးဖြစ်](https://burmese.kachinnews.com/2020/10/18/l1-13/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပုံစံ ၃(က) လာရောက်လျှောက်ထားသည့် မဲဆန္ဒရှင်စာရင်း ၃ သောင်းကျော်ရှိပြီး အများဆုံးမှာ ဖားကန့်မြို့နယ်မှ ဖြစ်သည်ဟု သိရသည်။ - [Ethnic Language TV (October 17, 2023)](https://burmese.kachinnews.com/2020/10/17/l2-13/) - [KSPP ပါတီက Kareng Bawm Awn ကို တရားစွဲဆိုထားသည်ဆိုသည့် သတင်းအမှား](https://burmese.kachinnews.com/2020/10/16/l3/): ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Kachin State People’s Party – KSPP ပါတီမှ ဒေါ်ဒွဲဘူ က စာရေးဆရာတစ်ဦးဖြစ်သော Kareng Bawm Awn ကို အသေရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆိုထားသည်ဟု ‘Mirror Kachin’ အမည်ရှိ Facebook Account တစ်ခုတွင်ရေးသားဖြန့်ဝေနေမှုမှာ သတင်းအမှားသာဖြစ်သည်ဟု သက်ဆိုင်သူများက ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဦး Kareng Bawm Awn ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီသော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူကိုလည်း အငြင်းပွားဖွယ်ရာ ပြဿနာတစ်စုံတစ်ရာကြောင့် တရားစွဲဆိုထားခြင်း မရှိကြောင်းပြောဆိုသည်။ သို့သော် ဒေါ်ဒွဲဘူ၏ သားဖြစ်သူ ဆိုင်ခွမ်အောင်းအပါအဝင် ၃ ဦးကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အသရေဖျက်မှုကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နှင့် တရားစွဲဆိုထားကြောင်း ဦး Kareng Bawm Awn က ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောဆိုခဲ့သည်။ “KSPP ပါတီအနေနဲ့ကော ပြီးရင် ရှေ့နေ ဒေါ်ဒွဲဘူကိုကော သီးခြားတရားစွဲဆိုထားတာ မရှိပါဘူး။ ဒါပေမယ့် သူ၏ သားဖြစ်သူ ဆိုင်းခွမ်အောင်ကိုတော့ လူမှုကွန်ယက်မှာ အသရေဖျက်မှုကြောင့် ပုဒ်မ ၆၆ (ဃ)နဲ့မြို့နယ်တရားရုံးမှာ မေလ ၂၈ရက်နေ့ တရားစွဲဆိုထားတာကရှိတယ်။ အဲ့ဒီအမှုကလည်း ဒီလ ၂၈ရက်နေ့မှာ စစ်ဆေးမယ်လို့တော့သိရတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးကနေ တရားစွဲခွင့်အမိန့်မကျသေးဘူး” ဟု ပြောဆိုသည်။ ဦး Kareng Bawm Awn … - [မြစ်ကြီးနားမြို့တွင်း ဒုတိယအကြိမ် မဲစာရင်းလာရောက်ကြည့်ရှု့သူ ပိုများကြောင်း အုပ်ချုပ်ရေးမှုးများဆို](https://burmese.kachinnews.com/2020/10/16/l2-10/): မြစ်ကြီးနားမြို့အတွင်း ပြည်သူများသည် ပထမအကြိမ်ထက် ဒုတိယအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ ပိုမိုမြင့်တက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချူပ်ရေးမှူးများက ဆိုသည်။ - [Quarantine ကန့်သတ်ခံရသူများ ကြိုတင်မဲပေးနိုင်](https://burmese.kachinnews.com/2020/10/16/l1-12/): နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်အထိ Covid-19 ကြောင့် အသွားအလာကန့်သတ် ခံထားရသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ - [ဖားကန့်တွင် ၂၀၂၀ ခုနှစ် မဲပေးမည့်စာရင်းသည် ၂၀၁၅ ခုနှစ်စာရင်းထက် လူဦးရေ ထက်ဝက်ခန့်တိုး](https://burmese.kachinnews.com/2020/10/15/l2-9/): ဖားကန့်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးနိုင်မည့် လူဦးရေသည် ၂၀၁၅ ရွေးကောက်ပွဲထက် လူဦးရေ ထက်ဝက်ခန့်တိုးလာကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ - [မဲ အများဆုံးရရှိခဲ့သော်လည်း စည်ပင် ဥက္ကဌအဖြစ်တင်မြောက်ခြင်းမခံရတဲ့ ဦးနော်ဆန့်](https://burmese.kachinnews.com/2020/10/15/l1-11/): ဖားကန့် စည်ပင်ဥက္ကဌရွေးချယ်တင်မြောက်မှုသည် ပွင့်လင်းမြင်သာမှုနှင့် မျှတမှု မရှိကြောင်း ဝေဖန်မှုများစွာရှိနေသည်။ မဲခွဲဆုံးဖြတ်ရာတွင် မဲအများဆုံးရရှိသူကို ဥက္ကဌအဖြစ် မခန့်ဘဲ သူ့ထက်မဲနည်းသောသူကို ဥက္ကဌအဖြစ်ခန့်အပ်လိုက်ပြီးနောက် ယခုလို ဝေဖန်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ က မဲအများဆုံးသူကို ရွေးချယ်ရမည်ဟု ဥပဒေတွင် ပြဌာန်းထားခြင်း မရှိသောကြောင့် ယခုရွေးချယ်မှုကို သိရှိနားလည်ပေးရန်ဆိုပြီး ၎င်း၏ လူမှုစာမျှက်နှာတွင် ဖော်ပြထားသည်။ ထို့ကြောင့် မဲအများဆုံးရရှိခဲ့သော်လည်း ဖားကန့်မြို့နယ် စည်ပင် ဥက္ကဌအဖြစ်ရွေးချယ်ခြင်း မခံရသော ဦးနော်ဆန့်ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။ မေး။ ။ရှေးဦးစွာ ဦးနော်ဆန့်ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပေးပါ။ ဖြေ။ ။ကျနော့ နာမည် ဦးနော်ဆန့်ပါ။ ဖားကန့်မြို့မော်ဝမ်းရပ်ကွက်မှာ နေထိုင်ပါတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့အလုပ်အကိုင်တွေက ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌတာဝန်၊ ဖားကန့် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှာ ရံပုံငွေရှာဖွေရေး တာဝန်ခံတစ်ဦးဖြစ်သလို ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်များအသင်းရဲ့ တတိယအတွင်းရေးမှူးနှင့်စိုက်ပျိုးရေး မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာနဖြစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မြစိမ်းရောင်စီမံကိန်း မြို့နယ်တာဝန်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ နောက်အရင်အစိုးရ လက်ထက်မှာ ဥရုချောင်းရှင်းလင်းလုပ်ငန်းစဉ်မှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ ဖားကန့်မှာနေထိုင်တာကအခုဆိုရင် ၃၁ နှစ် ရှိပါပြီ။ မေး။ ။ ဦးနော်ဆန့်အနေနဲ့ ဖားကန့်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ရွေးကောက်တင်မြောက်ရာမှာ ဘယ်လိုရည်ရွယ်ချက်တွေထားရှိပြီး ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲ။ ဖြေ။ ။ ကျနော်အနေနဲ့ ဖားကန့် စည်ပင်သာယာရေး ဥက္ကဌနေရာမှာ အရင်တုန်း ကလည်းယှဉ်ပြိုင်ဖို့လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဖားကန့်မှာက ကျောက်မျက်တူးဖော်တဲ့ဒေသဖြစ်တဲ့အတွက် အခုဆိုသယံဇာတတွေက ကုန်ဆုံးလာပြီလို့ပြောလို့ရတယ်။ အဲ့ဒီတော့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့က ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းရှင်တွေနဲ့ … - [ကိုဗစ်ကာလ လုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေးလှုပ်ရှားမှု လူငယ်များပြုလုပ်](https://burmese.kachinnews.com/2020/10/13/l2-8/): လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးနှင့် မဲစာရင်းကိုလည်းနောက်ဆုံး အမြန်စစ်ဆေးကြဖို့တိုက်တွန်းသော လူငယ်အဖွဲ့များက စက်ဘီးစီးလှုပ်ရှားမှုအစီစဉ်ကို မြစ်ကြီးနား မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ - [ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်](https://burmese.kachinnews.com/2020/10/13/l1-10/): ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌအသစ်တင်မြောက်ရာတွင် တရားမျှတမှုမရှိသောကြောင့် ကန့်ကွက်ရှုံ့ချကြောင်း ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများက ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အောက်တိုဘာ ၁၃ ရက်နေ့က တင်ပြထားသည်ဟု သိရသည်။ စည်ပင်သာယာရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲပြုလုပ်ရန် သြဂုတ်လ ၁၈ရက်နေ့ ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည်စုံသည့် ၈ဦးအား ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ရွေးချယ်ရေးကော်မတီများရှေ့၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးနော်ဆန့် ၃မဲ၊ ဦးမင်းမင်စိုးနှင့် ဦးမြင့်အေး ၂ဦးက တန်းတူ ၂မဲစီ ရရှိခဲ့ကြောင်း ရွေးချယ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။ မဲအများဆုံးရရှိသူ ဦးနော်ဆန့် က ဥက္ကဌရာထူးနေရာကို ဆက်ခံရမည် ဖြစ်သော်လည်း၊ ၂မဲ သာရရှိသော ဦးမင်းမင်းစိုးကို ဖားကန့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ အဖြစ်ခန့်အပ်လိုက်သောကြောင့် ဒေသခံတစ်ချို့က ကန့်ကွက်နေကြောင်း ဖားကန့်ဒေသခံ ဦးလမောင်လတောင် က ယခုလိုပြောဆိုသည်။ “အခုသူတို့ရဲ့လုပ်ပုံက မဲများဆုံးရရှိသူကို ဥက္ကဌ မခန့်ဘဲ ၂မဲသာရရှိတဲ့သူကိုမှ ဥက္ကဌ ပြန်ခန့်လိုက်တယ် ဆိုတာက တရားမျှတမှုမရှိဘူဆိုတာ အရမ်းပေါ်လွင်နေတယ်ပေါ့။ အဲ့ဒါကို ဒီမှာရှိတဲ့ ဒေသခံတစ်ချို့က သဘောမတူဘဲ ကန့်ကွက်နေကြတယ်။ ၃မဲနဲ့နိုင်တဲ့ ဦးနော်ဆန့်ကို ဥက္ကဌ မခန့်အပ်တဲ့ ဖြေရှင်းချက်ကိုသိချင်တယ်” ဟု ပြော ဆိုသည်။ လက်ရှိ ဖားကန့်မြို့နယ်စည်ပင်ဥက္ကဌအဖြစ်ခန့်အပ်လိုက်သည့် ဦးမင်းမင်းစိုးမှာ NLD ပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဖားကန့် မရှီကထောင်ရပ်ကွက် စီးရုံးရေးမှူးဖြစ်သည်ဟုလည်း ဦးလမောင် လတောင်က ပြောဆိုသည်။ ဖားကန့်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌအဖြစ်ရွေးချယ်နိုင်ရန် ရွေးချယ်ရေးကော်မတီ၏ မဲရလဒ်နှင့်အမည်စာရင်းများကို ပြည်နယ်အစိုးရထံသို့တင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဦးမင်းမင်းစိုးကို ဥက္ကဌအဖြစ်ခန့်အပ်ရန်နှင့် ဦးနော်ဆန့်ကို … - [နိုင်ငံပိုင်ရုပ်သံတွင်ဟောပြောမှု KSPP ကချင်ပါတီ ပါဝင်တော့မည် မဟုတ်](https://burmese.kachinnews.com/2020/10/10/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba/) - [ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီစဉ် ပါဝင်မည် မဟုတ်](https://burmese.kachinnews.com/2020/10/09/l1/): ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများဟောပြောခြင်းအစီစဉ်တွင် ပါဝင်တော့မည် မဟုတ်ကြောင်း ပါတီတာဝန်ခံများထံမှ သိရသည်။ - [ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား ဖြင့် ပို့ဆောင်မည်](https://burmese.kachinnews.com/2020/10/08/l2-2/): ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံး ပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား များဖြင့် ပို့ဆောင်မည်ဖြစ်သည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။ - [ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ မဲစာရင်း ၁ သောင်းကျော်တိုးလာ](https://burmese.kachinnews.com/2020/10/08/l2/): ကချင်ပြည်နယ်တွင် ဒုတိအကြိမ်မဲစာရင်းကြေငြာပြီးနောက် မဲဆန္ဒရှင်ဦးရေ ၁သောင်းကျော်ထပ်တိုးလာကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [မိုးကောင်းမြို့နယ် စာသင်ကျောင်းမြေတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ရန်ကိစ္စ ဒေသခံတချို့ ကန့်ကွက်](https://burmese.kachinnews.com/2020/10/08/p1/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လွယ်လင်ယာန်အုပ်စု ကျေးရွာတွင် ပြည်သူပိုင်စာသင်ကျောင်း မြေဧရိယာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားမှုရှိနေကြောင်း သိရသည်။ - [ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်ရန်လျာထား](https://burmese.kachinnews.com/2020/10/07/l1-2/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်မည်ဖြစ်ကြောင်း ဗန်းမော် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [မိုးညှင်းခရိုင်တွင် မသန်စွမ်းများ မဲပေးရန် မဲရုံပေါင်း ၁၄၀ ရှိ](https://burmese.kachinnews.com/2020/10/07/l2-3/): ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မသန်စွမ်းများမဲပေးမည့် မဲရုံပေါင်း ၁၄၀ ရုံရှိကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [ရှဒူးဇွပ်ချောင်းရှင်းလင်းမှုကို ထိရောက်စွာဆောင်ရွက်စေလိုကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2020/10/07/jahtu-zup/): ဆိုးရွားသည့် ရေကြီးရေလျံမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ရသော လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သော်လည်း ဒေသခံများ၏ သဘောတူညီမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။ - [ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ](https://burmese.kachinnews.com/2020/10/07/l1-3/): ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂ အမျိုးသားပါတီ](https://burmese.kachinnews.com/2020/10/06/l1-4/): လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ပါက ဒေသဖွံ့ဖြိုးရေး၊ အခြေခံဥပဒေ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပင်လုံကတိကဝတ်အတိုင်း တိုင်းပြည်ပုံဖော်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်က ပြောသည်။ - [Covid ပြင်းထန်နေသည့် ရန်ကုန်သို့ အားဖြည့်ကူညီရန် ကချင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများ ဒုတိယအကြိမ် ပြန်လည်ထွက်ခွာ](https://burmese.kachinnews.com/2020/10/05/l2-4/): ကိုဗစ်-၁၉ ကူးစက်ခံရမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကူညီအားဖြည့်ရန် ကချင်ပြည်နယ်မှ သူနာပြု ဆရာမ ၂၀ ဦးသည် အောက်တိုဘာလ ၅ရက်နေ့ ရန်ကုန်သို့ ထွက်ခွာသွားပြီဖြစ်သည်။ - [KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်](https://burmese.kachinnews.com/2020/10/05/kio-name/): လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ‘လာမည့် ရွေးကောက်ပွဲတွင် KIO အဖွဲ့၀င်များအနေဖြင့် တစုံတရာ ထောက်ခံပါ၀င် ပတ်သက်ခြင်း မပြုလုပ်ရန်’ ဟူသော အကြောင်းကြားစာသည် လူမှုကွန်ရက် facebook ပေါ်တွင် စက်တင်ဘာ လ လယ်ပိုင်းက သတိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ KIO အဖွဲ့၏ တံဆိပ်မပါဘဲ ထုတ်ပြန်သော အဆိုပါစာကို မချမ်းဘော့မြို့နယ် NLD ပါတီလူကြီးများက အသုံးချပြီး “KSPP ကို KIO တောင်မှ မထောက်ခံဘူး”ဆိုကာ မဟုတ်မမှန် မဲဆွယ် စည်းရုံးခဲ့ခြင်းပေါ် တောင်းပန်ခြင်း ဖြစ်သည်ဟု သိရသည်။ “ရွေးကောက်ပွဲ ကော်မရှင်မှာ ပြဿနာညှိနှိုင်းရေးကော်မတီ ရှိပါတယ်။ အဲဒီမှာ ပြဿနာ သွားဖြေရှင်းကြတော့၊ သူတို့ (NLD) ဖက်ကနေ သူတို့ လုပ်ဆောင်မှု မှားသွားကြောင်း၊ ဒိကိစ္စအတွက် သူတို့ တာဝန်ယူကြောင်း၊ လူထု ရှင်းလင်းမှုကိုပါ သူတို့ ပြုလုပ်သွားမယ် ဆိုပြီး တောင်းပန်တော့ အဲဒီလိုနဲ့ ကျေအေးခဲ့တာပါ” ဟု KSPP ဒုဥက္ကဌ၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒူဝါ ကွမ်ဂေါင် အောင်ခမ်း က ကချင်သတင်းဌာန KNG ကို ပြောသည်။ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ KSPP ၏ တိုင်ကြားချက်ပေါ် NLD ဒေသ လူကြီးများက … - [ဖားကန့်မြို့ကို Stay at Home သတ်မှတ်ပေးရန် တောင်းဆို](https://burmese.kachinnews.com/2020/10/04/hpakan-stay-home/): ဖားကန့်မြို့အား Stay at Home သတ်မှတ်ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ တောင်းဆိုထားကြောင်း ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးထံမှ သိရသည်။ - [မူးယစ်ဆေးဝါးရောင်းချသူနှင့် သုံးစွဲသူများလာတဲ့ ငွေပျော်စံပြ](https://burmese.kachinnews.com/2020/10/03/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%9e%e1%80%b0/) - [နေရပ်ပြန်မည့်ကျေးရွာ ၁၄ ရွာအတွက် နေအိမ်များစတင်ဆောက်လုပ်တော့မည်](https://burmese.kachinnews.com/2020/10/02/l1-5/): ကချင်စစ်ရှောင်များနေရပ်ပြန်ရေးအတွက် နေအိမ်ဆောက်လုပ်မှုများကို မကြာခင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC မှ ဦးခါးလီ က ယခုလိုပြောဆိုသည်။ - [ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းသူနှင့် သုံးစွဲသူများလာ](https://burmese.kachinnews.com/2020/10/02/l2-5/): ကချင် စစ်ပြေးဒုက္ခသည်များကိုနေရာချထားသည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချမှုနှင့် သုံးစွဲသူများလာသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိသဖြင့် လူငယ်မိဘများက စိုးရိမ်နေကြသည်။ - [မြစ်ဆုံစီမံကိန်းကို လာမည့်အစိုးရလက်ထက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဒေသခံများပြော](https://burmese.kachinnews.com/2020/10/01/l1-myitsone/): မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်စေရန် လာမည့်အစိုးရအဆက်ဆက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်ဟု စီမံကိန်းယာယီရပ်ဆိုင်းခြင်း ၉နှစ်ပြည့်နေ့တွင် ဒေသခံများက ပြောဆိုခဲ့သည်။ - [မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ](https://burmese.kachinnews.com/2020/10/01/munyin/): မိုးညှင်းခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် ရက် (၉၀) နေထိုင်ကြောင်း ပုံစံ (၃-က) ဖြင့်အသစ် လာရောက်လျောက်ထားသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [KIO ထိန်းချုပ်နယ်မြေ အဝင်အထွက်အားလုံး ပိတ်](https://burmese.kachinnews.com/2020/10/01/kio/): မြန်မာပြည်တွင် Covid-19 ကပ်ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ရာဒေသသို့ ဝင်ထွက်သွားလာမှုများအားလုံးကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီမှ ထုတ်ပြန်ထားသည်။ - [ရှမ်းမြောက် KIA နှင့်ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ စစ်သား ၆ဦးသေ၊ ၅ဦး ထိခိုက်](https://burmese.kachinnews.com/2020/09/29/clashes-in-norther-shan-state/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အား နယ်မြေရှင်းလင်းရေး’ စစ်ဆင်တိုက်ခိုက်ရာတွင် စက်တင်ဘာ (၂၈) တနင်္လာနေ့ က မြန်မာ စစ်သား အနည်းဆုံး (၆)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၅)ဦး ရှိကြောင်း KIA ဘက်မှ ဆိုပါသည်။ တနင်္လာနေ့ နံနက်ပိုင်းမှ ညနေပိုင်း ထိ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ သုံးနေရာတွင် တိုက်ပွဲများဖြစ်ပွားကာ တပ်မတော်ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။ “အနည်းဆုံး (၆)ဦး (၇)ဦးခန့် သေဆုံးနိုင်တယ်။ ဒဏ်ရာ ရတာကတော့ (၅)ဦးမှ (၇)ဦးထိ ရှိနိုင်တယ်။” KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း သူက ဆိုပါသည်။ တပ်မ (၈၈) စစ်ကြောင်းများ မုန်းဘော် (Mungbaw) ကျေးရွာပတ်၀န်းကျင် တောင်းကုန်များရှိ KIA တပ်ရင်း (၃၆) စခန်းများကို သုံးနေရာမှ ‘နယ်မြေရှင်းလင်းရေး’ ထိုးစစ်ဆင်တိုက်မှု ပြုလုပ်ပြီး ပြန်ဆင်းလာစဥ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “မိုင်ဖန် (Mai Hpang) ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ နမ်တောင်း (Nam Tau)၊ မခေါယန် (Mahkaw Yang)နားမှာ စောင့်ကြိုတိုက်ခိုက်တယ်၊ အဲဒီမှာ ထိခိုက်သေဆုံးမှု အနည်းငယ် ရှိတယ်။ မနက်ပိုင်းမှာပဲ မန်နောင်ယန် … - [ပန်နန်းဒင်သွားလမ်း တောင်ပြိုမှုကြောင့် ပြတ်တောက်](https://burmese.kachinnews.com/2020/09/28/putao/): ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပန်နန်းဒင်မြို့သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုရှိနေသဖြင့် အလွန်ခက်ခဲနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့ နောင်မွန်းမြို့မှ ပန်နန်းဒင်မြို့သို့ သွားသောလမ်းမကြီးတွင် တောင်ကမ်းပါးများပြိုကျပြီး၊ ကြိုးတံတားလည်း ပျက်စီးသွားကြောင်း နောင်မွန်းဒေသခံ ဦး ကူရှင်မင်းထံမှ သိရသည်။ “ပြီးတဲ့အပတ်မှာဘဲ မိုးတအားရွာတော့ နောင်မွန်းကျေးရွာနဲ့ ပန်းနန်းဒင်ဘက် သွားတဲ့ လမ်းမကြီးပေါ်မှာ ၃နေရာလောက်မှာ မြေပြိုကျပြီး လမ်းတွေလူသွားလို့မရအောင်ပိတ်ဆို့နေတယ်။ နောက်ပြီး ပန်နန်းဒင်ကိုသွားတဲ့ လမ်းပေါ်က ကြိုးတံတားလည်း ကမ်းပါးတွေပြိုတော့ တစ်ဖက်စောင်းသွားတယ်။ အခုက သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့တော့ ကြားတယ်” ဟု ပြောဆိုသည်။ နောင်မွန်းမြို့မှ ပန်နန်းဒင်သို့သွားသောလမ်းတွင် ခက်ခဲနေသဖြင့် ဒေသခံများ၏ စာနပ်ရိက္ခာအတွက်လည်း များစွာအခက်အခဲရှိလာ နိုင်သောကြောင့်လမ်းအမြန်ပြုပြင်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အရင်နှစ်တွေမှာက ပြိုတော့ပြိုတယ်။ ဒီလောက်ဆိုးဆိုးရွားရွာမဖြစ်ဘူး။ ချောင်းရေတွေလည်း တော်တော်ကြီးတယ်။ အဲ့ဒီတော့ ပျက်နေတဲ့လမ်းတွေကို အစိုးရက မြန်မြန်ဆန်ဆန် မလုပ်နိုင်သေးရင် အဲ့ဒီဘက်မှာရှိတဲ့ ဒေသခံတွေက စားရေးသောက်ရေးအတွက် အင်မတန်ခက်ခဲလာမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က စားနပ်ရိက္ခာတွေက နောင်မွန်းမြို့ထဲကဘဲ လာဝယ်ယူကြတာလေ။ နောက် အဲ့မှာက တောင်ယာတွေလည်း သိပ်မလုပ်ကြဘူး။ အဲ့ကြောင့် လမ်းပျက်နေရင် ဘယ်သူမှ လာနိုင်ကြမှာ မဟုတ်ဘူး။ ပြီးရင် ကူညီထောက်ပံ့ပေးမယ့် သူတွေလည်း သွားလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ သူတွေအနနဲ့ အချိန်သိပ်မဆွဲစေချင်ဘူး”ဟု ပြောသည်။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာရေကြီးရေလျှံမှုနှင့် လမ်းပျက်စီးမှုများကြုံတွေ့နေရသည်။ - [KIA တပ်စခန်းဖယ်ရှားပေးရေးကိစ္စကြောင့် တိုက်ပွဲဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများစိုးရိမ်](https://burmese.kachinnews.com/2020/09/28/kia-2/): ချီဖွေမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် တပ်မတော်ဘက်ကအကြောင်းကြားခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများရှိနေသဖြင့် ထိုဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း စိုးရိမ်နေကြသည်။ - [ဆွမ်ပရာဘွမ်က ရွှေတူးဖော်တဲ့လုပ်ငန်းကို ဒေသခံများကန့်ကွက်](https://burmese.kachinnews.com/2020/09/26/%e1%80%86%e1%80%bd%e1%80%99%e1%80%ba%e1%80%95%e1%80%9b%e1%80%ac%e1%80%98%e1%80%bd%e1%80%99%e1%80%ba%e1%80%80-%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%90%e1%80%b0%e1%80%b8%e1%80%96%e1%80%b1%e1%80%ac/) - [ပူတာအိုခရိုင်တွင် တပ်မတော်သားသီးသန့် မဲရုံ ၁ ရုံအပါ တပ်မဲရုံ ၄ ရုံသာရှိ](https://burmese.kachinnews.com/2020/09/25/putao-2/): ပူတာအိုခရိုင်တွင် လက်ရှိအချိန်ထိ တပ်မတော်သားများအတွက် မဲရုံ ၄ရုံသာရှိပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ပြန်လည်ထုတ်ပြန်မည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ သိရသည်။ - [နယ်လှည့်ဆေးကုမှုကို ပိတ်ပင်မှုကြောင့် ကျေးလက်ပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်မည်ကိုစိုးရိမ်](https://burmese.kachinnews.com/2020/09/25/l1-6/): ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့များကို ကျေးလက်ဒေသများသို့ လာရောက်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် တောင်ပေါ်ဒေသရှိပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်နေမှုအခြေအနေအတွက် စိုးရိမ်ကြောင်း KBHWT အဖွဲ့က ဆိုသည်။ - [ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ](https://burmese.kachinnews.com/2020/09/25/jahtu-zup-2/): ဖားကန့်မြို့နယ် ရှဒူးဇွပ်(Ja Htu Zup) ကျေးရွာတွင် ယခုနှစ်အတွင်း တတိယအကြိမ် ထပ်မံ ရေကြီးလာသောကြောင့် ပြန်လည်ထူထောင်ရေးနှင့် အစားအသောက်များကူညီထောက်ပံ့ရန် လိုအပ်နေသည်ဟု ဒေသခံများပြောသည်။ - [ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/09/25/howa-bum/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ တိုက်ပွဲပြန်လည် ဖြစ်ပွားလာကြောင်း ဒေသခံများဆိုပါသည်။ တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည ၈ နာရီချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများ ပြောပါသည်။ “မွန်းလွဲပိုင်း ၄နာရီ မိနစ် ၂၀ ခန့် ကနေ KIA တပ်ရင်း (၃၆) စခန်း Howa Bum တောင်မှာ အခုထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ တပ်မ (၈၈) ဖက်က သွား တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်တာပါ။ အခုချိန်ထိ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ကြာသပတေးနေ့ည ၈နာရီခန့်မှာ ပြောပါသည်။ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ ဧရိယာအတွင်း တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ “နယ်မြေရှင်းလင်းရေး” စစ်ဆင်နေသောကြောင့် ယခုလ စက်တင်ဘာ … - [Covid-19 ကာလ ကိုယ်စားလှယ်လောင်းများ ကန့်သတ်ချက်ဖြင့် မဲဆွယ်နေရ](https://burmese.kachinnews.com/2020/09/24/covid-19-2/): Covid-19 ကပ်ရောဂါကာလဖြစ်သော်လည်း ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရာတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများပင် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။ - [ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ](https://burmese.kachinnews.com/2020/09/24/case/): နေပြည်တော်တွင် ပိုးတွေ့ခဲ့သောလူနာ တည်းခိုခဲ့သည့် မြစ်ကြီးနားရှိ အေးချမ်းသာ အဆင့်မြင့်တည်းခိုခန်းနှင့်ပတ်သက်ပြီး လာရောက်တည်ခိုခဲ့သူ ၂၀ ဦးကို မြစ်ကြီးနားမြို့ရှိ သတ်မှတ်ထားသည့် Quarantine Center တွင် ထားရှိပြီဖြစ်ကြောင်း မြစ်ကြီးနားအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။ - [ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်](https://burmese.kachinnews.com/2020/09/23/sumprabum/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် အစိုးရတရားဝင်ခွင့်ပြုထားသည့် ရွှေတူးဖော်လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ဝင်ရောက်တူးဖော်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ - [ကချင်ပြည်နယ်လိပ်စာဖြင့် ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ မန္တလေးနှင့် နေပြည်တော်တွင်အသွားအလာကန့်သတ်ခံထားရသူများဖြစ်](https://burmese.kachinnews.com/2020/09/23/confirm-case/): ကချင်ပြည်နယ် မိုးကောင်းနှင့် ပူတာအိုမြို့နယ်မှ ထပ်တိုး ပိုးတွေ့လူနာ ၂ ဦးသည် လက်ရှိ မန္တလေးနှင့်နေပြည်တော်တွင် အသွားအလာကန့်သတ်ခံထားရသူများဖြစ်သည်ဟု သိရသည်။ - [ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား](https://burmese.kachinnews.com/2020/09/22/hpakan/): ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (SOP) အရ Stay Home သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း သိရသည်။ ထို့ကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ပြည်သူနဲ့ ထိတွေ့ကာ မဲဆွယ်ခွင့်ရမည် မဟုတ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ဆိုသည်။ “Stay at Home မှာ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီးတော့ Covid-19 ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့(SOP) ဆိုတာရှိတယ် အပိုင်း ၁မှာ ပါတယ်။ Stay at Home သတ်မှတ်လိုက်ပြီဆိုလို့ရှိရင် မဲဆွယ်စည်းရုံးခွင့်မရှိတော့ဘူး။ အဲတော့ ကချင်ပြည်နယ်မှာ ဖားကန့်က Stay at Home သတ်မှတ်ထားတယ်လို့ သိရတယ် အဲတော့ (SOP) အရ မဲဆွယ်လို့မရတော့ဘူး။” ဟု ပြောသည်။ လက်ရှိကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်သူ ၁၃ ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့ ၁၃ ဦးအနက် ၉ ဦးသည် ဖားကန့်မြို့မှ ဖြစ်သည့်တွက် စက်တင်ဘာလ ၂၀ ရက်နေ့မှစကာ ဖားကန့်မြို့ပြည်သူများအား Stay Home သတ်မှတ်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့မှစကာ မဲဆွယ်ခွင့်ပြုထားသော်လည်း Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်အတွက် အွန်လိုင်းမှတစ်ဆင့်သာ မဲဆွယ်ရန်အတွက်ပြင်ဆင်ထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလအောင် က ကချင်သတင်းဌာန KNG ကို ပြောသည်။ “ Stay at Home ကာလဖြစ်တဲ့ချိန်ကျတော့ … - [ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်](https://burmese.kachinnews.com/2020/09/22/l1-7/): Stay Home သတ်မှတ်ထားသည့် ဖားကန့်မြို့မှ မြစ်ကြီးနားသို့ ဝင်ရောက်လာသူများနှင့် မြစ်ကြီးနားမြို့မှ ဖားကန့်သို့ ဝင်မည့် မည်သူမဆို သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက် Quarantine ဝင်ရမည်ဖြစ်သည်။ - [ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို](https://burmese.kachinnews.com/2020/09/22/civil-war/): နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ထုတ်ပြန်တောင်းဆိုခဲ့သည်။ - [ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို​ ရွေးချယ်ကြမလဲ](https://burmese.kachinnews.com/2020/09/21/l1-8/): လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ငြိမ်းချမ်းမှုမရရှိသေးသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သင့်သည့်အကြောင်း ကချင်လူထု၏ အမြင်ကို ရွေးချယ်တင်ဆက်ထားပါသည်။ စာဂျီ Kachin Development Network Group ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ မငြိမ်းချမ်းတဲ့ပြည်နယ်ဒေသက တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပိုပြီးသင့်တော်မယ်။ ဒါမှကိုယ့်နေရာမှာဘာဖြစ်တယ်ဆိုတာ တိတိကျကျပြောနိုင်တယ်။ ခံစားချက်လည်းရှိတယ်။ ကိုယ့်ဒေသကို ဘယ်လိုငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတာ ဆန္ဒလည်းပိုပြင်းပြတယ်။ ထိရောက်မှုရှိတာက ကိုယ့်ပြည်နယ်က တိုင်းရင်းသားပါတီထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးလို့ရှိရင် ပိုပြီးမှ ထိရောက်မှုရှိမယ်။ တခြားနယ်ကလူတွေက ကိုယ့်ဒေသလောက် ဘယ်သူမှမချစ်နိုင်ဘူး။ ချစ်တယ် လုပ်ပေးမယ်လို့ပြောနေတာက မူအရပဲဖြစ်မယ်။ ကိုယ့်ဒေသမှာဘာကြောင့် မငြိမ်းချမ်းသေးတာလဲ၊ ဘယ်လိုမျိုးနေရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်နက်ကိုင်တွေရှိနေသေးတဲ့ ကိုယ့်ဒေသ အခြေအနေတွေကို ကိုယ့်တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကသာ သိတယ်။ ဒါကြောင့် မိမိပြဿနာဖြေရှင်းနိုင်မယ်။ ပိုပြီးထိရောက်မှုရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။ အောင်မျိုးဆန် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စနစ်တကျနှင့် အကောင်အထည်ဖော်နိုင်ဖို့ အောင်မြင်နိုင်ဖို့ရွေချယ်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကျတော့ (၁)အချက်အနေဖြင့် ကျနော်တို့တိုင်းရင်းသားတွေရဲ့ ပကတိအခြေအနေ၊ တိုင်းရင်းသားတွေရဲ့အရေးအရာ၊ ယူဆချက်တွေကို သဘောပေါက်နားလည် ကျင့်သုံးနိုင်တဲ့ အကောင်အထည်ဖော်ပေးနိုင်တဲ့သူဖြစ်ရမယ်ပေါ့။ (၂) အချက်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျွန်တော်တို့သမိုင်းရော လက်ရှိအခြေအနေကိုရော ကောင်းကောင်းသုံးသပ် လေ့လာနိုင်ပြီးမှ အကောင်းဆုံးအဖြေရှာဖွေဖော်ထုတ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးပေါ့။ (၃) အချက်က တကယ်ပဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင်ပြောဆိုပေးနိုင်တဲ့၊ တကယ့်လွှတ်တော်အခင်းအကျင်းတွေမှာ ချပြပေးနိုင်တဲ့ ရဲရဲဝံ့ဝံ့ထောက်ပြပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးတွေကို ကျနော်တို့ရွေးချယ်ရမှာပေါ့။ Jacob Skylet စစ်ရှောင်အရေးဆောင်ရွက်သူ ငြိမ်းချမ်းရေး တိုးတက်ပြောင်းလဲနိုင်ဖို့အတွက်နဲ့ စစ်ရှောင်ပြည်သူများလိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက … - [Covid-19 ကြောင့် ကျောက်မျက်ရတနာများ ထက်ဝက်ဈေးဖြင့် ရောင်းချနေရ](https://burmese.kachinnews.com/2020/09/17/covid-19-3/): Covid-19 ကပ်ရောဂါကြောင့် ကချင်ပြည်နယ်ရှိ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းများသည် ယခင်ထက် ဈေးနှုန်းထက်ဝက်ချကာ ရောင်းချနေရသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။ - [ဖားကန့်တွင် Covid-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုး](https://burmese.kachinnews.com/2020/09/17/hpakan-covid-19/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် Covid-19 အတည်ပြု လူနာ ၄ ဦး ထပ်မံတွေ့ရှိကြောင်း ပြည်နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ အဆိုပါ ပိုးတွေ့လူနာ ၄ ဦးသည် ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာမှ ပိုးတွေ့လူနာအမှတ်စဉ် (၁၇၁၂)ဖြင့် ထိတွေ့သူများဖြစ်ကြသည်။ “ဆရာတို့ ကနဦးသတင်းရရှိထားတာတော့ အမှန်ပါ ခုပိုးတွေ့တဲ့သူက လူနာအမှတ်(၁၇၁၂)နဲ့ ထိတွေ့ခဲ့တဲ့သူတွေလို့ သိရတယ်။ လူနာအမှတ် ၁၇၁၂ နဲ့ ပတ်သက်ပြီး Contact Tracing လုပ်ထားတဲ့သူတွေဖြစ်တယ်ဆိုတာဘဲ သိရသေးတယ်။ သူတို့ရဲ့ Case အမှတ်စဉ်တော့ မထွက်လာသေးပါဘူး။” ဟု ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။ လူနာအမှတ် ၁၇၁၂ နေထိုင်ခဲ့သည့် တောင်ပြိုရွာကို စက်တင်ဘာလ ၁၁ရက်နေ့မှစကာ Lock Down သတ်မှတ်ထားပြီး ၎င်းနှင့်ဆက်စပ်သူ ၂၀ ဦးကို သတ်မှတ်ထားသည့် Quarantine Center များတွင် Facility Q ထားပြီးနောက် (SWAB) များယူကာ စစ်ဆေးခဲ့ကြောင်း သိရသည်။ လူနာအမှတ် ၁၇၁၂ သည် စစ်တွေမြို့မှ ဖားကန့်မြို့ တောင်ပြိုကျေးရွာသို့ သြဂုတ်လ ၁၃ရက်နေ့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဖားကန့်မြို့ရှိ သီတာဂူစက္ခုဒါနဆေးရုံတွင် Q ထားရှိသူဖြစ်သည်။ အသေးစိတ်အခြေအနေကို ထပ်မံ တင်ပြပါမည်။   - [ကချင်ပြည်နယ်အတွင်း ခရီးသွားလျှင် သိထားသင့်သည့်အကြောင်းအရာများ](https://burmese.kachinnews.com/2020/09/16/l2-6/): ကချင်ပြည်နယ်အတွင်း ခရီးသွားလိုပါက မိမိနေရပ် ရပ်ကွက်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာဖြင့်ခရီးသွားလာနိုင်ပြီး ပြည်နယ်ပြင်ပမှ ဝင်လာသူများမှာ Quarantine ဝင်ရမည်ဖြစ်သည်။ - [မြန်မာစစ်တပ် နှင့် KIA မူဆယ်ခရိုင် (၃)နေရာမှာ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2020/09/16/muse/): မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်း စစ်ကြောင်းများနှင့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် (၃)နေရာမှာ အချိန်တို တိုက်ပွဲများ စက်တင်ဘာလ (၁၅) အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း ရှမ်းမြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြောပါသည်။ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် တပ်မတော်စစ်ကြောင်းလှုပ်ရှားမှုကို KIA ဘက်က ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ “ဒီကနေ့တော့ ၃ နေရာမှာ တိုက်ပွဲဖြစ်ပွားတယ်။ Mungbaw (မုန်ဘော်)ကျေးရွာဘက် Howa ရွာဟောင်းမှာ (၁)ကြိမ်၊ Namtau (နမ့်တောင်း)ကျေးရွာနားမှာ (၁)ကြိမ် နဲ့ Wangdin ဘက် Hpaikawng ကျေးရွာနားမှာ (၁)ကြိမ်ဖြစ်ပွားတယ်။ နေရာတိုင်းမှာ တပ်မတော် စစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲ ဖြစ်ပွားလာတာပါ” ဟု မူဆယ်ခရိုင် KIA တပ်မဟာ (၆) အရာရှိ တစ်ဦး အင်္ဂါနေ့ ညနေပိုင်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။ တပ်မ (၈၈)တပ်ဖွဲ့ဟု ယူဆထားသော စစ်ကြောင်းနှင့် Howa ရွာဟောင်းတွင် သော်လည်းကောင်း တပ်မ (၉၉)ဟု ယူဆထားသောတပ်ဖွဲ့များနှင့် Namtau နှင့် Hpaikawng တွင်သော်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KIA က ဆိုပါသည်။ ယနေ့ (၃)နေရာ တိုက်ပွဲသည် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များနှင့်သီးတန့် ဖြစ်ပွားခြင်းဖြစ်ပြီး … - [ချီဖွေ KIA တပ်စခန်း ၂ ခုကို ဖယ်ရှားရန် တပ်မတော်က သတိပေး](https://burmese.kachinnews.com/2020/09/15/chipwi-kia/): ချီဖွေမြို့နယ် မေခမြစ် အရှေ့ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် ကချင်ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက PCG မှတဆင့် KIO ထံသို့ စက်တင်ဘာလ ၈ ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။ - [မူဆယ်ခရိုင်တွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား](https://burmese.kachinnews.com/2020/09/15/muse-2/): မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ကြား စက်တင်ဘာ (၁၄) တနင်္လာနေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) နယ်မြေ ဖြစ်သော ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲမှာ တပ်မတော် လှုပ်ရှားစစ်ကြောင်းများ နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ KIA စခန်းရှိရာ Hpun Pyen Yang မှာ ဖြစ်ပွားသည့် အချိန်တို တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။ “မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီ ၄၅မိနစ် ကနေ Hpun Pyen Yang မှာ KIA တပ်ရင်း (၃၆) တပ်ဖွဲ့တွေ ရှိတဲ့နေရာဆီ မုန်းလီ (Mongli) ဘက်က တက်လာတဲ့ မြန်မာစစ်တပ် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာပါ။” တနင်္လာနေ့တိုက်ပွဲမှာ KIA ဘက်မှာ ထိခိုက်မှု မရှိသော်လည်း မဟာမိတ် MNDAA စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁ဦးမှာ ပြင်းထန်ကြောင်း KIA တပ်မဟာ (၆) အရာရှိ တစ်ဦးပြောပါသည်။ တပ်မတော်ဘက်က ထိခိုက်မှု သတင်း မသိရသေးပါဘူး။ မြန်မာစစ်တပ် တပ်မ (၈၈) နှင့် … - [မြန်မာစစ်တပ် နှင့် KIA ကြား တိုက်ပွဲ မူဆယ်ခရိုင်အတွင်း ဆက်လက် ဖြစ်ပွား](https://burmese.kachinnews.com/2020/09/12/l1-9/): မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲမှာ စက်တင်ဘာ (၁၂) စနေနေ့ မနက်ပိုင်း အချိန်တို တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ယမန်နေ့ ဖြစ်ပွားခဲ့သည့် Kai Dwi Kawng တောင်ကုန်းအနီး မန်ကောင်း (Man Kawng)ရွာ သို့ ဦးတည်လာသည့် တပ်မ (၈၈) စစ်ကြောင်းကို KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့များ စောင့်ကြိုတိုက်ခိုက်ရာမှ အချိန်တို တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအ အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို အတည်ပြုပြောပါသည်။ “မနက် ၉ နာရီခွဲ လောက်ကနေ မန်ကောင်းရွာနားမှာ ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားပါတယ်၊ တပ်ရင်း (၃၆)တွေ နဲ့ပါ။ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနိုင်ပါတယ်။” စနေနေ့ နံနက်ပိုင်း စောင့်ကြိုတိုက်ခိုက်မှုတွင် မြန်မာ စစ်သား အနည်းဆုံး သုံးဦးခန့် ထိခိုက်မှုရှိပြီး KIA ဘက်မှာ မရှိကြောင်း အထက် KIA အရာရှိက ဆိုပါသည်။ Kai Dwi Kawng တောင်ခြေရှိ မန်ကောင်း (Man Kawng) ရွာမှာ လူဦးရေ ၂၈၀ ကျော်ရှိပြီး ၎င်းတို့ အားလုံးသည် သောကြာနေ့ နံနက်ပိုင်းကတည်းက နီးစပ်ရာ မန်ပိန်း (Man … - [မြစ်ဆုံဒေသ သစ်ထုတ်လုပ်မှုများကြောင့် ဒေသခံများ သောက်သုံးရေခက်လဲလာ (ELTV Program)](https://burmese.kachinnews.com/2020/09/12/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%92%e1%80%b1%e1%80%9e-%e1%80%9e%e1%80%85%e1%80%ba%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99/) - [မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရ](https://burmese.kachinnews.com/2020/09/12/l2-7/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ယခုနောက်ဆုံး ဖြစ်ပွားသောတိုက်ပွဲကြောင့် စက်တင်ဘာ (၁၁) သောကြာနေ့က မန်ကောင်း (Man Kawng)ရွာသားများ အားလုံး နီးစပ်ရာကျေးရွာသို့ ထွက်ပြေးနေရကြောင်း ရွာလူကြီးက ဆိုပါသည်။ တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ရွာထဲ ကျရောက် ထိမှန်မည်ကို စိုးရိမ်ရသောကြောင့် အိမ်ချေ (၄၇) နှင့် လူဦးရေ စုစုပေါင်း ၃၀၀ ခန့်ရှိ မန်ကောင်း (Man Kawng)ရွာသားများ အားလုံး အနီးရှိ မန်ပင်း (Man Pying) ကျေးရွာသို့ တိုက်ပွဲ မဖြစ်ခင် ထွက်ပြေးရခြင်းဖြစ်သည်။ “သောကြာနေ့ မနက်ပိုင်းကတည်းက ထွက်ပြေးကြပါတယ်၊ အများစု မန်ပင်း (Man Pying) ခရစ်ယာန်အသင်းတော်ဘုရားကျောင်းမှာ စစ်ရှောင်နေကြတယ်၊ လူဦးရေ ၂၀၀ ကျော် ရှိလိမ့်မယ်။ တချို့ကတော့် ဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေကြပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ လူမှုအကျိုးဆောင် စေသနာ့ဝန်ထမ်းတစ်ဦး သောကြာနေ့ ညက ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆)နယ်မြေ Kai Dwi Kawng တောင်ကုန်းကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ဟု ယူဆရသော ပူးပေါင်းစစ်ကြောင်းများ သုံးနေရာကနေ စစ်ဆင်လှုပ်ရှားလာသောကြောင့် သောကြာနေ့ မွန်းလွဲ ၂နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု … - [သစ်ထုတ်လုပ်မှုကြောင့် မြစ်ဆုံဒေသခံများ သောက်သုံးရေအတွက် အခက်အခဲဖြစ်လာ](https://burmese.kachinnews.com/2020/09/11/%e1%80%9e%e1%80%85%e1%80%ba%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%99/): မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံဒေသ တန်ဖရဲကျေးရွာဒေသခံများ သောက်သုံးနေသည့် တောင်ကျချောင်းတစ်လျှောက် သစ်ထုတ်လုပ်မှုများကြောင့်ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန်ခက်ခဲလာသည်ဟု ဒေသခံများဆိုသည်။ - [မြစ်ကြီးနားမှ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူပေါင်း အယောက် ၃၀ ကျော်ရှိ](https://burmese.kachinnews.com/2020/09/09/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%be-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9c/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာဖြင့် ထိစပ်ခဲ့သူများကို စုံစမ်းရာ အယောက် ၃၀ ကျော်ရှိနေကြောင်း ပြည်နယ် Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကော်မတီမှ သိရသည်။ - [မံစီမြို့နယ် နမ်လင်းပါ (Nam Lim Pa) ဒေသခံများနေရပ်ပြန်ရေး နယ်မြေခံတပ်က ခွင့်မပြုသဖြင့် မပြန်နိုင်သေး](https://burmese.kachinnews.com/2020/09/08/%e1%80%99%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%94%e1%80%99%e1%80%ba%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab-nam-lim/): ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ နမ်လင်းပါ (Nam Lim Pa) ကျေးရွာနေရပ်ပြန်နိုင်ရေးအတွက်ကြိုးပမ်းရာတွင် နယ်မြေခံတပ်မတော်၏ ခွင့်ပြုချက်မရသောကြောင့် ယခုတိုင်စစ်ပြေးဒုက္ခသည်စခန်းတွင်ခိုလှုံနေရဆဲဖြစ်သည်ဟု ဆိုသည်။ - [မြစ်ကြီးနားမြို့ရှိ KIO ၏ နည်းပညာအထောက်အကူပြုရုံး ပိတ်သိမ်းရေး တရားဝင်အကြောင်းမပြန်သေး](https://burmese.kachinnews.com/2020/09/07/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-kio-%e1%81%8f-%e1%80%94/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးဆိုင်ရာနည်းပညာအထောက်အကူပြုရုံး (TAT) ကို ပိတ်သိမ်းရန် တပ်မတော်ဘက်က ပြောဆိုလာပြီးနောက် KIO ဘက်ကလည်း NRPC ၏သဘာထားကိုမေးမြန်းထားရာ ပြန်လည်တုံ့ပြန်မှု မရရှိသေးကြောင်းဆိုသည်။ KIO ၏ Technical Advisory Team (TAT) ကို ပိတ်သိမ်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က သြဂုတ်လ ၁၉ရက်နေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကြောင်းကြားခဲ့သည်။ အစိုးရနှင့်တပ်မတော် ၂ဖက်စလုံးမှ TAT ရုံးကိုပိတ်သိမ်းရန် တရားဝင်စာအကြောင်းကြားလာခြင်းမရှိသေးသဖြင့် လက်ရှိအချိန်ထိ TAT ကိုဆက်လက်ဖွင့်ထားဆဲဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။ စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မြစ်ကြီးနားရှိ KIO ၏ နည်းပညာအထောက်အကူပြုရုံး TAT ကို လက်ရှိအချိန်အသက်ဝင်ခြင်းရှိမရှိ စိစစ်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသွားသည်။ “အဲတာက PCG ကနေတဆင့် တင်လာတာပေါ့နော်။ တပ်မတော်ကနေ ပိတ်ထားခိုင်းတယ်။ မြစ်ကြီးနားမှာရှိတဲ့ နည်းပညာ Technical Assistant Team ကိုပြောတာဖြစ်တယ်။ ကျနော်တို့က ဘယ်ဟာဆောင်ရွက်တာလဲဆိုတော့ Bilateral သဘောတူညီချက်အရပါ။ အဲဒီသဘောတူညီချက်တွေက ဘယ်ဟာတွေ အသက်ဝင်သေးသလဲ။ ဘယ်ဟာတွေက အသက်မဝင်တော့ဘူးလဲ ဆိုတာကို ကျနော်တို့ကပြန်ကြည့်ဖို့လိုတယ်” ဟု ပြောဆိုသည်။ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရာတွင် TAT နှင့်ဆက်သွယ်ခြင်းမရှိဘဲ PCG နှင့်သာ ဆက်သွယ်နေခြင်းဖြစ်ပြီး TAT ဖြင့်လည်း အလုပ်တစ်ခါမှမလုပ်သေးကြောင်း ဦးဇော်ဌေးက ပြောဆိုသွားသည်။ “PCG … - [ကိုဗစ်ကာလ ညွန်ကြားချက်မလိုက်နာတဲ့ မြစ်ကြီးနားရှိ KTV ဆိုင်တစ်ခုကို အရေးယူထား](https://burmese.kachinnews.com/2020/09/05/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%ac%e1%80%9c-%e1%80%8a%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%99/): မြစ်ကြီးနားမြို့တွင် အနှိပ်ခန်း၊ ကာရာအိုကေ နှင့် အရက်ဆိုင်နှင့်တွဲသော စားသောက်ဆိုင်များ ဖွင့်ရန် လုံးဝခွင့်ပြုထားခြင်းမရှိသည့်အတွက် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ဆိုသည်။ - [မြန်မာစစ်တပ် တပ်မ (၈၈) နှင့် KIA ကြား မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/09/05/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%90%e1%80%95%e1%80%ba%e1%80%99-%e1%81%88%e1%81%88-%e1%80%94%e1%80%be%e1%80%84/): မြန်မာစစ်တပ် တပ်မ (၈၈) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စက်တင်ဘာ (၄)ရက်၊ စနေနေ့ ညနေပိုင်းထိ နှစ်ရက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ မူဆယ်မြို့အရှေ့တောင်ဘက်ရှိ KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) Bum Pri Bum စခန်းကို တပ်မ (၈၈) တပ်ဖွဲ့များ ထိုးစစ်ဆင် ဝင်ရောက်လှုပ်ရှားလာသောကြောင့် သောကြာနေ့ အချိန် ၁၁ နာရီကျော်ခန့်မှ စတင်တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု KIA အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။ ‘နယ်မြေရှင်းလင်းရေး’ လုပ်ဆောင်စဉ် KIA နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မ (၈၈)ကပြောကြောင်း ၎င်းနှင့်နီးစပ်သောသတင်းရပ်ကွက်က ဆိုပါသည်။ တပ်ပွဲ အတော်ပြင်းထန်ပြီး မူဆယ်ဘက်က တပ်မတော် စစ်ကူများတက်လာခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ တောင်ကုန်းပေါ် စခန်းများမှ KIA တပ်ဖွဲ့များ နောက်ဆုတ်ပေးခဲ့ရကြောင်း အထက် KIA အရာရှိက ဆက်ဆိုသည်။ ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းမှ မြန်မာ-ရုတ်နယ်စပ် တစ်လျှောက် မြန်မာစစ်တပ် တပ်မ (၈၈) တပ်ဖွဲ့များကို နမ့်ခမ်း နှင့် မူဆယ်ကြား၊ တပ်မ (၉၉) တပ်ဖွဲ့များကို မူဆယ်နှင့် Hpawng Seng ကြား နှင့် ယခုနောက်ဆုံး ကရင်ပြည်နယ်က ရောက်လာသော တပ်မ (၂၂) … - [လူနာအမှတ်စဉ် (၇၈၈) နှင့် လေယာဉ်အတူစီးခဲ့သော မြစ်ကြီးနား မှ လူ ၇ ဦးကို ဆက်သွယ်၍မရ](https://burmese.kachinnews.com/2020/09/04/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%87%e1%81%88%e1%81%88-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c/): Zawgyi version below….. လူနာအမှတ် (၇၈၈) နှင့် လေယာဉ်တူစီးခဲ့သည့် မြစ်ကြီးနားမြို့မှ လူ ၁၃ ဦးအနက် ၇ ဦးကို ဆက်သွယ်၍မရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ - [‘လူ့အသက်ထက် အကျိုးအမြတ်ကိုသာ ကာကွယ်’ ဖားကန့်မှော်အကြောင်း အစီရင်ခံစာ ထွက်ရှိ](https://burmese.kachinnews.com/2020/09/03/%e1%80%9c%e1%80%b0%e1%80%b7%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%91%e1%80%80%e1%80%ba-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%99%e1%80%bc%e1%80%90%e1%80%ba/): လူပေါင်းများစွာသေဆုံးခဲ့သော ဖားကန့်ဂွေခါကျောက်စိမ်းမှော် မြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏တာဝန်ယူမှု ပျက်ကွက်မှုကို ထောက်ပြသော “လူ့အသက်ထက် အကျိူးအမြတ်ကိုသာ ကာကွယ်” ဟူသော အစီရင်ခံစာအုပ် ထွက်ရှိခဲ့သည်။ ဇူလိုင်လ ၂ ရက်နေ့ မနက်တွင်ဖြစ်ပွားခဲ့သော မြေပြိုမှုဖြစ်စဉ် ၂ လပြည့်သည့်နောက် စက်တင်ဘာ ၃ ရက်နေ့တွင် ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ KWAT အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် ဖားကန့်အပါအဝင် တိုင်းရင်းသားနယ်မြေအားလုံးမှ တပ်မတော်ဆုတ်ခွာပေးရန်နှင့် အခြေခံဥပဒေအောက် စစ်မှန်သောငြိမ်းချမ်းရေးနှင့် အာဏာခွဲဝေမှုရှိသည့်အချိန်ထိ စက်ကိရိယာဖြင့် ကျောက်တူးဖော်မှုကို ရပ်ဆိုင်းထားပေးရန် အချက်များကို တောင်းဆိုထားသည်။ ဖားကန့်မြေပြိုမှုဖြစ်စဉ်အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သယံဇာတဝန်ကြီးတို့က ရေမဆေးသမားများကိုသာ လောဘသားများအဖြစ်ပုံဖော်နေချိန် ကျောက်စိမ်းမှ အကျိုးအမြတ်ရရှိနေသော တပ်မတော်၏ အခန်းကဏ္ဍကို ဖော်ပြမှု အားနည်းနေခဲ့သည်ဟု ထောက်ပြထားသည်။ “ အဓိကကတော့ ပြည်သူတွေရဲ့လုံခြုံမှု ရှုထောင့်ကနေကြည့်မှ လုပ်တဲ့အခါ ဒီမြန်မာနိုင်ငံရဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းက ဘယ်လောက်ထိအန္တရာယ်ရှိနေတယ်ဆိုတာနှင့် အဲ့ဒီဂွေခါမှာ လုံခြုံရေးလုပ်ဆောင်နေတဲ့ စစ်တပ်တွေက လူတွေဒီလောက်အများကြီး သေဆုံးသွားမှုအပေါ်သူတို့ရဲ့အဓိကတာဝန်ယူမှုက ကုမ္ပဏီရဲ့အကျိုးအမြတ်အတွက်ဘဲ သူတို့ကြည့်တယ်။ ဒီလူတွေရဲ့အသက်အတွက်တော့ လုံခြုံရေးမယူတာကို ထောက်ပြချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်။ ကျွန်မတို့က အဲ့ဒီဂွေခါဒေသမှာရှိတဲ့ ပြည်သူလူထုတွေနဲ့ အဓိကဆက်သွယ်ပြီးမှ အချက်အလက်တွေ ကောက်ခံတာ ဖြစ်တယ်။ ပြည်သူလူထု အသံကိုဘဲဦိးစားပေးတယ်။ သူတို့ရဲ့အမြင်၊ သူတို့ရဲ့ခံစားချက်နှင့် နေ့စဉ်ဘဝမှာ သူတို့ရင်ဆိုင်နေရတဲ့ အရာတွေကို အခြေပြုပြီးပြုလုပ်ထားတာဖြစ်တယ်။” ဟု အစီရင်ခံစာထုတ်ပြန်သော KWAT အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြေပြိုမှုဖြစ်စဉ်အပြီး အစိုးရအနေဖြင့် အဓိကတာဝန်ရှိသူများအဖြစ် ဂွေခါမှော်မှ ကျောက်သူဌေးများကို ဖမ်းဆီးထားခဲ့သည်။ တပ်မတော်ဘက်ကလည်း ထိုနေရာတွင်အဓိကလုံခြုံရေးအတွက်တာဝန်ရှိသောအရာရှိများနှင့် ပြည်နယ်နယ်စပ်လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းကို အရေးယူမှုအနေဖြင့် မူလစစ်ဘက်တာဝန်များကို … - [လူနာအမှတ်စဉ် ၇၈၈ ဖြင့် လေယာဉ်အတူစီးခဲ့သူ ကချင်ပြည်နယ်တွင် ၂၆ ဦးအထိရှိလာ](https://burmese.kachinnews.com/2020/09/03/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%81%87%e1%81%88%e1%81%88-%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c/): လူနာအမှတ်စဉ် (၇၈၈)ဖြင့် လေယာဉ်အတူ လိုက်ပါစီးနင်းခဲ့သော ကချင်ပြည်နယ်မှ လူ ၂၆ ဦးရှိသည့်အနက် ၉ ဦးအား စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရဆိုသည်။ - [ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်မည့်အဖွဲ့ မရှိသေး](https://burmese.kachinnews.com/2020/09/03/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1/): ကချင်ပြည်နယ်တွင် လာမယ့်ရွေးကောက်ပွဲ၌စောင့်ကြည့်ရေးလုပ်ငန်းများလုပ်ဆောင်ရန် လျှောက်ထားသည့် အရပ်ဘက်အဖွဲ့အစည်းမရှိသေးကြောင်း သိရသည်။ - [Covid-19 ဒုတိယလှိုင်း အခြေခံ ပြည်သူများ၏အသံ](https://burmese.kachinnews.com/2020/09/03/covid-19-%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%9c%e1%80%be%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6-%e1%80%95%e1%80%bc%e1%80%8a/): Covid-19 ကူးစက်ရာဂါ ဒုတိယလှိုင်းဖြစ်ပေါ်လာမှုအပေါ် မြစ်ကြီးနားမြို့ရှိအခြေခံလူတန်းစားများ၏ စိုးရိမ်မှုများနှင့် ခံစားချက်များကို စုစည်းတင်ပြထားသည်။ - [ကချင်ပြည်နယ်တွင် လူနာအမှတ်စဉ် ၇၈၈ ဖြင့် လေယာဉ်အတူစီးခဲ့သူ (၁၀) ဦးရှိ](https://burmese.kachinnews.com/2020/09/03/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%a1%e1%80%99/): Covid-19 လူနာအမှတ်စဉ် (၇၈၈) ဖြင့် လေယာဉ်အတူစီးခဲ့သူ ၁၀ ဦး ကချင်ပြည်နယ်တွင် ရှိနေကြောင်း ပြည်နယ် ကိုဗစ်ကာကွယ်ရေးနှင့်အရေးပေါ်ကာကွယ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ သြဂုတ်လ ၂၀ ရက်နေ့ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်-မန္တလေး-ပူတာအို ခရီးစဉ် လိုက်ပါလာသူများအနက် ပူတာအို ၈ဦး၊ ဖားကန့် ၁ဦး၊ လွယ်ဂျယ် ၁ဦး တို့ဖြစ်ကာ လက်ရှိ၎င်းတို့နှင့် ဆက်စပ်သူများကိုလည်း စုံစမ်းနေပြီဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်လှိုင် က ပြောသည်။ “မနေ့က ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ခရိုင်ကိုလှမ်းပြောလာတယ်။ ၇၈၈ နဲ့ပါသွားတဲ့သူတွေက ဒီလူတွေဘဲဆိုတော့ ပူတာအိုမှာလည်း ခရိုင်ထွေအုပ်နဲ့ကျန်းမာရေးလိုက်တဲ့ချိန်မှာ ပထမ ၄ဦးကို Q ထည့်လိုက်တယ်။ ကျန်တဲ့ ၂ဦးကတော့ ခေါင်လန်ဖူးရောက်နေတယ်ပြောတယ်။ ဒါပေမယ့် အဲ ၂ဦးလည်း ဒီနေ့ ပူတာအိုရောက်မယ်လို့ပြောတယ်။ အဲလူတွေလည်း Q ထည့်လိုက်တယ်။ နောက်ထပ် ၂ ဦးကတော့ မနေ့ညနေက ရန်ကုန်ကိုပြန်သွားတယ်။ အမျိုးသမီး ၂ယောက်ကိုလည်း ဆက်သွယ်ရတယ်။ အဲ ၂ဦးလည်း နီးစပ်ရာကျန်းမာရေးဌာနမှာ သတင်းပို့ပြီးဆောင်ရွက်ပါလို့ ပြောလိုက်ပြီဖြစ်တဲ့အတွက် အဲ ၈ဦးကိုတော့ Q ထည့်ပြီ ခုက အဲ ၈ ဦးနဲ့ဆက်စပ်တဲ့သူတွေကို ခရိုင်နဲ့ထွေအုပ်နဲ့လိုက်နေပါတယ်။” ဟု ပြောသည်။ လွယ်ဂျယ်မှ တစ်ဦးသည် မြစ်ကြီးနားလေဆိပ်တွင်ဆင်းကာ မြစ်ကြီးနားမှ လွယ်ဂျယ်သို့ လိုင်းကားဖြင့်ပြန်သွားသည့်အတွက် ၎င်းနဲ့ဆက်စပ်သူ အမျိုးသား ၈ဦးကိုလည်း စုံစမ်းဖော်ထုတ်ပြီး Quarantine ထည့်ထားသော်လည်း ကားဆရာကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က “ကျနော်တို့ဆီကို သတင်းရတာကလည်းနောက်ကျတယ်။ နောက်ပြီးတော့မှ … - [မြစ်ကြီးနားနှင့် ဗန်းမော်တွင် တပ်ဆင်မည့် Covid-19 ရောဂါစစ်ဆေးစက်တွင် တစ်နာရီလျှင် လူ ၄ ဦးခန့်စစ်နိုင်](https://burmese.kachinnews.com/2020/09/02/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1/): ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တွင် တပ်ဆင်တော့မည့် Covid-19 ရောဂါစစ်ဆေးမည့်စက်တွင် ၁နာရီလျှင် လူ ၄ဦးကို ပျမ်းမျှ စစ်ဆေးနိုင်မည်ဟု သိရသည်။ အဆိုပါစက်ကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးနှင့် ဗန်းမော်ဆေးရုံကြီးတွင် စက်တင်ဘာလ လဝက်ပိုင်းမှစတင်ပြီး တပ်ဆင်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။ “ခုဒီမြစ်ကြီးနားမှာ တပ်မှာကကျတော့ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးတို့မှာတပ်တဲ့ဟာမျိုးအကြီးမဟုတ်ဘူး။ အဲလိုအကြီးတပ်ဖို့ကျတော့ နေရာလေးယူတယ်။ ဇီဝလုံခြုံရေးတွက်လည်းယူတယ်၊ ကျွမ်းကျင်မူလည်းယူတယ် နောက် Safe ဖြစ်ဖို့လည်းယူတယ်။ အဲကြောင့် ဒီမြစ်ကြီးနားမှာတပ်မယ့်စက်ကျတော့ စက်အသေးဖြစ်တယ်။ အချိန်ကတော့ စစစ်ဆေးတာနဲ့ အဖြေထွက်တဲ့ချိန်ထိဆိုရင် အကြမ်းအားဖြင့် တွက်ကြည့်ရင်တော့ တစ်ခုကို ၁၀ မိနစ်လောက်အချိန်ပေးရမယ်ထင်တယ် ၄၅မိနစ်ကို ၄ယောက်အချိန်ပေးရတာဆိုတော့ အဲလောက်ဖြစ်နိုင်တယ်” ဟု ပြောသည်။ နောက်ထပ်လိုအပ်သည့် ပိုးသတ်စက်၊ ဆေးနဲ့ပတ်သက်ပြီး ပိုးသတ်စက်၊ လူကိုအကာကွယ်ပေးတဲ့စက် စသည့် စက် ၃မျိုးအား ကချင်ပြည်နယ်အစိုးရ၏ ဘတ်ဂျတ်ဖြင့်ဝယ်ယူရန်အဆင်မပြေတော့သည့်အတွက် Covid-19 ရန်ပုံငွေမှ ဝယ်ယူရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ ရောဂါစစ်ဆေးမည့်စက်တွင်လိုအပ်မည့် ပိုးသတ်စက် ၃ မျိုးဝယ်ယူရာတွင် ဆေးရုံ ၂ ခုအတွက် စုစုပေါင်း သိန်း ၄၀၀ ကျော် သုံးစွဲသွားမည်ဟု ဆိုသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်လာခဲ့သော Covid-19 ကပ်ရောဂါစတင်လာချိန်ကစပြီး ကချင်ပြည်နယ်တွင်း ရောဂါစစ်ဆေးနိုင်သည့်စက် အမြန်ထားရှိရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းခဲ့သော်လည်း အစိုးရအနေဖြင့် ယခုမှ စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ် Covid-19 Prevention Network မှ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုမုန်ထွယ်တူးက “တစ်ကယ်ကတော့ ဒီစက်ထားသင့်တာကြာပြီ။ ခုဆိုရင် … - [မြစ်ကြီးနားလိပ်စာဖြင့် ပိုးတွေ့လူနာ ၂ ဦးမှာ နိုင်ငံခြားမှပြန်လာပြီး ရန်ကုန်တွင်ကွာရန်တင်းဝင်နေသူများဖြစ်](https://burmese.kachinnews.com/2020/09/02/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%85%e1%80%ac%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba/): ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂ ရက်  ယနေ့ နံနက် ၈နာရီအချိန် Covid-19 နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင်ပါရှိသော မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာ(၂)ဦး ဆိုသူမှာ နိုင်ငံခြားမှပြန်လာပြီး လက်ရှိ ရန်ကုန်တွင် ကွာရန်တင်း ဝင်နေသူများသာဖြစ်ကြောင်း သိရသည်။ ထိုသူ ၂ဦးမှာ ကိုဗစ် ဒုတိယလှိုင်းမဖြစ်မှီအချိန် ကချင်ပြည်နယ်တွင် ရှိနေခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် သြဂုတ် ၂၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်သို့ ရောက်လာကြသူများဖြစ်သည်ဟု ကချင်ပြည်နယ်ကျန်းမာရေးဌာနက ပြန်လည်ထုတ်ပြန်ထားသည်။ “ရန်ကုန်မြို့သို့ ရောက်ရှိသည်နှင့် Sidney Hotel နှင့် ဂန္ဓမာဟိုတယ်များတွင် ဟိုတယ်၌အသွားအလာကန့်သတ်ခြင်း (Hotel Quarantine) ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဓာတ်ခွဲနမူနာရယူခြင်းများကို ဆောင်ရွက်ခဲ့၍ (၂ ၊ ၉၊ ၂၀၂၀) ရက်နေ့ ၊ နံနက် (၈:၀၀) သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့ရှိ (တွေ့ရှိ) ခဲ့ခြင်းဖြစ်ပါသည်။” ဟု ပြည်နယ်ကျန်းမာရေးဌာန၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ ပိုးတွေ့လူနာ ၂ဦးမှာ ၎င်းတို့ နေရပ်လိပ်စာအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဟု ဖော်ပြခဲ့သော်လည်း ပိုးမတွေ့ရှိ မှီကာလအတွင်း မြစ်ကြီးနားသို့လာရောက်ခြင်းမရှိခဲ့ကြောင်း ဖော်ပြချက်တွင် ပါရှိသည်။ ကချင်ပြည်သူများအနေဖြင့် Covid-19 ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမ၏ လမ်းညွန်ချက်များ၊ ထုတ်ပြန်ချက်များကို အစဉ်ဆက်မပြတ်ကြည့်ရှု့လေ့လာရန်နှင့် မိမိကအစ ကာကွယ်ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြပါရန် နှိုးဆော်ထားသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ ရက်နေ့ နံနက်အထိ မြန်မာပြည်တွင် Covid-19 အတည်ပြုလူနာ … - [Covid-19 ကပ်ရောဂါကြောင့် ယခုနှစ် အာလမ် လက်ဝါးကားတိုင်တောင်တက်ပွဲ မကျင်းပနိုင်တော့](https://burmese.kachinnews.com/2020/09/01/covid-19-%e1%80%80%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85/): Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချူပ်ရေးလိုအပ်ချက်ကြောင့် ကတ်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ယခုနှစ် အာလမ်လက်ဝါးကားတိုင် တောင်တက်ပွဲကို မကျင်းပနိုင်တော့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ - [ကချင်တွင် တပ်မတော်သားသီးသန့် မဲရုံတစ်ရုံသာရှိ၊ ကျန်မဲရုံများ တပ်ပြင်ပအရပ်ဘက်နှင့်အတူထည့်ရမည်](https://burmese.kachinnews.com/2020/09/01/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တပ်မတော်သားသီးသန့်ထည့်ရမယ့် မဲရုံတစ်ရုံသာရှိပြီး ကျန်မဲရုံများမှာ အရပ်ဘက်မဲဆန္ဒရှင်များဖြင့် အတူထည့်ရမယ်ဖြစ်သည်ဟု သိရသည်။ တပ်မတော်သားများမဲထည့်ရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည့်အနက် ပူတာအိုရှိ မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့် ပေးရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။ “ တပ်မတော်သားမဲဆန္ဒရှင်သီးသန့်မဲပေးဟာကတော့ ပူတာအိုခရိုင်ရှိ တပ်သစ်ရပ်ကွက်ထဲက မဲရုံဖြစ်တယ်။ ဒါပေမယ့် တပ်တွင်းမှာ မဲရုံကိုဆောင်ရွက်ခြင်းမရှိဘူး။ တပ်ရဲ့ပြင်ပမှာရှိတဲ့ ရပ်ကွက်ထဲမှာဘဲ မဲရုံဆောက်ပြီး ပေးသွားမှာဖြစ်တယ်။” ဟု ပြောသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်ပြင်ပထုတ်ခြင်းမရှိခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲတွင်မူ တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားပြီးဖြစ်သည်။ တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ပြီဆိုသော်လည်း လက်ရှိအချိန်ထိ တပ်မတော်သားမဲစာရင်းကိုတိတိကျကျ ဖြေကြားရန် အဆင်မပြေကြောင်း အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။ “မဲစာရင်းကိုတော့ တိတိကျကျပြောလို့မရပါဘူး။ ဒါပေမယ့် တပ်မဲစာရင်းတွေကိုတော့ ပထမအကြိမ်မဲစာရင်းကြေညာတဲ့ချိန်မှာ သူတို့ပါတယ် ဘယ်သူမှမကျန်ဘူး တစ်ပြိုင်ထဲကြေညာပြီးဖြစ်တယ်။” ဟု ဆက်ပြောသည်။ တပ်မဲရုံ ၅၃ ရုံမှာ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်မှလွှဲပြီး ကျန်ရှိ မြို့နယ်အားလုံးမှ အရေအတွက်ဖြစ်သည်။ တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ကာ မဲထည့်ရန်စီစဉ်နေပြီဖြစ်သော်လည်း ရွေးကောက်ပွဲမတိုင်ခင် တပ်တွင်းသို့ဝင်ရောက် မဲဆွယ်ခွင့်မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြေကြားထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဌ တရားလွှွတ်တော်ရှေ့နေဒေါ်ဒွဲဘူ က ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုအကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။ “ကျမတို့ပါတီကတော့ တပ်တွင်းမဲရုံကို တပ်ပြင်ထုတ်လိုက်တာကောင်းပါတယ်။ ဒါပေမယ့် တပ်မိသားစုတွေကို ကျမတို့ပါတီတွေအနေနဲ့ ဝင်ရောက်မဲဆွယ်ခွင့် ရမရ မေးမြန်းခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး မရှိဘူးလို့ပြောတယ်။ အဲတော့ … - [Covid-19 ကာလ အစိုးရမှ ကိုယ်ဝန်ဆောင်များကိုထောက်ပံ့မည့်အစီစဉ် KIO လက်မခံ](https://burmese.kachinnews.com/2020/08/31/covid-19-%e1%80%80%e1%80%ac%e1%80%9c-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%81%8f-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac/): Covid-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မည့်အစီစဉ်တွင် KIO ထိန်းချုပ် နယ်မြေအတွင်းရှိ မိခင်များပါဝင်သော်လည်း အဆိုပါအစီစဉ်ကို KIO ဘက်မှ လက်မခံဘဲ ငြင်းဆိုထားသည်ဟု သိရသည်။ လွန်ခဲ့သည့်လအတွင်း အစိုးရမှ ထောက်ပံ့ပေးမည့် အဆိုပါအစီအစဉ်ကို သက်ဆိုင်ရာ KIO ဗဟိုဌာနချုပ်သို့ တင်ပြခဲ့ပြီးသော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လက်မခံခဲ့ကြောင်း KIO Covid -19 ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ယခုလိုပြောဆိုသည်။ “မြန်မာအစိုးရနဲ့ ချိတ်ဆက်မှုရှိတဲ့ အဖွဲ့အစည်းတစ်ချို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တင်လာပါတယ်။ အစိုးရဘက် ကနေ ကိုဗစ်ကာလအတွင်း KIA ထိန်းချုပ်နယ်မြေအတွင်းမှာရှိကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ရက်ရှည် ထောက်ပံ့ပေးမယ် လို့သိရတာပေါ့။ နောက်ပြီး ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးမှလည်း ၂လစာထောက်ပံ့ပေးမယ်လို့ပြောလာတာပေါ့။ ဒီထောက်ပံ့ပေး မယ့် အားလုံးကို လက်ခံပေးဖို့ခက်ခဲနေတဲ့အချိန်ဖြစ်နေတာပေါ့ ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘက်မှာ နိုင်ငံရေးက အကြောင်းအမျိုးမျိုးကြုံတွေ့ နေရတယ်။ ဒါကြောင့် နောက်နောင် အခြေအနေတွေ တည်ငြိမ်လာရင်တော့ လက်ခံပေးဖို့ ရှိပါတယ်” ဟု ပြောသည်။ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၏ အမည်စာရင်းနှင့် အချက်အလက်များကိုလည်း ဗဟိုဌာနချုပ်မှ ခွင့်ပြုချက်မရဘဲ ကောက်ခံ၍ မရသလို လုပ်ပိုင်ခွင့်လည်းမရကြောင်း သူကဆက်လက်ပြောဆိုသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဆိုပါထောက်ပံ့ကြေး လျှောက်ရာတွင် ကျန်းမာရေးစောက်ရှောက်မှုမှတ်တမ်း၊ ကိုယ်ဝန်ဆောင်ထားမိခင်၏ ဓါတ်ပုံနှင့် အမည်စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊မြို့နယ်၊ ခရိုင်အဆင့်ဆင့်တွင် လာရောက်စာရင်းပေးနိုင်သည့်အပြင် မိမိကိုင်ဆောင်သောလက်ကိုင်ဖုန်းဖြင့် ငွေဗိုက်ဖုန်းအက်ပလီကေးရှင်းဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်သည်ဟု သိရသည်။ အစိုးရအနေဖြင့် KIO နယ်မြေအတွင်းရှိ ထောက်ပံ့ရန်လိုအပ်သည့်ကိုယ်ဝန်ဆောင်မိခင်များစာရင်းကို မိမိတို့ကိုယ်တိုင်ဝင်ကောက်မှာမဟုတ်ဘဲ … - [နမ်ကျင် ကျေးရွာအထက် လမ်းဘေးတောတစ်နေရာတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းပြတ် သေဆုံးနေ](https://burmese.kachinnews.com/2021/01/22/jan-22-z1/): မြစ်ကြီးနားမြို့နယ်၊ နမ်ကျင်ကျေးရွာအထက်၊ တိုင်ယူးယန် လမ်းဘေးရှိတောတစ်နေရာတွင် ဦးခေါင်းမပါရှိတော့သည့် အမျိုးသမီးတစ်ဦး သေဆုံးထားကြောင်း အလောင်းသွားရောက်မြင်တွေ့ခဲ့သည့် နမ်ကျင်ဒေသခံ ဦးလယန်ဂွမ်ပန်ထံမှ သိရသည်။ - [ကချင်ရိုးရာ ယဉ်ကျေးမှုပြတိုက်တည်ဆောက်နိုင်ရန် WHG စီစဉ်နေ](https://burmese.kachinnews.com/2021/01/22/jan-22-y/): ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနောင်ကွင်းအတွင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟို WHG မှ သိရသည်။ - [ဝိုင်းမော်တွင် ကိုဗစ် လူနာသစ် ၉ ဦး တွေ့ရှိ](https://burmese.kachinnews.com/2021/01/21/jan-21-z1/): ဇန်နဝါရီလ ၂၁ ရက်နေ့ ဝိုင်းမော်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၉ ဦး ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ - [မြစ်ကြီးနား ကားကြီးကွင်းဟောင်းဘေးရှိ ဆု တည်းခိုခန်းတွင် အမျိုးသမီးတစ်ဦး၌ ကိုဗစ် ပိုးတွေ့](https://burmese.kachinnews.com/2021/01/20/jan-20-z1/): မြစ်ကြီးနား၊ သီတာရပ်ကွက်၊ ကားကြီးကွင်းဟောင်းရှိ ဆု တည်းခိုခန်းတွင် လာရောက်တည်းခိုနေသည့် အမျိုးသမီးတစ်ဦးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ကိုဗစ်ပိုးတွေ့ရှိကြောင်း သီတာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ သိရသည်။ - [ကသိုင်းတောင် (Kaseng Bum) သံသတ္တုတူးမည့် စီမံကိန်းကန့်ကွက်ရန် ကော်မတီဖွဲ့](https://burmese.kachinnews.com/2021/01/20/jan-20-y1/): ကချင်ပြည်နယ် ဖားကန့်မြို့  ကသိုင်းတောင်(Kaseng Bum)တွင် သံအမျိုးအစားသတ္တုတစ်မျိုးဖြစ်သည့် Uranium ကို စီမံကိန်းကြီးတစ်ခုအဖြစ် တူးဖော်ရန် ပြည်ထောင်စုအစိုးရက ပြင်ဆင်နေသည့်အပေါ် ကန့်ကွက်ရန် ပူးပေါင်းကော်မတီတစ်ခုကို ဖားကန့်ဒေသခံ ကချင်လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။ - [ဆရာမ ၂ ဦးကို သတ်ဖြတ်ခဲ့သူများ လွှတ်မြောက်နေသည်မှာ ၆ နှစ်ပြည့်ပြီ](https://burmese.kachinnews.com/2021/01/19/jan-19-ld1/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး၏အမှု ၆ နှစ်ကြာပြီဖြစ်သော်လည်း တရားမျှတမှုရရှိရန် တွေ့ဆုံဆွေးနွေးမှုနှင့် စစ်ဆေးမှုများပြုလုပ်ခြင်းမရှိပဲ ရပ်တန့်နေဆဲဖြစ်သည်။ - [ဖားကန့် NLD ကိုယ်စားလှယ်ကို တပ်မတော်က ပုဒ်မ - ၅၀၀ ဖြင့်တရားစွဲဆိုမှု ၆ လတွင်း စစ်ဆေးမည်](https://burmese.kachinnews.com/2021/01/19/jan-19-z2/): မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမှ တရားလိုပြုလုပ်ကာ တပ်မတော်ဂုဏ်သိက္ခာ ညိုးနွမ်းမူပုဒ်မ (၅၀၀)နှင့် တရားစွဲဆိုထားသည့် အမျိုးသားလွှတ်တော် ဦးခင်မောင်မြင့်(ခ)ဦးချို၏ အမူအား ၆လအတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသူ၏ ရှေ့နေဦးသန်းထွန်းထံမှ သိရသည်။ - [ပလန စစ်ရှောင်စခန်းက ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သူများအားလုံးတွင် ဒုတိယအကြိမ် ပိုးမတွေ့](https://burmese.kachinnews.com/2021/01/19/jan-19-z1/): မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှ စစ်ရှောင်များ ဒုတိယအကြိမ်ဆေးစစ်ရာ ပိုးတွေ့ရှိခြင်းမရှိ(Negative) ဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင်ကပြောသည်။ - [အင်ခိုင်ဘွမ် NHkai Bum တောင်ခြေက စေတီတော်တည်ဆောက်နေမှုကို ရပ်ဆိုင်း](https://burmese.kachinnews.com/2021/01/19/jan-19-y1/): ကန့်ကွက်ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် မြစ်ကြီးမြို့ မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေတွင် ဉာဏ်တော် ၂၇ပေရှိ ဗုဒ္ဓစေတီတော်ဆောက်နေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။ - [ဝိုင်းမော်တွင် တရားမဝင်နေထိုင်ခဲ့သော တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီး](https://burmese.kachinnews.com/2021/01/17/jan-17-y1/): ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ပြန်ထွက်လာသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဝိုင်းမော်မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့(လဝက) က ဖမ်းဆီးအရေးယူထား ကြောင်းသိရသည်။ - [တတိယကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီလ ၉ ရက်နေ့ စတင်ကျင်းပမည်](https://burmese.kachinnews.com/2021/01/17/jan-17-z/): တတိယအကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ရုံးမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ - [ကချင်အမွေအနှစ် အင်ခိုင်ဘွမ် (N Hkai Bum) တောင်ခြေတွင် ဗုဒ္ဓစေတီတည်ဆောက်နေမှုကို ကန့်ကွက်နေကြ](https://burmese.kachinnews.com/2021/01/16/jan-17-h1/): မြစ်ကြီးနားမြို့မြောက်ဘက် ကချင်မျိုးလူမျိုးများ၏ သမိုင်းအစဉ်တဆက် အမွေအနှစ်အဖြစ်ထိန်းသိမ်းလာခဲ့သည့် အင်ခိုင်ဘွမ် (N Hkai Bum) တောင်ခြေတွင် အမြင့်ပေ ၂၇ရှိသော ဗုဒ္ဓဘာသာစေတီတည်ဆောက်ရန် ပြင်ဆင်နေမှုအပေါ် ကန့်ကွက်ကြောင်း ကချင်ဒေသခံများက ပြောဆိုနေကြသည်။ - [Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်](https://burmese.kachinnews.com/2021/01/15/jan-15-z1/): ကချင်ပြည်နယ်တွင် Covid-19 ကြောင့်ပထမဆုံး Lockdown ချခံထားရသော ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့မူများ လိုအပ်နေကြောင်း သိရသည်။ - [ယခုနှစ်နွေရာသီတွင် စစ်ရှောင်အိမ်ထောင်စု ၇၀၀ ကျော်နေရပ်ပြန်ရန် KBC စီစဉ်နေ](https://burmese.kachinnews.com/2021/01/15/jan-15-y1/): ယခုနှစ်ဧပြီလအမှီ ကချင်စစ်ရှောင် အိမ်ထောင်စု ၇၃၃ စုကို နေရပ်ပြန်နိုင်ရေးအတွက် နေအိမ်ဆောက်လုပ်မှုများပြုလုပ်နေပြီဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောသည်။ - [ဖားကန့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော်က ဂုဏ်သိက္ခာညိုးနွမ်းစေမှု ဥပဒေဖြင့် တရားစွဲဆိုထား](https://burmese.kachinnews.com/2021/01/14/jan-14-z3/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အရာရှိတစ်ဦးက ဂုဏ်သိက္ခာညိုးနွမ်းစေမူ ရာဇသတ်ကြီးဥပဒေပုဒ်မ (၅၀၀)ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲခံထားရသူဘက် ရှေ့နေ ဦးသိန်းထွန်း ထံမှ သိရသည်။ - [တစ်သျှူးငှက်ပျောခြံအတွင်း ကားပေါ်သေဆုံးနေသော တရုတ်နိုင်ငံသားတွင် Covid-19 ပိုးမတွေ့](https://burmese.kachinnews.com/2021/01/14/jan-14-z2/): ဝိုင်းမော် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတစ်ခုတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က သေဆုံးနေသောတရုတ်နိုင်ငံသားတွင် Covid-19 ပိုးမတွေ့ရှိရကြောင်း ဝိုင်းမော်မြို့ အထွေထွေဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့ထံမှ သိရသည်။ - [လွယ်ဂျယ် မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ သံတိုင်စိုက်ထူလာမှုကို ကန့်ကွက်ထား](https://burmese.kachinnews.com/2021/01/14/jan-14-z1/): ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ တရုတ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်မှသံတိုင်စိုက်ထူပြီး နယ်စပ်ခြံစည်းရိုး ခတ်လာသည့်အတွက် ကန့်ကွက်စာ ပို့ထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။ - [ဖားကန့်တွင် သံသတ္တုတစ်မျိုး တူးဖော်ရန် ပြည်ထောင်စုအစိုးရ စီစဉ်နေ](https://burmese.kachinnews.com/2021/01/13/jan-13-y/): ကချင်ပြည်နယ် ဖားကန့် ကသိုင်းတောင် (Kaseng Bum) တွင် သံအမျိုးစားသတ္ထုတစ်မျိုး Uranium တူးဖော်ရန်အတွက် ပြည်ထောင်စုအစိုးရကလုပ်ဆောင်နေသော်လည်း ဒေသခံဌာနေသားတို့၏ အမြင်သဘောထားရယူမှု မရှိသေးကြောင်း သိရသည်။ - [အင်ဂျန့်ယာန် KIO နယ်မြေအဝင်ဂိတ်တစ်ခုတွင် Covid-19 ပိုးတွေ့ရှိသဖြင့် ၁၄ ရက်အဝင်အထွက်ပိတ်](https://burmese.kachinnews.com/2021/01/12/jan-12-y1/): အင်ဂျန့်ယာန်မြို့နယ်ရှိ လက်ရှိ KIA ထိန်းချုပ်နယ်မြေအဝင်ပေါက် ဇွပ်မိုင်ယာန်ကျေးရွာ၏ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီလ ၁၀ရက်နေ့မှစ၍ လူအဝင်အထွက် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ - [ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကချင်လူငယ်အဖွဲ့များတောင်းဆို](https://burmese.kachinnews.com/2021/01/12/jan-12-ld-1/): နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာ အားလပ်ရက် (သို့) ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးရန် ကချင်ပြည်နယ်လူငယ်အဖွဲ့များမှ အဆိုပါနေ့တွင်တောင်းဆိုထားသည်။ - [လွှတ်တော်စတင်ရန်ကိစ္စ ကချင်ဒေသခံပါတီတို့၏အသံများ](https://burmese.kachinnews.com/2021/01/11/jan-11-z1/): လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရသစ်ဖွဲ့စည်းရေး၊ လွှွတ်တော်အကြီးအကဲ ရွေးချယ်ရေးလုပ်ငန်း ပါဝင်မည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ပြန်လည်စတင်ရန် ကြေညာခဲ့သည့်အပေါ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲဖြစ်သည့်အတွက် ခေါ်ယူရန် မသင့်ကြောင်း ဝေဖန်မူများစွာရှိနေသည်။ - [မြစ်ကြီးနားစစ်ရှောင်စခန်းတစ်ခုတွင် ကိုဗစ်ပိုးတွေ့၊ ထိတွေ့ဆက်စပ်ခဲ့သူများကို စစ်ဆေးနေ](https://burmese.kachinnews.com/2021/01/11/jan-11-y1/): မြစ်ကြီးနားရှိ စစ်ရှောင်စခန်းတစ်ခုတွင် ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံရသူထွက်ပေါ်ခဲ့ပြီး ခရီးသွားရာဇဝင်မရှိခြင်းသောကြောင့် မြို့တွင်းကူးစက်မှုသာဖြစ်သည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ - [ချီဖွေတောင်ပေါ်က စစ်ရှောင် မိခင်တစ်ဦး၏ ရုန်းကန်မှု](https://burmese.kachinnews.com/2021/01/09/f1-3/): “သမီးခေါက်ဆွဲပြုတ် စားချင်လား အမေပြုတ်ပေးမယ်နော် “ဆိုပြီး ထမင်းစား စားပွဲနားမှာ ထိုင်နေသည့် သမီးငယ်ကို လှမ်း မေးကာ သမီးလေးအတွက် ဒေါ်ရယ်နောတစ်ယောက် ခေါက်ဆွဲပြုတ်ဖို့ ပြင်ပေးနေသည်။ - [ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်](https://burmese.kachinnews.com/2021/01/08/jan-8-3/): ဝိုင်းမော်မြို့နယ်အရှေ့ဘက် ဝါးရှောင်ကျေးရွာအနီးတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ရှေ့တန်းစခန်းတစ်ခုကို ဇန်နဝါရီလ ၇ ရက်နေ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ - [UEC ညွန်ကြားမှုဖြင့်ဖားကန့်မြို့နယ် ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းဟောင်းများကို မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2021/01/08/jan-8-2/): ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆင့်ဆင့်ညွှန်ကြားချက်အရ ဖားကန့်မြို့နယ်၏ ၂၀၁၅ မဲစာရင်းဟောင်းများကို ဇန်နဝါရီလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲအရာရှိထံ မှ သိရသည်။ - [နမ်ဆန်ယန်ကျေးရွာလမ်း တပ်မတော်ကဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးရန် တောင်းဆို](https://burmese.kachinnews.com/2021/01/08/jan-8-1/): နမ်ဆန်ယန်ကျေးရွာအရှေ့ဘက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့သွားသည့် လမ်းသွယ် ၄ခုကို မြန်မာစစ်တပ် က ဘက်ဟိုးဖြင့် တူးဖော်ဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးခြင်းမရှိပါက ကာကွယ်ရေးဦးစီးချုပ်ထံသို့ တိုင်ကြားသွားမည်ဟု ဦးဖော်လားကမ်ဖန်က ပြောသည်။ - [ပန္နက်ကျေးရွာအတွင်းက ဆင်စခန်းကို နေရာပြောင်းရွေ့ပေးရန် တောင်းဆို](https://burmese.kachinnews.com/2021/01/07/jan-7-1/): တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ပန္နက်ကျေးရွာနယ်နိမိတ်တွင် တဝမ် ဆင်စခန်းတစ်ခုရှိနေသောကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသဖြင့် ၎င်းဆင်စခန်းအား နေရာရွေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ - [သမ္မတ နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တို့ကို အမှုကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆင့်ခေါ်](https://burmese.kachinnews.com/2021/01/06/jan-6-3/): နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်း အပါအဝင် ၁၉ ဦးတို့ကို တိုင်ကြားထားသည့် တရားစွဲဆိုတိုင်ကြားချက်များအား လက်ခံရန် သင့်မသင့် လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကနဦး ကြားနာဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ - [မြေယာပြဿနာဖြေရှင်းပေးရေးနှင့်ပတ်သက်၍ လာမည့်အစိုးရအပေါ် ဟူးကောင်းဒေသမှ ပြည်သူများ၏မျှော်လင့်ချက်များ](https://burmese.kachinnews.com/2021/01/06/jan-6-2/): ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်ရှိ ပြည်သူများသည် မြေယာပြသာနာနဲ့ ရင်ဆိုင်နေကြရသည်မှာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်သည်။ ဟူးကောင်းဒေသတစ်ခုလုံးအား စတုရန်းမိုင်ကီလိုမီတာ ၂၁၈၉၀ မိုင်အား ၂၀၀၄ ခုနှစ်တွင် ပြည်ထောင်စုအစိုးရမှ (WCF) ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ၂၀၀၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ - [“ဝန်ကြီးနေရာကမ်းလှမ်းတာထက် ပိုပြီးကျော်လွန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမျိုးတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးဖို့လိုအပ်တယ်။ ဒါမှမဟုတ်ရင် ဘာမှထူးလာမှာမဟုတ်ဘူး”](https://burmese.kachinnews.com/2021/01/06/jan-6-1/): ရွေးကောက်ပွဲအနိုင်ရ NLD နှင့် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံခဲ့သည့်အခြေအနေများ၊ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အနာဂတ်အလားအလာများနှင့်ပတ်သက်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု-ဥက္ကဌ ၂ ဦးကွမ်ကရောင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။ - [ကန်ပိုင်တီနယ်စပ်ဂိတ် ကိုဗစ် ပိုးတွေ့လူနာ ၃ ဦးမှာ တစ်သျှူးငှက်ပျောတင် ကားသမားများဖြစ်](https://burmese.kachinnews.com/2021/01/05/j5/): ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တီ ဂိတ်တွင်တွေ့ရှိရသော Covid-19 ပိုးတွေ့လူနာ ၃ ဦးမှာ တစ်သျှူးငှက်ပျောတင်သည့် ကားသမားများဖြစ်ကြပြီး ၎င်းတို့တွင် ခရီးသွားရာဇဝင်မရှိကြောင်း ကန်ပိုင်တီအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်ထံမှ သိရသည်။ - [ရှဒူးဇွပ်စစ်ရှောင်များပြောင်းရွေ့နေထိုင်ရန် မြေနေရာအတွက် သစ်တောဌာနသို့ စာတင်ပြသွားမည်](https://burmese.kachinnews.com/2021/01/04/j4/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ KBC စစ်ရှောင်များရွှေ့ပြောင်းအခြေချရန်စီစဉ်နေသော မြေနေရာသည် ယုဇနကုမ္ပဏီပိုင်မဟုတ်ပဲ သစ်တောဌာနပိုင်မြေနေရာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့ သစ်တောအဖွဲ့မှ လာရောက်ကန့်ကွက်ခဲ့သည်ဟု စစ်ရှောင်များပြောသည်။ - [ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ နေရာကို ပါတီတစ်ခုထဲ တာဝန်ယူခြင်းမပြုရန် တင်ပြ](https://burmese.kachinnews.com/2021/01/01/nld_kachin-party/): ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ နေရာများကို ပါတီတစ်ခုထဲကပဲ တာဝန်ယူခြင်းမဟုတ်ဘဲ ပါတီခြားမှခန့်အပ်ပေးရန် ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ NLD ပါတီနှင့် တိုင်းရင်းသားအနိုင်ရကိုယ်စားလှယ်များတွေ့ဆုံရာတွင် တင်ပြခဲ့သည်ဟု သိရသည်။ - [WCS သတ်မှတ်ဧရိယာအတွင်း သစ်ခိုးထုတ်လုပ်မှုရပ်တန့်ပြီး ဒေသခံများကို လုပ်ကိုင်စားသောက်စေလိုကြောင်းတောင်းဆို](https://burmese.kachinnews.com/2020/12/31/1-20/): တနိုင်းမြို့နယ် လီဒိုလမ်းမပေါ် ရှင်လုံဂါးကျေးရွာရှိ ဘေးမဲ့တောစီမံကိန်း (WCS) သတ်မှတ်နယ်မြေတွင် သစ်ထုတ်လုပ်နေမှုများကို ရပ်တန့်စေပြီး ဒေသခံများကို လုပ်ကိုင်စားသောက်ခွင့် မြေနေရာပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။ - [NLD နှင့် ကချင်တိုင်းရင်းသားပါတီများတွေ့ဆုံမည့်အစီစဉ် Party to Party မဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းသာဖြစ်](https://burmese.kachinnews.com/2020/12/31/12-2/): အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပထမဆုံးအကြိမ် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည့်အစီစဉ်တွင် Party to Party တွေ့ဆုံခြင်းမဟုတ်ပဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းသာဖြစ်သည်ဟု သိရသည်။ - [NLD ပါတီ က ကချင် နိုင်ငံရေးပါတီများနှင့် စတင်တွေ့ဆုံမည်](https://burmese.kachinnews.com/2020/12/29/12/): အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့်တွေ့ဆုံဆွေးနွေးသွားမည့်အစီစဉ်တွင် ပထမဆုံးအဖြစ် ကချင်ပြည်နယ်ကို လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ သိရသည်။ - [တရုတ်တစ်သျှူးငှက်ပျော် အမြန်သယ်ယူနိုင်ရေး ကားအစီးရေ ထပ်တိုးတောင်းဆိုထား](https://burmese.kachinnews.com/2020/12/27/2-4/): ဝိုင်းမော်မြို့နယ်ရှိ တရုတ်တစ်သျှူးငှက်ပျောများ အမြန်သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကားလုံလောက်မှု မရှိသေးဖြင့် ကားထပ်မံတောင်းဆိုထားသည်ဟု သီးနှံစိုက်ပျိုးထုတ်လုပ်သူအဖွဲ့မှ သိရသည်။ - [၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ ပြည်နယ်အစိုးရအစီစဉ်ဖြင့်သာ ကျင်းပမည်](https://burmese.kachinnews.com/2020/12/27/1-19/): (၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကိုဗစ်-၁၉ ရောဂါအခြေနေအရ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သိရသည်။ - [ကချင်ပြည်နယ် မဲဆွယ်ဆိုင်းဘုတ်မှ ကျပ်သိန်းတစ်ရာကျော် အခွန်ရရှိ](https://burmese.kachinnews.com/2020/12/27/1-18/): ကချင်ပြည်နယ်တွင် အထွေထွေရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများအသုံးပြုခဲ့သည့် ဆိုင်းဘုတ်မှ ရရှိသည့်အခွန် တစ်ပြည်နယ်လုံး ကျပ်သိန်းတစ်ရာကျော်ရှိကြောင်း သိရသည်။ - [UEC ကို USDP ပါတီဝင်များ ဆက်တိုက် ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2020/12/24/1-17/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်လုပ်ဆောင်မူအပေါ် ကျေနပ်မူမရှိသည့်အတွက် USDP ပါတီဝင်အချို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ - [ကချင်တစ်ပြည်နယ်လုံးတွင် ရွေးကောက်ပွဲ အသုံးစရိတ်မတင်သော ကိုယ်စားလှယ်လောင်း ၂ ဦးသာရှိ](https://burmese.kachinnews.com/2020/12/24/1-16/): ကချင်ပြည်နယ်တွင် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှွတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်နိုင်ခြင်းမရှိသည့် ကိုယ်စားလှယ် ၂ဦးသာရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [ကချင်ပြည်နယ်တွင် ၅ နှစ်အတွင်း အခွန်ပေါင်း ကျပ် ဘီလီယံချီ ကောက်ခံရရှိ](https://burmese.kachinnews.com/2020/12/24/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%81%85-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1/): ကချင်ပြည်နယ် လွန်ခဲ့သည့် အစိုးရသက်တမ်း ၅နှစ်အတွင်း ပြည်နယ်အခွန်ဦးစီးဌာနမှ ကောက်ခံရသည့်အခွန်ငွေစုစုပေါင်း ၂၈၈၂၆.၁၄၂ ဘီလီယံကောက်ခံရရှိကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ် လူထုအမြင်ဖွင့် ပညာပေးပွဲမှ သိရသည်။ - [လိုလားသည့် အစိုးရအသစ် (စစ်ရှောင်တို့၏အသံ)](https://burmese.kachinnews.com/2020/12/24/1-15/): ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရပြီးနောက် ပြည်နယ်တိုင်းဒေသအသီးသီးတွင်လည်း အစိုးရဖွဲ့နိုင်တော့မည်ဖြစ်သည်။ - [အလေးထားစောင့်ကြည့်ရမည့် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေး ခရီးစဉ်](https://burmese.kachinnews.com/2020/12/24/feature/): ကချင်တစ်ကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်လာချိန် စစ်ပြေးဒုက္ခသည်များသည် ကာလကြာ စွန့်ပစ်ခဲ့ရသော ၎င်းတို့၏ မူလမြေယာဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ပုံစံနည်းမျိုးစုံဖြင့် နေရပ်ပြန်ရန် စီစဉ်နေကြပြီဖြစ်သည်။ - [ကချင်ပြည်နယ်တွင် မြေလွတ်မြေလပ် ဧက ၁၀ သန်းနီးပါး ကို ၅ နှစ်အတွင်းချပေးခဲ့](https://burmese.kachinnews.com/2020/12/23/1-14/): NLD အစိုးရ ၅ နှစ်သာ သက်တမ်းအတွင်း ကချင်ပြည်နယ် မြေလွတ် မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့်ချထားပေးသည့် မြေဧကပေါင်း ၁၀ သန်းနီးပါး (၉၇၁၅၄၃၁ ဧက) ရှိကြောင်း ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU) ၏ ဒီဇင်ဘာလ ၁၉ ရက်နေ့ လူထုအမြင်ဖွင့် ပညာပေးအစီအစဉ် မှ သိရသည်။ - [ရှဒူးဇွပ် ချောင်းရှင်းလင်းရေး အခမဲ့ ဆောင်ရွက်သော ကုမ္ပဏီကို ရွှေတူးဖော် ခွင့်ပြု](https://burmese.kachinnews.com/2020/12/22/1-13/): လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ကျေးရွာတွင် နှစ်စဉ်ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ချောင်းရှင်းလင်းရေးပြုလုပ်ရန် ခွင့်ပြုချက်ရရှိထားသောကုမ္ပဏီကို ဥပဒေနှင့်အညီ ရွှေ တူးဖော်ခွင့်ပြုထားသည်ဟု သိရသည်။ - [ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှု မရှိကြောင်း မိုးကောင်းတွင် ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2020/12/22/1-12/): ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်အချို့က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသည်။ - [နေရပ်ပြန်မည့် ဒဘတ်ကျေးရွာတွင် မိုင်းရှင်းလင်းပြီးစီးကြောင်း တပ်မတော် ထုတ်ပြန်](https://burmese.kachinnews.com/2020/12/22/1-11/): ကချင် စစ်ရှောင်များနေရပ်ပြန်ရန်ရွေးချယ်ထားသော ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ - [နေရပ်မပြန်တော့သည့် ရှဒူးဇွပ် စစ်ရှောင်များ ယုဇနသိမ်းဆည်းမြေနေရာတွင် အခြေချရန်ဆုံးဖြတ်](https://burmese.kachinnews.com/2020/12/18/l1-43/): ဖားကန့်မြို့နယ် ၊ ရှဒူးဇွပ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်များက မြေနေရာ အသစ်တစ်ခုတွင် ရွှေ့ပြောင်းနေထိုင်ရန် ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းများ စတင်တော့မည်ကြောင်း သိရသည်။ - [Non Stay at Home ဒေသမှပြည်သူများ လေကြောင်းလိုင်းဖြင့်ခရီးသွားလျှင် Quarantine ဝင်ရန်မလို](https://burmese.kachinnews.com/2020/12/16/l1-42/): Stay Home ကြေညာခြင်းမခံရသည့် ဒေသမှပြည်သူများအနေဖြင့် အခြားဒေသသို့ လေကြောင်းလိုင်းဖြင့်ခရီးသွားမည်ဆိုပါက Quarantine ဝင်စရာမလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ - [ဗန်းမော်ခရိုင် ရွေးကောက်ပွဲအသုံးစရိတ်မတင်သော ကိုယ်စားလှယ် ၂ ဦးကို အရည်အချင်းပျက်ယွင်းသူစာရင်းထည့်](https://burmese.kachinnews.com/2020/12/16/l1-41/): ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ရွေးကောက်ပွဲအသုံးစရိတ်မတင်နိုင်သည့် ကိုယ်စားလှယ် ၂ ဦး ရှိကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ - [တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးရန် NLD ပြင်ဆင်လာမှုကို ကချင်ပါတီများ အပြုသဘောမြင်](https://burmese.kachinnews.com/2020/12/16/l1-40/): တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် NLD ပါတီကဖွဲ့လိုက်သော အဖွဲ့က ကမ်းလှမ်းခဲ့ပါက အပြုသဘော လက်ခံတွေ့ဆုံရန်ရှိကြောင်း ကချင်ဒေသခံပါတီတချို့က ပြောသည်။ - [ဗန်းမော် တစ်မြို့လုံးစာ အမှိုက်ပုံ မီးလောင်မှုကြောင့် လေထုညစ်ညမ်းမှုကို အမြန်ဖြေရှင်းပေးရန်ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2020/12/10/1-10/): ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲလ်ရပ်ကွက်ရှိ အမိူက်ပုံ နေ့စဉ် မီးလောင်နေသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်များသည် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။ အမှိုက်ပုံ မီးလောင်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်လာနိုင်သည့်အတွက် အမြန်ဆုံးပြောင်းရွှေ့ပေးရန် အစိုးရထံ ၂၀၁၉ ခုနှစ်တွင် စာတင်ခဲ့သော်လည်း ယနေ့ချိန်ထိ ဖြေရှင်းပေးခြင်းမရှိကြောင်း ဆင်ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် က ပြောသည်။ “ဘယ်လိုဖြစ်နေလဲဆိုရင် အဲအမိူက်ပုံက အလယ်ခေါင်မှာကြီးဖြစ်နေတာ ရပ်ကွက် ၄ခုရဲ့အလယ်မှာဖြစ်နေပြီ။ ခုဆိုရင် ၁၁ လပိုင်ကတည်းက မီးလောင်နေတာ မီးငြိမ်းပေးဖို့ပြောတယ်။ သက်ဆိုင်ရာကလည်းလာငြိမ်းကြပါတယ်။ ဒါပေမယ့် အမိူက်ပုံက ထူတော့ ရေကအပေါ်ယံလောက်ဘဲလောင်းပြီးတော့ အထဲမှာတစ်မြိုက်မြိုက်လောင်နေတော့ ညညဆိုပိုဆိုးတယ် အဲအနံ့က အိပ်လို့မရဘူး။ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပြင်၊ စည်ပင်ဝန်ကြီးကိုလည်း ဗန်းမော်လာတဲ့ချိန်မှာ ကျနော်ကိုယ်တိုင်တင်ပြပေးပြီးပြီ။ လုပ်ပေးမယ်ပြောပြီးတော့ ခုချိန်ထိဘာမှလည်းမတုံ့ပြန်ဘူး။ ဒီကိုတော့ ခိုင်းရင်လည်းခိုင်းမှာပေါ့။ ဒီကဟာတွေက ဘာမှမလုပ်ဘူးဖြစ်နေတာ။” ဟု ဆင်ကုန်းအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ကပြောသည်။ အဆိုပါ အမိူက်ပုံသည် ဗန်းမော်မြို့တစ်မြို့လုံး၏ စွန့်ပစ်အမိူက်ပုံဖြစ်ပြီး တစ်ရက်လျှင် အမှိုက် ၃၀ တန်ခန့် လာရောက်စွန့်ပစ်နေပြီး ယင်းအမိူက်ပုံသည် ၂၀၀၄ ခုနှစ်မှစကာ စတင်လာရောက်ပစ်ခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံများက ပြောသည်။ အမိူက် တစ်ဖြည်းဖြည်းများလာသည်နှင့်အမျှ ၂၀၀၆ ခုနှစ်မှစကာ မီးစလောင်နေပြီး မိုးတွင်းကာလတွင်သာ မီးငြိမ်းကြောင်း ဒေသခံတစ်ဦးဖြစ်သည့် မေဇင်က ယခုလိုပြောသည်။ “အဲအမိူက်ပုံက သုသာန်နားမှာ ဗန်းမော်တစ်မြို့လုံး၏ အမိူက်ကိုစည်ပင်က အဲနေရာမှာလာပစ်ပြီး မီးရိူ့တယ်။ ရိူ့ပြီးရင် မီးသတ်ကနေပြီးတော့ မီးငြိမ်းတယ်။ ဒါပေမယ့်အကုန်လုံး မငြိမ်းနိုင်တဲ့ချိန်ကျတော့ ညဆိုတစ်ညလုံးပူပြီး အငွေ့တွေကလေ အရမ်းနံတယ်။ … - [အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်အတွင်း မြေဧက ၄၀၀၀ ကျော်ကို CF သတ်မှတ်ပေးရန် တန်ဖရဲဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2020/12/10/1-9/): မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ အတင်းရွှေ့ပြောင်းခံထားရသောဒေသခံများသည် ယခင်တန်ဖရဲကျေးရွာအနီး အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် ဧရိယာအတွင်းက မြေဧက ၄၀၀၀ ကျော်ကို ဒေသပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်း (CF) သတ်မှတ်ပေးရန် လျှောက်ထားသည်ဟု သိရသည်။ - [ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲအသုံးစာရင်းတင်သွင်းမှု မိုးညှင်းခရိုင်တွင် ၉၀ ရာခိုင်နှုန်းပြီးစီး](https://burmese.kachinnews.com/2020/12/09/l1-39/): ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းသူ ၉၀ ရာခိုင်နူန်း ပြီးစီး ပြီဟု သိရသည်။ - [ကိုဗစ်အတည်ပြုလူနာများလာသော ဖားကန့်တွင် ကွာရန်တင်းစင်တာအတွက် အခက်အခဲရှိလာ](https://burmese.kachinnews.com/2020/12/08/3-2/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအဆမတန်တိုးလာသည့်အတွက် ကွာရန်တင်း စင်တာများတွင် နေရာအခက်ခဲရှိလာကြောင်း လုံးခင်းတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းထံမှ သိရသည်။ - [ကချင်မြောက်ဖျားပိုင်း နောင်မွန်းဒေသတွင် အင်တာနက်လိုင်းပေးရန် ဒေသခံ လူငယ်များတောင်းဆို](https://burmese.kachinnews.com/2020/12/08/1-8/): ကချင်ပြည်နယ်မြောက်ဖျားပိုင်းဒေသ နောင်မွန်းမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အမြန်ရရှိရန် ဒေသခံ လူငယ်များက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ - [တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအသုံးစရိတ်အပြည့်မတင်နိုင်သေး](https://burmese.kachinnews.com/2020/12/08/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c/): ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၂၅ ဦးအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်သူ ၁၀ ဦးကျော်သာရှိသေးကြောင်း သိရသည်။ - [ကုန်တင်တွဲကားများ အမြင့် ၁၃ ပေကျော်လွန်ပါက အရေးယူခံရမည်](https://burmese.kachinnews.com/2020/12/07/1-7/): ကုန်တင်တွဲကားများ အမြင့်ပေ ၁၃ပေအထက် တင်ဆောင်ခြင်းမပြုရန် ပညာပေးလုပ်ဆောင်နေပြီဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက စတင်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ - [သတ်မှတ်ချက် ပြည့်မှီသော စားသောက်ဆိုင်များ ယနေ့ ပြန်ဖွင့်ပြီ](https://burmese.kachinnews.com/2020/12/04/l1-38/): ကျန်းမာရေးလမ်းညွှန်ချက် (A) အဆင့်သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်တချို့ ယနေ့ ဖွင့်ခွင့်ရကြပြီဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာမူမရှိပါက သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်ဟု သိရသည်။ ဖွင့်လှစ်ခွင့်ပြုထားသည့် ဆိုင်များမှာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အထိ ပါဝင်သည်။ “Covid-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုအဆင့်မှ ညွှန်ကြားလာတဲ့အတိုင်း စည်ပင်ကိုထပ်ပြီး ညွှန်ကြားထားတာက A အဆင့်သတ်မှတ်ထားတဲ့ စားသောက်ဆိုင်ပုံစံဖြစ်ရမယ်။ အဲလိုဆိုင်တွေကို ဒီနေ့ ကနေစပြီး ပြည်ထောင်စုလမ်းညွှန်ချက်အတိုင်း ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမယ့် အဲ သတ်မှတ်ချက်မရှိရင် အရေးယူမယ်ဆိုပြီး ညွှန်ကြားထားတယ်။ အရေးယူမယ့်ဟာကျတော့ သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေနဲ့အရေးယူမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အရေးပေါ်ကော်မတီမှ ဒုညွန်ကြားရေးမှူး ဦးတင့်နိုင်က ဆို သည်။ ကျန်းမာရေးလမ်းညွှန်ချက် A အဆင့်တွင် စားသောက်ဆိုင်ကြီးများဖြစ်ပြီး စားသောက်ဆိုင်အတွင်း ကောင်တာရှိရန်၊ ဆိုင်ထဲဝင်ချိန် အပူချိန်တိုင်းရန်၊ ဆိုင်ထိုင်စားသူများအား တစ်ဦးနဲ့တစ်ဦး ၆ပေအကွာ ထိုင်နိုင်အောင်စီစဉ်ထားရှိရန်၊ တစ်ဦးနှင့်တစ်ဦးကြား အကာပြုလုပ်ထားရန်၊ ဆိုင်အတွင်း အလုပ်လုပ်သည့် ဝန်ထမ်းများ ကျန်းမာရေးသတ်မှတ်ချက်အတိုင်း လက်အိတ်စွပ်ရန်၊ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးစင်ထားရှိရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ယနေ့မှစကာ ဖွင့်ခွင့်ပြုထားသည့် စားသောက်ဆိုင်ပေါင်း ၂၃၂ ဖွင့်ခွင့် ပြုထားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ တစ်နိုင်ငံလုံး Stay at Home မဟုတ်သည့် မြို့နယ်များမှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် ၈၀၀၀ ကျော်ပြန်လည် ဖွင့်ခွင့်ပြုထားပြီးဖြစ်သည်။ “ဒါက နိုင်ငံတော်ကနေ ဖြေလျော့ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း တိကျစွာလိုက်နာဖို့ … - [ကချင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲက ၂၀၁၅ ထက် မဲလာထည့်သူ ရာခိုင်နှုန်းလျော့ကျ](https://burmese.kachinnews.com/2020/12/03/l3-7/): ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဆန္ဒမဲပေးသူ ၆၆.၁၀ ရာခိုင်းနှုန်းခန့်သာရှိသည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲဖြင့်ယှဉ်လျှင် ၂ ရာခိုင်နူန်း ကျဆင်းသွားသည်ဟု သိရသည်။ - [ပူတာအို ခရိုင် အသေးစားလုပ်ကွက်ကိစ္စ KNC ပါတီက နိုင်ငံတော်သမ္မတရုံးသို့ အိတ်ဖွင့်ပေးစာ ပို့](https://burmese.kachinnews.com/2020/12/03/l2-33/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင် ရွှေနှင့် သတ္တုတူးဖော်ရေး အသေးစားလုပ်ကွက်များကို စနစ်တကျကြည့်ကြပ်ပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က နိုင်ငံတော်သမ္မတရုံးသို့ ဒီဇင်ဘာလ ၁ ရက်နေ့ အိတ်ဖွင့်ပေးစာပို့ခဲ့သည်ဟု သိရသည်။ - [ကချင်ပြည်နယ်တွင် Covid-19 လူနာ ၁၂ ဦးထပ်တိုး၊ မြစ်ကြီးနားမှ ၁ ဦးပါ](https://burmese.kachinnews.com/2020/12/03/l2-32/): ဒီဇင်ဘာလ ၃ ရက်နေ့ ကချင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာအသစ် ၁၂ ဦးထပ်မံတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ - [“ပေးထားတဲ့ကတိကဝတ်အတိုင်း အကြီးကြီးမလုပ်နိုင်ရင်တောင်မှ သူတို့တောင်းထားတဲ့ အတိုင်းတာပြည့်မီအောင်တော့ ဆောင်ရွက်သွားမယ်”](https://burmese.kachinnews.com/2020/12/03/l1-37/): အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေးနှင့် မူးယစ်ဆေးလျော့ကျရေးလုပ်ဆောင်မည်ဆိုသည့် USDP ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည့် ဒေါ်လရှမ်ဘန် ထွယ်အား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။ - [တပ်ချုပ်နဲ့တွေ့ဆုံမှု နေရပ်ပြန်ရေးအတွက် အမြတ်ဖြစ်မည်ဟုမျှော်လင့်ကြောင်း KBC ဥက္ကဌ ပြော](https://burmese.kachinnews.com/2020/12/02/1-6/): ဒီဇင်ဘာလ ၁ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ မြစ်ကြီးနားတွင်တွေ့ဆုံမှုသည် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် အမြတ်ဖြစ်မည်ဟု သုံးသပ်မိကြောင်း Rev. Dr. Hkalam Samson က ပြောသည်။ - [ဖားကန့်တွင် ဒုတိယအကြိမ် အသေးစားလုပ်ကွက် ယခုလ ထပ်မံချပေးတော့မည်](https://burmese.kachinnews.com/2020/12/02/l2-31/): ဖားကန့်မြို့နယ်တွင် ဒုတိယအကြိမ် အသေးစား(လက်လုပ်လက်စား)လုပ်ကွက် တူးဖော်ခွင့်အတွက် ခွင့်ပြုမိန့်ကို ဒီဇင်ဘာလတွင် ချပေးနိုင်ရန်စီစဉ်နေကြောင်း ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရသည်။ - [အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများကို တောင်းဆိုလိုသည့်အချက်များ](https://burmese.kachinnews.com/2020/12/02/l1-36/): လက်ရှိလွှတ်တော်သက်တမ်းတွင်ပါဝင်နေသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမျိုးသမီးကဏ္ဍများနှင့်ပတ်သက်သည့် အဆိုတင်ပြမူ ၁ ရာခိုင်နူန်းပင် မတွေ့ရှိကြောင်း အမျိုးသမီးအရေး လုပ်ဆောင်သူများက မှတ်ချက်ပြုပြောဆိုမူများလည်း ရှိနေသည်။ - ["ကျမတို့အမျိုးသမီးတွေကိုလည်း တန်းတူအခွင့်အရေးပေးပါ။” လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ဖြင့်တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2020/11/30/l1-35/): ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်သည့်ရာခိုင်နူန်းသည် ၂၀၁၅ ထက်လျော့နည်းသွားသော်လည်း ရွေးချယ်ခံရသည့် အမျိုးသမီးအရေတွက်သည်မှာ ယခင်ထက်ပိုများလာသည်ကို တွေ့ရသည်။ - [တရားဝင် စာတင်ပြလာခြင်းမရှိသဖြင့် ဂါးရာယန်ဒေသခံအတွက် နေအိမ်ဆောက်ပေးရန်အစီစဉ်မရှိသေး](https://burmese.kachinnews.com/2020/11/27/l3-6/): ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူး ကျေးရွာဒေသခံများ နေရပ်ပြန်ရေးနောက်ကျနေခြင်းမှာ တရားဝင်စာတင်ထားခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။ - [သတင်းအမှား ဖြန့်ဝေပြောဆိုသည့် ၃ဦးကို KSPP တရားစွဲထား](https://burmese.kachinnews.com/2020/11/27/l2-30/): ပြီးခဲ့သောရွေးကောက်ပွဲကာလ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသော ဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်ပြီး သတင်းအမှားပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့သည့် လူပုဂ္ဂိုလ် ၃ ဦးကို ပါတီဘက်က တရားစွဲဆိုထားသည်ဟု စုံစမ်းသိရှိရသည်။ - [KIO ဒု ဥက္ကဌ (ငြိမ်း) မှ အစိုးရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ](https://burmese.kachinnews.com/2020/11/27/l1-34/): ဒေါက်တာမနမ်တူးဂျာသည် လက်ရှိတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဥက္ကဌ ဖြစ်ကာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အင်ဂျန့်ယန် ပြည်နယ်လွှတ်တော်အမှတ် (၁) မှ အနိုင်ရရှိထားသူဖြစ်သည်။ - [မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများပတ်သက်သည့် သတင်းအမှား](https://burmese.kachinnews.com/2020/11/26/f1/): ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲပြုလုပ်ကျင်းပခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ NLD ၏ ပြိုင်ဘက်ပါတီအချို့ မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများအတွက် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်သည်ဟု လူမှုကွန်ယက်ပေါ်များတွင် ပျံ့နှံ့နေပါသည်။ နိုင်ဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် Tone Tone အမည်ရှိ လူမှုကွန်ယက်စာမျက်ပေါ်မှာ ‘မဲရုံကိစ္စများဖြင့် တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်မရှိဟု ပညာရေးဝန်ကြီးပြော’ ရေးသားဖော်ပြထားသည်။ Tone Tone ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ အကူအညီတောင်းခံမှုအရ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကို မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲလက်မှတ်ထုတ်ပေးသူနှင့် မဲရေတွက်သူ၊ မှတ်တမ်းပြုစုသူနှင့် မဲရုံလုံခြုံရေးအပါအဝင် အခြားလိုအပ်သည့် နေရာများတွင် ခန့်အပ်တာဝန်ပေးထားခဲ့ပြီး ယခုအချိန်တွင် အောက်ခြေမဲရုံအချို့မှာ မဲမသာမှုများ ဥပဒေဘောင်ကျော်ဆောင်ရွက်မှုများ ဘက်လိုက်မှုများရှိခဲ့သည်ဆိုသည့် စွတ်စွဲချက်များဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့မှ တိုင်ကြားထားသည်များ တရားစွဲဆိုထားသည့် ဖြစ်စဉ်များကို တွေ့နေရတဲ့အတွက် ပညာရေး မိသားစုအနေနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဝန်ကြီးဌာနအနေဖြင့်တော့ တာဝန်ခံဖြေရှင်းပေးမည့် အစီအစဉ်မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။ ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ စောရဲထွဋ်၊ Moe Thida Thein၊ Yan Naing Shwe အစရှိသည့် Facebook Account များတွင်လည်း ထပ်မံတင်ပြထားသည်ကို မြင်တွေ့ရသည်။ သို့ပေမယ့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ … - [ကချင်ပြည်နယ်တွင် ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးထိတိုးလာ](https://burmese.kachinnews.com/2020/11/25/l3-5/): ၃ ရက်အတွင်း ကချင်ပြည်နယ် ကိုဗစ်အတည်ပြုလူနာသစ် စုစုပေါင်း ၁၂ ဦးတိုးလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ကချင်ပြည်နယ် Covid-19 ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ပြောသည်။ - [Covid ကာလ မြစ်ကြီးနားမြို့တွင် စားသောက်ဆိုင် ၁၀၀ ကျော် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ](https://burmese.kachinnews.com/2020/11/25/l2-29/): မြစ်ကြီးနားမြို့ရှိ A အဆင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။ - [မြစ်ကြီးနား ကွာရန်တင်းစင်တာများအတွက် တစ်လ သိန်း ၁၅၀ ခန့် အသုံးပြုနေ](https://burmese.kachinnews.com/2020/11/25/l2-28/): မြစ်ကြီးနားမြို့နယ်အတွင်း Covid-19 ကွာရန်တင်းစင်တာများတွင် အထွေထွေအသုံးစရိတ် တစ်လလျှင် ကျပ်သိန်း ၁၅၀ ခန့်ရှိနေပြီး ပြင်ပအလှူရှင်ထောက်ပံ့ငွေ အပြင်အစိုးရ၏ငွေတို့ဖြင့် သုံးစွဲနေရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ - [အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်](https://burmese.kachinnews.com/2020/11/24/l2-27/): ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး’ ဆောင်ပုဒ်ဖြင့် လူငယ်အယောက် ၃၀ ခန့်က မြစ်ကြီးနားမြို့တွင်း စက်ဘီးစီးကမ်းပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ - [ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး](https://burmese.kachinnews.com/2020/11/24/l1-33/): Covid-19 နှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဆော့လော်မြို့နယ်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက ဆန်ထောက်ပံ့ပေးထားကြောင်း သိရသည်။ - [လူစားလှဲမောင်းခြင်းကြောင့် တရုတ်နယ်စပ် မြန်မာကားသမားများ အခက်အခဲတွေ့နေ](https://burmese.kachinnews.com/2020/11/20/1-5/): တရုတ်-မြန်မာ နယ်စပ် ကန်ပိုင်တီတွင် နိုဝင်ဘာလ ၁၉ ရက်နေ့မှစကာ ကုန်ကားများကို တရုတ်နိုင်ငံဘက်မှ ရှိန်တင် (လူစားလှဲမောင်းခြင်း) ပြုလုပ်နေသည့်အတွက် မြန်မာအတွက် အခက်ခဲကြုံတွေ့နေကြောင်း ကားသမားများထံမှ သိရသည်။ - [ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း](https://burmese.kachinnews.com/2020/11/20/l1-32/): ကချင်ပြည်နယ် ဗန်းမော်မြို့ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသော စစ်ရှောင်များကို ဗန်းမော်မြို့မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံး က လက်မှတ်ထိုးခိုင်းခဲ့သည်ဟု စစ်ရှောင်များထံမှ သိရသည်။ - [တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်တွင် ဖမ်းဆီး](https://burmese.kachinnews.com/2020/11/19/l1-31/): ကန်ပိုင်တီ တရုတ်နယ်စပ်ဂိတ်မှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လ.ဝ.က) အဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ - [KIA ဒု-စစ်ဦးစီးချုပ်၏လူသတ်မှုကို ညီဖြစ်သူ NLD ကချင်အမတ်က ညှိနှိုင်းပေးခဲ့သည်ဆိုသော သတင်းမှား](https://burmese.kachinnews.com/2020/11/19/kia-%e1%80%92%e1%80%af-%e1%80%85%e1%80%85%e1%80%ba%e1%80%a6%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%81%8f%e1%80%9c%e1%80%b0%e1%80%9e%e1%80%90%e1%80%ba/): KIA ဒု-စစ်ဦးစီးချုပ် လူသတ်မှုကိစ္စကို သူ၏ညီဖြစ်သူ ရွေးကောက်ခံကချင် NLD အမတ်တစ်ဦးက ကြားဝင်ညှိနှိုင်းကာ နစ်နာကြေးပေးခဲ့သည်ဆိုသော ရေးသားမှုမှာ သတင်းအမှားဖြစ်သည်ဟု မေးမြန်းသိရှိရသည်။ - [စာချုပ် ချပြဖို့ထက် စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းပေးရန်လိုလားကြောင်း မြစ်ဆုံဒေသခံများတောင်းဆို](https://burmese.kachinnews.com/2020/11/18/3/): ရွေးကောက်ပွဲအနိုင်ရသဖြင့် နောက်ထပ်ပြန်တက်လာမည့် NLD အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး စာချုပ်စာတမ်းချပြဖို့ထက် စီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့သာ လုပ်စေချင်ကြောင်း မြစ်ဆုံဒေသခံတချို့က ပြောသည်။ - [၁၉၄၇ ပင်လုံသဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ လိုလားကြောင်း KSPP အကြောင်းပြန်](https://burmese.kachinnews.com/2020/11/18/2-3/): နောင်အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ၁၉၄၇ ပင်လုံစာချုပ်သဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့အကောင်ထည်ဖော်ရန်လိုလားကြောင်း KSPP ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ပြန်လည်အကြောင်းပြန်လိုက်သည်ဟု သိရသည်။ - [တနိုင်း တရုန်(Tarung) ချောင်းကူးတံတား ည ၆ နာရီ ဂိတ်ပိတ်မှုကို ဒေသခံများမလိုလား](https://burmese.kachinnews.com/2020/11/18/l1-30/): တနိုင်းမြို့နယ် ရှင်ဗွေယာန် တရုန်(Tarung) ကျေးရွာ ချောင်းကူးတံတားတွင် လုံခြုံရေးအတွက် တပ်မတော်သားများက ညနေ ၆နာရီမှစတင်ကာ အဝင်အထွက်ပိတ်လိုက်သဖြင့် ဒေသခံများအတွက် ဖြတ်သန်းသွားလာရေး အခက်အခဲကြုံနေရသောကြောင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။ - [ရှမ်းပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတွင် ဒူးလေးပါတီကအနိုင်ရသည်ဆိုသော သတင်းမှား](https://burmese.kachinnews.com/2020/11/18/f1-2/): ရှမ်းပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတွင် ဒူးလေးပါတီက အနိုင်ရသည်ဟူသောသတင်းမှာ ရွေးကောက်ပွဲအဆုံးရလဒ် မထွက်ခင်ကာလ ရေးသားဖော်ပြမှုများသာဖြစ်ပြီး လက်ရှိတွင် NLD က အနိုင်ရသောကြောင့် ယခင်က ရေးသားဖော်ပြမှုများမှာ သတင်းမှားဖြစ်သည်ဟု ဆိုသည်။ လီဆူအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း၏အကောင့်နှင့် Lisu Social Media လီဆူလူမှုမီဒီယာ page တို့တွင် ဒူးလေးပါတီက ကချင်ပြည်နယ်တွင် ရေးရာဝန်ကြီးတစ်နေရာ၊ ပြည်နယ်အမတ် ၁ နေရာနှင့် ရှမ်းပြည်နယ်တွင် ရေးရာဝန်ကြီးတစ်နေရာစသဖြင့် ၃ နေရာအနိုင်ရရှိကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့ကြသည်။ သို့သော်ထိုအချက်များမှာ ကိုယ်စားလှယ်က တိုက်ရိုက်ပြောဆိုလာသောကြောင့် ဖော်ပြရခြင်းဖြစ်သည်ဟု ဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။ “ဒီရွေးကောက်ပွဲမပြီးသေးတဲ့ အချိန်မှာဘဲ အဲ့မှာပြိုင်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်းကိုယ်တိုင်က သူနိုင်ကြောင်း အကြောင်း ကြားလာတာပေါ့။ နောက်တော့ UEC ရဲ့ထုတ်ပြန်ချက်မှာက NLD နိုင်သွားတယ်ပြန်ကြားရတော့ နည်းနည်းရှုတ်သွားတာပေါ့လေ။ ဒါပေမယ့် ဘယ်သူနိုင်တယ်ဆိုတာကို ထုတ်ပြန်ထားပြီဖြစ်တဲ့အတွက် ကျနော်တို့က ရှုံးတာဘဲလေ” ဟုပြောဆိုသည်။ အဆိုပါ သတင်းအချက်အလက်မှာ ရွေးကောက်ပွဲအပြီး UEC မှပြန်လည်ထုတ်ပြန်သည့် နောက်ပိုင်းမှ သတင်း အမှားပုံစံဖြစ်သွားပြီး ပထမဆုံး သတင်းအရင်းအမြစ်မှာ ရှမ်းပြည်နယ်တွင် ဒူးလေးပါတီဖြင့် လီဆူရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းကိုယ်တိုင် အကြောင်းပြန်လာသည့်အပေါ်မှာ အတည်တကျယူပြီး လူမှုကွန်ယက်မှာ ပြန့်သွားရခြင်းဖြစ်သည်ဟု သူကဆက်ဆိုခဲ့သည်။ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်ပတ်သက်သော နောက်ဆုံးရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စန်းစန်းမြင့် (ခ) ယာန်ချီမီး ကအနိုင်ရရှိခဲ့ကြောင်းဖော်ပြခဲ့သည်။ … - [မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် ၂နေရာမှာ တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2020/11/18/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7-kia-%e1%80%9b%e1%80%be%e1%80%99%e1%80%ba/): မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နိုဝင်ဘာ ၁၇ အင်္ဂါနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နှစ်နေရာမှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများဆိုပါသည်။ KIA တပ်ရင်း (၉) နယ်မြေ Nampati Bum (နမ္ပတီးဘွမ်)တောင်ပေါ် KIA တပ်ရင်း (၉) နှင့် မြန်မာစစ်တပ် တပ်မ (၈၈) လက်အောက် တပ်ဖွဲ့များကြား ဒေသစံတော်ချိန် နံနက် ၁၀နာရီကျော်မှ အချိန်အတော်ကြာသည်အထိ တိုက်ပွဲဖြစ်ပွားကာ မွန်းလွဲ ၂နာရီကျော်မှာ တစ်ကြိမ် Bang Hka ကျေးရွာအနီး တပ်မ (၉၉)တပ်ဖွဲ့ နှင့် KIA တပ်ရင်း (၃၆)ကြား အချိန်တို တိုက်ပွဲဖြစ်ပွားပါသည်။ “KIA တပ်မဟာ (၆) နယ်မြေအထဲမှာ ဖြစ်ပွားတာပါ။ KIA တပ်ရင်း (၉) တပ်ခွဲ (၂)နဲ့တော့ တပ်မ (၈၈)ကြား ဒီနေ့ မနက် ၁၀နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတယ်။ KIA တပ်ရင်း (၃၆) တပ်ခွဲ (၆)ကတော့ ဒီကနေ့ မွန်းလွဲ ၂နာရီကျော် တပ်မ (၉၉)နဲ့ တိုက်ပွဲ ဖြစ်ပွားပါတယ်။ ဒီ နှစ်နေရာမှာ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားတာပါ” ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။ Bang Hka ကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲ ရုပ်သံ video ကိုလူမှုရေးကွန်ယန်ပေါ်မှာ ကြည့်ရှုနိုင်ပါသည်။ နှစ်နေရာတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်းကို … - [ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများ ဘာကြောင့် မျှော်မှန်းသလောက် အနိုင်မရခဲ့တာလဲ။](https://burmese.kachinnews.com/2020/11/17/2-2/): အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ကချင်ပြည်နယ်တွင် ယခင် ၂၀၁၅ အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့ပြီး ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက ရှုံးနိမ့်ခဲ့ရသည်။ - [အခြေခံလူတန်းစားများ Covid-19 ထောက်ပံ့ကြေးမရပါက တိုင်ကြားနိုင်](https://burmese.kachinnews.com/2020/11/17/1-4/): ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို Covid-19 ထောက်ပံ့ကြေးပေးအပ်ရာတွင် မရရှိသူများအနေဖြင့် မိမိသက်ဆိုင်ရာမြို့နယ်များတွင် တိုင်ကြားနိုင်သည်ဟု သိရသည်။ - [အနာဂတ်ပြည်ထောင်စုအရေး NLD ပါတီ၏ ထုတ်ပြန်ချက် စာတွေ့ထက် လက်တွေ့ပိုဆန်သင့်ဟု ထောက်ပြ](https://burmese.kachinnews.com/2020/11/16/2/): အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်သည် စာတွေ့ထက် လက်တွေ့ဆောင်ရွက်ဖို့ ပိုအရေးကြီးကြောင်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများက ပြောဆိုလိုက်သည်။ - [KSPP ပါတီက မဲဆန္ဒနယ် ၃ နေရာတွင် ပုံစံ ၁၉ လက်မှတ်မထိုး](https://burmese.kachinnews.com/2020/11/16/1-3/): ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ပုံစံ ၁၉ တွင် လက်မှတ်မထိုးသည့် မဲဆန္ဒနယ် ၃ နေရာရှိကြောင်း သိရသည်။ - [လီဒိုလမ်းပေါ် စစ်ရှောင်စခန်း ၂ ခုက ကိုယ်တိုင် စိုက်ပျိုးမြေ သတ်မှတ်ယူ](https://burmese.kachinnews.com/2020/11/15/l1-29/): ဖားကန့်မြို့နယ် ဟူးကောင့် လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်း ၂ခုက ရေရှည်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ယုဇနကုမ္ပဏီက သိမ်းပိုက်ထားသည့် မြေနေရာ ဧက ၂၀၀ ကျော်ကို ဆိုင်းဘုတ်စိုက်ထူ စစ်ရှောင်များက သတ်မှတ်ယူထားသည်ဟု သိရသည်။ - [ဖားကန့် တောင်ပြိုကျေးရွာကို လော့ဒ်ဒေါင်းအမိန့် ပယ်ဖျက်](https://burmese.kachinnews.com/2020/11/13/l2-26/): ဖားကန့်မြိုနယ် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်းချမှတ်ထားသည့်အမိန့် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။ - [ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ](https://burmese.kachinnews.com/2020/11/13/l1-28/): ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG သည် ကချင်ပြည်နယ်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ကြားဝင်လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။ PCG  အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်သည် လာမယ့်လွှတ်တော် သက်တမ်းအတွက် ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ် အမှတ် ၂ အတွက် ရွေးကောက်ခံရသူဖြစ်သည်။ - [ဒဘတ်(Dabak) ကျေးရွာ နေရပ်ပြန်နိုင်ရေး စိစစ်မှုများ လုပ်ဆောင်နေ](https://burmese.kachinnews.com/2020/11/12/l2-25/): ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်မော် လမ်းမကြီးပေါ်ရှိ တိုက်ပွဲကြောင့် ၁၀နှစ်ခန့်စွန့်ခွာထားသည့် ဒဘတ်ယာန်ကျေးရွာတွင် နေရပ်ပြန်အခြေချနိုင်ရန်အတွက် ဒေသခံစစ်မှန်ကြောင်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။ - [ကချင်တွင် လွှတ်တော် ၃ ရပ်အတွက် အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦး ရွေးကောက်ခံရ](https://burmese.kachinnews.com/2020/11/12/l1-27/): ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၂ ဦးအနက် လွှတ်တော် ၃ ရပ်အတွက် အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦး ရွေးချယ်ခံရသည်ဟု သိရသည်။ - [ငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်က ၅ ဦးအဖွဲ့ ဖွဲ့စည်း](https://burmese.kachinnews.com/2020/11/12/l1-26/): ငြိမ်းချမ်းရေးရရှိရန်အတွက် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရန် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး ပါဝင်သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို နိုဝင်ဘာလ ၉ ရက်နေ့ဖွဲ့စည်းခဲ့သည်။ - [ရွေးကောက်ပွဲရလဒ်ကို ဥပဒေနဲ့အညီဖြစ်အောင် ပြန်လုပ်မည်ဟု USDP ဥက္ကဌ ပြော](https://burmese.kachinnews.com/2020/11/10/l2-24/): ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံး ဥပဒေနှင့်အညီ မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဌ ဦးသန်းဌေးက နိုဝင်ဘာလ ၁၀ ရက်နေ့ ပါတီ၏ လူမူကွန်ယက်စာမျက်နှာတွင် ပြောဆိုထားသည်။ - [သတင်းတု သတင်းမှားကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟု KSPP ဒု ဥက္ကဌ ပြော](https://burmese.kachinnews.com/2020/11/10/%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%af-%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7/): ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက်ပါတီများရှုံးနှိမ့်ခဲ့သည့်အချက်များအနက် သတင်းတုသတင်းမှားဖြင့် ပြောဆိုတိုက်ခိုက်ခံရမှုသည် အချက်တစ်ချက်ဖြစ်ခဲ့သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူက ပြောဆိုခဲ့သည်။ - [မဲဆန္ဒရှင်များ မဲမထည့်ရသော်လည်း ၎င်းတို့၏ မဲ များ ကြိုတင်မဲထည့်ပြီးသားဖြစ်နေသည့် ငွေပျော်စံကျေးရွာတွင် NLD အနိုင်ရ](https://burmese.kachinnews.com/2020/11/09/l2-23/): မဲဆန္ဒရှင်တစ်ချို့ မဲမထည့်ရသေးသော်လည်း မိမိတို့ နာမည် မှတ်ပုံတင်ဖြင့် ကြိုတင်မဲထည့်ထားပြီးဖြစ်ခဲ့သည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာ မဲရုံအမှတ်(၅၀) တွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ - [ချီဖွေမြို့နယ်တွင် ရွေးကောက်ပွဲကာလ တရားမမျှတမှုများ ဖြစ်ပွားဟုဆို](https://burmese.kachinnews.com/2020/11/09/l1-25/): ကချင်ပြည်နယ် ချီဖွေမြို့နယ်မဲဆန္ဒနယ်များတွင် မဲပေးရာတွင် မတရားမှုများရှိခဲ့ကြောင်း NLD အမျိုးသားလွှတ်တော်နေရာအတွက်ယှဉ်ပြိုင်ခဲ့သူ ဦးဇောင်းဒိုင်ထံမှ သိရသည်။ - [ကချင်ပြည်နယ်တွင် မတ် ၂၇ ရက်နေ့ ဆန္ဒပြ ပြည်သူ ၅ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/03/28/mar-27/): မတ်လ ၂၇ ရက်နေ့ (၇၆) နှစ်မြောက်တပ်မတော်နေ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် စစ်အာဏာဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်သပိတ်စစ်ကြောင်းအား ရဲနှင့်တပ်မှ ပစ်ခတ်သဖြင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူ သူရဲကောင်း(၅)ဦး ကျဆုံးခဲ့သည်။ - [ကိုဗစ်-၁၉ လည်းကာကွယ်ရမည်၊ အရေးတော်ပုံလည်းအောင်ရမည်](https://burmese.kachinnews.com/2021/03/26/march-cov-psa/): Covid-19 PSA (Article) Covid-19 ကူးစက်မှုကြောင့် ပြည်သူလူထုဒုက္ခရောက်နေချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိုလုပ်ရပ်ကို ဆန့်ကျင်သော ကဏ္ဍအသီးသီးမှ နိုင်ငံဝန်ထမ်းများသည် ပြည်သူ့အာဏာဖီဆန်မှု Civil Disobedience Movement (CDM) တွင် ပါဝင်လာကြသည်။ - [မိုးညှင်းဆန္ဒပြလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး](https://burmese.kachinnews.com/2021/03/26/mar-25-y2/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကာ ၃ဦးဒဏ်ရရှိပြီး ၂ဦးမှာ သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်းသိရသည်။ - [KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ](https://burmese.kachinnews.com/2021/03/25/mar-25-s2/): ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်၏ ဗျူဟာကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ စစ်အင်အားအလုံးအရင်းပြန်လည် ချီတက်လာနေကြောင်း သိရသည်။ မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဝိုင်းမော်မြို့ဘက်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်၏ ကားကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အပြင် ကန်တော်ယန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကားများမှာ KIO ဗဟိုဌာနချုပ်််််််လိုင်ဇာသို့ စစ်အင်အားဖြည့်ရန် ရောက်လာသောကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ အလားတူ လိုင်ဇာမြို့အနီးတွင်ရှိနေသော နားလုံးစသည့်ကျေးရွာများတွင်လည်း အာဏာသိမ်းစစ်သားများက ခြေလျှင်ဖြင့် ရောက်လာသဖြင့် ဒေသခံအချို့လည်း ထွက်ပြေးနေရကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် မတ်လ ၁၁ ရက်နေ့မှစတင်ပြီး အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို KIA က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ - [ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ](https://burmese.kachinnews.com/2021/03/25/mar-25-z2/): မတ်လ ၂၅ ရက်နေ့ ဖားကန့်မြို့နယ် ဆိပ်မူနှင့် လုံးခင်းသပိတ်စစ်ကြောင်း မှော်ပုံထိချီတက်ဆန္ဒပြရန် ပြင်ဆင်ထားသော်လည်း မှော်ပုံရွာအဝင်တွင် အာဏာသိမ်းစစ်တပ် အင်အား ၂၀ ကျော်ခန့် စောင့်ကြည့်နေသည့်အတွက် ဆန်ခါမှ ပြန်လှည့်လာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ - [ဝိုင်းမော်တွင် ပေါ်တာဆွဲမည့်သတင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/03/25/ma-25-y1/): ဝိုင်းမော်မြို့ လမြန်-ဝါးရှောင်ကျေးရွာဘက်တွင် အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲနေသည်ဆိုသော သတင်းကြောင့် မတ်လ ၂၄ ရက်ညက လူငယ်များ ကျေးရွာအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။ - [KIO ဌာနချုပ်နယ်မြေရှိ အာဏာသိမ်းစစ်တပ် စခန်းများကို KIA က သိမ်းပိုက်](https://burmese.kachinnews.com/2021/03/25/mar-25-s1/): KIO ဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းများအရ သိရသည်။ - [ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်](https://burmese.kachinnews.com/2021/03/24/mar-24-s2/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာချုပ်နှင့် နီးကပ်သော ဒေါ့ဖုန်းယန်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး တိုက်ခိုက်နေကြောင်း သိရသည်။ သေနတ်သံအချို့ကို KIO/KIA ဗဟိုဌာနချုပ်မှပင် ကြားနေရကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။ စစ်ရှောင်များ ပြန်လည်နေထိုင်သော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ လွယ်မောက်ယန် ၊ နွမ်းလန်ယန် စသည့်ကျေးရွာများမှလည်း သေနတ်သံကို ရှင်းလင်းစွာ ကြားနေရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။ “အကြာကြီး စစ်ဖြစ်လို့ထားခဲ့ပြီးမှ အခုပြန်လာနေထိုင်တော့ အခုတစ်ခါသေနတ်သံတွေ ကြားနေရလို့ ဘယ်လို လုပ်ရမလဲ စိုးရိမ်နေကြတယ်။” ဟု ပစ်ခတ်သံ ကြားနေရသည့် ဒေသခံ တစ်ဦး က ပြောသည်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် အလောဘွမ်၊ ဂျော်မော် စသည့်နေရာများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ထိုနေရာများတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KIA သတင်းတစ်ချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယခုလ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ဌာနချုပ်နှင့် နီးကပ်သော တပ်မဟာ ၅ နယ်မြေရှိ အာဏာသိမ်းစစ်တပ်ကိုလည်း ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ - [လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီး​ခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/03/24/mar-24-ny/): မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုများထံမှ သိရသည်။ အဆိုပါအမျိုးသားနှစ်ဦး၏ နေအိမ်သို့ တပ်မ ၃၃ ဘက် တံဆိပ်အား ဝတ်ဆင်ထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ရောက်ရှိလာခဲ့ပြီး ခေါ်ဆောင်သွားခဲ့ခြင်းကြောင်း ယခုလိုပြောပြသည်။ “နေအိမ်တွေထဲကိုလည်း ရှာဖွေသွားတယ်၊ဘယ်ကိုခေါ်သွားမှာလဲမေးတော့ ပြောမသွားခဲ့ဘူး” ဟု အဖမ်းဆီးခံရသည့် ကိုမျိုး၏ ဇနီးသည် ဒေါ်ခင်စန်းတင့်ကပြောသည်။ အဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုကျော်မျိုးဦး(ခ)ကိုမျိုးနှင့် ဦးမောင်ဌေးတို့နှစ်ဦးဖြစ်ပြီး၊ငြိမ်းချမ်းသာယာ​ကျေးရွာတွင် နေထိုင်သူများဖြစ်သည်။ ထို့​​ပြင် အဖမ်းဆီးခံရသူ နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။ ဖားကန့်တွင်ယခုမတ်လအတွင်း စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်သူ ပြည်သူရှစ်ဦးအား ဖမ်းဆီးအမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရသည်။ - [တော်လှန်ရေးတွင်ပါဝင်သော ပြည်သူလူထုကိုကာကွယ်ပေးရန် ရောင်စုံလူငယ်များအဖွဲ့ (CYG) ကော်မတီ ဖွဲ့စည်း](https://burmese.kachinnews.com/2021/03/24/mar-24-z2/): အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး၌ပါဝင်သော ပြည်သူလူထုကို ကာကွယ်ပေးရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ လူငယ်များက ရောင်စုံလူငယ်များအဖွဲ့ (Colourful Youths Group) တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါကော်မတီကို မတ် ၂၂ ရက်က ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၎င်းအဖွဲ့တွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့် မသန်စွမ်းများပါဝင်ကြောင်း သိရသည်။ “အရေးပါအရာရောက်တဲ့ လူကြီးပိုင်းတွေက တွေဝေတာတွေ၊ ငြိမ်နေတာတွေ၊ ကြောက်နေတာတွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ လူငယ်တွေစိတ်ဓါတ်ကျရတယ်။ ဒါပေမယ့် လူငယ်တွေဘက်က ရပ်တည်ပေးတဲ့ ပြည်သူတွေရှိနေတယ်။ ဒါကြောင့် ပြည်သူတွေကို ပြန်ပြီးကာကွယ်ပေးဖို့ ဖွဲ့စည်းလိုက်တယ်” ဟု လူငယ်တစ်ဦးကပြောသည်။ ယင်းအဖွဲ့ကို ရည်ရွယ်ချက်လေးရပ်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့မှာ ပြည်သူများ၏ နိုင်ငံရေးအကြပ်အတည်းများကို ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ရန်၊ အရေးတော်ပုံအောင်နိုင်ရေးအတွက် ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ ပြည်တွင်း/ပြည်ပနိုင်ငံများမှ အလှူရှင်များနှင့်ပူးပေါင်း၍ CDM ဝန်ထမ်းများနှင့် စစ်ရှောင်ပြည်သူများအား ကူညီလှူဒါန်းနိုင်ရန်နှင့် ခြိမ်းခြောက်ခံရသော CDM ဝန်ထမ်းများကို လူ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုံခြုံမှုပေးနိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းအဖွဲ့ဖွဲ့စည်းခြင်းဖြင့် ဝိုင်မော်မြို့နယ်အတွင်းရှိ လူငယ်များ စည်းလုံးညီညွတ်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ဝိုင်းမော်မြို့နယ်အတွင်းသာမက အခြားမြို့နယ်များတွင်လည်း လူမျိုးမရွေးဖြင့် ပူးပေါင်းဖွဲ့ စည်းထားသော ခိုင်မာသည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာရန်နှင့် လူသားရင်းမြစ်ဆိုင်ရာ အခွင့်အရေး ဗဟုသုတသိရှိပြီး အရည်အချင်းပြည့်ဝစော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။ ဝိုင်းမော်မြို့တွင် ဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦး အာဏာသိမ်းစစ်ကောင်စီတပ်များ၏ ဖမ်းဆီးခံထားရကြောင်း သိရသည်။ - [ဗန်းမော် အာရုဏ်ဦးသပိတ်တွင် ဖိတ်စာဝေသော ကျောင်းသား ၃ ဦး အကြမ်းဖက် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/03/24/mar-24-z1/): ဗန်းမော်မြို့တွင် ယနေ့ နံနက် အာရုဏ်ဦးအချိန် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေသော GTU ကျောင်းသား ၃ ဦးကို အာဏာသိမ်းစစ်တပ်၏ ရဲတပ်ဖွဲ့များက အကြမ်းဖက် ရိုက်နှက် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ - [မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်](https://burmese.kachinnews.com/2021/03/24/mar-24-s1/): အာဏာသိမ်းစစ်တပ်၏ သံချပ်ကာ ကား၊ ဘူဒိုဇာနှင့် စစ်ကားများ အပြင် ရဟတ်ယာဉ်များက မတ်လ ၂၃ ရက်ညတွင်း မြစ်ကြီးနားမြို့တွင်လည့်လည်ခဲ့သောကြောင့် မြို့နေ ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ ည ၁၀ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့ရှိ ဒူကထောင် နှင့် ရှမ်းစုတောင် လမ်းမများပေါ်တွင် စစ်ကားများဖြင့် လည့်လည်နေသည်ကို မြင်ရကြောင်း ထိုနေရာတွင်ရှိနေသူများက ပြောဆိုကြသည်။ အလားတူ ရဟတ်ယဉ် ၂ စီးခန့်ကလည်း ည ၁၀ ခန့်အချိန်တွင် မြေပြင်နှင့် နီးကပ်စွာ ပျံဝဲခဲ့သောကြောင့် ပြည်သူအများစုက ထိတ်လန့်ခဲ့ရကြောင်း ဆိုသည်။ ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်နေချိန် စစ်တပ်ဘက်ကလည်း ယခုလို လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ - [မီတာခ မပေးလျှင် မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်](https://burmese.kachinnews.com/2021/03/23/mar-23-z1/): ဗန်းမော်ခရိုင် မိုးမောက်မြို့ ရှိ ပြည်သူများကို မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာဖြင့် လိုက်လံခြိမ်း‌‌ခြောက်နေကြောင်း ဒေသခံများ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အိမ်သုံးမီတာခတွေ ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာထားသော်လည်း မိုးမောက်မြို့တွင် မီတာကြေး လာရောက်ပေးဆောင်ရန်နှင့် ပေးဆောင်ခြင်းမပြုပါက မီးဖြတ်မည်ဟု ရပ်ကွက်တိုင်း လော်စပီကာဖြင့် လာရောက်ခြိမ်းခြောက်မူများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရပ်ကွက် တစ်ကွက်နဲ့တစ်ကွက် အော်တဲ့ညတော့မတူဘူး ကျမတို့ဆီမှာ မနေ့ညက ကားနဲ့ ၃ယောက်လောက်လာပြီး လာအော်သွားတယ် ရပ်ကျေးအဖွဲ့လား လျှပ်စစ်ရုံးကလားတော့ သေချာမမြင်လိုက်ဘူး” ဟု ပြောသည်။ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို သုံးစွဲမှု ယူနစ်အားလုံး အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH မတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်သည်။ မိုးမောက်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသော အုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူလူထုက လက်မခံဘဲ ကန့်ကွက်နေကြကြောင်း သိရသည်။ - [အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းတွင် သစ်ခိုးထုတ်မှုများရှိလာ](https://burmese.kachinnews.com/2021/03/23/mar-23-y1/): စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ့စစ်အဖွဲ့များက အာဏာပိုင်တစ်ချို့နှင့် ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်မူများပြုလုပ်နေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။ မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅နာရီခန့် အချိန်တွင် မိုးကောင်းမြို့ ထိုးဖူးကျေးရွာ၊ ရွှေအင်းကျေးရွာသွားလမ်း၊ သဲကုန်း ဘုန်းကြီးကျောင်းနားလမ်းဘေးတွင် မတရားမဝင်သစ်ခိုးထုတ်ဖို့ စီစဉ်ထားသည့် သစ်ကားတစ်စီးတွေ့ရသည်ဟု ဒေသခံ မျက်မြင်သက်သေ တစ်ဦးက ယခုလို ပြောဆိုသည်။ “လက်ရှိ နိုင်ငံရေးမတည်ငြိမ်မူကို အခွင့်ကောင်းယူပြီး တရားမဝင်သစ်ခိုးထုတ်လာပြီလို့ ယူဆလို့ရတယ်။ ခါတိုင်းဆို ဒီလိုသစ်သယ်ယူတာတွေမရှိဘူး။ အခုမှမြင်တွေ့လာရတာပါ” ဟု ဆိုသည်။ အဆိုပါသစ်များသည် အင်းတော်ကြီးဘက်က သယ်ဆောင်လာသော သစ်များဖြစ်နိုင်ကြောင်း အထက်ပါ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး သုံးသပ်ပြောဆိုသည်။ ယခင်က အဆိုပါဒေသတွင် သစ်ထုတ်လုပ်မှုများနှင့် သယ်ယူပို့ဆောင်မှုများ မတွေ့ရသော်လည်း ယခုမှ ပြန်လည်တွေ့မြင်လာရခြင်းဖြစ်ကြောင်း သိရသည်။ - [ကချင်ပြည်သူများ စစ်ပွဲအတွက် မြေကတုတ်ကျင်းများတူးကာ ပြင်ဆင်](https://burmese.kachinnews.com/2021/03/23/mar-23-s1/): အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ တိုက်ပွဲ ကချင်ပြည်နယ်တွင် ပြန်လည်ပြင်းထန်လာသည်နှင့်အတူ KIO ဌာနချုပ်ရှိ ပြည်သူများကလည်း မြေကတုတ်ကျင်းတူးကာ တိုက်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။ - [ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/03/22/mar-21-z1/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ - [နမ္မတီးမြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွဲခံရ။](https://burmese.kachinnews.com/2021/03/20/mar-20-y1/): မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကြောင်းသိရသည်။ သပိတ်စစ်ကြောင်းမထွက်မှီ နံနက် ၉နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှေ့ လူစုနေရာတွင် ရဲနှင့် စစ်သားများက ရောက်လာပြီး လူစုဖြိုခွဲခဲ့သည်ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးထံမှ သိရသည်။ “မနက် ၉နာရီနာရီလောက်မှာ လူစုနေရာမှာပဲ ဖြိုခွဲခံရတယ်။ ရဲနဲ့စစ် အင်အားက ခါတိုင်းထက်များတယ်။ အရင်နေ့မှာက စစ်တပ်ကားမပါဘူး။ ဒီကနေ့ က ၂စီးတောင်ပါတယ်။ ခါတိုင်းနေ့ဆို ဖြိုခွဲတာတွေမရှိဘူး။ ဒါပေမယ့် အချိန်အကန့် အသတ်နဲ့ပဲလုပ်ခိုင်းတယ်။ ဒီမနက်က လာတာနဲ့ တစ်ခါတည်း အမိန့်ပေးတယ်။ ၅ မိနစ်အတွင်း လူစုခွဲပေးဖို့ ပေါ့” ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦီးက ပြောသည်။ နမ္မတီးမြို့အတွင်း အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒပြပွဲ နေ့တိုင်းပြုလုပ်လျက်ရှိပြီး ယမန်နေ့တွင် အချိန်အကန့်အသတ်ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့ပြီးနောက် ဒီကနေ့ မှာ ပထမဆုံးအကြိမ်ဖြိုခွဲခံရခြင်းဖြစ်သည်။ ယနေ့ သပိတ်ဖြိုခွင်းရာတွင် သေနတ်ပစ်ခြင်း မရှိသေးကြောင်း သိရသည်။ အကြမ်းဖက် ဖြိုခွင်းခံရသော်လည်း လူငယ်များက ဆိုင်ကယ်သပိတ်ဖြင့် အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများက ကန့်သတ်မှု၊ ပစ်ခတ်မှုကြား နေ့စဉ် ရရာနည်းဖြင့် ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။ - [ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး](https://burmese.kachinnews.com/2021/03/18/%e1%80%9b%e1%80%be%e1%80%92%e1%80%b0%e1%80%b8%e1%80%87%e1%80%bd%e1%80%95%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1%80%a1%e1%80%94%e1%80%ae%e1%80%b8-%e1%80%9e%e1%80%bd%e1%80%ac/): ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာဒေသခံများကို မလိုအပ်ဘဲ ကျေးရွာအပြင်််််််််််််််််ထွက်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က သတိပေးထားသည်ဟု သိရသည်။ - [CRPH နှင့် ဆွေးနွေးရန် ကချင်အမျိုးသားနိုင်ငံရေးညှိနှိုင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းထား](https://burmese.kachinnews.com/2021/03/18/mar-18-s/): လက်ရှိနိုင်ငံရေးကြားကာလအခြေအနေတွင် ကချင်အမျိုးသားများကိုယ်စားနိုင်ငံရေးကို ကိုယ်စားညှိနှိုင်းဆောင်ရွက်ရန် Kachin Political Interim Coordination Team ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် မတ်လဆန်းတွင် ကချင်နှင့် ရှမ်းမြောက်ဒေသနှင့် ပြည်ပရောက်ကချင်အဖွဲ့အစည်းတချို့ပါဝင်ကာ အစည်းဝေးပြုလုပ်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ KPICT အဖွဲ့သည် လက်ရှိအာဏာသိမ်းသည့် ကြားကာလအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖြင့် ဆွေးနွေးကာ ဖက်ဒရယ်ဒီမိုကရေစီရရှိအောင်စီစဉ်ထားသည်ဟု အဖွဲ့၏ လက်ရှိပြောရေးဆိုခွင့်ရှိသူ ဦးအင်ဆန်ဂွမ်ဆန်က ပြောသည်။ “CRPH နဲ့ အလုပ်အတူ အလုပ်လုပ်ဖို့ထက် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးကို CRPH နဲ့ ဘယ်လောက် ဆွေးနွေးသွားနိုင်မလဲဆိုတာ ဖြစ်တယ်။” ဟု ပြောသည်။ KPICT အဖွဲ့နှင့်ပတ်သက်ပြီး ဆက်သွယ်ရန်တာဝန်ရှိသူတစ်ဦးကိုသာ လက်ရှိအခြေအနေတွင် ဖော်ပြထားသော်လည်း အချိန်ကာလတစ်ခုရောက်လာသောအခါ အပြည့်အစုံတင်ပြသွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ယခင်က နိုင်ငံရေးစနစ်များရပ်နားပြီဖြစ်ကြောင်းနှင့် နိုင်ငံရေးစနစ်အသစ်ကို ပြန်စရန် အချိန်ဖြစ်သည်ဟုလည်း သူက ဆိုသည်။ “ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မင်းအောင်လှိုင်ဆိုတဲ့ စစ်ဗိုလ်က အာဏာသိမ်းလိုက်ပြီဖြစ်တဲ့အတွက် မြန်မပြည်အတွင်း တရားဝင်မှုအားလုံးက ပျက်စီးသွားပါပြီ။ အခုတော့ အာဏာရှင်စနစ်နှင့် နိုင်ငံတော်ရဲ့ တရားမျှတမှုဆိုတာ ကျည်ဆံ သေနတ်အပေါ်မှာ မူတည်သွားပြီ။ သူမကြိုက်တဲ့သူတွေကို သတ်မယ်၊ သူကြိုက်တဲ့သူကို ခေါ်မယ်။ ဆို​တော့ ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ် အဟောင်းအားလုံး ရပ်ပါပြီ။ နိုင်ငံရေးစနစ်အသစ်ပြန်စဖို့ ဖြစ်တယ်။” KPICT ကို ဖွဲ့စည်းရန် ပြည်တွင်းပြည်ပ … - [အင်ဂျန့်ယာန်စစ်ရှောင်အချို့  မူရင်း ပလန စစ်ရှောင်စခန်းသို့ ပြန်လည်ရောက်ရှိ](https://burmese.kachinnews.com/2021/03/17/mar-17-y1/): မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံ-တန်ဖရဲကျေးရွာတွင်ရောက်ရှိနေသော အင်ဂျန့်ယာန် (Njang Yang) စစ်ရှောင်များသည် ယခင်ပလန စစ်ရှောင်စခန်းသို့ ယမန်နေ့ည ၁၀ နာရီခန့်တွင် ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ - [လက်ရှိနိုင်ငံရေးအခြေအနေမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ပါ (PSA)](https://burmese.kachinnews.com/2021/03/17/%e1%80%9c%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%a1%e1%80%94/) - [အင်ဂျန့်ယာန် စစ်ရှောင်များကို ပလန စစ်ရှောင် စခန်းသို့ ပြန်လည်နေထိုင်ရန် အာဏာသိမ်းစစ်တပ်က ခွင့်မပြု။](https://burmese.kachinnews.com/2021/03/16/mar-16-y1/): အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် မြစ်ဆုံ-တန်ဖရဲကျေးရွာသို့ ယနေ့မနက်ဝင်ရောက်လာသော စစ်ရှောင်ပြည်သူများကို ၎င်းတို့ ယခင်နေထိုင်ခဲ့သည့် ပလန စစ်ရှောင်စခန်းသို့ ပြန်လည်နေထိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးက ခွင့်မပြုကြောင်းသိရသည်။ - [KIO/KIA ကိုထောက်ခံသည့် လှုပ်ရှားမှုများ ကချင်ပြည်နယ်တွင် ပြုလုပ်လာ](https://burmese.kachinnews.com/2021/03/16/mar-16-pd/): ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို လူငယ်များက ဆင်နွဲနေကြရာတွင် KIO/KIA ကိုထောက်ခံသည့် စာတမ်းများလည်း ကိုင်ဆောင်လာကြသည်ကိုတွေ့ရသည်။ မတ်လ ၁၁ ရက်နေ့မှစတင်ပြီး မိုးညှင်းခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စတင်တိုက်ခိုက်သည့်နောက်မှစတင်ပြီး မြို့တွင်းဆန္ဒဖော်ထုတ်မှုများတွင် ယခုလို ထောက်ခံလာခြင်းဖြစ်သည်ကို တွေ့ရသည်။ “CRPH အနေဖြင့် EAOs တွေနဲ့ အမြန်ဆုံး မဟာမိတ်ပြုရန်”၊ “ပြည်သူ့ဆန္ဒကို အလေးထားသော KIO/KIA အား ကြိုဆိုထောက်ခံပါသည်”၊ “Crimes against Humanity နှင့် War Crimes တို့ကိုကျူးလွန်သော အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်အား ရှုံ့ချရေး”၊ စစ်ရှောင် IDPs များကို ကူညီဝန်းရံပေးရေး” စသည့် စာသားပါ ကြွေးကြော်သံ ဆိုင်းပုဒ်များကို လူငယ်များက ကိုင်ဆောင်နေကြပါသည်။ KIO/KIA ကို ထောက်ခံသည့်ဆန္ဒဖော်ထုတ်မှုများကို မြစ်ကြီးနား၊ ဝိုင်းမော်နှင့် နမ္မတီး အပြင် အခြားမြို့နယ်များတွင်လည်း တွေ့ရသည်။ မတ်လ ၁၃ ရက်နေ့ မြစ်ကြီးနားဆန္ဒဖော်ထုတ်ပွဲတွင် KIO/KIA ကိုထောက်ခံသော စာသားကိုင်ဆောင်သော အမည်မဖော်လိုသူ လူငယ်တစ်ဦးက ယခုလိုပြောသည်။ “အခြေအနေအရ ကျွန်မတို့ သပိတ်စစ်ကြောင်းကို ပြောက်ကျား စနစ်ဖြင့် မြို့တွင်းနေရာအနှံ့ မှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီကနေ့ သပိတ်ရဲ့ အဓိကတောင်းဆိုလိုတဲ့ ကြွေးကြော်သံတွေကတော့ CRPH အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ အမြန်ဆုံး ထိရောက်စွာ မဟာမိတ်ပြုနိုင်ဖို့။ ပြီးတော့ ဆန္ဒပြ ပြည်သူတွေဘက် ရပ်တည်ကာကွယ်ပေးတဲ့ KIO/KIA … - [မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားဆဲ](https://burmese.kachinnews.com/2021/03/16/%e1%80%99%e1%80%ad%e1%80%af%e1%80%98%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%80%94%e1%80%80%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba/): မြန်မာပြည်ရှိ မိုဘိုင်းအင်တာနက်လိုင်းများကို မတ်လ ၁၅ ရက်နေ့ကစပြီး ပိတ်ထားသည်မှာ တစ်ရက်ကျော်သည်အထိ ဆက်လက် ပိတ်ပင်ထားသည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် မိုဘိုင်းအင်တာနက်လိုင်းများကို အာဏာသိမ်းစစ်တပ်က ပိတ်ထားသောကြောင့် နေအိမ်သုံး WIFI ကိုသာ အသုံးပြုနေရဆဲဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသရှိ မြို့နယ်အချိုကို စစ်အုပ်ချုပ်ရေးကြေညာပြီး ဆန္ဒပြပြည်သူမြောက်များစွာကို ပစ်သတ်လိုက်သည့်နောက်တစ်နေ့မှစတင်ပြီး ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကို ပြောဆိုထားခြင်းမရှိသေးပေ။ - [မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတွင် အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်](https://burmese.kachinnews.com/2021/03/15/mar-15/): မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံဒေသအနီး ဂွေထော်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့ မတ်လ ၁၅ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဂွေထော်ယာန်ကျေးရွာအတွင်းရှိ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA က ယနေ့ညနေပိုင်း ၅နာရီခန့်တွင် လာရောက်ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဂွေထော်ကျေးရွာမှ ၂မိုင်ခန့်ဝေးသည့် တန်ဘောင်ဒေသခံများက ထိုနေရာတွင် ပိတ်မိနေသည်။ “ဂွေထော်ကျေးရွာမှာတိုက်ပွဲဖြစ်နေတာက ၅နာရီလောက်မှာစဖြစ်တယ်။ KIA ဘက်ကနေလာပြီး ပစ်ခတ်လာတယ်လို့သိရတယ်။ ကြားမှာနာရီဝက်လောက်ခန ရပ်သွားကြတယ်။ အဲ့မှာကျနော်တို့ တန်ဘောင်ယာန် ဒေသခံတွေက စိုးရိမ်လို့ ရွာကနေထွက်လာဖို့ စီစဉ်နေတယ်။ ဒါပေမယ့် ထပ်ပြီးတိုက်ပွဲပြန်ဖြစ်နေတယ်။ ဒါကြောင့်ထွက်လာလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့က ညတွင်းချင်းတောင်ထွက်ချင်နေပြီ ဒါပေမယ့် ယခုအထိသွားလို့မရသေးဘူး”ဟုပြောဆိုသည်။ တန်ဘောင်ယာန်ဒေသခံပြည်သူများအနေဖြင့် မြို့ရွာဘက်သို့ အမြန်လွတ်မြောက်လာနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း အကူညီတောင်းဆိုထားကြောင်းသိရသလို ကျေးရွာဒေသခံပြည်သူများမှာ စုစုပေါင်း လူဦးရေ ၅၀ဦးခန့်ရှိနေပြီး များသောအားဖြင့် အမျိုးသမီးများဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ လက်ရှိ တန်ဘောင်ယာန်ဒေသခံများက ကတ်သလစ်ဘုရာကျောင်းဝန်းအတွင်းနှင့် မြစ်ချောင်းနဘေးစသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်းသိရှိရသည်။ ထို့နောက် တန်ဘောင်ကျေးရွာအနီးတွင်ရှိနေသည့် ဆနီတူယာန်(Sa Ni Tu Yang)နှင့် ဖိဆစ်ဇွပ်(Hpa Zip Zup) ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက နီးစပ် ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် တောင်ယာအခင်းစသည့် နေရာတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ တမ်မဟာ(၁)၏ တပ်ရင်း ၄၊ ၇၊ ၁၀၊ ၂၂၊ နှင့် တပ်မဟာ(၇) တပ်ရင်း ၃၂၊ ၃၃၊ ၄၆ စသည့် တပ်စခန်းများအခြေစိုက်ထားသည့် နေရာများဖြစ်ကြောင်းသိရှိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် … - [ဝိုင်းမော်လူငယ်များက "ဝိုင်းမော်ဝိညာဥ်သပိတ်စစ်ကြောင်း"အဖြစ် ဆန္ဒပြ](https://burmese.kachinnews.com/2021/03/15/mar-15-y/): စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော သူရဲကောင်းတို့အနေဖြင့် အာဏာရှင်စနစ်လုံးဝ မလိုလားကြောင်း အသွင်ဖြင့် ဝိုင်မော်ဒေသခံလူငယ်များက ဒီကနေ့ ညနေပိုင်း လူပ်ရှားမူအစီအစဥ်တစ်ခုပြုလုပ်ခဲ့ကြပါသည်။ ၎င်းအစီအစဥ်ကို ဝိုင်းမော် နောင်တာလော ကျွန်းတွင်ပြုလုပ်ခဲ့ကြပြီး ညနေပိုင်း ၅ နာရီမှ ၇နာရီခွဲအထိပြုလုပ်ခဲ့သည်ဟု လူငယ်တစ်ဦးထံမှသိရသည်။ ‘ကျွန်ုပ်တို့ ဝိညာဥ်များသည် စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိပါ။ အရေးတော်ပုံအောင်ရမည်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအလိုမရှိ၊ We Support KIO/KIA ၊ We Need R2P၊ We Want KNU စသည့် စာသားများကိုသဲပြင်ပေါ်တွင် စိုက်ထူကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သောသူများကို စစ်တပ်က ပစ်သတ်မှုများပြုလုပ်နေသဖြင့် ပြည်သူများသည် လူမဲ့သပိတ်အသွင် လုပ်ဆောင်မှုများရှိနေသည်။ - [အာဏာသိမ်းစစ်ကောင်စီလက်အောက် ပြည်သူ့စစ် တပ်စခန်းတစ်ခုကို KIA က ဝင်တိုက်](https://burmese.kachinnews.com/2021/03/15/mar-15-y1/): ကချင်ပြည်နယ် ဟူးကောင်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်-စံပြကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင်ရှိသော ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်အဖွဲ့ KIA က ယနေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ၄ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ စံပြကျေးရွာဖြင့် ၅ဖာလုံခန့် ကွာဝေးသည့်ပြည်သူ့တပ်စခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဘက်က မနက်ပိုင်း ၂နာရီခန့်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၅နာရီအချိန်အထိ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်ခဲ့ကြသည်ဟု စံပြဒေသခံတစ်ဦးထံမှ သိရသည်။ “စခန်းသိမ်းတဲ့အထိတော့ ဖြစ်မသွားခဲ့ဘူး။ ပြောရရင် လာထိုးဆွပေးတဲ့ သဘောလောက်ဘဲရှိတယ်။ အခုသိရသလောက်က ရွာထဲမှာဘာမှတော့ ဖြစ်မသွားခဲ့ဘူး။ ဒါပေမယ့် ရွာသားတွေက တော်တော်လည်းထိပ်လန့်နေကြတယ်”ဟု ပြောဆိုသည်။ ထိုသို့ စံပြကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန် ရှဒူးဇွပ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခလရ ၂၉၇ တပ်ရင်း ဗျူဟာကုန်းမှ စံပြကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်တစ်ခုတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်။ သို့သော်ထိုလက်နက်ကြီးကျည်မှာ မပေါက်ကွဲပဲ ထိုနေရာတွင်တည်ရှိနေသေးကြောင်းသိရသည်။ အဆိုပါလက်နက်ကြီးကျည်ကို အမြန်လာရောက် ဖယ်ရှားပေးရန် ခလရ၂၉၇တပ်ရင်းသို့ အကြောင်းကြားထားကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်မှုများပြုလုပ်ခဲ့သောကြောင့် မတ်လ ၁၁ရက်နေ့မှ စပြီး ကချင်ပြည်နယ်တွင် အာဏာသိမ်းတပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကဝင်ရောက်တိုက်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။ - [ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။](https://burmese.kachinnews.com/2021/03/14/mar-14-hy/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရစ်ယာန် ဓမ္မ တက္ကသိုလ်ကျောင်းသို့  မတ်လ ၁၃ ရက် ည ၁၀:၃၀ အချိန်ခန့်တွင် စစ်သားများ စစ်ကား(၁၀)စီးခန့်ဖြင့် ဧည့်စာရင်း စစ်ရန်ဟုဆိုကာ ကျောင်းဝင်းရှေ့ရောက်ရှိခဲ့သည်ဟု သိရသည်။ ထိုသို့ရောက်ရှိချိန် ကျောင်းတွင်းဝင်ရန် ဝင်းတံခါးကြီး ဖွင့်ပေးဖို့အတွက် ကျောင်းတွင်းတာဝန်ရှိသူများနှင့် အခြေအတင်း ပြောဆိုနေကြချိန် PCG မှ ဦးလမိုင်ဂွမ်ဂျာ နှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် ဆရာတူးမိုင် တို့ရောက်ရှိလာပြီး​ ၎င်းတို့ ညှိနှိုင်းပြောဆိုပြီးနောက် စစ်တပ်ဘက်မှ တာဝန်ရှိစစ်သား ၁၅ ဦးကိုသာ ကျောင်းဝင်းတွင်းသို့ ဝင်ခွင့်ပြု​ ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟုဆိုသည်။ အဆိုပါ စစ်သားများသည် ကျောင်းတွင်းတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်နေရာတွင်စုစည်းနေစေပြီး နာမည်များ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ ကျောင်းတွင်းလိုက်လံ ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး မနက် ၂:၃၀ အချိန် ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ - [ဖားကန့် သပိတ်စစ်‌​ေကြာင်း ရင်ဘတ်နား ကျည်ထိမှန်သူ တစ်ဦးသေဆုံး](https://burmese.kachinnews.com/2021/03/14/mar-14-y2/): ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ဆိပ်မူရပ်ကွက် စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းအား ရဲနှင့်စစ်သားများမှ ရာဘာကျည်၊ကျည်အစစ်များအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ၁ ဦးသေဆုံးကာ  ၅ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရပါသည်။ ထို့အတူ လုံးခင်းသပိတ်စစ်ကြောင်း၊ မှော်ဝမ်းသပိတ်စစ်ကြောင်းများလည်း ဖြိုခွဲခံနေရကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူမှာ ဆိုင်းတောင်မှ အသက် ၃၀ အရွယ် ကျော်လင်းထိုက်ဖြစ်ကြောင်း သိရသည်။   - [မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2021/03/14/mar-14-y1/): စစ်အာဏာရှင်ကြောင့် မြစ်ဆုံစီမံကိန်းပြန်လည်အသက်သွင်းမည်ကို စိုးရိမ်နေကြသဖြင့်  စီမံကိန်း ထာဝရဖျက်သိမ်းပေးရန်အတွက် မတ်လ ၁၄ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ (International River Day) ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့် အောင်မြင်သာကျေးရွာနှင့် မလိယာန်ကျေးရွာဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ထာဝရစီးဆင်းနိုင်ရေးနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းအတွင်း မည်သည့် ရေအားလျှပ်စစ်စီမံကိန်းများမလိုလားကြောင်း ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ မလိယာန်ကျေးရွာမှ ဧရာဝတီမြစ်ပေါ်အထိ လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီနှင့်တရုတ်နှင့်ပူးပေါင်းကာ အရပ်သားအစိုးရ ၅နှစ်အတွင်းရပ်ဆိုင်းသည့် ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်လုပ်ဆောင်လာရန်ရှိနိုင်ကြောင်းနှင့် မြစ်ဆုံကို ပြန်လည်ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်အိုင်နေ့တွင် ဆန္ဒပြခြင်းတောင်းဆိုခဲ့သည်ဟု စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် အောင်မြင်သာ ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။ “မြစ်ဆုံနဲ့ပတ်သက်ပြီး အားလုံးကိုအမှတ်ရစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလိုမတူတော့ဘူး။ အခုဆိုရင် ပြည်သူကတင်မြှောက်ထားတဲ့ အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလမဟုတ်တော့ဘူး။ စစ်ကောင်စီခေတ်ပြန်ရောက်သွားပြီ။ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ အရင်ကတည်းကစတင်လိုက်တာက စစ်အာဏာကြောင့်ဖြစ်တယ်။ အခုကသူတို့ပြန်ပြီး အုပ်ချုပ်နေတဲ့ ကာလမှာ ဒီစီမံကိန်းကို ပြန်ပြီးအကောင်အထည်ဖော်လာမှာကို အရမ်းဘဲစိုးရိမ်မိတယ်။ ဒါကြောင့် ပြည်သူလူထု အားလုံးနဲ့ ပြန်ပြီးတွန်းလှန်ကာကွယ်သွားဖို့တောင်းဆိုချင်ပါတယ်”ဟုပြောဆိုသည်။ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့အခမ်းအနားကို ကချင်အရပ်ဖက်အဖွဲ့စည်းများဖြစ်ကြသည့် Kachin Development Networking Group- KDNG နှင့် Mung Chying Rawt Jat-MRJ တို့ပူပေါင်းကာ ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး မြစ်ဆုံဒေသခံပြည်သူများနှင့်အခြားပြည်သူများ စုစုပေါင်း ၁၀၀ခန့်နီးပါးခန့်က လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်းသိရသည်။ မြစ်ကြီးနားတွင် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနားပြုလုပ်ကျင်းပပေးလျက်ရှိသည့် Kachin Development- KDNG မှတာဝန်ရှိသူတစ်ဦးက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ထဲတွင်ပြန်လည်ရောက်သွားပြီး စီမံကိန်းပြန်လည်ပြုလုပ်လာမည်ကို အလွန်စိုးရိမ်နေပြီဖြစ်ကြောင်း မစင်ဒီအောင်က ယခုလိုပြောဆိုသည်။ … - [လက်နက်ကြီးကျည်ကြောင့် ကာမိုင်းဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိ](https://burmese.kachinnews.com/2021/03/12/mar-12-y/): မိုးကောင်း-ကာမိုင်းကြား Nam Shem (နမ်ဟိုင်) ဘွမ့်ရှန်တောင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာအတွင်းသို့ ကျရောက်သောကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တာက ကာမိုင်းအကျော် နန့်ဟိုင်အနီးတဝိုက်မှာဖြစ်တယ်လို့တော့သိရတယ်။ ဒါပေမယ့် ကျနော်တို့ ကားမိုင်းဗျူဟာကုန်းကနေ လူနေရပ်ကွက်အတွင်းပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ပစ်တာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ဒေသခံတွေကို ပစ်တာလားတော့မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။ ကာမိုင်းမြို့တွင် ရပ်ကွက် ၄ တွင် စစ်တပ်မှပစ်လိုက်သည့်လက်နက်ကြီးကျည် ၇လုံးကျခဲ့ပြီး ပေါက်ကွဲသည့် ကျည်ရှိသလို လက်ရှိအချိန်ထိ မပေါက်ကွဲသေးပဲ ကျသည့်နေရာတွင်ရှိနေကြောင်းလည်း ဒေသခံများပြောဆိုချက်မှ သိရသည်။ စစ်တပ်ကုန်းမှ ပစ်လိုက်သော လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူများမှာ အသက် ၂၂နှစ်အရွယ် မဘောက်ဆန့် (မျက်စိတစ်ဝိုက်တွင်ထိမှန်)၊ အသက် ၆နှစ်အရွယ် မဇောင်းနော (ပေါင်တစ်ခြမ်းထိမှန်)၊ အသက် ၁၄နှစ်အရွယ် မလင်းလင်းအေး (လည်ပင်းအောက်ထိမှန်)၊ အသက် ၁၂နှစ်အရွယ်ရှိ ဟန်မင်းထက် (ဦးခေါင်းတွင်ထိမှန်) တို့ဖြစ်ကြောင်း သိရသည်။ “ကျမသမီး သမီးနဲ့ သား ၂ယောက်စလုံးက ကျည်ပေါက်ကွဲတဲ့ ကျည်စတွေထိသွားတယ်။ ပြီးရင်ကျမ အိမ်နီးချင်း အစ်မတစ်ယောက်လည်း သူရဲ့သမီးအပါအဝင် ကျည်စထိမှန်ထားတယ်။ အိမ်ရှေ့မှာလာကျတော့ ဘယ်လောက်ကြီးမှန်းလည်းမတွေ့လိုက်ဘူး။ ကျတာနဲ့ပေါက်ကွဲသွားတယ်ဆိုတော့။ အခုဒဏ်ရာရတဲ့ ၄ယောက်ကိုတော့ ဆေးရုံမှဆေးကုသထားတယ်”ဟု ပြောဆိုသည်။ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာအနီး ဘွမ့်ရှန်တောင်ရှိ မြန်မာစစ်တပ်ကို KIA တပ်မဟာ ၉ အောက် တပ်ရင်း ၄၄ တပ်ဖွဲ့များက ယနေ့ … - [ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ် စစ်တပ်၏ စခန်းကို KIA က တိုက်ခိုက်](https://burmese.kachinnews.com/2021/03/11/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85/): အာဏာသိမ်းမှုကိုဆန့်ကျင်သော ပြည်သူလူထုကို စစ်တပ်က ပစ်သတ်မှုများလုပ်ဆောင်လာပြီးနောက် ကချင်ပြည်နယ်အနောက်ဘက်ရှိ မြန်မာစစ်တပ် တပ်စခန်းအချို့ကို မတ်လ ၁၁ ရက်နေ့မှစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ နယ်မြေ ဆယ်ဇင်းကျေးရွာအနီးတွင် တပ်စွဲထားသော မြန်မာစစ်တပ်စခန်းတစ်ခုကို ယနေ့ နံနက် ၃ နာရီခန့်တွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ “မနက် ၃ နာရီကျော်လောက်ကတည်းက အသံတွေကြားနေတာ။ မနက်သွားကြည့်တော့ တပ်တစ်ခုလုံး ဘာမှ မရှိတော့ဘူး။ မီးတွေလောင်နေပြီး အားလုံးပြာကျနေပြီ။ တချို့တွေ့လိုက်တဲ့သူတွေပြောတာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ‘သွေးစီပြီညီနောင်အပေါင်းတို့’  သီချင်းဆိုပြပြီး လက်သုံးချောင်းထောင်ပြသွားတယ်လို့ ပြောကြတယ်။ မနက် ၅ နာရီလောက်တော့ ပြန်ထွက်သွားတယ်ပြောတယ်။ အခု ဆယ်ဇင်းမှာ ဘာမှ မရှိတော့ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးပြောသည်။ ပစ်ခတ်မှုတွင် မြန်မာစစ်တပ်ဘက် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး၊ အချို့မှာ ထွက်ပြေးသွားကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ယခုလိုပြောသည်။ “ကျနော်တို့ အစကတည်းက လက်ရှိဖြစ်နေတဲ့အခြေအနေကို အကြမ်းဖက်တဲ့ နည်းနဲ့ မဖြေရှင်းဖို့ တောက်လျှောက်ပြောနေတာဖြစ်တယ်။ ဒါပေမယ့် ဒီဗမာစစ်သားတွေက ပြည်သူတွေကို လက်နက်နဲ့ ပစ်တယ်။ ဒီလိုလုပ်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ဘူး။ ဒီမိုကရေစီနည်းလမ်းမကျဘူး။ ဒါကြောင့် ပြည်သူတွေကိုလည်းပြောချင်တယ် ကြောက်စရာမလိုဘူး။ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ကို တစ်စိုက်မတ်တ်ဘဲ ဆက်လုပ်ဆောင်ကြပါလို့ ပြောချင်တယ်” … - [ဗန်းမော်မှ ဖမ်းဆီးခံရသူတစ်ဦးကို တရားစွဲဆိုထားမှု နောက်တပတ်ရုံးထုတ်မည်](https://burmese.kachinnews.com/2021/03/11/mar-11-z1/): စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် ဗန်းမော်မြို့တွင် ဖမ်းဆီးခံထားရသည့် ကိုဖိုးညီအား မတ်လ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဗန်းမော်ဒေသခံလူငယ်များထံမှ သိရသည်။ “ကိုဖိုးညီကို ရမန်ယူထားပြီ ပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတယ်လို့ သိရတယ်။ သူ့ကိုဖမ်းပြီးတော့ ခံဝန်ကတိနဲ့ပြန်လွှတ်မယ်ထင်ခဲ့တာ သူ့ကိုစဖမ်းတဲ့နေ့လည်း ဝန်းရံမယ့်အချိန်မရလိုက်ဘူး ဖမ်းပြီး ၁နာရီလောက်ဆို အကျဉ်းထောင်ကို ပို့လိုက်ကြတော့ ဘယ်လိုမှမဝန်းရံနိုင်ခဲ့ဘူး။”ဆိုပြီး ဗန်းမော်ဒေသခံလူငယ် ကိုမင်းမင်းထက်ကပြောသည်။ ဖမ်းဆီးခံထားရသည့် ကိုဖိုးညီသည် မတ်လ ၈ရက်နေ့ သပိတ်စစ်ကြောင်း ရုတ်သိမ်းပြီးနောက် အကင်ဝယ်ရန်ဆိုင်သို့ ဝင်ရောက်ချိန်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်များကပြောသည်။ ကိုဖိုးညီဖမ်းဆီးခံရသည့် မတ်လ ၈ရက်နေ့တွင် ကိုဖိုးညီနှင့်အတူ လူငယ် ၃ဦး စုစုပေါင်း ၄ဦးဖမ်းဆီးခံရသော်လည်း ကျန်လူငယ် ၃ဦးသည် ခံဝန်ကတိဖြင့်ပြန်လည်လွှတ်မြောက်လာသည်။ ဗန်းမော်မြို့တွင် စစ်အာဏာသိမ်းပြီး‌နောက် ဖေဖော်ဝါရီ ၈ရက်နေ့မှစကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မတ်လ ၈ရက်နေ့တွင် ဆနပြပြည်သူအချို့ ပထမဆုံး ဖမ်းဆီးခြင်းခံ ခဲ့ရသည်။ “ဒီတစ်ယောက် ဖမ်းပြလိုက်ရင် လူငယ်တွေငြိမ်သွားမယ်ထင်နေလား မသိဘူး။ ခုဆို တစ်ရက်ထက်တစ်ရက် လူငယ်တွေက ပိုများလာတယ်။ ကျနော်တို့လူငယ်တွေက ဒီတိုက်ပွဲနိုင်အောင် တိုက်သွားမှာဖြစ်တယ်။ အပြစ်မရှိ အေးချမ်းစွာဆနထုတ်ဖော်နေတဲ့ပြည်သူတွေကို မတရားဖမ်းဆီးခံရတာ လုံးဝသည်းမခံနိုင်ဘူး။” ဟု ဗန်းမော်လူငယ်တစ်ဦးကပြောသည်။ ဗန်းမော်မြို့တွင် မတ်လ ၈ရက်နောက် နောက်ပိုင်း နေ့စဉ်ဖမ်းခံရသည့်ပြည်သူများရှိနေပြီး ကိုဖိုးညီမှလွှဲကာ အားလုံးသည်ခံဝန်ကတိဖြင့်ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။ - [ကချင်ပြည်နယ် ဆန္ဒဖော်ထုတ် ပြည်သူ၂ ဦးကို စစ်တပ်က ပစ်သတ်](https://burmese.kachinnews.com/2021/03/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%86%e1%80%94%e1%80%b9%e1%80%92%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%91%e1%80%af/): စစ်အာဏာရှင် ဆန့်ကျင်ရေး မြစ်ကြီးနား လူထုလှုပ်ရှားမှုကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ရာ အသက် ၂၂ နှစ်အရွယ် မောင်ဇင်မင်းထက် နှင့် အသက် ၆၀ ကျော်အရွယ် ဦးချိုတား တို့ ၂ ဦးသည် ကျည်ထိမှန်ပြီး မတ်လ ၈ ရက်နေ့ ကွယ်လွန်ခဲ့သည်။ - [CDM ပြုလုပ်သည့် တက္ကသိုလ်ဝန်ထမ်း ဆရာ/မများ ကျောင်းဝန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေ](https://burmese.kachinnews.com/2021/03/07/mar-7-y1/): မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝန်းအတွင်းနေထိုင်ပြီး CDM ပြုလုပ်သည့် ဆရာ/မများ ညတွင်းချင်း ကျောင်းဝန်းအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။ - [မြစ်ဆုံစီမံကိန်းဧရိယာတွင် ၂၀၁၃ ခုနှစ်မှစတင်ပြီး ပုဒ်မ ၁၄၄ ပုံမှန်ထုတ်ပြန် နေကျဖြစ်](https://burmese.kachinnews.com/2021/03/06/mar-6-y1/): မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်ဧရိယာတွင် သွားလာခွင့် ပုဒ်မ ၁၄၄ တားမြစ်ထားခြင်းသည် ယခုမှထုတ်ပြန်ခြင်းမဟုတ်ပဲ ယခင်အစိုးရအဆက်ဆက် ပုံမှန်ထုတ်ပြန်ခဲ့သော စာဖြစ်သည်ဟု သိရသည်။ - [လီဆူအနုပညာရှင် ယောတီဖာကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေး](https://burmese.kachinnews.com/2021/03/06/mar-6-z1/): ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာကို မည်သည့်နေရာတွင်ဖမ်းချုပ်ထားကြောင်း မသိရသေးဘူးဟု လီဆူလူငယ်များထံမှ သိရသည်။ - [ဦးဒရှီလဆိုင်းအမှု စစ်ဆေးတော့မည်ဖြစ်သော်လည်း ရှေ့နေဖြင့် တွေ့ခွင့်မရသေး](https://burmese.kachinnews.com/2021/03/06/%e1%80%a6%e1%80%b8%e1%80%92%e1%80%9b%e1%80%be%e1%80%ae%e1%80%9c%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%99%e1%80%be%e1%80%af-%e1%80%85%e1%80%85%e1%80%ba%e1%80%86%e1%80%b1/): သယံဇာတဝန်ကြီးဦးဒါရှီလဆိုင်းကို တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ အာမခံပေးရန် လျှောက်ထားသည့်အပေါ် မြစ်ကြီးနားမြို့နယ် တရားရုံးက ငြင်းပယ်လိုက်သည်ဟု သိရသည်။ - [စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသော ပူတာအိုလူငယ် ၅ ဦးပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2021/03/05/mar-05-y1/): ပူတာအို စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ထုတ်ရာပါဝင်သဖြင့် ဖမ်းဆီးခံရသော လူငယ် ၅ဦး မတ်လ ၄ ရက်နေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။ - [ရှမ်းမြောက် တိုက်ပွဲတွင် ဒေသခံ ၄ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/03/04/mar-4-z2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နမ့်ခေါင်ကျေးရွာအုပ်စု မန်ဒေါင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၄ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [ဖမ်းဆီးခံ ကချင်ဝန်ကြီးများကို မြစ်ကြီးနားအကျဉ်းထောင်ပို့](https://burmese.kachinnews.com/2021/03/04/mar-4-z1/): ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်မှ ဝန်ကြီး ၄ပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မတ်လ ၃ ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။ - [ဝိုင်းမော် သပိတ်တွင် ဖမ်းဆီးခံရသော ဆရာမ အပါ ၂ ဦးကို တွေ့ခွင့်မပြု](https://burmese.kachinnews.com/2021/03/03/mar-3-z2/): ဝိုင်းမော်မြို့  စစ်အာဏာဆန့်ကျင်ရာတွင်ပါဝင်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖမ်းဆီးခံရသော ကျောင်းအုပ်ဆရာမ အပါ ၂ ဦးကို မည်သူတစ်ဦးတစ်ယောက်နဲ့မျှ တွေ့ခွင့်မပေးသေးကြောင်း ယင်းအမူလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။ “တွေ့ခွင့်ကို တောင်းတာတော့ ၃ကြိမ်ရှိပြီ။ ပထမအကြိမ်တော့ ဖမ်းဆီးခံရခြင်း ထောင်မရောက်ခင် ဝိုင်းမော်ထွေအုပ်ရုံးထဲမှာ ထိန်းသိမ်းထားတဲ့ချိန်တွေ့ဆုံခွင့်တောင်းတယ် မရခဲ့ဘူး။ ဒုတိယအကြိမ်ကတော့ ထောင်ကြီးမှာ ရောက်သွားတဲ့ချိန် တွေ့ဆုံခွင့်တောင်းတယ်။ မသဲကွဲဘူူးဘာမှမရခဲ့ဘူး။ တတိယအကြိမ်ကတော့ ဥပဒေကြောင်းအရ အကျဉ်းထောင်လက်စွဲဥပဒေအရတွေ့ဆုံခွင့်တောင်းတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တဲ့ချိန်ကျတော့ ကိုယ်တွေပဲ မဟုတ်ဘူး။ ရှိသမျှသာမန်အကျဉ်းသားတွေကော ဘယ်သူမှ တွေ့ဆုံခွင့်မပေးဘူး။ ထောင်က ကွာရန်တင်းစင်တာမှာ သီးသန့်ထားတာဖြစ်တဲ့အတွက် အပြင်လူတွေနဲ့တွေ့ဆုံခွင့်မပေးတာပါဆိုပြီး ပြောပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။ သို့သော် ကျောင်းအုပ်ဆရာမကြီးနှင့်အမျိုးသမီး ၂ဦးအမူအား ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခွင့် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ပြပြီးဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးနှင့်အမျိုးသမီး ၂ဦးအား လာမည့် မတ်လ ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး သဘာဝဘေးအန္တာရယ်စီမံခန့်ခွဲမူဥပဒေဖြင့် အမူစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ “မူလက သိထားတာတော့ ဘေးစီပုဒ်မ ၂၅ နဲ့စွဲထားတာဆိုတာဘဲ သိထားတယ်။ ဘယ်လိုပုံစံစွဲတယ် အမူကဘယ်သူကိုင်တယ် ဘာလုပ်တယ် အဲဒါတွေဘာမှမသိရသေးဘူး။ လူတောင်မှတွေ့ခွင့်မရသေးတာမို့ ဒီအမူအကြောင်းအရာကိုဘယ်လိုမှ သိနိုင်စရာအကြောင်းမရှိဘူး။ ဒီနေ့မှသူတို့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေကိုယ်စားလှယ်လွဲစာ တင်တာဖြစ်တယ်။” ဟု ဖမ်းဆီးခံရသည့်ဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။ အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီး ၂ဦးသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိပြည်သူများ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ … - [ဖားကန့် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ](https://burmese.kachinnews.com/2021/03/03/mar-3-z1/): ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းကို ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းလိုက်ပြီးနောက် ဒဏ်ရာပြင်းထန်သူများရှိနေပြီး၊ အဖမ်းခံရသူများလည်း ရှိနေကြောင်း သိရသည်။ - [ဖားကန့်သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွင်းခံရ](https://burmese.kachinnews.com/2021/03/02/mar-2-z2/): ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်အာဏာဆန့်ကျင်သည့်သပိတ်တွင် ရဲတပ်ကြပ်တစ်ဦး ပါဝင်လာသည့်အတွက် ပထမဆုံးအကြိမ်အဖြစ် မတ်လ ၂ ရက်နေ့တွင် ပစ်ခတ်ဖြိုခွင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ - [ဗန်းမော်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု CDM တွင်ပါဝင်လာ](https://burmese.kachinnews.com/2021/03/02/mar-2-z1/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အစိုးရဌာနပေါင်းစုံမှဝန်ထမ်း ၇၀ ရာခိုင်နူန်းခန့် CDM တွင်ပါဝင်လာသည့်အတွက် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိနိုင်သည့်အခြေနေတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ - [ဝန်ကြီး ဦးဒရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို ပထမအကြိမ် ရုံးထုတ်](https://burmese.kachinnews.com/2021/03/01/mar-1-y1/): ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲဆိုထားမှုကို မတ်လ ၁ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ - [လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး](https://burmese.kachinnews.com/2021/03/01/mar-1s1/): လီဆူ အနုပညာရှင်တစ်ဦးဖြစ်သော ယောတီဖာကို ယမန်နေ့ည ၁၂ နာရီခန့် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ - [လူစုလူဝေး ခွင့်မပြုသော်လည်း ဝိုင်မော်တွင် စစ်အာဏာရှင်ကို ပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2021/03/01/%e1%80%9c%e1%80%b0%e1%80%85%e1%80%af%e1%80%9c%e1%80%b0%e1%80%9d%e1%80%b1%e1%80%b8-%e1%80%81%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%95%e1%80%bc%e1%80%af%e1%80%9e%e1%80%b1%e1%80%ac%e1%80%ba/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထွေထွေသပိတ်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲ မပြုလုပ်နိုင်ရန် ရဲနှင့်စစ်သားများက မနက် ၉နာရီခွဲအချိန်ခန့်တွင် လူစုနေရာတွင် ရောက်လာပြီး လူစုကို ဖြိုခွင်းလိုက်သည်။ လူစုလူဝေးပြုလုပ်နေသည့် နေရာအနီးတဝိုက်တွင် စစ်အင်အားများထပ်မံတိုးမြင့်ထားပြီး ဆန္ဒထုတ်ဖော်သူများနှင့် သတင်းထောက်များကိုပင် လိုက်လံဖမ်းဆီးမှုတွေပြု လုပ်ခဲ့သည်။ ၎င်းနေရာတွင် လူစုကွဲသွားပြီးနောက် ၁၀နာရီခွဲအချိန်ခန့်တွင် ဝိုင်းမော် အထက(၂) အနောက်ဘက်ခြမ်းရှိ လမ်းသွယ်လမ်းကြားတွင် ဆန္ဒပြသည့် ပြည်သူများထပ်မံ လူအင်အားထောင်ချီစုဝေးပြီး လမ်းမကြီးဘက်သို့ ထပ်မံထွက်ခဲ့ရာ ရဲနှင့်စစ်သားများက ဒုတိယအကြိမ် ထပ်မံတားမြစ်ပိတ်ဆို့ခဲ့သည်။ ထိုအချိန် ဝိုင်းမော် ဝါးရှောင်ဆရာတော်က ရဲနှင့်ပြည်သူကြားဝင်ရောက်ညှိနှိုင်းပေးသောကြောင့်  နံနက်ပိုင်း ၁၁ နာရီခွဲအထိ ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့သည်။ ယနေ့ဆန္ဒထုတ်ဖော်မှုတွင် ရဲနှင့်စစ်သားများက ရိုက်နက်ဖမ်းဆီးမှုမရှိခဲ့သော်လည်း ၁၁နာရီခန့်အချိန်တွင် ထပ်မံလူစုခွဲရန် လာရောက်တားမြစ်ခဲ့သောကြောင့် ဆန္ဒပြသည့် ပြည်သူများအနေဖြင့်လည်း လူစုခွဲပြီး ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်လိုက်ကြောင်းသိရသည်။ ဝိုင်းမော်မြို့အတွင်း အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ရက်နေ့ ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးကို ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်သို့ပို့လိုက်ကြောင်းသိရသည်။ - [စစ်ကောင်စီ၏ ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်သူများ မလိုလား](https://burmese.kachinnews.com/2021/02/27/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%81%8f-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a/): အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်သော လူထုများဖြင့် ဆွေးနွေးရန် ‘ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဖွဲ့စည်းလိုက်သော်လည်း အဆိုပါကော်မတီကိုလည်း အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သော ပြည်သူများက ဆိုသည်။ - [ဝိုင်းမော်တွင် ဖမ်းဆီးခံရသော ကျောင်းဆရာမနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့](https://burmese.kachinnews.com/2021/02/27/feb-27-y1/): ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သား တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ - [ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော](https://burmese.kachinnews.com/2021/02/25/feb-25-z1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းရှိ CDM လှုပ်ရှားမှုတွင်ပါဝင်သူများအနေဖြင့် ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိနေကြောင်း ဖားကန့် CDM ကူညီရေးအဖွဲ့တစ်ခုထံမှ သိရသည်။ - [ပူတာအိုမှ ဖမ်းဆီးခံလူငယ် ၅ ဦးလွတ်မြောက်ရန် အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေဟုဆို](https://burmese.kachinnews.com/2021/02/25/feb-25-y1/): ပူတာအိုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကနဦးဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သော လူငယ် ၅ ဦးသည် လက်ရှိအချိန် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရပြီး ၎င်းတို့လွတ်မြောက်စေရန် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသော ‘စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ဆွေးနွေးနေသည်ဟု ဆိုသည်။ - [စစ်တပ်ဖွဲ့စည်းပေးသည့် UEC ခေါ်ယူသော အစည်းအဝေးသို့ ကချင်နိုင်ငံရေးပါတီအချို့တက်ရန် ဆုံးဖြတ်](https://burmese.kachinnews.com/2021/02/23/feb-23-z2/): အာဏာသိမ်း စစ်ကောင်စီမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် UEC မှ ကမ်းလှမ်းချက်အား ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီအများစုလည်း တက်ရောက်မည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများထံမှ သိရသည်။ - [ပူတာအိုမှ ဖမ်းဆီးခံ လူငယ် ၅ ဦးကို ပုဒ်မ ၃ ခုဖြင့် အရေးယူထား](https://burmese.kachinnews.com/2021/02/23/feb-23-z1/): စစ်အာဏာသိမ်း ဆန့်ကျင်သည့် သပိတ်တွင် ဦးဆောင်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ဖမ်းဆီးခံထားရသည့် ပူတာအိုမှလူငယ်(၅)ဦးအား လာမည့် မတ်လ ၅ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်မည်ဟု သိရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။ - [KIO အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ လဂျာ ကွယ်လွန်](https://burmese.kachinnews.com/2021/02/22/feb-22-s1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အတွင်းရေးမှူးဟောင်း ဒေါက်တာ လဂျာသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကွယ်လွန်သွားကြောင်း သိရသည်။ - [ရှမ်းမြောက်တွင် KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2021/02/22/feb-22-hy1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက်၊ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KIA တို့ ယနေ့ နံနက် ၈ နာရီကစတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည်ဟု သိရသည်။ - [စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် လူထုဆန္ဒဖော်ထုတ်မှု](https://burmese.kachinnews.com/2021/02/22/feb-22-z1/): စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒဖော်ထုတ်ပွဲ ( ၂၂၂၂၂) အရေးတော်ပုံနေ့တွင် ကချင်ပြည်နယ်ရှိ မြို့နယ်အနှံတွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။ - [ဖမ်းဆီးခံ ပူတာအိုမှ လူငယ် ၅ ဦးကို အကျဉ်းထောင်သို့ပို့](https://burmese.kachinnews.com/2021/02/22/feb-21-z1/): ပူတာအိုမြို့မှ ယမန်နေ့ည ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအား ပူတာအိုမြို့မရဲစခန်းမှ နမ့်ဖော့အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ သိရသည်။ - [တပ်မတော်နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ](https://burmese.kachinnews.com/2021/02/21/feb-21-hy1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် အစိုးရစစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ - [ဆန္ဒပြရာတွင်ပါဝင်သော ပူတာအိုမှ လူငယ် ၅ ဦးကို တပ်က ဖမ်းဆီး](https://burmese.kachinnews.com/2021/02/21/feb-20-s2/): စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ပူတာအိုဒေသခံ လူငယ်(၅)ဦး ယနေ့ည (၉)နာရီခန့်တွင် ဖမ်းဆီးခံရကြောင်း ပူတာအိုမှ အမည်မဖော်လိုသူဒေသခံတစ်ဦးထံမှ သိရသည်။ - [မြစ်ကြီးနားတွင် လူသောင်းချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ](https://burmese.kachinnews.com/2021/02/20/feb-20-s1/): စစ်အာဏာရှင်ဆန့်ကျင်ရေး (၁၃) ရက်နေ့မြောက် မြစ်ကြီးနားလူထုဆန္ဒဖော်ထုတ်သောပြည်သူများ အထက-၁ ကျောင်းရှေ့ရောက်လာချိန် ရဲနှင့်စစ်သားများက လမ်းကြောင်းပိတ်ဆို့ခဲ့သောကြောင့် ထိုနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ အဆုံးသတ်ခဲ့သည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ညှိနှိုင်းပေးသောကြောင့် မွန်းလွဲ ၁ နာရီမတိုင်မှီ ထိုနေရာမှ ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်သည်။ မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ရန် လူစုလူဝေးမှန်သမျှကို ရဲနှင့် စစ်တပ်က လိုက်လံဖြိုခွဲနေသောကြောင့် ယနေ့ ဆန္ဒဖော်ထုတ်သူများသည် နေ့လယ် ၁၁ နာရီမှ မြို့မ စျေး-၁ တွင် ရုတ်တရက် လူစုပြီး ချီတက်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင် ဆိုင်ကယ်ဖြင့် ဆန္ဒဖော်ထုတ်သူများကလည်း မြစ်ကြီးနားမြို့ပတ်ကာ လှည့်လည်ခဲ့ကြသည်။ - [February 19 ရက်နေ့ တစ်ရက်တာ မှတ်တမ်း](https://burmese.kachinnews.com/2021/02/19/february-19mkn/): စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုများသည် ၁၀ ရက်မြောက်နေ့ထိ ငြိမ်းချမ်းစွာပြီးစီးခဲ့သော်လည်း ၁၁ ရက်နေ့မြောက်နေ့မှစတင်ကာ တင်းကြပ်ခံရပြီးနောက် ၁၂ ရက်မြောက်နေ့ဖြစ်သော ယနေ့ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်သူများ လူမစုနိုင်သည့်အခြေအနေထိပင် ရောက်ခဲ့သည်။ ပညာရေးဝန်ထမ်းဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွား နံနက် ၉ နာရီ ပထမဆုံး စတင်ကြားရသည့်သတင်းမှာ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသောသတင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုကို ခံခဲ့ရသော ဆရာမတစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။ “အစ်မတို့ ၈ နာရီခွဲပြီး ၅ မိနစ်မှာ စုရပ်ကိုရောက်တယ်။ လေ့ကျင်ရေးကျောင်းရှေ့ပေါ့။ ဆရာမတွေ ဆိုင်ကယ်ထားနေတဲ့အချိန် အစီး ၂၀ လောက်ဘဲ ရှိသေးတယ်။ ၄၅ မိနစ်လောက်မှာ ရဲကားတွေ ဖြည်းဖြည်းလေးမောင်းဝင်လာတယ်။ ရေ့ဆုံးက နည်းနည်းဝဝ ရဲတစ်ယောက်က မိုက်ကိုင်ပြီး ဆင်းလာတယ်။ ဒါပေမယ့် နောက်ဆုံးက ရဲတစ်ယောက်က အရမ်းရိုက်ချင်တဲ့ဇောနဲ့ ကျမတို့ဆီပြေးလာတော့ အစ်မတို့ကလည်း ပြေးသွားတယ်။ အဲမှာ ဆရာမ ၂ ယောက်ကျန်ခဲ့တယ်။ သူတို့ ၂ ယောက်လည်းပြေးပေမယ့် တစ်ယောက်ကိုတော့ အစ်မရှေ့မှာတင် ဖမ်းမိသွားတယ်။ အဲဒီဆရာမကိုသူတို့က ဒူးထောက်ထားခိုင်းပြီး ခြေထောက်မှာ ရိုက်နေတယ်။” ဟု ယနေ့ ပညာရေးကောလိပ်ရှေ့မှ အဖြစ်အပျက်ကို ထိုနေရာရောက်ရှိခဲ့သည့် ဆရာမ တစ်ဦးက ပြောပြသည်။ ယနေ့ … - [ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီး](https://burmese.kachinnews.com/2021/02/19/feb-19-s1/): မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။ - [မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ ဖြိုခွဲခံရ](https://burmese.kachinnews.com/2021/02/18/feb-18-y1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်မလိုလားကြောင်း ဆန္ဒဖော်ထုတ်သည့် သပိတ်စစ်ကြောင်းများ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်ပိုင်း ၁၁နာရီခန့်အချိန်တွင် ရဲနှင့် စစ်တပ်က အင်အားသုံးကာ လမ်းကြောင်းပိတ်ဆို့ပြီး ဖြိုခွဲခဲ့သည်။ ကချင်လူမှုအဖွဲ့အစည်းများ ဦးဆောင်သော သပိတ်လမ်းကြောင်းကို စီတာပူရပ်ကွက်က စတင်ချီတက်လာခဲ့ပြီးနောက် မြို့လယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့ရောက်လာခဲ့စဉ် စစ်ကား ၁၀ စီးနှင့် ရဲအင်အား၅၀ ခန့်နှင့်အတူ ရေပစ်ကားများဖြင့် လမ်းပိတ်ဆို့တားဆီးခဲ့သည်။ မြစ်ကြီးနားရှိ လူထု၏ ၁၁ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆန္ဒဖော်ထုတ်သူများကို ပုဒ်မ ၁၄၄ အရ လူစုခွဲခိုင်းခဲ့သောကြောင့် ပြည်သူများသည် ၎င်းနေရာမှပြန်လှည့်ခဲ့ရာ ရဲနှင့်စစ်သားများကလည်း တဖြည်းဖြည်းကပ်လျှက်လိုပါလာပြီး နောက်ဆုတ်သွားသော လူထုကို လေးခွများဖြင့်လိုက်လံ ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် အရပ်သားပြည်သူတစ်ချို့နှင့် သတင်းမီဒီယာသမားတချို့လည်း ထိခိုက်မှုရှိခဲ့ပြီး ဆန္ဒဖော်ထုတ်သူများအသုံးပြုသော ထော်လာဂျီတစ်စီးနှင့် ယဉ်မောင်းတို့ကိုလည်း ဖမ်းစီးထားကြောင်းသိရသည်။ ထို့အပြင် ဆန္ဒဖော်ထုတ်ရာတွင်မပါဝင်သော လမ်းဘေးကွမ်းယာသည်တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ ရှမ်းစုတောင်ရပ်ကွက်မှ မန္တလေးကျောင်းတိုက်ဆရာတော်လည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။ “တကယ်တမ်းပြည်သူလူထုတွေက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတာဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက်ဖြိုခွဲမှုတွေလုပ်လာတယ်။ ပြောရမယ်ဆိုရင် အခုတက်လာတဲ့သူတွေကိုယ်တိုင် ဒီမိုကရက်စီကို လိုလားတယ်လို့ပြောတယ်။ ဒါပေမယ့်အရိပ်အရောင်မတွေ့ ရဘူး။ ဒါကပြည်သူလူထုရဲ့ သဘောဆန္ဒကို လုံးဝဆန့်ကျင်တယ်လို့ သက်ရောက်တယ်။ ပြောရမယ်ဆိုရင် ဒီမိုကရက်စီကို ငြင်းဆန်နေတယ်လို့ဘဲသုံးသပ်တယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။ ကချင်ပြည်နယ်အတွင်းရှိ ပင်မသပိတ်စစ်ကြောင်းနှင့် ဝန်ထမ်းများပါဝင်သော သပိတ်စစ်ကြောင်းအပြင် အထက(၁)ကျောင်းရှေ့တွင် ထိုင်သပိတ်ပြုလုပ်သည့် အဖွဲ့များပင် ရုတ်သိမ်းကာ နောက်ဆုတ်သွားသည်။ မြစ်ကြီးနားမြို့တွင် ဆန္ဒပြ … - [လူငယ်များကန့်ကွက်မှုကြောင့် ပြည်နယ်စစ်ကောင်စီနဲ့ လော်ဝေါ်ကျမ်းစာကျောင်းအုပ်ဆရာကြီးတို့ တွေ့ဆုံပွဲ ဖျက်သိမ်း](https://burmese.kachinnews.com/2021/02/18/feb-18-z1/): မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည်အစီစဉ်ကို လော်ဝေါ်လူငယ်များက သွားရောက်ကန့်ကွက်သောကြောင့် အစီစဉ် ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။ - [လူထုဆန္ဒဖော်ထုတ်မှုကို ဖြိုခွင်းရာတွင် KIO အနေဖြင့် ပါဝင်စွက်ဖက်ခြင်းမပြုရန် တပ်မတော် သတိပေး](https://burmese.kachinnews.com/2021/02/18/feb-18-ld1/): စစ်အာဏာရှင်ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းသောဖြစ်စဉ်များတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် တပ်မတော်ဘက်က KIO ကို သတိပေးထားကြောင်း သိရသည်။ - [CDM လှုပ်ရှားသေား ပူတာအိုမှ ဝန်ထမ်းများကို ဆက်လက်ဖမ်းဆီးနေ](https://burmese.kachinnews.com/2021/02/17/feb-17-y1/): ကချင်ပြည်နယ်၊ ပူတာမြို့တွင် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြဖော်ထုတ်သော ဝန်ထမ်များကို ဖမ်းဆီးမှုများလုပ်လာသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ - [မြစ်ကြီးနား ဆန္ဒထုတ်ဖော်မှုကို ပစ်ခတ်ဖြိုခွင်းခဲ့သော ဖြစ်စဉ်](https://burmese.kachinnews.com/2021/02/15/feb-15-s1/): မြစ်ကြီးနား မန်ခရိန်ရပ်ကွက် (စက်မှုဇုံ) ပင်မလျှပ်စစ်ဌာနရုံးရှေ့ ဆန္ဒဖော်သော လူထုကို ရဲတပ်ဖွဲ့နှင့် စစ်သားများက ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။ - [ပူတာအို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သူ ၂ ဦးကို ရဲများက ရှာဖွေနေ](https://burmese.kachinnews.com/2021/02/14/feb-13-z2/): စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲတွင်ပါဝင်ဆန္ဒပြခဲ့သည့် ပူတာအို အ.ထ.က(၁) ကျောင်းမှ ကျောင်းဆရာ(၂)ဦးအား ရဲများက ရှာဖွေနေကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။ - [အာဏာသိမ်းစစ်အစိုးရ၏ ကမ်းလှမ်းမှုကို KSPP ပါတီ ငြင်းဆို](https://burmese.kachinnews.com/2021/02/13/feb-13-z1/): နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီအနေဖြင့် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆိုခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီမှ ဒုဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ “ပထမ အာဏာသိမ်းပြီးချင်းကတော့ ဥက္ကဋ္ဌကိုကမ်းလှမ်းတာ ဒါကတော့နိုင်ငံတော်ကောင်စီအဆင့်အနေနဲ့ကမ်းလှမ်းလာတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ပါတီတိုင်းကိုကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကျနော်တို့အနေနဲ့လက်ခံခြင်းမရှိဘူး။ လက်မခံရတဲ့အကြောင်းရင်းကလဲ ခုလက်ရှိမှာအာဏာသိမ်းတဲ့အခြေနေမျိုးဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ အာဏာသိမ်းတာဘဲဖြစ်ဖြစ် ထိန်းတာဘဲဖြစ်ဖြစ် လုံးဝလက်မခံနိုင်ပါဘူး။” ဟု  ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဋ္ဌ-၂ ဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပါတီများအား နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမူများရှိခဲ့သည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခင်းအကျင်းအား နိုင်ငံရေးနည်းလမ်းဖြင့် ညှိနိူင်းအဖြေရှာခြင်းမျိုးသာ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင်လည်း တိုင်းရင်းသား ၅ပါတီမှ သဘောထားထုတ်ပြန်ထားသည်။ “ကျနော်တို့ပါတီ ၅ပါတီရဲ့သဘောထားကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ကျနော်တို့ရဲ့သဘောထားက ပြည်သူလူထုတွေနဲ့တစ်သားတည်းဖြစ်ပါတယ်။ ခုလက်ရှိစစ်အာဏာရှင်စနစ်သွားတာကိုလည်း အားလုံးအမြန်ဖြေရှင်းဖို့လိုတယ် အဓိကတော့ တွေ့ဆုံစကားပြောဖို့လိုတယ် ဒီမိုကရေစီတွေအင်အားစုပါဝင်ဖို့လိုသလို စစ်တပ်ကလည်းပါဝင်ဖို့လိုတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားအင်အားတွေလည်း အားလုံးတစ်ညီတစ်ညွှတ်တည်းပါဝင်ပြီးမှ ကျနော်တို့နိုင်ငံကို ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်အရသွားတဲ့ဟာကို အကောင်အထည်ဖော်ဖို့လိုမယ်။” ဟု ပါတီ ဒု ဥက္ကဋ္ဌ-၂ ဦးအောင်ခမ်းက ပြောသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စစ်အာဏာသိမ်းမူ ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား နေ့စဉ်ဆန္ဒထုတ်ဖော်လျှက်ရှိနေကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် တိုင်းရင်းသားအများစုကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊၁၉၄၇ ပင်လုံစာချုပ်ကတိကဝတ်အကောင်ထည်ဖော်ရေး အစရှိသည့် ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်လျှက် ဆန္ဒထုတ်ဖော်မူများရှိနေသည်။ - [စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် KBC ပါဝင်လာ](https://burmese.kachinnews.com/2021/02/11/feb-11-s1/): လက်ရှိ စစ်အာဏာသိမ်းကောင်စီကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားများအနေဖြင့် ပါဝင်ကြဖို့ ထုတ်ပြန်ထားသည့်အတိုင်း ယနေ့ ပါဝင်လာသည်ကို တွေ့ရသည်။ - [‘၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးတို့ အဲဒီဟာတွေကျနော်တို့ စိတ်မဝင်စားဘူး။’ Dr. M Kawn La ကို ဆက်သွယ်မေးမြန်းခြင်း](https://burmese.kachinnews.com/2021/02/11/feb-10-z2/): တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့မှစကာ တိုင်းရင်းသားနိုင်ငံရေးပါတီများအား ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ တွင်ပါဝင်ရန် ကမ်းလှမ်းမူများရှိနေကြောင်း တိုင်းရင်းသားပါတီများထံမှ သိရသည်။ - [အာဏာသိမ်းပြီး တစ်ပတ်ကျော်သည်အထိ ကချင် ဝန်ကြီးသုံးပါးနှင့် NLD ပါတီဝင်ကိုးဦး လွှတ်မြောက်လာခြင်းမရှိသေး](https://burmese.kachinnews.com/2021/02/11/feb-10-z1/): တပ်မတော်က အာဏာသိမ်းပြီး တစ်ပတ်ကျော်ထိ ကချင်ပြည်နယ်မှ ဝန်ကြီးသုံးပါးနှင့် NLD ပါတီဝင်ကိုးဦး လွှတ်မြောက်လာခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါ်ဇာခြည်မြင့်က ဖေဖော်ဝါရီ ၉ ရက်က ပြောသည်။ - [စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူလူထုကို ထိခိုက်စေလျှင် KIO က ပါဝင်ပတ်သက်လာမည်ဟုပြော](https://burmese.kachinnews.com/2021/02/10/feb-10-s1/): စစ်အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ကချင်ပြည်နယ်လူထုကို သေကြေထိခိုက်အောင်ပြုလုပ်လာမည်ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း လူထုဘက်မှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။ - [NRPC ဖျက်သိမ်းပြီး တပ်မတော်ဖြင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား](https://burmese.kachinnews.com/2021/02/08/feb-8-y/): NLD အစိုးရလက်ထက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုဖျက်သိမ်းကြောင်း အာဏာသိမ်းတပ်မတော် က PCG မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NRPC မှ မဟုတ်ပဲ တပ်မတော်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖြင့်သာ ဆွေးနွေးသွားမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က ဖေဖော်ဝါရီလ ၂ ရက်နေ့က ခေါ်ယူပြီးပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောဆိုသည်။ “သူတို့အကြောင်းကြားလာတာက နောက်နောင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို NRPC ကနေမဟုတ်တော့ဘူး။ တပ်မတော်ကနေ ဖွဲ့စည်းထားသည့် ကော်မတီများနဲ့ဆွေးနွေးသွားမယ်လို့ မပခ တိုင်းမှူးကခေါ်ယူအကြောင်းကြား ပြောဆိုခဲ့တယ်” ဟု ပြောဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြောင်းကြားထားသော်လည်း မည်သည့်သဘောထားကိုမျှ ပြန်ကြားခြင်းမရှိသေးကြောင်း သူက ဆိုသည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ၅ ဦးအဖွဲ့ကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်က ဖွဲ့စည်းခဲ့သည်။ ထို့နောက် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဆိုပါ ၅ ဦးအဖွဲ့တွင် လူဦးရေထပ်တိုးကာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် မထိုးရသေးသောတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးရန် ထပ်မံ ကြေညာခဲ့သည်။ စစ်တပ်ဖြင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးဆိုသည်မှာ အပစ်အခတ်ရပ်စဲရေးကိုသာအကောင်ထည်ဖော်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက သုံးသပ်ပြောဆိုသည်။ “ကျနော်တို့သုံးသပ်ရသလောက်က စစ်တပ်နဲ့က အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးမှုရကောင်းရလိမ့်မယ်။ ဒါပေမယ့် စားပွဲပေါ်မှာ ဆွေးနွေးရမယ့် နိုင်ငံရေးက … - [စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြစ်ကြီးနားရှိ လူငယ်များ၏ ဆန္ဒဖော်ထုတ်မှု](https://burmese.kachinnews.com/2021/02/08/%e1%80%85%e1%80%85%e1%80%ba%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%86%e1%80%94%e1%80%b7%e1%80%ba/) - [ပြန်လည်ညှိနှိုင်းခြင်းဖြင့်အဖြေရှာရန် တိုင်းရင်းသားပါတီ ၅ ခု သဘောထားထုတ်ပြန်](https://burmese.kachinnews.com/2021/02/05/feb-5-z1/): မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းအား နိုင်ငံရေးနည်းလမ်းဖြင့်ညှိနှိုင်းဖြေရှင်းရန် တိုင်းရင်းသားပါတီ (၅)ပါတီမှ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရေစီတစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရေစီတစ်ပါတီ၊ ချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ မွန်ညီညွှတ်ရေးပါတီတို့ပါဝင်ပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။ “ကျနော်တို့ တိုင်းရင်းသားတွေဟာ အသွင်မတူ နေရာဒေသမတူတဲ့ သူတွေဖြစ်ပေမယ့် အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်ပြီး သွားနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ညှိနှိုင်းဆောင်ရွက်ပြီးသွားသလို ပြည်ထောင်စုတစ်ခုလုံးနဲ့လဲ ညှိနှိုင်းဆောင်ရွက်ပြီးတော့ သွားချင်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရပဲ သွားချင်တယ်။ သွားဖို့လိုတယ် အဲလိုမှသာ အနာဂတ်အတွက် ကောင်းတဲ့ပုံစံဖော်နိုင်လိမ့်မယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌ-၂ ဦးအောင်ခမ်း ကပြောသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်တပ်မှနိုင်ငံတော်အာဏာရယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ထိန်းသိမ်းမူများပြုလုပ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ(၂)ရက်နေ့တွင် ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် NLD အစိုးရအဖွဲ့ဝင် အချို့အားပြန်လွှတ်ခဲ့သည်။ ယင်းကဲ့သို့ အာဏာသိမ်းမူများ ဖြစ်ပေါ်နေခြင်းအပေါ် တိုင်းရင်းသားပါတီများမှ စိတ်မကောင်းဖြစ်ရသည့်အပြင် တပ်မတော်နှင့် အခြားသက်ဆိုင်သည့် အင်အားစုအားလုံး စိတ်ရှည်သည်းခံမူအပြည့်‌ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြပါရန်မေတ္တာ ရပ်ခံထားသည့်အပြင် နိုင်ငံရေးအား နိုင်ငံရေးစေ့စပ်ညှိနိူင်း အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမူနှလုံးသွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအား အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်။ - [ကချင်တော်လှန်ရေးနေ့ KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် မြန်မာစစ်တပ်အာဏာသိမ်းဆည်းမှုနှင့်ပတ်သက်သောအကြောင်းအရာမပါ](https://burmese.kachinnews.com/2021/02/05/feb-5-s1/): (၆၀) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိသည့်အပြင် KIO အစိုးရဖွဲ့စည်းပုံနှင့် ဌာနဆိုင်ရာများအကြောင်းအရာကိုသာ ပိုမိုဖော်ပြခဲ့သည်။ - [ပြည်ထောင်စု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို](https://burmese.kachinnews.com/2021/02/05/feb-5-z2/): ကချင်ပြည်နယ်မှ ၂၀၂၀ ပါတီစုံရွေကောက်ပွဲတွင် ရွေးကောက်ခံအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့ကျမ်းသစ္စာကျိန်ဆိုခြင်းအား ယနေ့ နေပြည်တောင်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အချို့ထံမှ သိရသည်။ - [အာဏာသိမ်း အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် KSPP ယှဉ်ပြိုင်မည်ဟူသော ပါတီဥက္ကဋ္ဌ ပြောဆိုချက်မှာ ပါတီကိုယ်စားမပြုဟုဆို](https://burmese.kachinnews.com/2021/02/04/feb-4-s1/): တပ်မတော်ပြန်လည်ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် KSPP ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် ပါတီ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌ -၂ က ပြောသည်။ - [ကချင်ပြည်နယ် မြို့နယ်အချို့ NLD ဆိုင်းဘုတ်များဖြုတ်သိမ်းခံရ](https://burmese.kachinnews.com/2021/02/04/feb-3-z2/): ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးချုပ် ဆိုင်းဘုတ်၊ အလံများအား အရပ်ဝတ်နဲ့လူတစ်စုမှ လာရောက်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးထံမှ သိရသည်။ - [တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးကို ဦးထိပ်ထားသည့်အစိုးရလိုလားကြောင်း KBC ထုတ်ပြန်](https://burmese.kachinnews.com/2021/02/03/feb-3-ld/): ‘တိုင်းရင်းသားများ၏ တန်းတူရည်တူအခွင့်အရေးကို ဦးထိပ်ထားဦးဆောင်သော အစိုရကိုသာလိုလားပြီး’ ဗဟိုဦးစီးစနစ်ကျင့်သုံး သည့် အာဏာရှင်စနစ်သည် သမ္မာကျမ်းစာဖြင့် ဆန့်ကျင်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် (KBC) က ဖေဖော်ဝါရီ ၃ ရက်နေ့ ယနေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။ - [အာဏာသိမ်းမှု ၃ ရက်မြောက်နေ့အထိ ကချင်ဝန်ကြီး တချို့ မလွတ်သေး](https://burmese.kachinnews.com/2021/02/03/feb-3-z1/): ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး (၃)ဦးနှင့် ပါတီမှ (၃) ဦးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။ - [အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ဦးခက်ထိန်နန်ကို ခန့်အပ်](https://burmese.kachinnews.com/2021/02/02/feb-2-s1/): နိုင်ငံတော်အာဏာ သိမ်းယူပြီး ၂ ရက်မပြည့်ခင် မြန်မာ့တပ်မတော်က  ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ ကိုဖွဲ့စည်းပြီး တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်များနေရာတွင် ‘စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ’ အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အသီးသီးခန့်အပ် ထုတ်ပြန်ခဲ့သည်။ - [အာဏာသိမ်းရသည့်အကြောင်းရင်းကို တပ်မတော်က ကချင်ဘာသာရေးခေါင်းဆောင်များကို ရှင်းပြ](https://burmese.kachinnews.com/2021/02/02/feb-2-hy1/): NLD အစိုးရထံမှ အာဏာသိမ်းရခြင်းအကြောင်းရင်းကို အသင်းသားများကို ပြန်လည်ရှင်းပြရန်ဆိုပြီး တပ်မတော်က ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြစ်ကြီးနားရှိ ကချင် ဘာသာရေးအဖွဲ့များဖြင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။ - [ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့ ပြန်လည်လွှတ်မြောက်၊ ၃ ရက်အတွင်း ဝန်ကြီးအိမ်ယာမှ ထွက်ခွာရမည်ဟုဆို](https://burmese.kachinnews.com/2021/02/02/feb-2-z1/): တပ်မတော် အာဏာသိမ်းပြီးနောက် ၁ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးတချို့သည် ယနေ့ နေ့လည် ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။ လက်ရှိအချိန် ဝန်ကြီးချုပ်သည် ဝန်ကြီးအိမ်ယာတွင် ပြန်လည်ရောက်ရှိနေပြီ ဟုလည်း သိရသည်။ - [နေပြည်တော်စည်ပင်ရိပ်သာ ယနေ့ ညပိုင်းအထိ အခြေအနေနှင့်ပတ်သက်ပြီး ကချင်အမတ်တစ်ဦးကို မေးမြန်းခြင်း](https://burmese.kachinnews.com/2021/02/01/feb-1-z1/): တပ်မတော်အာဏာသိမ်းပြီးနောက် နေပြည်တော် စည်ပင်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များအား လက်ရှိချိန်ထိ တစ်စုံတစ်ရာထူးခြားမူမရှိသေးကြောင်း အမည်မဖော်လိုသူ ကချင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။ - [တပ်မတော်အာဏာသိမ်းပြီး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာ](https://burmese.kachinnews.com/2021/02/01/feb-01/): ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမာမှုများရှိခဲ့သည်ဟူသောအချက်နှင့် နောက်ဆက်တွဲကိစ္စများကြောင့် တပ်မတော်က ဖေဖော်ဝါရီလတစ်ရက်နေ့တွင် အာဏာသိမ်းပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ထုတ်ပြန်ထားသည်။ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အဝင်အထွက်ဂိတ်များကို ယနေ့မနက်ပိုင်းက ပိတ်ထားခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများရုံးအပြင် ၊ NLD ပါတီရုံးများကိုလည်း တပ်မတော်က ထိန်းသိမ်းထားပြီး၊ မြို့နယ် NLD ပါတီခေါင်းဆောင်များကိုလည်း နေအိမ်မှာ လာရောက်ခေါ်ယူကာ ထိန်းသိမ်းထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှစပြီး ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိကာ၊ မြစ်ကြီးနားမြို့ပြင် သွားလာမှုများကိုလည်း ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။ မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လိုအပ်သည့်အရေးယူမှုများပြုလုပ်နိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ‘ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်’ ကို ယနေ့ မနက်ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေငြာလိုက်သည်။ အရေးအပေါ်အခြေအနေဟုခေါ်သော အာဏာထိန်းသိမ်းမှုမှာ နိုင်ငံတစ်ဝှမ်းတွင်သက်ရောက်ပြီး၊ ထုတ်ပြန်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူထားသည်။ ထို့နောက် ရွေးကောက်ပွဲ ပြန်လုပ်ပြီးမှ အနိုင်ရသော ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။ ယခုလို အရပ်သားအစိုးရခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းမှုအတွက် အထူးစိုးရိမ်ကြောင်း အမေရိကန်သံရုံးကလည်း ယနေ့ တွင် ထုတ်ပြန်ထားသည်။ - [အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ပိုမိုပေါ်ထွန်းလာစေရန်မျှော်လင့်](https://burmese.kachinnews.com/2021/01/29/jan-29-z2/): ပြီးခဲ့သည့် အစိုးရသက်တမ်း (၅) နှစ်အတွင်း ကချင်ပြည်နယ်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး (၆)ဦးသာရှိခဲ့သောကြောင့် လာမယ့်သက်တမ်းတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ပိုမိုရွေးချယ်ပေးရန် လိုအပ်ကြောင်း ပြောဆိုမှုများရှိနေသည်။ - [တရုတ် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ကိုင်သွယ်ဖြေရှင်းရန် ကချင်ဒေသခံများ မြေယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်](https://burmese.kachinnews.com/2021/01/29/jan-28-y1/): ကောင်းကျိုးထက် ဆိုးကျိုးပိုမိုများပြားနေသော အကြီးစား တရုတ်စိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ကိုင်သွယ်ဖြေရှင်းနိုင်ရန် ဒေသခံများက အလုပ်ရုံဆွေးနွေးမှု တစ်ခုကို ဗန်းမော်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ - [ပြီးခဲ့သည့်အစိုးရသက်တမ်းအတွင်း မြေယာပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟု တိုင်းရင်းသားလယ်သမားများပြော](https://burmese.kachinnews.com/2021/01/28/jan-28-z3/): ပြီးခဲ့သည့် (၅)နှစ်အတွင်း NLD အစိုးရက ကချင်ပြည်နယ်တွင်းရှိ မြေယာပြသာနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း ဖက်ဒရယ်တိုင်းရင်းသားလယ်သမားများကွန်ယက် မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ - [ကချင်ပြည်နယ်တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ၄၃၆ လုံးကို ကျန်းမာရေးဝန်ထမ်းများအား ထိုးပေး](https://burmese.kachinnews.com/2021/01/28/jan-28-z11/): ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၄၃၆ လုံးကို ပထမအကြိမ်အဖြစ် ကချင်ပြည်နယ်ရှိ အစိုးရကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ သိရသည်။ - [အောင်လောဒ်ဒေသခံ စစ်ရှောင်များ မူလဒေသသို့ နေရပ်ပြန်ရန် ဆုံးဖြတ်](https://burmese.kachinnews.com/2021/01/28/jan-28-ld/): လက်ရှိ မြစ်ကြီးနား ဂျော်မဆပ် စစ်ရှောင်စခန်းတွင်ခိုလှုံနေကြသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေ၊ အောင်လောဒ့်ဒေသခံများသည် ၃ နှစ်ကြာ စစ်ရှောင်ခဲ့ပြီးနောက် မူလနေရပ်သို့ ပြန်ရန်ဆုံးဖြတ်လိုက်ပြီဟု သိရသည်။ - [‘အကောင်းဆုံးက ညှိနှိုင်းအဖြေရှာပြီး လုပ်ဆောင်စေချင်တယ်’ ဦးကွမ်ကရောင်အောင်ခမ်းဖြင့် တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2021/01/27/jan-27-z2/): ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော်က ထုတ်ပြန်နေသည့်အပြင် ထပ်မံ စစ်ဆေးရန်လည်း တောင်းဆိုနေသည့် အချိန်ဖြစ်သည်။ - [ကချင်ပြည်နယ် အစိုးရအဖွဲ့ တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ထပ်မံ စစ်ဆေးပေးရန် KSPP တောင်းဆို](https://burmese.kachinnews.com/2021/01/27/jan-27-ld/): ၂၀၂၀ -၂၀၂၁ ကချင်ပြည်နယ်အတွင်း အစိုးရမှ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအတွက် တင်ဒါအောင်မြင်သူများစာရင်းတွင် အဂတိလိုက်စားမှု ရှိ မရှိ စစ်ဆေးပေးရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ လူငယ်အဖွဲ့က တောင်းဆိုထားသည်။ - [လယ်မြေ အကွက်ရိုက်ရောင်းချနေမှု တားမြစ်ခြင်းမှာ သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျဆောင်ရွက်ရန်သာဖြစ်](https://burmese.kachinnews.com/2021/01/27/jan-27-z1/): မြစ်ကြီးနားမြို့ လယ်ယာမြေပေါ်တွင် အိမ်အကွက်ရိုက်နေမှုကို တားမြစ်ထားခြင်းသည် ပြန်လည်သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျလုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ပေးသွားရန်သာဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။ - [ဧရာဝတီ မြစ်ကူးတံတားအသစ်ကို ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်နေ](https://burmese.kachinnews.com/2021/01/26/jan-26-z1/): ကချင်ပြည်နယ် အရှေ့ဘက်နှင့် အနောက်ဘက်ကိုဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတားအသစ်တစ်ခုကို မြစ်ကြီးနား လက်ရှိ ဗလမင်းထင်တံတားဘေးတွင် ဆောက်လုပ်မည်ဖြစ်ပြီး ပြီးစီးရန် (၃)နှစ်အထိကြာမြင့်နိုင်ကြောင်း ကချင်ပြည်နယ်လမ်းတံတားအဖွဲ့ရုံးမှ သိရသည်။ - [ကျေးရွာ ကျန်းမာရေးဆေးပေးခန်း မြေနေရာတွင် ဘာသာရေးအဆောက်အဦးတည်ဆောက်မှုအပေါ် ငွေပျော်ဒေသခံများ မလိုလား](https://burmese.kachinnews.com/2021/01/25/jan-25-ld/): စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြကျေးရွာတွင်  ကျေးရွာကျန်းမာရေးဆေးပေးခန်း တည်ဆောက်ရန်သတ်မှတ်ထားသည့် မြေနေရာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်လိုက်မှုအပေါ် ပွင့်လင်းမြင်သာမှုရှိစေလိုကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။ - [မြို့နယ်အဆင့်စည်ပင်ကော်မတီများကို ဖေဖော်ဝါရီလတွင် အပြီးဖွဲ့စည်းမည်](https://burmese.kachinnews.com/2021/01/22/jan-22-z3/): ကချင်ပြည်နယ်အတွင်း မြို့နယ်အဆင့် စည်ပင်ကော်မတီဖွဲ့စည်းခြင်းကို လာမည့် ဖေဖော်ဝါရီလတွင် အပြီးတိုင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ - [ရပ်ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ရာမှာ မှတ်တမ်းနှင့်တကွ လုပ်ဆောင်မည်ဟု ဆို](https://burmese.kachinnews.com/2021/01/22/jan-22-z2/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်ရာတွင် အငြင်းပွားမူများမဖြစ်အောင် မှတ်တမ်းနှင့်တကွ လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။ - [အင်ဂျန့်ယန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/05/06/may-6-s1/): အင်ဂျန့်ယန်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁၊ တပ်ရင်း ၄ ဒေသနယ်မြေ ဇွပ်မိုင်ယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရှာပေးသည့် လောင်းကစားဝိုင်း ရွှေကူမြို့တွင် ပိုများလာ](https://burmese.kachinnews.com/2021/05/05/may-5-y4/): ရွှေကူမြို့တွင် အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေရရှိနေသော လောင်းကစားဝိုင်းများသည် ၂ လ အတွင်း ပိုမိုများပြားလာသည်ဟု ဒေသခံများ ပြောဆိုနေကြသည်။ - [KTCS ဓမ္မတက္ကသိုလ် ဘွဲ့ယူရန် ဖားကန့်မှ ဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/05/05/may-5-ld4/): မြစ်ကြီးနား နောင်နန်း KTCS ဓမ္မတက္ကသိုလ်ဘွဲ့နှင်းသဘင်ပါဝင်ရန် ဖားကန့်မှဆင်းလာသော မိသားစုတစ်စုသည် လမ်းခုလတ်တွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုခံရသောကြောင့် မြစ်ကြီးနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသခံယူနေရသည်ဟု သိရသည်။ - [နွမ်းလန့် (Numlang) ကျေးရွာနေအိမ်များသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်](https://burmese.kachinnews.com/2021/05/05/may-5-y3/): မိုးမောက်မြို့နယ် နွမ်လန့် (Numlang) ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ၄ လုံးပစ်ထည့်လိုက်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ - [ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်များကို စုစည်းရန် PDF တပ်မတော် ကို NUG အစိုးရ ဖွဲ့စည်း](https://burmese.kachinnews.com/2021/05/05/may-5-ld3/): မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို ပြန်လည်ပစ်သတ်သော စစ်တပ်ကို အမြစ်ဖျက်ချေမှုန်းရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘People Defence Force’ ကို ဖွဲ့စည်းကြောင်း မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားသည်။ - [ပူတာအိုမြို့နယ် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို KIA သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2021/05/05/may-5-y2/): ပူတာအိုမြို့နယ် ဖုန်ကျန်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၄ရက်နေ့ ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ပူတာအို အစိုးရနည်းပညာကျောင်းများတက်ရောက်ရန် ကျောင်းသားအချို့ရောက်ရှိနေ](https://burmese.kachinnews.com/2021/05/05/may-5-ld2/): ပူတာအိုမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း နှင့် GTI ကျောင်းတွင် ကျောင်းတက်ရန် ကျောင်းသားတစ်ချို့ ရောက်ရှိနေပြီဖြစ်ကြောင်း CDM ပါဝင်နေသော ဆရာမတစ်ဦးထံမှ သိရသည်။ - [မြစ်ကြီးနား ဆိုင်ကယ်သပိတ်ကို စစ်တပ်နဲ့ ရဲ ကားအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ဖမ်းဆီး](https://burmese.kachinnews.com/2021/05/05/may-5-ld1/): မြစ်ကြီးနားမြို့ ယနေ့ မေလ ၅ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်သော ဆိုင်ကယ်သပိတ်အား ရဲနှင့်စစ်သားများအပြင် အိမ်စီးကားများဖြင့် ပိတ်ဆို့ကာ လိုက်လံတိုက်ပြီး ဖြိုခွဲခဲ့တာကြောင့် ဖမ်းဆီးခံရသူများနှင့် ထိခိုက်သူများရှိနေကြောင်း သိရသည်။ စစ်အာရှင်ဆန့်ကျင်သော မြစ်ကြီးနားလူငယ်များ၏ ဆိုင်ကယ်သပိတ် မနက် ၈ နာရီခွဲမှစတင်ထွက်ခွာလာပြီး ၉ နာရီခွဲခန့် စံပြလမ်းသို့ဝင်လာချိန် အကြမ်းဖက်အုပ်စု ရဲနှင့်စစ်သားများက ရှေ့နောက်ပိတ် ကားဖြင့်ဝင်တိုက်ပြီး ဖြိုခွဲသောကြောင့် လူငယ် အမျိုးသမီး ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ “သူတို့က အိမ်စီးကားတွေနဲ့ နှစ်ဖက်ကြားညှပ်ဖမ်းတာ အရှေ့က ၇ စီး အနောက်က အိမ်စီးကား သုံးစီ စစ်ကား ရဲကား၊ ထောင်ကားတွေက နောက်မှ ရောက်လာတယ်။ အိမ်စီးကားတွေ အရင်ရောက်လာပြီး ဝင်တိုက်ဖြိုခွဲတာဖြစ်တယ်။” ဟု ယနေ့ နံနက်ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ထိခိုက်သူဦးရေနှင့် ဖမ်းဆီးခံရသူများကို အသေးစိတ်မရသေးပါ။ မြစ်ကြီးနားမြို့တွင် ယနေ့စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်အပြင် လမ်းလျှောက်သပိတ်ဖြင့်လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ - [နမ္မတီးကျေးရွာအနီး အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်](https://burmese.kachinnews.com/2021/05/05/may-5-s1/): မိုးကောင်း နမ္မတီးကျေးရွာအထွက် ကျောက်တောင်တွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်း ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၉ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ဝိုင်းမော် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူး ခြိမ်းခြောက်ခေါ်ယူနေ](https://burmese.kachinnews.com/2021/05/05/may-5-y1/): ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားနေသော ဝိုင်းမော်မြို့နယ်မှ ပညာရေးဝန်ထမ်းများကို မေလ ၇ ရက်နေ့မှစတင်ပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးခြိမ်းခြောက်နေသည်ဟု သိရသည်။ - [ကွတ်ခိုင်မြို့အနီး တိုက်ပွဲဖြစ်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2021/05/04/may-4-ld1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးတစ်ဝိုက်တွင် ယနေ့ မေလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှ ည ၉ နာရီခွဲထိ အာဏာသိမ်းစစ်တပ်နှင့် MNDAA ၊ TNLA နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် နီးစပ်ရာကွတ်ခိုင်မြို့သို့ တိမ်းရှောင်နေကြောင်း သိရသည်။ - [မံစီမြို့မ ရဲစခန်းကို KIA ဝင်ရောက်တိုက်ခိုက်၊ မြို့နယ် ရဲမှူးကျ](https://burmese.kachinnews.com/2021/05/04/may-4-z2/): ကချင်ပြည်နယ် မံစီမြို့မရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။ - [စစ်တပ်အုပ်ချုပ်တဲ့တက္ကသိုလ်ကျောင်းတွေကို ဆက်မတက်ဖို့ စီနီယာများ တိုက်တွန်း](https://burmese.kachinnews.com/2021/05/04/may-4-z1/): စစ်တပ်အုပ်ချုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ပညာရေးဘွဲ့ အပတ်စဉ် (၄) နောက်ဆုံးနှစ်သင်တန်းကို တက်ရောက်ခြင်းမပြုကြရန် လက်ရှိ CDM ပြုလုပ်နေသော စီနီယာများမှ စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။ “ဒီတက္ကသိုလ်က စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ကျောင်းဟုတ်တယ်။ တက္ကသိုလ်ပါမောက္ခချုပ်ကလည်း ဗိုလ်မှူးကြီးအဆင့်ရှိသူ‌တွေဖြစ်ပါတယ်။ သူတို့က ဆရာဆရာမ ဖြစ်ကြမယ့် ကလေးတွေကို စစ်ကျွန်ပညာရေးအသက်သွင်းနေကြတာပါ။ ခုလိုချိန်မှာ ကျောင်းကတော့ လုံးဝမတက်သင့်ပါဘူးအဲ‌ကြောင့် ခုနောက်ဆုံးနှစ်အတန်းကို မတက်ကြပါနဲ့လို့ ပြောချင်ပါတယ်။” ဟု အဆိုပါ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ တက္ကသိုလ် နောက်ဆုံးနှစ်တက်ရောက်ကြမည့်သူများအတွက် ကျောင်းဖွင့်ရက်မှာ မေလ ၅ ရက်နေ့ဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သည့် မတ်လတွင်လည်း အဆိုပါ တက္ကသိုလ်မှ CDM တွင်ပါဝင်သည့်  ကထိက၊ လက်ထောက်ကထိက ဆရာ၊ ဆရာမများအပါအဝင် တက္ကသိုလ်ဆေးရုံမှ သူနာပြုများ စုစုပေါင်း ၃၁ဦး အား တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သည် နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာပြည်အနှံ့မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်ပညာသင်ယူနေသော တက္ကသိုလ်တစ်ခုဖြစ်သည်။ - [အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် KIA ကို ဆက်လက်ပစ်ခတ်နေ](https://burmese.kachinnews.com/2021/05/04/may-4-y1/): တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသော မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာတွင် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်  KIA ရှိရာဘက်သို့ ဆက်လက်ပစ်ခတ်နေကြောင်း သိရသည်။ မေလ ၄ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက KIA ရှိရာ တပ်စခန်းများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း မိုးမောက် ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။ ” အခြေနေက ပိုဆိုးလာဖို့များတယ်။ KIA က စစ်တပ်ရဲ့ လေယာဉ်ပစ်ချလိုက်လို့ ပိုတင်းသွားပုံရတယ်။ ဒီမနက်ပိုင်း ၃နာရီလောက်ကနေ လက်နက်ကြီးသံတွေ ပြန်ကြားရတယ်။ စစ်တပ်က KIA ရှိတဲ့ ဘက် လက်နက်ကြီးပစ်ထည့်ကြတော့ ၂ဖက်စလုံးအပြန်အလှန်ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အချိန်မှာဘဲ ပြန်ငြိမ်းသွားတယ်။ အခုနေ့လည်ပိုင်းကနေ ပြန်ပစ်သံကြားရတယ်” ဟု ပြောဆိုသည်။ မေလ ၃ရက်နေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က ရဟတ်လေယာဉ် ၂ စီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ရဟတ်လေယာဉ် ၁ စီးကို ပစ်ချပေးလိုက်ခြင်း ဖြစ်သည်။ လေယာဉ်ပစ်ချခံရပြီးနောက် အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့သစ်ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူ ၄ ဦးကျဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ​ထိခိုက်ဒဏ်ရာရရှိထားသောသူများကို ဗန်းမော် စစ်တပ်ဆေးရုံတွင် ဆေကုသခံယူခိုင်းစေကြောင်း သိရသည်။ - [ခေါင်လန်ဖူးလူငယ် ၆ ဦးဖမ်းဆီးခံရမှု မိဘ ၂ ဦး၏ ထွက်ဆိုမှုတွင် ဖိအားပေးမှုများပါဝင်နိုင်ကြောင်း နီးစပ်သူများသုံးသပ်](https://burmese.kachinnews.com/2021/05/03/may-3-ld2/): ဖမ်းဆီးခံ ခေါင်လန်ဖူး လူငယ် ၆ ဦးအတွက် မိဘ ၂ ဦး၏ ရဝမ်ဘာသာစကားဖြင့် ထွက်ဆိုထားသော ဗီဒီယိုဖိုင်ပါအကြောင်းအရာများသည် ယုံကြည်ဖွယ်ရာအချက်များမဟုတ်ကြောင်း ဖမ်းဆီးခံရသော လူငယ်များနှင့် နီးစပ်သူများက သုံးသပ်ပြောဆိုနေကြသည်။ - [ပူတာအိုခရိုင်တွင် ရွှေနှင့် အခြားသတ္တုတူးဖော်ခြင်းမပြုရန် တားမြစ်ချက်တစ်ခုထုတ်ပြန်](https://burmese.kachinnews.com/2021/05/03/may-3-ld1/): ကချင်ပြည်နယ် ပူတာအိုခရိုင် ရေဝေရေလဲဒေသဖြစ်သော မြစ် ချောင်းများတွင် ရွှေနှင့်အခြား သဘာဝသယံဇာတများကို စက်ယန္တယားများဖြင့် တူးဖော်နေခြင်း လုံး၀ခွင့်ပြုမည် မဟုတ်ကြောင်း ဂွမ်ရောင်ဂွမ်စာ (Gumrawng Gumtsa) ဌာနေအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံမှ သိရသည်။ - [NUG အစိုးရအဖွဲ့တွင် ကချင်အမျိုးသမီးတစ်ဦး ဒုဝန်ကြီးအဖြစ် ထပ်မံ ပါဝင်လာ](https://burmese.kachinnews.com/2021/05/03/may-3-s1/): ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  CRPH မှ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီးများ ခန့်အပ်ရာတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး ပါဝင်လာသည်ကို တွေ့ရသည်။ - [ဖားကန့်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ လွတ်မြောက်ခြင်းမရှိသေး](https://burmese.kachinnews.com/2021/05/03/may-3-y3/): ဖားကန့်မြို့တွင် မေလ ၂ ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ်ပြုလုပ်ခဲ့စဉ် ဖမ်းဆီးခံရသည့် လူငယ်များကို ရဲစခန်းတွင်ထိန်းသိမ်းထားပြီး လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2021/05/03/may-3-y2/): မိုးမောက်မြို့နယ် မြို့သစ် စလောင်းကုန်းဘက်ကို ပစ်ခတ်သော အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် မြို့သစ် ဒေသခံ ၃ ဦး သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချ](https://burmese.kachinnews.com/2021/05/03/may-3-yl1/): မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်က လေယာဉ်များဖြင့်သွားရောက်တိုက်ခိုက်ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပစ်ချလိုက်ကြောင်း ဒေသခံများနှင့် KIOဘက် က အတည်ပြုပြောဆိုခဲ့သည်။ “ဒီမနက် ၉နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ် ၂ စီးနဲ့လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေက တောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက အခုထိ ဖြစ်နေတုန်း။ ရွာကနေ လက်နက်ကြီးသံတွေကြားနေရသေးတယ် “ဟု ဒေသခံ တစ်ဦးထံမှ သိရသည်။ ပစ်ချခံရလိုက်သော လေယာဉ်သည် မြို့သစ် ကုန်းလောကျေးရွာလယ်ကွင်းဘက်တွင် ကျရောက်သွားကြောင်း သိရသည်။ “သူတို့ လေယာဉ်နဲ့ လာပစ်တော့ ကျနော်တို့ဘက် ပြန်ပစ်တော့ ကျသွားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့လည်း ဆက်လက်ပစ်ခတ်နေတယ်” ဟု KIO ဗဟိုဌာန ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ်ရှိ အဆိုပါ မြို့သစ်၊ ကုန်းလော ကျေးရွာအနီး စလောင်း(တာဝါတိုင်) ကုန်းကို တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်သည်။ အာဏာသိမ်းစစ်တပ်သည် ထိုဒေသတွင် KIA ကို တိုက်ခိုက်ရန် အင်အား အများအပြား တိုးချဲ့ထားသည်။ - [အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် ဖားကန့် ဆန္ဒဖော်ထုတ် ပြည်သူ ၁ ဦး ထပ်မံသေဆုံး](https://burmese.kachinnews.com/2021/05/02/may-2-y1/): ဖားကန့်မြို့ လုံးခင်းရပ်ကွက်တွင် ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်တပ်က ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တစ်ဦး သေဆုံးပြီး နောက်ထပ် ၁ ဦးလည်း ဒဏ်ရားပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် မေလ ၂ရက်နေ့ ယနေ့မနက် ၉နာရီခွဲအချိန် သပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့်နေရာတွင် ရဲနှင့်စစ်သားများက ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ဦး ကျည်ထိမှန်ခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။ “ဒီမနက်က လုံးခင်းသပိတ်နဲ့ မော်ဝမ်းသပိတ် ၂ခုစလုံးစထွက်ဖို့အချိန်မှာဘဲ ဟုတ်တယ်။ သပိတ်တောင်မစသေးဘူး ဖြိုခွင်းခံရတယ်။ အဲ့ချိန်မှာ ကျည်ထိမှန်ခဲ့တာ ၂ယောက်ဟုတ်တယ်။ တစ်ယောက်က ဆုံးသွားပါပြီ။ တစ်ယောက်က ရင်ဘတ်မှာ ဒဏ်ရာရထားတယ်”ဟု ပြောဆိုသည်။ အာဏာသိမ်းစစ်တပ်၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် သူရဲကောင်းမှာ လုံးခင်းရပ်(၁)တွင်နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းနား ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။ ဒဏ်ရာရရှိသူမှာ မှော်ဝမ်းရပ်ကွက်မှ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ဘတ်အောက်ကျောကုန်းနားတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ ယနေ့ နံနက် သေဆုံးသွားသောသူ၏ ရုပ်အလောင်းကို ဖားကန့် နာရေးကူညီမှုအသင်းက မီးသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုနည်းတူ မိုးကောင်းမြို့တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ နွေးဦးတော်လှန်ရေးနေ့အဖြစ် လူရာချီ မြို့တွင်း ဆန္ဒပြလှည့်လည်နေစဉ် ရဲနှင့်စစ်သားများ ရောက်လာပြီး ပစ်ခတ်သွားခဲ့သည်။ သို့သော် ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးခံရသူများ မရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဆန္ဒပြရာတွင်သူများက “အနှိုင်မခံ၊ အရှုံးမပေးနွေဦးတော်လှန်ရေး၊  We Support NUG” စသောဆိုင်ဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ … - [KIO ဌာနချုပ်အနီး အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2021/05/01/kio-%e1%80%8c%e1%80%ac%e1%80%94%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%94%e1%80%ae%e1%80%b8-%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်အနီးဖြစ်သော တပ်မဟာ ၅ တပ်ရင်း ၁၉ နယ်မြေတွင် ယနေ့ည ၈ နာရီခန့်က အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂျက်တိုက်လေယာဉ်တစ်စီးက ၂ ကြိမ်ပတ်ကာ ဗုံး​ကြဲခဲ့ကြောင်း မျက်မြင်ဒေသခံတချို့ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲသံကို လိုင်ဇာမြို့မှပင် ကြားရကြောင်း လိုင်ဇာမြို့ခံတချို့ထံမှ သိရသည်။ အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို မြေပြင်စစ်အင်အားဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျဆုံးမှုများသောကြောင့် တိုက်လေယာဉ်ဖြင့်သာ တိုက်ခိုက်နေသည်မှာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။ - [ပူတာအို မလိရိန်တွင် တောမီး ဆက်လက်လောင်ကျွမ်းနေဆဲ](https://burmese.kachinnews.com/2021/05/01/may-1-y4/): ပူတာအိုမြို့ ​မြောက်ဘက် မန်ဇေခွန်အုပ်စု၊ မလိရိန်ကျေးရွာတွင် တောမီးလောင်ကျွမ်းနေသည်မှာ ၁၀ရက်ခန့် ရှိလာသောကြောင့် ဧက ၁၀၀၀ နီးပါးခန့် မီးလောင်ကျွမ်းသွားပြီဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ - [အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီး](https://burmese.kachinnews.com/2021/05/01/may-1-yl3/): မိုးမောက်မြို့နယ်အတွင်း ပြည်သူများနေထိုင်သောကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ - [မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ](https://burmese.kachinnews.com/2021/05/01/may-1-y2/): မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်က ကျေးရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တပ်ချကာ ရှိနေသည်ဟု သိရသည်။ ဧပြီလ ၃၀ရက် ယမန်နေ့ည ရောက်ရှိလာသောစစ်ကြောင်းများဖြစ်ပြီး ထိုအနက် စစ်အင်အားအချို့သည် အလော့ဘွမ်ဘက်သို့ ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ကျေးရွာအတွင်းမှာ စစ်အင်အား ၃၀၀နီးပါးခန့်ရှိတယ်။ မနေ့ညနေက ရောက်လာကြတာ။ ဒီအလောဘွမ့်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ ဟုတ်တယ်။ တစ်ဝက်လောက်က ဒီမနက်ပိုင်း အစောကြီး အလောဘွမ့်ကို ထွက်သွားကြပြီ” ဟု ပြောဆိုသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ နယ်မြေရှိ အလော့ဘွမ်စခန်းကို စစ်တပ်က မြေပြင်စစ်အင်အားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ရင်း ၂ ရင်းကျဆုံသွားပြီးနောက် စစ်လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။ - [‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး](https://burmese.kachinnews.com/2021/05/01/may-1-y1/): မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် မနက်စျေးအနီးတွင် ‘ပိုသူလှု၊ လိုသူယူ’ အစီအစဥ်ပြုလုပ်သော လူငယ်များ ၁၁ဦထက်မနည်း မေလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။ - [ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2021/04/30/apr-30-y2/): လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ - [ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်လိုအပ်နေဆဲ](https://burmese.kachinnews.com/2021/04/30/apr-30-y1/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာ ၇ ခုမှ စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ - [ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ](https://burmese.kachinnews.com/2021/04/29/apr-29-f1/): ဧပြီလ ၂၈ရက်နေ့မှစကာ အကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။ - [PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ](https://burmese.kachinnews.com/2021/04/29/apr-29-y1/): မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။ - [စစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုရန် ပူတာအို ဘာသာရေးနှင့်ယဉ်ကျေးမှုအဖွဲ့များကို စည်းရုံး](https://burmese.kachinnews.com/2021/04/28/apr-28-y4/): အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုလုပ်ရန် ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ က ပူတာအိုရှိ ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများကို ငွေကြေးပေးကာ စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ - [CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင် ပါဝင်လာမှုသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်](https://burmese.kachinnews.com/2021/04/28/apr-28-y3/): ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်ယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပါဝင်လာခြင်းသည် ပါတီကိုယ်စားပြုမဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်သည်ဟု သိရသည်။ - [ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ](https://burmese.kachinnews.com/2021/04/28/apri-28-y2/): ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီမနက် ၈နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့။ အသံတအားကျယ်တယ်။ မြေကြီးတောင်ခါတယ်။ ဒီချိန်မှာက ဘယ်သူလုပ်တယ်ဆိုတာက ခွဲခြားပြီးပြောဖို့ အရမ်းခက်ခဲနေတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့တွင်း ဗုံးပေါက်ကွဲမူ ဆက်တိုက်ဖြစ်နေတယ်” ဟု ပြောဆိုသည်။ ဧပြီလ ၂၅ နှင့် ၂၆ ရက်နေ့ကလည်း ဗန်းမော် လေယာဉ်ကွင်းအနီးတွင် ဗုံးစုစုပေါင်း ၃ ကြိမ် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောသည်။ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ - [ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ](https://burmese.kachinnews.com/2021/04/28/apr-28-y1/): ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။ - [ရွှေကူ CDM ပညာရေးဝန်ထမ်းများ ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူး ဖိအားပေးခြိမ်းခြောက်နေ](https://burmese.kachinnews.com/2021/04/27/apr-27-y2/): ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် လူထုအာဏာဖီဆန်မှု CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးက ဖိအားပေး ခြိမ်းခြောက်ကာ ဝန်ခံကတိလက်မှတ်ထိုးခြင်းဖြင့် ရုံးတက်ရန်စေခိုင်းနေကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သည့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေ၏ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် CDM ပြုလုပ်သည့် ဆရာ/မ ၁၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း လက်ရှိချိန်ထိ CDM ပြုလုပ်နေသော ဆရာမတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။ “ပညာရေးနဲ့ပတ်သက်ပြီး CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေ ၄၀၀ ကျော်လောက်ရှိထားတယ်။ အခုက ပညာရေးမှူးက ချော့လိုက် ခြိမ်းခြောက်လိုက် ရာထူးတိုးတဲ့စာတွေနဲ့ မျှားခေါ်လိုက်နဲ့လုပ်နေတယ်။ နောက်ဆုံးအိမ်အထိသွားပြီး ဖိအားလိုက်ပေးနေပြီ။ ဆရာမတို့ ဝန်ထမ်းတွေက အလုပ်ပြုတ်ရင်ပြုတ်သွားပါစေ။ ဒါပေမယ့် ဖမ်းဝရမ်းထုတ်ပြီး ထောင်ထဲပို့မှာကကြောက်တယ်။ အခုပိုဆိုးတာက တစ်အိမ်တက်တစ်အိမ်ဆင်းပြီး CDM မပြုလုပ်ကြောင်း လက်မှတ်လာထိုး။ မထိုးဘူးဆိုရင် ရဲနဲ့စစ်သားတွေကို ခေါ်ပြီး ဖမ်းဝရမ်းထုတ်မယ်လို့ ဆရာမတွေကို သူကိုယ်တိုင်ပြောနေတယ်” ဟု ပြောဆိုသည်။ ပညာရေးဝန်ထမ်း ထက်ဝက်ခန့်က CDM မပြုလုပ်ကြောင်း ပညာရေးမှူး ဦးအောင်ဆွေက စစ်ကောင်စီကို တင်ပြထားသဖြင့် အဆိုပါအရေအတွက် မပြည့်မချင်း ဆွဲခေါ် နေသော လုပ်ရပ်ဖြစ်သည်ဟု သူက ဆက်ဆိုသည်။ မြို့နယ် ပညာရေးမှူး ဦးအောင်ဆွေက ဖမ်းဝရမ်းထုတ်ခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်မူကြောင့် CDM ပြုလုပ်သော အများစုက လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် စီစဉ်နေသည်ဟု သိရသည်။ အာဏာသိမ်းစစ်တပ်က ယခုနှစ်ပညာရေးကျောင်းကို ပြန်ဖွင့်တော့မည်ဟုပြောဆိုထားသော်လည်း … - [မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2021/04/27/apr-27-z1/): မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ၄ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။ “ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်တာတွေ တောက်လျှောက်လုပ်နေတယ်လို့။” အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။ ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်မှာ ၁လခန့်ရှိလာပြီဖြစ်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း ၅၀‌၀‌၀ ခန့်ရှိနေပြီဖြစ်သည်။ နှစ်ပေါင်း ၃၀ကျော် အာဏာသိမ်းစစ်တပ်က သိမ်းဆည်းထားသော အလော့ဘွမ် (Alaw Bum) ဗျူဟာကုန်းအား KIA မှ မတ်လ ၂၅ရက်နေ့ တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ဧပြီလ ပထမပတ်မှစကာ အာဏာသိမ်းစစ်ကောင်စီမှ ထိုးစစ်စတင်လာကာ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။ ထို့ပြင် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅မှလည်း လက်ရှိတိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်အတွင်း ခွင့်ပြုချက်မရဘဲ သွားလာခြင်းမပြုရန် ယမန်နေ့က သတိပေးထုတ်ပြန်ချက်ထုတ်လိုက်သည်။ ထို့အပြင် အိမ်စီးကားများအနေဖြင့်လည်း မိုးကာအုပ်ပြီးသွားလာခြင်းမပြုရန် KIA လှုပ်ရှားတပ်ရင်းအဖွဲ့က စာထုတ်ထားသည်။ - [မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2021/04/27/apr-27-y1/): မိုးကောင်းမြို့အထွက် ဖားကန့်သွားလမ်းမကြီးပေါ်ရှိ သုံးမိုင်ကွေ့ နားတွင် မိုးကောင်းဘက်မှတက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားယာဥ်တန်းများ မိုင်းခွဲခံလိုက်ရကြောင်း သတင်းရရှိပါသည်။ - [မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ](https://burmese.kachinnews.com/2021/04/26/apr-26-ld2/): မြစ်ကြီးနားမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သော သပိတ်စစ်ကြောင်းအားလုံး ပေါင်းစည်းပြီး ‘မြစ်ကြီးနား လူထုသပိတ်စစ်ကြောင်း’ အဖြစ် တစ်ကြောင်းတည်းသာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ဆန္ဒပြပြည်သူများအား လက်နက်ဖြင့် ဖြိုခွဲပစ်သတ်ခဲ့ပြီးနောက် မြို့တွင်းဆန္ဒဖော်ထုတ်မှုများကို ကျောင်းသားသမဂ္ဂများပါဝင်သော ပင်မသပိတ်စစ်ကြောင်း ၊ Generation Z လူငယ်များနှင့် အထွေအထွေသပိတ်စစ်ကြောင်း စသဖြင့် အင်အားခွဲကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ကျတော်တို့ ပေါင်းပြီးထွက်တာ နှစ်ကြိမ်ရှိပြီ။ အင်အားစုတွေပြန်လည်စုပြီးထွက်တာ ဟုတ်တယ်။ ကျတော်တို့ အစည်းအဝေးပြုလုပ်ပြီး အင်အားပူးပေါင်းလိုက်တာဖြစ်တယ်။ ခါတိုင်းကွဲနေတယ်ဆိုတာက စစ်ခွေးတွေ အလုပ်ရှုပ်အောင် ခွဲပြီးပြတာဟုတ်တယ်။” ဟု သပိတ်စစ်ကြောင်းအတွင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။ ယခင်က သပိတ်စစ်ကြောင်း ၂ ခု ၃ သုံးခုဖြင့် ဆန္ဒဖော်ထုတ်ခဲ့သူများလက်ရှိအချိန် အင်အားစုစည်းထားသော်လည်းအခြေအနေအရ ပုံသေသတ်မှတ်ထားမည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။ အကြမ်းဖက်စစ်အုပ်စုမှ ဆန္ဒပြ ပြည်သူလူထုအား ပစ်သတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်သောသပိတ်စစ်ကြောင်းများ ပျောက်ကွယ်မသွားဘဲ မြို့နယ်တိုင်းတွင် နေ့စဉ်ပြုလုပ်နေသည်ကို တွေ့ရသည်။ ထိုအထဲတွင် ဖားကန့်မြို့ သပိတ်စစ်ကြောင်းများသည် လူအင်အားထောင်ချီပါဝင်သော အင်အားအများဆုံး သပိတ်စစ်ကြောင်းများဖြစ်သည်ကို သိရသည်။ - [မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2021/04/26/apr-26-z1/): မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ယနေ့ နံနက်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။ “ဒီမနက်ကနေ့ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ၅ခါထက်မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်အနောက်ဘက်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ  တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ယခုကဲ့သို့ စစ်အာဏာသိမ်းစစ်တပ်မှ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ စီဟက်ကျေးရွာများတွင် ထိုးစစ်ဆင်နေရခြင်းနဲ့ပတ်သက်ပြီး KIO/KIA  ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို သုံးသပ်ပြောဆိုသည်။ “အဓိကတော့ ဒီအလော့ဘွမ်ကို သူတို့မရ ရအောင်ပြန်ယူချင်လို့ ထိုးစစ်ဆင်နေတယ်လို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဗျူဟာကုန်းက သူတို့အတွက်လည်း အရမ်းကိုအရေးကြီးတဲ့နေရာဖြစ်နေလို့။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ဧပြီလ ပထမအပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် အဆိုပါနေရာများသည် ဆက်လက်ပြီး တိုက်ပွဲဖြစ်နိုင်သည့် နေရာများဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး တိမ်းရှောင်ရန်လိုအပ်သည့်အပြင် အထူးသတိထားရန်လည်း လိုအပ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။ KIO ဗဟိုဌာနချုပ်နှင့် နီးကပ်သော လုံခြုံရေးအတွက်အရေးပါသော အလော့ဘွမ် (Alaw Bum) စခန်းကို KIA က မတ်လ ၂၄ ရက်နေ့ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လာနေကြောင်း သိရသည်။ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် … - [ကချင်စစ်ရှောင်များအတွက် ဆေးဝါးအကူညီများလိုအပ်နေ](https://burmese.kachinnews.com/2021/04/26/21-04-26-ld1/): ကချင်ပြည်နယ်ရှိ မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသရှိ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့  (Back Pack) ထံမှ သိရသည်။ အင်ဂျန်ယန်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ မြို့နှင့်အလှမ်းဝေးသော နေရာမှ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါးလိုအပ်နေသည့်အကြောင်း Back Pack အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ “အစားအသောက်တွေ နည်းနည်းပါးပါးရောက်ပေမဲ့ ဆေးဝါးက ရောက်ကို မရောက်နေဘူး။ ဆေးရောက်ခဲ့ရင်လည်း ဆေးကုပေးမယ့် ဆရာမတွေက မရှိပြန်တော့ သူတို့အတွက် အဓိက ကျန်းမာရေးဖြစ်နေတယ်။ မြို့ထဲမရောက်တဲ့သူတို့က မိုးကာအမိုးနှင့်ပဲ ကူညီထောက်ပံ့မှုလည်း မရောက်သလောက်ဖြစ်နေတယ်။ စစ်ရှောင်နေရာအရွှေ့အပြောင်းမှာ ရေအဆင်မပြေတော့ ဝမ်းရောဂါ အဓိက ဖြစ်နေတယ်။ ရာသီဥတုလည်း ပူလိုက် အေးလိုက်ထဲမှာ ကလေးတွေ ချောင်းဆို ရင်ကြပ်တာတွေ ဖြစ်နေကြတယ်။” ဟု ကချင်နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့ (BackPack) မှ တာဝန်ခံ Mr. Zet ထံမှ သိရသည်။ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ တိုက်ပွဲကြောင့် မြို့ပေါ်သို့ထွက်ပြေးလာနိုင်သောသူများရှိသလို မြို့နှင့်ပိုမိုအလှမ်းဝေးသော တောသို့ထွက်ပြေးနေရသည့် စစ်ရှောင်အမြောက်အများလည်း ရှိနေသည်။ မြို့နှင့်ဝေးကွာ အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန် စစ်ပြေးဒုက္ခသည်စခန်းများအတွက်မူ ကျန်းမာရေးအတွက် ဆေးဝါးထောက်ပံ့မှုများ လိုအပ်နေသည်ဟု သူက ဆက်လက်ပြောဆိုသည်။ “ကျတော်တို့ ကျန်မာရေးလုပ်သားတွေအတွက် အခက်အခဲဆိုတာတော့အများကြီးဘဲ၊ လက်ရှိက အာဏာသိမ်းစစ်တပ် လက်အောက်အတွင်းမှာ ဆိုတော့ သွားလာရေးလည်း ခက်ခဲတယ်။ ပြီးရင် ကျတော်တို့လည်း သူများတွေ ကူညီပေးမှဘဲ ကျတော်တို့လည်း ပြန်ပြီး လိုက်ကူညီထောက်ပံ့ပေးလို့ရတယ်။ သူများတွေမှ ကျတော်တို့ကို ကူညီပေးတာတွေ မရှိဘူးဆိုရင်က ကျတော်တို့လည်း … - [ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသော လူငယ် ၆ ဦးကို မည်သည့်နေရာတွင်ထားသည်ကို မသိရသေး](https://burmese.kachinnews.com/2021/04/26/apr-26-y2/): ကချင်ပြည်နယ် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးလိုက်သော လူငယ် ၆ ဦးကို ရဲစခန်းသို့ လွဲပြောင်းခြင်း မရှိသေးသောကြောင့် အာဏာသိမ်းစစ်တပ်တွင်သာ ထိန်းသိမ်းထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ - [စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/04/26/apr-26-y1/): တနိုင်း လီဒိုလမ်းမပေါ် စံပြကျေးရွာရှိ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့် တပ်သားတစ်ဦးကို အရပ်ဝတ်ဖြင့် လူ ၂ ဦးက သေနတ်(တို) ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ - [သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ဖြင့် တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2021/04/25/interview-hy/): အသစ်ဖွဲ့စည်းလိုက်သော ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင်ပါဝင်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကို ကချင်သတင်းဌာန KNG က မေးမြန်းထား ပါသည်။ - [မြစ်ကြီးနားတွင် ဖမ်းဆီးခံရသော ကိုမျိုးထက်နိုင်လင်းကို မည်သည့်နေရာတွင်ထားခြင်းမသိသေး](https://burmese.kachinnews.com/2021/04/24/apr-24-z1/): ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ဖမ်းဆီးခံရသော ကျောင်းသား ကိုမျိုးထက်နိုင်လင်းအား လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးဘူးဟု မိသားစုဝင်များ က ပြောသည်။ - [မြို့သစ်အရှေ့ဘက် ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားနေ](https://burmese.kachinnews.com/2021/04/24/apr-24-y1/): မိုးမောက်မြို့နယ် ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ်က မြို့သစ်ကျေးရွာအနီး ရဲတပ်စခန်းတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး](https://burmese.kachinnews.com/2021/04/22/apr-22-n1/): ခေါင်လန်ဖူးဒေသမှ ပူတာအိုဒေသသို့ လာရောက်သည့် ခေါင်လန်ဖူး လူငယ် (၆)ဦးအား ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် နောင်မွန်းမြို့နယ် မဂွေဇကြိုးတံတားစောင့် ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်မှ ဖမ်းဆီးကာ နောင်မွန်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။ - [ဗန်းမော်ခရိုင်တွင် စစ်ပြေးဒုက္ခသည် ၂ ထောင်ခန့်ရှိလာ](https://burmese.kachinnews.com/2021/04/21/apr-21-z/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိလာပြီ ဟု သိရသည်။ - [မြစ်ကြီးနားမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွင် ပါဝင်သူတစ်ဦး ယနေ့နံနက် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/04/21/apr-21-z1/): မြစ်ကြီးနားတက္ကသိုလ် သမိုင်းအထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသား ကိုမျိုးထက်နိုင်လင်းအား ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ၎င်းနေထိုင်သည့် ရှမ်းစုတောင် ကွန်ပျူတာတက္ကသိုလ်ဝန်ထမ်းအိမ်ယာမှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုများထံမှ သိရသည်။ “မနက်အစောကြီး အိမ်စီးကား ၆စီး၊ ရဲကား ၂စီး ရောက်လာပြီးတော့ သူအိပ်နေတဲ့အခန်းကနေ လက်ထိပ်ခတ်ပြီး လာဖမ်းသွားပါတယ်။”ဆိုပြီး မိသားစုဝင်များထံမှ သိရသည်။ ဖမ်းဆီးခံသွားရသည့် ကိုမျိုးထက်နိုင်လင်းအား လက်ရှိချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း တိတိကျကျမသိရသေးချေ။ “ခုနတော့ ဖုန်းတစ်ခါဆက်လာတယ် ရဲစခန်းမှာတော့ မဟုတ်ဘူးလို့ပြောတယ် အနားမှာ ရဲတွေရှိနေလို့ထင်တယ်။ မစိုးရိမ်နဲ့ဘဲပြောပြီး ဖုန်းချသွားတယ်။ ဖမ်းဆီးခံရသည့် ကိုမျိုးထက်နိုင်လင်းသည် စစ်အာဏာသိမ်းသည့်နောက် မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။ ယခုရက်ပိုင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ရဲနဲ့စစ်သားများ နေအိမ်များအထိ လိုက်လံဖမ်းဆီးမူများရှိနေကြောင်းလည်း သိရသည်။ - [ဖားကန့် တိုက်ပွဲအတွင်း ကျေးရွာ ၅ ခုမှ ပြည်သူများ စစ်ရှောင်ရန် နေရာအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2021/04/20/apr-20-y1/): ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi) ကျေးရွာအနီးတဝိုက် ဧပြီလ ၁၈ရက်နေ့မှစ၍ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ကျေးရွာ ၅ မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်မည့် နေရာအခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။ - [ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2021/04/19/apr-19-y2/): ကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင်(၁)ကျေးရွာ ၂ခုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ - [ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2021/04/19/apr-19-y1/): ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။ - [ငွေပျော်စံပြကျေးရွာရှိ လူငယ်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/04/17/apr-17-s4/): မြစ်ကြီးနားမြို့ မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေ ငွေပျော်စံပြ ကျေးရွာတွင် ယနေ့ညနေပိုင်းက အာဏာသိမ်းစစ်တပ်က စစ်ကား ၂ စီးဖြင့် ကျေးရွာလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ - [မိုင်းနင်းမိသည့် နွားပိုင်ရှင်များကို အာဏာသိမ်းစစ်တပ်က လျော်ကြေးတောင်း](https://burmese.kachinnews.com/2021/04/17/apr-17-s3/): မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ် (အမြောက်တပ်) အနီးထောင်ထားသော မိုင်းများကို နွား နင်းမိပေါက်ကွဲပါက နွားပိုင်ရှင်များကို မိုင်း ၁ လုံးအတွက် ကျပ် ၁ သိန်းစီ ပေးဆောင်ခိုင်းကြောင်း သိရသည်။ - [ဝါးရှောင်ကျေးရွာအထက် စုပေါင်းဂိတ်အနီးတွင် တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2021/04/17/apr-17-s2/): ဝိုင်းမော် ဝါးရှောင်ကျေးရွာအထက် စုပေါင်းဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ - [မြစ်ကြီးနား လေတပ်အနီး ပေါက်ကွဲမှုဖြစ်](https://burmese.kachinnews.com/2021/04/17/apr-17-s1/): မြစ်ကြီးနားမြို့ အောက်မော်ဖောင်းရှိ လေတပ်အနီးတွင် ယနေ့ နံနက်ပိုင်းက လက်နက်ကြီး ပေါက်ကွဲခဲ့ဖြစ်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ - [အမျိုးသားညီညွတ်ရေးအစိုးရတွင် ပါဝင်လာသော ကချင်အမျိုးသား ၃ ဦးအကြောင်း](https://burmese.kachinnews.com/2021/04/16/apr-16-nug/): ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကဖွဲ့စည်းလိုက်သော ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တွင် ကချင်အမျိုးသား ၃ ဦးပါဝင်နေသည်ကို တွေ့ရသည်။ ဒုတိယ သမ္မတဖြစ်သော ဒူဝါလရှီးလ (Duwa Lashi La) သည် ရှေ့နေတစ်ဦးဖြစ်ပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ၏ ဥက္ကဌ လည်းဖြစ်သည်။ လက်ရှိ NUG တွင် သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသောကြောင့် ဒု သမ္မတသည် သမ္မတကဲ့သို့ တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။ နောက်ထပ်တစ်ဦးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒေါက်တာတူးခေါင် (Rev. Hkalen Tu Hkawng) ဖြစ်သည်။ သူသည် မြစ်ကြီးနားတွင်နေထိုင်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ကာ၊ ပညာရေးကျောင်းများတွင်လည်း အချိန်ပိုင်းဆရာအဖြစ် လုပ်ကိုင်ကာ၊ ဘာသာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီးအဖြစ် ဒေါ် ဂျာထွယ်ပန်ဖြစ်သည်။ သူမသည် The London School of Economics and Political Science (LSE) မှ Social Anthology ဘာသာရပ် မဟာဘွဲ့ နှင့် Northern Illinois University မှ M.A. (Anthropology) မဟာဘွဲ့ရရှိထားသူဖြစ်ကြောင်း သိရသည်။ ထို့အပြင် KIO နယ်မြေရှိ ပညာရေးတက္ကသိုလ်များတွင်လည်း ဦးစီးလုပ်ဆောင်ခဲ့ပြီး သုတေသန စာတမ်းများကိုလည်း ရေးသားကြောင်း သိရသည်။ - [မိုးမောက်မြို့သို့ စစ်ရှောင်အသစ်များ ထပ်မံ ရောက်ရှိလာ](https://burmese.kachinnews.com/2021/04/16/apr-16-y1/): ဗန်မော်ခရိုင် မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာ ၇ခုမှ ပြည်သူများက မိုးမောက် ခရစ်ယာန်ဘုရာကျောင်းဝင်းများသို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း သိရသည်။ - [ပူတာအိုဒေသခံများ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရ](https://burmese.kachinnews.com/2021/04/15/apr-15-y2/): ပူတာအို ခရိုင် ရှေ့တန်းစစ်မျက်နှာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။ - [တနိုင်း ရွှေမှော်တွင် အာဏာသိမ်းစစ်တပ် နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/04/15/apr-15-y1/): တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်ရှိသာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ နမ့်ဗျူဒေသတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် စခန်းတစ်ခုတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ - [ဗန်းမော်လေဆိပ်တွင် နံနက်ပိုင်းအတွင်း လေယာဉ် ၇ ကြိမ်ဆင်းပြီး စစ်အင်အားတိုးချဲ့](https://burmese.kachinnews.com/2021/04/14/apr-14-z1/): ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အလော့ဘွမ်တိုက်ပွဲတွင် တပ်ရင်းတစ်ခု ချေမှုန်းခံလိုက်ရသော အာဏာသိမ်းစစ်တပ်သည် ယနေ့ ဗန်းမော်လေဆိပ်တွင် စစ်အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး မနက်ပိုင်းတွင်ပင် လေယာဉ် ၇ ကြိမ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများပြောသည်။ - [တပ်ပျက်ကာ ထွက်ပြေးလာသော အာဏာသိမ်း စစ်သားများကို KIA ဖမ်းဆီး](https://burmese.kachinnews.com/2021/04/14/apr-14-s/): ဒေါ့ဖုန်းယန် (Daw Hpum Yang) မြို့နယ်ခွဲရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) စခန်းကို ထိုးစစ်ဆင်သော အာဏာသိမ်းစစ်တပ်၏ တပ်ရင်းတစ်ခု ချေမှုန်းခံရပြီးနောက် တပ်သားအယောက် ၃၀ ကျော် တပ်ပျက်ကာ KIA နယ်မြေသို့ ရောက်လာကြောင်း သိရသည်။ - [ဖားကန့်လမ်းတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2021/04/14/apr-14-y1/): ဖားကန့်လမ်း ဂေါ့လူယာန် နှင့် ခွမ်ဆိုင်ယာန်ကျေးရွာကြား ဧပြီလ ၁၄ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နှင့် အာဏာသိမ်းစစ်တပ်တို့ကြား နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [ဖားကန့် သပိတ်စစ်ကြောင်းဖြိုခွဲရန်သွားသည့် ရဲနှင့်စစ်သားများ မိုင်းခွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ](https://burmese.kachinnews.com/2021/04/13/apr-13-y1/): ဖားကန့်မြို့ ယနေ့ အာဏာရှင်စနစ်ဆန့်ကျင်သော သပိတ်စစ်ကြောင်းကို ဖြိုခွဲရန်သွားသော အာဏာသိမ်းစစ်တပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ရဲနှင့်စစ်သားများ ၅ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ် ဂျက်တိုက်လေယာဉ်များ တရုတ်နိုင်ငံဘက်ခြမ်းမှ KIA ကို ပစ်ခတ်နေ](https://burmese.kachinnews.com/2021/04/13/apr-13-s1/): ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ ပတ်ကာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ - [မိုးမောက်မြို့နယ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြား](https://burmese.kachinnews.com/2021/04/12/apr-12/): မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ ဒေသခံ ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ နယ်မြေဖြစ်သော မြို့သစ်၊ စီဟတ်၊ ကုန်းလောကျေးရွ ာအရှေ့ဘက် တောင်ကုန်းရှိ တာဝါတိုင် တပ်စခန်း၊ တာပိန်မြစ် တံတားအနီး တပ်ရင်းစခန်းသို့ကို က မတ်လ ၁၁ ရက်ညက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။ “လေယာဉ်နဲ့ ဗုံးကျဲလို့ ဒီစီဟတ်ရွာမှာဆို တောင်ပေါ်မှာရှိနေတဲ့ ဘုန်းကြီးတစ်ပါးကို ဗုံးဆမှန်တယ်။ နောက်ထပ် စီဟတ်ရွာမှာဘဲ လေယာဉ်ဗုံးကျဲလို့ အဘွားတစ်ယောက် လက်မောင်ပြတ်ထွက်သွားပြီး အဲမှာ ပွချင်းပြီးသေဆုံးသွားတယ်။  အဲဒီသေသွားတဲ့အိမ်မှာပဲ မပေါက်သေးတဲ့ ဗုံးတစ်လုံးကျန်သေးတယ်။ ကုန်းလော်မှာဆိုလည်း ဗုံးကျတယ်။ မပေါက်သေးတဲ့ဟာလည်း ရှိသေးတယ်။ ရွှေမြောင်းရွာမှာလည်း လူငယ်တစ်ယောက် သေသွားတယ်။” ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း ဗုံးကြောင့် ပျက်စီးခဲ့သည်။ တိုက်ပွဲ ရပ်တန့်သွားပြီဖြစ်သော်လည်း မတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများက ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ကြောင်း စီဟတ်ဒေသခံတစ်ဦးက ပြောသည်။ တစ်ဖက်တွင်လည်း စစ်ရေးအရ အရေးပါသော အလောဘွမ် (Abaw Bum) ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနှင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် မြေပြင်စစ်အင်အားဖြင့်လည်း … - [အလောဘွမ် (Alaw Bum) ကို ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်သွားရောက်ပစ်ခတ်နေ](https://burmese.kachinnews.com/2021/04/12/apr-12-s1/): ယနေ့ နံနက်ပိုင်းမှစတင်ပြီး KIO ဗဟိုဌာနချုပ်နယ်မြေ အလောဘွမ် (Alaw Bum) သို့ အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် သွားရောက်ပစ်ခတ်နေကြောင်း သိရသည်။ - [ဒေါ့ဖုန်းယန် အလောဘွမ် တပ်စခန်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ](https://burmese.kachinnews.com/2021/04/11/apr-11-s1/): ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ပြီးခဲ့သည့် မတ်လတုန်းက အာဏာသိမ်းစစ်တပ်ထံမှ သိမ်းပိုက်ရရှိခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) တပ်စခန်းကို ယနေ့ နံနက်မှစတင်ပြီး လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။ - [ဖားကန့် အလွတ်တန်း သတင်းထောက်တစ်ဦးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲ](https://burmese.kachinnews.com/2021/04/10/apr-10-z1/): ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် မတ်လ ၉ ရက်နေ့ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူများထံမှ သိရသည်။ - [ပူတာအို စစ်အာဏာသိမ်းမှုဆန့်ကျင်သူ လူငယ်များကို ဝရမ်းထုတ်ထားသဖြင့် တိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/04/10/apr-10-y1/): လူဦးရေအရ နည်းပါးသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်သော လူငယ်များကို အာဏာသိမ်းစစ်ကောင်စီက ဝရမ်းထုတ် ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသဖြင့် လမ်းပေါ်ထွက်လူထု လှုပ်ရှားမှုများ မရှိတော့ကြောင်း သိရသည်။ - [မိုင်းခွဲတိုက်ခိုက်ခံရသော အာဏာသိမ်းစစ်တပ်က ပြည်သူများကို ပြန်လည်ပစ်ခတ်](https://burmese.kachinnews.com/2021/04/09/apr-9-y2/): မိုးကောင်းမြို့နယ် ဆန်ပါလီကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း သိရသည်။ - [KIO ဌာနချုပ် နယ်မြေသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ပစ်ခတ်](https://burmese.kachinnews.com/2021/04/09/apr-9-y1/): အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေသို့ ဧပြီလ ၈ ရက်ညက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “၈နာရီလောက်မှာ ဒေါ့ဖုန်းယန် Hkang Kai Bum က စစ်တပ်ကလည်းပစ်တယ်။ နောက်ပြီး Hpun Pyen Bum ကသူတွေလည်း ပစ်တယ်။ နေရာအလိုက်ဆိုင်ရင် ၁၀နေရာလောက်မှာ လက်နက်ကြီးတွေ ပစ်တယ်လို့ ပြောလို့ရတယ်”ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ပြောဆိုသည်။ ယမန်နေ့ည ပစ်ခတ်မှုမှာ လိုင်ဇာမြို့အထိ ကြားနေရကြောင်း ဒေသခံများပြောသည်။ ထို့အပြင် KIO ဌာနချုပ်နယ်မြေသို့ အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့လာနေကြောင်း သိရသည်။ - [ကချင်ပြည်နယ် CDM လှုပ်ရှားမှုတွင် ပညာရေးဝန်ထမ်းအများစုပါဝင်ဟု KPICT ထုတ်ပြန်](https://burmese.kachinnews.com/2021/04/08/apr-8-z1/): ကချင်ပြည်နယ် ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် အစိုးရဝန်ကြီးဌာနများအနက် ပညာရေးဌာနသည် အများဆုံးဖြစ်ကြောင်း ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ KPICT အဖွဲ့က ထုတ်ပြန်ထားသည်။ - [CDM များကိုကူညီသော ပူတာအိုမှ သွားဆရာဝန်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး](https://burmese.kachinnews.com/2021/04/08/apr-8-y1/): ပူတာအိုမြို့ရှိ CDM တွင်ပါဝင်နေသော အစိုးရဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေသည့် သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်ကို  အာဏာသိမ်းစစ်တပ်က ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသော သွားဆရာဝန်မှာ ပူတာအို လုံစွတ်ရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူဖြစ်ပြီး CDM ပြုလုပ်သူများကို ထောက်ပံ့ပေးမူနှင့် ဖမ်းဆီးသွားကြောင်းသိရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ ” သိရသလောက်က ဒီ CDM ပြုလုပ်တဲ့ သူတွေကို နောက်ကနေထောက်ပံ့ပေးတယ်။ ပြီးဆေးအခမဲ့ ကုသပေးတယ်လို့ကြားရတယ်။ သေချာလေးတော့ မသိဘူး။ အဲ့ကြောင့် ဖမ်းသွားတယ်လို့ဘဲ သိတယ်”ဟု ပြောဆိုသည်။ ဖမ်းဆီးခံရသော သွားဆရာဝန် ဒေါက်တာ ဟိန်းသူရဇော်ကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အရေးယူထားကြောင်း ဆက်လက်သိရသည်။ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့ဒေသရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဦးဆောင်သူများကို စစ်တပ်က ရှာဖွေနေသဖြင့် တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။ - [“ပြည်သူက KIO ကို ပစ်ပယ် လိုက်လို့မရသလို၊ KIO ကလည်း ပြည်သူကို ပစ်ပယ်လို့ မရဘူး။” KIO ပြောရေးဆိုခွင့်ရှိသူဖြင့် မေးမြန်းခြင်း။](https://burmese.kachinnews.com/2021/04/08/apr-8-int/): ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဆက်လက် မည်သည့်အခြေအနေထိ ရောက်လာနိုင်ကြောင်း KIO ဗဟိုဌာနချုပ် ရှိ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။ - [‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ](https://burmese.kachinnews.com/2021/04/07/apr-7-y2/): ဟူးကောင်းချိုင့်ဝှမ်းဒေသ အာဏာသိမ်းစစ်တပ်အောက် ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ဧပြီလ ၇ ရက်နေ့ ဆန္ဒဖော်ထုတ်ခဲ့သော ဒေသခံခေါင်းဆောင်များကို ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်တပ်က ရှာဖွေနေကြောင်း သိရသည်။ လီဒိုလမ်းမပေါ်ရှိ တိန်းကောက်၊ အောင်ရာ၊ စံပြ၊ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ နှောင်းမီ နှင့် တနိုင်း စသောကျေးရွာများတွင် ယုဇနကုမ္ပဏီကို ထွက်ခွာသွားရန် ကျေးရွာအလိုက် နံနက် ၇ နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆန္ဒပြပွဲပြီးနောက် မွန်းလွဲ ၁နာရီခန့်တွင် ဆန္ဒပြပွဲကို ဦးဆောင်သူဟု ယူဆရသောသူ၏ နေအိမ်သို့ စစ်သားများက လာရောက်ရှာဖွေခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ “စစ်သား အယောက် ၁ဝ ကျော်က လယ်တောထဲရောက်လာပြီး လာရှာတယ်။ သူ မရှိတော့ ဖုန်းပြန်ဆက်ခိုင်းတယ်။ ပြီးရင်ပတ်ပတ်လည် ရှာကြတယ်။ မတွေ့တော့ သူပြန်လာရင် ရှဒူးဇွပ်ကျေးရွာက ခလရ (၂၉၇) စစ်သားတွေလာရှာတယ်လို့ပြောပေး။ ပြီးတော့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး တပ်ရင်းကိုလာခိုင်းလိုက်” ဟု ပြောဆိုခဲ့ကြောင်း ရှာဖွေခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ဒေသခံတောင်သူများက ‘ယုဇနကုမ္မဏီအလိုမရှိ၊ မြေယာသည် တောင်သူများအတွက်ဖြစ်သည်၊ မြေယာပိုင်ရှင်သည် ဒေသခံတောင်သူများသာဖြစ်သည်၊ ဒေသခံပြည်သူများသည် CDM ကိုထောက်ခံသည်၊ ယုဇနကုမ္မဏီ ချက်ချင်းထွက်” စသော ကြွေးကြော်သံများနှင့်အတူ မိမိကျေးရွာတွင် မိမိအစီစဉ်ဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။ စစ်တပ်လက်အောက်ခံ ဦးဌေးမြင့် ဦးဆောင်သော ယုဇနကုမ္ပဏီကို ယခင် ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ခန့်က ဟူးကောင်းဒေသ မြေဧက ၄ သိန်းကျော်ကို ပီလောပီနံ စိုက်ပျိုးရန် ခွင့်ပြုပေးခဲ့သည်။ ဒေသခံများ၏ … - [မိုးကောင်း နာရေးအိမ်တစ်ခုပစ်ခတ်ခံရပြီး ပြည်သူ ၁ ဦးထပ်မံ သေဆုံး](https://burmese.kachinnews.com/2021/04/07/apr-7-y1/): မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာ အသုဘနာရေးအိမ်တစ်ခုတွင်ရှိနေသော လူစုထဲသို့ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ - [ဆိုင်ကယ်နှင့် ဖုန်း ဓါးပြတိုက်သွားသူများကို ကားဖြင့် လိုက်တိုက်ကာ ပစ္စည်းအချို့ ပြန်လည်ရရှိ](https://burmese.kachinnews.com/2021/04/06/1-21/): မြစ်ကြီးနား ဂျပန်လမ်းတွင် ယနေ့ည အမျိုးသားနှင့် အမျိုးသမီးတစ်ဦးထံမှ လူ ၃ ဦးက ဓါးထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း ၂ လုံးအပြင် ငွေသားများကို လုယူသွားသော်လည်း ဒူကထောင် ရပ်ကွက်တွင် ပြန်လိုက်မိကာ ပစ္စည်းအချို့ ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။ - [မိုးကောင်းမြို့  NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/04/06/apr-6-y3/): မိုးကောင်းမြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ယနေ့ ဧပြီလ ၆ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [ကချင် ခရစ်ယာန်ဘုရားကျောင်းဝင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေ](https://burmese.kachinnews.com/2021/04/06/apr-6-y2/): မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ - [ရှဒူးဇွပ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်](https://burmese.kachinnews.com/2021/04/06/apr-6-y1/): လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင်အခြေစိုက်သော အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ရှဒူးဇွပ်စစ်တပ်ကုန်းမှ လက်နက်ကြီး ၆ကြိမ် ထက်မနည်း ပစ်ခတ်မူကြောင့် ဘန်ကောက်ကျေးရွာ နှင့် နမ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ “မနေ့ည ၈နာရီနဲ့ ၉နာရီကြားမှာ ဟုတ်တယ်။ ဒီရှဒူးဇွပ်စစ်တပ်ကုန်းက လက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဘယ်ကိုပစ်နေကြမလဲ မသိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီဝါရွာဇွပ်ကျေးရွာနဲ့နီးတဲ့ ဘန်ကောက်ကျေးရွာမှာက လက်နက်ကြီးကျတယ်တယ်လို့ သိရတယ်” ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောဆိုသည်။ အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။ သို့သော် စစ်တပ်က ကျေးရွာရှိရာသို့ ပစ်ခတ်မူပြုလုပ်နေသည့်အပေါ် ရှဒူးဇွပ်ဒေသံတစ်ဦးက အလွန်စိုးရိမ်နေကြောင်း ယခုလိုပြောဆိုသည်။ “သူတို့က ညအချိန်ဆို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ​တာဆိုတော့ အရမ်းစိုးရိမ်တယ်။ ဘယ်ကို ပစ်မှန်းလည်းမသိရ။ ဘယ်သူက တာဝန်ယူပေးမလဲ။ ဒါကိုဘဲ စိုးရိမ်နေရတယ်” ဟု ပြောဆိုသည်။ ပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ - [မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/04/05/apr-5-y2/): မိုးကောင်းမြို့တွင် ယနေ့ ည ၉ နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်သဖြင့် ပြည်သူ ၂ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။ - [ပညာရေးမွမ်းမံသင်တန်းတက်ရောက်သူများကို သံပုံးတီးဆန္ဒဖော်ထုတ်သောပြည်သူများ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/04/05/apr-5-y1/): မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေးမွမ်းမံသင်တန်း တက်ရောက်သူများကို ယနေ့ နံနက် လူငယ်များသံပုံးတီးမောင်းထုတ်နေစဉ် ရဲနှင့် စစ်သားများရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။ - [​​ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2021/04/04/apr-4-y1/): ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ လူထုခံတပ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၄ရက်နေ့ နံနက် ၃နာရီခန့် ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းရာမှာ ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ သေဆုံးသူမှာ ကိုမင်းနိုင်ဦး (ခ)ဖိုးသား ဆိုသူဖြစ်ပြီး သူ၏ ရင်ဘတ်နှင့် ခြေထောက်တွင် ကျည်အစစ်ထိကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ သူ၏ ရုပ်အလောင်းကို စစ်တပ်ကပဲ သိမ်းယူသွားသည်ဟု သိရသည်။ “၃နာရီလောက်မှာ ရဲနဲ့စစ်သား လူအင်အား ၁၀၀လောက်က ပြည်သူတွေခံတပ်လုပ်ထားတဲ့အတားအဆီးတွေကို လာဖျက်ဆီးတယ်။ ပြီးရင်ကင်းစောင့်နေတဲ့သူတွေကို ဖမ်းတယ်။ သူတို့ ဝရမ်းထုတ်ထားတဲ့ အိမ်တွေဆို ဝင်ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ၁၀ယောက်ကျော်တယ်။ သတင်းအသိအကျမရသေးဘူး။ သေတာက တစ်ယောက်ရှိတယ်။ အလောင်းကို စစ်တပ်က သိမ်းထားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။ စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သောကြောင့် ဗန်းမော်တွင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ကာ ကချင်တစ်ပြည်နယ်လုံးတွင် ၁၁ ဦး ရှိပြီ​ ဖြစ်သည်။ - [ယောတီဖာအမှုကို ဧပြီလ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း](https://burmese.kachinnews.com/2021/04/02/apr-2-z2/): ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာ၏ ဒုတိယရုံးချိန်းကို လာမည့် ဧပြီလ ၉ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ - [လူသတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေဟု ကချင်အမျိုးသမီးအဖွဲ့ ထောက်ပြ](https://burmese.kachinnews.com/2021/04/02/apr-2-s2/): စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ် ဆန္ဒဖော်ထုတ်မှုများတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေသလို ကချင်ရှေ့တန်းစစ်မြေပြင်တွင်လည်း စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအဖွဲ့ (KWAT) က ပြောသည်။ - [ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/04/01/apr-1-z1/): ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရရှိထားသည့် NLDပါတီမှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးခံရကြောင်း အမည်မဖော်လိုဒေသခံတစ်ဦးမှ သိရသည်။ ဖမ်းဆီးခံရချိန် ဒေါ်ခေါ်မာဝူသည် မြစ်ကြီးနားမြို့၊ ပမ္မတီးလီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် (စရဖ) မှ အမျိုးသား ၃ဦး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖမ်းဆီးခံသွားရသည့် လွှတ်တော်ကိုယ်လှယ်ဒေါခေါ်မာဝူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးချေ။ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးမူများရှိခဲ့သော်လည်း အများစု ပြန်လည်လွှတ်မြောက်ပြီးဖြစ်သည်။ - [ဖမ်းဆီးခံရသော သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ](https://burmese.kachinnews.com/2021/04/01/apr-1-y2/): မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် မတ်လ ၂၉ ရက်နေ့က အကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရသော မြစ်ကြီးနားအခြေစိုက် သတင်းထောက် ၂ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ - [WiFi လိုင်းမရောက်သည့် ကချင်ပြည်နယ်ဒေသများတွင် သတင်းအချက်အလက် မျှဝေရန် ခက်ခဲ](https://burmese.kachinnews.com/2021/04/01/apr-1-s1/): ပြည်သူများကို သတ်ဖြတ်နေသော ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန် အာဏာသိမ်းစစ်တပ်က မတ်လ ၁၄ ရက်နေ့မှစတင်ပြီး မိုဘိုင်းဖုန်းအင်တာနက်လိုင်းများကို ပိတ်လိုက်သောကြောင့် ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် သတင်းအချက်အလက် ပြတ်တောက်မှုများ ရှိနေပြီဖြစ်သည်။ - [အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး](https://burmese.kachinnews.com/2021/04/01/apr-1-y1/): ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၁ရက်နေ့  နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသွားကြောင်း သိရသည်။ - [မိုးညှင်းနှင့် ပူတာအို ခရိုင်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2021/03/31/mar-31-s1-22/): ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းနှင့် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၃၁ ရက်နေ့ နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်သော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အနောက်ဘက် နမ့်ကြိုင်းမှော်ဘက်သို့ တက်လာသော အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ၆ စီးကို မွန်းလွဲပိုင်း ၃ နာရီခန့်တွင် KIA က တိုက်ခိုက်ခဲ့သည်။ “ဒီနေ့မနက်ပိုင်း ၁၀ နာရီ ဝန်ကျင်လောက်တွင် စစ်ကား ၆ စီးလူအပြည့်နှင့် တက်သွားတယ်။ အခုညနေပိုင်းလည်း ကား ၃ စီး နှင့်တက်သွားတယ်။ အခုထိတိုက်ပွဲဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ တက်သွားသော ယာဉ်တန်း ၆ စီးအနက် ၃ စီးသည် ပြန်ခေါက်လာပြီး ယနေ့ ညနေပိုင်း မောဟန်ကျေးရွာတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများပြောသည်။ အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် အာဏာသိမ်းစစ်တပ်၏အကျအဆုံးနှင့်ပတ်သက်ပြီး KIO ဗဟိုကော်မတီမှ အတည်ပြုချက် မရရှိသေးသော်လည်း စစ်သားအယောက် ၃၀ ခန့် ကျဆုံးကြောင်း KIA ရှေ့တန်းသတင်းများတွင် ဖော်ပြထားသည်။ ထို့အပြင် မနက် ၁၀ နာရီခန့်တွင်လည်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆွမ်ပီယာန် ကျေးရွာအနီး အာဏာသိမ်းစစ်တပ် ခလရ (၁၃၈) တပ်ဖွဲ့ တပ်စွဲထားသော နေရာကို KIA တပ်မဟာ ၁ … - [ရွှေကူ မြို့နယ် ရဲစခန်းကို KIA တိုက်ခိုက်ဖျက်စီး](https://burmese.kachinnews.com/2021/03/31/mar-31-s1/): ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အာဏာသိမ်းစစ်တပ်အောက် ကျောက်ကြီး ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၃ နာရီအချိန်တွင် တိုက်ခိုက်ကာ ဖျက်စီးပေးလိုက်သည်ဟု သိရသည်။ “တိုက်ပွဲ ဖြစ်တာတော့သေချာတယ်။ အိပ်လို့တောင်မရဘူး။ အစတုန်းကတော့ မိုးခြိမ်းသံလို့ဘဲထင်နေတယ်။ ၄နာရီခွဲလောက်မှာပြန်တိတ်သွားတယ်။ အခုချိန်ထိတော့ ဘာသံမှမကြားရသေးဘူး”ဟု ရွှေကူဒေသခံတစ်ဦးထံမှသိရသည်။ စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူးအပါအဝင် ရဲ ၂ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ကလည်း ဖားကန့်မြို့အတွင်း ရဲတပ်ရင်းစခန်းများကို KIA က တိုက်ခိုက်ခဲ့သဖြင့် ရဲအင်အား ၃၀ ခန့် ကျဆုံးသွားကြောင်း သိရသည်။ - [ဝိုင်းမော် ဆန္ဒပြရင်း ဖမ်းခံရသော ဆရာမ၏အမှု တရားလိုသက်သေများ ရုံးချိန်းပျက်ကွက်](https://burmese.kachinnews.com/2021/03/31/mar-30-z1/): ဝိုင်းမော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂ဦး၏ ဒုတိယမြောက်နေ့ရုံးချိန်းတွင် တရားလိုသက်သေများရောက်လာခြင်းမရှိသည့်အတွက် လာမည့် ဧပြီလ ၂ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသည့် ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်ထံမှ သိရသည်။ “ဒီနေ့ထောင်ကြီးမှာဘဲ ရုံးထုတ်တယ်။ ဒါပေမယ့် တရားစွဲထားတဲ့ တရားလိုဘက်က သက်သေတွေမလာရောက်နိုင်တဲ့အတွက် ဒီနေ့အမူမစစ်လိုက်နိုင်ဘူး လာမယ့် ၂ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။”ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။ ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂နှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဝိုင်းမော်မြို့၊ဆန္ဒထုတ်ဖော်နေစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးပြီးဖြစ်သည်။ ပထမအကြိမ်ရုံးထုတ်စစ်ဆေးရာတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ဝိုင်းမော်မြို့နယ်၊ ဒုရဲမှူး မင်းဇော်ဦး စစ်ဆေးပြီးဖြစ်ကာ ဒုတိယအကြိမ်တွင်မူ ဖမ်းဆီးချိန်တွင် မြင်တွေ့ခဲ့ရသည့် တရားလိုဘက်မှ မျက်မြင်သက်သေများအား စစ်ဆေးရမည်ဖြစ်သော်လည်း ယနေ့သက်သေများရောက်လာနိုင်ခြင်းမရှိသည့်အတွက် အမူစစ်ဆေးခြင်းမဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ်ဆရာမလငန်လွမ်းနောနှင့် ဒေါ်ဇတန်းလွမ်းညွယ်တို့ဖြစ်သည်။ - [ဆွမ်ပရာဘွမ် CDM များကို စွဲချက်တင်သဖြင့် Non CDM အဖြစ်စာရင်းပြန်ပေးနေရ](https://burmese.kachinnews.com/2021/03/30/mar-30-l1/): ဆွမ်ပရာဘွမ်မြို့နယ်ရှိ CDM လုပ်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ယင်းတို့ဌာန စစ်ဆေးရေးအဖွဲ့မှ စွဲချက်တင်ခဲ့ပြီးနောက် ယခင် CDM ပြုလုပ်နေသည့် ဝန်ထမ်း အချို့ပင် လက်ရှိတါင် Non-CDM အဖြစ် စာရင်းပြန်ပေးခဲ့ကြောင်း သိရပါသည်။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း စုစုပေါင်း (၃၁) ဦး ရှိသည့်အနက် ယခင်က CDM ပါဝင်သူ ၁၃ ဦး ရှိခဲ့ပေမဲ့ ယခုမှာ ၇ ဦးသာ CDM ပါဝင်လျက်ရှိသည်။ “ပထမတော့ စွဲချက်တင်တယ်။ နောက်တစ်ခေါက်တော့ သူတို့စွဲချက်တင်ထားဒါကို နိုးဆော်စာပေါ့နော်။ နောက်တစ်ခုက အလုပ်ကို ပြန်လာဖို့ ခေါ်တဲ့စာ။ CDM လုပ်တဲ့သူတွေကို စွဲချက်တင်ရမယ်ဆိုပြီး ဌာနဆိုင်ရာကခေါ်တယ်။ စစ်ဆေးရေးအဖွဲ့က စုံခုံစစ်ဆေးမယ်ဆိုပြီးခေါ်ဒါတွေရှိပေမဲ့ တုံ့ပြန်မှုမပေးခဲ့ဘူး။” ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ဆိုသည်။ ဆွမ်ပရာဘွမ်မြို့နယ်ဟာ လူနေ နည်းပါးတဲ့မြို့ဖြစ်တာကြောင့် ယခင်ကလည်း CDM လုပ်တဲ့ ဝန်ထမ်းများ၏ မိသားစုများကို ထွေအုပ်က ခေါ်ယူသတိပေးမှုများရှိခဲ့သည်။ - [ဆန္ဒပြသူများကို ရဲနှင့် စစ်သားများ ပိတ်ဆို့ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျဆုံး](https://burmese.kachinnews.com/2021/03/30/mar-30-y2/): မြစ်ကြီးနားမြို့ မတ်လ ၃၀ ရက်နေ့ သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အရပ်ဝတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြ ပြည်သူ ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ယနေ့ နံနက် ၁၁ နာရီခန့် ရမ်ပူရပ်ကွက်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ခံတပ်ဆောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်သားနှင့် ရဲများက ကျည်အစစ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ “သူတို့ စတင်ဖြိုခွဲချိန်မှာ ပြည်သူတွေကထိုင်နေကြတယ်။ အဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးပေါ်က အရပ်ဝတ်နဲ့ လူ၂ယောက်က ဝင်ပစ်သွားတယ်။ အဲ့တစ်ချိန်တည်းမှာဘဲစစ်တပ်ကရောက်လာပြီး အဲ့နေရာကိုဘဲ သူတို့က ဝိုင်းထားခဲ့တယ်။ နာရေးကူညီမူအသင်းက ကား၂စီးပြန်လာတယ်။ ဝင်ခွင့်လည်း ပြန်မပေးဘူး။ ပိတ်ထားတယ်။ ပြီးရင် ဘေးနာမှာကြည့်နေတဲ့သူတွေကိုလည်း အကြည့်မခံဘူး။ ပြည်သူတွေကို ဖြိုခွင်းတယ်။ ပစ်တာက အရပ်ဝတ်နဲ့လူတွေဘဲ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောဆိုသည်။ အရပ်ဝတ်နှင့် စစ်သားများ ၊ ရဲများ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၂၃နှစ်အရွယ် ကိုမျိုးမင်းသူ ဖြစ်သည်။ သူ၏ ရင်ဘတ်အလယ်တွင် ကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဦးမှာ လက်မောင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ရဲနှင့်စစ်သားများပစ်ခတ်ခဲ့သည့် နေရာမှာ ရမ်ပူရပ်ကွက် နယ်မြေ ၁၃ ဖြစ်ပြီး၊ နေ့လယ် ၁နာရီခန့်အချိန်တွင် နယ်မြေ ၁၄ ရှိ လူနေအိမ်တစ်လုံး၊ ကုန်စုံဆိုင်တစ်ခုနှင့် ဆိုင်ကယ်ဝေါ့ရှောပ့်တစ်ခုကို အာဏာသိမ်းစစ်တပ်အောက်ရှိ ရဲများက မီးရှို့ခဲ့ကြောင်း မျက်မြင်ပြည်သူများ ပြောသည်။ “ရဲတွေရောက်လာပြီး အနီမှာရှိတဲ့ ဆိုင်ကယ်က … - [လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/03/30/mar-30-y1/): ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွန်စိုင်ယာန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၀) တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2021/03/29/mar-29-s1/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ - [မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/03/29/mar-29-y1/): မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။ “ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ​ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့ “မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။ ဖမ်းဆီးခံရသောသတင်းထောက် ၂ ဦးမှာ မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူ နှင့် Kachin Wave သတင်းဌာနမှ ကို လရော် တို့ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားတွင် ယခင်လကလည်း သတင်းထောက် ၅ ဦးတစ်ကြိမ်၊ ၁ ဦး ၁ ကြိမ် စသဖြင့် ၂ကြိမ် ဖမ်းဆီးခံရသော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယနေ့ နံနက် မြစ်ကြီးနားမြို့ရှိ အေးစေတီသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက ရာဘာနှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက် ၂ ဦးလည်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ - [ဖားကန့်တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/03/28/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%85%e1%80%85/): ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျေးရွာအချို့တွင်အာဏာသိမ်း စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ - [မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲသံများ ကြားရ](https://burmese.kachinnews.com/2021/03/28/mar-28-y2/): မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့မှစ၍ မိုင်းပေါက်ကွဲသံနှင့် ဆန္ဒပြပွဲမရှိသည့်နေရာတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ တပ်ကုန်းရပ်ကွက် စံပြလမ်းပေါ်တွင်ရှိသည့် ခရိုင်ပညာရေးရုံးရှေ့တွင် နေ့လည် ၁၂ခွဲခန့်က မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းရပ်ကွက်နေသူတစ်ဦးထံမှသိရသည်။ “ပေါက်ကွဲသံတစ်ခုတော့ကြားလိုက်တယ်။ အစကတော့မိုင်းပေါက်ကွဲတယ်လို့မထင်ခဲ့ဘူး။ ကားကြီးဘီးတွေပေါက်သလို အသံထွက်တော့။ နောက်တော့ အိမ်နီးချင်းက လူတွေပြောတော့ မိုင်းပေါက်တယ်လို့ပြောကြတယ်။ သိပ်မကြာဘူး ခဏနေဆိုရင် ရဲတွေစစ်သားတွေ လာကြည့်သွားကြတယ်။ နောက်တော့ ပြန်သွားကြတယ်” ဟု ထိုဖြစ်ရပ်အနီးရှိ လူငယ်တစ်ဦးက ပြောသည်။ ထိုနည်းတူ မြစ်ကြီးနားအင်ဂျန်ဒုံရပ်ကွက်ရှိ အေဂျီကျမ်းစာကျောင်းအနီးတွင် ည ၈နာရီခန့်အချိန် အရပ်ဝတ်နှင့် လူ ၂ဦးက သေနတ် ၂ချက်ဖောက်သွားကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့တွင် အာဏာရှင်ဆန့်ကျင်သည့် လူထု သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်သားများက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။ ယခုညနေပိုင်း ၆နာရီခန့်အချိန်တွင်လည်း ရပ်ပူရပ်ကွက် ပြည်သူများ၏ ခံတပ်ကို ရဲနှင့်စစ်သားများက သေနတ် အကြိမ်ပေါင်း ၂၀ခန့်ပစ်ဖောက်ကာ သွားရောက်ဖျက်စီးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးထံမှ သိရသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပြည်သူကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။ - [ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး](https://burmese.kachinnews.com/2021/03/28/mar-28-y1/): ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ရဲတပ်ရင်း စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ရက်နေ့ ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မြစ်ကြီးနား ကချင်စု ရပ်ကွက် မူလွန်ကျောင်းဆရာမ တစ်ဦး ကိုဗစ် ပိုးတွေ့](https://burmese.kachinnews.com/2021/06/21/june-21-z1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မူလွန်ကျောင်းမှ ဆရာမတစ်ဦးတွင် Covid-19 ပိုးတွေရှိခဲ့သည့်အတွက် လက်ရှိအဆိုပါကျောင်းကို ယာယီပိတ်ထားကြောင်း သိရသည်။ - [ရပ်နားထားသည့် နောင်မွန်လေဆိပ်ကို ပြန်လည်ဆောက်လုပ်နေဟု ဒေသခံများပြော](https://burmese.kachinnews.com/2021/06/19/june-19-y1/): NLD အစိုးရလက်ထပ်တွင် ရပ်နားထားခဲ့သော ပူတာအိုခရိုင် နောင်မွန်မြို့ လေယာဉ်ကွင်းကို စစ်ကောင်စီက အာဏာသိမ်းပြီး ၄လ အကြာခန့်တွင် ပြန်လည်ဆောက်လုပ်နေပြီဟု ဒေသခံများ ပြောဆိုချက်မှ သိရသည်။ - [အလွတ်တန်းသတင်း​ထောက် ကိုနောင်ရိုး ကို ပထမအကြိမ်ရုံးထုတ်](https://burmese.kachinnews.com/2021/06/18/june-18-z1/): ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသော ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ - [ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီ၏ ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်](https://burmese.kachinnews.com/2021/06/18/june-18-y1/): KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်အင်အားတိုးချဲ့ရန်တက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို ဒေါ့ဖုန်းယန်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသူများကို အာဏာသိမ်းစစ်တပ်မှ စစ်ဆေးနေ](https://burmese.kachinnews.com/2021/06/17/june-17-y1/): အာဏာသိမ်းစစ်တပ်သည် ဒေါ့ဖုန်းယန်မြို့မှ ခယာကျေးရွာ (Hka Ya)အထိ ကျေးရွာတစ်ချို့တွင် သွားလာသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [စစ်တပ်က ၎င်း၏ ဆုံးရှုံးမှုကို လက်တုန့်ပြန်သောအနေဖြင့် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း KWAT ထောက်ပြ](https://burmese.kachinnews.com/2021/06/17/june-17-ld1/): ကချင်ဒေသများတွင် အာဏာသိမ်းစစ်တပ်က သူ၏ဆုံးရှုံးမှုအတွက် လက်တုန့်ပြန်သည့်လုပ်ရက်အနေဖြင့် အရပ်သားပြည်သူများကို ပစ်ခတ် သတ်ဖြတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၁၆ ရက်နေ့တွင် အစီရင်ခံစာဖြင့် ထောက်ပြထားသည်ကို တွေ့ရသည်။ - [ဒေါ့ဖုန်းယန်မြို့ပြင်  ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား](https://burmese.kachinnews.com/2021/06/16/june-16-y1/): ဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း ထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။ - [Covid-19 ကာကွယ်တားဆီးရေး စည်းကမ်းချက် KIO ပြန်လည်တင်းကြပ်](https://burmese.kachinnews.com/2021/06/16/june-16-z1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေသို့ ဝင်ရောက်လာသော မည်သူမဆို ကွာရန်တင်း ၁၄ ရက် ဝင်ရမည့်အချက်အပါအဝင် စုစုပေါင်း ၆ ချက်ကို KIO က ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ - [ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/06/15/june-15-y1/): ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ကံစီး (Ginsi) နှင့် နမ်ဂျန် (Nam Jan) ကျေးရွာ ၂ခုကြားတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကြောင်းတစ်ခုကို ကချင်လွပ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကလေးများစာသင်ကြားနိုင်ရန် အကူညီအများအပြားလိုအပ်နေ](https://burmese.kachinnews.com/2021/06/15/june-15-ld1/): အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန်ကျေးရွာတွင် စစ်ရှောင်နေသော ကလေးများ စာသင်ကြားရာတွင် ထိုင်ခုံ ၊ စာရေးခုံနှင့် နေရာမလုံလောက်သောကြောင့် အခက်အခဲကြုံနေရသည်ဟု စခန်းတာဝန်ခံများထံ မှ သိရသည်။ - [ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ](https://burmese.kachinnews.com/2021/06/14/june-14-y1/): ရွှေကူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ဟု မသင်္ကာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အိမ်ထောင်စု စာရင်းနှင့်တကွ လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။ - [တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့ အပ်](https://burmese.kachinnews.com/2021/06/12/june-12-y1/): တနိုင်းမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူရန် ရဲစခန်းသို့ လွဲပြောင်းထားကြောင်း သိရသည်။ - [ယုဇန ကုမ္ပဏီထံမှ သိမ်းယူထားသောမြေယာနှင့်ပစ္စည်းများကို ရယူခြင်းမပြုရန် KIO သတိပေး](https://burmese.kachinnews.com/2021/06/11/june-11-y-1/): ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီပိုင်ဆိုင်သောမြေယာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားပြီဖြစ်သောကြောင့် လက်ရှိထိုမြေနေရာများတွင် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် မြေယာ ဦးယူပိုင်ဆိုင်ခြင်း မပြုရန် KIO အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးရုံးက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။ - [ကချင်တွင် လပိုင်းအတွင်း စစ်ရှောင်အသစ်ထပ်တိုးလာကြောင်းနှင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်](https://burmese.kachinnews.com/2021/06/09/june-9-s1/): ကချင်ပြည်နယ်တွင် ပြီးခဲ့သော လများအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေ ၈၅၀၀ ခန့် ထွက်ပေါ်ခဲ့ပြီး အများစုမှာ မိုးမောက် ၊ မံစီနှင့် ရွှေကူမြို့နယ်များမှ ဖြစ်ကြောင်း Joint Strategy Team ၏ ထုတ်ပြန်ချက်မှ သိရသည်။ - [လိုင်ဇာမြို့အနီး ခယာဘွမ့်တွင် ရိက္ခာပို့နိုင်ရန် ဒေါ့ဖုန်းယန် မှ ကားလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့ချထား](https://burmese.kachinnews.com/2021/06/09/june-9-y1/): KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး ခယာဘွမ် (Hka Ya) ရှိ အာဏာသိမ်းစစ်တပ်ကို ရိက္ခာပို့ရန် ဒေါ့ဖုန်းယန်မှ ခယာကျေးရွာအထိ လမ်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော် ချထားကြောင်း စုံစမ်းသိရှိရသည်။ - [ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် သောက်ရေ အဓိကအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2021/06/08/june-8/): အင်ဂျန့်ယန်မြို့နယ်တွင် ပြီးခဲ့သော မတ်လက အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံအချို့ မြစ်ကြီးနားမြို့သို့ ထွက်ပြေးနိုင်ခဲ့သော်လည်း အများစုမှာ လမ်းပိတ်သွားဖြင့် ဘွမ်ရာယန် (Bumra Yang) သို့ ထွက်ပြေးခဲ့ရသည်။ - [ရှဒူးဇွပ်စစ်ရှောင်များ ရေဘေးမှလွတ်မြောက်ရေး နေရာအသစ်တွင် ပြောင်းရွေ့ရန်ခက်ခဲနေ](https://burmese.kachinnews.com/2021/06/08/june-8-y2/): နှစ်စဉ် ရေးဘေးဒဏ် ကြုံတွေ့နေရသည့် တနိုင်းလီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်ပြည်သူများက စစ်ရှောင်နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်လိုသော်လည်း ငွေကြေးအခက်အခဲကြောင့် အ​ကောင်ထည်မဖော်နိုင်သေးကြောင်း သိရသည်။ - [လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်](https://burmese.kachinnews.com/2021/06/08/june-8-y1/): KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး လဂျားယန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး](https://burmese.kachinnews.com/2021/06/07/june-7-y2/): ပူတာအိုမြို့နယ် ဖတ်မာ (Hpak Ma Mare) ကျေးရွာတွင် အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ - [ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်](https://burmese.kachinnews.com/2021/06/07/june-6-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့်တိုးချဲ့လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [KIAနဲ့ ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ဖမ်းဆီးထား](https://burmese.kachinnews.com/2021/06/05/june-5-z1/): ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း၂ တွင် နေထိုင်သည့် မူကြိုဆရာမ တစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် ဇွန်လ ၁ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။ - [တနိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်တချို့ မီးလောင်ပျက်စီး](https://burmese.kachinnews.com/2021/06/04/june-4-y2/): တနိုင်းမြို့နယ် တနိုင်းချောင်းအောက် တလူး (Daru) ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ၂ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။ - [ဗန်းမော်မြို့ စနေ-ပရဟိတ အသင်းခေါင်းဆောင် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/06/04/june-4-z1/): ​ဗန်းမော်မြို့ စနေပရဟိတအသင်းခေါင်းဆောင် ဦးလွင်ကိုချစ်ကို အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့က ညနေ ၂နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။ - [ဒေါ့ဖုန်းယန်မြို့အနီး တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု များပြား](https://burmese.kachinnews.com/2021/06/04/june-4-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယမန်နေ့က အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ - [ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/06/03/jun-3-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့အနီးတွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [ပူတာအိုတွင် စစ်မှုထမ်းဟောင်းများကို တပ်တာဝန်ထမ်းဆောင်ရန် ပြန်လည် ခေါ်ယူနေ](https://burmese.kachinnews.com/2021/06/02/june-2-y1/): ပူတာအို ခရိုင်တွင် လျှော့နည်းသွားသော စစ်အင်အား ဖြည့်တင်းရန်အတွက် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေသည်ဟု သိရသည်။ - [ပူတာအို စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြင့် ဝင်ရောက်စီးနင်း](https://burmese.kachinnews.com/2021/06/01/jun-1-y3/): ပူတာအိုမြို့ လုံးစွတ် (Lung Sut) စစ်ရှောင်စခန်းတွင် KIA ထောက်လှမ်းရေး ရှိနေသည်ဟု မသင်္ကာမှုဖြင့် အာဏာသိမ်းစစ်တပ်က စစ်ရှောင်များကို လာရောက်ခြိမ်းခြောက်သွားကြောင်း သိရသည်။ - [ပူတာအို လေယာဉ်ကွင်း ပစ်ခတ်ခံရသော်လည်း ထိခိုက်မှု မရှိဟုဆို](https://burmese.kachinnews.com/2021/06/01/june-1-y2/): ပူတာအိုမြို့ လေယာဉ်ကွင်းကို ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ - [လုံခြုံမှုမရှိသေးသည့် ဘွမ်ရာယာန်စစ်ရှောင်များ မိုးရာသီ ရေဝပ်ဒဏ် မကြာခဏကြုံတွေ့နေရ](https://burmese.kachinnews.com/2021/06/01/jun-1-y1/): အင်ဂျန်ယာန်မြို့နယ် ဘွမ့်ရာယာန် (Bum Ra Yang) စစ်ရှောင်စခန်းတွင် မိုးရွာလျှင် ရေကြီးလျှံဖြစ်သောကြောင့် စခန်းတွင် မကြာခဏရေဝပ်ဒဏ် ခံစားနေရကြောင်း သိရသည်။ မေလ လယ်မှစတင်ကာ မိုးများလာသဖြင့် တစ်ပတ်လျှင် ၃ကြိမ်ထက်မနည်း စစ်ရှောင်စခန်းတွင် ရေဝပ်ဒဏ်နေကြောင်း Bum Ra Yang စစ်ရှောင်တစ်ဦးက ပြောသည်။ “အခုက မိုးရွာတဲ့အချိန်တိုင်းလိုလိုရေဝပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စခန်းဆောက်ထားတဲ့နေရာက ချိုင့်ခွက်လိုဖြစ်နေတာပေါ့။ အဲ့ကြောင့် ရေပေါက်ထွက်သွားမယ့် ရေလမ်းမရှိဘူး။ မိုးရွာရင် ၃နေရာလောက်က အရမ်းဆိုးရွာတယ်။ ရေဝပ်ပြီဆိုရင် နေလို့မရဘူး။ ရေခမ်းလာတာကိုစောင့်ရတာပေါ့”ဟု ပြောဆိုသည်။ ထို့နောက် စခန်းအတွင်း မိုးတွင်းကာလအချိန်တွင် သောက်သုံးရေခက်ခဲလာနိုင်ကြောင်းနှင့် ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများလည်း လိုအပ်ကြောင်း ဆက်ဆိုသည်။ “မိုးတွင်းမှာလည်း သောက်သုံးရေခက်လာနိုင်တယ်။ အခုကျနော်တို့က တောင်ကျရေဘဲသောက်နေရတယ်။ ဒီထက်ပိုပြီး မိုးရွာလာရင် ရေတွေနှောက်သွားမယ်။ အဲ့ဆိုရင်ပိုခက်ခဲသွားနိုင်တယ်။ ပြီးရင် အခုဆိုရင်ဌက်ဖျား ဖြစ်နေတဲ့သူတွေလည်း ရှိနေတယ်။ ဌက်ဖျားဆေးကသိပ်ကုန်လာပြီလို့ကြားတယ်။ အလှူရှင်တွေလာပေးတယ်ဆိုရင်လည်း အများနဲ့ဖြစ်တာဖြစ်တဲ့အတွက် မလုံလောက်ဘူး”ဟု ပြောဆိုသည်။ ဘွမ်ရာယာန်စစ်ရှောင်စခန်းတည်ရှိသောနေရာသည် ဆက်သွယ်ရေးဖုန်းနှင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်နေရာတစ်ခုဖြစ်ပြီး မြို့နှင့်လည်း အလွန်ကွာဝေးသည်။ စစ်ရှောင်အိမ်ထောင်စု ၁၃၁ခုနှင့် လူဦးရေ ၅၅၉ ဦး ရှိကြောင်းသိရသည်။ Bum Ra Yang စစ်ရှောင်စခန်းမှာ ပြီးခဲ့သော မတ်လ ၁၅ရက်နေ့က အင်ဂျန်ယာန်မြို့နယ် ဂွေထောင် (Gwi Htau Mare)ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်ထန်လာသည့်အတွက် ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။ - [ရွှေကူ နှင့် ဟူးကောင်းဒေသ KIA နယ်မြေတွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2021/05/31/may-31-y4/): ရွှေကူမြို့နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မေလ ၃၁ရက်‌နေ့ ယနေ့ ညနေပိုင်း ၄နာရီခွဲအချိန်တွင် တစ်ပြိုင်တည်း နေရာ ၂ ခုတွင် ဗုံးကြဲတိုက်နေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ် သင်္ဘော မကြာခဏပစ်ခံရသည့် မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားရှိ KIA တပ်စခန်းကို ဗုံးလာကြဲသွားသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ ရွှေကူမြို့နယ်တွင် စစ်တပ်၏ စစ်အင်အားသယ်ယာဉ် သင်္ဘောကို KIA က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသည်မှာ ၅ကြိမ်ထက်နည်းရှိပြီ ဖြစ်သည်။ ထိုနည်းတူ တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာအနီးရှိသော လောဒ်ဂျာ KIA စခန်းအနီးကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြည်နယ်အနှံ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။ - [ဆရာမ များကို အရပ်ဝတ်ဖြင့်သာ ကျောင်းတက်ရန် ညွန်ကြားထားဟုဆို](https://burmese.kachinnews.com/2021/05/31/may-31-y3/): စစ်ကောင်စီ၏ဖိအားပေးမှုအရ မနက်ဖြန် ဖွင့်လှစ်တောမည့် မြစ်ကြီးနားမြို့ အ.ထ.က (၃) ကျောင်းမှ ဆရာ/မများ ကို အရပ်ဝတ်ဖြင့်သာ ကျောင်းသို့လာကြရန် ကျောင်းအုပ်ဆရာမကြီး မြတ်ကေသွယ်က ညွန်ကြားထားကြောင်း သတင်းရရှိသည်။ - [ယခုနှစ်ကျောင်းတက်သူများထောက်ပံ့ကြေးပိုရမည်ဟု ဆိုသဖြင့် ငွေပျော်စံပြကျေးရွာတွင် ကျောင်းအပ်သူများပြား](https://burmese.kachinnews.com/2021/05/31/may-31-ld2/): မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် ယခုနှစ်ကျောင်းတက်သူများကို ထောက်ပံ့ကြေး ပိုပေးမည်ဟူသောသတင်းကြောင့် ကျောင်းသားအများစု ကျောင်းတက်ရန် အမည်စာရင်း ပေးနေကြသည်ဟု သိရသည်။ - [ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/05/31/may-31-ld1/): မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ လက်ရှိအုပ်ချူပ်ရေးမှူး ဇနီးမောင်နှံ ၂ ဦးနှင့် သာပဒေါင်း အုပ်ချူပ်ရေးမှူးဟောင်း ၁ ဦး စုစုပေါင်း ၃ ဦး ယမန်နေ့ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဟိုကပ်ကျေးရွာ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးဂျော်လီဆွေနှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးကို မေလ ၃၀ ရက်ည ၁၀ နာရီခန့် နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူရှိနေသော အခြားတစ်ဦးတွင်လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထိုနေ့ညမှာပင် ဟိုကပ်ကျေးရွာအုပ်စု သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း သူ၏နေအိမ်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့ကို ပစ်သတ်သွားသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိသေးပါ။ - [အင်းတော်ကြီး နန့်မွန်းတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/05/30/may-30-y1/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်း (Na Mawn) ရှိ အာဏာသိမ်းစစ်တပ်အောက်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်တချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။ - [အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပို့ မြင်းများ ရောက်ရှိနေ](https://burmese.kachinnews.com/2021/05/29/may-29-y2/): မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်စခန်းကို တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ မြင်း (၂၅) ကောင်ထက်မနည်း နွမ်းလန့် အခြေစိုက် ခမရ (၄၃၈) တပ်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ - [ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/05/29/may-29-y1/): ပူတာအိုမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့က ယနေ့ နံနက် လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/05/28/may-28-y2/): လီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/05/28/may-28-y1/): ပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ တပ်ရင်းတွင် ယနေ့ နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [CRPH နှင့် KPICT ကြား သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးကြောင်း ထုတ်ပြန်](https://burmese.kachinnews.com/2021/05/27/may-27-s1/): ကြားကာလ ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် ကချင် KPICT တို့ကြား သဘောတူညီချက်တစ်ခုကို ယနေ့ မေလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း CRPH က ထုတ်ပြန်ထားသည်။ - [CDM မလုပ်သည့် ပညာရေးဝန်ထမ်းများကို ပူတာအိုလူငယ်အဖွဲ့ သတိပေး](https://burmese.kachinnews.com/2021/05/27/may-27-y2/): ပူတာအိုခရိုင်တွင် CDM မလုပ်ဘဲ စာသင်ကျောင်းရောက်နေသည့် ဆရာ/မများအနေဖြင့် အလုပ်နားပြီး အမြန်ဆုံးထွက်ခွာသွားရန် ပူတာအိုရှိ လူငယ်အဖွဲ့က သတိပေးထားကြောင်း သိရသည်။ - [ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန် စစ်ရှောင်စခန်းအထိ စာရင်းကောက်နေဟုဆို](https://burmese.kachinnews.com/2021/05/27/may-27-z1/): ချီဖွေမြို့ နယ်တွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန်အတွက် စစ်ရှောင်စခန်းရှိ ပြည်သူများ၏ အိမ်ထောင်စုစာရင်းကောက်ခံမှုများ ရှိနေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ - [ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး](https://burmese.kachinnews.com/2021/05/27/may-26/): ယနေ့ညနေ ၃နာရီ ဝန်းကျင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခံရပြီးနောက် လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/05/26/may-26-ld1/): ကွတ်ခိုင်မြို့ အထွက် ရှုခင်းသာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ မေလ ၂၆ ရက်နေ့  နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [Victory Reserve Fund တာဝန်ရှိသူဖြင့် ဆက်သွယ်မေးမြန်းခြင်း](https://burmese.kachinnews.com/2021/05/25/may-25-ld2/): စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာရာ စစ်ပြေးဒုက္ခသည်များအတွက် ကူညီနေသော အဖွဲ့အစည်းများ နှင့် CDM များကို ကူညီနေသောအဖွဲ့များတွင် Victory Reserve Fund သည်လည်း တစ်ခုဖြစ်သည်။ - [ရေကာတာစီမံကိန်းများအပြီးတိုင် ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2021/05/25/may-25-ld1/): ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်းများအားလုံး ဖျက်သိမ်းပေးပြီး တရုတ် SPIC/ CPI ကုမ္ပဏီများအနေဖြင့် မြန်မာပြည်မှ အပြီးတိုင်ထွက်သွားရန် ဒေသခံများက ယနေ့ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ - [ဖားကန့် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦး သေနတ်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/05/25/may-25-y2/): ဖားကန့် စပေါ့ကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့တွင် တက်ကြွစွာပါဝင်သော လူငယ်တစ်ဦး ယနေ့ နံနက် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ - [ဟိုပင်တံတား မိုင်းခွဲဖျက်ဆီးခံရသည့်နေရာတွင် အမျိုးသား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2021/05/25/may-25-z1/): ကချင်ပြည်နယ် ဟိုပင်မြို့  ယမန်နေ့ည ၈ နာရီခန့် သရက်ချောင်း (ဝက်ကုန်း) တံတားကျိုးကျမူတွင် အမျိုးသား ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့် လူငယ် ၇ ဦး အာဏာသိမ်းစစ်တပ် ဖမ်းဆီး](https://burmese.kachinnews.com/2021/05/25/may-25-y1/): ဖားကန့် မမုံတွင် ကျေးရွာလုံခြုံရေးအတွက် ညအချိန် ကင်းစောင့်နေသော လူငယ် ၇ဦးကို အာဏာသိမ်းစစ်တပ်အောက် ရဲနှင့်စစ်သားများက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [စစ်တပ်ကားဝင်တိုက်မှုကြောင့် ပူတာအို လူငယ်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2021/05/24/may-24-y1/): ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်လိုက်သော လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ - [KIA ဖျက်ဆီးခဲ့သည့် ယုဇနကုမ္ပဏီဝင်းတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/22/may-22-y3/): လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် မီးရှို့ဖျက်စီးခဲ့ပြီးနောက် ထိုနေရာတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။ - [ခန္တီးမြို့နယ် အာဏာသိမ်းစစ်ကောင်စီအောက် ရဲစခန်းနှင့် တပ်စခန်း ၄ ခုကို KIA က တိုက်ခိုက်ဖျက်ဆီး](https://burmese.kachinnews.com/2021/05/22/may-22-y2/): စစ်ကိုင်းတိုင်း ခန္တီး နမ့်စီဘွမ့် (Nam tsit Bum) ကျောက်စိမ်းမှော်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲကင်း တပ်စခန်း စုစုပေါင်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၅ လုံး မီးလောင်](https://burmese.kachinnews.com/2021/05/22/may-22-y1/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ - [ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ၂ ဦး အကြမ်းဖက် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/21/may-21-ln1/): ကချင်လူငယ်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသော လွမ်းဇောင်းနှင့် ဆိုင်းနူးပန်တို့ ၂ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ဖောက်ကာ ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံ ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/05/21/may-21-y2/): ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပါဝင်လာနိုင်သော ပင်လုံ သင်္ဘောတစ်စီး ယနေ့ နံနက်ပိုင်းက ထပ်မံ ပစ်ခတ်ခံလိုက်ရကြောင်း သိရသည်။ - [မြို့သစ် ၊ ကုန်းလောကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့](https://burmese.kachinnews.com/2021/05/21/may-21-y1/): မိုးမောက်မြို့နယ် ပုံမှန်တိုက်ပွဲပြင်းထန်နေဆဲ မြို့သစ် ကုန်းလော ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် စခန်း ၃ နေရာတို့တွင် ယမန်နေ့ညက တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီ ဒုတိယအကြိမ် တစ်စစီ ဖျက်စီးခံရ](https://burmese.kachinnews.com/2021/05/20/may-20-y3/): ဖားကန့်မြို့နယ် တနိုင်းသွားလမ်း လီဒိုလမ်းပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျော်ထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် ဝင်ရောက်ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [နောင်မွန် နှစ်ခြင်းဘုရားကျောင်းကို ပုတ်ခတ်ပြောဆိုခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်ထုတ်](https://burmese.kachinnews.com/2021/05/20/may-20-y2/): နောင်မွန်နယ်အတွင်းရှိ နှစ်ခြင်းအသင်းတော်များနှင့် အမှုတော်ဆောင်များကို တစ်စုံတစ်ရာထိပါးလာပါက ရဝမ်ရိုးရာယဉ်ကျေးမှုကော်မတီနှင့် ဌာနေပြည်သူ့စစ်အဖွဲ့က တာဝန်ခံရမည်ဖြစ်ကြောင်း နောင်မွန်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ - [ဆွမ်ပရာဘွမ်တွင် ဆီဘောက်ဆာ ကား ၂ စီး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/05/20/may-20-y1/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာ ကား ၂စီး ယမန်နေ့က ပစ်ခတ် ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။ - [နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသောသတင်းကြောင့် ချီဖွေစစ်ရှောင်များ စိုးရိမ်နေ](https://burmese.kachinnews.com/2021/05/19/may-19-y3/): ချီဖွေမြို့ရှိ စစ်ရှောင်များသည် နေရပ်ပြန်ရန် စီစဉ်နေသော်လည်း နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ် လုပ်ရမည်ဆိုသည့်အချက်ကြောင့် စိုးရိမ်ပူပန်မှုရှိနေကြသည်။ - [ရွှေကူတွင် ဧည့်စာရင်းခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေ](https://burmese.kachinnews.com/2021/05/19/may-19-y2/): ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းခေါင်းစဉ်ဖြင့် လူနေအိမ်များကို ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ - [မချမ်းဘော့တွင်ဖမ်းဆီးခံရသော လူငယ် ၂ ဦးလွတ်မြောက်သော်လည်း တစ်ပတ်တစ်ကြိမ် စစ်တပ်ထံအကြောင်းကြားရမည်ဟုဆို](https://burmese.kachinnews.com/2021/05/19/may-19-y1/): မချမ်းဘော့ မူလာရှီဒီး ဂိတ်တွင် မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသော လူငယ် ၂ဦးစစ်တပ်ကလွတ်ပေးလိုက်သော်လည်း ခရီးမထွက်ဘဲ ကျေးရွာအတွင်းသာ နေထိုင်ရမည်ဟု ဝန်ခံကတိလက်မှတ်ထိုးခိုင်းကာ မေလ ၁၈ရက်နေ့ ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။ - [နောင်မွန်မြို့နယ်တွင် PSI စလောင်းအသုံးပြုပါက အရေးယူခံရမည်ဟု ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ခြိမ်းခြောက်](https://burmese.kachinnews.com/2021/05/18/may-18-y3/): ဆက်သွယ်ရေးခက်ခဲသော ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် လက်ရှိသတင်းရယူနေသော PSI စလောင်းများကို အသုံးမပြုကြရန် အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ကာ ဖြုတ်ခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုချက်မှ သိရသည်။ - [ဆွမ်ပီယန်ကျေးရွာတွင် တရားမဝင် ရွှေတူးဖော်နေသည့်ကုမ္ပဏီကို ဒေသခံများ သွားရောက်ကန့်ကွက်](https://burmese.kachinnews.com/2021/05/18/may-18-y2/): ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် ဒေသခံများ၏ စိုက်ပျိုးမြေအဖြစ်သတ်မှတ်ထားသည့် နေရာတွင် လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်နေသဖြင့် မေလ ၁၇ ရက်နေ့တွင် ဒေသခံများက သွားရောက်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ - [ဗန်းမော်တွင် စစ်တပ် အင်အားအများအပြားပို့ဆောင်နေသဖြင့် တိုက်ပွဲတဖန်ပြင်းထန်လာနိုင်ဟု KIO သုံးသပ်](https://burmese.kachinnews.com/2021/05/18/may-18-ld2/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်တပ်က သင်္ဘော၊ လေယာဉ် စသည့်လမ်းကြောင်းများဖြင့် စစ်အင်အားအများအပြား တိုးချဲ့ပို့ဆောင်နေသောကြောင့် တိုက်ပွဲ တဖန် ပြင်းထန်လာနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ - [ရှမ်းမြောက်တွင်အာဏာသိမ်းစစ်တပ် ဆီဘောက်ဆာများကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/05/18/may-18-ld1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ပါးချီရွာအနီးတွင် စစ်ကောင်စီတပ်၏ စက်သုံးဆီသယ်ဆောင်လာသော ဘောက်ဆာယာဉ်များကို ပစ်ခတ်ခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန် ဗိုလ်ကြီးနော်ဘူ က KNG ကို ပြောသည်။ - [ရွှေကူ မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်သော ပြည်သူ ၂ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/18/may-18-y1/): ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းမှ စစ်အင်အားအပြည့်ဖြင့် မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်လိုက်သော ပြည်သူ ၂ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ - [ဖုန်အိန်ယန်ကျေးရွာတွင် ဥပဒေမဲ့ ရွှေတူးဖော်နေကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2021/05/17/may-17-y1/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ရွှေတူးဖော်သူများက ကျေးရွာနယ်နမိတ်အတွင်းထိ ဥပဒေမဲ့ တူးဖော်လာကြသည်ဟု ဒေသခံများပြောသည်။ - [ခရီးမှပြန်လာသော မချမ်းဘော့ လူငယ် ၂ ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/16/may-16-y4/): ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ့်ဘူယန်ကျေးရွာသို့ပြန်လာသော ဒေသခံ လူငယ် ၂ဦးကို မူလာရှီးဒီး စစ်ဆေးရေးဂိတ်တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် စိတ်ပူနေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ - [ဖားကန့် မြေပြိုမှု ထိခိုက်သေဆုံးသူ ၁၂ ဦးထိရှိလာ](https://burmese.kachinnews.com/2021/05/16/may-15-y4/): ဖားကန့် နန့်မှော်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် မေလ ၁၅ ရက်ည မြေပြိုမှုကြောင့်  သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၂ဦးထိရှိခဲ့သည်ဟု ဖားကန့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ - [အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ](https://burmese.kachinnews.com/2021/05/16/may-16-y3/): လီဒိုလမ်းမပေါ်ရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်လာသောသူများ၏ အမည်စာရင်းများကိုပေးရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူခဲ့သည်ဟု သိရသည်။ - [စစ်အင်အားသယ်လာသည့် သင်္ဘောတစ်စီး ရွှေကူ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ။](https://burmese.kachinnews.com/2021/05/16/may-16-z1/): အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ၅၀ ခန့် သယ်ဆောင်လာသော သင်္ဘောတစ်စီးကို မေလ ၁၆ရက် ယနေ့နံနက် ၆နာရီဝန်းကျင်ခန့် ရွှေကူမြို့ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံပစ်ခတ်ခံရကြောင်း အမည်မဖော်လိုတစ်ဦးထံမှ သိရသည်။ “ရွှေကူကနေ ထွက်သွားတာတော့ နှစ်စီးဟုတ်တယ်။ တစ်စီးက RPG နဲ့ပစ်ခံရတယ်လို့ ကြားတယ်။”ဆိုပြီး အမည်မဖော်လို တစ်ဦးကပြောသည်။ ယနေ့နံနက် ရွှေကူ ပေါက်တန်းနှင့် ပင်လုံ အမည်ရှိ သင်္ဘောနှစ်စီး ထွက်ခွာခဲ့ပြီး စစ်သား ၅၀ဦး လက်နက် ခဲယမ်းပါဝင်သည့် ပင်လုံအမည်ရှိသင်္ဘောအပစ်ခံရပြီး ကျန်တစ်စီးအခြေအနေ မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ “အသေအပျောက်တော့ မသိရသေးဘူး အဲ RPG ပစ်ခံရတော့ သင်္ဘောကနေလည်း ဒီဘက်ကိုပြန်လှမ်းပစ်တယ်ကြားတယ်။” ဟု အမည်မဖော်လိုတစ်ဦးကပြောသည်။ ယခုရက်ပိုင်း ရွှေကူမြစ်ကြောင်းဘက်တွင် စစ်ကောင်စီ သင်္ဘောများ မကြာခဏပစ်ခတ်ခံနေရပြီး သင်္ဘောမှ ရိက္ခာသယ်ယူသည့် ကားများလည်း အပစ်ခံခဲ့ရသည်။ - [လီဒိုလမ်းပေါ်က လူငယ် ၂၉ ဦး တနိုင်း ဒကစ တွင် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/16/may-15-y2/): ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများမှ ကချင်လူငယ် ၂၉ဦးကို တနိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ - [မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က လေယာဉ် ၅ စီးဖြင့် သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2021/05/16/may-16-y1/): ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ညက လေယာဉ် ၅စီးဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု မံစီဒေသခံများ ပြောဆိုချက်မှ သိရသည်။ - [မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/05/15/may-15-y1/): မြစ်ကြီးနား မြို့လယ် ကမ္ဘောဇဘဏ် (၁) ရှေ့  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးမှုနှင့် ဆက်စပ်သော လူငယ် ၂ဦးကို အကြမ်းဖက်စစ်ကောင်ဆီက ဖမ်းဆီးထားကြောင်း သိရသည်။ - [ကိုဗစ်-၁၉ ကူးစက်ရောဂါအမြဲတမ်းကာကွယ်ပါ](https://burmese.kachinnews.com/2021/05/15/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba-%e1%81%81%e1%81%89-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%99%e1%80%bc/) - [မံစီမြို့နယ်  KIA တပ်ရင်း ၁၅ နှင့် ၂၇ တို့တွင် တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2021/05/14/may-14-y1/): မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေတွင် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဟု သိရသည်။ မေလ ၁၁ ရက်နေ့မှစ၍ မံစီမြို့နယ် KIA တပ်ရင်း ၁၅ နယ်မြေ ကဒေါ့ နှင့် မန်ဒါတောင် စသောနေရာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၁၃ရက်နေ့ ည ၇နာရီခွဲအထိ အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်ဖြင့် ၂ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကဒေါ့၊ မန်ဒါ ဒီတစ်လျှောက်မှာတိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကတော့ စခန်းတစ်ခုကိုတော့ သိမ်းလိုက်ပြီလို့တော့ ကြားတယ်။ ကောင်းကောင်းအတည်မပြုရသေးဘူး။ ဒီမနက် ၇နာရီလောက်ကနေပြန်ပစ်ကြတယ်။ အခု ၈နာရီအထိလက်နက်ကြီးသံတွေကြားနေရ သေးတယ်။ မနေ့ညကတော့ စစ်သားတွေက လေယာဉ်နဲ့ ၂ခါလာတိုက်တယ်။ ဒီမနက်တော့ လေယာဉ်သံမကြားရသေးဘူး”ဟု ပြောဆိုသည်။ ကဒေါ့ မန်ဒါတွင်တည်ရှိသည့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရရှိကြောင်း ဒေသခံတစ်ချို့ပြောဆိုနေသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။ “စခန်းသိမ်းတယ်ဆိုတာက သတင်းမရသေးဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတာက သေချာတယ်။ ဒီကနေ့ ဆို ၄ရက် ရှိပြီ။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဟုတ်တယ်” ဟု ပြောဆိုသည်။ ထို့အပြင် မံစီမြို့နယ်အတွင်း KIA တပ်ရင်း ၂၇ မဒန်ယန်ဘက်တွင်လည်း တိုက်ပွဲ ပြင်းထန်နေသည်မှာ ၃ … - [မိုင်းနင်းသေဆုံးခဲ့သော သားအမိ ၂ ဦးကို မသင်္ကာကြောင်း စစ်တပ်ဘက်က စွပ်စွဲခဲ့](https://burmese.kachinnews.com/2021/05/13/may-13-y2/): မြစ်ကြီးနားမြို့အဝင် အကဲ (အကျဲ)ကျေးရွာတွင် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးခဲ့ရသော သားအမိ ၂ ဦးကို စစ်တပ်က မသင်္ကာမှုဖြင့်စွပ်စွဲခဲ့သော်လည်း ကျေးရွာသားအချို့၏ အာမခံပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ - [စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ](https://burmese.kachinnews.com/2021/05/13/may-13-y1/): ဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး)တစ်ဦး ရွှေကူမြို့ မင်းကျောင်းကုန်းကျောင်းကျေးရွာတွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ - [မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်းပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2021/05/12/may-12-s1/): အာဏာသိမ်းစစ်တပ်၏ တင့်ကာအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ - [နောင်မွန် KBC ဘုရားကျောင်း KIA လက်နက်သိုလှောင်ရုံအဖြစ် USDP ပါတီဝင်များ စွပ်စွဲပြောဆို](https://burmese.kachinnews.com/2021/05/12/may-12-y2/): ပူတာအိုခရိုင် နောင်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရားကျောင်းကို KIA ၏ လက်နက်သိုလှောင်ရုံဖြစ်ကြောင်းနှင့် ဝန်ထမ်းများကိုလည်း KIA အမှုထမ်းများဖြစ်သည်ဟု ထိုဒေသရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အဖွဲ့က စွပ်စွဲပြောဆိုနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ - [ဖားကန့်တွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးတရားစွဲ](https://burmese.kachinnews.com/2021/05/12/may-12-z1/): ဖားကန့်မြို့ လုံးခင်းရပ်ကွက်ရှိ ရာစုသစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဆိုင်ဖွင့်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ “မနက် (၈) နာရီလောက်က ရဲတွေရောက်လာတယ်။ အစတော့ သပိတ်အဖွဲ့ကိုလာစောင့်‌တာလို့ထင်တာ။ နောက်မိုးရွာလာတော့ ဆိုင်ထဲဝင်သွားတာဆိုတော့ ဪ လက်ဖက်ရည် ဝင်သောက်တာလားလို့ ဘယ်ဟုတ်မလဲ။ အရင်တစ်ခေါက်က သပိတ်အဖွဲ့တွေ လာအပ်ထားတဲ့ ဦးထုပ်၊ ခမောက်တွေ လက်ကိုင် ဆိုင်းဘုတ်တွေ အလံတိုင်စိုက်တဲ့ပိုက်လုံးတွေ၊ ဝါးလုံးတွေ ပြီးတော့ လက်ကိုင်ဆိုင်းဘုတ်တွေ့တော့ အဲဒါတွေလည်း သိမ်းသွားတယ်။ ပြီးတော့ အမျိုးသမီးကိုလည်း ဖမ်းခေါ်သွားတယ်။” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။ အသက် (၅၁) နှစ်အရွယ် ဒေါ်ဝါဝါကို သပိတ်စစ်ကြောင်းတွင်ကိုင်ဆောင်သည့် ဆိုင်းဘုတ်၊ ဦးထုပ်များ တွေ့ရှိခြင်းကြောင့် လုံးခင်း ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ရက်နေ့မှစကာ သပိတ်စစ်ကြောင်းများအား ရဲနဲ့စစ်သားများက ပစ်ခတ် ဖြိုခွင်းခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်သည်။ ဆန္ဒဖော်ထုတ်ပြည်သူများကို ပစ်သတ်မှုကြောင့် ဖားကန့်ရှိ ရဲစခန်းနှင့် စစ်တပ်ကုန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်ခဲ့ဖူးသည်။ - [နောင်ကွမ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းဘက်တွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2021/05/12/may-12-y1/): မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော အနောက်ဘက် နောင်ကွမ် နှင့် မခွယ် ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ - [နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2021/05/11/may-11-z2/): နမ္မတီးမြို့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မူကြောင့်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးမှာ မြစ်ကြီးနား ကြာရာပတီး ရပ်ကွက် (B) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ - [ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ် သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/05/11/may-11-y2/): ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ စစ်လက်နက်နှင့် စားနပ်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကို ရွှေကူမြို့နယ်အတွင်း ဒုတိယမြစ်ကျဉ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မေလ ၁၁ရက် ယနေ့ နံနက် ၄နာရီခန့်က ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်းမော်မြို့သို့ တက်လာသည့်အဆိုပါ သင်္ဘောကို KIA က ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း သင်္ဘောအင်းနှင့် ဇင်းဘုံကျေးရွာ ၂နေရာတွင် ပစ်ခတ်ခဲ့ပြီးနောက် ၂ ဖက် ပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း သိရသည်။ “ဒီ ရွှေကူကနေ မနက် ၄နာရီလောက်ကနေ သင်္ဘော ထွက်သွားတယ် မကြာဘူး ဧရာဝတီ ဒုတိယ မြစ်ကျဉ်းနားက သင်္ဘောအင်းမှာ တစ်ခေါက်ပစ်ခံရတယ်။ နောက်တစ်ခေါက်က ဇင်းဘုံရွာနားမှာ ပြန်ပစ်ခံရတယ်။ အဲ့မှာအပြန်အလှန် ပြန်တိုက်ကြတယ်လို့သိရတယ်။ သင်္ဘောမှာပါတဲ့ စစ်သေားတွေက ထိခိုက်ဒဏ်ရာရတာက အတည်မပြုပေးနိုင်ဘူး။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာက သေချာတယ်” ဟု အမည်မဖော်လိုသူ ရွှေကူဒေသခံ တစ်ဦးက ပြောသည်။ ယနေ့ နံနက် ဒုတိယမြစ်ကျဉ်းတွင် ပစ်ခတ်ခံရသည့် သင်္ဘောမှာ မေလ ၆ ရက်နေ့က ရွှေကူမြို့ ကျောက်ကြီးတွင် KIA က ပစ်ခတ်ခဲ့သောကြောင့် ရွှေကူသင်္ဘောဆိပ်ကမ်းတွင် ၅ရက်အကြာရပ်နား ထားခဲ့ပြီး ယနေ့မနက်ပိုင်းမှပြန်လည်ထွက်ခွာသည့် သင်္ဘောဖြစ်သည်ဟုသူက ဆက်ဆိုသည်။ “အမှန်တော့ အဲ့ဒီသင်္ဘောကို ဘယ်သူမှ မမောင်းရဲကြဘူးလို့ ပြောကြတယ်။ အဲ့မှာက စစ်တပ်ရဲ့ရိက္ခာတွေနဲ့ လက်နက်တွေပါတယ်တဲ့။ ရေလမ်းနဲ့ခက်တော့ ကုန်းလမ်းနဲ့သွားဖို့ ကားလိုက်ဌားကြတယ်လို့လည်းကြားရတယ်။ ဘယ်သူမှလက်မခံဘူးတဲ့။ ရုတ်တရက်ပြန်ထွက်ဖို့ လုပ်တဲ့အခါ သင်္ဘောသားတွေက ထွက်ပြေးသွားတယ်။ … - [မံစီမြို့အနီးတဝိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ](https://burmese.kachinnews.com/2021/05/11/may-11-z1/): ဗန်းမော်ခရိုင် မံစီမြို့မှ ၅မိုင်ခန့် အကွာရှိ မဒန်ယန် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ - [အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2021/05/11/may-11-y1/): အလောဘွမ့်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မိုးညှင်းတွင် ဒလန်ဟု ယူဆရသူ ၂ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/05/10/may-10-ld-1/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မေလ ၉ ရက် ည ၇ နာရီ ခန့်က စစ်တပ်သတင်းပေး ဒလန်နှစ်ယောက် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [KIA ကို တိုက်ခိုက်ရန်နှင့် NLD ကို ဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား](https://burmese.kachinnews.com/2021/05/10/may-10-y3/): ပူတာအိုခရိုင် နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် အိမ်ထောင်စုတိုင်း လက်နက်ရရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဌာနေပြည်သူ့စစ်အဖွဲ့ထံ တောင်းဆိုထားသည်ဟု သတင်းရရှိသည်။ - [မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ရမ်းသမ်းပစ်ခတ်နေ](https://burmese.kachinnews.com/2021/05/10/may-10-y2/): မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို ခြိမ်းခြောက်သည့်သဘောဖြင့် မြို့တွင်း သေနတ်ပစ်ခတ်မှုနှင့် မိုင်းဖောက်ခွဲမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။ - [မြစ်ကြီးနား ပညာရေးကောလိပ်အနီး ပေါက်ကွဲသံနှင့် သေနတ်သံများကြားခဲ့ရ](https://burmese.kachinnews.com/2021/05/10/may-10-s1/): မြစ်ကြီးနား ပညာရေးကောလိပ်အနီးတွင် ယနေ့ နံနက် ၃ နာရီခန့်က ဗုံးပေါက်ကွဲသံနှင့် သေနတ်သံများ ကြားခဲ့ရကြောင်း ဒူကထောင်ရပ်ကွက်မှ ပြည်သူများ ပြောသည်။ - [အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ](https://burmese.kachinnews.com/2021/05/10/may-10-y1/): အလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ် ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄နာရီခွဲအချိန်က အဆိုပါ အာဏာသိမ်းစစ်တပ် အင်အား ၂၀၀ခန့်သည် လမ်းတွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။ “စစ်သားတွေက အလောဘွမ့်တောင် လမ်းမကြီးတည့်တက်လာကြတာဟုတ်တယ်။ အဲ့ဒါကို KIA ထောင်ထားတဲ့ မိုင်းနင်းမိတယ်တဲ့။ အဲ့မှာဘဲ နာရီဝက်အကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ဘက်က အထိနာများသွားလို့ ရှေ့တိုးနောက်ဆုတ်ဖို့ ခက်နေတယ်လို့ကြားတယ်။” ဟု ပြောဆိုသည်။ အလော့ဘွမ်တောင်ဘက်ကို စစ်အင်အား ၂၀၀ ခန့်ဖြင့် ချီတက်သွားသည်မှာ ၃ရက်ခန့်ရှိသွားပြီး  လမ်းတစ်လျှောက် ရှန်းထုန်းဘွမ့် (Shang Htung Bum) တွင် ပိတ်မိနေသည့် စစ်သားများကို စစ်အင်အားထပ်ဖြည့်ရန် စားနပ်ရိက္ခာနှင့်တကွ တက်သွားသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။ အဆိုပါနေရာတွင် KIA က ရိက္ခာဖြတ် ပိတ်ဆို့ထားသော အာဏာသိမ်းစစ်သားတချို့လည်း ရှိနေသေးကြောင်း သိရသည်။ ယခုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ အတည်ပြုချက်ကို မရရှိသေးပါ။ ဗန်းမော်-လိုင်ဇာ ကားလမ်းမရှေ့ဘက် မြို့သစ်ကျေးရွာအနီး တာဝါတိုင်စခန်းကို စစ်ဗျူဟာအရ KIA က မေလ ၇ ရက်နေ့တွင် ဆုတ်ခွာပေးလိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က အလော့ဘွမ်ဘက်ကို မြေပြင် စစ်အင်အားဖြင့် ပြန်လည်ချီတက်လာခြင်းဖြစ်သည်ဟု သိရသည်။ - [လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနေ](https://burmese.kachinnews.com/2021/05/09/may-9-ld1/): အာဏာသိမ်း စစ်ကောင်စီက မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်နှင့် အခြားမြို့ဝင်နေရာများတွင် ကားများကို စစ်ဆေးဖမ်းဆီးနေကြောင်း သိရသည်။ - [စစ်တပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါးရှောင်ဒေသခံတစ်ဦး သေဆုံး](https://burmese.kachinnews.com/2021/05/08/may-8-s1/): ဝိုင်းမော်မြို့ပြင် ဝါးရှောင်ကျေးရွာအနီးတွင် မေလ ၈ ရက်ညနေ ၅ နာရီအချိန်ခန့် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ - [ပူတာအိုစစ်ရှောင်များ ၁ လအကြာမှ စခန်းအသစ်သို့ ပြောင်းရွှေ့မည်](https://burmese.kachinnews.com/2021/05/08/may-8-y3/): ပူတာအိုမြို့  လုံစွတ်စစ်ရှောင်ပြည်သူများက ဆောက်လုပ်ပြီးစီးသော ၎င်းတို့၏စစ်ရှောင်စခန်းအသစ်တွင် ရေအခက်အခဲရှိနေသောကြောင့် နောက် ၁ လအကြာမှသာ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။ - [စစ်အာဏာရှင်ကျဆုံးရေး ဆုတောင်းပွဲပြုလုပ်သော နောင်မွန်လူငယ်များ တိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/05/08/may-8-yl2/): ပူတာအိုခရိုင် နောင်မွန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သော လူငယ် ၆ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရန်ပြင်ဆင်နေသဖြင့် ထိုလူငယ်များမှာ ထွက်ပြေးနေရကြောင်း သိရသည်။ - [စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ ကြေညာ](https://burmese.kachinnews.com/2021/05/08/may-8-y1/): ဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေး လှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။ - [အိမ်နီးချင်းနိုင်ငံက ကိုဗစ် တတိယလှိုင်းနှင့် မြန်မာပြည်](https://burmese.kachinnews.com/2021/05/08/covid-psa/): အိမ်နီးချင်းထိုင်းနိုင်ငံမှာ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် ကူးစက်သူ လူဦးရေအသစ် ၁၅၀၀ အထက်ပုံမှန်ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရက ကန့်သတ်မှုတွေချမှတ်ပြီး ရောဂါထိန်းချုပ်နေပါတယ်။ ထိုနည်းတူ အနောက်ဘက် အန္တိယနိုင်ငံမှာလည်း နေ့စဉ် ရောဂါကူးစက်သူ သိန်းဂဏန်းရှိပြီး သေဆုံးသူကလည်း ထောင်ဂဏန်းရှိနေပါတယ်။ ဒီလိုအချိန်မှာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံထဲမှာလည်း ကိုဗစ် တတိယလှိုင်းပုံစံမျိုးမဖြစ်ဘူးလို့ ဘယ်သူမှလည်း အတိအကျမပြောနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ အလုပ်မလုပ်ဘဲ အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။ တကယ်ပဲ စစ်တပ်အာဏာသိမ်းတဲ့အချိန်ဟာ နိုင်ငံတော်အတွက် ရောဂါကပ်ဘေးကာလဖြစ်ပြီးမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ရေးလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် မိမိကိုယ်ကို ကာကွယ်နိုင်မှသာ မိမိနှင့်သက်ဆိုင်တဲ့ မိသားစုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ စစ်တပ်က အာဏာလုယူထားတဲ့ကာလဖြစ်တာကြောင့် အရင်လို တစ်နိုင်ငံလုံးက ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကို အသေးစိတ်သိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က အမြဲတမ်း အကာကွယ်ပစ္စည်းတွေဖြစ်တဲ့ နှခေါင်းစည်းကို တပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်က နေမကောင်းသလို၊ နှာချေချောင်းဆိုတာမျိုးဖြစ်ရင်လည်း သူတစ်ပါးကို မကူးစက်ဖို့ ဝေးဝေးနေသင့်ပါတယ်။ အမြဲတမ်း အားပြည့်အောင်လည်း စားသောက်သင့်ပါတယ်။ ပြည်သူမှာ ပြည်သူသာရှိတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကို လိုက်နာရင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို အမြင့်ဆုံးကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ - [မေလ ၆ ရက် တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှုရှိခဲ့](https://burmese.kachinnews.com/2021/05/07/may-7-s1/): ကချင်ပြည်နယ်တွင် မေလ ၆ ရက်နေ့ တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ မိုးမောက်မြို့နယ်တွင် လေယာဉ်ဖြင့် အချင်းချင်းမှားယွင်းပစ်ခတ်မှု၊ မိုးညှင်းတောင်နီတွင် စစ်ကား ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ရွှေကူ သင်္ဘော ၂ စီး ပစ်ခတ်ခံရမှုစသည့် နေရာများမှ စုစုပေါင်း အာဏာသိမ်းစစ်သား ၂၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ “မိုးမောက်ဘက် စစ်သား ၈၀ လောက် ထိခိုက်လို့ ဗန်းမော်မှာ ဆေးကုသနေတယ်လို့ ကြားရတယ်။ ဘယ်လောက်သေတယ်ဆိုတာက တရားဝင်အတိအကျမသိဘူး။ မိုးညှင်း တောင်နီမှာ စစ်ကားကို ရီမုတ်နဲ့ ၂ ကြိမ်ဗုံးခွဲတယ်။ အဲမှာသူတို့ တော်တော် ထိခိုက်သွားတယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ လေယာဉ်ဖြင့်အချင်းချင်းမှားယွင်းပစ်ခတ်မှုတွင် အယောက် ၂၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာ ရရှိကာ ၊ စစ်ယာဉ်တန်း ရီမုတ်ဗုံးခွဲခံရမှုနှင့် သင်္ဘောပစ်ခတ်ခံရမှု တို့တွင်လည်း ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်။ မေလ ၇ ရက်နေ့ ယနေ့တွင်လည်း အာဏာသိမ်းစစ်တပ်သည် စစ်လေယာဉ် ၄ စီးဖြင့် အလောဘွမ်နှင့် မြို့သစ်၊ ကုန်းလောဘက်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်နေပြီး မြေပြင်စစ်အင်အားဖြင့်လည်း တိုးလာနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ - [စစ်အင်အား သယ်ဆောင်လာသော သင်္ဘော ၂ စီးကို KIA ကြားဖြတ်တိုက်ခိုက်](https://burmese.kachinnews.com/2021/05/07/may-7-y2/): စစ်အင်အားအပြည့်ဖြင့်ရောက်လာသော သင်္ဘော ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရွှေကူမြို့ ကျောက်ကြီးကျေးရွာအကျော်တွင် ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံမှု များပြားခဲ့ကြောင်း သိရသည်။ မေလ ၆ ရက်ည ၉ နာရီခန့် အဆိုပါ သင်္ဘော ၂ စီးကို KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။ ‘သင်္ဘာ ၂ စီး ကိုပစ်တယ်။ ၁စီးက ပြန်လှည့်သွားတယ်။ ၁ စီးက အဲမှာပဲ ရပ်သွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူများတဲ့အတွက် လှေအသေးနဲ့ သယ်နေကြတယ်လို့ ပြောတယ်။ ပြည်သူတွေသွားလာတဲ့ စက်လှေတွေတောင် အားလုံး ရပ်လိုက်တယ်လို့ ပြောနေကြတယ်။” ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အဆိုပါသင်္ဘောပေါ်တွင်တွင် လိုက်ပါလာသော ပြည်သူတစ်ဦး၏ ပြောဆိုချက်ကို ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြန်လည်ပြောပြသည်။ “သင်္ဘောမှာ စစ်သားတွေကော၊ လက်နက်ရိက္ခာတွေလည်းပါလာတယ်။ အဲ့ဒါကို KIA က သတင်းကြားလို့ထင်တယ်။ ကျောက်ကြီးကျေးရွာ အကျော်နားမှာ လာစောင့်ပစ်တယ်။ ခရီးသည်သင်္ဘောဖြစ်တဲ့အတွက် ခရီးသည်တွေလည်း အများကြီးပါလာတယ်။ ခရီးသည်တွေက ပစ်ခံရမှာစိုးလို့ ခရီးသည်တွေပါလို့အော်ကြတယ်။ အဲ့ချိန်မှာ စစ်သားတွေလည်း ခရီးသည်တွေပါလို့ပြန်အော်တယ်။ အဲတော့ KIA က ဆက်မပစ်ဘဲနောက်ဆုတ်သွားတယ်။ အဲ့ကြောင့် ထိခိုက်ဒဏ်ရာရှိတဲ့ သူတော့ မရှိဘူ” ဟု ဆိုသည်။ အဆိုပါသင်္ဘောသည် ရွှေကူမြို့သို့ ရောက်ရှိချိန် … - [နောင်မွန်တွင် KIA ကိုပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ လိုက်လံစည်းရုံးနေ](https://burmese.kachinnews.com/2021/05/07/may-7-y1/): ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်သင်တန်းများတက်ရောက်ရန် ဌာနေပြည်သူ့စစ်နဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့က စည်းရုံးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။ - [စစ်ရိက္ခာသယ်သင်္ဘောကို KIA ပစ်ခတ်ပြီးနောက် စစ်ကောင်စီက မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ကာ ရွှေကူသို့ ဆန်တက်လာ](https://burmese.kachinnews.com/2021/08/11/aug-11-yl-1/): ကသာမြို့နယ် မှ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို KIA က ပစ်ခတ်လိုက်ပြီးနောက် အဆိုပါ သင်္ဘောသည် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများ ပစ်ခတ်ကာ ရွှေကူမြို့သို့ ဆန်တက်လာကြောင်း သိရသည်။ - [ခလရ (၅၈) တပ်မှ မဒိန့်ကျေးရွာ ပြည်သူတစ်ဦးကို ဖမ်းဆီးသွား](https://burmese.kachinnews.com/2021/08/11/aug-11-y2/): ဝိုင်းမော် ခလရ(၅၈)တပ်သားများသည် မဒိန့်ကျေးရွာနေ ပြည်သူများ၏နေအိမ်များအား  ဝင်ရောက်ရှာဖွေမူများ ပြုလုပ်ပြီးနောက် ဩဂုတ်လ ၁၀ရက်ည ၁၁ နာရီဝန်းကျင် ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင် ပြည်သူ ၂ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး](https://burmese.kachinnews.com/2021/08/11/aug-11-y1/): အင်းတော်ကြီးမြို့ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။ - [စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် ဆုံးဖြတ်ထားဟု ကချင်အာဇာနည်နေ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဖော်ပြ](https://burmese.kachinnews.com/2021/08/10/aug-10-s1/): လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားရန် KIO အနေဖြင့် ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နေကြောင်း ယနေ့ ကျရောက်သော ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်းတွင် ပါရှိသည်။ - [ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား](https://burmese.kachinnews.com/2021/08/10/aug-10-y1/): ဝိုင်းမော်မြို့ ဘူဂါးလျှပ်စစ်ရုံအတွင်းရှိ ဝန်ထမ်း ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်များက ဩဂုတ် ၉ ရက်ည ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မည့်သတင်းကြောင့် နွမ်းလန့်ဒေသခံများ တောင်ယာမသွားရဲဖြစ်နေ](https://burmese.kachinnews.com/2021/08/09/aug-9-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်နှင့် နွမ်းလန့်ကျေးရွာတို့တွင် အခြေစိုက်သော အာဏာသိမ်းစစ်တပ်အဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများကို ရွာအပြင်မထွက်ကြရန် ပြောဆိုမှုများရှိကြောင်း ဒေသခံ များထံမှသိရသည်။ - [ဗန်းမော်မြို့နဲ့ရွှေကူမြို့ကို လော့ဒေါင်း ၂ ပတ်ထပ်တိုး ချမှတ်ရန် ကြေညာ](https://burmese.kachinnews.com/2021/08/08/aug-7-z1/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့‌ ရွှေကူမြို့နယ်တွင် ဩဂုတ်လ (၁၀)ရက်နေ့မှ (၂၄)ရက်နေ့ထိ လော့ဒေါင်း ထပ်မံ ချမှတ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများလိုအပ်သည်များကြိုတင်ပြင်ဆင်ထားရန် ယနေ့မြို့အတွင်းရှိ ရပ်ကွက်များတွင် အော်လံဖြင့် လိုက်လံဆော်ဩနေကြောင်း ပြည်သူများထံမှ သိရသည်။ - [စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက် လူငယ်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2021/08/08/aug-7-y1/): ဗန်းမော်ခရိုင် မံစီမြို့နယ် နမ့်မဖွဲအုပ်စု မိတုန်ကျေးရွာ (Myi Tung Mare) တွင် အာဏာသိမ်းစစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက် လူငယ်တစ်ဦးက အသက်ဆုံးရှုံးသွားကြောင်း သတင်းရရှိပါသည်။ - [စစ်ကောင်စီနှင့် ကိုးကန့်တပ် တိုက်ပွဲကြား ဒေသခံ ၄၀၀ ခန့် နယ်စပ်တွင် ထွက်ပြေးနေရ](https://burmese.kachinnews.com/2021/08/05/aug-5-z1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း တရုတ်နယ်စပ်တွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီတပ်တိုက်ပွဲများကြောင့် ဩဂုတ် ၃ ရက်နေ့ကစပြီး ဒေသခံပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ - [ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ](https://burmese.kachinnews.com/2021/08/05/aug-5-ld1/): မြစ်ကြီးနားမြို့ ပလနရပ်ကွက်ရှိ တြီနီတီ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်​ပြု လူနာ ၂၀ ဦး တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့အတွက် ဆေးဝါးနှင့် အစားအသောက်များ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။ - [စစ်ကောင်စီ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသော ဒေသခံ ၂ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ပြန်လွှတ်ပေး](https://burmese.kachinnews.com/2021/08/05/aug-5-y3/): ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်ကထောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။ - [ဝိုင်းမော် စစ်ကောင်စီတပ် ညစဉ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ခု စစ်ရှောင်နေရ](https://burmese.kachinnews.com/2021/08/05/aug-5-y2/): ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ ညစဉ် လက်နက်ကြီးပစ်ခတ်နေသောကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၃ ခုသည် ဝိုင်းမော်မြို့တွင်းသို့ စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ - [ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ လက်နက်ကြီး ဆက်လက် ပစ်ခတ်](https://burmese.kachinnews.com/2021/08/05/aug-5-y1/): ဝိုင်းမော်မြို့ နယ်မြခံ ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ ညစဉ်လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်း ပစ်ခတ်မှုတွင် ကျေးရွာ နေရာ ၃ ခုတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။ - [စစ်ကောင်စီက အရပ်သားတည်နေရာကို လက်နက်ကြီးဖြင့် ပစ်မှတ်ထား ပစ်ခတ်ခဲ့ဟု KIO ပြော](https://burmese.kachinnews.com/2021/08/04/aug-4-y2/): အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများနေထိုင်သော ရပ်ကွက်များသို့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ယနေ့ ပြောဆိုလိုက်ပါသည်။ - [ဝိုင်းမော် ၅၈ တပ်ရင်းမှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA ပြော](https://burmese.kachinnews.com/2021/08/04/aug-4-y1/): ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားရာတွင် KIA က သွားရောက်တိုက်ခိုက်ခြင်းကြောင့်မဟုတ်ဘဲ​ စစ်ကောင်စီက တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ - [အာဏာသိမ်းစစ်အုပ်စုမှ ‘အိမ်စောင့်အစိုးရ’ ပြင်ဆင်ဖွဲ့စည်းမှုအပေါ် ကချင်တက်ကြွလှုပ်ရှားသူများ၏ အသံ](https://burmese.kachinnews.com/2021/08/03/aug-3-ld1/): အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အာဏာသိမ်းပြီး ၆ လအကြာတွင် ‘အိမ်စောင့်အစိုးရ’ အဖြစ် ဖွဲ့စည်းကာ ၂၀၂၃ နှစ်အထိ အုပ်ချုပ်သွားမည်ဟု ဩဂုတ် ၁ ရက်နေ့က ပြောဆိုခဲ့သည်။ - [လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2021/08/03/aug-3-y2/): KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ယနေ့ သေဆုံးသွားကြောင်း သိရသည်။ - [ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့](https://burmese.kachinnews.com/2021/08/03/aug-3-y1/): ဝိုင်းမော်မြို့ အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၅၈ အဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယမန်နေ့ညက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ - [စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2021/08/02/aug-2-z2/): စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံလိုက်ရသော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လငန်လွမ်းနော ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ - [ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်](https://burmese.kachinnews.com/2021/08/02/aug-2-y1/): ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ (Nam Ya Mare) မှ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး](https://burmese.kachinnews.com/2021/08/02/aug-2-z1/): ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/07/31/jul-31-y1/): မိုးကောင်းမြို့နယ် နမ္မတီးမြို့ နဲ့ မရန်ကထောင်ကျေးရွာကြားရှိ ဆီးဒင်ယန်ကျေးရွာတွင်  ယနေ့နံနက် ၄ နာရီခန့် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား](https://burmese.kachinnews.com/2021/07/30/jul-30-y2/): ကချင် စစ်ကိုင်း နယ်စပ် နန့်စီးအောင် ကျေးရွာအနီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။ - [ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2021/07/30/jul-30-y1/): ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်သူများပြားကြောင်း သိရသည်။ - [ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်](https://burmese.kachinnews.com/2021/07/29/jul-29-z1/): ကချင်ပြည်နယ် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာမှုများလာသည့်အတွက် တစ်ပတ်တိတိ Lock Down ချမှတ်ထားကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ - [မိုင်ဂျာယန် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး KIO တာဝန်ရှိသူဖြင့် မေးမြန်းခြင်း](https://burmese.kachinnews.com/2021/07/29/interview-hy1/): မေး  – KIO ထိန်းချူပ်နယ်မြေ မိုင်ဂျာယန်မှာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်နေမှု အခြေအနေဘယ်လိုရှိလဲ။ ဖြေ – ကျနော်တို့ မိုင်ဂျာယန်မှာတော့ တစ်ယောက်ပြန်ထပ်တိုးတယ်။ အားလုံး ၆၉၀ ဦးရှိပြီ။ ပြန်ကောင်းသွားတာကတော့ ၁၉၁ ဦး ရှိပြီ။ ခုတော့ ထပ်တိုးတာ သိပ်မရှိဘူး။ ထပ်တိုးနေတဲ့ နေရာတွေကတော့ လူအများ စုစည်းနေတဲ့ ကောလိပ်ကျောင်းလိုမျိုး၊ ဘော်ဒါလိုမျိုး၊ အဲ့လိုမျိုးနေရာတွေမှာ အချင်းချင်းကူးစက်ကြတာ များတယ်။ မေး – ဟုတ်ကဲ့၊ ဒါဆိုရင်တော့ ကိုဗစ် လူနာတွေထဲမှာ ဆိုးဆိုးရွားရွားဖျားတာ နာတာရှိလား။ ဖြေ – ဆိုးဆိုးရွားရွားဖြစ်တာတော့ မရှိဘူး။ အရင်တစ်ခေါက်က အသက်ကြီးတဲ့သူတွေထဲမှာ အောက်ဆီဂျင် ကျတာတွေရှိလို့ အောက်ဆီဂျင် ပေးရှူရတာတွေရှိတယ်။ တစ်ချို့တွေတော့ ကိုယ်ဝန်နဲ့ဆိုတော့ အစာစားလို့မရ အန်တာတွေရှိတယ်။ ခုသူတို့ကတော့ ကောင်းသွားပြီ။ Negative စာရင်းထဲထည့်လိုက်ပြီ။ positive လူနာတွေကိုထားတဲ့နေရာသပ်သပ်၊ ပြန်ကောင်းသွားပြီး Negative ပြသွားတဲ့သူတွေကိုထားတဲ့နေရာသပ်သပ်၊ ကွာရန်တင်းနေရာသပ်သပ်လုပ်ထားတယ်။ မေး – မိုင်ဂျာယန်မှာ အခုလို ကိုဗစ်ပိုးတွေ့လူနာတွေ များလာတော့ အစားအသောက်နှင့်ပတ်သက်ပြီး ခက်ခဲတာရှိလား။ ဖြေ – အားလုံး Lockdown ချထားတယ်ဆိုတော့ တစ်ချို့ကျောင်းသားတွေ အိမ်ခန်းဌားနေတဲ့သူတွေ ဘယ်မှ သွားလို့မရ ဝယ်လို့မရဆိုတော့ သူတို့တွေမှာ အစားအသောက်တော်တော်ခက်ခဲလာတယ်။ ကျေးရွာတွေမှာ အောက်ခြေလူတန်းစားတွေ နေ့စားတွေအတွက် လုပ်ငန်းပိုင်း နှင့် အစားအသောက်တွေ ခက်ခဲလာကြတယ်။ မနေ့က ကျနော်တို့ ဆန်အိတ် ၂၀၀ ကျော်ကို လိုအပ်နေတဲ့သူတိုင်း လူနာတွေရှိတဲ့ အိမ်တွေကို လူဦးရေတော့ … - [ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ](https://burmese.kachinnews.com/2021/07/28/jul-28-ld1/): ခေါင်လန်ဖူးမြိုနယ် တရုတ်နယ်စပ်ကျေးရွာဖြစ်သော လန်းဒဂျောင်ဒေသတွင် ယခင်ကမဖြစ်ဖူးသော ကိုယ်ပူ၊ လေချောင်းနာ၊ ဖျားနာ စသော ကိုဗစ်လက္ခာများဖြင့် ယခုလအတွင်း သေဆုံးသူ ၄ ဦးရှိလာသဖြင့် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။ - [လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားမည်](https://burmese.kachinnews.com/2021/07/28/jul-28-z1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လိုင်ဇာမြို့ရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌အရေးပေါကော်မတီမှ သိရသည်။ - [နွမ်းလန့် စစ်ရှောင်များ Covid-19 ကြောင့် စားဝတ်နေရေးခက်ခဲလာသဖြင့် နေရပ်ပြန်](https://burmese.kachinnews.com/2021/07/28/jul-28-y1/): တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာမှ ထွက်ပြေးသွားသော ဒေသခံစစ်ရှောင်တချို့သည် လက်ရှိ ရောက်ရှိနေသော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တဖန် စားဝတ်နေရေး အလွန်ခက်ခဲလာသဖြင့် မိမိနေရပ်သို့ ပြန်လာသူများ ရှိနေကြောင်း သိရသည်။ - [ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင် စစ်ရှောင်စခန်းကို lockdown ချမှတ်](https://burmese.kachinnews.com/2021/07/27/jul-27-z1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝှေကျိုင်စစ်ရှောင်စခန်းကို ဇူလိုင်လ ၂၇ရက်နေ့မှစကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီ တင့်ကားတင် သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/07/26/jul-26-y2/): စစ်ကိုင်း ကသာမြို့နယ်ဘက်မှ ယနေ့ နံနက် တင့်ကားများတင်ဆောင်လာသော စစ်ကောင်စီ၏ သင်္ဘော ၇ စီးသည် မွန်းလွဲ ၂ နာရီခန့် ရွှေကူမြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။ - [Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2021/07/26/jul-26-z1/): ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်းတွင် Covid-19 ပိုးတွေ့လူနာ ၄ ဦးအထိရှိလာပြီး စခန်းကို Lockdown ချထားသောကြောင့် အစား‌အသောက်ထောက်ပံ့မှု လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ - [စစ်အာဏာသိမ်းပြီး ပိတ်ထားသော တာမခန်ဆေးရုံကို ဒေသခံများ ကြပ်မတ်ကာ အခမဲ့ဆေးရုံအဖြစ် ပြန်ဖွင့်](https://burmese.kachinnews.com/2021/07/26/jul-26-y1/): စစ်အာဏာသိမ်းမှုကြောင့် ၆ လကျော်ကြာ ပိတ်ထားသော ဖားကန့်မြို့ တာမခန်ကျေးရွာဆေးရုံကို Covid-19 ကာကွယ်တားဆီးရေးအတွက် ဒေသခံပြည်သူများ ဦးစီးမှုဖြင့် ကိုယ်ထူကိုယ်ထ အခမဲ့ဆေးခန်းအဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ - [မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့](https://burmese.kachinnews.com/2021/07/24/jul-24-y1/): ဝိုင်းမော်မြို့ နယ် မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပထမဆုံး အမျိုးသမီး ၂ ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ - [မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်](https://burmese.kachinnews.com/2021/07/24/jul-24-hy1/): KIO ဗဟိုဌာနချုပ်အနီးသို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များသည် KIA ထောင်ထားသော မိုင်းနင်းမိ ထိခိုက်ခဲ့သောကြောင့် ယမန်နေ့ညက KIA တပ်ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ဇူလိုင် ၂၃ ရက်နေ့က မိုင်းနှင်းမိပြီး ထိခိုက်မှုရှိသောကြောင့် ယမန်နေ့ည ၈ နာရီခန့်တွင် KIA ရှိရာတပ်များသို့ လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ “မနေ့က နေ့လယ်လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကို သူတို့ဘက်က လာနင်းမိလို့ ထိခိုက်တာရှိမှာပေါ့။ ဒါကြောင့် Hangkai Bum နဲ့ Hpun Pyen Bum က စစ်တပ်တွေက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျနော်တို့ တပ်ရင်း ၂၄၊ ၁၉ နဲ့ ၂၅ ဘက်ကို ဒီအတိုင်း ပစ်ထည့်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီ ဒေါ့ဖုန်းယန် (Daw Hpum Yang) တပ်စခန်း၊ ဖွန်းပန်ဘွမ့် (Hpun Pyen Bum) စခန်းနှင့် ခယာဘွမ့် (Hkaya Bum) တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်နက်ကြီး ပေါက်ကွဲသံ ၅ ကြိမ် ၆ ကြိမ်ခန့်ကို လိုင်ဇာမြို့မှ ရှင်းလင်းစွာ ကြားခဲ့ရကြောင်း လိုင်ဇာမြို့ခံ … - [မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ](https://burmese.kachinnews.com/2021/07/24/jul-24-z1/): ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇)ဉီးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ - [ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ](https://burmese.kachinnews.com/2021/07/23/jul-23-y1/): မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာစဉ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သော ခရီးသည် ၂ဦး Quarantine မဝင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် စိုးရိမ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ - [ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ](https://burmese.kachinnews.com/2021/07/22/jul-22-y2/): ရွှေကူမြို့  ပြည်သူ့ဆေးရုံကြီးတွင် Covid-19 လူနာများအတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ အောက်စီဂျင်စက်ရုံထားရှိရန် လူမှုကူညီရေးအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။ - [ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/07/22/jul-22-y1/): ဖားကန့်မြို့နယ် ကာမိုင်းမြို့အဝင် အာဏာသိမ်းစစ်တပ် နေရာယူထားသည့် စစ်ရေးဂိတ်တစ်ခု ယနေ့ နံနက်ပိုင်းက ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။ - [ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/07/21/jul-21-y2/): စစ်ကိုင်းတိုင်း ကသာမြို့အဝင် ပင်းမလွတ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်သားများ စီးလာသော ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။ - [မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ](https://burmese.kachinnews.com/2021/07/21/jul-21-z1/): မိုးညှင်းမြို့ တွင် တစ်ပတ်အတွင်း ပိုး‌​တွေ့ အတည်ပြု လူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ - [ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ](https://burmese.kachinnews.com/2021/07/21/jul-21-y1/): တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 ပိုးတွေ့ အတည်ပြုလူနာ  ၄၇ ဦး အထိရှိလာပြီဟု သိရသည်။ - [ပူတာအိုတွင် နာရေးကူညီမှု ကားတစ်စီး လိုအပ်ကြောင်း မေတ္တာ နာရေးကူညီမှုအသင်းပြော](https://burmese.kachinnews.com/2021/07/20/jul-20-y2/): ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု များပြားသည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူနာတင် နာရေးကားတစ်စီး အမြန်လိုအပ်နေကြောင်း ပူတာအို မေတ္တာ နာရေးကူညီမှုအသင်း ထံမှသိရသည်။ - [မြစ်ကြီးနားတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ပိုများလာ](https://burmese.kachinnews.com/2021/07/20/july-20-y1/): မြစ်ကြီနားမြို့တွင် ဇူလိုင်လလယ်ခန့်က စတင်ပြီး တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ အလွန်များလာကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ - [ဗန်းမော် စစ်ရှောင်စခန်းများတွင် အစားအသောက် ကူညီထောက်ပံ့မှု လိုအပ်နေ](https://burmese.kachinnews.com/2021/07/20/jul-20-z1/): Stay Home သတ်မှတ်ထားသည့် ဗန်းမော်မြို့တွင်းရှိ စစ်ရှောင်စခန်းများတွင် အစားသောက်ကူညီထောက်ပံ့မူများ အရေးကြီးလိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။ - [အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏ မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်](https://burmese.kachinnews.com/2021/07/20/jul-20-s1/): မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် လွန်ခဲ့သည့်အပတ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော အသက် ၅၀ ကျော်အရွယ် အမျိုးသမီး၏ မိသားစုဝင်များကို စစ်ကောင်စီ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တပ်ရင်း အဖွဲ့က ငွေကျပ် ၂၁ သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။ - [မြစ်ကြီးနား မျက်မမြင်ကျောင်းမှ ကိုဗစ်လူနာများ သက်သာလာ၊ အစားအသောက် ဆက်လက်လှူဒန်းရန်တောင်းဆို](https://burmese.kachinnews.com/2021/07/19/jul-19-z1/): မြစ်ကြီးနား အေးမြသာယာ မျက်မမြင်ကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများ ‌ကျန်းမာရေး ကောင်းမွန်လာပြီး အစားအသောက် လှူဒန်းမှုလည်း ထပ်မံလိုအပ်သေးကြောင်း ကျောင်းအုပ် ဆရာကြီးထံမှ သိရသည်။ - [ကျေးရွာ များတွင် KIA ဝင်ရောက်လာပါက လက်နက်ကြီးဖြင့် ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်](https://burmese.kachinnews.com/2021/07/19/jul-19-y1/): ကာမိုင်း-ဖားကန့် လမ်းမပေါ်ရှိ မည်သည့်ကျေးရွာဖြစ်စေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝင်ရောက်လာပါက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။ - [ကလေး ၁၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့သော မြစ်ကြီးနား မိဘမဲ့ကျောင်းတွင် ဆေးဝါးနှင့် အာဟာရ အကူညီ လိုအပ်နေ](https://burmese.kachinnews.com/2021/07/19/jul-19-ld1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် ၄ ရှိ မိဘမဲ့ဂေဟာမှ ကလေး ၁၅ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ပြီးနောက်  ကလေးများအတွက် အာဟာရနှင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ - [ဖားကန့် လမ်းတွင် အာဏာသိမ်းတပ်နှင့် KIA တိုက်ပွဲဖြစ်ပြီး ကျေးရွာ ၄ ခု ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရဆဲ](https://burmese.kachinnews.com/2021/07/16/jul-16-y1/): ဖားကန့်လမ်း ကျေးရွာ ၄ ခုတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမားနေသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့မှစတင်ပြီး ဒေသခံ ၂၀၀ ကျော် စစ်ရှောင်အဖြစ် တိမ်းရှောင်နေရကြောင်း သိရသည်။ - [မိုးမောက် နွမ်းလန့် စစ်တပ်အနီးတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2021/07/15/jul-15-s1/): မိုးမောက်မြို့နယ် နွမ်းလန့် (Numlang) ကျေးရွာမှ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့များက အဓမ္မပြုကျင့် သတ်ဖြတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [ဖားကန့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ကျည်ထိ ဒဏ်ရာ ရ](https://burmese.kachinnews.com/2021/07/15/jul-15-y1/): ဖားကန့် ကပ်မှော်အုပ်စု ဆိုင်းဖရာကျေးရွာ (Seng Hpra Mare) နှင့် ခွမ်ဆိုင်ဇွပ် (Hkum Tsai Zup) ကျေးရွာအတွင်းသို့ ယနေ့ နံနက် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၆ ဦး ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။ - [ကချင် မြို့နယ် ၆ ခုတွင် တစ်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀၀ ကျော်ပြီး သေဆုံးသူ ၁၀ ဦးရှိလာ](https://burmese.kachinnews.com/2021/07/14/jul-14-z2/): ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့နယ် ၊ ဝိုင်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် နှင့် မိုးမောက်မြို့နယ်များတွင် ယခု ကိုဗစ်-၁၉ တတိယလိုင်းအတွင်း ပိုးတွေ့ အတည်ပြုလူနာ (၁၀၂၃)ဦး ရှိလာကာ သေဆုံးသူ(၁၀) ဦးထိ ရှိလာပြီဖြစ်သည်။ - [မိုးညှင်းမြို့နယ်ရဲမှူးဇနီး ကိုဗစ်‌ကူးစက်ခံရပြီး သေဆုံး](https://burmese.kachinnews.com/2021/07/14/jul-14-z1/): မိုးညှင်းမြို့နယ်ရဲမှူး‌ စောဖိုးတူး၏ဇနီး ကိုဗစ်ရောဂါပိုးစစ်ရာ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်နေ့ည သေဆုံးသွားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ - [ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်၊ နွား ၄ ကောင် သေဆုံး](https://burmese.kachinnews.com/2021/07/13/jul-13-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ လူနေထူထပ်သော ရပ်ကွက်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ဒဏ်ရာရှိပြီး နွား ၄ ကောင်ခန့် သေဆုံးသွားကြောင်းသိရသည်။ - [လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦး တွေ့](https://burmese.kachinnews.com/2021/07/12/jul-12-y2/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တစ်ပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦး တွေ့ရှိကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ်ရေးကော်မတီထံမှ သိရသည်။ - [ဝိုင်းမော် ပြည်သူ့စစ် စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်စီး၊ လက်နက်အချို့ သိမ်းယူ](https://burmese.kachinnews.com/2021/07/12/jul-12-y1/): ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)ကျေးရွာ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ခလရ ၅၈ လက်အောက် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။ - [Covid-19 တတိယလှိုင်း မပေါ့သင့်၊ မိမိကိုယ်တိုင်ကျန်းမာမှ လိုအပ်နေသူများကို ကူညီနိုင်မည်](https://burmese.kachinnews.com/2021/07/12/psa/): အာဏာသိမ်းစစ်ကောင်စီကို ပြည်သူများ ခုခံနေရချိန်တွင် Covid-19 တတိယလှိုင်းသည် နောက်ထပ် ဝန်ထုတ် ဝန်ပိုး တစ်ခုဖြစ်လာသည်။ - [ရွှေကူ၊ မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား](https://burmese.kachinnews.com/2021/07/09/jul-9-y2/): ယနေ့ ရွှေကူမြို့နယ် မြို့လှရွာ အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ ၄၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ - [ဝိုင်းမော် ရွှေညောင်ပင် ခမရ ၃၂၁ စစ်တပ် ကို KIA သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2021/07/09/july-8-s1/): ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခမရ ၃၂၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇူလိုင် ၈ ရက် ည ၈ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ - [ဝိုင်းမော် ခတ်ချို မှ ပြန်လာသော ငွေပျော်စံပြဒေသခံတစ်ဦးတွင် Covid-19 ပိုးတွေ့](https://burmese.kachinnews.com/2021/07/09/jul-9-ld1/): မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာရှိ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ကျေးရွာတာဝန်ရှိသူများ ထံမှသိရသည်။ - [ရှမ်းမြောက် ဖောင်းဆိုင်ဒေသခံများ တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် စစ်ရှောင်နေရ](https://burmese.kachinnews.com/2021/07/08/jul-7-ld1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီး တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော်သည် တရုတ်နယ်စပ်သို့ ထွက်ပြေးခဲ့သော်လည်း ဖြတ်ကျော်ခွင့်မရသောကြောင့် မိုးကာတဲဖြင့် ခက်ခက်ခဲခဲ နယ်စပ်တွင် သောင်တင်နေသည်မှာ ၃ ရက်ခန့် ရှိပြီဟု သိရသည်။ - [KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိပြီးနောက် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ ပိတ်](https://burmese.kachinnews.com/2021/07/08/jul-8-z2/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် Covid-19 ပိုးတွေ့ လူနာရှိလာသောကြောင့် ၎င်းထိန်းချုပ် နယ်မြေအတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများတွင် ဝတ်ပြုကိုးကွယ်ခြင်းများကို တစ်ပတ် ပိတ်ထားမည်ဟု KIO Covid-19 ထိန်းချုပ်ရေး ကော်မတီမှ ယနေ့ ထုတ်ပြန်ထားသည်။ - [ဗလမင်းထင် တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး](https://burmese.kachinnews.com/2021/07/08/jul-8-z1/): ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတား တိုးဂိတ်အနီးတွင် ဇူလိုင်လ ၇ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်မှုကြောင့်  တိုးဂိတ်အနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။ - [ပူတာအိုခရိုင် ထွေအုပ် မိသားစုဝင်များနှင့် ရုံးဝန်ထမ်းတွင် ကိုဗစ် ပိုးတွေ့](https://burmese.kachinnews.com/2021/07/07/jul-7-y3/): ကချင်ပြည်နယ် ပူတာအို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး၏ မိသားစုဝင်များနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၆  ဦးတွင် Covid-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။ - [ဖားကန့်တွင် အာဏာသိမ်းတပ် စစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/07/07/jul-7-y2/): ဖားကန့် နန့်မော်ကျေးရွာအနီး ဆိုင်းအောင်မှော်တွင် ယနေ့ နံနက် အာဏာသိမ်းတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက် ထိခိုက်မှုများနိုင်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ - [ဗန်းမော် ကိုယ်ပိုင်အထက်တန်းကျောင်းဆရာမ ၄ ဦးနှင့် အကောက်ခွန်ရုံး ဝန်ထမ် ၁ ဦးတွင် ကိုဗစ် ပိုးတွေ့](https://burmese.kachinnews.com/2021/07/07/jul-7-z1/): ဇူလိုင်လ ၆ရက်နေ့ ဗန်းမော်မြို့ ပိုးတွေ့လူနာစာရင်းတွင် စံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ‌(၄)ဦးနဲ့ ‌အကောက်ခွန်ရုံးမှ ဝန်ထမ်းတစ်ဦးပါဝင်လာကြောင်း ဒေသခံများမှ သိရသည်။ - [လယ်တောမှ နွားလှည်းဖြင့် ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်](https://burmese.kachinnews.com/2021/07/07/jul-7-y1/): ဟိုပင်မြို့နယ် ရွာသစ်ကြီးကျေးရွာတွင် လယ်တောမှ နွားလှည်းဖြင့် ပြန်လာသော အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ - [နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား](https://burmese.kachinnews.com/2021/07/06/jul-6-y1/): မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံများ ပြောသည်။ - [ဝိုင်းမော်မြို့နယ်တွင် Covid-19 အတည်ပြု လူနာ (၅)ဦးထပ်တိုး](https://burmese.kachinnews.com/2021/07/06/jul-6-z2/): ဝိုင်းမော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် Covid-19 အတည်ပြုလူနာ ၅ ဦး ထပ်တိုးကြောင်း ပိုးတွေ့လူနာများနှင့် နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ပိုးတွေ့လူနာ (၅) ဦးသည် နောက်ဟီးကျေးရွာမှ ဦးတီကာရမ်း (၄၈)နှစ်၊ မောင်ဒီပေါ (၂၂)၊ ဝိုင်းမော်မြို့ ရပ်ကွက် (၁) မှ ဒေါစန်းလှအေး (၃၈)နှစ်၊ ဒေါစန်းလှဦး (၄၂) နှင့် မခန်းတီးကျေးရွာမှ ဒေါကျန်ဒရာ တို့ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပိုးတွေ့လူနာများအား ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေပြီး၊ ပိုးတွေ့လူနာများ၏ နေအိမ်များကို Lockdown ချမှတ်ထားကာ၊ ဆက်သွယ်ထိတွေ့ထားသူများကိုလည်း နေအိမ်ကွာရန်တင်း သတ်မှတ်ထားကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြန်လည်စတင်လာချိန်မှစပြီး ဇူလိုင်လ ၆ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၄၇ ဦး ခန့်ရှိပြီ ဖြစ်သည်။ - [ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် စစ်ဆေးမှု တင်းကြပ်](https://burmese.kachinnews.com/2021/07/06/jul-6-ld1/): မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်တွင် ဝိုင်းမော် ရွှေညောင်ပင် ခမရ ၃၂၁ စစ်တပ်ဂိတ်သည် စစ်ဆေးမှုအလွန်တင်းကြပ်သဖြင့် သတိထားသင့်ကြောင့် ခရီးသွားပြည်သူများက ပြောဆိုနေကြသည်။ - [Covid-19 တတိယလှိုင်း ဘယ်လို ကာကွယ်ရမလဲ](https://burmese.kachinnews.com/2021/07/06/covid/) - [ပမ္မတီးတွင် တစ်ရက်တည်း ကိုဗစ် ပိုးတွေ့ရှိသူ  ၅ ဦးရှိ](https://burmese.kachinnews.com/2021/07/06/jul-6-z1/): မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် တစ်ရက်တည်း ပိုးတွေ့လူနာ (၅) ဦး ထိရှိလာကြောင်း ပမ္မတီး ရပ်ကွက် တာဝန်ရှိသူများမှ သိရသည်။ - [Covid-19 ကူးစက်ရောဂါ ပြင်းထန်လာသဖြင့် KIO နယ်မြေ အဝင်ဂိတ်များ ပိတ်](https://burmese.kachinnews.com/2021/07/05/jul-5-z2/): မြန်မာနိုင်ငံအတွင်း နေရာအနှံတွင် Covid-19 တတိယလှိုင်း ပိုမိုပြင်းထန်လာသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၎င်း၏ နယ်မြေသို့ ဝင်ရောက်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၅ရက်မှ စတင်ကာ KIO ထိန်းချုပ်ရာနယ်မြေသို့ ဝင်ရောက်သည့်ဂိတ်များဖြစ်သော မိုင်ဆပ်ပါဂိတ်၊ နားရူဂိတ်၊ ရှားမူကောင်ဂိတ်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန် ဂိတ်များအားလုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့က KIO ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကော်မတီက ထုတ်ပြန်ထားသည်။ “အချိန်တစ်ခုအထိတော့ မြန်မာပြည်က လူရော၊ ကုန်တွေရော ဝင်ထွက်ခွင့် ပိတ်ထားမှာဖြစ်တဲ့အတွက် စားသောက်ကုန်တွေက တရုတ်ပြည်ကဘဲ ဝင်မယ့်ချိန်ကျတော့ ပြည်သူတွေအတွက် ခက်ခဲတော့ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အရမ်းခက်ခဲသွားလောက်အောင်တော့ ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ ဒီရောဂါနည်းနည်းသက်သာလာပြီဆိုတာနဲ့ လမ်းကြောင်း ပြန်ဖွင့်ပေးသွားမှာဖြစ်ပါတယ်” ဟု KIO ဗဟိုဌာနချုပ် Covid-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ် က ပြောသည်။ ယင်းကဲ့သို့ ခရီးသည်အဝင်အထွက်၊ ကုန်အဝင်အထွက် ပိတ်ပင်လိုက်ရခြင်းသည် KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကူးစက်ပြန့်ပွားမူ မရှိစေရန်ကြိုတင်ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခင်က KIO နယ်မြေသို့ ဝင်ရောက်မည်ဆိုပါက Quarantine ဝင်ရန်မလိုသည့်အပြင် ရောဂါစစ်ဆေးပြီး ပိုးမတွေ့ပါက ချက်ချင်း ဝင်ရောက်ခွင့်ရခဲ့သော်လည်း ကိုဗစ် တတိယလှိုင်း ပိုမိုပြင်းထန်လာသည့်အတွက် ဇွန်လ ၁၄ ရက်နေ့မှစကာ လူတိုင်း ကွာရန်တင်းရက် (၁၄) ရက် ဝင်ရောက်ရန် ထုတ်ပြန်ခဲ့သည်။ သို့သော် ယနေ့ ဇူလိုင်လ ၅ရက်နေ့မှစကာ KIO ထိန်းချုပ်ရာနယ်မြေသို့ … - [ပူတာအို ဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ](https://burmese.kachinnews.com/2021/07/05/jul-5-y2/): ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာ (Lung Sha Yang)တွင် ဇူလိုင် ၅ ရက်နေ့ အာဏာသိမ်းစစ်တပ်က အထက်အမိန့်ဟုဆိုကာ ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး တူမီးသေနတ်နှင့် ငွေသားအချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိပါသည်။ - [ဘုန်းကြီးကျောင်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ဘုန်းကြီးနှင့် ဦးဇင်းများ ကြိုးတုတ်ခြိမ်းခြောက်ခံရ](https://burmese.kachinnews.com/2021/07/05/jul-5-y1/): မိုးညှင်းခရိုင် ဟိုပင်မြို့အနီး သဲဂုဏ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်နေသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်မှ ဇူလိုင် ၄ ရက်ညက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးနှင့် ဦးဇင်းများကို ကြိုးတုတ်ထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ - [ဗန်းမော် စစ်ရှောင်စခန်းအချို့တွင် Covid-19 ရောဂါ စတင် ကူးစက်နေ](https://burmese.kachinnews.com/2021/07/05/jul-5-z1/): ဗန်းမော်မြို့ Covid-19 ပိုးတွေ့လူနာ ၅၀ ဦးစာရင်းတွင် စစ်ရှောင်စခန်းမှ လူနာ ၃ဦး ပါဝင်လာကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ - [ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်](https://burmese.kachinnews.com/2021/07/03/jul-3-z1/): ဇူလိုင်လ ၂ရက်နေ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဒုတိယအကြိမ်ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာသည့်အတွက် အမူစစ်ဆေးခြင်း မပြုလုပ်နိုင်‌ခဲ့ကြောင်း သိရသည်။ - [စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက်](https://burmese.kachinnews.com/2021/07/03/jul-3-y1/): စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် ၂၄ နာရီအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းပြီး စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်မှုများခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၃ ရက် ယနေ့ နံနက် ၄နာရီဝန်းကျင်က ကသာမြို့နယ် မိုးတားကျေးရွာအထက်ကို ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မိုးတာကြီးအထက်မှာ ဟုတ်တယ်။ ဒီမနက် ၄ နာရီကနေ ၆ နာရီလောက်အထိ ပစ်ခတ်ကြတယ်။ အခုမှပြန်ငြိမ်သွားတယ်။ ကျနော်တို့ ဆက်သွယ်မေးမြန်းကြည့်ရသလောက်က အာဏာသိမ်းစစ်တပ်ဘက်ကနေ ထိုးစစ်စစ်ရေးလှုပ်ရှားလာတာကို KIA နဲ့ PDF က နယ်မြေအခြေအနေအရ ဖြတ်ခွင့်မရအောင် ပြန်လည်တိုက်ခိုက်တဲ့ သဘောမှာရှိတယ်။ လက်ရှိအခြေနေက စစ်တပ်ကို ထွက်လို့မရအောင် KIA နဲ့ PDF ကဝိုင်းတယ်တဲ့။ စစ်တပ်က အထဲမှာ ဒဏ်ရာရတဲ့သူတွေတောင်ပါတယ်လို့ကြားနေရတယ်။ ထိခိုက်မှုတွေက သေချာမသိရသေးဘူး” ဟု ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သော မိုးတားကျေးရွာသို့  စစ်အင်အားဖြည့်ရန် ရွှေကူမှ အာဏာသိမ်း စစ်တပ် အင်အား ၃၀ ကျော်ပါသည့် စစ်ကား ၂စီး ထွက်သွားကြောင်း ရွှေကူဒေသခံများ ပြောသည်။ ထိုနည်းတူ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲပိုင်း ၃နာရီဝန်းကျင်ခန့် စစ်ကိုင်း ကောလင်းမြို့ အဝင် သစ်ဆိမ့်ကုန်းတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား ၂စီးကို KIA နှင့် … - [စစ်ကောင်စီ လွှတ်ပေးသည့်စာရင်းတွင် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ မပါ](https://burmese.kachinnews.com/2021/07/02/jul-2-z2/): တစ်နိုင်ငံလုံးအတိုင်းအတာ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်မှ ဇွန်လ ၃၀ ရက်နေ့ လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်များ နှင့် သတင်းထောက်များ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ - [စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရ](https://burmese.kachinnews.com/2021/07/02/jul-2-s1/): ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တုန်ဟုန်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အဖိုး နှင့် ၃ နှစ် အရွယ်မြေးလေးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ ဇူလိုင် ၂ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် ဒေါ့ဖုန်းယန် မှ ခယာဘွမ် လမ်းမပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများကို တုန်ဟုန်း ကျေးရွာအနီး မန့်ဆိုင်း လမ်းကွေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရီမုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက သေနတ် ရမ်းသမ်း ပစ်ခတ်ချိန် ယခုလို ထိခိုက်သွားခဲ့ခြင်း ဖြစ်သည်။ “မိုးလဲချောင်း နားမှာ လယ်လုပ်ပြီး နေနေတဲ့ မြေး အဘိုး နှစ်ယောက် ထိသွားတယ်။ ဗုံးပေါက်တာကတော့ ၉ နာရီခွဲလောက်မှာ ၂ ကြိမ်ဟုတ်တယ်” ဟု နီးစပ်ရာ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။ အသက် ၆၀ ကျော်အရွယ်အဖိုး၏ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး၊ ၃ နှစ်အရွယ် မြေးလေး၏ လက်တွင် ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။ ယနေ့ နံနက် မိုးမလင်းမှီကစပြီး စစ်ကောင်စီတပ်သားများသည် ဒေါ့ဖုန်းယန်မှ ခယာဘွမ်အထိ လမ်းမပေါ် နှင့် ကျေးရွာများတွင် စစ်အင်အားအများအပြား ပြန်လည်ချထားသည်ကို တွေ့ရကြောင်း ဒေသခံများ ပြောသည်။ ပြီးခဲ့သည့် ဇွန်လဆန်းတွင်လည်း လိုင်ဇာမြို့အနီး ခယာဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းကို ရိက္ခာပို့ရန် လမ်းကြောင်းတစ်လျှောက် စစ်အင်အား … - [ဗန်းမော်ခရိုင်တွင် ၅ ရက်အတွင်း Covid-19 ပိုးတွေ့လူနာ ၄၀ ကျော်အထိ ရှိလာ](https://burmese.kachinnews.com/2021/07/02/jul-2-z1/): ဗန်းမော်ခရိုင်တွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ ၅ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးကျော်ပြီဖြစ်ကြောင်း ဗန်းမော်မြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၂၈ရက်နေ့ ဗန်းမော် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမအပါအဝင် မိသားစုဝင် ၃ဦးတွင် ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။ ထို့နောက် ဇွန်လ ၂၉ရက်နေ့ ဗန်းမော်မန်း ကားဂိတ်မှ ယာဉ်မောင်း ၊  ယာဉ်မောင်းနောက်လိုက်နဲ့ခရီးသည် အပါအဝင်စုစုပေါင်း ၃ဦးတွင် ထပ်မံ ပိုးတွေ့ရှိခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့တွင် အဆိုပါ ပိုးတွေ့လူနာများနဲ့ဆက်စပ်သူများအား ထပ်မံစစ်ဆေးရာ ၁၁ ဦးတွင် ထပ်မံ တွေ့ရှိကြောင်း ဗန်းမော်မြို့ ကိုဗစ်‌-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ ထို့ပြင် ဇူလိုင်လ ၁ရက်နေ့ ညနေ ၆နာရီချိန်ထိ ထပ်တိုး အတည်ပြုလူနာများသည် ဗန်းမော် သာစည် ရှမ်းဝိုင် ၂ဦး၊ မံစီ -၁ဦး၊ မင်းလှရပ်ကွက်မှ ၁ ဦး ၊ ၃ မိုင်ကွက်သစ်-၁ဦး၊ ဘူဒိုဇာကုန်း (ရွှေမန်းသားရေဆေးဆီလိုက်)-၂ဦး၊ တပ်ကလေး- ၁ ဦး စုစုပေါင်း ၈ဦး ထပ်မံတွေ့ရှိသည့်အပြင် နောက်ထပ် နေရပ်အတိအကျ မသိနိုင်သေးသည့် သူ ၈ ဦး တွေ့ရှိသည့်အတွက် စုစုပေါင်း ၁၃ဦးရှိကာ ၅ရက်အတွင်း မြို့နယ်အဆင့်တွင် စုစုပေါင်း အတည်ပြုလူနာ ၃၀ ကျော်လာပြီ ဖြစ်သည်။ အဆိုပါ ပိုးတွေ့လူနာများကို လက်ရှိ ဗန်းမော်ဆေးရုံတွင် သီးသန့်ထားရှိကာ ဆေးကုသပေးနေကြောင်း … - [တာမခန် သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2021/07/01/jul-1-y3/): ဖားကန့် စစ်အာဏာရှင်ဆန့်ကျင်ရေး တာမခန် သပိတ်စစ်ကြောင်းတွင်ပါဝင်မှုကြောင့် ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရသောအမျိုးသား ၄ ဦးကို ယနေ့တွင် အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။ - [စစ်ကောင်စီ လက်အောက် ရဲတပ်သား ၃ဦးကို KIA ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/07/01/jul-2-y2/): ဖားကန့်လမ်း ကပ်မှော်ကျေးရွာနှင့် ၂မိုင်ခန့်ဝေးသည့် တံတားညီနောင်အနီး မကော့လယန် (Makaw La Yang) တွင် အာဏာသိမ်းစစ်တပ် လက်အောက် ရဲတပ်သား ၃ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။ ဇွန်လ ၃၀ရက်နေ့ ညနေပိုင်း ၄နာရီဝန်ကျင်ခန့်က ဖားကန့်ဘက်သို့ တက်လာသော ကားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ က ကြားဖြတ် စစ်ဆေးခဲ့ရာ အရပ်ဝတ်ဖြင့် ရဲ ၃ဦးကို စစ်ဆေးမိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “KIA က ပုံမှန်တော့မစစ်ဘူး။ တစ်ခါတစ်လေမှ ထွက်ပြီးစစ်လေ့ရှိတာ ဟုတ်တယ်။ မနေ့ကတော့ စစ်ဆေးကြည့်တော့ ရဲ ၃ယောက်ပါတဲ့ကားကို စစ်မိလိုက်တာ။ ရဲတွေကအရပ်ဝတ်တွေနဲ့ ဖြစ်တယ်လို့ကြားတယ်။ KIA က ရဲမှန်းသိသွားတော့ ဖမ်းခေါ်သွားတယ်တဲ့”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသည့် ရဲ ၃ဦးတွင် သေနတ် ၃လက်အပါ လက်လုပ်မိုင်းတစ်ချို့ကို ကားပေါ်တွင် တွေ့ရှိခဲ့သည့်အတွက် KIA က သိမ်းယူသွားကြောင်းသိရသည်။ KIA က ဖမ်းဆီးခေါ်ဆောင်သွားသော အဆိုပါ ရဲ ၃ဦးမှာ ဖားကန့် လုံးခင်းရဲစခန်းမှ ဖြစ်ကြောင်း နောက်ထပ် အမည်မဖော်လိုသူ သတင်းအရင်းအမြစ် ထံမှ သိရသည်။ “ဖမ်းခံရတဲ့ ရဲက ၃ယောက်တဲ့။ အားလုံးက ဒီ ဖားကန့် လုံခင်းရဲစခန်းက ဟုတ်တယ်လို့ကြားတယ်။ ဘယ်သူဖြစ်တယ်ဆိုတာက ကျနော်တို့ အသေးစိတ်စုံစမ်းလို့မရပါဘူး။ ကျနော်တို့ အချင်းချင်း … - [အိမ်သစ်တက်ပွဲ ပြင်ဆင်နေသည့် အိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း](https://burmese.kachinnews.com/2021/07/01/jul-1-z1/): ဝိုင်းမော်မြို့ မိုင်းနားကျေးရွာတွင် အိမ်သစ်တက်ရန်ပြင်ဆင်နေသည့် အိမ်သို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ သေနတ်ပစ်ဖောက် ဝန်းရံထားပြီး နေအိမ်ရှိ ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါ အိမ်ကို ယနေ့ နံနက် ၁၀ နာရီတွင် အိမ်သစ်တက်ဆုတောင်းပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေချိန် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။ “တစ်ချို့ပြောတာတော့ ၃၀ ကျော်ပါသွားတယ် ပြောတယ်။ စစ်သားတွေက အဲအိမ်ကို မနေ့ည ၁၁ နာရီလောက်ကတည်းက မီးတွေပိတ်ခိုင်းပြီး ဝိုင်းထားကြတာ။ မနက် လေးနာရီလောက်မှာ သေနတ်ဖောက်ပြီး ဝင်ဖမ်းတာ။ ဖမ်းသွားတဲ့နောက်လည်း အဲအိမ်အနီးတစ်ဝိုက် လမ်းတွေပိတ်ပြီး လုံခြုံရေးချထားတယ်။ အိမ်လည်း‌သော့ခတ်ထားတယ်ကြားတယ်။ ဘယ်သူမှ သွားလာတာမရှိတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ ဝင်ရောက်စီးနင်းခံရသော အိမ်သည် မိုင်းနား လဝမ်ရပ်ကွက် (၂)မှ ဖြစ်ပြီး၊ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏အိမ်ဖြင့် ခြံချင်းကပ်တွင် တည်ရှိသည်ဟု သိရသည်။ လက်ရှိချိန်ထိ ဖမ်းဆီးသွားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပါ။ ဗလမင်းထင် တံတားအနီး မိုင်းနား စုပေါင်းစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က ယခုလို နီးစပ်ရာ နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ - [KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/06/30/june-30-y1/): မြစ်ကြီးနား ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေ ကဆုန်ကျေးရွာအနီးသို့ ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကဆုန့်ကျေးရွာအနီး ရဟတ်ယာဉ်တစ်စီးဖြင့် တစ်ကြိမ် လာရောက်ဗုံးကျဲခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။ “တစ်ခါဘဲ လာဗုံးလာကျဲသွားတာ ဟုတ်တယ်။ KIA ဘက်ကလည်း အထိအခိုက်မရှိဘူးလို့ကြားတယ်” ဟု ပြောဆိုသည်။ ယနေ့ နံနက် မိုးမလင်းမှီ မရန့် ကျေးရွာ အထက်ရှိ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် တန်ပြန် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။ KIA တပ်ရင်း ၁၁ မှ ယနေ့ နံနက် ၂၁ မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး သေဆုံးသွားပြီး၊ ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း မြစ်ကြီးနား ဝိုင်းမော် မြစ်ကူးတံတားအနီး စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် လိုင်ဇာအပါအဝင် နေရာအများအပြားကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ - [ဗန်းမော်တွင် Covid-19 ကူးစက်သူ ၃ ဦးထပ်တိုး](https://burmese.kachinnews.com/2021/06/29/june-29-z2/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် (၃)ဦး ထပ်မံ တွေ့ရှိကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။ - [KIO စစ်ဆေးရေးဂိတ်တွင် Covid-19 အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့](https://burmese.kachinnews.com/2021/06/29/june-29-z1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန်လ ၂၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ - [တောဆင်တစ်ကောင် မှုန်ယို‌နေကာ လူနေအိမ်အချို့ ဖျက်ဆီးနေသဖြင့် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/06/28/june-28-y3/): ဆွမ်ပရာဘွမ်မြို့နယ် ဂင်ဒူယာန် (Gin Du Yang) ကျေးရွာတွင် တောဆင်တစ်ကောင် မှုန်ယိုကာ လူနေအိမ် ၄ အိမ်ထက်မနည်း ဖျက်ဆီးခဲ့သောကြောင့်ဒေသခံပြည်သူများတစ်ချို့ ပူတာအိုမြို့နယ် ဆွမ်ပီယန် (Sum Pyi Yang Mare) ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ယနေ့ နံနက် ၅ နာရီလောက် အချိန်မှစပြီး ကျေးရွာအတွင်း တော်ဆင်ရှိုင်းများ ဝင်ရောက်လာပြီး ရွာအောက်ပိုင်းရှိ လူနေအိမ်များကို တွန်းလှန်ဖျက်စီးမှုများပြုလုပ်ခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီမနက် ၅ နာရီလောက်ကနေဟုတ်တယ်။ အခုချိန်ထိ ဆင်မှုန်ယိုနေတုန်း။ အဲ့ဆင်အရမ်းကြီးတယ်။ အနားတောင်သွားလို့မရဘူး။ ရွာသားတွေအားလုံးက ကြောက်ပြီး ထွက်ပြေးနေရတယ်”ဟုပြောဆိုသည်။ ပူတာအိုမြို့နယ် အင်ဆိုင်းယန် ကျေးရွာဘက်သို့ အင်ဒူယာန် ဒေသခံ ၅၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ အဆိုပါ တောဆင်မှာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ယခင်ကတည်းက ရှိနေပြီး ကျေးရွာအတွင်း ဝင်ရောက်မှုန်ယိုမှုကြောင့် ရွာသား ၃ဦးထက်မနည်း အသက်ဆုံးရှုံးမှုများရှိခဲ့ဖူးကြောင်း သိရသည်။ ဆွမ်ပီယာန်ကျေးရွာမှာ ဂင်ဒူယာန်ကျေးရွာမှ ၇ မိုင်ခန့်ဝေးသည့် နေရာဖြစ်သည်။ - [ပူတာအိုတွင် လာဖမ်းသည့် လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/06/28/june-28-y2/): ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအစီစဉ် ပါဝင်ခဲ့သော နောင်မွန် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး တရားစွဲခံရ](https://burmese.kachinnews.com/2021/06/28/june-28-y1/): မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ခဲ့သော နောင်မွန်မြို့နယ်မှ ကချင် ခရစ်ယာန် ဓမ္မဆရာတော် ၃ ဦး ကို ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့စစ်တို့က တရားစွဲဆိုထားကြောင်း သိရသည်။ - [ဖားကန့်တွင် ကိုဗစ်-၁၉ လက္ခဏာ ခံစားရသူ အများအပြားရှိလာနေ](https://burmese.kachinnews.com/2021/06/28/june-28-z1/): ဖားကန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားနေရသူ အယောက် ၂၀ ကျော်က အကူညီပေးရန် ဆက်သွယ်လာကြောင်း ဖားကန့်မြို့ ကွန်း လူမူကူညီရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။ - [စုပေါင်းဂိတ်ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနား စစ်ရှောင်စခန်း ၂ ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စစ်ဆေး](https://burmese.kachinnews.com/2021/06/25/june-25-ld1/): မြစ်ကြီးနားမြို့  စစ်ရှောင်စခန်း ၂ ခုတွင် အာဏာသိမ်းစစ်တပ်က ကျန်းမာရေးအကြောင်းပြပြီး စစ်အင်အားအမြောက်အများဖြင့် လာရောက်ဝိုင်းရံ ပိတ်စို့ကာ လူဦးရေနှင့် အမည်စာရင်း စစ်ဆေးသွားကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဗက်လင်စစ်ရှောင်စခန်းနှင့် ဇီးလွန်စစ်ရှောင်စခန်းနှစ်ခုကို ဇွန်လ ၂၄ ရက်ညနေ ၅ နာရီခွဲခန့်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စခန်းရှိပြည်သူများထံမှ သိရသည်။ “သူတို့အင်အားနှင့် ရောက်လာပြီး သော့ခတ်ပိတ်ထားတဲ့ ကျမတို့ စစ်ရှောင်းစခန်းတံခါးကြီးကို ဖွင့်ခိုင်းပြီးတော့ စစ်ရှောင်စခန်း ဘေးပတ်ပတ်လည်လည် အကုန်ဝိုင်းလိုက်တာ။ ဘာအလိုရှိတယ် ဘာအကြောင်းလဲမေးတော့ ဘာမှမဟုတ်ဘူး။ ဒီအတိုင်း ကျန်းမာရေးတွေ ဘာတွေ လိုက်ကြည့်တာပြောပြီး တစ်ချို့က စခန်းပတ်ပတ်လည် လိုက်ကြည့်ပြီးတော့ စခန်းတာဝန်ခံဆီက လူဦးရေ ဘယ်လောက်ရှိတယ်။ အမည်စားရင်းထဲ မပါတာဘယ်လောက်ရှိတယ် ဆိုတာတွေ မေးမြန်း တောင်းယူပြီးတော့ စစ်ဆေးပြီး အကြာကြီးပဲ” ဟု အမည်မဖော်လိုသူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ စစ်တပ်သည် ညနေပိုင်း ၅ နာရီခွဲအချိန်ခန့် ဗက်လင်စစ်ရှောင်စခန်းသို့ ပထမဆုံးရောက်လာပြီးစစ်ဆေးခဲ့ပြီးနောက် စစ်သားတစ်ချို့မှာ လူခွဲပြီး ဇီးလွန်စစ်ရှောင်စခန်းသို့ ထပ်မံသွားရောက်စစ်ဆေးခဲ့သည်။ ၄ နာရီခန့်ကြာ စစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီခွဲမှ ပြန်သွားကြောင်း သိရသည်။ ယခုလို စစ်ရှောင်စခန်းအတွင်းသို့ လက်နက်အပြည့်အစုံဖြင့် စစ်သားများက ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သောကြောင့် စစ်ရှောင်များအားလုံး ထိတ်လန့်ခဲ့ရကြောင်း အခြားစစ်ရှောင်တစ်ဦးက ထပ်မံ ပြောဆိုသည်။ “ကျမတို့အရမ်းကြောက်ပြီး အခန်းထဲပဲ ဝင်ပြီး နေခဲ့ရတယ်။ ကျမတို့မှာ လုံး၀ လုံခြုံမှုမရှိတော့ပါလား။ ကျမတို့ကို သူတို့ကြိုက်သလို လုပ်လို့ရတယ်ဆိုပြီး ဘယ်လိုများလုပ်မလားပဲ တွေးပူရင်း … - [ဗလမင်း ထင်တံတား စုပေါင်းဂိတ် ပစ်ခတ်မှုတွင် ရဲတပ်သား ၂ဦး ထိခိုက်ဒဏ်ရာ ရရှိ](https://burmese.kachinnews.com/2021/06/24/june-24/): မြစ်ကြီးနား- ဝိုင်းမော်မြို့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၃ ရက်ည ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ - [မြစ်ကြီးနားမြို့၊ကိုဗစ်အတည်ပြုလူနာ (၃)ဦး ထပ်တိုး](https://burmese.kachinnews.com/2021/06/23/june-23-z1/): ဇွန်လ ၂၃ရက်နေ့၊စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့မှ ကိုဗစ်အတည်ပြု လူနာ (၃)ဦး ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ - [ဗလမင်းထင် တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2021/06/23/june-23/): ယနေ့ည မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းတံတား စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြေသည်။ - [စာရင်းစစ်ဦးစီးမှူး၏ အစ်ကိုယ်ဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/06/22/june-22-y2/): မိုးမောက်မြို့ စစ်ကောင်စီလက်အောက်ရှိ မြို့နယ်စာရင်းစစ်ဦးစီးမှူး၏ အစ်ကိုယ်ဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ - [အရပ်သားကားဖြင့် တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/06/22/june-22-y1/): ဖားကန့်မြို့နယ် ဆယ်ဇင်းမှ တာမခန်သို့ အရပ်သားကား ၄ စီးဖြင့် တက်လာသော စစ်ကောင်စီ၏ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ကားတစ်စီး မီးရှို့ဖျက်စီး ခံလိုက်ရကြောင်း သတင်းရရှိသည်။ - [ဟိုပင် မီးရထားဝန်ထမ်းများ ကို စစ်ကောင်စီတပ်များက ခြိမ်းခြောက်ကာ အလုပ်စေခိုင်း](https://burmese.kachinnews.com/2021/06/21/june-21-y2/): ဟိုပင်မြို့  CDM ပြုလုပ်နေသော မီးရထားဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပျက်စီးနေသော ရထားလမ်းများ ပြန်လည်ပြုပြင်ခိုင်းစေနေကြောင်း သိရသည်။ - [ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် တပ်စွဲထားမှု ဒေသခံများ မလိုလား](https://burmese.kachinnews.com/2021/06/21/june-21-y1/): ဒေါ့ဖုန်းယန်မြို့တွင်း ဘာသာရေးအဆောက်အဦးနှင့် ဆေးရုံ ၊ အစိုးရရုံးတို့တွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားခြင်းကို အလိုမရှိကြောင်း ဒေသခံများ ပြောသည်။ - [လာရှိုးမြို့အနီး စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2021/09/21/sep-21-bs2/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းရွာ နှင့် ပုံမွန်ရွာကြားတွင် စက်တင်ဘာ ၂၀ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [သတင်းအမှောင်ကျနေဆဲ ဖားကန့်မြို့နယ်](https://burmese.kachinnews.com/2021/09/21/sep-21-s1/): ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ထားတာ တစ်လကျော်လာပြီဖြစ်သောကြောင့် ပညာရေး၊ စီးပွားရေး နှင့် လွတ်လပ်စွာပြောဆိုခွင့် ဆုံးရှုံးနေရဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ - [စစ်ကောင်စီတပ်က လူနေအိမ် ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိ ပစ္စည်းများ ယူသွား](https://burmese.kachinnews.com/2021/09/21/sep-21-bs1/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းစထီးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ ပစ္စည်း နဲ့ ဆန်အိတ်များကို ယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ ဖိုင်ကောင်း၊ ကောင်းစထီးရွာက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အိမ်အကြိမ်တံခါးတွေ ထရံတွေ ဖျက်ဆီးလိုက်ပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ နဲ့ ဆန်တွေ ယူသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးကြောင်း “အချိန် အတိအကျ နဲ့ တန်ဖိုး ကိုတော့ မသိသေးဘူး။ အိမ်ရှင်တွေလည်း အိမ်ပြန်လို့ မရသေးဘူး” လို့ သူက ပြောပါတယ်။ ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုး တို့မှာ ၂ ပတ်ခန့် တိုက်ပွဲ ခေတ္တငြိမ်သွားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် အင်အားအလုံးအရင်းစစ်ကြောင်းထိုး ချီတက်လာတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း ကောင်းစထီးရွာအပါအဝင် နယ်စပ်တစ်လျှောက် မြို့နယ်ခွဲ ၂ ခုက ကျေးရွာ ၉ ရွာ ဒေသခံ ၁၄၀၀ ကျော်ဟာ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ Bum Shep - [လိုင်ဇာမြို့အနီး စစ်ကောင်စီတပ် အင်အား ထပ်ဖြည့်နေ](https://burmese.kachinnews.com/2021/09/20/sep-21-y1/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်ခန့်သည် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဘက်သို့ ဦးတည်ကာ ယနေ့ နံနက် အစောပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ - [အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့ တွင် ရောက်ရှိနေ](https://burmese.kachinnews.com/2021/09/18/sep-18-z1/): အာဏာသိမ်း စစ်‌‌ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီဟု တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ - [အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်](https://burmese.kachinnews.com/2021/09/18/sep-18-bs1/): မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်း (ကြူကုတ်) မြို့ ၊ မုံးကိုးမြို့ နှင့် လွယ်ဂျုံတောင် စသည့်နေရာ ၃ ခုတွင် ယနေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/09/17/sep-17-y1/): မြစ်ကြီးနားမြို့ နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။ - [စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ](https://burmese.kachinnews.com/2021/09/17/sep-17-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ သို့ ဦးတည်ကာ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ကျော် ပါဝင်သောယာဉ်တန်းသည် စက်တင်ဘာ ၁၆ ရက်ည ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ရောက်ရှိလာပြီဟု ဒေသခံများပြောသည်။ “ဘော်လုံးကွင်းမှာ စစ်ကားတွေ နားနေကြတယ်။ တင့်ကားတော့ စစ်တပ်ထဲမှာ။ စစ်ကား အစီး ၃၀ ကျော်။ ခု နောက်ထပ် Vego နဲ့ ၆ စီး။ Vego ထဲကစစ်သားတွေက အရက် အရမ်းမူးနေကြတယ်။” ဟု ပန်ဆိုင်း(ကြူကုတ်) ဒေသခံ တစ်ဦးပြောသည်။ ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကားများကို ပန်ဆိုင်းမြို့တွင်ချန်ထားခဲ့ပြီး တင့်ကား ၂ စီးဖြင့်သာ စစ်သားများ ခြေကျင်ဖြင့် မုံးကိုးအထိ သွားရန် ပြင်ဆင်နေကြောင်း ပြောဆိုနေကြသည်။ အဆိုပါ တင့်ကား ၂ စီးထားရန် မြေနေရာကို ဘူဒူဇာဖြင့် ပြင်ဆင်ထားကြောင်း ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောသည်။ “နေရာ ပြင်ထားပြီးသား။ ဖောင်းဆိုင်ဆုတောင်းတောင်ကို နှစ်ခါ လာတိုက်ပြီ။ မရလို့ ခု ဒါစောင့်နေတာထင်တယ်။” ဟု ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်သာပါပြီး တာမိုးညဲပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ကျင်းစန်းကျော့ ပြည်သူ့စစ်များပါဝင်ကြောင်း မူဆယ် ဒေသခံတစ်ဦးက ပြောသည်။ “မနေ့ ည ၁၀၅ မိုင်မှာ လာနားတဲ့သူတွေ မူဆယ် ဗိုလ်တည်းကုန်းနဲ့ စုပေါင်းရုံး အဲဘက်လာနားပြီး ဒီညနေ သုံးနာရီခွဲဝန်းကျင်ချိန်ခန့်က ၁၀၅ မိုင်ဘက် … - [ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/09/16/sep-16-y1/): တနိုင်းဘက်မှ တရုန်သို့ ဦးတည်ကာ ကုန်တင်ကားအသွင်ယူပြီး စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2021/09/16/sep-16-s1/): မြစ်ကြီးနားမြို့  ၂၁ မိုင်ဂိတ်အနီးတွင် စက်တင်ဘာ ၁၅ ရက် ၈ နာရီခန့်က ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ - [မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ](https://burmese.kachinnews.com/2021/09/15/sep-15-bs2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တွင် ရောက်ရှိလာသော စစ်ဘေးဒုက္ခသည် ၂၆ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စခန်းတာဝန်ရှိတစ်ဦးထံမှ သိရသည်။ - [တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်](https://burmese.kachinnews.com/2021/09/15/sep-15-y1/): တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်နှင့် တခက်ကျေးရွာကြား ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။ “တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန်ထိဖြစ်နေတုန်း။ လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး”ဟု ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်​ဗွေယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်း သိရသည်။ စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တနိုင်း ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေလျက်ရှိနေသည်ဟု သိရသည်။ - [စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး](https://burmese.kachinnews.com/2021/09/15/sep-15-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် နားတီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များက ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီးနေသည့်အပြင် ဒေသခံတောင်သူများကိုလည်း ပစ်ခတ်ခြိမ်းခြောက်နေကြောင်း သိရသည်။ - [တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း](https://burmese.kachinnews.com/2021/09/14/sep-14-y1/): တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခြင်းမပြုရန် စစ်ကောင်စီက ဒေသခံများမှတဆင့် KIA နှင့် PDF ထံသို့ ခြိမ်းခြောက်ကာ အကြောင်းကြားစာပို့ခိုင်းထားသည်ဟု သိရသည်။ - [နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ](https://burmese.kachinnews.com/2021/09/14/sep-14-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့ မှ COVID-19 ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်နေသော ပရဟိတ ၇ ဦး ပိုးကူးစက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်](https://burmese.kachinnews.com/2021/09/13/sep-13-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဟီးရိုး မြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ် နယ်ခြားစည်းကို တရုတ်ဘက်က နယ်ကျွံကာ ယူထားတာကြောင့် ဒေသခံများဟာ စက်တင်ဘာ ၁၂ ရက်နေ့က ကာထားတဲ့ စည်းရိုးတွေကို သွားရောက်ဖျက်စီးလိုက်ကြကြောင်း  သိရပါတယ်။ - [စစ်ကောင်စီ ရိက္ခာသယ် ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာ မှ ဖြစ်နေ](https://burmese.kachinnews.com/2021/09/11/sep-11-bs2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြား လုံခန်ရွာနား အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ အရပ်သားကားတစ်စီး စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်က ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသော ကားသမားမှာ နမ့်ဖတ်ကာကျေးရွာမှ ဖြစ်သည်ဟု သိရသည်။ - [မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ](https://burmese.kachinnews.com/2021/09/11/sep-11-z2/): ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့ကတည်းက မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသော သင်္ဘော ယနေ့ ညနေပိုင်းက ရွှေကူမြို့အဝင် ရွှေဘုံသာကျေးရွာတွင် ပစ်ခံရ‌ကြောင်း ဒေသခံများထံမှ သိရသည်။ - [တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရက်ပြည့်သော်လည်း မလွတ်မြောက်သေး](https://burmese.kachinnews.com/2021/09/11/sep-11-bs1/): တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာအကျဉ်းသားများ ချုပ်ရက်ပြည့်သော်လည်း ကိုဗစ်ကာလ ထောင်လွဲပြောင်းနိုင်ခြင်းမရှိသဖြင့် ရပ်တိုးထောင်ချခံနေရကြောင်း သိရသည်။ - [ပူတာအိုဒေသတွင် စပါးဖျက်နှံကောင်များကို နှိမ်နင်းမည့် နည်းလမ်း အကူညီလိုအပ်နေ](https://burmese.kachinnews.com/2021/09/11/sep-11-ld1/): ကချင်ပြည်နယ် ပူတာအို ဒေသတွင် စပါးဖျက် နှံကောင်ကျရောက်ပြီး ဒေသခံ ပြည်သူများ၏ တောင်ယာစပါးဧကအများစု ဖျက်ဆီးခံရသောကြောင့် ကာကွယ်နှိမ်နင်းရန် နည်းလမ်းအကူညီလိုအပ်နေသည်ဟု သိရသည်။ - [ဖမ်းဆီးခံထားရသည့် KNC ပါတီဥက္ကဋ္ဌအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်ပို့](https://burmese.kachinnews.com/2021/09/11/sep-11-z1/): ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “ဖမ်းဆီးခံရတာ (၂) ပတ်ရှိပြီဆိုတော့ ဒီနေ့(သောကြာ) ရုံးထုတ်စစ်ဆေးမယ်လို့ကြားတယ်။ ဒါပေမယ့် ရုံးထုတ်စစ်ဆေးတာတွေ မရှိဘဲနဲ့ တစ်ခါတည်း နေပြည်တော် အကျဉ်းထောင်ကို ပို့လိုက်ပြီလို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ကချင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လသည် ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ခြင်း ခံနေရခြင်း ဖြစ်သည်။ ထိုသို့ ၂ ပတ်ကြာ ရဲစခန်းတွင် ချုပ်နှောင်ထားပြီးနောက် ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ “ကျနော်တို့သိရတာတော့ ထောင်မှာ ရမန် (၂) ပတ်ယူပြီးမှဘဲ ရုံးထုတ်မယ်လို့သိရတယ်တစ်ခြားဘာမှ မသိရသေးဘူး”ဟု နီးစပ်သူက ပြောသည်။ KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသောပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ်ပြန်နေသောအဖွဲ့ဖြစ်သည်။ - [တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ](https://burmese.kachinnews.com/2021/09/11/sep-11-y1/): တနိုင်း– ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာတွင်ရောက်ရှိလာသော အာဏာသိမ်းစစ်တပ် အင်အား ၃၀ ဝန်းကျင်ခန့် သည် ယနေ့နံနက် ၈နာရီမှစတင်ပြီး တခက်ကျေးရွာဘက်သို့ ပြန်လည်ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။ - [တနိုင်း တရုန်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်ခတ်](https://burmese.kachinnews.com/2021/09/10/sep-10-y2/): တနိုင်း – ရှင်ဗွေယန် လမ်းမပေါ် တရုန်ကျေးရွာတွင် ယနေ့ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူတစ်ဦးလည်း စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်ခံရခြင်းခံရကာ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် တရုန်ကျေးရွာ တံငါကုန်းရပ်ကွက်မှ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ဂျာရိန် ၏ ဦးခေါင်ပေါ်တွင် ကျည်ထိမှန်သွားကြောင်း သူက ဆက်ဆိုသည်။ “သူတို့က တိုက်ပွဲဖြစ်လာလို့ ထွက်ပြေးတယ်။ သူတို့ရဲ့ကိုယ်ပိုင်ကားနဲ့ မိသားစုလိုက်ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကို စစ်သားတွေက ရပ်ခိုင်းတာမရပ်လို့ သေနတ်နဲ့ပစ်လိုက်တာတဲ့။ ကားကို ထိပြီး ကားထဲက အမျိုးသမီးရဲ့ ဦးခေါင်း မှန်သွားတယ်တဲ့။ သေတော့မသေဘူး။ သွေးတအားထွက်တယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ ယနေ့ မွန်းလွှဲ ၂ နာရီခန့်ဝန်းကျင်မှ လက်ရှိအချိန်ထိ နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဆက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တိုက်ပွဲက ရွာအတွင်းမှာ တင်ဖြစ်နေတယ်။ စစ်တပ်ဘက်က တရုန်ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်နေတယ်။ ရွာအတွင်းမှာ လက်နက်သံတွေဘဲ။ ၁၀ မိနစ်လောက်ခြားတစ်ပြီး တစ်ခါပစ် ပစ်နေကြတယ်။ ရွာထဲမှာ လူတွေလည်းမရှိတော့ အားလုံးထွက်ပြေးကုန်ကြပြီ။” ဟု ပြောဆိုသည်။ ယနေ့ညနေ ၆နာရီခွဲဝန်းကျင်ခန့်အချိန်တွင် ဒိုင်ဖာကျေးရွာမှ စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် တရုန်ကျေးရွာသို့ ရောက်လာခဲ့ပြီး တပ်စွဲနေရာယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ တရုန်ကျေးရွာဒေသခံပြည်သူများ ၂၀၀ ဝန်းကျင်ခန့်မှာ တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေးနေပြီဟု သိရသည်။ ယနေ့ညနေပိုင်း တရုန်းကျေးရွာအတွင်း … - [စစ်ကောင်စီ ရိက္ခာသယ် ကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2021/09/10/sep-10-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဘက်ရှိ စစ်ကောင်စီအတွက် ရိက္ခာသယ်ဆောင်လာကားတစ်စီးသည် နမ့်တောင်းနဲ့ ပန်ဆိုင်း (ကြူကုတ်) ကြား လုံခန်ရွာအကွေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။ ရိက္ခာမှာ စစ်ကောင်စီ၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ကားမှာ အရပ်သားကားဖြစ်ပြီး စစ်ကောင်စီက ချောဆွဲကာ ပို့ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ “ဆန်တင်တဲ့ တရုတ် တုံဖုန်းကား အသေးပါ။ ကားမောင်းတဲ့သူလဲ အဲကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။” ဟု အဆိုပါ လမ်းကနေ ဖြတ်လာသူ မျက်မြင်တစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီရိက္ခာသယ်ကား ပစ်ခတ်တွင် ကိုးကန့် တပ်များကို တွေ့ရပြီး အနီးတစ်ဝိုက်တွင် TNLA တပ်များသွားလာသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုခဲ့သည်။ “လက်နက်ကြီးက နှစ်ခါ အသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက် ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူတွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်ပေါင်းစု ပေါ့။” ဟု ပြောသည်။ ရှမ်းမြောက် တရုတ်နယ်စပ် မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီ နှင့် MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင် နဲ့ ပန်ဆိုင်း (ကြူကုတ်) … - [ပူတာအို စစ်ကောင်စီ ဝန်ထမ်များက အခွန်မျိုးစုံ ခြိမ်းခြောက် ကောက်ခံနေ](https://burmese.kachinnews.com/2021/09/10/sep-10-y1/): ပူတာအိုမြို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများကို အခွန်ထည့်ဆောင်ကြရန်နှင့် ပျက်ကွက်ပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကောက်ခံနေသည်ဟု သိရသည်။ - [ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာသည့်နေ့ည ယာယီသမ္မတနေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စစ်ဆေး](https://burmese.kachinnews.com/2021/09/09/sep-9-bs2/): အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထုအနေဖြင့် ခုခံစစ် စတင်ရန် ကြေညာသည့်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ရှိ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ  ဒူဝါလရှီးလ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ကြေငြာတဲ့ နေ့ ချက်ချင်း လာရောက် ရှာဖွေ စစ် ဆေးတယ်။ ကြေငြာတာနဲ့ အဲဒီနေ့ပဲ ချက်ချင်း လည်း လာစစ်တယ်။ ဒု သမ္မတအဖြစ် ကြေငြာတဲ့ နေ့လည်း လာစစ်တယ်။ ချက်ချင်းလာတယ် သူတို့အိမ်။ အဲဒီနေ့မှာပဲ အိမ်မှာ လာမွှေတယ်။ အခုက အဲအိမ်မှာ သူတို့ဘယ်သူမှ မရှိဘူး။” ဟု ဒေသခံ တစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုသို့ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးပေါ်မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီက ညပိုင်းမှာ ဝင်ရောက် ရှာဖွေမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒူဝါလရှီးလသည် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌအဖြစ် မြစ်ကြီးနားတွင် ရှိနေစဉ် အာဏာသိမ်းပြီးနောက် CRPH က ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒု သမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက် ယာယီ သမ္မတအဖြစ် ပြန်လည်း ပြောင်းလဲ ခန့်အပ်ခြင်း ခံရခြင်း ဖြစ်သည်။ Bum Shep - [အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ](https://burmese.kachinnews.com/2021/09/09/sep-9-y3/): ဖားကန့်မြို့ပေါ် တွင် စစ်တပ် ရဟတ်ယာဥ် ၂စီး ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၂ ကြိမ်တိတိ လာရောက်ပျံဝဲနေကြောင်း သိရသည်။ - [ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ဖိအားပေး ထွက်ဆိုမှု ဗီဒီယို ထွက်ပေါ်](https://burmese.kachinnews.com/2021/09/09/sep-9-y2/): ပူတာအို လူငယ်များအနေဖြင့်  ‘KIA က ပေးသည့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်းနေထိုင်ရန် ပြောလိုကြောင်း’ ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ထွက်ဆိုမှု ဗီဒီယိုဖိုင်မှာ စစ်ကောင်စီ၏ ဖိအားပေး ပြောဆိုခိုင်းမှု တစ်ခုသာ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ လူငယ်တစ်ဦး က ပြောသည်။ - [စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ် စခန်း မီးရှို့ဖျက်ဆီး ခံရ](https://burmese.kachinnews.com/2021/09/09/sep-9-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်းမြို့ကြား လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့ ပြည်သူ့စစ်စခန်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်က မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ - [နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2021/09/09/sep-9-y1/): မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ရက်နေ့ ညနေပိုင်း ၅နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [တနိုင်း ရှင်ဗွေယန်လမ်းမပေါ် စစ်ကောင်စီ မိုင်းခွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/09/08/sep-8-y2/): တနိုင်း-ရှင်ဗွေယန်သွားလမ် လဂျားဘွမ့်အနီးတွင်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးသူရှိကြောင်း သိရသည်။ - [နမ့်ခမ်း ရဲစခန်း ဗုံးပေါက်၊ ရဲတစိဦး ဒဏ်ရာရ](https://burmese.kachinnews.com/2021/09/08/%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8-%e1%80%9b%e1%80%b2%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%80%97%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%b1%e1%80%ab/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ်နယ်စပ် မြို့ တစ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ရှိ ရဲစခန်းမှ ယမန်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ဟုတ်တယ်။ ရဲစခန်းမှာ။ ည ၇ နာရီ ၁၀ မိနစ်ခန့်။ သတင်းက မှန်တယ်။ မှန်တယ်။ ရဲစခန်းမှာကို ပစ်ထည့်လိုက်တာ။ ရဲတစ်ယောက်တော့ထိတယ်။ မသေဘူးပြောတယ်။ အနီးကနေ သွားမကြည့်ဘူး။” လို့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။ ရဲစခန်း အနောက်က ရဲကင်းတဲ၊ ကင်းစောင့်တဲ့ နေရာအနီး ဆိုင်ကယ်စီးလာတဲ့ လူ ၃ ဦးက လာပစ်တာဖြစ်ပြီး ဗုံး၂ လုံးပေါက်ကာ ရဲတစ်ဦးဒဏ်ရာရ ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးဆီက သိရပါတယ်။ နမ့်ခမ်းမှာ တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး ဗုံးပစ်ထည့်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့က ပစ်သွားတာကိုတော့ မသိရသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ကစ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် အခြေအနေ အဖြစ်ကြေညာပြီးနောက် နေရာ တော်တော်များများမှာ  ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ - [စစ်ကောင်စီ အင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့ နံနက်ထွက်ခွာ](https://burmese.kachinnews.com/2021/09/08/sep-8-y1/): ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ခန့်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လုံခြုံရေးနယ်မြေ တပ်ရင်း ၁၉ ဘက်သို့ ဦးတည်ကာ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ - [မြစ်ကြီးနားတွင် လူငယ် ၇ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွား](https://burmese.kachinnews.com/2021/09/08/sep-8-y3/): မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အင်အားအများအပြားဖြင့် လူငယ် ၇ဦးထက်မနည်းကို ကျောက်စိမ်းအဝိုင်းပတ်ရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ယနေ့ ညနေပိုင်း ၄နာရီခွဲ ဝန်းကျင်ခန့်တွင် အိမ်စီးကားများအပါ စစ်ကားများဖြင့် လူငယ် ၇ ဦးခန့်ကို ခြိမ်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “အားလုံးက အမျိုးသားတွေကြီးဘဲ။ အနည်းဆုံး ၇ယောက် အထက်လောက်ရှိတယ်။ ဒူးထောက်ထားခိုင်းတယ်။ နောက် လက်ကိုလည်း ခေါင်းပေါ်တင်ထားခိုင်းတယ်။ အဲ့လူငယ်တွေက ဆိုင်ကယ်နဲ့ဟုတ်တယ်။ အဝေးကနေဘဲလှမ်းမြင်နေရတယ်။ ဘာကြောင့်ဖမ်းတာက ကျနော်လည်း မသိဘူး။ ဖမ်းသွားတာကိုဘဲ မြင်လိုက်ရတယ်”ဟု ပြောဆိုသည်။ ဖမ်းဆီးသွားသည့် လူငယ်များ မည်သူမည်ဝါများဖြစ်သည်ကို သေချာမသိရကြောင်း သူကဆက်ဆိုထားသည်။ - [စစ်ကောင်စီ စစ်ကြောင်းများ တရုန်သို့သွားမည့်လမ်းကို KIA ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2021/09/07/sep-7-y1/): စစ်ကောင်စီ အင်အားရာချီပါဝင်သော စစ်ကြောင်းသည် တနိုင်းမှ တရုန်သို့ တက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းပိတ်ဆို့ထားသောကြောင့် ယနေ့ နံနက်ပိုင်းကစတင်ပြီး တနိုင်း ရှင်ဗွေယန်လမ်းကြောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။ - [မုံးကိုးတွင် စစ်ကောင်စီ ရိက္ခာသယ်လာသော ပြည်သူ့စစ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/09/07/sep-7-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ ကောင်းလုံအုပ်စုတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီအတွက် ရိက္ခာသယ်လာသော ပြည်သူ့စစ်တပ်ဖွဲ့၏ ကား ၁၀ မိနစ်ခန့်ကြာ တိုက်ခိုက်ခံရကြောင်း သိရသည်။ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က ရိက္ခာသယ်လာသော စစ်ကောင်စီအောက် ပြည်သူ့စစ်ကားကို ပစ်ခတ်ခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။ “ဟုတ်တယ်။ မုံးကိုးမှာ အသံကြားတယ်။ ဒီမနက် မုံးကိုး ကောင်းလုံ၊ တလောက တိုက်ပွဲ ဖြစ်တဲ့ နမ့်ဟာ တကြောဘက် ပြည်သူ့စစ်ကား အတိကျတော့ ကျွန်တော်တို့မသိဘူး။ ပြည်သူ့စစ်ကား ရိက္ခာတွေ တင်ပြီးတက်လာချိန် တောင်ပေါ်ကလူတွေ လာပစ်တယ်။ ကိုးကန့်နဲ့ ကချင်ဖြစ်လိမ့်မယ်။ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ကားပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။ မုံးကိုးဒေသတွင် လက်ရှိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေဖြစ်သည်။ “မုံးကိုး ဖောင်းဆိုင်ဘက်မှာ အဓိက တိုက်တာကတော့ MNDAA နဲ့ စစ်ကောင်စီ တို့ တိုက်ကြတာပါ။ အဲဒီမှာ ကျွန်တော်တို့ KIO နဲ့တော့ ဒီ စစ်နည်းဗျူဟာဆွဲပြီး ပေါင်းတိုက်တာ၊ ပူးပေါင်းတိုက်ခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခြေစိုက် တပ်စခန်းနေရာဘက် စစ်ကောင်စီကာ စစ်ကြောင်းထိုးလာရင်တော့ ခုခံတိုက်ခိုက် တာတွေတော့ လုပ်နေတယ်။ ပြောချင်တာက ဖောင်းဆိုင် ဝန်းကျင်မှာတော့ ကျွန်တော်တို့ တပ်ရင်း ၃၆ နယ်မြေ … - [ပြည်သူ့ခုခံတော်လှန်ရေးစစ် စတင်ကြောင်း ယာယီသမ္မတ ကြေညာ](https://burmese.kachinnews.com/2021/09/07/sep-7-nug/): ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ နိုင်ငံတော်အားအရေးပေါ်အခြေအနေသတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ထုတ်ပြန်လိုက်သည်။ - [နန်းမား စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/09/06/sep-6-y3/): မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ပင်သာရပ်ကွက်အနီးတွင် စစ်ကောင်စီလက်အောက်ရှိသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီးနောက် သေဆုံးထိခိုက်သူရှိခဲ့ကြောင်း သိရသည်။ - [စစ်ကောင်စီလက်နက်ကြီးကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး ကျည်စ ထိမှန် ဒဏ်ရာရ](https://burmese.kachinnews.com/2021/09/06/sep-6-bs4/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင် ကချင်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦး ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ - [ဖားကန့်မြို့နယ် တိုက်နယ်ဆေးရုံများဖွင့်လှစ်နိုင်ရေးအစည်းအဝေးပွဲ အသံမိုင်းကြောင့် ပျက်ပယ်](https://burmese.kachinnews.com/2021/09/06/sep-6-y2/): ဖားကန့်မြို့နယ်ရှိ တိုက်နယ်ဆေးရုံများကို စစ်ကောင်စီလက်အောက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံးခင်းတိုက်နယ်ဆေးရုံဝင်းတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် စီစဉ်ထားချိန် အသံမိုင်း ပေါက်ကွဲခဲ့သဖြင့် အစည်းပျက်ပယ်သွားကြောင်း သိရသည်။ - [မုံးကိုး ဖောင်းဆိုင် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2021/09/06/sep-6-bs3/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်အနီး စက်တင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။ - [Covid-19 ရောဂါ အကုန်စင်မပျောက်သေးပါ](https://burmese.kachinnews.com/2021/09/06/covid-19-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%99%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e/) - [မုံးကိုး စစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေ](https://burmese.kachinnews.com/2021/09/06/sep-6-bs2/): ရှမ်းပြည်နယ်မြောက်ပိုင်း  မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်စခန်းများအတွက် တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် ကူညီ ပေးနေသူတစ်ဦးထံမှ သိရသည်။ - [ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကိုမြှုပ်ရန် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း](https://burmese.kachinnews.com/2021/09/06/sep-6-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ နှင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီတပ် အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ရကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။ - [KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်](https://burmese.kachinnews.com/2021/09/06/sep-6-y1/): ဖမ်းဆီးတရားစွဲခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဋ္ဌ Dr. M Kawn La ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ](https://burmese.kachinnews.com/2021/09/04/sep-4-bs-2/): မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ - [မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ](https://burmese.kachinnews.com/2021/09/04/sep-4-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် နီးစပ်ရာကျေးရွာများမှ မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ရှိလာပြီဟု သိရသည်။ မုံးကိုးမြို့အနီး ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၁၅၀ ကျော်ဖြစ်ပြီး ထိုအထဲ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိကြောင်း လက်ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။ “လောလောဆယ်ဆယ် အစား အသောက်တွေ အဓိက လိုနေတယ်။ ဆေးဝါး လည်းလိုတယ်။ စောင်တွေ၊ အခင်းတွေ သူများ လှူထားတာတော့ရှိတယ်။ အရင်ရောက်တဲ့သူတွေကို ဝေ လိုက်တာ ကုန်သွားပြီ။ နောက်ရောက်လာတဲ့ သူတွေ အတွက် မလောက်တော့ဘူး” လို့ ကူညီပေးနေသူ တစ်ဦးက ပြောသည်။ စစ်ဘေးဒုက္ခသည်တွေက မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာတွေက ဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်‌နေ့က ထွက်ပြေးလာကြသူများဖြစ်သည်။ မုံးကိုးမြို့ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူ ဘုရားကျောင်း၊ ဘုန်းကြီး ကျောင်း နဲ့ ဆွေမျိုးအသိအိမ်များတွင် လာရောက် ခှိုလှုံနေကြရကြောင်း သိရသည်။ ထို့အပြင် ဆက်လက်ပြီး မုံးကိုး လုန်လင်ရွာ၊ ဖျင်ကျိရွာ နဲ့ ရှမှန်ခုံရွာရှိ ပြည်သူများကလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ ရှမ်းမြောက် … - [အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/09/04/sep-4-y1/): ဝိုင်းမော် စန်ကားကျေးရွာမှ အဆုတ်ရောဂါဖြင့် ဆေးကုသနေသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁ရက်နေ့ ညသန်ခေါင်ယံ အချိန်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။ - [ပြည်သူပိုင်မြေယာဖျက်ကာ စစ်တပ် နှင့် လေယာဉ်ကွင်း ဆက်သွယ်သော လမ်းဖောက်ရန် စစ်ကောင်စီ စီစဉ်နေ](https://burmese.kachinnews.com/2021/09/03/sep-3-y1/): ပူတာအိုမြို့ အခြေစိုက် ခလရ ၄၆ တပ်ရင်းနှင့် လေယာဉ်ကွင်းကို တိုက်ရိုက်ဆက်သွယ်သော လမ်းဖောက်လုပ်ရန် စစ်ကောင်စီက ဒေသခံများ၏ လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ - [မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ စားနပ်ရိက္ခာအတွက် ဘယ်လို ရုန်းကန်နေရသလဲ](https://burmese.kachinnews.com/2021/09/03/sep-3-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသရှိ စစ်ရှောင်များကို ရိက္ခာပို့နိုင်ရန် မြန်မာဘက်ခြမ်းက စစ်ကောင်စီ ပိတ်ဆို့ထားသဖြင့် တရုတ်နိုင်ငံဘက်ခြမ်းမှသာ ခြံစည်းရိုးအပေါ်ဘက်မှ ခက်ခက်ခဲခဲဖြင့် မှာယူစားသောက်နေရသည်ဟု စစ်ရှောင်များ ဆိုသည်။ - [စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း MNDAA ပြော](https://burmese.kachinnews.com/2021/09/02/sep-2-bs1/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲအတွင်း ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီ နှင့် တိုက်ပွဲ ပြင်းထန်နိုင်သေးကြောင်း ကိုးကန့်ဘက်မှ အရ သိရသည်။ - [ပြင်းထန် တိုက်ပွဲ ငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်](https://burmese.kachinnews.com/2021/09/02/sep-2-y2/): မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် အလော့ဘွမ်တောင်ခြေ တိုက်ပွဲများကြောင့် မိုးမောက်မြို့ပေါ်သို့ ၄ လကြာ ထွက်ပြေးခဲ့ရသော ကျေးရွာ ၅ခုမှ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ပြီဟု သိရသည်။ - [KIO မိုင်ဂျာယန်မြို့တွင် Covid-19 ပိုးကင်းစင်လာ](https://burmese.kachinnews.com/2021/09/02/sep-2-z1/): KIO ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယန်တွင် Covid-19 တတိယလှိုင်းအတွင်း ပိုး‌တွေ့လူနာ ၂၀၀၀ ကျော်ရှိခဲ့သော်လည်း ပိုးကင်းစင်လာသည့်အတွက် ယခုချိန် လူဦးရေ ၁၀၀ ခန့်သာဆေးကုသမူခံယူနေတော့ကြောင်း ဗဟို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါတုံ့ပြန်ရေးကော်မတီမှ သိရသည်။ - [တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်](https://burmese.kachinnews.com/2021/09/02/sep-2-y1/): ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော တန်ဂျာဒေသခံများမှာ တိုက်ပွဲသံငြိမ်သွားပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်ကြပြီ ဖြစ်ကြောင်း သိရှိရသည်။ - [မုံးကိုး ဖောင်းဆိုင်တွင် စစ်ကောင်စီ က MNDAA တပ်စခန်းကို သွားရောက် ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2021/09/01/sep-1-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်တွင် ယနေ့ နံနက်ပိုင်းက ကိုးကန့် MNDAA တပ်စခန်းကို စစ်ကောင်စီက သွားရောက် ပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [ဝိုင်းမော် မဒိန်ကျေးရွာမှ ဖမ်းဆီးခံ လူငယ် ၃ ဦးကို မပခ သို့ ပို့](https://burmese.kachinnews.com/2021/09/01/sep-1-y1/): ဝိုင်းမော် အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ ဖမ်းဆီးထားသော မဒိန်ကျေးရွာမှ  လူငယ် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ - [ကြူကုတ် (ပန်ဆိုင်း) အနီး စစ်ကောင်စီ MNDAA တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံး](https://burmese.kachinnews.com/2021/09/01/aug-1-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကြူကုတ် (Bang Sai) အနီး ဩဂုတ်လ ၃၀ ရက်နေ့ စစ်ကောင်စီ MNDAA တို့အကြား တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးကြောင်း ဒေသခံများပြောသည်။ - [အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် ဖားကန့်တွင် ကုန်ဈေးနူန်း အဆမတန်မြင့်တက်လာ](https://burmese.kachinnews.com/2021/08/31/aug-31-z1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှု ပိုများလာကာ ကုန်ဈေးနူန်းအဆမတန် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ - [မူဆယ် နန်းတော်ပေါက်မှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် နေရပ်ပြန် ဝင်ရောက်လာ](https://burmese.kachinnews.com/2021/08/31/aug-31-bs-2/): တရုတ် မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂၇၃ ဦး ဩဂုတ်လ ၃၀ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြောင်း မူဆယ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက် မှ သိရသည်။ - [ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲ စစ်ကောင်စီ ဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2021/08/31/aug-31-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) အနီး ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ - [ယုဇနကုမ္ပဏီဝင်းရှိ စက်ပစ္စည်း အပိုင်းအစများကို စစ်ကောင်စီ ပြန်လည်ရောင်းချ](https://burmese.kachinnews.com/2021/08/30/aug-30-y2/): လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ထိုနေရာတွင် ကျန်ရှိခဲ့သော စက်ယန္တရားအပိုင်းအစများကို အာဏာသိမ်းစစ်တပ် က ငွေကျပ် သိန်းရာချီဖြင့် ရောင်းချလိုက်ကြောင်း သိရသည်။ - [ရှင်ဗွေယန်တွင် ကျွဲ များ အမြုပ်ထွက်ကာ နေ့စဉ် သေဆုံးနေ](https://burmese.kachinnews.com/2021/08/30/aug-30-y-1/): တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ် (ခွဲ) တခက်ကျေးရွာတွင် ကျွဲ များ အမြုပ်ထွက်ကာ နေ့စဉ်ပုံမှန် သေဆုံးနေကြောင်း သိရသည်။ - [စစ်ပွဲကြောင့် ကောင်းလုံနဲ့ နမ်ဟာ ​ဒေသခံ ၆၀၀ ​ကျော် မုံးကိုးမြို့သို့ ထွက်ပြေးလာ](https://burmese.kachinnews.com/2021/08/29/aug-29-bs-3/): ရှမ်းပြည်နယ်​မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်၊ ​ကောင်းလုံ ကျေးရွာအုပ်စု၊ နမ်ဟာရွာဘက်တွင် စစ်​​​ကောင်စီနဲ့ MNDAA တပ်တို့ကြား ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာ နဲ့ ​ကောင်းလုံဒေသခံ ၆၀၀ ​ကျော် မုံးကိုးမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်လာကြောင်း ဒေသခံ တစ်ဦးက ​ပြောသည်။ “ဘယ်နှ​ယောက်​သေတာ ဘယ်​လောက် ပျက်စီးတာက အတိအကျ မသိရ​သေးဘူး။ အဲ​လောက်ပဲ မြင်ခဲ့တာ။ ​မြန်မြန် ​ပြေးလာခဲ့လို့။ ရွာမှာ အ​လောင်း​​တွေတောင် ဘာမှ မလုပ်ရ​သေးဘူး။ ပြန်ပြီး သွားရှင်း ရအုံးမှာ။ အ​ခြေအ​နေကြည့်ပြီး ငြိမ်ရင်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ ​ထွက်ပြေးလာသော ကောင်းလုံ ကျေးရွာသားအများစုမှာ မုံးကိုး ကချင်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြပြီး၊ နမ့်ဟာ ဒေသခံများမှာ ​မုံးကိုးရှိ ဆွေမျိုး အသိအိမ်များနှင့် ဘုန်းကြီး​ကျောင်းတွင်  ခိုလှုံနေကြကြောင်း သိရသည်။ ယနေ့ နံနက်တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ကောင်းလုံရွာနဲ့ နမ်ဟာရွာ အနီးတွင်ဖြစ်ပြီး မုံးကိုးမြို့မှ ၅ မိုင်ခန့်သာ ကွာဝေးသည်။ “လမ်း​လျှောက်ဆင်းလာတာ ၂ နရီ ​လောက် ကြာတယ်။ တချို့က ဆိုင်ကယ်နဲ့ လာခဲ့ကြတယ်။ ကြောက်လန့်တကြား ​လော​လော နဲ့ ဘာမှ မပါလာဘူး။ အစားအ​သောက်နဲ့ ​စောင်​တွေ လိုမယ်ထင်တယ်။ အ​ခြေအ​နေ မသိရ​သေး​တော့ ဘာမှ မသိ​သေးဘူး။ လူဦး​ရေ က အတိအကျ မသိ​​သေးဘူး။ ခုမှ လုပ်​နေတုန်း” ဟု လက်ရှိ စစ်​ရှောင်များကို စီမံ​ခန့်ခွဲနေသူက တစ်ဦးက ​ပြောပါသည်။ … - [မုံးကိုး နမ့်ဟာ ကျေးရွာမှာ လက်နက်ကြီး ကျည်ကျမှန်ပြီး မိသားစုဝင် ၄ ဦး‌ သေဆုံး](https://burmese.kachinnews.com/2021/08/29/aug-29-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် နမ့်ဟာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက နေအိမ် တစ်အိမ်အပေါ် လက်နက်ကြီးကျည်ကျမှန်သဖြင့်  မိသားစုဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ “ဒီမနက် စစ်ကောင်စီက ပစ်ထည့်လိုက်တဲ့ လက်နက်ကြီး ဒီ နမ့်ဟာရွာက အိမ်တစ်အိမ်မှာ တစ်အိမ်လုံး ထိသွားလို့ မိသားစု အားလုံး သေဆုံးသွားပြီ။ ပလောင် လူမျိုးပါ။ နမ်ဟာရွာက ပလောင်ရွာလေ။ အိမ်ထောင်စု ၂၀၀ နီးပါး ရှိတယ်။ အတိအကျ မမှတ်မိတော့ဘူး မန်ဂျပ်တောင်ကုန်း ကနေလည်း ပစ်၊ ဖောင်းဆိုင်ကနေလည်း ပစ်၊ ကိုးကန့် ဘက်ကနေလည်း ပစ်” လို့ မျက်မြင် မုံးကိုးမြို့ခံ တစ်ဦးကပြောသည်။ ယနေ့ နံနက်အစောပိုင်းက နာရီဝန်း မန်ဂျပ် နှင့် ဖောင်းဆိုင် ကြားရှိ နမ်ဟာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် ဒေသခံအများအပြား ထွက်ပြေးခဲ့သော်လည်း မိသားစုဝင် ၄ ဦးကို လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူမိသားစုဝင် ၄ ဦး၏ အသေးစိတ်အချက်အလက်များကို မသိရသေးပါ။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းတွင် KIA ၊ MNDAA ပူးပေါင်းတပ်တို့ကြား မုံးကိုးမှ ၅ မိုင်ခန့်ဝေးသော ကောင်းလုံနဲ့ မန်ဆာကြား မန်ခွမ်ရွာတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူအများအပြား ရှိခဲ့ကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။ ထို့အပြင် … - [မုံးကိုးဘက်မှာ စစ်ကောင်စီနဲ့ KIA ၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စကစ တပ်ရင်းမှူး ၂ ဦးကျ](https://burmese.kachinnews.com/2021/08/29/aug-29-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုး ကောင်းလုံအနီးတွင် ဩဂုတ်လ ၂၈ ရက်ညနေပိုင်းက စစ်ကောင်စီနဲ့ KIA ၊MNDAA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စကစတပ်ရင်းမှူး ၂ ဦးကျဆုံးကြောင်း ဒေသခံတွေနဲ့ ကိုးကန့် သတင်းအရ သိရပါတယ်။ - [မုံးကိုးဒေသ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရတဲ့ ပြဿနာကို MNDAA ဖြေရှင်းပေး](https://burmese.kachinnews.com/2021/08/28/aug-28-bs-2/): မရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁၊ မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံလူထုရဲ့ စားနပ်ရိက္ခာပို့ ဆောင်ရေးပြဿနာများကို ဩဂုတ် ၂၇ ရက်နေ့က ဖြေရှင်းပေးနေပြီလို့ ကိုးကန့် MNDAA အဖွဲ့က ပြောပါတယ်။ - [ဝိုင်းမော်ဒေသခံတစ်ဦး ခလရ ၅၈ တပ်ရင်းအနီး ပစ်သတ်ခံထားရ](https://burmese.kachinnews.com/2021/08/28/aug-28-z1/): ဝိုင်းမော် ခလရ ၅၈ တပ်ရင်းအနီးတွင် ယနေ့ နံနက်ပိုင်းက မဒိန့်ဒေသခံတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ - [ပူတာအိုမြောက်ဘက်ကျေးရွာချင်းဆက် တံတားများကို ဒေသခံများ ကိုယ်ထူကိုယ်ထ ပြုလုပ်](https://burmese.kachinnews.com/2021/08/28/aug-28-y1/): ပူတာအိုမြို့ မြောက်ဘက် အထက်ရှန်ဂေါင်ကျေးရွာ၏ အထက်ဘက်ရှိ ကျေးရွာများကို ချိတ်ဆက်ထားသည့် အသက်မွေးဝမ်းကြောင်းအတွက် အရေးပါသော ချောင်းတံတားများ ပျက်စီးနေမှုကို ဒေသခံများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည် ပြုပြင်နေရကြောင်း သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှစတင်ပြီး ပူတာအိုမြို့နှင့် ၁၀ မိုင်ခန့်ဝေးလံသော အထက်ရှန်ဂေါင် ကျေးရွာ၏ အထက်ဘက် ကျေးရွာများတွင် ပျက်စီးနေသော တံတား ၄ ခုခန့်ကို ဆောက်လုပ်ပြီးစီးဖြစ်ဟု အဆိုပါလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူတစ်ဦးက KNG ကို ပြောသည်။ “အခုတံတားဆောက်နေတဲ့ နေရာတွေဟာ ကျနော်တို့ ဒေသခံပြည်သူတွေအတွက် အလွန်ရေးပါတဲ့ နေရာတွေဖြစ်တယ်။ ကျနော်တို့ဘက်မှာက ကားလမ်းလည်း မရှိဘူး။ ဆိုင်ကယ်တွေနဲ့ဘဲ သွားလို့ရသေးတယ်။ ပူတာအိုဘက်ကနေ ဆိုင်ကယ်နဲ့ လက်လှမ်းမှီသလောက် စားသောက်ကုန်တွေ သယ်ယူရတယ်ဖြစ်တယ်။ ဒီတစ်လမ်းထဲကိုဘဲ အသုံးပြုတဲ့ လမ်းဘဲဖြစ်တယ်။ လမ်းတစ်လျှောက်မှာ တံတား အသေးတွေအများကြီးရှိတယ်။ ဒီတံတားတွေမရှိရင် စားဝတ်နေရေးအတွက် ဘာတစ်ခုမှ လုပ်လို့မရပါဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပြုလုပ်နေရတာဖြစ်တယ်” ဟု ပြောဆိုသည်။ တံတာများတည်ဆောက်နေသည့်နေရာမှာ အထက်ရှန်ဂေါင်အပါအဝင် ဇီယာဒမ်း၊ ဝါဆန်ဒမ်း၊ လုံနဒမ်း၊ အဝပ်ဒမ်းနှင့် ခါးလန် အပြင် စုစုပေါင်း ကျေးရွာ ၁၇ ခန့် ပါဝင်သည်ဟု သိရသည်။ တံတား စုစုပေါင်း ၁၀ ခုခန့် ဆောက်လုပ်ရန် ခန့်မှန်ထားသော်လည်း လက်ရှိတွင် ၄ ခုသာ ဆောက်လုပ်ပြီးစီး ထားကြောင်း သိရသည်။ အဆိုပါ ပြီးစီးသော တံတားများမှာ ထန်ဆာပ်၊ လုံဘူဝမ်၊ လုံဘာဝမ်နှင့် ရှိန်ဘဲန်ထီ … - [စစ်ကောင်စီက ရိက္ခာလမ်းကြောင်း ပိတ်ထားသဖြင့် မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေ](https://burmese.kachinnews.com/2021/08/28/aug-28-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ တရုတ်နိုင်ငံ နယ်စပ် စစ်ရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် စစ်ရှောင်တွေဆီ အကူအညီ မရောက်နိုင်ပဲ ခက်ခဲနေတယ်လို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။ “ပစ္စည်းတင်လာရင် ပေးမသွားဘူး။ ပစ္စည်းတင်တာတောင် ရိုးရိုး ဆိုင်ကယ်စီးပြီး အိတ်ခွံပဲ ညှပ်လာရင်တောင် ပြန်လှည့်ခိုင်းတယ်။ အဲလိုမျိုး ပြဿနာရှိတယ်။ အခက်အခဲက အမျိုးမျိုးပဲ။ စစ်ရှောင် ဆိုတော့။ ရိက္ခာက ကောင်းကွေ အနီးစခန်း ဆိုတဲ့ နေရာမှာလည်း ပိတ်ထားတယ်။ မူဆယ်ဘက်ကတော့ ရောက်နိုင်တယ်။” လို့ သူက ပြောပါတယ်။ စစ်ရှောင်တွေအတွက် ဆန်အလှူခံထားတာ ရှိပေမယ့် ကူညီထောက်ပံ့မယ့်ပစ္စည်းတွေကို မုံးကိုးဘက်က လုံးဝ ပို့လို့မရလို့ မြို့ထဲမှာပဲ သောင်တင်နေတယ်ုလို့ ဆိုပါတယ်။ “ပိုက်ဆံပဲ ပေးလို့ရတယ်။ ပိုက်ဆံလှူရင်ကျတော့ သူတို့ တရုတ်ဘက် က သွားဝယ်ရတယ်။ သူတို့ ပိုက်ဆံ အလှူရရင် စစ်ရှောင် ကော်မတီအနေနဲ့ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေဆီ အကူအညီတောင်းပြီး အစား အသောက် မှာယူရတယ်။ ဒါကြောင့် စားနိုင်တာ။” လို့ စစ်ရှောင်တွေကို ကူညီခဲ့တဲ့ မုံးကိုးမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။ အကူအညီပေးတဲ့ အသင်းအဖွဲ့ တွေဆီ တောင်းခံထားပေမယ့် လက်ရှိထိ မရကြောင်း  “အဖွဲ့အစည်းအနေနဲ့ လှူဒါန်းတာ မရှိဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုလှူတာ။ ယဉ်ကျေးမှုအဖွဲ့နဲ့ တခြားသူတွေဆီက ရသလောက် အလှူခံပြီး ကူညီတာ” လို့ သူက ရှင်းပြပါတယ်။ “စစ်ရှောင်စခန်း သွားတဲ့ အချိန်မှာ ဖုန်းယူသွားခွင့် မပေးဘူး။ … - [ပူတာအိုတွင် ရေကြီးမှုကြောင့် တံတား ၂ စင်းပျက်စီးသွား](https://burmese.kachinnews.com/2021/08/27/aug-27-y3/): ပူတာအိုတွင် ၁ ပတ်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးသဖြင့် တံတား ၂ စင်း ပျက်စီးသွားကြောင်းသိရသည်။ - [KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီ ညွန်ကြားထားသော်လည်း ပြန်လည်ဆွေးနွေးမည်ဟုဆို](https://burmese.kachinnews.com/2021/08/27/aug-27-y2/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီဘက်က ညွန်ကြားထားသော်လည်း ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့ PCG တို့ ညှိနှိုင်းမှုဖြင့် ပြန်လည်ဆွေးနွေးမည်ဟု သိရသည်။ - [တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေ](https://burmese.kachinnews.com/2021/08/27/aug-27-y1/): ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်အချို့တွင် တပ်စွဲထားကြောင်း ဒေသခံများ ထံမှ သိရသည်။ - [တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီး မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2021/08/27/aug-27-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား ဩဂုတ် ၂၆ ရက်ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [စစ်ကောင်စီနှင့် KIA တိုက်ပွဲကြောင့် တန်ဂျာ ဒေသခံ ၄၀၀ ကျော် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးလာ](https://burmese.kachinnews.com/2021/08/26/aug-26-y3/): ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ဖြင့် တန်ဂျာကျေးရွာ ပြည်သူများ ၄၀၀ ကျော်သည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ - [ပူတာအို အာဏာသိမ်းတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများပြား](https://burmese.kachinnews.com/2021/08/26/aug-26-y2/): ပူတာအိုမြို့နယ် လုန်ရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ကြား ယနေ့ ညနေ ၅နာရီဝန်းကျင်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်းသိရသည်။ - [မြစ်ဆုံတွင် ရွှေတူးဖော်နေသူများထံမှ Covid-19 ပိုးကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2021/08/26/aug-26-ld1/): ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံအနီးတစ်ဝိုက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်ရေးလုပ်ငန်းများ တွင်ကျယ်နေပြီး ၎င်းလုပ်ငန်းခွင်မှ လုပ်သားများတွင် Covid-19 ပိုးတွေ့သောကြောင့် နီးစပ်ရာ ဒေသခံများကိုပါ ရောဂါကူးစက်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။ ယခုလအတွင်း အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ လုပ်သားအချို့ Covid-19 ရောဂါပိုးတွေ့ရှိလာတာကြောင့် နယ်မြေခံ ရွာသားများကိုပါ ရောဂါကူးစက်လာမှာကို အလွန်စိုးရိမ်ကြောင်း မြစ်ဆုံဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ကျမတို့ တန်ဖရဲကျေးရွာမှာ ကိုဗစ်ပိုးတွေ့တာ တစ်ယောက်မှ မရှိသေးဘူး။ တန်ဖရဲနှင့် သူတို့ရွှေတူးဖော်နေရာတွေက ကပ်ရပ်ပဲ ကျေးရွာတွင်းပဲလေ။ ဒါကြောင့် ကျမတို့က ပိုစိုးရိမ်တယ်။ ကျမတို့က အောင်မြင်သာမှာ ပိုးတွေ့တာ ကြောက်လို့ တန်ဖရဲမှာ လာနေနေကြတာကို အဲ့ဒီရွှေမှော်ထဲက ကျင်းသားတွေမှာ ပိုးတွေ့တာဆိုတော့ အဲ့ရွှေမှော် ကလူတွေလည်း ရွာမှာဘဲ ဈေးဝယ် သွားလာလုပ်နေတယ်။ အကယ်လို့ပိုးရှိတဲ့သူက ရွာတွင်းလျှောက်သွားနေရင် ရောဂါပိုး လိုက်ဖြန့်နေသလို ဖြစ်တာကြောင့် ကျမတို့ စိုးရိမ်နေတာဖြစ်တယ်။” ဟု မြစ်ဆုံဒေသခံတစ်ဦး ကပြောသည်။ ရွှေတူးဖော်ရေးနေရာသို့ ကျင်းသားအဖြစ်သွားရောက်လုပ်ကိုင်သော ကျိန်ခရန် နှင့် အောင်မြင်သာ ကျေးရွာမှ လူငယ်တစ်ချို့မှာ ဖျားနာပြီး ပြန်လာရာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သူက ပြောသည်။ ကိုဗစ်ပိုး ကူးစက်ပျံ့နှံနေချိန် ရွှေတူးဖော်လုပ်ငန်းကို ရပ်နားထားစေလိုကြောင်း သို့မဟုတ် ကိုဗစ်ပိုးတွေ့ ကျင်းသားများကို အိမ်သို့ မပြန်စေပဲ တာဝန်ယူပြီး အဆိုပါနေရာမှာတင် Lockdown ထားရှိစေလိုကြောင်း တောင်းဆိုထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာ၏လုပ်ပိုင်ခွင့်ဖြင့် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများအသုံးပြုကာ ရွှေတူးဖော်လာနေကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ထပ်ပြောသည်။ “ … - [KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/08/26/aug-26-y1/): ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဌ Dr. M Kawn La ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ - [စစ်ရေးရှောင်ရှားပြီး အဖြေရှာမည့် KIO ၏ ထုတ်ပြန်ချက်အပေါ် လူထု၏ အမြင်](https://burmese.kachinnews.com/2021/08/25/aug-25/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဩဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ရေးကိုရှောင်ရှားပြီး အခြားနည်းလမ်းဖြင့် အဖြေရှာရန် လိုလားကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ KIO ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကချင်လူထု၏ ထင်မြင်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။ လူငယ်ခေါင်းဆောင်အမျိုးသမီးတစ်ဦး ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်တာက အခုမှ မဟုတ်ဘူး နှစ်ပေါင်း ၆၀ ကျော် စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေးကဏ္ဍမှာ ဒုက္ခခံစားခဲ့ရပြီ။ စစ်တပ်ကို အမြစ်ဖျက်ဖို့ဆို လက်နက်ကိုင် တိုက်ခိုက်မှပဲ ဖြစ်နိုင်မယ်လို့ လူငယ်တွေက ယုံကြည်ထားတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ အယုံအကြည်မရှိဘူး။ အခုဖြစ်နေတဲ့ ဒုက္ခဆင်းရဲ အားလုံးက စစ်တပ်ကြောင့်သာဖြစ်တယ်။ ၂၀၁၁ ကနေ စတင်လာတဲ့ အကျိုးမဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အားလုံးအသိဖြစ်ပါတယ်။ ဇိုင်းရှဒန် ကချင်လူငယ်တစ်ဦး ထုတ်ပြန်ချက်ကို အရမ်းနားလည်ဖို့ ခက်တယ်လို့တော့ မထင်မိဘူး။ အချက် ၃-၄ မှာ ဖတ်လိုက်တဲ့အခါ ဒီနေ့ ကျနော်တို့ တိုက်ခိုက်နေတာက မတရားတဲ့ စစ်တပ်ဖြစ်တယ်။ စာထဲမှာပါတဲ့ စစ်ပွဲကို တတ်နိုင်သမျှ ရှောင်ရှားမယ်ဆိုတဲ့ စကားလုံးဟာ အခုချိန် စစ်တပ်က KIO နယ်မြေကို ထိုးစစ်ဆင်နေတဲ့အချိန် စစ်ပွဲကို ဘယ်လိုမှ ရှောင်ရှားလို့မရတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်လာမှာပဲ။ ပြီးရင် တရုတ်ရဲ့ ဖိအားလည်း နည်းနည်းရှိမယ်လို့ မြင်မိပါတယ်။ ဦးခွန်ဆမ် မြစ်ကြီးနားအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ လက်ရှိအခြေအနေမှာ NCA ထိုးထားတဲ့ EAOs ၁၀ ဖွဲ့ရဲ့ စစ်ကောင်စီနဲ့  ပတ်သက်ပြီး မူဝါဒက မရှင်းမလင်း၊ ဆက်ဆံရေးကလည်း … - [ဖမ်းဆီးခံထားရသော နောင်မွန် ခရစ်ယာန် ဓမ္မဆရာတော် ၃ ပါးအမှုကို စစ်ဆေးခြင်း မပြုလုပ်ရသေး](https://burmese.kachinnews.com/2021/08/25/aug-25-y2/): ပူတာအိုခရိုင် နောင်မွန်မြို့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဖမ်းဆီးထားသော ခရစ်ယာန် ဓမ္မဆရာတော် ၃ ပါး အမှု ၂လခန့်ကြာမြင့်လာသော်လည်း လက်ရှိအချိန်အထိ စစ်ဆေးခြင်း မပြုလုပ်ရသေးကြောင်း သိရသည်။ - [ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ](https://burmese.kachinnews.com/2021/08/25/aug-25-y1/): ဗန်းမော်မြို့အထွက် မံစီသွားလမ်းမပေါ်ရှိ ဖန်ခါးကုန်း (Hpang Ga Kawng) စစ်တပ်ဂိတ်သည် Covid-19 အကြောင်းပြကာ ဖြတ်သန်းသွားလာသူများကို ထောက်ခံစာပြခိုင်းပြီး မပြနိုင်ပါက ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ - [ချီဖွေစစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ](https://burmese.kachinnews.com/2021/08/24/aug-24-ld1/): ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတွင် Covid-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ မရရှိသေးတာကြောင့် ရောဂါလက္ခာပြလာပါက ဆေးရုံတွင် ငွေပေးကာ သွားရောက်စစ်ဆေးနေရကြောင်း သိရသည်။ - [အရပ်သားအသွင်ယူကာ စစ်ရိက္ခာနှင့် မူးယစ်ဆေးပြား သယ်ဆောင်လာသော စစ်ကောင်စီကားကို KIA မီးရှို့ ဖျက်ဆီး](https://burmese.kachinnews.com/2021/08/24/aug-24-y2/): စစ်ကောင်စီတပ်၏ လက်နက်ရိက္ခာများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အရပ်သားသုံး မော်တော်ယဉ်တစ်စီးကို ဖားကန့်မြို့နယ် ဒွမ်ဘုန်းနှင့်လဝါးကျေးရွာကြားတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ - [ဟူးကောင်းဒေသ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများပြား](https://burmese.kachinnews.com/2021/08/24/aug-24-y1/): တနိုင်း ဟူးဟောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေသို့ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။ - [စစ်ပွဲထက် ပိုးကောင်းတဲ့နည်းလမ်းရှာမယ်လို့ ဩဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံဖြင့် တွေ့ဆုံမေးမြန်းခြင်း](https://burmese.kachinnews.com/2021/08/24/interview/): မေး – လက်ရှိအခြေအနေအရ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ဆေးနွေးညှိနှိုင်းဖို့ အခြေအနေမရှိဘူးလို့ ပြည်သူတွေ အားလုံခံယူထားတဲ့ချိန် KIO အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ဆက်သွားဖို့ရှိပါသလဲ။ ဖြေ – ဒီလို အစီအစဉ်ရှိတယ်ဆိုပြီး ပြောဆိုထားတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ မျှော်လင့်ချက် ရည်ရွယ်ချက်က စစ်မှန်တဲ့တရားနည်းလမ်းနဲ့ သွားရမယ်လို့ အဓိကထုတ်ပြန် ဆိုလိုချင်တာဖြစ်တယ်။ ဒီလို လုပ်ဆောင်ပေးပါလို့ ထုတ်ပြန်ထားခြင်းမဟုတ်ဘူး။ တရားသောနည်းလမ်းရှာရမယ် ဆိုလိုတာဖြစ်တယ်။ ဒါမှ မဟုတ်ရင်က ကျနော်တို့ ပြည်သူတွေလည်း ခက်ခဲတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအတွက်လည်း ခက်ခဲတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက်လည်း အခက်အခဲရှိတယ်။ အကြပ်အတည်းဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့အားလုံး နည်းလမ်းရှာရတော့မယ်လို့ပြောလိုတာဖြစ်တယ်။ မေး – ကျနော်တို့အားလုံး နည်းလမ်းရှာဖို့ဆိုတဲ့အခါမှာ ဘယ်လိုနည်းနဲ့  နည်းလမ်းရှာသွားမလဲ။ ဖြေ – အခုအခြေအနေက မတရားတဲ့ နည်းလမ်းဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က နည်းလမ်းကျ တရားသောနည်းနဲ့ လုပ်ဆောင်ဖို့လိုတယ်လို့ ပြောချင်တာဖြစ်တယ်။ ထုတ်ပြန်ချက်မှာပြောထားတဲ့အတိုင်း စစ်မှန်တဲ့ တရားသောနည်းလမ်းရှာပြီး ဆွေးနွေးညှိနှိုင်းသင့်တဲ့ အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးပြီး တိုက်ပွဲကို ရှောင်နိုင်သမျှရှောင်လိုက်ရင်က အကောင်းဆုံးပဲလို့ အဓိက ရည်ရွည်ချက် ဆိုလိုရင်းသဘောက။ စစ်ကို ဦးစားပေးခြင်းမလုပ်ပဲ တရားသောနည်းကို ရှာသင့်တယ်လို့ ဆိုလိုရင်းသဘောဖြစ်တယ်။ မေး – ဟုတ်ကဲ့၊ နောက်တစ်ခုက အခု ကချင်ပြည်နယ် နေရာအသီးအသီးကို စစ်တပ်က အင်အားအမြောက်အများ ပို့ဆောင်နေတာမျိုး ထိုးစစ်ဆင်တာတွေ ဆက်တိုက်ရှိနေတော့ ကျနော်တို့ ဒေသမှ ဘယ်လိုတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုလည်း ပြောပြပေးပါ။ ဖြေ – စစ်ပွဲက စစ်တပ်နှင့်ဆိုင်တဲ့ အရာဖြစ်တယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာရင်တော့ … - [နမ္မတီး လမ်ဘရော့ယန် (လမ်းခွ) စစ်ရှောင်အမျိုးသမီး ၆ ဦးတွင် Covid-19 ပိုးတွေ့ရှိ](https://burmese.kachinnews.com/2021/08/23/%e1%80%94%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%ae%e1%80%b8-%e1%80%9c%e1%80%99%e1%80%ba%e1%80%98%e1%80%9b%e1%80%b1%e1%80%ac%e1%80%b7%e1%80%9a%e1%80%94%e1%80%ba-%e1%80%9c%e1%80%99%e1%80%ba/): မိုးကောင်းမြို့နယ် နမ္မတီးမြို့  လမ်ဘရော့ယန် (လမ်းခွ) ကျေးရွာရှိ ကဆုန့်စစ်ရှောင်စခန်းတွင် ပထမဆုံးအကြိမ် အမျိုးသမီး ၆ဦးတွင် Covid-19 ရောဂါကူးစက်ခံထားရကြောင်း သိရသည်။ - [ကဘူဒမ်းစစ်ရှောင်တစ်ဦး Covid-19 ဖြင့်ကွယ်လွန်၊ မိသားစုဝင်များ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2021/08/23/aug-23-ld1/): မြစ်ကြီးနားမြို့ နန်းကွေ့ ကဘူဒမ်း စစ်ဘေးရှောင်စခန်းတွင် covid-19 ကူးစက် ရောဂါကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် သူ၏မိသားစုဝင်များသည်လည်း အစားအသောက်နှင့် ဆေးဝါးခက်ခဲနေကြောင်း စခန်း တာဝန်ရှိသူများထံမှ သိရသည်။ - [ဖားကန့် ရဲတပ်ရင်းစခန်း တစ်ခု မီးရှို့ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2021/08/22/aug-22-y1/): ဖားကန့် ဆိုင်းတောင်အုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ စစ်ကောင်စီအောက် ရဲစခန်းဟောင်းတစ်ခု ယမန်နေ့ညက မီးရှို့ ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။ - [စစ်ကောင်စီ နှင့် ကိုးကန့်တပ် ပစ်ခတ်မှု ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်](https://burmese.kachinnews.com/2021/08/20/aug-20-s1/): ရှမ်းမြောက် ပန်ဆိုင်း (ကြူကုတ်) မြို့တွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခရစ်ယာန် ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး ၂ လုံးကျရောက်ခဲ့သည်ဟု သိရသည်။ - [တာပိန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန်](https://burmese.kachinnews.com/2021/08/19/aug-19-z2/): မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် ရေများမြင့်တက်လာသဖြင့် ရေလွှတ်ချမည်ဖြစ်သောကြောင့် မြစ်ကြောင်းတစ်လျှောက် မိုးမောက်နှင့် ဗန်းမော်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်း နေထိုင်ကြပါရန် သက်ဆိုင်ရာ ယနေ့တွင် လိုက်လံ ကြေညာနေကြောင်း သိရသည်။ “ယခုအခါ တာပိန်ရေးအားလျှပ်စစ်မှ ရေများဖောက်ထုတ်ရန်အတွက် ယခုမြင်တွေ့နေရသော ရေထက် ၄ ဆက်မြင့်တက်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အရေးကြီး ပစ္စည်းများကို လေးစားစွာဖြင့် သတိပေးအပ်ပါသည်” ဟု ယနေ့ ဗန်းမော်မြို့တွင် သက်ဆိုင်ရာက အော်လံဖြင့် လိုက်လံ သတိပေးခဲ့သည်။ ယခုရက်ပိုင်း တာပိန်အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် တာပိန်ရေလှောင်ကန်သည် သတ်မှတ်ရေအမှတ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တာပိန်ရေလှောင်ကန်မှ ရေဖောက်ချပြီး ၁၀နာရီအတွင်း ‌ဗန်းမော်မြို့သို့ရောက်ရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သိမ်းဆည်းသင့်သည်များကို သိမ်းဆည်းထားရန် မိုးလေဝသ ဌာနကလည်း ထုတ်ပြန်ထားသည်။ ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ၏ ဩဂုတ် ၁၉ ရက် နေ့လည် ‌၁၂နာရီ တိုင်းထွာချက်အရ ဗန်းမော်တွင် ၉၈၈ စင်တီမီတာရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ရန် အနည်းငယ်သာ လိုတော့ကြောင်း သိရသည်။ ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည်။ ထို့အပြင် ဗန်းမော်မြို့အထက်ပိုင်း မြစ်ကြီးနားမြို့ မှကျဆင်းလာသော မြစ်ရေရောက်ရှိလာခြင်းနှင့် တာပိန်မြစ်ရေ စီးဝင်မှုတို့ကြောင့် သာမန်ထက်မြစ်ရေ မြင့်တက်မှု ပိုမြန်နိုင်ကြောင်း ပြည်နယ်မိုးလေဝသက ဖော်ပြထားပါသည်။ - [ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်သည့် လက်နက်ကျည်အချို့  ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ](https://burmese.kachinnews.com/2021/08/19/aug-19-z1/): ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းမှ ဩဂုတ်လ ၁၈ရက်ည လက်နက်ကြီး ပစ်ခတ်မူကြောင့် တပ်ရင်းအနီးရှိ ခကွမ်ရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [တနိုင်းတွင် Covid-19 လက္ခာဖြင့် နေ့စဉ် သေဆုံးသူ ရှိနေ](https://burmese.kachinnews.com/2021/08/18/aug-18-y1/): တနိုင်းမြို့တွင် Covid-19 လက္ခာဖြင့် သေဆုံးမှုများ တစ်ရက်လျှင် အနည်းဆုံး ၄ ဦးခန့် ပုံမှန်ရှိနေကြောင်း တနိုင်း လူမှုရေးအဖွဲ့တစ်ခုထံမှ သိရသည်။ - [ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ](https://burmese.kachinnews.com/2021/08/18/aug-18-y2/): ရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ - [မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား](https://burmese.kachinnews.com/2021/08/17/aug-17-y2/): မိုးကောင်းမြို့အထွက် ဖားကန့်လမ်း အုပ်ကျင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က လူငယ် ၂၀ ဦးခန့်ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [မိုင်းနား စစ်ရှောင်စခန်းတွင် covid-19 ပိုးတွေ့လူနာ ထပ်တိုး](https://burmese.kachinnews.com/2021/08/17/aug-17-y1/): ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ရှောင်စခန်း ၂ ခုတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင်ဦးရေ ၆၀ ဦးအထိ ရှိလာကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။ - [စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2021/08/13/aug-13-z1/): ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းမှ သေနတ်ပစ်ခတ်မှုကြောင့် စျေးမှ ပြန်လာသော ဒေသခံအမျိုးသမီး ကျည်ထိမှန်ကာ လဲကျနေသည်ကို ယနေ့ညနေပိုင်းက တွေ့ရကြောင်း ဒေသခံများပြောသည်။ - [ကာမိုင်း မအူပင်ကျေးရွာ စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/08/13/aug-13-y2/): ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီးရှိ မအူပင်ကျေးရွာ၏ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့ စစ်ခေါင်းဆောင် ဦးတင်အောင်သည် ဩဂုတ်လ ၁၁ရက်နေ့က ပစ်သတ်ခဲ့ရကြောင်း သိရသည်။ - [ဝိုင်းမော် ရပ်ကွက် (၃) စစ်ရှောင်စခန်းတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီပေးဖို့ လိုအပ်နေ](https://burmese.kachinnews.com/2021/08/13/aug-13-y1/): ဝိုင်းမော်မြို့ ရပ်ကွက် (၃)ရှိ စစ်ရှောင်စခန်း အမှတ် ၂ တွင် Covid-19 lock down ပြုလုပ်လိုက်သောကြောင့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ - [ဖားကန့် ဌာနေသား အခွင့်အရေးကြိုးပမ်းသူ ဆရာလမောင် လတောင် ကွယ်လွန်](https://burmese.kachinnews.com/2021/08/13/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%8c%e1%80%ac%e1%80%94%e1%80%b1%e1%80%9e%e1%80%ac%e1%80%b8-%e1%80%a1%e1%80%81%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9b/): ဖားကန့် ဌာနေသား အခွင့်အရေးကြိုးပမ်းကာကွယ်သူ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Amyusha Zinlum Hpung) ၏ ဥက္ကဋ္ဌ ဆရာ လမောင်လတောင် သည် ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ “သူက ဆီးချိုအရမ်းများတယ်။ ပြီးတော့ သွားနှုတ်ထားတဲ့နေရာမှာ မန်းဖြစ်လာ။ အဲလိုနဲ့ ဆေးရုံးရောက်တော့ ဆုံးသွားတယ်တဲ့။ မိသားစုတွေပြောတာက ကိုဗစ်တော့ မဟုတ်ဘူးတဲ့။” ဟု Amyusha Zinlum Hpung မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ဆရာလမောင်လတောင်သည် အသက် ၅၆ နှစ်အရွယ်ရှိပြီး ဖားကန့် Amyusha Zinlum Hpung ၏ ဥက္ကဋ္ဌဖြစ်သလို ဖားကန့် ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဆရာတစ်ပါးလည်းဖြစ်သည်။ ဆရာသည် အထူးသဖြင့် ဖားကန့် ဒေသခံဌာနေသားတို့၏ အခွင့်အရေးအတွက် ကြိုးစားဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါသည်။ - [မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် မြေပြိုကျကာ စစ်ရှောင်ပြည်သူတစ်ဦး ‌သေဆုံး](https://burmese.kachinnews.com/2021/08/12/aug-12-z1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မဂါးယန် စစ်ရှောင်စခန်းတွင် ဩဂုတ် ၁၂ ရက်နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ကမ်းဘေးမြေပြိုမူဖြစ်ကာ စစ်ရှောင်ပြည်သူတစ်ဦး မြေပြိုမူတွင် မျှောပါ သေဆုံးသွားကြောင်း စခန်းတာဝန်ခံ ထံမှ သိရသည်။ - [မုံးကိုး စစ်ရှောင်များ ရိက္ခာသယ်ယူခွင့်မရသဖြင့် ရက်ပိုင်းအတွင်း အစားအသောက်ပြတ်လပ်တော့မည်](https://burmese.kachinnews.com/2021/08/11/aug-11-ld1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာပို့ဆောင်ပေးရန် အာဏာသိမ်းစစ်တပ်မှ တားဆီးပိတ်ပင်သောကြောင့် အစားသောက်နှင့် ဆေးဝါးအခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။ - [မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ](https://burmese.kachinnews.com/2021/10/21/oct-21-y-1/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု နှုန်းမြင့်တက်နေပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကူးစက်ခံရသူ ၇၀ ဦးဝန်းကျင်ခန့်အထိ ရှိလာကြောင်း သိရသည်။ - [သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ](https://burmese.kachinnews.com/2021/10/20/oct-z-1/): ထီးချိုင့်မြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၅နာရီထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံ PDF အဖွဲ့ သတိပေးထားသော်လည်း ယနေ့ နံနက် ၄နာရီဝန်းကျင် ဆီဘောက်ဆာ ကားတစ်စီး ဖြတ်မောင်းလာသည့်အတွက် မိုင်းဆွဲခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ - [ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့](https://burmese.kachinnews.com/2021/10/19/oct-19-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းကို ယနေ့ နေ့လယ်ပိုင်းက ကိုးကန့် MNDAA တပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် မုံးကိုးဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ - [ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး](https://burmese.kachinnews.com/2021/10/19/oct-19-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲမှာ အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်](https://burmese.kachinnews.com/2021/10/19/oct-19-y-1-2/): စစ်ကောင်စီမှ တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ကချင်ပြည်နယ် အခြေစိုက် သတင်းထောက်များ အားလုံး ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသော သတင်းထောက်များမှာ The 74 Media မှ မချန်းဘူ၊ Kachin Wave မှ ကိုလရော်၊ မြစ်ကြီးနားဂျာနယ်မှ အဂျေ၊ ခရစ္စတိုဖာ၊ မျိုးမြတ်မြတ်ပန် စသော တို့ ဖြစ်သည်။ မြစ်ကြီးနားသတင်းဂျာနယ်မှ အဂျေ နှင့် ခရစ္စတိုဖာ တို့မှာ ဧပြီလ ၁၃ ရက်နေ့ ဖမ်းဆီးခံရခြင်းဖြစ်ကာ မျိုးမြတ်မြတ်မှာ ဧပြီ ၁၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့အပြင် The 74 Media မှ မ ချန်းဘူ နှင့် Kachin Wave မှ ကို လရော်တို့မှာ မတ်လ ၂၉ ရက်နေ့ ဆန္ဒပြပွဲတွင် သတင်းယူရင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးမှာ ၆ လကျော် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယနေ့ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။ သတင်းထောက်များအပြင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသော မဆိုင်းနူးပန်နှင့် ဦးလွမ်းဇောင်း၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသးသမ္မဂ မှ မောင်မျိုးထက်နိုင်လင်း ၊ လီဆူအနုပညာရှင် ယောတီဖာ နှင့် မဘောက်ဂျာအပြင် အခြားသူများလည်း လွတ်မြောက်ခဲ့သည်။ အလားတူ ပူတာ၊ ဗန်းမော်နှင့် အခြားမြို့နယ်များမှ မတရားဖမ်းဆီးခံရသူအချို့လည်း လွတ်မြောက်လာသည်ဟု သိရသည်။ - [နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ](https://burmese.kachinnews.com/2021/10/19/oct-18-y-2/): ပူတာအိုခရိုင် နောင်မွန်မြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါး အောက်တိုဘာ ၁၈ ရက် ညနေ ၅နာရီဝန်းကျင်က အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ - [မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2021/10/19/oct-19-y-1/): မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် (၁) ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်ကို မှတ်တမ်းဗီဒီယိုရိုက်ကူးခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် လူငယ်မှာ ယမန်နေ့ အကျဥ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့ကြောင်းသိရသည်။ ပြန်လည်လွတ်မြောက်လာသာ လူငယ်မှာ ဆွတ်ရိန်နော်နော ဖြစ်ပြီး မြစ်ကြီးနား အကျဥ်းထောင်တွင် ၅လခန့်အကြာချုပ်နှောင်ခံရခြင်း​ဖြစ်သည်။ ပြီးခဲ့သော မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် မြစ်ကြီးနား ကမ္ဘောဇဘဏ်ရှေ့ စစ်ကောင်စီတပ်သားများရှိနေသောနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာတွင် တင်ခဲ့ပြီး သတင်းမီဒီယာများကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ဓါတ်ပုံရိုက်သော နေရာမှ အိမ်ခန်းပိုင်ရှင်နှင့် ဆွတ်ရိန်နော်နောကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အိမ်ခန်းပိုင်ရှင်ကို ပြန်လွတ်ပေးခဲ့ပြီး ဆွတ်ရိန် နော်နောကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြန်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ - [KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်](https://burmese.kachinnews.com/2021/10/18/oct-16-s-1/): ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang La Raw) သည် အောက်တိုဘာ ၁၆ ရက်နေ့လည်ပိုင်းက ယူကေ နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံကနေ ယူကေကို ပြန်ရောက်ပြီးနောက် Covid-19 ရောဂါကြောင့်ပြင်းထန်စွာ ဖျားလာတဲ့အတွက် ICU မှာ ဆေးကုသနေစဉ်မှာပဲ ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကချင်အမျိုးသားရေးလုပ်ငန်းမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးပါးမှုကို ဝမ်းနည်းကြောင်း ကချင်လူထုအချို့ကလည်း Facebook ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ ဒူဝါဘောမ်ဝမ်လရော်သည် ကချင်လူမျိုးတွင် ငွေကြေးချမ်းသာသူဟု နာမည်ကြီးပြီး ၁၉၉၄ ခုနှစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက် ၁၉၉၉ ခုနှစ်မှစတင်ကာ ကချင်အမျိုးသားအစည်းအရုံး KNO အဖြစ် ပြည်ပတွင် ဖွဲ့စည်းခဲ့ပြီး ကချင်အမျိုးသားရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ထို့အပြင် ဦးသိန်းစိန်လက်ထက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစုပေါင်းသော UNFC အဖွဲ့တွင်လည်း KIO ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ KNO သည် သီးခြားကချင်နိုင်ငံထူထောင်ရန် မူဝါဒဖြင့် ကြိုပမ်းနေသောအဖွဲ့ဖြစ်ကာ ပြီးခဲ့သည့် မေလခန့်က ရှမ်းမြောက် မုံးကိုးဒေသတွင် အထူးတပ်မဟာ ၁၀၈ ကို တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။ - [မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ](https://burmese.kachinnews.com/2021/10/18/oct-18-y-1/): ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ရှင်မွေယာန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် ဒေသခံများ လုပ်ကိုင်စားသောက်နေသော မြေနေရာပေါ်တွင် ရွှေတူးဖော်ရန်အတွက် စစ်ကောင်စီအောက် ဌာနေပြည်သူ့စစ်အဖွဲ့က မကျူးကျော်ရ ဆိုင်းဘုတ်များ စိုက်ထူလာနေကြောင်း သိရသည်။ - [ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2021/10/18/oct-18-bs-2/): ရှမ်းပြည်‌နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ တပ်ရင်း ၉ ဘက်ကို ယနေ့ နံနက် ၉ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ရေပူစမ်း ဆိုင်းဟော်မ်တောင်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်း သတင်းအရ သိရပါတယ်။ မုံးကိုး ဖောင်းဆိုင်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ နံနက် အစောပိုင်းက ဆုတောင်းတောင်ဘက်မှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဖောင်းဆိုင် ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “မနေ့ည ၇ နာရီကနည်းက ဒီ မနက်မိုးလင်း အထိ တိုက်ပွဲ ပြင်းထန်နေတာ။ ကျည်ကာ ကားနဲ့ ရွာထဲက ပစ်ပေးနေတော့ ရွာ‌ထဲ တုန်ခါနေတယ်။ ကားနဲ့ ၂ ခေါက် ခေါက် အသံ ကြား‌တယ်။ ဒီနေ့မနက် တော့ ဘန်မွေး၊ မန်းယန် ဘက် ဒီမနက် ၁၀ နာရီ ခန့်ကစ တိုက်ပွဲ ပြင်းထန်နေတယ်။” လို့ ဖောင်းဆိုင် ဒေသခံတစ်ဦး က ပြောပါတယ်။ တိုက်ပွဲအနီးက ဘန်မွေးနဲ့ မန်းယန် ဒေသခံတွေဟာ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၁၀၂ ဘက် ယာယီ ရှောင်တိမ်းခဲ့ကြရပြီး အောက်တိုဘာလ ၄ ရက်နေ့က ‌စစ်ရှောင်အားလုံးရွာကို ပြန်လာခဲ့ရာ အခုချိန် တိုက်ပွဲ ပြန်ဖြစ်နေတာဖြစ်ပါတယ်။ … - [တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ](https://burmese.kachinnews.com/2021/10/18/oct-18-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ နဲ့ မုံးကိုး ဖောင်းဆိုင်မှာ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကောင်စီနဲ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲမှာ ပြည်သူ တစ်ဦး လက်နက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။ - [မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2021/10/16/oct-16-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်မှာ ကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်ကစ စစ်ကောင်စီဘက် မှ ဖောင်းဆိုင်ရှိ ဆုတောင်းတောင်ပေါ်က ကိုးကန့် MNDAA တပ်စခန်းကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ](https://burmese.kachinnews.com/2021/10/16/oct-16-y-1/): ပူတာအိုခရိုင် နောင်မွန်မြို့တွင် အောက်တိုဘာလ ၁၅ရက်နေ့ တစ်ရက်အတွင်း covid-19 အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိခဲ့သည်ဟု နောင်မွန်ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများအဖွဲ့ ဦးဆောင်သော ရပ်ကွက်ဘောလုံးပွဲအပြီး ရောဂါကူစက်မှုနှုန်း အလွန်များပြားလာသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။ “ကိုဗစ်ပိုး စတွေ့တာ မနေ့ကဘဲဟုတ်တယ်။ ဒီလဆန်းပိုင်းမှာဘဲ မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ရောဂါကူးစက်ခံနေရတာရှိတယ်။ ဒါပေမယ့် သိပ်မဆိုးဘူးလို့ပြောလို့ရမယ်။ အခုက အုပ်ချုပ်ရေးဒိုင်း ဆိုပြီး ဘောလုံးပွဲလုပ်ကြတယ်။ အခုဆိုပိုများသွားပြီ။ မနေ့က တစ်ရက်ထဲ ၁၀ ယောက်ကျော်သွားတယ်။ ဒီကနေ့အထိ ဆို ၁၈ ယောက်ရှိသွားပြီလို့ကြားရတယ်” ဟု ပြောဆိုသည်။ ကိုဗစ်-၁၉ ရောဂါကူစက်ခံရသည့်သူများမှာ ဘောလုံးသမားများတစ်ချို့နှင့် စစ်ကောင်စီ၏ဝန်ထမ်းများဖြစ်သည်ဟု သိရသည်။ “အခုရောဂါ ကူးစက်မှုနှုန်းပိုများလာမှာ အရမ်းကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသမှာက စစ်ကောင်စီအောက်မှာရှိတဲ့ သူတွေဘဲ ပိုပြီး လုပ်ဆောင်နေကြတာဖြစ်တယ်။ ပြီးရင် အာဏာရှိတဲ့သူတွေက စစ်ဆေးမှု သိပ်မခံယူကြဘူး။ မစစ်သင့်တဲ့ သူတွေကိုတော့ အတင်းအဓမ္မစစ်ကြတယ်။ နောက် တစ်ခြားပါတီကသူတွေနဲ့ နိုင်ငံရေးလုပ်တဲ့သူတွေက သိပ်မရှိကြဘူး။ ဒါကြောင့် သူတို့ဆီကဘဲ ရောဂါကူးစက်မှုနှုန်းတွေ ဖြစ်လာမှာကိုဘဲစိုးရိမ်တယ်” ဟု သူကဆက်ဆိုသည်။ လက်ရှိ နောင်မွန်မြို့ပေါ်တွင် Covid-19 ကူးစက်ခံရသူ များပြားလာသည့်အတွက် ဒေသခံပြည်သူများကို တစ်နေရာမှ တစ်နေရာသို့ သွားလာရေးကန့်သတ်လိုက်သောကြောင့် စားဝတ်နေရေးပြဿနာ အလွန်ခက်ခဲလာမည်ကိုလည်း စိုးရိမ်နေကြသည်။ လွန်ခဲ့သည့်အချိန်များက မြန်မာနိုင်ငံ ဒေသအသီးသီးတွင် Covid-19 ရောဂါကူးစက်ပျံနှံ့မှုကြောင့် လူသေဆုံးမှုများပြားခဲ့သော်လည်း နောင်မွန်ဒေသတွင် ၅ဦးခန့်သာ ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးမှု လုံးဝမရှိခဲ့သော … - [ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ](https://burmese.kachinnews.com/2021/10/15/oct-15-ld-1/): ကချင်ပြည်နယ် အင်ဂျန့်ယန်မြို့နယ်ရှိ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ “အင်ဂျန်ယန် စစ်ရှောင်ပြည်သူတွေက လက်ရှိသူတို့မှာ အစားအသောက်အရမ်းခက်ခဲနေတယ်။ ဘာကြောင့်ဆိုရင် အဲ့ဒီကို သွားဖို့ ဂိတ်တွေကြောင့်နဲ့ လမ်းခရီးက ကြမ်းတမ်းတော့ ရောက်နိုင်ဖို့ တော်တော်ခက်ခဲတယ်။ ပစ္စည်းတွေပို့ဖို့ဆိုလည်း ဆာလာအိတ်တစ်အိတ်ကို သိန်းချီ ကုန်တာကြောင့် ပို့ပေးနိုင်ဖို့ ခက်ခဲတယ်။ နေဖို့ထိုင်ဖို့လည်း ခက်ခဲနေတယ်။ သူတို့ဟာသူတို့ တဲဆောက်ပြီး နေနေရတာကြောင့်၊ ဖျားပြီဆိုရင်လည်း ဘယ်မှသွားပြစရာနေရာမရှိဘူး။ ဖုန်းလိုင်းလည်း လုံးဝမရတာကြောင့် သူတို့ ဘယ်လိုဖြတ်ကျော်နေရတယ်။ ဘယ်လောက်ထိခက်ခဲနေတယ်ဆိုတာတေင် အသေးစိတ်မသိနိုင်ဘူး။” ဟု ဘွမ်ရာယန် စစ်ရှောင်ပြည်သူများအတွက် ကူညီပေးနေသူတစ်ဦး KNG ကိုပြောသည်။ လွန်ခဲ့သော ၂ လခန့်က ဘွမ်ရာယန်စစ်ရှောင်ပြည်သူများအတွက် လမ်းခရီးအခက်အခဲကြားမှ ကူညီထောက်ပံ့ပေးသော အလှူရှင်များရောက်ရှိနိုင်ခဲ့သော်လည်း နောက်ပိုင်း ကူညီထောက်ပံ့မှုများ မရောက်ရှိနိုင်သောကြောင့် ကျန်းမာရေးနဲ့ စားသောက်နိုင်ဖို့ အခက်အခဲများကြုံတွေ့နေကြောင်း သိရသည်။ ထို့ကြောင့် အင်ဂျန်ယန်စစ်ရှောင်ပြည်သူများအတွက် ဆေးဝါး၊ အစားသောက်နဲ့ အနွေးထည်များကို ကူညီပေးနိုင်ဖို့ အလှူရှင်များ အာရုံစိုက်ပေးရန်တောင်းဆိုထားသည်။ “အင်ဂျန်ယန်ဒေသမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုလည်း အိမ်သာကအစ သူတို့နေတဲ့ အိမ်ကိုလည်း ဖြစ်သလို တဲနဲ့ပဲမဟုတ် နေနိုင်ဖို့ရယ်၊ ဆေးဝါးလည်းမရှိဘူး။ အစားအသောက်နဲ့ အခုဆောင်းရာသီဆို အရမ်းချမ်းလာတော့မှာ အနွေးထည်တွေလိုအပ်နေပြီ။ သောက်ရေအတွက် ပိုက်တွေ၊ အမျိုးသမီးများအတွက် မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေ၊ ဒါတွေ အရေးကြီးနေတယ်။ အဓိက အစားအသောက်၊ အဝတ်အစား၊ ဆေးဝါး ဒါတွေလိုအပ်နေတယ်။” ဟု စစ်ရှောင်ပြည်သူများအား ကူညီပေးသူတစ်ဦးက ပြောသည်။ အင်ဂျန်ယန်ဒေသ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၀ ကျော်ရှိပြီး … - [မြန်မာ-တရုတ် နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည် ဖွင့်ဖို့ ဆိုင်းငံ့ထား](https://burmese.kachinnews.com/2021/10/15/oct-15-bs-1/): မူဆယ် နယ်စပ်ဘက်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ဖွင့်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့က တရုတ် မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ပတ်သက်တဲ့ အစည်းဝေးတခုကို Online ကနေ ကျင်းပခဲ့ပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးမျှတမှု မရှိတာကြောင့် ဆိုင်းငံ့ထားရကြောင်း မြန်မာလုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။ “တရုတ်နဲ့ မြန်မာ ညှိတာ အဆင်မပြေဘူး။ တရုတ်က စာ ထုတ်လာပြီ။ ၁၅ ရက်ဖွင့် မယ့်ဟာကတော့ ထပ်ပြီးတော့ ဆိုင်းငံ့ လိုက်ပြီတဲ့။ ပြန်ဖွင့်မယ်ရက်ဆိုတဲ့ဟာတော့ ပြန်ပြီး အကြောင်းကြားမယ်တဲ့။” လို့ တရုတ်ဘက်က မြန်မာ လုပ်ငန်းရှင် တဦးက ပြောပါတယ်။ တရုတ်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဘက်သို့သွင်းခွင့်ပြုပေမယ့် မြန်မာနိုင်ငံက ပို့ကုန်ကို တရုတ်ဘက်ဝင်ခွင့်မပြုဘူးလို့ တင်ပြလာတာကြောင့် မြန်မာနိုင်ငံက လက်မခံ ခဲ့ကြောင်း မူဆယ် ဆန်စပါးကုန်စသည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။ “တဖက်သတ် တရုတ်ပြည်ကပဲ မြန်မာပြည်ကိုသွင်းမယ်။ မြန်မာပြည်က ကုန်ပစ္စည်းတွေကို တရုတ်ပြည်ကို မသွင်းရဘူးဆိုတဲ့ ကိစ္စတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ တရုတ်ပြည်က ကားအစီး ၁၀၀၀ မြန်မာပြည်ကိုဝင်ရင် ကျွန်တော်တို့ မြန်မာပြည်ကလည်း ကားအစီး ၁၀၀၀ တရုတ်ပြည်က ခွင့်ပြုမှ ကုန်သွယ်ရေးမျှတမှု ဆိုတာ ဖြစ်ပေါ်လာမယ်။” သူက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း မဖြစ်နိုင်ဘူးလို့ ပြောတာကြောင့် တရုတ်နိုင်ငံဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စတွေကို ဗဟိုအစိုးရဆီ တင်ပြပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်က … - [မြစ်ဆုံဒေသ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ကန့်ကွက်](https://burmese.kachinnews.com/2021/10/14/oct-14-lp-1/): ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံအနီးတစ်ဝိုက်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရေးလုပ်ငန်း ပိုမိုလုပ်ဆောင်နေခြင်းကို ကန့်ကွက်ကြောင်း မြစ်ဆုံ တန်ဖရဲ ဒေသခံများက ယနေ့ သဘောထုတ်ပြန်ထားသည်။ - [ကသာမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူး အများစု တာဝန်မှ နှုတ်ထွက်](https://burmese.kachinnews.com/2021/10/14/ocy-13-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု ၈၀ ရာခိုင်နှုန်းခန့် နုတ်ထွက်နေပြီဟု ဒေသခံများထံမှ သိရသည်။ “စုစုပေါင်း ၄၁ ယောက်ရှိတဲ့ထဲကနေ ၃၁ ယောက်နုတ်ထွက်ပြီ။ ကလုံရွာက အုပ်ကြီးကတော့ ပျောက်နေတယ်လို့ ပြောကြတယ် အဲတော့ ၉ ယောက် ကျန်သေးတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။ ကသာမြို့နယ် စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား တာဝန်မှ နုတ်ထွက်ကြရန် ဒေသခံ PDF အဖွဲ့မှ အောက်တိုဘာလ ၃ ရက်နေ့ရက်စွဲဖြင့် သတိပေးထားသည်။ ယင်းကဲ့သို့ သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်လိုက်သည့်နောက် အောက်တိုဘာလ ၁၂ရက်နေ့ထိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးရာထူးမှ နုတ်ထွက်သူ ၃၁ ဦး ထိရှိလာကြောင်း ဒေသခံများမှ သိရသည်။ ထို့ပြင် အချို့သော အုပ်ချုပ်‌ရေးမှူး ရာအိမ်မှူးများသည် တာဝန်မှနုတ်ထွက်သွားသော်လည်း စစ်ကောင်စီသို့ သတင်းပေးနေသးသည့်အတွက် ၎င်းတို့ကို ကသာမြို့မှ အပြီးပိုင် ထွက်သွားရန်လည်း ဒေသခံ PDF တပ်ဖွဲ့မှ သတိပေးထားသည်ဟု သိရသည်။ “တစ်ချို့က တာဝန်ကနေ နုတ်ထွက်ရင်လည်း စစ်ကောင်စီဘက်ကို သတင်းပေးတာတွေ ခုပြောပြောနေကြတဲ့ ဒလန်လုပ်နေသေးတယ်လို့ သတင်းတွေ ထွက်နေတယ် အဲကြောင့်လည်း PDF သတိပေးတာဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကသာမြို့နယ်တွင် ကျေးရွာပေါင်း ၃၂ ရွာရှိကာမြို့ပေါ်ရပ်ကွက် ၁၁ ခု ရှိကြောင်း ဒေသခံ PDF မှ သတိပေးထားသည့် အုပ်ချုပ်ရေးမှူး ၇ ဦး … - [ကချင်စစ်ရှောင်စခန်းများတွင် Covid-19 အတည်ပြုလူနာ ပိုးတိုးလာသဖြင့် စားဝတ်နေရေးအလွန်ခက်ခဲလာ](https://burmese.kachinnews.com/2021/10/14/oct-14-ld-1/): ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုလအတွင်း Covid-19 အတည်ပြုလူနာ ပိုမိုတွေ့ရှိလာသဖြင့် Lockdown ချထားရသောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ မြစ်ကြီးနားမြို့ Jaw Masat (မော်တောင်း) စစ်ရှောင်စခန်းတွင် အောက်တိုဘာလဆန်းမှ ယနေ့ထိ ပိုးတွေ့လူနာ ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျော်မဆပ်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “တို့ စစ်ရှောင်စခန်းမှာ ဇူလိုင်လကနေ သူများတွေအရမ်းဖြစ်နေရင်တောင် ကျမတို့မှာ ပိုးတွေ့လူနာတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာလကုန်ပိုင်းမှ စပြီး ပြန်စစ်ဆေးတာ မိသားစုတစ်ခုမှာ ၁ ယောက်တွေ့၊ ၂ ယောက်တွေ့ကနေ တစ်မိသားစုလုံး ပိုးတွေ့လာရော၊ အဲ့ဒီကနေ အောက်တိုဘာ ၈ ရက်နေ့စစ်ဆေးတော့ ၁၄၅ ဦး ပိုးတွေ့တာ၊ အခု ၁၇၀ ရှိသွားပြီ။ စခန်းတစ်ဝက်ခန့်က ပိုးတွေ့နေပြီး စခန်းတစ်ခုလုံးပျံ့နှံ့ကူးစက်နေပြီ။ အစားအသောက်အခက်အခဲကြောင့် ခုခံနိုင်စွမ်းမရှိသူ များရာကနေ ခုလို ကူးစက်မှု မြင့်တက်သွားတာဖြစ်မယ်။” ဟု ဂျော်မဆတ် စခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ ပိုးတွေ့လူနာများကို နေရာထိုင်ခင်းအခက်အခဲကြောင့် အိပ်ခန်းထဲမှာပဲ ဆေးကုသခံယူစေထားပြီး ၎င်းတို့အား လိုရာ လုပ်ဆောင်းပေးနိုင်ဖို့ Volunteer အင်အားလည်း လိုအပ်နေကြောင်း သိရသည်။ ထို့အပြင် စစ်ရှောင် ပိုးတွေ့လူနာများတွင် သက်ကြီးရွယ်အို ၁၀ ဦးကျော် ပါဝင်ပြီး ထိုသူတို့မှာ ခုခံနိုင်စွမ်းမရှိတာကြောင့် အိပ်ယာပေါ် လုံးလုံးဖျားနေကြောင်းလည်း ၎င်းက ပြောပြသည်။ လက်ရှိ ဂျော်မဆတ် စစ်ရှောင်စခန်းတွင် ရောဂါ ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး အစားအသောက်နဲ့ ဆေးဝါး အခက်အခဲကြုံတွေ့နေသလို နေရာထိုင်ခင်းမရှိခြင်းကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း … - [တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မျှတမှု မရှိလို့ မြန်မာ လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနေ](https://burmese.kachinnews.com/2021/10/13/oct-13-bs-2/): တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ မျှတမှုမရှိလို့ မြန်မာ လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနေကြောင်း မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “တရုတ်ဘက်က ကိုဗစ် ‌အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးဂိတ်တွေကို ပိတ်ချလိုက်တယ်။ မြန်မာဘက် ကနေ တရုတ် ဘက်ကို တင်ပို့မယ့် ကုန်တွေ မြန်မာဘက်ခြမ်း တန် ၅ သောင်း လောက်ပိတ်မိနေတယ်။ ဝင်ခွင့် မပေးပဲနဲ့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ကိုဖွင့်ပေးပြီး သူတို့ နိုင်ငံက ကုန်ပစ္စည်းပဲ ထုတ်ခွင့်ရမယ် ဆိုရင် တဖက်သတ်ပဲ ဖြစ်နေတယ်။ ကျင်ဆန်းကျော့ ကိုပါ ဖွင့်ပြီး မြန်မာကုန်တွေကိုလည်း တင်သွင်းခွင့် ပြုသင့်တယ်” လို့ တရုတ်ဘက်မှာ နေထိုင်တဲ့ မြန်မာ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ တရုတ်ဘက်ကနေ မြန်မာဘက်တင်သွင်းမယ့်ကုန်များ ပိတ်မိနေတာကြောင့် မြန်မာလုပ်ငန်းရှင်များ ကြီးမားတဲ့ ဆုံးရှံးမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း “ကျွ‌‌န်‌တော် တစ်ယောက်ထဲ ကျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန်တွေမှာ ဂိုဒေါင် ဌားခ၊ နေစရာ အခန်းငှားခ၊ အလုပ်သမားခနဲ့တင် ၁ လ ခု ပေါက်ဈေးနဲ့ သိန်း ၉၀ ခန့် အလွတ် ရှင်းနေရတယ်။ လုပ်ငန်းတွေက မလည်ပတ်လို့ မရ။ လက်ရှိ ပစ္စည်းခ မပါပဲ ဆုံးရှုံးနေတာ သိန်း ၁၈၀၀ လောက် ရှိပြီ” ဟု မြန်မာ ကုန်ဂိတ် ပိုင်ရှင် ၁ ဦးက ပြောပါတယ်။ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် ခေါက်တို ကားခတွေ အဆမတန်မြင့်မား ကောက်ခံတာတွေ မဖြစ်အောင် မြန်မာဘက်က … - [မုံးကိုးတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရ](https://burmese.kachinnews.com/2021/10/13/oct-13-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသခံ ‌တွေဆီက သိရပါတယ်။ - [ပြည်သူ့စစ်အဖွဲ့ အကျိုးအမြတ်ရနေသော ရွှေမှော်များကို KIA ပိတ်သိမ်းခိုင်း](https://burmese.kachinnews.com/2021/10/13/oct-13-y-1/): တနိုင်း လီဒိုလမ်းမပေါ်  ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။ - [မုံးကိုး ဗျူဟာကုန်းအနီး ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2021/10/12/oct-12-s-1/): မုံးကိုး မြို့  စစ်ဗျူဟာကုန်းအနီး ယနေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ အများအပြား တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ “၆ ယောက်ထိတယ်။ နှစ်ဖက်လုံး လက်နက်ကြီး သုံးတယ်။ စစ်ကောင်စီ ဘက်က ပိုသုံးတယ်။ ရွာကလူတွေ မထွက်ပြေးနိုင်လို့ တော်တော် ဒုက္ခ ရောက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မုံးကိုးမြို့ ဗျူဟာကုန်းနဲ့ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြား ထိခိုက်သူများလည်း ရှိနိုင်သေးကြောင်း သူက ဆက်ပြောသည်။ လက်ရှိအချိန်ထိ ရရှိထားသော ထိခိုက်သူစာရင်း ၆ ဦးတွင် အသက် ၂ နှစ်အရွယ်ကလေး ၂ ဦး၊ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို ၂ ဦး နှင့် လူငယ်အရွယ် ၂ ဦးပါဝင်သည်ဟု သိရပြီး ၎င်းတို့ နာမည်အသေးစိတ်ကို မသိရသေးပါ။ ကြံခင်းဘက်သို့ရှိနေသော ကိုးကန့်တပ်ဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ရာတွင် ကျေးရွာအတွင်း လက်နက်ကြီး ၃ လုံးထက် မနည်းကျရောက်ခဲ့သောကြောင့် ကျေးရွာအတွင်း ပျက်စီးမှုများရှိနေသည်ဟု ဒေသခံများပြောသည်။ အဆိုပါကျေးရွာများတွင် တိုက်ပွဲဖြစ်ပါက ရွာကို မီးရှိုမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသောကြောင့် ဒေသခံများမှာ … - [မိုးမောက်တွင် စစ်ကောင်စီ ကား ၂ စီး မိုင်းခွဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/10/12/oct-12-y-2/): ဗန်းမော်ခရိုင် မိုးမောက်မြို့အဝင် စာသင်ကျောင်းရှေ့တွင် အာဏာသိမ်းစစ်ကောင်စီ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ ညနေပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့](https://burmese.kachinnews.com/2021/10/12/oct-12-bs-2/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရှိ စစ်ဗျူဟာကုန်းတွင် ယနေ့ နေ့လည်ခန့်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မုံးကိုး ဗျူဟာကုန်း၊ မုံးကိုး အထကကျောင်း အနီးတဝိုက်မှာ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ခန့်ကစတင်ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်တယ်။ ကျွန်တော်တို့ လည်းကြောက်လို့ ထွက်မကြည့် ရဲဘူး” လို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ကိုးကန့်တပ်ဘက်က လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား နေရာအနှံ ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူ ၈၀၀ ကျော်လည်း စစ်ပြေးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၇ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး ၃ ဦး မိုင်းနင်းမိသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Bum Shep - [‘အချင်းချင်း အကူညီပေးတာဖြစ်တယ်’ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းနယ်စပ် စစ်ရေးအခြေအနေ မေးမြန်းခြင်း](https://burmese.kachinnews.com/2021/10/12/oct-12-ld-2/): အခုလဆန်းပိုင်းကစတင်ပြီး ကချင်ပြည်နယ် တနိုင်းဒေသကို စစ်ကောင်စီက စစ်ကား အစီး ၆၀ ခန့်နဲ့ စစ်ရိက္ခာသွားပို့တာရှိသလို၊ စစ်ကိုင်းနယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ နဲ့ ၃၅ ဒေသကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ - [ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ](https://burmese.kachinnews.com/2021/10/12/oct-12-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရပ်ကွက် ၁ မန့်မိုင်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ ပေကျော်လွန်ကာ တရုတ်ဘက်က ရေလယ်မှာ ကျောက်ချလမ်းဖောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ - [Covid-19 ပိတ်ဆို့မှုများ​ကြောင့် KIO နယ်မြေတွင် ဓါတ်ဆီ နှင့် ဒီဇယ်များ ပြတ်လပ်](https://burmese.kachinnews.com/2021/10/12/oct-12-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ဓာတ်ဆီဆိုင်အချို့ ဆီပြတ်လပ်ခြင်းကြောင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆိုင်များ ယာယီပိတ်ထားရကြောင်း သိရသည်။ - [မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2021/10/11/oct-11-bs-1/): မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ် တို့အကြား နေရာအများအပြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။ “နေ့ရော ညပါ အဆက်မပြတ် တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့တော့ ဖောင်းဆိုင်ဘက် တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦး က ပြောပါတယ်။ အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့‌တွေမှာလည်း ကောင်းလုံ အောက် ကောင်းဒပ် အနီးတဝိုက်မှာ နေ့တိုင်းနီးပါး လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေ ကောက်ရိတ်သိမ်းချိန် မကြာခဏ ထွက်ပြေးနေရတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က မုံးကိုးမှာ စစ်ကောင်စီတပ်ဖက်က  MNDAA တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဘက်ကနေ ပန်ဆေးဖက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း ၊ မုံးကိုး နဲ့ ဖောင်းဆိုင်းဒေသ တို့မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပြီး လက်နက်ကြီးထိမှန် သေဆုံးသူ ၇ ဦး၊ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး၊ စစ်ကောင်စီရဲ့ မိုင်းနင်းမိ သေဆုံးသူ ၃ ဦး နဲ့ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။ - [နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည် ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ](https://burmese.kachinnews.com/2021/10/11/oct-11-y-1/): ပူတာအိုခရိုင် နောင်မွန်ဒေသ စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများတွင် ယခင်က ပါဝင်ခဲ့သူများကို စစ်ကောင်စီနှင့် ဌာနေပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးရန် သတင်းများထွက်ပေါ်နေသဖြင့် နောင်မွန်ဒေသခံတစ်ချို့ တိမ်းရှောင်နေရ ကြောင်း သိရသည်။ - [ထီးချိုင့် နှင့် အရာတော် တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနှင်းပြီး ဖမ်းဆီးမှုများပြုလုပ်နေ](https://burmese.kachinnews.com/2021/10/11/oct-11-z-1/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင်းမြို့နယ်ရှိ လေသာကျေးရွာတွင် ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီဘက်မှ အင်အားသုံး ဝင်ရောက်စီးနှင်းလာသည့်အတွက် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ခဲ့ရာ PDF ဘက်မှ ၄ ကျဆုံးကာ စစ်ကောင်စီဘက်မှလည်း သေဆုံးသူရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ “ကျနော်တို့ သိထားသလောက် အနည်းဆုံး ၇ ဦးလောက် ထိထားတယ်လို့ သိရတယ်။ အဲထဲမှ ပအဖ ဘက်က ၄ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိထားတယ်။ ပြီးတော့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့အလောင်းတွေလည်း ရှိသေးတယ်လို့ သိရတယ်။” ဟု မြေပြင်သတင်းပေးပို့သူများက ပြောသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် လေသာကျေးရွာသို့ အရပ်ဝတ်ဖြင့် ဝင်ရောက်ပစ်ခတ်လာသည့်အတွက် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်နေ့ကလည်း အလယ်တောကျေးရွာအား အဝင်အထွက် ပိတ်ကာ ရွာတွင်း ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း ဒေသခံများမှ သိရသည်။ ထို့ပြင်  အရာတော်မြို့နယ် ဇရစ်ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနှင်းနေသည့်အတွက် ‌ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ “ဒီနေ့ နေ့လည်လောက်မှာ ရဲကားတွေရော၊ စစ်သားတွေ ဆိုင်ကယ်နဲ့ကော လာပြီးတော့ ပစ်ခတ်တာတွေ လိုက်လံဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေလည်း အားလုံးနီးပါး ထွက်ပြေးနေရပြီလို့ သတင်းရထားပါတယ်” လို့ ဒေသခံတစ်ဦးထံမှ သိရသည်။ ဇရစ်ကျေးရွာသည် အရာတော်အရှေ့နယ် မုံရွာ‌-ရွှေဘိုလမ်းပေါ်တွင်ရှိသည့် ကျေးရွာဖြစ်ပြီး ယနေ့ စစ်ကောင်စီမှ … - [ပင်လည်ဘူး PDF တပ်ဖွဲ့ဝင်တစ်ဦးဖြင့် ဆက်သွယ်မေးမြန်းခြင်း](https://burmese.kachinnews.com/2021/10/11/oct-11-ld-1/): စစ်ကိုင်းတိုင်းအတွင်း အင်တာနက် နဲ့ ဖုန်းလိုင်းပိတ်ထားသော ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ တပ်ချထားတဲ့အပြင် ကျေးရွာ ၁၂ ရွာခန့်ကလည်း ထွက်ပြေးနေရတဲ့အကြောင်း ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ဦးကို KNG က မေးမြန်းထားပါတယ်။ မေး – ပင်လည်ဘူး၊ ဝန်းသို ၊ ကောလင်း တို့တကြော အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ဘာတွေဖြစ်နေလဲ ။ ဖြေ – ပင်လည်ဘူးက ၂၆ ရက်နေ့လည်ပိုင်းကနေ အင်တာနက်လုံး၀ မရအောင်ဖြတ်လိုက်တယ်။ အင်တာနက်ဖြတ်လိုက်ပြီး မိနစ်အကြာမှာပဲ စစ်တပ်က လေယာဉ်နဲ့ စစ်ဖြစ်ပြီးနေရာ သုံးနေရာဝန်းကျင်ကို လည်လှည့် ပစ်သွားတာရှိတယ်။ လေကြောင်းနဲ့ပစ်ပြီး အခုသူတို့စစ်ကူက အဖက်ဖက်မှ အင်အား  ၁၂၀၀ ဝန်းကျင်လောက် ပင်လည်ဘူး ကိုဝင်ပြီး တပ်ချ နယ်မြေ စိုးမိုးရေး ရှင်လင်းရေး လုပ်နေပါတယ်။ မေး – စက်တင်ဘာ ၂၆ ရက်နေ့နောက်ပိုင်းမှာကော ပြင်းထန်တဲ့တိုက်ပွဲတွေရှိသေးလား။ ဖြေ – ၂၆ ရက်နေ့ နောက်ပိုင်းတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်တော့ဘူး။ ၂၄၊ ၂၅၊ ၂၆ နေ့မှာဖြစ်လိုက်တဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ စစ်ကောင်စီဘက်က အကျအဆုံးတော့ များတယ်။ အခုလက်ရှိကတော့ စစ်တပ်ဘက်က အင်အားတိုးချဲ့ပြီးတော့ တိုက်ပွဲဖြစ်တဲ့ အနီးအနားကျေးရွာတွေမှာ လူနေအိမ်တွေ ဖျက်ဆီးသွားတာမျိုး၊ PDF တွေရဲ့ ဝတ်စုံချူပ်ပေးတယ်လို့ သံသယဝင်ပြီးတော့ ချူပ်စက်ရှိတဲ့အိမ်တွေမှာ ချူပ်စက်တွေကို ဖောက်ချိုးသွားတာမျိုး အဲ့လိုမျိုးတွေရှိနေတယ်လက်ရှိ။ မေး – အင်တာနက်လိုင်းပိတ်ထားခံရတော့ ပင်လည်ဘူး မြို့နယ်မှ ပြည်သူတွေ သူတို့ရဲ့ … - [မန္တလေး - မူဆယ် ခရီးသည်ကား ဓားပြတိုက်ခံရ](https://burmese.kachinnews.com/2021/10/10/oct-10-bs-2/): မန္တလေးက‌နေ မူဆယ်ကို ခရီးသည် ပို့ဆောင်တဲ့ ခရီးသည်ကားသေး မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီခန့်က တုန်ခန်နားမှာ သေနတ်တွေ၊ ဓားတွေနဲ့ ဓားပြတိုက်ခံရတယ်လို့ ယာဉ်မောင်းရဲ့ အသိမိတ်ဆွေဆီက သိရပါတယ်။ “အဖွဲ့အစည်းလား ဘာလားတော့ မသိဘူး။” လို့ပြောပါတယ်။ ကား၊ ဖုန်းတွေ၊ ငွေတွေနဲ့ ခရီးသည်တွေရဲ့ အိတ်တွေကိုပါ အကုန်ယူသွားတယ် လို့ ပြောပါတယ်။ ဆိုင်ကယ် ကယ်ရီနဲ့ လိုက်ကြည့်တော့ ပန်ဆိုင်းဘက် မောင်းသွားတယ် လို့ ဆိုပါတယ်။ မြေက်ပိုင်း အဝေးပြေး လမ်းမကြီးဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရာပြည်ထောင်စုလမ်းမ ပေါ်မှာလည်း ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာက ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အပြင် ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုလည်း စစ်ကောင်စီက ခြိမ်းခြောက် ချောဆွဲနေတာတွေ ရှိနေပါတယ်။ စစ်ကောင်စီ အာဏာသိမ်း ပြီးနောက် မူဆယ်မြို့နယ်အတွင်းနဲ့ ပြည်ထောင်စုလမ်းမပေါ် လမ်းခရီး သွားလာမှု မလုံခြုံတော့တဲ့အပြင် ဓားခုတ် လုယက် ဓားပြတိုက်မှုတွေ ပိုများလာတာပါ။ - [ရွှေလီမြို့က လုပ်ငန်း ဆိုင်းဘုတ်အချို့ကို ၃ ရက်အတွင်း ဖြုတ်ချရန် ဖိအားပေးခံနေရ](https://burmese.kachinnews.com/2021/10/10/oct-10-bs-1/): မြန်မာ-တရုတ်နယ်စပ် ရွှေလီမှာရှိတဲ့ ဆိုင်းဘုတ်အချို့ကို ၃ ရက်အတွင်း ဖြုတ်ပေးဖို့ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေက စာပို့ထားကြောင်း ရွှေလီဘက် နေထိုင်သူတွေဆီက သိရပါတယ်။ - [ကသာမြို့ ဈေးသည် ၉ ဦးကို စစ်ကောင်စီမှဖမ်းဆီး စစ်ဆေးနေ](https://burmese.kachinnews.com/2021/10/09/oct-9-z-3/): စစ်ကိုင်းတိုင်း ကသာမြို့တွင်း ဒေသခံ ဈေးသည် ၉ ဦးကို အောက်တိုဘာလ ၈ ရက်ညနေပိုင်းက စစ်ကောင်စီတပ်မှ  လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ရောက်ရောက်ချင်း အိမ်ကို ဝိုင်းပါတယ်။ ဖုန်းစစ်တယ် အိမ်ကို ရှာတယ်။ ဘာမှ မတွေ့ဘူးဆိုတော့ ခဏလိုက်ခဲ့ပေးပါဦး မေးစရာလေးရှိလို့ပါ ဆိုပြီး‌ ပြောတယ်။ ဖမ်းတာလားလို့မေးတော့ ဖမ်းတာမဟုတ်ပါဘူး မေးစရာရှိတာ မေးပြီးရင် ပြန်လွတ်ပေးပါ့မယ် လို့တော့ ပြောပါတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ် မှ ခေါ်ဆောင်သွားခံရသူများမှာ စိန်လှိုင် ကိတ်ဆိုင်မှ ၁ ဦး၊ ကိုအီးတိန် ရွှေဆိုင်မှ ၁ ဦး၊ ဦး ကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ ဦး၊ ဦးကောင်းစမ်းရေအေးတည်းခိုခန်းမှ ၁ ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ ဦး ၊ လှိုင်စာပေမှ ၁ ဦး၊ လင်းယုန် စာပေမှ ၁ ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင်မှ ၁ ဦး၊ ဟောင်ကောင်စတိုးဆိုင်မှ ၁ ဦး တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ယင်းဈေးသည် ၉ ဦးအား အမှတ် ၁ ရဲစခန်းတွင် အဖွဲ့လိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ၉ ဦးကို တိုင်ကြားသူများရှိသည့်အတွက် တိုင်းအဆင့်မှ စာထုတ်ပြီး ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီ မှ ယင်းဈေးသည် … - [မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/10/09/oct-9-y-1/): မိုးညှင်းမြို့နယ် အင်းတော်ကြီး မိုင်းနောင်ကျေးရွာဘက်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဥ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ထီးချိုင့်မြို့ ပြည်သူ ၁၇ ဦးဖမ်းခံရ အငယ်ဆုံး ၁၀ နှစ်အရွယ် ကလေးတစ်ဦးပါဝင်](https://burmese.kachinnews.com/2021/10/09/oct-9-z-2/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၈ ရက်ည ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပြည်သူ ၁၇ ဦးအား ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ “မနေ့ည ၈ နာရီဝန်းကျင်လောက်ကနေ စဖမ်းတာတဲ့ ခုကျနော်တို့ဆီရောက်တဲ့ သတင်းအရဆိုရင် ၁၇ ဦးလောက် ဖမ်းသွားတယ်” ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူများမှာ အမတ်မင်း၏ တူမ ၁ ဦး၊ ဒေါက်တာတစ်ဦးအပါအဝင် ညီအစ်မ ၃ ဦး၊ ရတနာရွှေရည် အရက်ဆိုင်က သားအဖ ၂ ဦး၊ ရွှေစည်းဂုံကျောင်းနားမှ ဝက်သားဒုတ်ထိုးသည် ဖခင်ကို မတွေ့သည့်အတွက် သမီးနဲ့ဇနီးသည် ၂ ဦး၊ ကိုဖိုးသက်၏တူ ၃ ဦး၊ ၁၇နှစ်‌အောက် ထမင်းဆိုင်မှ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အခြားသူများ၏ စာရင်းကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။ “ဖမ်းခံရတဲ့သူတွေ မုံရွာဘက်ပို့လိုက်ပြီလို့ကြားတယ်။ ထောင်ဖြစ်ဖို့များမယ် အရင်ကလည်း ဖမ်းပြီး ထောင်တန်းထည့်တာဆိုတော့လေ” ဟု နီးစပ်သူများက ပြောသည်။ ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့နံနက်မှာပင် ထီးချိုင့်မြို့အတွင်း စစ်ကောင်စီတပ်သား ၆၀၀ ခန့် ထပ်မံဝင်ရောက်နေပြီး အတည်ပြု၍ မရသေးသည့် သတင်းများအရ အနောက်မြောက်တိုင်း တိုင်းမှူးသည်လည်း ရွှေမင်းဝံရိပ်သာတွင် လာရောက်‌တည်းနေကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများတွင် ဝင်ရောက်ရှာဖွေမူများပြုလုပ်နေကာ ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နဲ့(၃)မိုင်ခန့်ဝေးသည့် အလယ်တောရွာအား အဝင်အထွက်အားလုံး ပိတ်ထားသည့်အပြင် (၁၀)မိုင်ခန့်ဝေးသည့် နီကယ်မောင်းကုန်း တရုတ်နီကယ်စက်ရုံကြီးရှိသည့် … - [စစ်ကောင်စီမှ ထီးချိုင့် အလယ်တောရွာ အဝင်အထွက် ပိတ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေ](https://burmese.kachinnews.com/2021/10/09/oct-9-z-1/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောရွာကို ယနေ့နံနက် ၅ နာရီဝန်းကျင်မှစကာ စစ်ကောင်စီက ရွာအဝင်အထွက်များ ပိတ်ထားပြီး ဒေသခံများကို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။ - [မုံးကိုး လွယ်ကန် ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2021/10/08/oct-8-bs-3/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ပန်းလုံအုပ်စု လွယ်ကန်ရွာက ကချင်ဒေသခံ နှစ်ဦး ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ဟင်းသီးဟင်းရွက်ရှာသွားရာမှ မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “စားသောက်ဖို့ အခက်အခဲ ဖြစ်နေလို့ ဟင်းသီးဟင်းရွက် သွားရှာတဲ့နေရာ အဲလို နင်းမိတာ။ နှစ်ယောက် စလုံးက ဈေး ရောင်းဖို့ အတွက် ဟင်းသီးဟင်းရွက်ကုန်တွေပါ သွားရှာရင်း ဖြစ်သွားတာ။ နှစ်ယောက်စလုံး တနေရာထဲမှာ ဖြစ်တာ။  ၁ ယောက်တော့ သေသွားပြီ။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ သေဆုံးသွားသူမှာ လွယ်ကန်ရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်လဇွမ်ဒေါင်နောင် ဆိုသူဖြစ်ပြီး လက်ချောင်းတွေ ကျိုး သွားတဲ့သူက အသက် ၃၈ နှစ်အရွယ် ဦးလဂွေတိန့်ခေါ်ဆိုသူဖြစ်သည်။ သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “မနေ့ ညနေပိုင်း ၄ နာရီလောက်။ မနေ့က ပေါက်ကွဲသံတော့ ကြားတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဒဏ်ရာရတဲ့သူက ပြန်ပြောပြတာ။” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကြီးရဲ့ အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့မှ မီးသင်္ဂြိုလ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။ “အလောင်းက ဒီနေ့ မှ သွားကောက်တာ။ ဒီနေ့တော့ သူတို့ စစ်ကောင်စီတပ်သားတွေကို လမ်းမထိ သယ်လာခိုင်းပြီးမှပဲ ပြန်သင်္ဂြိုလ်ရတယ်။ လွယ်ကန်ရွာက။ ပန်းလုံတောင် အောက် … - [မုံးကိုး ဖောင်းဆိုင်ဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ](https://burmese.kachinnews.com/2021/10/08/oct-8-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ ဖောင်းဆိုင်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်ကောင်စီတပ်များ တိုက်ခိုက်မှု မခံရအောင် ပြည်သူတစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်](https://burmese.kachinnews.com/2021/10/08/oct-8-y-1/): ဟူးကောင်း လီဒိုလမ်းမပေါ်တွင် သွားလာနေသော စစ်ကောင်စီတပ်များသည် ၎င်းတို့စစ်ကြောင်း တိုက်ခိုက်မှု မခံရအောင် နောင်းမီကျေးရွာမှ လူငယ် တစ်ဦးကို ပြန်ပေးဆွဲကာ ရှဒူးဇွပ်မှ ဒွမ်ဘန်အထိ ဖြတ်ကျော်သွားကြောင်း သိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင်တွင် ရှဒူးဇွပ်ကျေးရွာမှ နောင်းမီဘက်သို့ ဆင်းလာခဲ့သော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ကို နောင်းမီကျေးရွာအထွက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နောင်းမီ ကျေးရွာမှ လူငယ်တစ်ဦးကို ပြန်ပေးဆွဲကာ စစ်ကားများကို ဒွမ်ဘန်အထိ မောင်းနင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “နောင်းမီမှာ ရောက်နေတဲ့ စစ်သားတွေက လုံခြုံရေးယူပေးဖို့ ၈နာရီလောက်မှာ ရွာကနေ ထွက်ခွာသွားကြတယ်။ မကြာဘူး KIA က ရွာထွက်အနားမှာဘဲ မိုင်းတစ်ကြိမ်ဖောက်ခွဲလိုက်တယ်။ မိုင်းကွဲတဲ့အချိန်မှာ လူငယ်တစ်ယောက်က ဆိုင်ကယ်နဲ့ ဖြတ်လာတယ်။ အဲ့ဒီလူငယ်ကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသဘောနဲ့ခေါ်သွားတယ်” ဟု ပြောဆိုသည်။ ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် လူငယ်မှာ အသက် ၂၀ အရွယ် ဇင်ထုန်းနောင်လတ် (ZingHtung Nawng Lat) ဖြစ်သည်။ ထို လူငယ်ကိုပြန်လွတ်ပေးရန်အတွက် နောင်းမီရပ်မိရပ်ဖများက တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း နောင်းမီကျေးရွာအနီးတွင် ‘KIA ထပ်မံ တိုက်ခိုက်ရင် မလွတ်ပေးဘူး။ ပြန်မတိုက်ရင်လွတ်ပေးမယ်’ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ယာဉ်တန်းများတိုက်ခိုက်ခံရမှု မရှိသောကြောင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးခံရသော လူငယ်ကို ပြန်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့နံနက် ၈နာရီခွဲဝန်းကျင် နောင်မီကျေးရွာအထွက် … - [ပန်ဆိုင်း (ကြူကုတ်) မြို့အနီး စစ်ကောင်စီနဲ့ MNDAA ထိတွေ့ တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2021/10/08/oct-8-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်းမြို့အနီးက နမ့်ဘာတက်ရွာ နားမှာ ယမန်နေ့ညနေပိုင်းက စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [စစ်ကိုင်းတိုင်းတွင် စစ်ရှောင် ၁ သိန်းခန့်ရှိလာပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုများရှိနေ](https://burmese.kachinnews.com/2021/10/07/oct-7-z-2/): စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရပြီးနောက် စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ဝန်းကျင်ရှိလာပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုလည်းအလွန်များလာကြောင်း စစ်ကိုင်းတိုင်းပြည်သူများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများထံမှ သိရသည်။ - [အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/10/07/oct-7-y-1/): တနိုင်းမှ ခြေကျင်ဖြင့်ဆင်းလာသော စစ်ကောင်စီ အင်အား ၁၃၀ ခန့်ပါသော စစ်ကြောင်းကို ယနေ့နံနက် ၁၀နာရီခွဲခန့် လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာနှင့် နောင်းမီကျေးရွာကြား မိုးကောင်းတံတားပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ “KIA ဘက်က အရင်မိုင်းခွဲတိုက်ခိုက်တယ်။ နောက်ပြီး ၂ဖက်တပ် အပြန်အလှန်ပြန် ပစ်ခတ်ကြတယ်။ ၄၅ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး လက်နက်သံတွေ အကျယ်ကြီးကြားရတယ်။ ထိခိုက်မှုတွေက သိပ်မရှိဘူလို့ပြောကြတယ်” ဟု ပြောဆိုသည်။ ထိုနေရာတွင် ၂ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က KIA ရှိနိုင်သည်ဟု ယူဆသော နေရာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီး ၂လုံးကျခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သူကဆက်ဆိုသည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရသည့်အဖွဲ့မှာ ပြီးခဲ့သောရက်ပိုင်းက တနိုင်းသို့ စစ်ရိက္ခာသွားပို့သည့် ယာဉ်တန်းအဖွဲ့ကို ရှဒူးဇွပ်၊ တိန်ကောက်နှင့် ကောင်ရာ စသော ကျေးရွာ လီဒိုလမ်းမကြီးတစ်လျှောက်ပေါ်တွင် လုံခြုံရေးယူပေးခဲ့သော အဖွဲ့ဖြစ်သည်။ ၎င်းတို့မှာ စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီးနောက် ယနေ့ နံနက်ပိုင်း ၇နာရီခန့်တွင် ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းမှ ထွက်လာခဲ့စဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ သို့သော် အဆိုပါစစ်ကြောင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း လက်ရှိတွင် နောင်းမီကျေးရွာအတွင်းသို့ ရောက်ရှိနေပြီး လမ်းမကြီး တစ်လျှောက် သွားလာဖြတ်သန်းသည့် ပြည်သူများကို လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့မှာ ဆက်လက်ပြီး မိုးကောင်းအထိ ဆင်းသွားမည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။ အာဏာသိမ်းစစ်တပ်သည် တနိုင်းမြို့သို့ … - [မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ](https://burmese.kachinnews.com/2021/10/07/oct-7-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်မန့ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ် ၁၀၅ မိုင် လားရှိုး မောင်းတံ ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ လူ‌တော့ တစ်ဦးမှ မထိဘူး။ ကားတစ်စီး အနည်းငယ်ပျက်စီးသွားတယ်။ ၁၀ နာရီ ၄၀ မိနစ်။” လို့ မျက်မြင် ဒေသ ခံ ၁ ဦးက ပြောပါတယ်။ ၁၀၅ မိုင်ကနေ လားရှိုလမ်း အေးရှားဝေါလ် တိုးဂိတ် မရောက်ခင် မောင်းတံနားမှ ပေါက်ကွဲခဲ့တာဖြစ်ပြီး မည်သူဖောက်ခွဲသွားသည်ကို မသိရဘူးလို့ ပြောပါတယ်။ လူထိခိုက်မှုမရှိသော်လည်း ကားထိခိုက်မှုများရှိခဲ့ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။ “လူ‌တွေ တော့ မထိဘူး။ ရပ်ထားတဲ့ ကား ၁ စီးလည်း နည်းနည်း ထိတယ်။ နောက်ပြီးတော့ အဲနားက ထမင်းဆိုင်က ကောင်တာမှန်တွေ ဘာတွေ ထိသွားတယ်။ နောက်ပြီးတော့ TV တစ်လုံး လည်း ထိသွားတယ် ပြောတယ်။ ကားအသေးပဲ။ အိမ်စီးကား။ လ ပြည့်ဝင်းဆိုင်က ဘုမသိ ဘမသိ မှန်တွေ ထိသွားတယ်။” လို့ ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ် ကျင်စန်းကျော့ ဘက်မှာ အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်တဲ့အတွက် ရဲအရာရှိတစ်ဦးသေဆုံးခဲ့ပါတယ်။ Bum Shep - [စစ်ကောင်စီတပ်မှ စိုင်ဒူးရွာသား(၅၀)ဦးခန့်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2021/10/07/oct-7-z1/): ယနေ့နံနက် မကွေးတိုင်း ဂန့် ဂေါမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့မြောက်ဘက်ရှိ စိုင်ဒူးရွာမှ ဒေသခံ ၅၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ “လျှပ်စစ်ရုံးမှာ ပန်းရံလုပ်နေတဲ့ ၂၀ ဦးနဲ့ တောင်ယာသွားတဲ့သူတွေ ရွာထဲကလူငယ်တွေ စုစုပေါင်း အယောက် ၅၀ ကျော် လောက်ရှိမယ် ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။ ဖမ်းဆီးခံရသူများထဲမှ သက်ကြီးရွယ်အိုနဲ့ တောင်ယာသွားသူများ အနည်းငယ်လွှတ်ပေးခဲ့သော်လည်း လူငယ်များ ၅၀ ခန့် ပါသွားသေးကြောင်း သိရသည်။ စိုင်းဒူးမှ ဟားခါးလမ်ဆုံအထိ ဖမ်းခေါ်သွားမည်ဟု စစ်တပ်မှပြောဆိုကြောင်း ခဏသာ ဖမ်းဆီးခံရပြီး ပြန်လွှတ်လာသူများမှ သိရသည်။ ထို့ပြင် လက်ရှိစစ်ကောင်စီယာဉ်တန်းသည် ဟားခါးလမ်းခွဲတွင် ရပ်နေကာ လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်နေကြောင်းလည်း သိရသည်။ “စစ်ကားအစီးပေါင်း ၁၅ စီးလောက်အနည်းဆုံးရှိမယ်။ ခုထိ အဲဟားခါးလမ်းခွဲနား ရပ်နေသေးတယ်လို့ သိရတယ်” လို့ ဒေသခံများနဲ့ နီးစပ်သူများက ပြောသည်။ စစ်ကောင်စီတပ်သည် ဒေသခံများအား ယခုကဲ့သို့လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခြင်းသည် PDF များ၏ ပစ်ခတ်မူများမှ ကာကွယ်နိုင်ရန် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ‌နီးစပ်သူများက သုံးသပ်ကြသည်။ လက်ရှိ ဂန့်ဂေါ-ကလေးလမ်းတွင် စစ်တပ်က အင်အားတိုးချဲ့နေပြီး အကြမ်းဖက်မှုလုပ်ရက်များ ဆက်လက်ကြုံတွေ့နိုင်ဖွယ်ရှိသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။ - [မိုးမောက်မြို့တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးသေဆုံးနေ](https://burmese.kachinnews.com/2021/10/06/oct-6-z1/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခါနန်ရပ်ကွက် လမ်းဘေးတွင် အောက်တိုဘာ ၅ ရက်ညက အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ - [မြန်မာ တရုတ်နယ်စပ် ဝမ်တိန် က မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တရုတ်ဘက်က ပြန်ခိုင်း](https://burmese.kachinnews.com/2021/10/06/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-%e1%80%9d%e1%80%99%e1%80%ba%e1%80%90%e1%80%ad/): မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရွှေလီမြို့နယ် ဝမ်တိန်မှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအားလုံးကို ကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစ  တရုတ်ဘက်က ပြန်ခိုင်းနေပြီလို့ ဝမ်တိန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ - [KIO နယ်မြေရှိ ပြည်သူများကို Covid-19 ကာကွယ်ရေး ပြန်လည် ထိုးနှံပေး](https://burmese.kachinnews.com/2021/10/06/oct-6-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများကို အောက်တိုဘာလ ၄ ရက်နေ့မှစ၍ SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီဟု လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။ လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ ၄ ကြိမ်တိုင် စစ်ဆေးပြီးနောက် အသက် (၁၅) နှစ်အထက်နှင့် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။ “အခုက ကာကွယ်ဆေး မထိုးထားပဲ ဖြစ်ရင်ပိုဆိုးတယ်။ ဆေးထိုးထားရင်တော့ ခံနိုင်ရည်ရှိတာပေါ့။ ဒီမှာ ကိုဗစ်ဖြစ်တဲ့သူတွေကိုကြည့်ရင် အများစုက ဆေးမထိုးထားဘူး။ ဆေးထိုးထားတဲ့သူတွေက ဘာမှမဖြစ်ဘူး။ အခုဆေးက ၆၀% ကာကွယ်နိုင်တယ်။ သူတို့ခန့်မှန်းထားတဲ့ အချိန် antibody က အရင်က ၆လလို့ ပြောတယ် အခု ၆လတောင် မကတော့ဘူး။ ၆လ ပြည့်တဲ့ချိန် စစ်ကြည့်တဲ့ခါ antibody မကျဘူး။ တာကြောင့် နဲနဲကြာကြာတော့ ခံတယ်လို့ ယူဆတယ်။ တစ်ချို့က ၂ ခေါက် ၃ ခေါက်ထိုးရမယ်ဆိုပြီး ပြောနေကြတယ်။ ဘယ်လောက်အာမခံရှိတယ်ဆိုတာကို သိဖို့ ဆေးက antibody ကို စစ်ရမယ်။ antibody အကောင်ရေတွေ မလျော့သွားရင်တော့ နဲနဲတော့ အကျိုးရှိတာပေါ့။” ဟု ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးကို လက်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ နှလုံး ၊ သွေးတိုးရှိသူ ၊ ကိုယ်ဝန် ၃လရှိသည့် … - [တနိုင်း လီဒိုလမ်းမပေါ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2021/10/06/oct-6-y-1/): တနိုင်းမြို့ကို စစ်ရိက္ခာပို့ပြီး ပြန်ခေါက်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို လီဒိုလမ်းမပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၃ နေရာထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက တနိုင်းဘက်သို့ ထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းမှာ တနိုင်းမှ နေ့ချင်းတွင် ပြန်ခေါက်လာခဲ့ရာ တိန်းကောက်ကျေးရွာအနီးတဝိုက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြေဆိုခဲ့သည်။ “တနိုင်းကို တက်သွားပြီး ပြန်ခေါက်လာတဲ့အဖွဲ့ကို KIA က စောင့်ကြိုမိုင်းခွဲတယ်။ သိရသလောက်ဆို ၃ နေရာလောက်ရှိတယ်။ အသံက အကျယ်ကြီးကြားရတယ်။ စစ်ရိက္ခာသယ်တဲ့ စစ်ကားတွေလည်း ထိခိုက်ပျက်စီးတာတွေရှိတယ်လို့လည်း ကြားရတယ်။” ဟု ပြောဆိုသည်။ မိုင်းခွဲတိုက်ခိုက်ခံရသော နေရာများမှာ တိန်းကောက်ကျေးရွာအဝင် တစ်ကြိမ်၊ တိန်းကောက် နှင့် ရဝမ်ကုန်းကျေးရွာ ၂ ကြားတွင် တစ်ကြိမ်နှင့် ရှဒူးဇွပ်ကျေးရွာအနီး ဂျမ်ဘူတောင် (Jam Bu Kadawng) အနီးတဝိုက် တစ်ကြိမ် စသည့် ၃ နေရာတွင် ဖြစ်သည်။ စစ်ကောင်စီ၏ ရိက္ခာသယ်ယာဉ်တန်းမှာ အောက်တိုဘာလ ၂ရက်နေ့ ရှဒူးဇွပ်ကျေးရွာတွင် ရောက်ရှိခဲ့ပြီး ၃ရက်အကြာမှ အောက်တိုဘာလ ၅ရက်နေ့တွင် တနိုင်းဘက်ကို ဆက်လက်ပို့ဆောင်ခဲ့သည်။ အဆိုပါ စစ်ရိက္ခာများ တနိုင်းအထိ သယ်ယူနိုင်ရန်အတွက် ရှဒူးဇွပ်ကျေးရွာမှ တနိုင်းမြို့အထိ စစ်အင်အား ၅၀၀ ခန့် ကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတင်းကြပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယနေ့ နံနက်ပိုင်း ၉ နာရီခန့်ကလည်း ကောင်ရာကျေးရွာအနီးတဝိုက် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်သားများက တနိုင်းဘက်သို့ … - [မုံးကိုး ဖောင်းဆိုင်မှာ အသက် ၇၂ နှစ်အရွယ် သက်ကြီး ၁ ဦး မိုင်းနင်းမိ ဒဏ်ရာ ရ](https://burmese.kachinnews.com/2021/10/05/oct-5-bs-3/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ရွာက အသက် ၇၂ နှစ်အရွယ် သက်ကြီးရွယ်အို ၁ ဦး ဆေးရွက်ရှာရင်း အောက်တိုဘာလ ၁ ရက်နေ့က မိုင်းနင်းမိကာ ခြေထောက်နှစ်ဖက်လုံး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ခြေထောက်က နှစ်ဘက်လုံး ဖြစ်သွားတာပါ။ ၁ ရက်နေ့ ဖြစ်မယ် ဖောင်းဆိုင်ရွာမှာ။ ၇၂ နှစ် ရှိပြီ အသက်။ ဦးကျိန်ထောင်လွမ်းဒေါင်ဝ် ပါ။ ခုတော့ အဲဒီကနေ မုံးကိုးဘက် ဆေးရုံသွားတယ်။ မုံးကိုးကနေ အသင်းတော်ကားနဲ့ လိုက်ပို့တယ်။ မုံးကိုး စစ်ဗျူဟာကနေ စာရေးပေးပြီး ကွတ်ခိုင်၊ ကွတ်ခိုင်ကနေ အခု လားရှိုး ဆေးကုသမှုခံယူနေတယ်။ အရိုးမှာတော့ မထိဘူး။ လားရှိုးစစ်ဆေးရုံမှာ။” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။ ရွာအပြင်မှာ စစ်ကောင်စီဘက်ကတော့ မိုင်းထောင်ထားတာကြောင့် ဒေသခံတွေကို ရွာထဲမှာပဲနေဖို့ ကန့်သတ်တားမြစ် ထားပေမယ့် အပူကျဆေးရွက်ခူးဖို့ ရွာအပြင်ခေတ္တထွက်စဉ်မှာပဲ မိုင်းနင်းမိ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ကောင်းမွန်စွာ ခွဲစိတ်နိုင်ပြီးနောက် လက်ရှိမှာတော့ လားရှိုး အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံမှာ ကုသမှု ဆက်လက်ခံယူနေကြောင်း သိရပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်တာကြောင့် ဖြတ်သန်းသွားလာဖို့ ခက်ခဲပေမယ့် ဖောင်းဆိုင် ရွာလူကြီးများနဲ့ တပ်မ ၉၉ ကလည်း ၎င်းတို့ မိုင်းကြောင့် ထိခိုက်တာဖြစ်တဲ့အတွက် စစ်ဆေးရုံမှာ ကုသခွင့်ရဖို့ ပြောဆိုပေးကြောင်း မိသားစုဝင်တစ်ဦးကလည်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် စစ်ကောင်စီဘက်က ဖောင်းဆိုင်ဘက်က … - [အထောက်အထားမဲ့ နိုင်ငံခြားလုပ်သားများကို လုပ်အားခရှင်းပြီး နေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရ ထုတ်ပြန်](https://burmese.kachinnews.com/2021/10/05/oct-5-bs-2/): မြန်မာ တရုတ် နယ်စပ် အဓိကကုန်သွယ်မြို့တမြို့ ဖြစ်တဲ့ ဝမ်တိန်မြို့မှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားလုပ်သားများကို အောက်တိုဘာ ၅ ရက်နေ့ကစပြီး နေရပ်ပြန်ပို့ရန် တရုတ်အစိုးရက အောက်တိုဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဝမ်တိန်က နိုင်ငံခြား လုပ်သားများကိုခန့်ထားတဲ့ လုပ်ငန်းရှင်၊ ကုမ္ပဏီတွေအနေနဲ့ ပေးရမယ့် လုပ်အားခများကို အောက်တိုဘာလ ၄ ရက်ည အပြီးရှင်းပေးပြီး ၅ ရက်နေ့က စတင်ကာ အထောက်အထားမဲ့များကို နေရပ်ပြန်ဖို့ရန်အတွက် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဆိုထားပါတယ်။ “ဝမ်တိန်ဘက်က နိုင်ငံခြားသားအလုပ်သမားတွေကို ပေးစရာရှိတဲ့ လစာတွေ အပြတ်ရှင်းပေးပြီး ဒီမနက် ၈ နာရီမှာ နိုင်ငံခြားသားတွေကို ပြန်ပို့မှာလို့သိရတယ်” လို့ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။ ဝမ်တိန် နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းကနေ စာရင်းကောက်ပြီး ပြန်ပို့သွားမှာ ဖြစ်ကြောင်းလည်း အဲဒီ အသိပေး ကြေငြာစာမှာ ဖော်ပြထားပါတယ်။ လက်ရှိ ဝမ်တိန်မှာ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက အခက်အခဲ ကြုံတွေ့နေရကြောင်း “နေထိုင်ခွင့်သက်တမ်းက လွန်နေပြီ။ လုပ်လက်စအလုပ်တွေ အများကြီး ကျန်သေးတယ်။ ပြန်လာလို့ လုံးဝ မဖြစ်သေးဘူး။” လို့  ပြောပါတယ်။ COVID-19 ကပ်ရောဂါကြောင့် တရုတ်ဘက်ခြမ်းမှာ lockdown ချလိုက်ပြီးနောက် သက်ဆိုင်ရာ ရုံးတွေလည်း ပိတ်ထားခဲ့ရတာပါ။ ဒါကြောင်လည်း နေထိုင်ခွင့် အထောက်အထား ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းတွေကို မလုပ်နိုင်ဘဲ သက်တမ်းကျော် တရားမဝင်မှုတွေ ဖြစ်နေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။ တရုတ်ဘက်က … - [မိုးမောက် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်ပြီး ၃ စီး ပျက်စီး](https://burmese.kachinnews.com/2021/10/05/oct-5-y1/): မိုးမောက်မြို့နယ် ဒါ့ဆိုင်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးပျက်စီးသွားသည်ဟု သိရသည်။ - [ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲ ကြုံနေရ](https://burmese.kachinnews.com/2021/10/05/oct-5-lp-1/): စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ကုန်စည်ကား သွားလာမှု နည်းပါးလာခြင်းကြောင့် ကုန်ဈေးနှုန်း ပိုမို မြင့်တက်လာကြောင်း စျေးရောင်းနေသူများထံမှ သိရသည်။ - [ထီးချိုင့်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်](https://burmese.kachinnews.com/2021/10/05/oct-5-y-z1/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံနှင့် ရာအိမ်မှူးများအားလုံးနီးပါးခန့် နုတ်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ - [COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဖြင့် မေးမြန်းခြင်း](https://burmese.kachinnews.com/2021/10/04/oct-4-ld-2/): ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် အသိပညာပေးမှုနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ တာဝန်ခံ MR. Zet ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ကချင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတာနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို သိချင်ပါတယ်။ ဖြေ – ကိုဗစ်ကာကွယ်ဆေးထိုးပေးတာနဲ့ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီကနေ ထိုးပေးနေတာ ရှိတယ်။ နောက်ပြီး နိုင်ငံတကာအဖွဲ့အစည်း NGO/ INGO လုပ်သားများ ရှေ့တန်း Volunteer တွေကို ထိုးပေးနေတာလည်းရှိတယ်။ ဒီထဲမှာမှ ရောက်ရှိဖို့ ခက်ခဲတဲ့ ဒေသတွေထိ ကာကွယ်ဆေးတွေရောက်ရှိနေပြီ။ ထိုးလည်း ထိုးပေးနေပြီ။ တချို့ကတော့ တရွာလုံး တစ်ယောက်မကျန် ထိုးရမယ်ဆိုပြီး အုပ်ချူပ်ရေးမှူးများမှ နိုးဆော်နေတာမျိုးတွေ၊ တချို့ကတော့ မထိုးချင်ပေမဲ့ ထိုးရမယ်ပြောတော့ ဘယ်လိုဖြစ်မလဲဆိုပြီး စိုးရိမ်လို့အကြံတောင်း မေးမြန်းလာတာတွေလည်း အမျိုးမျိုးရှိနေတယ်။ မေး – အခုလို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေတဲ့ ပြည်သူတွေကို ဆရာ့အနေနဲ့ ထိုးသင့်လား၊ မထိုးသင့်လား ဆိုတာ ပြောပြပေးပါ။ ဖြေ – ပထမဆုံး ကိုယ်ထိုးရမဲ့ ဆေးက ဘာအမျိုးအစားလဲဆိုတာကို သိစေချင်တယ်။ ထိုးသင့်လား မထိုးသင့်လားဆိုတော့ ဖြစ်နိုင်ရင် ထိုးထားတာက အကောင်းဆုံးပဲ။ နာတာရှည်ရောဂါ ၊ ဆီးချို ၊ သွေးချို၊ နှလုံး  စတဲ့ ရောဂါအခံရှိတဲ့သူတွေ ၊ သက်ကြီးရွယ်အို ခုခံအားမရှိတော့တဲ့ သူတွေကလွဲလို့ အားလုံး ထိုးတာ အကောင်းဆုံးပဲ။ ကျနော်တို့ ကာကွယ်ဆေးထိုးထားတဲ့ သူတွေများလေလေ၊ ထိုးလို့မရတဲ့သူတွေအတွက် အကာအကွယ်ဖြစ်လေလေ ဖြစ်လာမယ်။ ဖြစ်နိုင်ရင် ခုခံနိုင်စွမ်းရှိတဲ့ သူတွေအားလုံး ထိုးထားစေချင်တယ်။ … - [သယံဇာတတူးဖော်မှုများ ဆက်လက်ရပ်နားမည်ဟု စစ်ကောင်စီထုတ်ပြန်သော်လည်း မြေပြင်တွင် ဆက်လက်တူးဖော်နေ](https://burmese.kachinnews.com/2021/10/04/oct-4-ld-1/): သဘာဝသယံဇာတ ကျောက်စိမ်းရိုင်းတူးဖော်ရေးလုပ်ငန်းကို ဆက်လက်ရပ်နားထားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း ဖားကန့်ဒေသတွင်မူ ဒေသလိုအပ်ချက်အရ မိုးရာသီကုန်လျှင် တူးဖော်မှု ပိုမိုများလာနိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ - [တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို မကြာခင် မြန်မာဘက် သယ်ဆောင်ခွင့်ပြုတော့မည်](https://burmese.kachinnews.com/2021/10/04/oct-4-bs-2/): တရုတ် မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မှာ အချိန်ကြာ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားနဲ့ ပစ္စည်းတွေကို မကြာမီရက်ပိုင်းအတွင်း မြန်မာဘက်ကို တင်သွင်းခွင့်ပြုတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားကြရန် မူဆယ် – နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အောက်တိုဘာ ၃ ရက်နေ့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။ “အဲဒါ ဘယ်ရက် ဖြစ်မလဲတော့ တိတိကျကျ မသိသေးဘူး။ အဆင်သင့်လုပ်ထားလို့ရအောင် ပြင်ဆင်သင့်တာ ပြင်ဆင်ထားလို့ရအောင်ဆိုပြီးတော့ စာထွက်ထားတာပါ။” လို့ မူဆယ် – နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ ကျယ်ဂေါင်မှာ ကုန်တင်ပြီး ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားများ၊ ဂိုဒေါင်နဲ့ ကုန်ဂိတ်များကို တရုတ်ဘက်က မြန်မာဘက်ကို တင်သွင်းဖို့ ရက်ပိုင်းအတွင်း ခွင်ပြုတော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ခန့်မှန်းကားအစီးရေ ၇၀၀ စာ သွင်းကုန်ပစ္စည်း‌တွေ မြန်မာဖက်ကို အကုန်သွင်းပေးတော့မှာဖြစ်ပြီး ၁၀ လပိုင်းအကုန် အပြီးသယ်ယူရမည်ဖြစ်ကာ ယာဉ်မောင်းအစားထိုး (ရှန်တိန်) စနစ်နဲ့သာ ကျယ်‌‌ဂေါင်အတွင်းသို့ ဝင်ရောက်တင်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။ ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို မြန်မာဘက်ပေးဝင်တော့မယ်လို့ သတင်းထွက်နေပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီတော့ လက်ရှိအထိ စာမဝင်သေးဘူးလို့ မူဆယ် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။ “ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်ကားတွေနဲ့ ကုန်ပစ္စည်းတွေကို ထုတ်ပေးမယ်တော့ သိရတယ်။ ခုက မန့်ဝိန်းပေါက်ဘက် ကနေထုတ်ပေးမယ် ပြောတာပဲ။” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။ ကုန်တင်သမား၊ ကုန်သည် နဲ့ စီးပွားရေးလုပ်ငန်းရှင်၊ … - [ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား](https://burmese.kachinnews.com/2021/10/04/oct-4-z-1/): စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တော စံပြရွာရှိ ရဲစခန်းအား ဒေသခံ PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အင်အားထပ်မံ တိုးမြှင့်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။ - [လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းတပ်ကို KIA ဆက်လက်တိုက်ခိုက်နေ](https://burmese.kachinnews.com/2021/10/04/oct-4-y-1/): တနိုင်း လီဒိုလမ်းမပေါ်  စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးပေးရန် ရောက်နေသောတပ်ဖွဲ့ ကို ယနေ့ နံနက်ပိုင်းက နေရာ ၂ ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ - [ကျင်စန်းကျော့ ပစ်ခတ်မှု မြို့နယ် ရဲအရာရှိ တစ်ဦးသေဆုံး](https://burmese.kachinnews.com/2021/10/04/oct-4-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်းစန်းကျော့-ဝမ်တိန်သွားလမ်း ကောင်းခန့်ရွာအထက် ဆီဆိုင်နားရှိနေတဲ့ စစ်ကောင်စီ နှင့် ရဲတပ်ဖွဲ့ကို အောက်တိုဘာလ ၃ ရက်ညက အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်တဲ့အတွက် ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ‌တွေဆီက သိရပါတယ်။ ယမန်နေ့ ည ၈ နာရီခန့်တုန်းက လမ်းမပေါ် ကားတွေကို စစ်ဆေးနေတဲ့ ရဲနဲ့ စစ်တပ်ကို အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်သွားခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ “ကျနော်တို့ အဒေါ်ဆိုင်ရှေ့မှာဖြစ်တာ။ အဒေါ်က အထက်က အိမ်မှာ လာပြေးပုန်းနေရတယ်။ ပစ်တာ ဆိုင်တွေလည်း မှန်တယ်။ ရဲ ၁ ယောက် သေတယ်ကြားတယ်။ တွဲကားဆရာလည်း ကျည်ထိသွားတယ်။ အဲမှာ ရှိတဲ့ ကားဘီးတွေလည်း အကုန် ပစ်ဖောက်။” လို့ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။ သေဆုံးသွာသူမှာ မူဆယ်မြို့နယ်ရုံးက ရဲအုပ် စိုးလင်း ဆိုသူဖြစ်ပြီး ယနေ့ မနက်မှပဲ နာရေးကားနဲ့ အလောင်းလာသယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိုသို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အနီးနားမှာရှိတဲ့ ဆိုင်တွေလည်း ကျည်ထိမှန်ပြီး ပျက်ပြီးမှုတချို့ ရှိခဲ့ကြောင်း သိရပါတယ်။ ” ဗုံးက ၃ လုံးဖောက်တယ်။ အသံ အကျယ်ကြီးပဲ။ ဗုံးသုံးလုံးက တော်တော် ပြင်းတယ်။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ။ ကျွန်တော်တို့က အဲဒီ အထက်နားလေးက ဆိုင်မှာလေ။ သူတို့ကို တားတာကို တစ်ခါထဲ ပစ်ပြေးတာ။” လို့ နောက်ထပ် မျက်မြင် ရွာခံတစ်ဦးက ပြောပါတယ်။ … - [အာဏာသိမ်းစစ်ခေါင်းဆောင် လာမည့် ပူတာအိုတွင် မူလာရှီးဒီဂိတ် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2021/10/03/oct-3-y1/): အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည့် ပူတာအိုတွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်က မူလာရှီးဒီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ပူတာအိုမြို့နယ်အဝင် စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်းလုံခြုံရေးချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့ က လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၃၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့က ၁နာရီလောက်မှာ သွားတိုက်ခဲ့တာက သေချာတယ်။ ထိခိုက်မှုအခြေအနေက အသေးစိတ်မသိရသေးဘူး”ဟု ပြောဆိုသည်။ စစ်ကောင်စီ ဥက္ကဌသည် ယနေ့ ပူတာအိုသို့ ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေချိန် တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။ - [ပူတာအိုသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရောက်လာ](https://burmese.kachinnews.com/2021/10/03/oct-3-y-2/): ကချင်ပြည်နယ် ပူတာအိုဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ရောက်လာခြင်းမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သာ ရောက်လာခဲ့သည်ဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့် ပူတာအိုသို့ ရောက်လာခဲ့ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသသို့ ရောက်ရှိနေကြောင်း နီးစပ်ရာ ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “စစ်ကောင်စီ ဥက္ကဋ္ဌ ရောက်မလာဘူး။ နယ်စပ်ရေးရာဝန်ကြီးသာ ရောက်လာတယ်။ အခု နောင်မွန်နဲ့ ခေါင်လန်ဖူးဘက်ကို နေ့ချင်း ရောက်နေတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ပူတာအိုဒေသသို့ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်အစောပိုင်းက ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်ကို ပူတာအို PDF က တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ခေါင်းဆောင် ရောက်လာပါက ပစ်ခတ်မှုပြုလုပ်သွားမည်ဟု PutaO PDF က လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး ၁၉ ရက်နေ့တွင် ပူတာအိုသို့ သွားရောက်ရန်စီစဥ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ ခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်း ဖြစ်သည်။ - [ကွတ်ခိုင်က COVID-19 ရှေ့တန်း ပရဟိတ ဝန်ထမ်း ၂ ဦး ပိုးကူးစက်ခံရ](https://burmese.kachinnews.com/2021/10/03/oct-03-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် COVID-19 ကာကွယ်ထိန်းချုပ်ရေး ရှေ့တန်းက‌နေ ပါဝင်ကူညီ‌နေတဲ့ ပရဟိတ ဝန်ထမ်း ၂ ဦး ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ပိုးကူးစက်ခံထားရကြောင်း ပြောပါတယ်။ “ဟုတ်တယ်။ ဦးလေး ကိုယ်တိုင် ထိသွားတာ။ အခုက ဘာမှ ထူးခြား လက္ခဏာ မရှိပါဘူး။ နှာစေး၊ ချောင်းဆိုး လောက်ပဲ လောလောဆယ် ဖြစ်တယ်။ နောက် ပိုဆိုးတာက ဦးလေးက နှလုံး ရောဂါ ရှိတာလေ။ ကူညီချင်တဲ့ ဆန္ဒနဲ့ပါ။” လို့ သူက ပြောပါတယ်။ ကွတ်ခိုင်မှာ စုစုပေါင်း ပိုးတွေ့ လူနာ ၈၆၅ ဦး၊ သေဆုံးလူနာ ၃၁ ဦး ရှိကြောင်း သိရပြီး လက်တွေ့ မြေပြင်စာရင်းနဲ့ ကွာဟမှု ရှိနိုင်တယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ်။ ဆေးရုံ မတက်ပဲ အပြင်မှာသေဆုံးသူလဲရှိပါတယ်။ အသင်းစာရင်းအရ ဇူလိုင်လ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ အထိဆိုရင် ၄၈ လောက် ရှိပါတယ်။ တချို့ဆို သေလို့ သွားစစ်ကြည့်ရင် P ဖြစ်နေ တာတွေ့ရတယ်။” လို့ သူက ထပ်မံ ရှင်းပြပါတယ်။ ပိုးတွေ့နှုန်း လျော့ကျလာတာရှိပါ‌ပေမယ့် ယခုရက်ပိုင်း နဲနဲပြန်ပေါ်လာတယ်လို့ ဆိုပါတယ်။ Bum Shep - [အာဏာသိမ်း စစ်ခေါင်းဆောင် မနက်ဖြန် ပူတာအိုလာတော့မည်ဟု ဒေသခံများပြော](https://burmese.kachinnews.com/2021/10/02/%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8-%e1%80%85%e1%80%85%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84/): အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် ပူတာအိုဒေသသို့ အောက်တိုဘာလ ၃ရက်နေ့ မနက်ဖြန် ရောက်ရှိလာမည်ဖြစ်သောကြောင့် စစ်တပ်ဘက်က ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးနှင့် စစ်ကောင်စီလက်အောက် နယ်လုံတို့ ၂ ဦးသည် ပူတာအိုမြို့အခြေစိုက် ခလရ (၄၆) တပ်ရင်းသို့ အောက်တိုဘာလ ၂ ရက် ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ကြိုတင်ရောက်ရှိနေပြီဖြစ်ကြောင်း ပူတာအို ဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ ပြောဆိုထားသည်။ “စစ်ကောင်စီ ဥက္ကဌ ပူတာအိုကို မနက်ဖြန်ရောက်လာမယ်လို့ ကြားတယ်။ ဒီနေ့ ၂ နာရီခွဲလောက်မှာ တိုင်းမှူးနဲ့ နယ်လုံဝန်ကြီး လည်း ပူတာအိုရောက်နေပြီ။ မနက်ဖြန်ရောက်တာနဲ့ ကောင်းမှုလုံကို အရင်လာပြီး တွေ့ဆုံပွဲနဲ့ ဘုရားဖူးတာတွေအရင်လုပ်မယ်လို့ကြားတယ်။ လုံခြုံရေးကအစ ပြင်ဆင်နေပြီလို့သိရတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီ ဥက္ကဌ၏ ယခု ပူတာအိုခရီးစဉ်တွင် ရက်ပေါင်းမည်မျှကြာမည်ကို မသိရသေးသော်လည်း ခရီးစဉ်တွင် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသ ပြည်သူ့စစ်လက်အောက် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားသည်ဟု သူက ဆက်ဆိုထားသည်။ ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်သည် မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပူတာအိုဒေသသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရဟု ပြောဆိုကာ အဆိုပါ ခရီးစဉ်ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။ - [စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်ပြီး စစ်ကောင်စီတပ် အင်အား အဆမတန် တိုးချဲ့လာ](https://burmese.kachinnews.com/2021/10/02/oct-02-z1/): ကချင် စစ်ကိုင်းတိုင်း နယ်စပ်တွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ စစ်အင်အား ပိုဖြည့်တင်းလာကြောင်း ဒေသခံများပြောသည်။ “စစ်အင်အားတော့ ထောင်ချီရှိနိုင်တယ်။ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသိုဘက်ကို အဓိကထားပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့် အနေအထားပါရှိနေပါတယ်။ လက်ရှိပင်လယ်ဘူးကောလင်း အနောက်ခြမ်းကိုအင်အား (၅၀၀) အထက် တောနင်းဝင်လာလို့ ရွာအချို့က ပြည်သူတွေတိမ်းရှောင်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဘက်မှ အင်အားတိုးချဲ့ ဝင်ရောက်လာသည့်အပြင် ကျေးရွာအချို့တွင်တပ်စွဲကာ နေထိုင်သောကြောင့် စစ်ကိုင်းတိုင်း တောင်ဘက်ခြမ်းရှိ ကျေးရွာ (၁၀) ရွာခန့်မှာ ထွက်ပြေးတိမ်းရှောက်နေရပြီ ဖြစ်သည်။ ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိစစ်ကောင်စီတပ်များသည်  အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များသို့ အဓိကထားကာ စစ်အင်အားဖြည့်တင်းနေပြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဗူး စသည့်မြို့နယ် (၄)ခုတွင်ပင် အနည်းဆုံး စစ်အင်အား ၂၀၀၀ ကျော် ရှိနိုင်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။ “ကျနော်တို့ ရထားတဲ့ သတင်းအရတော့ စစ်ကားတွေကလည်း နေ့တိုင်းဝင်နေဆဲဖြစ်တယ်။ ဒီနေ့ထိဆိုရင် အစီးရေ (၁၀၀) လောက်တော့ ရှိပြီ။ ပြီးတော့ ဗန်းမောက်ကနေ ပင်လည်ဘူးဘက်လာတဲ့ တောလမ်းမှာ ပျောက်ပျောက်သွားတယ်လို့ သိရတယ်။ အဲတော့ စစ်အင်အားကတော့ အတိအကျပြောရခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၇ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ (၇၀) ခန့် သေဆုံးခဲ့သည်။ ထို့နောက် စက်တင်ဘာလ (၂၆) ရက်နေ့မှစကာ … - [နောင်းမီ ဝါရာဇွပ် ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/10/01/oct-01-y-2/): တနိုင်း လီဒိုလမ်းမပေါ် နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာ၂ခုကြားတွင် စစ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။ - [မြန်မာ ငွေစျေး ကျဆင်းတာကြောင့် တရုတ် နယ်စပ် ကုန်သည်အချို့ လုပ်ငန်း ရပ်နားထားရ](https://burmese.kachinnews.com/2021/10/01/oct-01-bs-1/): တရုတ်နယ်စပ်မှာ မြန်မာငွေတန်ဖိုး စျေးကျမှုကြောင့် လုပ်ငန်းရှင်ကုန်သည်အချို့  တရုတ် ကုန်ပစ္စည်းရောင်းဝယ်မှု ရပ်နားထားရတယ်လို့ သိရပါတယ်။ - [ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ](https://burmese.kachinnews.com/2021/10/01/oct-01-z1/): ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်များ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့တွင် ဖုန်းဆိုင်အချို့ အင်တာနက်သုံးစွဲခွင့် ရသော်လည်း သုံးစွဲခ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ သိရသည်။ - [ကွတ်ခိုင် သိန္နီကြား ဓားပြတိုက်နေသူ ၆ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/09/30/sep-30-bs-3/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ကြား နဲ့ သိန္နီ ကြားက မန်းပြိန်း အကွေ့မှာ ကုန်တင်ကား၊ ဈေးရောင်း၊ ဈေးဝယ် ဖြတ်သွား ဖြတ်သွားဖြတ်လာသူများကို ဓားပြတိုက်နေသော လူငယ် ၆ ဦးကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ မန်ပြိန်းရွာခံတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ “သေနတ်‌လည်း ပါတတ်တယ်။ ဖုန်း နဲ့ ပိုက်ဆံတွေ တောင်းတယ်။ ကျွန်တော် ဖုန်း ၂ လုံးနဲ့ ရှိတဲ့ ပိုက်ဆံ ပေးခဲ့ရတယ်။ မိုးချုပ်ခါနီး ည‌နေ ၇ နာရီဝန်းကျင်ပဲ။ ကျနော်တို့က ကုန်ကားနှစ်စီး” လို့ ဓါးပြုခံခဲ့ရသော ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ဖမ်းမိထားသူတွေမှာ အသက် ၁၉ နှစ် နဲ့  ၂၀ ကျော်အရွယ်လူငယ်အများစုဖြစ်တယ်လို့ သိရပါတယ်။ မြောက်ပိုင်းလမ်းမှာ မကြာခဏ ဆိုသလို ယခုလို ခြိမ်းခြောက် ဓားပြ တိုက်တာတွေရှိနေတယ် လို့ ဆိုပါတယ်။ Bum Shep - [တိုက်ပွဲကြောင့် မုံးကိုးဘက်ကို စျေးလာဝယ်တဲ့ ဖောင်းဆိုင်ဒေသခံတွေ အပြန်လမ်းပိတ်](https://burmese.kachinnews.com/2021/09/30/sep-30-bs-2/): မုံးကိုး နဲ့ ဖောင်းဆိုင်ကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ယနေ့ တစ်ရက်လုံး တိုက်ပွဲ ပြင်းထန်နေတာကြောင့် မုံးကိုးမြို့ကို ဈေးလာဝယ်တဲ့ ဖောင်းဆိုင်ဘက်က ဒေသခံတွေဟာ အိမ်ပြန်လို့ မရပဲ အပြန်လမ်း ကျေးရွာတွေမှာပဲ အိပ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဈေးသွားတဲ့သူတွေ လမ်းမှာတိုက်ပွဲဖြစ်လို့ သူတို့ အိမ် မပြန်နိုင်တော့ဘူး။ အိမ်ပြန်လို့မရလို့ အဲဒီ တခြားရွာမှာ အိပ်ရတယ်။ ပန်စတိုင်းရွာခံတွေပဲ။ မုံးကိုးမြို့ ရပ်ကွက် ၆ ဖော်ဂျုံးပါ မှာပဲအိပ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ကြား မုံးကိုး ဖောင်းဆိုင်လမ်း ကောင်းဒပ် နဲ့ ကောင်းလိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်း ၇ နာရီမှပဲ လက်နက်သံ ငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှုစာရင်းကို ကိုးကန့်တပ်ဘက်က ထုတ်ပြန်ခြင်းမရှိသေးပေမယ့် စစ်ကောင်စီဘက်က တစ်ဦးကျဆုံးသည်ကို သိရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလော စစ်ကောင်စီတပ်အနေနဲ့ ကိုးကန့် MNDAA တပ်စခန်းရှိရာ နေရာတွေကို အဆက်မပြတ် အင်အား ဖြည့်တင်း စစ်ကြောင်း ထိုးနေကြောင်း ကိုးကန့်သတင်းဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။ Bum Shep - [ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ](https://burmese.kachinnews.com/2021/09/30/sep-30-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများအတွက် လိုအပ်သော Covid-19 ကာကွယ်ရေး အသုံးဆောင်ပစ္စည်းနှင့် ဆေးဝါးများကို ICRC – International Committee of the Red Cross မှ စက်တင်ဘာ ၂၈ ရက်နေ့ လာရောက်ပေးအပ်ခဲ့ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ - [မိုးမောက်မြို့အနီး စစ်ကောင်စီတပ်ကို KIA ကြားဖြတ် တိုက်ခိုက်](https://burmese.kachinnews.com/2021/09/30/sep-30-y1/): မိုးမောက်မြို့နယ် လုံဂျာကျေးရွာအုပ်စု ကျောက်စခန်းကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မုံးကိုး မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား](https://burmese.kachinnews.com/2021/09/30/sep-30-bs-1/): မြန်မာ တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံကျေးရွာကြားမှာ ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ စစ်မြေပြင်အနီးမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။ - [မုံးကိုးမြို့နယ်ခွဲ မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2021/09/29/sep-29-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ မွန်းလွဲပိုင်းက ၄ နာရီ နီးပါးကြာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [လီဒိုလမ်းမပေါ် ပြည်သူ ၂ ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2021/09/29/sep-29-y-2/): ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်တပ်ဂိတ်အနီးဖြတ်သွားသော ပြည်သူ ၂ဦးကို စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးကို သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်ခန့်က ဒွမ်ဘုန်းကျေးရွာဘက်မှ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတား (Sai Ling Hka)ပေါ်တွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ဖြင့် ဖြတ်လာသည့် ပြည်သူ ၂ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အဲ့တံတားပေါ်ရှိနေတဲ့ စစ်သားတွေက ဆိုင်ကယ်နဲ့စီးလာတဲ့ ၂ယောက်ကို ရပ်ခိုင်းတာတဲ့။ အဲ့ ၂ယောက်က ဘာလို့မရပ်ပေးတာ တော့ ကျနော်တို့လည်းမသိဘူး။ မရပ်ပေးတော့ နောက်ကနေ စစ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ကြားတဲ့။ နောက်မှာစီးတဲ့ သူက အဲ့နေရာမှာဘဲ လှဲကျပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ ရှေ့မှာမောင်းတဲ့သူရဲ့ လက်ဖက်မှာ သေနတ်ဒဏ်ရာ ၂ နေရာ ရထားတယ်” ဟု ပြောဆိုသည်။ အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိကာ အဖမ်းခံရသူမှာ အမျိုးသမီးဖြစ်သည်။ သေနတ် ဒဏ်ရာရရှိထားသည့် အမျိုးသမီးကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးရုံတွင် ဆေးကုသပေးမည်ဟု ပြောဆိုကာ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း လဝါးဒေသခံတစ်ဦး ထံမှ သိရသည်။ စက်တင်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းမှ အဆိုပါ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတားပေါ်တွင် အာဏာသိမ်းစစ်တပ်အဖွဲ့က စခန်းချပြီး လုံခြုံရေးခေါင်းစဉ်ဖြင့် သွားလာဖြတ်လာသန်းသည့် ခရီးသွားပြည်သူများကို စစ်ဆေးရေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် … - [လီဒိုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/09/29/sep-29-y1/): လီဒိုလမ်းမပေါ် တိန်ကောက်နှင့် ကောင်ရာကျေးရွာ ၂ခုကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [စစ်ကောင်စီ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တဲ့ ၉ နှစ် အရွယ် ကလေး သေဆုံး](https://burmese.kachinnews.com/2021/09/29/sep-29-bs-1/): မုံးကိုးမြို့နယ် ပူဝမ်ကျေးရွာအုပ်စု မန်ခါးကျေးရွာမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ်ကလေး မှာ ဆေးရုံမသွားနိုင်တဲ့အတွက် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။ - [ပင်လည်ဘူးမြို့နယ် ကျေးရွာပေါင်း ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2021/09/28/sep-28-z1/): စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ - [စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ကလေးနှင့် မိခင် ထိခိုက်ဒဏ်ရာ ပြင်းထန်](https://burmese.kachinnews.com/2021/09/28/sep-28-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မန်ခါး ကျေးရွာတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ကလေးငယ်တစ်ဦးနှင့် မိခင် တို့ ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ - [လားရှိုး သိန္နီ လမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး](https://burmese.kachinnews.com/2021/09/28/sep-28-bs-1/): ရှမ်းမြောက် လားရှိုး ဟိုပိတ် နဲ့ သိန္နီ ပြည်ထောင်စု လမ်းမကြားတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ဘက်က သိရပါတယ်။ - [စစ်ကောင်စီ ရိက္ခာသယ်ကား အစီ ၄၀ ကျော် မိုးကောင်းမှ တနိုင်းသို့ တက်သွား](https://burmese.kachinnews.com/2021/09/28/sep-28-y1/): စစ်ကောင်စီ၏ စစ်ရိက္ခာသယ်သော စစ်ကား ၄၀ ခန့်သည် လုံခြုံရေးအပြည့်ဖြင့် မိုးကောင်းမှ တနိုင်းဘက်သို့ ဦးတည်ကာ ယနေ့ နံနက် ၁၀ နာရီခန့်က ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ - [မိုးမောက်မြို့  မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ](https://burmese.kachinnews.com/2021/09/27/sep-27-z1/): ကချင်ပြည်နယ် မိုးမောက်မြို့ ကျောက်စခန်းလမ်းဆုံ ကျောက်တိုင်အနီး ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က မိုင်းပေါက်ကွဲမူဖြစ်ရာတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။ - [အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ](https://burmese.kachinnews.com/2021/09/27/sep-27-y-1/): အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လကုန်ပိုင်းအတွင်း ပူတာအိုသို့ လာရောက်မည်ဟုသတင်းများထွက်ပေါ်နေကြောင်း ဒေသတွင်း သတင်းများထွက်ပေါ်နေသည်။ စက်တင်ဘာလ မကုန်မှီ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး ၃ နေရာသို့ လာရောက်မည်ဖြစ်သောကြောင့် တပ်တွင်းပြင်ဆင်မှုများ ရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ “စစ်ကောင်စီ ဥက္ကဌ လာဖို့ရှိတယ်လို့ ကြားတယ်။ ဒီလမကုန်ခင်တဲ့။ သူတို့ရဲ့စစ်တပ်အတွင်းနဲ့ လုံခြုံရေးကအစ ပြင်ဆင်နေတယ် လို့ကြားတယ်။ ပြီးရင် ပူတာအိုဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ လာရောက်တွေ့ဆုံဖို့လည်းရှိတယ်တဲ့။ ရက်တော့အတိအကျမသိရ ဘူး” ဟု အမည်မဖောလိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိလာမည့် ပူတာအိုခရီးစဉ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့်လည်း တွေ့ဆုံရန်လည်း စီစဉ်နေကြောင်းသူက ဆက်ဆိုထားသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ဌာနေပြည်သူ့စစ်အဖွဲ့ ဦးဆောင်ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ် စစ်သင်တန်းသင်ကြားပေးနေပြီး နောင်မွန်မြို့တွင် သင်တန်းသား ၁၀၀ ခန့် နှင့် ခေါင်လန်ဖူးတွင် ၂၀၀ နီပါးခန့် တက်ရောက်နေကြောင်းသိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တက်ဘာလ ၁၉ရက်နေ့တွင် ပူတာအိုဒေသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ အဆိုပါခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။ ပူတာအိုခရီးစဉ် ပျက်ပယ်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်က ပူတာအိုမြို့အတွင်း အခြေစိုက်ထားသော စစ်တပ်အဖွဲ့၊ နောင်မွန်မြို့ အနီးရှိ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးအဖွဲ့တို့ဖြင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်းသိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပူတာအိုခရီးစဉ်ပျက်ပယ်ခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးတို့က နေ့တွင်းချင်း … - [ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ](https://burmese.kachinnews.com/2021/09/27/sep-27-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ နော့်ဂူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစခန်းချပြီး ပစ်ခတ်မှု ပြုလုပ်တဲ့အပြင် ဘာသာရေး ဘုရားကျောင်းဝင်းမကျန် နေရာယူလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ](https://burmese.kachinnews.com/2021/09/26/sep-26-z1/): စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းနယ်ဖြစ်သော ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို စသည့် မြို့နယ် (၃)ခုကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းကစတင်ပြီး မိုဘိုင်းအင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း သိရသည်။ - [စစ်ကောင်စီ မိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိ သေဆုံး](https://burmese.kachinnews.com/2021/09/26/sep-26-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီ ထောင်ထားတဲ့မိုင်း ဒေသခံတစ်ဦး နင်းမိကာ စက်တင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီခန့်က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ](https://burmese.kachinnews.com/2021/09/26/sep-26-y1/): တနိုင်းဘက်ကို ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်ကျေးရွာ ၂ခုကြားတွင် ယနေ့နံနက် ၈နာရီဝန်းကျင်က ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ခွမ်ဆိုင်ယန်ကျေးရွာအကျော်နားမှာဖြစ်နေတယ်။ ဒွမ်ဘန်ကမရောက်သေးဘူး။ စစ်သားတွေ ကားလမ်းမကြီးအတိုင်း စစ်ကြောင်းတက်လာတာကို KIA က ခုခံကြားဖြတ်တိုက်ခိုက်နေတာဟုတ်တယ်။ အခုတိုက်ပွဲဖြစ်နေတော နာရီဝက်လောက်ရှိပြီ။ အခုချိန်ထိ ပစ်နေကြတုန်း။ ထိခိုက်မှုတွေက မသိရသေးဘူး”ဟုပြောဆိုသည်။ KIA နှင့်တိုက်ပွဲဖြစ်ပွားနေသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၂၅ရက်နေ့ ညနေပိုင်း ၃နာရီခန့်ဝန်းကျင်တွင် လဝါးကျေးရွာနှင့်တဆက်တည်းရှိသော ခွမ်ဆိုင်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေရာယူခဲ့သောအဖွဲ့ဖြစ်ပြီး ယနေ့နံနက် ဒွမ်ဘန်ဘက်သို့ ပြန်တက်လာခဲ့ရာ KIA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ အာဏာသိမ်းစစ်တပ်အဖွဲ့ စစ်အင်အား ၁၀၀ ကျော်ခန့်က ခွမ်ဆိုင်ယန်ကျေးရွာအတွင်း အပြင် နေရာများတွင် ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ကျေးရွာဒေသခံများ ၁၅၀ ခန့်က လဝါးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ခွမ်ဆိုင်ယန်ကျေးရွာဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်လာပြီး ကားမိုင်းနှင့် ဒွမ်ဘန်စစ်တပ်ကုန်းတို့မှ ကျေးရွာဘက်သို့ဦးတည်ကာ လက်နက်ကြီးများပစ်ခတ်လာမည်ကိုစိုးရိမ်သဖြင့် လဝါးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။ “ရွာဘက်ကို စစ်သားတွေ စစ်ကြောင်းဝင်လာတော့ KIA ဘက်ကလည်း ပစ်မယ်လို့ပြောထားတယ်။ စစ်သားတွေပြန်ဝင်လာ တော့ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ အားလုံးထွက်ပြေးကုန်တယ်။ အခုက စစ်သားတွေက ရွာအဝင်မှာ ရှိနေကြတယ်။ အဲ့လိုဘဲ KIA ကလည်း သိပ်မဝေးတဲ့နေရာမှာရှိတယ်။ တိုက်ပွဲဖြစ်လာတဲ့အခါ အနီးပတ်လည်မှာရှိတဲ့ ကားမိုင်းနဲ့ ဒွမ်ဘန်စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ထည့်မှာကြောက်ကြတယ်။ အခုရွာမှာက ရွာစောင့်ဘဲရှိတော့တယ်”ဟု ပြောဆိုသည်။ … - [လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIAမိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/09/25/sep-25-y1/): တနိုင်းဘက်သို့ ဦးတည်ကာ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်း စစ်ကောင်စီတပ်ကို လဝါးကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ](https://burmese.kachinnews.com/2021/09/25/sep-25-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ နော့်ဂူကျေးရွာ က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရကြောင်း ‌စစ်ရှောင်ပြည်သူတွေဆီက သိရ ပါတယ်။ - [Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ](https://burmese.kachinnews.com/2021/09/25/sep-25-bs-1/): ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် အုပ်စု၊ အောက်နမ့်ဟွယ်ရွာ ဘုန်းကြီးကျောင်းအနီးက Mytel တာဝါတိုင်နားမှာ စက်တင်ဘာ ၂၄ ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး မိုင်းထိမိကာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း လူမှု ကူညီရေးအသင်းဆီက သိရပါတယ်။ - [ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်](https://burmese.kachinnews.com/2021/09/24/sep-24-s1/): စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် ကောလင်းဘက်မှလာသော စစ်ကောင်စီ အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ဒေသခံ PDF များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။ - [ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/09/24/sep-24-y1/): ဖားကန့်မြို့နယ် ကာမိုင်းမြို့  မအူပင် ကျေးရွာတွင် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့ ည က ပစ်သတ်ခံထားရကြောင်း သိရသည်။ - [ဖားကန့်တွင် ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း](https://burmese.kachinnews.com/2021/09/24/sep-24-z1/): ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော်လည်း စစ်ကောင်စီမှ ပုဂ္ဂလိကဘဏ်အချို့ကို ပြန်လည်ဖွင့်ခိုင်းထားကြောင်း နီးစပ်သူများထံမှ သိရသည်။ - [မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ](https://burmese.kachinnews.com/2021/09/24/sep-24-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ စစ်ဘေးဒုက္ခသည်စခန်းတွင် Covid-19 ပိုးကူးစက်ခံရသူ စစ်ရှောင် ၉၇ ဦး နှင့် ပရဟိတ ၅ ဦးထိ ရှိလာကြောင်း စစ်ရှောင်စခန်းတွင် စီမံခန့်ခွဲပေးနေသူ တစ်ဦးထံ မှ သိရသည်။ “ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင် ပြည်သူ ၉၇ ဦး။ အဲဒါတောင် အရမ်းဖျားတဲ့သူတွေကိုပဲ ရွေးတာ။ ကုသဖို့ နေရာ၊ ထားဖို့ နေရာ မရှိတော့လို့။ ပရဟိတ တွေက ပထမက ၂ ဦး၊ ဒုတိယအကြိမ် ၁ ဦး၊ ခု တတိယအကြိမ် ၂ ဦး စုစုပေါင်း ၅ ဦး” ဟု သူက ပြောသည်။ အဆိုပါ ပိုးတွေ့လူနာများအနက် လူနာ ၄၀ ကျော်ကို ပြည်သူ့ဆေးရုံတွင် ကုသပေးနေဆဲ ဖြစ်ပြီး အသင်းတော်နှစ်ပါးတွင်ရှိနေသော ပရဟိတ ဆရာဝန် ၂ ဦးနှင့်အတူ စစ်ရှောင် ၆၀ ကျော်အတွက် ဆေးဖိုးနဲ့ ဆေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ “ပြည်သူ့ဆေးရုံမှာဆိုရင် တစ်ယောက်ကို အနည်းဆုံး တရုတ်ယွမ်ငွေ ၁၀၀၀ လောက် ဖျားနာတဲ့ ပေါ်မူတည်ပြီး ဆေးရုံမှာ ၄၀ လောက် ပို့ထားတယ်။ တရုတ်ငွေနဲ့ တွက်လိုက်ရင် မလွယ်ဘူး။ အခုက … - [အာဏာသိမ်းတပ် စစ်ကား ၃ စီးကို နမ္မတီးမြို့အနီး KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/09/23/sep-23-y1/): တနိုင်းမြို့ဘက်သို့ ဦးတည်ကာ ချီတက်လာသော အာဏာသိမ်းစစ်တပ် ယာဉ်တန်းကို နမ္မတီးမြို့အကျော် ကျေးရွာတစ်ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က စစ်ရိက္ခာများအပါအဝင် အင်အား ၁၀၀ ကျော်ခန့်ပါဝင်လာသော စစ်ကား ၃ စီးကို မရန်ကထောင်ကျေးရွာနှင့် မကောက်ဇွပ်ကျေးရွာ ၂ခုကြားတွင် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဖြစ်တဲ့နေရာက မရန်ကထောင်ကျေးရွာအလွန် မကောက်ဇွပ်အနီးမှာရှိတဲ့ အခင်းတစ်ခုနားမှာ ဖြစ်သွားခဲ့တယ်။ ကျနော်တို့က အဲ့အခင်းအနားမှာရှိနေတာဟုတ်တယ်။ စစ်ကား ၃စီးလာတော့ KIA က တောဘက်ကနေ မိုင်း ၂ခါခွဲလိုက်တာ။ အဲ့အချိန်မှာ စစ်ကားပေါ်မှာရှိတဲ့ စစ်သားတွေက ကားပေါ်က ဆင်းပြီး တောထဲပြေးဝင်သွားကြတယ်။ စစ်ကား ၃စီးက ပြန်ခေါက်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်” ဟု ပြောဆိုခဲ့သည်။ မိုင်းခွဲ တိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် တဆက်တည်း မရန်ကထောင်ကျေးရွာ စစ်တပ်ဂိတ်တွင် ကား၊ ဆိုင်ကယ်နှင့် ဖြတ်လာသည့် ခရီးသည်များကို စစ်ဆေးရေး တင်းကြပ်ခဲ့ကြောင်း သူကဆက်ဆိုသည်။ စစ်ကား ၃စီးတွင် ပါရှိလာသည့် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်ခန့်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေကျင်ဖြင့် မကောက်ဇွပ် ကျေးရွာအနီးတဝိုက်တွင် ပုန်းခိုကာ လဝါးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ မိုင်းခွဲခံရသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့သော အပတ်တွင် … - [ပန်ဆိုင်း (ကြူကုတ်)တွင် လှည့်လည် ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/09/23/sep-23-bs1/): ရှမ်းပြည်နာ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်ခွဲ၊ မန်မိုင်ရွာဘက်တွင် ဆိုင်ကယ်ဖြင့် လှည့်လည် ဈေးရောင်းနေသောအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။ - [နောင်မွန်ဒေသ စစ်ကောင်စီ လက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ](https://burmese.kachinnews.com/2021/09/22/sep-22-y1/): ပူတာအိုခရိုင် နောင်မွန်ဒေသတွင် KIA ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့ ဦးဆောင်သော စစ်သင်တန်း ဒုတိယအကြိမ် စတင်ဖွင့်လှစ်နေပြီဟု သိရသည်။ - [ဖားကန့်‌ Mytel တာဝါတိုင် တစ်တိုင် ထပ်မံ ဖောက်ခွဲ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2021/09/22/sep-22-z-1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မိုးပင်းရွာနှင့် ဆိုင်းရာ‌ ကျေးရွာကြားရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၁ တိုင် စက်တင်ဘာ ၂၁ ရက်ညက ထပ်မံဖောက်ခွဲ ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [PDF များအတွက် လက်နက်တပ်ဆင်ပေးရေး လုပ်ဆောင်နေဟု NUG ဝန်ကြီးပြော](https://burmese.kachinnews.com/2021/09/21/sep-21-s2/): တစ်နိုင်ငံလုံးအတိုင်းအတာ PDF များကို လက်နက်တပ်ဆင်ပေးရန် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင် ထံမှ သိရသည်။ - [ကသာ တိုက်ပွဲသတင်းများ အလျင်စလို မတင်ပေးကြရန် Katha PDF အဖွဲ့ ထုတ်ပြန်](https://burmese.kachinnews.com/2021/09/21/sep-21-y-2/): စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲသတင်းများကို အလျင်စလို မတင်ပေးကြရန်နှင့် တိုက်ပွဲသတင်းများကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်သွားမည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ် PDF က စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။ - [ဝမ်တိန်-ကျင်စန်းကျော့ နယ်စပ် အကူးခေါက် တိုငှားခ သိန်း ၁၀၀ ကျော် ကုန်ကျနေရလို့ အခက်အခဲ ဖြစ်နေ](https://burmese.kachinnews.com/2021/12/15/dec-15-bs-1/): တရုတ်မြန်မာနယ်စပ် ဝမ်တိန်မှ ကျင်းစန်းကျော့ (လွယ်အင်) အထိ နယ်စပ်ဖြတ်ကျော်ရန် တရုတ်ကားများကိုဌားရမ်းရာတွင် တခေါက်ကို မြန်မာငွေ သိန်း ၁၀၀ ကျော် ကုန်ကျနေရတာကြောင့် ကုမ္ပဏီကြီး သာမန် မြန်မာ လုပ်ငန်းရှင်များအနေနဲ့ ခက်ခဲနေကြတယ်လို့ တရုတ်-မြန်မာ နယ်စပ် မြန်မာကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိပါရတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ရရှိထားတဲ့သတင်းတွေအရ တရုတ်ခေါက်တိုကားခမှာ ယွမ် ၄၀,၀၀၀ ဖြစ်သွားတာကြောင့် နယ်စပ်ခြံစည်းရိုး ကျော်ရုံမျှသွားလာစရိတ်မှာ မြန်မာကျပ်ငွေ ကာလ ပေါက်ဈေး သိန်း ၁၀၀ ကျော်ကုန်ကျနေကြောင်း ယာဉ်မောင်းတစ်ဦးက အခုလိုပြောပါတယ်။ “စပေါ်ငွေ တရုတ်ငွေ ယွမ် ၄၀၀၀၀ လေ။ ကုန်သည်တွေ သေပြီပေါ့ဗျာ။ စပေါ်ငွေယူပြီး အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တာ။ မန္တလေး ကနေ ဖရဲတင်လာတဲ့ကား တရုတ်ထဲအရောက် သိန်း ၁၀၀ မရဘူး။ ကုန်သည် အဆင်ပြေမှ ကားသမား အဆင်ပြေမှာလေ” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ ကုန်သည်တွေ ပိုနစ်နာနေရပြီး ‌ခေါက်တိုခ ဈေး အဆမတန်မြင့်မားနေတာကြောင့် နစ်နာစရာရှိတော့ ကုန်သည်နဲ့ ပြည်သူ လူထုပဲ နစ်နာကုန်တာ လို့ဆိုပါတယ်။ ဒါ့အပြင် ကျင်စန်းကျော့ (လွယ်အင်) ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ ကုန်ကျစရိတ် ၁၄ သိန်း ဝန်းကျင်ခန့် ထပ်မံရှိသေးကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒီက‌နေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ထပ်တိုးလာတာကတော့ တရုတ်ထဲ ဝင်မယ့် ကားတွေကိုလည်း … - [စစ်ကောင်စီကြောင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအကြောင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် လက်ကမ်း စာစောင်ဖြန့်ဝေ](https://burmese.kachinnews.com/2021/12/14/dec-14-s-1/): စစ်ကောင်စီတပ်၏ လုပ်ရပ်ကြောင့် မြန်မာပြည်သူများလက်ရှိခံစားနေရသောအခြေအနေကို အိမ်နီးချင်း အိန္ဒိယနိုင်ငံသားများသိရှိစေရန် India4Myanmar လက်ကမ်းစာစောင် ဖြန့်ဝေသည့်အစီစဉ်ကို ယနေ့ နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ “India for Myanmar campaign ဖြစ်တယ်။ အဓိကတော့ အိန္ဒိယအစိုးရကို မြန်မာစစ်တပ်နဲ့ မပူးပေါင်းဖို့ ဖိတ်ခေါ်တာဖြစ်တယ်။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် စစ်တပ်က အကျိုးအမြတ်ရနေတဲ့အတွက် ဒါကို ဆန့်ကျင်ကြောင်း ပြုလုပ်တာဖြစ်တယ်။” ဟု ယနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အိန္ဒိယရောက် ကချင်အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ကမ်းစာစောင်ကို နယူးဒေသလီမြို့ရှိ တက္ကသိုလ်ကျောင်းနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေခဲ့ပြီး အိန္ဒိယရောက် ချင်း၊ ကချင်အဖွဲ့အစည်းများနှင့် CDM ပြည်သူ့ဝန်ထမ်းများ ပါဝင်သည်ဟု သိရသည်။ အဆိုပါလှုပ်ရှားမှုကို နယူးဒေလီမြို့တွင်အပြင် မီဇိုရမ် ပြည်နယ်နှင့် မဏိပူရ် ပြည်နယ်များတွင်လည်း ယခုလက စတင်ပြီး ပြုလုပ်နေပြီဟု India For Myanmar Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်လပိုင်းကလည်း အိန္ဒိယရောက်မြန်မာများမှာ နယူးဒေလီမြို့တွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ - [ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီးနေ](https://burmese.kachinnews.com/2021/12/14/dec-14-y-1/): ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်သည်ဟု မသင်္ကာသောပြည်သူတစ်ချို့ကို လိုက်လံဖမ်းဆီး နေသည်ဟု သိရသည်။ - [ရှမ်းမြောက် ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီက လေယာဉ် နဲ့ တိုက်ခိုက်နေ](https://burmese.kachinnews.com/2021/12/13/dec-13-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသဘက်မှာ ယနေ့ နံနက် ၃ နာရီခန့်ကစတင်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [TNLA ငွေတောင်းခံလို့ နမ့်ခမ်းမြို့မဈေးသူဈေးသားများ ၅ ရက်ကြာ ဆိုင်ပိတ် ဆန္ဒ‌ဖော်ထုတ်ရန် စီစဉ်နေ](https://burmese.kachinnews.com/2021/12/12/dec-12-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မ ဈေးကြီးအတွင်း TNLA တပ်ဖွဲ့က ဈေးဆိုင်တွေမှာ ငွေကြေးတောင်းခံမှု များပြားနေတာကြောင့် ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးမရောင်းပဲ ဆန္ဒဖော်ထုတ်သွာမယ်လို့  စျေးသည်များက ထုတ်ပြန်ထားပါတယ်။ နမ့်ခမ်းဈေးသူဈေးသားများက နိုင်ငံရေးကြောင့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝမ်းရေးခက်ခဲနေရစဉ် အခုလို ကြုံရတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံ ၁ ဦးက “အခုက နေရာ တော်တော် များများမှာ အဲလိုဖြစ် နေတာ။ မပေးလို့ လည်း မရဘူးလေ။ တော်တော် ခက်ခဲလာပြီ။ ပစ္စည်းကဈေးတက်၊ အလုပ်က အရင် လိုလုပ်လို့မရတော့ ပိုဆိုးတယ်” လို့ နမ့်ခမ်း မြို့ခံ ၁ ဦး က ပြောပါတယ်။ TNLA အပါအဝင် အဖွဲ့အစည်းအချို့ ငွေကြေးကောက်ခံမှု အကြိမ်များလာ‌နေတာ‌ကြောင့် နမ့်ခမ်းမြို့အတွင်းရှိ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ မော်တော်ယာဉ်လိုင်းများအချို့ ပိတ်သိမ်းရမည့် အခြေအနေထိ ရင်ဆိုင်နေရကြရတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ဆိုင်ခန်းတွေမှာလိပ်စာကဒ်တွေနဲ့ အကြောင်းကြားစာတွေ လိုက်ပေးတယ်။ ရက်ချိန်းပြီး သူတို့နဲ့ သွားတွေ့ရတယ်” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။ “ဆေးဆိုင်၊ ကုန်စုံဆိုင် လိုမျိုးဆိုရင် ၁၅ သိန်း အထိ တောင်းတာ‌တွေရှိပြီး တောင်းပန်ညှိနှိုင်း လျှော့ပေးခိုင်း ရတယ်။ တကြိမ် နှစ်ကြိမ်ထဲ လည်း မဟုတ်ဘူး။ အကြိမ်ကြိမ် လာကောက်‌ တော့ ဆိုင်ဖွင့် ဖို့ ခက်ခဲလာတာပေါ့။ တချို့ အဖွဲ့အစည်းတွေလည်း လာတောင်းတာရှိတယ်။ … - [တနိုင်း - ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2021/12/11/dec-11-y-1/): တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ် ရှိ လဂျားဘွမ့် (Laja Bum) ကျေးရွာတွင် စစ်အင်အားတိုးချဲ့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့် လဂျားဘွမ့်ဘက်သို့ တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာ၏ ရွာထိပ်ပိုင်းရှိ ဒခမ်ခ ( Da Hkam Hka) တံတားအနီးတွင် KIA က ၃ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KIA ၏ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ “တိုက်ပွဲ စဖြစ်တာက နံနက်ပိုင်း ၇ နာရီလောက်ကနေ စဖြစ်တယ်။ ကျနော်တို့ KIA ဘက်ကနေ ၃ ကြိမ်လောက် အရင်မိုင်းဆွဲတိုက်တယ်။ ပြီးမှ ၂ဖက်စလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ အခုချိန်ထိတော့ ထိခိုက်မှုကို အသေးစိတ်မသိရသေဘူး” ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် နေ့လည် ၁နာရီဝန်းကျင်အထိ ၂ဖက်တပ် စောင့်ကြည့်ကာ အပြန်အလှန် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သူက ဆက်ဆိုသည်။ လက်ရှိအချိန် တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ​တရုန်ကျေးရွာအဝင်တွင် သွားလာသည့် ခရီးသည်ယာဉ်များလည်း ပိတ်ဆို့နေကြောင်းသိရသည်။ KIA ၏ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က တနိုင်းမြို့ဘက်ကနေ တက်လာသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက် အစောပိုင်းကတည်းက ရှိန်လုံကျေးရွာမှ ​ခြေကျင်ဖြင့် လဂျာဘွမ့်ဘက်သို့ တက်လာခဲ့ရာ … - [မုံး‌ကိုး ဖောင်းဆိုင် တိုက်ပွဲကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦး သေဆုံး](https://burmese.kachinnews.com/2021/12/10/dec-10-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဘက်မှာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်ခန့်ကစ နေ့လည်ပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဖောင်းဆိုင်ဒေသခံ  ၂ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ဖောင်းဆိုင်ဈေးရွာက အသက် ၆၀ ခန့်ရှိ ဦးရင်မင့်ကန် ဆိုသူ တရုတ်လူမျိုး အမျိုးသား ၁ ဦး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးခဲ့တယ်။ သူ့မြေးဖြစ်တဲ့ ကလေး ၁ ယောက်နဲ့ ဦးဖုတ်ဂျောင်ခေါင်းဟောင် ဆိုသူတို့က ထိခိုက်ဒဏ်ရာ ပြင်းထန်လို့ မူဆယ်ဆေးရုံကိုပို့ပြီး ဆေးကုနေရတယ်။” ဟု ဒေသခံ ၁ ဦးက ပြောသည်။ ယနေ့ နံနက် အစောပိုင်း ဖောင်းဆိုင်ကျေးရွာအနီး မန်းယန်ရွာ နှင့် ဘန်မွေးရွာဘက်တွင် တိုက်ပွဲ ပြင်းထန်‌ခဲ့သောကြောင့် ဆုတောင်းတောင်ရှိ အဖွဲ့က ဖောင်းဆိုင်ရွာဘက်ရှိ စစ်ကောင်စီတပ်ကို တန်ပြန် ပစ်ခတ်ရာတွင် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီမနက် ၅ နာရီ မထိုးခင်ကတည်းက တောက်လျှောက် သေနတ် ပစ်သံတွေ ကြားနေတယ်။ ၁၁ နာရီ ဝန်းကျင်ထိ။ လက်နက်ကြီးကတော့ တောက် လျှောက် ပစ်နေတယ်။ မနေ့ညလည်း ည သန်းခေါင်မှာလည်း ပစ်နေတာပဲ။ မနေ့ညနဲ့ ဒီမနက်တော့ … - [မြို့လှ PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2021/12/10/dec-10-z-2/): ရွှေကူမြို့နယ်၊ သာယာကုန်းရွာ လုပ်တိုင်းချောင်းကူးတံတားအနီးတွင် ယမန်နေ့ညက  မြို့လှ PDF နှင့် ‌စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်။ ” တိုက်ပွဲဖြစ်တာတော့ ၁၅မိနစ်လောက်ပါဘဲ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၄၊ ၅ချက်လောက် ပြန်ပစ်တယ်။ ဒါပေမယ့် ဒီဘက်က အထိအခိုက်မရှိပါဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်ည ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းရွာအထက် ဂျိုအင်းတွင် ဝင်ရောက်နေထိုင်သည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် အုတ်ချီဖက်ရွာမှတဆင့် သာယာကုန်းရွာဖက်သို့ ဆက်လက်ထွက်ခွာလာရာ လုပ်တိုင်းချောင်းကူးတံတားအရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဉီးက ပြောသည်။ ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်၏ အင်အား (၇၈) ဦးခန့် ပါဝင်တဲ့ခြေလျင် စစ်ကြောင်း တပ်ဖွဲ့ တပ်မ (၈၈ ) လက်အောက်ခံ ခ.လ.ရ တပ်ရင်း (၄၁၆)မှ (၁၅) ဦးထက်မနည်း ကျဆုံးကာ အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ မြို့လှ PDF အဖွဲ့မှ တစ်ဦးတစ်ယေက်မျှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။ - [Silent strike day နေ့ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်မှ သတ်ဖြတ်သွား](https://burmese.kachinnews.com/2021/12/10/dec-10-z-1/): ဒီဇင်ဘာလ ၁၀ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်သွားကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။ “စစ်တပ်ရွာကနေ ထွက်သွားတဲ့နောက် စစ်ဆေးကြည့်တာ ရက်ရက်စက်စက်သတ်သွားတာဗျာ လေးယောက်လုံးကို သတ်သွားတာ တစ်ပုံစံထဲဘဲ” ဟု ဒေသခံသတင်းရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိ သတ်ခံထားရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးဘူးဟု ၎င်းကဆက်ပြောသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၈ရက်နေ့မှစကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း နဂါးတွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက် တပ်ဆွဲနေထိုင်ခဲ့ပြီး တပ်ဖွဲ့ (၃)ဖွဲ့ခွဲကာ စတင်လှုပ်ရှားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်များ ရွာတွင်းတပ်ဆွဲနေထိုင်မူ၊ ရွာတွင်းလက်နက်များ ပစ်ခတ်သည့်အတွက် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်ကဆိုသည်။ “ရွာထဲက တစ်ချို့တော့ စစ်ရှောက်သွားပြီ ခုသတ်ခံရတာက မရှောင်ဘဲကျန်နေတဲ့သူနဲ့ လက်တလောသိရသလောက် ရွာပြန်ပြီး နွားစာကျွေးဖို့ပြန်တဲ့လူတွေ သတ်ခံရတာလို့ သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၇ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ အနောက်ဘက်ခြမ်း၊ အောင်စည်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် မြေပြင်ပစ်ခတ်မူများအပြင် လေကြောင်းဖြင့် ပစ်ခတ်မူများ ပြုလုပ်ခဲ့သည်။ ယင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ပစ်ခတ်မူများ ပြုလုပ်‌သည့်အတွက် DPY LC PDFအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် … - [အင်းတော်ကြီးဒေသ အများပြည်သူသွားလာရန်အချိန်ကန့်သတ်ချက်ကို KIA နှင့် PDF တို့ ထုတ်ပြန်](https://burmese.kachinnews.com/2021/12/10/dec-10-y-1/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသအတွင်း ဖြတ်သန်းသွားလာနေသော ပြည်သူများ၏ အသက်အန္တရာယ်ကို ငဲ့ညှာသောအားဖြင့် အများပြည်သူသွားလာချိန်ကို ကန့်သတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ပူးပေါင်းတပ်တို့မှ ထုတ်ပြန် ကြေညာထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မိဘပြည်သူများအနေဖြင့် ကားလမ်းမကြီးပေါ်တွင် ည ၇နာရီမှ နံနက် ၅နာရီအတွင်း ကုန်ကားကြီး၊ အိမ်စီးကားများသွားလာခြင်းမပြုရန်နှင့် နေ့အခါတွင် မိုးကာအုပ် ကားမှန်ချကာ သွားလာခြင်းမပြုရန် သတိပေး ကြေညာထားသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တော်ကြီးဒေသတွင် အိမ်စီးကာနှင့် ကုန်တင်ကားများကို အသုံးပြုကာ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုများ ပုံမှန်ပြုလုပ်နေသဖြင့် ၎င်းတို့ကို ထိရောက်စွာတုန့်ပြန်နိုင်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၂၆) မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။ “စစ်ကောင်စီတပ်က အရပ်သား ယောင်ဆောင်ပြီး ပုံမှန်သွားလာနေတာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းမှာ အခက်အခဲဖြစ်စေတယ်။ ဒီလို အချိန်မသတ်မှတ်ပေးရင် ပြည်သူတွေဘဲ ထိခိုက်မှုရှိမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါကို သိစေချင်တယ်”ဟု KIA တပ်ရင်း ၂၆ မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ KIA နှင့် PDF ပူပေါင်းတပ်တို့၏ ကြေညာချက်ကို လိုက်နာမှုမရှိပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း သူက ဆက်ဆိုထားသည်။ အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်မှ ဆီဘောက်စာကားများ၊ ကုန်တင်ကားများနှင့် အိမ်စီးကားများကို အသုံးပြုကာ  စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ရှိနေသောကြောင့် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ၅ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း … - [ကျောင်းသား ၆၀ ကျော် ကိုဗစ်ပိုးတွေ့သည့် ရှင်ဗွေယန်အထက်တန်းကျောင်းပိတ်ထားမည် မဟုတ်](https://burmese.kachinnews.com/2021/12/09/dec-9-z-2/): ကျောင်းသား ၆၆ ယောက် ကိုဗစ်ပိုးကူးစက်ခံထားရသည့် တနိုင်းမြို့နယ် ရှင်ဗွေယန် အထက်တန်းကျောင်းကို ပိတ်ထားမည်မဟုတ်ပဲ ကျောင်းဆက်ဖွင့်သွားမည် ဖြစ်ကြောင်းသိရသည်။ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျောင်းဆရာတစ်ဦးထံမှ ကိုဗစ်ပိုး စတင်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကျောင်းသား/သူ များအား ဆက်လက်စစ်ဆေးခဲ့ရာ ကျောင်းသားကျောင်းသူ ၆၆ ဦး၊ ကျောင်းသားမိဘ ၁၉ အထိ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းသိရသည်။ သို့သော်လည်း ယင်းစာသင်ကျောင်းကိုပိတ်ထားမည်မဟုတ်ပဲ ကိုဗစ်ပိုးတွေ့ကျောင်းသား ကျောင်းသူများကိုသာ ဘုန်းကြီးကျောင်း၌ သီးသန့်ထားရှိကာ စာသင်ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”ကျောင်းကတော့ မပိတ်ဘူးဒီတိုင်းဆက်ဖွင့်မယ်။ ဘုန်းကြီးကျောင်းမှာ ကွာရန်တင်းစင်တာဖွင့်ပြီးတော့မှ Positive ဖြစ်တဲ့ကျောင်းသားကျောင်းသူတွေကိုအဲ့မှာထားပြီးပြုစုစောင့်ရှောက်မယ်။ စာလည်းဘုန်းကြီးကျောင်းမှာပဲ ဆက်သင်ပေးသွားမယ်” ဟု ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျန်ရှိသည့် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်ပိုးစစ်ဆေးပေးသွားမည်ဖြစ်ပြီး ကိုဗစ်ပိုးကင်းစင်သည့် ကျောင်းသားကျောင်းသူများမှာ စာသင်ကျောင်းတွင် ပုံမှန်အတိုင်း ကျောင်းတက်ရမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသားမိဘများကမူ ကျောင်းကို ၁၀ ရက်ခန့်ပိတ်ထားစေလိုပြီး ပိုးတွေ့သည့် ကျောင်းသားကျောင်းသူများ ကိုဗစ်ပိုးကင်းစင်ပြီးမှသာ ကျောင်းပြန်ဖွင့်ပေးစေလိုကြောင်း ပြောဆိုနေကြသည်။ ”ဒီနေ့လည်း ကျောင်းသားကျောင်းသူတွေကို ထပ်စစ်တယ်။ ထပ်တွေ့တယ်လို့သိရတယ်။ ဒါကြောင့်ဘာဖြစ်ဖြစ် ကျောင်းကို တစ်ပတ်ဆယ်ရက်တော့ပိတ်ရင်ကောင်းမယ်လို့ထင်တယ် မဟုတ်ရင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိမယ်လေး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ အဆိုပါ ရှင်ဗွေယန်အထက်တန်းကျောင်းသည် ရှင်ဗွေယန်မြို့ အမှတ် ၂ ရပ်ကွက်တွင်ရှိပြီး လတ်တလောကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ရှိကြောင်း သိရသည်။ - [PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု ပင်စင်စား စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား](https://burmese.kachinnews.com/2021/12/09/dec-9-z-1/): ဗန်းမော်မြို့အတွင်းရှိ ပင်စင်ယူထားသည့် စစ်မူထမ်းဟောင်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ PDF နှင့်ပတ်သက်သည့် စာရင်းများကို သတင်းပေးပို့ပါက မြေယာပေးမည်ဟု စစ်ကောင်စီမှ ဖုန်းဖြင့်ညွှန်ကြားနေကြောင်း ဒေသခံများထံမှ သိရသည်။ - [ဝါရာဇွပ်ကျေးရွာပိုင် သစ်တောမှ သစ်ထုတ်ယူနေမှုကို အမြန်ရပ်တန့်ရန် ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2021/12/09/dec-9-y-1/): ဖားကန့်မြို့နယ် တနိုင်း လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နယ်နမိတ်တွင် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရရှိဘဲ လူတစ်စုက သစ်စက်ထောင်ပြီး သစ်ထုတ်လုပ်နေကြကြောင်း သိရသည်။ - [KIO ဘဏ် စနစ်အတိုင်း NUG အထူးငွေတိုက်စာချုပ် ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော](https://burmese.kachinnews.com/2021/12/08/dec-8-s-1/): အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်တွေကို မြန်မာပြည်တွင်းက ပြည်သူတွေ ဝယ်ယူနိုင်ဖို့ KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်ကို အသုံးပြုရခြင်းဟာ NUG အတွက်သာမက တစ်နိုင်ငံလုံးက တော်လှန်ရေးလုပ်နေတဲ့သူတွေအတွက်ဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင်က KNG ကို ပြောပါတယ်။ - [သိန္နီတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကားသမား ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2021/12/08/dec-8-bs-1/): ရှမ်းမြောက် သိန္နီ ပန်လော့တိုးဂိတ်မှာ ဒီဇင်ဘာလ ၇ ရက်ည ၇ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုးဂိတ် ဝန်ထမ်း ၁ ဦး နှင့် ကားဆရာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။ - [စစ်ကောင်စီတပ်မှလူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦး မီးရိူ့သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2021/12/08/dec-8-z-1/): စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်မှ အိုးမြေထူးရွာကို မီးရိူ့မှုတွင် မောင် Lal Ro Mawi ကိုပါမီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။ “ဖမ်းခံရတာက ၃ ရက်လောက်ရှိပြီလို့ သိရတယ် အိုးမြေထူးရွာရှို့တဲ့ထဲ တစ်ပါတည်း မီးရိူ့သတ်ခဲ့ကြမှန်း ဒီမနက်မှ သိကြတာ” ဟု ဒေသခံ တစ်ဦးကပြောသည်။ မီးရှို့သတ်ဖြတ်ခံရသူသည် အသက် ၂၄ နှစ်အရွယ် မောင်လားရိုမွာလ်ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၄ရက်နေ့ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ၎င်း၏စိုက်ခင်းတွင် ပဲနီပေါင်းထိုးနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ကျန်ကြွင်းသော အရိုးစုများအား ယနေ့ ဒီဇင်ဘာ ၇ နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး၊ CDF – KKG တပ်ရင်း (၃) မှ ၎င်းအရိုးစုများကို သွားရောက် သယ်ဆောင်ကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာနှင့်အညီ သပြိုလ်ပေးခဲ့ပါကြောင်း CDF -KKG က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် စစ်ကိုင်းတိုင်းအတွင်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မူများ ပိုမိုပြုလုပ်လာပြီး ယနေ့တွင်လည်း ဆားလင်းကြီးမြို့နယ်၊ဒုန်းတောကျေးရွာတွင် အရပ်သား ၁၁ ဦးကို ကြိုးတုပ်ပြီး စစ်‌ကောင်စီတပ်မှ၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မူများလည်း ဖြစ်ပွားခဲ့သည်။ - [ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့](https://burmese.kachinnews.com/2021/12/07/dec-7-z-1/): စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ၊ အောင်စည်မြေကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ  မြေပြင်လက်နက်ကြီးများအပြင် စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ခဲ့‌ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ “ဒီမနက်ပစ်သွားတာပေါ့နော်။ အကျအဆုံးစာရင်းကိုတော့ အခုထိအတည်ပြုလို့ မရသေးပါဘူး ခင်ဗျာ။ နှစ်ဖက်အထိအခိုက်ကတော့ ရှိပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုဖြစ်သည့် Voice of Depeyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ်၊ အောင်စည်မြေကျေးရွာသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင်မူ စစ်တပ်က ရဟတ်ယာဉ်များဖြင့် အသုံးပြု ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေနေနဲ့ ပတ်သက်ပြီး ဒေသခံ သတင်းရင်းမြစ်က ခုလိုပြောသည်။ “တိုက်ပွဲဆိုတာထက် သူတို့ဘက်ကနေ လက်နက်ကြီး ပစ်ကူနဲ့ ရဟတ်ယာဉ်နဲ့ စပစ်လို့ ကျနော်တို့ဘက်ကနေ သူတို့လမ်းကြောင်းတွေကိုထောက်ပြီး မိုင်းဆွဲတိုက်ခိုက်တာမျိုးပါ” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မူကြောင့် အောင်စည်ကျေးရွာပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထို့ပြင် DPY LC PDFအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် … - [စစ်ရှောင်တစ်ဦးရဲ့  ခရစ္စမတ် ဆုတောင်းသံ ](https://burmese.kachinnews.com/2021/12/06/dec-6-s-1/): ‘’ခရစ္စမတ် ဆုတောင်းကတော့ ကျမတို့က အိမ်ကိုအမြန်ပြန်ချင်တဲ့ ဆုပဲတောင်းချင်တယ်။” ဟုမိုင်းနား ကေဘီစီစစ်ရှောင်စခန်းမှ ဒေါ်ဂျာနူးက ပြောပါတယ်။ စစ်ရှောင်တွေဟာ နှစ်စဉ် ဆုတောင်းမပြည့်တဲ့ ဘဝနဲ့ပဲ ခရစ္စမတ်ကို ရင်နာစွာနဲ့ ဖြတ်သန်းနေရပါတယ်။ မနှစ်က သူတို့မျော်လင့်တောင့်တခဲ့တဲ့ စစ်ပွဲတွေငြိမ်းပြီး အိမ်ပြန်နိုင်မဲ့ဆုတောင်းသံဟာလည်း စစ်တပ် အာဏာသိမ်းမှုကြောင့် ဟိုးအဝေးကြီးမှာ ထပ်မံ ကျန်ခဲ့ပြီလေ။ သူတို့လိုချင်တဲ့ အိမ်ပြန်နိုင်မဲ့ခရစ္စမတ် လက်ဆောင်ကို တစုံတယောက်က ဖျက်စီးခြင်းခံလိုက်ရတာဟာ ရင်နာစရာကောင်းလှပါတယ်။ မငြိမ်းချမ်းသေးတော့ စစ်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရလို့ အိမ်မပြန်နိုင်သေးဘဲ အိမ်ပြေးဘဝနဲ့သာ ဆက်ပြီးတော့ဘဝကိုဖြတ်သန်းနေကြပါတယ်။ အေးချမ်းတဲ့ ခရစ္စမတ်ဖြစ်ပေမဲ့ သူတို့ရင်ဘတ်ထဲမှာတော့ အပူမီးတွေနဲ့တောက်လောင် နှိပ်စက်နေဆဲပါ။ တစ်စုံတရာသူတို့ဆီရောက်လာမဲ့အရာကိုပဲ ဆက်ပြီးမျော်လင့်နေကြရပါတယ်။ အပူမီးတွေမငြိမ်းပဲ အိမ်ပြေးဘဝနဲ့ ၁၀ ပေခန်းကျဉ်းလေးထဲက အိမ်တန်းရှည်ထဲမှာ နေခဲ့တာ ခရစ္စမတ်ဆုတောင်းမပြည့်ခဲ့တာ ဆယ်နှစ်တောင်ပြည့်တော့မယ်။ အိမ်ပြေးဘဝအဖြစ် မတွေ့ကြုံမီအချိန်တုန်းက ဆိုရင် ခရစ္စမတ်ပွဲကိုစည်ကားစွာနဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။ စစ်ရှောင်စခန်းမှာ မိသားစုနဲ့အတူအခုတော့စိတ်ပူပန်စွာနဲ့ဖြတ်သန်းနေရပါတယ်။ ချမ်းအေးတဲ့ ဒီဇင်ဘာခရစ္စမတ်ရောက်လာခဲ့ပြီ။ ဒီအချိန်ဟာ လူသားတိုင်းပျော်ရွှင်ငြိမ်းချမ်းခြင်းနဲ့ ဖြတ်သန်းဖို့ ကာလပဲဖြစ်ပါတယ်။ လောကလူသားတွေ ဝမ်းမြောက်တဲ့အခါသမယပဲ ဖြစ်ပါတယ်။ အထီးကျန်ပြီး ခက်ခဲနေတဲ့ဘဝတွေဆီကို အလည်သွားကြည့်ပြီး ခံစားကူညီပေးကြဖို့လည်း လိုအပ်ပါတယ်။ ‘’အခု ဒီစစ်ရှောင်စခန်းမှာက နိုင်ငံရေးအခြေအနေလဲမတည်ငြိမ်တော့ အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်လို့လဲမရဘူး။ ပြီးတော့ကိုဗစ်ရောဂါလဲ ကူးစက်နေတော့ အပြင်ထွက်ပြီး အလုပ်လုပ်လို့မရဘူးဖြစ်နေတယ်။ ခရစ္စမတ် လက်ဆောင်အနေနဲ့ကျနော်တို့ လာကူညီတော့ အရမ်းကောင်းမှာ ပဲလို့တွေးမိတယ်’’ဟု ဒေါ်ဂျာနူးက ပြောပါတယ်။ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စစ်ရှောင်စခန်းအားလုံး ခက်ခဲနေကြကြောင်း သိရပါတယ်။ World Food Program မှထောက်ပံ့ကူညီတဲ့ မိသားစုတစ်စုလျှင် တစ်လ ၁၁၀၀၀ ကျပ်နဲ့သာ … - [မြစ်ကြီးနား တရားရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားများ ထိခိုက်ပျက်စီးမှုရှိ](https://burmese.kachinnews.com/2021/12/06/dec-6-y-2/): မြစ်ကြီးမြို့ တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရှေ့တွင် ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း တရားရုံးရှေ့တွင် ရပ်ထားသည့် အိမ်စီးကား ၃စီးခန့် ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။ လက်ရှိ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရဘဲ ထိုနေရာတွင် စစ်ကောင်စီ ရဲများက စစ်ဆေးနေကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း တရားရုံးရှေ့တွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ - [ကချင်-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လှစ်တော့မည်](https://burmese.kachinnews.com/2021/12/06/dec-6-z1/): ကချင်ပြည်နယ် မြန်မာ-တရုတ်နယ် ကုန်သွယ်ရေးဂိတ်ဖြစ်သော လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက်နှစ်ခုကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။ အဆိုပါဂိတ် ၂ ခုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ကျော်ကတည်းက ဖွင့်လှစ်ဖို့ စီစဥ်ခဲ့သော်လည်း တရုတ်အစိုးရဘက်က ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်ညှိနှိုင်းမှုရရှိခဲ့တာကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ကုန်သွယ်ရေးလမ်းကြောင်းစတင်ဖွင့်လှစ်မည့် မနက်ဖြန်မှာတော့ မြန်ဘက်က ကန်ပိုက်တည်ဂိတ်ကနေ ကုန်ကား အစီးသုံးဆယ် ဦးဆုံး စတင်စေလွတ်မယ်မှာဖြစ်ပြီး ကန်ပိုက်တည်ဂိတ်ကနေတော့ ရက်ပိုင်းအတွင်း စေလွတ်နိုင်မယ့်အခြေနေမရှိသေးကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ဆိုသည်။ ”ကျွန်တော်တို့ မြန်မာဘက်ခြမ်းကတော့ အဓိကအားဖြင့် တစ်သျှူးငှက်ပျောတွေတင်ပို့မယ်။ ကျန်တဲ့စိုက်ပျိုးသီးနှံတွေတင်ပို့မှာပေါ့။ တရုတ်ဘက်ကအဝင်ကတော့ ပုံမှန်လိုပဲ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံးကုန်တွေ ပြီးရင်ဓာတ်မြေသြဇာပေါ့အဲ့ဒါတွေကိုသွင်းမယ်။ ပထမဦးဆုံးစေလွမယ့်နေ့မှာ ကျွန်တော်တို့ဘက်ကနေ ကုန်ကားအစီး ၃၀အရင်စေလွတ်မယ်။ ကန်ပိုက်တည်ဂိတ်ကနေတော့မလွတ်သေးဘူး ဖွင့်တာတော့ဖွင့်ပြီး။ ဒါပေမယ့်လွယ်ဂျယ်ဂိတ်လည်းမကြာပါဘူး စေလွတ်ပါမယ်။” ဟု အမည်မဖော်လိုသူ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ပြောသည်။ ပထမဦးဆုံးစေလွတ်မယ့် ကုန်ကားအစီး ၃၀ တွင် တစ်သျှူးငှက်ပျောကားအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကားသမားများနှင့် ယာဥ်မောင်းတွေကို ကျန်းမာရေးစိစစ်မှုအဆင့်ဆင့်ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပေးမှာဖြစ်ကြောင်း သိရသည်။ ”ကျန်းမာရေးစစ်ဆေးဖို့ကျတော့ ဒီဘက်ခြမ်းဆိုရင် ဝါးရှောင်မှာစစ်ဆေးပေးဖို့စီစဥ်ထားတယ်။ ”ဟု ကချင်ပြည်နယ် သီးနှံစိုက်ပျိူးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ပြောသည်။ ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားတာဟာ ငါးလကြာမြင့်နေပြီဖြစ်သောကြောင့် တရုတ် သွင်းကုန်ပစ္စည်းများကိုသာအားထားပြီး စီးပွားရေးလုပ်ကိုင်သူများအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ ”ဒီကုန်သွယ်ရေးလမ်းကြီးမြန်မြန်ဖွင့်နိုင်မှဖြစ်မှာပါ။ မဖွင့်နိုင်သေးသ၍ကတော့ ကျွန်တော်တို့လည်းပိုပြီး ခက်ခဲရုံပဲရှိတယ်။ ကျွန်တော်တို့ဆိုဒ်မှာဆိုရင် ကျင်စားရှိတယ် ငှက်ပျောဆေးတဲ့လူတွေရှိတယ်။ အခုလိုလမ်းပိတ်လိုက်တော့သူတို့တွေလည်းဘာဝင်ငွေမှမရှိဘူး။ … - [မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံများ၏ မြေယာများ ပျက်ဆီးလာနေ](https://burmese.kachinnews.com/2021/12/06/dec-6-y-1/): ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှင်မွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် စစ်ကောင်စီက ခွင့်ပြုထားသော ရွှေတွင်းများကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများ နေကြောင်းသိရသည်။ - [ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ ဦးအနက် တစ်ဦးလွှတ်မြောက်လာ](https://burmese.kachinnews.com/2021/12/04/dec-4-z-1/): ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှ ဖမ်းဆီးခံထားရသည့် မိသားစု ၃ဦးအနက် ဖခင်ဖြစ်သူတစ်ဦးသာလွှတ်မြောက်လာ‌ကြောင်း ဒေသခံများမှ သိရသည်။ “ဖမ်းသွားတာတော့ တစ်ပတ်လောက်ရှိပြီ PDFကိုထောက်ပံ့တယ်ဆိုပြီး အတင်းအဓမ္မစွပ်ဆွဲပြီး ဖမ်းသွားတာ ခုသူ့မိန်းမနဲ့ သားက မလွှတ်လာဘူး PDF ကိုထောက်ပံ့တယ်လို့တော့ ဝန်ခံထားတယ်တဲ့ သူ့အဖေတစ်ယောက်ထဲ ဒီနေ့လွှတ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသည့် ဦးမျိုးအောင်တို့ မိသားစုသည် နိုဝင်ဘာလ ၂၅ရက်နေ့ နေအိမ်တွင် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဒေါ်ထုရာနှင့်သားဖြစ်သူ မျိုးနောင်လတ်(ခ)နောနော် ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗန်းမော် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ ဗန်းမော်မြို့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ဟန်းတဲရပ်ကွက်မှ ၁ဦး၊ ခွန်သာရပ်ကွက်မှ လူငယ် ၅ဦး၊ ပေါက်ကုန်းရပ်ကွက်မှ ၃ဦး စုစုပေါင်း ဖမ်းဆီးခံရသူ ၉ ဦးရှိပြီးပြန်လွှတ်လာသူ မရှိသေးပေ။ အလားတူ စစ်ကောင်စီတပ်သည် ဗန်းမော်မြို့ထဲ ရပ်ကွက်များတွင် PDF နှင့် ဆက်သွယ်ရှိနိုင်သည်ဟု သံသယရှိသူများအား မကြာခနဆိုသလို ဖမ်းဆီးစစ်ဆေးမူများပြုလုပ်‌နေဆဲဖြစ်သည်။ - [ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်](https://burmese.kachinnews.com/2021/12/03/dec-3-y-1/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယခင်က ယုဇနကုမ္ပဏီသိမ်းယူခဲ့သောမြေပေါ်တွင် KIO ၏ခွင့်ပြုချက်မရဘဲ ဦးယူပိုင်ဆိုင်ထားသည့် မြေယာများကို နှစ်ဆန်းပိုင်းမှစတင်ပြီး ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း KIO တာဝန်ရှိသူများက ဒေသခံများကို ပြောဆိုခဲ့သည်ဟု သိရသည်။ ပြီးခဲ့သော မေလက KIA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကျောထောက်နောက်ခံ ယုဇနယုမ္ပဏီသည် ဟူးကောင်းဒေသမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဆိုပါနေရာတွင် ငွေကြေးအာဏာရှိသူများက မြေယာများ ဦးယူလုပ်ကိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်းများ ရှိလာသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်က KIA တပ်ရင်း ၁၄ တာဝန်ရှိသူများမှ ဒေသခံများကို ခေါ်ယူကာ အသိပေးခဲ့ကြောင်း သိရသည်။ “ဒီမှာအခုဖြစ်နေတာက ယုဇနကုမ္ပဏီထွက်သွားတဲ့နောက်ပိုင်းဆို မြေယာတွေကို ပိုင်ရာပိုင်ကြောင်းနဲ့ပြောဆိုပြီး မြေဧကတွေ အများအပြား လာယူကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေဘဲ သိမ်းယူနေတဲ့ ပုံစံဖြစ်နေတယ်။ ဒါကို ဒေသခံတွေတစ်ချို့က ကန့်ကွက်ကြတယ်။ တကယ်လိုအပ်နေတဲ့ ဒေသခံတွေက မရကြဘူး။ ကျနော်တို့ ဒေသခံအချင်းချင်းကြား မြေယာပြဿနာတွေဖြေရှင်းဖို့ လိုအပ်လာတယ်။ ဒီပြသနာကိုဖြေရှင်းပေးဖို့  KIO ဘက်ကိုတိုင်ကြားလာတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် KIO က ဒီ မြေယာတွေကို ပြန်သိမ်းမယ်။ သေချာစီစစ်ပြီးမှဘဲ တကယ် ရသင့်ရထိုက်တဲ့သူတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဟူးကောင့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ KIO အနောက်ပိုင်းတိုင်း တပ်မဟာ ၂ မှ အဆိုပါ မြေယာများ ပြန်လည်သိမ်းယူသွားမည့် ကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာဒေသအလိုက် တရားဝင်ပြန်လည် အကြောင်းကြားမည်ဟု သိရသည်။ မြေယာများ ပြန်လည်သိမ်းယူမှုတွင်ပါဝင်မည့် ဧရိယာထဲတွင် လီဒိုလမ်းပေါ်ရှိ … - [မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ](https://burmese.kachinnews.com/2021/12/02/nov-2-bs-2/): မြန်မာနိုင်ငံ အရှေ့မြောက် စီးပွားရေးဇုံ တစ်ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် မြန်မာ-တရုတ် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်ဘက်ပို့မယ့် မြန်မာ့ကြက်သွန်နီ တင်ပို့ခွင့် မရလို့ ကျပ်သိန်း ၆ ထောင်ကျော်ခန့် ဆုံးရှုံးနေကြောင်း မြန်မာကုန်သည်လုပ်ငန်းရှင်‌တွေဆီက သိရပါတယ်။ “စုစုပေါင်း ရောက်လာတဲ့ တွဲကား အစီး ၁၀၀၀ ခန့်ရှိပြီး အစီး ၅၀၀ ခန့် ပြန်လှည့် ဆင်းသွားခဲ့ရတယ်။ ဝယ်ဈေး ၈၀၀ ကျပ်နှုန်း‌ ပေးရတဲ့ ကြက်သွန် အချိန် ၉၆၀၀ ပိဿာပါ ၁၂ ဘီးကား ၂၅၀ စီး၊ အချိန် ၂၁၀၀၀ ပိဿာပါ ၂၂ ဘီးကား ၂၅၀ စီးခန့် ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မှီ မပို့နိုင်ပဲ ပိတ်မိနေလို့ အပင်တွေပေါက် ပြီး ပျက်စီးသွားတာ။” လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။ တရုတ်ဘက် ဝင်ခွင့်မရလို့ မကြာခဏ လှူဒါန်းပေး‌နေပေမယ့် အပင်ပေါက်သွားတာတွေရော ပုပ်ပျက်ပျက်စီး သွားတာတွေရော ကုန်လှောင်ရုံတွေထဲမှာ ပျက်စီးကုန်ကြောင်း “ဂိုဒေါင်မှာချပြီးတော့ ၁ အိတ်ချင်းရောင်းတာတွေရော လှူတာရော အများကြီးပေါ့နော်။ အဲဒါတွေကတော့ ခုလောလောဆယ် အဲကြက်သွန်နီတွေက ပုပ်တဲ့ဟာကပုပ်သွားတာပေါ့နော်။” လို့ သူက ဆက်ပြောပါတယ်။ ဆုံးရှုံးမှု များနေတာကြောင့် ဂိုဒေါင်တွေထဲကကုန်ပစ္စည်းအချို့ကို ကားငါးစီးစာ ‌ရွေးပြီး ချင်းရွှေဟော်ဘက်ကနေ တရုတ်ဘက် တင်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် တင်ပို့ခွင့် မရပဲ ပြန်လှည့်လာရကာ ကားခသာ အလကား ကုန်သွားတယ်လို့ နောက်ထပ် ကုန်သည်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ … - [သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2021/12/02/dec-2-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ အင်အားအလုံးအရင်းသုံးပြီး ဝင်စီးကာ စခန်းတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက KNG ကို ပြောပါတယ်။ လမ်းကင်းစခန်း ၂ နေရာ ဝင်တိုက်ခံရတာကြောင့် ဖမ်းဆီးခံရသူရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့်လည်း  PDF ဘက်က ဒဏ်ရာရသူရှိကြောင်း သိရပါတယ်။ “ဒီကနေ့ မနက် ၅ နာရီကျော်ခန့်မှာ သိန္နီ PDF ရဲ့ သင်တန်းလေ့ကျင့်ရေးကွင်းနေရာကို စစ်ကောင်စီ တပ်မ ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သိန္နီ PDF ပြောက်ကျားအဖွဲ့ ၅ နဲ့ အပြန်လှန်ပစ်ခတ်ခဲ့တာ စစ်ကောင်စီဘက်က အင်အားများလို့ လက်နက်ချင်းမမျှတာကြောင့် ကျွန်တော်တို့ ပြောက်ကျားအဖွဲ့ က ပြန်လည်ဆုတ်ခွာခဲ့တယ်။ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ သိန္နီ PDF ဘက်က ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်။” လို့ သူက ပြောပါတယ်။ စစ်ကောင်တပ်က သိန္နီ PDF သင်တန်းကွင်းနေရာရှိ သင်တန်းသုံးကိရိယာများ မီးရှိူ့ဖျက်ဆီးသွားခဲ့ကြောင်း “ပထမဆုံး ကင်းစခန်းကို ဝင်တိုက်တော့ နှစ်ယောက် ပါသွားတယ်။ တဲတွေကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရိက္ခာတစ်ချိူ့ နဲ့  အသုံးအဆောင်တွေ ပါသွား ပါတယ်။ အရင် ၄ ရက်ခန့် ကတည်းက သူတို့ အင်အား အလုံးရင်းဖြန့်နေတာပါ” လို့ သူက ဆက် ပြောပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကလည်း … - [မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား](https://burmese.kachinnews.com/2021/12/01/dec-1-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။ - [မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/12/01/dec-1-y-1/): မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၆) နယ်မြေသို့ အင်အားတိုးချဲ့ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် KIA တို့ ယနေ့ နံနက် ၆ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား ၅၀ ခန့် ညောင်ထောက် (Nyawng Htauk)ကျေးရွာ၏ အနောက်ဘက်ခြမ်းဘက်သို့ ဦးတည်တက်လာခဲ့ရာ KIA အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ “တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ဒီမနက် ၆နာရီလောက်ကနေ စဖြစ်တာဟုတ်တယ်။ စစ်ကောင်စီဘက်က KIA ရှိတဲ့ဘက်ကို စစ်ရေးလှုပ်ရှားလာတယ်။ KIA ကကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲဖြစ်သွားတဲ့သဘောပါ။ ထိခိုက်မှုက သေချာမသိရသေးဘူး”ဟုပြောဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်အဖွဲ့မှာ အင်တော်ကြီးမြို့ ညောင်ပင်အုပ်စု ဝှေ့လုံကျေးရွာဘက်မှ ချီတက်လာသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယနေ့နံနက်ပိုင်းမှ နေ့လည်း ၁၂နာရီဝန်းကျင်အထိ ၂ ဖက်တပ် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က KIA  တပ်မဟာ ၉ အောက် တပ်ရင်း (၂၆) နယ်မြေသို့ ဂျက်လေယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ - [စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/11/29/nov-29-y-2/): မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား ၂စီးဖြင့် တက်လာသော စစ်ကောင်စီတပ်ကို ရှမ်းညောင်ကုန်းနှင့် လက်ပံသာ ကျေးရွာ ၂ခုကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင်ကွပ်ကဲနေသော ရှေ့တန်း KIA သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။ “KIA နဲ့ PDF ပူးပေါင်းတပ်အဖွဲ့က ဒီမနက် စစ်ကောင်စီတပ် ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ မှန်ပါတယ်။ စစ်သားတွေဘက်က ၇ယောက်လောက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အဲ့မှာ ထိခိုက်သေဆုံးတဲ့နေရာမှာ အရာရှိ ဗိုလ်ကြီးတစ်ယောက်ပါတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။ ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ခိုက်ခံရသည့်နေရာမှ နန့်မားမြို့အဝင်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ပံသာ နှင့် နန့်မားစသော နေရာ ၂ ခုမှ လူနေအိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်များ ကျည်ထိမှန်သေဆုံးမှုရှိခဲ့သည်ဟု နန့်မားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “နန့်မားမြို့အဝင်အထိ ပစ်ခတ်လာတယ်။ လမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ် ၃လုံးမှာ ကျည်ထိမှန်တယ်။ ပြီးရင် လက်ပံသာမှာက လူနေအိမ် မကဘူး နွား ၂ကောင်မှာ ကျည်ထိတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။ မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ များစီးလာသည့် ယာဥ်တန်းမှာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ကာ တက်သွားကြောင်း သိရသည်။ မိုးညှင်းမြို့နယ်တွင် အာဏာသိမ်စစ်ကောင်စီတပ်ဖွဲ့ကို KIA က မကြာခဏ … - [ဥယျာဉ်ထဲက ပန်းပွင့်များ](https://burmese.kachinnews.com/2021/11/29/f-1/): ဥယျာဉ်ထဲက ပန်းပွင့်များဟာ မေတ္တာနဲ့ပြုစုယုယမှုကိုခံရဖို့ မျော်လင့်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပန်းတွေဟာ သွေးစက်ကြားရှင်သန်နေကြရပြီး အကြမ်းဖက်တဲ့ ရာသီစက်ဝန်းမှာ သူတို့ဘဝတွေ လဲပြိုကြနေတာ ဝမ်းနည်းစရာကောင်းလှပါတယ်။ မတရားမှု၊ နှိပ်စက်မှု၊ ဖိနှိပ်မှု နဲ့ အတွေးအမြင်အကြမ်းဖက်မှု စတဲ့ အောက်က လွတ်မြောက်ဖို့ ပန်းပွင့်တွေဟာ အေးမြတဲ့ရေအေးတစက်ဖြစ်ဖြစ် တောင့်တနေကြပါတယ်။ နိုဝင်ဘာ၂၅ ရက်နေ့ကစပြီး  ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး၊  ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်’ ဆိုတဲ့ဆောင်ပုဒ်ဖြင့် မြန်မာပြည်မှာလည်း ကမ်ပိန်းတွေနဲ့ ပြည်သူလူထုထဲ ပြန့်နှံအောင် လုပ်ဆောင်နေကြပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး တရားဥပဒေဖြင့်ကာကွယ်ပေးရေး ဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုတွေကို အနုပညာရှင်များ နိုင်ငံရေးတက်ကြလှုပ်ရှားသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးများလည်း တက်ကြွစွာ ကမ်းပိန်မှာပါဝင်နေတာကိုတွေ့ရပါတယ်။ ဖဲကြိုးဖြူတပ်ဆင်ပြီး လှုပ်ရှားဆောင်ရွက်မှုများလည်းတွေ့ရပါတယ်။ ဖဲကြိုးဖြူတပ်ဆင်သူမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ဆောင်တာကို အမျိုုသားများလည်း ကန့်ကွက်တယ်၊ တားမြစ်တယ်ဆိုတဲ့ အရာကို နမိတ်ပုံဆောင်ခြင်း ဖြစ်ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုများ ကမ္ဘာအနှံ့ရှိလူပုဂိုလ်များနှင့် အုပ်စုများအား အမျိုးသမီးများအပေါ် ကျား၊ မအခြေပြု အကြမ်းဖက်မှုပုံစံအားလုံးကို ဖယ်ရှားရန် တောင်းဆိုခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ ဒီကမ်ပိန်းမှာ အားလုံးစိတ်တူကိုယ်တူပါဝင်ဆင်နွဲဖို့ လုပ်ဆောင်သင့်ပါတယ်။ ကျနော်တို့မျိုးဆက်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနည်းမျိုးစုံကို အဆုံးသတ်နိုင်မှ နောင်မျိုးဆက်အတွက် နူးညံ့တဲ့အလှတရားရောက်လာမှာပါ။ NUG အစိုးရ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အကြံပြုထားတဲ့ ‘ဖုန်းခေါ်လိုက်ပါ’ ဆိုတဲ့ Facebook စာမျက်နှာလည်း အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို တွေ့ကြုံခံစားရတဲ့အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ … - [စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ](https://burmese.kachinnews.com/2021/11/29/nov-29-y-1/): မိုးမောက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက လူနေရပ်ကွက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကြေးနန်းရပ်ကွက်ရှိ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းဝန်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၃နာရီခွဲဝန်းကျင်ခန့်တွင် ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က ကြေးနန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းနှင့် ဧဒင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးထိမှန်ထားသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။ “စစ်သားတွေက သူတို့ရဲ့စခန်းကနေ ကြေးနန်းရပ်ကွက်ဘက်ကို တက်လာတဲ့အချိန် ဘုရားကျောင်းဝင်းအနီးမှာ မိုင်းတစ်ခါဖောက်ခွဲတယ်။ ပြီးတာနဲ့ အနီးတဝိုက် အကုန် လက်နက်ကြီးတွေပစ်ခတ်တယ်။ ဘုရားကျောင်းဝင်းအတွင်းမှာလည်း လက်နက်ကြီးကျတယ်။ နောက် စစ်ရှောင်စခန်းလည်း ထိသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်သာမက ဒေသခံပြည်သူများ ၃၀ ဝန်းကျင်ခန့်ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ မြို့ပတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု သူကဆက်ဆိုထားသည်။ “စျေးနားအနီးတဝိုက်သွားလာနေတဲ့ ပြည်သူတွေကို သူတို့သွားတဲ့ဘက်ကို အတူတူခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာက သေချာမသိဘူး။ ဒါပေမယ့် သိရသလောက်က မြို့တွင်းမှာဘဲတဲ့။ ဆေးရုံကြီးနဲ့ အ.ထ.က ကျောင်းအနီးတဝိုက်တွေမှာ အကုန်ပတ်ခေါ်တယ်လို့ဘဲကြားတယ်။ ပြီးရင် သူတို့ရဲ့စခန်းဘက်ကို ပြန်ဆင်းသွားကြတယ်”ဟုပြောဆိုသည်။ အဆိုပါ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ၃၀ ကျော်ခန့်ကို ညနေပိုင်း ၅နာရီဝန်းကျင်တွင် ပြန်လွတ်ပေးလိုက်ကြောင်းလည်း သိရသည်။ စစ်ကောင်စီ၏ လက်ချက်ကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်ပြည်သူများ ဝတ်ပြုဆောင်လည်း ကျည်ထိမှန်ထားပြီး စစ်ရှောင်ပြည်သူများ အသုံးပြုနေသည့် အိမ်စီးကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။ ယမန်နေ့က စစ်ကောင်အဖွဲ့အနေဖြင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးများ လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် ယနေ့တွင် မိုးမောက်ဒေသခံများအနေဖြင့် သတိထားပြီး … - [မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်](https://burmese.kachinnews.com/2021/11/28/nov-28-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် ဂိတ်တွေကို နိုဝင်ဘာလ ၂၆ ရက်နေက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ မူဆယ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျင်းစန်းကျော့ဂိတ်မှာတော့ ကွန်တိန်နာ စနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်ကာ စတင်မှာဖြစ်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ “မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကိုရာဘာ ၂ စီး၊ ဆန်ကွဲ ၂ စီး၊ သီဟိုဠ်စေ့ ၁ စီး စုစုပေါင်း ကွန်တိန်နာ ၅ စီး ပို့လိုက်ပြီး အဝင်၊ အထွက် ကွန်တိန်နာ ၅ လုံး စီ နဲ့ စတင်ပါပြီ။” လို့ မြန်မာဘက်ခြမ်းက ကုန်သည် ၁ ဦးက ပြောပါတယ်။ ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း တွေအနေနဲ့ ကွန်တိန်နာ စနစ်နဲ့ ကုန်ကျစရိတ် ပိုများနေလို့ အဆင်မပြေကြောင်း၊ လက်ရှိ တရုတ်ဘက် ဝမ်တိန်ထဲ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေ ထွက်ခွင့် မရသေးကြောင်း မြန်မာ တရုတ် ကုန်သည်၊ … - [မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ](https://burmese.kachinnews.com/2021/11/27/nov-27-bs-1-2/): ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲမှာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်ကစ မုံးကိုး ဗျူဟာကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ “နာရီဝက်လောက်ရှိပြီ။ အကြီးရော အသေးရော အသံကြားနေရတယ်။ ကြားရတာ မုံးကိုး မန်ဂျက်တောင်ဘက် ဖြစ်မယ်။ မုံးကိုးဗျူဟာ ကုန်းကနေ လက်နက်ကြီးတွေ ဒီမနက် ၁၀ နာရီဝန်းကျင်က မိန်စ် အနည်းငယ်ကြာအပြင်းအထန် ပစ်ပေးနေတယ်။ ပြန်ငြိမ်သွားပြီး နေ့လည် ၁၂ ဝန်းကျင် ကတည်းက နားလိုက် ပစ်လိုက် ဖြစ်နေတယ်။” လို့ မုံးကိုး ဒေသခံ တဦးက ပြောပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မုံးမြို့နယ် တခွင်လုံးမှာ လေယာဉ်ဖြင့် ပျံဝဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ “ဒီနေ့ လေယာဉ်က တရုတ်ဘက်ကလားမသိဘူး။ ဒီ နယ်စပ် တလျှောက်မှာ လိုက်ပတ် ပျံဝဲနေတယ်။” လို့ ဒေသ ခံ တဦးက ပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့က ၁၄ မိုင်အနီး မန်ဟွမ်လမ်းဆုံမှာ မနက် ၁ နာရီ ခွဲခန့်ကစ ၂ နာရီ ကျော်အထိ၊ ချင်ချိုင့်ထန်တောင်မှာ မနက် ၉ နာရီ ၄၅ မိနစ်မှ နေ့လည် ၁၂ နာရီကျော်အထိ၊ ရှိစန်းဒေသ၊ ဝကျိရွာမှာ ညနေ ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ ကင်းလှည့်အဖွဲ့နဲ့ ၁၀ … - [ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်းတွင် မိုင်ပေါက်ကွဲမှုဖြစ်ပွား၊ ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2021/11/26/nov-26-y-1/): ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအဝင်ပေါက်တွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၆ရက် ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် မိဘများပါလာသည့် ကျောင်းပိုင်ကားတစ်စီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မှော်စီစာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ပေါက်ကွဲမှုဖြစ်သွားတာက မနက်ပိုင်းကျောင်းစတက်ချိန်မှာ ဖြစ်သွားတယ်။ ကျောင်းပိုင် လိုက်ထရိုက်ကားက အဝင်ပေါက်မှာ ရောက်တာနဲ့ ကားရဲ့ရှေ့ဘီးက မိုင်းနင်မိပြီး ပေါက်ကွဲသွားတယ်။ အဲ့တော့ ကားပေါ်မှာ ပါလာတဲ့ သူတွေက ထိခိုက်မှုရှိသွားတယ်”ဟုပြောဆိုသည်။ ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲမှုတွင် ကားပေါ်တွင်ပါလာသည့် ဆရာတစ်ဦး၊ ဆရာမ ၂ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၄ဦးတို့မှာ ထိခိုက်ဒဏ်ရာ အနည်ငယ်သာ ရရှိခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှာ ခြေထောက်တစ်ဖက်ပေါ်တွင် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သူကဆက်ဆိုထားသည်။ ထို့ပြင် ထိုပေါက်ကွဲမှုဖြစ်စဥ်အတွင်း ကျောင်အပြင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိထားကြောင်း ဆက်သိရသည်။ ယနေ့နံနက် ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ လာရောက်လုပ်ဆောင်သွားသည်ကို မသိရသေးပါ။ မှော်စီစာအထက်တန်းကျောင်း(ခွဲ)သည် ယခုလဆန်းပိုင်းက စစ်ကောင်စီပြန်ဖွင့်ခဲ့သော ကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော်ခန့်က စာသင်ကြားနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ လက်ရှိ ဖားကန့်မြို့နယ်တွင် ရှိသော အထက်တန်း ကျောင်းနှင့် အလယ်တန်း ၈ခုခန့်ကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး အဆိုပါ ကျောင်း (၈) ကျောင်းတွင် ခန့်မှန်းခြေ … - [ကွတ်ခိုင်မြို့နယ်မှာ ကောက်သစ်စားပွဲအတွက် ပြင်ဆင်သော ပြည်သူ ၁ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/11/26/nov-27-bs-1/): ကွတ်ခိုင်မြို့နယ် ကောင်းလင်ရွာတွင် ကောက်သစ်စားပွဲအတွက် ပြင်ဆင်နေသော အရပ်သားပြည်သူ ၁ ဦး ပစ်သတ်ခံရပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က ကောင်းလင်ရွာမှ လူငယ် ၃ ဦးသည် ကျေးဇူးတော်ချီးမွမ်းပွဲ အတွက် နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ကောင်းလင်ရွာသို့ ဆိုင်ကယ်နဲ့ သယ်ဆောင်လာချိန် ကောင်းလင်ရွာ မရောက်ခင် ရှုခင်းသာ တာဝါတိုင်အနီးမှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “မနက်ဖြန် ကျေးဇူးတော် ချီမွမ်းပွဲ လုပ်ဖို့ ခုကကြည့် အလောင်း ကောက်နေရပြီ။ စိတ်မကောင်းဘူး။ တကယ့်ပြည်တွေ အတွက် လုံခြုံ မှု ကိုမရှိတော့ဘူး” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ပစ်သတ်ခံရသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဦးကွမ်း‌အောင်ဖြစ်ပြီး ဦးခေါင်း၊ ကျော ကျည်ဖောက်ထွင်း ဒဏ်ရာနဲ သေဆုံးသွားပြီး အသက် ၁၆ နှစ် အရွယ် ဘန်ခွမ်နန် မှာ ခြေထောက်ရှပ်ထိ ဒဏ်ရာ ရရှိပြီး ၁ ဦးကတော့ ထိခိုက်မှု မရှိဘူး လို့ သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူကိုတော့ ကွတ်ခိုင်ဆေးရုံမှာ လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ထားကြောင်း သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားရာနယ်မြေတစ်ဝိုက်မှာ စစ်ကောင်စီ ခမရ ၃၃၆ လှုပ်ရှားသော နေရာ ဖြစ်တယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ … - [မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2021/11/25/nov-25-y-1/): မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ သုန်ပြင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း (၂၆) နယ်မြေတွင် နိုဝင်ဘာလ ၂၅ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ ဂျက်လေယာဉ် ၂စီးဖြင့် ၅ကြိမ် ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်း မိုးမလင်းမှီ ၁ နာရီ နှင့် ၂ နာရီကြားတွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း (၂၆) ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “လေယာဉ် ၂စီးနဲ့ လာတိုက်တာ မှန်ပါတယ်။ မနက်ပိုင်း ၁ နာရီဝန်းကျင်ကနေ စပြီး လာပစ်တယ်။ အသွားအပြန်နဲ့ဆို ၂ခေါက်တိတိရှိတယ်။ ဗုံးကြဲတဲ့ အရေအတွက်က ၅ကြိမ်လောက်ရှိတယ်။ ဒါပေမယ့် ထိခိုက်တာတွေလုံးဝမရှိပါဘူ။ သူတို့အနနဲ့ ဘာလို့လာပစ်တယ်ဆိုတာလည်း မသိပါဘူး။ ပုံမှန်လာပစ်တယ်လို့တောင်ပြောလို့ရတယ်” ဟု ပြောဆိုသည်။ ထိုနေရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် KIA တပ်ရင်း (၂၆) ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယခုပတ်အတွင်းနှင့် နိုဝင်ဘာလ ၂၅ရက်နေ့အထိ ၂ဖက်တပ် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းလည်းမရှိခဲ့ကြောင်း သူကဆက်ဆိုသည်။ လက်ရှိ စစ်ကောင်စီအဖွဲ့မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သုန်ပြင်ကျေးရွာမှာ အင်းတော်ကြီး မြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသည်။ ယခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က KIA တပ်မဟာ ၉ တပ်ရင်း (၂၆) တည်ရှိသည့် အဆိုပါနေရာဘက်သို့ လေကြောင်းလိုင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၃ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကချင်ပြည်နယ်တွင် ယခုလအတွင်း စစ်ကောင်စီ နှင့် … - [မူဆယ် မော်တောင်းကျေးရွာဒေသခံ တစ်ဦးကို တပ်မ ၉၉ မှ ဖမ်းဆီးသတ်ဖြတ်ထား](https://burmese.kachinnews.com/2021/11/24/nov-24-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာက အရပ်သားပြည်သူအမျိုးသား ၁ ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြောင်းဖူးခင်းတွင် ပစ်သတ်ကာ မြုပ်ထားကြောင်း ဒေသခံများနဲ့ မိသားစုဝင်များထံမှ သိရပါတယ်။ သတ်ဖြတ်ခံထားရသူမှာ နားတစ်ဖက်မကြားသူ မော်တောင်းဒေသခံ အသက် ၅၆ နှစ်အရွယ် ကချင်အမျိုးသား ဦးလဖိုင်တူးလွမ် ဆိုသူဖြစ်သည်။ သူသည် ကျေးရွာအနီးတောင်ပေါ်တွင်နေထိုင်သူဖြစ်ပြီး တောင်အောက်သို့ ဆင်းလာချိန် ဖမ်းဆီးခံရပြီး အလောင်းဖျောက် ပစ်သတ်ခံထားရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “မြို့မ ပြည်သူ့စစ် ကိုမေးလည်း မသိဘူးပဲ ပြောတယ်။ တပ်မ ၉၉ တွေကို မေးတော့လည်း မေးတော့ ငြင်းတယ်။ သတင်းမှာ မော်တောင်းဘက်မှ တပ်မ ၉၉ နဲ့ PDF တွေတိုက်ပွဲဖြစ်တာ ကြားရလို့ အသိတဦးကို တပ်မ ၉၉ ဘက်ပြန်မေးတယ်။ ၃ ကြိမ်မေးလည်း မသိဘူးလို့ပဲ ငြင်းသေးတယ်။ ၄ ကြိမ်မြောက်မှာမှ သူတို့ ပြောလာတယ် သူတို့မှားသွားတယ်။ တောင်ပေါ်ကနေ ဆင်းလာတဲ့ သေနတ်လွယ်ပြီးဆင်းလာတဲ့ ယောက်ျား ၁ ယောက်ကိုတော့ ပစ်သတ်မိတယ် လို့ ပြောလာတယ်။ တကယ်ဆိုရင်တော့ သေနတ်တော့ မလွယ်ပါဘူး။ ဓားတော့ လွယ်ထားတယ်။ ပြီးရင်လွယ်အိတ် လွယ်တယ်။ အဲထဲမှာ ဖုန်းအိတ်လည်း အဲတိုင်းထည့်ထားတယ်။ အဲဒါပဲ လွယ်ထားတယ်။ တခြားဘာမှ မပါဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သတ်ဖြတ်ပြီးနောက် အလောင်းဖျောက်မြုပ်ထားခဲ့သော နေရာကို တပ်မ ၉၉ ဘက်က ပြန်လည်ညွန်းပြတာကြောင့် … - [ဝိုင်းမော် အ.ထ.က (၂) ကျောင်းဆောင် မီးကွင်းပစ် မီးရိူ့ခံရ](https://burmese.kachinnews.com/2021/11/24/nov-24-y-1/): ဝိုင်းမော်မြို့ ရပ်ကွက် (၂) တွင်ရှိသော အ.ထ.က (၂) စာသင်ကျောင်းဆောင်ဝင်းအတွင်းသို့ မီးကွင်းပစ် မီးရိူ့ခံရကြောင်း သိရသည်။   ယနေ့ ည ၇နာရီခန့်အချိန်တွင် အမျိုးသား ၂ဦးက ဆိုင်းကယ်ဖြင့် ရောက်လာကာ ကျောင်းဝင်းအတွင်းသို့ မီးကွင်းပစ် မီးလာရိူ့သွားသည်ဟု ကျောင်းအနီးရှိ မျက်မြင်သက်သေ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။   “ဆိုင်ကယ်နဲ့ လူ ၂ယောက်က ကျောင်းရဲ့ အနောက်ဆောင်ကနေလာပြီး မီးကွင်းပစ် မီးလာရိူ့သွားတယ်။ အနီးတဝိုက်က လူတွေမြင်လိုက်လို့ ဆိုးဆိုးရွားရွား လောင်သွားတာက မဟုတ်ဘူး။ အချိန်မှီသွားလို့ပေါ့”ဟု ပြောဆိုသည်။   ကျောင်းဆောင်ဝင်းအတွင်း မီးရိူ့ခံရသော်လည်း ကျောင်းအနီးတဝိုက်ရှိ ပြည်သူများ မီးကို အချိန်မှီကယ်တင်လိုက်နိုင်ကြောင်း ဆက်သိရသည်။ အဆိုပါစာသင်ကျောင်းသည် လက်ရှိ ကျောင်းသားအများအပြားဖြင့် စာသင်ကြားနေသော ကျောင်းတစ်ခုဖြစ်ပြီး ယခင်က ယခုလို ဖြစ်ရပ်မျိုး မရှိခဲ့ကြောင်း သိရသည်။ - [ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေး သုံးစွဲမှုကြောင့် တပတ်အတွင်း လူငယ် ၃ ဦးသေဆုံး](https://burmese.kachinnews.com/2021/11/23/nov-23-ld-1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၃ ဦး ရှိပြီဟု ဒေသခံများထံမှ သိရသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့် ကွာဝေးသော ပလနအုပ်စု၊ ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းသူနဲ့ သုံးစွဲသူ အလွန်များပြားလာပြီး မူးယစ်ဆေးထိုးသွင်းမှုကြောင့် ပြီးခဲ့အပတ်အတွင်း အသက် ၂၀ ကျော်လူငယ် အမျိုးသား ၂ ဦး နှင့် အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများပြောသည်။ “ရောင်းတဲ့သူလည်း လွတ်လွတ်လပ်လပ် ရောင်း ၊ သုံးစွဲတဲ့သူလည်း ဆိုးဆိုးရွားရွား ၊ သူခိုးကသောင်းကျန်း ငွေပျော်က အိမ်ကို စက္ကန့်ပိုင်းတောင် ထားခဲ့လို့မရဘူး။ အရမ်းဆိုးရွားနေပြီ။ အပြင်ကသူတွေလည်း ရွာသို့လာပြီး လာလာထိုးယူပြီး(မူးယစ်ဆေးဝါး) ပြန်ပြန်သွား၊ ဘယ်သူ့မှ ကြည့်ကြပ်တဲ့သူမရှိ၊ တာဝန်ယူတဲ့သူလည်းမရှိ” ဟု ငွေပျော်ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသောကြောင့် ခိုးမှုနှင့် လုယှက်မှုလည်း များပြားလာကြောင်း သူက ဆက်ပြောသည်။ ကျေးရွာအတွင်း မူးယစ်ဆေးဝါးကို မြန်မာငွေ ၅၀၀ ကျပ်ဖြင့် အလွယ်တကူ ဝယ်ယူရရှိနေသောကြောင့် နေရာအရပ်ရပ်မှ မူးယစ်ဆေးသုံးစွဲသူများ လာရောက်သုံးစွဲရာ ကျေးရွာတစ်ခုဖြစ်လာကြောင်း ဒေသခံများ ပြောသည်။ ငွေပျော်စံပြကျေးရွာသည် ၂၀၁၄ ခုနှစ်က စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသော ကျေးရွာတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါး လွတ်လပ်စွာ သုံးစွဲခွင့်ပေးထားသော နေရာတစ်ခုသဖွယ်ဖြစ်နေပြီဟု ဆိုသည်။ ယခင်က ဖမ်းဆီးမှုများရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဒေသခံများကိုယ်တိုင် တိုင်ကြားသော်လည်း … - [စစ်ကောင်စီအောက် မြစ်ကြီးနား အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း ကျောင်းဖွင့်ထားဆဲ](https://burmese.kachinnews.com/2021/11/22/nov-22-ld-1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေသောကျောင်းသူတစ်ချို့ထံ ပြီးခဲ့သော ရက်ပိုင်းက ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ခဲ့သော်လည်း စစ်ကောင်စီက ကျောင်းဆက်လက်ဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့ မှစပြီး သတ္တမတန်းမှ ကျောင်းသူ ၂ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် စစ်ကောင်စီမှ သတင်းမပေါက်ကြားအောင် လုပ်ဆောင်ကာ ဆက်လက် ကျောင်းဖွင့်ထားကြောင်း အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ကျောင်းသူ ၂  ဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူတို့အတန်းတွေတောင် ခွဲလိုက်တယ်ပြောတယ်။ သိရတာတော့ ကျောင်းသူ (၂) ဦးအတိအကျပဲ။ ဒါပေမဲ့ ကျောင်းမှာဆိုတော့ အရမ်းနီးကပ်စွာနေရတော့ ဒီနေ့ထိဆို ဘယ်နှယောက်တောင် ကူးနေပြီလဲမသိဘူး။ စစ်ကောင်စီက (၂၀) ရက်နေ့ကတည်းက ဖြစ်တာကို သတင်းမပျံ့အောင် ဖုံးဖိထားတယ်။” ဟု အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိကျောင်းသားအနည်းစု ကျောင်းတက်ရောက်နေဆဲဖြစ်သည်။ စစ်ကောင်စီမှ ယခုကဲ့သို့ ကျောင်းတွင်း ကိုဗစ်ကူးစက်မှုသတင်းအား မပျံ့နှံ့အောင်ပြုလုပ်ကာ ကျောင်းဆက်လက်ဖွင့်နိုင်ဖို့ကြိုးစားရင်း ၎င်းတို့အာဏာတည်မြဲအောင် ပြုလုပ်နေသည်ဟု အခြေခံပညာ ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။ “စစ်ကောင်စီက ကျောင်းမှာ ကိုဗစ်ဖြစ်ပေမဲ့ သတင်းမပျံ့အောင်ပြုလုပ်ပြီး ကျောင်းသားထုရဲ့ ကျန်းမာရေး လုံခြံမှုကို ဂရုမစိုက်ပဲ ကျောင်းသားထုရဲ့အသက်ကို ဂရုမစိုက်တာပဲ၊ ပြောရရင်တော့ ဒါက အင်မတန် ရုပ်ညံ့တယ်၊ မလုပ်သင့်ဘူး။ ကျောင်းသားတွေရဲ့ ကျန်းမာရေး လုံခြုံရေးအတွက် ကျောင်းအမြန်ဆုံးပိတ်သင့်တယ်။ အစကတည်းသူတို့က ကျောင်းသားတွေကို လူသားဒိုင်း … - [ရွှေကူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်](https://burmese.kachinnews.com/2021/11/22/nov-22-y-2/): ရွှေကူမြို့နယ် တောင်ကတုံးကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရွှေကူမြို့ မြစ်ကြောင်းတစ်လျှောက် ခြေကျင်ဖြင့်တက်လာခဲ့သည့် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီကနေ့ တိုက်ပွဲဖြစ်တာက ရွှေကူမြို့ရဲ့ အထက်ဘက်မှာ ဖြစ်တယ်။ ရွှေကူဘက်ကနေဘဲ စစ်ကြောင်းတက်လာတာဟုတ်တယ်။ KIA က ကြားဖြတ်ဝင်တိုက်တယ်”ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် လက်နက်ကြီးများဖြင့် ၁နာရီခန့်အကြာ ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကျကြောင်းနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရကြောင်း သူက ဆက်ဆိုသည်။ ရွှေကူမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသော နေရာဖြစ်သည်။ - [ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ငွေကြေးတောင်းခံနေ](https://burmese.kachinnews.com/2021/11/22/nov-22-y-1/): ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် တပ်စွဲအခြေချလာသည့် လီဆူပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာသောပြည်သူများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။ “ကားနဲ့ ဖြစ်တဲ့သူတိုင်းကို လိုက်တောင်းနေတယ်။ သူတို့က ဟင်းဖိုးဆိုပြီး ထည့်ခိုင်းတယ်။ ကြည့်ရသလောက်က သွားတာ လာတာ ကောက်တယ်”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ လီဆူပြည်သူ့စစ်အဖွဲ့အနေဖြင့် ငွေကြေးတောင်းခံမှုကို ယခုပတ်အတွင်းမှ စတင်ကာ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သူကဆက်ဆိုသည်။ လက်ရှိငွေကြေးတောင်းခံနေသည့် လီဆူပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့ ၅၈ တပ်ရင်း လက်အောက်ရှိသော စခန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလ လဆန်းပိုင်းအတွင်းမှ စတင်အခြေချနေထိုင်လာခြင်းဖြစ်သည်။ အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်ကို နေရာချ ဆောက်လုပ်ပြီး ၄ရက်အတွင်း နိုဝင်ဘာလ ၄ရက်နေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်မှုပြုလုပ်ခဲ့သည်။ ထိုလီဆူပြည်သူ့စစ်ဂိတ်ကို ဝူယန်ကျေးရွာအတွင်းရှိ နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းကပ်ယက်တွင် ဆောက်လုပ်ထားသောကြောင့် ဝူယန်ဒေသခံပြည်သူများလည်း ကန့်ကွက်နေကြပါသည်။ ထို့နောက် အဆိုပါ ပြည်သူ့စစ်အဖွဲ့မှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း ညအချိန်တွင် ၎င်းတို့ မသင်္ကာသည့် သူများကိုလည်း လိုက်လံဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ - [မူဆယ် နမ့်ပန်းရွာလမ်းမှာ ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2021/11/21/nov-21-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းရွာသွားလမ်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ခရီးသည်ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သေဆုံးသူနဲ့ နီးစပ်သူတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။ “စိတ်မကောင်းပါဘူး။ အိမ်က အမျိုးသားရဲ့ အသိပါ။ ကား အတူတူ ဆွဲတာ။ ကားလုသွားတာပါ။” လို့ အသိ အမျိုးသီး ၁ ဦးက ပြောပါတယ်။ သေဆုံးသွားသူမှာ မြန်မာ-တရုတ် အဝင်၊ အထွက်ဂိတ် နန်းတော်ပေါက်နားက မူဆယ်-နမ့်ခမ်း ကားဂိတ်မှာ လိုင်းဆွဲနေတဲ့ အသက် ၅၄ အရွယ် ခရီးသည်တင် ယာဉ်မောင်းကိုမြအေးဖြစ်ပြီး ဘယ်ဘက်လက်ဖျံမှာ ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေပြီးကားကိုတော့ ပြန်လှည့်မောင်းသွားတဲ့ ကားဘီးရာများတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ယခင်သွားနေကျ ခရီးကိုလိုက်ပို့ရန် ကားငှားတာကြောင့် လိုက်ပို့ရာမှာ အသတ်ခံရကာ လိုင်စင်ရှိ WISH ကား အဖြူရောင်ကို လုယက်ခံရကြောင်း ယာဉ်မောင်း အသိ ၁ ဦးက ပြောပါတယ်။ မူဆယ်မြို့မှ ၄ မိုင်ခန့်အကွာ၊ အောက်တုံခန်ရွာ မရောက်ခင် မူဆယ်-လားရှိုးပြည်ထောင်လမ်းမကြီးပေါ်က‌နေ ဘယ်ဘက်ချိုးကာ ကားနဲ့  ၁၀ မိနစ်ခန့် အဝင် မြေညီလမ်းပေါ်မှာ သတ်ဖြတ် ခံရတယ် လို့ဆိုပါတယ်။ ကာယကံရှင်မသေဆုံးခင် ကားပိုင်ရှင်ထံကို ဖုန်းဆက် လာသေးတာကြောင့် ဖြစ်စဉ်ကို သိရကြောင်း “ပိုက်ဆံအိတ်နဲ့ ဖုန်းတော့ ထားခဲ့တယ်။ ပိုက်ဆံအိတ်က သူ့ခါးမှာပဲ ချိတ်ထားတယ်။ မယူသွားဘူး။ ကားပဲ ယူသွားတာ။ သူမသေခင် ကားအုံနာဆီကို ဖုန်းဆက်တယ်။ … - [မုံးကိုးမြို့နယ် မှာ စကစ နဲ့ MNDAA တို့ တိုက်ပွဲ ထပ်မံ ပြင်းထန်နေပြီး အရပ်သား တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး](https://burmese.kachinnews.com/2021/11/20/nov-20-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် ဖောင်းဆိုင်၊ ဘန်မွေး၊ မန်းယန် ရွာတွေ ဘက်မှာ စစ်ကောင်စီတပ် တပ်မ ၇၇၊ ၉၉ တို့နဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့လည်း တိုက်ပွဲ ထပ်မံ ပြင်းထန်နေကြောင်း သိရပါတယ်။ တိုက်ပွဲကြောင့် အရပ်သား ပြည်သူ တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေနဲ့ရှေ့တန်း သတင်းတွေအရ သိရပါတယ်။ “ဟုတ်တယ်။ ခု လည်း ပစ်နေတယ်။ မနေ့ညတော့ ၂ နာရီလောက်ကြာ ပစ်တယ်။ ဒီနေ့တော့ ဘန်မွေး နဲ့ မန်းယန်ရွာဘက်က တိုက်ပွဲမှာ လက်နက်ကြီးကျည် လာကျလို့ ကျွန်တော်တို့ အရပ်သား ပြည်သူ ၁ ဦး ထိတယ်။ ဆုံးသွားပြီ” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦးက ပြောပါတယ်။ မုံးကိုးမြို့နယ် ဘန်မွေးရွာနဲ့ မန်းယန်ရွာ ဘက်တွေမှာ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်ကစ ကိုးကန့် MNDAAနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သူက ပြောပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ခွဲ ဝန်းကျင်ကစ ဖောင်းဆိုင်ရွာ အနီးက ဆုတောင်းတောင်ရှိ ကိုးကန့် MNDAA တပ်စခန်းကုန်းကို စစ်ကောင်စီ တပ်မ ၇၇ က အင်အား အလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် … - [ပူတာအိုတွင် Covid-19 အလွန်များလာသဖြင့် ကျန်းမာရေးအသုံးအဆောင်ကူညီထောက်ပံ့မှု လိုအပ်နေ](https://burmese.kachinnews.com/2021/11/18/nov-18-y-1/): ပူတာအိုမြို့နယ်ကျေးရွာအားလုံးနီးပါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အလွန်များပြားလာသောကြောင့် ဆေးဝါးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းအကူအညီများ လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သော အောက်တိုဘာ လလယ်ပိုင်းမှ စတင်ကာ ပူတာအိုမြို့ပေါ်နှင့် ကျေးရွာအားလုံးတွင် ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်ခဲ့ပြီး လက်ရှိတွင် ရောဂါထိန်းချုပ်ရန် အလွန်ခက်ခဲနေသောကြောင့် ကူညီထောက်ပံ့မှုများ အမြန်လိုအပ်နေသည်ဟု ပူတာအိုတွင် ကိုဗစ်နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။ “ကျနော်တို့ ပူတာအိုမြို့နယ်မှာ ၂ပတ်အတွင်းမှာတင် ကိုဗစ် တော်တော်ဆိုးရွားသွားတယ်လို့ ပြောလို့ရပါတယ်။ မြို့ပေါ်နဲ့ တောင်ပေါ်ဒေသတွေမှာ အကုန်ပျံ့နှံ့သွားတယ်။ အခုက ဒီရောဂါကို အမြန်ဆုံးထိန်းချုပ်ဖို့က မနိုင်မနင်း ဖြစ်နေရတယ်။ ပရဟိသအသင်းလည်းနည်းတယ်။ ကျန်းမာရေးဌာနကလည်း အများဆိုမနိုင်တော့ဘူး။ အဲ့ကြောင့် အခုလိုအပ်နေတာက ဆေးဝါးဖြစ်တယ်။ ဆေးဝါးရှိမှ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လို့ရမယ်။ ပိုဆိုးတာက တခြားဒေသတွေနဲ့မတူတဲ့ သွားလာရေးခက်ခဲလို့ပေါ့” ဟု ပြောဆိုသည်။ ပူတာအိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမှာ ၂ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော်ခန့်နှင့် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ကျန်မားစစ်ဆေးမှုမပြုလုပ်နိုင်သည့် ကိုဗစ်လူနာ အများအပြားလည်းရှိနေကြောင်း သူကဆက်ဆိုထားသည်။ “အခုဆေးစစ်ပြီး အတည်ပြုစာရင်းက ၈၀၀ ကျော်ရှိသွားပြီ။ ကျေးရွာတိုင်းက တစ်ရက်ကို ၁၀ယောက်ထက်က ပုံမှန်တိုးနေတာ လေ။ အခုပြောတာက ဆေးရုံကျန်းမာရေးကထုတ်ပြန်တဲ့ စာရင်းဘဲရှိသေးတယ်။ ရွာတွေမှာ ကွင်းဆင်းပြီး စစ်ဆေးမယ်ဆိုရင် ထောင်ချီတော့ရှိမှာဘဲ။ သေဆုံးတဲ့စာရင်းတွေလည်း သေချာမစုနိုင်ဘူး။ အမှန်တကယ် ၁၀ယောက်အထက် သေဆုံးနေတာလည်း ဖြစ်နိုင်တယ်”ဟု အထက်ပါလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ပူတာအိုမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၈၀ ကျော်ခန့်ရှိသည့်အနက်လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု … - [မုံးကိုးမြို့ MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် ](https://burmese.kachinnews.com/2021/11/16/nov-16-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့ ဖော်ဂျုံး ရွာဟောင်း (ဖုတ်ဂျောင်ရွာ) တောင်အပေါ်ဘက်က MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကစ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ ရှေ့တန်းသတင်းတွေ အရသိရပါတယ်။ “ကောင်းလုံ ဘက်နားမှာ ဒီမနက် ကတည်းက အမြှောက်တွေ မုံးကိုးကနေ ပစ်ပေးတယ်။ ကောင်းလုံ၊ နမ့်ဟာ ကျွန်တော့် တို့ရွာဘက် ပစ်လိုက်သလိုပဲ” လို့ ဒေသ ခံ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က စစ်မျက်နှာ နှစ်ဖက်ကနေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်းကို ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရ သိရပါတယ်။ တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ အတိအကျ မသိရသေးပေမယ့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရတာများတယ်လို့ ဆိုပါတယ်။ တရုတ်ဘက်က ဖိအားပေးခံရမှုကြောင့်  လတ်တလော စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား နယ်စပ် တလျှောက် တိုက်ပွဲဖြစ်ပွားမှုကို လျှော့ချ‌နေတာဖြစ်ပြီး ကွတ်ခိုင်အောက်ဘက်ပိုင်း ထိုးစစ်ဆင် တိုက်ပွဲ ဖြစ်နိုင်ချေကို လျို့ဝှက်ထားတာတွေ့ရကြောင်း အမည်မဖော်လိုသူ နယ်စပ် နိုင်ငံရေးစစ်ရေး သုံးသပ်သူ ဒေသခံ တစ်ဦးက လည်း ပြောပါတယ်။ မကြာသေးမီက မုံးကိုးမြို့နယ်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်းရှိ ကိုးကန့် MNDAA တပ်စခန်း ၃ ခုနဲ့ စနိုက်ပါ ချုံခိုနေရာ ၂ နေရာကို တပ်ဆုတ်ဖို့ ကိုးကန့်ဘက်က ကြေငြာထားတာလည်း ဖြစ်ပါတယ်။ Bum … - [ရွှေလီကို လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ ပြန်နေခွင့်ပြု](https://burmese.kachinnews.com/2021/11/16/nov-16-bs-1/): မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ကို လော့ခ်ဒေါင်းဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ကိုလည်း ပြန်နေခွင့်ပြုပြီဖြစ်ကြောင်း သိရပါတယ်။ ရွှေလီမြို့ကို ၇ ရက်ကြာ လော့ခ်ဒေါင်းချခဲ့ပြီးတဲ့နောက် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီမှာ လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီဖြစ်ကြောင်း ယူနန်ကျန်းမာရေးဌာနက အခုလိုသတင်း ထုတ်ပြန်ထားပါတယ်။ “ရွှေလီ လော့ခ်ဒေါင်း ဖွင့်ပြီ။ ၁၅ ရက် တရုတ် အချိန် ည ၁၂ နာရီမှာ။ ၁၄ ရက်အတွင်း ရောဂါဖြစ်ခဲ့တဲ့ နေရာကလွဲလို့ ကျယ်ဂေါင်မှာ နေတဲ့လူတွေလည်း သူ့စည်းကမ်းနဲ့အညီ ပြန်နေခိုင်းမယ် လို့ သိရတယ်။” လို့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောပါတယ်။ သို့ပေမယ့် ၁၄ ရက်အတွင်း ပိုးတွေ့ အတည်ပြုလူနာရှိခဲ့တဲ့နေရာတွေနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေရှိတဲ့ နေရာတွေကို ဆက်ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ ကျယ်ဂေါင်မြို့ အပါအဝင် ရွှေလီမြို့ကို နိုဝင်ဘာလ ၈ ရက်နေ့ကစ လော့ခ်ဒေါင်း ၇ ရက် ပြန်လည် သတ်မှတ်ခဲ့ပြီး ရောဂါအခြေနေအရ ရက် ထပ်တိုး၊ ထပ်လျှော့မှာဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက အသိပေးထုတ်ပြန်ခဲ့ တာလည်း ဖြစ်ပါတယ်။ မြန်မာ – တရုတ် နယ်စပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တွေ ဖွင့်နိုင်ဖို့ ပြင်ဆင်ကြိုးစားနေကြောင်း သတင်းတွေပြန့်နေပေမယ့် ပန်ဆိုင်း – ဝမ်တိန်ဂိတ်ပေါက်ကို နိုဝင်ဘာလ ၇ ရက်နေ့က သံတံခါးနဲ့ အလုံပိတ်ခဲ့ပြီး မူဆယ် နန်းတော်ပေါက်ကိုလည်း ယခုရက်ပိုင်းအတွင်း ထပ်မြှင့်ကာရံကာ ပိတ်လိုက်တာကို … - [ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု](https://burmese.kachinnews.com/2021/11/14/nov-14-y-1/): ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဝင်တိုက်ပြီးနောက် ၁ ခုကို သိမ်းပိုက်ထားပြီဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။ “ဝင်တိုက်တဲ့အဖွဲ့က တပ်စခန်း ၃ နေရာကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တစ်ခုသာ သိမ်းနိုင်သေးတယ်လို့ကြားသေးတယ်။ ကျန်တဲ့ တပ်စခန်းခုကိုတော့ သိမ်းတယ်လို့ မကြားမိသေးဘူး”ဟု KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ဘက်ခြမ်းရှိ နမ်ဂျန့်ဒေသ အနီးတဝိုက်ကျေးရွာများတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အောင်လဲန့် (Aung Len) ကျေးရွာတွင်ရှိသော တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ကြောင်း သူက ဆိုသည်။ KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ နမ်ဂျန်ဒေသအနီးတဝိုက်နှင့် အောင်လဲန့်၊ ဆိုင်းရာ စသော ကျေးရွာတွင် ရှိသော တပ်စခန်း ၃နေရာကို KIA က နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ၄နာရီအချိန်မှစတင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီဝန်းကျင်အထိ ၂ဖက်တပ်အပြန်အလှန် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ထိုဒေသရှိ ဒေသခံများပြောဆိုသည်။ ယနေ့ ထိုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့် စစ်ဗျူဟာကုန်းနှင့် ကံစီးကျေးရွာမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။ ဖားကန့် ဒေသတွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးနောက် စစ်ရေးငြိမ်သက်နေရာမှ ယမန်နေ့ညနေပိုင်းက KIA … - [MNDAA တပ်စခန်းဘက် စစ်‌ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာပြီး တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွား](https://burmese.kachinnews.com/2021/11/13/nov-13-bs-1/): ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တာရွှေထန်အထိ စစ်ကောင်စီက အင်အားဖြည့်ကာ ထိုးစစ်ဆင်လာတဲ့အတွက် နိုဝင်ဘာ ၁၂ ရက်နေ့က လားရှိုးနဲ့ သိန္နီကြားမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။ လူအင်အား ၂၅၀ ခန့် ပါတဲ့ စစ်‌ကောင်စီ ကား ၁၂ စီးနဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၆ စီး စုစုပေါင်း ၁၈ စီးခန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်က  လောက်ကိုင်အနီးက တာရွှေထန် သို့ ထိုးစစ်ဆင်လာခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။ မုံးကိုးဘက်တွင်လည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု ပုံမှန်ပြုလုပ်နေကြောင်း အမည် မဖော်လိုသူ မျက်မြင်ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မုံးကိုးဘက်က စစ်ကောင်စီ တပ်မ ၉၉ က ၁၀၅ မိုင်ဘက် အစီး ၃၀ ခန့်ဆင်းလာပြီး တပ်မ ၇၇ က မုံးကိုးဘက် ပြန်တက်သွားတာ တွေ့တယ်။ ဆင်းလာတဲ့ ကားမှာ ဒဏ်ရာရသူတွေလည်း ပါတယ်။ အဲဒီ ဒဏ်ရာရသူ တွေထဲက ၄ ယောက်သေသွားတယ် လို့လည်း ကြားလိုက်တယ်။ သူတို့ အချင်းချင်း ပြောနေတာ။   လက်ပစ်ဗုံး သီးသန့် တင်တဲ့ ကားလည်း ဖောက်ခွဲခံလိုက်ရတယ် လို့ ဖုန်းလှမ်းပြောနေတာ။” လို့ ပြောပါတယ်။ လားရှိုးနဲ့ သိန္နီ ကြား ၁၄ မိုင် အနီးက … - [အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ](https://burmese.kachinnews.com/2021/11/12/nov-12-y-1/): ပူတာအိုမြို့နယ်တွင် စစ်ကောင်စီသစ္စာခံ အုပ်ချုပ်ရေးမှူးအဖွဲ့များက ကျေးရွာအလိုက် ဘောလုံးကစားရန် ခွင့်ပြုမိန့် ပေးလိုက်သည့်နောက်ပိုင်း ကိုဗစ် – ၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ပြီးခဲ့သော အောက်တိုဘာလ လယ်နောက်ပိုင်းမှ ပူတာအိုမြို့တွင် ရပ်ကွက်အလိုက် ယဥ်ကျေးမှုဖလား ဗိုလ်လုပွဲ ဘောလုံးကစားနေသောကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ ကိုဗစ်ကူးစက်ခံနေရသည်ဟု ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အုပ်ချုပ်ရေးအဖွဲ့က ယဥ်ကျေးမှုအဖွဲ့ကို ဘောလုံးကစားခွင့် ပေးလိုက်လို့ အခုဆို ရပ်ကွက်အားလုံမှာ ကိုဗစ်ကူးစက်ခံနေရတယ်။ မဖြစ်တဲ့သူ သိပ်မရှိတော့ဘူး။ အားလုံးဖျားကြတယ်။ ဘာကြောင့် လဲဆိုတော့ ကျေးရွာ ရပ်ကွက် အလိုက်ဆိုတော့ ပိုဆိုးသွားတာပေါ့” ဟု ပြောဆိုသည်။ ဘောလုံးကစားပွဲကို တစ်ရက်တွင် ကျေးရွာ (၆) ခုနှင့်  အသင်း (၃)ဖွဲ့ဖြင့် ပုံမှန်ကစားခဲ့ပြီး ရောဂါကူးစက်မှုမှာ မြို့ပေါ်နှင့် ကျေးရွာများတွင် ထိန်းချုပ်ရန် ခက်ခဲသွားသည်ဟု သူက ဆက်ဆိုသည်။ “မြို့ပေါ်မှာ ရှိတဲ့ ဆရာဝန်တွေလည်း ထိန်းချုပ်ဖို့ မနိုင်တော့ဘူး။ တစ်ချို့ ဆိုရင် တစ်ချို့ကျေးရွာတွေမှာ ကာကွယ်ဆေးပြီး သွားရှောင်နေကြတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ အခြေအနေကို ပြောရရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။ အရမ်းဆိုးရွားနေတယ်”ဟု ဆက်ဆိုသည်။ ထိုသို့ ပူတာအိုမြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံနှံ့မှုမြင့်တက်နေသော်လည်း ၄ ပတ်တိုင်တိုင် ပုံမှန် ကစားခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပူတာအို မြို့နယ်ရှိ ကျေးရွာ ၆၀ ကျော်ခန့်နှင့် မြို့ပေါ် ရပ်ကွက် … - [ကဘူဒမ်းစစ်ရှောင်များ၏ တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ](https://burmese.kachinnews.com/2021/11/12/nov-12-lp-1/): ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ကဘူဒမ်း စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုဝင်အချို့၏ တောင်ယာစပါးခင်း ဧက (၁၀) ကျော် ယခုနှစ် မိုးခေါင်မှုကြောင့် စပါးမဖြစ်ထွန်းပဲ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းအတွက် အချိန် ၊ ငွေကြေး ၊ လုပ်အားစိုက်ထုတ်မှု အားလုံးအရှုံးပေါ်ခဲ့သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။ “သူတို့စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ရအောင်ဆိုပြီးလုပ်ထားခဲ့တာ။ စိုက်ထားတဲ့အရာက ဒီနှစ်ရဲ့ ရာသီဥတုအားပေးမှုကလည်း မရှိတော့ မျှော်လင့်ထားသလို ရိတ်သိမ်းစရာဘာမှ မရှိအောင်ကို ဖြစ်သွားတယ်။ ပထမတော့ စိုက်တဲ့လမှာတော့ တော်တော်လေး ကောင်းတယ်။ အခုအပေအနှံလေးထွက်လာတော့ကြတော့ မိုးက လည်းခေါင် အစိုဓာတ်လဲမရတော့ အခင်းပျက်သွားတယ်။ တစ်နှစ်တာအတွက် ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်တာလေ။ ဒါပေမဲ့ ပြန်အဆင်မပြေလာတဲ့အခါကြတော့ မျှော်လင့်ချက်ဆုံးရှူံးသွားသလို ခံစားနေ ကြရတယ်။” ဟု ဆိုသည်။ လက်ရှိ Covid-19 ရောဂါဖြစ်ပွားသည့်ကာလတွင် ကဘူဒမ်းစစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အသုံးအဆောင်များကို ဖူလုံစွာ ထောက်ပံ့ပေးနိုင်သည့် အလှူရှင်လိုအပ်နေသေးကြောင်းလည်း သူက ဆက်ဆိုထားသည်။ “ကိုဗစ်ကြောင့် သွားလာလို့ကလည်း အဆင်မပြေ စိုက်ထားတဲ့စပါးက ပျက်စီးသွားတော့ သူတို့ စားဝတ်နေရေးက အရမ်းခက်သွားပြီ။ တစ်ခါတစ်လေတော့ အလှူရှင်တွေရှိတယ်။ ပထမက စားဝတ်နေရေး ၊ ဒုတိယက ကျန်းမာရေးအထွေထွေ ဝယ်သုံးဝယ်ဖို့တောင် ခက်ခဲကြတယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောသည်။ အဆိုပါ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူများမှာ ၂၀၁၇ ခုနှစ် ဟူးကောင်း လီဒိုလမ်းမပေါ် တိန်းကောက် … - [အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ](https://burmese.kachinnews.com/2021/11/12/nov-12-z-2/): စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။ “ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ ၆ယောက်ကတော့ မျက်နှာဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် နှိပ်စက်ခံထားရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးနေသည့် အလောင်း ၇ လောင်းအား ယနေ့နံနက် ၉နာရီဝန်းကျင် မိုနံရွာအနီး (ဦးတင်ဦးကုန်းနားလေးက မန်ကျည်းပင်ရေစပ်)အနားမှာ တွေ့ရှိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။ ဒေသခံများ၏ ခန့်မှန်းချက်အရ ကလေးငယ်၏ အလောင်းအပြင် ကျန်အလောင်း ၆‌ လောင်းသည် မိုနံရွာမှ ၅ ဦးနှင့် ဥက္ကံရွာ ၁ ဦးဖြစ်နိုင်ကြောင်း ပြောဆိုသည်။ “ပြီးခဲ့တဲ့ ၄ရက်လောက်က စစ်ကောင်စီတပ်က အဲရွာက ဒေသခံတွေကို ဖမ်းဆီးသွားတာတွေရှိတယ်။ ဖမ်းသွားတာ ဘယ်နှစ်ယောက်လဲ တိတိကျကျ မသိလိုက်ကြဘူး။ ခုသတ်ခံရတဲ့သူတွေတောင် ရုပ်ကမမှတ်မိတော့ ဘယ်သူဘယ်ဝါမှန်း တိတိကျကျ မပြောနိုင်ဘူး ခန့်မှန်းတာလောက်ဘဲရှိမယ်” ဟု အထက်ပါဒေသခံက ထပ်ပြောသည်။ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာတို့သည် တစ်ဆက်တည်းရှိပြီး ကောလင်းမြို့၏ အနောက်ဘက်ခြမ်း ၂၆မိုင်ခန့် အကွာတွင် တည်ရှိသည်။ ကောလင်းနယ် အနောက်ဘက်ခြမ်းကျေးရွာအချို့တွင် ၂ ရက်အတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ၁၀ဦးခန့် ဖမ်းဆီးသတ်ဖြတ်ပြီးဖြစ်သည်။ လက်ရှိ ယင်းကျေးရွာများတွင် … - [မုံးကိုး နှင့် သိန္နီ မြို့နယ်မှာ စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကား ၉ စီးကို ဖျက်ဆီးခံရ](https://burmese.kachinnews.com/2021/11/12/nov-12-bs-1/): စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ နိုဝင်ဘာ ၁၁ ရက်နေ့က မုံးကိုး နှင့် သိန္နီ မြို့နယ်တွေမှာ တိုက်ပွဲ‌ ဆက်လက် ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်မှ စစ်ကူလာတဲ့ ယာဉ်တန်းအနက် စစ်ကား ၉ စီးကို MNDAA က ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။ “မန်းယန် ဘက်မှာတော့ သူတို့ (စစ်ကောင်စီ) အကြီးအကျယ် လှုပ်ရှား နေကြတယ်။ နောင်ထွဲဘက်မှာရော။ မန်းယန်မှာ ဗျူဟာ ၁ ခု ထိုင်တယ်။ ဖောင်းဆိုင်မှာ ရောပဲ။ မနက်ဖြန် သဘက်ခါ ဘယ်လို ဖြစ်လာမလဲတောင် မသိဘူး။” လို့ ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက သိန္နီမြို့နယ် နမ့်စလပ် မှ ကိုးကန့် ကွမ်းလုံဒေသသို့ စေလွှတ်လိုက်တဲ့ စစ်ကူကား ၂၈ စီးကို ကိုးကန့် MNDAA မှ အဆင့်အဆင့်  ကြားဖြတ်တိုက်ခိုက်ရာ စုစုပေါင်း ကား ၉ စီး ဖျက်ဆီးခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။ ဒါ့အပြင် အဲဒီနေ့ကပဲ စစ်ကောင်စီက မုံးကိုး ပန်ရင်လပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်  ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ မုံးကိုးမြို့နယ် မန်ဖာရွာ နှင့် သိန္နီမြို့နယ် ပန်လုံရွာ တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါနေရာများရှိ ပြည်သူများကို အမြန်ပြောင်းရွေ့ရန် စစ်ကောင်စီဘက်မှ ပြောဆိုနေကြောင်း … - [မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ](https://burmese.kachinnews.com/2021/11/11/nov-11-z-3/): မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၂ စီး ယနေ့ညနေ ၆ နာရီဝန်းကျင်ခန့်ကကချင်ပြည်နယ်၊ ရွှေကူမြို့အဝင်တွင် KIA တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့ကာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေကူ ဒေသခံများမှ သိရသည်။ “ဘိုကုန်းကနေ စပစ်တာ သင်္ဘောဆိပ်ရောက်ခါနီးထိ ခါတိုင်းဆိုရင် မြို့အဝင်လောက်အထိဘဲ ပစ်တာ ဒီညတော့ သင်္ဘောဆိပ်ကပ်တဲ့အထိ အပြန်အလှန်ပစ်ခဲ့ကြတယ် ထိခိုက်မူ အခြေနေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ သင်္ဘော ၂စီးအနက် တစ်စီးသည် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး ကျန်တစ်စီးသည် ရိက္ခာအပြည့် တင်ဆောင်လာသည့် သင်္ဘောဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။ စစ်ကောင်စီတပ်သည် သင်္ဘောတက်လာသည့် မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးချထားသည့်အတွက် ကျောက်ကြီးအဝင်လုံခြုံရေး ယူပေးနေသည့် တပ်ဖွဲ့နှင့်လည်း တစ်ဆက်တည်း တိုက်ပွားခဲ့ကြောင်း သိရသည်။ ” ကျောက်ကြီးမှာ စစ်သားတွေရှိတော့ သူတို့နဲ့ပါ တိုက်ပွဲငယ်ဖြစ်တယ် သင်္ဘောအဖွဲ့က တစ်လျှောက်လုံးရမ်းပစ်လာကြတာ ခုတော့ ရွှေကူသင်္ဘောကပ်သွားကြပြီ ထိခိုက်တာတော့ရှိနိုင်တယ် ဒီဘက်ကလည်း သင်္ဘောဆိပ်ကမ်းကပ်တဲ့ထိပါ လိုက်ပစ်တာဆိုတော့ “လို့ နီးစပ်သူတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်၏ သင်္ဘောသည် ရွှေကူမြို့အဝင်နား မကြာခနဆိုသလို ပစ်ခံနေရလေ့ရှိသည်။ - [စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ကောလင်းဒေသခံ ၃ ဦး လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ](https://burmese.kachinnews.com/2021/11/11/nov-11-z-2/): စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ဘက် ရှမ်းကလုံး‌‌ရွာအနီး နိုဝင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသော အရပ်သား ၃ဦးမှာ လက်ပြန်ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်း ယနေ့ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ “ဦးစက်အောင်ရဲ့ လယ်တောတဲအောက်မှာ သူ့အမျိုးသမီးသွားတွေ့တာတဲ့။ လက်တွေကိုလည်း နောက်ပြန်ချည်ထားတယ်။ သေနတ်ဒဏ်ရာတွေ နဲ့ အဲမှာ ၉ တန်း တက်မယ့် ကလေးက ဦးစက်အောင်သားလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အသတ်ခံထားရသည့် အရပ်သား ၃ ဦးသည် ဦးစက်အောင် အသက် ၃၅ နှစ် (ခန့်မှန်း)၊ မောင်ဖိုးချစ် ၉ တန်း ကျောင်းသား၊ ဦးမြင့်ငွေ ၄၅ နှစ်တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးနေသည့် ရုပ်အလောင်းများကို ဦးစက်အောင်ဇနီးဖြစ်သူက ‌ယနေ့ နေ့လည်ခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်း ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလမှစကာ အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ခံရခဲ့ရသည့် ပြည်နယ်၊ တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံးဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသောကြောင့် စစ်ကိုင်းဒေသကြီးအတွင်း စစ်တပ်၏ ထိုးစစ်ဆင်မှုများကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ - [ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ](https://burmese.kachinnews.com/2021/11/11/nov-11-z-1/): ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ကျေးရွာအချို့ရှိ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ - [ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား](https://burmese.kachinnews.com/2021/11/10/nov-10-z-2/): စစ်ကိုင်းတိုင်း၊ ကောလင်းနယ်၊ ရှမ်းကလုံး‌ ကျေးရွာမှ ဒေသခံ ၃ ဦးအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။ “ရှမ်းကလုံးရွာက ဒေသခံ ယောကျ်ားလေး သုံးယောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တစ်‌ယောက်ကိုနောက်ပြန်ကြိုးတုတ်တယ်။ ကျန်တဲ့နှစ်‌ယောက်ကိုတော့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိပ်စက်ထားရတယ်လို့ သိရတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့  ၂ နာရီဝန်းကျင် ရှမ်းကလုံးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း အင်အား ၁၀၀ ဝန်းကျင်ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသူများအား မိမိနေအိမ်ပြန်ခိုင်းခဲ့သည့်အပြင် အသက်ကြီးပိုင်းနဲ့ စစ်ရှောင်များအား ကူညီပေးနေသူအချို့ကို စစ်ဆေးမေးမြန်းပြီးနောက် ယခုကဲ့သို့ ဒေသခံ ၃ဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးခံရသူများမှာ လူလတ်ပိုင်းနှစ်ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် ၁ ဦး ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ရှမ်းကလုံးကျေးရွာတွင် ယခင်ရက်များကလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရွာသားတဦးနဲ့တခြားရွာသားတစ်ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ဖူးကာ ပြန်လည်လွတ်ခဲ့ဖူးကြောင်း ‌နီးစပ်သူများက ဆိုသည်။ ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်းတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀ နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် အင်တာနက်ဖုန်းလိုင်းများဖြတ်တောက်လိုက်သည့် ပြည်နယ်၊ တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံး ခံစားနေရခြင်းဖြစ်သည်။ - [မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ](https://burmese.kachinnews.com/2021/11/10/nov-10-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင် တပ်စွဲထားသော နေရာ ၃ ခုမှ ဆုတ်ခွာတော့မည်ဟု MNDAA ဘက်က ယနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) ကိုးကန့် သတင်းတွင် ဖော်ပြထားသည်။ မုံးကိုးဒေသ စစ်ရေးတင်းမာနေမှုကို လျော့ကျစေလို​သော ရည်ရွယ်ချက်ကြောင့် MNDAA ဗဟိုဌာနချုပ်မှ မုံးကိုး​ဒေသရှိ တပ်ခွဲ ၃ ခုကို ဆုတ်ခွာရန် အမိန့်ပေးခဲ့တဲ့အပြင် မုံးကိုး နှင့် ပန်ဆိုင်း တံတားကြားရှိ စနိုက်ပါတပ်သား ချုံခိုပွိုင့် ၂ နေရာကိုလည်း ဆုတ်ခွာရန်ညွန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။ ကိုးကန့် MNDAA အနေဖြင့် ရောဂါကာကွယ်ရေး၊ ပြည်သူလူထုလူမှုစီးပွားအဆင်ပြေရေး၊ ငြိမ်းချမ်းစွာဆွေးနွေးငြိနှိုင်းရေး၊ နှစ်ဖက်သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကို သိတတ်ရေး၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အားစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိစေရန် စစ်တပ်ကို တိုက်တွန်းနှိုးဆော်လိုကြောင်းပါရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကစတင်ပြီး မုံးကိုး ပန်ဆိုင် မြို့နယ်ခွဲတစ်လျှောက် စစ်ရေးပြင်းထန်စွာ လှုပ်ရှားလာသော MNDAA အနေဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်သည့်အပေါ် တရုတ်နယ်စပ်အခြေစိုက်နေထိုင်သော အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ယခုလိုပြောသည်။ “ဒီ ကိုးကန့်တွေကို တရုတ်က ဖိအားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီလို တိုက်ပွဲ ဆက်ဖြစ်နေရင်တော့ တရုတ်အတွက် အဆင် မပြေတာတွေရှိတယ်။ ပြီးတော့ တရုတ်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေ အဆုံးရှုံး မခံနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ သူက ဖိအားပေးတာ ဖြစ်နိုင်တယ်။ ကိုးကန်းကို တရုတ်က ထောက်ပံ့မှု … - [အင်ဂျန့်ယန်သို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် KIA က လမ်းမကြီးကို ပိတ်ထား](https://burmese.kachinnews.com/2021/11/10/nov-10-y-1/): အင်ဂျန့်ယန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်အင်အားအများအပြား တိုးချဲ့ လာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့မှစကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်သည် အင်ဂျန့်ယန်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် မည်သူမှ သွားလာဖြတ်သန်ခွင့် မရှိအောင် ဂွေထောင် (Gwi Htau) ကျေးရွာအနီးတဝိုက်တွင် KIA က လမ်းပိတ်ဆို့ထားသည်မှာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဟု အင်ဂျန့်ယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အင်ဂျန့်ယန်လမ်းကို KIA က ပိတ်ထားတာ ဒီနေ့ဆို ၁၀ ရက်လောက်ရှိလာပြီ။ စစ်ကောင်စီတပ်သားတွေ စစ်အင်အား တိုးချဲ့လာတဲ့ နောက်ပိုင်းပိတ်လိုက်တယ်။ စစ်တပ်က ပြည်သူကိုအကာကွယ်ယူပြီး ထပ်မံစစ်အင်အား တိုးချဲ့လာမှာကို စိုးရိမ်လို့ ခဏယာယီပိတ်ထားတယ်လို့ဘဲသိရတယ်။ အခုဆို ဘယ်သူမှ သွားလာလို့မရဘူးပေါ့နော်” ဟုပြောဆိုသည်။ စစ်ကောင်စီအနေဖြင့် အင်ဂျန့်ယန်မြို့နယ်အတွင်းသို့ စစ်အင်အားအများအပြားဖြင့် ဝင်ရောက်လာသည်မှာ စစ်ရိက္ခာသယ်ပို့ယူနိုင်ရန်နှင့် KIA ကို တိုက်ခိုက်ရန်ဖြစ်နိုင်သည်ဟု သူက သုံးသပ်ပြောဆိုသည်။ လက်ရှိ KIA က လမ်းပိတ်ဆို့ထားသည့်မှုကြောင့် အဆိုပါလမ်းမကြီးတစ်လျှောက် ဂွေထော်၊ တန်ဘောင်ယန်၊ ဆနီတူယန်၊ လဆီးဇွပ်၊ ခွန်စိုင်တော်ယန်၊ ကျော်စာ၊ ဘွမ့်နိမ့်ယန်နှင့် ကဒါ့ဇွပ့် စသောကျေးရွာများမှာ သွားလာဖြတ်သန်းခွင့် မရရှိသေးဘဲ ရှိနေသည်ဟု သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်က အဆိုပါအာဏာသိမ်းစစ်တပ်ကို ဆွမ့်ဒွန့် (SumDun Bum) ကျေးရွာအနီးတဝိုက်တွင် KIA တပ်ရင်း … - [ကသာမြို့တိုက်ပွဲ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာ](https://burmese.kachinnews.com/2021/11/10/nov-10-z-1/): ကသာမြို့နယ် PDFနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ကာ ၂ရက်အတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၇‌နာရီလောက်မှာ အင်အားက ၁၀၀ ဝန်းကျင်ရှိမယ်ထင်တယ် သူတို့က မော်တော်ယဉ်နဲ့တက်လာတာ ပြီးတော့ တုတ်ကြီးရွာနားမှာ ဆင်းပြီး ရွာထဲက သေနတ်ဖောက်ဝင်လာတာ ခုရွာက တစ်ချို့ပြည်သူတွေလည်း ပြေးနေရပြီ”လို့ ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် မိုးတားလေး၊အထက်ဝဲကြီးအနီးတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်ခံရကာ မြို့လှ PDF နှင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲနှစ်ရက်အတွင်း နိုဝင်ဘာလ ၈ရက်နေ့ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် သေဆုံးခဲ့ပြီး PDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အလားတူ နိုဝင်ဘာလ ၉ရက်နေ့တွင်လည်း အထက်ဝဲကြီးအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် မိုင်း ၄လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် သေဆုံးမူများခဲ့ကြောင်း မြေပြင်သတင်းပေးပို့သူ တစ်ဦးကပြောသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း ရေကြောင်းလမ်းဖြင့် ပြန်လည်ရောက်ရှိလာပြီး တုတ်ကြီးကျေးရွာထဲသို့ စဝင်ကာ သေနတ်များပစ်ဖောက်ပြီး တုတ်ကြီးရွာအထက်‌ ရေနီရွာဘက်သို့ သေနတ်ဖောက်ရင်း ဆက်လက်ချီတက်သွားကြောင်း ‌၎င်းကဆက်ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမူများကြောင့် လက်ရှိချိန် ကသာမြို့နယ် မိုးတားလေး၊ရေနီ၊တုတ်ကြီး ၊ဝဲကြီး ကျေးရွာရှိ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် စစ်အင်အား ပိုမိုဖြည့်တင်းနေသည့်အပြင် မိုးတားလေးကျေးရွာရှိ၊စာသင်ကျောင်းများ၊ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲနေထိုင်နေသေးကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ဆင်ရေးအား အလောင်းမင်းတရားအမည်ဖြင့် စစ်ဆင်ရေးပြုလုပ်နေပြီး စစ်ကိုင်း‌တိုင်း နေရာဒေသအနှံ့နေ့စဉ် Local PDFများနှင့် တိုက်ပွဲများ … - [လိုင်ဇာမြို့ Covid-19 လူနာများကိုပြုစုကုသရန် အရေးပေါ် အဖွဲ့ ၄ ဖွဲ့ကို KIO ဖွဲ့စည်း](https://burmese.kachinnews.com/2021/11/09/nov-9-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူဦးရေ တိုးများလာခြင်းကြောင့် ပြည်သူများကို အဓိကထားစောင့်ကြည့်ပေးမည့် အဖွဲ့ ၄ ဖွဲ့ကို အရေးပေါ် ဖွဲ့စည်းထားပြီဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှ သိရသည်။ လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများလာခြင်းကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ဒုတိယ အကြိမ် Lockdown သတ်မှတ်လိုက်ပြီးနောက် ကိုဗစ်စင်တာ သတ်မှတ်ပြုလုပ်သည့်အဖွဲ့ ၊ အစားအသောက် ဖြေရှင်းသည့်အဖွဲ့ ၊ ဆေးကုသပေးသည့်အဖွဲ့ နှင့် လုံခြုံရေးအဖွဲ့ စသည့်အဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။ “အစားအသောက်အတွက်က လိုင်ဇာမှာ ရောဂါဖြစ်နေတဲ့သူတွေအားလုံးကို ဘယ်လိုကျွေးရမယ်ကို အစားအသောက်အဖွဲ့က တာဝန်ယူပေးမယ်။ ဥပမာ-တစ်နေ့ ၃ နပ်ကျွေးမယ် အဟာရတွေကျွေးရမယ် ဆိုတာကအစ သူတို့ အဖွဲ့ကိုယ်တိုင် ရှာမယ်။ မြို့ကပဲ မှာမလား။ သူများဆီ အကူညီတောင်းလို့ရခဲ့ရင် ကျနော်တို့ ကော်မတီကို အကြောင်းကြားပြီး လုပ်မယ်။ နေရာခင်းကျင်းရေးအဖွဲ့ ကျတော့ ဟောခန်းလွတ်တဲ့နေရာတွေ ဘုရားကျောင်းတို့ ၊ စာသင်ကျောင်းတို့မှာ အိမ်ယာ၊ ကုတင် ၊ ရေ ၊ မီး ၊ အိမ်သာတွေကို လုပ်နေတာဖြစ်တယ်။ အရေးပေါ် အနေ နဲ့။ လူနာတွေကို အကြိုအပို့ လုပ်ပေးတယ်။ လုံခြုံရေးအဖွဲ့အနေနဲ့က Lockdown သတ်မှတ်ချိန်အတွင်းမှာ စည်းကမ်းလိုက်နာဖို့အတွက် ပြည်သူတွေကို စောင့်ကြည့်ဖို့အတွက် အပြင်ကို မလိုအပ်ပဲ မထွက်ဖို့ … - [ကသာ မိုးတားလေးကျေးရွာအနီးရှိ ဝဲကြီးကျေးရွာတွင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား](https://burmese.kachinnews.com/2021/11/09/nov-9-z-1/): စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဝဲကြီး‌ကျေးရွာအနီးတွင် PDF နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ညနေ ၃နာရီဝန်းကျင်မှစကာ  တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများမှ သိရသည်။ “ခုနက စဖြစ်တာဟုတ်တယ် အဲရွာနားက စစ်ကောင်စီတပ်တွေရှိတဲ့နေရာ PDF တွေက မိုင်းသွားဆွဲလိုက်တာ အဲကနေ သူတို့လည်း ပြန်ခံပစ်ပြီး တိုက်ပွဲဖြစ်တာ” ဟု မြေပြင်သတင်းပေးပို့သူ တစ်ဦးကပြောသည်။ ဝဲကြီးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုး‌တားလေးကျေးရွာအနီးတွင်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ယမန်နေ့မှစကာ ကျေးရွာအတွင်း တပ်စွဲထားသေးကြောင်း ဒေသခံများကပြောသည်။ ယမန်နေ့ မိုးတားလေးကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် ယ‌ခုတိုက်ပွဲထပ်မံဖြစ်နေသည့်မတွက် ထွက်ပြေးတိမ်းရှောင်သူ ပိုများလာကြောင်း ဒေသခံများ‌က ပြောသည်။ “အိမ်က မပြန်ကြရသေးဘူး ပြေးနေရတာ မနေ့ကတည်းက ခုထိရွာမပြန်နိုင်သေးဘူး စစ်တပ်က ရွာထဲမှာ ရှိနေသေးတယ် ခုလည်း ကျမတို့ရွာနားမှာဘဲ တိုက်ပွဲကဖြစ် တစ်ချို့အိမ်တွေ မီးရှို့နေတယ်လို့ ကြားရတယ်”လို့ ဒေသခံတစ်ဦးကပြောသည်။ ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ယမန်နေ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ် ၁၁လုံးမီးရှို့ခံရပြီး၊ကလေးတစ်ဦးနားရွက်နား ကျည်ဆအနည်းငယ်ထိမှန်ကာ နွား ၇ ကောင်လည်း သေဆုံးကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမူများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့တွင်လည်း ကသာဒေသခံတစ်ဦးအား စစ်ကောင်စီမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် သတ်ဖြတ်ခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ - [ကသာမြို့နယ် မိုးတားလေး ကျေးရွာအနီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲပြင်းထန်ပြီး နေအိမ်များ မီးလောင်](https://burmese.kachinnews.com/2021/11/08/nov-8-z-1/): စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတား‌လေးကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်မှစကာ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၈ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၁၀နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ခုနတစ်ခေါက်ငြိမ်သွားတယ် ခုပြန်ပစ်နေကြပြီလို့။ လောလောဆယ် မီးကတော့ ငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကသာဘက်မှ ဆန်တက်လာသည့် သင်္ဘောအား လုံခြုံရေးလာရောက်ယူပေးနေသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်အား မိုးတားလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က PDF မှ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်အနီးရှိ မိုးတားလေးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးများကျပြီး နေအိမ် ၈ လုံးခန့် မီးလောင်ကာ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောသည်။ “ပြီးခဲ့တဲ့လ ၂၈ရက်ညက တိုက်ပွဲဖြစ်လို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာဟုတ်တယ်။ အဲဒါ မနေ့တစ်နေ့ကမှ ရွာထဲပြန်ရောက်လာကြတာ ဒီနေ့ထပ်ပြေးရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ကလည်း ကသာဒေသခံတစ်ဦးအား လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ထားခဲ့ဟု ဒေသခံများ ပြောသည်။ စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ ပြီးခဲ့သည် စက်တင်ဘာလ ၅ ရက် ၆ ရက်နေ့ Sagaing PDF နှင့် စစ်ကောင်စီတပ်တို့ကြား ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၅၀ … - [ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ်သား ၁ ဦး အဓမ္မ ပြုကျင့်](https://burmese.kachinnews.com/2021/11/08/nov-8-bs-1/): ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ် အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား ၁ ဦး ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရပါတယ်။ “အိမ်ခြံစောင့်နေထိုင်တာ။ အမျိုးသမီးကြီး ၂ ဦး။ အဲဒီ အမျိုးသမီးနဲ့ နေထိုင်တဲ့ အဖော်အမျိုးသမီးကြီးက ဝက်စာလိုက်ယူနေတာ။ စစ်သား ၃ ယောက်က ဟင်းသီးဟင်းရွက် လာတောင်းတော့ ပေးလိုက်တယ်။ သူတို့ ပြန်သွားပြီး။ ၃ ယောက်ထဲက ၁ ယောက်က ပြန်လှည့်လာပြီး နေမကောင်းလို့ နေပူဆာလှုံနေတဲ့ အဖွားကိုအိမ်ထဲ ဆွဲသွားပြီး အဓမ္မပြုကျင့် လိုက်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ၎င်း အမျိုးသမီးရဲ့ အဖော်ဖြစ်သူ နှင့် စစ်သား ၂ ဦးပြန်လာချိန် အဓမ္မပြုကျင့်နေသော စစ်သားက ဓါးဖြင့် ပြန်လည်တိုက်ခိုက်လာတဲ့အတွက် အဲဒီစစ်သား၂ ဦးမှလည်း ဓားနဲ့ ပြန်ခုခံရာ အဓမ္မ ပြုကျင့်တဲ့ စစ်သားရဲ့ ခေါင်းကို ဓါးဒဏ်ရာထိသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို စစ်တပ် တာဝန်ရှိသူထံ တိုင်တန်းထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်ကလည်း ကွတ်ခိုင် နမ့်ကွတ်ရွာက အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦးကို စစ်ကောင်စီ စစ်ကြောင်းက အဓမ္မပြုကျင့်ခဲ့တဲ့အတွက် … - [ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီ နှင့် Sagaing PDF တို့ တိုက်ပွဲပြင်းထန်၊ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံး](https://burmese.kachinnews.com/2021/11/06/nov-6-z-1/): စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် Sagaing PDF တို့ ယမန်နေ့တစ်ကြိမ်နှင့် ယနေ့နံနက်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၅၀ဦးခန့် သေဆုံးကာ SPDF ဘက်မှလည်း ၅ ဦး ကျဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ ” မနေ့မနက်က ၇နာရီလောက်မှာ ကောလင်းနဲ့ ပင်လည်ဘူးနဲ့ ရွာလမ်းကနေ စစ်ကောင်စီဘက်က ပင်တုံးဘက်ကို ထိုးခဲ့တာ အဲမှာ စစ်ကြောင်းတစ်ကြောင်းချခဲ့တာ။ အဲခြေလျင်စစ်ကြောင်းကို သတင်းပေးရှိတယ်ထင်တယ် အဲဘက်မှာ ကျနော်တို့ဝပ်နေတဲ့အကြောင်းကို အဲမှာ သူတို့ဘက်က လက်နက်ကြီးနဲ့ အရင်ထုတာ ကျနော်တို့လည်း သူတို့တက်ခဲ့တယ်ဆိုတာ သတင်းရထားတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ကိုစောင့်နေတာ အဲမှာအပြန်အလှန်ပစ်ကြတာ” ဟု မြေပြင်သတင်းပေးပို့သူများက ပြောသည်။ အဆိုပါ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသကဲ့သို့ SPDF မှလည်း တစ်ဦးကျဆုံးကြောင်း ၎င်းကဆက်ပြောသည်။ ထို့ပြင် ယနေ့ (နိုဝင်ဘာလ ၆ ရက်)တွင်လည်း စစ်ကောင်စီဘက်မှ PDF များ ဆုတ်သွားသည်ဟု ယူဆရသော မန်ကျည်းပင်ဘက် ထပ်မံပစ်ခတ်မူဖြစ်ပွားခဲ့သည့်အတွက် PDF ဘက်မှ ၄ဦး ထပ်မံကျဆုံးသွားကြောင်း သိရသည်။ “အဲမှာ မနေ့က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လှမ်းထုလို့ ကျနော်တို့ဘက်က တစ်ဦးကျတယ်။ ပြီးတော့ အဲတောဘက်မှာ ရွာသားတစ်ဦးလည်း လက်နက်ကြီးထိလို့ သေတယ်လို့သိရတယ်။ တောထဲကို ဘယ်လိုရောက်နေလဲတော့ မသိတော့ လက်နက်ကြီးထိလို့ ဆုံးသွားတယ်ကြားတယ်” ဟု နီးစပ်သူများက ပြောသည်။ စစ်ကောင်စီ နှင့် SPDF တိုက်ပွဲဖြစ်ပွားခဲ့သည့် ပင်တုံးရွာအနီးတစ်ဝိုက်ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ နိုဝင်ဘာလ … - [ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး](https://burmese.kachinnews.com/2021/11/05/nov-5-y1/): ရွှေကူမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရသဖြင့် သေဆုံးသွားကြောင်းသိရသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့အဝင်တွင် အခြေစိုက်ထားသော စစ်တပ်မှ စစ်သား ၂ဦးသည် ဆိုင်ကယ်ဖြင့် ရွှေကူမြို့  စစ်တပ်စစ်ဆေးရေးဂိတ်ရှိသော (၄) ဆုံးဆုံ ဘက်သို့ ဖြတ်လာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်း ၂ကြိမ်ထက်မနည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တစ်ပွင့် ဗိုလ်တစ်ယောက်နဲ့ တပ်သားအဆင့်ဘဲရှိမယ် ထင်တယ်။ စစ်တပ်ကနေ စစ်တပ်ဂိတ်ရှိသတဲ့ဘက်ကို ဖြတ်လာခဲ့တယ်။ KIA က ကြိုစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ၂ယောက်စလုံး အဲ့မှာ ပွဲချင်းပြီး ဆုံးသွားတယ်လို့ကြားတယ်။ မြို့ဘက်ကနေ လူနာတင်ကာနဲ့လာတင်သွားကြတယ်” ဟု ပြောဆိုသည်။ KIA က အဆိုပါ စစ်သား ၂ဦးကို မိုင်းခွဲ တိုက်ခိုက်ခဲ့သည့်အပြင် ရွှေကူမြို့အဝင်အထွက် စစ်တပ် စစ်ဆေးရေးဂိတ်ကိုလည်း ပစ်ခတ်မှုပြုလုပ်သွားခဲ့ကြောင်းနှင့် စစ်ဆေးရေးဂိတ်၏ ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သူက ဆက်ဆိုသည်။ စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပြင် စစ်ဆေးရေးဂိတ်ကိုပါ ပစ်ခတ်ခံရသောကြောင့် အာဏာသိမ်းစစ်ကောင်စီမှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁နာရီခန့်အကြာ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရွှေကူမြို့သည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး စစ်ကောင်စီမှ ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့စဉ် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်မှု ပုံမှန်ပြုလုပ်နေသော ဒေသဖြစ်သည်။ - [ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး](https://burmese.kachinnews.com/2021/11/04/nov-4-y-1/): ဝိုင်းမော်မြို့အထွက် ဝူယန်ကျေးရွာတွင် ဆောက်လုပ်နေသော ပြည်သူ့စစ်စခန်းတစ်ခုကို ယနေ့ နံနက် ၃ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် ပစ်ခတ်ကာ ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။ - [လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်](https://burmese.kachinnews.com/2021/11/03/nov-3-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်လိုက်ကြောင်း COVID-19 Operation Team မှ သိရပါတယ်။ “မနက်ဖြန် နိုဝင်ဘာ ၄ ရက် နေ့ကစပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးများဖြစ်တဲ့ မြို့မဈေး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး၊ လားရှိုးကြီးဈေးတွေမှာ ဆေးဝါးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းကုန်ခြောက်၊ သားငါးဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာ” လို့ COVID-19 Operation Team တာဝန်ရှိ တစ်ဦးက ပြောပါတယ်။ ဈေးဖွင့်ချိန်ကတော့ မနက် ၇ နာရီ ကနေ နေ့လည် ၁၂ ထိသာ ဖွင့်လှစ် ရောင်းချရမယ်လို့ ဆိုပါတယ်။ ပိုးတွေ့လူနာ လျော့နည်းသွားချိန်မှ  လူသုံးကုန်၊ အလှကုန်နဲ့ အထည်အလိပ်ဆိုင်တွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ပြုမယ်လို့သိရပါတယ်။ လားရှိုးမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က ၁ ရက်ထဲ ပိုးတွေ့လူနာ ၂၁ ဦးထိ ပြန်လည် တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၈၄၆ ဦး၊ ပျောက်ကင်းသက်သာလို့  ဆေးရုံဆင်း ခွင့်ရသူ လူနာ ၃၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၀၅ ဦး ရှိပြီဖြစ်ကြောင်း COVID-19 Operation Team ရဲ့ စာရင်းဇယား မှတ်တမ်း တွေအရ သိရပါတယ်။ လက်ရှိ နိုဝင်ဘာ ၂ ရက်နေ့အထိ ဆေးကုသမှုခံယူသူ ပိုးတွေ့ လူနာကတော့ လားရှိုး ပြည်သူ့ဆေးရုံမှာ ၇၈ ဦး၊ … - [ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့](https://burmese.kachinnews.com/2021/11/03/nov-3-z-2/): စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာနေထိုင်သည့် ပြည်သူ ၄ဦးထက်မနည်း ယနေ့ (နိုဝင်ဘာလ ၃ရက်) နေ့လယ်ခန့်က အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ “ဖြစ်စဥ်က နေ့လည်လောက်မှာဖြစ်တာဗျာ၊ အတည်ပြုနိုင်ခဲ့တာတော့ ညနေပိုင်းမှပါ။ မတရားဖမ်းဆီးသတ်ခံထားရတာ အမျိုးသားကြီးဘဲ။ လူငယ်ပိုင်း သုံးဦးနဲ့ လူကြီး တစ်ဦး ၄ ရှိပြီ” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ သတ်ဖြတ်ခံထားရသူများမှာ ကိုအောင်ကြည်လွင်၊ ကိုဝေမင်းသူ ( အထက်တန်းပြ) ၊ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။ တောင်မော်ကျေးရွာသည် ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ လက်ရှိချိန် ကျေးရွာရှိပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများကပြောသည်။ ကျေးရွာအတွင်း သတင်းပေး(ဒလန်)များ လက်ညိုးထိုးရာအိမ်များနှင့် မသင်္ကာကာသည့် အိမ်များတွင်းသို့ စစ်ကောင်စီတပ်သည် ဝင်ရောက်စစ်ဆေးဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ “စစ်သားတွေက ခုထိ ရွာထဲမှာ ရှိနေတုန်းမို့ ခုသတ်ခံရတာ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ တိတိကျကျမသိရသေးဘူး” ဟု ဒေသခံများနှင့် နီးစပ်သူများ ပြောသည်။ လက်ရှိ တောင်မော်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂ ရက်နေ့ ၁ နာရီဝန်းကျင် ကောလင်းမှ စစ်ကား ၇ စီးဖြင့်ချထားခဲ့သည့် တပ်ဖွဲ့ဖြစ်ကာ အင်အား ၅၀ ခန့်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်များ စစ်အင်အားပိုမိုဖြည့်တင်းလာသည့်အပြင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် နေ့စဉ်နှင့်အမျှ … - [တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ](https://burmese.kachinnews.com/2021/11/03/nov-3-y-1/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အလော့ဘွမ်အနီး ပြီးခဲ့သော ဧပြီလအတွင်း မြို့သစ်စလောင်းကုန်းတိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားခဲ့ရသောဒေသခံများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။ - [မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/11/03/nov-3-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ ကချင်ဈေးအနီး လမ်းမပေါ်မှာ နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသခံ မျက်မြင်တွေဆီက သိရပါတယ်။ “နမ့်ခမ်းမြို့မ – ၃ ပြည်သူ့စစ်က Training ဆရာ ခရစ်ယာန်ရပ်ကွက်မှာ နေတာ။ စကစ နဲ့ပေါင်းပြီး စကားအပြောလွန်တာ။ ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အမည်မသိ သူတွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်ဘက် ဦးခေါင်းမှ ညာဘက် ဦးခေါင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့်သေဆုံးသွားကြောင်း အမည် မဖော်လိုသူ နောက် ဒေသခံ ၁ ဦး က ပြောပါတယ်။ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၂၁ နှစ်ရှိ စိုင်း‌အေးဆိုင်ဖြစ်ပြီး ဈေးရပ်ကွက် နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့မှာလည်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး အပြင်ကနေ အိမ်ပြန်လာပြီး ကားပေါ်ကအဆင်း နောက်ကနေ အမျိုးသား ၂ ဦးက လည်ပင်းမှာ သေနတ် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ သေနတ်လာပစ်တဲ့ သူ ၂ ဦးက “သေအောင်ပစ်ပါ၊ သေအောင်ပစ်ပါ” လို့ ပြောတာ ကြားရတယ်လို့ … - [ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်](https://burmese.kachinnews.com/2021/11/02/nov-2-z2/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။ “မနေ့ညစပြီး ပိုးတွေ့လူနာက သိသိသာသာ ပိုများလာသည့်အတွက် ဒီနေ့ကစပြီးတော့ တစ်မြို့လုံး Lockdown ပြန်သတ်မှတ်ထားလိုက်တာဟုတ်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ပိုးတွေ့တဲ့သူ တစ်ဦးစ နှစ်ဦးစရှိလာပြီ” ဟု ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ကပြောသည်။ လက်ရှိ လိုင်ဇာမြို့တွင်း ပိုးတွေ့လူနာများနေပြီး ရပ်ကွက်တိုင်း ကူးစက်မှုပျံ့နေသည့်အပြင် ဝေကျိုင်နှင့် ရပ်ကွက် (၁) တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် နေရာအနှံမှ လာရောက်ခိုလှုံသူ များလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့ရှိမူ ပိုမိုများလာကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့မှစကာ လိုင်ဇာတစ်မြို့လုံးအား  Lockdown ပထမအကြိမ် ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ပြန်လည်ချမှတ်ခြင်းဖြစ်သည်။ “ပိုးတွေ့တဲ့သူတွေကိုတော့ သတ်မှတ်ထားတဲ့ center မှာ ဆေးကုသမူခံယူရမယ်။ ဆက်စပ်တဲ့သူတွေကျတော့ ကိုယ့်အိမ်မှာ stay at home အနေနဲ့နေရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ထက် ပိုတွေ့ပိုများတဲ့အတွက် ပိုသတိထားကြပါလို့ ပြောချင်တယ်”ဟု ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ကပြောသည်။ ထို့အပြင် လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ရက်မှစကာ KIO ထိန်းချုပ်နယ်မြေတွင် ဝင်ရောက်လာသူများအား … - [စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့](https://burmese.kachinnews.com/2021/11/02/nov-2-y-1/): ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “သူတို့ခေါ်လို့ သွားဖြစ်ကြတာပါ။ အစည်းအဝေးမှာက စစ်ရှောင်တွေနေရပ်ပြန်ဖို့ ပြန်ပြီးလုပ်ဆောင်ရအောင်။ အရင်လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေပြန်လုပ်ဖို့နဲ့ အတူအားလုံးပါဝင်ဆောင်ရွက်ပေးဖို့ ပြောဆိုတယ်။ နေရပ်ပြန်တဲ့အခါမှာလည်း စစ်ရှောင်တွေ ဘေးကင်းလုံခြုံအောင်။ နောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားဖို့။ အဓိက ဒီအချက်တွေဘဲ ပြောသွားတယ်” ဟု ပြောဆိုသည်။ ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လုပ်သွားမည်ဟု အပြုသဘောဖြင့်ပြောဆိုမှုရှိခဲ့ပြီး စစ်ရှောင်များနေရပ်ပြန်မည့် အချိန်ကာလ နှင့် လုပ်ငန်းစဉ်များကို အသေးစိတ်ပြောဆိုမှု မရှိသေးကြောင်း သူက ဆက်ဆိုသည်။ စစ်ကောင်စီဘက်မှ အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးသည့် ဗိုလ်ချုပ်ကြီးရာပြည့်က စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို သွားရောက်ပြောဆိုပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ဘာသာရေးခေါင်းဆောင်တချို့ကလည်း လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ရှောင်များစားဝတ်နေရေးခက်ခဲ့နေသည့်အပါ် ငွေလွှဲငွေထုတ် ဘဏ်လုပ်ငန်းများ … - [ထီးချိုင့် တိုက်ပွဲ ၂ ရက်တွင်း စစ်ကောင်စီဘက်မှ အကျအဆုံးအလွန်များပြား](https://burmese.kachinnews.com/2021/11/02/nov-2-z-1/): စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ရာ နှစ်ရက်အတွင်း စစ်ကောင်စီဘက်မှ အင်အား ၇၀ ဝန်းကျင်ခန့် ထိခိုက်ကျဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ နိုဝင်ဘာလ ၁ ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့များတွင် စစ်ကောင်စီကို ဒေသခံကာကွယ်ရေးတပ်များက ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။ “ဖြစ်တာတော့ ဆက်တိုက်ဖြစ်နေတာပေါ့နော်။ သူတို့က ကသာ ကနေ ရွှေကူဘက်ကနေပြီး ထီးချိုင့်ဘက်တက်လာမယ့် လမ်းကြောတစ်လျှောက်လုံး တစ်လမ်းလုံး ၃၁ ရက်နေ့မနက် အစောကတည်းကနေ စဆွဲတာ ထိခိုက်မူကတော့ အဲနေ့က ၃၀လောက်ရှိမယ်။ အဲညက သူတို့ မရသိမ်မှာညအိပ်ခဲ့တယ်။ နောက်ရက် နိုဝင်ဘာလ ၁ ရက်နေ့ကျတော့ ကောလင်းဘက်ထွက်လာပြီး ခြေကျင်အဖွဲ့က မော်ကွန်းတောင်တက်တယ် ပထမခြေကျင်တက်တဲ့အဖွဲ့ကို ၆ လုံးတွဲမိုင်းနဲ့ ခွဲလိုက်တာ ၄၀ ဝန်းကျင် ကျတယ်” ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက ပြောသည်။ ထို့ပြင် စစ်ကောင်စီ၏ တင့်ကားပုံစံ သံချပ်ကာ ကားတစ်စီးကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့ ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ တင့်ကား ချောက်ထဲ ထိုးကျသွားကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိစစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် ထီးချိုင့်မြို့နယ်အတွင်းသို့ ခြေကျင်တစ်လှည့် စစ်ကားများဖြင့် တစ်လှည့် အင်အားအလုံးအရင်း ဝင်ရောက်လာမူများရှိနေကာ ခန့်မှန်းခြေအင်အား ၅၀၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်းလည်း နီးစပ်သူများ၏ သတင်းပေးပို့ချက်အရသိရသည်။ ဒေသခံများ၏ပြောပြချက်အရ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်များ အင်အားကောင်းသည်ဟု ယူဆသောနေရာများသို့ ထိုးစစ်များ ပိုမိုလုပ်ဆောင်လာသည့်အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် … - [ကသာမြို့ ဖမ်းဆီးခံထားရသည့် ဈေးသည် ၁၃ ဦး ပြန်မလွှတ်သေးသည့်အပြင် မိသားစုများနှင့်တွေ့ခွင့် မရ](https://burmese.kachinnews.com/2021/11/01/nov-1-z-1/): စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်း စျေးသည် ၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၃ ပတ် ကျော်လာပြီ ဖြစ်သော်လည်း ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။ “အရင်တစ်ခါ လွှတ်တဲ့ထဲလည်း ပါမလာဘူး ပြန်မလွှတ်သေးဘူး။ ကျနော်တို့ ကြားရသလောက်တော့ အားလုံးကို အမူဖွင့်ဖို့ စွဲချက်တင်ထားပြီ သိရတယ်” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က ကသာမြို့မှ ဈေးသည် (၁၃)ဦးအား အရေးကြီးမေးစရာရှိသည်ဟုဆိုကာ တစ်ပြိုက်နက်တည်း ဖမ်းဆီးသွားကာ အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။ “သူတို့ဖမ်းသွားပြီးနောက်ရက်‌‌ တနင်္လာနေ့အထိတော့ မိသားစုများနဲ့တွေ့ခွင့်ပေးသေးတယ်။ အဲနောက်တော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးတော့ဘူး။ ခု ယမန်ယူပြီးရင်တော့ ထောင်ပို့တော့မယ်လို့ သိရတယ်။” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံထားရသူများမှ စိန်လှိုင်ကိတ်ဆိုင်မှ ၁ဦး၊ ကိုအီးတိန် ရွှေဆိုင်မှ ၁ဦး၊ ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ဦး၊ ရန်း ဆေးဆိုင်မှ ၁ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ဦး၊ လှိုင်စာပေမှ ၁ဦး၊ လင်းယုန် စာပေမှ ၁ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင် ၁ ဦး၊ သာမန်ပြည်သူ ၄ဦး စုစုပေါင်း ၁၃ဦး တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ၎င်းတို့ကို စစ်ကောင်စီမှ ဖမ်းဆီးရခြင်းမှာ … - [မြန်မာ - တရုတ် နယ်စပ် နောင်ခမ်းဒေသခံများကို တရုတ်ဘက်က ခြိမ်းခြောက်စာ ပို့လာ](https://burmese.kachinnews.com/2021/11/01/nov-1-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီး တရုတ်ဘက်က နယ်ကျွံစည်းရိုးခတ်မှုကို မြန်မာဒေသခံများ သွားရောက်ကန့်ကွက်ပြီးနောက် တရုတ်ဘက်ကလည်း မြန်မာဘက်ခြမ်းကို ခြိမ်းခြောက်စာပို့ထားသည်ဟု ဒေသခံများပြောသည်။ နယ်ခြားမိုင်တိုင် အမှတ် ၅၈ (ခေါ်) ကျောက်လူနှစ်ယောက်အမှတ်အသား တည်ရှိသောနေရာတွင် ရှမ်းဘာသာဖြင့် တရုတ်ဘက်က မြန်မာဘက်ကို ခြိမ်းခြောက်ရေးသားထားသောစာထဲတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီမှု မရသေးသရွှေ့ ဘာမှ စိုက်ပျိုးခြင်းမပြုရန်၊ စိုက်ပျိုးမှု ရှိပါက ခြံစည်းရိုး ချက်ချင်း ဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားများကို တရုတ်ဘက်က ခြိမ်းခြောက်စာပို့ခဲ့သည်။ အဆိုပါ ခြိမ်းခြောက်စာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့်ရေးသားထားခြင်းဖြစ်ကာ အောက်တိုဘာ ၃၀ ရက်နေ့မှ Wechat တွင် ပျံနှံလာခဲ့ကြောင်း ဒေသခံများ ပြောသည်။ “ကျွန်တော်တို့ ဒီလယ်ကွက်မှာ သွားစိုက်ရင် သူတို့ ဖျက်ဆီးမယ် လို့ရေးခဲ့တာ ဒီစာ။ ရှမ်းစာလေ။ သူတို့ရွာ ဥက္ကဌတွေပေါ့။ ဒီမြေမှာ ဘယ်သူမှ လာမလုပ်ရဘူးလို့ ရေးခဲ့တာ။ ကျွန်တော်တို့ လာလုပ်ခဲ့မယ်ဆိုရင် သူတို့ လာဖျက်ဆီးမယ် အဲလိုပြောခဲ့တာ။ သူတို့စာမှာတော့ တံဆိပ်တုံးလည်း မပါ ဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။ နောင်ခမ်းဒေသခံများ ပိုင်ဆိုင်သော နယ်စပ်က ခြံမြေများကို တရုတ်ဘက်က လူအင်အား၊ စစ်အင်အား၊ စက်အင်အားအများအပြားဖြင့် အောက်တိုဘာလ ၁၈ နေ့က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုး ထပ်မံလာချိန် ဒေသခံများ ကန့်ကွက်ခဲ့သဖြင့် ပြဿနာဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများပြောသည်။ ယခုလို မြန်မာပိုင် နယ်နမိတ်ဘက်တွင် မည်သည့်စိုက်ပျိုးရေးလုပ်ငန်းမှ လုပ်ဆောင်ခြင်းမပြုရန် တရုတ်ဘက်က … - [အောက်တိုဘာလအတွင်း ကချင်ပြည်နယ်အနှံ Covid-19 ကူးစက်မှုနှင့် သေဆုံးမှုများ](https://burmese.kachinnews.com/2021/11/01/nov-1-lp-1/): ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာနှင့် သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် စက်တင်ဘာလထက် အောက်တိုဘာလတွင် သိသိသာသာ လျော့နည်းနေကြောင်း စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းများစုစည်းချက်အရ သိရသည်။ စက်တင်ဘာလတွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ဦးရေ စုစုပေါင်း ၅၆၉၈ ဦးနှင့် သေဆုံးသူ ၈၈ ဦး ထိရှိပြီး အောက်တိုဘာလတွင် ပိုးကူးစက်သူ ၃၁၂၆ ဦးနှင့် သေဆုံးသူ ၄၃ ဦး ရှိသည်ဟု သိရသည်။ သို့သော် အဆိုပါစာရင်းများမှာ ကျန်းမာရေးဌာန၏စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ ၄၉၈ ဦးနှင့် သေဆုံး ၉ ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၀၈ ဦးနှင့် သေဆုံး ၆ ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၉၁ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၇၂ ဦးနှင့် သေဆုံးမရှိ ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၁ ဦးနှင့် သေဆုံးမှုမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၈၇၀ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦး ရှိခဲ့သည်။ ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် … - [နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ် မီးရှို့ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2021/11/01/nov-1-y-1/): ပူတာအိုခရိုင် နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ည (အောက်တိုဘာလ ၃၁ရက်) ၁၂ နာရီ ဝန်းကျင်ခန့်တွင် တစ်စစီ မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ ကျန်မာရေးအပါအဝင် စုပေါင်းဂိတ်တစ်ခုဖြစ်သော အဆိုပါစခန်းကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သွားရောက် မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “နောင်မွန်မြို့အဝင်ဂိတ် မီးရှို့ဖျက်ဆီးသွားတာက မှန်ပါတယ်။ အဲ့ဒီဂိတ်မှာက ကျန်မာရေး စစ်ဆေးပေးတယ်။ ခရီးသွားပြည်သူတွေကို မှတ်ပုံတွေစစ်တယ်။ နောက်ဌာနဆိုင်ရာဖြစ်တဲ့ မီးသတ်နဲ့ရဲလည်းရှိတယ်။ စုပေါင်းဂိတ်လို့ပြောလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကိုဗစ်ပိုပြီး စစ်ကြတယ်။ မီးရှို့ဖျက်ဆီးတာက ဘယ်အဖွဲ့အစည်းက လာရောက်ရှို့သွားတာကို အသိဘူးရလို့ပြောတယ်” ဟု ပြောဆိုသည်။ နောင်မွန်မြို့တွင် ယခုလို မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ နောင်မွန်ဒေသသည် စစ်ကောင်စီလက်အောက် ဌာနေပြည်သူ့စစ်အဖွဲ့က စိုးမိုးကာ အုပ်ချုပ်သည့် နယ်မြေလည်းဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း စစ်ကောင်စီ ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်မှ အဆိုပါဒေသသို့ သွားရောက်ကာ စည်းရုံးမှုများပြုလုပ်ခဲ့သည်။ - [စစ်ကိုင်းတိုင်း ကျေးရွာအချို့ တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုများပြုလုပ်ကာ ပြည်သူအချို့ ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2021/10/30/oct-30-z-1/): စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးရွာမှ အပြစ်မဲ့ပြည်သူတစ်ယောက် ယနေ့ နံနက်ပိုင်းက အပစ်ခံရကာ ပြည်သူ ၈ဦးထိလည်း ဖမ်းဆီးခံထားရကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ “ရွာထဲ စစ်သားတွေဝင်လာတော့ ထွက်ပြေးရင်း စစ်သားတွေက လိုက်ပစ်တဲ့အချိန် သေနတ်မှန်တာလို့ သိရတယ်။ ပြီးတော့ ဒေသခံ ၂၅ ယောက်လောက် ဖမ်းထားတယ်။ တစ်ချို့လွှတ်ပေးပေမယ့် ၈ ယောက်ကျန်သေးတယ်။ ခုထိ မလွှတ်လာသေးဘူး” ဟု ဒေသဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။ သေနတ်ကျည်ထိမှန်ထားသူသည် စိုးရိမ်ရသည့်အခြေအနေရှိနေသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် မကျီးအုပ်ရွာတွင်လည်း ဝင်ရောက်နေကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိ ကုလားလူးရွာသို့ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် ကုလားလူးရွာနှင့်  ၃မိုင်အကွာတွင်ရှိသည့်  ပျဥ်ထောင်ရွာတွင်တပ်စွဲထားသောအဖွဲ့ဖြစ်ပြီး မကျီးအုပ်ရွာသို့ ဝင်ရောက်သည့်တပ်သည် မကျီးကုန်းရွာနဲ့ ၁မိုင်အကွာရှိ ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသည့် အဖွဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း လွှတ်တိုက်ရွာတွင် စစ်ကောင်စီမှ ဝင်ရောက်ရှာဖွေပြီး ဒေသခံတစ်ဦးကို မီးရှို့သတ်ဖျက်ခဲ့သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။ “မနေ့ည ၆ နာရီ ဝန်းကျင်လောက်မှာ ဖြစ်မယ်ထင်တယ်။ စစ်သားတွေရှိနေသေးတော့ ဒီမနက်မှ သူတို့ရဲ့နေအိမ် အိမ်သာထဲမှာ မီးရှို့သတ်ထားတာ တွေ့တယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးရှို့သတ်ခံရသူသည် လွှတ်တိုက်ဒေသခံ ကိုငြိမ်းထွန်းဆိုသူဖြစ်ကာ စစ်ကောင်စီတပ်မှ ပစ်သတ်ကာ နေအိမ် အိမ်သာတွင်း မီးရှို့ထားကြောင်း ၎င်းကဆက်ပြောသည်။ အလားတူ အောက်တိုဘာလ ၂၉ရက်နေ့ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ခန့်ဝင်ရောက်ကာ … - [ရွှေလီ ဂျယ်ဂေါင်မြို့တွင် ရောဂါပိုးသတ်မည့်လုပ်ငန်းကြောင့် ပြည်သူအားလုံးရွှေ့ပြောင်းရမည်ဟု ထုတ်ပြန်ထား](https://burmese.kachinnews.com/2021/10/29/oct-29-bs-1/): မူဆယ်နယ်စပ် ရွှေလီ ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာတွင် တရုတ်အစိုးရအနေနဲ့  ပိုးသတ်ဆေးဖြန်းမှာဖြစ်တာကြောင့် အဆိုပါ ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားများနဲ့ နိုင်ငံခြားသားများ အနေဖြင့် ထွက်ခွာသွားရမည်ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ ထုတ်ပြန်ထားသည်။ “ရွှေလီ-ကျယ်ဂေါင်တွင်နေထိုင်သည့်ဒေသခံပြည်သူများနဲ့ မြန်မာနိုင်ငံသားများ၏ အသက်အန္တရယ်လုံခြုံအာမခံချက်ရရှိစေရန်အတွက် ရွှေလီမြို့အနေဖြင့် ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာအတွင်း ပိုးသတ်သောလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ (အောက်တိုဘာ ၂၉) တွင် ထုတ်ပြန်ထားသည်။ အဆိုပါနယ်မြေတွင် လက်ရှိ ဝန်ထမ်းများကလွဲပြီး မည်သူမှ ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း ဆိုထားသည်။ ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ကျယ်ဂေါင်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားများရဲ့ ပစ္စည်းတွေကို ပြန်ယူရန် စီစဉ်ပေးမှာဖြစ်ပြီး အရေးတကြီး ပစ္စည်းတွေကို ပြန်လည်ယူဆောင်လိုပါက ဒေသခံဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ယူဆောင်ပြီးနောက် နေ့ချင်း တရုတ်နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာဖို့ ပါရှိသည်။ ကျယ်ဂေါင်မြို့ကနေ ရွှေလီမြို့ကို ပြောင်းရွှေ့ခံရတဲ့ မြန်မာနိုင်ငံသားများ၏ အခက်အခဲကို ကူမင်း မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ အသနားခံစာ တင်ခဲ့ပြီးနောက် ယူနန်ပြည်နယ် တရုတ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးသို့ မေတ္တာရပ်ခံစာ ပို့ခဲ့ရာ ၎င်းကဲ့သို့ ပြန်လည် အကြောင်းပြန်လာတာဖြစ်ကြောင်း ပါရှိသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း လက်ရှိသတင်းစကားကို နီးစပ်ရာ မြန်မာနိုင်ငံသားများ အချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံထားသည်။ - [တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သော်လည်း လူထိခိုက်မှု မရှိ](https://burmese.kachinnews.com/2021/10/28/oct-28-z-1/): ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်နှင့် ကျွန်းလှမြိုနယ်တို့တွင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများမှ သိရသည်။ “ပစ်သွားတာတော့ ကျွန်းလှဘက်မှာအချက်ပေါင်း ၃၀နီးပါးလောက်ပစ်တာတဲ့ ဒါပေမယ့် ရွာထဲဘက်မဟုတ်ဘူး လယ်ကွင်းနဲ့တောဘက်တွေကို ပစ်တာ အခုချိန်ထိ ထိခိုက်မူ မရှိသေးဘူးကြားပါတယ်”လို့ နီးစပ်သူတစ်ဦးကပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်နှစ်စီးသည်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းဘက်သို့ လက်ရှိချိန်ထိ ပျံသန်းလျက်ရှိနေကြောင်း သိရသည်။ ယခုကဲ့သို့ စစ်ကောင်စီဘက်မှ ‌စစ်ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၇ရက်နေ့ တိုက်ပွဲတွင် ထိခိုက်မူများသွားသည့်အတွက် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။ “မနေ့က ကောလင်းဘက် သူတို့ဘက်က တော်တော်ထိခိုက်ပုံရတယ် ဒီနေ့ရဟတ်ယဉ်နဲ့လာပစ်တဲ့ထိဆိုတော့ ကျနော်တို့ အဲလိုသုံးသပ်မိတယ်။ အရင်က လာတော့လာတယ် ခုလိုမျိုးပစ်တာ မရှိဖူးဘူး” ဟု ကျွန်းလှမြို့နယ်ဘက်မှ ဒေသခံတစ်ဦးကပြောသည်။ ထို့ပြင် အဆိုပါ ရဟတ်ယာဉ်များသည် ကျွန်းလှ သဖန်းးဆိပ်ဆည် အနောက်ဖက်ရှိ ကျွဲတဲရွာအပြင်ဘက်ရှိ ကွင်းပြင်နေရာတွေမှာ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်အင်အားလာချပေးသွားကြောင်းလည်း သိရသည်။ အောက်တိုဘာလ ၂၇ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ကျောက်ပြင်သာနဲ့ ကချင်ကုန်းရွာကြားရှိ စစ်ကောင်စီရဲ့ နေရာ ၂ ခုအား PDF မှ လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၄၀)ဦးခန့် သေဆုံးနိုင်ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ - [ပန်ဆိုင်းဘက်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2021/10/28/oct-28-bs-1/): ရှမ်းပြည်‌နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ယနေ့ နေ့လည်ပိုင်းကစပြီး နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “နမ့်ဘာတက် သင်္ချိုင်းကုန်း အပေါ်ဘက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစ ပစ်နေတယ်။ ပစ်လိုက်နားလိုက် ပစ်နေဆဲပဲ။” လို့ နမ့်ဘာတက် ဒေသခံတစ်ဦးက ပြောပါတယ်။ နောက်ထပ် ပန်ဆိုင်း မြို့ခံတစ်ဦးကလည်း “ပန်ဆိုင်းနဲ့ ၄ မိုင်လောက်ဝေးတဲ့ ယိခူးရွာဘက်မှာလည်း အခု လက်ရှိတိုက်ပွဲ ဖြစ်နေတယ်။ ၁ နာရီ မိနစ် ၂၀ လောက်ကစ ပစ်နေတယ်။ လက်နက်ကြီးလည်းပါတယ်။ ဗုံးသံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။ အခုလို နေရာအနှံ့ ကြိုကြား ကြိုကြား တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့အပြင် နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ လယ်ယာခြံမြေ သွားဖို့ အခက်အခဲ ဖြစ်ကာ စပါးရိတ်သိမ်းဖို့ လည်း အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ မူဆယ်မြို့နယ်အတွင်း ယခုလထဲ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကာ ‌တိုက်ပွဲ‌ ‌ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုတွေ များပြားလာတဲ့အပြင် နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။ Bum Shep - [မူဆယ် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှေ့က ဆိုင်တန်းလျားမှာ မီးလောင်မှု ဖြစ်ပွား ](https://burmese.kachinnews.com/2021/10/27/oct-27-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အရှေ့ ပြည်ထောင်စု ကားလမ်းမကြီးဘေးက အငှားတိုက်တန်းလျားမှာ ယနေ့ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ “ဆိုင်ခန်း ၅ ခန်းပါသွားတာပေါ့။ ဝါယာရှော့လို့ ပြောတာပဲ။ ဘယ်အခန်းလဲတော့ တိတိကျကျ မမှတ်မိတော့ဘူး။ စပြီးသွားတာတော့ ကျွန်တော်တို့ သွားလိုက်တာ။ အထဲကို လှမ်းကြည်လိုက်တာနဲ့ မီးက လူနဲ့ ဘယ်လိုမှ ကပ်လို့ မရတော့ဘူးလေ။ မရတော့ဘူးဆိုတော့ သူ့ဘေးဆိုင် ပတ်ပတ်လည်ကိုပဲ အကုန်လုံး တံခါးတွေထု လိုက်နှိုးပေါ့။ မီးသတ်ကားပဲ စောင့်ရတော့တာပေါ့။ ၁၂ နာရီ ၁၀ မိနစ်ကနေ ၂ နာရီ မတ်တင်းလောက်ထိပေါ့။ လဖက်ရည်ဆိုင် ၁ ဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ ကားပစ္စည်းဆိုင် ၂ ဆိုင်၊ ကွမ်းယာနဲ့ ကွမ်းပစ္စည်းဆိုင် ၅ ဆိုင်ပေါ့။ လုံးလုံးလျားလျားထိသွားတာတော့ ၃ ဆိုင်ပေါ့။ ကျန်တဲ့ ၂ ဆိုင် က အနည်းငယ် ထိတာပေါ့။ မီးကူးတာပေါ့။” လို့ ပါဝင်ကူညီခဲ့သူက ပြောပါတယ်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၀၀:၃၀ နာရီခန့်ကစ မီးလောင်မှု ဖြစ်ပွားပွားကြောင်းနဲ့ မူဆယ်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး နဲ့ မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၂၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၅၀ အချိန် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနကလည်း သတင်း … - [အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2021/10/27/oct-27-ld-1/): ကချင်ပြည်နယ် တြိဂံဒေသ အင်ဂွမ်လ N-Gum La ကျေးရွာတွင်ရှိသော San Petru ဘော်ဒါကျောင်းမှ ကျောင်းသား ၉၈ ဦးတွင် Covid-19 ပိုးတွေ့ရှိသောကြောင့် ဆေးဝါးနဲ့ အစားအသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း San Petru ဘော်ဒါတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “အရင်ရှေ့အပတ်ကနေ ပိုးစတွေ့လာပြီးတော့ ၂၅ ရက်နေ့ထိ ၉၈ ဦးရှိပြီ။ အခုက ဘယ်လောက်ပြန်တိုးသွားပြီလဲ လိုင်းမရှိတော့ မသိရသေးဘူး။ အခုလောလောဆယ် ပိုးတွေ့လူနာကို သပ်သပ်ခွဲနေခိုင်းထားပေမဲ့ နေရာအခက်အခဲ တွေရှိနေတယ်။ ဆေးကုသဖို့ ဆေးဝါးလည်းမရှိဘူး။ ခုခံအားအတွက် အစားအသောက်လည်းမရှိတော့ ဒါတွေလိုအပ်နေတယ်။” ဟု San Petru ဘော်ဒါမှ Brother ဘရန်အောင် က ပြောသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ရောဂါကူးစက်မှုဖြစ်နေသော အဆိုပါနေရာအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သော PPE ဝတ်စုံ ၊ Mask ၊ လက်ဆေးရည် စသဖြင့် အခြားကိုဗစ်ထိန်းချူပ်ရေးအတွက် အရေးကြီးသည့်ပစ္စည်းများ ကူညီထောက်ပံ့မှု လိုအပ်နေသည်ဟု ဆိုသည်။ ကက်သလစ်အသင်းတော်မှ ဖွင့်လစ်ထားသော San Petru ဘော်ဒါသည် ၉ တန်း၊ ၁၀ တန်းကျောင်းသားများကိုလက်ခံထားသည့် ဘော်ဒါဖြစ်ပြီး စုစုပေါင်း ကျောင်းသား ၁၀၇ ဦးရှိကြောင်း သိရသည်။ အင်ဂျန့်ယန်မြို့နယ်တွင် အဆိုပါဘော်ဒါအပြင် အခြားရပ်ရွာ၊ ဘော်ဒါများ ၊ စစ်ရှောင်များတွင်လည်း ကိုဗစ်ပိုး ကူးစက်ခံနေရသဖြင့် လက်ရှိ အင်ဂွမ်လတွင် San Petru ဘော်ဒါအပါအဝင် ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိကြောင်းသိရသည်။ လမ်းခရီး သွားလာရေး … - [တစ်ရက်အတွင်း တနိုင်း-တရုန် လမ်းကြောင်းပေါ် နေရာ ၂ ခုမှာ စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်](https://burmese.kachinnews.com/2021/10/27/oct-27-y1/): လီဒိုလမ်းမကြီးအတိုင်း တရုန်ကျေးရွာမှာ တနိုင်းသို့ ဆင်းလာသော စစ်ကောင်စီတပ်ကို လမ်းပိုင်း ၂ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [မူဆယ်မြို့နယ်မှာ တရုတ်ဘက် နယ်နမိတ်ကျူးကျော် သံဆူးကြိုးခတ်လာမှုကို ဒေသခံများ ပြန်လည်ဖျက်ဆီး](https://burmese.kachinnews.com/2021/10/26/oct-26-bs-2/): တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံပြီး ခြံစည်းရိုးခတ်လာတာကြောင့် မြန်မာ ဒေသခံတွေက သွားရောက်ဖျက်ဆီးလိုက်ကြတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းဒေသခံ ရာချီအင်အားဖြင့် သွားရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ကတော့ ပန်ခမ်းကျေးရွာမှာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ။ ကျွန်တော်တို့ရွာက အကုန်လုံး ပြန်လာဖျက်တယ်။ ရွာသူရွာသားတွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့ နဲ့ နမ့်ခမ်း တစ်ဖက်ကမ်းက ကျေးရွာပေါင်း ၁၉ ရွာမှာ တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ခြံစည်းရိုးလာနေတာကို လက်မခံနိုင်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံ နယ်ခြားစည်းရိုး ထပ်မံခတ်သွားတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ မန့်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာက တရုတ်ဘက် ကျူးကျော် ခြံစည်းရိုး ကာထားတာကို ဒေသခံတွေက သွားရောက်ဖျက်ဆီးခဲ့ပါသေးတယ်။ ဒါ့အပြင် အခုလလယ်ခန့်ကလည်း ပန်ဆိုင်းမြို့ မန့်မိုင်ရပ်ကွက်က နယ်ခြားချောင်းကို ၁၀ ပေကျော်ကျွံကာ တရုတ်ဘက်က မြေဖို့ လမ်းဖောက်နေပြီး နယ်မြေကျူးကျော် နယ်ခြားစည်းရိုးခတ်တာ လက်မခံပါက လာမယ့် ကြံထွက်ချိန် မြန်မာဘက်က ကြံတွေကို တရုတ်ဘက်က ဝယ်ယူမှာ မဟုတ်ကြောင်း ဒေသခံတွေကို ဖိအားပေး ပြောလာကြောင်း နယ်ခံတွေဆီက သိရပါတယ်။ မုံးကိုးမြို့မှာလည်း တရုတ်နယ်ခြားစည်းရိုးအနီး ထွက်ပြေးခိုလှုံနေတဲ့ စစ်ရှောင်တွေကို တရုတ်ဘက်က မောင်းထုတ်ခဲ့ပြီးနောက် မြေကော်စက်နဲ့ လာရောက်တူးဆွလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ … - [နောင်မွန်မြို့  Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ](https://burmese.kachinnews.com/2021/10/26/oct-26-y-1/): ပူတာအိုခရိုင် နောင်မွန်မြို့ရှိ Covid-19 လူနာများအတွက်အရေးတကြီးလိုအပ်နေသော အောက်ဆီဂျင်အိုးများ သယ်ယူဖို့ လိုအပ်နေသော်လည်း စစ်ကောင်စီက ခွင့်မပြုသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။ - [စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ခံများ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2021/10/26/oct-26-bs-1/): ရှမ်းမြောက် ပန်ဆိုင်းမြို့မှာ ယမန်နေ့ည စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပြည်သူတွေရဲ့ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်ကနေ ၁၀ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်မှုကြား လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးသွားတယ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ အသင်းထောက်နေအိမ် ခြံဝင်းမှာ ကျတယ်။ ကားရော၊ မှန်တွေရော အကုန်ထိကုန်ပြီ။ လူတော့ ဘာမှ မဖြစ်ဘူး။ ထိသွားတဲ့အိမ်တွေ တော်တော်ရှိတယ်။ ထိသွားတဲ့ အိမ်အားလုံး လိုက်မကြည့်နိုင်သေးဘူး။ တရုတ်အိမ် ၂ အိမ် ၃ အိမ်ထိတယ်။ ကိုးကန့်တွေ ဟုတ်တယ်။ မနေ့ည ၉ နာရီ ၄၅ မိနစ် ဝန်းကျင်ကနေ စဖြစ်တာ ၁၀ နာရီခွဲ ဝန်းကျင်ထိ ဖြစ်တယ်။” လို့ မျက်မြင် ဒေသခံ ၁ ဦးက ပြောပါတယ်။ ယခုလအတွင်း ပန်ဆိုင်း (ကြူကုတ်) မြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း “ဒီကြားထဲမှာ ပန်ဆိုင်းမှာ ဖြစ်တာ။ ရဲစခန်းလည်း လာပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားသွားလာနေတာတွေ့ရတယ်။” လို့ နောက်ထပ် ဒေသခံ ၁ ဦးက ပြောပါတယ်။ ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ဩဂုတ်လ ၄ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ထိမှန် သေဆုံးခဲ့သူ အမျိုးသမီး … - [စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2021/10/25/oct-25-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ - [တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်  စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်](https://burmese.kachinnews.com/2021/10/25/oct-25-y-1/): တနိုင်း – ရှင်ဗွေယန် လမ်းမပေါ်  တရုန်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ပြီးနောက် တခက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ အောက်တိုဘာလ ၂၅  ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ရှင်ဗွေယန်မှ စစ်ကား ၃ စီး စစ်အင်အား ၆၀ ဝန်းကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင်း KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၄၅ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “အခုတိုက်ပွဲဖြစ်နေတာက တခက်ကျေးရွာအနီးမှာ ဟုတ်တယ်။ ယနေ့နံနက်ပိုင်း ရှင်ဗွေယန်ကနေ ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ KIA က မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်နေတာက မိနစ် ၂၀လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်နေကြတုန်း။ ထိခိုက်မှုအခြေအနေက မသိရသေးဘူး” ဟု ပြောဆိုသည်။ အဆိုပါ စစ်ကြောင်းမှာ ရှင်ဗွေယန် မှ ခလုန်းကျေးရွာအထိ စစ်ကား ၃ စီးဖြင့် ပို့ထားခဲ့ပြီး ထိုနေရာမှ တဆင့် ခြေကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင် တိုက်ခိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၄ ရက် ယမန်နေ့ နံနက်  ၅နာရီခွဲဝန်းကျင်ခန့်ကလည်း တနိုင်း မှ ရှင်ဗွေယန် ဘက်သို့ တက်လာသည့် 4-D အိမ်စီးကား ၂ စီးကို KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။ အဆိုပါ ကား ၂ စီးတွင် … - [KIO သည် ဓမ္မဘက်ရပ်တည်ပြီး အဓမ္မဘက် ရပ်တည်သူများမှာ အာဏာရှင်ကို ထောက်ခံနေဟု KIO ဥက္ကဋ္ဌ ဆို](https://burmese.kachinnews.com/2021/10/25/oct-25-s-1/): ကချင်လွတ်လပ်ရေးအဖွဲ့  KIO အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် ဓမ္မဘက်ရပ်တည်နေသလို ပြည်သူလူထုများအနေဖြင့် ဓမ္မ နှင့် အဓမ္မကိုခွဲခြင်းသိမြင်ရမှာဖြစ်ပြီး အဓမ္မဘက်ရပ်တည်သူများကို အာဏာရှင်ကို ထောက်ခံနေသူများဖြစ်ကြောင်း ယနေ့ ကျရောက်သော (၆၁) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဖော်ပြထားသည်။ အောက်တိုဘာ ၂၅ ရက် ယနေ့ ကျရောက်သော KIO အထိမ်းအမှတ်နေ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကချင်ဘာသာဖြင့် စာမျက်နှာ ၆ မျက်နှာရှိသော မိန့်ခွန်းတွင် ယခုလိုထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါမိန့်ခွန်းကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကိုယ်တိုင် Alen Yang TV တွင် ရုပ်သံဖြင့် ပြောကြားထားသည်။ အဆိုပါ မိန့်ခွန်းတွင် KIO အနေဖြင့် ခေတ်အဆက် မြန်မာအစိုးရများဖြင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ဘဲ နောက်ဆုံးတွင် နယ်ခြားစောင့်တပ်အဖြစ်သာအသွင်းပြောင်းရန် တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားသည်။ အလားတူ လူထုအများစုထောက်ခံကာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာသော NLD အစိုးရသည်လည်း တော်လှန်ရေးအဖွဲ့များ၏ တင်ပြမှုကို အရေးတယူမလုပ်ခဲ့ကြောင်း ဆိုထားသည်။ ၂၁ ရာစုပင်လုံညီလာခံသည်လည်း NLD နှင့် စစ်တပ်၏ အမိန့်ပေး မိန့်ခွန်းကို သွားရောက်နားထောင်သည့် အခြေအနေတစ်ခုသာဖြစ်ခဲ့ကြောင်း ပြောထားသည်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်ရှိနိုင်ငံရေး အခြေအနေတွင် မြန်မာတစ်နိုင်ငံမှ ဖိနှိပ်ခံလူမျိုးများ၏ လွတ်မြောက်ရန်အတွက် တစ်ခါမှမရဖူးသော အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် KIO အနေဖြင့် အာဏာရှင်ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်၏ … - [ပန်ဆိုင်း မှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2021/10/23/oct-23-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရှရှိခဲ့ကြောင်း သိရပါတယ်။ - [ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလ အပြီးထိုးမည်](https://burmese.kachinnews.com/2021/10/23/oct-23-z-2/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူများကို လာမည့် လာမည့် နိုဝင်ဘာလ ၈ရက်နေ့အပြီး ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။ - [စစ်တပ်၏ ရိုက်နက်မှု ဒဏ်ရာကြောင့် ပူတာအို လူငယ်တစ်ဦး သေဆုံး](https://burmese.kachinnews.com/2021/10/23/oct-23-y-1/): ပူတာအိုမြို့နယ် ဇီးအွန်အုပ်စု အင်ရိုဘော့ကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ ပြင်းထန်စွာရိုက်နက်ခြင်းခံခဲ့ရသည့် လူငယ်တစ်ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။ - [မြန်မာနိုင်ငံသားအချို့ကို တရုတ်ဘက်က ညအချိန် ရိုက်နက်ပြီး အတင်းပြန်ပို့ရန် စီစဉ်ခဲ့](https://burmese.kachinnews.com/2021/10/23/oct-23-bs-1/): တရုတ်နယ်စပ် ဝမ်တိန်တွင်နေထိုင်သော မြန်မာနိုင်ငံသားတချို့ကို အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်အစိုးရက ကိုဗစ်-၁၉ ပိုးစစ်ဆေးရာမှာ ပိုးတွေ့သူပါတဲ့အတွက် ၎င်းတို့အဖွဲ့ကို အဲဒီညမှာဘဲ ရေကြီးနေတဲ့ ချောင်းကနေ ပြန်သွားဖို့ ရိုက်နက် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ထဲက တယောက်က ပိုးတွေ့တာ သူတို့က လာမှ မပြောပြဘူး။ Q လည်း မဝင်ခိုင်းဘူး။ မကုပေးပဲနဲ့ positive ဖြစ်တဲ့ သူကိုရော ကားပေါ်တက်ခိုင်းပြီး တခါထဲ ဝမ်တိန် အထွက် ပန်ဆိုင်းဘက်က အဲ ချောင်းနားခိုးပေါက်ကို ပို့လိုက်တာ။” လို့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။ နေ့လယ်ပိုင်းက ကိုဗစ်စစ်ဆေးခဲ့ရာ ပိုးတွေ့သော်လည်း ဘာမှ မပြောဘဲ ညအချိန်မှ ရဲကားတစ်စီးဖြင့် အားလုံးကို စုပြုံကာ နယ်စပ်ပေါက်ကို အတင်းမောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ “မိုးလည်းရွာ ချောင်းရေလည်းကြီး မဆင်းပဲနေတော့ နောက်ထပ် ကားတစီး ရောက်လာပြီး ရဲ ၆ ယောက်လာက် ၅၄ ၊ ၅ ပေလောက်ရှိတဲ့ တုတ်ကိုင်ထားပြီး ဆင်းဖို့ ပြောတယ်။ တင်းလာတဲ့ အချိန် ရိုက်လိုက်တာ ယောက်ျားလး နှစ်ယောက် ရိုက်ခံရတယ်” လို့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။ ထိုအထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါဝင်ပြီး ချောင်းရေကြီးနေတဲ့အတွက်ဖြတ်လို့ မရဘဲ မနက်မှ ပြန်ဖို့ တောင်းပန်ပေမယ့်မရဘဲ စည်းရိုးတံခါးသော့ခတ်လိုက်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် နှင်ထုတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေက တရုတ်အာဏာပိုင်တွေနဲ့ စကားပြောနိုင်မယ့်သူကို ဖုန်းဆက်အကူညီတောင်းလိုက်တဲ့အတွက် သူတို့ကို ပြန်ခေါ်ပြီး ဝမ်တိန်မှ ရွှေလီ ကျယ်ဂေါင် မင်္ဂလာဂိတ်အထိ … - [အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်](https://burmese.kachinnews.com/2021/10/22/oct-22-z-2/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘောင်းကျကျေးရွာသား ၃၀ ခန့်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်တပ်စွဲထားပြီး ဒေသခံများကိုလည်း ညမထွက်ရ မာရှယ်လော လိုက်လံအော်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်](https://burmese.kachinnews.com/2021/10/22/oct-22-y-1/): ကချင်ပြည်နယ် တနိုင်း-ရှင်ဗွေယန်လမ်းမပေါ်ရှိ လဂျားဘွမ့်နှင့် တရုန်ကျေးရွာ ၂ခုကြားတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက် ထိခိုက်မှုများနိုင်ကြောင်း ဒေသခံများမှ သိရသည်။ - [မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား](https://burmese.kachinnews.com/2021/10/22/oct-22-bs-1/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲမှာ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ - [ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း](https://burmese.kachinnews.com/2021/10/22/oct-22-z-1/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်လက် ကန်ရင်းကျေးရွာအနီး စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ - [မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား](https://burmese.kachinnews.com/2021/10/21/oct-21-z-2/): ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ “မနေ့ညနေ ၆နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်း ပါသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီး တင့်ဆွေဦးသည် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကြောင်းလည်း သိရသည်။ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဖမ်းဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ လက်ရှိချိန်ထိ မည်သည့်အဖွဲ့စည်းမှ ဖမ်းဆီးသွားကြောင်း မသိရသေးပေ။ မိုးမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာသွားလမ်းနှင့် အရှေ့ဘက် လွယ်ဂျယ် မိုင်ဂျာယန်သွားသောလမ်းဆုံတွင်တည်ရှိပြီး ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို KIA က မိုင်းခွဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ - [သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2021/10/21/oct-21-z-1/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတွင် အောက်တိုဘာ ၂၀ ရက်ညက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်း‌နေအိမ်အပါအဝင် နေအိမ် ၅လုံးကို စစ်ကောင်စီက မီးရှို့ပြီး ရွာသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [ကလေးမြို့ တိုက်ပွဲတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး](https://burmese.kachinnews.com/2022/02/03/feb-3-z-1/): စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာ တက္ကသိုလ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း ကလေး PDF နှင့် နီးစပ်သူများထံမှ သိရသည်။ “တိုက်ပွဲကတော့ တစ်နာရီလောက်ကြာတယ် နှစ်ဘက်ပစ်ကြတာ စစ်ကောင်စီဘက်ကတော့ အင်အားတစ်ရာ လောက်ရှိမယ် ပြီးတော့ လက်နက်ချင်းလည်းမမျှဘူးလေ သူတို့ဘက် လက်နက်ကြီးတွေနဲ့ပစ်တာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော်နှစ်ယောက်အသက်ပေးလိုက်ရတယ်။ ကလေး PDF တပ်ရင်း ၂ အနေနဲ့ အရင်ကတိုက်ပွဲတွေမှာ ကျဆုံးတာမရှိပါဘူး” ဟု ကလေး PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦး က ပြောသည်။ အဆိုပါ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ကလေးမြို့တောင်ဘက်သို့ စစ်ကားငါးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တို့ နည်းပညာတက္ကသိုလ်အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ကလေးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြားနှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု ယခင်ကလည်း မကြာခဏရှိခဲ့ပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြားတပ်ရင်းများမှ တပ်ဖွဲ့ဝင်များအကျအဆုံးရှိခဲ့သော်လည်း တပ်ရင်း ၂ အနေဖြင့် ပထမဦးဆုံး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း ကလေးမြို့အနီး၌ စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံးရှိနိုင်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နေ့ထက်တစ်နေ့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းလာသည်နှင့်အမျှနေ့စဉ် မြို့နယ်အချို့တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ ကလေးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားများသည် ကလေးမြို့နယ်၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ … - [ပူတာအိုဒေသတွင် စစ်ရေးပြင်းထန်လာနိုင်ကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2022/02/03/feb-2-y-1/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားမှုများ ယခင်ထက် များလာသောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် အချိန်မရွေးတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လာနိုင်သည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။ လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး KIO ၏ ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အပြီးတပတ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF တို့မှ စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။ “ဒီဘက်မှာ KIA နှင့် PDF အဖွဲ့တို့ စစ်အင်အားအပြည့်နဲ့ စစ်ရေးလှုပ်ရှားလာတာ ၃ ရက် လောက်ရှိပြီ။ အဲ့ဒါကို ကြည့်မယ်ဆိုရင်တော့ ဒီပူတာအိုဘက်ကို တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်တယ်။ အခုဆိုရင်လည်း မနေ့ကဘဲ စစ်ကောင်စီရဲ့ တပ်စခန်း ၂ခုကို KIA က ဝင်တိုက်ပြီး မီးရှို့ ဖျက်ဆီးတာ လုပ်သွားတယ်” ဟု ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာ ၂ခုတွင် တပ်ချထားသည့် စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်စခန်း ၂ခုတွင် ပြည်သူ့စစ်အပါအဝင် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် တပ်စခန်းများဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ ထို့အပြင် နောင်မွန်မြို့နယ်ထွေအုပ် နမ်ရဲမင်နှင့် ချန်တန်ခင်တို့နှစ်ဦးကိုလည်း ပြည်သူလူထု စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိစ္စများ၊ CDM  ဝန်ထမ်းများအားဖမ်းဆီးလုပ်ဆောင်ခြင်းကို လုံးဝ ရပ်နားဖို့ … - [နေရပ်ပြန်ရေး လုပ်ဆောင်နေသော ဂါးရာယန်ဒေသတစ်ဦးဖြင့် မေးမြန်းခြင်း](https://burmese.kachinnews.com/2022/02/02/feb-2-2/): ဂါးရာယန်ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိပြီး ရွှေညောင်ပင်ကျေးရွာဖြင့် ၁၀ မိနစ်ခန့်သာ သွားရသော နေရာဖြစ်သည်။ ဂါးရာယန် ဒေသခံအများစုမှာ မြစ်ကြီးနားနှင့် ဝိုင်းမော်စစ်ရှောင်စခန်းများတွင်နေထိုင်ကြပြီး စခန်းနှင့် ကျေးရွာမှာ ဆိုင်ကယ်ဖြင့် ၁ နာရီခန့်သာ သွားရသည်။ လက်ရှိ ဂါးရာယန်ဒေသခံအိမ်ခြေ ၅၈ အိမ်ကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC အစီစဉ်ဖြင့် ဆောက်လုပ်ထားပြီး ကူညီမှုမရသေးသူများလည်း မိမိအစီစဉ်ဖြင့် ပြန်လာနေထိုင်ကြပြီဟု သိရသည်။ ငြိမ်းချမ်းမှုမရှိသေးသော လက်ရှိကချင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေတွင် နေရပ်ပြန်ရေး အင်တိုက်အားတိုက်လုပ်ဆောင် နေသော အမည်မဖော်လိုသူ ဂါးရာယန်ဒေသခံတစ်ဦးကို KNG က မေးမြန်းထားပါသည်။ မေး – ဂါးရာယန် စစ်ရှောင်ပြည်သူတွေ မိမိနေရပ်ပြန်တော့မယ်ဆိုတော့ ဒီလိုအခြေအနေမှာ ဘာကြောင့်နေရပ်ပြန်ဖို့ ပြင်ဆင်တယ်ဆိုတာ ပြောပြပေးပါ။ ဖြေ – ကျနော်တို့ စစ်ရှောင်တွေနေရပ်ပြန်ဖို့က အခုမှ လုပ်ဆောင်လာကြတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဂါးရာယန်ဒေသခံတွေနေတဲ့ စစ်ရှောင်စခန်းတိုင်းကို တွေ့ဆုံဆွေးနွေးခဲ့တဲ့အခါ ဘယ်အချိန်ပြန်နိုင်လဲ ဘယ်သူဦးဆောင်ပေးမလဲ ဆိုပြီး စစ်ရှောင်တွေကပြောလာတော့ အဲ့ကတည်းက ပြင်ဆင်လာကြတာဖြစ်တယ်။  နေရပ်ပြန်ဖို့အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတော့ နေရပ်ပြန်လိုတဲ့သူတွေ စုစည်းပြီး ကိုယ့်နေရပ် ရပ်ရွာ ရှင်းလင်းမှုတွေ၊ ဘုရားကျောင်းရှင်းလင်းမှုတွေ ပြုလုပ်ကြတယ်။ နေရပ်ပြန်မယ်လို့ ပြင်ဆင်တာကြောင့် ကိုယ့်အိမ်ခြံဝင်း မဟုတ်ရင်တောင် အများနေရာဖြစ်တဲ့ ဘုရားကျောင်းလိုနေရာမျိုးတွေကို လွန်ခဲ့တဲ့ ၂၀၂၀ ဇူလိုင်လ ၁၁ ရက်ကနေ စတင်ခုတ်ရှင်းလင်းခဲ့ကြတယ်။ ကျနော်တို့ကိုလည်း နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ လျှောက်တင်ခဲ့ကြတယ်။ အရင်ကတည်းက နေရပ်ပြန်ခွင့်ပေးထားတဲ့ ရွာ ၁၇ ခုရှိတယ်။ အဲ့မှာ … - [ဖောင်းဆိုင်ဒေသတွင် MNDAA တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံတချို့ တိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/02/02/feb-02-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသ အရှေ့ဘက်ခြမ်းတွင် MNDAA ကိုးကန့် တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုကို မလိုလားသော ဒေသခံအချို့ တိမ်းရှောင်နေရကြောင်း သိရသည်။ “စိတ်မပါပဲနဲ့ မလုပ်မ​နေရ အတင်း အဓမ္မ လိုက်လံ ​ခေါ်​ဆောင် စု​ဆောင်း​ရေး လုပ်​နေတာ။ အဲဒါ​ကြောင့် တချို့ ​ဒေသခံ​တွေ မိသားစုလိုက် ​​​ရွှေ့​ပြောင်း ​နေထိုင်ကုန်ပြီ။ မိသားစု ၂ စု တောင် စစ်သား မလုပ်နိုင်လို့ ညမှာပဲ ညတွင်းချင်း အိမ်ပြောင်း သွားတယ်” ဟု ဖောင်းဆိုင် ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် ဇန်နဝါရီ ၃၀ ရက်​နေ့ည ၆ နာရီဝန်းကျင်ခန့်မှစကာ ပူဝမ်၊ မန်ဆာ၊ ကျိန်းထုန်၊ သာချင့်၊ ဟူထူရှန်၊ ပန်ခမ်း၊ ​ဘောမ်​ဇော်မ်၊ မန်ခါ၊ ​ရှောက်ဝ်​ရွှေဇင်၊ ဟုန်စီးကရံ (Hou Tsi Gyan) အစရှိသည့် ကျေးရွာများမှ လူငယ် ၁၀ ဦး​ကျော်ကို ကိုးကန့် MNDAA တပ်ဖွဲ့မှ စစ်သားစု​ဆောင်းဖို့ ​ခေါ်​ဆောင်သွားကြောင်း ဒေသခံများ KNG ကို ဆက်ပြောသည်။ ဖောင်းဆိုင်ဒေသတွင် ယခင်ခေတ်အဆက်ဆက်မှ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နေရာဖြစ်သည့်အတွက် ထိုနေရာတွင် စစ်သားစုဆောင်းခြင်းနှင့် တပ်နေရာချထားခြင်းကို ခွင့်မပြုထားကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ စစ်သားစုဆောင်းခွင့် ပေးထားတာ မရှိဘူး ဒီမုံးကိုး၊ ဖောင်းဆိုင် ဒေသနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ … - [ကွတ်ခိုင်မြို့ ဗျူဟာကုန်း ၊ နမ့်ခိုင်တံတားနှင့် နမ့်ခမ်းအနီးရှိ စစ်ကောင်စီတပ်၏ စခန်းများကို KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်](https://burmese.kachinnews.com/2022/02/01/feb-1-bs-1-2/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားနှင့် နမ့်ခမ်းတို့တွင်ရှိသည့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ နမ့်ခမ်းစစ်ကောင်စီတပ်နှင့် နမ့်ခိုင်တံတားစောင့်တပ် တို့ကိုလည်း တပြိုင်ထဲ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။ “ကွတ်ခိုင် ခလရ ၂၄၁ တပ်ဖွဲ့တွေ တန်းစီနေတာကို လက်နက်ကြီးနဲ့ ကျွေးလိုက်တယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ KIA ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်ဗျူဟာကုန်းတွင် ၆၀ မမ ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့‌ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် ဗျူဟာကုန်းအား သွားရောက်ပစ်ခတ်ချိန် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်သည့်အတွက် ‌ကွတ်ခိုင်‌ဒေသခံ ဦးအောင်မြတ်၏ ဝက်ခြံ၊ အမှတ် ၅ ကျောင်းဝင်း ထဲ လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ပြီး ခြံစောင့်၏ ခြေထောက် လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိကြောင်း ၎င်းကဆက်ပြောသည်။ “နှစ်ဖက် ထိခိုက်မူအခြေနေတော့ အသေးစိတ်မသိရသေးဘူး လက်နက်ကြီးကျတာက တိုးဂိတ်အနီး၊ ပြည်ထောင်စု လမ်းမကြီးဘေးရှိ တိုင်းရင်းဆေးဋ္ဌာနအဆောက်အဦးနား လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးတွေထိမှန် ပါတယ် လူ တော့ အချိန်မီ ကတုတ်ကျင်းထဲ ဆင်းကြလို့ မထိဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။ အလားတူ နမ့်ခိုင်တံတားစောင့်စခန်းနှင့် နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းကိုလည်း KIA … - [ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2022/02/01/feb-1-y-1-2/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားပြီဟု သိရသည်။ ဆွမ်ပီယန်ကျေးရွာကုန်းထိပ်တွင်ရှိသော ပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ပေါင်းစုနေထိုင်သောစခန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။ “၁၀ နာရီလောက်မှာ စဖြစ်တာ။ KIA က စခန်းဝင်သိမ်းတဲ့တိုက်ပွဲဖြစ်တယ်။ ပထမက လက်နက်ကြီးသံတွေ အရင်ကြားရတယ်။ နောက်တော့ လက်နက်ငယ်တွေပြန်ကြားတယ်။ KIA က စခန်းကို ဝင်သိမ်းထားပြီ။ ဘယ်လိုဖြစ်လာမယ်ကို မသိရသေးဘူး။ ထိခိုက်မှုတွေလည်း မသိရသေးဘူး”ဟု ပြောဆိုသည်။ လက်ရှိတွင် KIA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို မီးရှို့ဖျက်ဆီးနေသည်ကို တွေ့မြင်ရပြီဟု ဒေသခံများထံမှ သိရသည်။ အဆိုပါတပ်စခန်းသည် ယခင်ကတည်းကတည်ရှိသော စခန်းဖြစ်ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်အင်အား ၄၀ ဝန်းကျင်ခန့် ပုံမှန်ရှိသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆွမ်ပီယန်ဒေသခံ ပြည်သူများအားလုံးက ကျေးရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်လက် သိရသည်။ - [မူဆယ်မြို့ ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/02/01/feb-1-bs-1/): ရှမ်းပြည်နယ်၊ မူဆယ်မြို့ နာရီစင်အနီး အမှတ် ၁ စျေးကြီးနှင့် ညစျေးတန်းလမ်းတွင် ကားအတွင်းထိုင်နေသည့် ပြည်သူ့စစ် ၁ ဦးအား အမည်မသိ လက်နက်ကိုင်များမှ လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “သေသွားတဲ့သူက မန်ဂျေ ပြည်သူ့စစ် ဟုတ်တယ် သူ့သူဌေးက လုပ်ကြံ သတ်ခိုင်းတဲ့ ပုံပဲ။ သူ့သူဌေးက ဆိုင်ဘက်သွားလိုက်တုန်း သေသွားတဲ့သူက ကားထဲမှာ ထိုင်နေတာ လာပစ်သွားတာ။ လာပစ်သွားတဲ့ သူတွေက ဘယ်သူတွေလဲ ဆိုတာ ကောင်းကောင်း မသိလိုက်ရဘူး။” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ ပစ်ခတ်သေဆုံးမူသည် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် မုံးပေါ်ဘက်မှ အသက် ၂၀ ကျော် အရွယ် ကချင်လူမျိုးဖြစ်ကြောင်း သိရသည်။ ထို့ပြင် သေဆုံးသူသည် ညာဘက် နားထင်၌ သေနတ်ကျည်‌ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ပရဟိတ အသင်းမှ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင်သို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် ဒီဇင်ဘာလ ၂၉ရက် ပြည်သူ့စစ်ခေါင်းဆောင်များအား စစ်ကောင်စီ ဗျူဟာမှူး ၁ ဦးမှ အစည်းဝေးခေါ် သတိပေးခဲ့သည့်‌နေ့ ပန်းဆေးနှင့် တားမိုးညဲ ပြည်သူ့စစ်အချင်းချင်း စကားများရန်ဖြစ်ရာခဲ့ကြပြီး အပြန်အလှန် ၂ နာရီခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ … - [ကွတ်ခိုင် စစ်တပ်စခန်းတစ်ခုကို KIA ဗုံးဖြင့် သွားရောက်ပစ်ခတ်။](https://burmese.kachinnews.com/2022/02/01/feb-2-ld-1/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရှိ အာဏာသိမ်းစစ်တပ် ခလရ ၂၇၁ တပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက် တွင် ဗုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။   ယနေ့မနက် ၇ နာရီခန့် စစ်ကောင်စီတပ်သားများ တန်းစီနေချိန် KIA တပ်ရင်း ၈ မှ ဗုံးဖြင့် ၂ ကြိမ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်း သတင်းအရင်းအမြစ်များထံမှ သိရသည်။   “ဒီမနက် စစ်တပ်စခန်းအတွင်း သူတို့တန်းစီနေတဲ့အချိန် ဗုံး နဲ့ ၂ ကြိမ်သွားပစ်ခဲ့တယ်။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိဘူး။ စစ်သားတွေ တန်းစီနေချိန် ပစ်ထည့်ပေးတာဆိုတော့ အများသေဆုံးနိုင်ခြေတော့ ရှိမှာပေါ့။” ဟုရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောသည်။   ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက် သေဆုံး မှု အသေးစိတ်ကို မသိရသေးကြောင့် သူကပြောသည်။   ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်း ၊ မော်တောင်း ဘက်တက်လာချိန် ဆီဆိုင် နားသွားလာနေသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းအား KIA မှ ပစ်ခတ်ခဲ့ခြင်းကြောင်း စစ်တပ်ယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။   ရှမ်းမြောက်ဒေသဖြစ်သော မူဆယ်ခရိုင်တွင် စစ်ကောင်စီတပ်နဲ့ KIA ၊ ကိုးကန့် တပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်။   ပုံဟောင်းဖြစ်သည်။ - [မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/02/01/feb-1-y-1/): မြစ်ကြီးနားမြို့  လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းစခန်းတွင် ယနေ့ နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဘက်က ပြန်လည်ပစ်ခတ်ရာ ဘေးနားအိမ်ရှိ ၇နှစ်သားအရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော ကလေးငယ်မှာ အဆိုပါ ရဲတပ်ရင်းစခန်းဘေးရှိ လယ်ကုန်း ကျွန်းပင်သာရပ်ကွက်အစပ်တွင်ရှိသော နေအိမ်ဖြစ်ကာ သေနတ်ကျည်ဆံသည် နေအိမ်တွင်ရှိနေသော ကလေးငယ်ကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကလေးက အခန်းထဲမှ လဲနေတယ်တာတဲ့။ သေနတ်ကျည်က နံရံကို ဖောက်ဝင်ပြီး ကလေးရဲ့ ရင်ဘတ်ထဲကို ထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။ သေနတ်ထိမှန်သေဆုံးသွားသည့် ကလေးကို အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များက ဆေးရုံဘက်ကို ကားဖြင့် သယ်ဆောင်သွားသည်ဟုလည်း သူက ဆက်ဆိုထားသည်။ စစ်တပ်က အာဏာသိမ်းပြီး ၁နှစ်ပြည့်သည့်နေ့တွင် မြစ်ကြီးနားတွင် အသက်မပြည့်သည့် ကလေးငယ် တစ်ဦး ထပ်မံ သေဆုံးရခြင်း ဖြစ်သည်။ - [ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ](https://burmese.kachinnews.com/2022/02/01/feb-1/): စစ်ကိုင်းတိုင်း ကသာမြို့တွင် ယခုလအတွင်း စစ်ရေးအရှိန် ပိုမိုမြင့်လာသည့်အပြင် မြို့တွင်းပေါက်ကွဲမှုလည်း ဆက်တိုက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၆ ခွဲလောက်မှာ စည်ပင်ရုံးနားထပ်ပေါက်တယ်။ ဒီရက်ပိုင်း ၃ရက်ဆက်တိုက်ရှိပြီ။ ခုချိန်ထိတော့ လူထိခိုက်တာမရှိဘူး ရုံးက ကွန်ပျူတာတွေ ထိတယ်လို့တော့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမူ ဖြစ်စဉ်များမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ စည်ပင်ရုံးအင်ဂျင်နီယာအခန်းတွင်တစ်ကြိမ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ ကသာစာတိုက် ကွန်ပျူတာအခန်းတွင် တစ်ကြိမ်နှင့် ဖေဖော်ဝါရီလ ၁ရက်နေ့ စည်ပင်သာယာရုံးရှေ့တစ်ကြိမ် စုစုပေါင်း ၃ကြိမ်ထိ ရှိလာပြီဖြစ်သည်။ ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကသာနယ်အတွင်း ဆက်သွယ်ရေးလမ်းကြောများထိန်းချုပ်ရန် မြေအောက်လိုင်းကြိုးများ မြုပ်နှံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ အလားတူ စစ်ကောင်စီတပ်၏ လက်အောက်ခံ ကသာမြို့ဌာနဆိုင်ရာများဖြစ်သည့် စည်ပင်ရုံး၊ အခွန်ကောက်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနများသည်လည်း ပြည်သူများအား နည်းလမ်းအမျိုးမျိုးဖြင့် အခွန်များကောက်ခံခြင်း၊ တင်ဒါခေါ်ယူခြင်းများဆောင်ရွက်နေမူများ ရပ်တန်းမှ ရပ်ရန် ကသာ (PDF) မှ ဇန်နဝါရီလ ၃၁ ရက်နေ့က သတိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားသည်။ ” ဖောက်ခွဲမူအခြေနေကို ကြည့်ရင် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ရုံးတွေမှာဖြစ်နေတာတွေ့တယ် ပြီးတော့ ခုရက်ပိုင်းဆိုရင် အရင်ထက်ကို မြို့တွင်း၊မြို့ပြင် ပိုကြပ်လာတယ် ကျနော်တို့ပြည်သူတွေလည်း ဘယ်မသွားရဲ မလာရဲကြတော့ဘူး ” ဟု ဒေသခံတစ်ဦးကပြောသည်။ ကသာမြို့အတွင်း အဝင်အထွက်  ယခင်ထက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လျှက်ရှိလာသည့်အပြင် PDF၊ NUG၊ CRPH နှင့် ဆက်စပ်သည်ဟု သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နေအိမ်များကို ပြည်သူပိုင်အဖြစ် သိမ်းယူခြင်းများ … - [မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲမှုဖြစ်၊ MPT Cable ပုံးပျက်စီးသွား](https://burmese.kachinnews.com/2022/01/29/jan-29/): ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ Asia Energy စက်သုံးဆီအရောင်း ဆိုင်အနီးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ MPT Cable ပုံးထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်စဥ်သည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ မြို့သစ်ကြီးရပ်ကွက်နေအမျိုးသားတစ်ဦးက ယခုကဲ့သို့ဆိုသည်။ ”မနက်သုံးနာရီခွဲကပေါက်ကွဲတာ ချိန်ကိုက်မိုင်းလား ပစ်မိုင်းလာတောင်မသိလိုက်ဘူး အစောကြီးဆိုတော့ အသံတော့ကျယ်တယ်။ မနက်စောကြိီးဆိုတော့ လူသွားလူလာမရှိသေးတော့ တခြားထိခိုက်တာမရှိဘူးသိရတယ်။သို့ပေမယ့်အဲ့ဒီ ဆီဆိုင်အနီးက MPT ပုံးတစ်ခုတော့ တစ်စစီပျက်စီးသွားတယ်။”ဟု အမည်မဖော်လိုသည့် မြို့သစ်ကြီး ရပ်ကွက်နေသူ အမျိုးသားတစ်ဦးကပြောသည်။ ယင်းပေါက်မှုသည် Asia Energy ဆီဆိုင်နဲ့ ပေ သုံးဆယ်ခန့်အကွာတွင်ရှိသည့် MPT Cable ပုံးအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆီဆိုင်သည် စစ်တပ်အာဏာသိမ်းသည့်နောက် အာဏာပိုင်များနှင့်ဆက်နွယ်သည်ဟုဆိုကာ သပိတ်မှောက်မှုများရှိခဲ့ပြီး ဆီဆိုင်စတင်တည်ဆောက်ချိန်ကာလ ၌လည်းအနီးပတ်ဝန်ကျင်ရှိရပ်ကွက်နေပြည်သူများကဆီဆိုင်တည်ဆောက်မှုကို အလိုမရှိကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။ မြစ်ကြီးနားမြို့တွင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းက တပ်ကုန်းရပ်ကွက်၊ ဂျာရာပါတီး နယ်မြေရှိ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံရာမှုနှင့် Mytel ရုံးဖောက်ခွဲခံရမှုဖြစ်စဥ်များသာရှိခဲ့ပြီး မြန်မာ့ဆက်သွယ်ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့်ပတ်သက်၍ဖောက်ခွဲဖျက်စီးခံရမှုမှာ ယခုတစ်ကြိမ်ပထမဆုံးဖြစ်သည်။ - [မြစ်ကြီးနားတွင် ကိုဗစ်ကြောင့် သေဆုံးတွင် ဆက်ရှိနေ](https://burmese.kachinnews.com/2022/01/29/jan-29-lp-1/): မြစ်ကြီနားမြို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄ ဦးရှိပြီဟု လူမှုကူညီရေးအဖွဲ့များထံမှ သိရပါသည်။ “၂၀၂၁ ခုနှစ်ထက်တော့ ကိုဗစ်-၁၉ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ အခုလမှာတော့ သိသိသာသာ အများကြီး လျော့သွားပါပြီ။ သေဆုံးသူလည်း အများကြီး နည်းသွားပါပြီ။ ဒီလအတောအတွင်းမှာ တော့ ကျနော်တို့အသင်းအနေနဲ့ သိတာတော့ ကိုဗစ်ကြောင့် သေတဲ့သူ ၄ ဦးလောက်ရှိမယ်။” ဟု ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။ မြစ်ကြီးနားရှိ ပြည်သူများအနေငြဖ့် ကိုဗစ်-၁၉ ရောဂါလက္ခာကြောင့် ဖျားနာကြသော်လည်း ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင်သာ Home Quarantine အဖြစ် ဆေးကုသခံယူနေကြကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ “အခုလိုအချိန်မှာ ဆေးရုံကြီးမှာ ဖျားလည်းဘယ်သူမှ သွားမတတ်ကြဘူး။ ကိုယ့်အိမ်မှာပဲ Home Q အနေနဲ့နေပြီး ကျိတ်ကုနေကြရတယ်။ ကျမတို့ ရပ်ကွက်မှာ ဒီလအတွင်းပဲ ကိုဗစ်ကြောင့် သေသွားတဲ့သူတွေ ၃ ယောက်ရှိပြီ။ ယောက်ကျားတွေကြီးပဲ အသက် ၅၀ ဝန်းကျင်တွေပဲ ရောဂါအခံရှိတော့ မခံနိုင်ကြဘူးထင်တယ်။ ကျမတို့ တစ်အိမ်လုံးလည်း ဖြစ်ပြီးသွားပြီ။ ဘယ်ဆေးရုံမှ သွားမပြဘူး။ ဆေးရုံကို မယုံလို့။” ဟု မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ဒေါ်ရွယ်ဆိုင်းက ပြောသည်။ မြစ်ကြီးနားမြို့တွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများကို ယခု ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး ပုံမှန် လူစုလူဝေး ဝတ်ပြုနေကြပြီ ဖြစ်သည်။ ကချင်ပြည်နယ်တွင် ယခုလ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ … - [ကသာမြို့တွင် PDF နှင့် ဆက်နွယ်ကြောင်း မသင်္ကာသူများကို ဖမ်းဆီးမှုနှင့် နေအိမ် ချိတ်ပိတ်မှုများရှိလာ](https://burmese.kachinnews.com/2022/01/29/jan-29-z-1/): အာဏာသိမ်းပြီးနောက် တစ်နှစ်ခန့်အကြာ စစ်ကောင်စီတပ်သည် ကသာမြို့တွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပြင် PDF နှင့် ဆက်နွယ်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးအရေးယူခြင်းနှင့် နေအိမ်များအား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းမူများ လုပ်ဆောင်လာနေကြောင်း ဒေသခံများမှ သိရသည်။ ” မနေ့က ပိတ်သွားတဲ့အိမ်က CRPH နဲ့ ဆက်နွယ်လို့တဲ့ သူတို့ကညညဆို ရပ်ကွက်ထဲမှာလိုက်သွားနေကြတာ ထွက်မကြည့်ရဲဘူး သူတို့ မထင်ရင်မထင်သလို အိမ်တွေထဲဝင်ရှာတာတွေလုပ်တယ် ဘာပဲဖြစ်ဖြစ် အခုချိန်မှာသူတို့ကိုကြောက်နေရတယ်” ဟုအမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၈ရက်နေ့ ကသာမြို့နယ်၊ ကြန်တောကျေးရွာ၊ သာယာကုန်းရပ်မှ ငြိမ်းချမ်းအောင် (ဘ) ဦးတင်ဝင်းအောင် ပိုင်ဆိုင်သောနေအိမ်အား CRPH/ NUG အဖွဲ့အစည်းဖြင့်ချိတ်ဆက်ဆောင်ရွက်သည်ဟုဆိုကာ နေအိမ်အား လာရောက်ချိတ်ပိတ်လိုက်လိုက်သည့်အပြင် ဇန်နဝါရီလ ၂၀ရက်နေ့တွင်လည်း အီးတိန်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အား ချိတ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူထားသည်။ စစ်‌ကောင်စီတပ်သည် ကသာမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကသာမြို့တွင်းရှိ ကုန်မာဆိုင်၊ စတိုးဆိုင်နှင့် ရွှေဆိုင်စတဲ့ လုပ်ငန်းရှင် ၉ ဦးနှင့် ဒေသခံ ၇ ဦးခန့် အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အပြင် မိသားစုများနှင့်ပါ အဆက်အသွယ် မရကြောင်းသိရသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် ကသာမြို့တွင်းနှင့်မြို့ပြင် အဝင်အထွက်စစ်ဆေးခြင်း၊ ဖုန်းများနှင့် Fb acc များပါ စစ်ဆေးမူများ ပြုလုပ်လျှက်ရှိပြီး မြို့တွင်း လမ်းဆုံလမ်းကြားတွင်လည်း လုံခြုံပိုမိုတင်းကြပ်ထားလျှက်ရှိကြောင်း သိရသည်။ စစ်အင်အားပြင်ဆင်မှုတွင် ပျူစောထီးအဖွဲ့များပါဝင်နေပြီး စစ်တပ်နှင့်ရဲများပါ နေ့ရောညပါ မြို့တွင်းမြို့ပြင် လူနေရပ်ကွက်များပါမကျန် ကင်းပတ်သွားလာတာတွေ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၂၈ … - [ရှမ်းမြောက် မုံးပေါ် စစ်ကောင်စီ ယာယီစခန်းတစ်ခုကို KIA မီးရှို့ ဖျက်ဆီး](https://burmese.kachinnews.com/2022/01/29/jan-29-ld-1/): ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနှင့် KIA တပ်ရင်း ၃၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့ နေ့လည်ပိုင်း ၁၁ ခွဲကနေ ၁၂ ခွဲထိ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းချထားတဲ့နေရာကို KIA က သွားပြီး မီးရှု့ဖျက်ဆီးခဲ့တာဖြစ်တယ်။ ဒီမနက်ပိုင်း ဟူနားဘက်ကနေ ဝိန်းဆိုင်ဘက် တက်လာတဲ့ စစ်တပ်နဲ့ မန်ကန်နဲ့ ဆမာကြား တိုက်ပွဲဖြစ်ကြတာဟုတ်တယ်။ မန်ကန်က ဒေသခံတစ်ချို့ ဝိန်းဆိုင်ဘုရားကျောင်းကို ပြန်ထွက်ပြေးရတယ်။” ဟု ဆမာဒေသခံတစ်ဦး KNG ကို ပြောသည်။ ယနေ့ မနက်ပိုင်း ဝါယုံဟူးနားကျေးရွာ မှ ဝိန်းဆိုင်သို့ တက်လာသော အာဏာသိမ်းစစ်တပ်နှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားပြီးနောက် KIA မှ ၎င်းစစ်တပ်၏ ပန်လောင်ဘွမ်တောင်ခြေရှိ ရှေ့တန်းစခန်အား သွားရောက်မီးရှုံ့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက် ထိခိုက်ကျဆုံးမှု များနိုင်ချေရှိကြောင်း ၎င်းဒေသခံကပြောသည်။ မုံးပေါ်ဒေသတွင် လွန်ခဲ့သော ၂ လခန့်မှ စစ်ကောင်စီက ထိုးစစ်ဆင်လှုပ်ရှားများ ဆက်တိုက်ရှိနေတာကြောင့် ကိုးကန့်၊ KIA တို့ နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ - [ရွှေကူမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/01/28/jan-28-z-1/): ယနေ့နံနက် ၉နာရီဝန်းကျင်တွင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ မြို့ကုန်းကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ” အိမ်မှာကို လာပစ်သွားတာတဲ့ ပွဲခြင်းပြီးတော့ မဟုတ်ဘူး ရွှေကူဆေးရုံရောက်ပြီးနောက် သေသွားပြီလို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ သေဆုံးမူနှင့် ပတ်သက်ပြီး မည်သူ၊မည်ဝါမှ လာရောက်ပစ်သတ်သွားကြောင်း သေချာမသိရသေးဘူးဟု ၎င်းကဆက်ပြောသည်။ ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ဇန်နဝါရီလ ၂၇ ရက် ည ယင်းအုပ်ချုပ်မှူး၏ နေအိမ်တွင် စစ်ကောင်စီတပ်၏ စစ်‌ကြောင်းများ ဝင်ရောက်တည်းခိုသွားကြောင်း သိရသည်။ “ကျနော်ကြားရသလောက်တော့ မနေ့ညက စစ်ကြောင်းတွေလည်း လာတည်းသွားတယ်လို့ သိရတယ် အသေးစိတ်တော့ မသိရသေးဘူး အဲဘက်ရွာက ဖုန်းလိုင်း၊ အင်တာနက်လိုင်း သိပ်အဆင်ပြေဘူး” လို့ ရွှေကူဒေသခံတစ်ဦးကပြောသည်။ ရွှေကူမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ တစ်ကြိမ်နှင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့တွင် တစ်ကြိမ် ရွှေကူနယ်တစ်ဝိုက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများနုတ်ထွက်ကြရန် သတိပေးထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်ဘက်သို့ ရေကြောင်း၊ ကုန်းကြောင်း ထိုးစစ်ဆင်မူများ ပိုမိုလုပ်ဆောင်လာနေပြီဖြစ်သည်။ - [‘အသံတိတ်သပိတ်’ တွင်ပါဝင်ခြင်းမပြုရန် စစ်ကောင်စီက သတိပေးစာများ ထပ်ဖြန့်](https://burmese.kachinnews.com/2022/01/28/jan-28-y-2/): ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် NUG တို့၏ လှုံ့ဆော်မှုများအတိုင်း လိုက်နာသူများကို အရေးယူမည်ဟု စစ်ကောင်စီက ကချင်ပြည်နယ်အနှံ သတိပေးစာများ ဖြန့်ဝေကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ ဇန်နဝါရီလ ၂၇ရက်နေ့ ရက်စွဲဖြင့်ပုံနှိပ်ထားသော အဆိုသတိပေးစာများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူနှင့် မိုးကောင်း စသောနေရာတို့တွင် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် စည်ပင်အဖွဲ့က ဦးဆောင်ပြီး မြို့ပေါ် ရှိ စျေးရပ်ကွက်တို့တွင် လိုက်လံသတိပေးနေကြောင်း ပြည်သူများထံမှသိရသည်။ ဝိုင်းမော်မြို့တွင် ယနေ့ညနေပိုင်း ၃နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီလက်အောက် စည်ပင်အဖွဲ့က ဦးဆောင်ပြီး သတိပေး ကြေညာစာကို မီးပွိုင့်တစ်နေရာနှင့် စျေးလမ်းမပေါ်များတွင် သတိပေးဝေစာများဖြန့်ဝေသွားကြောင်း ဝိုင်းမော်ဒေသခံတစ်ဦး ပြောဆိုချက်မှ သိရသည်။ “သူတို့လာကပ်သွားတာက ၃နာရီလောက်ဟုတ်တယ်။ ဆိုင်းဘုတ်အကြီးနဲ့လာကပ်သွားတာ မီးပွိုင့်လမ်းဆုံ တစ်နေရာမှာဘဲ။ ကျန်တဲ့နေရာမှာက မတွေ့သေးဘူး။ ပြီးရင် ဝေစာတွေလည်း ဖြန့်သွားတယ်။ သူတို့ဘာကြောင့်အခုလို လုပ်လာတာက သေချာမသိဘူး။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အသံတိတ်သပိတ်လုပ်မှာကို ကြောက်လို့ထင်တယ်” ဟုပြောဆိုသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် ၁ နှစ်ပြည့်သော လာမယ့်ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့် ပြည်သူများက တနိုင်ငံ အသံတိတ်သပိတ်ပြုလုပ်ရန်အတွက် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအဖွဲ့ဘက်က တန်ပြန်သည့်အနေဖြင့် အရေးယူရန် သတိပေးနိုးဆော်ချက်များ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။ ယခုလို စစ်ကောင်စီမှ သတိပေးစာထုတ်ပြန်လာရခြင်းမျာ ပြည်သူလူထုကို ကြောက်ရွံ့စိတ်များလွန်ကဲနေသောကြောင့် ဖြစ်သည်ဟု အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် ပါဝင်နေသည့် မြစ်ကြီးနားမှ တက်ကြွလှုပ်ရှာသူ လူငယ်တစ်ဦးက ယခုလို ပြောဆိုထားသည်။ “ဒါကလေ … - [ကွတ်ခိုင်မြို့အနောက်ဘက် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲ ပြင်းထန်နေဆဲ](https://burmese.kachinnews.com/2022/01/28/jan-28-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက်ခြမ်း အဝေးပြေးလမ်းမပေါ်အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသံများထံမှ သိရသည်။ “မနေ့ညရော တိုက်ပွဲဖြစ်တယ် အဲနေရာမှာဘဲ ဒီနေ့လည် ၁၂ နာရီ ခန့်က‌နေပြန်စတာ ခုထိ လက်နက်ကြီး‌သံတွေရော၊ လက်နက်ငယ်သံ‌တွေပါ ကြားနေရတယ်” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲသည် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄နာရီဝန်းကျင်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ပန်တေးနဲ့ ကုန်းဆာရွာတွင် ဒေသခံအများစု ၂၀၂၁ ခုနှစ်မှ စစ်ဘေးရှောင်သွားခဲ့ပြီး ဖြစ်သော်လည်း အိမ်ခြေအ‌နည်းငယ်သာကျန်ရှိ‌နေသေးကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “ခုတိုက်ပွဲဖြစ်တဲ့ရွာမှာ လူနည်းနည်းဘဲ ရှိ‌တော့တယ် ဒါပေမယ့်အဲရွာကရှောင်သွားတဲ့ စစ်ရှောင်တွေသွားနေတဲ့ နေရာကလည်း အဲအနားတစ်ဝိုက်ဘဲရှောင်နေကြတော့ ခုတိုက်ပွဲနဲ့ သိပ်မဝေးဘူး ” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဘက်မှ လတ်တလော ရှမ်းပြည်မြောက်ပိုင်းသို့ အင်းအားဖြည့်ကာအဆက်မပြတ် ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပြောက်ကျား စစ်ဆင်ရေးတွေ ပြုလုပ်နေကြောင်း သိန္နီပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လူမှုကွန်ယက်မှတဆင့် အများပြည်သူအား သတိပေးထားသည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအခြေနေနှင့် ပတ်သပ်ပြီး စစ်ကောင်စီတပ်နှင့်ကိုးကန့် MNDAA တို့အကြား လတ်တလော မုံးကိုးမြို့နယ်နှင့် သိန္နီမြို့နယ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာ အနှံ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကိုးကန့် သတင်းဌာန၏ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းသတင်းမှာလည်း ထည့်သွင်းဖော်ပြထားသည်။ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် … - [ကချင်ပြည်နယ်သို့ စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်](https://burmese.kachinnews.com/2022/01/28/jan-28-y-1/): စစ်ကိုင်းနယ်စပ်မှ ကချင်ပြည်နယ်သို့ ရက်ပိုင်းအတွင်း စစ်ရိက္ခာသယ်ဆောင်လာသော စစ်ကောင်စီတပ် စစ်ကား ၅၀ ကျော်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA နှင့် PDF တို့မှ လမ်းတစ်လျှောက်တွင် မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ကားများ ဝင်ရောက်လာသောကြောင့် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝယ်အနီးတဝိုက်တွင် တစ်ကြိမ်၊ မှော်လူးနှင့် နန့်စီးအောင်ကြားတွင်တစ်ကြိမ်နှင့် မိုညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအနီးတွင် တစ်ကြိမ်စသဖြင့် ယမန်နေ့ တစ်ရက်အတွင်း ၃ နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ယနေ့ ဇန်နဝါရီလ ၂၈ရက် ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်ခန့်ကလည်း အဆိုပါ စစ်ယာဉ်တန်းသည် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အထွက် ၅ မိုင်နှင့်ကြာကြီးကွင်း ကြားရှိတံတားတစ်ခုတွင် ထပ်မံမိုင်းဆွဲ တိုက်ခံရသည်ဟု ကြာကြီးကျေးရွာ ဒေသခံတစ်ဦးက KNG  သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “ဖြစ်ပွားတဲ့ အခြေအနေက အကြီးအကျယ်တိုက်ပွဲ ဖြစ်ပွားသွားမျိုးတော့မဟုတ်ဘူး။ ၅မိုင်နဲ့ ကြာကြီးကွင်းကြားမှာရှိတဲ့ တံတား အနီးမှာ မိုင်းပေါက်ကွဲလာတယ်လို့ကြားတယ်။ စစ်ကောင်စီစစ်သားတွေက အရှေ့အနောက် လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ပြီးရင် ခရီးသည်တွေအားလုံးကိုလည်း ရပ်ထားခိုင်းတယ်။ နာရီဝက်လောက်ဆို ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ အဲ့လောက်ဘဲ သိရတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို KIA နှင့် PDF အဖွဲ့က တိုက်ခိုက်မှုကြောင့် မန္တလေး- မြစ်ကြီးနား ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းအထိ တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသေးပါ။ အဆိုပါ စစ်ကားများကကို မြစ်ကြီးနားမြို့နယ်အထိ … - [အသံတိတ်သပိတ်ပါဝင်မည့်သူများကို အရေးယူရန် မြစ်ကြီးနားမြို့နယ် ထွေအုပ်နှင့် ရဲများ ပြင်ဆင်နေ](https://burmese.kachinnews.com/2022/01/27/jan-27-z-1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ် (Silent Strike) တွင် ပါဝင်သူများကို အရေးယူရန် မြို့နယ်ထွေအုပ်နှင့် ရဲတပ်ဖွဲ့က ကြိုးစားနေသည်ဟု သိရသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံး အသံတိတ်သပိတ်ပါဝင်ဆင်နွဲကြရန်အတွက် ပြည်သူများ ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအောက် အုပ်ချုပ်ရေးဌာနကလည်း ၎င်းကို တန်ပြန်သည့်အနေဖြင့် အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ပါက အရေးယူမည်ဟု လက်ကမ်းစာစောင်များ ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု သိရသည်။ အသံတိတ် သပိတ်ဆင်နွဲရမည့်နေ့တွင် စျေးဆိုင်များအားလုံး ဖွင့်ထားရန်စစ်ကောင်စီ မှ ညွန်ကြားထားသောကြောင့် အခက်အခဲကြုံနေရကြောင်း မြစ်ကြီးနားမြို့ မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။ “အရင်တော့ ဆိုင်ပိတ်ရမယ်ဆိုရင်သူများလည်းပိတ်တယ်။ ဆိုတော့ကိုယ်လည်းပိတ်ခဲ့ရတာပေါ့ ဘာမှလည်း ပြသာနာမရှိခဲ့ဘူးလေ။ အခုက တစ်ဖက်က အသံတိတ်သပိတ်ပါဝင်ဖို့ပြောတယ် စစ်ကောင်စီကလည်း အဲ့နေ့မှာ ဆိုင်မဖွင့်ရင်အရေးယူခံရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိတော့ ဘူး သို့ပေမယ့် စစ်ကောင်စီအနေနဲ့ လူတစ်ဦးရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုတော့ မခြိမ်းခြောက်သင့် ဘူး။ မကြိုက်တဲ့လူကတော့ပိတ်မှာပဲလေ။ ကိုယ်က မကြိုက်လို့ ဆိုင်ပိတ်လိုက်တာ ဒါက ရာဇဝတ်မှု မဟုတ်ဘူးလေ” ဟု ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သောပြည်သူများကို နည်းအမျိုးမျိုးဖြင့် အရေးယူနိုင်မည့် အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ထောင် ဒဏ် ၁၀ နှစ် ၊ နိုင်ငံတော်အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ထောင်ဒဏ် နှစ် ၂၀၊ တပ်မတော်ကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅-ကနှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင် ရွက်ရေးဉပဒေပုဒ်မ … - [အချိန်မှီတင်ပို့နိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ် မြန်မာကြံခင်းလုပ်ငန်းရှင်များ အခက်တွေ့နေ](https://burmese.kachinnews.com/2022/01/26/jan-26-lp-1-2/): တရုတ်နယ်စပ်တစ်လျှောက် မိုင်ဂျာယန်နှင့် နမ်လင်းပါ ကျေးရွာများတွင် စိုက်ပျိုးထားသော ကြံစိုက်ခင်းများ တရုတ်နိုင်ငံဘက်သို့ အချိန်မီ တင်ပို့နိုင်ခြင်း မပြုလုပ်နိုင်သောကြောင့် ကြံစိုက်ခင်းပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်အစိုးရဘက်မှ ကုန်တင်ကားနှင့် ကားသမားများကို ကူးသန်းခွင့်မပြုပဲ လွယ်ဂျယ်ဂိတ်တွင် ကုန်ပစ္စည်းများကို ကရိန်းကားများဖြင့် တရုတ်နိုင်ငံသို့ ဆွဲတင်ယူပြီးနောက် ဆေးဖြန်းပြီး (၇)ရက် ထားပြီးမှသာ စက်ရုံသို့ တင်ပို့နေကြောင်း မိုင်ဂျာယန်ဒေသံ ကြံစိုက်ခင်းပိုင်ရှင် တစ်ဦးထံမှ သိရပါသည်။ “အရင်နှစ်တွေမှာက တရုတ်ဘက်က ကားသမားတွေလာပြီး လူချိန်းပြီး ကြံတွေကို လာယူတင်သွားကြတယ်။ အဝင်အထွက်တော့ ဘယ်သူမှ အခွင့်အရေး မရဘူး။ ကရိန်းကားအကြီးတွေနဲ့ ဆွဲယူနေကြတယ်။ တရုတ်ဘက် ကနေပြီး ကြံတွေကို ဆေးဖြန်းပြီး ၇ ရက်ထားပြီးမှ ကြံစက်ရုံကို ပြန်တင်သွားနိုင်မယ်ဆိုတော့ အဲမှာလည်း တော်တော်ကိုခက်သွားတယ်။ ကျနော်တို့ ဒီဘက်ကနေ ကြံတွေကို ဆေးဖြန်းပြီး တစ်ခါတည်းပို့ပေမယ့် တရုတ်ဘက်ကတော့ ကြံတွေကို ဆေးထပ်ဖြန်းတယ် နောက်ပြီး ၇ ရက်ထားတယ်။ ၇ ရက်ပြည့်ပြီး မှ စက်ရုံကို ပို့တယ်။ ကြံတွေအကုန်မပို့နိုင်ဘူး နည်းနည်းစီပဲ တင်ပို့နိုင်တယ်။ ကြံတွေ အချိန်လွန်လာတော့ အရသာ ပေါ့သွားတာတို့ ဖြစ်လာတယ်။ ကြံတွေကို ချိန်းဘလော့နဲ့ အပေါ်ကနေ ကရိန်းနဲ့ဆွဲပြီး မိုးပေါ်ကနေ သူတို့ဘက် ကို တင်ယူကြတယ်။” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်သည် ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်မှ … - [“နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံမှာ တိုက်ပွဲ မဖြစ်ပေးဖို့ တရုတ်အစိုးရဘက်က တောင်းဆိုတာရှိတယ်” မေးမြန်းချက်](https://burmese.kachinnews.com/2022/01/26/jan-26-lp-1/): တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံတွင် တိုက်ပွဲများ ရပ်တန့်ပေးရန် တရုတ်အစိုးရဘက်က တောင်းဆိုထားသည့်အချက်အပါအဝင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်တစ်ခုကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG မှ ကချင်ဘာသာဖြင့် မေးမြန်းပြီး မြန်မာဘာသာဖြင့် ပြန်လည်တင်ဆက်ထားပါသည်။ မေး။          ။ KIO အနေနဲ့ ဒီကနေ့ ထုတ်ပြန်ချက် ထုတ်ရတဲ့ အကြောင်းရင်းကို ပြောလို့ရနိုင်မလား။ ဖြေ။          ။ မြန်မာ့တပ်မတော်ကနေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိမ်းယူခဲ့တာ တစ်နှစ်ပြည့်တော့မှာမို့ ဒါကို သုံးသပ်ပြီး ထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဆောင်းအိုလံပစ်ပွဲ ၁၃ ကြိမ်မြောက် လုပ်မယ်။ ပွဲတော်အတွင်းမှာ တရုတ်နှစ်သစ်ကူးချိန်လဲဖြစ်နေတော့ ကျနော်တို့ နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံမှာ တိုက်ပွဲ မဖြစ်ပေးဖို့ တရုတ်အစိုးရဘက်ကနေ တောင်းဆိုတာရှိတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း အကျိုးပေးတဲ့ လမ်းစဉ်တစ်ခုဖြစ်မယ်လို့ ယူဆတာကြောင့် အားလုံးကို ခြုံငုံကြည့်ပြီးမှ ထုတ်ပြန်ချက်ထုတ်ရတာ ဖြစ်တယ်။ မေး။          ။ ဆောင်းရာသီ အိုလံပစ်ပွဲနဲ့ ပတ်သက်ပြီး (သို့) ငြိမ်းချမ်းရေးနဲ့ ပတ်သပ်ပြီး တရုတ်အစိုးရကနေ KIO အစိုးကို ဘယ်လို ဖိအားပေးတောင်းဆိုမှုတွေရှိနေတာလဲ။ ဖြေ။          ။ အဓိကတော့ သူတို့ရဲ့ အိုလံပစ်ပွဲနဲ့ နှစ်သစ်ကူးအချိန် အတောအတွင်း တိုက်ပွဲတွေ မဖြစ်ပေးဖို့ သူတို့ဘက် တောင်းဆိုလာတာတွေ ရှိတယ်။ မေး။         ။ စာထဲက အချက် ၃ … - [ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ခံနေရ](https://burmese.kachinnews.com/2022/01/26/jan-26-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသတွင်း စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်‌နေကြောင်း စစ်ရှောင်များ ကူညီပေးနေသူများမှ သိရသည်။ “ဖြစ်သလို ရှိတာနဲ့ ချွေတာ စားနေကြတယ်။ အခု တကယ်ကို ရိက္ခာက ပြတ်တောက်လုနီးပါး ဖြစ်နေပြီ။ ကြံခုတ်လို့ ရထားတဲ့ ပိုက်ဆံတွေလဲ ကုန်လာပြီ။ ဘာမှ လုပ်လို့ မရတော့ တော်တော်ခက်ခဲလာပြီ။ ” ဟု ဒေသခံများ ကူညီပေးနေသူတစ်ဦးကပြောသည်။ စစ်ကောင်စီ ထိန်းချုပ်ရာ ဖောင်းဆိုင်ဒေသအတွင်း ပုံမှန်ဝင်ရောက်နေသည့် ကုန်ကားများသာ ဝင်ခွင့်ပြုပြီး စစ်ရှောင်ပြည်သူနှင့် အခြားအဖွဲ့အစည်းများ၏ ကုန်ပစ္စည်း စားနပ်ရိက္ခာက သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်တားမြစ်‌ နေသည်မှာ တစ်လနီးပါးခန့်ရှိလာပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်သည် ဘန်ဆိုင်းမှစကာ ဖောင်းဆိုင်ဒေသသို့သွားသည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများအား ကြုံရာစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ဖြတ်သွားခွင့်ပြု‌နေသော်လည်း စစ်ရှောင်များ၏ ရိက္ခာသယ်ယူရန် ခွင့်ပြုခြင်းမရှိ အကြောင်းမဲ့ တားမြစ်ပိတ်ပင်နေသည့်အတွက် ရေရှည်တွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်တောက်မူ ပို၍ခက်ခဲလာနိုင်ကြောင်း စစ်ရှောင်များ ကူညီပေးနေသူများကပြောသည်။ ထို့ပြင် ဖောင်းဆိုင်းဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လမှစကာ ကိုးကန့်နဲ့ စစ်ကောင်စီတပ်တို့ တ်ိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖောင်းဆိုင်ဒေသအတွင်းရှိ ကျေးရွာ ၁၅ ရွာခန့်နှင့် လူဦးရေ ၂၀၀၀ ဝန်းကျင်ခန့်သည် ကိုးကန့်ထိန်းချုပ်မူအောက်သို့ ရောက်ရှိသွားကြောင်း သိရသည်။ လက်ရှိ ယင်းကျေးရွာများမှ ပြည်သူများသည်လည်း ဖောင်းဆိုင်ဘက်သို့ သွားလာရန်ခက်ခဲနေသည့်အပြင် တရုတ်ပြည်ဘက်မှ စားနပ်ရိက္ခာများ သယ်ယူရန်မှာလည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။ “ပစ္စည်းတွေ ထောက်ပံ့မယ်ဆိုရင်တော့ ပို့လို့ရပေမယ့် နည်းနည်းခက်တယ်။ ကိုးကန့် … - [အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး](https://burmese.kachinnews.com/2022/01/22/jan-22-z-2/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာ မှ နန့်စီးအောင်ဘက်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF (I.PDF)တို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင်စုစုပေါင်း ၁၁သုံးသေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ “စစ်ကောင်စီဘက်က အင်အားလေးဆယ်လောက်ပါလာတယ်။ မော်လူးနှင့် ပေကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဆယ့်တစ်ယောက်ကျတယ်။ ဒဏ်ရာရတာ ၂၀ကျော်လောက်ရှိတယ်။ သူတို့ဘက်က အင်အားများတော့ ကျနော် တို့ဘက်ကပစ်ပြီးဆုတ်ခွာခဲ့တယ်။ အခုထိတော့ နောက်ဆက်တွဲ နောက်ထပ်စစ်ကြောင်းထိုးလာတာ မရှိသေးဘူးဗျ။” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က တက်လာသည့် စစ်ကားနှစ်စီးအနက် တစ် စီးချောက်ထဲ ကျသွားကြောင်းလည်း သိရသည်။ “စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာကြောင့်မို့ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ပါ တယ်။ သို့ပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး” ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်တွင် ယခုရက်ပိုင်း တိုက်ပွဲပိုမိုပြင်းထန် လျက်ရှိနေသည်။ ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း နဘားရွာမှ ပင်ဝယ်ရွာဘက်သို့ မီးရထားလမ်းအတိုင်းတက်လာသည့် စစ်‌ကြောင်း အင်အား ၃၀ခန့် အား KIA နှင့် အင်းတော် I.PDF ပူးပေါင်းတပ်ဖွဲ့များမှ ပင်ဝယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထက်မနည်းသေဆုံးကြောင်း သိရသည်။ ” ခုလည်း … - [တနိုင်းတွင် ထောင်ဒဏ် ၂ နှစ်ချခံရသော လူငယ်များကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ပို့](https://burmese.kachinnews.com/2022/01/22/jan-22-y-2/): တနိုင်းမြို့တွင် မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရသော အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်များကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကချင်လူငယ် ၂၁ဦးကို တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ကားလမ်းဖြင့်ပို့ဆောင်ရန် လုံခြုံမှုမရှိသောကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကို ယခုလိုပြောသည်။ “မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ယောက်ကို မြစ်ကြီးနားအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ သိရတယ်။ လေယာဉ်မဆံ့လို့ ၁၂ကိုဘဲ ခေါ်သွားတယ်လို့ ကြားတယ်။ အခုက တနိုင်းမှာ ၉ယောက်ကျန်သေးတယ်။” ဟု ပြောဆိုသည်။ အဆိုပါ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခံရသူ ၁၂ဦးတွင် မိန်းကလေး ၇ ဦးနှင့် ယောင်္ကျားလေး ၅ဦးတို့သာ ဖြစ်ကြပြီး ကျန်ရှိသည့် လူငယ် ၉ဦးကို ခလရ ၂၃၈ နှင့် ခလရ ၈၆ တပ်စခန်းတို့တွင် ဆက်လက်ချုပ်နှောင်းထားသေးကြောင်း သိရသည်။ စစ်ကောင်စီအနေဖြင့် လူငယ် ၂၁ ဦး ကို ထောင်ဒဏ်ချမှတ်လိုက်သည့် ဇန်နဝါရီလ ၁၂ရက်နေ့မှ ရက်ပေါင်း ၁၀ ရက်အကြာမှ ယခုလို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ တနိုင်းမြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသည့် လူငယ် ၂၉ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၁၈နှစ် မပြည့်သေးသည့် လူငယ် ၈ဦးကို ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ထားရာမှ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါ လူငယ် ၂၉ … - [ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2022/01/22/jan-22-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နဲ့ စစ်ကောင်စီတို့ ယနေ့နံနက် ၇နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသရင်းမြစ် တာဝန်ရှိသူများများထံမှ သိရသည်။ ” နတ်လိုင်ရွာက အထွက်ကို မနေ့ညကတည်းကစောင့်နေတာ ဒီမနက်တော့ သူတို့လည်း သေနတ်ဖောက်ပြီး ရွာအထွက် လယ်ကွင်းနားအရောက် ဒီဘက်ကလည်း လက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ဒေသရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်များသည် ရွာထဲသို့ ပြန်ဝင်သွားပြီး နတ်လိုင်ရွာကို ကာဗာယူကာ ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။ ” ခု စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ ၄ လုံးရှိနေပြီ ဒီဘက်ကတော့ ရွာသားတွေထိမှာ စိုးလို့ အခြေနေကြည့်နေရတယ်” အမည်မဖော်လိုသည့် ဒေသရင်းမြစ်ကပြောသည်။ လက်ရှိ နတ်လိုင်ကျေးရွာအတွင်း နေအိမ်တစ်လုံးမီးလောင်နေပြီး ဒေသခံများလည်း ပိတ်မိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကသာမြို့နယ်အထက်ပိုင်း စေတီကုန်းကျေးရွာနှင့် မိတ်သလင်းကျေးရွာ ဘုန်းကြီးကျောင်းများတွင် ဇန်နဝါရီလ ၂၀ ရက်ည တပ်စွဲနေထိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၁ရက်နေ့ နတ်လိုင်ရွာဘက်သို့ ပြောင်းရွှေ့ကာ လာရောက်တည်းနေသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းမှ ကျေးရွာနေပြည်သူများအား ဘေးလွှတ်ရာသို့ တိမ်းရှောင်ရန် ကြိုတင်သတိပေးခဲ့သော်လည်း တိမ်းရှောင်ခြင်းမရှိခဲ့ကြကြောင်း သိရသည်။ ” နီးစပ်ရာ ရွာကလူတွေကို ရှောင်နေကြဖို့ သတိပေးထားတာဟုတ်တယ် အဲဒါမရှောင်ကြဘူး ပြီးတော့ စစ်တပ်က မနေ့ည ရွာသားတွေကိုမရှောင်စေချင်လို့ ဖြစ်မှာပေါ့ ကလေးတွေကိုမုန့်တွေလိုက်ဝေနေတယ်တဲ့ ပြီးတော့ လေယာဉ်လာရင်တော့ ရှောင်ကြနော်လို့ စစ်တပ်ကရွာက လူတွေကို ပြောတယ်လို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။ ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်တပ်သည် … - [စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချမှုတားမြစ်ချက် ထိရောက်ကြောင်း KIO ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများပြော](https://burmese.kachinnews.com/2022/01/22/jan-22-y-1/): ကချင်ပြည်နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းဖြစ်သော အရက်ဘီယာများ တင်သွင်းရောင်းချမှု နည်းပါးသွားပြီဟု KIO အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အာဏာသိမ်းစစ်တပ်နှင့် အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC စသောကုန်ပစ္စည်းများကို ၂၀၂၂ ဇန်နဝါရီလ ၁၀ရက်နောက်ပိုင်း ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်ကြောင်း ဇန်နဝါရီလ ၄ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ KIO အုပ်ချုပ်ရေးခရိုင်အသီးသီးက သတိပေးစာ ထုတ်ပြန်ခဲ့သည်။ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် KIO အနေဖြင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပြီး ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် တင်သွင်းရောင်ချမှု ရပ်တန့်ထားသည်ကိုမြင်တွေ့ရသည်ဟု KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အခုချိန်မှာကတော့ ကျနော်တို့ဘက်ကနေ သတိပေးထားပြီဖြစ်တဲ့အတိုင်း လိုက်လံစစ်ဆေးမှုတွေကို ပြုလုပ်နေပြီ။ အခုကွင်းဆင်းပြီး စစ်ဆေးသလောက်ကတော့ KIO ရဲ့သတိပေးမှုက ထိရောက်တယ်လို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်တိုင်းလိုလိုက ပြန်ပြီးတင်သွင်းရောင်းချတာ မလုပ်ကြတော့ဘူး။ ဒါပေမယ့်တစ်ချို့နေရာတွေမှာတော့ ရောင်းချနေတာတွေရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက်လုပ်သွားဖို့လုပ်နေတယ်” ဟု ပြောဆိုသည်။ KIO အနေဖြင့် ယခုလို စစ်ဆေးမှုများကို ရက်အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုနှင့် တစ်ဖက်တွင် စစ်တပ်၏ ဝင်ငွေ လျှော့ကျသွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူက ဆက်ဆိုသည်။ လက်ရှိတွင် KIO ဘက်မှ မြို့တွင်းနှင့် ကျေးလက်ဒေသ အသီးသီးရှိ စားသောက်ဆိုင်များ တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် တားမြစ်တားထားသည့် ဘီယာများကို တွေ့ရှိရာတွင် ရိုက်ခွဲဖျက်ဆီးမှုများပြုလုပ်နေပြီး တင်သွင်းရောင်းချသည့် ဆိုင်ရှင်များကိုလည်း … - [ကသာမြို့ ဖမ်းဆီးခံထားရသည့် ဦးစိုးတင့်၏ ရွှေဆိုင် ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2022/01/20/jan-20-z-1/): စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်း စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၈)ရက်ည ဖမ်းဆီးသွားသည့် ဈေးသည် (၉)ဦး အနက် အီးတိန်ရွှေဆိုင်ပိုင်ရှင် ဦးစိုးတင့်အား PDF နှင့် ချိတ်ဆက်သည်ဟုဆိုကာ ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်ကောင်စီတပ်မှ ရွှေဆိုင်အား ချိတ်လာပိတ်သွားကြောင်း ဒေသခံများမှ သိရသည်။ ” ခုကလုံးဝကို ရောင်းလို့မရတော့ဘူး သူတို့ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ကပ်ထားတာ PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေလို့ဆိုတဲ့ ဆိုင်းဘုတ်အနီကြီး လာကပ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် ကသာမြို့အတွင်းရှိ ဈေးသည် (၉ )ဦးအား အောက်တိုဘာလ(၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အရေးကြီးမေးစရာရှိသည်ဟုဆိုကာ တစ်ပြိုင်တည်း ဖမ်းဆီးသွားခြင်းဖြစ်ကာ လက်ရှိချိန်ထိ တစ်ဦးမှ လွှတ်မြောက်လာခြင်းမရှိသေးဘဲ အမှတ် (၁)ရဲစခန်းတွင် စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကြောင်း နီးစပ်ရာ ဒေသခံတစ်ဦးကပြောသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အီးတိန်ရွေဆိုင်ပိုင်ရှင်သည် PDF နှင့်ချိတ်ဆက်သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုထားကြောင်း ဒေသခံများကပြောသည်။ “တစ်ယောက်မှလည်း ပြန်မလွှတ်သေးဘူး ကိုအီးတိန် ရွှေဆိုင်ပိုင်ရှင်က pdf နဲ့ ဆက်စပ်သက်သေ တွေ့ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ ကြားရသလောက်တော့ အားလုံးကို အမူဖွင့်ဖို့ စွဲချက်တင်ထားပြီ သိရတယ်”ဟု နီးစပ်သူတစ်ဦးကပြောသည်။ ဖမ်းဆီးခံထားရသူများမှာ စိန်လှိုင်ကိတ်ဆိုင်မှ ၁ဦး၊ကိုအီးတိန် ရွှေဆိုင်မှ ၁ဦး၊ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ဦး၊ ရန်း ဆေးဆိုင်မှ ၁ဦး၊စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ဦး၊လှိုင်စာပေမှ ၁ဦး၊လင်းယုန် စာပေမှ ၁ဦး၊မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင် ၁ဦး တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ … - [အစာစနစ်ပျက်စီးမှုနှင့်ရင်ဆိုင်ရတော့မည့် ဆင်တွေရဲ့ဘဝ](https://burmese.kachinnews.com/2022/01/20/jan-20-sb-1/): “ကျနော်တို့ တနိုင်းမှာ ဆိုရင်ဆင်တွေအတွက် အစာရဖို့ကခက်လာပြီ နောက်သုံးလေးနှစ်ဆို ပိုဆိုးလာပြီး စားစရာတောင်ကျန်မှာမဟုတ်တော့ဘူး” ဟု ဆင်ဖြင့်အသက်မွေးဝမ်းကြောင်းနေသူ ဦး Tawng La က ပြောပါတယ်။ ရွှေတူးဖော်မှု၊ သစ်ထုတ်လုပ်မှု နဲ့ မီးသွေးထုတ်လုပ်မှုတို့ကြောင့် သဘာဝပြုန်းတီးပြီး လူသားတွေသာမက တရိစ္ဆာန်တွေအတွက်ပါ နေထိုင်ရှင်သန်ဖို့ ခက်ခဲလာရပါတယ်။ ကချင်ပြည်နယ် ကာမိုင်းမြို့ နဲ့ တနိုင်းမြို့ က ဆင်တွေဟာ ဒီအန္တရာယ်ကို ကြုံတွေ့ ခံစားနေရပါတယ်။ ဒီဒေသတွေမှာ သစ်တော ပျက်စီးလာတဲ့အတွက်ကြောင့်  အစာစနစ် ပျက်စီးတာကို ကြောက်စရာကောင်းလောက်အောင်  ကြုံလာရခြင်း ဖြစ်ပါတယ်။ “သဘာဝပတ်ဝန်းကျင် ပျက်စီးလာပြီဆိုရင် တရိစ္ဆာန်တွေအတွက် အစာကွင်းစက် ကစပြီး ထိခိုက်လာတယ်။ ဝါးပင် သစ်ကိုင်း နုရွက် ကိုင်းတော မျက်ခင်းလွင်ပြင် သစ်တောအသေး သစ်တောအကြီး အလွှာတိုင်းမှာ တောတရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ဂေဟစနစ်တွေရှိတယ်။ အစာစနစ်ကို ထုတ်ပေးတဲ့ အပင်ရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်” ဟု ကချင်သဘာဝပတ်ဝန်းကျင်ပညာရှင် Share La ကလည်း ပြောပါတယ်။ ဆင်တွေအတွက် အစာရေစာဖြစ်တဲ့ ငှက်ပျော်ရိုင်း၊ သစ်ရွက်သစ်ပင်တွေ ပျက်စီးပြီးတော့ ဆင်အတွက် စားစရာမကြာခင် ကုန်ခမ်းတော့မယ်လို့ ဆင်ထိန်းတွေ က ပြောဆိုနေကြပါတယ်။ ဆင်တကောင်ဟာ တန်ဖို့းအားဖြင့် သိန်းသုံးရာ လေးရာ ရှိပါတယ်။ ဆင်တစ်ကောင် မွေးဖွားနိုင်ဖို့ ၁၀ နှစ်ခန့်ကြာတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း တချို့သူဌေးတွေဟာ သစ်လုပ်ငန်းအတွက် တောမုဆိုးများကို ငွေပေးပြီး တောရိုင်းဆင်များကို ဖမ်းခိုင်းကြကြောင်းသိရပါတယ်။ ဆင်မများကို အလွန်အကျွံ သစ်ဆွဲခိုင်းလျှင် မွေးဖွားမှုနှုန်း၌ အန္တရယ်ရှိပါတယ်။ … - [KIO နယ်မြေမှ စစ်ရှောင်အချို့ နေရပ်ပြန်ရန် စီစဉ်နေ](https://burmese.kachinnews.com/2022/01/20/jan-20-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေ တရုတ်နယ်စပ် ရှအစ်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူအချို့သည် မိမိနေရပ်ဖြစ်သော မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ ဂါးရာယန်ကျေးရွာသို့ နေရပ်ပြန်ရန် စီစဉ်နေသည်ဟု သိရသည်။ ရှအစ်ယန် (Sha it yang) စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဂါးရာယန်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု (၉၃) စုသည် နေရပ်ပြန်လိုသည့်အတွက်် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီရုံးသို့ စာ၂ ကြိမ်တင်သွင်းထားကြောင်း ရှအစ်ယန် စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇော်ရှန်က KNG ကချင်သတင်းဌာနကို ပြောသည်။ “ကျနော်တို့ ရှာအစ်ယန်စစ်ရှောင်စခန်းမှာက အနယ်နယ်အရပ်က စစ်ဘေးရှောင်လာသူတွေ အများကြီးရှိတဲ့ထဲကမှ ဂါးရာယန်က သူတွေက သူတို့နေရပ်ကို ပြန်ချင်ပြီပြောလို့ ကျနော်တို့ အနေနဲ့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီရုံးကို စာတင် ပေးတာပဲရှိတယ်။ ၂ ကြိမ် ရှိပြီ စာတင်ထားတာ။” ဟု ပြောပါသည်။ လက်ရှိ အဆိုပါ စစ်ရှောင်စခန်းတွင် အနယ်နယ်အရပ်မှ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၃၉၅ စု ရှိပြီး စစ်ရှောင်ဦးရေ စုစုပေါင်း ၁၈၀၆ ယောက် ရှိသည်။ နေရပ်ပြန်သူများထဲမှ အိမ်ထောင်စုတစ်စုတွင် တစ်ဦးနှုန်းဖြင့် မိမိနေအိမ်ခြံဝန်းများကို သွားရောက်ရှင်းလင်းရန်အတွက် စစ်ရှောင်အချို့ ပြန်နှင့်ပြီဖြစ်ကြောင်း ရှအစ်ယန်စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇောင်ရှန်က ယခုလို ဆက်ဆိုထားသည်။ “ဂါးရာယန်က လူတွေ အကုန်တော့ မပြန်သေးဘူး။ အိမ်ထောင်စု တစ်စုက အားကောင်းမောင်းသန် တစ်ယောက်လောက်ပဲ ကိုယ့်အိမ် ခြံဝန်းလေးတွေ သွားရှင်းထားတာပဲ။ အသက်ကြီးပြီဖြစ်တဲ့ အဖိုး၊ အဖွားတွေနဲ့ ကလေးတွေကတော့ စစ်ရှောင်စခန်းမှာပဲ နေနေကြသေးတယ်။ တရားဝင် ပြန်ခွင့်ပြုတာတော့ မရှိသေးဘူး။” … - [အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး မိသားစုဝင်များလိုလားနေဆဲ](https://burmese.kachinnews.com/2022/01/19/jan-19-ld-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် လူအုပ်စုလိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင်စေတနာ့ ဝန်ထမ်း ဆရာမ  ၂ ဦး၏အမှုသည် ယနေ့ တွင် ၇ နှစ် ပြည့်ပြီဖြစ်သော်လည်း တရားမျှတမှု ရရှိရေးအတွက် ဆက်လက် တောင်းဆိုနေမည် ဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ ကောင်းခါးကျေးရွာတွင် သတ်ဖြတ်ခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့နှစ်ဦးရဲ့ အမှုနှင့်ပတ်သက်ပြီး ဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင် ဒေါ် ဝါ့ခေါင် လုဘူက KNG ကို ယခုလို ပြောသည်။ “(၇)နှစ်တောင်ရှိပြီ။ ဒီနေ့အချိန်ထိ တရားမျှတမှုမရရှိသေးတဲ့အပေါ် မိခင်တစ်ယောက်အနေနဲ့ အရမ်းရင်ကွဲရတယ်။ ဒီအချိန်ရောက်လာတိုင်း၊ အချိန်က တစ်နှစ်ပြီးတစ်နှစ်ကြာလာချိန်မှာ ပိုပြီး ခံစားရတယ်။ ပိုရင်နာရတယ်။ ဒီလိုမျိုးပဲတော့ ရှေ့ဆက်မသွားချင်ဘူး။ မှန်ကန်တဲ့ တရားမျှတမှုကို ဘယ်အချိန်ထိကြာပါစေ မျှော်လင့်နေမှာပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် တရားမျှတမှုကို ရရှိဖို့မျှော်လင့်တယ်။ ဒီတရားမျှတမှုကို ရလည်းရချင်တယ်။ ကျမ ကလေးတို့ ၂ နှစ်ယောက် အခုလို သေဆုံးရတာကို တစ်နေ့မဟုတ်ရင် တစ်နေ့တော့ တရားမျှတမှုရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးစားပြုလုပ်ပေးဖို့လည်း မျှော်လင့်တယ်။” ဟုဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင် ဒေါ် ဝါ့ခေါင် လုဘူက KNG ကို ပြောသည်။ မိသားစုဝင်များသာမက ကချင်ပြည်သူများနှင့် အဖွဲ့အစည်းများမှလည်း ဆရာမ ၂ ဦး မတရား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး … - [တာလောကြီးဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာ](https://burmese.kachinnews.com/2022/01/19/jan-19-z-3/): မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသဘက်တွင် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း၌ ပိတ်ပင်ဖမ်းဆီးမှုမရှိတော့သည့်အတွက် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ တာလောကြီးဒေသဘက်တွင် ယခင်အစိုးရလက်ထက် တရားမဝင် ရွှေတူးဖော်မှုများရှိခဲ့သော်လည်း သက်ဆိုင်ရာမှဖမ်းဆီးမှုများ မကြာခဏရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ မတ်လ နောက်ပိုင်းမှစတင်ကာ တရားမဝင်ရွှေတူးဖော်မှု သိသိ သာသာများပြားလာကြောင့် လုံခြုံရေးအရ အမည်မဖော်လိုသည့် တာလောကြီးကျေးရွာနေ အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “အခုကမြစ်ရိုးမှာ တော်တော်များတယ် ရွှေဖောင်ကြီးတွေနဲ့လုပ်ကြတာ အခုနောက်ပိုင်းမှာ ပိုပြီးလုပ်လာ ကြတာ ဒီအာဏာသိမ်းပြီးနောက်ပိုင်းပေါ့ဗျာ။ အခုနောက်ပိုင်းကဖမ်းဆီးတာတို့လည်းမရှိဘူးလေး ဟိုအရင်ကတော့ ပိတ်ပင်တားဆီးတာတို့ရှိတယ်လေး အခုနောက်ပိုင်းကအ့လိုဖမ်းဆီးတာတို့မရှိတော့ ပိုပြီး လုပ်လာကြတာ။တော်တော်လေးများတယ် ရွှေဖောင် အစီးရေ ခြောက်ရာ ခုနှစ်ရာလောက်ရှိတယ်။ ပိုက်ဆံရှိတဲ့လူက စက်ကြီးတွေထောင်ပြီးလုပ်ကြတာ အဖမ်းအဆီးမှ မရှိတာကို” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ တရားမဝင်ရွှေတူးဖော်မှုသည် တာလောကြီးကျေးရွာ၊ ခေါင်ဖူးကျေးရွာမှ ဆင်ဘိုမြို့အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင်တူးဖော်နေကြပြီး ယခင်အစိုးရလက်ထက်က ဖမ်းဆီးမှုများ မကြာခဏရှိခဲ့သောကြောင့် လုပ်ငန်းရှင် ရှစ်ဆယ်၊ တစ်ရာနီးပါသာရှိခဲ့ပြီး ယခုနောက်ပိုင်းဖမ်းဆီးမှုမရှိသောကြောင့် ယခုကဲ့သို့ တရားမဝင်ရွှေတူးဖော်မှုများပြားလာရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ”အရင်အစိုးရလက်ထက်ကဆိုရင် တစ်လကိုတစ်ကြိမ်မဟုတ်ရင်တောင် နှစ်တစ်ကြိမ် သုံးလတစ်ကြိမ်လောက်တော့အမြဲတမ်း လာတယ်လေး ဖမ်းဆီးရေအဖွဲ့တွေက အ့ဆိုတော့ အခုလောက်မလုပ်ကြဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ တရားမဝင်ရွှေတူးဖော်မှုတွင် ဒေသခံများလည်းပါဝင်ပြီး အများစုမှာ နယ်ဝေးမှာလာရောက်လုပ် ကိုင်သူများဖြစ်ပြီး စက်ကြီးများဖြင့်လုပ်ကိုင်သူများမှာလည်း ရပ်ဝေးမှ လာရောက်လုပ်ကိုင်သူများသာ ဖြစ်ကြောင်းသိရသည်။ “ဒေသခံတွေလည်း ပါတယ် ပိုက်ဆံရှိတဲ့လူတွေက ရွှေဖောင်ထောင်ပြီးလုပ်နေကြတော့တာ။ လူပေါင်း စုံပါပဲ ဗန်းမော်ဘက်ကလူတွေလည်းပါတယ် မြစ်ကြီးနားမြို့ပေါ်ကလူတွေလည်းပါတယ်။ ရပ်ဝေးကတော့ အများဆုံးပဲ။ရွာသားတွေကတော့ ရွှေဖောင်မထောင်နိုင်ဘူးလေ ဒေသခံတွေကတော့ လုပ်ရင်လည်း အသေးအမွှားလောက်ပဲလုပ်နိုင်ကြတာ” … - [ကသာနယ် အင်းရွာမှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ](https://burmese.kachinnews.com/2022/01/19/jan-19-z-2/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းရွာဒေသခံများ ယမန်နေ့ ညမှစကာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အင်းရွာ ဒေသခံပြည်သူများအား PDF တပ်ဖွဲ့ဝင်များအား ထမင်းချက်ကျွေးသည်ဟုဆိုကာ ရွာအတွင်း စစ်ဆေးမေးမြန်း သောင်းကျန်းခဲ့သည့်အတွက် ယမန်နေ့ညမှစကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦး ယခုလို ပြောသည်။ “ဟိုနေ့က ရွာသားတွေက PDF တွေကို ထမင်းချက်ကျွေးလို့တဲ့ စစ်ကောင်စီက ရွာထဲသေနတ်ဖောက်သောင်းကျန်းတာ ဥက္ကဌအိမ်လည်း မီးရှို့ခံလိုက်ရပြီ ခုရွာသားတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်သည် အင်းရွာ ကျေးရွာ တပ်စွဲနေထိုင်ရာမှ ယနေ့နံနက် ထွက်ခွာသွားသော်လည်း ဒေသခံများအနေဖြင့် သွားရောက်နေထိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ်တစ်လျှာက် ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ်မူ လုပ်ဆောင်လာသည်မှာ ၄ကြိမ်ခန့်ရှိလာပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာဦးရှိ လောကသရဖူ ဘုရားကုန်းတွင်တည်ထား ကိုးကွယ်သော စေတီတော်နှင့် အာရုံခံတန်ဆောင်း အပါအဝင် အနီးနားရှိနေရာများတွင် ဂျက်လေယာဥ်ဖြင့် စက်သေနတ်ပစ်ပြီး ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသရင်းမြစ် ဖော်ပြချက်အရ သိရသည်။ ယင်းကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကာ ဇရစ်ခူးပြန်လာသူ ဦးနတောင် ၅၀ နှစ်မှာ နှဖူးထိမှန်ပြီး ဘုရားရင်ပြင်တွင်ဆော့ကစားနေသည့် အသက် (၈)နှစ်အရွယ်မောင်ကျော်ဝေမိုးသည် ကျောကုန်းတွင်ဗုံးစထိမှန်ခဲ့ကြောင်း သိရသည်။ ကသာမြို့နယ်အတွင်း ဒေသခဲကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပိုမိုပြင်းထန်လာဆဲဖြစ်သည်။ - [မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/01/19/jan-19-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ် မြို့လှ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့ကြောင်း ‌ဒေသရင်းမြစ်တစ်ဦးထံမှ သိရသည်။ အင်အား ၆၀ ခန့်ရှိသည့် စစ်‌ကောင်စီတပ်တို့ ရွှေငြိမ်းချမ်းရွာမှတဆင့် ကျောက်ကြီးရွာဖက်သို့ဦးတည်ကာ ခြေလျှင်စစ်ကြောင်းထိုးခဲ့စဉ် လွင်ယားဒေသအနီး၌ မြို့လှ PDF တပ်မှ ဗိုလ်မိုလ်းကြိုး ဦးဆောင်သည့်တပ်ဖွဲ့မှ မိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသရင်းမြစ်တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။ ” တိုက်ပွဲဖြစ်တာက တစ်နာရီလောက်ရှိမယ် ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပြီ” လို့ ဒေသသတင်းရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မိုင် ၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း ၎င်းကဆက်ပြောသည်။ ကသာမြို့နယ်အတွင်းရှိ ယခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း ကသာနယ်၊ မတ်ကြီးကုန်းရွာအနီးတွင် မြို့လှ PDF + KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း မြို့လှ PDF မှ ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ ထို့ပြင် ဇန်နဝါရီလ ၁ရက်နေ့မှ ၁၉ရက်နေ့ထိ ကသာနယ်အတွင်း မြို့လှ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၉ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကသာနယ်အတွင်း အာဏာသိမ်းပြီးနောက် လေကြောင်းဖြင့်တိုက်ခိုက်မူ ၄ကြိမ်ထိ ရှိလာပြီဖြစ်သည်။ - [ပမ္မတီးစစ်ရှောင်များ နေရာအသစ်တွင် ထပ်မံပြောင်းရွှေ့ရန် ခက်ခဲနေ](https://burmese.kachinnews.com/2022/01/18/jan-18-y-1/): မြစ်ကြီးနား​မြို့ ၊ ပမ္မတီးရပ်ကွက် နယ်မြေ ၅ တွင် တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းကို မြေပိုင်ရှင်မှရွှေ့ပြောင်းခိုင်းနေသောကြောင့် စစ်ရှောင်များ ထပ်မံ ရွှေ့ပြောင်းနေထိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ - [လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်၊ နေ့စဉ်သီးနှံကား အစီး ၅၀ ခန့်ဖြင့် ကနဦးကုန်သွယ်ရန် စီစဉ်ထား](https://burmese.kachinnews.com/2022/01/18/jan-18-z-1/): မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လိုက်ပြီဖြစ်ပြီး မြန်မာဘက်မှ တစ်နေ့လျှင် သီးနှံကားအစီးငါးဆယ်ခန့်ဖြင့် ကနဦးကုန်သွယ်ရန်စီစဉ်ထားကြောင်း သိရသည်။ ဗန်းမော်ခရိုင်အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ကိုဗစ်ကပ်ရောဂါကြောင့် ခြောက်လ ကျော်ကြာ ပိတ်ထားပြီး‌နောက် မြန်မာ-တရုတ်နှစ်ဘက်တာဝန်ရှိသူများနှင့် ကုန်သည်ကြီးများ၏သဘော တူညီချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဘက်မှနေ့စဉ် သီးနှံကားအစီး ၅၀ ခန့်ဖြင့် ကနဦးကုန်သွယ်ရန်စီစဉ်ထားကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်း(ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။ “ဟုတ်ပါတယ်။ မနေ့ကစပြီးတော့မှ ဖွင့်ပါတယ်။မနေ့ကပဲ ငှက်ပျောကားက ကိုးစီး၊ ကြံကသုံးစီး မနေ့က စပြီးဝင်ပါတယ် မနေ့က ၁၁နာရီလောက်မှ စပြီးဝင်ပါတယ်။ သူတို့က ကုန်ကားတွေကို ဟိုဘက်ကိုပေးမ ဝင်ဘူး နယ်စပ် ခြံစည်းရိုးမှာကားဖင်ထိုးပြီးတော့ကုန်တွေကို ကရိန်းနဲ့ပစ္စည်းချိန်းတယ် အခုသွားနေတဲ့စနစ်က ကားဝင်းမှာ ကားမောင်းသမား တွေကိုလှဲတယ် အခုကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ camp သွင်းထားတဲ့ ကားသမားတွေနဲ့ လှဲတယ် ဟိုနေ့ကတော့တစ်ရက်ကို အစီးလေးဆယ် မှန်းထားတယ်။အဲ့ထဲကကိုးစီးစဝင်တယ်။လောလောဆယ် ညွန်ကြားလာတဲ့အရတော့ မော်တော်ယာဉ်အသင်းနှင့် ပို့/ဆက် တို့ညှိနှိုင်းချက်အရတော့ ကားတွေအရမ်းကြီးကြပ်နေမှဆိုလို့ တစ်ရက်ကို ကား အစီးငါးဆယ် ငါးဆယ်ထိန်းပြီတော့ လွတ်ပေးဖို့တော့ လုပ်ထားတယ်။” ဟု ကချင်ပြည်နည်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း (ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ပုံမှန်အားဖြင့် ဗန်းမော်ခရိုင်ထွက် တရုတ်တစ်သျှူးငှက်ပျော၊ ဖရဲ၊ ပြောင်း၊ကြံနှင့် အခြားဒေသထွက်သီးနှံများကိုတင်ပို့လျက်ရှိပြီး လတ်တလောတွင် တရုတ်အစိုးရဘက်က တစ်သျှူးငှက်ပျောနှင့် ကြံကိုသာ တင်ပို့ခွင့် ခွင့်ပြုထားကြောင်း သိရသည်။ “ဘာတွေတင်ပို့မလဲဆိုတော့အခုလောလောဆယ်တော့ ဒီမှာက ပို့ကုန်သီးနှံပေါ့ဗျာ ပို့ကုန်သီးနှံဆိုတော့ လောလောဆယ် တရုတ်ဘက်က လိုအပ်ချက်အရတော့ ကြံနှင့် ငှက်ပျောကိုကနဦိးတင်ပို့ခွင့်ပြုထား တယ်။ဒါပေမယ့်ကျန်တဲ့သီးနှံတွေလည်းနောက်ပိုင်းဝင်ခွင့်ပေးမယ်လိုတော့ … - [လိုင်ဇာမြို့သို့ဝင်လာသူများ ကာကွယ်ဆေးမထိုးထားလျှင် ကွာရန်တင်း ၁၄ ရက် ထပ်ဝင်ရမည်](https://burmese.kachinnews.com/2022/01/17/jan-17-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် Covid-19 ရောဂါအခြေအနေအရ အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက်လာမည့် ကာကွယ်ဆေးမထိုးထားသည့် မည်သူမဆို မိုင်ဆပ်ပါ ကိုဗစ်-၁၉ ကာကွယ်ရေးစင်တာတွင် Quarantine ၁၄ ရက် ပြန်ဝင်ရတော့မည်ဟု သိရသည်။ လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာလျော့နည်းလာခြင်းကြောင့် ယခုလ ၃ ရက်နေ့မှစ၍ Lockdown ဖြေလျော့လိုက်ပြီဖြစ်သော်လည်း နယ်စပ်ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။ “ ကျနော်တို့ ယခုလ ၃ ရက်နေ့ကနေစပြီး Lockdown ကို နဲနဲဖြေလျော့လိုက်တယ်။ မိုင်ဆပ်ပါ ၊ ဒွမ်ဘုံးလို ကနေ ဝင်လာတဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ကဒ်ရတဲ့သူတွေနဲ့ Positive ဖြစ်ဖူးတဲ့သူတွေကိုတော့ ဆေးထပ်မစစ်ပဲ တစ်ခါထဲဝင်ခိုင်းတယ်။ ကိုဗစ်ကာကွယ်ဆေးလဲ မထိုးသေးသူနဲ့ ရောဂါလဲမဖြစ်သေးတဲ့သူတွေကိုတော့ ဆေးစစ်ခံယူပြီး Q ၁၄ ရက် မိုင်ဆပ်ပါ ကိုဗစ်ပြုစုရေးစင်တာမှာ ဝင်ရမယ်။ ဒွမ်ဘွန်မှာတော့ ဒါတွေ မရှိသေးတာကြောင့် ဒီနေ့မှ သွားပြီးဘယ်လိုလုပ်မယ်ဆိုတာ ပြင်ဆင်နေတယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ဆိုသည်။ မိုင်ဆပ်ပါ ကိုဗစ်ကာကွယ်ပြုစုရေးစင်တာတွင် Quarantine ၁၄ ရက် ဝင်လာသူများကို တစ်ဦးလျှင် ဆေးစစ်ခ ၅ ထောင်ကျပ် နှင့် စားသောက်စရိတ် ၅ သောင်းကျပ်၊ စုစုပေါင်း ၅၅၀၀၀ ကျပ် ကောက်ခံပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ … - [ချောင်းဝရွာအနီး မြို့လှ PDF ပူးးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/01/15/jan-15-z2/): ကသာမြို့နယ်၊ ချောင်းဝကျေးရွာအနီး မြို့လှ KIA နှင့် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ကြား ယနေ့ နံနက် ၇ နာရီခန့်တွင် က်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသရင်းမြစ်မှ သိရသည်။ ” သင်္ဘောကို လုံခြုံရေးယူပေးဖို့ ချောင်းဝရွာက‌နေ ထွက်လာတဲ့ စစ်တပ်ကို မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်တို့နဲ့ဖြစ်တာ ထိခိုက်မူ အခြေနေတော့ မသိရသေးဘူး” ဟု ဒေသရင်းမြစ်ကပြောသည်။ အဆိုပါတိုက်ပွဲသည် စစ်တပ်လက်အောက်ခံတပ်ရင်း ၁ဝ၁ တပ်အား ဗိုလ်ဇာမဏီဦးဆောင်သည့် မြို့လှ PDF တပ်ခွဲ ၂နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာမြင့်ပြီး ၎င်းကဆက်ပြောသည်။ ထို့နောက် ယင်း စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်တို့သည် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်မူများ ဆက်တိုက် ပြုလုပ်သွားသည့်အပြင် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမူများရှိနိုင်သည့်အပြင် ဒေသခံကာကွယ်ရေးတပ်မှ ၃ဦး မိုင်းစအနည်းငယ်ထိမှန်ကာစိုးရိမ်စရာမရှိကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် မန်းလေး- ဗန်းမော် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၎င်းတို့တပ်များအတွက် စားနပ်ရိက္ခာများနှင့် စစ်အင်အားပို့ဆောင်ရန် ရေကြောင်းအား ပုံမှန်အသုံးပြုနေဆဲဖြစ်သည်။ ယင်းကဲ့သို့ ရေကြောင်းဖြင့် ရိက္ခာပို့ဆောင်သည့် စစ်သင်္ဘောသည်လည်း မြစ်ကြောင်းတစ်လျှောက် ဒေသခံကာကွယ်ရေးတပ်များ၏ မကြာခန ခြုံခိုတိုက်ခိုက်ခြင်းခံနေရသည်။ Photo- မြို့လှ PDF - [ဒီပဲယင်း စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်ခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေ](https://burmese.kachinnews.com/2022/01/15/jan-15-z-1/): စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာသည့် ပြည်သူ ‌တစ်သောင်းခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း ‌စစ်ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ရက်နေ့ စစ်ကောင်စီတပ်မှ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။ ” ဒီတစ်ခေါက်ပြေးတာက အရင်တစ်ခေါက်ပြေးတာနဲ့ မတူဘူး ဘာလို့လဲဆိုရင် အရင်ပြေးတုန်းကတော့ စကစဘက်က စစ်ကြောင်းထိုးလာပြီလို့ကြားတာနဲ့ မြေပြင်ကနေ ထိုးလာကြတာဆိုတော့ ကြိုတင်ပြင်ဆင်ပြီး ပြေးလို့ရတယ်။ ဒါပေမယ့် မနေ့ကတော့ ထင်မှတ်မထားတဲ့အချိန် ‌ရုတ်တရက်ကြီး လာပစ်တာဆိုတော့ ဘာမှပြင်ဆင်ချိန်မရှိဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဘဲပြေးကြရတာဆိုတော့ ပိုခက်ခဲတယ် အဲကြောင့် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်တယ်” လို့ စစ်ရှောင်ကူညီပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ ဇန်နဝါရီလ ဒီပဲယင်းမြို့နယ်အတွင်းရှိ ယဉ်ချင်းရွာအနီးတစ်လျှောက် စစ်ရဟတ်ယဉ်(၅)စီးရောက်ရှိလာကာ စစ်ရဟတ်ယဉ်(၃)စီးဖြင့် စစ်အင်အားလာရောက်ချ‌ထားပေးနေစဉ် ကျန်ရယာဉ် (၂)စီးဖြင့် ကင်းလှည့်ပေးကာ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ထို့နောက် စစ်ရဟတ်ယဉ်ဖြင့် လာရောက်ပို့‌ ဆောင်ခဲ့သည့် စစ်ကောင်စီတပ်သည် ယဉ်ချင်း‌ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့အား မီးရှို့ခဲ့ကြကြောင်း ဒေသခံများမှသိရသည်။ လက်ရှိ ဒီပဲယင်းမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများသည် ညောင်လှ၊ဝဲကြီး၊ ကုန်းကြီး ၊ကုန်းတန်း၊ ယဉ်ချင်း၊ ကျေးရွာနှများ၊ အင်ကြင်း၊ သပြေတာ အစရှိသည့်ရွာများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညောင်လှကျေးရွာအနီးတစ်ကြီမ် ဒီဇင်ဘာလ … - [မုံးပေါ်ဒေသတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2022/01/15/jan-15-bs-1/): ရှမ်းပြည်‌နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ဝိန်းဆိုင်ကျေးရွာအုပ်စု ဆမာ၊ ဟူဘန်၊ လွယ်ကန်ရွာ တကြောတွင် ယနေ့တွင်လည်း စစ်ကောင်စီ နှင့် KIA တပ်ရင်း ၃၆ တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်ကစ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကာ လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း “ခု ပစ်နေတယ် ၁ နာရီ ကနေ လက်နက်အသေး၊ အကြီးနဲ့ မနေ့က ပစ်တဲ့ နေရာပဲ။ ဆက်တိုက် ပစ်နေတယ်။ မိုင်ဖန်ကနေလည်း လက်နက်ကြီး ပစ်ကူနေတာ။ ၄ ချက် ရှိပြီ။” ဟု မုံးပေါ် ဒေသခံ ၁ ဦးက ပြောသည်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာတွင် စစ်ကောင်စီ တပ်မ ၇၇ အင်အား ၁၀၀ ခန့်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ခန့် ကစ ကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ထိတိုင် ပိတ်မိနေတာကြောင့် မိုင်ဖန်ဘက်က စစ်ကူ အင်အား ဖြည့်လာ‌ပြီး မိုင်ဖန် နဲ့ ၁၀၅ မိုင် ‌တို့ဘက်က လက်နက်ကြီးပစ်ကူကာ တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေဖြစ်သည်ဟု ရှေ့တန်း သတင်း ရင်းမြစ်တစ်ခုအရ သိရသည်။ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့‌များတွင် နောင်ဟဲန့်၊ လွယ်ဆာရှာတို့ဘက် စစ်ကောင်စီနှင့်ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်၊ ၁၄ ရက် နှင့် ၁၅ ရက်များတွင် … - [ကသာတွင် ပြည်သူစစ်ဖွဲ့ရန် စစ်ကောင်စီတပ်မှ လူတောင်း](https://burmese.kachinnews.com/2022/01/14/jan-14-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်လုပ်ရန် ဟုဆိုကာ  ကသာမြို့နယ်အုပ်ချုပ်ရေးရုံးမှ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။ “ကသာထွေအုပ်ကနေ ရပ်ကွက်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေခေါပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့ဖို့ တစ်ရွာကို လူ ၂၀ ပေးဖို့ တောင်းထားတယ်လို့ကြားရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ လူစာရင်းအား ဇန်နဝါရီလ ၆ ရက်နေ့ ကသာအထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ” ခုထက်ထိ ကျမတို့ရပ်ကွက်မှာ လူစာရင်းလာကောက်တာတော့ မရှိဘူး။ ထွေအုပ်က လူတောင်းတယ်ဆိုတာတော့ သတင်းကြားမိတယ်” လို့ ‌ကသာမြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း အရပ်သားပြည်သူများအား အုပ်ချုပ်ရေးမှုးမှတစ်ဆင့် ယခုကဲ့သို့ တောင်းဆိုခြင်းသည် ပထမအကြိမ်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ကသာမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထိရှိလာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့မှစကာ  မိုးတားလေးကျေးရွာတွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁၈ရက်နေ့ နှောင်ပိန်းကျေးရွာတစ်ကြိမ်နှင့် ၂၀၂၂ ဇန်နဝါရီလ ၁၂ရက်နေ့ မိုးတားကြီးကျေးရွာတစ်ကြိမ် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်အောင် လေကြောင်းတိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ်သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တပ်တို့ဖြင့် တိုက်ပွဲပြင်းထန်းမှုများရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသော ပြည်သူ ၂၀ ဦးထက်မနည်း လည်း ရှိနေဆဲဖြစ်သည်။ ကသာမြို့နယ်သည် ဧရာဝတီမြစ်ကမ်းတွင်တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ လှုပ်ရှားနေပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့လာသော … - [လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကားမောင်းသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၃၀၀ နီးပါး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2022/01/14/jan-14-ab-1/): ကချင် တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသောကြောင့် ထိုဂိတ်အနီးတွင်စောင့်ဆိုင်းနေသော တရုတ်တစ်သျှူးငှက်ပျောကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါးအတွက် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေသည်ဟု သိရသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်ဖွင့်ပေးမည်ဟု တရုတ်အစိုးရဘက်က ပြောဆိုခဲ့သည့် သတင်းများကြောင့် ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ငှက်ပျောကားများ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက် လွယ်ဂျယ်ဂိတ်အတွင်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားသော်လည်း ထိုနေရာတွင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးသူများသာနေထိုင်ခွင့်ရမည်ဖြစ်သောကြောင့် ကားသမားများမှာ ဂိတ်အတွင်းတွင်မနေပဲ ဂိတ်ပြင်ဘက်၌ခက်ခက် ခဲခဲ နေထိုင်နေရကြောင်း ကားသမားတစ်ဦးဖြစ်သည့် ကိုလေး က ပြောသည်။ “နေစရာနေကပေးတော့ပေးထားတယ်။ ကိုဗစ်နှစ်ခါဆေးထိုးပြီးလက်မှတ်ပါမှ သူတို့စီစဉ်ပေးတဲ့နေရာကို သွားလို့ရတာ။ အဲ့ဒါ ကြောင့် အထဲမှာနေတဲ့လူကနည်းတယ်။ လေးယောက် ငါးယောက်လောက်ပဲ ရှိတယ်။ အဓိကအဲ့အထဲမှာ သွားမနေ ကြတာက အပြင်ပြန်ထွက်လို့မရတာရယ်။ အထဲမှာက ထမင်းလည်းမချက်စားရဘူးတဲ့ အဲ့ ကြောင့်ကားသမားတွေက အပြင်မှာပဲ တဲထိုးပြီးနေကြတာ။ ဆိုင်ကနေ မှာစားမယ်ဆိုရင် ထမင်းတစ်ပွဲကို သုံးထောင်ငါးရာရှိတယ် ဆိုတော့ နှစ်ယောက်ဆိုရင် လိုက်ပွဲနဲ့ဘာနဲ့ဆိုရင် မနက်စာကိုပဲ တစ်သောင်း လောက်ကုန်မှာ တစ်ရက်ကို စားစရိတ်နှစ်သောင်းဆိုတော့ အထဲမှာနေဖို့က အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။ နယ်စပ်ဂိတ်ပြန်ဖွင့်မည်ဆိုသည့်သတင်းကြောင့် လတ်တလော နယ်စပ်ဂိတ်တွင်စောင့်ဆိုင်းနေသည့်  တရုတ်တစ်သျှူးငှက်ပျောကားအစီးရေ ၁၅၀ ကျော်ရှိပြီး ယာဉ်မောင်းတစ်ရာကျော်နှင့် ယာဉ်နောက်လိုက်တစ်ရာကျော် စုစုပေါင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါး နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေရကြောင်းကို ကားသမားတစ်ဦးက KNG သတင်းဌာန သို့ … - [KIA ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသော ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကိုလွတ်ပေးပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီချမှတ်](https://burmese.kachinnews.com/2022/01/14/jan-14-y-1/): KIA တပ်မဟာ ၂ နယ်မြေမှ ထွက်လာချိန် တနိုင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကို ပြန်လွတ်ပေးခဲ့ပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ် ၂၉ ဦးမှာ ပြီးခဲ့သောနှစ် ၂၀၂၁ မေလ ၁၅ ရက်နေ့ တနိုင်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးနောက် တရားရင်ဆိုင်ခဲ့ကြရာ ၇ လကြာပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့တွင် အသက်မပြည့်သူ လူငယ် ၈ ဦး လွတ်မြောက်လာပြီး ၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျန်သည့်လူငယ် ၂၁ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “အခု လွတ်လာတဲ့သူတွေက ၈ ဦးရှိတယ်။ ဒီလွတ်လာတဲ့သူတွေက အသက် ၁၈နှစ်အောက်ငယ်တဲ့သူတွေကြီးဘဲ ရှိသေးတယ်။ သူတို့ကို ဇူလိုင်လလောက်မှာတောင် လွတ်မယ်လို့ပြောထားတာ ဟုတ်တယ်။ ဒါပေမယ့် မလွတ်ပေးခဲ့ဘူး ၃လလောက်ကြာသွားတယ်။ ဒီဇင်ဘာ ၉ရက်နေ့မှာဘဲ အမိန်ချမယ်ဆိုပြီး တရားရုံးမှာ သူတို့ရဲ့မိဘတွေနဲ့ ဒီအမှုကို လိုက်ပေးတဲ့သူတွေ အားလုံးကို ရုံးချိန်းပြန်ခေါပြီး တစ်ခါတည်း လွတ်ပေးလိုက်တဲ့အကြောင်း အမိန့်ချလိုက်တာ ဟုတ်တယ်။ ကျန်တဲ့ ၂၁ ယောက်ကိုတော့ ပြန်မလွတ်ဘဲသေးဘဲ ထောင် ၂နှစ်စီချလိုက်တယ်” ဟု အဆိုပါလူငယ်များ၏ အမှုကို ကူညီပေးနေသူတစ်ဦးက KNG ကို ပြောဆိုသည်။ ပြန်လည်လွတ်မြောက်လာသော လူငယ် ၈ ဦးမှာ အင်ဆိုင်း(လဲ)န်လဒင့်အောင်၊ မရန်ဆိုင်းနော်၊ ဖော်မြန်းဘောက်လာ၊ လဇွမ့်ဇော်ထွယ့်၊ လရှီးနော်လွန်၊ … - [KIO နယ်မြေ အသက် ၁၂ နှစ်ပြည့်သူများကို ကိုဗစ်​-၁၉ ကာကွယ်ဆေးထိုးပေး](https://burmese.kachinnews.com/2022/01/13/jan-13-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ အသက် ၁၂ အရွယ်ကလေးများကို ယခုလမှစတင်ကာ SINOPHARM  ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဟု လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။ လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ ၁၀ ကြိမ်ထက်မနည်း စစ်ဆေးပြီးနောက် အသက် ၁၂ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။ “ အသက် ၁၂ နှစ် ဝင်ပြီဖြစ်တဲ့သူတွေကို ထိုးပေးတယ် ဒီတလော။ အားလုံး ဆေးထိုးထားနိုင်ရင်က ကိုဗစ် ရောဂါဖြစ်ခဲ့ရင်တောင် မစိုးရိမ်ရအောင် မဖြစ်အောင်လဲ ကာကွယ်နိုင်တယ်။ ကျနော်တို့ အရင်က ထိုးတဲ့ဆေး SINOVAC နဲ့ ကုမ္ပဏီတော့တူတူပဲထင်တယ် နုာမည်ပဲမတူတာ။ အခုဆေးထိုးပြီး ၂၁ ရက် ၁ လ လောက်ထိုးပြီးမှ ပြန်ထိုးတော့ antibody ပိုကောင်းမယ်ထင်တယ်။ ပြည်သူအားလုံးကို ထိုးနိုင်အောင် လုပ်ဆောင်နေပါတယ်။ ”  ဟုဆိုသည်။ ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ နှလုံး ၊ သွေးတိုးရှိသူ နှင့် ဆီးချိုရှိသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကို ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။ လက်ရှိ အသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို KIO နယ်မြေရှိ အသက် ၁၂ နှစ်အရွယ်များကို ထိုးနှံပေးနေသည်မှာ လူဦးရေ အယောက် ၁ ထောင်ကျော် နီးပါးရှိနေပြီဟု သိရသည်။ … - [မြေရှားသတ္တု တူးဖော်ရန် ချီဖွေတွင် သွားရောက်စောင့်ဆိုင်းနေသူ များပြား](https://burmese.kachinnews.com/2022/01/13/jan-13-y-1/): ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသသို့ မြေရှားသတ္ထုတူးဖော်ရန်သွားသည့် အလုပ်သမားများကို ချီဖွေမြို့ စစ်ဆေးရေးဂိတ်တွင် လူဦးရေကန့်သတ်ထားသော်လည်း စောင့်ဆိုင်းနေသူအလွန်များပြားနေကြောင်း သိရသည်။ ပန်ဝါဒေသသို့သွားမည့်အလုပ်သမားများကို ချီဖွေမြို့ ၄မိုင်ပြည်သူ့စစ်ဂိတ်တွင် Quarantine တစ်ပတ်စာအတွက် ကျပ်ငွေ ၁ သိန်းခွဲ ကောက်ခံသည့်အပြင် တစ်ပတ်လျှင် လူဦးရေ ၁၂၀ ဦးကိုသာ သွားခွင့်ပြုသော်လည်း စောင့်ဆိုင်းသူအများပြားနေသေးကြောင်း ချီဖွေဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ချီဖွေကနေ တက်လာတဲ့သူတွေ ဘယ်လောက်များများ ဂိတ်မှာ မနက် ၉နာရီကနေ ညနေ ၂နာရီလောက်အထိ တန်းစီရတယ်။ ပန်ဝါကိုသွားဖို့ တန်းစီတဲ့ သူတွေအများကြီးဘဲ။ ဘယ်လောက်ဘဲတန်းစီ လူ ၁၂၀ ပြည့်သွားပြီဆိုရင် ပြန်ခေါက်ရတယ်။ နောက်တစ်ပတ်ရောက်တဲ့အထိ ဆက်စောင့်ရတယ်” ဟု ပြောဆိုသည်။ ပန်ဝါဒေသသို့ မြေရှားတူးဖော်ရန်သွားသည့် အလုပ်သမားလူဦးရေမှာ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ယခင်ကထက် အလွန်များပြားလာသည့်အတွက် ချီဖွေ ၄ မိုင်ဂိတ်တွင် ငွေကြေးကောက်ခံကာ လူဦးရေကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဂိတ်တွင် အနယ်နယ်အရပ်ရပ်မှရောက်လာသော အလုပ်သမားများမှာ တစ်ပတ်ခန့်အကြာ ကြိုတင်လာရောက်တန်းစီမှုများရှိနေသလို တစ်ချို့မှာ အလှည့်ကျ တန်းစီမှုကို မစောင့်ဆိုင်းနိုင်သဖြင့် နေရပ်သို့ ပြန်ခေါက်သွားသူများလည်း ရှိနေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီး ၅ လခန့်အကြာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်ပြီး ပန်ဝါဒေသတွင် မြေရှားသတ္ထုတူးဖော်ရန် လူဦးရေအများအပြား ရောက်ရှိလာသည်မှာ ယခုနှစ်ဆန်းပိုင်းအထိ ဆက်တိုက်ရှိနေသည်ဟု ချီဖွေဒေသခံတစ်ဦးက ဆက်ဆိုသည်။ “စစ်တပ် အာဏာမသိမ်းခင်တော့ ဒီလောက်မဆိုးဘူး။ အခုဆိုရင် နေ့တိုင်းလိုလိုအများကြီး တက်နေကြတယ်။ ၄မိုင်ဂိတ်မှာဘဲ ဘယ်လိုဖြတ်ခိုင်းလဲတော့မသိဘူး။ ဒီကတက်သွားတာက … - [မိုးကောင်း ကြံ့ခိုင်ရေးပါတီဝင်များက Non CDM ဆရာမများကိုထောက်ပံ့ရန် ဆန်နဲ့ ငွေသားလိုက်လံကောက်ခံနေ](https://burmese.kachinnews.com/2022/01/13/jan-13-z/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက စစ်ကောင်စီအောက် အလုပ်လုပ်ကိုင်နေသော ကျောင်းဆရာများကိုထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင်စပါး ၂ တင်း ကောက်ခံနေပြီး စပါးမပေးနိုင်ပါက ငွေကျပ်တစ်သောင်းထည့်ဝင်ရန် လိုက်လံကောက်ခံနေကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်း သိရှိရသည်။ - [မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေရ](https://burmese.kachinnews.com/2022/01/12/jan-12-bs-1-3/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာမှာ ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ညနေ ၁ နာရီခန့်ကစ ဖြစ်တာ။ စစ်ကောင်စီက လွယ်ဆာရွာမှာ ရှိနေတဲ့ အချိန် ကိုးကန့်တွေ ထွက်လာတာနဲ့ ပက်ပင်း တိုးပြီး ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်။ ကြောက်လို့ ခုထိ တုန်နေတယ်။” လို့ ထွက်ပြေး တိမ်းရှောင်လာသူ ၁ ဦးက ပြောပါတယ်။ ထို့အပြင် တိုက်ပွဲကြား အိမ်တစ်အိမ်တွင် စစ်ကောင်စီက ပြည်သူ ၄ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ပိတ်မိတာတော့ မသိဘူး။ သူတို့ ဖမ်းချုပ်ထားတဲ့ ပြည်သူ ၄ ဦး၊ လုံးဝ မလှုပ် ခိုင်းပဲ စစ်ဆေးနေတယ် သိရတယ်။ အဲထဲမှာ ကျနော့် ဦးလေးလည်း ပါတယ်။ အမျိုးသား ၃ ဦး၊ အိမ်ထောင်သည် အမျိုးသမီ ၁ ဦးပါတယ်။” လို့ သူက ပြောပါတယ်။ ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လွယ်ဆာရွာ အထက်ဘက်က နောင်ဟဲန်ရွာ ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေအားလုံး ဝိန်းဆိုင်ဘက် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လွယ်ဆာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး လွယ်ဆာရွာနဲ့ နောင်ဟဲန့်ရွာကြားက တကောင်းပါတွင် ကိုးကန့် MNDAA … - [မုံးကိုးမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ကျော်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မူလိုအပ်နေ](https://burmese.kachinnews.com/2022/01/12/jan-12-bs-1-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာအပါအဝင် နေထိုင်ရန် နေရာအချို့ အခက်အခဲဖြစ်နေ‌ကြောင်း စစ်ဘေး‌ရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။ “လောလောဆယ် ဆန် ကုန်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲ ၁ ခုက စစ်ရှောင်ရမယ့် အချိန် ကြာအုံးမယ်ဆိုရင် တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်။ အချိန်တိုဆိုရင်တော့ တတ်နိုင်သလောက် ခြစ်ကုတ် စားလို့ ရတယ်။ ထပ်ကြာအုံးမယ်ဆိုရင် စားနပ်ရိက္ခာအတွက် လုံးဝ အဆင်မပြေတော့ဘူး” ဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောသည်။ လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူ ၅၆၀ ဝန်းကျင်သည် မုံးကိုးမြို့ပေါ်ရှိ လီဆူဘုရားကျောင်း၊ KBC ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်နေကြပြီး ဆက်လက်ရှောင်တိမ်းနေထိုင်ဖို့ရန် လိုအပ်ပါက စားနပ်ရိက္ခာ ပြတ်တောက်မူ အခြေနေ ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကင်းစင်လာသည််အတွက် ယင်းဘာသာရေးကျောင်းများတွင်လည်းဆုတောင်းပွဲများ ၊မင်္ဂလာဆောင်၊ စာသင်ဆောင် စသဖြင့် ပြန်အသုံးပြုရန် လိုအပ်လာသည့်အတွက် စစ်ရှောင်ပြည်သူများအနေဖြင့် အဆိုပါနေရာများတွင် နေထိုင်ရန်အတွက် နေရာအခက်အခဲရှိလာကြောင်း စစ်ရှောင်စခန်းတာဝန်ခံများမှ သိရသည်။ ထို့ကြောင့် စစ်ရှောင်ပြည်သူများ နေထိုင်ရန်‌နေရာနှင့် စစ်ရှောင်စခန်းဆောက်လုပ်ရန် ငွေကြေးများလည်း လိုအပ်နေကြောင်း စစ်ရှောင်စခန်းမှ နေရာစီမံခန့်ခွဲရေး တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။ “ကျွန်တော်တို့ စိတ်အညစ်ရဆုံး အခက်အခဲက ပထမ နေရာမရှိဘူး။ ဒုတိယ ငွေ မရှိဘူး ဖြစ်နေတယ်။ ပြောင်းရွှေ့ဖို့ ဆွေးနွေးကြည့်သေးတယ်။ နေရာပြောင်းပြီး တဲဆောက်လိုက်ရင် ရှိထားတဲ့ ပိုက်ဆံ နည်းနည်းလေးကို ကုန်သွားမှာ။ ဘာနဲ့ … - [ကသာနယ် မိုးတားကြီးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့်ဗုံးကြဲ](https://burmese.kachinnews.com/2022/01/12/jan-12-z-1/): ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က  စစ်ကောင်စီတပ် ဂျက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [မြန်မာဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးဈေးများပိုမိုကျဆင်းလာ](https://burmese.kachinnews.com/2022/01/12/jan-12-bs-1/): မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးများ ဈေးအဆမတန်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့ထိ ဖရဲသီး ၁ ကီလိုဂရမ်တွင် တရုတ်ငွေ ယွမ် ၇ ယွမ်ဝန်းကျင်ခန့်ရရှိသော်လည်း ဇန်နဝါရီလ ၁၀ရက်နေ့မှစကာ ယွမ် ၅ ယွမ်အထိ ကျဆင်းသွားကြောင်း အရှေ့မြောက်တံခါးအများနဲ့ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဦးအောင်ဆက်နိုင်က ခုလိုပြောသည်။ “၁ ကီလိုဂရမ် ကို ၇ ယွမ် ရရာကနေ ၅ ယွမ် ထိကျသွားတယ်။ ၁ တန်ကို ယွမ် ၅၀၀၀ ယွမ် ခန့်ပဲရတော့တယ်။” လို့ အရှေ့မြောက်တံခါး အများနဲ့ဆိုင်သော ကုမ္ပဏီ လီမိတက်မှ ဦးအောင်ဆက်နိုင်က ပြောသည်။ ယင်းကဲ့သို့ ဖရဲ‌သီးဈေးနူန်း ကျဆင်းလာခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနေရာဖြစ်သည့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးနေရာခက်ခဲမူနှင့် ကိုဗစ်ဂိုက်လိုင်း နှစ်နိုင်ငံ ကုန်သွင်း၊ကုန်ထုတ် ပြုလုပ်ရာတွင် အချိန်ကြန့်ကြာမူတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံဘက်မှလည်း ပုံမှန်တရက်လျှင် ကားအစီး ၇၀၀ ထိ လက်ခံ‌နေရာမှလက်ရှိချိန်တွင် ကားအစီးရေ ၄၀ ဝန်းကျင်သာ လက်ခံတော့ကြောင်း စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်ကပြောသည်။ အလားတူ ဖရဲသီးဈေးများကျဆင်းနေသည့်အပြင် တင်ပို့ရန် ကြန့်ကြာမူတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများနေသည့်အတွက် အရည်အ‌သွေးကောင်းမွန်သည့် ဖရဲသီးကား ၁ စီးလျှင် ၁ တန်ရဖို့ရန်ပင် ခက်ခဲနေသည့်အပြင် ဖရဲသီးဈေးသည်လည်း ၁တန်လျှင် ၆၀၀၀ ယွမ်မှ ၁ တန်လျှင် ၅၀၀၀ ယွမ်သာ ရရှိသည့်အတွက် ကားခမရဘဲ အစီးပြတ်ရောင်းနေရကာ လုပ်ငန်းရှင်များ … - [ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ](https://burmese.kachinnews.com/2022/01/10/jan-10-z-1/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။ “စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို ရပ်ကွက်တစ်ခုမဟုတ် တစ်ခု တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်‌ပြီး ဖမ်းနေတာ ရွှေကျီးနား ရပ်ကွက်က ဆရာမတစ်ယောက်ဖမ်းခံသွားရတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။ လက်ရှိ ဖမ်းဆီးခံသွားရသည့် ဆရာမသည် အ.မ.က မလူလာကျောင်းမှ CDMဆရာမပြုလုပ်ထားပြီး ရွှေကျီးနားရပ်ကွက်နေသည့် ဆရာမ အိလင်းခိုင်ဆိုသူဖြစ်ကြောင်း သိရသည်။ ဆရာမ အိလင်းခိုင်သည် ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ ပြောဆိုနေမူအပေါ် KNG သတင်းဌာနမှ ဆက်စုံစမ်းနေဆဲဖြစ်သည်။ ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ ဗန်းမော်မြို့အတွင်း CDM ပြုလုပ်ထားသူများ၊ PDF နှင့် ဆက်စပ်သူများအား လူဦးရေ အကန့်သတ်မရှိ ရက်အကန့်အသတ်မရှိ ရှာဖွေဖမ်းဆီးသွားမည်ဟုလည်း ဒေသခံများကပြောသည်။ “ခုအခြေနေကိုကြည့်ရင် ဖမ်းဆီးမူကတော့ ရှေ့ဆက်ဒီထက်တောင် ပိုဆိုးလာနိုင်တယ် ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့နေရာရှောင်နေသင့်တယ် ကျနော်တို့ကြားရတဲ့ သတင်းအရ သူတို့မှာ စာရင်းအတိအကျ ကောက်ထားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်ကို လိုက်စစ်နေတာလို့ ပြောတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၃၁၆ ဦးအား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် လူငယ်များအား ဆက်လက်ဖမ်းဆီး … - [မီတာခမတရားကောက်ခံနေသည့် ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများကို ဟိုပင် PDFက သတိပေး](https://burmese.kachinnews.com/2022/01/10/jan-10-y-2/): ပြည်သူများထံမှ လျှပ်စစ်မီးသုံးဆောင်ခ မတရားကောက်ခံနေသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများက ဟိုပင်ဒေသ PDFများက သတိပေးစာထုတ်ပြန်ထားသည်။ ဟိုပင်လျှပ်စစ်ဝန်ထမ်းများသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ မီတာစာရွက်လာရောက်ဖတ်ခြင်းမပြုဘဲ ပြည်သူများထံမှ မီတာခမတရားကောက်ခံမှုများပြုလုပ်နေပြီး မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည် ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိနေသောကြောင့်ယခုကဲ့သို့ သတိပေးစာထုတ်ပြန်ရခြင်းဖြစ်ပြီး ဟိုပင် PDF မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။ “အဲ့ဒီထုတ်ပြန်ထားတဲ့ကိစ္စက ကျွန်တော်တို့ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့တဲ့မြေပြင်အခြေအနေအရ ပြီးတော့ တာဝန်သိပြည်သူတွေရဲ့သတင်းပေးချက်အရကောဒီလျှပ်စစ်ဝန်ထမ်းကနေပြီးတော့မှ မီတာ ကိုဆောင်ခိုင်းတယ် မဆောင်ရင်မီးဖြတ်မယ်လို့ပြောတယ်။အဲ့လိုခြိမ်းခြောက်မှုတွေရှိတယ် အဲ့ဒါ ကြောင့် နောက်ထပ်ဒီလိုခြိမ်းခြောက်မှုတွေ ကောက်ခံမှုတွေမရှိအောင်ပေါ့ ပြည်သူတွေအတွက်ဖြစ်ပါတယ်’’ဟု ဟိုပင် pdfအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထုတ်ပြန်ချက်အား လိုက်နာမှုမရှိ ပါက ထိရောက်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများထံ KNGသတင်းဌာနက ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ ရာ ဟိုပင်မြို့နေသူတစ်ဦီးက ယခုကဲ့သို့ပြောသည်။ “အခုက မီတာလည်းမဖတ်ဘူးလေး မီတာမဖတ်ပဲနဲ့ပိုက်ဆံကို ငါးသောင်း ခြောက်သောင်း ဆိုပြီးတောင်းကုန်တာ။မီတာ ခကိုလည်းမဖတ်ပဲနဲ့ ရေခဲသေတာသုံးတယ် ဘာသုံးတယ်အဲ့ လိုမျိုးတွေပြောပြီးမှ မီတာခတွေလျှောက် ကောက်တာ။ဟိုတစ်လကနေ စကောက်တယ်’’ဟု ဟိုပင်မြို့နေသူအမျိုးသမီးတစ်ဦီးကပြောသည်။ ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများအနေဖြင့် မီတာခကိုမတရားကောက်ခံပြီး မီတာခမပေးဆောင်ပါက မီးဖြတ်တောက်မည်ဟု ပြောဆိုမှုများရှိနေသော်လည်း လတ်တလောတွင် မီးဖြတ်ခံရသည့် နေအိမ် မရှိသေးကြောင်း သိရသည်။ “မီတာခကတော့ ဆောင်တဲ့လူတွေတော့ဆောင်ကြတယ် တချို့လည်းလုံးဝမဆောင်ကြတာရှိတယ် မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ခြိမ်းခြောက်ပေမယ့် လက်ရှိချိန်ထိတော့ လက်တွေ့မီးဖြတ်ခံ ရတဲ့နေအိမ်တော့မရှိသေးပါဘူး’’ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဟိုပင်မြို့နေသူအမျိုးသမီးတစ် ဦိးကပြောသည်။ ထို့ပြင် ဟိုပင်မြို့တွင် လျှပ်စစ်မီးကို နိုင်ငံတော်၏မဟာဓာတ်အားလိုင်းမှ သွယ်တန်းအသုံးပြုနေခြင်းဖြစ်ပြီး ပြည်သူများအား ဆက်လက်ခြိမ်းခြောက် မတရားအခွန်ထပ်ကောက်နေမည်ဆိုပါက Non-CDMလျှပ်စစ် … - [ဝိုင်းမော်မြို့၊ ဈေးကြီးအပြင်ဘက် ရောင်းချသည့်ဈေးသည်များ ရောင်းချခွင့်အချိန်ကန့်သတ်ခံရ](https://burmese.kachinnews.com/2022/01/10/jan-10-y-1/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ကျန်စစ်သားလမ်းပေါ်တွင်ရှိသော နံနက်စျေးတွင် လာရောက်ရောင်းချသည့် အပြင်စျေးသည်များထံမှ အခွန်မရရှိသဖြင့် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချခွင့်ကို အချိန်ကန့်သတ်လိုက်သောကြောင့် အပြင်စျေးသည်များ စျေးဆက်ရောင်းချရန် ပြသနာအခက်အခဲကြုံတွေ့နေရကြောင်း ဈေးသည်များထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ရက် ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချသည့် အပြင်စျေးသည်များအား နံနက်ပိုင်း ၇နာရီခွဲအထိသာ စျေးရောင်းချခွင့်ပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ကျော်လွန်ပြီးရောင်းချပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လိုက်လံခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဝိုင်းမော်ဒေသခံစျေးသည်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ သည်။ “ဝိုင်းမော်နံနက်စျေးက အတွင်းအပြင်ဆိုပြီး ၂မျိုးခွဲထားတယ်။ အပြင်မှာရောင်းတဲ့သူတွေက ရွာကလူတွေဘဲ လာရောင်းကြတယ်။ အပြင်စျေးက စျေးသက်သာတယ်။ အတွင်းစျေးက အပြင်စျေးထက် စျေးကြီးတယ်။ အဲ့ကြောင့် စျေးဝယ်တဲ့သူတွေက အပြင်စျေးမှာဘဲဝယ်ကြတာများတယ်။ ဒါကို အတွင်းမှာရောင်းတဲ့ စျေးတစ်ချို့က မကျေနပ်လို့ စည်ပင်ကို သွားတိုင်တယ်လို့ကြား တယ်။ အဲ့တော့ စည်ပင်အဖွဲ့က အပြင်မှာရောင်းတဲ့ အပြင်သည်တွေကို ၇နာရီခွဲအထိဘဲရောင်းခွင့်ပေးတော့တယ်။ ဒီကနေ့မနက် လော်နဲ့ လာပြောသွားတယ်။ အပြင်စျေးသည်တွေက စိတ်မကောင်းကြဘူး။ ဒီမနက်တောင် စည်ပင်အဖွဲ့နဲ့ စျေးသည်တွေရန်ဖြစ် ကြတယ်။ သူတို့သတ်မှတ်ပေးတဲ့ အချိန်က ၁နာရီခွဲ ၂နာရီဝန်းကျင်လောက်ဘဲရှိတယ်။ အချိန်အရမ်းနည်းတယ်။ စည်ပင်ဘက်က အပြင်စျေးသည်တွေဆီက အခွန်မရတော့ အခုလိုလုပ်တယ်လို့ဘဲမြင်တယ်”ဟုပြောဆိုသည်။ လက်ရှိအချိန်ကန့်သတ်ချက်ထုတ်ပြန်မှုမှာ အပြင်မှလာရောက်ရောင်းချသည့် အပြင်စျေးသည်များအတွက်သာဖြစ်ပြီး စျေးအတွင်း ရောင်းချသူများကို တစ်နေ့သာလုံး အကန့်အသတ်မရှိ ရောင်းချခွင့်ပေးထားကြောင်းသူက ဆက်ဆိုသည်။ ဝိုင်းမော်မြို့ နံနက်စျေးတွင် အပြင်စျေးသည်များအား ပုံမှန် နံနက်ပိုင်း ၁၁နာရီဝန်းကျင်အထိရောင်းခွင့်ပေးထားပြီး ယခင်ခွင့်ပြုထားသည့် အချိန်အတိုင်း ပြန်လည်ရောင်ချခွင့်ရချင်သည်ဟု နောက်ထပ်စျေးသည်တစ်ဦးက ယခုလိုပြောဆိုခဲ့သည်။ “စျေးသည်တွေကို ၇နာရီခွဲလောက်မှာ ပြန်သိမ်းခိုင်းတာက … - [( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်](https://burmese.kachinnews.com/2022/01/10/jan-10-l-p-1/): ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားများ၏ နေအိမ်အချို့တွင် ကချင်အမျိုးသားအလံလွှင့်တင်ကာ ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒေသခံတစ်ဦးကခုလိုပြောသည်။ “ကချင်​ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။ မိဘအနေနဲ့ သိသလောက်ပြောပြဖြစ်တယ်။” လို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးကပြောသည်။ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မနက် ၆ နာရီမှစကာ ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြပြီး မိသားစုတွေအလိုက် စည်းဝေးဆုတောင်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။ ထို့ပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ယခင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါအခြေနေကြောင့် မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကချင်ပြည်နယ်အစိုးရရုံးတွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြသည်။ အလားတူ (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်သည်လည်း မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ WMR (ကချင်အမျိုးသားအတိုင်ပင်ခံရုံး) တွင် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ရကြောင်း ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးက ခုလိုပြောသည်။ “ကျနော်တို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ကနေပြီး ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲလုပ်တယ်။ အရင်နှစ်တွေအတိုင်းပဲ Kachin State Day ကို ကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကချင်အလံကို လွှင့်ထူပြီး ကြိုဆိုကြတယ်ပေါ့။ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လဲ ကိုယ်အဆင်ပြေသလို ဆုတောင်းချီးမွမ်းပွဲလုပ်လို့ရအောင် ရည်ရွယ်တာပေါ့။” ဟု KNG ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။ အလားတူ ယခုနှစ်တွင် ဝိုင်းမော်မြို့ ၊ဖားကန့်မြို့နှင့် ဗန်းမော်မြို့တွင်လည်း နေအိမ်အချို့တွင် … - [ခေါင်လန်ဖူးဒေသသို့ နယ်လှည့်ဆေးကုမည့် အစီအစဥ်အတွက်ပရဟိတ ဆရာဝန်နှစ်ဦးအရေးပေါ် လိုအပ်နေ](https://burmese.kachinnews.com/2022/01/08/jan-8-ab-1/): ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်သို့ ၁ လကြာ နယ်လှည့်ဆေးကုသမည့်အစီအစဥ်တွင် ပါဝင်ကူညီပေးနိုင်မည့်ပရဟိတ ဆရာဝန်နှစ်ဦးလိုအပ်နေကြောင်း သိရသည်။ ”ကျွန်တော်တို့ဆီမှာ ဆေးဝါးတွေတော့ ရောက်သင့်သလောက်တော့ရောက်ပြီ။ လောလောဆယ်က ကျွန်တော်တို့ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းထဲက ဆေးအဖွဲ့တွေပဲဖြစ်နေတယ်။ ပရဟိတဆရာဝန်နှစ်ယောက်လောက်ဆိုပြီး အကူအညီတောင်းနေတာ မရသေးဘူးဖြစ်နေတယ်။ ဆေးဝါတွေတော့စုဆောင်းထားပြီ လိုအပ်တာတွေလည်းရှိတော့ရှိတယ် သို့ပေမယ့် အဓိကလိုအပ်နေတာက ဆရာဝန်နှစ်ယောက်လိုနေတာ တစ်လလောက်ကြာမှာဆိုတော့ ဆရာဝန်တွေကအ့လောက်အချိန်ပေးနိုင်တဲ့လူမရဘူးဖြစ်နေတယ်” ဟု ပန်းဥယျာဥ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းအနေဖြင့် လာမည့်ဖေဖော်ဝါရီလတွင် သွားရောက်ဆေးကုသရန်စီစဥ်ထားပြီး ရှိန်းခေါင်ရွာ၊ အမတ်ဂျုံရွာနှင့် အနီးတဝိုက်ရှိကျေးရွာများအားလုံးတွင် လှည့်လှည်ဆေးကုသပေးသွားမည်ဖြစ်ပြီး လိုအပ်လာပါက ခွဲစိတ်ကုသပေးရန်အထိ ပြင်ဆင်ထားသောကြောင့် ဆရာဝန်လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့ဘက်ကပြင်ဆင်ထားတာကတော့ ကြုံရင်ကြုံသလိုပေါ့ ခွဲစိတ်ကုသရမယ့် လူနာကြုံလာရင်ခွဲစိတ်ကုသမယ် အခြေခံဆေးဝါးကုသရေး ပေါ့။ အဲလောက်အတိုင်းအတာအထိ သွားသွားရောက်ကုသဖို့ပြင်ဆင်ထားတယ်” ဟု အသင်းတာဝန်ရှိသူကပြောသည်။ ရှိန်းခေါင်ဒေသဘက်သည် ကချင်ပြည်နယ်အတွင်း၌ လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးဒေသဖြစ်သည့်အတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုအားနည်းနေပြီး ဆေးဝါးရှားပါးသည့်အတွက် ကျန်းမာရေးအကူ အညီများစွာ လိုအပ်နေသေးကြောင်း သိရသည်။ ”အဲ့ဘက်ဒေသကို ကျွန်တော်ရောက်ဖူးတယ်။ ခေါင်လန်ဖူးအထိကားလမ်းပေါက်တယ်ဆိုပေမယ့် အခုမှကားလမ်းစပေါက်တာ တာပေမယ့်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့” Zero ”ပေါ့။ လုံးဝ zero ပဲ ကျန်းမာရေးစောင့်ရှောက်မှုအရမ်းအားနည်းတယ်။ အမတ်ဂျုံတို့ ဘက်က ရွာတွေဆိုရင် တကယ်ဆေးဝါးလိုအပ်ပြီးမှ တကယ်ဆရာ/ဆရာမတွေလိုအပ်တဲ့ဒေသ ဟုတ်တယ်။” ဟု ယင်းဒေသဘက်တွင်ရောက်ဖူးသည့် ပူတာအိုမြို့နေသူ အားဒီးက ပြောသည်။ ရှိန်းခေါင်၊ အမတ်ဂျုံဒေသဘက်သည် တရုတ်ပြည်နှင့်နယ်နမိတ်ချင်းထိစပ်နေပြီး ပုံမှန်အားဖြင့်ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်များအတွက် တရုတ်ပြည်နယ်စပ်ကို အားထားလျက်ရှိရာလတ်တလောတွင် နယ်စပ်ဝင်ပေါက်များကို တရုတ်အစိုးရဘက်က ပိတ်လိုက်သောကြောင့် ပိုမိုခက်ခဲလာရခြင်းဖြစ်ကြောင်းသိရသည်။ ပန်းဥယျာဥ်လူမှုကူညီရေးအသင်း၏ ရှိန်းခေါင်ဒေသဘက်နယ်လှည့်ဆေးကုမည့် အစီအစဥ်တွင် ပရဟိတဆရာဝန်များပါဝင်ကူညီလိုပါက ဖုန်းနံပတ် … - [စီစီဝမ် တောင်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဖြစ်](https://burmese.kachinnews.com/2022/01/08/jan-8-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲက သမိုင်းဝင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့တဲ့ စီစီဝမ်တောင်ဘက်မှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်မနက်အစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနက်အစောပိုင်း ၁ နာရီခန့်ကြာနှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရကြောင်း “လက်နက်ကြီး သူတို့ ထမ်းသွားတဲ့ဟာမျိုး အမြှောက်သေးတော့ ပစ်တယ်ထင်တယ်။ အသံကြားတယ်။ ဒီအမြောက်တပ်ကနေ အမြှောက်ကြီးတွေတော့ ပစ်ကူပေးတာတော့ မရှိဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ စီစီဝမ်တောင်ပေါ်ကို တက်လာတဲ့ စစ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၈ ရက်မနက် ၆ နာရီ ခွဲ ဝန်းကျင်ကစ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်း ရင်းမြစ် ၁ ဦးက ပြောပါတယ်။ နောက်ထပ် ဒေသခံ ၁ ဦးက “တပ်မဟာ ၆၊ တပ်ရင်း ၃၆ ဘက် တိုက်ပွဲ ဖြစ်နေတယ်။ မုံးပေါ်ဈေးရွာ ဆုတောင်းတောင် အနီးတဝိုက်ဘက်လည်း ၁၀ မိနစ်ကျော် ပစ်ခတ်သံတွေ ကြားရတယ်။” လို့ ပြောပါတယ်။ “ဒီနေ့လည်း ကျနော်တို့ ဆင်းလာပြီးနောက် စီစီဝမ်တောင်ပေါ်မှာ တိုက်ပွဲ ဖြစ်တယ်။” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ ကြူကုတ် … - [ဂိတ်စခန်းဖွင့်ကာ ငွေကြေးကောက်ခံနေသော ဝူယန်ပြည်သူ့စစ်ဂိတ်ကို PDF မှ သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2022/01/08/jan-8-y-1/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင် အသစ်တပ်ချထားသည့် ပြည်သူ့စစ်ဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ PDF အဖွဲ့က ပျောက်ကျားစနစ်ဖြင့် လက်နက်ကြီး ၅ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကျနော်သိရတာက PDF ဘက်ကနေ ပျောက်ကျား စနစ်နဲ့ လာပစ်သွားတယ်လို့ပြောတယ်။ PDF အဖွဲ့က​ လီဆူ ပြည်သူ့တပ်စခန်းဘက်ကို လက်နက်ကြီး ၅ ခေါက်လောက်ရှိတယ်။ အပြင်ကနေ မမြင်ရတော့ ထိခိုက်မှုတွေက မသိရသေးဘူး။ ဒါပေမယ့် စျေးဆိုင်တစ်ခုမှာတော့ အိမ်ခေါင်မိုးထိသွားတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ PDF အဖွဲ့က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့သည့်နောက် အဆိုပါပြည်သူ့စစ်တပ်စခန်းဘက်မှလည်း အကြိမ် ၂၀ ခန့် တန်ပြန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ ပြည်သူ့စစ်ဂိတ်ရှေ့မှ သွားလာဖြတ်သန်းသည့် ပြည်သူများကို စစ်ဆေးမေးမြန်းမှုများတင်းကြပ်နေပြီး ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း နောက်ထပ်ပြည်သူတစ်ဦးထံမှသိရသည်။ “အခုက အဲ့ ပြည်သူ့စစ်ဂိတ်မှာ အဝင်အထွက်အားလုံးကို စစ်ဆေးနေတယ်။ ခဏက ပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်လို့ကြားတယ်။ ရပ်ကွက်မှူးအဖွဲ့တွေ ပြောပြလို့သိရတယ်”ဟုပြောဆိုသည်။ ဝူယန်ပြည်သူ့စစ်ဂိတ် ယနေ့ တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့ကလည်း KIA က ပထမအကြိမ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်သူ့စစ်ဂိတ်ကို ဝူယန်ကျေးရွာ နံနက်စျေးအနီးတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက ဒေသခံများက ကန့်ကွက်သည့်ကြား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတပ်စခန်းကို ဖယ်ရှားပေးရန် … - [မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ](https://burmese.kachinnews.com/2022/01/07/jan-7-lp-1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။ မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။ “ အဲ့မှာ ရွှေတူးနေတဲ့ အင်လားနော်အောင် အရင်ကတော့ ဒီအထက်ဘက်မှာနေတယ် အခုတော့ စီတာပူမှာ နေတယ်ကြားတယ် ငါးကန်လုပ်မယ်ဆိုပြီး ပြောတယ်။ ရပ်ကွက်ကသူတွေကိုလည်း ငါးကန်လုပ်ဖို့ လက်မှတ် လိုက်ထိုးခိုင်တယ်လို့ ကြားတယ်။ ဘယ်သူတွေ ထိုးလည်းတော့ မသိဘူး။ အခုသူက ငါးကန်တော့ မလုပ်ပဲ ရွှေတူးတဲ့ လုပ်ငန်းကို လုပ်နေတယ်။ သူငါးကန်လုပ်မယ် ပြောတဲ့နေရာမှာ ရေလဲမရှိဘူး။ ငါးကန် လုပ်မယ်ဆိုပြီး အပေါ်ပိုင်း မြေကြီးတွေကိုတော့ ခွာတူးပြီး အောက်ကမြေကြီးတွေကို ကားပေါ်တင်သွားပြီး ဘယ်ကို သွားပုံလည်းမသိဘူး ကျမတို့ စောင့်ကြည့်နေတယ်။ ညတော့ မြေကြီးတွေ တင်တယ်ကြားတယ်။ ၁ ဧက လောက်တော့ ရှိပြီထင်တယ် တူးနေတာ။” ဟု အမည်မဖော်လိုသည့် မြစ်ဆုံ ဒေသခံတစ်ဦးက KNG ကချင် သတင်းဌာနကို ပြောပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလကစတင်ပြီး မြစ်ဆုံဒေသတွင် အကြီးစား စက်ယန္တရားကြီးများ အသုံးပြုပြီး တူးဖော်နေသော်လည်း အဆိုပါလုပ်ငန်းများကို ရပ်တန့်စေလိုသောဒေသခံများက မည်သည့်အဖွဲ့အစည်းထံသို့ တိုင်ကြားရမည်ကို မသိဘဲ အခက်ကြုံနေရသည်ဟု ဆိုသည်။ ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်နေသူများထဲတွင် စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ … - [ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ](https://burmese.kachinnews.com/2022/01/06/jan-6-f2/): ကချင်-တရုတ်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ကုန်ဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖွင့်ရန် သဘောတူညီမှုရှိခဲ့သော်လည်း ကိုဗစ်ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံဘက်က ဂိတ်မဖွင့်သေးသောကြောင့် တရုတ်သို့တင်ပို့မည့် စိုက်ပျိုးသီးနှံများပျက်စီးသွားသဖြင့် စွန့်ပစ်နေရကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ် ကုန်ရေးဂိတ်ကို တရုတ်အစိုးရဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းကပိတ်ထားခဲ့ရာ ကုန်သွယ်ရေးလမ်းကြောင်းရပ်နားထားသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီ ဖြစ်ပြီး တရုတ်သို့တင်ပို့ရန်စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံများ တင်ပို့ခွင့်မရပဲ အမည့်လွန်ပြီး ထုတ်လုပ်ချိန် ကျော်လွန်နေသောကြောင့် စွန့်ပစ်နေရကြောင်း ငှက်ပျောစိုက်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”ပို့ခွင့်မရတော့ ဒီလိုပဲစွန့်ပစ်နေရတာ။ ဖရဲသီးကပိုဆိုးတယ် အ့ဘက်က ဖရဲသီးစိုက်တာပိုများတယ် ဝယ်လက်ကလည်းမရှိ တဲ့အခါမှာ စွန့်ပစ်ဖို့နေရာတောင်မရှိဘူး စွန့်ပစ်ဖို့နေရာ မရှိလို့ပိုက်ဆံပေးပြီးစွန့်ပစ်နေရတဲ့အနေအထားတွေဖြစ်နေတယ် ရှုံးတဲ့ထဲမှာ ထပ်ပြီးတော့ကို အရှူံးခံရတဲ့သဘောမျိုးကိုဖြစ်သွားတယ်။”ဟု ငှက်ပျောစိုက်သူတစ်ဦးကပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အဓိကပို့ကုန်မှာ တစ်သျှူးငှက်ပျော်၊ ဖရဲ၊ သခွား၊ ကြံတို့ဖြစ်သည်။ တရုတ်အစိုးရဘက်က ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ခဲ့ပါက တင်ပို့ရန်အသင့်စောင့်ဆိုင်းနေသော သီးနှံပိုင်ရှင်များသည် အရှုံးပေါ်နေရကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုးသူများအသင်းမှ အတွင်းရေးမှူး ဦးဂန်အောင် က ယခုကဲ့သို့ ဆိုသည်။ ”လွယ်ဂျယ်ဂိတ်ကို ကျွန်တော်တို့က နှစ်ဖက်နိုင်ငံက ကိုယ်စားလှယ်တွေ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ ညှိနှိုင်းတိုင်ပင်ကြတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ဖွင့်ရအောင်ဆိုပြီး သဘောတူညီချက်ရထားရှိပြီးပေမယ့်လည်း ဒီ ၃၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့မှာပဲ ဒီဗန်းမော်ခရိုင်ဘက်ကနေပြီးမှ ထွက်ရှိတဲ့ သီးနှံတွေဖြစ်တဲ့ ငှက်ပျောတို့၊ ဖရဲတို့နောက်ပြီးရင် ကြံတို့အားလုံးကလည်း သခွားတို့အားလုံးကလည်း ရပ်တန့်းစောင့်ဆိုင်းနေရတယ်သူတို့လည်း ပျက်စီးရှူံးဆုံးမှုနဲ့ကြုံရမှာပါပဲ”ဟု ၎င်းကပြောသည်။ လက်ရှိရာသီသည် ငှက်ပျော၊ ဖရဲ၊ သခွားတင်ပို့ရမည့်အချိန်ဖြစ်ပြီး သီးနှံစိုက်ပျိုးသူများအနေဖြင့်လည်း သီးနှံစိုက်ပျိုးရေးတွင် … - [ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2022/01/06/jan-6-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဇန်နဝါရီလ ၂ ရက်နေ့ကနေ မနေ့က ၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့က နံနက်ပိုင်း ၁၀ နာရီကနေ ည ၁၀ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း ၃၆ နယ်မြေကို စစ်ကောင်စီ စကခ – ၁၇ အောက် ခမရ – ၃၃၂ တပ်ဖွဲ့က ဝင်ရောက်လာတာကြောင့် ဖွန်းပြန်ယန် အထက်က ကားတိုင်ကုန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာကနေ လက်နက်ကြီး ပစ်နေတာ ၈ ကြိမ်လောက်ရှိပြီ။ ဖွန်းပြန်ယန်ဘက်လို့ ပြောတယ်။ နေ့လည်ကလည်း ရွာကနေ လက်နက်ကြီး ပစ်တယ်။ စစ်ကောင်စီက ပိုက်ဆံ အများကြီးပေးပြီး လိုက်ပို့တဲ့ သူ ငှားတယ်ကြားတယ်။ အတိအကျတော့ မသိဘူး” လို့ ဒေသ ခံ ၁ ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုများလာတာကြောင့် အင်အားထပ်ဖြည့်လာတဲ့အပြင် လက်နက်ကြီး ရမ်းသမ်း ပစ်ကူနေကြောင်း သူက ဆက်ပြောပါတယ်။ “ဘယ်လောက် သေဆုံး ဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး။ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ထိခိုက် ဒဏ်ရာရတာ များလာလို့ မိုင်းယု ၁၀၅ မိုင်နဲ့ မိုင်ဖန်ရွာ ကနေ … - [မြစ်ကြီးနား ဇီးအွန် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ရန် လိုအပ်နေ](https://burmese.kachinnews.com/2022/01/06/jan-6-f-1/): အိမ်ထောင်စု တစ်ရာကျော် မှီတင်းနေထိုင်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် (ဇီးလွန်) စစ်ရှောင်စခန်းတွင် အစားအသောက်အတွက် အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ ”ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်တော့ အစားအသောက်ပဲခက်ခဲနေတယ်။ အစားအသောက်ကအရင်ကဆိုရင် လူကယ်ပြန်ကလာပေးတယ် ဆန်တွေဘာတွေလာပေးတယ်။ အခုတစ်လ နှစ်လတော့ လာပေးတာမရှိတော့ဘူး။ နေ့စားသွားပြီးမှ ဝယ်စားနေရတာ။ အလုပ်ကလည်း နေ့တိုင်းမရှိတော့ ခက်ခဲနေတာ”ဟု ၎င်းကပြောသည်။ ဇီးအွန် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၆၉၇ ဦး မှီတင်းနေထိုင်နေပြီး ဒီဇင်ဘာလနှင့် ယခုလအတွင်း မည့်သည့် အထောက်အပံ့မျှမရှိသေးသည့်အတွက် ပိုမိုခက်ခဲလာကြောင်း ၎င်းကဆက်ပြောသည်။ ယခင် ဇီးအွန်စစ်ရှောင်စခန်းတွင် လူကယ်/ပြန်ဌာနမှ လူတစ်ဦးလျှင် ဆန် ၇ ပြည်နှုန်းဖြင့် နောက်ဆုံးအကြိမ်လာရောက်ထောက်ပံ့ထားခဲ့သော်လည်း နိုဝင်ဘာလမှစကာ ထောက်ပံ့မှုမရှိတော့သည့်အပြင် အခြားအဖွဲ့အစည်းများလည်း လာရောက်ထောက်ပံ့ခြင်း မရှိကြောင်း သိရသည်။ ”အခုနောက်ပိုင်းက အရင်လို အဖွဲ့အစည်းတွေလည်း အထောက်အပံ့မရှိသလောက်နည်းသွားတယ်။ ပြီးတော့အရင်ကဆိုရင် ကလေးတွေလည်း ဆိုင်မှာတွေမှာအလုပ်ဝင်လုပ်တဲ့လူရှိတဲ့ မိသားစုဆိုရင်သူတို့က ပြန်ထောက်ပံ့နိုင်တယ်။ အခုက ကလေးတွေလည်းအရင်လိုအလုပ်မရှိတော့ ပိုပြီးခက်ခဲလာတယ်။ စားသောက်ရေးကတော့” ဟု ဇီးအွန်းစစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။ ဇီးအွန် စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ထွက်ပြေးလာသော စခန်းတစ်ခုဖြစ်သည်။ - [ပူတာအိုဒေသခံများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တံတားပေါင်း ၄၀ ခန့် ဆောက်လုပ်ပြီးစီး](https://burmese.kachinnews.com/2022/01/06/jan-6-y-1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဝေးလံခေါင်ဖျားသောဒေသများတွင် ကျေးရွာချင်းဆက် တံတားများ ယိုယွင်းပျက်စီးမှုကို သက်ဆိုင်ရာကလုပ်ဆောင်ပေးခြင်းမရှိသောကြောင့် ဒေသခံများ ကိုယ်ထူကိုယ်စနစ်ဖြင့် ဆောက်လုပ်သော လမ်းတံတားပေါင်းမှာ ၇ လအတွင်း ၄၀ ဝန်းကျင်ခန့်ရှိပြီဟု သိရသည်။ - [တိရိစ္ဆာန်မျိုးပေါင်း ၂၀ ကျော်ခန့်ပါသော တိရိစ္ဆာန် ဥယျာဉ်တစ်ခု မြစ်ကြီးနားမြို့ပြင်တွင် ဖွင့်လှစ်ရန် စီစဉ်နေ](https://burmese.kachinnews.com/2022/01/05/jan-5-f-2/): ကချင်ပြည်နယ် မြစ်ကြီးနားမြိုပြင် လွယ်ခေါကျေးရွာတွင် ဆောက်လုပ်ထားပြီဖြစ်သော Victory Garden တိရိစ္ဆာန်ဥယျာဉ်တစ်ခုကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တိရိစာန်အမျိုးပေါင်း ၂၀ ကျော် ဖြင့် စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ “အခု အားလုံးကတော့ ပြီးသလောက်ရှိနေပြီ။ အခုက အချောပိုင်းဝင်နေသေးတယ်။ အခုရက်သတ်မှတ်ထား တယ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖွင့်ပွဲလုပ်မယ်။ အခုက တိရိစာန်မျိုးစုံက ၂၄ မျိုးလောက်ရှိတယ်။ လောလောဆယ်အကြီးဆုံးကတော့ ငှက်ကုလာအုပ်တွေ ထားထားတယ်။ အကောင်တွေကတော့ အခုကချင်ပြည်နယ်မှာထွက်တဲ့အကောင်တွေကတော့ တော်တော်များများစုံနေပါပြီ’’ ဟု ယင်း တိရိစ္ဆာန်ဥယျာဉ်ပိုင်ရှင်က ပြောသည်။ အဆိုပါ တိရိစ္ဆာန်ဥယျာဉ် ဖွင့်လှစ်ခဲ့ပါက နေ့၊ ည ၂၄ နာရီဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ၃၀၀၀ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၂၀၀၀ ကျပ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းတိရိစ္ဆာန်ဥယျာဉ်မှာ ကချင်ပြည်နယ်တွင် ပထမဆုံးဖြစ်လာမည့် ဥယျာဉ်ဖြစ်ပြီး တိရိစာန်ဥယျာဉ်ဖွင့် လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဥယျာဉ်ပိုင်ရှင်က ယခုကဲ့သို့ပြောသည်။ ‘’ရည်ရွယ်ချက်ကတော့ ကိုယ့်ပြည်နယ်သာယာအောင်ပေါ့။ တခြားမြို့တွေမှာသွားလည်တဲ့အခါ တိရိစ္ဆာန်ဥယျာဉ်လေးရှိတော့ ကိုယ့်ကချင်ပြည်နယ်မှာလည်း တိရိစ္ဆာန်ဥယျာဉ်လေးရှိစေချင်တယ်။ ကချင်ပြည်နယ်ကို လာလည်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွင့်တာပါ’’ ဟု ၎င်းကပြောသည်။ အဆိုပါတိရိစ္ဆာန်ဥယျာဉ်ကို မြစ်ကြီးနားဒေသခံ လုပ်ငန်းရှင်တစ်ဦးက ဖွင့်လှစ်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ - [ရေဦးမြို့နယ် အင်တော်အုပ်စု အထက်တန်းကျောင်း ကော်မတီဝင် ၂ဦးကို စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်](https://burmese.kachinnews.com/2022/01/05/jan-5-z-2/): စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောအုပ်စု အင်တောကျေးရွာမှ ကျောင်းကော်မတီဝင် ၂ ဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံရင်းမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ” အမှန်တော့ အဲရွာက တစ်ရွာလုံးနီးပါး စစ်ရှောင်နေတာ။ အဲဒါ ကျောင်းကော်မတီဝင် နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်ယူတာ။ အဲမှာစစ်ကောင်စီတပ်က ပစ်သတ်သွားတယ်ဆိုတာတော့ သိရတယ်။ ဒီနေ့မှ စစ်သားတွေလည်း ရွာကထွက်သွားမှ မိသားစုဝင်တွေ အလောင်းကိုပြန်ရှာတာ စာသင်ကျောင်းနောက်ဘက်မှာ မီးရှို့သတ်ထားတာတွေ့ရတယ်” ဟု ဒေသခံရင်းမြစ်တစ်ဦးက ပြောသည်။ မီးရှို့ခံရသည့် ကျောင်းကော်မတီဝင် ၂ဦးသည် ဦးမောင်မြင့်(၄၅)နှစ်နှင့် ဦးတင်သောင်း(၄၀)နှစ်တို့ဖြစ်‌ကြောင်း သေဆုံးသူ နှစ်ဦးသည် ညီအစ်ကို ဝမ်းကွဲတော်စပ်ကြောင်း ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ လဆန်းမှစတင်ကာ အင်တောရွာ အထက်တန်းကျောင်းတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကာ ယနေ့မှ ရွာမှပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ” မနေ့က သတ်တာလား ဘယ်နေ့သတ်တာလဲဆိုတာတော့ တိတိကျကျ မသိရဘူး။ ဒီနေ့ စစ်သားတွေရွာက ထွက်သွားတဲ့နောက်မှ မီးရှို့ခံထားရတာ သူတို့နှစ်ယောက်မှန်း သိရတယ်။ တစ်ကယ်ရိုးသားတဲ့သူတွေကိုဗျာ လုပ်ရက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲခြင်းများ ဒေသခံပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်များလည်း ပိုမိုများလာဆဲဖြစ်သည်။ - [မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ](https://burmese.kachinnews.com/2022/01/05/jan-5-f1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဂျန်မိုင်ကောင်ရပ်ကွက်၊ နယ်မြေ ၁၀ တွင် နေထိုင်သည့် ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဒေါ်ခေါန်ဆန်နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေါ်ခေါန်ဆန် နေအိမ်အတွင်းမှ ဒေါ်ခေါန်ဆန်နှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးခံလိုက်ရကြောင်း အနီးဝန်းကျင်တွင် နေထိုင်သည့် မျက်မြင်တွေ့သူတစ်ဉီးက ဆိုသည်။ “မူးယစ် ရဲတပ်ဖွဲ့တွေက မူးယစ်ဖမ်းဝရမ်းနဲ့ လာရှာဖွေတာလို့သိရတယ် ဒေါ်ခေါန်ဆန်ကိုလည်း ဖမ်းသွားတယ် ပြီးတော့ သူ့ရဲ့ နေအိမ်ထဲက မူးယစ်ဆေးဝါး ဘိန်းဖြူတွေပါတယ်။ ပြီးတော့ စိတ် ကြွဆေးပြားတွေလည်းအများကြီးပါတယ်။ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်းငါးထောင် ခြောက်ထောင်ကျော်ဖိုးအဖမ်းခံလိုက်ရ တယ်လို့သိရတယ်။”ဟု အနီးဝန်းကျင်တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးကပြောသည်။ ဖမ်းဆီးခံလိုက်ရသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၃ ဒဿမ ၇၅)ကီလိုဂရမ် နှင့် စိတ်ကြွဆေးပြား စုစုပေါင်းအလေးချိန် (၃၃ ဒဿမ ၆) ကီလိုဂရမ်အထိပါရှိသည်ဟု သိရသည်။ ဘိန်းဖြူ တစ်ကီလိုဂရမ်လျှင် ကာလတန်ဖိုး ကျပ်သိန်း ၂၅၀ နှင့် စိတ်ကြွဆေးပြားမှာ တစ်ပြားလျှင် ကာလတန်ဖိုး ကျပ် ၁၅၀၀ ရှိကြောင်း သိရသည်။ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ဒေါ်ခေါန်ဆန်သည် အသက် ၄၀ ကျော်အရွယ်ရှိပြီး လတ်တလောတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။ ကချင်တစ်ပြည်နယ်လုံးတွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လေးနှစ်အတွင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုအနေဖြင့် ဘိန်းဖြူ (၅၄၇ဒဿမ၄၀၇ )ဂရမ်၊ တန်ဖိုးငွေကျပ် (၄၃ဒဿမ … - [KIO ပညာရေးအထက်တန်းကျောင်းများကို ၄ လအတွင်းအပြီးသင်ကြားရန် ကျောင်းပြန်ဖွင့်](https://burmese.kachinnews.com/2022/01/05/jan-5-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ လိုင်ဇာမြို့ နှင့် မိုင်ဂျာယန်မြို့တွင် ၆ လခန့်အကြာ ပိတ်ထားခဲ့သည့် စာသင်ကျောင်းများ ယခုပတ်မှ စတင် ဖွင့်လိုက်ပြီဖြစ်ကြောင်း KIO ဗဟိုပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ၉ တန်း ၊ ၁၀ တန်း ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအတွင်းနေထိုင်စေကာ သင်ကြားပေးသွားမည်ဟု KIO ဗဟိုပညာရေးဌာန ဒုအတွင်းရေးမှူး ဆရာနော်လောန် က KNG ကချင်သတင်းဌာနကို ပြောသည်။ “ ၉တန်း ၁၀ တန်းကျောင်းတွေကိုတော့ ဘော်ဒါကျောင်းတက်သလို ကျောင်းမှာပဲ တစ်ခါတည်းထားပြီး သင်ကြားပေးသွားဖို့ ရှိတယ်။ သူတို့တွေကိုတော့ ဒေသအတွင်း ကိုဗစ်ရောဂါတွေ ပြန်ပြီးတွေခဲ့ရင်တောင် ကျောင်းဘော်ဒါဆောင်ထဲမှာပဲထားပြီး ကျောင်းပြီးအောင် ဆက်သင်သွားဖို့ လုပ်ဆောင်နေပါတယ်။ ရပ်ဝေးက ကျောင်းလာတက်ပြီး ပြန်သွားတဲ့သူတွေကို ကျောင်းတက်ဖို့တော့ ပြန်ခေါ်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ကျောင်းပြန်ဖွင့်ပြီဆိုတော့ သူတို့ အနေနဲ့ တက်ချင်ရင် လာခဲ့မှာပါ။ လာခဲ့တဲ့အချိန်မှာလဲ သူတို့ရောက်တဲ့နေရာမှာ ဆေးစစ်ပြီးမှ ကျောင်းမှာ လက်ခံဖို့ ရှိပါတယ်။”  ဟု ဆိုသည်။ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် အထက်တန်းကျောင်းသား ၁၆၇၁ ဦး ၊ အလင့်ဘွမ်ကျောင်းတွင် ၂၀၆၀ ဦး ၊ မိုင်ဂျာယန်ကျောင်းတွင် ၁၈၆၁ ဦး၊ မုန်မြစ်ဆင်လီကျောင်းတွင် ၃၀၀ ဦးနှင့် အင်ဂွမ်လကျောင်းတွင် ၁၀၀၀ ကျော် စုစုပေါင်း ကျောင်းသား ၆၈၉၂ ကျော်ရှိသည်။ ထိုကျောင်းသားများအနက် … - [အာဏာသိမ်းစစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် နမ့်ခမ်းမြို့ ခံ ၆ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/01/05/jan-5-ld-1/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ အာဏာသိမ်းစစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်ခုပျက်စီးခဲ့ပြီး နမ့်ခမ့်ဒေသခံ ကချင်လူမျိုး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ “မနေ့က စျေးထဲမှာ တအာင်း(TNLA ) ဘက်က လူကြီး ၂ ယောက်ပစ်သတ်ခံရတာဖြစ်တယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့က TNLA တပ်ဖွဲ့ ၃ ဖွဲ့လောက်ခွဲပြီး ရပ်ကွက်တွင်မှာ လိုက်လံစုံစမ်း သွားလာနေတာဖြစ်တယ်။ အဲ့မှာ နောင်စန့်ကုန်းရပ်ကွက် လည်းရောက်ခဲ့ပြီး ပြန်တက်သွားချိန် စစ်တပ်ဘက်မှ လက်နက်ကြီးနဲ့ လိုက်ပစ်တာ နောင်စန့်ကုန်း လက်နက်ကြီးလာကျပြီး ပြည်သူ၆ဦး မှာ လက်နက်ထိမှန် ဒဏ်ရာရရှိသွားတာဖြစ်တယ်။” ဟု ဒေသခံ ပြည်သူတစ်ဦး KNG သတင်းဌာနကိုပြောသည်။ ထိခိုက်ဒဏ်ရာ ရရှိသော ဒေသခံပြည်သူ ၆ ဦးမှာ ဒေါရွယ်ဂျီး အသက် ၆၆ နှစ် ၊ ဒေါ ထုဆိုင်း အသက် ၆၀ နှစ် ၊ ဦး မာတူး အသက် ၃၂ နှစ်၊ မောင်ဆွတ်ရိန်အောင် အသက် ၅ နှစ်၊ မ ရွယ်ပန် အသက် ၅ နှစ် ၊ မဂျာဆိုင်းအိန် အသက် ၂ နှစ် တို့ဖြစ်သည်။ လက်ရှိ ၄င်းတို့ကို နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူစေပြီး ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။ နမ့်ခမ်းမြို့တွင် ယမန်နေ့က နမ့်ခမ်းစျေးတွင် ငွေကြေးလာရောက်ကောက်ခံသော TNLA ဝန်ထမ်း ၂ ဦးပစ်သတ်ခံရပြီးနောက် ယနေ့ … - [ဆိုင်းဖရာဒေသခံ ၂ ဦးကို စစ်ကောင်စီက ကြိုးတုတ်ရိုက်နှက်ပြီးနောက် ပြန်လွတ်ပေး](https://burmese.kachinnews.com/2022/01/05/jan-5-y-1/): ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာမှ စစ်ကောင်စီတပ်သားများ ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံပြည်သူ ၂ဦးကို ကြိုးတုတ်ရိုက်နက်မှုများပြုလုပ်ပြီးနောက် ယမန်နေ့ညနေပိုင်းက ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆိုင်းဖရာကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၉ နာရီခန့်အကြာ ညနေပိုင်း ၇ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ပြည်သူ ၂ဦးကို စစ်ကောင်စီတပ်သားများက နန့်ယားစစ်တပ်နှင့် နီးသည့်တောတွင်းတစ်နေရာတွင် ကြိုးတုတ်ဖမ်းဆီးထားပြီး KIA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြောဆိုကာ ခြိမ်းခြောက်ရိုက်နက်ခဲ့ကြောင်း ဖမ်းဆီးရိုက်နက်ခံရသူ တစ်ဦး၏  မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “၂ယောက်ထဲကနေ တစ်ယောက်ကိုတော့ ရိုက်နက်ထားတာအများကြီးဘဲ။ မေးကြည့်တော့ ကြိုးတုတ်ပက်လက်လှန်ပြီး သူတို့ရဲ့ စစ်ဖိနပ်နဲ့ ရိုက်တယ်။ ပြီးတော့ ကန်ဆောင့်တာလုပ်တယ်လို့ပြောပြတယ်။ ဒဏ်ရာတွေ့ရသလောက်က ဦးခေါင်းဘက်မှာ များတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင်ဇခုန်မုန်ရာနှင့် အသက် ၃၀ အရွယ် လဘန်ယောဟန်တို့ဖြစ်ကြပြီး လဘန်ယောဟန်သည် စစ်တပ်၏ ရိုက်နက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု သိရသည်။ ထိုသူ ၂ ဦးကို ဆိုင်းဖရာကျေးရွာတာဝန်ရှိသူများက အာမခံပြောဆိုမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဆိုင်းဖရာကျေးရွာ၏ အမြောက်ဘက်ခြမ်း ၁ မိုင်ခန့်တွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံပြည်သူ တစ်ချို့၏ ပြောဆိုချက်မှ သိရသည်။ - [ကိုဗစ် ပိုးတွေ့သောကြောင့် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ် သုံးရက် ပိတ်ထား](https://burmese.kachinnews.com/2022/01/04/jan-4-f1/): တရုတ်ပြည်သို့ တင်ပို့မည့်တစ်သျှူးငှက်ပျောကုန်ပစ္စည်းကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသောကြောင့်  မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သုံးရက်ကြာ ပိတ်ထားကြောင်း သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ငါးလကျော်ပိတ်ထားသည့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာဘက်မှ တစ်သျှူးငှက်ပျော်ကားများနေ့စဥ် တင်ပို့နေချိန် ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်သို့တင်ပို့မည့် ကုန်ပစ္စည်း၌ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသောကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ခွင့်ယာယီပိတ်ထားကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။ “ကျွန်တော်တို့ဘက်က ပိုးစစ်တဲ့အခါမှာ ယာဥ်မောင်းတွေကားတွေနဲ့ ကုန်ပစည်းတွေအားလုံးကို လည်းပိုးစစ်တဲ့အခါ ကုန်ပစ္စည်းတွေမှာ ပိုးတွေ့လိုက်တယ်။ အဲ့ပိုးတွေ့လိုက်တော့ အခုလောလောဆယ် သုံးရက်တော့ နယ်စပ်ဂိတ်ကို ခနလေးထိန်းထားတယ်။ အဝင်အထွက်ကို ခနပိတ်ထားတယ်။ မနေ့ကရယ် ဒီနေ့နယ် မနက်ဖြန်သုံးရက်ကတော့ ပိတ်နေအုံးမယ်” ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကိုဗစ်ရောဂါပိုးသည် တစ်သျှူးငှက်ပျောလုပ်သားများထံမှ တဆင့်ကူးစက်ပါလာခြင်းဖြစ်သောကြောင့် လက်ရှိတွင် ကုန်ကားနှင့်သက်ဆိုင်သည့် ငှက်ပျောစိုက်ခင်းနှင့် ငှက်ပျောလုပ်သားများကိုလည်း ၁၅ ရက်ကြာ လော့ဒေါင်းချထားကြောင်းသိရသည်။ “ငှက်ပျောစိုက်တဲ့ စိုက်ခင်းထဲကနေ ထွက်မယ်ဆိုရင် ငှက်ပျောခုတ်တဲ့လုပ်သားရှိတယ်။ ပြီးရင်ငှက်ပျော ရေဆေးတဲ့လုပ်သားရှိတယ်။ ဆေးစိမ်တယ် ထုတ်ပိုးတယ်အဲ့တာတွေလုပ်တဲ့လုပ်တဲ့ လုပ်သားတွေ လေးဆယ်လောက်ရှိတယ်အဲ့ထဲကနေပါသွားတယ်ထင်တယ်။ အဲ့ဒီပိုးတွေ့တဲ့ခြံပိုင်ရှင်ရဲ့ ငှက်ပျောခြံနှစ်ခြံကိုလည်း ထုတ်လုပ်ခွင့် ၁၅ ရက်ပိတ်ထားတယ်။ လုပ်သားတွေကိုလည်း ကွာရန်တင်း ၁၅ ရက်ထားတယ်’’ ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် ဆေးစစ်ပေးမူနှင့် ပတ်သက်ပြီး မြန်မာဘက်မှ ကုန်ကားနှင့် ယာဥ်မောင်းများအား ဝါးရှောင်ကျေးရွာတွင်တစ်ကြိမ်၊ လုကြည်ကျေးရွာတွင်တစ်ကြိမ် ကန်ပိုက်တည်တွင်တစ်ကြိမ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးဥမင်လှိုင်ခေါင်းတွင်တစ် ကြိမ် … - [အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး](https://burmese.kachinnews.com/2022/01/04/jan-4-z-1/): စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နှင့် ထီးချိုင့်နယ်အစပ်ရှိ ဂဟဲရွာဟောင်းတွင် ယ​နေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်ပြီး ဒေသခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ ” လေယာဉ်နဲ့ ဗုံးကြဲတာ တစ်အိမ်မှာဘဲ နှစ်လုံးကျသွားတယ်လို့ သိရတယ်။ ဗုံးဆထိမှန်တာက အဲဗုံးကျတဲ့ဘေးအိမ်က အမျိုးသမီးဗုံးဆံထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားပြီလို့ ပြောတယ်” ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့ နေ့လည် ၁၂နာရီမှစကာ PDF ‌တပ်များ ခိုအောင်းနိုင်သည်ဟု ယူဆသော နေရာများ၊ ရွာများတွင် စစ်ရဟတ်ယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ ဂဟဲကျေးရွာတွင် ဗုံးအလုံးရေ ၈လုံးထက်မနည်း ပစ်ခဲ့ကြောင့် Tigyaing Revolution အဖွဲ့မှလည်း ဖော်ပြထားသည်။ ယင်းကဲ့သို့ လေကြောင်းဖြင့် လာရောက်ပစ်နေခြင်းသည် ဇန်နဝါရီလ ၃ရက်နေ့ မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောအား HPDF ပူးပေါင်းအဖွဲ့နှင့် ကသာ PDF တို့ ပစ်ခတ်ခံလိုက်ရသည့်အတွက် အဆိုပါ စစ်သင်္ဘောအား လုံးခြုံရေးယူပေးနေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူများက သုံးသပ်ပြောဆိုသည်။ ” ကျနော်တို့ ထင်တာတော့ သူတို့ သင်္ဘောကို မပစ်နိုင်အောင် PDF တွေရှိတယ်လို့ ယူဆတဲ့နေရာကို လေကြောင်းနဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်။ မနေ့က ပစ်ခတ်ရတဲ့ စစ်သင်္ဘော နှစ်စီးက ကသာကနေ ဒီနေ့ အထက်ကို ပြန်ဆန်တက်နေတယ် တစ်ချိန်ထဲ စစ်သင်္ဘောတက် မြစ်ကြောင်းတစ်လျှောက် ပုဇင်း နှစ်ကောင်က … - [မြစ်ကြီးနားမြိုလယ်တွင် လူငယ်တစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရ](https://burmese.kachinnews.com/2022/01/04/jan-4-lp-1/): ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာပါ လယ်ကွင်းအနီးတွင် ယမန်နေ့ည ၇ နာရီခန့်က အသက် ၂၁ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်သွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ စီတာပူရပ်ကွက် နောင်ရာပါလယ်ကွင်းတွင် လုယက်သူများက ဓားဖြင့်ထိုးခဲ့ပြီး သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာလမ်းမပေါ်မှာ လဲကျခဲ့ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။ “ဓါးထိုးခံရတာက စီတာပူ နောင်ရာကွင်း ၆၃ ဧက မှာဖြစ်တာ။ ဆိုင်ကယ်နဲ့ ဖုန်းနဲ့လုခံရတာ။ ဓားထိုးခံရပြီးမှ ကျနော်တို့ သီတာရပ်ကွက် မလိခဝန်ထမ်းအိမ်ယာ လမ်းမပေါ်မှာ လဲကျသွားတယ်။ သီတာမှာဖြစ်တာလို့ ထင်နေကြလို့ စီတာပူမှာဖြစ်တာပါ။ ကောင်လေးကထွက်ပြေးလာပြီးမှ သီတာမှာ လာလဲတာ” ဟု ဆိုသည်။ ဓားထိုးလုယက်ခံရသူမှာ တပ်ကုန်းစံပြရပ်ကွက်မှ ဥပဒေ ပထမနှစ် ကျောင်းသား မောင်နော်မိုင် ဖြစ်ပြီး နောက်ကျောတွင် ထိုးသွင်းဒဏ်ရာများနှင့် နံရိုး ၊ ခါး ထိုးသွင်းဒဏ်ရာများတာကြောင့် လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်ရိုက် ၊ သွေးသွင်း ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ “သားက ၅နာရီခွဲ လောက် နောင်ရာဘော်လုံးကွင်းမှာ ဘော်လုံးကန်တာသွားကြည့်ပြီး သစ်ပင်အောက်မှာ ခဏထိုင်နေတဲ့ချိန် ဗမာကောင်တွေ သားဆီကိုလာခဲ့ပြီး ရှေ့က တစ်ယောက်က သားကိုဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ဆိုင်ကယ်ပေးလို့တောင်းတယ်။ သားက ဓားကိုယူပြီး လွှင့်ပစ်လိုက်တော့ နောက်ကနေ တစ်ယောက်က ချုပ်ထားပြီး ဓားနဲ့ အဆက်မပျက်ထိုးလိုက်တယ်။ သားက ဆိုင်ကယ်သော့ကို အဝေးဘက်ပစ်လိုက်တယ်။ ဆိုင်ကယ်တော့ မယူသွားကြဘူး။ ဖုန်းယူသွားတယ်။ သားလဲမြေကြီးပေါ်လဲသွားပြီး … - [စစ်ကောင်စီထုတ် ဘီယာများကို ရောင်းဝယ်ခြင်းမပြုရန် KIO မြစ်ကြီးနားခရိုင် သတိပေး](https://burmese.kachinnews.com/2022/01/04/jan-4-y-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏  မြစ်ကြီးနားခရိုင်တွင် စစ်ကောင်စီတပ်၏ ကျောထောက်နောက်ခံ ထုတ်ကုန်ဘီယာများကို ဝယ်ယူဖောက်ကား သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် KIO ဘက်က ယနေ့ ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်တပ်နှင့်အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC Beer စသော ထုတ်ကုန်ဘီယာ များကို ၂၀၂၂ ဇန်နဝါရီလ ၁၀ရက်နေ့နောက်ဆုံးထား၍ ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်သည်ဟု KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မှန်ပါတယ်။ ကျနော်တို့အနေနဲ့ဘာလို့ ဒီလိုလုပ်လာရသလဲဆိုတော့ စျေးကွက်တွေမှာ KIO ဘက်ကနေသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေလိုက်နာမှု မရှိဘူး။ နောက်တစ်ခုက လက်ရှိအခြေအနေက စစ်ကောင်စီအုပ်ချုပ်မှုကို ကန့်ကွက်တော်လှန်နေကြတယ်။ အခုပိတ်လိုက်တဲ့ ထုတ်ကုန်ဘီယာတွေက စစ်တပ်ကို အားပေး အားမြောက်တာလည်းဖြစ်တယ်။ ဒါကြောင့် ဒီအချက်တွေကို သေချာညှိနှိုင်းပြီး ဆုံးဖြတ်လိုက်ကြတာဟုတ်တယ်” ဟု ပြောသည်။ ထုတ်ပြန်ချက်တွင် မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့တွင်းနှင့် ကျေးလက်ဒေသ အသီသီးရှိသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV ၊ Bar နှင့် အခြားဆိုင်မျိုးစုံတို့တွင် ရောက်ချမှုများမပြုလုပ်ကြရန်နှင့် မြစ်ကြီးနားမြို့မှ ပူတာအိုနှင့် တနိုင်းသွားလမ်းစသော လမ်းမကြီးတစ်လျှောက်တွင် ပို့ဆောင်ခြင်းများမပြုလုပ်ကြရန် ပါရှိသည်။ သတ်မှတ်ထားသည့် ရက်စွဲနောက်ပိုင်း ရောင်းဝင်ဖောက်ကားမှုများ ဆက်လက်ပြုလုပ်နေသော မည်သည့်ဆိုင်ကိုမဆို တွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ခြင်းပြုလုပ်သော ကား၊ ဆိုင်ကယ်နှင့် ယာဉ်မျိုးစုံတို့ကို ထိရောက်စွာ အရေးယူပိတ်ပင်မှုများပြုလုပ်သွားမည်ဟု ဆက်လက်ပါရှိသည်။ KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးနယ်မြေတွင် အနောက်ဘက် တနိုင်းလမ်း ဒွမ်ဘုန်းကျေးရွာအထိ၊ မြောက်ဘက် မြစ်ဆုံအထက် ဖုန်အိမ်မြစ်အထိ နှင့် … - [ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2022/01/04/jan-4-s-1/): ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။ “မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး မီးသွေးလုပ်တဲ့ဘက်ကို အလုပ်သွားရင်း ဖမ်းခံရတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင် ဇခုန်ဇော်မုန်ရာ နှင့် ကပ်မှော်ကျေးရွာမှ ၃၀ ကျော်အရွယ် မောင် လဘန်ယောဟန်တို့ ဖြစ်သည်။ ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ဆိုင်းဖရာကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာတွင်ဖြစ်ပြီး ဖားကန့်ဘက်မှ ဆင်းလာသောစစ်ကြောင်း ဖြစ်သည်ဟု သိရသည်။ ယခင်ရက်ကတည်းကလည်း အဆိုပါဒေသရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယနေ့ နံနက်တွင် အဆိုပါ ၃ ဦးကိုလွတ်ပေးကာ နောက်ထပ် လူသစ် ၂ ယောက်ကို ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို မည်သည့်နေရာတွင် ထားရှိကြောင်းကို မသိရသေးကြောင်း ဒေသခံများပြောသည်။ “သူတို့ ၂ ယောက်ကို ဘယ်ကို ခေါ်သွားလဲ မသိသေးဘူး။ နမ့်ယာ စစ်တပ်ကလား၊ ဘယ်ကို ခေါ်သွားလဲ မသိဘူး။” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူ လူငယ် … - [မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်](https://burmese.kachinnews.com/2022/01/03/jan-3-z-2/): မန္တလေးမှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာသယ်သင်္ဘော ၂စီး ယနေ့ နံနက်ပိုင်းက ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။ “စစ်ကောင်စီဘက်က တော်တော်ထိ တယ်လို့ သိရတယ်။ ကျွန်တော်သိရတာတော့ ကျောက်တွင်းအထက်နားမှာ အလောင်းတွေ ရေထဲပစ်ချတယ်လို့ကြားတယ်” ဟု မြေပြင် သတင်းပေးပို့သည့် ဒေသရင်းမြစ်တစ်ဦးက ပြောသည်။ ယနေ့ ဇန်န‌ဝါရီလ ၃ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာနှင့် လက်နက်များတင်ဆောင်လာသည့်သင်္ဘော ၂ စီးဖြစ်သည့်  ပုံညာ နှင့် ပြဒါးရှင်သင်္ဘောအား ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သုံးနေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ကသာခရိုင် ညောင်ခြေထောက်ကျေးရွာအနီး ကသာ PDF တပ်ဖွဲ့မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဒေသခံတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း TR Revolution ဖော်ပြထားချက်အရ သိရသည်။ ထို့ပြင် တိုက်ခိုက်ခံရသည့် အဆိုပါ သင်္ဘော ၂စီးသည် ယနေ့ည ညနေ ၅နာရီဝန်းကျင် ကသာရေဆိပ်တွင် ကပ်သွားပြီး ဖြစ်ကြောင်း သိရသည်။ ” မီးခိုးတစ်လိပ်လိပ်နဲ့ ကသာမှာ ညနေ ၅နာရီဝန်းကျင်လောက်မှာ ကမ်းကပ်သွားပြီ အနီးကပ်တော့ သွားကြည့်လို့အဆင်မပြေလို့ အခြေနေ အသေးစိတ်တော့ ပြောဖို့ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် မကြာခန ဆိုသလို ဒေသခံတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုခံရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ … - [ပင်လည်ဘူးမြို့နယ်မှာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရား စတင်အကောင်ထည်ဖော်ဆောင်ရွက်နေ](https://burmese.kachinnews.com/2022/01/03/jan-3-z-1/): စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးထားနိုင်ပြီဖြစ်သည့် ကျေးရွာများတွင် ဇန်နဝါရီလ ၂ရက်နေ့မှ စကာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ပင်လည်ဘူး (PDF) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ - [နမ်ဆန်ယန်ကျေးရွာမှာ လယ်ယာမြေ နဲ့ အိမ်ခြံမြေ မကျန် ရွှေတူးဖော်နေကြ](https://burmese.kachinnews.com/2022/01/01/jan-1-s-2/): ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေပြီဖြစ်တဲ့ နမ်ဆန်ယန် ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ချို့က လယ်ယာမြေနဲ့ အိမ်ခြံမြေထိ ရွှေတူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်က နမ်ဆန်ယန်ဒေသခံတစ်ဦးဟာ သူ့ရဲ့မြေယာတွေ ဖျက်ဆီးခံရကြောင်း ဗီဒီယိုကို လူမှုစာမျက်နှာမှာတင်ပြီး အခုလိုပြောဆိုထားပါတယ်။ “အခုမြင်ရတဲ့အတိုင်းပဲ အားလုံး တူးဆွ တူးဖော်ထားကြပြီး ရွာကို မြေပြန်ညီပေးမယ်သာ ပြောတာ ဘာတစ်ခုမှ မညီထားပေးသေးဘူး။ ကျင်း ရေအိုင်တွေအပြည့်ပဲ။ ဘေးပတ်ပတ်လည် အားလုံးတူးဖော်နေဆဲပဲ။ ရွာက အားလုံးပျက်စီးကုန်နေပြီ။ ဘယ်ချိန်မှ ရွာမြေတွေ ပြန်ညီပေးမလဲမသိဘူး။ ဘယ်သူမှ ပြန်ညီပေးနေတာလည်းမတွေ့ဘူး။” လို့ သူက ဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။ စစ်ရှောင်ပြည်သူ အများစု နေရပ်မပြန်နိုင်သေးတဲ့ နမ်ဆန်ယန်ကျေးရွာမှာ အခုချိန် ကျေးရွာအုပ်ချူပ်ရေးမှူးများ နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ကျေးရွာအနီးပတ်ဝန်းကျင်နဲ့ လယ်ယာမြေ၊ အိမ်ခြံမြေအတွင်းထိ စက်ယန္တရားကြီးများနဲ့ အင်တိုက်အားတိုက် ရွှေတူးဖော်နေကြတယ်လို့လည်း စစ်ရှောင်အချို့က KNG ကို ပြောပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ အခုလို ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးဖို့ KIO ဌာနချူပ်ထိ လျှောက်လွှာစာ တင်ထားကြောင်း သိရပါတယ်။ အဲဒီစာထဲမှာ မတရားသောနည်းနဲ့ ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးဖို့၊ မြေယာဆုံးရှုံးသွားနစ်နာသွားသော စစ်ရှောင်ပြည်သူများကို နစ်နာလျော်ကြေးပေးဖို့နဲ့ KIO မှ စစ်ရှောင်ပြည်သူများ၏ မြေယာတွေကို ကာကွယ်ပေးဖို့ ပါရှိပါတယ်။ ဒါ့အပြင် အဲ့ဒီလျှောက်လွှာစာထဲတွင် နမ်ဆန်ယန်ကျေးရွာ ရွှေတူးဖော်ရေးမှာ တာဝန်ရှိပြီး ဦးဆောင်နေတဲ့ လူကြီးတွေရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီထက် KIA က … - [စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေ အရပ်သားပြည်သူကို ဂရုစိုက်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း](https://burmese.kachinnews.com/2022/01/01/jan-1-s-1/): စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်သူတွေအနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးမှုမျိုးမဖြစ်အောင် သတိပြုကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ တိုက်ခိုက်ပြောဆိုထားပါတယ်။ “စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို တိုက်တွန်းချင်ပါတယ်။ လူထုနဲပတ်သက်တဲ့ နေရာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ နဲ့ အခြား ၏ စစ်တပ်နဲ့ တိုက်ရိုက်မသက်ဆိုင်သူတွေကို ရန်ရှာ၊ ခြိမ်းခြောက်မှုတွေနဲ့အတူ ဖောက်ခွဲဖျက်ဆီးမှုများမဖြစ်အောင် သတိပြုကြပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ကမ္ဘာက အရေးယူဖို့ လုပ်ဆောင်တာမျိုးမဖြစ်လာဖို့ တရားမျှတစွာလုပ်ကြဖို့ တိုက်တွန်းထားလိုပါတယ်” လို့ ယနေ့ ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွန်းပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖားကန့် လုံးခင်း မော်စီစာ  စာသင်ကျောင်းအဝင်ဝမှာ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာမများနဲ့ ကျောင်းသားများ ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို အနီးကပ်စောင့်ကြည့်ပေးဖို့ KIO ဘက်က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ညွန်ကြားစာ တစ်ခုထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။ အဲဒီညွန်ကြားစာထဲမှာ အခုလို ကြားကာလမှာ ကချင်ဒေသအတွင်း စစ်ရေးနဲ့ပတ်သက်တဲ့တာဝန်တွေကို KIO က တာဝန်ယူမည်လို့ CRPH နဲ့ ဆွေးနွေးထားတဲ့အတိုင်း ကချင်ဒေသအတွင်း ပေါက်ကွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ KIO ရဲ့ တာဝန်ဖြစ်တာကြောင့် ဒေသတွင်း PDF တွေကို အနီးကပ်စောင့်ကြည့်ဖို့ အကြောင်း ပါရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း မိုးမောက် စာသင်ကျောင်းမှာ ဗုံးပေါက်ကွဲပြီး ကျောင်းဆောင် … - [ဒေါက်တာ M Kawn La ကို ပထမအကြိမ် ရုံးထုတ်](https://burmese.kachinnews.com/2021/12/30/dec-30-y-2/): ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာM Kawn La ကို ၄ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ထားရာမှ ယနေ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ သို့သော် ယနေ့ ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးခြင်း မပြုဘဲ စွပ်စွဲခံရသူဘက် သက်သေ ၃ ဦး တင်သွင်းပေးရန် ပြောဆိုခဲ့သည်ဟု KNC ပါတီ၏ ပြောဆိုခွင့် တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီနေ့က ပထမဆုံး ရုံးထုတ်တယ်ပေါ့လေ။ ရုံးထုတ်ခဲ့ပေမယ့်လည်း အမှုစစ်ဆေးတဲ့အဆင့် မရောက်သေးဘူး။ အခုမှ အမှုစစ်ဆေးဖို့ တရားခံဘက်က သက်သေတွေကို တင်သွင်းခိုင်းတယ်။ ကျန်တာထူးခြားမှု မရှိသေးဘူး” ဟု ပြောဆိုသည်။ လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ်သတ်မှတ်ထားပြီး စွပ်စွဲခံရသည့် ဘက်မှ သက်သေ ၃ဦးတင်သွင်းပြီးသည့်နောက်ပိုင်းမှသာ အမှုစတင်စစ်ဆေးသွားနိုင်ခြေရှိသည်ဟု သူက ဆက်ဆိုထားသည်။ ဒေါက်တာ M ကောန့်လသည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဇဗ္မူသီရိမြို့နယ် ရဲစခန်းတွင် ၂ပတ်ခန့်အကြာ ချုပ်နှောင်ခံရပြီးနောက် အကျဥ်ထောင်သို့ ပြည်လည်ပို့လိုက်ခြင်း ဖြစ်သည်။ စစ်ကောင်စီဘက်က ဒေါက်တာကောန့်လ ကို ၅၀၅(က) ပုဒ်မဖြင့် တရားစွဲဆိုထားသော်လည်း မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးတရားစွဲဆိုထားသည်ကို မသိရသေးကြောင်း KNC ပါတီဘက်မှ သိရသည်။ KNC ပါတီသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးများတွင် ​တက်ရောက်ပါဝင်ခြင်းမရှိသည့် ပါတီတစ်ခုဖြစ်သည့်အပြင် … - [ပူတာအိုလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2021/12/30/dec-30-y-1/): ကချင်ပြည်နယ်၊ ဆွမ့်ပရာဘွမ့်မြို့နယ်တွင် ပူတာအိုဘက်သို့ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်ကောင်စီ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၃၀ ခန့်အပါအဝင် စစ်ကား ၂စီးဖြင့် တက်လာခဲ့ရာ အင်ဆိုင်းယန်ကျေးရွာအနီးတွင် KIA တပ်မဟာ (၁)လက်အောက်ရှိ တပ်ရင်း (၇)အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအများအပြား ရှိနိုင်သည်ဟု လုံခြုံအရေးရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “တိုက်ပွဲဖြစ်တဲ့အချိန်က ၁၂နာရီနဲ့ ၁နာရီကြားမှာဖြစ်တယ်။ နာရီဝက်လောက်ပေါ့။ စစ်ကောင်စီတပ်သားတွေတက်လာမှာကို KIA က ကြိုသိလို့ ကြားဖြတ်တိုက်ခိုက်တယ်လို့သိရတယ်။ ပြီးရင် စစ်သားတွေဘက်က ထိခိုက်မှုလည်းရှိတယ်လို့ သိရတယ်။ အတိအကျတော့ မသိရဘူး။ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့တာဖြစ်နိုင်သလို စစ်ရေးလှုပ်ရှားသွားတာဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။ KIA က တိုက်ခိုက်မှုကြောင့် ထို နေရာတွင် ၂ဖက်တပ်အပြန်အလှန် နာရီဝက်ခန့်အကြာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်သားများတစ်ချို့မှာ ပူတာအိုဘက်သို့ ထွက်ခွာသွားခဲ့ပြီး တစ်ချို့မှာ ဆွမ့်ပရာဘွမ့်ဘက်သို့ ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်းသိရသည်ဟု သူကဆက်ဆိုထားသည်။ ယမန်နေ့ ညသန်ခေါင်အချိန်တွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးတဝိုက်တွင်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နက်ခြိမ်းခြောက် လာမည်ကို ဒေသခံတစ်ချို့က စိုးရိမ်ထိပ်လန့်နေကြကြောင်း ဆက်လက်သိရပါသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်ဖွဲ့က မကြခဏ ကြားဖြတ် ဝင်ရောက်တိုက်ခိုက်နေသော နေရာဖြစ်သည်။ - [ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/12/29/dec-28-y-1/): ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်အချိန် လမ်းခုလပ်တစ်နေရာတွင် ပစ်သတ်ခံရကြောင်းသတင်းရရှိပါသည်။ ပစ်သတ်ခံရသည့်သူမှာ မော်ဝမ်းရပ်ကွက် (၇) ရေအေးချောင်းတွင် နေသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ကိုသန်းကျော် ခေါ်သူဖြစ်ပြီး သေနတ်ဒဏ်ရာ ၃နေရာတွင် ထိမှန်ကာ သေဆုံးသွားသည်ဟု နီးစပ်ရာ ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ပစ်သတ်ခံရတဲ့သူက ဖားကန့်ရဲ့ အရန်မီးသတ်က အရာရှိတစ်ဦးဖြစ်တယ်။ နံနက်အစောပိုင်းက ပစ်သတ်ခံရတာ။ သေနတ်ဒဏ်ရာက ၃ချက်တွေ့ရတယ်”ဟုပြောဆိုသည်။ ကိုသန်းကျော်သည် သူ၏ အမျိုးသမီးကို စျေးလိုက်ပို့ပေးရင်း မော်မောလီယန်နှင့် တောင်ပြိုကျေးရွာ ၂ခုကြား လမ်းတစ်နေရာတွင် ပစ်သတ်ခံခဲ့ရသည်ဟု ဆက်ဆိုသည်။ သေဆုံးသွားသည့် ကိုသန်းကျော်သည် ဖားကန့်အရန်မီးသတ်အဖွဲ့တွင် တာဝန်ကိုထမ်းဆောင်နေသည်မှာ သက်တမ်းကြာမြင့်သူတစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။ ဖားကန့်တွင် ပြီးခဲ့သော နိုဝင်ဘာလ ၂၅ရက်နေ့ ည ၉နာရီအချိန်ခန့်တွင်လည်း အရန်မီးသတ်တစ်ဦး သတ်ခံရပြီး ယခုသေဆုံးမှုမှာ ဒုတိယအကြိမ် သတ်ခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရသည်။ - [ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်း ကောက်ယူရန် ခက်ခဲနေ](https://burmese.kachinnews.com/2021/12/27/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%90%e1%80%bd/): စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ညမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူများ၏အလောင်းများ ကောက်ရန်ခက်ခဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။ - [ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ](https://burmese.kachinnews.com/2021/12/27/dec-27-y1/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြည်သူ့စစ်အဖွဲ့သည်  KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း  (၁၄)အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကျနော်တို့မှာ စံပြကျေးရွာရဲ့ အနောက်ဘက်ခြမ်းမှာ လမ်း ၄ ဆုံဆိုတာရှိတယ်။ အဲ့ဒီလမ်း ၄ရဲ့ ပတ်လည်မှာ ဆိုင်ဖွင့်ပြီး နေကြတဲ့ ပြည်သူတစ်ချို့ရှိတယ်။ ပြည်သူ့စစ်အဖွဲ့က သူတို့ဆီက ငွေတွေလိုက်လံတောင်းတယ်လို့ သိရတယ်။ ပြီးရင် KIA က အနီးမှာဘဲရှိတယ်။ KIA ရှိတာကို နယ်မြေကျူးကျော်ချင်လာတဲ့သဘောဖြစ်တယ်။ အဲ့ကြောင့် KIA က သတိပေးလိုက်တဲ့သဘောဖြစ်တယ်”ဟု ပြောဆိုသည်။ ပစ်ခတ်မှုတွင် ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းနှင့် KIA ဘက်မှ ပြည်သူ့စစ်အဖွဲ့၏ 4W ကားတစ်စီးနှင့် လက်နက်အချို့ သိမ်းယူသွားကြောင်း သိရသည်။ ထိုနောက် ယနေ့ ပတ်ခတ်မှုဖြစ်ပွားနေချိန်တွင် စံပြကျေးရွာတွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်တပ်စခန်းနှင့် ရှဒူးဇွပ်ကျေးရွာတွင် အခြေစိုက်ထားသော ခလရ (၂၉၈)တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယနေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီ ကား ၂ စီးဖြင့် စံပြပြည်သူ့စစ်စခန်းသို့ စစ်အင်အား တိုးချဲ့ထားကြောင်း ဒေသခံများထံမှ သိရသည်။ - [ကလေးမြို့နယ် နတ်ချောင်းရွာ ဒေသခံ ၁၁ ဦးခန့်ကို စစ်ကောင်စီတပ် သတ်ဖြတ်ထား၊ အလောင်းမကောက်နိုင်သေး](https://burmese.kachinnews.com/2021/12/24/dec-24-z-1/): စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူအလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။ ” အခုလက်ရှိမှာ ပစ်ခတ်သံတွေပြန်ကြားနေရပြီတဲ့ခင်ဗျ။ ‌နောက်ဆုံးကြားထားရတဲ့ သတင်းအရတော့ သေဆုံး ၁၁ ဦး လောက်ရှိပြီ အလောင်းမကောက်ရဲကြသေးဘူးလို့သိရပါတယ်” ဟု ဒေသခံရင်းမြစ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နတ်ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစပြီး  စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအချို့အား လိုက်လံဖမ်းဆီးမူများ ပြုလုပ်လာသည့်အပြင် ရွာတွင်းဝင်ရောက်တပ်ဆွဲထားကာ နေအိမ်များဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်။ ထို့နောက် အဆိုပါ ည (၇)နာရီဝန်းကျင် စာသင်ကျောင်းဝန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာမှ စစ်ကား(၈)စီးဖြင့် ပြန်ထွက်ခွာသွားသည့် လမ်းတွင် ပကဖ (ကလေး)နှင့် CNDFပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ယာဉ်တစ်စီးအပါအဝင် စစ်ကောင်စီဘက်မှ ၁၆ ဦးခန့် သေဆုံးကြောင်း ဒေသခံရင်းမြစ်တစ်ဦးက ထပ်ပြောသည်။ “သူတို့ဘက်က အထိနာနေလို့ မနေ့က ရဟတ်ယာဉ် (၂) စီး သုံးတဲ့အထိ ဖြစ်လာတယ်လို့ယူဆရတယ်။ တစ်ခါမှ ဒီလောက်ထိ မပစ်ဖူးဘူး။ မြို့ထဲလည်း ခရီးသည်တင်လေယာဉ်က ပိတ်ထားတော့ လေဆိပ်ကို သူတို့စိတ်ကြိုက်သုံးလို့ ရနေတာ။ ကျောင်းဝန်းထဲမှာလည်း တပ်စွဲထားတယ် လေဆိပ်ဘေးက ဒကစ တပ်ဆိုတော့ လက်နက်၊ ကျည်၊ လူအင်အားဖြည့်ပြီး ပြန်ပစ်မယ့်အနေအထားရှိနေတယ်။ ဒီမနက် ခနငြိမ်တဲ့အချိန် တစ်ချို့က ထွက်ပြေးကုန်ပြီ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ လက်ရှိ ကျေးရွာအတွင်း သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတချို့အား ကောက်ယူနိုင်ခြင်းမရှိသေးသည့်အပြင် သတ်ဖြတ်ခံထားရသည့် ပြည်သူများ၏ … - [မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့](https://burmese.kachinnews.com/2021/12/24/dec-24-y-1/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ကြောင်း KIO ဘက်အတည်ပြု ပြောဆိုသည်။ “KIA ဘက်က စစ်ကောင်စီ တပ်စခန်း ၂ခုကို သွား​ရောက်တိုက်ခိုက်သိမ်းပိုက်တာမှန်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်စခန်းတွေ မီးရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်လို့ ကြားတယ်။ အသေအပျောက်စာရင်းက မသိရသေးဘူး” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောဆိုထားသည်။ ယနေ့ နံနက် ၃နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့က စစ်ကောင်စီတပ်၏ ခမရ ၃၈၃ နှင့် ခမရ ၃၈၄ တပ်စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရိူ့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ထို့နောက် နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “​ကညှင်မြိုင်မှာ တပ်စွဲထားတဲ့ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ စခန်း ၂ခုစလုံးကို မီးရိူ့ဖျက်စီးခဲ့တယ်။ စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ပြန်နောက်ဆုတ်သွားခဲ့တယ်”ဟု KIA ရှေ့တန်း ရင်းမြစ်တစ်ဦးက ပြောဆိုသည်။ ထို့အပြင် ဆားမှော်တွင် တပ်စွဲထားသည့် စစ်​ကောင်စီ စစ်တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် KIA ရှိရာဘက်သို့ ပစ်ခတ်ခဲ့ပြီး ၂ဖက်တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA နှင့် … - [ဗန်းမော်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/12/23/dec-23-z-1/): ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ယနေ့ နံနက် ၈နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများမှ သိရသည်။ ” ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေတုန်း လူငယ် ၂ယောက်ဝင်လာပြီး ခေါင်းမှာ တည့်တည့်ပစ်သတ်သွားတာ အဲမှာတင် ဦးနှောက်ပွင့်ထွက်ပြီး ပွဲချင်းပြီးဆုံးသွားပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ပစ်သတ်ခံရသူသည် အသက် (၃၅)ဝန်းကျင် တရားလွှတ်တော်ရှေ့နေ ဦးကျော်သန်းအေးဆိုသူဖြစ်ကာ တပ်ကလေးရပ်ကွက်ရှိ ရွှေခွန်သာ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစား‌ နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ပစ်သတ်သွားသည့် လူငယ် ၂ဦးသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရှိရသေးသော်လည်း အဆိုပါ ပစ်သတ်ခံရသူသည် ကြံ့ခိုင်ရေးပါတီအား အားပေးထောက်ခံသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ ” ပစ်သွားတာ ဘယ်သူတွေလဲ ဘယ်အဖွဲ့ကလဲတော့ မသိရဘူး သတ်ခံရတဲ့သူကတော့ စစ်ကောင်စီကို သတင်းတွေ ပေးနေတဲ့သူ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံပါတီဝင်ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် ပစ်သတ်ခံရသည့် တရားလွှတ်တော်ရှေ့နေဦးကျော်သန်းအေးသည် နိုင်ငံရေးအမှုများအား စစ်ကောင်စီဘက်မှ ရှေ့နေလိုက်ပေးသူတစ်ဦး ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။ သေဆုံးသူ၏ အလောင်းအား ဗန်းမော်နာရေးအသင်းမှ လာရောက်သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့်အပြင် ဗန်းမော်မြို့တွင်းရှိ နာရီစင်နှင့် တရုတ်တန်း လမ်းသွားလမ်းလာများ၏ ဖုန်းများ ဆိုင်ကယ်တူးဘောက်များအား ရှာဖွေစစ်ဆေးနေကြောင်း သိရှိရသည်။ - [အိုမီခရွန် စတုတ္ထလှိုင်းလာခဲ့လျှင်](https://burmese.kachinnews.com/2021/12/22/dec-22-sl-1/): ကိုဗစ် – ၁၉ ရောဂါအသစ်ဖြစ်တဲ့ အိုမီခရွန်ကို အာဖိရိကမှာစတင်တွေ့ရှိပြီး အာရှနိုင်ငံတချို့မှာလည်း စတင်ကူးစက်ပြန့်နှံလာနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီရောဂါကို မတွေ့ရှိသေးပါဘူး။ အိုမီခရွန်က ဒေတာထက်ပိုမိုပြီးလူတွေဆီ  ကူးစက်တာ ပိုမိုပြီးမြန်ဆန်ပါတယ်။ တချို့နိုင်ငံတွေက ပြည်ဝင်ခွင့်တွေ လောဒ့်ဒေါင်းတွေ ကူးသန်းသွားလာတာတွေပိတ်လိုက်ပါပြီ။ အခုဆိုရင် မြန်မာပြည်မှာ အရာအားလုံးပုံမှန် ဖြစ်သလိုပဲ ပြည်သူလူထုဟာ သွားလာလှုပ်ရှားနေကြပါတယ်။ အကာအကွယ် ဝတ်ဆင်မှုတွေ လက်သန့်ဆေးရည် အသုံးပြုမှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးစွဲတာမျိုး လျှော့နည်းလာနေပါတယ်။ ပိုပြီးကူးစက်မြန်တဲ့ အိုမီခရွန်ကြောင့် ပတ်ဝန်းကျင်မှာ ဂရုစိုက်နေထိုင်နေရပါမယ်။ သတိတချက်လွတ်လိုက်တာနဲ့ ကူးစက်ရောဂါက အသက်ကို နှုတ်သွားပါလိမ့်မယ်။ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ပွဲတော်တွေလည်း ပုံမှန်ထက်များလာပါတယ်။ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် မတ်စ်တပ်ပြီး သွားလာစေချင်ပါတယ်။ ဖြစ်နိုင်ရင် ပွဲလမ်းသဘင်တွေကို မသွားဘဲနဲ့ ရှောင်စေချင်ပါတယ်။ ဒီပွဲလမ်းသဘင်ကနေလည်း ကူးစက်မှုများတဖန်ပြန်လည်ပြီးအသက်ဝင်လာကာ ရောဂါပိုးက ရှင်သန်လာနိုင်ပါတယ်။ တကယ်လို့ နောက်ထပ်လှိုင်းလာခဲ့လျှင် ပြည်သူတွေအနေနဲ့ ကြိုတင်ပြီးအစားအသောက် ဆေးဝါးများ စိတ်ပိုင်းဆိုင်ရာများ ပြင်ဆင်ထားသင့်ပါတယ်။ ရောဂါကာကွယ်တားဆီးရေးလူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ကူညီဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှကျန်းမာစွာနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့ ချစ်ရတဲ့သူတွေ ကိုစွန့်လွတ်ရလိမ့်မယ်။ စတုတ္ထလှိုင်းအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ရောဂါအသစ်တော့ ကမ္ဘာကြီးထဲကို ပြန်ပြီး လူသားတွေရဲ့ အသက်ခြွေဖို့ ရောက်လာပါပြီ။ ကြိုတင်ပြီကာကွယ်ပြင်ဆင်မှုတွေလုပ်ထားရပါတော့မယ်။ ကူးစက်လူနာတွေထားရှိဖို့ လူနာဆောင်များ၊ လူနာအတွက်ဆေးဝါးများ၊အကာအကွယ်ဝတ်စုံများ၊ဟန်ဂျေများ၊လူငယ်စေ့တနာဝန်ထမ်းများ၊ အစားအသောက်များ၊ကုန်ကျစာရိတ်များ ကြိုတင်ပြီးစုထားဖို့လိုပါတယ်။ အိမ်တိုင်း လိုအပ်တဲ့ဆေးဝါးများကို ကြိုတင်ဝယ်ယူထားရှိပြီးပြင်ဆင်ထားရပါမယ်။ မိမိအိမ်ပြင်ထွက်တိုင်းပွဲလမ်းသဘင်သွားတိုင်းပါးစပ်နဲ့ နှခေါင်းစည်းကိုအပြင်ထွက်တိုင်းဝတ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦး ၆ပေ ခွာပြီး နေရမယ်။ လက်များကိုဆပ်ပြာနှင့်ရေဖြင့် မကြာခဏဆေးကြောပြီးနေထိုင်ရရပါမယ်။ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာထိတွေ့ဆက်ဆံခြင်းကိုရှောင်ကြဉ်ရပါမယ်။ အလုံပိတ်နေရာတွေကိုရှောင်ကြဉ်ပါ။ အိမ်ထဲတွင်လေဝင်လေထွက်ကောင်းစေရန်ပြတင်းပေါက်များကို ဖွင့်ထားရပါမယ်။ ကျန်းမာအောင် အားအင်ပြည့်ဝနေအောင် အစားအစာ … - [မနောကွင်းမှာ စစ်ကောင်စီ နဲ့ ကချင်ရိုးရာလူကြီးများ ခရစ္စမတ်ပွဲပြုလုပ်မှုကို ကချင်လူငယ်များကန့်ကွက်](https://burmese.kachinnews.com/2021/12/22/dec-22-it-1/): ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်းမှာ ကချင်ရိုးရာလူကြီးတွေနဲ့ စစ်ကောင်စီ အုပ်စုတွေပူးပေါင်းပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့က ခရစ္စမတ်ပွဲပြုလုပ်ခဲ့ပါတယ်။ ကချင်လူမျိုးများနဲ့သက်ဆိုင်ရာဒီနေရာမှာ မတရားအာဏာသိမ်းတဲ့ အဓမ္မအုပ်စုကို နေရာပေးတဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း ကချင်လူငယ်အဖွဲ့စည်းတွေက ပူးတွဲ ထုတ်ပြန်ခဲ့ကြပါတယ်။ - [ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2021/12/22/dec-22-y-2/): ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ၏ တောတစ်နေရာတွင် အသက် ၃၀ ကျော်ဝန်းရှိ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရပါသည်။ သေဆုံးနေသည့် အမျိုးသားကို ယနေ့နံနက်ပိုင်းက ပူတာအို လူမှုကူညီရေးအဖွဲ့က သွားရောက် သဂြိုလ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “သေဆုံးတာက မူးယစ်ဆေးနဲ့လား၊ ကိုဗစ်နဲ့လား သေချာမသိရသေးဘူး။ ဒေသခံတွေပြောတာက မူးယစ်ဆေးနဲ့လို့ ပြောနေကြတယ်။ အကြောင်းကြာလာလို့ သွားရောက်ကူညီပေးခဲ့တယ်”ဟုပြောဆိုသည်။ ဆန်ဂေါင်ကျေးရွာမှာ ပူတာအိုမြို့မှ ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင်တည်ရှိပြီး ပူတာအိုဒေသတွင် ကိုဗစ်ကူစက်ပျံ့နှံ့မှုများရှိနေသလို ဒေသအတွင်း မူယစ်ဆေးဝါးသုံးစွဲသူများလည်း အလွန်များပြားနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။ - [ဖားကန့်မြေပြိုမှု လူတစ်ဦး အလောင်းသာ တွေ့ရှိသေး](https://burmese.kachinnews.com/2021/12/22/dec-22-y-1/): ဖားကန့် ၊ လုံးခင်းအုပ်စု၊ မှော်စီစာဘက် ယနေ့ နံနက်ပိုင်းက မြေစာပုံထပ်မံပြိုကျရာတွင် ရေမဆေးလူဦးရေ ဆယ်ချီပါသွားသော်လည်း ယနေ့ ညနေပိုင်းအထိ အလောင်း ၁ လောင်းသာ တွေ့ရှိရသေးကြောင်း သိရသည်။ လူမှုကယ်ဆယ်ရေးအဖွဲ့ အသီးသီးက ယနေ့ နံနက် ၉နာရီဝန်းကျင်ခန့်မှစတင်ပြီး ရှာဖွေရေးလုပ်ငန်း စတင်ခဲ့ရာ အလောင်း ၁ လောင်းသာတွေ့ရှိခဲ့ပြီးညနေပိုင်း ၄ နာရီတွင် ပထမရက် ရှာဖွေရေးလုပ်ငန်းရပ်နားလိုက်ပြီဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “သေတဲ့ အလောင်းက ၁ ယောက်ဘဲတွေ့သေးတယ်။ အဲ့ ၁လောင်းက မနက်ပိုင်းက တွေ့တယ်။ ညနေပိုင်းအထိတော့ ပြန်မတွေ့တော့ဘူး။ ဒီနေ့အတွက် ရှာဖွေမှုက ရပ်နားလိုက်ပြီ။ နက်ဖြန်မှ နောက်တစ်ရက်ပြန်ရှာမယ်ထင်တယ်”ဟု ပြောဆိုခဲ့သည်။ မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ၏ မှော်ဒေသအလိုက် လူဦးရေစာရင်းကို ယခင်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးသူမရှိသည့်အတွက် ပျောက်ဆုံးသည့်စာရင်းကို တိတိကျကျမသိရသေးကြောင်းလည်း သူကဆက်ဆိုထားသည်။ “အခုလောလောဆယ်အထိ ပျောက်ဆုံးတဲ့ စာရင်းအတိအကျကောက်လို့မရသေးဘူး။ အုပ်ချုပ်ရေးဌာနကလည်း ဒီအပိုင်းကို သေချာ မလုပ်ပေးနိုင်ဘူး။ အခုက လူပျောက်ပြီး လာစောင့်နေကြတဲ့သူတွေဘဲ မြင်တွေ့နေရတယ်”ဟု ဆက်ဆိုသည်။ လူပျောက်ဆုံးမှုကြောင့် မြေစာပုံပြိုကျခဲ့သည့်နေရာတွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစု ခန့်မှန်းခြေ ၃၀ နှင့် ၄၀ ကြားတွင်ရှိနေကြောင်းလည်း သိရသည်။ ယနေ့နံနက် အစေားပိုင်း ၄နာရီဝန်းကျင်တွင် သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်နေရာတွင် ပေ ၁၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ရေမဆေးသမား ၈၀ ဝန်းကျင်ခန့် ပါသွားသည်ဟုလည်း မျက်မြင်ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် … - [ဖားကန့် မြေပြိုမှုတွင် သေဆုံးသွားသည့် လူ ၅ဦး၏ ရုပ်အလောင်းမတွေ့ရှိသေး](https://burmese.kachinnews.com/2021/12/20/dec-20-y-1/): ဖားကန့်မြို့နယ် ဆပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် ​မြေစာပုံပြိုကျကြောင့် လူ ၅ဦးသေဆုံးသွားပြီး သေဆုံးမှုတွင်ပါဝင်သည့် လူ ၅ဦး ၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့အထိ မတွေ့ရသေးကြောင်း သိရသည်။ “တာဝန်ရှိတဲ့ ကယ်ဆေးရေးအဖွဲ့တွေက ဒီနေ့တော့ ရှာဖွေတာရပ်နားလိုက်ပြီ။ မနေ့က တစ်နေ့လုံး ရတဲ့နည်းလမ်းတွေနဲ့ရှာပြီးသွားပြီ။ ဒါပေမယ့် မတွေ့သေးဘူး။ မြေပြိုတဲ့နေရာမှာ သေဆုံးတဲ့ စာရင်းက ၅ယောက်ဖြစ်တယ်လို့ သိရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပြည်သူတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ မြေစာပုံပြိုကျမှုဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၁နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ၃ဦးနှင့် ရေမဆေးမသမား ၂ဦး သေဆုံးမှုတွင်ပါဝင်ကြောင်းသိရသည်။ အဆိုပါ သေဆုံးမှုတွင် ပါဝင်သည့် ရေမဆေးသမား ၂ဦးမှာ မက်လင်ဂျောင်ကျေးရွာနှင့် ဆိုင်းဂျာဘွမ့် ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။ မြေပြိုမှု ဖြစ်ပွားခဲ့သည့်​နေရာမှာ တရားမဝင်လုပ်ကိုင်နေသည့်လုပ်ကွက်နေရာဖြစ်ပြီး ပေ ၁ ထောင်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ Photo – CJ - [နောင်မွန်​တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ](https://burmese.kachinnews.com/2021/12/20/dec-20-y1/): ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရသည်။ စစ်သင်တန်းတက်နေသည့် အမျိုးသမီးများကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးထံမှသိရသည်။ “နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်။ ပြီးရင် ခုခံကာကွယ်နိုင်ဖို့လို့လည်းပြောတယ်။ အဲ့လောက်ဘဲသိရတယ်”ဟု ပြောဆိုသည်။ လက်ရှိ စစ်သင်တန်းတက်နေသည့် အမျိုးသမီးများ ၁၇ ဦးခန့်ရှိပြီး အသက် ၅၀နှစ်အောက်ရှိသူများသာ ဖြစ်ကြသည်ဟု ဆက်ဆိုသည်။ စစ်သင်တန်းကာလမှာ ၁လ ခန့်သာ ကြာမြင့်နိုင်ပြီး နောင်မွန်မြို့၏ မြို့နယ် ရဲစခန်းအတွင်းမှာ သင်ကြားပို့ချပေးနေကြောင်းသိရသည်။ နောင်မွန်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနယ်ပြည်သူ့စစ်အဖွဲ့ကလည်း ထိုဒေသရှိ လူငယ်များကို စည်းရုံးကာ စစ်သင်တန်းပို့ချမှုများ ၂ ကြိမ် ထက်မနည်းပို့ချခဲ့ပြီဖြစ်ပါသည်။ - [မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ](https://burmese.kachinnews.com/2021/12/19/dec-19-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ ဖော်မော်ရွာသစ်က အမျိုးသမီး ၁ ဦး ယမန်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်က လက်နက်ကျည်ထိ ဒဏ်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ - [ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား](https://burmese.kachinnews.com/2021/12/18/%e1%80%80%e1%80%bd%e1%80%90%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%94%e1%80%ae%e1%80%b8-%e1%80%95%e1%80%85%e1%80%ba%e1%80%81/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့ အနီးမှာ ယနေ့ညနေ ၇ နာရီခန့်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “ည‌ ၆ နာရီ ၅၀ မိနစ်ခန့်ကစ ကွတ်ခိုင်မြို့နဲ့အနီးမှာ လက်နက်အကြီး၊ အသေး တွေစတင် ပစ်ခတ်နေတာ။ ၇ နာရီ ၁၀ မိနစ်လောက်ထိ။ အထိအခိုက်တော့ ဘာမှ မသိရသေးဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ စစ်ကောင်စီနဲ့ မည်မသိတဲ့ အဖွဲ့ တို့က တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သံဆက်တိုက်ကြားနေရကြောင်း အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။ “ကွတ်ခိုင်မှာ တိုက်ပွဲ ဖြစ်နေတယ်။ အေးရှားဝေါ တိုးဂိတ်ကို လာပစ်တယ်။ ကျည်ဆံတောင် လွှင့်လာတယ်။” လို့ သူက ဆိုပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်ပြီး အဆိုပါနေရာတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ Bum Shep - [ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူဦးရေ များပြားနေ](https://burmese.kachinnews.com/2021/12/18/dec-18-ld-1/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသများတွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနမှု များပြားလာသောကြောင့် သေဆုံးမှုအထိရှိလာနေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။ - [ကချင်ဒေသ မျိုးစေ့များပျောက်ကွယ်သွားရန်လုပ်ဆောင်နေသော တရုတ်မျိုးစေ့များ](https://burmese.kachinnews.com/2021/12/17/dec-17-sl1/): “​ဈေးကထဲဝယ်ပြီး အိမ်မှာ တနိုင်တပိုင်စိုက်ပျိုးတယ်။ ဒီတရုတ်မျိုးစေ့ကို ဈေးထဲကဝယ်ပြီးစိုက်ပျိုးလာတာ လေးငါးနှစ်ရှိလာပြီ။ ဒီအပင်က စိုက်ထားတဲ့အမျိုးကနေပြန်ရလာတဲ့မျိုးစေ့တွေကို နောက်နှစ်အတွက် မျိုးစေ့ပြန်ယူလို့မရဘူး မျိုးပွားလို့မရဘူး။ ပြန်စိုက်လို့မရဘူး မပေါက်ဘူး။ အဲ့တာကြောင့် ဒီနှစ်စိုက်ဖို့အတွက်မျိုးစေ့ကို ဈေးထဲကနေပြန်ဝယ်ပြီး နှစ်တိုင်းဒီလိုစိုက်ပျိုးရတယ်’’ လို့ ဝိုင်းမော်မြို့ခံ ဒေါ်ယိန်းဝမ်က ပြောပါတယ်။ ကချင်ဒေသခံပြည်သူလူထုထဲ စိမ့်ဝင်နေတဲ့ ပြဿနာတစ်ခုမှာ မျိုးစေ့ပြသာနာပဲဖြစ်ပါတယ်။ ဒေသတွင်း မျိုးစေ့ထိန်းသိမ်းမှုအလေ့အထမရှိတော့ဘဲ စီစစ်မှုမရှိ အဆင်သင့်ဝင်လာတဲ့ တရုတ်ပြည်က မျိုးစေ့တွေပဲ နေရာအနှံမှာ နေရာယူထားကြပါပြီ။ ဒေသမျိုးစေ့တွေဟာ ပျောက်ကွယ်သလောက်ရှိနေပါတယ်။ မိမိတို့မူလက ဘိုးဘွားဘီဘင်လက်ထက်ဆီက စိုက်ပျိုးရေးမှာ မူလမျိုးစေ့တွေ အသုံးပြုစိုက်ပျိုးမှုကို ချန်ခဲ့ပြီး တရုတ်ပြည်က တင်သွင်းတဲ့ တရုတ်မျိုးစေ့တွေကိုအစားထိုးစိုက်ပျိုးပြီး ဘီဘင်တွေလက်ထက်မှ စတင်အသုံးပြုခဲ့တဲ့မူလမျိုးစေ့ကို မျက်ကွယ်ပြု အသုံးမပြုဘဲ ထားခဲ့ပါတယ်။ ဒါဟာအနာဂတ် လူနေမှုဘဝအတွက် အလွန်ကြောက်စရာကောင်းလှပါတယ်။ တချို့မျိုးစေ့တွေကို တရုတ်မျိုးစေ့တွေက အစားထိုးနေရာယူပြီးပျောက်ကွယ်သွားအောင်လုပ်ဆောင်နေပါတယ်။ မျိုးပွားနိုင်တဲ့မျိုးစေ့တွေ ပျောက်ကွယ်နိုင်ပါတယ်။ ဒေသခံလူထုလည်းထိုတရုတ်မျိုးစေ့တွေနဲ့ စိုက်ပျိုးရခြင်းကို စွဲလမ်းနေတာလည်း  စိုးရိမ်စရာကောင်းလှပါတယ်။ ‘’ကျမတို့က မျိုးစေ့ပိုင်ရှင်တွေမဟုတ်တော့ဘူး။ အဲ့တာစိုးရိမ်ရတယ် မျိုးစေ့ပျောက်သွားမှာကိုစိုးရိမ်ရတယ်။ အသီးအရွက်မျိုးစေ့ကပျောက်ဆုံးသွားပြီလို့တောင်ပြောလို့ရတယ်။ သူများနှခေါင်းပေါက်နဲ့အသက်ရှူရမှာ စိုးရိမ်မိတယ် ကိုယ့်မြေ ကိုယ့်ယာ ကိုယ့်အိမ်မှာ စိုက်ရင်တောင်မှ ကိုယ်မပိုင်ဆိုင်တဲ့ဘဝပါ’’ လို့ ဝိုင်းမော်ဒေသခံ ဒေါ်ယိန်းဝမ်က ပြောပါတယ်။ အခုလို ဖြစ်လာခြင်းကလည်း ဈေးကွက်ထဲ စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူရရှိမှုကြောင့်ဖြစ်ပြီးတော့ အသုံးပြုမှုများတဲ့ဒေသတွေကလည်း နယ်စပ်ဖြစ်တဲ့ ဝိုင်းမော်၊ မြစ်ကြီးနားရှိ လယ်ယာ၊ အခင်းခြံများလုပ်ကိုင်တဲ့ တောင်သူလယ်သမားများ အသုံးပြုစိုက်ပျိုးကြပါတယ်။ ပိုအသုံးပြုသူများကတော့ မိမိအိမ်တွင်း တနိုင်တပိုင်စိုက်ပျိုးသူတွေ ဖြစ်ပါတယ်။ ရုံးပတီသီး ၊ ပဲသီးရှည်၊ နံနံပင်၊ ခဝဲသီး၊ မုန်ညှင်းဖြူစတဲ့တရုတ်မျိုးစေ့ကို ဈေးထဲကဝယ်ပြီး … - [NUG ဝန်ကြီးတစ်ဦး Dr. Tu Hkawng ၏ နေအိမ် ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2021/12/16/dec-16-y-2/): NUG အစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီး Dr. Hkalen Tu Hkawng ၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ထားပြီး ဘဏ်အကောင့်မှ ငွေကိုလည်း သိမ်းယူသွားကြောင်း သိရသည်။ - [ဝိုင်းမော် ဝူယန်ပြည်သူ့စစ်ဂိတ်တွင် အသွားအလာကန့်သတ်ထားဖြင့် ဒေသခံများ အခက်တွေ့နေ](https://burmese.kachinnews.com/2021/12/16/dec-16-y-1/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် အသစ်ဆောက်လုပ်ထားသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ်ဂိတ်တွင် ဒေသခံများကို သွားလာကန့်သတ်မှုပြုလုပ်လာသဖြင့် အခက်အခဲ ပြဿနာကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ဝိုင်းမော်မြို့အဝင် ဝူယန် ပြည်သူ့စစ်ဂိတ်တွင် သွားလာသည့် ပြည်သူများကို ငွေကြေးကောက်ခံနေသည်သာမက ဂိတ်ကို ဖြတ်သန်းခွင့် အချိန်ကန့်သတ်ထားသောကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီပြည်သူ့စစ်ဂိတ်ရှိသွားလို့ သွားလာရေးမှာ အရမ်းခက်ခဲနေပြီ။ နေ့စဉ်အလုပ်နဲ့သွားလာနေတဲ့သူတွေအတွက်က အရမ်းပြဿနာဖြစ်စေတယ်။ ကျနော်က ဝူယန်အထက်ဘက်မှာ နေတဲ့သူတွေဖြစ်တယ်။ ဝိုင်းမော်ကိုသွားရသလို မြစ်ကြီးနားကို လည်းသွားရတယ်။ အလုပ်က မြစ်ကြီးနားကိုသွားရတယ်များတယ်။ မနက်ပိုင်းက သွားလိုက်ရင် အဆင်ပြေရင်တောင် ညနေပိုင်းပြန်လာရင် အဆင်မပြေဘူး။ နည်းနည်းနောက်ကျပြီး ပြန်လာပြီဆိုရင် ဂိတ်ကပိတ်သွားပြီ။ အရမ်းဒုက္ခရောက်တယ်” ဟု ပြောဆိုသည်။ လက်ရှိ အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်ကို နံနက်ပိုင်း ၅နာရီတွင် ဂိတ်ဖွင့်ပြီး ညနေ ၆ နာရီတွင် ဂိတ်သဖြင့် သွားလာရေး အလွန်ခက်ခဲသွားသည်ဟု ဆိုသည်။ “ဂိတ်ပိတ်ချိန်ကို ညနေပိုင်း ၆နာရီမှာ ပိတ်တယ်လို့ပြောပေမယ့် တစ်ခါတစ်လေကျရင် အစောကြီး ၅နာရီလောက်မှာ ပိတ်တဲ့ အချိန်တောင်ရှိတယ်။ တစ်ချို့က အကြောင်းအမျိုးမျိုး မိုးချုပ်တဲ့အချိန်အထိ သွားလာရတာတွေရှိတယ်။ တစ်ချို့က ကျန်းမာရေးနဲ့ သွားလာရတာတွေရှိတယ်။ ဒါကို သူတို့နားလည်ပေးရမယ်။ အခုက သူတို့လုပ်တဲ့ပုံစံက ကျနော်တို့ရဲ့ အလုပ်တွေမှာ ထိခိုက်လာတဲ့ အထိဖြစ်လာတယ်။ ဒါကြောင့် ဂိတ်ကို အချိန်အပြောင်းအလဲနဲ့ ပြန်လုပ်ပေးရင် ကောင်းတယ်လို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။ ထို့အပြင် ညပိုင်း တောင်ယာအခင်းမှ ပြန်လာသည့် ဒေသခံပြည်သူများကိုလည်း စစ်ဆေးမှုများပြုလုပ်ပြီး ခြိမ်းခြောက်ပြောဆိုမှုများပုံမှန် … - [စစ်ကောင်စီနှင့် FPNCC တွေ့ဆုံမှုတွင် KIO ပါဝင်ခြင်း မရှိ](https://burmese.kachinnews.com/2021/12/16/dec-16-ln-1/): စစ်ကောင်စီ ကိုယ်စားလှယ်များ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု FPNCC တို့ကြား ဒီဇင်ဘာ ၁၅ ရက်နေ့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုအထဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်တက်ရောက်မှု မရှိခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ “KIO အနေနဲ့တက်ရောက်တာ မရှိဘူး။ ကိုယ်စားလှယ်လွတ်တာတွေလည်း မရှိဘူး။ သူတို့ဟာနဲ့သူတို့ ဘာတွေဆွေးနွေးမယ်ဆိုတာ ကျွန်နော်တို့ဘာမှ မသိရပါဘူး။” ဟု KNG ကို ပြောဆိုခဲ့သည်။ စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု FPNCC တို့ တွေ့ဆုံရာတွင် ကျန်အဖွဲ့ဝင်များဖြစ်သော ဝ တပ်ဖွဲ့ UWSA ၊  မိုင်းလားတပ်ဖွဲ့ NDAA ၊ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင့်တပ်တော် AA ၊ ကိုးကန့် MNDAA နှင့် SSPP/ SSA အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက် မှလည်း မြောက်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၆ ဖွဲ့ဖြင့်သာ ဆွေးနွေးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်း မှ မီဒီယာအချို့တွင် ဖြေကြားထားသည်ကို တွေ့ရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တစ်ဖွဲ့ချင်းစီ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်အကြောင်းအရာကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။ ယခုလို တွေ့ဆုံဆွေးနွေးမှုတွင် ကေအိုင်အိုအနေဖြင့် ပါဝင်တက်ရောက်ခြင်းမရှိသည့်ပေါ် မြစ်ကြီးနားအခြေစိုက် နိုင်ငံရေးသုတေသီ ဦးခွန်ဆမ် ယခုလို သုံးသပ်ထားသည်။ “ကျနော်တို့ သုံးသပ်မိသလောက်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအနှစ်သာရအရ အဓိပါယ်ရှိရှိ အပြောင်းအလဲလုပ်ဖို့ … - [၂၀၂၂ နာဂ နှစ်သစ်ကူးပွဲတော် ကိုဗစ်-၁၉ ကြောင့် စုပေါင်းကျင်းပမည် မဟုတ်](https://burmese.kachinnews.com/2021/12/16/dec-16-z-1/): နာဂလူမျိုးများ၏ အထွဋ်အမြတ်ထားရာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် (အာဟေး) ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခုနှစ်တွင် စုပေါင်း ပြုလုပ်ဖြစ်မည် မဟုတ်ကြောင်း သိရသည်။ လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့သည် နာဂလူမျိုးများ၏ ၃၂ ကြိမ်မြောက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် (အာဟေး)နေ့ ဖြစ်ပြီး ယခင်နှစ်များက မြန်ပြည်အနှံ့ရှိ နာဂလူမျိုးများစုပေါင်းကာ ယင်းပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိခဲ့သော်လည်း လာမည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် စုပေါင်းကျင်းပဖြစ်မည်မဟုတ်ကြောင်း နာဂရိုးရာနဲ့ စာပေယဥ်ကျေးမှု(ဗဟို)ကော်မတီဥက္ကဋ္ဌက ဆိုသည်။ ”ဒီလာမယ့် ၃၂ ကြိမ်မြောက်နာဂရိုးရာနှစ်သစ်ကူးပွဲတော်က လုပ်ဖြစ်မှာမဟုတ်ဘူးဗျ။ ပွဲတော်ရက်ဆိုတဲ့ အထိမ်းအမှတ် အခမ်းအနားလောက်ပဲလုပ်မယ်။ စုပေါင်းပြီးတော့လုပ်ဖို့တော့မရှိဘူး” ဟု ဥက္ကဋ္ဌဦးအာင်ထွဋ်က ပြောသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်ရန်မရှိသော်လည်း ပွဲတော်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အလိုက် အခမ်းအနားပွဲများပြုလုပ်ရန်ညွန်ကြားထားကြောင်း ဥက္ကဋ္ဌဦးအောင်ထွဋ်ကဆိုသည်။ နာဂရိုးရာနှစ်သစ်ကူး (အာဟေး) ပွဲတော်ကို ပုံမှန်အားဖြင့် နှစ်စဥ် နန်းယွန်းမြို့၊ လဟယ်မြို့၊ ခန္တီးမြို့ ယင်းသုံးမြို့တွင် တစ်နှစ်တစ်ကြိမ် အလေ့ကျစီတာဝန်ယူကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ နန်းယွန်းမြို့၊ လဟယ်မြို့၊ ခန္တီးမြို့တို့မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင်ပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိကမြို့ကြီးများ ဖြစ်သည်။ ”မနှစ်က ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်ကြောင့် စုပေါင်းမလုပ်ဖြစ်ဘူး၊ ကိုဗစ်မဖြစ်ရင် ၃၂ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမှာလုပ်ရမှာ အလေ့ကျတာက နန်းယွန်းမြို့မှာကျတာဟုတ်တယ်” ဟု နာဂရိုးရာနဲ့ စာပေယဥ်ကျေးမှု(ဗဟို)အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပုံမှန်အားဖြင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ဇန်နဝါရီလ ၁၈ ရက်နေ့အတွင်း၌ ငါးရက် (သို့) ခြောက်ရက်ခန့်ကြာအောင် ပြုလုပ်ကျင်းပလျက်ရှိသည်။ ယခင်နှစ်များက … - [အင်းတော်ကြီးဒေသတွင် စစ်ကောင်စီယာဥ်တန်းကို KIA နှင့် PDF တို့ မိုင်းခွဲတိုက်ခိုက်](https://burmese.kachinnews.com/2021/12/16/dec-15-y-1/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုန်ကိုင်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကား ၅စီးဖြင့် စစ်အင်အား ၁၀၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖားကန့်ဘက်သို့ ဦးတည်ကာ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တိုက်ဖြစ်တာက ခဏလောက်ဘဲ။ စစ်ကိုင်းဘက်ကနေ လာတဲ့ စစ်ကားယာဉ်တန်းကို KIA နဲ့ PDF တို့ ကြားဖြတ်ဝင်တိုက်တယ်လို့ဘဲကြားတယ်။ ထိခိုက်မှုတွေက အသေးစိတ်မသိရဘူး”ဟု ပြောဆိုသည်။ မိုင်းခွဲ တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှာ လက်ရှိတွင် လုံးတုံးကျေးရွာ စစ်တပ်စခန်းတွင်ရောက်ရှိနေကြောင်းနှင့် ဖားကန့်မြို့တွင် အခြေစိုက်ထားသည့် တပ်မ (၃၃) လက်အောက်ရှိ စစ်ကောင်စီတပ်သားများဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အင်းတော်ကြီးဒေသတွင် စစ်ရေးလှုပ်ရှားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF အဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်မှုများပုံမှန်ပြုလုပ်နေပြီး မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပါသည်။ - [ကွတ်ခိုင် ပြည်သူ့ဆေးရုံအုပ် ပစ်သတ်ခံရ](https://burmese.kachinnews.com/2021/12/15/dec-15-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင် ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီဝန်းကျင်ခန့်က ပစ်သတ်ခံရ‌ကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်‌နေ့ မုံးစီးဘက်  ကာကွယ်ဆေး သွား‌ရောက်ထိုးနှံပေးခဲ့ပြီးအပြန် မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားကိုတားတာကြောင့် ကားပေါ်က ဆင်းလာတာပြီး ဒူးထောက်ခိုင်းပြီး ‌နဖူး တေ့ပစ်ခံရတဲ့အပြင် အခြားခန္ဓာကိုယ် နေရာ တွေမှာလည်း ၅ နေရာခန့် ပစ်ခတ် ဒဏ်ရာ တွေရတယ်လို့  အမည်မဖော်လို ၁ ဦးက ပြောပါတယ်။ “သူနဲ့ အတူ ကားသမားရယ်၊ နာ့စ် ၃ ယောက်ရယ် သူတို့ ၅ ယောက်။ ကားကိုတားပြီး ဆင်းခိုင်းပြီး သူ့ကိုပဲ ပစ်သတ်သွားတာ။ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားနဲ့ ပြန်လှည့်ခိုင်းတယ်လို့ သူတို့ ပြောပြတယ်။ အလောင်းကတော့ လမ်းမှာပဲ။ ည သန်းခေါင်ကျော်မှ သွားကောက်နိုင်တာ။ မနက် ၂ နာရီကျော်မှ ရောက်တယ်။” လို့ သူက ပြောပါတယ်။ မနေ့ည အဆိုပါ အခင်းဖြစ်ပွားပြီးနောက် အဲဒီနေရာကို လူမှုကူညီ‌ရေးအသင်းအချို့ကို အဝင်မခံပဲ ပိတ်ထားတဲ့အတွက် အသင်း ၃ သင်းအတူ ပူးပေါင်းကာသွားရောက် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဆေးရုံအုပ် ဒေါက်တာဝင့်ဝင်မြိုင်ဟာ CDM လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပြင် ငွေကြေးမတတ်နိုင်သူတွေကိုလည်း ဆေးကုသပေးမှု မပေးချင်သူဖြစ်တယ်လို့ ဒေသခံ‌တွေကြား ပြောဆိုမှုအများအပြားရှိနေပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ဆေးရုံထဲ စစ်ကောင်စီတပ်တွေကို … - [စစ်အင်အား ၄၀ ကျော်ပါသည့် စစ်တပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/03/18/mar-18-z1/): ရွှေကူဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ ယနေ့ နံနက် ၄နာရီဝန်းကျင် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် မြို့လှ PDF တပ် မှ RPG နှင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ “မနေ့က ရွှေကူဆိပ်ကမ်းမှာ သင်္ဘောညအိပ်တယ် သူတို့က သင်္ဘောလုံခြုံရေးယူရင်း အဲ့ဒီသင်္ဘောကနေ ရိက္ခာတွေ ကဲ့ယူတဲ့သဘောဖြစ်မယ်ဗျ။ သူတို့မော်တော်တစ်စီးထွက်လာတာ သတင်းရလို့ ကြိုစောင့်နေတာ ကျွန်တော်တို့က RPG တစ်လုံးနဲ့စပစ်လိုက်တာ သံခွန်ဝမ်းထဲ ထိသွားတယ် ပြီးမှ လက်နက်ငယ်နဲ့ ဆက်တိုက်ပစ်လိုက်တယ်” ဟု မြို့လှ PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပစ်ခတ်ခံရသည့် မော်တော်ယာဉ်သည် မတ်လ ၁၄ ရက်နေ့ ပစ်ခံရသည့် သင်္ဘောကို လုံခြုံရေးယူပေးသည့် မော်တော်ယာဉ်ဖြစ်ပြီး လက်ရှိ သင်္ဘောပေါ်မှ ရိက္ခာများ သယ်ယူနေသည်ဟု ယူဆရကြောင်း သိရသည်။ “ကျနော်တို့ ခန့်မှန်းတာတော့ သင်္ဘောပစ်ခံရတော့ ရိက္ခာတွေကို တစ်ဆင့်ပြန်သယ်ယူနေတယ်လို့ ယူဆတယ် အင်အားကတော့ ၄၀ကျော်လောက်ပါလာတာပေါ့” ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ကသာအထက်ပိုင်း တစ်လျှောက်ရှိ ၎င်းတို့တပ်စွဲနေရာယူထားသည့် တပ်စခန်းများတွင် ရိက္ခာပိုမို ဖြည့်တင်းလာသည့်အပြင် ယခုရက်ပိုင်းတက်လာသည့် သင်္ဘောမှ ရွှေကူတွင် ဆန်အိတ်ပေါင်း ၂၀၀၀ ကျော်ချထားသည့်အပြင် ကသာတွေလည်း ဆန်အိတ် ၂၀၀၀ နီးပါးချပေးထားခဲ့ကြောင်း သိရသည်။ အလားတူ သင်္ဘောလာရာ လမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးအင်းအား ယခင်ထက်ပိုမိုတိုးမြင့်လာကြောင်း သိရသည်။ “တိုးလာတာ‌ပေါ့ သိသိသာသာဘဲ ခါတိုင်းသင်္ဘောတက်တုန်းက မြစ်ကြောင်းတလျောက် လုံခြုံရေးယူတာ … - [PDF နှင့် LPDF ပူးပေါင်းမှု မရှိရင်၊ ပူးပေါင်းခဲ့ရင် ဘာဆက်ဖြစ်မလဲ](https://burmese.kachinnews.com/2022/03/17/mar-17-z-1/): ဗန်းမော်မြို့ဟာ ကချင်ပြည်နယ် ဒုတိယ မြို့တော်ဖြစ်တဲ့အပြင် ခရိုင်ရုံး စိုက်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နေ့စဉ်ဆိုသလို စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူထုလူပ်ရှားမှု အလွန်အားကောင်းခဲ့တဲ့ မြို့တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် လူထုလူပ်ရှားမှုတွေမှာ အားကောင်းခဲ့သလောက် စစ်အာဏာရှင်ကို တိုက်ထုတ်မယ့် စစ်ရေးလှုပ်ရှားမှုတွေမှာတော့ ထောက်ပြစရာအချို့ရှိနေပါတယ်။ ဗန်းမော်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ချိန်ထိ ရပ်ကွက်တွေမှာ PDF၊ NUG နဲ့ ချိတ်ဆက်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားသူ ပြည်သူ အယောက် ၃၀ ကျော်ရှိပါတယ်။ ဒီထဲမှာ ဆန္ဒထုတ်ဖော်စဉ်က ဖမ်းဆီးခံထားရတဲ့ အရေအတွက် မပါဝင်သေးပါဘူး။ ကချင်ပြည်နယ်အတွင်းက အခြားမြို့နဲ့ နိူင်းယှဉ်ကြည့်ရင်လည်း ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က သိသိသာသာ ဖိနှိပ်နေဆဲဖြစ်ပြီးတော့ မြို့တွင်းမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုပြီး ထုတ်ပြန်ခံထားရတဲ့မြို့လည်း ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီတပ်ကို အကြောက်တရားပေးနိုင်တဲ့ ဗန်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDFs နှင့် LPDF အဖွဲ့တွေရဲ့ ပြတ်သားတဲ့ လုပ်ဆောင်မှုတွေကြောင့်လို့ ပြောနိုင်မယ်ထင်ပါတယ်။ PDF ဆိုတာဘာလဲ၊ LPDF ဆိုတာဘာလဲ နားလည်တဲ့ ပြည်သူတွေရှိသလို ဇဝေဇဝါ ဖြစ်နေဆဲသူတွေလည်း ရှိနေတာမို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ PDF ဆိုတာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ တပ်ဖြစ်ပြီးတော့ သူတို့ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EAO ရဲ့ စစ်ရေးလေ့ကျင့်သင်ကြားပေးမှုနှင့်အတူ NUG ရဲ့ ထိန်းချုပ်မှုအောက်က တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ လို့ခေါ်ကြတဲ့ LPDF တပ်ဖွဲ့တွေကတော့ ဘယ်အဖွဲ့နဲ့မှ … - [KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2022/03/17/mar-17-hy-1/): KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။ - [မြစ်ကြီးနားနှင့်ဝိုင်းမော်တွင် လူဦးရေစာရင်းစတင်‌ကောက်နေ၊ ရွေးကောက်ပွဲအတွက် အကျုံးဝင်မည်ဟုသိရ](https://burmese.kachinnews.com/2022/03/16/mar-16-cj1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီက လူဦးရေစာရင်းများစတင်ကောက်နေပြီး ကောက်ခံရရှိသည့် လူဦးရေစာရင်းသည် စစ်ကောင်စီပြုလုပ်မည့်ရွေး ကောက်ပွဲအတွက်လည်း အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။ လူဦးရေစာရင်းများကို မြစ်ကြီးနားနှင့်ဝိုင်းမော် မြို့နယ်အတွင်း မတ်လ ၇ ရက်နေ့နောက်ပိုင်းစတင်ကောက် ခံနေပြီဖြစ်ပြီး စစ်ကောင်စီခန့်အပ်သည့် သက်ဆိုင်ရာရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများမှကွင်းဆင်းကောက်ခံပေးနေကြောင်း မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှသိရသည်။ “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တိုက်နယ် လဝကမှူးတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျွန်တော်တို့က မြေပြင်ကို ကွင်းဆင်းပြီး စစ်ဆေးကောက်ယူနေတာပါ။ဒီကောက်ခံရရှိတဲ့လူဦးရေစာရင်းက ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲအတွက် လိုအပ်တဲ့မဲထည့်ရမယ်ဆိုရင်လည်း မဲထည့်ရမယ့်သူက မှတ်ပုံတင်မရှိရင် မှတ်ပုံတင်မရှိတာမဖြစ်စေဖို့ဖြစ်ပါအတွက်လည်းဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီက လူဦးရေစာရင်းများကောက်ခံရာတွင် အမည်၊ အသက်၊ ကျား/မ လိင်အမျိုးအစား၊ မှတ်ပုံတင်နံပတ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ တော်စပ်ပုံ၊ မသန်မစွမ်းရှိပါက မသန်မစွမ်းအမျိုးအ စား၊ မိသားစုတစ်စုမှ ရပ်ဝေးရောက်ရှိနေသည့်သူရှိပါက၎င်း ရောက်ရှိနေသည့် နေရာ နှင့်နေရပ်လိပ်စာများကို စစ်ဆေးကောက်ယူနေကြောင်း သိရသည်။ “ကျွန်မတို့ဘက်မှာကတော့ လာကောက်ပြီးသွားပြီ လာကောက်တာ သိပ်မကြာသေးဘူး တစ်လလောက် တောင်မကြာသေးဘူး။သူတို့ကတော့ အိမ်မှာလူဘယ်နယောက်ရှိလဲ၊ ပြီးတော့ ခရီးထွက် သွားတဲ့လူရှိရင် လည်း အရမ်းဝေးလား နီးလားဆိုပြီးတော့ မေးမြန်းပြီးကောက်တယ်” ဟု ဝိုင်းမော်မြို့အမှတ် (၂) ရပ်ကွက် နေသူအမျိုးသမီးတစ်ဦးကပြောသည်။ ဒေသခံများ၏ သုံးသပ်ချက်အရ ယင်းကဲ့သို့လူဦးရေစာရင်း လိုက်လံကောက်နေခြင်းသည် စစ်ကောင်စီမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအတွက် ခြေလှမ်းသစ်စတင်နေခြင်းဖြစ်ကြောင်း မြစ်ကြီးမြို့မှ ဒေသခံတစ်ဦးကဆိုသည်။ ”သူတို့ပြောတာကတော့ သူတို့ဆီမှာရှိနေတဲ့ စာရင်းနဲ့လက်ရှိမြေပြင်မှာ ရှိတဲ့လူဦးရေစာရင်းကို တိုက်ဆိုင်စစ် ဆေးတာလို့ပြောတာတွေရှိတယ် ဘယ်လိုပဲပြောပြော အဓိက ကတော့စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့အတွက် ခြေလှမ်း လှမ်းနေတာလို့ပဲမြင်တယ်”ဟု … - [ဟိုပင်တွင် အငြိမ်းစား ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/03/16/mar-16-ab-1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ တွင် အငြိမ်းစားယူနေသည့် စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း သိရသည်။ ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်သတ်ခံရသူ အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီး ဦးအောင်မျိုးသန့် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့် ရွှေညီကို/ ရွှေအင်းတော်ကြီး ကားဂိတ်အနီးတွင် ကားဖြင့်ထွက်လာစဥ် လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို မျက်မြင်တွေ့သူ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”သူက ကားဂိတ်ကနေ အိမ်ပြန်မလို့ထင်တယ် ကားပေါ်တက်တဲ့အချိန် သူ့ကားပေါ်တက်ထိုင်နေတုန်းပဲရှိသေးတယ် လူ ငါးယောက် ခြောက်ယောက်လောက်က ကားနှစ်စီးနဲ့လာပြီး ပစ်သတ်သွားတယ်ဗျ။ အဲ့ဒီပြည်သူ့စစ်ဗိုလ်ကြီးက ကားပေါ်မှာပဲဆုံးသွားတယ် ကျည်ထိဒဏ်ရာတွေနဲ့” ဟု ဟိုပင် ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီးမှာ အသက် ၅၀ ကျော်ရှိပြီး မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပါ။ အဆိုပါပစ်ခတ်မှုတွင် ရွှေအင်းတော်ကြီး ကားဂိတ်မှုးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး လတ်တလော ဟိုပင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဟိုပင်မြို့တွင် ၂၀၂၁ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ထူးထိုက်စံလက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီအောက် ပျူစောထီးအဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်းစုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။ - [တောထဲထွက်ပြေးနေရတဲ့ ပူတာအို စစ်ရှောင်များ ကျေးရွာကိုပြန်လာနိုင်ဖို့ တောင်းဆိ](https://burmese.kachinnews.com/2022/03/16/mar-16-y1-2/): ပူတာအိုမြို့နယ် ဆွမ်ပီယန် နှင့် အင်စီယန် ကျေးရွာတွေက တောထဲ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ ရွာကိုပြန်လာနိုင်ဖို့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိ ဆွမ်ပီယန်နှင့် အင်စီးယန်ကျေးရွာ ၂ ခုမှာ မတ်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်နေရာယူထားပြီး ဒေသခံတွေကိုလည်း ရွာကိုပြန်လာရင် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်စီယန်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာသားတစ်ချို့က မသိဘဲ ရွာကိုပြန်ကြတယ်။ စစ်သားတွေက ဖမ်းပြီး ‘မပြန်နဲ့ ပြန်လာရင်ပစ်မယ်လို့’ပြောပြီး ပြန်လွတ်ပေးတာ ၂ကြိမ် ရှိသွားပြီ။ ပြန်လာချင်ရင် ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီးပြန်လာကြတဲ့။ နောက်ရိက္ခာပြတ်သွားရင်လည်း ရွာထဲကို အလံဖြူထောင်ပြီး အနည်းဆုံး ၃ ယောက်လောက်ဘဲ လာလို့ရတယ်တဲ့။ အဲ့လိုပြောထားတော့ ဘယ်သူမှ မပြန်ရဲကြဘူး” လို့ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေကဘက်လည်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ထံ မတ်လ ၉ ရက်နေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ပူတာအိုစစ်ရှောင်တွေရဲ့ တင်ပြချက်ကို ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ထပ်မံ စာတင်ပြတောင်းဆိုထားတယ်လို့ မြစ်ကြီးနားခရစ်ယာန်ကောင်စီ MCC မှ ဆရာတစ်ပါးက အခုလိုပြောပါတယ်။ “ပူတာအိုစစ်ရှောင်တွေက သူတို့ရဲ့အခက်အခဲတွေကို ကူညီပေးဖို့ PCG နဲ့ WMR တို့ တင်ပြလာတယ်။ အဲ့ဒါကို ကျနော်တို့ ဘာသာရေးအဖွဲ့ကလည်း ပူးပေါင်းပါဝင်ပြီး ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌ နဲ့ တိုင်းမှူး ၂ နေရာမှာ တင်ပြတောင်းဆိုထားတယ်။ ဒါပေမယ့် အခုက သူတို့ဘက်မှ ဘာမှ ပြောဆိုထားခြင်းမရှိသေးဘူး” လို့ MCC ဆရတစ်ပါးက ဒီမနက်ပိုင်းက KNG ကို ပြောဆိုခဲ့ပါတယ်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာကို ပြန်လည် ထိန်းချုပ် နေရာယူလိုက်ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီလဆန်းကတည်းက ပူတာအိုမြို့နယ်အတွင်းရှိ လုန်ရှာယန်၊ ဖတ်မာ၊ ဆွမ်ပီယန်နှင့် အင်စီယန် စတဲ့ကျေးရွာတွေက ဒေသခံလူဦးရေ ၅ ထောင်ကျော် တောထဲ ထွက်ပြေးနေရတာဖြစ်ပါတယ်။ စစ်ရှောင်အချို့ မြစ်ကြီးနားဘက်ကို ထွက်ပြေးလာနိုင်ပေမယ့် အများစုကတော့ တောထဲမှာပဲ ခိုလှုံနေတာ ၁ လ ကျော်လာပြီ ဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး ဘယ်ကို ရှေ့ဆက်ရမယ်မှန်းမသိ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တောထဲရောက်နေတဲ့ ဒေသခံတွေအနေနဲ့ အစားအသာက်အတွက် ရွာကိုပြန်လာမယ်ဆိုရင် အလံဖြူထောင်ပြီး … - [Omicron မှ ပြန်လည်သက်သာလာသူများ](https://burmese.kachinnews.com/2022/03/15/psa-articles/): ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ အိုမီခရွန်ပိုးဟာ ကချင်ပြည်နယ်ထဲ မိသားစုတိုင်းလိုလို ကြုံတွေ့ခံစားနေရပြီး အများစုကတော့ တစ်ပတ်အကြာဆို ပြန်လည်သက်သာလာကြာတာ များပါတယ်။ Omicron ဟာ ကိုဗစ် တတိယလှိုင်း ရိုက်ခတ်သွားတဲ့ Delta အမျိုးအစားနဲ့ ကွဲပြားပါတယ်။ ရောဂါအခြေအနေ မပြင်းထန်ဘူး ဆိုပေမဲ့ နောက်ဆက်တွဲ ပြဿနာတော့ ရှိစမြဲဖြစ်ပါတယ်။ ဖျားနာပြီး ပြန်လည် သက်သာလာပေမယ့် ချောင်းဆိုးတဲ့ ပြဿနာနဲ့ ရင်ဘတ်အောင့်တာတွေ ကျန်နေတတ်ပါတယ်။ နောက်ဆက်တွဲခံစားရတဲ့ ပြဿနာတွေကတော့ အရင်လို လူကို ပုံမှန် ပြန်မဖြစ်စေနိုင်တော့ တာပါပဲ။ (၁) ခံတွင်းမတွေ့ခြင်း။ ဗိုက်ဆာနေပေမဲ့ ထမင်းက စားမဝင်နေတာမျိုး၊ ဘာပဲစားစား အရသာမရှိနေတာမျိုး ကြုံရပါတယ်။ ဒီလို အရသာခံစားလို့ မရနိုင်တော့က လူကို အားရှိစေဖို့ ခက်ခဲစေခြင်းပဲ ဖြစ်ပါတယ်။ (၂) အိပ်မပျော်ခြင်း။ ညဘက် အိပ်မပျော်တဲ့အရာကတော့ လူတိုင်းမဟုတ်ပေမဲ့ အများပိုင်းကြုံနေရတာကို သိရပါတယ်။ ညဘက် အိပ်မပျော်တာကြောင့် နေ့ခင်းအိပ်လို့ရလားဆိုတော့လဲ လူက အိပ်ချင်နေရင်တောင် အိပ်လို့မရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအကြောင်းကြောင့် ပြန်ခံစားရတဲ့ နောက်ဆက်တွဲ ပြဿနာက မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ ခေါင်းမူးပြီး လူက မအီမသာကြီး ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ (၃) အာရုံစိုက်လို့မရခြင်း။ အရင်လို ပုံမှန်မဟုတ်ပဲ အလွန်မေ့တတ်လာပါတယ်။ အာရုံစိုက်ပြီး လုပ်ရတဲ့ ကိစ္စတွေမှာ အာရုံစူးစိုက်လို့မရတော့ပဲ ဦးနှောက်ရဲ့ ထိန်းချူပ်မှုတွေက အရင်လို ဟာမိုနီဖြစ်ဖို့ ခက်လာတယ်လို့ သိရပါတယ်။ အာရုံပြန့်နှံ့မြန်ဆန်ပြီး စိတ်ပိုင်းပိုင်ဆိုင်ရာ ပင်ပန်းခြင်း၊ စိတ်ကျခြင်းတွေ ဖြစ်စေတတ်လာပါတယ်။ (၄) အဖြစ်အများဆုံးကတော့ နုံးနယ်ခြင်း။ ကိုဗစ်-၁၉ … - [မြို့လှ PDF ခေါင်းဆောင်ကို  KIA ဖမ်းဆီးထားသည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2022/03/14/mar-14-z-2/): ကသာဒေသခံများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မြို့လှ PDF ခေါင်းဆောင်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လက်နက်ဖြုတ် ဖမ်းဆီးထားသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း မြို့လှ PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “အဲသတင်းက လုံးဝမဟုတ်ပါဘူး။ သတင်းအမှားတွေပါ ကျနော်တို့အားလုံးက စည်းစည်းလုံးလုံးနဲ့ ဒီတော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု မြို့လှ PDF တာဝန်ရှိတစ်ဦးက ပြောသည်။ အဆိုပါ ကိစ္စသည် သတင်းအမှားသာဖြစ်ကြောင်း  မြို့လှ PDF အဖွဲ့၏ လူမူကွန်ယက်စာမျက်နှာတွင် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။ မြို့လှ PDF တပ်ဖွဲ့သည် ကသာ ရွှေကူမြို့နယ် တစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ယခုလို သတင်းအမှားဖြင့် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ” ကျနော်တို့ကို သတင်းမှားတွေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ အဲကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ Page ကနေလည်း သတင်းမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်” ဟု မြို့လှ PDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ အဆိုပါ သတင်းအမှားကို မတ်လ ၁၁ရက်နေ့မှ Manawn May အကောင့်၊  မုံရွာသတင်းနှင့် သတင်းစုံ page တို့တွင်ဖော်ပြထားပြီး  “မြို့လှ PDF တပ်ရင်းသည် အမိန့်မရဘဲ အခြား PDF တွေနှင့် စစ်ရေးလှုပ်ရှားခြင်း၊ ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံခြင်း တို့ကြောင့်မတ်လ ၈ ရက်နေ့ KIA … - [စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/03/14/mar-14-z1/): ‌စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကို ယနေ့ နံနက်ပိုင်းက Katha PDF အဖွဲ့မှ ရှော့တိုက်ဒုန်း ၂လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်နေ့ ယနေ့ နံနက် မန္တလေးမှ ကသာဘက်သို့ စစ်အင်အား တင်ဆောင်လာသည့် အဆိုပါသင်္ဘောကို ကသာမြို့ အောက်ဖက် ပန်းသေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ညနေ ၃ နာရီ ၁၅ မိနစ် ကသာကမ်းကို ဆိုက်လာတယ်။ အဲနောက် ၄ နာရီ၁၀ မိနစ်‌လောက်မှာ ကသာဆိပ်ကမ်းက‌နေ လူနာတင်ယာဥ် ၄ စီးနဲ့ ကသာဆေးရုံကိုမောင်းသွားတယ်။ ထိခိုက်သေဆုံးမူများနိုင်တယ်။ လူနာတင်ယာဉ်က ၄စီးတောင် ဟုတ်တယ်။ ထိခိုက်သေဆုံးတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကို KATHA PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ သဘော်အတွင်းသို့ တည့်တည့်ကျ‌ရောက်ပေါက်ကွဲသွားသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ကသာနယ်အဆုံး ရွှေကူမြို့နယ် လုတ်တိုင်းချောင်းအနီး စစ်ကောင်စီတပ်၏ စက်လှေ ၂ စီးကို မြို့လှ PDF မှ တိုက်ခိုက်ခဲ့သည်။ အလားတူ မတ်လ ၁၃ ရက်နေ့တွင်လည်း ကသာနယ်၊ ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးမည့် ခြေလျင်တပ်ကို မြို့လှ PDF မှ စောင့်ကြို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် … - [မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို](https://burmese.kachinnews.com/2022/03/14/mar-14-y1-2/): ဧရာဝတီမြစ် ထာဝစဉ်စီးဆင်းနိုင်ရေးနှင့် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသောလုပ်ငန်းများ အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့တွင် မြစ်ဆုံသေခံများ ပြုလုပ်ခဲ့ကြသည်။ မတ်လ ၁၄ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသော တန်ဖရဲ၊ အောင်မြင်သာ၊ လမုန့်ဇွပ် နှင့်မလိယာန် အပြင် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၇၀ ဦးခန့် ပါဝင်ပြီး ယခုလို တောင်းဆိုခဲ့ကြသည်ဟု မြစ်ဆုံဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ဒီလှုပ်ရှားမှုက ကျနော်တို့ ဒေသခံတွေရဲ့ ရင်ထဲတကယ်ခံစားနေရတဲ့ အရာတွေကို ဖော်ပြတဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဒေသခံတွေက မလိခမြစ် ထာဝစဉ်စီးဆင်းနေဖို့၊ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေတဲ့သူတွေ ရပ်တန့်ပေးဖို့၊ မြစ်ဆုံစီမံကိန်းထာဝရရပ်တန့်ပေးဖို့ ဒီအချက်တွေဘဲ တကယ်ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတဲ့အကြောင်းဖြစ်တယ်” ဟု ပြောဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုလုပ်ငန်း ပြုလုပ်လာခြင်းကြောင့် ကျေးရွာများတွင် သောက်ရေခမ်းခြောက်မှုများကြုံတွေ့နေရပြီး သန့်ရှင်းသော ရေရရှိရန် ခက်ခဲလာသည်ဟု သူက ဆက်ပြောသည်။ “အခုဆို သဘာဝမြစ်ချောင်း အင်းအိုင် ဂေဟစနစ်တွေပျက်စီးလာလို့ ရေခမ်းခြောက်တာတွေဖြစ်လာတယ်။ အင်ဂန်းကျေးရွာမှာ သန့်ရှင်းတဲ့ သောက်ရေရဖို့အတွက်တောင် ခက်ခဲလာတယ်။ ရေတွင်းရေတွေခမ်းခြောက်လာတယ်။ အရင်ကဆို မလိခမြစ်ကို ဘဲမှီခိုပြီး သောက်သုံးနေရတယ်။ အခုက သုံးလို့မရတော့ဘူး။ ကျေးရွာအနီးမှာရှိတဲ့ အင်းအိုင်တွေလည်း ခမ်းခြောက်လာတယ်။ အဲ့ကြောင့် ရေရှိဖို့ အရင်ကထက် ခက်ခဲလာတယ်” ဟု ပြောဆိုသည်။ ယနေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့တွင် ဒေသခံပြည်သူများက “ဧရာဝတီမြစ်ထာဝရစဉ်လွတ်လပ်စွာ … - [ယင်းမာပင် Hero Tiger Force စခန်းနှစ်ခု ဖြိုခွဲခံရ](https://burmese.kachinnews.com/2022/03/12/mar-12-z-3/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Hero Tiger Force စခန်းနှစ်ခု ယနေ့ နံနက်ပိုင်းက ဖြိုခွဲခံလိုက်ရကြောင်း သိရသည်။ ယနေ့ နံနက် ၈ ခန့်အချိန်ခန့် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်သည် ယင်မာပင်မြို့နယ် ကျွန်းလေးပင်ရွာအနီးတွင် စခန်းချထားသည့် Hero Tiger တပ်ဖွဲ့၏ စခန်းနှစ်ခုကို အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်ခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ နောက်ဆုတ်ခဲ့ရပြီး ယင်းစခန်းနှစ်ခုကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Hero Tiger Force အဖွဲ့ခေါင်းဆောင်က KNG သတင်းဌာနသို့ ပြောသည်။ “ကျွန်နော်တို့မှာ စခန်းက နှစ်ခုခွဲထားတာဗျ။ အဲ့ဒီနှစ်ခုလုံး ဖြိုခွဲခံလိုက်ရတာ နှစ်ခုလုံးကို မီးရှို့သွားတာ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ဘူး။ စခန်းနောက်ဘက်ကနေ လက်နက်ကြီးတွေ ထုပြီးတော့ ဝင်လာတာဗျ။ ကျနော့်ရဲဘော်တွေက ပြန်ဆုတ်ခဲ့တာ ရဲဘော်တွေကတော့ ထိခိုက် ဖမ်းဆီးခံရမှုမရှိဘူး။ စခန်းပဲ မီးရှို့ခံလိုက်ရတယ်ဗျ” ဟု အဖွဲ့ခေါင်းဆောင်က ပြောသည်။ မီးရှို့ခံလိုက်ရသည့် စခန်းနှစ်ခုမှာ စခန်းတစ်ခုနှင့် တစ်ခု အကွာအဝေးနှစ်မိုင်ခန့်သာရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းငါးဆယ် ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ရဲဘော်တွေကတော့ အသက်လုပြီးပြေးခဲ့ရတာပေါ့ဗျ။ ထုတ်လုပ်ရေးသုံးပစ္စည်းတွေ ဝရိန်တုံးတွေပါသွားတယ်။ ပြီးတော့ ပင်မစခန်းကနေ ဖုန်းပြောတဲ့ဟာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကျန်တဲ့တခြားပစ္စည်းတွေပါသွားတယ်။ အားလုံးပေါင်းခန့်မှန်း သိန်းငါးဆယ်ဖိုးလောက် ပါသွားတယ်။ လက်နက်တွေကတော့ မပါသွား ဘူး” ဟု Hero Tiger အဖွဲ့ခေါင်းဆောင်ကပြောသည်။ ယနေ့မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စခန်းနှစ်ခုလုံးသည် ငါးလ ကျော်ကြာနေထိုင်ခဲ့သောစခန်းဖြစ်ပြီး Hero Tiger အဖွဲ့၏ ပထမဆုံးအကြိမ် ဖြိုခွဲခံရသော … - [စစ်ကောင်စီတပ်၏ စက်လှေတစ်စီး တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ ရေထဲခုန်ချ](https://burmese.kachinnews.com/2022/03/12/mar-12-z-2/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ချောင်းဝရွာတွင် တပ်စွဲထား‌နေထိုင်ထားသည့် စစ်ကောင်စီတပ်များသည် ဗန်းမော်မြို့ရှိတပ်နှင့် တပ်ချိန်းရန်ချောင်းဝရွာမှ ထွက်လာစဉ် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀နာရီဝန်းကျင် လုတ်တိုင်းချောင်းအနီး မြို့လှ PDF တပ်များမှ စောင့်ကြိုတိုက်ခိုက်လိုက်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှသိရသည်။ “သူတို့ ဗန်းမော်တပ်ဘက်ကို တပ်ပြောင်းဖို့ထွက်လာတယ်ဆိုတာကို သတင်းရလို့ ကျနော်တို့ကြိုတင်ပြင်ဆင်ပြီး လုတ်တိုင်းချောင်းနားမှာ သွားစောင့်ပြီးတော့ ပစ်တာ။ ကျနော်တို့ဘက်က အသာစီးရနေတော့ သူတို့ဘက်က ပြန်ပစ်နိုင်တဲ့ အခြေနေမရှိလို့ထင်တယ် ရေထဲခုန်ချသွားကြတယ်” ဟု မြို့လှ PDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ပစ်ခတ်ခံရသည့် စက်လှေတွင် ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ကာ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် အင်အား ၁၀ ဦးခန့်လိုက်ပါ စီးနှင်းလာသည့် စက်လှေဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ မြို့လှ PDF တပ်ဘက်မှ ၁၀မိနစ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ယင်းမစ်ရှင်အား မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုးဦးဆောင်သောအဖွဲ့မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေကူနယ်တစ်ဝိုက် စစ်ကောင်စီတပ်များနှင့် KIA, PDF ပူးပေါင်းတပ်တို့ ယခုရက်ပိုင်းမကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်လျှက်ရှိသည်။ မြေပြင်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် ရွှေကူ၊ကသာ၊ ဗန်းမော်တစ်လျှောက် ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမူပုံစံအနည်းငယ်ပြောင်းလဲလာကြောင်း သိရသည်။ ” ခါတိုင်းနဲ့မတူဘူးဖြစ်လာတယ် ခုရက်ပိုင်း သူတို့ရဲ့လှုပ်ရှားမူက အကွက်ပိုကျလာတယ် ဥပမာ တပ်ချိန်းတယ်ဆိုရင် လမ်းကြောင်းက ဘက်ပေါင်းစုံကနေဖြန့်ပြီး သွား‌လာကြတယ်” လို့ မြေပြင်သတင်းပေးပို့သူတစ်ဦးကပြောသည်။ - [ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအမှု တစ်နှစ်ကျော်ကြာသည်အထိ အမိန့်မချနိုင်သေး](https://burmese.kachinnews.com/2022/03/12/mar-12-z-1/): ကချင်ပြည်နယ် ဖားကန့်မြို့ တွင် ဖမ်းဆီးခံလိုက်ရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုချိန်အထိ အမိန့်မချနိုင်သေးကြောင်း သိရသည်။ ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုထားခံရသည့် ကိုနောင်ရိုးကို ဖားကန့် တရားရုံမှ ရုံးထုတ်စစ်ဆေးခြင်းမရှိတော့သည့်အပြင် ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ကိုနောင်ရိုးနှင့် ရင်းနှီးသည့် ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ယခုလို ပြောသည်။ “သူက အချုပ်ထဲမှာနေတာ တစ်နှစ်ပြည့်တော့မယ်တဲ့။ ဒါပေမယ့် သူ့ရဲ့ ဒီ ၅၀၅-က အမှုကို အကြောင်းအမျိုး မျိုးပြပြီးတော့ အချိန်ဆွဲထားတယ်။ အမိန့်ချမှတ်လိုက်ခြင် းမရှိသေးဘူး။ သူ့ကိုရုံးထုတ်မယ်ဆိုပြီး မထုတ်ဖြစ်တာ အများကြီးပဲ။ တရားသူကြီးမလာလို့ ရဲမှူးမလာလို့ ဆိုပြီး ရုံးမထုတ်ဖြစ်တာတွေရှိတယ် သူ့ကိုရုံးထုတ်တာ ၅ ကြိမ်လောက်ပဲရှိမယ်” ဟု ကိုနောင်ရိုး၏ မိတ်ဆွေတစ်ဦးက ပြောသည်။ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးသည် လတ်တလော ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားခံရသော်လည်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းသူက ဆက်ပြောသည်။ ကို နောင်ရိုးကို ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဖားကန့်မြို့အဝင်ရှိ ပန်းတင် တံတားအနီးတွင် ၎င်းစီးနင်လာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဆိုင်ကယ်မှာ လိုင်စင်မရှိသည့်အတွက် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်မှု ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် တရားစွဲဆိုခံထားရသည်။ ကချင်တစ်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်နယ်အခြေစိုက် သတင်းထောက် ကိုနောင်ရိုးအပါအဝင် ၆ ဦး … - [ရွှေညောင်ပင် ကျေးရွာပြည်သူများထံမှ စစ်တပ် သိမ်းယူထားသော မြေနေရာများကို ခြံစည်းရိုးကာရန် ပြင်ဆင်နေ](https://burmese.kachinnews.com/2022/03/11/mar-11-y1/): ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် ခမရ ၃၂၁ စစ်တပ်မှ မတရားသိမ်းဆည်းထားသော ဒေသခံများ၏ မြေယာများကို မတ်လ ၈ ရက်နေ့မှစပြီး ခြံစည်းရိုးကာရန် ကျောက်တိုင် စိုက်ထူလာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။ မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခမရ ၃၂၁ တပ်ရင်းမှ ဒေသခံများ၏ အိမ်ခြံမြေ၊ လယ်ယာမြေ၊ တောင်ယာမြေ နှင့် သချိုင်းမြေ ဧက ၁၀၀ ကျော်ကို တပ်ပိုင်ကျူးကျော်မြေအဖြစ် သိမ်းယူထားခြင်းဖြစ်ပြီး ယခု ခြံစည်းရိုးကာရန် စတင်ဆောင်ရွက်နေပြီဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “သူတို့တပ်ပိုင်မြေအဖြစ် သိမ်းထားတဲ့နေရာမှာ ဒေသခံတွေရဲ့လူနေအိမ်တွေပါတယ်။ တောင်ယာ၊ လယ် အကုန်ပါတယ်။ ဒါတွေကို ပြန်ရမှသာ ကျနော်တို့ လုပ်ကိုင်စားသောက်လို့မှာ။ ဒါကြောင့် တာဝန်ရှိတဲ့ အကြီးအကဲတွေ အမှန်ဖြေရှင်းပေးကြပါ” ဟု ရွှေညောင်ပင် မြေသိမ်းခံရသည့် ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုသည်။ ရွှေညောင်ပင် ဒေသခံများ၏ မြေယာများ စစ်တပ်နယ်နမိတ်ထဲပါဝင်သည်ဟုဆိုကာ ၂၀၁၆ ခုနှစ်တွင် စစ်တပ်မှ သိမ်းပိုက်လာခြင်းဖြစ်ပြီး ဒေသခံများလည်း ၎င်းတို့ မြေယာမြေနေရာများကို ပြန်လည်ရရှိရန်အတွက် NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစားပေးပို့ခဲ့သည်။ စစ်တပ်မှ သိမ်းယူထားသော ရွှေညောင်ပင်ဒေသခံများ၏ မြေယာနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှ ဒေသခံများထံ “၁၉၉၁ ခုနှစ် ခမရ ၃၂၁ တပ်ရင်းမှ တပ်မြေအဖြစ် သိမ်းယူခဲ့စဉ် ၎င်း မြေယာများမှာ … - [ကချင်သို့ အင်အားတိုးချဲ့လာသောယာဉ်တန်း တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ် ၇၀ ဦးခန့် ကျဆုံး၊ စစ်ကား ၉ စီးပျက်စီး](https://burmese.kachinnews.com/2022/03/10/mar-10-y1/): စစ်ကိုင်းမှ ကချင်ပြည်နယ်သို့ လေယာဉ်ဆီအပါအဝင် စစ်ရိက္ခာသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ လမ်းတလျောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များတွင် စစ်ကောင်စီဘက်မှ အယောက် ၇၀ ဦး ထက်မနည်း ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့သည်ဟု သိရသည်။ ထီးချိုင့်ဘက်မှ တက်လာသော စစ်ကောင်စီယာဉ်တန်းကို မတ်လ ၄ ရက်နေ့မှစပြီး ကသာခရိုင်နှင့် မိုးညှင်းခရိုင်တွင် KIA နှင့် PDF တပ်မှ ၅ ရက်အတွင်း ၈ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက် ၇၀ ဦး သေဆုံးပြီး စစ်ကား ၉ စီး ပျက်စီးသွားသည်ဟု KIA ရှေ့တန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။ “ကသာခရိုင်မှာ ၂ကြိမ်လောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်။ နောက် စစ်ယာဉ်တန်းက ၅ရက်နေ့ မိုးညှင်းဘက် ရောက်လာတယ်။ မိုးညှင်းမှာက ၅ကြိမ်လောက်ထပ်မံဖြစ်ပွားခဲ့တယ်။ အဲ့ဒီစစ်ယာဉ်တန်းက ၉ရက်နေ့က မြစ်ကြီးနားမြို့ဘက်ကို ရောက်သွားတယ်။ တိုက်ခိုက်ခံရတဲ့ ၅ ရက်လောက်မှာ သူတို့ဘက်က ၇၀ ယောက်သေဆုံးနိုင်တယ်။ ပြီးရင်ကျနော်တို့ဘက်ကတော့ ၇ယောက် အသက်ဆုံးရှုံးလိုက်ရတယ်” ဟု ပြောဆိုသည်။ စစ်ယာဉ်တန်း တိုက်ခိုက်ခံရသောနေရာများမှာ မတ်လ ၄ ရက်နေ့ မော်လူးနှင့် ပင်ဝယ်ကြားတစ်ကြိမ်၊ နဘားနှင့် ပင့်တင်ကြား တစ်ကြိမ်၊ မော်ဟေးနှင့် မော်ဟန်ကြားတစ်ကြိမ်၊ မတ်လ ၇ရက်နေ့ နန်းမားမြို့အနီး တစ်ကြိမ်၊ ၈ ရက်နေ့ မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း တစ်ကြိမ်၊ နမ္မန နှင့် တောင်နီ ကြားတစ်ကြိမ်နှင့် … - [မြစ်ကြီးနား၊ ဝိုင်းမော်တွင် ဧပြီလအတွင်း မီးရရှိမှု ပိုနည်းလာမည်](https://burmese.kachinnews.com/2022/03/10/mar-10-lp-1/): မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် လာမည့် ဧပြီလမှစ၍ လျှပ်စစ်မီးရရှိနိုင်မှု ပိုမိုခက်ခဲလာနိုင်ကြောင်း မြစ်ကြီးနားမြို့ ဘူးဂါးလျှပ်စစ်ရုံးမှ သိရသည်။ လက်ရှိကာလ ဘူးဂါးလျှပ်စစ်ရုံးအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားစနစ်ဝယ်ယူမှု မလုံလောက်ခြင်းနှင့် ဘူးဂါးရေအားလျှပ်စစ်လုပ်ငန်းမှ နွေရာသီကာလ ရေခမ်းခြောက်လာသောကြောင့် လျှပ်စစ်မီး ပိုမိုပြတ်တောက်လာနိုင်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ အစိုးရ ဓာတ်အားစနစ်ကနေလဲ ဝယ်တယ်။ နောက်ပြီး ကျနော်တို့ ဘူးဂါးကုမ္ပဏီကရှိတဲ့ အထက် မလိခ ၊ အောက်မလိခက မီးစက် ၂ ခု ကနေလည်း ပေါင်းပြီးတော့ ပေးနေတာဖြစ်တယ်။ အခုက အစိုးရကနေ ဝယ်ချင်သလောက် မရနိုင်ဘူး ဖြစ်နေတယ်။ ဘူးဂါးကုမ္ပဏီက မီးစက် ၂ လုံးကလည်း နွေရာသီရောက်လာပြီ ဆိုတော့ ရေကျလာတာကြောင့် မီးအားလုံလုံလောက်လောက်မရဘူး။ တစ်ချို့ရပ်ကွက်တွေမှာ တစ်နေ့ကို အနည်းဆုံး ၆ နာရီတော့ မီးပျက်တယ်။ အခု ပိုခက်လာမှာက ဧပြီလကစပြီးတော့ ကျနော်တို့ နေ့လည်ဆို မီးတောင်မပေးနိုင်တော့တဲ့ အခြေအနေဖြစ်လာနိုင်တယ်။” ဟု ပြောသည်။ NLD အစိုးရလက်ထက်မှ လက်ရှိချိန်ထိ အများပြည်သူသုံးလျှပ်စစ်မီတာခများကို ၁ ယူနစ်မှ ၃၀ ယူနစ်ထိ နှုန်းထား ၃၅ ကျပ် ၊ ၃၁ယူနစ်မှ ၅၀ယူနစ်ထိ နှုန်းထား ၅၀ ကျပ် ၊ ၅၁ယူနစ်မှ ၇၅ယူနစ်ထိ နှုန်းထား ၇၀ ကျပ် ၊၇၆ယူနစ်မှ ၁၀၀ယူနစ်ထိ နှုန်းထား ၉၀ ကျပ် ၊၁၀၁ယူနစ်မှ ၁၅၀ယူနစ်ထိ နှုန်းထား ၁၁၀ ကျပ် ၊၁၅၁ယူနစ်မှ … - [ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ](https://burmese.kachinnews.com/2022/03/10/mar-10-z1/): စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။ “တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် “ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည် နဘားဖက်မှတဆင့် ကသာမြို့သို့ ဝင်ရောက်လာပြီး ကသာနယ်အထက်ဖက်ရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်ဖြန့်နေရာယူထားကြောင်းလည်းသိရသည်။ “အရင်ကဆို အခုလိုကားလမ်းကနေ မြို့တွင်းဝင်လာပြီး အင်အားဖြည့်တာ မရှိသလောက်ဘဲ အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ၁၂ဘီးကားတွေ၊ အိမ်စီးကားတွေနဲ့ ဝင်တာလာတာရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင်လည်း ကသာမြို့ အမှတ် ၂ ရဲစခန်းဝင်းအတွင်းတွင် စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် စစ်တပ်ထောက်ခံသူ၊ ဒလန်အချို့တို့အား လက်တွေ့မိုင်းသင်တန်းများပေးခြင်းများရှိခဲ့ပြီး လက်ရှိတွင် ဒေသခံမဟုတ်သည့် လူစိမ်းများ ဒေသတွင်းဝင်ရောက်လာမှုများ ပိုမိုများသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။ လတ်တလော ကသာမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများရှိနေပြီး လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်​နေ့အထိ ကသာမြို့နယ်အတွင်း လျှပ်စစ်မီးများ လုံးဝဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့ခံပြည်သူများအကြား သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၅၂ မြို့နယ်ရှိသည့်အနက် မုံရွာ၊ ရွှေဘို၊ ကလေး၊ ရွှေဘိုမြို့နယ်မှ လွှဲ၍ ကျန်သည့်မြို့နယ်များသည် စစ်ကောင်စီတပ်မှ … - [ချန်ဟော့် ဖရဲသီး‌‌ရောင်းချသည့် အရောင်းကွင်းအား ယာယီပိတ်](https://burmese.kachinnews.com/2022/03/09/mar-9-bs-1/): မြန်မာ– တရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းမှ ဝမ်တိန်မြို့၊ ချန်ဟော့်ဖရဲအရောင်းကွင်းအား ယနေ့မှစကာ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ “ပိုးတွေ့လူနာများလာလို့ ဒီနေ့ကစပြီး ရွှေလီ – ဝမ်တိန် ဒေသကို Lockdown ချပြီး စည်းကမ်း‌တွေထပ်ပြီး တင်းကြပ်လိုက်် ပြီး‌တော့ ဖရဲအရောင်းကွင်းလည်း ပိတ်လိုက်ပြီ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ ဝမ်တိန်မြို့နှင့် ရွှေလီမြို့တို့တွင်း မတ်လ ၈ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၂၃ ဦးတွေ့ရှိခဲ့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ– တရုတ်နယ်စပ်ဖြစ်သည့် အဆိုပါကုန်သွယ်ရေးဇုန်နှင့် ဖရဲသီးအရောင်းကွင်းများအား ကိုဗစ်အကြောင်းပြချက်ဖြင့်  မကြာခနပိတ်နေသည့်အတွက် သစ်သီးတင်ပို့ရာတွင် ပျက်စီးဆုံးရှုံးမှုလည်းများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များမှ သိရသည်။ “မကြာခဏ ပိတ်နေတော့ မြန်မာဘက်ခြမ်းစောင့်နေတဲ့ ဖရဲ၊ သခွား အသီးကားတွေ ခန့်မှန်းခြေအစီးရေ ၅၀၀ လောက်ရှိတယ်။ အရောင်းကွင်းက ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ ပျက်ဆုံးဆုံးရှုံးရတာ များတယ်” လို့ အသီး ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါသည်။ လက်ရှိတွင် တရုတ်ဘက်ခြမ်းရောက်‌ပြီး အရောင်းကွင်းမရောက်သေးသည့် ကားအစီး‌ရေ ၂၀၀ ဝန်းကျင် ရှိနေသေးသည့်အပြင် မြန်မာဘက်မှလည်း စောင့်နေရသည့် ကားအစီးရေ ၅၀၀ ခန့်ရှိ‌နေသေးသည့်အတွက် Lockdown ကာလ ကြာမြင့်မှာကို စိုးရိမ်နေကြကြောင်း ဖရဲလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ရွှေလီ၊ ဝမ်တိန်၊ ကျယ်ဂေါင် မြို့တွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ လက္ခဏာမပြသူ အပါအဝင် ပိုးတွေ့ ၁၀၀ … - [လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ ဦးကို စစ်ကောင်စီသတ်ဖြတ်သွား](https://burmese.kachinnews.com/2022/03/09/mar-9-z-1/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ဦးအား မတ်လ ၈ရက်နေ့ စစ်ကောင်တပ်မှ သတ်ဖြတ်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်သည် လက်ပံတောကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ဖောက်ဝင်ရောက်လာခဲ့ပြီး လက်ပံတောကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူ့ ၁၁ဦး သတ်ဖြတ်သွားကြောင်း Hero Tiger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “စစ်သားတွေက မနေ့ညတုန်းက လက်ပံတော မြောက်ဘက်ကနေဝင်လာတယ်ဗျ။ ဝင်လာတဲ့အခါမှာလက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျနော်တို့ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ ကျနော်တို့ရဲဘော်ရဲ့မိန်းမရယ်။ သားနှစ်ယောက်ရယ်။ ယောက်ခမရယ်။ နောက်ထပ်ခြောက်ယောက်အပါအဝင် စုစုပေါင်း ဆယ့်တစ်ဦးသတ်ခံလိုက်ရတယ်ဗျ” ဟု ၎င်းကပြောသည်။ အဆိုပါ သတ်ခံလိုက်ရသည့် ၁၁ ဦးတွင် Hero Tiger Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၏ မိန်းမ၊သားနှစ်ဦး နှင့်ယောက်ခမဖြစ်သူပါဝင်ပြီး ယင်းတပ်ဖွဲ့သည် ယင်းမာပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။ သတ်ဖြတ်ခံလိုက်ရသည့် စစ်ရှောင်ပြည်သူ ၁၁ ဦးအနက် ၁၀ ဦး၏ရုပ်အလောင်းအား စစ်ကောင်စီတပ်သားများမှ မီးရိူ့ခဲ့ပြီးကျန်တစ်ဦး၏ရုပ်အလောင်းကိုမှု ယနေ့နံနက်ပိုင်းတွင် တပ်ဖွဲ့ဝင်များကမီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။ လတ်တလောတွင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေမှုကြောင့် လက်ပံတော ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိကျေးပေါင် ၈ ရွာခန့်မှ ပြည်သူ ၂၀၀၀ ကျော်က ဘေးလွတ်ရာ သို့ထွက်ပြေးတိန်းရှောင်နေရကြောင်းသိရသည်။ ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာတွင်လွန်ခဲ့သည့် ဖေဖော်ဝါရီအတွင်း လူပေါင်း ၂၀ ကျော်အား စစ်ကောင်စီတပ်က တစ်ပြိုင်နက်တည်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ လတ်တလောတွင် ယင်းမာပင်တစ်မြို့နယ်လုံးကို မတ်လ ၃ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်သည့်နောက်ပိုင်း စစ်ကောင်စီတပ်များသည် ကျေးရွာများတွင် လူနေအိမ်မီးရိူ့မှု လူသတ်မှုစသည့်အကြမ်းဖက်လုပ်ရပ်များပိုမိုလုပ်ဆောင်လာနေကြောင်းသိရသည်။ - [ရွာလုံးကျွတ်မီးလောင်သွားသော ပန်နမ်းဒင် ထာလာထုရွာသားများ အရေးအပေါ် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/03/09/mar-9-ld-2/): ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နမ်းဒင်မြို့မှ ခြေကျင်ဖြင့် ၆ ရက်ခန့်သွားရသော ခါကာဘိုရာဇီ တောင်ခြေရှိ ထာလာထု ရွာလုံးကျွတ် မီးလောင်သွားသောကြောင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်ည မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံ ရွာသူ/သားများအတွက် အစားအသောက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပူတာအိုဒေသ လူမှုရေးကူညီပေးနေသူတစ်ဦးထံမှ သိရသည်။ “အခုအဲ့ဘက်မှာက ဖုန်းလိုင်းလဲမရှိဘူး။ အဆက်အသွယ်လည်းခက်နေတယ်။ တစ်ရွာလုံးမီးလောင်သွားတော့ ရွာသားတွေ ဘာပစ္စည်းတစ်ခုမှ မယူလိုက်ရဘူး။ အားလုံးဆုံးရှုံးသွားတယ်ဆိုတာတော့သိတယ်။ သူတို့ဘယ်လိုပဲ ဖြေရှင်း နေနေကြ တယ်ဆိုတာ အတိအကျမသိဘူး။ အရမ်းခက်ခဲတဲ့ရွာဖြစ်တယ်။ စပါးကျီကအစ အားလုံးပါသွားတယ်လို့ပြောတယ်။ အိုးခွက်က အစ မီးထဲအားလုံးပါသွားတော့ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။” ဟု လူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာ ဆန်လုရမ်ဆိုင်း ကပြောသည်။ ၎င်းထာလာထုရွာတွင် အိမ်ခြေ ၁၁ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်နှင့် မသန်စွမ်းသူ ၃ ဦးရှိကြောင်း သိရသည်။ အဆိုပါကျေးရွာသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရှိသလို လမ်းခရီးခက်ခဲပြီး ဆက်သွယ်ဖို့ခက်ခဲတဲ့ နေရာဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်တွင် ပိုင်ဆိုင်မှုအားလုံးပါသွားခြင်းကြောင့် အရေးပေါ် အခြေခံ ပစ္စည်းများနှင့် အစားအသောက် ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။ “အိမ်ပြန်ဆောက်ဖို့ ပြန်လည်တည်ထောင်နိုင်ဖို့ အရမ်းခက်မယ်ထင်တယ်။ မလွယ်ကူဘူး။ ဝေးလန်ခေါင်ပါးတဲ့ နေရာဖြစ်တယ်။ အဓိက လောလောဆယ် အရေးပေါ်က ဆန်၊ ဆီ ၊ ဆား တို့ ပြီးရင် အိုးခွက်ပန်းကန်တို့ ၊ အမိုးအကာ တဲဆောက်ဖို့ အရေးပေါ်လိုအပ်ပါမယ်။ … - [စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးကောင်းတွင် KIAနှင့် PDF မိုင်းဆွဲတိုက်ခိုက်](https://burmese.kachinnews.com/2022/03/09/mar-9-cj1/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့မှ ယမန်နေ့ ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၇နာရီခန့် အချိန်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း ၁၀စီးခန့်ကို မိုးကောင်း တောင်နီကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တောင်နီကျေးရွာ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”စစ်ယာဥ်တန်းကိုတိုက်ခိုက်တာပါ။ ဖြစ်တဲ့နေရာက ကျွန်တော် တို့တောင်နီထဲမှာပဲဗျ။ အကျအဆုံးကတော့ ရှိမရှိမသိရဘူးဗျ။ ကျွန်တော်တို့က တပ်နဲ့လည်းဝေးတယ်။ အကျဆုံးရှိမရှိတော့ သေချာမသိဘူး” ဟု ရပ်ကွက်တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုးဖြစ်ပွားပြီးနောက် မိနစ် ၂၀ ကျော်ခန့် အကြာအပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများကြားရပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိနိုင်ကြောင်းလည်း ဒေသခံများပြောဆိုသည်။ တောင်နီးကျေးရွာသည် မိုးညှင်ခရိုင်ထဲက ကျေးရွာတစ်ခုဖြစ်ပြီး မတ်လ ၈ရက်နေ့ နံနက်ပိုင်းကလည်း မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီကို KIAနှင့် PDF တို့ကသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်းသိရသည်။ - [မူဆယ် ဖုန်းဆိုင် ၁ ဆိုင်မှာ ကျပ်သိန်း ၁၀၀၀ ကျော်တန် ရွှေနှင့်အခြားပစ္စည်းများ ဓားပြတိုက် ခံရ](https://burmese.kachinnews.com/2022/03/09/mar-9-ld-1/): မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ ဖုန်းဆိုင် ၁ ဆိုင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပါဂျေရိုကားနဲ့ လူ ၅ ဦး ရောက်လာပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိတဲ့ ရွှေ၊ ငွေ နဲ့ ဖုန်း လုယက် ဓားပြတိုက်သွားတယ်လို့ ခံရသူ မိသားစုဝင် ၁ ဦး က ပြောပါတယ်။ “တခါထဲ သူတို့က ကားနဲ့ လာကြတယ်။ ပြီးတော့ ရှေ့နောက် အရင်လာကြည့်တယ်။ တော်တော်ကြာ ကြည့်တယ်။ ပြီးမှ တခါထဲ ဝင်လာပြီးတော့ တံခါးကို စောင့်ပိတ်လိုက်တယ်။ ကျွန်မတို့ အားလုံးကို သေနတ်နတ်နဲ့ ချိန်ပြီး ပိုက်ဆံ တောင်းတယ်။ ၁ ယောက်ကတော့ သေနတ် အရှည်ကိုင်တယ်။ ၁ ယောက်ကတော့ ပစ္စတို ကိုင်တယ်။ ဦးထုပ်လည်း ဆောင်းထားတယ်။ အရပ်သားလို ဖြစ်ပြီးတော့ သေနတ်လည်း ပါထားတယ်။ ၅ ယောက် ဟုတ်တယ်။ ၁ ယောက်က ကားထဲမှာပဲ ထိုင်နေတယ်။” လို့ သူက KNG ကို ပြောပါတယ်။ ဆိုင်က နှစ်ခန်းတွဲ တံခါးပေါက် ၂ ပေါက်ပါတဲ့ ဆိုင်ခန်းကြီး ဖြစ်ပြီး ဆိုင်မှာရှိနေတဲ့ ယောက်ျားလေးတွေကို လည်ပင်းညှစ်ထားပြီး မိန်းကလေးတွေကိုတော့ သေနတ်နဲ့ ချိန်ထားခဲ့တယ်လို့ သိရပါတယ်။ သေနတ်ထောက်ပြီး ပိုက်ဆံ ထုတ်ပေးဖို့ ခြိမ်းခြောက်အော်ပြောတာကြောင့် တရုတ်ငွေ ၆ သောင်းကျော် ထုတ်ပေးလိုက်ပေမယ့် ဓားပြတိုက်တဲ့ လူတွေက … - [ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA ဘက်က တပ်သားသစ်စုဆောင်းနေသည့်အတွက် ဒေသခံအချို့ထွက်ပြေး‌ နေရ](https://burmese.kachinnews.com/2022/03/07/mar-7-cj/): ရှမ်းပြည်နယ်မြာက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်း ကိုးကန့် MNDAA တပ်မှ တပ်သားသစ်စုဆောင်း‌နေသည့်အတွက် ဒေသခံအချို့ထွက်ပြေးတိမ်း‌ရှောင်‌နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “တရုတ်အိမ်တွေမိသားစု ၂၀ကျော် ကိုးကန့်က စစ်သားခေါ်လို့ ဘယ်ဘက်ထွက်ပြေးသွားမှန်းတော့ မသိဘူး ကွတ်ခိုင် လွယ်ဆမ်ဆစ်အနောက်ဘက်က ရွာလေ”လို့ ဒေသခံတစ်ဦးကပြောသည်။ ယင်းနေရာများသည် KIA တပ်မဟာ ၄ ၏ ထိန်းချုပ်နေရာဖြစ်ပြီး ကိုးကန့် MNDAA,TNLA,မြောက်ပိုင်းညီနောင် အဖွဲ့၊ PDF နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်။ ဒါ့အပြင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသဘက်တွင်လည်း ကိုးကန့် MNDAA ဘက်မှ အိမ်ထောင်စုတစ်စုတွင် မိသားစုဝင်တစ်ဦး စစ်မူထမ်းမနေရ ဟူသည့်အတွက် အချို့မိသားစုများနေအိမ်ပြောင်းရွှေ့ နေထိုင်ကြရသည့်အထိ ဖြစ်လာကြောင်း ဒေသခံများကပြောသည်။ ယင်းစစ်မူမထမ်းမ‌နေရဟူသည့်အတွက် ငွေကြေးတတ်နိုင်သည့် မိသားစုများသည် လူအစားထိုး ထမ်းဆောင်ပေးရန် ငှားရမ်းကာကြသူများလည်း ရှိကြောင်း သိရသည်။ အလားတူ မူဆယ်ခရိုင်သာမက လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသတွင်လည်း ကိုးကန့် MNDAA ဘက်က တပ်သားသစ်စုဆောင်းခြင်းများ ရှိနေသည့်အပြင် စစ်မူမထမ်းဘဲ ပြောင်းရွှေ့သွားကြသည့် နေအိမ်များအား ကိုးကန့် MNDAA ဘက်မှ နေအိမ်များချိတ်ပိတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း မိုင်းယော်ဒေသခံများကပြောသည်။ မိုင်းယော်ဒေသတွင် KIA,TNLA,MNDAA,AA မြောက်ပိုင်း မဟာမိတ် ညီနောင်တပ်ဖွဲ့ နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီတပ်တို့ လှုပ်ရှားသွားလာသည့် နေရာဖြစ်သည်။ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဝက်ကျော်ခန့်မှစကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ-တရုတ် ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်း နေရာအများစုတွင် ကိုးကန့် MNDAA တပ်မှ တပ်သားသစ်စုဆောင်းခြင်း မကြာခနဆိုသလို လုပ်ဆောင်နေကြောင်း … - [ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး](https://burmese.kachinnews.com/2022/03/07/mar-7-y2-2/): ဒီပဲယင်း ရွာလေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသည့်အတွက် ဒေသခံများညတွင်းချင်း ထွက်ပြေး March 7, 2022/Kachin News Group ဆက်သွယ်ရေး ဖုန်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ဒီပဲယင်းမြို့နယ်ရှိ ကြခတ်ကျေးရွာ၊ ပျံကျကျေးရွာ၊ ဘုရားထွက်ကျေးရွာနှင့် နှပဲလှကျေးရွာလေးရွာတွင် မတ်လ ၆ ရက်နေ့ ည ၁၂နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့်ရွာထဲဝင်ရောက်လာမှုကြောင့် ယင်းကျေးရွာလေးရွာမှ ပြည်သူသုံးထောင်ကျော် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က KNG သတင်းဌာနသို့ပြောသည်။ ”အခုနောက်ပိုင်းစစ်ကောင်စီစစ်သားတွေက ညပိုင်းမှပဲရောက်ရောက်လာတယ်ဗျ ညတွင်းချင်းဆိုတော့ ပြည်သူတွေကအရမ်း ဒုက္ခရောက်နေကြတယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် အင်တာနက်ဖြတ်လိုက်သည့်အတွက် သတင်းစီးဆင်းမှုကြန့်ကြာသွားသည့်အပြင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမူအခြေနေ ကြိုတင်သိရှိရန် ခက်ခဲလာ‌သည့်အတွက် ကျေးရွာနေပြည်သူများ ကြိုတင်ပြင်ဆင်မူတွက် ပိုခက်ခဲလာကြောင်း သိရသည်။ “အရင်ကဆိုရင် စစ်ကောင်တပ်သားသတင်းတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်းတန်းပြီး သတင်းပေးကြတယ်။ အခုက သတင်းအမှောင်ချထားတော့ ရွာထိပ်ရောက်လာမှ ဝုန်းဒိုင်းပြေးရတဲ့ဘဝ ဖြစ်နေတာ ဒုက္ခတွေအများကြီးရောက်နေကြပါတယ်။ အခုထွက်ပြေးတိမ်းရှောင်နရသူက သုံးထောင်ကျော်ရှိမယ်ဗျ” ဟု ဒေသခံနှင့် နီးစပ်သူများက ပြောသည်။   ယင်းကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာနီးစပ်ပြီး လတ်တလောတိမ်းရှောင်ပြည်သူ သုံးထောင်ကျော်အတွက် စားစရာနှင့် ဆေးဝါးများအကူအညီလိုအပ်ကြောင်း သိရသည်။ ”လိုအပ်တာကတော့အများကြီးဗျ ညတွင်းချင်းထွက်ပြေးကြတာဆိုတော့ ဓာတ်ဆီကစျေးတက်နေတော့ ဆိုင်ကယ်နဲ့လည်းမပြေးနိုင်ကြဘူးလေ အခုက အစားအသောက်လိုတယ် သက်ကြီးရွယ်အိုတွေပါတော့ဆေးဝါးလိုတယ်” ဟု … - [စစ်ကိုင်းတိုင်းတွင် အင်တာနက် ဖြတ်တောက်ခံရသည့် မြို့ ၃၁ မြို့ထိရှိလာသည့်အပြင် စစ်ကောင်စီတပ်မှ အကြမ်းဖက်မှု ပိုမိုလုပ်ဆောင်လာ](https://burmese.kachinnews.com/2022/03/07/mar-7-y-2/): စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း ၃၁ မြို့ထိရှိလာကြောင်း ဒေသခံရင်းမြစ်များထံမှသိရသည်။ စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီတပ်သည် ဖြတ်လေးဖြတ်တွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် ဆက်သွယ်ရေးလိုင်းများ ဖုန်းအင်တာနက်လိုင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ဖြတ်တောက်လာခဲ့သည်။ “ကျနော်တို့မှာ အင်တာနက်မဖြတ်ခင်ကတည်းက ဖုန်းလိုင်းက သိပ်မကောင်းတော့ဘူး အဲဒါတွေမက ဒီလ ၃ ရက်နေ့ကစလို့ ဖုန်းအင်တာနက်လိုင်းအားလုံး သုံးမရတော့ဘူး။ စစ်တပ်ကသူတို့ရဲ့ စစ်ဆင်ရေးအတွက် ဖြတ်လေးဖြတ်ထဲက ဆက်သွယ်ရေးလိုင်းကို အရင်ဖြတ်တောက်နေတာ နောက်ကျရင်ဖုန်းလိုင်းပါ ထပ်ဖြတ်မယ့်အနေထားမှာရှိနေတယ်” ဟု ‌ကသာဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ ပင်လည်ဘူးမြို့နယ်၊ ကနီ၊ပုလဲ၊ ယင်းမာပင်၊ အရာတော်၊ ဝန်းသို၊ဘုတလင်၊ ကောလင်း အစရှိသည့်မြို့နယ်များအင်တာနက်ဖြတ်တောက်လိုက်ပြီး ဖြစ်သည်။ ယင်းကဲ့သို့ အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် နေ့စဉ်ဆိုသလို စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် အနော်ရထာ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်မူများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့မူများ ပိုမိုလုပ်ဆောင်လာ‌ကြောင်း ဆက်လက်သိရသည်။ “ကျွန်တော်တို့ ကနီနယ်အတွင်းက အင်တာနက်ဖြတ်ပြီးနာက်မှာ နေအိမ်တွေမီးရှို့ခံရတာ တစ်ရာနီးပါးရှိသွားပြီ နောက်ပြီးတော့အရပ်သားပြည်သူသေဆုံးPDF တွေကျတာ ၁၂၂ ယောက်ရှိသွားပြီး နောက်ပြီး စစ်ကောင်စီတပ်ရဲ့ အဓမ္မပြုကျင့်ခံရတာလေးယောက်ရှိတယ် အဲ့ဒီထဲမှာ အသက်ဆယ့်လေးနှစ်သမီးတစ်ယောက်ပါတယ် အဲ့ဒါမျိုးဖြစ်စဉ်တွေရှိတယ် ကနီနယ်ထဲမှာ အင်တာနက်ဖြတ်ပြီးနောက်ပိုင်းဖြစ်လာတယ် ”ဟု ထီးချိုင့်PDF တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။ ထို့ပြင် မတ်လ ၃ရက်နေ့မှစကာ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၃ မြို့နယ်အား ဖုန်းအင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်လိုက်သည်။ အဆိုပါ မြို့နယ်များမှာ ချောင်းဦး၊ … - [တရုတ် မြန်မာနယ်စပ်ရှိ ကြံစိုက်ပျိုးတောင်သူများ၏ ဒုက္ခများ](https://burmese.kachinnews.com/2022/03/06/mar-6-f1/): ကချင်ဒေသ တရုတ်-မြန်မာ နယ်စပ်တလျှောက်က ကြံ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့ တောင်သူတွေမှာ အလွန်စိုးရိမ်စရာ ကိစ္စတခု ဖြစ်ပေါ်နေပါတယ်။ ကူးစက်ရောဂါကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ကြံတွေကို တရုတ်ပြည်ထဲသို့ တင်သွင်းခွင့် တရုတ်အစိုးရမှ ပိတ်ထားတဲ့အတွက်ကြောင့် ကြံခင်းဧက များစွာ ဆုံးရှုံးနစ်နာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကူးစက်ရောဂါကြောင့် တရုတ်အစိုးရဘက်က ပိတ်ထားလိုက်တဲ့အတွက်ကြောင့် ကြံ တွေကို တင်သွင်းခွင့်မရဘဲ သောင်တင်နေတာကြောင့် ဒေသခံတောင်သူတွေဟာ အရှုံးများစွာနဲ့ နွံနစ်တော့မှာ ဖြစ်ပါတယ်။ နယ်စပ်တလျှောက် ဧကသောင်းချီရှိတဲ့ ကြံခင်းတွေရဲ့အနာဂတ် ဆုံးရှုံးနစ်နာမှုတွေကို ကုစားဖို့ လမ်းပျောက်နေဆဲပဲ ဖြစ်ပါတယ်။ “ကူးစက်ရောဂါကြောင့် သူတို့ တရုတ်ပြည်ထဲကို လွယ်လွယ်ကူကူ တင်သွင်းလို့မရဘူး။ လွပ်လွပ်လပ်လပ် ကူးသန်ရောင်းဝယ်လို့ မရတော့ဘူး။ ရောဂါကြောင့် နယ်စပ်ဂိတ်မှာ စည်းကမ်းတင်းကျပ်မှုတွေ စစ်ဆေးမှုတွေ ရှိတာကြောင့် ကုန်ကားတစီးဖြတ်သန်းဖို့အချိန်အရမ်းကြာတယ်။ ကျနော်တို့ပြည်သူ တောင်သူတွေ စိုက်ပျိုးရေးသမားတွေအတွက်တော့ ပြောမပြတတ်အောင် ဆုံးရှုံးနစ်နာတာတွေရှိတယ်” ဟု နယ်စပ်၌ ကြံခင်းစိုက်ပျိုးပြီး တရုတ်ပြည်ထဲ တင်သွင်းနေတဲ့ ဦးလဖိုင်ဇော်လ က ပြောပါတယ်။ ကချင်ဒေသ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ အခြားစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းမှုမရှိတဲ့အတွက် ကြံတမျိုးတည်းကိုပဲ စီးပွားဖြစ် လုပ်ကိုင်စားသောက်ပြီး အသက်ရှင်နေကြတာ ဖြစ်ပါတယ်။ ကြံစိုက်ပျိုးတဲ့တောင်သူတွေဟာ တရုတ်ဈေးကွက်ကိုသာ အားပြုရတဲ့အတွက်ကြောင့် အခုလိုအချိန်မှာ ပိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ကူးစက်ရောဂါ မဖြစ်ပွားမီအချိန်ကာလတုန်းက တရုတ်ကုမ္ပဏီတွေကိုယ်တိုင် ကြံတွေကို ကိုယ်တိုင် လာဝယ်ယူကြပါတယ်။ ယခုအခါမှာတော့ ရောဂါအခြေအနေကြောင့် ကူးသန်းသွားလာမှုခက်ခဲသွားတဲ့အတွက် တောင်သူများတွေမှာပဲ ဆုံးရှုံးနစ်နာစရာများနဲ့ ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ “အခုအခြေအနေနဲ့ ကြံခင်းတွေ စိုက်ပျိုးစားသောက်လို့ မရတာတွေဖြစ်လာတော့ မိသားစုက ဘယ်လိုဆက်ရှင်သန်နေထိုင်သွားရမလဲမသိတော့ဘူး။ … - [ကချင်ပြည်နယ်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်း တစ်ရက်အတွင်း ၃ ကြိမ် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/03/05/mar-5-y2/): စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းကို အင်းတော်မြို့နယ်နှင့် မိုးညှင်းမြို့နယ် ၂ နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ ယနေ့ တစ်ရက်တည်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ ယာဉ်တန်းကို ယနေ့နံနက် ၅နာရီဝန်းကျင်တွင် မော်လူးနှင့် ပင်ဝယ်ကြားတစ်ကြိမ်၊ ၆နာရီဝန်းကျင် နဘားနှင့် ပင့်တင်ကြားတွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့် မော်ဟေးနှင့် မော်ဟန်ကြား တိုးဂိတ်အနီးတွင် တစ်ကြိမ်စသဖြင့် ၃ နေရာတွင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ “ဒီယာဉ်တန်းက မနေ့ည ထီးချိုင့်ကနေ ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်ယာဉ်တန်းအဖွဲ့ဖြစ်တယ်။ အဲ့ဒါကို KIAနဲ့PDF အဖွဲ့တောက်လျှောက်ဝင်တိုက်နေတာဟုတ်တယ်။ ၃ နေရာမှာ KIAနဲ့ PDF ဝင်တိုက်တဲ့ထဲမှာ နဘားနဲ့ပင့်တင်မှာ ဝင်ပစ်တဲ့အချိန်မှာက ဗမာစစ်သားဘက် တော်တော်အထိနာတယ်လို့ကြားတယ်။ အခုသိရသလောက်ဆို သေဆုံးတာနဲ့ ဆေးရုံကို တင်ပို့လိုက်တာတောင် ၂၀ ယောက်လောက်ရှိတယ်လို့ ပြောလို့ပြောလို့ရတယ်” ဟု ပြောဆိုသည်။ အဆိုပါစစ်ယာဉ်တန်းတွင် စစ်ကား ၂၇ စီး ပါဝင်ပြီး တိုက်ခိုက်ခံမှုကြောင့် တစ်စီးမှာ နဘားနှင့် ပင့်တင်ကြားတွင် တစ်စစီ ပျက်စီးသွားပြီး နောက်ထပ် ၃ စီးမှာလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်ဟု သူက ဆက်ဆိုသည်။ KIA … - [ပူတာအိုတွင် ယနေ့ မွန်းလွဲပိုင်း ဓါတ်ဆီပန့်ဆိုင်များ ပြန်ပိတ်](https://burmese.kachinnews.com/2022/03/05/mar-5-y1/): ပူတာအိုမြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှစတင်ကာ စက်သုံးဆီရောင်းချပေးနေသော ဆီဆိုင်များ ပြန်ပိတ်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်ပိုင်းအထိ လူတစ်ဦးလျှင် ဓာတ်ဆီ ၃ လီတာကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကန့်သတ်ရောင်းချပေးပြီးနောက် မွန်းလွဲပိုင်းမှစတင်ကာ ယခုလိုပိတ်လိုက်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆို သည်။ “မနေ့ကတော့ ကိုယ်လိုသလောက်ဝယ်လို့ရတယ်။ ကန့်သတ်ထားတာလည်းမရှိဘူး။ အားလုံးလည်း အလုအယက်လာဝယ်ကြ တယ်။ ဒီမနက်ကြတော့ တစ်ယောက် ကို ၃လီတာဘဲ ရောင်းပေးတော့တယ်။ အခုညနေပိုင်းဆို ဆီပြန်ပြတ်သွားလို့ ရောင်းပေးတဲ့ ဆီဆိုင်တောင် ပြန်ပိတ်လိုက်ပြီ” ဟု ပြောဆိုသည်။ ပူတာအိုမြို့တွင် တိုင်းကျော် ဆီဆိုင်တစ်ခုတည်းသာ ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိလမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီကားများ ပူတာအိုမြို့သို့ မရောက်ရှိနိုင်သေးဘဲ ဆီ ထပ်မံပြတ်လပ်မှုဖြစ်ပွားနေသည်ဟု သူကဆက်ဆိုထားသည်။ ယမန်နေ့ ပူတာအိုမြို့တွင် ဓာတ်ဆီတစ်လီတာကို ကျပ်၂၅၀၀နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများလည်း အလုအယက်ဝယ်ယူခဲ့ကြသည်ကို မြင်တွေ့ရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နောက်ပိုင်း ပူတာအိုမြို့ရှိ ဆီပန့်ဆိုင်များ ပိတ်လိုက်ရသဖြင့် တစ်ချို့အပြင်ဆိုင်များမှာ ဓါတ်ဆီ တစ်ပုလင်းတွင် ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိရောင်းချနေပြီး မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင် တစ်ပုလင်း ကျပ် ၈၀၀၀ အထိ စျေးမြင့်တက်ခဲ့ကြောင်း သိရသည်။ ပူတာအိုဒေသတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။ - [ပူတာအို နှင့် မချမ်းဘော့မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးတော့မည်](https://burmese.kachinnews.com/2022/03/05/mar-5-ab1/): ကချင်ပြည်နယ် ပူတာအိုဒေသ အထက်နမ့်ထွမ်ချောင်း ရေစတင်ခမ်းခြောက်လာသောကြောင့် ပူတာအိုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ အထက်နမ်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ လက်ရှိတွင် ချောင်းရေခမ်းခြောက်စပြုလာပြီး စက်လည်ပတ်မှု အားနည်းလာသောကြောင့် ပူတာအို၊ မချမ်းဘော့မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာရပ်ကွက်များတွင် ၂ ရက်ခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် EPC မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”အခုရေက နမ့်ထွမ်ရေက တစ်ရက်ပြီးတစ်ရက်ခမ်းနေလို့လေ အရင်ကရေရှိတဲ့အချိန်က စက်က နှစ်လုံးကနေသုံးလုံးအထိမောင်းနိုင်တာ အခုကစက်ကတစ်လုံးပဲလည်ပတ်နိုင်တယ်။ စက်ကအားလုံး လေးလုံးရှိတာ အခုက သုံးလုံးကရပ်ထားပြီး တစ်လုံးပဲလည်ပတ်နိုင်တော့ မီးကမပေးနိုင်တော့ဘူး။ အ့ာကြောင့် အခုကရွာတွေ ရပ်ကွက်တွေအားလုံးပေါ့ နှစ်ရက်ခြားနဲ့ပေးနေပြီ” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ ပူတာအိုမြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ် လျှပ်စစ်မီးပေးသည့် စနစ်ကို မတ်လ ၃ ရက်နေ့မှ စတင်နေပြီဖြစ်ပြီး ယင်းမတိုင်မီကလည်း ပူတာအိုမြို့တွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီးရရှိကြောင်း လုံးစွတ် (Lung Sut) ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ”ကျွန်တော်တို့ရပ်ကွက်မှာတော့ အဲ့ဒီသုံးရက်နေ့ညကနေမီးမလာတော့ဘူး။ လေးရက်နေ့လည်း တစ်နေကုန်တစ်ညလုံးမလာဘူး။ ဒီနေ့ ငါးရက်နေ့လည်းမီးမလာသေးဘူး ညနေလာမလားတော့မသိဘူး။ အခုကနှစ်ခြားတစ်ခါလို့တော့ပြောတယ်။ အရင်ကလည်း အချိန်ပြည့်တော့မီးမရဘူး” ဟု လုံးစွတ်ရပ်ကွက်မှ အမျိူးသားတစ်ဦးက ပြောသည် ပူတာအိုမြို့တွင် ယခင်တစ်ရက်လျှင် နံနက် ၉ နာရီ မှ ည‌‌နေ ၅နာရီထိ တစ်ကြိမ် ည ၈ နာရီခွဲမှ နံနက် ၅နာရီတစ်ကြိမ် အချိန်ပိုင်းအားဖြင့် ရရှိကြောင်း … - [ပူတာအိုတွင် ဓာတ်ဆီ တစ်လီတာ ၂၅၀၀ ကျပ်ဖြင့် အပြိုင်အဆိုင် ဝယ်ယူနေရ](https://burmese.kachinnews.com/2022/03/04/mar-4-cj-3/): ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀၀ စျေးရှိပြီး ယခင်ထက် စျေးကျလာသောကြောင့် အလုအယက် ဝယ်ယူနေသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ဆီကုန်သွားသဖြင့်ပိတ်လိုက်ရသော ဓါတ်ဆီဆိုင်ကြီးများအနက် အချို့မှာ ယနေ့ မတ်လ ၄ ရက်နေ့ စတင်ဖွင့်နေပြီး ၉၂ တစ်လီတာကို ကျပ် ၂၅၀၀ ဖြင့် အလုအယက် ပြေးဝယ်နေရသည်ဟု ပူတာအိုမြို့လေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ ”လူတွေကမနက်ကတည်းကနေတန်းစီပြီး အလုအယက်ဝယ်နေရတာ။ ကျနော်တောင် နာရီဝက် လောက်စောင့်လိုက်ရတယ်။ ဝယ်တဲ့လူကများလို့လေ အစဥ်လိုက်ပုံးတွေကိုတန်းစီပြီးဝယ်နေရတာ အလှည့်ကျော်လို့တောင်မရဘူး။ ဆီက ၉၂ တစ်မျိုးပဲရတယ် ၉၅ ကမရဘူး မရောက်သေးဘူးလို့ကြားတယ်။” ဟု ၎င်းကပြောသည်။ လတ်တလော ဓာတ်ဆီရောင်းချပေးနေသည့် တိုင်းကျော် ဆီပန့်ဆိုင်တွင်လည်း လူတစ်ဦးလျှင် ကျပ် ၇၀၀၀၀ ဖိုးအထိသာ ကန့်သတ်ရောင်းချပေးကြောင်းလည်းသိရသည်။ ”တစ်ယောက်ကို ငါးသောင်း ခြောက်သောင်းဖို့ဝယ်နေကြတယ်။ ဒီနေ့လေး ဆွမ်ပီယန်မှာတိုက်ပွဲဖြစ်တယ်ကြတော့ လမ်းပြန်ပိတ်မှာ စိုးရိမ်ပြီး အလုအယက်ဝယ်နေကြတာ” ဟု လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။ ထို့အပြင် လတ်တလော ပူတာအိုတွင် ဒီဇယ်တစ်ဂါလံ ကျပ် ၁၃၀၀၀ စျေးနှုန်းအထိ ရှိကြောင်းလည်း ဒေသခံများပြောဆိုချက်မှ သိရသည်။ ပူတာအိုတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဆီပန့်ဆိုင်များ ပိတ်လိုက်ပြီးနောက်ပိုင်း အပြင်စျေးဆိုင်များ တစ်ပုလင်း ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိပေးဝယ်ခဲ့ရပြီး မြို့နဲ့အလှမ်းဝေးသည့် ကျေးရွာများတွင်တစ်ပုလင်း ကျပ် ၈၀၀၀ အထိစျေးမြင့်တက်ခဲ့ကြောင်းသိရသည်။ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စစ်ကောင်စီတပ် … - [လိုင်ဇာမြို့တွင် အသက် ၁၂ နှစ်အရွယ်ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး](https://burmese.kachinnews.com/2022/03/04/mar-4-lp-3/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၁၂ အရွယ် ကလေးများကို ယခုမတ်လမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်အဖြစ် Booster Dose စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။ ၁၂ နှစ်ပြည့်ပြီး သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ Swab စစ်ဆေးပြီးနောက် Negative ဖြစ်သူများနှင့် ကျန်းမာရေးကောင်းမွန်သူများကိုသာ Booster Dose တတိယအလုံး ထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။ “ကျနော်တို့ ပြည်သူတွေကို ပုံမှန် Swab စစ်တယ်။ အခုဆေးထိုးပေးနေတဲ့ ၁၂ နှစ်ပြည့်ပြီးတဲ့သူတွေကိုလည်း Swab စစ်တယ်။ ပိုးမရှိဘူး ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် အခု တတိယအကြိမ် Booster Dose ဆေးလုံးကို ထိုးပေးနေတယ်။ သူက ဘယ်လိုခေါ်မလဲ အားဖြည့်ဆေးလိုပေါ့။ အရင် SINOPHARM ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးပြီးတဲ့သူတွေက အခု ဆေး တတိယကြိမ် ထပ်ထိုးပေးတာဖြစ်တယ်။” ဟု ဆိုသည်။ ထို့အပြင် ကိုဗစ်-၁၉ အားဖြည့်ထိုးဆေး – Booster Dose တတိယအလုံးကို ကျန်းမာရေးဝန်ထမ်းများ ၊ ကိုဗစ် Positive ရှိသူများနှင့် ထိတွေ့နေရသူများ ၊ ရောဂါအခံရှိသူများ နှင့် ထိခိုက်လွယ်သူများကို အဓိကထား ထိုးနှံပေးခြင်း ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီး ၂၁ … - [ကသာတွင် တရားမဝင် ကျွန်းသစ် ခွဲသားတန် ၂၀ ကျော်နှင့် အမျိုးသားသုံးဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ](https://burmese.kachinnews.com/2022/03/03/mar-3-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသား တန် ၂၀ ကျော်နှင့်အတူ အမျိုးသား ၃ ဦးကို ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မင်းလယ်ရေဆိပ်တွင် ဖမ်းဆီးရမိသော ကျွန်းသစ်များကို သိမ်းဆည်းလိုက်ပြီး အမျိုးသားသုံးဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ”ကျွန်းသစ်တွေကိုတော့ သိမ်းလိုက်ပါတယ်ဗျ။ အမျိုးသားသုံးယောက်ကိုတော့ ဝန်ခံနဲ့ပြန်လွတ်ပေးလိုက်တယ်။ နောက်ဒါမျိုးထပ်မလုပ်ဖို့ဝန်ခံနဲ့လွတ်ပေးလိုက်တယ်အစက ဒဏ်ရိုက်မလို့စီစဥ်ပေမယ့်ဒဏ်တော့မရိုက်ဘူး”ဟု ၎င်းကပြောသည်။ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားမဝင်ကျွန်းသစ် ဖမ်းမိခြင်းမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း တရားမဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက် လည်ခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်ချက်ကို အခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။ - [စစ်ကောင်စီထုတ်ပြန်သော ကချင်ပြည်နယ်အတွင်း ဖေဖော်ဝါရီလ ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုစာရင်း](https://burmese.kachinnews.com/2022/03/03/mar-3-lp2/): ကချင်ပြည်နယ် မြို့နယ် ၁၈ ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ စုစုပေါင်း ၃၃၃၁ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဌာနထံမှ သိရသည်။ စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ မြို့နယ် ရပ်ကွက် အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ စာရင်းအရ ဖေဖော်ဝါရီလတွင် မြစ်ကြီးနားမြို့နယ် ပိုးကူးစက်ခံရသူ ၁၄၈၄ ဦးနှင့် သေဆုံးမရှိ ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၅၆ ဦးနှင့် သေဆုံးမရှိ ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၇၂ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၈၀ ဦးနှင့် သေဆုံး ၁ ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၉ ဦးနှင့် သေဆုံးမရှိ ၊ အင်ဂျန့်ယန်မြို့နယ်တွင် ပိုးတွေလူနာနှင့် သေဆုံးသူ မရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၁၉၀၁ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၁ ဦး ရှိခဲ့သည်။ ထို့အပြင် ဗန်မော်မြို့နယ်တွင် ၂၈၇ ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် ၇၇ ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် ၅၀ ဦးနှင့် သေဆုံးမရှိ … - [လမ်းခရီးကြန့်ကြာမှုများကြောင့် ဆွမ်ပရာဘွမ်တွင် စက်သုံးဆီစျေး မြင့်တက်နေဆဲ](https://burmese.kachinnews.com/2022/03/03/mar-3-lp-1/): မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ကားများသွားလာရာ၌ နှောက်နှေးကြန့်ကြာမှုနှင့် စက်သုံးဆီ သယ်ယူသည့် ကားခများ တိုးမြင့်လာမှုကြောင့် ဆွမ်ပရာဘွမ်တွင် ယနေ့ထိ စက်သုံးဆီဈေး မြင့်တက်နေဆဲဖြစ်သည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။ “ကျနော်တို့ ဒီလထဲမှာပဲ ဈေးထပ်မြင့်သွားပြန်ပြီ။ ဓါတ်ဆီတွေကို ရန်ကုန်ကနေ မြစ်ကြီးနား နောက်ပြီး မြစ်ကြီး နားကနေ ဆွမ်ပရာဘွမ် ပြန်ပို့ နိုင်ငံရေးက မကောင်းတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို ဆီကား တစ်ခါဝင်ဖို့ တောင် အရမ်းကြာတယ်။ ကားလမ်းပိတ်တာတွေလည်းရှိတော့ တစ်နေ့ကတော့ ပူတာအိုလမ်း ပြန်ဖွင့်ပေးပြီ ကြားတယ်။ လမ်းဖွင့်လည်း ကားခဈေးကြီးတော့ ဈေးတတ်ဖို့ပဲရှိတယ်။” လို့ ဆွမ်ပရာဘွမ်မြို့မှ ဓါတ်ဆီရောင်းဝယ်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလအထိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဓါတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၁၈၀၀ ကျပ်၊ တစ်ဂါလံ ၁၀၈၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ တစ်ဂါလံ ၁၁၇၀၀ ကျပ်ထိ ရှိခဲ့သည်။ သို့သော် ‌ဖေဖော်ဝါရီ လကုန်ခန့်မှစကာ လက်ရှိဆွမ်ပရာဘွမ်မြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီတစ်လီတာ လျှင် ၂၂၅၀ ကျပ် ၊ တစ်ဂါလံ ၁၃၅၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၂၃၅၀ ကျပ် ၊တစ်ဂါလံ ၁၄၁၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကို တိုက်ပွဲများပြင်းထန်သည့်အတွက် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ  KIA မှ ပိတ်ထားခဲ့ရာ ယခု မတ်လ ၂ ရက်နေ့မှ စ၍ သတ်မှတ်ထားသည့် အချိန်အတွင်း … - [ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်း ကချင်အနုပညာရှင်အသင်းချုပ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ](https://burmese.kachinnews.com/2022/03/03/mar-3-y-1/): ကချင်အနုပညာရှင်များ အသင်းချုပ် ဥက္ကဌ အဖြစ် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဒါရိုက်တာ JZ ဒေါင်လွမ်းမှ ကို ရွေးချယ် ခန့်အပ်လိုက်ပြီဟု သိရသည်။ လက်ရှိ ဥက္ကဋ္ဌ မင်းသား Lahtaw Zau Ding သည် ၄ နှစ်သာ သက်တမ်း ကုန်းဆုံးသွားသည့်အတွက် မတ်လ ၂ ရက်နေ့မှ ၃ရက်နေ့အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမတွင် ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။ ၂ ရက်သာ အစည်းအဝေးအတွင်း ဥက္ကဋ္ဌ အသစ်အဖြစ် JZ ဒေါင်လွမ်း ၊ ဒု- ဥက္ကဋ္ဌ အဖြစ် မင်းသမီးကြီး L. ဂျာတောင် ၊ အတွင်းရေးမှူး လဂျားဇော်ဒွဲခေါင်နှင့် ဒု- အတွင်းရေးမှူး တေးသံရှင် Kareng Kai Din တို့ ကို အသီးသီးရွေးချယ်ခဲ့သည်။ လက်ရှိ ဥက္ကဋ္ဌအသစ် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် ‘တိမ်ပြာသောနေ့’၊  ‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ စသည့် ရုပ်ရှင်များကို ရိုက်ကူးထားသူဖြစ်သည်။ ကချင်အနုပညာရှင်များအသင်းချုပ်ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကချင်တေးသံရှင် Aba Di က ပထမဆုံးအကြိမ် ဥက္ကဋ္ဌ တာဝန်ကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် မင်းသားကြီး ဇော်ဒိန်က ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် တတိယမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ - [လိုင်ဇာ ကိုဗစ်-၁၉ ကူးစက်ခံရသူများတွင် အိုမီခရွန်အများဆုံးဖြစ်](https://burmese.kachinnews.com/2022/03/02/mar-2-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် covid-19 ကူးစက်ခံရသူများတွင် အိုမီခရွန် – Omicron အမျိုးအစား ကူးစက်ခံရသူမှာ ၇၀ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း လိုင်ဇာကိုဗစ်ကာကွယ်ရေးကော်မတီမှ သိရသည်။ “ ကျနော်တို့ ကိုဗစ် စတုတ္ထလိုင်းမှာ Positive ဖြစ်တဲ့သူ ၃ ပုံမှာ ၂ ပုံ ၊ ၇၀ % လောက်က အိုမီခရွန်ရောဂါ လက္ခဏာ ဖြစ်နေတာဆိုတော့ အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း အိုမီခရွန်ကို သိပ်မကာကွယ်ပေးနိုင်ဘူး။ ကူးစက်ခံရရင်လည်း အရမ်းကြီးမဆိုးဘူးပေါ့ ၊သေဆုံးမှုနှုန်းကိုလည်း လျော့ကျစေတယ်။ ဒီ ၂ ချက်က ဆေးထိုးထားတဲ့ အကျိုးဆက်ပေါ့။ ကာကွယ်ဆေးက ရိုးရိုးကိုဗစ်ရောဂါ Data အတွက်ပဲဆိုတော့ အိုမီခရွန်အတွက် ပိုပြီးဂရုစိုက်မှရမယ်။” KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။ လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တစ်နေ့လျှင် ၃ ဦးနှုန်း ရှိနေပြီး စာသင်ကျောင်းများမှ ဆရာမများထံလည်း covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ကိုဗစ်ကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ယခင်ထက် လိုက်နာကြရန် တိုက်တွန်းထားသည်။ ကိုဗစ် Positive ဖြစ်သည့် လူနာများနှင့် ဆက်စပ်လူနာများအား Swab စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေဆိုးသည့် လူနာများကို မုန်လိုင်ခက် ကိုဗစ် Quarantine Center သို့ ပို့ဆောင်မည်ဖြစ်ကာ ကျန်းမာရေး ကောင်းမွန်သည့် လူနာများကို Home Care … - [ကျင်စန်းကျော့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်‌ရေးဂိတ် ယာယီပိတ်](https://burmese.kachinnews.com/2022/03/02/mar-2-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ၏အဓိကကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို ယာယီပိတ်လိုက်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ တရုတ်ဘက်မှ အကောက်ခွန်ဝန်ထမ်း‌များနှင့် ခေါက်တိုယာဉ်မောင်း ရှန်တိန်ယာဥ်‌‌မောင်းများထံ ကိုဗစ်ပိုးတွေ့ရှိသည့်အတွက် ‌နှစ်နိုင်ငံအဝင်အထွက်အား ၃ ရက် ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။ “ဟုတ်တယ် မနေ့က သွားလို့ရသေးတယ်။ ဒီမနက်မှ ပိတ်လိုက်တာ တရုတ်ဘက်က ယာဉ်မောင်းတွေမှာ ပိုးတွေ့ရလို့တဲ့” ဟု ကုန်သည်တစ်ဦးက ပြောသည်။ ထို့ပြင် မြန်မာဘက်ခြမ်းတွင်လည်း ကုန်တင်ယဉ်မောင်း ၂၀ ကျော် ပိုးတွေ့ ထားသည့်အပြင် မူဆယ်မြို့နယ်တွင်လည်း ပိုးတွေ့ လူနာများလာကြောင်း သိရသည်။ လက်ရှိ တရုတ်ဘက်ဝမ်တိန်တွင်လည်း အိမ်ပြင်မထွက်ဖို့ လူမှုကွန်ယက်မှ အသိပေးထားပြီး ရွှေလီဘက်တွင်လည်း ပိုးတွေ့နေရာအချို့ကို လော့ခ်ဒေါင်းချမှတ်ထားကြောင်း တရုတ်ဘက်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။ မြန်မာတရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အားတရုတ်ဘက်မှ ကိုဗစ်အကြောင်းပြချက်နှင့် ပြီးခဲ့တဲ့ နှစ်ဝက်ခန့်ပိတ်ခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။ - [ကသာမြို့ ပျူစောထီးနှင့် တပ်ထောက်ခံသူများကို မိုင်းသင်တန်းများ ပို့ချပေးနေ](https://burmese.kachinnews.com/2022/03/02/mar-2-z-1/): စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့တွင် စစ်ကောင်စီတပ်မှ ပျူစောထီးနှင့် တပ်ထောက်ခံသူများအား မိုင်းဖောက်ခွဲနည်း သင်တန်းပို့ချ ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ အရံအင်အားအဖြစ် အသုံးပြုရန် ပျူစောထီးအပါအဝင်၊ တပ်ထောက်ခံသူများက  မတ်လ ၁ ရက် ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ စတင်ကာ ကသာမြို့အမှတ် ၄ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ် ၂ ရဲစခန်းဝင်းတွင် မိုင်းဖောက်ခွဲနည်း လက်တွေ့သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း သိရသည်။ “နေ့လည်လောက်မှာ ဗုံးပေါက်သလို အသံတွေစကြားရတယ်။ ဆက်တိုက်ပဲ တိုက်ပွဲဖြစ်တယ်ထင်လို့ လူတွေထိပ်လန့်ကုန်တယ် နောက်တော့မှ သူတို့သင်တန်းပေးနေတယ်ဆိုတာ သိရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကသာမြို့တွင် လွန်ခဲ့သည့်လများ၌ နေ့စဥ်ဆိုသလို ဌာနဆိုင်ရာဝင်းနှင့် အဆောက်အဦးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ရှိခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးရှိ စည်ပင်ဝင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စကစမှ မြို့တွင်းအရံအင်အားဖြည့်တင်းရန် ပျူစောထီးနှင့် တပ်ထောက်ခံသူများအား ယခုကဲ့သို့ မိုင်းသင်တန်းများ စတင်ပို့ချပေးခြင်းဖြစ်နိုင်ကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ အဆိုပါမိုင်းသင်တန်းတွင် ပါဝင်တက်ရောက်ရန် စစ်‌ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစတင်ကာ ကသာမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ၌ တစ်ရွာလျှင် လူအင်အား ၂၀ တောင်းဆိုထားပြီး ဒေသသတင်း အရင်းအမြစ်ထံမှ သိရသည်။ ထို့အပြင် ယမန်နေ့ ည ၇ နာရီဝန်းကျင်၌လည်း ကသာမြို့ ရပ်ကွက် ၄ ၊ … - [မုံးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ MNDAA တို့ တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2022/03/02/mar-2-ld-1/): ရှမ်းပြည်မြောက်ပိုင်း မုံးပေါ်အနီး အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကိုးကန့် MNDAA  တို့ကြား ယနေ့ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၁၀ နာရီခန့်မှ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ မုံးပေါ်ရှိ မန်ကောင်းကျေးရွာအနီး KIA နှင့် ကိုးကန့် MNDAA တို့ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ မှ အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ဝင်ရောက်လာသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ညသ်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “အတကုန်ပစ်နေကြပြီ။ ကိုးကန့်နဲ့ KIA ရှိနေတဲ့နေရာ ရောက်လာလို့ ထိပ်တိုက် တိုက်ပွဲဖြစ်တဲ့သဘော။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေပြီ။ နေရာတကာ ရမ်းတမ်းပစ်နေလို့ အခုဒီမှာ ဘယ်လိုဖြစ်မယ်မသိနေဘူး။” ဟု မုံးပေါ်ဒေသခံတစ်ဦး KNG ကိုပြောသည်။ မုံးပေါ်ဒေသတွင် စစ်တပ် နှင့် KIA ၊ MNDAA တို့ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်ခန့် ရှိလာပြီဟု သိရသည်။ - [စိုက်ခင်းအတွင်း မီးရိူ့ထားသည့် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/03/01/mar-1-z-2/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ရွာသာကျေးရွာအနီးရှိ စိုင်ခင်းတစ်ခုတွင် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းကိုဖေဖော်ဝါရီလ ၂၇ရက်နေ့တွေ့ရှိခဲ့ကြောင်းသိရသည်။ သေဆုံးနေသည့် အလောင် ၄လောင်းမှာ ထီးချိုင့်နယ်၊ရွာသာကျေးရွာနှင့် ဆပ်ပြေးရွာကြားရှိ ယူကလစ်စိုက်ခင်းထဲတွင်တွေ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၏ရုပ်အလောင်းများဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”အဲ့ဒီရုပ်အလောင်းတွေကသူတို့စစ်သားတွေကပဲရိူ့သွားတာဗျ။ မလောင်ဘဲကျန်နေတဲ့ ရုပ်အလောင်းတွေကို ပြည်သူတွေကထပ်ရိူ့ပေးလိုက်တယ်”ဟု ထီးချိုင့်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းရုပ်အလောင်းများတွေ့ရှိရသည့်ဖြစ်စဥ်အနီးတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ ဖေဖော်ဝါရီလ ၂၆ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ယင်းတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့်ရုပ်အလောင်းများကိုမီးရှို့ခြင်းဖြစ်နိုင်ကြောင်းသိရသည်။ အလားတူ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း ဗန်းမော်-မန္တာလေးအဝေးပြေးလမ်း မကြီးပေါ်၌ ထီးချိုင့်PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ပိုမိုများပြား‌လာနေဆဲဖြစ်ကြောင်း သိရသည်။ - [ဖားကန့်မြေပြိုမှုတွင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များကို အကပ်မခံ၊ အလောင်းဆယ်လောင်းကျော်တွေ့ဟု သိရ](https://burmese.kachinnews.com/2022/03/01/mar-1-z-1/): ဖားကန့် မြေစာပုံပြိုကျမှုတွင် အလောင်း ၁၀ လောင်းကျော်တွေ့ထားသော်လည်း ကုမ္ပဏီဘက်မှ ကယ်ဆယ်ရေးလုပ်သူများကို အကပ်မခံကြောင်း သိရသည်။ ဖားကန့်မြို့ ဖားပြင်ရွာနှင့် မမုံရွာနောက်ကြောရှိ YTTနှင့် သံလွင်ဧရာကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်နေရာတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၉ နာရီအချိန်ခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဥ်တွင် ရေမဆေးသမား ၄၀ ဦးထက်မနည်း ပါသွားကြောင်းသိရသည်။ ထိုအနက် အလောင်း ဆယ်လောင်းကျော်တွေ့ရှိထားသော်လည်း ရှာဖွေကယ် ဆယ်ရေးလုပ်သူများကို အကပ်မခံကြောင်း ဖားကန့်ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”ရှာဖွေကယ်ဆယ်ရေးက လောလောဆယ် အကပ်မခံဘူးသိရတယ်။ အလောင်းကလည်း လောလောဆယ် ဆယ်လောင်းကျော် လောက်တွေ့တယ်လို့ပြောတယ်။ ရကုမ္ပဏီက အကပ်မခံတာပေါ့ လောလောဆယ် သူတို့ဟာနဲ့သူတို့ပဲလုပ်နေတယ်လို့သိရတယ်။ အပြင်က လူမှုကူညီရေးအဖွဲ့တွေကိုအကပ်မခံဘူးလို့ကြား တယ်ပြောချင်တာက အရင်က စစ်ကောင်စီလက်ထက် အာဏာရှင်စနစ်တုန်းကလုပ်ထုံး လုပ်နည်းအတိုင်းလုပ်နေတယ်လို့သိရတယ်”ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ ယနေ့ နံနက် ၉နာရီအချိန်အထိ ရုပ်လောင်း ၁၅ လောင်းခန့်တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီနှင့် ရင်းနှီးသူများထံမှ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။ မြေစာပုံပြိုကျမှုတွင် ရေမဆေးရှာဖွေသူ ဆယ်ဂဏန်းခန့်ပါသွားသည့်အပြင် ကုမ္ပဏီ၏ ဘက်ဟိုး ၃ စီးနှင့် မြေသယ်ကားလေးစီးလည်း မြေစာပုံပိသွားကြောင်း သိရသည်။ ယခုမြေစာပုံပြိုကျသည့်နေရာတွင်အနီးတွင် ယခင်ကလည်းမြေစာပြိုကျမှုဖြစ်ပွားခဲ့ဖူးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။ ”ဘက်ဟိုး သုံးစီးနှင့် မြေစာပစ်တဲ့ ကား ၄ စီးပါသွားတယ်ဆိုတော့ အဲဝန်းကျင်ကတော့ပါမှာ ဘက်ဟိုးတစ်စီးဘေးမှာ ရေမဆေးလိုက်ရှာတဲ့လူက ကုမ္ပဏီဝန်ထမ်းကိုမှ ၁၂ ယောက်ပါတာတဲ့ အဲ့ဒီမှာကို ၃၆ ယောက်က ရှိနေပြီ ပြီးရင် မြေစာပစ်တဲ့ကားကလည်း … - [ပူတာအို-မြစ်ကြီးနားလမ်းပိုင်းကို မတ်လ ၂ ရက်နေ့ စဖွင့်မည်ဖြစ်သော်လည်း ခရီးသည် တင်ခွင့်မရ](https://burmese.kachinnews.com/2022/02/28/feb-28-z-3/): ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ခရီးသည်တင်ခွင့်ပြုမည်မဟုတ်သေးကြောင်း သိရသည်။ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ဖေဖော်ဝါရီလ ဆန်းပိုင်းမှစတင်ကာ KIA၊ PDFနှင့်စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးပိုမိုတင်းမာလာပြီး တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယင်းလမ်းပိုင်းကို KIAနှင့် PDF တို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိယာယီပိတ်ထားခဲ့ရာ မတ်လ ၂ နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး စားသုံးကုန်နှင့် လူသုံးကုန်များသာ တင်ခွင့်ပေးမည်ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ ”မတ်လ ၂ ရက်နေ့စဖွင့်ပေးမယ်လို့သိရတယ်ဗျ။ ကုန်ကားတွေပေါ့ ကုန်ကားတွေပဲ သွားလာခွင့်ပေးမယ်တဲ့ခရီးသည်တွေတော့ တင်ခွင့်မရဘူးတဲ့။ပူတာအိုမှာစားသောက် ကုန်တွေပြတ်လပ်နေတဲ့အတွက် ကုန်ကားတွေပဲသွားခွင့်ပြုမယ်လို့သိရတယ်”ဟု ပူတာအိုမြစ်ကြီးနား လမ်းပိုင်းတွင်မောင်းနှင်နေသည့် ကားဆရာတစ်ဦးကပြောသည်။ ယခုကဲ့သို့လမ်းပိတ်ထားသည့်အတွက်ပူတာအိုဒေသဘက်တွင် မြစ်ကြီးနားမှ မှာယူတင်သွင်းသည့် စားသောက်ကုန် မွေးမြူရေးကြက်၊ ဝက်၊ ဆား၊ ဆီ၊ ဆန်အစရှိသည့်စားသောက်ကုန်များ ပြတ်လပ်မှုများဖြစ်နေပြီးစျေးနှုန်းမြင့်တက်နေကြောင်းလည်းသိရသည်။ ”လမ်းကတော့ဖွင့်ပေးရမှာပဲ ဘာလို့ဆိုဒီဘက်မှာမြစ်ကြီးနားဘက်ကယူရတဲ့ပစ္စည်းတွေကပြတ်လပ်နေပြီး လက်ကျန်ရှိတဲ့ဆိုင်တွေကလည်းစျေးတွေတက်နေတာ အဆင်မပြေဘူး လမ်းပိတ်သွားတော့ အရင်က ငွေတိုးလေးသောင်းက အခု ငါးသောင်းကျော် ခြောက်သောင်းနီးပါးရှိတယ် ချင်းရှည်ကလည်းအရင်က သုံးသောင်းကျော်ရှိတာ အခုလေးသောင်းကျော်ငါးသောင်းနီးပါးရှိနေတယ်”ဟု ကောင်ကထောင်ရပ်ကွက်မှအမျိုးသမီးတစ်ဦးကပြောသည်။ အလားတူယခုတလော၌ ပူတာအိုဒေသတွင် စက်သုံးဆီတင်ပို့ခွင့်ပိတ်ထားသောကြောင့် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပွားနေပြီး ဆီလက်ကျန်ရောင်းချသူများက ဓာတ်ဆီတစ်ပုလင်းကို လေးထောင်မှ ကျပ်ရှစ်ထောင်အထိပေးဝယ်နေရပြီး ပူတာအိုမြို့နဲ့အလှမ်းဝေးသည့်ကျေးရွာများတွင် တစ်ပုလင်းကျပ်တစ်သောင်းအထိရှိကြောင်းလည်းသိရသည်။ - [ဖားကန့်​တွင် စစ်တပ်ထုတ်ကုန်များ တား​မြစ်ပိတ်ပင်ကြောင်း KIO သတိပေးထုတ်ပြန်](https://burmese.kachinnews.com/2022/02/28/feb-28-y-1/): ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းများတွင်ပါဝင်သည့် စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ရန် KIO ဖားကန့်ခရိုင်ရုံးမှဖေဖော်ဝါရီလ ၂၆ရက်နေ့ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ ဖားကန့်ဒေသအတွင်း စစ်တပ်မှ ဝင်ငွေရရှိနေသော Myanmar Beer ၊ Ram ၊ Andaman Beer ၊ Dagon Beer ၊ Mandalay Beer ၊ Black Shicld ၊ Myanamr Permium Beer နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သယ်ယူပို့ဆောင်ခြင်း၊ လက်လီလက်ကားရောင်းဝယ်ခြင်းမပြုရန် တားမြစ်ထားပြီဟု ဖားကန့်ဒေသ KIO ဘက်မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။ “အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်က စစ်တပ်ရဲ့ဝင်ငွေကို တတ်နိုင်တဲ့ဘက်ကနေ ပိတ်ပင်ပေးတဲ့သဘောပါ။ အဲ့ကြောင့် စာမှာပါတဲ့ အတိုင်း တားမြစ်ထားတဲ့ ထုတ်ကုန်တွေကို ရောင်းဝယ်တာတွေ မပြုလုပ်ကြဖို့ပြောချင်တယ်။ သတ်မှတ်ထားတဲ့ ရက်နောက်ပိုင်းဆို တရားဝင်လိုက်လံစစ်ဆေးမှုတွေလုပ်သွားမယ်။ နောက်လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်လုပ်သွားမယ်”ဟုပြောဆိုသည်။ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO သည် ပြီခဲ့သော ဇန်နဝါရီလဆန်းပိုင်းအတွင်းမှ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ပူတာအိုနှင့် တနိုင်း စသော မြို့နယ်အတွင်းမှာ အဆိုပါစစ်တပ်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှုများမပြုကြရန် သတိပေးထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ဒေသအလိုက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေပါသည်။ - [ကသာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီး နေအိမ်ပါ ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2022/02/28/feb-28-z-2/): စစ်ကိုင်းတိုင်း ကသာမြို့မှ ဒေသခံ ၂ ဦး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေအိမ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၎င်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိတ်ပိတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ “အရင်တစ်ခါ စည်ပင်ရုံးမှာပေါက်ကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာလို့ဖမ်းတယ်လို့ သိရတယ်။ ခုလောလောဆယ်တော့ နှစ်ယောက်စလုံးရဲစခန်းမှာ ဖမ်းထားတုန်း” ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုသူ ၂ ဦးသည် ရပ်ကွက် (၈) ပိန္နဲကုန်းရပ်ကွက်မှ ကိုဝင်းကိုနှင့်ရပ်ကွက် (၁) စစ်ဝင်းဆိပ်အနီး စိုက်ပျိုးရေးဝင်း တိုက်တန်းရှိ ကိုစိုးမိုးလွင် ဆိုင်ကယ်ဝပ်ရှေ့ဆိုင်မှဖြစ်ပြီး နေအိမ်ချိတ်ပိတ်ခံလိုက်ရသည့်အတွက် ကိုဝင်းကို၏ မိသားစုသည် အခြား‌နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း  သိရသည်။ “ကိုဝင်းကိုကျ နေ့လည်လာဖမ်းတာ ကိုစိုးမိုးလွင်ကိုတော့ လင်ရောမယာရော ၂ ယောက်လုံးဖမ်းခေါ်သွားတယ်။ နောက်တော့သိရတာက သူ့အမျိုးသမီးတော့ ပြန်လွတ်လာတယ်။ လောလော‌ဆယ်တော့ အိမ်ပိတ်ခံရတော့ မိသားစုဝင်တွေ အိမ်ကနေဆင်းပေးရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကသာမြို့တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ချိတ်ပိတ်ခံလိုက်ရသည့် အိမ်ခြေ ၄ အိမ်ထိရှိလာပြီဖြစ်သည်။ ယင်း နေအိမ်များမှာ ဇန်နဝါရီလ ၂၈ရက်နေ့ ကသာမြို့နယ်၊ သာယာကုန်းရပ်မှ ငြိမ်းချမ်းအောင် (ဘ)ဦးတင်ဝင်းအောင် ပိုင်ဆိုင်သောနေအိမ်နှင့် အီးတိန်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အပါအဝင် ယမန်နေ့ ၂ အိမ်ရှိပြီ ဖြစ်သည်။ ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ PDF, NUG နဲ့ ပတ်သက်ဆက်နွယ်သည်ဟု ယူဆသော နေအိမ်အချို့အား စစ်ကောင်စီတပ်သည် နေ့စဉ်ဆိုသလို ဝင်ရောက်ရှာဖွေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ … - [ကသာ တွင် CDM ဝင်လာသည့် ရဲနှင့် စစ်သား ၄၀ ကျော်ရှိ](https://burmese.kachinnews.com/2022/02/28/feb-28-z-1/): စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာနယ်မြို့နယ်တွင် ယနေ့ထိ CDM ဝင်လာသော ရဲနှင့်စစ်သား ၄၀ ကျော်အထိ ရှိပြီး အရာရှိအဆင့် ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။ ကသာနယ်တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ CDM ဝင်လာသည့် ရဲနှင့် စစ်သား ၄၃ ဦးအထိရှိလာပြီး ယင်းတွင် တပ်ကြပ်အဆင့်သုံးဦးနှင့် ဗိုလ်မှူးအဆင့်တစ်ဦး ပါဝင်ကြောင်း ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”အာလုံးပေါင်း လေးဆယ်သုံး ယောက်အထိ CDM လုပ်လာတယ်။ အဲ့ဒီအထဲမှာ စစ်တပ်ကဗိုလ်မှူးတစ်ဦး၊ တစ်တပ်က ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲဘက်ဘ တပ်ကြပ်အဆင့်နှစ်ဦးပါဝင်ပါတယ်။ ကျန်တာအားလုံးက တပ်သား အဆင့်တွေပါပဲ” ဟု ကသာမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ CDM ဝင်လာသည့် အဆိုပါ ၄၃ ဦးတွင် ရဲအများဆုံးဖြစ်သည်ဟု သိရသည်။ ”အဲ့ဒီထဲမှာ အများဆုံးပါဝင်တာက ရဲတွေလို့ ပဲသိရပါတယ်။ ရဲဘယ်နှစ်ယောက် စစ်သား ဘယ်နှစ်‌‌ယောက် ပါဝင်တယ်ဆိုတဲ့ သီးသန့်အရေအတွက်တော့ မြေမြင်သတင်းအချက်အလက်ရယူဖို့ခက်ခဲတဲ့အနေအ ထားကြောင်းမသိရှိရပါဘူး”ဟု ကသာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ CDM ဝင်လာသည့် ၄၃ ဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ လွတ်မြောက်နယ်မြေထဲသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် ယင်း CDM ၄၃ ဦးအား NUG အစိုးရမှ ငွေသားနှင့် စားနပ်ရိက္ခါ ထောက်ပံ့ပေးမှုများရှိပြီး ထပ်ဝင်လာမည့် CDM ဝန်ထမ်းများရှိပါက ကြိုဆိုကြောင်း … - [စစ်တပ်ထုတ်ကုန်များကို ထိရောက်စွာ ဆန့်ကျင်သပိတ်မှောက်ခြင်း](https://burmese.kachinnews.com/2022/02/27/feb-27-s/): ပြီးခဲ့သည့် နှစ် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်သော မိုင်ဂျာယန်မြို့တွင် စစ်ကောင်စီ၏ ကျောထောက်နောက်ခံဖြစ်သော မြန်မာ ဘီယာဖာ ၅၁ ဖာကို ကိုဗစ်ကာလအတွင်း တရားမဝင်တင်သွင်းမှုဖြင့် KIO က ဖျက်ဆီးမှုပြုလုပ်ခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ စစ်တပ်မှ နိုင်ငံတော် အာဏာ သိမ်းပိုက်လိုက်ပြီးနောက် ၇ လအကြာတွင် KIO ဦးစီးပြီး ပထမဆုံး အကြိမ်အဖြစ် စစ်တပ်ထုတ်ကုန် ပစ္စည်းကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့သော မြင်ကွင်းဖြစ်သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) ၏ ထုတ်ကုန်ပစ္စည်းများဖြစ်သော ယမကာစာရင်းတွင် Myanmar Brand၊ Dagon Beverages၊ Black Shield၊ Andaman Brands၊ Mandalay Brand နှင့် ဆက်သွယ်ရေးလိုင်းတွင် Mytel နှင့် MECTEL ၊ ဆောက်လုပ်ရေး၊ ခရီးသွားလာရေးစသည့် ကဏ္ဍအသီးသီးတွင် အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်ပတ်သက်သော လုပ်ငန်းများ ထုတ်ကုန်များကို အားပေးခြင်းမပြုရန် လူထု၏ ကန့်ကွက်ဆန္ဒဖော်ထုတ်သော လှုပ်ရှားမှုများမှာ အာဏာသိမ်းပြီး ၁ ပတ်ခန့်ကတည်းက စတင်နေခဲ့ပြီဖြစ်သည်။ ထိုသို့ဆန့်ကျင်ခံရပြီးနောက် မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ကျပ် ၃၂ ဘီလီလျံ ကျဆင်းသွားသည်ဟု စစ်တပ်နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ Kirin ဘီယာကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ … - [နမစားရစ်ရွာအား စစ်တပ်မှဝင်ရောက်မီးရိူ့သည့်အပြင် ပြည်သူ ၁၅ဦးထပ်မနည်း ပစ်သတ်ခံထားရ](https://burmese.kachinnews.com/2022/02/25/feb-25-z-2/): ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမစားရစ်ရွာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာ၍ လူနေအိမ်များအား မီးရိူ့ဖျက်ဆီးထားသည့်အပြင် ဒေသခံပြည်သူ ၁၅ဦးထက်မနည်း ပစ်သတ်သွားကြောင်း ဒေသသတင်းအရင်းမြစ်နီးစပ်သူများထံမှ သိရသည်။ “တစ်ရွာလုံးနီးပါးရိူ့သွားတယ်လို့သိရတယ်။ ပြီးတော့ ခုနောက်ဆုံးသတင်းရတာတော့ ရွာသားတွေ ၁၅ ယောက်သတ်ခံထားရတယ်လို့လည်းပြန်ကြားရတယ်။ စစ်တပ်က ရွာထဲလက်ကြီးပစ်တော့ ကျည်တွေမှန်ပြီးသေတာ ” လို့ ဒေသရင်းမြစ် နီးစပ်သူတစ်ဦး ကပြောသည်။ ဒေသရင်းမြစ်၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ယင်းနမစားရစ်ကျေးရွာအတွင်း မီးရိူ့ ပြီးနောက် အနီးရှိကျေးရွာဖြစ်သည့် ဇီးဖြူကုန်း‌ကျေးရွာတွင် ယနေ့နံနက်မှစ၍ ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ ယင်းနမရစ်ကျေးရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် သေဆုံးသူစာရင်း တိတိကျကျ ရယူရန်ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံနီးစပ်သူတစ်ဦးကပြောသည်။ ” ခုစစ်တပ်က အဲရွာနားတစ်ဝိုက်မှာရှိသေးတယ် အဲတော့ ရွာထဲကိုကောင်းကောင်းဝင်ရှာလို့က မလွယ်သေးဘူး” ဒေသရင်းမြစ်နီးစပ်သူတစ်ဦးကပြောသည်။ စစ်ကောင်စီတပ် လက်ရှိနမစားရစ်ရွာအပြင် အနီးရှိ‌ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်း‌ကျေးရွာနှင့် မြိုလှကျေးရွာများတွင်လည်း ဝင်ရောက်နေပစ်ခတ်မူများပြုလုပ်နေ‌သည့်အတွက် ကျေးရွာ ၃ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ Data For Myanmar ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတစ်နိုင်လုံးတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၃ရက်ထိ မီးရှို့ခံရသည့်အိမ်ခြေပေါင်း ၅၂၃၁ အိမ်ရှိသည့်အနက်စစ်ကိုင်းတိုင်း‌ဒေသကြီးတွင် ၃၁၂၆အိမ် အများဆုံးပါဝင်နေကြောင်း တွေ့ရသည်။ - [မြစ်ကြီးနားတွင် တစ်ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦးရှိ၊ လူပေါင်း ၂၀၀ ကျော်ကိုဗစ်ကူးစက်ခံရ](https://burmese.kachinnews.com/2022/02/25/feb-25-z-1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦး ရှိခဲ့ပြီး တစ်ပြည်နယ်လုံးကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၄၀ အရွယ်ရှိအမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၈၀ ကျော်အထိရှိခဲ့ ကြောင်း စစ်ကောင်စီလက်ခံအောက်ခံ မြစ်ကြီးနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။ ”သေဆုံးသွားတဲ့ လူနာတွေက သီတာရပ်ကွက်ကတစ်ယောက်ပါတယ်။ ပြီးတော့ တစ်ယောက်က ဖားကန့်က ဖားကန့်ကတော့အမျိုးသမီး ဟုတ်တယ် နောက်အမျိုးသားတစ်ဦးက သူ့ရဲ့နေရပ်က မိုးကောင်းကပါ ဒီဘက်မှာအနေကြာတဲ့လူတွေလို့သိရတယ်”ဟု မြို့နယ်ကျန်းမာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ ယမန်နေ့က ကိုဗစ်- ၁၉ ကူးစက်ခံရသည့် ၂၈၀ ကျော်တွင် မြစ်ကြီးနားခရိုင် မှ ၁၂၀ဦးကျော်၊ မိုးညှင်းခရိုင်မှ ၁၀၀ကျော်၊ ဗန်းမော်ခရိုင်မှ ၄၅ ဦးနှင့် ပူတာအိုခရိုင်မှ ၁၇ ဦးပါဝင်ပြီး အများဆုံးကူးစက်ခံရသည့် မြို့နယ်မှာ ဖားကန့်မြို့နယ်ဖြစ်ပြီး ၆၁ တစ်ဦးအထိ ကူးစက်ခံခဲ့ရကြောင်းသိရသည်။ အလားတူ ယခုရက်ပိုင်းတွင်ကချင် ပြည် နယ် အတွင်း၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်ရက်ခြား တစ်ရက်လျှင် နှစ်ဦးနှုန်းသေဆုံးမှုရှိနေကြောင်းသိရသည်။ ကချင်တစ်ပြည်နယ်လုံးတွင်ကိုဗစ် တတိယ လှိုင်းစတင်ချိန်မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ သေဆုံးသူ ၉၀၀ ကျော်၊ ကူးစက်ခံရသူ ၂၀၀၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။ - [ကျိန်ခရန် ဒေသခံများအသုံးပြုသောလမ်းကို ကုမ္ပဏီ ခြံစည်းရိုးကာလိုက်သဖြင့် သွားလာရေးအခက်တွေ့](https://burmese.kachinnews.com/2022/02/25/feb-25-y-1/): မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ကျိန်ခရန်ခ (Chying Hkrang Hka Mare) ကျေးရွာတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနေသော လမ်းကို ကချင်လုပ်ငန်းရှင်တစ်ဦးက ခြံကာလိုက်သောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ ကျိန်ခရန်ကျေးရွာတွင် ဒေသခံများ စားဝတ်နေရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုနေသည့် လမ်းမကြီး ၄ခုကို JADELAND MYANMAR GROUP OF COMPANIES မှ ခြံစည်းရိုးခတ်လိုက်သောကြောင့် နေ့စဉ်သွားလာရေးတွင် ခက်ခဲနေပြီဟု  ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ရွာပတ်ပတ်လည် အားလုံး ထွင်းဖောက်လိုက်တယ်။ အရင်တုန်းကနေ ဒေသခံတွေ သွားလာတဲ့ လမ်း ၄ခု လောက် ပါသွားတယ်။ ပြီးရင် ခြံစည်းရိုးတွေကာလိုက်တော့ သွားလာလို့မရတော့တဲ့အခြေအနေပေါ့လေ။ အခုသူတို့ ပိတ်လိုက်တဲ့ လမ်းတွေက ရွာသားတွေ ဟိုးအရင်ကတည်းကနေ အမြဲသွားလာလှုပ်ရှားနေတဲ့သွားလမ်းတွေဖြစ်တယ်။ အရင်တုန်းကဆို နွားလှည်း၊ ကားတွေနဲ့သွားလို့ရတယ်။ အခုက ဆိုင်ကယ်တောင်ဖြတ်လို့မရတော့ ပိုဆိုးသွားတာပေါ့။” ဟု ပြောဆိုသည်။ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကြပ်တည်းနေသည့်ကာလတွင် ဒေသခံများအနေဖြင့် ကျေးရွာအနီး မြစ်ချောင်းများကို မှီခိုကာ လုပ်ကိုင်စားသောက်နေရသောကြောင့် ကျေးရွာသားများ အသုံးပြုသောလမ်းကို မပိတ်စေလိုကြောင်း ဒေသခံများ တောင်းဆိုထားသည်။ “တစ်ရွာလုံးက လမ်းတွေပိတ် ခြံစည်းရိုးတွေ ကာလိုက်တော့ စိတ်ဆိုးနေကြတယ်။ လိုအပ်လို့ ရွာအပြင်ဘက်မှာ ဟင်းသီးဟင်းရွက်ခူးဖို့၊ ထင်းခွေဖို့သွားရင်တောင် သွားဖို့လာဖို့အရမ်းခက်ခဲသွားပြီး။ သူတို့အနေနဲ့လည်း ဒါကိုနားလည်းပေးရမယ်။ သူတို့ပိတ်မယ်ဆိုရင်လည်း လမ်းနေရာကိုတော့ချန်ထားပြီး လုပ်ရင်တော့ တစ်ရွာလုံးအတွက် အကျိုးရှိတယ်လေ” ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ကချင်လုပ်ငန်းရှင်မှ ယခုလို လမ်းဖောက်ထွင်းမှုနှင့် ခြုံစည်းရိုးကာလိုက်ခြင်းကြောင့် မကျေနပ်သည့် ဒေသခံ … - [ပူတာအို တိုက်ပွဲကြား စစ်ရှောင်များ၏အခြေအနေ မေးမြန်းချက်](https://burmese.kachinnews.com/2022/02/25/feb-25-ld-1/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ PDF တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံ ၅၀၀၀ ကျော်မှာ တော်ထဲ ထွက်ပြေးနေရပြီး အနည်းစုသာ မြို့ပေါ်သို့ ထွက်ပြေးနေရဆဲဖြစ်သည်။ ပူတာအိုဒေသအခြေအနေနှင့်ပတ်သက်ပြီး လက်ရှိတောထဲ ထွက်ပြေးနေရသော စစ်ရှောင်ပြည်သူတစ်ဦးကို KNG သတင်းဌာနမှ မေးမြန်းထားပါသည်။ မေး – ပူတာအို လုံရှာယန်အုပ်စု ၊ အင်စီယန်၊ ဖတ်မာ တကြော တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ ရွာသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်။ ဘယ်လို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကို သိချင်ပါတယ်။ ဖြေ – အခု စစ်တပ်ဘက်က စစ်ကြောင်း အရမ်းထိုးနေသလို ဒီဘက် KIA နဲ့ PDF ဘက်လည်း ပြန်တိုက်ခိုက်၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်တော့ ရွာသားတွေရှိတဲ့နေရာဘက်အထိ ကျလာလို့ ရွာသားအားလုံးနီးပါး ပူတာအိုမြို့ဘက် ပြေးတဲ့သူကပြေး၊ မြစ်ကြီးနားကို ပြေးတဲ့သူကပြေး၊ အများပိုင်း တောထဲမှာပဲ ကြောက်ရွံ့ပြီး ရှိနေကြသေးတယ်။ ရွာထဲမှာက အိမ်စောင့်တဲ့သူ၊ အခြေအနေစောင့်ကြည့်ပြီး နေနေတဲ့သူ တစ်ယောက် နှစ်ယောက်လောက်ပဲ ရှိတော့တယ်။ အိမ်ပြန်ကြည့်လိုက် တောထဲပြန်လာတိမ်းရှောင်လိုက် ဒီလိုလုပ်နေတယ်။ မေး – အခုတောထဲမှာ ဘယ်လို နေနေကြလဲနော် ၊ တောထဲ နေနေတာက ဘယ်နှရက်လောက် ရှိလာပြီလဲ။ ဖြေ – တောထဲမှာက ပြေးရခက်တဲ့သူတွေ အသက်ကြီးတဲ့သူတွေ ကလေးတွေကိုပဲ အဓိက ထားထားတယ် မိုးကာတဲနဲ့။ … - [ကားမိုင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရ၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/02/24/feb-24-y-1/): ဖားကန့်သွားလမ်း ကားမိုင်းမြို့အဝင် စစ်တပ်ဂိတ်တွင် ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။ စစ်တပ်ဂိတ်တွင် ခရီးသွားလာသည့် ပြည်သူများထံမှငွေကြေးကောက်ခံမှုနှင့် စစ်ဆေးရေးတင်းကြပ်မှုများပြုလုပ်နေသဖြင့် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်အစောပိုင်းက သွာရောက်တိုက်ခိုက်ခဲ့သောကြောင့် နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ “၂ဖက်ပစ်ခတ်တယ်ဆိုတော့ ဘယ်ဘက်ကပစ်ပြီးမှန်တယ်လို့ပြောလို့တော့မရဘူးပေါ့လေ။ ဂိတ်နားမှာရှိတဲ့ အမျိုးသားတစ်ယောက်က လက်နက်ကြီးမှန်လို့ပွဲ ချင်းပြီး သေသွားတယ်။ နောက်ကလေး တစ်ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့ပစ်ခတ်ကြတာက နာရီဝက်လောက်ဘဲရှိမယ်ထင်တယ်။ ဂိတ်မှာက တစ်ခြား ထိခိုက်ပျက်စီးတာတွေက မရှိခဲ့ဘူး”ဟု ကားမိုင်းပြည်သူတစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုထားသည်။ ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည့် အချိန်အတွင်း ကားမိုင်းစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သောကြောင့်မြို့ပေါ်အတွင်း လက်နက်ကြီးကျမှန်မည်ကိုစိုးရိမ်သဖြင့် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်း​ရှောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အထိ ခရီးသွားယာဥ်များကို သွားလာခွင့် ပိတ်ထားကြောင်းသိရသည်။ အဆိုပါစစ်တပ်ဂိတ်မှာ ပြီးခဲ့သော ၂၀၂၁ခုနှစ်ဇူလိုင်လအတွင်းမှာလည်း တစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ - [ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်](https://burmese.kachinnews.com/2022/02/24/feb-24-z-2/): စစ်ကိိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး၂ဦး တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ယင်းတွင် ကောလင်းမြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်းသိရသည်။ သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၄ လောင်းကို ယမန်နေ့က ကောလင်းမြို့ပြင်ဘက်တောတစ်နေရာတွင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာစဥ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”အားလုံးလေးယောက်သတ်ခံရတာဗျ။အဲ့ဒီသတ်ခံရတဲ့လေးယောက်မှာ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ပါတယ် သူက CDMလုပ်ဖို့တောကိုပုန်းရှောင်လာတဲ့အခါသတ်ခံတာရတာဗျ။ သူတို့စစ်ကြောင်းထိုးတဲ့အခါသတ်ခံရတာဆိုတော့ဘယ်နေ့က သတ်သွားသလဲဆိုတာမသိရဘူး သတ်ခံရတဲ့ရုပ်အလောင်းပဲတွေ့တာ”ဟု ကောလင်း PDF တစ်ဦးကပြောသည်။ သတ်ခံရသည့်လေးဦးတွင် အသက် ၂၈ ဝန်းကျင်တစ်ဦး၊ အသက် ၃၀ ကျော်နှစ်ဦး နှင့် အသက် ၄၀ ဝန်းကျင်တစ်ဦးပါဝင်ကြောင်းသိရသည်။ ၎င်းတို့၏ရုပ်အလောင်းများကို ကောလင်း ဒေသခံပြည်သူများက သွားရောက်ကောက်ယူကာ မီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။ အလားတူ ယခုရက်ပိုင်းတွင်ကောလင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုပိုမိုလုပ်လာပြီး ယမန်နေ့ကလည်း ကောလင်းမြို့နေ အမျိူးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။ - [ဒီပဲယင်းနယ်တွင် ပြည်သူတစ်ဦးသတ်ခံရပြီး ပြည်သူများ၏ စပါးများနှင့်ဆိုင်ကယ်များ စစ်ကောင်စီတပ်ဖျက်ဆီး](https://burmese.kachinnews.com/2022/02/24/feb-24-z-1/): စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်းပြင်ကျေးရွာနေအမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ဂွေးပင်ကုန်းကျေးရွာကိုထပ်မံဝင်ရောက်ကာ ပြည်သူပိုင်စပါးများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အင်းအား ၃၀ ခန့်က စိုင်းပြင်ကျေးရွာ နေအမျိုးသားသုံးဦးဖမ်းခေါ်သွားပြီး နှစ်ဦးကိုပြန်လွတ်ပေးခဲ့ကာ တစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး စိုင်းပြင်ကျေးရွာမှ ထွက်ခွာပြီး ဂွေးပင်ကုန်းကျေးရွာသို့ဝင်ရောက်ကာ ပြည်သူများ၏စပါးများနှင့် ဆိုင်ကယ်များကိုမီးရိူ့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”အသတ်ခံရတာက စိုင်းပြင်ကျေးရွာကပါ အသက် ၃၀ဝန်းကျင်ရှိအမျိုးသားကိုသတ် သွားတာပါ။စိုင်းပြင်ကျေးရွာကနေထွက်ပြီး ဂွေးပင်ကုန်းကျေးရွာမှာဝင်ပြီးဆက်မွှေတယ် အဲ့မှာစပါးတင်း ၁၀၀ လောက်ကိုကောက်ရိုးပုံတွေနဲ့မီးရှို့ဖျက်ဆီးသွားတယ်။”ဟု ၎င်းကပြောသည်။ စိုင်းပြင်ကျေးရွာအတွင်းမှာနံနက်မိုးလင်း ကာစအချိန်တွင်ဝင်ရောက်လာခဲ့ပြီး ရွားသားအများအပြားလည်းဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသည့်ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။ ”မနက်ခင်းဝင်တာဆိုတော့ တွေ့တဲ့လူတွေကို အကုန်လိုက်ဖမ်းတာဗျ ရွာသား ၂၅ ယောက်လောက်ဖမ်းမိတယ် စစ်သားတွေရွာကနေပြန်ထွက်ခါနီးမှာ ပြန်လွတ်ပေးထားခဲ့တယ်အဲ့ဒီမှာ သူတို့လိုချင်တဲ့နာမည်ထွက်တဲ့ သုံးယောက်ကိုတော့ဖမ်းသွားတယ်ဗျ”ဟု ၎င်းကပြောသည်။ စစ်သားများဝင်ရောက်လာမှုကြောင့် ဂွေးပင်ကုန်းကျေးရွာနေပြည်သူများ နံနက်ပိုင်းတွင်ဘေးလွတ်ရာတိန်းရှောင်ခဲ့ရပြီးနေ့လည်ပိုင်းတွင်း နေအိမ်သို့ပြန်လည် ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ဒီပဲယင်း မြို့နယ်ရှိ ကြခတ်ကျေးရွာမှ လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မီးရိူ့ဖျက်ဆီးခဲ့သည်။ - [မိုင်ဂျာယန်တွင် အသက် ၅ နှစ်အရွယ်ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး](https://burmese.kachinnews.com/2022/02/24/feb-24-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ရှိ အသက် ၅ နှစ် အရွယ်ကလေးများကို ယခုလမှစတင်ကာ SINOPHARM  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမကြိမ် စတင်ထိုးနှံပေးနေပြီဟု မိုင်ဂျာယန် ကျန်းမာရေးဌာနမှ သိရသည်။ မိုင်ဂျာယန်မြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း မိုင်ဂျာယန် ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာဇော်ဘောက်က KNG ကို ပြောသည်။ “ကျနော်တို့ မိုင်ဂျာယန်က ပြည်သူတွေကို ပုံမှန် swab စစ်ဆေးမှု ပြုလုပ်တယ်။ ကျန်းမာရေးကောင်းလား အရင်စစ်ကြည့်တယ်။ ကျန်းမာရေးကောင်းတယ်ဆိုမှ ကာကွယ်ဆေးထိုးပေးတယ်။ ကျနော်တို့ ဆေးက SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပေးတယ်။ ကျနော်တို့ လူအင်အားမလောက်လို့ တစ်ခါတစ်လေတော့ ၂ ရက် ၃ ရက် ဆေးစစ်လိုက် ၂ ရက် ၃ ရက်နေရင် ဆေးပြန်ထိုးပေးလိုက်နဲ့ လုပ်ဆောင်နေပါတယ်။” ဟု ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ မွေးရာပါနှလုံးရောဂါရှိသူ ၊ HIV ပိုးရှိသူ နှင့် ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။ “နှလုံးမကောင်းတဲ့သူတွေကို မထိုးဘူး။ ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေတဲ့သူတွေကို မထိုးဘူး။ HIV ဖြစ်တဲ့သူတွေကိုလည်း မထိုးဘူး။ အဆုတ်တီဗီဖြစ်နေတဲ့သူတွေ နာတာရှည်ရောဂါဖြစ်နေတဲ့သူ ဆေးစားနေတဲ့သူတွေကို မထိုးပေးဘူး။ ချို့ယွမ်းချက်အနေနဲ့ မွေးရာပါ နှလုံးရောဂါရှိတဲ့သူတွေကိုလည်း မထိုးပေးဘူး။” ဟု မိုင်ဂျာယန် … - [ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးဗုံးကွဲ လူငယ်တစ်ဦးဗုံးကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2022/02/22/feb-22-z-1/): စစ်ကိုင်း ကသာမြို့ ရပ်ကွက် ၄ လမ်းမတော်လမ်းရှိ ဗိုလ်ချုပ်ရုပ်ထုအနီး ဖေဖော်ဝါရီလ ၂၁ ရက် ည ၇နာရီဝန်းကျင် ဗုံးတစ်လုံးပေါက်ကွဲသည့်အတွက် အနားမှဖြတ်သွားသည့် လူငယ်တစ်ဦး ဗုံးကျည်စထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ” ရေသန့်ပို့တဲ့ကလေးလို့။ သိရတယ် မနေ့ည အိမ်ပြန်တဲ့ချိန် အဲဘက်လမ်းဘက်က ဖြတ်သန်းသွားတာ သူဖြတ်တဲ့ချိန်နဲ့ဗုံးကွဲတာ ကွက်တိဖြစ်သွားတော့ ဗုံးစမှန်သွားတာတဲ့ ဖြစ်ဖြစ်ချင်းတော့ဆေးရုံပို့‌ပေမယ့် မမီတော့ဘူး ဒီမနက်ဆုံးသွားပြီတဲ့” ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးကျည်ထိမှန်သေဆုံးသွားသူသည် ကသာမြို့၊ ရပ်ကွက် ၆ တွင် နေထိုင်သည့် အသက် ၂၂နှစ်အရွယ် မောင်လင်းထက်အောင်ဆိုသူဖြစ်ကာ ရေသန့်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ်ဗုံးကျည်ထိမှန်ချိန်တွင် ည ၇ဝန်းကျင်ရှိနေပြီဖြစ်သည့်အပြင် ကသာမြို့တွင်မာရှယ်လော ထုတ်ထားသည့်အတွက် ဒေသခံများသွားရောက်ကြည့်ရူရန် ခက်ခဲသည့်အခြေနေဖြစ်သည့်အတွက် ဖြစ်စဉ်အသေးစိတ် တိတိကျကျ သိရှိရန် ခက်နေဆဲဖြစ်သည်။ “ထိတာတော့ ပေါင်မှာထိတာလို့ သိရတယ် သွေးထွက်လွန်ပြီး ဆုံးသွားတာ ကသာမှာက မာရှယ်လောထွက်ထားတော့ ညမိုးချုပ်ရင် အသွားအလာအရမ်းနည်းသွားပြီ အဲတော့ ဘယ်သူမှလည်းသွားမကြည့်ရဲတော့ ဆေးရုံရောက်တာနောက်ကျသွားတဲ့သဘောရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကသာမြို့တွင် ဖေဖော်ဝါရီလအတွင်း ပေါက်ကွဲမူ၄ကြိမ်ထက်မနည်းရှိလာပြီး မြို့တွင်းလမ်းဆုံလမ်းကြား CCTV များတပ်ဆင်ကာ လုံခြုံရေးပိုတင်းကြပ်လာကြောင်း သိရသည်။ ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကသာနယ်အတွင်း ဆက်သွယ်ရေးလမ်းကြောများထိန်းချုပ်ရန် မြေအောက်လိုင်းကြိုးများ မြုပ်နှံရန်ပြင်ဆင်နေပြီး ယင်းလိုင်းကြိုးမြုပ်နှံနိုင်ဖို့ရန် လူထုအား ထိန်းချုပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု ၊လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု ပိုမိုဖြစ်ပွား‌နေသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်သည်။ - [မြစ်ကြီးနားခရိုင်တွင် PDF အမည်ခံကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသူများကို အရေးယူရန် KIO ပြင်ဆင်နေ](https://burmese.kachinnews.com/2022/02/22/feb-22-ld-1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့တွင် PDF အမည်ခံကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသောကိစ္စနှင့် ပတ်သက်ပြီး အရေးယူနိုင်ရန် ပြင်ဆင်နေသည်ဟု KIO ဘက်မှ သိရသည်။ ယခုလဆန်းပိုင်းကစတင်ပြီး MIS ဟုနာမည်ပေးထားသော လူတစ်စုသည် ၎င်းတို့ကိုယ်တိုင် PDF ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးခြိမ်းခြာက် ကောက်ခံမှုရှိနေပြီး ၎င်းကိစ္စသည် PDF နှင့်မသက်ဆိုင်သောကြောင့် KIO မှ အရေးယူရန် စုံစမ်းရှာဖွေနေကြောင်း KIO မြစ်ကြီးနားခရိုင် တာဝန်ရှိသူတစ်ဦးမှ KNG ကို ယခုလို ပြောဆိုခဲ့သည်။ “အခုလို လုပ်နေတဲ့သူတွေက ကျနော်တို့လက်အောက်က KPDF လည်းမဟုတ်ဘူး။ NUG လက်အောက်က PDF လည်း မဟုတ်ဘူး။ ဒါကြောင့် ဘယ်ကနေလဲဆိုတာ ကျနော်တို့လည်း စုံစမ်းနေတယ်။ ဘယ်အဖွဲ့မှလည်း မဟုတ်တာကြောင့် အခုကျနော်တို့က အဲ့ဒီလူတွေကို ဖမ်းပြီး အရေးယူဖို့ စုံစမ်းနေတာဟုတ်တယ်။” ဟု မြစ်ကြီးနားခရိုင် KIO တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ KIA တပ်ရင်း ၁၁ ဒေသဖြစ်သော နမ္မတီးမြို့တွင်လည်း မြစ်ကြီးနားကဲ့သို့ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသည်ကို ကြားသိရကြောင်း သူက ဆက်ပြောသည်။ ကချင်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် ကချင်လွတ်လပ်ရေးတပ်မတော်KIA နှင့် အတူ လက်တွေ့ လုပ်ငန်း လုပ်ဆောင်နေသူများဖြစ်ပြီး မြို့တွင်းရှိနေသူတစ်ချို့ကိုလည်း KIO မှ ထိုသို့ငွေကြေးကောက်ခံခြင်းလုပ်ရပ်များလုပ်ဆောင်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။ ပြီးခဲ့သော ၆ ရက်ခန့်က M.IS အဖွဲ့ဟုဆိုသောအဖွဲ့သည် စျေးဆိုင်မှ ဆိုင်းဘုတ်များရှိ … - [အိုမီခရွန်ကြောင့် လိုင်ဇာသို့ သွားမည့်သူများ ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်လည်သတ်မှတ်](https://burmese.kachinnews.com/2022/02/22/feb-22-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် အိုမီခရွန်- Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူရှိလာသောကြောင့် အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက် လာမည့် မည်သူမဆို မိုင်ဆပ်ပါတွင် Quarantine ၁၄ ရက် ဝင်ရမည်ဟု ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။ လက်ရှိ လိုင်ဇာမြို့သို့ မိုင်ဆပ်ပါ Check Point မှ ဝင်လာသူများအား Swab စစ်ဆေးမှုခံယူပြီး Negative ဖြစ်သူများနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။ “ကျနော်တို့ ဝင်လာတဲ့သူအားလုံးကို Swab စစ်ပြီး Negative အဖြေရမှ ဝင်ခွင့်ပေးတယ်။ အရင်လကနေစပြီး lockdown ပြန်ဖြည်လျော့လိုက်တဲ့အချိန် ရောဂါဖြစ်ပြီးတဲ့သူတွေ၊ ဆေးထိုးထားပြီး လက်မှတ်ရတဲ့သူတွေ ဝင်ခွင့်ပေးခဲ့တယ်။ အခုတော့ မရတော့ဘူး။ ဝင်လာတဲ့သူမှန်တမျှကို Swab စစ်ပြီး ကိုဗစ်ကာကွယ်ဆေးလဲ မထိုးသေးသူကိုတော့ Quarantine ၁၄ ရက် မိုင်ဆပ်ပါ ကိုဗစ်ပြုစုရေးစင်တာမှာ ဝင်ရမယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ဆိုသည်။ မိုင်ဆပ်ပါ ကိုဗစ်ကာကွယ်ပြုစုရေးစင်တာတွင် Quarantine ၁၄ ရက် ဝင်လာသူများကို တစ်ဦးလျှင် ဆေးစစ်ခ ၅ ထောင်ကျပ် နှင့် စားသောက်စရိတ် ၅ သောင်းကျပ်၊ စုစုပေါင်း ၅၅၀၀၀ ကျပ် ကောက်ခံပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ စားရေးသောက်ရေး အားလုံးကို … - [ပူတာအိုတွင် တိုက်ပွဲ ပြင်းထန်လာနိုင်သောကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိတ်ထားမည်ဟုဆို](https://burmese.kachinnews.com/2022/02/22/feb-22-y-1/): မြစ်ကြီးနား-ပူတာအို လမ်းမကြီးတွင် တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယနေ့မှစတင်ကာ လကုန်သည်အထိ မည်သည့်ယာဉ်များ သွားလာခွင့်မရှိအောင် လမ်းပိတ်ထားမည်ဖြစ်ကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။ ပူတာအိုဒေသတွင် ယခုပတ်အတွင်း စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့လာသဖြင့် တိုက်ပွဲပြင်းထန် လာနိုင်သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ ယာယီ လမ်းပိတ်ထားရကြောင်း ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “လမ်းကတော့ ဒီနေ့ စပိတ်တယ်လို့ သိရတယ်။ ပူတာအိုဘက်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်လို့ KIA နဲ့ PDF က ခဏပိတ်ထားမယ် လို့ပြောတာဘဲ။ ပြီးရင် အခုက စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေ။ နောက် စစ်အင်အားဖြည့်တင်းလာတာတွေကို လုပ်လာလို့ လကုန်ပိုင်းအထိ ပိတ်ထားမယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း ပူတာအိုမြို့နယ် တန်ဂျာကျေးရွာနှင့် လုန်ရှာယန်ကျေးရွာ ၂ခုကြားတွင် ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ “တိုက်ပွဲဖြစ်တာက ဒီမနက် မိုးစလင်းတဲ့ခါစဘဲ ရှိသေးတယ်။ အင်ယိုဇွပ်ခ နားမှာဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်က သိပ်မကြာဘူး။ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ပြန်ငြိမ်သွားကြတယ်။ စစ်သားတွေရဲ့ စစ်လမ်းကြောင်းက ရှိန်ဂတ်ဘွမ့် ဘက်ကိုတက်လာတာ ဟုတ်တယ်။ အဲ့ကြောင့် တိုက်ပွဲက ပြန်ဖြစ်လာလိမ့်မယ်” ဟု တန်ဂျာဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က ပူတာအိုမြို့မှ စစ်အင်အား … - [ပူတာအို အင်စီယန်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ စစ်ရှောင်များ မိုးကာ အရေးတကြီးလိုအပ်နေ](https://burmese.kachinnews.com/2022/02/21/feb-21-y-1/): ပူတာအိုမြို့နယ် အင်စီယန်ကျေးရွာအနီး ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စ၍ KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ အဖွဲ့ နှင့် PDF  ပူပေါင်းတပ်တို့က ရှိန်ဂတ်ဘွမ်တောင်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတပ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွာနေဆဲဖြစ်သည်ဟု အင်စီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “တိုက်ပွဲစဖြစ်တာက ဖေဖော်ဝါရီ ၁ရက်နေ့က စဖြစ်တယ်။ ဒီမနက် ၆နာရီလောက်ကကနေ ၁၀နာရီလောက်အထိ တစ်ကြိမ်ဖြစ်ကြ တယ်။ ညနေပိုင်းက ၁နာရီကနေ ပြန်ပြီး ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ပြီးရင် လက်နက်ကြီးသံတွေက ပိုနီးလာသလို ကြားရတယ်။ ၂ဖက်တပ်စလုံး ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း အပြန်အလှန်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြတယ်။ သူတို့ရဲ့ထိခိုက်မှုတွေက ကျနော်တို့လည်းမသိရဘူး။ ရွာမှာက လက်နက်ကြီးတွေကျမှာစိုးလို့ ရွာသားတွေအားလုံးတောမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟုပြောဆိုသည်။ KIA နှင့် PDF အဖွဲ့က စစ်ကောင်စီတပ်စခန်းကို ဝန်းရံပိတ်ဆို့ထားကာ သွားရောက်ပစ်ခတ်နေသောကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အခြေအနေတွင်ရှိနေပြီး လက်ရှိအချိန်အထိ ၂ဖက်တပ် ထိခိုက်မှုအခြေအနေကို သေးစိတ် မသိရသေးကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် အင်စီယန်ကျေးရွာနှင့် ၁မိုင်ခန့်သာရှိသည့်နေရာတွင်ဖြစ်သောကြောင့် ဒေသခံ အိမ်ခြေ ၄၀ ကျော်နှင့် လူဦးရေ ၂၆၀ ဝန်းကျင်ခန့်မှာ ကျေးရွာနှင့်နီးသည့် တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန်လိုအပ်နေသည်ဟု အင်စီယန်ဒေသခံက ထပ်မံပြောဆိုထားသည်။ … - [မြစ်ကြီးနားမြို့နယ်တွင် ယခုလအတွင်း covid-19 ကြောင့် သေဆုံးသူ ရှိ](https://burmese.kachinnews.com/2022/02/21/feb-21-2/): မြစ်ကြီးနားတွင် ကိုဗစ်-၁၉ စတုတ္ထလိုင်း ပြင်းထန်လာသည့်အမျှ ပိုးကူးစက်ခံရသူ ၇၀၁ ဦးထိရှိလာသည့်အပြင်  သေဆုံးသူ ၂ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။ ” ကိုဗစ်နဲ့ဆုံးသွားတဲ့အလောင်းက ဖေဖော်ဝါရီလမှာပဲ ၂ ဦးရှိပြီ ကိုဗစ် Center ကိုပို့ပေးတာတော့ အယောက် ၂၀ လောက်ရှိပြီ ဆေးရုံကြီးမှာ ကိုဗစ်လူနာ အခြေအနေဆိုးတဲ့သူတွေ ခန့်မှန်းခြေ ၅၀ လောက် ရှိတာတွေ့ခဲ့တယ်။ အားလုံးတော့အတိအကျမပြောနိုင်ဘူး ကျနော်တို့အသင်းအနေနဲ့ လုပ်ဆောင်နေတဲ့ အရေအတွက်ကိုပဲ ပြောပြနိုင်တယ်” ဟု မြစ်ကြီးနား လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါသည်။ စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂ ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၅၆ ယောက် ရှိသည့်အနက် မြစ်ကြီးမြို့နယ်တွင် ပိုးကူးစက်သူဦးရေ ၈၄၈ ဦးပါဝင်ကြောင်း သိရသည်။ သို့သော် အဆိုပါ ဆေးစစ်မှုသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး မြေပြင်စာရင်းတိတိကျကျ ကောက်ယူရန်မှာ ခက်ခဲနေဆဲဖြစ်သည်။ လတ်တလော မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ပိုးတွေ့ရှိ၍ ပြင်းထန်စွာဖျားသူများသည် မြစ်ကြီးနားဆေးရုံကြီးသို့ ဆေးကုသမူ ခံယူ‌နေကြသည့်အပြင် ပိုးတွေ့ရှိသော်လည်း သာမန်အဆင့်သာရှိသူများအား နာယန်ကျေးရွာရှိ ကိုဗစ်စင်တာတွင် ဆေးကုသမူ ခံယူနေကြောင်း သိရသည်။ “ မြစ်ကြီးနား က လူတွေက သူတို့အိမ်မှာ ကိုဗစ်စစ်တံ၀ယ်ပြီး စစ်ကြည့်လို့ ပိုးတွေ့တယ်ဆိုရင် အရမ်းကြီး မဖျားရင် နာယန်ကိုဗစ် center ကို ပို့ပေးတယ်။ ဖျားတော့ဖျားတယ် စစ်ကြည့်တာ N- … - [ပူတာအို ဒေသသို့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် အင်အား ပို့ဆောင်](https://burmese.kachinnews.com/2022/02/21/feb-21-s-1/): စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို စစ်ကောင်စီက စစ်အင်အားတွေကို လေယာဉ်နဲ့ ပို့ဆောင်နေတာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့က ပူတာအိုမြို့ လေဆိပ်မှာ လေယာဉ် ၁ စီးနဲ့ ၂ ခေါက် စစ်ကောင်စီ တပ်သားတွေကို လာရောက်ပို့ဆောင်ခဲ့ပြီးတော့ အဲဒီကနေ ကား ၅ စီးနဲ့ ခလရ ၄၆ တပ်ရင်းဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကားအချို့ကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဖတ်မာဘက်ကို သွားနေပြီ ဖြစ်တာကြောင့် တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “တို့ ပတအ ဘက်ကို စစ်ကောင်စီတပ်သား လေယာဉ်အပြည့်နဲ့ ၂ ကြိမ် လာပို့ထားပြီ။ သူတို့ စစ်ဆင်ရေးပြန်ပြင် နေပြီထင်တယ်။ စုစုပေါင်း အင်အား ၁၂၀ လောက်ရှိမယ်ထင်တယ်။ yx လေယာဉ်နဲ့။ ဒါကြောင့် ပြည်သူတွေက စစ်ပွဲကြီး ပြန်ဖြစ်လာရင် အရမ်းစိုးရိမ်ရတယ်။ အစားအသောက်က အစပေါ့။”  ပူတာအိုမြို့ပြင် ၁၀ မိုင်လောက်ဝေးတဲ့ ဖတ်မာကျေးရွာမှာ စစ်ကောင်စီက နေရာယူထားပြီးတော့ ဖတ်မာနဲ့ လုံန်ရှာယန်ကျေးရွာကြားမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF တပ်ဖွဲ့တွေကို ရှင်းလင်းဖို့ အခုလို ပြင်ဆင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ဒီဒေသမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က တစ်ကြိမ်နဲ့ ၁၅ ရက်နေ့က တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ လုန်ရှာယန်နှင့် ဆွမ်ပီယန်ကျေးရွာကြားက ရှိန်ဂတ်တောင် စခန်းကို KIA နှင့် PDF တို့ စတင်တိုက်ခိုက်နေတာ ဒီနေ့အထိဖြစ်ပါတယ်။ ပူတာအိုဒေသကို စစ်ကောင်စီက အခုလို လေယာဉ်နှင့် စစ်အင်အားတိုးချဲ့နေသလို ခေါင်လန်ဖူးအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ကိုလည်း … - [မိုးမောက်တွင် တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများ နေရပ်မပြန်သေး](https://burmese.kachinnews.com/2022/02/18/feb-18-y-1/): ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်ကြားတွင် ယမန်နေ့ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များအတွက် လက်ရှိတွင် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်များ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ရပ်ကွက်ရှိ ဒေသခံ အိမ်ခြေ ၆၀ ခန့်နှင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော်မှာ မြို့မရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မနေ့ကနေ ဒီကနေ့အထိတော့ ဘုရားကျောင်းကနေ တတ်နိုင်သလို အစားအသောက်စီစဉ်ပေးနေတယ်။ ဒါပေမယ့် အခြေအနေက သူတို့အတွက် အစားအသောက်တွေနဲ့ သူတို့ ဒီမှာရှိတဲ့အချိန်မှာ သုံးဖို့ အသုံးအဆောင်ပစ္စည်းတွေပေါ့လေ။ ဘယ်အချိန်အထိ တိမ်းရှောင်ရမယ်ဆိုတာမသိဘူးလေ။ အချိန်ကြာလာရင်တော့ ပိုခက်ခဲလာနိုင်တယ်” ဟု ပြောဆိုသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယခုချိန်ထိလည်း စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့ထားသောကြောင့် စစ်ပွဲထပ်ဖြစ်လာနိုင်သဖြင့် နေရပ်မပြန်သေးကြောင်း သိရသည်။ ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း လူနေတစ်ချို့ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စွဲထားသည့်နေရာသို့ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းများအရ သိရသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများသည် ယခင်နှစ်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော မြို့သစ်၊ ကုန်းလော ကျေးရွာများဖြင့် ၁၀ မိုင်ခန့်သာ … - [ချောင်းဦး အိမ်ခြေ ၂၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/02/18/feb-19-z-2/): စစ်ကိုင်းတိုင်းဒေသကြီး  ပုလဲမြို့နယ် ချောင်းဦးကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး‌နေကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်အချိန်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗျူစောထီများ ချောင်းဦးရွာထဲသို့ လက်နက်ကြီးများ ပစ်ဖောက်ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်မီးရှို့သွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”လောလောဆယ်အခြေအနေကတော့ ရွာလုံးကျွတ်နီးပါးမီးထဲမှာပါသွားတယ်ဗျ။ သူတို့က ရွာထဲကိုမီးငြိမ်းလို့မရအောင်ရွာပြင်ဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ခြောက်လန့်ပစ်ခတ်ပြီး ရှို့သွားတာ အကုန်လုံးနီးပါးမီးထဲပါသွားတယ်ဗျ။”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ချောင်းဦးကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လူဦးရေလေးထောင်နီးပါးရှိသည့်ကျေးရွာဖြစ်ပြီး လတ်တလော စစ်ကောင်စီတပ်၏ ရွာအတွင်း မီးရှို့ပစ်ခတ်နေသည့်အတွက် ရွာလုံးကျွတ်ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။ ”လောလောဆယ်တော့ တစ်ရွာလုံးရှောင်နေရတယ်ဗျ ရွာနဲ့ဝေးရာကိုရှောင်နေရတယ်ဗျ။ သူတို့က အဝေးကနေလာပြီးတော့မီးရှို့သွားတာဗျ ရွာထဲမှာတော့မရှိတော့ဘူး” ဟု ပုလဲဒေသခံတစ်ဦးကပြောသည်။ လတ်တလောတွင် မီးဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အထည်များခက်ခဲနေပြီး နေရာထိုင်ခင်းလည်းအခက်တွေ့နေရကြောင်းသိရသည်။ ပုလဲမြို့နယ်အတွင်းတွင် ယခုချောင်းဦးရွာ အပါအဝင် ရွာပေါင်းခြောက်ရွာအထိမီးရှို့ဖျက်ဆီးခံရပြီဖြစ်ပြီး ယခင်လက လောကားရွာ၊ ကိုင်းကျွန်းရွာ၊ ပန်းရွာ၊အင်မထီးရွာ၊ မွေ့လုံရွာမီးရှီို့ဖျက်ဆီးခံခဲ့ရပြီးစုစု ပေါင်းအိမ်ခြေ ၁၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းသိရသည်။ Data For Myanmar ၏ ‌ဖော်ပြချက်အရ ဖေဖော်ဝါရဖိလ လဆန်းမှ ၁၄ ရက်နေ့ထိ တစ်နိုင်ငံလုံးမီးရှို့ခံရသည့် အိမ်ခြေပေါင်း ၄၅၇၁ အိမ်ရှိသည့်အနက် စစ်ကိုင်းတိုင်းတွင် အများဆုံး ၂၅၆၇ အိမ်ထိပါဝင်ကြောင်း သိရသည်။ - [နေရပ်ပြန်စစ်ရှောင်အချို့ လက်နက်ကြီးထိမှန်ပြီး ၃ ဦးသေဆုံး ငါးဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2022/02/18/feb-18-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် စစ်ရှောင်‌‌နေကြရသည့် ပြည်သူများ ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေရပ်ပြန်လာသည့်လမ်းတွင် လက်နက်ကြီးပစ်ခတ်ခံရသဖြင့်  ၃ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများအား ကူပေးနေသူများထံမှ သိရသည်။ “မနေ့က တချို့ပြန်တယ် လမ်းမှာပဲတိုက်ပွဲကြားရောက်သွားတော့ လက်နက်ကြီးထိပြီး ၃ယောက်သေတယ် ၅ ယောက် ဒဏ်ရာရတယ် ဒီနေ့အခြေအနေလည်း မသိရသေးဘူး။” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။ အဆိုပါစစ်‌ရှောင်များသည် မိုင်းယော်ဒေသဈေးတွင် ကျေးရွာ ၃ခုမှ စစ်ရှောင် ၅၀၀ ဝန်းကျင် ခေတ္တခိုလှုံနေရမှ နေရာအခက်ခဲများရှိသည့်အတွက် နေရပ်ပြန်ခိုင်းရာမှ ယခုကဲ့သို့ နေရပ်ပြန်ရာလမ်းတွင် လက်နက်ကြီးထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။ လက်နက်ကြီးကျည်ထိမှန်‌ သေဆုံးသွားသော စစ်ရှောင်များသည် ပန်နန်းရွာမှ တိုက်ပွဲရှောင်လာသူများဖြစ်ပြီး နေရပ်အပြန်လမ်း၊ လုံတက်ရွာအနီးတွင် လက်နက်ကြီးထိမှန်ကာ ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ ကျည်ထိမှန်သေဆုံးသူများမှာ  ဒေါ်အေးမြ အသက် ၃၀နှစ်၊ ဒေါ်အေးကျော်၊လွေးအေးကျမ် အသက် ၅နှစ်တို့ဖြစ်ကာ ဒဏ်ရာရရှိသူများသည် လွေးအေးစိန်၊ လွေးအေးလော့၊ လွေးအေးမန်၊ လွေးအေးခမ်းနဲ့ မိုင်းအလတို့ဖြစ်ကြောင်း သိရသည်။ “အဲလက်နက်ကြီး ဘယ်အဖွဲ့ကပစ်လိုက်တာလဲ မသိဘူး လမ်းမှာ စစ်ကောင်စီတပ်ရော ရခိုင်ရောပိတ်ထားတယ် မဟာမိတ် ၃ဖွဲ့လုံးပါတယ်။” လို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကပြောသည်။ လတ်တလော ၎င်းဒေသတွင် စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ရေး အခြေအနေတင်းမာနေဆဲဖြစ်သည်။ - [ပူတာအိုတွင် ဓာတ်ဆီ စတင်ပြတ်လပ် ဆီပန့်ဆိုင်အချို့ စပိတ်](https://burmese.kachinnews.com/2022/02/18/feb-18-z-1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဓာတ်ဆီပြတ်လပ်မှုစတင်နေပြီး ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီး ဓာတ်ဆီ နှင့် အခြားစက်သုံးဆီများ သယ်ယူပို့ဆောင်ရန်ခက်ခဲလာသည့်အတွက် ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”အခုကဓာတ်ဆီ လိုသလောက်မရနိုင်တော့ဘူး။ တစ်ယောက်ကို နှစ်ဂါလံအလွန်ဆုံးပဲ ရောင်းပေးတယ်။ ဒါတောင်တချို့ဖွင့်တဲ့ဆီပန့်ဆိုင်တွေမှာပဲရတာ တချို့ဆိုင်တွေကပိတ်ကုန်ပြီ။ အခုဖွင့်တာက တိုင်းကျော်ဖွင့်တယ်တစ်ခုဘဲဖွင့်တယ် Petro 7 ရယ် ဇေယျာမင်းရယ်တော့ ပိတ်နေပြီ။ မဖွင့်တော့ဘူး ဆီမရှိတော့လို့ပိတ်လိုက်တာလို့ပြောတယ်။ တိုင်းကျော်တော့ဆီကျန်သေးလို့ရောင်းတယ် ဒါတောင် လူတစ်ယောက်ကို နှစ်ဂါလံနှုန်းပဲရတယ်”ဟု ကောင်ကထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိ ဆီလက်ကျန်ရောင်းချပေးနေသည့် တိုင်းကျော်ဆီဆိုင်တွင်လည်း လူတစ်ဦး နှစ်ဂါလံနှုန်းဖြင့် ၉၂ တစ်ဂါလံကျပ် ၁၀၀၀၀ ၊ ၉၅ တစ်ဂါလံကျပ် ၉၀၀၀နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။ ပူတာအိုတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှစတင်ကာ ဓာတ်ဆီပြတ်လပ်မှုစတင်လာပြီး ၉၂ တစ်ဂါလံ ၈၀၀၀ ကျပ်မှ တစ်သောင်းကျပ် ၉၅ တစ်ဂါလံ ၇၀၀၀ကျပ်မှ ၉၀၀၀ ကျပ်အထိမြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီလ ၁၅ရက်နေ့ နောက်ပိုင်းတွင် ဓာတ်ဆီလုံးဝ ပြတ်လပ်သွားသောကြောင့် ဆီဆိုင်အချို့ပိတ်ထားရကြောင်း သိရသည်။ ”အချို့ဆီဆိုင်တွေက ပိတ်ထားတာ သုံးရက်လောက်ရှိနေပြီ။ သူတို့က ဆီလက်ကျန်လုံးဝကုန်သွားတာလို့သိရတယ်။ ကျနော်တို့တောင်ဆီလက်ကျန်လည်းရှိနေသေးလို့ ဆက်ရောင်းနေတာ ကျနော်တို့လည်းမလိုတော့ဘူးပိတ်ရတော့မယ် ဆီကားတွေက လာလို့မရဘူးဖြစ်နေတာ” ဟု ပူတာအိုတိုင်းကျော်စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက … - [KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် အိုမီခရွန်လက္ခဏာတွေ့ရှိ](https://burmese.kachinnews.com/2022/02/17/feb-17-lp-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့  ၀င်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron လက္ခဏာရှိသည့်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ “ဟိုတလောက ရန်ကုန်ကနေ၀င်လာတဲ့ တစ်ယောက်ကို ဆရာ၀န်တွေစစ်ကြည့်တော့ အိုမီခရွန်လက္ခဏာနဲ့ အရမ်းတူနေလို့ လူနာကိုတခြားမှာ သီးသန့်စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားတယ်” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်း၀မ်က KNG ကချင်သတင်းဌာနကို ပြောသည်။ အဆိုပါ အိုမီခရွန်ရောဂါ သံသယလူနာသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာအဖြစ်ထားရှိသည့်အပြင် ဆက်စပ်သူများအား စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိထားကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် လိုင်ဇာမြို့တွင်း ဖေဖော်ဝါရီလ နှစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးထိရှိသည့်ခဲ့အပြင်  ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်-Omicron ကိုပါ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ယခင်ထက်ပိုမို ဂရုစိုက်သွားဖို့လိုအပ်ကြောင်းလည်း  ဗိုလ်မှူးကြီးဟိန်းဝမ်က ဆက်ပြောသည်။ “ကျနော်တို့ မုန်လိုင်ခက်မှာ ကိုဗစ်ပိုးတွေ့လူနာ ၄၀ ရှိသွားပြီ လိုင်ဇာမှာစာသင်ကျောင်းတွေ ၊စျေးဆိုင်တစ်ချို့တွေမှာ ကိုဗစ်ပိုးစစ်ကြည့်တော့ပိုးကူးစက်ခံရသူတိုးတိုးလာတယ်” KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူဦးရေ တစ်သောင်းဝန်းကျင်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ လိုင်ဇာမြို့ရှိ ဈေးဆိုင်အချို့နှင့် စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ‌‌ပိုး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။ မြန်မာနိုင်ငံတွင်‌ ဖေဖော်ဝါရီ ၃ ရက်နေ့ထိကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron … - [မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2022/02/17/feb-17-z-1/): ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့် KIA တပ်စွဲထားသည့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို ဝဝမ်ကျေးရွာ နှင့် ခါနန်ရပ်ကွက်ကြားတွင် KIA မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနသို့ ပြောသည်။ ”တိုက်ပွဲဖြစ်တာဟုတ်တယ် စစ်ကောင်စီတပ်တွေက KIA ရှိတဲ့နေရာကို သိသိကြီးနဲ့စစ်ကြောင်းထိုးလာတာဗျ။ အဲ့ကြောင့် KIA ဘက်ကလည်း ဒီတိုင်းငြိမ်ထားလို့မရဘူးဆိုတဲ့ အနေအထားမှာ တိုက်ပွဲဖြစ်တာအခုဖြစ်နေတာက ခါနန်ထိပ်မှာဖြစ်နေတာ ဒီခါနန်မှာက လွန်ခဲ့တဲ့ လေးလလောက်ကတည်းက KIA က နေထားတာဟုတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦး ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက် အကျအဆုံးရှိနိုင်ပြီး KIA ဘက်တွင် အကျအဆုံးရှိ မရှိ လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း ပြောသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူလာနေသည်ဟု ကြားရကြောင်း ၎င်းက ဆက်ပြောသည်။ ”နှစ်ဘက်အကျအဆုံးကတော့ မသိရသေးဘူး။ ကျနော်ထင်တာကတော့ KIA က စစ်ကောင်စီတပ်သားတွေ လာနေတယ်ဆိုတာသိတော့ ကြိုသိပြီးပြင်ဆင်ထားတော့ KIA ဘက်ကတော့အကျအဆုံးမရှိလောက်ဘူး။ အကျအဆုံးရှိရင်တောင် စစ်ကောင်စီဘက်ကပဲများမယ်ထင်တယ်။ စစ်ကောင်စီဘက်ကို စစ်ကူအနေနဲ့ ငါးဆယ်လောက် တက်လာနေတယ်လို့ ကြားတယ်။ အတိအကျတော့ ပြောလို့မရဘူး သူတို့လည်းအခုကပြန်ဆုတ်တော့ ဆုတ်နေတယ် … - [စစ်ကောင်စီတပ်၏ တိုက်ခိုက်လေယာဉ်ပျက်ကျလေယာဉ်မှူးတစ်ဦးသေဆုံး](https://burmese.kachinnews.com/2022/02/16/f-16-z-1/): စစ်ကိုင်းတိုင်း‌ဒေသကြီး၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ၊ ရေမြက်ကြီးအင်းအနီးတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်တစ်စီး ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ”ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် အဲက ဒေသခံတွေကို ဖုန်းဆက်မေးတာ လေယာဥ်ပျက်ကျတာ ဟုတ်တယ်။ ရေမျက်ကြီးအင်းအလည်မှာပျက်ကျတာလို့ သိရတယ် လေယာဉ်မှူးသေတယ်လို့ သိရတယ် ခုက ကယ်ဆယ်ရေးတွေ စလုပ်နေပြီ” ဟု ရေမြက်ရွာ ဒေသခံတစ်ဦးကပြောသည်။ ယင်းလေယာဉ်ပျက်ကျမူပြီး‌နောက် စစ်‌ကောင်စီတပ်များအုန်းတောရွာ၊ ရေမျက်ကြီးရွာအနီးရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ၎င်းကဆက်ပြောသည်။ ” ကြားတာက အဲလေယာဉ်ပျက်ကျခါနီးမှာ လေထီးနဲ့ခုန်ဆင်းတဲ့သူလည်းရှိတယ် အဲလေထီးနဲ့ခုန်ဆင်းတဲ့သူတွေကို လိုက်ရှာတာတဲ့ ရွာထဲစစ်သားတွေလည်း ရောက်လာတော့ ရွာသားတွေကြောက်လို့ တစ်ချို့ပြေးကုန်တာ” လို့ ‌ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ လေထီးနှင့် ခုန်ဆင်းသူ နှစ်ဦးရှိသည်ဟုဆိုသော်လည်း အဆိုပါ သတင်းအချက်လက်အား အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။ လေယာဥ်ပျက်ကျမူနှင့် ပတ်သက်ပြီး ဒေသခံများ၏ ပြောဆိုချက်အရ PDF များထံဗုံးလာကျဲသည့် လေယာဥ်ဟု ဆို‌သော်လည်း စစ်တပ်ပိုင်ရုပ်သံသတင်းဌာနတွင်မူ လေ့ကျင့်ပျံသန်းသည့် လေယာဥ်စက်ချို့ယွင်းမူ‌ကြောင့် ပျက်ကျခြင်းဖြစ်‌ကြောင်းကြေညာထားသည်။ - [မိုင်းယော်ဒေသတွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် စစ်ရှောင်များနေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2022/02/16/f-16-ld-1/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား စစ်ရေး ဆက်လက် တင်းမာနေသောကြောင့် ဒေသခံပြည်သူ ၂၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မိုင်းယော်မြို့အနီး စစ်ကောင်စီတပ်မ ၉၉ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်မှ လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀ ကျော်မှာ မိုင်းယော်မြို့နှင့် လားရှိူးမြို့သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မိုင်းယော်ဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။ “မိုင်းယော်မှာက စစ်တပ် တပ်မဟာဘက်က တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု တော်တော်ရှိသွားတာကြောင့် စစ်တပ်ဘက်က တစ်ခါပြန် အကြီးအကျယ် ပြန်ပစ်ဖို့ ပြင်ဆင်နေတဲ့အခြေအနေကို တွေ့နေရတယ်။ စစ်ရှောင်တွေ ထွက်မပြေးလာခင် ရှေ့ရက်က စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ၂ ရက်ဆက်တိုက်လာပစ်တဲ့နေ့ ကိုးကန့် MNDAA ဘက်တော်တော် ထိခိုက်ကျဆုံးမှုရှိခဲ့တာကြောင့် အဲ့မှာ ညီနောင်မဟာမိတ် တပ်ပေါင်းစုအဖွဲ့တွေ ပြန်ပူးပေါင်းပစ်တာ စစ်တပ်ဘက်ကလည်း တော်တော် ထိခိုက်သေဆုံးမှုများသွားတာဟုတ်တယ်။” ဟု မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ မိုင်းယော်မြို့ တွင်း နှင့် လားရှိူးမြို့ သို့ ရောက်ရှိနေသော စစ်ရှောင်ပြည်သူများသည် မိုင်းယော်တိုက်နယ် အတွင်းရှိ လုံကစ်၊ နောင်ပစ်၊ ခိုခမ်း၊ ပန်သပြေကျေးရွာ၊ လုံတောက် နှင့် လွိုင်စန့် စသည့် ကျေးရွာများမှ … - [ပူတာအိုမြို့ ဖတ်မာကျေးရွာတွင် လင်မယားနှစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး](https://burmese.kachinnews.com/2022/02/16/feb-16-z-1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဖတ်မာကျေးရွာနေ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်မှ ယမန်နေ့ည ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ပစ်သတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်များ ဖက်မာရွာထဲသို့ဝင် ရောက်လာပြီး ရွာတွင်းသေနတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက်  ရွာသားအချို့ဘေးလွတ်ရွာ ထွက်ပြေးတိန်းရှောင်နေစဥ် အဆိုပါ လင်မယား နှစ်ဦး ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သေဆုံးသွားသည့်အမျိုးသား၏ ဦးလေးတော်စပ်သူက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျနော့တူလေး လင်မယားက ဆိုင်ကယ်နဲ့မောင်းပြီး ကားလမ်းမတိုင်းမောင်းပြေးတာ အဲတာကိုနောက်ကနေပြီးတော့ စစ်သားတွေက ဓာတ်မီးလိုက်ထိုးပြီးမှ သေနတ်လိုက်ပစ်လို့ လင်မယားနှစ်ယောက်လုံး ဆုံးသွားတယ်” ဟု ဦးလေးတော်စပ်သူ ကပြောသည်။ သေဆုံးသွားသည့် အမျိုးသားမှာ ဦးအားခီဇီပါ အသက် ၂၀ ကျော်ဝန်းကျင်ရှိပြီး ၎င်း၏ ဇနီးမှာလည်း အသက် ၂၀ ကျော် ဝန်းကျင်သာရှိသေးသည့်အပြင် လက်ထပ်ထိမ်းမြားထားသည်မှာ နှစ်လဝန်းကျင်သာရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယမန်နေ့က စစ်ကောင်စီတပ်နှင့် KIA၊ PDF တို့သည် ဖတ်မာကျေးရွာနှင့် လုံရှာယန်ကျေးရွာကြားတွင်လက်နက်ကြီး လက်နက်ငယ်များအသုံးပြုကာ နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ ”အခုတိုက်ပွဲ ဖြစ်တော့ရွာသားတွေတချို့က အိမ်မှာပဲ တချို့ကတော့ တောထဲထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်။ အိမ်မှာနေ နေတဲ့လူတွေအများပိုင်းရှိတယ် ဖတ်မာ မှာဆိုတော့” ဟု ဖတ်မာကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ လုံရှာယန်ကျေးရွာဘက်တွင် KIA နှင့် PDF တို့ရှိနေပြီး ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည်။ လီဆူလူမျိုးအများစုနေထိုင်သော ဖတ်မာဒေသခံများကို ထွက်ပြေးလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားရာ ယမန်နေ့ညက အဆိုပါ … - [မုံးကိုး ဖောင်းဆိုင်ကြား စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2022/02/15/feb-15-ld-1/): မုံးကိုးမြို့မှ ဖောင်းဆိုင်ဘက်သို့ သယ်ဆောင်လာသော စစ်ကောင်စီ စစ်အင်အားနှင့် ရိက္ခာယာဉ်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် KIA ကတိုက်ခိုက်ခဲ့ရာကား၂စီးပျက်စီးသွားကြောင်းသိရသည်။ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးနဲ့ ဖောင်းဆိုင်ကြား တစ်နေရာမှာ စစ်ကောင်စီရိက္ခာနဲ့ စစ်အင်အားသယ်ဆောင်လာတဲ့ ယာဉ်တန်းကို KIA  တပ်ရင်း ၃၆ က ဗုံးပစ်လက်နက်ကြီးနဲ့ ကြားဖြတ်တိုက်ခိုက်ရာ ကား၂ စီး ပျက်စီးသွားသည်ဟု ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦး KNG ကိုယခုလိုပြောသည်။ “ဖောင်းဆိုင်ဘက်ကို သူတို့ လုံခြုံရေးတွေနဲ့ စစ်အင်အားဖြည့်ဖို့ နဲ့ရိက္ခာသယ်လာတဲ့ကားဟုတ်တယ်။ နေရာတော့ နာမည်မသိဘူး မုံးကိုးနဲ့ဖောင်းဆိုင်ကြားဟုတ်တယ်။ KIA က ဗုံးပစ်လက်နက်ကြီးနဲ့ ကား ၂ စီးပစ်ခတ် ပျက်စီးပေးလိုက်တာ။KIA တော့ပစ်ပြီး သွားလိုက်ပြီ။ စစ်တပ်ဘက်က မိနစ်ပိုင်း ပြန်ပစ်နေသေးတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ ယခုချိန် စစ်တပ်ဘက်မှ KIA တပ်မဟာ၆တပ်ရင်း၉ရှိရာဘက်ထိုးစစ်ဆင်မှုဆက်တိုက်ပြုလုပ်နေခြင်းကြောင်းစစ်ရေးတင်းမာနေသည်ဟု၎င်းကပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတွင် စစ်တပ်မှ ထိုးစစ်ဆင်မှုဆက်တိုက်ပြုလုပ်နေသောကြောင့် ကိုးကန့် MNDAA နှင့် KIA  တို့ဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ - [အင်းတိန်ရွာအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ထိခိုက်သေဆုံးမှု များနိုင်](https://burmese.kachinnews.com/2022/02/15/feb-15-z-2/): မိုးညှင်းမြို့နယ်မှ ဆင်းလာသော စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်း ၃၃ စီးသည် ထီးချိုင့်မြို့နယ် အင်းတိန်ရွာအနီးတွင် ယနေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့်အတွက်  စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်ကြောင်း သိရသည်။ ” ကား ၃၃စီးဟုတ်တယ် ဒါပေမယ့် ဒီကောင်တွေက ကျနော်တို့နယ်ဘက်ရောက်တော့ ရှိတဲ့ကားတွေအကုန်လုံးဖြန့်ပြီး ဆင်းလာတော့ အကုန်မမိလိုက်ဘူး မဟုတ်ရင်အကုန်ပြုတ်နိုင်တယ်” ဟု ထီးချိုင့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့ နံနက် ၆နာရီဝန်းကျင်တွင် ထီးချိုင့်မြို့နယ် ကျောက်အိုက်၊ ဘိုတဲကုန်း၊ အင်းတိန်၊ အလယ်တော၊ ဆားတွင်း၊ ပေါက်ကုန်းနှင့် ကျက်သရေချောင်းရွာအနီးတဝိုက်တို့တွင် မိုင်း အလုံး ၂၀ ကျော်နှင့် နေရာ ၇ နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်‌ကြောင်း ၎င်းက ဆက်ပြောသည်။ ယင်းကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ထီးချိုင့်တံတားအနီးသို့ ထပ်မံဝင်ရောက်လာကာ ကြက်သွန်ခင်းရွာအနီးတွင် ပြည်သူများ၏ နေအိမ်များအား ပစ်ခတ်ခဲ့ကြောင်း ထီးချိုင့် ဒေသခံတစ်ဦး ပြောသည်။ ” သူတို့အထိနာလို့ထင်တယ် ကားတစ်ချို့ဝင်လာပြီး သေနတ်တွေ ပစ်တာ ပစ်တာဆိုလေ မိုးပေါ်ထောင်မပစ်ဘူး ဘေးတွေ လျှောက်ရမ်းပစ်တာ အိမ် ၆အိမ်လောက်တော့ တော်တော်ထိသွားတယ်” ဟု ထီးချိုင့်ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် ဒေသခံလူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ” ခုချိန်ထိတော့ မြို့ထဲကနေ ဘယ်သူမှ မထွက်ရဲသေးဘူး လောလောဆယ် ကြားရ‌သလောက်တော့ ဖမ်းသွားတာ ပြည်သူတွေထိတာတွေတော့ … - [စစ်တပ်ထုတ်ကုန်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်လှုပ်ရှားမှု ပိုများလာ](https://burmese.kachinnews.com/2022/02/14/feb-14-ld-1/): မြစ်ကြီးနားမြို့ပေါ် ကုန်စုံဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ် ဘီယာဖာ အများအပြားကို ဇန်နဝါရီလကုန်ပိုင်းမှာ KIO က ဝင်ရောက်ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ မြို့တွင်းလှုပ်ရှားမှုကို ပိုမိုလုပ်ရှားလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပိုလုပ်လာနေတယ်လို့ သိရပါတယ်။ အဲလို စစ်ဆေးစုံစမ်းပြီး ရက်ပေါင်း ၂၀ အတွင်းမှာ မြန်ကြီးနား မြို့ပေါ်မှာတင် လူငယ်တွေ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြစ်ကြီးနား မြို့ခံတယောက် က ပြောပါတယ်။ “နေ့တိုင်းနီးပါး ၊ ညတိုင်းနီးပါး စစ်တပ်က အရပ်ဝတ်နဲ့ရော ဝတ်စုံနဲ့ရော လူငယ်တွေကို စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတယ်။ KIA တွေ ဒီလိုလုပ်တဲ့အပေါ်မူတည်ပြီး စစ်တပ်က KIA ပဲမြို့တွင်းဝင်ပြီး လုပ်တာတော့မဟုတ်ဘူး။ ဒါက လူငယ်တွေ မြို့ထဲရောက်နေပြီ။ PDF ကလေးတွေပဲ ထင်သွားပြီးတော့ လူငယ်တော်တော်များများကို လိုက်ပြီးစစ်ဆေးနေတယ်။ ပြီးတော့ အခန့်မသင့် စစ်ဆေးလို့ မရဘူး ပြေးရင်လည်း သေနတ်နဲ့ လိုက်ပစ်တယ်။ဒါမျိုးတွေ လုပ်နေတယ်။ ဒီကြားထဲမှာ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။” ဒါကြောင့် ဖေဖော်ဝါရီလဆန်းပိုင်း ကနေ ဒီကနေ့အထိ လမ်းပေါ်မှာ မတရားဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးထက်မနည်း ရှိနေပြီလို့ မြို့တွင်းလှုပ်ရှားနေတဲ့ PDF နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအနီး ကားနဲ့ဖြစ်လာတဲ့ လူငယ် ၆ ယောက်ကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားပြီးတော့ နောက်ထပ် လူငယ် ၅ ယောက် အဖမ်းခံရလိုက် ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် အရပ်ဝတ်စစ်ကောင်စီတပ်သားတွေက မြို့တွင်း စျေးဆိုင်တွေမှာလှည့်ပတ်ပြီးတော့ပြည်သူလူထုက သပိတ်မှောက်ထားတဲ့ Mytel SIM ကပ်တွေ … - [ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/02/14/feb-14-z-1/): အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မုန်းတီးရေးအကြောင်းကို စာသင်ခန်းထဲ ပြောဆိုနေသည့် ကသာမြို့ ရပ်ကွက် ၄ ရှိ Non CDM ကျောင်းဆရာမတစ်ဦး၏နေအိမ် ယနေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။ နေအိမ် မိုင်းခွဲခံရသော ဆရာမသည် CDM ဆရာ/မ များအပေါ်  ဖိအားပေးပြောဆိုမှုများ ရှိနေသောကြောင့် သတိပေးခြင်းဖြစ်သည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ ”သူက ကသာမြို့ အ.ထ.က ၁ ကျောင်းက အထက်တန်းပြဆရာမ ဟုတ်တယ်။ သူက ကျောင်းမှာ ကျန်တဲ့ဆရာမတွေကိုလည်း NUG၊ PDF မုန်းတီးရေးအတွက် ဖိအားပေးတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းတက်ကြဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိတယ်။ အဲ့ဒါတွေကြောင့် ဒါကို ကသာ Katha Underground Revolutionary အဖွဲ့ကခွဲတာဗျ။ အသံဗုံးမဟုတ်ဘူးဗျ လူထိရင်တော့ သေမှာ” ဟု ၎င်းက ပြောသည်။ ယခုပေါက်ကွဲမှုသည် ကသာမြို့တွင်း Non CDM ဝန်ထမ်း၏ နေအိမ်ကို ပထမဆုံး ဖောက်ခွဲသတိပေးခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ - [ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား](https://burmese.kachinnews.com/2022/02/13/feb-13-s-1/): လက်ရှိ စစ်ရေးတင်းမာနေသော ပူတာအို နှင့် မချမ်းဘော့ဒေသတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ မှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထားသည်ဟု သိရသည်။ ပူတာအိုတွင် စစ်ကောင်စီ၏ အင်အား အလွန်နည်းပါးနေသောကြောင့် ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ခေါ်ယူခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မူလာရှီးဒီ ကျေးရွာတစ်ချို့မှာတောင် ကတုတ်ကျင်း တူးထားပြီး လှုပ်ရှားနေပြီတဲ့။ မနေ့ကပဲ ရှိသေးတယ်။ စစ်အင်အား အတိအကျမသိပေမယ့် ဆင်းလာတာတော့သေချာပြီ ဘာလို့ဆိုတော့ ပူတာအိုမှာက အင်အား ဘာမှ မရှိတော့ဘူးလေ။ ခေါင်လန်ဖူးမှာပဲ ပြည်သူ့စစ်အင်အား များတာ။”  ဟု ပြောသည်။ ယခင်ရက်များက ပူတာအို စစ်ကောင်စီဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားဟောင်းများကို ကင်းစောင့်ချထားသော်လည်း ယမန်နေ့မှ စတင်ပြီး ပြည်သူ့စစ်အင်အားများပါ ပူးတွဲချထားသည်ဟု သူက ဆက်ပြောခဲ့သည်။ ထို့အပြင် ယခုအပတ်အတွင်း ပူတာအိုအခြေချ စစ်ဗျူဟာမှူး မှ ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်အင်အားများကို ပူတာအိုနှင့် မချမ်းဘော့သို့ အမြန်ဆုံးအင်အားဖြည့်ရန် ညွန်ကြားထားသည်ဟု အဆိုပါပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လိုသူ ရဝမ်လူကြီးတစ်ဦးထံမှ ဆက်လက်သိရသည်။ လက်ရှိ မြစ်ကြီးနား- ပူတာအို လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ နှင့် PDF တို့မှ ထိန်းချုပ်ထားပြီး စစ်ကောင်စီ ပူတာအို ၄၆ ဗျူဟာတပ်ရင်းမှ စစ်အင်အားများကို ဖတ်မာကျေးရွာဘက်သို့ အလုံးအရင်းပို့ဆောင်ထားသောကြောင့် လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် အဆိုပါပြည်သူ့စစ်အဖွဲ့သည် ၎င်းစိုးမိုးသောဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စက်သုံးဆီများ ပြတ်လပ်လာသဖြင့် ခေါင်လန်းရှိ … - [ပလန ရဲကင်းစခန်းတစ်ခု မိုင်းခွဲ တိုက်ခိုက် ခံရ](https://burmese.kachinnews.com/2022/02/13/feb-13-ld-1/): မြစ်ကြီးနားမြို့ ပလန ရဲစခန်းကင်းတစ်ခု ယနေ့ နံနက် ၅ နာရီခန့်တွင် မိုင်းခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ပလနရပ်ကွက်တွင် နေ့စဉ် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေသော ရဲကင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ “လမ်းမကြီးဘေးက သဲအိတ်တွေနဲ့ ဆောက်ထားပြီး သူတို့ အဲ့မှာနေ့၊ ည လမ်းသွား လမ်းလာ သူတွေကို ပုံမှန်စစ်ဆေးနေတာဟုတ်တယ်။ ဒီမနက် ၅ နာရီခန့်က ဗုံးသံတစ်ချက် အသံအရမ်းကျယ်ပါတယ်ဆို အဲ့မှာ လာဖောက်ပေးလိုက်တာ။” ဟု ပလန ဒေသခံတစ်ဦးက KNG ကို ပြောသည်။ သို့သော် အဆိုပါပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲများ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။ မြစ်ကြီးနားတွင် လတ်တလော ရဲနဲ့စစ်သားများမှ ပြည်သူများကို နေ့၊ ည ဆက်တိုက် စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း သိရသည်။ - [ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွားနေ](https://burmese.kachinnews.com/2022/02/11/feb-11-y-1/): မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နမ်ဂျွမ့်ကျေးရွာ (Nam Jun Mare)အနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။   ယနေ့နံနက် ၇နာရီခန့်အချိန်မှ ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က KIA တပ်မဟာ ၈ လက်အောက်တပ်ရင်း ၄၁ နယ်မြေတွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်ထိုးစစ်ဆင်လာသောကြောင့် နမ်ဂျွမ်ကျေးရွာအနီး စံပယ်တောင်ခြေအောက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။   “တိုက်ပွဲဖြစ်တာက ၁ နာရီဝန်းကျင်ရှိလာပြီ။ စစ်ကောင်စီဘက်က KIA ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာလို့ PDF ၂ဖွဲ့ နှင့် KIA က တောင်ခြေနားမှာ ဝင်တိုက်တယ်။ နားလိုက်ပစ်တိုက်လိုက်နဲ့ ဖြစ်နေတယ်။ သူတို့ဘက်က ဆက်ထိုးလာရင် တိုက်ပွဲက ဒီထက်ပိုကြီးလာနိုင်တယ်။ အခုက ထိခိုက်မှုတွေက အသေးစိတ်မသိနိုင်သေးဘူး”ဟုပြောဆိုသည်။   လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်း ၃မိုင်ခန့်ဝေးသည့်နေရာတွင်ဖြစ်ပြီး တိုက်ပွဲတွင် ဟိုပင် PDF အပါအဝင် နန့်မား PDF အဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်းသိရသည်။   ပြီးခဲ့သော ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက်ပိုင်းက မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ​ စစ်ကောင်စီတပ်၏ ရဲစခန်းကို KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ရဲအရာရှိတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး ၂ဦး သေဆုံးခဲ့ပြီး ၃ဦးထက်မနည်းထိခိုက်ရခဲ့ကြောင်းသိရသည်။   … - [ပလန တွင် စစ်ကောင်စီတပ်မှ လူငယ် ၂ ဦးကို ဖမ်း မမိသဖြင့် အိမ်အလည်လာသူ ၂ ဦးကို ရိုက်နက်ဖမ်းဆီး](https://burmese.kachinnews.com/2022/02/09/feb-9-ld-2/): မြစ်ကြီးနား ပလန ရပ်ကွက် ၁ တွင် ယနေ့ မွန်းလွဲပိုင်းက စစ်ရှောင်လူငယ် ၂ ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့သော်််််လည်း ဖမ်းမမိသဖြင့် ထို လူငယ် ၂ ဦးနေထိုင်သောအိမ်တွင် ခေတ္တလာလည်သော ဧည့်သည် ၂ ဦးကို ဖမ်းဆီးရိုက်နက် ခေါ်ဆောင်သွားသည်ဟု သိရသည်။ အဆိုပါနေအိမ်တွင် လူစိမ်း ရှိနေသည်ဟု သတင်းပေးသူရှိသောကြောင့် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲများမှ လာရောက်ဖမ်းဆီးခဲ့ရာ ထိုလူငယ် ၂ ဦးမှာ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း ၎င်းနေအိမ်သို့ အလည်လာသူ အမှုတော်ဆောင် ဆရာတန်ဂွမ်း နှင့် ဇနီးဖြစ်သူ မအေးအေးစိုးတို့ ဇနီးမောင်နှံ ၂ ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။ “အခုလွတ်သွားတဲ့ လူငယ် ၂ ယောက်က PDF လည်း မဟုတ်ဘူး။ အရင် တစ်ပတ်လောက်က ရှမ်းပြည်ကနေ အဲ့ဒီ သူတို့ဆွေမျိုးအိမ်မှာ လာနေနေတဲ့ စစ်ရှောင်ကလေး ၂ ယောက်ဖြစ်တယ်။ အဲ့မှာ စစ်တပ်နဲ့ ရဲကို PDF ရှိတယ်ဆိုပြီး သတင်းပေးသူရှိတဲ့သူ ရှိလို့ထင်တယ် ဒီနေ့စစ်တပ်က သေနတ်တွေနဲ့ လာပစ်ခတ်ပြီး လာဖမ်းတဲ့ အဲ့ကလေး ၂ ယောက်က လွတ်သွားပြီ။ အဲ့မှာ ဘာမှမဆိုင်တဲ့ အိမ်ကိုအလည်လာတဲ့ ဆရာတို့လင်မယားကို ဖမ်းသွားတာ။ ဆရာကိုက မေးတာ မဖြေလို့ဆိုပြီးရိုက်နှက်တာ သွေးတွေထွက်ပြီး ကားနဲ့ဖမ်းသွားပြီ။” ဟု မျက်မြင်တွေ့ရှိသူတစ်ဦး … - [ကချင်ပြည်နယ်တွင် စက်သုံးဆီဈေး ထပ်မံမြင့်တက်လာနိုင်](https://burmese.kachinnews.com/2022/02/09/feb-9-lp-1/): ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ လမ်းခရီးသွားလာမူ ပိုမိုခက်ခဲသည့်အတွက် စက်သုံးဆီဈေးများ ထပ်မံမြင့်တက်လာနိုင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ” ကျနော်တို့ မှာထားတဲ့ဆီကား‌တွေ မြစ်ကြီးနားကိုတစ်ခါ၀င်ဖို့အရမ်းခက်တယ် လမ်းတွေကပိတ် ကားခကစျေးကြီးတော့ စျေးကျဖို့တော့မရှိတော့ဘူး တတ်ဖို့ပဲရှိတယ် ဆီပြတ်မှာလဲ စိုးရိမ်တယ် ” လို့ မြစ်ကြီးနားမြို့မှ ဓာတ်ဆီ‌ရောင်းဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ မြစ်ကြီးနားမြို့တွင် ဓာတ်ဆီစျေးနှုန်း တစ်လီတာလျှင် ၁၀၀၀ ကျပ်၊ တစ်ဂါလံ ၆၀၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၁၃၃ ကျပ်၊ တစ်ဂါလံ ၆၈၀၀ ကျပ်ထိ ရှိခဲ့သည်။ သို့သော် ‌ဇန်နဝါရီလ လဝက်ခန့်မှစကာ လက်ရှိမြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီတစ်လီတာ လျှင် ၁၇၂၀ ကျပ် ၊တစ်ဂါလံ ၁၀၃၂၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၁၈၁၀ ကျပ် ၊တစ်ဂါလံ ၁၀၈၆၀ ကျပ်အထိ ဖြင့် မြင့်တက်လာကြောင်း သိရသည်။ ထို့ပြင် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်လည်း ဓါတ်ဆီ ၊ဒီဇယ်ဆီ ပြတ်လပ်သည့်အပြင် ကုန်စည်အဓိကပို့ဆောင်သည့် မြစ်ကြီးနား- မန္တလေး- ရန်ကုန် ပြည်ထောင်စုလမ်းမတွင် စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်ဆိုသလို အချို့နေရာများတွင် တိုက်ပွဲများကြောင့် ကားလမ်းပိတ်ခြင်းများ၊ သက်ဆိုင်ရာ ဂိတ်များ မကြာခနပိတ်ဆို့ထားခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဆီမှာယူရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။ ထို့ပြင် ယင်းကဲ့သို့ သယ်ယူပို့ဆောင်ရန် ခက်ခဲလာသည့်အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ လယ်ပိုင်းမှ … - [ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရဆဲ](https://burmese.kachinnews.com/2022/02/09/feb-9-y-1/): ပူတာအိုမြို့နယ် လုန်ရှာယန်၊ ဖတ်မာ နှင့် ဆွမ်ပီယန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲ ထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ ၂ခုကြားတွင် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုန်ရှာယန်နှင့်ဖတ်မာ ဒေသခံ အိမ်ခြေ ၆၀၀ ဝန်းကျင်ခန့်မှာ နီးစပ်ရာ တောတွင်းသို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိ တောတွင်းတိမ်းရှောင်နေရသူများမှာ ကျေးရွာသို့ပြန်လည်နေထိုင်ချင်သော်လည်း စစ်ကောင်စီဘက်က လေကြောင်း သုံးတိုက်ခိုက်လာနိုင်သည်သာမက မချမ်းဘော စစ်တပ်ကုန်းမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေသောကြောင့် တောတွင်း ဆက်လက်တိမ်းရှောင်နေရသည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “ကျနော်တို့က ရွာအတွင်းမှာ ဆက်မနေရဲသေးဘူး။ ဒါပေမယ့် ဒီထက်တိုက်ပွဲပြန်ကြီးလာပြီဆိုရင် အားလုံးထွက်ခွာသွားရမယ့် သဘောမှာရှိတယ်။ မထွက်ပြေးရင်လည်း စစ်ကောင်စီက မချမ်းဘောဘက်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုတဲ့အတွက် ရွာအတွင်းမှာ လက်နက်ကြီးတွေ ထိမှန်မှာဖြစ်တယ်။ ဒါကြောင့်အခုက ဆက်ရှောင်နေရမယ့်သဘောမှာရှိတယ်” ဟု ပြောဆိုသည်။ ယနေ့နံနက်အစောပိုင်းက ပူတာအိုဘက်မှ စစ်ကောင်စီတပ်က စစ်အင်အး ၁၀၀ ဝန်းကျင်ခန့်က ဖတ်မာကျေးရွာတွင် စစ်အင်အားတိုးချဲ့ထားပြီး ဒေသခံ ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖတ်မာချောင်းအထက်ဘက်သို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဆွမ်ပီယန်ကျေးရွာကို လေယာဉ်ဖြင့် … - [လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးကြိုးစားနေသူ ရဝမ်လူငယ်ခေါင်းဆောင် ကိုဖီနန်ကို စစ်ကောင်စီမှ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2022/02/09/feb-9-ld-1/): ပူတာအိုမြို့ရှိ ရဝမ်လူငယ် ကိုဖီနန် ကို စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၈ ရက် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်ခန့် သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ “မနေ့ည ၁၀ နာရီလောက်မှာ စစ်တပ်ဘက်က အထက်ကခေါ်ခိုင်းတယ်ဆိုပြီးတော့ အိမ်မှာလာခေါ်သွားတယ်။ ဘာအကြောင်းပြချက်မှလည်း မပြောဘူး ဒီတိုင်းဖမ်းသွားတယ်။ သူက လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးပိုင်းတွေ လုပ်ဆောင်တာကလွဲလို့ အခြားဘာမှလုပ်ဘူး။ အိမ်မှာပဲနေတယ်။ အခုကျမလည်း ကျန်မာရေး မကောင်းဘူး။ ကလေးတွေလည်း ဖျားနေတယ်။ အမြန်လွတ်စေချင်တယ်။” ဟု ကိုဖီနန်၏ အမျိုးသမီးဖြစ်သူက KNG ကို ပြောသည်။ ကိုဖီနန်သည် ပြီးခဲ့သည် ၂၀၂၁ ခုနှစ် ပူတာအိုတွင် ပထမဆုံး လူငယ် ၅ ဦးဖမ်းဆီးခံရစဉ်ပါခဲ့သူတစ်ဦးဖြစ်ပြီး လွတ်မြောက်လာချိန်ကတည်းက မိသားစုအခက်အခဲနှင့် အမျိုးသမီး၏ကျန်းမာရေး မကောင်းသောကြောင့် ပူတာအိုနေအိမ်မှာဘဲ နေထိုင်သူဖြစ်သည်ဟု သိရသည်။ ယမန်နေ့ည စစ်တပ်မှ လာရောက်ဖမ်းဆီးခဲ့စဉ် ကိုဖီနန်မှာ ကျန်းမာရေး မကောင်းသည့် အခြေအနေရှိနေသည်ဟု သိရသည်။ ထို့အပြင် ရဝမ်လူငယ် ကိုဖီနန်သည် ထောင်မှလွတ်မြောက်လာချိန်ကတည်းက သူ၏မိသားစုကိုအချိန်ပေးကာ နေထိုင်သူဖြစ်သောကြောင့် အမြန်ဆုံးလွတ်မြောက်စေချင်သည်ဟု မိသားစုဝင်များနဲ့ နီးစပ်သူတစ်ဦးက KNG ကို ယခုလို ပြောသည်။ “ဆရာဖီနန်က သူ့ကလေးတွေကို စာသင်စေဖို့ မြစ်ကြီးနားမှာ ခဏသွားနေပြီး မိန်းမကျန်းမာရေးမကောင်းတာနဲ့ ပူတာအိုပြန်လာတာဖြစ်တယ်။ မြစ်ကြီးနားမှာ နေတုန်းက ဆရာဖီနန် PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီးတော့ စစ်တပ်ဘက်က ကျနော့်ကို တစ်ခေါက်ပြောတာလာရှိတယ်။ အဲ့တုန်းက ကျနော်တောင် မဟုတ်ဘူးလို့ ပြောလိုက်တယ်။ … - [နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2022/02/09/feb-9-bs-1/): ရှမ်းပြည်မြောက်ပိုင်း အဝေးပြေး လမ်းမပေါ်ရှိ နမ့်ဖတ်ကာနဲ့ ခိုမုန်းရွာကြားမှာ မနေ့က စစ်ကောင်စီနဲ့ MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ခိုမုန်းနဲ့ နမ့်ဖတ်ကာကြား ည ၁၁ နာရီ စစ် ဖြစ်နေပါတယ်။” လို့ ဒေသ ခံ ၁ ဦးက ကပြာပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်ကစပြီးတော့ နမ့်ဖတ်ကာဘက်ကနေ မုံးကိုး ဖောင်းဆိုင်ဒေသဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကား အစီး ၃၀ ခန့်ကို ခိုမုန်းကျေးရွာအနီးမှာ ကိုးကန့် MNDAA တပ်က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ “မနေ့က ခိုမုန်းမှာ တိုက်ပွဲ ဖြစ်တာ ကိုးကန့်နဲ့။ စစ်ကောင်စီကား အစီး ၃၀ ခန့်က မုံးကိုး ဖောင်ဆိုင်ဘက် သွားမယ့်ကားတွေ လို့ သိရတယ်။” လို့ ရှေ့တန်း သတင်းရင်းမြစ်အရ သိရပါတယ်။ ထိခိုက်မှု အခြေအနေတွေတော့ မသိရသေးကြောင်း နောက်ထပ် ဒေသခံ ၁ ဦး က ပြောပါတယ်။ “ဒီမနက် အခြေအနေတော့ ဘာမှ မကြားဘူး။ မနေ့ညတော့ ည ၁၂ နာရီ ဝန်းကျင်အထိ သေနတ်သံတွေ ကြား‌ရတယ်။ တခြားတော့ ဘာမှ မသိရသေးဘူး။” လို့ သူက ဆိုပါတယ်။ လက်ရှိ အဲဒီ ဒေသမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ … - [၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်ယွမ်နှင့်သာ အခွန်ဆောင်ခွင့်ပြုတော့မည်](https://burmese.kachinnews.com/2022/02/08/feb-8-bs-1/): ရှမ်းမြောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ ကုန်သွယ်ခွန်ကို တရုတ်ယွမ်ဖြင့်သာ အခွန်ဆောင်ရတော့မည်ဟု နယ်စပ်ကုန်သည် လုပ်ငန်းရှင်များထံမှသိရသည်။ “အရင် အမေရိကန်ဒေါ်လာနဲ့ ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း အဝင်ရော၊ အထွက်ရော အကုန်လုံး ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ယွမ်ငွေနဲ့ဆောင်မှ ဝင်ထွက်ခွင့် ပြုတော့မှာလို့ ‌ ပြောတယ်။ အဲတော့ ကျနော်တို့က ကုန်သွယ်ခ နှစ်ကြိမ်ဆောင်ရတော့ အဆင်မပြေဘူး” ဟု မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။ အဆိုပါ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်‌ရေးဂိတ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ မှစကာ မြန်မာ ဗဟိုဘဏ်မှတစ်ဆင့် ဒေါ်လာဖြင့် အခွန်ဆောင်ရာမှ ယွမ်ငွေနှင့် အခွန်ဆောင်ဖို့ သတ်မှတ်လိုက်သည့်အပြင် ယခင်ဆောင်ထားပြီး ကုန်စည်အဟောင်းများလည်း ဖေဖော်ဝါရီ  ၇ ရက်နေ့အထိ ကုန်စည်ခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ကိုဗစ်-၁၉ အကြောင်းပြချက်နှင့် တရုတ်ဘက်မှ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့မှစကာ  နှစ်နိုင်ငံအဓိကကုန်သွယ်‌ ရေးဇုန်ဖြစ်သည့် ကျင်းစန်းကျော့ ဂိတ်ကို ပိတ်ခဲ့ တရုတ်ဘက်မှ ပိတ်ခဲ့သောကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုဒေါင်များတွင် ဒေါ်လာနဲ့ အခွန်ဆောင်ပြီးသား ဆန်၊ ဆန်ကွဲ အိတ် သိန်းချီပိတ်မိနေတဲ့အပြင် ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ၊ ဇီးသီးခြောက်၊ စားသောက် ကုန်များ တွဲကားအစီးရေ ၁ ထောင်ဝန်းကျင် ရှိနေသေးကြောင်း သိရသည်။ ယင်းကဲ့သို့ … - [ကသာ ချောင်းဝကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရလူနာများကို ရေလမ်းဖြင့်သယ်ဆောင်](https://burmese.kachinnews.com/2022/02/08/feb-08-z-1/): စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝရွာအနီးသို့ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မြို့လှ PDF မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။ ယင်းဒဏ်ရာရရှိသူများအား ယနေ့နံနက် ၅နာရီဝန်းကျင် ‌ချောင်းဝရွာရေဆိပ်မှ မော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြို့လှ PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။ “သူ့လူအချင်းချင်း အချက်ပေးအသံပြုနေတာ ကျွန်တော်တို့အဖွဲ့ကကြားတော့ အခြေနေသွားကြည့်တယ်။ သူတို့ အစုလိုက်ကြီးအနားယူနေတာ အဲ့တာနဲ့ လက်ထောက် ၂ လုံးပစ်သွင်းလိုက်တယ်။ ဘယ်နှစ်ယောက်ထိလဲ‌တော့ တိတိကျကျမပြောနိုင်ဘူး လူအုပ်ထဲပစ်ထဲ့လိုက်တာ ဒီနေ့မနက်ရောက်တော့ အရေးကြီးလူနာဆိုပြီး မော်တော် ၂ စီးခေါ်ယူတယ်။ ဒဏ်ရာရတဲ့ထဲမှာ စစ်ကြောင်းမှူး ပါလောက်မယ်ထင်တယ်” ဟု Myo Hla PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၆ ရက် နံနက် ၉ နာရီဝန်းကျင် ကသာမြို့နယ် နမ့်စမ်းရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများနှင့် အချိန် ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် မှတ်တိုင်ရွာမှတဆင့် ချောင်းဝရွာဖက်သို့ ဆုတ်ခွာသွားခဲ့ကြသည့် စစ်ကြောင်းဖြစ်သည်ဟု မြို့လှ PDF က ပြောသည်။ ယခုနှစ်ဆန်း ဇန်နဝါရီလမှစကာ ကသာနယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲ မကြာခနဆိုသလို ဖြစ်ပွားလျှက်ရှိနေပြီး ဖေဖော်ဝါရီလ ၈ရက်နေ့ထိ တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။ ပုံ/ မြို့လှ PDF … - [တနိုင်း နမ့်ဗျူ၊ နမ်ကောန် ရှိ စစ်ကောင်စီတပ်စခန်းများကို KIA တိုက်ခိုက်ခဲ့](https://burmese.kachinnews.com/2022/02/08/feb-8-y-1/): တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၁၄ နယ်မြေ နမ့်ဗျူဒေသရှိ စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို KIA မှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် တစ်ရက်အတွင်း ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင် နမ့်ဗျူကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်း နှင့်အတူ အဆိုပါနေရာနှင့် ၁၀ မိုင်ခန့်ဝေးသော နမ်ကောန် (Nam Kawn) ကျေးရွာ၏ အဝင်ပေါက်နေရာ စသည့် နေရာ ၂ ခုကို KIA က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြုလုပ်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “တိုက်ပွဲဖြစ်ကာ ၂ နေရာမှာ ဖြစ်သွားတယ်။ နမ့်ကွမ့်ရွာအပေါက်ဝ နဲ့ နမ့်ဗျူရွာဟောင်း အရင်စက်လှေကူးတို့ နေရာနားမှာ ဖြစ်သွားတယ်။ အကြာကြီး ဖြစ်တာတော့ မဟုတ်ဘူး။ စစ်တပ်က နယ်ချဲ့ကျူးကျော်တပ်စွဲထားတဲ့ စခန်းတွေကို သွားတိုက်ခိုက်တဲ့သဘော ဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ၆ ရက်နေ့ တစ်ရက်ထဲမှာဘဲ။ တပ်စခန်းသိမ်းတဲ့အထိ မဟုတ်တော့ စစ်တပ်ဘက်က ထိခိုက်မှုအတိအကျမသိရဘူး။ KIA ဘက်ကတော့ ထိခိုက်မှု လုံးဝမရှိဘူး” ဟု ပြောဆိုသည်။ နမ်ကောန်စစ်ကောင်စီစခန်းတွင် စစ်တပ်အင်အား ၃၀ ခန့်ရှိပြီး နမ့်ဗျူစခန်းတွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကောင်စီက အခိုင်အမာ တပ်ချထားသည်ဟု သူက ဆက်ပြောသည်။ KIA ဘက်မှ စစ်ကောင်စီတပ်စခန်း … - [မြစ်ကြီးနားတွင် ငွေစက္ကူအတုများ ပျံနှံနေ](https://burmese.kachinnews.com/2022/02/08/feb-8-ld-1/): မြစ်ကြီးနားရှိ ပညာရေးစင်တာတစ်ခုတွင် သင်တန်းကြေးလာရောက်ပေးသွင်းသော မိဘတစ်ဦးထံမှ ငွေစက္ကူ ၁ သောင်းတန်အတု တွေ့ရှိခဲ့သည်ဟု လက်ခံရရှိသူက KNG ကို ယခုလို ပြောသည်။ “ငွေစက္ကူအတုမှန်း မသိတဲ့မိဘတွေဖြစ်တယ်။ ကျနော့်ကျောင်းမှာ ကျောင်းလခ အဖြစ်ပေးတဲ့ထဲ ပါလာတာ။ ကြည့်လိုက်တော့ အရမ်းကွာတယ်။ ကျနော်တို့ ကြည့် လိုက်ရင် အစစ်နဲ့အတု ငွေစက္ကူကွာတယ်၊ အစစ်က ကြမ်းတယ်၊ အတုက ချောချောလေး နဲ့ ရေစာမပါဘူး။ ၁၀၀၀ ဆိုတဲ့နေရာမှာ ပတ်ထားတဲ့ အရောင် ကအတုမှာအရောင်ပြောင်းတယ်။ အစစ်မှာမပြောင်းဘူး။ အွန်လိုင်းမှာ ငွေစက္ကူအတုဆိုပြီး ရောင်းနေတဲ့သူတွေကိုက ရှိနေတာ တွေ့ရတယ်။ ဒါက နိုင်ငံရေးလည်း မတည်ငြိမ်ဆိုတော့ ဒီထက်ပျံ့နှံ့အသုံးပြုလာနိုင်တယ်” ဟု ၁ သောင်းတန် ငွေစက္ကူအတုတွေ့ရှိသူ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုမှန်းသိပြီး အသုံးပြုနေသူများရှိနေသလို အတုမှန်း မသိပဲ အသုံးပြုနေသူများလည်း ရှိနေသည့် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။ ငွေစက္ကူ ၁ သောင်းတန်အတု သာမက ၁ ထောင်တန် နှင့် ၅၀၀၀ တန် အတုများလည်း ပျံ့နှံ့နေသည်ကို ကြားရကြောင်း သူက ဆက်ပြောသည်။ “ကျနော် ကြားသိရသလောက်တော့ ၅၀၀ တန်၊ ၁၀၀၀ တန် ၊ ၅၀၀၀ တန် အတုတွေလည်း ရှိနေတာ တွေ့ရတယ်။ ဒီလောက်ဆိုရင်တော့ ကျနော်တို့ဆီ တော်တော်ပျံ့နှံ့နေသလောက်ရှိပြီ။ နောက်ပိုင်း ပိုမိုဆိုးရွာလာမဲ့အခြေအနေရှိတယ်။ အဓိကကတော့ ငွေစက္ကူအတုပြုလုပ်သူတွေက ခက်ခဲတဲ့ပြည်သူတွေ၊ အခြေခံစျေးဆိုင်အသေးတွေကို ပိုပြီး Target ထား အသုံးပြုလာနိုင်တယ်။ … - [ပူတာအိုမှာ ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက်](https://burmese.kachinnews.com/2022/02/07/feb-7-z-2/): ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ညနေပိုင်းက ဓာတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်းနှုန်းအထိ မြင့်တက်နေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းမှ စတင်ကာ ၉၂ တစ်လီတာ ၂၅၀၀၊ ၉၅ တစ်လီတာ ၂၁၀၀ နှုန်းဖြင့် ၉၂ တစ်ဂါလံ ၁၀၀၀၀ ကျပ်နှင့် ၉၅ တစ်ဂါလံ ၉၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။ ”ဒီနေ့ပဲ ချက်ချင်းကြီးစျေးတက်သွားတယ် မနေ့ကတော့။ ဆီတွေထပ်ရောက်လာဖို့ မရှိတာကြောင့် စျေးတက်တာတဲ့ဆီလက် ကျန်ပဲရောင်းနေတာတဲ့ ဒီပူတာအိုမြို့ထဲမှာက တိုင်းကျော်၊ ဇေယျာမင်း ၊ Prtro 7 အဲ့သုံးဆိုင်ပဲရှိတာ ဇေယျာမင်းကတော့ ဆီလက်ကျန်နည်းနေတယ်ဆိုပြီး ဆိုင်ပိတ်ထားတယ်။ အချိန်ပိုင်း အဲ့ကြောင့် ပြည်သူတွေက အခုဆီတွေအလုအယက်ပြေးဝယ်နေကြတယ်။ ပုံးဝါတွေနဲ့ လေးငါးပုံထိဝယ်ထားတဲ့လူရှိတယ် ကျနော်လည်းနှစ်ပုံသွားဝယ်ရတယ်။ လူကတော့အလုအယက်ပဲဝယ်နေကြတယ်” ဟု ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်နေသူက ပြောသည်။ ယခုရက်ပိုင်းတွင် ပူတာအို-ဆွမ်ပရာဘွမ် -မြစ်ကြီးနားလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိနေသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသဖြင့် ကုန်စျေးတက်နေခြင်းဖြစ်ကြောင်း ပူတာအိုမှ စက်သုံးဆီအရောင်းဆိုင်နှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။ ”ပူတာအိုလမ်းက ပိတ်တောတော့ မပိတ်ပါဘူး။ ခုလောဆယ်ကတော့ သွားလာနေတာပဲ ဒါပေမယ့် လမ်းပိတ်မယ်ဆိုတဲ့သတင်းက ထွက်နေတာ ၂၀ ရက်နေ့အထိ ဆီကားတွေပိတ်မယ်လို့ကြားတယ်။ ပြီးတော့ အခုရက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတော့ ဆီကားတွေလည်း ထပ်မရောက်ဘူးတဲ့။ အဲကြောင့် ဆီစျးတက်တာလို့သိရတယ်။”ဟု စက်သုံးဆီအရောင်းဆိုင်နှင့် ရင်းနှီးသူတစ်ဦးကပြောသည်။ ပူတာအိုခရိုင်တွင် ယခုကဲ့သို့ ဆီစျေးမြင့်တက်လာမှုနှင့်အတူ … - [ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက်](https://burmese.kachinnews.com/2022/02/07/feb-7-z-1-2/): စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဗျူစောထီးအဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးနှင့် ဗျူစောထီးအဖွဲ့ဝင်လေးဦး၊ ဒလံတစ်ဦး စုစုပေါင်းလေးဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ဖြစ်စဉ်ကတော့ ညကိုးနာရီလောက်ကစတယ်ည ၁၁ နာရီလောက်မှာပြန်ထွက်ခဲ့ကြတာ အဖွဲ့သုံးဖွဲ့ခွဲပြီး တော့ ဝင်တိုက်ခဲ့တာဟုတ်တယ်။ အဲ့ဒီမှာ တစ်ဖွဲ့ကတော့ ပုလဲမြို့ရဲ့ အရှေ့ဘက်ခြမ်းအစွန့်ဆုံးကရဲစခန်း ကိုသွားတိုက်တယ်။ တစ်ဖွဲ့ကကြတော့ပုလဲမြိုု့ရဲ့မြောက်ဘက်အစွန်းဆုံးမှာရှိတဲ့ထွေအုပ်ရုံးကို ဝင်တိုက် တယ် နောက်တစ်ဖွဲ့ကြတော့ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့လက်ခံထားတဲ့ပုလဲမြို့ရဲ့အနောက် ဘက်ခြမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို သွားတိုက်တယ် အဲ့မှာကတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ် ခဲ့တယ်။” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ သွားရောက်ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့သော်လည်း ပစ်ခတ်မှု ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပုလဲရဲစခန်းရှေ့တွင် ပြည် သူနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ “အဲ့ဒီသွားရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့တော့ မနေ့က ခြောက်ရက်နေ့မှာတော့ ပုလဲမြို့ကလူတွေ တစ်မြို့ လုံးမဟုတ်ပေမယ့် တော်တော်များများတော့ရှောင်နေကြတယ်။ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်း ရေးလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်လို့ပေါ့။ ပြီးရင်သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်းထုတယ် ရွာတွေပေါ်မှာ ကျတယ်လို့သိရတယ်။” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ယခုတစ်ကြိမ်ပထမဦးဆုံး ပူးပေါင်းတိုက်ခိုက်ရေးပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပုလဲမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း ပိုမိုလုပ်ဆောင်လာသောကြောင့် ပုလဲမြို့နှင့် … - [မိုင်းယော် KIA တပ်မဟာ ၁၀ နယ်မြေမှာ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2022/02/07/feb-7-ld-1/): ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေဖြစ်သော လားရှိုးမြို့နယ် မိုင်းယော်(Mung Yaw) ဒေသတွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA ၊ KIA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက် ပစ်ခတ်နေကြောင်း သိရသည်။ ယနေ့မနက် ၉ နာရီခွဲမှစတင်ပြီး လုံဗစ်ကျေးရွာအနီးတွင် ကိုးကန့် MNDAA နှင့် KIA ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ စစ်အင်အား ၁၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုရှိသောကြောင့် လေယာဉ်သုံး လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “မုံးယော်အရှေ့ဘက် လွယ်ဂျတ်ဘွမ် (Loi Jak Bum) တောင်ခြေမှာ တိုက်ပွဲဖြစ်နေပြီ။ စစ်တပ်ဘက်က ကိုးကန့် နဲ့ KIA ရှိတဲ့နေရာကို တက်လာတာကို ဒီဘက်က ကြားဖြတ်စောင့်ကြိုပြီး ပစ်နေကြပြီ။ လက်နက်ကြီးသံတွေကြားနေရတုန်းပဲ၊ စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။” ဟု မုံးယော်ဒေသခံတစ်ဦး ပြောသည်။ စစ်တပ်ဘက်မှ ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ တောထဲထွက်ပြေးတိမ်ရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ - [ဖားကန့်လမ်းမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ် ရုပ်အလောင်းတွေကို ယနေ့ ထုတ်ယူ](https://burmese.kachinnews.com/2022/02/07/feb-7-y-1/): ဖားကန့် လမ်းမပေါ်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်လောက်ကြာတဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက ဖားကန့်လမ်းကိုပိတ်ပြီးတော့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အလာင်းတွေကို လာရောက်ထုတ်ယူနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ၅ရက်နေ့အထိ ဆိုင်းဖရာကျေးရွာ မြောက်ဘက် မာနော့မှော်အနီး လယ်တောတစ်နေရာမှာ ကားမိုင်းဘက်က တက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ခန့်ကို KIA က ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် KIA တပ်ရင်း ၄၄ ဘက်ကလည်း မနေ့က နောက်ဆုတ်သွားတဲ့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တိုက်ပွဲမှာ ကျဆုံးသွာတဲ့ အလောင်း ၄၀ ကျော်ကို ဒီကနေ့မှာ လမ်းပိတ်ပြီး အလောင်းထုတ်ယူနေတာဖြစ်တယ်လို့ နမ့်ယာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “စစ်ကောင်စီဘက်က တိုက်ပွဲမှာကျသွားတဲ့ သူတွေရဲ့အလောင်းတွေသယ်ထုတ်နေတယ်။ ဒီမနက် ၉နာရီလောက်ကနေ နန့်ယားရွာအထက်မှာ အသွားအလာလမ်းတွေပိတ်ပြီး သယ်ထုတ်နေတယ်ပေါ့လေ။ အခုပြန်ကြားရသလောက်ဆိုရင် အလောင်းက ၂၀လောက်ကျော်လောက်လာကောက်သွားပြီ သူတို့လာကောက်တဲ့ထဲမှာ ပြောရရင် အရေးပါတဲ့သူတွေရဲ့အလောင်းလောက်ဘဲပါတယ်လို့ကြားတယ်။ သေသွားတဲ့သူတွေရဲ့အလောင်း လာကောက်တဲ့အချိန်မှာတောင် မသေဘဲ ပြန်လွတ်လာတဲ့ စစ်သား ၅၀ ဝန်းကျင်လောက်ရှိသေးတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပြတယ်” ဟု ပြောဆိုသည်။ ပြီးခဲ့တဲ့ မာနော့မှော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၁ စီးအသုံးပြုပြီးတော့ ၄ ရက်အတွင်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  နန့်ယားကျေးရွာအနီး ကပ်မှော်ကျေးရွာက လူနေအိမ်အများအပြား … - [ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် ဆက်စပ်သော နေရာများ ဖောက်ခွဲခံရမှု ပိုများလာ](https://burmese.kachinnews.com/2022/02/07/feb-7-z-1-3/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ လက်အောက်ခံဌာနရုံးများနှင့် ဆက်စပ်နေရာများတွင် ဖောက်ခွဲခံရမှု ပိုမိုများလာကြောင်း ဒေသခံများပြောသည်။ ” ဒီမနက် ဖန်ခါးကုန်းရယ်၊ ဟန်တဲ၊ မြို့အဝင်တွေမှာ လက်နက်ကြီးတွေပစ်ခံရတာရှိတယ်။ မနေ့ညလည်း ရှမ်းရိုးရာသာသနာဝင်းအတွင်းဖွင့်ထားတဲ့ လောင်းကစားဝိုင်းမှာလည်း ဗုံးခွဲခံရတယ် အခုရက်ပိုင်းဖောက်ခွဲမူတွေ ပိုစိပ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ဖောက်ခွဲခံရသောနေရာများမှာ ဖေဖော်ဝါရီလ ၆ရက်နေ့မှစကာ ဗန်းမော် စည်ပင်သာယာရုံး၊ ဖေဖော်ဝါရီလ ၆ရက်ည ရှမ်းရိုးရာသာသနာဝင်းနှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြို့အဝင်ဂိတ်အပါအဝင် သုံးနေရာခန့် လက်နက်ကြီးများ ဗုံးများဖြင့် ဖောက်ခွဲခံရကြောင်း ၎င်းက ဆက်ပြောသည်။ ယင်းကဲ့သို့ ဖောက်ခွဲရသည့်အ‌ကြောင်းအရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ Bhamaw commando Force အဖွဲ့မှ ဖေဖော်ဝါရီလ ၆ရက်ည သတိပေးစာတစ်စောင်ထုတ်ပြန်ထားသည်။ ” စည်ပင်ရုံးသွားခွဲတာကျတော့ ပြည်သူတွေတိုင်ကြားတာတွေ အများကြီးရှိတယ် ပြီးတော့ လောင်းကစားဝိုင်းကို ခွဲတာကျတော့ ဒီလောင်းကစားဝိုင်းတွေက စစ်တပ်ရဲ့ဝင်‌ငွေရနေတဲ့နေရာ အဲကြောင့် သတိပေးတဲ့အနေနဲ့ ‌လုပ်လိုက်တာဖြစ်တယ်” ဟု Bhamaw commando Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် BPDF မှလည်း ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များအား ယနေ့မှစကာ စစ်မျက်နှာ စဖွင့်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ ဗန်းမော်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် ‌ကျေးရွာနေ ပြည်သူများကို PDF၊ NUG နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး နေဆဲဖြစ်သည်။ ကချင်ပြည်နယ်တွင် ၂၀၂၂ ဇန်နဝါရီလမှစကာ စစ်ကောင်စီတပ်သည် ရေကြောင်း၊ ကုန်းကြောင်းများအသုံးပြုကာ … - [လုန်ရှာယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်၊ ဒေသခံများ ပူတာအိုနှင့် မြစ်ကြီးနားသို့ တိမ်းရှောင်](https://burmese.kachinnews.com/2022/02/07/feb-7-z-1/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုန်ရှာယန်ဘက်သို့ စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  ၊ PDF ပူပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ကို KIA နှင့် ပူတာအို PDF တို့ပူးပေါင်းကာ လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ရာမှ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လုံရှာယန်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”တိုက်ပွဲက ခဏပဲဖြစ်တာ လက်နက်ငယ်တွေပစ်သံကြားတယ်။ လုန်ရှာယန်နဲ့တော့ သိပ်မဝေးဘူး မခေါလန်ရွာနဲ့ လုံရှာယန်ရွာကြားမှာဖြစ်တာ။” ဟု ပြောသည်။ လက်ရှိ ပူတာဘက်မှ ဆင်းလာသော စစ်ကောင်စီ အင်အား ရာဂဏန်းပါသော အဆိုပါ စစ်ကြောင်းသည် ဒေသခံများကို KIA ရှိသည့်နေရာကို လမ်းပြခိုင်းနေသည့်အပြင် ဖတ်မာနှင့် လုန်ရှာယန်ကျေးရွာများတွင် လူထုကို အကာအကွယ်ယူကာ ပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိရသည်။ လုန်ရှာယန်ကျေးရွာအနီးတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၄ရက် ၅ရက်နေ့ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သောကြောင့် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သည့် ပြည်သူအချို့မှာ ကြိုတင် တိမ်းရှောင်နေကြပြီဟုလည်း ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ဆက်ပြောသည်။ ”ကျွန်မတို့က ပူတာအိုဘက်ကို ရောက်နေတာ အ့မှာမနေရဲလို့ နှစ်ရက်လောက်ရှိပြီ တချို့ကတော့အမျိုးရှိတဲ့ လူတွေက အ့လိုပြောင်းနေကြတယ်။ လက်နက်ကြီးတွေကျလို့ဟုတ်တယ်။ ကျွန်မတို့က ကြောက်လို့ လက်နက်ကြီးတောင် ဘယ်နလုံးကျလဲမသိတော့ဘူး ညမှာပဲကျတာ ဒီနေ့ပြန်မလို့ သေနတ်သံတွေကြားတယ်လို့ ပြောလို့ ဒီနေ့လည်း မပြန်တော့ဘူး။ လက်နက်ကြီးတွေနဲ့ကောပစ်နေတာလို့ကြားတယ်။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် … - [ကသာ နမ့်စမ်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက် ကျဆုံးမှု များပြား](https://burmese.kachinnews.com/2022/02/06/feb-6-z-2/): စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာအနီးတွင် ယနေ့နံနက်  ၉ နာရီဝန်းကျင်မှစကာ စစ်ကောင်စီတပ်နှင့်‌ ဒေသခံကာကွယ်ရေးပူး‌ပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျှက်ရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲဖြစ်လို့ မနေ့ကတည်းကနေ ရွာကနေတိမ်း‌ ရှောင်ခဲ့ရတာ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရ ခုန ၁၂နာရီလောက်မှ ငြိမ်သွားတယ်” ဟု အမည်မ​ဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက‌ ပြောသည်။ ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၈နာရီဝန်းကျင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ကသာမြို့နယ် ဝေပေါင်တောရဘုန်းကြီးကျောင်းမှ နမ့်စမ်းဖက်ရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးခဲ့ရာ နမ့်စမ်းရွာအရောက်တွင် ပူးပေါင်းညီနှောင်တပ်ဖွဲ့ဖြစ်သည့် KIA၊ ကသာPDF၊ မြို့လှPDF တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။ အဆိုပါတိုက်ပွဲတွင်  စစ်ကောင်စီတပ်ဖွဲ့ဘက် ထိခိုက်သေဆုံးမှုအပြင် ဒဏ်ရာရရှိသွားသူများလည်း အများအပြားရှိကြောင်း သိရသည်။ “တိုက်ပွဲဖြစ်ပွားတာတော့ ၃ နာရီ‌လောက်ကြာတယ်။ စစ်တပ်ဘက်က အထိနာလို့ထင်တယ် ရဟတ်ယဥ်နဲ့ လူနာတင်ယာဥ်ပါရောက်လာတယ်” ဟု ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်၌လည်း နမ့်စမ်းရွာအနီးတွင် အလားတူတိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ အကျအဆုံးများပြီး ဒေသကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးအစထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု ၊ လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပွား‌နေသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်သည်။ - [စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2022/02/05/feb-5-y-1/): ဖားကန့် မြို့နယ် မနော့မှော်တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးကာ တိုက်ခိုက်နေသောကြောင့် ကပ်မှော်ကျေးရွာ ဒေသခံ ၃ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။ ယနေ့ ညနေပိုင်း ၃နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မာနော့မှော် (Ma Naw Maw) ဘက်သို့ လာရောက်ပစ်ခတ်ချိန် ကပ်မှော်ကျေးရွာတွင် လက်နက်ကြီးကျမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီနေ့လာပစ်တာ တော်တော်ဆိုးရွားသွားပြီ။ တိုက်ပွဲဖြစ်တဲ့နေရာဘက် မဟုတ်ဘဲ ကပ်မှော်ကျေးရွာအတွင်းမှာကို လက်နက်ကြီးကျတာ။ လူနေအိမ် ၃ လုံး ပေါက်ထွက်သွားတယ်။ နောက်ဒေသခံ ၃ ယောက် ထိမှန်သွားတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ အခုချိန်အထိလည်း လေယာဉ်နဲ့လာတိုက်နေတုန်း။ မရပ်သေးဘူး။ ဒီနေ့ဆို လေယာဉ်နဲ့လာတိုက်တာ ၂ ရက် ရှိသွားပြီ” ဟု ပြောဆိုသည်။ ထိုသို့ လူနေအိမ်တွင် လက်နက်ကြီးကျမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ရွာသား ၃ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆေးကုသမှုခံယူရန် နာရေးကူညီမှုအဖွဲ့မှ မြစ်ကြီးနားဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်နက်ကြီး ထိမှန်ထားသည့် ဒေသခံ ၃ ဦးမှာ ဦး Wa Je Htu Ra အသက် ၅၄နှစ်၊ ဒေါ် Pau Htum Hkawn ၈၇နှစ်နှင့် ဦး Maji Brang Nan ၈၈နှစ်တို့ဖြစ်ကြပြီး အဆိုပါ ၃ ဦးအနက် Pau Htum နှင့် Hkawn Maji Brang Nan … - [နမ့်ခမ်းမြို့တွင်း TNLA တပ်သားများ ဝင်‌ရောက်လာကာ အခွန်ကဒ်များလိုက်ဝေ‌‌နေ](https://burmese.kachinnews.com/2022/02/04/feb-4-bs-1/): ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့အတွင်း TNLA တအောင်းတပ်မတော်သားများဝင်ရောက်လာကာ အခွန်ကဒ်များ လိုက်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် နမ်းခမ်းမြို့မှ ဈေးသည်များထိတ်လန့်ကာ ဈေးများ ပိတ်သိမ်းထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။ “TNLA တံဆိပ်၊ မိုင်းကိုအောင် အခွန်များဦးစီးဌာန ဆိုတဲ့ စာသားပါ အခွန်ကဒ် လိုက်လံဝေတာတွေ့ရတယ် တစ်ချို့ဈေးသည်တွေက ကြောက်လို့ ဆိုင်သိမ်းပြီး ပြန်တဲ့သူတွေလည်းရှိတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။ ယနေ့ နမ့်ခမ်းမြို့တွင်းသို့ ဝင်ရောက်လာသည့် TNLA တအောင်းတပ်မတော်များသည် အင်အား ၆၀ ခန့်ရှိပြီး နံနက် ၉ နာရီဝန်းကျင်တွင် ဝင်ရောက်လာကာ နေ့လည် ၁၁ ဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့်လ ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်လည်း နမ့်ခမ်းမြို့မစျေးအတွင်းသို့ အခွန်လာကောက်သည့် TNLA တပ်သားနှစ်ဦး ပစ်သတ်ခံရမူ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဇန်နဝါရီ ၅ ရက်နေ့တွင်လည်း TNLA တအောင်းတပ်မတော် နမ့်ခမ်းမြို့ထဲ ဝင်ရောက်ခဲ့ပြီးစစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲသည်။ Photo-crd - [စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်လမ်း ကျေးရွာ ၃ခု ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/02/04/feb-4-y-1/): ဖားကန့်မြို့နယ် မာနော့မှော် (Ma Naw Maw) အနီးတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ််မှ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် ဖားကန့်လမ်း​ပေါ် တွင်ရှိသော ကျေးရွာ ၃ခုမှာ လက်ရှိထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ယနေ့ညနေ ၆နာရီဝန်းကျင်အထိ မာနော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး KIA ဘက်က စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့်ကို မာနော့ကျေးရွာအနီး တောတွင်းတစ်နေရာတွင် ဝိုင်းရံပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် ဆက်တိုက်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ ထို့ကြောင့် ဖားကန့်သွားလမ်းမပေါ် မာနော့ကျေးရွာနှင့်တစ်ဆက်တည်းရှိသော တံတားညီနောင်၊ ခွန်စိုင်ယန်နှင့် ဂေါ့လူယန် စသော ကျေးရွာ ၃ခုခန့်၏ ဒေသခံအိမ်ခြေ ၅၀ ဝန်းကျင်ခန့်က နီးစပ်ရာ ဆိုင်းဖာရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဆိုင်းဖာဒေသခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “တိုက်ပွဲက အခုချိန်ထိ မရပ်သေးဘူး။ ၄နာရီလောက်ခွဲလောက်မှာ ဂျက်လေယာဉ် ၂စီးနဲ့ ဗုံးလာကြဲသွားသေးတယ်။ ၂ဖက်စစ်တပ်က စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်။ KIA ဘက်ကလည်း နောက်ဆုတ်တာမရှိသေးဘူး။ ဗမာစစ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့ထားသေးတယ်။ အဲ့ကြောင့်စစ်ကောင်စီဘက်က လေလိုင်းနဲ့ မကြာခဏလာတိုက်နေတယ်။ လေကြောင်းလိုင်းနဲ့ဘဲလာတိုက်တော့ ရွာ ၃ရွာက ဒေသခံ ၅၀လောက်ရှိမယ်။ ဆိုင်းဖရာဘက်ကို တိမ်းရှောင်လာကြတယ်”ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ထက် မနည်းရှိပြီး တစ်ကြိမ်တွင် ဂျက်လေယာဉ် ၂စီးနှုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး နန့်ယားကျေးရွာ စစ်တပ်ကုန်းမှလည်း တိုက်ပွဲဖြစ်ပွားသည့်ဘက်သို့ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ယနေ့ မာနော့ကျေးရွာအနီး စစ်ကောင်စီတပ် နှင့် KIA တို့ နံနက် ၇နာရီဝန်းကျင်မှစတင်ကာ … - [ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/02/03/feb-3-y-2/): စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဒေသခံပြည်သူများ က ညအချိန် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တောတွင်းတိမ်းရှောင်နေရသေးကြောင်းသိရသည်။ ယနေ့ညနေ ၄နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ၃စီးဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ဒေသခံ ၅ဦးခန့်နှင့် လူနေအိမ် ၅အိမ်ထက်မနည်း မီးရိူ့ပျက်စီးသွားပြီး တောတွင်းတိမ်းရှောင်နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “ဒီညလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိရသေးဘူး။ အားလုံးက အိမ်လည်းမပြန်ရဲကြတော့ဘူး။ ပြန်အိမ်ရင်လည်း ညချင်း စစ်တပ်က လေကြောင်းလိုင်းနဲ့ ပြန်လာတိုက်မှာစိုးရိမ်ရတယ်။ ရွာသားတွေအားလုံးက ၁ထောင်လောက်ရှိတယ်။ အဒီညအားလုံး တောခိုဖို့လုပ်နေကြတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရှိသူ ၅ဦးထက်မိနည်းရှိနိုင်ပြီး လက်ရှိတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး၊ စုစုပေါင်း ၃ဦး၏ ထိခိုက်မှုစားရင်းသာ အတိကျရရှိနိုင်သေးကြောင်းသူကဆက်ဆိုသည်။ ဆွမ်ပီယန်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဇန်နဝါရီလ ၁ရက်နေ့ နံနက်ပိုင်းအချိန်တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် ၁ရက်ခန့်အကြာမှ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ပြန်လည်လာတိုက်ခိုက်ခြင်းဖြစ်ပါသည်။ ထိုနောက် ဖေဖော်ဝါရီလ ၁ရက်နေ့ တစ်ရက်တည်းတွင် KIA နှင့် PDF အဖွဲ့က ဆွမ်ပီယန်ကျေးရွာနှင့်တစ်လျှောက်တွင်ရှိသော လုန်ရှာယန်ကျေးရွာရှိ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမှုများထပ်မံပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဆွမ်ပီယန်အထိ လေကြောင်းလိုင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လုန်ရှာယန်ကျေးရွာဘက်လည်း ပြန်လည်လာတိုက်ခိုက်မည်ကိုလည်း စိုးရိမ်နေရကြောင်းဆက်လက်သိရသည်။ - [နောက်မကျခင်](https://burmese.kachinnews.com/2022/02/03/feb-3/): ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါဖြစ်တဲ့ အိုမီခရွန် ပိုးကို မြန်မာပြည်မှာတွေ့တာ အယောက် ၃၂၀ ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်ကြောင့် လက်တွေ့ မြေပြင်မှာ အိုမီခရွန် ကူးစက်ခံရသူဦးရေ ဒီထက်လည်း ပိုများနိုင်ပါတယ်။ ပိုပြီး စိုးရိမ်ဖွယ်ကောင်းတာက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က လူဦးရေများတဲ့ စက်ရုံတစ်ခုမှာ အိုမီခရွန် (Omicron) ပိုးတွေ့သူ ၁၀ ပေါ်လာခဲ့ပါတယ်။ ကိုဗစ် – ၁၉ ရောဂါအသစ်ဖြစ်တဲ့ အိုမီခရွန် ရောဂါဆိုတာ ၂၀၂၁ နှစ်လယ်လောက်က အာဖရိကမှာ စတင်တွေ့ရှိပြီး သိပ်မကြာခင်မှာဘဲ အာရှနိုင်ငံတွေမှာ ကူးစက်လာတာဖြစ်ပါတယ်။ အိုမီခရွန်ဟာ ဒေတာထက်ပိုမိုပြီး ကူးစက်မြန်တယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်က လူများတဲ့ စက်ရုံတစ်ခုမှာ ကူးစက်မြန် အိုမီခရွန်ပိုးတွေ့တာကြောင့် ယေဘုယျအားဖြင့် မြန်မာပြည်မှာ ကိုဗစ်-၁၉ စတုတ္တလှိုင်းဟာ မကြာမှီ ဖြစ်လာတော့မယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ Omicron (အိုမီခရွန်) ရောဂါလက္ခာဟာ ဖြစ်ပျက်နေကျ ရာသီတုပ်ကွေးအတိုင်း နှာရည်ယို ၊ နှာစေး၊ လည်ပင်းနာ၊ အဖျားတက်၊ ခေါင်းကိုက် စတာတွေဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်တဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ တတိယလှိုင်းမှာ ကြုံခဲ့ဖူးတဲ့ အနှံပျောက်တာမျိုးတော့ သိပ်မရှိဘူးလို့ သိရပါတယ်။ အခုလို ကာလမှာ အိုမီခရွန်ကို စတုတ္ထလှိုင်းကူးစက်မှု မဖြစ်အောင် ကာကွယ်ဖို့ အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။ ကာကွယ်ဖို့ နည်းလမ်းတွေကတော့ လူထူထပ်တဲ့နေရာကိုရှောင်ရှားဖို့၊ … - [ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2022/02/03/feb-3-lp-1/): ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလတွင် ပိုးကူးစက်သူ စုစုပေါင်း  ၂၅၄ ဦးနှင့် သေဆုံးသူ ၄ ဦး ရှိသည်ဟု သိရသည်။ သို့သော် အဆိုပါစာရင်းများမှာ စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ ၃၉ ဦးနှင့် သေဆုံး ၂ ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၁ ဦးနှင့် သေဆုံး ၁ ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၁၂ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၁၀ ဦးနှင့် သေဆုံးမရှိ ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၁ ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၈၃ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၃ ဦး ရှိခဲ့သည်။ ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် ၁၈ ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် ၆ ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် ၅ ဦးနှင့် သေဆုံးမရှိ ၊ ရွှေကူမြို့နယ်တွင် ၇ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ … - [မိုးညှင်း မော်ဟန် ရဲစခန်းကို KIA တိုက်ခိုက်ရာတွင် အရာရှိ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရ](https://burmese.kachinnews.com/2022/02/03/feb-3-y-1/): မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ရဲအရာရှိတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး သေဆုံးပြီး ထိခိုက်သူ ၃ ဦး ရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက် အစောပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့က မော်ဟန်ကျေးရွာဝင်တွင်ရှိသော ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ စုပေါင်းနေထိုင်သည့် တပ်စခန်းကို လက်နက်ကြီးများဖြင့် သွာရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းအရင်းမှ အတည်ပြု ပြောဆိုထား သည်။ “ရဲစခန်းကို သွားသိမ်းတာက မနက်ပိုင်း ၃နာရီလောက်မှာဟုတ်တယ်။ ထိခိုက်မှုက ရဲအရာရှိတစ်ယောက်နဲ့ စစ်ဗိုလ်တစ်ယောက် ၂ ယောက်က အဲ့မှာပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတာက ၃ယောက်လောက်ရှိတယ်။ ကျနော်တို့ဘက်ကနေ အရှင်လတ်လတ်ဖမ်းဆီးသွားတာ တွေတော့ မရှိဘူး။ ၅နာရီလောက်မှာ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ပြီး ပြန်လှည့်သွားပြီ” ဟု ပြောဆိုသည်။ KIA နှင့် PDF အဖွဲ့က ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိ လက်နက်ပစ္စည်း အများအပြား သိမ်းယူနိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ၅နာရီဝန်းကျင်ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်ဟု သူကဆက်ဆိုထားသည်။ ရဲစခန်းတိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သောကြောင့် သေဆုံးသူများ၏ အလောင်းကို သယ်ထုတ်နိုင်ရန် အတွက် မော်ဟန်နာရေးကူညီမှုအသင်းကို ‘အမြန်လိုက်ရမည်။ မလိုက်ရင် နာရေးကားတွေ မီးရှို့ဖျက်ဆီးပေးလိုက်မယ်’ဟု လာရောက်ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း သိရသည်။ ထို့နောက် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် နံနက်ပိုင်း ၇နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ တင့်ကားများအပါ စစ်အင်အား ၁၀၀ … - [မော်ဟန်တွင် လေပြင်းတိုက်ခတ်ခံရပြီးနောက် အချိန်ပိုင်းဖြင့်သာ မီး ရရှိ](https://burmese.kachinnews.com/2022/04/21/apr21-ab1/): မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။ မော်ဟန်ကျေးရွာတွင် ဧပြီလ ၁၆ ရက်နေ့က လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ဓာတ်တိုင် ကျိုးကျခြင်း၊ ဓာတ်ကြိုးပြတ်တောက်ခြင်း ဖြစ်ပွားခဲ့သောကြောင့် ၄ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ ညမှသာ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပြန်ရရှိကြောင်း မော်ဟန်ကျေးရွာနေအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “လေက နန့်စီးအောင်ဘက်ကနေ တိုက်ခဲ့တာ အဲ့နန့်စီးအောင်နဲ့မော်ဟန်ကြားမှာ လေတိုက်တော့ သစ်ကိုင်းတွေကျ ဓာတ်တိုင်တွေကျိုး မီးကြိုးတွေပြတ်ဖြစ်သွားတာ လေးရက်တော့မီးလုံးဝမလာဘူး။ မနေ့ညကနေတော့ ညဆိုမီးလာတယ်။ အချိန်ပြည့်မရသေးဘူး” ဟုယင်းအမျိုးသားက ပြောသည်။ လတ်တလော မောဟန်ကျေးရွာနေ ပြည်သူများက လျှပ်မီးပြတ်တောက်သည့် ပြသာနာကိုဖြေရှင်းရန် တစ်အိမ် ၂၀၀ ကျပ်နှုန်း ကောက်ခံကာ မီးစက်ဖြင့်လျှပ်စစ်မီးသုံးရန် စီစဉ်နေကြောင်းလည်း သိရသည်။ “မီးက ညကတော့လာတယ် ခုမနက်မလာပြန်ဘူးဗျ အခုဆီဖိုးတစ်ယောက်ကို ၂၀၀ ဆီကောက်နေတာ အခုလောလောဆယ်မီးမလာလို့ ဆီလေးဝယ်ပြီးမီးစက်နဲ့မောင်းမှာပေါ့ဗျ” ဟုမော်ဒေခံတစ်ဦးကပြောဆိုသည်။ မော်ဟန်ကျေးရွာကို နိုင်ငံတော် မဟာဓာတ်အားလိုင်းဖြင့် နန်မားရုံးခွဲမှ လျှပ်စစ် မီးပေးလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ လျှပ်စစ်မီးကြိုးနှင့်ဓာတ်တိုင် များအစား ထိုးတပ်ဆင်ခြင်းများဆောင်ရွက်နေကြောင်း ဒေသခံ များကဆိုသည်။ စစ်ကောင်စီသည် မော်ဟန်ကျေးရွာကို လျှပ်စစ်မီတာခမပေးဆောင်သောကြောင့်ဟုဆိုကာ ၂၀၂၁ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်မတ်လ အထိ ခြောက်လကျော်ကြာလျှပ်စစ်မီးလျှပ်တောက်ခဲ့ပြီး ကျေးရွာနေပြည်သူများက မီတာခပေးမည်ဟု သဘောတူညှိနှိုင်းရာမှလျှပ်စစ်မီးပြန်လည်းရရှိခဲ့ခြင်းဖြစ်သည်။ - [KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်](https://burmese.kachinnews.com/2022/04/21/apr21-lp1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေရှိ စာသင်ကျောင်းများတွင် ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ စတင် စစ်ဆေးနေပြီ ဖြစ်သည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် စာမေးပွဲတွင် ကျောင်းသူ ၊ ကျောင်းသား စုစုပေါင်း ၂၁၉၂ ယောက်ထိ ဖြေဆိုနေပြီး ယခင် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စားမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ ကျောင်းသား လူဦးရေ ၈၀၀ ခန့်သာ ရှိခဲ့သည်ဟု သိရသည်။ “ကျောင်းသားဦးရေကတော့ မနှစ်ကထက် ဒီနှစ် အများကြီး တိုးလာတယ်။ မနှစ်က ကျောင်းသား ရာဂဏန်းပဲ ရှိတာ အများဆုံး ၈၀၀ လောက်ပေါ့။ ဒီနှစ်တော့ ၂၁၉၂ ယောက်တောင် ဖြေကြတယ်။ နိုင်ငံရေးမကောင်း တာကြောင့် အနယ်နယ်အရပ်ရပ်ကနေပြီး ဒီမှာလာပြီး ကျောင်းလာတတ်ကြတယ်။ ဆယ်တန်းပြီးရင် ကိုယ်တတ်ချင်တဲ့ ကျောင်းတတ်ဖို့ ကျနော်တို့ KIO ကနေပြီး ဖွင့်ထားပါတယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။” ဟု KIO ဗဟိုပညာရေးဌာနမှ ဆရာနော်ထွယ်က KNG ကချင်သတင်းဌာနကိုပြောသည်။ စာမေးပွဲပြုလုပ်နေသော ကျောင်းများမှာ လိုင်ဇာမြို့ ၊ အလမ့်ဘွမ်အထက်တန်းကျောင်း ၊ မိုင်ဂျာယန် အထက်တန်းကျောင်း၊ အင်ဘာပါကျောင်း၊ မုန်မစ်ဆင်လီကျောင်း၊ အင်ဂွမ်းလကျောင်း၊ ကျိန်ထောင်ပါကျောင်း၊ မုန်ဘော်ကျောင်း နှင့် လော့ဒ်အောင်ကျောင်း တို့ဖြစ်သည်။ ဖြေဆိုထားသည့် အဖြေလွှာများကို ၂၀၂၂ ခုနှစ် … - [ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ](https://burmese.kachinnews.com/2022/04/20/apr20-y1-2/): မြစ်ကြီးနားမြို့ပြင် ရှဒေါင်ကျေးရွာတွင် ဖွင့်လှစ်ထားသော မေတ္တာပျိုးခင်း (Tsaw Myit Sha-It ) မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့်အတူ အခြားကူညီထောက်ပံ့မှု အများအပြားလိုအပ်နေသည်ဟု သိရသည်။ အဆိုပါ မိဘမဲ့ ဂေဟာကျောင်းတွင် ပြည်နယ်အတွင်း မြို့နှင့်ဝေးလံသောကျေးလက်ဒေသမှ ပညာသင်ကြားရန် လာရောက်နေထိုင်သော မိဘမဲ့ကလေးများအတွက် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ခရစ်ယာန်ဘာသာရေးဆရာ မိသားစုက ပြုစုနေခြင်း ဖြစ်သည်။ လက်ရှိ ထိုဂေဟာကျောင်းတွင် ကလေးငယ်များနေထိုင်သည့် အဆောက်အဦးမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသည့်အတွက် ကလေးငယ်များ လုံခြုံစွာနေထိုင်ရန် အဆောက်အဦးနှင့် ဂေဟာအတွင်း အခြားအကူအညီများ လိုအပ်နေကြောင်း မိဘမဲ့ ဂေဟာတာဝန်ခံ ဆရာ Galang Dau Dai က KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ဒီဂေဟာမှာ ရောက်လာတဲ့ ကလေးတွေအားလုံးက အရမ်းခက်ခဲတဲ့နေရာက နေရောက်လာကြတဲ့သူတွေဆိုတော့ သူတို့အတွက် လုံခြုံစေတဲ့ အဆောက်အဦးမျိုးပေါ့။ နောက်ပညာရေးအတွက်လည်း ကူညီစေချင်တယ်။ ပညာဒါန ပါဝင်ချင်တဲ့ သူတွေရှိရင်ပေါ့။ ဒီမှာက ၁၀တန်း ကျောင်းသားတွေလည်းပါတယ်။ နောက်တစ်ခုက နိုင်ငံရေးက မငြိမ်တဲ့အတွက် နောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကြိုမသိနိုင်ဘူး။ အဲ့ကြောင့် ကလေးတွေအတွက် အစားသောက်လည်း ဖြစ်နိုင်ရင် ကူညီချင်တဲ့ သူတွေ ကူညီပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။ မေတ္တာပျိုးခင်း (Tsaw Myit Sha-It )မိဘမဲ့ ဂေဟာကျောင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ ဂွေထု၊ ဂန်ဒေါင်၊ ဆမား၊ နမ္မတီး၊ ဟူးကပ်၊ သာပဒေါင်း၊ မြစ်ကြီးနားနှင့်ဝိုင်းမော် နေရာဒေသမှ လူမျိုးဘာသာပေါင်းစုံ ကလေးများပါဝင်ပြီး … - [ဆီဆိုင်များ ထပ်မံ ပိတ်ထားရ](https://burmese.kachinnews.com/2022/04/20/apr-20-lp-1/): မြစ်ကြီးနားမြို့တွင် ယနေ့အထိ ဆီပန့်ဆိုင်အချို့ ပိတ်ထားရကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီက အမေရိကန်ဒေါ်လာကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဧပြီလ ၁၉ ရက်နေ့ကစပြီး စက်သုံးဆီ အရောင်းဆိုင်များမှာ ဆီမရှိတော့ကြောင်းသတင်းများထွက်ပေါ်လာပြီး ပြည်သူများအလုအယှက်ပြေးဝယ်ရသည့် အခြေအနေရောက်သွားခဲ့ခြင်း ဖြစ်သည်။ “ဆီကတော့ မနေ့က အလုအယှက်ပဲ လာဝယ်ကြတယ်။ ညမိုးချုပ်ထိပဲ လာဝယ်ကြတယ်။ ကျနော်တို့က သင်္ကြန် မတိုင်ခင်က ဆီထပ်ပြီး မမှာထားဘူးလေ။ လက်ကျန်လောက်ပဲ ရောင်းနေတာ။ ဆီလဲ ကုန်ခါနီး ဈေးတွေကလည်း ခွတတ်တော့တာပဲ။ ဆီပန့်မှာ ရှိတဲ့ ဆီတွေအားလုံးရောင်းလိုက်ပြီ။ အိမ်မှာ သုံးဖို့ ကားတွေ မှာ ဆီဖြည့် ထားပြီး ဂါလံပုံးတွေမှာ ထည့်ထားတယ်။ ဆီပန့်မှာတောင် ဆီမရှိတော့ဘူး။ လေတောင် ခိုသွားပြီ။ ဒီနေ့ကစပြီး ဆိုင်ပိတ်ထားလိုက်ပြီ။” ဟု မြစ်ကြီးနားမြို့မှ ဓာတ်ဆီ‌ရောင်းဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက KNG ကချင်သတင်းဌာန ကို ပြောသည်။ လွန်ခဲ့သည့် သင်္ကြန်မတိုင်မီက မြစ်ကြီးနားမြို့တွင် ဓာတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၁၇၂၀ ကျပ်၊ တစ်ဂါလံ ၁၀၃၂၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၈၁၀ ကျပ်၊ တစ်ဂါလံ ၁၀၈၆၀ ကျပ်ထိ ရှိခဲ့သည်။ သို့သော် ‌ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီ တစ်လီတာ လျှင် ၂၂၂၀ ကျပ် ၊ တစ်ဂါလံ ၁၁၁၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၂၅၀၀ ကျပ် ၊ … - [ဝိုင်းမော် ဂွေရွတ်ယန်သို့ လည်ပတ်သူများ အမှိုက်စနစ်တကျစွန့်ပစ်ရန် ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2022/04/20/apr20-y1/): ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာနှင့် တဆက်တည်းရှိသော ဂွေရွတ်ယန် (Gwi Rut Yang) ကြိုးတံတားသို့ လာရောက်အပန်းဖြေသူများအနေဖြင့် စမ်းချောင်းအတွင်း အမှိုက်များကို စွန့်ပစ်ခြင်းမပြုရန် ဂွေရွတ်ယန်ဒေသခံများ တောင်းဆိုနေကြသည်။ ကြိုးတံတားပေါ်သို့ လာရောက်အပန်းဖြေသော ပြည်သူများသည် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမပြုဘဲ N Myen Hka ချောင်းလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပေါ်သည်အထိ အမှိုက်ပိတ်ဆို့နေကြောင်း ဂွေရွတ်ယန်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “တံတားပေါ်မှာ အပန်ဖြေရောက်လာတဲ့ သူတွေက သူတို့ယူလာတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာမရှိဘူး။ ချောင်းတစ်ကြောင်းလုံးက အမှိုက်တွေကြီးဘဲ။ အဲ့တော့ ရေလမ်းကြောင်း ပိတ်ဆို့တာတွေဖြစ်လာတယ်။ နောက် ချောင်းအတွင်းမှာရှိတဲ့ ရေသတ္တဝါတွေလည်း မရှိတော့ဘူး။ ဒီလိုသာဆိုရင် ချောင်းရဲ့ ဂေဟစနစ်တွေ ပျက်စီးသွားဖို့ဘဲရှိတော့တယ်” ဟု ပြောဆိုသည်။ ဂွေရွတ်ယန်တွင် ရေကစားအပန်းဖြေရန် နေရာများပြုလုပ်ထားပြီး ပြည်သူအချို့လည်း ထိုနေရာသို့ လာရောက် လည်ပတ်မှုများ ပုံမှန်ရှိနေသည်။ ဂွေရွတ်ယန်ကြိုးတံတားပေါ်တွင် စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် ဆိုင်ခန်းများ ဖွင့်ထားသည့် ဆိုင်ရှင်များအနေဖြင့်လည်း အမှိုက်များကို တနစ်တကျ စွန့်ပစ်ပေးရန်လည်း အထူးလိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။ အဆိုပါကျေးရွာတွင် နွေရာသီ ရေတွင် ရေကန်ခမ်းခြောက်မှုဒဏ်ကြောင့် ဒေသခံများ၏ တကိုယ်ရေသန့်ရှင်းရေးအတွက် အင်မြန့်ခချောင်းကိုသာ အသုံးပြုနေရသောကြောင့် မြစ်ချောင်းပျက်စီးသွားမည်ကို စိုးရိမ်ကြောင်းသူက ဆက်ဆိုထားသည်။ “ဒီမှာက နွေရာသီရောက်ရင် ရွာအတွင်းမှာရှိတဲ့ ရေတွင်း ရေခမ်းတာရှိတယ်။ မိုးတွင်းလောက်ဘဲ သုံးလို့ရတယ်။ အဲ့ကြောင့် နွေရာသီရောက်ရင် တစ်ကိုယ်ရေအတွက် ချောင်းရေဘဲသုံးကြတာ။ အခုက မနေ့ညနေ ကျနော်ကိုယ်တိုင် သွားချိုးတယ်။ ယားယံတာတွေဖြစ်လာတယ်။ အရင်တုန်းက ယားယံတာတွေ … - [စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ](https://burmese.kachinnews.com/2022/04/20/apr20-ab1/): အာဏာသိမ်း စစ်ကောင်စီ၏ စီမံမှုဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် စာမေးပွဲဖြေဆိုခဲ့သော အခြေခံပညာရေး အောင်စာရင်းများကို ယခုအပတ် စတင်ကြေငြာတော့မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျောင်းသားအသစ် ပြန်လည်လက်ခံသွားတော့မည်ဟု သိရသည်။ KG မှ နဝမတန်းအထိ အောင်စာရင်းများကို ဧပြီ ၂၄ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်တော့မည်ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အောင်စာရင်းကတော့ ခါတိုင်းလိုပုံမှန်ပဲ ကျောင်းမှာပဲကပ်မယ်။ ၂၄ရက်နေ့ မနက် ၈နာရီခွဲ ကိုးနာရီလောက်စကြေငြာမယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းတော့တူ မှာမဟုတ်ဘူး တချို့ကျောင်းတွေတော့ စောစောကပ်လိမ့်မယ်။ ရက်ကတော့ အားလုံး ၂၄ ရက်နေ့ပဲ”ဟု ၎င်းကပြောသည်။ အလားတူ ယခုနှစ်စစ်ကောင်စီဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် ကျောင်းသား/သူများ အမည်စာရင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရေးကာလတွင်ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်သွားရန်လည်း အထက်ကညွန်ကြားလာကြောင်း သိရသည်။ စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာရေးကျောင်းများနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ကျောင်းသားမိဘတစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။ “ကျောင်းအပ် လက်ခံတော့မယ်သိရတော့ ကျောင်းသားမိဘဖြစ်တဲ့အတွက် အမျိုးမျိုး စဥ်းစားရတာပေါ့။ မနှစ်ကလည်း ကျနော်ကလေးတွေ ကျောင်းတော့အပ်ပေးလိုက်တယ်။ ဒါပေမယ့် အခြေအနေက ဟိုလိုလို ဒီလိုလိုကျောင်းတွေက ပိတ်လိုက်ဖွင့်လိုက် ပြောရခက်သေးတယ်။ ကျောင်းမထားဖြစ်ဖို့များမယ် ထင်တယ် အများပိုင်းတော့”ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။ စစ်ကောင်စီ ဖွင့်လှစ်ခဲ့သည် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကချင်ပြည်နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများ၌ … - [မြစ်ကြီးနားနှင့် ဖားကန့်တွင် ဆီပန့် ဆိုင်များ ပိတ်](https://burmese.kachinnews.com/2022/04/19/apr19-ab1-2/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဖားကန့် မြို့တွင် ယနေ့ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီပန့်ဆိုင်များ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားနဲ့ဖားကန့်တို့တွင် ဆီကားအဝင်မရှိတော့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ စက်သုံးဆီအရောင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက KNG သို့ပြောသည်။ “ရန်ကုန် မန္တလေးဘက်ကနေကို ဆီကားတွေက အဝင်မရှိတော့ဘူးတဲ့ ဒီမှာအခုဒီဇယ် လေးပီပါလောက်ဆိုပြီးလှမ်းမှာတာမရဘူး အခုကဆီပန့်ဆိုင်တွေတော့ပိတ်ပြီဗျ လက်လီရောင်းတဲ့ တစ်ထောင်ဖိုးနှစ်ထောင်ဖိုး တင်ရောင်းတဲ့ ဆိုင်သေးလေးတွေမှာပဲရတော့မှာ”ဟု ယင်းအမျိုးသားက ပြောသည်။ ဖားကန့်တွင် ဧပြီ ၁၈ ရက်နေ့အထိ ဓာတ်ဆီတစ်ဂါလံ ကျပ် ၉၆၀၀ စျေးရှိရာ ယနေ့တွင် တစ်လီတာ ၁၀၀၀၀ ကျပ် မြင့်တက်ခဲ့ပြီး လတ်တလော ဆီလက်ကျန်ကုန်သွားသောကြောင့် ပိတ်ထားရကြောင်း ဖားကန့်ဆီပန့်ဆိုင်များမှ သိရသည်။ အလားတူမြစ်ကြီးနားမြို့တွင်လည်း လက်ရှိရောင်းချပေးနေသေးသည့်ဆီပန့်ဆိုင်များတွင်လည်း အကန့်သတ်ဖြင့်သာရောင်းချပေးနေကြောင်း ဆီပန့်ဆိုင်တစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။ “အကုန်လုံးပိတ်ကုန်ပြီဗျ အခုဖွင့်နေတာက ကျနော်တို့ရယ်နောက် တစ်ဆိုင်နှစ်ဆိုင်လောက်ပဲဖွင့်တော့တယ် ဒါတောင်နည်းနည်းပဲရောင်းပေးတယ် မောင်းဆီလောက်ပေါ့တစ်ဦးကိုအများဆုံး တစ်သောင်းဖိုးထိပဲရောင်းပေးတယ်”ဟု ၎င်းကပြောသည်။ မြစ်ကြီးနားတွင်လည်း ဆီပန့်ဆိုင်များမပိတ်မှီအထိ 92 တစ်လီတာ ၂၄၀၀ ကျပ်၊ 95 တစ်လီတာ ၂၆၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်အခြားမြို့ကြီး များဖြစ်သည့် ဗန်းမော်၊ မိုးညှင်း၊ ပူတာအို စသည်မြို့များတွင် လက်ရှိ ပုံမှန်ရောင်းချပေးနေသေးသော်လည်း စျေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ - [တရုတ်ပြည်ကြီးရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်ရန် အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2022/04/19/apr19-bs1/): တရုတ်ပြည်ကြီးသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ကိုဗစ်-၁၉ အကြောင်းပြချက်‌ကြောင့် အလုပ်လုပ်ခွင့်မရတော့သည့်အပြင် နေရပ်ပြန်ရန်လည်း အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ “အမတို့က ကွမ်တုံးမှာ ရှိနေတာ အခြေအနေက အရမ်းကိုဒုက္ခရောက်တယ် ပြန်လို့လည်း မရဘူး။ ဒီဘက်မှာ သူဌေးတွေကလည်း အလုပ်မခေါ်ကြတော့ဘူး အလုပ်တွေမခေါ်ကြတဲ့အတွက် အလုပ်လည်းမရှိ ပြန်လို့လည်း မရဘူး” ဟု မြန်မာ ရွှေ့ပြောင်း လုပ်သား ၁ ဦးက ပြောသည်။ ပြည်တော် ပြန်ရန်အတွက် မှောင်ခိုကားများရှိသော်လည်း ယင်းကားများသည် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် တရုတ်နိုင်ငံပေါက်ရှန်းပြည်နယ် အထိသာရောက်ပြီး လမ်းတွင် စစ်ဆေးမူများသည့်အတွက် ဖမ်းဆီးခံရမည့် အခြေအနေရှိသဖြင့် စိုးရိမ်နေ‌ကြကြောင်း ၎င်းကဆက်ပြောသည်။ ယင်းကဲ့သို့ ဖမ်းဆီးခံရပါက မိမိစရိတ်ဖြင့် ကွာရန်တင်းထပ်မံဝင်ရောက်ရသည့်အတွက် ပိုမိုခက်ခဲကြကြောင်း သိရသည်။ “ကွာရန်တင်းဝင်လည်း တချို့ဆိုလည်း ပိုက်ဆံမရှိကြတော့ဘူး နေစရာလည်းမရှိကြဘူး စားစရာလည်း မရှိကြတဲ့လူတွေလည်းအများကြီးပဲ”လို့ သူက ပြောပါတယ်။ နေရပ်ပြန်ရန်အတွက် သက်ဆိုင်ရာသံရုံးသို့ဆက်သွယ်‌ပေးရန် အကူအညီ‌တောင်းခံ‌သော်လည်း ကူညီမပေးနိုင်ကြောင်း၊ နေရပ်ပြန်ချင်ပါက တရုတ်ရဲထံသွားရောက်အဖမ်းခံကြဖို့သာ ဖြေကြားခဲ့ကြောင်း သိရသည်။ “စီးပွားရေး အဆင်မပြေလို့ တရုတ်ပြည်မှာ အလုပ်သွားလုပ်တာ ကျနော့သားက အဖမ်းခံရတာ တနှစ်ပြည့်ပြီ။ ဘာပဲ ဖြစ်ဖြစ် သံရုံးကိုလည်း ကျနော်တို့ အကူ အညီ တောင်းကြည့်တော့လည်းမရပါဘူး။ ဘာမှ ကျနော်တို့က ဘယ်လိုမှလှုပ်ရှားလို့ မရပါဘူး။ ဒီတိုင်းပဲထိုင်ကြည့်နေတဲ့သဘောပါ” ဟု မြန်မာ လုပ်သား ၁ ဦး၏ ဖခင်က မြန်မာဘက်ခြမ်းကနေ ညွှန်ကြားချက်အတိုင်းလုပ်ရန် အဆင်မပြေ ဖြစ်နေကြောင်း ပြောသည်။ ယခင်နှစ် သံရုံးအကူအညီနှင့် လွတ်‌မြောက်လာသူတစ်ဦး၏ပြောဆိုချက်အရ တရုတ်နိုင်ငံ၊ ပေကျင်း မြို့ရှိ … - [ကိုဗစ်ကာလ တရုတ်နယ်စပ် ကချင်စစ်ရှောင်စခန်းမှ အမျိုးသမီးများ၏ အခက်အခဲ](https://burmese.kachinnews.com/2022/04/19/feature-lp/): ကလေး ၅ ယောက် မိခင် ဒေါ်အင်ခွမ်ရွယ်ဂျီးတစ်ယောက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ပိုင်းခြားထားတဲ့ ချောင်းကလေးရဲ့ တစ်ဖက်ကမ်းကို ကြည့်ရင်း တနေ့တနေ့ လုံလုံလောက်လောက် စားသောက်နိုင်ဖို့ နေ့စဉ် ရုံးကန်နေရတာကိုတွေးရင်း မှိုင်တွေ နေပါတယ်။ သူမဟာ တရုတ်-မြန်မာနယ်စပ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့စွန်မှာရှိတဲ့ ဖွမ်လွမ်ယန် (Hpun Lum Yang) စစ်ရှောင်စခန်းတစ်ခုမှာ မိသားစု ၇ ယောက် နဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် စစ်ရှောင်စခန်း အပြင်ဖက် သွားလာရေးခက်ခဲမှုနှင့် ငွေကြေးရှာဖွေ စားသောက်မှု ခက်ခဲနေတယ်လို့ သိရပါသည်။ ဧက ၃၅ ဧကခန့် ကျယ်ဝန်းသည့် ဖွမ်လွမ်ယန်စစ်ရှောင်စခန်းရှိ နေအိမ်များကို ဝါးထရံများ ၊ အထပ်သားတို့နှင့် တွဲဖက်ဆောက်လုပ်ထားသော ကျောချင်းကပ် အိပ်ခန်းတွဲများဖြစ်ပြီး  အိမ်ခန်းတစ်ခန်းကို ၉ ပေ ပတ်လည်ဖြင့် အိမ်ထောင်စု တစ်စုစီ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဒီစခန်းမှာ မိမိနေရပ်ကိုမပြန်နိုင်သေးတဲ့ စစ်ရှောင် အိမ်ထောင်စု (၆၇၆)စု ရှိနေပါသေးတယ်။ ဒေါ်အင်ခွမ်ရွယ်ဂျီး (Nhkum Roi Ji) မိသားစုတွေဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲတွေကြောင့် လဝါယန် ကျေးရွာကနေ လိုင်ဇာမြို့ဈေးကွင်း စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဈေးကွင်းစစ်ရှောင်စခန်းမှာ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခံခဲ့ရတာကြောင့် ၂၀၁၅ ခုနှစ်မှာတော့ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းကို မိသားစု ၇ ယောက်အတူ ပြောင်းရွှေ့နေထိုင် ခဲ့တာပါ။ သူမဟာ … - [ကချင်ပြည်နယ် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် အကျဉ်းသား ၂၀ ဦးပါဝင်](https://burmese.kachinnews.com/2022/04/19/apr19-zm1/): စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ အကျဉ်းသား ၂၀ ဦးသာပါဝင်သော်လည်း အထိုအထဲတွင် နိုင်ငံရေးကြောင့် မတရားဖမ်းဆီးခံရသူများ မပါသေးကြောင်း သိရသည်။ ဧပြီလ ၁၇ ရက်နေ့ တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေ ၁၆၀၀ ကျော်လွတ်ခဲ့သော်လည်း ကချင်ပြည်နယ်မှ ၂၀ ဦးသာ လွတ်ခဲ့ခြင်း ဖြစ်သည်။ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ထောင် ၄ ခုအနက် မြစ်ကြီးအကျဉ်းထောင်မှ အကျဥ်သား ၅ ဦးလွတ်မြောက်လာပြီး ထိုအထဲတွင် တပ်ပြေး ၃ ဦးနှင့် မူးယစ်မှုကြောင့် ၂ဦး ပါဝင်သည်ဟု မြစ်ကြီးနားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။ မြစ်ကြီးနားမှာ လွတ်မြောက်လာသူ ၅ ဦးအနက် ၄ ဦးမှာ အမျိုးသားဖြစ်ပြီး အမျိုးသမီး တစ်ဦး ပါဝင်သည်။ မိုးညှင်းအကျဉ်းထောင်မှ ၁၆ ဦး လွှတ်လာရာတွင်လည်း ၅၀၅ ပုဒ်မဖြင့် ထောင်ကျနေသူများ မပါဝင်ကြောင်း မိုးညှင်း‌ဒေသခံတစ်ဦးက ပြောသည်။ “လွတ်လာတဲ့သူအားလုံးက အမျိုးသားတွေချည်းဘဲ ကျမတို့မျှော်လင့်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၅၀၅ တွေနဲ့ကျနေတဲ့သူတစ်ယောက်မှ မပါလာဘူး” ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် အကျဉ်းဦးစီး ထောင်ကြီး ၃ခုနှင့် အချုပ်ထောင် ၁ခုရှိရာ မိုးညှင်းအကျဉ်းထောင်နှင့် မြစ်ကြီးနားအကျဉ်းထောင်မှသာ လွှတ်ငြိမ်းခွင့်တွင် လွတ်မြောက်လာသူရှိသော်လည်း ဗန်းမော် အကျဉ်းထောင်တွင် တစ်ဦးတစ်ယောက်မျှ လွှတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။ “ကျနော်တို့ ဗန်းမော်က ထောင်ကြီးမို့ လွှတ်တဲ့သူ ရှိမလားဆိုပြီး ဒီနေ့ထိစောင့်ကြည့်တယ် တစ်ယောက်မှ မလွှတ်လာဘူး” ဟု … - [ဖားကန့်တွင် စစ်တပ်ပိုင် Mytel အင်တာနက်လိုင်း ပြန်ပိတ်](https://burmese.kachinnews.com/2022/04/19/apr19-ab1/): ဖားကန့်မြို့နယ်တွင် စစ်တပ်ပိုင် Mytel မိုဘိုင်း အင်တာနက်လိုင်း ၁၀ ရက်ကျော်ခန့် ဖွင့်ခဲ့သော်လည်း ယခု ပြန်ပိတ်သွားပြီဟု ဖားကန့် ဒေသခံများ ပြောသည်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့် မြို့နယ်တစ်ခုတည်းကိုသာကွက်ပြီး လွန်ခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီက မိုဘိုင်း ဖုန်းအင်တာနက်လိုင်းများကို စတင်ပိတ်ခဲ့ပြီးနောက် ၇ လကျော်ကြာ ယခုလဆန်း ဧပြီ ၅ ရက်နေ့တွင် စစ်တပ်ပိုင် Mytel လိုင်း တစ်ခုတည်းကို ဖွင့်ခဲ့သည်။ သို့သော်လည်း ယမန်နေ့ ဧပြီ ၁၈ ရက်နေ့နှမှစ၍ ပြန်လည် အသုံးပြု၍မရတော့ကြောင်း ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ “မနေ့က နေ့လယ်လောက်ကနေ စပြတ်သွားတာ ဘာမှချိတ်လို့ မရတော့ဘူး။ VPN လည်း ချိတ်လို့မရတော့ဘူး 4G ကတော့ပြတယ် တက်တယ် အင်တာနက်မတက်တော့တာ စောင့်ကြည့်နေတုန်းပဲပြန်ရလာမလားပေါ့”ဟု ပြောသည်။ ယခင်က စစ်တပ်အထိုင်ချသော နေရာအနီးတွင် Mytel အင်တာနက်လိုင်းများ ရလေ့ရှိသော်လည်း ယခုလုံးဝ မရတော့ကြောင်း နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “အရင်က စစ်တပ်နဲ့ နီးတဲ့နေရာတွေမှာ တစ်ခါတစ်လေရတယ်။ အခုအဲ့ဒီမှာသွားပြီး သုံးကြည့်တာ အခုမရတော့ဘူး။ ဖားကန့်မှာ Camping လုပ်တာတွေ အောင်မြင်လို့ထင်တယ်။ အဲ့တာကိုကြောက်လို့ထင်တယ်။ အဲ့ဒါကြာင့် Facebook ကိုပြန်ထိန်းတာထင်တယ် သင်္ကြန်မှာဆိုလည်း မပါဝင်ကြဖို့ မပျော်ကြဖို့ Camping လုပ်တာအောင်မြင်တော့ ဖေ့စ်ဘုတ်ကို ပြန်ထိန်းချင်တာထင်တယ်”ဟု ပြောဆိုသည်။ ယခုကဲ့သို့ ဖုန်းအင်တာနက်လိုင်းများ ပိတ်ထားချိန်တွင် ဖားကန့်မြို့ပေါ်ရှိ IP … - [KIO ပညာရေး တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကြီး ယခုအပတ် စတင်တော့မည်](https://burmese.kachinnews.com/2022/04/18/apr-18-ld-2/): ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဒီတပါတ်ထဲမှာ စတင်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ အခုလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အခုထိ ၄ လခန့် ဆယ်တန်းကျောင်းသားသူ၊ သားတွေကို တစ်နေရာထဲမှာ ထားပြီး နေ့မပြတ်သင်ကြားပြီးတဲ့နောက် စာမေးပွဲကြီး မေးမြန်းတော့မှာဖြစ်ပါတယ်။ စာမေးပွဲကြီးကို အခုအပတ် ဧပြီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ KIO နယ်မြေက ပညာရေးကျောင်းအားလုံးမှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KIO ဗဟိုပညာရေးဌာန တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။ “Covid-19 ဖြစ်ပေမယ့် ကျောင်းဆက်ဖွင့်ပြီး သင်ကြားနိုင်ဖို့ ဒီဘက် ၃ လကျော်လောက် ကောင်းကောင်း စာသင် ပေးတယ်။ ဇန်နဝါရီလဆန်းပိုင်းကတည်းက အခုထိ စာကောင်းကောင်းသင်နိုင်ခဲ့တယ်။ ဟိုအဲဒီရှေ့လတွေမှာတော့ ခဏခဏ ကျောင်းပိတ်ရတယ်။ ဇွန်ကနေ ကျောင်းဖွင့်ခဲ့ပေမယ့် ဇူလိုင်ကနေ ကျောင်းပိတ်လိုက်ရတယ်လေ။ ဒါကြောင့်အခုနှစ် စာသင်သက်တမ်းက ၄ လ လောက်ပဲ ရပါတယ်။ အဲလောက်သာဖြစ်ပေမယ့် ကလေးတွေ မနစ်နာစေဖို့ ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။” အခုနှစ် စာမေးပွဲလုပ်မယ့် နေရာတွေကတော့ အလင့်ဘွမ်အထက်တန်းကျောင်း၊။ လိုင်ဇာမြို့ ကျောင်း၊ မိုင်ဂျာယန်အထက်တန်းကျောင်း၊ အင်ဘာပါ ကျောင်း၊ မုန်မစ်ဆင်လီကျောင်း၊ အင်ဂွမ်းလကျောင်း၊ ကျိန်ထောင်ပါကျောင်း၊ မုန်ဘော်ကျောင်းနဲ့ လော့ဒ်အောင်ကျောင်းတို့ဖြစ်ပါတယ်။ ကျောင်းဖွင့်တဲ့ ကာလ ၄ လသာရှိပေမယ့် သင်ကြားရမယ့် သင်ရိုးတွေကို သင်ကြားပြီးစီး ပြီဖြစ်တာကြောင့် ကျောင်းသား ၂ ထောင်ကျော် စာမေးပွဲ ဖြေဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အောင်မြင်လာတဲ့သူတွေဟာ KIO အစိုးရရဲ့ တက္ကသိုလ်ပညာရေးကျောင်းအသီးသီးမှာ ဝင်ရောက် … - [မံစီမြို့နယ်တွင် စစ်ကောင်စီကားတစ်စီး မိုင်းနင်းမိသဖြင့် ပျက်စီး](https://burmese.kachinnews.com/2022/04/18/apr-18-ld-1/): မံစီမြို့နယ် (Man Je) မဂျီဂုန် (Maji Gung) စစ်တပ်ဗျူဟာကုန်းမှ မိုင်းခေါင် (Mung hkawng) သို့ ဆင်းလာသော စစ်ကောင်စီတပ် စစ်ကားတစ်စီး ယနေ့ မွန်းလွဲပိုင်းက မိုင်းနင်းမိ ပေါက်ကွဲခဲ့ကြောင်း သိရသည်။ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီအင်အား ၈၀ ခန့် မဂျီဂုန် စစ်ဗျူဟာကုန်းမှ မိုင်းခေါင်ဘက်သို့ ဆင်းလာချိန် လိုင်ကာဇွပ်ဂျာကျေးရွာအနီး မိုင်းနင်းမိပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောသည်။ “ဒီညနေပိုင်း စစ်တပ်ဘက်က ဒီဘက်ကို ဆင်းလာချိန် လိုင်ကာဇွပ်ဂျာရွာ ကုန်းထိပ်နားရောက်တဲ့ချိန် မြုပ်ထားတဲ့ မိုင်းနင်းမိတယ်လို့ပြောတယ်။ ကြားဖြတ်ပစ်ခတ်တာတော့မဟုတ်ဘူး။ မြေမြုပ်မိုင်းနင်းမိပြီး စစ်သားတွေ ထိခိုက်မှုတော့မရှိဘူး။ ကားဘီးတစ်ခြမ်း ပျက်စီးသွားရုံပဲပြောတယ်။” စစ်ကောင်စီတပ်များသည် အဆိုပါ ကားတစ်စီးပေါ်တွင် ကုန်ပစ္စည်းများတင်ကာ ဆင်းလာချိန် KIA ထောင်ထားသော မိုင်း နှင်းမိသဖြင့် ကားဘိန်းတစ်ခြမ်း ပျက်စီးခဲ့ပြီး စစ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးတွင် ရက်ပိုင်းအတွင်း သွားလာလှုပ်ရှားမှုပြုလုပ်နေသော စစ်ကောင်စီတပ်များကို KIA မှ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။ - [မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး](https://burmese.kachinnews.com/2022/04/18/apr18-ab2/): စစ်အာဏာသိမ်းကာလ မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း လာရောက်ကြည့်ရှူသူ နည်းပါးနေကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားသည့် ဧရာရုပ်ရှင်ရုံကို စစ်ကောင်စီမှ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ “မနေ့ကစဖွင့်လိုက်တယ် ရုပ်ရှင်ရုံက ကျနော့အိမ်ကနေ လှမ်းမြင်နေရတော့ လာကြည့်တဲ့သူများတယ်။ နည်းတယ်ဆိုတာ မြင်နေရတယ်။ ဒီနှစ်ရက်မှာတော့မရှိဘူး နည်းတယ်။ ရုံရှေ့မှာ ဆိုင်ကယ် ၄စီး၊ ၅ စီး လောက်ပဲ ရပ်ထားတယ်ဗျ။ လာတဲ့သူက မရှိသလောက်ကိုနည်းတယ်”ဟုရုပ်ရှင်ရုံအနီးနေထိုင်သည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦး ပြောသည်။ ဧရာရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင်ကားများပြသည့် ရုံ (၁)နှင့် နိုင်ငံခြားရုပ်ရှင်ကားများပြသည့် ရုံ (၂)ဟူ၍ ရှိပြီး လတ်တလော နှစ်ရုံစလုံးဖွင့်လှစ်ပြသပေးလျက်ရှိသော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေများကြောင့် မကြည့်ဖြစ်သေးကြောင်း မြစ်ကြီးနားမြို့ လူငယ်တစ်ဦးက ပြောသည်။ “ကျနော်ကိုယ်တိုင်တော့ သွားမကြည့်ဖြစ်သေးဘူးဗျ ဘာလို့ဆိုအခြေအနေကလည်း မတည်ငြိမ်သေးဘူးလေ နည်းနည်းဆို ဟိုနားထကွဲ ဒီနားထကွဲဖြစ်နေတာ ပြီးတော့ကိုဗစ်ရောဂါကြီးရလည်းမပျောက်သေးတော့ ကြည့်ဖို့ စိတ်ကူးမရှိသေးဘူး”ဟု ယင်းလူငယ်ကပြောသည်။ ဧရာရုပ်ရှင်ရုံရှိ ရုံ (၁) လူပေါင်း ၄၀၀ အထိဝင်ရောက်ကြည့်ရှူနိုင်ပြီး ယခင် အစိုးရလက်ထက်ကာလများတွင် လာရောက်ကြည့်ရှူသူများပြီး လက်မှတ်များရောင်းမလောက်ဖြစ်သောကြောင့် ရုပ်ရှင်လက်မှတ်ကို ၃ရက်ခန့်အလိုတွင် ကြိုတင်ဝယ်ထားရသည်အထိလာရောက်ကြည့်ရှူသူများခဲ့သည်။ ဧရာရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ရသည့်အခြေအနေနဲ့ပတ်သက်၍ ဧရာရုံ ရှင်ရုံ ရုံးဖုန်းအားဆက်သွယ်မေးမြန်းရာ ဖုန်းလက်ကိုင်ဖြေကြာ ပေးခြင်းမရှိခဲ့ပေ။ မြစ်ကြီးနား ဧရာရုပ်ရှင်ရုံအပါအဝင် မြန်မာပြည်တစ်ဝှမ်းရှိ ရုပ်ရှင်ရုံအများအပြားကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင် ရပ်နားထားခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့ ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။ - [အင်းတော်ကြီးဒေသ ရွှေလက်ပံရွာတွင် လေပြင်းတိုက်ခတ် လူနေအိမ်အများအပြားပျက်စီးခဲ့](https://burmese.kachinnews.com/2022/04/18/apr18-ab1/): ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ရွှေလက်ပံကျေးရွာတွင် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည ၁၁ နာရီခွဲအချိန်မှ စတင်၍အင်းတော်ကြီးဒေသ ရွှေလက်ပံ့ကျေးရွာအတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ရွှေလက်ပံ့ကျေးရွာမှ လူငယ်အိမ်အများအပြား ပျက်စီးခဲ့ကြောင်း ရွှေလက်ပံကျေးရွာနေအမျိုးသားတစ်ဦးက KNG သို့ပြောသည်။ “တစ်ရွာလုံးနီးပါးပဲ သွပ်တွေလှန်ပျံပြီးမှ သစ်ပင်တွေပြိုလှဲတာ အခိုင်အမာအိမ်တွေ တော့နည်းနည်းခံသာတယ် တချို့သွပ်ညပ်တဲ့ အိမ်တွေဆိုရင်တော်တော်များများကိုဖြစ်သွားတာ”ဟု ရွှေလက်ပံကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။ ရွှေလက်ပံကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် အမိုး၊အကာ များဆိုးဆိုးရွားရွား ပျက်ဆီးထိခိုက်မှုမှာ အိမ်ခြေ ၅၀ ခန့်ရှိပြီး အနည်းအကျဥ်းထိခိုက်ပျက်စီးမှုမှာ ၈၀ နီးပါးနှင့်ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်း အမိုးများထိခိုက်ပျက်ဆီး ခဲ့သောကြောင့် ပျက်ဆီးထိခိုက်မှုများခဲ့ကြောင်းသိရသည်။ နေအိမ်များပျက်ဆီးထိခိုက်မှုအပြင် သစ်ပင်ပြိုလဲခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်းတို့ဖြစ်ခဲ့သောကြောင့် ရှင်းလင်းလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများလိုအပ် နေကြောင်းလည်း ဒေသခံများကဆိုသည်။ အလားတူ အင်းတော်ကြီးတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၃၀ ကျော် ပျက်ဆီးခဲ့ကြောင်းသိရသည်။ မိုးညှင်းမြို့နယ်တွင် အုန်းစံစိုင်းကျေးရွာတွင် လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၅လုံးနှင့် ထိခိုက်ပျက်ဆီးခဲ့သည်။ - [အာဏာသိမ်းကာလ ၂၀၂၂ ကချင်ပြည်နယ်သင်္ကြန် တိတ်ဆိတ်စွာ ပြီးဆုံးခဲ့](https://burmese.kachinnews.com/2022/04/17/apr-17-y-1/): စစ်အာဏာသိမ်းကာလ စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေသော ၂၀၂၂ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကချင်ပြည်သူများလည်း ဆန့်ကျင်သပိတ်မှောက်သောကြောင့် ပြည်နယ်အတွင်း တိတ်ဆိတ်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ သင်္ကြန်ကလာ ဘာကြောင့် ပြည်သူများ ငြိမ်သက်နေခဲ့သလဲဆိုသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ဘာကြောင့် မြို့နယ်အသီးသီးရှိ ပြည်သူထုများ၏ အသံကို KNG သတင်းဌာန မှ မေးမြန်း ခဲ့ပါသည်။ မြစ်ကြီးနား “မြစ်ကြီးနားမှာက ရေမလောင်းဘူး။ သူတို့လုပ်ထားတဲ့ မဏ္ဍပ်တော့ရှိတယ်။ ဒါပေမယ့် ကတ်နဲ့မှ ဝင်လို့ရတယ်။ မြို့ပေါ် တစ်လမ်းလုံးမှာလည်း ရေလောင်းတဲ့သူတွေလည်းမရှိပါဘူး။ ဆိုင်ကြီးတွေတော့ ပိတ်တယ်။ ဒါပေမယ့် ဆိုင်သေးတွေတော့ ပိတ်တာသိပ်မတွေ့ရဘူး။ နောက် သူတို့ဆောက်ထားတဲ့ မဏ္ဍပ်မှာကတော့ သူတို့ရဲ့လူတွေပဲ ရေဆော့နေကြတယ်။ ပြီးရင်လူလည်းမရှိကြဘူး” ဖားကန့် “ဖားကန့်မှာ အရင်ကလို မဏ္ဍပ်ဆောက်ထားတာတောင် မရှိဘူး။ နိုင်ငံရေးမကောင်းလို့ထင်တယ်။ ပြည်သူတွေအားလုံးက မပျော်ကြတော့ ဘယ်သူမှမပျော်ကြဘူးလို့ဘဲမြင်တယ်။ အားလုံးလည်း အိမ်ထဲမှာဘဲနေကြတယ်။ ဒီချိန်မှာက ဘယ်သူမှ မပျော်နိုင်ကြဘူးလေ။ စစ်တပ်က အာဏာသိမ်းထားသ၍တော့ ဒီလိုဆက်ဖြစ်နေမှာဘဲ” မိုးကောင်းမြို့ “အရင်နှစ်တုန်းကလို လူတောင်မရှိဘူး။ ဟိုကလေးငယ်တွေလောက်ဘဲ ပျော်နေကြတာကို မြင်ရတယ်။ အရင်က သင်္ကြန်ပျော်တဲ့ မဏ္ဍပ်လည်းမရှိဘူး။ မြို့တော်ခန်းမဆောင်တွေလည်း တိတ်ဆိတ်နေတာတွေ့ရတယ်။ ပြီးရင် ဘယ်သူမှလည်း အပြင်သိပ်မထွက်ကြဘူး။ အားလုံးက အိမ်ထဲမှာဘဲ နေကြတယ်” ဝိုင်းမော်မြို့ “ဒီနှစ်ဝိုင်းမော်မှာ သင်္ကြန်ပွဲမရှိဘူး။ သင်္ကြန်အငွေ့အသက်တောင်မရဘူး။ လမ်းဘေးမှာ ရေလိုက်လောင်းတဲ့သူတွေလည်း တစ်ယောက်မှမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီလို စစ်အာဏာရှင်စနစ်အုပ်ချုပ်တဲ့ ကပ်ဆိုးကြီးမှာ ဘယ်သူမှ မပျော်ကြဘူးလေ။ စစ်အာဏာရှင်စန်းကြီးကို ဆန့်ကျင်တဲ့ သူတွေရှေ့တန်းမှာ လုပ်ဆောင်နေသူတွေကို ရဲရဲကြီး ပူးပေါင်းပါဝင်တဲ့သဘောဖြစ်တယ်။ … - [နေရပ်ပြန် ဒဘတ်စစ်ရှောင်များ ကျေးရွာထူထောင်ခြင်း ၇၅ နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်](https://burmese.kachinnews.com/2022/04/17/apr-17-ld-1/): ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာ နေရပ်ပြန်စစ်ရှောင်ပြည်သူများမှ ကျေးရွာထူထောင်ခြင်း ၇၅ နှစ်ပြည့်ဆုတောင်းပွဲကို ဒဘတ် ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ဒဘတ် စစ်ရှောင်ပြည်သူများသည် နှစ်ရှည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ယခုလ ဧပြီလ ၆ ရက်မှ ၇ ရက်အထိ ပွဲတော်ကျင်းပခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသော ဆရာလရှီးဆွတ်အောင်က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အခုဆို ကျနော်တို့ ရွာထူထောင်လာတာ ၇၅နှစ်ပြည့်သွားပြီး။ တစ်ရွာလုံးက စစ်ရှောင်အဖြစ် အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ကြတယ်။ ကပ်ရောဂါတွေလည်း ကြုံတွေ့ခဲ့ရတယ်။ ဒီကနေ့ နေရပ်ပြန်တဲ့အခါ ဂျူပလီပွဲပြန်လုပ်ဖို့လည်း အရမ်းခက်ခဲတယ်။ ဒါပေမယ့် ကျေးဇူးတော် ချီးမွမ်းချင်တဲ့အတွက် အတတ်နိုင်ဆုံး ကော်မတီတွေဖွဲ့ပြီး ဂျူပလီပွဲကိုရအောင် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောဆိုသည်။ ဒဘတ်ကျေးရွာ ထူထောင်သည့် ၇၅နှစ် ပြည့် ပွဲတော်ပြုလုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ ၂ဖက်ကို ခွင့်ပြုချက်များ တောင်းခံကာ ပြုလုပ်ခဲ့ရကြောင်းလည်း သူကဆက်ဆိုသည်။ “ဒီပွဲဖြစ်မြောက်ဖို့အတွက်လည်း တော်တော်ကြိုးစားခဲ့ကြရတယ်။ မြစ်ကြီးနာ၊ ဝိုင်းမော် ဘက်က သူတွေကို ပွဲမှာပါဝင်နိုင်ဖို့ရန် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိရလေအောင် အနီးတဝိုက်မှာရှိကြတဲ့ စစ်တပ်ဘက်အားလုံးကို အကူအညီတောင်းဆိုထားတယ်။ ပြီရင် KIA ဘက်ကိုလည်း အကြောင်းကြားထားတယ်။ နောက်ပွဲလာမယ့် သူတွေကိုလည်း ဖိတ်စာတွေမှာ စီးလာမယ့် ကား ဆိုင်ကယ်တွေမှာ အမှတ်အသား တံဆိပ်တွေ ထည့်ပေးလိုက်တယ်။ ဒါမှသာ ပွဲလာရောက်ပါဝင်တဲ့သူတွေအတွက်လည်း လုံခြုံမှုရှိမယ်” ဟု ပြောဆိုသည်။ ဒဘတ်ကျေးရွာကို ၁၉၄၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ကျေးရွာဖြစ်ပြီး … - [ပြည်နယ် လဝကရုံး ပေါက်ကွဲမှု အထိအခိုက်မရှိ ဟုဆို](https://burmese.kachinnews.com/2022/04/16/apr16-ab1/): မြစ်ကြီးနား မြို့သစ်ရပ်ကွက်ရှိ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဧပြီလ ၁၅ ရက် ည ၉နာရီ ဝန်းကျင်‌ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ “ဘာမှ ထိခိုက်တာလည်းမရှိဘူး ဆေးသုတ်ထားတဲ့ သုံးထပ်သားပြားနည်းနည်းပဲထိတယ်။ ရုံးပြင်ဘက်မှာကွဲတာ”ဟု မြို့သစ်ရပ်ကွက်ရုံးမှ တာဝန်ရှိသူက ပြောသည်။ ယင်း မိုင်းဖောက်ခွဲမှုသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။ အလားတူ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည ၅ နာရီခန့်တွင် လမ်းလျှောက်ပြုလုပ်ထားသည့် ပြည်သူ့ရင်ပြင်တွင် သေနတ်ပစ်ဖောက်မှုများရှိခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင်းတွင် ဧပြီလ ၁၃ ရက် သင်္ကြန်အကြို နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ညပိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ - [ဖားကန့်လမ်းတွင် စစ်ကောင်စီတပ်များ စီးလာသော အိမ်စီးကား မိုင်းခွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/04/16/apr16-y1/): ဖားကန့်လမ်း နန့်ယား (Nam Ya) ကျေးရွာတွင် စစ်ကောင်စီတပ် အရာရှိအပါအဝင်တပ်ဖွဲ့ဝင် ၅ ဦးစီးနှင်းလာသော ကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် ၂ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့် Pajero ကားတစ်စီးဖြင့် နန့်ယား (Nam Ya) ကျေးရွာသို့စျေးဝယ်ထွက်လာခဲ့ရာ စဝါဒီခပ့် စားသောက်ဆိုင် အနီးတဝိုက်တွင် ၂ ကြိမ်မိုင်းခွဲ တိုက်ခိုက်ခံရသောကြောင့် ကားတစ်စီးလုံး ပျက်စီးသွားပြီး ဗိုလ်ကြီးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း နန့်ယား ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။ “စျေးဝယ်ရင်း ပြန်လာတဲ့အချိန်မှာဘဲ မိုင်းခွဲခံရတယ်။ ကားမှာ ၅ ယောက် ပါလာတယ်လို့ သိရတယ်။ ၅ယောက်ထဲမှာ ၂ယောက်က ဒဏ်ရာပြင်းတယ်လို့ ကြားတယ်။ နောက် ၃ယောက်က သိပ် ထိခိုက်တာမရှိဘူး။ ထိခိုက်တဲ့ ၂ ယောက်ထဲမှာ တစ်ယောက်က ဗိုလ်ကြီးအဆင့်ရှိတဲ့သူလို့ပြောကြတယ်။ ပြီးရင် သူတို့ စီးလာတဲ့ ကားကတော့ မောင်းလို့မရအောင် ပျက်စီးသွားတယ်” ဟု ပြောဆိုသည်။ ထိုသို့ စစ်ကောင်စီ အရာရှိများ စီးနှင်းလာသောကား မိုင်းခွဲတိုက်ခိုက် ခံရပြီးနောက် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ကချင် လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF များရှိသည့်ဘက်သို့ နန့်ယား စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် … - [ခင်ဦးမြို့နယ် နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၃၀ ဦး သေဆုံးပြီး PDF နှစ်ဦးကျဆုံး](https://burmese.kachinnews.com/2022/04/16/apr16-z1-2/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၃၀ ဦးသေဆုံးကာ PDF ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ပြီး အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ပါဝင်သည့်အဖွဲ့သည် ဧပြီလ ၁၄ ရက်နေ့တွင် ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီစခန်းနှင့် ခင်ဦးရဲစခန်းတို့ကိုသွားရောက်တိုက်ခိုက်ခဲ့သည်။ “၁၄ ရက်နေ့က နေ့လယ် ၁၂နာရီလောက်ကနေစပြီး ပျဥ်ထောင်ရွာမှာရှိတဲ့ စကစတွေနဲ့ ပျူတွေရှိတဲ့နေရာတွေကို ဒရုန်းတွေနဲ့ချတယ် ပစ်ခတ်မှုတွေလည်းလုပ်တယ် အဲ့မှာ စကစဘက်က ခြောက်ယောက်ကျတယ် ခင်ဦးရဲစခန်းကိုလည်း Drone နဲ့ပဲတိုက်ခိုက်တာ ၃ ယောက်ကျပါတယ်” ဟု ခင်းဦး PDF မှ တာဝန်ရှိသူကပြောသည်။ အလားတူ ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပျဥ်ထောင်ကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရှိရာ နေရာများကို သွားရောက်တိုက်ခိုက်ခဲ့မှုတွင်လည်း စစ်ကောင်စီတပ်ဘက်က ၉ ဦး သေဆုံးခဲ့ပြီး ရွာသစ်ကုန်း ကျေးရွာအနီး ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ “မနေ့ကတိုက်ပွဲမှာတော့ ကျနော်တို့ PDF ဘက်က ကျဆုံးတာမရှိခဲ့ပေမယ့် ခြောက်ယောက်ဒဏ်ရာရခဲ့ပါတယ် ဟိုတစ်နေ့ကပေါ့ သင်္ကြန်အကျနေ့ကတော့ ကျနော်တို့ဘက်က ၂ယောက်ကျတယ်”ဟု အဖွဲ့ခေါင်းဆောင်က ပြောသည်။ နှစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီတပ်ဘက်က ၃၀ တိတိသေဆုံးခဲ့ကြောင်း ခင်ဦး PDF က ပြုစုထားသည့်စာရင်းအရ သိရသည်။ လတ်တလောတွင် ခင်ဦးမြို့နယ်က ပျဥ်ထောင်ရွာ၊ ရွာသစ်ကြီး၊ မဒေါင်းလှရွာနဲ့ … - [အင်းတော်ကြီးကန်တွင် ရေကစားရင်း ရေနစ်သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့](https://burmese.kachinnews.com/2022/04/16/apr16-z1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်တွင် ရေကစားရင်း ရေနစ်သေဆုံးခဲ့ သည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဟိုပင်မြို့မှ ကိုဖြိုးဝေလင်းဆိုသူသည် ဧပြီ ၁၅ ရက်နေ့ အင်းတော်ကြီးကန်အတွင်းသို့ ရေလာကစားရာမှ ရေနစ်သေဆုံးခဲ့ပြီး ယနေ့ နံနက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သည့်အမျိုးသား တစ်ဦးက KNGကိုပြောသည်။ “ရုပ်အလောင်းကမနေ့ကလည်းရှာတာ မတွေ့ဘူး။ ဒီနေ့မနက်မှ မနက် ၇နာရီလောက်မှ ပြန်ပေါ်လာတာဗျ။ သူကမနေ့က နေ့လယ် တစ်နာရီလောက်မှ နစ်သွားတာ ဒီနေ့ မီးရှို့သဂြိုလ်မယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။ ယင်းအမျိုးသားသည် ရေကစားသည့်ဘုတ်ဖြင့် ၎င်း၏ သူငယ်ချင်းများနဲ့အတူ ရေကစားနေစဥ် ရေအနက် ၈ပေခန့်တွင် ပြုတ်ကျသွားရာမှ ပြန်မပေါ်နိုင်ပဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အင်းတော်ကြီးကန်တွင် ယခုနှစ်သင်္ကြန်ကာလ ရေကစားသူများနှင့် လာရောက်လည်ပတ်သူ ပုံမှန်ထက်များနေကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သင်္ကြန်ကာလ အင်းတော်ကြီးတွင် အမျိူးသားတစ်ဦး ရေကစားရာမှ ရေနစ်သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။ - [မပခ ဂိတ်အနီးမှာ ဖြတ်သွားသော ခရီးသွားများ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/04/15/apr-ld-1/): မြစ်ကြီးနား ပမ္မတီး ရပ်ကွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အနီးမှ ဖြတ်သန်းသွားလာသော ခရီးသွားများကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယနေ့ ညနေ ၄ နာရီခန့် လူငယ်အချို့ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် ပမ္မတီးရပ်ကွက် စစ်တပ်ဂိတ်မှ လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြေးခဲ့ရသော လူငယ်တစ်ဦးက ပြောသည်။ “ကျနော်တို့က ၂ ယောက်ထဲ အရှေ့မှာတော့ လူငယ်တစ်ချို့သွားနေတာ အဲ့ဒါ သူတို့က လမ်းသွားသူတွေကို စစ်ဆေးနေတာလည်း မဟုတ်ဘူး။ အပြင်မှာတော့ လုံခြုံရေးတွေအများကြီး ချထားတယ်။ ဒါပေမဲ့ လိုက်ပစ်တဲ့သူတွေက သူတို့စစ်တပ်အထဲ ဘက်ကနေ ဘားမဆိုင်ဘူး။ ဘလိုင်း လိုက်ပစ်တာ။ ဆက်တိုက် သေနတ်နဲ့ လိုက်ပစ်တာ ကျနော်တို့တောင် မနည်း ပြေးခဲ့ရတယ်။” ဟု လိုက်လံပစ်ခတ်ခံရသူ လူငယ်တစ်ဦးကပြောသည်။ ထို့သို့ ပစ်ခတ်မှုကြောင့် ခရီးသွားအချို့က ထွက်ပြေးသွားသော်လည်း ကျန်ရစ်ခဲ့သူများရှိသဖြင့် ထိခိုက်မှုကို မသိနိုင်ကြောင်း သူက ပြောသည်။ ၎င်းတို့ အရှေ့တွင် လူငယ်တချို့လည်း ဆိုင်ကယ်ဖြင့် ခရီးသွားနေပြီး စစ်တပ်ဘက်မှ အကြောင်းမရှိ လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ပြီးခဲ့သော ဧပြီ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဆေးတပ်ကို အမည်မသိအဖွဲ့မှ ဗုံးဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။ - [ဧရာဝတီ မြစ်ရေ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ပြည်နယ်မိုးဇလ သတိပေးထား](https://burmese.kachinnews.com/2022/04/15/apr15-ab1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် လက်ရှိအခြေအနေထက် ထပ်မံ မြင့်တက်လာနိုင်သောကြောင့် မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးနေထိုင်သူများ၊ ခရီးသွားလာသူများ ဂရုစိုက်သင့်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။ ဧပြီလ ၁၅ရက်နေ့ နံနက် ၉နာရီခွဲချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၅၆၆) စင်တီမီတာမှ နေ့လည် ၁၂နာရီခွဲ တိုင်းထွာချက်တွင် (၅၉၂) စင်တီမီတာသို့‌ ၁နာရီတွင် ၁ပေနူန်းဖြင့် မြင့်တက်နေသောကြောင့် နောက်ထပ် ၄ ရက်အတွင်း မြစ်ရေ ထပ်မံတက်လာနိုင်သည့်အတွက် ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှတာဝန်ရှိသူက‌ ယခုလို ပြောသည်။ “အဓိကမြစ်ရေကတော့ ပူတာအိုဘက်က ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ နောင်မွန်း အဲဘက်ကရှိတဲ့ရေခဲတောင်ပေါ်ဒီချိန်က မိုးရွာတယ်။ ပြီးတော့အပူချိန်ကလည်းများလာတော့ရေခဲရေအရည်ပျော်ပြီးဆင်းတယ်။ အဲမှာမိုးရွာတော့ ရေခဲကို ရေနဲ့လောင်းလိုက်သလိုဘဲ။ ရေခဲရေလည်း ပါလာတော့ ပိုများတယ်။ အဲလိုအလုံးအရင်းဆင်းလာတတ်တယ် အဲကြောင့် မြစ်ကမ်းမှာ လုပ်ကိုင်စားသောက်တဲ့သူတွေအနေနဲ့ မိုးလေဝသသတင်းကိုနားထောင်ပြီး သတိထားနေသင့်တယ်” ဟု ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှတာဝန်ရှိသူက‌ ပြောသည်။ ဧရာဝတီမြစ်ရေသည် ယခင်နှစ်များတွင်လည်း သင်္ကြန်ကာလ‌ချိန် ပုံမှန်ထက်အနည်းငယ် မြင့်တက်နေကျဖြစ်သော်လည်း ယခုနှစ်တွင်မူ ဧပြီလ ၂ရက်နေ့တစ်ကြိမ် ၊ဧပြီလ ၅ရက်နေ့တစ်ကြိမ်၊ ဧပြီလ ၁၀ရက်နေ့တစ်ကြိမ် ရေဝင်ရောက်လာခဲ့သည့်အတွက် ယခုနှစ်တွင် ရေဝင်ရောက်မှု အနည်းငယ်စောနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ ပြည်နယ် မိုးဇလ၏ ဧပြီလ ၁၅ရက်နေ့ နေ့လည် ၁၂နာရီခွဲ ထုတ်ပြန်ချက်အရ သတိထားနေထိုင်ရန် လိုအပ်သည့်မြို့နယ်များသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၈)ပေမှ (၉)ပေခန့်၊ နောက်(၅)ရက်မှ (၈)ရက်အတွင်း မန္တလေးမြို့၊ … - [မိုင်းခေါင်ကျေးရွာအထွက် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/04/15/apr-15-ld-1/): မံစီ (Man Je) မြို့နယ် မိုင်းခေါင် ကျေးရွာအထွက်တွင် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၆ နာရီ မိုင်းခေါင် (Mung Hkawng) စစ်တပ်စခန်းမှ မဂျီဂုန်(Maji Gung) စစ်တပ်ဗျူဟာကုန်းသို့ ချီတက်လာသော အဆိုပါ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိုင်းခေါင်ဒေသခံတစ်ဦးထံမှ သိရသည်။ “ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းတွေ မိုင်းခေါင်းစစ်တပ်စခန်းမှာ ခဏနားပြီး ဒီမနက် အဲ့ထဲက စစ်အင်အားတစ်ချို့နဲ့ ပြန်ပူးပေါင်း ထွက်လာတဲ့ချိန် မိုင်းခေါင်ရွာ ရပ်ကွက် ၃ စာသင်ကျောင်းရှေ့ရောက်တော့ မိုင်းခွဲခံရတာဖြစ်တယ်။” ဟု မိုင်းခေါင်ဒေသခံတစ်ဦးက ပြောသည်။ မိုင်းခွဲခံရသော စစ်ကောင်စီ စစ်ကြောင်းမှ ဘေးပတ်ဝန်းကျင်ကို သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း စစ်ရှောင်စခန်းရှေ့နှင့် လူနေအိမ်များတွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ်များသည် ဗန်းမော်မှ မဂျီဂုန် ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်အင်းအား နှင့် ရိက္ခာများကို ဆက်တိုက် ပို့ဆောင် လှုပ်ရှားနေကြောင်း သိရသည်။ ထို့ကြောင့် မိုင်းခေါင် နှင့် မဂျီဂုန်ကြားရှိသည့် KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ မှ ကြားဖြတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခဲ့ရာ ၂ လအတွင်း ၁၀ ကြိမ်ထက် မနည်း … - [ကလေး PDF တပ်ရင်း ၃ စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး](https://burmese.kachinnews.com/2022/04/14/apr14-z1-4/): စစ်ကိုင်းတိုင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း ၃ စခန်း ဝင်ရောက်စီးနင်းခံလိုက်ရပြီးနောက် တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း Kalay PDF မှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါသော စစ်ကြောင်းသည် ဧပြီ ၁၂ ရက်နေ့ ကလေးမြို့ အနောက်မြောက်တွင် စခန်းချထားသည့် Kalay PDF တပ်ရင်း ၃ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အင်အား မမျှသဖြင့် PDF တပ်ဖွဲ့ဝင်များ စခန်းကို စွန့်လွတ်လိုက်ရကြောင်း Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”တောထဲကို ထင်းခုတ်သွားတဲ့ဒေသခံတွေ တချို့က စခန်းကိုတွေ့ခဲ့လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်မေးမြန်းပြီး အင်အားအများအပြားနဲ့ ဝင်သိမ်းခံရတာလို့ သိရတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ရမ်းပစ်ပြီး ဝင်စီးတာဗျ ပြန်လည်ခုခံရင်းနဲ့ တပ်ဖွဲ့ဝင်တစ်ဦး အသက်ပေးလိုက်ရတယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ စခန်းဝင်ရောက်စီးနင်းခံရချိန်တွင် Kalay PDF ဖက်မှလည်း ခုခံပစ်ခတ်မှုများရှိခဲ့သည့် အပြင် စခန်းပတ်ဝန်းကျင်တွင်ထောင် ထားသည့် မိုင်းများနင်းမိသဖြင့် စစ်ကောင်စီ တပ်ဘက်ကလည်း အကျအဆုံးရှိခဲ့ကြောင်း သိရသည်။ ကလေး PDF တပ်ရင်း ၃ စခန်းသည် လွန်ခဲ့သည့် နိုဝင်ဘာလကတည်း တစ်ချိန်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆေးတပ်သားအမျိုးသမီးအချို့ ဖမ်းဆီးခံရမှုများရှိခဲ့သည်။ ဧပြီလ ၁၂ ရက်နေ့ စစ်ကောင်စီတပ် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် Kalay PDF တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံလိုက်ရပြီး မီးရှို့သတ်ဖြတ်ခံရကြောင်း သိရသည်။ ဧပြီ ၁၁ ရက်နေ့ကလည်း နတ်မြောင်းရွာအနီး … - [မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ](https://burmese.kachinnews.com/2022/04/14/apr-14/): ပူတာအိုခရိုင် မချမ််််််းဘော့မြို့နယ် မန်နူကျေးရွာအုပ်စုရှိ ပြည်သူများ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။ မန်နူကျေးရွာတွင် နေထိုင်သောပြည်သူများသည် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျေးရွာရှိ ပြည်သူတစ်ဦးထံမှ သိရသည်။ “ဆေးနဲ့ပတ်သက်ပြီး တော်တော်ခက်ခဲတယ်။ ရာသီပေါ်တုပ်ကွေး၊ အစာအိမ်နှင့် သွေးတိုး အများဆုံးပဲ၊ အခုက ဆေးဆိုင်မှာ ဆေးစပ်ပြီး ဝယ်စုထားရတယ်၊ NGO တွေတော့ တခါတလေပဲ ရောက်တယ်၊ ကျွန်တော်ဆေးဝယ်စုထားတဲ့ထဲကပဲ လိုအပ်တဲ့သူကို လာယူစားခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရာသီပေါ်တုပ်ကွေးအဖြစ်များပြီး လူကြီးများတွင် အစာအိမ်နှင့် သွေးတိုးရောဂါ အဖြစ်များကြောင်းလည်း သိရသည်။ NGO အဖွဲ့အစည်းများ တစ်ခါတစ်ရံရောက်ရှိသော်လည်း HIV၊ AIDS နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ပတ်သက်သော ဆေးကုသမှုနှင့် အသိပညာပေးမှုကိုသာ ပြုလုပ်ကြသည်ဟု ဆိုသည်။ “အခုချိန်ကစပြီး ရေကြီးလာတော့မယ်၊ ရေကြီးလာရင် တော်တော်ခက်ပြီ၊ ရေဖြတ်ပြီးသွားရတော့ ရေကြီးရင် သွားလို့မရတော့ဘူး၊ Block ဖြစ်သွားပြီ၊ မိုးတွင်းအတွက်ခုကတည်းကဆေးဝယ်စုထားရတော့မယ်” ဟု မိုးရာသီမရောက်မှီ ဆေးဝါးများ ပြင်ဆင်ထားရတော့မည့်အကြောင်း သူက ဆက်ဆိုသည်။ ယခင် အာဏာမသိမ်းခင်ကာလ ကျေးလက်ကျန်းမာရေးဆရာမများ ရှိသော်လည်း ယခုအခါတွင် CDM လုပ်ထားသဖြင့် ဆေးဝါးဝန်ထမ်းများ လိုအပ်နေသည်ဟုလည်း သိရသည်။ ဒေသခံများအနေဖြင့် ဆေးပေးခန်းနှင့် လိုအပ်သည့်ဆေးဝါးများကို အလွယ်တကူရယူနိုင်ရန်အတွက်လည်း လူမှူအဖွဲ့အစည်းများထံ တောင်းဆိုကြောင်း ပြောကြားသည်။ မန်နူကျေးရွာအုပ်စုသည် ပူတာအိုမြို့မှ ကုန်းလမ်းရေလမ်းဖြင့် ဖြတ်၍ သွားရပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော်နေထိုင်သော ကျေးရွာများဖြစ်သည်။ - [အင်းတော်မြို့နယ် စစ်ကောင်စီ သတင်းပေးဆိုသူ အသတ်ခံရ](https://burmese.kachinnews.com/2022/04/14/apr14-z1-2/): စစ်ကိုင်း အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ပင့်တင် ကျေးရွာမှ စစ်ကောင်စီ သတင်းပေး အမျိုးသားတစ်ဦး ယမန်နေ့ညနေပိုင်း အသတ်ခံရကြောင်း သိရသည်။ အသတ်ခံရသူမှာ အသက် ၄၉ အရွယ် ဦးဝင်းဗိုလ် ဆိုသူဖြစ်ကာ ဧပြီ ၁၂ ရက်နေ့ည ၅ နာရီခန့်တွင် Tiger Army တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “သူကပင့်တင်ရွာမှာ စစ်တပ်လာထိုင်ဖို့ စစ်တပ်ကိုဖုန်းဆက်ခေါ်တယ်။ တော်လှန် ရေးလုပ်နေတဲ့ ပြည်သူတွေကိုလည်း တိုင်တာတွေလုပ်ပါတယ်။ PDF ရှိတဲ့နေရာတွေကိုလမ်းပြတယ်။ ဒါကြောင့်မနေ့ညက သူ့အိမ်မှာဝင်ပြီး သေနတ်နဲ့သုံးချက်ပစ်သတ်ခဲ့ပါတယ်” ဟု Tiger Army တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုသူ၏ သတင်းပေးမှုကြောင့် PDF များနောက်လိုက်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု Tiger Army တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးဝင်းဗိုလ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသည့် သားတစ်ယောက်လည်း ရှိကြောင်းသိရသည်။ ဒေသခံ ကာကွယ်တပ်ဖြစ်သော Tiger Army အဖွဲ့သည် အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး ၃ ဦးကို ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု ပြောပါသည်။ - [စစ်ကောင်စီတပ်၏ စစ်ရိက္ခာတင် စက်လှေ ၁ စီး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/04/14/apr14-z1/): ကချင်ပြည်နယ် ရွှေကူမြို့မှ ကျောက်ကြီးရွာ ဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာတင် စက်လှေတစ်စီး မြို့လှ PDF တပ်ဖွဲ့က ဧပြီလ ၁၃ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျောက်ကြီး တပ်ရင်းမှူးတစ်ဦး၊ ကျောက်ကြီး ရဲစခန်းမှူးတစ်ဦးအပါ စစ်အင်အား ၈ ဦး လိုက်ပါလာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၁ စီးကို မြို့လှ KPDF တပ်ခွဲ (၃) မှ တပ်ခွဲမှူး လမ်းခုလတ်မြစ်ကမ်းတနေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့‌ကြောင်း မြို့လှ KPDF မှာ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျနော်တို့အဖွဲ့က သတင်းရလို့သွားစောင့်ပြီးတော့ RPG ရော လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်။ ထိရောက်မူအပိုင်းကတော့ သေချာမသိရဘူး။ ဘာလို့လဲဆိုရင် အချိန်ကလည်း ၆နာရီခွဲဆိုတော့ မှောင်နေပြီမို့လေ” လို့ မြို့လှ PDF တပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ပစ်ခတ်တိုက်ခိုက်ချိန် ၁၀ မိနစ်ဝန်းကျင်ခန့်သာရှိသော်လည်း လက်နက်ကြီးများနှင့် ပစ်ခတ်နိုင်ခဲ့သည့်အတွက် ထိခိုက်သေဆုံးသူ ရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလမှစကာ ကသာအထက်ပိုင်းမြစ်ကြောင်း အသုံးပြုကာ နေ့စဉ်ဆိုသလို ရိက္ခာဖြည့်တင်းနေကြောင်းလည်း သိရသည်။ “ခုတစ်‌လော တပ်က ဆုတ်သွားတာတွေရှိပေမယ့် သူတို့က ရိက္ခာ‌တော့ ပုံမှန်စုဆောင်းနေတာလေ။ သုံးသပ်ကြည့်အရဆို စစ်ရေးအတွက်ပြင်ဆင်နေတယ်လို့မြင်တယ်” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအထက်ပိုင်း ‌ရွှေကူ၊ ဗန်းမော်မြစ်ကြောင်းတစ်လျှောက်တွင် ဖေဖော်ဝါရီလမှစကာ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်တင်းလာသည့်အတွက် ဒေသကာကွယ်ရေးတပ်၊ မြို့လှ PDF တပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူ … - [သုံး ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရသည့် နတ်ချောင်းရွာတွင် ဒုက္ခသည် ၅ ထောင်နီးပါး ရှိလာ](https://burmese.kachinnews.com/2022/04/14/apr15-z1/): စစ်ကိုင်းတိုင်း ကလေးမြို့ နယ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ၃ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ အိုးအိမ် စွန့်ခွာနေသည့်ဒုက္ခသည် ၅ ထောင်နီးပါးရှိကြောင်း နတ်ချောင်းရွာ ဒေသခံများထံမှ သိရသည်။ နတ်ချောင်းကျေးရွာသည် ၂၀၂၁ ဒီဇင်ဘာလကစတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ သုံးကြိမ်တိုင် မီးရှို့ခံရပြီး ဖြစ်ပြီး ပထမအကြိမ်တွင် လူနေအိမ် ၄၃လုံး၊ ဒုတိယအကြိမ်တွင် ၇၈ လုံးနှင့် ယမန်နေ့က နေအိမ်အလုံး ၉၀ စုစုပေါင်း နေအိမ်၂၁၁ လုံး အထိ မီရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အခုတိမ်း ရှောင်နေရတာကတော့ တစ်ရွာလုံးလိုပါပဲ။ လက်ရှိကတော့သူတို့ကို ဒုက္ခည်စခန်းထိုးပေးထားတယ်။ စခန်းထိုးပေးတာက အားလုံး ၃ ထောင်ကျော်တယ်ဗျ။ တစ်ချို့က လယ်ခင်းယာခင်းနဲ့တောထဲမှာ တိမ်းရှောင်နေကြတယ်။ အားလုံးဆိုရင် ငါးထောင်နီးပါးလောက်ရှိမယ်” ဟုယင်းဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။ နတ်ချောင်းကျေးရွာသည် အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး လတ်တလော မီးဘေးသင့် ပြည်သူ နှင့် ဒုက္ခသည် ၅ ထောင်နီးပါးရှိနေပြီး ၎င်းတို့အတွက် အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။ “သူတို့အတွက်အဓိကတော့ ဆန်ဆီဆားတွေလိုတယ် ပြီးတော့ မိုးကာလိုတယ်အခုဆိုရင် မိုးကာ အခက်အခဲ ဖြစ်နေတယ်။ ရွာထဲမှာမနေပဲတောင်ပေါ်တက်နေရတာဆိုတော့ တဲကတော့ဝါးတွေခုတ်ပြီး ထိုးပေးတာမိုးကာကတော့ ဝယ်ရတာ စျေးကလည်းကြီးဆိုတော့ အခက်အခဖြစ်နေတယ် အားလုံးကမဝယ်နိုင်ဘူး။ ဒုက္ခဆင်းရဲကတော့ခံရတာပေါ့”ဟု ယင်း ဒုက္ခသည်များ ကိုကူညီပေးနေသည့်အမျိုးသားတစ်ဦးက ပြောသည်။ နတ်ချောင်း ကျေးရွာကိုအကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ရှိပြီး ယင်း တပ်ရင်းတစ်ခုတည်းကပင် အကြိမ်ကြိမ်မီးရှို့နေကြောင်း ဒေသခံတစ်ဦးက … - [အဓမ္မပြုကျင့်ရန် ကြိုးပမ်းရင်း ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားကို အသေ ဖမ်းဆီးရမိ](https://burmese.kachinnews.com/2022/04/13/apr-13-ld-1/): ကွက်ခိုင်မြို့အနီး ဟိုနောင်းကျေးရွာတွင် ယမန်နေ့ညနေပိုင်း ကချင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းရင်း ချူပ်နှောင်ခံထားရာမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားကို ယနေ့ ဧပြီ ၁၃ ရက် ညနေပိုင်း ၅ နာရီခန့်တွင် ပစ်ခတ်ရင်း အသေဖမ်းဆီးရမိ ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းစစ်သားသည် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကြောင့် ချူပ်နှောင်ထားရာမှ အစောင့် စစ်သား ၅ ဦးကို ထပ်မံပစ်သတ်ပြီး ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားရာ ယနေ့ညနေပိုင်းတွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ပြန်တွေ့ပြီ၊ ဒီညနေ ၅ နာရီ ကျော်မှာ သေနတ်သံတောင် အကြာကြီးမည် နေတာ။ အဲ့ချိန် ပစ်သတ်လိုက်တယ် ပြောတယ်။ ရွာအောက်ပိုင်းမှာ အဲ့စစ်သားက သေနတ်ကိုင်ပြီး ထွက်လာတဲ့ချိန် ရစစ်သားတွေ ဝိုင်းရံ ဖမ်းဆီး ပစ်ခတ်ကြပြီး အသေဖမ်းမိတယ် ပြောတယ်။ စစ်တပ်ဘက်က ဒီညနေ ရွာလူကြီးကို ဖုန်းဆက်ပြောပြီး အသေဖမ်းမိပြီလို့ အကြောင်းကြားပြီလို့ ပြောတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ အဆိုပါ စစ်သား၏အလောင်းကို ယနေ့ ညနေပိုင်းတါင် သဂြုလ်လိုက်ပြီးနောက် ရွာတွင်ရောက်ရှိနေသည့် စစ်တပ်သည်လည်း ထွက်သွားလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ ဟိုနောင်း ကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းသည် ရောက်ရှိပြီး ၂ ရက်အကြာမှာ ယခုလို ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သားမှ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကြောင့် … - [မြေရှားတူးဖော်ရေးအစီစဉ် ကန့်ကွက်သူကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထား](https://burmese.kachinnews.com/2022/04/13/apr-13-y-1/): ကချင်ပြည်နယ် ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာတွင် မြေရှားသတ္ထု (Rare Earth) တူးဖော်ရန် ကန့်ကွက်သည့် ဒေသခံ ဆယ်အိမ်မှူး အမျိုးသားတစ်ဦးကို ဌာနယ်ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် လက်ထိပ်ခတ် ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ဦးယော်ဇုန်း ကို မြေရှားသတ္ထု စမ်းသပ်တူးဖော်ရန် စီစဉ်နေသော ဦးလဂျို ကျန်းယိန်းနှင့် ဦး လနာမ် ဘောမ့်တိန့် တို့ ၂ဦး က ဆိုင်ကယ်ပေါ်မှ ဆွဲချရိုက်နက်မှုများ ပြုလုပ်ခဲ့သဖြင့် လဂွေပြည်သူ့စစ်အဖွဲ့ဝင် ၆ဦးထံသို့ အပ်နှံခဲ့ပြီနောက် လဂွေပြည်သူ့စစ်ဂိတ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အမည်ဖော်လိုသူ ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။ “အဲ့ဒီဖမ်းဆီးသွာတဲ့နောက်ပိုင်းကနေ အဆက်အသွယ်လည်းမရဆိုတော့ဘူးတဲ့။ ပြန်လွတ်ပေးဖို့ ထွန်းရှိန်ဒေသခံတွေက တောင်းဆိုနေကြတယ်။ အခုနောက်ဆုံးသတင်းကတော့ သေချာမရသေးဘူး။ အဆက်အသွယ်လည်း အခက်အခဲရှိနေပါတယ်” ဟု ပြောဆိုသည်။ ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးထားသော ဦးယော်ဇုန်းကို ပြန်လည်လွတ်ပေးရန်အတွက် ထွန်းရှိန်ဒေသခံပြည်သူများက ထိုဒေသရှိ နယ်ခြားစောင့်တပ်အဖွဲ့ကို သွားရောက်တောင်ဆိုမှုများ ပြုလုပ်ထားကြောင်းနှင့် ဆယ်အိမ်မှူး ဦးယော်ဇုန်းသည် မြေရှားသတ္ထုတူးဖော်ရေးအလိုမရှိကြောင်း ကန့်ကွက်ရာတွင် ပါဝင်ခဲ့သော ဒေသခံတစ်ဦးဖြစ်ကြောင်လည်း သိရသည်။ ပြီးခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အထူးဒေသ(၁) ချမ်းမောခုန်းဒေသရှိ ထွန်းရှိန်၊ ဂျိတ်ဂျောနှင့် နိုဇွန်ဘော် ရွာ ၃ ရွာမှ အုပ်စု ၂ခု၏ နယ်မြေတွင် မြေရှားရှာဖွေရန်အတွက် ကနဦး လေ့လာစမ်းသပ်မှုများ ပြုလုပ်ရန် စည်းရုံးမှုများ ယနေ့အထိ ရှိလာခဲ့ကြောင်း … - [စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့ကို KIA နှင့် PDF တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်း](https://burmese.kachinnews.com/2022/04/13/apr-13-s1-2/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၆ နယ်မြေ ဆော့လော်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်အောက် ပြည်သူ့စစ်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တိုက်ခိုက်ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်း သိရသည်။ ဧပြီလ ၁၂ ရက်ညနေပိုင်း ဆော့လော်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ဗစ်ရှိန့် ကျေးရွာတွင် ပြည်သူ့စစ် တပ်ဖွဲ့ကို PDF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆော့လော်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “မနေ့ ညနေပိုင်းက ဟုတ်တယ်။ PDF တွေနဲ့ ပြည်သူ့စစ်တွေရဲ့ တိုက်ပွဲဖြစ်တယ်။ ပြည်သူ့စစ်ဘက်က ၆ ယောက်ဖမ်းမိတယ်။” ဟု ပြောသည်။ ပြည်သူ့စစ်အဖွဲ့ အင်အား ၁၀ ယောက်ကျော်ပါသော ယာဉ်တစ်စီးကို PDF အဖွဲ့က တိုက်ခိုက်ခဲ့ပြီး လက်နက် ၁၀ လက်ကိုလည်း သိမ်းဆည်းရမိကာ ပြည်သူ့စစ်ဘက် သေဆုံးသူလည်းရှိသည်ဟု သူက ဆက်လက်ပြောဆိုသည်။ ယခု ပစ်ခတ်မှုမှာ KIA တပ်မဟာ ၇ အောက် တပ်ရင်း ၄၆ နယ်မြေဖြစ်သော ချီဖွေ နှင့် ဆော့လော်ဒေသတွင် ၂၀၂၀ မှ ၂၀၂၂ အတွင်း ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဒေသတွင် စစ်ကောင်စီတပ် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ အောက် စစ်ကြောင်းများ အခြေချထားပြီး ၎င်းတို့ကို ပန်ဝါဗျူဟာမှ ကြီးကြပ်သည်ဟု သိသည်။ စစ်ကောင်စီတပ်အပြင် ဌာနေပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ စုစုပေါင်း အင်အား ၂၀၀ … - [ဘုရားစင် ဖယောင်းတိုင် မီးကြောင့် လူနေအိမ်နှစ်လုံး မီးလောင်](https://burmese.kachinnews.com/2022/04/13/apr14-ab1/): တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက် လူနေအိမ်တစ်လုံးတွင် ဘုရားစင်၌ ထွန်းညှိထားသည့် ဖယောင်းတိုင်မီးကြောင့် လူနေအိမ်နှစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းက ဆွတ်ငိုင်ရပ်ကွက် နေအိမ်အတွင်း ဘုရားစင်ပေါ်၌ ဖယောင်းတိုင် မီးထွန်းညှိထားရာ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ဖြစ်စဉ်အနီးတွင်နေထိုင်သူတစ်ဦးက KNG ကိုပြောသည်။ “မနက်ပိုင်းမှာလောင်မီးတာ သူတို့မနက်ပိုင်း ဘုရားရှိခိုးဖို့ဘုရားစင်မှာဖယောင်တိုင်မီး ထွန်းထားတာ အဲ့တာပြန်မငြိမ်သတ်ဘူးဒီတိုင်းထွန်းထားတာကနေမီးလောင်သွားတာ။ အိမ်ကြီးကနေမီးစလောင်တာ”ဟု အနီးဝန်းကျင်တွင်နေထိုင်သည့်အမျိူးသားတစ်ဦးက ပြောသည်။ ယင်း မီးလောင်မှုကြောင့် နှစ်ထပ်တိုက်အိမ် တစ်လုံးနှင့် သွပ်မိုး ပျဥ်ခင်းလူနေအိမ် တစ်လုံးမီးလောင်ဆုံးရှူံးခဲ့ကြောင်းသိရသည်။ မီးလောင်ဆုံးရှုံးလိုက်ရသည့် နေအိမ်သည် ဆွတ်ငိုင်ရပ်ကွက် မှ ဦးထွန်းဝင်း ၏နေအိမ်ဖြစ်ကြောင်းသိရသည်။ - [မြစ်ကြီးနား သင်္ကြန်ပွဲ လည်ပတ်သူ မရှိသလောက် နည်းပါး](https://burmese.kachinnews.com/2022/04/13/apr14-z1-3/): စစ်ကောင်စီက မြစ်ကြီးနားမြို့တွင် ဗဟိုမဏ္ဍပ်များတည်ဆောက်ကာ သင်္ကြန်ပွဲတော်အတွက် စည်စည်း ကားကား ကျင်းပရန် စီစဉ် ထားသော်လည်း လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်အတွက် ပြည်သူ့ရင်ပြင်တွင် ပြင်ဆင်ထားပြီး ဗဟိုမဏ္ဍပ်ကို ပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့တွင် ၂ ခု နှင့် စုပေါင်းရုံးရှေ့တွင်တစ်ခု တည်ဆောက်ထားသော်လည်း ယနေ့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးနေကြောင်း မြစ်ကြီးနားမြို့နေ အမျိူးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “လမ်းလျှောက်သင်္ကြန် လုပ်တဲ့ဘက်တွင် ခုနကပဲ ရောက်ဖြစ်တယ်။ လူကအရမ်းကြီးမရှိဘူး ရှိတော့ရှိတယ်။ လူပါးတယ် နည်းတယ် အထဲမှာဆိုရင်နည်းနည်းလေးပဲရှိတယ် ရေဆော့နေကြတာ မြို့ထဲလမ်းတွေမှာလည်း လူတောင်နည်းနည်းရှင်းတယ် ပုံမှန်လိုပဲသွားလာနေကြတာ”ဟု မြစ်ကြီးနားမြို့တွင်း လှည့်လည်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့တွင် ယမန်နေ့ညက ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယနေ့ နေ့ခင်းပိုင်းတွင်လည်း ခရိုင်ကြံ့ခိုင်ရေးပါတီရုံးရှေ့ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ရာ ယခုကဲသို့အခြေအနေများကြောင့် သင်္ကြန်လည်ပတ်ရန် စိတ်ကူးမထားကြောင်း မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “မြို့ထဲသွားလည်ဖြစ်လားဆိုတော့ မသွားဖြစ်ဘူးနော် အခြေအနေက ခဏခဏ မိုင်းကွဲနေတာလေ။ မလည်ဖြစ်ဘူး အဲ့ဒီမြို့တော်ခန်းမှာရှေ့မှာလည်း မနက်ကအလုပ်ကစ္စခဏသွားရင်းတွေ့တာ မဏ္ဍပ်ကအကြီးကြီး နှစ်ခုဆောက်ထားပေမယ့် လူကမရှိဘူး ရဲတွေတော့အပြည့်ရှိတယ် အပြင်လူတွေလည်းမဝင်ခိုင်းဘူး လမ်းကောပိတ်ထားတာ မဏ္ဍပ်ဘက်ကိုဝင်လို့မရဘူး”ဟု ၎င်းကပြောသည်။ စစ်ကောင်စီက မြစ်ကြီးနားအပါအဝင် ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့ကြီးများတွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်များ ခမ်းခမ်းနားနားတည်ဆောက်ထားသော်လည်း စည်ကားမှုမရှိပဲ လာရောက်လည်ပတ်သူ အလွန်နည်းပါးသည်ကို မြင်တွေ့ရသည်။ - [အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသော စစ်သား ထိန်းသိမ်းခံရပြီးနောက် အခြား စစ်သား ၃ ဦးကို ပစ်သတ်ကာ ထွက်ပြေး](https://burmese.kachinnews.com/2022/04/12/apr-12-ld-1/): ကွတ်ခိုင်မြို့ အနီး ကချင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦး အဓမ္မပြုကျင့်ရန် ရိုက်နက်နေစဉ် တပ်အချင်းချင်း ထိန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း အဆိုပါ စစ်သားသည် အခြား စစ်သား ၃ ဦးကကို ထပ်မံ ပစ်သတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခန့် ကွတ်ခိုင်မြို့အနီး ဟူနှောင်း ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကျေးရွာတွင် ယာယီ တပ်ချနေသည့် စစ်ကောင်စီတပ် မှ တပ်သားတစ်ဦးက အသက် ၅၀ ကျော်အရွယ် ဒေသခံ ကချင်အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၉ နာရီ လောက်မှာ အဲ့ဒီအမျိုးသမီးက သူ့အစ်ကိုတို့ခြံမှာ အလုပ်သွားကူဖို့သွားတာ ဒီနေ့အလုပ်မလုပ်တော့ဘူးပြောလို့ ပြန်ခေါက်လာတာကို အဲ့နားမှာ ကင်းစောင့်နေတဲ့ စစ်သားက အရက်လည်း နည်းနည်းသောက်ထားမယ်ထင်တယ်၊ သူ့နောက်ကနေ လိုက်ပြီး လိုက်ဆွဲတာပေါ့။ စော်ကားဖို့ ကြံတာပေါ့။ အဲ့အမျိုးသမီးက ကြောက်ပြီး အော်ဟစ်တော့ မအော်နဲ့ ဆိုပြီး၊ လည်ပင်းညှစ်ပေး၊ နားအူတွေ ပိတ်ရိုက်ပေးပြီး ခေါင်းတွေထုပေးတယ်ပြောတယ်။ အဲ့ဒီကနေ အော်ပြီး လွတ်အောင်ပြေးပြီး အိမ်ရှေ့ထိ ပြေးလာနိုင်တော့ အဲ့ဒီထိ ပြန်မိပြီး မြေကြီးပေါ် တွန်းလဲ ဖိထားလိုက်ပြီး ခေါင်းတွေ ရိုက်ပေး၊ ပါးတွေရိုက် အဲ့လို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အနီးနားရှိတဲ့ သူတချို့က အော်သံကြားလိုက်သလိုပဲ ဆိုပြီး လာခဲ့ကြတော့ အဲ့မှာ အဓ္ဓမ မပြုကျင့်လိုက်နိုင်တရုံပဲ ပြန်လွတ်ခဲ့တာ ဖြစ်တယ်။” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦး က … - [ချောင်းဝ ရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီကင်းတဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/04/12/apr12-z1-3/): ကသာနယ် ချောင်းဝရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်၏ ကင်းတဲကို မြို့လှ PDF တပ်မှ ယမန်နေ့ည ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ကင်းစခန်းအား H-22 လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ကြောင်း မြို့လှ PDF တာဝန်ရှိသူတစ်ဦး ပြောသည်။ “ကင်းတဲအထဲကိုထိထိမိမိ ပစ်ထည့်လိုက်နိုင်တာ သူတို့ဘက်က ပြန်ပစ်ဖို့နေနေသာသာ အသံတောင်ထွက်မလာတော့ဘူး” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။ အဆိုပါကင်းတဲတွင် စစ်ကောင်စီ တပ်အင်အား ၇ ဦး ထက်မနည်းရှိကြောင်း သိရသည်။ “သေဆုံးတဲ့အခြေနေတော့ အသေးစိတ်မသိရဘူး ဘာလို့လဲဆိုရင် သူတို့က အလောင်းဖွက်တာ သတင်းဖုံးတာ အရမ်းတော်တယ်လေ အဲတော့ထိခိုက်သေဆုံးတဲ့ စာရင်းတော့ မသိလိုက်ရတာ” လို့ မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။ လက်ရှိ မြို့လှကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်တပ်စွဲ နေထိုင်ထားကြောင်းလည်း သိရသည်။ စစ်ကိုင်းတိုင်း ကသာအထက်ပိုင်း ‌ရွှေကူ၊ ဗန်းမော် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဖေဖော်ဝါရီလမှစကာ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်တင်းလာသည့်အတွက် ဒေသခံကာကွယ်ရေးတပ်၊ မြို့လှ PDF တပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံနေရဆဲဖြစ်သည်။ - [မြန်မာ ကုန်ကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် ပြန်ရနေ](https://burmese.kachinnews.com/2022/04/12/apr12-z1-2/): မိုးမောက်မြို့နယ် ကချင် တရုတ်နယ်စပ် လွယ်ဂျယ်-လိုင်းရင်း ကုန်သွယ်ရေးလမ်းကြောင်းတွင် ကိုဗစ်-၁၉ ကြောင့် မြန်မာကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် တရုတ်အစိုးရဘက်က ပိတ်ပင်ထားခဲ့ရာ ဧပြီလ ၃ ရက်နေ့ ပြန်လည် ဝင်ရောက်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ”ဆယ်ရက်လောက်ရှိပြီဗျ သွားနေတာက အခု မြန်မာကားသမားတွေကို တရုတ်ပြည်ထိဝင်ခိုင်းပြီ တရုတ်ပြည်ထိ မောင်းဝင်တဲ့စနစ်နဲ့ဝင်ခိုင်းပြီး” ဟု ဗန်းမော်ခရိုင် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျော၊ ပြောင်း ဆန်၊ကြံ များတင်ပို့သည့်သီးနှံကားသမားများသည် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း နောက်ပိုင်းမှစကာ တရုတ်နိုင်ငံထိ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခံခဲ့ရသည်။ ယခုကဲ့သို့ ကားသမားများဝင်ခွင့် မရခြင်းသည် ကုန်သွယ်ရေးနှောက်နှေးမှု ဖြစ်စေသည့်အပြင် ကုန်ကားသမား များအတွက် အခက်အခဲဖြစ်စေသောကြောင့် တရုတ်-မြန်မာနှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးမှုအရ တရုတ်ပြည်တွင်းသို့ ဧပြီလမှစကာ ကားသမားများ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် တရုတ်ပြည်ထိ ဝင်ရောက်မောင်းနှင်ခွင့်ရသည့် ကုန်ကားသမားများသည် လွယ်ဂျယ်ဂိတ် ကျောက်စခန်းတွင် သီးသန့်ထားရှိကာ အကြိမ်အကြိမ် ကိုဗစ်စစ်ဆေးမှုပြုလုပ်ထားသူများကိုသာ ဝင်ခွင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ”သီးနှံတွေကို စိုက်ခင်းကနေ ဂိတ်ထိ သယ်လာတဲ့ကားသမားတွေက သီးသန့်ပါ။ ဒီလွယ်ဂျယ်ကျောက်စခန်းဂိတ်ကို ရောက်လာတဲ့သီးနှံတွေကိုမှ ဒီကျောက်စခန်းမှာ သီးသန့်ထားတဲ့ အကြိမ်ကြိမ်ကိုဗစ်စစ်ဆေးပြီးသား ကားသမားတွေက တရုတ်ပြည်ထိဝင်မောင်းပေးတာ၊ဝင်ခွင့်ရတာပါ လာရင်းဂိတ်အထိဝင်ခွင့်ပေးတယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။ ကိုဗစ်ပထမလိုင်းနောက်ပိုင်းမှစတင်၍ ဧပြီလမတိုင်မှီအထိ လွယ်ဂျယ်ဂိတ်အလွန် မြန်မာ-တရုတ်နယ်စပ် ဂိတ်ပေါက်တွင် ကရိန်းဖြင့် သယ်ယူကာပစ္စည်းလှဲလှယ်သည့် စနစ်နဲ့ ကားသမားများ … - [ကလေး နတ်ချောင်း စာသင်ကျောင်းနှင့် လူနေအိမ် ၁၀၀ ဝန်းကျင်ခန့် ထပ်မံ မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/04/12/apr12-z1/): စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာမှ ပညာဗမ္မာန် ကိုယ်ပိုင် အထက်တန်းကျောင်း အပါအဝင် လူနေအိမ် ၁၀၀ နီးပါးခန့်ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းမြစ်များထံမှ သိရသည်။ “မနေ့က လာရှို့တာ မီးငြိမ်းဖို့သွားတဲ့သူတွေကိုလည်း စစ်သားတွေက လှမ်းပစ်လို့ တစ်ချို့အိမ်တွေဆို လောင်နေတာမြင်ရက်နဲ့ ဘာမှမလုပ်နိုင်ခဲ့ကြဘူးလို့ သိရတယ်” ဟု ဒေသရင်းမြစ်တစ်ဦးက ပြောသည်။ နတ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ယခုလအထိ စစ်ကောင်စီတပ်များ ၇ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး လူနေအိမ်စုစုပေါင်း ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အချို့မှာ လွတ်မြောက်သွားခဲ့သည်။ ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်သူအချို့ ပြန်လည်နေထိုင်လာခဲ့ကြသော်လည်း ဖေဖော်ဝါရီလ ၂ရက်နေ့ စစ်ကောင်စီတပ်များ အလုံးအရင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် ဧပြီလ ၁၀ ရက်နေ့မှစကာ ဒေသကာကွယ်ပူး‌ပေါင်းရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၃၅ ဦးခန့်ရှိကြောင်းလည်း ကလေး PDF မှ ထုတ်ပြန်ထားသည်။ “ဒီရက်ပိုင်းက တိုက်ပွဲဆက်ဖြစ်နေသေးလို့ လောလောဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကလေး-ဂန့်ဂေါ လမ်းပိုင်းမသွားလာကြဖို့ ပြောထားတယ်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေလိုက်နာစေချင်တယ်လို့” ဟု ဒေသ ရင်းမြစ်တစ်ဦး ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိ စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်ဧရိယာမှလွှဲ၍ အခြားနေရာများကို ထိန်းချုပ်နိုင်ခြင်းမရှိတော့အတွက် မြို့ပေါ်ရပ်ကွက်ဧရိယာများတွင် ယခုရက်ပိုင်း လူသွား၊ လူလာများနှင့် … - [ဖားကန့်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/04/12/apr12-ab1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး ဧပြီလ ၁၁ရက်နေ့ ည ၈နာရီဝန်းကျင်အတွင်း နေအိမ်အတွင်းရှိနေစဉ် သေနတ်ပစ်သတ်ခံလိုက်ရ​ကြောင်း သိရသည်။ ပစ်သ​တ်ခံရသောသူသည် ဦးမောင်ဦး(ခ)ET မောင်ဦး ဆိုသူဖြစ်ပြီး အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ဖားကန့်မြို့ခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မနေ့ည ၈နာရီလောက်မှာ အိမ်ထဲမှာရှိ​နေတဲ့အခါ သေနတ်နဲ့ ဝင်ပစ်သွားတာ။ သေနတ် ဒဏ်ရာ ၄ချက်လောက်ထိမှန်သွားတယ်လို့ သိရတယ်။ သူက အရင်ပစ်သတ်ခံရတဲ့ဆန်းကြွယ်အုပ်ချုပ်ရေးမှူး အိမ်နားမှာနေတာ”ဟု ဖြစ်စဉ် သိသူအမျိုးသား တစ်ဦးက ပြောသည်။ ယခုပစ်သတ်ခံရသည့် ဦးမောင်ဦးသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလက ပစ်သတ်ခံရသည့် ဆန်းကြွယ်အုပ်ချုပ်ရေးမှူး၏ အိမ်နီးချင်း နေထိုင်သူဖြစ်ကြောင်းသိရသည်။ ဦးမောင်ဦးပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး သေဆုံးသွားသည့် ဦးမောင်ဦးအကြောင်း သိသူတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။ “သူက ဒလန်တွေ ဘာတွေပုံစံမျိုးပဲထင်ကြတယ်။ ကျန်တဲ့ကိစ္စနဲ့တော့အသတ် မခံရလောက်ဘူး။ ပြီးတော့ ဦးမောင်ဦးက သူ့သားလည်း ဒုရဲအုပ်တစ်ယောက်ရှိတယ်။ အဲ့ကြောင့်မို့လို့သတ်ခံရတာလား”ဟု ပြောဆိုသည်။ ဖားကန့်မြို့နယ်သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များသတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ဧပြီ ၄ ရက်နေ့တွင်လည်း နမ့်မှော်ကျေးရွာမှ ဦးထွန်းထွန်း သေနတ်ပစ်သတ်ခံခဲ့ရသည်။ - [မွေးမြူရေး ကြက်ခြံ မီးလောင်သဖြင့် ကြက်အကောင်တစ်ရာကျော်နှင့် ကားတစ်စီးမီးလောင်](https://burmese.kachinnews.com/2022/04/11/apr11-cj1-2/): မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်ရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကြက်အကောင်ရေ တစ်ရာကျော်နှင့် အိမ်စီးကားတစ်စီး မီးလောင်သွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့သစ်ကြီး နယ်မြေ (၄) ရှိ မွေးမြူရေးကြက်ခြံတွင် မီးလောင်မှုဖြစ်ခဲ့ရာ ခြံအတွင်းရှိ ကြက်နှင့် ကြက်ခြံဘေးတွင် ထားသည့် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း ဖြစ်စဥ်သိသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”မနက်အစောကြီးထလောင်တာဗျ။ သူတို့ပြောတာက အဲ့ဒီကြက်ခြံမှာ ကြက်သားပေါင်လေးတွေကို လျှပ်စစ်မီးနဲ့ အပူပေးတာ ဝါယာလျှော့ဖြစ်ပြီးမှ မီးစလောင်တာ ခြံထဲက မွေးမြူရေးကြက် အကြီးတွေအကောင် နှစ်ရာနီးပါးပါသွားတယ်ပြီးတော့ အိမ်စီးကား ဟွန်ဒါတစ်စီးပါသွားတယ်” ဟု ယင်းအမျိုးသားကပြောသည်။ မီးလောင်ဆုံးရှုံးလိုက်ရသည့် ကြက်ခြံပိုင်ရှင်မှာ ဦးစိုင်းထွန်းအေးဆိုသူဖြစ်သည်။ ယခင်က မြစ်ကြီးနားမြို့တွင် မွေးမြူရေး ကြက်ခြံမီးလောင်မှု မရှိခဲ့ဖူးကြောင်း သိရသည်။ - [မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ](https://burmese.kachinnews.com/2022/04/11/apr11-ab1-2/): ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာကြား ကားလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အသစ် ၄ ခု ထပ်တိုးလာပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။ အဆိုပါ စစ်ရေးဂိတ် ၄ ခုကို ယခုလ ဧပြီလ ၅ ရက်နေ့ နောက်ပိုင်းတွင် တည်ဆောက်လာခြင်းဖြစ်သည်ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “မိုးညှင်းကနေ မော်ဟန်ထိကို ၄ ဂိတ်ရှိတယ်။ ဆောက်တာမကြာသေးဘူးဗျ။ လေးရက် ငါးရက် လောက်ပဲရှိဦးမယ်။ ဆိုင်ကယ်တွေကတော့ ပုံမှန်လိုပဲ အမေးအမြန်းမရှိဘူး သွားလာလို့ရပါတယ်။ အဓိကတော့ကတော့ ကားတွေပါပဲ ကားတွေကတော့ သူတို့မေးမြန်းတယ်။ ရှာစရာရှိတာတွေရှာတယ်ဗျ။” ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များကို မိုးညှင်း မော်ဟန်ကျေးရွာကြားရှိ စစ်တပ်စခန်းနှင့် နီးသည့်နေရာများတွင် အခြေချထားပြီး စစ်ကောင်စီစစ်သားများ နေရာယူကာ ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ “ဂိတ်ထိုင်တယ်ဆိုကတည်းက သူတို့လိုချင်တဲ့ ဦးတည်ချက်တစ်ခုတော့ရှိမှာပဲလေ။ လတ်တလောမှာ အကောက်အခွန်ကောက်နေတာတွေတော့ မရှိသေးပါဘူး။ ခရီးသွားပြည်သူတွေရဲ့ကားတွေကို ရပ်တန့်ပြီး စစ်ဆေးတယ်။ ပစ္စည်းတွေ ရှာဖွေတာတွေတော့ လတ်တလောလုပ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့က မိုးညှင်း လမ်းပိုင်း ခရီးသွားသည့် ပြည်သူတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် လတွင်လည်း နန့်စီးအောင်စစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားမြို့ အထွက် ၂၁ မိုင် ဂိတ်တို့ တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားများ သေဆုံးမှု … - [ပူတာအိုတွင် မှို အဆိပ်သင့်၍ ကလေးငယ် ၂ ဦး သေဆုံး](https://burmese.kachinnews.com/2022/04/11/apr11-ab1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်း ကျေးရွာတွင် သားအမိ ၃ ဦး မှို ဟင်းချက်စားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့က အိမ်ခြံဝင်းအနီးတွင် ပေါက်သည့် မှိုကိုဟင်းချက်စားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ၇ နှစ်အရွယ် မိန်းကလေး နှင့် ၁၀ နှစ်အရွယ် ယောကျာ်းလေးတို့ သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ ”ကလေးက ယောကျ်ားလေးတစ်ယောက် မိန်းခလေးတစ်ယောက်ဟုတ်တယ်။ မိန်းခလေးက အရင်ဆုံးတာ ၁၀ ရက်နေ့ ကသဂြိုလ်ပေး လိုက်တယ်ရွာသားတွေက။ ယောကျာ်းလေးကတော့ မနေ့ ည ၁၁ နာရီ သံခေါင်ချိန်မှာ ဆုံးသွားတယ်။ စစ်ဆေးရုံးမှာတင်ထားတာ ဟုတ်တယ်” ဟု ဆာရ်ခွမ်ဒမ်း ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသားမိ သုံးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ပူတာအိုမြို့နယ် ကောင်းမှုလုန်ကျေးရွာအလွန် ဆာရ်ခွမ်ဒမ်း ကျေးရွာ (အလကခွဲ) ကျောင်းတွင် တာကျသည့် ဆရာမဒေါ်ခင်ဌေးကြွယ် နှင့်အတူ ယောက်ကျားလေးနှင့် သမီးလေးတို့ဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု ဆက်လက်သိရသည်။ ပူတာအိုမြို့တွင် ယခင်လကလည်း ကောင်ကထောင် ရပ်ကွက်နေသူအမျိုးသားတစ်ဦး မှိုဟင်းချက်စားမိရာမှ အဆိပ်သင့်၍ သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း သိရသည်။ - [ကွတ်ခိုင်၊ ဟူနောင် အနီးမှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2022/04/11/apr11-cj1/): ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးမှာ ဧပြီလ ၁၀ ရက်ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်ခန့်ကစ စစ်ကောင်စီနဲ့ KIA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “လမ်းတောင် ၂ ထပ်ပုံစံ ဖြစ်နေတာလေ။ နှစ်ထပ်ကွေ့။ သူတို့ နေရာယူနေတဲ့ နေရာမှာထဲ ပစ်ထည့်လိုက်တာ။”လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူက ပြောပါတယ်။ ကွတ်ခိုင်ကနေ ၉ မိုင်လောက်အကွာမှာ ရှိတဲ့ ဟူနောင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “၁၅ မိနစ်၊ မိနစ် ၂၀ လောက် ပဲ။ လာပစ်ပြီးတော့ ပြေးသွားပြီလေ။ လာပစ်ပြီးတော့ ရှောင်သွားပြီလေ။ အဲမှာကျန်နေတာက သူတို့ဘာသာ ပစ်နေကြတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ကွတ်ခိုင် မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာလည်း ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ကတည်းက စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင်ခန့် ခြေလျင် လှုပ်ရှားသွားလာနေကြတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီ နဲ့အတူ ပြည်သူ့စစ်တပ်များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ လှုပ်ရှားသွားလာပြီး ပုံမှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။ - [NLD ကချင်ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို စွဲဆိုသော အဂတိအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း](https://burmese.kachinnews.com/2022/04/09/apr9-cj1-4/): ဖမ်းဆီးခံ NLD အစိုးရ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ် ဝန်ကြီး‌ ၇ ဦး ကို စွဲဆိုထားသည့် ပုဒ်မ ၅၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအတွက် အမိန့်ချမည့်ရက်ကို ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်ထံမှ သိရသည်။ ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီဘက်မှ ချိန်းဆိုခဲ့သော်လည်း ဧပြီလ ၂၂ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ “အမိန့်ချမယ်ကြားလို့ ကျနော်တို့လည်း ရသလောက်ဆက်သွယ်ကြည့်လိုက်တော့ မနေ့ကအမိန့်ချတာ မတွေ့ရဘူး ဧပြီလ ၂၂ ရက်နေ့ ထပ်ပြီးရွှေ့လိုက်တယ်လို့ သိရတယ်” လို့ NLD ပါတီပြည်နယ်အလုပ်အမူဆောင်က ပြောသည်။ ဒေါက်တာခက်အောင်နှင့်အတူ ပြည်နယ်ဝန်ကြီးများကို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာစသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထားပြီး ယနေ့အထိ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် စစ်ကောင်စီမှ တရားစွဲဆိုထားသည်။ “အချိန်တွေဆွဲနေတယ်ဆိုတာ အပြစ်မရှိလို့ဘဲလို့ ကျနော်တို့သုံးသပ်တာဘဲလေ ပြောရရင်လူတွေကို အရင်ဖမ်းပြီးနောက်မှ အမှုကစွဲတာကိုး အပြစ်ရှိလို့ဖမ်းတာ မဟုတ်ဘူး။ လူတွေကို လိုရမယ်ရ အရင်ဖမ်းထားပြီးမှ သူတို့ကိုဘာနဲ့အမှု စွဲရမလဲဆိုတာကို နောက်မှ အမှုလိုက်ရှာပြီးသပ်တယ်လို့ ကျနော်တို့က သုံးသပ်တယ်” ဟု NLD ပါတီကချင်ပြည်နယ်၏ အမည်မဖော်လိုသူ ပြည်နယ်အလုပ်အမှုဆောင်တစ်ဦးက သုံးသပ် ပြောဆိုသည်။ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ ဖြင့် စွပ်စွဲခံထားရခြင်းမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း … - [ဆိုင်ကယ်နှင့် ကားတိုက်မှုကြောင့် ဖခင် နှင့် ခုနှစ်အရွယ် ကလေးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/04/09/apr9-ab1/): မြစ်ကြီးနား မော်ဖောင်းကျေးရွာတွင် ယမန်နေ့က သားအဖ ၄ ဦး စီးနင်လာသည့် ဆိုင်ကယ်နှင့် ကားတစ် စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဖခင်ဖြစ်သူနှင့် ခုနှစ် နှစ်အရွယ်ကလေးငယ်တစ်ဦး အခင်း ဖြစ်သည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ ဧပြီ ၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်က မော်ဖောင်းကျေးရွာတွင် သားအဖ ၄ ဦး စီးနင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတိုက်မှုဖြစ်ပွားခဲ့ရာ အသက် ၄၀ ကျော်အရွယ် ဖခင်ဖြစ်သူ ဦးခေါင်ဇေ နှင့် အသက် ၇ နှစ် အရွယ်ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ပြီး ကျန်ရှိသည့် နှစ်ဦးမှာလည်း အခြေအနေစိုးရိမ်ရကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ သိရသည်။ ”ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ် အခြေအနေကတော့ စိုးရိမ်ရတယ် အခုကျန်ခဲ့တဲ့ နှစ်ယောက်ကလည်းလူငယ်လေးတွေပဲ။ သူတိူ့ကိုတိုက်တဲ့ကားက ကားကြီးလားကားသေး လားမသိရသေးဘူး”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လတ်တလော ဆေးကုသမှုခံယူနေသည့် ၂ဦးမှာ ဇေနန် (၁၃ )နှစ်၊ ဇေဆဲ( ၁၁) နှစ်တို့ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ထပမပုဂ္ဂလိကဘဏ်ရှေ့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးလာသော သက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ မြစ်ကြီးနားမြို့နယ်တွင် ယခုနှစ်အတွင်း ယာဥ်တိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိပြီး လူမှုကူညီရေးအသင်းများ ပြုစုထားသည့် စာရင်းများအရ ယခုနှစ်အတွင်း ယာဥ်တိုက်မှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးအထက်တွင်ရှိကြောင်းသိရသည်။ - [နမ်ဆန်ယန်ကျေးရွာတစ်ခုလုံး ရွှေတူးဖော်လိုက်သဖြင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2022/04/09/apr9-lu1/): ဝိုင်းမော်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်လာသော နမ်ဆန်ယန်ကျေးရွာ နယ်မြေတစ်ခုလုံးတွင် ရွှေတူးဖော်လိုက်ခြင်းကြောင့် လက်ရှိတွင် သောက်သုံးရေ ပြတ်လပ်သည့် သဘာဝဘေးကို ကြုံတွေ့နေရကြောင်း ဒေသခံများ ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီနောက် နမ့်ဆန်ယန်ကျေးရွာအတွင်း လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခဲ့သောကြောင့် လက်ရှိ ရွှေလုပ်ကွက် ရေအိုင်နှင့် နီးသော နေအိမ်များတွင် သောက်သုံးရေ အရောင်ပြောင်းလာခြင်း နှင့် ခမ်းခြောက်လာခြင်းစသည့် ဘေးအန္တရယ်ကို ကြုံတွေ့နေရသည်ဟု နမ်ဆန်ယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “ဒီရွာမှာ ရွှေစတူးလိုက်တဲ့နောက်ပိုင်း ရေသုံးဖို့ ခက်လာတယ်လို့ပြောလို့ရမယ်။ သောက်သုံးနေတဲ့ ရေတွေ မကြည်တော့ဘူး။ နောက် ရေတွေ ခမ်းကုန်လာတယ်။ သိသိသာသာ ရွှေတူးလိုက်တဲ့နောက်ပိုင်း အရင်က မခမ်းတဲ့နေရာတွေမှာ ရေတွေ ခမ်းကုန်တယ်။ ရွာပတ်ပတ်လည် တွေမှာတူးလိုက်တော့ ရေရဖို့အတွက် အရမ်းဝေးတဲ့နေရာမှာသွား သယ်ယူရတယ်။ ရွှေတူးလိုက်တဲ့နေရာမှာကျန်ရှိတဲ့ ရေက သောက်သုံးလို့မရတော့ဘူး။ သောက်သုံးရေက တစ်ရွာလုံးခက်ခဲနေတဲ့ အနေအထားမှာ ဖြစ်နေတယ်” ဟု ပြောဆိုသည်။ ထို့ကြောင့် လက်ရှိဒေသခံများသည် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဖြစ်သလို အသုံးပြုနေရပြီး၊ သောက်သုံးရန်အတွက် ကျေးရွာအပြင်ဘက် ရွှေလုပ်ကွက်နှင့် ၁ မိုင်ခန့်ဝေးသည့် နေရာမှ ဆိုင်ကယ်၊ သုံးဘီး အသုံးပြုကာ သွားရောက်သယ်ယူ အသုံးပြုနေရကြောင်း ပြောသည်။ သောက်သုံး ရေကို အဝေးသို့ သွားရောက် သယ်ယူနိုင်ခြင်းမရှိသည့် ပြည်သူများမှာ ရွာအတွင်း အဝီစိ ရေတွင်း ၄ခု ရှိရာမှ ဦးသူ စနစ်ဖြင့် တန်းစီကာ ရေခပ်ယူနေရကြောင်းလည်း ဆက်လက် သိရသည်။ ယခုလို … - [KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို](https://burmese.kachinnews.com/2022/04/09/apr9-cj1-3/): ဖားကန့်မြို့နယ်တွင် စစ်တပ်၏ ကျောထောက်နောက်ခံ အကျိုးတူ စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ရန် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတိပေးတားမြစ်တားမြစ်ချက်သည် ထိရောက်မှုရှိကြောင်း ဖားကန့်ဒေသခံများ ပြောဆိုချက်မှ သိရသည်။ KIO ၏ တားမြစ်ချက် ထုတ်ပြန်သတိပေးလိုက်သည့်နောက်ပိုင်း ဖားကန့်ဒေသတွင် ရောင်းဝယ်ဖောက်ကား မှုများ လျော့နည်းသွားသည်ကို မြင်တွေ့ရသည့် ဖားကန့်မြို့ပေါ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “ဖားကန့်မှာရှိတဲ့ စျေးဆိုင်တော်တော်များများက လိုက်နာမှုရှိတယ်လို့ပြောလို့ရတယ်။ KIO က ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ နောက်ပိုင်း စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေ သိပ်မတွေ့ရတော့ဘူး။ ဒါပေမယ့် တစ်ချို့က သတိပေးတာတွေ မတိုင်မှီ အများအပြားဝယ်ထားတဲ့သူတွေက အနည်းအကျဉ်း ရောင်းချပေးနေတာတော့ကြားတယ်။ ပေါ်ပေါ်ထင်ထင် ရောင်းတာတွေတော့ သိပ်မတွေ့ရတော့ဘူး။ တစ်ချို့နေရာတွေမှာတော့ သိပ်ရောင်းချနေသေးတယ်လို့တော့ကြားရတယ်” ဟု ပြောဆိုသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဖားကန့်တွင် Myanmar Beer ၊ Dagon Beer ၊ Andaman Beer ၊ Rum ၊ Mandalay Beer ၊ Black Shied နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သုံးစွဲခြင်းမပြုရန်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ KIO ဘက်က စျေးကွက်အတွင်း လိုက်လံအရေးယူမှုများ ပြုလုပ်ခြင်းမရှိသေးသော်လည်း ဖားကန့်ဒေသခံ ပြည်သူများအနေဖြင့် KIO ၏ လုပ်ရပ်အပေါ် ထောက်ခံမှုများလည်းရှိနေကြောင်း သူကဆက်ဆိုသည်။ “အခုဆို လိုချင်လို့ ဆိုင်ကြီး ဆိုင်သေးတွေမှာ လိုက်ဝယ်ရင်တောင်မရတော့ဘူး။ တားမြစ်တဲ့ထဲ မပါတဲ့ ဘီယာတွေဘဲ … - [မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2022/04/09/apr9-cj1-2/): ဗန်းမော်ခရိုင် မံစီမြို့နယ် (Man Je) မှ မဂျီဂုန် (Maji Gung) တောင် စစ်တပ်စခန်းသို့ စစ်အင်အားပို့ဆောင်နေသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယခုလဆန်းပိုင်းကစတင်ပြီး တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုအပတ် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ဝန်းကျင်ခန့်တွင် ဗန်းမော်(Man Maw) ဘက်မှ မဂျီဂုန် (Maji Gung) ဘက်သို့ စစ်ရိက္ခာသယ်ဆောင်လာသော စစ်ကား ၂ စီးကို KIA က မိုင်းခေါင် နှင့် လိုင်ကာဇွပ်ဂျာ ကျေးရွာ ၂ ခု ကြားတွင် ကြားဖြတ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းခေါင် (Mung Hkawng) ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။ “မိုင်းခေါင်ရွာအထက်မှာ စစ်တပ်ကို KIA ကမိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ရိက္ခာသယ်လာတဲ့ ကား၂စီး ထိသွားတယ်လို့တော့ ကြားတယ်။ KIA ဘက်ကတော့ ကြားဖြတ်မိုင်းခွဲခဲ့ရုံပဲ၊ စစ်တပ်ဘက်ကတော့ ပုံမှန်အတိုင်း ပြန်ပြီး ပစ်ခတ်နေတာတွေရှိတယ်။ ပြီးရင် မိုင်းခွဲသံကြားရင်က ဒီမိုင်းခေါင်စစ်ရှောင်စခန်းနားမှာရှိတဲ့ စစ်တပ်က ပြန်ပစ်ကူနေတာပေါ့။ သူတို့က အရင်တခါလည်း မဂျီဂုန်ဘက် မကြာခဏ စစ်အင်အားပို့ စစ်ကြောင်းထိုးပေမဲ့ မဖြစ်နိုင်တော့ အခုတစ်ခါပြန်ပြီး စစ်အင်အားတွေ ပြန်ဖြည့်တင်းပြီး ပြန်ထိုးတက်နေတာဖြစ်တယ်” မိုင်ခေါင်ဒေခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ထို့နောက် ဧပြီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ဝန်းကျင်ခန့်တွင်လည်း လိုင်ကာဇွပ်ဂျာကျေးရွာအနီးမှာပင် စစ်ကောင်စီ … - [စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း ရလဒ်ကို ကချင်ဒေသအဆင့်မြင့် ပညာရေးအဖွဲ့များ လက်မခံ](https://burmese.kachinnews.com/2022/04/09/apr8-cj1/): အာဏာသိမ်း စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်ဖြင့် ကချင်ဒေသတွင်း အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် တက်ရောက်ခွင့် လုံးဝ လက်မခံကြောင်း စစ်ကောင်စီကို ဆန့်ကျင်သော ကချင်ဒေသ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း စုပေါင်းထုတ်ပြန်ထားကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ပတ်သက်ပြီး ဧပြီ ၅ ရက်နေ့ ကချင်ဒေသမှ NUG အစိုးရအောက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းအားလုံး စုပေါင်းပြီး ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ ပြည်နယ်အတွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေအားလုံးက လက်မခံဘူး။ ဒီကျောင်းအားလုံးက မဝေးတော့တဲ့အနာဂတ်မှာ တစ်ခုတည်းသော တက္ကသိုလ်ကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားတော့မှာ။ ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ တက္ကသိုလ်ကြီးမှာ လုံးဝလက်မခံဘူး။ အခုကျနော်တို့ ပြောတဲ့ထဲမှာ အောက်ပိုင်းကသူတွေမပါဘူး။ ကချင်ပြည်နယ်ထဲကလူတွေပဲပြောတာ။ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီကျင်းပခဲ့တဲ့ စာမေးပွဲဖြေနေတဲ့ ကျောင်းသားများ သိထားဖို့က အဲ့ဒီရလဒ်နဲ့တော့ ကချင်ပြည်နယ်မှာ ဘယ်ကျောင်းကိုမှ တိုးလို့မရဘူးဆိုတာကိုသိထားစေချင်တယ်” NUG အစိုးရ ကြားကာလ မြစ်ကြီးနားတက္ကသိုလ်ကောင်စီ မှ တာဝန်ရှိသူ ဒေါက်တာ အောင်ကိုကိုလင်း က ပြောသည်။ လက်ရှိနိုင်ငံရေး အခြေအနေကြား ပြည်သူများအနေဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အာဏာသိမ်းစစ်တပ်အောက် တက္ကသိုလ်ဝင်တန်းဖြေဆိုလာသူများကို ကချင်ဒေသတက္ကသိုလ်ကျောင်းမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် လုံး၀ လက်ခံမည်မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဆယ်တန်းစာမေးပွဲဆိုတာ အဆင့်များစွာရှိတယ်။ မေးခွန်းထုတ်တာကအစ၊ ကိုယ်ကျင့်တရားကောင်းရမယ်၊ ကျွမ်းကျင်ရမယ်။ အတွေ့အကြုံရင့်ကျက်ရမယ်။အဲ့ဒီလူတွေအားလုံးနီးပါး CDM လုပ်ထားတဲ့အချိန်မှာ ဘယ်သူတွေနဲ့လုပ်မလဲ ကျနော်တို့လုံးဝ မယုံကြည်နိုင်ဘူး။ အရည်အသွေးပိုင်းကို လုံးဝလက်ခံယုံကြည်လို့မရလို့ ခက်မခံတာ။ စစ်ကောင်စီလုပ်လို့ ဆိုတာက ဒုတိယ၊ ဘာဖြစ်လို့ လက်မခံံလဲဆိုတော့ ၃ ချက်ရှိတယ်။ … - [စစ်ကောင်စီတားမြစ်ချက်ထုတ်ထားသော်လည်း ကျောက်စိမ်း တူးဖော်မှု ဆက်ရှိနေဆဲ](https://burmese.kachinnews.com/2022/04/09/apr9-cj1/): ဖားကန့် ဒေသတွင် စစ်ကောင်စီဘက်မှ ကျောက်စိမ်း ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ထုတ်ပြန်ချက် အကြိမ်ကြိမ်ဖြင့် တားမြစ်နေသော်လည်း လက်တွေ့ မြေပြင်တွင် တူးဖော်မှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် ဖားကန့်၊ မော်လူး၊ မော်ဟန် စသည့် ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်မှုကို ဆက်လက်တူးဖော်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ သဘောတရားအရ ထုတ်ပြန်ချက်သာဖြစ်ပြီး လက်တွေ့ စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများ ရှိနေသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထား သည်။ “သဘောတရားအရတော့ သူတို့ထုတ်ပြန်တာပဲ။ ဒါပေမဲ့ လက်တွေ့မှာ တူးနေကြတာပဲ။ အသေးစိတ်မသိရဘူး။ သူတို့လုပ်နေတာပဲတွေ့ရတယ်။သိရဖို့လည်း မလွယ်ဘူး။ လုပ်နေတယ်ဆိုတာကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ နေ့ရော ညရော လုပ်နေကြတယ်။ တချို့နားလိုက်တဲ့သူတွေကတော့ တရားဝင်အစိုးရ ရှိမှ ဆက်လုပ်မယ်ဆိုတဲ့ ကုမ္မဏီဆိုဒ်ကြီးတွေလည်းရှိတယ်။ အခုချိန်မှာတူးနေကြတဲ့သူတွေကတော့ နှစ်ဖက် ဟိုဘက်ဒီဘက် ရင်းနှီးတဲ့သူတွေ အဲ့လိုပုံစံနဲ့ ကပ်ပြီးလုပ်နေကြတာ” ဟု ပြောဆိုသည်။ ဖားကန့် ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ဖားကန့်တွင် ယခင်အတိုင်း ကျောက်စိမ်း တူးဖော်မှု အများအပြားရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သူများသည် လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေကြေးပေးဆောင်နေရ သောကြောင့် စစ်တပ်ဘက်မှလည်း ကျောက်စိမ်းတူးဖော်မှုမှ ဝင်ငွေရရှိနေကြောင်း KNG သတင်းဌာနမှ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဖားကန့်ဒေသတွင် မိုးရာသီအချိန်မှလွဲပြီး အခြားရာသီများတွင် စက်ယန္တရားကြီးများနှင့် တူးဖော်မှုဆက်ရှိနေသည်ဟု … - [အရာတော်မြို့နယ် လူ‌နေအိမ် ၆၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/04/08/apr8-cjz/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာရှိ လူနေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း အရာ‌တော် ပြည်သူ့ကာကွယ်‌ရေးတပ်မှ သိရသည်။ ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်း အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်သားများ ရှောက်ခါး ကျေးရွာအတွင်းသို့ သေနတ်ပစ်ကာ ဝင်ရောက်လာပြီးနောက် လူနေအိမ် ၆၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ”နေအိမ်ကတော့ ၆၇ လုံးပါတယ်။ ပျက်ဆီးဆုံးရှုံးမှု စာရင်းအတိအကျကတော့ ကောက်ယူနေဆဲပဲ မီးကတော့ အခုညပိုင်းတော့ ငြိမ်းသွားပြီ ရွာသားတွေအားလုံးထွက်ပြေးခဲ့ကြပေမယ့် တချို့ပြန်လာပြီ တချို့ကတော့တိန်းရှောင်နေကြဆဲပဲ”ဟု ၎င်းကပြောသည်။ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် ကိုရွှေသင်းဆိုသူဖြစ်သည်။ စစ်ကောင်စီတပ်သားများက နေအိမ်မီးရှို့သည့်အပြင် ကျေးရွာနေပြည်သူများ၏ ကောက်ပဲသီးနှံများ၊ စပါးများ၊ လယ်ထွန်စက်၊ မီးစက် ရေစုတ်စက်များကိုလည်း ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ‌ကျေးရွာမှပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း သိရသည်။ “ရွာကို မီးမရှို့ခင်တော့ ဒေသခံတစ်ချို့ကို ဖမ်းသွားတယ် လူသားဒိုင်းသဘောပေါ့ ပြီးမှရွာကိုမီးရှို့ ပြီးတဲ့နောက်မှ ပြန်လွတ်ပေးခဲ့တယ်” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးကပြောသည်။ လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း အရာတော်မြို့နယ်ရှိ လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေဖြတ်နေသည့်အဖိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။ Data For Myanmar ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ … - [ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်များ မီးလောင်](https://burmese.kachinnews.com/2022/04/08/apr8-z1/): စစ်ကိုင်းတိုင်း ကသာခရိုင်၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ဂျက်လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။ ဧပြီ ၈ ရက်နေ့ ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အချို့ မီးလောင်ကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”ထိခိုက်ပျက်စီးမှုကတော့ အတိအကျမသိရသေးဘူး။ ဒီမနက်ပိုင်းထိကတော့ ဗုံးကျဲချတာ နှစ်လုံးရှိသွားပြီ။ တစ်လုံးက ကျောက်တောင်းကုန်းမှာကျတယ်။ တစ်လုံးက ပင်လည်ဘူးမြို့ထဲမှာကျတယ်။ မြို့ထဲဘက်က မီးခိုးတွေလည်း တွေ့ရတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့ထဲကျသည့် ဗုံးတစ်လုံးကြောင့် ယနေ့ နံနက်ပိုင်းအထိ လူနေအိမ် ၃ လုံးမီး လောင်ခဲ့ကြောင်း သူကဆက်ပြောသည်။ ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြားလွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်က အထိနာနေသောကြောင့် ယခုလို ဂျက်လေယာဉ်ဖြင့် ဗုံးကျဲချနေခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်နှစ် အင်တာနက်ဖြတ်တောက်ခဲ့ရာမှ ပင်လည်မြို့နယ်ကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့မှစကာ အင်တာနက်လိုင်းဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသည့်တိုင်အောင် ထိခိုက်ပျက်စီးမှုများစွာ ရှိနေသော်လည်း အသေးစိတ်အချက်လက် သိရှိရန် ခက်ခဲနေ‌ဆဲဖြစ်ပါသည်။ - [သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး](https://burmese.kachinnews.com/2022/04/08/apr8-cjs1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ်၊ ပန်ဆေးတောင်အတက်လမ်းတွင် သင်္ချိုင်းကတော့ရန်တက်လာသည်တဲ့ ပန်ဆေးပြည်သူ့စစ်များအား TNLA တပ်မှ ပစ်ခတ်ရာ ပြည်သူ့စစ် ၃ဦးသေဆုံးကာ၊ ၅ဦးဒဏ်ဂာရရှိကြောင်း ဒေသခံများမှညသိရသည်။ ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်တွင်သင်္ချိုင်းကတော့ရန်တက်လာသည့် ပြည်သူ့စစ်ကားအား TNLA တပ်မှတားဆီးရာ ရပ်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့ ၁၁ နာရီကျော်မှာ ဒီ နမ့်ခမ်းအောက် ပန်ဆေးတောင် တရုတ်ပြည်သူ့စစ်/ ပန်ဆေးပြည်သူ့စစ် တရုတ်သင်္ချိုင်း သွားကတော့ဖို့ တက်လာတာကို ပလောင်တွေ တားတာ မရပ်လို့ပစ်သွားတာမှန်တယ် Confirm ဖြစ်တယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ပန်ဆေးပြည်သူ့စစ်အကြီးပိုင်းတစ်ဦး၏ အုတ်ဂူသင်္ချိုင်းသို့ ကတော့ရန်စစ်ဝတ်စုံတွေနဲ့ တက်လာခြင်းဖြစ်ကြောင်း သိရသည်။ “ပန်ဆေးပြည်သူ့စစ် အကြီးပိုင်းတစ်ယောက်ယောက်ရဲ့သင်္ချိုင်းနေမှာပါ သူတို့က စစ်ဝတ်စုံနဲ့တက်လာကြတာဟုတ်တယ် ” လို့ ဒေသခံတစ်ဦးကပြောသည်။ ပြည်သူ့စစ်ဘက်မှ ဒဏ်ရာရရှိသူ ၅ ဦး ရှိပြီး ၎င်းတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းများလည်းအားလုံး ချွတ်ယူသိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။ လက်ရှိကာလသည် တရုတ်ရိုးရာသင်္ချိုင်းကတော့ ချိန်ဖြစ်သောကြောင့် ပြည်သူ့စစ်အကြီးပိုင်း၏ အုတ်ဂူများတွင် သင်္ချိုင်းကတော့ပွဲများ ပြုလုပ်နေကြကြောင်း တရုတ်နယ်စပ်ဒေသခံတစ်ဦးကပြောသည်။ - [ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှုတွင် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/04/08/apr-8-cj1/): ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်တစ်ခု ယမန်နေ့ ည ပေါက်ကွဲမှုတွင် ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၇ ရက်ည ၈ နာရီခွဲခန့် မှော်မောင်းလျှံစိမ်း ရွှေဝင်းကုမ္ပဏီလုပ်ကွက်တွင် ပေါက်ကွဲခဲ့ရာ ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ပြီး လတ်တလောဆေးကုသမှု ခံယူနေကြောင်း ဖြစ်စဥ်သိ ဖားကန့်မြို့ အေးမြသာယာရပ် ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ”ထိတဲ့လူက ငါးယောက်ရှိတယ် လတ်တလော မြဝတ်ရည် ဆေးရုံ မှာဆေးကုသမှုခံ ယူနေတယ် ဒဏ်ရာကတော့ ပြင်းပြင်း ထန်ထန်တော့မရှိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးမှ ခဲမှန်တဲ့ ပုံစံလောက်ပဲ” ဟု ယင်းအမျိုးသားက ပြောသည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူများမှာ ကိုပိုင်ဇာမင်းထက် (၂၀)နှစ် ၊ ကိုဝေယံဦး (၁၉)နှစ်၊ ကိုကျော်ခိုင်ဝင်း( ၃၀ )နှစ်၊ ကိုစည်သူ (၃၉)နှစ်၊ ကိုဇော်မင်းအောင် (၂၂)နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် လုပ်ကွက်အတွင်း၌အလုပ်လုပ်နေစဥ် ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ”ကွဲတာကတော့ တစ်ချက်ပဲကွဲတယ် ဘာကွဲတယ်ဆိုတာတော့ခုချိန်ထိအတိအကျမသိ ကရသေးဘူး။ တချို့ကတော့လက်နက်ကြီးကျတာပြောတယ် လက်နက်ကြီးကတော့မဖြစ်နိုင်ဘူး တချို့ပြောကတော့ မိုင်းကွဲတာလို့ပြောတယ် အတည်ပြုလို့မရသေးဘူး” ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုနှင့်ပတ်သက်ကြီး KNG သတင်းဌာနက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။ ယင်းပေါက်ကွဲမှုသည် ဖားကန့်တွင် စစ်ကောင်စီက ကျောက်စိမ်းအရိုင်းတုံးများတူးဖော်ခွင့်ကို တားမြစ်လိုက်ကြောင်း ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်းမြေပြင်တွင် ဆက်လက်တူးဖော်မှုရှိနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု ဒေသခံများပြောဆိုနေကြပါသည်။ - [ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့](https://burmese.kachinnews.com/2022/04/07/apr7-y1/): ပူတာအိုမြို့အနီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကို ရှင်းလင်းရန်နှင့် နယ်မြေစိုးမိုးရန် စစ်ကောင်စီတပ် အင်အား ရာချီ တန်ဂျာနှင့် လုန်ရှာယန်ကျေးရွာတွင် အင်အားတိုးချဲ့ ထားသည်ဟု သိရသည်။ ယခုအပတ် ဧပြီ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဘက်ခြမ်းမှ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် လုန်ရှာယန်အုပ်စုအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ စစ်ကောင်စီဘက်မှ ယခုလို ပြည်သူများနှင့် ရောနှောကာ ကျေးရွာအတွင်း စစ်အင်အားအများအပြားဖြင့် ဝင်ရောက်နေထိုင်သောကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “ဒီမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတာက ၁ ပတ်လောက်ရှိလာပြီ။ အဓိကတော့ လုန်ရှာယန်နဲ့ တန်ဂျာကျေးရွာ ၂နေရာမှာ ဟုတ်တယ်။ တန်ဂျာကျေးရွာမှာဆိုရင် ရွာအတွင်းမှာကို နေထိုင်ကြတယ်။ အခုဆို ဒေသခံတွေက သွားလာရေးတွေမှာ စိတ်ဆင်းရဲနေရတယ်။ စစ်ကောင်စီဘက်ကတော့ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ဘက်က စစ်ကြောင်းတွေ အများကြီးပြန်ထိုးလာတော့ တိုက်ပွဲပြန်ဖြစ်လာဖို့က သေချာနေတယ်။ ဘာကြောင့်လဲဆိုတော့ တန်ဂျာကျေးရွာ အနီးမှာက KIA တွေလည်းရှိတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီသည် လုန်ရှာယန်နှင့် တန်ဂျာကျေးရွာအနီး တဝိုက်တွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ကို ရှင်းထုတ်ရန်နှင့် ထိုနေရာတွင် စခန်းတစ်ခုအခြေစိုက်ရန် အစီစဉ်ရှိနေသည်ကို သိရသည်ဟု ဒေသခံပြည်များ ပြောဆိုနေကြသည်။ တန်ဂျာ … - [အင်းတော်မြို့တွင် ကားသမား ၂ဦးကို PDF ထောက်ပံ့သည်ဟုပြောဆိုကာ စစ်ကောင်စီဖမ်းသွား](https://burmese.kachinnews.com/2022/04/07/apr7-z1-2/): စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှ ကားသမားနှစ်ဦးကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အား ထောက်ပံ့သည်ဟု ပြောဆိုကာ ဧပြီလ ၆ရက်နေ့ ဖမ်းဆီးသွားကြောင်းသိရသည်။ ဖမ်းဆီးခံရသော ကားသမား ၂ဦးသည် အင်းတော်မြို့မှ မြစ်ကြီးနားဘက်သို့ တက်လာစဉ် ကြက်သွန်အိတ်၊ ငါးခြောက်ဗူးစသည့်စားသောက်ကုန်များကို တင်ဆောင်လာခဲ့ရာ PDF အဖွဲ့များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ အင်းတော်မြို့စစ်ဆေးရေးဂိတ်အလွန်တွင် ဖမ်းဆီးလိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်တာ။ ကားကတော့မှန်လုံကား အဲ့ဒီကားကော လူကော အင်းတော်ရဲစခန်းထဲမှာဖမ်းခေါ်သွားတယ်လို့ကြားတယ်။ PDF ကိုထောက်ပံ့တယ်ဆိုပြီးဖမ်းသွားတယ်။ ဒလန်တွေကသက်သက်ချွန်ပြီးဖမ်းခံလိုက်ရတာ”ဟုပြောဆိုသည်။ စစ်ကောင်စီက ဖမ်းဆီးသွားသော ကားသမားနှစ်ဦးသည် အသက် ၃၀ ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး အင်းတော်မြို့ခံမဟုတ်သည့်အတွက် ကားသမား ၂ဦး၏ အကြောင်းကို အသေးစိတ်ကိုမသိရှိရသေးပါ။ ထိုနည်းတူ ယခင်လကလည်း အင်တော်မြို့မှ ကုန်ကားသမား ၁ ဦးသည် PDF များအား ထောက်ပံ့သည်ဟု ဒလန်၏ သတင်းပေးမှားမှုကြောင့် မိုးညှင်းဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။ အင်းတော်မြို့စစ်ဆေးဂ်ိတ်တွင် စစ်ကောင်စီတပ်မှ ကုန်ကားမျာကိုမကြာခဏဆိုသလို ပုံမှန် စစ်ဆေးနေပြီး ကားဆရာများကိုလည်း ဒူးထောက်စစ်‌ဆေးမူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ - [စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂စီးပစ်ခတ်ခံရပြီး ၂ စီးစလုံး နစ်မြုပ်](https://burmese.kachinnews.com/2022/04/07/apr7-z1/): ရွှေကူမြို့နယ်၊ အုပ်ချီရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင် စက်လှေ ၂ စီးအားတိုက်ခိုက်ခံရပြီးနောက် အဆိုပါ စက်လှေ ၂ စီးလုံး နှစ်မြုပ်သွားကြောင်း မြို့လှ PDF တပ်ဖွဲ့မှ သိရသည်။ ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂ စီးသည် အုပ်ချီရွာမှ ကောက်ကွေ့ချောင်းအတိုင်း မြို့လှရွာဖက်သို့ ထွက်ခွာစဥ် ချောင်းတစ်နေရာတွင် မြို့လှ PDF မှ တိုက်ခိုက်ခဲ့သောကြောင့် စက်လှေ ၂ စီးလုံး ထိုနေရာတွင် နှစ်မြုပ်သွားခဲ့‌ကြောင်း သိရသည်။ “ကျနော်တို့တပ်က နေပြီး လက်လုပ်‌ရှေ့ထွက်မိုင်းပြောင်းအကြီးကြီးနဲ့ဟာ ၅လုံးနဲ့ ရေမြုပ်မိုင်းနဲ့ပစ်ထည့်လိုက်တာ စက်လှေနှစ်စီးလုံးက ပက်လက်အနေအထားကနေ မှောက်ပြီး မြုပ်သွားတယ် ဒါကျနော်တို့တပ်ဖွဲ့တွေ မျက်မြင်ကိုယ်တွေ့ပါ” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းပစ်ခတ်ခံရသည့် စက်လှေတစ်စီး စီတွင် စစ်အင်အား ၈ ဦးခန့် ပါဝင်ကာ ဆန်အဓိက သယ်ယူ ပို့ဆောင်နေသည့် စက်လှေဖြစ်ကြောင်း သိရသည်။ စက်လှေ နစ်မြုပ်သွားသည့်အတွက် စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမူရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဧပြီလ ၇ရက်နေ့ထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ ရိက္ခာတင် စက်လှေပစ်ခံရသည်မှာ သုံးကြိမ်တိုင်တိုင်ရှိပြီဖြစ်ရာ ယနေ့ပစ်ခတ်ခံရမူတွင် စစ်ကောင်စီဘက်မှ ပိုမိုအထိနာနိုင်ကြောင်း သိရသည်။ ” အုပ်ချီက နေဆိုရင် လက်နက်ကြီးနဲ့က အကုန်လုံးလက်တစ်ကမ်းမှီတယ်လေ အဲတော့သူတို့က လုံခြုံရေးသီးသန့်ချစရာမလိုဘူးလို့ တွက်လိုက်ပုံရတယ် စက်လှေမထွက်ခင်တော့ အဲနားတစ်လျှောက်မှာ လက်နက်ကြီးနဲ့ပစ်တာတော့ လုပ်သေးတယ် … - [ဖားကန့်မြို့နယ် အင်တာနက်ဖြတ်တောက်မှုကြောင့် ပညာရေး နောက်ကျမှု များစွာရှိနေ](https://burmese.kachinnews.com/2022/04/06/apr-6-hpakant/): ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် လူငယ်များ၏ ပညာရေးလေ့လာသင်ကြားမှုတွင် ထိခိုက်မှုများစွာ ရှိနေသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ ယခုလ ဧပြီလ ၁ ရက်နေ့တွင် ရက်ပေါင်း ၂၂၄ ရှိလာပြီ ဖြစ်သည်။ စစ်တပ်ပိုင် Mytel အင်တာနက်လိုင်းတချို့ကိုဧပြီလ ၄ ရက်နေ့မှစတင်ကာ အချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးနေသော်လည်း လူငယ်များ၏ ပညာရေးအတွက် အထောက်အကူမပြုဘဲ နှစ်နာမှု ဆက်လက်ရှိနေသည်ဟု ဖားကန့်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။ “မိုင်တလ်အင်တာနက်ရတယ် ၂ နှစ်နာခွဲမှာ တစ်ခါရတယ် အသုံးပြုလို့ရတဲ့အချိန်ကတော့ ၂ ခွဲကြာပေးထားတာပေါ့။ ဒါပေမယ့် ဂွေခါ၊ ကံဆီး၊ မှော်ဝမ်းကလေးနဲ့ လယ်ပြင်အထွက်ဂိတ်ဘက်မှာပဲရတယ်။ အင်တာနက်သုံးဖို့က အရမ်းကြိုးစားပြီး စိတ်ရှည်ရတယ်” ဟု ပြောသည်။ မြန်မာပြည်တွင် ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက်ပိုင်း ပညာရေး လေ့လာသင်ကြားမှု အများစုမှာ အင်တာနက်ရရှိမှ လေ့လာနိုင်မည့် စနစ်သို့ ပြောင်းလဲသွားသောကြောင့် ဖားကန့်မြို့နယ်တွင် ယခုလို စစ်ကောင်စီမှ ကာလကြာ အင်တာနက်ဖြတ်တောက်မှုသည် ကလေးများ ပညာသင်ကြားပိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။ “အင်တာနက်ခေတ်မို့လို့ လိုင်းမရရင် ဘာမှသင်ကြားလို့မရဘူး။ ခေတ်လဲအရမ်းနောက်ကျလာတယ်။ အခုကအပြင်တွေလဲထွက်လို့အဆင်မပြေတဲ့အချိန်မို့ အင်တာနက်လိုင်းမရရင် ဘာမှလဲမသိတော့ဘူး။ ဘာမှလဲလုပ်လို့မရဘူး” ဟု ဖားကန့်မြိုနယ် ဝါရာဇွပ်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောပါသည်။ ဖားကန့်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် သတင်းစီးဆင်းမှုနှောင့်နှေးခြင်းနောက်ဆက်တွဲအဖြစ် ကလေးငယ်များ၏ ပညာရေးတွင် အမြင်ကျယ်မှု၊ တွေးတောဆင်ခြင်နိုင်မှု၊ တိုးတက်မှုပိုင်းများတွင်လည်း ထိခိုက်စေသည်ဟု သူက ဆက်လက်ပြောဆိုသည်။ “တခြားကလေးတွေလို … - [မြစ်ကြီးနားမြို့တွင် ညအချိန်မတော် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်](https://burmese.kachinnews.com/2022/04/06/apr-4-mkn-accident/): မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်တွင် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်မှုကြောင့် အမည်မသိအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဧပြီလ ၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ည ၁၀ နာရီခန့်က ဒဏ်ရာရ အမျိုးသားတစ်ဦးသည် အသက် ၃၀ ကျော်ခန်အရွယ်ရှိပြီး အခြေအနေ စိုးရိမ်ရကြောင်း ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆိုင်ကယ်တစ်စီးမှာ ၃ ယောက် အတူစီးခဲ့တာ၊ ဘယ်ကိုသွားလဲဆိုတာတော့ မသိဘူး။ ၃ ဦးစလုံးကတော့ ဒဏ်ရာရတယ်။ အသက် ၂၀ ကျော်ခန်အရွယ် အမျိုးသား ၂ ဦးကတော့ ခေါင်းထိတယ်။ နားကနေ သွေးတွေလည်းထွက်တယ်။ ၂ ဦးစလုံးသတိလစ်နေတာဆိုတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်။” ဟု ပြောသည်။ အခြေအနေစိုးရိမ်ရသူ အမျိုးသား၂ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယခုနှစ်အတွင်း ယာဉ်တိုက်မှု သိသိသာသာပိုများလာပြီး ဇန်နဝါရီလမှ မတ်လ ပထမ ၃ လအတွင်း ယာဉ်တိုက်မှု ပေါင်း ၅၃ မှုရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။ - [စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် မုံးကိုးဘက်ရောက်လာတဲ့ စစ်ရှောင်အချို့ကို ပြန်လှည့်နေရ](https://burmese.kachinnews.com/2022/04/05/apr-5-bs-1/): ရှမ်းမြောက် တရုတ် မြန်မာနယ်စပ်ရှိ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် ထပ်‌ရောက်လာတဲ့ စစ်ရှောင်အချို့ ပြန်လှည့်နေရကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ “လတ်တလော ဆန်နှင့် စားဆီ ခက်ခဲနေတယ်။ လူဦးရေ ပြန်တိုးလာရင် တခြားနေစရာ နေရာနဲ့ စားစရာ မရှိတော့လို့ တချို့ကိုတော့ တိုက်ပွဲလည်း မဖြစ်တော့တာကြောင့် လက်မခံတာ ဟုတ်တယ်။” လို့ စစ်ရှောင် စခန်းမှာ စီမံ ခန့်ခွဲနေသူ တစ်ဦးက ပြောပါတယ်။ အချိန် ကြာလာတာနဲ့အမျှ ဘာသာရေး ဘုရားကျောင်းဝင်းအတွင်း ဟောခန်းမ၊ ဝန်ထမ်းအိမ်ယာ စတဲ့နေရာတွေမှာ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများပြုလုပ်ရန်ရှိလာတဲ့အတွက် စစ်ရှောင်များ တည်းခိုဖို့ပင် ကြပ်တည်းလာနေတယ်လို့ ဆိုပါတယ်။ မုန်းပေါ်ပြည်သူ့စစ်အဖွဲ့ရဲ့ ငြိမ်းအေးမြေကုမ္ပဏီမှာ ခိုလှုံနေတဲ့နေရာမှာလည်း လူဦးရေ တိုးလာတာကြောင့် လူ မဆံ့တော့ကြောင်း စစ်ရှောင် စခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “အခက်အခဲက နေရာကို မရှိတာ။ အကယ်လို့ နေရာသာရှိခဲ့ ရင်လည်း ဆောက်ပေးဖို့ ပိုက်ဆံကို မရှိတာကြောင့် နေရာက အခက်အခဲ ကြီး ဖြစ်နေတယ်။” လို့ သူက ကပြောပါတယ်။ မုံးကိုး မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် နှစ်လယ်ခန့်ကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကချင်၊ တအာင်း ပလောင်၊ တရုတ် စတဲ့ ဒေသခံ ၈၀၀ ဝန်းကျင် မှာ ကချင် KBC ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ … - [မုံးကိုး ဖောင်းဆိုင်ဒေသ ၁၀ နှစ်ကျော်အရွယ်အထိ စစ်သားစုဆောင်းခံနေရ](https://burmese.kachinnews.com/2022/04/05/apr-5-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဒေသ ကိုးကန့် MNDAA ထိန်းချုပ်တဲ့ နေရာတွေမှာ လတ်တလောအသက် ၁၀ နှစ်ကျော် အရွယ်ကလေးတွေကိုပါ ကိုးကန့် MNDAA က စစ်သားစုဆောင်း နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ “ကိုးကန့် ထိန်းချုပ်တဲ့ ဘက်တော့ ၁၀ နှစ် အထက် စစ်သားစုဆောင်းနေတာတော့ မှန်တယ်။” လို့ ဒေသ ခံ တစ်ဦးက ပြောပါတယ်။ အခုလိုအခြေအနေမှာ ICRC ထံ အကြောင်းကြားမယ်ဆိုရင်လည်း မိဘတွေ ဝန်ခံ ဂတိလုပ်ရမယ်ဆိုတဲ့အချက်ကြောင့် လက်ရှိ MNDAA ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသခံတွေဟာ ခက်ခဲမှုရှိနေတယ်လို့ ဆိုပါတယ်။ စစ်သားစုဆောင်းမှုကို မလိုလားဘဲ ထွက်ပြေးရန် ပြင်ဆင်နေတဲ့မိသားစုဝင်တွေကိုလည်း ထွက်ခွာသွားခွင့် မပြုတဲ့အကြောင်း ဖောင်းဆိုင် ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။ “ခုတော့ ထွက်လို့ မရဘူး။ စောင့်ထားတယ်။ ထွက်ပြေးရင် လယ်ယာ ခြံမြေ အကုန်သိမ်းပစ်မယ်။ ကြံခင်းလည်း သိမ်းပစ်မယ် လို့ ပြောတယ်။ အဲဒါကြောင့် ရှောင်တိမ်းလို့လည်းမရတော့ဘူး။” လို့ သူက ရှင်းပြပါတယ်။ မုံးကိုးမြို့နယ်ခွဲမှာ ကိုးကန့် MNDAA အပြင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်ကလည်း စစ်သားစုဆောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ထိ ဘန်စတိုင်း အပါအဝင် ဖောင်းဆိုင်ဘက်က တအာင်းတိုင်းရင်းသားအချို့လည်း မုံးကိုး မြို့ပေါ်ရှိ စစ်ရှောင်စခန်းတွေဘက် လူဦးရေ ၁ ရာကျော် ထပ်မံ ရောက်ရှိလာတယ်လို့ စစ်ရှောင်စခန်းကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။ … - [နမ်ဆန်ယန် ကျေးရွာအပြင်ဘက် စစ်တပ် နောက်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်နေဆဲ](https://burmese.kachinnews.com/2022/04/05/apr-5-y-1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်နယ်မြေဖြစ်သော ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအပြင်ဘက် ၁ မိုင်ခန့်ဝေးသော နေရာသို့ တပ်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်မှု ဆက်ရှိနေသေးသည်ဟု သိရသည်။ အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်များသည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် နမ်ဆန်ယန်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ညနေပိုင်း ၄ နာရီဝန်းကျင်ခန့် နမ်ဆန်ယန်ကျေးရွာ၏ တစ်ဖက်ကမ်းတွင် ရှိသော Lailum Bum စခန်းဘက်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ “ရွာထဲမှာတော့မရှိတော့ဘူး။ မနေ့ညနေပိုင်းအထိတော့ ရွာအတွင်းမှာ ဝင်ရောက်ပြီး ဘုရားကျောင်းတွေမှာ နေသွား တယ်။ သူတို့က ရွာရဲ့ အနီးမှာ ရှိသေးတယ်။ အပြီးပြန်သွားကြတာမဟုတ်။ ဟိုဘက်မှာရှိတဲ့ လေးလုံ စစ်တပ်စခန်းမှာ ရှိနေသေးတယ်။ သူတို့မနေ့ကလို ရွာထဲကို အမှတ်မထင်ဝင်လာတာမျိုးက ရွာသားတွေအတွက်ကတော့ စိုးရိမ်စရာ ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ အနီးမှာဘဲ KIA ရှိတယ်လေ။ KIA ဘက်ကလည်း နယ်မြေကျူးကျော်လာရင်တော့ ပစ်မှာဘဲ။ ဒါကြောင့် အခုထိလည်း စိုးရိမ်နေရတုန်းဘဲ” ဟု နမ်ဆန်ယန် ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။ ယမန်နေ့ နမ်ဆန်ယန် ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီ တပ်စခန်း ၂နေရာတွင် စစ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် သွားလာနေသော စခန်းဖြစ်သည်ဟု သိရသည်။ “အခုတလော နမ်ဆန်ယန်ဘက်နဲ့ ဂန်ဒေါင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းတွေမှာ သူတို့က စစ်ရိက္ခာသယ်ပို့ နေတာတွေပြုလုပ်နေတယ်။ အဲ့ဒီ စစ်ရိက္ခာသယ်ပို့တဲ့အဖွဲ့ကို … - [ဖားကန့်တွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/04/05/apr-5-ab-2/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု နန့်မှော်ကျေးရွာတွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ဧပြီလ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောသူသည် ဦးထွန်းထွန်းဆိုသူဖြစ်ပြီး ဆိပ်မူကျေးရွာသို့ သွားပြီးအပြန် လမ်းခုလတ်နေရာတွင် ပစ်သတ်ခံလိုက်ရသည်ဟု ဖားကန့်ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။ ”သေနတ် နဲ့ပစ်သတ်ခံရတာတော့ဟုတ်တယ်။ အဲ့နေရာမှာဘဲပွဲချင်းပြီး ဆုံးသွားတယ်။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာတော့ သေချာမသိရဘူး”ဟု ပြောသည်။ ဦးထွန်းထွန်း၏ ကိုယ်ပေါ်တွင်  သေနတ်ဒဏ်ရာ ၅ ချက်ထက်မနည်းတွေ့ရပြီး ပစ်သတ်သွားသည့် အဖွဲ့အစည်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ သူသည် နေအိမ်အတွင်း စျေးဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် သေနတ် ပစ်သတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး တန်ဘောင်လဆိုင်းနှင့် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်တို့ ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ထို့နောက် ပြီးခဲ့သော ၂၀၂၁ ခုနှစ်မေလဆန်းပိုင်း မှာလည်း ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မောင်တို့ အသတ်ခံခဲ့ရသည်။ - [အသက် ၂၀ ကျော်အရွယ် အမျိုးသား မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၂ စီးကိုဝင်တိုက်၊ လူတစ်ဦးသေ](https://burmese.kachinnews.com/2022/04/05/apr-5-ab-3/): မြစ်ကြီးနားမြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာသည့်ကား ဆိုင်ကယ် ၂ စီးကိုဝင်တိုက်မိရာ အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ည ၉ နာရီ မြို့သစ်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်ရှေ့တွင် ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နေ အသက် ၂၆ နှစ် အရွယ်ရှိ မောင်အာဝေမှ ကားဖြင့် ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိရာ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန် ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ယင်းလူနာများကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောသည်။ ”ဆိုင်ကယ်နှစ်စီးလို့ပြောတယ်ဗျ ကားက အဲ့ဆိုင်ကယ်နှစ်စီးကိုသွားတိုက်တာအမျိုးသမီးကနှစ်ယောက် ယောက်ကျား တစ်ယောက် ကလေးတစ်ယောက် ကလေးတစ်ယောက်ကတော့ အခြေနေစိုးတယ် သေမလားရှင်မလားမသိဘူး ယောက်ကျား တစ်ယောက်ကတော့ ခြေမျက်စိကနေ အရိုးတွေ ကျိူးသွားတယ်” ဟု ၎င်းကပြောသည်။ ပြင်းထန်ဒဏ်ရာရရှိထားသည့် ကျန်သုံးဦးကိုလက်ရှိပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။ မြစ်ကြီးနားမြို့တွင်းတွင် ဧပြီ ၄ ရက်နေ့က ယာဥ်တိုက်မှု ၂ကြိမ် ဧပြီ ၃ ရက်နေ့က တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းယာဥ်တိုက်မှု ခပ်စိပ်စိပ်ဖြစ်နေကြောင်းသိရသည်။ - [ဖားကန့်မှာ စစ်တပ်ပိုင် အင်တာနက်လိုင်း ပြန်ဖွင့်သော်လည်း ပြည်သူများအတွက် အဆင်မပြေဟုဆို](https://burmese.kachinnews.com/2022/04/05/apr-5-ab-1/): ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်းတစ်ခုတည်းကို ယမန်နေ့က ပြန်ဖွင့်လိုက်သော်လည်း အသုံးပြုရန် အဆင်မပြေကြောင်း ဒေသခံများ ပြောသည်။ ”ရတော့ရတယ် 4G တော့ဖြစ်နေတယ်။ သုံးလို့မရဘူးသုံးရဆာအဆင်မပြေဘူး ။သူတို့လုပ်ထားတာ Mytel ပဲရတာဗျ။ ကျန်တာဘာမှမရသေးဘူး မိုင်တဲတောင်သူတို့လုပ်ချင်သလိုလုပ်နေတာ ကျွန် တော်တို့သုံးရင်အဆင်မပြေဘူး။4Gတော့ ပြပြီးဘာမှလုပ်လို့မရဘူး အဲ့လိုဖြစ်နေတာ” ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့်တစ်မြို့နယ်လုံးကို ပြီးခဲ့သည့် ၂၀၂၁ ဩဂုတ်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီက MPT Ooredoo Telenor Mytel ဖုန်းအင်တာနက်လိုင်းများကို ပိတ်ထားခဲ့သည်။ ယခုကဲ့သို့ လိုင်းပြန်ဖွင့်ပေးရာတွင် စစ်တပ်နှင့် နီးစပ်သည့်နေရာများတွင်သာ လိုင်းအနည်းငယ်ကောင်းပြီး စစ်တပ်နှင့် ဝေးသည့် နေရာများတွင် လိုင်းတက်သော်လည်းအသုံးပြု၍မရအဆင်မပြေကြောင်း သိရသည်။ ”ကျွန်တော်တို့က Mytel တစ်ခုထဲရတယ် အသံကြားလို့ထည့်ကြည့်တာတော့ မတက်ဘူး ဖြစ်နေတယ် သူများတွေတော့သုံးနေကြတယ် တစ်ချို့နေရာတွေပဲရတာ လို့လည်းသိရတယ်” ဟု ဖားကန့် အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီက ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဖုန်းအင်တာနက်လိုင်းများအားလုံး ပိတ်ထားခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ထပမဆုံးနှင့် အချိန်အကြာဆုံး ဖုန်းအင်တာနက်ဖြတ်ခံထားရသည့်မြို့နယ်တစ်ခု ဖြစ်သည်။ ကချင်ပြည်နယ်နှင့် နယ်စပ်ဖြစ်သော ကသာခရိုင်အတွင်းမြို့နယ်များတွင်လည်း လွန်ခဲ့သည့် နှစ်ကစတင်ပြီး စစ်ကောင်စီက အင်တာနက်လိုင်းများပိတ်ပင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ - [နေရပ်ပြန်လာသော ပူတာအိုဒေသခံများ ထပ်မံ ထွက်ပြေးရမည်ကို စိုးရိမ်](https://burmese.kachinnews.com/2022/04/04/apr-4-ld-1/): နေရပ်ပြန်အခြေချနေထိုင်သော ပူတာအို ဒေသခံများသည် လက်ရှိစစ်ရေးမတည်ငြိမ် ပြန်ဖြစ်လာသောကြောင့် ထပ်မံ ထွက်ပြေး ရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများပြောသည်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်အုပ်စု တန်ဂျာကျေးရွာအနီး ဧပြီ ၃ ရက်နေ့ မွန်းလွဲပိုင်းပိုင်း စစ်ကောင်စီတပ် အင်အား ၈၀ ကျော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ စိုးရိမ်နေရသည်ဟု သိရသည်။ “KIAတွေရှိတဲ့ဘက် စစ်တပ်ကို ဝင်လာတယ် ထင်တယ်။ အဲ့ကြောင့် တိုက်ခိုက်ပစ်ခဲ့တာနေမှာ။ နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး သေနတ်သံ ပြန်ကြားတယ်။ စစ်တပ်ဘက် လက်နက်ကြီး ၂ ​ခါ ပစ်သံကြားတယ်။ ကျနော်တို့ရှိတဲ့ ရွာနဲ့ တော့ ၂ မိုင်လောက်ဝေးတယ်။ ရွာသားတွေက တချို့က အရမ်းစိုးရိမ်ပြီး နေနေတယ်။ တချို့ကတော့ တောဘက် ပြန်ပြေးရအောင်ဆိုတာလည်းရှိ၊ ပြန်ဖြစ်တော့မှပဲ ဘယ်လိုဖြစ်မယ်သိတော့မယ်။” ဟု တန်ဂျာဒေသခံတစ်ဦးက ပြောသည်။ တစ်လခန့်နီးပါး တိုက်ပွဲတည်ငြိမ်နေပြီဖြစ်သောကြောင့် ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR နှင့် မြစ်ကြီးနား ခရစ်ယာန်ကောင်စီ MCC အဖွဲ့မှ ကူညီပေးမှုဖြင့် ပူတာအိုစစ်ရှောင်ပြည်သူအားလုံးနီးပါး နေရပ်ပြန်နေသည့်အချိန်လည်း ဖြစ်သည်။ ယခုလို ဆွမ်ပီယန်၊ လုံရှာယန် ၊ အင်စီးယန် နှင့် တန်ဂျာယန် စသောကျေးရွာများမှ ဒေသခံပြည်သူများ မိမိကျေးရွာသို့ ပြန်နေထိုင်နေတဲ့ကာလတွင် စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုဆက်တိုက် ပြုလုပ်နေသောကြောင့် ရွာသားများအတွက် လုံခြုံရေး မရှိသေးကြောင်း ပူတာအိုဒေသခံ တစ်ဦး ယခုလို ဆက်ပြောသည်။ “အရမ်းစိုးရိမ်နေကြရတယ်။ ဒီတိုက်ပွဲက တည်ငြိမ်မဲ့အခြေအနေမရှိတာကြောင့် ဖြစ်နိုင်ရင်က … - [ရေနစ်သေဆုံးသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်လောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/04/04/apr-4-ab-1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် လုံဂါပါစားသောက်ဆိုင်နောက်ကြောဘက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် ရုပ်အလောင်းတစ်ခု ယနေ့ တွေ့ရှိခဲ့ကြောင်းသိရသည်။ သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ ဧပြီ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်သည်ဟု ဖြစ်စဥ်သိသူ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ”သူ့ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေဘာတွေတော့မတွေ့ရဘူး။ ရေနစ်သေဆုံးတာဖြစ်နိုင်တယ်။ မြစ်ဆိပ်မှာ ပေါ်နေတာဆိုတော့။ ပြီးရင် အတွင်းခံဘောင်းဘီနဲ့ သေနေတာ။ ရေချိုးပြီးတော့‌ ရေနစ်သေတာလို့ အဲ့လိုပဲပြောကြတယ်” ဟု ပြောဆိုသည်။ အဆိုပါရုပ်အလောင်း သေဆုံးနေသည်မှာ ၄ ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး လက်ရှိတွင် မည်သူမည်ဝါဖြစ်မည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့နောက် ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားအသင်းက ရှင်းလင်းထုပ်ပိုးပြီးနောက် ရင်ခွဲရုံသို့ပေးဆောင်ပေးခဲ့ကြောင်းသိရသည်။ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင် ယခင်ကလည်း လူမနေသည့်တဲတစ်လုံးအတွင်း အမျိုးသားတစ်ဦး သေဆုံးနေသည့်ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။ - [မုံးပေါ်ဒေသ ဟိုဝါးတောင်နဲ့ စီစီဝမ် တာဘန်တောင်ခြေမှာ တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2022/04/04/apr4-cjs1/): ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ် မုံးပေါ်ဒေသ ဟိုဝါးတောင်နဲ့ စီစီဝမ် တာဘန်တောင်ခြေမှာ ယမန်နေ့က စစ်ကောင်စီ နဲ့ KIA ၊ MNDAA တို့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနက် တပိုင်းတော့ အရင် တခါ တိုက်ပွဲ ဖြစ်တဲ့ ဟိုဝါး တောင်ဘက် တိုက်ပွဲဖြစ်တယ်။ ညနေပိုင်း ၂ နာရီ ဝန်းကျင်လောက်ကကျတော့ ဟူဂန့် အပေါ်ဘက် လက်နက်သေးသံတွေရော ကြားနေရတယ်။ မိုင်ဖန်ရွာဘက်က လက်နက်ကြီး ပစ်ကူပေးတယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ရွာနဲ့ နည်းနည်းဝေးတာကြောင့် ရွာခံတွေ တိမ်းရှောင်ရတာမရှိပေမယ့် တိုက်ပွဲ ပြင်းထန်လာမှာကိုတော့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မကြာခဏ တိုက်ပွဲ ဖြစ်ပြီး တချိန်လုံးစိုးရိမ်ကြောက်လန့်နေရတဲ့အပြင် တရုတ်ဘက် အဓိက တင်ပို့တဲ့ ကြံတွေလည်း ကပ်ရောဂါ အကြောင်းပြချက်နဲ့ တင်ပို့ မရတာကြောင့် စားဝတ်နေရေး ပိုမို ခက်ခဲကျပ်တည်းလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မန်ကျမ်ရွာနဲ့ ဟူဘန်ရွားကြား၊ မုံးနွယ်ကုန်းမှာ မတ်လ ၃၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်ခန့်ကစ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မန်နောင်ကောင်ရွာထိပ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား မတ်လ ၂၈ ရက်နေ့ တရက်ထဲ တိုက်ပွဲ … - [ကချင် စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF က တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး](https://burmese.kachinnews.com/2022/04/04/apr4-cj1/): စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် နန့်စီးအောင်လမ်းပိုင်းအသုံးပြုခဟုဆိုကာ ကားသမားများထံ ငွေကြေးကောက်ခံနေသော အင်းတော်မြို့နယ် စစ်ကောင်စီစစ်ဆေးရေး ဂိတ်နှစ်ခုကို အင်တော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၃ရက်နေ့ ညပိုင်းက အင်းတော်-နန့်စီးအောင်ကြား နတ်မဟုတ်ကြီး ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ် ၂ ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မှ KNG သတင်းဌာန သို့ ပြောသည်။ “အင်းတော်နယ်ထဲ မှာကို လေးခုလောက်ရှိတယ် ဂိတ်တွေက ဆောက်လုပ်ပြီးစတွေရော ဆောက်လုပ်စ တွေကောရှိတယ်။ လာသမျှကုန်ကားတွေဆီက ငွေတွေ လိုက်တောင်းနေတာ အဲ့ထဲက ဂိတ်နှစ်ခုကို တိုကခိုက်ခဲ့ပါတယ်။ သေဆုံးတာက လေးယောက်ပါ တချို့က ထွက်ပြေးသွားတယ် ပြန်လည် ခုခံလာတော့ နောက်ဆုတ်လိုက်တယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အင်းတော်မြို့နယ်တွင် အလားတူငွေကြေးကောက်ခံနေသော ဂိတ် ၄ ခုခန့်ရှိနေသည့်အပြင် ဂိတ်ထပ်မံတိုးချဲ့ရန်လည်း ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဂိတ်များတွင် စစ်ကောင်စီတပ်သားနှင့် ရဲများကို အင်အား ချထားကာ ကုန်ကား များထံမှ ငွေတောင်းခံမှုပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည် ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ခု သွားရောက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီစစ်ဆေးရေဂိတ်များအား သွားရောက် တိုက်ခိုက်မှုမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် လပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော PDF … - [ဗန်းမော် တက္ကသိုလ်ရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/04/02/apr2-z1-2/): ဗန်းမော်မြို့ တက္ကသိုလ်ဝင်းရှေ့ ယနေ့နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ယာဉ်တန်းသည် မိုးမောက်မြို့ဘက်မှ ဆင်းလာချိန် ဗန်းမော်မြို့အဝင် နမ့်ဖားကျေးရွာရှိ ဗန်းမော် တက္ကသိုလ် ကျောင်းရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦး ပြောသည်။ ”အသံတော့ အကျယ်ကြီးပဲကြားလိုက်တယ်။ နောက်မှ စစ်ယာဥ်တန်းမိုင်းဆွဲခံရတာလို့ သိရတာ ဖြတ်သွားတာတော့ ဆယ်စီးလောက်ရှိမယ် အင်အားများတယ်” ဟု ၎င်းကပြောသည်။ အဆိုပါမိုင်းဆွဲခံရမှုတွင် ထိခိုက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသော်လည်း အထိအခိုက်သေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။ အလားတူ ဗန်းမော်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ရဲမှူးတစ်ဦးနှင့် ဒေသခံတစ်ဦး မိုင်းထိ သေဆုံးခဲ့သည်။ - [ခင်ဦးမြို့နယ် လူနေအိမ် ၁၀၀ ကျော် ထပ်မံမီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးနေရ](https://burmese.kachinnews.com/2022/04/02/apr2-z1/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးကျေးရွာနှင့် ရှားလွင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး လူနေအိမ် ၁၀၀ ကျော်ကို ဒုတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ လူထု ၂၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ မီးရှို့ဖျက်ဆီးဆီးခံရသော နေအိမ်များမှာ ကုလားလူးကျေးရွာမှ ၄၇ လုံး နှင့် ရှားလွင်ကျေးရွာမှ ၃၄ လုံးဖြစ်ပြီး စုစုပေါင်း လူနေအိမ် ၈၁လုံး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးမှ KNG သတင်းဌာန သို့ ပြောသည်။ “အရင်တစ်ခေါက်လည်းမီးရှို့ခံရတယ်။ ဒီရွာတွေက အခုဆိုရင် နှစ်ရွာပေါင်းလူနေအိမ် တစ်ရာကျော် နှစ်ရာ နီးပါးလောက်တော့ရှိပြီဗျ။ ပထမတစ်ခေါက်ကလည်း ၁၃၀ ကျော် ရှို့ခံခဲ့ရတယ်။ သူတို့က အဲ့ဒီအိမ်တွေကိုပဲ မီးရှို့တာမဟုတ်ဘူး ရွာက ဘုန်းကြီးကျောင်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးတယ်” ဟု အမည်မဖော်လိုသည့် ခင်ဦး ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၆ ရက်နေ့ကလည်း ကုလားလူးကျေးရွာမှ လူနေအိမ် ၇၅ လုံး၊ ရှားလွင်ကျေးရွာမှ လူနေအိမ် ၆၃ လုံးစုစုပေါင်း လူနေအိမ် ၁၃၈ လုံးကို ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။ ယခု ဒုတိအကြိမ် ကျေးရွာမီးရှို့ခံရပြီးနောက် လတ်တလော အဆိုပါကျေးရွာ ၂ ခုတွင် မီးဘေးသင့် စစ်ရှောင်ပြည်သူ လူဦးရေ ၁၀၀၀ ခန့် ရှိသည့်အပြင် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်မှုများကြောင့် နီးစပ်ရာ ကျေးရွာပေါင်း ၈ ရွာမှ ပြည်သူ နှစ်ထောင်ကျော်လည်း ထွက်ပြေးနေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ … - [မိုးညှင်းမြို့ လူနေအိမ်တစ်အိမ်တွင် လူငယ်အုပ်စု တစ်စုမှ အိမ်ရှင်များကို ရိုက်နှက်သွား](https://burmese.kachinnews.com/2022/04/01/apr-1-cj1/): ကချင်ပြည်နယ် မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်အိမ်တွင် မတ်လ ၃၀ ရက်ညက လူငယ်တစ်စု မှ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး အိမ်ရှင်များကို ရိုက်နှက်သွားကြောင်း သိရသည်။ အသက် ၂၀ ကျော်ဝန်းကျင် အမည်မသိလူငယ် ၁၀ ဦးခန့်သည် နောင်စွန်းရပ်ကွက်ရှိ အိမ်တစ်လုံးကို ခဲနှင့် စတင် ပစ်ပေါက်ပြီး သော့ခတ်ထားသည့် နေအိမ်ခြံတံခါးကိုလည်း ချိုးဖောက်ကာ နေအိမ်အတွင်းရှိ အိမ်ရှင်များကို ရိုက်နှိက်သွားကြောင်း ကျူးကျော် ရိုက်နှိက်ခံရသည့် မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ညဆယ်နာရီလောက်ပေါ့နော် အိမ်ဘေးမှာ ဆိုင်ရှိတယ် စားသောက်ဆိုင်ဘီယာဆိုင်ရှိတယ် အဲ့မှာစားသောက်ကြတဲ့ လူငယ်တွေက အိမ်ကိုအရင်ခဲနဲ့လာထုတာ သူတို့ဘက်ကတော့ထုတာတော့ ထုတာပေါ့။ ဒါပေမယ့် သူတို့ဘက်တစ်ခွန်းမှ မပြောဘူး အိပ်လည်းအိပ်နေကြပြီ။ ဒါပေမယ့် သူတို့က ထပ်ထုနေတော့အဖေက ပြောလိုက်တာ ငါ့အိမ်ကိုဘယ်သူ ခဲနဲ့ထုတာလဲဆိုပြီး အဲ့လို ပြောလိုက်တာကို အိမ်ထိ ခြံကျော်ပြီးတော့မှ ကိုလာပြီး ဝင်ရိုက်နှိက်သွားတာ လက်တီးတွေနဲ့ထိုးတယ် တုတ်နဲ့ရိုက်တယ်” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ နေအိမ်အတွင်းသို့ တံပန်း တံတားကို ဖျက်ဆီး ဝင်ရောက်လာကာ နေအိမ်ထဲရှိ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အိုနှစ်ဦးနှင့် အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦးတို့ကို ရိုက်နှက်သွားခဲ့သည်။ ထို့ကြောင့် လက်ရှိ အသက်ကြီးရွယ်အို နှစ်ဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ “သူတို့ရိုက်နှိက်ပြီးတော့ထွက်သွားတယ်။ ပြီးတော့ဒုတိယအကြိမ်ထပ်ရောက်လာတယ် ရောက်လာပြီးတော့ ဘိုးတော်က သူတို့လူကို ရိုက်ပါတယ်ဆိုပြီး တောင်းပန်ခိုင်းတယ်။ တံခါးတွေဖွင့်ခိုင်းတယ်။ တံတားမဖွင့်ပေးလို့ အိမ်ကိုတစ်ညလုံးခဲနဲ့ထုတယ်။ မနက်ပိုင်းရောက်ခါနီးထိကို … - [ဒေါက်တာ M Kawn La မြစ်ကြီးနားမြို့နယ်ရဲစခန်းတွင် ထပ်မံတရားစွဲဆိုထား](https://burmese.kachinnews.com/2022/03/31/mar-31-y1/): နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းတွင် စစ်တပ်ဘက်က ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်စွဲချက်တင်ထားကြောင်း သိရသည်။ မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတရားစွဲဆို ထားခြင်းဖြစ်သည့်အတွက်ကြောင့် လာမယ့် ဧပြီလ သင်္ကြန်ပွဲတော်မတိုင်မှီ ထပ်မံ တရားရင်ဆိုင် ခံရနိုင်ဖွယ်ရှိသည်ဟု KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ဒီအမှုက နေပြည်တော်မှာ ဖမ်းဆီးခံရတဲ့ နောက်တစ်ရက်ဆို မြစ်ကြီးနားမှာလည်း ပြန်စွဲခံထားရတဲ့အမှုပါ။ စစ်တပ်ဘက်ကနေ ထပ်မံ တရားစွဲထားတယ်လို့လည်း အခုတလောမှာဘဲ ပြန်သိရလို့ အားလုံးကို ပြန်အသိပေး လိုက်တာပါ။ တာဝန်ရှိတဲ့သူတွေကို ဘာလို့စွဲထားတဲ့အကြောင်း သွားမေးတော့ ပုဒ်မက သေချာ မသိရသေးဘူး။ ဒါပေမယ့် ၅၀၅(က)လို့ဘဲတော့ကြားနေတယ်။ ဒီအမှုကိုတော့ သင်္ကြန်ပွဲရက်အတိုင်မှီ အမှုရင်ဆိုင်ရှိတယ်လို့ဘဲ သိရတယ်” ဟု ပြောဆိုသည်။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုဖွင့်စွဲချက်တင်ထားသည့်အပေါ် မည်သည့်အကြောင်း အရင်းကြောင့် တရားထပ်မံစွဲဆိုထားကြောင်း အသေးစိတ်မသိရသေးသော်လည်း စွဲချက်တင်ထားသည့် အမှုကို ဖြေရှင်းပေးရန်အတွက် စစ်တပ်ဘက်ကနေ ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ထံသို့ စာတင်ပြတောင်းဆိုထားပြီ ဖြစ်ကြောင်းလည်း ဆက်သိရသည်။ ယခုလို … - [မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး](https://burmese.kachinnews.com/2022/03/30/mar-30-z-1-2/): မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်အတွင်းရှိ လမ်းဘေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးကာ အပြစ်ပေး ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ရပ်ပူရပ်ကွက်အတွင်း၌ ယခုနောက်ပိုင်းတွင် လမ်းဘေး လမ်းကြိုလမ်းကြားနှင့် အများပြည်သူနှင့်သက် ဆိုင်သည့်နေရာ များတွင် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ နေသောကြောင့် ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်သွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ် ကြောင်း ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။ “အဓိက ကတော့ကွာ ဒီရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေများလို့ ခိုက်ရန်ဖြစ်ပွားမှုတွေများတယ်။ ခိုးဆိုးလုနှိုက်မှုတွေများလာတယ် အဲ့ဒါကြောင့် ရပ်ကွက်ထဲကလူငယ်တွေစုစည်းပြီးတော့ ရဲနှင့် ရပ်ကွက်တာဝန် ရှိသူတွေပေါင်းပြီးတော့ရပ်ကွက်ထဲမှာ လည့်လည်ပြီးတော့မှ မူးယစ်ဆေးသုံးနေတာတွေ့ရင် ငါးချက်လောက်ရိုက်ပြီး နောက်မလုပ်ဖို့ခံဝန်ကတိနဲ့ပြန်ခိုင်းတယ်” ဟု ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။ လတ်တလောမှာ ပညာပေးကာလအဖြင့် ရိုက်နှက်ပြစ်ဒဏ်ပေး၍ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီးမှသာ ပြန်လွတ်ပေးလျက်ရှိပြီးနောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ “အဲ့ဒီအဖွဲ့တွေက တစ်နေ့ကို ရမ်ပူရပ်ကွက်မှာ သုံးကြိမ်လောက်တော့လှည့်တယ် တွေ့မိရင်တော့ အခုက ပညာပေးကာလအနေနဲ့ ငါးချက်လောက်ရိုက်ပြီး ပြန်ခိုင်တယ် ဒီရပ်ကွက်မှာက အရင်ကတည်းကအဲ့လိုပဲ လာသုံးနေကြတာရပ်ကွက်ကလည်းကြီးတယ်ဆိုတော့ ပိုပြီးများလာတာက ဒီ တစ်နှစ်ကျော််လောက်ပဲရှိသေးတယ် အရင်ကတော့ လာမသုံးကြဖို့စာတွေကပ်တာလောက်ပဲလုပ်တာ မရတော့အခုလိုလုပ်လာတာပဲ သိမကြာသေးဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ ရမ်ပူရပ်ကွက်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးနေရာများမှာ လမ်းသွယ် ၂၁ ၊၂၂ ၊ ၂၄ နေရာများနှင့်နီးစပ်သည့် နေရာများတွင်အများဆုံးဖြစ်ပြီး ကျန်သည့်နေရာများတွင်လည်း သုံးစွဲသူရှိနေကြောင်းသိရသည်။ - [နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး](https://burmese.kachinnews.com/2022/03/30/mar-30-z-1/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာ ချောင်းတံတား ပျဥ်သယ်လာသည့် ကားဖြတ်သန်းစဥ် ကျိုးကျ၍ ကားသမားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ မတ်လ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ပြီး ပျဥ်တင်လာသည့်ကား နန့်ပုတ်ချောင်းတံတားပေါ်မှဖြတ်သန်းစဥ် ခံနိုင်ဝန်မမျှသဖြင့် တံတားကျိုးကျခဲ့ရာ ကားသမားသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”မနေ့က ညဘက်မှာဖြစ်တာတဲ့ ၇ နာရီဝန်းကျင်ဖြစ်မယ်။ သူကတော့ လမ်းတံတားပါ ကားလမ်းတံတား မဟုတ်ဘူး။ အချိမဆံ့တင်လာတော့ တံတားရဲ့ ခံနိုင်ဝန်ကိုကျော်သွားတော့ သူ့ဟာသူကျိုးကျတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသွားသော ကားသမားများ၏ ကိုယ်ရေးအချက်အလက်များကို KNG က အသေးစိတ်မသိရှိနိုင်သေးပါ။ အဆိုပါ တံတားသည် နန့်ပုတ်ကျေးရွာအလွန် ယခင် မီးရထားလမ်းဟောင်းအနီးတွင် တည်ရှိသည့် တံတားဖြစ်ပြီး ဒေသခံများက စားဝတ်နေရေး၊ စီးပွားရေးနှင့်အခြား ကိစ္စရပ်များအတွက် အသုံးပြုနေဆဲတံတားလည်းဖြစ်သည်။ - [မော်ဟန်ကျေးရွာတွင် မီတာခ​ပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို](https://burmese.kachinnews.com/2022/03/29/mar-29-cj1/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားပြီး မီတာခပေးဆောင်မည်ဆိုပါက လျှပ်စစ်မီးအချိန်ပြည့်ပြန်ပေးမည်ဟုပြောဆိုလာကြောင်းသိရသည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၆၀ခန့်ကသာမီတာခပေးဆောင်လျက်ရှိပြီး အများပိုင်းကမီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက မတ် ၂၁ ရက်နေ့မှစတင်ကာ တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ််တောက်ထားခြင်းဖြစ်သည်။ ယခုလို ပြည်သူများအနေဖြင့် မီတာခ ပုံမှန်ပြန်ပေးဆောင်ပါက ပုံမှန်အတိုင်းမီးပေးမည်ဟုပြောလာကြောင်း မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မီးက လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေပြန်ပြီးစပေးတယ်။ အချိန်ပြည့်တော့မဟုတ်ဘူး။ လာလိုက်မလာ လိုက်ပေါ့။ ည ရနာရီလောက်ကနေ မနက် လေးနာရီလောက်ထိလာတယ်။ ကျန်တဲ့ချိန်တော့ မလာဘူး။ ဒီနေ့ရွာသားတွေနဲ့လျှပ်စစ်တာဝန်ရှိသူတွေနဲ့ ရွာကမီးလင်းရေးကကော်မတီတွေနဲ့ တွေ့ဆုံတဲ့ခါ ပြောတာတော့မီတာခတွေပြန်ဆောင်ရင်မီးပုံမှန်ပြန်ပေးမယ်။ ရွာသားတွေရဲ့သဘောပဲအတင်းတော့ မဆောင်ခိုင်ဘူးလို့ပြောတယ်” ဟုပြောဆိုသည်။ မီတာကြေးပေးဆောင်မည်ဆိုပါက ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိအသုံးပြုထားသည့် မီတာခများကိုပါ ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ရွာသားများက မီတာခပေးဆောင်မည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ “ရွာကတော့အကုန်ဆောင်မယ်တဲ့မီးတာစာရွက်တွေပြန်ယူနေကြတယ်။ မီတာစာရွက်က ခြောက်လစာဆိုတော့ ခြောက်ရွက်ဟုတ်တယ်။ တစ်ခါတည်းမဆောင်နိုင်ရင် လည်းတစ်လဆောင်နိုင်ရင် တစ်လ နှစ်လဆောင်နိုင်ရင်နှစ်လ အတင်းကြီးတော့မဟုတ်ဘူး”ဟု မော်ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။ မော်ဟန်ကျေးရွာကို မိုးညှင်းမြို့နယ်ရှိ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ယခု လျှပ်စစ်မီးဖြတ်တောက်ရာတွင် ရက်အကန့်အသတ်မရှိဖြတ်တောက်ထားသောကြောင့် မော်ဟန်ကျေးရွာနေပြည်သူများ အနေဖြင့် မီတာခပေးဆောင်မှသာလျှင် လျှပ်စစ်မီးပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မော်ဟန်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ ခြောက်သောင်းကျော်မှီတင်း နေထိုင်နေကြောင်းသိရသည်။ - [အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး](https://burmese.kachinnews.com/2022/03/29/march-29-z-1/): စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ပါရမီးကျေးရွာတွင် လူနေအိမ် ၃လုံးကိုစစ်ကောာင်စီတပ်က မီးရိူ့ဖျက်စီးခဲ့ပြီး မီးရိူ့ဖျက်ဆီးမှုတွင် လေဖြတ်နေသည့် အသက်ကြီးရွယ်အို ၁ဦးလည်းမီးလောင်သေဆုံး သွားကြောင်း သိရသည်။ မတ်လ ၂၉ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောာင်စီစစ်တပ်နှင့် ရဲများသည် အင်အားအများအပြားဖြင့် ပါရမီကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရိူ့ဖျက်ဆီးခဲ့သည်ဟု ပါရမီကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “အဲ့ဒီစစ်ကောင်စီတပ်တွေက နောင်ကြီးအိုင်မှာတပ်စွဲထားတဲ့အဖွဲ့တွေဖြစ်တယ်။ ဒီဘက်ဝင်လာပြီး အိမ်တွေကိုမီးရိူ့သွားတာဗျ။ ပိုပြီးစိတ်မကောင်းစရာက အိမ်ထဲမှာရှိနေတဲ့ရောဂါသည်ကအဖိုးက မပြေးနိုင်ဘူး မီးထဲပါသွားတယ်”ဟုပြောဆိုသည်။ ရောဂါဝေဒနာကြောင့် မီးလောင်မှုတွင် သေဆုံးသွားသည့် သူမှာ အသက် ၆၂အရွယ်ရှိ ဦးညွှန့်တင့်ခေါ်သူဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီက မီးရိူ့ဖျက်ဆီးသွားသော လူနေအိမ် ၃လုံးသည်တစ်ဆက်တည်းတည်ရှိနေခြင်းမဟုတ်ပဲ သီးသန့်တစ်နေရာဆီ ရှိနေခြင်းမှ တစ်အိမ်ချင်းစီ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြောင်းလည်း ဆက်လက်သိရသည်။ အရာတော်မြို့နယ်တွင်လတ်တလော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုအရှိန်မြင့်တင်နေကာ လူနေအိမ်များမီးရိူ့ဖျက်ဆီးမှုနှင့် အပြစ်မဲ့အရပ်သားများအား ဖမ်းဆီး သတ်ဖြတ်မှုပိုမိုလုပ်ဆောင် လာနေပါနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ လွန်ခဲ့သည့် ဇန်နဝါရီလတွင်လည်းဘော်ကုန်းကျေးရွာမှ အသက် ၃၀ ကျော်တစ်ဦး၊ အသက် ၂၀ ကျော်တစ်ဦးနှင့် အသက်၁၂ နှစ်အောက်၂ဦး၊ စုစုပေါင်း အမျိုးသားလေးဦးကို တစ်ချိန်တစ်နေရာတည်းတွင် သတ်ဖြတ်ခဲ့သည်။ - [မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်](https://burmese.kachinnews.com/2022/03/29/mar-29-cj-s-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ် မုံးပေါ်ဒေသ၊ မန်နောင် ကောင်ရွာအနီး ယမန်နေ့ တစ်ရက်ထဲ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည်ထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။ “အိမ် ၁ အိမ်မှာတော့ လက်နက်ကြီးထိမှန်တယ်။ နောက် ၁ အိမ်မှာက ၂ လုံးထိတယ်။ မျက်မမြင် အဘိုးကြီး ၁ ယောက် ထွက်မပြေးနိုင်လို့ ထားခဲ့တာ သူ့နား ကုန်းပေါ် လက်နက်ကြီးလာကျပေမယ့် သူက အောက်မှာ ထိုင်နေတော့ ကံကောင်းလို့ မထိတာ။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့် စစ်ကောင်စီတပ်သည် ရွာလယ်လမ်းမမှ ဖြတ်လာချိန် ၁ ဖာလုံခန့်အကွာတွင် KIA မှ စောင့်ကြိုကာဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင်လည်း တံတားနားမှာ ထပ်မံ ဗုံးဖောက်ခွဲခံရတာကြောင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။ “ပြည်သူတွေကိုတော့ နှိပ်စက်တာတော့ မရှိပါဘူး။ နောက်တကြိမ်မှာတော့ ကောင်လေး ၁ ယောက်ကို တွေ့တော့ ခြိမ်းခြောက် ပစ်ခတ်တယ်။ သူ့နားက မြေကြီးကို ၂ ချက်ပစ်ပြီး ခြိမ်းခြောက်တာ။ အဲဒါလည်း အိမ်ခြံဝင်း ထဲမှာပဲ။ ဘာမှ မဖြစ်တော့ဘူး ထင်ပြီး အိမ်ပြန်လာတာ။ သူ့ကို ဘာမှ … - [မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်](https://burmese.kachinnews.com/2022/03/28/mar-28-l1/): မြစ်ကြီးနား စီတာပူရပ်ကွက် နောင်ရာကွင်းအနီး ဇေယျာမင်းဆီဆိုင်ရှေ့တွင် ကားမောင်းလာသော ပြည်သူတစ်ဦးကို လူငယ် ၃ ဦးမှ သေနတ်ထောက်ကာ ကားဓါးမြတိုက်ယူသွားကြောင်း သိရသည်။ မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၇ နာခွဲခန့် နောင်ရာကွင်းအနီးတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ Honda Fit ge-6 ကားအဖြူတစ်စီးကို ဓါးပြတိုက်သွားသည်ဟု ကားပိုင်ရှင်က ယခုလိုပြောသည်။ “ကျနော့်ကို ဆိုင်ကယ်နှစ်စီးနဲ့ အရှေ့ကရော အနောက်ကရော ပိတ်ရပ်လိုက်တယ်။ သေနတ်နဲ့ချိန်ထားပြီး ဆင်းခဲ့နင့်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်လည်း ကောင်းကောင်းမွန်မွန်စစ်တဲ့သူတွေလို့ ထင်သွားတာပေါ့။ ကျနော်ဆင်းပေးလိုက်တာ ဒါပေမဲ့ ဆင်းပေးပြီးချင်းချင်း တစ်ယောက်က သေနတ်နဲ့ချိန်ပြီး တစ်ယောက်က ကားပေါ် ကပြာကရာတက်လိုက်တယ်။ လှုပ်ရင်ပစ်မှာ ဘာညာဆိုပြီးပြောတယ်။ တစ်ယောက်က ဆိုင်ကယ်နဲ့အရင်ထွက်သွားပြီး သေနတ်နဲ့ချိန်ထားတဲ့ကောင်က ကားပေါ် တက်မောင်း လုသွားတာ။” ဟု ကားလုယက်ခံလိုက်ရသူ ပြည်သူတစ်ဦးက KNG ကိုပြောသည်။ ဓါးမြတိုက်သူများမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၃ ဦးဖြစ်ကြပြီး 125 ဆိုင်ကယ်နှစ်စီးဖြင့် ရှေ့နောက် ပိတ်ဆို့ကာ ကားဓါးပြတိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ လုယူသွားသော ကားအထဲတွင် ကားပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်နဲ့ နိုင်ငံသားမှတ်ပုံတင်လည်း ပါသွားကြောင်း သိရသည်။ ထိုဓားမြတိုက်သူ ၃ ဦး၏ သေနတ်မှာ အစစ်ဖြစ်နိုင်ချေ မရှိကြောင်း ၎င်းက ယခုလို ဆက်ပြောသည်။ “ကျနော်ထင်တာ ကျနော်မြင်လိုက်တာ၊ သေနတ်က တစ်ယောက်ပဲ ပါတယ်။ အရမ်းလည်း မရှည်ပဲနဲ့ စနှိုက်ဘာလို … - [ကင်းလှည့် စစ်ကား မိုင်းခွဲခံရမှုတွင် စစ်ကောင်စီ ဒုရဲမှူးတစ်ဦး‌ သေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ပြည်သူ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/03/28/mar-28-z1-2/): ဗန်းမော်မြို့တွင်း ယနေ့ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ရာ ရဲအရာရှိအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူဘက်ကလည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက် ခရိုင် ရဲစခန်း ဒုရဲမှူး ၁ ဦး သေဆုံးသည့်အပြင် ရဲတပ်သား ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ယဥ်တန်းကား အဖြတ်မှာ မိုင်းဆွဲတာ စစ်ကား ၂စီး ရဲကား Faw ကား တစ်စီး။ စုစုပေါင်း ၃ စီးကို မိုင်းဆွဲတာ ဒုရဲမှူး ၁ ယောက်သေတယ်။ ၅ ယောက်‌လောက်‌ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ် ။ အဲမှာ စိတ်မကောင်းစရာက ပြည်သူ ၅ ယောက်လည်းထိတယ် တစ်ယောက်က ပွဲချင်းပြီးဆုံးတယ် ကျန် ၄ ယောက်တော့ ဆေးရုံတင်ထားရဆဲပါ” ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီဘက် မှ သေဆုံးသူသည် ဗန်းမော်ခရိုင်မှ ဒုရဲမှူးအဆင့်ရှိ ဦးအောင်မြတ်ဦးဆိုသူဖြစ်ပြီး နားထင်နား မိုင်းစထိမှန်ပြီး နေ့လည်၁နာရီဝန်းကျင်တွင်သေဆုံးကာ ကျန် ရဲတပ်သား ၄ ဦးသည်လည်း မိုင်စထိမှန်ကာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းကဆက်ပြောသည်။ အလားတူ ဒေသခံပြည်သူ ဒဏ်ရာရှိခဲ့သည့် ၅ ဦးအနက် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဒေါ်ရေဟာနာ (ခ) ဒေါ်ဘောက်နူးဆိုသူသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် … - [သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်](https://burmese.kachinnews.com/2022/03/28/mar-28-z1/): ဖားကန့်မြို့မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ ဖားကန့်တရားရုံးမှ ယနေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။ “ကိုနောင်ရိုးရယ် ဇော်ဝင်းမောင်လည်းပါတယ် စုစုပေါင်း လူငယ် ၇ ယောက် အားလုံးက ပုဒ်မ ၅၀၅(က) ဘဲ တစ်နှစ်စီချမှတ်ခံရတယ်”ဟုနီးစပ်သူတစ်ဦးက ပြောသည်။ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့က သတင်းယူနေစဉ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွက် ဖမ်းဆီးခံရပြီး၊ နောက်ထပ် ဖားကန့်သတင်းများကို ရေးသားနေသော ကိုဇော်ဝင်းမောင်သည်လည်း ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်ည လုံးခင်း သပိတ်သို့ သတင်းသွားယူရန် ပြင်ဆင်ရင်း နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ယနေ့ ဖားကန့်မြို့နယ် တရားရုံးတွင် ဖမ်းဆီးခံထားရသူများထဲမှ ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ကိုမျိုးဦး၊ ရန်နိုင်ထွန်း၊ မွန်းနောင်၊ ကိုအောင်သူ၊ ကျော်မျိုးဦး စုစုပေါင်း (၇) ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်သည်။ ဖားကန့် မြို့နယ်တွင် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ (၄၀) ကျော်ရှိကြောင်းသိရသည်။ - [စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ](https://burmese.kachinnews.com/2022/03/27/mar-27-ld-1/): ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။ မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အာလမ်ကျေးရွာတစ်ခုကိုသာကွက်ပြီး ဖမ်းဆီးနေမည့်အစား အမှန်တကယ် စက်ယန္တရားကြီးများဖြင့် တူးဖော်နေသော နေရာအများစုကိုလည်း ဖမ်းဆီးသင့်သည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူ ပြည်သူ တစ်ဦးက KNG ကို ယခုလို ပြောသည်။ “သူတို့လုပ်တာက လွဲနေတယ်။ အာလမ်ကျေးရွာဆိုတာက စက်ကြီးနဲ့ တူးတာက မရှိသလောက်ပဲ တစ်ခုလောက်ပဲရှိတယ်။ အားလုံးက ဒေသခံပြည်သူတွေ လက်လုပ်လက်စား စက်အသေးနဲ့ပဲ တူးဖော်နေတာဖြစ်တယ်။ မြစ်ကြောတစ်လျှောက် စက်ကြီးနဲ့ ဒီလောက်တူးနေတဲ့သူတွေ အများကြီး၊ အင်မိုင်ခဘက်၊ ဝိုင်းမော်ဘက် နဲ့ ဟိုဘက် နောင်းနန်းဘက် အဲ့လိုနေရာတွေက စက်ကြီးတွေနဲ့ တူးဖော်ကုန်တော့မယ်။ အဲ့လိုနေရာတွေကိုတော့ မဖမ်းပဲ အခုက ဘာမဟုတ်တဲ့ ဒေသခံတွေပဲ လက်လုပ်လက်စား၊ စက်အသေးစားနဲ့ တူးနေတာကိုပဲ ကွက်ပြီးလာဖမ်းနေတာ မတရားဘူးလို့မြင်တယ်။ သူတို့လုပ်နေတာ တလွဲဖြစ်နေတယ်လို့ မြင်တယ်။” ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်နေသူ ပြည်သူတစ်ဦးက ပြောသည်။ မတ်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးရာတွင် အာလမ်ကျေးရွာမှ ဘက်ဖော ၂ စီး အပါအဝင် ဒေသခံပြည်သူများ၏ တစ်လုံးထိုးစက် ၁၀ လုံးကျော် သိမ်းဆည်းသွားပြီး ဒေသခံ ၅ ဦးကိုလည်း … - [တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/03/26/mar-26-y1/): တနိုင်းမြို့နယ် တရုန်ကျေးရွာသို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ ယနေ့ ၁၂ နာရီဝန်းကျင်ခန့်တွင် တရုန်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က တရုန်ကျေးရွာ၏ တရုန်ချောင်းကူးတံတားပေါ်တွင် တပ်စွဲထားသည့် တပ်စခန်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ရန် တနိုင်းမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တရုန်ချောင်းအနီးတွင် KIA နှင့် PDF အဖွဲ့က ၄ကြိမ်ထက်နည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောဆိုသည်။ “မိုင်းခွဲတိုက်ခိုက်တာက ၁၂ နာရီကျော်လောက်မှာ ဖြစ်တယ်။ တပ်ချိန်းဖို့ရန်အတွက် တနိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ မိုင်းခွဲတိုက်ခိုက်ရုံလောက်ဘဲ။ ဗမာစစ်သားဘက်ကတော့ ရှေ့မှာတင် ၅ယောက်ပွဲချင်းပြီး ဆုံးသွားတာတွေ့ရတယ်။ နောက်ထိခိုက်တာတော့ အသေးစိတ်ပြောလို့ မရဘူး။ ထိခိုက်မှုတော့ရှိတယ်” ဟု ပြောဆိုသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုအပတ် မတ်လ ၂၄ ရက်နေ့ တိန်ကောက်ကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော ခလရ ၂၆၀ တပ်ရင်းမှ စစ်သားများဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၄ ရက်နေ့ တနိုင်းမြို့အဝင် ၈ မိုင် လမ်းတောင့်တစ်နေရာတွင် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ “သူတို့က တပ်ချိန်းဖို့အတွက် တနိုင်းဘက်ကတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်။ ဟိုကနေ တက်လာတာ ၂ရက် လောက်ရှိပြီ။ ဒီနေ့မှ … - [ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ](https://burmese.kachinnews.com/2022/03/26/mar-26-z1/): ထီးချိုင့်မြို့အဝင် ကက္ကိုကုန်းလမ်းဆုံ ဂိတ်ကို ယနေ့ နံနက်ပိုင်းက ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီစစ်သား ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများအထိုင်ချထား အဆိုပါ ဂိတ်ကို ထီးချိုင့် PDF မိုင်းဖြင့် နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”ခုနှစ်နာရီခွဲမှာတစ်ကြိမ် ကိုးနာရီခွဲမှာတစ်ကြိမ် နှစ်ကြိမ်ဆွဲလိုက်တယ်ဗျ မနက်က ပထမအကြိမ်တုန်းကတော့ သုံးယောက်ထိခိုက်ဒဏ်ရာရတယ် အဲ့ဒါကိုထီးချိုင့်ဆေးရုံပို့လိုကတယ် ကိုးနာရီခွဲမှာဆွဲတာကတော့ နှစ်ယောက်ကျသားတယ်ဗျ”ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း လမ်းသွားလမ်းလာ ပိတ်ထားခြင်းမျိုးမရှိပဲ ပုံမှန်သွားလာခွင့်ပြုထားဆဲဖြစ်သည်။ ”သူတို့က အမြဲတမ်းအဲ့ဂိတ်မှာတော့ ကားတွေကိုအမြဲတမ်းပိုက်ဆံတွေတောင်းတယ်။ နှစ်လလောက်ရှိပြီ။ အမြဲတမ်း အဲ့ဂိတ်မှာကားတွေ စစ်တယ် ဆိုင်ကယ်တွေစစ်တယ် ပိုက်ဆံတွေတောင်းတယ် အ့လိုလုပ်နေတာပါ”ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ခိုက်ခံရသည့် ယင်းဂိတ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ခန့်ရှိကြောင်းလည်းသိရသည်။ ထီးချိုင့် PDF အနေဖြင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ယခု ၃ ဦး အပါအဝင် ၂၀ ကျော်အထိရှိပြီ ဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2022/03/25/mar-25-z1/): ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် နှစ်ညစခန်းချခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော အထက်ဝဲကြီးရွာအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ရှော့တိုက်ဒုန်းဖြင့် စောင့်ကြိုပစ်ခတ်မှုကို ခံရကြောင်း သိရသည်။ ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “သဘော်စုန်လာတော့ ကျနော်တို့အဖွဲ့ကနေပြီး ရှော့တိုက်ဒုန်းနဲ့ပစ်လိုက်တော့ ‌သဘော်ရဲ့ ခလယ်ခေါင်အနောက်နားလေးကို မှန်သွားတယ် သဘော်ကလည်းနှစ်ပတ်လောက်လည်ပြီး မီးခိုးတွေထွက်လာတယ်။ အဲမှာကျနော်တို့က ၇၉ ကျည်နဲ့ပြန်ပစ်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေပြန်ထုလာလို့ ကျနော်တို့ ပြန်ဆုတ်လိုက်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ မတ်လ ၂၄ ရက် ည ၉ နာရီခန့်တွင်လည်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြား၌ သင်္ဘောလုံခြုံရေးယူထားသည့် ခြေလျှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်မှ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ ကသာအထက်ပိုင်း ဗန်းမော်၊ ရွှေကူနယ်တစ်ဝိုက်တွင် မတ်လ ၁၄ရက်နေ့မှစကာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်၏ ရိက္ခတင်သဘော်အပြင်လုံခြုံရေးယူပေးသည့် ခြေလျင်စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။ “သူတို့က သဘော်အဆန်ဆိုရင် ရိက္ခာတွေပါတယ် အဆန်ကျပြန်တော့လည်း စစ်အင်အားချိန်းတဲ့ဟာတွေပါတယ် အဲတော့ ကျနော်တို့ဘက်ကအမြဲပြင်ဆင်ထားပြီး အခွင့်ရေးရရင် ရသလို တိုက်ဖို့ပြင်ဆင်ထားပြီးသားပါ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကိုင်းတိုင်း၊ ကသာနယ်အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက်သည် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရာတွင် အဓိကအသုံးပြုသည့် ရေကြောင်းတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှလည်း ယခင်ထက်လုံခြုံရေးအင်အား တိုးမြင့်လာကြောင်း သိရသည်။ - [စစ်ကောင်စီ သင်္ဘော လုံခြုံရေး ခြေလျင်တပ်ကို ဒေသခံကာကွယ်ရေးတပ်မှ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်](https://burmese.kachinnews.com/2022/03/24/mar-24-z1-3/): ကသာမြို့နယ် မိုးတားလေးကျေးရွာ မြို့လှဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ သင်္ဘော လုံခြုံရေးတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ ယနေ့ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်‌ကောင်စီတပ်၏ သင်္ဘော လုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတွင် တစ်ကြိမ် ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “သင်္ဘော မနေ့ည မိုးတားလေးမှာနားတာ သင်္ဘောမထွက်ခင် ကြိုပြီးလုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းက နှစ်ကြောင်းခွဲထွက်တာ မနက်ကတစ်ကြောင်း နေ့လည်ကတစ်ကြောင်း ‌ပစ်ခံရတဲ့နေရာတော့ မိုးတားလေး၊ ဝဲကြီးတစ်လျှောက်ဘဲ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ပထမအကြိမ် အင်အား ၅၀ခန့်ရှိသည့် ခြေလျင်စစ်ကြောင်းကို မိုးတာလေးရွာမှ အောက်ဖက် ဝဲကြီးရွာအနီး မြေနုကျွန်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ မွန်းလွဲ ၂နာရီဝန်းကျင်တွင် အင်အား ၇၀ ဦးခန့်ပါ စစ်ကြောင်းကို မြေနုကျွန်းအောက်ဖက် သံပုရာကုန်းစပ်ကြားတွင် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ကြောင်းနှစ်ကြောင်းကို ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့နိုင်ခဲ့သည့်အတွက် သေဆုံးသူ ၈ ဦး ထက်မနည်း ရှိနိုင်ကြောင်း သိရသည်။ “နေ့လည်က ပစ်ခံရတဲ့ထဲ အင်အားက ၇၀ လောက်ရှိတယ်။ အဲဒါရွာဘက်ကို ကျတော့ ၆၅ ယောက်လောက်ဘဲ ဝင်လာတယ်ဆိုတော့ ခန့်မှန်းက မနက်နဲ့ညဆိုရင်တော့ ၈ဦးထက်မနည်းတော့ သေဆုံးရှိနိုင်တယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ … - [မီတာခ မဆောင်လို့ဟု ဆိုကာ မော်ဟန်ကျေးရွာကို စစ်ကောင်စီမှ လျှပ်စစ် မီးဖြတ်တောက်](https://burmese.kachinnews.com/2022/03/24/mar-24-z1-2/): မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မီတာကြေး မဆောင်သောကြောင့်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။ မော်ဟန်ကျေးရွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀ ကျော်ခန့်ကသာ မီတာခ ဆောင်လေ့ရှိသောကြောင့် မတ်လ ၂၁ ရက်နေ့မှ စတင် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်ဟု လျှပ်စစ်ရုံးမှ ပြောလာကြောင်း မော်ဟန်ကျေးရွာမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ဆိုသည်။ “အခွန်မဆောင်လို့ မီးဖြတ်ပေးတဲ့သဘောပဲ။ EPC ကပြန်ပြောလာတာက အိမ်ခြေတစ်ထောင်ကျော်မှာ ထောင်အိမ်ထောင်စု ငါးဆယ် ခြောက်ဆယ်လောက်ပဲ ဆောင်ထားတာရှိတယ်တဲ့။ ဆောင်တဲ့လူကတော့ ဆောင်ပေမယ့် မဆောင်တဲ့ သူတွေနဲ့ရောပြီးမှ မီးဖြတ်တဲ့ထဲမှာပါသွားတာပေါ့ဗျာ။ အခုမီးမလာတာက ဒီတစ်ညနဲ့ဆိုလေးရက်ရှိပြီဗျ”ဟု ပြောဆိုသည်။ မော်ဟန်ကျေးရွာတွင် EPC မှ မီတာစာရွက် လာမဖတ်သောကြောင့် မီတာခ မဆောင်ခဲ့ခြင်းဖြစ်ကြောင်း မော်ဟန်ကျေးရွာနေ ပြည်သူတစ်ဦးက ဆက်ပြောသည်။ “ကျွန်တော်တို့ကတော့မဆောင်ဘူးဗျ။ မဆောင်ဘူးဆိုတာက မီတာစာရွက် လာမဖတ်တော့ ထဲထဲဝင်ဝင် မသိတာဘူး။ ခါတိုင်းက လာဖတ်ကြတယ်။ မီတာစာရေးက မီတာစာရွက်လာလာပေးတော့ အဲ့ဒီအတိုင်းသွားသွားဆောင်တာလေ။ အခုနောက်ပိုင်းက မီတာစာရွက်လာလာ မဖတ်တော့ဘူး” ဟု မော်ဟန်ကျေးရွာနေပြည်သူတစ်ဦးကပြောသည်။ EPC ရုံဘက်မှလည်း ပြည်သူများထံသို့ မီတာစာရွက်များ လာရောက်ပေးခြင်းမရှိသည်မှာ ခြောက်လကျော်ခန့်ကြာမြင့်လာပြီ ဖြစ်ကြောင်းနှင့် မီတာ စာရေးများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် မီတာမဖတ်ခြင်းဖြစ်ကြောင်း သိရသည်။ “မီတာစာရေးတွေကလည်း သူတို့လုံခြုံရေး စိုးရိမ်လို့ မီတာ လာမဖတ်ရဲတာလို့ သိရတယ်။ မီတာမဖတ်တော့ ပြည်သူတွေက မဆောင်ကြဘူး။ မီတာမဆောင်တော့အစိုးရက အရှူံးပေါ် နေလို့ မီးဖြတ်လိုက်တာဖြစ်တယ်။ မီတာစာရေးတွေကိုတော့ ခြိမ်းခြောက်တာ … - [စစ်ကောင်စီ ခြေလျှင်တပ်အား မြို့လှ PDF တပ်မှ မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမူရှိနိုင်](https://burmese.kachinnews.com/2022/03/23/mar-23-z-1/): စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF တပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ခန့်ရှိသည့် စစ်ကြောင်းက မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ် လမ်းခုလတ်တောစပ်တနေရတွင် ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ဘက်မှတာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “သူတို့ရွှေကူဘက်ကနေ သင်္ဘောထွက်လာပြီဆိုတော့ သင်္ဘောလုံခြုံရေးယူပေးဖို့ ခြေလျင်နဲ့မြစ်ကြောင်းတစ်လျှောက် ထွက်လာတာကို ကျနော်တို့အဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်လိုက်တာဟုတ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ရှိနိုင်တယ်”ဟုပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်၏ စစ်အင်အား ၅၀ခန့်တွင် ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟုသိရသည်။ သို့သော် အဆိုပါ ထိခိုက်သေဆုံးမူနှင့်ပတ်သက်ပြီး KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိပါသည်။ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကသာအထက်ပိုင်း ရွှေကူနှင့် ဗန်းမော်ဘက်သို့ ရေကြောင်းအသုံးပြုကာ စစ်အင်အားအများအပြားဖြည့်တင်းနေပြီး ၎င်းတို့၏ စစ်အင်အားနှင့် ရိက္ခာတင်သင်္ဘောများကို လုံခြုံရေးရယူရန် ယခင်ထက်ပိုမိုတိုးမြင့်လာကြောင်း သိရသည်။ စစ်အင်အားတိုးမြင့်လာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ၎င်းတို့ သင်္ဘောလာရာမြစ်ကြောင်းတစ်လျှောက် တွင်လည်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ မြို့လှ PDF တပ်ဖွဲ့များ၏ မကြာခနစောင့်ကြိုတိုက်ခိုက်ခံမှုများရှိနေပါသည်။ ယင်းကဲ့သို့ နှစ်ဖက်တိုက်ပွဲများ မကြာခနဖြစ်နေသည့်အတွက် မြစ်ကြောင်းတစ်လျှောက်ကျေးရွာနေပြည်သူများ မကြာခနဆိုသလို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြစ်ကြောင်းတစ်လျှောက်ရှိသော ဘိုကုန်းကျေးရွာနေ ပြည်သူတစ်ဦးက ယခုလိုပြောဆိုသည်။ “သူတို့က သင်္ဘောအတက်ဆိုလည်း ရွာဘက်တွေကိုလှမ်းပစ်တယ်။ အဆင်းလည်းအတူတူဘဲ လှမ်းပစ်တယ်။ အဲကြောင့် ကျနော်တို့က သင်္ဘောအတက်အဆင်းပိုသတိထားနေရတယ်။ … - [KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ](https://burmese.kachinnews.com/2022/03/23/mar-23-y-1/): ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ ယနေ့ မတ် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ “တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ဆိုပြီး ချမှတ်လိုက်တယ်။ သူ့ကိုထောင်ဒဏ်ချမှတ်တဲ့ ပုဒ်မ က ၅၀၅(က)ဖြစ်တယ်။ လျှော့ရက်က ၇လ လောက်ပါတယ်လို့ ပြောတယ်” ဟု KNC ပါတီဘက်မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ ယခုလို KNC ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည့်အပေါ် ပါတီဘက်ကနေ စိတ်မကောင်းစရာ ဖြစ်စေသည်ဟု သူက ဆက်ဆိုထားသည်။ “ကျနော်တို့ရဲ့ ပါတီ ဥက္ကဋ္ဌ ကိုအခုလို ထောင်ဒဏ်ချမှတ်လိုက်တာက ပါတီဘက်ကကြည့်ရင် စိတ်မကောင်းဖြစ်ရတယ်။ အချိန်လည်းကုန်တယ်။ ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း ဆက်လုပ်ဖို့ မရတော့ဘူး။ နောက် ကျနော်တို့ ကချင်နိုင်ငံရေးအတွက်လည်း ဆုံးရှုံးမှုတစ်ခုဖြစ်တယ်” ဟု ပြောဆိုသည်။ ဒေါက်တာ M Kawn La သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့် နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ ၇လခန့်ကြာမြင့်လာပြီးနောက် ရုံးချိန်း ၅ ကြိမ်အပြီး အမိန့်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။ - [မံစီ စစ်ရှောင်များ အစားအသောက် အခက်အခဲ ကြုံတွေ့နေရ](https://burmese.kachinnews.com/2022/03/23/mar-24-ld-1/): မံစီမြို့နယ် မိုင်းခေါင် စစ်ရှောင်ပြည်သူများ လက်ရှိတိုက်ပွဲအခြေအနေကြောင့် စစ်ရှောင်စခန်းအတွင်း လုံခြုံရေးအတွက်စိုးရိမ်နေရသည့်ကြား အစားအသောက်နှင့် အခြားကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ မံစီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် မိုင်းခေါင် စစ်ရှောင်ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အပြင် အပြင်ထွက်အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မဖြစ်နိုင်သောကြောင့် အစားအသောက် အခက်အခဲကြုံနေရသည်ဟု မိုင်းခေါင် KBC စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျနော်တို့ စစ်ရှောင်စခန်းက တောမကျ မြို့မကျ နေရာမှာရှိနေတာကြောင့် အခုက ဘယ်ကိုပဲ သွားမယ်ဆိုလည်း စိုးရိမ်နေရတယ်။ တောထဲပဲသွားသွား ဘယ်ကိုပဲသွားသွား ကြောက်နေရတယ်။ ဒါကြောင့် အခုက စစ်ရှောင်စခန်းမှာပဲ နေပြီး ဖြစ်သလို တတ်နိုင်သလိုပဲ ဖြေရှင်းနေကြရတယ်။ အရင်ကတော့ ခက်ခဲတယ်ဆိုပေမဲ့ ကူညီပေးတာ လောက်နဲ့ ကြိုးစားပြီး နေတယ်။ ဒါပေမဲ့ အခုက ဘယ်ကိုမှ သွားလို့မရဘူး။ ခြံတွေဘာတွေလည်း လုပ်လို့မရတော့ဘူးဆိုတော့ တစ်နပ်ဖြတ်ကျော်ဖို့တောင် တော်တော်ခက်ခဲနေကြတယ်။” ဟု မိုင်းခေါင် KBC စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောသည်။ စစ်ရှောင်များကို ကူညီထောက်ပံ့နေသော အဖွဲ့အစည်းများသည်လည်း လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခင်လိုမထောက်ပံ့တော့သဖြင့် အစားအသောက်အခက်အခဲ ပိုမို ကြုံတွေ့လာရခြင်းဖြစ်သည်ဟု သိရသည်။ မိုင်းခေါင် စစ်ရှောင်စခန်းသည် စစ်ကောင်စီတပ်စခန်းနှင့် ကပ်လျက်တည်ရှိသောကြောင့် တိုက်ပွဲဖြစ်ပေါ်လာပါက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဆက်ပြောသည်။ “ကျနော်တို့ စစ်ရှောင်စခန်းက စစ်တပ်စခန်းနဲ့ ခြံစည်းရိုးပဲကာတယ်။ တစ်ဖက်က လာပစ်ခတ်ရင်တော့ ကျနော်တို့ စစ်ရှောင်ပြည်သူတွေဆီ ထိပြီးသားပဲ။ စခန်းမှာက ကလေးတွေ၊ အသက်ကြီးရွယ်အိုတွေ အများကြီးရှိတာကြောင့် စိုးရိမ်နေတယ်။ အရင်တစ်ပတ်က တိုက်ပွဲဖြစ်တဲ့ချိန်တောင် ကလေးတွေ၊ အသက်ကြီးသူတွေ အထုတ် မပြီး … - [တောထဲထွက်ပြေးနေရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံ များ နေရပ်ပြန်](https://burmese.kachinnews.com/2022/03/22/mar-22-y1/): ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် ၂ လနီးပါး တောတွင်းတိမ်းရှောင်ခဲ့ရသော ဆွမ်ပီယန်နှင့် အင်စီးယန်ဒေသခံများသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များ၏ ကူညီမှုဖြင့် ယနေ့ ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ကြပြီဟု သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဖြင့် ဖွဲ့စည်းထားသော ၁၇ ဦး ကော်မတီဝင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် ပြန်လာနိုင်ခြင်းဖြစ်သည်ဟု အင်စီးယန် စစ်ရှောင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တောမှာ တိမ်းရှောင်တဲ့ စစ်ရှောင်အားလုံး ဒီမနက် ၈ နာရီ ရွာမှာ ပြန်ရောက်ပါပြီ။ အဓိကတော့ ဘာသာရေးခေါင်ဆောင်တွေ PCG နဲ့ WMR တို့ရဲ့ ဦးဆောင်မှုအောက်မှာ ပြန်လာကြတာဟုတ်တယ်။ ကျနော်တို့ စစ်ရှောင်တွေလည်း ရွာပြန်ချင်ကြတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကို တင်ပြခဲ့ကြတယ်။ အဲ့ကြောင့် တင်ပြတဲ့အတိုင်း အခုရွာကို ပြန်လာလို့ရတယ်လို့ မြင်တယ်” ဟု ပြောဆိုသည်။ တိုက်ပွဲကြောင့် ဆွမ်ပီယန်နှင့်အင်စီးယန် ဒေသခံပြည်သူများ ၂ လခန့်အကြာ တောတွင်းတိမ်းရှောင်နေစဉ်တွင် ကျေးရွာအတွင်း ၎င်းတို့ ပိုင်ဆိုင်သည့် အိမ်တွင်းပစ္စည်းများပျောက်ဆုံးသွားသည့်အပြင် လူနေထိုင်၍ မရအောင် နေအိမ် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ပေးရန် အကူညီ လိုအပ်နေသည်ဟု သူက ဆက်ဆို ထားသည်။ “လူနေအိမ်တစ်ချို့ မီးရှို့တဲ့ ထဲ ပါသွားတယ်။ တစ်ချို့က ပျက်စီးသွားတာ နေလို့တောင်မရဘူး။ ပြီးရင် အိမ်းတွင်း ပစ္စည်းတွေလည်း တစ်စစီ တစ်ခုမှ ပြန်မရတော့ဘူး။ အားလုံးက အစကနေပြန်လုပ်ယူရတော့မယ်။ အခုထိ အိမ်ဘယ်လောက်ထိ … - [နှစ်ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရသော ပူတာအိုတွင် ယခင်လထက် မီတာကြေး ပိုမိုကုန်ကျနေ](https://burmese.kachinnews.com/2022/03/22/mar-22-ab-1/): ကချင်ပြည်နယ် ပူတာအိုမြို့ ယခုမတ်လအတွင်း လျှပ်စစ်မီး နှစ်ရက်ခြားတစ်ကြိမ်သာ ရရှိသော်လည်း လျှပ်စစ်မီး အသုံးပြုခမှာ ယခင်လများထက် ပိုများနေကြောင်း ဒေသခံများပြောသည်။ ယခင်က တစ်ရက်လျှင် နံနက် ၉ နာရီ မှ ည‌‌နေ ၅နာရီထိ တစ်ကြိမ် ည ၈ နာရီခွဲမှ နံနက် ၅နာရီတစ်ကြိမ် အချိန်ပိုင်းအားဖြင့် ပုံမှန် လျှပ်စစ်မီးရရှိခဲ့သော်လည်း မတ်လ ၃ရက်နေ့မှ စတင်ပြီး ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိခဲ့သည်။ သို့သော်လည်း ယခုလ လျှပ်စစ်မီတာအသုံးပြုခမှာ ယခင်လများထက်ပိုများနေကြောင်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”အရင်လ တွေက ဆိုရင် နေ့တိုင်းမီးပုံမှန်လာတယ်။ အဲ့ချိန်ကတော့ တစ်လတစ်လကို မီတာခက ၇၀၀၀ ကနေ ၈၀၀၀ အထိအများဆုံးပဲ ပုံမှန်အ့လောက်ပဲကျတယ်။ ဒီလ​က နှစ်ရက်ကိုတကြိမ်ပဲမီးပေးတယ် အလေ့ကျစနစ်နဲ့ပေးပေမယ့် မီတာခက အရင်ကထက်များနေတယ် ဒီလက တစ်သောင်းကျော်ကျတယ် တခါမှအ့လောက်မကျဖူးဘူး ၈၀၀၀ အများဆုံးပဲ” ဟု ယင်းအမျိုးသားက ပြောသည်။ ပူတာအိုတစ်မြို့နယ်လုံးကို အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိသည်။ လက်ရှိ အထက်နမ့်ထွမ် ရေခမ်းခြောက်လာသောကြောင့် ယခင်က စက်နှစ်လုံး လည်ပတ်နိုင်ရာမှ ယခုလတွင် ရေအားကြောင့် စက်တစ်လုံးသာ လည်ပတ်နိုင်​ပြီး ပူတာအိုမြို့ပေါ်နှင့် ကျေးရွာများကို နှစ်ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနေရကြောင်း မြို့နယ် EPC မှ သိရသည်။ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့က မီးလည်းအဲလောက်မသုံးဘူး အိမ်မှာ မီးသီးသုံး လုံးပဲ တပ်ထားတာကျန်တာလည်းမသုံးဘူး။ အရင် မီးနေ့တိုင်းလာတုန်းကတောင်အဲလောက်မပေးဘူး … - [တရုတ်ဘက်ခြမ်း အိုမီခရွန် ပိုးတွေ့ နှုန်းမြင့်နေသောကြောင့် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ရက်အကန့်သတ်မရှိ ပိတ်ထား](https://burmese.kachinnews.com/2022/03/21/mar-21-z1-2/): မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည် ဘက်ခြမ်းတွင် ယခုရက်ပိုင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားနေသောကြောင့် ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရဘက်မှ ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည်ဘက်ခြမ်းရှိ လုံချောင်ခရိုင်ရှိ (Longchuan) လာရင်း (LAYING)၊ နမ်းဟုန်း(NONGHONG) မြို့နှင့် အနီးဝန်းကျင်ရှိမြို့များတွင် မတ်လ ၁၀ ရက်ကျော်ခန့်ကစတင်ပြီး အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားလာသောကြောင့် ပိတ်လိုက်ကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ပိတ်ထားတာက လေးရက်ရှိပြီ ဘယ်လိုကြောင့်လဲဆိုရင်တော့ ကိုဗစ်ရောဂါပိုးတွေ့လို့ပေါ့နော်ရောဂါပိုး တွေ့လို့ တရုတ်ဘက်ကနေပြန်ပိတ်သွားတာ။ ဒီနေ့က ကြံပါပိတ်လိုက်ပြီ မနေ့က ကြံဝင်ခိုင်းသေးတယ်။ လုံချောင်ခရိုင် လာရင်း နမ်းဟုန်းတို့ဘက်မှာ ကိုဗစ်အိုမီခရွန်အရမ်းကူး‌နေ လို့တဲ့” ဟု ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသည်မှာ ‌လေးရက်ရှိပြီဖြစ်ပြီး လတ်တလော လွယ်ဂျယ်ဂိတ်တွင် တရုတ်ဘက်သို့ တင်ပို့မည့် သီးနှံကားအစီးသုံးရာကျော် ပိတ်မိနေကြောင်းနှင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူက ဆက်ပြောသည်။ “ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ် ဟိုမှာကတော့ ငှက်ပျောသီးတွေသွန်ပစ် ဂိုဒေါင်ထဲကနေ သွန်ပစ် ပြီးရှုံး ကားခကရှူံး အဲ့ဒီသွန်ပစ်လိုက်ရတဲ့ငှက်ပျောကားခတွေပါပေးနေရတာ ကျွန်တာ်တို့က တစ်ဖက်နိုင် ငံကိုတင်သွင်းတာ တစ်ဖက်နိုင်ငံရဲ့ပေါ်လစီအရပိတ်လိုက်တော့ကျွန်တော်တို့ကဘာမှမလုပ်နိုင်ဘူး။ တစ်ဖက်နိုင်ငံကပြန်ဖွင့်မယ့်အချိန်ကိုပဲ ထိုင်စောင့်နေရမှာ ဆုံးရှုံးမှုကတော့ဘာပြောကောင်းမလဲဗျာ” ဟု ၎င်းကပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြင့် မြန်မာဘက်ခြမ်းမှတရုတ်နိုင်ငံသို့ ဗန်းမော်ခရိုင်ထွက် တစ်သျှူးငှက်ပျော၊ ပြောင်း ဆန်၊ ကြံ တို့ကိုတင်ပို့လျက်ရှိပြီး လတ်တလောလွယ်ဂျယ်ဂိတ်၌ ပိတ်မိနေသည့် သီးနှံကား အစီး ၃၀၀ ကျော်တွင် ငှက်ပျောကား အစီး ၂၀၀ … - [ဟိုပင် နန့်ရင်းဘက် စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ စျေးဆိုင်ပိတ်ထားရ](https://burmese.kachinnews.com/2022/03/21/mar-21/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ဆက်လက်တင်းမာနေသောကြောင့် နန့်ရင်းကျေးရွာပြည်သူများက ​စျေးဆိုင်များ ပိတ်ထားရကြောင်း သိရသည်။ ဟိုပင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းတွင် မတ်လ ၁၉ ရက်မနက်ပိုင်း နှင့် ၂၀ ရက် ည ကိုးနာရီအချိန်တွင် ပတ်ခတ်သံများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာနဲ့ နီးစပ်သည့် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ထားပြီး တိုက်ပွဲပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း ပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့က ညကိုးနာရီခွဲ ဆယ်နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေထပ်ကြားရတယ်။ လက်နက် ကြီးပစ်ခတ်သံတွေကော ကြားရတယ် သိပ်တော့မကြာဘူး ခဏလောက်ပဲ ပစ်သံတွေကြားရတာက ပြည်သူတွေပြေးတာလွှာတာတော့လောလောဆယ်မရှိသေးဘူး။ ဒါ ပေမယ့်နန့်ရင်းနဲ့နန့်ရင်းဘက်က ရွာလေးတွေကျတော့ ဆိုင်တွေဘာတွေတာ့ ပိတ်ထားကြတယ်” ဟု နန့်ရင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ နန့်ရင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူများသည် မတ်လ ၁၉ ရက်နေ့ကတည်းက စျေးဆိုင်များ ပိတ်ထားရပြီး တိုက်ပွဲခြေအနေ ပိုဆိုးလာမည်ကိုလည်း စိုးရိမ်နေရကြောင်း ပြောသည်။ အလားတူ မတ်လ ၂၀ ရက်နေ့မှ စတင်ကာ ဟိုပင်မြို့နယ်အတွင်းရှိ တောင်ယာလုပ်ကိုင်သူများနှင့် စီးပွားရေး လုပ်ကိုင်သူများသည် စစ်ရေးတင်းမာနေသည့် ကာလအတွင်း နန့်ရင်းချောင်းတစ်ဖက်ကမ်းရှိ အရှေ့တောင်ဘက် တစ်‌လျှောက်တွင် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းများထောင်ထားပါသ ဖြင့် သွားလာခြင်းမပြုကြရန်လည်း တားမြစ်ထုတ်ပြန်ထားသည်။ မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ … - [ဒီပဲယင်းနှင့် ဝက်လက်မြို့နယ် လူနေအိမ် ၁၀၀ တိတိမီးရှို့ဖျက်ဆီးခံရ၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံး](https://burmese.kachinnews.com/2022/03/19/mar-19-z1/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်တွင် လူနေအိမ် ၁၀၀ တိတိမီးရှိ့ဖျက်ဆီးခံရပြီး၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ် ဦးလည်းမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်သားများ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာ နှင့် ဝက်လက်မြို့နယ်ရှိ တောင်ကုန်းကျေးသို့ရွာကို ဝင်ရောက်လာကာ မရကန်ကျေးရွာမှ လူနေအိမ် လေးလုံးနှင့် တောင်ကုန်းကျေးရွာမှ အိမ်ခြေ ၉၆ လုံး စုစုပေါင်း လူနေအိမ် ၁၀၀တိတိကိုမီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။ လူနေအိမ်များ မီးလောင်မှု ဖြစ်စဉ်တွင် မရကန်ကျေးရွာမှ အသက် ၈၀ကျော် အဖိုးအိုတစ်ဦးနှင့် တောင်ကုန်းကျေးရွာမှ အသက် ၇၅နှစ်အရွယ်ရှိအသက်ကြီးရွယ်အိုတစ်ဦးတို့သည် နေအိမ်များမီးလောင်နေစဉ် ထွက်မပြေးနိုင်သောကြောင့် မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှသိရသည်။ “အခုမီးရှို့သွားတဲ့ ရွာက အင်းဘဲကြီးအုပ်စုက တောင်ကုန်းရွာဟုတ်တယ်။ အရင်နေ့က အဲ့ဒီမှာ တိုက်ပွဲ ဖြစ်တယ်။ PDFတွေကို မကျေနပ်လို့ ရွာကိုမီးရှို့တာ ဆုံးသွားတဲ့သက်ကြီးရွယ်အိုတစ်ဦးက ကျန်းမာရေး မကောင်းဘူး လမ်းမလျှောက်နိုင်ဘူး စစ်သားတွေရွာထဲလာတော့ထွက်ပြေးကြတာသူကမပြေးနိုင် လို့ကျန်ခဲ့တာအိမ်မီးရှို့တော့အရှင်လတ်လတ်မီးထဲပါသွားတာ”ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အခုဒီဘက်ကိုစစ်ကြောင်းထိုး အကြမ်းဖက် လုပ်ရပ်တွေလုပ်နေတာက ရေဦးဘက်ကနေကူးလာတဲ့စစ်သားတွေဟုတ်တယ် သူတို့ကတစ်ရွာ ဝင် တစ်ရွာထွက်ပြီး အိမ်တွေကို မီးရှု့နေတာ အိမ်မွေးတိရီစာန်တွေကိုသတ်တယ် အဖိုးတန်ပစည်းတွေကို ယူတယ်”ဟု ပြောသည်။ ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်များတွင် လတ်တလော စစ်ကောင်စီတပ်သားများ၏ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ လူနေအိမ် မီးရှို့မှုများကြောင့် ဒီပဲယင်းမြို့နယ်အတွင်းမှ ထွက်ပြေးတိန်းရှောင် နေရသည့်ပြည်သူ ငါးထောင်ခန့်ရှိနေပြီး ဝက်လက်မြို့နယ်အတွင်းတွင်လည်း မီးဘေးသင့်ပြည်သူနှင့်ထွက်ပြေးတိန်းရှောင်နေသူ လေးထောင်ကျော်ရှိကြောင်းသိရသည်။ - [မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/03/19/mar-19-y1-2/): မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ နံနက် ၄ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “၂၁ မိုင် ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ မြစ်ကြီးနားကနေ လေယာဥ်နဲ့လာတိုက်လို့ နောက်ဆုတ်သွားတယ်။ စုပေါင်းဂိတ်မှာရှိတဲ့ သူတို့တွေရဲ့ထိခိုက်မှုကိုတော့ အသေးစိတ်မပြောနိုင်သေးဘူး။ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။ တိုက်ခိုက်ခံရသည့် ၂၁ မိုင် စုပေါင်းဂိတ်တွင် ၃ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ “၄ နာရီအစောပိုင်းကတည်းကနေ လက်နက်ကြီးသံ လက်နက်ငယ်သံ အကုန်ကြားရတယ်။ အခုတောင် တစ်ချက်ချက်ကြားရသေးတယ်။ လေယာဥ်နဲ့လာပစ်တာတောင် ၅ခေါက်ရှိပြီ။ လက်နက်ကြီးထိမှန်တာတော့ မကြားမိဘူး”ဟု ၂၁ မိုင်ဂိတ်အနီးရှိ မရမ်းဒေသခံတစ်ဦး ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ၂၁ မိုင်ဂိတ်အနီးရှိ ခလရ ၂၆၀ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် KIA နှင့် PDF ရှိသည့်ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက် ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၁ခုနှစ် ဇွန်လ တွင်ဖြစ်သည်။ ၂၁ မိုင် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းမှု အတင်းအကြပ် ပုံမှန်လုပ်ဆောင်နေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ - [မုံးပေါ် စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆ တို့ တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2022/03/19/mar-19-scj1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ စမာ ရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆ တို့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြေပြင် သတင်းပေးပို့ချက် အရ စစ်ကောင်စီတပ် တပ်မ ၉၉ စစ်ကြောင်းသည် ယနေ့နံနက် ၉နာရီဝန်းကျင်မှစကာ စမာရွာဘက်သို့ ‌စစ်ကြောင်းထိုးလာတဲ့အတွက် KIA တပ်မဟာ ၆ ၊ တပ်ရင်း ၃၆ ဖြင့် ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ရွာနားမှာ တပ်မ ၉၉ က စစ်ကြောင်းထိုးလာလို့ အခု လက်ရှိတိုက်ပွဲ ပြင်းထန်နေတယ်။ ဒီမနက် ၈ နာရီ ၄၅ မိနစ် လောက်က စဖြစ်တာ။ KIA တပ်မဟာ ၆၊ ရင်း ၃၆ နဲ့ဖြစ်‌နေတာလို့” ဟု ရှေ့တန်း မြေပြင်သတင်းပေးပို့သူ တစ်ဦးက ပြောသည်။ မုံးပေါ်ဒေသ စမာရွာ၊ မန်ကန်ရွာတို့ အနီးတဝိုက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ အကြားတိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက်အပြင် နောင်ဟဲန့် နဲ့ လွယ်ဆာရွာတို့ အနီးဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ အကြားတိုက်ပွဲပြင်းထန်သောကြောင့် ရွာပေါင်း၄ ရွာမှ ပြည်သူတွေ ၃၀၀ ကျော်ခန့် တိုက်ပွဲရှောင်ခဲ့ရပြီး ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီလတွင် တိုက်ပွဲပြန်လည်ငြိမ်သက်သွားသည့်အတွက် စမာရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူများ … - [ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2022/03/19/mar-19-y1/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာသော နန့်ရင်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသတင်းရရှိသည်။ ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်မှ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းအနီး KIA နှင့် PDF ရှိသည့် တိန်လုံပါဘက်သို့ စစ်ကောင်စီတပ် ၂၀၀ ခန့်ကဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုသည်။ “အခုတိုက်ပွဲဖြစ်တဲ့နေရာက တိန်လုံပါမှာဟုတ်တယ်။ KIA နဲ့ PDF ရှိတဲ့ဘက်ကို စစ်ကောင်စီစစ်သားတွေဝင်လာလို့ ပြန်ခုခံတိုက်ပွဲဟုတ်တယ်။ အခုချိန်အထိတော့ ထိခိုက်မှုမသိသေးဘူး”ဟုပြောဆိုသည်။ ယခုလိုစစ်ကောင်စီဘက်က KIAနှင့် PDF ရှိသည့်နေရာဘက်တွင် ဝင်ရောက်လှုပ်ရှားမှုသည် ပြီးခဲ့သော မတ်လ ၁၆ရက်နေ့ ဟိုပင် ပြည်သူ့စစ်ဗိုလ်ကြီးပစ်ခတ်ခံရသောကြောင့်ဖြစ်နိုင်သည်ဟု သူဆက်ဆိုထားသည်။ ဟိုပင်မြို့အနီးတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဟိုပင်ဒေသခံတစ်ချို့မှာ တိုက်ပွဲ ပြင်းထန်လာမည်ကိုစိုးရိမ်သဖြင့် မြို့ပေါ်စျေးဆိုင်များလည်း ပိတ်ထားကြောင်းသိရသည်။ ”ကျွန်မတို့ဟိုပင်နဲ့တောင်သိပ်မဝေးဘူး တိုက်ပွဲဖြစ်တဲ့နေရာက မနက် ကိုးနာရီလောက်ကသေနတ်သံတွေကြားရတာ ဟိုပင်ကလူတွေလည်း ဆိုင်မဖွင့်ရဲကြဘူး ဆိုင်တွေပိတ်ထားကြတယ်”ဟု ဟိုပင်မြို့နေအမျိုးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်တွင် ဟိုပင်မြို့ ခလရ ၄၀ တပ်ရင်းက KIA နှင့် PDF ရှိသည့်ဘက်သို့ လက်ရှိအချိန် ၁၁နာရီဝန်းကျင်အထိပစ်ခတ်နေကြောင်း ဟိုပင်ဒေသခံများပြောဆိုချက်မှသိရသည်။ ယနေ့နံနက် ဟိုပင်မြို့အနီးတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၄၂ နယ်တွင်ဖြစ်ပြီး ဟိုပင် PDF နှင့် နန့်မား PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။ ထိုနည်းတူ ယနေ့နံနက်ပိုင်း ၄နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့နယ်အဝင် မရမ်းကျေးရွာအနီး၂၁ မိုင်းဂိတ်ကို KIA နှင့် PDF ကသွားရောက်တိုက်ခိုက်ပျက်ဆီးခဲ့သည်။ - [မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းများတွင် အထောက်အပံ့မရှိတော့သည့် အတွက် စားဝတ်နေရေး အခက်တွေ့နေ](https://burmese.kachinnews.com/2022/03/18/mar-18-cj1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းအချို့တွင် အထောက်အပံ့များ မရှိတော့သည့်အတွက် စားဝတ်နေရေး ကြပ်တည်းမှု ပြသာနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ စစ်တပ် အာဏာမသိမ်းခင် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အလှူရှင်များမှ ပုံမှန် ရောက်ထောက်ပံ့လျက်ရှိပြီး အာဏာသိမ်းပြီးနောက်တွင် ယင်းအထောက်အပံ့များ သိသိသာသာ လျော့လာပြီး ယခုနှစ်တွင် အထောက်အပံ့များ လုံးဝရပ် တန့်သွားသည့်အတွက် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကြပ်အတည်းဖြင့် ရင်ဆိုင် နေရကြောင်း မြစ်ကြီးနားမြို့ လယ်ကုန်းစစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံက KNGသတင်းဌာနသို့ ပြောသည်။ “အရင်တုန်းကတော့ ကိုဗစ်တုန်းကဆိုရင်လည်း ဆန်တွေဘာတွေအစိုးရက ကူညီတာရှိတယ် နောက်ပြီးမှ အဖွဲ့အစည်း ကနေကူညီတာရှိတယ်။ ဒီနှစ်သစ်ပိုင်းတွေတော့ အဲ့ဒါမျိုးတွေကူညီတာမရှိတော့ဘူး။ ကုန်စျေးနှုန်း တွေလည်း တက်တော့ အစားအသောက်တွေလည်း ဝယ်စားရတာအခက်အခဲတွေရှိတယ်။ အခုတော့ အစားအသောက်တွေလည်း မရတာကြာပြီ ဘယ်ကမှထောက်ပံ့တာမရှိတော့ဘူး အစားအသောက်တွေအခက် အခဲ ရှိတယ်” ဟု ပြောသည်။ စစ်ရှောင်ပြည်သူများအနေဖြင့် အထောက်အပံ့များ မရှိတော့သည့်အပြင် ဝင်ငွေရရှိသည့် အလုပ်အကိုင် အကိုင်အခွ င့်အလမ်းလည်း မရှိတော့သည့်အတွက် ပိုမိုခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။ “အလုပ်တွေကလည်းရှာလို့ အဆင်မပြေ။ ကြုံရာ ကျပန်း အလုပ်လေးရှိရင်တချို့က အဲ့လိုလုပ် နေ့စားကလည်း အရင်တုန်းကလို ပုံမှန် မရှိတော့ဘူး။ အဲ့ကြောင့်တချို့က တရုတ်ပြည်ဘက်ကိုသွားကြပေမယ့် အဆင်မပြေလို့ ပြန်လာကြတာတွေရှိတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။ လတ်တလော မြစ်ကြီးနားမြို့ပေါ် စစ်ရှောင်ပြည်သူများအား World Food Program (WFP) မှ လစဉ် တစ်ဦးလျှင် ကျပ် ၁၃၀၀၀ ထောက်ပံပေးလျက်ရှိပြီး ယင်းထောက်ပံ့ငွေသည် စစ်ရှောင် ပြည်သူတစ်ဦးအတွက် … - [ဝိုင်းမော် ပြည်သူ့စစ်သင်တန်းပေးရန် လီဆူအသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေ](https://burmese.kachinnews.com/2022/03/18/mar-18-y1/): ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာ ၂ ခုတွင် စခန်းချထားသော ပြည်သူ့စစ်တပ်ဖွဲ့အတွက် လူအင်အား တိုးချဲ့ရန် စစ်ကောင်စီကိုယ်စားလှယ်များမှ လီဆူလူမျိုး အသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့နယ်တွင် ပြည်သူ့စစ်အင်အား တိုးချဲ့ရန် ဒုတိယအကြိမ် စစ်သင်တန်းအတွက် စည်းရုံးနေခြင်းဖြစ်ကာ ‘ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ခုခံတိုက်ခိုက်ရန် လူအင်အား’လိုအပ်သည်ဟု ပြောဆို စည်းရုံးနေသည်ဟု ဝူယန် ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုသည်။ “ဒီမှာ သူတို့စည်းရုံးရေးလုပ်နေတာကြာပြီ။ သူတို့ရဲ့ လူမျိုးအချင်းအချင်းကြားနဲ့ ဆွေမျိုးအချင်းချင်းကြားမှာ လိုက်စည်းရုံး နေတာ ဟုတ်တယ်။ အဓိကတော့ KIA ကို ခုခံတိုက်ခိုက်ဖို့အတွက်လည်း ဖြစ်တယ်လို့ သူတို့ရဲ့ ပြောကြားတဲ့ထဲမှာလည်း အမြဲပါတယ်” ဟု ပြောဆိုသည်။ ဝူယန် ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် စခန်းချသော ပြည်သူ့စစ်ဂိတ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ကချင်လွတ်လပ်ရေးတပ်တော် KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စည်းရုံးရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်သင်တန်း ပထမအသုတ် လူအင်အား ၂၀၀ ဝန်းကျင်ခန့်ကို မြစ်ကြီးနား နန်းကွေ့ အုပ်စု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့သည်။ ထို့နောက် အဆိုပါ စစ်အင်အားဖြင့် ဝူယန်ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ဒေသခံများကန့်ကွက်သည့်ကြား ပြည်သူ့စစ်ဂိတ်ကို တည်ဆောက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများထံမှ ငွေကြေးကောက်ခံမှုများ စတင်လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဂိတ်ကို တည်ဆောက်ပြီး ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် … - [ကျင်းစန်းကျော့ နယ်စပ်ဂိတ်မှ မြန်မာကုန်တင်ယာဉ်များ ပြန်လည် ဝင်ထွက်ခွင့်ပြု](https://burmese.kachinnews.com/2022/05/18/may-18-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ မြန်မာ – တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ မြန်မာကုန်တင်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သည်တွေထံမှ သိရသည်။ မြန်မာ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်၏ အဓိက ကုန်သွယ်ရာဂိတ်တခုဖြစ်သည့် ကျင်းစန်းကျော့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ မေလ ၁၆ ရက်နေ့မှစကာ မြန်မာကုန်ကားများအား ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။ “မနေ့က မှ စဝင်ဖို့ မြန်မာ ကုန်ခြောက်ကား ၃ စီးတန်းထားတာ ပထမနေ့ ၆ စီး၊ ဒုတိယနေ့ ၁၁ စီး၊ မနေ့က မသိရသေးဘူး” ဟု ကုန်သည်တစ်ဦးကပြောသည်။ ယခုကဲ့သို့ မြန်မာကုန်တင်ကားများ တရုတ်ဘက်သို့ တိုက်ရိုက်အဝင်အထွက် ခွင့်ပြုလိုက်ခြင်းအားဖြင့် အဓိက မြန်မာကုန်သည်များအတွက် ကားခဈေးသက်သာကာ ပစ္စည်းပျက်စီးဆုံးရှုံးမူများလည်း လျော့နည်းလာမည် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။ မြန်မာ လုပ်ပ်ငန်းရှင် ၁ ဦးက “အရင် ပုံမှန်ဆိုရင် ကျင်စန်းကျော့ ရောက်ရင်တရုတ်ခေါက်တိုကား ငှားရတယ် ၁ စီးကို မြန်မာ ငွေ သိန်း ၁၀၀ ဝန်းကျင်ပေးရတယ် တရုတ်ငွေ ၃၀၀၀၀ ဝန်းကျင် ပေါ့။ မနေ့က ဆိုရင် ခေါက်တိုကားခ ကျသွားတယ်။ တရုတ်ငွေ ၈၀၀၀ ပဲ ရှိတော့တာ။ ကားခတွေ သက်သာတော့ ကုန်ဈေးနှုန်းပြန်ကျလာမှာပေါ့” ဟု ကုန်သည် ၁ဦးက ပြောသည်။ ကျင်းစန်းကျော့နှစ်နိုင်ငံကုန်သွယ်ရာဂိတ်အား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြချက်ဖြင့် မြန်မာကုန်ကားများ အဝင်အထွက်ကို ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့မှစ၍ ပိတ်ခဲ့ပြီး ၂၀၂၁ … - [ခင်ဦးနယ်တွင် နေအိမ် ၂၃ လုံးကို စစ်ကောင်စီ မီရှို့ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်](https://burmese.kachinnews.com/2022/05/17/may-17-y-z-3/): စစ်ကိုင်းတိုင်း ဒေသကြီး ခင်းဦးမြို့နယ်ရှိ သိပ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာမှ လူနေအိမ် ၂၃ လုံးကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခင်ဦး ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်သည် မေလ ၁၅ ရက်နေ့မှ စတင်ကာ ရေဦးဘက်မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး မေလ ၁၅ ရက်နေ့တွင် သိပ်တော် ကျေးရွာမှ လူနေအိမ် ၁၇ လုံး နှင့် ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် အင်းပတ်ကျေးရွာမှ လူနေအိမ် ၆ လုံး စုစုပေါင်း လူနေအိမ် ၂၃လုံး အထိမီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ခင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အင်းပတ်ရွာမှာတော့ လူနေအိမ်ခြောက်လုံးမီးရှို့သွားတယ်။ လက်နက်ကြီးထိပြီးတော့ ပျက်စီးသွားတာက သုံးလုံးနောက်ပြီးတော့ သူတို့ဓားစာ ဖမ်းလာတဲ့ပြည်သူတစ်ယောက်ကို မျက်နှာဖုံးစွပ်ပြီး လက်နောက်ပြန်ကြိုးသုတ် ပစ်သတ်ပြီးတော့ မီးရှို့ထားတယ်။ သူတို့ပြန်ထွက်သွားတဲ့ချိန်ရွာထဲမှာ ပစ်သတ်ပြီးထားခဲ့တာ။ ပြီးတော့ သိပ်တော်ရွာဝင်တုန်းကလည်း ဓားစာခံတစ်ယောက်ကို အဲ့လိုပဲ ပစ်သတ်ထားခဲ့တယ်” ဟု ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသတ်ဖြတ်ခံရသည့် ဓားစာခံ နှစ်ဦးမှာ သိပ်တော်နှင့် အင်းပတ်ကျေးရွာ ဒေသခံ မဟုတ်ကြောင်း သိရပြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ အင်းပတ်ကျေးရွာနေ ပြည်သူများသည် စစ်ကြောင်း ထိုးဝင်ရောက်လာစဉ် ဘေးလွတ်ရာ … - [ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင်](https://burmese.kachinnews.com/2022/05/17/may17-az2/): ဖားကန့်မြို့ အေးမြသာယာ ကျောက်ဝိုင်းအနီးတွင် မတ် ၁၆ ရက်နေ့ညက စစ်ကောင်စီတပ်သားများ လမ်းလျှောက် လှည့်လှည်စဉ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းပေါက်ကွဲမှုမှာ ယမန်နေ့ ည ၉ နာရီ မိနစ်လေးဆယ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မြို့တွင်း လမ်းလျှောက်ကင်းလှည့်ပြီးအပြန်တွင် အေးမြသာယာကျောက်ဝိုင်းအကျော် ကုန်းတက်နေရာတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ယင်းကျောက်ဝိုင်းအနီးနေထိုင်သူ တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “သူတို့က ည ၇နာရီခွဲလောက်မှာ သူတို့ကုန်းပေါ်စစ်တပ်ကုန်းကနေဆင်းလာပြီးမှ အေးမြသာယာရပ်ကွက်ဘက်ကို သွားတာ။ သွားပြီးမှ အပြန်မှာ သူတို့စစ်တပ်ကုန်းနား ရောက်ခါနီးမှာကွဲတာ ထိတာတော့ ထိတယ်လို့ပြောတယ်။ ထိရင်လည်း ဖားကန့်ဆေးရုံတော့သွားမှာမဟုတ်ဘူး။ သူတို့စစ်တပ်ထဲကဆရာဝန်တွေနဲ့ပဲကုမှာ ထိတာတော့ထိတယ်တဲ့။ ဘယ်သူဘယ်ဝါဘယ်လောက်ထိတယ်ဆိုတာတော့မသိရဘူး”ဟု ၎င်းအမျိူးသားက ပြောသည်။ ယင်းပေါက်ကွဲမှုကြောင့် စစ်တပ်ဘက်မှ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်မှုလည်း ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုအနီးတဝိုက်တွင်လည်း စစ်ဆေးမှု ကြမ်းတမ်းခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့တွင်း ယခုကဲ့သို့ပေါက်ကွဲမှုမျိုး မကြာခဏဖြစ်ပွားလျက်ရှိပြီး ဧပြီလ ၆ ရက်နေ့ကလည်း ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ - [စစ်ကောင်စီ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကားအချို့ ပျက်စီး](https://burmese.kachinnews.com/2022/05/17/may17-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူနောင်နှင့် ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၆ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့အကျော် ဟူနောင်ရွာအထက်တွင် မူဆယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီ ကား ၄ စီးကို KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ မှ ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကား ၃ စီးခန့် ပျက်စီးသွားကြောင်း ဒေသခံတစ်ဦး ပြောသည်။ “ဟုတ်တယ် ရွာထဲဘက်ထိခိုက်တာမျိုးတော့ မရှိဘူး ရှုခင်းသာနဲ့ ဟူနောင်ရွာကြားမှာ ည ၁၁ နာရီခွဲ ဝန်းကျင်လောက်ကစ ဖြစ်တာ။ ဘယ်ချိန်ထိ ပစ်တာတော့ ‌အချိန်တိကျ‌တော့ သတိမထားလိုက်မိဘူး။ လက်နက်ကြီးလည်း ပစ်တာပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။ KIA ဘက်က ပစ်ခတ်မှု မိနစ်အနည်းငယ်သာကြာသော်လည်း စစ်ကောင်စီဘက်မှ ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရသည်။ “ကားတွေတော့ ထိတယ် စစ်တပ်ဘက်က ထိလို့ထားခဲ့တာက ၂ စီး။ ၁ စီးက စစ်ကား ၊ ၁ စီးကအရပ်ကား အရပ်ကားက သူတို့ မောင်းတာလေ။ အရပ်ကားလည်း သူတို့စစ်သားနဲ့သူတို့ပစ္စည်းတွေတင်လာတာ။ အရပ်ကားက ၁၂ ဘီးကား ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသောတပ်မှာ တပ်မ ၉၉ … - [မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ထိခိုက်ဒဏ်ရာ ရ၊ မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကြောင့် ဒေသခံများ စိုးရိမ်နေ](https://burmese.kachinnews.com/2022/05/17/may17-az1/): ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ နန်မီးလောင်ကျေးရွာတွင် ယမန်နေ့ မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကျန်ရှိနေသေးသောကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မတ် ၁၆ ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး နန်မီးလောင်ကျေးရွာနဲ့ လေးဖာလုံခန့်အကွာတွင်ရှိသည့် နတ်ကြီးကုန်းတွင် ထောင်ထားသည့် မိုင်းတစ်လုံးကို ခွေး နင်းမိရာမှ ပေါက်ကွဲပြီး လယ်တောသွားသည့် နန်မီးလောင်ကျေးရွာမှ သားမိနှစ်ဦးမိုင်းဆ ထိမှန်ခဲ့ရာ သမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းသားမိနှစ်ဦး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ထောင်မိုင်းပဲ ဖြစ်ဖို့များတယ် ရွာနားက နတ်ကြီးစင်ကုန်းနားမှာ လမ်းဘေးတော့အရမ်းကြီးမကျဘူး နည်းနည်း ချောင်မှာ ခွေးနင်းမိတာ ခွေးကနင်းမိတော့ ပေါက်ပြီးမိုင်းစတွေလာစင်တာ အမေဖြစ်သူက နည်းနည်းပဲထိတယ် သမီးဖြစ်တဲ့သူက နည်းနည်းများသွားတယ် ပေါက်အောက်ခြမ်းဘက်တွေ ထိသွားတယ်ပြီးတော့ တစ်ဘက်ခြမ်းက ဓာတ်လိုက်ထားသလိုမျိုးထုံနေတာတဲ့“ ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးကပြောသည်။ မိုင်းထိမှန်သည့် သားမိနှစ်ဦးတွင် အမေဖြစ်သူမှာ အသက် ၅၀ ကျော်နှင့် သမီးဖြစ်သူမှာ အသက် ၁၅ နှစ်ကျော်သာ ရှိသေးပြီး လတ်တလောလွဲမွန်းကျေးရွာရှိ ကုတင် ၁၀၀ ဆံ့တိုက်နယ် ဆေးရုံတွင်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ လတ်တလော ယင်းမိုင်းပေါက်ကွဲသည့်နေရာနှင့် အနီးဝန်းကျင်တွင် မပေါက်ပွဲသေးသည့် မိုင်းသုံးလုံးကျန် ရှိနေသေးပြီး စစ်တပ်ကို အကြောင်းကြားထားသော်လည်း လာမဖြုတ်သေးသည့်အတွက် ဒေသခံများက စိုးရိမ်နေရ ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အခုက တောထဲမှာလည်းမသွားရဲကြတော့ဘူး ကျန်ထားသေးတယ်တဲ့မခွာရသေးတဲ့ဟာ နှစ်လုံး သုံးလုံးလောက် ရှိသေးတယ်။ မြင်နေရတယ်တဲ့ မပေါက်ကွဲသေးဘူး။ အခုက … - [ဗန်းမော်မြို့ ရပ်ကွက်အချို့တွင် မီတာဘောက် လိုက်လံဖြုတ်သိမ်းနေ](https://burmese.kachinnews.com/2022/05/17/may17-zm1/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့တွင် မီတာခ မပေးဆောင်သည့် နေအိမ်များမှ မီတာ ဘောက်များကို လျှပ်စစ်ရုံးဝန်ထမ်းများနှင့် ရဲများပူးပေါင်းကာ ယမန်‌နေ့နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ဖြုတ်သိမ်းနေကြောင်း ဒေသခံများမှ သိရှိရသည်။ ဗန်းမော်မြို့တွင် မေလ ၉ ရက်နေ့မှစကာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ မီခပေးဆောင်ရန်နှင့် ပေးဆောင်ခြင်း မပြုသည့်နေအိမ်များအား မီ‌တာဘောက်များဖြုတ်သိမ်းကာ တရားစွဲဆိုသွားမည်ဟူသည့် သတိပေး ခြိမ်းခြောက်စာများအား EPC လျှပ်စစ်ဝန်ထမ်းများမှ လိုက်လံပေးဝေ ထားပြီးနောက် ယမန်‌နေ့ နံနက်ပိုင်းမှစကာ မီတာဘောက်များ စတင်ဖြုတ်နေကြောင်း သိရသည်။ “မနေ့ကမနက်ပိုင်း ခွန်တာရပ်ကွက်မှာ EPC ရုံးကဝန်ထမ်းတွေနဲ့ရဲတွေ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ဖြုတ်သွားတယ်”လို့ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ မီတာဘောက်လိုက်ဖြုတ်ရာတွင် EPC ဝန်ထမ်းအပါအဝင် ရဲအင်အား စုစုပေါင်း ၅၀ ခန့်ပါဝင်ကာ ခွန်သာရပ်ကွက်တွင် နေအိမ် ၁၀ လုံးခန့်မှ မီတာဘောက် ဖြုတ်သိမ်းသွားကြောင်း သိရသည်။ မီတာဘောက် လိုက်လံဖြုတ်သိမ်းသည့်အတွက် ယမန်နေ့နှင့် ယနေ့ မီတာခသွားရောက်ဆောင်နေသူများလည်း ရှိနေကြောင်း သိရသည်။ “ဒီနေ့တော့ မကြားမိသေးဘူး မနေ့က မီတာဘောက်လိုက်ဖြုတ်ကြတော့ မနေ့နဲ့ဒီနေ့ လျှပ်စစ်ရုံးမှာ မီတာခ သွားဆောင်တဲ့သူတွေ များလာတယ်။ ကျနော်တို့ကတော့ စဉ်းစားနေတုန်းဘဲ မဆောင်ရသေးဘူး” လို့ ‌ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ လျှပ်စစ်ရုံး မှ လိုက်လံပေးထားသည့် မီတာကြေးခသည် ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလမှစကာ ၂၀၂၂ ခုနှစ် ဧပြီလအထိဖြစ်သောကြောင့် တစ်အိမ်လျှင် အနည်းဆုံး ၂ သိန်းဝန်းကျင်ခန့်ရှိ‌ကြောင်း သိရသည်။ “ခုဟာက အရင်နှစ်‌ကရော ဒီနှစ် … - [ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် ၂၀၀၈ အောက် နိုင်ငံရေးပါတီများကို ရန်သူအဖြစ် KIO သတ်မှတ်](https://burmese.kachinnews.com/2022/05/17/12574/): စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက် နိုင်ငံရေးပါတီများကို ရန်သူ အဖြစ် သတ်မှတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။ မေလ ၁၆ ရက်နေ့ KIO သတင်းပြန်ကြားရေးစာမျက်နှာ ‘The Kachin Net’ တွင် ဖော်ပြချက်နှင့်ပတ်သက်ပြီး ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ယခုလို ပြောသည်။ “တကယ်တော့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဆိုတာ ကိုယ့်ဒေသကိုကာကွယ်တာ၊ လူထုကိုကာကွယ်တဲ့တပ်ဖွဲ့ဆိုရင် ဘာပြဿနာမရှိပေမယ့် ဒီကနေ့ မြန်မာပြည်မှာတော့ ပြည်သူဘက်ရပ်တည်တဲ့ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ မဟုတ်တော့ဘူး။ စစ်ကောင်စီရဲ့ အထောက်အကူပြု လက်နက်ကိုင်တပ်ဖြစ်လာတယ်။ ဒါကြောင့် KIO အနေနဲ့ သူတို့ဟာ ရန်သူဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ကြားရတယ်။ သဘောထားထုတ်ပြန်ထားမျိုးတော့ မဟုတ်ဘူး။” စစ်ကောင်စီအောက် ပြည်သူ့စစ်နှင့် BGF များသည် လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် စစ်ကောင်စီဘက်က ကူညီ တိုက်ခိုက်နေသည်ဟုလည်း ဆိုထားသည်။ အလားတူ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင် တာဝန်ယူထားပြီး ပြည်သူ့စစ် ဦးဆောင်မှုတွင် ပါဝင်နေသူများနှင့် နိုင်ငံရေးပါတီဖွဲ့ပြီး ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်နေသူများကိုလည်း သတိပေးလိုကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။ “ပြည်သူ့စစ်ခေါင်းဆောင်းတချို့ဟာ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်လည်းဟုတ်သလို၊ အဲဒီခေါင်းစဉ်နဲ့ ပြည်သူ့စစ် ပြန်လုပ်တယ်။ ရိုးရာယဉ်ကျေးမှုက ပြဿနာမဟုတ်ပေမယ့် ပြည်သူ့စစ်ဆိုရင် ရန်သူဖြစ်နေတယ်။ တချို့ က နိုင်ငံရေးပါတီ ဥက္ကဋ္ဌလုပ်ပြီး ပြည်သူ့စစ်မှာလည်း လုပ်နေတယ်” အလားတူ စစ်တပ်အလိုကျ ရေးဆွဲထားသော … - [ကွတ်ခိုင် လီဆူစစ်ရှောင်စခန်းတွင် MNDAA စစ်သား ဝင်ရောက် စုဆောင်း](https://burmese.kachinnews.com/2022/05/17/may-17-ld-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာအနီး မိုင်းယုလေး လီဆူစစ်ရှောင်စခန်းမှ အသက်မပြည့်သေးသော လူငယ်တစ်ဦးနှင့်အတူ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးကို ကိုးကန့် MNDAA တပ်ဖွဲ့ မှ စစ်သားစုဆောင်းသွားသောကြောင့် အမြန်ပြန်လွတ်ပေးရန် တောင်းဆိုနေကြသည်။ ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့မှ နမ့်ဖတ်ကာအနီး မိုင်းယုလေးကျေးရွာမှ ပန်လော့ လီဆူစစ်ရှောင်စခန်းသို့ ဝင်ရောက်ကာ စစ်သားစုဆောင်းရေး ပြုလုပ်ခဲ့သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကု ယခုလိုပြောပြသည်။ “တံခါးခေါက်တယ်၊ မဖွင့်ပေးရင် ခြေထောက်နဲ့ တံခါးကို ကန်တယ်၊ ကန်ပြီးတော့ ထွက်ခဲ့..ကျွန်တော်တို့ နောက်လိုက်ရမယ်၊ မလိုက်ချင်ဘူးလို့ ပြောဖို့ အခွင့်အရေးမရှိဘူး။ မိဘတွေ ကိုယ့်သားတွေကို အနွေးထည်လိုက်ပေးတာတောင် မပေးခိုင်းဘူး၊၊ သတ်လိုက်မယ်၊ မလာခဲ့နဲ့။ စကားလေး တစ်ခွန်းပြောလိုက်တာနဲ့ စကားမပြောနဲ့၊ မအော်နဲ့၊ သေချင်လား။ ပစ်သတ်လိုက်မယ်။ လို့ပြောပြီး သေနတ်ကိုင်ပြီးတော့ ခြောက်တယ်။ ကျွန်မတို့ စစ်‌ဘေးရှောင်တွေကို အခုလို သေနတ်နဲ့ လာခြောက်တော့ သေနတ်သံကို ကြောက်ပြီးတော့ စစ်ရှောင်ခဲ့တဲ့ ကျွန်မတို့က သေဖို့ပဲရှိတယ်။ “ အဆိုပါညတွင် ပန်လော့ကျေးရွာမှ ဒေသခံ ၁၂ ဦးကို MNDAA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ၁၁ ဦးမှာ လီဆူ စစ်ရှောင်စခန်းမှဖြစ်သည်ဟု သိရသည်။ သို့သော် မေလ ၁၆ ရက်နေ့ မနက်ပိုင်း တာဝန်ရှိ လူကြီးများမှ လိုက်လံပြောဆိုသောကြောင့် ၈ ဦး ပြန်လည် … - [ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား](https://burmese.kachinnews.com/2022/05/16/may-16-bs-2/): မူဆယ်မြို့ ပန်လုံကွက်သစ်တွင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် အိမ်တစ်အိမ်ကို လူတစု ဓားပြ ဝင်တိုက်ပြီး‌နောက် အပြန်ကားတိုက်မှုဖြစ်သည့်အတွက် လုယက်လာသည့် ပစ္စည်းများ အခင်းဖြစ်းပွားရာနေရာတွင်ချန်ထားကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား](https://burmese.kachinnews.com/2022/05/16/may-16-y-1/): ပူတာအိုသို့ ဦးတည်တက်လာသော အင်အား ရာချီပါဝင်သော စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းမည့် ဆွမ်ပရာဘွမ် လမ်းမကြီးတစ်လျောက် ကျေးရွာများကို ရွာအပြင်မထွက်ရန် စစ်ကောင်စီတပ်များညွန်ကြားထားသဖြင့် ဒေသခံများ ခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့နယ် ကျေးရွာ ၄ခုခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းမှ ၂ မိုင်ခန့်ဝေးသော နေရာဘက်သို့ သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသောကြောင့် စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ရွာကနေ ၂ မိုင်လောက်ဝေးတဲ့ ဘယ်ဘက်ကိုမှ မသွားကြဖို့ ပြောထားတယ်။ အပြင်မထွက်ဘဲ ရွာထဲမှာနေတာ ၁ပတ်လောက် တောင်ရှိလာပြီ။ ပြဿနာက အခုချိန်မှာက တောင်ယာလုပ်ငန်းတွေ လုပ်နေကြတဲ့အချိန်ဖြစ်တယ်။ သူ့ရာသီအလိုက် စိုက်ပျိုးတဲ့ အချိန်မှာ အချိန်မှီလုပ်ရမှာ ဖြစ်တယ်။ အချိန်က ဘယ်လောက်ထိ ကြာသွားမယ်ဆိုတာလည်း မသိရဘူး။ ကျနော်တို့ဘက်မှာက တောင်ယာလုပ်ငန်းတွေနဲ့ဘဲ အသက်မွေးကြရတယ်။ ဒီနှစ် သေချာ မလုပ်လိုက်ဘူးဆိုရင် နောက်နှစ် အစားအသောက် ခက်ခဲလာဖို့ဘဲရှိတယ်” ဟု ပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ သွားလာရေးပိတ်ဆို့ထားမှုကြောင့် ရွာအပြင် ၃ မိုင်ခန့်သွားလာ လုပ်ကိုင်ရသော တောင်ယာလုပ်သော ဒေသခံများအတွက် ပိုမို ခက်ခဲနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ထားသည့် ကျေးရွာများသည် ခဂရန်၊ မိုင်ထောင်း၊ တရူးနှင့် ဆွပ်ခါးစသော ကျေးရွာများ ဖြစ်ကြပြီး ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးအဖွဲ့မှတဆင့် လိုက်လံသတိပေးပြောဆိုထားကြောင်းသိရသည်။ မြစ်ကြီးနားမှ ပူတာအိုဘက်သို့ ဦးတည်ကာ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းအဖွဲ့သည် ယနေ့ ၁နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် … - [ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်](https://burmese.kachinnews.com/2022/05/16/may-16-sm-1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကုန်စျေးနူန်းများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။ လက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရာတွင် စစ်ကောင်စီအောက် နယ်လုံလက်မှတ် မပါပါက ဂိတ်ကြေး ၃ သိန်းဝန်းကျငအထိ ပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကုန်ပစ္စည်း တင်ပို့သူ က ပြောသည်။ “ကန့်သတ်မှုတွေကတော့ နယ်လုံလက်မှတ် (နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနလက်မှတ်) ပါမှ သယ်လို့ရတယ်။ သူတို့ သတ်မှတ် ပေးသလောက်ပေါ့ တစ်ခေါက်နဲ့ တစ်ခေါက်သတ်မှတ်ပေးတဲ့ ပမာဏလည်း မတူဘူး။ အဲ့လက်မှတ် မပါလို့ကတော့ သုံးသိန်းဝန်းကျင်လောက် ဂိတ်ကြေးပေးရတယ်” ဟု ကုန်ပစ္စည်းတင်ပို့နေသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။ ဆော့လော်မြို့သည် ကိုဗစ် မဖြစ်ခင်ကာလများက ဆန်နှင့် အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတဆင့် အဓိက ဝယ်ယူ စားသုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်အစိုးရက နယ်စပ်ဂိတ်များ ပိတ်ခဲ့သောကြောင့် ကုန်စည်များသယ်ယူခွင့်မရတဲ့အခြေနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။ ဆော့လော်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရန် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီ ထိန်းချုပ်ရာဂိတ်အသီးသီးမှ ဖြတ်သန်းကာ သွားရသည်ဟု သိရသည်။ ဆော့လော်မြို့တွင် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် ခြောက်သောင်း မှ ၇သောင်းကြား၊ ဆားတစ်အိတ်လျှင် ၂ သောင်းမှ ၂ သောင်းခွဲကြား၊ စားသောက်ကုန် ခေါက်ဆွဲခြောက်တစ်ဖာလျှင် တစ်သောင်းခွဲအထိ ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ အခုလိုကုန်စျးနူန်းများ မြင့်တက်နေသောကြောင့် ဆော့လော် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရကြောင်း နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက ယခုလို … - [ကျင်စန်းကျော့ဂိတ်‌သစ်ကနေ ကြံသီးသန့်စတင် တင်ပို့](https://burmese.kachinnews.com/2022/05/16/may-16-bs-1/): မူဆယ်၊ ကျင်စန်းကျော့ ဂိတ်‌သစ် မှ ကြံများကို မေလ ၁၅ ရက်နေ့ကစပြီး တင်ပို့နေပြီဖြစ်ကြောင်း ကြံလုပ်ငန်း ကုန်သည်များထံ မှ သိရသည်။ “မြန်မာပြည်ဘက်က ကြံကားတွေကို ကရိန်းကားနဲ့ ချိတ်ပြီး တရုတ်ဘက် ကားပေါ်တင်ပို့ ရတာပါ။ မနေ့က၇ စီးဝင်တယ်။ ကျင်စန်းကျော့ နောက်တပေါက်ကနေ” ဟု မြန်မာ လုပ်ငန်းရှင် တဦးက ပြောသည်။ တစ်ရက်လျှင် ကြံအစီး ၅၀ ထိ တင်ပို့နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ယခုလ တရုတ်ဘက်က ကြံတွေကို နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်သောကြောင့် နယ်ခြားစည်းရိုးဖျက်ပြီး ဂိတ်ပေါက် အသစ်ဖွင့်ကာ ‌လမ်းများညှိ၊ ကရိန်းများ အထိုင်ချခြင်းများ ပြုလုပ်ကာ အမြန်ဆုံး စီစဉ်ရခြင်းဖြစ်‌ကြောင်း သိရသည်။ “ကြံတန်ချိန် ၂ သိန်းနီးပါး တင်ပို့ဖို့ ရှိတယ်။ ကား တစီးကို ၂၅ တန်တင်နိုင်တယ်။ တရက်ကိုကားဘယ်နှစီး ဝင်နိုင်မလဲ မသိဘူး ၁၅ ရက်လောက်ပဲရှိတော့တာ ” ဟု မြန်မာ ကုန်သည် တဦးကလည်း ရှင်း ပြသည်။ လက်ရှိတွင် မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ်သစ် အပါအဝင် မုံးကိုး-မန်းဟိုင်းဂိတ်၊ ဖောင်းဆိုင် ရေပူစမ်းမှတဆင့် ရှောက်ဝ်ဂိုင်းသို့ မြန်မာဘက်မှ ကြံများကို တင်ပို့နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ ကြံရာသီတွင် ကျင်စန်းကျော့မှ ကြံတင်ပို့ခဲ့ ခြင်းမရှိပဲ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်ဂိတ်မှ တင်ပို့ခဲ့ပြီး မူဆယ်မြို့နယ်က ကြံအချို့နဲ့ နမ့်ခမ်း၊ မန့်ဝိန်းကြီး တို့ဘက်မှ ကြံများကို မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ပေါက်ကို … - [ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ](https://burmese.kachinnews.com/2022/05/14/may-14-ab-1/): မန္တလေး-မြစ်ကြီးနား အဝေးပြေး လမ်းမကြီးပေါ်တွင် မတ် ၁၃ ရက်နေ့က သစ္စာလှိုင် ခရီးသည်တင် Express ကားတစ်စီး ဓားပြတိုက်ခံလိုက်ရပြီး ခရီးသည်များ၏ ဖုန်း၊ ပိုက်ဆံ နှင့် လက်ဝတ်ရတာများ လုယူသွားကြောင်း သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့် ​မန္တလေးမှ မြစ်ကြီးနားဘက်သို့တက်လာသည့် ယင်းခရီးသည်တင်ကားသည် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။ ”သစ္စာလှိုင်ဆိုတဲ့ Express ကားဓားပြတိုက်ခံလိုက်ရတာပါ။ စစ်ကောင်စီတပ်တွေက ကျနော်တို့ PDF ယောင်ဆောင်ပြီး တိုက်တာ ခရီးသည်တွေဆီက ဖုန်းတွေပိုက်ဆံတွေအကုန်ပါသွားတယ်။”ဟု ၎င်းကပြောသည်။ အဆိုပါလမ်းပိုင်းတွင် ခရီးသည်တင် Express ကားဓားပြတိုက်ခံရမှု တစ်လတွင်း ၄ ကြိမ်အထိ ဖြစ်ပွား ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကားများဓားပြတိုက်ခံရမှုဖြစ်စဉ်များမှာ မတ်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊ ၁၂ ရက်နေ့တွင်တစ်ကြိမ်နှင့် ယမန်နေ့က တစ်ကြိမ်စုစုပေါင်းလေးကြိမ် အထိဖြစ်ပွားခဲ့ပြီး ငွေးသားဓာပြတိုက်ခံမှု ကျပ် ၂ သိန်းမှ သိန်း ၂၀ အထိ လုယုဓားပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့က သစ္စာလှိုင်ခရီးသည်တင်ကား ဓားပြတိုက်ခံရမှုနဲ့ပတ်သက်၍ ယင်းကားဂိတ်၏ မြစ်ကြီးနားဂိတ်မှူးကို ဆက်သွယ်မေးမြန်းရာ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ခရီးသည်နဲ့ ကားဆရာများ၏ လက်ကိုင်ဖုန်းများပါသွားသည့်အတွက် ဆက်သွယ်ရခက်ခဲနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ”ကျနော်တို့ဘက်ကမရေရာသေးဘူးဗျ။ ဘယ်သူဘယ်ဝါဆိုတာ တိတိ ကျကျာမသိရသေးဘူးဖြစ်နေတယ်” ဟု ဂိတ်တာဝန်ခံက ပြောသည်။ ယင်းလမ်းပိုင်းတွင် ယခုကဲ့သို့ဓားပြတိုက်နေမှုမှာ … - [စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့](https://burmese.kachinnews.com/2022/05/13/may-13-y-1/): မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းရောက်ရှိနေစဉ် ရေကြောင်းလမ်းကို သွားလာခွင့်ပိတ်ဆို့ထားသောကြောင့် အထက်ဘက် မလိခ မြစ်ကြောင်း တစ်လျှောက်ပြည်သူများ ခက်ခဲမှု ကြုံတွေ့နေသည်ဟု သိရသည်။ မေလ ၁၁ ရက်နေ့မှစပြီး တီယန်ဇွပ်ကျေးရွာ မလိခ အထက်ဘက်သို့ ကုန်တင်ပို့နေသောစက်လှေများကို စစ်ကောင်စီမှ သွားလာခွင့်ပိတ်ပင်ထားသည်မှာ ၃ရက်ခန့် ကြာမြင့်လာပြီဖြစ်သည့်အတွက် ပြဿနာအခက်အခဲ ကြုံတွေ့ရလာရကြောင်း ထိုနေရာတွင် မောင်းနင်းနေသော စစ်လှေတစ်မားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “သူတို့ စစ်ကြောင်းဝင်လာတဲ့ နေ့မှာဘဲ မြစ်ဖျားဘက် တင်ပို့နေတဲ့ စက်လှေတွေကို ပိတ်လိုက်တယ်။ မြစ်ပေါ်မှာ ဘာစက်သံမှ မကြားချင်ဘူးလို့ ပြောဆိုထားတယ်။ အခုဆို ၃ ရက်လောက်ရှိနေပြီ ရေကြောင်းလမ်းပိတ်ထားတာ။ ဒီလိုဘဲအကြာကြီး ပိတ်ထားရင်တော့ အထက်ဘက်မှာရှိကြတဲ့ ပြည်သူတွေ ကုန်ပစ္စည်းတွေ ပြတ်လပ်လာမယ်။ အဲ့ဒီဘက်က ကုန်ပစ္စည်းတွေကို ရေကြောင်းလိုင်းနဲ့ဘဲ တင်ပို့ပေးနေတာဖြစ်တယ်။ ပြီးရင် ကျနော်တို့ စက်လှေသမားတွေလည်း ဘာအလုပ်လည်း မလုပ်ရ ဒီတိုင်း ထိုင်စောင့်နေရတာ အဆင်မပြေဘူး” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၁ရက်နေ့မှစပြီး မြစ်ကြီးနားမြို့ မှ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်၊ စစ်ရိက္ခာသယ် ဆောင်လာသည့် စစ်ကား ၅၀ စီးခန့်နှင့် ဆွမ်ပရာဘွမ့်ဘက်သို့ ဦးတည်ကာ ခြေကျင်ဖြင့်တက်လာခဲ့ပြီး လက်ရှိတွင် မြစ်ကြီးနားမြို့နယ် ဝေရှီ၊ အင်ဂျစ်နှင့် တယန်ဇွပ်စသော ကျေးရွာ လမ်းကြီးတစ်လျှောက်ပေါ်တွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ “အခုချိန်အထိ ရွာအနီးတွေမှာလမ်းတစ်လျှောက်နေထိုင်ကြတယ်။ တစ်နေရာမှာ ၅ ယောက် ၁၀ … - [တရုတ် နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများကို Quarantine အဖြစ် ၅ ရက်သာထားရှိ](https://burmese.kachinnews.com/2022/05/13/may-13-ab-1/): မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို Quarantine အဖြစ် ၅ ရက်သာထားကြောင်း သိရသည်။ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ ဝင်ရောက်လာသူများကို ကန်ပိုက်တည်မြို့ရှိ Quarantine အဆောင်နဲ့ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ဆောင်များတွင် ထားရှိပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဝင်လာသူများကို လွယ်ဂျယ်မြို့နဲ့ ဗန်းမော် မြို့ရှိ Quarantine ဆောင်များတွင် ၅ ရက်ထားရှိလျက်ရှိကြောင်း သိရသည်။ “ပြည်တော်ပြန်တွေကတော့ ပုံမှန်လိုမျိုးဝင်ရောက်နေတာရှိပါတယ်။ ဒီကန်ပိုက်တည် ဂိတ်ကနေ ဝင်လာတဲ့သူဆိုရင် ဒီကန်ပိုက်တည်မှာပဲ Quarantine ထားတာရှိတယ်။ ဒီမှာ လူမဆံ့တော့ရင်တော့ ဝင်လာတဲ့သူတွေများလာရင်တော့ တချို့မြစ်ကြီးနားမှာ ပို့တယ် အဲ့မှာပဲဝင်ရတာ ငါးရက်ပြည့်မှ သက်ဆိုင်ရာနေရာအသီးသီးကိုပြန်လွတ်ပေးတာ” ဟု ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပြည်တော်ပြန်များကို ဆောင်ရွက်ပေးနေသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ကိုဗစ် ပထမလိုင်းတွင် ကန်ပိုင်တီဂိတ်မှ ဝင်ရောက်လာသူများကို Quarantine ၁၄ရက် ထားရှိခဲ့ပြီး၊ ကိုဗစ်ဒုတိယလိုင်းနောက်ပိုင်းတွင် Quarantine ၇ ရက်သာ ထားရှိခဲ့ရာ ယခုကိုဗစ်တတိယလိုင်းနောက်ပိုင်းတွင် စစ်ကောင်စီက Quarantine ၅ ရက် အဖြစ်ပြောင်းလဲသတ်မှတ်လိုက်သည်။ သတ်မှတ် ကွာရန်တင်းနေရာတွင်နေရမည့်သူများမှာ ကချင်ပြည်နယ်ပြင်ပ ဇာတိ များသာဖြစ်ပြီး ကချင်ပြည်နယ် ဒေသခံများကိုမူ Home Quarantine အဖြစ်လည်း နေထိုင်ခွင့်ပြုထားသည်ဟု သိရသည်။ “ဒီပြည်နယ်တွင်းက လူတွေဆိုရင်တော့ မြစ်ကြီးနားမှာ အသိတွေ အမျိုးတွေရှိရင်တော့ နေအိမ်တွေမှာပဲ လည်း Quarantine ဝင်ခိုင်းတယ် မြစ်ကြီးနားမှာအသိဆွေမျိုးမရှိတဲ့လူတွေတော့ Quarantine ဆောင်မှာ ဝင်ရတယ်” ဟု လွန်ခဲ့သည့်လက တရုတ်ပြည်မှ ပြန်လာသည့် … - [မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက်](https://burmese.kachinnews.com/2022/05/13/may-13-z-1/): ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ခြိမ်းခြောက်စာများကို မိုးမောက်မြို့ပေါ် ကြေးနန်းရပ်ကွက်၊ နမ်ဘုံရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်များရှိ မီတာခမဆောင်သည့် နေအိမ်များတွင် မေလ ၉ ရက်နေ့မှစတင်ကာ EPC လျှပ်စစ်ဝန်ထမ်းများက လာပေးခဲ့ခြင်းဖြစ်သည်။ စာထဲတွင် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၇ ရက်အတွင်း မီတာခ မဆောင်ပေးလာပါက မီးဖြတ်ခြင်း မီတာဘောက်ပြန်သိမ်းခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ဤသို့လုပ်ဆောင်ပြီး လာမဆောင်သေးပါက တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု ပါရှိကြောင်း မိုးမောက်မြို့ ကြေးနန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အခုက ၂၀၂၁ တစ်လပိုင်းကနေစပြီးမှ ဒီလေးလပိုင်းအထိ အကုန်လုံးစာ မဆောင်တဲ့ဟာတွေအကုန်လုံး ကို A4 စာရွက်နဲ့ တောင်းတယ်ဗျ။ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာလက်မှတ်ထိုးပြီးမှ လာပို့လာတယ်။ မဆောင်ရင် မီတာပြန်သိမ်းမယ်ပေါ့။ ကျနော်တို့ကတော့ အခြေနေကြည့်အူးမယ်။ စဉ်းစားအူးမယ် ဆောင် ရင်လည်းဆောင်မယ် မဆောင်ရင်လည်းမဆောင်ဘူး” ဟု အမည်မဖော်လိုသည့် ကြေးနန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ အိမ်ခြေ နှစ်ထောင်ကျော်ရှိသည့် မိုးမောက်မြို့တွင် ထက်ဝက်ကျော်ခန့်မှာ စစ်ကောင်စီကို အခွန်မပေးဆောင်လိုမှု နှင့် တချို့က ယခင် NLD အစိုးရလက်ထက် ကိုဗစ်ကာလတွင် သတ်မှတ်ခဲ့သည့် မီတာခ ၃၀၀၀ အောက်ကျလျှင် အခွန်ကင်း လွတ်ခွင့်ပေးခဲ့မှုကြောင့် … - [မူဆယ်မှာ အုတ်တံတိုင်းပြိုကျမူကြောင့် ကြံခုတ် လုပ်သား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2022/05/13/may-13-bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုင်းခေါင် ဘက်တွင် ယခုရက်ပိုင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းနံဘေး ကာထားသည့် အုတ်တံတိုင်းပြိုကျပြီး ကြံခုတ်လုပ်သား ၄ ဦး အုတ်တံတိုင်းပိကာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်ချိန်တွင် ရေချောင်းအစပ်တဲထိုးကာ‌ နေထိုင်ကြသည့် ကြံခုတ်လုပ်သားများ၏ တဲပေါ်သို့ အုတ်နံရံပြိုသည့်အတွက် အုတ်တံတားပိကာ သေဆုံးခြင်းဖြစ်ကြောင်း ရွာခံတစ်ဦး ယခုလိုပြောဆိုသည်။ “တဲမှာက အမျိုးသား ( ၅) ယောက် ကျန်ခဲ့တယ်။ ကြံခုတ်ဖို့ဆိုပြီး သွားတဲ့လူတွေရွာတောင် မကျော်သေးဘူး အုတ်နံရံက ပြိုကျတော့တာဘဲ​။ ၅ ယောက်ထဲမှာ တယောက်က မပြိုခင်က အချက်ပေးတဲ့တဲ့ မြေစတွေ တဖျောင်းဖျောင်းနဲ့ ၃ ခါလောက်တဲကိုလာကျတော့ သူကဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်တာကံကောင်းသွားတယ်။ သူလဲထွက်ရော ဝုန်းခနဲဆိုပီးပြိုလဲကျတော့တာဘဲ တဲထဲက ၄ ယောက် ပိမိပီး သေဆုံးကြကုန်ရောဗျာ” ဟု ရွာခံ တစ် ဦးက ပြောသည်။ သေဆုံးသူ ၄ ဦးသည် ချောက်၊ ရေနံချောင်းဘက်ဖြစ်ပြီး ဆိုင်းခေါင်အုပ်စု၊ ဖတ်မာန်ရွာဘက်ခြမ်း ရေချောင်းစပ်နား တဲထိုးနေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။ “ပိမိတဲ့လူတွေကသေနေပြီ ၂ ယောက်က အပေါ်ယံလေးဆိုတော့မြင်ရတယ်။ ကျန်တဲ့၂ ယောက်က အများက တံတရွင်း၊ တူ၊ ဂေါ်ပြား၊ ပေါက်ပြား၊ ပေါက်ချွင်း တွေနဲ့ ဝိုင်းတူရင်းဝိုင်းရှာပေးကြရတယ်။ လူကြီးတွေက သကြားစက်ရုံက မြေတူးစက်ကားကိုခေါ်တယ် လာတယ် ကားက မဝင်ရဲဘူး။ မြေပျော့လို့ဆိုပြီး ပြန်လှည့်သွားတယ်။” ဟု ကူညီပေးသူ ၁ ဦးက … - [ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF သတိပေး](https://burmese.kachinnews.com/2022/05/13/may13-zm1/): ကချင်ပြည်နယ် ရွှေကူမြို့နယ် မြစ်ကြောင်းတစ်လျှာက် ရွှေတူးဖော်နေကြသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း ‌ထွက်ခွာကြရန် မြို့လှ PDF မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် သတိ ထုတ်ပြန်ထားသည်။ “ဒေသခံတွေက ဒီကိစ္စကဘက်ကနေ ကျနော်တို့ကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ရွှေဖောင်တွေကို ထွက်ခွာဖို့ ၂၄ နာရီအချိန်ပေးထားတယ်။ မထွက်ခွာဘူးဆိုရင်တော့ ကျနော်တို့ထုတ်ပြန်ချက်ကအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု မြို့လှတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေတူးဖော်နေသူများကို မြို့လှ PDF အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်‌နေ့တွင် တစ်ကြိမ်သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ မြစ်အောက်ကြမ်းပြင် တိမ်လာသည့်အတွက် ဆက်လက်တူးဖော်နေကြောင်း ပြောသည်။ ထို့ကြောင့် ရွှေကူဒေသတွင် ရေစီးကြောင်းလမ်းကြောင်းပြောင်းလာခြင်း၊ မြစ်ကမ်းပါးပြိုခြင်းအစရှိသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမူများစွာ ရှိလာနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။ ဗန်းမော်၊ ရွှေကူမြစ်ကြောင်းတစ်လျှောက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစကာ ရွှေတူးဖော်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် မြို့လှ PDF မှလည်း ဒေသခံများ၏ တောင်းဆိုမူအရ ရွှေဖောင်များကို ၂၄နာရီအတွင်းထွက်ခွာရန် သတိပေးထုတ်ပြန်ထားသည်။ ယင်းသတိပေးချက်တွင် ” မြို့လှ KPDF ပြည်သူ့ကာကွယ်ရေး တပ်နယ်အတွင်းရှိ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာ ထိခိုက်ဖျက်စီးလျက်ရှိသည်ကို ဒေသခံပြည်သူများမှ စိုးရိမ်တကြီးတင်ပြအကူအညီ တောင်းခံလာခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ မြို့လှ KPDF ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ … - [ကွတ်ခိုင် မန်လုံရွာ အနီးမှာ စစ်ကောင်စီနဲ့  KIA တိုက်ပွဲ ဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/05/13/may-13-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်လုံရွာအနီးမှာ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က စစ်ကောင်စီနဲ့  KIA တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ကွတ်ခိုင်ကနေ လက်နက်ကြီး အများကြီး ပစ်ကူတာ ကြားနေရတယ်။ ၁၀ ကြိမ် ဝန်းကျင်ရှိမယ်။ မနေ့ ညနေ ၆ ခွဲ လောက်ထိ။ မနေ့ ညနေက ဂျက် လေယာဉ်လည်း တက်လာတာတွေ့တယ်။” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောသည်။ စစ်ကြောင်း ထိုးလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၄ တပ်ရင်း ၈ တို့ မန်လုံရွာအနီး လမ်းဆုံမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးဆီက သိရပါတယ်။ ယာဉ်မောင်း ၁ ဦး ကလည်း ” မနေ့ ညနေက အဒါ်တို့အိမ်လာတော့ ဂျက်လေယာဉ် ၁စီး တက်လာတာ တွေ့တယ်” ဟု ပြောသည်။ နှစ်ဖက် ထိခိုက်မှုကို မသိရသေးသော်လည်း တိုက်ပွဲ ဖြစ်ရာ စစ်မြေပြင် ဝန်းကျင်တွင် နှစ်ဖက် စစ်ရေးတင်းမာ နေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ ကွတ်ခိုင်မြို့အနီး ထုံးဖိုရွာနား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီဘက်က ၄ … - [အင်းတော်တွင် PDF အဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ](https://burmese.kachinnews.com/2022/05/12/may12-az2/): ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသော လူအုပ်စုကို Tiger Army အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတ် ၁၀ ရက်နေ့ ညပိုင်း မော်လူးမြို့ရှိ နေအိမ်တစ်အိမ်တွင် Tiger Army အဖွဲ့သားများက သွားရောက်ဝိုင်းဝန်း၍ ဖမ်းဆီးခဲ့ရာ ရောင်းဝယ်သူများနှင့်အတူ မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း Tiger Army အဖွဲ့တာဝန်ရှိသူက KNG သတင်းဌာနသို့ပြောသည်။ “ကျနော်တို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကိုဝိုင်းပြီးဖမ်းတာပါ ပြေးတဲ့လူလည်းပြေးသွားကြတယ်။ ကျနော်တို့ဖမ်းမိတာက တရားခံခုနှစ်ယောက်ရယ်။ သူတို့နဲ့အတူ နံပတ်ဖိုးရယ် ယာမရယ် ဖမ်းမိတယ်ဗျ။ ဖမ်းမိတဲ့လူတွေကိုတော့ ကြိမ်ဒဏ်ခြောက်ချက်ပေးပြီး ဝန်ခံကတိနဲ့ပြန်လွတ်ပေးလိုက်တယ်”ဟု ၎င်းကပြောသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှာ ခန့်မှန်းကာလတန်ဖိုး ကျပ် ၄ သိန်းနီးပါးရှိပြီး ယင်းတရားခံများကို နောက်ထပ် ထပ်မလုပ်သတိပေးထားပြီး နောက်တစ်ကြိမ်ထပ်မိမည် ဆိုပါကာ ပ်ို၍ကြီးလေးသည့် ပြစ်ဒဏ်ပေးမည်ဟု သတိပေးကာပြန်လွတ်ပေးခဲ့ကြောင်း Tiger Armyအဖွဲ့မှ သိရသည်။ “ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ သူတို့နဲ့အတူဆိုင်ကယ်တစ်စီးဖမ်း မိတယ်။ အဲ့ဒါလည်းဒဏ်ကြေးဆောင်ခိုင်းပြီးလွတ်ပေးလိုက်တယ်”ဟု ယင်းဖွဲ့မှတာဝန်ရှိသူကပြောသည်။ Tiger Army အဖွဲ့အနေဖြင့် အင်းတော်နယ်တွင်မူးယစ်ဆေးဝါးဖမ်းဆီးရမိသည်မှာ ယခုတစ်ကြိမ်အပါ နှစ်ကြိမ်အထိ ရှိပြီဖြစ်ကြောင်းသိရသည်။ Tiger Army အဖွဲ့သည် အင်းတော်မြို့နယ်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။ မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများလာသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးဖျက်ဆီးမှုများပြုလုပ်နေသည်မှာ နေရာအနှံဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စခန်းကို PDF အဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်၂၀ခန့်သေဆုံးပြီး PDF တပ်သား တစ်ဦးကျ](https://burmese.kachinnews.com/2022/05/12/may12-az1/): စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။ မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နံနက်ပိုင်း ၁၁ နာရီမှ ညနေပိုင်း ၃နာရီခွဲအထိ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကKNG သတင်းဌာနသို့ပြောသည်။ “တိုက်ပွဲကတော်တော်လည်းပြင်းထန်ခဲ့တယ်ဗျ။ အဲ့ဒီမှာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတစ်ယောက်ကျတယ်။ ကျဆုံးသွားတဲ့တစ်ယောက်က မုံရွာ PDF အဖွဲ့ဘက်ကပါ။ တစ်ယောက် ကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်။ ပထမအကြိမ်တိုက်ပွဲမှာ လေယာဉ်ပစ်ကူလာတယ်ဗျ။ သူတို့ဘက်က အထိနာတော့ မိနစ်လေးဆယ်လောက်လာပစ်တယ်။ လာတော့ သုံးနာရီခွဲလောက်မှာ တပ်ဖြန့်ပြီးတပ်ဆုတ်ခဲ့တယ်ဗျ” ဟု၎င်းကပြောသည်။ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့သည့်အတွက် လေယာဉ်ကြောင်းလိုင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၄နာရီအချိန်တွင်၂ဖက်တပ်ထပ်မံ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆက်လက်သိရသည်။ “ဒုတိယအကြိမ်မှာတော့ကျနော်တို့ဘက်ကအင်အားထပ်ဖြည့်ပြီးတော့မှ သွားတယ်။ အဲ့တစ်ခေါက်မှာ လည်းသူတို့ဘက်ကအတော်လည်းအထိနာခဲ့တယ်။ အထိနာခဲ့တော့ လေယာဉ်ပစ်ကူထပ်ခေါ်တယ်။ ဒုတိယအကြိမ်မှာတော့ သူတို့ဘက်က အော်သံတွေငိုသံတွေတော်တော်လည်းကြားရတယ်ဗျ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်” ဟု ကလေးပြည်သူ့ကွာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးထပ်မံပြောဆိုထားသည်။ အဆိုပါ စစ်ကောင်စီ၏ ဇီးဖြူကုန်း စခန်းသည် ၂၀၂၂ ဇန်နဝါရီလ ကတည်းကတပ်စွဲထားသည့် စခန်းတစ်ခုဖြစ်ပြီး ယမ​န်နေ့တိုက်ပွဲတွင် PDF အဖွဲ့က စခန်းသိမ်းတိုက်ပွဲအဖြစ် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။ ယနေ့ နေ့လည်ပိုင်းတွင်လည်း နမခမှ စစ်ကားသုံးစီးဖြင့် ဇီးဖြူကုန်းစခန်းသို့အင်အားဖြည့်တင်းရန်တက်လာစဉ် ဗိုလ်နဂါးတပ်ဖွဲ့မှ မင်းတိုင်ပင်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာကြားတွင် နေ့လယ် ၁၂ နာရီခွဲအချိန် … - [တားမြစ်ချိန် ဖြတ်သန်းသွားလာသော သုံးဘိန်းကား ၃ စီးကို KIA မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/05/11/may-11-y-1/): ကချင်ပြည်နယ် တနိုင်းမြို့နယ် တခက်ကျေးရွာတွင် ကန့်သတ်အချိန် ကျော်လွန်ပြီး မောင်းနင်းလာသော သုံးဘီးကား ၃ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်တွင် မီးရှို့ ဖျက်ဆီးပေးလိုက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သုံးဘီးကား ၃ စီးသည် တနိုင်းမြို့ဘက်မှ ရှင်ဗွေယန်ဘက်သို့ ည ၈ နာရီခွဲဝန်းကျင်ခန့်တွင် မောင်းနင်းလာခဲ့ရာ တခက် နှင့် ခလုန်းကျေးရွာ ၂ခုကြားတွင် မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်ဟု ထိုဒေသရှိ KIA ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “ညတွင်းသတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာတွေမလုပ်ကြဖို့ ပြောဆိုတာတွေ၊ နောက် သတိပေးထုတ်ပြန်ထားတာ အကြိမ်ကြိမ်ရှိပြီဖြစ်တယ်။ အခုမီးရှို့ခံရတဲ့ ပိုင်ရှင်ကလည်း စည်းကမ်းဖောက်ပြီး သွားလာနေတာကြာပြီ။ အဲ့ကြောင့် ထပ်မံသတိပေးတဲ့အနေနဲ့ မီးရှို့ပေးလိုက်တယ်” ဟု ပြောဆိုသည်။ အဆိုပါ မီးရှို့ခံရသည့် သုံးဘီးကား ၃ စီးပေါ်တွင် ကျွဲ ၈ ကောင်နှင့် နွားတစ်ကောင် စုစုပေါင်း ၈ကောင် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မှာ ရှင်ဗွေယန်မြို့တွင် အမဲခုံဖွင့်လှစ်ထားသူဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ကျွဲ ၈ကောင်အပါ ပိုင်ရှင်ကို ဝန်ခံချက်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ KIA အနေဖြင့် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တနိုင်း-ရှင်ဗွေယန်သွားလမ်းမကြီးတစ်လျှောက်ပေါ်တွင် ည ၆ နာရီမှ နံနက်ပိုင်း ၆နာရီအထိ ကုန်တင်ကားများနှင့် အများပြည်သူများ သွားလာခြင်း မပြုကြရန် ထုတ်ပြန် ကြေညာထားခဲ့သည်။ - [အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး အထိရှိလာ](https://burmese.kachinnews.com/2022/05/11/may-11-ab-2/): ကချင် စစ်ကိုင်းတိုင်း နယ်စပ် အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအထိရှိလာပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်သားလည်း အများအပြားရှိနေကြောင်း အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။   အဆိုပါ CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မော်လူးရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် အင်းတော်မြို့နယ် မဲဇာစံပြကျေးရွာ ရဲစခန်းမှစခန်းမှူးအပါ ရဲတပ်သားနှစ်ဦး စုစုပေါင်း လေးဦးအထိရှိပြီဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။   “ပထမဦးဆုံးတစ်ယောက်ကတော့ ဘာလက်နက်မှ မပါလာဘူ။ တရားဝင်ကြေ ငြာပြီးမှ ဝင်လာတာ နောက်ဆုံးမှ ဝင်လာတဲ့ သုံးယောက်ကတော့ လက်နက်တွေနဲ့ထွက်ပြေးတာ သူတို့ကားတွေလည်းပါ လာတယ်။” ဟု ၎င်းကပြောသည်။   ပထမဦးဆုံး CDM ပြုလုပ်လာသည့် မော်လူးရဲစခန်းမှ တစ်ဦးမှာ စစ်တပ်အာဏာသိမ်းကာစ CDM ပြုလုပ်လာခဲ့ပြီး နောက်ထပ်သုံးဦးမှာ လွန်ခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်လာကြောင်း သိရသည်။   ဧပြီ ၃၀ ရက်နေ့တွင် CDM ဝင်လာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးသည် G3 နှစ်လက်၊ Uzi ထုတ်သေနတ်တစ်လက်၊ လက်ပစ်ဗုံးလေးလုံး၊ 7.62 ကျည် ၁၂၆၂ တောင့် ၉မမ ကျည် ၁၈၁ ထောင့် နှင့် အခြားရဲအသုံးအဆောင်လက်နက်အချို့တို့ဖြင့်ဝင်ရောက်လာကြောင်း သိရသည်။   အလားတူ အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောာင်စီတပ်သားထွက်ပြေးမှုလည်း မကြာခဏရှိနေကြောင်း အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။   “နောက်ပြီးဒီအင်းတော်ဘက်မှာ ထွက်ပြေးသွားတဲ့စစ်သားတွေလည်းအများကြီးရှိတယ် … - [မြောင် အခြေခံပညာကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2022/05/11/may11-zm1/): စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပညာရေးဝန်ကြီးဌာန လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ထားသော မြောင်အခြေခံပညာစာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ထားပြီး ယင်းစာသင်ကျောင်းများအတွက် သင်ထောက်ကူပစ္စည်း၊ Marker pen များ အရေးပါ်လိုအပ်နေကြောင်း မြောင်ပညာရေးကွန်ရက်မှ သိရသည်။ “ကျောင်းသူ ကျောင်းသားတွေအတွက် စာအုပ် ဘောပင်လေးတွေ လိုအပ်တဲ့ ကျောင်းလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် အရမ်းအများကြီးတော့မဟုတ်ဘူး ကျောင်းတွေကအဓိက လိုအပ်နေတာက Marker pen တွေလိုနေတယ်။ ဆရာတွေ White Book ရေးတဲ့ Marker pen တွေ အရေးတကြီးလိုနေတာပေါ့။ ကျောင်းတွေတော်တော်များများက white Book သုံးတော့လေ အစကဆိုရင် one use ပဲသုံးတာ တစ်လကို အချောင်းတစ်ရာလောက်ကုန်တယ် အဲ့ကြောင့်အခုက refill တွေသုံးတော့ refill အတွက် မှင်ရည်တွေလည်း လိုတယ်” ၎င်းကပြောသည်။ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မတ်လ ၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် စစ်ရေးတင်းမာနေမှုကြောင့် စာသင်ကျောင်းများအား တစ်ပတ်ကျော်ကြာ ပိတ်ထားပြီးနောက် ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှစကာ ကျောင်းများကို ပြန်ည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ခံဆရာဖြစ်သူက KNG သတင်းဌာနသို့ ပြောသည်။ “ကျွန်မတို့ မြောင်နယ်ထဲမှာ အခုလောလောဆယ် စစ်ကောင်စီတပ်တွေမရှိတော့ဘူးပေါ့နော်။ သူတို့တွေ မရှိတော့တဲ့အတွက် ကျွန်မတို့အနေနဲ့ အခုလောလောဆယ် စာသင်ဖို့ ပြန်စလိုက်တာပါ ကျောင်းအားလုံး ကျတော့ မိုးတွေရွာတော့ မနေ့ကမဖွင့်လိုက်ဘူး ဒီနေ့ ကတော့ကျောင်းတွေအားလုံးပြန်ဖွင့်နိုင်ပါပြီ ” လို့ မြောင်ပညာ‌‌ရေးကွန်ယက်မှ တာဝန်ခံ ‌ဆရာမက ပြောသည်။ မြောင်နယ်တွင် … - [မြစ်ကြီးနား ဆီဆိုင်အချို့တွင် ဆီကားအဝင်မရှိတော့ဖြင့် ဓာတ်ဆီပြတ်လပ်နိုင်ဖွယ်ရှိ](https://burmese.kachinnews.com/2022/05/11/may11-az1/): စစ်ကောင်စီသည် ဆီပန့်အရောင်းဆိုင်များတွင် ဓာတ်ဆီဈေးနှုန်းများကို လျော့ရောင်းခိုင်းနေသည့်အတွက် ဆီပန့်အရောင်းဆိုင်များ အရှုံးပေါ်နေပြီး မေလ ဆန်းပိုင်းမှစကာ ဆီကားအဝင် ရပ်ထားရကြောင်းနဲ့ ယခုအခြေ အနေတိုင်းဆက်သွားမည်ဆိုပါက ဓာတ်ဆီပြတ်လပ်နိုင်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ဆီပန့်အရောင်းဆိုင်များ မှ စုံစမ်းသိရှိရသည်။ ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့်ဆီကုန်သည်များထံမှ လက်ကားယူ ဝယ်သည့်စျေးသည်များနေပြီး စစ်ကောင်စီမှ ရောင်းချခိုင်းသည့် လက်လီဈေးနှုန်းနည်းနေသည့်အတွက် ဆီပန့်အရောင်းဆိုင်များအရှုံးပေါ်နေသောကြောင့် ဓာတ်ဆီကားအဝင်ကို ရပ်နားထားရ‌ကြောင်း သိရသည်။ “သူတို့က ၂၁၉၀ ကျပ်နဲ့ရောင်းခိုင်းတာ ကျနော်တို့ဝယ်ရတဲ့ဟာက တစ်လီတာကို ၂၃၀၀ လောက်နဲ့ဝယ်ရင် လီတာပဲ အမြတ်စားရတာဗျ။ တစ်ပေပါကို လီတာဘယ်လောက်ဆိုတာဘဲရှိတယ် အဲ့ဒါပဲအမြတ်စားရတာ အဲ့ထက်ကို လျော့ရောင်းခိုင်းတော့ ဘယ်သူ့မှ မရောင်းနိုင်ကြတော့ဘူး‌လေ” ဟု မြစ်ကြီးနားမှ ဆီပန့်အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီက ဓာတ်ဆီဈေးနှုန်းလျော့ရောင်းခိုင်းသည့်အတွက် လတ်တလောမြစ်ကြီးနားမြို့ပေါ်ရှိ ဆီပန့်ဆိုင် ထက်ဝက်ခန့်သည် အရှုံးပေါ်နေသည့်အတွက် ဓာတ်ဆီကားအဝင်ရပ်နားထားသည့်ဆီဆိုင်ထက်ဝက်ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထို့ကြောင့် ယခုအခြေအနေအတိုင်းဆက်သွားမည်ဆိုပါက ယခုရက်ပိုင်းမြစ်ကြီးနားတွင် ဓာတ်ဆီပြတ်လပ်နိုင်ဖွယ်ရှိကြောင်း ဆီပန့်အရောင်းဆိုင်မှ မန်နေဂျာတစ်ဦးက ထပ်ပြောသည်။ “ဓာတ်ဆီကားတွေက ဝင်ကိုမဝင်တော့‌တာဗျ ကျနော်တို့ဆိုင်မှာလေး နည်းနည်းပဲကျန်တော့တယ်ပဲ လောင်ထားတဲ့ကန်မှာတောင်ကုန်နေပြီ အခုကတော့ရောင်းတာတောင်အကန့်အသတ်နဲ့ပါပဲ ဆီကား မှ မဝင်တော့တာ အခုကပုံးတွေနဲ့တော့မရောင်းပေးတော့ဘူး လက်ကားယူနေကြလူတွေကိုလောက်ပဲ ပုံးနဲ့ ရောင်းပေးတာ နောက်ဆိုဆိုင်တွေပိတ်ရမယ့်အနေအထားရောက်နေပြီ လုံးဝမကိုက်ဘူးလေး ရှူံးတယ်” ဟု ဆီဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။ ဗန်းမော်မြို့ရှိ ဆီပန့်အရောင်းဆိုင်တစ်ခုမှ ဆီဆိုင်မန်နေဂျာတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည် “ဟုတ်တယ် တချို့ကသူတို့ရဲ့ရောင်းခိုင်းတဲ့ ဈေးနဲ့ဆိုရင်မကိုက်ဘူးဗျ တချို့ဆိုင်ကြီးလုပ်ငန်းကြီးတွေ တောင်မှ တစ်ခါတစ်လေကျရင် ဆီပြတ်တယ်ဆိုပြီး လုပ်ထားတာ ဓာတ်ဆီကို ဈေးနှုန်းကိုတော့ဆိုင်း ဘုတ်ကပ်ထားပေမယ့် မရောင်းဘူးဆီကုန်ပြီဆိုပြီးလုပ်ထားတာ မကိုက်ဘူးလေ ဘယ်ကိုက်မလဲရှူံးတာ … - [စစ်ကောင်စီက ခရိုင်တိုးချဲ့တာ ဘာအတွက်အလဲ](https://burmese.kachinnews.com/2022/05/11/may-11-hy/): စစ်ကောင်စီတပ်ဟာ နိုင်ငံတော်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ နောက်ထပ် ခရိုင် ၄၆ ခုကို ထပ်တိုးဖွဲ့စည်းတဲ့အကြောင်း ဧပြီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်မှာတော့ တနိုင်းခရိုင်နဲ့ ချီဖွေ ခရိုင်ဆိုပြီး ၂ ခုထပ်တိုးလိုက်ပါတယ်။ ဒီထပ်တိုးလာတဲ့ တနိုင်းနဲ့ ချီဖွေ မြို့နယ် ၂ ခုစလုံးဟာ မြစ်ကြီးနား ခရိုင်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ စစ်တပ်ဟာ ဘာကြောင့် အခုလို ခရိုင်းထပ်တိုးသလဲ၊ ကချင်ပြည်သူတွေအတွက် သက်ရောက်မှု စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်ဆမ် ကို KNG က မေးမြန်းထားပါတယ်။ မေး။ စစ်ကောင်စီကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ခရိုင်အသစ်တွေ ပြန်ဖွဲ့တာရှိတယ်၊ ကချင်ပြည်နယ်ကလည်း ခရိုင်အသစ် (၂) ခု ပြန်ဖွဲ့တာရှိတယ်၊ ဘာကြေင့် အခုလိုခရိုင် (၂) ခု ပြန်ဖွဲ့တယ်ဆိုတဲ့အပေါ် ဆရာ့ရဲ့အမြင်ကို ပြောပြပေးပါ။ ဖြေ။ ခရိုင်အသစ်ထပ်ဖွဲ့တာက ရွေးကောက်ပွဲစနစ်နဲ့ဆိုင်တဲ့ အခုသူတို့ပြောနေတဲ့ FPTP စနစ်ကနေ PR စနစ် မြန်မာနိုင်ငံရဲ့  ရွေးကောက်ပွဲစနစ် ပြောင်းလဲဖို့ ကြိုးစားချင်တာနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သတ်မှတ်တာက အရေးကြီးတယ်လေ။ ဒါကြောင့် မဲဆန္ဒနယ်ကို ခွဲတဲ့နည်းနဲ့ နိုင်ငံရေးကို သူတို့ ကစားနေတာဖြစ်တယ်။ မေး။ အဲလိုဆိုတော့ ဆရာ PR စနစ်အချိုးကျ ဆိုပြီးပြောကြတယ်၊ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား။ ဖြေ။ PR စနစ်ဆိုတာက … - [အလုပ်ထုတ်ခံရသည့် အလုပ်သမားက အလုပ်ရှင် မိသားစုဝင် ၃ဦးကို ဓားထိုနက်မှုပြုလုပ်](https://burmese.kachinnews.com/2022/05/10/may10-az2/): ဖားကန့်မြို့နယ် စပေါ့ကျေးရွာတွင် သံတိုသံစ လိုက်ဝယ်သူ အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်၍ အလုပ်ရှင် မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးရာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် စပေါ့ကျေးတွင် သံတိုသံစဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက အလုပ်သမား (အမျိုးသား) တစ်ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ရာမှ ယင်းအလုပ်သမား က မကျေမနပ်ဖြစ်၍ အလုပ်ရှင်မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးခဲ့သည့်အတွက် အခြေအနေစိုးရိမ်ရကြောင်း အလုပ်ရှင်မိသားစုနဲ့ယင်းနီးသည့်အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ယောက်ျား ဖြစ်သူက လည်ပင်းနဲ့ပခုံးနဲ့ကြားမှာတစ်ချက်ထိုးခံရတယ် နံကြားထဲမှာ နှစ်ချက်ထိုးခံရတယ် မိန်းမဖြစ်သူကတော့မစိုးရိမ်ရဘူး၊ ကလေးကတော့ ငိုလို့ဆိုပြီး ခေါင်းအုံးနံ့ဖိသတ်တာ မသေလို့ဗိုက်ကိုဓားနဲ့ထိုးတာ ဆေးရုံရောက်တဲ့ချိန်မှာ ကလေးကအူတွေကိုထွက်ကျနေတာ”ဟု ယင်းအမျိုးသားကပြောသည်။ ကလေးဖြစ်သူမှာ တစ်နှစ်အရွယ်ရှိ မိန်းခလေးဖြစ်ပြီး လတ်တလော သွေးသွင်းထားရကြောင်း ဖခင်ဖြစ်သူမှာလည်း စိုးရိမ်ရကြောင်း သိရသည်။ “ဘေးနားကလူတွေပြောတာတော့ အဲ့ဗူး အဲ့အလုပ်သမားကမူးယစ်ဆေးဝါးလုပ်လို့မလို့အိမ်ကနေထုတ်လိုက်တဲ့ပုံစံမျိုး အဲ့တာကိုမကျေနပ်တော့တစ်လလောက်နေပြီးမှ မနေ့ညက ညတစ်နာရီလောက်မှာ ဝင်ထိုးလိုက်တာ”ဟု ယင်းမိသားစုနဲ့ယင်းနီးသည့် အမျိုးသားတစ်ဦးကပြောသည်။ ဓားထိုးမှုကျူးလွန်ခဲ့သည့် ယင်းအမျိုးသားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဓားထိုးခံရသည့် မိသားစုဝင်သုံးဦးကို ကွန်းဖောင်ဒေးရှင်လူမှုကူညီရေး အသင်းကားနှစ်စီးဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်းသိရသည်။ - [မြင်းမူတွင် လက်နက်အင်အားမရှိသည့် PDF စခန်းတစ်ခုဝင်စီးခံရပြီး ၈ ဦး ဖမ်းဆီး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/05/10/may-10-z-1/): စစ်ကိုင်းတိုင်း မြင်းမူမြို့ နယ်တွင် လက်နက်အင်အားမရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သောကြောင့် PDF တပ်ဖွဲ့ ၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ​စစ်တပ်သတင်းပေး ဒလံများကြောင့် Black Eagle Defense Force အမည်ရှိ အဆိုပါစခန်းကို မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့စဉ် ပြန်လည်ခုခံရန် လက်နက်အင်အား မရှိသည့်အတွက် PDF တပ်ဖွဲ့ ၈ ဦး အသက်ပေးဆပ်လိုက်ရကြောင်း အခြား မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက KNG သို့ ပြောသည်။ ”ဝင်စီးခံလိုက်ရတာကတော့ မော်ဟန်-မန္တလေးလမ်းမကြီးပေါ်မှာ စကစတွေကို ဒုက္ခအပေးနိုင်ဆုံးအဖွဲ့ရဲ့ စခန်းဝင်စီးခံလိုက်ရတာဖြစ်ပါတယ်။ မနက်ပိုင်းမှာဝိုင်းပြီး ဝင်စီးခံလိုက်ရတာ ကျနော်တို့ဘက်မှာရဲဘော်တွေက ပြန်လည်ခုခံဖို့ လက်နက် ဆိုလို့တော ခုတ်ဓားလောက်ပဲရှိတဲ့အ​ခြေအနေကြောင့်ဖမ်းခံလိုက်ရတယ်” ဟု ၎င်းကပြောသည်။ ပြန်လည်ခုခံခွင့်မရှိပဲ ဖမ်းခံလိုက်ရသည့် PDF တပ်ဖွဲ့ဝင်ရှစ်ဦးကို စစ်ကောင်စီတပ်က ယင်းနေရာတွင် လက်နောက်ပြန်ကြိုးသုတ်ကာ ဦးခေါင်းတည့်ပစ်ကာအလောင်းများကို မီးရှို့သွားကြောင်း သူက ဆက်ပြောသည်။ အဆိုပါကျဆုံးသွားသည့် ၈ ဦးတွင် စစ်ကိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံဖြိုးလည်း ပါဝင်ကြောင်း သိရသည်။ မြင်းမူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း PDF စခန်းတစ်ခု ဝင်စီးခံခဲ့ရပြီး ယင်းဖြစ်စဥ်တွင် ဆေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀ ဦးအထိ ဖမ်းဆီးခံခဲ့ ရသည်။ - [အင်းတော်နယ်တွင် စစ်ကောင်စီယာဥ်တန်းကားရှစ်စီးမိုင်းဆွဲခံရ၊ တစ်စီးမိုင်းထိပျက်စီး](https://burmese.kachinnews.com/2022/05/10/may-10-ab-1/): စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင်ယနေ့ နံနက် ငါးနာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ စစ်ယာဥ်တန်းကား ရှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်စီးမိုင်းထိကာ ပျက်စီးသွားကြောင်း Indaw Revolution -IR မှသိရသည်။ ထီးချိုင့်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကားရှစ်စီးကို Indaw Revolution -IR မှ အင်းတော်နဲ့ကျောင်းကုန်းကြားတွင် လေးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမိုင်းထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျဆုံးများနိုင်ကြောင်း Indaw Revolution -IR မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”ရှစ်စီးလာခဲ့တာအင်တော်နဲ့ကျောင်းကုန်းကြားမှာ လေးနေရာ မိုင်းဆွဲလိုက်တော့စစ်ကားတစ်စီးပျက်သွားတယ် ခုနှစ်စီးပဲအထက်တက်သွားတယ် အထိအခိုက်က တော့ ရှိမှာ စစ်ကားတစ်စီးပေါ်ကိုလက်ပစ်ဗုံးနဲ့ပစ်ခဲ့တာဆိုတော့ အတိအကျကတော့မသိရဘူးအဲ့ချိန်ကမှောင်လည်းမှောင်နေသေးတယ်ဗျ ဆက်တက်သွားတဲ့ ၇စီးက နန့်စီးအောင်တော့ကျော်ပြီလို့သိရတယ်”ဟု ၎င်းကပြောသည်။ အဆိုပါပျက်စီးသွားသည့်စစ်ကား တစ်စီးကို အင်းတော်အနီးတွင်ကျန်ထားကြောင်းသိရပြီး မိုင်းဆွဲတိုက်ခိုက်ခံရစဥ် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသူကဆက်ပြောသည်။ Indaw Revolution -IR အနေဖြင့်အင်းတော်နယ်အတွင်းတွင် စစ်ကောင်စီ တပ်ယာဥ်တန်းများကို အကြိမ်ငါးဆယ်ထက်မနည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီဖြစ်ကြောင်းသိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းအများအပြားရှိခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ကြောင်း၊ ယာဉ်တန်းများသည် မကြာခန မိုင်းဆွဲတိုက်ခိုက်ခံနေရဆဲဖြစ်သည်။ ထို့ပြင် အင်းတော်မြို့နယ်သည် အခြားမြို့နယ်များနည်းတူ အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၂ လကျော်ကြာမြင့်လာပြီဖြစ်သည်အပြင် ယခုရက်ပိုင်း ဖုန်းလိုင်းများပါမကြာခနဖြတ်တောက်နေသည်ဟု သိရသည်။ - [ဒေါက်တာ M Kawn La ကို မြစ်ကြီးနားတွင် ထပ်မံ တရားရင်ဆိုင်ရန် ပို့ဆောင်](https://burmese.kachinnews.com/2022/05/10/may-10-y-2/): နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်ရန်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုအဖြစ် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ထားကြောင်း KNC ပါတီဘက်မှ ပြောဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “မနေ့က နေပြည်တော်ကနေ ရောက်လာတာဟုတ်တယ်။ အခုက မြို့နယ်ရဲစန်းမှာ ချုပ်ထားတယ်။ ဒီကနေ့ကတော့ နေပြည်တော်ကနေမြစ်ကြီးနားကိုအမှုပြောင်းအမှုလွဲလုပ်မှာဖြစ်တယ်။အခုအခြေအနေကအမှုစွဲထားတာကိုထပ်မံရင်ဆိုင်ဖို့ဖြစ်တယ်။ ကျန်တာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်းသွားဖို့ဘဲဖြစ်တယ်” ဟု ပြောဆိုသည်။ လက်ရှိတွင် ဒေါက်တာ M Kawn La ကို မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ မြို့နယ်တရားရုံးတွင် အမှုပြောင်းအလွှဲပြုလုပ်ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ထားမည်ဖြစ်ကြောင်း ပါတီဘက်က တာဝန်ရှိသူများပြောဆိုချက်မှ သိရသည်။ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ပြီးခဲ့သော မတ်လ ၂၃ရက်နေ့ နေပြည်တော်တွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အမှုပြီးပြတ်သေးခြင်းမရှိ သေးဘဲ မြစ်ကြီးနားတွင် ထပ်မံတရားစွဲထားသဖြင့် အမှုရင်ဆိုင်ရန် မြစ်ကြီးနားကို ပို့ဆောင်ထားခြင်းဖြစ်သည်။ မြစ်ကြီးနားတွင် စွဲဆိုထားသည့်အမှုသည် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသော ဩဂုတ်လ ၂၅ … - [“ပြည်သူအားပေး ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ဖို့က အရမ်းအရေးကြီးတယ်။” မေးမြန်းချက်](https://burmese.kachinnews.com/2022/05/09/may-9-ld-2/): ကွတ်ခိုင် ဇွပ်အောင် စစ်ရှောင်စခန်းမှာ ကိုးကန့်  MNDAA တပ်ဖွဲ့ တပ်ချနေထိုင်မှုနှင့် ပတ်သက်ပြီး အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားနေသော KWAT ပြောခွင့်ရ မွန်းနေလီကို KNG က မေးမြန်းထားတာဖြစ်ပါတယ်။ မေး – လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့ပြင်ဘက်က ဇွပ်အောင်( Zup Awng) စစ်ရှောင်စခန်းထဲမှာနဲ့ စခန်းပတ်ဝန်းကျင်မှာ ကိုးကန့် MNDAA  နဲ့ TNLA လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ချနေထိုင်နေတယ်လို့ သိရတယ်။ ဆိုတော့ ဒီအရာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ သုံးသပ်ပေးပါ။ ကြည့်လိုက်တာနဲ့ မသင့်တော်နေမှန်း အားလုံးတန်းသိတယ်။ ဘာကြောင့်ဆို စစ်ရှောင်ပြည်သူတွေနေတဲ့ စခန်းမှာ လက်နက်ကိုင်အဖွဲ့တွေ တပ်ချနေရင်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ နောက်ပြီး တိုက်ပွဲဖြစ်ပြီဆိုရင်တော့ လက်နက်မရှိတဲ့ ပြည်သူတွေပဲ နစ်နာထိခိုက်တာဖြစ်တယ်။ စစ်ရှောင်ဆိုပြီး နေနေရတဲ့ စစ်ရှောင်စခန်းမှာကိုပင် တပ်ချနေတယ်ဆိုတာက ပြည်သူများရဲ့ လုံခြုံရေးကို ပိုထိခိုက်အောင် ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောချင်တယ်။ ဥပမာ အစိုးရအခြေအနေဆိုရင်တော့ ကာကွယ်ဖို့ဆိုတဲ့သဘောနဲ့ နေလို့ရတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ လက်နက်စွဲကိုင်တော်လှန်နေတဲ့အဖွဲ့အနေနဲ့ကြည့်မယ်ဆို အချိန်မရွေးစစ်တပ်ဘက်က နည်းမျိုးစုံလုပ်လာနိုင်တယ်။ စစ်တပ်က လက်နက်ကြီးတွေ ပစ်လိုက်လို့ စစ်ရှောင်စခန်းတွေ ပျက်စီးကုန်တယ်၊ စစ်ရှောင်ပြည်သူများ ထိခိုက်ဒဏ်ရတယ်ဆိုရင်တောင် သူတို့က လက်နက်ကိုင်တပ်ဖွဲ့ ဒီအဖွဲ့၊ ဟိုအဖွဲ့တွေကိုပဲ ပစ်တယ်။ တိုက်ခိုက်တာပဲ ဖြစ်တယ်ဆိုပြီး စစ်တပ်အတွက် ပြောဖို့အခွင့်ကောင်း အင်အားပေးသလိုဖြစ်စေတယ်။ ဒါကြောင့် ဒီလိုအရာက လုံး၀ မသင့်တော်ဘူး။ ပြည်သူတွေကို လုံး၀ မလုံခြုံစေတဲ့ လုပ်ရပ်ဖြစ်တယ်။ မေး- ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ ဘယ်လိုအရာတွေ လိုက်နာကျင့်သုံးရမယ် ဆိုတာလည်း ပြောပြပေးပါ။ နိုင်ငံအတွင်း တော်လှန်ရေးမှာဖြစ်ဖြစ်၊ တိုက်ပွဲတွင်းဖြစ်ဖြစ် နှစ်ဖက်တပ်ဖွဲ့ … - [ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စာအုပ် ဖြည့်စွက်ရန် ကူညီထောက်ပံ့မှု လိုအပ်နေ](https://burmese.kachinnews.com/2022/05/09/may-9-ld-1/): မြစ်ကြီးနား ဂျော်မဆတ် မော်တောင်းစစ်ရှောင်စခန်းမှာ စာကြည့်တိုက် ဖွင့်လှစ်ထားပေမဲ့ စာအုပ်မစုံလင်မှုနှင့် အသုံးအဆောင်ပစ္စည်းများဖြည့်စွက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေတယ်လို့ သိရပါတယ်။ “ဒီစာကြည့်တိုက် ပိုပြီးတိုးတက်လာနိုင်ဖို့ အားလုံးပဲ ကိုယ်တတ်နိုင်တဲ့ဘက်က ငွေကြေးဖြစ်ဖြစ်၊ စာအုပ်တွေဝယ်ပြီးပဲ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။” ဟု စာကြည့်တိုက် တာဝန်ခံ Gadu Brang Nan ပြောသည်။ မြန်မာပြည်အတွင်း ကိုဗစ်-၁၉ ကြောင့်တစ်နှစ်၊ စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နှစ် စသဖြင့် လူငယ်များသည် ၂ နှစ်ခန့် အတန်းပညာရေးပြတ်တောက်သွားသဖြင့် ဖုန်းနဲ့ အွန်လိုင်း ၊ ဂိမ်းတွေစတဲ့ကဏ္ဍမှာပင် အချိန်ကုန်ဆုံးနေကြတာကြောင့် စစ်ရှောင်စခန်းက စာကြည့်တိုက်မှာ ပိုမို အားဖြည့်ချင်တယ်လို့လည်း ပြောပါတယ်။ အခုချိန် ဂျော်မဆတ် မော်တောင်း စစ်ရှောင်စခန်းအတွင်း စာအုပ်စာပေ အလွန်နည်းပါးနေသေးတဲ့အပြင် စာပေဖတ်ဖို့ နေရာနဲ့ စာကြည့်တိုက်အသုံးအဆောင်ပစ္စည်းနများလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ “တချို့ စာမဖတ်ချင်တဲ့ လူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်လာအောင် ဖိတ်ခေါ်နိုင်ဖို့က စိန်ခေါ်မှုကြီး တစ်ခုဖြစ်တယ်။ ဒါပေမဲ့ စာဖတ်တဲ့ လူငယ်တစ်ဦးရဲ့ နောင်တိုးတက်ကြီးထွားမှုတွေကို များများပြောပြပေးရင်တော့ လိုက်နာလုပ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်တယ်။ နောက်ပြီး ဒီနေ့ခေါင်းဆောင်တွေအားလုံးက စာဖတ်ပြီးပဲ နိုင်ငံကို ဦးဆောင်နေတဲ့ သူတွေဖြစ်တယ်။ စာမဖတ်ဘူးဆိုရင် လူအများရှေ့ စကားပြောဖို့တောင် ဝန်လေးလာမဲ့သူတွေဖြစ်လာမယ်။ ကိုယ့်ဆီမှာ ဖတ်ရှု့လေ့လာထားမှု မရှိဘူးဆို၊ ပြောပြဖို့လည်း ရှိမှာမဟုတ်ဘူး။ စကားလုံးလည်းရှိမှာမဟုတ်ဘူး။ ဒီလိုအရာတွေကို မဖြစ်အောင် ကျနော်တို့ စာကြည့်ခန်း စာကြည့်တိုက်ရှိရတယ်။ ဒီရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တာဖြစ်လို့ ဒီနေရာမှာလည်း စာအုပ်တွေ အများကြီးလိုအပ်နေသေးတာဖြစ်ပါတယ်။” ဂျော်မဆတ် စစ်ရှောင်စခန်းထဲမှာ ကလေး လူငယ် … - [ကလေးမြို့ တောင်ပိုင်း စစ်ရှောင် ၅ သောင်းခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီတွေလိုအပ်နေ](https://burmese.kachinnews.com/2022/05/09/may9-az2/): စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅ သောင်းနီးပါးအထိ တိုးလာသောကြောင့် ၎င်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဧပြီလ မတိုင်မှီတွင် စစ်ဘေးရှောင် ဦးရေ တစ်သောင်းကျော် ဝန်းကျင်ခန့်သာ ရှိ‌သော်လည်း ဧပြီလ ၂၀ ရက်‌ နောက်ပိုင်း စစ်ကောင်စီမှ ထိုးစစ်ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်းနှင့် ကျေးရွာများကို မီးရှို့ခဲ့သောကြောင့် လူဦးရေ တိုးလာခြင်းဖြစ်သည်ဟု စစ်ပြေးဒုက္ခသည် ၅ သောင်းနီးပါး အထိတိုးလာခြင်းဖြစ်သည်ဟု သိရသည်။ “နတ်ချောင်းဆိုရင်လည်း ရွာလုံးပြေးကြရတာ အဲ့မှာ အိမ်ခြေနှစ်ထောင်ကျော်ရှိတယ်။ တစ်အိမ် ကိုငါး ယောက်နှုန်းနဲ့ပဲ တွက်ခန့်မှန်တွက်ကြည့်တာ လူဦးရေတစ်သောင်းကျော်လောက်စစ်ရှောင်နေရတယ်။ အဲ့လိုနှုန်းနဲ့တွက်ကြည့်တဲ့အခါ လေးသောင်းခွဲ ငါးသောင်းနဲ့ငါးသောင်းကြားလောက် စစ်ရှောင်နေရတယ်။ အခုမှစပြီးတိုက်ပွဲရှောင်လာတဲ့ သူတွေအတွက် ဆန်တွေလိုတယ်ဗျ။ ပြီးရင်တခြားအခြေခံစားသောက်စရာတွေလိုအပ်နေတယ်ဗျ။” ဟု ဒေသခံ တစ်ဦးက KNG ကို ပြောသည်။ ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး အရှေ့စည်းကျေးရာ၊ နတ်ချောင်း၊ ရှားဖို၊ ချောင်းခွ၊ရေရှင်၊ ဒိုးနွယ်၊ တင်သား နှင့် အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အိမ်ခြေတစ်ထောင်ကျော် ရှိသည့် အရှေ့စည်းကျေးရွာ၊ အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် နတ်ချောင်းရွာနဲ့ အခြားကျေးရွာများ ကိုရွာလုံးကျွတ်နီးပါးမီးတင်ရှို့ခဲ့ပြီး လတ်တလောတွင် ယင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသည့်ပြည်သူများအတွက် စားသောက်ဖွယ်ရာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းများအခက်အခဲဖြစ်နေကြောင်း ကလေးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “အဲ့ဒီရွာတွေက မြစ်သာြမစ်ရဲ့အနောက်ဘက်ကမ်း က ကလေး-ကန့်ဂေါ်ကြားထဲမှာရှိတဲ့ရွာတွေဖြစ်တယ်။ တချို့က မြစ်ကိုကူးပြီး ရှောင်ကြတယ်။ တချို့ကတော့ နီးစပ်ရာလုံခြုံတယ်ထင်တဲ့နေရာမှာတွေရှောင်ကြတယ် အဓိက … - [မချမ်းဘောမြို့နယ်တွင် မုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွား](https://burmese.kachinnews.com/2022/05/09/may9-yl1/): ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နမ့်ဘူယန်ကျေးရွာတွင် မေလ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် ပြင်းထန်သော လေမုန်တိုင်း တိုက်ခိုက်ခံရသောကြောင့် ဒေသခံပြည်သူများ၏ လူနေအိမ်များ တစ်စစီ ပျက်စီးသွားသဖြင့် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။ နမ့်ဘူယန် ကျေးရွာတွင် လေမုန်တိုင်းတိုက်ခတ်ခံရသဖြင့် လူနေအိမ် ၅ လုံး ထက်မနည်း နှင့် ဘုရားကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးသွားပြီး သစ်ပင်ကြီးများ ပျက်ကျမှုကြောင့် သွားလာရေးလမ်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရကြောင်း နမ့်ဘူယန်ဒေခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အိမ်တစ်လုံးက လုံးဝအပြောင်ပါသွားတယ်။ တစ်အိမ်ကတော့ အပင်ကျပြီး တော်တော်ထိသွားတယ်။ နောက် KBC ဘုရားကျောင်းဆောင်ရဲ့ ခေါင်မိုးတစ်ခြမ်းလည်းပါသွားတယ်။ ဆိုးဆိုးရွားရွာဖြစ်တာက ၅အိမ်လောက်ရှိမယ်ထင်တယ်။ တစ်ခြား နည်းနည်းစီထိတာလည်းရှိသေးတယ်။ ပြီးရင် သစ်ပင်အကြီး ၂ပင် ပျက်ကျလို့ လမ်းပိတ်သွားတာတွေလည်း ရှိတယ်” ဟု ပြောဆိုသည်။ ယခုလို ပြင်းထန်သော လေမုန်တိုင်းတိုက်ခတ်ခံရသည့် ဒဏ်ကိုကြုံတွေ့ခဲ့ရသော ဒေသခံပြည်သူများတစ်ချို့မှာ လက်ရှိတွင် လူနေအိမ်များကို ပြန်လည်ပြင်ဆင်ယူနိုင်ရန်အတွက် ကူညီထေက်ပံ့မှုများလိုအပ်နေကြောင်း သူက ဆက်လက်တောင်းဆိုထားပါသည်။ “အိမ်ပျက်စီးတဲ့ မိသားတွေက နေအိမ်ကို ပြန်ပြုပြင်ဖို့အတွက် အကူညီတွေလိုအပ်တယ်။ ဘာလို့လဲဆိုတော့ အမိုးသွပ်ပြားတစ်ခုက အရင်တုန်းကဆို ၅ ထောင်လောက်ပဲ ပေးဝယ်ရတယ်။ အခုဆို သောင်းဂဏန်းကျော်ရှိတယ်။ အဲ့ကြောင့် ကူညီပေးစေချင်ရင်တော့ သွပ်ပြားဖိုးတွေပေါ့။ ငွေကြေးကူညီပေးရင် ကျနော်တို့အတွက်ပိုပြီး အဆင်ပြေပါတယ်” ဟု ပြောဆိုသည်။ ပြင်းထန်သော လေမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားမှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့ကြောင်း ဆက်လက်သိရပါသည်။ အဆိုပါ နမ့်ဘူယန်ကျေးရွာတွင် … - [ဖားကန့်တွင် အမျိုးသားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်သေဆုံး](https://burmese.kachinnews.com/2022/05/09/may9-az1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါရုပ်အလောင်းကိုသွား ရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။ “ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ ဓာတ် ကြိုးကိုင်လျက်ကြီးနဲ့သေနေတာလေး။ ကျနော့်အထင်ကတော့ဓာတ်ကြိုးကပြုတ်ကျနေတာနေမှာ အာ့ကြောင့်ကိုင်မိတာနေမှာ ဒဏ်ရာ‌တော့မတွေ့ရဘူး ညာဘက်လက်ကြီးက တောင့်တောင့်ကြီးပြန်ခေါက်လို့မရတော့ဘူး”ဟု လူမှုကူညီရေးအသင်းမှတာဝန်ရှိသူကပြောသည်။ သေဆုံးသည့်အမျိုးသားသည် မိုးရွာသွန်နေသည့်အချိန်လည်းဖြစ်သည့်အတွက် ဓါတ်ကြိုးမှတစ်ဆင့်ဓါတ်လိုက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ယင်းအမျိုးသားသေဆုံးမှုဖြစ်ပွားခဲ့သည့်နေရာသည် ယခင်သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ထောင့်နေရာတွင်ဖြစ်ပွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကိုဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ ဖားကန့်ဒေသတွင် ယခုကာလ၌ မူးယစ်ဆေးဝါးသုံးစွဲသူများက မီးကြိုးများခိုးယူ ဖြုတ်ယူမှုများလည်းမကြာခဏဖြစ်ပွားလျက်ရှိကြောင်းဒေသခံများထံမှသိရသည်။ - [ကားအရှိန်လွန်ပြီး အလှပြင်ဆိုင်ဝင်တိုက်](https://burmese.kachinnews.com/2022/05/09/may-9-lp-1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်တွင် ကားအရှိန်လွန်ပြီး အလှပြင်ဆိုင်တစ်ဆိုင်တွင် ကားတစ်စီးဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ မေလ ၈ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားနှစ်စီးတိုက်မိရာမှ ကားတစ်စီး အရှိန်မထိန်းနိုင်၍ လမ်ဘေးရှိ အလှပြင်ဆိုင်သို့ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါသည်။ “ကားနှစ်စီး အရှိန်နဲ့ တိုက်မလိုပွတ်မိပြီး X-Trail ကားက လမ်းဘေးက အလှပြင်ဆိုင်ကို ဝင်တိုက်သွားတယ်။ ပလပ်ဖောင်း အုပ်ခုံရယ် ဆိုင်က အုပ်ခုံ ၂ ခုတောင်ကျော်ပြီး ဝင်သွားတာ အရှိန်အရမ်းပြင်းလို့။ တစ်စီးက လမ်းလည်ခေါင်မှာပဲ ရပ်နေတယ်။ ကားရှေ့ခေါင်းတော့ ကျေမွကုန်ပြီ။”ဟု KNG ကချင်သတင်းဌာနကို ပြောပါသည်။ ကားနှစ်စီးလုံးတွင် အရေးပေါ် လေအိတ်များပွင့်လျက်ရှိပြီး ယာဉ်မောင်းသူ တစ်ဦး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ ထို့ပြင် အလှပြင်ဆိုင်သို့ ထိုးဝင်သွားသည့် X-Trail ကားကို ကရိန်းကားဖြင့် ဆွဲယူခဲ့ပြီး အခင်းဖြစ်ပွားရာသို့လည်း အရပ်ဝတ်နှင့် ရဲများ လာရောက်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် လက်ရှိ စစ်ကောင်စီတပ်သား အများအပြား ပုံမှန်ကင်းလှည့်နေသည့် မြို့တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးများ ၊ လောင်းကစားဝိုင်းများ ၊ လုယက်ဓားပြတိုက်မှုများ ၊ ယာဉ်တိုက်မှုများလည်း ယခင်ထက် ပိုမို များပြားလာသည်ကို တွေ့ရပါသည်။ - [သယံဇာတ တူးဖော်မှုဟာ အနာဂတ် လူသားတွေရှင်သန်ဖို့ ခက်ခဲလာနိုင်ပြီး ကချင်ဒဏ္ဍာရီပုံပြင်တွေလည်း ပျောက်ကွယ် သွား​စေနိုင်](https://burmese.kachinnews.com/2022/05/08/abh/): စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်စီးပွားရေးမှာဂေဟစနစ် နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ မြစ်များကို ပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာကို ခြိမ်းခြောက်မဲ့ ရွှေတူးဖော်တဲ့ အကြီးစားလုပ်ငန်းကြီးတွေကို ပူတာအိုခရိုင် မချမ်းဘော်မြို့နယ် နမ်းထီးချောင်းနှင့် မေခမြစ်နဲ့ မလိခမြစ်အထက်ပိုင်း  မြစ်ဆုံ နှင့်ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတွေမှာ စက်အကြီးစားများဖြင့် ရွှေတူးဖော်နေကြတာကိုတွေ့ရပါတယ်။ မညီမျှတဲ့ စီးပွားရေး၊ မညီမျှတဲ့ အာဏာခွဲဝေမှုကြောင့် ဖြစ်တည်လာတဲ့ အစပျိုးလာတဲ့ တူးဖော်မှုဟာ နောင်အနာဂတ်မှာ လူသားတွေအတွက် ကြီးမားတဲ့ အသက်သေဆုံးမှု သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ရာသီဥတု ပြောင်းလဲမှု လူသားတွေရဲ့ အသက်ရှင်နေထိုင်ရေးမှာ ဝမ်းနည်းစရာသမိုင်းအဖြစ် ကြုံရမှာကို စိုးရိမ်နေပါတယ်။ သဘာဝနှင့် လိုက်လျော်ညီထွေ တည်ဆောက်ထားတဲ့ ဂေဟစနစ်တွေ ပျက်စီးလာတဲ့အခါ ရေအရင်းမြစ်များ ရာသီဥတု ပြောင်းလဲခြင်း ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းတို့ကြောင့် လူသားတွေရဲ့ နေထိုင်မှုဟာ အနာဂတ်မှာ ခက်ခဲလာနိုင်တာကို သတိပြုသင့်ပါတယ်။ မြစ်ဆုံက သယံဇာတတွေ အကုန်တူးဖော်လိုက်ပြီဆိုရင် ကချင်ပြည်သူတွေ ရှင်သန်နေထိုင်ရေးအတွက် စိုးရိမ်စရာရှိလာပါတယ်။ “လာမဲ့ အနာဂတ်မှာတော့ ဒုက္ခလေးကတော့ ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲဘဲ။ မြန်မာနိုင်ငံက ငလျှင်ကြောက မြစ်ဆုံဆီကို တက်လာတာ ဟုတ်တယ်။ ဟိမဝန္ဒာတောင်တန်းထိ ဟုတ်တယ်။ ငလျှင်လှုပ်ရင် ကျနော်တို့ ကချင်ပြည်နယ် က မြေကြီးအောက် ရောက်သွားနိုင်ပါတယ်။ မြေကြီးထဲ မှာ သယံဇာတမရှိတော့ဘူးဆိုရင် အပေါ်ကမြေကြီးတွေက ပေါ့ပေါ့လေးဖြစ်ပြီးဆိုရင် မြေကြီးအောက်ရောက်သွားမယ်။ ကျောက်ခဲကြောတွေရှိတယ်။ မြေကြီးအောက်မှာ မြေကြောတွေရှိတယ်။ ဒီဟာတွေကြားမှာ ရွှေကျောက်စိမ်း သယံဇာတတွေ ရှိတယ်။ လူသားတွေ အသက်ရှင် နေနိုင်တာက အဲ့တာတွေလည်း ပါတယ်။ သစ်ပင်ဝါးပင်တွေ သယံဇာတာတွေနဲ့ လိုက်လျော်ညီထွေစွာ နဲ့အသက်ရှင်တယ်။ … - [နယ်စပ် ကုန်ကားများကို ဘီးခွန်ခြောက်သိန်း ကောက်ခံနေမှုကြောင့် ကားပိုင်ရှင်များ အခက်တွေ့](https://burmese.kachinnews.com/2022/05/07/may7-bs1/): ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် မောင်းနင်နေသည့် ကုန်ကားသမားများထံမှ ဘီးခွန် ခြောက်သိန်းကောက်ခံ နေမှုကြောင့် ကုန်ကားပိုင်ရှင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ပြည်သို့ ငှက်ပျော၊ ကြံ၊ဖရဲ၊ ပြောင်း ဆန် တင်ပို့သည့်ကုန်ကားပိုင် များထံမှ တစ်နှစ်စာ ဘီးခွန်ငွေကြပ်ခြောက်သိန်းကောက်ခံနေနေပြီး ယခုနှစ်သည် ယခင်နှစ်များထက် ကုန်ကားအ ထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းသွားသောကြောင့် ဘီးခွန်ပေးဆောင်နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ကုန်ကားပိုင်ရှင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “အခုကားအုံနာတွေက ဘာအခက်အခဲဖြစ်နေလဲဆိုတော့ အခုရာသီကုန်ခါနီး ကားတွေကိုခြောက်သိန်းတောင်းနေတာအဲ့တာခက်ခဲဖြစ်နေတာ တစ်စီးကိုဘီးခွန်ခြောက်သိန်းကောက်နေတာဗျ ဘာမှအာမခံချက်မရှိဘူးလေ တရုတ်ကဂိတ်ကိုချက်ချင်းပိတ်လိုက်ရင်ကျနော်တို့ကရှူံးပြီ။ ကားအဆင်းအတက်ကလည်းမလုပ်ရအဲ့လိုဖြစ်နေတာ၊ကုန်ကလည်းရှားတော့။ အဲ့ခြောက်သိန်းပေးရမှာအခက်အခဲဖြစ်နေတာဗျ”ဟု အမည်မဖော်လိုသည့် ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါဘီးခွန်သည် လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးလမ်းကြော၌ ကုန်စည်ကားများနဲ့ပတ်သက်၍အခွန်ကောက်ခံရန် လေလံအောင်ထားသည့် အဖွဲ့ကကောက်ခံနေခြင်းဖြစ်ပြီး ယခုမတ်လမှစတင်ကောက်ခံနေပြီဖြစ်ရာ ယခင်နှစ်များကခုကဲ့သို့ဘီးခွန်ကောက် ခံခြင်းမရှိခဲ့ကြောင်းသိရသည်။ အခြားကုန်ကားပိုက်ရှင်တစ်ဦးကလည်း”တစ်ခေါက်ထဲနဲ့ အဲ့ခြောက်သိန်းကို အပြီးဆောင်ခိုင်းတာဗျ ဒီတစ်ခေါက်ပဲတက်ပြီးမှ တရုတ်ကဂိတ်ပိတ်လိုက်ရင်အဲ့ခြောက်သိန်းက လုံးလုံးကြီးရှူံးပြီလေးကားပိုင်ရှင်က ကောက်တာက ပုဂ္ဂလိက ကကောက်တာဗျသူတို့လေလံပစ်ထားတဲ့လူကကောက်တာ ဖြတ်ပိုင်းစာရွက်လေးနဲ့ကောက်တာ အထက်ကတော့သိလားမသိလာတော့မသိဘူး”ဟု ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါဘီးခွန်ခြောက်သိန်းကောက်ခံနေမှုနဲ့ပက်သက်၍ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး အသင်း(ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးအားဆက်သွယ်မေးမြန်းရာယခုကဲ့သို့ပြောဆိုသည်။ “ကျွန်တော်တို့နဲ့ကတော့ညှိနှိုင်းထားတာမရှိဘူးဗျ အဓိက ကတော့ကျွန်တော်တို့ကုပ္မဏီတွေကကျတော့ သီးနှံတွေတင်ပို့မယ်ဆိုရင်ကိုယ်နဲ့နီးစပ်ရာသိကျွမ်းတဲ့ကားတွေကိုခေါ်ပြီးတိုက်တယ်။ အဲ့အတွက်ကြောင့်အခုကောက်တဲ့အခွန်သည် ဘာအတွက် ဘယ်ခေါင်စဥ်နဲ့ဘယ်လိုကောက်တယ်ဆိုတာ ကျွန်တော်တို့ကတော့မသိဘူးဗျ အဓိက ကားကိုကောက်တယ်လို့ပဲကျွန်တော်တို့ကထင်တယ်”ဟု တာဝန်ရှိသူကပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ခြောက်လကျော်ကြာပိတ်ထားပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာပုံမှန်ကုန်သွယ်ခွင့်ရသည်မှာ လငါးခန့်သာရှိသေးပြီး ယင်းကာလတွင်လည်း ကိုဗစ်ကပ်ပိုးတွေ့သောကြောင့် ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် မတ်လတွင်တစ်ကြိမ် သုံးကြိမ်အထိ ပိတ်လိုက် ဖွင့်လိုက်ပြုလုပ်နေသောကြောင့် ကုန်ကားပိုင်ရှင်များဘက်က ယင်းအခွန်ခြောက်သိန်းပေးဆောင်ရန်ခက်ခဲနေခြင်းဖြစ်ကြောင်းသိရသည်။ လတ်တလောတွင် လွယ်ဂျယ်လမ်းပိုင်း၌ … - [ဧပြီလအထိ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုစာရင်း](https://burmese.kachinnews.com/2022/05/06/may-6-lp-1/): ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးကူးစက်သူ စုစုပေါင်း (၆၀၅၇) ဦး ရှိလာသည့်အပြင် သေဆုံးသူ (၆) ဦး ထိရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။ သို့သော် အဆိုပါစာရင်းများသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ သူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ ဧပြီလ အထိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ (၂၀၁၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ (၅၀၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ (၁၄၃) ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် (၁၅၆) ဦးနှင့် သေဆုံး (၁) ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ (၁၉) ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ (၂၈၂၈) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅) ဦး ရှိခဲ့သည်။ ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ … - [ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ ၁၉ ဦးသေဆုံး](https://burmese.kachinnews.com/2022/05/06/may6-zm1/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ သိရသည်။ စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ရွာသစ်ကုန်း လမ်းဘက်မှ ထွက်လာပြီး ရေဦး -ရွှေဘို လမ်းဆုံနေရာတွင် စစ်ဆေးရေးပြုလုပ်ရန် စစ်ကြောင်းချီတက်လာစဥ် အင်းပတ်ကွေ့အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံ လိုက်ရပြီး စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးကာ ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “သူတို့က လမ်းဆုံနေရာမှာ စစ်ဆေးရေး လုပ်ဖို့လာတာ လာတာကိုမှ မိုင်းကွင်းဖော်ထားတဲ့နေရာမှာရောက်တော့ ရဲဘော်တွေက သွားပြီးတော့မှ မိုင်းဆွဲလိုက်တာ သိပ်မကြာလိုက်ဘူး Skatကားနှစ်စီးလာပြီး ရေဦးဘက်ကိုပြန်သယ်သွားတယ်”ဟု ၎င်းက ပြောသည်။ မိုင်းဆွဲ တိုက်ခိုက်ရာတွင် ပဒေသာမိုင်း ခြောက်လုံးကို သုံးကြိမ်ခွဲအထိ ဆက်တိုက်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက်က ယမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ပစ်ခတ်ခြင်းမပြုပဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ လတ်တလော ခင်ဦးမြို့ နှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည့်ကျေးရွာများတွင် စစ်ကောင်စီတပ် အကြမ်းဖက်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံများ ကြိုတင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲနဲ့ … - [ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု ရှိသဖြင့် ဒေသခံများ၏ ဖုန်း နဲ့ စကားပြောစက် သိမ်းဆည်း](https://burmese.kachinnews.com/2022/05/06/may-6-s-1/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇၊ ဆော့လော်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီးနောက် ဒေသခံတွေရဲ့ ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းများကို စစ်တပ်က သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့ ဆော့လော်မြို့နယ် မျောဂျောင်ကျေးရွာအနီး KIA ၊ PDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ၊ ပြည်သူစစ် ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ထိခိုက်သူများပြားခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ဒေသခံတွေရဲ့ ဖုန်းတွေကို လိုက်လံ သိမ်းဆည်းနေကြောင်း ဆော့လော် ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောပါတယ်။ “ဆော့လော် ဒေသခံတွေကို ဖုန်းအကုန်သိမ်းလိုက်တယ်။ သူတို့ သတင်းစီးဆင်းမှုကို ထိန်းချုပ် ချင်လို့ ထင်တယ်။ ဒီဘက်သုံးတဲ့ ဖုန်းတွေက အင်တာနက်သုံးလို့ မရတဲ့ ဖုန်းတွေ ဟုတ်တယ်။ ဒေသခံတွေက talkie walkie အသေးစားတွေလည်း သုံးတယ်။ အဲဒီစက်တွေအကုန်လုံးကို သိမ်းလိုက်တယ်။” ဖုန်းအသိမ်းခံရတဲ့ ကျေးရွာတွေဟာ မျောဂျောင်၊ မန်ပျော့၊ အောက်ဆော့လော်အပြင် အနီးတစ်ဝိုက်က ကျေးရွာအများအပြား ပါဝင်ပါတယ်။ စစ်ကောင်စီတပ်ဟာ အုပ်ချုပ်ရေးမှူးတွေကတဆင့် သိမ်းဆည်းခိုင်းနေခြင်း ဖြစ်ပြီး CDMA ဖုန်းအမျိုးအစား နဲ့ စကားပြောစက် ဝေါ်ကီတော်ကီ အသေးစားတွေအကုန် ပါဝင်တယ်လို့ ဆိုပါတယ်။ ဆော့လော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ အောက် တပ်ရင်း ၄၆ နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က … - [ဖားကန့်တွင် ကျောက်ယမ်းခွဲရာမှ မြေပြိုမှု ဖြစ် အမျိုးသားနှစ်ဦးသေဆုံးပြီးလေးဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/05/06/may6-az1/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာ ကျောက်ယမ်းခွဲရာမှ မြေမြိုမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး မြေစာပိ သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ မတ် ၆ ရက်နေ့ နံနက် ၇နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နမ့်မော်ရှိ ရတနာဆန်းရွှင် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကျောက်ယမ်းခွဲရာမှ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး သေဆုံးမြေစာပုံပိသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖြစ်စဉ်သိသူအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ဘေးပတ်ပတ်လည်မှာ တစ်နိုင်တစ်ပိုင်စက် ယန္တရားတွေနဲ့လုပ်တာရှိတယ် အဲ့ဒါတွေက ယမ်းခွဲတော့မြေစာတွေကလှန်ပြီး တုန်ခါတော့ကျင်းထဲကိုမြေစာတွေကျပြီးမြေပြိုမှုဖြစ်သွားတာဗျ နှစ်ယောက်ကတော့ပါသွားတယ်တစ်ယောက်က ဆေးရုံမှာ”ဟု ယင်းအမျိုးသားကပြောသည်။ သေဆုံးသွားသည့်အမျိုးသားနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူလေးဦးတို့မှာ လက်လုပ် လက်စား လုပ်ကိုင်နေသူများ ဖြစ်ကြပြီး ဒဏ်ရာရ လေးဦးအနက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။ “လေးယောက်ထဲကတစ်ယောက်ကတော့ ဆေးရုံတင်ရတယ်ဖားကန့်ဆေးရုံမှာပါ။ သုံးယောက်ကတော့ ပွန်းပဲ့ဒဏ်ရာသိပ်မရှိဘူး နေအိမ်မှာပဲနားနေပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အမျိူးသားနှစ်ဦး၏ ရုပ်အလောင်းသည် ကုမ္ပဏီဘတ်ဟိုး ယာဉ်များဖြင့် တူးဖော်ရှာဖွေနေဆဲဖြစ်ပြီး နေ့လည် ၁၂နာရီခွဲအချိန်ထိ ရုပ်အလောင်းမတွေ့သေးကြောင်း သိရသည်။ ဖားကန့် ကျောက်စိမ်းမော် ဒေသရှိကျောက်စိမ်းရိုင်းတုံးတူးဖော်ထုတ်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီက ဧပြီ ၁ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်ယနေ့ထိ စက်ယန္တရားကြီးများနှင့် တစ်နိုင်တစ်ပိုင်တူးဖော်နေသူများ သောင်းဂဏန်းခန့်ရှိကြောင်းသိရသည်။ ယခုမြေပြိုမှုဖြစ်သည့် ဆန်းရွှင်ကုမ္ပလုပ်ကွက်နေရာတွင် ၂၀၂၁ မတ်လ ၁၅ ရက်နေ့ကလည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဦးခန့်မြေစာပုံအတွင်းပျောက်ဆုံးခဲ့သည်။ - [မြစ်ကြီးနား-ပူတာအို လမ်းကြောင်းမှာ စစ်ကောင်စီတပ် ဂိတ်တိုးချဲ့ပြီး ငွေကြေးကောက်ခံ](https://burmese.kachinnews.com/2022/05/06/may-6-y1/): မြစ်ကြီးနား – ပူတာအို လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ် ပူးပေါင်းပြီး ငွေကြေးကောက်ခံတဲ့ ဂိတ်အများအပြား ထပ်တိုးလာတဲ့အတွက်ကြောင့် နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေ ခက်ခဲမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အခုနှစ်ဆန်းပိုင်းက မြစ်ကြီးနား-ပူတာအို ကားလမ်းမကြီး တစ်လျှောက် စစ်တပ်ဂိတ် ၃ ခုသာ ရှိခဲ့ပေမယ့် အခု နောက်ထပ် ၆ခု ကို ထပ်တိုးထားတဲ့အပြင် ဂိတ်တိုင်းမှာလည်း အတင်းအကြပ် ငွေကြေး ကောက်ခံနေတယ်လို့ ဆိုပါတယ်။ “အခုက စစ်သားတွေ နေရာတကာရှိတယ်။ ရှိတဲ့နေရာတိုင်းမှာ ခဏခဏရပ်ပေးရတယ်။ အတက်နောက်ကျတော့ မိုးချုပ်သွားတာရှိတယ်။ ပြီးရင် ပူတာအိုမြို့အဝင်ဂိတ်မှာ ဝင်ခွင့်တောင်းရတာအရမ်းခက်ခဲတယ်။ နောက်တစ်ခုက သူတို့ရှိတဲ့ ဂိတ်တိုင်းမှာ ပိုက်ဆံတောင်းတယ်။ ကိုယ်ပေးချင်သလောက်လဲ ပေးလို့မရဘူး။ သူတို့တောင်းသလောက် ပေးလိုက်ရမှ အဆင်ပြေသွားတာတွေရှိတယ်။ တစ်ချို့ဂိတ်မှာဆို ရိုင်းစိုင်းပြောဆိုဆက်ဆံ တာတွေလည်းကြုံရတယ်” ဟု မြစ်ကြီးနား- ပူတာအို ကားသမားတစ်ဦးက KNG သတင်းဌာန ကို ပြောပါတယ်။ လက်ရှိ မြစ်ကြီးနား-ပူတာအို ကားလမ်းမကြီးပေါ် ဂိတ်ချပြီး ငွေကြေးကောက်ခံနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ်တွေကတော့ မြစ်ကြီးမြို့အထွက် တန်ဖရဲ၊ တယန်ဇွပ်အနီးရှိ ဒလူခ၊ ဆွမ့်ပရာဘွမ်၊ ဝဒတ်၊ တန်ဂျာ၊ လုန်ရှာယန်၊ ဖတ်မာနှင့် မူလာရှီးဒီ စသော ကျေးရွာအသီးသီးက ဂိတ်တွေ ဖြစ်ကြပါတယ်။ အဆိုပါဂိတ်တွေအနက် တန်ဖရဲ၊ ဆွမ်ပရာဘွမ့် နှင့် ပူတာအိုမြို့အဝင် မူလာရှီးဒီ ဂိတ် ၃ ခု သည် ယခင်ကတည်းက ရှိနေသော ဂိတ်များဖြစ်ကြပြီး ကျန်ဂိတ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက … - [စစ်တပ်ဝါဒဖြန့် MRTV မိုဘိုင်းအက်ပလီကေးရှင်းကို Apple store နှင့် Google playstore တို့မှ ဖယ်ရှားခံရ](https://burmese.kachinnews.com/2022/05/06/may-6-sm-1/): စစ်ကောင်စီတပ်၏ MRTV မိုဘိုင်းအက်ပလီကေးရှင်းကို အွန်လိုင်းပေါ်တင်ပြီး တစ်ရက်အကြာမှာ Apple ကုမ္ပဏီ App store နှင့် Google playstore တို့မှ ဖြုတ်ချလိုက်ပြီဖြစ်သည်ဟု Justice for Myanmar က မေလ ၆ ရက်နေ့တွင် ဖော်ပြထား သည်။ နေပြည်တော်တွင် မေလ ၄ ရက်နေ့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည့် စစ်ကောင်စီ၏ အပလီကေးရှင်ကို Apps Web Social ကုမ္ပဏီ အနေဖြင့် store နှစ်ခုစလုံးမှ အလျင်အမြန်ဖယ်ရှားမှုအပေါ်ကြိုဆိုပါသည်ဟု Justice for Myanmar ကဆိုသည်။ အက်ပလီကေးရှင်း ရေးသားထုတ်ပြန်သည့် အမေရိကန်ကုမ္ပဏီ Apps Web Social LLC ၏ နာမည်ကို Justice for Myanmar က ဖော်ထုတ်ပြောကြားပြီးနောက် ကုမ္ပဏီက ယင်းအက်ပလီကေးရှင်းများကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မြန်မာပြည်သူများအပေါ် ၎င်းတို့၏ စိတ်ဓါတ်စစ်ဆင်ရေးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် သတင်းမှားများနှင့် အမုန်းစကားများ ဖြန့်ဝေရန်အတွက် ယင်းအက်ပလီကေးရှင်းကိုအသုံးပြုသည်ဟု ထုတ်ပြန်ထား သည်။ Apple ကုမ္ပဏီနှင့် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet တို့အနေဖြင့် စစ်ကောင်စီတို့၏ ပလက်ဖောင်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအားလုံးကို တားဆီးပိတ်ပင်ရန် Justice for Myanmar က ထပ်မံတောင်းဆို ထားသည်။ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင်လည်း စစ်တပ်ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အေဘီစီဘီယာ၊ စတဲ့ထုတ်ကုန်များကို ရောင်းဝယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ မလုပ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ … - [ပါဝင်သင့်သူအားလုံး မပါသဖြင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲ မတက်နိုင်ကြောင်း KIO ထုတ်ပြန်](https://burmese.kachinnews.com/2022/05/05/may-5-y-1/): အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို ပါဝင်မည် မဟုတ်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သင့်သော အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားမှုမရှိခြင်းနှင့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်သာဟု ကမ်းလှမ်းချက်တွင် ပါရှိသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်အဖွဲ့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အခုသူတို့ဘက်က ကမ်းလှမ်းချက်က ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဘဲပါတယ်။ နောက်တစ်ခုက အပစ်ခတ်ရပ်စဲဆိုပြီး ပါရှိတယ်။ ဒီအပစ်ခတ်ရပ်စဲရေးက နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘူး။ လက်နက်ချဖို့ တိုက်သွန်းတဲ့ဘက်ကို ဦးတည်လာနိုင်တယ်။ ဒီလိုမျိုးက လက်မခံနိုင်ဘူး။ အဲ့ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာက နိုင်ငံရေးနဲ့ဘဲ အဖြေရှာရမယ်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေအားလုံးပါဝင်ရမယ်ဖြစ်တယ်။ ဒီအချက်တွေပြည့်စုံမှသာ တက်ရောက်နိုင်မယ်ဖြစ်တယ်” ဟု ပြောဆိုထားသည်။ KIO/KIA သည် တရားမျှတပြီး မှန်ကန်သော ဆွေးနွေးပွဲကိုသာ လက်ခံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံရေးအဖွဲ့ဝင်များနှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်နေသော ပြည်သူများ၏ တောင်ဆိုချက်များကိုသာ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသူက ဆက်ဆိုထားသည်။ ယနေ့ ထုတ်ပြန်ချက်တွင် အချက် ၅ ချက်ပါဝင်ပြီး နံပါတ် ၄ အချက်တွင် ‘ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်းမရှိကြောင်း တွေ့ရှိခြင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကိုတွေ့ရှိရပါသည်’ဟု အဓိက ဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံ၏ အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ အခင်းအကျင်းရောက်မှသာ … - [ကွတ်ခိုင် ကချင်စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွေ့ရန် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2022/05/05/may-5-ld-1/): ကွတ်ခိုင် ဘုရားကျောင်းဝင်းမှာ ကာလကြာ ခိုလှုံခဲ့ရတဲ့ ကချင်စစ်ရှောင်တွေဟာ အခက်အခဲရှိလာတဲ့အတွက် နေရာအသစ်ကို ပြောင်းရွေ့ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း နေရာသစ်ကို ပြောင်းရွှေ့ဖို့ရာမှာ ကုန်ကျစားရိတ် များပြားမှာ ဖြစ်လို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ သူတို့အတွက် နေရာပြောင်းရွေ့ဖို့ ဘယ်အဖွဲ့အစည်းကမှ သီးသန့် နေရာချထားပေးတာမျိုး မရှိတဲ့အပြင် လိုအပ်နေတဲ့ငွေပမာဏဟာ အလွန်များပြားတဲ့အတွက်ကြောင့် အခုလိုကူညီထောက်ပံ့မှု လိုအပ်နေတာဖြစ်တယ်လို့ ကွတ်ခိုင် စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်ပြည်သူတစ်ဦး KNG သတင်းဌာန ကို ပြောပါတယ်။ “ဒီစစ်ရှောင်စခန်းအနား၊ ကွတ်ခိုင်မြို့နားမှာပဲ ပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်။ ကျွန်တော်တို့က နှစ်ပေါင်း (၁၀) နှစ်ရှိလာပြီဖြစ်တဲ့အတွက် အခက်အခဲဒုက္ခတွေလည်း များလာတယ်။ ဒါကြောင့် ပြောင်းရွေ့နေထိုင်မယ်ဆိုပေမယ့် ပြောင်းရွေ့ဖို့ခက်နေတယ်။ မြေယာဖိုး ပိုက်ဆံမပေးနိုင်တဲ့အတွက်ကြောင့် အခက်အခဲတွေရှိနေတယ်။ ကျွန်တော်တို့ ဒီဇွန်လ ၂၀ ရက်လောက်မှာ ပိုက်ဆံလိုနေတယ်။” မြေနေရာအသစ်မှာ ပြောင်းရွေ့နေထိုင်ဖို့ တစ်အိမ်ထောင်မှာ ငွေကျပ် (၂၅) သိန်းစီ ပေးရမှာ ဖြစ်ပြီး၊ လာမည့် ဇွန်လမှာ စခန်းအတွက် စုစုပေါင်း  ကျပ်သိန်း (၇၀၀) ကျော်လိုအပ်နေတာလည်း ဖြစ်ပါတယ်။ စစ်ရှောင် အိမ်ထောင်စု စုစုပေါင်း (၄၀) ကျော်ရှိပြီး၊ လူဦးရေ (၂၀၀) ကျော်ရှိပါတယ်။ ‘’ဘုရားကျောင်းဝင်းမှာ တစ်ခြားအစီအစဥ်တွေ လုပ်စရာရှိတာတွေလည်းရှိ၊ ပြီးတော့ ကျွန်တော်တို့လည်း ကြာပြီလေ၊ ပြောင်း‌ရွေ့တယ်ဆိုပေမယ့် ကျွန်တော်တို့ နေရပ်ကိုမပြန်နိုင်သေးဘူးလေ။ နေရပ်ပြန်ဖို့ကလည်း လုံခြုံမှုက ရှိမနေပြန်၊ ပြီးတော့ ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေ အများကြီးဖြစ်တဲ့အတွက်ကြောင့် ပြန်လည်ထူထောင်ဖို့ အရမ်းခက်သွားတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ကြီးတဲ့ မိဘတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်တွေများတော့  တစ်ခါတည်း နေရပ်ပြန်ဖို့က အရမ်းခက်သွားတယ်။ ဒါကြောင့်မို့ ဒီနေရာနားမှာပဲ ပြောင်းရွေ့နေထိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်။ အဲဒီနေရာမှာ ပြောင်းရွေ့နေထိုင်ပြီးမှပဲ ကျွန်တော်တို့ နေရပ်ပြန်ဖို့ ပြန်ပြီးပြင်ဆင်ရမှာ ဖြစ်တယ်။ ဒဲဒီအတွက်ကြောင့် အခုလောလောဆယ်မှာတော့ … - [မန်ခိန်ရပ်ကွက် နေအိမ်တစ်အိမ်တွင် ရပ်ထားသည့် သုံးဘီးတစ်စီး အခိုးခံရ](https://burmese.kachinnews.com/2022/05/05/may5-sm2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ အုပ်စု (၅) အပိုင်းရှိ နေအိမ်၌ ရပ်ထားသည့် သုံးဘီးတစ်စီး ယနေ့နံနက် အစောပိုင်းတွင် အခိုးခံရ‌ မိသားစုများမှ သိရသည်။ “အိမ်ဘေးသံစကာကို ညှပ်ပြီးမှဝင်လာတာ ဝင်လာပြီးမှ အိမ်ရှေ့ခြံဝင်းသော့ကိုရိုက်ဖွင့်ပြီးမှယူသွားတာ သိတာကတော့ မနက်ကျမှသိတယ် ဘယ်ချိန်ခိုးသွားမှန်းမသိဘူး” ဟု သုံးဘီးပိုင်ရှင် အမျိုးသမီးက ဆိုသည်။ သုံးဘီး၏ တန်ဖိုးမှာ ကျပ်သိန်း ၅၀ ရှိပြီး ဝယ်ယူထားတာ မကြာသေးကြောင်း လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းများကို တိုင်ကြားတာမျိုး မရှိပဲ မိမိဘာသာ ရှာဖွေနေကြပြီး တစ်ပတ်ရစ် second ရောင်းတဲ့ဆိုင်များကိုလည်း အကြောင်းကြားထားသည် ဟု သူမက ဆက်ပြောသည်။ “သတိထားပြီးနေကြပါ။ ပိုပြီးသတိထားရင်ကောင်းတယ် မရှိမဲ့ရှိမဲ့စုပြီးမှဝယ်ထားတာ အရမ်းသတိထားစေချင်တယ်” ဟု သူမက တိုက်တွန်းထားသည်။ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၅) အပိုင်းတွင် လွန်ခဲ့သည့်နှစ်ရက် အင်္ဂါနေ့ မနက်ပိုင်း လူအိပ်ချိန်မှာပဲ ထိုဖြစ်စဥ်နှင့် ဆင်တူသည့် နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီး အခိုးခံရမှုဖြစ်ပွားခဲ့သေးသည်။ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် ခိုးဆိုး လုနိုက်ပိုများလာကြောင်း ဒေသခံများ ပြောသည်။ - [NUG အစိုးရ အွန်လိုင်းပညာရေးအစီစဉ်တွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ၁၈၀၀ ဝန်းကျင် သင်ယူနေ](https://burmese.kachinnews.com/2022/05/05/may5-sm1/): အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှဦးစီးကာ သင်ကြားနေသည့် ကြားကာလ အွန်လိုင်းပညာရေး အစီစဥ်တွင် မြစ်ကြီးနားတက္ကသိုလ်ကောင်စီမှ ဖွင့်လှစ်သည့် ပညာရေးအစီအစဉ် ကျောင်းသူ၊ သားဦးရေ ၁၈၀၀ခန့် တက်ရောက်နေကြောင်း မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌထံမှ သိရှိရသည်။ စစ်တပ် အာဏာသိမ်းမူမဖြစ်ခင် မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇ ထောင်ရှိခဲ့သည့်အနက် လက်ရှိ NUG အစိုးရ၏ ကြားကာလပညာရေး အစီစဉ်တွင် ကျောင်းသား/သူ ဦးရေ ၁၈၀၀ ခန့် သင်ကြားနေခြင်း ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ အခုလက်ရှိမှာတော့ မြစ်ကြီးနားတက္ကသိုလ်အနေနဲ့ မြစ်ကြီးနားတက္ကသိုလ်ကောင်စီကနေပြီးမှ ကြားကာလ အွန်လိုင်းအခြေပြုပညာရေးဆိုပြီးတော့ ဒီဟာကိုစပြီးတော့အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။ အဲ့တာကတော့ ကျနော်တို့ ဒီဟာစတည်ခဲ့တာတော့ လွန်ခဲ့တဲ့၂၀၂၁ အဲ့လောက်တည်းက စပြီးတော့ဆောင်ရွက်နေတယ်။ ဒါမဲ့ ခုမှပဲ စပြီးဖွင့်ဖြစ်တယ် ကျောင်းသားဦးရေကတော့လောလောဆယ်အထိ ၁၈၀၀ လောက် registered လုပ်ထားပြီး စပြီးတော့သင်ကြားမှုတွေလုပ်နေပါတယ်” ဟု မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌ က ဆိုသည်။ သင်ကြားနေသော အစီစဉ်များမှာ ၂၀၂၀ မတ်လတွင် ကိုဗစ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် ဒုတိယနှစ်ဝက်ကိုအစမှ ပြန်လည်သင်ကြားပေးနေသည့်အပြင် ကျောင်းသူ၊သားများအနေဖြင့် သင်ခန်းစာတစ်ခုပြီးတိုင်း နားလည်သင်ယူမှုကို စစ်ဆေးသည့်အနေဖြင့် Assignment ထပ်ခြင်း၊ အခန်းဆုံးစာမေးပွဲများကို အွန်လိုင်းမှတစ်ဆင့်ဖြေဆို‌ရကြောင်း သိရသည်။ အောင်ရှုံး စီစစ်ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဋ္ဌာနမှ ပေးအပ်သည့် ယာယီဘွဲ့ ထောက်ခံစာနှင့် အတန်းပြီးဆုံးကြောင်းထောက်ခံစာများရရှိမည် ဖြစ်ကြောင်း ဧပြီလ၁၅ရက်နေ့က zoom မှ တစ်ဆင့် ဖွင့်လှစ်သည့် မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်းပညာရေးအစီအစဥ်ဖွင့်ပွဲတွင် မြစ်ကြီးနား … - [ကာမိုင်း ပြည်သူ့စစ်အဖွဲ့တစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/05/05/may5-yl1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ကားမိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၈နှစ်အရွယ်ရှိ ဦးဇော်ဌေး ခေါ်သူဖြစ်ပြီး ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ် မောင်နင်းလာသော လူ ၂ဦးက ဝင်ရောက်ပစ်သတ်သွားသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ပြည်သူ့စစ်အဖွဲ့တစ်ဦးဖြစ်တယ်။ ဆိုင်ကယ်နဲ့ လူ ၂ယောက်ဝင်ပစ်သွားတယ်လို့ပြောပါတယ်။ သူထိုင်နေတဲ့ နေရာကနေ လက်တစ်လှမ်းစာလောက်မှာဘဲ ပစ်သတ်ခံရတာ။ အနီးကပ်မှာဘဲ ပစ်ခံရတယ်လို့ပြောလို့ရတယ်။ သေနတ်ဒဏ်ရာက တစ်ချက်ထဲ ပွဲချင်းပြီးအဲ့မှာဆုံးသွားတယ်”ဟုပြောဆိုသည်။ အဆိုပါ ပစ်သတ်ခံရသော ဦးဇော်ဌေးကို မည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည်ကို အသေးစိတ်မသိရသေးဘဲ လက်ရှိတွင် ကားမိုင်းမြို့ အခြေစိုက် စစ်ဗျူဟာအဖွဲ့ စစ်ကောင်စီတပ်နှင့်ရဲများက လာရောက်စစ်ဆေးမှုများရှိနေကြောင်း သိရပါသည်။ ကားမိုင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ ပစ်သတ်ခံရမှု ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ခုနှစ်  ဩဂုတ်လ ၁၁ရက်နေ့တွင် ကားမိုင်းမြို့ မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင် ပစ်သတ်ခံခဲ့ရသည်။ - [မုံးပေါ်တွင် ယနေ့ည စစ်ကောင်စီနှင့် MNDAA တိုက်ပွဲ ပြင်းထန်နေ](https://burmese.kachinnews.com/2022/05/04/may-4-bs-1/): ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ် မုံးပေါ် တွင် ယနေ့ည ၉ နာရီဝန်းကျင်မှ မိုင်ဖန် ရှိ စစ်ကောင်စီ တပ်မ ၉၉ နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည် “အခုလည်း အတကုန်ပစ်နေတုန်း မုံးပေါ်အောက်ဘက်နဲ့ မိုင်ဖန်ရွာထိပ် အဲ့ကြားမှာ ဖြစ်နေတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေတယ်။ ငြိမ်လိုက် ပစ်လိုက်နဲ့ ဖြစ်နေတယ်။” ဟု မုံးပေါ်ဒေသခံတစ်ဦးက ပြောသည်။ မုံးပေါ်အောက်ဘက် ကပ်ရပ်ရှိ မိုင်ဖန်ကျေးရွာတွင် စစ်ကောင်စီ တပ်မ ၉၉ ကင်းစောင့်အဖွဲ့ ၃၀ ဝန်းကျင် ရွာထိပ်နားရှိနေစဉ် MNDAA မှ သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်ကြောင်းသိရသည်။ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ပစ်ခတ်မှုများရှိနေသောကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးရန် ခက်ခဲနေကြောင်း ပြောသည်။ မုံးပေါ် ဒေသ တစ်လျှောက်စစ်တပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ တို့ လတ်တလော စစ်ရေးလှုပ်ရှားများပုံမှန်ပြုလုပ်နေပြီး  တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။ - [အလော့ဘွမ်အနီးတွင် စစ်ကောင်စီတပ်မှ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေဟု ဒေသခံများပြော](https://burmese.kachinnews.com/2022/05/04/may-4-y-1/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် နယ်မြေ အလော့ဘွမ်အနီးရှိ ရှန်ထုန်းဘွမ့်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် စခန်းတွင်း စစ်ရေးအတွက် အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောသည်။ ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ရှန်ထုန်းဘွမ့် (Shang Htung Bum) စစ်ကောင်စီ တပ်စခန်းသို့ ဘက်ဖိုး တစ်စီး၊ ဘိလပ်မြေတင် ကားကြီး ၂ စီး၊ ဆီကားတစ်စီးဖြင့် ထွက်ခွာသွားပြီးနောက် မေလ ၃ ရက်နေ့တွင် ဘက်ဟိုးနှင့် ဆီတင်ကား ၁ စီးသည် နွမ်းလန့် နှင့် ကုန်းလော ကျေးရွာဘက်သို့ ပြန်ရောက်လာသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “ဒီကားတွေ ရှန်ထုန်းဘွမ့်ဘက်ကို တက်သွားတာ ၁ လ လောက်ကြာပြီ။ ဘိလပ်မြေတင်တဲ့ ကား ၂ စီးကတော့ ၂ ရက်လောက်ဆို ပြန်ဆင်းလာတယ်။ ဒါပေမယ့် ဘက်ဖိုးတစ်စီးနဲ့ ဆီကားတစ်စီးကတော့ မနေ့ကဘဲ ဆင်းလာတယ်။ ကြည့်ရတာ သူတို့ စခန်းထဲမှာ စစ်ရေးအတွက် ပန်ကာတို့၊ နောက် ခိုင်ခံ့တဲ့ အဆောက်အဦးတွေ လုပ်တယ်လို့ဘဲမြင်တယ်။” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်၏ ဆောက်လုပ်ရေးသုံး ကားများ သွားလာမှုအတွက် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် လိုက်ပါ လုံခြုံရေးပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလို စစ်ကောင်စီတပ်မှ စစ်ရေးအတွက် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများရှိခဲ့သော်လည်း လက်နက်သံများ နှင့် ပစ်ခတ်မှုများ မကြားရကြောင်း အဆိုပါ ဒေသခံ အမျိုးသားက … - [ဖားကန့်တွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး](https://burmese.kachinnews.com/2022/05/04/may-4-z-1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်း မှော်ပုံကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထမင်းဆိုင်ပိုင်ရှင်နှင့် စျေးဝယ်သူအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း လုံးခင်းကျေးရွာဒေသခံများထံမှ သိရသည်။ ယမန်နေ့ည ၈ နာရီခန့်အချိန်တွင် ဖားကန့်မြို့နယ်ရှိ ဆန်ခါဘက်မှ လုံးခင်းဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့ရာ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ထမင်းဆိုင်ပိုင်ရှင် ဦးရုံဂွေအသက် ၅၀ နှစ် နှင့် စျေးလာဝယ်သူအမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ပွဲချင်းပြီးသေဆုံးခဲ့​ကြောင်း လုံးခင်း မှ အမျိုးသားတစ်ဦးက ပြောသည်။ ” တိုက်ပွဲဖြစ်တာမဟုတ်ဘူး စစ်ကောင်စီတပ်က တစ်ဖက်သတ် လက်နက်ကြီးနဲ့ရွာဘက်ကို လျှောက်ပစ်တာ အဲဒါ တစ်လုံးက ဆောင်းရာသီထမင်းဆိုင်ရှေ့မှာ ကျကွဲတာ ဆိုင်ရှင်နဲ့ဈေးဝယ်တဲ့သူ နှစ်ယောက်‌ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကျည်ထိမှန်သေဆုံးသွားသူ နှစ်ဦးမှာ ထမင်းဆိုင်ပိုင်ရှင် ဦးရုံဂွေနှင့် ဈေးဝယ်သူ ဦးမောင်မြင့် အသက် ၄၅ နှစ်တို့ဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းအား ယနေ့ သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ည ၇ နာရီဝန်းကျင်တွင် မဇွပ်ယန်ကျေးရွာဘက်မှ လက်နက်ကြီးသံများ ဦးစွာကြားခဲ့ရပြီး ည ၈ နာရီဝန်းကျင်တွင်မူ မှော်ပုံထမင်းဆိုင်ရှေ့ကျရောက်ပေါက်ကွဲမှသာ စစ်ကောင်စီဘက်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်ဟု ဒေသခံ ၁ ဦးက ပြောသည်။ ” အစတော့ မဇွပ်ယန်ဘက်က လက်နက်ကြီးသံကြားရတယ် ကျနော်တို့ထင်တာက ကျောက်လုပ်ကွက်တွေမှာ မိုင်းခွဲတာထင်တာ။ နောက်မှ လက်နက်ကြီးနဲ့ ပစ်နေမှန်း သိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီး ကျကွဲသည့် မှော်ပုံနှင့် မဇွပ်ယန်အကျဉ်းထောင်သည်တစ်မိုင်ခန့်မျှသာကွာဝေး‌ကြောင်း … - [စစ်ရေးအခြေအနေကြောင့် မြောင် ပညာရေးကျောင်းများကို ခေတ္တပိတ်ထား](https://burmese.kachinnews.com/2022/05/04/may4-az1/): စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို စစ်ရေးအခြေအနေကြောင့် ခေတ္တပိတ်ထားလိုက်ကြောင်း မြောင်ပညာရေးကွန်ယက်မှ သိရသည်။ မြောင်မြို့နယ်တွင် NUG လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းပေါင်း ၂၆ ကျောင်းရှိပြီး ယခုရက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် စာသင်ကျောင်းများကို ခေတ္တပိတ်ထားလိုက်ကြောင်း မြောင်ပညာရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အခုလောလောဆယ် နယ်မြေ မအေးချမ်းသေးတော့လည်း စစ်ကြောင်းထိုးတာတွေ ရှိတော့ခန နားထားတယ်ရှင့်။ ကျောင်းတွေကိုလည်းကြိုပြီးတော့ကြေငြာထားတယ်။ တနလ်ာနေ့ကစပိတ်ထားတယ်။ ကျောင်းသားတွေရဲ့ ကျောင်းလုံခြုံရေးအရ ပိတ်ထားတယ်ရှင်”ဟု တာဝန်ရှိသူက ပြောသည်။ မြောင်မြို့နယ်တွင် မတ် ၂ ရက်နေ့ က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ ၃၈ ဖွဲ့တို့က စစ်ကြောင်းသုံးကြောင်းခွဲ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်က ၃၀ ကျော်သေဆုံးပြီး အထိနာခဲ့သည်။ ထို့ကြောင့်လတ်တလော ပိတ်ထားသည့်ယင်း စာသင်ကျောင်းများကို နယ်မြေအေးချမ်းလာသည့်အခါမှ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပြီး အသစ်ထပ်တိုးဖွင့်လှစ်မည့် စာသင်ကျောင်းများလည်း ရှိကြောင်း သိရသည်။ “အခုတစ်ရက် နှစ်ရက်တော့ အခြေအနေပြန်ကောင်းရင် ပြန်ပြီးတော့ဖွင့်ကြမှာ။ စာရင်းတွေပေးထားတာလည်း ရှိတယ် ဆက်ပြီးတော့ ဖွင့်မယ်။ ကျောင်းသုံးကျောင်းတော့ရှိတယ်ရှင့်အလယ်တန်းအထိဖွင့်မယ့်ကျောင်းတွေပါ”မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။ မြောင်ပညာရေးကွန်ရက်သည် မြောင်မြို့နယ်အတွင်း NGU လမ်းညွန်မှုဖြင့် မြေပြင်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြောင်မြို့နယ်တွင် ကျေးရွာပေါင်း ၈၆ ကျောင်းရှိသည့်အနက် ကျေးရွာပေါင်း ၂၅ … - [ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်း လွှတ်မြောက်](https://burmese.kachinnews.com/2022/05/03/may3-zm1/): တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းသည် မြစ်ကြီးနားအကျဉ်းထောင်မှ မေလ ၁ ရက်နေ့တွင် လွတ်‌မြောက်လာပြီဖြစ်‌ကြောင်း သိရသည်။ “သူ့ကိူချုပ်‌‌နှောင်ထားတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ပြစ်ဒဏ်စေ့လို့ လွတ်တဲ့သဘောပါဘဲ ခင်ဗျာ မေလ ၁ရက်နေ့လွှတ်လာပါပြီ” ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမူဆောင်က ပြောသည်။ လွှတ်မြောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စား‌ဟောင်းဦးမြသိန်းသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD ပါတီရုံးတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ နှင့် ထောင်ဒဏ်တစ်နှစ်၊ ကွန်ပျူတာကိုင်ဆောင်မှုနှင့် ထောင်ဒဏ် သုံးလချမှတ် ၂၀၂၁ ဒီဇင်ဘာလတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဦးမြသိန်းသည် ကချင်ပြည်နယ်ရွှေကူမြို့နယ်မှ ရွေးကောက်ခံ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ထို့ပြင် ဦးမြသိန်းသည် ရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီးနောက် ကချင်ပြည်နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ဆည်ဝန်ကြီးအဖြစ် ၃နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ၂၀၁၈ခုနှစ် ပြည်နယ်အစိုးရ အပြောင်းအလဲတွင် ရပ်နားခဲ့သည်။ လက်ရှိ ကချင်ပြည်နယ် NLD ပါတီမှ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး ၆ ဦး ပါတီမှ တာဝန်ရှိခေါင်းဆောင်ပိုင်း ၂၂ ဦးအား စစ်ကောင်စီတပ်သည် ထိန်းသိမ်းထားဆဲဖြစ်သည်။ “ဖေဖော်ဝါရီလ ၁ရက် ဖမ်းဆီးခံရတာ NLD ပါတီက မြို့နယ်အားလုံးနီးပါးဘဲ ဒါပေမယ့် တစ်ချို့ကျတော့ ပြန်လွတ်ပေးခဲ့တာတွေရှိတယ် ခုနောက်ဆုံး အကျဉ်းကျခံနေ‌သေးတာတော့ ကျနော်တို့ဆီက စာရင်းအရဆိုရင် ၂၂ ယောက်ကျန်နေသေးတယ်” ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမှုဆောင် က ပြောသည်။ လက်ရှိ … - [မြောင် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံး](https://burmese.kachinnews.com/2022/05/03/may3-az1/): စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။ မြောင်မြို့နယ်သို့ အင်အား ၁၂၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ ၃၈ ဖွဲ့တို့ပူးပေါင်းကာ နံနက် လေးနာရီအချိန်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဆယ်ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။ “မနက်လေးနာရီလောက်ကတည်းက စစ်ကောင်စီတပ်တွေရဲ့လမ်းကြောင်းတွေကို ခြုံခိုတိုက်ခိုက်ခဲ့တာပါဗျ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုပြောရရင်တော့ ကျွန်တော်တို့ မဟာမိတ်တွေ စည်းစည်းလုံးလုံးနဲ့မြောင် နယ်တစ်နယ်လုံး စစ်ကြောင်းသုံးကြောင်း နဲ့တိုက်စစ်ဆင်တိုက်ခိုက်ခဲ့တာပါဗျ။ စစ်ကောင်စီတပ်သား တွေက သေဆုံးတာ သုံးဆယ်ကျော် လေးဆယ်ကြားမှာ ရှိတယ်ဗျ” ဟုမြောင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း တိုက်ပွဲမှာ နေ့လယ် ၁၁ နာရီ သုံးဆယ်မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အကျအဆုံး မရှိခဲ့သော်လည်း တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ဘက်ကမနေ့ကတိုက်ပွဲတွေမှာ ကျဆုံးတာတော့မရှိပါဘူး။ ဒဏ်ရာရတာနှစ်ယောက်တော့ ရှိတယ် အဲ့နှစ်ယောက်က တူမီးယမ်းစင်ပြီး နဖူးကွဲဒဏ်ရာရထားတာပါ” ဟု မြောင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ တိုက်ပွဲအပြီး အောင်ပွဲနှင့်ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မြောင်နယ်ရှိကျေးရွာကိုး ရွာမှ ပြည်သူများက အောင်သပြေပန်းများနှင့် ညောင်ရေ ၊ အချိုရည်များဖြင့်ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ယမန်နေ့တွင် အထိနာခဲ့သည့် ယင်းစစ်ကောင်စီစစ်ကြောင်းက … - [ရှဒူးဇွပ် စစ်ရှောင်များ နေရာအသစ်တွင် ရွေ့ပြောင်းရန် စတင်လုပ်ဆောင်နေ](https://burmese.kachinnews.com/2022/05/02/may2-yl1/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “၂၉ ရက်နေ့ နံနက်ပိုင်းမှာဘဲ ဆုတောင်းပြီး လုပ်ငန်း စတင်နေပြီ။ ရရှိထားတဲ့ငွေပမာဏနဲ့ ရသလောက်အရင်ဆောင်သွားဖို့ စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ အခုတိမ်းရှောင်နေတဲ့နေရာက ဘုရားကျောင်းဝင်းလည်းဖြစ်တယ်။ အချိန်ကာလအရဆိုလည်း ကြာမြင့်လာပြီ။ နောက်ပိုဆိုးတာက မိုးတွင်းရောက်ရင် ရေဘေးဒဏ်ကို ကြုံတွေ့နေရတယ်။ အဲ့ကြောင့်စစ်ရှောင်တွေကလည်း ဆက်မနေချင်ကြတော့ဘူး။ လွတ်လပ်တဲ့နေရာဘက်ကို ရွှေ့ပြောင်းချင်နေကြပြီ”ဟု ပြောဆိုသည်။ ရှဒူးဇွပ်စစ်ရှောင်ပြည်သူများ ရွှေ့ပြောင်းနေထိုင်မည့် မြေနေရာသည် ရှဒူးဇွပ်ကျေးရွာအနီး အောင်ရာကျေးရွာ ကချင်နှစ်ခြင်းခရစ်ယန်ဘုရားကျောင်း၏ အနောက်ခြမ်းဘက်တွင်ဖြစ်ပြီး မြေဧရိယာ ၆ ဧကပေါ်တွင် စစ်ရှောင်အိမ်ထောင်စု ၂၄ ခု ရှိသည့်အနက် စခန်းတွင်ပုံမှန်နေထိုင်သော အိမ်ထောင်စု ၁၆ စုအတွက် ဦးစားပေး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ နေရာရွေ့ပြောင်းရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC မှ အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေ ၅ သိန်း ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၄ ခု အတွက် သိန်း ၁၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း စစ်ရှောင်များ၏ နေအိမ်တည်ဆောက်ရန် ကုန်ကျစရိတ်မှာ သိန်း ၁၀၀ ကျပ် ထက် သာမက ကုန်ကျမည်ဖြစ်သောကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း … - [မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို](https://burmese.kachinnews.com/2022/05/02/may2-sm1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်ရှိ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုကို သတိပေးသည့်စက် တပ်ဆင် ထားနိုင်ပြီ ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေသညွန်ကြားရေး ဦးစီးဌာနမှ သိရသည်။ ယခုလို ချီဖွေမြို့ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုသတိပေးသည့်စက် တပ်ဆင်လိုက်ခြင်းကြောင့် ယခင်က ခန့်မှန်းနိုင်ရန် ခက်ခဲခဲ့သည့် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျကို ခန့်မှန်းနိုင်တော့မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေသ ညွန်ကြားရေး ဦးစီးဋ္ဌာနမှ ဦးစီးအရာရှိက ယခုလိုပြောသည်။ “ကျနော်တို့က ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီ၊ ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီဆိုရင် ချီဖွေနဲ့ မြစ်ကြီးနား၂၄ နာရီ အချိန်ယူလို့ရမယ်၊ တီယန်ဇွတ်မှာကျတော့ စက်ကတစ်လုံး အဲ့ဒီစက်နှစ်လုံးကနေထွက်လာရင် မေခနဲ့မလိခက အချက်အလက်နှစ်ခုရမယ်၊ မေခနဲ့မလိခရပြီဆိုရင်မြစ်ကြီးနားကို ရေဘယ်လောက်ဝင်နိုင်မလဲဆိုတာကို တွက်ဆချိန်လို့ရပြီ” ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။ မေခမြစ်နှင့် မလိခမြစ်တို့‌ ပေါင်းစုံရာမှ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းသို့ စီးဆင်းသည့်မြစ်ရေဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေအတက်အကျသည် မေခမြစ်နှင့် မလိခမြစ်အပေါ်တွင်ရှိသည့် ရေစီးဆင်းမူနှင့်ရေကာတာ၊ မူတည်လျက်ရှိသည်။ ဧရာဝတီမြစ်ရေ အတက်အကျအား ယခင် မလိခမြစ်ရှိရေကာတာ၂ ခု၏ ရေစီးဆင်းမှုအချက်အလက် လွယ်ကူစွာ ရရှိခဲ့သော်လည်း မေခမြစ်ပေါ်ရှိ ရေကာတာ၆ခု၏ အချက်အလက်ကို မရရှိတာကြောင့် မြစ်ကြီးနားမြို့၏ မြစ်ရေ အတက်အကျကို ကြိုတင်ခန့်မှန်းရန်ခက်ခဲခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မေခမြစ်ရှိ ရေကာတာ ၆ခုစလုံးသည် တရုတ်ပြည်ပိုင်ရေကာတာများဖြစ်သောကြောင့် အချက်အလက် ရရှိခက်ခဲရခြင်းဖြစ်ကြောင်း သိရသည်။ သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် … - [မြန်မာ တရုတ်ဘက် တင်ပို့မည့် ကြံကား ရာချီ ပိတ်မိနေ](https://burmese.kachinnews.com/2022/05/02/may2-bs1/): မုံးကိုး- မန်ဟိုင်း မြန်မာ- တရုတ်နယ်စပ်၊ မုံးကိုးမြို့ပေါ်တွင် တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ကြံကားများ ရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံဘက်မှ ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး ၁၀ရက်ခန့် ဂိတ်ပိတ်ခဲ့သည့်အတွက် ပန်ဆိုင်း – မုံးကိုးလမ်း၊ မုံးပေါ် – မုံးကိုးလမ်း နဲ့ မုံးကိုးမြို့ပေါ်ရှိ လမ်းကြိုလမ်းကြားတိုင်းတွင် ကြံကားများ ရာချီပိတ်မိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တရုတ်ဘက်ကပိုးတွေ့ရှိတယ်ဆိုပြီး တစ်ပတ်လောက်ပိတ်လိုက်တာ ခုပြန်ဝင်လို့တော့ရပြီ ဒါပေမယ့်ကားတွေလည်း တခါထဲဝင်လို့မရဘူး ပိုးစစ်ပြီး ၄၈ နာရီကြာမှ ပိုးသတ်ထားတယ်။ အဲကြောင့် ကားတွေက ပိတ်မိကုန်ပြီ” လို့ မြို့ခံ ၁ ဦးက ပြောသည်။ တရုတ်ပြည်ဘက်မှ မေလမှစကာ ပြန်လည်ဝင်ခွင့်ပြုခဲ့သော်လည်း ဆေးစစ်မူ ၄၈ နာရီခံယူရသည့်အပြင် တစ်ရက်လျှင်ကားအစီးရေ ၁၀ခန့်သာ ဝင်ရောက်ခွင့်ပြု‌နေကြောင်း သိရသည်။ မုံကိုး၊မန်ဟိုင်းဂိတ်အား တရုတ်ပြည်ဘက်မှ ကိုဗစ်အကြောင်းပြချက်နှင့် မကြာခနပိတ်နေသည့်အတွက် ပန်ဆိုင်း၊ မုံးကိုးဒေသတွေမှ ကြံများတရုတ်ဘက်တင်ပို့ နိုင်ဖို့ခက်ခဲနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့နှစ်တော့ ခုချိန်ဆို ခုချိန်ပြီးသွားပြီ။ မိုးနဲ့ လွှတ်တယ် ဒီလောက်မခက်ခဲခဲ့ဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။ ကြံကားများပိတ်မိနေသည့်အပြင် ခုရက်ပိုင်းမိုးရွာမူကြောင့် ကြံကားသမားတွေအစားအသောက် ချက်စားရန်ပင် ခက်ခဲနေသည့်အတွက် ကုန်ကျစရိတ်ပိုများ‌ကြောင်း မုံးပေါ်ဒေသက ကြံ ခြံရှင်တစ်ဦးကပြောသည်။ လက်ရှိတွင် ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး မြို့နယ်ခွဲအတွင်းရှိ ကြံဧက သောင်းချီရှိနေပြီး အဓိက မုံးကိုး – မန်ဟိုင်း မြန်မာ တရုတ် နယ်စပ် ဂိတ်ကနေ … - [စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/05/02/may2-zm1/): ကသာမြို့နယ် မင်္ဂလာသုခရွာတွင် ယနေ့ နံနက် ၇ နာရီ ဝန်းကျင်မှစကာ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ‌မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ အင်အား ၃၉ ဦး ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မင်္ဂလာသုခရွာ၊ အောင်ရွှေဖြိုး သရက်ခြံ၌ တပ်ထိုင်ထားစဥ် ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း သိရသည်။ “စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတယ်။ ခဏကြာတော့ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ပွဲစဖြစ်တာပဲ”ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်သည် ယင်းနေရာတွင်သာ ဆက်လက်ရှိနေခဲ့သည့်အတွက် နံနက် ၉ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ 79 mm များဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဒုတိယအကြိမ်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ ABSDF ကျောင်းသားတပ်မတော် ၊ ဒေသကာကွယ်ရေးတပ်တို့မှ လက်နက်ကြီးများဖြင့် နှစ်ဖက်ညှပ်ကာ ပစ်ကူတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများကာ ကသာဖက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။ “စစ်ကောင်စီတပ်တွေ ကသာက သူတို့တက်လာတုန်းက ၃၉ ယောက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီး ကသာဖက်ကို တပ်ပြန်ဆုတ်သွားတော့ ၂၇ ယောက်လောက်ပဲ ပြန်ဝင်လာတယ်။ ထမ်းစဉ်တွေနဲ့ … - [ခင်ဦး တွင် စစ်ကောင်စီတပ်မှ တစ်ရွာဝင်တစ်ရွာထွက် ကျေးရွာများကို မီးတင်ရှို့သွား](https://burmese.kachinnews.com/2022/05/02/may2-ab2/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အား အလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီစစ်သားနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၂ရက်နေ့တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ ခင်ဦးမြို့နယ်အတွင်းရှိ သရက်ကန်ရွာ၊ အင်းပတ်ရွာ၊ အင်းတိုင်းလေးရွာ၊ မူးသာကျေးရွာများတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာမှနေအိမ်များကို မီးတင်ရှို့သွားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သရက် ကန်ကျေးရွာကိုတော့ မနက်အစောကြီး ၇နာရီလောက်ကိုဝင်လာတယ်ဗျ ရွာထဲမှာထုခွဲ ရိုက်ခွဲနေတာဗျ သေနတ်တွေလည်းဖောက်ပြီးဝင်လာတာ ရွာသားတွေက မနက်စာမစားပဲထွက်ပြေးနေကြတာ”ဟု ခင်ဦး PDF တာဝန်ရှိသူ က ပြောသည်။ အလားတူ အဆိုပါစစ်ကြောင်းသည် သရကန်ကျေးရွာရှိ သရကန်ကျေးရွာတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် အင်းပတ်ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာကာ လူနေအိမ်အများအပြားကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ခင်းဦး PDF တာဝန်ရှိသူက ဆက်ပြောသည်။ “အဲ့ဒီ အင်ဒေါင်းအနီးတစ်ဝှက်ကကျေးရွာတွေဗျ အင်ဒေါင်းတစ်ကျောလုံးက နေအိမ်တွေမီးရှို့ခံလိုက်ရတာ အင်းပတ်ရွာဆိုရင် ရွာထဲထိဝင်ရှို့သွားတာဗျ”ဟု ၎င်းကပြောသည်။ လတ်တလောတွင် အင်းပတ်၊ သရက်ကန် ၊အင်းတိုင်းလေး ကျေးရွာများတွင် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ယင်းကျေးရွာမှ ပြည်သူ လေးထောင်ကျော် တောထဲထွက်ပြေးတိန်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။ ခင်ဦးမြို့နယ်အတွင်းတွင် လွန်ခဲ့သည့်တစ်ပတ်အတွင်း၌ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။   - [ထီးချိုင့် မြို့မ ရဲစခန်းအနီး နေထိုင်သူများကို အမြန်ရွေ့ပြောင်းရန် စစ်ကောင်စီတပ် သတိပေး](https://burmese.kachinnews.com/2022/05/02/may2-az1/): စစ်ကိုင်းတိုင်း ထီးချိုင့် မြို့မ ရဲစခန်းအနီး‌ နေထိုင်သည့်ပြည်သူများအနေဖြင့် ၆ ရက်အတွင်း ပြောင်းရွေ့ပေးရန် စစ်ကောင်စီလက်အောက်ခံ ထီးချိုင့်မြို့မရဲစခန်းမှ သတိပေးထားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ထီးချိုင့်မြို့မရဲစခန်းအနီးရှိ သရက်မှော်ရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်နှင့် လူနေအိမ်များကို ၆ ရက်အတွင်း အပြီးပြောင်းရွေ့ကြရန် ထီးချိုင့် မြို့မရဲစခန်း မှ ဧပြီ ၃၀ ရက်နေ့တွင် သတိပေးလာသောကြောင့် ပြည်သူအချို့ စတင်ပြောင်းရွေ့နေကြပြီဟု ထီးချိုင့်မြို့နေပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ဒီလ ၅ ရက်နေ့ နောက်ဆုံးထားပြီးတော့မှ ရဲစခန်းပတ်ချာလည် အနီးတဝိုက်က လူတွေကို ပြောင်းရွေ့ခိုင်းတာဗျ ရဲတွေက လာပြောတာပါ။ ပြည်သူတွေကလည်း ရွေ့ကြတယ်။ တချို့တော်တော်များများလည်း ရွေ့နေကြပြီဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်‌ကြောင့် ပြောင်းရွေ့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အဲ့ဒီ ရဲစခန်းက လွန်ခဲ့တဲ့အချိန်က တစ်ခါပစ်ခတ်ခံရတာရှိခဲ့တယ်ဗျ။ အဲ့ဒါကြောင့် သူတို့ရဲစခန်းကို ဒီတစ်ခါလာပစ်လို့ ရှိရင် သူတို့ကပြန်ပစ်ရင် မှန်မှာ ဆိုးလို့တဲ့။ အဲ့ကြောင့် ရှောင်နေကြဖို့လာပြောတာတဲ့” ဟု ၎င်းကပြောသည်။ လတ်တလော ပြည်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသော်လည်း ဆွေမျိုး မရှိသူများမှာ အခက်အခဲအမျိုးမျိုးကြောင့် ပြောင်းရွေ့ဖို့ ခက်ခဲနေကြောင်း သိရသည်။ အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် လွန်ခဲ့သည့် ငါးလခန့်က ၄၀ မမ နှစ်လုံးဖြင့်တစ်ကြိမ်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင် ရဲကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် … - [ရေဦးနယ်တွင် ယခုလအတွင်းသေဆုံးရုပ်အလောင်း တစ်ဒါဇင်အထိတွေ့](https://burmese.kachinnews.com/2022/04/30/apr30-zm2/): စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့နယ်တွင် ယခုလအတွင်း သေဆုံး​နေသည့် ရုပ်အလောင်း တစ်ဒါဇင်အထိတွေ့ရှိခဲ့ပြီး ယခုလအထိစုစုပေါင်း ရုပ်အလောင်း ၆၀ ကျော်အထိတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာအနီးတစ်ဝိုက်၊ မြစ်ချောင်းနှင့် ကားလမ်းဘေး ရထားသံလမ်ဘေးများတွင် ယင်းသေဆုံးရုပ်အလောင်းများကိုတွေ့ရှိနေရခြင်းဖြစ်ပြီး ယခုတစ်လအတွင်း ရုပ်အလောင်း ၁၂ ​လောင်းအထိတွေ့ရှိခဲ့ရာစုစုပေါင်း အလောင်း ၆၀ ကျော်အထိသယ်ယူ သဂြိုလ်ပေးခဲ့ပြီးဖြစ်ကြောင်း ပုညကုသလလူမှုကူညီရေးအသင်းမှတာဝန်ရှိသူကKNG သို့ပြောသည်။ “ကျနော်တို့သဂြိုပေးတာ ဧပြီလထဲမှာဆိုရင် ၁၂လောင်းတွေ့ပြီ။ ကျွန်တော်တို့အသင်းအနေနဲ့ ဆယ်လပိုင်းကနေအခုလအထိ ဆိုရင်ခြောက်ဆယ်ကိုးလောင်းရှိပြီဗျ သူတို့မှာ ဒဏ်ရာဘာညာတော့တွေ့တာပေါ့ဗျာ ဘာကြောင့်သေဆုံးတာလည်းဆိုတာတော့ကျွန်တော်တို့လည်းမသိသေးဘူးဗျ”ဟု ပုညကုသလလူမှုကူညီရေးအသင်းမှတာဝန်ရှိသူ ကပြောသည်။ အဆိုပါ သေဆုံးရုပ်အလောင်းများတွင် အချို့အလောင်းပိုင်ရှင်ပေါ်ပြီး အချို့မှာ ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သဂြိုလ်ပေးလိုက်ရကြောင်း သေဆုံးရုပ်အလောင်းမှာ အမျိုးသားအများစု ပါဝင်ကြောင်း သူကဆက်ပြောသည်။ “အဲ့သေဆုံးရုပ်အလောင်းတွေထဲမှာ အမျိုးသားဦးရေကပိုများတယ်ဗျ အသက်ကြီးပိုင်းကတော့နည်းတယ်ဗျလူလတ်ပိုင်းကများမယ်ဗျ အသက် သုံးဆယ် လေးဆယ်အရွယ်တွေပေါ့ တချို့လေး အသက် ငါးဆယ်ကျော် ငါးဆယ်ကျော်တွေလည်းရှိတယ်ဗျ”ဟု ပုညကုသလအသင်းမှတာဝန်ရှိသူကပြောသည်။ အဆိုပါသေဆုံးရုပ်အလောင်များတွင် ရေဦးဒေသခံများပါဝင်ပြီးအချို့မှာစစ်ကောင် စီသတင်းပေးဟုနာမည်ထွက်နေသူများပါဝင်ပြီး တချို့ရုပ်အလောင်းမှာ ပျက်ရုပ်နေသည့်အတွက် မသိရှိရကြောင်း ဆက်ပြောသည်။ ရေဦးမြို့နယ်တွင် စစ််အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူများအားသတ်ဖြတ်ခဲ့မှု စစ်ကောင်စီသတင်းပေးများသတ်ခံရမှုများလည်းရှိခဲ့သည်။ - [ထီးချိုင့် ဧရာဝတီမြစ်အရှေ့ဘက် ဒေသခံပြည်သူပိုင် ပစ္စည်းများကို စစ်ကောင်စီတပ် လိုက်လံဖျက်ဆီးနေ](https://burmese.kachinnews.com/2022/04/30/apr30-zm1/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ထိုးစစ်ဆင်ထားသော စစ်ကောင်စီတပ်များသည် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း ၃ ကြောင်းဖြင့် ဧရာဝတီမြစ်ရှေ့ဘက်ကမ်းကျေးရွာများဖြစ်ကြသော အင်ဒေါင်းရွာ၊ ဝဲကြီးရွာ၊ ကြက်တကောင်းရွာ နှင့် ထီးချိူင့် မြို့နယ်ဖြင့် ထိစပ်နေသည့် ကသာမြို့နယ် အင်းရွာများတွင် ထိုးစစ်ဆင်လာချိန် ပြည်သူများ၏ အခင်းတဲ၊ နေအိမ်၊ လယ်ယာသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မှ KNG သို့ ပြောသည်။ “စစ်ကြောင်း ထိုးလာပြီးမှ အခင်းမှာရှိတဲ့ အခင်းတဲတွေ သုံးဆယ်ခန့် မီးရှို့ပြီးတော့ လယ်ယာသုံးစက်ပစ္စည်းတွေ ကြံခင်းတွေရှို့ခံရတယ်။ မြစ်ရဲ့ရှေ့ဘက်ကမ်း အင်ဒေါင်း၊ ကြက်တကောင် ဝဲကြီးကျေးရွာတွေထဲက ဟုတ်တယ်”ဟု ၎င်းက ပြောသည်။ အလားတူ ယင်းစစ်ကြောင်းသည် ဧရာမြစ်ရှေ့ဘက်ကမ်း အင်းရွာကျေးရွာမှ လူနေအိမ် လေးလုံးနှင့် ဗလီ တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ထီးချိုင့် PDF တာဝန်ရှိသူက ဆက်ပြောသည်။ “လွန်ခဲ့တဲ့ ရှေ့တစ်ရက်နေ့က ဒီကနေပြန်လည့်သွားတဲ့ အဲ့စစ်ကြောင်းပဲ အင်းရွာထဲက လူနေအိမ်လေးလုံးနဲ့ ဗလီတစ်လုံးကိုလည်း မီးရှို့သွားတယ်လို့ သတင်းပေးလာတယ်ဗျ”ဟု ၎င်းက ပြောသည်။ ယင်း စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအထိ အင်ဒေါင်း၊ အင်းရွာ၊ ဝဲကြီး၊ ကြက်တကောင်းကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားဆဲဖြစ်ပြီး လက်ရှိတွင် အထက်ဖော်ပြခဲ့သည့် ကျေးရွာနေ ပြည်သူ ၅၀၀ ခန့်သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “မြစ်နောက်ဘက်ကမ်းက … - [မြစ်ကြီးနားတွင် တစ်နှစ်ထက် တစ်နှစ် နာနတ်သီးစိုက်ပျိုးမှု လျော့နည်းလာ](https://burmese.kachinnews.com/2022/04/30/apr30-sm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နာနတ်သီးစိုက်ပျိုးသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့နည်းလာသည်ဟု မြစ်ကြီးနားမြို့ရှိ နာနတ်သီး စိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။ နာနတ်သီးစိုက်ပျိုးမှု နည်းပါးလာခြင်းသည် မြေနေရာရှားပါးလာခြင်း၊ နာနတ်သီးစျေးကွက်နည်းလာခြင်း၊ နာနတ်သီးဈေး ယခင်ကဲ့သို့ မရရှိခြင်းတို့ကြောင့်ဖြစ်‌ကြောင်း နာနတ်စိုက် တောင်သူတစ်ဦးက ယခုလိုပြောသည်။ “နီးနီး နားနားက စိုက်ပျိုးမြေနေရာတွေက အကွက်ရိုက်ရောင်းတာနဲ့ကုန်တာပေါ့ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာစိုက်ရင် အသီးခူးတဲ့အခါ သုံးဘီးငှားခ၊ မြေသြဇာစရိတ်တွက်လိုက်ရင် အမြတ်မကျန်ဘူး။ တစ်ချို့ဆိုမြေကွက်ရောင်းပြီး မွေးမြူရေးပြောင်းလုပ်တာတို့ရှိလာတယ်” လို့ တောင်သူတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့မှ ထွက်ရှိသည့် နာနတ်သီးအများစုကို ကိုဗစ်မတိုင်ခင် ကာလများတွင် တရုတ်ပြည်သို့အဓိက တင်ပို့ခဲ့ပြီး ၂၀၁၉ ခုနစ်ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တရုတ်ပြည်သို့ တင်ပို့ခွင့်မရ‌တော့ကြောင်း ၎င်းက ဆက်ပြောသည်။ နာနတ်သီးများအား ပြည်ပသို့တင်ပို့ခွင့်မရသော်လည်း ပြင်တွင်းစားသုံးသူများရှိသောကြောင့် အဆင်ပြေခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း ရောင်းဝယ်တင်ပို့ရန်ပင် အခက်အခဲများရှိခဲ့သည့်အပြင် ကုန်ဈေးနူန်းမြင့်တက်လာသည်နှင့်အမျှ နာနတ်သီးစိုက်ခင်းတွင် အသုံးပြုသည့် ဓါ‌တ်မြေဩဇာသည်လည်း ယခင် တစ်အိတ်လျှင် သုံးသောင်းဝန်းကျင်မှ ယခုနှစ်အတွင်း တစ်အိတ်လျှင် တစ်‌သိန်းကျော်အထိ မြင့်တက်လာသည့်အတွက် အမြတ်အစွန်းမကျန်တဲ့အခြေနေ ကြုံတွေ့လာကြောင်း သိရသည်။ “မြေသြဇာစျေးတက်တာက တော်တော်လေးကိုဆိုးတာ။ မြေသြဇာက တော်တော်လေးထည့်ရတာ တစ်ဧက နှစ်ဧကဆိုတာနဲ့ သိန်းကြီးပိုင်းထည့်ရတာ တစ်ချို့တွေဆို မြေသြဇာစျေးကြီးလို့ မထည့်ကြတော့ဘူး မြေသြဇာမထည့်ရင်တော့ အသီးကမလှဘူး ချဉ်လည်းချဉ်တယ်” ဟု နာနတ်သီးစိုက် တောင်သူ တစ်ဦးက ပြောသည်။ ထို့အပြင် နာနတ်သီးဈေးနူန်းသည် ကိုဗစ်မတိုင်ခင် ကာလများတွင် နာနတ်သီးတစ်လုံးလျှင် ၈၀၀ ကျပ် မှ ၁၂၀၀ ကျပ်အထိ … - [လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး](https://burmese.kachinnews.com/2022/04/29/apr29-lp3/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ရက်လွန် စားသောက်ကုန်များ ၊ အလှကုန်နှင့် ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ၂၈ ရက်နေ့အထိ လိုင်ဇာမြို့ရှိ စားသောက်ဆိုင် ၊ ဈေးဆိုင် ၊ ဆေးဆိုင် နှင့် အလှကုန်အရောင်းဆိုင်များတွင် စစ်ဆေး သိမ်းဆည်းခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မီးရှို့ဖျက်စီးခဲ့ကြောင်း လိုင်ဇာ သန့်ရှင်းမှုနှင့် ကျန်းမာရေး ကော်မတီမှ သိရသည်။ “ကျနော်တို့ မနေ့က ဒိတ်ကုန်နေတဲ့ စားသောက်ကုန်တွေကို မီးရှုံ့တယ်။ ၁၈ ရက်နေ့က လိုက်စစ်တယ်။ ပြည်သူတွေ ဝယ်ယူ စားသောက်တဲ့နေရာမှာ ကျန်းမာရေးကို မထိခိုက်စေဖို့နဲ့ ဈေးရောင်းတဲ့သူတွေ ဒိတ်လွန် တွေ မရောင်းဖို့ ပညာပေးတာ လုပ်ဆောင်နေတယ်။ တစ်ချို့စားသောက်ကုန်နဲ့ ဆေးဝါးတွေက တရုတ်စာတွေ ဆိုတော့ တရုတ်လိုလည်း ပြန်စစ်တယ်။ ဒိတ်လွန်တာ အကုန်စစ်သိမ်းပြီး မီးရှုံ့လိုက်တယ်။” ဟု KIO လိုင်ဇာ သန့်ရှင်းမှုနှင့်ကျန်းမာရေး ကော်မတီ မှ တာဝန်ခံ ဦးချမ်းဘောမ်က KNG ကို ပြောသည် ဖျက်စီးခဲ့သည့် ပစ္စည်းများတန်ဖိုးငွေမှာ မြန်မာကျပ် ၃,၂၄၁,၀၀၀ နှင့် တရုတ် ယွမ် ၆၆၆၄ ရှိကြောင်း သိရသည်။ ဆေးဆိုင်များတွင် ရက်လွန်မဟုတ်သော်လည်း ကျန်းမာရေး ဆရာဝန်များ၏ ညွန်ကြားချက်ဖြင့်သာ ရောင်းချသင့်သည့် ဆေးဝါးများကို သိမ်းဆည်းခဲ့ကြောင်း ဆက်ပြောသည်။ “ဆရာဝန်တွေပဲ ထုတ်ပေးနိုင်တဲ့ ဆေးဝါးတွေရောင်းတာတွေ့ရင် သိမ်းတယ် ပညာပေးတယ်။ … - [မြစ်ကြီးနားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ရှိနေဆဲ](https://burmese.kachinnews.com/2022/04/29/apr29-lp2/): မြစ်ကြီးနားမြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ယခင်လ လျော့နည်းလာသော်လည်း ရောဂါကြောင့် သေဆုံး ဆက်ရှိနေသးကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရပါသည်။ “ဒီလတော့ ကိုဗစ်ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ သိသိသာသာ လျော့သွားပါပြီ။ ကိုဗစ်လူနာ တွေကို Q center တွေမှာ သွားပို့တာတွေ နည်းသွားပြီ။ ဒါပေမယ့် သေတဲ့သူ ၂ ယောက်တော့ရှိမယ် ကျနော်တို့အသင်းသိတာတော့ ကိုယ်တိုင်သွားယူရတာဆိုလို့။” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။ မြစ်ကြီးနားရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခာကြောင့် ဖျားနာကြသော်လည်း အများစု ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင်သာ Home Quarantine အဖြစ် ဆေးကုသခံယူနေကြကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ “ဆေးရုံ ကြီးမှာ ဖျားလည်း ဘယ်သူမှ သွားမတက်ကြဘူး။ ကိုယ့်အိမ်မှာပဲ Home Q အနေနဲ့နေပြီး ကြိတ်ကုနေကြရ တယ်။ ရပ်ကွက်က ဘာသာရေးအဖွဲ့အစည်းက ကျမတို့ကို အာဟာရတွေ ပို့ပေးတယ် အိမ်မှာ။ အိမ်ကြက် အကောင်လိုက် ပိုက်ဆံကို စာအိတ်နဲ့ ဆေးဝယ်စားဖို့ ထင်ပါတယ်။ မများပေမယ့် အားဖြစ်စေတယ်။ အမျိုးထဲက ဦးလေးလဲ ဟိုနေ့က ဆုံးသွားပြီ ကိုဗစ်နဲ့။ ဆီးချိုရောဂါအခံရှိတော့ သူက ရွှေစက်ရက်ကွက် မှာနေတာ” ဟု မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်မှ ဒေါ်ဂျီးတောင်က ပြောသည်။ ကချင်ပြည်နယ်တွင် ယခုလ ဧပြီလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်အယောက် (၈၄) ဦးရှိပြီး … - [ကလေးမြို့ တောင်ဘက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ](https://burmese.kachinnews.com/2022/04/29/apr29-zm2-2/): စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့စတင်ကာ ယနေ့ထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ဒီရက်ပိုင်းအဓိက တိုက်ပွဲပြင်းထန်ခဲ့တာကတော့ ဧပြီလ ၂၇ ရက်နေ့လောက်ကပေါ့။ အဲ့နေ့တုန်းက အရှေ့စည်းကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်ခဲ့တယ်။ ရန်သူဘက်က အကျအဆုံးလေးများတယ် ရန်သူအလောင်းတွေ လက်နက်ခဲယမ်းတွေလည်းတော်တော်များများသိမ်း ဆည်းရမိခဲ့တယ်ဗျ” ဟု ကလေး PDF တာဝန်ရှိသူက ပြောသည်။ ဧပြီလ ၂၇ အရှေ့စည်းကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်အလောင်း ၇လောင်း၊ MA မောင်းပြန်သေနတ်တစ်လက်၊ ကျည်ထောင့် ခြောက်ရာကျော်၊ ဗုံးသီးတစ်လုံးနှင့်ဖုန်းများ သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။ ကလေးမြို့နယ် တောင်ပိုင်းအဓိကတိုက်ပွဲပြင်း ထန်သည့်နေရာများမှာ အရှေ့စည်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများ၊ ရေရှင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင်အဓိက တိုက်ပွဲပြင်းထန်နေပြီး ဧပြီ ၂၈ ရက်နေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း Kalay PDF မှ သိရသည်။ “ရေရှင်ဘက်ကတော့ ၂၇ ရက်နေ့မနက်ကနေ စပြီးတော့မြစ်သာမြစ်နဲ့ ဘက်ကနေ ရေရှင်ရွာဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတယ် မြစ်သာမြစ်ရဲ့အနောက်ဘက်ကမ်း ကလေး-ကန့်ဂေါ်လမ်းနဲ့မြစ်သာမြစ်ရဲ့ကြားထဲမှာ အဲ့ဒီမှာ ကလေး pdf နဲ့ တခြားမဟာမိတ်တပ်တွေပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၇ ရက်နေ့မနက်ကတည်းကနေ တစ်နေကုန်တိုက်ပွဲဖြစ်နေတာဗျ”ဟု Kalay PDF တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။ ယင်းတိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်သား ၁၅ ဦးခန့်ထပ်မံသေဆုံးခဲ့ပြီး လက်နက်များလည်း အများအပြား … - [စစ်ရှောင်စခန်းတွင် တပ်ချသည့် MNDAA တပ်ဖွဲ့ကို ရုပ်သိမ်းပေးရန် တောင်းဆိုသော စစ်ရှောင်များပြန်လည် အော်ဟစ် ခံရ](https://burmese.kachinnews.com/2022/04/29/apr-29-ld-1/): ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး ဇွပ်အောင် ကချင်စစ်ရှောင်စခန်းတွင် ကိုးကန့် MNDAA မှ စခန်းချနေထိုင်မှုကို ရုပ်သိမ်းပေးရန် သွားရောက်တောင်းဆိုခဲ့သည့် စခန်းတာဝန်ခံများ ပြန်လည် အော်ဟစ်ခံရကြောင်း သိရသည်။ ကိုးကန့် MNDAA တပ်ဖွဲ့ အင်အား ၃၀၀ ခန့်သည် ဇွပ်အောင် (Zup Awng) စစ်ရှောင်တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ လက်နက်ကြီး အပြည့်အစုံဖြင့် လာရောက်စခန်းချနေထိုင်သဖြင့် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေး ကင်းမဲ့လာသောကြောင့် ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်း ၁၁ နာရီခန့်က ကိုးကန့် တာဝန်ရှိသူများထံ သွားရောက်ပြောဆိုစဉ် ပြန်လည် အော်ဟစ် ခြိမ်းခြောက်ခံရခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “မုန်မစ်ဆင်လီမှာ ဒီစခန်းက အကြီးဆုံး။ ဒီနှစ်ဆန်းကစပြီး စစ်ရှောင်စခန်းမှာ သူတို့ လက်နက်ကြီးနဲ့ အတူနေတယ်။ ဝတ်ပြုတဲ့နေရာ၊ မူကြိုကျောင်းမှာ နေတယ်။ စာသင်ကျောင်းမှာနေတယ်။ စစ်ရှောင်စခန်းမှာ ဘယ်လက်နက်ကိုင်မှ မနေရဘူးဆိုတဲ့အကြောင်း သွားပြောဖို့ သွားတာ ဟုတ်တယ်။ အဲဒါ သူတို့ အရာရှိက အခန်းကထွက်လာတာနဲ့ ဆဲရေး အော်ဟစ်တယ်။ သေနတ်တွေပြင်ပြီး အရှေ့အနောက် ဝိုင်းပြီးတော့ သူတို့က အော်နေတာ။ စားပွဲကို လက်နဲ့ထုပြီးတော့ လက်ညိုးထိုးပြီး အော်နေတာ။” အဆိုပါ စစ်ရှောင်စခန်းတွင် ကိုးကန့် MNDAA တပ်ဖွဲ့မှ ယခင်ကတည်းက ဝင်ထွက် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး စခန်းတွင်း လက်နက်အပြည့်အစုံဖြင့် အခြေချနေထိုင် နေသည်မှာ ၄ လခန့်ရှိလာပြီ ဖြစ်သည်။ စစ်ရှောင်များ၏ ဘုရားဝတ်ပြုသောနေရာ၊ … - [သော့ခတ်ထားသည့် နေအိမ်မှ ဆိုင်ကယ် ၂ စီး အခိုးခံရ](https://burmese.kachinnews.com/2022/04/29/apr29-lp1/): မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း သော့ခတ်ထားသည့် ဆိုင်ကယ်ယာဉ် ၂ စီး ယမန်နေ့ည ခိုးယူခံခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်က နေအိမ်အတွင်း ဇာတ်သော့ခတ်ထားသည့် ၁၂၅ ဆိုင်ကယ်နှင့် ဆိုင်ကလုန်းဆိုင်ကယ် ၂ စီး ခိုးယူခံခဲ့ရကြောင်း ဆိုင်ကယ်အခိုးခံရသည့် နေအိမ်မှ မိသားစုဝင်များထံက သိရသည်။ “၁၂၅ ဆိုင်ကယ်နဲ့ ဆိုင်ကလုန်းဆိုင်ကယ် ၂ စီးခိုးခံလိုက်ရတယ်။ ဇာတ်သော့တွေ အကုန်ခတ်ထားတယ်။ ဒီသော့တွေလောက်က ဘာမှမခက်ဘူးထက်တယ် သူတို့အတွက်။ ခြံတခါးက သံဗန်းနဲ့ သော့လည်း အကြီးကြီးခတ်ထားတာတောင် ဖြုတ်နိုင်တယ်။ ကျနော်က မနက် ၁ နာရီခွဲလောက်မှ အိပ်တာ။ အဲ့ချိန်ဘာမှ မဖြစ်ဘူး ဆိုင်ကယ်လဲရှိသေးတယ်။မနက်မှ ဆိုင်ကယ်မရှိမှန်း သိတယ်” ဟု ဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် မကြာခဏဆိုသလို ဓားထောက် လုယက်မှုများ ၊ ဆိုင်ကယ်ခိုးမှုများ ၊ ယာဉ်တိုက်မှုများ ၊ ဓားပြတိုက်မှု ၊ ခိုးမှု နှင့် ဓားထိုးမှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုဖြစ်စဉ် အထိ ရှိနေသည်။ “ကျနော်တို့ ဒီမှာ ဆိုင်ကယ် ခုနဲ့ဆို ၄ စီးရှိပြီ ပျောက်တာ။ အရင် ၂ စီးက နေ့ခင်းဘက်ပျောက်တာ။ ဆိုင်လည်း ဖွင့်ထားတာဆိုတော့ အိမ်မှာ။ နိုင်ငံရေး မကောင်းတာကို အခွင့်ကောင်းယူပြီး ခိုးယူလုယက်တာနဲ့ အရမ်းများ လာပြီ။ ဒီဂျပန်တံတား နောင်ရာပါဘက်ဆို ပိုတောင်ဆိုးသွားပြီ။ ညဘက်ဆို … - [မြင်းမူ PDF စခန်း ၂ ခု စီးနင်းခံရပြီး ဒုခေါင်းဆောင် ကျဆုံး](https://burmese.kachinnews.com/2022/04/29/apr29-zm2/): စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းရှိ PDF စခန်းနှစ်ခုကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခဲ့သည့်အတွက် Zero PDF ဒုခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့တယ်လို့ GTR MMU က ထုတ်ပြန်ထားပါတယ်။ ယနေ့နံနက် ၂နာရီခွဲဝန်းကျင်ခန့်မှစကာ မြင်းမူမြို့ဘက်က အင်အား အပြည့်တင်လာတဲ့ စစ်ကောင်စီ ကား ၂ စီး ထီးဆောင်း-အရာတော်လမ်းအတိုင်း ခွက်ခွင်းရွာနှင့် ငကင်းရွာကြားမှ ဝင်ရောက်ကာ နယ်မြေရှင်းလင်းဝင်‌ ရောက်ခဲ့ကြောင်း သိရသည်။ “မနက်ပိုင်း ၄နာရီလောက်မှာ ဝင်စီးနှင်းလာတာ ဒီဘက်ကလည်း သတင်းရလို့ သွားစောင့်ပစ်တာ စစ်တပ်ဘက်ကလည်း တော်တော်အထိနာသွားတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။ ယနေ့ နံနက် ၄နာရီဝန်းကျင် စီးနှင်းဝင်ရောက်လာပြီးနောက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့ဘက်မှ အင်အားဖြည့်တင်းရန် ထပ်မံရောက်ရှိလာသည့်စစ်အင်အား ၄၀ ခန့်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားရာ Zero PDF အဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်ကြီးတစ်ဦး ကျဆုံးကြောင်း သိရသည်။ ကျဆုံးသွားသည့် မြင်းခြံ Zero အဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုဟိန်းထက် (ခ) ကိုရခိုင်ကြီးသည် CDM ရဲတပ်သားဖြစ်ပြီး မြင်းမူ ထီးစောင်းဘက်ကို စစ်ကူသွားရင်း ကျဆုံးသွားခြင်းဖြစ်သည်။ အလားတူ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၇ ဦးခန့် သေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း သိရသည်။ “စစ်တပ်ဘက်က လူနာတင်ယာဉ်တွေနဲ့ သယ်သွားတာတွေရှိတယ်။ ခုလောလောဆယ်တော့ ကန်တော်ရွာမှာ တပ်စွဲထားတုန်း နှစ်ဖက်စောင့်ကြည့်အနေထားရှိနေတယ်” ဟု ဒေသ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။ … - [နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်](https://burmese.kachinnews.com/2022/04/29/apr29-az1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စုရှိ နန့်စလျော် ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးများက ဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သား ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ နန့်စလျော်ကျေးရွာ တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းကို ဧပြီ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန့်ခန့်တွင် ပျူစောထီး အဖွဲ့တစ်ဖွဲ့က ယတြာယာခြယ်ရန်အတွက် ဟုဆိုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နန်းမားကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မနေ့ည ခုနှစ်နာရီခွဲ ၈ နာရီလောက်မှာဖြစ်သွားတာ ဘုန်ကြီးကျောင်းထဲမှာဖြစ်သွားတာ နန်းမားကနေတော့ ဗုံးသံ ၃ ချက်လောက် ကြားလိုက်မယ်။ ဒီဟာက မလုပ်ခင်ကတည်းကနေကို သတင်းကပြန့်နေပြီ။ အဲ့မှာ ပျူစောထီးတွေက ယတြာယာလာခြယ်မယ်ဆိုပြီး အခုဖြစ်တဲ့ဟာက ပျူစောထီးတွေလုပ်ကြတာတဲ့”ဟု ၎င်းက ပြောသည်။ နန့်စလော်ကျေးရွာတွင် NLD ထောက်ခံသူထက် ကြံ့ခိုင်ရေးပါတီ ထောက်ခံသည့်အများဆုံးဖြစ်ပြီး ယခုလုပ်ရပ်သည် ပျူစောထီး အဖွဲ့များပူးပေါင်းလုပ်ကြံခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီး ဦးဝိမလ သက်တော် (၇၈)နှစ်၊ ဦးသန်းထွန်း(၅၂)နှစ် ၊ ဦးအောင်ကြီး (၆၈) ဦးမြကြီး (၈၃)နှစ် နှင့် မောင်ဓာတ်ဆုံ ၁၅ နှစ်တို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဘုန်းကြီးကျောင်းတွင် အလှူပွဲတစ်ခုရှိသောကြောင့် ယင်းအလျှူပွဲအတွက် ကျေးရွာနေပြည်သူများ ပြင်ဆင်နေစဥ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီးတချို့မှာ ဘေးလွတ်ရာ တိမ်းရှောင်နိုင်သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ “အရပ်သားတွေကတော့ အဲ့ရွာထဲကလူတွေပဲ ဒဏ်ရာရထားတဲ့လူတွေက အရမ်းကြီးတော့ မစိုးရိမ်ရဘူးလို့ပြောတယ်”ဟု … - [စစ်တပ်ဂိတ်အနီး စိန်ခေါ်ခဲ့သည့် လူငယ် ၅ဦး အနက် ၁ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/04/29/apr29-zm1/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နောင်ခိုရပ်ကွက်မြို့အထွက်ရှိ စစ်တပ်ဂိတ်စောင့်အား သွားရောက် စိန်ခေါ်ခဲ့သော လူငယ် ၅ ဦး ကို စစ်တပ်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ကာ လူငယ် ၁ ဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၈ရက်နေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် သွားရောက်စိန်းခဲ့သည့် လူငယ် ၅ဦးကို စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် လူငယ်တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။ “ကျနော်တို့ကြားတာက အဲဂိတ်မှာသွားပြီး‌တော့ဆဲဆို စိန်ခေါ်တာ စစ်သားတွေက သေနတ်ပစ်ပြီးလိုက်ဖမ်းတာ တစ်ယောက်မိသွားတယ်ပြောတယ်” လို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံ မျက်မြင်အဆိုအရ ဖမ်းဆီးခံရသူသည် စစ်သားများ၏ ရိုက်နှက်မူကြောင့် ဒဏ်ရာပြင်းထန်နိုင်ချေရှိသည်ဟု သိရပြီး လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိသေးကြောင်း ဆိုသည်။ “အဲလူငယ် ၅ ယောက်က ဘယ်သူတွေလဲဆိုတာ ဘယ် က ကလေးတွေလည်းတိတိကျကျ မသိရသေးဘူး PDF တော့မဟုတ်ဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးချုပ်နှောင်ခံရသူသည် အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရပြီး မည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ - [ဘိန်းအစားထိုးအဖြစ် လယ်ယာမြေ ဖော်ထုတ်ခွဲဝေ ပေးရန် KIO စီစဉ်နေ](https://burmese.kachinnews.com/2022/04/29/apr29-yl1/): ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်(ခွဲ) တရုန် နှင့် တခက်ကျေးရွာများတွင် ဘိန်းအစားထိုးအဖြစ် လယ်ယာမြေ လုပ်ကိုင်နိုင်ရေးအတွက် ဒေသခံများကို မြေနေရာခွဲပေးရန် စီစဉ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟူးကောင့်ချိုင့်ဝှမ်းဒေသအဖွဲ့မှ သိရသည်။ KIO ၏ မူးယစ်တိုက်ဖျက်ရေး စီမံချက်ဖြင့် မေလ မှ စတင်ကာ အိမ်ထောင်စု တစ်ခုတွင် မြေ ၂ ဧကစီ ခွဲဝေ ပေးသွားမည်ဖြစ်ပြီး KIO အနေဖြင့် အိမ်ထောင်စု ၁၀၀ အတွက် စိုက်ပျိုးမြေဧက ၂၀၀ ဝန်းကျင် လျာထားသည်ဟု KIO ရှင်ဗွေယန်တိုက်နယ်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “ကျေးလက်ဒေသမှာ စားဝတ်နေရေးခက်ခဲ့တဲ့အတွက် ဘိန်းစိုက်ပျိုးတာတွေ လုပ်နေတယ်လို့ ခံယူထားရပါတယ်။ အဲ့ကြောင့် ဘိန်းအစားထိုး လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ယခုလို လယ်ယာမြေ ခွဲဝေပေးဖို့ စီစဉ်လာရတာဖြစ်တယ်။ ပြီးရင် ဒီဒေသမှာက စိုက်ပျိုးမြေတွေလည်းရှိနေတာဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးအနေနဲ့ လုပ်ဆောင်ပေးဖို့ ဟုတ်တယ်။ ဒီလို လုပ်ပေးလိုက်လို့ တစ်ဖက်မှာ ဘိန်းစိုက်ပျိုးတာတွေလျှော့နည်းသွားမယ်လို့ယုံကြည်တယ်” ဟု ပြောဆိုသည်။ တနိုင်း နှင့် ရှင်ဗွေယန်မြို့ ကြားတွင် ဘိန်းစိုက်ခင်းလုပ်ကိုင်သော ဒေသခံပြည်သူများကို လက်ရှိ ဘိန်းစိုက်ပျိုးမြေနေရာပေါ်တွင် မုန့်ညှင်းစိုက်ခင်းနှင့် အခြားသော ရာသီပေါ်သီးနှံများကို များကိုသာ စိုက်ပျိုးကြရန်နှင့် လိုအပ်သော စက်ယန္တရားများကို KIO မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်ဟု သူက ဆက်ဆိုထားသည်။ “လက်ရှိဘိန်းစိုက်ပျိုးနေတဲ့ မြေနေရာမှာ မုန့်ညှင်းစိုက်ခင်းတွေပြန်လုပ်ဖို့ ပြောဆိုထားတာတွေရှိတယ်။ အခုဆိုရင် လမုန်ကျေးရွာမှာ ဆီကြိတ်စက်တစ်လုံးထားရှိလုပ်နေပြီ။ နောက်ဆိုရင် ကျေးရွာအလိုက် … - [အင်တာနက် ဖျက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဖားကန့်](https://burmese.kachinnews.com/2022/04/28/apr-28-z-1/): “ကျနော် ကျောက်ကြည့်နေတဲ့အချိန်မှာဘဲ အင်တာနက်က ပြတ်သွားတာ ကျနော်ထင်တာက ခနလောက်ဘဲပြတ်မယ် ထင်နေတာပေါ့နော် ဒီလောက်ကြာကြာဖြတ်မယ်လို့ကို မထင်ထားဘူး ” အရပ်ရှည်ရှည်  အသားညိုညို မျက်ဝန်းကျယ်ကျယ် မျက်ခုံးကောင်းကောင်းနဲ့ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ကိုအာကာကတော့ ကျောက်အရောင်းအဝယ်လုပ်ကိုင်တဲ့သူ ဖြစ်ပြီး ဖားကန့်မြို့၊ မှော်စီဇာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ ကိုဗစ်ရောဂါအခြေနေနဲ့ နိုင်ငံရေးအခက်ခဲများကြောင့် ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေဟာ အင်တာနက်ကို အသုံးပြုပြီး လိုင်းကနေတစ်ဆင့် ကျောက်ကြည့်ကြတယ်လို့ ဆိုပါတယ်။ “လိုင်းရတဲ့ချိန်ကျတော့ ကျောက်ရတဲ့သူတွေကလည်း ကျောက်လည်းရတာနဲ့ ပုံတွေရိုက်ပို့ကြတယ် အဲတော့ အလုပ်သွက်တာပေါ့နော်။ ကျနော်တို့ ခုနောက်ပိုင်း ကျောက်ပြမယ် ကျောက်ကြည့်မယ်ဆိုရင် မက်ဆင်ဂျာကနေပုံတွေပို့တယ် ပြီးတော့ ဗီဒီယိုခေါ်ပြီး ပြတယ် အဆင်ပြေနိုင်တဲ့အနေထားလောက်ရှိရင် အပြင်မှာချိန်းကြတယ် မဟုတ်ရင် ဆီဈေးကတက် နိုင်ငံရေးကမကောင်း၊ ရောဂါကတစ်မောက် အပြင်ထွက်ဖို့ သိပ်မလွယ်ဘူး” ကိုအာကာဟာ မန်းလေး၊ ကျောက်မြောင်းဇာတိဖြစ်ပြီး ဖားကန့်ကို ရေမဆေးလာရှာရင်း စုမိဆောင်းမိတာလေးနဲ့ ကျောက်အရောင်းအဝယ်လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ အင်တာနက်မဖြတ်ခင် မိဘများကို ပုံမှန်ထောက်ပံ့ငွေပေးနိုင်ပေမယ့် အင်တာနက်ဖြတ်တောက်လိုက်တဲ့နောက်ပိုင်း အရင်လို ကျောက်ဝယ်ရာမှာ လက်ဦးမူ မရရှိတော့သလို အရောင်းအဝယ်လည်း သိပ်မဖြစ်လာတော့ဘူးလို့ ပြောပါတယ်။ ကိုအာကာလိုဘဲ အင်တာနက်လိုင်းဖြတ်တောက်လိုက်ပြီးနောက် ကျောက်စိမ်းဈေးကွက်ပြတ်သွားပြီး အရောင်းအဝယ်မဖြစ်တော့တဲ့ သူတွေ များစွာရှိနေပါတယ်။ ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် ကျောက်စိမ်း လုပ်ကိုင်သူတွေဟာ အင်တာနက်ပေါ်မှီခိုပြီး  မက်ဆင်ဂျာ၊ Wechat မှတစ်ဆင့် ကျောက်စိမ်းရောင်းဝယ်မူများ ပိုမို လုပ်ဆောင်ခဲ့ကြပြီး အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက် ဈေးကွက်ပြတ်သွားခဲ့တယ်လို့ ကျောက်စိမ်းအရောင်းအဝယ်လုပ်တဲ့သူတွေက ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အင်တာနက်အသုံးပြုခွင့်ကန့်သတ်ခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတွေကို စစ်ကောင်စီတပ်က … - [အင်ခိုင်ဘွမ့်တောင်ပေါ် ဗုဒ္ဓစေတီ တည်ဆောက်မှုကို ရပ်ဆိုင်းရန်နှင့် ပြောင်းရွေ့ရန် တောင်းဆို](https://burmese.kachinnews.com/2022/04/28/apr-28-s-1/): မြစ်ကြီးနားမြို့မြောက်ဘက် အင်ခိုင်ဘွမ် (N Hkai Bum) တောင်မှာ ကချင်လူထုကန့်ကွက်နေသည့်ကြား ဗုဒ္ဓစေတီတစ်ဆူ ထပ်မံ တည်ဆောက်နေပြန်သဖြင့် အဆိုပါလုပ်ရပ်ကို ရပ်တန့်ပေးရန်နှင့် အခြားနေရပ်သို့ ပြောင်းရွေ့လိုက်ရန် ကချင်လူငယ်များမှ တောင်းဆို လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အင်ခိုင်ဘွမ့် အမျိုသားဥယျာဉ် နယ်နမိတ်အတွင်း ဉာဏ်တော် ၂၇ ပေရှိ ဗုဒ္ဓစေတီတော်ကိုတည်ဆောက်ရန် ပလန မဇ္ဈိမ ဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်နန္ဒဝဏ်သ ဦးစီးပြီး ပန္နက်ရိုက်ခဲ့သည်။ သို့သော် ကန့်ကွက်ဝေဖန်မှုနှင့် ကြုံရပြီးနောက် ယာယီရပ်တန့်ထားသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ်ဆန်းပိုင်းကစတင်ပြီး ဗုဒ္ဓရုပ်တုထပ်မံ တည်ဆောက်နေခြင်းဖြစ်သည်။ “အဓိကတော့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရမယ့်နေရာဖြစ်တာကြောင့် ကျတော်တို့ ကန့်ကွက်ရတာဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိ လုပ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေအားလုံးကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့နဲ့ အခြားတစ်နေရာကို ပြောင်းရွေ့တည်ထားမှု အမြန်ဆုံးအနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။” ဟု ကချင်လူငယ်ခေါင်းဆောင် တစ်ဦးက ကန့်ကွက် ပြောဆိုသည်။ ယခု ရုပ်ထု ထပ်မံ တည်ဆောက်နေသော နေရာသည် ယခင် ကန့်ကွက်ခံထားရသည့် နေရာထက် ပိုမြင့်သော တောင်ထိပ်ပိုင်းတွင် ဖြစ်သည်ဟု သိရသည်။ ထိုနေရာတစ်ဝိုက်တွင် အင်ခိုင်ဘွမ့် အမျိုးသားဥယျာဉ်ဖြစ်သော်လည်း  ပလန နယ်မြေ မဇ္ဈိမ ဘုန်းကြီးကျောင်းမှ ဦးစီးပြီး မြစ်ချောင်းတစ်လျောက် ရုပ်ထုများကို တည်ထားသည်ကို တွေ့ရသည်။ “အခုလိုမျိုး ကချင်ပြည်နယ်ရဲ့ အထင်ကရ တောတောင် မြို့ရွာတွေမှာ စေတီဘုရားတည်တာနဲ့ပတ်သက်ပြီး ရှုထောင့် ၃ ခုနဲ့ ပြောချင်တယ်။ ဘာသာရေး၊ … - [KIA တပ်ရင်း ၆ ကံဆီး (Ginsi) ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေ](https://burmese.kachinnews.com/2022/04/28/apr28-az2/): ဖားကန့်မြို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဘက်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည် “လက်နက်ကြီးသံကတော့ ဟုတ်တယ် တော်တော်များမယ်ဗျ။ ငါးချက်ခြောက် ချက်လောက်ပစ်တယ်။ မနက်ခြောက် နာရီခွဲ လောက်ကပစ်တာ”ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောသည်။ KIA တပ်မဟာ ၉ သည် ဖားကန့်မြို့နယ် ကံဆီး (Ginsi) ကျေးရွာဘက်တွင်တည်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့ နှင့် နန့်ရင်းကြားရှိ ကျောက်ဖျာနေရာတွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး ယင်းတိုက်ပွဲကြောင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဆက်ပြောသည်။ ကျောက်ဖျာတွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခြင်းရှိ မရှိကို KNG က ဆက်လက် အတည်ပြုနေဆဲ ဖြစ်သည်။ အလားတူ ယနေ့ နံနက်ပိုင်းက အင်းတော်ကြီး ချောင်းဝပြည်သူ့စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။   - [အင်းတော်ကြီး ချောင်းဝပြည်သူ့ စစ်စခန်းကို KIA နှင့် PDF မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/04/28/apr28-ab1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝပြည်သူ့စစ်စခန်းတစ်ခု ယနေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ အင်းတော်ကြီးနှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ချောင်းဝ ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက KNG သို့ ပြောသည်။ “မှန်ပါတယ်ခဗျ ဒီနေ့မနက်လေးနာရီလောက် မှာ သိမ်းခံလိုက်ရတာပါ။ လူတော့ မရှိတော့ဘူးလို့ကြားတယ်။ ဒီဘက်က သေနတ်တွေပစ်တော့ စခန်းကလူတွေက နောက်ဆုတ်သွားကြတယ်။ စခန်းကို ပဲမီးရှို့ပြီး ပြန်ခဲ့တယ်တဲ့ လက်နက်ငယ်ပစ် သံတွေတော့ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက် ပစ်ခတ်မှုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကမှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ဆုတ်ခွာသွားသည့်အတွက် နှစ်ဘက်ပစ်ခတ်မှု မရှိခဲ့သောကြောင့် ထိခိုက်မှုမရှိကြောင်းလည်းသိရသည်။ “အဲ့ဒီချောင်းဝပြည်သူ့စစ်တွေက စခန်းကိုဆုတ်ခွာပြီး လုံးတုန် ပြည်သူ့စစ်စခန်းနဲ့သွားပေါင်းလိုက်တယ် လို့သိရတယ်”ဟု အခြားဒေသ ခံတစ်ဦးကပြောသည်။ ယနေ့ ပစ်ခတ်ခံရသော ချောင်းဝ ပြည်သူ့စစ်စခန်းသည် ယခင်အာဏာမသိမ်းခင်ကတည်းက တပ်စွဲထားသည့် စခန်းဖြစ်ပြီး အင်းတော်ကြီးဒေသတစ်လျှောက် အမာခံတပ်စွဲနေထိုင်ခဲ့သည့် စခန်းလည်းဖြစ်ကြောင်း သိရသည်။ မိုးညှင်းမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရမှုရှိခဲ့ပြီး ပြည်သူ့စစ်စခန်းသိမ်းခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။ - [ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်](https://burmese.kachinnews.com/2022/04/27/apr27-yl2/): ပူတာအိုဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေသောကြောင့် ဒေသတွင်း မြစ်ချောင်း ၄ ခု အရောင်းပြောင်းကာ ပျက်စီးနေပြီဟု ဒေသခံများ ပြောသည်။ ရွှေတူးဖော်မှုကြောင့် အောက်ရှန်ဂေါင်ကျေးရွာတွင် စီးဆင်းနေသော နမ့်ဟာချောင်းသည် မြစ်ချောင်းတစ်ခုလုံး အနီရောင်အဖြစ် အရောင်ပြောင်းသွားသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ အမြန်ရပ်တန့်ပေးရန် လိုအပ်သည်ဟု အောက်ရှန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ရွှေတူးနေတဲ့ လုပ်ငန်းတွေကို အခုကတည်းကနေ ရပ်တန့်စေချင်ပါတယ်။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဘယ်လိုလုပ်နေတယ်ဆိုတာက မသိရဘူး။ အခုဆိုရင် အားလုံးမြင်တဲ့အတိုင်းဘဲ ချောင်းတွေလည်း နီ ကုန်ပြီ။ နီတာတောင်မှ အရင်ကထက် ၂ဆလောက် နီရဲသွားပြီ။ စက်ယန္တရားကြီးတွေနဲ့ ဒီလိုသာ ဆက်သွားနေမယ် ဆိုရင် သဘာဝအရင်းအမြစ်တွေကုန်ဆုံးသွားမယ်။” ဟု ပြောဆိုသည်။ ပူတာအို မြို့နယ် မန်စေ အုပ်စု အောက်ရှန်ဂေါင် ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဘုန်းမင်းခန့် ကုမ္ပဏီအပါအဝင် အခြားသော လုပ်ငန်းရှင် ၁၀ ဦးခန့်က ကျေးရွာအတွင်း ရွှေတူးဖော်သည့်လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ 8လုပ်ပိုင်ခွင့်ကို စစ်တပ်နှင့် ၎င်း၏သစ္စာခံ ပြည်သူ့စစ်အဖွဲ့တို့က ခွင့်ပြုထားကြောင်း ဒေသခံများ ဆိုသည်။ လက်ရှိ ရွှေတူးဖော်သော နေရာများသည် ဒေသခံများ၏ လယ်ယာမြေများနှင့် CF သစ်တောကြိုးဝိုင်းအနီးတွင် ဖြစ်သောကြောင့် အဆိုပါ နယ်နမိတ်များပင် ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။ “အခုသူတို့ရွှေတူးနေတဲ့ အနီးမှာ ဒေသခံပြည်သူပိုင်ဆိုင်တဲ့ CF ကြိုးဝိုင်းတွေလည်း ရှိတယ်။ နောက် အခုလုပ်စားနေတဲ့ လယ်ယာမြေတွေလည်း ရှိတယ်။ တစ်နေရာမှာ တူးလိုက်ပြီဆိုရင် တိုက်စားသွားမှာဘဲ။ မြေပြိုကမ်းပြို … - [မြောင်မြို့နယ်တွင် NUG အောက် အခြေခံပညာရေး ကျောင်းပေါင်း ၂၀ ကျော် စတင်ဖွင့်လှစ်](https://burmese.kachinnews.com/2022/04/27/apr27-az2/): စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွန်မှုဖြင့် အခြေခံပညာရေးကျောင်းပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြေပြင်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးနေသည့် မြောင်ပညာရေးကွန်ရက်မှ သိရသည်။ မြောင်မြို့နယ်အတွင်း အခြေခံကျောင်းများ ဖွင့်လှစ်နိုင်‌ရေးအတွက် ယခုနှစ် မတ်လ တစ်ရက်နေ့မှ စတင်လှုပ်ရှားခဲ့ရာ ယနေ့ထိ ကျေးရွာပေါင်း ၂၅ ရွာ၊ ကျောင်းပေါင်း ၂၅ ကျောင်းအထိ ဖွင့်လှစ်ခဲ့ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အခု လက်ရှိအချိန်ထိ ကျွန်မတို့မြောင်ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ပြီး ကျောင်းပေါင်း ၂၅ ကျောင်း ဖွင့်လှစ်ပြီးတဲ့ကျောင်း ၂၅ ကျောင်းရှိပါပြီ။ ကျောင်းသူ ကျောင်းသားပေါင်းကတော့ လေးထောင်ဝန်းကျင် လောက်ရှိတယ် ဆရာ ဆရာမက‌တော့ သုံးရာဝန်းကျင်ရှိတယ်” ဟု မြောင်ပညာရေးကွန်ရက်မှ ကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ ဒေါ်ထရီဇာက ပြောသည်။ ယင်း စာသင်ကျောင်းများတွင် CDM ဆရာ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ကိုယ်ပိုင်းကျောင်းများတွင် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများက ကျောင်းသူကျောင်းသားများနဲ့ အနီးကပ်ထိတွေ့ သင်ကြား ပေးလျက်ရှိပြီး သင်ရိုးညွန်းတမ်းမှာ ယခင်အခြေခံပညာရေးကျောင်းများတွင် သင်ကြားပေးခဲ့သည့် သင်ရိုးညွန်းတမ်းများကို သာသင်ကြားပေးလျက်ရှိနေကြောင်း မြောင်ပညာရေး ကွန်ရက်မှ သိရသည်။ “အခုလောလောဆယ် သင်ရိုးညွန်းတမ်းတွေက NUG ပညာရေးဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့သင်ရိုး ညွန်းတမ်းတွေနဲ့ပဲသွားနေပါတယ် ကျွန်မတို့က NUG ကထုတ်တဲ့သင်ရိုးညွန်းတမ်းနဲ့ ကျောင်းစာအုပ်‌ တွေထဲမှာရှိတဲ့ သင်ရိုးညွန်းတမ်းတွေကို တိုက်ကြည့်လိုက်တဲ့အခါမှာအတူတူပဲဖြစ်နေပါတယ် အဲ့အတွက် အဲ့သင်ရိုးညွန်းတမ်းအတိုင်းပဲသွားနေပါတယ်” ဟု ဒေါ်ထရီဇာက ပြောသည်။ အဆိုပါ ကျောင်းပေါင်း ၂၅ ကျောင်းတွင် မူလတန်းမှ အထက်တန်းအဆင့်ထိ … - [စက်ဆီစျေးနှုန်းမကျသေးသဖြင့် နောင်မွန်ဒေသခံများ လယ်ယာလုပ်ငန်း မစနိုင်သေး](https://burmese.kachinnews.com/2022/04/27/apr27-yl1/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်ဒေသတွင် စက်သုံးဆီစျေးနှုန်း မြင့်တက်နေဆဲအခြေအနေကြောင့် စက်ယန္တရားဖြင့် လယ်ယာလုပ်ငန်းစတင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ နောင်မွန်ဒေသတွင် နှစ်စဉ် ဧပြီလတွင် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ စက်သုံးဆီစျေး အဆမတန် မြင့်တက်နေသဖြင့် လက်ရှိအချိန်အထိ လယ်ယာလုပ်ငန်းများ မစတင်နိုင်သေးကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာန သို့ ပြောသည်။ “နောင်မွန်မှာ စက်နဲ့ပဲ လယ်လုပ်လာတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် လောက်ရှိလာပြီ။ ကျွဲ၊ နွားတွေတော့ ရှိတယ်။ ဒါပေမယ့် မသုံးတာ ကြာပြီ။ အခုနောက်ပိုင်းက စက်နဲ့ပဲ လုပ်ကြတော့တယ်။ ဒီနှစ်က စက်နဲ့ လုပ်ဖို့က ဆီဖိုး မတတ်နိုင်ကြဘူး။ တတ်နိုင်တဲ့ တစ်ချို့ လောက်ပဲ ဝယ်ယူနေကြတယ်။ ဝင်ငွေလည်း မရှိတော့ အများက ဆီဖိုးမတတ်နိုင်ကြတော့ အခုချိန်အထိ လယ် မဝင်ရသေးဘူး” ဟု ပြောဆိုသည်။ ထို့နောက် စက်သုံးဆီ စျေးနှုန်း မြင့်တက်သွားသည့်နောက်ပိုင်း နောင်မွန်မြို့မှ ပူတာအိုမြို့ပေါ်သို့ အသွားအပြန် တစ်ခေါက်တွင် မြန်မာကျပ်ငွေ ၁သိန်းခွဲ အထိ ကုန်ကျသွားသည့်အတွက် သွားလာရေးပိုင်မှာလည်း ပြဿနာ အခက်အခဲ ကြုံတွေ့နေရကြောင်း သူက ဆက်ဆိုထားသည်။ “အရင်တုန်းက ဆီစျေးတွေ မတက်ခင်တုန်းကတော့ နောင်မွန်ကနေ ပူတာအိုကိုသွားရင် အလွန်ဆုံးကုန်ရင် ၅၀၀၀ အထိလောက်ပဲ ကုန်တာ။ အခုက အသွားကို ၄၅၀၀၀ ကုန်တယ်။ အပြန် ၃သောင်းကုန်တယ်။ စားတာသောက်တာ အပြီးအစီဆိုရင် ၁သိန်းခွဲ အထိဖြစ်လာတယ်။ အဲ့ကြောင့် အသွားအလာသိပ်မလုပ်ကြဘူး။ အရမ်းအရေးကြီးတဲ့ … - [ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ](https://burmese.kachinnews.com/2022/04/27/apr27-zm1/): စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ် ဧပြီလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲ၊ မီးတပ် နှင့် ကျန်းမာရေးဝန်ထမ်းများ ဂိတ်ထိုင်စစ်ဆေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲမှူးတစ်ဦး၊ ရဲတပ်သားတစ်ဦး၊ မီးသတ်တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “အဲ့ဂိတ်က ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်နားမှာ ထိုင်ထားတာကတော့ ကိုဗစ်ကာလမှာ ကိုဗစ်-၁၉ စဖြစ်စစ်ဆေးဂိတ် ဟုတ်တယ်။ အခုအာဏာသိမ်းနောက်ပိုင်း စစ်သားနဲ့ရဲထိုင်တယ်။ အခုက အဲ့ဂိတ်မှာ ကာကွယ်ဆေး ထိုးပေးမယ်ပြောတယ်။ Nurse မတွေလည်း ထိုင်တယ် မနေ့ကတော့ရှင်းတယ်။ Nurse တွေ ဘာတွေမရှိဘူး” ဟု ပြောသည်။ နှစ်ဖက်တပ်ကြား ၂၅ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး G3 အမျိုးအစားသေနတ် နှစ်လက်နှင့် G3 ကျည် ၇၇ထောင့် ခြောက်လုံးပြူးတစ်လက် ၊ ကျည်ခြောက်ထောင့် ဖုန်းနှစ်လုံး အိုင်ကွန် တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။ “ပစ်တာခတ်ကရှိတော့ အဲ့နားကဆီဆိုင်တွေပေါ့။ ကျည်ဆံတွေထိပြီးတော့ မီးလောင်သွားတယ်နှစ်ဆိုင် ဆီဆိုင်က အကြီးကြီးတော့ မဟုတ်ဘူး သေးသေးလေးပဲ ပုံးတွေနဲ့ရောင်းတဲ့ဆီဆိုင်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းစစ်ဆေးရေးဂိတ်တွင် ရဲနဲ့စစ်သားများ ကား၊ ဆိုင်ကယ်များအား စစ်ဆေးခြင်း လက်ကိုင်ဖုန်းများစစ်ဆေး ခြင်းများ ပြုလုပ်လျက်ရှိပြီး … - [မန်ခိန်ရပ်ကွက်မှ နေအိမ် ၂လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2022/04/27/apr27-sm1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက် အုပ်စု(၁)ရှိ နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၁)တွင် နှစ်ထပ်အိမ်နှင့်တစ်ထပ်အိမ် နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင်တို့ ယနေ့နံနက် ၁၀နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ “ဖုန်းအားသွင်းထားပြီး ဝါယာလျှော့ဖြစ်တယ်လို့ပြောတယ် အလယ်က နှစ်ထပ်အိမ်ကနေစလောင်တာ ဘုရားကျောင်းခန်းမဆောင်နဲ့ ဘေးကအိမ်ကို ကူးသွားတာ” လို့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးမှ အမျိုးသားတစ်ဦးက‌ ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ မီးသတ်ကားသုံးစီးလာရောက်ငြိမ်းသတ်ခဲ့သော်လည်း နေအိမ် ၂လုံးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးထဲပါသွားခဲ့ကြောင်း သိရသည်။ “မီးသတ်ကားတော့သုံးစီးလောက်ရောက်လာတယ် သူတို့လာတဲ့အချိန် အိမ်တွေကတော်တော်လေးလောင်နေပြီ” လို့ အနီးမှ မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးကဆက်ပြောပါသည်။ မီးလောင်မှုသည်နာရီဝက်ခန့် ကြာမြှင့်ခဲ့ပြီး လူသူထိခိုက်မှုတစ်စုံတစ်ရာမရှိသည့်အပြင်ဘုရားကျောင်းခန်းမဆောင်သည်လည်း အနည်းငယ်သာ မီသွားခဲ့သည်ဟု အနီးမှမျက်မြင်တွေ့ရှိသူက‌ ပြောသည်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အောင်မြင်သာအပန်းဖြေစခန်းဆိုင်အချို့နှင့် ပလနရပ်ကွက်ရှိ အစိုးရရာဘာစိုက်ခင်းလည်း ယခုရက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ - [သဲကျောက်လည်းတူး ရွှေလည်းတူး](https://burmese.kachinnews.com/2022/04/26/apr-26-sm-1/): မြစ်ကြီးနားမြို့ အရှေ့ဘက် ဧရာဝတီမြစ်ကမ်းတစ်ဖက်ကို ကြည့်လိုက်မယ်ဆိုရင် စိမ်းစိုနေတဲ့ တောင်တန်းဟာ မြစ်ရိုးနဲ့အပြိုင် စီတန်းနေရာယူလျှက် ရှိပါတယ်။ အဲ့ဒီတောင်တွေရဲ့ အောက်ခြေမှာ မခိုးဒီ ရွာပြီး မြစ်ကမ်းတစ်လျှောက်မှာတော့ ဝါးလုံးတိုင်နဲ့ မိုးကာအစိမ်းမိုးထားတဲ့ တဲ ကလေးတွေက ဟိုတစ်စုဒီတစ်စု ခပ်စိတ်စိတ် နေရာယူထားပါတယ်။ အဲ့ဒီနေရာကတော့ ဝိုင်းမော်မြို့နယ်အပိုင်ပါ။ တာလဘက် မိုးကာအစိမ်းမိုးထားတဲ့ တဲကလေးတွေဟာ ရွှေကျင်ဖို့ လုပ်ငန်းရှင်တွေ ဌားထားတဲ့ ရွှေတူး လုပ်သားတွေရဲ့ နေစရာအိမ်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ ဘေးပတ်ဝန်းကျင်မှာဆိုရင် ဘက်ဟိုးကုတ် ကလော်ထားတဲ့ ဝါးတစ်ပြန်ကျော်အနက်ရှိတဲ့ ရွှေကျင်းအဟောင်း ဟိုတစ်ချိုင့် ဒီတစ်ချိုင့် မညီမညာ ဖြစ်စ ပြုနေပါပြီ။ ဒါ့အပြင် လူနေအိမ်တစ်လုံးစာလောက်ရှိတဲ့ သဲကျောက်ပုံတွေဟာလည်း မြစ်ရိုးတစ်လျှောက် တောင်တန်း သဖွယ် ဖြစ်နေပါတယ်။ အဲ့ဒီသဲကျောက်ပုံတွေရဲ့ အနောက်ဖက်မှာတော့ ရေစုပ်စက်တွေ မြေတူးစက်တွေကို အသုံးပြုပြီး ပေ ရာနဲ့ချီတူးဆွပြီး စက်ယန္တရား နဲ့ ရွှေတူးဖော်နေကြပါတယ်။ အရင်က ရွှေကို ရိုးရာနည်းလမ်းဟောင်းအတိုင်း မျှောတိုက်စနစ်နဲ့ တပိုင်တနိုင် ရွှေကျင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းတွေမှာတော့ လောပန်း (သူဌေး) အချို့ဟာ ထိုဧရာဝတီမြစ်ရိုးမှ မြေနေရာများကို အခကြွေးငွေပေး ငှားရမ်းပြီး သဲကျောက်ပုံမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စက်ယန္တရားများကိုအသုံးပြုကာ စီးပွားဖြစ် ရွှေကျင်နေကြတာ ဖြစ်ပါတယ်။ ရွှေလုပ်ကွက်များမှာ မြစ်ဆုံကစပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ယခုလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နေ့တစ်ခြားပိုများလာတာဖြစ်ပါတယ်။ အခုရွှေကျင်နေတဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနေရာတွေဟာ စစ်ကောင်စီအောက် သစ္စာခံ ဦးလဆန်အောင် ပြည်သူ့စစ်အဖွဲ့ စိုးမိုးထားတဲ့ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လဆန်အောင်အဖွဲ့ဟာ လွန်ခဲ့သော၂၀၀၄ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး … - [တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ နီးပါးအထိ စျေးတက်](https://burmese.kachinnews.com/2022/04/26/apr26-az2/): တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ယနေ့ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ အနီးပါးအထိ စျေးမြင့်တက်နေကြောင်း သိရသည်။ တနိုင်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများဖြစ်သည့် တခက်၊ ခလုံး၊ တိန်ကောက်၊ လဂျားဘွမ်နဲ့အနီးတစ်ဝိုက် ကျေးရွာများတွင် လွန်ခဲ့သည့် ဧပြီ ၁၉ ရက်နေ့မှ စတင်ပြီး ဓာတ်ဆီ တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးမြင့်တက်ခဲ့ပြီး ဒေသခံအချို့ သွားရေးလာရေးအခက်တွေ့နေရကြောင်း ဒခက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ပြောသည်။ “ဓာတ်ဆီတစ်ပုလင်းကို သုံးထောင်ပေးဝယ်ရတယ်။ တစ်ဂါလံဆိုရင်တော့ တစ်သောင်းရှစ်ထောင်ရှိတယ် တစ်သောင်းရှစ်ထောင်ထိ တက်တာက အရမ်းမကြာသေးဘူး။ တစ်ပတ်ကျော်ကျော်လောက်ပဲရှိသေးတယ်”ဟု ဒခတ်ကျေးရွာနေ ဦးစိန်နော် (အမည်လွဲ)က ပြောသည်။ တခက်ကျေးရွာတွင် ယခင်က ဓာတ်ဆီတစ်ဂါလံကျပ် ၁၃၀၀၀ ဝန်ကျင်သာရှိခဲ့ပြီး ယခုကဲ့သို့ စျေးတက်သွားသည့်အတွက် ဒေသခံများ သွားရေးလာရေးအဆင်မပြေကြောင်းလည်း သိရသည်။ “ဟုတ်တယ်ဆီစျေးတက်တော့ဒေသခံတွေ သွားရေးလာရေးအရင်လိုအဆင်မပြေကြဘူး။ တချို့ကအခင်းလုပ်ဘာလုပ်လည်း အဝေးကြီးမှာလုပ်ရတာဆိုတော့ ခက်ခဲတာပေါ့ ဒီဘက်မှာက ဝင်ငွေရတဲ့စီးပွားရေး လမ်းကြောင်းကလည်းမရှိဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းကျေးရွာများတွင် ဓာတ်ဆီစျေးမြင့်တက်လာသည်နဲ့တစ်ပြိုင်တည်း အချို့စားသောက်ကုန်နဲ့ လူသုံးကုန်များလည်းစျေးတက်နေကြောင်း ဦးစိန်နော်(အမည်လွဲ)က ပြောသည်။ “တခြားကုန်စျေးနှုန်းကတော့ဓာတ်ဆီတက်ရင်တော့ တက်တယ်အားလုံးတက်တယ်။ ဖယောင်းတိုင်တွေဆိုရင်လည်း အရင်က တစ်ထောင်တန်က အခု တစ်ထောင့်နှစ်ရာ ဆန်ဆိုရင်လည်း နို့ဆီဗူးဆယ်လုံးကို ၂၇၀၀ ကနေ ၂၈၀၀ အထိရှိတယ်”ဟု ၎င်းကပြောသည်။ ကချင်ပြည်နယ်တွင် ဧပြီ ၁၉ ရက်နေ့မှစတင်ကာ ဓာတ်ဆီစျေးတစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီးနောက် ဧပြီ ၂၄ ရက်နေ့ နောက်ပိုင်း စျေးပြန်ကျလာရာ ယနေ့ မြစ်ကြီးနားမြို့တွင် ၉၃ တစ်လီတာ ကျပ် ၂၃၆၀ … - [လိုင်ဇာမှာ ၅ နှစ် မှ ၁၂ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ](https://burmese.kachinnews.com/2022/04/26/apr25-lp1/): ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၅ နှစ် မှ ၁၂ နှစ် ကြား အရွယ်ကလေး ၄၄၀ ဦးမှာ SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင့် လိုင်ဇာ ကိုဗစ်ကာကွယ်ရေး ကော်မတီမှ သိရသည်။ လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါလက္ခဏာ ရှိမရှိ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သည့် ကလေးများကိုသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။ “ကျနော်တို့ ဈေးရောင်းတဲ့ ဈေးသည်တွေကိုဆို ပုံမှန် swab စစ်တယ်။ ကာကွယ်ဆေးထိုးမယ်ဆိုလည်း ကျန်းမာရေးကောင်းလား အရင်စစ်ကြည့်တယ်။ ကျန်းမာရေးကောင်းတယ်ဆိုမှ ကာကွယ်ဆေးထိုးပေးတယ်။ ဆေးထိုးပေးနေတာတော့ အရင်လကတည်းကပဲ။ ကျနော်တို့ ဆေးက SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပေးတယ်။ လောလောဆယ်တော့ ၁၀ တန်း စာမေးပွဲတွေရှိလို့ ကာကွယ်ဆေးထိုးပေးတာတွေ ခဏ ရပ်ထားတယ်” ဟု ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ မွေးရာပါနှလုံးရောဂါရှိသူ ၊ HIV ပိုးရှိသူ နှင့် ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်သည်။ “ကိုဗစ်ကာကွယ်ဆေးကတော့ ဘယ်အသက်မရွယ်ပဲ ထိုးထိုး ကျနော်တို့ သတ်မှတ်ချက်တစ်ခုထဲပဲ။ နှလုံးမကောင်းတဲ့သူတွေကို မထိုးဘူး။ HIV ကူးစက်ခံရသူတွေကိုလည်း မထိုးဘူး။ ရာသီတုတ်ကွေး နှာစီးချောင်းဆိုး … - [ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်](https://burmese.kachinnews.com/2022/04/26/apr-26-z-1/): မြန်မာနိုင်ငံ တစ်ဝန်း CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ စုစုပေါင်း ၆၀၀၀ ကျော် ရှိလာသော်လည်း ထက်ဝက်ခန့်သာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်နေသောကြောင့် ကျန်ရှိသူများလည်း အမြန်ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။ ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သော NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ စာရင်းအရ CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ အင်အား ၆၀၀၀ မှ ၇၀၀၀ ကြားရှိပြီး CDM ပြည်သူ့ယာယီ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်လာသော လူဦးရေ ၂၉၃၇ ဦးသာ ရှိကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စကာ ယနေ့အချိန်ထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြပြီး၊ ဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန် ထမ်းရွက်လုပ်ကိုင်လျက်ရှိသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် အင်အားစာရင်းမှာ ဧပြီ ၂၅ ရက်အထိ စုစုပေါင်း ၂၉၃၇ ဦးရှိပါသည်” ဟု ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီထံ ပူးပေါင်းတာဝန်ထမ်းဟန်ဆောင်လျှက် ပြည်သူ့ဘက်ရပ်တည်နေသည့် Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားကလည်း (၃၄) ဦးထိ ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသမျှ  CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အားစာရင်းသည် ၆၀၀၀ နှင့် ၇၀၀၀ ကြားမှာရှိနေပြီး အခြားချိတ်ဆက်မရသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဝန်ကြီးဌာနဘက်မှလည်းချိတ်ဆက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ၊ ချိတ်ဆက်မရသေးသော CDM ပြည်သူ့ရဲတပ်ဖွဲဝင်တွေများအနေဖြင့် ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး … - [အောင်မြင်သာ အပန်းဖြေစခန်း ဆိုင်ခန်းနဲ့ ဝါးတဲ ၂၈ ခု မီးလောင်ဆုံးရှုံး](https://burmese.kachinnews.com/2022/04/26/apr26-az1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နာမည်ကျော် အောင်မြင်သာအပန်းဖြေစခန်းမှ ဆိုင်ခန်းအပါအဝင် ဝါးတဲ ၂၈ တဲ ယနေ့ ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်းက မီး လောင်သွားကြောင်း သိရသည်။ မြစ်ဆုံစီမံကိန်းကြောင့် ရွေ့ပြောင်းခံရသောဒေသခံများကို နေရာချထားသည့် အောင်မြင်သာဒေသခံများ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသောနေရာဖြစ်ကာ ဆိုင်ရှင် ၃ ဦး၏ ဝါးတဲ ၃၀ နီးပါး မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်လုရာက KNG သတင်းဌာနသို့ ပြောသည်။ “ဆိုင်ခန်း က ၂၈ ခန်း လောက်ပါသွားတယ်။ ဆိုင်ရှင်ကတော့ ၃ ဦးပေါ့။ ဆိုင်ခန်းကတော့ ကွပ်ပျစ်လေးတွေပေါ့ ဝါးတဲလေးတွေနဲ့ ဆောက်ထားတဲ့ဟာပါသွားတယ်။ မနက်ခြောက်နာရီလောက်မှ မီးငြိမ်းသွားတယ်။ ရွာသားတွေက ဝိုင်းပြီး မီးငြိမ်းပေးတာ။ ကျွန်မတို့ဆိုင်ရှင်သုံးဦးဟာကတော့ အကုန်ပါသွားတယ်”ဟု ဒေါ်လုရာက ပြောသည်။ မီးလောင်သွားသော ဆိုင်ပိုင်ရှင် ၃ ဦးမှာ ဦးလထော်လှ၊ ဒေါ်ဂျာနန်နှင့် ဒေါ်လုရာတို့ဖြစ်သည်။ အဆိုပါ ဆိုင်ခန်းနဲ့ ဝါးတဲ ပေါင်း ၂၈ ခု ခန့်အနက် ဒေါ်လုရာ၏ ဆိုင်ခန်း ၁၈ ပါဝင်ရာ အများဆုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်ဦးလျှင် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း ၁၀၀ ဝန်း ကျင်ရှိကြောင်းသိရသည်။ “ခန့်မှန်းတဲတစ်လုံးကို သုံးလေးသိန်းရှိတယ် ကျွန်မဆိုရင်တချို့ကိုသံဖရိန်တွေနဲ့ လုပ်တာ ခုနှစ်သိန်းလောက်ကုန်တယ် ဝါးတဲတွေက ဝါးစျေးကြီးတော့ လေးသိန်းလောက်ရှိတယ်။ သိန်းရာဂဏန်းဆုံးရှူံးမှုဖြစ်သွားတယ်”ဟု ဒေါ်လုရာက ပြောသည်။ မီးလောင်မှုနဲ့ပတ်သက်၍ လတ်တလော လူမှုကွန်ယက်တွင် ညအချိန်၌ငါးရှာထွက်သည့်ကလေးများက မီးမွေးထားရာ … - [၂ နှစ်ကြာရပ်နားထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မည်](https://burmese.kachinnews.com/2022/04/25/apr-25-ld-1/): ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan ) အဖွဲ့သည် ယခုနှစ်မှ စတင်ကာ ၂ နှစ်ကျော်ကြာ ရပ်နားခဲ့သော ကချင်ဒေသတွင်း မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းများကို ပြန်လည် စတင်လုပ်ဆောင်တော့မည်ဟု သိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်တာအတွင်း ကချင်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ရှေ့မဆက်နိုင်ပဲ ရပ်နားထားခဲ့ရသော်လည်း ယနေ့ ဧပြီ ၂၅ ရက်နေ့ ကျရောက်သော Kachin Anti-Drug-Day နေ့မှစပြီး လုပ်ငန်းမှာ ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကချင်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ဗဟိုမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ကျနော်တို့ ရှေ့က လုပ်ငန်းစီမံကိန်းတွေကို Review ပြန်လုပ်ပြီး ပြန်လည်လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပြီ။ ရှေ့အရင်က အဓိက  Pat Jasan အဖွဲ့လုပ်တောင်နေတာက ပြည်သူတွေကို အသိပညာပေးတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေးမှုဖြစ်တယ်။ အဲ့တာကိုပဲ ပိုပြီး အားစိုက်လုပ်ဆောင်ဖို့ ဖြစ်တယ်။ ကျေးရွာရပ်တိုင်းမှာရှိတဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့အားလုံးကို ကျနော်တို့ ထုတ်ပြန်စာ၊ ညွှန်ကြားချက်စား အားလုံးပို့ထားပြီးဖြစ်တယ်။ အဲ့ဒီစာထဲမှာ ဒီနေ့ကစပြီး လုပ်ငန်းများ ပြန်လည်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ပြောထားတယ်။” ဟု သူက ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အခက်အခဲမျိုးစုံကြား ရှေ့ဆက်လုပ်ဆောင်ရန် ခက်ခဲသောကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ရပ်နားခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၂ ယနေ့ကျရောက်သည့် Kachin … - [ကသာမြို့တွင် လမ်းသွားလမ်းလာများကို တားဆီးပြီး ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေ](https://burmese.kachinnews.com/2022/04/25/apr25-zm1/): ကသာမြို့တွင်း နေရာအချို့တွင် လမ်းသွား လမ်းလာ ပြည်သူများကို တားဆီးကာ စစ်ကောင်စီ၏ ကျန်းမာရေးဌာန က ကိုဗစ်ကာကွယ်ဆေး အတင်းထိုးပေး‌နေကြောင်း ဒေသခံများမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ကသာမြို့နယ် စည်ပင်သာယာရေး ရုံးအဖွဲ့၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အတွင်း သီရိ ခေမာ စျေးနှင့် အမှတ် ၁ ရဲစခန်းရှေ့၊ ကသာမြို့ပြင်ဂိတ်၊ မြို့တော်ခန်းမရှေ့ ၊ ဘူတာစျေး(ပျံကျ) ၊စက်လှေကူးတို့ဆိပ်များတွင် လမ်းဖြတ်လမ်းလာ ပြည်သူများကို တားဆီးပြီး ကိုဗစ်ကာကွယ်ဆေး အတင်း‌ထိုးပေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရောဂါအခံရှိမရှိ စစ်ဆေးခြင်းလည်းမရှိ သွေးပေါင်ချိန်ပေးခြင်းတွေလည်း မလုပ်ပဲ ထိုးပေးနေတာတွေလုပ်တယ်။ ကျွန်မတို့က မထိုးချင်ဘူး ဒါပေမယ့် သူတို့က မထိုးရသေးရင် ထိုးပါဆိုပြီး ထိုးခိုင်းတယ်။ အခြားရောဂါအခံရှိသူ ဆိုရင်တော့ အဲလိုလုပ်တာအဆင်မပြေနိုင်ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။ ‌ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကသာမြို့ အမှတ် ၁ ရဲစခန်းအတွင်း၌ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အခြားအမှုဖြင့် အချုပ်ကျနေသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် လမ်းသွားလမ်းလာ ဆိုင်ကယ်ယာဉ်ကားများပါ ရပ်တန့်ခိုင်းကာ ကိုဗစ် ကာကွယ်ဆေးထိုးပေး‌နေကြောင်း ဒေသခံများကပြောသည်။ “သူတို့က ရဲတွေ၊ ယာဉ်ထိန်းတွေနဲ့တားပြီးလုပ်နေတာ့ထိုးပြီးသားလူက ရဲရဲတင်းတင်းပြောရဲမှာပေါ့ မထိုးထားတဲ့သူတွေက မထိုးချင်လည်း သူတို့ကိုကြောက်တော့ ထိုးရတာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။ ယင်းကဲ့သို့တားဆီးကာ ထိုးနှံပေးမှုကြောင့် ဒေသခံများအနေဖြင့် မြို့တွင်သွားလာရန်ပင် ခက်ခဲလာကြောင်း သိရသည်။ အဆိုပါကိစ္စအား ကသာမြို့နယ်မှ သက်ဆိုင်ရာဌာနသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက်ပိုင်း ကသာမြို့တွင် … - [ဝန်းသို မြို့နယ်မှာ ကျေးရွာ ၈ ရွာ မီးရှို့ခံရပြီး ရွာပေါင်း ၄၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/04/25/apr25-az1/): ကချင် စစ်ကိုင်း နယ်စပ် ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၈ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ ဘေးလွတ်ရာ တိမ်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်အထိရှိကြောင်း ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် ဧပြီ ၂၃ ရက်နေ့မှ စ၍ ဝန်းသိုနယ် အတွင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာကာ လူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wonto Revolution_WR တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့ည ၈ နာရီအထိပေါ့ ရွာပေါင်း ၈ ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်”ဟု ပြောသည်။ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်းရှစ်ရွာမှာ စိန်လည်၊ သပြေသာ၊ အောင်ကုန်း၊ ရှမ်းစု ကျေးရွာနှင့် ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ လယ်ခုံ၊ ရွှေတောင်ကျေးရွာ တို့ဖြစ်ကြောင်းသိရသည်။ ဝန်းသိုနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင်း လက်ရှိတွင် ဝန်းသိုမြို့နယ်မှ ဘေးလွတ်ရာသို့ထွက်ပြေးတိန်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီးဒုက္ခသည်ပေါင်း ၂၄၀၀၀ ကျော်ရှိကြောင်း Wonto Revolution_WR မှ တာဝန်ရှိသူတစ်ဦးက ပြောသညိ။ “မနေ့ကဆို သပြေသာကျေးရွာမှာ သီတင်း သုံးနေထိုင်တဲ့သံဃာတော်တစ်ပါးနှင့်အမျိုး သမီးတစ်ဦးကိုလည်း သတ်ပစ်သွားပါတယ်။ ပြီးတော့ အဖမ်းခံရတဲ့ပြည်သူလည်း လေးဦးအထိရှိနေပါတယ်။ မနေ့ကဖမ်းသွားတာပါ”ဟု ၎င်းက ပြောသည်။ လတ်တလော မီးရှို့ဖျက်ဆီးခံရသည့် ရွာ ၈ ရွာမှ မီးဘေးသင့်ပြည်သူများနှင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူ … - [ဖမ်းဆီးခံ PDF လူငယ်များ၏ ဖုန်းမှတဆင့် အခြားအဖွဲ့ဝင်များကို နောက်ယောင်ခံနေ](https://burmese.kachinnews.com/2022/04/25/apr-25-s-1/): မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် ယမန်နေ့က ဖမ်းဆီးခံရသော PDF လူငယ်များ၏ ဖုန်းမှ တဆင့် အခြားအချိတ်အဆက်များကိုလည်း နောက်ယောင်ခံနေကြောင်း အဆိုပါ လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနား ရမ်ပူ ရပ်ကွက်ရှိ​ နေအိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်သားများ လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ်အဖွဲ့မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ “ဖမ်းခံရတဲ့သူတွေရဲ့ ဖုန်းနံပါတ်နဲ့ တခြားသူတွေကို ပြန်နောက်ယောင်ခံနေတယ်။ သူတို့ အိမ်မှာရှိနေတုန်း လာဖမ်းသွားတော့ သူတို့ဖုန်းတွေ အကုန် စစ်တပ်ယူသွားတယ်။ တချို့က မသိတော့ ဖုန်းခေါ်လာရင် ကိုင်ပေးတဲ့ သူတောင် ရှိသေးတယ်တဲ့။” ဟု ဖမ်းဆီးခံ လူငယ်များနှင့် နီးစပ်သူက KNG ကို ပြောသည်။ လက်ရှိ ထိုလူငယ်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တွင် ဖမ်းဆီး စစ်ဆေးနေပြီး အခြားသူများကိုလည်း လိုက်လံ စုံစမ်းနေသည်ဟု သိရသည်။ အဆိုလူငယ်များအနက် တစ်ဦးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခန့် မြို့သစ်ကြီးရပ်ကွက်တွင် စတင်ဖမ်းဆီးခဲ့ပြီးနောက် ထိုသူမှတဆင့် ရမ်ပူရပ်ကွက်ရှိ နေအိမ်ကို စစ်သားများက သွားရောက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ “နာမည်ပေါက်ထားသော PDF ရဲဘော် လူငယ်တစ်ဦးက မြို့တွင်းအခြေနေလေ့လာနေချိန်မှာ(စကစ)က ဖမ်းမိသွားပြီး PDF လက်ထောက်ကို ဖုန်းဆက်ချိန်းခိုင်းပြီး ဖမ်းဆီး အဆက်ဆက် ကွင်းဆက်လိုက်တော့ နေရာသိရှိသဖြင့် စစ်ခွေး ရဲခွေးများ အင်အား ၄၀ လောက်ဖြင့် … - [မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ](https://burmese.kachinnews.com/2022/04/23/apr23-sm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပုံမှန်ထောက်ပံ့မှု ရရှိနေ‌သော်လည်း ရိက္ခာအခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းများထံမှ သိရသည်။ စစ်ရှောင်တစ်ဦးလျှင် တစ်လ ၁၂၀၀၀ ပုံမှန်ရရှိနေသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနူန်း မြင့်တက်လာသည့်အပြင် ယခင်ကဲ့သို့ အခြားအလှူရှင်များ၊ NGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရတော့သည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာကြောင်း သိရသည်။ “ကျမတို့ စစ်ရှောင်တိုင်းမှာ အခုက နိုင်ငံရေးက ပိုပြီးမတည်မငြိမ်ဖြစ်လာလို့ အပြင်ထွက်ရှာမယ်ဆိုရင်လည်း အလုပ်အကိုင် မရှိ ကုန်ဈေးနူန်းတွေက တက် WFP က ပေးတဲ့ ရိက္ခာကလည်းမလုံလောက်တော့ ကျမတို့စစ်ရှောင်တွေ ပိုပိုပြီးခက်ခဲလာတာကိုတွေ့ရတယ်လို့” ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးကပြောသည်။ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများသည် ၂၀၁၁ ခုနှစ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြ‌သူများဖြစ်ပြီး စစ်ရှောင်ဘဝနှင့် ဖြတ်သန်းလာကြရသည်မှာ ဆယ်စုနှစ်တစ်စုရှိလာပြီဖြစ်သည်။ ယင်းစစ်ရှောင်များသည် စစ်အာဏာသိမ်းမူ မဖြစ်ခင်အထိ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပန်ဝါ၊ တရုတ်ပြည် ဘက်သို့ သွားရောက်လုပ်ကိုင်ခွင့်များ ရရှိတာကြောင့် စားဝတ်နေရေးအဆင်ပြေခဲ့ကြ‌သော်လည်း လက်ရှိတွင် နိုင်ငံရေးမငြိမ်သက်မူကြောင့် သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ “သူတို့ ထောက်ပံ့တာနဲ့ မလောက်ဘူး။ အဲ့တာကြောင့်အပြင်မှာ နေ့စား၊ ကျပန်းတွေ သွားကြရတယ် အသက်ကြီးပိုင်း မသွားနိုင်တဲ့သူတွေကတော့ ခက်ခက်ခဲခဲအသက်ရှင်နေကြရတယ်”လို့ တပ်ကုန်းစစ်ရှောင်စခန်းကတာဝန်ခံက ပြောသည်။ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်အများစုသည် မြစ်ကြီးနားမြို့တောင်ဘက်ပိုင်း တာပတောင်း၊ ရေကြည်၊ တာလောကြီး၊ မြစ်ကြီးနား မြောက်ဘက်ဆွမ်ပရာဘွမ်၊ ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာ နှင့် ဖားကန့်မြို့နယ် ကန်စီး (Ginsi) ကျေးရွာစသည့် ဒေသဘက်မှ တိမ်းရှောင်လာသူများဖြစ်သည်။ … - [စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်](https://burmese.kachinnews.com/2022/04/23/apr23-zm1/): ကသာနယ်၊ ချောင်းဝကျေးရွာမှ မင်းကျောင်းကုန်းဖက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကောင်စီတပ် ယမန်နေ့ညက တိုက်ခိုက်ခံရကြောင်း သိရသည်။ ဧပြီ ၂၂ ရက် ယမန်နေ့ည ၈ နာရီဝန်းကျင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည် ချောင်းဝရွာဖက်မှ မင်းကျောင်းကုန်းရွာဖက်သို့ ဦးတည်ထွက်ခွာစဥ် မြို့လှ KPDF တပ်ခွဲ (၁) မှ RPG လက်နက်နှင့် ၇၉ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မနေ့ညက တိုက်ပွဲတော့အနီးကပ်တိုက်ပွဲဖြစ်တယ် ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးက စစ်ကြောင်းချီလာတဲ့ အလယ်တည့်တည့်ကိုကျပေါက်ကွဲသွားတာ ထိခိုက်သေဆုံးမူများနိုင်တယ်။ ချောင်းဝရွာထဲကိုလည်း ဒဏ်ရာရတဲ့သူတွေ သယ်လာတယ်လို့လည်းကြားတယ်” လို့ မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မိနစ်အနည်းငယ်ကြာအောင် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ ဒဏ်ရာရရှိသူများသယ်ဆောင်လာသည့်အတွက် ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီတပ်သည် ကသာနယ် အထက်ပိုင်း ရွေကူ၊ ဗန်းမော်မြစ်ကြောင်းတစ်လျှောက် စစ်အင်အားတိုးချဲ့ခြင်း ရိက္ခာများ ဖြည့်တင်းနေသည်မှာ ၂လနီးပါးရှိလာပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ကသာနယ်အထက်ပိုင်း ရွှေကူ၊ ဗန်းမော်မြစ်ကြောင်းနှင့် ကုန်းလမ်းကြောင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပေါင်း ၄၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ - [လျှပ်စစ်မီး ဖြတ်တောက်သည့် နဘား လျှပ်စစ် ရုံးခွဲကို PDF အဖွဲ့ သတိပေး](https://burmese.kachinnews.com/2022/04/22/apr22-az1-2/): ကသာခရိုင် အင်းတော်မြို့နယ် ထီးချိုင့်-မော်လူး-ကသာ မြို့နယ်များတွင် လျှပ်စစ်မီး ဖြတ်တောက်ထားသည့် နဘား လျှပ်စစ်ရုံးခွဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။ အဆိုပါ မြို့နယ်များတွင် နဘား လျှပ်စစ်ရုံးခွဲမှ လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ၄ ရက်ခန့်ရှိလာသဖြင့် ဆက်လက် ပြုလုပ်နေပါက အရေးယူသွားမည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာန သို့ ပြောသည်။ “ဖြုတ်ထားတယ် တစ်နေ့ကိုလာရင် ၅ မိနစ်လောက် မကြာဘူး။ လာပြီး ပြန်ပြန် ပြတ်သွားတာ တခြားမြို့နယ်တွေကလာပြီး ကိုယ့်မြို့နယ်မလာတော့ ကျွန်တော်တို့ကလည်း သတိပေးထားပါတယ်။ ဆက်ပြီးတော့မှ လုပ်နေရင်တော့ သူတို့ကိုပစ်မှတ်ထားပြီး အ့လိုလုပ်တဲ့သူကိုတော့အပြစ်ပေးဖို့စဥ်းစား ထားပါတယ်”ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် အတွက် ဒေသခံပြည်သူများလည်း အခက်အခဲတွေ့နေကြောင်း ထီးချိုင့်ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “အခု မီးမလာတော့ တော်တော်များများက မီးစက်လေးတွေနိုးပြီး သုံးနေရတယ်။ ဒါပေမယ့် တော်တော်များများက ရေအခက်အခဲဖြစ်နေကြတယ်။ အခုကာလက ရေရှားတော့ မီးမလာတော့ ရေမရကြဘူး”ဟု ထီးချိုင့်ဒေသခံ တစ်ဦးက ပြောသည်။ ထီးချိုင့် PDF တပ်ဖွဲ့နှင့် အလားတူ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင်”အင်းတော်မြို့နယ် နဘားလျှပ်စစ်ခွဲရုံအနေနဲ့ ပြည်သူတွေအပေါ် မငှဲ့ကွက်ပဲ ပြည်သူတွေဒုက္ခရောက်အောင် ဆက်လက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေမည်ဆိုပါက အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ အသက်အာမမခံနိုင်ကြောင်းနှင့် တစုံတရာဖြစ်ခဲ့ပါက တာဝန်မယူကြောင်း သတိပေးပြောကြားလိုက်သည်”ဟု ဧပြီ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်ထားသည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ နဘား လျှပ်စစ်ရုံးခွဲသည် လျှပ်စစ် … - [ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်](https://burmese.kachinnews.com/2022/04/22/apr22-zm2/): မြစ်ကြီးနားမြို့ အကျဉ်ထောင်တွင် ဖမ်းဆီးခံထားရသည့် NLD အစိုးရ၏ ကချင်ဝန်ကြီးချုပ် ‌ဒေါက်တာခက်အောင်ကို ပုဒ်မ ၅၅ အဂတိလိုက်စားမှု တစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး အခြားဝန်ကြီးများကိုလည်း ထောင်ဒဏ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။ ယနေ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၇ ဦးကို အမိန့်ချမှတ်ရာတွင် ဒေါက်တာခက်အောင်သည် ထောင်ဒဏ်အများဆုံး ၁၂ နှစ် ဖြစ်ပြီး ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ထောင်ဒဏ် ၉နှစ်၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း ၃နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း ၃နှစ်၊ လျှပ်စစ်နဲ့စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့် ၃ နှစ် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၃ နှစ် ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ခမ်းရယ် ၃ နှစ် အသီးသီး ချမှတ်ခံရလိုက်ကြောင်း သိရသည်။ “ဒီနေ့အမိန့်ချတာ‌‌တော့ အားလုံးက အဂတိမူတွေဘဲ ဒါပေမယ့် ချမှတ်ခံရတဲ့နှစ်တွေကွာသွားတာက အဂတိမူကိုဘဲ ဘယ်နှစ်ခုဆိုတာခွဲပြီး ချတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ချမှတ်ခံရတဲ့နှစ်တွေမတူဘူး” ဟု ကချင်ပြည်နယ် NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်က‌ပြောသည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ဦးကို တရားစွဲဆိုထားသည့် အမူများထဲမှ အဂတိတိုက်ဖျက်ရေးပုဒ်မအတွက် ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီမှ ချိန်းဆိုထားသော်လည်း အမိန့်ချ‌ပေးခဲ့ခြင်း မရှိဘဲ ဧပြီလ ၂၂ ရက်နေ့ ယနေ့ ချမှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ … - [ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/04/22/apr22-y1/): ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဧပြီလ ၂၁ရက်နေ့ ယမန်ည ၁၀ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ KIA နှင့် PDF အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်း ၂၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲစခန်းအနီးတဝိုက်တွင် ၁၅ မိနစ်ခန့်အကြာ ၂ဖက်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “ပစ်ခတ်မှုဖြစ်တာက ပုံမှန်အတိုင်းဘဲ KIA နဲ့ PDF အဖွဲ့က လာပစ်သွားတယ်။ ရဲစခန်းအနီးတဝိုက် ၁၅ မိနစ်လောက်တော့ ပစ်ခတ် မှုတွေဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် KIA နဲ့ PDF အဖွဲ့ လာပစ်သွားပြီး ခဏဆို ပြန်ဆုတ်သွားတယ်။ ရဲစခန်းအတွင်းထဲမှာ ထိခိုက်မှု အခြေအနေတော့ အသေးစိတ်မသိရဘူး။ ဒီမနက်ပိုင်း က ပုံမှန်အတိုင်းဖြစ်နေတယ်”ဟုပြောဆိုသည်။ ယမန်ည ရွှေကူမြို့မရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲစခန်းဘက်က ထိခိုက်မှုရှိနိုင်ပြီး ရဲစခန်းအနီးတဝိုက်ရှိ လူနေအိမ်များနှင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆက်လက်သိရသည်။ စစ်တပ်ကအာဏာသိမ်းပြီနောက် ရွှေကူမြို့မရဲစခန်း မကြာခဏ ပစ်ခတ်ခံရလျက်ရှိနေပြီး တစ်နှစ်အတွင်း ၁၀ ကြိမ်ထက်နည်း ပစ်ခတ်ခံရမှုရှိပြီဖြစ်ပါသည်။ အဆိုပါ ရွှေကူမြို့မရဲစခန်း KIA နှင့် PDF မကြာခဏ သွားရောက်ပစ်ခတ်မှုများရှိခဲ့သဖြင့် ရဲစခန်းဘက်လည် ပစ်ခတ်ရာတွင် ရဲစခန်း အနီးတဝိုက် ရှိ လူနေအိမ်တစ်ချို့ လက်နက်ကြီးထိမှန်မှုများလည်းရှိခဲ့သည်။ - [ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်](https://burmese.kachinnews.com/2022/04/22/apr22-az1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့ PDF အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ည ၈နာရီဝန်းကျင်ခန့်အချိန်တွင် ပလန နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ယခုလိုပြောဆိုခဲ့သည်။ “သူတို့ဘက်က ထိခိုက်မှုတော့ရှိနိုင်တယ် ဘယ်နှစ်ယောက်သေတယ် ထိခိုက်တယ်ဆိုတယ် ဆိုတာက သူတို့ဘက်ကဘယ်တော့မှ မထုတ်ပြန်ဘူး ဖုံးထားတာများတယ်။ ထိခိုက်မှုတော့ ရှိတော့ရှိတယ်။ သေဆုံးတဲ့အထိဖြစ်နိုင်မလား ဒဏ်ရာရတဲ့အထိဖြစ်နိုင်မလားပေါ့”ဟု ၎င်းကပြောသည်။ အဆိုပါသွားရောက်ပစ်ခတ်မှုကြောင့် ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာတွင် အဆိုပါ ရဲစခန်းအနီးတွင်ရှိသော လူနေအိမ်တစ်ချို့၏ အိမ်ခေါင်မိုးများ ထိခိုက်မှုရှိခဲ့ကြောင်း ပလနရပ်ကွက်နေအမျိုးသားတစ်ဦး ပြောဆိုချက်မှသိရသည်။ “ရဲတွေဘက်ကနေရမ်းပစ်လို့ လူနေအိမ်တွေထိတာရှိတယ်။ အိမ်ပေါ်မှာ လူနေရင်တောာင် ထိခိုက်မှုရှိနိုင်တယ်။ ခေါင်မိုးတွေကတော့ ဇကာပေါက်လိုဖြစ်သွားတယ်။ ရဲစခန်းနောက်ကျောဘက်က အိမ်တွေမှာထိတာ”ဟုပြောဆိုသည်။ ပလန နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့ သွားလာဖြတ်သန်းသည့် အများပြည်သူများကို လမ်းများပိတ်ဆို့ထားကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး နံနက်ပိုင်းမှ ပုံမှန်သွားလာခွင့်ပြုထားကြောင်း ဆက်သိရသည်။ မြစ်ကြီးနားမြို့အတွင်းရှိ ရဲစခန်းများကို ယခင်က ဗုံးဖောက်ခွဲမှုများသာပြုလုပ်ခဲ့ပြီး မြို့တွင်းရဲစခန်းအထိ သွားရောက်ပစ်ခတ်မှုမှာ ယခုပထမအကြိမ်ဖြစ်သည်။ - [ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ](https://burmese.kachinnews.com/2022/04/22/apr22-ab1/): ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။ ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံးပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “မနေ့ကတော့မဆက်မိဘူး။ ဒီနေ့မနက်မှ အိမ်ကလူတွေကိုဖုန်းဆက်တာအကုန် ဖုန်းပိတ်ထားတယ်ပဲဖြစ်နေတာ။ ဒါနဲ့ ဖုန်းအားမရှိကြလို့နေမှာဆိုပြီးတခြားလူတွေကိုဆက်တာ လည်းတစ်ယောက်မှဆက်လို့မရဘူး။ mytel mpt telenor အားလုံးဆက်ပြီးပြီ မရဘူးစက်ပိတ်ထားတယ်ပဲဖြစ်နေတာ”ဟု မြစ်ကြီးနားတွင်ရောက်နေသည့် ယင်းအမျိုးသားကပြောသည်။ KNG သတင်းဌာနအနေဖြင့်လည်း ရှင်ဗွေယန်မြို့ရှိ သက်ဆိုင်ရာဌာနနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရဖြစ်နေပါသည်။ ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ် နယ်နမိတ်ချင်းထိစပ်သည့်နေရာတွင်ရှိသည့်မြို့ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖုန်းလိုင်းပြတ်တောက်နေသည်ကို စုံစမ်းနေဆဲဖြစ်သည်။ “ဘာလို့လိုင်းပြတ်နေတာလဲတော့မသိတမင်ဖြတ်ထားတာလား။ ရှင်ဗွေယန် ကမြို့သေးသေးလေးပါ။ အေးအေးဆေးဆေးနေနေတဲ့မြို့လေးဟုတ်တယ်။ ဖုန်းလိုင်းဖြတ်စရာအကြောင်းတော့မရှိဘူး။ ရှင်ဗွေယန်နဲ့နီးတဲ့ စစ်ကိုင်းတိုင်းမြို့နန်းယွန်းကတော့ဖုန်းလိုင်းဖြတ်ထားတာကြာပြီ။ စစ်ကိုင်းတိုင်းနဲ့အရမ်းနီးလို့လားတော့မသိဘူး”ဟုမြစ်ကြီးနားရောက်နေသည့် ရှင်ဗွေယန်ဒေသခံ ဦးအောင်ကိုသန့်(အမည်လွဲ)ကပြောသည်။ ရှင်ဗွေယန်မြို့သည် လီဒိုလမ်းမကြီးပေါ်တွင်ရှိသည့်မြို့ဖြစ်ပြီး ဖုန်းလိုင်းများရသည်မှာ ၆နှစ်ခန့်ရှိပြီဖြစ်သည်။ အဆိုပါ တနိုင်း-ရှင်ဗွေယန်မြို့ သွားသည့် လမ်းမကြီးပေါ်တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ - [မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ](https://burmese.kachinnews.com/2022/04/21/apr21-sm1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆီပန့်ဆိုင်များတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီများ ပုံမှန်‌ရောင်းချ‌ပေးနေပြီဖြစ်သော်လည်း ဆိုင်အချို့မှာ ကန့်သတ်ရောင်းချနေသေးကြောင်း သိရသည်။ အဆိုပါ ကန့်သတ်ချက်များမှာ ဆိုင်ကယ်၊ ကားများတွင် ဆီအပြည့်ဝယ်ယူခွင့်ရှိသော်လည်း ပုံးများဖြင့် လာရောက်ဝယ်ယူပါက ဝယ်ယူမည့် ပမာဏာပေါ်မူတည်ပြီး ကန့်သတ်ချက်ထားသေးကြောင်း သိရသည်။ “ဆိုင်ကယ်ဆိုရင်လည်းဆိုင်ကယ်ဆီ အပြည့်ထည့်ပေးတယ်။ ကားဆိုလည်း ကားမောင်းဆီ အပြည့်ထည့်ပေးတယ်။ ဒါပေမဲ့ ပုံးတွေဘာတွေနဲ့ လာဝယ်ရင်တော့ တစ်သောင်းဖိုး နှစ်သောင်းဖိုး ကန့်သတ်ထားတယ်” ဟု ဆီပန့်ဆိုင် အရောင်းဝန်ထမ်း လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။ ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ စက်သုံးဆီဆိုင်အချို့မှ ဆီများအား ပုံမှန်ရောင်းချပေးနေပြီဖြစ်သော်လည်း ပိတ်ထားသည့် ဆိုင်များလည်း များစွာရှိနေသေးကြောင်း သိရသည်။ “ဆီဆိုင်က အားလုံးမဖွင့်သေးဘူး နဂိုဆီထည့်နေကျနေရာတွေပိတ်ထားတော့ တစ်ခြားနေရာကိုသွားပြီး ဖြည့်ရတာတွေတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီ၁၉ရက်နေ့နှင့် ၂၀ရက်နေ့များတွင် စက်သုံးဆီများ ပျက်လပ်တော့မည်ဟူသည့် သတင်းများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့၊ ပူတာအိုမြို့များတွင် စက်သုံးဆီများ အလုအယက်တန်းစီ ဝယ်ယူကြကာ လူတစ်ဦးလျှင် အများဆုံးတစ်သောင်းဖိုးအထိ ရောင်းချ‌ပေးကြပြီး ဆီပန့်ဆိုင်အချို့တွင်မူ ရောင်းချမူ ရပ်နားခဲ့ရသည့် အခြေနေထိ ရှိခဲ့သည်။ ယခုကဲ့သို့ စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချပြီး ဆိုင်အချို့ပိတ်ထားသည့်အပေါ် ဒေသခံတစ်ဦးက လည်း ယခုလို သုံးသပ်ပြောဆိုသည်။ “စီးပွားရေးသမားတွေက လှည့်ကွက်လုပ်တယ်လို့မြင်တယ်။ ဒေါ်လာတွေသတ်မှတ်ပေးတာတွေ ဆီစျေးနှုန်း သတ်မှတ်ပေးတာတွေကို စီးပွားရေးသမားတွေက ကောလဟာလတွေဖြန့်ပြီး ဆီဆိုင်တွေပိတ်တယ်။ သတ်မှတ်ချက်တွေနဲ့ ရောင်းတယ်ဆိုတော့ သွားလာရမှာတွေခက်ခဲမယ်ဆိုတော့စိုးရိမ်တယ်” ဟု ဒေသခံတစ်ဦးက … - [ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/04/21/apr21-zm1/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာတွင် လူနေအိမ် ၈၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ ညောင်လှရွာနှင့် မဲအိုး ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မဲအိုးရွာမှ လူနေအိမ် ၁၇ လုံးနှင့် ညောင်လှရွာမှ လူနေအိမ် ၆၄လုံး မီးရှို့ခဲ့သည့်အပြင် အပြစ်မဲ့ ပြည်သူ ၄ ဦး ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက KNG သို့ ပြောသည်။ “အရင်ဆုံး မဲအိုးရွာက အိမ်ခြေ ၁၇ လုံးကို စမီးရှို့တယ်ဗျ။ အဲ့မီးရှို့ပြီး ၁၉ ရက်နေ့မနက်မှာ မဲအိုးရွာကိုဝင်တယ် အဲ့ဒီရွာက အဖွားအိုနှစ်ဦးကို သတ်ပစ်ခဲ့တယ်ဗျ။ အဲ့ကနေထွက်သွားတာ ညောင်လှရွာကိုတော့ ည ၇နာရီ လောက်မှာ ရောက်ပြီး မီးထပ်ရှို့တယ်”ဟု PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ညောင်လှ ကျေးရွာမှ လူနေအိမ် ၆၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင်ကျေးရွာတွင်းမှ အသက် ၂၀ ကျော်အရွယ် လူငယ်၁ ဦးကိုလည်း လက်နောက်ပြန်ကြိုးသုတ်၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာမှ မီးဘေးသင့်ပြည်သူ ၁၀၀၀ နီးပါးနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေသူ ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။ “လောလောဆယ် ဒုက္ခသည်က ငါးထောင်လောက်ရှိတယ်ဗျ။ အဲ့နားက … - [ခင်ဦး ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့သဖြင့် ကျေးရွာ ခုနှစ် ရွာမှ ဒေသခံများ ထွက်ပြေးနေရ](https://burmese.kachinnews.com/2022/06/10/jun10-az3/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် မီးတင်ရှို့နေပြီး အနီးဝန်ကျင်ရှိ ကျေးရွာ ခုနှစ်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့ နောက်ပိုင်း ခင်ဦး ညောင်ကြီးစုရွာနှင့် အင်တိုင်းရွာဘက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ကံသစ်ရွာကို မီးရှို့နေသောကြောင့် အနီးနား ကျေးရွာများသည်လည်း ထွက်ပြေးနေရကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ ပြောသည်။ “သူတို့က ညောင်ပင်ကြီးစုမှာ တစ်ကြောင်း ခင်ဦးမြို့နယ် အင်းပတ်ကွေ့နီးမှာတစ်ကြောင်း၊ ရွာထဲဝင်ပြီး ညမွှေနောက်နေတာတွေရှိတယ်။ ဒီနေ့ နေ့လည်ပိုင်းကနေတော့ ကံသစ်ရွာကိုစပြီး မီးရှို့နေတယ်ဗျ အဲ့နောက် ရွာမြောက်ပိုင်းပါထပ်ရှို့တယ်။ ဒေသခံတွေလည်း ပြေးနေလွှာနေရတယ်။ ရွာကိုလည်း ခုတော့ကပ်လို့ မရသေးတဲ့အတွက် အိမ်ခြေဘယ် လောက်ပါသွားလဲတော့ပြောလို့မရသေးဘူးဗျ”ဟု ၎င်းက ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည့် လက်နက်ကြီးများလည်း ယမ်းသမ်းပစ်ခတ်နေသည့်အတွက် ကျေးရွာ ခုနှစ်ရွာခန့် ထွက်ပြေးနေရကြောင်း သိရသည်။ “ဒေသခံတွေလည်း ထွက်ပြေး နေရတယ်။ အဲ့နားနီးရွာ ခုနှစ်ရွာလောက်ပြေးနေရတယ်။ ရွာလုံးကျွတ် ထွက်ပြေးနေရတာကတော့ နှစ်ရွာရှိတယ်။ အင်တိုင်းရွာနဲ့ ညောင်ပင်ကြီးစုရွာ တခြားရွာတွေကတော့ လူတိုင်းမပြေးသေးဘူး။ ကြိုပြီးတိမ်းရှောင်တဲ့ အနေအထားပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ရှိပြီး ညောင်ပင်ကြီးစုတွင် အများဆုံးတပ်ဆွဲနေထိုင်နေကြောင်းနှင့် လတ်တလော ထွက်ပြေးနေရသည့်ရွာများမှာ ညောင်ပင်ကြီးစု၊ အင်တိုင်း၊အင်းပတ်၊ ကံသစ်၊ ရုံးစုကျေးရွာ၊ မူးသာရွာနှင့်ရွာသစ်ကျေးရွာတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ အလားတူ ခင်ဦးမြို့နယ်တွင် စစ်ကြောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် … - [ဖားကန့်တွင် သူခိုးဟု ယူဆသည့် လူငယ် ၇ ဦးကို လက်နက်အဖွဲ့ တစ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2022/06/10/jun10-az2/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ် ၇ ဦးကို သူခိုးဟု ဆိုကာ လက်နက်ကိုင်ထားသည့် အဖွဲ့တစ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင်လည်း နောက်ထပ်တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။ ပထမဆုံး လူငယ် ၆ ဦးမှာ ဇွန်လ ၉ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့် လုံးခင်းကျေးရွာ ရပ်ကွက်(၁) နေအိမ်တစ်အိမ်တွင် ရှိနေစဉ် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဇွန်၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း တစ်ဦးထပ်မံ ဖမ်းဆီးခံရကြောင်း လုံးခင်း မှ အမျိုးသားတစ်ဦး က KNG သို့ ပြောသည်။ “သူတို့ဖမ်းခံတာရဟုတ်တယ် ဒါပေမယ့်သူတို့က သူခိုးတွေတဲ့ ဆေးသမားတွေတဲ့။ ဘယ်ဘက်က ဖမ်းတယ်ဆိုတာ မသိရသေးဘူး လိုက်နေတုန်း ဒီနေ့လည်း အေးမြသာယာထဲက တစ်ယောက်ပြန်ပါသွားတယ်။ မနေ့က ဖမ်းခံရတဲ့ကောင်တွေ ဖော်ကောင်လုပ်လို့နေမှာ”ဟု လုံးခင်းကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းခံရသည့် လူငယ်များမှာ အသက် ၂၀ – ၃၀ ဝန်းကျင်ဟု သိရပြီး ဖားကန့် မြို့မ ရပ်ကွက်မှ (၂) ဦး၊ လုံးခင်းရပ်ကွက် (၁) မှ သုံးဦး၊ လယ်ပြင်ကျေးရွာမှ တစ်ဦး ယနေ့ အေးမြသာယာရပ်ကွက်မှ တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။ ဖားကန့်တွင် ယခင်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဒေသတွင်း သူခိုးများကို အစုလိုက်ဖမ်းဆီးမှုဖြစ်စဉ် မကြာမကြာရှိခဲ့ဖူးကြောင်း အခြားဒေသခံတစ်ဦးက KNG သို့ ပြောသည်။ “အဲ့လိုမျိုးဖြစ်စဥ်ကတော့ … - [ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ထိခိုက်မှုနည်းပါးမည် ဗျူဟာကို စစ်ကောင်စီ ပြန်လည်ကျင့်သုံးနေ](https://burmese.kachinnews.com/2022/06/10/jun10-zm1/): ကသာမြို့နယ်တွင် မတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီ က ထိခိုက်မှု နည်းပါးမည့် စစ်ဆင်ရေးဗျူဟာပြောင်းပြီး စစ်ကြောင်းထိုး‌နေကြောင်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်သည် ရေကြောင်းအသုံးပြုကာ ကသာအထက်ဘက်သို့ စစ်အင်အား၊ လက်နက်၊ ရိက္ခာများ ပုံမှန်သယ်ယူပို့ဆောင်ရာ မြစ်ကမ်းတစ်လျှောက် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု မကြာခဏ ကြုံတွေ့ခဲ့ရသောကြောင့် လက်ရှိတွင် ဗျူဟာပြောင်းကာ ပြန်လည်လှုပ်ရှားနေသည်ကို တွေ့ရကြောင်း ကသာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူတို့က သင်္ဘော နဲ့ မန္တလေးက‌နေ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ တက်လာပြီးခါတိုင်းလို ဗန်းမော် ရောက်တဲ့ အထိ သင်္ဘောမတက်ဘူး။ မရောက်ခင် ကမ်းကပ်တဲ့အခါကျလို့ရှိရင် သူတို့ရဲ့အင်အားတွေကို ချထားခဲ့ပြီးမှ သင်္ဘောကြီးဘဲဆန်တက်တာ စစ်သားတွေကတော့ ကုန်းကြောင်းကနေပဲချီတက်တယ်” ဟု ကသာ မှ ပကဖ တာဝန်ရှိသူက ပြောသည်။ ကုန်ပစ္စည်းကိုသာ သင်္ဘောဖြင့်သယ်ယူပြီး စစ်အင်အားများကို ကုန်းကြောင်းဖြင့် ထိခိုက်မှု နည်းပါးစေမည့် ဗျူဟာကိုအသုံးပြုနေသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။ ထိုကဲ့သို့ မြစ်ကျောင်းနှင့် ကုန်းကြောင်းကို တစ်ပြိုင်နက် အသုံးပြုလာသည့်အတွက် မြစ်ကြောင်းတစ်‌လျှောက် ကျေးရွာများသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း ပစ္စည်းများဖျက်ဆီးခြင်း အရပ်သားပြည် သူများအား ဖမ်းဆီးစစ်ဆေးခြင်း ရိုက်နှက်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိ ရှိရသည်။ “ဟိုနေ့က ဆိုရင် မိုးတားလေးရွာအနီး တစ်ဝိုက်မှာ တော်တော်လေး မွေသွားတယ်။ လူတွေကိုလည်း ဖမ်းတယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ သူတို့သင်္ဘော မစုန် မချင်းရွာတွေ ပြေးနေရတယ်ဗျ အခုချိန်ထိလည်း မိုးတားလေး၊ … - [ကျင်းထဲပြုတ်ကျ သေဆုံးသွားသည့် မိသားစု ၃ ဦး ရုပ်အလောင်း နှင့် ကားရှာမတွေ့သေး](https://burmese.kachinnews.com/2022/06/10/jun10-az1/): ဖားကန့်မြို့ လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရသည်။ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ် ၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်သည်။ “အခြေအနေကတော့ မထူးသေးဘူးဗျ။ ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ကနေ ဖောင်ကနေ ချတာ နှစ်ပေ သုံးပေလောက်ပဲပိုတယ်။ အလောင်းလည်းရှာမတွေ့သေးဘူး ပြုတ်ကျသွားတဲ့ကားလည်းမတွေ့သေးဘူး” ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဆိုသည်။ လတ်တလောတွင် ရှာဖွေရေး လုပ်ငန်းများကို မှော်မောင်းလျှံ ကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းသားမှ ဝန်ထမ်းများနှင့် ပရဟိတ အသင်းများက ရှာဖွေရေး လုပ်နေကြောင်း သိရသည်။ ယင်း မိသားစုမှာ မှော်မောင်းလျှံ အကျိုးတူ ကုမ္ပဏီမှ စာရေးမိသားစုဟု သိရပြီး စီးနင်လာသည့်ကားမှာ ပါဂျဲရိုကား အမျိုးအစားဖြစ်ကြောင်း သိရသည်။ - [မိုင်းနောင် ကျေးရွာအနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2022/06/10/jun10-yl1/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ နေလည် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ လုံးတုန်ဘက်မှ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့် ခြေကျင်ဖြင့် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း KIA တပ်ရင်း ၂၆ နယ်မြေအတွင်းကို ဝင်ရောက်လာသဖြင့် လမ်းခုလပ်တစ်နေရာတွင် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ၁ နာရီခန့်အကြာ နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု KIA တပ်ရင်း ၂၆ ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မိုင်းနောင်ရွာအပြင်ဘက် ကျမယ်။ ရွာကနေဆို ၃ မိုင်လောက်ရှိမယ်။ စစ်သားတွေက ဒီတိုင်း လမ်းဖြတ်လာတာ မဟုတ်ဘူး။ ကျနော်တို့ စခန်းရှိတဲ့ဘက်ကို ခြေလျင်နဲ့ ထိုးစစ်ဝင်လာတယ်။ အင်အားက တစ်ရာ မပြည့်ဘူး။ သူတို့ပုံမှန်သွားတဲ့လမ်း မဟုတ်ဘူးလေ။” ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ နှစ်ဖက်တပ် နောက်ဆုတ်ခြင်းမရှိသေးဘဲ အပြန်အလှန်စောင့်ကြည့်သော အခြေအနေတွင် ဆက်လက်ရှိနေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိနိုင်ကြောင်း သူက ဆက်ဆိုထားသည်။ ပြီးခဲ့သောအပတ်တွင် ဖားကန့်ဘက် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နမ့်မတေး နှင့် နန့်မွန်း စသည့် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ခဲ့သည်။ - [ခိုမုန်း နမ့်ဖတ်ကာကြား စစ်ကောင်စီ နှင့် KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2022/06/10/jun10-sm1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြားတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇွန်လ ၉ ရက်နေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်း နှင့် ဒေသခံများထံမှ သိရသည်။ “တစ်နေကုန်နီးပါးပဲ။ မနက် ၉ နာရီကနေ ညနေပိုင်း ၁ နာရီ ကျော်လောက်ထိပဲ။ လက်နက်ကြီးလည်း တော်တော်ပစ်တယ်။ စစ်တပ်ဘက်က ၄ ယောက်လောက်ဒဏ်ရာ ရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ ၁ ဦး က ပြောသည်။ ခိုမုန်းရွာမှ နမ့်ဖတ်ကာရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ စစ်ကြောင်းတစ်ခုကို KIA တပ်မဟာ ၆၊ တပ်ရင်း ၉ တို့မှ စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု လမ်းမပေါ်တွင်လည်း ယမန်နေ့ ညနေပိုင်းအထိ စစ်ကောင်စီကားများ လှုပ်ရှားသွားလာနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။ မူဆယ်ခရိုင်တွင် လတ်တလော စစ်ကောင်စီ နှင့် တိုင်းရင်သားတော်လှန်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။ - [ကချင်တွင် မေလအတွင်း ကိုဗစ် ကူးစက်သူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာန ဖော်ပြထား](https://burmese.kachinnews.com/2022/06/10/jun10-lp1/): ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အသင့်သင့်ရှိခဲ့သော်လည်း မေလတွင်မူ ကူးစက်သူ နှင့် သေဆုံးသူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ လေ့လာတွေ့ရှိရသည်။ ကချင်ပြည်နယ် မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် ဇန်နဝါရီလ မှ ဧပြီလထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ စုစုပေါင်း ၆၀၅၇ ဦး နှင့် သေဆုံးသူ ၆ ဦး ထိရှိခဲ့သော်လည်း မေလ တစ်လလုံး၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူမှာ မြစ်ကြီးနားမြို့နယ်တွင် ၂ ဦးသာ ထပ်တိုးခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါစာရင်းများသည် စစ်တပ်အောက် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြား မြို့နယ်ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ မေလ အထိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ (၂၀၁၂) ဦးနှင့် သေဆုံး (၂) ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ (၅၀၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ (၁၄၃) ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် (၁၅၆) ဦးနှင့် သေဆုံး (၁) ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ (၁၉) … - [ဆင်ဖြူရှင် တံတား ဂိတ်စခန်းကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ရဲနှင့်စစ်သားများ သေဆုံး](https://burmese.kachinnews.com/2022/06/09/jun9-sm2/): စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ကြားရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဆားလင်းကြီး (Salingyi Special Task Force) မှ သိရသည်။ အဆိုပါ ဂိတ်စခန်းသည် ဒေသခံပြည်သူများကို ငွေကြေးတောင်းခံခြင်း၊ မတရားစစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများနှင့် ပူးပေါင်းရန် သတိပေးခဲ့သော်လည်း ပူးပေါင်းခြင်းမရှိသဖြင့် ဆားလင်းကြီး (Salingyi Special Task Force)နှင့် မဟာမိတ်(၃)ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု Salingyi Special Task Force မှ ကို ဖိုးဇေက ပြောသည်။ “ကျနော်တို့က ပြည်သူတွေကို ပူးပေါင်းဖို့အစတည်းက ကြေညာထားပြီးသားဗျ။ အဲ့မှာသူတို့က ပြည်သူတွေနဲ့ မပူးပေါင်းတာရော၊ ပြည်သူတွေအပေါ်ညှဥ်းပန်းနှိပ်စက်တာတွေရှိတာရော နောက်ပြီး ပြည်သူတွေပေါ်အခွန်တွေဆို ဆက်ကြေးပုံစံမျိုးကောက်တာပေါ့နော်။ အဓိကကတော့ ပြည်သူတွေနဲ့မပူးပေါင်းလို့ပေါ့ ဒါ့ကြောင့် ကျနော်တို့ တိုက်ပွဲဖော်ဆောင်ဖို့ အစီစဥ်ဆွဲခဲ့တာဗျ။ သုံးကောင်သေတယ် တစ်ကောင်ကိုတော့အရှင်ဖမ်းမိတယ်” ဟု ၄င်းက ဆိုသည်။ ဖမ်းမိသည့် ရဲကို လက်ရှိတွင် အချုပ်ထည့်ဖမ်းဆီးထားပြီး NUG အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ချိတ်ဆက်ကာ အရေးယူမှု လုပ်ဆောင်သွားမည်ဟု သူက ဆက်ပြောသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှလည်း ထိခိုက်မူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထိုဂိတ်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅ ယောက်ခန့်ရှိကြောင်း သိရသည်။ “ကျနော်တို့ကအလစ်အငိုက်ဝင်တိုက်ခဲ့တဲ့ပုံစံဆိုတော့ ပစ်အားအင်အားသာတာကြောင့် တော်တော်လေး လွှမ်းမိုးခဲ့တယ်။ ပြီးတော့ကျန်တဲ့သူတွေက ထွက်ပြေးသွားကြတယ်” … - [ထင်းစည်းချိုး သားအဖ သုံးယောက်ရုပ်တုကို KSCM အဖွဲ့မှ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/06/09/jun9-az2/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ နယ်မြေရှိ ‘အဖိုးအိုနှင့် သားသုံးယောက်’ ထင်းစည်းချိုး ရုပ်ထုကို KSCM က မီးရှို့ဖျက်ဆီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်ည ၈နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး စည်းလုံးမူကိုဖော်ဆောင်သည့် အဆိုပါရုပ်ထုသည် စစ်တပ်၏ အတုအယောင် ဝါဒဖြန့်ရာတွင်သုံးသည့် အရာဖြစ်သည့်အတွက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KSCM မှ တာဝန်ရှိသူကပြောသည်။ “ဒီနေရာကို ဘာလို့လုပ်တာလဲဆိုရင် လက်တွေ့မှာစစ်တပ်ရဲ့ ဝါဒဖြန့်တဲ့နေရာမှာအသုံးပြုနေတဲ့‌ နေရာတွေမှာသုံးနေ‌တဲ့ အတုအယောင်ဖြစ်တယ်။ ဂျင်းထည့်ခံနေရတဲ့သမိုင်းတွေကိုမြင်ဖို့ စည်းလုံးမူမရှိတာကို ပြချင်တဲ့အတွက် ဒီနေရာကို လုပ်ခဲ့တာဖြစ်တယ် Kachin State Civilian Movement သပိတ်ကော်မတီမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ယနေ့ကျရောက်သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၁၁ နှစ်ပြည့်သည့်နေ့တွင် စစ်ရှောင်အရေးကို ပိုမို အလေးပေးကြဖို့နှင့် စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြဖို့အတွက် ရည်ရွယ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ အလားတူ ယင်းဆန္ဒထုတ် ဖော်ခဲ့မှုနဲ့ပတ်သက်ပြီး KSCM သပိတ်ကော်အတီ၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း”တကျော့ပြန်ကချင်စစ်ပွဲကြောင့် ခံစားနေရတဲ့စစ်ရှောင်တွေ၊ မတရားမှုကြောင့် အသက်စတေးခဲ့ရတဲ့ ပြည်သူတွေကို အောက်မေ့သတိရလျက်။တော်လှန်ရေးကြာရှည်လာသည်နှင့် အမျှ စည်းလုံးမှု အားနည်းလာသော ပြည်သူတွေအနေဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ရန်၊ Boycott, social punishment များဆက်လက်ပြုလုပ်ရန်၊ CDM များအားဆက်လက်ကူညီရန်နှင့် CDM ဝင်ရောက်လာရန် ဓမ္မဘက်ရပ်တည်ကြရန်”ရုပ်ထုကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရေးသားထုတ်ဖော်ထားသည်။ “အဓိကတော့ စည်းလုံးညီ ညွတ်မှုအားနည်းလာလို့ စည်းလုံးညီညွတ်မှုရှိလာစေဖို့သတိပေးလုပ်ဆောင်တဲ့သဘောပဲ။ ပြီးတော့ဒီရုပ်တုက တိုင်းရင်းသားတွေကို စည်းလုံးညီညွတ်ရေးဆိုတဲ့ အယောင်ကိုနှစ်ပေါင်းများစွာအယုံသွင်းခဲ့တယ်။ စည်းလုံးညီညွတ်မှု ဆိုတဲ့သင်ခန်းစာဆို နိုင်ငံရေးအတွက်အသုံးချခဲ့တဲ့ ရုပ်ထုကိုအလိုမရှိလို့ မီးရှို့ဆန္ဒ ထုတ်ဖော်ကြတာပေါ့”ဟု မြစ်ကြီးနားမှ … - [လသားအရွယ် ကာကွယ်ဆေးထိုးပြီး ပြန်လာသော မိသားစုဝင် ၃ ဦး ကား ကျင်းထဲ ပြုတ်ကျ သေဆုံး](https://burmese.kachinnews.com/2022/06/09/jun9-az1/): ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ် ကလေးကို ကာကွယ် ဆေးသွားထိုး၍အပြန်တွင် အေးမြသာယာ အနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကားဘရိတ်ပေါက်၍ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။ “အရင်တုန်းက လုပ်ကွက်ဟောင်းပေါ့ ပေငါးရာလောက်ကတော့အနည်းဆုံးမြင့်တယ်။ အဲ့မှာဘရိတ်ပေါက်ပြီးမှ လမ်းဘေးကဟာတိုက်မိပြီးအဲ့ကန်ထဲမှာ ပြုကျသွားတာ မိသားစုသုံးယောက်လုံးတစ်ယောက်မှ မကျန်တော့ဘူး။ အလောင်းကတော့ ခါတိုင်းအတွေ့ကြုံရှိတဲ့ ရေငုတ်ပစ္စည်းတွေအပြည့်အစုံနဲ့ငုတ်ရှာရမှာဆိုတော့ ရှာမယ့်သူ စောင့်နေတုန်းပဲ။ အလောင်းမဖော်သေးဘူး ခုတော့”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ရန် ရောက်နေသည့် အမျိူးသားတစ်ဦးက ပြောသည်။ မိသားစုဝင်သုံးဦးသည် မှော်မောင်းလျှံ အကျိူးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစုဝင်ဖြစ်ပြီး ကိုယ်ရေးအချက်အလက် များကို အတည်ပြုနေဆဲ ဖြစ်ကြောင်း သူကဆက်ပြောသည်။ “ကားက ပါဂျဲရိုကားတဲ့ ပြုတ်ကျသွားတာက သူတို့လိုပဲ ကာကွယ်ဆေးသွားထိုးတဲ့ကားတစ်စီးက တွေ့လိုက်တာ သူတို့ရှေ့မှာ တင်ပြုတ်ကျသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ လတ်တလောတွင် ရုပ်အလောင်များဖော်ထုတ်နိုင်ရေးအတွက် လူမှုကူညီရေးအသင်းများ၊ ဒေသခံများက လုပ်ဆောင်နေဆဲဖြစ်ပြီး နောက်ထပ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။ - [ကနီ တွင် တစ်လအတွင်း လူနေအိမ်တစ်ထောင် ကျော်မီးရှို့ခံရပြီး ပြည်သူ ၇ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/08/jun8-az2/): စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်လအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး အရပ်သားပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ကနီ တွင် မေလ ၁၀ ရက်နေ့ မှ ဇွန်လ ၅ရက်နေ့အထိ ရက်ပေါင်း ၂၇ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းများသည် ရွာပေါင်း ၁၅ ရွာမှ လူနေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခဲ့ကြောင်း ကနီဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ကျွန်တော်တို့ ကနီမှာတော့ လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူတွေတော့ မရှိတော့ဘူး။ သို့သော် ကနီမြို့နယ်မှာက စစ်ကြောင်းထိုးခဲ့တဲ့ ၂၇ ရက်တာအတွင်းမှာ နေအိမ်ပေါင်း ၁၀၅၃ လုံးမီးလောင် ပျက်စီးခဲ့တယ်။ အဲ့တွက်ကြောင့် စစ်ဘေးရှောင်မရှိတော့ပေမယ့် မီးဘေးသင့် ပြည်သူတွေကတော့ ခိုကိုးရာမဲ့ဖြစ်နေဆဲပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် ဒေသခံများမှာ အထက်ကင်းရွာမှ အမျိုးသားတစ်ဦး၊ ကင်းတောင် ရွာမှ အမျိုးသားတစ်ဦး၊ တဇယ်ချောင်ရွာမှ အမျိုးသားလေးဦး နှင့် ဒေါင်းခြံ ရွာမှ အမျိုးသားတစ်ဦး စုစုပေါင်း ၇ ဦးဖြစ်သည်။ ထိုအထဲ တဇယ်ချောင်ရွာမှ အသက် ၁၇ နှစ်အရွယ် ယောကျာ်လေးတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။ “အထက်ကင်းရွာက သတ်ခံရတဲ့ဟာဆိုရင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကြိုးသုတ်ရိုက်နက်ပြီး ခြေလက်တွေ ဖြတ်ပြီးသတ်သွားတယ်။ ကင်းနောင်ရွာကလည်းထို့နည်းတူပဲသတ်ခံရတယ်။ နောက်သန္ဓေချောင်ရွာကလေးဦးကတော့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ပြီး ချောက်ထဲကိုတွန်းချခဲ့တယ်။ ဒေါင်းခြံရွာက ဖြစ်စဥ်ကတော့သတ်ပြီးမှ မီးရှို့ဖျက်ဆီးခဲ့တယ်”ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် အဓိကမီးရှို့သွားသည့်ကျေးရွာများမှာ ချင်းတွင်းမြစ်ကမ်းဝဲယာတစ်လျှောက်ရှိနေအိမ်များနှင့် PDFများရှိသည်ဟု … - [မန္တလေး-မုံရွာ လမ်းမပေါ် စစ်ကောင်စီတပ် ကား ၂ စီးတိုက်ခိုက်ခံရပြီး အရာရှိ နှင့် စစ်သား ၃ ဦး သေဆုံး](https://burmese.kachinnews.com/2022/06/08/jun8-sm2/): စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းမကြီး၊ ချောင်းဦးမြို့ နှင့် မြင်းမူမြို့အကြားတွင် ဇွန်လ ၇ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် Prado အနက်ရောင်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း FRF (CHU) အဖွဲ့ထံမှ သိရသည်။ အရာရှိကား ၂ စီး အင်အား ၂၀ ခန့်ဖြင့် မန္တလေးဘက်မှ ထွက်ခွာလာ‌ကြောင်း ကြိုတင် သတင်းရရှိမူကြောင့် Farmer Revolution Force FRF (CHU)၊ မြောင်မြို့နယ်တော်လှန်ရေး (MRA) နှင့် ဗန္ဓုလညီနောင် တော်လှန်ရေးအင်အားစုများမှ ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ ၁ ဦး နှင့် စစ်သား ၃ ဦး သေဆုံးကြောင်း FRF (CHU) တာဝန်ရှိသူတစ်ဦး က ဆိုသည်။ “ကျနော်တို့ သတင်းက လုံးဝကို သေချာတဲ့သတင်းရှိတယ်ဗျာ။ သတင်းရလို့ အဆင်သင့်ရယ်ဒီလုပ်ပြီး ဆော်လိုက်တာ (၄) ယောက် သေဆုံးသွားတယ်။ (၃) ယောက် ဒဏ်ရာရသွားတယ် အရာရှိကတော့ တစ်ဦးပဲ ကျန်တာကတော့ ရိုးရိုးစစ်သားတွေဗျ” ဟု ဆိုသည်။ သေဆုံးသွားသည့် စစ်ကောင်စီတပ်၏ အလောင်းများကို စစ်‌ကောင်စီမှ ပြန်ကောက်သွားပြီး သေဆုံးသူစာရင်းကို မြေပြင် စောင့်ကြည့်အဖွဲ့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ တော်လှန်ရေးတပ်ပေါင်းစုများသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များ တပ်စွဲထားသည့်ရွာကို ဝေဟင်မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီနှင့်ပျူစောထီး ၁၈ ယောက်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် … - [ရေဦးတွင် မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာ](https://burmese.kachinnews.com/2022/06/08/jun8-az1/): စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာကျေးရွာကို မီးတင်ရှို့၍ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် စစ်ကောင်စီ တပ်ဘက်က အထိနာခဲ့ကြောင်း သိရသည်။ စစ်အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့က ချမ်းသာကျေးရွာမှ လူနေအိမ် တစ်ရာကျော်ကို မီးတင်ရှို့ခဲ့ရာ ယနေ့နံနက်ပိုင်း ချမ်းသာကျေးရွာမှ ထွက်လာပြီး ရေဦးဘက်သို့ပြန်လှည့် လာစဉ် ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ Freedom Revolution Force (FRF)တပ်ဖွဲ့၊ DRPA တပ်ဖွဲ့ နှင့် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နံနက် ၇နာရီအချိန်တွင် မိဿရွာနှင့် ညောင်လှမူးဆုံရွာကြားတွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ “အဲ့စစ်ကြောင်းက မနေ့ညက ချမ်းသာရွာကိုမီးရှို့ပြီးမှ ဒီနေ့မနက်လေးနာရီလောက်မှာ ထွက်ခဲ့ကြတာ ချမ်းသာရွာ ကနေပြီးတော့ အဲ့တာကိုကျွန်တော်တို့က လမ်းတစ်ဝိုက်ကနေစောင့်ကြိုပြီးတော့ တိုက်ခိုက်တာပေါ့ဗျာ ကျွန်တော် တို့ပစ်တဲ့လက်နက်ကြီးကောင်းကောင်းသူတို့ရဲ့အလယ်ထဲကိုကျသွားတယ် နောက်လက်နက်ငယ်တွေနဲ့ကျွန်တော် တို့လည်းပစ်တယ် သူတို့လည်းပစ်တယ် သူတို့ဘက်ကတော့သတင်းကြားရတာ စစ်သာအယောက် ၂၀ လောက်ကို တင်သွားတယ်လို့ကြားရတယ် ၂၀ လောက်ကိုဒဏ်ရာရတယ်ဆိုတော့ သေဆုံးကတော့ရှိနိုင်တယ် ဘယ်လောက်ဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက် က ထိခိုက်သေးဆုံးမှု ရှိခဲ့သော်လည်း ပြည်သူ့ကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။ လူနေအိမ် ၃၀၀ နီးပါးရှိသည့် ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က မေလ တွင်လည်း တစ်ကြိမ်မီးရှို့ခဲ့ရာ လူနေအိမ် ၂၁ … - [ဖမ်းဆီးခံရသော ပြည်သူ ၂ ဦး နှင့် PDF ၈ ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/08/jun8-sm1/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောကျောင်းကြီးတွင် ယမန်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်က ဖမ်းဆီးခံခဲ့ရသည့် PDF တပ်ဖွဲ့ဝင် ၈ ဦး နှင့် ပြည်သူ ၂ ဦး အသတ်ခံလိုက်ရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် တောကျောင်းကြီးရွာသို့ စျေးဝယ်ရန်အသွား ပျူစောထီးနှင့် စကစများ မှ ခြေရာခံလိုက်ကာ စျေးဝယ်၍ ပြန်လာသည့်အချိန်တွင် ကားနှစ်စီးဖြင့် ညှပ်ကာ ဖမ်ဆီးသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ “စျေးသွားဝယ်တာကို ပြန်လာတဲ့အချိန်မှာ ဟိုကောင်တွေက သတင်းကြိုရနေတာပေါ့လေ။ သတင်းပေါက်သွားတာပေါ့ စျေးသွားဝယ်ပြီး ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ခြေရာခံလိုက်လာတယ်။ ပြီးတော့ ရှေ့ကနေ သူတို့က ကားနှစ်စီးနဲ့ပိတ်ပြီးနောက်ကကောင်တွေနဲ့ညှပ်ပြီး ဖမ်းလိုက်တာဗျ။ မနေ့ညတော့ ၈ယောက်သေပြီလို့ ကြားရတယ်” လို့ ပြောသည်။ အသတ်ခံရသူ ၈ ဦးမှာ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ထောက်ပို့ရဲဘော်များ ဖြစ်ကြသည်။ “ဖမ်းခံရတာက ၈ ယောက်လို့သိရတယ်။ ဘေးမှာသခွားခင်းလုပ်နေတဲ့ ၂ယောက်ရောပါသွားတယ်ဆိုတော့ ၁၀ ယောက်ပေါ့ ဖမ်းခေါ်သွားတဲ့ထဲက (၈) ယောက် ကတော့ကျသွားပြီလို့ သိရတယ်။ ကျဆုံးသွားတဲ့သူအားလုံးကတော့ ရဲဘော်လို့ပြောရမှာပေါ့ ထောက်ပို့ပါ” ဟု ရှေ့တန်း သတင်းရင်းမြစ်တာဝန်ရှိသူက ပြောသည်။ ယခုလို ဖမ်းဆီးသတ်ဖြတ်မှုများကို ချောင်းဦးမြို့နယ် ကံကြီးကုန်ရွာမှ ပျူစောထီးအဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ - [တိုက်ပွဲ နှင့် ကိုဗစ်ကြား က တရုတ် နယ်စပ် စစ်ရှောင်များ၏ လူမှုဘဝ စိုးရိမ်မှုများ](https://burmese.kachinnews.com/2022/06/08/bs/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီတပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တို့အကြား ၂၀၂၁ ဇွန်လကစ ကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတာကြောင့် ဒေသခံ ပြည်သူများ အစားအသောက် ရိက္ခာတွေ ခက်ခဲကြပ်တည်း လာကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။ “အခက်အခဲကတော့ အသက်ဆက်ရှင်ဖို့ အရမ်းခက်လာတယ်။ စားဖို့သောက်ဖို့ တချို့တွေက ဆန်ပြုတ်ပဲ စားရမယ့် အခြေအနေဖြစ်နေပြီ။ ခု ကြာလေလေ ပြောင်းဖူး၊ ကြံတွေလည်း မခုတ်ရဘူး။ ပြောင်းဖူးလည်း သွားမချိုးရ ဆိုတော့ နောက်နှစ်ဆို ပိုပြီးခက်ခဲလာဖို့ပဲရှိတယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ အဲဒီ ဒေသမှာရှိနေတဲ့ တောင်သူ လယ်သမားတွေကို ပေါက်ကွဲ တတ်တဲ့စစ်လက်ကျန် လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေ လယ်၊ ယာခင်း တွေမှာ ရှိတယ်ဆိုပြီး စစ်တပ်က တား မြစ်ထားတာပါ။ ကိုးကန့် အုပ်ချုပ်မှု အောက်က နေရာတွေမှာတော့ ကိုဗစ် Zero Zone ဖြစ်စေရန် ကိုဗစ် အကြောင်းပြချက်နဲ့ ဝင်ထွက် သွား လာဖို့ ပိတ်ပင်ထားပါတယ်။ ဒေသခံတွေက အရင်နှစ် စုဆောင်း သိုလှောင်ထားတဲ့ စပါး အနည်းငယ်နဲ့ မနှစ်တုန်းက ကြံတွေ ခုတ်ရောင်းထားတဲ့ ငွေအနည်းငယ်သာ ချွေတာသုံးကာ အခက်အခဲ ဖြေရှင်းနေရပြီး အသုံးစရိတ်နဲ့ ဆန်စပါးတွေ ကုန်လာလို့ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။  ဒီနှစ်က ဘာမှ စိုက်ပျိုးနိုင်ခြင်း မရှိတာကြောင့် … - [ယုဇန သိမ်းဆည်း မြေယာများကို ၂၀၂၃ တွင် ဒေသခံများကို ပြန်လည် ခွဲဝေပေးရန် စီစဉ်နေ](https://burmese.kachinnews.com/2022/06/08/jun8-yl1/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းဆည်းထားသည့် ယခင် ယုဇနကုမ္ပဏီ ပိုင်ဆိုင်ခဲ့သောမြေယာများကို လာမည့် ၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူများကို လယ်ယာမြေအဖြစ် ခွဲဝေပေးရန် စတင်စီစဉ်နေပြီဟု သိရသည်။ ယခင်ယုဇနကုမ္ပဏီထံမှ KIO သိမ်းယူခဲ့သော တစ်နှစ်ပြည့် လွန်ခဲ့သည့် ဧပြီလတွင် ဟူးကောင်းဒေသ ကျေရွာအလိုက် လယ်ယာခွဲဝေရေးကော်မတီများဖွဲ့ကို KIO ဦးဆောင်ကာစတင်ဖွဲ့စည်းထားပြီး ဒေသခံ အိမ်ထောင်စုတစ်ခုတွင် မြေ ၅ ဧကနှုန်းဖြင့် ခွဲဝေပေးရန် စီစဉ်နေပြီဟု နောင်းမီကျေးရွာလယ်ယာမြေခွဲဝေရေး ကော်မတီဝင်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။ “လာမယ့် နှစ်မှာ ယုဇနကုမ္ပဏီကို မောင်းထုတ်လိုက်တဲ့နောက် ကျန်နေတဲ့ မြေယာတွေကို ခွဲဝေပေးဖို့ဖြစ်တယ်။ ဒီနှစ်မှာတော့ မလုပ်နိုင်တော့ဘူး။ တစ်ချို့က ယုဇနကုမ္ပဏီထွက်သွားတာနဲ့ အဲ့မြေနေရာမှာ လယ်ယာလာလုပ်ထားတဲ့နေရာတွရှိနေတယ်။ သူတို့သိမ်းယူလိုက်ပြီးမှ မြေယာတွေပြန်ယူမယ်။ ပြီးရင် ကော်မတီဖွဲ့ပေးထားတာလည်းမကြာသေးဘူး။ အားလုံးပြီးမှသာ ခွဲဝေရေးတွေ စဖို့ KIO က ပြောဆိုထားတယ်” ဟု ပြောဆိုသည်။ KIO မှ လယ်ယာမြေခွဲဝေရာတွင် ယခင်ယုဇနကုမ္ပဏီကြောင့် မြေယာသိမ်းဆည်းခံရပြီး လုပ်ကိုင်စားသောက်ရန်မြေမရှိသူများ နှင့် ဟူးကောင်းဒေသစစ်ပွဲကြောင့် လက်ရှိ လီဒိုလမ်းမပေါ် စစ်ရှောင်တွင်ခိုလှုံနေသူများကို ဦးစားပေး ခွဲဝေသွားရန်ရှိသည်ဟု သိရသည်။ တနိုင်း လီဒိုလမ်းမပေါ် နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ နမ့်မဖြစ်၊ ကောင်ရာ ၊ တိန်းကောက်အပါအဝင် ကျေးရွာ စုစုပေါင်း ၂၅ ခုမှ မြေယာများကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်မှ စတင်ကာ ယုဇနကုမ္ပဏီသိမ်းပိုက်ခဲ့သည့်။ သို့သော် … - [ကသာ ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိ](https://burmese.kachinnews.com/2022/06/07/june-7-z/): မိုးတားလေး ဆိပ်ကမ်းမှ ကသာမြို့ဘက်သို့ စုန်ဆင်းထွက်ခွာလာသည့် ​စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘော ၃ စီး သည် ယနေ့ ညနေပိုင်း နှစ်နေရာ ဆက်တိုက်တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်မှ သိရသည်။ အဆိုပါသင်္ဘောသုံးစီးကို မွန်းလွဲပိုင်း ၃ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရေနီရွာနှင့် ဝဲကြီးရွာကြားတွင် ရှော့တိုက်ဒုန်း ၃ လုံးဖြင့် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် KPDF နှင့် အရိပ်မဲ့ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အဝင် နလယ်အင်းရွာအနီးတွင် တစ်ကြိမ် ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ အထိနာကာ ကသာမြို့ သဖန်းဆိပ်ကမ်းတွင် လူနာတင်ယာဉ်များဖြင့် သယ်ယူနေကြကြောင်း PDF များဖြင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ “သင်္ဘောသုံးစီးမှာ အနောက်ဆုံးအစီးရဲ့ ခေါင်းပိုင်းကို ရှော့ဒုန်းသုံးလုံး ထိမှန်သွားတယ်။ မီးခိုးတွေအူပြီး သင်္ဘောလည်ထွက်သွားတယ် အထွက်နားလေးမှာ တစ်ကြိမ် ကသာမြို့အဝင်မှာ တစ်ကြိမ် နှစ်ကြိမ်ပစ်ခတ်ခံရတော့ အထိနာလို့ ခုကသာဆိပ်ကမ်းမှာ လူနာတင်ယာဉ်ရောရော စစ်ကားနဲ့ပါ မြို့ထဲ သယ်ယူနေကြပြီ ” ဟု ဆိုသည်။ တိုက်ခိုက်ခံရသော သင်္ဘောသည် ညနေ ၅ နာရီခန့်တွင် ကသာမြို့ သဖန်းကိုင်းဆိပ်သို့ ဆိုက်ကပ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများကို သင်္ဘောပေါ်မှ လူနာတင်ကား ၄ စီးဖြင့် သယ်ယူနေကြကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။ ” သင်္ဘောမဆိုက်ခင် မနက်ကတည်းက သူတို့လမ်းတွေပိတ်ထားတယ်။ အခုသင်္ဘောဆိုက်တော့ လူနာတင်ယာဥ်တွေနဲ့ သူတို့သယ်နေတာ တွေ့ရတယ် သေဆုံးသူတင်တဲ့ နိဗ္ဗာန်ယာဥ်ဆိုတာတွေလည်းပါတယ် ” … - [မိုးမောက်တွင် အမျိုးသားတစ်ဦး မျှစ်ချိုးသွားစဉ် မိုင်းနင်းမိ၍ ခြေတစ်ဖက် ဖြတ်လိုက်ရ](https://burmese.kachinnews.com/2022/06/07/jun7-zm1/): ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာကျေးရွာမှ အမျိုးသားတစ်ဦး တောထဲသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်သည် ဇွန်လ ၅ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပြီး လုံဂျာကျေးရွာမှ ဦးအိုက်ခန့် ‘အသက် (၃၉) နှစ်သည် လုံဂျာတောင်ခြေသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိရာမှ ညာဘက်ခြေထောက်ဖြတ်ပစ်လိုက်ရကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “မိုင်းကဘယ်ဘက်ကဘယ်သူ ဘယ်ဝါထောင်ထားတာဆိုတာတော့မသိရဘူး။ သူကတောင်ပေါ်မှာ မျှစ်သွားချိုးရင်းနဲ့ဖြစ်ခဲ့တာတဲ့ သူပြောတဲ့ပုံစံအရဆိုရင်သူက မိုင်းနင်းမိပြီးမှသူတစ်ယောက်ထဲပြန်ဆင်းခဲ့တယ်။ ခြေမျက်စိအောက်ကနေပြတ်သွားတယ်။ သူမိုင်းနင်းမိတဲ့နေရာက ရွာကနေ ၄ မိုင်လောက်ဝေးတယ်လို့ပြောတယ်”ဟု ၎င်းနဲ့နီးစပ်သူအမျိူးသားတစ်ဦးက ပြောသည်။ လုံဂျာကျေးရွာသည် မိုးမောက်မြို့နဲ့ တစ်ဖာလုံခန့်ကွာဝေးပြီး လုံဂျာတောင်ခြေတွင်တည်ရှိသည်။ မိုင်းနင်းမိသည့် ယင်းအမျိုးသားသည် လတ်တလောဗန်းမော်မြို့ လေးမိုင်ရှိ စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။ မိုးမောက်မြို့နယ်တွင် ယခင်နှစ်ကလည်း ယခုကဲ့သို့ အရပ်သားပြည်သူ မိုင်းနင်းမိသည့် ဖြစ်စဉ် မကြာခဏရှိခဲ့ကြောင်း သိရပြီး ယခုနှစ်တွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။ - [မိုးကောင်းမြို့နယ် ထုံးရင်ပေါက် ကျေးရွာတွင် NLD ပါတီဝင် တစ်ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/07/jun7-az1/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရင်ပေါက်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် အမျိုးသားတစ်ဦး သတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အမျိူးသားမှာ ပင်းဘောကျေးရွာအနီးရှိ ထုံးရင်းပေါက်ကျေးရွာမှ အသက် ၃၀ ကျော်ဝန်းကျင်ရှိ NLD ပါတီဝင် ဦးအောင်ကိုဝင်း ဆိုသူဖြစ်ကာ ဇွန်လ ၅ရက်ည ၈နာရီခွဲအချိန်ခန့်တွင် သတ်ခံလိုက်ရကြောင်း ထုံးရင်ပေါက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ “သူက NLD အဖွဲ့ဝင်တစ်ယောက် ဟုတ်တယ် စစ်တပ်ဘက်က လူတွေက စစ်တပ်ထောက်ခံသူတွေက သတ်လိုက်တာလို့သိရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။ လုပ်ကြံ သတ်ဖြတ်သူများမှာ ပင်းဘောကျေးရွာမှ ပျူစောထီးခေါင်း ဆောင် ဦးကျော်မြင့်ဦးဆောင်သော ပြည့်ဖြိုးသန့်၊ ကျော် ကြီး၊ဇင်ကြီး၊ ဇော်မျိုးထွန်း၊ မင်းသာထက်၊ ဝိုင်းချစ်၊ ငထိုက်၊ ကိုထက်၊ ကိုရှမ်းလေး၊ မြောင်သုံးယောက်၊ မရည်ဝင်း၊ စိုးကြီး တို့ဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဖြစ်သည့် ဂလိုင်ချောင် စစ်ကြောင်းအဖွဲ့နှင့် Mohnyin Revolution အဖွဲ့တို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေငြာထားပြီး အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ယမန်နေ့ည ၉နာရီခွဲအချိန်ခန့်ကလည်း ထုံးရင်ပေါက်ကျေးရွာပြည်သူ့စစ်စခန်းမှ လက်နက်ကြီး ငါးချက်ခန့်နှင့် လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/06/06/jun6-az2/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာတွင် မပေါက်ကွဲပဲ ကျန်ရှိနေသည့် လက်နက်ကြီးတစ်လုံး ထပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။ မဲဇာရွာ ရပ်ကွက် ၆ ရှိ နေအိမ်ဝင်းတစ်ခုတွင် ကျခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲဘဲရှိနေခဲ့ရာ ယနေ့ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အိမ်ရှင်အမျိုးသမီးမှ ဖယ်ရှားရန်လုပ်နေစဉ်ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က KNG သို့ ပြောသည်။ “လက်နက်ကြီးကျည်အမျိုးအစားက 79 ကျည်အမျိုးစားလို့လည်း ပြောနေကြတယ်။ တံမြက်စည်းလှဲရာနေရင်းနဲ့ တွေ့လို့ ကောက်ပစ်မယ်လုပ်တဲ့အခါမှာ ပေါက်ကွဲပြီးမှသေ သွားတာ” ဟု ၎င်းက ပြောသည်။ လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီး မှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မလွေဆိုသူ ဖြစ်ပြီး မဲဇာ ရပ်ကွက် ၆ တွင် နေသူဖြစ်ကြောင်း သိရသည်။ ယခုပေါက်ကွဲခဲ့သည့် လက်နက်ကြီးသည် မဲဇာရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောသည်။ အင်းတော်မြို့နယ် မဲဇာရွာတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။ - [KIO အစိုးရ ပညာရေးဌာနအောက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာ](https://burmese.kachinnews.com/2022/06/06/jun6-lp1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသူ၊ကျောင်းသားများ၏ အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။ KIO ပညာရေးဌာန စာစစ်ဌာန ၉ နေရာမှ စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ကျောင်းသား စုစုပေါင်း ၂၁၉၂ ဦး ရှိသည့်အနက် ၁၆၈၀ ဦး စာမေးပွဲ အောင်မြင်ပြီး ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သည့် ကျောင်းသူ ၊ကျောင်းသား (၃၀၈) ဦး ပါဝင်ကြောင်း သိရပါသည်။ “ကျနော်တို့ ဂုဏ်ထူးထွက်တဲ့ကလေးတွေကို ၁ ဘာသာ ၅ သောင်းသတ်မှတ်ပြီး ဆုချီးမြင့်တယ်။ ဂုဏ်ထူးထွက်အောင် သင်ပြပေးတဲ့ ဆရာ ၊မတွေကို လည်း ၁ သိန်းစီ ချီးမြင့်တယ်။ ကလေးတွေ ဂုဏ်ထူးထွက်သူက ၃၀၈ ယောက်နဲ့ ဂုဏ်ထူးအရေအတွက်က ၅၂၁ ရှိတယ်” ဟု KIO အစိုးရ ဗဟို ပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ် က ပြောသည်။ အောင်မြင်သူများတွင် ၅ ဘာသာဂုဏ်ထူးရှင် ၅ ဦး ၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၁ ဦး ၊ ၂ ဘာသာဂုဏ်ထူးရှင် ၈၂ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၇၄ ဦး ရှိသည်။ KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် … - [ဆားလင်းကြီး မြို့မရဲစခန်းနှင့် အခြားနေရာများကို လက်နက်ကြီးဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2022/06/06/jun6-sm2/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့မရဲစခန်း နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်နေရာများကို ဒေသကာကွယ်ရေးတပ်ပေါင်းစု မှ ဇွန်လ၅ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် အကြိမ် ၁၂၀ ကျော် တိုက်ခိုက်ခဲ့သည်ဟု ဆားလင်းကြီး PDF က သတင်းထုတ်ပြန်သည်။ “ကျနော်တို့ mission ၅ ရက်နေ့ နေ့လည်လောက်ကစွဲတယ်။ စွဲပြီးတော့ ညနေ ၃နာရီလောက်မှာ သတင်းကပေါက်သွားတယ်။ မြို့ပေါ်မှာ သတင်းပေါက်သွားတော့ ကျနော့အဖွဲ့တွေလည်း ကျနော်ကပြောပြီးသားဆိုတော့ mission စ လုပ်တယ် တာဝေးပစ်ပဲ ရည်ရွယ်လိုက်တာပေါ့”ဟု ဖြစ်စဉ် ကို အဆိုပါ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောပြသည်။ အစီစဉ်ပေါက်ကြားသွားသောကြောင့် ရဲစခန်းတောင်ဘက်တွင် စစ်ကောင်စီက နေရာယူထားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ပေါင်းစုက မြောက်ဘက်မှ နေရာယူ ပစ်ခတ်ခဲ့ရာ ဗိုလ်လေးအဆင့် ၂ဦး အပါအဝင် ၅ ဦး ဒဏ်ရာရကြောင်း ဆားလင်းကြီး PDF မှ ရဲဘော်တစ်ဦးက KNG သို့ အတည်ပြု ပြောကြားသည်။ ထို့နောက် စစ်ကောင်စီဘက်ကလည်း ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဆားလင်းကြီး မြို့ပေါ်မီးသတ်ရုံးပေါ် ကျခဲ့သည်ဟု သူက ဆက်ပြောသည်။ အဆိုပါ မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် နေရာယူတပ်စွဲ ထားကြောင်းလည်း သိရသည်။ အဆိုပါစစ်ဆင်ရေးကို ဆားလင်းကြီး PDF ၊ ချင်းတွင်း ဂဠုန်ရာဇာ၊ BED ငညို လက်နက်ကြီးအဖွဲ့၊ ဆားလင်းကြီး GZ၊ One Star Task … - [ချောင်းဦးမြို့နယ် စစ်ကောင်စီတပ် နှင့် ပျုစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၈ဦးသေဆုံး](https://burmese.kachinnews.com/2022/06/06/jun6-sm1/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အချို့နှင့် ပျူစောထီးအဖွဲ့ကို ဇွန်လ ၅ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Farmer Revolution Force FRF(CHU) မှ သိရသည်။ ဒရုန်းဖြင့် တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုကာ ဆက်တိုက်ပစ်ခတ်ရာမှ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်း သေဆုံးကြောင်း CHU မှ တာဝန်ရှိသူက ပြောသည်။ “ဒရုန်းနဲ့တိုက်လိုက်တော့ သူတို့ဘက်က အင်အား၃၀ကျော်လောက်လိုက်လာပြီး တောက်လျှောက်ဆက်တိုက်ပစ်တာ မြေပြင်မှာထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့လည်း ပြေးရင်းလွှားရင်းတန်းလန်းနဲ့ မိုင်းတွေဆွဲလိုက်တယ်။ သူတို့ဘက်ကို တော်တော်ထိသွားတဲ့အခြေနေရှိတယ်။ ကျနော်တို့မျက်မြင်ကိုယ်တွေ့ သူတို့ဘက်ကရွာဘက်ကို အလောင်းတွေသယ်သွားကြတာ ၁၈ လောင်းလောက်ရှိတယ်” ဟု CHU မှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီဘက် ၁၈ဦးခန့် သေဆုံးခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှလည်း တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲအပြီး ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နယ်ငယ်များပစ်ဖောက်ကာ ချောင်းဦးမြို့နယ် တပါယ်အင်းရွာ သို့ ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၇၀ကျော်မီးရှို့ခံရ‌ ကြောင်း သိရသည်။ - [ကောလင်း NUG လက်အောက် မူလတန်းနှင့် အလယ်တန်ကျောင်းတွေအတွက် ဖတ်စာအုပ်တွေ လိုအပ်နေ](https://burmese.kachinnews.com/2022/06/06/jun6-az1/): စစ်ကိုင်းတိုင်ဒေသကြီး ကောလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသည့် အခြေခံပညာ စာသင်ကျောင်းများအတွက် မူလတန်းနှင့် အလယ်တန်းအဆင့် ဖတ်စာအုပ်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မေလ (၁၈ )ရက်နေ့မှ စတင်ကာ NUG လမ်းညွန်မှုဖြင့်မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာသင်ကျောင်းပေါင်း ၁၁၃ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး လတ်တလောတွင် ယင်းစာသင်ကျောင်းများအနက် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၀ ရာခိုင်နှုန်းခန့်အတွက် ဖတ်စာအုပ်များ အရေးပေါ် လိုအပ်နေကြောင်း ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာန သို့ပြော သည်။ “အဓိကတော့ ဖတ်စာအုပ်အရေးကြီးတယ် အခက်အခဲကတော့အတော်လေးကြုံနေရတယ်။ အဲ့ကိစ္စ ဖတ်စာအုပ်မလုံလောက်တော့တချို့က တွဲပြီးသင်ရတာပေါ့ နှစ်ယောက်တစ်အုပ် သုံးယောက်တစ်အုပ်အဲ့ လိုတွဲပြီးသင်နေရတယ် မူလတန်းနှင့်အလယ်တန်းကျောင်းသားကိုပဲ ၁၀၀၀၀ ကျော်တယ် မူလတန်းအဆင့် အတွက်ပိုပြီးလိုအပ်တယ်အထက်တန်းအဆင့်တွက်ကတော့ကျောင်းသားဦးရေနည်းတဲ့အတွက် မလိုအပ်ဘူး အဓိက မူလတန်းနှင့်အလယ်တန်းတွက်လိုအပ်နေတာ” ဟု ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူ ကပြောသည်။ အဓိကအားဖြင့် မြန်မာဖတ်စာအုပ်၊ အင်္ဂလိပ်ဖတ်စာအုပ်နှင့် သချ်ာဖတ်စာအုပ်လိုအပ်နေပြီး ထိုကဲ့သို့ လုံလောက်စွာမရှိသည့်အတွက် သင်ကြားရေးအပိုင်းတွင် နှောက်နှေးမှုများရှိနေကြောင်း သိရပါသည်။ ကောလင်းတွင် ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၁၁၃ ကျောင်းမှာ ကျေးရွာများတွင်သာ အဓိက အခြေပြု ဖွင့်လှစ်ထားပြီး စစ်ကောင်စီ ထိုးစစ်ကြောင့် ခက်ခက်ခဲခဲဖွင့်လှစ်သင်ကြားနေရသည့်အပြင် နောက်ထပ်ဖွင့် လှစ်အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “အဓိကတော့ရွာတွေ ဘက်ကိုပဲဖွင့်တယ်။ မြို့ပေါ်တွေကအခြေအနေစိုးရိမ်ရတယ်လေ။ အခုလေးစစ်ကြောင်းတွေထိုး နေတဲ့အတွက် တချို့ကျောင်းတွေရက်ပိုင်းလေးနားခိုင်းထားတယ်။ နားလိုက်သင်လိုက်ပေါ့ စစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျောက်က … - [အင်းတော်ကြီးတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/06/06/12877/): ဖားကန့် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းတစ်လျှောက် ၂နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၅ ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဖားကန့်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အဝင် ကချင်စုရပ်ကွက်အနီးတွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့က ၃ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု KIA ရှေ့တန်း တာဝန်ရှိသူ တစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။ “မနေ့က ဖြစ်တာက နန့်မွန်းမြို့အဝင်မှာ ဖြစ်တယ်။ အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးတော့မဟုတ်ဘူး။ မြို့အဝင်မှာ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ ၂ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ နောက် ၈ယောက်လောက်က ထိခိုက်သွားတာတွေ့ရတယ်။ ဖားကန့်ကနေ တပ်ချိန်းပြီး ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ မိုင်းခွဲပြီးနောက် ပြန်ဆုတ်သွားတယ်” ဟု ပြောဆိုသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ဖားကန့်မှ ဆင်းလာခဲ့သော အဖွဲ့ဖြစ်ပြီး ဇွန်လ ၄ရက်နေ့ နံနက်ကလည်း နမ့်မတေးနှင့် လွှဲမွန်ကြားတွင် မိုင်းဆွဲတိုက်ခံရကြောင်း သိရသည်။ နေရာ ၂ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် နန့်မွန်း … - [ရွှေကူစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2022/06/06/jun6-yl1/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဂေါ်ဂွေပါ Gau Gwi Pa အထက် ပန်ခေါန်ယန်(Pan Hkaw Yang )တဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပန်ခေါန်ယာန် (Pan Hkaw Yang) တွင်ရှိသော စစ်ကောင်စီတပ် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စခန်းကို KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ အဖွဲ့က သွားရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်းခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသနှင့် အချိတ်အဆက်ရှိသော မိုးညှင်းဒေသ KIA အရာရှိတစ်ဦးထံမှ သိရသည်။ “စစ်ကောင်စီရဲ့တပ်စခန်းကို သိမ်းလိုက်တယ်ဆိုတာမှန်ပါတယ်။ သိမ်းလိုက်ကြောင်း ကျနော်တို့ဆီကို စာပို့လာတယ်။ သူတို့ ပို့လာတဲ့စာထဲမှာက မနက်ပိုင်း သိမ်းလိုက်တယ်လို့ဘဲသိရတာ။ အခုသိမ်းတဲ့ စခန်းမှာက စစ်သားတွေ ၃၀ ဝန်းကျင်လောက်ဘဲရှိတယ်လို့ သိရတယ်။ အဆက်အသွယ်ခက်တော့ အသေးစိတ်အချက်အလက်ရဖို့က နည်းနည်းခက်ခဲတယ်” ဟု ပြောဆိုသည်။ အဆိုပါ တပ်စခန်းသည် ၂၀၁၄ ခုနှစ်ခန့်က KIA ထံမှ စစ်ကောင်စီတပ်ဖွဲ့ သိမ်းပိုက်လိုက်သော KIA တပ်ရင်း ၅ နေရာဟောင်းဖြစ်ပြီး Ga Hkyeng Bum ဒေသတွင် ပါဝင်သည်ဟု သိရသည်။ ဆက်သွယ်မှုခက်ခဲသော နေရာဖြစ်သောကြောင့် အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ - [မြစ်ဆုံမှာ စက်ယန္တရားဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2022/06/05/yl/): ကချင်ပြည်နယ် မြစ်ဆုံဒေသခံများမှ ဇွန်လ ၅ ရက်နေ့ကျရောက်သော World Environment Day အထိမ်းအမှတ်အဖြစ် မြစ်ဆုံအနီးတဝိုက် စက်ယန္တရားကြီးများဖြင့် အကြီးစားသယံဇာတတူးဖော်မှုများကို ရပ်တန့်ပေးရန် ယနေ့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံဒေသ တစ်လျှောက်တွင်ရှိသော ကျေးရွာ ၁၆ ခုမှ  အမျိုးသမီးများ ၁၀၀ ကျော်ခန့်က ဝိုင်းမော်မြို့နယ် ဟန်းဘူကျေးရွာ (Hang Bu Mare) ရွှေတူးဖော်လိုက်သည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု အစီစဉ် ဦးဆောင်သူတစ်ဦးက KNG သတင်းဌာန ကို ပြောဆိုသည်။ “မြစ်ဆုံဒေသဆိုတာ မြန်မာတစ်နိုင်ငံလုံးက ချစ်မြတ်နိုးကြတဲ့ အသက်သွေးကြောဖြစ်တယ်။ အဲ့ဒါကို စက်ယန္တရားကြီးတွေနဲ့ တူးဖော်ပေးလိုက်တယ်။ အခုလည်းတူးဖော်နေဆဲလည်းဖြစ်တယ်။ ဒါကို ကျနော်တို့က လုံးဝ မလိုလားဘူး။ အမြန်ရပ်တန့်ပေးကြဖို့ဖြစ်တယ်”ဟု ပြောဆိုသည်။ ဆန္ဒပြထုတ်ဖော်ရာတွင် သဘာ၀ပတ်၀န်းကျင် ဖျက်ဆီးခြင်း ၊ အကြီးစားသယံဇာတ တူးဖော်ခြင်း ၊ အကြီးစား စက်ယန္တရားဖြင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် စသော ကြွေးကြော်သံများဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဟန်းဘူကျေးရွာတွင် အမျိုးသမီးများက သစ်ပင်စိုက်သည့် လှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဆက်လက်သိရသည်။ ယနေ့ ကျရောက်သော World Environment Day တွင် ကချင်ဒေသအနှံတွင်လည်း သစ်ပင်စိုက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ - [World Environment Day အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့တွင် အပင်ပေါင်း ၂၀၀၀ ကျော် စိုက်ပျိုး](https://burmese.kachinnews.com/2022/06/04/world-environment-day-lp/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် World Environment Day အထိမ်းအမှတ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် အပင်အမျိုးအစား ၃၀ ကျော်နှင့် အပင်ပေါင်း ၂၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အသီးအနှံအပင်အမျိုးအစားနှင့် ပန်းပင်အမျိုးအစား ၂ မျိုးကို စိုက်ပျိုးခဲ့ပြီး အသီးအနှံပင်အမျိုးအစားကို အဓိကစိုက်ပျိုးခဲ့ကြောင်း KIO စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ပြောပါသည်။ “အသီးပင် ၊ ပန်းပင် အမျိုးပေါင်း ၃၀ ကို စိုက်တယ်။ မြစ်ကြီးနားကနေမှာထားတာတွေနဲ့ ကျနော်တို့ စိုက်ပျိုး ရေးနဲ့ မွေးမြူရေးကျောင်းက အပင်တွေကို ယူစိုက်တယ်။ အဓိကစိုက်တာတော့ အသီးအနှံပင်အမျိုးအစားကို ပိုစိုက်တယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောပါသည်။ စိုက်ပျိုးပင်များကို လိုင်ဇာမြို့ ၊ မုန်းဆန်ယန်ကျေးရွာတွင် လိုင်ဇာမြို့ ဒေသခံများ ၊ CDM ဆရာ ၊ဆရာမများ ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် KIO စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ လိုင်ဇာမြို့နေ ဒေသခံပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဇွန်လတွင် စုပေါင်းပြီး အပင်စိုက်ပျိုးခြင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်။ အပင်တွေကို မလိုအပ်ပဲနဲ့ မခုတ်ဖို့ ထိန်းသိမ်းတတ်ဖို့ လုပ်တယ်။ နှစ်တိုင်း တစ်ယောက်ကို အပင်တစ်ပင်စိုက်ရင် နှစ်တွေကြာရင် ကျနော်တို့ နိုင်ငံ စိမ်းလမ်းစိုပြေ လှပလာမှာ ဖြစ်တယ်။ အားလုံးကြိုးစားလုပ်ဆောင်ဖို့ … - [ခင်ဦး သာဂရကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သဖြင့် ဒေသခံ ၃၀၀၀ ထပ်မံ တိမ်းရှောင်](https://burmese.kachinnews.com/2022/06/04/jun4-zm1/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှီု့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၃ရက်နေ့ ညပိုင်းက အင်အား ၁၅၀ ကျော်ခန့်ဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သာဂရကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေပြီး ယနေ့နံနက် ၇ နာရီခန့်မှ စတင်ကာကျေးရွာအတွင်းရှိလူနေအိမ် များကိုစတင်မီးရှို့ဖျက်ဆီးနေပြီး လတ်တလော သာဂရကျေးရွာအပါအဝင် ကျေးရွာရွာ ၅ ရွာမှ ပြည်သူ သုံးထောင် ကျော်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီးယမ်းသမ်းပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။ “အင်အားက အတော်များတယ် ရေဦးက ကား ၇စီးအင်အားပါတယ်။ ခင်ဦးက ကား၂စီးအင်အားပါတယ်။ ပြီးတော့ အဲ့အနီးနားက ပျူစောထီးတွေလည်းပါတယ်။ မီးကတော့မနက် ၇နာရီခွဲလောက်မှာစရှို့တာ ဒေသခံတွေကတော့ မနေ့ညနေပိုင်းကတည်းကထွက်ပြေးရတာ။ အခုချိန်ထိမီးခိုးတွေက မြင်နေရတုန်း။ ဒေသခံတွေကခုချန်ထိရွာကို မကပ်နိုင်ကြသေးဘူး။ အဲ့ကြောင့်အိမ်ခြေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ မီးခိုးကတော့ ထွက်နေတုန်း” ဟု ဒေသခံတစ်ဦးက ပြောသည်။ သာဂရကျေးရွာသည် လူနေအိမ်ခြေ ၃၀၀ ကျော်ရှိပြီး အိမ်ခြေအရေအတွက်မည်မျှမီးရှို့ခံလိုက်ရသည်ကိုမှု စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်သည် ယမန်နေ့က သာဂရကျေးရွာအတွင်းသို့ဝင်ရောက်စဉ် လက်နက်ကြီးယမ်းသမ်းပစ်ခတ်ခဲ့သော်လည်း လယ်ကွင်းများအတွင်းကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင့် ယင်းသို့လက်နက်ကြီးများပစ်ခတ်မှုကြောင့် လတ်တလော မြင်းဒေါင်း၊သာဂရ ၊ မြို့သစ်၊ ဂွေးကုန်း ကံကြီးကုန်းကျေးရွာများသည် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ “ရွာကတော့ ငါးရွာထွက်ပြေးတိန်းရှောင်နေရတယ်။ ဒေသခံကတော့ သုံးထောင်ကျော်လောက်တော့ ထွက်ပြေးနေရတယ်။ တောထဲမှာတော့မဟုတ်ဘူး။ နီးစပ်ရာရွာတွေမှာ တောထဲမှာပြေးဖို့က အခုရာသီဥတုကြောင့်ရယ် ပြီးတော့ပြီးတော့ တောထဲမှာက လက်နက်ကြီးတွေရမ်းပစ်တော့ တချို့ရွာတွေမှာ တိန်းရှောင်ရေတာ” ဟု … - [ကန့်ဘလူတိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ် လေ‌ကြောင်းသုံး တိုက်ခိုက်](https://burmese.kachinnews.com/2022/06/04/jun4-az1/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတိုက်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ ကိုးတောင်ဘို့ ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကန့်ဘလူမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ Local PDFများ၊ ကန့်ဘလူခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၂ရက်နေ့မှစ၍ သွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များပြားပြီး အထိနာခဲ့သောကြောင့် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်းသုံး တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မနေ့က နေ့လည် ၂နာရီလောက်ကနေ mi 35တစ်ဦး၊ Mi 17 ၂စီးနဲ့စတင်တိုက်ခိုက်ခဲ့တယ်ဗျ။ လေကြောင်းနဲ့စစ်ကူလည်း ထပ်ပို့တယ်။ ကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အသေအဆုံးများခဲ့တယ်။ အခုကလေ ကြောင်းသုံးကြီးထိုးစစ်ဆင်နေတော့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြီးအကျယ် ခုခံနေရတယ်ဗျ”ဟု ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ကန့်ဘလူ မြောက်ခြမ်းတွင် ဇွန်လ ၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်စစ်ရေး ပိုမိုလှုပ်ရှားလာသောကြောင့် လမ်းပိုင်းအချို့ကိုလည်း ယာယီပ်ိတ်ထားလိုက်ကြောင်း သိရသည်။ “ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းပိုင်းကိုပိတ်ထားပါတယ်။ မြေပြင်ကာကွယ်ရေးအဖွဲ့တွေက ပြန်ဖွင့်ကြောင်း ထုတ်ပြန်မှ သိရမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။ လတ်တလောတွင် နှစ်ဘက် တိုက်ပွဲပြင်းထန် နေသောကြောင့်ကန့်ဘလူ၊ ကျွန်းလှ၊ ပင်းသာ၊ချပ်ကြီး၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ ကောလင်းစသည့်ဒေသများမှ ဒေသခံထောင်ချီစစ်ဘေးရှောင်နေရကြောင်းသိရသည်။ - [တန့်ဆည်မြို့နယ်တွင် စစ်ရှောင်သောင်းဂဏန်းရှိလာပြီး ငှက်ဖျားနှင့် အခြားဆေးဝါးများ အရေးပေါ် လိုအပ်နေ](https://burmese.kachinnews.com/2022/06/03/jun3-az2/): စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ရှောင်ပြည်သူ သောင်းချီ တိုးလာနေပြီး ငှက်ဖျားရောဂါ ဖြစ်ပွားလာနေသောကြောင့် ၎င်းတို့အတွက် ဆေးဝါးကူညီမှု အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ကျေးရွာပေါင်း ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများသည် တောတောင်များတွင် ရာသီဥတုဒဏ်ကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦး က KNG သို့ ပြောသည်။ “ကျွန်မတို့ ဒီဘက်မှာဆိုရင်တော့ ရဟတ်ယာဉ်တွေနဲ့ ဝင်ပစ်တယ်။ ပစ်ပြီးနေအိမ်တွေ မီးရှို့တော့ ရွာထဲမှာ မနေရဲကြတော့ဘူး။ မနေရဲကြတော့ သူတို့တောတွေထဲမှာ နေရတာပေါ့။ တောတောင်ထဲမှာဆိုတာ့အခုက ငှက်ဖျားတွေ အများပိုင်းဖြစ်ကြတယ် အခုရက်ပိုင်း မိုးပိုကျတော့ ငှက်ဖျားပိုး ဖြစ်ကြတယ်” ဟု ယင်းစစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။ စစ်ရှောင်ပြည်သူများသည် တန့်ဆည်မြို့အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် အများဆုံးရှိပြီး ၎င်းတို့ကို ကြည့်ရှု့ ကုသမေးနိုင်မည့် ဆရာဝန်မရှိသည့်အတွက်လည်း ငှက်ဖျားရောဂါကို ခက်ခက်ခဲခဲ စစ်ဆေးကုသနေရကြောင်း စစ်ရှောင်များအား ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မတို့ ဆီမှာက ဆရာဝန်တွေ မရှိတာပိုဆိုးတာပေါ့။ အဲ့ကြောင့်ကျွန်မတို့က ငှက်ဖျားစစ်တဲ့ဟာလေး တွေဝယ်ပြီးတော့ စစ်ပေးတယ်။ စစ်ပေးပြီးတော့မှ သူတို့ငှက်ဖျားဖြစ်နေတယ်ဆိုတာသိရတာ ဆရာဝန်တွေမရှိတော့ ကျွန်မတို့က ခက်ခက်ခဲခဲကုနေရတယ်နေ့ကတော့ ငှက်ဖျားဖြစ်တဲ့သူ ၂၀ ကျော်လောက်ရှိနေတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။ လတ်တလောအနေအထားတွင် ငှက်ဖျားရောဂါခံစားနေရသည့်သူများအထဲတွင် ရောဂါပြင်းပြင်း ထန်ထန်ခံစားနေရသည့်သူမရှိသေးသော်လည်း မိုးဝင်ခါကပြုလာသည့်အတွက် ဆေးဝါလုံအလောက်မရှိဘဲ ယခုအခြေအနေတိုင်းဆက်သွားမည်ဆိုပါက ပိုမိုဆိုးရွားသည့်အခြေအနေတစ်ခုအထိရောက်လာနိုင် ကြောင်းသူကဆက်ပြောသည်။ အလားတူ ကလေးသူငယ်နဲ့ … - [ဖားကန့်တွင် ရေမဆေးသမားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရ](https://burmese.kachinnews.com/2022/06/03/jun3-az1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် ယမန်နေ့က ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။ ဖြစ်စဉ်သည် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုအနီးတွင် ရေမဆေးကျောက်ရှာသူ အချင်းချင်း လူမှုရေးကိစ္စကြောင့် စကားများရာမှ အခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖားကန့်ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “သူတို့ကမြေစာပုံမှာ တဲစောင့်ရင်းနဲ့ စကားများကြရင်းနဲ့ဖြစ်တာတဲ့။ မြေစာပုံမှာတဲထိုးတဲ့ကိစ္စတွေနဲ့အချင်းချင်းစကားများထိုးကြရင်းနဲ့ဖြစ်တာ တံတိုင်နဲ့ထိုးခံရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ အသတ်ခံလိုက်ရသည့် အမျိုးသားမှာ ဦးသန့်ဇင်ဝင်း အသက် (၃၇)နှစ် ဖားပြင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း အမှုဖွင့်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်းသိရသည်။ ဖားကန့်မြို့နယ်အတွင်းတွင် ယခုရက်ပိုင်း လူသတ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဇွန်လ ၂ရက်နေ့က နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး ဇွန်လ ၁ ရက်နေ့ကလည်း မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ၎င်း၏ ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်းလေးဦး အသတ်ခံခဲ့ရသည်။ - [အရာတော်မြို့နယ်မှာ တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦး ထိ သတ်ဖြတ်ခံခဲ့ရ](https://burmese.kachinnews.com/2022/06/02/jun2-sm1/): စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးထိ သေဆုံးသူ ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်မှ သိရသည်။ အရာတော်မြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ဝင်ရောက်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ၎င်းတို့ဝင်ရောက်လာသည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် တစ်ပတ်အတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။ “လက်နက်ကြီးနဲ့ပစ်တော့ ပြေးတဲ့သူတွေကပြေးကြတာပေါ့ ပြေးရင်းနဲ့ အဲ့ချိန်မှာ လူသုံးယောက်ကို ပြေးလို့မလွတ်တဲ့ pdfတွေထင်ပြီးပစ်လိုက်တဲ့ပုံပဲ အဲ့မှာ အဘွားကြီးတစ်ယောက်နဲ့အမျိုးသားနှစ်ယောက်ကိုသတ်ထားတယ်။ ပြီးတော့ တစ်ချို့က စစ်ကြောင်းဝင်လာတာမကြားဘဲနဲ့အရက်သောက်ပြီး ကျန်နေခဲ့တဲ့သူတွေလည်း သတ်ခံရတယ်”လို့ ဒေသရင်းမြစ်က ပြောသည်။ အသတ်ခံရသည့် ပြည်သူ ၁၃ ဦးမှာ ဂဲ့သားမွှေးရွာမှ ပြည်သူ(၁)ဦး၊ ရွှေတွင်းကုန်း ရွာမှ ပြည်သူ(၃)ဦး၊ ဟင်္သာရွာမှပြည်သူ(၈)ဦး၊ သစ်ချိုကျေးရွာမှ ပြည်သူ(၁)ဦး ဖြစ်ကြောင်း သိရသည်။ အဆိုပါ သစ်ချိုကျေးရွာမှ အမျိုးသား၏အလောင်းကိုတွေ့ရှိစဉ်မှာ ထဘီကိုဇောက်ထိုးဝတ်ပေးထားပြီး လက်မောင်းနှင့် ကျောဘက်တွင်နှိပ်စက်ဒဏ်ရာများ ဦးခေါင်းတွင်သေနတ်ဒဏ်ရာများဖြင့် ဒေသခံကာကွယ်ရေးတပ်များက တွေ့ရှိခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ဂဲ့သားမွှေးကျေးရွာက အသတ်ခံရသည့် အမျိုးသားတစ်ဦးမှာတော့ CDM ကျောင်းဆရာတစ်ဦးဖြစ်သည်။ ၄င်းကို စစ်ကောင်စီကဖမ်းဆီးသွားသည်ဟုသာ သတင်းရခဲ့ပြီး နောက်ပိုင်းတွင် ဦးခေါင်းကိုကိုကြေမွစွာရိုက်ထားသည့် ဒဏ်ရာများနှင့် ၄ ရက်အကြာမှရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးထံမှသိရသည်။ ရွှေတွင်းကုန်းရွာတွင် စစ်ကောင်စီရဲ့တပ်ဖွဲ့များ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ပြည်သူသုံးဦးမှာ အသက်၆၇၊၆၈အရွယ် သက်ကြီးပိုင်းနှစ်ဦးနှင့် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင့် ဒဏ်ရာရရှိသူ၇ဦးထိရှိကာ တစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟုသိရသည်။ အရာတော်မြောက်နယ်သို့ ကို ၀င်‌ရောက်လာသည့် တပ်မ … - [နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ](https://burmese.kachinnews.com/2022/06/02/jun2-az4/): စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း လက်နက် ကြီးသံတွေကြားနေရတယ် ရွာကိုမီးရှို့တာလည်းသုံးရက်ရှိပြီ အခု ၅ ကြိမ်မြောက်ရွာကိုဝင်တယ်။ သူတို့ ရွာကနေမခွာဘူး ရွာမှာတပ်စွဲပြီးတော့ အင်အား ၂၀၀ ကျော်လောက်ရှိတယ် သုံးရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်” ဟုဒေသခံတစ်ဦးကပြောသည်။ ယင်းတိုက်ပွဲတွင်ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် CNF တပ်ဖွဲ့နှင့် အခြားနယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းက တိုက်ခိုက်နေကြောင်းသိရသည်။ “အထိအခိုက်ကတော့ ပထနေ့တုန်းက PDF ဘက်ကရဲဘော်တစ်ယောက် ကျဆုံးတယ်။ ဒဏ်ရာတစ် ယောက်ရတယ် စစ်ကောင်စီဘက်ကတော့ အဲ့နေ့က ခန့်မှန်းခြေအနည်းဆုံးသုံးယောက်ကျတယ်လို့ သိရတယ် နောက်ပိုင်းတော့သေချာမသိရဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာအတွင်းသို့ဝင်ရောက် တပ်စွဲနေထိုင်ခြင်းမှာ ယခုငါးကြိမ် မြောက်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့် လေးကြိမ်မြောက်တွင် လူနေအိမ်စုစုပေါင်း ၂၅၀ ကျော်မီးရှို့ခဲ့ရာ ယခုတစ်ကြိမ်တွင် နေအိမ်အလုံး ၅၀ ကျော်မီးရှို့ခဲ့သောကြောင့် စုစုပေါင်း ၃၀၀ ကျော်မီးရှို့ဖျက်ဆီး ခံရလိုက်ပြီဖြစ်ကြောင်းသိရသည်။ အလားတူစစ်ကောင်စီတပ်ရွာထဲသို့ဝင်လာသည့်နေ့တွင် လက်နက်ကြီးများယမ်းသမ်းပစ်ခတ်ဝင်ရောက် ခဲ့ပြီး သက်ကြီးရွယ်အိုအများဆုံးစစ်ဘေးရှောင်နေသည့် ကျေးရွာဘုန်းကြီးကျောင်းသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူငါးဦးထိမှန်ခဲ့ပြီး သားအမိနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သော ကြောင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။ နတ်ချောင်းကျေးရွာတွင် အိမ်ခြေ … - [နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့်သေဆုံးနေ](https://burmese.kachinnews.com/2022/06/02/jun2-az3/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နောက်ပြန်ကြိုးတုပ်ကာ ရိုက်နက်ထားပြီး ဒဏ်ရာများဖြင့်သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။ သေဆုံးနေသော အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းအား ဇွန်လ ၂ ရက် ယနေ့ နံနက်ပိုင်း ၈နာရီခန့်အချိန်တွင် ဆိုင်းတောင်ရွာအထွက် ရွာဟောင်းနားတစ်နေရာတွင်တွေ့ရှိခဲ့ကြောင်း အလောင်းကို ဆေးရုံပို့ပေးခဲ့သည့် လူမူကူညီရေးအသင်းမှ သိရသည်။ “ကျွန်တော်တို့သွားပို့ပေးတာကတော့ နတ်မော်နဲ့တော့ဝေးတယ် ဆိုင်းတောင်အထွက် ရွာဟောင်းနားမှာဗျဆိုင်းတောင်ရှေ့မှာရွာဟောင်းရှိတယ် လက်တွေကိုလည်းကြိုးနဲ့သုတ်ထားတယ် မျက်နာကိုလည်းတိပ်နဲ့ပတ်ထားတယ်”ဟု ၎င်းကပြောသည်။ သတ်ခံထားရသည့် နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာဗြဲသည် အသက် (၅၅) နှစ်ရှိပြီး ရိုက်နက်ထားသည့်ဒဏ်ရာများဖြင့်သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာမတွေ့ရှိရပဲ ရိုက်နက်ဒဏ်ရာများအပြင် လက်မောင်းကျိုးနေသည်ကိုလည်း တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းများမှသိရသည်။ အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းကို ဖားကန့်ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယခုညပိုင်းတွင် ၎င်း၏နေအိမ်တွင်ပြန်သယ်ယူသွားပြီဖြစ်ကြောင်းသိရသည်။ ဖားကန့်ဒေသတွင် စစ်ကောင်စီအားပေးထောက်ခံသည့် အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးများနဲ့ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ယူဆရသည့်အုပ်ချုပ်ရေးမှူးများလုပ်ကြံသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ မေလ ၁ ရက်နေ့ကလည်း မက်လင်ချောင်အုပ်ချုပ်ရေးမှူးအပါဆွေမျိုးတော်စပ်သူ သုံးဦးစုစုပေါင်းလေးဦးပစ်သတ်ခံခဲ့ရသည်။ - [မိုးရာသီ ရေမသန့်ရှင်းမှုကြောင့် စစ်ရှောင်တချို့ ဝမ်းရောဂါ ခံစားနေရ](https://burmese.kachinnews.com/2022/06/02/jun2-lp1/): လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြကြောင်း သိရသည်။ မိုးတွင်းကာလ မိုးရေကြီးချိန်များတွင် စစ်ရှောင်စခန်းများအတွင်း မသန့်ရှင်းသည့် ရေများကို သောက်သုံးနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေသည်ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ဆရာမ ကိုင်ထန်က ပြောသည်။ “မိုးအရမ်းကြီးရင် သောက်ရေရော သုံးရေရော မသန့်ဘူး။ သောက်ရေကို အဆင့်ဆင့် ရေစစ်ကန်တွေနဲ့တော့ လုပ်ပေးထားပါတယ်။ တာပေမယ့် မိုးရေအရမ်းကြီးပြီဆို ရေက ကော်ဖီရောင်ထွက်တာကို ကျမတို့က ပြန်စစ်ပြီးမှာ ပြန်သောက် ပြန်သုံးလုပ်နေကြတယ်။ ကျမတို့သုံးနေတဲ့ရေကန်တွေက ဘယ်လောက်ဆေးဆေး အနယ်တွေနဲ့ ရေတွေပဲ ပြန်ဖြစ်တယ်။” ဟု KNG ကို ပြောသည်။ လက်ရှိ ဖွန်လွမ်ယန် စစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောကြောင့် ဖျားနာသူ စုစုပေါင်း ၂၇ ဦး ထိရှိပြီး သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၇ ဦးထိ ပါဝင်နေသည်။ “တစ်ခါတစ်လေ ရေအရမ်းကြီးရင်တော့ ရေတွေမလာတော့ဘူး ရေပိုက်ပိတ်ကုန်တယ်။ ကျမတို့နေတဲ့ အပိုင်းမှာက ရေတွင်း ၁ ခု ပဲရှိတယ်။ ဝေးလည်းဝေးတယ် ရေမရတဲ့ ချိန်မျိုးမှာဆို ရေတွင်းက ရေကို သွားခပ်ပြီး သုံးတယ်။ သောက်ရေရော သုံးရေရောပဲ။ ဝေးတော့ သိပ်အဆင်မပြေဘူး။” ဟု ဆရာမ ကိုင်ထန်က ဆက်ဆိုထားသည်။ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား … - [တရုတ်ဘက် ဝိမ်တိန်တွင် သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့](https://burmese.kachinnews.com/2022/06/02/may2-bs1-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်းစန်းကျော့ နယ်စပ်ဂိတ်နဲ့ ထိစပ်နေသော တရုတ်ဘက် ဝမ်တိန်တွင် ဇွန်လ ၁ ရက်နေ့မှစကာ သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည်‌များထံမှ သိရသည်။ “အသီးကားတွေ ဆေးစစ်စရာမလိုတော့ဘူး။ ကားချိန်းပြီးတာနဲ့ မိမိသွားလိုတဲ့ မြို့ကို သွားလို့ရပါပြီ။ တိုက်ရိုက်” ဟု နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။ ယခင်က မြန်မာနိုင်ငံဘက်မှ တင်ပို့လာသော သစ်သီးများ တင်ဆောင်သည့် ကားများကိုပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော တခြားမြို့များသို့ သွားမည်ဆိုပါက ကိုဗစ်ရောဂါပိုး အကြိမ်ကြိမ် စစ်ရပြီး စစ်ပြီးပါကလည်း ကွာရန်တင်း ၃ ရက် ထားရကာ အချိန်ကြန့်ကြာ အသီးအရည်အသွေး ကျဆင်းခဲ့ရသည်ဟု ဆိုသည်။ “တရုတ်ဘက်ထဲ တဖြည်းဖြည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။ Lockdown များစွာ ဖြေလျှော့ပေးနေတယ်။ မြန်မာကားတွေကိုလည်း ဝင်ခွင့်ပေးထားတယ်။ အထွက်လည်း အဆင်ပြေပါတယ်။” ဟု နောက်ထပ် ကုန်သည် တစ်ဦးကလည်း ပြောသည်။ ယခင်က စစ်ဆေးမှုတွေ အထပ်ထပ် ပြုလုပ်ရသောကြောင့် အချိန်ကြန့်ကြာပြီး ဝယ်လက်‌များ လာရောက်မှု နည်းပါးခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံထဲ စစ်ဆေးမှု ဖြေလျှော့ပေးလိုက်သောကြောင့် မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့နေသော သစ်သီးများ အရောင်းသွက်လာပြီး ဈေးကောင်း ရလာမည် ဟုမျှော်လင့်ကြောင်း မြန်မာ သစ်သီး ကုန်သည် တွေက ပြောသည်။ “ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတော့ ဟိုဘက်က ကားတွေ လွယ်လွယ်ကူကူ သွားရတော့ ကျနော်တို့ အသီးတွေလည်း ဈေးကောင်းလေး ရမယ်လို့ မျှော်လင့်တာပေါ့။” ဟု … - [မြစ်ကြီးနား သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီး အသံမိုင်းကွဲ](https://burmese.kachinnews.com/2022/06/02/myitkyina-z/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၃နာရီ ဝန်းကျင်ခန့်တွင် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများမှ သိရသည်။ “ဟုတ်တယ် အသံမိုင်းလောက်ဘဲ လူထိခိုက်မူတော့ မရှိဘူး။ ခုလောလော‌ဆယ်တော့ ရဲတွေအဲနားတစ်ဝိုက်စစ်ဆေးတာတွေ လုပ်နေတယ်” အနီး ပတ်ဝန်းကျင်မှ ‌ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းခွဲခဲ့သောအဖွဲ့မှာ ယမန်နေ့က စစ်ကောင်စီတပ်အောက် တာဝန်ထမ်းဆောင်နေသူများ တာဝန်မှ နှုတ်ထွက်ရန် သတိပေးထုတ်ပြန်ခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။ “ထုတ်ပြန်ချက်နဲ့လည်း သတိပေးထားပြီ ဒီနေ့တော့ အသံမိုင်းနဲ့ ချောက်တာပါ။ ကျနော်တို့က အရပ်သားဝန်ထမ်းတွေကိုတော့ အသက်ရန်မရှာပါဘူး။ လက်နက်ကိုင်ဝန်ထမ်းတွေနှင့်စကစ နဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ဝန်ထမ်းတွေဆိုရင်တော့ တွေ့တဲ့နေရာ ထိရောက်တဲ့အပြစ်ပေးတာတွေ လုပ်မှာပါ” ဟု တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ထွေအုပ်ရုံးမှဝန်ထမ်းများ၊ အခွန်ရုံးမှဝန်ထမ်းများအားလုံး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ တာဝန်မှ နုတ်ထွက်ပေးကြရန်နှင့် နုတ်ထွက်ခြင်းမပြုပါက ပြင်းထန်စွာ အပြစ်ပေးသွားမည်ဟူ၍ ဖော်ပြထားသည်။ မြစ်ကြီးနားမြို့တွင် မေလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ စစစ နှင့် သက်ဆိုင်သည့် ရုံးတွင် 40 mm တစ်လုံးပစ်ခံခဲ့ရပြီး ဖြစ်သည်။ မြစ်ကြီးနားမြို့တွင်း မကြာခနဆိုသလို စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအနီးပတ်ဝန်းကျင်တွင် အသံမှိုင်း၊ ဗုံးပေါက်ကွဲမူများ ဖြစ်လေ့ရှိသည်။ - [ဖားကန့်တွင် အသတ်ခံရသူ ၄ ဦးမှာ မက်လင်ချောင် အုပ်ချုပ်ရေးမှူးအပါ ဆွေမျိုးတော်စပ်သူများဖြစ်](https://burmese.kachinnews.com/2022/06/02/jun2-az1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ဇွန်လ ၁ ရက်ညက အသတ်ခံလိုက်ရသည့်အမျိုး သား ၄ ဦးသည် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဆွေမျိုးတော်စပ်သူ သုံးဦးတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၁ ရက်နေ့ည ၈ နာရီခန့် အချိန်တွင် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော် အသက် (၄၄)နှစ်နှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူ ဦးဝင်းတင့်(ခ)ကျော်ကြား အသက် (၃၃)နှစ်၊ ဇော်ဝင်းထိုက်(ခ) ရွှေမန်းအသက် (၄၂) နှစ်နှင့် မျိုးထက် အသက်(၂၂) တို့ဖြစ်ကြပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံထားရခြင်း ဖြစ်သည်။ “အသက်ကြီးကြီးနဲ့ တစ်ယောက် ဦးအုန်းကျော်က မက်လင် ချောင်ဥက္ကဌ၊ ဘေးမှာပါလာတဲ့သုံးယောက်ထဲက တစ်ယောက်က မယားညီအကို (ဦးဝင်းတင့်)နဲ့ သူယောက်ဖတော်စပ်တဲ့သူတွေဟုတ်တယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။ ယင်းအမျိုးသားလေးဦး သတ်ခံရမှုတွင် စစ်ကောင်စီ နှင့် ပတ်သက်ဆက်နွယ်မှုရှိနေကြောင်း ဒေသခံများ ပြောဆိုနေကြသော်လည်း KNG ကသီးခြားအတည်မပြုနိုင်သေးပေ။ “အတည်ဖြစ်မဖြစ်တော့မသိဘူး။ အရပ်ထဲမှာပြောနေကြတာကတော့ သူတို့အစည်း အဝေးလုပ်ပြီး ပြန်ခဲ့တဲ့အချိန် သတ်ခံရတာ အရပ်ပြောစကားကတော့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်တုန်းကသတ်ခံရတဲ့ ဦးတင်မော်ရယ် မနေ့က သတ်ခံရတဲ့လူတွေရယ်က သင်တန်းဆင်းပြီး ပြန်လာတဲ့ပျူစောထီးဘက်ကပုံစံမျိုးပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးတင်မော်သည် မေလ ၂၅ ရက်နေ့က ဆန်းကြွယ်ကျေးရွာတွင်ရှိနေစဉ် သေနတ်ဖြင့်သတ်ခံရ၍သေဆုံးခဲ့ပြီး၎င်းမှာ ပျူစောထီးဟု နာမည်ထွက်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးဟု နာမည်ထွက်နေသူများ အသတ်ခံရမှုမှာ မကြာခဏဖြစ်ပွားလျက်ရှိနေသည်။ - [စစ်ကောင်စီယာဉ်တန်း ပူတာအိုလမ်းတွင် ထပ်မံ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/06/01/jun-y2/): ပူတာအိုမြို့နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ယနေ့ည ၅နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန်ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ မိုင်းခွဲတိုက်ခိုက်မှုကို ခံရပြီး စစ်ကောင်စီဘက်က အထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် မှ ဆင်းလာခဲ့သော စစ်ကောင်စီ ယာဉ်တန်းကို ခင်ဒူယန်ကျေးရွာအကျော် ၂ မိုင်ခန့် ဝေးသော တောင်ကုန်းတစ်ခုတွင် KIA တပ်မဟာ ၁ ၊ တပ်ရင်း ၇ အဖွဲ့က စောင့်ကြိုကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန် KIA သတင်းအရင်းအမြစ်နှင့် နီးစပ်သော ပြည်သူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တဲ့သဘောပါ။ အခုတလောပူတာအိုဘက်ကို ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့အဖွဲ့ပါဘဲ။ ကားယာဉ်တန်း နောက်မှာလိုက်တဲ့ ခြေလျင်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်လိုက်တာဟုတ်တယ်။ ထိခိုက်မှုကရှိတယ်။ အသေးစိတ် မသိနိုင်သေးဘူး။ မိုးချုပ်ခါနီးမှာဘဲ ဖြစ်သွားတယ်ဆိုတော့ အချက်အလက်ရဖို့ခက်နေတယ်။ ဝင်တိုက်ခိုက်တာက မှန်ပါတယ်”ဟု ပြောဆိုသည်။ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်း ၆၀ စီးခန့်ပါရှိသော ယာဉ်တန်းဖွဲ့သည် ၃ နာရီဝန်းကျင်ခန့်တွင် ပထမအကြိမ်တစ်ဖွဲ့ ခင်ဒူယန်ကျေးရွာအတွင်းမှ ဖြတ်သွားပြီး ၄ နာရီဝန်းကျင်ခန့်တွင် ဒုတိယတစ်ဖွဲ့ ပြန်လည်ဆင်းလာခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာခဲ့ပြီးနောက် ဆွမ်ပီယန်ကျေးရွာတွင် ၄ရက်ခန့်အကြာ တပ်စွဲနေထိုင်ပြီး ယနေ့ မှ ဆွမ်ပရာဘွမ့်ဘက်သို့ ပြန်ဆင်းလာခဲ့ရာ KIA က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ကောင်စီ ယာဉ်တန်းသည် … - [အင်တော်နယ်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီ မှ ဓါးစာခံအဖြစ် ခေါ်ဆောင်များမှုများ ရှိနေ](https://burmese.kachinnews.com/2022/06/01/jun1-az2/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် တွေ့သမျှ အရပ်သားပြည်သူများကို ဖမ်းဆီးကာ ဓားစာခံ ခေါ်ဆောင်ပြီး အထမ်းသယ်အဖြစ် ရှေ့တန်းတွင် ခေါ်ဆောင်နေကြောင်း သိရသည်။ ထီးချိုင့်မြို့နယ် မှ အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် လယ်ခင်း၊ ယာခင်းနှင့် လမ်းမပေါ်တွင် တွေ့သမျှ အရပ်သားပြည်သူများကို ဖမ်းဆီးကာ ဓားစာခံအဖြစ်ခေါယူခြင်း၊ အထမ်းသယ်ခိုင်းခြင်းများ မကြာခဏပြုလုပ်လာနေကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “သူတို့က အမြဲတမ်းစစ်ကြောင်းထိုးနေတော့လေ လမ်းသွားလမ်းလာ ပြည်သူတွေမျှစ်ချိုး မိုရှာ အခုဆိုရင်လယ်လုပ် အဲ့လိုလမ်းမှာတွေ့တဲ့ပြည်သူတွေကို လမ်းပြအဖြစ်ခေါ်တယ်။ ခေါ်လို့ရှိရင် သူတို့ရဲ့အထုတ်တွေကိုထမ်းခိုင်းတယ် အဲ့လိုမျိုးတွေလုပ်နေတယ်။ အဲ့လိုလုပ်နေတာကြာပြီးဗျ ဒီဘက်ကိုစစ်ကြောင်းတွေထိုး ကတည်းက” ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသူများကို စစ်ကောင်စီတပ်မှ ၎င်းတို့တပ် နားမည့်နေရာသို့ ရောက်ပါက ပြန်လွှတ်ပေးခြင်းများ ရှိသော်လည်း ညှင်းပန်းနှိပ်စက်မှုများလည်း ပြုလုပ်ကြ‌ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “သူတို့လိုရာခရီးရောက်သွားရင်တော့ပြန်လွတ်ပေးတယ်ဗျ။ ခေါ်သွားရင်တော့အရမ်းတော့မကြာဘူး။ တစ်ရက်နှစ်ရက်ကြီးတော့ မကြာဘူး အဲ့နားကတစ်ရွာနဲ့တစ်ရွာကနီးတော့သူတို့လိုချင်တဲ့နေရာရောက် ရင်တော့ ပြန်လွတ်ပေးတယ်။ တစ်ခါတစ်လေကျရင်တော့ ရိုက်နှက်တာတွေရှိတယ်။ ရိုက်နက်ပြီးခေါ်သွား တာတွေရှိတယ် ဒူးထောက်ခိုင်းထားတာတို့အဲ့မျိုးတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ယခုကဲ့သို့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်သည့်အပြင် အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးမှု ပိုမှုလုပ်ဆောင်လာသည်မှာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပို၍လုပ်ဆောင်လာကြောင်းသိရသည်။ ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့်အသွားအလာပိုမိုသတိထားသင့်ပြီး သွားလာမည်ဆိုပါကလည်း စစ်ကောင်စီတပ် စစ်ရေးလုပ်ရှားမှုအခြေအနေကို သေချာစုံစမ်းပြီးမှသာ သွားလာကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မေလ ၃၁ ရက်နေ့ … - [KIA နယ်မြေထဲ TNLA ဝင်ရောက်လာပြီး စစ်ရေးတင်းမာမှုအခြေအနေ ဒေသခံတစ်ဦးဖြင့် မေးမြန်းချက်](https://burmese.kachinnews.com/2022/06/01/ld/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ မန်ဝင်းကြီးဒေသဘက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အင်အားအလုံးရင်း ဝင်ရောက်လာပြီးနောက် နှစ်ဖက်အခြေအနေ တင်းမားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA တပ်တွေကို ရွှေလီမြစ်အရှေ့ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာဖို့ KIA ဘက်က ပြောဆိုနေသလို၊ TNLA ဘက်ကလည်း ၎င်းတို့လုပ်ဆောင်ရမယ့်တာဝန်ကို KIA က နားလည်မှု၊ အသိအမှတ်ပြုမှုဖြင့် ဆောင်ရွက်စေလိုကြောင်း မေလ ၂၃ ရက်နေ့က အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ သို့သော် နှစ်ဖက်တပ်ကြား ယခုကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးမှုမရှိသေးကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တာအိုက်ကျော် က KNG သတင်းဌာနကို ပြောဆိုပါတယ်။ လက်ရှိ မြေပြင်အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ကချင်ဒေသခံတစ်ဦးကို KNG က မေးမြန်းထားပါတယ်။ မေး။ TNLA တပ်တွေ လက်ရှိ ရွှေလီမြစ်အနောက်ဘက်ခြမ်းမှာ စခန်းလာချနေ မန်ဝင်းကြီး ဘယ်နေရာတွေမှာလဲဆိုတာကို ပြောပြပေးလို့ရမလား။ ဖြေ။ မန်ဝင်း (Man Win) ကနေ ၂ မိနစ်လောက်သွားတာနဲ့ ရှမ်းပြည်နယ်ဖြစ်တယ်။ အရှေ့ဘက်ခြမ်းကတော့ တရုတ်နိုင်ငံ နယ်စပ်နေရာဖြစ်တယ်။ အခု TNLA တွေစခန်းချနေတာက ရှမ်းပြည်နယ်ဘက်ခြမ်း၊ ကျွန်တော်တို့ရွာကနေ မြင်နေရတဲ့ တောင်ကုန်း ပလောင်ရွာဖြစ်တဲ့ ပန်ဂူ၊ မော်တောင်း ရွာတွေမှာ စခန်းချနေတာဖြစ်တယ်။ အခုချိန်အထိတော့ မန်ဝင်းရွာထဲမှာတော့ သူတို့ဘက်က လှုပ်ရှားတာတွေ မရှိသေးဘူး။ မေး။ TNLA … - [ဘက်ဟိုး မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် မှ KIA ဘက်သို့ ခြိမ်းခြောက်စာပေးပို့ပြီး စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2022/06/01/jun-1-y/): တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု Jahtu Zup ကျေးရွာအနီး ဘက်ဟိုး ၂ စီး မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် မှ KIA တပ်ရင်း ၁၄ ကို ခြိမ်းခြောက်စာပေးပို့ပြီး လက်ရှိ Jahtu Zup တစ်ဝိုက်တွင် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ အဆိုပါပြည်သူ့စစ်အဖွဲ့သည် အောင်ရာ နှင့် စံပြ ကျေးရွာ အနောက်ဘက်ခြမ်းရှိ ကိုင်းတောသို့ သွားသော လမ်းကြောင်းများကို ဖြတ်တောက်လိုက်ပြီးနောက် ထိုဒေသဘက်သို့ လယ်ယာလုပ်ကိုင်နေသော ပြည်သူများ လမ်းပိတ်ဆို့ခံရသည်သာမက စစ်ရှောင်ဖို့သာ ပြင်ဆင်နေရသည်ဟု ဒေသခံတစ်ဦး မှ စစ်ရေးအခြေအနေကို ယခုလို ပြောပြသည်။ “ပြည်သူ့စစ်အဖွဲ့က လမ်းကို လုံးဝသွားလာခွင့် ပိတ်ထားပြီ။ အခုက ၂ဖက်တပ်စောင့်ကြည့်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေနေမှာရှိ နေတယ်။ ဒီအတောအတွင်းက အချိန်မရွေး ပစ်ခတ်သံတွေကြားလာနိုင်တယ်။ အဲ့ကြောင့် အဲ့ဒီလမ်းပိတ်လိုက်တဲ့ ဘက်မှာရှိတဲ့ ပြည်သူတွေက ထွက်ပြေးလာကြတာ ၃ရက်လောက်ရှိပြီး။ စံပြ၊ အောင်ရာ တွေမှာရှိတဲ့ ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ ကျနော်တို့ဘက်မှာက တိုက်ပွဲဖြစ်လာရင် ထွက်ပြေးမယ့်နေရာလည်းမရှိဘူး”ဟု ပြောသည်။ ရှဒူးဇွပ်တွင် စစ်ကောင်စီတပ် ခလရ ၂၉၇ နှင့် စံပြတွင် ပြည်သူ့စစ်တပ်ဖွဲ့ တည်ရှိသည်။ အဆိုပါကျေးရွာများမှတဆင့် KIA ရှိသော ရွှေမှော်ဘက်သို့ သွားလာနိုင်သော လမ်းကြောင်းများကို ပြည်သူ့စစ်တပ်ဖွဲ့က မေလ ၃၁ ရက်နေ့က ဖြတ်တောက်လိုက်သည်။ ထို့အပြင် အခြားနေရာများတွင်လည်း ‘သတိ မိုင်းထောင်ထားသည်’ ဟူသော စာသားများ စိုက်ထူထားကြောင်း … - [နမ့်ခေါင်တောင်အနီး စစ်ကောင်စီတပ်နဲ့ KIA၊ MNDAA ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2022/06/01/jun1-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသ၊ နမ့်ခေါင်တောင်ကြောအနီးတွင် စစ်ကောင်စီတပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့ တို့အကြား ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစကာ လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်‌နေကြောင်း သတင်းရရှိပါသည်။ “ကိုးကန့်နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ ပေါင်းတယ်။ နမ့်ခေါင်ဘက်က ရွာတွေဘက်ပဲ။ စစ်တပ်ဘက်က တပ်မ ၉၉ အင်အား ၁၅၀ ခန့် ရှိမယ်။”ဟု အမည်မဖော်လိုသည့် ရှေ့တန်းရင်းမြစ်နှင့်နီးစပ်သူတစ်ဦးက KNG သတင်းဌာနကိုပြောပါသည်။ လက်ရှိချိန်ထိ လက်နက်ကြီးသံနှင့် ပစ်ခတ်သံများကြားရနေရသည့်အပြင် ယမန်နေ့ မေလ ၃၁ ရက်နေ့ည‌နေ ၃နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA,MNDAA တို့အကြား တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် မိုင်ဖန်ရွာဘက်မှ လက်နက်ကြီးများဖြင့်လည်းပစ်ကူခဲ့ကြောင်းလည်း ဆက်လက်သိရသည်။ “မိုင်ဖန်ရွာက လက်နက်ကြီးပစ်ကူတာ ၅ ချက်၊ ၆ ချက်ရှိမယ် ပြီးတော့ မူဆယ် ၁၀၅ မိုင်ဘက်ကရောအမြှောက်တပ်ကနေ လက်နက်ကြီး ၅ ကြိမ်ခန့် တိုက်ပွဲဖြစ်တဲ့ဘက်ကို ပစ်ကူခဲ့တယ်” လို့ ဒေသခံ ၁ ဦးက ပြောသည်။ အဆိုပါတိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်မှဒေသခံ ပြည်သူတွေအနေဖြင့် တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြပြီး ယာခင်း၊ ခြံသို့ အလုပ်သွားရောက်အလုပ်လုပ်ကိုင်ရန်အခက်ခဲကြုံနေကြရကြောင်း ဒေသခံများက ပြောသည်။ မုံးပေါ်ဒေသမှာ ၂၀၂၂ ခုနှစ်လနှစ်ဆန်းပိုင်းကစ ကာ စစ်ကောင်စီနဲ့ KIA, MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်။ ၎င်း ဒေသတွင် စစ်ကောင်စီတပ်၊ … - [ဖားကန့်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/06/01/jun1-az1/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၃၁ ရက်နေ့ည ဆွတ်အောင် ကျေးရွာအနီးရှိ တံတားငယ်တစ်ခုအောက်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီခန့်တွင် ‌သေနတ်သံများကြားခဲ့ကြပြီးနောက် ယနေ့ နံနက်ဆွတ်‌အောင်‌ရွာထိပ် တံတားအောက် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းများကို‌ တွေ့ရှိသည့် မျက်မြင်တွေ့သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ဆွတ်အောင်ကျေးရွာက သုဿန်နဲ့ ဆွတ်အောင်ရွာကြားမှာတံတားရှိတယ် အဲ့ဒီတံတားမှာ ညက၈ နာရီလောက်မှာပစ်သတ်သွားတာ လူငယ်အသက် ၂၀- ၃၀ ဝန်းကျင်‌လောက်ရှိမယ် လေးဦးစလုံးကို ခေါင်းတွေကိုတေ့ပစ်ထားတာ”ဟု မျက်မြင်တွေ့သူအမျိုးသားတစ်ဦးက ပြောသည်။ ပစ်သတ်ခံရသည့် လူငယ်လေးဦးအား မည်သည့်အဖွဲ့အစည်းမှ ပစ်သတ်သွားသည်ကို မသိရှိသေးကြောင်းနဲ့ ရုပ်အလောင်းပိုင်ရှင်များကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ရုပ်အလောင်းသွားကောက်သည့် လူမှုကူညီရေးအသင်းတစ်ခုမှ သိရသည်။ “သူတို့ရဲ့အလောင်းတွေတော့ ကောက်တော့ကောက်လာပြီ အဲ့ဒီသတ်ခံရတဲ့လေးယောက်က ဘယ်သူတွေဘယ်ဝါတွေဘာမှ မသိရသေးတာ အခုရွာတွေမှာတော့ လူပျောက်တွေစုံစမ်းခိုင်းထားတာတော့ရှိတယ် ခုထိတော့သတင်းပေးလာတာမရှိသေးဘူး”ဟု ရုပ်လောင်းသွားကောက် သည့် မမုံကျေးရွာမှ လူမှုကူညီရေးအသင်းနဲ့ရင်းနှီးသူတစ်ဦး က ပြောသည်။ အဆိုပါ ရုပ်အလောင်းများကို ဖားကန့်ရင်ခွဲရုံသို့ ပို့ဆောင်နေကြောင်းသိရပြီး သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။ - [ယင်းမာပင်မြို့နယ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခံရပြီး လူနေအိမ် ၂၀ ကျော်လည်း မီးရှို့ခံရ](https://burmese.kachinnews.com/2022/05/31/may3-zm1-2/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ ပြည်သူလေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀ ကျော်ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း သိရသည်။ ယင်းမာပင်မြို့မှ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်သည် မေလ ၂၇ ရက်နေ့မှ စတင်ကာ လည်ငေါက် ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ပြီး ၃ ရက်အတွင်း ပြည်သူ လေးဦးကို သတ်ဖြတ်ခဲ့သည့်အပြင် လူနေအိမ်အလုံး ၂၀ ကျော်ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မီးရှို့ပြီး သတ်ခံရတာက သုံးယောက်ပါ။ နောက်တစ်ယောက်ကတော့ ဒီတိုင်းသတ်ခံရတာ အားလုံးပေါင်း လေးယောက် သတ်ခံရတာဗျ။ ဘယ်ကဆိုတာတော့ အတည်ပြုလို့မရသေးဘူးဗျ။ တစ်ယောက်ကတော့ ရေတွင်းတူးတဲ့လူဗျ။ ရေတွင်းတူးပြီးလို့ပြန်တဲ့အခါမှာ သတ်ခံရတာ။ သူကတော့မြောင်ကလိုလို မြိုင်ကလိုလိုဗျ အတည်ပြုနေဆဲပဲ။ နောက်သုံးယောက်ကိုတော့ နေအိမ်မီးရှို့တာနဲ့အတူတူရှို့သတ်ထားတယ်ဗျ။ ရုပ်လောင်း ကမီးရှို့ထားတာဆိုတော့ ဘယ်သူဘယ်ဝါမသိရဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် မေလ ၂၇ ရက်နေ့ မှ မေလ ၃၀ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး အဆိုပါ ကာလအတွင်း သုံးကြိမ်တိုင်တိုင် ကျေးရွာ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့သောကြောင့် ဒေသခံများမှာ လက်ရှိချိန်ထိ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။ “ပထမတစ်ကြိမ်ရှို့တာက ငါးအိမ်စရှိ့တာဗျ အခုကမီးဘေးသင့်က အိမ်ခြေ ၂၀ကျော် ဆိုပေမယ့် ရွာက တိတ်ဆိတ်နေတာဗျ အားလုံးက တိမ်းရှောင်နေကြတာ။ စစ်ကြောင်းပြန်ခေါက်သွားပေမယ့် ပြန်မကပ်နိုင် ကြသေးဘူး။ နီးစပ်ရာ … - [မြင်းမူမြို့နယ်တွင် လူနေအိမ်မီးရှို့ခံရပြီး ပြည်သူ ၃၀ ဦးခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/05/31/may31-sm2/): စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုရုကျေးရွာသို့ ယနေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၄၀ခန့် သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်အတွက် နေအိမ် ၃ လုံး မီးလောင်၊ သေနတ်ကျည်ထိမှန်သူ ၂ဦးအပြင် ပြည်သူ ၃၀ ဦးခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း‌ ဒေသခံကာကွယ်ရေးတပ်မှ သိရသည်။ “ရွာသားနှစ်ဦးသေနတ်နဲ့ပစ်ခံထားရတာတော့ အတည်ပြုနိုင်ပါတယ်။ ရွာထဲမှာကဓားစာခံ ဖမ်းဆီးခံထားရတဲ့ ရွာသား၃၀လောက်ရှိတယ်ဗျ။ ကျန်တဲ့ရွာသားတွေကလည်းဘေးပတ်ဝန်းကျင်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဗျ” ဟု သူက ပြောသည်။ ဂုရုကျေးရွာတွင် စစ်ကောင်တပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်သည် ယခုကဲ့သို့ အကြောင်းမဲ့ရွာတွင်း ဝင်ရောက်လာပြီး အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ဂုရုကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချောင်းဦးမြို့နယ် သန်းပင်ကန် ကျေးရွာဘက်မှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုချိန်ထိ‌ ဂုရုကျေးရွာအတွင်း တပ်စွဲနေထိုင်နေသေးကြောင်း သိရသည်။ ထို့ပြင် အဆိုပါစစ်ကြောင်းသည် လမ်းတစ်လျှောက် ပဲတောင်း ကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ “ပဲတောင်းကျေးရွာမှာတော့ ပြည်သူတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်လိုက်တယ် ပြည်သူနှစ်ဦးကတော့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်။ လက်ပန်နဲ့တောချောင်းဦးမှာတော့ အိမ်တွေမွှေနှောက် ရှာဖွေတာတွေရိုက်ချိုးထားခဲ့တာတွေတော့ရှိတယ်ဗျ” လို့ ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။ စစ်ကိုင်းတိုင်းသည် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်မှု အများဆုံးပြုလုပ်ခံနေရသော ဒေသဖြစ်သည်။ - [ကောလင်းတွင် NUG အောက်အခြေပညာရေးစာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်](https://burmese.kachinnews.com/2022/05/31/may31-az1/): စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လမ်းညွန်မှုဖြင့် အခြေခံပညာရေးကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကောလင်းမြို့နယ်ပညာရေးဘုတ် အဖွဲ့မှ သိရသည်။ မေလ တတိယပတ် မှစတင်၍ NUG ပညာရေးဝန်ကြီးဌာနလမ်းညွန်မှုဖြင့် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ ကျောင်းပေါင်း ၁၀၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြေပြင်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးစီစဥ်ဆောင်ရွက်ပေးနေသည့် ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ပြောသည်။ “ကျနော်တို့မြို့နယ်မှာ ၁၁၃ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အထက် အလယ် မူလတန်းအားလုံးပါ အထက် တန်းကျောင်းသားတွေတော့ နည်းတယ်ဗျ။ PDF ထဲရောက်သွားကြသလို တချို့က ကိုယ်ပိုင်ကျောင်းတွေမှာ တက်နေကြတယ်။ အဓိကတော့ ကျေးရွာတွေမှာ ဖွင့်လှစ်ပေးနေတယ်။ မြို့ပေါ်တော့ မဖွင့်သေးဘူး”ဟု ကောလင်းပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ကျောင်းပေါင်း ၁၁၃ ကျောင်းတွင် လက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀၀ ကျော်အထိရှိပြီး ဆရာ/မ ပေါင်းတစ်ထောင်ကျော်ဖြင့် သင်ကြားပေးနေကြောင်းလည်း သိရသည်။ “CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊မ တွေပေါင်း တစ်ထောင်ကျော် က သင်ကြားပို့ချပေးနေပါတယ်။ နယ်မြေစိုးမိုးမှုက ၇၀ ရာခိုင်နှုန်းလောက်ရထားတော့ အခုလိုဖွင့်နိုင်တာပါ”ဟု ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ လတ်တလော အဆိုပါစာသင်ကျောင်းများအတွက် ပုံနှိပ်စာအုပ်အခက်အခဲ ဖြစ်နေသည့်အပြင် သင်ကြားရေးပိုင်တွင် ကူညီပေးနေသည့် ဆရာ/မများကိုလည်း ကူညီထောက်ပံ့ပေးရန်နှင့် ရေရှည်တည်တံ့မည့် ပညာရေးစနစ်တစ်ခုရရှိရေးအတွက် အထောက်အပံ့များလိုအပ်နေကြောင်းလည်း ဘုတ်အဖွဲ့မှ သိရသည်။ စာသင်ကျောင်းအများစု ကျေးရွာများတွင်ဖွင့်လှစ်ထားပြီး မြို့ပေါ်တွင်မူ ကျူရှင်ပုံစံဖြင့်သာ သင်ကြားနေရသေးပြီး စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်းနေကြောင်း … - [KIA တပ်ရင်း ၁၄ သို့သွားသော လမ်းကြောင်းများကို ပြည်သူ့စစ်အဖွဲ့ စတင်ဖြတ်တောက်နေ](https://burmese.kachinnews.com/2022/05/31/may31-yl1/): တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ သို့ သွားလာနိုင်သော လမ်းကြောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖြတ်တောက်နေပြီဟု သိရသည်။ ရှဒူးဇွပ်ကျေးရွာ အဝင် စံပြ နှင့် အောင်ရာကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေမှော် နှင့် KIA တပ်ရင်း ၁၄ နယ်မြေသို့ သွားလာသော ကားလမ်းမကြီးကို ယနေ့နံနက် ၁၁ နာရီဝန်းကျင် ဘက်ဟိုဖြင့် ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း KIA ဘက် မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြောဆိုသည်။ “သူတို့ပြောထားတဲ့အတိုင်း ဒီကနေ့ကစပြီး လမ်းတွေကို ဖြတ်တောက်တာတွေလုပ်နေတယ်။ KIA တပ်ရင်း ၁၄ ဘက်ကို လာတဲ့ ကားလမ်းမကြီးကို ထိုးဖောက်ထားတယ်။ နောက်ထပ်လည်း ထိုးဖောက်မယ်ထင်တယ်။ ပြည်သူ့စစ်တစ်ဖွဲ့လုံးက လမ်းပိတ်တာတွေ လုပ်ဖို့ထင်တယ် သွားလာနေကြတယ်။ ပြီးရင် ဒီမနက် KIA ရှိတဲ့ဘက်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တယ်” ဟု ပြောဆိုသည်။ စံပြနှင့်အောင်ရာ ကျေးရွာ ၂ ခု၏ အနောက်ဘက်ခြမ်း ကိုင်းတော(ခေါ်) ရွှေမှော်ဘက်သွားလမ်းမကြီးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး တဆက်တည်း KIA ရှိသည့်ဘက်ကိုလည်း လက်နက်ကြီး ၄ ကြိမ်ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ဘန်ကောက်ကျေးရွာ ယုဇနကုမ္ပဏီဝင်း အနောက်ဘက်ခြမ်း လမ်းမကြီးပေါ်တွင်လည်း ‘မိုင်းထောင်ထားသည်’ ဟူသော ဆိုင်းဘုတ်များ စိုုက်ထူလာကြောင်း ဒေသခံတစ်ချို့ပြောဆိုချက်မှ သိရသည်။ ရှဒူးဇွပ်တွင် ယခုနောက်ပိုင်း KIA … - [ဒီပဲယင်း စစ်ရှောင်လူဦးရေ နှစ်ထောင် အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2022/05/31/may31-sm1/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဦး‌ရေ နှစ်ထောင် ဝန်းကျင်အတွက် စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများထံမှ သိရသည်။ မေလဆန်းပိုင်းမှ စကာ စစ်ကောင်စီတပ်သားများသည် ဒီပင်ယင်းမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ တောင်ဘက်ခြမ်းများသို့ စစ်ကြောင်းထိုးလာမှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ပိုများလာသည့်အပြင် ရှေ့ဆက် မိုးတွင်းကာလ‌ဖြစ်သောကြောင့် စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်အကူအညီများ လိုအပ်ကြောင်း သိရသည်။ “စားနပ်ရိက္ခာခက်ခဲတာပေါ့။ ဒီရှေ့လျှောက်ပိုခက်ခဲမယ် မိုးတွင်းမှာပါ ရှောင်ရမယ်ဆိုရင် ကျနော်တို့က ကွင်းပြင် ဖြစ်တဲ့အတွက် တောင်ပေါ်ဒေသထက် ပိုခက်ခဲနိုင်တယ်။ သစ်ရိပ်ဝါးရိပ်မရှိဘူး။ အရိပ်နားစရာမရှိဘူး မိုးရွာထဲမှာ ဒီတိုင်းပဲနေပြီးတော့ ဘယ်လိုပြောမလဲ မိသွားနိုင်တယ်ပေါ့ဗျာ။ စစ်ကောင်စီလက်ထဲကို ဒါ့ကြောင့်မို့ စားနပ်ရိက္ခာပြင်ဆင်တာတွေ အဝတ်အထည်တို့ မိုးကာတို့ပြင်ဆင်တာတွေလုပ်နေပါတယ်။ ဒါကြောင့်မို့ အရေးပေါ် အကူညီလိုအပ်နေတယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ရှောင်နေသည့် လူဦးရေ ၂၀၀၀ နီးပါးရှိပြီး သရက်ကန်၊ တည်တော၊ သပြေကုန်းကျေးရွာအပြင် စစ်ကောင်စီရဲ့အကြမ်းဖက်လာမည်ကို စိုးရိမ်‌သောကြောင့် အဆိုပါ ရွာအနီးတစ်ဝှိုက်ရှိ ပြည်သူများပါ ကြိုတင် တိမ်းရှောင်နေကြောင်း သိရသည်။ ဒါ့အပြင် စစ်ကောင်စီတပ်သည် လက်ရှိ တည်တောရွာ၊ သပြေကုန်းတစ်ဝိုက်တွင် တပ်စွဲလျက်ရှိသည့်အပြင် ရွာရှိနေအိမ်များပါ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ စစ်ဘေးရှောင် ထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်ရာတွင် ကလေးသူငယ် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများ ပါဝင်နေသည့်အတွက် ၎င်းတို့အတွက် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေရကြောင်း သူက ဆက်လက်ပြောဆိုသည်။ “ကလေးတွေ ကိုယ်ဝန်ဆောင်တွေ အဘွားအိုတွေပါတယ်။ နေမကောင်းတဲ့သူတွေပါတယ် မနေ့ညကဆို ကျနော်တို့ကုပေးရတယ် ကြောက်လန့်ပြီးထွက်ပြေးရတာဆိုတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ရတာတွေရှိတယ် မနေ့ညကတစ်ညလုံးပေါ့ … - [ရွှေညောင်ပင်အထက်တန်းကျောင်းတွင် ကျောင်းသားအသစ်လက်ခံရန် နယ်မြေမှူးထောက်ခံစာတောင်းခံ](https://burmese.kachinnews.com/2022/05/31/may31-lp1/): မြစ်ကြီးနားမြို့ ၊ ရွှေညောင်ပင်ရပ်ကွက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူများကို နယ်မြေမှူး ထောက်ခံစာ နှင့် မွေးစာရင်းယူဆောင်လာမှသာ ကျောင်းအပ်လက်ခံနေကြောင်း အမည်မဖော်လိုသည့် ရွှေညောင်ပင်ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။ “မနှစ်က ကျောင်းမတက်တဲ့သူတွေ ဒီနှစ်ကျောင်းအပ်တော့ ကျောင်းသားအသစ်လို့ ပြောတယ်။ ပြီးတော့ နယ်မြေမှူး ထောက်ခံစာ ယူခိုင်းပါတယ်။ ထောက်ခံစာ တစ်စောင်ကိုလည်း တစ်ထောင်ပေးရတယ်။ ထောက်ခံစာကလည်း လွယ်လွယ်မရပါဘူး တော်တော် ခခယယ ယူရပါတယ်။ အိမ်နံပါတ်လည်း အတိအကျမေးတယ်။ ထောက်ခံစာက အိမ်နံပါတ်ပြောပြမှပဲ ရေးပေးတာပါ။ ကျောင်းအပ်ကလည်း ထောက်ခံစာ ပါမှလက်ခံမှာတဲ့။ တချို့မိဘတွေကိုဆို မွေးစာရင်းတောင် တောင်းတယ်။” ဟု ပြောပါသည်။ အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်းသူ ၊ ကျောင်းသားဦးရေ ယခင် ၂၀၂၁-၂၀၂၂ အခြေခံပညာသင်နှစ်ထက် ပိုမိုများလာကြောင်း သိရသည်။ “ရွှေညောင်ပင်ရပ်ကွက်က မြေငှားအိမ်ငှားနေတဲ့သူတွေ အရမ်းများပါတယ်။ အခြေခံလူတန်းစားတွေ ဖြစ်လို့ မြေငှားအိမ်ငှား နေကြတာ အိမ်နံပါတ်တွေ မရှိပါဘူး။ ကျောင်းအပ်တဲ့ချိန် အိမ်နံပါတ်တွေတောင်းတော့ မရှိဘူး ပြောတော့ ကျောင်းအပ်လို့ မရဘူးဆိုပြီး ကျောင်းအပ်လက်ခံတဲ့ ဆရာ ၊ဆရာမတွေ ပြောတယ်။” ဟု KNG ကချင်သတင်းဌာနကို ဆက်လက်ပြောဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်ကို မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် … - [ခင်ဦး မီးဘေးသင့် ပြည်သူ ၄၀၀၀ နီးပါးအတွက် ယာယီတဲများ လိုအပ်နေ](https://burmese.kachinnews.com/2022/05/30/may30-az2/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ နီးပါးအတွက် ယာယီတဲများ တည်ဆောက်ပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။ မေလ ၂၉ ရက်နေ့က ရေဦးမြို့မှ စစ်ကားသုံးစီးနှင့် ပျဉ်ထောင်ကျေးရွာ မှ ပျူစောထီးအင်အား ၈၀ ခန့်ဝင်ရောက်လာပြီး သရက်ကုန်းကျေးရွာအတွင်းရှိ လူနေအိမ် ၇၅ လုံးနှင့် ဗလီဘုရားကျောင်းဆောင်တစ်လုံးတို့ကိုမီးတင်ရှို့ခဲ့သည့်အတွက် ခင်ဦးနယ်တွင် မီးဘေးသင့် လူဦးရေး ၄၀၀ နီးပါးမီးဘေးသင့်ခဲ့ပြီး ယခင်က ကျန်ရှိနေသေးသည့် မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော်အပါစုစုပေါင်း၄၀၀၀ နီးပါးအတွက် ယာယီတဲများတည်ဆောက်ပေးရန်လိုအပ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “သူတို့က လက်နက်ကြီးတွေအလွန်အကျွံပစ်ခတ်ပြီး သရက်ကုန်းကျေးရွာကိုဝင်ရောက်လာတယ်ဗျ လူနေအိမ် ၇၅လုံးမီးရှို့သွားတယ် လက်နက်ကြီးထိလို့ နေအိမ်ငါးလုံးပျက်စီးသွားတယ် အဲ့ရွာကလူတွေကတော့ ရွာကိုပြန်ကပ်နိုင်ပါပြီ ဒါပေမယ့် မီးဘေးသင့်တွေကတော့ အိမ်မရှိတော့ ရွာထဲက နီးစပ်ရာမှာနေနေကြရတယ် သူတို့အတွက်ရော ပြီးတော့ အရင်က မီးဘေးသင့်ထားတဲ့သူတွေကော ပေါင်းလိုက်ရင် လူဦးရေ ၄၀၀၀ လောက်ရှိမယ် သူတို့အတွက်လတ်တလော ခိုနေဖို့ ယာယီတဲလိုအပ်နေတယ်” ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည့် မတ်လ နောက်ပိုင်းမှစတင်၍ ငါးတင်းကြီးကျေးရွာ၊ ရှားလွင်ကျေးရွာ၊ ကုလားလူးကျေးရွာ၊ တမုန်ကျေးရွာ၊ မှန်တောကျေးရွာ ၊ ဒါန်းကုန်းကျေးရွာ၊ ကျွန်းလယ်ကျေးရွာများအပါအဝင် ယနေ့ထိ ကျေးရွာပေါင်း ၃၀ကျော်မှ လူနေအိမ် ၁၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ရာ လူဦးရေ သောင်းချီမီးဘေးသင့် လျက်ရှိနေပြီး ယင်းမီးဘေးသင့်ပြည်သူများအတွက် ယာယီတဲများတည်ဆောက်ပေးရန်လိုအပ်နေကြောင်း ခင်ဦးနယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ “တချို့ကျေးရွာတွေကရွာလုံးကျွတ်နီးပါးမီးရှို့ခံရတော့ ပြန်စရာအိမ်မရှိတော့ နီးစပ်ရာရွာတွေက … - [မူဆယ်မြို့တွင် အလာင်းကစားအဆောင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2022/05/30/may30-bs1/): မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အ‌ဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့ ရေလောင်းတာမနိုင်တော့မှ မီးသတ်ခေါ် လိုက်တာ မီးသတ်ကားလည်းလောင်ကုန်မှ ရောက် လာတယ်”ဟု အဆောင်နေသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်သည့် အဆောင်တန်းလျားသည် လောင်းကစားကုမ္ပဏီဝန်ထမ်းများနေထိုင်ရာ အခန်းဖြစ်ပြီး မီးလောင်ပျက်စီးသွားခဲ့သည့်အဆောက်အဦးသည် ကိုဝဏ္ဏဆိုသူ ပိုင်ဆိုင်ကြောင်း  သိရသည်။ မီးငြိမ်းသတ်နိုင်းမရှိနိုင်ခြင်းသည် မီးသတ်ဝန်ထမ်းအပြောင်းအလဲကြောင့် မီးငြှိမ်းသတ်ရာမှာ ကျွမ်းကျင်မှုအားနည်းမှုရှိခဲ့ကြောင်းဖြစ်ကြောင်း မူဆယ်ခရိုင်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် ဟိုတယ်၊ တည်းခိုခန်း၊ စာသင်ကျောင်းများအပါအဝင် ပြည်သူလူထုအား ၃ လလျှင် တကြိမ်ခန့် မီးဘေးအန္တရယ်ကာကွယ်မှုဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းပြုလုပ်သင့်ကြောင်းလည်း မူဆယ်ခရိုင် မီးသတ် တာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောဆိုသည်။ ၂၀၂၂ ခုနှစ်တွင် မူဆယ်မှာ ပထမဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားတာ ဖြစ်ကြောင်း ခရိုင်မီးသတ်ရုံးမှ သိရသည်။ - [NUG အောက် CDM ပညာရေးဝန်ထမ်းတွေလည်း အွန်လိုင်းကနေ စာသင်ရန် နာမည်စာရင်းကောက်ခံ](https://burmese.kachinnews.com/2022/05/30/may-30-ld/): အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဉ်အောက် အခြေခံပညာရေး အွန်လိုင်းစာသင်ကြားမယ့် အစီအစဉ်အတွက် မြို့နယ်တိုင်းမှာ ကျောင်းသားစာရင်းကောက်ခံနေပြီလို့ သိရပါတယ်။ “ကျနော်တို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ NUG အစိုးရ လမ်းညွှန်ချက်နဲ့အတူ အွန်လိုင်းကသွားဖို့ရှိပါတယ်။ ၂ နှစ်သာ ပညာရေးမှာ နစ်နာသွားတဲ့ကလေးတွေအတွက် ဒီနှစ်မှာ အဲ့ဒါတွေကို ပြန်ပြီးကုစားနိုင်အောင် ပြင်ဆင်ထားတယ်။ ကျောင်းက အခုလည်း လက်ခံနေတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းဖွင့်သွားဖို့ရှိပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦး KNG ကို ပြောသည်။ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီဘက်ကလည်း စာသင်ကျောင်းတွေဖွင့်လှစ်ဖို့ ကြိုးစားနေချိန် NUG ဘက်ကလည်း ဖက်ဒရယ်ပညာရေးအစီအစဉ်ကို အွန်လိုင်းကနေ သင်ကြားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ CDM ဆရာ၊ ဆရာမတွေဆောင်ရွက်တဲ့ ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ မြစ်ကြီးနားမြို့နယ်က ကလေးမိဘတွေအနေနဲ့ လာမယ့် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းပေးကြဖို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ ကျောင်းသားတွေကို သူငယ်တန်း(KG)ကနေ ၁၀ တန်းအထိ လက်ခံနေပြီး စာသင်ကြားတဲ့ကာလက ၆ လတစ်ဖြတ် အတန်းခွဲ သင်ကြားသွားမယ်လို့ ပြောပါတယ်။ “မူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးသွားမယ်။ လက်ရှိက ပထမဆုံး မူလတန်းနဲ့ အလယ်တန်းကို အရင် အကောင်အထည်ဖော်မယ်။ ပြီးမှ ကျန်ရှိနေတဲ့ အထက်တန်းအဆင့်တွေကို ပြန်သင်မယ်။ ဒီကြားကာလ ပညာရေးမှာ ကလေးတွေရဲ့ပညာရေး ပြန်ကုစားနိုင်ဖို့ မေးခွန်းတွေလည်း စီစဉ်ထားတယ်။ ဘယ်လိုမေးခွန်းတွေလည်းဆိုတော့ အဖတ်အရွတ်၊ … - [KIO နယ်မြေရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ကူညီမှုများ လိုအပ်နေ](https://burmese.kachinnews.com/2022/05/30/may30-lp1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးဦးရေများပြားလာသောကြောင့် လစဉ်သုံး (pad) ထုတ်ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာလည်း အမျိုးသမီးလစဉ်သုံးထောက်ပံ့မှု နည်းပါးနေသောကြောင့် အပြင်ဈေးဆိုင်များတွင် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရသည်ဟု ဖွန်လွမ်ယန် စစ်ရှောင်စခန်း မှ အမျိုးသမီးများ ပြောသည်။ “အခုက ကျမတို့ကို ထောက်ပံ့တာတွေ မရှိသလောက်ဖြစ်သွားပြီ။ မနှစ်ကနေ နိုင်ငံရေးမကောင်းတော့ အဲ(pad) က မပေးတာကြာပြီ။ ကုန်ဈေးနှုန်းကလည်းတတ် အရင်ကဆို Pad တစ်ထုတ် ၈၀၀ ပေါ့။ အခုက ၁၄၀၀ လောက် ဈေးကြီး ပေးရတယ်ဆိုတော့ လုံလောက်အောင် မဝယ်သုံးနိုင်ကြဘူး။” ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောပါသည်။ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းတွင် စစ်ရှောင်လူဦးရေ စုစုပေါင်း (၂၉၈၀) ဦး နေထိုင်ကြပြီး ထိုအထဲ မိန်းကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၁၆၇၃) ယောက် အထိ ရှိသည်။ “စစ်ရှောင်စခန်းတွေမှာ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းအနေနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းနဲ့ အမျိုးသမီးကျန်းမာရေး လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ကူညီပေးဖို့အတွက် လိုအပ်တယ်။” ဟု KNG ကို ပြောဆိုသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း IDP စစ်ရှောင်စခန်းများကို အခြေခံစားသောက်ကုန်နှင့် အသုံးဆောင်ပစ္စည်းများ လစဉ်ထောက်ပံ့ပေးနေသော NGO အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့မှုမှာ လျော့နည်းလာကြောင်း စစ်ရှောင်အမျိုးသမီး အဖွဲ့အစည်းများ ပြောပါသည်။ KIO ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်စခန်း ၁၉ ခု … - [အရာတော်မြို့နယ်တွင် ၅ရက်အတွင်း အိမ်ခြေတစ်ရာကျော် မီးရှို့ခံရ](https://burmese.kachinnews.com/2022/05/30/may30-sm1/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။ “မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို မေးတာပေါ့။ ဘယ်အိမ်ကခေါင်းဆောင် ဘယ်အိမ်ကထုတ်လုပ်ရေးလုပ်တာတုန်း အဲ့လိုအိမ်တွေပဲရွေးရှို့သွားတာလို့” ဟု မီးရှို့ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အဆိုပါ ဒေသခံက ဆိုသည်။ မီးရှို့ဖျက်စီးခံခဲ့ရသည့် အိမ်ခြေတစ်ရာကျော်မှာ လိန်လှ၊ သစ်ချို၊ အုပ်ရှစ်ကြီး၊ အုပ်ရှင်းကြီး၊ ဖုတ်ကုံး၊ ဟင်္သာ၊ ရွှေတွင်းကုန်း စသည့်ရွာများကဖြစ်ပြီး လက်ရှိမှာ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောသည်။ အဆိုပါ မီးရှို့ခံရသည့် ရွာအားလုံးသည် ရွာချင်းဆက်ပြီး ရွာများဖြစ်ကာ တစ်ရွာနှင့်တစ်ရွာကြား ၂ မိုင် ၃မိုင် ခန့်သာ‌ဝေးသည့်အပြင် အရာတော်မြို့နယ်၏ မြောက်ဘက်အထွက်တွင် တည်ရှိကြောင်း သိရသည်။ လက်ရှိ အရာတော်မြို့နယ်ဘက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တပ်မ ၇၇ ဖြစ်ပြီး အင်အား ၁၅၀ခန့် ရှိကာ ဒီပဲယင်းမြို့နယ်ဘက်က ဝင်လာခြင်းဖြစ်ကာ ယခုလက်ရှိအချိန်တွင်လည်း အရာတော်မြို့နယ်မြောက်ဘက်က ကိုင်းရွာကို ဝင်ရောက်နေကြောင်း အထက်ပါဒေသခံက ဆိုသည်။ ယခုလို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာရခြင်းမှာ မေလ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် အရာတော်၊ ဝက်လက်၊ ဒီပဲယင်း … - [အရာတော်မြို့ လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2022/05/30/may30-zm1/): စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အရာတော်မြို့နယ် လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းကာ သွားရောက်ပစ်ခတ်ခဲ့ကြောင်း (ပကဖ) တာဝန်ရှိသူများမှ သိရသည်။ အဆိုပါမြို့နယ် လဝကရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မုံရွာခရိုင် တပ်ရင်း(၄) Chindwin Attack Force တပ်ခွဲ (၁) သပြေညိုပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ(၃) Ayardaw Falcon Force (AF2)၊ Ayardaw Bone Naing –PDF (A.B.N.P.D.F)၊ ပတမြားညီနောင်ပြောက်ကျားတပ်ဖွဲံတို့ပူးပေါင်းကာ ၈၀ မမ နှစ်လုံးနှင့် ၆၀ မမ တစ်လုံးတို့ဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သပေညိုပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သို့ပြောသည်။ “မြို့ထဲက လဝကရုံးနဲ့ ရုံးနားမှာရှိတဲ့ စစ်ကောင်စီဂိတ်တဲတွေကိုလက်လုပ် ၈၀ မမနှစ်လုံးနဲ့ ၆၀ မမတစ်လုံးနဲ့သွား ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်တာကတာ့မသိရသေးဘူး ကျနော်တို့က ပစ်ခတ်ပြီးတဲ့နောက်မိနစ် ၂၀ လောက်အကြာမှာ KBZ လမ်းအနီးတစ်ဝိုက်တွေကို PDF တွေရှိလားဆိုပြီးလာရှာတယ်တဲ့” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။ အဆိုပါ လဝကရုံးသွားရောက်ပစ်ခတ်မှုတွင် အထိအခိုက်ရှိနိုင်ပြီး ကျဆုံးမှုရှိမရှိကို မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။ “အဲ့ရုံးထဲမှာက စစ်သားတွေလည်းရှိတယ် ပြီးတော့ သူတို့နဲ့ဆက်နွယ်ပြီး ရုံးတက်နေတဲ့သူတွေလည်းရှိတယ် ပြည်သူတွေနဲ့မရပ်တည်ပဲ စစ်ကောင်စီတွေနဲ့ပေါင်းပြီး ရပ်တည်နေတဲ့အတွက် ပစ်မှတ်ထားပြီး တိုက်ခိုက်တာပါ” ဟု သပြေညိုပြောက်ကျား ကာကွယ်ရေးတပ်ဖွဲ့တာရှိသူက ပြောသည်။ သပြေညို ပြောက်ကျားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ လက်အောက်ခံအစိုးရရုံးများအား ပတ်မှတ်ထား တိုက်ခိုက်ခဲ့မှုမှာ ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ - [ဆန္ဒပြလူစုခွဲချိန်တွင် ဖမ်းခံခဲ့ရသည့် အမျိုးသားတစ်ဦး ထောင်ထဲတွင် သေဆုံး](https://burmese.kachinnews.com/2022/05/30/may30-az1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်တွင် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် ဖမ်းခံခဲ့ရသည့် ဦးကျော်မင်း ခေါ်သူသည် မေလ ၂၈ ရက်ည ၁၁ နာရီခန့်တွင် နှလုံးဖောက်ကာ သေဆုံးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ “ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၀ရက်နေ့က မရှီကထောင်ရပ်ကွက်က ဆန္ဒပြလူစုကွဲချိန်မှာဖမ်းခံရတဲ့ အုပ်စု ၁၄ ယောက်ထဲမှာ ပါတဲ့ ဦးကျော်မင်း ဆိုတဲ့အမျိုးသားပါတယ်။ အဲ့ဒါ မေလ ၂၈ ရက်ညက နှလုံးဖောက်ပြီးတော့ဆုံးသွားတယ် သိရတယ် “လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် ဦးကျော်မင်းသည် အသက် ၅၈ နှစ် ရခိုင်လူမျိုးဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်ကျော် ချမှတ်ခံထားရသူ ဖြစ်သည်။ ဦးကျော်မင်းသေဆုံးချိန်တွင် အသက်ခြောက်နှစ်အရွယ် သမီးတစ်ယောက်နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်ဟုသိရပြီး ၎င်း၏ရုပ်အလောင်းအား ယမန်နေ့ နေ့လည်၁နာရီအချိန်၌ ဖားကန့်မြို့ စုပေါင်းသုဿန်တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅-က သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမူတွင် ပါဝင်သူများ ဖမ်းဆီးခံရစဉ် အများဆုံးစွဲဆိုခံရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ်၃နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေဖြစ်သည်။ FEM (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြန်မာ) ၏ ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုဒ်မ ၅၀၅ နှင့် ၅၀၅(က) အရ ဝရမ်းထုတ်ခံရသူ ၄၀၀၀ နီးပါးရှိကြောင်း သိရသည်။ အလားတူ ဖားကန့်မြို့နယ်တွင်လည်း ပုဒ်မ ၅၀၅-က နှင့် စွဲဆိုခံရသူ … - [အင်းတော်တွင်ဇနီးသည်ထံပြန်မည့်အမျိုးသား ယမ်းမှုန့်မိရာမှ စစ်ကောင်စီကသတ်ဖြတ်](https://burmese.kachinnews.com/2022/05/28/may28-zm1/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဇနီးသည်ဆီကို ပြန်ရန်ဆိုင်ကယ်စီးနှင်လာသည့်အမျိုးသားတစ်ဦးတွင် ယမ်းမိသဖြင့် စစ်ကောင်စီကသတ်ပစ်လိုက်ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် နေ့လယ် ၁နာရီခန့်တွင် အင်းတော်မြို့မှ ကောလင်းမြို့ရှိဇနီးသည်ထံပြန်မည့်အမျိုးသားတစ်ဦး ကိုကျောင်းကုန်းကျေးရွာ အရောက်တွင်စစ်ကောင်စီတပ်က စစ်ဆေးမိရာ ယမ်းမှုန့်များတွေ့ရှိသဖြင့် PDF ဟုထင်မှတ်၍သတ်ပစ်လိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “ကောလင်းကသူ့မိန်းမဆီကိုပြန်တာ ဆိုင်ကယ်တူးဘောက်ထဲမှာ ယမ်းပါသွားလို့ စစ်ပြီးသတ်လိုက်တာ ကျောင်းကုန်းရွာကားလမ်းဘေးမှာပဲသတ်လိုက်တာ”ဟု ၎င်း အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။ သတ်ခံလိုက်ရသည့်ယင်းအမျိုးသားမှာ မော်လူးကျေးရွာနေသူဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်ကြောင်း သိရသည်။ “သူက PDFတော့မဟုတ်ပါဘူး ကျနော်တို့နဲ့လည်းအချိတ်အဆက်မရှိဘူး ယမ်းကတော့ နေရာအမျိုးမျိုးမှာ သုံးလို့ရတယ်ဆိုတော့သယ်လို့ရတယ်ထင်ပြီးသယ်သွားတာနေမှာ”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။ ယင်းအမျိုးသား၏ရုပ်အလောင်းအား အင်းတော်ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယနေ့သဂြိုလ်လိုက်ကြောင်းသိရသည်။ အင်းတော်တွင် အပြစ်မဲ့အရပ် သားပြည်သူသတ်ခံရမှုမှာယခုပထမ ဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ - [မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း](https://burmese.kachinnews.com/2022/05/28/may-28-nn-1/): ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ နောက်ပိုင်း စစ်တပ် စစ်ဆေးရေးဂိတ် ၄ ခုအထိ ထပ်တိုးလာခဲ့သော်လည်း ယခု ပြန်လည်ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း မော်ဟန် ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မိုးညှင်း-နန့်စီးအောင်လမ်းပိုင်းကတော့ အခုအေးဆေးပဲဗျ ဂိတ်တွေလည်းမရှိတော့ဘူး သိမ်းသွားပြီ။ သိမ်းသွားတာ နည်းနည်းကြာပြီ။ အခုက နန့်စီးအောင်ဂိတ်တစ်ခုထဲပဲရှိတော့တယ်။ အားလုံးကို တစ်ပြိုင်နက်ထဲ သိမ်းသွားတာ အခုကတော့ သွားတာ လာတာလည်း ချောချောမွေ့မွေ့ပဲ စစ်ဆေးရေးဂိတ်တွေ မရှိတော့” ဟု မော်ဟန်ကျေးရွာနေ အမျိုးသားတစ်ဦး ပြောသည်။ ယခု ရုပ်သိမ်းသွားသည့် စစ်ဆေးရေးဂိတ် ၄ ခုသည် မိုးညှင်း နန့်စီးအောင် လမ်းပိုင်းရှိ စစ်တပ် နှင့် နီး စပ်သည့် နေရာများတွင် ချထားခဲ့ပြီး မေလ ဆန်းပိုင်းကတည်းက ရုပ်သိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။ “ဘာလို့ သိမ်းသွားတာလဲတော့ မသိရဘူး။ အဲ့ဂိတ်တွေ ရှိတုန်းကတော့ ဆိုင်ကယ်တွေတော့ မစစ်ဘူး ကားတွေကတော့ ရပ်တန့်စစ်ဆေးတာမျိုးလုပ်တယ် ပစည်းတွေ စစ်တယ်” ဂိတ် မရုပ်သိမ်းမှီ ဖြတ်သန်းသွားလာဖူးသည့် ခရီးသည်တစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် မတ်လတွင်လည်း နမ့်စီးအောင် … - [လားရှိုး-မြစ်ကြီးနား ခရီးသည်ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ](https://burmese.kachinnews.com/2022/05/28/may28-az1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းရေးဂိတ်တွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ လားရှိုးမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသည့် ဂျိမ်းဖော့သူခရီးသည်ယာဉ် ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ကချင်ပြည်နယ် ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦး ထံမှ သတင်းရရှိသည်။ မူးယစ်ဆေးဝါး တန်ဖိုးမှာ ကာလပေါက်စျေး မြန်မာငွေကျပ် ၃၇၂ သိန်းခန့်ရှိပြီး မိုးညှင်းမြို့နယ် နမ့်စီးအောင် ပူးပေါင်းရေးဂိတ်တွင် စစ်ဆေးရှာဖွေရာမှ အဖြူရောင်ပီနံအိတ် ၂ အိတ် အနက်အိတ်တစ်အိတ်အတွင်းမှ လက်ဖက်ခြောက်များနှင့် ရောနှောကာ ဖမ်းဆီးရမိသည်ဟု သိရသည်။ “ကော်မတီက အရေးယူတာမျိုးတော့ မရှိပါဘူး။ ဒါက ရဲပိုင်းနဲ့ ဆိုင်တာပေါ့။ ကျနော်တို့ကတော့ ဘာမှမလုပ်ပါဘူး ပုံမှန်အတိုင်းတော့ပြေးဆွဲခိုင်းတယ်။ ကိုယ်ဖြစ်ကိုယ်ပေါ့ သူတို့အမူပြီးအောင်ရင်ဆိုင်ပေါ့ သူတို့အပိုင်းတွေပေါ့ ရဲတို့ဘာတို့ နန်စီးအောင်မိုးညှင်းပိုင်းအလိုက်ပေါ။ ကျနော်တို့ဘက်ကတော့ ဘာမှညွှန်ကြားချက်မထုတ်ပါဘူး” ဟု ပြောဆိုသည်။ ထို့အပြင်အဆိုပါ မူးယစ်ဆေးဝါးကို ပါဆယ်တင်ပေးလိုက်သူကို ဖမ်းဆီးရမိပြီဖြစ်ပြီး မူးယစ်ဆေးပိုင်ရှင်သည် ပြင်ဦးလွင်မြို့မှ ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ် တစ်ဝှမ်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း မူးယစ်ယစ်ဆေးဝါးသုံးစွဲသူ များပြားလာနေပြီး ဒုစရိုက်မူများ မကြာခဏ ဖြစ်ပွားလျှက်ရှိနေသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် မြန်မာငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ သည်။ - [မိုးတွင်းဝင်လာချိန် လိုင်ဇာမြို့တွင် ငှက်ဖျားကူးစက်သူများလာ](https://burmese.kachinnews.com/2022/05/27/may27-lp1/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ငှက်ဖျားရောဂါပိုး ကူးစက်ဖျားနာသူ ယခုနှစ်အတွင်း စုစုပေါင်း ၅၀၁ ဦး ထိ ရှိပြီဖြစ်ကြောင်း လိုင်ဇာ ဗဟိုကျန်းမာရေးဌာနမှ သိရသည်။ လက်ရှိ မိုးရာသီကာလ မိုးရွာသွန်းမှုကြောင့် ခြင်ပေါက်ပွားမှု များလာပြီး ခြင်ကိုက်ရာမှ တစ်ဆင့် ဖျားနာသူများပြားလာကြောင်း လိုင်ဇာ ငှက်ဖျားရောဂါ ကာကွယ်စောင့်ကြည့်ရေးအဖွဲ့မှ Dr. Hkum Ja Dim က KNG ကို ပြောသည်။ “ကျမတို့ လိုင်ဇာဘက်မှာ မိုးရာသီဝင်လာလို့ ခြင်တွေကများ ခြင်က ပြန်ကိုက် ဖျားလို့ ဆေးစစ်ကြည့်တော့ ငှက်ဖျားပိုးတွေ့တယ်။ နွေကုန် မိုးတွင်းဘက်ရောက်လာတော့ ပိုအဖြစ်များလာတယ်။ စစ်ရှောင်စခန်းတွေမှာ ရော လိုင်ဇာမြို့ထဲမှာရော ငှက်ဖျားရောဂါ ဖြစ်လာတဲ့ ရာခိုင်နှုန်းများလာတယ်။ ဒီထက်ပိုပြီး ကူးစက်မှုမဖြစ်ဖို့ ကျမတို့အနေနဲ့လည်း လုပ်ဆောင်နေပါတယ်။” ဟု ဆိုသည်။ ငှက်ဖျားရောဂါကြောင့် ဖျားနာသူများတွင် အသက် ၁၅ နှစ်နှင့် အထက်ရှိသူများ၌ ပိုအဖြစ်များနေပြီး အသက် ၁ နှစ်ပြည့် ကလေးငယ်များတွင်လည်း ငှက်ဖျားရောဂါ ကူးစက်ဖျားနာမှု ရှိနေသည်။ လက်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူများသည် စခန်းတွင်းဖွင့်ထားသည့် ဆေးပေးခန်းတွင် ဆေးကုသခံယူရမည် ဖြစ်ကြောင်း သိရသည်။ “စစ်ရှောင်စခန်းတွေမှာတော့ ဆေးကို တစ်ခါတည်းမပေးလိုက်ဘူး။ IDP စခန်းကဆေးပေးခန်းမှာပဲ ဆေးကို အချိန်မှန်လာစားဖို့ လုပ်ပေးတယ်။ ဆေးကို ကိုယ့်ရှေ့မှာ တိုက်ပေးတယ်။ ခရီးထွက်ရမယ့်သူနဲ့ ကျောင်းတတ် နေတဲ့သူတွေကိုတော့ ဘယ်နှစ်ရက်စာဆိုပြီး ဆေးပေးလိုက်တယ်။” ဟု Dr.Hkum Ja Dim … - [မြစ်ကြီးနားတွင် စစ်ကောင်စီအောက် အခြေခံပညာကျောင်းအပ်သူ ယခင်နှစ်ထက် ပိုများလာ](https://burmese.kachinnews.com/2022/05/27/may27-sm1/): မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ ယခင်နှစ်ထက် ပိုမိုများလာကြောင်း အမည်မဖော်လိုသည့် Non- CDM ဆရာမ များထံမှ သိရသည်။ “အခုက အတန်းတိုင်းအတွက် က ၂၀၁၉ -၂၀ မှာ အောင်ထားတဲ့သူတွေနားထားတဲ့ကလေးတွေ နားပြီး ပြန်ဝင်တဲ့ဟာတွေ အဲ့တာတွေလည်းလက်ရှိတော့လာအပ်နေတယ်။ သူတို့အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်တာတွေ နားလိုက်တဲ့ဟာတွေ ပြီးတော့ မနှစ်ကမတက်ဖြစ်တဲ့ကလေးတွေ ဒီနှစ်တော့တော်တော်များများ ဝင်လာကြပြီ တစ်ခြားအတန်းတွေမှာလည်းဝင်တယ်လို့ပြောတယ်” ဟု Non-CDM ဆရာမတစ်ဦးက ပြောသည်။ ယခုနှစ်တွင် ကျောင်းသား/ကျောင်းသူလာအပ်သည့်စာရင်းမှာ ကျောင်းအပ်လက်ခံသည့် ရက်မှစကာ ပုံမှန် ရှိနေပြီး ခန့်မှန်းချက်အရ ပြီးခဲ့သည့်၂၀၂၀-၂၁ ပညာသင်နှစ် ကထက် ပိုမိုများပြားလာသည့် အနေအထားရှိကြောင်း အဆိုပါ ဆရာမက ဆက်ပြောသည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် ၂၀၂၂- ၂၀၂၃ အခြေခံပညာသင်နှစ်သည် မေလ ၂၆ ရက်နေ့စကာ ကျောင်းအပ်လက်ခံနေပြီး ယခင်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ကျောင်းအပ်နှံသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအပ်သူပိုမိုများလာကြောင်း သိရသည်။ ကျောင်းသားမိဘ တစ်ဦးက “မနှစ်ကတော့ နိုင်ငံရေးကမကောင်း တော်တော်များများလည်း မတက်ကြဘူး အဲ့တာကြောင့် ကလေးတွေကိုကျောင်းမထားဖြစ်တာ။ ဒီနှစ်တော့အခြေနေကြည့်နေတာ တက်တယ့်သူများရင်တော့ ထားမလို။ ဒီနေ့ဆို ကျောင်းအပ်တဲ့သူများတယ်လို့ပြောနေကြတော့ မနက်ဖြန်တော့ သွားအပ်မလို့ လုပ်ထားတယ်” လို့ ဆိုပါတယ်။ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်ကို မေလ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ၂ ရက်နေ့မှာတော့ အခြခံပညာကျောင်း စတင်ဖွင့်လှစ်ကာ သင်ကြားသွားမှာဖြစ်သည်ဟုသိရသည်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး … - [မြစ်ကြီးနားမြို့ ဖုန်းဆိုင်တစ်ဆိုင်တွင် I phone ၁၈ လုံး သေနတ်ထောက် လုယက်ခံ လိုက်ရ](https://burmese.kachinnews.com/2022/05/27/may27-az2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က I ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ I phone ၁၈ လုံးခန့် သေနတ်ထောက် လုယက်ခံလိုက်ရကြောင်း ဖုန်းဆိုင်မှ သိရသည်။ I center ဖုန်းအရောင်းဆိုင်တွင် ယနေ့ နံနက်ပိုင်း လူငယ်နှစ်ဦး 125 ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ထောက်၍ ဆိုင်ဝန်ထမ်းကို လက်နောက်ပြန်ကြိုးသုတ်ထားကာ I phone ၁၈ လုံးခန့် လုယူထွက်ပြေးသွားကြောင်း ဖုန်းဆိုင် ပိုင်ရှင်က KNG သတင်းဌာနသို့ ပြောသည်။ “ကျနော်က အပြင်ခနလေးသွားလိုက်တာ သွားလိုက်တော့လူ ၂ယောက်က ကျနော့်ဆိုင်ထဲကိုဝင်လာပြီးမှ ကျနော်နာမည်ကိုမေးပြီး ရှိလာဘာမေးတော့ ကျနော့်ဆိုင်ဝန်ထမ်းကမရှိဘူးလို့ပြောတယ်။ ခနနေပြန်လာမယ် ပေါ့ အဲ့တာနဲ့သူကဝင်ထိုင်နေလိုက်တယ်။ ကျနော်ဆိုင်ဝန်ထမ်းလည်း ကျနော့်အသိထင်ပြီး ဘာမှမပြောဘူးနေလိုက် တာ ခနနေတော့လူတစ်ယောက်က သေနတ်တွေဆိုင်ဝန်ထမ်းကို လက်တွေကြိုးနဲ့သုတ်ပြီး အနောက်ခန်းမှာထိုင် ခိုင်းထားတဲ့အချိန် နောက်တစ်ယောက်ကဖုန်းတွေကိုကြောပိုးအိတ်ထဲထည့်ပြီး ထွက်ပြေးသွားတယ်” ဟု ဆိုင်ရှင်က ပြောသည်။ အဆိုပါ ဖုန်းလုယူထွက်ပြေးသွားသူနှစ်ဦးသည် ဖုန်းဆိုင်ပိုင်ရှင်အသိမိတ်ဆွေထဲမှ ဖြစ်နိုင်ခြေများကြောင်းသိရပြီး ဆိုင်ကယ်ဦးထုတ် အင်းကျီလက်ရှည် အပြည့်အစုံဝတ်ဆင်ထားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိလိုက်ရကြောင်း သူက ဆက်ပြောသည်။ လုယူခံလိုက်ရသည့် ဖုန်းအမျိုးအစားများမှာ 13promax 256gbbx 2လုံး Graphtic 13 promax128 gbx တစ်လုံး၊ Graphtic 13 promax126 gbx packing တစ်လုံး၊ 13 pro 256gb နှစ်လုံး၊ 13silver ၊ … - [ကချင်ပြည်နယ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ် ထပ်မံ ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2022/05/27/may27-zm1/): ကချင်ပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်မှ ယခုလအတွင်း ချိတ်ပိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့် လက်ရှိ သယံဇာတဝန်ကြီး ဦးတူးခေါင်၏ နေအိမ် ကိုသာ ချိတ်ပိတ်ခဲ့သော်လည်း ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ်ကို ထပ်မံ ချိတ်ပိတ်ခဲ့ကြောင်း NLD ပါတီ ကချင်ပြည်နယ် အလုပ်မှုဆောင် ဦးဝင်းနိုင် ပြောသည်။ “ကျနော့အိမ်ကတော့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ချိတ်ပိတ်သွားတာ။ ခုနောက်ဆုံးကြားနေရတာတော့ ဗန်းမော် လွှတ်တော် ကိုယ်စားလှယ်၊ ပူတာအိုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်ခံလာရတယ်။ ပြီး‌တော့ ထောင်ဒဏ်ချမှတ်ထားခံရပြီး ဖြစ်တဲ့ မိုးညှင်းကိုယ်စားလှယ်ကိုလည်း လူတစ်ယောက်လုံးကိုတောင် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ထောင်ချထားတာ သူ့နေအိမ်ပါ ချိတ်ပိတ်ဖို့ထိ ခြိမ်းခြောက်လာတာတော့ သူတို့အတွက်က နောက်ဆုံး မီးတောက်‌မို့နေမှာ” ဟု သူက ပြောသည်။ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်ရှိ CRPH ကော်မတီဝင်တစ်ဦးဖြစ်သည့် ပြည်နယ်အလုပ်အမူဆောင် ဦးဝင်းနိုင်၏ နမ္မတီးမြို့ နေအိမ်ကို ချိတ်ပိတ်ခဲ့သည့်အပြင် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် NLD ပါတီ ဗန်းမော်ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ် … - [ဖားကန့် စစ်ကောင်စီတပ် လက်နက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်](https://burmese.kachinnews.com/2022/05/27/may27-az1/): ဖားကန့်မြို့နယ် မိုးကာကျေးရွာထိပ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးကာ ကျေးရွာနေ အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ ဆိပ်မူကျေးရွာအုပ်စုရှိ မိုးကာကျေးရွာတွင် လွန်ခဲ့သည့် မေလ ၂၃ရက်နေ့က စတင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်စခန်းတစ်ခုသည် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ “အခုစကစအဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လက်နက်တွေရမ်းပစ်နေတာရှိတယ်။ ၄၀ မမ တွေကော ပစ်တယ် လက်နက်ငယ်တွေကောပစ်တယ်။ ပစ်တော့အရပ်သားတစ်ယောက်မှန်သွားတယ်။ အမျိုးသား တစ်ယောက်သိပ်တော့ မစိုးရိမ်ရပါဘူး။ လက်မောင်းကိုမှန်သွားတယ်။ အဲ့ဒီရွာက လူတွေတစ်ရွာလုံးကတော့ တံခါးတွေ ပိတ်ထားကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကျည်ထိမှန်ခဲ့သောအမျိုးသားကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ မိုးကားကျေးရွာတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် လက်နက်ငယ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင့် လက်နက်ကြီး ၄၀ မမ အချက် ၂၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ပြည်သူအချို့လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “ရွာထဲမှာရှိနေတဲ့လူတွေကတော့ အိမ်ပြင်မထွက်ကြဘူး။ တချို့ကျတော့လည်း စပေါ့ရွာတို့ အနီးရွာတို့မှာ ဆိုင်ကယ်လေးတွေနဲ့ ရှောင်ကတိန်းကြတာရှိတယ်။ စကစတွေက သူတို့ပဲတစ်ဖက်သတ်ပစ်နေတာ ဆွပစ် ပစ်နေတာ တိုက်ပွဲပစ်သလိုဖြစ်နေတာ တာပေမယ့်ဒီဘက်ကတော့ ပြည်သူတွေထိခိုက်မှာ ဆိုးလို့ထိတွေ့မှုမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် မေလ … - [ဆွမ်ပရာဘွမ် ကျေးလက်ကျန်းမာရေး ဝန်ထမ်းနေအိမ်အတွင်း ပစ္စည်းများကို စစ်ကောင်စီတပ် ယူဆောင်သွား](https://burmese.kachinnews.com/2022/05/26/may26-lp1/): ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာ ကျေးလက်ဆေးခန်းမှ CDM ကျန်းမာရေးဝန်ထမ်း ဆရာမများ၏ သော့ခတ်ထားသည့် အိပ်ဆောင်ကို စစ်ကောင်စီ တပ်သားများ ရိုက်ဖွင့်ခဲ့ပြီး အခန်းတွင်းပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံ မှ သိရသည်။ မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းသည် ဆွမ်ပရာဘွမ် မြို့နယ် ခဂရန်းယန်ကျေးရွာတွင် မေလ ၁၆ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ခဂရန်းယန်ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၊ ကျေးလက်ဆေးခန်း နှင့် လူနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ဆရာမတွေရဲ့အိပ်ခန်း အဝတ်အစားနဲ့ စာရွက်တွေ အကုန်ရှုပ်ဖွနေတယ်။ အခန်းမှာကျန်နေတဲ့ပစ္စည်း ဘာမှ သိပ်မရှိတော့ဘူး။ သော့ကိုရိုက်ဖွင့်ပြီး အခန်းမှာ အိပ်ကြတယ်ထင်တယ်။ ဘာမှ သွားမပြောရဲဘူး။ ရှေ့အပတ် လောက်က စစ်ကောင်စီယာဉ်တန်း လာတဲ့ချိန်ထင်တယ်။ လုံခြုံရေးဆိုပြီး ကျနော်တို့ ရွာမှာ စစ်သားတွေနေနေတာ ကြာပြီ ၅-၆ ရက်လောက်ရှိနေပြီ။ ရွာမှာ ဟိုနေရာအိပ် ဒီနေရာနဲ့ နေနေကြတယ်။ ဆရာမတွေအခန်းက နောက်မှတွေ့တယ်။ အခုတော့ သွားလိုက်ကြပြီ။” ဟု KNG ကချင်သတင်းဌာန ကို ပြောပါသည်။ ခဂရန်းယန်ကျေးရွာရှိ ကျေးလက်ဆေးခန်းမှ ဆရာမများသည် စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး အကြမ်းမဖက်တဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင်လည်း စစ်ကောင်စီတပ် စစ်ရိက္ခာ သယ်ယဉ်တန်းဖြတ်သွားစဉ်အချိန် ဆွမ်ပရာဘွမ် ဒရူးခ ကျေးလက်ဆေးခန်း မှ … - [စစ်ကောက်စီပစ်ခတ်သော လက်နက်ကြီးကြောင့် အသက် ၇၀ ကျော်အရွယ်အဖိုးအို တစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/05/26/may26-az2/): ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာ သက်ကြီးရွယ်အိုတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။ မတ် ၂၅ ရက်နေ့တွင် ည ၈ နာရီဝန်းကျင် ကံသစ်ကျေးရွာဘက်သို့ စစ်ကားလေးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ကံသစ်ကျေးရွာမရောက်မှီလမ်းခုလတ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ကံသစ်ကျေးရွာဘက်တွင် လက်နက်ကြီးယမ်းသမ်းပစ်ခတ်သည့်အတွက် အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူတို့ကမနက်ကတည်းကနေစစ်ကြောင်းထိုးဝင်လာတာဗျ အဲ့စစ်ကြောင်းကို ကံသစ်ရွာမရောက်ခင်မှာ အဖွဲ့တစ်ဖွဲ့ ဘယ်အဖွဲ့ဆိုတာတော့ စုံစမ်းဆဲပဲသူတို့ကနေ မိုင်းဆွဲတိုက်ခိုက်တာ အထိနာခဲ့တော့ လက်နက်ငယ်အချက် ၂၀၀ လောက်ပစ်တယ်။ လက်နက်ကြီး ၁၀ ချက်ပစ်တာ ကံသစ်ထဲမှာလည်းကျတယ်အဲ့မှာ အိမ်ပြင်ထွက်နေတဲ့အဖိုးအို တစ်ယောက်ကိုထိမှန်သွားတယ်”ဟု ၎င်းကပြောသည်။ အဆိုပါလက်နက်ကြီး ကျည်ထိမှန်ခဲ့ သည့် အဖိုးအိုအား Khin U Support Organization-KSO မှ ဆေးဝါးကုသမှု ပေးခဲ့သော်လည်း ဒဏ်ရာပြင်းပြင်း ထန်ထန်ရထားသဖြင့် ည ၉နာရီခွဲအချိန်တွင် သေဆုံးသွားကြောင်းသိရသည်။ ခင်ဦးမြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း စစ်‌ကောင်င်စီ၏ လက်နက်ကြီးကျည်ထိမှန်သူအပြင် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်သူ အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သေဆုံးသူ ၁၆၀ ဦးခန့်အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [စစ်ကိုင်းတိုင်းတွင် NUG ပညာရေးကျောင်း ဖွင့်ချင်သော်လည်း အခက်ခဲဖြစ်နေ](https://burmese.kachinnews.com/2022/05/26/may26-az1/): စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် NUG အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသော်လည်း နယ်မြေစိုးမိုးမှု မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မြို့နယ် ၃၄ မြို့နယ်အနက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် မြောင်မြို့နယ် မှ လွဲ၍ ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ နေအိမ်မီးရှို့မှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်မှုတို့ကြောင့် ထွက်ပြေးနေရသဖြင့် စာသင်ကြားနိုင်ရေး အခက်အခဲရှိနေကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “NUG နဲ့ တွဲပြီး အခြေခံပညာကျောင်းတွေဖွင့်မယ်ဆိုရင် အဓိကတော့နယ်မြေ စိုးမိုးနိုင်ဖို့ပါပဲ။ နယ်မြေစိုးမိုးနိုင်မှ လွတ်လွတ် ကျွတ်ကျွတ် သင်ကြားနိုင်မယ် အဲ့လိုနယ်မြေ စိုးမိုးနိုင်ဖို့ကလည်း လက်နက် အပြည့်အစုံလိုအပ်မယ်။ နယ်မြေစိုးမိုးနိုင်ရင်တော့ ကလေးတွေအတွက် အများကြီး ဝမ်းသာရမှာပေါ့ အခုလောလော ဆယ်တော့ မြောင်နယ်လိုမျိုး လုပ်နိုင်ဖို့အခက်အခဲတွေရှိနေသေးတယ်” ဟု ခင်ဦး PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်မှု အရှိန်အဟုန်မြင့် လုပ်ဆောင်နေဆဲဖြစ်သောကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ပိုမိုခက်ခဲနေကြောင်းလည်း စစ်ကိုင်းတိုင်း နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။၊ “က‌လေးတွေရဲ့ ပညာရေးအတွက်ပုံဖော်ဖို့က ကြိုးစားနေဆဲပဲဗျ အခုလော လောဆယ်က ကလေးတွေစာမမေ့အောင် တစ်နိုင်တစ်ပိုင်နေအိမ်မှာ သင်ပေးနေတာလောက်ပဲရှိတယ်။ စာသင်ကျောင်းတွေဖွင့်ပြီး သင်ဖို့အတွက်ကတော့ စစ်ကြောင်းတွေ အရမ်းထိုးနေတဲ့အတွက် ခက်ခဲနေသေးတယ်။ ကြိုးတော့ကြိုးစားနေပါတယ်” ဟု စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် မြို့နယ်တစ်ခုလျှင် ကျေးရွာအုပ်စုပေါင်း ၃၀ ထက်မနည်းခန့်မှာ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် … - [နေအိမ် မီးရှို့ခံရသော ယင်းမာပင် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရ](https://burmese.kachinnews.com/2022/05/26/may26-zm1/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ အောင်ချမ်းသာကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၇၀ ကျော်သည် ယမန်နေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အောင်ချမ်းသာ ကျေးရွာသို့ ဝင်ရောက်လာပြီး လူနေအိမ်အများအပြား မီးရှို့ခဲ့သည့်အတွက် လတ်တလောတွင် အောင်ချမ်းသာရွာ နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူသုံးထောင်ကျော်သည် ချောင်ကူး၍ ခင်ဦးမြို့အရှေ့ဘက်ခြမ်းတွင် ခက်ခက်ခဲခဲဖြင့် စစ်ရှောင်နေရကြောင်း ခင်ဦးဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “မနက် ၇ နာရီလောက်ကနေ စရှို့တာဗျ။ အဲ့ဒီအောင်ချမ်းသာရွာက အိမ်ခြေတစ်ရာ့ငါးဆယ်လောက်ရှိတယ်ဗျ။ မနက်က ရှို့တဲ့ထဲမှာ ဘယ်လောက်လောက်ပါသွားလဲတော့ စာရင်းအတိအကျမပြုစုရသေးဘူး” ဟု ခင်ဦးနယ်မှ ဒေသခံတစ်ဦးက ပြောသည်။ လတ်တလော အောင်ချမ်းသာကျေးရွာအနီးတစ်ဝိုက် စစ်ကြောင်းဝင်ရောက်နေမှုကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူသုံးထောင်ကျော်သည် ယင်းမာချောင်းကို ကူးဖြတ်ကာ စစ်ရှောင်နေရပြီး မိုးများသည်းနေသည့်အတွက် ချောင်းကူးရန် ပိုခက်ခဲကြောင်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “မနေ့ကလည်း မိုးရွာတယ်ဗျ အခက်အခဲကတော့ချောင်းရေကြီးတော့ အတော်လည်းတော့အခက် အခဲဖြစ်တယ်ဗျ။ ချောင်းရေက လူတစ်ရပ်နီးပါးလောက်တော့ နက်တယ်ဗျ။ အဲ့ဒါကြောင့်တော်တော်လည်းတော့ အခက်အခဲဖြစ်တယ်ဗျ။ ချောင်းကူးတံတားလည်းမရှိ သက်ကြီးရွယ်အိုနှင့် ကလေးတွေလည်း များတော့ တော်တော်လည်း ခက်ခဲတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လတ်တလောတိန်းရှောင်နေရသည့် ကျေးရွာများမှာ အောင်ချမ်းသာ၊ အောင်ချမ်းလေး၊ လက်ပံတော၊ ကမ်းနား၊ ထီလောင် တို့ပါဝင်ပြီး စုစုပေါင်း ကျေးရွာ … - [ကချင် စစ်ရှောင် အိမ်ထောင်စု ၈၀ ကျော် ထပ်မံ နေရပ်ပြန်](https://burmese.kachinnews.com/2022/05/25/may-25-ld-1/): မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ရှောင်စခန်းနှင့် ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အိမ်ထောင်စု ၈၀ ကျော် ယနေ့ မေလ ၂၅ ရက်နေ့ ရေကျည်၊ တာပဒေါင်းကျေးရွာသို့ နေရပ်ပြန်ကြပြီ ဖြစ်သည်။ “နေရပ်ပြန်ပြီဆိုတာက KBC ကနေ မှ မနှစ်ကတည်းက အိမ်တွေလည်း ဆောက်ထားပြီးတာဆိုတော့ မနှစ်ကတည်းက ပြန်ဖို့ပြင်ဆင်ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ တိုက်ပွဲတွေက ပြန်ဖြစ်လာတာနဲ့ မပြန်ဖြစ်ကြတယ်။ ဒါပေမဲ့ အခုတော့ လုံခြုံမှုအာမခံ မရှိလည်း ဘာဘဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ဘက် လှည့်လာကြတာဖြစ်တယ်။ အခုက သူတို့တွေ ပြန်လို့ရပြီဆိုတော့ အိမ်ဆောက်ထားပြီးတဲ့သူတွေဖြစ်ဖြစ်၊ အိမ်မရသေးတဲ့သူတွေဖြစ်ဖြစ် နာမည်ပြန်ထည့်ကြပြီး နေရပ်ပြန်ကြတာဖြစ်တယ်။” ဟု ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦး ပြောသည်။ နေရပ်ပြန်ကြသူများတွင် ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈၀ ဝန်းကျင် လူဦးရေ ၄၀၀ ကျော် နှင့် လယ်ကုန်းရပ်ကွက် ဗက်လင် စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၅ ခုခန့်တို့ဖြစ်သည်။ အဆိုပါစစ်ရှောင်များမှာ ရေကျည်၊ တိုင်လွမ့် ၊ တာပဒေါင်း ကျေးရွာများမှ ဖြစ်ကြပြီး ၎င်းတို့အတွက် နေအိမ်များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် KBC, KHCC မှ နေအိမ် ဆောက်လုပ် ပြီးစီးထားပြီ ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုပေါ်မူတည်ပြီး နေရပ်မပြန်ခဲ့သည့် စစ်ရှောင်ပြည်သူတစ်ချို့ ယနေ့ မှ နေရပ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလို စစ်ရှောင်များ နေရပ်ပြန်ကြပြီဖြစ်သော်လည်း ကလေး ပညာရေးအတွက် စိုးရိမ်မှုများလည်း ရှိနေကြောင်း နေရပ်ပြန် စစ်ရှောင်ပြည်သူတစ်ဦး ယခုလို ပြောသည်။ “ကျမတို့က ဒီမှာ နေအိမ်ခြံမြေ ဖြစ်တယ်ဆိုတော့ … - [စစ်ကောင်စီ ရိက္ခာတင် သင်္ဘော ၃ စီး ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/05/25/may25-za1/): ကသာ မှ အထက်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ ၏ လက်နက် ရိက္ခာတင် သင်္ဘော ၃ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ အဆိုပါ သင်္ဘော ၃ စီးသည် ယနေ့ နေ့လည် ကသာမြို့ ဆိပ်ကမ်း မှ စတင်ထွက်ခွာလာပြီးနောက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့်တွင် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြားအ‌ရောက်တွင် ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲ မမ လက်လုပ် ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။ “ကျွန်တော်တို့က ရှော့ဒုန်း ၃ လုံးနဲ့ချိန်ထားတာ စပစ်တော့ တစ်လုံးပြီးတစ်လုံးထွက်သွားတာ သင်္ဘောကလည်း မီးခိုးတွေအူသွားတယ် သင်္ဘောကရှေ့ကိုဆက်မတက်နိုင်တော့ဘူး စက်ပျက်သွားတယ်ထင်တယ်။ ကျန် ၂ စီးနဲ့ တွဲယူတာတွေ့ရတယ်” ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ပြောသည်။ ပစ်ခတ်ခံရချိန် လက်နက်ကြီးထိမှန်ကာ စက်ပျက်ယွင်းသွားသည်ဟု ယူဆရသည့် သင်္ဘောတစ်စီးအား ကျန်နှစ်စီးမှ တွဲကာ မိုးတားလေး ဆိပ်ကမ်းတွင် ဆိုက်ကပ်သွားကြောင်း သိရသည်။ အဆိုပါ စစ်ကောင်တပ်၏ သင်္ဘော ၃ စီးသည် မေလ ၁၄ ရက်နေ့ မန္တလေးမှ ဆန်တက်လာပြီးနောက် မေလ ၁၈ ရက်ည ကသာ သို့ ရောက်ရှိလာပြီး ကသာ၊ အင်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကသာဆိပ်ကမ်းတွင် … - [NLD လွှတ်တော် ကိုယ်စားလှယ်‌ဟောင်း ဦးဇော်သင်း နေအိမ်ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2022/05/25/may25-az2/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်သင်း၏ နေအိမ်ကို စစ်ကောင်စီတပ်မှ ယမန်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားလမ်းတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်အား စစ်ကောင်စီတပ်မှ မေလ ၂၄ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် လာရောက်ချိတ်ပိတ်သွားခြင်းကြောင်း သိရသည်။ “မနေ့ကနေ့လည် ၂နာရီလောက်မှာ စာလာကပ်သွားတာဟုတ်တယ်။ ဦးဇော်သင်းနဲ့မိသားစုကတော့ ရှောင်နေတာကြာပြီ အိမ်မှာဘယ်သူမှ မရှိပါဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်အား”အကြမ်းဖက်အုပ်စု CPRH အဖွဲအစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း” ဗီနိုင်းကပ် ဖော်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့အားဆန့်ကျင်သည်ဟု ယူဆသူများ၊PDF များအား ထောက်ပံ့သူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ ချိတ်ပိတ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင်မူ ယခုအကြိမ်နေအိမ်ချိတ်ပိတ်ခံရသည်မှာ ပထမအကြိမ်ဖြစ်သည်။ “နေအိမ်ချိတ်ပိတ်တာ မကြားမိသေးဘူး ဒီတစ်ခေါက်က ပထမဦးဆုံးဘဲ။ ကျနော့်အမြင်တော့ ပြည်သူတွေ သူတို့ကို‌ပိုကြောက်လာအောင် လုပ်တာလို့မြင်တယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ ဗန်းမော်မြို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း PDF နှင့်ဆက်စပ်သူများ CDM ပြုလုပ်သူများအား လိုက်လံဖမ်းဆီးမူ မကြာခနရှိနေဆဲဖြစ်သည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီဘက်မှ နေအိမ်ချိတ်ပိတ်သည့်အထိ လုပ်ဆောင်လာခြင်းသည် ပြည်သူများအား အကြောက်တရားပေးနေခြင်းသာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ - [ဆန်းကြွယ် ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး](https://burmese.kachinnews.com/2022/05/25/may25-az1/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ပျူစောထီး ယူဆရသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှသိရသည်။ ယနေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအမျိုးသားမှာ နေအိမ်တွင်းရှိနေစဥ် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုမှ ပစ်ခတ်သွားကြောင်း ဆန်းကြွယ်ကျေးရွာ နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ဆိုသည်။ “သူ့အသက်က ၆၀ ဝန်းကျင် လူနာမည်ကတော့ဦးလူမော်တဲ့ မနက် ၁၀ နာရီခွဲလောက် နေအိမ်မှာသေနတ်နဲ့ သုံးချက်ဝင်ပစ်သွားတာ”ဟု ဆန်းကြွယ်ကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ သေဆုံးသူအမျိုးသား၏ နေအိမ်တွင် စစ်ကောင်စီ ရဲ၊ စစ်သားနဲ့ရပ်ကျေးတာဝန်ရှိသူများက လာရောက်စစ် ဆေးနေကြောင်းလည်း သိရသည်။ “ပြည်သူတွေပြောနေကြတာတော့ သူက ပျူစောထီးလို့ပြောတယ် ပျူစောထီးမလို့ ရှင်းလိုက်တာတဲ့”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ ဦးလူမော် သေနတ်ပစ်သတ်ခံရမှုသည် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို KNG သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပေ။ ဆန်းကြွယ်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၀ရက်နေ့ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်လည်း နေအိမ်တွင် သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သည်။ - [ဆီတင်ကား တစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့ မီးရှို့ ဖျက်ဆီး](https://burmese.kachinnews.com/2022/05/25/may25-yl1/): တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် မေလ ၂၄ ရက်နေ့က ပြည်သူတစ်ဦး မောင်းနင်လာသော ဆီတင်ကားတစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က မီးရှို့လိုက်ကြောင်း သိရသည်။ အဆိုပါ ဆီတင်ကားသည် ရွှေမှော်ဘက်သို့ ဦးတည်မောင်းနင်းလာရာ စံပြကျေးရွာတွင် အခြေစိုက်ထားသော ပြည်သူ့စစ်အဖွဲ့က ကား ၃စီးဖြင့် ရောက်လာပြီး ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုလုပ်ကာ မောင်းနင်းလာသည့် ဆီတင်ကားကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ထိုဒေသတွင် ကွပ်ကဲနေသော KIA ဘက်မှ တာဝန်ရှိတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။ “KIA ကား မဟုတ်ဘူး။ ပြည်သူတွေ မောင်းနင်းနေတဲ့ ကားဖြစ်တယ်။ အဲ့ကားက ရှဒူးဇွပ်ကနေ မှော်ဘက်ကို ဆီတွေတင်ပြီး ပုံမှန်သွားလာနေတဲ့ ကားဖြစ်တယ်။ မနေ့ကလည်း ကားပေါ်မှာ ဘာမှ မပါဘူး။ ဒီတိုင်း အလွတ်မောင်းလာတာကို ရပ်တားပြီး စစ်ဆေးကြတာ ထင်တယ်။ ကချင်လို့ပြောလိုက်တော့ ရိုက်နက်တယ်။ နောက် ကားကိုလည်း မီးရှို့ ပေးလိုက်တာ ဟုတ်တယ်” ဟုပြောဆိုသည်။ ပြည်သူ့စစ်အဖွဲ့မှ ထိုသို့ ပြုလုပ်ခြင်းသည် ပြီးခဲ့သည့် မေလ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရှဒူးဇွပ် ကျေးရွာအနီး ရွှေတူးဖော်နေသော ရှဒူးဇွပ်ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂စီးကို KIA မှ မီးရှို့ပေးလိုက်ခြင်းကြောင်း လုပ်ဆောင်လာရခြင်းဖြစ်သည်ဟု သူက ဆက်လက်သုံးသပ် ပြောဆိုထားသည်။ ပြည်သူ့စစ်အဖွဲ့ မှ ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုနေစဉ်အတွင်းမှာဘဲ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဆက်လက်သိရသည်။ ယခုအပတ် မေလ ၂၁ ရက်နေ့တွင် … - [မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေ‌လျှော့ပေး](https://burmese.kachinnews.com/2022/05/24/may24-bs2/): မြန်မာ- တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ – မန့်မိုင်(ဝမ်တိန်)မှ တရုတ်ဘက်သို့ တင်ပို့နေသည့် သစ်သီးကားများအား စစ်ဆေးမှု ၄ နေရာထိ ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ ယခင် ဖရဲ၊ သခွားသီးများကို စစ်ဆေးရာ နေရာ ၈ နေရာ၊ သရက်သီးကားများ စစ်ဆေးရာနေရာသည် ၁၀ နေရာထိ ရှိခဲ့သော်လည်း မေလ ၂၂ ရက်နေ့မှစကာ တရုတ်ပြည်ဘက်မှ ၄နေရာထိ လျော့ချပေးခဲ့ကြောင်း သိရသည်။ “ခု စစ်ဆေးတဲ့နေရာဖြေလျှော့ပေးလိုက်တာ ၄ နေရာပဲ ကျန်တော့တယ်” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။ ယခုလို သစ်သီးကားများစစ်ဆေးသည့် နေရာဖြေလျှော့ပေးလိုက်တဲ့ သစ်သီးများ ပို့ဆောင်ရာမှာ ယခင်ထက် ပိုမိုမြန်ဆန်လာနိုင်ကြောင်း ကုန်သည်များက ဆိုသည်။ ဒါ့အပြင် သစ်သီးကားများတွင် အသီးများမှလွှဲကာ ကျန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ပိတ်ထားကြောင်း သိရသည်။ “အသီးကားမှာ တစ်ခြားကုန်တွေမတင်ရဘူး။ ပါလာရင် တရုတ်ဘက်စစ်ဆေးရေးအထပ်ထပ် နဲ့ စစ်ဆေးတယ်။ အခြားပစ္စည်းတွေပါရင် ကားကိုသွားခွင့်မပေးဘူး အဲကြောင့် မေလအတွင်းမှာ တရုတ်ကာစတန်က ဖရဲကား ၁ စီး ဖမ်းထားပြီး သရက်သီးကား ၁ စီး လည်း ထိန်းသိမ်းခံခဲ့ရပြီးပြီ” လို့ ကုန်သည်တစ်ဦးကပြောသည်။ မြန်မာဘက်က အသီးတင်ပို့မှုသည် စစ်ဆေးရေးဂိတ်များသည့်အတွက် အခက်အခဲတွေ ရှိလာသည့်အတွက် ယခုလို ပြန်လည် ဖြေလျှော့ ပေးလာခြင်းဖြစ်ကြောင်း သိရသည်။ - [ကသာအထက်ပိုင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၆ ဦးထက်မနည်းသေဆုံးပြီး](https://burmese.kachinnews.com/2022/05/24/may24-az2/): ကသာမြို့မှ အထက်သို့ စစ်သင်္ဘောလုံခြုံရေးယူရန် ခြေလျှင်စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်မှ ကသာမြို့အထက်ပိုင်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြားတွင် မိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “မနက် အစောပိုင်းမှာ သူတို့ ခတက်ချောင်ရွာကနေ စထွက်လာတာ။ ကျွန်တော်တို့အဖွဲ့က နေရာအနှံ့ မိုင်းထောင် ထားတယ်။ သူတို့မိုင်းကွင်းထဲ ရောက်လာချိန် မိုင်းဆွဲလိုက်တာ” ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်မှ H-22 မိုင်တဲ မမ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဖက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ကာ အထက်ဖက်သို့ ဆက်လက်ချီတက်လာသည့်အတွက် မိုင်း ၉ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။ တိုက်ပွဲကြာချိန် ၇ နာရီခန့် ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ရပ်နားသွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် မေလ ၁၄ ရက်နောက်ပိုင်း ကသာနယ်အထက်ပိုင်းသို့ စစ်အင်အား သိသိသာသာ ဖြည့်တင်းလာပြီး လက်ရှိ ကသာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် စစ်ကြောင်း ၃ … - [မုံရွာတွင် PDF ထောင်ထားသော မိုင်းကွင်းကို အရပ်သားအသွင်ယူ ရှာဖွေနေသည့်အဖွဲ့ကို PDF သတိပေး](https://burmese.kachinnews.com/2022/05/24/may23-bs1/): စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းကွင်းများကို အသွင်ပြောင်းကာ ရှာဖွေစုံစမ်းနေသည့် လူတစ်စုကို သပြေညိုပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ ရန်မှ ကာကွယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းများကို စစ်ကောင်စီတပ်လက်ပါးစေ လူငယ်တစ်စုက အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်နေသဖြင့် အဆိုပါအဖွဲ့ကို ၂ ကြိမ်တိုင်တိုင် ဖမ်းမိခဲ့သော်လည်းဆက်လက်လုပ်ဆောင်နေသောကြောင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “မတ်လပိုင်းမှာ သူတို့ကိုပထမဆုံးအကြိမ်မိတယ်။ အဲ့လိုလုပ်နေတာတွေ့လို့သူတိူ့ကိုဖမ်းပြီးစစ်တယ်။ ကလေးတွေကော ပါတဲ့အတွက် နောက်မလုပ်ဖို့သတိပေးပြီးပြန်လွတ်ပေးခဲ့တယ်။ ကျနော်တို့ကတော့ ပုံမှန် ပြည်သူတွေထဲက ပိုက်ဆံရလို့ လုပ်မိလုပ်ရာ လုပ်ကြတာထင်ပြီး ၂ ကြိမ်အထိပြန်လွတ်ပေးခဲ့တာ။ လွန်ခဲ့တဲ့ သုံးရက်မှာလည်း အမိုင်းကွင်းမှာတွေ့လို့ သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအဖွဲ့တွင် လူငယ် ၆ ဦး ခန့်ပါဝင်ပြီး ဆယ်ကျောက်သက်အရွယ်လည်း ပါဝင်ကြောင်းသိရသည်။ “သူတို့က အဲ့လမ်းပိုင်းမှာ အမှိုက်ကောက်သမားအသွင်ယူတယ်။ စျေးသည်အသွင်ယူတယ်။ အဲလိုအသွင်သဏ္ဍန်ယူပြီး မိုင်းကွင်းတွေကို ဖော်ထုတ်ဖို့လှုပ်ရှားနေတာ။ အဲ့ဒါကြောင့်နောက်တစ်ကြိမ်တွေ့ရင်တော့ ဒလန်လို့သတ်မှတ်ပြီး အရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သပြေညိုပြောက်ကျားတပ်ဖွဲ့သည် မုံရွာခရိုတပ်ရင်း(၄)-Chindwin Attack Force ၏ တပ်ခွဲ(၁) ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သည်။ - [ပူတာအိုတွင် ဖုန်းလိုင်း အားလုံး နီးပါး ပြတ်တောက်နေ](https://burmese.kachinnews.com/2022/05/24/may24-az1-2/): ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်တွင်း ဖုန်းအော်ပရီလိုင်းများအားလုံးနီးပါး ပြတ်တောက်နေကြောင်း ဒေသခံနှင့် နီးစပ်သူများထံမှ သိရသည်။ ပူတာအိုမြို့နယ်အတွင်း မေလ ၂၃ ရက်နေ့မှ စတင်ကာ MPT၊ Telenor ၊ Mytel ဖုန်းအင်းများပြတ်တောက်နေပြီး ယနေ့ မေ ၂၄ ရက်နေ့အထိမရသေးကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “mytel ကတော့ မနေ့ကတည်းကမရတာ Telenor နဲ့ MPT ကတော့မနေ့ညနက်ပိုင်းကတည်းက စပြီးမရတာ ခုနေ့ခင်းပိုင်းအထိ မရဘူး telenor ကတော့လိုင်းပေါ်တယ်။ အင်တာနက်မတက်ဘူး ဖုန်းခေါ်ရင်လည်း မရဘူး ဖုန်းလိုင်းမရှိဘူးလို့ပဲပြလာတယ်”ဟု ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။ လတ်တလောတွင် Ooredoo ဖုန်းလိုင်းတစ်ခုတည်းသာအသုံးပြု၍ရပြီး ကျန်အော်ပရေတာများမှာ မည်သည့် အကြောင်းကြောင့် ပြတ်တောက်နေသည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှသိရသည်။ “ရာသီဥတုကြောင့်ပျက်တာဆိုရင်လည်း ဒီရက်ပိုင်းပူတာအိုမှာကရာသီဥတုကသာသာယာယာပဲနေပူနေတာ အရင်ကမိုးရွာတာတို့ဆိုရင်လည်း Mytel တို့ Ooredooတို့လိုင်းပြတ်တတ်တယ်။ အခုကအားလုံးနီးပါး တစ်ပြိုင်နက်ပျက်နေတာ ဘာကြောင့်လဲတော့ မသိရသေးဘူး”ဟု အခြားဒေသခံတစ်ဦးကပြောသည်။ ပူတာအို ခရိုင်တွင် MPT ဖုန်းလိုင်းကို 2G အင်တာနက်လိုင်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်အသုံးပြုနိုင်ခဲ့ပြီး ကျန် ဖုန်းအော်ပရေတာလိုင်းများလည်း NLD အစိုးရလက်ထက်တွင် စတင်အသုံးပြုခွင့်ရခဲ့သည်ဟု သိရသည်။ - [ပူတာအိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှု များပြား](https://burmese.kachinnews.com/2022/05/24/may24-yl1-2/): ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ် ၏ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ရိက္ခာတင် စစ်ကား ၃ စီး ပျက်စီးသွားပြီး တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ပူတာအိုဘက်သို့ တက်လာသော အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် တန်ဂျာကျေးရွာအနီး အင်ဒေါင်ဘွမ်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် မှ ကျဆုံးမှု များခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်များထံမှ စုံစမ်း သိရှိရသည်။ “စစ်ကား ၃စီးထိသွားတယ်။ အဲ့မှာ ရိက္ခာလည်းပါ စစ်သား ၂၀လောက်ပါတဲ့ စစ်ကားတစ်စီးက ကမ်းပါးဘက်ကို ကျသွားတယ်။ ၂စီးက လမ်းပေါ်မှာဘဲ ပျက်စီးနေတယ်။ နောက် စစ်သားတွေလည်း ထိခိုက်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်လောက်ထိတယ် ဆိုတာကိုက အတိအကျပြောလို့မရဘူး” ဟု အမည်မဖော်လိုသူ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ပြောသည်။ ပျက်စီးသွားသော စစ်ကား ၃ စီးအနက် ကမ်းပါးအောက်သို့ ကျသွားသော စစ်ကား တစ်စီးကို ယနေ့ နံနက်ပိုင်းတွင် လမ်းမကြီး ပိတ်ကာ ပြန်လည် သယ်ထုတ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်း ၆ နာရီခန့်က တန်ဂျာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီးနောက် … - [ဝါးရှောင်-ကန်ပိုက်တည် လမ်းပိုင်းတွင် ပြည်သူ့စစ် အကောက်ခွန်နှင့် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာ](https://burmese.kachinnews.com/2022/05/23/may23-az2-2/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝါးရှောင်ကျေးရွာနှင့် ကန်ပိုက်တည်လမ်းပိုင်းတွင် ပြည်သူ့စစ်၏ အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာနေ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဝါးရှောင်-ကန်ပိုက်တည် လမ်းပိုင်းတွင် ယခင် အာဏာမသိမ်းခင်က ဝါးရှောင်ကျေးရွာအထွက် စုပေါင်းဂိတ် ၊ ဆဒုံးဂိတ် နှစ်ခုခန့်သာရှိပြီး စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလပိုင်းမှစကာ ယင်းလမ်းပိုင်း၌ ဦးရွှေမင်း၏ ပြည်သူ့စစ်နှင့် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ဆယ်ခု ထက်မက တိုးလာသောကြောင့် ခရီးသွားလာရေး ခက်ခဲလာကြောင်း ခရီးသွားပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ကျွန်တော်တို့ရှေ့မှာ ကောက်တာက တရုတ်ပြည်ဘက်ကဝင်လာတဲ့ကားကြီးတွေဆိုရင် တစ်စီးကိုငါး ထောင်ကောက်တယ်။ ဂိတ်တွေကလည်းပိုများလာတယ်။ အရင်တုန်းကဆိုရင် သုံးခုလောက်ပဲရှိတာ လေး အခုကဆယ်ခုထက်မနည်းရှိတယ်။ ခရီးသည်ကားတွေလည်းကုန်ပါရင်တော့ပိုတောင်းတယ် ၃၀၀၀ ထောင်ကနေစတောင်းတယ်။ ဝါးရှောင်ဂိတ် ဆဒုံးဂိတ်တွေကတော့ပုံမှန်တောင်းတယ်။ ကျန်တဲ့ဂိတ်တွေ ကတော့ လက်ဖက်ရည်ဖိုး ဟင်းဖိုးလိုမျိုးတောင်းတာ” ဟု အမည်မဖော်လိုသည့် ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအကောက်အခွန်နဲ့ စစ်ဆေးရေးဂိတ်များသည် ဝါးရှောင်ဂိတ်မှ စတင်၍ ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်များ ပါဝင်ပြီး အခြားကျေးရွာအထွက်များတွင်လည်း ပြည်သူ့စစ် စစ်ဆေးရေး ဂိတ်များ ထိုင်ထားကြောင်းသိရသည်။ အကောက်အခွန် နှင့် စစ်ဆေးရေးဂိတ်များကို ဦးရွှေမင်း၏ လီဆူပြည်သူ့စစ်နှင့် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ပြည်သူ့စစ်များသီးသန့်ထိုင်သည့်ဂိတ်ရှိသည့်အပြင် စစ်ကောင်စီ တပ်နဲ့ ပူးတွဲထိုင်သည့် ဂိတ်များလည်းရှိကြောင်း ခရီးသွားအမျိုးသားတစ်ဦး ပြောသည်။ “နည်းနည်းအဓိကကျတဲ့ ဂိတ်ကြီးတွေမှာတော့ စစ်တပ်နဲ့ပြည်သူ့စစ်ပေါင်းထိုင်တယ်။ … - [ပြည်သူ့စစ်ခေါင်းဆောင်၏ ဘက်ဟိုး ၂ စီးကို KIA မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/05/23/may23-yl1/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ မီးရှို့ လိုက်ကြောင်း သိရသည်။ မေလ ၁၉ ရက်ည ထိုသို့ မီးရှို့လိုက်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင် ၃၀ ဝန်းကျင်ခန့်ကို စံပြ ပြည်သူ့စစ်တပ်စခန်းတွင် ခေါ်ယူကာ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး KIA တပ်ရင်း ၁၄ နယ်မြေသို့ ကုန်ပစ္စည်းတင်ပို့သူများကို ပစ်ခတ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ရှဒူးဇွပ် ဒေသခံ တစ်ဦး က KNG သတင်းဌာန ကို ပြောဆိုသည်။ “ရွှေလုပ်တဲ့ နေရာမှာ KIA က သူ့ရဲ့ ဘက်ဟိုး ၂ စီးကို မီး သွားရှို့ပေးလိုက်လို့တဲ့။ မနေ့က သူတို့ရဲ့စခန်းမှာ လုပ်ငန်းရှင်တွေကို ခေါ်ပြီး သတိပေးတယ်လို့ ကြားရတယ်။ KIA တပ်ရင်း ၁၄ နယ်ဘက် ဒီလကုန်တာနဲ့ လမ်းပိတ်မယ်တဲ့။ နောက်ပြီး ကုန်တင်တဲ့ ကားတွေကိုလည်း ပိတ်မယ်။ လူဖြတ်ရင် လူပစ်မယ်။ ကားဖြတ်ရင် ကားပစ်မယ်။ မှော်ထဲက ထွက်ချင်တဲ့သူ ထွက်ကြ။ မထွက်ချင်ဘဲ ဆက်လုပ်ချင်တဲ့ သူတွေက လုပ်။ ဒါပေမယ် သူတို့က လမ်းကနေဖြတ်ရင် ပစ်မယ်လို့ လုပ်ငန်းရှင်တွေကို ပြောလိုက်တယ်လို့ ကြားတယ်” … - [ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာ ပြင်းထန်](https://burmese.kachinnews.com/2022/05/23/may23-az1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မှ ယနေ့ နံနက် ၇နာရီဝန်းကျင်တွင် အရပ်သား ပြည်သူနှစ်ဦးကို ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုင်းတောင်ကျေးရွာအုပ်စု ကရင်ချောင် ကျေးရွာဘက်တွင် လက်နက်ငယ်များ ယမ်းသမ်း ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဆိုင်းတောင်ကျေးရွာအုပ်စု မမုန်ကိုင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ “တိုက်ပွဲဖြစ်ပွားတာတော့မရှိဘူးဗျ။ ဒါပေမယ့် ကရင်ချောင်ရွာက တံတားထိပ်မှာတော့ ပြည်သူတစ်ယောက် ဆိုင်ကယ်စီးလာတာ သူတို့တားတာကို မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ လေးချက်ပစ်တာ။ အဲ့မှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ အလောင်းကိုတော့ ကြက်ခြေနီက လာကောက်သွားတယ်။ အဲ့သေသွားတဲ့အ မျိုးသားက တစ်ယောက်ထဲလာတာ အဖော်မရှိမပါတော့ သူကဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး”ဟု ယင်းအမျိုးသားက ပြောသည်။ အလားတူ ဆိုင်းတောင်နဲ့ဖားပြင်ကျေးရွာကြား လမ်းခုလမ်းတွင်လည်း နံနက် ၈နာရီဝန်းကျင် လမ်းလုပ်သားဟုယူဆရသည့် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ခဲ့သောကြောင့် အခြေအနေ စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “လက်နက်ကြီးနှစ်ချက်ပစ်တဲ့ဟာကလည်း တံတားပေါ်ကျပြီးမှ ပြည်သူတစ်ယောက်ထိတယ်”ဟု တခြားဒေသခံတစ်ဦးကပြောသည်။ အဆိုပါလက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသားမှာ အခြေအနေစိုးရိမ်ရပြီး ဖားကန့်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကာ ဆေးကုသပေးနေကြောင်း သိရသည်။ လတ်တလောတွင် ဟင်တင့် ကျေးရွာနှင့် ကရင်ချောင်ကျေးရွာပြည်သူများ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းများတွင် ထွက်ပြေးခိုလှုံနေရပြီး ကရင်ချောင် ကျေးရွာပြည်သူများကို ဒူးထောက်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများ … - [စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်း ကပ္ပလိပ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရ စစ်အင်အား ၁၅ ဦးခန့်သေဆုံး](https://burmese.kachinnews.com/2022/05/22/may-22-z-1/): စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကပ္ပလိပ်ကျေးရွာတံတားအနီးမှ ကသာမြို့အထက်ဘက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ယနေ့နံနက် ၅ နာရီဝန်းခန့်တွင် ဗိုလ်သာလိကာဦးဆောင်သည့် ဒေသကာကွယ်ရေးတပ်မှ အဆိုပါစစ်ကြောင်းအား မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း ‌သိရသည်။ “သူတို့က ကသာမိဿလင်းရွာဖက်ကနေ အင်အား ၃၀ ခန်နဲ့ မနက်အစောကြီး ခြေလျှင်တက်လာချိန် ကျွန်တော်တို့အဖွဲ့က H-22 ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဆွဲလိုက်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။ ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက် ထိခိုက်သေဆုံးသူများပြီး သေဆုံးသူနှင့် ဒဏ်ရာရလူနာများအား ဖောကားတစ်စီးဖြင့် ကသာမြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း ‌၎င်းကဆက်ပြောသည်။ ဒေသရင်းမြစ်မှ ပြောပြချက်အရ အဆိုပါခြေလျင်စစ်ကြောင်းသည် ကပ္ပလိပ်ကျေးရွာမှထွက်ခွာသွားစဉ် အင်အား ၃၀ ခန့်ရှိသော်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်အား ၁၅ ဦးခန့်သာ ရွာအတွင်းသို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ “မိုင်းဆွဲခံရတဲ့စစ်ကြောင်းက ၁၅ ယောက်လောက်က ပြန်ဆုတ်လာပြီ သေတဲ့သူ ဒဏ်ရာရတဲ့သူတွေကိုတော့ကားနဲ့ မြို့ထဲဘက်တင်သွားပြီ။ ဒါပေမယ့် ခုသဘော်ဆိပ်နားမှာ တပ်ဖြန့်ထားတဲ့ဟာ မြို့ထဲပြန်ဝင်ပြီး ခုအထက်ဘက်ကိုတက်နေပြီ” လို့ ရှေ့တန်းသတင်းရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း သဘော်ဆိပ်အနီးတပ်ဖြန့်ထားသည့် စစ်ကောင်စီစစ် ကြောင်းသည် ကသာမြို့အထက်ပိုင်းသို့ ထပ်မံစစ်ကြောင်းထိုးနေပြီး အလားတူ စေတီကုန်းရွာနှင့် မိဿလင်းရွာ၌ ရောက်ရှိနေသောစစ်ကြောင်းများတွင်လည်း ထပ်မံအားဖြည့်ကာ အင်အား ၁ ရာဝန်းကျင်ဖြင့် ကသာအထက်ဖက် ကပ္ပလိပ်ရွာမှတဆင့် ဖြတ်ကျော်ကာသာစည်ရွာဖက်သို့ ဆက်လက်ခြေလျှင်စစ်ကြောင်း ထိုးလျှက်ရှိသည်။ စစ်ကောင်စီတပ်သည် မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ်အထက်ပိုင်းသို့ … - [ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ရွာဟောင်းအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/05/22/12658/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဝှေခါကျေးရွာနှင့်ဆိုင်းတောင်ရွာဟောင်းအကြား ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်မှစကာပစ်ခတ်မှုဖြစ်ပွားခဲ့ဒေသခံများထံမှ သိရသည်။ ” ဒီမနက် ၅နာရီလောက်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေ အဆက်မပြတ်ကြားနေရတယ်။ အခြေနေအသေးစိတ်တော့ မသိရသေးဘူး ကျနော်တို့လည်း ကြောက်တော့အိမ်ထဲအိမ်ပြင်ကိုမထွက်ရဲဘူး” ဟု ဝှေခါ ဒေသခံတစ်ဦး ပြောသည်။ ဒေသခံ‌များ၏ပြောဆိုချက်အရ ပစ်ခတ်ချိန် ၂ နာရီဝန်းကျင်ခန့်ကြာခဲ့သည့် အဆိုပါပစ်ခတ်မူသည် စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်နိုင်သည်ဟုပြောဆိုနေကြသော်လည်း KNG သတင်းဌာနအနေဖြင့် ဆက်စုံစမ်းနေဆဲဖြစ်သည်။ ထို့ပြင် ဝှေခါကျေးရွာတွင် မေလ ၂၀ ရက်နေ့ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားနေသည့် ဒုရဲအုပ်မြင့်မြတ်အောင်နှင့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံသွားရပြီးနောက် စစ်ကောင်စီဘက်မှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမူပိုမိုလုပ်ဆောင်လာသည့်အပြင် ကျေးရွာအဝင်ဂိတ်များတွင်လည်း စစ်ဆေးမူ ပိုမိုတင်းကြပ်လာကြောင်း သိရသည်။ ” ကျနော်တို့ကြားရသလောက်တော့ ဝှေခါရွာမှာ ခုရက်ပိုင်း ဒုရဲအုပ်နဲ့ရဲတပ်သားတွေ KIA ဘက်က ဖမ်းလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကိုစစ်ဆေးတာတွေ ပိုကြပ်လာတယ်လို့ကြားတယ်” လို့ ဒေသခံနှင့်နီးစပ်သူတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ဖမ်းဆီးခံသွားရသည့် ဒုရဲအုပ်နှင့်ရဲတပ်သားအား ဖမ်းဆီးထားသည့်အဖွဲ့များ အမြန်ဆုံးလွှတ်ပေးပါရန်နှင့် လွှတ်ပေးခြင်းမရှိပါက ပြည်သူများအတွက် ပိုမိုခက်ခဲလာမည်ဟု ခြိမ်းခြောက်မူရှိခဲ့ပြီးနောက် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် အဆိုပါဒုရဲအုပ်နှင့်ရဲတပ်သား ၂ ဦးပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးတွင် မေလ ၂၀ရက်နေ့တွင်လည်း KIA နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ - [ခင်ဦးနယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၀ ဦးအထိ သေဆုံး ၊ နေအိမ်တွေလည်း မီးရှို့ခံရ](https://burmese.kachinnews.com/2022/05/21/may-21-z-2/): စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂ ရက်အတွင်း ပြည်သူ ၁၀ အထိသေဆုံးခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မူးမြစ် နောက်ဘက် ရှိဇိန့်ဇွန်း ကျေးရွာဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာခဲ့သောကြောင့် မူးမြစ်အရှေ့ဘက်ရှိ ခင်ဦးနယ် ကို လက်နက်ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁၀ ဦးလက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း အခြားပြည်သူ ငါးဦးလည်း စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး KNG သတင်းဌာနသို့ ပြောသည်။ “သူတို့ဘက်က အထိနာခဲ့တယ် အထိနာတော့ဘယ်လိုလုပ်သလဲဆိုရင် မူးမြစ်အနောက်ဘက်ကနေ မူးမြစ်အရှေ့ဘက်မှာရှိတဲ့ ခင်ဦးနယ်ထဲကို လက်နက်ကြီးတွေနဲ့ယမ်းပစ်တာ ပစ်တဲ့အခါမှာ တာတိုင်းကျေးရွာထဲက ပြည်သူဆယ်ဦးထိပြီးတော့ငါးဦးက ပွဲချင်းပြီးသေဆုံးသွားတယ် နောက်ငါးဦးက ပြင်းထန်ဒဏ်ရာ ရတယ်” ၎င်းကပြောသည်။ အင်အား ၇၀ ကျော်ပါဝင်သည့် ယင်းစစ်ကြောင်းသည် မေလ ၂၀ ရက်နေ့တွင် ကြို့ပင်ကန်ကျေးရွာအတွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစည်းများ မွှေနောက်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အပြင် ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “ကြို့ပင်ကန်ကျေးရွာကို မနက်ပိုင်းမှာ ဝင်ရောက်မွေနောက်ဖျက်ဆီးပြီး နေ့လည်ပိုင်းမှာ ရွာထဲကနေ ပြန်အထွက်မှာ တွေ့ရတဲ့အမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်” ဟု ဒေသခံက ‌ပြောသည်။ ကြို့ပင်ကန်ကျေးရွာမှ ဆက်လက်ထွက်ခွာသွားသည့် စစ်ကြောင်းသည် အင်းပတ်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရာ အရာရှိအဆင့်တစ်ဦးအပါ အများအပြားထိခိုက်သေဆုံခဲ့သောကြောင့် လက်နက်ကြီးယမ်းသမ်းပစ်ခတ်ခဲ့ရာ … - [စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော် ဆွမ်ပရာဘွမ့် မှ ပူတာအိုသို့ ခရီးဆက်](https://burmese.kachinnews.com/2022/05/21/may21-yl1/): ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော်ပါ ယာဉ်တန်းသည် ယနေ့ နံနက် ၅ နာရီ ခန့်တွင် ပူတာအိုမြို့နယ်ဘက်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။ “ဒီမှာ ရောက်နေတဲ့ ယာဉ်တန်းတစ်ဖွဲ့လုံးက မနက်အစောပိုင်း ပူတာအိုဘက်ကို ထွက်သွားပြီ။ ဆွမ်ပရာဘွမ်မှာ ၂ ရက် လောက် နေသွားတယ်။ ပူတာအိုဒေသထဲကိုက မဝင်နိုင်သေးဘူး။ သူတို့ လုံခြုံရေးတွေချပြီး ဖြည်းဖြည်းချင်းဘဲ တက်သွားကြတယ်။ ပူတာအိုထဲကို ဝင်ဖို့ကတော့ မိုင် ၃၀ လောက် လိုသေးတယ်” ဟု ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းသည် မေလ ၁၈ ရက်ညနေပိုင်း ဆွမ်ပရာဘွမ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မေလ ၂၁ ရက်နေ့ နံနက်ပိုင်း ပူတာအိုသို့ ဆက်လက် ထွက်ခွာလာခြင်း ဖြစ်သည်။ စစ်ရိက္ခာသယ် စစ်ယာဉ်တန်းများ ထွက်ခွာလာမည့် လမ်းကြောင်းတစ်လျောက်တွင် စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ခန့် တပ်ချထားပြီး ဒေသခံများကိုလည်း ကျေးရွာအပြင်ဘက် ၂ မိုင်အကွာသို့ အလုပ်သွားရောက် လုပ်ကိုင်ခြင်း မပြုရန် ညွန်ကြားထားသည်ဟု ဆိုသည်။ အဆိုပါ စစ်ကားများသည် ယနေ့ မွန်းလွဲပိုင်းတွင် ဖုန်ကျန်းကျေးရွာသို့ ရောက်ရှိနေပြီဟု သိရသည်။ ပူတာအိုဒေသ စစ်ကောင်စီနှင့် ပြည်သူ့စစ်များအတွက် လက်နက်ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။ “အခုကျနော်တို့ … - [တန့်ဆည် မှ အိမ်ခြေ ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ချိန်တည်းမီးရှို့](https://burmese.kachinnews.com/2022/05/21/may21-az1/): စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်းရှိ အိမ်ခြေ ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ချိန်တည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ငါးထောင်ကျော် မီးဘေးသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၂၅၀ ကျော်သည် မေလ ၂၀ ရက်နေ့ က တန့်ဆည်မြို့နယ်ရှိ စိမ်းစားကျေးရွာ၊ ဖန်းခါးဇင် ကျေးရွာနှင့် ချောင်းရိုး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် စုစုပေါင်း ၇၀၀ ကျော် မီးရှိုခဲ့သည်ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “ပြည်သူတွေကတော့ ပြေးနေရတယ်ဗျ စစ်သားတွေကမနေ့တုန်းကရောက်လာတာ ဖန်းခါးဇင်ရွာကို မနက်ပိုင်းမှာ စရှို့တာ အဲ့ကနေထွက်သွားပြီး စိမ်းစားနဲ့ချောင်းရိုးရွာကို ရှို့တယ်။ ရွာသုံးရွာတော့ ပြာကျသွားပါပြီ”ဟု ၎င်းက ပြောသည်။ စစ်ကောင်စီက စိမ်းစားကျေးရွာမှ နေအိမ် ၆၅လုံး၊ ဖန်းခါးဇင် ကျေးရွာမှ လူနေအိမ် ၂၀၀ နှင့် ချောင်းရိုးကျေးရွာမှ အိမ်ခြေ ၅၀၀ တို့ကို မီးတင်ရှို့ခဲ့သောကြောင့် လတ်တလော ကျေးရွာသုံးရွာမှ ပြည်သူ ၅၀၀၀ ကျော် မီးဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။ “ပြည်သူတွေက စစ်သားတွေလာပြီဆိုတာနဲ့ ပြေးတဲ့လူကပြေးကြတာ။ အိမ်တွေပါသွားတာဆိုတော့ အခက်အခဲကတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။ ဘာမှလည်းမရလိုက် မကျန်လိုက်ဘူး အားလုံးကတော့ ခက်ခဲနေကြတယ် အစားအသောက်နေရာထိုင်ခင်းပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင်လည်း တန့်ဆည် မြို့နယ်နှင့် မင်းကင်းမြို့နယ်စပ်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရပြီး … - [ဗန်းမော်မြို့ မီတာဘောက် အလုံး ၇၀ ကျော်ဖြုတ်သိမ်းခံရ၊ ငွေကြေးပေးဆောင်မှ ပြန်တပ်ဆင်ပေးမည်ဟု စစ်ကောင်စီဘက်ကပြောဆို](https://burmese.kachinnews.com/2022/05/21/may21-zm1/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နေအိမ်သုံး မီတာဘောက် အလုံး ၇၀ ကျော် ဖြုတ်သိမ်းခံလိုက်ရပြီး မီတာခ ပေးဆောင်မှ ပြန်လည် တပ်ဆင်ပေးမည်ဟု ဗန်းမော် EPC ၊ ရဲ နှင့် စစ်သားများက ပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။ ဗန်းမော် EPC သည် စစ်ကောင်စီ စစ်သားနှင့် ရဲများဖြင့် ပူးပေါင်းကာ မတ် ၁၆ ရက်နေ့မှ စတင်ပြီး ဗန်းမော်မြို့ပေါ် ရပ်ကွက်များရှိ မီတာမဆောင်သည့် နေအိမ်များကို လက်နက်အင်အားအပြည့်အစုံဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် မီတာခများလိုက်လံ ကောက်ခံခဲ့ရာ မီတာ မဆောင်သည့် ရပ်ကွက် သုံးခုမှ မီတာဘောက် အလုံး ၇၀ ကျော်ဖြုတ်သိမ်းထားကြောင်း ဗန်းမော်မြို့ အမည်မဖော်လိုသည့် အမျိုးသား တစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “လက်ပံတန်းမှာ က အလုံး ၅၀ လောက်ဖြုတ်သွားတယ် ခွန်တာရပ်ကွက်မှာလည်း ၁၀ လုံးကျော်ဖြုတ်သွားတယ်။ ပြီးတော့ ဟိုတစ်နေ့တုန်းက ကျတော့ အရှေ့သာစည်မှာ ဆယ်လုံးကျော်ဖြုတ်သွားတယ်။ သူတို့က ဘယ်လိုပုံစံလာ ဖြုတ်သလဲဆိုတော့ EPC ရုံးက လျှပ်စစ် ဝန်ထမ်း ဆယ်ယောက်ကျော်နဲ့ ရဲစစ်သားတွေအများကြီးနဲ့လာဖြုတ်တာ အခုလောလောဆယ်တော့ ပြန်လည်း မဖြုတ်တော့ဘူး တပ်လည်း မတပ်ပေးသေးဘူး။ တကယ်လို့ မီတာ ပြန်လာဆောင်ရင်တော့ ပြန်တပ်ပေးမယ်ပြောတယ်” ဟု ယင်း အမျိုးသား က ပြောသည်။ ဗန်းမော်မြို့ ပြည်သူ အများစုသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နှစ်ဆန်းပိုင်းမှ စတင်ကာ မီတာကြေး မဆောင်ခဲ့ကြောင်း … - [ခိုးဆိုး လုယက်မှုများကို ဘယ်လို နှိမ်နှင်းနိုင်မလဲ](https://burmese.kachinnews.com/2022/05/20/may-20-sm/): “သူခိုးက လူကိုပြန်ဟစ်” ဆိုတဲ့စကားပုံအတိုင်း အခုလို နိုင်ငံရေးအခြေအနေမှာ ပြည်သူတွေအနေနဲ့ ပစ္စည်းခိုးခံရမှာ စိုးရိမ်တဲ့အပြင် အသက်အန္တရယ် မထိခိုက်ဖို့အတွက် သူခိုးကို ပြန်ကြောက်နေရတာပါ။ “သက်ဆိုင်ရာကိုလည်း မတိုင်ပါဘူး ဘာလို့လည်းဆိုတော့ မြစ်ကြီးနားမြို့က ကျဥ်းကျဥ်းလေး ကိုယ့်ကို ရန်ငြိုးထားမှာ ကြောက်တယ်။ ပြီးတော့ ကိုယ်ကဒီမှာပဲတစ်သက်လုံးလုပ်စားနေရတာ၊ ဒါက ဘယ်ရပ်ကွက်ကဘယ်သူဆိုတာ ဒုစရိုက်သမားတွေက စုံစမ်းနေမှာပဲ” ဆိုသူကတော့ ဓားနဲ့ခုတ်ကာ ဆိုင်ကယ် လုယက်ခံရသူရဲ့ အမျိုးသမီးပါ။ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ ဆွမ်ပရာဘွမ်လမ်း မှ ရာဒါကောင်းသုဿန်သို့ သွားရာလမ်းမှာ မေလ ၁၀ ရက်နေ့ မနက် ၅ နာရီအချိန်တွင် လူငယ်သုံးဦး က အမျိုးသားတစ်ဦးကို ဓါးနဲ့ခိုက်ခုတ်ပြီး ဆိုင်ကယ် လုယက် သွားပါတယ်။ “လူငယ်သုံးယောက်ပေါ့ ချိန်းကြိုး နဲ့ ကျွန်မယော်ကျားကို လှမ်းရိုက်တာ ကျွန်မယော်ကျားက အသက် ၅၂ နှစ်ရှိပြီ။ ဒါပေမဲ့သူက အလုပ်ကြမ်းသမားဆိုတော့ ဖျက်လတ်တယ် ဟိုခုန်ရှောင် ဒီခုန်ရှောင်ပေါ့ အဲ့အချိန်မှာ ကောင်လေးနှစ်ယောက်က ဓားရှည်နဲ့ဝင်ပိုင်းတာ ကျွန်မအမျိုးသားက ရှောင်တာပေါ့ ရှောင်ရင်းဆိုင်ကယ်နဲ့ ဝေးသွားတဲ့အချိန် ဓားသမားတစ်ယောက်က လှည့်ပြေးပြီး ဆိုင်ကယ်ကိုမောင်းပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ ဆိုင်ကယ်ကိုအသင့် စက်နိူးထားတဲ့ကောင်လေးတစ်ယောက်က ဓားနဲ့ခုတ်နေတဲ့ကောင်လေးကို တင်ပြီးထွက်ပြေးသွားတယ်” လို့ ဆိုင်ကယ် လုယက်ခံရသူ၏အမျိုးသမီးက ဆိုပါတယ်။ အခုလို အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အခြေနေနဲ့ ကြုံခဲ့ရပေမဲ့ သူမ​အနေနဲ့ လူမူကွန်ယက်စာမျက်နှာမှာ တင်ရုံ က လွဲပြီး အခြားအားကိုစရာ နည်းလမ်း မတွေ့ခဲ့ပါဘူး။ “ဒီကာလကြီးက ဘယ်သူ့ကိုအားကိုးရမလဲ ဘုရားနဲ့ကိုယ့်ကိုယ်ကိုသာ အားကိုးရာပဲ … - [ကသာနယ် အထက်ပိုင်းသို့ စစ်ကောင်စီတပ်မှ စစ်အင်အား ပိုမို တိုးမြင့်လာ](https://burmese.kachinnews.com/2022/05/20/may20-zm2/): ကသာ အထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်ဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလာနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရသည်။ “အရင်ကဆို သင်္ဘောပုံမှန် ၂စီးလောက်ဘဲ တက်လာတာ အင်အားကလည်း သိပ်မများဘူး။ ဒီတစ်ခေါက်တော့အင်အားက သင်္ဘောတစ်စီးမှာဆို အင်အားက ၁၀၀ လောက်ရှိမယ် တော်တော်များတယ်” ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။ အဆိုပါ စစ်ကောင်တပ်၏ သင်္ဘော ၃ စီးသည် မေလ ၁၈ ရက်ည ကသာနယ်သို့ ရောက်လာခဲ့ပြီး ကသာ အင်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားသည့်အပြင် လက်ရှိချိန်ထိ ကသာမြို့နယ်တွင် ရှိနေသည်ဟု သိရသည်။ ထို့ကြောင့် ကသာ အနီးပတ်ဝန်းကျင်၊ မြစ်ကြောင်းတစ်လျှေက်ကျေးရွာများမှ ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောတက်လာမည့် ရေလမ်းကြောင်းတစ်လျှောက်တွင်လည်း လုံခြုံရေးယူထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ‌ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သင်္ကြန်ကာလနောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ စစ်ရေးပြင်ဆင်မှု ပိုလုပ်ဆောင်လာနေသည့်အတွက် ရှေ့ဆက်တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ပကဖ တပ်ဖွဲ့များက သုံးသပ်‌ ပြောဆိုသည်။ “သင်္ကြန် နောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကိုပိုဖိမယ်လို့‌ သူတို့ ပြောထားပြီးသား ဟုတ်တယ်။ အဲတော့ ခုအခြေနေကိုကြည့်မယ်ဆိုလည်း ဒီတစ်ခေါက်က စစ်အင်အားတော်တော်များများ တိုးချဲ့လာတာတွေ့ရတယ် အဲတော့ရှေ့ဆက်က တိုက်ပွဲတွေလည်း ပြင်းထန်လာနိုင်ပါတယ်” ဟု ကသာနယ် မှ ပကဖ တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်းကိုအသုံးပြုကာ စစ်‌အင်အားတိုးချဲ့ခြင်း၊ ရိက္ခာစုစောင်းခြင်းများ … - [ကသာစစ်ကောင်စီတပ် အင်းရွာမှ နေအိမ်အချို့ မီးရှို့သည့်အပြင် လက်နက်ကြီးပစ်ခတ်မူကြောင့် ကိုရင်နှစ်ပါးသေဆုံး၊ အရပ်သားပြည်သူ ၁၆ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2022/05/20/may20-zm1/): မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ မေလ ၁၄ ရက်နေ့ ထွက်ခွာလာသည့် စစ်အင်အား ၃၀၀ ခန့်ပါ နှစ်ထပ် စစ်သင်္ဘော ၃ စီးသည် မေလ ၁၉ရက်ည စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာသို့ ရောက်ရှိလာကာ ‌အင်းရွာမှနေအိမ်များ မီးရှို့ဖျက်ဆီးသည့်အပြင် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မူကြောင့် ကိုရင် ၂ ပါး သေဆုံးကာ အရပ်သားပြည်သူ ၁၆ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။ “မနေ့ညနေပိုင်း ၂နာရီလောက်မှာ လက်နက်ကြီးပစ်ပြီးတာနဲ့ မီးရှို့တာဘဲ လက်နက်ကြီးထိလို့ ဘုန်းကြီးကျောင်းက ကိုရင်နှစ်ပါး သေတယ်။ ပြီးတော့ သာမန်ပြည်သူက ၁၆ ယောက်ထိထားတယ်လို့ သိရတယ်။ တစ်ရွာလုံးနီးပါးလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသရင်းမြစ်တစ်ဦးက ပြောသည်။ လက်ရှိချိန်အထိ ကျေးရွာနေပြည်သူအချို့ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်၏ သင်္ဘော ၃ စီးသည် အင်းရွာ၊ ကြက်တကောင်‌ကျေးရွာအနီး ကမ်းကပ်ထားပြီး အင်းရွာတိုက်နယ်ကျေးရွာရှိ အိမ်များလိုက်လံမီးရှို့ဖျက်ဆီးခဲ့ပြီး အင်အား၂၀၀ကျော်ခန့် ပျဉ်းလေးပင်ရွာဘက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် ဆက်လက်ချီတက်သွားကြောင်း သိရသည်။ ထို့ကြောင့် ပျဉ်းလေးပင်ရွာ၊ ပိလ္လဟာကျေးရွာများထိ ဆက်လက်စစ်ကြောင်း ထိုးလာနိုင်သည့်အတွက် အနီးပတ်ဝန်းကျင်မှ ပြည်သူများ ကြိုတင်ရှောင်ရှားရန်လိုအပ်ကြောင်း ကသာ တစ်လျှောက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ “သူတို့က သဘော်မှာအားလုံးမနေရဲ့ဘူး ကြောက်တာလေ။ အဲတော့အင်အားတစ်ချို့ကသဘော်ကပ်ထားတဲ့ အနီးတစ်ဝိုက်နေရာယူထားတယ်။ တစ်ချို့ကျတော့ အနီးပတ်ဝန်းကျင်ရွာတွေကို လိုက်မွှေနေတဲ့သဘောရှိတယ် အဲကြောင့်ပြည်သူတွေ သတင်းနားစွင့်ပြီး ကြိုရှောင်ကြဖို့ လိုအပ်တယ်” လို့ ကသာနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ယင်း စစ်ကောင်စီ၏ … - [သူနာပြု သင်တန်း ကျောင်းမတက်ပါက ပယ်စာရင်းထဲ ထည့်လိုက်မည်ဟု သတိပေးခြိမ်းခြောက်မှုရှိနေ](https://burmese.kachinnews.com/2022/05/19/may19-sm1/): မြစ်ကြီးနားမြို့ရှိ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူ များ အ‌နေဖြင့် ကျောင်းမတက်ပါက အမည်စာရင်း ပယ်ထုတ်သွားမည်ဟု သတိ‌ပေးခြိမ်းခြောက်မူများ ရှိ‌‌နေကြောင်း ကျောင်းသား/သူ များထံမှ သိရသည်။ မေလ ၁၂ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ထားသည့် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူ များအနေဖြင့် ကျောင်းတက်ကြရန်နှင့် ကျောင်းတက်ခြင်း မရှိပါက အမည်စာရင်းပယ်သွားမည်ဟု ဖုန်းဖြင့် ခြိမ်း‌ခြောက်သတိ‌ပေးလာ‌ကြောင်း ကျောင်းသားတစ်ဦးက ခုလိုပြောသည်။ “ကျနော့သူငယ်ချင်းကနေတစ်ဆင့်ဆက်သွယ်လာတာ ကျနော်ကတော့စဉ်စားလိုက်မယ်။ တကယ်လို့ အခြေနေတွေကောင်းတယ်။ နောက်ထပ်ကျောင်းသားတွေတက်ဖို့ အများကြီးရှိတယ်ဆိုရင် စဥ်းစားနေတယ် အဲ့လိုပြောတော့ သူတို့က တက်ချင်ရင်လာတက်လိုက်တော့ တကယ်လို့မတက်ဘူးဆိုရင် ကျောင်းကနေ ပယ်တဲ့စာရင်းလုပ်နေတယ်။ တက်မယ်ဆိုမြန်မြန်လာတက်လိုက်တော့” လို့ အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ပြောပြသည်။ ယခုလို ကျောင်းတက်ရန်ဖုန်းဆက်လာသူသည် မည်သူ မည်ဝါဆိုသည်ကို တိတိကျကျ ပြောကြားခြင်းမျိုး မရှိပဲ ကျောင်းမှ ဆက်သွယ်ခိုင်းခြင်းဖြစ်သည်ဟုသာ ပြောဆိုကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်များကို ကိုဗစ်ရောဂါကြောင့် ၂၀၁၉ခု နှစ်မှစတင်ကာ ယာယီပိတ်ထားခဲ့ပြီး ၂၀၂၁ တွင်စစ်တပ်က အာဏာသိမ်းမူ‌ကြောင့် ၂ နှစ်ကျော် ကြာမှ အာဏာသိမ်းစစ်တပ်မှ ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်။ ကျောင်းသား/သူများသည် ကိုဗစ်ကြောင့် ၁နှစ်ကျော်ကြာပိတ်ထားခဲ့သော်လည်း ကျောင်းတက်ရန် မျှော်လင့်ခဲ့ကြသော်လည်း ၂၀၂၁ ခုနစ်ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းခဲ့သည့်အချိန်မှစကာ ကျောင်းတက်ရန် ဆုံးဖြတ်ရခက်ခဲသည့် အခြေနေရှိ‌နေ‌ကြောင်း လည်း သူနာပြုကျောင်းမှ ကျောင်းသူတစ်ဦးက ခုလိုပြောသည်။ “အခုဆိုပညာရေးအတွက်ကို လုံးဝခေါင်းထဲမှာ ပညာရေးကိုလိုက်လို့မရတော့ဘူး။ ဒီလိုဆက်ပြီး ပညာရေးနောက် ဆက်လိုက်နေရင် ကျနော်တို့အသက်တွေကြီးသွားမှာ တစ်ခြားစီးပွားရေးလုပ်လို့ရတော့မှာမဟုတ်ဘူး ကျောင်းပြန်တက်ဖို့ကိုလည်း ဆုံးဖြတ်ရခက်နေတယ် “လို့ အမည်မဖော်လိုသည့်ကျောင်းသူတစ်ဦးက ပြောသည်။ … - [ကလေး တောင်ပိုင်းက လည်ခြားကျေးရွာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ် နီးပါးပြာကျ](https://burmese.kachinnews.com/2022/05/19/may19-az2/): စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ လည်ခြားကျေးရွာ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ခံလိုက်ရာ တစ်ရွာလုံးနီးပါး ပြာကျသွားပြီး လည်ခြားကျေးရွာနှင့်တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာအထက် တန်းကျောင်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်သည် မေလ ၁၈ ရက်နေ့ နံနက် ၃နာရီခန့်မှ စတင်ကာ လည်ခြားကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးပြာကျ ခဲ့ပြီး ယင်းလည်ခြားကျေးရွာနဲ့ တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာ အထက်တန်းစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြောင်း ကလေးဒေသခံတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။ “ဒီမနက်ရွာကလူတွေဖုန်းခေါ်လာတာကတော့ တစ်ရွာလုံးနီးပါးပြာကျသွားပြီတဲ့ လည်ခြားရွာကအိမ်ခြေ ၃၀၀ နီးပါးရှိတာ နှစ်ကြိမ်ရှို့ခံလိုက်ရတော့ တစ်ရွာလုံးပြာကျသွားပြီတဲ့ သူတို့ ၁၅ ရက်နေ့မှာလည်ခြားရွာကိုတစ်ကြိမ် မီးရှို့ခဲ့တယ် စစ်ကြောင်းကတော့ဒီနေ့ နေ့လယ်ပိုင်းအထိလည်ခြားရွာပတ်ဝန်းကျင်မှာပဲရှိ ရွာသားတွေလည်း ပြန်မကပ်နိုင်တော့ဘူး”ဟု ၎င်းကပြောသည်။ အလားတူ ယနေ့ ရေရှင်ရွာမှ လူနေအိမ်များလည်းမီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့ခံရသည့် နေအိမ်စာရင်းအတိအကျ မရသေးသော်လည်း ကျေးရွာအထက်တန်းစာသင်ကျောင်းမီးထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ လည်ခြား ကျေးရွာအပါအဝင် ကလေးတောင်ပိုင်းကျေးရွာများအားလုံးနီးပါသည် တိုက်ပွဲကြောင့် မေလဆန်းပိုင်းတည်းက ရွာလုံးကျွတ်နီးပါးတိန်းရှောင်နေကြရသောကြောင့် ကျေးရွာတွင်းဝင်ရောက် မီးရှို့ရာဝင် လူဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိခဲ့ကြောင်း သိရသည်။ ကလေးတောင်ပိုင်းတွင် စစ်ရှောင်ပြည်သူ သောင်းချီရှိနေပြီး အချို့မှာ တောတောင်များထဲတွင်ခက်ခက်ခဲခဲတိန်း ရှောင်နေရပြီး နေရာထိုင်ခင်း အစားအသောက်နှင့် ဆေးဝါးအကူအညီများလည်း အထူးလိုအပ်နေကြောင်းသိရသည်။ မေလ ၁၇ ရက်နေ့ကလည်း ကလေးတောင်ပိုင်းနတ်ချောင်းကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး စစ်ရှောင်တဲတစ်ခုအတွင်းသစ်ကိုင်းကျိုးကျခဲ့ရာ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို ထိမှန်ခဲ့ရာ ဆေးဝါးမရှိသောကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ - [တနိုင်း-ရှင်ဗွေယန်ကြား ကန့်သတ်ချိန် ကျော်လွန်မောင်းသည့် ကားနှစ်စီး ထမ်မံ မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/05/19/may-19-ab/): တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကန့်သတ်ထားသောအချိန် ကျော်လွန်မောင်းနှင်လာသည့် ကားနှစ်စီး မေလ ၁၈ ရက်နေ့ ညက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ တနိုင်းမြို့နယ်တွင် KIA က ဒေသလုံခြုံရေးအရ နံနက် ၆နာရီမှ ညခြောက်နာရီထိသာ ခရီးသွားကားများကို ဖြတ်သန်းခွင့်ပြုထားပြီး ယင်းကန့်သတ်ချိန်ကို ကျော်လွန်မောင်းနှင်လာသောကြောင့် ကုန်တင်လာသည့် အိမ်းစီးကားနှစ်စီးကို ယမန်နေ့က ထပ်မံ မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ကားကတော့ နှစ်စီးစလုံး ခွေးဘီလူးကားပုံစံမျိုး ကားကြီးတော့မဟုတ်ဘူး။ ဝက်တွေတင်လာတဲ့ကားလို့သိရတယ်။ ဒီတစ်ခေါက်ရှို့ခံရတာက လဂျားဘွမ်ကျော် လဂျားဘွမ်နှင့် ရှင်လုံဂါးကြားမှာရှို့ခံရတာ အဲ့လမ်းပိုင်းက ခြောက်နာရီ ထိပဲ ကန့်သတ်ထားတာ ခြောက်နာရီကျော်မှာ မောင်းလာလို့ ရှို့ခံရတာ” ဟု ယင်းလမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက ပြောသည်။ မီးရှို့ခံရသော ကားမှာ ဒိုင်နာ အမျိုးအစားဖြစ်ပြီး တနိုင်းဘက်မှ ရှင်ဗွေယန်ဘက်သို့ ဝက်သွား ပို့၍ အပြန်တွင် ကန့်သတ်ချိန်ကျော်လွန်သောကြောင့မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းများကိုမှု တစ်စုံတစ်ရာ ထိခိုက်ပြုမှုခြင်းမရှိပဲ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ ယင်းလမ်းပိုင်းတွင် လွန်ခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း ကန့်သတ်ချိန်ကျော်လွန်ပြီး မောင်းနှင်လာသည့် သုံးဘီးကား ၃ စီးကို သတိပေးသည့်အနေဖြင့် KIA က တခက်ကျေးရွာအနီးတွင် မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ် သည် ဒုတိယအကြိမ်ဖြစ်သည်။ - [မီတာခ ကောက်နေသည့် ဗန်းမော် EPC ရုံး ဗုံးနှစ်လုံးခွဲ သတိပေးခံရ](https://burmese.kachinnews.com/2022/05/19/may-19-z-1/): မီတာခ မဆောင်သည့် နေအိမ်များကို မီတာခပေးဆောင်ရန် ခြိမ်းခြောက်နေသော ဗန်းမော် EPC ရုံးကို ဗုံးခွဲ သတိပေးခဲ့ကြောင်း Urban Revolutionary Force (URF-Bhamo) အဖွဲ့မှ သိရသည်။ ဗန်းမော် EPC ရုံးဝန်ထမ်းများသည် စစ်ကောင်စီတပ်စစ်သား၊ ရဲများနှင့်ပူးပေါင်းကာ ပြည်သူများထံမှ အကြမ်းဖက်နည်းဖြင့် မီတာကောက်ခံနေသောကြောင့် ယနေ့ နေ့လည်ပိုင်းတွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း URF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ ”တစ်ချိန်တည်းနဲ့ နှစ်လုံးပစ်ပြီးသတိပေးခဲ့တာပါ။ သူတို့ကပြည်သူတွေကိုအကြမ်းဖက်နေတဲ့ သဘောမျိုးဖြစ်သွားနေတာ။ သူတို့လုပ်ရပ်က ဒီရက်ပိုင်းအတောအတွင်းမှာဒီကောင်တွေက ပြည်သူတွေရဲ့မီတာဘောက်တွေကို သွားပြီးဖြုတ်တယ်။ အိမ်တွေကိုဝင်ပြီးပိုက်ဆံအတင်းတောင်းတယ် မပေးရင်မီတာဖြုတ်မယ် မီးကြိုးတွေဖြတ်မယ် အဲ့လိုအတင်းအဓမ္မဆက်ဆံပြီးတော့မှနောက်ယှက်နေတယ်ဗျ”ဟု ၎င်းကပြောသည်။ အဆိုပါ EPC ရုံးဝန်ထမ်းများသည် လွန်ခဲ့သည့် သုံးရက်မှစတင်ကာ ရဲ၊စစ်သားအင်အား ၅၀ ကျော်ဖြင့် မီတာမဆောင်သည့်နေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက်၍ အချို့နေအိမ်များမှ မီတာဘောက်ဖြုတ်သိမ်းခြင်း မီးကြိုးဖြတ်ခြင်းများလုပ်ဆောင်နေခြင်းဖြစ်သည်။ ”အခုကပထမအဆင့်သတိပေးတဲ့ ပုံစံမျိုးပါပဲတင်းတင်းကြပ်ကြပ်သတိပေးတာပေါ့ နောက်တစ်ခေါက် မလုပ်ဖို့အတွက် သတိပေးတဲ့သဘောမျိုးပဲ ထမခိုက်တာတွေတော့မရှိဘူး”ဟု URF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဗန်းမော်EPC ရုံးအနေဖြင့်လွန်ခဲ့သည် မီတာမဆောင်သည့်နေအိမ်များ မီတာမဆောင်ပါက မီတာဘောက်ဖြုတ်သိမ်းခြင်း မီးဖြတ်ခြင်း တရားစွဲဆိုခြင်းများပြုလုပ်မည်ဖြစ်ကြောင်းအချက်များပါရှိသည့် သတိပေးစာများကို မေလလဆန်းပိုင်းတွင် ဖြန့်ဝေပေးခဲ့ပြီးနောက် ယခုလက်တွေ့လုပ်ဆောင်လာသောကြောင့်သတိပေးဖောက်ခွဲရခြင်းဖြစ်‌ကြောင်း သိရသည်။ အလားတူ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင်လည်းသတိပေးစာများ ဖြန့်ဝေထားကြောင်းသိရသည်။ ဗန်းမော် EPC လျှပ်စစ်ရုံးသည် ၂၀၂၁ခု နှစ်ကလည်း ဗုံးခွဲသတိပေးခံခဲ့ရပြီး ယခု ဒုတိယအကြိမ်ဖြစ်သည်။ - [အင်အားရာချီပါဝင်သော စစ်ကောင်စီ ရိက္ခာယာဉ်တန် ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာ](https://burmese.kachinnews.com/2022/05/19/may19-yl1/): မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသော စစ်ကောင်စီတပ် စစ်ရိက္ခာတင်ယာဉ်တန်းအဖွဲ့သည် လက်ရှိ ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေပြီး လမ်းခရီးအတွင် ၃ နေရာခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား ၃၀၀ ဝန်းကျင် နှင့် စစ်ရိက္ခာသယ် စစ်ကား ၈၀ စီးခန့်ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းသည် မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ထွက်လာခဲ့ရာ ဆွမ်ပရာဘွမ့်မြို့သို့ မေလ ၁၈ ရက် ည ၆နာရီဝန်းကျင် ဝင်ရောက်လာခဲ့ကြပြီး လက်ရှိတွင် မြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေရာများတွင် တပ်ချနေထိုင်လျက်ရှိနေကြောင်း ဆွမ်ပရာဘွမ့် ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ “စစ်သားတွေက စာသင်ကျောင်းတွေမှာ ရှိနေတယ်။ သူတို့ရဲ့ စစ်ရိက္ခာတွေ သယ်လာတဲ့ စစ်ကားတွေက ဘောလုံးကွင်းဘက်မှာ ရပ်ထားတယ်။ တစ်ချို့စစ်သားတွေက လမ်းဘေးတွေမှာ စျေးဆိုင်တွေမှာ ရှိနေကြတယ်။ ပူတာအိုဘက်ကိုကတော ဒီည မဟုတ်ရင် နက်ဖြန်လောက်ပြန်တက်ကြမယ်ထင်တယ်။ သူတို့က သွားမယ့်လမ်းကို ဖြေးဖြေးချင်းရှင်းပြီးမှသာ တဆင့်ချင်းစီတက်လာကြတာ ဟုတ်တယ်”ဟုပြောဆိုသည်။ ဆွမ်ပရာဘွမ့်မြို့ပေါ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ယာဉ်တန်းသည် ပူတာအိုမြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာရန်အတွက် မြို့ အထက်ဘက် ၁၄ မိုင်ခန့်ဝေးသော အင်ဂေါ်မ ကျေးရွာအထိ လုံခြုံရေးအင်အား ၂၀၀ ခန့် နေရာယူထားကြောင်း သူကဆက်ဆိုထားသည်။ မေလ ၁၈ ရက်နေ့ ၁ နာရီဝန်းကျင်တွင် ဆွမ်ပရာဘွမ့်မြို့ မရောက်မှီ မိုင်ထောင်းကျေးရွာနှင့် ၁၂ မိုင်ခန့်အကွာတွင်ရှိသော ဆိုယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ လုံခြုံရေးနေရာထားသည့် အဖွဲ့နှင့် KIA အဖွဲ့တို့ … - [သစ်ကိုင်း ကျိုးကျထိမှန်ခဲ့သည့် နတ်ချောင်း စစ်ရှောင်မိန်းခလေးတစ်ဦး ဆေးဝါးမရှိ၍ အသက်ဆုံးရှုံးလိုက်ရ](https://burmese.kachinnews.com/2022/05/18/may-18-z-2/): ကလေးမြို့နယ် နတ်ချောင်းကျေးရွာ စစ်ရှောင်စခန်းမှ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျရာ အမျိုးသမီးငယ်တစ်ဦးကို ထိမှန်ခဲ့ပြီး ကုသပေးမည့်ဆေးဝါး မရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းမှ သိရသည်။ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် နတ်ချောင်းကျေးရွာအတွင်း မိုးသက်လေပြင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်စခန်းရှိ တဲတစ်လုံးပေါ်တွင် သစ်ကိုင်းကျိုးကျခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အမျိုးငယ်တစ်ဦးထိမှန်ခဲ့ရာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကုသပေးမည့် ဆေးဝါးမရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းနေပြည်သူတစ်ဦးက KNG သို့ပြောသည်။ ”သူတို့ဆောက်ထားတဲ့တဲရဲ့အနောက်ဘက်မှာ အပင်ကရှိနေတာ လေပြင်းတိုက်တော့ သစ်ကိူင်းက သူတို့တဲပေါ်မှာကျတာတဲထဲမှာညီနမနှစ်ယောက်ရှိတာ အမကတော့လွတ်တယ် သူထိသွားတာ ဆေးဆရာတွေရှိပေမယ့်သူတို့လိုအပ်နေတဲ့ဆေးမရှိတော့ အဓိကတော့သူ့ကိုကုဖို့လိုအပ်နေတဲ့ဆေးဝါး ကျနော်တို့မှာမရှိထားလို့ အသက်ဆုံးရှူံးလိုက်ရတာ”ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးငယ်သည် အတွင်းဒဏ်ရာများဖြင့် နာရီဝက်အကြာတွင်အသက်ဆုံးရှူံးလိုက်ရပြီး မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ရန်အတွက်လည်း လူနာတင်ကားမရှိသည့်အခက်အခဲနဲ့ လမ်းပိုင်းအ​ခြေအနေများကြောင့် မပို့ဆောင်နိုင်ခဲ့​ကြောင်းသိရသည်။ နတ်ချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀၀ ကျော်လူဦးရေ ၈၀၀၀ ကျော်မှီတင်းနေထိုင်နေပြီးစစ်ကောင်စီတပ်ရ နှစ်ကြိမ်တိတိ နေအိမ်မီးရှို့ခဲ့မှုကြောင့် လတ်တလောကျေးရွာနေပြည်သူ ထောင်ချီဘေးလွတ်ရာ တိမ်းရှောင်နေဆဲဖြစ်ကြောင်းသိရသည်။ နတ်ချောင်းကျေးရွာကို စစ်ကောက်စီတပ်က ဒီဇင်ဘာလတွင် ပထမအကြိမ် လူနေအိမ် ၄၂ လုံးတိတိမီးရှို့ဖျက်ဆီးခဲ့ပြီး ဒုတိယကြိမ်အဖြင့် မေလ ၁၆ ရက်နေ့ က လူနေအိမ် ၇၈ လုံးမီးရှို့ခဲ့ကြောင်း သိရသည်။ - [ခြေကျင် တက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုများပြား](https://burmese.kachinnews.com/2022/05/18/may-18-z-1/): ထီးချိုင့်မြို့နယ်တွင် ခြေကျင် တက်လာသည့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့် ပေကုန်း ကျေးရွာနှင့် အင်ဒေါင်းကျေးရွာကြားတွင် ယနေ့ နံနက်ပိုင်းက မိုင်းသုံးလုံးဆွဲတိုက်ခိုက် ခံလိုက်ရပြီးနောက် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဝဲကြီးဘက်မှ အင်ဒေါင်းကြက်တကောင်းဘက်သို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုး ချီတက်လာခဲ့ရာ ပေကုန်းနှင့် အင်ဒေါင်းကျေးရွာကြားတွင် Special.9-HPDF နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုင်းသုံးလုံး ဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များခဲ့ကြောင်း Special.9-HPDF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “ပေကုန်းရွာနှင့် အင်ဒေါင်းရွာကြားမှာ ပေ ၂၀ လောက်ရှိတဲ့ ချောင်းကူးတံတားလေးရှိတယ်။ သူတို့က အင်ဒေါင်းဘက်ကိုအကူးတံတားပေါ် ရောက်တဲ့အခါမှာ ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ အကျအဆုံးကတော့ ရှေ့တန်းသမားတွေ ပြောတဲ့ မျက်မြင်အရ ဆယ်ယောက်လောက်ကျတယ်တဲ့ နောက်ပိုင်းကြားရတာ အဲ့နားရွာတွေမြင်တာ တော့ ၂၅ ယောက်လောက်ထမ်းစင်နဲ့ထမ်းသွားတာတဲ့” ဟု Special.9-HPDFအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆက်မတက်တော့ပဲ ကြက်တကောင်းကျေးရွာအနီးတစ်ဝိုက်ရှိ အခင်းတဲများတွင် စခန်းချနေကြောင်း သိရသည်။ “သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ယမ်းပစ်တာတွေရှိခဲ့တယ်‌ဗျ လက်နက်ငယ်တွေနဲ့လည်း ယမ်းပစ်ခဲ့တယ်ဗျ PDF ဘက်ကတော့ ထိခိုက်ခဲ့တာမရှိပါဘူး” ဟု Special.9-HPDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ Special.9-HPDF တပ်ဖွဲ့အနေဖြင့် ထီးချိုင့်နယ်အတွင်းတွင် စစ်ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု ခြုံခိုတိုက်ခိုက်မှုပေါင်း … - [ယိုယွင်းပျက်စီးလာသည့် ကချင်စစ်ရှောင်စခန်းအချို့ပြင်ဆင်ရန် လိုအပ်နေ](https://burmese.kachinnews.com/2022/05/18/may-18-sm/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ ယိုယွင်းပျက်စီးလာသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “ဝါးနဲ့ပဲ လုပ်ထားတဲ့ကြမ်းခင်းတွေဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဆွေးသွားတာတွေလည်း အများကြီးရှိတယ်။ အပေါ်ကဆိုလည်း မိုးကယိုတော့ ဒီကြမ်းခင်းတွေက ပိုပြီးဆွေးလွယ်တာပေါ့။ တစ်ခါတစ်လေ အဆောင်ထဲဝင်တာနဲ့ ကြမ်းခင်းတွေ နင်းမိပြီး ကြိုးသွားတာတောင်ရှိတယ်။ ပြီးရင် အဆောက်အဦးက သစ်ကောင်းတာနဲ့ လုပ်ထားတာ မဟုတ်တော့ ပိုးတွေစားပြီးဆွေးလာတယ်။ အောက်ခြေ foundation ဘက်ကနေတောင် ပိုးတွေစားပြီး အကုန်ပျက်စီးနေပြီ” ဟု ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူက ဆိုသည်။ မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၃ စု လူဦးရေတစ်ထောင်ကျော် နေထိုင်လျှက်ရှိပြီး အဆောင် ၂၀ ကျော်ရှိသည့် စခန်း ဖြစ်သည်။ ထို့အပြင် ဝိုင်းမော်မြို့နယ်ရှိ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်သည့် မိုင်းနားစစ်ရှောင်စခန်းတွင်လည်း ပျက်စီးယိုယွင်းမူများ ဖြစ်ပေါ်နေသည်ကို စခန်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောပြသည်။ “ကျနော်တို့ အဆောက်အဦးတွေက လုပ်ထားတာ ယာယီ စီမံကိန်းနဲ့လုပ်ထားတော့ နှစ်ပေါင်းကြာလာတဲ့အခါမှာ ပျက်စီးယိုယွင်းမူတွေ အများကြီးရှိလာတယ်။ လိုအပ်တာက အများပိုင်းပဲ ၇၀ ရာခိုင်နူန်း ၈၀ ရာခိုင်နူန်းတော့ ပြန်ပြီးပြုပြင်ရတော့မှာ” ဟု စခန်းတာဝန်ခံက ပြောသည်။ မိုင်းနား စစ်ရှောင်စခန်းသည် ဝိုင်းမော်မြို့နယ်တွင် လူဦးရေ အများဆုံးနေထိုင်သည့် စစ်ရှောင်စခန်းကြီး ဖြစ်ပြီး အိမ်ထောင်စုအားဖြင့် ၅၂၉ စု လူဦးရေ ၂၉၂၆ ဦး အထိ နေထိုင်သည်ဟု သိရသည်။ စစ်ရှောင်စခန်းရှိ အဆောင်တစ်ချို့ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကူအညီဖြင့် အနည်းငယ်ပြန်လည် ပြုပြင်နိုင်သော်လည်း … - [ရေဦးနယ် ကျေးရွာ ၃နေရာတွင် စစ်ကောင်စီ ရဟတ်ယာဉ် ၄စီးဖြင့်ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/07/08/july8-az3/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲရှိသော ကျေးရွာ ၃နေရာတွင် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများထံမှသိရသည်။ ရေဦးနှင့်တန့်ဆည် မြို့နယ် ၂ခုချင်းစပ်ရှိသော ရေဦးနယ်မဲအိုး၊ အင်မထိုးရွာနှင့် ဝက်သေပေကြီး စသော ၃နေရာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောပါသည်။ “ရဟတ်ယာဉ် လေးစီးထဲမှာ နှစ်စီးက Mi- 70 သယ်ပို့ယာဉ်ပေါ့။ နောက် ၂စီးကတော့ ပစ်တယ်။ ပြီးရင် စစ်ရိက္ခာနဲ့ တပ်သားတို့ချသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်သည် ဗုံးကျဲတိုက်ခိုသည့်အပြင် ရဟတ်ယာဉ် ၄စီး အနက် ၂စီးတွင် စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိပြီး အဆိုပါ စစ်အင်အားကို ရေဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာတွင် ချသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ အဆိုပါ ကျေးရွာ ၃နေရာတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ရက်အတွင်း လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းသည် NLD အမတ်လောင်းတစ်ဦး၏ ဟောပြောပွဲရှိသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက်ကြောင့် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဆက်ဆိုထားသည်။ “ရွာထဲမှာ ကြားတာကတော့ အမတ်လောင်းတစ်ဦးရဲ့ ဟောပြောပွဲရှိတယ်လို့ကြားတယ်။ အဲ့သတင်းကြားလို့ လာပစ်တယ်လို့ပြောကြတယ်”ဟုပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့်လာရောက်တိုက်ခိုက်မှုကြောင့် မဲအိုး၊ အင်မထိုး၊ ဝက်သေပေကြီးရွာနှင့် အနီးဝန်းကျင်တွင်ရှိသော ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်မှုရှိမရှိ အသေးစိတ်မသိရသေးကြောင်း သိရသည်။ - [ချောင်းဦးနယ်တွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ၁၀ဦးခန့်ရှိ](https://burmese.kachinnews.com/2022/07/08/july8-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်အရာရှိတစ်ချို့နှင့် တပ်သားများစီးနှင်းလာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။ ယနေ့ နံနက်၉နာရီဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့သည် မြင်းမူဘက်သို့သွားရန် အိမ်စီးကား Alphard ပုံစံ NOAX-5I 9446 အဖြူရောင်ကားတစ်စီးဖြင့် ထွက်လာခဲ့ရာ ချောင်းဦးမြို့အထွက် လမ်းခုလတ်တစ်နေရာတွင် ချောင်းဦး PDF တပ်မှ ပဒေသာမိုင်း ၁၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHUမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ချောင်းဦးမြို့ ကနေ မြင်းမူဘက်ကိုထွက်လာတာဟုတ်တယ်။ အိမ်စီးကား Alphard ပုံစံ အဲ့ကားထဲမှာ မြင်တဲ့သူတွေကတော့ ၁၅ကောင်လောက်ပါတယ်ပြောတယ်။ ချောင်းဦးမြို့ အထွက်နားမှာ စောင့်ကြိုတိုက်ခိုက်တဲ့သဘောပါ။ သူတို့ဘက်ကဘယ်သူတွေပါတယ်။ ဘယ်ကား ကားနံပါတ်ကအစ ကားအရောင်တွေပါသေချာပြီဆို ဆော်လိုက်တော့တာပဲ ၁၀ကောင်လောက်တော့သေတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ၎င်းတို့ စီးနင်းလာသော ကား၏ ညာဘက်တစ်ခြမ်းပျက်စီးသွားပြီး ထိုနေရာမှ ဆက်လက်မောင်းနင်းသွားရာ ခဏအကြာတွင် ချောင်းဦးနှင့် မြင်းမူကြားရှိ ငါးယှန်ကျေးရွာအရောက်တွင် ကားထိုးထိုးရပ်သွားသည်ဟု သူကဆက်ဆိုထားသည်။ အဆိုပါ ထိုးရပ်သွားသည့် ကားထဲတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်လာခြင်းဖြစ်ပြီး ကူညီပေးရန်အတွက် ငါးယုန်ကျေးရွာ ပြည်သူများထံအကူညီတောင်းခံနေသည်ဟု ဆက်သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင်လည်း ချောင်းဦးမြို့နယ် နတ်ရေကန် နှင့်ဂွေးပင်တော ကျေးရွာ ၂ခုကြားတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကို Chaung U Local Defence Force (CHU LDF)မှ ပဒေသာမိုင်း ၄လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ထိုနေရာတွင် … - [စိုက်ပျိုးချေးငွေ ယူလိုသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပါရမည်ဟုဆို](https://burmese.kachinnews.com/2022/07/08/july8-az2/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စိုက်ပျိုး ချေးငွေချေးယူလိုသော တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း လက်မှတ်ပါလာမှသာ ထုတ်ချေးပေးမည်ဟု စစ်ကောင်စီဘက် မှ ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ပူတာအိုမြိုနယ်အတွင်းရှိ တောင်သူများအတွက် မိုးစပါးချေးငွေကို ဇူလိုင်လ ၉ ရက်နေ့တွင် ပူတာအိုမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ထုတ်ချေးပေးမည်ဖြစ်ပြီး လာရောက်ထုတ်ချေးလိုသူများ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း ဆေးလက်မှတ်ပါလာရမည်ဟု ပြောဆိုကြောင်း ကောင်ကထောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “စိုက်ချေးငွေတွေ ဇူလိုင် ၉ ရက်နေ့ လာချေးလို့ရပြီ ဆိုပြီး ရပ်ကွက်လူကြီးတွေမနေ့ညကလာပြောတယ်။ ဒါပေမယ့် ဒီနှစ်ကထူးဆန်တယ် မနှစ်ကနဲ့မတူဘူး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ဆေးလက်မှတ်ပါမှ ရမယ်တဲ့ ဘာသဘောလဲမသိဘူး မနှစ်ကလည်းကိုဗစ်ဖြစ်တာပဲ ဆေးထိုးကြတာပဲ ဒါပေမယ့်မလိုဘူး။ ဒီတိုင်းသွားချေးတာ ဒီနှစ်က ထူးဆန်းတယ်”ဟု ဆိုသည်။ ယင်ခင်နှစ်များတွင် ပုံစံ ၇ ပြုလုပ်ထားသည့် စာအုပ်အပြာဖြင့်သာ သွားရောက် ထုတ်ချေးကြပြီး ယခုနှစ်မှာ ယခင်နှစ်တွင်ပြောင်းလဲသွားသည်ဟု လေယာဉ်ကွင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း ထပ်မံ ပြောဆိုသည်။ “ကျွန်မတို့ ပုံစံ ၇ လုပ်ထားတဲ့ စာအုပ်အပြာဟာလေး အဲ့တာကသူတို့ဆီ ပေးထားတာသူတို့ဆီမှာပဲ ခါတိုင်းနှစ်ဆို အဲ့တာရှိတော့ အဲ့တာနဲ့ပဲထုတ်ယူတာ ဟုတ်တယ်။ ဒီဘက်က ရွာတွေဆိုရင် အတော်များများက ကာကွယ်ဆေး မထိုးကြဘူး ကျွန်မလည်းထိုးတော့ထိုးတယ်။ လက်မှတ်က ပျောက်နေတာ”ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်၍ ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းရာယခုကဲ့သို့ပြောသည်။ “ဟုတ်တယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်ပါလာမှ … - [အင်းတော်-ဗန်းမောက်လမ်းပိုင်း ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်](https://burmese.kachinnews.com/2022/07/08/july8-az1/): စစ်ရေးတင်းမာနေသည့် ကချင် စစ်ကိုင်းနယ်စပ် အင်းတော်-ဗန်းမောက်လမ်းပိုင်းတွင် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၇ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ သိရသည်။ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လက်နက်ခဲယမ်းအများအပြားကို ကုန်ကားကြီးများဖြင့် သယ်ယူကာ ဗန်းမောက်ဘက်သို့ အင်အားဖြည့်တင်းနေသောကြောင့် ကုန်ကားကြီးများဖြတ်တန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “ပိတ်ပင်ရတဲ့အကြောင်းရင်းက အင်းတော်ထဲက စစ်ကောင်စီတပ်တွေက စစ်ကိုင်းဘက်မှာ စစ်ကိုင်းအထူးတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတော့ စစ်သားတွေက အင်းတော်-ဗန်းမောက်လမ်းကိုသုံးပြီး အဲ့ဘက်ကို အင်အားတိုးချဲ့နေတယ်။ ပြီးတော့စစ်လက်နက်ပစ္စည်းတွေကော ရိက္ခာတွေကောကုန်ကားကြီးတွေနဲ့သယ်နေတာကြောင့်မို့ တကယ်လို့ ကြားဖြတ် တိုက်ခိုက်ချင်ရင်တော့ အရပ်သားကားနဲ့သူတို့ကားနဲ့မှားပြီး လုပ်မိမှာဆိုးလို့ ပိတ်လိုက်တာပါ”ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညပိုင်းတွင် အင်းတော်မြို့မှ ဗန်းမောက်ဘက်သို့ အရပ်သားကားများကို ချော်ဆွဲကာ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာများကို တစ်ကြိမ်ပို့ဆောင်မှုများရှိခဲ့သဖြင့် ယခုလိုထပ်မဖြစ်ရလေအောင် ကုန်တင်ကားကြီးဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သူကဆက်ဆိုထားသည်။ “အကန့်သတ်ကတော့ ကျွန်တော်တို့ပြန် ဖွင့်မယ်ဆိုတဲ့အခါကျမှပဲပြန်ပြောပေးမယ်။ ကုန်ကားတွေကျတော့လုံးဝမရဘူး။ အိမ်စီးကားတွေတော့ သွားလို့ရတယ် ဒါပေမယ့် မှန်ချပြီးမှပဲသွားလို့ရမယ်”ဟု ဆက်ပြောသည်။ သို့သော် ကုန်တင်ကားကြီးများသွားလာခွင့် ပိတ်ထားသော်လည်း အိမ်စီးကားများသွားလာခွင့်ရရှိကြောင်းသိရသည်။ ယခုကဲ့သို့ သတိပေးထားသည့် ကြားမှ ဖြတ်သန်းသွားလာမိ၍ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ပါကလည်း အင်းတော် PDF မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ဆိုထားသည်။ လတ်တလော အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာလျက်ရှိကြောင်း ဆက်လက်သိရသည်။ - [ဝိုင်းမော် နောင်းချိန်း တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ၊ ကျူးလွန်သူလည်း အသတ်ခံထားရ](https://burmese.kachinnews.com/2022/07/08/july8-yl1/): ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာတွင် ကချင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကာ သေဆုံးသွားပြီးနောက် ကျူးလွန်သူအမျိုးသားလည်း ထပ်မံသေဆုံးသည့် ဖြစ်စဉ် ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၄ ရက်နေ့ နောင်းချိန်းကျေးရွာအနီး ရွှေမှော်တွင် ထမင်းချက်နေသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို နောက်ထပ် ကျင်းသားတစ်ဦး က တောဘက်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၅ ရက်နေ့တွင် ကျူးလွန်သူ အမျိုးသားကို အခြားကျင်းသားများမှ ရိုက်နက်ခဲ့ရာ သေဆုံးသွားသည်ဟု နောင်းချိန်းဒေသခံတစ်ဦး က KNG သတင်းဌာန ကို ပြောဆိုခဲ့သည်။ “အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးက စားဖိုမ ဝင်လုပ်နေတာဟုတ်တယ်။ ကျူးလွန်တဲ့သူကလည်း သူထမင်းချက်တဲ့ နေရာမှာဘဲ ကျင်းသားလုပ်နေတာတဲ့။ မိန်းကလေးကို ထင်းခွင်သွားရအောင်ပြောပြီး တောထဲခေါ်သွားတဲ့နေရာမှာ ဖြစ်သွားတယ်လို့ပြောတယ်။ နောက်တစ်ရက် အဲ့စားဖိုမလည်း ပျောက်နေတော့ လိုက်ရှာကြတယ်။ အဲ့ကောင်လေးမှာလည်း ပါးစပ်နဲ့ ကိုက်ထားတဲ့ ဒဏ်ရာပြန်တွေ့သူ့ကို ပြန်စစ်ကြည့်တော့ ဟုတ်တယ်လို့ ဝင်ခံရင်း အဲ့နေရာမှာ ၉ ယောက်လောက်က ဝိုင်းရိုက်ရင်း လက်လွန် သွားလို့ ဆုံးသွားတယ်လို့တယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ နှင့် ကျူးလွန်သူ နှစ်ဦးတို့သည့် လုပ်ငန်းခွင်တစ်ခုတွင်အတူ လုပ်ကိုင်သူများဖြစ်ကြောင်း သိရပြီး အမျိုးသမီး၏ ရုပ်အလောင်းကို ဇွန်လ ၆ ရက်နေ့ အမှော်အနီးရှိ ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ပြောသည်။ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ကချင်အမျိုးသမီးသည် အဆိုပါရွှေမှော်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်သည်မှာ ၂ပတ်ခန့်သာရှိသေးပြီး ရှမ်းပြည်ဘက်မှ မြစ်ကြီးနား ဆွေးမျိုးအိမ်တွင် လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။ အမျိုးသမီးကို … - [ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/07/07/july7-yl1/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် စစ်ကောင်စီ သတင်းပေး ဟုယူဆခံရသော အမျိုးသားတစ်ဦး ယမန်နေ့ ည ၆ နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ ကုန်းလော ရွာထိပ်ပိုင်း ချိုခိုင်လမ်းဆုံတောင့်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၄၀ နှစ်အရွယ်ရှိ ဦးထွန်းလင်း ဆိုသူဖြစ်ကြောင်း ကုန်းလောဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “KIA စစ်သား ၂ယောက်က လာပြီး တစ်ယောက် တစ်ခါစီပစ်တာ သေနတ် ၂ ချက်မှန်သွားတယ်။ အဲ့နေရာမှာဘဲ တစ်ခါထဲ သေသွားတာဟုတ်တယ်။ အဲ့တစ်ယောက်က ဒီမှာ လှုပ်ရှားနေတာကြာပြီ။ လမ်းဆုံမှာ စားသောက်ဆိုင် ဖွင့်ထားတယ်။ သတင်းပေးလိုလို ဘာလိုလိုနဲ့။ KIA ကလည်း စောင့်ကြည့်နေတာထင်တယ်” ဟု ပြောဆိုသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပစ်သတ်သွားသည်ဟု ဒေသခံတစ်ချို့ပြောဆိုသော်လည်း KIA တာဝန်ခံများကို မေးမြန်းနိုင်ခြင်း မရှိသေးပါ။ ပစ်သတ်ခံရသည့် ဦးထွန်းလင်းသည် ကုန်းလောတွင် အခြေစိုက်ထားသော ခမရ ၃၈၇ တပ်ရင်းမှ တပ်ထွက်တစ်ဦး ဖြစ်ပြီး ချိုခိုင်ခေါ် လမ်းမကြီးလမ်းဆုံတွင် လင်မယာ နှစ်ယောက်စလုံး စားသောက်ဆိုင်ဖွင့်ပြီး နေထိုင်ရာမှ ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ကုန်းလောတွင် စစ်ကောင်စီ၏ သတင်းပေးအဖြစ် ပစ်သတ်ခံရမှု ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။ မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးတစ်လျောက် ကုန်းလော၊ နွမ်းလန့်၊ မြို့သစ်စသည့်ကျေးရွာများတွင် စစ်တပ်စခန်းအများအပြားတည်ရှိပြီး ကျေးရွာအတွင်း စစ်တပ်သတင်းပေးများလည်း နေထိုင်သည်ဟု ဒေသခံများဆိုသည်။ အဆိုပါနေရာများတွင် … - [ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ](https://burmese.kachinnews.com/2022/07/06/july6-az2/): စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် NUG အစိုးရလမ်းညွန်မှုဖြင့် မီးသတ်သင်တန်း ပထမအကြိမ်ဖွင့်လှစ်ပို့ချပြီးစီးခဲ့ပြီ နောက် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ် ပို့ချပေးရန်စီစဉ် နေကြောင်း ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။ NUG အစိုးရ၏ လမ်းညွန်မှုအောက်  ကြားကာလ၌ ပြည်သူများအနေဖြင့် မီးဘေးအန္တာရယ်ကိုအတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မီးသတ် အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဧပြီလ ကဖွင့်လှစ်ပြီးစီးပြီး အပတ်စဉ် ၂ သင်တန်းအတွက် ဆက်လက်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးနေသည့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “၂၀၂၁ ခုနှစ်မှာတော့ သင်တန်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘူး။ ဒါပေမယ့် ဒီ ၂၀၂၂ ခုနှစ်မှာတော့ NUG လမ်းညွန်ချက်နဲ့အညီ မီးသတ်သင်တန်းကိုတစ်ကြိမ်ပေးနိုင်ခဲ့တယ်။ အဓိကတော့အဲ့သင်တန်းမှာဆိုလို့ရှိရင် အ​ခြေခံမီးငြိမ်းသတ်န​ည်း မီးသတ်စစ်ရေးပြ တာတွေ မီးသတ်ဖွဲ့စည်းပြီးဘယ်လိုလုပ်ကြမလဲ စတာတွေသင်ကြားပို့ချပေးခဲ့တယ်”ဟုပြောဆိုသည်။ အပတ်စဥ် ၁ မီးသတ်သင်တန်းတွင် ကနီမြို့နယ်အ တွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာမှ CDM မီးသတ်ဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူလူသယ်များ စုစုပေါင်းသင် တန်းသား ၄၀ ဦးအထိတက်ရောက်ခဲ့ကြောင်းသိရသည်။ “ဧပြီလနောက်ပိုင်းကနီနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်သင်တန်းတွေ ဆက်ပြီးတော့မပေးနိုင်ခဲ့ဘူး။ သို့သော် ကျနော်တို့ကနီနယ်မှာရှိတဲ့မီးသတ်တာဝန်ခံနဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အပတ်စဉ် ၂ကိုဆက်ပြီးပေးဖို့လုပ်ဆောင်နေတယ်လို့သိရတယ်”ဟု ယင်းသင်တန်း များဖွင့်လှစ်နိုင်ရေးတွင် မြေပြင်တွင်ဆောင်ရွက်ပေးနေသည့် လူငယ်တစ်ဦးကပြောသည်။ ကနီမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဟုဆိုနိုင်ပြီး ယခုနောက်ပိုင်းတွင် သင်တန်းဆင်းမီးသတ်တပ်ဖွဲ့များဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပကဖများနှင့်ပြည်သူများပူးပေါင်းကာ မီးဘေးအန္တာရယ်မှ ဆုံးရှုံးနစ်နာမှု မရှိရလေအောင် ကာကွယ်‌ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ ကနီမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်ပေါင်း ၂၀၀၀ ကျော်အထိမီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ပြီး ယင်းတွင်အဆိုးရွားဆုံးကာလမှာ မေလနှင့် … - [စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး](https://burmese.kachinnews.com/2022/07/06/july6-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် တိုင်းရင်းဆေးရုံတွင် PDF အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးနှင့် တပ်သား ၂ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် တိုင်းရင်းဆေးရုံအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲထားသဖြင့် ဇူလိုင်လ ၃ရက်နေ့ ဆေးရုံဝင်းအတွင်းသို့ SNAKE EYES-PDF နှင့် မဟာမိတ်တပ်ပေါင်းတပ်တို့ မိုင်းဝင်ရောက်ထောင်ထားခဲ့ရာ ထိုနေရာတွင် ပေါက်ကွဲခြင်းမရှိဘဲ ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီဘက်မှ အဆိုပါ မိုင်းကို ပြန်လည်သိမ်ယူခဲ့သည့်အချိန်တွင် ပေါက်ကွဲသွားသည့်အတွက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု SNAKE EYES-PDFထုတ်ပြန်ချက်အရသိရသည်။ “ညပိုင်း လူရှင်းတဲ့အချိန် သူတို့တပ်စွဲထားတဲ့နေရာမှာ မိုင်းသွားထောင်ထားပေးတာ။ အဲ့မိုင်းက မကွဲဘဲ အဲ့ဒီညမှာဘဲ သူတို့တွေ ပြန်တွေ့သွားတယ်။ သူတို့သိမ်းယူသွားတဲ့အချိန်မှာလည်း မကွဲသေးဘူး။ နောက် တစ်ရက်ခြားမှ သူတို့အရာရှိ တစ်ယောက်ကို ခေါ်ပြတဲ့အချိန်မှာဘဲ ကွဲသွားတာ။ အဲ့နေရာမှာ ပွဲချင်းပြီး ၂ယောက်က သေသွားတယ်”ဟု SNAKE EYES PDF မှပြန်ကြားရေးတာဝန်ခံ ကဆိုသည်။ ထိုနေရာတွင် မိုင်းပေါက်ကွဲမူကြောင့် စစ်အရာရှိတစ်ဦး၏ ရုပ်အလောင်အပါအဝင် သေဆုံးသည့် ရုပ်အလောင်း ၃လောင်း ဒဏ်ရာရရှိသူများကို ဇွန်လ ၅ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ယူသွားကြောင်း ဆက်သိရသည်။ - [ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ](https://burmese.kachinnews.com/2022/07/06/july6-az1/): ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးလမ်းပိုင်းတွင် လွန်ခဲ့သည့်ရက် မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပျက်စီး၍ အသွားအလာပြတ်တောက်မှုများရှိခဲ့သော်လည်း ယမန်နေ့မှ စတင်၍ ပုံမှန်အတိုင်းသွားလာနိုင်ပြီ ဖြစ်ကြောင်း ကားသမားများထံ မှ စုံစမ်းသိရှိရသည်။ အဆိုပါ လမ်းပိုင်းတွင် ဇွန်လကုန်ပိုင်းမှ မြေပြိုမှု ချောင်းရေကြီးမှု ဖြစ်ပွားခဲ့ပြီး မိုင်တိုင်အမှတ် ၂၈ နှင့် ၂၉ ကြားရှိ တံတားအမှတ် ၁/၄၇ တံတား၏ ကမ်းကပ်ခုံများ ပြိုကျပျက်စီးခဲ့သောကြောင့် ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ကားများဖြတ်သန်းသွားလာမှု ၅ရက်ခန့် ပြတ်တောက်ခဲ့သည်။ ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ မနက်မှစတင်၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း ယင်းလမ်းပိုင်းတွင် မောင်းနှင်နေသည့် ကုန်ကားသမားတစ်ဦးက KNG သို့ ပြောသည်။ “ကုန်းကားကြီးတွေလည်းပုံမှန်သွားလာနေကြပြီဗျ။ လေးရက်နေ့ကတော့ ကားသေးလေးတွေလောက်ပဲသွားလို့ရတာ မနေ့ကနေတော့ကားကြီးတွေလည်းသွားလို့ရနေပြီ”ဟု အမည်မဖော်လိုသည့်ကုန် ကား သမားတစ်ဦးကပြောသည်။ အလားတူ မိုင်တိုင်အမှတ် ၄၄ အနီးတွင်လည်း မြေသား လမ်းအရှည်ပေ ၁၅၀ ခန့်ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး ယင်းလမ်းမြေပြိုမှုနဲ့ တံတား ကျိုးကျမှုကို လမ်းဦးစီးဌာနနဲ့ ဟုန်ရှင်းကျန်းလမ်းဆောက်လုပ်ရေးတို့မှ ပူးပေါင်းကာ ၄ရက်ခန့်အကြာပြုပြင်မှုအပြီးယခုကဲ့သို့သွားလာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းဖြင့် ဗန်းမော်ခရိုင်ထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း ၊တစ်သျှုးငှက်ပျော၊ ကြံ၊ ဖရဲတို့ကို တရုတ်ပြည်သို့တင်ပို့လျက်ရှိပြီး လက်ရှိတွင် ဆန်ကိုသာ အများဆုံးတင်ပို့လျက်ရှိပြီး ပို့ကုန်ရှားပါးသည့် ရာသီလည်း ဖြစ်နေကြောင်း ကားသမားတစ်ဦးက ပြောသည်။ “အခုက ပို့ကုန်ရှားသွားပြီ တစ်သျှူးငှက်ပျောကာလည်း ရာသီကုန်ပြီးဆိုတော့ ငှက်ပျောကားထွက်တဲ့အချိန် မဟုတ်တော့ဘူး အခု ကုန်ကားကြီးတွေက ဆန်နည်းနည်းပဲနည်းနည်းလောက်ပဲလာတော့တာ”ဟု သီးနှံကားမောင်းသည့် ကားသမားတစ်ဦးက ပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးလမ်းဖြင့် တရုတ်ပြည်သို့ … - [ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး](https://burmese.kachinnews.com/2022/07/06/july6-yl1/): ဖားကန့်သွားလမ်းမပေါ် ခွမ်စိုင်ဇွပ် နှင့် တံတားညီနောင်ကြားတွင် အရပ်သား ယောင်ဆောင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကို ယမန်နေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်တော် KIA မှ ဖမ်းဆီးခေါင်ဆောင်သွားသည်ဟု သိရသည်။ ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ ခွမ်စိုင်ဇွပ်နှင့် ဂေါ့လူယန်ကျေးရွာကြား လမ်းမကြီးတစ်လျှောက် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့ စစ်ဆေးရေး လုပ်ငန်းဝင်ရောက်နေချိန် ကားမိုင်းဘက်မှ အရပ်သားယောင်ဆောင်ထားသည့် တပ်ဖွဲ့ဝင် ၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ရှေ့တန်း KIA နှင့် နီးစပ်သည့် ဒေသခံအမျိုးသား တစ်ဦးက KNG ဌာနကို ပြောဆိုခဲ့သည်။ “ဖမ်းတာက ဂေါ့လူယန်ရွာအဝင်နားမှာ ဟုတ်တယ်။ ၆ ယေက်ပါသွားတယ်။ ဒီအဖွဲ့က ဖားကန့်ဘက်ကို သွားတာလည်း မဟုတ်ဘူး။ ဒီအဖွဲ့တွေ အရပ်သား ဟန်ဆောင်ပြီး သွားလာနေတာ သိပ်မကြာသေးဘူး။ KIA က ကျနော်တို့ ဒေသခံတွေကို ဒုက္ခပေးမှာစိုးလို့ ဖမ်းဖို့ချောင်းနေတာ ဟုတ်တယ်” ဟု ပြောဆိုသည်။ ဖမ်းဆီးခံရသော တပ်သား ၆ ဦးသည် ကားမိုင်းမြို့တွင် အခြေစိုက်ထားသော ဗျူဟာကုန်းမှ အဖွဲ့ဝင်များဖြစ်ပြီး ဂေါ့လူယန်ကျေးရွာ မှ ဒေသခံပြည်သူ တစ်ချို့ကို ဖမ်းဆီးရန် အရပ်သားပုံစံဖြင့် သွားလာနေသော အဖွဲ့ဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။ “ရွာမှာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး ပြသနာအနည်းငယ်ရှိနေတာ ဟုတ်တယ်။ အဲ့ကြောင့် ရွာမှာရှိတဲ့ တစ်ချို့ကို ဖမ်းဖို့ ချောင်းနေတယ်လို့ သတင်းရထားတယ်။ ပြီးရင် … - [စစ်ရှောင်၊ CDM နှင့် မသန်စွမ်းများကို ထောက်ပံ့နိုင်မည့် Click Application တစ်ခု အကောင်ထည်ဖော်နေ](https://burmese.kachinnews.com/2022/07/06/cdm-ld/): စစ်ရှောင်ပြည်သူများ နှင့် CDM ဝန်ထမ်းများကို ငွေကြေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် Application တစ်ခုကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ မှ အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် အသက်မွေးဝမ်းကျောင်း ကြပ်တည်းလာသော ကချင်ပြည်နယ်အတွင်း စစ်ရှောင်များ နှင့် CDM ဝန်ထမ်းများ၊ မသန်စွမ်းသူများကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် N-wallet ခေါ် အပလီကေးလ်ရှင်း (Application) တစ်ခု အသုံးပြုကာ Click ခြင်းဖြင့် ပါဝင်ကူညီနိုင်မည့် နည်းလမ်း ပြင်ဆင်နေကြောင်း မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား သမဂ္ဂ ယာယီဥက္ကဌ က ပြောသည်။ “ကျနော်တို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ နဲ့ N-Project ပူးပေါင်းပြီး ကချင်ပြည်က စစ်ရှောင်တွေကို ကူညီနိုင်ဖို့ လုံခြုံတဲ့ငွေကြေး စနစ်ကို အသုံးပြုပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါက ကိုယ်တိုင် Click ပြီး ပါဝင်လှူဒါန်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။” ဟု ပြောသည်။ လက်ရှိတွင် အပလီကေးလ်ရှင်း ကို စမ်းသပ်နေဆဲဖြစ်ပြီး ယခုလအတွင်း ပြည်သူလူထု ထံ ချပေးသွားဖို့ ပြင်ဆင်နေကြောင်း ဆက်ပြောသည်။ ပြည်သူများအနေဖြင့် အင်တာနက် ရရှိရုံဖြင့် N-wallet ကို အသုံးပြုကာ စစ်ရှောင်များအတွက် ပါဝင်ကူညီထောက်ပံ့နိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။ အင်တာနက် ရရှိသော နေရာဒေသအသီးသီး မှ ပြည်သူများ အသုံးပြုကာပါဝင်နိုင်ပြီး Application ကတော့ Android ဖုန်းအမျိုးအစားများနဲ့ IOS ဖုန်းအမျိုးအစားများအတွက် ဒေါင်းလ်လုတ်ယူ အသုံးပြုလို့ရနိုင်ကြောင်း ပြောသည်။ အသုံးပြုပုံကို … - [စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ](https://burmese.kachinnews.com/2022/07/06/z1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးသို့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများမှ သိရသည်။ ဇူလိုင်လ ၅ ရက် ည ၈နာရီဝန်းကျင်တွင် စစစ ရုံးအနီး စစ်ကားတစ်စီး ဝင်ရောက်လာချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦး ယခုလိုပြောသည်။ ” ၈နာရီ မထိုးခင်ပေါက်ကွဲသံ၂ချက် အရင်ကြားရတယ်။ အဲနောက်တစ်ကြိမ်ထပ်ကွဲတာတော့ စစ်ကားတစ်စီး အဲ့ရုံးရှေ့မှာအရောက် ကွက်တိမိုင်းတစ်လုံးထပ်ကွဲသံကြီးကြားလိုက်တာ အိမ်တောင်တုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ပြောဆိုချက်အရ စစ်ကားမိုင်းခွဲခံရမူတွင် ထိခိုက်သေဆုံးမူရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ (စစစ) ရုံးရှေ့ပေါက်ကွဲမှု မဖြစ်ခင် လက်နက်ကြီးသံ ၂ ချက်ကြားခဲ့ရပြီး ပေါက်ကွဲမူဖြစ်ပြီးနောက်တွင်လည်း လက်နက်ကြီး ၂ ချက် ထပ်မံကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။ ‌ပေါက်ကွဲမူဖြစ်ခဲ့သည့် အေးမြသာယာရပ်ကွက်တွင် လက်နက်ကြီးကျည်စများ အနီးပတ်ဝန်းကျင်ရှိနေအိမ်များသို့ ထိမှန်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူပြည်သူ ၂ ဦးရှိကြောင်းသိရသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိသူ မည်မည်ဝါဖြစ်ကြောင်း KNG သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ ထို့ကြောင့် ယနေ့ မြစ်ကြီးနားမြို့အဝင်အထွက်ကားများ အိမ်စီးကား၊ အုတ်ခဲတင်ကားပါ မကျန် စစ်ကောင်စီတပ်ဘက်မှ စစ်ဆေးနေကြောင်း သိရသည်။ မြစ်ကြီးနားမြို့နယ်တွင် ဇွန်လမှ ဇူလိုင် ၆ ရက်နေ့ထိ စစ်ကောင်စီတပ် ပစ်ခတ်ခံရမူနှင့် စစ်ကောင်စီရုံးများတွင် ပေါက်ကွဲမှု စုစုပေါင်း  ၄ ကြိမ်ထိရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်ခံရမူ ပေါက်ကွဲမူများသည် ဇွန်လ ၂ရက်နေ့ သီတာဝန်ထမ်းအိမ်ယာတွင် တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့ မပခ … - [ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို](https://burmese.kachinnews.com/2022/07/05/july5-sm2/): စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၃ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ဇွန်လ ၂ရက်နေ့တွင် ဝက်လက်မင်တော်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဝက်လည်ရွဲကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်းတစ်နေရာတွင် Tiger King တပ်ရင်း ၁၅ တပ်ခွဲ (၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်အရာရှိတစ်ဦးအပါအဝင် စစ်သားနှစ်ဦး ထိုနေရာတွင် သေဆုံးခဲ့သည့်အပေါ် မကျေနပ်သဖြင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် တစ်ရက်အတွင်း ကျေးရွာ ၃ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ် ဝက်လည်ရွဲကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝက်လည်ရွဲနှင့် လေးကုန်း ကျေးရွာ ၂ခုအတွင်း သို့ ဝင်ရောက်လာကာ လူနေအိမ်များမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ထိုကျေးရွာ ၂ခုအပြင် ည ၁၂နာရီဝန်းကျင်တွင် မင်းရွာကျေးရွာအတွင်းရှိသော လူနေအိမ်များကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။ ထိုသို့ စစ်ကောင်စီဘက်မှ ကျေးရွာ ၃နေရာတွင်ရှိသော လူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဇွန်လ ၃ရက်နေ့ ၈နာရီခန့်တွင် မင်းရွာကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီစစ်ကြောင်းကို Tiger King ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းတပ်စုတို့ တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တိုက်ပွဲတွင်ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးကဆိုသည်။ “သူတို့က တစ်ရွာပြီး တစ်ရွာ ဝင်းပြီးတော့ မီးဝင်ရှို့နေကြတာ။ အဲ့ကြောင့် ကျနော်တို့ဘက်ကနေ မတိုက်ရင်မရတော့ဘူး ဆိုပြီး … - [ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/07/05/july5-az2/): စစ်ကိုင်းတိုင်းဒေသ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် သုံးကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ခု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၄နာရီမှစတင်ကာ ယမန်နေ့အထိ ဒီပဲယင်းမြို့ နယ် ဆပ်ပြာကျင်းဘုတ်ရွာနဲ့ ကြည်ကျေးရွာအနီးတစ်ဝိုက်တွင် Mi-35 နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံများ ၂၀၀ နီးပါးခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG သို့ ပြောသည်။ “ရွာဘေးနား ပတ်ချာလည်မှာပစ်သွားတာဗျ ထိခိုက်တာတွေတော့မရှိပါဘူး။ လက် နက်ကြီးဗုံးသီးငါးလုံးချတယ် စက်လက်ကြီး နှစ်ဘောက်ဆွဲသွားတယ် ဆပ်ပြာကျင်းဘုတ်နဲ့ကြည်ရွာကတော့ဘေးလွတ်ရာပြေးနေတယ်ဗျ နီးစပ်ရာရွာတွေမှာတိန်းရှောင်နေတာရွာပြန်မကပ်နိုင်သေးဘူး”ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆပ်ပြာကျင်းဘုတ်ကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်နှင့် ကြည်ကျေးရွာသည် အိမ် ခြေ ၁၀၀ နီးပါးရှိသည့် ကျေးရွာတို့ဖြစ်ကြောင်းသိရသည်။ “ဆပ်ပြာကျင်းဘုတ်ရွာနားတစ်ဝိုက်မှာတော့ စစ်သားတွေရှိနေဆဲဗျ မနေ့က လေယာဥ်နဲ့အင်းအား ၆၀ ကျော်လာချသွားတယ် အဲ့နားမှာ လှည့်လှည်နေတော့ ရွာသားတွေကရွာမကပ်နိုင်ပဲ တစ်ရွာကနေတရွာ အဆင့်ဆင့်ရှောင်နေရတာ တခြားအခက်အခဲမရှိပေမယ့်လူများတော့ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်အခဲ ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ လက်ရှိတွင် ဆပ်ပြာကျင်းဘုတ်ကျေးရွာအရှေ့ တောင်ဘက်တွင် စစ်ကောင်စီတပ်အင်အား ၆၀ ကျော်က လှည့်လည်ကာစစ်ကြောင်းထိုးနေမှုကြောင့် ယနေ့ ၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ နောက်မဆုတ်ပါက တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်။ စစ်ကောင်စီဘက် လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်မှုသည် ဆပ်ပြာကျင်းဘုတ်နှင့် … - [ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်](https://burmese.kachinnews.com/2022/07/05/july5-sm1/): စစ်ကိုင်းတိုင်းဒေသ ဆားလင်းကြီးမြို့နယ် တရားနှင့် ကန်တွင်း ကျေးရွာ ၂ခုမှ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force မှ သိရသည်။ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် သံဖိုတောင်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် တရားကျေးရွာဘက်သို့ ထပ်မံဝင်ရောက်လာစဉ် ဒေသခံပြည်သူများကို သေနတ်လိုက်လံပစ်ခတ်ခဲ့ရာ ဘေးလွတ်ရာသို့ ထွက်ပြေးသည့် ပြည်သူ ၂ဦး သေနတ်ထိမှန်ခဲ့ကြောင်း Salingyi Special Task Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့ညက သံဖိုတောင်ကို ရုတ်တရက်ဝင်လာတယ်။ ညဆိုတာတစ်ခါမှစစ်ကြောင်းမထိုးဖူးဘူးလေ။ ရုတ်တရက်ဝင်လာပြီး ဘုန်းကြီးကျောင်းကိုတပ်စွဲတယ်။ အဲ့ဒီမှာမနက်ကျမှ တောဘက်တွေကို ခြိမ်းခြောက်ဖို့ ပစ်တာပေါ့။ အဲ့မှာရွာတစ်ဝှိက်ကလည်းရှောင်ကြတာပေါ့။ အဲ့မှာ အခုသေဆုံးသွားတဲ့ ပြည်သူကလည်းပြေးတာ ပြေးရင်းခြေထောက်မှန်သွားပုံရတယ်။ အဲ့မှာလည်ပင်းကို အနီးကပ် ပြန်ပစ်ခံရတာပါ။ နောက်တစ်ယောက်ကြတော့ကျတော့ပုန်းနေတာ ဒဏ်ရာတော့ နည်းနည်းရသွားတယ် ဒါမဲ့ပုန်းနေတော့လွတ်သွားတာပေါ့”ဟုပြောဆိုသည်။ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်သေဆုံးသွားသည့် သူသည် အသက် ၃၀ ကျော်ခန့်ရှိ တရားကျေးရွာမှ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူသည် အသက် ၄၀ကျော် အရွယ် ကန်တွင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးဖြစ်ကြောင်းသည်ဟုသူကဆိုသည်။ လက်ရှိအချိန်အထိ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်းဟု ဆက်သိရသည်။ ထို့အပြင် ယနေ့ မနက်ပိုင်း ၈နာရီ ဝန်းကျင်တွင် တရားကျေးရွာမှ စစ်ကောင်စီတပ်များ … - [ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို](https://burmese.kachinnews.com/2022/07/05/july5-az1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော ပျောက်ကြားသပိတ် ဦးဆောင်ခဲ့သည့် ဦးချစ် အပါအဝင် PDF တပ်သား ၄ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးထားရာမှ ၂ဦးကို ထောင်တွင်း သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်ရာ ပြည်သူတစ်ဦးထံမှသိရသည်။ ပြီးခဲ့သော ဧပြီလ ၂၅ ရက်နေ့ စစ်ကောင်စီတပ်သည် ရမ်ပူရပ်ကွက်ရှိ PDF တပ်ဖွဲ့များ တည်းခိုနေသည့် နေအိမ်တစ်အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ထိုနေရာတွင် PDF တပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးသွားကာ ကျန် ၄ ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါသည်။ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၄ဦးနက် သပိတ်ခေါင်းဆောင် ဦးချစ်အပါအဝင် PDF တပ်သားတစ်ဦးကို ဇွန်လကုန်ပိုင်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် အကျဉ်းထောင်အတွင်း နှိပ်စက် သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်းသိရသည်ဟု နီးစပ်ရာ ပြည်သူတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “ခေါင်းဆောင်ဖြစ်တဲ့ ဦးချစ်နဲ့ နောက်တစ်ယောက် ထောင်ထဲမှာဘဲ နှိပ်စက်ပြီး သတ်ပလိုက်ကြပီလို့ သတင်းရတာ ဆယ်ရက်လောက်ရှိပြီ။ ခုလောလောဆယ်အထိတော့ သတ်ခံရတဲ့ ၂ ယောက်ထဲက ဦးချစ်ပါတယ်ဆို‌တာဘဲ သိသေးတယ် နောက်တစ်ယောက်က ဘယ်တစ်ယောက်လဲ စုံစမ်းနေတုန်းပါ”ဟုနီးစပ်သူတစ်ဦးကပြောသည်။ ထို့နောက် ဖမ်းဆီးခံရသည့် ၄ဦးကို စစ်ကောင်စီတပ်သည် စစ်ကြောရေးအတွင်း သွားကြားထိုးတံဖြင့် ခန္ဓာကိုယ်ပေါ်တွင် တကိုယ်လုံးထိုးစိုက်ပြီး ရိုက်နှက်စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆက်သိရသည်။ လက်ရှိတွင် အကျဉ်းထောင်အတွင်း ကျန်ရှိနေသည့် PDF တပ်သား ၂ ဦးသည် လည်း ကျန်းမာရေးစိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။ - [ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2022/07/04/july4-az3/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကျောင်းတက်နေသည့် (၉)တန်း ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် သူနှင့် ဆက်စပ်သည်ဟု ဆိုရသော အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။ ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသော ကသာအမှတ်(၁)အထက်တန်းကျောင်းတွင်  ၉ တန်း ကျောင်းသားထံမှ ဆေးခြောက်ရွက်များတွေ့ရှိခဲ့သဖြင့် အဆိုပါ ကျောင်းသားကို ရဲလက်ထဲအပ်နှံပြီးနောက် ရဲများက ရပ်ကွက်အတွင်း ကျောင်းသားနှင့် ပက်သက်မှုရှိသည်ဟု ပြည်သူ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကသာဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြေဆိုသည်။ “ဆေးခြောက်က ၉တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဆီကနေတွေ့မိတယ်လို့ပြောတယ်။ ဆေးခြောက်အရွက်က ဘယ်လိုကြောင့် ကလေးရဲ့လက်ထဲမှာသွားတွေ့တာလည်းတော့မသိဘူး။ ဆေးခြောက်တွေ့တဲ့ ဆရာမက ကျောင်းသားကို ရဲလက်ကိုအပ်လိုက်တယ်လို့ပြောတယ်။ ရဲကနေတဆင့် ဘယ်မှာတွေ့တာလဲ ဘယ်မှာရတာလဲပေါ့မေကြတာပေါ့။ ရဲတွေက အိမ်မှာတွေမှာလိုက်ရှာပြီး တချို့ အိမ်မှာဆိုရင် အလှည့်ကျပေါက်ပင်လိုရှိနေတာ။ သုံးစွဲတာလည်းမဟုတ်ဘူး။ အဲ့တာကို အိမ်တွေလိုက်ပြတော့ ၁၃ယောက်လောက်ပါသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၁၃ ဦးသည် ကသာ ရပ်ကွက် (၁)၊(၄)၊(၆)၊(၇)နှင့် ရပ်ကွက် (၁၁) စသော ရပ်ကွက် ၅ခုမှ အမျိုးသား ၁၃ဦးဖြစ်ကြောင်းသိရသည်။ လက်ရှိ ဒေသခံများထံမှ တွေ့ရှိသော ဆေးခြောက်ပင်များသည် စိုက်ပင်မဟုတ်ဘဲ အလိုအလျောက်ဖြင့် အလှည့်ကျပေါက်လာသော အပင်များသာဖြစ်​​ပြီး ဒေသခံများအနေဖြင့် မူးယစ်ဆေးဝါးသဖွယ်သုံစွဲခြင်းမရှိကြောင်း နောက်ထပ် ကသာဒေသခံတစ်ဦးက ယခုလိုထပ်မံပြောဆိုထားသည်။ “ဒီဟာက ဘယ်လိုပြောရမလဲဆိုရင် မုန့်ညှင်းမျိုးတို့ ဘာတို့မှာလည်းပါလာတတ်တယ်။ အဲ့တာကို သူကကြက်သားဟင်းတို့ ဘာတို့မှာ ထည့်စားရင်ချိုတယ်လို့ဆိုကြတယ်။ … - [အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး](https://burmese.kachinnews.com/2022/07/04/july4-az2/): အင်းတော်မြို့နယ် နန့်ကင်ရွာတွင် ထောင်ထားသည့် မိုင်းဝါယာကြိုးစဆွဲမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၂ နာရီအချိန်တွင် နန့်ကင်ကျေးရွာမှ အမျိုးသား ၂ဦးသည် ရထားသံလမ်းအနီး နွား ကျောင်းရန်ထွက်လာစဉ် အနီးတဝိုက်ထောင်ထားသည့် မိုင်း၏ ဝါယာကြိုးစကို မသိဘဲ ဆွဲမိရာ မိုင်းပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သို့​ပြောသည်။ “သူတို့နှစ်ယောက်က နွားလာဆွဲတာ။ တစ်ယောက်က တဲပေါ်မှာနေနေပြီး တစ်ယောက်က နွားသွားဆွဲနေတာ ပေါက်ကွဲတဲ့ မိုင်းက ကြိုးဆွဲမိုင်းတဲ့။ အစပေါ်နေတဲ့ မိုင်းကြိုးစဆွဲမိလိုက်တာကနေ ပေါက်ကွဲသွားတာ။ ပြီးနှစ်ယောက်စလုံးသေသွားတာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသွားသည့် အမျိုးသား ၂ဦးသည် အသက် ၅၂နှစ်ရှိသူ ဦးလှထွန်း (မိုင်းကြိုးစဆွဲမိသူ)နှင့် ဦးချစ်ဝင်း(တဲပေါ်တွင်ရှိ)သူ တို့ဖြစ်ကြသည်။ အဆိုပါ ရထားသံလမ်းအနီးတွင် ပေါက်ကွဲသွားသည့် မိုင်းသည် မည်သည့်ဘက်မှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အင်းတော် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ကျွန်တော်တို့လည်းစုံစမ်းနေတုန်းဗျ။ ဘယ်ဘက်ကလုပ်တယ်ဆိုတာ စစ်ကောင်စီတပ်ဘက်က လုပ်တာဆိုရင်လည်း ပြည်သူတွေသတိထား ရအောင်။ နောက်ပြီးတော့ အဲ့မှာက စစ်သားတွေတော်တော် ခြေရှုပ်တယ်။ သူတို့လာတဲ့လမ်းကြောင်းမှာ ကျနော်တို့ဘက်က အဖွဲ့ခွဲလေးတွေက များတော့ ကိုယ့်ဘက်က လုပ်တယ်ဆိုလို့ရှိရင်လည်း ပြန်ပြီးမှ တောင်းပြန်လို့ရအောင်ပြန်ပြီးတော့စိစစ်နေတယ်”ဟုပြောဆိုသည်။ ထို့နောက် အင်းတော်မြို့နယ် မဲဇာရွာတွင်လည်း ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့ လူနေအိမ်ခြံဝင်းတစ်ခုတွင် ဗုံးသီးတစ်လုံးတွေ့ရှိရသဖြင့် ထိုဗုံးသီးကို ဖမ်ရှားနေစဉ် အသက် … - [ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/07/04/july4-az1/): ကသာမြို့တွင် စစ်ကောင်စီ၏ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပြီးခဲ့သော ဇွန်လ ၃၀ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှသိရသည်။ ကသာမြို့ အမှတ် (၉) ရပ်ကွက် အပိုင်း(၁) တွင်နေထိုင်သော အသက် ၆၀နှစ်ဝန်းကျင်ရှိ ဦးကျော်ဆွေကို အရပ်ဝတ်ဖြင့် လူငယ် ၅ဦးက သူ၏ နေအိမ် ​အပြင်ဘက် ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကသာမြို့နေခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ဒေသခံတွေပြောတာကတော့ PDF က ပဲဖမ်းသွားတာလို့ပြောတယ်။ သူကစစ်ကောင်စီသတင်းပေးပေါ့။ ပြီးတော့ သူကစစ်ကောင်စီနဲ့ပေါင်းပြီး အခွင့်ယူပြီးစီးပွားရေးဘာညာလုပ်တယ်။ နောက် PDF တွေတော်တော်များများဖမ်းခံလိုက်ရတာလည်း သူ့လက်ချက်လို့ PDF တွေက အတည်ပြုထားတဲ့အပိုင်းတွေရှိတယ်။ ကသာနားမှာဖြစ်တာဆိုတော့ ကသာ PDF ပဲဖမ်းခေါ်သွားတာနေမှာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးကျော်ဆွေသည် ယခင်အစိုးရလက်ထက်မှ ရာအိမ်မှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြသော ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများအဖွဲ့သည် PDF အဖွဲ့၏ သတိပေးမှုဖြင့် နုတ်ထွက်သွားကြပြီး လက်ရှိအချိန်အထိ သူတစ်ဦးတည်းသာ နုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်းနေသောကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။ ဦးကျော်ဆွေကို PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံပြည်သူများပြောဆိုမှုပေါ် ကသာ PDF အဖွဲ့ ထံသို့ KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ဘက် ဖမ်းဆီးထားကြောင်း သတင်းမရရှိသေးကြောင်းဟု ယခုလိုပြောဆိုထားသည်။ “PDF အဖွဲ့က ဒီဘက်မှာ တစ်ခုထဲတော့ မဟုတ်ဘူးပေါ့နော်။ တခြားတွေလည်းရှိတာကိုး။ အဲ့လိုမျိုး PDF တွေ EAOs တွေဖမ်းရင်လည်းသူတို့ကို … - [ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်](https://burmese.kachinnews.com/2022/07/04/f/): YouTube တွင် ဝင်ငွေရရှိရေးအတွက် စာဖတ်ပရိတ်ကို ဆွဲဆောင်နိုင်မည့် ‘ဇူလိုင် ၄ ရက်နေ့ ၁၀ နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ’ ဆိုသော သတင်းအမှား YouTube ဗီဒီယိုတစ်ခု ယနေ့ ထပ်မံ ပြန့်နှံနေပါသည်။ ပရိသတ် ၉ သောင်းနီးပါး (Subscriber 87.4 K) ရှိသော “အရေးတော်ပုံ ayaytawbon”  Youtube Channel တွင် ၉ မိနစ်၊ ၆ စက္ကန့်ရှိသော ဗီဒီယိုတစ်ခုကို ယနေ့ နံနက်ပိုင်းက စတင် မျှဝေခဲ့သည်ကို တွေ့ရှိရသည်။ ဗီဒီယိုဖိုင်၏ Thumbnail တွင် “ဇူလိုင်လ(၄)ရက်နေ့ ၁၀ နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပီ” ဆိုသည့် သတင်းအမှားဖြင့် စာဖတ်ပရိသတ်ကို ဆွဲဆောင်ထားသည်။ ဆန်းစစ်ချက်အရ “ဇူလိုင်လ ၄ ရက်နေ့ ၁၀နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားသာ ဖြစ်သည်။ အာဏာသိမ်းစစ်တပ်မှ အာဏာပြန်မအပ်သေးသည်မှာ သတင်းမီဒီယာများမှ တဆင့်သိရှိနိုင်မည် ဖြစ်သည်။ အဆိုပါ Youtube Channel သည် ဝင်ရောက်ကြည့်ရှုသူများပြားအောင် လုပ်ဆောင်ပြီး ဝင်ငွေရရှိအောင် စာဖတ်ပရိသတ်ကို တမင်လုပ်ကြံကာ အကြောင်းအရာများကို မှားယွင်းစွာ ချိတ်ဆက်ထားခြင်းသာဖြစ်သည်။ ‘အာဏာပြန်အပ်လိုက်ပြီ’ ဆိုသော သတင်းအကြောင်းအရာ မှားယွင်းနေသော်လည်း အဆိုပါ ခေါင်းစဉ်ကြောင့် နာရီပိုင်းအတွင်း ကြည့်ရှုသူ တစ်သောင်းခွဲကျော်သွားပြီ ဖြစ်သည်။ ယခုလို သတင်းအမှား ဗီဒီယိုဖိုင်များကို ပရိသတ်စိတ်ဝင်စားအောင်ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ ၄င်းတို့၏ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ပြီး YouTube မှ ပိုက်ဆံရှာဖွေနေခြင်း … - [ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး](https://burmese.kachinnews.com/2022/07/04/july4-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ဂွေးပင်တော ကျေးရွာ ၂ခုကြား ကင်းပုန်းဝပ်ပြီး ခြေလျင်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦးမြို့နယ်ဒေသကာကွယ်ရေးတပ်(CHU LDF)တပ်မှ လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၅ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း CHU LDFမှ သိရသည်။ ယနေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်အင်အား ၁၅ဦးခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်ပြီးမှ ဂွေးပင်ရွာဘက်သို့ ပြန်လာရာခဲ့ရာ ချောင်းဦး CHU LDF အဖွဲ့တို့ ထောင်ထားသည့် ပဒေသာမိုင်းကွင်းအတွင်းဝင်ရောက်လာသဖြင့် ၄ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိုနေရာတွင် စစ်ကောင်စီတပ်သား ၅ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ချောင်းဦးLDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “သူတို့က ကင်းပုန်းဝပ်ကအပြန် မိုင်းဆွဲလိုက်တာဗျ။ အင်အားက ၁၅လောက်ပါတယ်။ ပထမဆုံး ၅ယောက်က မိုင်းကွင်းထဲဝင်လာတော့ ပဒေသာမိုင်း ၄လုံးနဲ့ဆိုတော့ ခြေပြတ်ခေါင်းပြတ်နဲ့တစ်စစီကိုဖြစ်သွားတာ”ဟုပြောဆိုသည်။ မိုင်းကွင်းထဲ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးမှုကို CHU LDF အဖွဲ့မှ မျက်မြင်တွေ့ရှိခဲ့ရပြီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ကလည်း ချောင်းဦးမြို့မှ အင်အားအပြည့်တင်ဆောင်ကာ ထွက်လာသော စစ်ကောင်စီတပ်၏ ၁၂ဘီးကား တစ်စီးကိုလည်း Farmer Revolution Force (FRF) နှင့် ဒေသကာကွယ်ရေးတများစုပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားကြောင်း FRF (CHU)ကထုတ်ပြန်ခဲ့သည်။ - [ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ](https://burmese.kachinnews.com/2022/07/02/july2-az1/): ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာမှ စစ်ကောင်စီဖမ်းဆီးသွားသည့် ပြည်သူ ၂၃ ဦးအနက် သက်ကြီးရွယ်အို ၂ ဦးသာပြန်လွတ်လာပြီး ဆယ်နှစ်အောက် ကလေး ၄ ဦးအပါ ကျန်ရှိသူများကို စစ်ကြောရေးတွင်သာ ထားရှိဆဲ ဖြစ်ကြောင်း ဒေသခံများ ဒေသခံများထံမှသိရသည်။ “အသက်ကြီးဆုံးနှစ်ယောက်ကိုတော့ပြန်လွတ်ပေးလိုက်ပြီ တစ်နေ့ကပဲ လွတ်ပေးလိုက်တယ်။ သူတို့ကိုတော့ အသက် ကြီးပြီမို့လို့ပြန်လွတ်ပေးလိုက်တာတဲ့ လင်မယားတွေဟုတ်တယ်။ ကလေး လေးယောက်အပါ ကျန်လူတွေကိုတော့ ဖားကန့်ဗျူဟာကုန်းက စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့သိရတယ်။ ဘာကြောင့်မလွတ်သေးတာလဲတော့မသိရသေးဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးက KNG သို့ပြောသည်။ ဖမ်းဆီးခံရသည့် ၂၃ဦးအနက် လွတ်မြောက်လာသူ ၂ဦးသည် အသက် ၇၅ အရွယ်ရှိသူ ဦးဝင်း နှင့် အသက် ၇၃နှစ်အရွယ်ရှိ သူ ဒေါ်သိန်းဌေး တို့ဖြစ်ကြပြီး ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ လက်ရှိ စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူများသည် အသက်ဆယ်နှစ်အောက်များဖြစ်သည့် မသွန်းစုရတီဝေ ၈ နှစ်၊ မောင်သုတဇော် ၈ နှစ်၊ အမေသင်းရနံ့ဇော် ၃ နှစ်၊ မောင်ကံလင်းအောင် ၄နှစ်တို့ပါဝင်ပြီး မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ မောင်သောင်းဇော်ဝင်း ၃၀ နှစ်၊မောင်ထိန်လင်းအောင် ၃၀နှစ်၊ ဦးမိုးကျော် ၃၀ ဝန်းကျင်၊ ဦးကျော်သူဝင်း ၃၀နှစ်၊ မောင်သန့်မင်းပိုင် ၂၇ … - [စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/02/july2-sm2/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့မှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား တစ်စီးကို မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီး၊ မုံရွာ-မန္တလေးအမြန်လမ်းမပေါ် တွင် ပစ်မိုင်း ၁၃လုံး ဖြင့် တိုက်ခိုက်ခဲ့သည်ဟု Farmer Revolution Force FRF(CHU) မှ သိရသည်။ ဇူလိုင်လ ၁ ရက်နေ့ နံနက်၈နာရီဝန်းကျင်တွင် Farmer Revolution Force FRF(CHU) မှ ဦးဆောင်ကာ မဟာမိတ်တပ်ဖွဲ့များဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့် ဒဏ်ရာရရှိသူ များပြားနိုင်သည်ဟု Farmer Revolution Force FRF(CHU) တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့စထွက်လာကတည်းက သတင်းကရတာ အဲ့တာနဲ့ ကျနော်တို့ပွိုင့် ဝင်လာတော့ တီးထည့်လိုက်တာ အကျအဆုံးကတော့တော်တော်လေးများတယ် ဘာလို့လဲဆိုတော့ အတိအကျတော့မသိရသေးဘူးပေမဲ့ ကားကြီးကအဲ့မှာကို ချက်ချင်းထိုးရပ်သွားတာ ထိုးရပ်ပြီးတော့ နောက်တစ်ပွိုင့်ထပ်ဆွဲသေးတယ် ကျနောတို့ မဟာမိတ် CDSOM ဆွဲတာပေါ့ တော်တော်လေးကိုထိတယ်ဗျ”ဟု Farmer Revolution Force FRF(CHU)မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးသည့် စာရင်းကို အတိအကျမသိသေးသော်လည်း ၁၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများပြားနိုင်သည်ဟု Myaung PDF CDSOM က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း မန္တလေးမှ မုံရွာဘက်သို့ တက်လာသော စစ်ကောင်စီ စစ်ကြောင်းကို Chaung U Local Defence Force FRF (CHU) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး … - [ကရင် တိုက်ပွဲတွင် ကျဆုံးသွားသော PDF ရဲဘော် ၁၁၅ ဦးအတွက် NUG ထောက်မည်ဆိုသော ကြေညာချက်အတု ကို စစ်တပ်ထောက်ခံသူများ လိုက်ဖြန့်နေ](https://burmese.kachinnews.com/2022/07/02/f-1-2/): ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဥကရစ်ထ တိုက်ပွဲတွင် ကျဆုံးသွားသော PDF တော်လှန်ရေးရဲဘော် ၁၁၅ ဦး နှင့် ဒဏ်ရာရ ရဲဘော် ၂၇၄ ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ KNU အဖွဲ့အား ထိုင်းဘတ်ငွေ ၁ သန်း ထောက်ပံ့ခဲ့သည်ဟူသော ထုတ်ပြန်ချက်အတု ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် Telegram တွင် စစ်တပ်ထောက်ခံသူများကို ဖြန့်ဝေနေသည်ကို တွေ့ရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို  Kyaw Swar ဆိုသည့် Telegram Group တွင် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲ့ဖြင့် ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ သတင်းလေ့လာဆန်းစစ်ချက်အရ အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏တရားဝင် ဖေ့ဘွတ်စာမျက်နှာ “Ministry of Defence-National Unity Government of Myanmar” အပြင် အခြား သမ္မတရုံး နှင့် အစိုးရရုံး စာမျက်နှာများတွင်လည်း ဇွန်လ ၃၀ ရက်နေ့က ထိုသို့ ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်း မရှိပါ။ ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး ကရင်ပြည်နယ် မြဝတီတောင်ဘက် ဝေါလေ-ဥကရစ်ထကျေးရွာရှိ စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO ပူးပေါင်းတပ် တို့ကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ ကရင်ပြည်နယ်အတွင်း သတင်းများကို တင်ဆက်နေသော Karen Information Center တွင်လည်း တော်လှန်ရေး ရဲဘော် ၁၁၅ ဦး သေဆုံးကြောင်း နှင့် အယောက် ၂၇၄ ဒဏ်ရာရရှိကြောင်း ရေးသားထားခြင်းမရှိပါ။ ထို့အပြင် တိုက်ပွဲနှင့် ဆက်စပ်သော အတည်မပြုနိုင်သောသတင်းများကို ဖြန့်ဝေခြင်းမပြုရန် တိုက်ပွဲဝင်သော KNDO ဘက်ကမှလည်း ဇွန်လ … - [မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ](https://burmese.kachinnews.com/2022/07/02/july2-sm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်း ဆိုင်ကယ် ၄စီး အခိုးခံလိုက်ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ လက်ရှိ ကျောင်းတက်နေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၏ ဆိုင်ကယ်များဖြစ်ပြီး နှစ်ပတ်ခြားတစ်ကြိမ်ခန့် ပုံမှန် ခိုးမှုဖြစ်ပွားနေသည်ဟု အမည်မဖော်လိုသူ ဒေသခံကဆိုသည်။ “ဆိုင်ကယ်က နှစ်ပတ်ခြားတစ်ခါလောက်ကိုပျောက်နေတာ။ ပျောက်တာကလည်းအသစ်တွေကြီးပဲ။ ကျောင်းစစအပ်တဲ့အချိန်မှာအချိန်မှာ ပထမဆုံးပျောက်တာ နောက် ကျောင်းဆောင်မီးရှို့ ခံရပြီးနောက်တစ်စီးထပ်ပျောက်တယ်ကြားတယ်။ လကုန်ခါနီးကို နှစ်စီးပျောက်သေးတယ်လို့ကြားတယ်”ဟုပြောပြသည်။ အခုလို ဆိုင်ကယ်အခိုးခံရမူများကြောင့် လာမည့်အပတ်မှစတင်ပြီး ကျောင်းသားမိဘများနှင့်အပြင်လူများကို ကျောင်းတွင်းသို့ ပေးမဝင်တော့ကြောင်း ကျောင်းနှင့် နီးစပ်သူဒေသခံတစ်ဦးထံမှ သိရှိရသည်။ မန်ခိန်ရပ်ကွက်တွင် မေလနှင့် ဇွန်လအတွင်း ဆိုင်ကယ် ၁၀စီး ထက်မနည်းနှင့်သုံးဘီးတစ်စီး အခိုးခံခဲ့ရကြောင်း ဒေသခံများမှတစ်ဆင့်သိရှိရသည်။ - [မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး](https://burmese.kachinnews.com/2022/07/01/july1-sm1/): စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်းကျေးရွာတွင် တပ်စွဲသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို ဇွန်လ ၂၉ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် တွင် ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ် (CHU LDF) အဖွဲ့ မှ အလစ်အငိုက်ဝင်ရောက်တိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ကျဆုံးသွားသည်ဟု ချောင်းဦး LDF မှ သိရသည်။ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ရွှေပန်းကျေးရွာကို ဇွန်လ ၂၉ ရက်နေ့ မနက်၄နာရီက ဝင်ရောက်တပ်စွဲသည်ကို သတင်းရရှိသဖြင့် ချောင်းဦး LDF အဖွဲ့များက လက်လုပ် Shotgun များ အသုံးပြုကာ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “စစ်ခွေးတွေ အလစ်အငိုက်ပြောက်ကျားဝင်တိုက်ခဲ့တာပါ စစ်ခွေးပျူခွေးနှစ်ကောင် နေရာမှာတင် ပွဲချင်းပြီးကျသွားပါတယ်”ဟု ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။ အကျအဆုံးကိုသိရှိရန် ဝေဟင်မှ ဒရုန်းဖြင့် စစ်ဆေးကြည့်ခဲ့ရာ အလောင်း ၂ လောင်းသယ်ယူသွားကြောင်း သိခဲ့ရသည်ဟု သူက ဆက်ပြောသည်။ ထို့အပြင် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး LDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ချောင်းဦး LDF တပ်ဖွဲ့များသည် မန္တလေးမှ မုံရွာဘက်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းကို ပြည်ထောင်စုလမ်းမကြီးပေါ် … - [အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်](https://burmese.kachinnews.com/2022/07/01/july1-az1/): စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုထဲတွင် ၁၅ နှစ်အောက်ကလေးငယ် လေးဦးအထိ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဝန်းသို့မြို့နယ် နမ်းခမ်း ကျေးရွာဘက်မှ အင်းတော် ကျောင်းကုန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် အင်းတော်မြို့နှင့် ကျောင်းကုန်းကြား တောလမ်းတွင် တွေ့သမျှ အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ကိုးနှစ်အရွယ် နှင့် ဆယ်နှစ်အရွယ် ကလေးငယ်လေးဦးပါဝင်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “သူတို့က တောလမ်းကနေလာခဲ့တာ အဲ့မှာတောထဲက မျှစ်ချိုး မှိုရှာလုပ်နေ တဲ့ မန် ကျည်းပင်ရွာနဲ့ သစ်ပုံလွင်ရွာက ရွာသားဆယ်ယောက်ကိုဖမ်းသွားတာ အဲ့ထဲမှာ ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ်ကလေးတွေ လေးယောက်ပါတယ်၊ ပြန်မလွတ်လာသေးဘူးလို့သိရတယ်”ဟု ပြောသည်။ အရပ်သား ဆယ်ဦးကို ကျောင်းကုန်းကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုကဲ့သို့ အရပ်သားများကို ဖမ်းဆီးခေါင်ဆောင်ခြင်းမှာ ၎င်းတို့အတွက်အကာကွယ်ရရန်နှင့် အထမ်းသယ်ရန်အတွက် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က မိုင်းဆွဲခံရမှာကြောက်လို့ လမ်းမှာတွေ့တဲ့လူတွေကို လူသားဒိုင်းလို ပုံစံမျိုးခေါ် တာပြီးတော့ ပြီးတော့အသက်ကြီးတဲ့လူတွေကိုကျတော့ သူတို့ရဲ့အထုပ်အပိုးတွေသယ်ခိုင်းတာဗျ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အင်းတော်တွင် အရပ်သားပြည်သူများ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရမှုသည် ယခုနှစ် နှစ်ဆန်းပိုင်းကတည်း ကဖြစ်ကြောင်းသိရပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့်ပြည်သူအချို့မှာ ရိုက်နက်ခြင်း ဒူးထောက်ခံခြင်း နှင့် စစ်ဆေးမေးမြန်းခံရခြင်းများ ရှိနေကြောင်းသိရသည်။ … - [KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ](https://burmese.kachinnews.com/2022/06/30/j-30-lp/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် မိုးရေကို သောက်ရေသုံးရေ အဖြစ် အသုံးပြုနေရသောကြောင့် စစ်ရှောင်ပြည်သူအချို့ ဝမ်းပျက်သည့်ရောဂါ ခံစားနေကြရကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ မိုးရေကြီးချိန် စစ်ရှောင်စခန်းများတွင် ရေပိုက်လိုင်းများ ပြတ်တောက်နေသဖြင့် မိုးရေများကို ခံယူပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေသည်ဟု ဖွန်လွန်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ “ကျမတို့ စခန်းမှာ မိုးအရမ်းကြီးရင် ရေမထွက်တော့ဘူး။ ရေဗုံးအကြီးထဲ မိုးရေခံပြီး သုံးနေကြတယ်။ မိုးရေကို ကျိုချက်ပြီး သုံးတယ်။ အရင်ရက်က ရေ ၃-၄ ရက်လောက်မလာဘူး အခုတော့လာနေတယ်။ ရေလာပေမယ့် လုံးဝမကောင်းဘူး ရွံ့တွေတောင်ပါတယ်။ ကျမလည်း အခု ဝမ်းရောဂါဖြစ်နေရတယ်။” ဟု KNG ကို ပြောသည်။ လက်ရှိ ဖွန်လွန်ယန်စစ်ရှောင်စခန်းတွင် ဂျွန်လအတွင်း ဝမ်းပျက်ဝမ်းလျောကြောင့် ဖျားနာသူ ၃၀ ဦးခန့် ရှိပြီ ဖြစ်သည်။ “ကျမတို့ စခန်းမှာ ရေကို ကန်နဲ့ ပိုက်က ရေတခါထဲကျအောင်လုပ်ထားပေးတယ်။ အဆင့်ဆင့် စစ်ပြီးတော့ ရေသန့်အောင်တော့ လုပ်ပေးထားတယ်။ တာပေမယ့် မိုးတွင်းရောက်ရင် ရေက လုံးဝမကောင်းတော့ဘူး။ ရေကို မလာတော့တဲ့အချိန်လည်း ရှိတယ်။ ကျမတို့စခန်းမှာ ရေတွင်းတော့ရှိတယ်။ အိမ်နဲ့ ရေတွင်းနဲ့ဝေးတဲ့ မိသားစုတွေက သွားမခပ်သုံးနိုင်ကြဘူး။ မိုးရေသုံးတယ်။” ဟု ဆိုသည်။ ထို့်ပြင် လိုင်ဇာမြို့ နေရာအချို့တွင်လည်း မိုးတွင်းကာလ ကော်ဖီရောင်ပြောင်းသည့် သောက်ရေသုံးရေများကို အသုံးပြုနေကြရသောကြောင့် ကျန်းမာရေး ထိခိုက်လာမည်ကို လိုင်ဇာဒေသခံများ စိုးရိမ်နေကြသည်။ ၂၀၁၁ ကချင်ဒေသ … - [ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ](https://burmese.kachinnews.com/2022/06/30/jun30-sm1/): စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မှ သိရသည်။ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍ ၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဖြစ်တာကတော့ တောင်ကြီးကျေးရွာမှာဖြစ်ပွားတာပါ ၂၆ ရက်နေ့ကနေစပြီးပစ်ကြတာ အခုထိပေါ့။ ဒီနေ့လည်း မနက်ခင်း လေးနာရီလောက်ကနေ ညနေ ၅ နာရီလောက်ထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ နား လိုက်ပစ်လိုက်ပုံစံမျိုးပဲ နာရီပိုင်းလောက်နားပြီး ဆက်ပစ်ကြတာ ၄ ရက်ဆက်တိုက်ပေါ့။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်တာဘာ မှမရှိဘူး ဟိုဘက်ကတော့ အသေပျောက်တွေရှိတယ်ဗျ ဒါပေမယ့်ခုလောလောဆယ်စာရင်းအသိအကျပြောပြလို့ မရသေးတာပဲရှိတယ်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့အပြင် နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လတ်တလော သောင်းကြီးကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် စီးမော်ရွာ၊ ဗေပင်ရွာ၊ကျောက်အိုင်ရွာ၊သောင်ကြီးရွာ ၊နားစင်းလုံရွာနှင့် ချောင်းပေါက် ကျေးရွာမှ အိမ်ခြေ ငါးရာနီးပါး လူဦးရေ ၂၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “သူတို့ကဘယ်လိုနေရာတွေမှာနေလဲဆိုတော့ ဘုန်းကြီးကျောင်းတို့၊ ပြီးရင်ရွာနဲ့ဝေးတဲ့တောင်တွေဘာတွေကာ ထားတဲ့ရွာတွေမှာ ကျေးရွာဘုန်ကြီးကျောင်းတွေမှာ ပြီးနီးစပ်ရာလွတ်တဲ့ကျေးရွာတွေကနေအိမ်တွေမှာ ပြောင်းနေကြပါတယ် အဲ့ဒီခြောက်ရွာကတော့ … - [ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ](https://burmese.kachinnews.com/2022/06/30/jun30-zami1/): ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့် ရဲသား ၂ဦး ပစ်ခတ်ခံရမှုတွင် ဖမ်းဆီးခံခဲ့ရသော ဒေသပြည်သူ ၉ ဦးအနက် ၅ဦးသာလွှတ်မြောက်လာပြီး ကျန် ၄ ဦးသည် ဖမ်းဆီး တရားစွဲဆိုခံထားရကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၂‌၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်သည် ပြည်သူ ၉ ကိုဦးအားဖမ်းဆီးခဲ့ပြီး ၅ဦးကို ဇွန်လ ၂၉ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၄ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဗန်မော်ဒေသခံတစ်ဦး KNG သတင်းဌာနကိုပြောဆိုထားသည်။ “အခင်းဖြစ်တဲ့နေ့ မနီးမဝေးမှာရှိတဲ့ တက်တူးဆိုင်က ဆိုင်ရှင်အပါ ပထမဆုံးဖမ်းသွားတာ ၆ယောက် ဟုတ်တယ်။ အဲလူတွေကိုဖမ်းထားပြီးမှနောက် ဖုန်းကနေတစ်ဆင့် ခြေရာခံပြီး ၃ယောက်ပြန်ခံရတယ်။ ဖမ်းခံရတာ အားလုံး ၉ယောက်ရှိတယ်။ အဲထဲမှ ၅ယောက်က မနေ့က ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ ၄ယောက်ကိုတော့ တရားစွဲလိုက်ပြီလို့သိရတယ်”ဟုပြောဆိုသည်။ ထို့ပြင် ယမန်နေ့လည် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ ပြည်သူ ၆ဦးဖမ်းဆီးသွားတဲ့ တက်တူးဆိုင်သို့ ရဲအုပ်ကျော်ကိုကိုသန့် ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့များသည် တက်တူးဆိုင်အတွင်းမှတံခါးများ ရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းသိရသည်။ အဆိုပါ သာစည်ရပ်ကွက် မီးပွိုင့်လမ်းဆုံနေရာတွင် ကင်းစောင့်နေသည့် ရဲသား ၂ဦးကို လူ ၂ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ဗန်းမော်မြို့အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်း‌ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး လက်ရှိတွင် စစ်ကောင်စီ၏ … - [ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ](https://burmese.kachinnews.com/2022/06/30/f1-4/): စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းတိုက်ပွဲတွင် ကျဆုံးသွားသည့် တော်လှန်ရေးရဲဘော် (၁၅) ဦး နှင့် ဒဏ်ရာရရှိ ရဲဘော် (၃၅) ဦးအတွက် တစ်အိမ်ထောင်လျှင် ၃၀၀၀၀ ကျပ်ထောက်ပဲ့ရန် အမျိုးသားညီ ညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွန်ကြားထားသည်ဆိုသည့် ကြေငြာချက်အတု လူမှုစာမျက်နှာပေါ်တွင် ပျံ့ နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို ‘သူရအောင်’ ဆိုသူက ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက ရေးသားဖြန့်ဝေခဲ့ပြီး ‘PDF. တကောင် ၃၀၀၀၀. ရမယ် သေရင် NUG. ချီးမြင့်တဲ့ သုံးသောင်းနော် သုံးသောင်းကျပ်’ ဟု ရေးသားထားသည်။ ထို့အပြင် ထုတ်ပြန်ချက်အတုတွင် ဖော်ပြထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေလ်း မှားယွင်းနေသည်ကို တွေ့ရသည်။ လေ့လာဆန်းစစ်ချက်အရ အဆိုပါ ထုတ်ပြန်ချက်မှာ အတု သာဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏တရားဝင် ဖေ့ဘွတ်စ်ပေချ့်စာမျက်နှာ “Ministry of Defence-National Unity Government of Myanmar” အပြင် အခြား သမ္မတရုံး နှင့် အစိုးရရုံး စာမျက်နှာများတွင်လည်း ဇွန်လ ၂၉ ရက်နေ့က ထိုသို့ ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်း မရှိပါ။ လက်ရှိ ကရင်ပြည်နယ် မြဝတီတောင်ဘက် ဝေါလေ-ဥကရစ်ထကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO ပူးပေါင်းတပ် တို့ကြား ၄ ရက်ကြာအထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ ကရင်ပြည်နယ်အတွင်း သတင်းများကို တင်ဆက်နေသော Karen Information Center တွင်လည်း မတွေ့ရသလို တိုက်ပွဲနှင့် … - [မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ](https://burmese.kachinnews.com/2022/06/29/jun29-az2/): ကသာမြို့နယ် မိုးတားလေးရွာအနီး စစ်ကောင်စီ သင်္ဘောတိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သော စစ်ကောင်စီတပ်သည် မိုးတားလေး ဒေသခံပြည်သူများကို ဖမ်းဆီး စစ်ဆေးမေးမြန်မှုများ‌ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။ စစ်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကသာ မင်းလယ်ရွာမှ သံခွန်ရေမော်တော်ယာဉ်တစ်စီးဖြင့် မိုးတား‌လေးရွာဘက်သို့ ဆန်တက်လာခဲ့ရာ မိုးတားလေးရွာအနီးတွင် KIA နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် မိုးတား‌လေးကျေးရွာသို့ ဝင်ရောက်၍ ကလေး မိခင်များ အပါအဝင် ရွာသား ၃၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “မိုးတား‌လေးရွာ နားမှာ ပစ်ခတ်ခဲ့တာပါ။ အဲ့မှာအတော်လေးထိတယ်လို့သိရတယ်။ အဲ့ကြောင့် မော်တော်က အထက်ဆန်နေရာကနေ အောက်ပြန်စုန်လှည့်ပြီးတော့ ရွာနားမှာ သံခွန်‌‌မော်တော်ယာဉ်ကပ်ထားပြီ ရွာထဲဝင်ပြီး မွှေနောက်တယ်။ ရွာသား ၃၀ ယောက်ကို ဖမ်းဆီးထားတယ်လို့သိရတယ်။ အဲ့ထဲမှာ အမျိုးသား/သမီးတွေပါတယ်။ ကလေးမိခင်တွေရော ကလေးရင်ခွင်ပိုက်တွေပါ ပါသွားတယ်။ ဘယ်အဖွဲ့ကပစ်တာလည်း အင်အားဘယ်လောက်ရှိလဲအဲ့တာတွေ မေးနေတယ်တဲ့”ဟုပြောဆိုသည်။ ထိုသို့ စောင့်ကြို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သူ များပြားနိုင်ကြောင်း သိရပြီး ထိခိုက်မှုစာရင်း အတိအကျကို စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သူကဆက်ဆိုထားသည်။ “လက်နက်ကြီး လက်နက်ငယ်တွေနှင့် သံခွန်ကိုလှမ်းပစ်တယ်။ အတော်လည်းထိမှန်ထားတော့ သူတို့ဘက်က အထိခိုက်ကျဆုံးတော့ရှိနိုင်တယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး”ဟုပြောဆိုသည်။ မိုးတား‌လေးရွာမှ ဒေသခံ ၃၀ ကျော်ကို လက်ရှိ ကျေးရွာတွင်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကျေးရွာနေပြည်သူအများစုက … - [ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/06/29/jun29-zm2/): ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသော ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရမှုတွင် စစ်ကောင်စီတပ်မှ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများမှ သိရသည်။ ဇွန်လ ၂‌၉ ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင်ချိန် သာစည် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသည့် ရဲသား ၂ ဦးကို အမည်မသိ လူငယ် ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍ သေနတ်ပစ်ခတ်သွားသောကြောင့် စစ်ကောင်စီတပ်သည် ထို အနီးပတ်ဝန်းကျင်တွင်ရှိနေသော ပြည်သူ ၆ ဦးအား ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “ပစ်ခတ်သွားတာ ၄ နာရီကျော်မှာပါ။ ပစ်ခံရတဲ့ ရဲကတွေကမသေပါဘူး။ အဲ့ဒီ ပစ်ခံရတဲ့နေရာက ၂ မိုင် မိတ်ဆက်တည်းခိုခန်းရှေ့ မီးပွိုင့်လမ်းဆုံမှာပါ။ ဖမ်းခံရတာက ၆ယောက်ပါသွားတယ်လို့ ပြောတယ်။ တက်တူးဆိုင်ထဲ လူငယ်တွေရှိနေလို့ ၀င်ဖမ်းတာ။ အခင်းဖြစ်‌တဲ့နေရာနဲ့ မနီးမဝေးမှာပေါ့ အဲ့လူငယ်တွေရော ဆိုင်ရှင်ရော ဖမ်းသွားပါတယ်”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၆ ဦးကို ဗန်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။ ထို့ပြင် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ ၆ဦးကို ဖမ်းဆီးသွားသည့် တက်တူးဆိုင်သို့ ရဲအုပ် ကျော်ကိုကိုသန့် ဦးဆောင်သောအဖွဲ့ တက်တူးဆိုင်အတွင်းရှိ တံခါးများရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းလည်း ဆက်သိရသည်။ ဗန်းမော်မြို့ပေါ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမူ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖမ်းဆီးခံရသည့်ပြည်သူ ၂၀ … - [မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/06/29/jun29-bs1/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်တွင် ဇွန်လ ၂၈ ရက်နေ့ ၁ ရက်တည်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိကြောင်း လူမှုကူညီရေးအသင်း မှ သိရှိရသည်။ “မူဆယ်မြို့ ဟိုနားရပ်၊ ခရိုင်ဆေးရုံ ကြီးအနောက်ဖက် ကွန်တိန်နာသေတ္တာထဲမှာ တစ်လောင်း၊ နောက်ထပ် ဟိုနားရပ်၊ အိပ်မက်ကမ္ဘာ KTV အနီးနားတစ်လောင်း။ အိပ်မက်ကမ္ဘာ အနီးမှာ တွေ့တဲ့ လူကို ဆေးရုံကို ပို့မပးပေမယ့် လုံးဝအခြေအနေမကောင်းတော့ပဲ ခဏအတွင်း သေဆုံးသွားပါတယ်”ဟု နှလုံးလှ ပရဟိတ အဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့သူ ၁ ဦးက ပြောသည်။ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဘက် ကွန်တိန်နာ သေတ္တာထဲတွင် တွေ့ရှိသူမှာ အသက် ၃၀ ကျော်ခန့် အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး အိပ်မက်ကမ္ဘာ KTV အနီး ရေမြှောင်းဖုံးပေါ်တွင် တွေ့ရှိသောသူမှာ အသက် ၃၆ ဝန်းကျင်ခန့်ရှိ အမျိုးသား ၁ ဦး တို့ဖြစ်ကာ ၎င်းတို့အား မူဆယ်မြို့နယ်ဆေးရုံ၊ မော်ကျူရီ၌ ထားရှိပေးထားကြောင်း သိရသည်။ “အပြင်ဒဏ်ရာတွေမတွေ့ရဘူး၊ကျွန်တော်တို့ ကူညီပေးခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်း အများစုက မူးယစ်ဆေးသုံးစွဲထားသူတွေဖြစ်ကြတယ်” ဟု နှလုံးလှလူမှုကူညီရေးအသင်း (မူဆယ်) တာဝန်ရှိသူ ၁ ဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း အသက် ၃၀ ဝန်းကျင်ခန့်ရှိ မူးယစ်ဆေးဝါး သုံးစွဲသည့် လက္ခဏာဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ … - [စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/29/jun29-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် ဇွန်လ ၂၃ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံထားရသော ရုပ်အလောင်းကို ဇွန်လ ၂၅ရက်နေ့ တွေ့ရှိခဲ့ကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှသိရသည်။ ဖမ်းဆီးခံရသော ရဲဘော် ၂ဦးကို လက်ပြန်ကြိုးတုပ်ကာ နှိပ်စက် သတ်ဖြတ်ထားသည့် ရုပ်အလောင်း ရွာ၏ အပြင်ဘက် လမ်းတစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု Salingyi GZ Local PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ကျနော်တို့က အလောင်းကိုတော့ ၂၅ရက်နေ့ကျမှပြန်တွေ့တာပါ။ သူတို့က လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်ထားတာတယ်။ အလောင်းကိုကြည့်ရင် နှိပ်စက်တာမသေလို့ နောက်ဆုံး ပစ်သတ်သွားတာ ဖြစ်နိုင်တယ်။ အလောင်းကိုတော့ မီးသဂြိုလ်ပေးခဲ့နိုင်ပါတယ်”ဟုပြောဆိုသည်။ သတ်ဖြတ်ခံခဲ့ရသည့် PDF ရဲဘော်နှစ်ဦးသည် အသက် ၂၀ ဝန်းကျင်အရွယ်သာရှိသူများဖြစ်ကြပြီး ရဲဘော်ပေါက်စနှင့်ရဲဘော်ဇွဲနေဇာ ခေါ်သူများဖြစ်ကြသည်။ အဆိုပါ ရဲဘော် ၂ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့ တုံကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးများပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်လာစဥ် ပြည်သူများဘေးလွှတ်ရာသို့ ထွက်ပြေးရန် ကူညီပေးခဲ့ရာမှ စစ်ကြောင်းနှင့်တိုးခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဆားလင်းကြီး PDF ရဲဘော် ၂ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဆားလင်းကြီး PDF အဖွဲ့မှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီတစ်ဝိုက် ဇွန်လအတွင်းမှ စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားသဖြင့် ထိုဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF တို့ကြား ၂ဖက်တပ်စစ်ရေးတင်းမားမှု ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ - [ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ](https://burmese.kachinnews.com/2022/06/29/jun29-zm1/): ဖားကန့်မြို့နယ် NLD ပါတီ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်မှ လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။ ဖားကန့် ရှရော်ခကျေးရွာတွင် ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့်ဟုဆိုကာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်တွင် လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ “ဒီမနက်အင်အားအများအပြားနဲ့ လာပြီး ချိတ်ပိတ်သွားတယ်လို့ကြားရတယ်ဗျ။ အဓိကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့လာပိတ်သွားတယ်လို့တော့ ပြောတာဘဲဗျ။ ဒီလိုချိတ်ပိတ်မယ်ဆိုတော့ မျှော်လင့်ထားပြီးသားဗျ အသံတွေလည်းကြားနေရတယ်။ ခုတော့သူတို့လာပိတ်ဖြစ်သွားတာပေါ့။ ဒီနေ့ဒီချိန်ကတော့ နေအိမ်ချိတ်ပိတ်တာတွေက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေပါဘဲ ဒီအပေါ်မှာလည်း အရမ်းကြီးခံစားမနေပါဘူး။ ကျနော်တို့နိုင်ရင် ဒါတွေက ပြန်ရမယ့်ဟာတွေပါဘဲ” ဟု ချိတ်ပိတ်ခံရသူ ဦးအောင်ဟိန်းမင်း မှ KNG ကို ပြောဆိုခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အထွေအထွေ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ထားကာ အနိုင်ရထားသူတစ်ဦးဖြစ်သည်။ စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့အားဆန့်ကျင်သည်ဟု ယူဆသူများ၊ PDF ထောက်ပံ့သူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ၊ ရှေ့နေအချို့နေအိမ်များကို ချိတ်ပိတ်ခဲ့သကဲ့သို့ ကချင်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်မေလပိုင်းမှစကာ မြို့နယ်အချို့ရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်ချိတ်ပိတ်မှုများ ပြုလုပ်လာခဲ့သည်။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ချိတ်ပိတ်ခဲ့သော နေအိမ်များမှာ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၏နေအိမ်၊ အမျိုးသာညီညွတ်ရေး အစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်၊ NLD ပါတီ ဗန်းမော်ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်၊ … - [ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/06/29/jun29-az1/): ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ကသာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) မှ သိရသည်။ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၃) ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ဇွန်လ ၂၆ ရက်နေ့ ကသာမြို့နယ် အင်းရွာတိုက်နယ်ရှိ ကြိုးကြာလွင် အခင်းတဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဦးသောင်းအေးထံမှ WY တံဆိပ်ပါ စိတ်ကြွးဆေးပြား ကိုးသိန်း ကျော်နှင့် ဒိုးပင်ကျေးရွာရှိ မောင်ခိုင်ထံမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြား တစ်သောင်းကျော် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ပူးပေါင်းအဖွဲ့ကနေပြီးတော့ သတင်းအရပေါ့ကြိုးကြာလွင် ခင်းတဲအမှတ် (၁၉) ကိုဝိုက်ပြီးတော့မှ ရှာတာပေါ့ မြေကြီးတူးပြီးတော့မြုထားတဲ့ WY ဆေးပြားတွေမိတာပေါ့ အဲ့ဒီမှာ သောင်းအေးဆီက အပြားရေက ကိုးသိန်းကျော် မိတယ်။ နောက်တစ်ခါသူ့ကို စစ်ဆေးရင်းနဲ့ ဒိုးပင်ရွာက မောင်ခိုင်ဆီကတစ်ခါပြန်ပြီးမှ သောင်းအေးက ရှောင်းချထားတဲ့ WY ဆေးပြား ၁၁၆၀၀၀ ကျော်အထိ ဖမ်းမိခဲ့တယ်” ဟု ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးခဲ့ရာတွင် WY ဆေးပြား ၁၀၀၄၇၆၀ (ဆယ်သိန်းလေးထောင်ခုနှစ်ရာ့ခြောက်ဆယ်) ပြား ကာလတန်ဖိုး တစ်ပြားလျှင် ကျပ် (၃၀၀) စုစုပေါင်း ကျပ်သိန်းပေါင်း(၃၁၀၀)ကျော်အထိ ဖမ်းဆီးရမိခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် တရားခံနှစ်ဦးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တရားရေးဌာနသို့ အပ်နှံကာ ဉပဒေအရ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။ … - [ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်](https://burmese.kachinnews.com/2022/06/29/jun29-yl1/): ပူတာအိုမြို့တွင် ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသော ရဝမ်လူငယ်အသင်း ဥက္ကဋ္ဌ ဦး ဖုန်‌ရော့ဖီနန် (Hpungraw Hpyi Nang) ကို ဇွန်လ ၂၈ ရက် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီမှ ပူတာအိုမြို့နယ် တရားရုံတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ ဦးဖုန်ရော့ဖီနန်ကို CDM ပြုလုပ်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ကို ထောက်ပံ့ပေးသည်ဟုဆိုကာ ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ သူ၏ နေအိမ်တွင် စစ်တပ်မှ လာရောက် ဖမ်းဆီးခဲ့ပြီးနောက် ၄ လအကြာ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ “ဘယ်သူက တရားလိုလုပ်ပြီး ဘယ်သူက စွဲတယ်ဆိုကာ အသေးစိတ် မပြောပြဘူး။ တရားခွင်မှာ ရုံးထုတ်စစ်ဆေးတိုင်း သူတို့ရဲ့ တရားလိုက တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာ။ သူတို့က CDM ထောက်ပံ့မှု ၊ PDF ထောက်ပံ့မှုဆိုပြီး စွဲဆိုထားတာ ဟုတ်တယ်။ ဒီအမှုအတွက် မနေ့က တရားရုံးမှာ ထောင် ၁၀ နှစ်ချ မှတ်လိုက်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ယခုလို ပူတာအို မြို့နယ်တရားရုံးမှ ဦးဖုန်ရော့ဖီနန်ကို အကြမ်းဖက်မှုတိုက်ခိုက်ရေး ဥပဒေ ၅၀ (ည) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်မှုသည် တရားမျှတမှုမရှိသည့် အမိန့်ချမှတ်မှုဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။ “သူတို့ဘက်က CDM နဲ့ PDF တွေကို … - [ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ](https://burmese.kachinnews.com/2022/06/28/j-27-yl/): ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်များတွင် အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွား နေသဖြင့် ယခုလအတွင်း နွားအကောင်ရေ ၂၀၀ ကျော်ခန့် ရောဂါကူးစက်ခံထားရပြီး သေဆုံးမှု ၁၀ ကောင်ကျော်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ကူးစက်ရောဂါသည် ပူတာအိုဒေသတွင် ဇွန်လအတွင်း စတင်ကူးစက်ပျံနှံ့လာခြင်းဖြစ်သည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “နွားရဲ့ကိုယ်ပေါ်မှာ အဖုဖုလေးတွေ အရင်ဖြစ်လာတယ်။ အဲ့အဖုလေးတွေက ကြာလာရင် အကြီးကြီး ဖြစ်လာတယ်။ ပြီးရင် အခွံပြန်ခွာသွားတယ်။ အဲ့နေရာမှာဘဲ အနာပြန်ပုပ်လာတယ်။ ခုခံအားရှိတဲ့ နွားနဲ့လည်းဆိုင်တယ်။ တစ်ချို့ခုခံအား မရှိတဲ့ နွားတွေဆို သေဆုံးသွားတယ်။ အခုက အိမ်တိုင်းလိုလို ဖြစ်နေတာ။ ဘယ်လောက် သေဆုံးနေတာလဲ အသေးစိတ် မသိရဘူး။ ရွာအတွင်းရဲ့ လမ်းမကြီးနဘေးတွေမှာ ဆို အပုပ်အနံ့တွေဘဲရတယ်။ အခုက အရမ်းဆိုးနေတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။ အဆိုပါရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆေးဝါးများကို လုံလောက်စွာထောက်ပံ့ပေးရန်နှင့် ကူညီပေးရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။ “အခုကျနော်တို့ရဲ့ နွားတွေမှာ ဖြစ်နေတဲ့ ရောဂါနဲ့ပတ်သက်ပြီး သေချာမသိဘူးဖြစ်နေတယ်။ ခါတိုင်းလည်း မဖြစ်ဖူးတော့ လူတွေမှာ ပြန်ကူးစက်လာမှာလည်း ကြောက်နေရတယ်။ အဲ့ကြောင့် သက်ဆိုင်တဲ့ ကျန်မာရေးဌာနဆိုင်ရာတွေနဲ့ အသိပညာကြွယ်ဝတဲ့ အဖွဲ့အစည်းတွေ အကူအညီတောင်းချင်တယ်။ ရောဂါဘာလို့ဖြစ်တယ်။ ဘယ်လိုမျိုးရောဂါဖြစ်တယ်။ ကွဲကွဲပြားသိချင်နေကြတယ်။ ဆေးဝါးတွေလည်း လုံလုံလောက်လောက် ရချင်ပါတယ်” ဟု ပြောဆိုသည်။ ပူတာအိုမြို့ တိရိစ္ဆာန်ကုသရေးအဖွဲ့မှ လုန်ရှာယန်ကျေးရွာအတွက် နွားကုသရန် ဆေးဝါးများ ကူညီပေးသော်လည်း လုံလောက်မှု … - [အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်](https://burmese.kachinnews.com/2022/06/28/j-27-az-2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ရန်ကုန် နှင့် မန္တလေး သို့ ပြေးဆွဲနေသော မော်တော်ယာဥ်စီးခနှုန်းထားများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားတော့မည် ဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နားစခန်း မှ သိရသည်။ လတ်တလော မြစ်ကြီးနား မှ မန္တလေး အထိ ၂၈၀၀၀ ကျပ်၊မြစ်ကြီးနား မှ ရန်ကုန်အထိ ၃၈၀၀၀ သာ ရှိသော်လည်း လာမည့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ လက်ရှိ နှုန်းထက် ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ယာဥ်ကြီးကြပ်ရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက KNG သို့ ပြောသည်။ ”ဟုတ်တယ်ဗျ ဒီအဝေး​ပြေး မော်တော်ယာဥ်လိုင်းတွေက ယာဥ်စီးခ တိုးမြင့် ကောက်ခံဖို့ရှိမယ်။ ရုံးကို တင်ပြပေးလိုက်တာ နည်းနည်းတော့ ရမယ်တဲ့။ အရင်တုန်းက ၃၈၀၀၀ ကနေ အခုက ၄၅၀၀၀ ကောက်သွားမယ် မန္တလေးကတော့ အရင်က ၂၈၀၀၀ ၊ ၃၀၀၀၀ ပေါ့အခုက သုံးသောင်းခွဲကောက်မှာ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုကဲ့သို့ ယာဥ်စီးခနှုန်းထား တိုးမြင့်ကောက်ခံရခြင်းမှာ စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် မော်တော်ယာဥ်အသင်းများ ရေရှည် ရပ်တည်လာရန် အခက်အခဲ ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ပြီး လိုက်ပါစီးနင်မည့် ခရီးသည်လည်း လျော့နည်းကျဆင်းသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတွင် မေလ … - [ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/06/27/jun27-bs2/): ရှမ်းမြောက် ကွတ်ခိုင် နှင့် သိန္နီကြား ပြည်ထောင်စုလမ်း ၃၈ မိုင် မန်ပြိန်းတွင် ယမန်နေ့ည ကြက်သွန်ဖြူ ကုန်တင်ကား ၁ စီး တိမ်းမှောက်ခဲ့သဖြင့် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိကြောင်း လူမှုကူညီရေးအသင်းနှင့် ကုန်သည်၊ ယာဉ်မောင်းများထံ မှ သိရသည်။ “မနေ့ည ၁၀ နာရီလောက်ဖြစ်တာ ကားက တခုခု ဖြစ်သွားတာထင်တယ်။ ၃၈ မိုင် မန်ပြိန်း အဆင်း ဒုတိယ‌ကွေ့ မှာ ဖြစ်တာ” ဟု ကွတ်ခိုင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦး က KNG သတင်းဌာနကို ပြောဆိုထားသည်။ သေဆုံးသူသည် ယာဉ်နောက်လိုက်သည့် စပါယ်ယာဖြစ်ပြီး အသက် ၂၇ ဝန်းကျင်ခန့်ရှိနိုင်‌ပြီး ယာဉ်မောင်းသူသည် အသက် ၃၀ ဝန်းကျင်ရှိကာ ယာဉ်တိမ်းမှောက်မူကြောင့် ခြေတစ်ဖက် ကျိုးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညအချိန် ဖြစ်ပွားခဲ့ပြီး ယာဉ်ချို့ယွင်းချက် တခုခုကြောင့်ဟု ယူဆရကြောင်း ယာဉ်တိမ်းမောက်မူ ကယ်ဆယ်ရေးတွင် ကူညီပေးခဲ့သည့် ဒေသခံ ၁ ဦးက ပြောသည်။ “မိုးရွာတော့ အရမ်းသတိထားရတယ်။ ကားတွေ အမြဲစစ်ရတယ်။ ကားစက်တစ်ခုခု ချို့ယွင်းသွားလို့ဖြစ်နိုင်တယ်။ ဘဝတူ ကားသမားတွေကို မိုးတွင်း ပိုပြီး သတိဝီရိယရှိစေချင်တယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။ သေဆုံးသူနဲ့ ဒဏ်ရာရသူ ကိုတော့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ကွတ်ခိုင် နှင် သိန္နီ ကြား … - [ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/06/27/jun27-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။ ဇွန်လ ၂၆ရက် ယမန်နေ့ နေ့လည်၁၂နာရီဝန်းကျင် ဗန်းမောက်တောင်ပိုင်းဘက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်း ဝင်ရောက်လာချိန် ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် တပ်သား၅ဦးခန့် သေဆုံးသွားသည့်အတွက်ကြောင့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် ၈နာရီဝန်းကျင် ကျောက်အိုင်ကျေးရွာသို့ ဝင်ရောက်ကာ ဒေသခံပြည်သူ ၃၀ ဦးအား ဖမ်းဆီးထားကြောင်းသိရသည်။ “စစ်ကြောင်းတွေက မနေ့စပြီး ဗန်းမောက်တောင်ပိုင်းဘက် စစ်ကြောင်းထိုးလာပါတယ်။ အဲ့ဒီမှာကျွန်တော်တို့ဘက်က မိုင်းဆွဲလိုက်တာ ၅ယောက်လောက်က အဲ့နေရာမှာဘဲ သေဆုံးသွားပါတယ်။ နောက်သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာခတ်တာရှိပါတယ်။ ဒီနေ့မနက် ၈နာရီခွဲလောက်မှာတော့ ကျောက်အိုင်ကျေးရွာကို ဝင်လာပြီး ယောက်ျားသားတွေဘဲ တစ်အိမ်တစ်ယောက်တောင်းတယ်။ အဲ့မှာထွက်ပြေးကြတာနဲ့ ဘာနဲ့ဆို အယောက်၃၀လောက် ဖမ်းခံထိထားတယ်”ဟု Banmauk Revolution-BRအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ထို့အပြင် ကျောက်အိုင်ကျေးရွာအနီး လူနေအိမ် ၂လုံး နှင့် ကျောက်အိုင်ကျေးရွာနှင့် တဆက်တည်းရှိသော စီးမော်ကျေးရွာမှ CDM ဆရာမတစ်ဦး၏ ဆေးခန်းကိုပါ ထပ်မံပါမီးရှို့ဖျက်ဆီးပေးလိုက်သည်ဟု ကျောက်အိုင်ရွာမှထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတစ်ဦးထံမှ သိရသည်။ ဖမ်းဆီးခံထားရသည့် ဒေသခံ ပြည်သူ ၃၀ ဦးသည် အမျိုးသားများသာဖြစ်ကြပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်းလည်း Banmauk Revolution-BR တာဝန်ရှိသူတစ်ဦး ပြောဆိုချက်မှသိရသည်။ အဆိုပါ ကျောက်အိုင်ကျေးရွာတွင် အိမ်ခြေ ၄၁ ကျော်ခန့်ရှိပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများ ၃၀၀ ကျော်ခန့်သည် ဘေးလွတ်ကင်းရာသို့ … - [အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့](https://burmese.kachinnews.com/2022/06/27/jun27-az2/): စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မင်းကုန်းကျေးရွာရှိ လူနေအိမ်အလုံး ၁၀၀ ကျော်ခန့် ကို စစ်ကောင်စီတပ်က မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက်နေ့က မော်တိတ်ဒေသဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီကြောင်းက ဇွန် ၂၄ ရက်နေ့တွင် မင်းကုန်းရွာကို ဝင်ရောက်ကာ လူနေအိမ်များကို မွှေနှောက်ဖျက်ဆီးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အတော်လေးကို မွေနောက်ဖျက်ဆီးသွားတယ်ဗျ ဘာတွေဖျက်ဆီးသွားလဲဆိုတော့ အိမ်ထဲမှာရှိတဲ့ ဗီယိုတွေ ၊ နေအိမ်တံခါးတွေ ပြတင်း ပေါက်တွေ အိမ်တိုင်တွေကို ရိုက်ချိုးဖျက်ဆီးသွားတယ်။ တချို့အိမ်တွေဆိုရစရာမရှိဘူး ။တချို့အိမ်တွေကဆိုရင် လက်ဝတ်ရတာနာတွေပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ နေအိမ်ပေါင်း ၁၆၀ ဝန်းကျင်ရှိသည့် မင်းကုန်းရွာအား စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းမှ လူနေအိမ် ၇ လုံးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်းရှိ အလျှူခံပုံးများကို ဖျက်ဆီးခြင်း အလှူငွေများကိုခိုးယူခြင်းများလည်း ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် အဆိုပါမင်းကုန်းရွာကို မွေနောက်ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၂၃ ရက်နေ့က မော်တိတ်နဲ့ မံထုံ ကျေးရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပြီး စစ်တပ်ဘက်မှ အထိနာသွားခဲ့သည်ဟု ကသာခရိုင်တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “သူတို့က ခြေလျှင်နဲ့လာတာ အင်အားက ၁၅၀ ကျော်ရှိတယ်။ မံထုံ ၊တောင်ကြီးဘက်ကို စစ်ကြောင်းထိုးလာတာဗျ။ … - [ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ](https://burmese.kachinnews.com/2022/06/27/j-27-az/): ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း စစ်တပ်ပိုင် Mytel ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဖုန်းအော်ပရီတာများအားလုံး၏ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်း တစ်ခုတည်းကိုသာ ပိတ်လိုက်ဖွင့်လိုက်ဖြင့်ပြုလုပ်နေပြီး ဧပြီလက ၁၀ ရက်ခန့်ကြာ ဖွင့်ပေးပြီး ပြန်ပိတ်သွားသည့်နောက် ယမန်နေ့က ပြန်လည် တဖန် ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုင်းတောင်ကျေးရွာ မှ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ ” ဇွန် ၂၄ ရက်နေ့ကပေါ့ အခုတော့အားလုံးနီးပါသုံးနေကြတယ်ဗျ မိုင်တဲတစ်ခုတည်းရတာတာကျန်တာတော့မရဘူးတဲ့။ လိုင်းကတော့ကောင်းတယ်ဗျ။ အခုတစ်ခေါက်ကတော့ Video call တွေဘာတွေတောင် ကောင်းကောင်း ပြောလို့ရတယ်” ဟု ဆိုင်းတောင်မှ အမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ဖားကန့်မြို့ပေါ်တွင်သာ အဓိက လိုင်းရနေခြင်းဖြစ်ပြီး မြို့နဲ့အလှမ်းဝေးသည့်နေရာများတွင်မူ တာဝါတိုင် နှင့် စစ်ကောင်စီ တပ်စခန်းထိုင်ထားသည့် အနီးပတ်ဝန်းကျင်တွင်သာ လိုင်းရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ”ကျွန်မတို့ဘက်မှာတော့ မရဘူးရှင့် တချို့နေရာတွေမှာပဲရတယ်လို့ရတယ်။ ဟိုနေ့ကတော့ ဆန်းကြွယ်နဲ့ ကံစည်းဘက်မှာသုံး mytel လိုင်းသုံးလို့ရပြီလို့ မသိတွေဖုန်းတက်လာတယ် ကျွန်မတို့ဒီဘက်တော့မရဘူး” ဟု လုံးခင်း ကျေးရွာမှ အမျိုးသမီးတစ်ဦး ပြောသည်။ ဖားကန့်မြို့သည် ကချင်ပြည်နယ်တွင် ကာလ ကြာရှည်ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားခံရသည့် မြို့နယ်တစ်ခုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်အသုံးပြုလိုသူများက အင်တာနက်ရသည့်ဆိုင်များတွင် တစ်ရာရီ ကျပ်ငါးထောင် မှ ကျပ်တစ်သောင်းအထိပေးကာ ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။ … - [နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/06/27/j-27-bs/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ယမန်နေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၆ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် ၁၀၅ မိုင်ဘက်မှ နမ့်တောင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခမရ ၄၂၁ တပ်နှင့် MNDAA တပ်ရင်း ၅ တပ်တို့ နမ့်တောင်းရွာအနီး ဆွတ်ကြိုင်စက္ကူစက်ရုံနားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “မနေ့ည နေပိုင်း ၂ နာရီခွဲ ၃ နာရီ ဝန်းကျင်မှာ ဖြစ်တာ။ နှစ်ဘက်ထိခိုက်မှုကိုတော့ မသိရသေးဘူး။ စစ်ကောင်စီ ဗျူဟာကုန်းကပစ်လိုက်တဲ့လက်နက်ကြီး ၁ လုံးတော့ ပလောင်ရွာဘက်က လူနေအိမ် နည်းနည်းထိသွားတယ်။ ဒီဈေးဘက်ကျတော့ လယ်ကွင်းထဲမှာ ၁ လုံးကျတယ်။ မနောကွင်းနားက လယ်ကွင်းမှာလည်း ၁ လုံးကျတယ် ပြည်သူ‌ တွေအထိအခိုက်‌တော့မရှိဘူး” ဟု ဒေသခံတစ်ဦး က‌‌ ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်တောင်းကျေးရွာရှိနေအိမ်များအပြင် လယ်ကွင်းသို့ ကျရောက်မူများရှိလာသည့်အတွက် ဒေသခံပြည်သူများ စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်ရသည့်အပြင် စိုးရိမ်ထိတ်လန့်မှုရှိ‌‌နေကြောင်း ဒေသခံတစ်ဦးက လည်း ယခုလို ဆက်ပြောသည်။ “ကျနော်တို့တွေက ရွာထဲမှာ ဖြစ်တာ မလိုလားဘူး။ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်လို့ ပြည်သူတွေထိခိုက်တာ တခြားနေရာတွေမှာလည်း ကြားနေရတယ်လေ။ မနေ့က ဆိုရင် ရွာနီးနားတွေပဲလာကျတာ အဲဒါကြောင့်မို့ အရမ်းစိုးရိမ်တာ။ ရွာထဲမှာက ကိုယ်ထူကိုယ်ထ ပညာသင်ကျောင်းတွေလည်း အခုမှ … - [မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/06/27/jun27-yl1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် စစ်ကောင်စီအဖွဲ့၏  ဟုဆိုရသော အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်သတ်ခံလိုက်ရကြောင်း လယ်ကုန်းဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသော အမျိုးသားသည် အသက် ၅၀နှစ်အရွယ် ဦးညွှန့်ဝေခေါ်သူဖြစ်ပြီး လယ်ကုန်းရပ်ကွက် နယ်မြေ(၆) အထက်တန်းကျောင်းအနီး စက်သုံးဆီဆိုင်ရှေ့ လမ်းမကြီးပေါ်တွင် ပစ်သတ်ခံလိုက်ရသည်ဟု လယ်ကုန်းဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “သူက အနီးကပ်သေနတ်ထောက်ပစ်ခတ်ခံရတယ်လို့သိရတယ်။ ပစ်သတ်ခံရတဲ့နေရာက ဆီဆိုင်အနီးမှာဘဲ။ ဘာလို့ ပစ်သတ်ခံရတယ်ဆိုတာက မပြောတတ်ဘူး။ တစ်ချို့က ဒလန်လို့ ဆိုကြတယ်။ သူက ဒီဘက်ပြောင်းလာတာလည်းမကြာသေးဘူး။ သူတို့က နယ်မြေ ၁၃ဘက်မှာနေကြတာဟုတ်တယ်”ဟုပြောဆိုသည်။ သေဆုံးသွားသည့် ဦးညွန့်ဝေသည် လယ်ကုန်းရပ်ကွက် နယ်မြေ(၁၃)တွင် သုံးဘီးမောင်းရင်း နေထိုင်သူဖြစ်ပြီး ကျောက်ဆည်ဘက်မှ မြစ်ကြီးနားသို့ ပင်ဆင်အငြိမ်းစားအဖြစ်ပြောင်းလာသူဖြစ်သည့်အပြင် တပ်ထွက်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံများပြောပြချက်မှသိရသည်။ ဦးညွန့်ဝေ တွင် ကလေး ၃ဦးရှိသူဖြစ်ပြီး သူ၏ အမျိုးသမီးသည် စျေးသည်တစ်ဦးကြောင်းလည်း ဆက်သိရသည်။ အဆိုပါ ဦးညွှန့်ဝေပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး မြစ်ကြီးနား ဒလန်ရှင်းလင်းအဖွဲ့ PDF ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်းသိရပြီး လက်ရှိတွင် မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားမသည်ကို အသေးစိတ်မသိရပါ။ - [ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/06/25/jun25-yl1/): တနိုင်းသွာလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး အများပြည်သူသွားလာသောနေရာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ မိုင်းထောင်ထားသောကြောင့် မိုင်းနင်းသဖြင့် ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၂ဦးအထိ ရှိလာပြီဟု သိရသည်။ ရှဒူးဇွပ် (Jahtu Zup) ပြည်သူ့စစ်အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး စံပြ၊ အောင်ရာ ဘန်ကောက် စသော ကျေးရွာ ၃ ခု၏ အနောက်ဘက်ခြမ်းရှိ KIA တပ်ရင်း ၁၄ ရှိရာ ရွှေမှော် သွားလမ်း ၄ ခုကို ဘက်ဟိုးများဖြင့် ဖြတ်တောက်ကာ လမ်းပိတ်ခဲ့သည်။ ထို့အပြင် ပြည်သူများသွားလာ ဖြတ်သန်းခွင့်မရအောင် မိုင်းထောင်လိုက်ခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့ ရွှေမှော်ဘက်မှ ပြန်လာသည့် ရှဒူးဇွပ်ပြည်သူတစ်ဦး ပြည်သူ့စစ်အဖွဲ့ထောင်ထားသော မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ကျိုးသွားသည့်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှဒူးဇွပ်ကျေးရွာတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “ဒီလအတွင်းမှာဘဲ မိုင်းနင်းမိတဲ့ ပြည်သူ ၂ယောက်ရှိပြီ။ တစ်နေ့ကပဲ မိုင်းနင်မိတဲ့ တစ်ယောက်ဒဏ်ရာတော်တော် ပြင်းထန်တယ်လို့ကြားတယ်။ သူ့ရဲ့ညာဖက် ခြေထောက်တစ်ဖက်တာင် ဖြတ်လိုက်ရဖို့ အထိဖြစ်တယ်တဲ့။ ဒဏ်ရာအရမ်းဆိုးတော့ အဲ့တစ်ယောက်ကို မြစ်ကြီးနား ဘက်ကိုပို့လိုက်ပြီလို့သိရပါတယ်”ဟုပြောဆိုသည်။ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော သူသည် အသက် ၃၀ နှစ်အရွယ် ရဲကိုခေါ်သူဖြစ်ပြီး လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာ ရပ်ကွက်(၄)တွင် နေထိုင်သူဖြစ်ကြောင်းနှင့် သူ၏ ဇာတိသည် ဧရာဝတီတိုင်းဘက်မှ ဖြစ်ကြောင်းသိရသည်။ ထိုနည်းတူ ပြီးခဲ့သော ရှေ့အပတ်တွင်လည်း မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ အမျိုးသားတစ်ဦးသည်လည်း ထိုရွှေမှော်ဒေသဘက်မှ ပြန်လာခဲ့ရာ လမ်းခုလပ်တွင် ပြည်သူ့စစ်အဖွဲ့၏ မိုင်းနင်းမိပေါက်ကွဲပြီး … - [သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း](https://burmese.kachinnews.com/2022/06/24/interview-2/): ဖားကန့်မြို့နယ်အတွင်း အခုလအတွင်းမှာပဲ လူအုပ်စုလိုက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ထားတဲ့ ဖြစ်စဉ် ၂ ခုအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်လတွေကတည်း လူသတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပျက်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ သဘောထားအမြင်ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဖားကန့်ဒေသမှာ လူသတ်မှုတွေ ခဏခဏဖြစ်နေတာတွေရှိတယ်၊ ဒီအခြေအနေတွေကို  ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သုံးသပ်ပေးလို့ရမလား။ ဖြေ။ ဖားကန့်ရဲ့အနေအထားက တစ်ခြားနေရာတွေထက် အခုလိုဖြစ်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ပထမအချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နယ်မြေအနေအထားပေါ့၊ ဖားကန့်က အဖွဲ့အစည်းတစ်ခုခုရဲ့ စိုးမိုးမှုအောက်မှာရှိတာ မဟုတ်ဘူး၊ စကစ အောက်မှာလည်းမရှိဘူး၊ အေအိုင်အေ အောက်မှာလည်းမရှိဘူး၊ ဖားကန့်ဒေသတစ်ခုလုံးက ဟိုဘက်ဒီဘက်ပေါ့၊ စိုးမိုးမှုကအတိုင်းအတာကတစ်ခုစီ နှစ်ဖက်စလုံးမှာရှိကြတယ်။  ဆိုတော့ အဲဒီလိုအနေအထားမျိုးက တရားဥပဒေစိုးမိုးမှုရှိဖို့က ခက်တယ်ပေါ့၊ အခုလိုလူသတ်မှုတွေရှိနေတယ် ဆိုတာကလည်း အဖွဲ့အစည်းတစ်ခုခုရဲ့စိုးမိုးမှုအောက်မှာ မရှိနေတာကလည်း တစ်ချက်၊ နောက်တစ်ချက်က ဖားကန့်မှာရောက်နေတဲ့လူတွေလည်း မြန်မာနိုင်ငံ အနှံ့အပြားက ရောက်ရှိနေကြတဲ့လူတွေ ဒီလူတွေက စရိုက်မျိုးစုံပါတယ်။ ပြီးရင် ဒီလူတွေရဲ့အကြောင်းကို သေချာသိနိုင်ဖို့လည်းခက်တယ်။ ဖားကန့်မှာ ရွေ့ပြောင်းတွေက များလွန်းတော့ တစ်ယောက်အကြောင်းတစ်ယောက်သေချာသိနိုင်ဖို့လည်း ခက်တယ်။  ဒီအထဲမှာ ကောင်းရောင်းကောင်းဝယ်လုပ်တဲ့လူတွေပါသလို တစ်ချို့ကျတော့ တစ်ခြားနေရာမှာ ဒုစရိုက်မှုတွေကျူးလွန်ခဲ့ပြီးတော့ ရှောင်တိမ်းပြောင်းလာတဲ့သူတွေလည်းပါတယ်။ စရိုက်စုံတယ်ပေါ့။ နယ်မြေအနေအထားကလည်း အခြေအနေပေးနေတယ်၊ စရိုက်စုံလူတွေကလည်း နေနေကြတယ်ဆိုတော့ ဒီလိုလူသတ်မှုတွေဖြစ်ဖို့  ပိုပြီးတော့လွယ်နေတယ်ပေါ့နော်။ လွယ်နေတယ်လို့ ပြောရရင် အခုတော့ နိုင်ငံရေးနဲ့သက်ဆိုင်မှုတော့ ရှိနေတယ်ပေါ့နော်။ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးရပ်တည်တဲ့ဘက်မတူကြလို့ ဖြစ်ကြတာမျိုးတို့ အပြန်အလှန်လက်စားခြေ သတ်ကြတာမျိုးလည်းရှိကြသလို ပုဂ္ဂိုလ်ရေးအရ အဆင်မပြေမှုတွေကြောင့် သတ်တာဖြတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ … - [ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/06/24/jun24-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၃ရက် ယမန်နေ့ ဆားလင်းကြီး Salingyi GZ Local PDF မှ ရဲဘော်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နေ့လည် ၁၂နာရီဝန်းကျင်တွင် မုံရွာအနောက်ဖက်ကမ်းမှ တုံရွာဘက်သို့ ဝင်ရောက်လာချိန် ရွာသားများနှင့် ဆားလင်းကြီး PDF အဖွဲ့ဝင်တစ်ချို့တို့ ထွက်ပြေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီးတွင် ဓာတ်ဆီပြတ်လပ်သွားသည့်အတွက် ရွာဘက်သို့ ဓါတ်ဆီပြန်လာယူချိန်တွင် စစ်ကောင်စီတပ်များနှင့် တိုးဝင်ခဲ့သဖြင့် ဖမ်းဆီးခံလိုက်ရသည်ဟု ဆားလင်းကြီး PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “ဖမ်းခံရတာက ကျနော်တို့နဲ့မဟာမိတ်တစ်ဖွဲ့ထဲပါဘဲ။ အဲ့ကလေးနှစ်ယောက်က ရွာထဲကနေ ထွက်ပြေးလာတာ သူတို့နှစ်ယောက်ကထွက်ပြေးရင်းနဲ့ တစ်ခြားဆိုင်ကယ်တစ်စီးမှာ ဆီလိုတယ်ဆိုပြီးတော့ နောက်ပြန်သွားလိုက်တာ အဲ့မှာ စစ်သားတွေနဲ့တိုးပြီးဖမ်းခံလိုက်ရတယ်”ဟုပြောဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်သည် တုံကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံ ၅ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး PDF အဖွဲ့၏ လက်လုပ် သေနတ် ၂၀လက် ခန့်ကိုလည်း ဖမ်းဆီးသိမ်းယူသွားခဲ့သည်ဟု သူကဆက်ဆိုထားသည်။ “စစ်သားတွေ ရွာထဲမှာဝင်လာချိန် လက်နက်ကြီးတွေနဲ့ပစ်ပြီးဝင်လာတယ်။ ရွာမှာ ရွားသား ၅ယောက်ကလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရထားတယ်။ အဲ့ဒါကို ကျနော်တို့ ဆီက CDM ဆရာမတစ်ယောက်ကို ပြန်ကုပေးခိုင်းတယ်။ နောက် စစ်သားတွေဝင်နားတဲ့ ဘုန်းကြီးကျောင်းရဲ့ ဂိုဒေါင်ထဲမှာ PDF အဖွဲ့လုပ်ထားတဲ့ လက်လုပ်သေနတ် ၂၀လောက်လည်းသိမ်းယူသွားတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် တုံကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် … - [ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ](https://burmese.kachinnews.com/2022/06/24/jun24-az2/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်ရှိသော ဆိပ်မူအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆိပ်မူကျေးရွာ(ယခင်အခေါ်အဝေါ် ဆိုင်းတောင်ကျေးရွာ) အထက်တန်းကျောင်းဝင်းအတွင်းသို့ အမည်မသိအဖွဲ့အစည်းတစ်ခု၏ လက်ချက်ကြောင့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်ဟု ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ပေါက်ကွဲမှုဖြစ်သွားတာက ဒီနေ့ ၁၂ နာရီ ဆယ်မိနစ်လောက်ကဖြစ်သွားတာ ဟုတ်တယ်။ စာသင်ကျောင်းဝန်းထဲကစာကြည့်တိုက်ရှိတယ်။ အဲ့ဒီစာကြည့်တိုက်နောက်ကြောမှာကွဲသွားတာ။ ထောင်ထားပြီး ခွဲခံရတယ်လို့ သိရတယ်။ ကျောင်းထဲဆိုတော့ ထိအောင်မလုပ်ချင်လို့ ထိအောင်လုပ်ချင်ရင်တော့ထိမှာပဲ”ဟုပြောဆိုသည်။ ယင်းမိုင်းကွဲမှုကြောင့် ထိုကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသား/သူများ ထိခိုက်မှုမရှိခဲ့သော်လည်း စာကြည့်တိုက်ဆောင် တံခါး၊ ပြတင်းပေါက် မှန်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သွားကို မသိရသေးကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ အဆိုပါ ဆိပ်မူအထက်တန်းကျောင်းသည် လတ်တလော စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင်ပါဝင်ပြီး တစ်ထောင်နီးပါး တက်ရောက်နေကြောင်း စုံစမ်းသိရှိရသည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ စာသင်ကျောင်းများ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းများ စသောနေရာများတွင် မိုင်းခွဲတိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများနှင့်ဒလန်များလည်း မကြာခဏ သတ်ဖြတ်ခံရမှုများလည်း ဖြစ်ပွားလျက်ရှိပါသည်။ - [တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ](https://burmese.kachinnews.com/2022/06/24/jun24-yl1/): ကချင်ပြည်နယ် တနိုင်းမြို့တွင် ၃ရက်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး ယနေ့နံနက်ပိုင်းမှ မြို့ပေါ်ရပ်ကွက်အတွင်း ရေကြီးရေလျှံဖြစ်ကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၂၂ရက်နေ့မှစပြီး အဆက်မပြတ် မိုးရွာသွန်းနေသဖြင့် တနိုင်းချောင်းနှင့် တပီချောင်း ၂ခုသည် ရေကြီးရေလျှံဖြစ်ကာ မြို့ပေါ်ရှိသော ပုံခုံးနှင့် ဆမ့်ဆရပ်ကွက်တို့တွင် ရေဝင်ရောက်လာသောကြောင့် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့နေရသည်ဟု တနိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။ “အခုရေဝင်နေတဲ့ နေရာက ၃နေရာလောက်ရှိပြီ။ အိမ်ခေါင်မိုးတွေအထိတော့မရောက်သေးဘူး။ ဒါပေမယ့် တဝက်လောက်တော့ကြီးနေပြီ။ ရေဝင်ရောက်တဲ့ရပ်ကွက်က ပြည်သူတွေက နီးစပ်တဲ့နေရာတွေမှာ ဆိုင်ကယ်၊ ကား ပစ္စည်းတွေ ရွှေ့ပြောင်းထားကြတယ်။ ရေကတက်နေတုန်းဘဲ။ ဒီထက်ကြီးလာရင် ပြည်သူအများအတွက် အစားအသောက်တွေလိုအပ်လာမယလို့ထင်တယ်”ဟုပြောဆိုပြောဆိုသည်။ တနိုင်းဒေသတွင် လက်ရှိအချိန်အထိ မိုးရွာသွန်းနေသည့်အတွက် ချောင်းရေမြင့်တက်မှုများရှိနေပြီး ရေဝင်ရောက်မှုရှိနေသော ရပ်ကွက်ဒေသခံပြည်သူများသည်လည်း လက်ရှိအခြေအနေထက် ရေကြီးရေလျှံမှု ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ယမန်နှစ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းအထိ ရေဝင်ရောက်မှုမရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးများသည့်အတွက် မြို့ပေါ်ရပ်ကွက် အထိ ရေဝင်ရောက်မှုများ ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ - [KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ](https://burmese.kachinnews.com/2022/06/24/jun24-lp1/): KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်မြို့တွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူ ယခုလ အတွင်း စုစုပေါင်း ၄၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ စစ်ရှောင်စခန်းများနှင့် ကျေးရွာအချို့တွင် ငှက်ဖျားရောဂါပိုး ကူးစက်ဖျားနာသူ များပြားလာခြင်းကြောင့် ငှက်ဖျားပိုး စစ်ဆေးမှုနှင့် ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ဗန်းမော်မြို့ ကျန်းမာရေးဌာနမှ Dr. Lahtaw Zau Gam KNG ကို ပြောသည်။ “အရင်နှစ် မိုးရာသီက ငှက်ဖျားဖြစ်တဲ့သူ မရှိသလောက်ပဲ။ ဒီနှစ်လယ်လောက်မှ ဖျားတဲ့သူ ၄၀ ကျော် တွေ့ တယ်။ ကျနော်တို့ စစ်ရှောင်စခန်းအချို့တွေမှာ ငှက်ဖျားဖြစ်တဲ့သူ ၂-၃ ယောက်ကို တွေ့တယ်။ ဒါကြောင့် စစ်ရှောင်စခန်းက သူတွေ အားလုံးကို ငှက်ဖျားပိုး ရှိမရှိ စစ်ပေးတယ်။ ဆေးရည်စိမ်ခြင်ထောင်တွေကို အသုံးပြုဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။ ဗန်းမော်မြို့နယ် လနာဇွပ်ဂျာ ၊ဘွမ်စစ် ၊မိုင်ဘတ် ကျေးရွာ ၊ကောင်းဂျာကျေးရွာ နှင့် အင်ဘာပါ နင်းထောန်ဟူးနာပါ ကျေးရွာ များရှိ ဒေသခံပြည်သူများတွင်လည်း ငှက်ဖျားရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ငှက်ဖျားရောဂါကြောင့် ဖျားနာသူများတွင် အသက် ၁ နှစ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း သိရသည်။ လက်တလော ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူများကို ဗန်းမော် KIO ကျန်းမာရေးဌာနမှ ဆေးကုသပေး နေပြီး စစ်ရှောင်စခန်းများ နှင့် ကျေးရွာများတွင် ကျန်းမာရေး ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုရန် လိုက်လံ ပေးဆောင်သွားမည် ဖြစ်ကြောင်း … - [တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်](https://burmese.kachinnews.com/2022/06/24/jun24-az1/): စစ်ကိုင်းတိုင်း အင်းတော်မြို့ နှင့် ဗန်းမောက်မြို့ကြားတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းတွင် မည်သည့် သုံးဘီး၊ ကား၊ ဆိုင်ကယ်မျှ ဖြတ်သန်းသွားလာခြင်းမပြုကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။ ဇွန်လ ၁၀ ရက်နေ့ခန့်က မိုးညှင်းမြို့မှ အင်းတော်- ကသာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ စစ်အင်းအား ၁၀၀ နီးပါးသည် အင်းတော်နဲ့ ဗန်းမောက်ကြားတွင် စစ်ကြောင်းထိုးလှုပ်ရှားလျက် ရှိရာ ယမန်နေ့ ဇွန် ၂၃ ရက် နေ့ ည ၅ နာရီခွဲအချိန်ခန့်မှစ၍ ကသာခရိုင်တပ်ရင်း (၂)၊ အင်းတော်ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၊ KIA ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲပြင်းထန်နေသောကြောင့် ယင်းလမ်းပိုင်းကို မသုံးမပြုရန် တားမြစ်ရခြင်းဖြစ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “သူတို့က အင်းတော်-ဗန်းမောက်ကြားက တောထဲဘက်ကို စစ်ကြောင်းလာတာသိလို့ ကြိုစောင့်ပြီး တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက အင်းတော်-ဗန်းမောက်ကြားက မော်တိတ်ရွာဒီနေ့မတနက်လည်း လက်နက် ကြီးသံတွေကြားနေတုန်း ကားလမ်းကို အသုံးမပြုစေချင်တာကတော့ စစ်သားတွေက အရပ်သားကားတွေကို ချောဆွဲတာ။ နောက်ပြီး အရပ်သားကားတွေနဲ့ အကာအကွယ်ယူပြီး သွားတာတို့ ပြီးတခြားကိစ္စတွေအတွက် အရပ်သားကားတွေ အကိုအသုံးချမှဆိုးလို့ အဲ့ကြောင့်ပါ”ဟုပြောဆိုသည်။ ယခုကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ယင်းလမ်းပိုင်းကို ဇွန် ၂၄ ရက်နေ့ နံနက် ၆ နာရီမှ ဇွန် ၂၆ ရက်နေ့ နံနက် ၆ နာရီအထိ အသုံးမပြုကြရန်သတိပေးထားပြီး သတိပေးချက်ကျော်လွန်ပြီး သွားလာပါက ပြဿနာတစ်စုံ တစ်ရာဖြစ်ပွားခဲ့ပါက … - [ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး](https://burmese.kachinnews.com/2022/06/23/jun23-az2/): စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကသာနယ်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အင်းကြီးလောင်းတော်ဦးဘုရားအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကသာ ကားကြီးကွင်းအနီး၌ တစ်ကြိမ်နှင့် ခြောက်မျက်နှာညောင်ပင်ကွင်းအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အလယ်ကျွန်းကျေးရွာအနီးတွင်တစ်ကြိမ် ‌စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တစ်ပတ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ ထို့သို့ နှစ်ဖက် ထိတွေ့တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင် သေဆုံးကာ၊ ကသာ (ပကဖ) မှ ၁ ဦး အရပ်သားပြည်သူ ၄ ဦး သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အင်ကြင်း ပင်ဘက်ကနေပြီးတော့ ဆင်းလာတဲ့ စစ်‌ကြောင်းကို တံခွန်တိုင်လောင်းတော်ဦးဘုရားအနီးမှာ‌ စောင့်ပြီး မိုင်းဆွဲပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အဲ့တိုက်ပွဲမှာ ရွှေလီရဲ့အရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့က တံခွန်တိုင်မှာ တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူတာ လောင်းတော်ဦးဘုန်းကြီးကျောင်းကို ပစ်ထည့်တဲ့အတွက် အရပ်သား အမျိုးသားလေးဦး သေဆုံးပြီး နှစ်ဦးက အပြင်းအထန် ဒဏ်ရာရသွားတယ်။ အဲ‌ကနေ စပြီး တိုက်ပွဲ စဖြစ်တယ်”ဟု ကသာမြို့နယ် … - [ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား](https://burmese.kachinnews.com/2022/06/23/jun23-az1/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအနီးတွင် ဒုရဲမှူးစိုးထွဋ်​ခေါင်အပါအဝင် ပျူစောထီးတို့အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ ဦး အထိသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကံသစ်ကျေးရွာမှ ၉တန်းကျောင်းသားတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇွန်လ ၂၂ ရက် ယမန်နေ့တွင် ခင်ဦးမြို့မှ ရေဦးမြို့သို့သွားသည့် ရေဦးရဲစခန်း ဒုရဲမှူးစိုးထွဋ်ခေါင်ပါဝင်သော ကားလမ်းကြောင်းကို N.L.G.R.Fအဖွဲ့၊ ရောင်နီပြောက်ကျားတပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အခြား Local အဖွဲ့အစည်းတို့က ကံသစ်ကျေးရွာ၏ အနောက်ဖက် မူးချောင်းတံတားအနီးတွင် စုပေါင်းတိုက်ခိုက်ခဲ့ပြီး ထိုနေရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ဦးသေဆုံးသွားသောကြောင်းခဲ့ကြောင်းသိရသည်။ ထို့သို့ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားခဲ့သဖြင့် ခင်းဦးမြို့ဘက်မှ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီယာဉ်တန်သည် ကံသစ်ကျေးရွာအနီး လယ်တောတစ်နေရာတွင် တွေ့ရသော ၉ တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွားသည်ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “ကာကွယ်ရေးအဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း ပြီးတော့ ကံသစ်ကျေးရွာနားမှာ အဲ့ကားကိုရပ်ခိုင်းတယ်။ ရပ်ခိုင်းတာကိုမရပ်ပေးဘူး။ သေနတ်ထုတ်ပြီးမောင်းပြေးလို့ ကားသမားကို ပစ်လိုက်တာ။ သူတို့ကလည်း ကားပေါ်မှာ အောက်မဆင်းဘူး။ ပြန်ပစ်တာ အဲ့တာနဲ့ကာကွယ်ရေးတွေက ကားထဲကို လက်ပစ်ဗုံးပစ်တယ်။ ဒရုန်းနဲ့ပစ်တော့ ကားထဲပါတဲ့ဟာအကုန်လုံးကုန်တာပေါ့။ သူတို့ဘက်က အထိနာတော့ စစ်ကူအဖွဲ့ပြန်တက်လာတယ်။ အဲ့စစ်ကူလာတဲ့ အဖွဲ့က ကံသစ်ရွာရဲ့ စပါးခင်းထဲမှာတွေ့တဲ့ ကျောင်းသားတစ်ဦးကို ပြန်ပစ်သတ်သွားတာ”ဟုပြောဆိုသည်။ ဒုရဲမှူးအပါ ပျူစောထီးအဖွဲ့ပါလာသော ဖောကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီးနောက် ခင်းဦးမြို့ဘက်မှ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီယာဉ်တန်းအဖွဲ့နှင့် အခင်းဖြစ်ပွားသည့်နေရာတွင် ၁နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး … - [KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို](https://burmese.kachinnews.com/2022/06/23/jun23-yl2/): ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးကို စစ်ကောက်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ ဇွန်လ ၂၂ရက်နေ့ သေနတ် ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ မည်သည့်နေရာ တွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ၂နာရီဝန်းကျင် အောင်မြေ ၂ ကျေးရွာ ရပ်ကွက် ၂ တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ဖမ်းဆီးပြီး နေအိမ်တစ်အိမ်တွင် ဝင်နားနေစဉ် ပြည်သူ့စစ်အဖွဲ့မှ လာရောက် ဝန်းရံ ပစ်ခတ်ခဲ့သောကြောင့် KIA အရာရှိတစ်ဦး သေနတ်ထိမှန်ကာ ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်သက်သေ အောင်မြေ ၂ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြေဆိုသည်။ “KIA အဖွဲ့က မူးယစ်ဆေးရောင်းတဲ့နေရာကနေ လူ ၂ယောက်ကို ဖမ်းလာတယ်။ လမ်းမှာ တစ်ယောက်က လွတ်သွားတယ်။ အဲ့လွတ်သွားတဲ့သူက အောင်မြေ ၁ မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ကို သွားတိုင်လိုက်တာ။ KIA ကလည်း နေအိမ်တစ်ခုမှာ ဖမ်းလာတဲ့ တစ်ယောက်ကို စစ်ဆေးတာတွေ လုပ်နေတဲ့အချိန် ကြားမှာ မိနစ် ၃၀ လောက်ဘဲကွာတယ်။ ခဏဆို ပြည်သူ့စစ်အဖွဲ့က သုံးဘီးကားနဲ့ လာပြီး KIA အဖွဲ့ရှိနေတဲ့ အိမ်ကို ဝိုင်းပြီး သေနတ်တွေနဲ့ အကြီးအကျယ်လာပစ်ပြီလေ။ အဲ့မှာ တစ်ယောက်ထိသွားတယ်။ ဒဏ်ရာရသွားတော့ မပြေးနိုင်တော့ဘူး။ အဲ့မှာ လဲကျသွားတော့ ပြည်သူ့စစ်အဖွဲ့က သယ်သွားတယ်”ဟု ပြောဆိုသည်။ KIA စစ်သားသည် သူ၏ ခြေထောက်တစ်ဖက်နှင့် ဝမ်းဗိုက် တစ်နေရာ … - [မိုးကြိုးပြင် (မြောက်) ရွာက မီးဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2022/06/23/jun23-sm1/): စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်(မြောက်) ရွာမှ မီးဘေးသင့် ပြည်သူ ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲနေသည့် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ဝမ်ပေါင်ကုမ္ပဏီအနီး မိုးကြိုးပြင်(မြောက်) ရွာသို့ ဝင်ရောက်စီးနင်းကာ နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သဖြင့် လက်ရှိတွင် လူဦးရေ ၂၀၀၀ ခန့်မှာ မီးဘေးသင့်နေပြီဟု ကူညီပေးနေသူတစ်ဦးက KNG ကို ပြောသည်။ “နေစရာကို မရှိတော့တာ တစ်ရွာလုံးပြာကျသွားတာ ပြာပုံပဲရှိတော့တာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ လူဦး‌ရေက ၂၀၀၀ ပတ်ဝန်းကျင်လောက်ရှိမယ် အခုအဓိကလိုတာကတော့ အစားအသောက်နဲ့မိုးကာပေါ့” ဟု မီးဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။ မိုးကြိုးပြင်(မြောက်) ရွာသည် ပထမဆုံးအကြိမ် မီးရှို့ခဲ့ရခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူအများစုသည် ကျေးရွာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် နေအိမ် မီးရှို့သည်သာမကပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ခေါင်း၊ ခြေလက်များကိုဖြတ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် လင်းစားကျက်ကျေးရွာနှင့် ငွေသာကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့များ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကိုလည်း သတ်ဖြတ်ခဲ့သည်။ - [KNC ဥက္ကဋ္ဌ ကို မြစ်ကြီးနားတွင် တရားစွဲထားသည့်အမှုမှ ကွင်းလုံးကျွတ်လွတ်ပေး](https://burmese.kachinnews.com/2022/06/23/jun23-yl1/): မြစ်ကြီးနားတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတရားစွဲဆိုခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ၏ အမှုကို ဇွန်လ ၂၂ ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ကွင်းလုံးကျွတ်လွတ်မြောက်ခွင့် ပေးလိုက်ကြောင်း သိရသည်။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့နယ်တရားရုံမှ စွဲဆိုထားသည့်အမှု နှင့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် စွဲဆိုခဲ့သောအမှု တူညီနေသည့်အတွက် လွတ်မြောက်ခွင့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု KNC ပါတီမှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “မြစ်ကြီးနားမှာ စွဲထားတဲ့အမှုက နေပြည်တော်မှာ စွဲဆိုထောင်ချခဲ့တဲ့ အမှုတစ်ခုတည်းသာဖြစ်နေတယ်။ ဒီအမှုတစ်ခုတည်းဘဲ ၂နေရာမှာ တရားစွဲဆိုသလိုဖြစ်နေတယ်။ အဲ့ကြောင့် ဒီအမှုတစ်ခုတည်းနဲ့ဘဲ ၂နေရာမှာ အမိန့်ချမှတ်လို့မရတဲ့အတွက် ကွင်းလုံးကျွတ်ဆိုပြီး ပြန်လွတ်ပေးလိုက်တယ်လို့ထင်တယ်”ဟု ပြောဆိုသည်။ မြစ်ကြီးနားတွင် ဒေါက်တာ M Kawn La ကို မြောက်ပိုင်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်ကာ ပုဒ် ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးချိန် ၆ကြိမ် ချိန်းဆိုခဲ့ပြီးနောက် ယခုလို လွတ်မြောက်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါက်တာ M Kawn La သည် ပြီးခဲ့သော မတ်လ ၂၃ရက်နေ့ နေပြည်တော်တွင် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံခဲ့ရပြီးနောက် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုခံထားရသည့်အတွက် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ မြစ်ကြီးနားတွင် စွဲဆိုခံရသည့်အမှုမှ လွတ်မြောက်ခွင့်ရရှိခဲ့သော်လည်း … - [မုံးကိုး ဖောင်းဆိုင်လမ်းတွင် ကန့်သတ်စစ်ဆေးမှုများကြောင့် စားနပ်ရိက္ခာသယ်ယူန် ပိုခက်ခဲလာ](https://burmese.kachinnews.com/2022/06/22/jun22-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုးနှင့် ဖောင်းဆိုင်လမ်းနယ်တွင် လတ်တလော စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာပစ္စည်းများသယ်ယူမှုများကန့်သတ်ထားသဖြင့် ဒေသခံပြည်သူများ ပြသာနာ အခက်အခဲကြုံတွေ့ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ကားတွေက ဒီကြားထဲမှာ တောက်လျှောက် တက်နေတယ်။ စစ်ကားတွေကြီးဘဲ အခုတလော အတက်အဆင်း ကားတွေ တော်တော်များတယ်။ ၁၀ စီးကျော်အစီး ၂၀ ကျော် လောက်တွေ့ရတယ်။ ပြီးရင် အရမ်းလည်း စစ်တယ်”ဟု မုံးကိုးဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ လက်ရှိချိန် စစ်ကောင်စီတပ်သည် ပန်ဆိုင်းနှင့် မုံးကိုး လမ်းတလျှောက်တွင် စစ်အင်အား အများအပြားဖြင့် နေရာအပြည့်ယူထားကြောင်းလည်းသိရသည်။ ပန်ဆိုင်း၊ မုံကိုးနှင့် ဖောင်းဆိုင် လမ်းနယ်တို့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများနှင့် လမ်းပိုင်းစစ်ဆေးမူများရှိနေသည့်အတွက် အစားအသောက်များသယ်ယူမှုနှင့်ပတ်သက်ပြီး စားနပ်ရိက္ခာများပိုမသယ်ကြရန်နှင့် အခြားသူအတွက် ရိက္ခာသယ်ပို့ မပေးခြင်းများမပြုလုပ်ကြရန် ဒေသခံများကို တားမြစ်ထားသည်ဟု ဖောင်းဆိုင်ဒေသခံ တစ်ဦးက ယခုလိုပြောဆိုထားသည်။ “သူတို့ဆီကို ခွင့်တောင်းပြီး ကောင်းကောင်းပြောရင် ဆန်တွေသွားဝယ်စားလို့ရတယ်။ ဒါပေမယ့် ဈေးသည်တွေကျတော့ အများကြီးတင်လာရင် သူတို့ မင်္သကာလို့ စစ်ဆေးကြတယ်။ မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကျတာ့ သူတို့လည်း စစ်မျက်နှာ ဖြစ်နေတော့ စစ်ဆေးတာတွေ ရှိတယ်”ဟုပြောဆိုသည်။ ထို့နောက် ဒေသခံများ၏ ပြောဆိုချက်အရ ကိုးကန့် MNDAA နှင့် KIA ထိန်းချုပ်ရာနေရာဘက်တွင် လမ်းပျက်စီးမှုများရှိနေပြီး သွားလာရေးတွင် ခက်ခဲမှုများရှိနေသလို ယခုလို စစ်ကောင်စီဘက်မှ စစ်ဆေးကန့်သတ်မှုများရှိနေသည့်အတွက်ကြောင့် ဖောင်းဆိုင်ဒေသခံပြည်သူများအတွက် ရည်ရှည်တွင် စားနပ်ရိက္ခာများပိုမိုခက်ခဲလာမည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြပါသည်။ လက်ရှိတွင် ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများတွင် ပြီးခဲ့သည့် … - [မိုးကြိုးပြင် (မြောက်) ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ခေါင်းဖြတ်သတ်ခံရ](https://burmese.kachinnews.com/2022/06/22/jun22-sm2/): စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ယမန်နေ့ ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၂၀ ဦးထဲမှ ၂ ဦးအား စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း Salingyi Revolution Army (SRA) မှ သိရသည်။ ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင်ကျေးရွာသို့ လက်နက်ကြီးပစ်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာ နေအိမ်များ မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးသွားပြီးနောက် ထိုအထဲ ပြည်သူ ၂ ဦးကို မိုးကြိုးပြင်ရွာအနီးတွင်း ခေါင်းဖြတ် သတ်ထားကြောင်း Salingyi Revolution Army (SRA) တာဝန်ရှိသူ တစ်ဦးပြောသည်။ “လောလောဆယ် နှစ်လောင်းကိုတော့ ခေါင်းဖြတ်ထားတယ်။ လက်တွေလည်းဖြတ်ထားတယ် ပွကြီးနဲ့ တင်စိုး လို့တော့ ကျနော်တို့သိထားတယ်။ အသက်ကတော့ဘယ်လောက်ရှိမလဲမသိနိုင်ဘူး။ အလောင်းကို ဒီမနက် ၈နာရီလောက်မှာတွေ့တာ”ဟုပြောဆိုသည်။ အသတ်ခံလိုက်ရသည့် အဆိုပါ အမျိုးသား ၂ ဦးသည် မိုးကြိုးပြင် ရွာခံနှစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု Salingyi Revolution Army(SRA) က ဆက်ပြောသည်။ ထို့ပြင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မိုးကြိုးပြင် ကျေးရွာအနီးမှ ဆည်တဲကျေးရွာကို ဝင်ရောက်တပ်စွဲထားပြီး ဆည်တည်ကျေးရွာဘုန်းကြီးကျောင်းတွင် ပြည်သူ ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ကစပြီး မိုးကြိုးပြင် (မြောက်) … - [မိုးညှင်း မော်ဟန်ကြားတွင် စစ်ကောင်စီတပ် ဂိတ်တိုးကာ စစ်ဆေးရေး တင်းကြပ်](https://burmese.kachinnews.com/2022/06/22/jun22-az2/): မိုးညှင်းမြို့ နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အသစ် ၃ ခု ထပ်တိုးလာပြီး ယခင်ကထက် စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးညှင်းမြို့အထွက်တွင် တစ်ခု၊ မော်ဟန်မြို့အထွက်တွင်တစ်ခု နှင့် မိုးညှင်း-မော်ဟန်ကြား လမ်းခုလတ်နေရာတွင် တစ်ခု စုစုပေါင်း စစ်ဆေးရေးဂိတ် ၃ ခု ထပ်တိုးလာကာ ကား၊ ဆိုင်ကယ် များကို စစ်ဆေးရေးတင်းကြပ်နေကြောင်း ဒေသခံတစ်ဦးက KNG သို့ ပြောသည်။ “ဂိတ်တွေက ပြန်ပေါ်တာလာ အခုက ရုတ်တရက်ပေါ်လာတာ မနေ့ကနဲ့တစ်နေ့က အဲဘက်ကိုသွားတော့တွေ့တယ်။ အခုကတော့ ဆိုင်ကယ်ဆိုလည်း တူးဘောက်တောင်ဖွင့်ပေးရတာ အရမ်းစစ်ဆေးတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတိုးချဲ့ထားသော စစ်ဆေးရေးဂိတ်များသည် ယာယီသဖွယ် တဲထိုး စစ်ဆေးလျက်ရှိနေပြီး မနက် ၆ နာရီမှ ည ၆နာရီအထိ ဂိတ်ဖွင့်ကြောင်း သိရသည်။ “ဂိတ်ထိုင်ကတော့ စစ်သား တွေပဲထိုင်တယ်။ တစ်ဂိတ် တစ်ဂိတ်ကို သုံးဆယ်ကျော်လောက်ထိုင်တယ်။ ကျနော်တို့ မျက်စိရှေ့မှာတော့ နာရေးကူညီမှုကားကလွဲပြီး ကျန်တာအကုန်စစ်တယ် မေးတယ်”ဟု ယမန်နေ့ ခရီးသွားခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ လမ်းပိုင်းတွင် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၄ ခုချထားပြီး မေလ ၂၀ ကျော်တွင် ယင်းဂိတ်အားလုံးကို ပြန်လည်ရုတ်သိမ်းသွားခဲ့သော်လည်း ယခုပြန်လည် ချထားခြင်း ဖြစ်သည်။ ဇွန်လ ၂၀ ရက်နေ့ကလည်း မိုးညှင်းမြို့ နန့်စီးအောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် … - [မိုးကြိုးပြင်ရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/06/22/jun22-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပင်ရွာ(မြောက်)တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်ခတ်ကာ ရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် လူနေအိမ်များ ၃ပုံ ၂ပုံခန့် မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ဒေသခံ ပြည်သူ ၂၀ ဦးခန့်လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “စစ်ကြောင်းက မနက်၇နာရီလောက်မှာစဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာလည်း လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်လာကြတယ်။ မနက် ၉နာရီလောက်မှာတော့ အိမ်တွေကို တစ်လုံးပြီး တစ်လုံးရှို့ပစ်တာ။ ညနေပိုင်း ၆နာရီအထိ ရှို့ကြတယ်။ ရွာထဲက အိမ်တွေက ၃ပုံမှာ ၂ပုံလောက်က မီးရှို့ပြာကျသွားပြီ။ နောက်ပြီး သူတို့ ရွာသား ၂၀ ယောက်ကိုလည်း ဖမ်းခေါ်ထားတယ်”ဟုပြောဆိုသည်။ မိုးကြိုးပြင်ရွာ(မြောက်)သည် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ထိုသို့ ကျေးရွာ မီးရှို့ဖျက်ဆီးခံရသည့်အတွက် လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၂၀၀၀ ဝန်းကျင်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် အရပ်ဝတ်များဖြင့် ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် မည်သည့် တရင်းမှ တပ်သားများဖြစ်သည်ကို အတည်ပြုပြောဆိုနိုင်ခြင်းမရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ထိုနည်းတူ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့နယ်မှ လင်းစားကျက်ကျေးရွာအတွင်းရှိသော လူနေအိမ် ၇၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံပြည်သူ ၂ဦးကိုလည်း … - [ဖားကန့် ဆန်ခါအကျဉ်းထောင်ကို KIA နှင့် PDF အဖွဲ့ လက်နက်ကြီးပစ်ခတ်](https://burmese.kachinnews.com/2022/06/22/jun22-az1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင်ရှိသော ဖားကန့်အကျဉ်းထောင်ကို ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ပူးပေါင်းကာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ရှိသည့် ဆန်ခါအကျဉ်းထောင်ဘက်သို့ KIA နှင့် PDF တို့က လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ဆန်ခါအကျဉ်းထောင်ဘက်တွင် ထိခိုက်မှုများရှိနိုင်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “သူတို့က အဝေးကနေ ထောင်ဘက်ကို လှမ်းထုတာ။ လက်နက်ကြီးက ၂၀ ကြိမ်လောက်ရှိတယ်။ ပြီးရင် လက်နက်ငယ်သံတွေလည်း ကြားရတယ်။ အခုက အဲ့လက်နက်ကြီးတွေက ထောင်ထဲကျပြီး ပေါက်ကွဲတာလား။ အပြင်ဘက်ကို ကျတာလား။ အသေးစိတ်မသိရသေးဘူး။ တကယ်လို့ ထောင်ထဲကို ကျရင်တော့ ထိခိုက်မှုရှိနိုင်တယ်”ဟု ပြောဆိုသည်။ ယခုလို KIA နှင့် PDF အဖွဲ့တို့ဘက်မှ ပစ်ခတ်မှုသည် ဇွန် လ ၁၉ ရက်နေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်ပြည့် မွေးနေ့ကို မှော်ပုံကျေးရွာအတွင်း လူစုဝေး၍ ကျင်းပနေစဉ် အကျဉ်းထောင်ဘက်မှ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့သည့်အတွက် ထိုနေရာတွင် ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ထိုဖြစ်စဉ်အပေါ် တန်ပြန်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုထားသည်။ “မနက်ငါးနာရီလောက်ကတည်းကနေ နားလိုက်ပစ်လိုက်ပေါ့။ ဆန်ခါအကျဥ်းထောင်ကိုပစ်တာဟုတ်တယ်။ ဟိုနေ့က ဖြစ်သွားတဲ့ ကိစ္စကို မကျေနပ်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ ဖြစ်နိုင်တယ်။ အခုတော့ KIA နဲ့ PDF ဘက်က ပစ်ခတ်မှုပြန်ငြိမ်သွားပြီ။” ဟု မမုံကျေးရွာနေအမျိုးသားတစ်ဦးကပြောသည်။ လက်ရှိတွင် ပစ်ခတ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း  ဆန်ခါအကျဉ်းထောင် သွားလာသည့် အဝင်အထွက်ကို ပိတ်ထားသဖြင့် … - [ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး](https://burmese.kachinnews.com/2022/06/21/jun21-az2/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ကျင်းပနေချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေသည့်အချိန်   ဖားကန့်အချုပ်ထောင်ရှိသည့်ဘက်မှ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက် သပိတ်အတွင်းပါဝင်နေသော အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ကျည်ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု နီးစပ်ရာ ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “သုံးယောက်ထဲက အသက်အကြီးဆုံးတစ်ယောက်က ဆုံးသွားတာ။ သူကဒဏ်ရာပြင်းထန်တယ် ရင်ဘတ်မှာ နှစ်ချက် သုံးချက်လောက် အပေါက် အပေါက်ဝင်သွားတာ။ သူ့ကို မြစ်ကြီးနားဆေးရုံပို့ဖို့သွားတဲ့ချိန် နန့်ယားနားလောက်မှာ မှာဆုံးသွားတာ”ဟုပြောဆိုသည်။ သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၅၄နှစ်အရွယ်ရှိ ခေါ်ခင်မျိုးဝင်းခေါ်သူဖြစ်ပြီး ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေစဉ် အခြေအနေပိုမိုဆိုးရွာလာသည့်အတွက် ဇွန်လ ၂၀ရက်နေ့ မြစ်ကြီးနားဆေးရုံကြီးဘက်သို့ ဆေးကုသရန် ဆင်းလာခဲ့ရာ နန့်ယားကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရပါသည်။ လက်နက်ကြီးထိမှန်ခဲ့သော ပြည်သူ ၃ဦးသည် မော်ပုံရွာခံများဖြစ်ကြပြီး ကျန်ရှိသော အသက် ၂၀ နှစ်အရွယ်ရှိ မအမွန်း နှင့် အသက် ၁၈နှစ်အရွယ်ရှိ မောင်ဆိုင်းထွဋ်အောင် ၂ဦးသည်လည်း ဆေးကုသခံယူနေဆဲဖြစ်ကြောင်း ဆက်လက်သိရပါသည်။ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၃ဦးထိမှန်ခဲ့သည် သာမက အနီးပတ်ဝန်းကျင်ရှိသော လူနေအိမ်တစ်ချို့နှင့် အိမ်စီးကားတစ်စီးပေါ်တွင်လည်း လက်နက်ကျည်စများ ထိမှန်ခဲ့သည်ဟု မျက်မြင်သက်သေများပြောဆိုချက်မှသိရသည်။ ယင်းကဲ့သို့ စစ်တပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် … - [တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ချိတ်ပိတ်ရန် ပစ္စည်းများသိမ်းယူခိုင်းနေ](https://burmese.kachinnews.com/2022/06/21/jun21-zm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကို ချိတ်ပိတ်သိမ်းယူရန်အတွက် စစ်ကောင်စီတပ်မှ ပစ္စည်းများ သိမ်းယူခိုင်းနေကြောင်း အိမ်ရှင်များထံမှသိရသည်။ စစ်ကောင်စီတပ်မှ ယခုလ ဇွန်လ ၁၅ ရက်နေ့တွင် နေအိမ်ကို ချိတ်ပိတ်ရန်အတွက် ပစ္စည်းများရွေ့‌ပြောင်း‌ပေးရန်လာ‌ရောက်‌ ပြောဆိုခဲ့ပြီးနောက် ဇွန်လ ၂‌၀ ရက်နေ့တွင် ဒုတိယအကြိမ် ကား ၅စီးဖြင့် ရဲနှင့်စစ်သား ၃၀ ဝန်းကျင်ခန့် ထပ်မံလာရောက်ပြောဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “မနေ့ နေ့လည်ပိုင်းက ကား ၅စီးထဲမှာ စစ်သားနဲ့ ရဲ ၃၀လောက် ရောက်လာပြီး အိမ်ထဲ‌တော့မဝင်ဘူး။ အပြင်ကနေ ဓါတ်ပုံတွေရိုက်ကြတယ်လို့သိရတယ်။ သူတို့ သဘောနဲ့သူတို့ ဝင်ထွက် နေကြတယ်။ စာတာမကပ်သေးတာဘဲရှိသေးတယ်။ အခုက ပိတ်သလိုဖြစ်နေပြီပေါ့”ဟုပြောဆိုသည်။ တရားလွှတ်တော် ရှေ့နေဦးတင်ထွန်းသိန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့မ ရဲစခန်းအတွင်း ၂နာရီခန့် အကြာယာယီထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွှတ်ပေးခဲ့ပါသည်။ သို့သော် စစ်ကောင်စီတပ်မှ ထပ်မံပြီး တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းကို အကြမ်းဖက်မှုဖြင့် ဗဟိုမှ ပိတ်သိမ်းခိုင်းသည်ဟု ပြောဆိုကာ လာရောက်ချိန်ပိတ်ရန် လုပ်ဆောင်နေသည့်အပေါ် သူက ယခုလိုဆက်ဆိုထားသည်။ “သူတို့က အကြမ်းဖက်မှုနဲ့ အိမ်ပိတ်မယ်ပေါ့။ နိုင်ငံတောင် မတရားသိမ်းသေးတာဘဲ အိမ်သိမ်းတာတော့ ဘယ်ဆန်းမလဲ။ အခုလိုဖြစ်တော့ စိတ်က မကောင်းဘူးပေါ့ ဘယ်တတ်နိုင်မလဲ”ဟုပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည်ဟု ယူဆရသူများ၊ PDF အဖွဲ့များအား ထောက်ပံ့သူများ၊ NLD … - [မဲဇာရဲမှူး စီးနင်းလာသော ကားနှစ်စီး မိုင်ဆွဲခံရပြီး သုံးဦးပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2022/06/21/jun21-az1/): စစ်ကိုင်းတိုင်းဒေသ အင်းတော်နယ်တွင် မဲဇာကျေးရွာ၏ ရဲစခန်းမှူးအပါ စီးနင်းလာသော ကားနှစ်စီးကို ယမန်နေ့ ဇွန်လ ၂၀ရက် မွန်းလွှဲ ၃နာရီဝန်းကျင်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စခန်းမှူးအပါ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခသတင်းအရင်းအဖြစ်ထံမှသိရသည်။ အဆိုပါ ကား ၂စီးတွင် စခန်းမှူးအပါ ရဲတပ်သား ၃ဦးပါဝင်ပြီး အင်းတော်မြို့မှ မဲဇာဘက်သို့ ပြန်ခေါက်လာခဲ့ရာ လမ်းခုလပ်တစ်နေရာတွင် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း တစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။ “အင်းတော်နဲ့မဲဇာကြားမှာတိုက်ခိုက်ခဲ့တာဟုတ်တယ်။ အဲ့ဒီ စခန်းမှူးက အင်းတော်နဲ့ မဲဇာကြားမှာ အမြဲတမ်းသွားလာနေကြ။ ဒီတစ်ခါတော့ သူတို့သွားနေကြအချိန်ကို ခန့်မှန်းပြီးတော့ ထောင်ထားလိုက်တာ ကွက်တိဖြစ်သွားတဲ့ သဘောပါ။ ထိခိုက်မှုကတော့ စခန်းမှူးရဲ့မျက်နှာတွေစုတ်ပြတ်သတ် သွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားတယ်”ဟုပြောဆိုသည်။ ထိုနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်းတော်ဘက်မှ ရဲကားနှင့် စစ်ကား အမြောက်အများရောက်လာခဲ့ကြောင်းသိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ပြန်လည်ဆုတ်ခွာသွားနိုင်ခဲ့ကြောင်း သူကဆက်ဆိုထားသည်။ အင်းတော်နယ် PDF အဖွဲ့၏ တိုက်ခိုက်ခံရသော မဲဇာရဲစခန်းမှူးသည် ဦးမောင်မောင်လှတင့် ခေါ်သူဖြစ်ပြီး မကြာသေးမှီအချိန်က မြို့နယ်ရဲစခန်းမှူးမှ မဲဇာရွာ၏ စခန်းမှူးအဖြစ် ရာထူးလျော့ခံထားရသူဖြစ်ကြောင်းသိရသည်။ - [မြစ်ကြီးနားတက္ကသိုလ်အနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ](https://burmese.kachinnews.com/2022/06/21/jun21-sm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းအနီးတွင် ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်ခန့်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်သည် Crown ကားအမျိုးအစားမောင်းနင်းလာသည့် အမျိုးသားတစ်ဦးက လမ်းမနဘေးတွင် သွားနေသော ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်ခဲ့ရာမှ ဆိုင်ကယ်မောင်းနင်းလာသည့် ၂ဦးအနက် တစ်ဦးက ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။ “ကားမောင်းလာတဲ့သူက လမ်းဘေးမှာ ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ယောက်စလုံးကို ဝင်တိုက်တာ။ အဲ့မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားက ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်အမျိုးသမီးကတော့ ဒဏ်ရာရသွားတယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ လမ်းဘေးမှာရပ်‌ နေတဲ့အမျိုးသမီးတစ်ဦးကလည်း ထပ်တိုက်ခံရသေးတယ်”ဟုပြောဆိုသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးသွားသည့် အမျိုးသားသည် အသက် ၂၀ ဝန်းကျင်ခန့်ရှိသူဖြစ်ပြီး သူ၏ ခေါင်းနှင့် ရင်ဘက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာတွင် ထိခိုက်ဒဏ်ရာရှိသွားသည့် အမျိုးသမီး ၂ဦးသည်လည်း မြစ်ကြီနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည့် အမျိုးသားကို မြစ်ကြီးနား ယာဉ်ထိန်းရဲများနှင့်ဆက်သွယ်ပြီး အမှုဖွင့်အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ဆက်လက်သိရသည်။ မြစ်ကြီးနားမြို့တွင် ယခုလ ဇွန်လ တစ်လအတွင်း ယာဉ်တိုက်မှု ၈ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီဖြစ်သည်။ - [ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/20/jun20-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ရက် ယနေ့ နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူ အမျိုးသား ၅ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ စစ်အင်အား၇၀ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဇွန်လ၁၈ရက်နေ့ ညောင်ပင်တဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဇွန်လ ၁၉ရက်နေ့တွင် ဒေသခံအမျိုးသား၅ဦးနှင့် အမျိုးသမီး၃ဦး စုစုပေါင်း ၈ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့တွင် အမျိုးသား ၅ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “အမျိုးသား ၅ယောက်ထဲက ၂ယောက်ကတော့ တူတွေဘာတွေနဲ့ထုပြီး ရိုက်သတ်ထားကို တွေ့ရတယ်။ အဲ့ဒီနှစ်ယောက်ကိုတော့ ပြောင်းခင်းထဲမှာ ဒရွတ်တိုက်ဆွဲပြီးတော့ မီးရှို့သွားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အိမ်ထဲမှာပဲမီးရှို့ထားခဲ့တယ်။ ကျန်တဲ့တစ်ဦးကတော့ သူတို့နှိပ်စက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားပြီး နားထင်မှာတစ်ချက် ဗိုက်မှာတစ်ချက် ပစ်သတ်ခံထားရတယ်”ဟုပြောဆိုသည်။ အဆိုပါသတ်ဖြတ်ခံရသည့် အမျိုးသား ၅ဦးသည် ညောင်ပင်တဲရွာသားများဖြစ်ပြီး အသက်၄၀ ဝန်းကျင် အရွယ်များဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ၈ဦးတွင် အမျိုးသားများကိုသာသတ်ဖြတ်ခဲ့ပြီး ကျန်အမျိုးသမီး၃ဦးကိုတော့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံအမျိုးသား ၅ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ညောင်ပင်တဲကျေးရွာမှ နေအိမ် တစ်လုံးကိုလည်းမီးတင်ရှို့ခဲ့သည်ဟုဆက်လက်သိရသည်။ လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ညောင်ပင်တဲကျေးရွာအနီးမှ ရွာတော်လေးကျေးရွာအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီး အဆိုပါ ရွာတော်လေးကျေးရွာမှ ဒေသခံပြည်သူများကလည်း ကျေးရွာမီးရှို့ခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့သည် ယခုလ ဇွန်လ ၁၄ရက်တွင်လည်း တောကျောင်းလေးရွာ၏ လူနေအိမ် ၁၀၀ ဝန်းကျင်ကို မီးရှို့ပျက်ဆီးသွားပြီး … - [ယင်းမာပင်နယ် NUG အခြေခံပညာရေးကျောင်းတွင် ဆရာ/ဆရာမ မလုံလောက်သည့်အတွက် အခက်တွေ့နေ](https://burmese.kachinnews.com/2022/06/20/jun20-az2/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့၏ လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသော အခြေခံပညာရေးကျောင်းပေါင်း ၈၀ ကျော်ခန့်ရှိနေပြီး ထိုစာသင်ကျောင်းများတွင် သင်ကြားပေးမည့် ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အတွက် သင်ကြားပိုင်းအတွက် အခက်အခဲဖြစ်နေကြောင်း ယင်းဒေသမှ တာဝန်ရှိသူများထံမှသိရပါသည်။ ယင်းမာပင်မြို့နယ်တွင် NUG အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလခန့်မှ စတင်လှုပ်ရှာဆောင်ရွက်လာခဲ့ရာ လက်ရှိအချိန်ထိဖွင့်လှစ်ထားနိုင်သည့် စာသင်ကျောင်းပေါင်း ၈၃ ကျော်အထိရှိခဲ့ပြီး ထို စာသင်ကျောင်းဖွင့်လှစ်ထားသည့် နေရာဒေသတစ်ချို့တွင် စာသင်ကြားပေးမည့် ကျောင်းဆရာ/မ လုံလောက်မှုမရှိသည့်အတွက် သင်ကြားရေးပိုင်းတွင် အချိန်ကျန့်ကြာမှုများရှိနေသည်ဟု ယင်းမာပင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြော သည်။ “အခုတော့သင်ကြားရေးပိုင်းမှာ ပုံမှန်အနေအထားလောက်ကိုရောက်နေပါပြီ။ တချို့ကျောင်းတွေမှာဆိုရင် အားကစားပွဲတွေ စုံညီပွဲတွေလည်းစပြီး လုပ်ဆောင်နေပါပြီ။ ကျွန်တော်တို့ကွင်းဆင်းပြီးတော့မှ စည်းရုံးလှုံ့ဆော်နေပေမယ့် ကွင်းဆင်းပြီးတဲ့ကျေးရွာတိုင်းကိုတော့ မဖွင့်နိုင်သေးပါဘူး။ အခုဖွင့်လှစ်နိုင်တာကတော့ ကျောင်းပေါင်း ၈၃ ကျောင်းအထိတော့ရှိတယ်။ ကျေးရွာပေါင်း ၈၃ ရွာပေါ့။ ကျနော်တို့မှာ အခက်အခဲကတော့ရှိနေတယ်။ တချို့နေရာတွေဆိုရင် သင်းကြားရေးလုပ်ချင်ပေမယ့် ဆရာ/ဆရာမ မရှိတဲ့အခက်အခဲလေးတွေဖြစ်နေတယ်။ တချို့ကျောင်းတွေမှာက သင်ကြားရေး ဆရာ/ဆရာာမတွေက နည်းနေဆဲပဲဖြစ်တဲ့အတွက် စာသင်ကြားပေမယ့် ဆရာတွေလိုအပ်နေတယ်”ဟုပြောဆိုသည်။ NUG အစိုးရလက်အောက် ဖွင့်လှစ်ထားသော စာသင်ကျောင်းပေါင်း ၈၃ ကျောင်းတွင် CDM ဆရာ/ဆရာမများနှင့်ဘွဲ့ရရှိထားသူများ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၀၀၀ ကျော်ခန့်သာရှိနေပြီး NUG ပညာရေးကျောင်းတွင် ဝင်ရောက်သင်ကြားမှုခံယူနေသော ကျောင်းသား/ကျောင်းသူများ သောင်းချီရှိနေသည်ဟု လည်းသူကဆက်ဆိုထားသည်။ “ကျောင်းအားလုံးတော့မဟုတ်ဘူး။ တချို့ကတော့ မူလတန်းအဆင့်နိုင်ရင် မူလတန်းအဆင့်ဖွင့်ထားပေးတယ်။ ကျောင်းအများစုကတော့ အလယ်တန်းကျောင်းတွေဟုတ်တယ်။ အထက်တန်းအဆင့်ထိသင်တဲ့ ကျောင်းတွေလည်း တချို့ရှိပါတယ် ။ ဆရာ/ဆရာမ … - [ဖားကန့်တွင် ဒလန်ဟုသတင်းထွက်နေသည့် အမျိုးသား ၃ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/06/20/jun20-az1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာနှင့်လုံးခင်းကျေးရွာ ၂ခု၏ နယ်နမိတ်အစပ်နားတွင် ဒလန်ဟုဆိုရသော အမျိုးသားသုံးဦး လက်နောက်ပြန်ကြိုးသုတ်ကာ ပစ်သတ်ခံထားရပြီး သေဆုံးနေသည့် ရုပ်အလောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိရကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဉ်သည် ယနေ့နံနက် အစောပိုင်း ၂ နာရီခန့်အချိန်တွင် မှော်စီဆာနှင့် လုံးခင်း ကျေးရွာ ၂ခု၏ အစပ်ကြားရှိ ပေါ်ဦး လက်ဖက်ရည်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား သုံးဦးစလုံးကို လက်နောက်ပြန်ကြိုးသုတ်၍ သေနတ်ပစ်သတ်သွားကြောင်းဖြစ်သည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “အခုသတ်ခံထားရတဲ့သုံးယေက်က ဒလန်ဆိုပြီးသတင်း ထွက်နေတဲ့ လူတွေလို့ပြောကြတယ်။ ၃ယောက်စလုံးကို ဦးခေါင်းမှာပစ်သတ်ထားတာ။ မနက် ၆နာရီလောက်မှာက တစ်ယောက်တဲ့ မသေသေးဘူးလို့ပြောတယ်။ နောက် ၇နာရီလောက်မှာ အဲ့အလောင်းတွေကို နာရေးကူညီမှုအသင်းတစ်ခုကလာကောက်ယူသွားပြီ။ ဖြစ်တာက ဒီမနက် မိုးမလင်းခင်လောက်မှာ ဖြစ်သွာတာနေမှာ။ အာလုံးက ဒီမနက်မှ တွေ့ကြတယ်”ဟု ပြောဆိုသည်။ ယခုသတ်ခံရသည့် အမျိုသားသုံးဦးသည် တောမှော်ကျေးရွာမှ အသက် ၆၀ အရွယ်တစ်ဦး၊ မဆွပ်ယန်ကျေးရွာမှ အသက် ၅၀ အရွယ်တစ်ဦးနှင့် ဆိုင်းဂျာဘွမ်ကျေးရွာမှ အသက် ၃၀ အရွယ်ရှိအမျိုးသားသုံးဦးတို့ဖြစ်ကြပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို အသေးစိတ်မသိရသေးပေ။ ထိုနည်းတူ ပြီးခဲ့သော မေလ ၃၁ရက်နေ့တွင်လည်း ဖားကန့် ဆွတ်အောင်ကျေးရွာအနီး မက်လင်ချောင်ကျေးရွာမှ လောပန်ဦးအုပ်ကျော်အပါအဝင် အမျိုးသား ၄ဦးသည်လည်း လက်နောက်ပြန်ကြိုးသုတ်ကာ တစ်နေရာစုပုံထားပြီး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ဖားကန့်မြို့နယ်တွင် ၂၀၂၂ခုနှစ်အတွင်းမှ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများများနှင့် ဒလန်ဟု သတင်းထွက်ပေါ်နေသူများ သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိပြီး ယခုဇွန်လအထိ သတ်ဖြတ်ခံရသူ … - [ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေသည့် လူစုလူဝေးဘက် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦးကျည်စထိမှန်](https://burmese.kachinnews.com/2022/06/19/jun19-zm2/): ဖားကန့်မြို့ လုံးခင်အုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့် မွေးနေ့ကျင်းပနေချိန် စစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင် လုံးခင်အုပ်စု ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေချိန် ဖားကန့်အချုပ်ထောင်ဘက်မှ သပိတ်ကျင်းပနေသည့်ဘက်သို့ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက်ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့သည်ဟု သပိတ်ဦးဆောင်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ကျနော်တို့ မွေးနေ့နဲ့ စစ်အာဏာဆန့်ကျင်တဲ့ သပိတ်လုပ်နေတဲ့နေရာ အချုပ်ထောင်က ဟိုဘက် ဒီဘက်ဟုတ်တယ် သပိတ်လုပ်နေတဲ့ချိန် ပစ်ထည့်လာတာ ခုထိတာက သပိတ်မှာပါတဲ့သူတော့ မဟုတ်ဘူး။ ဘေးနားမှာရှိတဲ့ အိမ်ထဲမှာနေတဲ့သူတွေ ၃ယောက်ထိသွားတယ် ‌အခြေနေကတော့ စိုးရိမ်စရာမလိုဘူး” ဟုပြောဆိုသည်။ လက်နက်ကြီးကျည်စထိမှန်သူ ၃ ဦးမှာ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးဖြစ်ကာ ပေါင်၊ လက်မောင်း၊ ခြေထောက်တို့တွင် ထိမှန်ခဲ့သည်ဟုသိရသည်။ ထို့ပြင် လက်နက်ကြီးကျည်စ ထိမှန်သည့်အတွက် အနီးပတ်ဝန်းကျင်နေအိမ်မှ ကားတစ်စီး မှန်ကွဲသွားသည့်အပြင် နေအိမ်အချို့သို့ ကျည်စထိမှန်မူများရှိခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း လုံးခင်းအုပ်စုပြည်သူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့်မွေးနေ့အား အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။ “လက်နက်ကြီး ပစ်နေလဲ ကျနော်တို့တော့ သပိတ်အောင်မြင်အောင် လုပ်ခဲ့တယ်။ ပြောချင်တာကဘယ်လောက်ပဲခြောက်ခြောက် မကြောက်ဘူး ဆိုတာပါပဲတော်လှန်ရေး အင်အားစုတွေအနေနဲ့ လုပ်စရာရှိတာဆက်၍လုပ်ဆောင်သွားကြမယ်”ဟုလုံးခင်းသပိတ်ဦးဆောင်သူက ပြောသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းအုပ်စုပြည်သူများသည် … - [ပူတာအိုမှ ထောက်ပို့ဆင်းလာသော စစ်ယာဉ်တန်း မြစ်ကြီးနာအနီး ထပ်မံတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးဟုဆို](https://burmese.kachinnews.com/2022/06/19/jun19-zm1/): ပူတာအိုဘက်မှ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့အဝင် တန်ဖရဲကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် PDF အဖွဲ့တို့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KPDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်၏ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်အပါ စစ်ကား ၆၀ စီးကျော်ပါရှိသော ယာဉ်တန်းနှင့် ရှေ့တန်းလုံခြုံရေးယူပေးသည့် ခြေလျင်တပ်ဖွဲ့အား KIA နှင့် KPDF အဖွဲ့တို့က တန်ဖရဲနှင့် ကျိန်ခရန် ကျေးရွာ ၂ခုကြားတွင် ပဒေသာမိုင်းဖြင့် ၁၆ ကြိမ်ထက်နည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “ကျနော်တို့ပဒေသာမိုင်းထောင်ထားတဲ့ကွင်းထဲကို သူတို့ ခြေလျင်စစ်ကြောင်းဝင်လာတာနဲ့ ကွက်တိဖြစ်သွားတာ။ မိုင်းဆွဲလိုက်တဲ့အဲ့နေရာမှာ အကုန်လုံးက အတုံးတုံးအလဲလဲဖြစ်သွားကြတာ။ ကျနော်တို့ မြင်လိုက်ရတာက အတန်းလိုက်ကို လဲကျသွားတာ။ အဲ့နေရာမှာတင် အနည်းဆုံးသူဆုံးတဲ့သူတွေ ၂၀ ယောက်အထက်ရှိတယ်။ နောက်ပြီး ကျနော်တို့က ကြိုတင်နေရာပြင်ဆင်ထားပြီးသားမှာ နေရာသွားယူပြီး လက်နက်တွေနဲ့ ပြန်ပစ်တာ”ဟုပြောဆိုသည်။ KIA နှင့် PDF အဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်နေရာတွင် ခဏအကြာ ၂ဖက်တပ် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အနီးတဝိုက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်ဟု သူကဆက်ဆိုထားသည်။ ထို့နောက် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အထိနာများခဲ့သည့်အတွက် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆက်လက်သိရပါသည်။ “မိုင်းဆွဲခဲ့ပြီး ခဏလောက်ဆို … - [စစ်ကိုင်းတိုင်း မဲကုန်းရွာ မီးဘေးသင့် ပြည်သူ ၁၈၀၀ ကျော်အတွက်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/06/18/jun18-az1/): စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် လူနေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရသည့်အတွက် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်အတွက် အဝတ်အထည် နှင့် အစားအသောက်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ယင်း​ဒေသခံများထံမှသိရသည်။ ဇွန်လ ၁၃ ရက်နေ့ ဝက်လက်မြို့နယ် သမာကုန်းနှင့်မဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇွန်လ ၁၄ ရက်နေ့တွင် မဲကုန်းကျေးရွာကို လေကြောင်းလိုင်းအပါအဝင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လတ်တလောတွင် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော် အစားအသောက်များ ခက်အခဲကြုံတွေ့နေရသည်ဟု ကူညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက KNG သို့ပြောသည်။ “သူတို့အတွက်အခက်အခဲကတော့ အစားအသောက်အခက်အခဲဖြစ်နေတယ်။ အဝတ်အစား ကတော့ ဘေးနားက ရွာတွေက တတ်နိုင်သလောက် ကိုယ့် မှာရှိတဲ့အဟောင်းအနွမ်းတွေ ကိုလှူကြတာလေးတော့ရှိပါတယ်။ အစားအသောက် ကျတော့ ဘေးရွာကလည်း ပြေးနေရတဲ့အ​​ခြေအနေဆိုတော့ အများကြီး မပေးနိုင်ဘူးလေ။ သူတို့တောင် လုံလုံလောက်လောက်စားရတယ်မထင်ဘူး”ဟုပြောဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ထိုနေရာတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည့်အတွက် မဲကုန်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်မှန်သေဆုံးခဲ့​​​​ကြောင်းလည်း သိရသည်။ မဲကုန်းကျေးရွာသည် အိမ်ခြေ ၅၅၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး လူနေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လက်ရှိ မီးဘေးသင့်ပြည်သူများက နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်း၊ လယ်ခင်း ယာခင်း တောထဲသို့ တဲများထိုးကာ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “ရွာသားတွေ အားလုံးတစ်စုတစ်စည်းထဲ မရှိကြတော့ဘူး။ တချို့ကတောထဲမှာ တဲထိုးနေကြတာရှိတယ်။ ခုလောဆယ်က ပြန်လို့မရသေးတဲ့အနေထားမှာရှိနေတယ်။ စစ်ကြောင်းက မနီးနားရွာက … - [မြစ်ကြီးနားလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမူရှိနိုင်](https://burmese.kachinnews.com/2022/06/18/jun18-zm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက်တွင်ရှိသော စစ်ကောင်စီတပ်၏ လေတပ်စခန်းအား ယမန်ည ၇နာရီဝန်းကျင်တွင် မြို့ပြပျောက်ကြားအဖွဲ့မှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။ မြို့ပြပျောက်ကြားအဖွဲ့မှ လေတပ်စခန်းတွင်းရှိ ဝန်ထမ်းအိမ်ယာများနှင့် ကင်းပုန်းနေရာများကို အဓိက ပစ်မှတ်ထားပြီး သွား‌ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “ညနေပိုင်းကတည်းက နေရာသွားယူထားပြီး။ စခန်းတွင်းက ဝန်ထမ်းအိမ်ယာနဲ့ ကင်းပုန်းရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး 40 မမ ၁၀ လုံးလောက်ပစ်ထည့်နိုင်ခဲ့တယ်။ အထိအခိုက်‌တော့ အနည်းနဲ့အများရှိမယ်”ဟုပြောဆိုသည်။ ယခုကဲ့သို့ လေတပ်စခန်းအား ပစ်မှတ်ထားသွားရောက်ပစ်ခတ်ခြင်းသည် ပြည်သူများအား ထိခိုက်မူမရှိစေချင်သည့်အတွက် လေတပ်စခန်းကိုသာ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဆိုထားသည်။ “မြို့တွင်းမြို့ထဲမှာလည်း အကောင်ကြီးကြီးဝန်ထမ်းတွေရှိကြတယ်။ မလုပ်တာကပြည်သူတွေကို ငဲ့နေလို့ရယ်။ ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ အဲ့ကြောင့် အဓိက စစ်တပ်ပိုင်နက်ထဲကို ရွေးလုပ်နေရတာပါ”ပြောဆိုသည်။ အဆိုပါ မြို့ပြပျောက်ကြားတပ်ဖွဲ့သည် ယခုလ ဇွန်လ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ပေါ် သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာဝင်းအတွင်း အသံမိုင်းများဖြင့် သွားရောက် ခြိမ်းခြောက်ဖောက်ခွဲမှုများရှိခဲ့ပြီးနောက် မြစ်ကြီးနားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်တွင် ရှိနေသော ဝန်ထမ်းများကိုလည်း ရာထူးမှ နုတ်ထွက်ကြရန် သတိပေးထုတ်ပြန်ချက်များရှိခဲ့ပါသည်။ ယမန်ည လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသော စစ်ကောင်စီတပ်၏ လေတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ လေတပ်စခန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလွန် အထက်မော်ဖောင်းရပ်ကွက်တွင်တည်ရှိပြီး လက်ရှိအချိန်တွင် ယခင်ထက်လုံခြုံရေးများတင်းကြပ်ထားပြီး ယမန်ည တိုက်ခိုက်ခံရသည့်အတွက်ကြောင့် ယနေ့နံနက်ပိုင်းက လေတပ်စခန်းအနီးလမ်းများတွင် သွားလာသည့် ပြည်သူ့စစ်ချို့ကို စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ဆက်သိရသည်။ - [ပူတာအိုတွင် ဆီပန့်ဆိုင်အချို့ ဓာတ်ဆီပြန်လပ်၊ တစ်ပုလင်းကျပ်သုံးထောင်အထိပေးဝယ်ရ](https://burmese.kachinnews.com/2022/06/17/jun17-az3/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်တွင် ဇွန်လ ၁၆ရက်နေ့မှစပြီး စစ်သုံးဆီရောင်းသည့် ဆီပန့်ဆိုင်အချို့တွင် ဓာတ်ဆီပြတ်လပ်မှုများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။ မြစ်ကြီးနား နှင့် ပူတာအိုသွားလမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ပြီး  ဆီကားအဝင်မရှိသည့်အတွက် ဓာတ်ဆီပြတ်လပ်မှုများဖြစ်နေသည်ဟု ပူတာအိုမြို့ဆီပန့်အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက KNG ယခုလိုပြောဆိုသည်။ “မနေ့ကတည်းက ဓာတ်ဆီပြတ်နေတာ။ ကျနော်တို့ဆိုင်မှာက ဒီဇယ်တော့ရတယ်။ ဓာတ်ဆီမရနိုင်သေးဘူး။ နောက် တစ်ရက် နှစ်ရက်လောက်ဆိုတော့ရမယ်ထင်တယ်။ ဆီကားအဝင်မရှိတာ”ဟု ဆီပန့်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ပူတာအိုမြို့ပေါ်တွင် တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 စသော ဆီပန့်ဆိုင်သုံးဆိုင်သာရှိပြီး လတ်တလောတွင် တိုင်းကျော် ဆိုင်တစ်ဆိုင်၌သာ ဓာတ်ဆီရောင်းချပေးနေပြီး အပြင်ဆိုင်များတွင် တစ်ပုလင်းကို သုံးထောင်ကျပ်အထိပေးဝယ်နေရကြောင်း ဒေသခံများထံမှသိရသည်။ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား ပူတာအို လမ်းကြောင်းကို ပြီးခဲ့သော သုံးရက်ခန့်ကတည်းက ပိတ်လိုက်ဖွင့်လိုက်လုပ်ဆောင်နေသောကြောင့် ယာဉ်မောင်းတစ်ချို့လည်း သွားလာရေးခက်ခဲမှုရှိနေကြောင်းလည်း ယင်းလမ်းပိုင်းတွင် မောင်းနင်းနေသော ကားသမားတစ်ဦးကပြောဆိုသည်။ “ဒီနေ့လည်း ဆွမ်ပီယန်ဘက်ကနေ ခဏပိတ်ထားတယ်တယ်။ စစ်ကြောင်းဆင်းလာလို့ ညပိုင်းပြန်ဖွင့်မလားတော့မသိဘူး။ ခုရက်ပိုင်းက အဲ့လိုပဲ လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့လုပ်နေတော့ တချို့ကားသမားတွေဆို ကားမထွက်တော့ဘူး နားနေတာ”ဟု ကားသမားတစ်ဦးကပြောသည်။ ပူတာအိုမြို့တွင် ယနေ့ 92 တစ်လီတာ ၃၂၀၀၊ 95တစ်လီ​ တာ ၃၂၅၀ ကျပ်ဖြင့်ရောင်းချနေပြီး ဒီဇယ်တစ်ဂါလံ ၁၃၉၀၀ အထိရှိကြောင်းသိရသည်။ - [ချောင်းဦးနှင့်ဒီပဲယင်းမြို့နယ် ၂ခု၏ မီးဘေးသင့် ပြည်သူတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/06/17/jun17sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ် ၂ခုအတွင်းရှိသော ကျေးရွာ ၃ ခု၏ မီးဘေးသင့်ပြည်သူများ တစ်ထောင်ကျော်အတွက် မိုးကာနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း ထိုမြို့နယ် ၂ခုတွင် မီးဘေးသင့်ပြည်သူများကိုကူညီဆောင်ရွက်ပေးနေသော အမေ့ခြေရာပရဟိတအသင်း တို့မှသိရပါသည်။ စစ်ကောင်စီတပ်သည် ဇွန်လ၁၄ရက်နေ့တွင် ချောင်းဦးမြို့နယ် တောကျောင်းလေးရွာမှ လူနေအိမ် ၁၀၀ ခန့်နှင့် ဒီပဲယင်းမြို့နယ်မှ မူးကမ်းကြီး နှင့် အရှေ့ဆူးတပ် ကျေးရွာ ၂ခု၏ လူနေအိမ် ၁၅၈ အိမ်ခန့်အား မီရှို့ဖျက်စီးခဲ့သည့်အတွက်ကြောင့် လက်ရှိတွင် မီးဘေးသင့်ပြည်သူများ ယာယီခိုလှုံရန်နှင့် အစားအသောက်များ လိုအပ်နေသည်ဟု အမေ့ခြေရာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။ “မီးဘေးသင့်ကြတယ် ဆိုတော့ ဘာမှကိုမယူနိုင်လိုက်ကြဘူး။ အခုအရေးပေါ်လိုအပ်တာကတော့ ဆီရယ် ဆန်ရယ် မိုးကာရယ်။ ဘာလိုလဲဆိုတော့ ကျနော်တို့မှာ မိုးကျနေပြီ။ အားလုံးက တောထဲမှာနေရကျတော့ မိုးကာက အရေးပေါ်လိုအပ်နေတယ်။ နောက်ပြီးတော့ ဆီ ဆန်က ချောင်းဦးမြို့နယ်ကနေ ထောက်ပံ့နေတယ်။ ကျနော်တို့က တစ်ရက်ကိုဆန်တင်းရေ ၂၀ လောက်ရှိမှ လုံလောက်မှာဖြစ်တယ်။ ဆီဆို တစ်ရက်မှာ ၁၀ ပိဿာပုံး ၅ပုံးနဲ့ ၁၀ပုံးကြားရှိတယ်”ဟုပြောဆိုသည်။ လက်ရှိ ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ် ၂ခု၏ မီးဘေးသင့် ပြည်သူ တစ်ထောင်ကျော်ခန့်အတွက် ယာယီတဲများဆောက်လုပ်ရန် အခက်အခဲရှိနေသဖြင့် ကျေးရွာအတွင်းရှိသော ဘုန်းကြီးကျောင်းများ နှင့် ဆွေမျိုးသားချင်းအိမ်များတွင် ခိုလှုံနေရကြသည်ဟု သိရသည်။ အဆိုပါ မီးဘေးသင့် ပြည်သူများသည် ယခင်နှစ်တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး စုဆောင်းထားသော စပါးကျီများနှင့် အိမ်မွေးတိရစ္ဆာန်များသည်လည်း ကျေးရွာမီးရှို့ခံရမှုတွင် ပါသွားသည့်အတွက်ကြောင့် စားဝတ်နေရေးအတွက် … - [ဖားကန့်တွင် လူထုသပိတ် နှင့် PDF အဖွဲ့တို့ စစ်တပ်ထုတ်ကုန်များ ဖမ်းဆီး ဖျက်ဆီးခဲ့ကြ](https://burmese.kachinnews.com/2022/06/17/jun17-az2/): ဖားကန့်မြို့နယ်တွင် ဆန္ဒပြထုတ်ဖော်နေသည့် ပြည်သူလူထုများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တို့ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်များဖြစ်သည့် ABC နှင့် Dragon စီဘီယာများ အဖာတစ်ရာကျော်ခန့်ကို ဖမ်းဆီးဖျက်ဆီးပေးနိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ သိရသည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လူထုသပိတ်စစ်ကြောင်းနှင့် PDF အဖွဲ့တို့က ဆိုင်းတောင်းကျေးရွာအုပ်စုရှိ စျေးဆိုင်တစ်ချို့နှင့် ရောင်းဝယ်ဖောက်ကားမှုများပြုလုပ်နေသော နေရာများတွင် လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးရရှိသော စီဘီယာများကို သိမ်းယူဖျက်ဆီးခဲ့ကြသည်ဟု ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။ “ဘာကြောင့် သိမ်းဆည်းတယ်ဆိုတာကတော့ အခုလိုအာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အချိန်မှာ စစ်တပ်ထုတ် ကုန်တွေကိုမရောင်းချကြဖို့ KIO အနေနဲ့လည်း ထုတ်ပြန်ထားပြီးသားရှိပါတယ်။ ဒါကဖားကန့်မြို့နယ်ထဲက ဆိုင်တချို့ထဲက စစ်ဆေးရမိလို့သိမ်းဆည်းရမိတာပါ။ ABC နဲ့ Dragon ဘီယာတို့အဖာတစ်ရာကျော် ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပြီးဖျက်ဆီးပေးလိုက်တယ်”ဟုဖားကန့် မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖားကန့်ဒေသတွင် တားမြစ်ထားသည့် စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ကြရန် KIO ဘက်က တားမြစ်ကြောင်း ထုတ်ပြန်ကြေညာထားမှုများရှိခဲ့သလို လူထုသပိတ်များတွင်လည်း စစ်ကောင်စီထုတ်ကုန်များ အားမပေးကြရန် ပုံမှန်ပြောဆိုမှုများနေသည့်အတွက်ကြောင့် ယခုကဲ့သို့သိမ်းဆည်းဖျက်ဆီးသွားမည်ကို အသိပေးမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။ “ဆိုင်တွေမှာ ဝင်ရောက်စစ်ဆေးဖို့က သီသန့်အသိပေးထားတာမျိုးတော့မရှိပါဘူး။ KIO/KIA ရဲ့ သတိပေးထုတ်ပြန်ချက်လောက်ပါဘဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ သပိတ်ထွက်တဲ့ခါတိုင်းတော့ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတာတွေ မပြုလုပ်ဖို့၊ နောက် လက်လီလက်ကားရောင်းချတာတွေ မလုပ်ဖို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ဘာအသိမှမပေးထားပဲ လုပ်ငန်းဝင်တဲ့သဘောပါ”ဟုပြောဆိုသည်။ လူထုသပိတ်အဖွဲ့နှင့် PDF တို့က နောက်ထပ် ရောင်ဝယ်ဖောက်ကားမှုများနှင့် ဝယ်ယူသုံးစွဲခြင်းများ မပြုကြရန် ထပ်မံသတိပေးထားပြီး နောက်တစ်ကြိမ်စစ်ဆေးမှုတွင် တွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု … - [စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2022/06/17/jun17-ld1/): ရှမ်းမြောက် ကွက်ခိုင်မြို့အနီး ဇွပ်အောင်စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ကွတ်ခိုင်ဗျူဟာကုန်း မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ရှောင်အမျိုးသမီး ၃ ဦး သေဆုံးကာ အဘိုးအို ၁ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း စစ်ရှောင်များထံမှ သိရသည်။ ယနေ့ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထိုနေရာတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ ဇွပ်အောင် စစ်ရှောင်စခန်းရှိရာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ယခုလို သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦး မှ KNG ကို ပြောသည်။ “လက်နက်ကြီးထိပြီး သေဆုံးသူ ၃ ဦး နောက်ပြီး အဘိုးတစ်ယောက်က ထိခိုက်ဒဏ်ရထားတယ်။ တိုက်ပွဲဖြစ်တာကြောင့် လာကျတာ မဟုတ်ဘဲ စစ်တပ်ဘက်က ကွတ်ခိုင်ကနေ ပစ်ထည့်နေတာ စစ်ရှောင်စခန်းတွင်း လာကျနေတယ်။ ကျမတို့ အရမ်းထိပ်လန့်နေကြတယ်။ တချို့ဆို ခိုအောင်းစရာနေရာ မရှိလို့ အရမ်းကြောက်ပြီး စိုးရိမ်နေကြတယ်။” ဟု ဇွပ်အောင်စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ သေဆုံးသူ အမျိုးသမီး ၃ ဦးမှာ ဒေါ် လုပ်ဆိန့် ယော်လွမ် ( အသက် ၅၂ နှစ်)၊ ဒေါ် ဖော်ဂွန် နောန်လိုင် ( အသက် ၅၆ နှစ်) နှင့် ဒေါ် ဇွမ်ဇန် ဒေါင်နော ( အသက် ၂၈ နှစ်)၊ ထိခိုက်ဒဏ်ရာရ သူမှာတော့ အသက် ၈၀ အရွယ် … - [စစ်ကောင်စီတပ်၏ ပူတာအို ထောက်ပို့ ခရီးစဉ်တွင် စစ်သား ၃၀ ကျော် သေဆုံးပြီး ၆၀ ကျော် ထိခိုက်](https://burmese.kachinnews.com/2022/06/17/jun17-yl1/): မြစ်ကြီးနား မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းကို တစ်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လမ်းတစ်လျောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် စစ်ကား ၅ စီး ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးကာ ၆၀ ကျော် ထိခိုက်ခဲ့သည်ဟု KIA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သော မေလ ၁၁ ရက်နေ့မှ စတင်ပြီး မြစ်ကြီးနားဘက်မှ စစ်အင်အား ၅၀၀ ဝန်းကျင်အပါ စစ်ရိက္ခာသယ်ဆောင်သည့် စစ်ကား ၈၀ စီးခန့်ပါသော ယာဉ်တန်းကို ပူတာအို အတက်လမ်းတွင် ၅ကြိမ်ထက်မနည်းနှင့် ယခု ဇွန်လ အဆင်းလမ်းတွင် ၇ ကြိမ်ခန့် ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် ယနေ့အထိ တိုက်ပွဲပေါင်း ၁၂ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “စတက်လာတဲ့အချိန်တုန်းကတော့ စစ်အင်အား ၁၅၀ လောက်ပါတဲ့အဖွဲ့နဲ့ စဖြစ်ကြတာဟုတ်တယ်။ အတက်ပိုင်းမှာဘဲ တိုက်ပွဲဖြစ်တာ ၅ကြိမ်လောက်ရှိတယ်။ အဲ့ထဲမှာ သူတို့ရဲ့ ရိက္ခာသယ်လာတဲ့ စစ်ကား ၄စီးပါတယ်။ သေဆုံးတဲ့သူက ၁၀ယောက်အထက်ရှိတယ်။ အဆင်းဘက်မှာ ခင်ဒူနဲ့ ဖုန်ကျန်းနားမှာ ပြန်ဖြစ်တဲ့နေရာမှာက ကားတစ်စီးပြန်သွားတယ်။ နောက် မိုင်ထောင်းနဲ့ ခဂရန်းကြားမှာ ပြန်ဖြစ်တဲ့နေရာမှာလည်း တော်တော်ထိသွားကြတယ်။ အဲ့ကြောင့် မနေ့ကအထိ တိုက်ပေါင်း ၁၂ နေရာမှာ ၁၂ကြိမ်ဖြစ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်တွင် … - [ကချင်တွင် စစ်အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ငါးထောင်ကျော်အထိရှိ](https://burmese.kachinnews.com/2022/06/17/jun17-az1/): စစ်အစိုးရ၏ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ ဇွန်လ ၁၇ရက်နေ့တွင် တနိုင်းငံလုံးအတိုင်းတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ငါးထောင်ကျော်အထိရှိခဲ့ကြောင်းသိရပါသည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောင်စာရင်းတွင် ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားဦးရေ ၁၁၄၈၃ အထိရှိခဲ့သည့်အနက် ၅၃၂၅ ဦးအောင်မြင်ခဲ့ကြောင်းနှင့် မြစ်ကြီးနားနှင့် ဗန်မော်သည် အောင်ချက်အများဆုံးဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့နယ်တွင် ကျောင်းသား ၁၂၆၈ ဦးအောင်မြင်ပြီး ဗန်းမော်မြို့နယ်မှ ၁၀၅၃ ဦးအထိအောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုရန် ၁၂၇၈၇ဦး စာရင်းရရှိခဲ့သော်လည်း စာမေးပွဲတွင် ၁၁၄၈၃ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ဆက်သိရပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ့်မြို့နယ်နှင့် ပူတာအိုဒေသဖြစ်သည့် ခေါင်လန်ဖူး တို့တွင် အောင်ချက်ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပြီး ဆွမ်ပရာဘွမ့်မြို့နယ်မှ ၁၁ ဦး၊ ခေါင်လန်ဖူးဒေသမှ ၉ဦးတို့သာအောင်မြင်ခဲ့ကြောင်းသိရပါသည်။ စစ်ကောင်စီအစိုးရ၏ ၂၀၂၁-၂၀၂၂ခုနှစ် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၃၁ ခုအထိဖွင့်လှစ် ဖြေဆိုနိုင်ခဲ့ကြပြီး အင်ဂျန်းယန်နှင့်ဆော့လော် စသောမြို့နယ် ၂ခုတွင် ကျောင်းအပ်နှံသူမရှိသည့်အတွက်ဝင်ရောက်ဖြေဆိုသူမရှိခဲ့ပေ။ ကချင်ပြည်နယ်သည် တနိုင်ငံလုံးအဆင့် အောင်ချက်ရာခိုင်နှုန်း ၄၆ အဆင့်တွင်ရှိပြီး တနိုင်ငံအလုံးအတိုင်းအတာဖြင့် အောင်ချက်အဆင့်သတ်မှတ်နှုန်း အဆင့် ၇ နေရာတွင်ရှိခဲ့ကြောင်းနှင့် မွန်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အဆင့် ၁နေရာတွင်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ကြေညာချက်မှ ထပ်မံသိရှိရသည်။ - [ကချင်ဘက်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ထီးချိုင့်တွင် တစ်ရက်အတွင်း ၄ကြိမ်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/06/16/jun16-az2/): ကချင်ပြည်နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းသည် ထီးချိုင့်နယ်တွင် တစ်ရက်အတွင်း ၄ နေရာ KIA နှင့် PDF ပူးပေါင်းတပ်တို၏ တိုက်ခိုက်မှုကို ခံရသဖြင့် ထိခိုက်သေဆုံးမှု ထပ်မံ ရှိခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။ ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ထီးချိုင့်နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း ကားအစီး ၃၃ စီးကို ဘိုတဲကုန်းရွာ၊ ဇီးဖြူကျင်းရွာနှင့် အလယ်တော စသည့် ကျေးရွာ ၃ ရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “မနေ့က အင်းတော်ဘက်ကနေ ထွက်လာတဲ့ယာဥ်တန်းတွေကို ထီးချိုင့်နယ်အရောက် ဘိုတဲကုန်းရွာအနားမှာ တစ်ခေါက် ဆွဲမိုင်းနှစ်လုံးနဲ့တိုက်ခဲ့တယ်။ ပြီးရင် ဇီးဖြူကျင်းရွာအလွန်မှာကျတော့ ၄၀ မမ ဗုံးတီးနဲ့ သုံးချက်ပစ်လိုက်တယ်။ အဲ့မှာ ၂လုံးတော့ကွဲတယ်။ နောက်ပြီးမှ အလယ်တောဆိုတဲ့ရွာအထက်မှာ ဆွဲမိုင်းလေးလုံးနဲ့ ထပ်ဆွဲတယ်”ဟု ပြောဆိုသည်။ ထို့နောက် ဆာတွင်းအနီးတွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ထပ်မံ သိရသည်။ “ရှေ့မှာ ၃ နေရာ တိုက်ခိုက်ခံရပြီး ဆားတွင်းရွာဘက်ပြန်တက်လာတဲ့အချိန်မှာ နောက်ထပ်မိုင်းလေးလုံးလောက်နဲ့ ထပ်ဆွဲတယ်။ အဲ့မှာက ကားတစ်စီးပျက်စီးသွားတယ်တွေ့ရတယ်။ အဲ့ကားကိုတော့ကြိုးနဲ့မြို့ထိဆွဲ သွားတယ်။ ကျဆုံးအရေအတွက်က ၂၀ လောက်တော့ ထိလိမ့်မယ်။ အဲ့လောက်တော့ ခန့်မှန်းလို့ရတယ်။ အလောင်းတွေကိုတော့ ကားပေါ်မှာတစ်ခါတည်းပဲ ကောက်တင်သွားတာ ကားပေါ်မှာ အလောင်းရွေ့တာတွေ တင်တာတွေတော့မျက်မြင်ပဲ” ဟု … - [တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/06/16/jun16-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်‌ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ချောင်းဦး PDF အဖွဲ့ CHU LDF နှင့် မဟာမိတ်တပ်ပေါင်းစုများမှ တောကျောင်းလေးရွာနှင့် ကင်မွန်းတော်ကျေးရွာ ၂ခုကြားရှိ လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု CHU LDF မှသိရသည်။ အဆိုပါ စစ်ကြောင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “တောကျောင်းလေးကျေးရွာက မီးရှို့ပြီး ပြန်ထွက်လာတဲ့ ခွေးစစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ။ မနက် ၄ နာရီလောက်ကစပြီး စစ်ခွေး၊ ပျူခွေးတွေက တောကျောင်းလေးကျေးရွာကို မီးရှို့ပြီး တောကျောင်းလေးရွာကနေ အရှေ့နယ်တွေဘက်ကို ကူးလာတဲ့အချိန်မှာ ကျွန်တော်တိုရဲ့ ပြောက်ကျားရဲဘော်တွေက အသင့်စောင့်ဆိုင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်”ဟုပြောဆိုသည်။ ထိုသို့ ချောင်းဦး PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိခဲ့ဘဲ ၂ဖက်တပ်ပြန်လည်နောက်ဆုတ်ခဲ့ကြကြောင်း ဆက်သိရသည်။ စစ်‌ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည် စစ်ကြောင်းဖြစ်ပြီး ဇွန်လ ၁၂ရက်နေ့တွင် တောကျောင်းလေးရွာသို့ ကျေးရွာကို မီးရှို့ရန် ဝင်ရောက်တပ်စွဲခဲ့ကြသည်။ ယင်းကဲ့သို့ ကျေးရွာအတွင်း တပ်စွဲနေထိုင်စဉ်အတွင်း ဒေသခံများ၏ စားနပ်ရိက္ခာများ၊အိမ်မွေးတိရစ္ဆာန်များနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကိုလုယက်ခဲ့မှုများပြုလုပ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ခန့်ကို မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၄ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ - [စစ်တပ် အရာရှိ နှင့် ကျောက်စိမ်း တင်ဆောင်ထားသော ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ထိခိုက်သေဆုံးမှု များပြား](https://burmese.kachinnews.com/2022/06/16/jun16-yl1/): မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု KIA ရှေ့တန်း အရာရှိတစ်ဦးထံမှ သိရသည်။ မိုးညှင်း အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ စစ်ကား ၃၃ စီးသည် ဇွန်လ ၁၅ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် မိုးညှင်းမြို့မှ ထွက်လာခဲ့ရာ အင်းတော်မြို့နယ် မော်လူးနှင့် နဘား ကြားတွင် တစ်ကြိမ်၊ အင်းတော်လမ်းဆုံ ကျောင်းကုန်းအနီးတွင် တစ်ကြိမ် စသဖြင့် နှစ်နေရာတွင် ၁၅ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင် ကွပ်ကဲနေသော KIA အရာရှိတစ်ဦး က KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။ “ထိခိုက်ဒဏ်ရာရတဲ့သူများတယ်။ သေဆုံးတဲ့သူတွေလည်းပါတယ်။ ကားထဲကို ထိခိုက်တဲ့သူတွေကော၊ သေဆုံးတဲ့သူတွေကော ကောက်ထည့်တာဘဲမြင်ရတယ်။ ထိခိုက်သူနဲ့ သေဆုံးသူ အားလုံး ၂၀ ကျော်လောက်ရှိတယ်” ဟု ပြောဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဖားကန့် မှ ကျောက်စိမ်းများသယ်ဆောင်ကာ မိုးညှင်းသို့ ဆင်းလာခဲ့ပြီး ယခုတဖန် မိုးညှင်းမှတဆင့် အရာရှိများပါဝင်ကာ မန္တလေးဘက်သို့ ဆင်းလာချိန် ကချင် စစ်ကိုင်း နယ်စပ်တွင် မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မော်လူး နှင့် နဘားကြား ၅ ကြိမ်ထက်မနည်း … - [နန့်ရင်းချောင်းရေကြီးမှုကြောင့် လူနေရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှုကြုံတွေ့နေရ](https://burmese.kachinnews.com/2022/06/16/jun16-az1/): ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် နန့်ရင်းချောင်းရေမြင့်တက်နေပြီး ချောင်းနှင့်နီးသော မြေနိမ့်ပိုင်း ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၅ရက်​နေ့ ညပိုင်း ၃နာရီအချိန်ခန့်မှ မိုးသည်းထန်စွာရွာသွန်းမှုဖြင့် နန့်ရင်းချောင်းအထက်ဘက်တွင် ရေကြီးရေလျံဖြစ်ကာ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး ချောင်းရေ ၁၀ ပေခန့်အထိ ရုတ်တရက်ရေမြင့်တက်လာခဲ့ပြီးနောက် လက်ရှိတွင် မိုးညှင်းမြို့ပေါ်ရှိ ရပ်ကွက် ၃နေရာခန့်တွင် ရေဝင်ရောက်မှုများကြုံတွေ့နေရသည်ဟု နောင်စွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက KNG သို့ပြောသည်။ “ဘယ်ရပ်ကွက်တွေဝင်သလဲဆိုတော့ နောင်စွန်း အောက်ချိုင့်မှာရေဝင်တယ် ပြီးတော့ ရေလည်ကျွန်းတို့မှာလည်းရေဝင်တယ် နတ်ကြီးကုန်းအောက်ချိုင့်တွေမှာရေဝင်တာ အိမ်တွေထဲထိရေဝင်တာရှိတယ် အများကြီးဝင်တာမဟုတ်ဘူး ပြောင်းရွေ့တာဘာညာတော့လော လောဆယ် မရှိသေးဘူးရှင့်”ဟုပြောဆိုသည်။ လတ်တလောတွင် နောင်စွန်း၊ ရေလည်ကျွန်းနှင့် နတ်ကြီးကုန်း စသော မြေနိမ့်ပိုင်းဖြစ်သည့် ရပ်ကွက် ၃ ခုတွင်သာ ရေဝင်ရောက်မှုများရှိနေပြီး တောင်ကျရေကြောင့် ယခုကဲ့သို့ချောင်းရေမြင်တက်လာခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် မိုးရွာသွန်းမှု လျော့ကျသွားပြီဖြစ်သည့်အတွက် ရေမြင့်တက်မှုအနည်းငယ်ကျဆင်းသွားပြီး ဆက်လက်မိုးရွာသွန်းမှုရှိလာပါက လက်ရှိအခြေအနေထက် ရေကြီးရေလျံမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံတစ်ချို့သုံးသပ်ပြောဆိုထားပါသည်။ အဆိုပါနန့်ရင်းချောင်းသည် ပြီးခဲ့သောနှစ်တွင် ကျေးရွာအတွင်း လူနေရပ်ကွက်အထိ ရေဝင်ရောက်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးများပြီး ယခုထက် အခြေအနေဆိုးရွာလာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြပါသည်။ နန့်ရင်းချောင်းသည် ဟိုပင်မြို့ဘက်မှ စီးဆင်းလာပြီး ​မိုးညှင်းမြို့နယ်ကိုဖြတ်သန်းစီးဆင်းနေသည့်ချောင်းတစ်ခုဖြစ်သည်။ - [ချောင်းဦးနယ် တောကျောင်းလေးရွာ ထပ်မံမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄ဦးလည်းသတ်ဖြတ်ခံထားရ](https://burmese.kachinnews.com/2022/06/15/jun15-sm2/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တော‌ကျောင်းလေးကျေးရွာရှိ လူနေအိမ် ၁၀၀ ဝန်းကျင်ကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးအဖွဲ့များက ဇွန်လ ၁၄ရက် ယမန်နေ့နံနက် ၅နာရီခန့်တွင် မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၄ဦးလည်း သတ်ဖြတ်ခံထားရကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရပါသည်။ “သတ်ဖြတ်ခံရတာတော့ ယောက်ျားသားတွေပဲ။ တစ်ယောက်ကတော့ မီးရှို့ပြီးသတ်ခံရတာ ကျန်တာတွေကျတော့ မျက်ခွက်တွေဘာတွေကို ဓားတွေနဲ့မွှန်းပြီးတော့ သေနတ်တွေနဲ့ရောပစ်သတ်ခံရတာဗျ”ဟု Farmer Revolution Force FRF (CHU)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ဇွန်လ၁၂ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်ရေယာဥ်ဖြင့်ဆန်တက်လာကာ တောကျောင်းလေးရွာတွင် ၂ရက်ကြာဝင်ရောက်တပ်စွဲခဲ့ပြီး ဒေသခံများ၏ စားနပ်ရိက္ခာများ၊အိမ်မွေးတိရိစ္ဆာန်များနှင့်အခြားတန်ဖိုးကြီးပစ္စည်းများကို လုယက်မှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သတ်ဖြတ်ခံရသည့် ဒေသခံပြည်သူ ၄ဦးထဲတွင် အသက်၅၀နှစ်အရွယ်ရှိ စိတ်မနှံ့သည့် အမျိုးသားတစ်ဦးပါဝင်ကြောင်းသိရသည်။ ထို့အပြင် တောကျောင်းရွာမှ ဒေသခံ ၂၀ ဦးခန့်ကိုလည်း ဇွန်လ ၁၄ ရက်နေ့တွင် စစ်တပ်မှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ နံနက်၉နာရီခန့်အချိန်တွင် ပြန်လွှတ်‌ပေးခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရပါသည်။ “ဓားစာခံဖမ်းသွားတဲ့သူတွေတော့ ပြန်လွှတ်လိုက်ပြီလို့သိရတယ်။ စစ်ကြောင်းနဲ့အတူပစ္စည်းထမ်းဖို့ခေါ်သွားတဲ့သူတွေပေါ့။ ဒီမနက်၉နာရီလောက်မှာ ပြန်လွှတ်ပေးတာဗျ”ဟု ဒေသခံတစ်ဦးက KNGသို့ပြောသည်။ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ တောကျောင်းလေးရွာကို မီးရှို့ဖျက်ဆီးမှုသည် ၄ကြိမ်အထိရှိလာပြီး ထိုသို့ ရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်နေသည့် ပြည်သူ ၂၀၀ ဝန်းကျင်ခန့်ရှိလာပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သူက ဆက်ဆိုထားသည်။ “ရွာကို မီးရှို့တာ ဒီတစ်ခေါက်နဲ့ဆို ၄ကြိမ်ရှိပြီ။ ခုမိုးတွင်းကာလဆိုတော့ မီးရှို့ခံရတဲ့အိမ်ခြေတွေအတွက် အဝတ်အစားတွေ အစားအသောက်တွေတော့ လိုအပ်နေပါတယ်။ တတ်နိုင်တဲ့သူတွေကို နိုင်သလောက်လည်း ကူညီပေးစေလိုပါတယ်”ဟုပြောဆိုသည်။ စစ်တပ်မှအာဏာသိမ်းပြီးနောင်ပိုင်း ယနေ့ချိန်ထိ ချောင်းဦးမြို့နယ် တစ်ခုလုံးအတိုင်းတာနှင့်ဆိုလျှင် မီးရှို့ခံရသည့် အိမ်ခြေပေါင်း … - [မုံးကိုးဘက်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်း ‌KIA တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ၁၃ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2022/06/15/jun15-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်မှ ကွတ်ခိုင်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင် မုံကိုးဘက်မှ တပ်ချိန်းရန်ဆင်းလာသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၇၇ အဖွဲ့ကို ကွတ်ခိုင်နှင့် နမ့်ဖလွန်ရွာကြားတွင် KIA စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “တိုက်ပွဲ ဖြစ်တာမှန်ပါတယ်။တပ်မ ၇၇ စစ်ကြောင်းက ဆင်းလာတဲ့အချိန်မှာ KIA ဘက်က ‌စောင့်ကြိုပစ်တာဟုတ်တယ်။ နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့သိရတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် KIA တို့ကြား ထိုနေရာတွင် နာရီဝက်ခန့်အကြာပစ်ခတ်မှုဖြစ်ပွာခဲ့ရာတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို KIA ဘက်မှလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆက်သိရသည်။ ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် နမ့်ဖလွန်ရွာနှင့် အလွန်နီးကပ်သည့် နေရာတွင်ဖြစ်သော်လည်း ကျေးရွာနေ ပြည်သူများသို့ ထိခိုက်မူများ မရှိကြောင်းဒေသခံများပြောဆိုချက်မှသိရပါသည်။ ပြီးခဲ့သော မေလ ၁၆ ရက်နေ့ညတွင်လည်း ကွတ်ခိုင်မြို့အကျော် ဟူနောင်နဲ့ ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်မှုများရှိခဲ့သောကြောင့် စစ်ကောင်စီလက် ယာဉ်အချို့ ထိခိုက်ပျက်စီးမှုများခဲ့ပါသည်။ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-မူဆယ်ကြား မြန်မာ-တရုတ် ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမ အနီးနေရာများတွင်လည်း စစ်ကောင်စီနှင့် KIA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါသည်။ - [အင်းတော်နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြားတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ၉ဦးသေဆုံး](https://burmese.kachinnews.com/2022/06/15/jun15-az2/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်း သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း ဒေသသတင်းအရင်းအမြစ် ထံမှသိရပါသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကသာဘက်မှ အင်းတော်ဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်း ၃ခုနှင့် ဝင်ရောက်လာသည့် အနက် အင်အား ၅၀ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်နယ် အလယ်ဆိပ်ရွာအနီးတွင် ကသာခရိုင်တပ်ရင်း (၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဖြင့် ၄နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အင်းတော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “မ‌နေ့က မနက်ပိုင်းမှာတော့ ယာဥ်တန်းကိုလုံခြုံရေးလာယူ‌ပေးဖို့ ကသာဘက်ကလာပြီး ရွာထဲထိဝင်လာတယ်။ မြေပြင်ကနေသတင်းပေးလာတော့ ကျနော်တို့အဖွဲ့က သွားတိုက်ဖို့သွားတာထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ အင်းတော်နယ်အလယ်ဆိပ်ရွာအနီးတောထဲမှာ ဖြစ်တာပါ။ ကျနော်တို့​ရဲ့မျက်မြင်ကတော့ ၉ ယောက်လောက်ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ အဲ့ဒီဒဏ်ရာရခဲ့တဲ့ သူတွေထဲကလည်း ထပ်သေတယ်လို့ကြားပါတယ်”ဟုပြောပါသည်။ အဆိုပါ စစ်ကြောင်း ၃ခုဖြင့် အင်းတော်ဘက်သို့ ဝင်ရောက်လာသော စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် မိုးညှင်းမှကသာဘက်သို့ ဆင်းသွားသည့် စစ်ကောင်စီ စစ်ကားအစီး ၃၀ ကျော်ပါသည့် စစ်ယာဥ်တန်းကို လုံခြုံရေးပေးရန်တက်လာသည့် စစ်ကြောင်းဖြစ်‌ကြောင်း သိရသည်။ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးရန် တက်လာသော စစ်ကောင်စီတပ်သည် အင်းတော်နယ် အလယ်ဆိပ်ရွာအနီး တိုက်ခိုက်ခံလိုက်ရသည့်အတွက် စစ်တပ်ဘက်မှ ထပ်မံစစ်အင်အားဖြည့်တင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ “သေဆုံးရုပ်အလောင်းတွေကိုတော့သူတို့ပဲပြန်ကောက်သွားတယ်။ ဘယ်ကိုပြန်သယ်ယူသွားလဲတော့မသိလိုက်ရဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီးကော လက်နက်ငယ်တော့ အသုံးပြု တိုက်ခိုက်ခဲ့ပေမယ့် ဘာမှအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ကသာခရိုင်တပ်ရင်း … - [ကြို့ကန်ရွာကိုစစ်ကောင်စီတပ် ဒုတယအကြိမ်ထပ်မံ မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/06/15/jun15-az1/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို စစ်ကောက်စီတပ်က ဇွန်လ ၁၄ရက်နေ့ ဒုတိယ အကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။ ခင်ဦးမြို့တွင်း ရွှေဘိုလေ့ကျင့်ရေးတပ်မှ စစ်အင်အား ၁၀၀ နီးပါးခန့်ရှိသည့် စစ်ကား ၄စီး ယာဉ်တန်းသည် ယမန်နေ့ ညနေပိုင်း ၆နာရီဝန်းကျင်မှစတင်ကာ ကြို့ကန်ရွာအတွင်းသို့ဝင်ရောက်လာပြီး လူနေအိမ်များကိုများကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။ “သူတို့က စုစုပေါင်းကားလေးစီးနဲ့လာတယ်။ ရွှေဘို-မြစ်ကြီးနားလမ်းကနေ လက်နက်ကြီးတွေနဲ့လှမ်းထုပြီးတော့ဝင်လာတယ်။ ကားလမ်းနဘေးမှာရှိတဲ့ နေအိမ်တွေကိုမီးရှို့တယ်။ ခုမနက်မှာလည်း ထပ်ရှို့တယ်လို့ ရွာသားတွေကသတင်းပို့လာတယ်”ဟု ၎င်းကပြောသည်။ အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိသည့် ကြို့ကန်ကျေးရွာကို ဇွန်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က လူနေအိမ် ၃၇ လုံးကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုတွင် ဒေသခံပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မီးရှို့ပျက်စီးသွားသည့် လူနေအိမ်စာရင်းကို အသေးစိတ်မသိရှိနိုင်သေးကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေသည့် ကြို့ကန်ကျေးရွာ ပြည်သူ ထောင်ချီအတွက် လူမှုအဖွဲ့အစည်းများ၏ အကူအညီများလိုအပ်နေကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “ရွာသားတွေကတော့ခါတိုင်းလိုပါပဲ နီးစပ်ရာ ရွာတွေ ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေမှာ တိန်းရှောင်နေရတယ်။ ၁၁ ရက်နေ့ကတည်းကတိန်းရှောင်နေကြတာ တချို့ကမနေ့ကမှ ပြန်ထွက်ပြေးလာကြတယ်။ အဓိကလောလောဆယ် လိုအပ်နေတာက အစားအသောက်နဲ့ နေရာစရာနေရာတွေဖြစ်ပါတယ်။ တကယ်လိုအပ်နေတာဖြစ်တဲ့အတွက် ကူညီပေးစေချင်ပါတယ်”ဟု မီးဘေးသင့် ဒေသခံပြည်သူတစ်ဦးကပြောပါသည်။ ရွာကို မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်သည် ယနေ့ ညပိုင်းအထိ ကြို့ကန်ရွာအတွင်း တပ်စွဲနေထိုင်လျက်နေဆဲဖြစ်ပြီး ထိုသို့ ရွာအတွင်း စစ်ကောင်စီတပ်မှ … - [လင်းစာကျက်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂ဦးလည်း မီးရှို့သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/06/14/jun14-az2/): စစ်ကိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၂ရက်နေ့ ညနေပိုင်း ၆နာရီခန့်တွင် လူနေအိမ် ၇၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟု Salingyi Special Task Force ရေနွေးခါး ထံမှသိရသည်။ “လင်းစာကျက်ရွာကို ဒီနေ့မနက်ကျနော်သွားတော့ အဲ့မှာ အိမ်ခြေ ၇၀လောက်က မီးထဲပါသွားတယ်။ ပြီးတော့ အလောင်းနှစ်လောင်းက အရိုးနဲ့အသည်း ဦးခေါင်းခွံလေးတွေလောက် ပဲကျန်နေတာတွေ့ခဲ့ရတယ်။ ပြီးရင် လမ်းမှာ သွေးကွက်တွေ၊ အဲ့နားမှာရှိတဲ့ အုတ်ခုံတွေပေါ်မှာ သွေးတွေ ရိုက်နှပ်ထားတဲ့ပုံစံမျိုး အဲ့လိုမျိုးတွေရှိတယ်”လို့ SSTFမှ ရေနွေးခါး က KNG သတင်းဌာနသို့ ယခုလိုပြောဆိုထားသည်။ စစ်ကောင်စီလက်ချက်ဖြင့် သတ်ဖြတ်ခံထားရသည့် ဒေသခံပြည်သူ ၂ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရဘဲ ထိုကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၂၀ ဦးခန့်လည်း ပျောက်ဆုံးနေသေးကြောင်း သိရပါသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၁ရက်နေ့ကတည်းက ဆားလင်းကြီးမြို့ပေါ်ကနေ စတင်‌ရောက်ရှိလာခြင်းဖြစ်ပြီး လင်းစာကျက်ကျေးရွာသို့ အသွားလမ်းတွင် ငွေသာကျေးရွာအတွင်းရှိ လူနေအိမ် ၄ခုကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြန်ရန် ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးမူများရှိခဲ့ကြောင်းလည်း သိရသည်။ “သူတို့က ဒီလို ငွေသာရွာကိုဝင်သွားပြီးတော့ အိမ်ခြေ ၄အိမ်ကို မီးရှို့သွားတယ်။ မီးရှို့ပြီးတော့ သူတို့ကတစ်ခါ ဘုတ်စုရွာဘက်ရောက်သွားတယ်။ အဲ့မှာလည်း ဒေသခံတစ်ချို့ဖမ်းဆီးခံရတယ်လို့ကြားတယ်။ ငွေသာရွာမှာက ၇ယောက်ကိုပြန်ဖမ်းပြီးပြန်လွှတ်ပေးတယ်။ အဲ့ကနေ လင်းစာကျက်ရွာကိုသွားတာ”လို့ ဆက်လက်ပြောဆိုသည်။ အဆိုပါ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယနေ့နေ့နံနက်ပိုင်းမှ လင်းစာကျက်ရွာမှထွက်ခွာသွားပြီဖြစ်ကြောင်း … - [ထီးချိုင့်နယ် အလယ်တောဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/06/14/jun14-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာမှ အလယ်တောဘက်သို့ ခြေလျင်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ တပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးခန့်ရှိကြောင်း PDF အဖွဲ့ထံမှ သတင်းရရှိပါသည်။ ဇွန်လ ၁၃ရက်နေ့ ပေါက်ကုန်းကျေးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ် စစ်အင်အား ၄၀ ခန့်သည် ဇွန်လ ၁၄ရက် ယနေ့ နံနက် ၆နာရီအချိန်တွင် တက်လာခဲ့ရာတွင် အလယ်တောသင်္ချိုင်းကုန်းအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “သူတို့က အလယ်တောရွာကနေ အထက်ပိုင်းကိုပြန်တက်မယ့် အချိန်မှာ လမ်းမှာ မိုင်းလေးလုံးတွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သုံးယောက်ကတော့ မျက်မြင်ကိုယ်တွေ့ကျသွားတယ်။ ဒဏ်ရာရကတော့ငါးယောက်လောက်ရှိမယ်ဗျ”ဟု ၎င်းကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွးသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို အလယ်တောသုဿန်တွင် စုပုံထားခဲ့ပြီး ဒဏ်ရာရှိသူများကို အလယ်တောရွာသို့သယ်ယူသွားကာ ဆေးကုသမှုပေးနေကြောင်းလည်း ဆက်လက်သိရပါသည်။ “စစ်ကြောင်းပြန်ဝင်လာတော့ ရွာသားတစ်ချို့တွေက တိမ်းရှောင်ကြတယ်။ တစ်ချို့က သိတဲ့အတိုင်း မိုင်းဆွဲတိုက်ခိုက်ခံရတော့ပြေးတဲ့လူကပြေးတယ်။ မပြေးတဲ့လူကတော့မပြေဘူး။ ဒီတိုင်းရတဲ့နည်းနဲ့ ရှောင်နေကြတယ်”ဟုဆက်ဆိုထားသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံတစ်ချို့ပြောဆိုချက်မှသိရသည်။ ထီးချိုင့်နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှု ၁၀ ကြိမ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၅ ဦးခန့်ရှိခဲ့ကြောင်းသိရသည်။ - [ခင်ဦးမြို့နယ်တွင် လူသားဒိုင်းအဖြစ်အသုံးပြုခံရသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်သတ်](https://burmese.kachinnews.com/2022/06/14/jun14-az1/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို မီးရှို့ရန် စစ်ကောင်စီတပ်ဖွဲ့မှ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် အင်တိုင်းကျေးရွာပြည်သူနှစ်ဦးကို ကြို့ပင်ကျေးရွာအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၁ ရက်နေ့က ကြို့ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းကျေးရွာနေပြည်သူနှစ်ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာခဲ့ပြီးနောက် ကြို့ကန်ကျေးရွာအနီးတွင်သာ ပြန်လည်သတ်ပစ်ခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။ “ဟုတ်တယ်ဗျ ကြို့ကန်ရွာ ကိုမီးလာရှို့တဲ့နေ့က လမ်းသွားလမ်းလာတွေကိုစစ်တာပေါ့ စစ်တဲ့အခါမှာ ခင်ဦးနယ်ခံနှစ်ဦးစလုံးက အင်တိုင်းကလို့သိရတယ် သူတို့နှစ်ဦးကို ဖမ်းခေါ်သွားတယ် ခေါ်သွားပြီ ကျေးရွာကနေပြန်ထွက်တဲ့အခါမှာ ပစ်သတ်ခဲ့တာ”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ပစ်သတ်ခံရသည့် နှစ်ဦးအနက် တစ်ဦးမှာ ကိုချမ်းသာ တစ်ဦးအမည်စုံစမ်းဆဲတို့ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်များဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်သည် ကြို့ကန်ကျေးရွာမှ နေအိမ် ၃၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်နှစ်လုံးလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “နေအိမ်ကတော့မီးရှို့ခံရတာရယ် လက်နက်ကြီးထိလို့ပျက်စီးတာရယ်ဆိုရင် ၃၇ လုံးပေါ့ပျက်စီးတာ အခုတော့ရွာသားတွေကမနေ့ကတည်း ကရွာပြန်ကပ်နိုင်ပါပြီ သတ်ခံရတဲ့နှစ်ယောက်ကလ​ည်း မနေ့က ရွာပြန်ဝင်မှ အလောင်းတွေ့တာ”ဟုဒေသခံတစ်ဦးကပြောသည်။ လတ်တလောတွင်အဆိုပါမီးဘေးသင့်သည့်ပြည်သူ များ၏ နေထိုင်စားသောက်ရေးကို ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီပေးနေကြောင်းသိရသည်။ ခင်ဦးမြို့နယ်အတွင်းတွင် လက်ရှိအချိန်ထိ စစ်ကောင်စီ လက်ချက်ကြောင့်သေဆုံးခဲ့သည် ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း စုစုပေါင်း ၁၅၇ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျှင်စစ်ကြောင်းကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်](https://burmese.kachinnews.com/2022/06/13/jun13-sm2/): ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ် လမ်းခုလတ်တွင် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှု များနိုင်ကြောင်း မြို့လှ KPDF တပ်မှ သိရသည်။ အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ် ခမရ ၄၁၅ တပ်သည် ဇွန်လ ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်ခန့် ရွှေငြိမ်းချမ်းရွာဘက်မှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ဆင်းလာစဉ် မြို့လှ KPDF တပ်မှ မိုင်း (၈) လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “မိုင်းကွင်းထဲရောက်လာတဲ့ချိန်မှ ကျနော်တို့က မိုင်းဆွဲလိုက်တယ် မီတာ ၅၀လောက်ဘဲကွာမယ် မိုင်းဆွဲပြီးတော့ ကျနော်တို့ နောက်ကိုနည်းနည်းပြန်ဆုတ်ပြီး ပစ်ကြတာ။ မိုင်းဆွဲလိုက်တဲ့ချိန်မှာ သူတို့ဘက်က မြောက်တက်သွားတဲ့ ဟာတွေကို ကျနော်တို့ မျက်မြင်ကိုယ်‌တွေ့ဘဲ” ဟု မြို့လှ KPDF မှ တာဝန်ရှိသူက ပြောသည်။ မိုင်းဆွဲခံရသဖြင့် သေဆုံးနေသည့် စစ်ကောင်စီတပ်များ၏ အလောင်းသွားကောက်ရန်နှင့် နယ်မြေရှင်းလင်းရန် KPDF ဘက်မှ ပြင်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်း ထပ်မံရောက်ရှိလာသည့်အတွက် ယမန်နေ့ တစ်နေကုန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ “မိုင်းဆွဲခံလိုက်ရလို့ သေနေတဲ့အလောင်းတွေကို သူတို့လည်း လာမကောက်သေးဘူး နှစ်ဖက်စလုံးက စောင့်ကြည့်တဲ့ အနေအထားမှာ ရှိနေတာ။ အဲဒါနဲ့ကျနော်တို့ဘက်က နယ်မြေရှင်းလင်းဖို့ တည့်မသွားဘဲ ပတ်ပြီးတက်တဲ့ချိန်မှာ စစ်ကူလာတဲ့ ၁၂၁ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်သွားတော့ သူတို့ရဲ့အလောင်းကို သွားကောက်ဖို့ အခွင့်မသာခဲ့ဘူး” ဟု မြို့လှ KPDF မှ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်သည် … - [ရည်းစားစကားများရာမှ ကောင်လေးက ကောင်မလေးဖြစ်သူကို ဓါးထိုးသတ်](https://burmese.kachinnews.com/2022/06/13/jun13-az3/): ကချင်ပြည်နယ် ဖားကန့်  မြို့မရပ်ကွက်တွင် သမီးရည်းစားချင်းစကားများရာမှ ကောင်လေးဖြစ်သူက ချစ်သူကောင်မလေး ကို ဓားဖြင့်အကြိမ်ကြိမ် ထိုးသတ်မှုပြုလုပ်ခဲ့ပြီးနောက် ကောင်းလေးကိုယ်တိုင်လည်း မိမိကိုယ်မိမိ ဓါးဖြင့် ပြန်လည် ထိုးနက်မှုပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ည ၅ နာရီအချိန်ခန့်တွင် အသက် ၂၅ နှစ်အရွယ် ကိုရှမ်းလေးခေါ်သူသည် အသက် ၂၆နှစ်အရွယ်ရှိ သူ၏ ချစ်သူကောင်မလေး မမေသူ ရှိနေသည့် “မေ”အပ်ချုပ် ဆိုင်အတွင်းသို့ရောက်လာပြီး သမီးရည်းစားနှစ်ဦး စကားများကြရာမှ  ချစ်သူကောင်မလေးကို ဓားဖြင့် လည်ပင်း၊ ဝမ်းဗိုက်နှင့် ရင်ဘတ် စသော ၃နေရာခန့်တွင် အကြိမ်ကြိမ်ထိုးနက်ခဲ့သောကြောင့် ကောင်မလေးဖြစ်သူသေဆုံးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက KNG သို့ပြောသည်။ “ကောင်လေးအခြေအနေကတော့ မနေ့ကတည်းက သူ့ကိုယ်သူဓါးနဲ့ ပြန်ထိုးတာတွေလုပ်ခဲ့တယ်။  မသေတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ကောင်လေးနဲ့ကောင်မလေးက သမီးရည်းစားဖြစ်တာ ငါးနှစ် ခြောက်နှစ်လောက်တောင်ကြာပြီတဲ့။ ပြသနာအနည်းငယ်ရှိပုံရတယ်။ ကောင်လေးက ငါဘာတွေအမှားလုပ်မိလို့လဲဘာညာပြော ပြီးမှ ဆိုင်ထဲကိုဝင်လာတာနဲ့ ဓားဖြင့် ထိုးလိုက်တာ။ ဓားနဲ့ထိုးပြီးတာနဲ့ သူက ဆိုင်ရှေ့မှာထိုင်နေတာ အဲ့ချိန်ဘေးကလူတစ်ယောက်က နင့်ကောင်မလေး သေပြီလို့ပြောလိုက်တော့ သူ့ ကိုယ်သူ ငိုင်ပြီးမှ ဓားနဲ့ပဲပြန်ထိုးတာ” ဟု ပြောဆိုသည်။ အဆိုပါ သမီးရည်းစားစုံတွဲနှစ်ဦးစလုံးမှာ မိုးညှင်းမြို့မှ ဖားကန့်မြို့သို့ပြောင်းရွေ့လာကာ အလုပ်လာလုပ် နေသည့်အတွဲဖြစ်ပြီး ကောင်မလေးဖြစ်သူမှာ “မေ”အပ်ချုပ်ဆိုင်တွင် သင်တန်းဆရာမလုပ်နေသူဖြစ်ကြောင်း သိရသည်။ ကောင်လေးဖြစ်သူသည် ကောင်မလေးကို ဓားထိုးမှုကျူးလွန်ထားသောကြောင့်ယင်းအနီးတစ်ဝိုက်ရှိ ပြည်သူများက ထိန်းသိမ်းထားခဲ့ပြီး‌နောက် နယ်ထိန်းနဲ့ရဲများရောက်လာ၍ ဓားထိုးမှုဖြင့် ဖမ်းဆီးပြီးရွှေပြည်သစ် ဆေးရုံတွင်ပို့ဆောင်ထားကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ - [စစ်တပ် နှင့် ပျူစောထီး မော်တော် ရေယာဉ်တိုက်ခိုက်ခံရပြီး ၄ ဦး ထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/06/13/jun13-sm1/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကုန်းရွာသို့ ရိက္ခာများပေးပို့ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို Chaung U Local Defense Force (CHU LDF) မှ မြစ်ကမ်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ် ရေယာဉ် စစ်ကြောင်းလာမည်ကို သတင်းအတိအကျရရှိခဲ့သောကြောင့် CHU LDF မှ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီ စစ်သား ၄ ဦး ထက်မနည်း သေဆုံး‌ကြောင်း ချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သတင်းအတိအကျ ကြိုရထားတဲ့ ကျနော်တို့ အဖွဲ့က အထူးပျောက်ကြားရဲဘော်တွေက အသင့်စောင့်ပြီး ဗျူဟာကျကျ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ကမ်းနဖူးကနေပြီး လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် အနည်းဆုံးတော့ စစ်ခွေး ၄ ကောင်လောက် သေဆုံးသွားပါတယ်” ဟု CHU LPDF မှ တာဝန်ရှိသူက KNG သို့ အတည်ပြုသည်။ လက်ရှိတွင် ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးမှု ဆက်တိုက်ပြုလုပ်နေသောကြောင့် ချောင်းဦး အနောက်တစ်ကြောမှာတင် ပြည်သူ ၂၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က အထက်ပါ ကံကြီးကုန်းရွာမှ ပျူစောထီးများနှင့် စစ်‌ကောင်စီတပ်များပူးပေါင်းကာ CHU LDF မှ ရဲဘော် ၅ ဦး နှင့် ပြည်သူ ၁ ဦး တို့ကို ဖမ်းဆီး … - [ဖားကန့်မြို့ပေါ် ရေဘေးသင့်နေသည့် ရပ်ကွက် ၄ခု အစားအသောက်ခက်ခဲနေ](https://burmese.kachinnews.com/2022/06/13/jun13-az2/): ဖားကန့်မြို့တွင် ဥရုချောင်းရေ မြင့်တက်မှုကြောင့် ယမန်နေ့မှ စတင်ကာ မြေနိမ့်ပိုင်း ရပ်ကွက်ပြည်သူများ ရေဘေးသင့်နေသဖြင့် စားရေးသောက်ရေး အခက်အခဲအထိ ရှိလာနေသည်ဟု သိရသည်။ ဥတုချောင်းအထက် ကံဆီးကျေးရွာ(Gin Si)ဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ဥတုချောင်းရေမြင့်တက်လာခဲ့ပြီး ချောင်းနှင့်နီးသည့် အေးမြသာယာ၊ မရှီကထောင်၊ မြို့မ နှင့် ငှက်ပျောတောရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်ခဲ့သည်ဟု အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ “ကားလမ်းနဲ့ နီးတဲ့လူ ထွက်လို့ရတဲ့လူကတော့ အစားအသောက်ထွက်ဝယ်လို့ရတယ်။ ငှက်ပျောတောတို့ ကားလမ်းမနဲ့ ဝေးနေတဲ့အိမ်တွေကျတော့ ထွက်မယ်ဆိုရင်လည်း ရေထဲမှာ အမှိုက်တွေ ပုလင်းကွဲတွေနဲ့ ထွက်လို့ အဆင်မပြေတဲ့ အခါကျတော့ မထွက်ကြဘူး။ အိမ်ထဲမှာပဲ အဲ့မှာပဲရှိတာလေးချက်စားနေကြတော့ အဆင်မပြေဘူး” ဟု ဆိုသည်။ အလားတူ ယခုကဲ့သို့ ရပ်ကွက်အတွင်း ရေဝင်ရောက်နေမှုကြောင့် ရေဘေးသင့်များအတွက် အစားအသောက်လိုအပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ရေက အခုက ခါးလောက်တော့ရှိအူးမယ်ဗျ မနေ့ကထက် နည်းနည်းပဲရေကျတယ်။ ဆိုင်ကယ်ကတော့မောင်းလို့ မရဘူး။ ကားကတော့မောင်းလို့ရတယ်။ မနေ့ကဆိုရင်ဘယ်လိုကားမျိုးမှဖြတ်မောင်းလို့မရအောင် ကြီးသွားတာရေက ဒီနေ့မှ နည်းနည်း လေးရေကျတော့ ဆိုင်ကယ်တော့ရတယ်”ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် KNG ကို ပြောသည်။ ငှက်ပျောတောရပ်ကွက်မှာ တစ်ရပ်ကွက်လုံးနီးပါးခန့် ရေမြုပ်နေပြီး မြို့မ၊ အေးမြသာယာနှင့် မရှီကထောင်ရပ်ကွက်တို့မှာ မြေနိမ့်ပိုင်းသာ ရေမြုပ်နေကြောင်း သိရသည်။ ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ ပြည်သူများမှာ နှစ်ထပ်အိမ် ဆောက်ထားသည့်သူများထံတွင် ခိုလှုံနေကြပြီး နေဝင်သွားသည့် နေအိမ်ပိုင်ရှင်များမှာ နီးစပ်ရာ ဆွေမျိုးသားချင်နေအိမ်များသို့ ပြောင်းရွေ့နေထိုင်ကြောင်း … - [ကျင်းထဲ ပြုတ်ကျ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်း ရှာဖွေရေး လုပ်ငန်းများ ရပ်နား](https://burmese.kachinnews.com/2022/06/13/jun13-az1/): ဖားကန့်မြို့ ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းထဲပြုတ်ကျ သေဆုံးခဲ့သည့် မိသားစုဝင်သုံးဦး၏ ရုပ်အလောင်း ရှာမတွေ့တော့သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် မော်မောင်းလျှံအကျိူးတူ ကုမ္ပဏီမှ ဝန်ထမ်း မိသားစုတစ်စုသည် ဖားကန့်ဆေးရုံ ၎င်းတို့၏ လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဆင်းလာစဉ် အေးမြသာယာအနီး ကားဘရိတ်ပေါက်၍ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ပြုတ်ကျခဲ့ရာ မိသားစုဝင်သုံးဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ရုပ်အလောင်းကို သုံးရက်ဆက်တိုက်ရှာဖွေသော်လည်း မတွေ့သောကြောင့် ရပ်နားလိုက်ပြီဖြစ်ကြောင်း ရှာဖွေရေးလုပ်ပေးနေသည့် ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “တခြားက ဘာမှပြန်မထူးဘူး အလောင်းတွေဘာတွေလည်းမရဘူး။ ဒီနေ့ထိတောင်မရဘူး။ အခုက ရှာတာလို့ ကြီးတော့ မရှာတော့ဘူး အလောင်းပေါ်လာမလားဆိုပြီး မနက်တစ်ခေါက်မိုးလင်းတစ်ခေါက် ညနေတစ်ခေါက် မနက် ခင်းတစ်ခေါက် အဲ့လိုလှေနဲ့ပတ်ပြီး စောင့်ကြည့်တာမျိုးပဲ လုပ်တော့တယ်“ ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၂ ရက်နေ့ မတိုင်ခင်အထိ ဘတ်ဟိုးယာဉ်၊ ရေငုတ်ပစ္စည်းကိရိယာများဖြင့်သုံးရက်ခန့် အချိန်ပေးရှာဖွေခဲ့ ရာတွင် ယင်းမိသားစု စီးနင်လာသည့် ပါဂျဲရိုကား အမျိုးအစားကိုသာ ဇွန်လ ၁၁ ရက်နေ့က တွေ့ရှိထုတ်ယူနိုင်ခဲ့ပြီး ရုပ်အလောင်းမှာ ရှာမတွေ့နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမိသားစု ကားပြုတ်ကျခဲ့သည့် ရေကန်မှာ ပေ ၄၀၀ ခန့်နက်သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းဖြစ်နေသည့်အတွက် ယခုကဲ့သို့ရုပ်အလောင်းပြန်တွေ့နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မိသားစု … - [ကလေး ၄ ဦးအပါအဝင် ဖမ်းဆီးခံရသည့် မက်လင်ဂျောင်‌ကျေးရွာမှ ပြည်သူ ၂၃ဦး ပြန်လွှတ်လာခြင်းမရှိသေး](https://burmese.kachinnews.com/2022/06/13/jun-13-zm1/): ဖားကန့်မြို့နယ် မက်လင်ဂျောင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံသွားရသည့် ကလေး ၄ဦးအပါအဝင် ပြည်သူ ၂၃ဦး ယနေ့ချိန်ထိ လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ မက်လင်ဂျောင်ကျေးရွာမှ နေအိမ်အချို့ဝင်ရောက်ဖမ်းဆီးမူပြုလုပ်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေး ၂ဦး ၈နှစ်အရွယ်ကလေး ၂ဦးအပါအဝင် ပြည်သူ စုစုပေါင်း၂၃ ဦးတို့အား ယနေ့ချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိ‌သေးကြောင်း သိရသည်။ “မနက် ၂နာရီလောက်မှာ အဲက ပြည်သူ ၂ ယောက်ကို PDF ထောက်ပံ့တယ်ဆိုပြီး ဝင်ဖမ်းတာ သူတို့လာဖမ်းတဲ့ ၂ယောက်က ထွက်ပြေးလွှတ်မြောက်သွားတော့ မိသားစုဝင်တွေရယ် ပြီးတော့ စစ်ဘေးလာရှောင်နေတဲ့သူ‌၊ ပြီးတော့ ဘေးအိမ်က ဆိုင်ကယ်ဝပ်ရှော့က ၄ ယောက် စုစုပေါင်း ၂၃ ယောက်ဖမ်းသွားတယ်လို့ သိရတယ်။ ခုထိတော့ အဆက်အသွယ်လည်း မရသလို လွှတ်မြောက်လာတာလည်း မရှိသေးဘူး “လို့ ဒေသခံနှင့် နီးစပ်သူကပြောသည်။ ဖမ်းဆီးခံရသူများမှာ မောင်ကံလင်းအောင် ၄နှစ်၊ မမေသင်းရနံ့ဇော် ၃ နှစ်၊ မသွန်းစုရတီဝေ ၈နှစ်၊ မောင်သုတဇော် နှစ်၊ ဦးဝင်း ၇၅ နှစ်၊ ဦးသိန်းဌေး ၇၃ နှစ်၊မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ … - [တန့်ဆည် စျေးတိုက်တန်းကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီပစ်သတ်](https://burmese.kachinnews.com/2022/06/11/jun11-az2/): တန့်ဆည်မြို့ပေါ်ရှိ စျေးသူစျေးသားများနေသည့် တိုက်တန်းကို စစ်ကောင်စီ က မီးရှို့ခဲ့ပြီးနောက် သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တန့်ဆည်မြို့ ၊ လမ်းဆုံမြို့ ပေါ်ရပ်ကွက် ဘုရားတိုက်တန်းကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်မှ စတင်ကာ မီးရှို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ခန်းပေါင်း ၃၇ ခန်းမီးလောင်ခဲ့သည်။ ထို့နောက် အမျိုး သမီးငယ်တစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင့် စစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် တန့်ဆည်မြို့နေ အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ညပိုင်းရှစ်နာရီကနေ မီးအတင်ခံရတာပေါ့။ စကစကရှို့ တာအဲ့မှာက အိမ်ဌားနေတဲ့လူလည်းရှိတယ်။ ကိုယ်ပိုင်တိုက် ခန်းလည်းရှိတယ် အကုန်လုံးက စျေးသူစျေးသားတွေပါ။ ဒီဘက်ကလည်း ဘာမှလုပ်တာပြုတာမရှိဘူး။ ဒါပေမယ့် ပြည်သူတစ်ယောက်ကိုတော့ သူတို့က ရမ်းပစ်လို့ကျသွားတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ယင်းအမျိုးသမီးသည် အသက် ၃၂ အရွယ်ရှိ လမ်း ဆုံရပ်ကွက် မြောက်ဘက်တွင် နေထိုင်ဖြစ်ပြီး လမ်းဆုံမြို့ပေါ်တွင် စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျသွားတဲ့အမျိုးသမီးကမြို့ခံပဲ သူ့အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းကျမှယူလို့ရတာ”ဟုဒေသခံတစ်ဦးကပြောသည်။ လတ်တလောတွင် တိုက်တန်း မီးရှို့ခံရသည့်အတွက် မီးဘေးသင့် စျေးသူစျေးသားများအတွက် စားဝတ်နေရေး ၊ နေရာထိုင်ခင်းအကူအညီများ လိုအပ်နေကြောင်းလည်း သိရသည။ စစ်ကောင်စီအာဏာသိမ်းသည့်နောက်ပိုင်း ၂၀၂၁ မေလတွင် ရွှေဘိုစည်ပင်စျေး၊ လွိုင်ကော်မြို့ရှိစည်ပင်စျေးနှင့် ၂၀၂၂ ခုနှစ်တွင် သာကေသမြို့နယ်ရှိ ၇ စျေးနှင့် ကျိုက်မရောမြို့နယ် စံပြကျေးရွာစျေးတို့အပြင် အခြားပြည်နယ်/တိုင်များရှိ စည်ပင်စျေး၊ … - [ဆားလင်းကြီးတွင် ပြည်သူ ၇ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/06/11/jun11-az1/): စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာတွင် ရပ်ရွာကာကွယ်ရေး ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဆားလင်းကြီး ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ည ၈ နာရီဝန်းကျင် ငွေသာကျေးရွာ ကို လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်တပ်စွဲခဲ့ရာ ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို ဖမ်းဆီးသွား‌ကြောင်း သိရသည်။ “စစက ရွာထဲကိုဝင်ဝင်ချင်းတော့ လက်နက်ငယ်တွေနဲ့ပေါ့ဗျာ။ သူတို့မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ ပြီးတော့ရွာထဲကိုဝင်စီးတယ်။ ကျနော်တို့ကြားတာက ရွာသားတွေက ကင်းစောင့်တာ နောက်ကနေလှည့်ပြီး ဖမ်းသွားတယ်လို့ကြားတယ်” ဟု ဆားလင်း PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က မကြာခနဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျှက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ညပိုင်းက ဆားလင်းကြီး PDF နှင့် ဒေသကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်းကာ ဆားလင်းကြီးမြို့နယ် စစ်ကောင်စီများ တပ်စွဲထားသည့် မြို့မရဲစခန်းနှင့် အခြားသောတပ်စွဲထားသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ် ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ - [မြစ်ကြီးနားအဝင် ၂၁ မိုင်ဂိတ်တွင် ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၄၈ သိန်းကို ရဲနှင့် စစ်သားများ လုယူထား ဟု ဆို](https://burmese.kachinnews.com/2022/06/11/jun11-yl1/): မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအထက် ၂၁ မိုင်စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူ အမျိုးသား ၂ ဦး၏ ငွေကျပ် ၄၈ သိန်းကို ရဲနှင့် စစ်သားများက ခြိမ်းခြောက် လုယူခဲ့သည်ဟု ကာယကံရှင်အမျိုးသား ၂ဦးပြောသည်။ ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ အိမ်ခြံဝင်းကြည့်ပြီး ပြန်လာသော ဟိုပင်ဒေသခံ အမျိုးသား ၂ဦးကို ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်ရာတွင် ငွေ သိန်း ၅၀ တွေ့ရှိသဖြင့် ‘ခိုးယူလာခြင်းဖြစ်တယ်’ ဟု စွပ်စွဲပြောဆိုကာ ရဲနှင့် စစ်သားများက သိမ်းယူလိုက်သည်ဟု ခံရသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “ကျနော်တို့ ၂ယောက်က မြစ်ကြီးနားကို အိမ်ယာမြေသွားကြည့်တာ မရတော့ ငွေက မသုံးဘဲပြန်ယူလာတယ်။ အဲ့ဂိတ်မှာ စစ်ဆေးပြီး ပိုက်ဆံ သိန်း ၅၀ မှာ ၄၈ သိန်း သိမ်းယူပေးလိုက်တယ်။ ကျနော်တို့ ၂ယောက်ကို ခိုးလာတယ် ဆိုပြီး စွပ်စွဲပြောဆိုတယ်။ ပြီးရင် ၂ယောက်စလုံးကို လက်ထိပ်ခတ်ပြီး ကန်တယ် ရိုက်တယ်။ ပါတဲ့ဖုန်း ၂လုံးစလုံးလည်း သိမ်းပေးလိုက်တယ်” ဟု ပြောဆိုသည်။ ထိုဂိတ်တွင် တာဝန်ကျနေသည့် ရဲနှင့်စစ်သား ၁၀ ဦးခန့်က အမျိုးသား ၂ဦးကို နာရီဝက်ခန့်အကြာ ရိုက်နက် စစ်ဆေးမှုများ ပြုလုပ်ပြီး အဆိုပါဖြစ်စဉ်ကို ရဲစခန်းများနှင့် အခြားလူမှုကွန်ယက်စာမျက်နှာပေါ်တွင် တိုင်ကြားခြင်းမပြုရန် ထပ်မံသတိပေး ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သူက ဆက်ဆိုထားသည်။ “ဒီအကြောင်းကို ရဲစခန်းတွေမှာလိုက်မတိုင်နဲ့တဲ့။ လိုင်းပေါ်မှာလည်း မတင်နဲ့တဲ့။ … - [ရွှေကူတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်တစ်ဦးကို KIA နှင့် PDF ဖမ်းဆီး](https://burmese.kachinnews.com/2022/08/04/aug4-az2/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေကူ-ဗန်းမော်ကြားရှိ ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဖမ်းဆီးသွားကြောင်းသိရသည်။ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် ရွှေကူမှ ဗန်းမော်မြို့သို့ ရေယာဉ်ဖြင့် စစ်ကောင်စီတပ်အတွက် စက်သုံးဆီပေပါများ သယ်ဆောင်လာမည့်သတင်းကြောင့် KIA နှင့် PDF များမှ သွားရောက်စစ်ဆေးရာ စက်သုံးဆီပေပါများပါရှိသည့် ရေယာဉ်ကို လွဲချော်သွား၍ ဗန်းမော်တက်မည့် အခြားရေယာဉ်တစ်စီးကို စစ်ဆေးမိရာ ယင်းရေယာဉ်ပေါ်တွင် စစ်ကောင်စီတပ် မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရွှေကူ PDF နှင့် နီးစပ်သူ  ဒေသခံတစ်ဦး  KNG ကို ပြောသည်။ “ဘယ်လိုပုံစံနဲ့ ဖမ်းမိတာလဲဆိုတော့ လိုင်းမော်တော်ပေါ့ ရွှေကူနဲ့ဗန်းမော်ပုံမှန်ပြေးဆွဲနေတဲ့ရေယာဉ်တွေကို သတင်းအရ ဝင်စစ်ရင်းနဲ့တွေ့ပြီးဖမ်းမိတာလို့ပြောတယ်။ စစ်သားတွေက အရပ်ဝတ်နဲ့ပဲရွှေကူကနေ ဗန်းမော်ကိုတက်တာ အဲ့မှာ ရွှေကူမြို့အထွက် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းမှာဖမ်းမိတာတယ်လို့ သတင်းရတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ဗန်းမော် – ရွှေကူကြားပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို အသုံးချကာ ဗန်းမော်ဘက်သို့ စားနပ်ရိက္ခာ ၊ စက်သုံးဆီနှင့်အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများကို တင်ပို့လျက်ရှိပြီး ယနေ့ နံနက်ပိုင်းကလည်း စက်သုံးဆီပေပါ ဆယ်လုံးထက်မနည်း ပို့ဆောင်လိုက်ကြောင်း သိရသည်။ ယခင်ကလည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရွှေကူမှ ဗန်းမော်သို့ပို့အင်အားဖြည့်တင်သည့် စစ်သား နှင့် ထောက်ပို့ပစ္စည်းများပါသည့် ရေမော်တော်ယာဉ်များကို KIA နှင့် PDF တို့က မကြာခဏကြားဖြတ်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သောကြောင့် ယခုနောက်ပိုင်းတွင် … - [စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/08/04/aug4-sm1/): ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရှိ ရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်မူ‌ကြောင့် အရပ်သား ပြည်သူ ၃ ဦး ကျည်ထိမှန်ခဲ့‌ကြောင်း SNAKE EYES PDF အဖွဲ့ထံမှ သိရသည်။ သြဂုတ်လ ၂ ရက်နေ့ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာအတွင်း ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသကာကွယ်ရေးတပ်များ စုပေါင်းကာ ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦး ကျည်ထိမှန်ထားကြောင်း SNAKES EYES PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့က ရွာထဲမှာ ဆန္ဒပြတဲ့ပြည်သူတွေကို လိုက်ဖမ်းတာ အဲ့တာကြောင့် ကျနော်တို့က ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တာ ညနေပိုင်း၂နာရီလောက်ပေါ့။ သူတို့ဘက်က အထိအခိုက်အကျအဆုံးစာရင်းကိုတော့ အတိအကျမသိပေမယ့် ထိခိုက်မူတွေတော့ရှိနိုင်တယ်”ဟုပြောဆိုသည်။ လက်နက်ကြီး ကျည်ထိမှန်သူများမှာ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး အမျိုးသားမှာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။ “သူတို့ဘက်က ည ၇ နာရီလောက်ကနေ ၉ နာရီအထိ ဆိပ်ခွန်အနီးကရွာတွေကို လက်နက်ကြီးတွေနဲ့ရမ်းပစ်တာ ၃ ယောက်လောက်ထိတယ်။ အမျိုးသားတစ်ဦးကတော့ ခြေထောက်ပြတ်သွားတယ်။ ထိခိုက်တဲ့သူတွေကလည်း ၅၀ ကျော် ၆၀ ဝန်းကျင်တွေပေါ့ မသွားနိုင်မလာနိုင်တဲ့အရွယ်တွေပေါ့” ဟု SNAKES EYES PDF … - [ကသာနယ်တွင် အရပ်သား ပြည်သူ ၁၃ ဦးခန့် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား](https://burmese.kachinnews.com/2022/08/04/aug4-zm1/): စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှ ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ သြဂုတ်လ ၃ ရက် ယမန်နေ့နံနက် ၉ နာရီဝန်းကျင် စစ်အင်အား ၃၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်ဖြင့်တက်လာကာ ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။ “မနက် ၅ နာရီလောက်ကတည်းက ကသာဘက်ကနေ သံခွန်မော်တော်နဲ့ ကူးလာတာ ပျူစောထီးနဲ့ ဒလန်တွေပါ ပါတယ်လို့ သိရတယ် ရွာထဲဝင်ပြီး အိမ်ထဲဝင်ဖမ်းသွားတာ”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်တစ်ခုအတွင်းမှ မိခင်အပါအဝင် သမီး၊ သား၊ ချွေးမအစသည့် မိသားစုဝင် ၄ ဦးအပြင် လမ်းသွားလမ်းလာ ပြည်သူအချို့ကိုဖမ်းဆီးသွာကြောင်းသိရသည်။ “အခုဖမ်းခံရတဲ့ မိသားစုက PDF နဲ့ ပကဖ လည်းမဟုတ်ဘူးဗျ ဒလန်သတင်းပေးလို့ဆိုပြီး ဝင်ဖမ်းတာ။ ဖအေလုပ်တဲ့သူတော့ အိမ်မှာမရှိလို့ ပါမသွားဘူး။ မိသားစုဝင် ၄ ယောက် ပြီးတော့ လမ်းမှာတွေ့တဲ့သူတွေပါ အားလုံး ဖမ်းသွားတာ ၁၃ ယောက်‌လောက်ဟုတ်တယ်”ဟု သူကဆက်လက်ပြောဆိုသည်။ ဖမ်းဆီးခံရသူများ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း သိရသည်။ ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည်။ - [မုံးကိုး စစ်ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာကူညီမှု လိုအပ်နေဆဲ](https://burmese.kachinnews.com/2022/08/03/ld-7/): ရှမ်းမြောက် မုံးကိုးမြို့ရှိ စစ်ရှောင်ပြည်သူများသည် စစ်ရှောင်ကာလ ၁နှစ်ခန့် ကြာလာချိန် နေရာထိုင်ခင်း ခက်ခဲမှု နှင့် အစားအသောက်ခက်ခဲမှု စသည့်ပြဿနာများဖြင့် ကြုံတွေ့နေရသဖြင့် ကူညီဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။ မုံးကိုးမြို့ရှိ စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်နှင့် လူဦးရေ ၈၀၀ ကျော်သည် ယခုချိန်ထိ မိမိရပ်ရွာများသို့ နေရပ်မပြန်နိုင်သောကြောင့် အချိန်ကာလကြာလာသည်နှင့်အမျှ အစားအသောက်လည်း ပိုမိုခက်ခဲလာကြောင်း မုံးကိုး KBC စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “စစ်ရှောင်တွေက ကိုယ့်ရပ်ရွာကို ပြန်လို့ မရသေးဘူး။ ရွာမှာလည်း လက်နက်ကိုင်များနှင့် စစ်သားတွေက စစ်ရေးလှုပ်ရှားနေတုန်းပဲ ဆိုတော့။ ဒီမှာစုပြုံပြီး နေနေတာ အချိန်ကာလလည်း ၁ နှစ်လောက်ရှိပြီ။ အစားအသောက်ပို ခက်ခဲလာတယ်။ လူများတာကြောင့် အစားအသောက် ဖူလှုံမှု မရှိဘူး။” ဟု ပြောသည်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကိုးကန့် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်မှုကြောင့် ဖောင်းဆိုင်ဒေသ ကျေးရွာများမှ ဒေသခံများသည် မုံးကိုးမြို့သို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ထွက်ပြေးခဲ့စဉ် ကတည်းက ယနေ့ထိ နေရာထိုင်ခင်း ခက်ခဲမှုကြောင့် စစ်ရှောင်အားလုံး စုပြုံနေထိုင်ပြီး ဖြတ်ကျော်ခဲ့သည်မှာ ယခုလတွင် ၁ နှစ်ပြည့်ပြီ ဖြစ်သည်။ အချိန်ကာလ ကြာလာသည်နှင့်အမျှ နေရာထိုင်ခင်း ခက်ခဲသည်ထက် စစ်ရှောင်များ၏ အစားအသောက် ပိုမိုခက်ခဲလာသောကြောင့် ကူညီထောက်ပံ့မှု လိုအပ်နေသည်ဟု ၎င်းကပြောသည်။ “ဒီမှာက နေရာခက်ခဲတာကြောင့် အိမ်ထောင် တစ်ခုပြီးတစ်ခုလည်း သီးသန့်မနေရဘူး။ သီးသန့်မချက်စားနိုင်ဘူး။ တစ်နှစ်သာပြည့်ပြီ အားလုံးက ဟောခန်းကြီးမှာ စုပြုံပြီး … - [နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ မှ ဖမ်းဆီးထား](https://burmese.kachinnews.com/2022/08/03/aug3-az2/): ကချင်ပြည်နယ် အဝင်ပေါက် နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဗန်းမောက်ဘက်မှ တက်လာသည့် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဗန်းမောက်မှ မြစ်ကြီးနားဘက်သို့တက်လာသည့် အသက် ၂၀ ကျော်အရွယ် ရှမ်းနီလူငယ်တစ်ဦးနှင့် ကတူး လူငယ်တစ်ဦးတို့ကို နန့်စီးအောင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီ ရဲနဲ့ စစ်သားများ မှ PDF ဟု စွပ်စွဲကာ ဖမ်းဆီးထား ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောသည်။ “ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်ရတာ သူတိူ့စစ်ဆေးပြီးမှ မသက်ာလို့နေမှာ ဖမ်းထားတာ အခုအဲ့ဒီဂိတ်က ကင်းစခန်းတဲထဲမှာ ဆရဖ တွေ ၊ ရဲတွေက စစ်သားတွေက ရိုက်ပြီးမှစစ်မေးနေတယ်တဲ့ ဆိုင်ကယ်နှစ်စီးနဲ့တက်လာတာ သူတို့မှာဘာပစ္စည်းမှ ဘာလက်နက်မှမပါဘူး အဲ့တာကို PDF ဆိုပြီးဖမ်းသွားတယ်။ မနက်ကနေ ဖမ်းတာခုထိ ရိုက်နှက်နေတုန်းတဲ့”ဟုပြောဆိုသည်။ လူငယ်နှစ်ဦး၏ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီက သိမ်းဆည်းထားပြီး မည်သည့်အချက်ကြောင့် PDF ဟု စွပ်စွဲဖမ်းဆီးထားသည်ကိုမသိရသေးကြောင်းနှင့် ယင်းလူငယ်နှစ်ဦး၏ အမည်ကိုလည်း စုံစမ်းအတည်ပြုနေဆဲ ဖြစ်ကြောင်း အင်းတော် PDF မှ သိရသည်။ အလားတူ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်းမှဘက်မှလာသည့် နိုင်ငံသား စိစစ်ရေးကဒ် ၅/ ကိုင်ဆောင်ထားပါက တင်းကြပ်စွာ စစ်ဆေးလျက်ရှိပြီး မသင်္ကာပါက ယခုကဲ့သို့ ဖမ်းဆီးမေးမြန်းမှုများ ရှိကြောင်း သိရသည်။ - [လူမျိုးတုန်း ဗိုင်းရပ်စ်](https://burmese.kachinnews.com/2022/08/03/abh-2/): တောတောင်တွေ စိမ်းလန်းပြီး ချမ်းအေးလှတဲ့ ရေခဲတောင်တွေကာရံထားတဲ့ ပူတာအိုမြို့လေးမှာ ပူလောင်မှုတွေ ပြည့်နေတဲ့ ဘဝတွေကို ထိတွေ့ခံစားရတော့မယ်။ ထိုပူလောင်မှုတွေဟာ   တောင်ပေါမြို့လေးထဲက လူငယ်တွေရဲ့ ဘဝဆီကို ဗိုင်းရပ်စ်တစ်ခုအဖြစ် တိတ်တဆိတ်ဝင်ရောက်လာခဲ့တာဘဲဖြစ်ပါတယ်။ တချို့ကတော့ မိသားစုဆီက ၊သူငယ်ချင်းဆီက၊ အေးမြပြီး နေချင်စရာကောင်းတဲ့ တောင်ပေါ်မြို့လေးကို ထာဝရ နှုတ်ဆက် ထွက်သွားတဲ့သူတွေလည်း ရှိပါတယ်။ ကျန်ခဲ့သူတွေသာပူလောင်မှုတွေနဲ့ ဘဝကိုခရီးနှင်နေရတယ်။ အလွန်ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စစ်ဟာ ထိုဒေသမှာရောက်နေပြီး လူငယ်တွေရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ အရာကတော့ ကြောက်စရာအလွန်ကောင်းတဲ့ လူသားတွေကိုခုခံအားကျဆင်းမှု ဖြစ်စေသော HIV ပိုး ဖြစ်ပါတယ်။ လူမျိုးတုန်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် လူမှုအသိုင်းအဝိုင်းမှာ မူဝါဒကောင်းကောင်းနဲ့ အချိန်မှီ မထိန်းသိမ်းနိုင်ရင် လူငယ်တွေကြား ပိုမိုပျံ့နှံ့ဖို့တွန်းအားဖြစ်လာနိုင်ပါတယ်။ ခုခံအားကျဆင်းမှုကို ဖြစ်စေသောHIV ပိုးရောဂါ လူငယ်တွေကြားကြီးထွားဇတ်မြစ်တည်လာတဲ့ အကြောင်းမှာ လူငယ်တွေ မူးယစ်ဆေးဝါး အလွန်ကျွံသုံးစွဲ အသုံပြုရာကနေ စတင်မွေးဖွားလာတာပဲဖြစ်ပါတယ်။ ဘိန်းဖြူကိုသွေးကြောထဲ ဆေးထိုးအပ်နဲ့ ထိုးသွင်းအသုံးပြုရပါတယ်။ သွေးကြောထဲတခါ အသုံးပြုပြီးသား ဆေးထိုးအပ်ကို သူငယ်ချင်းတယောက်ပြန်လည်အသုံးပြုပြီး ဆေးထိုးအပ်မျှဝေသုံးစွဲသောကြောင့် ပိုးဟာ ကူးစက်သွားပါတော့တယ်။ ပိုးရှိတဲ့သူနဲ့ဆေးထိုးအပ်အတူမျှဝေ သုံးစွဲခြင်းကနေ ဗိုင်းရပ်စ်ပိုးကို ကူးဆက်စေပါတယ်။ “ပူတာအိုမှာ ဘာကြောင့်HIV ဖြစ်သလဲဆိုရင် မူးယစ်ဆေးသုံးတဲ့လူငယ်တွေက သွေးကြောထဲထိုးသွင်းတဲ့ ဆေးထိုးအပ်တစ်ခုတည်းကိုပဲ အချင်းချင်းမျှဝေသုံးစွဲကြတာကြောင့် ဒီပိုးရှိလာတဲ့လူငယ်တွေများလာတယ် မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ များလာတာကြောင့်ဖြစ်တယ်” ဟု ပူတာအိုဒေသရှိ HIV ကာကွယ်ရေး စီမံကိန်းကို လပ်ဆောင်နေတဲ့ NGO တစ်ခုမှ ခေါင်းဆောင် ဆရာဝန် တစ်ဦး ကပြောပါတယ်။ လူငယ်တွေကြား ထိုဗိုင်းရပ်စ် ထိတွေ့ဆက်ဆံလာတဲ့အခြေအနေမှာ မူးယစ်ဆေးဝါးကို ထိုဒေသမှာ လူငယ်တွေကြား သုံးစွဲမှု များပြားလာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ စနစ်တကျသုံးစွဲမှုမရှိ … - [ချောင်းဦးတွင် စစ်ကောင်စီယာဉ်တန်း တစ်ရက်အတွင်း ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကာ ၂၄ ဦး ထက်မနည်းသေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2022/08/03/aug3-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ဒေသကာကွယ်ရေးတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးခဲ့သည် (FRF CHU) ၏ ထုတ်ပြန်ချက်အရ သိရသည်။ Farmer Revolution Force (FRF CHU) မှ ယမန်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ပဒေသာမိုင်း ၆ လုံးကို သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၄နာရီဝန်းကျင်တွင် ပဒေသာမိုင်း ၁၀ လုံးတွဲဖြင့် နောက်တစ်ကြိမ်စသဖြင့်တစ်ရက်အတွင်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “မနေ့က မနက်ခင်းပိုင်းမှာ သူတို့က နမခ ဘက်ကနေလာတာ အဲ့မှာ ကျနော်တို့ကသတင်းကြိုရတာနဲ့ ညကတည်းကစောင့်ပြီး အဲ့တာကို ပဒေသာမိုင်း၆လုံးကို ပွိုင့်သုံးပွိုင့်ခွဲပြီး ဆော်လိုက်တာ ၁၉ယောက် ထက်မနည်းသေတယ်။ ဗိုလ်ကြီးတစ်ယောက်လည်းပါတယ်လို့ ညနေပိုင်းကျသတင်းပြန်ရတယ်”ဟုပြောဆိုသည်။ ထို့နောက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ချောင်းဦးမြို့အရှေ့ဘက် စစ်ကိုင်းမှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ လာသော စစ်ကောင်စီယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ဦး ထက်မနည်း ထပ်မံသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကုန်းကြောင်းမှ စစ်အင်အားဖြည့်တင်းမူများကို ပြုလုပ်သည့်အခါတိုင်း မန္တလေး-မုံရွာလမ်းမကြီး တစ်ခုတည်းကိုသာ အဓိကအသုံးပြုသည်ဟု FRF CHU ထံမှသိရသည်။ - [အင်ဝမ်းကောင့် စစ်ပြေးဒုက္ခသည်များ ဆဒုံးမြို့သို့ ရောက်ရှိ](https://burmese.kachinnews.com/2022/08/03/ld-6/): ဝိုင်းမော်မြို့နယ် ကန်ပိုင်တည် လမ်းမပေါ် အင်ဝမ်းကောင့် (N’Wan Kawng) ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးသွားသော ဒေသခံ ၁၀၀ ဝန်းကျင် ယနေ့ နံနက် ဆဒုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းသို့ ရောက်ရှိ လာပြီဟု သိရသည်။ လက်ရှိ ထွက်ပြေးလာသော စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ “အင်၀မ်းကောင် စစ်တပ်၊ ပြည်သူ့စစ် စခန်း ၄ ခု အနီးမှာရှိတဲ့ အိမ်ခြေတွေဖြစ်တယ်။ အခုဆဒုံးကို ရောက်နေပြီဆိုတော့ ယောကျာ်း၊ မိန်းမခွဲပြီး နေရာချပေးဖို့ ခက်နေတယ်။ အခုက ၁၀၀ ခန့် သူ့ဟာသူတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ဆဒုံးမှာလည်း စစ်တပ်နှင့် အတူရှိနေတာကြောင့် တရွာလုံး ဆဒုံးဘုရားကျောင်းဝင်းပဲ စုပြုံလာနိုင်ခြေရှိတယ်။ ဘယ်မှပြေးလို့ မရဆိုတော့။ အခုအစားအသောက်နှင့် ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း တွေ အကူအညီ လိုအပ်နေတယ်။” ဟု ၄င်းက ပြောသည်။ ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်များထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်အများဆုံးဖြစ်ပြီး ခန့်မှန်းခြေ အိမ်ထောင်စု ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။ ကန်ပိုင်တည်လမ်းမပေါ်  ဆနားကျေးရွာအုပ်စု အင်ဝမ်းကောင့်တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ စခန်းချထားသောနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ နံနက် ၁၁ နာရီခန့်မှသာ ဆဒုံးမြို့သို့ ရောက်ရှိလာသည်ဟု အင်ဝမ်းကောင့် စစ်ရှောင်ပြည်သူတစ်ဦး KNG … - [ဆိပ်မူ KBZ ဘဏ်ရှေ့တွင် ရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/08/03/aug3-az1/): ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုတွင်ရှိသော  KBZ ဘဏ်ရှေ့တွင် ယနေ့ နံနက်ပိုင်း ရဲမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲအချိန် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ၏ KBZ ဘဏ်ခွဲ (၂) ရှေ့တွင် ရဲတပ်ရင်း ၃၀ မှ ရဲမှူး ကိုကိုလွင်ဆိုသူ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်သတ်ခံလိုက်ရကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦး က KNG ကို ပြောသည်။ “မနက်က အဲ့သတင်းကြားတော့ချက်ချင်းပဲ အဲ့နေရာကိုခြေနေသွားကြည့်တာ အလောင်းက မတွေ့လိုက်ရတော့ဘူး။ လိုင်ခရုဆာကား အဖြူရောင်နဲ့ သယ်သွားတယ်တဲ့။ သူ့အလောင်းကို အဲ့ဘဏ်ရှေ့မှာပဲ ပစ်သတ်သွားတာ။ ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှ မသိလိုက်ရဘူး။ ပစ်သွားတဲ့လူက”ဟု ဖြစ်စဥ်နေရာကို သွားရောက်ခဲ့သည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။ ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကထပ်မံပြောဆိုထားသည်။ “ခုပစ်သတ်ခံလိုက်ရတဲ့ဟာက သုံးပွင့် ရဲမှူးတဲ့။ သူကအရင် သပိတ်စစ်ကြောင်းကနေပြန်လာတဲ့ ကိုသိန်းထွန်းနဲ့ အမျိူးသမီးတွေဖမ်းခံရတဲ့ဖြစ်စဥ်မှာသူပါတယ်တဲ့။ အဲ့ကြောင့်အဲ့ဖြစ်စဉ်ကိုမကျေနပ်လို့ ပစ်သွားတာ”ဟု ပြောသည်။ ရဲမှူးကိုကိုလွင်သည် အသားညိုညို အရပ်မြင့်မြင့်ပုံစံဖြစ်ပြီ လက်ရှိသူ့ကို မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရသေးပါ။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး ဒလန် ၊ စစ်ကောင်စီ သတင်းပေးများ သတ်ခံရမှုမှာ လက်ရှိအချိန်ထိ ၂၀ ဦး ကျော်ရှိနေပြီး ရဲ … - [ဖားကန့် ဆယ်ဇင်းတွင် စစ်ကောင်စီ ရှိနေသေးသဖြင့် ထွက်ပြေးနေရသော ဒေသခံများ နေရပ်မပြန်သေး](https://burmese.kachinnews.com/2022/08/02/aug2-az2/): ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာတွင် စစ်ကောင်စီ တပ်စွဲနေထိုင်သောကြောင့် ဟောင်ပါး၊ တာမခံ နှင့် နတ်ရေတောင် ကျေးရွာများသို့ ထွက်ပြေးနေကြသော ဆယ်ဇင်း ဒေသခံများသည် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇူလိုင် ၁၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဆယ်ဇင်း ဒေသခံ ၄၀၀ ကျော်သည် တာမခံ ၊ ဟောင်ပါးနှင့် နတ်ရေတွင်းကျေးရွာများတွင် ရောက်ရှိနေကြသည်ဟု စစ်ရှောင်များကို ကူညီပေးနေသော အမျိုးသားတစ်ဦး က KNG သတင်းဌာနကိုပြောသည်။ “သူတို့က ဇူလိုင် ၂၁ ရက်နေ့က နေစပြီး စစ်ရှောင်လာကြတာအခုဆို ရက်ပေါင်း ၁၀ ကျော်လောက်ရှိပြီ။ တိုက်ပွဲ ကတော့ ဒီရက်ပိုင်းဖြစ်ပွားတာမရှိပါဘူး။ သို့ပေမယ့် စစ်ရှောင်တွေက နေရပ်မပြန်နိုင်ကြသေးဘူး။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ် ရွာထဲက ကျန်နေတဲ့လူတွေလည်း ပြန်ထွက်လို့မရဘူး”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။ စစ်ရှောင်များသည် တာမခံ KBC ဘုရားကျောင်း၌ ၄၉ ဦး၊ AG ခရစ်ယာန်ဘုရားကျောင်း၌ ၂၁ ဦး နှင့် မူကြိုကျောင်းတွင် ၁၆၅ ဦး ၊ နတ်ရေတွင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ၆၀ ဦး၊ ဟောင်ပါး တောင်ဘုန်ကြီးကျောင်း၌ ၁၀၀ ကျော် နှင့် ဆွေမျိုးများ နေအိမ်တွင် ၅၀ ကျော် စုစုပေါင်း ကျေးရွာသုံးရွာ၌ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် မှီတင်းခိုလှုံနေပြီး နေရပ်ပြန်နိုင်ရေး အခက်အခဲဖြစ်နေသေးကြောင်း … - [အင်းတော်မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်](https://burmese.kachinnews.com/2022/08/02/aug2-az1/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာအများစုတွင် စစ်ကောင်စီတပ်မှ ဩဂုတ်လဆန်းပိုင်းအတွင်းမှစတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။ အင်းတော်မြို့နယ် အနောက်ဘက်ခြမ်း မော်တိတ်ဒေသဘက်တွင် ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ ယနေ့ နံနက်ပိုင်းအထိ KIA ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား ၄ ရက်ကြာ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ဖုန်းလိုင်းများ အားလုံး ပျက်တောက်နေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “တိုက်ပွဲ ကတော့အဲ့ ဇူလိူင် ၃၀ ရက်နေ့ကစဖြစ်တာ ဒီနေ့မနက်ထိ နေ့တိုင်းလိုမျိုး ဖြစ်နေတာ။ အဲ့ကြောင့်ကျနော်တို့ တိုက်ပွဲ ဖြစ်နေတဲ့ အနောက်ဘက် အနီးဝန်းကျင်ရွာတွေအားလုံး ဖုန်းလိုင်းဖြတ်ခံရတာ”ဟုပြောဆိုသည်။ ဖုန်းလိုင်းဖြတ်တောက်ထားခံရသည့် အပိုင်းမှာ အဓိက အင်းတော်အနောက်ဘက်ခြမ်း မော်တိတ်ဘက်ဖြစ်ပြီး အင်းတော်မြို့နယ်၏ လေးပုံတစ်ပုံခန့် ဖြစ်သည်။ “ရွာတွေကတော့အများကြီးပါသွားတယ်။ ဘယ်ရွာဘယ်ရွာတွေဆိုတာကတော့ လုံခြုံရေးအရ ဖော်ပြလို့ အဆင်မပြေသေးဘူး။ အနောက်ဘက်ခြမ်းလို့ပဲပြောရမှာပေါ့။ အရှေ့ဘက်ခြမ်းမှာလည်း လိုင်းက ပုံမှန်မဟုတ်တော့ဘူးတဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။ မြောက်ခြမ်းနဲ့တောင်ခြမ်းပြီးရင် အင်းတော်မြို့ထဲလောက်ပဲ ဖုန်းလိုင်း ကောင်းတော့တယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်လိုက်သည့်အတွက် ဒေသခံ ပြည်သူများလည်း ဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ “ဖုန်းအင်တာနက်လိုင်းမရတဲ့ အပြင်ဖုန်းလိုင်းပါ ဖြတ်ခံရတော့ဒေသခံတွေက အတော်ခက်ခဲသွားပြီ။ တိုက်ပွဲတွေက နေ့တိုင်းလိုဖြစ်နေတာ ဟိုရွာနဲ့ ဒီရွာဆက်သွယ်က မရဆိုတော့ ဘယ်လိုပြောရမလဲ။ သတင်းအမှောင်ဖုံးသွားတာပေါ့ အဲ့ကြောင်း တခုခုအကြောင်းရှိတယ် အရေးကြီးတယ်ဆိုရင် အင်းတော်မြို့ထဲဘက် လေးမိုင် … - [ရေဦးနယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2022/08/02/aug2-sm1/): စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ ရက်ကြာ တပ်စွဲနေထိုင်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် တစ်ဦးနှင့် တပ်သားအဆင့် ၂၅ ဦး သေဆုံးခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ စစ်ကောင်စီတပ်များသည် ဒီပဲယင်း မှ ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာသို့ အင်အား၁၄၀ ဖြင့် ဦးတည်လာစဥ် ဒေသကာကွယ်ရေးတပ်များစုပေါင်းကာ ပြောက်ကျားစစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ထိတွေ့တိုက်ပွဲက စကစ ၁၄၀ ပါစစ်ကြောင်းက ဒီပဲယင်းကနေ တင်းတိမ်ရံရွာကို လာတဲ့လမ်းမှာ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက ပြောက်ကျားစစ်ဆင်ရေးနဲ့ လမ်းကနေဖြတ်တိုက်တာပါ။ ပြီးတော့ ရွာကို မီးရှို့နေချိန်မှာတော့ မတိုက်ခိုက်နိုင်လိုက်ဘူး သူတို့မီးရှို့ပြီးပြန်ဆုတ်တဲ့အချိန် ထပ်တိုက်ခဲ့ပါတယ်။ သူတို့ဘက်က ဗိုလ်တစ်ယောက်အပါ ၂၅ ဦးကျတယ်”ဟုပြောဆိုသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးစာရင်းများကို မြေပြင်သတင်းများနှင့် ဒီပဲယင်းဆေးရုံ မြေပြင်သတင်းတွေအရ အတည်ပြုနိုင်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဘက်ကတော့ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ လေးရက်အတွင်း ထိတွေ့ တိုက်ပွဲ ၆ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့မူကြောင့် ဆန်စက် ၄ လုံး၊ … - [မံစီ စီအူ ကျေးရွာရှိ နေရပ်ပြန် စစ်ရှောင်များ လုပ်ကိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2022/08/02/ld-5/): မံစီမြို့နယ် နမ်လင်းပါအနီးတွင် ပြန်လည်နေရာချထားသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှု မရရှိတော့သဖြင့် ခက်ခဲမှု ရှိနေကြောင်း သိရသည်။ နမ်လင်းပါကျေးရွာမှ မိုင် ၂၀ ခန့်ဝေးသည့် စီအူ ကျေးရွာတွင် ပြန်လည်နေရာချထားသော စစ်ရှောင်များသည် ထိုနေရာတွင် ၃ နှစ်ကျော်ခန့် ဖြစ်ကျော်လာခဲ့ပြီးနောက် နောက်ပိုင်း ကိုယ်ပိုင်ရပ်တည်နိုင်ရန် ခက်ခဲနေသည်ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ “ကျနော်တို့ နားလည်သိခဲ့တာက ဒီဘက် နမ်ခန်ရွာမှာ ပြန်လည်နေရာချထားပေးပြီး ၃ နှစ်လောက်ထိတော့ အနည်းအကျဉ်း စာနာထောက်ထားမယ်ဆိုပြီး မျှော်လင့်ခဲ့တာ ဒါပေမဲ့ ပြန်ဖြစ်လာတာက တစ်ခြားစီ ဖြစ်သွားတယ်။ အိမ်ရပြီဆိုတာနဲ့ ပြီးရော၊ ဘယ်သူမှ ဘယ်ဘက်ကမှ အချိတ်အဆက်မရှိတော့လို့ အရမ်းသိမ်ငယ် အထီးကျန်ဆန်သလို ခံစားနေရတယ်။ ကျနော်တို့က အခြေခံပစ္စည်းတွေကအစ ဘာမှမရှိတော့တဲ့သူတွေဆိုတော့ အိမ်ရှိတော့ အိမ်မှာခိုလှုံပြီး ပတ်ဝန်းကျင် လယ်ယာ အခင်းပဲ အားကိုးပဲ ဖြတ်ကျော်နေရတာပေါ့။” ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ ပြန်လည်နေရာချထားသော မြေနေရာသည် လယ်ယာမြေ လုပ်ကိုင်စားသောက်နိုင်သောကြောင့် ၎င်းတို့အတွက် အထောက်အကူရရှိစေရန် လယ်ယာမြေသုံး စက်ယန္တရားများကို ကူညီထောက်ပံ့ပေးစေလိုသည်ဟု ဆိုသည်။ KBC လူသားချင်စာနာထောက်ထားမှုအဖွဲ့ KHCC မှ ၎င်းတို့အတွက် နေအိမ် ၄၀ ကျော် တည်ဆောက်ပေးထားပြီး လူဦးရေ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။ စစ်ရှောင်များအခြေကျသည်အထိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက်ကူညီမှု ပေးစေလိုကြောင်း စစ်ရှောင်တစ်ဦးက ယခုလိုပြောသည်။ “KBC ကဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊ KIO ကဖြစ်ဖြစ်ပေါ့ စစ်ရှောင်ဆိုလို့ နေရာတကာ ခက်ခဲတဲ့ စစ်ရှောင်တွေ … - [ဝိုင်းမော် အင်ဝမ်းယာန် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်ဆီး](https://burmese.kachinnews.com/2022/08/02/aug2-yl1/): ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းမပေါ် အင်ဝမ်းယာန်ကျေးရွာ (N’Wan Yang Mare) အနီးရှိသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။ KIA တပ်မဟာ ၅ တပ်ရင်း ၃နယ်မြေ ဘွမ့်တောင်ဘွမ့် (Bum Tawng Bum) နှင့် ဆဒုံးရေတံခွန်ကြားရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ စုပေါင်းတပ်ချနေထိုင်သော ပြည်သူ့စစ်တပ်စခန်းတွင် ယနေ့ နံနက်တိုက်ပွဲအပြီး KIA အထိုင်ချလိုက်ပြီဟု ယနေ့ နံနက် ဝိုင်းမော် မှ ဆဒုံးဘက်ကို သွားသည့် ခရီးသည်တစ်ဦးနှင့် နီးစပ်သူ ဝူယာန်ဒေသခံတစ်ဦးက KNG သတင်းဌာကို ယခုလိုပြောဆိုခဲ့သည်။ “ဒီမနက် ကျနော် သူငယ်ချင်းတစ်ယောက် ဆဒုံးဘက်ကိုတက်သွားတယ်။ သူ ဆဒုံးရောက်သွားတော့ ကျနော်ဆီ ဖုန်းဆက်လာတယ်။ လမ်းမှာ တိုက်ပွဲဖြစ်လို့ ခဏ ပိတ်ခံရတယ်။ တိုက်ပွဲပြန်ငြိမ်သွားမှ သွားခွင့်ရတယ်တဲ့။ အဲ့မှာ သူမြင်တွေ့ခဲ့ရတာက ပြည်သူ့စစ် တပ်စခန်းမှာ KIA က စခန်းသိမ်းယူပြီး စခန်းအတွင်းမှာ ပြန်ထိုင်နေပြီးလို့ ပြောပြတယ်။ ပြီးရင် KIA အဖွဲ့က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြန်လုပ်နေတယ်”ဟု ပြောဆိုသည်။ အင်ဝမ်ယာန် ပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ်ဖွဲ့၏ လက်နက် ပစ္စည်းတစ်ချို့ကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း သိရသော်လည်း အသေးစိတ်ထိခိုက်မှုအချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ ယခုတိုက်ခိုက်ခံရသော ပြည်သူ့စစ် တပ်စခန်းသည် ဆဒုံးရေတံခွန် အဝင်ဝအနီးတွင် တပ်ချထားသော စခန်းတစ်ခုဖြစ်ပြီး … - [မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2022/08/02/aug2-bs1/): တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ အမှတ် (၁) စျေးလမ်းဆုံ နာရီစင်အနီးတွင် ယနေ့ နံနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ “ခုလေးတင် ပြည်သူ့စစ် ၂ ယောက် ပြန်ထိသွားတယ်။ လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး ကားရပ်ထားတဲ့ နေရာကို သေနတ်နဲ့ ဝင်ပစ်သွားတာ။ ဖြစ်သွားတာက အော်စကာ ဖုန်းဆိုင်နားမှာ ဟုတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မူဆယ်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ ထို နာရီစင်အနီးရှိ ရဲကင်းတွင် ယမန်နေ့ နေ့လည်ပိုင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲ တစ်ဦး အပါအဝင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ပြည်သူ ၃ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသူလည်းရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ယမန်နေ့ တစ်ရက်အတွင်း ည ၉ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့မရဲစခန်း ထပ်မံ ပစ်ခတ်ခံရသဖြင့် ရဲဝန်ထမ်းအမျိုးသမီးတစ်ဦး နှင့် ရဲဝန်ထမ်းအမျိုးသား ၂ ဦး ကျည်ထိမှန်ထားသည်ဟု မူဆယ်ဒေသခံတစ်ဦးကပြောဆိုသည်။ “မနေ့ ၃နေရာလောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံတွေက ၈နာရီကနေ ၁၀ ဝန်းကျင်အထိ ကြားရတယ်။ ရဲစခန်းမှာက ၉နာရီလောက်မှာဖြစ်သွားတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ဒါပေမယ့် ရဲ ၃ ယောက်ကတော့ ထိတယ်လို့ သိရတယ်”ဟုပြောဆိုသည်။ ယမန်နေ့ညတွင် မူဆယ်မြို့မ … - [အင်ဂျန့်ယန်မြို့တွင် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးမရှိသဖြင့် ခက်ခဲမှုဖြစ်ပွားနေ](https://burmese.kachinnews.com/2022/08/02/ld-4/): အင်ဂျန့်ယန် (Njangyang) မြို့တွင် ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဝန်ထမ်းများမရှိတော့သဖြင့် လက်ရှိ ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မည်သည့်အစိုးရမှ လက်လမ်းမမှီသည့် အင်ဂျန်ယန်မြို့နယ်တွင်းက ဒေသခံများသည် လက်ရှိချိန် ရာသီ တုတ်ကွေး ဖျားနာမှုများ ရှိနေသော်လည်း ကုသဖို့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမည့်သူများ မရှိသောကြောင့် အကူအညီလိုအပ်နေသည်ဟု ဒေသခံများထံ မှ သိရသည်။ “အခုက တုတ်ကွေးပဲ မဟုတ်ပဲ အခြားလည်း အရမ်းခက်ခဲနေတဲ့အနေအထားရှိတယ်။ ဘာကြောင့်ဆို အင်ဂျန့်ယန်မြို့တွင်းမှာကိုက ကျန်းမာရေးဝန်ထမ်းတွေ မရှိဘူး။ ဆေးရုံတော့ရှိတယ်။ ဒါပေမဲ့ ဆေးနဲ့ ကုသပေးမဲ့ ဆရာ၊ ဆရာမ မရှိဘူး။ အဲ့လိုဖြစ်နေတယ်။ ဆေးဝါးလည်း မရောက်တော့ ဆေးဝါးအသုံးပြုနိုင်ဖို့ ခက်တယ်။” ဟု အင်ဂျန်ယန်မြို့နှင့် အသွားအလာရှိသူ ဒေသခံတစ်ဦးက ပြောသည်။ အင်ဂျန်ယန်မြို့နယ်တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်း မရှိသောကြောင့် ဒေသခံများဖြင့် တိုက်ရိုက်ဆက်သွယ်ရန် ခက်ခဲသဖြင့် အင်ဂျန့်ယန်သို့ သွားလာသူတစ်ဦး မှ ပြောဆိုခြင်း ဖြစ်သည်။ အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန် အထက်ပိုင်းဒေသများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရမှ လက်လှမ်း မှီသော်လည်း အင်ဂျန်းယန်မြို့ တစ်ဝိုက်တွင် အာဏာမသိမ်းမှီအချိန်ထိ အစိုးရ ဆေးဝါးဝန်ထမ်းတချို့ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မရှိတော့ကြောင်း သူက ဆိုသည်။ ခက်ခဲမှု အဓိကဖြစ်ပွားနေသော နေရာများမှာ အင်ဂျန်ယန်မြို့၊ အင်ဂဲန့်ကောင့် နှင့် အင်လော့ဒ်ယန် ကျေးရွာတို့တွင် ဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ၎င်းဒေသသို့ ကျန်းမာရေးဆိုင်ရာကူညီမှုများ မရောက်ရှိနိုင်တော့သလို … - [ရေဦးနယ် တင်းတိမ်ရံကျေးရွာ၏ လူနေအိမ် ၁၀၀ ကျော်၊ ဆိုင်းခန်း ၂၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/08/01/aug1-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ရက်ခန့်အကြာ ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိသော ပြည်သူပိုင်များ မီးတင်ရှို့ခဲ့သောကြောင့် လူနေအိမ်နှင့် ဆိုင်ခန်များ အများအပြား မီးရှို့ပျက်စီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ တင်းတိမ်ရံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ရာတွင် နေအိမ်၁၀၀ကျော်၊ ဆန်စက်၄လုံးနှင့် ဆိုင်ခန်း၂၀၀ကျော် မီးရှို့ဖျက်ဆီးသွားသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။ “သူတို့က ၂၈ရက်နေ့ ည ၇နာရီလောက်မှာ လက်နက်တွေဖောက်ပြီး ကုန်းကြီးကုန်းလမ်းဘက်ကနေ ရွာထဲကိုဝင်လာကြတယ်။ ပြီးတော့ ရွာထဲကို ဝင်ပြီးအထိုင်ချတယ်။ အဲ့ည ဝင်ဝင်ချင်းမှာပဲ ရွာကိုမီးရှို့တယု။ လေးရက်တိုင်တိုင် သူတို့မီးရှို့သွားတာ ဆိုင်ခန်းပေါင်း၂၀၀ကျော်နဲ့ နေအိမ်၁၀၀ကျော်လောက်ရှိသွားတယ်။ နောက်ပြီး ဆန်စက်၄လုံး မီးလောင်ဆုံးရှုံးသွားတယ်ဗျ”ဟုပြောဆိုသည်။ စစ်ကောင်စီတပ် မီးတင်ရှို့ခဲ့သောကြောင့် မီးလောင်ဆုံးရှုံးသွားသော တင်းတိမ်ရံစျေးသည် ရေဦးမြို့နယ်တွင် အစည်အကားဆုံးနေရာတစ်ခုဖြစ်သည်ဟု သိရသည်။ ယခုလို စစ်ကောင်စီတပ်မှ တင်းတိမ်ရံကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာမည်ကို ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်ခဲ့သည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ သို့သော် တင်းတိမ်ရံကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်နေထိုင်ပြီး လက်ရှိတွင် ပြည်သူ ၃ ထောင်ကျော်ခန့်က မီးဘေးသင့် နေရကြောင်း ရေဦးမြို့နယ် PDF အဖွဲ့ထံမှ ဆက်လက်သိရပါသည်။ တင်းတိမ်ရံကျေးရွာတွင် ယခင်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်စီးမှု ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ တင်းတိမ်ရံမှာက ဒီမတိုင်ခင်က တိုက်ပွဲတွေဖြစ်တာမျိုးလည်းမရှိဘူး။ အခုက အကြောင်းပြချက်မရှိဘဲ ရွာကိုမီးရှို့ခံလိုက်ရတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ၃၁ရက်နေ့မှာ ဒီပဲယင်းဘက်ကို ပြန်ထွက်သွားကြပြီ”ဟု … - [မူဆယ်မှာ ဗုံးပေါက်ကွဲသဖြင့် ယာဉ်ထိန်း အပါ ၃ဦး ထိခိုက်မှုရှိ](https://burmese.kachinnews.com/2022/08/01/aug1-bs1/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ပေါ် နာရီစင် မီးပွိုင့်အနီး ရဲကင်းအနီးတွင် ယနေ့ ဩဂုတ် ၁ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်က ဗုံးပေါက်ကွဲသဖြင့် ပြည်သူ့စစ် ၁ ဦး၊ ယာဉ်ထိန်းရဲ ၁ ဦး နှင့် အရပ်သား ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ထိတာက ပြည်သူနဲ့ဆို ၃ ယောက်။ ဖုန်းဆိုင်က မိန်းကလေးက လန့်ပြီးတော့ ရှော့ခ် ဖြစ်တာက ၂ ယောက်။ …. သေတာတော့ မရှိဘူး” ဟု ပရဟိတအဖွဲ့တစ်ဖွဲ့မှ သတင်းရင်းမြစ် တစ်ဦးက ရှင်းပြသည်။ ထိခိုက်ဒဏ်ရာရသူများကို ပရဟိတယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့တွင်လည်း မူဆယ်မြို့ ရပ်ကွက်တစ်ခုတွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသည့်အပြင် လုယက်မှု၊ ခိုးမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း မူဆယ်တွင် နေထိုင်သူများက ပြောသည်။ - [ချောင်းဝကျေးရွာ အသက် ၈၀ ကျော်အဖိုးအိုတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ](https://burmese.kachinnews.com/2022/08/01/aug1-az3/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာရှိ လယ်ကွင်းတဲတစ်ခုတွင် အသက် ၈၀ ကျော်အဖိုးအိုတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဒေသခံများ ပြောသည်။ အသက် ၈၂ အရွယ် ဦးမောင်မောင်၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက် နေ့လည်ပိုင်းက ၎င်း၏ လယ်ခင်းတဲတွင် ဒေသခံများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ညာဘက်ပခုံးမှ ဘယ်ဘက်ပခုံးအောက်အထိ ဖောက်ဝင်ထားသည့် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း အင်းတော်ကြီးဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “သူက သူ့လယ်တောမှာနေတာ လယ်တောစောင့်ဟုတ်တယ် အမှန်တိုင် တွေ့တာကတော့ သေနတ်ဒဏ်ရာပေါ့ ပခုံးကနေ ခါးဘက်ချိုင့်အောက်ကိုပေါက်ထွက်သွားတာ သူက ကျောင်းဆရာဟောင်းတစ်ယောက်ဟုတ်တယ် သူ့ရုပ်လောင်းကိုတော့ ဒီနေ့သဂြိုလ်မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ဦးမောင်မောင် သေဆုံးရသည့်အကြောင်းအရင်းကို ဒေသခံများက အသေးစိတ်မသိရှိကြသေးသည့် အပြင် KNG သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။ “အဲ့ဘိုးတော်ကတော့ အသက်လည်းကြီးနေပြီဆိုတော့ တခြား နိုင်ငံရေး ဘာညာအရှုပ်အထွေးတော့ မရှိဘူး လယ်စောင့်လောက်ပဲ အလောင်းကိုတော့ နေ့လယ်မှာဖြစ်တာဆိုတော့ အဲ့နေ့မှာပဲတွေ့လိုက်တာ ဘယ်လိုကြောင့် သေတာတော့သေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ ယခုကဲ့သို့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ကန့်ကွက်ရှုတ်ချပြီး အခြားသူများ၏ လုံခြုံရေအတွက်လည်း စိုးရိမ်မိသည်ဟု ဒေသခံများ ပြောပါသည်။ အင်းတော်ကြီး ဒေသတွင် ယခုနှစ်အတွင်း ယခုကဲ့သို့ အရပ်သားပြည်သူ သတ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ - [ဖမ်းမိသည့် စစ်ကောင်စီ သတင်းပေးအမျိုးသားနှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုဖြင့် တော်လှန်ရေးအဖွဲ့တစ်ခုက ပြန်လွတ်ပေးခဲ့](https://burmese.kachinnews.com/2022/08/01/aug1-az2-2/): ကသာမြို့နယ်တွင် တော်လှန်ရေးအဖွဲ့တစ်ခုမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီ သတင်းပေးအမျိုးသားနှစ်ဦးကို လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီသတင်းပေး ကိုမြင့်လွင်ကို နမ့်လှိုင်ကျေးရွာတွင် သွားရောက်ဖမ်းဆီးခဲ့ပြီး ၁၁ ရက်နေ့တွင် မီးသတ်ရဲဘော်ရန်နိုင်ဇော် ခေါ်သူကို မိသလင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က လူသားချင်းစာ နာထောက်ထားမှုဖြင့် နှစ်ဦးစလုံးကို ပြန်လွတ်ပေးခဲ့ကြောင်း သွားရောက်ဖမ်းဆီးခဲ့သည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့က စစ်ကောင်စီနဲ့ပေါင်းပြီးတော့မှ တော်လှန်ရေးအဖွဲ့တွေကို ဒလန်လုပ်တဲ့ အနေအထားမျိုးနဲ့ သူတို့နှစ်ယောက်ကိုဖမ်းလိုက်တာ ဖမ်းပြီးစစ်ဆေးမေးမြန်းတာ ပေါ်တာတော့ပေါ်တယ်။ စစ်ကောင်စီနဲ့ပါဝင်ပတ်သက်တာ။ ဒါပေမယ့်လို့ လူသားချင်းစာနာထောက် ထားပြီးတော့မှ သူတို့ကို ပြန်လွတ်ပေးလိုက်တာ”ဟုပြောဆိုသည်။ ယင်းအမျိုးသားနှစ်ဦးကို ခံဝန်ကတိဖြင့်ပြန်လွတ်ပေးခဲ့ပြီး နောက်ထပ်စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ဒလန် လုပ်ခြင်း ရှိမရှိကိုလည်းစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုမြင့်လွင်သည် သာမာန်ပြည်သူဖြစ်ပြီး ကိုရန်နိုင်ဇော်သည် ကသာမြို့နယ် မိသလင်းနယ်မြေ မီးသတ် စခန်းမှ Non-CDM မီးသတ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုတော်လှန်ရေးအဖွဲ့သည် ယခင်ကလည်း စစ်ကောင်စီသတင်းပေး၊ ဒလန်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဖြင့်ပြန်လွတ်ပေးသည့်ဖြစ်စဉ်မျိုးရှိခဲ့ကြောင်းသိရသည်။ - [အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာခွင့် ပိတ်ပင်ထားကြောင်း အင်းတော် PDF ပြော](https://burmese.kachinnews.com/2022/08/01/aug1-az1/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်း ခရီးသည်ယာဉ်နှင့် ကုန်တင်ကားများ သွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ အင်းတော် နှင့် ဗန်းမောက်ကြားတွင် စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ထားသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းကိုပြောသည်။ “အဲ့လမ်းပိုင်းမှာ မနေ့တုန်းက အထိ တိုက်ပွဲဖြစ်တယ်။ ဟိုတစ်နေ့ တုန်းကလည်း ဖြစ်တယ်။ နောက်ပြီး တော့ထပ်ဖြစ်ဖို့လည်း အလားအလာရှိတဲ့အတွက်ကြောင့် ပြည်သူတွေကို ငဲ့ညှာနဲ့နေနဲ့ ကျွန်တော်တို့ဘက်က လုပ်ရကိုင်ရတာခက်မှာဆိုးလို့ ကျွန်တော်တို့လမ်းပိုင်းကိုပိတ်လိုက်တာ ကားတွေပဲပိတ်တာ ဆိုင်ကယ်တွေကတော့ရတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားမှုသည် ဇူလိုင်လ ၃၀ ရက်နေ့ အင်းတော်မြို့အနီး တောတွင်းတစ်နေရာတွင် တစ်ကြိမ်နှင့် ဇူလိုင် ၃၁ ရက်နေ့ မော်တိတ် ဒေသသက္ကယ် ကျင်းကျေးရွာအနီးတွင် တစ်ကြိမ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သူဆက်ဆိုသည်။ “အကျအဆုံကတော့မနေ့ကစာရင်းကတော့ အတည်ပြုနေဆဲပဲ ၃၀ ရက်နေ့တုန်းက တိုက်ပွဲမှာကတော့ သူတို့ ခြေလျင်တက်လာတဲ့စစ်ကြောင်းကို မိုင်းငါးလုံးဆွဲလိုက်တာ သူတို့ဘက် ငါးယောက် ထက်မနည်း သေတယ်။ နောက်ပြီး အဲ့နေ့မှာပဲ အင်းတော်မြို့ထဲကနေ ကားနှစ်စီးနဲ့ဒဏ်ရာရတဲ့ဟာကော သေတဲ့ဟာ ကောလာသယ်သွားတယ်”ပြောဆိုသည်။ အင်းတော် PDF အဖွဲ့နေဖြင့် အင်းတော်- ဗန်းမောက်လမ်းပိုင်း သွားလာဖြတ်သန်းခွင့် တားမြစ်ထားသည့်အပေါ် … - [လူထုသစ္စာအဓိဌာန်ပြုပွဲ မဖြစ်မြောက်ရေးအတွက် ထုတ်ပြန်ချက်အတုများ ပျံနှံနေ](https://burmese.kachinnews.com/2022/07/30/july30-sn1/): မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့ နိုင်ငံအနှံ လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ်ရန်အတွက် စစ်အာဏာရှင်ဆန့်ကျင်သူများ ကြိုးပမ်းနေစဉ် တစ်ဖက်တွင်လည်း လူထုသစ္စာအဓိဌာန်ပြုပွဲ မဖြစ်မြောက်ရေး စစ်တပ်ထောက်ခံသူများက ထုတ်ပြန်ချက်အတု၊ သတင်းအမှားဖြင့် ဖြန့်ဝေကာ ကြိုးစားနေသည်ကို တွေ့ရှိနေရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို ဇူလိုင်လ (၃၀) ရက်နေ့စွဲဖြင့် “Lynn Khant” ဖေ့စ်ဘုတ်အကောင့်နှင့် “ပြည်သတင်းမှန်” “Kyaw Win Maung” “ရွှေဘ” နှင့် “တပ်ကြပ်ကြီးဖိုးကွန်း” စသည့် Telegram အကောင့်များတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။ ထုတ်ပြန်ချက်အတုတွင် “NUG အစိုးရထုတ်ပြန်ထားသည်ဟုဆိုသော သတင်းမှာ မှားယွင်းမှုသာဖြစ်ပြီး NUG မှ ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက မိမိတို့ NUG အစိုးရအဖွဲ့ရုံးမှ တရားဝင်စာထုတ်ပြန် အကြောင်းကြားပါမည်” ဆိုပြီး NUGအစိုးရမှ အမှန်တကယ် အသိပေးကြေညာချက် ထုတ်ပြန်ထားသယောင်ဆောင် ဖြန့်ဝေနေကြသည်။ အမှန်တကယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုး ၊ ဒေါက်တာဆာဆာ နှင့် တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်း တို့က Public Voice Television စာမျက်နှာတွင် ‘လူထုသစ္စာအဓိဌာန်ပြုပွဲ”ကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်ကြောင်းကို ရေးသားထားကြသည်။ ဒေါက်တာဆာဆာက ‘ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။’ ဟု သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယနေ့ ည ၈ နာရီတွင် ဖော်ပြထားသည်။ … - [ဝူယန် ပြည်သူ့စစ်စခန်းတိုက်ပွဲတွင် PDF အဖွဲ့ ၇ ဦးကျဆုံးဆိုသည့် သတင်းအမှား](https://burmese.kachinnews.com/2022/07/29/july29-sn1/): ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်စခန်းကို KIA နှင့် PDF တို့မှ လာရောက်ပစ်ခတ်တိုက်ခိုက်ရာတွင် PDF အဖွဲ့မှ ၇ ဦး ကျဆုံးခဲ့သည်ဆိုသော သတင်းအမှားတစ်ခုကို Telegram အကောင့်များတွင် ပြန်လည် ရေးသားဖြန့်ဝေနေ ကြသည်။ ဒီသတင်းအမှားကို ဇူလိုင်လ ၂၈ ရက် နေ့လည် ၁၂ ခန့်အချိန်မှ စတင်ပြီး “Kyaw Swar” Telegram အကောင့်မှ တဆင့် “မှိုင်းဝေ” နှင့် “Ko Thet’s News” Telegram အကောင့်များတွင် ဖော်ပြထားသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး “ပြည်သူ့စစ်စခန်းအတွင်းမှာ အလောင်းက ၆ လောင်းတွေ့ရတယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။ အဲ့ဒဏ် ရာရတဲ့ သူတွေကိုလည်း ဒီမနက် အစောကြီး မြစ်ကြီးနားစစ်ဆေးရုံဘက်ကို ပို့လိုက်ပြီး။” ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို တိုက်ပွဲအပြီး မနက်ပိုင်းတွင် ပြောထားသည်။ ပြည်သူ့စစ်ဘက် သေဆုံးသူ ၆ ဦးအနက် ၂ ဦးမှာ လီဆူလူမျိုးဖြစ်ကြပြီး ကျန် ၄ ဦးမှာ စစ်ကောင်စီ တပ်သားများ ဖြစ်ကြသည်။ တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှလည်း ၂ ဦး သေဆုံးပြီး ၁ ဦး၏ အလောင်းနှင့် လက်နက်အချို့ကို စစ်ကောင်စီဘက်မှ ရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီဘက်မှ ထိုဓါတ်ပုံဖြင့် KIA နှင့် PDF ဘက်မှ ၇ ဦး ကျဆုံးကြောင်း သတင်းအမှားများကို … - [ဖားကန့် YTT လုပ်ကွက်တွင် ကုမ္ပဏီ ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေးသမားတစ်ဦး ထိမှန်သေဆုံး](https://burmese.kachinnews.com/2022/07/29/july29-az1/): ကချင်ပြည်နယ် ဖားကန်မြို့နယ် မနကျေးရွာမှော် YTT ကျောက်စိမ်းလုပ်ကွက်နေရာတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင် ၂၈ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် YTT လုပ်ကွက်၌ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက် မိုင်းခွဲရာ ကျောက်ခဲစင်၍ လုပ်ကွက်အနီး ရေမဆေးကျောက်ရှာနေသူ ဦးကျော်ဆန်းနိုင် အသက် (၄၆) ကို ခဲထိမှန်ခဲ့ရာ နေတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “ရတနာတောင်တန်း (YTT) လုပ်ကွက်မှာ ဟုတ်တယ်။ အခုက ရေမဆေးကော ကုမ္ပဏီတွေကော ညဘက်ပဲ တူးကြတာဆိုတော့ အဲ့မှာကုမ္ပဏီတစ်ခုက ကျောက်မိုင်းခွဲတာခဲစင်ပြီး ရေမဆေးတစ်ယောက် ဦးခေါင်မှန်ပြီးပွဲ ချင်းပြီးပဲသေသွားတာ”ဟု ဖြစ်စဉ် သိသူအမျိုးသားတစ်ဦးကပြောသည်။ သေဆုံးသွားသည့် အမျိုးသားသည် ဆန်းကြွယ်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ “ကုမ္ပဏီ ခွဲတဲ့ကျောက်ခဲမှန်တာဆိုတော့ ကုမ္ပဏီက ဘယ်လိုဆောင်ရွက်ပေးမလဲ တော့မသိရသေးဘူး အလောင်းကတော့ ဒီနေ့သဂြိုလ်မှာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။ ရတနာတောင်တန်း (YTT) လုပ်ကွက်တွင် ယခင်က YTT ကုမ္ပဏီတစ်ခုတည်းကသာ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိတွင် ကုမ္ပပေါင်းစုံ ဝင်ရောက်လုပ်ကိုင်နေသည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဆိုင်းတောင် ကျေးရွာ အနောက်ဘက် ဆိပ်မူ နှင့် မိုးကာ ကျေးရွာကြား မြေစာပုံ ပြိုကျ၍ ရေဆေးရှာနေသည့် အမျိုးသားနှစ်ဦး ဦးဒီးတန် ၃၃ နှစ်နဲ့ … - [KTV အတွင်း ပျော်ပါးသောက်စားနေသည့် စစ်ကောင်စီတပ်သား ၂ဦးပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/07/28/july28-az2/): အင်းတော်မြို့နယ်တွင် ကားသမားများထံမှ ငွေညစ်၍ KTV ၌ အရပ်ဝတ်များဖြင့် သောက်စားနေသည့် စစ်ကောင်စီတပ်သား ၂ဦးကို KIA နှင့် PDF အဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးကို ဖမ်းဆီးရမိကြောင်း အင်းတော် PDF အဖွဲ့ထံမှသိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် ပင့်တင်ကျေးရွာတွင်ရှိသော မိဘမေတ္တာ KTV ဆိုင်တွင် စစ်ကောင်စီ တပ်သား ၂ဦးဖြစ်သည့် တပ်ကြပ် ကျော်သူရနှင့် တပ်သားချမ်းအေး တို့ကို KIA နှင့် PDF အဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် တပ်သားဖြစ်သူကို အရှင်ဖမ်းမိခဲ့ရပြီး တပ်ကြပ်ဖြစ်သူမှာ ထိုနေရာတွင် ကျည်ထိမှန်သေဆုံးသွားသည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကို ယခုလိုပြောဆိုသည်။ “သူတို့က ကားသမားတွေဆီကပိုက်ဆံတောင်းလိုက် စားလိုက်သောက်လိုက်လုပ်နေတာ။ ကျနော်တို့က သတင်းရတာကြာပြီ။ မနေ့ကတော့ KTV အထိလိုက်သွားပြီး သွားပစ်ခဲ့တယ်။ ကျနော်တို့ဝင်ပစ်တဲ့အချိန် KTV နောက်ဖေးဘက်ထွက်ပြေးတယ်။ အဲ့မှာတစ်ယောက်ကတော့ ပွဲချင်းပြီး ထိသွားတယ်။ တစ်ယောက်ကတော့ ဖမ်းမိလာတယ်”ဟုပြောဆိုသည်။ အရှင်ဖမ်းမိလာသည့် တပ်သားကို စစ်သုံ့ပန် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်ဆိုထားသည်။ အဆိုပါ ပင့်တင်ကျေးရွာတွင်ရှိသော မိဘမေတ္တာ KTV ဆိုင်သည်လည်း စစ်ကောင်စီအဖွဲ့ အဝင်အထွက်ရှိသော ဆိုင်ဖြစ်ကြောင်းလည်း သိရသည်။ ယနေ့ နေ့လည်ပိုင်းတွင်လည်း မော်လူးမှ အင်းတော်ဘက်သို့ တွဲကားဖြင့် ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIAနဲ့ PDF တို့က မော်လူးအင်းတော်ကြား လမ်းခုလတ်တွင်ကြားဖြတ်တိုက်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကိုစုံစမ်းအတည်ပြုနေဆဲ … - [စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားအချို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/28/july28-sm2/): စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာကို စစ်ကြောင်းထိုးပြီး ကန်ဖျားကျေးရွာဘက်သို့ စစ်ကြောင်းပြန်လှည့်ဆုတ်ခွာစဉ် Zero ပြောက်ကျားတပ်ဖွဲ့နှင့် Zeo Power တော်လှန်ရေးအင်အားစုတို့မှ ဝေဟင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ဦးသေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် နံနက်ပိုင်း ၉နာရီဝန်းကျင် မူးမန္တလေးကျေးရွာ မြေပြင်ကို လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့ပြီး မွန်းလွှဲပိုင်းတွင် မြင်းမူမြို့ဘက်သို့ ပြန်လှည်ဆုတ်ခွာစဉ် တိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ဆိုသည်။ “မနေ့ကမနက်ပိုင်းက ရဟတ်ယာဉ် နဲ့လာပစ်တယ် လူတစ်ချို့ချသွားတယ် သူတို့က မူးမန္တလေးရွာကိုမီးရှို့ပြီး ညနေပိုင်းကျတော့ ကန်ဖျားဘက်ကကနေ ၂၉ ကောင်ပါတဲ့စစ်ကြောင်းက မြင်းမူဘက်ကနေပြန်ဆုတ်တဲ့အချိန် ကြိုစောင့်ပြီးတိုက်ခိုက်ခဲ့တာဟုတ်တယ်။ အဲ့နေရာမှာတင် ၇ ကောင်သေတယ်။ ၁၈ကောင်လောက်က ဒဏ်ရာရတယ်”ဟုပြောဆိုသည်။ တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို လူနာတင်ကားဖြင့် မုံရွာဘက်သို့ သယ်ဆောင်သွားသည်ဟု မြေပြင်တွင် ကြည့်ရှု့နေသောအဖွဲ့က ပြောဆိုသည်ဟု သူကဆက်ဆိုသည်။ လက်ရှိတွင် မူးမန္တလေးကျေးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်းခြင်းမရှိသေးပါ။ အဆိုပါ စစ်ကောင်စီတပ်များကို ယမန်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့်တွင် ရဟတ်ယာဉ်တစ်စီးဖြင့် စစ်အင်အား ၃၀ခန့် မူးမန္တလေးကျေးရွာသို့ လာချထားသည့် စစ်ကောင်စီအဖွဲ့ဖြစ်ပါသည်။ ထို့နောက် မူးမန္တလေး ကျေးရွာ၏ မြောက်ပိုင်းဘက်တွင် လူနေအိမ်များ မီးရှို့ခံရမှုဆက်ရှိနေပြီး လက်ရှိအချိန်အထိ ရွာထဲတွင် စစ်ကောင်စီတပ်များရှိနေသေးသည့်အတွက်ကြောင့် နယ်မြေခံတပ်များ ဝင်ရောက်ကြည့်ရှု့ရန် … - [ကွတ်ခိုင် နမ်ဖလွန်အနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲ ဖြစ်ပွား](https://burmese.kachinnews.com/2022/07/28/july28-ld1/): ရှမ်းမြောက် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ နမ်ဖလွန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ကွက်ခိုင်မြို့အထက် ၃ မိုင်ခန့်အကွာ ဖာခတ်ကျေးရွာ နှင့် နမ်ဖလွန်ကျေးရွာကြားတွင် နမ်ဖတ်ကာဘက် မှ ဆင်းလာသည့် စစ်ကောင်စီ အင်အား ၂၀၀ ခန့် စစ်ကြောင်း နှင့် KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မနေ့က ကတည်းက နမ်ဖလွန်ရွာတစ်ဝိုက် စစ်အင်အား ၂၀၀ လောက်ရှိတယ်။ သူတို့နဲ့ အခု တိုက်ပွဲဖြစ်နေတာ။ စစ်တပ်ဘက်က ရမ်းတမ်းပစ်ခတ်တာ ပိုများနေတယ်။ အခုနမ်ဖတ်ကာဘက်ကနေ စစ်အင်အားတွေလည်း ထပ်ဖြည့်နေတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်နေတုန်းပဲ။ မိုးကရွာ ခရီးသွားကားတွေလည်း ပိတ်လို့” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားသော နေရာဘက်သို့ စစ်ကောင်စီ နမ်ဖတ်ကာ တပ်မ စခန်း နှင့် ကွတ်ခိုင်ဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။ ထိုနေရာအနီးတစ်ဝိုက်တွင်ပင် ယမန်နေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြေင့် နမ်ဖလွန်ကျေးရွာရှိ ၉ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ်အွမ်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ပြောသည်။ စစ်ကောင်စီတပ်သည် ၎င်းတို့ … - [ရေခါးကျေးရွာမှ ၁၁နှစ်အရွယ် ကလေးငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား](https://burmese.kachinnews.com/2022/07/28/july28-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာတွင် စစ်ကြောင်းထို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အသက် ၁၁နှစ်အရွယ်ရှိ ကလေး ငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။ ယနေ့ နံနက် ၈နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့မှ ရေခါးကျေးရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာတွင် ရေခါးကျေးရွာမှ ဆိတ်ကျောင်းနေသည့် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ် တပ်သားတစ်ဦး KNG ကိုပြောပါသည်။ “ဆိတ်ကျောင်း‌နေတဲ့ ကလေးနှစ်ယောက်ကတော့ဓားစာခံဖမ်းခံရတယ်ပြောတယ်။ ဒါမဲ့သူတို့စစ်ကြောင်းနဲ့ပဲပါသွားတာလား။ မီးထဲပဲထည့်သွားခဲ့တာလား။ ကျနော်တို့ကလည်း ရှို့ခံရတဲ့အိမ်တွေကများတော့ အကုန်မကြည့်နိုင်သေးဘူး။ မီးမကူးအောင်ပဲတားနေရတာ”ဟုပြောဆိုသည်။ စစ်ကောင်စီ စစ်ကြောင်းသည် ကလေးငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ရေခါးကျေးရွာမှ လူနေအိမ်များ ၁၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးသွားသည်ဟု သူကဆက်ဆိုသည်။ ထို့အပြင် အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့ ညပိုင်းတွင် ရေခါးကျေးရွာ နှင့် ၅မိုင်ခန့်အကွာတွင် တည်ရှိသော ရေမိန်တောင်ကျေးရွာကို ဝင်ရောက်တပ်စွဲကာ အပြစ်မဲ့ပြည်သူ ၅ဦးကိုလည်း သတ်ဖြတ်ထားခဲ့သည်ဟု ဆားလင်းကြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်။ ရေခါးကျေးရွာသည် အိမ်ခြေ ၃၀၀ခန့်ရှိနေသည့် ကျေးရွာတစ်ခုဖြစ်ပြီး ဆားလင်းကြီးမြို့၏မြောက်ဘက်တွင်တည်ရှိကာ ဆိုင်ကယ်ဖြင့် ၄မိနစ်ခန့်သာခရီးရှိကြောင်း သိရသည်။ - [ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် အသက် ၃၀ ကျော်အမျိုးသားနှစ်ဦး သေဆုံး](https://burmese.kachinnews.com/2022/07/28/july28-az1/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မိုးကားကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂ဦး မြေစာပုံပြိုကျပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ ဇူလိုင် ၂၇ ရက် ယမနေ့ နံနက် ၉ နာရီ အချိန်တွင် ဆိပ်မူကျေးရွာ၏ အနောက်ဘက် မိုးကားကျေးရွာနဲ့ဆိပ်မူကျေးရွာကြားတွင် အမျိုးသားသုံးဦးရေမဆေးကျောက်တူးနေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျလာခဲ့ရာ ၂ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “အဲ့နေရာမှာ ၃ယောက်တူးနေတာ။ သူတို့ရဲ့ခေါင်းပေါ်ကနေ မြေစာပုံက ရုတ်တရက်ကြီးပြိုကျလာတော့ တစ်ယောက်ကတော့ပြေးလွတ်တယ်။ ၂ယောက်ကပြေးမလွတ်ဘူး အောက်ကရေကန် ထဲပါသွားတာ အလောင်းက မနေ့ကပဲရှာတွေ့တယ် သံချိတ်နဲ့ချိတ်ပြီးဆွဲယူလိုက်ကြတာ ဒီနေ့သဂြိုလ်လိုက်ပြီ”ဟုပြောဆိုသည်။ သေဆုံးသွားသည့် အမျိုးသားနှစ်ဦးအနက်တစ်ဦးမှာ မြစ်ကြီးနား တပ်ကုန်းရပ်ကွက် ထွယ်ဆန်နယ်မြေတွင် နေထိုင်သူ အသက် ၃၃နှစ်အရွယ် ဦးဒီးတန် နှင့် ဆိုင်းတောင်ကျေးရွာမှ အသက် ၃၀နှစ်အရွယ် ကိုနောနော်တို့ဖြစ်ကြသည်။ အဆိုပါ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)၊ သင်္ခါလူမှုကူညီရေးအသင်း (ဆိပ်မူ) အသင်းနဲ့ဒေသခံများဝိုင်းဝန်းကူ ညီ ရှာဖွေထုတ်ယူခဲ့ကြောင်းသိရသည်။ ဖားကန့်တွင် ယခုနှစ်အတွင်းမြေစာပုံပိ၍ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိပြီ ဖြစ်ကြောင်းသိရပြီး ဖားကန့်ကျောက်စိမ်း မှော်ဒေသတွင် မိုးရာသီကာလ၌ နှစ်စဥ်မြေပြိုမှုကြောင်း သေဆုံးသူ ဆယ်ဂဏန်းမှာ ရာဂဏန်းအထိရှိသည်။ - [ဝူယန် ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ် ၆ ဦးသေ၊ အယောက် ၂၀ ကျော် ထိခိုက်](https://burmese.kachinnews.com/2022/07/28/july28-yl1/): ဝိုင်းမော်မြို့ စစ်ကောင်စီအောက် ဝူယန်ပြည်သူ့စစ်စခန်း ယနေ့ နံနက် တိုက်ခိုက်ခံရမှုတွင် ၆ ဦး သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်တော် KIA နှင့် PDF တို့မှ စခန်းအတွင်းအထိ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုဆိုသည်။ “စခန်းအတွင်းမှာ အလောင်းက ၆ လောင်းတွေ့ရတယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။ အဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒီမနက်အစောကြီး မြစ်ကြီးနား စစ်ဆေးရုံဘက်ကို ပို့လိုက်ပြီ။ ကျနော်တို့က သူတို့ရဲ့ ပြည်သူ့စစ်ဂိတ်အတွင်းထိကို ဝင်ရောက်စီးနင်းနိုင်ခဲ့တာဟုတ်တယ်။ စခန်းတောင် မီးရှို့ပေးလိုက်ဖို့ ဒါပေမယ့် ရွာအလယ်မှာဖြစ်နေတဲ့ မရှို့ဘဲ ပြန်ခေါက်သွားခဲ့ကြတယ်” ဟု ပြောဆိုသည်။ ပြည်သူ့ စစ်တပ်စခန်းတွင် ၁ နာရီခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူနိုင်ခဲ့ပြီး ထွက်ခွာသွားကြသည်ဟု သူဆက်ဆိုသည်။ ယခုလို ဝူယာန်ပြည်သူ့စစ်တပ်စခန်းကို KIA နှင့် PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုသည် ယခုလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃နယ်မြေရှိ နန်ဇော်ကျေးရွာဘက်တွင် ပြည်သူ့စစ်အဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ယနေ့ နံနက် တိုက်ပွဲနှင့်ပတ်သက်ပြီး ဝူယာန်ပြည်သူ့စစ်တပ်စခန်းအနီးတွင်ရှိသော ဒေသခံတစ်ဦးက ယခုလို ဆက်ပြောဆိုသည်။ “စခန်းအတွင်းမှာရှိ သလောက်က သေမယ်။ မသေရင်တောင် ဒဏ်ရာရမယ်။ တစ်ချို့ကတော့ … - [KIA လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည် ဆိုသော သတင်းအမှား ထပ်မံ ပျံနှံနေ](https://burmese.kachinnews.com/2022/07/27/july27-sn1/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ အသက် ၃ နှစ် အရွယ် ကလေး သေဆုံးမှုမှာ KIA လက်နက်ကြီးကြောင့်ဖြစ်သည်ဆိုသော သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘အမွေစိန်’ ဟူသော Telegram တွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က စတင်ဖော်ပြထားပြီးနောက် “တပင်ရွှေထီး” နှင့် “ယိမ်းနွဲ့ပါး” ဆိုသော ဖေ့စ်ဘုတ်အကောင့်များတွင်လည်း မိနစ်ပိုင်းသာခြားပြီး ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သော်လည်း KIA ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသခံများ ပြောဆိုခြင်း မရှိသည်ကို ဒေသတွင်း သတင်းမီဒီယာများမှ တဆင့် တွေ့ရှိနိုင်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် “Shwe Phee Myay News Agency” သတင်းစာမျက်နှာတွင် “ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာအတွင်း စစ်ကောင်စီနဲ့ ကချင်တပ်မတော် (KIA)တို့ တိုက်ပွဲကြား ဦးခေါင်းမှာ လက်နက်ကျည် ထိမှန်ခဲ့တဲ့ ကလေးငယ်ဟာ သေဆုံးသွားခဲ့ရသည်” ဟုသာ ရေးသားဖော်ပြထားပြီး KIA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် (၃)နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရသည်ဟူ၍ ရေးသား ဖော်ပြထားခြင်းမရှိပါ။ အဆိုပါ သတင်းကိုပင် Kachin News Group နှင့် Kachinwave အပြင် … - [ထီးချိုင့်ဘက်မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2022/07/27/july27-az2/): စစ်ကိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့နယ်အစပ်တွင် KIA နှင့် PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက် ထိခိုက်မှုများပြီး ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ ဇူလိုင် ၂၆ရက်နေ့ ထီးချိုင့်မှအင်းတော်နယ်သို့ စစ်အင်အား ၇၀ကျော်ခန့်အပါ ခြေလျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နှင့် ထီးချိုင့်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ဒေသကာကွယ်ရေးအဖွဲ့များက ထီးချိုင့်နှင့်အင်းတော် နယ်စပ်ကြား တောတစ်နေရာတွင် နေ့လယ် ၁ နာရီခွဲအချိန်ခန့်ဝန်းကျင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့​ကြောင်း ထီးချိုင့် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို​ပြောသည်။ “သူတို့က အင်းတော်ကျောင်းကုန်းလမ်း ဘက်ကိုခြေလျင်နဲ့တက်လာတာ အဲ့တာကို သတင်းရလို့စောင့်ကြိုပြီးတိုက်ခိုက်ခဲ့တယ်။ အဲ့နေရာမှာ အပြန်အလှန်ပစ်ခတ်ကြတာတစ်နာရီလောက်ကြာတယ်။ သူတို့ဘက်ကတော့လက်နက်ကြီးတွေကောရမ်းသမ်းပစ်တယ်။ စစ်ကောင်စီဘက်က ငါးယောက်လောက်ကျတာတော့မြင်ခဲ့ရတယ်။ အဲ့ထက်လည်းများနိုင်တယ်။ ပြီးရင် ဒဏ်ရာရလည်း ဆယ်ယောက်လောက်ရှိတယ် မိုင်းထိတာကောပေါ့”ဟုပြောဆိုသည်။ စစ်ကောင်စီဘက်မှ တိုက်ပွဲတွင် ကျဆုံးသွားသည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတစ်ဝိုက်တောတွင်းမြှပ်နှံသွားပြီး ယင်းစစ်ကြောင်းလည်း ဒဏ်ရာရရှိသူများကို အင်းတော်ဘက်သို့ ဆက်မတက်ဘဲ ထီးချိုင့်ဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်ခံရသော စစ်ကောင်စီ စစ်ကြောင်းသည် အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းရန် တက်လာသည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်အတွင်း လတ်တလော စစ်ကြောင်း ၃ခုဖြင့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေကြောင်းသိရသည်။ - [ဆယ်ဇင်းတွင် စစ်ကောင်စီ ဖမ်းထားသည့် ပြည်သူ ၅ ဦးအနက် လူငယ်နှစ်ဦး ပြန်မလွတ်သေး](https://burmese.kachinnews.com/2022/07/27/july27-az1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ အဖမ်းခံလိုက်ရသည့် အရပ်သား ၅ ဦး အနက် ၃ ဦး ပြန်လွတ်လာသော်လည်း အသက် ၂၀ ကျော်အရွယ် လူငယ် နှစ်ဦး ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။ စစ်ကောင်စီသည် ဇူလိုင် ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာကို တစ်အိမ်ဝင်တစ် အိမ်ထွက် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အမျိုးသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သုံးဦးကို ယမန်နေ့က ပြန်လွတ်ပေးခဲ့ပြီး ကျန်လူငယ် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အဖမ်းခံရတာ ငါးယောက်ဟုတ်တယ်ဗျ သူက စစ်ဆေးရေးလုပ်နေတဲ့ချိန်မှာ ဖုန်း ထဲက ဒေတာအချက်အလက်တွေ မိသွားတာ ငါးယောက်ဖမ်းသွားတယ်။ ဟိုဘက်ဒီ ဘက်လမ်းပိတ်ပြီး တစ်အိမ်ဝင်တစ်အိမ် ထွက်စစ်ပြီးဖမ်းသွားတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရဆဲ လူငယ်နှစ်ဦးသည် ကိုတက်တိုး အသက် ၂၅ နှစ်၊ ကိုပါဝါ အသက် ၂၂ဝန်းကျင်တို့ဖြစ်သည်။ ၎င်းတို့၏ လက်ကိုင်ဖုန်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့်ပတ်သက်သော အချင်းချင်းသတင်းဖလှယ်သည့် စာတိုများတွေ့ရှိခြင်း နှင့် လက်ကိုင်ဖုန်းတွင် အသိ PDF တစ်ဦး၏ ဝတ်စုံ ဝတ်ထားသည့် ဓာတ်ပုံတွေ့ရှိခြင်းကြောင့် PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲထိန်းသိမ်းထားကြောင်း သိရသည်။ ဖားကန့် ဆယ်ဇင်းကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ် နှင့် KIA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သည်။ ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာတွင် … - [ချောင်းဦးမြို့တွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရကာ ၂၂ ဦးခန့် သေဆုံး](https://burmese.kachinnews.com/2022/07/26/july26-sm1/): စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့ ငါးယှန်ကျေးရွာအရှေ့ဘက်အရောက်တွင် ဒေသကာကွယ်ရေးတပ်များ မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် မှ ၂၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ဆင်ရေးကို ယမန်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် Farmer Revolution Force (CHU) နှင့် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA-စစ်ကိုင်းခရိုင်တပ်ရင်း ၅) စသည့် ဒေသကာကွယ်ရေးတပ်များမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မုံရွာ နမခ ခွေးခြံကနေ ခွေးကားတွေက ၂၂စီး ထွက်လာတယ်။ ပြီးတော့ ချောင်းဦးမြို့ဘောလုံးကွင်းမှာ ခွေး အပြောင်းအလဲလုပ်ပြီး မြင်းမူဘက်ကို ၁၆ စီး ထွက်လာတာ အင်းအား ၅၀ လောက်ပါတဲ့ Jamper ကားကြီး ပထမဆုံးကားကို အပြင်းစား မိုင်း၂လုံးနဲ့ ဆွဲလိုက်တာ ၂၂ကောင်ကျတယ်။ ဒဏ်ရာလည်းအတော်များတယ်။ ဒီပွဲကတော့ ကင်းပုန်းတွေအများကြီး ကြားကနေ ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့ပွဲပါ” ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့နောက် စစ်ကောင်စီဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ ကျဆုံးမှုစာရင်း နှင့် ဒဏ်ရာရမူအခြေအနေကို ဘေးပတ်ဝန်းကျင် ပြည်သူများထံမှ အတည်ပြုနိုင်ခဲ့သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့ဘက်က အကျအဆုံးကို ဘေးနားက မျက်မြင်ပြည်သူတွေ … - [ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ဒေသခံများထံမှ အတင်းအကြပ်ငွေကြေးကောက်ခံ](https://burmese.kachinnews.com/2022/07/26/july26-yl1/): လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ က ပိတ်ထားသော ရွှေမှော်လမ်းများကို ပြန်လည် ဖွင့်လှစ်နေသော်လည်း ဖြတ်သန်းသွားလာသော ပြည်သူများကို ပြည်သူ့စစ်အဖွဲ့က ငွေကြေးကောက်ခံနေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်ကိုသွားသည့် လမ်း ကြောင်း ၄ ခုကို ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့ လမ်းတစ်ချို့ ပြန်လည်ဖွင့်ခဲ့သည်။ သို့သော်လည်း ဖြတ်သန်းသွားလာသောခရီးသည်များထံမှ ဆိုင်ကယ်တစ်စီး ငွေတစ်သောင်းကျပ်နဲ့ လူတစ်ဦးကို ငါးထောင်ကျပ် ကောက်ခံနေသည်ဟု ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။ “ဘယ်ဘက်ကဘဲ ပြန်ပြန် ဆိုင်ကယ်တစ်စီး တစ်သောင်းပေးရတယ်။ လူက တစ်ယောက်ကို ၅ ထောင်ကျပ် ကောက်နေတယ်။ အဓိက သူတို့က ဒီလိုလုပ်ချင်လို့ လမ်းတွေပိတ်ထားတယ်။ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနေ့ဖြတ်ရင် ဒီနေ့ပေးရတယ်။ အဝင်အထွက်တိုင်းစီးကို ကောက်နေတာ” ဟု ပြောဆိုသည်။ လက်ရှိ ပြည်သူ့စစ်အဖွဲ့ မှ ပြည်သူများထံ ငွေကြေး ကောက်ခံနေသော နေရာများမှာ စံပြကျေးရွာ ပြည်သူ့စစ်ဂိတ် နှင့် ကိုင်းတော်မှော်ဘက်ခြမ်း စသည့် ၂ နေရာတွင် ကောက်ခံနေပြီး အတင်းအကြပ် ပုံစံဖြင့် ကောက်ခံနေသည်ဟု သူက ပြောသည်။ ဇူလိုင် ၂၅ ရက်နေ့ ပြည်သူတစ်ဦး ဖျားနာမှုကြောင့် ရှဒူးဇွပ်ကျေးရွာသို့ ဆေးခန်းသွားပြရန် ဖြတ်လာစဉ် စံပြ ပြည်သူ့စစ်ဂိတ်တွင် အသွားအပြန် ငွေကြေးကောက်ခံမှုကြောင့် … - [အရာတော်မြို့နယ်တွင် စစ်ကောင်စီ စီးနင်လာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/25/july25-sm1/): စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဇီးပင်လယ်ကျေးရွာကို စစ်ကြောင်းထိုးရန် ဝင်ရောက်လာသည့် စစ်ကောင်စီ ကားနှစ်စီးကို ယမန်နေ့မနက်၅နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက စလစ်မိုင်း၅လုံး တူမီးရှေ့ထွက်မိုင်း၂လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိသူများရှိနိုင်သည်ဟု Ayadaw Bone Naing PDF မှသိရသည်။ စစ်ကောင်စီ စီးနင်းလာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ဒုတိယမြောက်ကား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိနိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အရာတော် ဒေသကာကွယ်ရေတးပ်ဖွဲ့ Danger Force LPDF ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ရေးသားဖော်ပြထားသည်။ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကို ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီအဖွဲ့ဝင်များက ဇီးပင်လယ်ကျေးရွာကိုလက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်တစ်လုံးကိုမီးရှို့ခဲ့ပြီး ရွာထဲမှ စျေးဆိုင်များကိုဝင်ရောက်မွှေနှောက်ခဲ့သည်ဟု Ayadaw Bone Naing PDF မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “သူတို့က အရာတော်ဘက်ကနေ ကားနှစ်စီးနဲ့ထွက်လာတာ ဇီးပင်လယ်ရွာအဝင်မှာမိုင်းဆွဲတာ နောက်အစီးကိုထိတယ်။ အသေအပျောက်ကတော့အတိအကျမသိဘူးဗျ။ ဒါမဲ့ နောက်ကနေကားတစ်းထပ်လာပြီးတော့လူတွေတင်သွားတာမြင်ရတယ်လို့ သတင်းပေးကတော့ပြောတယ် ပြီးတော့ဇီးပင်လယ်ရွာအရှေ့ဘက်ခြမ်းကိုဝင်တယ် စျေးဆိုင်သုံးဆိုင်ကိုမွှေတယ် စျေးဆိုင်တစ်ဆိုင်ကဆီပုံးတွေပါသွားတယ် အိမ်နှစ်အိမ်ကိုမွှေတယ် ပြီးတော့အိမ်တစ်လုံးကိုမီးရှို့ထားခဲ့တယ်” ဟု Ayadaw Bone Naing PDF မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့နောက် ဒေသကာကွယ်ရေးတပ်များက ဇီးပင်လယ်ရွာထဲမှ မီးခိုးများတက်လာသည်ကိုမြင်ရသဖြင့် ရွာကိုဝင်ရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သူကဆက်ဆိုသည်။ အဆိုပါ ဇီးပင်လယ်ကျေးရွာကို စစ်ကောင်စီဘက်က ၁၅မိနစ်ကျော်ခန့် ဝင်ရောက်ခဲ့ပြီး ရွာခံများသည် စစ်ကြောင်းထိုးဝင်ရောက်လာမည်ကို ကြိုတင်တိမ်းရှောင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ အထိအခိုက်မရှိခဲ့ကြောင်း တာဝန်ရှိသူများပြောဆိုချက်မှသိရသည်။ ဇီးပင်လည်ကျေးရွာသည် အရာတော်မြို့၏တောင်ဘက်တွင်တည်ရှိပြီး … - [အင်းတော်တွင် စစ်ကောင်စီ ယာဉ်တန်းကို KIA နှင့် PDF တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ်မှ ၆ ဦး သေဆုံး](https://burmese.kachinnews.com/2022/07/25/july25-az2/): အင်းတော်မြို့နယ် မော်တိတ်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF တာဝန်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မော်တိတ် ဒေသ အင်းတော်-ဗန်းမောက် ကားလမ်းပေါ်တွင် ဖိုးဝီး ကားတစ်စီးနှင့်အတူ ခြေလျှင်တက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အင်းတော်-ဗန်းမောက်ကားလမ်းမှာ ပတ်နေတာ အဲ့တာကိုကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ် လောက်ဖြစ်တယ်ဗျ ဖိုးဝီးကားပေါ်ကတော့ ၂ယောက်သေတယ်။ အဲထက်လည်း များနိုင်တယ်။ ခြေလျှင် တက်လာတဲ့ ၇၀ လောက်ထဲက လေးယောက်သေတယ်”ဟု ပြောဆိုသည်။ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် KIA တို့ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ လတ်တလော အင်းတော်မြို့နယ်ထဲတွင် စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ စစ်ရေးလှုပ်ရှားနေပြီး အင်းတော် -ဗန်းမောက် လမ်းပိုင်းတွင်လည်း ဖြတ်သန်းသွားလာနေသည့် ကုန်ကား နှင့် ခရီးသည်တင် ကားသမားများထံမှ ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။ အင်းတော်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယခင်က စစ်ကြောင်းထိုးစဉ်တွေ့သမျှ … - [မြစ်ကြီးနား ဝိုင်းမော် တရုတ်တစ်သျှူး ငှက်ပျောလုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့် ထွက်ခွာ](https://burmese.kachinnews.com/2022/07/25/july25-az1/): မြစ်ကြီးနား ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်တစ်သျှူးငှက်ပျော လုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့်သည် ၂ နှစ်အတွင်း ကချင်ပြည်နယ်မှ ထွက်ခွာသွားပြီဟု သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်း မှ သိရသည်။ တစ်သျှူးငှက်ပျော ကုမ္ပဏီပေါင်း ၃၀ ကျော်တွင် မြေငှား၍ လာရောက် လုပ်ကိုင်နေသည့် တရုတ်လုပ်ငန်းရှင်များသည် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ဆက်တိုက် အရှူံးပေါ် ခဲ့သဖြင့် ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။ ”အဓိကတော့ ကိုဗစ်နဲ့ နိုင်ငံရေးအလေ့ အပြောင်းအလဲကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိလို့ လုပ်ငန်းရှင်တွေ သုံးချိုးနှစ်ချိုး ကတော့ ထွက်ခွာသွားကြပြီ။ ရှူံးမယ်ဆိုပြီး ထင်လို့ ထွက်သွားကြတယ်။ အခုက ငှက်ပျော စိုက်သူတွေအတွက် စိုက်ပျိုးရာသီ စဖို့နေပြီ အဲ့တာဆက်မလုပ်ကြတော့ဘူး။ ဒီရာသီမှာ စထွက်ခွာသွားကြတာ” ဟု ပြောသည်။ လုပ်ငန်းရှင် အများပိုင်း ထွက်ခွာသွားချိန် နောက်ထပ် တရုတ်လုပ်ငန်းရှင်အသစ်များကို ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်ရန် ခေါ်ယူနေသော်လည်း လတ်တလောအထိ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။ “တချို့လည်းပြန်ဝင်လာဖို့လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့်ပြန် မဝင်လာသေးဘူး ဒီကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတုန်းပဲ။ ဝေမိုး ကုမ္ပဏီအနေနဲ့ဆိုရင်လည်း လုပ်ငန်းရှင် ၁၁ ယောက်ခေါ်ထားတယ်။ အဲ့ထဲမှာ ၈ ယောက် လောက်တော့ ဝင်လာမယ်ပြောပေမယ့် အခုထိတော့ မဝင်လာသေးဘူး။ စောင့်ကြည့်နေတုန်း။ အခြေနေကောင်းမှ ဝင်လာမယ့် သဘောနေမှာ”ဟု ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အမည်မဖော်လိုသူ … - [နန်ဇော်တိုက်ပွဲများတွင် KIA တပ်သား ၃၀ ကျော် သေဆုံးဟူသော သတင်းအမှားကို ထပ်ဖြန့်နေ](https://burmese.kachinnews.com/2022/07/25/july25-sn1/): ဝိုင်းမော်မြို့ နယ် နန်ဇော်ယန်အနီး စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA တို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် KIA တပ်သား ၃၀ ကျော် ကျဆုံးခဲ့ရသည်ဆိုသော သတင်းအမှားကို Manaw Myay ဖေ့စ်ဘုတ်တွင် ဇူလိုင် ၂၃ ရက်နေ့ ထပ်မံဖြန့်ဝေ ရေးသားထားသည်ကို တွေ့ရသည်။ အလားတူ “ကွံန်းရံက်ခြိူဝ်းတအောင်” ဖေ့စ်ဘုတ်ပစ်စာမျက်နှာတွင်လည်း KIA တပ်သား ၈၀ ကျော် ကျဆုံးခဲ့သည်ဟု ဆိုသည့် အချက်ကိုပဲ ပြင်ဆင်ကာ ဇူလိုင် ၂၄ ရက်နေ့ ထပ်မံ ဖြန့်ဝေထားသည်ကို တွေ့ရသည်။ သို့သော် အဆိုပါဖော်ပြချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA တို့ကြား နန်ဇော်ယန်တိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသအခြေစိုက်သတင်းမီဒီယာ ဖေ့စ်ဘုတ်စာမျက်နှာများတွင် KIA တပ်သား ၃၀ (သို့) ၈၀ ကျော် ကျဆုံးသွားသည်ဆိုသော သတင်းကို ဖော်ပြထားခြင်း မရှိပါ။ KIA ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀-၁၁ ရက်နေ့ နန်ဇော်ယန်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ ထိခိုက်သေဆုံးမှု အများအပြားရှိပြီး နွားလှည်းဖြင့်အလောင်းများကို သယ်ယူခဲ့ရကြောင်း ဖော်ပြမှုများသာ ရှိခဲ့သည်။ ထို့အပြင် ရှေ့တန်းသို့လမ်းပြရန် ငြင်းဆိုခဲ့သည့် စစ်ကောင်စီအောက် ပြည်သူ့စစ် အဖွဲ့ ၂ ဦးကို စစ်ကြောရေးပို့ဆောင်ခဲ့ကြောင်းကိုလည်း တွေ့ရသည်။ ထို့ကြောင့် နန်ဇော်ယန်တိုက်ပွဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ၏ ကျဆုံးမှုကို KIA တပ်သားများ … - [စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၃ နှစ်အရွယ် ထိခိုက်ဒဏ်ရာ ပြင်းထန်](https://burmese.kachinnews.com/2022/07/25/july25-ld1/): ကွတ်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၇ နာရီခန့် လွယ်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာသို့ စစ်တပ်ကား ၂ စီးနှင့်အတူ အင်အား ၈၀ ကျော်ဖြင့် ဝင်ရောက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ရင်း ၂၉ လှုပ်ရှားတပ်ရင်း ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မန်နောင်ရွာမှ ကလေးတစ်ဦး လက်နက်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။ “ဒီမနက်ကနေ ရွာထဲဝင်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ။ အခု ကလေးရဲ့ အခြေအနေက ဆိုးတယ်။ သူ့တို့မိသားစုတွေ သေနတ်သံတွေကြောင့် သစ်ပင်အောက်မှာ ခိုနေချိန်အမေက ကလေးကို သူ့ရင်ဘတ်မှာ ချီထားတာ ဟုတ်တယ်။ အဲ့အနီးလက်နက်ကြီးလာကျပြီး ပေါက်ကွဲလက်နက်စက ကလေးခေါင်းတည့်တည့်မှာ လာထိမှန်သွားတယ်။” ဟု မန်နောင် ကျေးရွာဒေသခံတစ်ဦး က ပြောသည်။ လက်နက်ကြီးထိမှန်သော ကလေးကို လက်ရှိ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြေအနေပြင်းထန်သောကြောင့် အကူအညီလိုအပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ ဆက်လက် ထိုးစစ်ဆင်ဝင်ရောက်နေသောကြောင့် နှစ်ဖက် စစ်ရေးဆက်လက်တင်းမာနေသေးကြောင်း သိရသည်။ စစ်ရေးတင်းမာနေသောကြောင့် ရွာသားများအတွက် နေ့စဉ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွင် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ “ရွာသားတွေက အခုချိန်မှ လယ်ယာသွား၊ စပါးခင်းသွား … - [လယ်တောသွားလမ်းတွင် ပျောက်ဆုံးခဲ့သောသူကို ပြည်သူ့စစ် စစ်ကြောင်းတွင် တွေ့ရှိဟု ဒေသခံများပြော](https://burmese.kachinnews.com/2022/07/23/july23-yl1/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂေါဆက်ယန်ကျေးရွာမှ နန်ဇော်ယန်ကျေးရွာရှိသည့် ဘက်သို့ လယ်တောသွားရင်း ပျောက်ဆုံးနေသော အမျိုးသားတစ်ဦးသည် ပြည်သူ့စစ် စစ်ကြောင်းထဲတွင် ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။ ပျောက်ဆုံးနေသော အမျိုးသားသည် အသက် ၂၆နှစ်အရွယ် ဦးလဒိန် ဖြစ်ပြီး နန်ဇော်ယန်တိုက်ပွဲဘက်မှ ပြန်လာသော ဦးရွှေမင်း ပြည်သူ့စစ် စစ်ကြောင်းတွင် စစ်ယူနီဖောင်းဖြင့် ဝါးရှောင်စျေးသည်တစ်ချို့ မြင်တွေ့ခဲ့ရသည်ဟုဝါးရှောင်ဒေသခံတစ်ဦး KNG ကို ယခုလိုပြောဆိုသည်။ “ပြည်သူ့စစ်အဖွဲ့တွေက ဝါးရှောင်ရေလွှဲဆည်ရှိတဲ့ဘက်မှာ စစ်ကြောင်း ၂ခုရှိနေတာဟုတ်တယ်။ အဲ့ထဲမှာ အခုပျောက်နေတဲ့ ဦးလဒိန်ပါတယ်တဲ့။ သူ့ကို အဲ့ဆယ်မြောင်းအနီးမှာ စျေးရောင်းတဲ့ စျေးသည်တစ်ချို့က တွေ့လိုက်တယ်တဲ့။ အဲ့ကြောင့် တစ်ရွာလုံးက အကုန်သိသွားကြတယ်။ အဲ့ကြောင့် သက်ဆိုင်တဲ့ လူကြီးတွေ ပြည်သူ့စစ်အဖွဲ့ကို သွားပြောဖို့ လုပ်နေကြတယ်”ဟု ပြောဆိုသည်။ လက်ရှိ ဝါးရှောင်ရေလွှဲဆည်ရှိသည့် အနီးတဝိုက်တွင် နန်ဇော်ယန်တိုက်ပွဲဘက်မှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ စစ်ကြောင်း ၂ခု တပ်စွဲနေထိုင်လျက်ရှိနေပြီး ထိုစစ်ကြောင်းထဲတွင် ပျောက်ဆုံးနေသော ဦးလဒိန်ပါဝင်ကြောင်း သူကဆက်ဆိုသည်။ အဆိုပါ စစ်ကြောင်း ၂ခုသည် ယခုအပတ်အတွင်း နန်ဇော်ယန်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၂၂ရက်နေ့ ဝါးရှောင်ဘက်ကို ပြန်လည် ဆုတ်ခွာလာသော စစ်အင်အား ၂၀၀ကျော်ခန့်ပါရှိသော စစ်ကြောင်းဖြစ်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ ထို ပြည်သူ့စစ်အဖွဲ့သည် နန်ဇော်ယန်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အချိန်အတွင်း ဇူလိုင်လ ၁၈ရက်နေ့မှစပြီး ဝါးရှောင်နှင့် ဂေါ်ဆက်ယန် မှ လယ်တောသွားသော ပြည်သူ ၆ဦးခန့်ကို ဖမ်းဆီးခဲ့ရာ ကျန် ၅ဦးကို နေ့တွင်းချင်းပြန်လည်လွှတ်ပေးခဲ့သော်လည်း … - [ပူတာအို မြို့ နှင့် ရပ်ကွက်များတွင် တစ်လနီးပါး လျှပ်စစ်မီး ပြတ်တောက်မည်](https://burmese.kachinnews.com/2022/07/23/az-3/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအားလုံးတွင် တစ်လနီးပါး လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် EPC ရုံး မှ သိရသည်။ ပူတာအိုမြို့နယ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မိုးကြိုးပစ်ခတ်ခဲ့ရာ ဓာတ်အားထုတ်ဖြန့်ဖြူးပေးသည့် စက်နှစ်လုံးအနက် တစ်လုံးထိခိုက်ပျက်စီးခဲ့သည်။ “အဓိကဓာတ်အားထုတ်ပေးတဲ့စက်ပေါ့ ကျန်နေတဲ့နောက်တစ်လုံးပါ ဟိုနေ့ကပျက်သွားတယ်။ ပျက်သွားတယ် ဆိုတာက လုံးဝ ပျက်သွားတာတော့မဟုတ်ဘူး ဓာတ်အားအနည်းငယ်ပဲထုတ်နိုင်တော့တယ်။ အများကြီးမထုတ်နိုင်တော့ဘူး။ အဲ့ကြောင့် အခုလောလောဆယ်ကတော့ အစိုးရဌာန ဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းလိုင်းခန်းတွေ လောက်ကိုပဲ မီးပေးနိုင်တော့တယ်။ ရပ်ကွက် ကျေးရွာတွေကို တော့မီးမပေးနိုင်သေးဘူး” ဟု ပူတာအို EPC မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ မိုးကြိုးပစ်ခတ်ကြောင့် ပျက်စီးသွားသည့် စက်ကိုပြန်လည်ပြုပြင်ရန်တရုတ်နိုင်ငံမှ ပညာရှင်ခေါ်ထားသောကြောင့် ပြုပြင်ကာလတစ်လနီးပါး ကြာမြင့်နိုင်သည့်အတွက် ပူတာအိုမြို့နယ်အတွင်းရှိပြည်သူများ တစ်လနီးပါး လျှပ်စစ်မီးရရှိနိုင်မည် မဟုတ် ကြောင်းသိရသည်။ ယင်းအခြေအနေကို သိရှိထားသည့် ဒေသခံပြည်သူအချို့သည် လျှပ်စစ်စွမ်းအင်အသုံးပြုနိုင်ရေး ဘတ်ထရီ ဆော်လာပြားများ ဝယ်ယူနေကြသော်လည်း လတ်တလောတွင် မူရာသီဥတုအခြေအနေကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပူတာအိုမြို့ မြို့မရပ်ကွက်မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “တချို့လူတွေတော့ ဆော်လာပြားတွေ ဝယ်ကြ ဘတ်ထရီတွေဝယ်ကြလုပ်နေပေမယ့် နေ့တိုင်းလိုလိုမိုးကရွာနေတာ အဲ့တော့ဝယ်လည်း လောလော ဆယ်ကတော့ ဒုန်ရင်းဒုန်ရင်းပါပဲ မီးကတော့လာကို မလာတော့တာ။ ဒီတစ်ပတ်လုံးကိုမလာဘူး ပြောရမှာပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပူတာအိုဒေသတွင် ယခင်က ကျပ် ၅၀၀ … - [စစ်ကိုင်းမြို့နယ် စစ်ကောင်စီ နှင့်ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံး](https://burmese.kachinnews.com/2022/07/22/july22-sm1/): စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတွင် စစ်ကောင်စီ နှင့် ပျူစောထီးတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၉ ဦး ကျဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီ ဝန်းကျင် စစ်ကောင်စီ နှင့် ပျူစောထီးစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန် ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကြွယ်ပုံ ရွာမှာက ပျူတွေ အရမ်းများပြီး ဇောင်းထနေတဲ့ပုံစံမျိုးပေါ့။ အဲ့တာနဲ့ သူတို့စခန်းကို သွားတိုက်ခိုက်ခဲ့တာ သူတို့ဘက်ကလည်းအထိအခိုက်များတယ်။ ရွာအပြင်မှဦရှိတဲ့ ထုတ်လုပ်ရေးစခန်းတစ်ခုကိုမီးရှို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တစ်ဦးကတော့ ကျည်ဆန်မှန်ပြီး တစ်နာရီခွဲအကြာမှာ ကျဆုံးသွားတယ်” ဟု တိုက်ပွဲအခြေနေနှင့် ပတ်သက်လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်၏နာမည်မှာ ကိုအောင်ကိုဇင်(ခ)အာကြီး ဖြစ်ပြီး ကျဆုံးစဥ်မှာ ၂၄နှစ် သာရှိသေးသည်ဟု သူကဆက်ပြောသည်။ စစ်ကောင်စီ နှင့်ပျူစောထီးတို့ စခန်းချနေထိုင်သည့် ကြွယ်ပုံကျေးရွာသည် ရွှေဘို နှင့် စစ်ကိုင်းလမ်းမကြီးဘေး ကျေးရွာတစ်ရွာဖြစ်ကာ စစ်ကိုင်းမြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် ၁ နာရီကျော်ခန့်ကွာဝေးသည်။ - [မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကျဲမည်ဟု သတင်းရရှိထားကြောင်း ဟိုပင် PDF ပြော](https://burmese.kachinnews.com/2022/07/22/july22-az1/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ နှင့် နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသောကြောင့် ပြည်သူများ သတိထားစေလိုကြောင်း ဟိုပင် PDF အဖွဲ့မှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသည်ဟု ဟိုပင် PDF တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနကို ပြောသည်။ “အဓိကတော့ ထုံးရေပေါက် နှင့် နန့် ရင်းချောင်းအရှေ့က ပြည်သူတွေပေါ့ ဒီနေ့ကနေနောက် နှစ်ရက် သုံးရက်အတွင်းမှာ ထုံးရေပေါက်နဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးလာကျဲမယ်ဆိုပြီး ထုံရေပေါက် ပြည်သူ့စစ်က တစ်ယောက်က (အမည်မဖော်လိုသူ) သတင်းပေးလာတယ်ဗျ။ အဲ့ကြောင့် ပြည်သူတွေအသွားအလာသတိထားဖို့ လိုအပ်တယ်”ဟုပြောဆိုသည်။ အဆိုပါ သတင်းကြောင့် နန့်ရင်း ချောင်းအရှေ့ဘက်သို့မလာကြရန် လယ်လုပ်သည့် ပြည်သူများလည်း သတိထားသွားလာရန်၊ ဘေးလွတ်ရာတိမ်းရှောင်ရန်လိုအပ်ပါက ကြိုတင်တိမ်းရှောင်ကြရန်လိုအပ်ပြီး ယခုကဲ့သို့ ဗုံးလာကျဲနိုင်မည့် အကြောင်း နှင့် ပတ်သက်၍ ဟိုပင် PDF မှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။ “ဖြစ်နိုင်ခြေရှိတာကတော့ ကျွန်တော်တို့သိရသလောက် သူတို့အဖွဲ့အစည်းကနေ ခြိမ်းခြောက်တဲ့သဘောမျိုးလား ဖြစ်ကောင်းဖြစ်နိုင်မလားအဲ့ဒါကြောင့်မို့ ကျွန်တော်တို့လည်း အတည်ပြုလို့တော့မရဘူးပေါ့။ အဲ့ဒါကြောင့် မိဘပြည်သူတွေကို မနစ်နာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့သတိပေးတာပါ” ဟု ပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်၍လည်း ဂလိုင်ကြောင် စစ်ကြောင်းက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။ - [အင်းတော်နယ်တွင် ခရီးသွားပြည်သူများထံမှ ဖုန်းနှင့်ငွေ လုယူမှုများဖြစ်ပွားနေ](https://burmese.kachinnews.com/2022/07/21/july21-az2/): စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ်တွင် စစ်​​ကြောင်း ၃ခုဖြင့် သွားလာလှုပ်ရှားသော စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာသည့် ပြည်သူများထံမှ ဖုန်းနှင့်ငွေသား လုယူမှုများ ကြုံတွေ့နေရကြောင်းသည်ဟု ဒေသခံများထံမှသိရသည်။ အင်းတော်မြို့ ရေတွင်းကုန်းနှင့် သံဘိုရွာတွင် ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ သက္ကယ်ကျင်းရွာ၌ ကားသမားတစ်ဦး နှင့်ခရီးသည်များထံ ပိုက်ဆံတောင်းယူပြီး ဖုန်းများပါလုယူသွားကြောင်း ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူတစ်ဦးက KNG ကိုပြောပါသည်။ “မနေ့တုန်းက သက္ကယ်ကျင်းမှာ ကားသမားတွေဆီက ပိုက်ဆံတွေဖုန်းတွေယူထားလုယူတယ်။ ကျနော်နဲ့သိတဲ့ကောင်လေးဆိုရင် သူက ကားနဲ့လာတာ။ အဲ့တာကိုကားတား စစ်ပြီးမှပိုက်ဆံ နှစ်သိန်းတောင်းတာ သူ့မှာမရှိဘူးပြောတော့ အင်းတော်မြို့ ထဲမှာသွားချေးခိုင်းပြီး ၂သိန်း ပေးလိုက်ရတယ်။ ပြီးရင်ဖုန်းလည်း ပါယူသွားတယ်။ ရှေ့က သွားတဲ့ ကားတွေကိုလည်း အဲ့လိုဘဲ လိုက်တောင်းနေတာတဲ့”ဟုပြောဆိုသည်။ ထိုနည်းတူ ထိုတစ်ရက်တည်းအတွင်း အင်းတော်မှ သက္ကယ်ကျင်းသို့ ဆိုင်ကယ်ဖြင့် သွားခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂ သိန်းတောင်းရာ မရှိကြောင်း မပေးသည့်အတွက် လက်ကိုင်ဖုန်းသိမ်းယူပေးလိုက်ကြောင်း ကြားသိရသည်ဟု သူကဆက်ဆိုထားသည်။ လတ်တလောတွင် စစ်ကောင်စီတပ်မှ အင်းတော်နယ်အတွင်း တစ်ရွာဝင်တစ်ရွာထွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ပြီးခဲ့သော မေလနောက်ပိုင်းမှစတင်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံသည့် လုပ်ရပ်များ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် မဲဇာဘက်မှ အင်အား ၃၀ကျော်ပါရှိသော စစ်ကြောင်း၊ ကသာဘက်မှ အင်အား ၇၀ခန့်ပါရှိသော စစ်ကြောင်းနှင့် အင်အား ၆၀ ကျော်ပါရှိသော စစ်ကြောင်း စသော  စစ်ကြောင်း ၃ခုဖြစ်ကြောင်းသိရသည်။ - [ဆယ်ဇင်းတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ကား ၃ စီးဖြင့် သယ်ထုတ်](https://burmese.kachinnews.com/2022/07/21/july21-yl1/): ဖားကန့် ဆယ်ဇင်း တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့မွန်းလွဲပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် အိမ်စီးကား ၃ စီးဖြင့် သယ်ထုတ်သွားပြီဖြစ်ကြောင်း သိရသည်။ ဆယ်ဇင်း တိုက်ပွဲ ၄ ရက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု၊ မြေပြင်တွင် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုတို့ကြောင့် ဒေသခံများထံ ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ပိတ်ဆို့ထားသည့် လမ်းကြောင်းကို ဖွင့်ပေးလိုက်ရသည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးက KNG ကို ပြောဆိုသည်။ “လမ်းကြောင်း ဖွင့်ပေးလိုက်တာက ညနေပိုင်းမှာ ဟုတ်တယ်။ မြေပြင်မှာ စစ်ကြောင်းလည်း တအားထိုးလာတယ်။ နောက်ပြီး လေယာဉ်နဲ့လည်း အဆက်မပြတ်တိုက်တော့ ဒေသခံတွေ ထိခိုက်လာတာမျိုးဖြစ်လာနိုင်တယ်။ ရွာသားတွေကို ငဲ့ညှာတာလည်း ပါတယ်။ အဲ့ကြောင့် အထက်အမိန့်နဲ့ လမ်းတွေကို ဖွင့်ပေးလိုက်ရတယ်” ဟု ပြောဆိုသည်။ KIA မှ လမ်းကြောင်းဖွင့်ပေးလိုက်သည့် နောက်ပိုင်း စစ်ကောင်စီဘက်မှ အိမ်စီးကား ၃ စီးဖြင့် ဒဏ်ရာရ စစ်သား ၃၀ ဝန်းကျင်ခန့်ကို ၆ ကြိမ်ထက်မနည်း လာရောက်သယ်ထုတ်သွားပြီး ဆယ်ဇင်း စစ်ကောင်စီ ခလရ ၁၁၉ စခန်းသို့ သယ်ဆောင်သွားကြသည်ဟု ဆက်ဆိုသည်။ ယနေ့နံနက်ပိုင်း KIA အဖွဲ့မှ ထိုတိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ် ၂၀ ဦးထက်မနည်းကို မြုပ်နှံထားသည့် နေရာများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဆယ်ဇင်းတွင် ယနေ့ နေ့လည် ၁၂ … - [အောင်မြင်သာကျေးရွာအဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/07/21/july21-az1/): ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တစ်ခု ယမန်နေ့ ည ၉နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ကကြောင်း ဒေသခံများ ထံမှ သိရသည်။ မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်သားနှင့်ရဲများ တပ်စွဲနေထိုင်သည့် စစ်ဆေးရေးဂိတ်မီးရှို့ခံလိုက်ရခြင်းဖြစ်ပြီး PDF မြို့ပြပြောက်ကျား တပ်ဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “အကုန်လောင်သွားတယ် ဖြစ်တာက ၉ နာရီနဲ့ ၁၀ နာရီကြားမှာဖြစ်မယ်။ အဲ့ဒီဂိတ်က အပေါ်တင်မစောင့်တာတော့ကြာပြီ။ ဒါပေမယ့် တစ်ခါတစ်လေ နှစ်ယောက် သုံးယောက်လာပြီးစောင့်တာတော့ရှိတယ်။ အပေါ်တင်ကြီးစောင့်ပြီး အခွန်မကောက်တာတော့ကြာပြီ။ တစ်ခါတစ်လေ ကောက်တာတော့ရှိတယ်”ဟုပြောဆိုသည်။ မီးရှို့ဖျက်ဆီးခံရသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ရဲတို့ပူးပေါင်းကာ မြစ်ကြီးနားနှင့်ပူတာအို အတက်/အဆင်း ကုန်တင်ကားနှင့်ခရီးသည်များထံမှ ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိကောက်ခံမှု ပုံမှန်ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။ အဆိုပါ စစ်ဆေးရေး ဂိတ်ကို သွပ်မိုး၊ ထရံဖြင့် ဆောက်လုပ်ထားသည့် ဂိတ်ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုတွင် ဂိတ်နှင့်ပူးတွဲ ဖွင့်လှစ်ထားသော ကွမ်းယာ ဆိုင်လည်း မီးထဲပါသွားကြောင်း သိရသည်။ မီးရှို့ဖျက်ဆီးသွားသည့် နေရာသို့ ယနေ့နံနက်ပိုင်း အုပ်ကွက်တာဝန်ရှိသူများက သွားရောက်ကြည့်ရှူခဲ့ပြီး ရဲနဲ့ စစ်သားများက လာရောက်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင် ပုံမှန်အတိုင်းသွားလာခွင့်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ - [ချောင်းဦးနယ်တွင် စစ်ကောင်စီတပ် တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2022/07/20/july20-sm1-2/): စစ်ကိုင်းတိုင်းဒေသ ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ငါးယုန်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းတစ်ခုနှင့် ပခုက္ကူဘက်မှ ချင်းတွင်းမမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘောကိုတစ်စီ တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်း ၂နေရာတွင် Farmer Revolution Force CHU နှင့်မဟာမိတ်တပ်ပေါင်းစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ ဇူလိုင်လ ၁၉ရက် ယမန်နေ့ နံနက်ပိုင်း ၆နာရီဝန်းကျင်ခန့်တွင် မုံရွာအနောက်မြေက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြင်းမူးမြို့နယ်ဘက်သို့ ဦးတည်ကာ ထွက်လာသော စစ်ကား ၃စီးယာဉ်တန်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Farmer Revolution Force CHU ထံမှသိရသည်။ “ပဒေသာမိုင်း၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်လိုက်တာဗျ ထိတာကတော့ သုံးစီးလုံးထိတယ်။ ရှေ့ဆုံးကားက အင်အားပိုများတယ်လို့သိထားတော့ အဲ့ကားကိုအဓိကဆော်ထည့်လိုက်တာ။ အဲ့ကားကတော့တော်တော်စုတ်ပြက်သွားတယ်။ ဘေးနားကမျက်မြင်တွေပြောတာက သွေးတွေကိုရဲပြီးပေကျန်နေတာတဲ့။ တချို့ဆိုကြည့်တောင်မကြည့်ရဲကြဘူး။ ၁၂ယောက်ထက်မနည်း သေတယ် ငါးယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးဆေးရုံတင်ထားရတယ်လို့သိရတယ်”ဟုပြောဆိုသည်။ ထို့နောက် တစ်ရက်တည်းအတွင်း ညနေ၂နာရီဝန်းကျင်တွင် စစ်သင်္ဘောတစ်စီးသည် ပခုက္ကူဘက် မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာစဉ် မြစ်ကြောင်းတစ်လျှောက်မှ ရွာများရှိသည့်ဘက်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် FRF CHU နှင့် မဟာမိတ်များက မိုင်း၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု FRF CHUမှ တာဝန်ရှိသူတစ်ဦးကထပ်မံပြောဆိုထားသည်။ “ညနေပိုင်း၂နာရီဝန်းကျင်မှာက ရေစကြို မှာတစ်ညအိပ်ပြီး ပြန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးကတောက်လျှောက် ဘေးရွာတွေကို စက်ကလေးတွေနဲ့ရမ်းသမ်းပစ်တယ် ကျနော်တို့ကလည်းသတင်းရတာနဲ့ ပြင်ဆင်ပြီး ရှေ့ထွက်ပစ်မိုင်း၁၀လုံးနဲ့ဆော်ထည့်လိုက်တာ အကျအဆုံးကိုတော့အတည်မပြုနိုင်ခဲ့ပေမဲ့ တော်တော်လေးတော့အထိနာသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကုန်းလမ်း ရေလမ်း စစ်ရေးလှုပ်ရှားမူတွေဆက်တိုက်ပြုလုပ်ခဲ့သည်ဟုသိရသည်။ - [ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/20/july20-sm1/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မန္တလေး-မုံရွာလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို Chaung U Local Defense Force (CLDF) နှင့် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်တို့ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မောင်းနှင်လာရာ ချောင်းဦးမြို့ နှင့် ငါးယှန်ကျေးရွာကြားရှိ လမ်းခုလတ်တစ်နေရာအရောက်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း၇လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု CLDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့ဘက်က အင်အားဘယ်လောက်ပါလဲတော့ အတိအကျ မသိရဘူးဗျ။ ၁၄ စီးပါ ယာဉ်တန်း ထွက်ခွာလာတယ် ဆိုတဲ့သတင်းအရ ကျွန်တော်တို့ ကြိုတင်စောင့်ဆိုင်းပြီး ၁၂ စီးမြောက်ယာဉ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် သူတို့ဘက်က အကျအဆုံးနဲ့ဒဏ်ရာရရှိတဲ့အခြေနေကို ဆေးရုံနဲ့အနီးတဝိုက်မှာရှိတဲ့ ကျွန်တော်တို CLDF မြေပြင်ကင်းထောက်တွေကတဆင့် အတည်ပြုနိုင်ခဲ့တာပါဗျ” ဟုပြောဆိုသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုသည် ၇၅ ကြိမ်မြောက် အာဇာနည်နေ့တွင် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် CLDF က ရဲဘော်များနှင့် မြန်မာပြည်တစ်ဝှမ်းလုံးမှ ကျဆုံးခဲ့ရသည့် ရဲဘော်များ၊ ပြည်သူများအတွက် ရည်ရွယ်ကာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု CLDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ - [ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ဖမ်းခံရသည့် ပြည်သူ ၈ဦး မိသားစုနှင့်အဆက်သွယ်မရ](https://burmese.kachinnews.com/2022/07/20/july20-az3/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းမှ အပြန် လမ်းခုလတ်တွင် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ပြည်သူ ၈ဦးကို စစ်ကြောရေးတွင် သာထိန်းသိမ်းထားဆဲဖြစ်ပြီး ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်‌နေ‌ကြောင်း ဒေသခံများထံမှသိရသည်။ “နောက်ဆက်တွဲဘာမှ မကြားရဘူးဗျ။ လောလောဆယ် ကျနော်တို့ကွင်းဆက်ပြတ်နေတာ ပြန်လွတ်ဖို့​ခြေအနေကတော့ မသေချာလောက်ဘူး။ ကိုသိန်းထွန်းက သေနတ်အတိုတစ်လက်ပါသွားတာ။ အမျိုးသမီးတွေကသပိတ်လိုက်တဲ့သူတွေဆိုတော့ ၅၀၅ (က) တွေဘာတွေရှိမယ်ထင်တယ်ဗျ။ ခုချိန်ထိ အဆက်အသွယ်မရသေးတော့ ဘာမှမသိရဘူး” ဟု ဦးသိန်းထွန်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ ဖမ်းခံရသည့် ၈ဦးအနက် ၇ဦးသည် အမျိုးသမီးများဖြစ်ကြပြီး ကျန်းတစ်ဦးမှာ အမျိုးသားဖြစ်သည်။ ၎င်းတို့သည် ဆန်းကြွယ်နှင့် ဆိုင်းတောင် ကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်သည်။ ဇူလိုင်လ ၁၃ ရက်နေ့ ည ၅ နာရီအချိန်တွင် သပိတ်စစ်ကြောင်းထွက်ပြီးနောက် အပြန်လမ်း ကျောက်စိမ်းတံတားနား အရောက်တွင် စစ်ကောင်စီတပ်မှ သေနတ်ထောက်ကားရပ်ခိုင်း၍ ဖမ်းခေါ်သွားခြင်းဖြစ်သည်။ “ခုထိစစ်ကြောရေး ဗျူဟာကုန်းမှာပဲ ထားတယ်လို့ကြားတယ် ရဲကိုမလွှဲသေးဘူး။ စစ်ကြောရေးမှာဆိုတော့မိသားစုနဲ့ဆက်သွယ်လို့မရသေးဘူး ရဲကိုလွှဲမှ မိသားစုနဲ့ဆက်သွယ်လို့ရမယ်ထင်တယ်”ဟု ဒေသခံအမျိုးသားက ဆက်ဆိုသည်။ လက်ရှိဖမ်းဆီးခံရသူများသည် အသက် ၆၄နှစ် ဒေါ်တိုး၊ ၅၁နှစ် ဒေါ်ခိုင်၊ ၄၅နှစ် ဒေါ်မာလင်း၊ ၃၁နှစ် မလင်းလဲ့၊ ၅၈နှစ် ဒေါ်ငွေ၊ ၃၀နှစ် မပေါပေါ၊ ၄၁နှစ် ဒေါ် မြင့်သန်းနှင့် ရပ်မိရပ်ဖ ကိုထွန်းသိန်းတို့ ဖြစ်ကြောင်း သိရသည်။ ဖားကန့်တွင် ယခုကဲ့သို့ပြည်သူများဖမ်းခံရမှုမှာ မကြာ ခဏဖြစ်ပွားနေပြီး ဇွန်လ ၃၀ ရက်နေ့က မက်လင်ချောင်တွင် ဖမ်းခံရသည့် ပြည်သူ ၂၃ ဦးအနက်လည်း … - [ဖြန့်ဝေမှု တွင်ကျယ်လာသော ငွေစက္ကူအတု ရောင်းဝယ်မှုများ](https://burmese.kachinnews.com/2022/07/20/f-6/): စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေစက္ကူအတု ရောင်းဝယ်ရေးလုပ်ငန်းများသည် တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ကို တွေ့နေရပြီး လူမှုကွန်ရက် စာမျက်နှာပေါ်အထိ ပေါ်ပေါ်ထင်ထင် ကြေညာကာ ရောင်းချပေးနေသည်ကို တွေ့ရသည်။ ယခု နှစ်ဆန်းပိုင်း မှ စတင်ပြီး ငွေစက္ကူအတု ရောင်းဝယ်မှုများကို ဖေ့ဘွတ်စာမျက်နှာ နှင့် အကောင့်အတုများစွာတွင် အရောင်းအဝယ်ပြုလုပ်လာနေသည်။ “ငွေတုရောင်းဝယ်ရေး” “မြန်မာငွေအတုရောင်းဝယ်ရေး” “လော်ပန်ငွေစက္ကူအတုရောင်းဝယ်ရေး” နှင့် “Ko Phyo Gyi ငွေစက္ကူဖြန့်ဖြူးရေး” အစရှိသည့် ဖေ့စ်ဘွတ် စာမျက်နှာများတွင် “ဒီလိုခေတ်ပျက်ကြီးမှာ ကားဝယ်စီးချင်လား အကြွေးတွေဆပ်ဖို့၊ ဆေးကုသဖို့၊ ဖုန်းဝယ်ဖို့၊ လူတန်းစေ့သွားလာဖို့၊ ပိုက်ဆံလိုနေပြီလား။ အစစ်နဲ့ ၉၈ % တူအောင်ထုတ်ထားတဲ့ ငွေအတုတွေ ရောင်းချပေး နေပီနော်” ဟု ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ပေါ်ပေါ်တင်တင် ကြေညာလာကြသည်။ ငွေစက္ကူအတု ထုတ်လုပ်သူများသည် ၅၀၀၀ နှင့် ၁၀၀၀၀ တန် ငွေစက္ကူအတုများကို ၉၅% ငွေစက္ကူအစစ်နှင့် တူအောင် ထိုင်း နှင့် ဂျာမဏီထုတ် စက်ကြီးများဖြင့် print ထုတ်ထားကြောင်း ရေးသားဖော်ပြထားပြီး ငွေအစစ် ၁ သိန်းတွင် ငွေအတု ၁၀ သိန်း ရောင်းပေးသည်ဟု ဖော်ပြထားသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ကုန်စုံဆိုင်နှင့် စာသင်ကျောင်းတစ်ချို့တွင်လည်း ၅ ထောင်တန် နှင့် ၁ သောင်းတန် ငွေစက္ကူအတုကို စျေးဝယ်သူများနှင့် ကျောင်းသားမိဘများထံမှ လက်ခံရရှိဖူးသည်ဟု သက်ဆိုင်သူများထံမှ သိရသည်။ ငွေစက္ကူအတုနှင့်အစစ်ကိုခွဲခြားရာတွင် ငွေစက္ကူအတုများတွင် လုံခြုံရေးကြိုးကို ကြိုးဖြင့်မလုပ်ထားဘဲ ပုံမှန် ဆေးရိုက်ထားပြီး အစစ်မှာတော့ ကြိုးအစစ်ဖြင့် ပြုလုပ်ထားသည်။ … - [ပိတ်ဆို့ခံနေရသော စစ်ကြောင်းကို ကယ်ထုတ်ရန် စစ်ကောင်စီမှ KIA ကို လေကြောင်းဖြင့် တိုက်ခိုက်နေ](https://burmese.kachinnews.com/2022/07/20/july20-yl1/): ဖားကန့် ဆယ်ဇင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကျဲနေဆဲ ဖြစ်သည်ဟု သိရသည်။ ဆယ်ဇင်း ချမ်းသာအေးကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင်ခန့် ပိတ်ဆို့ တိုက်ခိုက်ခံနေရသဖြင့် ယမန်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ည ၇ နာရီဝန်းကျင်တွင် တစ်ကြိမ် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ “မနက်ပိုင်းမှာ တစ်ကြိမ် ညတစ်ကြိမ်လာပစ်တယ်။ သူတို့က တစ်ကြိမ်လာပစ်ရင် ၆ ကြိမ်လောက်ပတ်ပြီးပစ်တာ။ အထဲမှာ ပိတ်မိနေတဲ့ စစ်သားတွေကို ထုတ်ယူဖို့ ဟုတ်တယ်။ အခုမြေပြင်မှာက ပိတ်ဆို့ထားတဲ့ သူတွေကို အစားလည်း ပို့ပေးလို့မရဘူး။ အင်အားလည်း ဝင်လို့မရဘူး။ အလောင်းလည်း သယ်ထုတ်လို့မရဘူး။ မရမက သယ်ထုတ်ဖို့ အပေါ်ကနေ တိုက်ခိုက်နေတာ”ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့် ၄ ရက်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ဝန်းကျင်ခန့် သေဆုံးမှုရှိနိုင်သည်ဟု သူက ယခုလို ပြောဆိုထားသည်။ “အခုက တိုက်ပွဲဖြစ်နေသေးတော့ ဘယ်အထိ သေတယ်ဆိုတာကို အတိအကျပြောလို့မရ‌သေးဘူး။ ဟိုဘက် ဒီဘက် အပြန်အလှန် ပစ်နေကြတယ်လေ။ ခန့်မှန်းခြေလောက်တော့ တိုက်ပွဲဖြစ်ပြီးခဲ့တဲ့နေ့တွေမှာ မြင်တွေ့ရသလောက်ဆို ၃၀ နဲ့ ၄၀ ကြားလောက်မှာတော့ရှိလိမ့်မယ်။ ထိခိုက်သေဆုံးတာက များတော့များတယ်” ဟု ပြောဆိုသည်။ ဇူလိုင်လ ၁၈ ရက်နေ့ ဆယ်ဇင်း တိုက်ပွဲဘက်သို့ စစ်ကိုင်းဘက်မှ စစ်ကူတက်လာသော ရှမ်းနီတပ်သားများအပါ … - [ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၂၃ ဦးအနက် ၁၉ ဦး ပြန်လွတ်ပြီး ကျန် ၄ ဦးအား တရားစွဲဆိုထား](https://burmese.kachinnews.com/2022/07/20/july20-az1/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာမှ ဇွန်လ ၁၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် အရပ်သားပြည်သူ ၂၃ဦးအနက် ၁၈ ဦးပြန်လွတ်မြောက်လာပြီးကျန် ၄ ဦးကို စစ်ကောက်စီတပ်က တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၂၃ ဦးတွင် အသက် ၇၅ နှစ်အရွယ်ရှိဦးဝင်းနှင့် အသက် ၇၃ နှစ်အရွယ်ရှိဒေါ် သိန်းဌေးတို့ကို ခြွင်းချက်အနေဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် ကနဦးလွတ်ပေးခဲ့ပြီး ကျန်ရှိသည့် ၂၁ ဦးအနက် ၁၉ ဦးကိုဇူလိုင်လ ၈ရက်နေ့ လွတ်ပေးခဲ့ကာ နောက်ဆုံး ကျန်ရှိသော ၄ ဦးကို တရားစွဲဆိုထားကြောင်း အဖမ်းခံရသူများနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “၂၃ ယောက်ထဲက လေးယောက်ကကျန်နေတာကျန်တဲ့လူတွေအကုန်လွတ်သွားပြီ အဲ့ကျန်နေတဲ့လေးယောက်က တရားစွဲခံလိုက်ရပြီ အကြမ်းဖက်မှုနဲ့တစ်ယောက် သုံးယောက်က ၅၀၅ နဲ့စွဲခံလိုက်ရတာ”ဟုပြောဆိုသည်။ တရားစွဲခံရသူများအနက် မရီနွယ်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့်သော်လည်းကောင်း၊ ဒေါ်သင်းသင်းမာ၊ မောင်ဇော်ဇင်ဦးနှင့် မောင်နန်းမင်းထွန်းတို့ကို ပုဒ်မ ၅၀၅ (က) တို့ဖြင့် အသီးသီးတရား စွဲဆိုထားကြောင်းသိရသည်။ “တရားစွဲခံထားရတဲ့လေးယောက်ကိုတော့ ရဲလက် အပ်လိုက်ပါပြီ။ ဘယ်ချိန်အမိန့်ချမယ် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်မယ်တော့ မသိရသေးဘူး။ သူတို့ကိုတရားစွဲလိုက်တာက လွန်ခဲ့တဲ့ ၇ ရက်၊ ၈ ရက်နေ့လောက်ကတည်းကဟုတ်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) သည် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် … - [ရွှေဘိုမြို့နယ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့် ပျူစောထီးများတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/19/july19-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့ကို ဒေသကာကွယ်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ဦးသေဆုံးကာ စစ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Snake Eyes PDF မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် တပ်စွဲနေထိုင်သည့် နေရာသို့ Snake Eyes PDF နှင့် မဟာမိတ်များစုပေါင်းကာ အလှစ်အငိုက် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “သူတို့တပ်စွဲထားတဲ့ရွာမှာ အဝေးထိန်းမိုင်းနဲ့ မိုင်းခွဲတိုက်ခဲ့တာပါ အဲ့မှာသူတို့ ငါးယောက်ထိသွားတာ ချက်ချင်းမသေသေးဘူး အဲ့မှာသူတို့က ရွှေဘိုမြို့ပေါ်က ဆေးရုံမှာသွားပြတာ အဲ့မှာဆေးရုံမရောက်သေးဘူးလမ်းကရွာတစ်ရွာအရောက်မှာ ၃ယောက်ကသေသွားတာ”ဟုပြောဆိုသည်။ မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သည့် နှစ်ဦးကို ဆေးရုံကို ဆက်လက်ပို့ဆောင်စဉ် မင်္ဂလာကျေးရွာအနီးတွင် ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သူကဆက်ဆိုသည်။ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့ကို မိုင်းခွဲတိုက်ရခြင်းသည် ဇီးဖြူကုန်းကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူများပြုလုပ်နေသည့်အတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးက ယခုလိုဆက်ဆိုသည်။ “ကျနော်တို့တိုက်ခိုက်ပြီးတော့ ​သူတို့ဘက်ကရမ်းသမ်းပစ်ခတ်တာတွေလည်းလုပ်တယ် ဒါပေမဲ့ရဲဘော်တွေတော့အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ် ရွာထဲက နေအိမ် ၃လုံးကိုတော့မီးရှို့ဖျက်ဆီးထားတယ်လို့သိရတယ်ဗျ” ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဘက်မှ သေဆုံးမှု နှင့် ထိုခိုက်ဒဏ်ရာရရှိခဲ့သော အခြေအနေကို မျက်မြင်တွေ့ရှိသည့်ဒေသခံများထံမှအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ စစ်ကောင်စီနှင့်ပျူစောထီးများသည် ဇီးဖြူကုန်းရွာမှ ပြည်သူများပိုင်ဆိုင်သည့် လယ်ယာများကို ရိတ်သိမ်းမူတွေပြုလုပ်နေကာ ရွာသူရွာသားများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပျူစောထီးများ ရွာကိုတပ်စွဲနေထိုင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့်အခုလို စစ်ဆင်ရေးဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ … - [ခင်ဦးနယ်တွင် PDF နှစ်ဦးသတ်ဖြတ်ခံရပြီး အရပ်သား ၃၀ ကျော်ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/07/19/july19-az2/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးပစ်သတ်ခံရပြီး ဒေသခံပြည်သူ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင် ၁၇ ရက်နေ့တွင် ရေဦးမြို့မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်အင်အား ၁၀၀ ကျော်ခန့်အပါ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာအနီးရှိ အုတ်စပ်ကျေးရွာအတွင်း ဝင်ရောက်လာခဲ့သည့်နောက်ပိုင်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်ဟု ခင်းဦးမြို့နယ် PDF မှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “အုတ်စပ်ရွာက ပြည်သူ ခြောက်ဦးကိုအရင်ဦးဆုံးဖမ်းတယ်။ ဖမ်းပြီးတော့ နှစ်ဦးကတော့လမ်းမှာပြန်လွတ်လာတယ်။ ကျန်လေးဦးကတော့ သူတို့ရဲ့ စစ်ကြောင်းထဲ ခေါ်သွားတယ်။ အင်တိုင်းလေးကနေ အရာတော်ရွာဘက်စစ်ကြောင်းထိုးဝင်တယ်။ လမ်တစ်လျှောက်မှ လက်နက်ကြီးတွေ ပစ်တာတွေလုပ်တော့ သာဝထိရွာနားက သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီးပစ်ခတ်သံကြောက်လန့်ပြီးသေသွားတယ်။ သူတို့က တိုက်ပွဲမဖြစ်ရင်လည်း လက်နက်ကြီးတွေပစ်တာဘဲ”ဟုပြောဆိုသည်။ ထိုနည်းတူ စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၁၈ရက် ယမန်နေ့ သာဝထိရွာမှ ရှဒေါကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သား ၂ဦးကို ပစ်သတ်ခဲ့ကြောင်းသူကဆက်ဆိုထားသည်။ “သာဝထိကနေ ရှဒေါသွားလမ်းမှာပေါ့ ကာကွယ်ရေး ရဲဘော်နှစ်​ယောက်ကို ဒီကောင်တွေလမ်းမှာပစ်သတ်ခဲ့တယ်။ အဖွဲ့နာမည်ကတော့ ပြောပြလို့အဆင်မပြေဘူး Local ရဲဘော်နှစ်ဦးကျဆုံးသွားတယ်။ ဒီလောက်ပဲပြောလို့ရမယ်။ လမ်းကြောင်းထောက်ရင်းနဲ့လမ်းမှာမိပြီး သတ်ခံလိုက်ရတာဟုတ်တယ်”ဟုပြောဆိုသည်။ ထို ရှဒေါကျေးရွာတွင် PDF တပ်သား ၂ဦးသတ်ဖြတ်ခံရသည့်အပြင် ရှဒေါကျေးရွာမှ အရပ်သားပြည်သူ စုစုပေါင်း ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟုသိရသည်။ အဆိုပါ ဖမ်းခေါ်သွားသည့် ၃၀ ကျော်တွင် အမျိုးသားနှင့်အမျိုးသမီး များပါဝင်ပြီး အမျိုးသားများကို အထမ်းများသယ်ခိုင်းပြီး အထမ်းမသယ်သော ရွာသားတစ်ချို့ကို လက်နောက်ပြန်ကြိုးသုပ်ကာ စစ်ကြောင်းထဲ … - [ရှင်ဗွေယန်မြို့နယ်ခွဲ မုန်တိုင်းသင့် ဒေသခံများအတွက် အကူညီ လိုအပ်နေဆဲ](https://burmese.kachinnews.com/2022/07/19/ld-3/): တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ လုံယုန်းကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်ရွာလုံးရှိ နေအိမ်များ ထိခိုက်ပျက်စီးသွားသဖြင့် ကူညီမှု လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းက လုံယုန်းကျေးရွာတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် နေအိမ်အားလုံး ပျက်စီးကာ ရွာသား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “တစ်ရွာလုံး လေမုန်တိုင်းဝင်ရောက်ပြီး သစ်ပင်ကြီးတွေကျိုးကျပြီး နေအိမ်အားလုံး ပျက်စီးသွားတာနဲ့ ကျိုးကျသွားတာနဲ့ လူ ၂ ဦး က အဲ့မှာ ဒဏ်ရာနဲ့ သေဆုံးသွားတယ်၊ ၂ ဦးက ထိခိုက်သွားတယ်ပြောတယ်။ ဘယ်သူဘယ်ဝါတော့ ကျနော်လည်း ကောင်းကောင်း မသိရဘူး။ ဒါတောင် ရွာသား တစ်ယောက် တနိုင်းမြို့ကို ဆင်းလာပြီး လာပြောမှသိရတယ်။ သူတို့ ရွာဘက်က ဖုန်းလိုင်းလည်း မရှိတော့ သိရနောက်ကျသွားတယ်။ မုန်တိုင်းကြောင့် လမ်းတွေလည်း ပိတ်မိသွားတော့ အဲ့တာတွေအားလုံး ရှင်းလင်းခဲ့ပြီးမှ တနိုင်ချောင်းဆီ ကူးခဲ့နိုင်တာကြောင့် အခုလိုဖြစ်ကြောင်း သိရတာဖြစ်တယ်။” ဟု လေပြင်းတိုက်ခိုက်ခံရသော အခြေအနေနှင့်ပတ်သက်ပြီး တနိုင်းဒေသခံတစ်ဦး က တဆင့်ပြောပြသည်။ မုန်တိုင်း တိုက်ခတ်ခံရသော လုံယုန်းကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မရှိသောကြောင့် ကျေးရွာဒေသခံတစ်ချို့ မှာ တနိုင်းမြို့သို့ဆင်းခဲ့ကာ ဖြစ်စဉ်နှင့်အခက်အခဲများကို လာရောက်ပြောပြပြီး နောက်မှသာ သိရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လုံယုန်းကျေးရွာသည် အိမ်ခြေ ၅၀ ကျော်ရှိပြီး နာဂ လူမျိုးအများစုနေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။ လုံယုန်းကျေးရွာနှင့်တစ်ဆက်တည်း နန်းယွန်းမြို့နယ် ချွမ်ဆာကျေးရွာတွင်လည်း ဇူလိုင် ၈ … - [ဗန်းမော်မြို့ စစ်ရှောင် အိမ်ထောင်စု ၁၂ စု နေရပ်ပြန်](https://burmese.kachinnews.com/2022/07/19/ld-2/): ဗန်းမော်မြို့တွင်း ရောဘတ် စစ်ရှောင်စခန်း မှ စစ်ရှောင် အိမ်ထောင် ၁၂ စု ဇူလိုင်လ ၁၄ ရက်နေ့က နေရပ်ပြန်သွားပြီး နောက်ထပ် အိမ်ထောင် ၁၄ စုလည်း နေရပ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ရောဘတ်စစ်ရှောင်စခန်းမှ ပြည်သူများသည် စခန်းတွင်း ခက်ခဲမှု ပိုမိုကြုံတွေ့လာရသောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ရောဘတ်စစ်ရှောင်စခန်း မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အချိန်လည်း အရမ်းကြာလာတော့ ခက်ခဲမှုက စစ်ရှောင်မှာနေလည်း ခက်၊ ဘယ်မှာလည်း တူတူဆိုတော့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး ပြန်သွားကြတာ ဟုတ်တယ်။ အိမ်ထောင် ၁၂ ခုပြန်သွားပြီ။ အခု အိမ်ထောင် ၁၄ ခုလည်း လျှောက်လွှာစာ တင်ထားပြီး ပြန်ဖို့ရှိတယ်။ ဇွန်လက လျှောက်ထားပြီး ဒီဇူလိုင်လမှာ ၆ လစာ ကူညီမှု ရပြီဆိုတာနဲ့ ဘယ်အချိန်ဖြစ်ဖြစ် အဲ့တာရပြီးတာနဲ့ ပြန်ဖို့ပြင်ဆင်နေတယ်။” ဟု ရောဘတ် စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇူလိုင် ၁၄ ရက်က နေရပ်ပြန်သွားသည့် ကျေးရွာများမှာ ဂေါင်ရွန်ကျေးရွာ မှ အိမ်ထောင် ၉ ခု၊ ဘွမ်ဆန်ယန်ကျေးရွာ မှ ၁ စု၊ ၃ မိုင်ကျေးရွာ မှ ၁ စု နှင့် မုန်းဒိန်ပါဒေသခံ ၁ စုတို့ ဖြစ်ကြသည်။ နောက်ထပ် နေရပ်ပြန်ရန် ပြင်ဆင်နေသည့် ကျေးရွာများမှာ မိုင်းခေါင်အနီးရှိ နမ်ဖူကျေးရွာ ဒေသခံများဖြစ်ကြောင်း သိရသည်။ စစ်ရှောင်ပြည်သူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်သေးသော်လည်း မိမိစားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာသောကြောင့် ယခုလို နေရပ်ပြန်သွားရခြင်းဖြစ်သည်ဟု မုန်းဒိန်ပါဒေသခံ စစ်ရှောင်အမျိုးသမီး က ယခုလိုပြောသည်။ “ဘာလို့ ပြန်သွားရလဲဆိုတော့ ဝမ်းရေးပေါ်မူတည်ပြီး အပြင်မှာနေပြီးကြိုးစားမှ ကလေးတွေအတွက်လည်း ပိုပြီးထောက်ပံ့နိုင်မလားလို့တွေးတယ်။ စစ်ရှောင်စခန်းတွင်းမှာပဲနေရင်က ကူညီထောက်ပံ့တာလောက်နဲ့ ကလေးတွေအတွက်လည်း တိုးတက်လမ်းကင်းမဲ့သလို ခံစားလာရတော့ နေရပ်ပြန်သွားပြီး လုပ်ကိုင်စားသောက်မှ ပိုကောင်းလားလို့ ဆုံးဖြတ်ပြီး ပြန်သွားတာဖြစ်တယ်။ ကျမတို့ပြန်တဲ့အချိန် မုန်းဒင်ပါကျေးရွာ ဒေသခံတစ်ယောက်မှ မပြန်သေးဘူး။ ဆိုတော့ ကျမက မိုင်းခေါင်က ဆွေမျိုးအိမ်မှာပဲ ပြန်သွားတာဖြစ်တယ်။” ဟု ပြောသည်။ နေရပ်ပြန်သွားသော စစ်ရှောင်ပြည်သူများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် KMSS အဖွဲ့အစည်းမှ ၆ လစာ ထောက်ပံ့ထားသည် ဟု သိရသည်။ “နေရပ်ပြန်နေပြီဆိုပေမဲ့ နောက်နောင် ရောက်လာမဲ့အချိန်တွေမှာ ကျေးရွာတွေမှာ နေလို့မရပဲ အရင်လိုပဲ တိုက်ပွဲ ပြန်ဖြစ်လာလို့ စစ်ရှောင်စခန်းဆီပဲ ပြန်လည်တိမ်းရှောင်လာတဲ့အချိန်လည်း ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြန်လက်ခံပေးဖို့ လည်း တောင်းဆိုထားချင်ပါတယ်။” ဟု နေရပ်ပြန်အမျိုးသမီးတစ်ဦးကပြောသည်။ ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် လက်ရှိ စစ်ရှောင်အိမ်ထောင် ၅၈၀ ကျော် နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။ - [ပင်လယ်ဘူးနယ်တွင် အရပ်သားပြည်သူ ၇၀၀ ကျော်ထွက်ပြေးနေရပြီး ရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/07/19/july19-az1/): စစ်ကိုင်းတိုင်း​ဒေသကြီး ပင်လယ်ဘူးမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပစ်ခတ်ဖမ်းဆီးမှုများ ရှိနေသဖြင့် ဒေသခံပြည်သူ ၇၀၀ ကျော်ခန့် ထွက်ပြေးတိန်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ စစ်အင်အား ၁၂၀ ခန့်သည် ဇူလိုင် ၁၇ ရက်နေ့ ပင်လယ်ဘူး မြောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာတစ်လျှောက်တွင်ရှိသော အရပ်သားပြည်သူများကို သေနတ်ပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့သောကြောင့် ပြည်သူ ၁၁ ဦး ဖမ်းဆီခံခဲ့ရသည်ဟု ပင်လယ်ဘူးမြို့နယ် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ပျဉ်စောက်ရွာကို စဝင်ချင်း ပြည်သူ ၁၁ ယောက်ဖမ်းခံရတယ်။ ရွာဘုန်းကြီးကျောင်းရဲ့ အခန်းတစ်ခုမှာ သော့ခတ်ဖမ်းထည့်ထားတယ်။ ဘယ်သူမှဖွင့်မပေးရဘူးလို့ခြိမ်းခြောက်ထားတယ်ဗျ။ မနေ့ကပဲသူတို့ပြန်ထွက်သွားတော့ရွာသားတွေဖွင့်ပေးလိုက်တယ်။ ပြီးတော့ ရွာထဲက နေအိမ်တွေကိုလည်းဖျက်ဆီးသွားတယ်။ တံခါးတွေရိုက်ချိုး မှန်တွေရိုက်ခွဲ တန်ဖိုးကြီးပစ္စည်းတွေလည်းအားလုံးယူသွားတယ်။ ရွာသားတွေရဲ့ ရွှေတွေ ငွေသားတွေပါသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်သည် ဇူလိုင် ၁၈ ရက်နေ့တွင် ပျဥ်စောက်ရွာမှ အောင်းပြင်ရွာသို့ထပ်မံဝင်ရောက်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်းပြင်ကျေးရွာမှ ပြည်သူ ၃ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် ပျဉ်စောက်နှင့်အောင်းပြင် ကျေးရွာ ၂ခု အနီးတဝိုက် လှည့်လည်စစ်ကြောင်းထိုးလျက်ရှိနေပြီး လက်ရှိတွင် အောင်းပြင်၊ ပျဥ်စောက် နှင့် အနီးဝန်ကျင်ရှိ ကျေးရွာ ၅ခုမှ ဒေသခံပြည်သူ ၇၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စစ်ရှောင်များအတွက် အရေးပေါ် အကူအညီလိုအပ်နေကြောင်သိရသည်။ “ရွာပေါင်း ၅ရွာမှ လူဦးရေ ၇၀၀ ကျော်လောက် စစ်ဘေးရှောင်နေရတယ်။ အခုသူတို့အတွက်အဓိက အစားအသောက်လိုအပ်တယ်။ နောက်တစ်ခုက ကျန်းမာရေးအကူအညီလိုအပ်နေတယ်ဗျ။ ငှက်ဖျားဆေးတို့ ဝမ်းနဲ့ဆိုင်တဲ့ဆေးတွေ မိုးတွင်းဆိုတော့ ခြင်ကိုက်တယ်။ ခြင်ထောင်မရှိကြဘူး ခြင်ထောင်တွေလိုနေတယ်”ဟု … - [KIA တပ်စခန်းတိုက်ခိုက်ခံရမှုတွင် ၂ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/07/19/july19-yl1/): တနိုင်း လီဒိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေအတွင်းရှိသော ချောင်းဆုံရွှေမှော်အနီး ကနွယ်သူမှော်တွင် အခြေစိုက်ထားသော KIA တပ်စခန်းကို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံများထံမှသိရသည်။ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်း ၄နာရီဝန်းကျင်ခန့်တွင် ရှဒူးဇွပ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် ဦးဆောင်သောအဖွဲ့သည် KIA စစ်သား ၇ဦးခန့်သာရှိသော ကနွယ်သူ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ၂ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ပြည်သူ့စစ်နှင့်နီးစပ်သည့် ရှဒူးဇွပ်ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။ “ပြည်သူ့စစ်အဖွဲ့တွေ သွားတိုက်ခဲ့တာမှန်ပါတယ်။ KIA တပ်စခန်းကို သွားတိုက်ဖို့ မနက်အစောကြီး ပြည်သူ့စစ်အဖွဲ့တွေ ကား ၂စီးနဲ့ သူတို့ရဲ့ ပြည်သူ့စစ်စခန်းကနေ ထွက်သွားကြတာဟုတ်တယ်။ KIA ဘက်က ၂ယောက်ကျတယ်။ ၂ယောက်က တော့ ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီစခန်းက စစ်သား ၇ယောက်လောက်ဘဲရှိတယ်လို့ကြားတယ်”ဟုပြောဆိုသည်။ ယခုလို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခြင်းသည် ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေမှော်ဒေသများကို နယ်မြေစိုးမိုးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူကဆက်ဆိုထားသည်။ “ဒီမှာက မှော်ဒေသဖြစ်တဲ့အတွက် အာဏာပြကြတယ်လို့ဘဲမြင်တယ်။ ပြည်သူ့စစ်တွေကလည်း ဒီဒေသအားလုံးကို သူတို့ဘဲ နယ်မြေစိုးမိုးချင်နေဟုတ်တယ်။ တဖက်မှာလည်း KIA ထိန်းချုပ် နယ်မြေလည်းဖြစ်နေတော့”ဟုပြောဆိုသည်။ ပြည်သူ့စစ်အဖွဲ့သည် ချောင်းဆုံရွှေမှော်တွင် တပ်ချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ စစ်အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေမှော်ဒေသအတွင် ပြည်သူ့စစ်အဖွဲ့မှ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပါသည်။ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့သည် … - [KBZ pay အကောင့်မှငွေများကို လိမ်လည်နိုင်ရန် ကြိုပမ်းနေသော Facebook အကောင့်များကို သတိပြုရန်](https://burmese.kachinnews.com/2022/07/18/f-5/): ဖေ့စ်ဘုတ်စာမျက်နှာတွေကတဆင့် KBZ pay အကောင့်ထဲက ငွေတွေကို အပြင်မှာ ရာခိုင်နှုန်းပေးစရာမလို့ပဲ KBZ Bank Token ယူပြီး ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရတယ်ဆိုပြီး လိမ်လည်မှုတွေ ရှိနေပါတယ်။ ဒီလိမ်လည်ပိုစ့်တွေကို  “KBZ PAY- Token Service Myanmar” နှင့် “KBZ PAY Service Myanmar” ဆိုတဲ့ Facebook Page တွေက အခုနှစ် ဇွန်လိုင်လ ၁၄ ရက်နေ့က “KPAY အကောင့်ထဲကငွေ တွေကို အပြင်မှာ ရာခိုင်နှုန်းပေးပြီး ထုတ်နေရပါသလား၊ ခုအဲ့လိုတွေမပေးရအောင် KBZ Bank တိုက်ရိုက် Token ယူပေးနေပါပြီ၊ Bank Token နဲ့ ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရပါပြီ၊  ရာခိုင်နှုန်းပေးစရာမလိုဘူး Token ယူချင်တဲ့သူများ Page မှာ ဆက်သွယ်လာပါ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ဒီလို ဖော်ပြနေတဲ့ “KBZ PAY Service Myanmar” ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာဆိုရင်  ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကပဲ “ကြာညိုသင်း-စာပေချစ်သူ” အမည်နဲ့ အကောင့်ဖွင့်ခဲ့ပြီးတော့ ဇွန်လ ၂၉ ရက်နေ့မှာတော့ “KBZ PAY Service Myanmar” ဆိုတဲ့ နာမည်ပြောင်းလိုက်တာ တွေ့ရပါတယ်။ အလားတူ “KBZ PAY-Token Service Myanmar” Page ဆိုရင် Facebook Boosting ပါ ပြုလုပ်ထားပါတယ်။ … - [မြောင်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါ ၂ဦးသေဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/07/18/july18-sm1/): စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာဘက်တွင် စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်နှင့် ချောင်းဦး PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါ ၂ဦးသေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဇူလိုင်လ ၁၆ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်တွင် စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီ စစ်ကြောင်းသည် ဇရပ်ကုန်းကျေးရွာမှ ပြန်ထွက်လာပြီး တမဆေးကန်ရွာ၏ အနောက်ဘက်ကို ဝင်ရောက်လာချိန် ချောင်းဦး CLDF နှင့် မဟာမိတ်စုပေါင်းတပ်များ လက်နက်ကြီးများဖြင့် ၁၃ကြိမ်ထက်မနည်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု CLDF ဘက်မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောဆိုသည်။ “စစ်ကြောင်းက တမဆေးကန်ရွာအနီး တဝှိက်ကို အရောက်မှာ ကျနော်တို့ဘက်က ၂ ချက် စပစ်ခဲ့တယ်။ အဲ့ဒီနောက် အခြားတစ်ရွာကို ရောက်ရှိချိန်မှာ ၁၁ ချက်ဆိုတော့ စုစုပေါင်း ၁၃ ချက်တိတိ ပစ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပါတယ်။ CLDF မှ ရဲဘော်တစ်ဦးက လက်နက်ကြီးကျရောက် ပေါက်ကွဲရာက နေဆင်ထွက်လာတဲ့ ခဲထိမှန်ခဲ့ပါတယ်။ MRA က ရဲဘော်တစ်ဦးလည်းခြေသလုံးမှာထိခိုက်မှု ရှိသွားခဲ့ပါတယ်။သူတို့ဘက်ကတော့ ဗျူဟာမှူးအပါအဝင်၂ယောက်သေပြီး ၄ယောက်ဒဏ်ရာရသွားပါတယ်”ဟုပြောဆိုသည်။ တမဆေးကန်ရွာအနီး ၂ဖက်တပ် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၆ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့သလို ချောင်းဦး PDF ပူးပေါင်းတပ်တို့ဘက်မှလည်း ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းကို Chaung U Local Defence Force(CLDF) မှဦးဆောင်ကာ မြောင်မြို့နယ်တော်လှန်ရေးတပ်-Myaung Revolution … - [ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်များပိတ်ထား](https://burmese.kachinnews.com/2022/07/18/july18-az2/): ဖားကန့်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့တွင်းရှိ ဆီပန့်ဆိုင်များ ယနေ့ ဇူလိုင် ၁၈ ရက်နေ့မှစပြီး ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ဆီပန့်အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ် ကားအဝင်မရှိသည့်အတွက် ဟုဆိုကာ ယနေ့ နံနက်ပိုင်းမှ ဆီများအားလုံး နီးပါး ပိတ်ထားသည်ဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းကို ပြောသည်။ “ဖားကန့်မြို့ထဲက ဆီဆိုင်ကြီးတွေ ပိတ်ထားတယ် မနေ့တုန်းကတော့ တစ်ဆိုင်လောက်ပဲ ပိတ်ထားတယ်။ အခုမနက်တော့ ဆီဆိုင်ကြီးတွေအားလုံးနီးပါး ပိတ်ထားတယ် ဒေါ်ရှမ်းမဆီပန့် ၊ မြဧရာ၊ ရွှေအောင်ဟိန်းထက်တို့ ရွှေမြန်မာတို့အဲ့အကြီးတွေအကုန်ပိတ်ထားတာ ဆီလက်ကျန်ကုန်သွားလို့ ပိတ် လိုက်တာတဲ့”ဟုပြောဆိုသည်။ လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် “ဆီလက်ကျန်ကုန်နေပါသဖြင့် ဆိုင်ပိတ်ထားသည်”ဟု အသိပေးစာ များကပ်ထားပြီး ဆီပန့်ဆိုင်များပြန်ဖွင့်နိုင်မည့်အချိန်ကို ဒေသခံများက မျှော်လင့်နေကြောင်း ဒေသခံများကဆိုသည်။ “ဘယ်တော့ပြန်ဖွင့်မလဲမသိဘူးဗျ။ ဆီမရှိရင်တော့ ပြည်သူတွေက ဒုက္ခရောက်ကြတာပေါ့။ အားလုံး ခက်ခဲသွားတာ အခုက ဖွင့်တဲ့ဆိုင် မရှိဘူး တစ်ဆိုင်နှစ်ဆိုင်လောက်နဲ့ အပြင်မှာ ပုလင်းချိန်ရောင်းတဲ့ ဆိုင်သေးလေးတွေလောက်ပဲရှိတယ် အခုက ဖွင့်တဲ့တစ်ဆိုင်နှစ်ဆိုင်ကလည်း လူတစ်ယောက်ကို နှစ်ဂါ လံပဲ အများဆုံးရှောင်းပေးတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးကပြောသည်။ ဖားကန့်တွင် ဒီဇယ်တစ်ဂါလံ ၁၃၂၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၁၄၃၀၀ ကျပ်အထိရှိပြီး အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ ကျပ်အနည်းဆုံးရှိကြောင်းသိရသည်။ - [ပူတာအို ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် နှစ်ညခြားတစ်ကြိမ်သာ မီးပေးနေ](https://burmese.kachinnews.com/2022/07/18/july18-az1/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို နှစ်ရက်ကြားတစ်ကြိမ်သာ မီးပေးနိုင်ပြီး ပျက်စီးထိခိုက်သွားသည့် ရေအားလျှပ်စစ်ပြုပြင်ချိန် အချိန်နှစ်လ ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပူတာအိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့က ည ၁၀ နာရီခန့် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုး လေးချက်ခန့်ပစ်ချခဲ့ရာ အထက်နမ့် ထွမ်ရေအားလျှပ်စစ်စက်ရုံတွင်လည်း တစ်ကြိမ်ထိခိုက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား အလုံအလောက် မထုတ်ပေးနိုင်သောကြောင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို အလေ့ကျစနစ် ဖြင့်နှစ်ည ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်ကြောင်း ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “ဟုတ်တယ်စက်က မိုးကြိုးဝင်သွားလို့ဟုတ်တယ်။ ကျွန်တော်တို့က ခါတိုင်းတော့ စက်နှစ်လုံးမောင်းတော့မီးကပုံမှန်လို ၂၄ နာရီပေးနိုင်တယ်။ ဒါပေမယ့်အခုက စက်က မိုးကြိုးဝင်တော့တစ်လုံးပဲမောင်းလို့ရတယ်။ ကျနော်တို့က မပေးနိုင်တာပေါ့။ အခုက အလေ့ကျစနစ်နဲ့ ရပ်ကွက် ကျေးရွာလိုက်ခွဲပြီး နှစ်ည ခြားတစ်ကြိမ်ခွဲတမ်း စနစ်နဲ့ပေးနေတယ်”ဟုပြောဆိုသည်။ မိုးကြိုးကြောင့် ပျက်စီးထိခိုက်သွားသည့် ယင်းစက်ကို ပြုပြင်ရန် စက်ပြင်ဆရာကို တရုတ်နိုင်ငံမှာ ခေါ်ယူထားပြီး ယခုထိမရောက်နိုင်သေးသည့်အပြင် စက်ပြုပြင်ချိန်ကြာမြင့်နိုင်သောကြောင့် ယခုကဲ့သို့ နှစ်ည ခြားတစ်ချိန်မီးပေးစနစ်သည် အချိန်နှစ်လခန့်ကြာမြင့်နိုင်ကြောင်း ပူတာအို EPC ရုံးမှ သိရသည်။ ပူတာအိုတွင် ယခုကဲ့သို့ လျှပ်စစ် မီးပုံမှန်မရသည့် အပြင် ဘတ်ထရီ၊ ဆော်လာမီး အသုံးပြုရန်လည် မိုးအဆက် မပြတ်ရွာသွန်းနေသောကြောင့်ဒေသခံများ ညဘက်အခက်အခဲ ဖြစ်နေကြောင်း အလျှင်အမြန် ပြုပြင်စေလိုကြောင်း ပူတာအို ကောင်ကထောင် ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ … - [ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခု စပ်ကြား စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2022/07/18/july18-yl2/): ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကူတက်လာသော စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ည ၂နာရီခွဲဝန်းကျင်တွင် ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။ KIA တပ်မဟာ ၉ တပ်ရင်း ၂၆ နယ်မြေ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်သို့ တိုက်ခိုက်ရန် စစ်ကိုင်းဘက်မှ ရှမ်းနီ SNA တပ်သားများအပါ စစ်ကောင်စီတပ် ၂၀၀ ဝန်းကျင်ခန့် တက်လာသော စစ်ကြောင်းကို ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် ရွှေပြည်မြင့် ကျေးရွာ ၂ခုကြားရှိ မန်စိမ်းချောင်းအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။ “စစ်ကိုင်းဘက်ကနေ တက်လာတဲ့အဖွဲ့တဲ့ မြို့နယ် ၂ခုစပ်ကြားမှာ တိုက်ပွဲစဖြစ်နေတယ်။ ဟိုဘက်ကနေ တက်လာတဲ့ အဖွဲ့ကို KIA က ကြားဖြတ်စောင့်တိုက်တာ။ သူတို့က အခု တိုက်ပွဲဖြစ်နေတဲ့ နေရာဘက် စစ်ကူလာတာ။ ဖားကန့်မြို့နယ်ဘက်ထဲ ရောက်ဖို့အရမ်းနီးနေပြီ။ ၁၅ မိနစ်လောက်ဘဲ လိုတော့တယ်”ဟုပြောဆိုသည်။ ဟုမ္မလင်းနှင့် ဖားကန့် စပ်ကြားတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့သည် ယမန်နေ့ ၄နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းဘက်မှတက်လာသော ရှမ်းနီ SNA တပ်သားများနှင့်စစ်ကောင်စီပူးပေါင်းတပ်တို့ဖြစ်သည်။ လက်ရှိ ၃ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ၂ဖက်တပ် စောင့်ကြည့်ကာ စစ်ရေးတင်းမာလျက်ရှိနေပြီး ယနေ့နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် တစ်စီးဖြင့် … - [နမ္မတီး ရဲစခန်းနှင့် စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ](https://burmese.kachinnews.com/2022/07/18/july18-yl1/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ ရဲစခန်းနှင့် စည်ပင်ရုံး ၂နေရာ ယမန်ည ၉နာရီဝန်းကျင်တွင် မိုင်းဖောက်ခွဲခံရ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “ဖောက်ခွဲခံရတဲ့အချိန်က ၉နာရီလောက်ရှိပြီ။ ဖောက်ခွဲတာက တစ်ကြိမ်ဘဲဖြစ်တာ။ ရဲစခန်းအတွင်းမှာဘဲ ကွဲတာ။ စည်ပင်ရုံးကဟာက မကွဲဘူးတဲ့။ သူတို့ ဒီမနက် မိုင်းကို ပြန်သိမ်းယူလိုက်ပြီလို့သိရတယ်။ အဲ့ကြောင့် ထိခိုက်မှုတွေက မရှိဘူး။ ဘယ်သူလုပ်တယ်ဆိုတာက ကျနော်တို့လည်းမသိရဘူး”ဟုပြောဆိုသည်။ ရဲစခန်းအတွင်းမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီအဖွဲ့က မြို့တွင်း လမ်းမကြီးတစ်လျှောက်သွားနေသော ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများပြုခဲ့ကြောင်းသိရသည်။ ဒေသခံပြည်သူများပြောဆိုချက်အရ နမ္မတီး ရဲစခန်းအတွင်း စစ်ကောင်စီ စစ်သားများ တပ်စွဲနေထိုင်နေသည့်အတွက် ဖောက်ကွဲခံရမှုဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ နမ္မတီးမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် သက်ဆိုင်သည့် ဌာနဆိုင်နေရာများတွင် ဖောက်ခွဲခံရမှုသည် ပထမဆုံအကြိမ်ဖြစ်ကြောင်း သိရသည်။ - [ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် ရှမ်းနီ SNA တပ်သားများအပါ စစ်အင်အား ၂၀၀ ခန့်ချီတက်လာဟုဆို](https://burmese.kachinnews.com/2022/07/17/july17-yl2/): လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဘက်မှ ရှမ်းနီ SNA တပ်သားများအပါအဝင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ယနေ့ မွန်းလွှဲ ၄နာရီဝန်းကျင်ခန့်တွင် ချီတက်လာသည်ဟု သတင်းရရှိကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၂၆ ဘက်သို့ တိုက်ခိုက်ရန် စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီတပ်သည် လက်ရှိတွင် ဟုမ္မလင်းဒေသ တောင်ဦးကျေးရွာတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “အခုတောင်ဦးမှာရောက်နေပြီလို့ သိရတယ်။ ဘယ်လောက်မှ မဝေးတော့ဘူး။ နောက် ၁နာရီလောက်ဆို ဒီကိုရောက်နိုင်တယ်။ တိုက်ပွဲက ပိုပြင်းထန်ဖို့ဘဲရှိတယ်။ အဓိက ရှမ်းနီ SNA စစ်သားတွေ ၁၀၀ ကျော်လောက်ပါတယ်တဲ့”ဟုပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသောနေရာသည် ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇူလိုင် ၁၆ရက်နေ့ တာမခန်ဘက်မှ ဆင်းလာသော စစ်ကောင်စီဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ပိတ်ဆို့ကာ တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုပိုမိုများပြားသည့်အတွက် ယနေ့တွင် တစ်ရက်အတွင်း ‌ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ဒေသခံများပြောဆိုချက်အရ ၂ဖက်တပ် ထိခိုက်မှုများနိုင်းသည်ဟု ပြောဆိုထားသော်လည်း ထိခိုက်မှုသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။ - [ဆယ်ဇင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/07/17/july17-yl1/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေ သောကြောင့် ယနေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက် ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။ တာမခန်ဘက်မှ ဆယ်ဇင်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဆယ်ဇင်းကျေးရွာအနီး ချမ်းသာကျေးရွာ ရွာထိပ် နားတွင် KIA က ကြားဖြတ် ဝန်းရံပိတ်ဆို့ထားကာ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်ဘက် လေကြောင်းလိုင်း အသုံးပြုကာ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG ကိုပြောဆိုသည်။ “တိုက်ပွဲဖြစ်ပွားနေတဲ့ ချမ်းသာရွာထိပ်မှာ KIA က စစ်သားတွေ ထွက်လို့မရအောင် ပိတ်ဆို့ထားတယ်။ ထွက်လို့မရတော့ လေယာဉ်ခေါ်ပြီး လာတိုက်နေတာ။ အထဲမှာ ဗမာစစ်သားတွေ အယောက် တစ်ရာ လောက် ပိတ်ဆို့နေတယ်လို့ကြားတယ်။ ဒီနေ့ တစ်ရက်ထဲ လာတိုက်တာ၃ကြိမ်ရှိပြီ”ဟုပြောဆိုသည်။ စစ်ကောင်စီဘက် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုသည် ယနေ့နံနက်ပိုင်း ၉နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ၁၀နာရီခွဲတစ်ကြိမ်၊ ၁၂နာရီဝန်းကျင်တွင် တစ်ကြိမ်ဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသည့်အနေရာတွင် ၂ဖက်တပ် စစ်ရေးတင်းလျက်ရှိနေသည်ဟု ဆက်ဆိုထားသည်။ ဒေသခံပြည်သူများပြောဆိုချက်အရ ၂ဖက်တပ်ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ပစ္စည်းတစ်ချို့ကိုလည်း KIA ဘက်မှ သိမ်းယူနိုင်ခဲ့သည်ဟု ပြောဆိုထားသော်လည် KNG သတင်းဌာနမှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ KIA ၏ ပိတ်ဆို့တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် တပ်မ ၃၃ အောက် ၇၆တပ်ရင်း၊ ခလရ ၄၂ စုပေါင်းတပ်တို့ဖြစ်ကြပြီး ဆယ်ဇင်းဘက်သို့ စစ်အင်းအားတိုးချဲ့ရန် ယခုရက်ပိုင်းအတွင်း ခြေလျင်ဖြင့် တာမခန်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ … - [ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/07/16/july16-zm2/): စစ်ကိုင်းတိုင်း ကသာမြို့ ဧရာဝတီမြစ်ကြောင်းပေါ်တွင် ငါးဖမ်းနေသူ အမျိုးသားတစ်ဦးအား ​စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်လိုက်‌ကြောင်း ဒေသခံများမှ သိရသည်။ ဇူလိုင် ၁၅ ရက် ယမန်နေ့ ည ၁၀ နာရီဝန်းကျင် စက်လှေဖြင့် ငါးဖမ်းနေသူ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ကင်းပတ်သွားလာစဉ် သေနတ်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကသာဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ည ၁၀ နာရီလောက်ရှိမယ်ဗျ သေနတ် အချက် ၂၀ လောက် ဆက်တိုက်ပစ်သံကြားရတယ် ထွက်မကြည့်ရဲဘူး”ဟုပြောဆိုသည်။ ဒေသခံများ၏ ပြောပြချက်အရ သေဆုံးသွားသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ တွေ့ရှိပြီး မြစ်ကမ်းဘက်သို့ခေါ်ယူစဥ် စက်လှေမောင်းနင်းထွက်ပြေးခဲ့ရာ သေနတ်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ “စစ်သားတွေက ညတိုင်းကင်းပတ်တယ်။ သူတို့ ကျောက်တိုင်ဆိပ်နားရောက်တုန်း ငါးဖမ်းစက်လှေတွေ့တော့ ဓာတ်မီးအချက်ပြခေါ်တယ်လို့ သိရတယ်”ဟု ဆက်ဆိုထားသည်။ အဆိုပါ သေဆုံးသွားသည့် အမျိုးသားသည် အသက် ၃၀နှစ်အရွယ်ရှိသူ တစ်ဦးဖြစ်ပြီး ကာသာမြို့ အမှတ် ၃ ရပ်ကွက် အာဇာနည် ဗိုလ်ချုပ်ကျောက်တိုင်နှင့် အမက ၃ စာသင်ကျောင်းအနီး နေထိုင်သူဖြစ်ကြောင်းသိရသည်။ - [ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ](https://burmese.kachinnews.com/2022/07/16/july16-zm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်အတွင်း PDF များနေထိုင်သည့် နေရာများကို လိုက်လံပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။ “အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး။ PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်”ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ PDF အဖွဲ့များနေထိုင်သည့် ကွင်းဆက်များ ဖမ်းဆီးရန် မြစ်ကြီးနားမြို့ပေါ်ရှိ အေးမြသာယာ၊ ရမ်ဘူ နှင့် မြို့သစ် ရပ်ကွက်များတွင် လိုက်လံရှာဖွေနေကြာင်း သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့ ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်သည် အသက် ၂၇ နှစ်အရွယ် ကိုသန့်ဇင်ဆိုသူဖြစ်ပြီး ဖားကန့်တွင်နေထိုင်သူဖြစ်ကာ KIA လက်အောက် PDF စစ်သင်တန်း အပတ်စဉ် ၄ ဆင်းထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ “အဲနေ့က ကြိုပြီးသတင်းရလို့ စောင့်ဖမ်းလိုက်တာဟုတ်တယ်။ အရှေ့ ၅ယောက် အနောက် ၅ ယောက် ဝိုင်းဖမ်းလိုက်တော့ သူက ကားပြန်လှည့်မောင်းဖို့ လုပ်သေးတယ်။ ဝိုင်းထားတော့ဘယ်လိုမှ လှည့်ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်”ဟု ဖမ်းခံရသည့်နေ့ အခြေနေနှင့် ပတ်သက်ပြီး တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း အေးမြသာယာရပ်ကွက်တွင် ကားဓါးမြတိုက်ဟု စွပ်စွဲကာ PDF လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဖမ်းဆီးထားသည့် အဆိုပါ PDF နှစ်ဦး၏ … - [ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ  မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ](https://burmese.kachinnews.com/2022/07/16/z-4/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်ရှိ PDF များနေထိုင်သည့် နေရာများကို လိုက်ပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။ ” အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်” ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကွင်းဆက် ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည့် ရပ်ကွက်များမှာ အေးမြသာယာ၊ ရမ်ဘူ နှင့် မြို့သစ် ရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့ ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်သည် အသက် ၂၇ နှစ်အရွယ် ကိုသန့်ဇင်ဆိုသူဖြစ်ပြီး ဖားကန့်တွင်နေထိုင်သူဖြစ်ကာ KIA လက်အောက် PDF စစ်သင်တန်း အပတ်စဉ် ၄ ဆင်းသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ” အဲနေ့က ကြိုပြီးသတင်းရလို့ စောင့်ဖမ်းလိုက်တာဟုတ်တယ်။ အရှေ့ ၅ယောက် အနောက် ၅ ယောက် ဝိုင်းဖမ်းလိုက်တော့ သူက ကားပြန်လှည့်မောင်းဖို့ လုပ်သေးတယ်။ ဝိုင်းထားတော့ဘယ်လိုမှ လှည့်ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်” ဟု ဖမ်းခံရသည့်နေ့ အခြေနေနှင့် ပတ်သက်ပြီး တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း အေးမြသာယာရပ်ကွက်တွင် ကားဓါးမြတိုက်ဟု စွပ်စွဲကာ PDF လူငယ်နှစ်ဦး ကို ဖမ်းဆီးခဲ့သည်။ … - [မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ဝင်ရောက်လာသော အမျိုးသားတစ်ဦးထံ Omicron တွေ့ရှိ](https://burmese.kachinnews.com/2022/07/15/july15-lp1/): မြစ်ကြီးနားမြို့ မှ လိုင်ဇာသို့ ဝင်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးထံ Covid-19 မျိုးရိုးဗီဇပြောင်း Omicron ရောဂါပိုး (BA.4 BA.5) စစ်ဆေးတွေ့ရှိခဲ့ကြောင်း လိုင်ဇာမြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီမှ သိရသည်။ “ရောဂါဖြစ်တဲ့သူက မိုင်ဂျာယန်ဒေသခံ မြစ်ကြီးနားမှာ ၃-၄ ရက်သွားနေပြီး ဒီကို ပြန်လာတဲ့ချိန် မုန်လိုင်ခက် Check Point မှာ ဆေးစစ်ကြည့်တော့ (BA.4 BA.5) ရောဂါပိုးတွေ့တယ်။ လိုင်ဇာကိုတော့ မဝင်လာသေးဘူး။ Check Point မှာပဲတွေ့လို့ တစ်ခါထဲ ဆေးရုံမှာ Quarantine ထားလိုက်တယ်။ သူက လိုင်ဇာလမ်းကနေ မိုင်ဂျာယန်ကို တစ်ခါတည်း ကားနဲ့ဖြတ်သွားမလို့ ပိုးတွေ့တော့ အခု Q ဝင်နေရတာ။” ဟု KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကိုပြောသည်။ အဆိုပါ SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) သံသယလူနာသည် ဇွန်လိုင်လ ၉ ရက်နေ့က မြစ်ကြီးနားမှ လိုင်ဇာသို့ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာ အဖြစ်ထားရှိသည်။ လက်ရှိ Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) Positive လူနာနှင့် ဆက်စပ်သူများကို Home Care အနေဖြင့် ၇ ရက်ထား စောင့်ကြည့်ပြီးနောက် ထပ်မံ ဆေးစစ်ရာတွင် Negative ဖြစ်သူများကို ပြန်ခွင့်ပြုကြောင်း ၎င်းက ဆက်ဆိုသည်။ “ဆက်စပ်လူနာတွေကို Home Q … - [အရာတော်မြို့နယ် ဆင်တလည်ကျေးရွာ မှ နေအိမ် ၃၀ ကျော် မီးရှို့ခံရ](https://burmese.kachinnews.com/2022/07/15/july15-sm1/): အရာတော်မြို့နယ် ဆင်တလည်ကျေးရွာမှ နေအိမ် ၃၇ လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းကာ မီးရှို့သွားကြောင်း Ayadaw Bone Naing PDF ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဆင်တလည်ရွာကို လက်နက်ကြီး ၁၅ လုံး ခန့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ချက်ချင်းပြန်ထွက်ခွာသွားကြောင်း Ayadaw Bone Naing PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဖြစ်တဲ့ ဖြစ်စဉ်က ကဲဘာရွာဘက်ကို စစ်ကြောင်းထိုးမဲ့ပုံစံမျိုးနဲ့ ဆင်တလည်ရွာကို ဦးတည်ပြီး လက်နက်ကြီး ၁၅ လုံး လောက်ကိုထုပြီး ဝင်စစ်ကြောင်းထိုးတာ။ ပြီးတော့ နေအိမ် ၃၀ ကျော်လောက်ကို မီးရှို့ပြီး ဒီတိုင်းပြန်ထွက်သွားတာ ပြည်သူလူထုကတော့ အထိအခိုက်မရှိလောက်ဘူး။ ဘာလို့ဆို ပထမနေ့တည်းက ရှောင်နေပြီလေ ရွာထဲမှာရှိရင်တောင် PDFတွေပဲရှိနိုင်တယ်” ဟုပြောဆိုသည်။ စစ်ကောင်စီ နှင့် ပျူစောထီးများသည် ဆင်တလည်ကျေးရွာကို မီးရှို့ကာ ချက်ချင်းပြန်ထွက်သွားပြီးနောက် ဒေသခံ LDF များ အချိန်မှီ ဝင်ရောက် မီးငြိမ်းနိုင်ခဲ့ခြင်းကြောင့် နေအိမ် ၃၀ ကျော်သာ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ဒေသတွင်း အရာတော်ဖေ့ဘုတ်စ်စာမျက်နှာတွင် ဖော်ပြထားသည်။ ဆင်တလည်ရွာမှ ပြည်သူများသည် စစ်ကြောင်းမထိုးခင်ရှေ့တစ်ရက်ကတည်းက ရှောင်နှင့်ပြီးသားဖြစ်သောကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိနိုင်ကြောင်း သူကဆက်ပြောသည်။ အဆိုပါ ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိကာ အရာတော်မြို့၏ အရှေ့တောင်ဘက်တွင် … - [ကသာနယ် အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်း ကသာ မှ စွန့်ခွာရန် PDF သတိပေး](https://burmese.kachinnews.com/2022/07/15/july15-az2/): ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇူလိုင် ၂၁ ရက်နေ့ နောက်ဆုံးထား၍ မိမိရာထူး၊ တာဝန်နှင့် ကသာနယ်အတွင်းမှ စွန့်ခွာကြရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။ ကသာတွင် ကျေးရွာပေါင်း (၁၃၆ ) ရွာ နှင့် ကသာမြို့ပေါ် ရပ်ကွက် ၁၀ ခုရှိသည့်အနက် လက်ရှိအချိန်ထိ ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီသြဇာခံ ရာထူးတာဝန် ဆက်လက် ထမ်းဆောင်နေဆဲဖြစ်သောကြောင့် ဇူလိုင် ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ၁၀ အတွင်း မိမိတို့ရာထူးမှ နုတ်ထွက်ကြရန် နှင့် ကသာနယ်ကို စွန့်ခွာကြရန် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်ထားသည်။ “အဓိက ကတော့ အခုတော်လှန် ရေးကာလမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူး တချို့အုပ်ကြီးတွေကျတော့ နှစ်ဖက်ခွကိုင်ထားတာရှိတယ်။ တချို့မြို့ပေါ် အုပ်ချုပ်ရေးမှူး တွေကျတော့လည်း စစ်ကောင်စီဘက်ကို ထောက်ခံပြီးတော့ အုပ်ချုပ်ရေး ယန္တာရားတွေကို လည်ပတ်နေတာရှိတယ်။ ဒါကြောင့် ကျနော်တို့တော်လှန်ရေး တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်ခံနေတဲ့အုပ်ကြီးတွေ နှင့် ဟိုလိုလို ဒီလိုလို လုပ်နေတဲ့အုပ်ကြီးတွေ ဆက်ပြီးတော့မလုပ်ဖို့နှင့် အကယ်၍ မနုတ်ထွက်ဘူးဆိုရင်လည်း ကသာနယ်ထဲမှာ မနေဖို့ ပေါ့”ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ကသာမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ကာ ကျေးရွာများအားလုံး၏ ၈၈ ရာခိုင်နှုန်းခန့်တွင် … - [မချမ်းဘော့ COC ခရစ်ယာန်ဘုရားကျောင်း နယ်မြေကို သိမ်းယူမည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ပါးလာပြောသဖြင့် အသင်းတော်ဘက်မှလည်း စွန့်လွတ်ရန် ဆုံးဖြတ်](https://burmese.kachinnews.com/2022/07/15/july15-yl1/): ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ခန်းကျိုကျေးရွာ (Hkang Ju Mare) ခရစ်တော်၏ အသင်းတော် (COC) ဘုရားကျောင်းဝင်းကို ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြေနေရာအဖြစ် သိမ်းယူတော့မည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ဦး လာပြောသဖြင့် အသင်းတော်ဘက်မှလည်း လက်လျော့ စွန့်လွတ်လိုက်သည်ဟု သိရသည်။ ခန်းကျို COC ဘုရားကျောင်း ဧရိယာတွင် ရှေးဟောင်း ရုပ်တုကလေးများကို ၂ ကြိမ်တိုင် တွေ့ရှိခဲ့သည့်နောက် ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီး ၃ ဦးလာရောက်ကာ ထိုခရစ်ယာန်ဘုရားကျောင်းနယ်မြေကို ဗုဒ္ဓဘာသာ ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် ဥပဒေ နှင့်အညီ သိမ်းယူတော့မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု COC အသင်းတော်တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ဌာပနာတွေ တွေ့တာနဲ့ ပတ်သက်ပြီး သုတေသနအဖွဲ့တွေကလည်း နှစ်ပေါင်း ၅၀၀ ကျော်ကြာပြီဖြစ်တဲ့ ဌာပနာတွေဖြစ်တယ်လို့ ပြောတယ်။ ဒီနေရာကို ယဉ်ကျေးမှုအမွေအနှစ်နေရာ သတ်မှတ်သင့်တယ်။ ပြီးရင် ဝန်ကြီး ၃ ပါးလည်း အထူးလာပြော သွားတယ်။ ဌာပနာတွေ့လို့ ဗုဒ္ဓဘာသာတွေနဲ့ ပြဿနာဖြစ်တာကို ရှင်းပေးဖို့မဟုတ်ဘူး။ ဒီနေရာကို ရှေးဟောင်း အမွေအနှစ် နေရာသတ်မှတ်လိုက်ပြီ။ ဘယ်ဘက်မဆို သဘောတူညီပေးရမယ်။ သူတို့က နိုင်ငံတော်ကနေ ဥပဒေနဲ့အညီလာတယ်လို့ ပြောတာဖြစ်တဲ့အတွက် ငြင်းပယ်လို့မရဘူး။ အဲ့ကြောင့် သဘောတူတယ်ဆိုပြီး လက်မှတ်ထိုး တင်ပြထားပြီ” ဟု ပြောဆိုသည်။ အဆိုပါ COC ဘုရားကျောင်းမြေနေရာကို ၁၉၅၀ ခုနှစ်ခန့်တွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၁၉၇၆ ခုနှစ် စုပေါင်း … - [ပင်လည်ဘူး ဆိုင်ယာကြီး ကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/07/15/july15-az1/): ပင်လည်ဘူးမြို့နယ် ဆိုင်ယာကြီးကျေးရွာတွင် စစ်ကောင်စီတပ် မှ သတ်ဖြတ်သွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင်လ ၁၀ ရက်နေ့ က ပင်လည်ဘူးမြို့မှ ဘာဟဲ/အင်းကုန်း နှင့် ဆိုင်ယာကြီး ကျေးရွာဘက်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဦးမင်းနောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူနှင့်အတူ အခြားတစ်ဦးကို ဆိုင်ယာကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။ “မနေ့က တွေ့တာက အလောင်း နှစ်လောင်း။ ကျန်တစ်လောင်းက ဘယ်သူဘယ်ဝါ ဘယ်က အသက် ဘယ်လောက်ဆိုတာ မသိရဘူး။ ဆိုင်ယာကြီးရွာနားက လမ်းမှာ ပစ်သတ်သွားတာ အဲ့ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့တစ်ယောက်ကတော့ ခေါင်းမှာပစ်လိုက်တာ ဦးခေါင်းက ဘာမှရစရာမရှိတော့ ဘယ်သူမှန်း မသိရဘူး။ အလောင်းတွေ ကလည်း အနံ့တွေ ထွက်နေတာ ပုပ်နေပြီ” ဟုပြောဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်သည် ဆိုင်ယာကြီးကျေးရွာတွင် သုံးရက်ခန့်တပ်စွဲနေထိုင်ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မည်သည့်အချိန်၌ သတ်ဖြတ်ထားသည်ကို မသိရှိလိုက်ရပဲ ဇူလိုင် ၁၄ ရက်နေ့ စစ်ကောင်စီ စစ်ကြောင်းကျေးရွာမှ ထွက်ခွာသွား၍ ရွာသားများ နေအိမ်ပြန်ကပ်နိုင်ချိန်၌ အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ စစ်ကြောင်းဝင်ရောက်လာချိန် မတိမ်းရှောင်ဘဲကျန်ရှိနေခဲ့သည့် ဆိုင်ယာကြီး ကျေးရွာ နှင့် ဘာဟဲ/အင်းကုန်းရွာ မှ ကျေးရွာသူကျေးရွာသားများ စုစုပေါင်း ၅၀ ဦးခန့်ကိုလည်း ပင်လည်ဘူးဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး … - [နန်ဇော် တိုက်ပွဲတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦးသေဆုံးသည်ဟု ဓါတ်ပုံအမှားဖြင့် ဖြန့်ဝေနေ](https://burmese.kachinnews.com/2022/07/14/f-4/): ဝိုင်းမော်မြို့နယ် KIA တပ်ရင်း ၃ နယ်မြေ နန်ဇော် (NangZaw) တပ်စခန်းကို စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ဇူလိုင်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦး သေဆုံးခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို Manaw Myay ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှား နှင့် ဓါတ်ပုံအမှားကို Manaw Myay  ဖေ့စ်ဘုတ်အကောင့်တွင် ဇူလိုင်လ ၁၂ ရက်နေ့ ဖော်ပြထားပြီး လက်ရှိအချိန်ထိ မျှဝေသူ ၂၄၀ ရှိနေပြီ ဖြစ်သည်။ သူ၏ ဖော်ပြချက်တွင် ‘ယခုဖြစ်ပွားသော နန်ဇော်ယန်တိုက်ပွဲအတွင်းမှာ KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ဒီအတိုင်း ပစ်ထားခဲ့တယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ KIA ထံမှ လက်နက်၊ ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြောဆိုခဲ့သော် လည်း အရေအတွက်အား ဖြေကြားခြင်း မရှိခဲ့ပါဘူး။” ဟု ဆိုထားသည်။ KIA ဘက်မှ ကျဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးခဲ့ရသည်ဆိုသည့်အချက်ကို စာဖတ်ပရိသတ်များ ယုံကြည်ထင်ရလောက်အောင် KIA စစ်သားများ သေဆုံးနေသည့် ပုံဟောင်းသုံးပြီး တင်ထားသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်ပုံသည် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဒေသခံ PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားသော PDF … - [ရှေ့တန်းသို့ လမ်းပြရန် ငြင်းဆန်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်  ၂ ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးကာ စစ်ကြောရေးပို့](https://burmese.kachinnews.com/2022/07/14/z-3/): ကချင်ပြည်နယ် နန်ဇော်ယန် တိုက်ပွဲ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ် ခေါ်ခံရသည့် ပြည်သူ့စစ် တပ်သား ၂ ဦး လမ်းပြပေးခြင်းမရှိဘဲ ထွက်ပြေးသွားသည့်အတွက် စစ်တပ် မှ လာရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံ မှ သိရသည်။ ဖမ်းဆီးခံသွားရသည့် ပြည်သူ့စစ်တပ်သား ၂ ဦးမှာ ဦးဂျီလေး နှင့် ဦးငွါးဆာတို့ဖြစ်‌ကြောင်း သိရသည်။ စစ်ကောင်စီ ခမရ ၃၂၁ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်ဘက်သို့ လမ်းပြပေးရန်အတွက် အဆိုပါ ပြည်သူ့စစ် တပ်သား ၂ ဦးကို ခေါ်ဆောင်သွားသော်လည်း လမ်းပြပေးခြင်းမရှိဘဲ လမ်းခုလတ်မှ ထွက်ပြေးကာ အောင်မြေ ၁ ပြည်သူ့စစ် စခန်းတွင် လာရောက်နေထိုင်စဉ် ယမန်နေ့ နံနက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ ” သူတို့ကို နန်ဇော်ယန်ဘက် လမ်းပြဆိုပြီး ခေါ်သွားတာ အဲဒါလမ်းမပြပေးချင်လို့ ထွက်ပြေးလာတာတဲ့ ပြီးတော့ အောင်မြေ ၁ မှာရှိတဲ့ သူတို့ရဲ့စခန်းမှာ လာနေတာ မနေ့က မနက်ပိုင်းမှာ ဖမ်းသွားတယ်လို့ သိရတယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။ လက်ရှိ နန်ဇော်ဘက်သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းတွင် ဦးရွှေမင်း ၏ ပြည်သူ့စစ်၊ စစ်ကောင်စီ တပ်သားတို့ပါဝင်ပြီး ပြီးခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။ - [အရာတော်တွင် စစ်ကောင်စီ နှင့် ပျူစောထီးများ မိုင်းနင်းမိကာ ထိခိုက်မှုရှိ](https://burmese.kachinnews.com/2022/07/14/sm/): အရာတော်မြိုနယ် ငွေတွင်းရွာတွင် စစ်ကောင်စီတပ် နှင့် ပျုစောထီးများ ဆိုင်ကယ် ၈ စီး ဖြင့် ကင်းပတ်ရန် ထွက်လာစဥ် ဒေသခံကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းနင်းမိ ပေါက်ကွဲသောကြောင့် သေဆုံးဒဏ်ရာရမှု များပြားခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီ ဝန်းကျင်တွင် နွားမသင်း ရွာအနီးတွင် Ayadaw Bone Naing နှင့် မဟာမိတ်များထောင်းထားသည့် မိုင်းများကို စစ်ကောင်စီတပ်များ နင်းမိခဲ့ခြင်း ဖြစ်သည် ဟု Ayadaw Bone Naing PDF မှ  တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “နွားမသင်း ရွာဘက်ကို သူတို့က နယ်မြေကျူးကျော်ပြီး ကင်းလှည့်တယ် ပြီးတော့။ နွားမသင်း ရွာသားတွေပိုင်တဲ့ ယာမြေတွေကို သူတို့က လက်ဝါးကြီးအုပ်ထားကြတယ်။ အဲ့မှာ သူတို့က အမြဲတမ်းလိုလို ကင်းတွေရှိတယ်။ အဲ့မှာ ကျနော်တို့က သူတို့ ကင်းတက်လာတဲ့ အချိန်ဖြစ်အောင်ဆိုပြီး ထောင်ထားတာ သူတို့ခိုအောင်းတတ်တဲ့ နေရာကို သိတော့ တိုင်မိုင်းထောင်ထားခဲ့တာပါ” ဟု ဖြစ်စဥ်ကို Ayadaw Bone Naing PDF မှ တာဝန်ရှိသူ တစ်ဦး က ရှင်းပြသည်။ သို့သော်လည်း စစ်ကောင်စီ နှင့် ပျူစောထီးများ အကျအဆုံးစာရင်းကို အတည်ပြုရန် ခက်ခဲပြီး ဒဏ်ရာရရှိမှုကို အတည်ပြုနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။ “အကျအဆုံး စာရင်းကိုတော့ အတည်ပြုပေးနိုင်စွမ်း မရှိဘူးဗျ။ ဘာလို့လဲဆိုတော့ အဲ့နေရာတွေက သူတို့ လက်ဝါးကြီး … - [ဗီဇပြောင်း BA.4 နှင့် BA.5 ကိုဗစ်-၁၉ ရောဂါလက္ခဏာများဆိုပြီး စာအဟောင်းကို ဖြန့်နေ](https://burmese.kachinnews.com/2022/07/14/f-3/): ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ‘ထိုင်းနိုင်ငံချူလာလောင်ကောင် ဆေးရုံမှ ထုတ်ပြန်သော ရောဂါအခြေအနေ’ ဆိုသည့် စာအဟောင်းကို လက်ရှိ facebook တွင် ပြန်လည်ကူးယူ ပြုပြင်ရေးသားပြီး ဖြန့်ဝေနေသည်ကို တွေ့ရသည်။ ယခင်ထုတ်ပြန်ချက်၏ ခေါင်းစဉ်များတွင် ‘တတိယလှိုင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ’ ဟု ရေးသားထားသည်ကို လက်ရှိဖြန့်ဝေသောစာများတွင် ‘နောက်ဆုံးပေါ် အိုမီခရွန် BA.4 နဲ့ BA.5 ရောဂါလက္ခဏာများ’ ဟု ခေါင်းစဉ်ပြောင်းလဲကာ ရေးသားထားသည်ကို တွေ့ရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို Health & Knowledge ဆိုသည့် ဖေ့စ်ဘွတ်ပစ်စာမျက်နှာမှ စတင်ပြီး နောက်ဆုံးပေါ် အိုမီခရွန် BA.4 နှင့် BA.5 ရောဂါလက္ခဏာဆိုပြီး ခေါင်းစဉ်ပြောင်းကာ ဖြန့်ဝေလာခဲ့သည်ကို တွေ့ရသည်။ ထို့နောက် Shwe Moe Awng Baby Accessories & Toys ဖေ့စ်ဘွတ်ပစ် နှင့် Shan War ဆိုသည့်အကောင့်များတွင် ပြန်လည်း ကူးယူဖြန့်ဝေလာခဲ့သည်။ ထုတ်ပြန်ချက် စာအဟောင်းနှင့် ပတ်သက်ပြီး ဆန်းစစ်ရာတွင် “မြိတ်ခရိုင် ကိုဗစ်-19 ကာကွယ်ရေ းအရပ်ဖက်ပူးပေါင်းကော်မတီ” နှင့် Sun Myat Tun Construction Co.,Ltd ဖေ့စ်ဘွတ်ပစ်များတွင် ၂၀၂၁ ခုနှစ် မေလ ၂၈ နှင့် ဇွန်လ ၁၇ ရက်နေ့များတွင် ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ တတိယလှိုင်း ဗီဇပြောင်း ကိုဗစ်-၁၉ လက္ခဏာများနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် … - [ဆိုင်းတောင် သပိတ်စစ်ကြောင်းမှ ပြန်လာသူ ၈ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/07/14/z-2/): ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဒေသခံ ၈ ဦးကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း‌ သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြည်သူများသည် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြပြီးအပြန် အမျိုးသမီး ၇ ဦးအပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။ ” သပိတ်စစ်ကြောင်းက ဆိပ်မူအုပ်စုရွာတွေဖြစ်တဲ့ ရှရော်ခရွာ ဆိုင်းတောင် ဆိပ်မူတွေမှာ သပိတ်စစ်ကြောင်း ထွက်ကြတာ။ အဲဒါ ဆိပ်မူဘက်သွားပြပြီး အထွက်မှာကို ဖမ်းသွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲသည် စစ်ဝတ်စုံ ယူနီဖောင်း အပြည့်အစုံဖြင့် ခြေလျင်ရောက်ရှိလာကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ ဒေါ်တိုး ၆၄ နှစ်၊ ဒေါ်ခိုင် ၅၁ နှစ်၊ ဒေါ်မာလင်း ၄၅နှစ်၊ မခင်လဲ့ ၃၁ နှစ်၊ ဒေါ်ငွေ ၅၈ နှစ်၊ မပေါပေါ ၃၀နှစ်၊ ဒေါ်မြင့်သန်း ၄၁ နှစ် ရပ်မိရပ်ဖ ကိုသိန်းထွန်း တို့ဖြစ်ကြောင်း သိရသည်။ “အမျိုးသမီးချည်း ၇ ယောက်ပါသွားတယ် အမျိုးသားက ဆိပ်မူက ရပ်မိရပ်ဖတစ်ယောက်ပါသွားတယ်။ လောလောဆယ်တော့ ဗျူဟာကုန်းမှာ ဖမ်းထားတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းကို … - [ဒလန်သတင်းပေးမှုကြောင့် အင်းတော် အလယ်ဆိပ်ကျေးရွာမှ လူနေအိမ် ၁၀၀ ကျော် ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/07/14/az-2/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် အလယ်ကျေးရွာရှိ လူနေအိမ်တစ်ရာကျော် ဒလန်သတင်းပေးမှုကြောင်း ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ မဲဇာကျေးရွာ နယ်မြေရဲစခန်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်သည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အလယ်ဆိပ်ကျေးရွာသို့ ဝင်ရောက်လာပြီး ဒလန်သတင်းပေးထားသည့် လူနေအိမ်ခြေ ၁၀၀ ကျော် နှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။ “အလယ်ဆိပ်ရွာက ဘယ်လိုပျက်စီးသွားလဲဆိုတော့ အဲ့အိမ်ခြေ ၂၀၀ လောက်ရှိတာကမှ ၁၀၀ လောက်က တော် တော်လည်းပျက်စီးသွားတယ်။ အိမ်ထဲတွေဝင် ဝင်ပြီးတော့မှ ဗီယိုတွေ ရေခဲသေတာတွေကို အကုန်ရိုက်ခွဲ ဖျက်ဆီး လိုက်တာ။ သော့တွေရိုက်ဖျက်ပြီး တံခါးတွေ ပြတင်းပေါက်တွေ မှန်တွေအားလုံးကိုဖျက်ဆီးသွားတာ ရစရာမရှိဘူး” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖျက်ဆီးခံလိုက်ရသည့် နေအိမ်များမှာ NLD ထောက်ခံသည့် နေအိမ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို ထောက်ခံနေသည့် အိမ်များ ဟု ဒလန်သတင်းပေးထားသည့် အိမ်များဖြစ်သည်ဟု သိရသည်။ အလယ်ဆိပ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် မဲဇာရဲစခန်းတွင်ရှိနေစဉ် ဇူလိုင်လ ၁၀ ရက်နေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တပ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း  အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ လတ်တလော အင်းတော်မြို့နယ်တွင် ထီးချိုင့်ဘက် မှ … - [အင်းတော်တွင် ဖမ်းဆီးခံ အရပ်သား ၁၅ ဦး မလွတ်သေးသည့်အပြင် နောက်ထပ် ၁၀ ဦးပါ စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2022/07/14/az/): စစ်ကိုင်းတိုင်း အင်းတော် မြို့နယ်တွင် စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သား ၁၅ ဦး ပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် နောက်ထပ်အရပ်သား ၁၀ ဦးကိုပါ စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် အင်းတော်မြို့နယ်သို့ ဝင်လာပြီး ကျေးရွာတစ်လျှောက် အရပ်သားပြည်သူ ၁၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းကလည်း အရပ်သားပြည်သူ ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “ဟိုတနေ့တုန်းကခေါ်သွားတဲ့အရပ်သားတွေလည်းပြန်မလွတ်သေးဘူးဗျ သူတို့စစ်ကြောင်းထိုးတဲ့ တစ်လျှောက် ခေါ်သွားနေတုန်း ပြန်မလွတ်သေးတဲ့အပြင် မနေ့တုန်းက နတ်မဟုတ်ကြီးနဲ့ သံဘိုရွာ ကနောက်ထပ်အမျိုးသား ၁၀ ယောက်ကိုထပ်ဖမ်းခေါ်သွားတယ် သံဘိုက ခုနှစ်ယောက်နဲ့ နတ်မဟုတ် ကြီးက သုံးယောက်ဖမ်းခေါ်သွားတာ အခုလောလောဆယ် မနက်ပိုင်းအထိတော့ နတ်မဟုတ်ကြီး ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားဆဲလို့သိရတယ်” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဇူလိုင် ၁၂ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ၁၅ ဦးသည် ကူးဆပ်ရွာ၊ ကျန်တောရွာ၊ နားနောင်ရွာ၊ ကျော်ရွာနှင့် နားခါကျေးရွာတို့မှဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်ဝတ်စုံဝတ်ဆင်ခိုင်း၍ ရှေ့တန်းတွင်အသုံးပြုနေပြီး ယမန်နေ့က ဖမ်းခေါ်သွားသည့် ၁၀ ဦးကိုမူ စစ်ဝတ်စုံဝတ်ဆင်ခိုင်းထားခြင်းရှိ မရှိကို စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။ “နှစ်ရက်အတွင်းဆိုရင် ဒါဖမ်းဆီးခံရတာ ၂၅ … - [ရေဦး ပြည်သူ ၁၀ ဦးကျော်ကို လက်နောက်ပြန်ကြိုးသုပ်၍ ဖမ်းခေါ်သွား၊ လူနေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ခဲ့](https://burmese.kachinnews.com/2022/07/13/july13-az2/): စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အစပ် ရေဦးမြို့နယ် စည်သာ​မြေကျေးရွာမှ အရပ်သားပြည်သူ ၁၀ဦး ကျော်ကို စစ်ကောင်စီတပ် ဇူလိုင်လ ၁၂ရက်နေ့တွင် လက်​နောက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်ပြီး ယနေ့အထိ အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ စည်သာမြေကျေးရွာအတွင်း ၂ရက်ခန့်အကြာ တပ်စွဲနေထိုင်ခဲ့သော စစ်ကောင်စီတပ်သည် ဇူလိုင် ၁၂ရက်နေ့တွင် ၎င်းတို့ စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်ထွက်လာစဉ် အရပ်သားပြည်သူ ၁၀ ဦးကျော်ခန့်ကို လက်ပြန်ကြိုးတုတ်ပြီး စစ်ကြောင်းထဲ ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “သူတို့က အင်အား၆၀ လောက်ကို စည်သာမြေရွာ နားမှာလာချသွားပြီး စည်သာမြေကို ဝင်စည်းလိုက်တာ။ အဲ့မှာ အမျိုးသမီး တွေနဲ့ကလေးတွေကိုတော့ ပြန်လွတ်ပေးလိုက်ပြီးတော့ အမျိုးသားတွေကိုတော့ လက်နောက်ပြန်ကြိုးသုပ်ပြီး တော့သူတို့စစ်ကြောင်းတစ်လျှောက်ကိုခေါ်သွားတာ ဒီနေ့ထိပြန်မလွတ်သေးဘူး ဆယ်ယောက်ကျော်လောက် ဖမ်းခေါ်သွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီ ဖမ်းဆီခေါ်ဆောင်သွားသည့် စည်သာမြေကျေးရွာမှ အရပ်သားပြည်သူ ၁၀ ဦးကျော်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် အသေးစိတ်ရရှိရန် အခက်အခဲရှိနေကြောင်း သူကဆက်ဆိုထားသည်။ အဆိုပါ စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူ ၁၀ ဦးကျော်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ဇူလိုင် ၁၂ရက်နေ့က အူဖြူကျေးရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အူဖြူကျေးရွာတစ်ခုလုံး ရွာလုံးကျွတ် မီးတင်ရှို့ခဲ့​သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။ “အူဖြူရွာက အိမ်ခြေ လေးဆယ်ကျော် ငါးဆယ်လောက် ပဲရှိတာ အကုန်ရှို့သွားတယ်။ ရွားသားတွေကတော့ စည်သာမြေရောက်ပြီဆိုကတည်းက ထွက်ပြေးကြပြီဆိုတော့ ဖမ်းဆီးမိတာမရှိခဲ့ဘူး။ အိမ်တွေကတော့အကုန်ပြောင်သွားတယ် ရွာသားတွေလည်း ခုထိပြန်မကပ်နိုင်သေးဘူး”ဟုပြောဆိုသည်။ ထိုစစ်ကြောင်းသည် ဇူလိုင် ၁၀ ရက်နေ့မှ ယနေ့အထိ တန့်ဆည်မြို့နယ်နှင့်ရေဦးမြို့နယ်အတွင်းလှည့်လှည် စစ်ကြောင်းထိုးလျက်ရှိနေပြီး ထိုဒေသတွင်ရှိသော စည်သာမြေ၊ အူဖြူ၊ … - [မုံရွာ-ချောင်းဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များမိုင်းဆွဲခံရကာ ၁၂ဦးသေဆုံး](https://burmese.kachinnews.com/2022/07/13/july13-sm1/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်သားများနှင့် မိုင်းရှာရန်ခြေလျင်လာသည့် တပ်ဖွဲ့များကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇နာရီ ဝန်းကျင်က Peoples Defence Force South Monywa ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင် ၇လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးသွားသည်ဟု သိရသည်။ “ပထမ ၄ကောင်က အရင်ကင်းယူတဲ့သဘောနဲ့ရောက်လာတယ်။ တဲအတွင်းမှာ ၃ ကောင် အပြင်မှာ ၁ကောင်ပါကင်းချထားတယ်။ သူတို့ကင်းယူတဲ့တဲကို အရင်ဆုံးမိုင်းဆွဲခဲ့တာပါ ၄ကောင်လုံးပြန်မထနိုင်တော့ပဲ ငရဲကိုပျော်ပျော်ကြီးဆင်းသွားပါတယ်။ ဒုတိယနောက်မှာကျန်ခဲ့တဲ့ ခြေလျင်မိုင်းရှာလာတဲ့ကောင်တွေကို ပွိင့်ပေါ်အရောက် ခွဲလိုက်တာပါ။ ဦးဆုံး၅ကောင်သေပြီး ကျန်သူတွေက ဒဏ်ရာပြင်းထန်လို့သိရပါတယ်။ နောက်မှကြားရတာတော့၃ကောင် ထပ်သေသွားတယ်လို့သိရပါတယ်” ဟု PDF South Monywa မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကို မျက်မြင်တွေ့ရှိခဲ့သော ဒေသခံများထံမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။ စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် PDF South Monywaမှ ရဲ ဘော်များအနေဖြင့် အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် လမ်းကြောင်းရှင်းရန်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို PDF South Monywa ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၄လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးခဲ့သည်ဟု PDF South Monywa ကထုတ်ပြန်ခဲ့သေးသည်။ - [အင်းတော်နယ်တွင် အရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2022/07/13/july13-az1/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာ ၅ခုမှ ဒေသခံအရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံ မှသိရသည်။ ဇူလိုင်လ ၁၂ ရက် ယမန်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျေးရွာတစ်လျှောက်ရှိသော အရပ်သားပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “သူတို့ဖြတ်ခဲ့တဲ့ရွာတွေတစ်လျှောက်က လယ်လုပ်နေတဲ့ ပြည်သူ ၁၅ ဦးယောက် ခေါ်သွားတယ်။ တွေ့တဲ့ သူတိုင်းကို ဖမ်းခေါပြီး နားခါရွာရဲ့ ဘုန်းကြီးကျောင်းရောက်တော့ သူတို့ကိုစစ်ယူနီဖောင်းတွေ ဝတ်ခိုင်းတယ်။ မျက်မြင်တွေ့တဲ့ပြည်သူတွေပြောတာတော့ ဝတ်စုံဝတ်ခိုင်းတဲ့ချိန်ငိုနေကြတာတဲ့။ ၁၅ ယောက်ဖမ်းခံရတဲ့ထဲမှာ အသက် ၁၈ နှစ်ကနေ အသက် ၆၀ထိကိုပါတယ်။ အားလုံးကတော့ အမျိုးသားတွေပဲ”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၁၅ဦးကို နားခါရွာမှတဆင့် နန်းကင်ဘက်သို့ ခေါ်ဆောင်သွားသည်ဟု သူဆက်ဆိုထားသည်။ “သူတို့ကို နားခါရွာမှာစစ်ဝတ်စုံဝတ်ပေးပြီး နန်းကင်ရွာကိုခေါ်သွားတယ်။ အခုနန်းကင်ရွာကနေ ဆက်ခေါ်သွားတာအရမ်းအဝေးကြီးတော့မရောက်သေးဘူး။ သံဘိုရွာမှာပဲရှိသေးတယ်။ သူတို့အဖွဲ့တွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်တွေ ထမ်းခိုင်းတယ်တဲ့။ ပြီးရင်ရှေ့ကနေသွားခိုင်းတယ်လို့ပြောတယ်”ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ် လူသားဒိုင်းအဖြစ် စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင် သွားသည့် အရပ်သားပြည်သူ ၁၅ ဦးသည် ကူးဆပ်၊ ကျန်တော၊ နားနောင်၊ ကျော်ရွာနှင့် နားခါရွာစသော ကျေးရွာဒေသခံများဖြစ်ကြသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် … - [SNA ၏ ထုတ်ပြန်ချက်သည် လူမျိုးရေး ပဠိပက္ခဖန်တီးနေဟု စွပ်စွဲခံရသူ နှင့် KIA ပြော](https://burmese.kachinnews.com/2022/07/13/y/): ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေ အသတ်ခံရမှုနှင့် ပတ်သက်ပြီး Slg.Hkumboi Zau Aung နှင့် ဆက်နွယ်မှု ရှိသည်ဟု ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ထုတ်ပြန်ချက်သည် လူမျိုးရေးပဠိပက္ခဖြစ်အောင် ပုံဖော်နေခြင်းသာဖြစ်သည်ဟု ကာယကံရှင် က ပြောသည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဖေ ကို ဇွန်လ ၂၅ရက် ညနေပိုင်း ၆ နာရီခန့်တွင် သူ၏ နေအိမ်အတွင်းသို့ လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့်ဝင်လာပြီး ၃ ချက်ထက်မနည်း ပစ်သတ်သွားခြင်း ဖြစ်သည်။ အသတ်မခံရခင် နံနက်ပိုင်းတွင် ဦးသန်းဖေ နှင့် ဟောင်ပါး ကချင်စာပေ နှင့် ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ Slg.Hkumboi Zau Awng တို့ကြား ဟောင်ပါး အုပ်စု နမ့်စပိန်း၊ တာမခန်ဒေသတွင် ကျေးရွာအဝင် ဆိုင်းဘုတ်များကို ကချင်မနောတိုင်ဖြင့် စိုက်ထူရန်ကိစ္စ နှင့် ပတ်သက်ပြီး စကားအခြေအတင် ဖြစ်ပွားခဲ့သည့်နောက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ဦးသန်ဖေ ပစ်သတ်ခံလိုက်ရသည်ဟု ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ရှမ်းနီအမျိုးသားများ တပ်မတော် SNA ထုတ်ပြန်ထားသည်။ သို့သော်လည်း အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ဦးသန်းဖေ နှင့် Slg. Hkumboi Zau Awng တို့ကြား စကားအခြေတင် ပြောဆိုမှု မရှိခဲ့သလို အခြားရက်များတွင်လည်း အညိုးမရှိခဲ့ကြောင်း Slg.Hkumboi Zau Aung … - [လွယ်ဂျယ်တွင် လူကြီးချင်း ရန်ဖြစ်ခဲ့သည့် အညှိုးကြောင့် ကလေး လူသတ်မှု ဖြစ်ပွား](https://burmese.kachinnews.com/2022/07/12/bs-3/): ကချင်ပြည်နယ်၊ တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့တွင် လူကြီးချင်း ရန်ဖြစ်ခဲ့သည့် ရန်ညှိုးကြောင့် ကလေးလူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ကလေးလေးက ၅ နှစ်တောင် မပြည့်သေးဘူး။ သတ်ပစ်လိုက်ပြီ။ သေသွားပြီ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။ ထွက်ပြေးသွားသော တရားခံဟု ယူဆရသည့် အသက် ၃၀ ကျော် အရွယ်အမျိုးသားကို ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ နေ့လည်တွင် လွယ်ဂျယ် – ဗန်းမော်လမ်း၊ ကျောက်စခန်းအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး လွယ်ဂျယ် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့ရာ ယနေ့ မနက်မှ ထိုသူက ကလေးကို သတ်ဖြတ် အလောင်းဖုံးခဲ့သည့်နေရာ လိုက်ပြခဲ့ရာမှ သေဆုံးအလောင်း တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “ကျနော်တို့က ဓာတ်ပုံကို ဂိတ်တွေကို ပို့ထားတယ်။ ကျောက်စခန်းမရောက်ခင်မှာ သွားတွေ့တာ။ ကလေးက ပျောက်တာ ၄ ရက် ရှိပြီ ဆိုတော့ သူယူသွားတဲ့နေ့က သူသတ်လိုက်ပြီထင်တယ်။ ၈ရက်နေ့က ခေါ်သွားတာ မနက်မှ ပြန်တွေ့တာ ဟုတ်တယ်။ ၅ ရက်ပေါ့။ အလောင်းက ပုပ်နေပြီ။ အခုက အမှုဖွင့်ထားတယ်။” ဟု သူက ရှင်းပြသည်။ တရားခံဟု ယူဆသူ အပါအဝင် သေဆုံးသွားသည့် ကလေးနဲ့ မိသားစု တို့သည် ကျောက်ဆည်မြို့မှ လွယ်ဂျယ်မြို့သို့ ကုန်တင် ကုန်ချနဲ့ ကြုံရာကျပန်း အလုပ်လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သိရသည်။ “အရင်တုန်း က စကားများထားတဲ့ … - [မြင်းမူ တောချောင်းဦး ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/07/12/july12-sm1/): စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် တောချောင်းဦးရွာ ရဲစခန်းကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်က Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ တောချောင်းဦးရဲစခန်းသည် မြင်းမူမြို့နှင့် သီးခြားတစ်နေရာတွင်ရှိသောကြောင့်တိုက်ခိုက်ရန်စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “သူတို့ဘက်က ၄ဦးကျတယ်ဗျ။ ပြီးတော့ အခြား၉ဦးလုံးဒဏ်ရာရတယ်ဗျ စခန်းမှာက ၁၃ယောက်ရှိတယ်လို့ပြောတယ်။ စိုးရိမ်ရဒဏ်ရာနဲ့ မစိုးရိမ်ရဒဏ်ရာပါပဲဗျ” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။ အဆိုပါ ရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များက ပထမဆုံး အကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမူနှင့် ဒဏ်ရာရရှိသည့် အခြေနေကို ခိုင်လုံသည့် ဒေသခံအရင်းအမြစ်များထံမှ သိရှိခဲ့ရသည်ဟု သူက ဆက်ပြောသည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ် များဖြင့် စစ်ကူ‌တက်လာသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူကဆိုသည်။ တောချောင်းဦး ရဲစခန်းသည် မြင်းမူမြို့နယ် အနောက်မြောက်ဘက်တွင်တည်ရှိပြီး မြင်းမူမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် သွားလာရသော ခရီးဖြစ်သည်။ - [အင်းတော်-ဗန်းမောက် လမ်းပိုင်း ကုန်ကားကြီးများ ဖြတ်သန်းခွင့်ပြု](https://burmese.kachinnews.com/2022/07/12/july12-az2/): အင်းတော်-ဗန်းမောက် လမ်းပိုင်းအခြေအနေ မတည်ငြိမ်သေးသော်လည်း ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။ စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက် လမ်းပိုင်းကို အသုံးပြုကာ စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ကုန်ကားကြီးများဖြင့် သယ်ယူပို့ဆောင်နေသောကြောင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး က KNG သို့ ပြောသည်။ “ဘာကြောင့်ပြန်ဖွင့်ပေးတာလဲ ဆိုတော့ ပြည်သူတွေ ဒုက္ခရောက်မှာစိုး လို့ပါ ဗန်းမောက်ဘက်မှာ ကုန်ပစ္စည်း တွေပို့တာခက်ခဲသွားရင် ကုန်စျေးနှုန်းတွေမြင့်တက်လာမှာဆိုးလို့ ပြည်သူတွေဒုက္ခရောက် မှာဆိုးလို့ ပြန်ဖွင့်လိုက်တာပဲ”ဟုပြောဆိုသည်။ အင်းတော်မြို့နယ် နှင့် ဗန်းမောက်တစ်လျှောက်တွင် ဇူလိုင် လ ၇ ရက်နေ့မှစတင်၍ ယနေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ် တို့ကြားစစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယခု သွားလာခွင့် ပြန်လည်ဖွင့်လှစ်‌ပေးသော်လည်း သတိထားစေလိုကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။ “အခြေအနေတည်ငြိမ်လို့ပြန်ဖွင့်တဲ့သဘောတော့ မဟုတ်ဘူး စစ်သားတွေက ဗန်းမောက်ဘက်မှာတွေရှိနေသေး တယ် အဲ့ကြောင့်အကောင်းဆုံးကတော့ မိုးကာအုပ်ပြီးသွားတာတို့ နော်ပြီးမှန်တံခါးချပြီးသွားဖို့ တော့လိုအပ်မယ်”အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။ အင်းတော်- ဗန်းမောက်လမ်းပိုင်းတွင် မကြာခနဆိုသလို စစ်ကောင်စီတပ်နှင့် KIA ,PDF တို့ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်နေဆဲဖြစ်သည့်အပြင် လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာလျက်ရှိကြောင်းသိရသည်။ - [မော်ဟန်တွင် တောင်ကျ ချောင်းရေ မြင့်တက်ခဲ့မှုကြောင့် နေအိမ် နှင့် တံတားများ ပျက်စီးဆုံးရှုံး](https://burmese.kachinnews.com/2022/07/12/july12-az1/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် ဇူလိုင်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နန့်ခွဲခမ်း ချောင်းရေလျှံသဖြင့် ပြည်သူများ၏ ဆန်စပါး နှင့် လူနေအိမ် ၃ လုံး နှင့် တံတားသုံးစင်း ရေထဲမျောပါ သွားကြောင်း ဒေသခံများထံ မှ သိရသည်။ မော်ဟန် ကျေးရွာတွင် ဇူလိုင်လ ၉ ရက် ညပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်တစ်ရက် ၁၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်မှ စတင်ကာ နန့်ခွဲခမ်းချောင်းရေ ရုတ်တရက်ထပ်မံ မြင့်တက်လာသောကြောင့် မော်ဟန် (ရွာမကြီး) ရပ်ကွက် နှင့် ဘူတာစု ရပ်ကွက် ပြည်သူများ၏ ဆန် စပါး၊ တံတားများနှင့် လူနေအိမ်သုံးများ မျောပါသွားခြင်း ဖြစ်သည်ဟု သိရသည်။ “အဓိကတော့ ချောင်းနဲ့နီးတဲ့ မြေနိမ့်ပိုင်းအိမ်တွေ မြှပ်သွားတာ။ ဘူတာစုနဲ့ မော်ဟန်ရပ်ကွက် က အိမ်ထောင်စု ၁၂ စု လောက်ရဲ့ဆန်တွေ စပါးတွေ ရေမြှပ်ပျက်စီးသွားတယ်။ တချို့ဆို နှုန်းမြေတွေနဲ့ ရစရာမရှိဘူး။ ပြီးတော့ ဘူတာစု ရပ်ကွက်ထဲက လူနေအိမ်သုံးလုံးလည်း ရေထဲပါသွားတယ်။ ရပ်ကွက်ချင်းဆက် တံတားတစ်စင်းနဲ့ လူနေအိမ်ကြား ဆက်ထားတဲ့ကွန်ကရစ် တံတားငယ်နှစ်ခုပါသွားတယ်”ဟု မော်ဟန်ကျေးရွာ မှ အမျိုးသားတစ်ဦး ပြောသည်။ မျောပါသွားသည့် တံတားမှာ မော်ဟန်(ရွာမကြီး)ရပ်ကွက်နှင့် ဘူတာစုရပ်ကွက်ကိုဆက်သွယ်ပေး ထားသည့် အလျား ပေ ၃၀ ၊ အကျယ် ၁၈ ပေရှည်သည့် ကာလတန်ဖိုး ကျပ်သိန်း ၆၀ … - [မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နယ်မြေအတွင်း လက်နက်ကြီး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/07/12/z/): ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အနီးရှိ ၂၁ တပ်ရင်းအတွင်းသို့ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ပစ်ခတ်ခံရကြောင်း တပ် နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။ ဇူလိုင်လ ၁၂ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ အများသုံး လေယာဉ်ကွင်း နောက်ကျောဘက်ရှိ ၂၁ တပ်ရင်းအတွင်းသို့ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခံရသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရသည်။ “ဟုတ်တယ် လက်နက်ကြီး ၆ ကြိမ်လောက်ကြားရတယ်။ အထဲမှာဝန်ထမ်းတွေနေတဲ့ဘက်ကို ကျတာလည်းရှိတယ်လို့ သိရတယ်။ ဘယ်လောက်ထိသွားတာလဲတော့ တိတိကျကျ မသိရသေးဘူး” ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အထက်ပါသတင်းရင်းမြစ်၏ ပြောဆိုချက်အရ တပ်တွင်းယခုရက်ပိုင်း ရှေ့တန်းပြန်ဒဏ်ရာရရှိသည့် ရဲဘော်များအများစု လာရောက်ပို့ဆောင်ထားသည့် ဝန်ထမ်းတထန်းလျားဘက်သို့ကျသည့်အတွက် ထိခိုက်သေဆုံးမှု များနိုင်သည်ဟု ဆိုသော်လည်း KNG သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သွားသည်ကို တိတိကျကျ မသိရပေးပါ။ မြစ်ကြီးနားမြို့နယ်တွင် ပြီးခဲ့သည့် ပြီးခဲ့သည့်လအတွင်း စစ်ကောင်စီတပ်၏ ဝန်ထမ်းအိမ်ယာများတွင် အသံမိုင်းပေါက်ကွဲမှု၊ စစစ နေရာတစ်ခုရှေ့ ဖေါက်ခွဲခံရမှု၊ လေတပ်စခန်းအနီးပစ်ခတ်ခံရမှုများ ရှိခဲ့သည်။ - [PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေပြီဆိုသည့် သတင်းအမှား ဖြန့်](https://burmese.kachinnews.com/2022/07/11/f-2/): PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေပြီ ပြည်သူတွေအမြန်ပြေးကြပါ ဆိုပြီး အွန်လိုင်းမှာ ငွေကြေးရှာဖွေတဲ့ စာမျက်နှာတချို့က မဟုတ်မမှန် ထုတ်လွင့်နေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို Top Fan News ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်အချိန် ဖြန့်ဝေထားပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁ သိန်းနီးပါးရှိပြီဖြစ်သည်။ အလားတူ အဆိုပါသတင်းအမှားကို  Real News Myanmar Youtube Channel တွင်လည်း ယနေ့ ဇူလိုင်လ (၁၁)ရက်နေ့ နေ့လယ်အချိန်ခန့်တွင် ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ တင်ထားသော ဗီဒီယိုအပေါ် တွင် “အခုလေးတင် ဖြစ်သွားတာ PDF (၁) သိန်း နေပြည်တော်ကို ဝင်သိမ်းပြီး ပြည်သူများ အရေးပေါ်ရှောင်းပြေကြပါ” ဆိုသည့် သတင်းအမှားကို ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။ ဆန်းစစ်ချက်အရ အဆိုပါအကြောင်းအရာမှာ စာဖတ်ပရိသတ်ကို ရည်ရွယ်ချက်ရှိရှိ သတင်းအမှား တင်ဆက်နေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုတော့ အဆိုပါစာမျက်နှာများတွင် တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းဌာနများ မဟုတ်သလို ကြည့်ရှုသူ များပြားအောင် သတင်းအမှားကြံဖန်ပြီး ငွေကြေးရရှိအောင် ကြံစည်သော Clickbait များသာဖြစ်သည်ကို တွေ့ရသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသ ခရိုင် (၄) ခုရှိ မြို့နယ် ၈ ခုတွင်ပြည်သူ့အုပ်ချုပ်ရေးများစတင်နေပြီးဆိုသည့်သတင်း နှင့်အတူ အခြားသော သတင်းအမှား အများစုကို အဆိုပါ ဖေ့ဘွတ်စ်သတင်းစာမျက်နှာတွင် တင်ပြထားသည်ကို တွေ့ရပါသည်။ - [မိုင်းခေါင်ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲ တိုက်ခိုက်](https://burmese.kachinnews.com/2022/07/11/l-d-2/): မံစီမြို့နယ် (Manje) မိုင်းခေါင်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့ မဂျီဂုန် စစ်တပ်ဗျူဟာကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၂ စီး နှင့် အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းကို မိုင်းခေါင် နှင့် ဟန်ထက်ကြားတွင် KIA မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မိုင်းခေါင်ဒေသခံတစ်ဦး က KNG ကို ပြောသည်။ “ခဏက ၁ နာရီလောက်ကပဲ မဂျီဂုန် စစ်တပ်ဗျူဟာကုန်းကနေ ဆင်းလာတာချိန် မိုင်းခေါင်နဲ့ ဟန်ထက်ကြားမှာ မိုင်းခွဲခံရတာဟုတ်တယ်။ အဲ့မှာ စစ်ကား ၂ စီးပါတယ်။ ကားထဲမှာတော့ စစ်သားတွေမပါဘူး။ ပစ္စည်းတွေပဲပါတယ်။ ထိခိုက်မှု ဘယ်လိုရှိတယ်တော့ အသိအကျမသိဘူး။” ဟု ပြောသည်။ မိုင်းခေါင် နှင့် ၅ မိုင်အကွာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့် လက်နက် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ထိုနေရာအနီး လယ်ခင်းတွင် အလုပ်လုပ်နေသော ဒေသခံအမျိုးသားတစ်ဦး လက်နက်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်နက် ထိမှန်သူ၏အကြောင်း အသေးစိတ်ကို မသိရသေးပါ။ ထိုစစ်ကြောင်းသည် ပြီးခဲ့သည့်အပတ်က မံစီမြို့မှ မဂျီဂုန်ဗျူဟာကုန်းသို့ စစ်အင်အားနှင့် ရိက္ခာသွားရောက်ပို့ဆောင်ပြီး ယနေ့အပြန်လမ်းတွင် မိုင်းခွဲတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာမှု ပုံမှန်ပြုလုပ်နေပြီး KIA ဘက်မှလည်း မိုင်းခွဲ တိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။ - [ပေါက်တောရွာ မီးရှို့ခံရသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/07/11/july11-az3/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ပေါက်တောကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ ပုဂံရွာသားများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိုအထဲတွင် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေသည်ဟု သိရသည်။ ဇူလိုင်လ ၁၀ ရက်နေ့က ပုဂံရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပုဂံရွာတွင် ညအိပ်တပ်စွဲ နေထိုင်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပေါက်တောရွာသို့ ဝင်ရောက်လာ၍ ကျေးရွာအတွင်း လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “မြေပြင်မှာတော့ မနေ့က သက်ကြီးရွယ်အိုတွေက သုံးကြိမ် လေးကြိမ်လောက်ကိုဆေးကုပြီးမှ ခေါ်သွားရတယ်။ ဆေးဝါး ကုသပေးတဲ့ဆရာ ဆရာမတွေနဲ့ချိတ်ဆက်ပြီး လမ်းကြောင်းလိုက်ပေးရတာပေါ့။ ၂ ရွာ ပေါင်းကို အဲ့လိုလမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ခြောက်ယောက်ရှိတယ်။ သူတို့က အသက်အရမ်းကြီးတော့ လမ်းမလျှောက်နိုင်ဘူး အားအင်တွေ ပျော့သွားတဲ့ပုံစံပေါ့ အခုတော့ လုံခြုံတဲ့နေရာမှာဆေးကုနေပါတယ်”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သက်ကြီးရွယ်အိုများသည် အသက် ၈၀ ကျော်နဲ့ ၉၀ နီးပါး ရှိသည့် သက်ကြီးရွယ်အိုများဖြစ်ပြီး ပုဂံ မှ ၄ ဦး ပေါက်တောမှ ၂ ဦး ပါဝင်‌သည်ဟု သိရသည်။ ပေါက်တောရွာသည် အိမ်ခြေ ၁၀၀ နီးပါး ရှိပြီး ယနေ့ နံနက် လူနေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံရခြင်း ဖြစ်သည်။ လတ်တလောတွင် ပုဂံနဲ့ ပေါက်တောရွာမှ ကျေးရွာနေ ပြည်သူပေါင်း ၁၀၀၀ နီးပါး တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်များ ကျေးရွာတစ်ဝိုက် လှည့်လှည်နေသောကြောင့် နေအိမ်ပြန်မကပ်နိုင်သေးခြင်းဖြစ်ကြောင်း ဒေသခံများထံ မှ … - [ရွှေဘို ကျားကျေးရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ဒေသခံ ၇ ဦး လက်နက်ကြီးထိမှန်](https://burmese.kachinnews.com/2022/07/11/july11-sm2/): ရွှေဘိုမြို့နယ် ခွန်တောင်းကြီးရွာတွင် တပ်စွဲနေထိုင်သည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်များသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နှင့် ပြည်သူများနေထိုင်သည့် ကျားကျေးရွာကို ယမန်နေ့ည ၁၂ နာရီ ဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု Golden Future Revolution Force ထံမှ သိရသည်။ စစ်ကောင်စီနှင့် ပျူစောထီးများက ၆၀ မမ၊ ၈၀ မမ စသည့် လက်နက်ကြီးများဖြင့် ၅ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သည့်အတွက် ကျားကျေးရွာက နေအိမ် ၄ လုံး ထိမှန်ကာ အရပ်သားပြည်သူ ၇ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရ ခဲ့သည်ဟု GFRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူတို့က ရည်ရွယ်ချက်ရှိရှိကို ပစ်သွားတာ အိမ်လေးအိမ်လောက်ထိခိုက်မူရှိမယ်။ အိမ်တစ်အိမ်ကတော့ တော်တော်လေး ပျက်စီးသွားတယ် တစ်ခြားအိမ်တွေတော့ နည်းနည်းပါးပါးပျက်စီးသွားတယ် လူကတော့ ၇ယောက်ထိတယ်။ ကျနော်တို့မျက်မြင်တွေ့ခဲ့တာက အမျိုးသမီးသုံးယောက် တစ်ယောက်က ခေါင်းမှာထိထားတယ် ကျန်တဲ့သူတွေကတော့ ဒဏ်ရာမကြီးဘူး ဒါ‌ပေမယ့်လက်မောင်းတွေမှာတော့ ပတ်တီးတွေနဲ့ပေါ့” ဟု GFRF မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထိခိုက် ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသရန် ကျန်းမာရေးစောင့်ရှောက်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ အများစုသည် အသက် ၄၀ ခန့် ရှိသူများဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် … - [ဆားလင်းကြီး မြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/07/11/july11-sm1/): စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့မ ရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်း ၂နာရီဝန်းကျင်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် မှ ၃ဦးကျဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီ တပ်သားများ နေထိုင်သည့် အဆောက်အဦးပေါ်သို့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီနေ့ မနက်၂နာရီကျော်လောက်ကနေစပြီး ပစ်ခဲ့တယ်ဗျ ပထမတစ်လုံးက ခွေးတွေနေတဲ့အဆောင်ကို ထိသွားပြီး အဆောက်အဦးတစ်ချို့ ပျက်စီးသွားတယ်။ ပြီးတော့သူတို့ဘက်က ၄၀ မမ ဗုံးသီးနဲ့ ပြန်ပစ်တယ်။ မောင်းပြန်တွေနဲ့ပြန်ပစ် ဒရုန်းတွေ ဘာတွေနဲ့ပစ်တော့ ခနပုန်းနေလိုက်ရတယ်။ ၃ နာရီ ဝန်းကျင်လောက်မှာ ကျနော်တို့ဘက်က နောက်ထပ်သုံးလုံး ထပ်ပစ်တယ်။ သူတို့ဘက်ကလည်း ဒရုန်းလိုက်ပြီး ပြန်ပစ်တယ်။ အဲ့မှာထပ်ပုန်းရင်းပစ်တာ ၉လုံးလောက်ပစ်ခဲ့တယ် သူတို့ဘက်က ၃ ယောက်သေတယ်။ အများအပြား ဒဏ်ရာရသွားတယ်” ဟု တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး စာရင်းကို ခိုင်လုံသည့် မျက်မြင်သတင်းပေးသူများမှ တစ်ဆင့် သိရှိခဲ့ပြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဘက်မှ အကျအဆုံးမရှိခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ဆိုသည်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့အနေဖြင့် … - [ဝိုင်းမော်မြို့အနီး KIA တပ်စခန်းကို စစ်ကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့ အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်](https://burmese.kachinnews.com/2022/07/11/july11-yl1/): ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး နန်ဇော် (Nang Zaw Yang) ကျေးရွာဘက်သို့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန် ဘက်သို့ စစ်မျက်နှာ ၄ ခုဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်တို့ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ယမန်နေ့ ညနေ ၅နာရီ ဝန်းကျင်တွင် နန်ဇော်ယန် (Nang Zaw Yang) နှင့် ဂွေရွတ်ယန် (Gwi Rut Yang) ကျေးရွာ ၂ခုကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဝိုင်မော် မဒိန်ကျေးရွာရှိ ခလရ ၅၈ တပ်ရင်း မှ KIA ရှိသည့် နန်ဇော်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်နေသည်မှာ မရေတွက်နိုင်တော့ကြောင်း ဝိုင်းမော် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “နန်ဇော်ရွာဘက် ၅၈ တပ်ရင်းက လက်နက်ကြီးပစ်နေတာဟုတ်တယ်။ မနေ့ည နန်ဇော်နဲ့ ဂွေရွတ်ယန် ကြားမှာ တိုက်ပွဲဖြစ်တာ ဗမာ စစ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဘက်က စစ်အင်အားများတော့ တော်တော်ထိသွားတယ်လို့ ကြားတယ်။ ထိခိုက်တဲ့ သူတွေကို စစ်ကား ၃ စီးနဲ့ ဒီဘက်ကိုသယ်လာတယ်။ ပြီးရင် ဒီမနက်မှာက နန်ဇော်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။” ဟု ပြောဆိုသည်။ … - [ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် PDF အဖွဲ့ ဖမ်းဆီး မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/07/11/july11-az1/): ကချင် နှင့် စစ်ကိုင်း နယ်စပ်တွင် ကျပ်သိန်း ၂၀ ကျော်ကာလတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ပြီး တရားခံများကိုမူ ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၉ ရက်နေ့ ည ၄ နာရီခန့် မော်လူးဒေသတွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိပြီး ၎င်းကို စစ်ဆေးမေးမြန်းရာမှ ရောင်းချသူများအပါအဝင် ဘိန်းဖြူ နှင့် WY စာသားပါ မူးယစ်ဆေးဝါး ဆပ်ပြာ ခွပ် ၃၁ ခွပ်၊ ကာလတန်ဖိုး ကျပ်သိန်း ၂၇သိန်းဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ များကိုလည်း သတိပေး၍ ခံဝန် ကတိဖြင့်ပြန်လွတ်ပေးခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။ “အရင်ဦးဆုံးက နံပတ်ဖိုး ရှူနေတဲ့ ဖိုးသမားကို ဖမ်းလိုက်တာ။ အဲ့တာနဲ့ သူ့ကို စုံစမ်းလိုက်တာပေါ့ ဘယ်သူရောင်းလဲဆို တာ သူ့ဆီကနေထွက်တဲ့ အဖြေအရ မူးယစ်ဆေးဝါးရောင်းတဲ့အကြီးစားဆီမှာ သွားလိုက်တာ။ အဲ့မှာမော်လူးကပဲ သုံးစွဲတဲ့လူက လေးယောက် ရောင်းတဲ့လူက သုံးယောက်ပေါင်း ခုနှစ်ယောက် ဖမ်းမိခဲ့တာ တရားခံတွေကို တော့ခြိမ်းခြောက်စရာရှိတာ ခြိမ်းခြောက် ပြောစရာရှိတာ ပြော နောက်ဆိုရင်ပိုပြီးအရေး ယူမယ်သတိပေးပြီး ခံဝန်နဲ့ပြန်လွတ်ပေးလိုက်တယ်”ဟုပြောဆိုသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံအမျိုးသားခြောက်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကိုမူ ရိုက်နက်ခြင်းမျိုး မရှိပဲ နောက်ထပ်မပြုလုပ်ရန်သတိပေး၍ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့များနေဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်ရေးလုပ်ငန်းကို ယခုနှစ်ဆန်းပိုင်း … - [နယ်မြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် မြန်မာနယ်စပ်ကျေးရွာကို  တရုတ်ဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ထားဆဲ](https://burmese.kachinnews.com/2022/07/10/bs-2/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် မြန်မာ တရုတ် နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်နေ့နောက်ပိုင်းမှစ၍ အဆိုပါကျေးရွာတွင် တရုတ်ဘက်မှ သွယ်တန်း ရောင်းချပေးနေသော လျှပ်စစ်မီး ဖြတ်တောက်ခံနေရသဖြင့် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “မီးက မရသေးဘူး။ ခြံစည်းရိုးကာတာက သူတို့ ပြန်ဆုတ်သွားပြီ။ ဒါပေမယ့် ရွာမှာ မီးမရဘူး။ သူတို့ဖြတ်ထားတာ ၁ နှစ်လောက်ရှိပြီ။ ဟိုပြဿနာ တက်တာလည်း ၁ နှစ်လောက်ရှိပြီ။” ဟု နောင်ခမ်းရွာ မှ အတွင်းရေးမှူးက ပြောသည်။ အိမ်ထောင်စု ၁၆၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော်နေထိုင်သည့် ၎င်းကျေးရွာ ဒေသခံများသည် လျှပ်စစ်မီး ဖြတ်တောက်ခံနေရသဖြင့် အခက်အခဲဖြစ်နေကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ၂၀၀၁ ခုနှစ် ကတည်းက တရုတ် လျှပ်စစ်မီး ဝယ်ယူသုံးစွဲခဲ့သည့် ၎င်းဒေသတွင် ၂၀၂၁  ခုနှစ် ဇူလိုင်လ နဲ့ အောက်တိုဘာလတွေမှာ တရုတ် နဲ့ မြန်မာ နယ်မြေအငြင်းပွားမှု ရှိခဲ့သလို ၂၀၁၈ နှစ်လယ်ပိုင်းတွင်လည်း နယ်မြေအငြင်းပွားမှု ပြဿနာ ဖြစ်ခဲ့ကြောင်း အမည်မဖော်လိုသူ နောင်ခမ်းရွာခံ ၁ ဦးက ပြောသည်။ “၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့က မိုင်တိုင် ၅၈ မှာ ခြံစည်းရိုးလာခတ်တယ်။ ရွာသွားတွေထပ်ကန့်ကွက်ကြတယ်။ ၁၅ ရက်နေ့မှာ မြေကွက်တွေဖြေရှင်းဖို့ တိုင်းဖို့ ထပ်ချိန်းကြတယ်။ ဒါပေမယ့် တရုတ်ဘက်က … - [မြစ်ဆုံ ဒေါင်ပန်တွင် အကြီးစားရွှေတူးဖော်မှုကို သဘောတူပေးရန် ဒေသခံများထံ လက်မှတ် ကောက်ခံနေ](https://burmese.kachinnews.com/2022/07/09/july9-yl1/): မြစ်ဆုံဒေသ ဝိုင်းမော်မြို့နယ် ဒေါင်ပန်ကျေးရွာတွင် အကြီးစားရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ကို ဒေသခံများ ထောက်ခံသည့်ပုံစံဖြင့် လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများကို ကချင်ဒေသခံများ ကန့်ကွက်နေစဉ် စစ်တပ်နှင့်ဆက်နွယ်သူများ၊ ပြည်သူ့စစ်အဖွဲ့များသည် ဒေသခံများ၏ သဘောတူညီမှုဖြင့် ရွှေတူးဖော်နေသည့်အသွင်ဖော်ဆောင်လိုသောကြောင့် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မလိယန်ရွေ့ပြောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လက်မှတ်ရေးထိုးခိုင်းနေသည်ဟု ဒေါင်ပန်ဒေသခံ တစ်ဦးက KNG ကို ယခုလိုပြောသည်။ “ဒေါင်ပန်ရွာကို ရွှေတူးဖော်လိုက်ဖို့ ပြည်သူ့စစ်ရဲ့ ကိုယ်စားလှယ် က ရွာသားတွေကို သူတို့ ရွှေတူးဖော်လိုက်ပြီး ဘာမှ ပြန်မရမယ့်အစား သူတို့ပေးသလောက် ငွေဘဲယူလိုက်ရအောင်။ ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့ ရွှေတူးဖော် မြေနေရာတွေ ဖြစ်သွားမှာဘဲ။ အဲ့ကြောင့် ဘာမှ ပြန်မရမယ့်အစားဆိုပြီး သဘောတူခိုင်းတဲ့ ပုံစံနဲ့ လိုက်စည်းရုံးနေတယ်။ အဲ့လို လိုက်ပြောလို့ ရွာသားတစ်ချို့က တွေဝေနေကြတယ်။ တစ်ချို့က ကန့်ကွက် နေကြတယ်” ဟု ပြောဆိုသည်။ ယခုနှစ် မတ်လ မှ စတင်ပြီး ဒေသခံများ ကန့်ကွက်နေသည့်ကြား ဦးလဆန်အောင် ပြည်သူ့စစ်အဖွဲ့သည် ဒေါင်ပန်ကျေးရွာတွင် ရွှေတူးဖော်မှုကို ခွင့်ပြုခဲ့ပြီးနောက် လက်ရှိတွင် ကျေးရွာကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်နှင့် ကတ်သစ်လစ် ဘုရားကျောင်းဝင် ၂ ခု၏ မြေနေရာ ၆ ဧက ခန့်ကိုလည်း ရွှေတူးဖော်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ရွာကို ဖျက်ဆီးလိုက်မယ့် လုပ်ရပ်က လုံးဝ ကန့်ကွက်ပါတယ်။ အရင်းကတည်းက သူတို့ တူးဖော်လို့ ပျက်စီးသွားတဲ့ … - [မချမ်းဘော့ မလိခမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ](https://burmese.kachinnews.com/2022/09/02/az1-17/): ပူတာအိုခရိုင် မချမ်းဘော့မြို့ မလိခမြစ်ကြောင်းတစ်လျှောက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ယခုနောက်ပိုင်းပိုမို၍ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ မချမ်းဘော့မြို့နယ် မလိခမြစ်ကြောင်းတစ်လျှောက်တွင် ယခင်က ရွှေတူးဖော်မှု မရှိခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မေလခန့်မှစတင်ကာ ရွှေတူးဖော်မှု များပြားလာသည်ဟု မချမ်းဘော့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ခု နောက်ပိုင်းပိုတောင် များလာတယ်ဗျ။ ဘတ်ဖိုးကြီးတွေနဲ့လုပ်တယ်။ ရွှေဖောင်ပေါ့ရေမုံပြောတယ်။ ရေမုံလုပ်တဲ့သူ ပိုများတယ် ဘတ်ဖိုးကတော့ အစီး ၂၀ လောက်ရှိတယ်။ တစ်စီးကို လုပ်ငန်းရှင် လေးငါးယောက်ပေါင်းလုပ်တာ။ ခုရွှေလုပ်တဲ့ နေရာက မချမ်းဘော့နဲ့ဆို စက်လှေနဲ့ ၂ နာရီလောက်သွားရတယ်။ အဲ့နေရာမှာလုပ်တာ”ဟုပြောဆိုသည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဘက်ဖိုး ၈ စီးခန့်ဖြင့် လုပ်ငန်းရှင် ၅၀ ကျော်ခန့်လာရောက် လုပ်ကိုင်ရာမှ ယခုချိန်တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ နီးပါးရှိကြောင်း ဒေသခံများထံ မှ သိရသည်။ ”အဲ့ဒီရွှေတူးတဲ့အောက်ဘက်ကတော့ ရေကတစ်ချောင်းလုံး နှောက်နေတာ သုံးလို့မရတော့ဘူး။ တချို့ဒေသခံတွေက မလိခမြစ်မှာ ငါးရှာပြီး လုပ်ကိုင်စားသောက်တဲ့သူရှိတယ်။ အခုလိုရေနှောက်တော့ ငါးရှာရခက်ခဲသွားတယ်။ ရွှေတူးတဲ့သူတွေတော့ အဆင်ပြေသွားတာကြပေါ့။ ဒေသခံတွေက ခက်ခဲသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မလိခ မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေသောလုပ်ငန်းရှင်များမှာ ပူတာအိုမြို့ပေါ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ဘက်မှ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြစ်ကြောင်းတစ်လျှောက် ရွှေလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များသည် မချမ်းဘော့အခြေစိုက် စစ်ကောင်စီတပ်ကို လစဥ်ငွေကြေး ၁၀ သိန်းအထက် ပေးဆောင်ရသည်ဟုလည်း သိရသည်။ စစ်အာဏာသိမ်းသည့်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ယခင်က ရွှေတူးဖော်ခြင်းမရှိခဲ့သည့် နေရာဒေသများတွင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် မြစ်ချောင်း အင်းအိုင်ပျက်စီးမှုဖြစ်ကာ ဒေသခံများ လုပ်ကိုင်စားသောက်မှုကို ထိခိုက်စေသည်ဟု စုံစမ်းသိရှိရပါသည်။ - [လက်နက်ကိုင်အဖွဲ့ နာမည်ကို အလွဲသုံးကာ ကျောက်စိမ်းသုံးလုံး၊ ဖုန်း နှင့် ဆိုင်ကယ် လုယူထွက်ပြေးသွား](https://burmese.kachinnews.com/2022/09/01/az2-11/): ဖားကန့်မြို့နယ်၊ ဆိပ်မူတွင် နေထိုင်သည့် ကျောက်ပွဲစားတစ်ဦးကို လူငယ်နှစ်ဦးက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နာမည်ကို သုံးကာ ခေါ်ဆောင်သွားပြီးနောက် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်းနှင့်  ဆိုင်ကယ်ကို လုယူကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆပ်မူ မှ အသက် ၃၀ အရွယ် ကျောက်ပွဲစား ကိုလွမ်းဝေ ကို လူငယ်နှစ်ဦးက စစ်ဆေးမေးမြန်းစရာရှိသဖြင့်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ရွာပြင်အရောက်တွင် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်း နှင့် ဆိုင်ကယ်တစ်စီး လုယူသွားကြောင်း ကိုလွမ်းဝေနဲ့ ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။ ”လူငယ်နှစ်ယောက်ကလာပြီး လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့နာမည်ကိုသုံးပြီး မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ ဆိပ်မူမှာ စျေးဝယ်နေတုန်း ခေါ်လာတာ။ ခေါ်သွားတာက ဆိပ်မူရွာဟောင်းဘက်ကို ခေါ်သွားတာ ဒီကလာခေါ်တာကနှစ်ယောက် အဲ့မှာရောက်တော့သူတို့ကခြောက်ယောက်တဲ့ သူ့ကိုဝိုင်းရိုက်ပြီးပါသွားတဲ့ကျောက်၊ ဖုန်း၊ ဆိုင်ကယ်တွေလုပြီး ပြေးသွားတာ ဒီဘက်က လက်နက်ကိုင်အဖွဲ့တွေကများတော့ အဖွဲ့နာမည်အလွဲသုံးစားလုပ်ပြီး ခံလိုက်ရတာ” ဟု ကိုလွမ်းဝေ၏ မိတ်ဆွေက ပြောသည်။ လူငယ်နှစ်ဦးသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နာမည်ကို အလွဲသုံးစား လုပ်ခြင်းဖြစ်ပြီး တာဝန်ရှိသူများနဲ့ ကံယကံရှင်ကိုယ်တိုင်က လိုက်လံစုံစမ်းနေသော်လည်းယနေ့ထိ မမိသေးပဲ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း သိရသည်။ ”ကျော်က အဖိုးတန်ကျောက်လည်းပါတယ်ဗျ ရကျောက်ပါတယ် ပိုင်ရှင်ကိုယ်တိုင်ကတော့ စုံစမ်ဖော်ထုတ်သွားမယ်ပေါ့။ ကျနော်တို့ဆီလည်းအကူ့ညီလာတောင်းတယ်။ ဒါပေမယ့်ခုထိတော့ ဘာမှမသိရသေးပဲပျောက်နေတာ KIAကတော့ မဟုတ်ဘူး တောဘက်ခေါ်ချင်လို့ သက်သက်နဲ့ နာမည်ကိုအလွဲသုံးစားလုပ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။ ဖားကန့်မှော်ဒေသတွင် ယခုနှစ်အတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလျက်ရှိပြီး ရေမဆေးကျောက်ရှာသူများ သတ်ခံရမှုဖြစ်စဥ်လည်း မကြာခဏရှိနေသည်။ - [ခင်ဦးတွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၁၀ ဦး ခန့်သေဆုံး](https://burmese.kachinnews.com/2022/09/01/sm2-3/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရောင်နီပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပျဥ်ထောင်ရွာက ပျူတွေ လုံခြုံရေးယူနေတဲ့အချိန် မြို့နယ် ပကဖက ဒရုန်းနဲ့ပစ်တယ် အောင်တော့မအောင်မြင်ခဲ့ဘူး။ အဲ့မှာအင်အား ၄၀ ကျော်လောက်နဲ့ တဲစုရွာကို ကင်းပုန်းဝပ်ပြီး တက်လာတယ်။ အဲ့မှာ တဲစုမှာ ကျနော်တို့အဖွဲ့တွေက တဲစုရွာကို ရောက်နေတာ တဲစုရွာကို ဝင်လို့မရအောင် ကျနော်တို့ကလည်းကင်းပုန်းချထားတယ် အဲ့မှာသူတို့က မသိပဲတက်လာတာ အဲ့မှာဝပ်ကျင်းမှာဝပ်နေတဲ့ အဖွဲ့တွေက မောင်းပြန်တွေနဲ့တစ်ပြိုင်တည်းပစ်တော့တာပဲ”  ဟု ရောင်နီပြောက်ကျားအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထိတွေ့တိုက်ပွဲမှာ ၂ မိနစ်ခန့်သာကြာမြှင့်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ အထိနာခဲ့ကာ ဒဏ်ရာရရှိသူများကိုလည်း လှည်း ၃စီး နှင့် သံချပ်ကာ ကားဖြင့်သယ်ယူသွားသည်ဟု သူက ဆက်ပြောသည်။ တဲစုကျေးရွာသည် ခင်ဦးမြို့၏ အနောက်ဖက်ခြမ်းတွင် တည်ရှိပြီး စစ်ကောင်စီ နှင့် ပျူစောထီးတို့ တပ်စွဲနေထိုင်သည့် ပျဥ်ထောင်ကျေးရွာနှင့် ကပ်လျက်ရှိပြီး တစ်ရွာနှင့်တစ်ရွာ လှမ်းမြင်ရသည့် အကွာအဝေးသာရှိကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ တိုက်ခိုက်မူကို ရောင်နီပြောက်ကျားအဖွဲ့၊ Khin U Dynamite Squad၊N.L.R.G.F အဖွဲ့နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ခဲ့သည်ဟု သိရသည်။ - [မော်ဟန် နန့်မချီမှော်တွင် လုပ်ကွက်တစ်ကွက်လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီ ကောက်ခံ](https://burmese.kachinnews.com/2022/09/01/az2-12/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နန့်မချီမှော်တွင် တနိုင်တစ်ပိုင်ကျောက်စိမ်း နှင့် ရွှေလုပ်ကွက်တစ်ကွက် လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီက ကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ နန့်မချီမှော်သည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ကြပြီး NLD အစိုးရအလွန်တွင် ကျောက်စိမ်း ကုမ္ပဏီ အားလုံးမှာ လုပ်ကွက်သက်တမ်းကုန်သွားပြီ ဖြစ်သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ သယံဇာတတူးဖော်မှုများ ဆက်ရှိလာခဲ့သည်။ ”နန့်မချီကအရင်ကတည်း ရွာဟုတ်တယ် အဲ့မှာ ကျောက်စိမ်းတူးကြတာ အရင်ကတော့တရားဝင်ပေါ့ စက်ကြီးတွေနဲ့တူးကြတာ သက်တမ်းကုန်လို့နားသွားတာခုနောက်ပိုင်းတော့အရင်ကုမ္ပဏီကြီးတွေစွန့်ပစ်ခဲ့တဲ့မြေစာပုံတွေမှာ ကျောက်ရှာကြတယ်။ ရွှေတစ်နိုင်တစ်ပိုင်တူးတယ်လက်လုပ် လက်စားတော့မတောင်းပါဘူး။ တစ်နိုင်တစ်ပိုင်စက်နဲ့ လုပ်တဲ့သူတွေကိုတော့ တစ်လုပ်ကွက်တစ်ခုဆို ၅၀ လောက်တောင်းတယ် အများဆုံးပေါ့” ဟု နန့်မချီ ရွာခံတစ်ဦးက ပြောသည်။ လတ်တလော နန့်မချီမှော်တွင် မော်ဟန်၊ ကာဒူ၊ မိုးညှင်း၊ ဗန်းမော် နှင့် အဝန်းကျင်းမှ ဒေသခံ များ ရွှေတူးဖော်နေကြသည်။ နန့်မချီမှော်တွင် လက်ရှိ ခမရ ၁၁၁ တပ်ထိုင်ထားပြီး လုပ်ကွက်မြေနေရာ အကျယ်အဝန်းပေါ်မူတည်ကာ လုပ်ကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀ မှ ၅၀ ကြား ကောက်ခံကြောင်း သိရသည်။ - [ထီးချိုင့်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရကာ ၁၄ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/09/01/sm1-9/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပေါင်းနက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၄ ဦး ထက်မနည်းသေဆုံးကာ ၆ဦး ခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်သည် ပေါင်းနက်ကျေးရွာဘက်ကို ဦးတည် ထွက်ခွာလာစဉ် အောင်သာယာရွာအကျော်အရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ၂ကြိမ်တိုင် မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အောင်သာယာရွာအကျော်မှာ ပထမဆုံး ပဒေသာမိုင်း၂လုံးနဲ့ ဧည့်ခံလိုက်တော့ ၄ကောင်လောက်တော့ကျသွားတယ်။ အဲ့တာပြီးတော့ ဒဏ်ရာရတဲ့သူတွေကို တွဲခေါ်သွားတာကိုရောမြင်လိုက်ရတယ်။ နောက်တော့ အဲ့မိုင်းကွင်းမိပြီးအနောက်ကို ပြန်ဆုတ်သွားတယ်။ ကုန်းပေါ်ထိုးတက်တဲ့အချိန် ကျနော်ဒုတိယထောင်ထားတဲ့ မိုင်းကွင်းထဲကို အယောက်၂၀ လောက်ဝင်လာတော့ ဆွဲလိုက်တာ ကုန်းပေါ်က ပြန်ဆင်းလာတာ ၅ ယောက်လောက်ပဲမြင်လိုက်တယ်။ အဲ့တာကြောင့် ၁၄ ယောက် ထက်မနည်းသေနိုင်တယ် လို့ ခန့်မှန်းပါတယ်” ဟု  စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ထီးချိုင့် PDF တပ်မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ စစ်ဆင်ရေးကို Special.9-HPDF မှ ဦးဆောင်ကာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အတူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။ ထီးချိုင့်နယ် ကန်ပေါက်ရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း အင်းတော်ဘက်မှ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကြောင်း ၂ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီးနောက် လေယာဉ်ဖြင့် ပစ်ကူကာ ကယ်ထုတ်ရသည့် အခြေအနေ ရှိခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦး ထက်မနည်း ကျဆုံးမှု ရှိခဲ့သည်။ ထို့အပြင် လက်ရှိတွင်လည်း ထီးချိုင့်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ - [မိုးညှင်းတွင် NON -CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး](https://burmese.kachinnews.com/2022/09/01/az1-16/): ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အထွက်တွင် ယမန်နေ့ည ၆နာရီဝန်းကျင် NON-CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦးသေနတ်ပစ်ခံရ၍သေဆုံး သွားကြောင်း ဒေသခံများထံမှသိရသည်။ NON – CDM ဆရာ စောလင်းအောင်နှင့် သေဆုံးသူသည် ဆိုင်ကယ်ဖြင့် မြို့ဘက်မှ ကျောင်းဘက်သို့ ပြန်လာစဉ် အုတ်ကျင်းရပ်ကွက်အထွက် အမှတ်(၃) အထက်တန်းကျောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးမှ လူငယ် ၂ဦးက သေနတ်ပစ်ခတ်သွားသောကြောင့် သေဆုံးသွားသည်ဟု မိုးညှင်းဒေသခံတစ်ဦး KNG ကိုပြောသည်။ “သေသွားတဲ့တစ်ယောက်က ကျောင်းဆရာရဲ့ သူငယ်ချင်းဟုတ်တယ်။ လုပ်ကြံတာက ကျောင်းဆရာကို ဒါပေမယ့် ကျောင်းဆရာကိုမထိဘဲ သူ့သူငယ်ချင်းထိသွားတယ်။ နောက် ကျောင်းဆရာကလွတ်သွားတယ်တဲ့”ဟုပြောသည်။ သေနတ်ပစ်သတ်ခံရသည့် သူသည် ဆိုင်ကယ်ဝပ့်ရှော့ပြင်ဆရာတစ်ဦးဖြစ်ပြီး ဆိုကယ်ဖြင့် သေနတ်ပစ်ခတ်သွားသည့် လူငယ် ၂ဦးမှာ မည်သူမည်ဝါများဖြစ်သည်ကို မသိရကြောင်း ဒေသခံများပြောဆိုသည်။ NON-CDM ဆရာ မောင်စောလင်းအောင်သည် မိုးညှင်း အုတ်ကျင်း အထက်တန်းကျောင်းတွင် စာသင်ပေးနေသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ခုနှစ်တွင်လည်း ပထမအကြိမ် လုပ်ကြံခံရဖူးသူလည်းဖြစ်သည်ဟု ဆက်သိရသည်။ - [ကျွန်းလှနယ်တွင် တစ်ပတ်အတွင်း လူနေအိမ် ၂၄၀ ဝန်းကျင် မီးရှို့ခံရ](https://burmese.kachinnews.com/2022/08/31/sm2-2/): စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် တစ်ပတ်အတွင်း ကျေးရွာ ၅ ရွာမှ လူနေအိမ်ပေါင်း ၂‌၄၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်ထံမှသိရသည်။ ဩဂုတ်လ ၂၃ရက်နေ့မှစကာ စစ်အင်အား ၂၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းလှမြို့နယ် အနောက်တောင်ဘက်နှင့် နောက်မြောက်ဘက်ခြမ်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်လာပြီး ကုန်းစည်း၊ တည်ပင်ဆိပ်၊ အင်းလျားရှည်၊ အိမ်ခြေ၊ ရွာကြီးကုန်း စသော ကျေးရွာ ၅ခု မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦး ပြောဆိုသည်။ “ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့က တစ်ရွာပြီး တစ်ရွာ စစ်ကြောင်းထိုး မီးလိုက်ရှို့နေတာ။ ခုလောလောဆယ်ထိ အဲ့ရွာ ၅ရွာ အပြင် နီးစပ်တဲ့ရွာတွေကလည်း ပြည်သူတွေလည်း ထွက်ပြေးနေရတယ်“ပြောသည်။ စစ်ကောင်စီ မီးရှို့ဖျက်ဆီးလိုက်သည့် တည်ပင်ရွာမှ အိမ် ၂လုံး၊ အိမ်ခြေရွာမှ ၁၀၅လုံး၊ အင်းလျားရှည် နေအိမ် ၁၇လုံး၊ ရွာကုန်းကြီး ၅၃လုံး၊ ကုန်းစည်းရွာ ၅၉လုံး စုစုပေါင်း အိမ်ခြေ ၂၃၆ အိမ်အထိရှိကြောင်းသိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ကျွန်းလှမြို့နယ် အနောက်တောင်ဘက် မော်တုံကျေးရွာတွင် ၄ရက်ခန့်အကြာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းက မော်တုံရွာအနီးရှိ ပေပင်ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးသွားကြောင်းဆက်သိရသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့များ ပေပင်ချောင်း ကျေးရွာအတွင်းရှိနေသေးတာကြောင့် အိမ်ခြေမည်မျှမီးလောင်ဆုံးရှုံးခဲ့ရသည်ကို အတည်မပြုနိုင်သေးကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျွန်းလှနယ်တွင်း စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၂၀၀ ထက်မနည်းရှိပြီး ဩဂုတ်လ ၂၃ ရက်နေ့ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ထားသူများ … - [ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောအဖြစ်များလာ၍ ဆေးဝါအကူအညီများလိုအပ်နေ](https://burmese.kachinnews.com/2022/08/31/az4-2/): ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ ယခုရက်ပိုင်းအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများအား ကူညီပေးနေသူများထံမှ သိရသည်။ “စစ်ရှောင်လာတာ တစ်ချို့က တစ်လေကျော်လာပြီ တစ်ချို့က တစ်လပြည့်တော့မယ်။ ဒီမှာနေတာ ကြာလာတော့ ကလေးတွေ၊ အသက်ကြီးရွယ်အို ပိုင်းတွေ ဝမ်းပျက် ဝမ်းလျှော ဖြစ်တာများလာတယ်။ စခန်းတိုင်းမှာကို အယောက် ၂၀ လောက်ဖြစ်တယ်။ ဆေးဝါးတွေက လုံလောက်မှုမှရှိဘူး။ အဲ့ကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်။ တစ်ချို့စခန်းမှာဆို ဘာဆေးမှမရှိကြတော့ဘူး”ဟု စစ်ရှောင်ကူညီပေးနေသော အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ဆယ်ဇင်းစစ်ရှောင်ပြည်သူများသည် ဖားကန့် တာမခံ၊ ဟောင်ပါး၊ ခိုမ၊ နမ္မဖြစ်၊ မှော်စီဇာတို့တွင် စုစုပေါင်း စစ်ရှောင် လူဦးရေ ၈၀၀ ကျော်အထိရှိနေပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ဦးစားပေးအဖြစ် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးရန် အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ခရစ်ယာန်ကျောင်းတို့ စသည့်နေရာများတွင် ခိုလှုံခွင့်ပေးထားပြီး အိမ်သာလုံလောက်မှုမရှိသည့်အတွက် ယခုလို ဝမ်းပျက် ဝမ်းလျှောများ ဖြစ်နေခြင်းရခြင်းဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောဆိုသည်။ “အခုက ဘုန်းကြီးကျောင်း၊ စားသင်ကျောင်းနဲ့ ခရစ်ယာန်ကျောင်းတွေမှာ နေရာချထားပေးတယ်။ ဒါပေမယ့် လူများတော့ အိမ်သာမလုံလောက်တာတွေ ဖြစ်နေရတယ်။ ပြီးရင် သောက်သုံးရေ မသန့်တာတွေ၊ နောက် မိုးတွင်းကာလဆိုတော့ ပိုဆိုးတယ်လို့ထင်တယ်။ ဒါကြောင့် တတ်နိုင်တဲ့သူတွေအနေနဲ့ ဆေးဝါးတွေ ကူညီပေးစေလိုပါတယ်”ဟုပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါပစ္စည်းများ ကူညီပေးစေလိုပါက ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းများထံသို့ ချိတ်ဆက်၍သော်လည်းကောင်း စစ်ရှောင်စခန်းများသို့တိုက်ရိုက်သွားရောက် ကူညီလျှူဒါန်းနိုင်ကြောင်းသိရသည်။ … - [ကသာတွင် မိုင်းပေါက်ကွဲမှုကြောင့် အမိုက်ကောက် သားအမိ ၂ဦးကျည်ထိမှန်ကာ သမီးဖြစ်သူ သေဆုံး](https://burmese.kachinnews.com/2022/08/31/zm1-6/): ကသာမြို့နယ် စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာတွင် ရေသန့်ဗူးလိုက်ကောက်သည့် သားအမိ ၂ဦး မိုင်းစထိမှန်သည့်အတွက် သမီးဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း ဒေသခံများမှ သိရသည်။ “မိုင်းက ဘုန်းကြီးကျောင်းအရှေ့ လမ်းဘေးက ဇရပ်နားမှာ ကွဲသွားတာ။ ရေသန့်ဗူးခွံကောက်တဲ့ သားအမိနှစ်ယောက်ကို ထိသွားတယ်။ ကလေးကတော့ ဗိုက်ပွင့်ပြီးသေတယ် ” ဟု ကသာဒေသခံတစ်ဦးကပြောသည်။ မိုင်းထိမှန်ခဲ့သော သားအမိသည် အခြေားဒေသမှ ကသာမြို့ရပ်ကွက် ၄ မုံလတန်းရပ်ကွက်တွင် လာရောက်ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး ရေသန့်ဗူးခွံလိုက်လံကောက်၍  အသက်မွေးဝမ်းကျောင်းပြုနေရသူများဖြစ်ကြသည်။ “မိုင်းက လမ်းဘေး ဇရပ်နားမှာကွဲတာ ဘက်ထရီအိုးနဲ့ တွဲထားတယ်လို့သိရတယ်။ ကလေးငယ်က ဘက်ထရီအိုးကို ကောက်ယူတဲ့အချိန်မှာ ကွဲသွားတာလို့သိရတယ်“ဟုဆက်ဆိုသည်။ အဆိုပါ မိုင်းပေါက်ကွဲဒဏ်ရာကြောင့် သေဆုံးသွားသည့် သမီးဖြစ်သူမှာ အသက် ၁၀ နှစ်ဝန်းကျင် အရွယ်ရှိသူဖြစ်ပြီး မိခင်းဖြစ်သူသည် အသက် ၃၅နှစ် ရှိသူဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း သူ၏ ခြေထောက်တစ်ဖက်နှင့် ကျောနေရာတွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အတွက် ကသာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နယ်မြေဒေသအတွင်း နီးစပ်ရာတော်လှန်ရေးအဖွဲ့များအား KNG သတင်းဌာနမှ မေးမြန်းဆက်သွယ်ခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ကသာ PDF တပ်ဖွဲ့များထံမှသိရသည်။ - [စစ်ကောင်စီက PDF ယောင်ဆောင်ကာ ကျေးရွာအတွင်း ဖမ်းဆီးမှု ပြုလုပ်မည်ဟု သတင်းရထားကြောင်း အင်းတော် PDF ထုတ်ပြန်](https://burmese.kachinnews.com/2022/08/31/az3-6/): အင်းတော်မြို့နယ်တွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ် PDF ဝတ်စုံဖြင့် အယောင်ဆောင်ကာ မြို့၊ ရွာများတွင် စစ်ဆေးဖမ်းဆီးမူများ ပြုလုပ်မည်ဟု သတင်းထွက်နေသည့်အတွက် ပြည်သူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အင်းတော် PDF က သတိပေးထားသည်။ သြဂုတ်လ ၂၃ ရက်နေ့က နဘားကျေးရွာဘက် မှ အင်းတော်ဘက်သို့စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ခန့်ပါသော တပ်မ ၈၈ တပ်သည် PDF ဝတ်စုံများ တစ်ပါတည်းယူဆောင်လာပြီး PDF အယောင်ဆောင်၍ ပြည်သူများကို လိုက်လံဖမ်းဆီးရန် ကြိုတင်စီစဥ်နေသောကြောင့် ပြည်သူများအနေဖြင့်အထူးသတိပြုရန်လိုအပ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ ‘‘စစ်သားတွေက ဒီအင်းတော်နယ်ဘက်မှာ PDF အယောင်ဆောင်ပြီး PDF ကိုကူညီပေးနေတဲ့ ပြည်သူတွေကို ဖမ်းဖို့ စီစဥ်နေတာကကြာပြီဗျ။ သူတို့အမိန့်စာလည်း အရင်ရထားတယ် ဖရဲသီးတွေဆီကနေ အခုကအဲ့သတင်းပြန်ကြားနေရတယ်။ အခုဝင်လာတဲ့စစ်ကြောင်းထဲမှာက ဗန်းမောက်ဘက်ကနေ PDF အကျီတွေတစ်ခါတည်းပါခဲ့တယ်လို့သိရတယ်။ အဲ့ကြောင့် ပြည်သူတွေအနေနဲ့ PDF ဆိုပြီးလာရင် သတင်းပေးဖို့ လိုမယ် တစ်ခါတည်းမကူညီဖို့ပေါ့”ဟုပြောဆိုသည်။ စစ်ကောင်စီ စစ်သားများ ယူဆောင်လာသည့် ဗန်းမောက် PDF ဝတ်စုံသည် အင်းတော် PDF ဝတ်စုံနှင့်ဆင်တူသာ ဖြစ်ပြီး ဘတ်တံဆိပ်သာ ကွာမည်ဖြစ်ကြောင်း သိရသည်။ ”သူတို့က PDF အယောင်ဆောင်ပြီးလာမယ်ပေါ့ ရှေ့ပြေးအဖွဲ့က PDF အယောင်ဆောင်ပြီး ပြေးမယ်/ နောက်က တစ်ဖွဲ့ကလိုက်ပစ်မယ် စစ်သား တွေပစ်တဲ့ပုံစံမျိုးနဲ့ပြေးပြီးရွာဝင်မယ်/ ပြီးတော့ကူညီတဲ့သူဆိုရင် ဖမ်းမယ်ပေါ့ အဲ့ကြောင့် ကျနော် PDF ပါကူညီပါဆိုပြီးပြောလာရင်မကူညီကြဖို့နဲ့ ကျနော်တို့ဆီသတင်းပေးကြဖို့ ပြည်သူတွေဘက်ကလုပ်ဖို့လိုမယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိ နဘားကျေးရွာအထက်  တောတွင်းတွင် ရှိနေပြီး အင်းတော်မြို့နယ်တွင် လတ်တလော စစ်ကြောင်း တစ်ကြောင်းတည်းသာ စစ်ရေးလှုပ်ရှားနေကြောင်းသိရသည်။ သြဂုတ်လ ၂၃ ရက်နေ့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်လာစဥ် အင်းတော် PDF ၊ KIA ပူးပေါင်းတပ်များက နဘားလမ်းဆုံနေရာတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ ဆယ်ဦးနဲ့ သေဆုံးသူ ငါးဦးထက်မနည်းရှိခဲ့ပြီး ယင်းလမ်းဆုံအနီး မြှပ်ထားသည့် စစ်သားအလောင်းသုံးလောင်းကို ယနေ့ နံနက် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းစဥ် တွေ့ခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ - [မြစ်ဆုံအထက် တောင်ယာစပါးခင်း သုံးပုံနှစ်ပုံအထိကို ကြွက်ဘေးကျရောက်ပြီး ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/08/31/az1-15/): ဆွမ်ပရာဘွမ် နှင့် အင်ဂျန့်ယန်မြို့နယ်တွင် အဖြစ်များသော ကြွက်ဘေးသည် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန်ကျေးရွာတွင်လည်း ဝင်ရောက်လာပြီး ကျေးရွာ တောင်သူများ၏ စပါးစိုက်ခင်း သုံးပုံနှစ်ပုံကျော် ဖျက်ဆီးခံလိုက်ရပြီဟု သိရသည်။ အင်ဂျစ်ယာန်ကျေးရွာရှိ အိမ်ထောင်စု ငါးဆယ်ကျော်သည် တောင်ယာလုပ်ကိုင်၍ နှစ်စဥ်အသက်မွေးဝမ်းကြောင်းပြုလျက်ရှိပြီး ယခုနှစ် တောင်ယာစိုက်ဧက ၈၀ ကျော်အနက် ဧက ၆၀ ကျော်အထိကို ကြွက်များ၏ ဖျက်စီးခြင်း ခံလိုက်ရသောကြောင့် အငတ်ဘေးကြုံနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။ ” ဒီလဆန်းပိုင်းကနေ ကျွန်တော်တို့ရဲ့တောင် ယာတွေကြွက်စားသွားတာ ဆိုးဆိုးဝါးဝါးစား သွားတာ ရစရာမရှိတော့ဘုး ဧက ၈၀ ကျော်လောက်မှာ ဧက ၂၀ ကျော်လောက်ပဲကျန်တယ် ကျွန်တော်တို့တောင်ယာလုပ်ကိုင်တဲ့လူကတော့ ဆုံးရှူံးမှုပဲ တောင်ယာမလုပ်တဲ့လူတွေအတွက်တော့မဆုံးရှုံးပါဘုးကျွန်တော်တို့က ဒါနဲ့ပဲစား ရတာ ဒီနှစ်က အငတ်ဘေးကို ရင်ဆိုင်ရဖို့များတယ် အလုပ်အကိုင်ကမရှိ” ဟုပြောသည်။ စပါးခင်းဖျက်ဆီးခံလိုက်ရသည့် အိမ်ထောင်စု ၄၀ နီးပါးရှိပြီး လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှု မရရှိရင် ယခုနှစ်အငတ်ဘေးကြုံရနိုင်ခြေရှိကြောင်း ယင်းဒေသခံများကဆိုသည်။ ”ဒီတောင်ယာတွေပျက်စီးသွားတော့ဘာနဲ့စားရမလဲ မသိတော့ဘူး။ အဲ့ကြောင့် လူမှုကူညီရေးအဖွဲ့တွေဘာတွေက ထောက်ပံ့နိုင်ရင်ကောင်းတယ်။ အခုစစ်ကောင်စီကလည်းထောက်ပံ့မလားပေါ့ ဒီနေ့တော့ ရွာကလူကြီးတွေတင်ပြလို့ စစ်ကောင်စီက တောင်ယာပျက်စီးသွားတဲ့အိမ်ထောင်စုတစ်ုကိုဆန်တစ်အိတ်ထောက်ပံ့တယ်။ ပုံမှန်ထောက်ပံ့နိုင်ရင်တော့ ကောင်းတယ် ဒါမှမဟုတ်ရင်တော့အစာငတ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသများဖြစ်သော ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်များတွင် ကြွက်ဘေးဝင်ရောက်ခဲ့ပြီး ဒေသခံများ စိုက်ပျိုးထားသော ကောက်ပဲသီးနှံ နှင့် အစားအသောက်များကို ဖျက်ဆီးခံလိုက်ရသည်။ ထိုကာလများတွင် ငတ်မွတ်မှုကြောင့် သေဆုံးမှုများရှိခဲ့သလို ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါဒေသများတွင် ပေါက်ရောက်သော ဝါးတစ်မျိုးသည် နှစ်ပေါင်း ၄၅–၅၀ အတွင်း အသီးသီးပြီး ထိုကာလတွင် ကြွက် နှင့် အခြားပိုးကောင်များသည် … - [ကသာ ဧရာဝတီမြစ်ကြောင်း တိုက်ပွဲအခြေအနေ ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2022/08/31/hy1/): ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျောက်မှာ ယခုလ ၂၀ ကျော်မှ စတင်ကာ စစ်ကောင်စီ စစ်သင်္ဘော ၆ စီးကို လုံခြုံရေးယူပေးတဲ့အဖွဲ့နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ် ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ သင်္ဘောများ ဖျက်ဆီးခံရမှုရှိသလို စစ်ကောင်စီက ကျေးရွာတွေမှာ ဝင်ရောက်လာတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူအများအပြားလည်း ရှိခဲ့ပါတယ်။ ကသာမြို့နယ်အတွင်း ပြီးခဲ့တဲ့ တစ်ပတ်သာ တိုက်ပွဲအခြေနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကသာပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။  မေး။ တစ်တစ်လော ကသာမြို့နယ်ရဲ့ စစ်ရေးအခြေအနေဘယ်လိုရှိလဲ။ ဖြေ။ အခုလောလောဆယ် ကသာမြို့နယ်ထဲမှာတော့ စစ်ရေးကတော့ အေးနေပါတယ်။ မေး။ တစ်လောက စစ်ကောင်စီတွေ လေယာဉ်နဲ့လာပစ်တာတွေလည်းရှိတော့ ဒီတစ်ကြိမ်မှာ စစ်ကောင်စီက ဘယ်အချိန်လောက်ကနေ စစ်ကြောင်းထိုးလာလဲ။ ဖြေ။ သူတို့တွေ သင်္ဘောမတက်ခင်ကတည်းက သင်္ဘောလုံခြုံရေးယူဖို့ တက်လာတာဟုတ်တယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကတည်းကစပြီး ၁၂၁ စစ်ကြောင်းထွက်လာတာ။ မေး။ ဩဂုတ်လ (၁၂) ရက်နေ့နောက်ပိုင်း စစ်ကောင်စီနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်နှစ်ကြိမ်လောက်တိုက်ပွဲ ဖြစ်သလဲ။ ဖြေ။ အဲဒါကတော့ဖြစ်တယ်။ ကသာမြို့နယ်အနေနဲ့ပြောရမယ်ဆိုရင် ၁၂ ရက်နေ့နောက်ပိုင်း ဧရာဝတီအနောက်ခြမ်း မိုးသားတိုက်နယ်ဘက်က (၉) ရက်နေ့က ထွက်လာတယ်၊ ၁၁ ရက်နေ့ ဆင်ဂုံတိုင်ဘက်ကို ရောက်လာတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကေအိုင်အေ တပ်မဟာ (၂) ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ နောက် ကသာကနေ အထက်ဘက်ကုန်းကြောင်း ဆန်တက်လာတဲ့ သင်္ဘောလုံခြုံရေးယူမယ့်သူတွေနဲ့လည်း အဲဒီနေ့မှာပဲ နဂူးရွာဟောင်းနားလေးမှာ တိုက်ပွဲဖြစ်တယ်။ အဲနောက်မှာ ဘံဘွေးကုန်းတိုက်ပွဲဖြစ်တယ်။ … - [စာဖတ်ပရိသတ် စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို ဖြန့်နေ](https://burmese.kachinnews.com/2022/08/31/sn1-2/): “မင်းအောင်လှိုင်မိသားစုလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖမ်းချုပ်လိုက်ပီ၊ သူတို့ အလှည့်ရောက်ပြီဟေ့” ဆိုပြီး Youtube ပေါ်တွင် ဗီဒီယို ကြည့်ရှုမှုများအောင် သတင်းခေါင်းစဥ်အမှား ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် စတင်ဖြန့်နေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၉ ရက်နေ့တွင် စတင်ဖြန့်ဝေလာခဲ့ပြီး ယခုအချိန်တွင် ဗီဒီယို ဝင်ရောက်ကြည့်ရှုသူ နှစ်ထောင်အထိ ရှိနေပြီဖြစ်သည်။ သတင်းအမှားဟု ဆိုရခြင်းမှာ မင်းအောင်လှိုင်တို့ မိသားစုကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဖမ်းချုပ်ထားခြင်း မရှိသည်ကို နေ့စဉ် သတင်းများကိုဖော်ပြနေသော သတင်းမီဒီယာများတွင် ဖော်ပြထားခြင်း မရှိပါ။ ထို့ကြောင့် ဖော်ပြပါ အကြောင်းအရာမှာ သတင်းအမှားသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။ လွန်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း “မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီးဟေ့” ဆိုပြီး ဗီဒီယို သတင်းခေါင်းစဥ်အမှား တစ်ပုဒ်ကို “DVB Myanmar Media” Youtube Channel တွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ယခုလို သတင်းခေါင်းစဥ်အမှားဖြင့် Youtube ဗီဒီယိုများ ပြုလုပ်လျှက်ရှိသော “DVB Myanmar Media” Youtube Channel မှ အကြောင်းအရာများသည် သတင်းဖတ်ရှုသော ပရိတ်သတ်များကို သတင်းအမှားပေးနေသည့်သာမက အဆိပ်အတောက်လည်း ဖြစ်စေနိုင်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် သတင်းအကြောင်းအရာများကို ဒေသတွင်းသတင်းမီဒီယာများမှ ဖော်ပြထားသော သတင်းများနှင့် တိုက်စစ်ပြီးမှ ယုံကြည်သင့်ပါသည်။ - [ပြည်သူ့စစ် စိုးမိုးသော ရှဒူးဇွပ်တစ်ဝိုက်တွင် တိုက်ပွဲမလိုလားကြောင်း ဒေသခံတစ်ချို့မှ KIA နှင့် စစ်ကောင်စီထံ တောင်းဆို](https://burmese.kachinnews.com/2022/08/30/yl1-6/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်လာမည်ကို မလိုလားကြောင်း ဒေသခံတချို့သည် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ထံ သွားရောက်တွေ့ဆုံကာ တောင်းဆိုထားသည်ဟု သိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာများမှ ဘာသာရေးပေါင်းစုံ ရပ်မိရပ်ဖ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပြီးနောက် KIA နှင့် စစ်ကောင်စီကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှဒူးဇွပ် (Jahtu Zup) ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အဓိကတော့ တိုက်ပွဲတွေ မဖြစ်ပေးဖို့ထက် ပြည်သူတွေ အေးချမ်းစွာနေထိုင်ဖို့၊ အဲ့ဒါကို တာဝန်ရှိတဲ့ သူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးကြဖို့ စာတင်ပြတောင်းဆိုဖို့ ညှိနှိုင်းခဲ့ကြတယ်” ဟု ပြောဆိုသည်။ တိုက်ပွဲ ဖော်ဆောင်ခြင်းမပြုရန် စာတင်ပြတောင်းဆိုမှုကို စစ်ကောင်စီ ဒေသကွပ်ကဲမှုစစ်ဌာနချူပ် (တနိုင်း) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ စသည့် နေရာများသို့ တင်ပြခဲ့သည်ဟု သိရသည်။ ရှဒူးဇွပ်ဒေသအနီးတဝိုက်တွင် စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် KIA တပ်ရင်း ၁၄ တို့ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အပြင် စစ်ရေးတင်းမာနေသည်မှာလည်း ၃ လခန့် ကြာမြင့်လာပြီ ဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားလာတော့မည်ဟု တွေးပူကာ ဘေးလွတ်နိုင်မည့်နေရာသို့ ကြိုတင် ပြောင်းရွေ့ထားသူများလည်း ရှိသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။ “ဒီမှာက တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ရွာခံတစ်ချို့ ဖြစ်တဲ့ သက်ကြီးရွယ်အို ရှိတဲ့ အိမ်၊ နောက် ကလေးငယ်ရှိတဲ့ အိမ်တွေဆို ရွှေ့ပြောင်းနေထိုင် နေကြတယ်။ တစ်ချို့က ပစ္စည်းတွေ ရွှေ့ပြောင်းထားကြတယ်။ ပြီးရင် ရှဒူးဇွပ်အနီးမှာရှိတဲ့ ရွှေမှော်က လုပ်ငန်းရှင်တွေလည်း ထွက်နေကြတယ်” ဟု ပြောသည်။ လက်ရှိတွင် ဒေသခံပြည်သူများ စာတင်ပြတောင်းဆိုထားသည့်အပေါ် စစ်ကောင်စီ နှင့် KIA ထံမှ တစ်စုံတစ်ရာ … - [ဆေးရုံတွင် ငှက်ဖျားပိုး လာကုစဥ် ဖမ်းစီးခံရသည့် လူနာ နှင့် လူနာစောင့်နှစ်ဦးကို စစ်ကောင်စီ အမှုဖွင့်ထား](https://burmese.kachinnews.com/2022/08/30/az3-5/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် လူနာနှင့် လူနာစောင့်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုဖြင့် အရေးယူထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အင်တော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် အမျိုးသားတစ်ဦး နှင့် လူနာစောင့်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး တို့ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီး၍ လက်ရှိ အင်းတော်မြို့မ ရဲစခန်းရှိ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှု ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အဲ့ဖမ်းသွားတဲ့သုံးယောက်က ပြန်မလွတ်သေးဘူး။ သူတို့ကိုအမှုဖွင့်ပြီး အမှုတွဲတောင် ခရိုင်ကို တင်ထားတယ်ကြားတယ်။ ရိုးရိုးအမှုလောက်ဆို မြို့နယ်နဲ့ပြီးတယ် အခုခရိုင်ကိုတင်ထားတယ် ပုဒ်မ ၅၀(ည) နဲ့ လို့သိရတယ်။ သူတို့သုံးယောက်လုံး အဲ့ရဲစခန်းမှာပဲ နေမကောင်းတဲ့ တစ်ယောက်လည်း ရဲစခန်းကို ပြောင်းရွေ့လိုက်ပြီ” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းခံရသည့် သုံးဦးအနက် လူနာစောင့်နှစ်ဦးသည် သြဂုတ် ၂၁ ရက်နေ့ကတည်းက အင်းတော် ရဲစခန်းတွင်ချုပ်ထားပြီး လူနာအမျိူးသမီးကိုမှု ဆေးရုံတွင် ခြေလက်ကြိုးသုတ်၍ ဆေးကုသစေပြီး အနည်းငယ်သက်သာလာချိန်တွင် အင်းတော် ရဲစခန်းသို့ပြောင်းရွေ့လိုက်ရာ မိသားစုဝင်များနှင့်လည်း ဆက်သွယ်မရသေးကြောင်း သိရသည်။ အဆိုပါ သုံးဦးကို တရားစွဲဆိုထားသည့် ဥပဒေပုဒ်မ ၅၀ (ည) သည် ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ဥပဒေ ပုဒ်မဖြစ်သည်။ စွပ်စွဲခံရသူ ၃ ဦးသည် အင်းတော်မြို့နယ် PDF အဖွဲ့နှင့် ဆက်စပ်မှု မရှိကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦး ပြောသည်။ “သူတို့ကဘယ်ရွာကလည်းတော့သေချာမသိရသေးဘူး လယ်လုပ်တဲ့သူတွေလို့သိရတယ် မြို့ထဲကတော့မဟုတ်ဘူး။ … - [ထီးချိုင့် ၂ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းမှူးအပါ တပ်သား ၂၀ ကျော်ထိခိုက် သေဆုံး](https://burmese.kachinnews.com/2022/08/30/az2-10/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ကြား ၂ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။ သြဂုတ်လ ၂၈ ရက်နေ့ အင်းတော်မြို့နယ် ပိန္နဲကုန်းမှ ထီးချိုင့်ဘက်သို့ တပ်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် လေသာရွာတွင် ညအိပ်ပြီး ပြန်လည်ထွက်ခွာလာစဥ် KIA နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”လေသာရွာမှာ ညအိပ်ပြီး ၂၈ ရက်နေ့မှာ ထီးချိူင့်ဘက်ကို ပြန်ဆုတ်လာတဲ့ချိန် ပူးပေါင်းတပ်မတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာ။ တိုက်ပွဲက အနည်းဆုံး တစ်နာရီလောက်ကြာတယ်။ အဲ့မှာ သူတို့ဘက်က ၁၅ ယောက် အနည်းဆုံးသေတယ်။ ဒဏ်ရာရတာက ငါးယောက် ထမ်းဆင်နဲ့ ထမ်းသွားတာ” ဟုပြောသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၄၅ ဦးခန့်သာရှိပြီး တိုက်ပွဲတွင် စစ်ကြောင်းမှူးကိုယ်တိုင် ခြေထောက်ပြတ် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။ ထို့အပြင် နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် နောက်ထပ် အလောင်းသုံးလောင်း ထပ်တွေ့သောကြောင့် ယင်းတိုက်ပွဲတွင် သေဆုံးသူ စုစုပေါင်း ၁၈ ဦးထက်မနည်း ရှိခဲ့ကြောင်း Tigyaing Revolution – TR မှ သိရသည်။ ထို့နောက် လေသာရွာအနီး တိုက်ခိုက်ခံရသည့် ယင်းစစ်ကြောင်းသည် ကံပေါက်ကျေးရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်ခဲ့ရာ အမျိုးသမီးတစ်ဦး၏ ဗိုက်ဝမ်းတွင် ရှပ်ထိဒဏ်ရာ (မစိုးရိမ်)ရရှိခဲ့ပြီး အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။ ”အဲ့မှာအသက် ၄၀ ကျော်ရှိတဲ့အမျိုးသမီးသား တစ်ယောက်က သူတို့ရှေ့ရောက်လာတာ ဆိုင်ကယ်စီးပြီး တားတာမရပ်ပေး လို့ဆိုပြီးပစ်သတ်လိုက်တယ်။ သူလည်းကံပေါက်ရွာသား ဟိုအမျိုးသမီးလည်း ကံပေါက်ရွာသားပဲ”ဟု ထီးချိုင့် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဩဂုတ်လ ၂၈ ရက်နေ့ ည ပျဥ်စုရွာတွင် ညအိပ်နေသော အဆိုပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်း ပိတ်ဆို့ခဲ့ရာ မုံရွာ နမခ လေတပ် မှ Mi 35 တစ်စင်းနှင့် မြစ်ကြီးနားလေတပ်မှ … - [KIA တပ်မဟာ ၈ ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA နှင့် PDF သေဆုံးမှု များပြားဟူသော သတင်းအမှားတစ်ပုဒ် ထပ်ပြန့်နေ](https://burmese.kachinnews.com/2022/08/30/sn1/): မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA ၏ လက်နက်တိုက်များ ပေါက်ကွဲဖျက်ဆီးခဲ့ပြီး KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ထပ်မံ ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါအကြောင်းအရာကို Manaw Myay ဖေ့စ်ဘုတ် စာမျက်နှာတွင် ဩဂုတ်လ ၂၆ ရက်နေ့က ရေးသားဖော်ပြထားပြီး လက်ရှိအချိန်တွင် ပြန်လည် မျှဝေသူ ၂၁၁ ခု ရှိနေပြီ ဖြစ်သည်။ ဖော်ပြထားသော အကြောင်းအရာတွင် “ဗုံးကြဲတိုက်ခိုက်မှုအတွင်း KIA ဘက်မှ လက်နက်ခဲယမ်းတိုက် တလုံး၊ လူနေတဲအချို့နှင့် ခန်းမဆောင်တဲကြီး နှစ်လုံးမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး KIA နှင့် PDF သင်တန်းသား ၂၇ ဦး သေဆုံး၍ ၅၀ ဦးခန့်မှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တယ်” ဟု ပါရှိသည်။ အလားတူ ယခုအကြောင်းအရာကိုပင် စစ်တပ်ထောက်ခံသော ဖေ့စစ်ဘုတ် အကောင့်များစွာနှင့် “Kyaw Swar” “Ko Khant” “ဒလန်မောင်ဘုန်း” အစရှိသည့် Telegram အကောင့်များတွင်လည်း အကျယ်တဝင့် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။ သို့သော်  Manaw Myay ဖေ့စ်ဘုတ်တွင် ဖော်ပြထားသော အကြောင်းအရာများမှာ သတင်းအမှား တစ်ခုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ အကြောင်းအရာနှင့်ပတ်သက်ပြီး ရှေ့တန်း KIA တာဝန်ရှိသူကို Kachin News Group သတင်းဌာနမှ ဩဂုတ်လ ၂၄ ရက်နေ့ ဆက်သွယ် မေးမြန်းရာ “မနေ့ည လာပစ်တာက ၂ နေရာမှာ ဟုတ်တယ်။ တစ်နေရာမှာ ၂စီးစီနဲ့ လာပစ်တယ်။ မိုးတားဘက် လာပစ်တယ်။ နောက် တပ်မဟာ ၈ လာပစ်သွားတယ်။ သူတို့လာပစ်တဲ့ အချိန်ကလည်း သိပ်မကွာကြဘူး။ အဓိကတော့ KIA နှင့် PDF ရှိတယ်လို့ထင်တဲ့ နေရာတွေမှာ လိုက်ပစ်ပုံရတယ်။ … - [ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ](https://burmese.kachinnews.com/2022/08/30/ld1-2/): ပူတာအိုမြို့ အနီးတဝိုက် ကျေးရွာများရှိ ကလေးငယ်များတွင် ယားနာကဲ့သို့ ခန္ဓာကိုယ်တွင် အဖုများပေါက်သည့် ရောဂါတစ်မျိုး ကူးစက် ပျံနှံနေသည်ဟု သိရသည်။ ပူတာအို မလိခမြစ်တစ်လျှောက် ကျေးရွာအားလုံး နှင့် မြို့တွင်း ကောင်ကထောင် ရပ်ကွက်တွင် ပြီးခဲ့သည့် တပတ်ခန့်မှ စတင်ကာ   ယခုလို ယားနာပေါက် အနာများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ပြောသည်။ “ယားနာ၊ ဝဲ လိုမျိုးဖြစ်တာ ပူတာအို ရွာဘက် ကလေးတွေ အများကြီးပဲ။ တချို့ကလေးတွေက တော်တော်ပြင်းထန်တာနေမှာ ငိုတာလည်းရှိတယ်။ ဒီတိုင်းပဲနေနေကြတာများတယ်။ ယားတာပျောက်ရုံ ငြိမ်စေတဲ့ဆေးတွေပဲ သူတို့သိသလို လိမ်းပြီးနေ နေကြတယ်” ဟု ပြောသည်။ အသက် ၅ နှစ်အောက် ကလေးအများစုတွင် ထိုသို့ ဖြစ်ပွားနေသကဲ့သို့ လူကြီးတချို့တွင် လည်း ဖြစ်ပွားနေသည်ဟု ထပ်မံသိရသည်။ ကလေးငယ်များ၏ နားရွက်၊ ခြေထောက်၊ ဒူး၊ လက်မောင်း အစရှိသည့် နေရာများမှာ အနာ အဖုများဖြစ်နေကြပြီး လက်ရှိအခြေအနေအရ နေအိမ်တစ်အိမ်မှာ ကလေး ၃ ယောက်ရှိပါက ကလေး  ၂ ယောက်မှာ ထိုသို့ ဖြစ်ပွားကြောင်း သိရသည်။ သို့သော်လည်း ပူတာအိုတွင် အဆိုပါ ရောဂါကို ကုသရန်အတွက် ဆေးဝါးမရှိသကဲ့သို့ ဆေးရုံ၊ ဆေးခန်းလည်း မရှိကြောင်း ယခုလို ပြောသည်။ “အကုန်လုံးဆေးခန်းသွားဖို့လည်း မရှိဘူး ဒီအချိန်က အကုန်လုံး မြို့ဆေးရုံတွေမှာလည်း ဆရာတွေက CDM လုပ်တာများတယ်။ နည်းနည်းပါးပါးပဲရှိတော့ ဒီလိုကလေးအကုန်လုံးကို ကုပေးဖို့မလွယ်ဘူး။ ရွာက ခုလိုဖြစ်တဲ့ ကလေးတွေအားလုံး ဆေးခန်းမသွားကြဘူး။ ဒီလိုပဲနေကြတယ်” ဟု ပြောသည်။ ပြီးခဲ့သည့်လများတွင် ပူတာအိုဒေသတစ်ခွင် မွေးမြူထားသော ကျွဲ၊ နွားများတွင် အရေပြားရောဂါ ပျံနှံခဲ့ပြီးနောက် ယခုတစ်ဖန် ကလေးများ၏ အရေပြားပေါ် အနာအဖုများပေါက်သည့် … - [မြစ်ကြီးနား ၄၂မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား](https://burmese.kachinnews.com/2022/08/30/az1-14/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန်(N Jip Yang)ကျေးရွာအုပ်စု ၄၂မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်အပါ အမျိုးသား ၃ဦး အချင်းချင်း ပျော်ပါးသောက်စားရာမှ စကားများရန်ဖြစ်ကြပြီး ၂လောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ၄၂ မိုင် အောင်မြေသစ်ရွာဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်နေထိုင်သည့် အသက် ၅၁နှစ်အရွယ်ရှိ ဦးစိုးခေါ်သူထံ အလည်လာတဲ့ ဦးမင်းမင်းစိုး အသက် ၄၂နှစ် နှင့် ဦးမျိုးအောင်တို့ ဩဂုတ်လ ၂၈ရက်နေ့ ည ၈နာရီဝန်းကျင်မှ အရက်အတူထိုင်သောက်နေရင်း ၁၁ နာရီခန့်တွင် စကားများရန်ဖြစ်ကြရာမှ ဓားထိုးသတ်မှုဖြစ်ပွာခဲ့သည်ဟု အင်ဂျစ်ယာန်ဒေသခံ တစ်ဦး KNG ပြောသည်။ “ကျောင်းက ဘုန်းကြီးက ဒီရက်ပိုင်း ခရီးသွားနေတယ်။ အဲ့မှာ ဦးစိုးကိုကျောင်းခဏ စောင့်ထားခိုင်းတယ်။ ဦးစိုးက သောက်စားတော့ ၂ယောက်က လာလည်ပြီး သောက်စားမူးယစ်ကြတယ်။ အဲ့မှာ စနောက်ရင်းနဲ့ ရန်ဖြစ်ကြတယ်လို့သိရတယ်။ မနက်မှ ဦးစိုးနဲ့ ဦးမင်းမင်းစိုးရဲ့ အလောင်းမှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတောတွေ့ရတယ်”ဟုပြောသည်။ ကျောင်းစောင့် ဦးစိုးနှင့် မင်းမင်းစိုးခေါ် သူ ၂ဦးသည် ဘုန်းကြီးကျောင်းအတွင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေကြပြီး ၃ဦးအနက် ဦးမျိုးအောင် ခေါ်သူမှာ လက်ရှိအချိန်အထိ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။ သေဆုံးသူ ဦးစိုးသည် ပဲခူးမြို့တွင် နေထိုင်သူဖြစ်ပြီး ဦးမင်းမင်းစိုးသည် စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ်ထံမှသိရသည်။ လက်ရှိ ဦးစိုးနှင့် ဦးမင်းမင်းစိုး သတ်ခံရမှုနှင့်ပတ်သက်ပြီး လွတ်မြောက်နေသည့် ဦးမျိုးအောင်အား ဖမ်းဆီးရန် မြစ်ကြီးနား ပလန နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ - [စစ်ကိုင်းနယ်ရှိ ကျေးရွာ ၂ခု မီးရှို့ဖျက်ဆီးခံရပြီး လူငယ်တစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/08/30/sm1-8/): စစ်ကိုင်းတိုင်းဒေသရှိ တောင်မြို့နှင့်တောင်ကြား ကျေးရွာ ၂ခုကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များက လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် လူငယ်တစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၂၉ရက်နေ့ နံနက်ပိုင်း ၆နာရီဝန်းကျင်ခန့်တွင် ကြွယ်ပုံကျေးရွာဘက်မှ စစ်အင်အား ၇၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့တို့ တောင်မြို့ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကို ပြောသည်။ “ကြွယ်ပုံက ပျူတွေနဲ့စကစတွေက သေနတ်ဖောက်ပြီးဝင်လာတယ် နယ်မြေခံပျူ ၃ယောက်လောက်လည်းပါတယ်။ အိမ်ကောင်းတွေ‌ရွေးပြီးရှို့သွားတာ။ ပြီးရင်လူငယ်တစ်ယောက်ကိုလည်း ပစ်သတ်သွားတယ်။ သတ်ခံရတဲ့ လူငယ်က ရွာမှာကျန်နေတဲ့ သူတွေကို သွားကယ်ရင်းနဲ့ သတ်ခံလိုက်ရတယ်”ဟုပြောသည်။ ပစ်သတ်ခံရသည့် လူငယ်တစ်ဦးသည် အသက် ၂၀ ဝန်းကျင်ရှိသူဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တို့ ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်လာသဖြင့် ပြည်သူတစ်ချို့ကို ကယ်ထုတ်ရန် ပြန်လှည့်ခဲ့ရာမှ ပစ်သတ်ခံလိုက်ရကြောင်းသိရသည်။ အဆိုပါ တောင်မြို့ကျေးရွာကို မီးရှို့ဖျက်ဆီးခံရမှုတွင် လူနေအိမ်များ ၅၀ ဝန်းကျင် မီးလောင်ပျက်စီးသွားပြီး ညနေပိုင်း ၃နာရီဝန်းကျင်တွင် တောင်ကြားကျေးရွာကို ထက်မံမီးရှို့ဖျက်ဆီးခဲ့ကြပြီး တောင်ကြားကျေးရွာ၏ လူနေအိမ်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။ လက်ရှိ မီးရှို့ဖျက်ဆီးခံရသည့် တောင်မြို့နှင့် တောင်ကြား ကျေးရွာ ၂ခုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲနေထိုင်လျက်ရှိနေသောကြောင့် ကျေးရွာနေပြည်သူများ နီးစပ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဆက်သိရသည်။ - [မှော်ပုံရွာကို အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေ](https://burmese.kachinnews.com/2022/08/29/az2-9/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့  စစ်အင်အား အလုံးအရင်းဖြင့် အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ကျေးရွာနေ ပြည်သူများ တစ်ချို့ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ် ၃ဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွားအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ရွာထဲမှာ ရွေ့တဲ့လူက ရွေ့နေကြတယ်။ ဘာလို့လဲဆိုတော့ ဟိုနေ့က ကိစ္စပေါ့။ ရွာမှာ  PDF တွေ လှုပ်ရှားနေတယ်ထင်ပြီး မှော်ပုံရွာကိုဝင်မွှေမယ့် သဘောရှိတယ်။ ကြိုသိနေတဲ့ ဒေသခံတစ်ချို့က ကြောက်လို့ ကြိုရှောင်ပြေးနေကြတယ်”ဟုပြောဆိုသည်။ မှော်ပုံကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိတွင် အိမ်ခြေ ၃၀ ကျော်ထက်မနည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သော သြဂုတ်လ ၈ရက်နေ့စပြီး ဆယ်ဇင်းကျေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပြီး စစ်ရှောင် ထောင်ချီက ဖားကန့်၊ တာမခံ၊ ဟောင်ပါး၊ မော်ဆီစာ၊ နတ်ရေတောင်၊ မမုံနှင့် နမ္မတို့တွင် ထွက်ပြေးတိမ်းရှောင်နေကြပါသည်။ - [စစ်ကိုင်းနယ်ရှိ မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများ ၃သောင်းကျော်အတွက် အရေးအပေါ် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/08/29/sm1-7/): စစ်ကိုင်းတိုင်းဒေသရှိ ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှ စသော မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ၊ မိုးကာ နှင့် ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၃ရက်နေ့မှစပြီး အဆိုပါ မြို့နယ်များတွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ကျေးရွာတစ်ချို့ဝင်ရောက်စီးနင်းကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် ဒေသခံ ၃သောင်းဝန်းကျင် စစ်ဘေးဒဏ်ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီပေးနေသည့် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “အခုက စစ်ရှောင်တွေကို ဘေးကင်းတဲ့နေရာတွေမှာ တဲတွေထိုးပြီး ထားတယ်။ ရဟတ်ယာဥ်နဲ့ ပစ်တဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ သူတို့အတွက်လည်း အရေးပေါ် ဆေးဝါးတွေလိုအပ်တယ်။ ပြီးရင် စားနပ်ရိက္ခာလည်း လိုအပ်တယ်။ သူတို့က လူလွတ်အောင်ပဲ ပြေးခဲ့ရတဲ့သူတွေကလည်း များတယ်။ သူတို့အတွက် အဝတ်အထည်တွေလည်း လိုအပ်တယ်” ဟု စစ်ရှောင်ကူညီနေသည့် ဒေါင်းစည်သည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ ဒေါင်းစည်သည်အဖွဲ့မှ စစ်ရှောင်ပြည်သူများ ၁ သောင်ကျောင်းအတွက် ကူညီထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်လူဦးရေ ထပ်မံတိုးလာသဖြင့် တတ်နိုင်သည့်အဖွဲ့အစည်းများ ပါဝင်လှူဒါန်းကူညီပေးရန် လိုအပ်ကြောင်း ဆက်ဆိုထားသည်။ အဆိုပါ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့လိုပါက ဒေါင်းစစ်သည်အဖွဲ့ ၏ ဖုန်းနံပါတ် 09-400521211၊ 09-441231007 ကို ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်း ဒေါင်းစစ်သည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ - [အင်းတော် ပျူစောထီး သင်တန်းမှူးကို အင်းတော် PDF ရှင်းလင်း](https://burmese.kachinnews.com/2022/08/29/az1-13/): စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်က ပျူစောထီးသင်တန်းပေးနေသည့် သင်တန်းမှူးကို အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (နယ်မြေ ရှင်းလင်းရေးအဖွဲ့ ) က ယမန်နေ့တွင် သုတ်သင် ရှင်းလိုက်ကြောင်း သိရသည်။ အင်းတော်မြို့နယ်၊ မဲဇာ ပျူစောထီးသင်တန်းမှူး ဦးမောင်နိုင်သည် သြဂုတ် ၂၇ ရက်နေ့တွင် ဗန်းမောက်မြို့မှ အင်းတော်မြို့သို့ ဆင်းလာစဥ် အင်းတော် PDF (နယ်မြေရှင်းလင်းရေး)အဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူ တစ်ဦးက KNG ကိုပြောသည်။ ”သူက ပျူစောထီးသင်တန်းမှူးပါ သူ့ရဲ့ သင်တန်းဆင်းလက်အောက်ခံတွေလည်း ဓားပြမှုတွေထဲမှာ ပါဝင်ပက်သက်နေတယ် အဲ့ဒါကြောင့်မို့လို့ရှင်းလင်းရေးတပ် ဖွဲ့ရ ရှင်းလင်းလိုက်တာ ၂၇ ရက်နေ့မနက်ပိုင်းလောက်မှာဖမ်းမိပြီးအဲ့နေ့ညပိုင်းလောက်မှာ ရှင်းလင်းလိုက်တာ ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှင်းလင်းခံလိုက်ရသည့် ဦးမောင်နိုင်သည် ဝန်းသို (၁၁၁)တပ်မှ အငြိမ်းစား စစ်မှု ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ဆေးမေး မြန်းချက်အရ အင်းတော်နယ်တစ် လျှောက် ဗျူစောထီး သင်တန်းများပေးခဲ့ဖူးကြောင်း သိရသည်။ ဦးမောင်နိုင် သင်တန်းပေးခဲ့သည့် ပျူစောထီး သင်တန်းဆင်းတပ်ဖွဲ့များသည် လွန်ခဲ့သည့် မေလ၊ ဇွန်လအတွင်းတွင် မန္တလေး–မြစ်ကြီးနား လမ်းပိုင်း ခရီးသည်များနှင့် ကားသမားများထံ၌ ဓားပြတိုက်မှုများလည်း ကျူးလွန်ခဲ့ကြောင်းသိရသည်။ အင်းတော် PDF အနေဖြင့် ပျူစောထီးများကို ဖမ်းဆီးကွပ်မျက်ခြင်းမှာ ယခုပထမ ကြိမ်ဖြစ်ပြီး နောက်ထပ် စစ်ကောင်စီ ထောက်တိုင် များကိုလည်း စုံစမ်း စစ်ဆေးကာ အရေးယူသွားမည်ဟု ပြောဆိုသည်။ - [ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း](https://burmese.kachinnews.com/2022/08/27/bs1/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။ “ဟုတ်တယ် မနေ့ ညနေပိုင်း ဒီမနက်ပိုင်းမှ အလောတကြီးနဲ့ ကျောင်းသားတွေတောင် အိမ်ပြန်လာလို့ မရဘူး။ ဝမ်တိန်မှာ ၃ ရက် စစ်ဆေးမယ်လို့ပြောတယ်” လို့ နယ်စပ် ကုန်သည် ၁ ဦးက ပြောသည်။ အဆိုပါပိုးတွေ့လူနာကို ဝမ်တိန်မြို့တွင်းရှိ ခေါက်ဆွဲ ဆိုင် ၁ ဆိုင်မှ တွေ့ရှိခြင်းဖြစ်ကြောင်း မြန်မာကုန်သည် တစ်ဦးက ပြောသည်။ လက်ရှိဝမ်တိန် မြို့ နှင့် ရွှေလီမြို့ကို ဆက်သွယ်ထားသည့် တံတားမှ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ထားကြောင်း မြန်မာကုန် ဂိတ် လုပ်ငန်းရှင် ၁ ဦးမှ သိရသည်။ ဝမ်တိန်မြို့ရှိ ပိုးတွေ့ ရပ်ကွက်၌ အဝင်အထွက်ကန့်သတ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပြဿနာမဖြစ်စေရန် ဝမ်တိန်လမ်း၊ အဝေးပြေးဂိတ်များ၊ ဝမ်တိန်မြို့မှ ဝင်ထွက်မည့် ကုန်တင်ကားများကို ခေတ္တခဏ ပိတ်ထားကြောင်း တရုတ်ဘက်မှ WeChat လူမှုကွန်ယက်မှ တဆင့် အသိပေးထားကြောင်း ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရသည်။ ယနေ့မှစ၍ ဝမ်တိန်မြို့တွင် နေထိုင်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက Mask တပ်ရန်၊ လက်ပုံမှန်ဆေးရန်၊ တားမြစ် ကန့်သတ်ချက်များကို ချိုးဖောက်ပါက ကိုဗစ် စည်းကမ်းအရ အရေးယူခံရမည်ဖြစ်ပြီး ကာရန်တင်း ဝင်ရမည့်အပြင် မိမိဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း အသိပေးစာမှာ ပါရှိသည်။ “ကျင်းစန်းကျော့ အပေါက်မပိတ်ဘူး။ ဝင်ထွက် … - [ဖမ်းဆီးခံထားရသည့် ဗိုလ်မှူး ၁ဦး၏ ဇနီးအား ပြန်လည်လွှတ်ပေး](https://burmese.kachinnews.com/2022/08/27/zm1-5/): ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန် ကြည့်မြင်တိုင်တွင် မြို့ပြလူငယ်သပိတ်အဖွဲ့အား  ကားနှင့်တိုက်သတ်ပြီးဖမ်းခဲ့သည့် ဗိုလ်မှူး ၁ ဦး၏ ဇနီးဖြစ်သူအား စစ်ကိုင်းတိုင်းတွင် အမည်မဖော်လိုသည့် PDF တပ်ဖွဲ့မှ ဖမ်းဆီးလိုက်နိုင်သော်လည်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဩဂုတ်လ ၂၆ ရက်နေ့  စစ်ကိုင်းတိုင်းအဝေးပြေးလမ်းမတွင် ခရီးသည်ကားဖြင့်လိုက်ပါစီးနှင်းလာသည့် ဗိုလ်မှူး၏ မိန်းမဆိုသူအား စစ်ကိုင်းတိုင်းရှိ အမည်မဖော်လိုသည့် PDF တပ်ဖွဲ့မှ ကြိုတင်သတင်းရရှိမူကြောင့် ဖမ်းဆီးလိုက်နိုင်သော်လည်း ယနေ့ နံနက် ပြန်လည်လွှတ်ပေးခဲ့ကြကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ “PDF တွေက သတင်းရပြီး စောင့်ဖမ်းလိုက်တာ ဒါပေမယ့် အစည်းဝေးထိုင်ပီး မိသားစုနဲ့ မသက်ဆိုင်တာမို့ လူသားချင်းစာနာလို့ပြန်လွှတ်ပေးလိုက်တာ ဟုတ်တယ်“ဟု ရှေ့တန်းသတင်းရင်းမြစ် တာဝန်ရှိသူကပြောသည်။ ရန်ကုန် ကြည့်မြင်တိုင် လူငယ်သပိတ်က်ို ကားဖြင့်တိုက်ကာ သပိတ်ဖြိုခွင်းခဲ့သည့် ဗိုလ်မှူးသည် ခြေလျင်တပ်ရင်း ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘိုဆိုသူဖြစ်ပြီး ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းအား စစ်တပ်သုံး Double  Cab ကားဖြင့်အရှိန်ပြင်းစွာတိုက်ဖမ်းခဲ့သူဖြစ်သည်။ ယင်းဖြစ်စဉ်တွင် လူငယ် ၅ ဦးဖမ်းဆီးခံရကာ ၂ဦး သေဆုံးခဲ့သည်။ - [လုံးခင်းတွင် PDF နှင့် ဆက်စပ်သူတစ်ဦးဖမ်းခံရပြီး အိမ်နှင့်ကား မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/08/27/az2-8/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် PDF နှင့် ဆက်စပ်သူ အမျိုးသားတစ်ဦးကို ယမန်ည ၉နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ကိုဇော်မင်းဦးခေါ်သူဖြစ်ပြီး သူ၏ ပိုင်ဆိုင်သည့် အိမ်နှင့်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဇော်မင်းဦးနှင့် နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ ”မနေ့က ညတွင်းကြီးမှာလာဖမ်းသွားတာ အိမ်သားတွေ ကိုတော့ အပြင်မှာခေါ်ထုတ်ထားတယ်။ ပြီးရင် မောက်လျက်အိပ်ခိုင်းပြီး ဘယ်သူ့ကိုမှခေါင်းမထောင် နဲ့ ခေါင်းထောင်ရင်ပစ်မယ်ဆိုပြီး အိမ်ကိုမီးရှို့သွားတယ်။ ဇော်မင်းဦးရဲ့ Kluger ကားတစ်စီးလည်းမီးရှို့သွားတယ်”ဟုပြောသည်။ ကိုဇော်မင်းဦးဖမ်းဆီးခံရမှုတွင် ၎င်း၏ ယာဉ်မောင်းဖြစ်သူ လူငယ်တစ်ဦးပါရှိကြောင်းသိရသည်။ “အဓိကဖမ်းတာက PDF နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာ။ စစ်သားတွေက အိမ်နောက်ဖေးဘက်ကနေလာပြီး ဝင်ဖမ်းသွားတာ။ သူ့ရဲ့ ယာဉ်မောင်းလည်းပါသွားတယ်”ဆက်ဆိုသည်။ လက်ရှိ ယာဉ်မောင်းအပါ ကိုဇော်မင်းဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထာသည်ကို မသိရှိရသေကြောင်း ဆက်လက်သိရသည်။ အလားတူ ယမန်နေ့တွင် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်နေ ကြံ့ခိုင်ရေးပါတီမှ ကိုကျော်ဦးကို အမည်မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။ - [ဖားကန့် မော်ဝှမ်းတွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/08/27/az1-12/): ဖားကန့်မြို့နယ် မှော်ဝှမ်းရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ ည ၅နာရီဝန်းကျင် မှော်ဝှမ်းရပ်ကွက် ကုလားချောင်းတွင် နေထိုင်သည့် ကိုကျော်ဦးခေါ်သူကို အမည်မသိအဖွဲ့အစည်းတစ်ခုက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ဖမ်းခံရတဲ့သူက ဒလန်ဆိုပြီး နာမည်ထွက်နေတာကြာပြီ။ ပြီးရင်သူက ကြံ့ခိုင်ရေးပါတီဝင်လည်းဟုတ်တယ်။ မနေ့ညက သူ့အိမ်မှာဘဲ ကားနဲ့လာဖမ်းသွားကြတာ”ဟုပြောသည်။ ဖမ်းဆီးခံရသည့်ကိုကျော်ဦးသည် အသက် ၄၀ ဝန်းကျင်ရှိကြောင်းသိရပြီး မှော်ဝှမ်းအုပ်ချုပ်ရေးမှူး အိမ်အနောက်ဖက်တွင် နေထိုင်သူဖြစ်သည်ဟု သိရသည်။ မှော်ဝမ်းကျေးရွာတွင် ပြီးခံသော ၂ပတ်ခန့်အကြာတွင်လည်း ဒလန်ဟု ဆိုရသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများပြောဆိုသည်။ ထို့နောက် ဩဂုတ်လ ၂၅ရက်နေ့တွင် ဟောင်ပါးနှင့် တာမခံကျေးရွာ ၂ခုကြားတွင်လည်း ဟောင်ပါးကျေးရွာနေ ဦးကျော်သန်း ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။ ဖားကန့်မြို့နယ်တွင် ယခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်ဟု ဆိုရသော သူများ ပစ်သတ်ခံရမှု ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း ဆန္ဒပြ ပြည်သူများ PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေပါသည်။ - [အဆိပ်သင့် ဘိုင်အိုဒိုင်ဗာစတီ](https://burmese.kachinnews.com/2022/08/26/feature2/): ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါဒေသရဲ့ တောင်တွေမှာ မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် သတ္ထုပျော်ရည် စုဆောင်းသည့် ကန်ပေါင်း ၂၇၀၀ ကျော်ကို ဂြိုလ်တုမှ ရှာဖွေ့တွေ့ရှိထားကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Global Witness ရဲ့ အဆိပ်သင့်တောင်တန်းများ ဆိုသည့်အစီရင်ခံစာ ထွက်ပေါ်လာသည်။ မြေရှားတူးဖော်မှုကို တရုတ်ကုမ္မဏီများနှင့် တရုတ်အစိုးရပါဝင်သည့် ကုမ္မဏီများမှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ ကာကွယ်မှုဖြင့် လုပ်ဆောင်နေကြသည်။ ထိုတောင်တန်းဒေသရှိ မြေရှားသတ္တုတူးဖော်သည့် ဧရိယာအကျယ်အဝန်းမှာ စင်ကာပူနိုင်ငံနှင့် အရွယ်အစားမျှလောက် ရှိနေသည်။ မြေရှားဒြပ်စင်ကို မြေကြီးထဲမှ ထုတ်ယူလိုက်သည် နှင့် Biodiversity ဇီဝမျိုးစုံမျိုးကွဲ နှင့် တည်ဆောက်ထားသည့် စနစ်တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ ထို Biodiversity ထဲတွင် ပါဝင်သည့် အမျိုးအစား သုံးမျိုးရှိသည်။ Speciesdiversity မျိုးစိတ်၊ Geneticdiversity မျိုးရိုးဗီဇ Ecosystemdiversity သဘာဝဂေဟစနစ် များထိခိုက်ဖျက်စီးမည်ဖြစ်သည်။ ၎င်းတို့သည်မြေရှားသတ္ထုအပေါ်မှီခိုနေကြသည့် သဘာဝတရားများဖြစ်သည်။ ယခုကာလသည် ထိုသဘာဝတရားများမှာ အဆိပ်သင့်နေကြပြီဖြစ်သည်။ ထိုစနစ်တခုလုံးလည်းပျက်စီးခံရဖို့အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။ “အဆိပ်သင့်တဲ့မြေကြီးဖြစ်နေပြီးဆိုရင် ဘာမှမရှင်သန်နိုင်တော့ဘူး။ ဂေဟစနစ်ပျက်စီးသွားပြီဆိုရင် လူနေလို့ မရတော့ဘူး။ ဒီကမ္ဘာမြေကြီးက မြေရှားသတ္ထုမရှိတော့ဘူးဆိုရင် လူသား၊ သက်ရှိသတ္တဝါတွေ နေထိုင်လို့မရတော့ဘူး။ မျက်စိနဲ့မြင်ရတဲ့အရာ မမြင်ရတဲ့အရာ အားလုံး နေထိုင်လို့မရတော့ဘူး။ သစ်ပင်တွေအသက်မရှည်နိုင်တော့ဘူး။ သစ်ပင်တွေအသက်တိုသွားမယ်။ မြေကြီးပျက်စီးမယ်။ ရေပျက်စီးမယ်။ ကမ္ဘာကြီးထဲကဓာတ်ကြီးလေးပါး အကုန်လုံးကို ထိခိုက်ပျက်စီးစေတယ်။ လေထုလည်းပျက်စီးမယ်။ ဂေဟစနစ် ပျက်စီးသွားပြီးဆိုတော့” ဟု ကချင် သဘာဝပတ်ဝန်းကျင် ပညာရှင် Rev.Lachyung Hawng Hkawng က ပြောသည်။ ပန်ဝါဒေသမှ ထွက်သည့်မြေရှားသတ္ထုအား ဖုန်း၊ ကွန်ပျူတာ၊ အီလက်ထရောနစ် များတွင်အသုံးပြုသည်။ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္ထုတင်ပို့မှုသည်အမေရိကန်ဒေါ်လာ၁.၅သန်းမျှသာရှိခဲ့သည်။  အာဏာသိမ်းပြီးနောက် တင်ပို့မှုပမာဏသည်အမေရိကန်ဒေါ်လာသန်း၇၀၀ကျော်မြင့်တက်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် ကချင်မှ မြေရှားသတ္ထုတင်ပို့မှုနှုန်း ပိုမိုမြင့်တက်လာသော်လည်း ဒေသခံပြည်သူများအတွက်မူ အဆိပ်သင့်သည့် ရေ၊ … - [ကျွန်းလှနယ်တွင် စစ်ကောင်စီမှ မြေပြင်နှင့် လေကြောင်းလိုင်း ၂ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၊ ပြည်သူများ ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/08/26/sm1-6/): စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ်မှ မြေပြင်နှင့် လေကြောင်းလိုင်း ၂ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ပြည်သူ ၂ဦး သေဆုံးပြီး အရပ်သားပြည်သူ ၂၀၀ ဝန်းကျင် ပိတ်မိနေကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၂၄ရက်နေ့မှစပြီး ကျွန်းလှမြို့နယ် ကုန်းစည်းကျေးရွာကို ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်မှ စစ်အင်အား ၁၀၀ ကျော်ပို့ခဲ့ပြီးနောက် ယမန်နေ့ ညနေ ၄နာရီဝန်းကျင်မှစကာ တည်ပင်ဆိပ်ကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းအမြစ် တစ်ဦး KNG ကိုပြောသည်။ “သူတို့က ၂၄ ရက်‌နေ့ဝင်တယ်။ ၂၅ရက်နေ့ ညနေပိုင်းမှာ တည်ပင်ဆိပ်ကိုစစ်ကြောင်းတစ်ကြောင်းချတယ်။ အခုအထိ ရွာနှစ်ရွာကိုဝင်နေတာ။ ရဟတ်ယာဥ်နဲ့တည်ပင်ဆိပ်ကိုဝင်ပစ်ပြီး စစ်ခွေးတွေကိုချတော့ တည်ပင်ဆိပ်ကလူ၃ ၂၀၀ ဝန်းကျင်ကတော့ ဘုန်းကြီးကျောင်း စာသင်ကျောင်းထဲမှာပိတ်မိနေတယ်ခုချိန်ထိပေါ့။ ပြီးတော့ရဟတ်ယာဥ်နဲ့ပစ်လို့ အပြစ်မဲ့ပြည်သူက၂ယောက်ဆုံးပြီး ၂ယောက်ဒဏ်ရာရတယ်လို့ သတင်းရထားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဥ် ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့် ပြည်သူ၂ ဦးမှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်သည်ဟုသိရသည်။ လက်တလော စစ်ကောင်စီတပ်ဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာကြောင့် ကုန်းစည်းနှင့် တည်ပင်ဆိပ်ကျေးရွာအနီးမှ ရွာပေါင်း ၆ ရွာထက်မနည်း ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူများထံမှသိရသည်။ - [ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဆိုရသည့် အမျိုးသားတစ်ဦး ထပ်မံ ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/08/26/az1-11/): ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုရသော အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ ဟောင်ပါးကျေးရွာနှင့် တာမခံကျေးရွာကြားရှိ ဥရုချောင်း ချောင်းကမ်းအနီးတွင် သတ်ခံလိုက်ရခြင်းဖြစ်ပြီ ရုပ်အလောင်းကို နေ့လယ်ပိုင်းမှသာဒေသခံများက တွေ့ရှိခဲ့ကြောင်း ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောသည်။ “စစ်ကောင်စီသတင်းပေးဒလန် သတ်ခံရတယ်လို့ ဒီလိုဘဲပြောကြတယ်။ သူ့ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက်တွေ့တယ် ”ဟု ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ သတ်ခံရသော အမျိုးသားသည် ဟောင်ပါးကျေးရွာမှ အသက် ၅၈ နှစ်အရွယ်ရှိ ဦးကျော်သန်းဆိုသူဖြစ်ပြီး ၎င်းအား မည်သည့်အဖွဲ့အစည်းမှ သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။ ရုပ်အလောင်းကို ကြက်ခြေနီအသင်းမှ ယမန်ည ၈ နာရီဝန်းကျင်ခန့်တွင် လာ‌ရောက်သယ်ယူပြီး ဖားကန့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။ ဖားကန့်ဒေသတွင် ယခုကဲ့သို့ စစ်ကောင်သတင်းပေး ဒလန်ဟုဆိုရသော သူများ ပစ်သတ်ခံရမှု မကြာခဏ ကြုံတွေ့နေရပြီး ယခုနှစ်အတွင်း ပစ်သတ်ခံရသူ ၂၀ ကျော်အထက်ရှိပြီဖြစ်သည်။ - [Wave pay နှင့် KBZ pay Level-1 အကောင့်များကို ပိတ်သိမ်းတော့မည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်နေ](https://burmese.kachinnews.com/2022/08/26/sm2/): ပြည်သူအများစု အသုံးပြုနေသော “Wave Pay Level 1 အကောင့်များ နှင့် KBZ Pay Level 1 အကောင့်များကို စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပီး ပိတ်သိမ်းတော့မည်” ဆိုသော သတင်းအမှားများသည် လတ်တလော Telegram အကောင့်များတွင် ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာများကို ဩဂုတ်လ ၂၄ ရက်နေ့တွင် “Ko Kant” Telegram အကောင့်တွင် စတင်ရေးသားပြီး “Snow Queen” “BaNyunt” စသည့် Telegram အကောင့်များတွင်လည်း ပြန်လည် မျှဝေထားသည်ကို တွေ့ရသည်။ Wave Money Call Center 09790009000 နှင့် KBZ Customer Service 3211 ကို KNG မှ ဆက်သွယ်မေးမြန်းကြည့်ရာ “မမှန်ကန်ပါဘူးရှင်၊ ဘာလို့လဲဆိုတော့ ညီမတို့အကောင့်တွေအနေနဲ့က Customerတွေ မသိပဲနဲ့လည်း ပိတ်ပိုင်ခွင့်မရှိဘူး၊ ပြီးလို့ရှိရင် Customer တွေ ပိတ်မယ်ဆိုမှပဲ ပိတ်ပေးလို့ရတယ်ပေါ့နော်၊ Customer အကောင့်တွေကို ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး၊ ကိုယ်သဘောကိုယ်သဘာဝပြီအရပဲလေ၊ ပြီးတော့ ဒီလိုမျိုး ညီမတို့ ဖေ့ဘုတ်မှာဆိုလည်း ဆိုရှယ်မီဒီယာမှာဆိုရင်လည်း KBZpay blue mark ပါတဲ့ page ကသာလျှင် တရားဝင်ပါ၊ တစ်ခုခု ဖြစ်ရင် အဲ pageမှာပဲ ကြေညာသွားမှာပါ။ လာမည့်စက်တင်ဘာလ တွင်လည်း ပိတ်သိမ်းဖို့ အစီအစဥ်မရှိပါဘူး” ဟု Kpay Customer Service က ပြန်လည်ဖြေကြားခဲ့သည်။ ထို့ကြောင့် Wave Pay level 1 နှင့် KBZ pay level 1 အကောင့်များကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် နောက်ဆုံးထား ပိတ်သိမ်းတော့မည်ဆိုသည့်အချက်မှာ မဟုတ်မမှန် … - [အာဏာရှင်စနစ်အောက် လူငယ်များ အနာဂတ် မျှော်လင့်ချက် မဲ့နေပြီ](https://burmese.kachinnews.com/2022/08/26/sm-feature1/): “အာဏာသိမ်းတယ်ဆိုတာ ဘာလဲမသိခဲ့ဘူး” လို့ ဆိုလာတဲ့သူက အသက် ၁၇ နှစ်အရွယ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မောင်ထွန်းလင်းပဲ ဖြစ်ပါတယ်။ သူက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်မှာ အသက် ၁၅ နှစ်သာရှိသေးပြီး ၁၀ တန်းတက်နေတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ပါ။ ကိုဗစ်ရောဂါသည် ၂၀၂၀ အစောပိုင်းကစလို့ ကမ္ဘာအနှံ့အပြားကို ပျံ့နှံ့ခဲ့ပြီး မြန်မာပြည်ကိုတော့ ၂၀၂၀ မတ်လမှ စတင်ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် မြန်မာပြည်မှာ တက္ကသိုလ်ကျောင်းတွေအပါအဝင် အခြေခံပညာရေးကျောင်းတွေပါ ရပ်နားခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာပြည်နဲ့ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ ပညာရေး စတဲ့ အခန်းကဏ္ဍကို ထိခိုက်နစ်နာ နေတဲ့အချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူလိုက်ပါတယ်။ အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်တစ်ဝှမ်းက ဝန်ထမ်းများ၊ကျောင်းသူ/ကျောင်းသားများနှင့်ပြည်သူအားလုံး ဟာ ကိုဗစ်ကြောင့်အသက်အန္တရယ်ထိခိုက်မှာကို မမူဘဲ ပြည်သူ့အာဏာပြန်ရရေးအတွက် လမ်းမပေါ်ထွက်ကာ  အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။ အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဖို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေဆက်တိုက်ရှိလာတာကြောင့် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို ဖြိုခွဲဖို့ ရေပန့်ကားများ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များအပြင် ကျည်ဆန်အစစ်တွေကိုပါ အသုံးပြုဖြိုခွင်းလာပါတယ်။ ISP Myanmar ပြုစုထားတဲ့ စာရင်းအရ ငြိမ်းချမ်းစွာဆန္ဒပြရင်းသေဆုံးသူနဲ့ ဆန္ဒပြရင်းဖမ်းဆီးခံရပြီးနောက် သေဆုံး ၁၈၀၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်ဖို့ မောင်ထွန်းလင်း နည်းတူ ဆယ်ကျော်သက် ကျောင်းသားလူငယ်အများအပြားဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလာကြပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ခြင်း၊ ကျောင်းမတက်ပဲ သပိတ်မှောက်ခြင်း၊ စစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခြင်း စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ စစ်တပ်ကိုဆန့်ကျင်လာကြပါတယ်။ မောင်ထွန်းလင်းတစ်ယောက်လည်း စစ်တပ်ကိုဆန့်ကျင်တဲ့နေရာမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတာကို အခုလို ပြောပါတယ်။ “အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ဘာသာကို ပြန်မေးကြည့်တယ် … - [“မင်းအောင်လှိုင် မိသားစုလုံးကို UN တပ်တွေဖမ်းလိုက်ပြီ” ဆိုသည့် ပရိတ်အကြိုက်တွေ့စေမည့် သတင်းအမှားဖြင့် Youtube တွင် ဝင်ငွေရှာနေ](https://burmese.kachinnews.com/2022/08/26/sm1-5/): “မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” ဆိုပြီး ပရိသတ်အကြိုက် သတင်းခေါင်းစဥ်ဖြင့် ကြည့်ရှုသူများပြားအောင် လုပ်ဆောင်နေသည့် Youtube ဗီဒီယိုများလည်း ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားများကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ နှစ်ထောင်နီးပါးရှိခဲ့သည်။ ယခု သတင်းအမှားကို ဖြန့်ဝေနေသော “DVB Myanmar Media” ဆိုသော ချန်နယ်မှာ ယခင်က “Ayaytawbon” ဆိုသည့် နာမည်ကို နာမည်ပြောင်းလဲထားခြင်း ဖြစ်သည်။ အဆိုပါ ချန်နယ်တွင် ဖော်ပြထားသော အကြောင်းအရာအားလုံးမှာ သတင်းအမှားများသာ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ DVB ဆိုသည်မှာ Democratic Voice of Burma သတင်းဌာနဖြစ်ပြီး ယခုချန်နယ်သည် သတင်းဌာန နာမည်ကို ယူကာ ပရိသတ်ယုံကြည်မှု ရအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သတင်းခေါင်းစဥ်အမှား ဗီဒီယိုများ ပြုလုပ်ပြီး ပရိတ်သတ် စိတ်ဝင်စားအောင်ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ ၄င်းတို့၏ ဗီဒီယိုများကို ဝင်ရောက်ကြည့်ရှုသူများအောင်ပြုလုပ်ပြီး Youtubeမှ ပိုက်ဆံရှာဖွေနေခြင်းဖြစ်သည်။ https://www.youtube.com/watch?v=Z8fl3U6e1nU&t=12s သတင်းဆိုသည်မှာ နေ့စဥ်စာဖတ် ပရိသတ်ကို သတင်းအမှန် ဖော်ပြရန်၊ အသိပညာပေးရန် ၊ လူထုအသံကို ဖော်ထုတ်ပေးရန် စသည့် တာဝန်များလုပ်ဆောင်ရန်ဖြစ်သောကြောင့် စာဖတ်ပရိတ်သတ်ကို အဆိပ်အတောက် ဖြစ်စေမည့် သတင်းအမှားဖြင့် ငွေကြေး ရှာဖွေသည့် ချန်နယ်များကိုမူ သတိထား ရှောင်ကြဉ် သင့်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လူမှုစာမျက်နှာများပေါ်တွင် စိတ်ဝင်စားဖွယ်ရာ မည်သည့်အချက်များကို တွေ့စေကာမူ သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနကြီးများ၏ ဖော်ပြချက်များဖြင့် စစ်ဆေးကာ ယုံကြည် သင့်ပါသည်။ - [ဆယ်ဇင်းတွင် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်](https://burmese.kachinnews.com/2022/08/25/yl2-4/): ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် တပ်စွဲထားနေထိုင်သော စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ဥရုချောင်းထဲ ပစ်ချလိုက်သည်ဟု ထွက်ပြေး လွတ်မြောက်လာသူများထံ မှ သိရသည်။ “ဆယ်ဇင်းမှာ ကျန်ရှိနေတဲ့ ပြည်သူ ၆ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီး ဥရုချောင်းထဲပစ်ထည့်လိုက်တယ်။ အဲ့ဒီ ပစ်သတ်လိုက်တဲ့ ၆ယောက်ကို သူတို့က ဆယ်ဇင်းမှာ ပြည်သူတွေပစ်ထားခဲ့တဲ့ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကို သုံးဘီးနဲ့ သယ်ထုတ်ခိုင်းတယ်။ သူတို့ခိုင်းပြီးလို့ သတ်ပစ်လိုက်တာ ဟုတ်တယ်” ဟု ဖားကန့်သို့ရောက်လာသော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်သတ်ခံရသော အရပ်သား ပြည်သူ ၆ ဦးသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်ရှောင်၍ မရဘဲ ပုန်းကျင်းများတူးကာ ပုန်းခိုနေရာမှ ဩဂုတ်လ ၂၂ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ၂ ရက်ခန့်အကြာ ၎င်းတို့ ခိုင်းစေပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။ “သူတို့ ၆ယောက်ကို ၄ ရက်လောက်အကြာ သေနတ်ထောက်ပြီး ရွာထဲက သူတို့ လိုချင်တဲ့ ပစ္စည်းတွေကို သယ်ခိုင်းတယ်။ နောက်ပြီး ကြက်ခြံက မွေးမြူရေးကြက်တွေ အကောင် ၆၅၀ ကောင်လောက်နဲ့ ဝက် ၄ကောင်ကိုလည်း သယ်ခိုင်းတယ်။ သူတို့ခိုင်းချင်ရာခိုင်းပြီးမှဘဲ ရင်ဘတ်မှာ သေနတ်ထောက်ပြီး ပစ်သတ်လိုက်ကြတယ်” ဟု ပြောသည်။ ပစ်သတ်ခံရသူ ၆ ဦးအနက် အိုက်ခဲနှင့် ကျော်ဇောတို့ ၂ဦး၏ အမည်ကို သိရှိရပြီး ကျန် … - [အင်းတော်တွင် ငှက်ဖျားပိုးလာကုသည့် လူနာ နှင့် လူနာစောင့်ကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ဖမ်းဆီး](https://burmese.kachinnews.com/2022/08/25/az1-10/): အင်းတော် ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် လူနာ နှင့် အစောင့်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အင်တော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် အမျိုးသားတစ်ဦးနှင့် လူနာစောင့်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ၃ ဦးတို့ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း အင်းတော်မြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၂၁ ရက်နေ့မှာ လူနာတစ်ယောက် ငှက်ဖျားပိုးဦးနောက်မှာ ဝင်လို့ရောက်လာတယ်။ လူနာတစ်ယောက် အဲ့ဒါကို ရဲတွေက PDF ပါ PDF မို့လို့ ငှက်ဖျားဖြစ်တာဆိုပြီးတော့ ရဲတွေက တစ်ခါတည်းဖမ်းသွားတယ်။ လူနာကိုတော့ ဆေးရုံမှာပဲခြေလက်ကို ချုပ်ထားတယ်။ လူနာစောင့် နှစ်ယောက်ကိုတော့ ဖမ်းသွားလိုက်တယ်။ လူနာကတော့ သတိပြန်ဝင်လာပြီတဲ့ ပထမကတော့သတိလစ်နေတာ ဖမ်းသွားတဲ့ နှစ်ယောက်လည်း ဒီနေ့ထိပြန်မလွတ်ပေးသေး ဘူး”ဟုပြောဆိုသည်။ လူနာဖြစ်သူမှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်ပြီး လူနာစောင့် ၂ဦးကို အင်းတော်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ အဆိုပါ စွပ်စွဲခံရသေညာ ၃ဦးသည် အင်းတော်မြို့နယ် PDF အဖွဲ့နှင့် ဆက်စပ်မှုမရှိကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦး ပြောသည်။ “သူတို့ကဘယ်ရွာကလည်းတော့သေချာမသိရသေးဘူး လယ်လုပ်တဲ့သူတွေလို့သိရတယ် မြို့ထဲကတော့မဟုတ်ဘူး။ ရွာထဲက PDF တော့မဟုတ်ဘူး” ဟုပြောသည်။ လက်ရှိ PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရမှုသည် ဆေရုံသို့ ဆေးလာရောက်ကုသသည့် ပြည်သူများ၏ ကိုယ်ရေးမှတ်တမ်းကို စစ်ကောင်စီသို့ သတင်းပေးမှုကြောင့် ဖြစ်သည်ဟုသိရသည်။ စစ်ကောင်စီအဖွဲ့မှ ဆေရုံသို့ ဆေးလာရောက်ကုသသူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှုများ ယခင်ကလည်း ရှိခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ပြည်သူတွေကို အခုလိုမျိုးစွပ်စွဲပြီး ဖမ်းတော့အခက်အခဲကတော့ရှိတယ်။ သူတို့အဲ့လိုမျိုးအချက်အလက်တွေ ပေးပို့တော့စွပ်စွဲခံရတဲ့လူလည်းနစ်နာတယ် ဆေးရုံ ဆေးခန်းတွေလည်း မပြရဲကြတော့တဲ့အထိပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။ အင်းတော် PDF အနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီနှင့်ပူးပေါင်းသည့် လျှပ်စစ်ရုံး နှင့် အခြားဌာနဆိုင်ရာရုံးများတွင် သတိပေးဗုံးဖောက်ခွဲမှုများရှိခဲ့ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးကိုလည်း … - [ကချင် စစ်ကိုင်း အစပ် KIA စခန်း ၂ နေရာကို စစ်ကောင်စီ မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်](https://burmese.kachinnews.com/2022/08/25/yl1-5/): ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ် ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် ဂျက်လေယာဉ် ၂စီး စီဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်ခံရသော နေရာများမှာ ကသာ မိုးတားအနီး တဝိုက်နှင့် မိုးညှင်းခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေတွင်ဖြစ် Yak 130 အမျိုးအစား ဂျက်တိုက်လေယာဉ် ၂စီးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ဟု KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက KNG ကို ပြောသည်။ “မနေ့ည လာပစ်တာက ၂ နေရာမှာ ဟုတ်တယ်။ တစ်နေရာမှာ ၂စီးစီနဲ့ လာပစ်တယ်။ မိုးတားဘက်လာပစ်တယ်။ နောက် တပ်မဟာ ၈ လာပစ်သွားတယ်။ သူတို့လာပစ်တဲ့ အချိန်ကလည်း သိပ်မကွာကြဘူး။ အဓိကတော့ KIA နှင့် PDF ရှိတယ်လို့ ထင်တဲ့ နေရာတွေမှာ လိုက်ပစ်ပုံရတယ်။ ထိခိုက်မှုက မရှိဘူးလို့ပြောတယ်” ဟု ပြောဆိုသည်။ အဆိုပါ ဂျက်လေယာဉ် ၄ စီးသည် ည ၁၀ နာရီခန့် မန္တလေးတိုင်း တံတားဦးမှ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့နောက် ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနား-မန္တလေး လမ်းပေါ် နဘားအထွက်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နံနက် ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ နဘားတွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပါ။ ယခုရက်ပိုင်း စစ်ကိုင်းဒေသ ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းမှုများရှိနေပြီး ဩဂုတ်လ ၂၂ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို KIA နှင့် PDF အဖွဲ့တို့ သွားရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်။ - [ဟိုပင်မြို့ NLD ပါတီဝင်တစ်ဦးကို KIA က ပစ်သတ်လိုက်သည် ဆိုသော သတင်းအမှားဖြန့်နေ](https://burmese.kachinnews.com/2022/08/24/f-8/): ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် KIAအဖွဲ့က လာပစ်သတ်သွားသည်ဆိုပြီး သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “True Media” Telegram အကောင့်တွင် ဩဂုတ်လ ၂၁ ရက်နေ့က ယခုလို ရေးသားခဲ့သည်။ “ကချင်ပြည်နယ်၊ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ယနေ့ KIAအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။ ကိုအမောင်က NLDအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး မျက်နှာဖုံးများနဲ့ KIA တစ်စု အိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်သွားတယ်။ ဒီနေ့မှသေနတ် ၃ ချက်ပစ် ပီး သတ်သွားကြတာ၊ ရွာကားလမ်းပိုင်းမှာနေပီး ကုန်စုံဆိုင်ရောင်းပါတယ်။ နေ့လယ်ကြီးမိန်းမက ဟိုပင်မြို့ကို ဈေးတက်ဝယ်ချိန်လာသတ်သွားတာပါဟု ဒေသခံတစ်ဦးက ပြောသည် ” ဟု  ရေးသားခဲ့သည်။ ဆိုပါ ဖော်ပြချက်အတိုင်း “စစ် ဘီး လူး” ဆိုသော ဖေ့ဘုတ်အကောင့်တွင်လည်း ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဖော်ပြလာထားသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ ဖော်ပြချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။ NLD ပါတီဝင်ဖြစ်သူ ဦးမောင်မောင်ဆိုသူကို ပစ်သတ်သူများမှာ မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည့်သူ့စစ် ၂၀ ခန့်နှင့် ပင်းဘောကျေးရွာရှိ ပြည်သူ့စစ် ၅၀ ခန့် စုစုပေါင်းအင်အား ၇၀ ခန့် ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော The 74 Media တွင် ဖော်ပြထားသည်။ … - [ပူတာအိုတွင်စက်သုံးဆီပြတ်၍ ဖုန်းတာဝါတိုင်များ အပြည့်အဝမလည်ပတ်နိုင်သည့်အတွက် ဖုန်းလိုင်းများခက်ခဲလာ](https://burmese.kachinnews.com/2022/08/24/az2-7/): ပူတာအိုမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်လာပြီးနောက် ဖုန်းတာဝါတိုင်များ မလည်ပတ်တော့ပဲ ဖုန်းလိုင်းများ သုံးစွဲရန် အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံများ ပြောသည်။ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ပူတာအိုတွင် စက်သုံးဆီကားများ အဝင်ရပ်တန့်ခဲ့ပြီး ဖုန်းတာဝါတိုင် တချို့တဝက်တွင်သာ ဆီဖြည့်နိုင်သည့်သဖြင့် ယခုချိန် ဖုန်းလိုင်းများ ကျဆင်းသွားကြောင်း ဖုန်းအသုံးပြုသူဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ”အရင်ဆီ အလုံအလောက်ရှိတုန်းကတော့ တာဝါတိုင်လေးခုရှိရင်လေးခု စလုံးမှာ ဆီဖြည့်ပြီးလည်ပတ်နိုင်တယ်။ အခုက ဆီမလောက်တော့လို့ ဆိုပြီး တာဝါတိုင်သုံးတိုင်ရှိတဲ့နေရာမှာ နှစ်တိုင်လောက်ပဲဆီဖြည့်ပြီး လည်ပတ်နေတာ။ အလယ်က တစ်တိုင်က မလည်ပတ်နိုင်ဘူး။ ဆီမရှိတော့ အဲ့ကြောင့်ဖုန်းလိုင်းတွေက အရင်လိုတော့ မကောင်းနိုင်ဘူးဗျ” ဟု Ooredoo ဖုန်းတာဝါတိုင်များကို ဆီဖြည့်နေသည့် ကုမ္ပဏီဝန်ထမ်းနှင့် ရင်းနှီးသူတစ်ဦးက KNG ကို ပြောသည်။ လက်ရှိပူတာအိုတွင် ဖုန်းတာဝါတိုင်များ အပြည့်အဝ မလည်ပတ်နိုင်သောကြောင့် ဖုန်းလိုင်းကျဆင်းမှုဒဏ်ကိုဒေသခံ သာမန် ဖုန်းအသုံးပြုသူများ၊ လုပ်ငန်းအတွက်အသုံးပြုသူများ အခက်အခဲ ဖြစ်နေကြောင်း ပူတာအိုလေယာဥ်ကွင်းရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ် ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက KNG ကို ပြောသည်။ ”အရင်ကတော့ဖုန်းလိုင်းကျတာရှိတယ် တစ်ရက်နှစ်ရက်ပေါ့ရာသီဥတုမကောင်းတဲ့ခါကျတာ အခုက တစ်လပြည့်တော့မယ်။ ဖုန်းလိုင်းတွေကျနေတာ ဖုန်းခေါ်ရင်လည်း ဧရိယာပြင်ပလို့ပြောတယ်။ တခါတလေဖုန်းမပိတ်ပဲ စက်ပိတ်ထားတယ် အဲ့လိုဖြစ်နေတာ။ လိုင်းမကောင်းတော့စိတ်ရှည်ရှည်နဲ့ လေး ငါး ခြောက်ခေါက်လောက်ခေါ်မှဝင်တာဗျ ပြီးရင် တခါတလေ Wave Money တို့ဘာတို့ဆိုရင်လည်း ထုတ်ရခက်လွဲရခက်တာမျိုးတွေကြုံနေရတယ်” ဟု ဒေသခံအမျိူးသားတစ်ဦးကပြောသည်။ ပူတာအိုတွင် MPT ၊ Ooredoo ၊ Telenor၊ Mytel ဖုန်းလိူင်းများအားလုံး အသုံးပြုနိုင်ပြီး လက်ရှိဖုန်းလိုင်းအားလုံးနီးပါး ကျနေ ကြောင်း သိရသည်။ လက်ရှိ ပူတာအိုမြို့ရှိ ဇေယျာမင်း၊ တိုင်းကျော်၊ Petro 7 စသည့်အဓိက ဆီပန့်ဆိုင်ကြီးများတွင် ဓာတ်ဆီပြတ်လပ်နေပြီ ဒီဇယ်မှာ လူတစ်ဦးလျှင် ငါးသောင်းနှုန်းဖြင့်သာ ခွဲတမ်းရရှိကြောင်းသိရသည်။ ”ဒီဇယ်ကတော့ဆိုင်တိုင်းလိုလိုရတယ်။ အကန့်သတ်နဲ့ပဲရတာ ဓာတ်ဆီကတော့ မရဘူးဗျ ပြတ်နေတယ် တိုင်းကျော်မှာ တခါတလေ မနက်ပိုင်းခနလေးရောင်းပေးတယ် တစ်လီတာကို ၃၀၀၀ ကျော်တယ်။ ၊အခုကအပြင်က ပုလင်းချိန်ဆိုင်တွေမှာပဲ ထည့်ကြတာ။ တစ်ပုလင်းကို လေးထောင်ကနေ ငါးထောင်ထိပေးရတယ်။ တစ်လီတာမပြည့်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ ပူတာအိုဒေသတွင် ၂၀၁၄ ခုနှစ်အထိ CDMA နှင့် IP … - [ကသာ ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်း](https://burmese.kachinnews.com/2022/08/24/az1-9/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဘန့်ဘွေးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သည့်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထပ်မံ အင်အားဖြည့်တင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဩဂုတ် ၂၂ ရက်နေ့  နံနက် ၅နာရီဝန်းကျင် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်ရှိတွင် စစ်အင်အား ၁၀၀ ကျော်ခန့် ထံမံ ဖြည့်တင်းလာကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး KNG ကိုပြောသည်။ “တိုက်ပွဲဖြစ်တဲ့ညမှာပဲ ကသာဘက်ကနေ ဧရာဝတီမြစ်ကြောင်း ကနေ စစ်အင်အား ၇၀ လောက်ပြန်ဖြည့်လာတယ်။ ပြီးတော့ မနေ့က နေ့လည်ပိုင်းလည်း ကသာဘက်ကနေ အင်အား ၃၀ လောက်ပြန်ဖြည့်ထားတယ်။ ဒီ ၂ရက်အတွင်းမှာဘဲ ၁၀၀ ကျော်ရှိပြီ။ စစ်သားတွေကတော့ ဘန့်ဘွေး ရွာထဲမှာ တပ်စွဲထားတုန်း”ပြောသည်။ ဘန့်ဘွေးကျေးရွာတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၆၀၀ ဝန်းကျင် နေထိုင်သော ကျေးရွာတစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေသောကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်ရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်ဆိုသည်။ “ရွာသားတွေကတော့ သူတို့လာနေပြီ သတင်းကြားရကတည်းက ထွက်ပြေးနေရပြီ။ အခု တစ်ချို့ကတော့ လွတ်မယ် ထင်တယ်။ လုံခြုံမယ့် ထင်တဲ့နေရာတွင်မှာ ရှိနေကြတယ်။ တစ်ချို့ကတော့ အသိဆွေမျိုးနီးစပ်တဲ့ နေရာတွေမှာရှိကြတယ်။ ဘယ်သူမှ ရွာထဲကို ပြန်မကပ်နိုင်သေးဘူး”ပြောဆိုသည်။ စစ်ကောင်စီသည် ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဘန့်ဘွေးကျေးရွာအား လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ လူနေအိမ်များ မီးလောင်ပြာကျမှုများရှိခဲ့ပါသည်။ ထို ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ၅နာရီဝန်းကျင်တွင် ဘန့်ဘွေးကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို … - [ယင်းမာပင်တွင် စစ်ကောင်စီနှင့် PD Fအင်အားစုများ တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက် အကျအဆုံးရှိ](https://burmese.kachinnews.com/2022/08/23/sm1-4/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကပိုင်အုပ်စုသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ဒေသခံ PDF အင်အားစုများတိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု ရှိခဲ့သည်ဟု သိရသည်။ ယင်းမာပင် ခရိုင်တပ်ရင်း ၁ မှ ရဲဘော် ဖိုးသောကြာနှင့် ပကဖအဖွဲ့ဝင် ၃ ဦးသည် ကင်းထောက်နေစဉ် ပကဖအဖွဲ့ဝင်တစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးခဲ့ပြီး ကျန်ရဲဘော်များမှာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ “ရဲဘော်တွေက ဒေသခံရဲဘော်တွေဖြစ်တော့ ကင်းထောက်ချင်တဲ့ဇောများပြီး လက်နက်ကြီးထိမှန်တာပေါ့။ ပထမဆုံး စကျတာက ပကဖထဲက တစ်ယောက်ပေါ့။ သူက ကင်းထောက်ရင်း သူ့လူကိုယ့်လူရောကုန်တာ အဲ့မှာသေနတ်နဲ့ပစ်လိုက်တာ စစ်ကောင်စီဘက်က ကင်းထောက်တဲ့သူတွေရဲ့ အခြေနေကိုသိသွားတော့ လက်နက်ကြီးနဲ့ပစ်တာ။ အဲ့မှာလွတ်တဲ့သူတွေကတော့ လွတ်လာတယ် အဲ့မှာရဲဘော်အချို့ကတော့ကျဆုံးသွားတာပါ” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ယင်းမာပင်မြို့နယ် ကပိုင်အုပ်စုကို ဝင်ရောက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်များ၏ မိုင်းထောင်တိုက်ခိုက်ခြင်းကို ၄ ရက်ကြာခံရသဖြင့် ထိခိုက်သေဆုံးမှု များနိုင်သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၁၈ရက်နေ့မှာ တိုက်ပွဲစဖြစ်တာ စစ်ကောင်စီဘက်က ကပိုင်ဘက်ကို ဝင်တယ်။ ကျနော်တို့က ၁၇ ရက်နေ့ကတည်းက သတင်းရတာ။ ကပိုင်ဘက်ကိုဝင်မယ်လို့ယူဆတာပေါ့အဲ့မှာ ၁၈ရက်နေ့မနက်ပိုင်းမှာ စပြီး မိုင်းတွေခင်းခဲ့တာ။ အပြန်အလှန်ပစ်တာက ၂၁ ရက်နေ့ တစ်ဖက်နဲ့တစ်ဖက်ပစ်တာရဲ့အကျအဆုံးကိုတော့ မသိနိုင်ဘူး။ သူတို့ဘက် အကျအဆုံးများတာက မိုင်း‌ကြောင့်ပဲအကျအဆုံးများတာပါ။ ဓားစာဖမ်းခံပြီး လွတ်လာတဲ့သူပြောတာကတော့ အလောင်း ၄ … - [ဂျက်လေယာဉ် မှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီဘက်မှ ၈ ဦး ထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/08/23/az3-4/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာနှင့် အနီးတစ်ဝိုက်ကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲချခဲ့ရာ အချင်းချင်းမှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဘန့်ဘွေး ရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကသာမြို့နယ် PDF နှင့် ကျောက်ထုံးကြီး PDF တို့က သြဂုတ် ၂၂ ရက်နေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ဂျက်လေယာဉ် နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ ဗုံးလာကျဲရာ မှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီတပ်သား ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “တိုက်ပွဲက ကိုးနာရီလောက်ဆိုငြိမ်သွားပြီ နမခကလေ လေယာဥ်ပစ်ကူလာနေတယ်ကြားတာနဲ့ ကျနော်တို့ကနောက် ဆုတ်သွားတာ နောက် တစ်နာရီကျော်ကျော် နှစ်နာရီလောက်ကြာတဲ့ချိန်မှာ နမခ ကနေဂျက်ဖိုက်တာနဲ့လာကျဲတာပဲ သူတို့ချင်းချင်း မှားကျဲမိလို့အဲ့မှာ ၈ ယောက်လောက်ထပ်သေတယ်တဲ့။ ကျနော်တို့သွားတိုက်တဲ့ခါတော့ ၃၀ ကျော်သေတယ်”ဟုပြောသည်။ အဆိုပါ သွားရောက်ပစ်ခတ်မှုတွင် စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဂျက်ဖိုက်တာဖြင့် ဗုံးလာကျဲရာတွင် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် ဘန့်ဘွေးကျေးရွာမှ လူနေအိမ် လေးလုံးလည်း မီးလောင်ပြာကျခဲ့သည်။ စစ်ကောင်စီတပ်သားများသည် လက်ရှိချိန်ထိ ကျေးရွာတွင် တပ်စွဲ ထားဆဲ … - [ပြည်သူ ၂ ဦး ရိုက်နှက်ခံရသဖြင့် စစ်ရှောင်စခန်းမှ MNDAA အမြန်ထွက်ခွာသွားရန် စစ်ရှောင်များ ထပ်မံ တောင်းဆို](https://burmese.kachinnews.com/2022/08/23/ld1/): ကွတ်ခိုင်မြို့နယ် ဇွပ်အောင် (Zup Awng) စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့် ကိုးကန့် MNDAA တပ်ဖွဲ့သည် စစ်ရှောင်များကို ဖမ်းဆီးရိုက်နှက်မှုပြုလုပ်လာသောကြောင့် စစ်ရှောင်စခန်းမှ အမြန်ဆုံးထွက်ခွာပေးရန် စစ်ရှောင်များ တောင်းဆိုနေကြသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ည ငါးဖမ်းရာမှ ပြန်လာသော ပြည်သူ ၂ ဦးကို စပိုင်လ်ဟု စွပ်စွဲကာ အရက်မူးနေသည့် MNDAA တပ်သားတချို့မှ ရိုက်နက်ခဲ့ကြသည်။ ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့တွင် စစ်ရှောင်များသည် ကိုးကန့်ဘက် အရာရှိတစ်ဦးကို ခေါ်ယူကာ တပ်ဖွဲ့အနေဖြင့် စစ်ရှောင်စခန်းမှ အမြန်ထွက်ခွာပေးရန် တောင်းဆိုသည့် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ကျနော်တို့ တောင်းဆိုတဲ့အချက် ၃ ချက်ရှိတယ်။ တစ်ခုက စစ်ရှောင်စခန်းအတွင်း၊ အပြင် ရွာတွေမှာ တပ်ချထားတဲ့ စခန်းအားလုံး အမြန်ဆုံးရုပ်သိမ်းထွက်သွားပေးဖို့ ၊ နောက်တစ်ခုက မတရား သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခံထားရတဲ့ဖြစ်စဉ်အပေါ် သူတို့ MNDAA ကိုးကန့်တပ်မှ တရားဝင် ထုတ်ပြန်ချက်နဲ့ တောင်းပန်ဖို့ နဲ့ နှိပ်စက် ထိခိုက်ခံထားတဲ့ သူ ၂ ဦးကို တာဝန်ယူ ဆေးကုသပေးဖို့ ၊ နောက်နောင် ဒီလို ရွာသားတွေနဲ့ဖြစ်တဲ့ကိစ္စကို ရွာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုတယ်။ တောင်းဆိုတာကို မရရင် ရတဲ့နည်းနဲ့ ကျနော်တို့ လိုချင်တာကို ရအောင်ဆက်လက် ကြိုးစားသွားဖို့ ပြင်ဆင်ထားတယ်။” ဟု ဇွပ်အောင်စစ်ရှောင်စခန်း ပြည်သူတစ်ဦးက ပြောသည်။ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ဇွပ်အောင် စစ်ရှောင် ၂ ဦးမှာ အသက် … - [အောင်မြင်သာတွင် ကလေးကင်ပွန်းတပ် ဆုတောင်းပွဲ တက်ရောက်သည့် လူပေါင်း ၄၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/08/23/ax2/): မြစ်ကြီးနားမြို့နယ် အောင်မြင်သာ စံပြကျေးရွာတွင် ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတစ်ခု တက်ရောက်ခဲ့သည့် ဒေသခံ ၄၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ သြဂုတ် ၂၂ ရက်နေ့  ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတွင် ကောက် ညှင်းပေါင်း၊ ဂျင်းနှင့် ငါးချက်ကျွေးခဲ့ရာ စားသုံးခဲ့သည့် လူပေါင်း ၄၀ ဝန်းကျင်ခန့်သည် အစာအဆိပ်သင့်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ကိုယ်တိုင် အစာအဆိပ်သင့်ခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ‘‘ဆုတောင်းပွဲက ၁၀ နာရီလောက်မှာပြီးတယ် သူတို့ကကျွေးတာက ကောက်ညှင်းပေါင်းနဲ့ ဂျင်းနဲ့ ငါးထောင်းထားတဲ့ဟာကျွေးတယ်။ ပြီးတော့ အသားတစ်မျိုးပါတယ်။ အဲ့တာကိုစားပြီး နေ့လယ် ၁၂ နာရီလောက်ကျတော့ ခေါင်းမူးလာတယ် ကျွန်မကတော့ ရေများများသောက်ပြီး အချဥ်တွေစားတော့ နည်းနည်းသက်သာလာသလိုဖြစ်သွားတယ်။ အသက်ကြီးတွေနဲ့ကလေးငယ်တွေကတော့ လုံးဝခြေနေဆိုးနေပြီ အထက်လှန်အောက်လျော အန်တဲ့လူကအန် မူးလဲတဲ့လူမူးလဲဖြစ်ကုန်တာ ”ဟုပြောပြသည်။ ဆုတောင်းပွဲတက်ရောက်ခဲ့သော လူပေါင်း ၄၀ ဝန်းကျင်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အစာ အဆိပ်သင့်မှု အများဆုံး ကြုံတွေ့ခဲ့ရပြီး ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ မူးလဲခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ”သက်ကြီးရွယ်အိုနဲ့ကလေးတွေက အဆိုးဆုံးပေါ့။ သတိလစ်သွားတဲ့ကလေး တွေတောင်ပါတယ်။ ၂နှစ်သမီးလေးနဲ့ ၈နှစ်သားလေးတစ်ယောက်ရယ်က ပိုးဆိုးသွားတယ်။ သတိလစ်သလိုဖြစ်လို့ သူတို့ကိုတော့မြစ်ကြီးနားဆေးရုံအထိပို့ပြီးကုရတယ်။ ဒီနေ့မနက်ပိုင်းတော့ အဲ့ကလေးနှစ်ယောက်လည်း ပြန်ကောင်းသွားပြီလို့သိရတယ်”ဟု အောင်မြင်သာဒေသခံတစ်ဦးကပြောသည်။ အဆိုပါ အစာအဆိပ်သင့်မှုတွင်သည် နေ့လယ် ၁၂ နာရီမှစဖြစ်ရာ ည ၁၁ နာရီခန့်အထိဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အားလုံးပြန်သက်သာလာကြောင်းသိရသည်။ - [တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား](https://burmese.kachinnews.com/2022/08/23/az1-8/): ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့ နှင့် မော်လူးမြို့ကြားတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အင်းတော်-မော်လူးကားလမ်းပိုင်းကို အင်းတော် PDF ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။ ယနေ့ နံနက် ၈ နာရီအချိန်တွင် နဘားကျေးရွာမှ အင်းတော် ဘက်သို့ခြေလျှင်ဖြင့်တက်လာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊PDF ၊ ကျောင်းသားတပ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “သိပ်တော့မကြာလောက်ဘူး ခနလောက်ပဲ ကြာရင်တစ်ရက်နှစ်ရက်လောက်ပဲ။ လမ်းပိတ်တာက ခုနဘားလမ်းဆုံမှာ တိုက်ပွဲ ဖြစ်နေလို့ ပိတ်လိုက်တာ အင်းတော် -မော်လူးလမ်းပိုင်းပဲ မနက်က တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့အတွက် လမ်းပိတ်ထားတာ“ဟု ပြောသည်။ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ကား ကြီးများအားလုံး ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားပြီး အများဆုံးအချိန် ၂ ရက်ခန့်ကြာနိုင်သည်ဟု ဆိုသည်။ နာရီဝက်အကြာ ဖြစ်ပွားခဲ့သည့် ယနေ့ နံနက်တိုက်ပွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ခြုံခိုတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း သိရသည်။ “သူတို့ဘက်ကတော့ ကျဆုံးရှိမယ်ဗျ။ အရေအတွက်အတိအကျပဲ မသိရသေးတာ မြေပြင်သတင်းကိုစောင့်နေတုန်း။ ပြီးရင်ကျနော်တို့ထုတ်ပြန်မယ်ဗျ စစ်ကြောင်းကတော့အဲ့နဘားလမ်းဆုံနေရာမှာပဲ ရှိနေသေးတယ်”ဟု အင်းတော်PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်းတော်မြို့နယ်တွင် သြဂုတ်လ … - [ဘန့်ဘွေးရွာကို စစ်ကောင်စီတပ် မှ လေယာဉ်ဖြင့် ဗုံးကျဲကာ ရွာမီးရှို့၊ အရပ်သား ၄ဦး သေဆုံး](https://burmese.kachinnews.com/2022/08/22/az2-6/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သာများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင် ရွာများ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှသိရသည်။ ဘန့်ဘွေးရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို KIA၊ ကသာမြို့နယ် PDFနဲ့ ကျောက်ထုံးကြီး PDF တို့က ယနေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားမှုအပြီး ၂နာရီခန့်ကြာပြီးနောက် ဂျက်ဖိုက်တာဖြင့်ဗုံးကျဲခြင်း၊ မြေပြင်တွင် ကျေးရွာကိုမီးရှို့ခြင်းများပြုလုပ်နေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။ “မနက်ကတိုက်ပွဲက ကိုးနာရီလောက်မှာနားတာ လေယာဉ်နဲ့က ၁၁ နာရီလောက်မှာလာကျဲသွားတယ်ဗျဘန့်ဘွေးရွာကို ဗုံးငါးလုံးကျဲကျသွားတယ်။ ကသာကနေလည်းအင်အားလေးဆယ်လောက် စစ်ကူလာတယ်။ သူတို့ရောက်တာနဲ့မြေပြင်မှာလည်း ရွာကိုမီးရှို့တော့တာပဲ။ ကသာမြို့ထဲကနေတောင်မီးခိုးလုံးတွေမြင်နေရတယ်။ နေအိမ်တွေတော့မီးလောင်သွားတာပေါ့”ဟုပြောသည်။ စစ်ကောင်စီတပ်များ ဘန့်ဘွေးကျေးရွာကို မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်ပြီး စစ်သားများရှိနေဆဲ ဖြစ်သောကြောင့် မီးလောင်သွားသည့် နေအိမ်အရေအတွက်ကို မသိရှိရသေးကြောင်း ဆိုသည်။ ထို့အပြင် ကသာမြို့တွင်းရှိ ခမရ ၃၀၉ တပ်မှလည်း ဘန့်ဘွေးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ကူသောကြောင့် ကျေးရွာတွင်း သုံးလုံးခန့်ကျရောက်ပေါက်ကွဲရာ အရပ်သားလေးဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ “အဲ့ဘန့်ဘွေးရွာထဲမှာတော့မကျဘူး။ ဘန့်ဘွေးရွာအလွန်နား အထက်ဘက်မှာ ရှိတဲ့ သစ်ဖြူကုန်းရွာကို ကျတာ ရွာသား လေးယောက်ထိမှန်ပြီးသေဆုံးတယ်တဲ့။ ဘယ်သူဘယ်ဝါဆိုတာတော့ အသေးစိတ်စုံစမ်းနေတုန်း”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘန့်ဘွေးရွာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ၁၅ မိနစ်ခန့်ဗုံးလာကျဲပြီး ကသာမြို့တွင်းဘက်သို့ … - [ကျောက်ထုံးကြီး စစ်ကောင်စီတပ်ရင်း တစ်ခုကို KIA နှင့် PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ အကျအဆုံး များနိုင်](https://burmese.kachinnews.com/2022/08/22/az1-6/): ကသာမြို့နယ် ကျောက်ထုံးကြီး တိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ ၁၂၁ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။ KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၂ နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထုံးကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၅ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ဒါကသွားပြီးတော့တိုက်တာ သူတို့က ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းနဲ့ရွာထဲတွေမှာ တပ်စွဲထားတယ်။ ကင်းရှည်တွေလည်းချထားတယ်။ အဲ့တာကိုကျနော်တို့ဘက်စုံစမ်းပြီးမှ သွားတိုက်ခိုက်တာ မနက် ၅ နာရီလောက်ကနေ ဖြစ်တာတိုက်ပွဲက သုံးနာရီလောက်ကြာတယ်” ဟု ကသာမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် PDF ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိ‌ကြောင်း သိရသည်။ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ နေရာအနှံ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကသာမြို့မှရေကြောင်းဖြင့် တပ်ကူစေလွတ်နေသော နှစ်ဘက်စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။ “၁၂၁ ဘက်က အနာထိနေတာမို့လို့ အခုအဲ့ဘက်ကိုတပ်ကူအနေနဲ့ ကသာမြို့တွင်းက ၃၀၉ တပ်ကနေ ရေမော်တော် တွေနဲ့စစ်ကူလာနေတယ်။ လောလောဆယ်ကတော့ တိုက်ပွဲက နားထားတဲ့အနေအထား ပဲ။ ဒါပေမယ့်နှစ်ဘက်စစ်ရေးကတော့တင်းမာနေဆဲပဲ” ဟု ကသာpdf မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဘန့်ဘွေးကျေးရွာနေ ပြည်သူများသည် ဩဂုတ်လ ၁၉ … - [မင်းကျောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံး](https://burmese.kachinnews.com/2022/08/22/az1-7/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ်လ ၂၀ရက်နေ့တွင် ကသာမြို့မှ ကချင်ပြည်နယ်ရွှေကူမြို့ နယ် မင်းကျောင်းကုန်းကျေးရွာဘက်သို့ ဧရာဝတီမြစ်ကြောင်းဖြင့်တက်လာသည့် စစ်ကောင်စီတပ်သည့် မင်းကျောင်းကုန်းကျေးရွာဘက်သို့လက်နက်ကြီး ၁၀ ချက်ခန့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ မင်းကျောင်းကုန်းကျေးရွာတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “သူတို့က မင်းကျောင်းကုန်းမရောက်ခင် ကောက်ကွေ့ချောင်းဆိုတာရှိတယ် အဲ့ကောက်ကွေ့ချောင်းတံတားကနေပြီးတော့ မင်းကျောင်းကုန်းဘက်ကို လေး ငါးဆယ် ချက်လောက်ပစ်တယ် အဲ့မှာမင်းကျောင်းကုန်းရွာထဲကျတယ် ကျပြီးတော့ အရင်အုပ်ချုပ်ရေးမှူးဟောင်းက ဝက်ခြံမှာဝက်ကျွေးနေတာ ထိသွားတယ် အနောက်ကြောကနေထိတာ အရှေ့ဘက်ထိပေါက်ထွက်သွားတာ ပွဲချင်းပြီးပဲသေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ ဦးမျိုးမျိုးအောင် ၊အသက် (၄၁)သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် နှုတ် ရာထူးမှာနုတ်ထွက်ထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ “မင်းကျောင်းကုန်းတစ်ရွာလုံးက စစ်ကြောင်းဝင်လာတယ် သတင်းကြောင့် ကြိုပြီးတိမ်းရှောင်နေကြတာ သူတစ် ယောက်ထဲပဲ ဘယ်မှမရှောင်ပဲ ဘာမှမဖြစ်လောက်ဘူးဆိုပြီးရွာထဲမှာ နေနေတာ တဲ့အဲ့တာနဲ့ကံဆိုးချင်တော့ ခုလိုဖြစ်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ အုပ်ချုပ်ရေးမှူးဟောင်းအား ထိမှန်သေဆုံးအောင်လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့သည့် စစ်ကြောင်းမှာ ယခုလဆန်းပိုင်းကတည်းက ရှမ်းမြောက်ဘက်မှဝင်လာသည့်အင်အား ၈၀ ကျော်ပါ 121 တပ်ဖြစ်ပြီး ရွှေကူနယ်မင်းကျောင်းကုန်းသို့စစ်ကြောင်းထိုးလာစဥ် မင်းကျောင်းကုန်းမရောက်မှီလမ်းခုလတ်နေရာတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့က နှစ်ကြိမ်တိတိ ခြုံခို တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ယခုကဲ့သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာမှ အုပ်ချုပ်ရေးမှူးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “ပထမအကြိမ်ကတော့ တပ်မှူး ဇင်ယော်ဦးဆောင်အဖွဲ့က ည ၅နာရီ ၂၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာ သူတို့ဘက်က ငါးယောက်သေပြီး … - [ကျောက်ထုံးကြီး တိုက်နယ် ကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့နေ](https://burmese.kachinnews.com/2022/08/19/zm1-4/): ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာမှ ပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှစတင်ကာ မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ “စျေးတန်းနားက အိမ်က‌နေ စရှို့တာဘဲ ခုထိရှို‌နေတုန်း တစ်အိမ်ပြီးတစ်အိမ်ကို လိုက်ရှို့နေတာ ဒေသခံတွေလည်း ထွက်ပြေးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် အင်အား ၈၀ ဝန်းကျင်ခန့်ရှိပြီး ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာသို့ ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်မှ စတင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။ လက်ရှိ နေအိမ် ၁၀ လုံးထက်မနည်း ရှို့ခံထားရသည့်အပြင် ဖုန်းလိုင်းများလည်း အချို့နေရာတွင် ပြတ်တောက်နေ‌သည့်အပြင် စစ်ကောင်စီတပ်များ ရွာတွင်ရှိ‌နေသေးသည့်အတွက် ဒေသခံများ ထွက်‌ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ကသာမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကသာမှ စက်လှေနဲ့သွားလျှင် ၁ နာရီခွဲဝန်းကျင်ခန့်သွားရသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။ - [မမုံကျေး ရွာဘက်ရောက်ရှိလာသည့် ဆယ်ဇင်း စစ်ရှောင် ၂၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေ](https://burmese.kachinnews.com/2022/08/19/az3-3/): ဖားကန့်မြို့နယ် ဆယ်ဇင်း တိုက်ပွဲကြောင့် မမုံကျေးရွာသို့ရောက်ရှိလာသော ပြည်သူ ၂၀၀ ကျော်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဆယ်ဇင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း မြေပြင်တွင် မီးရှို့ခြင်းတို့ကြောင့် ထောင်နဲ့ချီသည့် ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ မမုံရွာ တွင်လည်း လူဦးရေ ၂၀၀ ကျော်ရောက်ရှိလာသောကြောင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် မမုံကျေးရွာ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “လောလောဆယ်သူတို့ကို စာသင် ကျောင်းမှာနေရာချပေးထားတယ်ဗျ။ သြဂုတ် ၁၆ ရက်နေ့ကနေစရောက်လာကြတာမနေ့ကထိ ၂၀၀ ကျော်နေပြီ နေရာထိုင်ခင်းကအဆင်ပြေပေမယ့် လူများတော့ စားဖို့သောက်ဖို့အကူအညီတွေလိုနေတယ်ဗျ ေရာက်ရောက်ချင်းရွာကပဲကျွေးထားတာ မမုံကရွာကြီးမဟုတ်တော့ လူ ၂၀၀ ကျော်စာအတွက် ကျ လေး ငါးရက်ကမတတ်နိုင်ဘူး အလျှူရှင်တွေလိုတယ်ဗျ”ဟု ယင်းစစ်ရှောင် များကိုကူညီပေးနေသည့် မမုံရွာခံအမျိူးသားတစ်ဦးက ပြောသည်။ လက်တလော မမုံရွာတွင် သြဂုတ် ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဝင်ရောက် လာသည့် စစ်ရှောင်ဦးရေမှာ အမျိူးသမီး ၁၀၆ ဦး၊ အမျိူးသား ၁၂၀ ဦးစုစုပေါင်း ၂၂၆ ဦးရောက်ရှိနေပြီး အစားအသောက် လိုအပ်နေသည့်အပြင် အဝတ်အထည်များပါလိုအပ်နေကြောင်း သိရသည်။ “အဝတ်အထည်ရော တချို့ဆိုဟိုကပါလာတဲ့တစ်ထည်ပဲလှဲစရာကိုမပါတာ အကျီဘောင်းဘီက စလိုအပ်နေတယ် အားမနာတမ်းပြောရရင် အတွင်းမှာဝတ်တဲ့ဘောင်းဘီတိုကစမရှိကြဘူးဗျ မနေ့ကမှသိတာ ဘယ်သူမှအဲ့အပိုင်းကို မတွေးကြဘူးလေ လှူတဲ့လူကလည်း အဲ့ဒါတွေလည်း လှူပေးစေချင်တယ်။ လူအများနဲ့ဆိုတော့ အခက်အခဲဖြစ်တယ်လေး”ဟု မမုံရွာခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ခြင်ထောင်၊ ခေါင်းအုံးများပါလိုအပ်နေကြောင်း စစ်ရှောင်များသည် လေယာဥ်ဗုံးကျဲခြင်း မြေမြင်တွင် အင်အားအလုံးအရင်းဖြင့်ကျေးရွာတွင်းဝင်ရောက်အကြမ်းဖက်ခဲ့ခြင်းတို့ကြောင့် … - [လေကြောင်းလိုင်းဖြင့် လုံခြုံရေးယူပေးသော စစ်ကောင်စီ စစ်ရိက္ခာတင် သင်္ဘော ၆ စီး ထပ်မံပစ်ခတ်ခံရ](https://burmese.kachinnews.com/2022/08/19/az2-5/): ကသာဆိပ်ကမ်းမှ ဩဂုတ်လ ၁၈ရက်နေ့ ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်ဖြင့် လုံခြုံရေးယူပေးကာ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်ရိက္ခာတင် သင်္ဘော ၆စီး ကသာနှင့်မိုးတားလေးကြားတွင် ၂ကြိမ်ထက်မနည်း တိုက်ခိုက်ခံရသောကြောင့် မိုးတားလေးအထွက်တွင် ဆိုက်ကပ်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။ “မနေ့က မနက်ကိုးနာရီခွဲမှာ ကသာဘက်ကနေတက်လာတဲ့ သင်္ဘော ၆ စီးကို နကူးရွာနားမှာ ABSDF ဦးဆောင်ပြီးတော့ ကသာမြို့နယ် ပကဖတွေ ၊LPDF တွေ၊ ရပ်ကျေး ပကဖတွေပူးပေါင်းပြီးတော့ ရှော့တိုက်ဒုံး ၁၄လုံး လက်ပစ်ခတ်ခဲ့တာမှာ ကိုးလုံးကတော့ အချက်ကောင်းမှန်ပြီး ထိထိမိမိရှိခဲ့တယ်ဗျ”ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ အဆိုပါ ရိက္ခာတင်သင်္ဘော ၆စီးအား နကူးရွာနီး KIA၊ PDF နှင့် LPDF ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် မိုးတားလေး‌ကျေးရွာအဝင်နားတွင် ရွှေကူ PDF တပ်မှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော ၆စီးအားအနက် ၂ စီး လက်နက်ကြီးထိမှန်ကာ အထက်သို့ ဆန်မတက်နိုင်ဘဲ ရပ်နားနေသည်ဟု သူကဆက်ဆိုသည်။ “မနေ့ကဆိုရင် ဝေဟင် ကနေ ဂျက်ဖိုက်တာ နှစ်စီး နဲ့ လုံခြုံရေးပေးတယ်။ မြေပြင်မှာလည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် စစ်သားတွေချထားတဲ့ကြားက သွားတိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ လက်နက် ကြီးလက်နက်ငယ် ပြန်ပစ်တယ်။ သို့ပေမယ် အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ အဆိုပါ တိုက်ခိုက်ခံရသော စစ်ရိက္ခာတင် သင်္ဘော ၆စီးသည် မန္တလေးမှ ဗန်းမော်ဘက်သို့ ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောတွင် စစ်လက်နက် ပစ္စည်းများအပါ စစ်ရိက္ခာအများအပြားပါဝင်ကြောင်းသိရသည်။ ဩဂုတ်လ … - [ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား](https://burmese.kachinnews.com/2022/08/19/az1-5/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသို့ ပြန်သည့်  PDF လူငယ် ၄ ဦး ဟိုပင်မြို့တွင် ဖမ်းခံလိုက်ရကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း သင်တန်းဆင်း၍ ဆယ်ဇင်းသို့ပြန်လာသည့် PDF လူငယ် ၄ ဦး သြဂုတ်လ ၁၆ ရက်နေ့ ဟိုပင်မြို့ တွင် လက်နက်ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးခံလိုက်ရကြောင်း စစ်အာဏာ ရှင်တော်လှန်ရေးတွင် ပါဝင်နေသူ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “အဖမ်းခံလိုက်ရတာမှန်တယ်ဗျာ။ သင်တန်းဆင်းကလေးတွေပါ သင်တန်းဆင်းပြီး ရပ်ရွာကိုကာကွယ်ဖို့အတွက် ဆယ်ဇင်းကိုအပြန်မှာ ဟိုပင်သံလမ်းရိုးနားမှာ ဖမ်းခံလိုက်ရတာ။ လက်နက်ခဲယမ်းတွေပါသွားတယ်။ အများကြီးတော့ မပါသွားလောက်ဘူး။ ဘာလို့ ဆိုတော့သူတို့က အခုမှ သင်တန်းဆင်းတာဆိုတော့ အထက်ကလည်း အများကြီး မထည့်ပေးလောက်ဘူး”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသော လူငယ် ၄ ဦးသည် ည ၅ နာရီအချိန်ခန့်တွင် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး အိမ်စီးကားနှင့်အတူ M- 79 သေနတ်၊ 40MM ဗုံးသီးနှင့် ကျည်ထောင့်အချို့အပါ ဖမ်းခံလိုက်ရကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ယခုနောက်ပိုင်း PDFလူငယ်များ ဖမ်းခံရမှု စီးနင်းတိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိပြီး အများစုမှာ ဒလန်သတင်းပေးမှုကြောင့်ဖြစ်သည်ဟု PDF များပြောသည်။ သြဂုတ်လ ၁၄ ရက်နေ့ နံနက် သုံးနာရီအချိန်တွင်လည်း မြစ်ကြီးနားမြို့ ကြာရာပ္ပတီးရပ်ကွက်ရှိ ခြံတစ်ခြံတွင် နေထိုင်နေသည့် PDF အဖွဲ့သည် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF လူငယ် ခြောက်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသည်။ - [ဆိုင်းတောင် သပိတ်စစ်ကြောင်းတွင် ဖမ်းခံရသည့် ပြည်သူ ၈ ဦးကို ပုဒ်မအသီးသီးဖြင့် စစ်ကောင်စီက အမှုဖွင့်ထား](https://burmese.kachinnews.com/2022/08/18/az1-4/): ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းအပြီး အပြန်လမ်း ခုလတ်တွင် ဖမ်းခံလိုက်ရသည့် ပြည်သူ ၈ ဦးကို စစ်ကောင်စီက ပုဒ်မအသီးသီးဖြင့် အမှုဖွင့် တရားစွဲထားသည်ဟု သိရသည်။ အဖမ်းခံရသည့် ၈ ဦး အနက် ဒေါ်တိုး အသက် (၆၄) နှစ်၊ ဒေါ်ခိုင် အသက် (၅၁)နှစ် ၊ ဒေါ်မာလင်း အသက်( ၃၁) နှစ်၊ ဒေါ်လင်းလဲ့ အသက် (၄၁) နှစ်နှင့် ဒေါ်ငွေ အသက် (၃၀) နှစ်တို့ကို ပုဒ်မ-၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲထားပြီး ၎င်းတို့နှင့်အတူ ပါလာသည့် ဦးသိန်းထွန်းကို ပုဒ်မ-၅၀၅ (က) အပြင် လက်နက်အက် ဥပဒေ -၁၉ (စ) ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း ဦးသိန်းထွန်းနှင့် ရင်းနှီးသည့် မမုံကျေးရွာ မှ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ပြောသည်။ “သူတို့ကို ပုဒ်မတပ်ပြီး အမှုဖွင့်လိုက်တာတော့ ဩဂုတ်လ ၉ ရက်နေ့လောက် ကတည်းက လို့သိရတယ်။ နောက်မှ ကျွန်တော်တို့ သိရတာ။ သူတို့ကို ပုဒ်မဘယ်လောက် ဘယ်လောက် နှင့် အမှုဖွင့်တယ်ဆိုတာ အမျိုးသမီးတွေကိုတော့ ၅၀၅ (က)နဲ့ပဲ ကိုသိန်းထွန်း တစ်ယောက်ကိုတော့ ပုဒ်မ နှစ်ခု ဟုတ်တယ်။ သူက အတိုတစ်လက်နှင့် ဖမ်းမိ လိုက်တာလေး” ဟု ကို သိန်းထွန်း နှင့် ရင်းနှီးသည့် မမုံကျေးရွာနေ အမျိုးသားတစ်ဦး က … - [စစ်ရိက္ခာတင် သင်္ဘော ၆ စီး ကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် လုံခြုံရေး ယူပေး](https://burmese.kachinnews.com/2022/08/18/zm1-3/): ကသာမြို့ ဆိပ်ကမ်းမှ ယနေ့နံနက် ၉နာရီဝန်းကျင် စတင်ထွက်ခွာသွားသည့် စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၆ စီး ကို စစ် ရဟတ်ယာဉ်တစ်စီး နှင့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဝေဟင်မှ လုံခြုံရေးယူပေးကာ အထက်သို့ ဆန်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ “စထွက်ကတည်းက ပုဇင်းတစ်ကောင်က မြစ်ကြောင်းတစ်လျှောက် နိမ့်နိမ့်လေးဝဲပြီးတော့ ကပ်လိုက်သွားတယ် နောက် ၅မိနစ်လောက်နေတော့ ဂျက်တစ်စီးက မန်းလေးဘက်က တက်လာတယ်။ အဲဂျက်တစ်စီးက ခုလည်း တက်လိုက်ဆင်းလိုက် မြစ်ကြောင်းတစ်လျှောက် လုပ်နေတုန်း ပုဇင်းလည်း ကပ်လိုက်နေတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်သင်္ဘော ၆ စီး သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အားအနည်းငယ်ဖြင့် ရိက္ခာတင် ဆန်တက်လာပြီး ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင်တွင် KIA နှင့် PDF များမှ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော ၆ စီး အနက် တစ်စီး လက်နက်ကြီး အနည်းငယ်ထိမှန်ကာ ကသာဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ “ကသာဝင်ခါးနီး ပစ်ခံလိုက်တဲ့ချိန်မှာ သင်္ဘောဝမ်းမှာ ၄ ပေ လောက်ပေါက်သွားတာ အဲမှာဆန်အိတ်တစ်ချို့စိုကုန်ပြီး သူတို့တော်တော်ရှုပ်သွားတယ်။ ပြီးတော့ သူတို့ကို သင်္ဘော ၆ စီးကို လုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကြောင်းတွေလည်း တိုက်ခိုက်ခံရတော့ တော်တော်ကြောက်သွားပုံရတယ်။ အဲကြောင့် ခုလို ဝေဟင်လုံခြုံရေးနဲ့ ဆန်နေတာဟုတ်တယ်”ဟု ကသာမြို့နယ်အတွင်း လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက … - [ဆယ်ဇင် စစ်ရှောင်ထောင်ချီအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2022/08/17/az2-4/): ဖားကန့်မြို့နယ် ဆယ်ဇင်း စစ်ရှောင်ပြည်သူများအတွက် အစားအသောက်၊ အဝတ်အထည် နှင့် ခြင်ထောင် ခေါင်းအုံးများ အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် မှ လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ဆယ်ဇင်းကျေးရွာ အိမ်ခြေ ၆၇၀ ဝန်းကျင် မီးပြာကျခဲ့ရာ ဒေသခံပြည်သူများက တာမခံ၊ ဟောင်ပါး၊ နတ်ရေတောင် ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။ “လူဦးရေက စစ်ရှောင်စခန်းတစ်ခု တစ်ခုမှာကို ၁၀၀ ကျော် ၂၀၀ ၊၃၀၀ လောက်ထိရှိတယ်ဗျ။ အဲ့တော့သူတို့အတွက် တစ်ရက်စာကို ဆန်တစ်အိတ်လောက်နဲ့မရဘူး။ အဲ့ကြောင့် စားဖို့သောက်ဖို့ ဆန်၊ ဆီ ဆားတွေ လိုအပ်နေတယ်ဗျ။ ပြီးတော့ သူတို့မှက အဝတ်အထည်လည်း အပိုမပါလာကြဘူး။ အင်္ကျီ ဘောင်းဘီတွေလည်း အရမ်းလိုအပ်နေတယ်။ တချို့ဆို လှဲစရာကို မရှိဘူး”ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။ ဆယ်ဇင်း စစ်ရှောင်ပြည်သူများမှာ လက်ရှိ ဖားကန့်မြို့တွင်း၊ နမ္မဖြစ်၊ ဟောင်ပါး၊ တာမခံ စသည့် ကျေးရွာများတွင် ရောက်ရှိနေကြပြီး စုစုပေါင်း ဦးရေ ၂၀၀၀ နီးပါးခန့်က စားနပ်ရိက္ခာအကူအညီ ထောက်ပံ့ပေးရန် လိုအပ်နေခြင်းဖြစ်ပါသည်။ ဆယ်ဇင်းကဲ့သို့ တာမခံ နှင့် ဟောင်ပါးကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟုဆိုကာ ဆယ်ဇင်ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်တစ်ချို့သည် ဩဂုတ်လ ၁၂ရက်နေ့ မှ ယနေ့အထိ မိုးညှင်း၊ မိုင်းကောင်းနှင့် … - [ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား](https://burmese.kachinnews.com/2022/08/17/az1-3/): စစ်တိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်းဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျောက်ထုံးကြီး ကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော် ဖမ်းခံထားသည်ဟု ဒေသခံများ ထံမှသိရသည်။ ဩဂုတ်လ ၁၂နေ့မှစတင်ပြီး ကသာနယ်အထက်ပိုင်း ကျောက်ထုံးကြီးတိုက်နယ်ဘက်သို့ စစ်အင်အား ၄၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ရက်နေ့တွင် ကျောက်ထုံးကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော်ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ရွာသား ၅၀ကျော် ဟိုတနေ့က ဖမ်းခံရတာ။ အားလုံးက ကျောက်ထုံးကြီးရွာကလူတွေပဲ မနေ့ကနည်းနည်းပြန်လွတ်ပေးတယ်လို့သိရတယ် ဘယ်နဦးလွတ်လာလေးတော့မသိရဘူး မများပိုင်းဖမ်းခံထားရဆဲပဲ သူတို့ကိုရွာထဲမှာပဲဖမ်းထားပြီးတော့မေးမြန်းစစ်ဆေးတာတွေလုပ်နေတယ်တဲ့”ဟု ဒေသခံတစ်ဦးကပြောသည်။ အလားတူ သြဂုတ် ၁၄ ရက်နေ့တွင် ကျောက်ထုံးကြီး တိုက်နယ်သို့ဝင်ရောက်နေသည့် စစ်ကြောင်းက ကြည်နူးကျေးရွာ မှ အသက် ၄၀ ဝန်းကျင်ရှိ အရပ်သားတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း  ကသာ PDF အဖွဲ့ပြောဆိုချက်မှသိရသည်။ အဆိုပါ စစ်ကြောင်းသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကျောက်ထုံးကြီးတိုက်နယ်ဘက်တွင် စစ်အင်အား ၂၀၀ ကျော်၊ မြစ်၏ အနောက်ဘက်ကမ်း မိုးတားတိုက်နယ်ဘက် စစ်အင်အား ၂၀၀ ကျော် စစ်ကြောင်း ၂ခုဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရသည်။ ယခုလို ကသာနယ်တွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုမှာ ကသာနယ်အထက်ပိုင်းတစ်လျှောက် နယ်မြေစိုးမိုးရန်အတွက်ဖြစ်သည်ဟု ကသာ PDF တစ်ဦးက ယခုလိုပြောဆိုသည်။ “အဓိကတော့ သူတို့ ကသာနယ် အထက်ဘက်မှာ နယ်​မြေစိုးမိုးဖို့အတွက် ဝင်လာတယ်လို့ပဲမြင်ပါတယ်။ နောက်တစ်ခုက သင်္ဘောလမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးဖို့အတွက် ထင်ပါတယ်”ဟုပြောဆိုသည်။ လက်ရှိ … - [ဗန်းမောက်တွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ သွားလာရေးကန့်သတ်ထား](https://burmese.kachinnews.com/2022/08/17/sm1-3/): စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၂ဦး လက်နက်ကြီးထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဩဂုတ်လ ၁၂ရက်နေ့ မြို့နယ်ထွေအုပ်ရုံး ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၃ရက်နေ့ နံနက်ပိုင်းမှ နေ့လည် ၁၁နာရီ နေ့မထွက်ရ အမိန့်ထုတ်ပြန်ကာ စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့တွင်း လက်နက်ကြီးများ ရပ်သမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဗန်းမောက် PDF အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ကျနော်တို့ မြို့ထဲဝင်ပစ်တော့ မြို့နယ်မှူးကျသွားတယ်။ နောက်တစ်ရက်ဆို နေ့လည် ၁၁နာရီ ကနေအပြင်မထွက်ရဘူး ထွက်တဲ့သူပစ်မယ်ပေါ့ပြောတယ်။ ၁၁နာရီနောက်ပိုင်း မြို့ထဲကိုအကုန်ပတ်ပစ်တော့တာပဲ အဲ့ချိန်မှာအရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်။ တစ်ဦးကိုတော့ ကျနော်တို့မျက်မြင်တွေ့ခဲ့တယ် ပြေးရင်းလွှားရင်းတွေ့ခဲ့ရတာပေါ့ တစ်ဦးကတော့ဗန်းမောက်မြို့အထွက်မှာပစ်ထားတယ်ပြောတယ်”ဟုဆိုသည်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ပြည်သူနှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ လက်တလောတွင် စစ်ကောင်စီတပ်မှ မြို့တွင်းဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မူကြောင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဗန်းမောက်ဒေသခံတစ်ဦး ပြောဆိုသည်။ “အရမ်းစည်တဲ့ မနက်ဈေးတောင်မှ ၈နာရီထိ အပြေးအလွှားရောင်းကြတယ်။ ၁၁ နာရီနောက်ပိုင်းဆို အပြင်မထွက်ရဘူး။ တစ်မြို့လုံးခြောက်သွေ့နေတာဘဲ အပြင်ထွက်သူမရှိသလောက်ဘဲ။ ပြီးရင် ခုဆို ဗန်းမောက်မြို့နယ် အဝင်အထွက်တွေကိုပိတ်ထားတယ်”ဟုဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့အဝင်အထွက် စစ်ဆေးရေးများ ပိုမိုတင်းကြပ်နေကြောင်း ဆက်လက်သိရသည်။ ဗန်းမောက်နယ်တွင် ဩဂုတ်လဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပျောက်ကျားစစ်ဆင်ရေးစနစ်ဖြင့် ၅ကြိမ်ထက်မနည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဗန်းမောက် PDF အဖွဲ့ပြောဆိုချက်မှသိရသည်။ - [စစ်ကောင်စီကို ဝင်ငွေ ရှာပေးသည့် အကောက်ခွန်ဂိတ်ကို KIA နှင့် PDF မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/08/16/az4/): မန္တလေး မြစ်ကြီးနားလမ်းမပေါ် အင်းတော် နဘားလမ်းဆုံရှိ စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် အကောက်အခွန်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင် သွားရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဝန်ထမ်း ၄ ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း သိရသည်။ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့်ဂိတ်ဖြစ်သောကြောင့် ဖျက်စီးလိုက်ခြင်းဖြစ်သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အဲ့ဂိတ်မှာက စစ်ကောင်စီ တပ်သားတွေ မထိုင်ဘူး။ အရပ်သားဝန်ထမ်းတွေကို ထိုင်ခိုင်းတာ အဲ့အရပ်သားဝန်ထမ်းတွေကိုလည်း ဖမ်းထားတယ်။ ပြီးကျရင် မေးစရာစစ်စရာပြီးရင် ပြန်လွတ်ပေးမှာ အဓိကတော့ စစ်ကောင်စီကိုင်တဲ့ ဂိတ်မို့လို့သွားလုပ်တာ။ အဲ့ဂိတ်မှာ ကုန်ကားတွေ၊ ဘတ်ဖိုးယာဥ်တွေ တွဲကားကြီးတွေကို ကတ္တားချိန်တယ်။ တန်ချိန်ပိုတဲ့ဟာတွေကို အခွန်ကောက်တယ် အဲ့ငွေတွေကို စစ်ကောင်စီကိုပေးတယ်အဲ့ကြောင့် ဖျက်ဆီးခဲ့တာပါ”ဟုပြောဆိုသည်။ ဂိတ်ထိုင်ထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ယခင်က စစ်တပ် နှင့် ရဲများထိုင်လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းတွင် အရပ်သားများကို လခပေးငှားရမ်း၍ ဂိတ်ထိုင်ခိုင်းပြီး တန်ချိန်ပိုသည့် ကုန်ကားများကိုတစ်စီးလျှင် အများဆုံး ကျပ် ၁၅၀၀၀၀ အထိ တောင်းခံလျက်ရှိကြောင်း သိရသည်။ ဂိတ်ထိုင်နေသည့် အရပ်သား ၄ ဦးကို KIA စခန်းဘက်သို့ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းပြီးပါက ပြန်လွတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးရှို့နေစဉ် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ် မှ နဘားရွာဘက်သို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ နဘားကျေးရွာအနီးရှိ ဆီပန့်ဆိုင်အနီးကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ အင်းတော်မြို့နယ်အတွင်း PDF နှင့် … - [ပူတာအိုတွင် အသက် ၁၈ နှစ်ပြည့်သူများ၏အမည်စာရင်း စတင်ကောက်ခံ](https://burmese.kachinnews.com/2022/08/16/az3-2/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု ဆိုကာ အသက် ၁၈နှစ်ပြည့်သူများ၏ အမည်စာရင်းများကို စစ်ကောင်စီအဖွဲ့ လိုက်လံကောက်ခံနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၁၁ရက်နေ့မှစပြီး မြို့နယ်အထွေအထွေအုပ်ချုပ်ရေးရုံး၏ ညွှန်ကြားချက်အရဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက လိုက်လံကောက်ခံနေသည်ဟု ကောင်ကထောင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါသည်။ “မှတ်ပုံတင်လုပ်ဖို့ဆိုပြီး အိမ်မှာမနေ့က စာရင်းကောက်သွားတယ်။ ဒီအိမ်မှာ ၁၈ ပြည့်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်သူမှတ်ပုံတင်မလုပ်ရသေးဘူးလည်းပေါ့ အဲ့တာတွေမေးပြီးကောက်သွားတာ အဓိကတော့ အသက်ပြည့်ပြီး မှတ်ပုံတင်မရှိတဲ့စာရင်းကိုယူသွားတာ”ဟုပြောဆိုသည်။ အမည်စာရင်း လိုက်လံကောက်ခံရာတွင် အမည်၊ မွေးသက္ကရာဇ်၊ လိင်အမျိုးအစား၊ မိဘအမည်နဲ့မှတ်ပုံတင်နံပတ်၊ နေရပ်လိပ်စာတို့ကို အတိအကျကောက်ယူသွားကြောင်းဒေသခံများထံမှသိရသည်။ အလားတူ လုံးစွတ်၊ ကောင်ကထောင်စသည့်ရပ်ကွက်ဘုန်းကြီးကျောင်းများတွင် လည်း ဗုဒ္ဓဘာသာဝင်များ၏ လူဦးရေ အိမ်ထောင်စုများကို ကောက်ခံပြုစုထားရန်ညွန်ကြားထားပြီး အဆိုပါလူဦးရေ အိမ်ထောင်စုစာရင်းသည် လာမည့်ရွေးကောက်ပွဲအတွက်အကျုံးဝင်မည် ဖြစ်သည်ဟု ဘုန်းကြီးကျောင်းများတွင် ညွန်ကြားစာပို့ထားကြောင်း သိရသည်။ ကချင်ပြည်နယ် အတွင်းရှိမြစ်ကြီးနား၊ ဝိုင်းမော်နဲ့အခြားမြို့များတွင်လည်း ပြီးခဲ့သော ဇွန်လခန့်က ယခုကဲ့သို့ အမည်စာရင်းများကောက်ယူခဲ့သည်။ စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မှတ်ပုံ တင်ပြုလုပ်ပေးရန် စွမ်းစွမ်းတမံ ဆောင်ရွက်လာမှုမှာ လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်စီစဥ်နေသည့်စစ်ကောင်စီရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ - [နမ့်စီးအောင် နှင့် ၂၁ မိုင်ပူးပေါင်းဂိတ်တို့တွင် ဂိတ်ဖြတ်ကြေးကို ၃ ဆ ထပ်တိုး ကောက်ခံနေ](https://burmese.kachinnews.com/2022/08/16/az2-3/): ကချင် စစ်ကိုင်း နယ်စပ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင် စုပေါင်းဂိတ် နှင့် မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စုပေါင်းဂိတ်တို့တွင် ကုန်တင်ကားနှင့် ဝက်သယ်ကားများထံ ယခုရက်ပိုင်း ဂိတ်ဖြတ်ကြေးကို ၃ ဆအထိ တိုးမြင့်ကောက်ခံနေကြောင်း ယာဉ်မောင်းများထံ မှ သိရသည်။ ယခုလပိုင်းအတွင်း ဂိတ်ကြေး တိုးမြင့်တောင်းခံလာသည့် အခြေအနေနှင့်ပတ်သက်ပြီး မန္တလေး၊ မြစ်ကြီးနား ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။ “နန့်စီးအောင်ဂိတ်နဲ့ မြစ်ကြီးနား ၂၁ မိုင် စုပေါင်းဂိတ်တွေမှာ စစ်သားတွေက အရင်ထက် ထပ်ဝက်နီးပါး ငွေကြေး တောင်းနေတယ်။ ဥပမာ အရင်က သုံးထောင်ပေးရတဲ့နေရာ အခု တစ်သောင်းပေးရတယ်။ စုပေါင်းဂိတ်တွေ ဆိုတော့ အများကြီးဘဲ မောက်မောက်မာမာပြောတာကို မကျေနပ်ဘူး။ ငွေက ပေးရသေး အထပ်စီးက” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်ကားမောင်းသူက ပြောပြသည်။ ယာဉ်မောင်းများ၏ ပြောဆိုချက်အရ ဂိတ်တစ်ခုတွင် ရဲ၊ မူးယစ်၊ ထွေအုပ်၊ စစ်တပ်၊ လဝက ‌အစရှိသည့် ဌာနများ စုပေါင်းနေထိုင်ပြီး ဂိတ်တစ်ခုတွင် ကားတစ်စီးလျှင် ဖြတ်သန်းခ ၄၅၀၀၀ ဝန်းကျင်ထိ ပေးဆောင်ရသည်ဟု ဆိုသည်။ ကုန်တင်ကားများကို ငွေကြေး တိုးမြှင့်ကောက်ခံနေသည့်အပြင် ဂိတ်စောင့် စစ်ကောင်စီတပ်သားများသည် ကားသမားများကို ဆဲဆို ကြိမ်းမောင်းမှုများလည်း မကြာခဏ ခံရလေ့ရှိသည်ဟု သိရသည်။ ထို့ကြောင့် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများမှ ကချင်ပြည်နယ် မြစ်ကြီးနားအထိ ဝင်ရောက်လာသော ကုန်ကားများသည် နမ့်စီးအောင် စုပေါင်းဂိတ် နှင့် မြစ်ကြီးနားမြို့နယ် … - [တိုက်ခိုက်ခံရသော တပ်စခန်း အနီးရှိ နေအိမ်ကို မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့မှ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်း](https://burmese.kachinnews.com/2022/08/16/yl1-4/): ပြီးခဲ့သည့်အပတ်က တိုက်ခိုက်ခံရသော စံပြကျေးရွာ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းအနီးရှိ ပြည်သူနေအိမ် တစ်အိမ်ကို၅ အရက်အတွင်း ရွေ့ပြောင်းရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။ ပြည်သူ့စစ် တပ်စခန်းဖြင့် မီတာ ၃၀၀ ခန့်အကွာရှိ စံပြကျေးရွာ ဦးလမုန်တန်ဂွန်း၏ နေအိမ်ကို ၅ရက်အတွင်း အမြန်ရွှေ့ပြောင်းရန် ဩဂုတ်လ ၁၃ ရက်နေ့က ကျေးရွာရပ်မိရပ်ဖ တာဝန်ရှိသူများမှ တဆင့် ပြောဆိုခိုင်းလိုက်သည်ဟု စံပြဒေသခံ အမျိုးသားတစ်ဦး က KNG ကို ပြောဆိုသည်။ “မင်းဇင်သန့်နဲ့ တွေ့ခဲ့တဲ့ ရပ်မိရပ်ဖတွေက ဦးလမုန်တန်ဂွန်းကို ဖုန်းခေါ်ခဲ့တယ်။ ဦးတန်ဂွန်းကို ၅ရက်အတွင်း နေအိမ်ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းပေးရမယ်လို့ ခေါ်ပြောတယ်။ ပြီးရင် စံပြမှာ ပြည်သူ့စစ်တပ်စခန်းနဲ့ နီးတဲ့ ပြည်သူတစ်ချို့ကိုလည်း ပြောဆိုထားတာရှိတယ်။ ဘယ်အိမ်တွေပါလဲဆိုတာတော့ သေချာမပြောနိုင်ဘူး”ဟု ပြောဆိုသည်။ ထိုနေရာတွင် ၁၀ နှစ်ကျော်ခန့် နေအိမ် ခြံဖြင့် အတည်တကျနေထိုင်ခဲ့သော နေအိမ်ကို ၅ရက်အတွင်း ရွှေ့ပြောင်းနေထိုင်ရန် မင်းဇင်သန့် ပြောဆိုမှုနှင့်ပတ်သက်ပြီး ဦး လမုန်တန်ဂွန်းက ယခုလို ပြန်လည်ပြောဆိုသည်။ “ကျနော်ကိုယ်တိုင်က လက်နက်ကိုင်တဲ့ အဖွဲ့ဘယ်သူ့ကိုမဆို ကြောက်တဲ့အတွက် အိမ်ရွှေ့ပြောင်းခိုင်းတဲ့ အပေါ်မှာ လူမနေဖို့တော့ ဆုံးဖြတ်ထားတယ်။ သူတို့ပြောသလို အိမ်ဖြုတ်ဖို့အထိတော့ လောလောဆယ်မလုပ်နိုင်သေးဘူးဆိုပြီး ရပ်မိရပ်ဖ အဖွဲ့တွေကိုလည်း ပြောလိုက်တယ်” ဟု ပြောဆိုသည်။ ဦးတန်ဂွန်းအပြင် ပြည်သူ့စစ်တပ်စခန်း အနီးတွင်ရှိသာ နေအိမ်အချို့ကိုလည်း အမြန်ပြောင်းရွေ့ရန် သတိပေးထားသလို၊ အောင်ရာနှင့် စံပြ ကျေးရွာအနီးတဝိုက် လယ်လုပ်ကိုင်သော ဒေသခံတောင်သူများကိုလည်း ညအိပ်စောင့်ခြင်း မပြုရန် ပြောဆိုထားသည်ဟု သိရသည်။ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့လျှင် … - [စက်သုံးဆီ စျေးမြှင့်တက်မူကြောင့် ဆော့လော်သို့ ကုန်ပစ္စည်းတင်ပို့မှု ရပ်နားထား](https://burmese.kachinnews.com/2022/08/16/sm1-2/): စက်သုံးဆီ စျေးနှုန်းမြှင့်တက်မှုကြောင့် ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့နေသည့် ကားများမထွက်နိုင်ဘဲ ရပ်နားထားရသည်ဟု အမည်မဖော်လိုသူ ကုန်ကား‌ မောင်းသူများထံမှ သိရသည်။ ယခင်က ဆော့လော်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အသွားအပြန်စက်သုံးဆီ ၄ သိန်းဖိုးခန့်သာကုန်ကျသော်လည်း လက်ရှိတွင် ၈သိန်းခန့် ရှိလာသဖြင့် ကုန်ပစ္စည်းတင်ပို့မှု ရပ်နားထားရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။ “အဓိကကတော့ ဆီဖိုးမတတ်နိုင်လို့ ဆော့လော်ကိုမတက်နိုင်တာပေါ့။ ကျနော်တို့မိတ်ဆွေ ကားသမားတွေလည်းမတက်ကြတာများတယ်။ အရင်ကမောင်းဆီ၄သိန်းဖိုးလောက်ကုန်တယ် အခုကနှစ်ဆ ၈သိန်းလောက် ကုန်တယ်” ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။ ယခုလို စက်သုံးဆီစျေးမြှင့်တက်မှု အကျိုးဆက်တွေကြောင့် ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းများမရောက်ရှိနိုင်ဘဲ ဒေသခံပြည်သူများနှင့် ဆော့လော်မြို့နယ်က ဝန်ထမ်းများ အစားအသောက်အခဲများ ကြုံတွေ့နေရသည်ဟု သူက ဆက်ပြောသည်။ “အရင်က ဆော့လော်မှာက တရုတ်ပြည်ကနေ ကုန်တွေအဓိကဝယ်ယူကြတာ ကိုဗစ်နောက်ပိုင်းမြန်မာပြည်က ဝယ်ယူစားသုံးတာပေါ့။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စျေးနူန်းတက်တာကတစ်ကြောင်း အခုလိုဆီစျေးတွေတက်တော့ ဒေသခံတွေ ဝန်ထမ်းတွေအစားအသောက်နဲ့ပတ်သက်လို့ တော်တော်ခက်ခဲကြတယ်” ဟု ဆော့လော် ဒေသခံများနှင့် နီးစပ်သူတစ်ဦးက KNGသို့ ပြောသည်။ ဆော့လော်မြို့သည် ကိုဗစ်မဖြစ်ခင်ကာလများက ဆန်နှင့်အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတစ်ဆင့် အဓိကဝယ်ယူစားသုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်နယ်စပ်ဂိတ်များပိတ်ခဲ့တာကြောင့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ကနေ ဝယ်ယူစားသုံးနေရသည့် နေရာဒေသတစ်ခုဖြစ်သည်။ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းရေးဆက်သွယ်ရေးအခက်အခဲများကြုံတွေ့ရသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရန် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီ ထိန်းချုပ်ရာနယ်မြေအသီးသီးကိုဖြတ်သန်းကာ တင်ဆောင်လာသည့်ကုန်ပစ္စည်းအလိုက် အခွန်များပေးဆောင်ရသည်ဟု ဒေသခံများထံမှသိရသည်။ လက်တလော မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ၉၂ တစ်လီတာကို ၃၀၀၀ လူတစ်ဦးလျှင် တစ်လီတာဖြင့် အကန့်အသတ်ဖြင့်သာရောင်းချပေးနေပြီး … - [အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး](https://burmese.kachinnews.com/2022/08/15/az2-2/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်မြို့နှင့် ကျောင်းကုန်းကျေးရွာကြားတွင် မန္တလေးဘက်မှ တင်ဆောင်လာသည့် မြန်ဘီယာ၊ ဒဂုန်ဘီယာနှင့် Andaman ဘီယာအဖာ ၂၀၀ တိတိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က ဖမ်းဆီး၍ ဖျက်ဆီးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ ယမန်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် မန္တလေးမှ အင်းတော်မြို့တွင်းသို့ ၆ဘီးယာဉ်တစ်စီးဖြင့် စစ်ကောင်စီထုတ် မြန်မာဘီယာများတင်ဆောင်လာသည့် ကားများကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်( PDF )ပူးပေါင်းတပ်တို့က အင်းတော်နှင့် ကျောင်းကုန်းကျေးရွာကြားတွင် စစ်ဆေးမိရာမှ မြန်မာဘီယာ အဖာ ၂၀၀ တိတိကို ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ကြောင်း အင်းတော် PDFမှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းကိုပြောသည်။ “အင်းတော်နှင့် ကျောင်းကုန်းလမ်းပိုင်းမှာ ကျွန်တော်တို့က ကားတွေကိုစစ်နေတာ စစ်နေတဲ့ချိန်မှာ မန္တလေး ဘက်ကနေ အင်းတော်ကိုသယ်လာတာတဲ့ကားတစ်စီးမှာ မြန်မာဘီယာက ၁၈၀ ဖာ၊ ဘီယာ က ၁၂ ဖာနဲ့ ဒဂုန်ဘီယာက ၈ ဖာဗျ အဲ့တာကို ကေအိုင်အေနှင့် DPF တွေပေါင်းပြီး အဲ့သယ်လာတဲ့ကားနဲ့ပဲ တက်ကြိတ် ခိုင်းပြီးဖျက်ဆီးလိုက်တာပါ”ဟုပြောဆိုသည်။ အဆိုပါ ကားသမားကို နောက်နှောင် ယခုကဲ့သို့ ပြစ်မှုမျိုးမကျူးလွန်ရန် သတိပေး၍ ကားနဲ့လူကိုပြန်လွတ် ပေးခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးဖျက်ဆီးမှုမျိုးမပြုလုပ်မှီကြိုတင်သတိပေးမျိုးများရှိခဲ့ကြောင်းလည်းသိရသည်။ “အရင်ကမိတဲ့ကားသမားတွေကိုလည်းခုလိုမျိုးသတိပေးပြီးတော့မှပဲပြန်လွတ်ပေးလိုက်တာရှိတယ် အခုလိုမျိုးမလုပ်ခင် အရင်ကလည်းစစ်တပ်ထုတ်ကုန်တွေမတင်ဖို့ သတိပေးတာတွေရှိတယ် အွန်လိုင်းပေါ်မှာကော နောက်ပြီးကားဆရာတွေကိုကော သတိပေးတာမျိုးတွေရှိတယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လတ်တလောတွင် အင်းတော် … - [မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ](https://burmese.kachinnews.com/2022/08/15/az1-2/): ဖားကန့်မြို့နယ် မမုံကျေးရွာ သပိတ်ခေါင်းဆောင်နှင့် မိုးကောင်းမြို့နယ် ဟိုပင်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တို့ ယမန်နေ့ မြစ်ကြီးနားမြို့အထွက် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းစီးခံလိုက်ရကြောင်း ဒေသခံများ ထံမှ သိရသည်။ ဩဂုတ်လ ၁၄ရက်နေ့တွင် မမုံသပိတ်ခေါင်းဆောင် အသက် ၃၇နှစ် ကိုစိုင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အသက် ၃၀နှစ် ကိုမျိုးကျော်တို့ ၂ဦး မြစ်ကြီးနားမှ ဖားကန့်ဘက်သို့ ဆင်းလာစဉ် ၂၁မိုင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မမုံကျေးရွာ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “ကိုစိုင်းမောင် အဖမ်းခံလိုက်ရတယ်ဆိုပြီး မနေ့က ၁၀ နာရီခွဲလောက်မှာ ဖုန်းဝင်လာတယ်ဗျ။ စိတ်မကောင်း ဖြစ်မိတယ်။ သူနဲ့အတူ လွတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်လည်း ကားတစ်စီးအတူစီးလာတာ ဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတော့ ငွေတိုက်စာချုပ်နဲ့ ကိုစိုင်းမောင်ဖုန်းမှာ PDF နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေတွေ့လို့ ဖမ်းခံလိုက်ရတာလို့သိရတယ်”ဟု ဆိုသည်။ ကိုစိုင်းမောင် နှင့် ကိုမျိုးကျော်အဖမ်းခံလိုက်ရသည့် အဓိကအကြောင်းမှာ NUG အစိုးရ ငွေတိုက်စာချုပ် စစ်ဆေး တွေ့ရှိမှုနဲ့ လက်ကိုင်ဖုန်းတွင် PDF နဲ့ ဆက်စပ်သည့် ဓာတ်ပုံများ တွေ့ရှိသွားသည့်အတွက် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။ “သိရသလောက်တော့ စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့သိရတယ်။ ခေါ်သွားတာ ကတော့ ၂၁မိုင်က မြစ်ကြီးနားနဲ့နီးတော့ မြစ်ကြီးနားဘက်ခေါ်သွားတယ်တဲ့ ခုထိဘာ သတင်းချက်လက်မှမသိရသေးဘူး အဆက်သွယ်လည်းမရသေးဘူး”ဟု ကိုစိုင်းမောင်နဲ့ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။ ယခုဖမ်းခံလိုက်ရသည့် ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့နှစ်ဦးသည့် ရပ်ရွာအကျိုး ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသောကြောင့် တစ်စုံတစ်ခုဖြစ်သွားမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြကြောင်း သိရသည်။ … - [စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး](https://burmese.kachinnews.com/2022/08/13/yl2-3/): ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာတွင် ချီဖွေ ဘက် မှ ဆင်းလာသော မြင်း ၉ ကောင် သယ်ဆောင်လာသည့် ၁၂ ဘီကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ၁၂ ဘီးကားကို မန်ဒေါင်ကျေးရွာအဝင်တွင် KIA အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် မန်ဒေါင်ဒေသခံတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “KIA က အဲ့ ၁၂ ဘီးကားကို ရပ်ဖို့တားမြစ်တယ်။ ဒါပေမယ့် အဲ့ကားက မရပ်ဘူး။ ပြေးမောင်းသွားတယ်။ အဲ့ကြောင့် သေနတ်နဲ့ ၄ ကြိမ်လောက် လှမ်းပစ်တယ်။ ကားမှာပါလာတဲ့ မြင်းက ၉ ကောင် ဟုတ်တယ်။ ၉ကောင်ထဲမှာ ၄ကောင်က KIA ဖမ်းယူသွားတယ်။ ၄ ကောင် က သေသွားတယ်။ တစ်ကောင်က လွတ်သွားတယ်” ဟု မျက်မြင်သက်သေ က ဆိုသည်။ မြင်း ၉ ကောင်အနက် အသက်ရှင်သော ၄ ကောင်ကို KIA အဖွဲ့က ချီဖွေဘက်သို့ ဆွဲခေါ်သွားသည်ဟု သူက ဆက်ဆိုသည်။ ထို့နောက် ၁၂ ဘီးကားကို ယနေ့နံနက်ပိုင်းမှ KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။ အဆိုပါ မြင်းကောင်များမှာ စစ်ကောင်စီတပ်ပိုင် ဖြစ်သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ အဖွဲ့က လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ခံ … - [ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော](https://burmese.kachinnews.com/2022/08/13/yl1-3/): ရှဒူးဇွပ် စံပြကျေးရွာ ပြည်သူများကြား စခန်းချထားသော စံပြပြည်သူ့စစ်စခန်းကို KIA မှ တစ်ဖန် ပြန်လာတိုက်မည်ဆိုပါကပြည်သူ လူထုကို ငဲ့ညှာသွားမည် မဟုတ်ဘဲ အသက်အန္တရာယ်ထိပါးသည့်အထိ လုပ်ဆောင်သွားမည်ဟု ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်က ပြောဆိုလိုက်သည်။ ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စံပြနှင့် အောင်ရာ ကျေးရွာမှ ရပ်မိရပ်ဖ ၃ ဦးကို ၎င်းတို့၏ စံပြ ပြည်သူ့စစ် စခန်းသို့ ခေါ်ယူပြီးနောက် ယခုလို သတိပေးပြောဆိုခဲ့ကြောင်း ရပ်မိ ရပ်ဖ ၃ ဦးနှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ “မင်းဇင်သန့် ခေါ်တွေ့ခဲ့တဲ့ ရွာခံ၃ယောက်ကို ရွာအတွင်း KIA ဝင်ရောက်လာတာကိုလည်း မပြောဘူးဆိုပြီး ဒေသထွက်နေတယ်တဲ့။ အဲ့ကြောင့် နောက်တစ်ခါ ဒီလိုမျိုးပြန်ဖြစ်လာရင် သူတို့ကို အဆိုးမဆိုနဲ့လို့ သတိပေးလိုက်တယ်တဲ့” ဟု ပြောဆိုသည်။ KIA အဖွဲ့မှ ဩဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်း ၃ နာရီ ဝန်းကျင် စံပြ ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ရန် ပြည်သူ့စစ် တပ်စခန်းအနီး နေရာယူခြင်း၊ အင်အား မည်မျှရှိကြောင်းကို ဝေဟင်ပေါ်မှ Drone ဖြင့် ကွင်းကွင်းကွက်ကွက် မြင်တွေ့ရကြောင်းလည်း မင်းဇင်းသန့်က တွေ့ဆုံမှုတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။ တိုက်ပွဲအပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပ်ဆုတ်သွားသော ဝေဟင်ရုပ်ပုံများကိုလည်း ဝရာဇွပ်ပြည်သူ့စစ်၏ Telegram တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသည့် အောင်ရာနှင့် စံပြကျေးရွာ ၂ခု နေအိမ်ပိုင်ရှင်များကိုလည်း စစ်ကောင်စီအောက် … - [ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား](https://burmese.kachinnews.com/2022/08/12/%e1%80%86%e1%80%9a%e1%80%ba%e1%80%87%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba-%e1%81%84%e1%81%80/): ဩဂုတ်လ ၉ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာရှိ နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးမှ သိရသည်ဟူသော မဟုတ်မမှန် သတင်းအမှားတစ်ခု ပြန့်နှံနေသည်ကို ထပ်မံ တွေ့ရှိရသည်။ ဒီသတင်းအမှားကို စစ်ကောင်စီထောက်ခံသည့် “Truth Media” Telegram အကောင့်တွင် ဩဂုတ်လ (၁၀) ရက်နေ့တွင် စတင်ရေးသားခဲ့သည်။ သူ၏ ဖော်ပြချက်တွင် “ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF များ မီးရှို့ပေးလိုက်ပြီး KIA အယောက် ၃၀ ခန့် သေးဆုံးတဲ့အတွက် မီးတင်ရှို့တာဖြစ်တယ်လို့” ဆိုထားသည်။ အထက်ပါ သတင်းများမှာ Kachin News Group KNG တွင် ဩဂုတ်လ ၁၀ ရက်နေ့ ဖော်ပြခဲ့သော “ဆယ်ဇင်း နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံ ၃၀ ခန့် ထိခိုက် သေဆုံးမှုရှိ” ဆိုသော သတင်းမှ ရုပ်ပုံနှင့် အချက်အလက်များကို စာဖတ်သူ အမြင်မှားအောင် လွဲပြောင်း ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။ အလားတူ ဆယ်ဇင်းမှလွတ်မြောက်လာသူတစ်ဦးကို KNG မှ မေးမြန်းချက် ကို နားဆင်ကြည့်ပါက ဆယ်ဇင်းကျေးရွာကို KIA နှင့် PDF များ မီးရှို့ခဲ့သည်ဆိုသော အချက်မှာ သတင်းအမှားဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဆယ်ဇင်းကျေးရွာကို အမှန်တကယ်မီးရှို့သူများမှာ စစ်ကောင်စီနှင့် အပါင်းအပါများနှင့်ဖြစ်ပြီး … - [နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2022/08/12/yl2-2/): တနိုင်းလီဒိုလမ်း နောင်းမီကျေးရွာတွင် စစ်ရေးလှုပ်ရှားသွားလာသော စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဩဂုတ်လ ၁၁ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ဒွမ်ဘန်ကျေးရွာ ခလရ ၂၉၈ တပ်ရင်းမှ စစ်အင်အား ၆၀ ဝန်းကျင်က နောင်းမီကျေးရွာဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ရာ ယခင်နောင်းမီကျေးရွာ ရွာဟောင်း အနီးတွင် KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု နောင်းမီဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။ “အရင် ရွာဟောင်းနားမှာဟုတ်တယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ KIA က ကြိုတင်ထောင်ထားတဲ့ မိုင်းလို့ပြောတယ်။ ပေါက်ကွဲတာက တစ်ကြိမ်ဘဲ။ အဲ့နေရာမှာ ဗမာ စစ်သားတွေ ၂ယောက်က ဒဏ်ရာရသွားလို့ ဆေးရုံးကားနဲ့ လာတင်သွားတယ်”ဟုပြောဆိုသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်အထိ နောင်မီကျေးရွာအဝင်အနီးရှိ ပြည်သူ့စစ်တပ်စခန်း နေရာတွင် ဆက်လက်ရှိနေသေးကြောင်း သိရပါသည်။ ဝါရာဇွပ်ဒေသခံ တစ်ဦးပြောဆိုချက်အရ နောင်မီကျေးရွာတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ကို ကား ၃စီးဖြင့် သယ်ယူရန် စီစဉ်နေပြီး ရှဒူးဇွပ်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့ရန်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။ ဩဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်တွင် ရှဒူးဇွပ် စံပြကျေးရွာအတွင်းရှိသော မင်းဇင်သန့်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ၂ဖက်တပ် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။ - [ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား](https://burmese.kachinnews.com/2022/08/12/zm1-2/): ကသာမြို့နယ် အထက်ပိုင်း နှင့် အောက်ပိုင်းတွင် လတ်တလောရောက်ရှိလာသော စစ်ကြောင်းများသည် အရပ်သားပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး မင်းလယ်နှင့် မဲဟင်းရွာ ၂ခုကြား လက်နက်ကြီးလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်များသည် ကသာမြို့အောက်ပိုင်းတွင် အင်အား ၇၀ ခန့်ဖြင့် လှုပ်ရှားနေပြီး အထက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် သွားလာနေပြီး ဩဂုတ် ၁၁ရက်နေ့ နံနက်ပိုင်း ကသာအောက်ပိုင်းရှိ သုံးဆယ်ပေကျေးရွာမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ကသာမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦက KNG ကို ပြောသည်။ “လက်နက်ကြီးရမ်းပစ်တာက ကသာအထက်ဘက် မင်းလယ်နဲ့ မဲဟင်းကြားကနေပစ်တာ ပစ်တော့ မင်းလယ်ဘက်က ဝက်လေးကောင် လက်နက်ကြီးထိပြီး သေတယ်။ ကျန်တဲ့အထိအခိုက်ကတော့အသေးစိတ်မသိရသေးဘူး ရွာသားတွေကလည်း ပြန်မကပ်နိုင်သေးဘူး”ဟုပြောဆိုသည်။ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်သည် သြဂုတ်လ ၈ ရက်နေ့က မန္တလေးဘက်မှ သင်္ဘော ၆ စီးဖြင့်တက်လာသည့်အနက် ဧရာဝတီမြစ်အနီးရှိ သုံးဆယ်ပေကျေးရွာတွင် ဝင်ရောက်တပ်စွဲသော စစ်ကြောင်းဖြစ်သည်။ အဆိုပါအရပ်သား ၃၀ ကျော်သည် သြဂုတ် ၁၁ ရက်နေ့ညပိုင်းက ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး လတ်တလော သုံးဆယ်ပေရွာတွင် ထိန်းသိမ်းထား၍ ကျေးရွာရှိ နေအိမ်များကိုလည်း ဝင်ရောက် မွှေနောက်နေကြောင်း သိရသည်။ “သူတို့ကို စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်။ သူတို့သွားရာလမ်းကြောင်းအတိုင်းခေါ်တယ်ပေါ့ သူတို့ကိုပြန်လွတ်ပေးဖို့ ရွာကဘုန်းကြီးသုံးပါးက သွားညှိနှိုင်းပေးမယ့်မရခဲ့ဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါအဖမ်းခံထားရသူများသည် လယ်လုပ်၊ ယာလုပ်၊ ခြံလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ပြီး အမျိုးသား အမျိူးသမီးများ ပါဝင်ကြောင်း သိရသည်။ … - [ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ](https://burmese.kachinnews.com/2022/08/12/yl1-2/): ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်နှင့် SNA အဖွဲ့တို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေ သောကြောင့် ဆယ်ဇင်း အနီးတဝိုက်ရှိ ရွှေမှော် ၂၀ ဝန်းကျင် မှ ပြည်သူ ၃၀၀ ကျော်ခန့် ဖားကန့် တာမခန်ဘက်သို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဩဂုတ်လ ၁၁ ရက် ယမန်နေ့ ညပိုင်းမှ စတင်ကာ ဆယ်ဇင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ကျေးရွာအနီး ပတ်ဝန်းကျင်ဘက်သို့ ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ရွှေမှော်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆယ်ဇင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောဆိုသည်။ “သူတို့က KIA နဲ့ PDF ရှိတယ် ထင်တဲ့ နေရာဘက်မှာ ညကတည်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ အခု မနက်ပိုင်းအထိ ပစ်နေတယ်။ အနီးတဝိုက်မှာ ရွှေမှော် ရွာငယ်တွေရှိပါတယ်။ အဲ့ရွာက လူတွေ ဒီမနက် ပြန်ထွက်လာကြပါပြီ။ တာမခန်ဘက်ကို ရောက်လာတဲ့ သူတွေရှိသလို ရွာထဲက ထွက်နေဆဲ ဖြစ်တဲ့ ပြည်သူတွေလည်း ရှိပါသေးတယ်” ဟု ပြောဆိုသည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆယ်ဇင်း ရွှေမှော်များသည် ဝေဟုန်၊ ပင်းယခံ၊ မှော်ကဋေ၊ ကညှင်ပြန့်၊ နတ်ဆယ်၊ ချမ်းသာအေး၊ ချမ်းသာကုန်း၊ ကျောက်ပုံး၊ ဝေမှော်အောင်၊ လက်ခတ်၊ ပျာစွယ်၊ ရွှေဘော်ကျွန်း၊ နွံကုတ်၊ တဲပတောင်၊ နောက်ကမ်းသာ၊ စိုက်ခေါက်၊ နံပုတ်၊ ရခိုင်ကုန်းနှင့် … - [ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/08/11/az3/): စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်း မဲဟင်းရွာ နှင့် မင်းလယ်ရွာ ၂ခုကြားကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွှဲ ၂နာရီဝန်းကျင် ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်လေယာဉ် ၂စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနေထိုင်သည့်ဘက်သို့ ဦးတည်ကာ ၇ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာမဟုတ်ဘူးလို့တော့ထင်တယ်။ အဲ့မှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်ထင်ပြီးမှ ကျဲတာဖြစ်လောက်နိုင်တယ်။ မဲဟင်းနဲ့မင်းလယ်ရွာကြားမှာလည်း ရွာတွေရှိတယ် ဒါကြောင့်ဘယ်ကိုကျဲတယ် ထိခိုက်မှု ရှိမရှိကိုတော့ မသိသေးဘူး။ လောလောဆယ် ရွာကိုပြန်ကပ်လို့မရဘူးစစ်ကြောင်းလည်းထိုးနေတယ်”ဟုပြောဆိုသည်။ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်သည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် လက်ရှိတွင် ကျေးရွာ ၅ခုဖြစ်သည့် မင်္ဂလာသုခ၊ ဘောမရွာ၊ မဲဟင်း၊ တဂူး၊ မင်းလယ်နှင့် ဂဒက် စသော ကျေးရွာများက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ အဆိုပါ ကသာနယ်အထက်ပိုင်းတွင် ယနေ့တစ်ရက်အတွင်း စစ်ကောင်စီတပ်သည် ရေကြောင်းဖြင့်စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ကသာနယ် ကျော်ပြင်ရွာ ဒေသခံပြည်သူများ၏ ကျွဲ၊နွားများ လက်နက်ကြီးထိမှန်သေဆုံးမှုများနှင့် လူနေအိမ်ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။ ကသာအထက်ပိုင်းတစ်ကြောတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန် ရှိနေဆဲဖြစ်သည်။ - [ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်](https://burmese.kachinnews.com/2022/08/11/sm1/): ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာအနီးရှိ ဇရပ်တစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားနိုင်သည်ဟု Banmauk Revolution-BR မှ ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်တွင် ဗန်းမောက်မြို့ အနောက်တောင်ဘက်ခြမ်းရှိ ပေကုန်းရွာအနီးရှိ ဇရပ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည်ကို သတင်းရရှိသဖြင့် KIA နှင့် PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အရင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေကျန်ခဲ့တဲ့ လက်ကျန်အင်အား၈၀လောက်နဲ့ဖြစ်တာ။ သူတို့က အမြဲတမ်း ကျနော်တို့ရှိတဲ့ဘက်ကိုလည်း မလာနိုင်ဘူး နောက်ကိုလည်းပြန်မဆုတ်နိုင်ဘူး။ သူတို့တောနင်းတဲ့ပုံစံမျိုးနဲ့ ပေကုန်းရွာအနီးက ဇရပ်မှာအထိုင်ချတဲ့အချိန် သွားတိုက်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာပါ” ဟု Banmauk Revolution-BRမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထိုအပြင် ညပိုင်း ၁၁ နာရီတွင်လည်း KIA နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီဘက်ကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရကာ ကျဆုံးမှု များပြားနိုင်သည်ဟု သူက ဆက်ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင်လည်း ဗန်းမောက်မြို့ တောင်ပိုင်းရှိ ဒယူးတောင်လယ် သက္ကယ်တောင်အနီးတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊ PDF … - [ပူတာအိုတွင် ကုန်စိမ်းနှင့် အသားစျေးနှုန်းများ အဆမတန် မြင့်တက်](https://burmese.kachinnews.com/2022/08/11/az2/): ပူတာအိုမြို့တွင် ကုန်စိမ်းစျေး နှင့် အသားစျေး နှုန်းများ အဆမတန်မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဇွန်လဝက်ခန့်မှ စတင်ကာ မြစ်ကြီးနားမှ တင်သွင်းသည့် ကုန်စိမ်းနှင့် ကြက်သား‌ စျေး နှုန်းများ မြင့်တက်လာသည်နှင့်အမျှ ဒေသပေါ်အမဲသား၊ ဝက်သားနှင့် ဒေသထွက်ကုန်စိမ်းစျေးနှုန်းများလည်း တဖြေးဖြေးစျေး မြင့်တက်လာနေကြောင်း ပူတာအိုမြို့ အမျိုးသမီးတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။ “ကုန်စျေး နှုန်းတွေက အဲ့ခြောက်လပိုင်းကတည်းကနေစတက်နေတာ အခုထိ စျေးမကျသေးဘူး။ တဖြေးဖြေးတောင် စျေးတက်လာနေတယ် အရင်က ငရုပ်သီးတစ်ခွက်ကို သုံးရာပဲပေးရတာ။ အခုက ဒေသထွက်ကော မြစ်ကြီးနားကလာတဲ့ဟာကော တစ်ဗူးကို ၇၀၀ ပေးဝယ်ရတယ်။ ရုံပေဒသီးတောင်အရင် နှစ်စည်း ငါးရာရတယ် အခုမရတော့ဘူး ကုန်စိမ်းစျေးနှုန်းတွေက အားလုံးလိုလို တက်နေတာ” ဟု ယင်းအမျိုးသမီးကပြောသည်။ အလားတူ ဇွန်လနောက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမှ တင်သွင်းသည့် ဉတုံးကြက်တစ်ပိဿ ကျပ်တစ်သောင်းမှ ကျပ် ၁၃၀၀၀၊ CP ကြက်တစ်ပိဿကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀အထိမြင့်တက် လာသည့်နှင့်အမျှ ဒေသပေါ် အမဲသားလည်းယခင် ကျပ်၁၀၀၀၀ မှ ကျပ် ၁၃၀၀၀ နှင့် ဝက်သား တစ်ပိဿ ကျပ် ၁၀၀၀မှ ကျပ် ၁၁၀၀၀ ၊ ကျပ် ၁၂၀၀၀ အထိ စျေးမြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မြစ်ကြီးနားမှ တင်သွင်းသည့် ကြက်သားနှင့် ကုန်စိမ်းစျေးနှုန်းများ စျေးတက်လာမှုမှာ စက်သုံး ဆီစျေးမြင့်တက်လာမှုကြောင့် တန်ဆာခမြင့်တက်လာသည်ဟုလည်း ဆိုသည်။ “အရင်ကတော့ လေးငါးရှစ်ထောင်လောက်နဲ့ဆိုရင် … - [ဆယ်ဇင်း KIA တပ်ကိုထပ်မံ တိုက်ခိုက်ရန် စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် အင်အား ပို့ဆောင်၊ ဒေသခံတစ်ချို့ ပိတ်ဆို့ခံထားရဆဲ](https://burmese.kachinnews.com/2022/08/11/yl3/): ဆယ်ဇင်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ ကို တန်ပြန်တိုက်ခိုက်ရန် ကချင် စစ်ကိုင်းအစပ်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားပို့ဆောင်ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် စစ်ကိုင်းအစပ် ပန်ခြေကျေးရွာတွင် ရဟတ်ယာဉ် ၂စီးဖြင့် အင်အား ခန့်မှန်းခြေ ၆၀ ခန့် လာရောက်ပို့ဆောင်ထားပြီး KIA တပ်စခန်းရှိသည့်ဘက်ကို စစ်ကြောင်းထိုးရန် ဖြစ်သည်ဟု သတင်း ရရှိထားကြောင်း KIA နှင့် နီးစပ်သော ဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။ “အခု ကျနော်တို့ ကြားရသလောက် KIA တပ်စခန်းရှိတဲ့ဘက်ကို ဝင်တိုက်ဖို့အတွက်ဆိုပြီး စစ်အင်အားတွေ ထပ်ပို့နေတာ တွေ့ရတယ်။ ညနေပိုင်းလောက်ဆို ဆယ်ဇင်း ဒေသဘက်ရောက်လာနိုင်တယ်။ သူတို့ ပြန်ဝင်လာရင်တော့ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟု ပြောဆိုသည်။ ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA တပ်တို့သည် ဆယ်ဇင်း ကျေးရွာရှိ လူနေအိမ် ၆၀၀ ကျော်အထိ မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ပြည်သူပိုင် ပစ္စည်းအများအပြားကိုလည်း စစ်ကိုင်းဘက်သို့ သိမ်းယူသွားကြသည်ဟု သိရသည်။ ဩဂုတ်လ ၈ ရက်၊ ၉ရက် ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆယ်ဇင်းရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်မှ မထွက်ရန် ပိတ်ဆို့ထားသည့် အရပ်သား ပြည်သူ ၇၀၀ ဝန်းကျင်ရှိသည့်အနက် ပြည်သူ ၅၀၀ ခန့်သည် ရရာနည်းလမ်းဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယနေ့တွင် … - [ဆယ်ဇင်းတွင် ပိတ်မိနေသည့် စစ်ရှောင် ပြည်သူအချို့ ပြန်လည်လွှတ်မြောက်လာ၊ အရေးပေါ် ကူညီမှုလိုအပ်နေ](https://burmese.kachinnews.com/2022/08/11/az1/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသည့် စစ်ရှောင်ပြည် အများပိုင်းပြန်လည်လွှတ်မြောက်လာသည့်အတွက် လတ်တလော တာမခံ၊ ဟောင်ပါး နှင့် နတ်ရေတောင် ကျေးရွာများတွင် စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်အထိ တိုးလာပြီး စားဝတ်နေရေး အကူအညီများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန်မှ စတင်ကာ ဆယ်ဇင်းကျေးရွာကိုလေယာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် လူနေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သောကြောင့် ဩဂုတ် ၁၀ ရက်နေ့မှ စတင်ကာ တာမခံ၊ ဟောင်ပါးနှင့် နတ်ရေတောင် ကျေးရွာများတွင် စစ်ရှောင်လာခြင်းဖြစ်သည်။ “ဆယ်ဇင်းမှာက အခုပိတ်မိနေတဲ့ဟာလည်းရှိသေးတယ်တဲ့။ အခုလာနေတဲ့လူတွေထဲမှာ ဖိနပ်မပါတဲ့လူလည်း အများကြီး ဒီကတတ်နိုင်တဲ့လူက ဖိနပ်တွေဘာတွေဝယ်ပေးတယ်။ ထမင်းကျွေး လုပ်ပေးနေတာ အဝတ်အစားလည်း မပါဘူး။ တချို့ဆိုမှတ်ပုံတင်တောင်မပါဘူး” ဟု စစ်ရှောင်ပြည်သူများကိုကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိ ဟောင်ပါး ဘုန်းကြီးကျောင်း တောင်ကျောင်းနှင့် အောက်ကျောင်းများတွင် စစ်ရှောင် ဦးရေ ၅၀၀ ကျော်၊ တာမခံ မူကြိုကျောင်းနှင့် အထက်တန်းကျောင်းဆောင်တွင် ၅၀၀ ကျော်၊ နတ်ရေတောင်တွင် ၂၀၀ နီးပါး စုစုပေါင်း စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်အထိရှိလာပြီး နောက်ထပ် ပိတ်မိနေသည့် စစ်ရှောင်များ ပြန်လည်ရောက်လာနိုင်ကြောင်း သူကဆက်ဆိုသည်။ “ကျွန်တော်တို့ဆီမှာက မနေ့ကအထိ ၃၈၀ ရှိတာ ဒီနေ့မနက်ပိုင်းအထိ ၁၀၀ ကျော်ထပ်တိုးလာတယ်။ တခြားနေရာတွေမှာလည်း တိုးနေတာဆိုတော့ အခုလက်ရှိထိကတော့ လူဦးရေ တစ်ထောင်ကျော်လောက် ဖြစ်လာပြီ။ နောက်ထပ် ဆက်ရောက်မယ့်ဟာလည်းရှိသေးတယ်။ အခုလွတ်လာတာကငါးရာနီးပါ အဲ့မှာလည်း ငါးရာလောက်ကိုရှိသေးတယ်။ ဘာလို့လွတ်ပေးလိုက်တာလည်းဆိုတာ … - [စံပြ ပြည်သူ့စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် KIA ဘက် ၁ ဦးကျဆုံး၊ ၁ ဦးထိခိုက်ဟု ဆို](https://burmese.kachinnews.com/2022/08/11/yl2/): ရှဒူးဇွပ် ကျေးရွာအနီး စစ်ကောင်စီ လက်အောက်ခံ စံပြ ပြည်သူ့စစ်တပ်စခန်းကို ယနေ့ နံနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဝင်ရောက်တိုက်ခိုက်မှုတွင် စခန်းသိမ်းပိုက်နိုင်ခြင်းမရှိဘဲ KIA ဘက်မှ ၁ ဦးကျဆုံးကာ ၁ ဦးထိခိုက်ခဲ့သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။ “ကျနော်တို့ ကြားရသလောက်က တစ်ယောက်ကျပြီး တစ်ယောက်က ထိခိုက်တယ်လို့ကြားတယ်။ ပြည်သူ့စစ် တပ်စခန်းသိမ်းနိုင်တဲ့အထိတော့ မဟုတ်ဘူး။ KIA ဘက်က ပစ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူ့စစ်တပ်စခန်းအတွင်းမှာ ထိခိုက်ပျက်စီးမှုများတယ်”ဟု စံပြ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ KIA ဘက်က ကျဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ KIA ဘက်သို့ ဆက်သွယ်မေးမြန်သော်လည်း လက်ရှိအချိန်အထိ ဆက်သွယ်၍ မရရှိသေးပါ။ ယနေ့ နံနက်ပစ်ခတ်မှုအပြီး ပြည်သူ့စစ်အဖွဲ့မှ ထုတ်ပြန်ထားသော Drone ဓါတ်ပုံတွင် KIA ဘက်မှ ဆုတ်ခွာသွားသည့် ရုပ်ပုံနှင့်အတူ သေဆုံးသူကို ထမ်းသွားသည့် ရုပ်ပုံများပါ ဖော်ပြထားသည်။ စံပြ ပြည်သူ့စစ်တပ်စခန်း အနီးရှိသော ဒေသခံများပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိနိုင်ကြောင်း ပြောဆိုသော်လည်း KNG မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ပြည်သူ့စစ်အဖွဲ့ ထုတ်ပြန်သော KIA စစ်ကြောင်း၏ ဓါတ်ပုံများ လူမှုစာမျက်နှာတွင် ထွက်ပေါ်လာပြီးနောက် KIA အနေဖြင့်လည်း ခေတ်မှီလက်နက်များကို မြင့်တင်သင့်ပြီဟု မြစ်ကြီးနား ရှိ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက KNG ကို ပြောသည်။ ‘မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့တွေက KIA စစ်ကြောင်းကို Drone နဲ့ ကြည့်ရှုနိုင်တယ်ဆိုရင် … - [စံပြ ပြည်သူ့စစ် စခန်းကို KIA သွားရောက်တိုက်ခိုက် ဖျက်ဆီး](https://burmese.kachinnews.com/2022/08/11/yl1/): တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ စံပြ ပြည်သူ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “စခန်းသိမ်းနိုင်တယ် ဆိုတာက မကြားဘူး။ ဒါပေမယ့် KIA က လာတိုက်တာတော့ ဟုတ်တယ်။ မနက် ၃ နာရီကနေ ၅ နာရီလောက်အထိက အပြန်အလှန်ပစ်ကြတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ၇နာရီလောက်အထိ ပစ်နေကြတယ်။ အခုချိန်အထိတော့ သူတို့ ၂ ဖက်စလုံးရဲ့ ထိခိုက်မှုကို အသေးစိတ် မသိရသေးဘူး” ဟု စံပြ ပြည်သူ့စစ်ခန်းအနီးရှိသော ဒေသခံအမျိုးသားတစ်ဦး KNG ကို အတည်ပြု ပြောဆိုသည်။ KIA တပ်ရင်း ၁၄ မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းဆည်းနိုင်ခြင်း မရှိသော်လည်း စခန်းအတွင်း အဆောက်အအုံ အများစု ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ ပစ်ခတ်မှု ဖြစ်ပွားနေချိန်တွင် ရှဒူးဇွပ် အခြေစိုက် ခလရ ၂၉၇ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူခဲ့သည်ဟု သိရသည်။ ထို့ကြောင့် စံပြကျေးရွာအတွင်းရှိ လူနေအိမ် တစ်ချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့သည်ဟု စံပြကျေးရွာ စစ်ရှောင်ပြည်သူ တစ်ဦး ယခုလို ပြောဆိုသည်။ “ကျနော်တို့ စစ်ရှောင်စခန်းရှိတဲ့ဘက် လက်နက်ကျည်တွေ ကျတာတွေရှိတယ်။ စခန်းအတွင်းမှာရှိတဲ့ ဝက်ခြံအနီးမှာလည်း တစ်လုံးကျတယ်။ ပြီးရင်း ရွာထဲမှာရှိတဲ့ နေအိမ်တစ်ချို့နဲ့ စာသင်ကျောင်းတွေမှာ ကျတယ်လို့ကြာတယ်” ဟု ပြောဆိုသည်။ တိုက်ပွဲအပြီး ယနေ့နံနက်ပိုင်း စံပြနှင့် ရှဒူးဇွပ်ကျေးရွာတွင် … - [ရွှေကူတွင် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/08/10/zm3/): ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ် မှ သိရသည်။ စစ်အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ကျောက်ကြီးရွာမှ ကျောက်တလုံးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဉ် KIA မှ မိုင်းသုံးလုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။ “မနေ့က ရွာမှာညအိပ်ပြီး မနက်အစောကြီး သူတို့ပြန်ထွက်ချိန် ရွာဦးလောက်မှာ မိုင်းကွဲသံကြားရတာပဲ စကစဘက်က ၅ ယောက်လောက်သေတယ်ကြားတယ်” ဟု ဒေသတွင်း နီးစပ်သူထံမှ သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ပေါင်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ကျောက်ကြီးရွာမှ ထွက်ခွာသွားခြင်းမရှိသေးပဲ သေဆုံးသူအလောင်းများအား ကျေးရွာ၌ မီးသဂြိုလ်ခဲ့ပြီး ပေါင်ပြတ်ဒဏ်ရာရသူအား ရွှေကူသို့ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားခဲ့သည်။ လက်ရှိတွင် ယင်းစစ်ကောင်စီတပ်မှ ဒေသခံ ၃၀ ဦးခန့် ဖမ်းဆီးထားပြီး ကျန်ဒေသခံများ‌မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ - [ဗန်းမော် ၃မိုင်တွင် အမျိုးသား ၁ ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2022/08/10/zm2/): ဗန်းမော်မြို့အထွက် ၃ မိုင်နားရှိ မေတ္တာကိုယ်ပိုင်ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ အမျိုးသား ၁ ဦးကို သေနတ်ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ မွန်းလွှဲ ၃နာရီဝန်းကျင် ဗန်းမော်မြို့မှ အိမ်စီးကားတစ်စီးဖြင့် ဖြတ်ကျော်လာသည့် အမျိုးသား ၁ ဦးအား စစ်ကောင်စီတပ်များမှ စစ်ဆေးရန်အတွက် တားမြစ်စဉ် ရပ်ပေးခြင်းမရှိဘဲ မောင်းထွက်သွားသဖြင့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဗန်းမော်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “စစ်ဆေးဖို့ တားတာကို မရပ်ပေးလို့ ပစ်သတ်တဲ့ အဲနေရာမှာဘဲ ပွဲချင်းသေတယ်လို့ သိရတယ်”ဟုပြောဆိုသည်။ ပစ်သတ်ခံရသူ၏ ရုပ်အလောင်းသည် စစ်ကောင်စီတပ်လက်ထဲ၌သာ ရှိနေသေးသည့်အတွက် လက်ရှိချိန်ထိ မည်မည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဗန်းမော်မြို့တွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်၏ စုပေါင်းရုံးအပါအဝင် နေရာ ၃ခု၌ မိုင်းခွဲခံရပြီးနောက် မြို့အဝင်အထွက် စစ်ဆေးရေးတင်းကြပ်ထားရာမှ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိ မြို့တွင်း လိုက်လံဖမ်းဆီးမူများလည်းရှိနေပြီး ဒေသခံလူငယ် ၁ ဦးလည်း ဖမ်းခံထားရသည်ဟု သိရသည်။ သို့သော် အဆိုပါ လူငယ်ဖမ်းခံရမူနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။ - [ဗန်းမော်စုပေါင်းရုံးမိုင်းးခွဲခံရမူ မြေစာရင်းဌာနမှ ဝန်ထမ်း ၁ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/08/10/zm1/): ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အထွေထွေအုပ်ချုပ်ရေး စုပေါင်းရုံး ယနေ့နံနက် ၁၁ နာရီဝန်းကျင် မိုင်းခွဲခံရသည့်အတွက် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦး မိုင်းကျည်စ ထိမှန်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ သြဂုတ် ၁၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် ဗန်းမော်မြို့နယ် စုပေါင်းရုံးရှေ့၌ မိုင်းနှစ်လုံး၊ အင်းဝဘဏ် လုံခြုံရေးပေးနေသည့် စစ်ကောင်စီကင်းတဲ၌ မိုင်းတစ်လုံးဖောက်ခွဲခံရသည့်အပြင် ရဲဝန်ထမ်းအိမ်ရာကိုလည်း ခြောက်လန့်ပစ် ခတ်ခဲ့ရာ စုပေါင်းရုံးမိုင်းခွဲမူတွင် မြေစရင်းဝန်ထမ်းတစ်ဦး မိုင်းကျည်စထိမှန်ကြောင်း သိရသည်။ “ဆိုင်ကယ်စတန်းမှာ ဆိုင်ကယ်ဝင်ထားတဲ့ချိန်နဲ့ အထဲက ပေါက်ကွဲတဲ့ချိန် ကွက်တိဖြစ်သွားတော့ မိုင်းစထိမှန်သွားတာတဲ့ စိုးရိမ်စရာမရှိဘူးလို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြာသည်။ အဆိုပါ နေရာ ၃ ခု စလုံးအား ဖောက်ခွဲမူကို ၁၁ နာရီဝန်းကျင်အတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ အဓိကယန္တရားစက်လည်ပတ်‌ နေသည်ရုံးများဖြစ်သည့်အတွက် ဖောက်ခွဲရခြင်းဖြစ်သည်ဟု Urban Revolutionary Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စုပေါင်းရုံးကတော့စစ်ကောင်စီရဲ့အဓိက ယန္တရားစက်လည်ပတ်တဲ့နေရာပေါ့။ အဲ့ကြောင့် အဲ့နေရာမှာ ထောင်မိုင်းနှစ်လုံးခွဲခဲ့တယ်။ နောက်ပြီးတော့ အင်းဝဘဏ်ကိုလုံခြုံ ရေးပေးနေတဲ့ စစ်သားတွေနေရာကို လက်ပစ်မိုင်းတစ်လုံးခွဲခဲ့တယ်ပြီးတော့ ရဲဝန်ထမ်းအိမ်ရာကိုလည်းခြောက်လန့်ပစ်ခတ်တာမျိုးလုပ်ခဲ့တယ်”ဟုပြောသည်။ ယနေ့ URFမှ မိုင်းဖောက်ခွဲမှု ဖြစ်စဥ်တွင် ပြည်သူလူထုထိခိုက်မှုမရှိခဲ့သော်လည်း ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပါက ချက်ချင်းစုပြုံ၍ ထွက်မကြည့်သင့်ကြောင်းနဲ့ စစ်သားများနဲ့ရဲများအနီးတွင် ကပ်၍သွားလာ နေထိုင်ခြင်း မပြုလုပ်ကြရန်လည်း URF အဖွဲ့မှ တိုက်တွန်းထားသည်။ URF အဖွဲ့အနေဖြင့် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ EPC ရုံး၊ ရဲစခန်းနဲ့အခြား စစ်ကောင်စီနဲ့ဆက်စပ်သည့်နေရာများတွင်မိုင်းဖောက်ခွဲမှုများ ပြုလုပ်ခဲ့ဖူးကြောင်းသိရသည်။ - [ဆယ်ဇင်းတွင် KIA ပြန်လည် တိုက်ခိုက်လာပါက ပိတ်မိနေသည့် အရပ်သားများကို သတ်ဖြတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြောဆို](https://burmese.kachinnews.com/2022/08/10/aug10-yl/): ဆယ်ဇင်းတွင် KIA မှ ပြန်လည် တိုက်ခိုက်လာပါက ကျေးရွာအတွင်း ပိတ်ဆို့ခံထားရသည့် အရပ်သားပြည်သူများကို သတ်ဖြတ်လိုက်မည်ဟု စစ်ကောင်စီတပ် နှင့် ရှမ်းနီတပ်တို့ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည်။ လက်ရှိ ဆယ်ဇင်း ဘုန်းကြီးကျောင်းဝင်းတွင် အရပ်သားပြည်သူ ၁၀၀ ကျော်ခန့် ပုန်းခိုနေပြီး အပြင်သို့ ထွက်လာသူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။ “ရွာသားတွေကအခု ရွာဘုန်းကြီးကျောင်းမှာ ပုန်းခိုနေကြတယ်။ အပြင်မထွက်ခိုင်းဘူး ထွက်လာတာနဲ့ ပစ်သတ်တယ်။ ခဏတုန်းက နေ့လည်ပိုင်းမှာ အရပ်သားတစ်ယောက် သူ့ကလေး ကျန်ထားတယ်လို့ ပြောပြီး အထဲက ထွက်လာတာ ခေါင်းဖြတ်ပေးလိုက်တယ်။ ရွားသားတွေက အထဲမှာ ငတ်ပြတ်နေကြတယ်“ဟု ပြောဆိုသည်။ စစ်ကောင်းတပ် နှင့် ရှမ်းနီအဖွဲ့ ယနေ့ မွန်းလွှဲ ၂နာရီဝန်ကျင်အထိ ဆယ်ဇင်းကျေးရွာအတွင်းရှိသော လူနေအိမ်များ တစ်ခုမကျန် မီးရှို့ဖျက်ဆီးပေးလိုက်ပြီး KIA ထပ်မံ လာရောက်ပစ်ခတ်ပါက ‘ပြည်သူများကို တစ်ယောက်မကျန် သတ်ဖြတ်လိုက်မည်’ ဟု ခြိမ်းခြောက်ပြောဆိုထားသည်ဟု သူကဆက်ဆိုသည်။ ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်၊ သုံးဘီကားများ တစ်ခုမကျန် စစ်ကိုင်းနယ်စပ်ဘက်သို့ သိမ်းယူသွားကြောင်း သိရသည်။ စစ်ကောင်စီအဖွဲ့သည် ယမန်နေ့ည ၈ နာရီဝန်ကျင်မှစပြီး ယနေ့ နေလည်ပိုင်းအထိ ဆယ်ဇင်းကျေးရွာရှိ လူနေအိမ်တစ်ခုမကျန် မီးရှို့ဖျက်ဆီးလိုက်ပြီး ကျေးရွာအတွင်း ရဲစခန်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးတို့သာ ကျန်ရှိနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။ ဒေသခံများ၏ ပြောဆိုချက်အရ … - [ဆယ်ဇင်း နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံ ၃၀ ခန့် ထိခိုက် သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/08/10/yl-3/): တိုက်ပွဲ ပြင်းထန်နေဆဲ ဆယ်ဇင်းကျေးရွာရှိ နေအိမ် ၄၀၀ ကျော်ကို ယမန်နေ့ညမှစတင်ကာ စစ်ကောင်စီ နှင့် ရှမ်းနီတပ်တို့ မီးရှို့ဖျက်ဆီးလိုက်ပြီး အရပ်သား ထိခိုက်သေဆုံးမှု ၃၀ ဦးခန့် ရှိနေပြီဟု ဆယ်ဇင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် လေယာဉ်ဖြင့် မီးလောင်ဗုံးများကို ကြဲချရာမှ စတင်မီးလောင်ခဲ့သည်ဟု မျက်မြင်သက်သေ ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “ပထမ ၈ နာရီလောက်မှာ လေယာဉ်တစ်စီးနဲ့ လာပြီး မီးဗုံးအရင်လာချတယ်။ လူနေအိမ်တွေ မီးလောင်တော့ ရွာသားတွေက လေးလုံးထိုး ရေစုတ်စက်နဲ့ ပြန်ငြိမ်းနိုင်ခဲ့တယ်။ နောက် ၉ နာရီလောက်မှာ စစ်ကိုင်းဘက်က စစ်ကူပြန်တက်လာတဲ့ ဗမာစစ်သားတွေနဲ့ ရှမ်းနီအဖွဲ့တွေ ရွာထဲဝင်ပြီး တစ်အိမ်ပြီး တစ်အိမ်မီးရှို့လိုက်ကြတယ်။ ရွာသားတွေလည်း သေဆုံးတာ အရမ်းများတယ်” ဟု ပြောဆိုသည်။ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆယ်ဇင်း စစ်ကောင်စီ ရဲစခန်းကို KIA ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၉ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သေဆုံးမှုရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကို တွေ့မြင်ရာနေရာတွင် ပစ်သတ်နေသည်ဟုလည်း သူက ဆက်ဆိုသည်။ “မနေ့က KIA ရဲစခန်းကို ဝင်တိုက်နေတဲ့အချိန် လေယာဉ်ဗုံးလာကြဲတယ်။ ရွာအလယ်တည့်တည့် ချိန်ပြီး ဗုံးလာကြဲတဲ့အချိန်မှာ ပြည်သူတွေ အများကြီးသေတယ်။ ပြီးရင် … - [တောင်ယာ စပါးဖျက် နှံကောင် နှင့် ကြွက်အန္တရယ်မှ ကာကွယ်နိုင်မည့် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2022/08/09/ld-8/): ဧရာဝတီ မြစ်ဆုံအထက် ဆွမ်ပရာဘွမ် နှင့် အင်ဂျန့်ယန်မြို့နယ်ရှိ ကချင်ဒေသခံများ၏ တောင်ယာစပါးခင်းတွင် စပါးဖျက် ပိုးကောင်များ ယခင်နှစ်ထက် ယခုနှစ် ပိုမို များပြားလာသဖြင့် ကာကွယ်နိုင်မည့် နည်းလမ်း ကူညီပေးကြရန် ဒေသခံများ တောင်းဆိုနေကြသည်။ ကချင်ပြည်နယ် မြောက်ပိုင်း တြိဂံနယ်မြေ (Mali Nmai Walawng) ဒေသတွင် စပါးနှင့် ကောက်ပဲသီးနှံများကို ဖျက်စီးသည့် ဖျက်ပိုးကောင်၊ နှံကောင်များ နှင့် ကြွက်များ ယခင်နှစ်ထက် ပိုမိုများပြား လာနေသည့်အပြင် ယခုမှစပြီး စပါးပင်များအား ဖျက်စီး စပြုလာပြီဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “ဒီနှစ်က မနှစ်ကထက် ပိုဆိုးမဲ့အခြေအနေပေါ်နေတယ်။ အကောင်ပလောင် အရမ်းများနေပြီ။ စပါးတွေက ခုမှ စ ပေါက်ပြီး စ ရှည်ထွက်လာတာလေ။ ခုကနေကို အများကြီး ပိုးစား ပျက်စီးစပြုနေပြီ။ ဩဂုတ်လဆုံးပိုင်း စပါးနှံထွက်ခါစတာနဲ့ တစ်ခါတည်းဖျက်စီးဖို့ သစ်ပင်တွေမှာ စုရုံး စုပြုံနေကြပြီ။ လမကုန်ခင်တောင် အကုန်စားပစ် ဖျက်စီးကုန်တော့မလားမသိဘူး။ဒေသခံအားလုံး ထိတ်လန့်စိုးရိမ်နေကြပြီ။” ဟု အူးမား (Uma Ga) ဘွမ်ရွန်းကျေးရွာ (Bumrun) ဒေသခံ ဆရာ နော်ဖန်လဖန်းက ပြောသည်။ မလိ အင်မိုင်၀လောင်နှင့် မလိခမြစ်အနောက်ဘက် ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် တောင်ယာခင်းရှိသမျှ နေရာတိုင်း၌ စပါးဖျက်ပိုးကောင်များသည် သစ်ပင်များတွင် စုရုံးစုပြုံလျှက်ရှိနေပြီး ကြွက် နှင့် အခြား စပါးဖျက်ပိုးကောင်များလည်း ယခုချိန် ဖူးပွင့်ထွက်လာသည့် စပါးနှံများကို ဖျက်စီးနေပြီဟု သူက ဆက်ပြောသည်။ အင်ဂွမ်းလ (NGum La) ၊ အင်ဘောင့်တူ( … - [နန့်မွန်း ချောင်းရေကြီးမှုကြောင့် လယ်ယာမြေဧက ၂၀ နီးပါး ပျက်စီး၊ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့်ဟု ဒေသခံများ ပြောဆို](https://burmese.kachinnews.com/2022/08/09/aug-az2/): မိုးညှင်းမြို့နယ် အင်းတော်ကြီး နန့်မွန်းမြို့တွင် စက်ယန္တရားဖြင့် ရွှေတူးဖော်ခဲ့သည့် လုပ်ရပ်များကြောင့် ပြီးခဲ့သည့် အပတ်အတွင်း တောင်ကျ ချောင်းရေမြင့်တက်ကာ လယ်ယာမြေဧက ၂၀ နီးပါး ထိခိုက် ပျက်စီးသွားသည်ဟု ဒေသခံများ ပြောသည်။ နန့်မွန်းချောင်းနှင့် နီးသည့်တောင်ခြေဘက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စက်ယန္တာယားကြီးများဖြင့် ရွှေတူးဖော်ခဲ့မှုကြောင့် မြေယာများပျက်စီးပြီး ယခုမိုးတွင်းကာလတွင် ရေကြီးရေလျှံမှုကြောင့် ရွှေတူးခဲ့သည့် မြေစာများသည် ရွံနွံအဖြစ်ပြောင်းလဲကာ လယ်ခင်းထဲသို့ ဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ လယ်စိုက်ခင်းများပျက်စီးသွားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ကားလမ်း အောက်ဘက်ကတော့ ဘာမှမဖြစ်ဘူး။ အဲ့ဒီ တောင်နဲ့ နီးတဲ့တောင်ခြေက လယ်ခင်းတွေ ပျက်စီးသွားတာ အဓိက အရင်က ရွှေလုပ်ခဲ့လို့ အဲ့ရွှေလုပ်ကွက်ဟောင်းနဲ့ နီးတဲ့နေရာတွေပျက်စီးတာ။ ရွှေတူးခဲ့တဲ့ မြေစာတွေက ရေကြီးတော့ ရွံနွံတွေဖြစ်ပြီး အဲ့လယ်ခင်းတွေထဲ ဖုံးသွားတာပေါ့။ တချို့လယ်တွေက ရစရာမရှိဘူး ပျက်စီးသွားတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ နန့်မွန်းမြို့တွင် ယခုလဆန်း ၁ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ မနက် ၈နာရီအချိန်မှ စတင်ကာ ရွှေလုပ်ကွက်ဟောင်းနှင့် နီးစပ်သော လူနေအိမ်၊ လယ်ယာမြေများတွင် ရေပမာဏ ၈ ပေခန့်အထိ မြင့်တက်လာကာ လယ်စိုက်ဧက ၂၀ နီပါး ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ “စိုက်ပြီးသားလယ်တွေကို ရေနစ်မြှပ်ပျက်စီးသွားတာရှိတယ်။ တချို့လည်း ရေတွေလုံးဝ နစ်သွားတာ ပြန်စိုက်လို့မရတော့ပဲ။ လုံးဝပျက်စီးသွားတဲ့အနေအထားအထိဖြစ်သွားတယ်”ဟု အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။ နန့်မွန်း ဒေသခံများ၏ လယ်ယာမြေဧက အများစုသည် တောင်ခြေအောက်တွင် ရှိပြီး အနည်းစုမှာ … - [စစ်ကောင်စီတပ် မိုးတားလေး ကျေးရွာအနီး တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး](https://burmese.kachinnews.com/2022/08/09/aug9-az1/): ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘောကို လုံခြုံရေးပေးရန် ခြေလျှင်ဆင်းလာသည့် စစ်ကြောင်းကို မိုးတားလေးကျေးရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ သြဂုတ် ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဆင်ကုန်ကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၈၀ ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည် ယမန်နေ့က မန္တလေးမှတက်လာသည့် စစ်သင်္ဘော ၆ စီးကို လုံခြုံရေးပေးရန် ဆင်းလာစဥ် မိုးတားလေးကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “သူတို့က ဆင်ကုန်ကနေ မိုးတားဘက်ကို ထွက်လာတာ အဲ့ထွက်လာတဲ့ဟာကို ဒီဖက်က EAOs၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဒီဘက်ကနေ စောင့်နေလိုက်တာ။ အဲ့တာကို မိုးတာကိုဝင်ခါနီးမှာ တိုက်ပွဲ ဖြစ်တာပဲ”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မိနစ် ၄၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စစ်ကောင်စီဘက်မှ ၄ ယောက်ခန့်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာ ရခဲ့သည်ဟု သူက ဆက်လက်ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်ဘက်သို့ စစ်အင်အားနဲ့ စားနပ်ရိက္ခာများအပြည့်တင်လာသည့် သင်္ဘော ၆ စီးကို … - [ဆယ်ဇင်းတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီတပ် ထိခိုက်သေဆုံးမှု များပြား၊ KIA ဘက်မှ ကား ၂ စီးအပြည့် လက်နက်များ သိမ်းယူနိုင်ခဲ့](https://burmese.kachinnews.com/2022/08/09/aug9-yl1/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီ SNA တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ပစ္စည်းအများအပြားကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦး ထံမှ သိရသည်။ ဆယ်ဇင်းအနီး ဆယ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု နှင့် ရွှေပြည်မြင့်ရွာ ဘုန်းကြီးကျောင်းအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် SNA စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ နှင့် PDF များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်း KIA နှင့် နီးစပ်သူ တစ်ဦးက KNG ကို အတည်ပြု ပြောဆိုသည်။ “စစ်ကောင်စီ စစ်သားတွေရဲ့ တပ်စခန်းတွေက အကုန်းလုံး ရှင်းလင်းလိုက်ပြီ။ အဲ့မှာ ကျနော်တို့နဲ့ အရမ်းနီးတဲ့ ရှမ်းနီ တပ်စခန်းတစ်ခုလည်း သွားသိမ်းနိုင်ခဲ့တယ်။ ရှမ်းနီဘက်က ၁၀ ယောက်သေတယ်။ ဗမာစစ်သားတွေဘက်ကလည်း သေဆုံးတာရှိတယ်။ သေချာတော့ မသိနိုင်ဘူး။ အားလုံး အယောက် ၂၀ ယောက်ရှိနိုင်တယ်”ဟု ပြောဆိုသည်။ တိုက်ပွဲအပြီး စစ်ကောင်စီ တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်စ္စည်းများကို Pajero ကား ၂ စီးအပြည့် သိမ်းယူနိုင်ပြီး ရှမ်းနီ တပ်စခန်းမှ M 23 တစ်လက်၊ AK သေနတ် ၃ လက်၊ M 16 တစ်လက်နှင့် ကျည်အတောင့် တစ်ထောင်ကျော် … - [ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို](https://burmese.kachinnews.com/2022/08/09/aug9-sm2/): ဗန်းမောက်မြို့နယ် မံစီကြီး ကျေးရွာ ဒေသခံတစ်ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်များ သတ်ဖြတ်လိုက်သည်ဟု သိရသည်။ ဩဂုတ်လ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်သက် စျေးဆိုင်တစ်ဆိုင်တွင် စျေးဝယ်နေစဥ် SNA တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်မူ အလောင်းလာယူရန် SNA မှ ပြောဆိုလာသည်ဟု Banmauk Revolution – BR မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “မန်စီကျေးရွာမှာ SNA တပ်တွေက လူတစ်ယောက်ကို ကိုကျော်သက်ဘယ်မှာလဲဆိုပြီး ရိုက်နက်ဆွဲခေါ် ပြီးလိုက်ပြခိုင်းတာ။ တွေ့တဲ့အချိန်မှာ သူကပြေးတော့ပစ်လိုက်တာ ပေါင်ရင်းမှာ တစ်ချက်သွားမှန်တယ်။ အဲ့တာသူလဲနေတဲ့အချိန်မှာ ကားပေါ်တင်ပြီးခေါ်သွားတာပဲ။ သူတို့ဘေးနားကလူတွေလည်း လာဝိုင်းလို့မရအောင် သေနတ်သုံးချက်လောက်ဖောက်ခေါ်သွားတယ်။ ဒီမနက်မှာတော့အလောင်းလာပြန်ယူလို့ပြောတယ်။ အလောင်းပြန်ယူပြီးပြီလားတော့ အတည်ပြုနေဆဲပါ” ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဗန်းမော်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA ဦးဆောင်သော PDF တပ်ဖွဲ့များ စစ်ရေးတင်းမာနေသလို ဩဂုတ် ၈ ရက်နေ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရှိ SNA တပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်စခန်း ကို KIA နှင့် PDF များ တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ထို့အပြင် ပြီးခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးကိုလည်း SNA မှ ရိုက်နက်ဖမ်းဆီးခဲ့ပြီး ငွေသိန်း ၂၀ … - [စစ်ကိုင်း မူးကမ်းကြီးနှင့်ဆူးတပ် ရွာ ၂ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/08/09/aug9-sm1/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကြီးနှင့် ဆူးတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၄ခုခွဲပြီး  ပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်းကြီး နှင့် ဆူးတပ်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ညနေ ၄နာရီဝန်းကျင်တွင် ကျေးရွာအတွင်း စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။ “မူးကမ်းကြီးရော ဆူးတပ်ဆိုတဲ့ရွာရောပေါ့။ ကျနော်တို့ကတော့ မူးကမ်းကြီးဆူးတပ်လို့တွဲခေါ်ပါတယ်။ ရွာချင်းကပ်လျှက်ပေါ့။ ပထမကမူးကမ်းကြီးကုန်းသာဘက်ကိုစရှို့တယ်။ အခုကဆူးတပ်ဘက်ကို ရှို့နေတယ်”ဟုပြောဆိုသည်။ အဆိုပါ မူးကမ်းကြီးနှင့် ဆူးတပ်ရွာ ကျေးရွာ ၂ခုတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များကို လိုက်လံ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကိုင်းကံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အဖွဲ့ဖြစ်ပါသည်။ ထို့နောက် မူးကမ်းကြီးနှင့်ဆူးတပ်ကျေးရွာကို ပြီးခဲ့သည့် ဇွန်လ၁၄ရက်နေ့ ဒီပဲယင်းမြို့နယ်တွင် အကြီးမားဆုံး မီးရှို့ခံခဲ့ရကာ နေအိမ်၁၆၈လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပါသည်။ မူးကမ်းကြီးနှင့်ဆူးတပ်ကျေးရွာတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၆ရက်နေ့က မီးရှို့ခံခဲ့ရသည့် ကိုင်းကံကျေးရွာနှင့် ၂မိုင်ခန့်သာကွာဝေးပြီး ဆိုင်ကယ်ဖြင့်ဆိုလျှင် ၁၀မိနစ်ခန့်သာအကွာအဝေးရှိသည်ဟု ဒေသခံများကဆိုသည်။ - [ဒီပဲယင်းနယ် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2022/08/08/aug8-sm1/): ဒီပဲယင်းတွင် ဩဂုတ်လ ၄ ရက်နေ့မှစကာ စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်မူ၊ နေအိမ်မီးရှို့မှုတို့ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။ “စစ်ရှောင်တွေအနေနဲ့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ဘူး ဘာလို့ဆို မြေပြင်ရောဝေဟင်ကပါ ရုတ်တရက် စစ်ကြောင်းထိုးလာတာကို အဲ့တော့ ပိုင်ဆိုင်တဲ့ ရွှေငွေကအစ ယူချိန်မရလိုက်ကြဘူး။ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကလိုအပ်တာက စားနပ်ရိက္ခာပါ” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၄ ရက်နေ့မှ စတင်ပြီး အင်ပင်‌ကျေးရွာတွင် စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်နေ့ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကိုင်းကံရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ အချို့နေအိမ်များလည်း မွှေနှောက်ဖျက်ဆီးခြင်းခံထားရကြောင်း သိရသည်။ လက်ရှိ ဒီပဲယင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ အင်ပြင်၊ ယဒင်၊ ဆည်ကြီးတော်၊ ပျံကျ၊ နှမ်းပဲလှ၊ လျှော်ဖြူ၊ မန်ကျည်းအုပ်၊ မကျီးဆောက်၊ ကိုင်းကံ၊ ထန်းတပင်၊ နဂါးဘိုရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၂၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် စစ်ဘေးရှောင်ဦးရေ ယခုထက်ပိုများလာနိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့တောင်ဘက်ပိုင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးစဉ် ကိုင်းကံရွာကို မီးရှို့ခဲ့သည့်အပြင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဒေသခံ ၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀ ကိုလည်း … - [ပူတာအိုတွင် ဓာတ်ဆီပြတ်လပ်လာသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေ](https://burmese.kachinnews.com/2022/08/08/aug8-az1/): ပူတာအိုဒေသတွင် ဓာတ်ဆီကားအဝင်မရှိသည့် တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် လက်ရှိတွင် အကန့်အသတ်​ဖြင့်သာရောင်းချပေးနေသောကြောင့် ဓာတ်ဆီဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၄ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားဘက်မှ ဓာတ်ဆီတစ်မျိုးတ​ည်း ကားအဝင်မရှိတော့သည့်အတွက် ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဓာတ်ဆီပြတ်လပ်လာကြောင်း ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ဓာတ်ဆီကား မဝင်တာ ၃ရက် ၄ ရက်လောက်ရှိပြီ။ အခုက မောင်းဆီသီးသန့်ပဲရောင်းပေးနေရတယ်။ ပုံးနဲ့လာဝယ်ရင်တော့မရတော့ဘူး။ ဂါလံနဲ့ဆိုရင်တော့ ရောင်းပေးတယ်။ ဒီဇယ်ကတော့လိုသလောက်ရတယ်”ဟုပြောဆိုသည်။ ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဒီဇင်တစ်ခုတည်းသာ ရောင်းချပေးနေသည့်အတွက် ဒေသခံအချို့အခက်အခဲဖြစ်နေကြောင်းသိရသည်။ “ဒီမနက် ခြံမှာ မြက်ရိတ်ဖို့ဆိုပြီး နှစ်ဂါလံလောက်သွားဝယ်တာမရခဲ့ဘူး။ မြစ်ကြီးနားဘက်ကနေ ကားမဝင်လို့တဲ့ ဆိုင်ကယ်မှာမောင်းဖို့လောက် တော့ရောင်းပေးတယ်။ ပုံနဲ့ကတော့တစ်ဂါလံတောင်မရနိုင်ဘူးတဲ့။ ခုချိန်က ပေါင်းရှင်းမြက်ရှင်းလုပ်ရမယ့်ချိန်ဒီဘက်ကလူတွေအများစုခြံလုပ်ငန်းတွေလုပ်ကြတာ။ ခုလိုလုပ်ငန်းသုံးဖို့အတွက် ဆီမရနိုင်တော့ ခက်ခဲဖြစ်တာပေါ့ဗျာ”ဟုလေယာဉ်ကွင်းရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုထားသည်။ လတ်တလောပူတာအိုတွင် အပြင်ပုလင်း ချိန်ရောင်းသည့်ဆိုင်များ၌ ဓာတ်ဆီတစ်ပုလင်းလျှင် ကျပ် ၂၅၀၀မှ ကျပ် ၃၀၀၀ အထိရှိပြီး ဆီပန့်ဆိုင်များတွင် 92 တစ်လီတာ ၂၆၀၀၊95 တစ်လီတာ ၂၆၈၀ အထိရှိပြီး ပရီမီယမ်ဒီဇယ် တစ်လီတာ ၂၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၈၂၀ အထိရှိကြောင်းသိရသည်။ ထိုနည်းတူ ဗန်းမော်ဘက်တွင်လည်း ဓာတ်ဆီများ ပြတ်လပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ကချင်ပြည်နယ်အတွင်းသို့ စက်သုံးဆီများကို ရန်ကုန်နှင့်မန္တလေးဘက်မှ တင်သွင်းလျက်ရှိပြီး လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးဘက်၌ ဓာတ်ဆီဝယ်ယူရန် ခက်ခဲနေသောကြောင့် ပူတာအိုတွင် ဆီကားမရောက်ရခြင်းဖြစ်ကြောင်းသိရသည်။ - [စစ်ကောင်စီတပ်ရှိနေသော နမ္မတီးမြို့ အထက်တန်းကျောင်း ဖေါက်ခွဲခံရ](https://burmese.kachinnews.com/2022/08/08/yl-2/): နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။ ကျောင်းဝင်းတွင် စစ်ကောင်စီတပ်သားများ ရှိနေသဖြင့် အမည်မသိအဖွဲ့ တစ်ဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု နမ္မတီးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ဘယ်အချိန် လာထောင်ထားတဲ့ မိုင်းလဲမသိဘူး။ အဲ့မိုင်းက ဒီမနက် ပြန်ပေါက်ကွဲသွားတာဟုတ်တယ်။ ထိခိုက်မှုတော့မရှိဘူး။ မိုင်းပေါက်ကွဲသွားတော့ ကျောင်းရဲ့ အုပ်နံရံတွေမှာ နည်းနည်း စင်သွားတဲ့ သဘောလောက် ဖြစ်သွားတယ် အဲ့လောက်ဘဲ”ဟု ပြောဆိုသည်။ ထိုနည်းတူ ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် နမ္မတီး မြို့လှရပ်ကွက်တွင် နေထိုင်သော ဦးဝင်းဇော်ထွန်း၏ နေအိမ်ကို လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး မိုင်းတစ်လုံး လာရောက်ပစ်ထည့်လိုက်သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေအိမ်ပျက်စီးမှု ရှိခဲ့သည်။ “ပေါက်ကွဲတဲ့အချိန်က ၉ နာရီလောက်ရှိပြီ။ အိမ်ရှင်တွေပြောတော့ လူငယ် ၂ယောက်က ဆိုင်ကယ်နဲ့လာပြီး အိမ်ရှေ့ဝမှာ လာပစ်သွားတယ်တဲ့။ ပေါက်ကွဲမှုဖြစ်တော့ အိမ်ရှေ့ဘက်က နည်းနည်းထိသွားတယ်။ နောက် ခေါင်မိုးသွပ် ၂ချပ်လောက် ပွင့်သွားတယ်။ လူကဘာမှမဖြစ်ဘူးလို့ပြောတယ်” ဟု မြို့လှရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။ ဒေသခံများ၏ပြောဆိုချက်အရ နေအိမ် ဖေါက်ခွဲခံရသော ဦးဝင်းဇော်ထွန်းသည် စစ်ကောင်စီတပ်၏ သတင်းပေးတစ်ဦးဖြစ်သည့်အပြင် ချဲရောင်းချ နေသူတစ်ဦးဖြစ်ကြောင်း ပြောဆိုသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို အသေးစိတ် မသိရဘဲ တစ်ရက်အတွင်း ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ - [ဆယ်ဇင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီ စခန်း ၂ခု ကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2022/08/08/aug8-yl1/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၂နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆယ်ဇင်းကျေးရွာတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်း ၂ခုကို KIA က သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA နှင့် နီးစပ်သည့် မိုင်းနှောင် ဒေသခံပြည်သူ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “ဒီမနက် KIA ဘက်က ကျနော်ကို ဖုန်းပြောလာတယ် စစ်ကောင်စီတပ်စခန်းနဲ့ ရှမ်းနီ တပ်စခန်း ၂ခုစလုံးကို ရှင်းလင်းလိုက်ပြီ။ အခုသိမ်းလိုက်တဲ့ စခန်းတွေက ဆယ်ဇင်းရွာအတွင်းမှာဘဲ အဲ့စခန်း ၂ခုစလုံးက ကပ်ယက်ရှိကြတဲ့ စခန်းတွေဖြစ်တယ်။ KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းက မှန်ပါတယ်” ဟု ပြောဆိုသည်။ လက်ရှိ ဆယ်ဇင်းကျေးရွာဘက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် ထိခိုက်မှုကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့တို့ ထိခိုက် သေဆုံးမှု များပြားပြီး KIA ဘက်မှလည်း ထိခိုက်မှုရှိကြောင်းသိရသည်။ စစ်တပ်က အာဏာသိမ်းပြီနောက် ဆယ်ဇင်းဒေသတွင် ရှမ်းနီတပ်များ နယ်မြေစိုးမိုးရန်အတွက် စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက်ပိုမိုလုပ်ဆောင်နေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။ ဆယ်ဇင်ဒေသတွင် ပြီးခဲ့သော ဇူလိုင်အတွင်းမှ စတင်ကာ စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်နှင့် KIA တို့ကြားတိုက်ပွဲ ၁၀ ရက်ခန့်အကြာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။ - [စစ်ကောင်စီတပ် အထိနာခဲ့သည့် ရွှေကူမြို့နယ် ဇင်းဘုံရွာတွင် စစ်ရေးတင်းမာနေဆဲ](https://burmese.kachinnews.com/2022/08/07/aug7-zm1/): ရွှေကူမြို့နယ် ဇင်းဘုံရွာအနီး စစ်ကောင်စီတပ် နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ ယမန်နေ့ည တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လက်ရှိအချိန်ထိလည်း နှစ်ဖက်စစ်ရေး တင်းမာလျှက် ရှိနေကြောင်း ဒေသခံများထံ မှ သိရသည်။ ယမန်နေ့ည ၈ နာရီဝန်းကျင် ရွှေကူ စင်းခန်းကျေးရွာ မှ ဇင်းဘုံကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် တက်လာသည့်စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဇင်းဘုံရွာအနီး ပဒေသာမိုင်းဖြင့် နှစ်ကြိမ် စောင်ကြိုတိုက်ခိုက်ခဲ့ရာမှ လက်ရှိချိန်ထိ နှစ်ဖက်အပြန်အလှန် စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။ “ခု စစ်ကောင်စီတပ်က ဇင်းဘုံရွာထဲမှာဘဲ ရှိနေသေးတယ် စစ်ကြောင်းက အဲရွာကနေ ထပ်တက်လာရင် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တယ်။ လောလောတော့ နှစ်ဖက်စောင့်ကြည့်အနေထားနဲ့ တင်းမာနေတုန်းဘဲ” လို့ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ည တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ထိခိုက်သေဆုံးမှုများစွာရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်သုံးကာ ထိခိုက်သေဆုံးသူများအား ဗန်းမော်စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲကြောင့် ယနေ့ ဗန်းမော်- ရွှေကူ ရေလမ်း၊ ကုန်းလမ်းများ ဖြတ်သန်းသွားလာခွင့်လည်း တားမြစ်ထားကြောင်း သိရသည်။ “သေတဲ့သူရော ဒဏ်ရာရတာရော များတယ်လို့ သိရတယ်။ ပြီးတော့ ဒီနေ့ညနေ ၂ နာရီထိတော့ ကားလမ်းတွေ ရေလမ်းတွေ ပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့် ဇင်းဘုံရွာနှင့် အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံပြည်သူများသည် လက်ရှိ ရွှေကူအမှတ် (၂) ဝါဆိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ဒေသခံများ၏ပြောဆိုချက်အရ … - [ပလန ရဲစခန်းပတ်ခတ်ခံရမှုတွင် ရဲတစ်ဦး ထိမှန်သေဆုံး](https://burmese.kachinnews.com/2022/08/06/aug6-yl1/): မြစ်ကြီးနား ပလနနယ်မြေ ၃ ရှိ နယ်မြေရဲစခန်း ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင် ပစ်ခတ်ခံရမှုတွင် ရဲတပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးမှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “ရဲစခန်းအတွင်းမှာက တစ်ယောက်သေတယ်လို့ပြောတယ်။ ဆေးရုံကားနဲ့လည်း လာသယ်သွားကြတယ်။ အထဲမှာ ဘယ်ထိဖြစ်တာလဲဆိုတာတော့ မသိရဘူး။ သေတယ်ဆိုတာကတော့ မှန်တယ်။ အနီးပတ်ဝန်းကျင်မှာလည်း ပြောဆိုနေကြတယ်”ဟု ရဲစခန်းအနီးရှိသည့် ဒေသခံတစ်ဦးက KNG ပြောဆိုသည်။ ပလန ရဲစခန်းဝင်းအတွင်းအထိ အမည်မသိအဖွဲ့အစည်းမှ လူငယ် ၂ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ “လာပစ်တဲ့သူက ရဲဝတ်စုံနဲ့ လူ ၂ယောက် ဆိုင်ကယ်နဲ့ ဟုတ်တယ်။ ရဲစခန်းရှေ့ကနေကို လာပြီး ဗုံးပစ်လက်နက်နဲ့ လာပစ်တာ။ ဟိုကလည်း အတကုန်ပြန်ပစ်တော့ ရဲစခန်းဘေးက လမ်းကြားကနေ ပြေးမောင်းသွားတာ အနောက်က တစ်ယောက်တော့ ကျည်ထိမှန်သွားတာ တွေ့လိုက်တယ်။ လာပစ်တဲ့ ၂ယောက်က ရဲဝတ်စုံနဲ့မလို့ အံ့ဩနေတာ”ဟု ကဝါးခစျေးသည်တစ်ဦးက ယခုလိုပြောဆိုထားသည်။ ဆိုင်ကယ်ဖြင့် ရဲစခန်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားသည့် လူငယ် ၂ဦးသည်လည်း ရဲစခန်းဘက်မှ တန်ပြန်ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ပလနရဲစခန်းရှေ့တွင် လမ်းများပိတ်ဆို့ကာ သွားသည့် ပြည်သူများကို စစ်ဆေးရေး ပိုမိုတင်းကြပ်နေကြောင်း ပြည်သူများထံမှသိရသည်။ ပလန နယ်မြေရဲစခန်း ပစ်ခတ်ခံရမှုသည် တတိယအကြိမ်ခန့်ဖြစ်ပြီး ရဲစခန်းအနီးတဝိုက်တွင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။ - [ပလနရဲစခန်းအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/08/06/aug6-sm1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေ ရဲစခန်းတွင် ယနေ့ မနက်ပိုင်း ၅ နာရီခွဲမှ ၆ နာရီအတွင်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ရဲစခန်းအနီး နေထိုင်သူများပြောသည်။ “ပစ်ခတ်သံတွေကြားရတယ် တိုက်ပွဲဖြစ်တာထင်တယ်။ ပလနရဲစခန်းကိုလာပစ်သွားတာထင်တယ် လက်နက်ကြီးတွေနဲ့ပစ်လိုက် သေနတ်နဲ့ပစ်လိုက်အဲ့လိုကြားနေရတယ် ဆက်တိုက်ပဲ ၁၀မိနစ်တော့ကျော်မယ်ထင်တယ် လက်နက်ကြီးသံ ကြားလိုက်သေနတ်သံကြားလိုက်နဲ့ပေါ့”ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။ ဗုံးသံ ပထမဆုံး ကြားရပြီးနောက် ရဲစခန်းမှာ ပြန်လည်ပစ်ခတ်သည့် အသံများ နာရီဝက်ခန့် ကြားရပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်ဟု ဆိုသည်။ အဆိုပါ ပလနရဲစခန်းကို ပြီးခဲ့သည့် ဧပြီလ၂၁ ရက်နေ့ ည၈နာရီဝန်းကျင်တွင်လည်း ဒေသပြည်သူ့ကာကွယ်ရေးဘက်မှ ပစ်ခတ်မှုရှိခဲ့သော်လည်း ယနေ့ နံနက် ပစ်ခတ်သည့်အဖွဲ့ကို မသိရှိရသေးပါ။ လက်ရှိတွင် ပလနရဲစခန်းရှေ့ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေပြီဟု သိရသည်။ အဆိုပါ ရဲစခန်းသည် ဆွမ်ပရာဘွမ် လမ်းမကြီးပေါ်တွင်ရှိပြီး ပုံမှန်အားဖြင့် မနက် ၆ နာရီ မှ ညနေ၆နာရီအထိသာ အချိန်ကန့်သတ်ထားသဖြင့် ဒေသခံများ ခက်ခဲမှု ဖြစ်နေခြင်း ဖြစ်သည်။ - [KIA တပ်စခန်းကို တစ်ကိုယ်တော် သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့](https://burmese.kachinnews.com/2022/08/05/f-7/): ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီတပ်တွေဖွင့်ထားတဲ့ အဖွဲ့တွေအများကြီး ရှိတဲ့အထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်လာတဲ့ အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာပြီ ဖြစ်တယ်။ အဲဒီအဖွဲ့က ဟူးကောင်းဒေသ လီဒိုလမ်းမကြီးအပေါ် ရှဒူးဇွပ်ရွာမှာ လွန်ခဲ့တဲ့ ၂၀၁၆ နှစ်လောက်မှာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဆိုပြီး ဖွင့်ခဲ့ပြီး အခုချိန် ဝါရာဇွပ် ပြည်သူ့စစ်လို့ခေါ်တဲ့ မင်းဇင်သန့် ဦးဆောင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ စာပေယဉ်ကျေးမှုအဖွဲ့ကနေ ပြည်သူ့စစ်အဖွဲ့ဖြစ်လာတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “၂၀၁၆ခုနှစ် စစ်ဖြစ်တဲ့အချိန် အောင်ခွန် ဦးစီးပြီးတော့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု’ ဆိုပြီး ဆိုင်းဘုတ်ထောင်ပြီး အဖွဲ့ဖွဲ့နေကြတယ်။ အဲဒီနောက်မှာတော့ မင်းဇင်သန့် အာဏာရလာပြီး အောင်ခွန်နဲ့အဖွဲ့တွေကို ဖျောက်လိုက်တယ်။ အောင်ခွန်နဲ့ အဖွဲ့ပြည်သူ့စစ်တွေက ဆုံးသွားတဲ့သူတွေနဲ့၊ တစ်ချို့က ဘိန်းစားဖြစ်သွားတာနဲ့၊ တစ်ချို့က နေရပ်ပြန်သွားကြတယ်။” တရားဝင်ဆိုင်းဘုတ် ရေးထားတာက ဝါရာဇွပ်ပြည်သူ့စစ် ​ဖြစ်ပေမယ့် ရှဒူးဇွပ်၊ စံပြရွာတွေမှာပဲ စခန်းချ လှုပ်ရှားတဲ့အတွက် ရှဒူးဇွပ်ပြည်သူ့စစ်၊ စံပြပြည်သူ့စစ် လို့ပဲ ဒေသခံတွေက ခေါ်ဆိုကြပါတယ်။ အဲဒီအဖွဲ့ကို ၂၀၁၈ ခုနှစ်လောက်ကစပြီး မင်းဇင်သန့် ပြန်လည်ဦးဆောင်လာတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စံပြရွာအလယ်မှာ စခန်းချလာတာဖြစ်တယ်။ မင်းဇင်သန့်မှာ ငယ်စဉ်ကတည်းက လီဒိုလမ်းမပေါ် မှာ ကြီးပြင်းပြီး ကျောင်းတက်ပြီးနောက် စရဖ နဲ့ နီးစပ်ပြီးတော့ အလုပ်လုပ်တဲ့သူ ဖြစ်တယ်လို့ သိရတယ်။ ၃ နှစ်အတွင်း လူအင်အား၊ လက်နက်အင်အားတောင့်လာပြီးတော့ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့မနက် ရှဒူးဇွပ်အနီးမှာရှိတဲ့ ကနွယ်တူး KIA … - [ထီးချိုင့်မြို့လယ် ဘောလုံးကွင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ဦးသေဆုံး၊ ၅ဦး ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2022/08/05/aug5-az2/): စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား ၇၀ ခန့် အနားယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကြိုတင်စီစဉ်ထားသည့် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တန်ပြန်ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး ယခုလိုပြောဆိုသည်။ “သူတို့က ဘောလုံးကွင်းထဲမှာ နားနေကြတာ ထမင်းချက်စားဖို့လုပ်နေတဲ့အလောက်မှာ ကျွန်တော်တို့ ဘက်က ကြိုတင်မိုင်းနဲ့ မိုင်းဆွဲလိုက်တာ ကြောက်လန့်ပြီး ဘောလုံးကွင်းထဲ ရဲတွေကော အပါ ရမ်းသမ်းပစ်ခတ်ကြတာ။ အဲ့ချိန်မှာ မြို့နယ်လယ်ခေါင်ထဲ ဆိုက်ကားသမားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရယ်၊ အမျိုးသားတစ်ယောက်ရယ် အားလုံး ၃ယောက်ထိသွားတယ်။ ပြီးရင် စစ်သားတွေက ၂ယောက်လောက် သေတယ်။ ၅ယောက်လောက်က ခြေပြတ်လက်ပြတ်အထိ ဖြစ်သွားတယ်”ဟုပြောဆိုသည်။ ဘောလုံးကွင်းအတွင်း မိုင်းဆွဲခံရမှုအပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးဘက်သို့ပို့ဆောင်လိုက်ကြောင်း ဒေသခံများပြောပါသည်။ စစ်ကောင်စီဘက်မှ တန်ပြန်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အရပ်သားပြည်သူ ၃ဦးမှာ အသက် ၄၀ နှစ်အရွယ်ရှိ ဆိုက်ကားသမားတစ်ဦး၊ မြို့တွင်းသွားလာရာမှ ထိခိုက်သွားသည့် အသက် ၅၀နှစ်အရွယ်ရှိကြသော အမျိုးသမီးနှင့် အမျိုးသားတို့ဖြစ်ကြပြီး ၎င်းတို့၏ ကျန်မားရေး အခြေအနေ စိုးရိမ်းရမှုရှိမရှိ ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါသည်။ ထို့နောက် ပစ်ခတ်မှုဖြစ်ပွားသည့် ဘောလုံးကွင်းဘက်သို့ ဦးတည်ကာ စစ်ကူအဖြစ် ထီးချိုင့်ရဲစခန်းဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ထီးချိုင့်မြို့ သာယာကုန်းရပ်ကွက်ရှိ … - [စစ်တိုင်းဒေသ မြို့နယ် ၂ခုကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက် ၁၇ဦးထက်မနည်း သေဆုံးဟုဆို](https://burmese.kachinnews.com/2022/08/05/aug5-sm1/): စစ်ကိုင်းတိုင်းဒေသ မြင်းမူမြို့နယ်နှင့် အရာတော်အစပ် ကံဖျားနှင့်ရသာ ကျေးရွာ ၂ခုမှ ပြည်သူပိုင် ပစ္စည်းများ သိမ်းယူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နယ်မြေခံ ဒေသကာကွယ်ရေးတပ်များ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၁၇ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ကံဖျာနှင့်ရသာတို့ဘက်မှ မင်းရွာနှင့်သလဲဘာရွာ ကျေးရွာရှိသည့်ဘက်သို့ ဦးတည်ကာ ထွက်လာခဲ့ရာ PDF အဖွဲ့က နောက်ယောင်ခံလိုက်လာခဲ့ကြပြီး ရွာသာနှင့် မင်းရွာ ကျေးရွာ ၂ခုကြားတွင် ခိုတိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနုကို ယခုလိုပြောဆိုသည်။ “သူတို့က ကံဖျားနဲ့ရသာဘက်ကနေ ပြည်သူတွေရဲ့ ပစ္စည်းသယ်ပြီး မင်ရွာနဲ့ သလဲဘာရွာဘက်ကို ပြန်ထွက်လာကြတယ်။ သူတို့ရဲ့နောက်ကို ကျနော်တို့အဖွဲ့တွေက နောက်ယောင်ခံပြီး လိုက်သွားတယ်။ အဲ့မှာ ရွာသာနဲ့ မင်းရွာကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တဲ့နေရာမှာ ၁၇ယောက်လောက်ကျသွားတယ်”ဟုပြောဆိုသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျဆုံးခဲ့သည့် အလောင်းများကို လက်ရှိအချိန်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသေးဘဲ အနီးတဝိုက်ရှိသော ကျေးရွာများ၏ လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သူက ဆက်ဆိုသည်။ “သူတို့ဘက်က ကျဆုံးခဲ့တဲ့ အလောင်းတွေကို အခုအထိ လာကောက်တာမျိုးမရှိသေးဘူး။ ဒီတိုင်းပစ်ထားခဲ့တယ်။ သူတို့ဘက်က ထိခိုက်တာရှိတော့ ကျနော်တို့ကို တုန့်ပြန်တဲ့အနေနဲ့ထင်တယ် အရာတော်မှာရှိတဲ့ မင်းရွာ ကျေးရွာတွေမှာ မီးဝင်ရှို့နေတယ်လို့တော့သိရပါတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် နယ်မြေခံတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်အကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နယ်မြေခံတပ်ဘက် … - [ရှဒူးဇွပ်ဒေသ ပြည်သူ့စစ်တပ်စခန်းတစ်ခု ထပ်တိုးကာ ၃နေရာ ငွေကြေးကောက်ခံနေ](https://burmese.kachinnews.com/2022/08/05/aug5-yl1/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တပ်စခန်းအသစ်တစ်ခု ထပ်မံ တိုးချဲ့ကာ ဂိတ် ၃ခုဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဇူလိုင် လကုန်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်သို့သွားသော လမ်းမကြီး ၄ ခုကို ဖြတ်တောက်လိုက်ပြီးနောက် တစ်လအတွင်း ရှဒူးဇွပ်ကျေးရွာအနီး ကိုင်းတောမှော်အဝင်ဝတွင် ပြည်သူ့စစ် တပ်စခန်းအသစ်တစ်ခုကို ထပ်မံဆောက်လုပ်လိုက်ပြီး ငွေကြေးကောက်ခံနေသည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “သူတို့က လမ်းပိတ်လိုက်တဲ့ ၁ လအတွင်းမှာဘဲ ကိုင်းတောမှော်မှာ တပ်စခန်းတစ်ခုပြန်ချလိုက်နိုင်တယ်။ ပြောချင်တာက ဘာလက်နက်သံတစ်စုံတစ်ရာမှ မကြားရဘဲ ချောမွေ့စွာလုပ်နိုင်တယ်ပေါ့။ ပြန်တိုးထားတဲ့ ကိုင်းတောမှော် ဂိတ်ကနေ အထက်ဘက်မှာရှိတဲ့ မှော်တွေကို ဆက်သွားဖို့ အဲ့မှာငွေထည့်‌ပြီးမှဘဲ သွားလို့ရတယ်။ အခုဆို ရှဒူးဇွပ်မှာ ဘယ်ကဘဲ လာလာ ငွေထည့်ပြီး သွားရမယ့် ပြည်သူ့စစ်ဂိတ် ၃ နေရာရှိသွားပြီ” ဟု ပြောဆိုသည်။ လက်ရှိ ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့အနေဖြင့် ငွေကြေးကောက်ခံနေသည့် နေရာများမှာ ၎င်းတို့၏ ပြည်သူ့စစ် တပ်စခန်းတည်ရှိ သော စံပြကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာအဝင် တံတားအနီးတစ်နေရာနှင့် ကိုင်းတောမှော်အဝင် စသော ၃ နေရာတွင် လူတစ်ဦးလျှင် ၅၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀၀ နှင့် ကားတစ်စီးတွင် ၁သောင်းကျပ်အထက် မထည့်မနေရ ကောက်ခံ နေကြောင်း … - [ဆိပ်မူ KBZ ဘဏ်ရှေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှုတွင် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2022/08/05/aug5-az1/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် နောက်ထပ် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကားတစ်စီးဖြင့် ရောက်လာ၍ သေနတ်ဖြင့် ၁၁ ချက် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲအရာရှိ  ၂ဦးသေဆုံးသွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောဆိုသည်။ “အဲ့နေ့တုန်းက ‌နှစ်ယောက်‌သေတာဟုတ်တယ်။ ဒါပေမယ့် တစ်ယောက်ထဲသေတယ်ဆိုပြီး သိကြတယ်။ အမှန်တော့ သုံးပွင့်တစ်ယောက်နဲ့ နှစ်ပွင့်တစ်ယောပေါ့။ ရဲမှူးကိုကိုလွင်ပဲမဟုတ်ဘူး ရဲအုပ်တစ်ယောက်ပါတယ်။ ကားဒရိုင်ဘာခန်းကို အဝင်မှာ ရဲမှူးကိုပစ်လိုက်တာ ၁၁ ချက်ပစ်လိုက်တာ။ အဲ့မှာ စပယ်ယာခုံမှာထိုင်နေတဲ့ ရဲအုပ်ရဲ့ ဗိုက်နဲ့ပေါင်မှာ သွားမှန်တာ။ ချောင်းပစ်တဲ့လူက အဓိကရဲမှူးကိုပဲ သေချာပစ်တာ ရဲအုပ်ကိုကျတော့မသေချာဘူး။ နောက်အဲ့ရဲအုပ် ဆေးရုံရောက်တဲ့ခါကျတော့သွေးလွန်ပြီး သေသွားတယ်။ အလောင်းကိုလည်းအဲ့နေ့မှာပဲသူ့တို့ကားတွေနဲ့လာသယ်သွားတာ”ဟုပြောဆိုသည်။ သေဆုံးသွားသည့် ရဲအုပ်သည် အသစ်ရောက်လာသည့် ရဲအုပ်ဖြစ်နိုင်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရဟု ဒေသခံများပြောသည်။ ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုသည်။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး … - [ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦး ထက်မနည်းသေဆုံး](https://burmese.kachinnews.com/2022/08/04/aug4-sm2/): စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား Banmauk Revolution BR ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း BR PDF မှ သိရသည်။ “ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တယ်။ ဆင်ကန်ရွာကပြည်သူနေအိမ်တွေပေါ်တက်ပြီး နေထိုင်တယ် စားသောက်ကြတယ်လို့ သိထားတယ်။ မိုင်းဆွဲတဲ့အခြေနေကတော့ သူတို့ဘက်က၅ယောက်ထက်မနည်း ကျဆုံးတယ်လို့ စစ်ရေးတာဝန်ခံကပြောတယ်။ နောက်ပြီး မနေ့ကတော့ လုံးကင်းနဲ့ရွှေကျောင်းအနီး စစ်ကြောင်း ထပ်ထိုးလာတဲ့အဖွဲ့ကို ရှော့ဒုံးတီထွင်ပြီး စမ်းသပ်ပစ်ခတ်တာလည်းအောင်မြင်ခဲ့တယ် နှစ်ရက်အတွင်း စုစုပေါင်း ၁၀ယောက် ထက်မနည်းကျဆုံးတယ်” ဟု Banmauk Revolution BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင် ဗန်းမောက်မြို့အရှေ့ဘက်မှ ကျွဲကောကြီးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ဗန်းမောက် PDF မှ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး ထက်မနည်း သေဆုံးကြောင်း သိရသည်။ ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဗန်းမောက်မြို့နယ် တောင်ဘက်ရှိ လုံးကင်းနှင့် ရွှေကျောင်းရွာအနီး စစ်ကြောင်းထိုးလာသည့်တပ်ဖွဲ့ကို ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၂ ရက်အတွင်း ၁၀ ဦးထက်မနည်း သေဆုံးကြောင်း Banmauk Revolution BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လတ်တလောတွင် အဆိုပါ … - [မုန်းဒိန်ပါ ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်‌တပ်စွဲနေသဖြင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ](https://burmese.kachinnews.com/2022/09/30/zm2-4/): ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်ပါ (Mungding Pa)ကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ခန့် ဝင်ရောက်နေထိုင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ စက်တင်ဘာ ၂၉ ရက် နေ့လည် ၁နာရီဝန်းကျင်စစ်‌ကောင်စီတပ်သား အင်အား ၂၀၀ ခန့်သည် မုန်းဒိန်းပါကျေးရွာအတွင်းသို့ သေနတ်ပစ်‌ဖောက်ကာ ဝင်‌ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘုရားကျောင်းနှင့် အခြားဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော်လည်း စစ်ကောင်စီတပ်များ ကျေးရွာတွင်း ရှိနေသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရွာကပြည်သူတွေကတော့ တိုက်ပွဲဖြစ်မှာအကြောက်ဆုံးဘဲ ခုချိန်ထိလည်းရွာထဲမှာ စစ်သားတွေက ရွာထဲရှိနေကြတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ် ဖြစ်နိုင်ရင်တော့ ရွာထဲမှာတိုက်ပွဲမဖြစ်အောင် ဝိုင်းကူညီကြဖို့ပြောချင်ပါတယ်“ဟုဒေသခံပြည်သူ တစ်ဦးကပြောသည်။ မုန်းဒိန်ပါကျေးရွာအပြင် မံစီမြို့နယ်တွင်းမှ ကျေးရွာများဖြစ်သည့် မိုင်းခေါင်၊ နမ့်လင်းပါ၊ မခေါ်ယန်ရှိကျေးရွာနေပြည်သူများသည် ၂၀၁၂ ခုနှစ် ဖြစ်ပွားသည့် KIA နှင့် စစ်ကောင်စီတပ်၏ တိုက်ပွဲ‌ကြောင့် နေရပ်စွန့်ခွာကာ ဗန်းမော်မြို့ပေါ် စစ်ဘေးရှောင်ခဲ့ကြရသည့် ကျေးရွာဖြစ်သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် မုန်းဒိန်ပါကျေးရွာမှ ပြည်သူအချို့သည် မိမိနေရပ်သို့ ပြန်လည်နေထိုင်လာခဲ့ကြသည့်အပြင် လက်ရှိချိန်တွင်လည်း နေရပ်သို့ တစ်တစ်စ ပြန်နေဆဲဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ၂၀၁၉ တုန်းကနေစပြန်တာ တစ်ခါပြန်ရင် အိမ်ခြေနည်းနည်းဆီ ခုထိလည်းပြန်လာနေတဲ့သူတွေရှိသေးတယ်။ ခုမှနေရပ်ပြန်လာကြတာကို တိုက်ပွဲသာဖြစ်ရင် ကျနော်တို့ဘယ်လိုလုပ်ရမလဲတောင် မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိမုန်းဒိန်ပါ ပြည်သူများသည် ဘုရားကျောင်းဝင်းထဲတွင် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် မိုးမိတ်အခြေစိုက် ခမရ ၂၂၃ မှ ဖြစ်‌ကြောင်း သိရသည်။ - [ဖားကန့်တွင် PDF အယောင်ဆောင် ဓါးပြတိုက်နေသူများအား KIA,PDF မှ ဖမ်းဆီးထား](https://burmese.kachinnews.com/2022/09/30/zm1-17/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် PDF အယောင်ဆောင်ကာ ဓါးပြတိုက်‌နေသူများကို ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF မှ ပူးပေါင်းကာ ဖမ်းဆီးထားကြောင်း သိရသည်။ စက်တင်ဘာ ၂၉ ရက်‌နေ့ ညနေ ၄နာရီဝန်းကျင် ဆိပ်မူကျေးရွာတွင်းရှိ KTV တွင် ရှောင်တခင်ဝင်ရောက်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ “စုစုပေါင်း ၆ ယောက်ဖမ်းမိတာ စစ်ဆေးမြေးမြန်းတာတွေ ဆက်လုပ်မယ်“ဟု PDF နှင့် နီးစပ်သူက ပြောသည်။ အဆိုပါ PDF အယောင်ဆောင် ၆ ဦးနှင့်အတူ လက်နက်နှင့် ကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။ ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း PDF အယောင်ဆောင်ကာ ငွေကြေးလိမ်လည်တောင်းမူဖြစ်စဉ် ဓါးပြတိုက်မူဖြစ်စဉ်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ယင်းကဲ့သို့ PDF အယောင်ဆောင်ကာ လုပ်ဆောင်နေခြင်းများသည် PDF များအပေါ် ပြည်သူများ၏ ယုံကြည်မူ အထင်အမြင်လွှဲစေရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် KIA နှင့် PDF များမှ အမြန်ဆုံး စုံစမ်းဖော်ထုတ်သွားရန် လုပ်ဆောင်နေကြောင်းလည်း သူကဆက်ပြောသည်။ “အားလုံးအကြပ်အတည်းဖြစ်နေတဲ့ချိန် ဒီလိုသေနတ်ပြ ဓါးပြတိုက်တာတွေကို အရမ်းကိုဆိုးရွားလွန်းတယ်။ အဲကြောင့် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာရှိတဲ့ဟာတွေပါ အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်“ ဟု PDF နှင့် နီးစပ်သူက ပြောသည်။ ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် ‌မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအပြင် ခိုးဆိုးလုယက်မှုများလည်း ယခင်ထက် ပိုများလာကြောင်း ဒေသခံများကပြောသည်။ - [အင်းတော်မှ ရွာသားနှစ်ဦး သတ်ဖြတ်ခံရပြီး PDF တပ်သား ၂ဦးကျဆုံး](https://burmese.kachinnews.com/2022/09/30/az2-27/): အင်းတော်မြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် ရွာသား နှစ်ဦးကို စစ်ကောင်စစ်သားများက အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး အင်းတော် PDFမှရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရကြောင်းသိရသည်။ စစ်အင်အား ၁၇၅ ဦး ပါ စစ်ကြောင်း နှင့် ၆၈ ဦးပါသော စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် အင်းတော်ဒေသသို့ ဝင်ရောက်လာပြီး စက်တင်ဘာလ ၂၉ ရက်နေ့ အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြသည်။ ”မနေ့က ၄ နာရီလောက်မှာအင်းတော်နဲ့မဲဇာကြားမှာစစ်ကြောင်းထိုးလာတဲ့ အင်းအား ၆၈ ယောက်ပါ စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်တယ်။ ဖြစ်တော့ သူတို့လူသားဒိုင်းအဖြစ်ခေါ်လာတဲ့ ဟင်းနုရွာသားကို တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ပစ်သတ်သွားတယ်” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ စက်တင်ဘာ ၂၈ ရက်နေ့တွင်လည်း အင်အား ၁၇၅ဦးပါစစ်ကြောင်းသည် အင်းတော်နယ် မံထုံတောင်ကြီးရွာနှင့် အောင်ကုန်းရွာကြား ရောက်နေစဥ် မံထုံတောင်ကြီးမှ အောင်ကုန်းဘက်သို့ ဆိုင်ကယ်စီးနင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး အကြောင်းမဲ့ရိုက်နှက်ကာ ပစ်သတ်သွားကြောင်း သိရသည်။ စစ်ကောင်စီ ပစ်ခတ်သည့်အမျိူးသားနှစ်ဦးမှာ ဟင်းနုရွာသားလူသားဒိုင်းအဖြစ်ဖမ်းခံရသည့် ဦးမောင်ဦး ၃၇နှစ်နှင့် မံထုံတောင်ကြီးရွာသားဦးသိန်းတန် ၃၉ နှစ်တို့ ဖြစ်သည်။ အလားတူ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ကလည်း တန်ဘိုရွာနှင့် လည်နှောင်ရွာကြားတွင် တပ်အင်အား ၁၇၅ ဦးပါ စစ်ကြောင်းနှင့် တစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အင်းတော် PDF မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ ”သူတို့နှစ်ကြောင်းက စစ်ကြောင်းထိုမိုင်းထောင်ထာ သူတို့ကနည်းနည်းနောက်ကျသွားတာပေါ့။ သူတို့မိုင်းထောင်နေတဲ့ချိန် စစ်ကြောင်းကမှီလာပြီးမှ ပစ်သတ်ခံလိုက်ရတာ။ ထိတွေ့တိုက်ပွဲမှာလည်း စစ်သားတွေဘက်ကတော့ သေဆုံးမှုရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်းအား ၁၇၅ ဦး ပါစစ်ကြောင်းနှင့် အင်အား … - [စစ်ကြောင်း ထွက်ခွာသွားသည့်အတွက် မိုးစစ် စစ်ရှောင်အများပိုင်း နေရပ်ပြန်](https://burmese.kachinnews.com/2022/09/30/az1-35/): ဗန်းမော်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သောကြောင့် မိုးစစ်ကျေးရွာမှ စစ်ရှောင်ပြည်သူအများပိုင်း နေရပ်ပြန်ကြဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သောကြောင့် မိုးစစ်ပြည်သူ ၄၀၀ ကျော်သည် ရွှေကူမြို့တွင်းသို့ စစ်ရှောင်ခဲ့ကြရာ တစ်ပတ်ကျော်ကြာပြီးနောက် စစ်ကြောင်းထွက်ခွာသွားပြီဖြစ်သည့် အတွက် စစ်ရှောင်ပြည်သူအများစုနေရပ်ပြန်ကြပြီ ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီပေးနေသည့် ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”စစ်ကြောင်းက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ရွာကနေထွက်သွားကြပြီ။ စစ်ကြောင်းထွက်သွားတော့ ရွာသားတွေက မနေ့ကတည်းက တဖွဲဖွဲပြန်နေကြပြီ။ အခုညပိုင်းပြန်မယ့်သူတွေလည်းရှိတယ် ဒီမှာကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ၅၀၊ ၆၀ လောက်ပဲကျန်မယ် သူတို့ကတော့လောလောဆယ် မပြန်လောက်သေးဘူး” ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာမှ ထွက်ခွာသွားပြီဆိုသော်လည်း ရွှေကူမြို့တစ်ဖက်ကမ်းတွင် လှည့်လှည်သွားလာနေဆဲဖြစ်သောကြောင့် လတ်တလောသက်ကြီးရွယ်အို နှင့် ကလေးသူငယ်များစစ်ရှောင်နေရဆဲ ဖြစ်သည်။ ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့ကစ ရေကြောင်းလမ်းဖြင့် ကျွန်းတောမှ မိုးစစ်ဘက်သို့ ကူးလာခဲ့စဉ် KPDF အဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သည့်အတွက် မိုးစစ်ကျေးရွာဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ဝင်ရောက်၍ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ - [ပူတာအိုမြို့နယ်တွင် ဘေချီဥရှာရင်းပြုတ်ကျသေဆုံးသူ ၇ဦးခန့်ရှိလာ](https://burmese.kachinnews.com/2022/09/30/sm1-18/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေခဲတောင်ပေါ်တွင် ပေါက်ရောက်တတ်သော ဘေချီဥရှာဖွေရင်း ပြုတ်ကျသေဆုံးသူ တစ်နှစ်အတွင်း ၇ ဦးခန့်ရှိလာပြီဟု သိရသည်။ စက်တင်ဘာလ ပြုတ်ကျသေဆုံးခဲ့သူများသည် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ၊ မလိခွမ်ကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။ “ဆေးမြစ်ရှာရဖို့အတွက် အလုအယက်လုပ်နေကြတာပါ နှစ်စဥ်သေဆုံးသူကအတော်လေးများပါတယ်။ ဒီနှစ်ဘေဥချီဥထွက်ချိန်မှာပဲကျနော်တို့သိ‌သလောက် သေဆုံးတာကို၇ယောက်လောက်ရှိပြီ။ ကျနော်တို့မသိပဲသေဆုံးတာပဲ ဘယ်လောက်ရှိပြီလဲမသိဘူး” ဟု ဒေသခံတစ်ဦးက KNG သို့ ပြောသည်။ ဘေချီဥသည် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ ကျော်အထက် ကျောက်တောင်များအကြားတွင် သြဂုတ်လမှ နိုဝင်ဘာလလောက်အထိ သူ့ရာသီချိန်အတွင်းသာ ပေါက်ရောက်တတ်သည့် သစ်ဥတစ်မျိုးဖြစ်သည်ဟု သိရသည်။ “ဘေချီဥက ၉လကုန်၁၀လဆန်းလောက်မှာတူးရတာဖြစ်တယ် ဘာလို့ဆိုအဲ့ဒီလအတွင်းမှာပဲ ဘေချီဥကစမှည့်တယ် အသားတွေပြည့်မယ် အဲ့လိုကို ဒါပေမဲ့ လူတွေကတော့ အသားပြည့်တဲ့အချိန်မှည့်တဲ့အချိန်လောက်ထိဘယ်သူမှမစောင့်ဘူး မမှည့်ခင်ကတည်းကကို အလုအယက်လုပ်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဘေချီဥကို အစာအိမ်အတွက်ဆေးဖော်ရာတွင်အသုံးပြုပြီး ပူတာအိုမြို့တွင် ဘေချီအခြောက်တစ်ပိဿာကို ကာလပေါက်စျေးကိုးသိန်းခန့်ရှိကာ ဘေချီဥကို တရုတ်ပြည်ကအဓိကဝယ်ယူသည်ဟု သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဘေချီဥရှာရင်း ပြုတ်ကျသေဆုံးသူ ၂၀ခန့်ရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။ ပူတာအိုဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမူများကြောင့် သြဂုတ်လ မှ နိုဝင်ဘာလလောက်ထိ စျေးကောင်းရသောဘေချီဥကို အသက်စွန့်ရှာဖွေနေကြသည်ဟု ဒေသခံများ ပြောပါသည်။ - [ကုန်ဈေးနူန်း မြင့်တက်မှုကြောင့် နယ်စပ်ဒေသရောက် အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ နေ့စဉ် ဒုက္ခ](https://burmese.kachinnews.com/2022/09/30/zm1-16/): မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့တဲ့အပြင် ငွေကြေးစီးဆင်းမှု ရပ်တန့်သွားတာတွေကြောင့် နိုင်ငံတွင်း ‌ငွေကြေးဖောင်းပွမူနဲ့ ကုန်ဈေးနူန်းမြင့်တက်မူတွေကို ပြည်သူတွေက နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ အဲ့ဒီထဲမှာမှ တရုတ်နယ်စပ်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်က‌ ကိုဗစ်‌ရောဂါအကြောင်းပြချက်နဲ့ နယ်စပ်ဂိတ်တွေက ကုန်ပစ္စည်းတင်သွင်းခွင့်ကိုလည်း အကန့်သတ်နဲ့သာ တင်သွင်းခွင့်ပေးနေတဲ့အတွက် စားသောက်ကုန်‌တွေကလည်း အရင်ထက် ဈေး ၂ ဆမြင့်နေတဲ့အပြင် ငွေကြေးဖောင်းပွမူတွေ ခံစားနေကြရတယ်။ ဒီအခက်ခဲတွေကို နယ်စပ်ဒေသမှာ‌ ရောက်ရှိ‌နေတဲ့ စစ်ဘေးရှောင်အမျိုးသမီးအနေ‌တွေ၊ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေကြရတဲ့ ကုန်ဈေးနှုန်းမြင့်တက်မူ ငွေကြောင်းဖောင်းပွမှုဒဏ်ကို ဘယ်လိုဖြေရှင်းနေကြလဲ ဘယ်လို ရင်ဆိုင်နေကြရတာလဲဆိုတာကို မေးမြန်းထားပါတယ်။ “အမှန်တိုင်းပြောရရင် ကျမ Sunday နေ့မှာ ဈေးမရောင်းချင်ဘူး ဒါပေမယ့် အိမ်လခပေးမယ့်ဟာကို တွေးလိုက်ရင် မနားရဲဘူး မနားနိုင်ဘူး ကျမတို့က နယ်စပ်မှာမို့ဆို‌တော့ တစ်ခြားနယ်က မတူဘူးလေ အိမ်လခကလည်း တစ်ခန်းကိုတရုတ်ငွေ ၂၅၀ ဆိုပေမယ့် မြန်မာငွေနဲ့တွက်ရင် ၁ သိန်းကျော်ရှိသွားပြီ အရင်ကဆို အာဏာမသိမ်းခင် တစ်ခန်းကို တရုတ်ငွေ ယွင် ၁၀၀ ဘဲရှိတယ်။ ခု ၁ ဆကျော်တိုးသွားတော့ ကုန်ဈေးနူန်းတွေကလည်းတက် တစ်လတစ်လ အိမ်လခနဲ့ကို မစားရက်မသောက်ရက် စုနေရတယ် စားဖို့က ဒုတိတောင်ဖြစ်နေတယ် ဘာနဲ့ဘဲ စားရ စားရ နေစရာက ပိုအရေးကြီးနေလို့လေ“လို့ နယ်စပ်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင် ဈေးသည်အမျိုးသမီး တစ်ဦးကပြောပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း သူမရဲ့အခက်ခဲကို ခုလိုဘဲ ပြောပြပါတယ်။ “စား‌ဆီ မဝယ်နိုင်တာ တစ်ပတ်ရှိသွားပီ ကလေးတွေက ဟိုနေ့က မုန့်စားချင်တယ်ဆိုတာကို မဝယ်ကျွေးနိုင်ဘူး။  ပြည့်ဝဆီ ဗူးအသေး တစ်ဗူးကို အရင် ၂၀၀၀ ခု … - [Telegram မှာ သတင်းအမှားဘယ်သူတွေ ဖြန့်နေတာလဲ](https://burmese.kachinnews.com/2022/09/29/telegram/): Telegram မှာ သတင်းအမှားဘယ်သူတွေ ဖြန့်နေတာလဲ - [နန်းမား PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကိုစစ်ကောင်စီက ဘတ်ဖိုးဖြင့်ဖြိုချဖျက်ဆီး](https://burmese.kachinnews.com/2022/09/29/az2-26/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများနှင့် ရဲ တပ်ဖွဲ့မှ ဘတ်ဖိုးတစ်စီးဖြင့် ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ နန်းမားမြို့ မြို့မရပ်ကွက် ကားလမ်းမကြီးဘေးတွင်ရှိသည့် ဘကြီးမုံ(ခ) ဦးသန်းစိုး အသက် ၃၀ ကျော်၏ နေအိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီဘက်မှ ဖြိုချဖျက်ဆီးလိုက်ကြောင်း နန်းမား မြို့မရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”ဘာလို့ဖြိုချလိုက်တာလဲဆိုတော့ သူ့ကိုနန်းမား PDF ခေါင်းဆောင်ဟုတ်တယ်ဆိုပြီးမှတဲ့ လာဖြိုသွားတာ အိမ်ကတော့ တိုက်ပုပေါ့ ရှေ့မှာခေါက်ဆွဲရောင်းတယ်နောက်ဖေးမှာလူနေတယ် အားလုံးဖြိုသွားတာ အဲ့အိမ်မှာက ဘကြီးမုံရဲ့ယ္ခောမတွေနေတာ ခုတော့အမျိုးတွေအိမ်မှာပြောင်းထားတယ်။ အိမ်မှာရှိနေတဲ့သူ့ဆွေမျိုးတွေတူမတွေဖမ်းတာဆီးတာတော့မရှိဘူး” ဟု ပြောသည်။ ဘကြီးမုံ(ခ) ဦးသန်းစိုးကို နန်းမားစစ်ကောင်စီ တပ်မှ PDF ခေါင်းဆောင်ဟု စွပ်စွဲနေသည်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်သည်။ ”သူ့ကိုအရင်ကလည်းတစ်ခါလာဝိုင်းသေးတယ် ဖမ်းဖို့ဆိုပြီး အဲ့ချိန်သူကလွတ်သွားတာ အဲ့ကတည်းက သူကတိမ်းရှောင်နေတာ ခုထိပြန်မလာသေးဘူး သူ့ကိုမဖမ်းမိတော့သူ့အိမ်ကိုခုလိုဖျက်ဆီးလိုက်တာပဲ” ဟု နန်းမားဒေသခံတစ်ဦးက ပြောသည်။ ဘကြီးမုံ(ခ) ဦးသန်းစိုးသည် PDF ခေါင်းဆောင်ဟုတ်မဟုတ်ကို အတိအကျ မသိကြောင်း ဒေသခံများ ပြောသည်။ နန်းမားမြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့ညကလည်း နန်းခန်းရပ်ကွက်နေ ဦးတင်ဌေးနှင့် ဒေါ်နေကြည်လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိူးသားဖြစ်သူ ဦးတင်ဌေးမှာသတ်ဖြတ်ခံရ၍ ဒေါ်နေကြည်မှာ အဆက်အသွယ်ပြတ်နေဆဲ ဖြစ်ကြောင်းသိရသည်။ - [ဖားကန့်တွင် ဖယောင်တိုင်မီးမှတဆင့် ၂ထပ်တိုက် ၄လုံး မီးလောင်ပျက်စီး](https://burmese.kachinnews.com/2022/09/29/az1-34/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri Pan’ ဆိုင်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့်  စားသောက်ဆိုင်အပါ လူနေအိမ် ၄ လုံးဆက် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာတွင်ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ”လူနေအိမ်က လေးလုံးဆက်ပါသွားတယ်။ နှစ်ထပ်တိုက်အိမ်ကြီးတွေကြီးပဲ အိမ်ခန်းငှားတွေလည်းပါတယ်။ ကျောက်ဝိုင်းလုပ်ထားတဲ့အခန်းတွေလည်းပါတယ်။ မီးဖိုချောင်ထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေတဆင့် စလောင်တယ်လို့ သိရတယ်”ဟုပြောသည်။ မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် ဖားကန့်မြို့နယ် မီသတ်ဌာနနှင့် ရပ်ကွက်နေပြည်သူများက ၁၁နာရီဝန်းကျင်တွင် ပြန်လည် သတ်ငြိမ်းနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကချင်စားသောက်ဆိုင်နှင့် တဆက်တည်း မီးလောင်ပျက်စီးသွားသည့် မီးဘေးသင့် အိမ်ထောင်စုများကို ကူညီနိုင်ရန်အတွက်လည်း ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဆောင်ရွက်နေကြ ကြောင်းလည်းသိရသည်။ ဆိုင်းတောင်ကျေးရွာတွင် ယခုနှစ်အတွင်း ယခုကဲ့သို့ကြီးကြီးမားမား မီးလောင်ကျွမ်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ - [အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား](https://burmese.kachinnews.com/2022/09/28/az2-25/): အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မီးတင်ရှို့ခဲ့ပြီး ထွက်မပြေးနိုင်သည့် သက်ကြီး ရွယ်အိုများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် စက်တင်ဘာ ၂၆ ရက်နေ့ အောက်တောကျေးရွာတွင် တပ်စွဲနေထိုင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် အောင်းကုန်းကျေးရွာသို့ဝင်၍ ညအိပ်တပ်စွဲခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အောင်းကုန်းကျေးရွာလူနေအိမ်  ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “တခြားမီးမရှို့တဲ့အိမ်တွေထဲကလည်း ပစ္စည်းတွေကိုအပြင်ထုတ်ပြီး မီးပုံရှို့သွားတယ်တဲ့။ အသက် ၇၀ အရွယ် ၈၀ အရွယ်တွေကိုလည်းဖမ်းထားတယ်။ ဘယ်နယောက်ဖမ်းထားတယ်ဆိုတာတော့ မသိရသေးဘူး။ မြင်မျက်တွေ့တဲ့သူတွေရှိတယ် ဖမ်းခံထားရတာ အိမ်ကတော့ ခုမီးငြိမ်းသွားပြီး ဆက်လောင်တာတော့မရှိသေးဘူး” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အောင်းကုန်း ပြည်သူ ၂၅၀၀ ကျော်သည် ယမန်နေ့ စစ်ကြောင်းဝင်ရောက်လာကတည်းက နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့က မိုးညှင်းနှင့် အင်းတော်ဘက်မှ ဝင်ရောက်လာသော စစ်ကြောင်းနှစ် ကြောင်းပူးပေါင်းထားသော အင်အား ၁၇၅ အထိရှိပြီး အောင်းကုန်းကျေးရွာအနီးတစ်ဝိုက်တွင်သာ လှည့်လှည်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၅ ရက်နေ့ည အင်းတော် နှင့် နဘားကြားရှိ ပင်ဝယ်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ၂၆ ရက်နေ့တွင် အင်းတော်အနောက်ကြောဘက်ရှိ အောက်တော၊ အောင်းကုန်း နှင့် တုန်းတော်ဘက် ဝင်ရောက်ခဲ့ပြီးနောက် ယင်းကျေးရွာများရှိ အရပ်သား ၂၀ ဦး တိတိကို လူသားဒိုင်းအဖြစ် ဖမ်းထားခဲ့ပြီးနောက် ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ - [‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်](https://burmese.kachinnews.com/2022/09/28/sn1-12/): သတင်းအမှားတင်ဆက်ကာ ဝင်ငွေရှာနေသော ‘Yangon Time’ ဆိုသည့် Youtube Channel တစ်ခုသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ‘Kachin News Group (official)’ ဆိုသည့် နာမည်ပြောင်းကာ သတင်းဌာနအတုအယောင် အဖြစ် လုပ်ဆောင်နေသည်ကို စီစစ် တွေ့ရှိရသည်။ Kachin News Group (KNG) သတင်းဌာန၏ ပရိသတ်များ ခွဲခြားသိရှိစေရန်မှာ ချန်နယ်အတုသည် Subscribers 35.7K သာရှိပြီး တရားဝင်စီစစ်မှု အမှတ်အသား Gray Mark လည်း မပါရှိပေ။ ထို့အပြင် တင်ထားသော ဗီဒီယိုများမှာလည်း သတင်းခေါင်းစဥ်အမှားများဖြင့် ဖန်တီးပြုလုပ်ထားသည်ကို တွေ့ရသည်။ အဆိုပါ YouTube ချန်နယ်သည် ယခင်က ‘တော်လှန်ရေး’  ‘Yangon Time’ ဆိုသည့် နာမည်များဖြင့် သတင်းအမှားဖော်ပြခဲ့ပြီး ယခု ‘Kachin News Group (official) ဆိုသည့် နာမည်ကို ပြောင်းလဲကာ သတင်းအမှားထပ်ဖြန့်နေသည်။ ‘Kachin News Group’ သည် ကချင်ပြည်နယ် သတင်းမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်း သတင်းများကို နေ့စဉ် တင်ဆက်နေသော သတင်းဌာနတစ်ခုဖြစ်သည်။ Youtube တွင် ‘Kachin News Group’ ဆိုသော နာမည်ဖြင့် subscriber 51.8K နှင့် Gray mark ပါရှိသော ချန်နယ်သည်သာ KNG အစစ်အမှန်ဖြစ်ပါသည်။ ယခုဖော်ပြခဲ့သော Youtube Channel အတုသည် Kachin News Group သတင်းဌာနအပေါ် ပရိသတ် အထင်မှား အမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် စက်တင်ဘာလ (၆) ရက်နေ့ ‘မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာ ကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ’ နှင့် (၂၃) ရက်နေ့တွင် ‘NUG ကို ပယ်ချပြီ တရားမဝင်ဘူးတဲ့ ကြေငြာပြီ’ ဆိုပြီး သတင်းခေါင်းစဥ်အမှားများဖြင့် ဗီဒီယိုဖန်တီးပြုလုပ်ထားသည်ကို ‘Kachin News Group’ Fact Check အစီစဉ်တွင် သတင်းအမှားများ … - [နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား](https://burmese.kachinnews.com/2022/09/28/az1-33/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် အမျိုးသားဖြစ်သူမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှသိရသည်။  စက်တင်ဘာလ ၂၆ ရက်နေ့ နန်းမားကျေးရွာ နန်းခမ်းရပ်ကွက်မှ ဦးတင်ဌေး ၊ ဒေါ်နေကြည်တို့ လင်မယားကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် အမျိုးသားဖြစ်သူ ဦးတင်ဌေးသတ်ဖြတ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”၂၆ ရက်နေ့ည ၇နာရီခွဲလောက်မှာ ဖမ်းခေါ်သွားတယ်တဲ့ မိုးညှင်းဘက်ကိုဖမ်းခေါ်သွားတယ် လို့သိရတယ်။ ညဆိုတော့ ဘယ်သူဘယ်ဝါကို မသိလိုက်ရဘူး အမျိုးသားဖြစ်တဲ့ ဦးတင်ဌေးကတော့ သတ်ခံလိုက်ရတယ်။ အမျိုးသမီးကတော့မသိဘူး ဆက်သွယ်လည်းမရဘူး သတ်လိုက်လား အသက်ရှင်နေသေးလားဘာမှမသိရသေးဘူး”ဟု ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။ ဦးတင်ဌေး၏ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက်နေ့ သေနတ်ဒဏ်ရာဟု ယူဆရသည့် ဖောက်ထွင်းဒဏ်ရာများဖြင့် နန့်ရင်းချောင်းကမ်းစပ်တွင် ဒေသခံများကတွေ့ရှိခဲ့သည်။ ”သူတို့က တနိုင်တပိုင် ဆိုင်ကယ်ဝပ်လျှော့လေး ဖွင့်ထားတာ တခြားဘယ်လိုကိစ္စရှိလဲတော့မသိဘူး ဒီချိန်ကနိုင်ငံရေးရှုပ်တော့ တချို့မကြေနပ်တဲ့လူက ချောက်တွန်းပြီး လုပ်ကြံခံရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီဘက်ကတောရွာဆိုတော့ အေးအေးဆေးဆေးပဲ နိုင်ငံရေးလည်း သူတို့ကအားနည်းတယ်။ ပြီးတော့ဒီကတောဆိုတော့ တရားဥအဒေစိုးမိုးမှုလည်း အားနည်တယ်”ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ အဆိုပါ လင်မယားနှစ်ဦးသည် အသက် ၄၀ နှင့် ၅၀ ဝန်းကျင်ရှိကြပြီး အမျိုးသမီးဖြစ်သူ ဒေါ်နေကြည်သူ ယနေ့ထိ ဆွေမျိုးများနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် စစ်ကောင်စီ သတင်းပေး၊ ဒလန်၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများသတ်ဖြတ်ခံရမှုမှာ ယခုနှစ်အတွင်း မကြာခနဖြစ်ပွားလျက်ရှိပြီး သတ်ဖြတ်ခံရသူ ၈၀ ဦးနှင့် အထက်ရှိပြီဖြစ်သည်။ - [ကသာမြို့မှ လူငယ် ၆ ယောက်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ထောင်ဒဏ် ၁လစီချမှတ်](https://burmese.kachinnews.com/2022/09/27/zm1-15/): စစ်ကိုင်းတိုင်း‌ဒေသကြီး ကသာမြို့မှ လူငယ် ၅ ဦးအား စစ်ကောင်စီတပ်မှဖမ်းဆီးကာ ထောင်ဒဏ် ၁ လစီချမှတ်လိုက်‌‌ကြောင်း ဒေသခံများမှ သိရသည်။ ဖမ်းဆီးခံလိုက်ရသည့် လူငယ် ၆ ဦးသည် စက်တင်ဘာလ ၂၅ ရက်ည ၈ နာရီဝန်းကျင် ကသာမြို့ မီးရထားဘူတာရုံအနီးရှိ လ္ဘက်ရည်ဆိုင်မှ နေအိမ်လမ်းလျောက်ပြီးပြန်လာစဥ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား‌များမှ ဖမ်းဆီးသွားကာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၁ လစီချမှတ်လိုက်ကြောင်း သိရသည်။ “စဖမ်းခံရတာ ၆ ယောက်ဟုတ်တယ် တစ်ယောက်က အသက်မပြည့်လို့ ပြန်လွှတ်ပေးလိုက်တယ် ၅ ယောက်ကိုတော့ ညမထွက်ရ ၁၄၄ နဲ့ညှိလို့ဆိုပြီး ထောင် ၁လစီချလိုက်တာတဲ့“ လို့ ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသူများတွင် ကသာလျှပ်စစ်ရုံးမှ EPC Non CDM ဝန်ထမ်းတစ်ဦးလည်းပါဝင်ပြီး ကသာရပ်ကွက် ၅ နှင့် ရပ်ကွက် ၇ မှ လူငယ်များပါဝင်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကသာမြို့တွင်းပြီးခဲ့သည့် ရက်သတ္တ ၂ ပတ်ခန့်မှစတင်ကာ ကသာခရိုင်ရုံးကြီး အနောက်ဘက်လမ်းမှာရှိသည့် ခရိုင်ငါဦးစီးဌာနရုံးအရှေ့၊ အမှတ် ၇ မီးရထား သံလမ်းအနီး အစရှိသည့်နေရာများတွင် ညစဉ်ကင်းလှည့်ကာ လမ်းသွားလမ်းလာသူများအားရိုက်နှက်ဖမ်းဆီးမူများ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။ - [KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်](https://burmese.kachinnews.com/2022/09/27/sn1-11/): အောင်ဟိန်းမင်း ခေါင်းဆောင်သည့် KIA/PDFအဖွဲ့မှ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံလူငယ်အချို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး ငွေကြေးပစ္စည်းများအား လုယူသွားကြောင်းသိရသည်ဆိုပြီး သတင်းအမှား တစ်ခု ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Oo Sitt” “Kachin Land”  အကောင့်များနှင့်အတူချိတ်ကာ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာတွင် “ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံ လူငယ် ၁၆ ဦး ခန့်အား ယနေ့ နံနက် ၆နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သော PDF အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့ပြီး ငွေကြေးပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်” ဆိုပြီး ဖော်ပြထားပါသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး ဒေသအခြေစိုက် The 74 Media တွင် ဖော်ပြထားသည်မှာ “ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဘိန်းခန်းများကို ယနေ့ နံနက် (၆) နာရီခန့်က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ် (KIA)နှင့် ရပ်ကွက်နေပြည်သူများက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ သွားရောက်ရှင်းလင်းချိန်တွင် ပြန်လည်ခုခံသူများလည်းရှိပြီး ဆေးသုံးစွဲနေသူ ၁၆ ဦးကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်တိုက်ဖျက်ရေးပြုလုပ်နေသူတစ်ဦးက The 74 Media ကိုပြောသည်” ဟုသာ ဖော်ပြထားသည်။ ထို့ကြောင့် ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာ ဒေသခံလူငယ် ၁၆ ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးပစ္စည်းများ လုယူခဲ့သည် ဆိုသည့်အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်းကို တွေ့မြင်နိုင်သည်။ လွန်ခဲ့သော စက်တင်ဘာလ (၂၁) … - [အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး  စစ်သား ၆ ဦးသေဆုံး၊ အရပ်သား ၂၀ ဦးကို လူသားဒိုင်းပြုလုပ် ရန် စစ်ကောင်စီဖမ်းဆီးထား](https://burmese.kachinnews.com/2022/09/27/ab2/): အင်းတော်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိတိ ကြားဖြတ်တိုက်ခိုက်ခံရချိန် စစ်သား ၆ ဦး သေဆုံးခဲ့သဖြင့် အရပ်သား ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ အင်းတော်၊ နဘားကျေးရွာနှင့် မော်လူးမြို့ကြားသို့ စစ်ကြောင်းထိုးရန် အင်အား ၂၈၀ ပါသော မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ကြောင်း နှင့် အင်အား ၁၂၀ ကျော်ပါ အင်းတော်ဘက်မှ တက်လာသည့်စစ်ကြောင်းကို KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့မှလမ်းတွင် နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “၂၄ ရက်နေ့ကတော့ မိုးညှင်းဘက်က ဆင်းလာတဲ့စစ်ကြောင်းကို မော်လူးနဲ့ နန့်စီးအောင်ကြားမှာ မိုင်းငါးလုံးဆွဲပြီး တိုက်ခိုက်ခဲ့တာ အတိအကျ သုံးယောက်သေတယ်။ ဒဏ်ရာရသူတွေကိုတော့ မိုးညှင်းဘက်မှာ အိမ်စီးကားနဲ့သယ်သွားတယ်ဗျ။ ပြီးတော့ ၂၅ ရက်နေ့မှာတော့ အင်းတော်ဘက်က တက်လာတဲ့ဟာကို မော်လူးနဲ့ နဘားကြားထဲမှာက သေနတ်နဲ့ပဲ ကြားဖြတ်ပစ်ခတ်ခဲ့တာ အဲ့မှာလည်း သုံးယောက်သေတာ နှစ်ယောက်ကတော့ ကုန်းပေါ်မှာပဲ အလောင်းမြှုပ်ထားတာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး လမ်းတစ်ဝက်မှာသေတာ ရွာနဲ့နီးတဲ့နေရာမှာ မြှပ်ထားတယ် ၂၆ ရက်နေ့မှာတော့ တိုက်ပွဲမရှိဘူး”ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်နေ့ည အင်းတော် နှင့် နဘားကြားရှိ ပင်ဝယ်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ၂၆ ရက်နေ့တွင် အင်းတော်အနောက်ကြောဘက်ရှိ အောက်တော၊ အောင်းကုန်း နှင့် တုန်းတော်ဘက် ဝင်ရောက်ခဲ့ပြီးနောက် ယင်းကျေးရွာများရှိ အရပ်သား ၂၀ ဦး တိတိကို လူသားဒိုင်းအဖြစ် ဖမ်းထားကြောင်း သိရသည်။ “ရွှေလုပ်တဲ့လူတွေကော လယ်စောင့်တဲ့လူတွေကိုကော။ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့မိုင်းဆွဲခံရမှာ ကြောက်လို့ လူက ၂၀ ရှိတယ်။ အဲ့မှာ … - [နောင်မွန်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး Mask နှင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2022/09/27/ab1/): ကချင်ပြည်နယ် နောင်မွန်မြို့တွင် ယခုလအတွင်း ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိနေပြီး နှာခေါင်စည်း (Mask) နှင့် ဆေးဝါးမရှိသည့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၀ နေ့မှ ၂၆ ရက်နေ့အထိ နောင်မွန်မြို့ပေါ်တစ်ခုတည်းတွင် ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာပြီဟု ဆိုသည်။ ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းမရနိုင်သည့်အပြင် ရောဂါကူးစက်ခံရသူများကို ကုသပေးရန်ဆေးဝါးလည်း မလုံလောက်သည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦး က KNG ကိုပြောသည်။ “အခုနောင်မွန်မှာက ကိုဗစ် တော်တော်လေးဖြစ်နေကြပြီ အိမ်တိုင်းလိုလိုမှာဖြစ်နေတာ နှာစေး ချောင်းဆိုး လည်ချောင်းနှာ ပြီးတော့ချမ်းဖျားအဲ့လိုမျိုး အိမ်တိုင်းမှာကိုရှိနေတာ။ တစ်မြို့လုံးမှာဆိုရင်  ၂၀၀ ကျော်လည်းရှိမယ်။ ဒီရောဂါက မဖြစ်တာကြာတဲ့အတွက် နှာခေါင်းစည်းတွေက ဆိုင်တွေမှာလည်း မရောင်းတော့ဘူး အခုလိုရုတ်တရက်ဖြစ်တော့ နှာခေါင်းစည်းက ဆိုင်မှာလည်းမရ မှုလူကူညီရေး အသင်းတွေမှာလည်းလုံးဝမရှိတော့ဘူး။” ဟု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ နာမကျန်းဖြစ်နေသူများသည် နောင်မွန်ပြည်သူ့ဆေးရုံသို့ ဆေးလာရောက်ကုသမှုခံယူပြီး ကိုဗစ်ရှိမရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့အထိ ကိုဗစ် ပိုးစစ်ဆေးတွေ့ရှိထားသူ ၁၀၀ ခန့်နှင့် စစ်ဆေးမှု မခံယူပဲနေအိမ်တွင် ကုသမှုခံယူနေသူ ၁၀၀ ကျော် စုစုပေါင်း ၂၀၀ ကျော်အထိရှိကြောင်း နောင်မွန် ပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြု ပြောကြားသည်။ “အခုဖျားနေတာက လည်ချောင်းနှာ ချောင်းဆိုး ချမ်းဖျားအဲ့လိုတွေဖြစ်နေတာ ဆေးရုံမှာသွားစစ်လိုက်ရင်တော့ ကိုဗစ်ပဲ အဲ့ကြောင့်တချို့ကတော့ ကြောက်လို့သွားမစစ်ကြဘူး တချို့ကစစ်တယ် အားလုံးကတော့ လက္ခဏာ အတူတူပဲ ဖြစ်နေတာ သွားစစ်ခံတဲ့သူက ငါးဆယ် ခြောက်ဆယ်လောက်ပဲရှိမယ်”ဟု နောင်မွန်ပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်သူဒေသခံတစ်ဦးက … - [စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်](https://burmese.kachinnews.com/2022/09/26/sn2/): “NUG ကို ပယ်ချပြီ တရားမဝင်ဘူးတဲ့ ကြေငြာပြီ” ဟု YouTube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဉ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းခေါင်းစဉ်ဖြင့် အကြောင်းအရာကို ပရိတ်သတ် ၃ သောင်း ၅ ထောင်ကျော် (Subscribers 35.7K) ရှိသော “Yangon Time” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက် လက်ရှိတွင် ကြည့်ရှုသူ ၁၇၀၀ ကျော်သွားပြီဖြစ်သည်။ ယခု သတင်းအမှား ဖြန့်ဝေခဲ့သော ချန်နယ်သည် “တော်လှန်ရေး” ဆိုသည့် နာမည်မှ “Yangon Time” ဟု နာမည်ပြောင်းကာ သတင်းခေါင်းစဥ်အမှားများဖြင့် ဗီဒီယိုများ ပြုလုပ်ဖြန့်ဝေနေသည်ကို တွေ့ရသည်။ သတင်းခေါင်းစဉ်နှင့် ဗီဒီယိုပါ အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရသည်။ ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာ “မြန်မာ့အရေးနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့က တံခါးပိတ်အစည်းအဝေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ တွေဟာ ဗြတိန်နိုင်ငံကအဆိုပြုတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျင်းသား အားလုံးကို ပြန်လွတ်ပေးဖို့ အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအရင်ကို အကောင်အထည်ဖော်ဖို့ စတဲ့တောင်း ဆိုမှုတွေပါဝင်တဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘော တူညီမှုမရတဲ့အတွက် မထုတ်ပြန်နိုင်ခဲ့ဘူး” ဆိုသည့် အကြောင်းအရာသာ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် “NUG ကို ပယ်ချပြီ တရားမဝင်ဘူး” ဆိုသည့် အကြောင်းအရာဖော်ပြချက်သည် သတင်းအမှား တစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုလို စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်များဖြင့် Youtube ပေါ်တွင် ကြည်ရှုသူများအောင် ဗီဒီယိုပြုလုပ်နေသူများ၏ … - [စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ](https://burmese.kachinnews.com/2022/09/26/sn1-10/): စစ်ကောင်စီ ပြုလုပ်မည့် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အထမမြောက်စေရန် NUG အစိုးရ မှ PDF တပ်ဖွဲ့များကို လျှို့ဝှက် ညွန်ကြားထားသည်ဟူသော သတင်းအမှား ထပ်မံပြန့်နှံ့နေသည်။ ထုတ်ပြန်ချက် အတုကို ‘ကိုလှရွှေ (သတင်းမှန်)’ ဆိုသည့် တယ်လီဂရမ်အကောင့်တွင် စတင်ရေးသား ဖြန့်ဝေခဲ့ပြီး  “Link” “DGF21 News” “BaNyunt” “Naymin” စသည့် Telegram အကောင့်များတွင်လည်း ထပ်ဆင့် ဖြန့်ဝေလာခဲ့သည်။ လျှို့ဝှက် ညွှန်ကြားစာ အတုထဲတွင် “ရွေးကောက်ပွဲသည် ထွက်ပေါက်မရှိသည့် နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်၍ ရွေးကောက်ပွဲမလုပ်နိုင်ရေး၊ နိုင်ငံရေး/စစ်ရေးနည်းလမ်း/အခြားနည်းလမ်း စသောနည်းလမ်းအမျိုးမျိုးဖြင့် တားဆီးဆောင်ရွက်ရန်။ လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက (အထူးသဖြင့် USDP, NUP, PPP) ယင်းတို့ရဲ့ နေရပ် လိပ်စာ၊ ကိုယ်ရေးရာဇဝင်များ ရယူထားရန် ၊ ဦးစားပေးအနေနဲ့ ရွေးကောက်ခံ လွှတ်တော်မတ် ဒုတိယ ဦးစားပေး ၎င်းတို့ရဲ့ မိသားစုဝင်အားလုံး လုပ်ကြံရန် အခက်အခဲရှိပါက ၎င်းတို့ နေထိုင်သည့် နေအိမ် များအား  လူစုလူဝေးဖြင့် ဖျက်ဆီး မီးရှို့လုပ်ငန်းများဖြင့် တားဆီးရန်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ လျှို့ဝှက် ညွှန်ကြားစာ အတုကို စစ်ဆေးကြည့်သောအခါ စာထဲတွင် ‘နစက’ ဆိုသည့် စကားလုံး အသုံးအနှုန်းကို အသုံးပြုထားသည်ကို တွေ့ရသည်။ အဆိုပါ အသုံးအနှုန်းသည် စစ်အာဏာသိမ်းစစ်တပ်၏ အသုံးပြုနေသော ဝေါဟာရဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီလ ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုနှစ် ဇွန်လ ၃၀ နေ့စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်အမှတ် (၁၃/၂၀၂၂) ထဲတွင် ‘နစက’ ဟု မသုံးပဲ ‘အကြမ်းဖက်စစ်ကောင်စီ’ ဟုသာ အသုံးပြုထားသည်ကို တွေ့မြင်နိုင်သည်။ “အကြမ်းဖက်စစ်ကောင်စီ နှင့် ၄င်းတို့၏ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ … - [အင်းတော်နယ်တွင် စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော်တိုးချဲ့ထား၊ ကျေးရွာ ၇ခု ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/09/26/az2-24/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ကြောင်း ၂ခုဖြင့် စစ်အင်အား ၄၀၀ ကျော်ဝန်းကျင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် နဘားနှင့်မော်လူး ကျေးရွာ ၂ခုကြားရှိ ကျေးရွာ ၇ခုခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အင်းတော် ဒေသကာကွယ်ရေးတပ်အဖွဲ့ထံမှသိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အင်းတော်နယ်အတွင်းသို့ မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ကြောင်းတစ်ခုနှင့် စစ်ကိုင်းဘက်မှ တက်လာသည့် စစ်ကြောင်းတစ်ခု စသော စစ်ကြောင်း ၂ခုဖြင့်  ဝင်ရောက်လာသည့်အတွက် အင်းတော်နယ်ရှိ ကျေးရွာပြည်သူများထွက်ပြေးတိမ်းရှောင်းနေရသည်ဟု အင်းတော်ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦး ယခုလိုပြောသည်။ “ကချင်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းက အင်အား ၂၈၀ ကျော်လောက်ရှိတယ်။ ပြီးတော့ စစ်ကိုင်းဘက်က တက်သွားတဲ့ဟာက အင်အား ၁၂၀ ကျော်တယ်။ သူတို့က အဓိက နဘားနဲ့ မော်လူး ကြားမှာ စစ်ကြောင်းထိုးလာတာ အခု စစ်ကြောင်း ၂ကြောင်းစလုံးက မော်လူးနဲ့ နဘားကြားမှာရှိတဲ့ ရွာတွေကို အကာကွယ်ယူပြီး နေတယ်”ဟုပြောသည်။ လက်ရှိဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် နဘားနှင့်မော်လူး ကျေးရွာ ၂ခုကြားရှိ ကျေးရွာများသည် နားမကြိုင်း၊  ပင့်တင်၊ ပင်ဝယ်၊ လုံးတုံ၊ ဖားပန်နှင့် စီပိန်း စသော ကျေးရွာများဖြစ်ကြပြီး နဘားကျေးရွာနှင့် နီးစပ်သည့် ရပ်ကွက်နေ ပြည်သူတစ်ချို့နှင့် ပင့်တင်၊ လုံးတုံ ရှိပြည်သူများသည်လည်း စက်တင်ဘာလ ၂၄ရက်နေ့က စတင်ယာယီထွက်ပြေးတိန်းရှောင်ခဲ့ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယခုကဲ့သို့ အင်းတော်ဒေသ နဘားနှင့်မော်လူးကြားတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုပြုလုပ်နေခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဓိက စစ်ရေးလှုပ်ရှားနေသည့် … - [မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် နေရပ်မပြန်နိုင်သည့် စစ်ရှောင် ၄၀၀ ကျော် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/09/26/az1-32/): ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များ ပြည်သူပိုင်နေရာများတွင် တပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများ ၄၀၀ ကျော် နေရပ်မပြန်နိုင်၍ စစ်ရှောင်နေရဆဲဖြစ်ပြီး အစားအသောက်နှင့် စစ်ရှောင်အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။ စက်တင်ဘာလ ၂၂ရက်နေ့ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရေကြောင်းလမ်းဖြင့် ကျွန်းတော်မှ မိုးစစ်ဘက်သို့ ကူးလာခဲ့စဉ် KPDF အဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် မိုးစစ်ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေကြောင်းသိရသည်။ ထို့ကြောင့် လက်ရှိတွင် မိုးစစ်ကျေးရွာနေ ပြည်သူ ၄၀၀ ကျော်သည် ရွှေကူမြို့တွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အဝတ်အထည် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။ “အဓိကတော့ အစားအသောက်တွေလိုအပ်နေတယ်။ သူတို့ထွက်ပြေးလာတဲ့အချိန်မှာ တချို့ကတော့ လယ်ခင်းထဲရောက်နေတော့ ရုတ်တရက်ပြေးလာတဲ့သူတွေရှိတယ်။ သူတို့အတွက် စောင်၊ ခြင်ထောင်နဲ့ လှဲဖို့အဝတ်တွေ လိုအပ်နေတယ်။ အစားအသောက်တော့ အားလုံးအတွက် လိုအပ်နေတယ်။ အခုက လူမှုကူညီရေးအသင်းတွေက ရသမျှလေးနဲ့ နေ့လယ်စာ နဲ့ ညစာကို တာဝန်ယူပေးနေတာဟုတ်တယ်။ လူမှုကူညီရေးအဖွဲ့တွေကလည်း အလှူရှင်တွေရှိမှသာ တဆင့်ကူညီပေးနိုင်မှာဆိုတော့ လောလောဆယ် အကူအညီလိုအပ်နေတယ်”ဟုပြောသည်။ စစ်ရှောင်ပြည်သူများ ရွှေကူမြို့ပေါ်ရှိ ရေဝန်းဘုန်းကြီးကျောင်း၊ မင်းကျောင်းနှင့် မာန်အောင်ကျောင်း အစရှိသည့် ဘုန်ကြီးကျောင်း ၄ နေရာတွင် ခိုလှုံလျက်ရှိနေပြီး စက်တင်ဘာလ ၂၄ရက်နေ့အထိ စစ်ရှောင် အိမ်ထောင်စု ၁၀၈ စုနှင့် လူဦးရေ ၄၆၉ ဦးအထိ ရှိနေကြောင်းသိရသည်။ “စစ်သားတွေက ၂၂ရက်နေ့ ညပိုင်းလောက်ကနေစပြီး တပ်စွဲထားတာဟုတ်တယ်။ ခုထိရှိနေတုန်း ပြန်လို့မရသေးဘူး။ တစ်ချို့ကတော့ … - [အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်](https://burmese.kachinnews.com/2022/09/23/sn1-9/): ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်နှင့်အတူ အခြားစစ်တပ်နှင့် ဆက်နွယ်သော အကောင့်များတွင် ချိတ်ဆက်ကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဖော်ပြထားသော အသေးစိတ်အကြောင်းအရာမှာ “ကချင်ပြည်နယ် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်ဟိန်းမင်း ခေါင်းဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်၍ ထွက်ပြေးသွားသူကို KIA က ဖမ်းဆီးခေါ်ဆောင်သွားသည်” ဟု ရေးသားထားသည်။ ဒေသတွင်း Kachin Waves သတင်းဌာနတွင် ရေးသားဖော်ပြထားသည်မှာ “ပိုက်ဆံလုတဲ့သူက ငယ်သေးတယ်၊ လူငယ်ပဲ။ ပြည်သူတွေက ဝိုင်းဖမ်းလိုက်တယ်။ သူ့ဆီမှာ သေနတ်တစ်လက်နဲ့ လက်ပစ်ဗုံးလည်း ပါတယ်။ ပြည်သူတွေကတော့ ပျူစောထီးဖြစ်နိုင်တယ်လို့ ယူဆနေကြတယ်” ဟု ဆိုသည်။ လက်ရှိ လုယက်သူများကို KIA က စစ်ဆေးမေးမြန်းနေကြောင်းလည်း ဖော်ပြထားသည်။ NLD ပါတီဝင် အောင်ဟိန်းမင်းသည် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ဖားကန့်မြို့ ၊ ငှက်ပျောတော်ရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDFအဖွဲ့မှ ပိုက်ဆံလုယက်ခဲ့သည် ဆိုသည့် အကြောင်းအရာသည် စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ယုံကြည်ရသော ဒေသတွင်းသတင်း မီဒီယာများ၏ ဖော်ပြချက်များဖြင့် တိုက်စစ်မှသာ ယုံကြည်သင့်ပါသည်။ - [KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)](https://burmese.kachinnews.com/2022/09/23/hy1-2/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ရာ လိုင်ဇာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် KIO အစိုးရတို့ပူးပေါင်းပြီး Kachin State Comprehensive University  (KSCU) တက္ကသိုလ်ကျောင်းကို အခုနှစ်မေလမှာ ဖွင်လှစ်ပြီး စက်တင်ဘာလမှာတော့ စတင် သင်ကြားနေပြီ ဖြစ်ပါတယ်။ Kachin State Comprehensive University  (KSCU) ကျောင်းနှင့် ပတ်သက်ပြီး လက်ထောက် အဓိပတိဖြစ်သော ဒေါက်တာအောင်ကိုလင်း ကို KNG မှ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ပထမဆုံး ဆရာ့နာမည်နဲ့ အလုပ်အကိုင်ကို မိတ်ဆက်ပေးပါ။ ဖြေ။ ကျွန်တော့နာမည်ကတော့ ဒေါက်တာအောင်ကိုကိုလင်းလို့ခေါ်ပါတယ်။ မူလတာဝန်ကတော့ မြစ်ကြီးနားတက္ကသိုလ် စိတ်ပညာဌာနကနေဖြစ်ပါတယ်။ CDM ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) မှာလက်ထောက်အဓိပတိ တာဝန်ထမ်းဆောင်နေပါတယ်။ မေး။ KSCU အကြောင်းကို အများပြည်သူတွေသိအောင် အကျယ်တစ်ဝင့် ရှင်းပြပေးပါ။ ဖြေ။ Kachin State Comprehensive University  ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကြီးလို့ ခေါ်ပါတယ်။ ကချင်ပြည်နယ်လို့ဆိုတဲ့အတိုင်း  ကချင်ပြည်နယ်မှာရှိတဲ့ ယခင်ပြည်ထောင်စုအဆင့်ဆင့် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တက္ကသိုလ် စုစုပေါင်း ၈ ခုပါဝင်ပါတယ်။ Comprehensive ဆိုတဲ့အတိုင်း ဝိစ္စာသိပ္ပံ၊ သူနာပြုသိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ စိုက်ပျိုးသိပ္ပံ တွေရှိတယ်။ ကျွန်တော်တို့က ပညာရပ်စုံတက္ကသိုလ်တစ်ခုဖြစ်တယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ ကချင်ပြည်နယ် လူထုအတွက် ကျွန်တော်တို့ဆီမှာမရှိသေးတဲ့ စီးပွားရေးတက္ကသိုလ်လည်း ဖွင့်သွားဖို့ရှိတယ်။ အခြေခံလူထုကျန်းမာရေး တက္ကသိုလ်မျိုးလဲ ဖွင့်သွားဖို့ရှိပါတယ်။ မေး။ KSCU မှာ ဘယ်သူတွေပါဝင်ပြီး ဘယ်လို ဖွဲ့စည်းခဲ့တာလဲ။ ဖြေ။  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖဝါရီလ ၁ နောက်ပိုင်း တော်လှန်ရေးနဲ့အတူ တက္ကသိုလ်ကောင်စီတွေလည်း ပေါ်လာခဲ့တယ်။ ဒီတက္ကသိုလ်ကောင်စီဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရ  ပညာရေးဝန်ကြီးဌာနရဲ့  တိုက်တွန်းညွန်ကြားချက်အရ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ကောင်စီတွေဖြစ်ကြတယ်။ တက္ကသိုလ်ကောင်စီမှာ တော်လှန်ရေးမှာ  ပြည်သူလူထုဘက်က ရပ်တည်းပြီးတော့ CDM မှာပါဝင်တဲ့ ကျောင်းသားတွေ၊ ဆရာဆရာမတွေကို ကူညီပေးဖို့နဲ့ ကြားကာလမှာ ဆောင်ရွက်သွားမယ့် ပညာရေးဆိုင်လုပ်ငန်းတွေကို … - [မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ](https://burmese.kachinnews.com/2022/09/23/zm-4/): ကချင်ပြည်နယ် မိုးညှင်း နှင့် မော်ဟန်ကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ခရီးသည်ယာဉ်၊ ကုန်တင်ကားများနှင့် ဆီဘောက်ဆာ ကားများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ကာ မိုးညှင်းမြို့တွင်းမှ ဆင်းလာသော အင်အား ၅၀ ကျော်ပါဝင်သော စစ်ကြောင်းသည် မိုးညှင်းမြို့နှင့် မော်ဟန်ကြား မထင်မှတ်သည့် နေရာများတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့ ခရီးသွားခဲ့သည့် မော်ဟန်ပြည်သူတစ်ဦးက KNG ကို ပြောသည်။ ”သုံးရက်လောက်တော့ရှိပြီ။ သူတို့ကင်းပုန်းဝပ် နေတာက မိုးညှင်း မော်ဟန်လမ်းပိုင်းမှာပေါ့ နေရာ အတည်တကျကမရှိဘူး။ သူတို့ပေါ်လာချင်တဲ့ နေရာမှာပေါ်လာပြီး မထင်ရင်မထင်သလိုလိုက် စစ်တာ။ ဒီနေ့ မော်ဟန်နားဆို နောက်နေ့က မိုးညင်းဘက်ကိုရောက်ရင်ရောက်သွားတာ။ ကင်းပုန်ဝပ်ပြီးစစ်တာ သူတို့ရှိလို့ရှိနေမှန်မသိသာဘူးပေါ်လာမှသိတာ အင်အားများတယ် ၅၀ ကျော်လောက်ရှိတယ်။” ဟု အမည်မဖော်လိုသော ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ မိုးညင်း နှင့် မော်ဟန်သည် ၁၂ မိုင်အကွာအဝေးရှိပြီး စစ်ကောင်စီတပ်သည် ၅ မိုင်နှင့် ၉ မိုင်ကြားတွင် အများဆုံး ကင်းပုန်းဝပ်လျက်ရှိကြောင်း သိရသည်။ ”သူတို့က ဂိတ်ထိုင်တာမျိုးလည်းမဟုတ်ဘူး ဝါးတားဂိတ်လိုမျိုးလုပ်ပြီးစစ်တာမဟုတ်ဘူး။ ကားလမ်းပေါ်တက်လာပြီး ပိတ်ဆို့တားစီးပြီးစစ်တာမျိုးဗျ။ ဘယ်နေရာမှာပေါ်လာပြီးဘယ်လိုစစ်မလဲပေါ့ ဆိုင်းကယ်တွေမစစ်ဘူးကားတွေပဲ။ ဘယ်သွားမလဲမေးတယ် ဘယ်ကဘာလာလဲ ပစ္စည်းတွေစစ်တယ် ဘာကိစ္စနဲ့သွားမှာလဲပေါ့မေးတယ်။ သူတို့မသက်ကာရင်တော့ အရမ်းစစ်တယ်” ဟု ကိုယ်တိုင်ကြုံခဲ့သည့် နောက်ထပ် ခရီးသွား ပြည်သူတစ်ဦးက KNG ကို ပြောသည်။ ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်များသည် မိုးညှင်း-မော်ဟန်-နန့်စီးအောင် ကားလမ်းပိုင်းတွင် ဝါးတားဂိတ် ၄ခုပြုလုပ်ကာ … - [စစ်ကောင်စီထုတ် မြန်မာဘီယာ အဖာ ၁၀၀၀ တိတိကို KIA နှင့် PDF ပူးပေါင်းတပ် ဖမ်းဆီးဖျက်ဆီး](https://burmese.kachinnews.com/2022/09/23/zm-3/): ကချင် စစ်ကိုင်းအစပ် အင်းတော် နှင့် မော်လူးကြားတွင် မန္တလေးဘက်မှ တင်ဆောင်လာသော စစ်တပ်ထုတ်ကုန် မြန်မာဘီယာ အဖာ ၁၀၀၀ တိတိကို KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့မှ ဖမ်းဆီးကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် မန္တလေးမှ မြစ်ကြီးနားဘက်သို့ ခြောက်ဘီးကားတစ်စီးဖြင့် တင်ဆောင်လာသည့် Myanmar Beer ၊ Andaman beer နှင့် Gold Beer အဖာ ၁၀၀၀ တိတိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖျက်ဆီးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ကားကတစ်စီးထဲပဲ ခြောက်ဘီးကားနဲ့ အဲ့ဖမ်းမိတဲ့နေရာမှာပဲဖျက်ဆီးလိုက်တာ။ လူကတော့ဒရိုင်ဘာ နဲ့ စပယ်ယာနှစ်ယောက်ပဲ။ သူတို့ကိုတော့ ခံဝန်ကတိပေးပြီးပြန်လွတ်လိုက်တယ် နောက်မတင်ဖို့သတိ ပေးပြီးလွတ်လိုက်တယ်”ဟု ပြောသည်။ အင်းတော်မြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ မတင်ဆောင်ကြရန် ယခင်ကတည်းက အကြိမ်ကြိမ် သတိပေးပြီးဖြစ်သောကြောင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အရင်ကမိတဲ့ကားသမားတွေကိုလည်း ခုလိုမျိုးသတိပေးပြီးတော့မှပဲ ပြန်လွတ်ပေးလိုက်တာရှိတယ်။ အခုလိုမျိုးမလုပ်ခင် အရင်ကလည်း စစ်တပ်ထုတ်ကုန်တွေမတင်ဖို့ သတိပေးတာတွေရှိတယ်။ အွန်လိုင်းပေါ်မှာကော နောက်ပြီးကားဆရာတွေကိုကော သတိပေးတာမျိုးတွေရှိတယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။ လတ်တလော အင်းတော်မြို့နယ်တွင် မြစ်ကြီးနား မန္တ​လေး အတက်အဆင်း ကားများကို KIA နှင့် PDFတို့က ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေပြီး ကုန်ကားများအနေဖြင့် … - [စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ](https://burmese.kachinnews.com/2022/09/23/zm-2/): ကသာမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိမှန်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ စက်တင်ဘာ ၂၃ ရက် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင် ကသာ ခလရ ၃၀၉ တပ်ကုန်းပေါ်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးသည် ရပ်ကွက် ၉ ဓမ္မပါလဘုန်းကြီးကျောင်းအနီး၊ ဘောလုံးကွင်းအစပ်ရှိ လူနေအိမ်တစ်လုံး၊ ရပ်ကွက် ၅ အထက (၂) စာသင်ကျောင်းအနီးတွင် တစ်လုံး၊ ခရိုင်ပညာရေးမှူးရုံးအနီးတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ “သူတို့တပ်ကုန်းပေါ်ကနေ ရမ်းပစ်နေတာ၊ အိမ်တွေပေါ်ကျလို့ အိမ်လည်းပြို လူလည်းထိသွားတယ်။ နှစ်ယောက်စလုံး ဒဏ်ရာသိပ်မပြင်းဘူးလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့သို့ လူနေအိမ်တစ်အိမ်ပေါ်တွင် ကျရောက်ခဲ့ရာ၌ နေအိမ်ပျက်စီးသွားခဲ့ပြီး အိမ်ရှင်အမျိုးသား၏ ဦးခေါင်းနှင့် လက်မောင်းများ၊ အမျိုးသမီး ပေါင်နှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အိမ်ရှင် လင်မယားနှစ်ဦးအား ဆေးကုသမှုခံယူရန် မန္တလေးသို့ လူမှုကူညီရေးကားဖြင့် ကသာဆေးရုံသို့ ပို့ဆောင်းခဲ့ကြောင်း သိရသည်။ အလားတူ စာသင်ကျောင်းတွင် ကျောင်းသားများ စာသင်နေစဥ် ကျောင်းအပြင်အနောက်ဘက် ပရိဝုဏ်အနီးနှင့် စာသင်ကျောင်းအနီးရှိ ခရိုင်ပညာရေးမှူးရုံးအနီးတွင်လည်း လက်နက်ကြီး ကျည်တစ်လုံးကျရောက်‌သော်လည်း လူသူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုမှာ PDF များ Drone ​ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်တပ်အသိုင်းဝိုင်းမှ ပြောဆိုနေသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း KNG … - [ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ](https://burmese.kachinnews.com/2022/09/23/az1-31/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မီတာခမဆောင်နိုင်သည့် အိမ်ခြေများကို  စစ်ကောင်စီလက်ခံ EPC ၊ စစ်သားနှင့်ရဲများပူးပေါင်းကာ မီတာဘောက်များလိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ စစ်တင်ဘာလ ၂၂ရက်နေ့ မှစတင်ပြီး စစ်ကောင်စီအဖွဲ့  လူအင်အား ၃၀ ကျော်ခန့်ပါ စစ်ကား ၂စီး၊ ရဲကားတစ်စီး ဖြင့် ဗန်းမော်မြို့ပေါ်ရပ်ကွက်အတွင်း လှည့်ပတ်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် မီတာခများအတင်း ပေးဆောင်ခိုက်ပြီး မီတာခမဆောင်နိုင်သည့် နေအိမ်မှ မီတာဘောက်များကို ဖြုတ်သိမ်းသွားသည့်အထိ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။ “သူတို့က မီတာစာရွက်တွေပေါင်းပြီး အရင် ၂၀၂၁ တုန်းကလည်း တစ်ခါတည်းပေးခိုင်းတယ်။ တစ်ချို့က အရမ်းများသွားတော့ မပေးနိုင်ဘူးလေ ငါးလ ခြောက်လ စာဆိုတော့ တတ်နိုင်တဲ့သူတွေက သိမ်မရှိကြဘူး။ အဲ့ကြောင့် မီတာမဆောင်နိုင်တဲ့ အိမ်တွေကို မီတာဘောက် တစ်ခါတည်း ဖြုတ်သိမ်းသွားကြတယ်”ဟုပြောသည်။ စစ်ကောင်စီိအဖွဲ့ မီတာကြေး လိုက်လံကောက်ခံမှုတွင် ယခင် ၂၀၂၁ခုနှစ် ကိုဗစ်ကာလာအတွင်း မီတာကင်းလွတ်ခွင့် ပေးထားသည့် လပေါင်းအပါ ပြန်လည်ကောက်ခံနေပြီး ကောက်ခံရာတွင်လည်း မီတာဖတ်ခြင်းမရှိဘဲ ခန့်မှန်းခြေနှုန်းဖြင့် အတင်းပေးဆောင်ခိုက်သည့် လုပ်ရပ်မျိုးဖြင့် ကောက်ခံခဲ့ကြောင်းသိရသည်။ ယမန်နေ့တွင် အောင်သာရပ်ကွက် ၊ ဟန်တဲရပ်ကွက်၊ ရွှေပြည်သာ၊ မြို့သစ်ရပ်ကွက် ၊ နောင်ခိုရပ်ကွက်၊ များတွင် လိုက်လံကောက်ခံခဲ့ပြီး နေအိမ်တစ်ခုတွင် ခန့်မှန်းခြေ ငွေတစ်သောင်းကျပ်မှ ၅သိန်းဝန်းကျင်အထိ ပြည်သူများ မီတာခပေးဆောင်ခဲ့ရသည်ဟု ဆက်ဆိုသည်။ “တစ်ချို့က အရင်ကတည်းက ပုံမှန်ဆောင်နေတဲ့သူတွေရှိကြတယ်။ တစ်ချို့က ကိုဗစ်ဖြစ်ကတည်းက လုံးဝ မဆောင်ရသေးတဲ့သူတွေရှိကြတယ်။ ပုံမှန်ဆောင်တဲ့သူတွေက သောင်းဂဏန်း လောက်ပဲကျတယ်။ ဒီမှာက မဆောင်ကြတာပိုများတယ်။ ခန့်မှန်းရသလောက်ဆို … - [စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ](https://burmese.kachinnews.com/2022/09/23/zm1-14/): ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ဦးအထက်ရှိနိုင်ကြောင်းသိရသည်။ စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ဖွဲ့သည် စစ်လှေဖြင့် မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဉ် မိုးစစ်ကျေးရွာအနီး ဗိုလ်မိုးကြိုးဦးဆောင်သည့် KPDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KPDF  ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “မနေ့က အခြေအနေက မော်တော်နဲ့ မြစ်ကူးလာတဲ့အချိန် တဖက်ကမ်းကနေ အပိုင်ပစ်ချတာ။ သေတဲ့သူကသေ သေနတ်တွေတောင်မှ လိုက်ဆယ်ယူနေကြတာတဲ့။ စစ်အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ၂၀ ကျော်လောက်က အဲ့နေရာမှာတင်သေဆုံးနိုင်တယ်။ သူတို့ရဲ့အလောင်းတစ်ချို့က လိုက်ဆယ်နိုင်တယ်”ဟုပြောသည်။ စစ်အင်အား အများအပြားပါရှိသည့် စစ်လှေတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၇ဦးထက်မနည်းရှိနိုင်မှုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရုပ်အလောင်း ၅လောင်းကို ထမ်းပိုးသွားကြသည်ဟု သူကဆက်ဆိုသည်။ ထိုသို့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရသည့်အတွက် မိုးစစ်ကျေးရွာဘက်သို့ တန်ပြန် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျမှန်ကာ အသက် ၇နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၅ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “လက်နက်ကြီးတွေကျတော့ ကလေးတွက ပုန်းကြတာ။ အဲ့ဒီကလေးတွေပုန်းတဲ့ နေရာမှာ ကျပြီး ပေါက်ကွဲသွားတယ်”ဟု မိုးစစ်ကျေးရွာ ဒေသခံတစ်ဦး ပြောသည်။ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် လက်နက်ကြီးထိမှန်သေဆုံးသွားသည့် ၇နှစ်သားအရွယ် မောင်ဇွဲနိုင်ဝင်း ခေါ်သူဖြစ်သည်။ ထို့နောက် … - [ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို](https://burmese.kachinnews.com/2022/09/23/sm1-17/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအုပ်စု ကတ္တုကျေးရွာတွင် အများပြည်သူများထံမှ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင် Special.9-HPDF တပ်ဖွဲ့က သွားရောက်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၃ဦးသေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ အဆိုပါ စစ်တပ်ဂိတ်စခန်းသည် ဗန်းမော် – မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် တပ်ချထားသည့် ဂိတ်စခန်းတစ်ခုဖြစ်ပြီး ပဒေသာမိုင်း ၂လုံးဖြင့် သွားရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Special.9-HPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “သူတို့က မြတောင်လမ်းဆုံဂိတ်မှာ ပုံမှန်စစ်ဆေးတာတွေလုပ်တယ်။ ပြည်သူတွေဆီးက ငွေညှစ်တောင်းတယ်။ အဲ့ကြောင့် ကျနော်တို့က သူတို့မရှိတဲ့အချိန် မိုင်းသွားထောင်တားတယ်။ ဒီမနက်က ဂိတ်စခန်းတဲပေါ်ကို စစ်သား ၃ယောက်တက်လာတယ်။ ထောင်ထားတဲ့မိုင်းကိုတွေ့သွားမှာကြောက်လို့ အဲ့ ၃ယောက်ကိုဘဲ ချိန်ချလိုက်တယ်”ဟုပြောသည်။ ယနေ့နံနက်ပိုင်းအချိန် ဂိတ်စခန်းတိုက်ခိုက်ခံရသည့်အပြင် တပ်သား ၃ဦး သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် လက်ရှိ နံနက်ပိုင်း ၁၁နာရီဝန်းကျင်အထိ သွားလာသည့်ပြည်သူများကို ပုံမှန်ထက် စစ်ဆေးမှုတင်းကြပ်ထားသည်ဟု သိရသည်။ ယခုလို Special.9-HPDF တပ်ဖွဲ့ဘက်မှ စစ်ကောင်စီ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရခြင်းမှာ လမ်းသွား လမ်းလာ ငွေကြေးကောက်ခံခြင်း၊ စစ်ဆေးမှုများလုပ်ဆောင်နေသည့်အတွက် အများပြည်သူစိတ်အနှောက်အယှက်မဖြစ်စေရန် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းအရင်းအမြစ်ထံမှသိရသည်။ ပြီးခဲ့သော စက်တင်ဘာလ ၁ရက်နေ့တွင်လည်း မြတောင်ကျေးရွာဘက်မှဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မောင်းကုန်းအုပ်စု ဖုန်ကုန်းကြီးကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဆက်လက်သိရသည်။ - [မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ](https://burmese.kachinnews.com/2022/09/22/sm1-16/): စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြို့နယ် တောင်ယာတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ဆေးရေးဂိတ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် ပြည်သူများအပေါ်မတရား ရိုက်နက် စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးကောက်ခံနေသည့် ရေယာဉ်ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F) မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စခန်းက ကမ်းနားမှာတည်ထားတာ ပျူစောထီးတွေလည်းပါတယ်။ သူတို့ရဲ့နယ်မြေဖြစ်တော့ အေးဆေးနေကြတယ်။ ပုံမှန်ဆို လူအင်အား အယောက်  ဝန်းကျင်လောက်ဘဲရှိကြတယ်။ အဲ့ထဲမှာ ရဲဝန်ထမ်းတွေ စစ်သားတွေအကုန်ရှိတယ်။ သူတို့ရဲ့တဲက ၄ခုလောက်ရှိတယ် ကျနော်တို့က ပြောက်ကျားပုံစံနဲ့ ဝင်ပစ်ခဲ့ကြတယ်။ လက်နက်တစ်ချို့ကိုလည်းသိမ်းလာနိုင်တယ်”ဟုပြောသည်။ စစ်တပ်ဂိတ်စခန်းအတွင်း တိုက်ခိုက်မှု ၅မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ ၄ဦးခန့် ဒဏ်ရာရရှိခဲ့သည်ကို မျက်မြင်တွေ့ရခဲ့ကြောင်း သူကဆက်ဆိုသည်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်မှ MA3 ၁ လက်၊ ကျည်ဘောက် ၄ခု၊ ကျည်အတောင့် ၂၁၀ခု၊ လက်လုပ်သေနတ် အတို ၂လက်၊ ဓား ၃ချောင်းနှင့် ငွေသား ၈သိန်း သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ဆိုင်ကယ်များဖြင့် စစ်အင်အားအချို့ပြန်လည်ရောက်ရှိလာပြီး လိုက်လံပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ကျောင်းသားတော်လှန်ရေးအဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ ရေယာဥ်စစ်တပ်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်အင်အား ၃၀ ဝန်းကျင်ပုံမှန် ရှိသည့် ဂိတ်စခန်းနေရာတစ်ခုဖြစ်ပြီး  မင်းကင်းမြို့နယ်တွင် အကြီးဆုံး ဂိတ်စခန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။ - [နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား](https://burmese.kachinnews.com/2022/09/22/yl1-14/): ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ နန့်ယားကျေးရွာအတွင်း အဝင်အထွက် စစ်ဆေးရေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “အရင်းတုန်းကတော့ စစ်ဆေးတာလုပ်ကြတယ်။ အခုနောက်ပိုင်းပြန်မလုပ်တော့ဘူး။ ဒါပေမယ့် တစ်နေ့က သူတို့ ပြည်သူ့စစ်ခေါင်းဆောင် ပြန်သတ်ခံရလို့ အခုက အဝင်အထွက် အားလုံးကို စစ်ဆေးတာတွေလုပ်တယ်။ သူတို့ရဲ့ ဂိတ်မှာ ရောက်ရင် ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတယ်။ ရွာထဲမှာလည်း သူတို့ မသင်္ကာတဲ့ အိမ်တွေကိုလည်း လိုက်စစ်တယ်လို့ကြားတယ်”ဟု နန့်ယာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ယခုလို ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာနေ ပြည်သူများကို တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန် လုပ်ဆောင် လာမည်ကို ဒေသခံတစ်ချို့က စိုးရိမ်နေကြသည်ဟု သူကဆက်ဆိုသည်။ လက်ရှိတွင် နန့်ယားကျေးရွာအဝင်တွင်ရှိသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းဂိတ်တွင် ကျေးရွာနေ ပြည်သူများနှင့် ခရီးသည်များကို ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရသည့် နေ့ရက်မှစပြီး စစ်ဆေးရေး ပိုမိုတင်းကြပ်ထားသည့်အပြင် ညအချိန်တွင် နန့်ယား စစ်တပ်ကုန်းမှ KIA ရှိနိုင်သည်ဟု ယူဆရသည့် တောဘက်သို့ လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ် မှုများပြုလုပ်နေကြောင်း ဒေသခံများပြောသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးသည် စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် သူ၏ နေအိမ်ရှေ့အဝင်တံခါးဝတွင် လူငယ် ၂ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်ပါသည်။ နန့်ယာပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရမှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ယခုပစ်သတ်ခံရသည့် ဦးထွန်းထွန်းဦး၏ အထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်လည်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ - [မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/09/22/zm1-13/): မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်နေရာအနှံ့တွင် ကင်းပုန်းများချထားကာ ဖမ်းဆီးရိုက်နက် မှုများလုပ်ဆောင်နေပြီး စက်တင်ဘာလ ၂၁ရက်နေ့ တစ်ရက်အတွင်း လူငယ် ၂ဦးဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။ ယမန်နေ့ ညနေ ၄နာရီဝန်းကျင် အထက (၂)ကျောင်းရှေ့ လူငယ် ၁ဦးကို အရပ်ဝတ်ဖြင့် ရဲတပ်သား ၂ဦးက လမ်းပိတ်ဆို့ ဖမ်းဆီးသွားပြီး ည ၈နာရီဝန်းကျင်တွင် ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် လူငယ် တစ်ဦး ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ “အထက (၂)ဘက်ဝင်လာတဲ့လမ်းမှာ ဆိုင်ကယ်စီးလာတဲ့ ကောင်လေးကို Honda Fit ကားတစ်စီးက သူ့ရဲ့ ရှေ့တည့်တည့်ပိတ်ချလိုက်ပြီး ဖမ်းသွားတာ။ ကောင်းလေးရဲ့ ဆိုကယ်ကိုတော့ အနီးမှာ ကင်းပုန်းခိုနေတဲ့ အရပ်ဝတ်နဲ့ ရဲ ၂ယောက်က ပြန်မောင်းသွားတယ်။ သူတို့ဖမ်းသွားတဲ့ ပုံစံအရမ်းမြန်တယ်။ သတင်းအတိအကျရထားတဲ့ ပုံစံနဲ့ ဖမ်းတာဖြစ်နိုင်တယ်။ ပြီးရင် ရမ်ပူဘက်မှာလည်း လူငယ်တစ်ယောက်ဖမ်းခံရတယ်လို့ကြားတယ်”ဟုပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ဦးသည် မည်သူမည်ဝါဖြစ်သည်ကို KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ထို့နောက် မွန်းလွှဲ ၃နာရီဝန်းကျင်တွင် မြစ်ကြီးနားမြို့နယ် နမ်ကျင်ကျေးရွာရှိ နေအိမ်တစ်ခုကို စစ်ကောင်စီတပ်များမှ လူဖမ်းဆီးရန် ဝင်ရောက်စီးနင်းခဲ့ပြီး လာရောက်ဖမ်းဆီးသည့် သူမရှိသည့်အတွက် သူ၏ သားဖြစ်သူ အသက် ၆နှစ်အရွယ်ရှိ ကလေးငယ်အား ထိုးကြိတ်ရိုက်နက်မှု ပြုလုပ်သွားကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုနောက်ပိုင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အတွင်း လမ်းနယ် လမ်းကြားများတွင် ကင်းပုန်းများချထားပြီး ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြည်သူများ၏ နေအိမ်များကိုလည်း ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ … - [ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်](https://burmese.kachinnews.com/2022/09/21/sm1-15/): ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ ‌နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းအထိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဥ်  လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့က ၁၉ရက်နေ့နေ့လည်ပိုင်းက စတင်ဝင်ရောက်လာတယ် ပြီးတော့ ငွေသာကျေးရွာကိုမီးရှို့တယ် ညနေ၆နာရီဝန်းကျင်မှာ ၁၆၀ နဲ့ ၁၂၀မမ တွေနဲ့ထုခဲ့တယ် ပြီးတော့ ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်း သူတို့ကရွာကိုမီးရှို့နေတုန်း ‌နောက်တစ်ကြိမ်ထုခဲ့တယ်” ဟု ပြောသည်။ အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့များသည် အင်အား ၁၈၀ ဝန်းကျင်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမူကိုတော့ အတည်မပြုနိုင်သေးကြောင်း သူက ဆက်ပြောသည်။ ငွေသာကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီ မီးရှိုမူကြောင့် နေအိမ် ၂၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဝက်ခုတ်ကျေးရွာကိုတွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ - [ကချင်တွင် ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးနေပြီး ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါးတွင် ကိုဗစ်ပိုးတွေ့](https://burmese.kachinnews.com/2022/09/21/az2-23/): ကချင်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးနေပြီး စက်တင်ဘာ ၁ ရက်နေ့မှ ယနေ့ အထိ ကူးစက်လူနာအသစ် ၁၀၀ နီးပါး ရှိပြီဟု စစ်ကောင်စီလက်အောက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးလာနေမှုနှင့် ပက်သက်၍ ကိုဗစ်-၁၉ အရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု တာဝန်ရှိသူက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။ ”လူတွေက ကိုဗစ်ဆိုရင်သိပ်ပြီးမကြောက်တော့ဘူးဖြစ်နေတာ။ တွေ့နေရတာ လူဆယ်ယောက်မှာတစ်ယောက်လောက်ပဲ mask တပ်တော့တယ်ဆိုတော့ ကိုဗစ်ကအအေးကြိုတယ်။ အခုကမိုးကျတော့အေးတယ်။ ဆောင်းလည်းဝင်ခါစဆိုတော့ အအေးပိုင်းကို ရောက်နေပြီ လူတွေကဒါကိုသတိမထားမိကြာတာလားတော့မသိဘူး။ ခုနောက်ပိုင်းက ထူးထူးခြားခြား ကိုဗစ်ကတစ်ကျော့ပြန်တွေ့လာနေပြီ ဆိုတော့အားလုံးသတိနဲ့ပြန်ပြီးဂရုစိုက်ဖို့လိုလာပြီ။” ဟု ကိုဗစ်- ၁၉ အရေးဆောင်ရွက်နေသည့် လူငယ်တစ်ဦးက ပြောသည်။ လက်ရှိ ကိုဗစ် ပိုးတွေ့သော မြို့နယ်များမှာ မြစ်ကြီးနား ၊မိုးညှင်း ပူတာအို နှင့် ဗန်းမော်တို့မှအများဆုံးဖြစ်ပြီး မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်တို့မှလည်း ပါဝင်သည်။ ”အခုပိုးတွေ့နေတဲ့ထဲမှာ နှစ်ကြိမ်တိတိ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသားလူတွေလည်းပါနေတယ်။ ဆိုတော့ကာကွယ်ဆေး ထိုးပြီးပါပြီ ဆိုပြီးတော့ ပေါ့ပေါ့နေလို့မရဘူး။ သူတို့လည်းကူးစက်ခံနေရတာတွေရှိနေတယ်” ဟု ကိုဗစ် – ၁၉ အရေးပါဝင်ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ ပိုးတွေ့ခဲ့သည့် လူနာပေါင်း ၉၀ ကျော်တွင် ၃၀ ကျော်မှာ ဆေးရုံဆင်းပြီဖြစ်ပြီး လက်ရှိ ၅၀ ကျော်အထိ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။ အထက်တွင်ဖော်ပြခဲ့သည့် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၉၀ ကျော်သည် သက်ဆိုင်ရာ မြို့နယ်၊ မြို့၊ ရပ်/ ကျေး ဆေးရုံ ဆေးခန်းများတွင် လာရောက်ဆေးကုသမှုခံယူရာမှ စစ်ဆေးတွေ့ရှိခဲ့သည့်လူနာများသာဖြစ်ပြီး အပြင်ဆေးရုံဆေးခန်း အဖွဲ့အစည်းများက စစ်ဆေးတွေ့ရှိခဲ့သည့် လူနာများမပါရှိသေးပေ။ ကချင်တစ်ပြည်နယ်လုံးတွင် ယခုနှစ် ဇန်နဝါရီ လမှစတင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၅၇၃၀ ကျော်အထိရှိခဲ့ပြီး ထိုအထဲ သေဆုံးသူမှာ ၅၈ ဦးတိတိအထိရှိခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။ - [အင်းတော် ၂ ရက်တိုက်ပွဲအပြီး စစ်ကောင်စီ အလောင်း ၁၀ လောင်းရှာတွေ့ဟု ပြည်သူ့ ကာကွယ်ရေးတပ် ပြောဆို](https://burmese.kachinnews.com/2022/09/21/az1-23-2/): အင်းတော်မြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲအပြီး စစ်သား အလောင်း ၁၀ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောသည်။ အင်း ၇၀ ခန့်ဖြင့် အင်းတော်မြို့တွင်းမှ နန်းမကျိုင်းရွာဘက်သို့ ဝင်ရောက်လာသော ခမရ ၃၀၁ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF နှင့် ABSDF ပူးပေါင်းတပ်တို့မှ နန်းမကျိုုင်း ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ တစ်ကြိမ်၊ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “စစ်ကောင်စီတွေက ၁၇ ရက်နေ့ အင်းတော်ဘက်ကနေလာပြီး ကမ်းနီရွာမှာ ညအိပ်တာ ၁၈ ရက်နေ့ကတော့ နန်းမကျိုင်းဘက်ကို ခရီးဆက်ခဲ့တာမှာ နန်းမကျိုင်းချောင်းဖျားတောထဲမှာ နေ့လည် တစ်နာရီမှာတစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်တယ်။ ၁၈ ရက်နေ့က တိုက်ပွဲမှာတော့ စစ်သားတွေဘက်က မသေဘူး။ ကျနော်တို့ဘက်က တစ်ဦးကျတယ်။ သူကပျောက်နေတာပျောက်နေလို့ ၁၉ ရက်နေ့မနက် ခြောက်နာရီလောက်မှာ သူ့ကိုရှာတာ ရှာရင်းနဲ့ စစ်သားတွေက နန်းမကျိုင်းရွာနားမှာ ထမင်းစားနေတာ ကျွန်တော်တို့ဘက်က လက်ဦးမှုရပြီး စပစ်တာ အဲ့မှာတော့ ကျဆုံးများတယ် စစ်သားတွေ ဘက်က” ဟု ပြောသည်။ ၁၈ ရက်နေ့ တိုက်ပွဲတွင် အင်းတော် PDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ၁၉ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုနေရာတွင် စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းတိတိ ရှာဖွေနိုင်ခဲ့သောကြောင့် အခြား ထိခိုက်မှုလည်း များနိုင်ကြောင်း သူက ဆက်လက်သုံးသပ်ပြောဆိုသည်။ “၂၀ ရက်နေ့မှာ ရှေ့တန်းရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်တော့ တောထဲမှာမြှပ်ထားတဲ့ အလောင်း ၈လောင်းတွေ့တယ်။ ဒီနေ့ မနက်မှာထပ်ပြီး နယ်မြေရှင်းလင်းတာ ၂လောင်းထပ်တွေ့တယ် ဆိုတော့ ဆယ်ဦးမက ရှိမယ်” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် နန်းနောင်–ကျော်ရွာတွင် ဝင်မွှေနောက်နေသောကြောင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “ရွာသားတွေက နန်းနောင်နဲ့ ကျော်ရွာပေါင်းရင် ၁၈၀၀ … - [စစ်ကောင်စီဖမ်းထားသော မြစ်ကြီးနား အာလမ် ဒေသခံ ၁၀ ဦး မလွတ်မြောက်သေး](https://burmese.kachinnews.com/2022/09/21/ld1-6/): မြစ်ကြီးနားမြို့အနီး အာလမ်ကျေးရွာအုပ်စု ဒွမ်ဂန် ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားမှု ယနေ့ထိ မလွတ်မြောက်သေးကြောင်း ဒေသခံများပြောသည်။ ယမန်နေ့ နံနက် ၉ နာရီခန့် ဒွမ်ဂန်ကျေးရွာမှ ဒေသခံပြည်သူ ၉ ဦး နှင့်တကွ ကျေးရွာအုပ်ချူပ်ရေးမှူးကို စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူ အာလမ် (Alam) ဒေသခံတစ်ဦး ပြောသည်။ “မနေ့က မနက် သူတို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ဘယ်လိုဖြစ်ပြီး ခေါ်သွားတယ်လည်းမသိဘူး။ ရွာသားတွေလည်း မစုံစမ်းရေးဘူး။ သူတို့က မနေ့ကပဲ ပြန်လွတ်ပေးမယ်ပြောတာ ခုထိမလွတ်လာသေးဘူး။ ရွာသူကြီးကိုတော့ တနင်္လာနေ့ကခေါ်သွားပြီ။ မနေ့ကတော့ ၉ ယောက်ပြန်ခေါ်သွားတယ်။ ရွာသားတွေလည်း အားလုံးကြောက်လန့်ကုန်တာ။” ဟု ပြောသည်။ ဖမ်းဆီးခံခဲ့ရသည့် ရွာသား ၁၀ ဦးတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး အများစုမှာ အိမ်ထောင်သည် အမျိုးသားများဖြစ်ကြောင်း ပြောသည်။ စက်တင်ဘာ ၁၇ ရက်နေ့ မြစ်ဆုံ တန်ဖရဲကျေးရွာတွင်စခန်းချထားသော စစ်ကောင်စီအရာရှိ ၂ ဦး ကားအရှိန်ဖြင့်မောင်းလာစဉ် ဒွမ်ဂန်ရွာမှ အမျိုးသမီး ၂ ဦးကို ဝင်တိုက်ခဲ့ပြီးနောက် ရွာသားများနှင့် ၀ရုံးတုံးကားဖြစ်နေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က ထိုအရာရှိ ၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီအင်အား ၁၀၀ ခန့် အာလမ်ကျေးရွာသို့ ရုတ်တရက်ဝင်လာပြီး တစ်ရွာလုံးဝင်မွေ စစ်ဆေးခဲ့သည့်အပြင် အပြစ်မဲ့ရွာသားတစ်ဦးကိုလည်း ပစ်သတ်ကာ မီးရှိုခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၉ ရက်နေ့ အုပ်ချူပ်ရေးမှူးကို ဖမ်းဆီးသွားပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် ရွာသား ၉ ဦးကို ထပ်မံ ဖမ်းဆီးသွားသည်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် အူဗစ်၊ အာလမ်၊ … - [စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်‌ရေးတပ်ဖွဲ့တို့ မိုးတားကြီးကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့](https://burmese.kachinnews.com/2022/09/21/az1-30/): ကသာမြို့နယ် မိုးတားကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ ညနေ ၄နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူမျာခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ကသာနယ် အထက်ဝဲကြီး‌ကျေးရွာမှ မိုးတားကြီး‌ကျေးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်  မိုးတားကြီးရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတိုက်တွေ့ဆုံရာမှ  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “သူတို့က မိုးတားကြီးကချင်ကုန်းဘက်ကို ဝင်လာပြီဆိုတာကြားတော့ ကျနော်တို့လည်း အဲ့ဘက်သွားလိုက်တာ လမ်းမှာ ထိပ်တိုက်ကိုတွေ့တာပါ့ အဲမှာနှစ်ဖက် အပြန်လှန်ပစ်ခတ်မူဖြစ်ခဲ့တယ်” ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ကသာ မိုးတားလေးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး မိုးတားလေး– မြေနုဘက်မှ မင်းလယ်ရွာသို့ ခြေလျှင်ထွက်ခွာလာကာ ကသာမြို့သို့ ဝင်ရန်ခက်ခဲသည့်အတွက် နောက်ကြောင်းပြန်လှည့်လာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကသာမြို့သို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ပြန်ရွေ့လျားလာရာမှ ယခုလို တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်က ဆက်ပြောသည်။ “သူတို့က မြို့ထဲဝင်ဖို့ကြိုးစားတာ ဒါပေမယ့် ဝင်လို့မရ လမ်းတစ်လျှောက်တိုက်ခံနေရတော့ နောက်ပြန်ဆုတ်လာတဲ့ သဘောရှိတယ်” ဟု ကသာနယ်အတွင်း လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူကပြောသည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း အဆိုပါ စစ်ကြောင်းသည် ရေနီကျေးရွာတွင်း ဝင်ရောက်ကာ လက်နက်ယမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အသက် ၇၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ ကသာနယ်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဒေသကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲနဲ့ စစ်ကောင်စီတပ်တို့ကကြား ထိ‌တွေ့တိုက်ပေါင်း ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း … - [စစ်ကောင်စီသတင်းပေးဆိုသူ၏ နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု မိုးညှင်းတော်လှန်ရေးအဖွဲ့ ထုတ်ပြန်](https://burmese.kachinnews.com/2022/09/20/sm1-14/): ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ် သတင်းထွက်နေသည့် အားဖူ(ခ)မင်းရာဇာ(ခ)သန်းထွန်းအောင် ပိုင်ဆိုင်သည့် နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု Mohnyin Revolution Force က ဆိုသည်။ သူသည် နေအိမ်နှင့်ခြံဝင်းကိုရောင်းချကာ တစ်ခြားမြို့သို့ရှောင်ပြေးရန်လုပ်နေသည့်အပြင် အခြားစစ်ကောင်စီ သတင်းပေးသူများအနေဖြင့် ဆင်ခြင်နိုင်ရန်အတွက် ယခုလို နေအိမ်ရောင်းချခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူကျူးလွန်တာတွေများလွန်းလို့ မြို့ပေါ်က ကလေးကအစခွေးအဆုံး အားဖူ ဘာကောင်ဆိုတာသိကြတယ်။ ခုနောက်ပိုင်းသူက ကြောက်ပြီးထွက်ပြေးချင်နေတာ။ သူပိုင်တဲ့အိမ်နဲ့ခြံဝင်းကို ရောင်းပြီးလွတ်ရာပြေးတော့မှာ အခုက ဒလန်လုပ်ရင် ဒါမျိုးစိတ်ဆင်းရဲရမယ် ခွင့်မလွှတ်ဘူး အမြဲဖိအားပေးနေမယ်ဆိုတာ အခြားဒလန်တွေပါ သိပြီး ဆင်ခြင်နိုင်အောင် ပိတ်ပင်အမိန့်ထုတ်တာပါ“ ဟု Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့အပြင် ဦးအားဖူသည် မင်းရာဇာအမည်ဖြင့် သတင်းထောက်အဖြစ်လုပ်ကိုင်ပြီး မြို့ပတ်လမ်းရှိ လယ်ကွက်ဟောင်းကို ၂၀၂၀ ခုနစ်ကတည်းက မီဒီယာသင်တန်းကျောင်းဖွင့်မည်ဆိုကာ မြေစာရင်းဋ္ဌာနများဖြင့်ပူးပေါင်းအလှူခံ၍ မီဒီယာသင်တန်းအမည်ခံပြီး သစ်စက်ဖွင့်ထားသည်ဟု Mohnyin Revolution Force ထံမှ သိရသည်။ ဦးအားဖူ ပိုင်ဆိုင်သည့် အရှေ့စု ၁ လမ်း လျောင်းတော်မူဘုရားအနီးရှိနေအိမ်နှင့် မြို့ပတ်လမ်းရှိ ၎င်းပိုင်ဆိုင်သည့် ခြံအား မသိပဲ ဝယ်ယူသူများနှင့်အရောင်းအဝယ်ဖြစ်အောင် ပွဲစားလုပ်ပေးသူများကိုလည်း ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အားဖူရဲ့ အိမ်နဲ့ခြံကို ရောင်းဝယ်ဖို့လုပ်ပေးတဲ့ ပွဲစားများကို ပြင်းထန်စွာအရေးယူပါမယ် ဘယ်လိုအရေးယူမယ်ဆိုတာမသိပေမဲ့ ပြင်းထန်ပါလိမ့်မယ် အာဖူရဲ့ အိမ်ခြံမြေကို တော်လှန်ရေးရဲဘော်များအတွက် သိမ်းဆည်းမည်ဖြစ်ပြီး ဝယ်ယူသူတွေရဲ့ ငွေကြေးဆုံးရှုံးမယ်” ဖြစ်ကြောင်း Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဦးအားဖူ၏ သတင်းပေးမူကြောင့် ၂၀၂၁ ခုနှစ်မေလ ၁၇ ရက်နေ့က မိုးညှင်းမြို့ရှိ CDM ဆရာမ ဒေါ်အေးမြသီတာနှင့် အခြားသော မိုးညှင်းမြို့က … - [ဆိပ်မူတွင် စစ်ကောင်စီယာဥ်တန်း ၂ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/09/20/az1-29/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားသွားလာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းအဖွဲ့  ၂ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ထိခိုက်မှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ စပေါ့ကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်သားများ အိမ်စီးကား ၂စီးအပါ စစ်ကား ၁၀ စီးခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် အပြန်တွင် ၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “စစ်ကား ၁၀ စီးပါတယ် ၂စီးက 4Wheel ဟုတ်တယ်။ မနက်ပိုင်းက သွားလိုက်တာ အပြန်ကျတော့ ၂နာရီ ၅မိနစ်လောက်မှာ မိုင်းခွဲခံလိုက်ရတာဟုတ်တယ်။ ပထမ တစ်ကြိမ်ဆွဲခံရတုန်းကတော့ ထိခိုက်မှုမရှိဘူး။ နောက်တစ်ခေါက် ၃နာရီလောက်မှာ တစ်ခေါက်ပြန်ဆွဲခံရတယ်။ အဲ့အချိန်မှာက တော်တော်ထိကြတယ်ထင်တယ်။ အော်သံတွေကြားရတယ်”ဟုပြောသည်။ စစ်ကောင်စီ စစ်ယာဉ်တန်း ၂ကြိမ်တိုက်ခိုက်ခံရမှုမှာ စပေါ့ကျေးရွာအဝင်ဝတွင် တစ်ကြိမ်၊ ဆိပ်မူကျေးရွာနှင့် ဖားကန့်မြို့ကြားတွင် တစ်ကြိမ် စုစုပေါင်း ၂ကြိမ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းအဖွဲ့ကို  KIA နှင့် PDF အဖွဲ့တို့၏ ကြိုတင်ထောင်ထားသည့် မိုင်းများဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပါသည်။ အလားတူ စက်တင်ဘာလ ၁၄ရက်နေ့တွင် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် KIA နှင့် PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ စစ်ရေးတင်းမာလျက်ရှိနေပါသည်။ - [နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/09/20/yl1-13/): ဖားကန့်မြို့နယ်  နန့်ယားကျေးရွာ၏ စစ်ကောင်စီလက်အောက်ခံ လက်ရှိပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ယနေ့နံနက် ၇နာရီခွဲဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဦးထွန်းထွန်းဦးသည် နန့်ယားစစ်တပ်ကုန်းမှ သူ၏ နေအိမ်သို့ ပြန်လာစဉ် အိမ်ခြံဝင်းအပေါက်ဝအရောက်တွင် ဆိုင်ကယ်ဖြင့် လူ ၂ဦး သေနတ်ပစ်သတ်သွားသည်ဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ညဆို တပ်ထဲ အိပ်ပြီး မနက်ဆို အိမ်ပြန်လာတာဟုတ်တယ်။ ဒီမနက်လည်း တပ်ကပြန်လာတယ် သူ့အိမ်အဝမှာ လူ ၂ယောက်က ဆွဲလှဲလိုက်ပြီး ပစ်သတ်သွာတယ်။ အဲ့ချိန် သူ့မိန်းမက အိမ်ကနေ ထွက်လာတယ်လို့သိရတယ်။ ဘာကြောင့် ပစ်ခံရတယ်ဆိုတာက ကျနော်တို့လည်း မသိနိုင်ပါဘူး”ဟုပြောဆိုသည်။ ဆိုင်ကယ်ဖြင့် ဝင်ပစ်သတ်သွားသည့် လူ ၂ဦးသည် ပြည်သူ့စစ်ခေါင်းဆောင်ကို ပစ်သတ်သွားသည့်အပြင် သူ၏ ကိုယ်တွင်ပါရှိသော သေနတ်ပါ သိမ်းယူသွားကြောင်းသိရသည်။ လက်ရှိတွင် နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရမှုကြောင့် နန့်ယားကျေးရွာတွင်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖောက် လိုက်လံစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။ ထို့ပြင် KIA နှင့် PDF ရှိသည့် တောဘက်သို့ ဦးတည်ကာ နန့်ယားစစ်တပ်ကုန်းမှ လက်နက်ကြီးများ ပစ်ခတ်နေသည့်အပြင် စစ်ကောင်စီတပ်မှ သွားလာသည့် ခရီးသည် ကုန်တင်ကားများတစ်ချို့ကို စစ်ဆေးရေးတင်းကြပ် နေကြောင်းသိရသည်။ ပစ်သတ်ခံရသည့် ဦးထွန်းထွန်းဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တာဝန်ထမ်းဆောင်နေသည်မှာ ၄နှစ်ခန့် ကြာမြင့်သည့်အတွင်း ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ဦးထွန်းထွန်းဦး၏ အထက် ယခင် ပြည်သူ့စစ်ခေါင်းဆောင်လည်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ - [အင်းတော်တွင် စစ်ကောင်စီ လက်နက်ကြီး ကြောင့် တစ်နှစ်ကျော်ကလေးနှင့် သက်ကြီးရွယ်အိုတစ်ဦး ထိမှန်](https://burmese.kachinnews.com/2022/09/19/az2-22/): ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ခမရ ၃၀၃ တပ်မှ ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ အင်းတော်မြို့ နဘားကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကြောင်းသည် စက်တင်ဘာ ၁၈ ရက်နေ့က နားမကြိုင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နှစ်ကြိမ်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရာ အထိနာခဲ့သောကြောင့် ယနေ့နံနက်ပိုင်းက နားမကြိုင်းရွာတွင်းသို့ လမ်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦ လက်နက်ကြီးထိမှန်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”သူတို့က နှစ်ကြိမ်တိုက်ခိုက်ခံရတာကိုမှ အထိနာခဲ့တော့ ဒီနေ့မနက် မနက် ၆နာရီမှာ နားမကြိုင်းရွာနားကနေ ရွာထဲကို လက်နက်ငယ်တွေရမ်းပစ်တာ။ တစ်နှစ်နဲ့ခြောက်လကလေးက လက်မောင်ကိုထိတယ်။ ပြီးတော့ အသက်ကြီးကြီး ၈၀ လောက်ရှိမယ်။ သူက မျက်နှာတွေထိတာ ကလေးကော လူကြီးကော အင်းတော်ဆေးရုံမှာပို့ ထားတယ်။” ဟု အင်းတော် PDF မှ ပြောသည်။ လက်နက်ထိမှန်ထားသည့် အသက်ကြီးရွယ်အိုမှာ မစိုးရိမ်ရသော်လည်း ကလေးငယ်မှာ အနည်းငယ် စိုးရိမ်ရကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က နားမကြိုင်းကျေးရွာနှင့် နဘားကျေးရွာကြား လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် ထိတွေ့တိုက်ပွဲတစ်ကြိမ်နှင့် ယနေ့ နံနက် ၆ နာရီအချိန်က နားမကြိုင်းရွာအနီး၌ ထမင်းစား နေစဥ် နှစ်ကြိမ်တိတိ တိုက်ခိုက်ခံရသဖြင့် အထိနာခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ ”သူတို့ထမင်းစားနေတဲ့ခါတိုက်ခိုက်ခံရတာဆိုတော့ သူတို့ဘက်က အထိနာတယ်တဲ့အကျအဆုံးတော့များတယ်သိရတယ်။ စာရင်းအသိအကျတော့မသိရသေးဘူး။ နယ်မြေရှင်းလင်းရေးလုပ်မှ သူတို့မြှပ်ထာတဲ့ အလောင်းတွေတွေ့ရမှအကျအဆုံးသိရမှာ ခုလောလောဆယ်တော့ နယ်မြေရှင်းလင်းလို့မရသေးဘူး‘ ‘ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ခမရ ၃၀၃ တပ်မှ စစ်သားသုံးဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က နဘားကျေးရွာတွင် တပ်စွဲထားစဥ် ထွက်ပြေးသွားပြီးနောက် ထီးချိုင့် PDF နှင့် အင်းတော် PDF  ပူးပေါင်းတပ်က ထီးချိုင့်–အင်းတော်လမ်းပိုင်းတွင်စစ်ဆေး ဖမ်းဆီးထားမိရာ အလင်းဝင် … - [ကြည့်ရှုသူများ စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို  Youtube ပေါ်ဖြန့်နေ](https://burmese.kachinnews.com/2022/09/19/sn1-8/): “ဗဟိုဘဏ်နှင့် KBZ ပြဿနာတက်ပြီ ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဆိုပြီး Youtube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဥ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၁ သိန်း ၅ သောင်းကျော် (Subscribers 158K) ရှိသော “News In Burmese” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက် လက်ရှိတွင် ကြည့်ရှုသူ ၁ သောင်းကျော်သွားပြီဖြစ်သည်။ သတင်းဆန်းစစ်ချက်အရ “ဗဟိုဘဏ်နှင့် KBZ ပြသာနာတက်ပြီး ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဆိုသည့် သတင်းကို “KBZ Bank” ဖေ့စ်ဘုတ်စာမျက်နှာနှင့် ယုံကြည်ရသော ပြည်တွင်း သတင်းမီဒီယာစာမျက်နှာများတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲက အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရပါသည်။ ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာ “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်ပအလုပ်သမားတွေရဲ့ လစာကို KBZဘဏ်က တစ်ဒေါ်လာ ၃၀၀၀ နှုန်းနဲ့ လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောပါတယ်” ဆိုသည့် အကြောင်းအရာသာ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် “ဗဟိုဘဏ်နှင့် KBZ ပြသာနာတက်ပြီး ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဟူသော ဖော်ပြချက်သည် သတင်းအမှားတစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုလို Youtube ပေါ်တွင် ပရိသတ် စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်များဖြင့် ကြည်ရှုသူများအောင်  ဗီဒီယိုပြုလုပ်နေသူများ၏ အဓိကရည်ရွယ်ချက်မှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာ ဖြစ်သည်။ … - [အာလမ်ကျေးရွာတွင် လီဆူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းမီးရှို့ခဲ့](https://burmese.kachinnews.com/2022/09/19/zm1-12/): မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာ ရပ်ကွက် ၂ တွင် နေထိုင်သည့် ဒေသခံ လီဆူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ပစ်သတ်ကာ ရုပ်အလောင်း မီးရှို့ဖျက်ဆီးသွားသည့် ဖြစ်စဉ် ယမန်ည ၉နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “သူက မြစ်ဆိပ်ဘက်သူ့ရဲ့ဝါးဖောင်ကို သွားကြည့်ဖို့ အသွား စစ်ကြောင်းနဲ့တိုးရော အာ့မှာစစ်သားတွေက တားတော့ သူကလည်းကြောက်လို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ အလောင်းကိုကျတော့ မြစ်ကမ်းနံဘေးမှာ ထင်းတွေပုံပြီးမီးရှို့လိုက်ကြတာလို့ သိရတယ်” လို့ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ သေနတ်ပစ်သတ်ခံရသူသည် ဖောင်သွားကြည့်ရန် အိမ်အထွက်အနားတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ထိုပစ်သတ်မှုဖြစ်ပွားနေချိန်တွင် မိသားစုများအား နေအိမ်မှ အပြင်မထွက်ရန် စစ်ကောင်စီတပ်သားများက တားမြစ်ထားပြီး မိသားစုဝင်များ၏ ဖုန်းများပါ သိမ်းယူသွားကြောင်းသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၅နှစ်အရွယ်ရှိ ဦးလယ်မဒီးဆိုသူဖြစ်ပြီး သား ၂ဦး၏ ဖခင်ဖြစ်ကြောင်းလည်း သတင်းအရင်းအမြစ်ထံမှသိရသည်။ ယမန်ည စစ်ကောင်စီတပ်ဖွဲ့သည် အာလမ်ကျေးရွာအတွင်း သွားလာဖြတ်သန်းသည့်ပြည်သူများကို စစ်ဆေးသည့်အပြင် အချို့နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ - [လုံးခင်းတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လည်ပင်ကြိုးသုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူသွား](https://burmese.kachinnews.com/2022/09/19/az1-28/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် အမျိုးသားတစ်ဦး လည်ပင်းကြိုးတုတ်သတ်ဖြတ်ခံရပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။  ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် လုံးခင်းဂေါက်ကွင်းရှေ့ ပေါ်ဦးလမ်းကြားတစ်နေရာတွင် ကယ်ရီးသမားတစ်ဦး လည်ပင်းကြိုးတုတ်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရပြီး အဆိုပါ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “သတ်ခံရတာက ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူး။ အလောင်းကိုတော့ မနက်မှ လမ်းဘေးမှာ လည်ပင်းကိုကြိုးနဲ့ တုတ်ပြီး သတ်ထားတာတွေ့ရတယ်။ တခြားဒဏ်ရာတွေ တော့မတွေ့ရဘူး။ သူက ဒီနားမှာ ဆိုင်ကယ် ကယ်ရီပြေးဆွဲနေတဲ့သူဟုတ်တယ်။ သူရဲ့ ဆိုက်ကယ်အပါ ဖုန်း၊ ပိုက်ဆံအိတ်အကုန်ပါသွားတယ်”ဟုပြောဆိုသည်။ သတ်ဖြတ်ခံရသည့် ဆိုင်ကယ် ကယ်ရီသမားသည် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာနေ အသက် ၄၂နှစ်အရွယ်ရှိ ဦးငှက်ခါး(ခ)ကင်းကောင် ခေါ်သူဖြစ်ပြီး ခိုးဆိုးလုနှိုက်အဖွဲ့၏ သတ်ဖြတ်ခံရမှုဖြစ်သည်ဟု သူကဆက်ဆိုသည်။ “သူကတကယ့် လူရိုး လူကောင်းဖြစ်တယ်။ ဘာအရှုပ်မှမရှိဘူး။ သူ့ဟာနဲ့သူ ကယ်ရီပြေးဆွဲပြီး အေးဆေးနေတတ်သူဖြစ်တယ်။ အခုနောက်ပိုင်း လုံးခင်းက လုယက် လူသတ်တာတွေ ခဏခဏကိုဖြစ်နေတာဟုတ်တယ်”ဟုဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု အလွန်အားနည်းလာပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လူသတ်မှုနှင့် လုယက်မှုများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ဖားကန့် ပြည်သူများပြောဆိုနေကြသည်။ “အခုနောက်ပိုင်း လူငယ်တွေက ငါးယောက်တစ်ဖွဲ့၊ ခြောက်ယောက်တစ်ဖွဲ့လုပ်နေကြတယ်။ သူတို့ပုံစံလေးတွေက ဝတ်စုံအနက်ရောက်ထားပြီးသွားလာကြတယ်။ မျက်နှာတွေလည်း အမဲရောင်နဲ့အုပ်ထားတယ်။ သူတို့ရဲ့ ဆံပင်ပုံစံကလည်း အနီအဝါ လိုင်းဖောက်ထားတယ်။ ဒီနေရာမှာ ၃ဖွဲ့လောက်ရှိတယ်။ ရှေ့ပြေးက ၃ယောက်လောက်ဆိုရင် နောက်ကနေ လေးငါးယောက် … - [ရွှေလီတွင် covid-19 ပိုးတွေ့နှုန်း များလာသဖြင့် မြို့တွင်း နေရာ ၃၅ ခုတွင် အသွားအလာ ကန့်သတ်](https://burmese.kachinnews.com/2022/09/17/bs1-4/): မူဆယ်မြို့ တစ်ဖက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပိုးတွေ့နှုန်းများလာသဖြင့် စက်တင်ဘာလ ၁၆ ရက် ည ၁၂ နာရီမှစကာ မြို့တွင်း ၃၅ နေရာ နှင့် ဝမ်တိန်တံတား၊ အဝေးပြေးလမ်းမ စသည့် နေရာများကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ကြောင်း နယ်စပ် ဒေသခံများထံမှ သိရသည်။ “ရွှေလီမြို့ကို လော့ဒေါင်း ၅ ရက်သတ်မှတ်ထားပါတယ်။ ကုန်သွယ်မှုက ပုံမှန်ဝင် ထွက်မှုရှိပါတယ်“ဟု မြန်မာဘက်ခြမ်းမှ ပို့ကုန် လုပ်ငန်း ရှင် တစ်ဦးက ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပိုးတွေ့ ထပ်တိုး အတည်ပြုလူနာ ပြည်ပ မှ ၅ ဦးနှင့် ရွှေလီ ကွာရန်တင်းစင်တာမှ ၁ ဦး အပြင် လက္ခဏာမပြ‌သော လူနာ ပြည်ပမှ ၃ ဦး၊ ရွှေလီ ကွာရန်တင်းစင်တာမှ ၁ ဦး၊ နယ်စပ်ခြံစည်းရိုးနားရွာမှ ၁ ဦး၊ Hekou မှ ၁ ဦး စုစုပေါင်း ၁၂ ဦး တွေ့ရှိကြောင်း တရုတ် ကျန်းမာရေးဌာန ၁ ခုမှ ထုတ်ပြန်ကြေငြာချက်အရ သိရပါသည်။ ရွှေလီ အရှေ့ဘက်အမြန်လမ်းမကြီးလမ်းဆုံ Mangliang, အရှေ့ဘက် Yunmeng ရွာ၊ panbeng ရွာ၊ ရွှေလီမြစ်ကမ်းတစ်လျှောက် Jiegao Guomen, Longlin Avenue လမ်းမကြီး၊ Heha ရွာ၊ မြောက်ဘက်အဝေးပြေးလမ်းမကြီး စသည့် နေရာအပြင် ရွေလီမြို့တွင်း ၃၅ နေရာတွင် အဝင်အထွက်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ “ကုန်သွယ်မှုကတော့ ဒီရက်ပိုင်းဘာမှမကြားရဘူး။ ရွှေလီ တမြို့လုံး နီးပါးလော့ဒေါင်း ချလိုက်ပြီ။ ဟုတ်တယ်။ ၅ ရက်သတ်မှတ်ထားတယ်။“ ဟု ရွှေလီမှာ နေထိုင်သူ တစ်ဦးကလည်း ပြောသည်။ အသွားအလာ … - [ရွှေလီတွင် ကိုဗစ်ပိုးတွေ့နှုန်း ပြန်တိုးလာသောကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းကို မှီခိုနေသူများ စိုးရိမ်](https://burmese.kachinnews.com/2022/09/16/bs1-3/): တရုတ် – မြန်မာနယ်စပ် ရွှေလီမြို့မှ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ်–၁၉ ပိုးတွေ့နှုန်း ပြန်တိုးလာသောကြောင့် နယ်စပ်ဂိတ်ပြန်ပိတ်မည်ကို နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ စိုးရိမ်နေကြသည်။ “ဟုတ်တယ်။ နေ့စဉ်အာခေါင် တို့ဖတ်ယူ စစ်ဆေးနေတယ်။ ကူးစက်မှုက သိပ်များများ မရှိသေးဘူး။ အသွားအလာကတော့ စိုးရိမ်မှုတွေနဲ့သွားလာနေရတယ်။ ကုန်ထုတ် ကုန်သွင်းကတော့ မြန်မာဘက်က အဝင်ရပ်လုဖြစ်နေတယ်။“ ဟု ရွှေလီရောက် မြန်မာလုပ်ငန်းရှင် တစ်ဦး ကပြောသည်။ ကုန်သွယ်မှု ပါးလာရခြင်း အကြောင်းရင်းသည် ကိုဗစ်ပိုးတွေ့၍သာမဟုတ်ပဲ ယခုနှစ်အတွင်း မြန်မာငွေဈေး အဆမတန် ထိုးကျလာသောကြောင့်လည်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ရွှေလီမြို့ ၃ ရက်ဆက်တိုက် ဆေးစစ်လို့ အပြီးမှာ ပိုးတွေ့လူတွေတိုးလာလို့ Lockdown Area (အသွားအလာ ကန့်သတ် နေရာ) ယခင် နှစ်နေရာကနေ နောက်ထပ် နှစ်နေရာ သုံးနေရာလောက်ထပ်တိုးလာတာတွေ့ရတယ်။ ငွေဈေးကြောင့် ကုန်သွယ်ရေးက ရပ်လုနီးပါးဖြစ်နေချိန် ရောဂါက တစ်ဖန်ပြန်လာပြန်တယ်။ တချို့ မြို့ကြီးတွေကနေ ရွှေလီမြို့ကို ခွိုက်တီ (အမြန်ချောပို့) တွေပို့မရတော့ပါဘူး။” ဟု တရုတ်ဘက်ခြမ်းနေထိုင်သူ မြန်မာ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ လက်ရှိ ရွှေလီမြို့မှ တဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကျင်းစမ်းကျော့ နှင့် ထိစပ်နေသည့် ဝမ်တိန်မြို့သို့ ကုန်စည်များကို တိုက်ရိုက် အသွင်း၊ အထုတ် ပြုလုပ်နေသည်။ သို့သော်လည်း နှစ်နိုင်ငံ နယ်စပ်လုပ်ငန်းရှင်များ အနေဖြင့် ကိုဗစ် ကပ်ရောဂါ ပြန့်ပွားမှု ထပ်မံ များပြားလာမှုကြောင့် Lockdown ပြန်ချကာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အရှေ့မြောက် တံခါးပေါက်ဖြစ်သည့် ကျင်းစန်းကျော့ – … - [ကန့်ဘလူမြိုန့ယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ ၊ လက်နက်ကြီးပစ်ခတ်မူကြောင့် စစ်ရှောင်ပြည်သူ ၂ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/09/16/sm2-5/): ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာသို့ စစ်တင်ဘာလ ၁၅ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုတွင် နေအိမ် ၄ လုံး မီးလောင်သွားပြီး စစ်ဘေးရှောင် ညီအစ်ကို နှစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၈၀ခန့်ဖြင့် မိဿလင်ကုန်းကျေးရွာကို လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာပြီး နေ့လည်၁နာရီခန့်တွင် ပြည်သူ့ နေအိမ် ၄လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ထို့နောက် ညနေ ၅ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချပ်ကုန်းကျေးရွာမှ စစ်ဘေးရှောင် တဲတစ်လုံးကို လက်နက်ကြီးထိမှန်ခဲ့ပြီး အောင်ကျော်ဝင်း ၂၅ နှစ် နှင့်အောင်ကျော်မင်း ၁၅ နှစ် ညီအစ်ကိုနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။ “၁ နာရီဝန်းကျင်လောက်မှာ မိဿလင်ကုန်းကျေးရွာကို မီးစရှို့တယ်။ ၃ နာရီလောက်မှာတစ်ခါ မီးရှို့တယ်။ နေအိမ်၄လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ အဲ့ဒီနောက်သူတို့က ပန်းဆက်တောင်ဘုရားတောင်ကုန်းဘက်ကိုထွက်သွားပြီး အဲ့ဒီတောင်ကုန်း အနောက်ဘက်က ချပ်ကုန်းကျေးရွာကို ညနေ ၅ နာရီလောက်မှာ ၆၀ မမနဲ့ ပစ်တာ။“ ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည့် ညီအစ်ကိုနှစ်ဦးကို နီးစပ်ရာ CDM ဆရာများထံတွင် ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စစ်ကောင်စီတပ်ဖွဲ့များသည် ပန်းဆက်တောင်ဘုရားကုန်းမှ ချပ်ကုန်းကျေးရွာသို့ ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ဝင်ရောက်သွားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေသည်ဟု ဒေသခံများ ဆိုသည်။ ထို့အပြင် ယမန်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အသက် … - [‘PDF အဖွဲ့ဝင် အချို့ကျဆုံးပြီး လက်နက်ခဲယမ်းဆုံးရှုံးခဲ့သည်ဟု အောင်ဟိန်မင်း ပြောဆိုခဲ့သည်’ ဟူသော သတင်းအမှား ထပ်မံ ပြန်နှံ့နေ](https://burmese.kachinnews.com/2022/09/16/sn1-7/): ‘ဖားကန့်မြို့နယ် မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ PDF အဖွဲ့များ စုဝေးနေချိန် ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDFအဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး ခဲ့ရသည်ဟု ဖားကန့် PDF ခေါင်းဆောင် အောင်ဟိန်းမင်း ပြောသည်’ ဟူသော သတင်းအမှားတစ်ခု ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့် သတင်းအမှားကို စစ်တပ်လော်ဘီ “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay (မနောမြေ)” Telegram အကောင့်တွင်လည်း ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထပ်မံဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ရေးသားထားသော အကြောင်းအရာမှာ “စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖားကန့်မြို့ နယ် မှော်ပုံကျေးရွာရှိ လမ်းသွယ် ၁၀ တွင် PDF အဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံများရဲ့ သတင်းပေးပို့မှုအရ စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ PDF အဖွဲ့ဝင် ၁၅ ဦးခန့်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဥ်အတွင်း PDF ဘက်မှ အရှင် ၂ ဦး ဖမ်းမိပြီး၊ PDF အလောင်း ၁ လောင်းနှင့် အမ် ၂၂ သေနတ်တလက်အပါအဝင် ကျည်အိမ်၊ကျည်ဆံများကိုလည်း သိမ်းဆည်းရမိတယ်လို့ PDF ခေါင်းဆောင် အောင်ဟိန်းမင်းပြောဆိုကြောင်း” သတင်းအမှား ဖော်ပြထားသည်။ အထက်ပါ ဖော်ပြချက်မှာ သတင်းအမှားတစ်ခုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် NLD အမတ် အောင်ဟိန်းမင်းမှ ၄င်း၏ဖေ့စ်ဘုတ်အကောင့်တွင် ပြန်လည် တုန့်ပြန်ထားသည်မှာ “စစ်အုပ်စု (သို့မဟုတ်) စစ်အုပ်စု လက်ပါးစေတို့၏ ဝါဒဖြန့်ချိရန် အသုံးပြုနေသော Manaw … - [မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါ ရှော့ဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/09/16/az2-21/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ်ကာ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် ခေမာသီရိရပ်ကွက် ခေမာစီဝံဘုန်းကြီးကျောင်းလမ်းကြားတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး KNG ကိုပြောသည်။ ”နံပါတ် ဖိုးထိုးရင်း ဆေးလွန်လို့သေတာ။ ပါးစပ်မှာလည်း အမြုပ်တွေတောင်ထွက်တယ်။  တခြားဘာဒဏ်ရာမှတော့မတွေ့ဘူး။ သူ့ဘေးမှာ မီးခြစ်ရယ်ဆေးထိုးအပ်တစ်ချောင်းရယ် တွေ့တယ်။ ဆေးထိုးအပ်ကတော့သွေးနည်းနည်းကျန်နေတယ်အထဲမှာ အ့ကြောင့်ဆေးလွန်ပြီးသေတာ”ဟုဆိုသည်။ မူးယစ်ရှော့ဖြစ် သေဆုံးသွားသည့်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသဖြင့် ရုပ်အလောင်းပိုင်ရှင်ကိုလည်း ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်း၏ ကူညီမှုဖြင့် ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသသည်။ မြစ်ကြီးနားတွင် ယခုနောက်ပိုင်း ယခင်ကထက် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသူများ အလွန်းများပြားလာပြီး မူးယစ်ဆေးဝါး ရှော့ဖြစ်ကာသေဆုံးသူများ လစဉ်ပုံမှန်မြင်တွေ့ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ - [ဖမ်းဆီးခံထားရသည့် PDF လူငယ် ၂ ဦး ထပ်မံသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2022/09/16/zm1-11/): မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်တွင် ယခုနှစ် ဧပြီလ ကားဓါးပြတိုက်သူများဟု စွပ်စွဲကာ ဖမ်ဆီးခံထားရသော PDF လူငယ် ၂ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က သတ်ဖြတ်ခံလိုက်ရပြီဟု တပ်နှင့် နီးစပ်သူများထံမှ သိရသည်။ အဆိုပါ PDF လူငယ် ၂ ဦးသည် ယခုနှစ် ဧပြီလ ၂၄ ရက်နေ့ အေးမြသာယာရပ်ကွက်သို့သွားချိန် ဒလန်သတင်းပေးမူကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင်းထားရှိသော်လည်း လိုအပ်ချက်အရ စစ်ကြောရေးသို့ ပုံမှန်ခေါ်ယူကာ စစ်ဆေးခံနေရကြောင်း သိရသည်။ “ဒီလထဲမှာဘဲ သတ်လိုက်တာ ၁၀ ရက်နေ့လို့ကြားတယ် ခုတော့ ၄ယောက်စလုံးကို သတ်ပြီးသွားကြပြီ“ ဟု အမည်မဖော်လိုသူ တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သို့သော်လည်း ထောင်တွင်း နှင့် စစ်ကြောရေး မည်သည့်နေရာတွင် အသတ်ခံရသည်ကို မသိရသေးကြောင်း သတ်ဖြတ်ခံရသူ နှစ်ဦးနှင့် နီးစပ်သော PDF အဖွဲ့များကလည်း KNG ကို အတည်ပြု ပြောဆိုသည်။ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့ အဆိုပါ PDF လူငယ် ၂ ဦး ဖမ်းဆီးခံလိုက်ရပြီး‌နောက် ဖုန်းမှတစ်ဆင့် ခြေရာခံကာ ဧပြီလ ၂၅ ရက်နေ့တွင် ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်စီးနှင်းချိန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နောက်ထပ် PDF လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ခေါင်းဆောင် ဦးချစ်အပါအဝင် ၂ ဦးကို စစ်တပ်မှ ဖမ်းဆီးခဲ့သည်။ “အဲဖြစ်စဉ်မှာ အရှင်ဖမ်းခံသွားရတာ ၄ ယောက် အေးမြသာယာမှာ ကားဓါးမြဆိုပြီး ဖမ်းခံရတာနဲ့ ရမ်ပူကနဲ့ဆိုရင်ပေါ့  ဦးချစ်နဲ့တစ်ယောက်ကိုကျတော့ ဇွန်လကုန်ပိုင်းမှာ သတ်လိုက်တာ။ ကျန်တဲ့ ၂ ယောက်ကိုတော့ ဒီလထဲသတ်လိုက်ပြီလို့ ကြားတယ်” ဟု သတ်ဖြတ်ခံရသူ နှစ်ဦးနှင့် နီးစပ်သော အမည်မဖော်လိုသူ PDF အဖွဲ့ဝင်တစ်ဦး ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် တော်လှန်ရေးလုပ်ဆောင်နေကြသည့် PDF လူငယ်များ မကြာခန ဖမ်းဆီးခံနေရသည်မှာ … - [ခြင်းလုံးခတ်နေသည့် စစ်ကောင်စီအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရကာ ၇ဦးသေဆုံး](https://burmese.kachinnews.com/2022/09/16/sm1-13/): စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ပေါ်  ကျန်စစ်ရပ်ကွက် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ခြင်းလုံးခတ်နေစဥ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ၇ဦးသေဆုံးခဲ့သည်ဟု အဆိုပါတိုက်ခိုက်မူအတွင်းပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ယမန်နေ့  ညနေပိုင်း၅နာရီဝန်းကျင် Zero ပြောက်ကျားတပ်ဖွဲ့ နှင့် True Fighter ‌ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသည့် စာသင်ကျောင်းကို ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး သာမန်လက်ပစ်ဗုန်းများထက်ပြင်းအား ၂ဆရှိသည့် လက်ပစ်ဗုန်းဖြင့်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ “ကျနော်တို့က သူတို့လှပ်ရှားမူတွေကိုစောင့်ကြည့်နေတာကြာပြီ အဲ့တာအခွင့်သာတဲ့အချိန်လေးကို အလှစ်အငိုက်ဝင်ပစ်လိုက်တာ စာသင်ကျောင်းနဲ့ရဲစခန်းကြားမှာပေါ့ ခြင်းလုံးခတ်နေကြတာ သူတို့ဘက်က ၇ဦးကျတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါ ပစ်ခတ်ခံရမူနောက်ပိုင်းတွင် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မူတွေရှိခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ ည၉နာရီဝန်းကျင်တွင်လည်း မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီအဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား၃ဦးသေဆုံးခဲ့သည်ဟု သိရသည်။ - [လုံးခင်းတွင် ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၀၀ ကျော်လုယူသွား](https://burmese.kachinnews.com/2022/09/16/az1-27/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ၃ ရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၅၀၀ ကျော် လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဝေဖြိုးအောင် အမည်ရှိ ရွှေဆိုင်အတွင်းသို့ လူငယ် ၁၀ ဦးခန့်ဝင်ရောက်လာပြီး ‘အသံထွက်ရင် အသက်အန္တရာယ်ပြုမည်ဟု’ ခြိမ်းခြောက်ပြောဆိုကာ ရွှေသားမယူဘဲ ငွေသား သီးသန့် ဓားပြတိုက်ယူသွားသည်ဟု ရွှေဆိုင်နှင့်ရင်းသည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အဲ့ဖြစ်တဲ့အချိန်မှာ မီးလည်းပျက် မိုးအရမ်းရွာနေတဲ့အချိန်ဖြစ်တယ်။ သူတို့ကိုကြည့်ရတာ သေချာကြိုတင်စီစဉ်ထားပြီးသားဟုတ်တယ်။ ရွှေဆိုင်အထဲကို ဝင်ဖို့ အပြင်မှာလည်း လူတွေ ချထားတယ်။ ဆိုင်ထဲကိုတော့ ၇ယောက်လောက်ဝင်လာတယ်။ အသံမထွက်ဖို့ ခြိမ်းခြောက်ပြောဆိုပြီး သိန်း ၅၀၀ ကျော်တိုက်ယူသွားတယ်။ ရွှေတွေတော့ မယူဘူးတဲ့”ဟုပြောဆိုသည်။ ရွှေဆိုင်ဓားပြဝင်တိုက်သည့် လူငယ်အဖွဲ့သည်  Land Cruiser ကားအဖြူရောင်စီးနင်းလာပြီး ၎င်းတို့၏ မျက်နှားများဖုံးအုပ်ထားသည့်အပြင် လက်တွင် ဓားရှည်နှင့် တုတ်များကိုင်ဆောင်ထားကာ ခြိမ်းခြောက်ပြောဆို ဓားပြတိုက်သွားသည်ဟုသိရှိရသည်။ လက်ရှိအချိန်အထိ ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး ရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးသလို ဆိုင်ရှင်ဘက်မှလည်း မီးပျက်နေသည့်အချိန်အတွင်း ဖြစ်ပွားခဲ့သည့်အတွက် မှတ်တမ်းများမရရှိလိုက်ကြောင်း ဆက်လက်သိရသည်။ လုံးခင်းတွင် ယခုလအတွင်း သေနတ်ထောက် ကားလုယက်မှုတစ်ကြိမ်၊ ကျောက်ပွဲစားတစ်ဦးအား လူငယ်တစ်စုမှ မေးမြန်းစရာရှိသည်ဟု လိမ်လည်ခေါ်ဆိုပြီး ကျောက်စိမ်း ၃လုံးနှင့် ဖုန်း၊ ဆိုင်ကယ်တစ်စီး လုယက်မှုတစ်ကြိမ်နှင့် လုံးခင်းကျောက်ဝိုင်းအနီး အမျိုးသားတစ်ဦး လူငယ် ၂ဦးကို ဓားထောက်ကာ ငွေရှစ်သိန်းနှင့် ဆိုင်ကယ်တစ်ဦး လုယက်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲပါသည်။ - [နစကအစိုးရကို UN က အသိအမှတ်ပြုလိုက်ပြီဟူသော သတင်းအမှား ထပ်မံ ပြန့်နှံ့နေ](https://burmese.kachinnews.com/2022/09/15/sn1-6/): စက်တင်ဘာ ၁၂ ရက်နေ့ ပြုလုပ်သည့် ကုလသမဂ္ဂ UN အစည်းအဝေးမှာ ၁၁၉ နိုင်ငံက ထောက်ခံမှုနှင့် နစက အစိုးရကို UN က အသိအမှတ်ပြုလိုက်ပါပြီ ဟူသော သတင်းအမှား လူမှုစာမျက်နှာတွင် ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို Subscribers ၁ သောင်း ၇ ထောင်ကျော်ရှိသော “Snow Queen” ဆိုသည့် Telegram အကောင့်တွင် စက်တင်ဘာလ (၁၃) ရက်နေ့တွင် စတင်ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ဖော်ပြထားသောအကြောင်းအရာမှာ “စက်တင်ဘာ ၁၂ ရက်နေ့ UN..နိုင်ငံတကာအစည်းအဝေး ကုလသမ္မဂ္ဂ.မှာ…နစက..အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ကြရာ…(119)..နိုင်ငံကထောက်ခံမှုဖြစ်နစက..အစိုးရကို..UN.က…အသိအမှတ်ပြုလိုက်ပါပြီ… မြန်မာ နစက.အစိုးရ….အာဆီယံနိုင်ငံအားလုံးအနက်မလေးရှား…အရှေ့တီမော..နိုင်ငံမှလွဲ.၍. ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းသတင်းရ..” ဟု ရေးသားထားသည်။ ယခု အကြောင်းအရာသည် နိုင်ငံတကာနှင့် လွတ်လပ်သော ပြည်တွင်းနှင့် ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြခြင်း မရှိသောကြောင်း သတင်းအမှားဖြစ်သည်ကို လူတိုင်းသိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် “စစ်ကောင်စီ အစိုးရကို UN က အသိအမှတ်ပြုလိုက်ပြီ” ဟူသော ရေးသားဖော်ချက်များမှာ သတင်းအမှား သက်သက်သာဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ယခုကဲ့သို့သော နိုင်ငံတကာတွင်ဖြစ်ပျက်နေသော သတင်းများကို ဖတ်ရှုရာတွင် ပြည်တွင်းရှိ လွတ်လပ်သော သတင်းဌာနများ၏ ဖော်ပြချက်နှင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။ - [ဝိုင်းမော်ဒေသခံများ ပြည်သူ့စစ်အဖွဲ့၏ ဖမ်းဆီးရိုက်နက်မှုကို ခံနေရ](https://burmese.kachinnews.com/2022/09/15/yl-4/): ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်ည အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ရပ်ကွက် ၃ တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးရှောင်ဘားဆိုသူကို ပြည်သူ့စစ်အဖွဲ့ အင်အား ၂၀ ဝန်းကျင်မှ ည ၁၂ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အောင်မြေ(၁) ဒေသခံအမျိုးသမီးတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။ “ဖမ်းသွားတဲ့ အစ်ကိုယ်က အင်္ကျီတောင်မပါပဲ ဒီအတိုင်း ကြိုးတုတ်ဖမ်ခေါ်သွားတယ်။ သူတို့က KIA နဲ့ ဆက်သွယ်တဲ့ ဆိုပြီး ဖမ်းသွားတာဟုတ်တယ်။ အရင်တုန်းကတော့ ရှိရင်ရှိခဲ့မယ်။ အခုနောက်ပိုင်းက ဘယ်မှမသွားဘဲ အိမ်မှာနေရင်း လယ်လုပ်ရင်းနဲ့ပဲနေတာဟုတ်တယ်” ဟု ပြောသည်။ ဖမ်းဆီးခံရသည့် ဦးရှောင်ဘား ၃ ရက်ခန့်အကြာ သတင်းအစအနပျောက်နေသဖြင့် မိသားစုဝင်များမှ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကူညီတောင်းခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ထားကြောင်း ထပ်မံသတင်းရရှိခဲ့သည်ဟု သူက ဆက်ဆိုထားသည်။ “ဖမ်းသွားတဲ့နောက်တစ်ရက်ဆို မိသားစုတွေနဲ့ ရွာက တာဝန်ရှိသူတွေ ၅၈ တပ်ရင်းနဲ့ မြို့နယ်တွေမှာ လိုက်စုံစမ်းတယ်။ မသိဘူးဆိုတာကြီးပဲ။ လုံးဝအဆက်အသွယ်မရလို့ PCG ကိုအကူအညီပြန်တောင်းပြီး စုံစမ်းခိုင်းတယ်။ အခုက တိုင်းမှာ ရောက်နေပြီလို့ ပြန်ပြောလာတယ်”ဟု ပြောဆိုသည်။ ဦးရှောင်ဘားကို လာရောက်ဖမ်းဆီးချိန်တွင် ငြင်းဆန်သည့်အတွက် ပြည်သူ့စစ်အဖွဲ့မှ ရိုက်နက်မှုများပြုလုပ်ကာ သေနတ်ဖောက်ခွဲမှုများပြုလုပ်ခဲ့သောကြောင့် ဦးရှောင်ဘာ၏ နေအိမ်တစ်ချို့နေရာတွင် သေနတ်ထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ ထိုနည်းတူ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာလ ၁၁ ရက် တစ်ရက်အတွင်း နောက်ထပ် လူငယ် ၂ဦးကိုလည်း ဖမ်းဆီးပြီး ၆ ပေါက်ထည့်သွင်းကာ ရိုက်နက်ခဲ့သဖြင့် လူငယ် … - [ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန်](https://burmese.kachinnews.com/2022/09/15/sm1-12/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် မိဿလင်ကျေးရွာတွင် စစ်ကောင်စီတပ်ဝင်ရောက်လာသဖြင့် ထွက်ပြေးရန်ပြင်ဆင်နေသော ဒေသခံများ ပစ်ခတ်ခံရပြီးနောက် သက်ကြီးရွယ်အို နှင့် ကလေးငယ် ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ အသက် ၇၅ နှစ်အရွယ် ဦးကြယ်နီ၏ ညာဘက်ဒူး ကျည်ဆန်ပေါက်ထွက်ကာ ခြေထောက်ကျိုးနိုင်ပြီး၊ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်းသည် ညာဘက် လက်ကောက်ဝတ် ပွင့်ထွက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ကိုးတောင်ဘို့က စကစတွေအဖွဲ့က ကန့်ဘလူမြောက်ခြမ်းကို နှစ်ဖွဲ့ခွဲပြီး ထွက်လာကြတာ အဲ့ချိန်မှာ ဒေသခံပြည်သူတွေက ငါတို့ရွာဘက်ကိုစစ်ကြောင်းကထိုးလာနိုင်တယ်ဆိုပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်ရှောင်ကြတာ။ အဲ့မှာ အဘိုးတို့ကလေးတို့က နောက်ဆုံးကျန်ခဲ့တဲ့အနေအထားပေါ့ စကစကလည်း ကင်းပုန်းဝပ်ပြီး လာတော့ အိမ်ပေါ်ကအဆင်း ရွာကအထွက်မှာ လှမ်းပစ်တာ လူကိုမြင်ရက်နဲ့ရမ်းပစ်တာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ကောလင်းမြို့နယ် အင်ပင်သာ ၅ ရွာကွင်းအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိနာခဲ့သည့် တိုက်ပွဲတွင်ပါဝင်ခဲ့သူများဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းသို့ အင်အား ၈၀ ဝန်းကျင်ဖြင့် သုံးဖွဲ့ခွဲကာ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ ကန့်ဘလူမြောက်ခြမ်းကို စစ်ကြောင်းထိုးနေသောကြောင့် ကိုးတောင်ဘို့တိုက်နယ်မှ ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကိုးတောင်ဘို့ တိုက်နယ်သည် အုပ်စုခြောက်အုပ်စု ရွာပေါင်း ၂၃ ရွာ ဖြင့်ဖွဲ့စည်းထားသည်ဟု ဒေသခံများက ဆိုသည်။ - [အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး](https://burmese.kachinnews.com/2022/09/15/az2-20/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ဝင်ရောက်လာခဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မှော်ပုံဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။ ”မှော်ပုံကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေရတုန်းဗျ။ စစ်သားတွေကမနေ့ကပဲလှည့်ပြန်သွားတာ။ ခုထိတော့ဘာသံမှ မကြားသေးဘူးငြိမ်နေတယ်။ ရွာသားတွေကိုတော့ KIA တပ်မဟာ ၉ ဘက်က မပြန်လာခိုင်းသေးတာ။  အခြေအနေ စောင့်ကြည့်နေတုန်းတဲ့ မငြိမ်သေးဘူး တိုက်ပွဲ ဖြစ်ရင်ဖြစ်လာနိုင်တဲ့ခြေနေမို့မပြန်လာကြသေးဖို့တားထားတယ် ဘယ်နေ့ထိဆိုတာလဲမသတ်မှတ်ထားဘူး”ဟု လုံးခင်းကျေးရွာသို့ တိမ်းရှောင်နေသည့် မှော်ပုံဒေသခံတစ်ဦးက KNG ကို ပြောသည်။ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ အင်အားအပြည့်ဖြင့်ဝင်လာချိန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် KIA နှင့် PDF ဘက်မှ နောက်ဆုတ်ပေးခဲ့ရပြီး နာရီဝက်ကျော်ခန့်အကြာတွင် KIA, PDF  ဘက်မှ အင်အားသုံး၍ ပြန်လည်ဝင်ရောက်လာ ချိန် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ စစ်ကောင်စီတပ်သည် မှော်ပုံကျေးရွာတွင်းရှိ ကုဋေအေး ကုန်စုံဆိုင်ကို PDF ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဆိုင်မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ရှင်ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်းသိရသည်။ မှော်ပုံကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၃၀၀၀ နီးပါးရှိသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဆယ်ဇင်းကျေးရွာကို လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ဆယ်ဇင်းကျေးရွာ အိမ်ခြေ ၆၇၀ ဝန်းကျင် (ရွာလုံးကျွတ်နီးပါး) မီးလောင်ပြာကျခဲ့ပြီး ပြည်သူ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ စစ်ရှောင်နေရဆဲ ဖြစ်သည်။ - [ကသာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေဆုံး](https://burmese.kachinnews.com/2022/09/15/az1-26/): ကသာမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဒေသကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ကြား ၂ ရက်ဆက်တိုက်ပွဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးတပ်မှလည်း ၁ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ “ကျနော်တို့ကြိုသတင်းရလို့ စောင့်တိုက်တာကနေ တိုက်ပွဲက ၂ ရက်ဆက်တိုက်လိုဖြစ်သွားတာ။ ထိခိုက်သေဆုံးမှု ၂ဖက်စလုံးရှိတယ်“ ဟု ကသာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ အင်အား ၁၇၂ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ချောင်းဝကျေးရွာမှတဆင့် ကသာမြို့ဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဥ် မိုးတားလေးရွာနှင့် မြေနုကြားအ‌ရောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးပြီး ဒေသကာကွယ်ရေးဖက်မှ ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။ အလားတူ စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီဝန်းကျင်တွင်လည်း ကသာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းအား မိုးတားလေး ပြည်သူ့ကာကွယ်ရေးတပ်မှ အထက်သံပုရာကုန်းရွာနှင့် ရေနီရွာကြားတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ပွင့်ဗိုလ်တစ်ဦးဒဏ်ရာပြင်းထန်ကာ ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ “သူတို့အလောင်းတွေကို ကျင်းအကျယ်တူးပြီး တစ်ကျင်းထဲ ပေါင်းမြုပ်သွားတယ်။ မြေပုံပေါ်မှာ RPG သီးကျည်တစ်လုံး အမှတ်အသားပြုလုပ် စိုက်ထောင်ထားတာ တွေ့ရတယ် “ ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ပြည်သူ ၂၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၇ ဦးထက်မနည်း သေဆုံး၍ ၂ ပွင့်ဗိုလ်တစ်ဦး အပါအဝင် အမြောက်အများ ဒဏ်ရာရရှိခဲ့ပြီးနောက် ဧရာဝတီ မြစ်ကြောင်းမှတဆင့် စက်လှေ၊ သံခွံမော်တော်များဖြင့် ကသာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ - [စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/09/14/sm2-4/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံဇီးရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို  Farmer Revolution Force CHU နှင့် အခြားသောဒေသခံကာကွယ်ရေးတပ်များစုပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကံဇီးကျေးရွာသည် ပျူစောထီးကျေးရွာဖြစ်သောကြောင့် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ်များ စုပေါင်းကာ အီနာဂါဗုန်းသီးနှစ်လုံးဖြင့် ဝေဟင်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ကျနော်တို့ဗုံးကြဲတိုက်ခိုက်တာကြောင့် သူတို့ဘက်က ၂ယောက်သေဆုံးတယ် ဒဏ်ရာရတာက ၄ယောက်လို့သိရတယ် ဗုံးကြဲပြီးတော့ သူတို့ဘက်ကဘာမှ တုန့်ပြန်တာမျိုးတော့ မရှိဘူးဗျ” ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိမူအခြေနေကို ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရှိခဲ့ရသည်ဟု သူက ဆက်ပြောသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များတပ်စွဲနေထိုင်သည့် ကံဇီးကျေးရွာသည် ပျူစောထီးကျေးရွာဖြစ်တာကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာပေါင်း ၄ ရွာထက်မနည်းလည်း တိမ်းရှောင်နေရသည်ဟု သိရသည်။ ကံဇီးကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ချောင်ဦးမြို့၏ အနောက်ဘက်တွင် တည်ရှိသည်ဟု သိရှိရသည်။ - [မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်မှ မီးဝင်ရှို့၊ ပြည်သူ ၁၂ ဦး ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/09/14/sm1-11/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် နဂါးတွင်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီက ယနေ့နံနက်ပိုင်းမှစကာ မီးရှို့ဖျက်ဆီးနေပြီး အရပ်သား ပြည်သူ ၁၄ ဦး ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှသိရသည်။ အင်အား ၁၅၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်သည် ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် နဂါးတွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာဝင်ရောက်လာပြီးနောက် နံနက် ၉ နာရီဝန်းကျင်မှစပြီး ပြည်သူပိုင်နေအိမ်များကို  မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။ “ရွာထဲကိုပြန်ကပ်လို့မရသေးတော့ အိမ်ဘယ်လောက်ပါသွားတယ် ဆိုတာတော့မသိသေးဘူး ရွာထဲကပြည်သူတွေလည်း အကုန်ထွက်ပြေးနေရတယ်” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ရက်နေ့က အင်အား၂၀၀ ဝန်းကျင်ဖြင့် ကျွန်းကြီး၊ နတ်ကြီးကျွန်း၊ ဂျိုးစု စသည့် ကျေးရွာများကို လည်းလက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။ စက်တင်ဘာလ ၁၂ ရက်နေ့က ညောင်ဖြူပင်ကျေးရွာ ရဲစခန်းမှ ရဲနှစ်ဦး စျေးဝယ်ထွက်ရာ ဒေသကာကွယ်ရေးတပ်များ၏ ပစ်သတ်ခံလိုက်ရခြင်းကြောင့် ယခုလို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်နေသောကြောင့် မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ရွာပေါင်း ၆ ရွာ ထက်မနည်း ပြည်သူများ ထွက်ပြေးနေရသည်ဟု သိရသည်။ - [ဆယ်ဇင်းတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး မူးယစ်ဆေး ရှော့ဖြစ်ကာ သေဆုံး](https://burmese.kachinnews.com/2022/09/14/yl1-12/): ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး စိန်မင်းဒင် အပါအဝင် တပ်သား ၅ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရှော့ဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆယ်ဇင်းတွင် လက်ရှိတပ်စွဲနေထိုင်သည့် ခမရ ၁၁၆ တပ်မှ ဒု–ဗိုလ်မှူးကြီး စိန်မင်းဒင်၊ တပ်ကြပ် ၂ဦးနှင့် တပ်သား ၂ဦး စုစုပေါင်း ၅ဦး မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဆယ်ဇင်း ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။ “သတင်းက မှန်ပါတယ်။ ဒု–ဗိုလ်မှူးကြီး စိန်မင်းဒင်နဲ့ သူအောက်က ၄ယောက် တစ်နေရာထဲမှာဘဲ သေဆုံးနေတယ်တဲ့။ သူတို့က မနက်ပိုင်းမှာ ရွာထဲ သောက်စားမူးပြီး ဖိုးပြန်ထိုးရင်း ရှော့ဖြစ်သွားတယ်လို့ကြားတယ်။ မိုးချုပ်လာတော့ တပ်ထဲ လူမစုံတော့ စစ်ဆေးလိုက်တဲ့အချိန် ၅ယောက်စလုံးက အိပ်ယာထဲ စုပြုံသေနေတယ်တဲ့”ဟု ပြောသည်။ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်သို့ သယ်ယူသွားကြောင်းသိရသည်။ အဆိုပါ စစ်ကောင်စီအဖွဲ့ဝင်များသည် ဆယ်ဇင်းရွာနှင့် ချမ်းသာအေး ၂ခုကြားတွင် ပုံမှန်သွားလာလှုပ်ရှား ပျော်မြူးနေသူများ ဖြစ်ကြသည်ဟု ဒေသခံများ၏ ပြောဆိုချက်မှသိရသည်။ ဆယ်ဇင်းတွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ - [ပရဟိတသမား ယောင်‌ဆောင် ပျူစောထီး ၅ ဦးကို ရှင်းလင်းလိုက်ကြောင်း အင်းတော် PDF ပြောဆို](https://burmese.kachinnews.com/2022/09/14/indaw-pdf/): အင်းတော်မြို့နယ်တွင် ပရဟိတအမည်ခံ၍ ပျူစောထီးလုပ်‌နေသည့် စစ်ထွက် ဦးကောင်းမြတ်ဇော် နှင့် စုစုပေါင်း ၅ ဦး ကို အင်းတော် နယ်မြေရှင်းလင်းရေးအဖွဲ့မှ သုတ်သင်ရှင်းလင်းလိုက်ပြီဟု သိရသည်။ ဦးကောင်းမြတ်ဇော်နှင့်အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံတစ်ဝှမ်း ပျူစောထီးများ စတင်ပေါ်ပေါက်လာသည့် ၂၀၂၁ ခုနှစ်ကတည်းက အင်းတော်နယ်တွင် ပရဟိတအမည်ခံကာ ပျူစောထီးအလုပ် လုပ်ကိုင်နေသူများဖြစ်သည့်အတွက် ဩဂုတ်လ ၂၁ ရက်နေ့က အင်းတော်နယ်မြေ ရှင်းလင်းရေးအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “သူတို့ငါးယောက်က ကသာ ၃၀၉ တပ်မှာ လက်နက်ကိစ္စ သွားပြီးညှိနှိုင်းတာ။ ညှိနှိုင်းဖို့သွားတဲ့အပြန်လမ်းမှာ အင်းတော်နဲ့ ကသာကြားပေါ့ အဲ့မှာအင်းတော်နယ်မြေ ရှင်းလင်းရေး အဖွဲ့က သုတ်သင်ရှင်းလင်းလိုက်တာ” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။ ဦးကောင်းမြတ်ဇော်နဲ့အတူ သုတ်သင်ရှင်းလင်းခံလိုက်ရသည့် ကျန်လေးဦးမှာ ကြံ့ခိုင်ရေးပါတီဝင် ဦးလုံးတော်၊ ဦးဝင်းဦး၊ ဦးကျော်ဆွေဦး (သတင်းထောက် ဓာတ်ပုံဆရာ) နှင့် ဦးဇော်ထွန်းတို့ဖြစ်သည်။ ထိုသူများအနက် ဦးလုံးတော်ကိုလည်း ပျူစောထီး ဆက်မလုပ်ရန် သတိပေးထားချိန် ဆက်လက် လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အင်းတော်မြို့နယ်တွင် လက်ရှိ ပျူစောထီးအဖွဲ့ဝင် ၇၅ ဦးတိတိ ကျန်ရှိနေသေးပြီး ၎င်းတို့အားလုံးမှာ စစ်ထွက်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း သိရသည်။ အင်းတော်မြိုနယ်တွင် လက်ရှိအချိန်ထိ ပျူစောထီများ၏ လုပ်ရပ်ကြောင့် မတရားဖမ်းဆီးခံထားရသူများနှင့် ထွက်ပြေးနေရသူများ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။ - [ရဲစခန်း နှင့် စရဖရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့တွင်း ရှာဖွေစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ](https://burmese.kachinnews.com/2022/09/14/zm/): မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်း နှင့် သီတာရပ်ကွက်ရှိ စရဖရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ရပ်ကွက်များတွင် နေ့စဉ်ဆိုသလို စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၈ ရက်နေ့ သီတာရပ်ကွက်ရှိ စရဖရုံး ပစ်ခတ်ခံရပြီးနောက်၊ ၉ ရက်ညတွင် အမှတ် ၂ ရဲစခန်း ထပ်မံ ပစ်ခတ်ခံ ရပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ကြာရာပတီးရပ်ကွက်အတွင်း PDF လူငယ်တစ်ဦး ဖမ်းဆီးခံရလိုက်ရသည်။ “မနေ့က ကျမတို့ အိမ်လမ်းကြားက အိမ် ၁ အိမ်မှာလည်း လာဝင်ရှာတာတွေရှိတယ်။ အရပ်ဝတ်နဲ့ လူ ၂ ယောက်။ ရပ်ကွက်က လူတွေပြောတာတော့ စစ်သားတွေ ဟုတ်တယ်လို့ပြောတယ်။ ရပ်ကွက်ထဲမှာလည်း ခုနောက်ပိုင်း အရပ်ဝတ်နှင့် လူစိမ်းတွေ ပိုများလာလို့ ကျမတို့မှာ သွားရလာရတာလည်း ‌ကြောက်နေရတယ်” ဟု ကြာရာပတီးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ရပ်ကွက် လမ်းကြားများတွင် စစ်ကားများဖြင့် ဝင်ထွက်သွားလာနေသည့်အပြင် နေအိမ်အချို့တွင်လည်း အကြောင်းမဲ့ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ‌ကြောင်း ၎င်းက ဆက်ပြောသည်။ “ခုရက်ပိုင်း ပိုဆိုးလာတယ် စုပေါင်းရုံးဘက်က လမ်းတွေဆို တစ်ခြမ်းဖွင့်ရင် တစ်ခြမ်းက ပိတ်ထားတယ် သွားရလာရတာ အဆင်မပြေလာဘူး။ တစ်ခါတစ်လေကျရင် ဖုန်းတွေဆိုင်ကယ်တွေရော စစ်တယ်” ဟု မြစ်ကြီးနားမြို့ဒေသခံ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် မြစ်ကြီးနားမြို့တွင် ၎င်းတို့အား သတင်းပေးရန် ဒလန်များကို ရပ်ကွက်တိုင်းတွင် ထားရှိခြင်းဖြစ်နိုင်သည်ဟု ‌သုံးသပ်ပြောဆိုမှုများ ရှိနေသည်။ မြစ်ကြီးနားမြို့တွင် အာဏာသိမ်း … - [မှော်ပုံ တွင် စစ်ကောင်စီတပ် ဝင်စီးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/09/14/maden-yang/): ဖားကန့်မြို့နယ် လုံခင်းကျေးရွာ အုပ်စုရှိ မှော်ပုံကျေးရွာ (Maden Yang) ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်စီးချိန် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ ဖားကန့်မြို့တွင်းတပ်မှ စစ်ကား ၇ စီး အင်အား ၁၈၀ ခန့်ဖြင့် ယနေ့ နံနက် ၄ နာရီခန့်တွင် ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ပြီး ဆိုင်ရှင်ဖြစ်သော ပြည်သူ ၂ ဦးကို ဖမ်းဆီးသွာကြောင်း ဒေသခံများက ပြောသည်။ ”မော်ပုံနောက်ကြောကနေ ဝင်လာတာစစ်ကားတွေကာ မှော်ပုံရွာထဲမှာ PDF အချို့ရှိတယ်။ ဝါးတဲလေးတွေနဲ့နေတာ အဲ့တာကိုဝင်စီးတာ နှစ်ဖက်ပြန်လှန်ပစ်ခတ်နေကြတာ။ ပြီးတော့ ကုန်စုံဆိုင်ကို မီးရှို့ပြီး ဆိုင်ရှင် ၂ ယောက်လုံး ဖမ်းသွားတယ်။ ထိခိုက်ကျဆုံးမှုကတော့ မသိရသေးဘူး” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကုဋေအေး ကုန်စုံဆိုင်ကို PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ ဆိုင်နှင့် ကား ၂ စီးကို မီးရှိုလိုက်သည်ဟု မှော်ပုံဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”အဲ့ကုန်စုံဆိုင်က ဘာမဆိုင် ညာမဆိုင်နဲ့ရှို့သွားတာ။ ဆိုင်ပိုင်ရှုင်က နိုင်ငံရေးအရှုပ်အရှင်းကင်းတယ်​။ အေးအေးဆေးဆေးပဲ အဲ့တာကိုရှို့သွားတာ တစ်ဆိုင်လုံးပြာကျသွားတယ်။ အစားအသောက်ကုန်တွေ လူသုံးကုန်တွေအဓိကရောင်းတယ်။ ဆိုင်ကအတော်ကြီးတယ်ဗျ” ဟု ထွက်ပြေးလာသည့် ဒေသခံတစ်ဦးက ပြောသည်။ မှော်ပုံတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသောကြောင့် ဆက်လက်ပြီး တိုက်ပွဲ ဖြစ်ပွဲ ပြင်းထန်လာနိုင်သေးသဖြင့် ဒေသခံများအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ”KIA အဖွဲ့တွေဘက်ကလည်း အများကြီးရောက်လာပြီကြားတယ်။ သေနတ်သံတွေကတော့ခုထိကြားရတယ် ရွာသား … - [မူဆယ် ကမ္ဘောဇဘဏ် (၃) တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/09/13/bs1-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကားဝင်းထဲရှိ ကမ္ဘောဇဘဏ် ၃ တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။  ဖြစ်စဉ်မှာ နေ့လည် ၁ နာရီဝန်းကျင် လက်နက်ကိုင်ထားသည့် အမည်မသိ လူငယ် ၄ ဦးရောက်လာကာ ဘဏ်‌စောင့် စစ်တပ်ကို ပစ်ခတ်ခဲ့ချိန် ပြည်သူ့စစ် ၂ ဦး နှင့် ဘဏ်ထဲမှ လူငယ် ၁ ဦးသေဆုံးကြောင်း ‌သိရသည်။ “မျက်စိရှေ့တင်ပဲ ဦးနောက်ချီးပြူးထွက် ပွဲချင်းပြီး ၃ ယောက်သေတယ်။ ပြည်သူ ၁ ဦးက ထိသွားတယ်“ ဟု ‌‌မျက်မြင် တစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလူငယ် ၄ ဦးသည် ဘဏ်ကိုဓားပြတိုက်ခြင်းမဟုတ်ဘဲ ဘဏ်စောင့်များကို တမင်လာ‌ရောက် ပစ်ခတ်သွားကြောင်း သိရသည်။ “သူက ဘဏ်ကို ဓါးမြတိုက်တာ မဟုတ်ဘူး။ တမင်လာပစ်သွားတဲ့ ပုံစံဘဲ သေနတ်တောင် ကောက်သွားသေးတယ်” ဟု နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားရာ နေရာ ဝန်းကျင်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်ထားသည်ဟု သိရသည်။ မူဆယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုမကြာခဏ ဖြစ်ပွားနေမြဲဖြစ်သည်။ - [KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ](https://burmese.kachinnews.com/2022/09/13/sn1-5/): မိုးကောင်းမြို့နယ် ပင်းကြိုင်းကျွေးရွာ အောင်မြင်ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ KIA/PDF အဖွဲ့မှ ဓားပြတိုက်မှု ပြုလုပ်ခဲ့သည် ဟူသော သတင်းအမှားကို စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်နေကြသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ပုံမှန် သတင်းအမှားဖြန့်နေကျ “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ပြီး သူနှင့်အတူ “ Manaw Myay” “Oo Sitt” “ Kachin Land” စသည့်အကောင့်များနှင့်တွဲပြီး ဖြန့်ဝေထားသည်။ ရေးသားဖြန့်ဝေထားသော အကြောင်းအရာတွင် “တနင်္ဂနွေနေ့ ကချင်လူမျိုးများ ဘုရားကျောင်းတက်နေချိန်မှာ မျက်နှာအုပ်ပြီး ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က သေနတ်များကိုင်ဆောင်ကာ ဘုရားကျောင်းထဲဝင်ပြီး ဘုရား ကျောင်းမှ ရန်ပုံငွေများနဲ့ ဘုရား‌ကျောင်းတက်လာသူများရဲ့ ဖုန်းတွေကို ဓားပြတိုက်ယူသွားတယ်၊ ယနေ့ဘုရား‌ကျောင်းထဲ ဓားပြတိုက်သူ လက်နက်ကိုင်လူနှစ်ယောက်က သူတို့ဟာ KIA/PDFအဖွဲ့မှ ဖြစ်ကြောင်းပြောဆိုကာ ဓားမြတိုက်လို့အပြီးမှာ ဆိုင်ကယ်နဲ့ရွှေဘို–မြစ်ကြီးနားလမ်းရှိရာ ပင်းဘောကျေးရွာ ဘက်ကို ပြန်ထွက်သွားတယ်လို့ မျက်မြင်တွေ့ကြုံသူများကပြောပါတယ်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်၍ KNG မှ မိုးကောင်းမြို့နယ် PDF အဖွဲ့ထံ ဆယ်သွယ်မေးမြန်းရာတွင်   “မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲဆိုရင် PDF တွေက ပြည်သူကို ထိခိုက်မယ့် ကိစ္စမျိုးဆို လုပ်မှာမဟုတ်ဘူး။ ခုဟာက တမင်ချောက်ချချင်လို့ PDF ဆိုပြီးပြောသွားတာ”ဟု ပြောဆိုသည်။ လက်နက်ကိုင် လူနှစ်ယောက်သည် ဓါးမြတိုက်ပြီးနောက် မိမိတို့သည် KIA/PDF အဖွဲ့မှဖြစ်ကြောင်းပြောဆိုခဲ့ခြင်းမှာ KIA/PDF အဖွဲ့ကို ပြည်သူလူထုများမှ ထင်ယောင် ထင်မှားဖြစ်အောင် ပြောဆိုခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများလည်းပြောဆိုနေကြသည်။ ထို့ကြောင့် မိုးကောင်းမြို့နယ်ရှိ ဘုရားကျောင်းထဲ KIA/PDFအဖွဲ့မှ ဓားပြတိုက်သည်ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့် သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ အကြမ်းဖက် စစ်အာဏာရှင်ကို ထောက်ခံသော စစ်အုပ်စုများသည် … - [“ကိုးကန့်တပ်တွေကို ရွာနဲ့ဝေးဝေး ရှောင်ထွက်သွားဖို့နဲ့ ရိုက်နက်ခဲ့တဲ့ဖြစ်စဉ်အတွက် ပြန်တောင်းပန်ဖို့ ပြောချင်တယ်။”](https://burmese.kachinnews.com/2022/09/13/ld1-5/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အနောက်တောင်ဘက် ၁၂ မိုင်ခန့်တွင် တည်ရှိသော ဇွပ်အောင်စစ်ရှောင် စခန်း အနီးပတ်ဝန်ကျင်တစ်လျှောက် တိုင်းရင်းသားတော်လှန်ရေးတပ်များလှုပ်ရှားနေသည်။ ထိုအထဲ MNDAA ကိုးကန့်တပ်ဖွဲ့သည် ယနှစ်ဆန်းပိုင်းမှစပြီး စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် စစ်ရှောင်များကို ရိုက်နက်မှုဖြစ်ပွားခဲ့သည်။ လက်ရှိ ဇွပ်အောင်စစ်ရှောင်ပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသော စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးဖြင့် ဆက်သွယ်မေးမြန်းထားသည်။ မေး။ အာဏာသိမ်းပြီးနောက်ပိုင်း ဇွပ်အောင်စစ်ရှောင်စခန်းအခြေအနေကို ပြောပြပေးပါ။ ဖြေ။ နေ့ရောညပါ အိပ်မပျော်၊ စားမဝင်ဖြစ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ရှောင်စခန်းမှာလာနား လာအိပ်ကြတော့ ကြောက်နေရတယ်။ တစ်ခါတစ်ခါ လက်နက်ကြီးတွေကျ၊ ပြည်သူတွေထိခိုက်သေဆုံး၊ ဘယ်သူ့ကိုမှ သွားတိုင်လို့မရဖြစ်တယ်။ နေရခက်တယ်။ ပြန်ရှောင်ဖို့ နေရာကလည်းမရှိခက်တယ်။  TNLA က စစ်ရှောင်စခန်းကို သွယ်ပေးတဲ့ ရေတွေကို ဖျက်လိုက်တော့ ရေလည်းခက်ခဲတယ်။ မေး။ ဆက်လက်ပြီး အခုလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ။ ဖြေ။ အခုလိုပဲ ဆက်နေမယ်ဆိုရင် စစ်ရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေက စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးတွေလည်း ထိနိုင်သလို၊ ဒီမှာလာနေတုန်း အချင်းချင်းအရက်မူးပြီး ပစ်ကြတဲ့အခါလည်း ထိခိုက်နိုင်တယ်။ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးလည်း ဖြစ်လာနိုင်တယ်၊ သူခိုးဓားမြတွေလည်း များလာမယ်၊ ပြီးရင် လူငယ်တွေလည်း အကျင့်စာရိတ္တပျက်စီးလာ တယ်၊ သူတို့က အသက်ငယ်သေးတဲ့လူငယ်တွေကို ပိုက်ဆံပေးပြီး ဖျားယောင်းတာမျိုးတို့၊ အရက်ခေါ်တိုက်တာမျိုးတို့ လုပ်တယ်။ စစ်ရှောင်စခန်းက ပြည်သူတွေက သူတို့တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်နိုင်သလို အကျင့်စာရိတ္တပျက်ပြားလာနိုင်ပါတယ်။ မေး။ အရင်က ဒီဇွပ်အောင်စစ်ရှောင်စခန်းက ဘယ်သူ့တွေရဲ့ နေရာလဲ။ ဖြေ။ အရင်ကတော့ ကောင်းခါးပြည်သူ့စစ်တွေရဲ့ သစ်တောကြိုးဝိုင်းဟုတ်တယ်။ နောက်တော့ စစ်ရှောင်တွေအတွက်နေရာပေးပြီး တောတွေရှင်းလင်းပြီး ရွာပုံစံလမ်းတွေဖောက် အိမ်ယာတွေခွဲပေးပြီး … - [မိုးမောက်တွင် ၅ ရက်ကြာ တပ်စွဲခဲ့သော စစ်ကောင်စီတပ်များ ဗန်းမော်သို့ ပြန်လည်ဆုတ်ခွာ](https://burmese.kachinnews.com/2022/09/13/az1-25/): မိုးမောက်မြို့ ဝဝမ်နှင့် ခါနန်ရပ်ကွက်တွင် ၅ ရက်ကြာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်များ ဗန်းမော်မြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသည်။ စက်တင်ဘာ ၁၀ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကြောင်းသည် ခူးလီ– နန့်လှိုင်လမ်းအတိုင်း ဗန်းမော်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု မိုမောက်မြို့ ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦး က KNG ကို ပြောသည်။ ”သူတို့ပြောနေကျစကား အမိန့်အရ ဒီကိုရောက်လာတာ။ အခုကတော့ အခြေအနေကလည်း အရမ်းတင်းမာတယ်။ သူတို့ဘက်က နည်းနည်းရွှေ့လာရင် ဒီဘက်ကပစ်မယ်။ ဒီဘက်ကလည်းနည်းနည်းရှေ့တိုးတာနဲ့ သူတို့ကပစ်မယ်ပေါ့။ သူတို့ပြန်တဲ့ချိန်တော့ လာခဲ့တဲ့လမ်းအတိုင်း ပြန်တာတော့ မဟုတ်ဘူး တခြားလမ်းနဲ့ပြန်သွားတာ”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၆ ရက်နေ့တွင် ဗန်းမော်–မိုးမောက်ကားလမ်းဖြင့် ဝင်ရောက်လာသော ဗန်းမော်မြို့တွင်းတပ် ခမရ ၄၃၇ များဖြစ်ကြပြီး မိုးမောက်မြို့ ခါနန် နှင့် ဝဝမ်ရပ်ကွက်တွင် ၅ ကြာ နေထိုင်ခဲ့ကြသည်။ စစ်ကောင်စီတပ် ခါနန် နှင့် ဝဝမ်ကျေးရွာတွင် တပ်စွဲနေထိုင်နေစဉ် နှစ်ဖက်စစ်ရေး တင်းမာခဲ့သောကြောင့် ဒေသခံ ၃၀၀ ခန့်သည် စက်တင်ဘာ ၇ ရက်နေ့တွင် မိုးမောက်မြို့တွင်းရှိ ကြေးနန်းရပ်ကွက်နှင့် အလင့်ကောင်ရပ်ကွက်တွင် ထွက်ပြေးခဲ့သော်လည်း ယခု နေရပ်ပြန်ကြပြီ ဖြစ်သည်။ စစ်ကောင်စီတပ်များ ထွက်ခွာသွားစဉ် ဒေသခံများ၏ နေအိမ် ၁၆ လုံးခန့် မွှေနောက်သွားပြီ နေအိမ် ၄ လုံးကိုလည်း ဖျက်ဆီးသွားကြောင်းသိရသည်။ ”အိမ်တိုင်တွေ ခုတ်ဖျက်ပေးသွားတယ်။ ပြီးတော့ တချို့အိမ်တွေက အကာတွေအကုန်ဖျက်ဆီးသွားတာ။ ဝင်မွှေသွားတယ် အိမ်မီးဖိုကြောင်ထဲက ငါးပိ ငါးခြောက်တွေ ဆီ ဆန် ဆားတွေလည်းအကုန်ဖျက်ဆီးသွားတယ်။ ရစရာမရှိဘူး”ဟု ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ - [ဖုန်း နှင့် ဆိုင်ကယ် လုကာထွက်ပြေးသွားသည့် တပ်ပြေး ၃ ဦး ဖမ်းဆီးခံရပြီးနောက် အလင်းဝင်မည်ဟုဆို](https://burmese.kachinnews.com/2022/09/12/zm1-10/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နားရခေါင်ရွာတွင်  PDF အယောင်ဆောင်ကာ ဖုန်းနှင့်ဆိုင်ကယ် လုပြေးသွားသည့် ခမရ ၃၀၁ တပ်မှ တပ်ပြေး ၃ ဦး ဖမ်းခံရပြီး‌နောက် အလင်းဝင်မည်ဟုပြောကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ “လမ်းမှာစစ်ရင်းဖမ်းမိတာ သူတို့ပြောတာတော့ အလင်းဝင်ချင်တာကို ဘယ်လိုချိတ်ဆက်ရမှန်းမသိလို့ ထွက်ပြေးလာလိုက်တာလို့‌ပြောတယ်။ သူတို့ တပ်ကနေထွက်ပြေးလာတဲ့ချိန်မှာ ဆိုင်ကယ်လည်း မရှိတာနဲ့ ပြည်သူတစ်ဦးဆီမှာ PDF ဆိုပြီး လိမ်ပြီးတောင်းခဲ့တာလို့ ပြောတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ တပ်ပြေး ၃ ဦးသည် ကသာမြို့အခြေစိုက် ခမရ ၃၀၁ တပ်မှဖြစ်ကာ အင်းတော်–နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်လျှက်ရှိသည့် စစ်ကြောင်းမှဖြစ်သည်ဟု သိရသည်။ ထိုသူ ၃ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁နာရီဝန်းကျင်တွင် တပ်မှ ထွက်ပြေးလာ‌ကြောင်း သိရသည်။ ယင်းကဲ့သို့ ထွက်ပြေးလာစဥ် အင်းတော်– ထီးချိုင့်ကြားရှိ နားရ‌ခေါင်ကျေးရွာမှ ပြည်သူတစ်ဦး၏ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို  PDF ဟုဆိုကာ လိမ်လည် တောင်းယူခဲ့‌ကြောင်း သိရသည်။ ”သူတို့ထွက်‌ပြေးလာတဲ့ နဘားနဲ့ နားရခေါင်ရွာက နီးနီးလေးဆိုတော့သူတို့ အဲ့နာရခေါင်ရွာက ဆိုင်ကယ်တစ်စီးနဲ့ဖုန်း တစ်လုံးကို တောင်းသွားတာ သူတို့ စစ်သားလို့ပြောရင်မပေးမှာဆိုးလို့ PDF ပါဆိုပြီး ပြောမှတောင်းသွားတာ အဲ့တာနေ့လယ် ၁၂ နာရီရောက်တော့ ထီးချိုင့်မှာသွားမိတာ ထီးချိုင့်နဲ့ ကျောင်းကုန်းကြားမှာမိလိုက်တာ” ဟု အင်း‌တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် တပ်ပြေးသုံးဦး လုယူလာသည့် နားရခေါင် ဒေသခံတစ်ဦး၏ ဖုန်းနှင့် ဆိုင်ကယ်ကိုလည်း မူလပိုင်ရှင်လက်ထဲ၌ ပြန်အပ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ထိုသူ ၃ ဦးကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း‌ထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကချင် စစ်ကိုင်းနယ်စပ် ထီးချိုင့်–အင်းတော် လမ်းပိုင်းကို အင်းတော် နှင့် ထီးချိုင့် PDF ပူးပေါင်းတပ်များက ရံဖန်ရံခါ စစ်ဆေးလျက်ရှိပြီး … - [မိုးကောင်းနယ်ရှိ ဘုရားကျောင်းတစ်ခုတွင် PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်](https://burmese.kachinnews.com/2022/09/12/az2-19/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာ အောင်မြေရပ်ကွက် ဘုရားကျောင်းတွင်  အရပ်ဝတ်ဖြင့် လူငယ် ၂ဦးက PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၁ရက်နေ့ ၁၁နာရီဝန်းကျင်တွင် အသင်းသားများ ဝတ်ပြုကိုးကွယ်နေကြစဉ် မျက်နှာပေါ်တွင် အဝတ်စည်းထားသည့် လူငယ် ၂ဦးဝင်ရောက်လာပြီး ဘုရားကျောင်းထဲမှ အလှူငွေများအပြင် ဘုရားကျောင်းတက်နေသည့် အသင်းသားများ၏ လက်ကိုင်ဖုန်း ၇လုံးထက်မနည်း ခြိမ်းခြောက် လုယူသွားသည်ဟု ပင်ကြိုင်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးပြောသည်။ “အရပ်ဝတ်နဲ့ မျက်နှာအုပ်ထားတဲ့ လူငယ် ၂ယောက်က ဘယ်သူဆိုတောမသိရဘူး။ ၂ယောက် စလုံးက သေနတ်ကိုင်ထားတယ်။ တစ်ယောက်က သေနတ်အတို တစ်ယောက်က သေနတ်အရှည်ကိုင်ထားတယ်။ အလှူပုံးက အလှူတွေလည်း ယူသွားတယ်။ ဖုန်းက ၇လုံးလောက်ရှိမယ်။ သူတို့ပြန်ခါနီးမှ ကျနော်တို့က PDF တွေဟုတ်တယ်ဆိုပြီး ပြောသွားတယ်”ဟုပြောသည်။ အဆိုပါ လူငယ် ၂ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဘုရားကျောင်းတက်နေသည့် အသင်းသားများကို သေနတ်ထောက်ကာ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ကာ လုယူသွားခြင်းဖြစ်သည်ဟု သိရသည်။ ‘PDF အဖွဲ့ဝင်များဖြစ်ကြသည်ဟု’ ပြောဆိုကာ ဓါးမြဝင်တိုက်သွားသည့် လူငယ် ၂ဦးနှင့်ပတ်သက်ပြီး မိုးကောင်းနယ် PDF အဖွဲ့ထံသို့ KNG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုလိုပြောဆိုထားသည်။ “မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲဆိုရင် PDF တွေက ပြည်သူကို ထိခိုက်မယ့် ကိစ္စမျိုးဆို လုပ်မှာမဟုတ်ဘူး။ ခုဟာက တမင်ချောက်ချချင်လို့ PDF ဆိုပြီးပြောသွားတာ”ဟုပြောဆိုသည်။ ကချင်ပြည်နယ်တွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အများစုတွင် ကား၊ ဆိုင်ကယ်၊ အိမ်တွင်းဖောက်ထွင်းခံရမှုများ ပုံမှန်ဖြစ်ပွားလျက်ရှိနေပါသည်။ - [KIA ဆုတ်ခွာသွားသည့် ဝခါးစခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် ဖျက်ဆီး၊ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ](https://burmese.kachinnews.com/2022/09/12/yl2-5/): တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာဖြင့် ၆ မိုင်ခန့်အကွာတွင်ရှိသော ဝခါး (Wa Hka) KIA တပ်စခန်းအနီးတွင် လက်ရှိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောသည်။ ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃စီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ပြည်သူ့စစ်အပါ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်သည် KIA ၏ ဝခါး စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မီးခိုးတွေတောင် ဒီကလှမ်းမြင်နေရတယ်။ မနေ့ညကတည်းက ပြည်သူ့စစ်နဲ့ စစ်သားတွေက ဝခါး (Wa Hka) KIA တပ်စခန်းအနီးတဝိုက်မှာ ရောက်နေကြတယ်။ မနေ့ည ကနေ ၂ဖက်တပ် စောင့်ကြည့်နေကြတဲ့ အခြေအနေဟုတ်တယ်။ ဒီမနက်က လေယာဉ်နဲ့အရင်ဝင်တိုက်ခိုက်ပြီးတော့ စခန်းကိုဝင်ရှို့တဲ့သဘောမှာရှိတယ်။ KIA အဖွဲ့တွေက စခန်းထဲမှာ မရှိတာကြာပြီ” ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ သိမ်းပိုက်ထားသော ဝခါးစခန်းသည် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ KIA တပ်များ ဆုတ်ခွာထားသည့် စခန်းဖြစ်သည်ဟု ဆိုသည်။ ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အထိ KIA ဝခါးတပ်စခန်းအနီး တဝိုက်တွင် ပြည်သူ့စစ်၊ စစ်ကောင်တပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ဂျက်လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုနှင့်အတူ ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဘက်သို့ ပစ်ခတ်ပေးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ KIA တပ်ရင်း ၁၄ ကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းအပြင် မြေပြင်တွင် စစ်ကြောင်း ၂ခုဖြင့် ထိုးစစ်ဆင် ဝင်ရောက်နေပြီး KIA ၏ ဝခါးစခန်းအနီးတဝိုက်ကို စိုးမိုးနိုင်ရန် ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။ … - [ပူတာအိုမြို့တွင်း အခြေစိုက် ခလရ ၄၆ တပ်ရင်းတွင် အရာရှိအဆင့်အပါ စုစုပေါင်း ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့](https://burmese.kachinnews.com/2022/09/12/az1-24/): ကချင်ပြည်နယ် ပူတာအိုမြို့တွင်း တပ်ဖြစ်သည့် ခလရ ၄၆ တပ်ရင်းတွင် တပ်ကြပ်ကြီးအဆင့်အပါ စုစုပေါင်း ၁၁ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိ ရသည်။ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သား ၉ ဦး စုစုပေါင်း ၁၁ ဦးစလုံးကို စက်တင်ဘာ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”မနေ့က မနက်ပိုင်းမှာ ပူတာအိုမြို့တွင်းတပ် ခလရ ၄၆ တပ်ပေါ့ဗျာ အဲ့တပ်ထဲကနေ တပ်ကြပ်ကြီးပေါ့။ သူ့ဘတ်တံဆိပ်ကြည့်တာ တပ်ကြပ်ကြီးဟုတ်တယ် အစောင့်တွေဘာတွေနဲ့လာတာ။ စစ်ကားအသေးလေးသုံးစီးနဲ့လာပြီး အဲ့တပ်ကြပ်ကြီး ဆိုတဲ့ တစ်ယောက်က နေမကောင်းဖြစ်နေလို့တဲ့ ကိုဗစ်ရှိမရှိ စစ်တာ ပိုးတွေ့သွားတယ်။ အဲ့ဒါနဲ့သူနဲ့ထိတွေမှုအမြဲရှိတဲ့လူတွေ အားလုံးကိုစစ်တာ ၁၀ ယောက်ထိပြန်တွေ့သွားတယ်” ဟု ပူတာအိုခရိုင်ပြည်သူဆေးရုံကြီးနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ ကိုဗစ်ပိုးတွေ့သော ဒုတပ်ကြပ်ကြီးနှင့် တပ်သားများကို ပူတာအိုမြို့တွင်း တပ်ဆေးရုံတွင်သာ ကုသပေးနေသည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် ယခုလပိုင်းအတွင်းမှစတင်ကာ ကိုဗစ်ပိုးတွေ့လူနာ ခပ်စိတ်စိတ်တိုးလာနေပြီး ယမန်နေ့က ဗန်းမော်တွင် ၁ ဦး၊ မိုးမောက်တွင် ၂ ဦး နှင့် တစ်ပြည်နယ်လုံးအတိုင်းအတာ အရ လက်ရှိ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၃၀ ကျော်အထိရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ - [မြစ်ကြီးနားတွင် PDF လူငယ်တစ်ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/09/12/ld1-4/): မြစ်ကြီးနားမြို့ ၊ ကြာရာပတီးရပ်ကွက်တွင် ယမန်နေ့က PDF လူငယ်တစ်ဦးကိုဖမ်းဆီးခံရပြီး ယနေ့ နံနက်တွင်လည်း နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်များ ဝင်စီးခဲ့သည်ဟု သိရသည်။ “မနေ့က PDF တစ်ယောက်ဖမ်းခံလိုက်ရတယ်။ သူ့နာမည်ရင်းတော့ ကျနော်တို့ မသိဘူး။ ကြာရာပတီး ဘောလုံးကွင်းနားမှာ ပါသွားတာ။ စစ်တပ်က ကားနဲ့ အရပ်ဝတ်နဲ့လာပြီး သေနတ်ထောက် ဖမ်းသွားတယ်။ ဒီမနက်လည်း အိမ်တစ်အိမ် ပြန်ဝင်စီးခံရတယ်။ ဒီမနက်က လူနဲ့ လက်နက်ပစ္စည်းတွေတော့ မပါသွားဘူး။ ကျန်တာကားတို့ ဖုန်းတို့ပါသွားတယ်။” ဟု PDF နှင့် နီးစပ်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်များသည် အရပ်ဝတ် နှင့် Four-wheel ကားများဖြင့် မြို့တွင်းပတ်ကာ လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်အပတ် သီတာရပ်ကွက်ရှိ စရဖ ရုံးနှင့် အမှတ် (၂) ရဲစခန်း နှစ်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ သွားရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်သား ၁ ဦးနှင့် စစ်သား ၃ ဦး စုစုပေါင်း ၄ ဦးသေဆုံးကြောင်း PDF နှင့် နီးစပ်သူများထံမှ သိရသည်။ လက်ရှိမြစ်ကြီးနားမြို့တွင်း ရဲစခန်း၊ စစ်တပ်နှင့် သက်ဆိုင်သည့်နေရာများသို့ ဦးတည်သော လမ်းများကို စစ်ကောင်စီတပ်များ ပိတ်ထားပြီး၊ လုံခြုံရေးတင်းမာမှုများနှင့် မြို့တင်း ကင်းလှည့်မှုများ ပုံမှန်ပြုလုပ်နေသည်။ - [အရှေ့မြောက် တံခါးပေါက်မှ ဒုက္ခသည်များ](https://burmese.kachinnews.com/2022/09/12/%e1%80%a1%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-bs-4/): “သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ” ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။ ငွေကြေးဖောင်းပွမှု ဂယက်နှင့် ဗဟိုဘဏ်ငွေလဲလှယ်မှု ပုံသေ သတ်မှတ်ချက်များ၊ ခက်ခဲသော နယ်စပ်ကုန်သွယ်မှု ပေါ်လစီ အဆင့်ဆင့်၊ လမ်းကြေး ပေးဆောင်ရမှု နှင့် အခွန်အကောက်များမှုများသည် ရှမ်းမြောက် နယ်စပ်ကုန်သည်များကို ဒုက္ခသည်ဘဝ ဦးတည်စေသည်ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးလည်း ပြောသည်။ “အဓိက ကချင်နဲ့ ပလောင်ကို ဆောင်ရတာ။ အုံနာက ဘီးလှိမ့်ခွန်ဆောင်ရတယ် တနှစ်စာ။ ၅ သိန်းနဲ့ ၉ သိန်းကြားရှိတယ်။ ကုန်သည်တွေက တခြမ်း တခါဆောင်ရတာ။ ကုန်ပေါ်မူတည်ပြီးတော့ ၁ ဖွဲ့ကို အနည်းဆုံး ၅ သိန်း အထက်ပဲ။ ရှမ်းကတော့ သူတို့လာလို့ ကြုံမှ ဆောင်ရတယ်။ အုံနာတွေ ကုန်သည်တွေ မကျန်တော့ ကားသမားက ဘာရမှာတုန်း။ ဆီဈေးကတက်နဲ့” ဟု အမည်မဖော်လိုသော နောက်ထပ် ကုန်တင်ယာဉ်မောင်း တစ်ဦးက ရှင်းပြသည်။ တရုတ်ဘက်ခြမ်းတွင် ကျယ်ဂေါင်မှ ဝမ်တိန်ကို ကိုယ်ပိုင်ကားဖြင့် သယ်ယူလျှင် ကားခသက်သာသော်လည်း အချိန် တစ်လဝန်းကျင်ကြာမြင့်ပြီး ကုမ္ပဏီပိုင်ကားများငှားရမ်းလျှင် ငှားရမ်းခ ကားတစ်စီးလျှင် ယွမ် ၁၀,၀၀၀ (မြန်မာငွေ သိန်း ၄၀ ကျော်) ပေးရကာ ကိုယ်ပိုင်ကားများထက် ကားထွက်ရန် ပိုမြန်ကြောင်း ရွှေလီရှိ မြန်မာကုန်သည် … - [ဟူးကောင့် KIA တပ်ရင်း ၁၄ ကို စစ်ကောင်စီ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင်တပ်များလည်း KIA စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေ](https://burmese.kachinnews.com/2022/09/12/yl1-11/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း ၁၄ နယ်မြေကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း စစ်အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ် စတင်ရန် ရှဒူးဇွပ်ကျေးရွာအနီးတွင် ပြင်ဆင်ထားပြီဟု သိရသည်။ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၃ စီးဖြင့် KIA တပ်ရင်း ၁၄ ဌာနချုပ်၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ KIA စခန်း ၂ ခု စသည့် ၃ နေရာတွင် ဗုံးကျဲ တိုက်ခိုက်သွားသည်ဟု ဟု ရှဒူးဇွပ် ရွှေမှော်အနီး နေထိုင်သော ပြည်သူတစ်ဦး က KNG ကို ပြောသည်။ “အခုလေးတင် ဗုံးလာကျဲသွားတယ်။ တစ်စီးက ရှေ့ကနေသွားပြီး ၂စီးက တစ်ပြိုင်တည်း ဗုံးကျဲတယ်။ ဒီနေ့ လာပစ်တာ အဆိုးဆုံးပဲ။ တိုက်ပွဲဖြစ်ဖို့ သေချာသွားပြီထင်တယ်။ ထိခိုက်မှုတွေက မသိရသေးဘူး” ဟု ပြောသည်။ KIA တပ်ရင်း ၁၄ နယ်မြေဖြစ်သော ရှဒူးဇွပ်အနီးတစ်ဝိုက်တွင် လွန်ခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ KIA နှင့် ပြည်သူ့စစ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကောင်စီ တပ်မ ၈၈ အောက် တပ်ကူများသည် လက်ရှိ ရှဒူးဇွပ်ဒေသ KIA ရှေ့တန်းစခန်းအနီးတွင် ထိုးစစ် စတင်ရန် ရောက်ရှိနေပြီဟု ဒေသခံများ ပြောသည်။ ယနေံ့ နံနက် ဂျက်လေယာဉ် ၃ စီးဖြင့် စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်ပြီးနောက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့မှလည်း စံပြစခန်းမှတဆင့် လက်နက်ကြီးများဖြင့် KIA ရှိသည့် ဘက်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေဟု စံပြဒေသခံတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “ဒီကနေ့ကပြီး တိုက်ပွဲဖြစ်ပြီထင်တယ်။ KIA တရင်း ၁၄ ဘက် … - [NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှားဖြန့်နေ](https://burmese.kachinnews.com/2022/09/11/f-9/): “NUG ငွေတိုက်စာချုပ်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ DVB အတည်ပြုဆိုကြေညာပြီ” ဆိုပြီး Youtube ပေါ်တွင် ကြည်ရှုသူများပြားအောင် လုပ်ကြံဖန်တီးထားသော သတင်းခေါင်းစဥ်အမှားဖြင့် ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို ထပ်မံ တွေ့ရသည်။ အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၄ သောင်း ငါးထောင်ကျော် (Subscribers 45.1K) ရှိသော “People Tv” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ (၉) ရက်နေ့တွင် စတင်ဖြန့်ဝေလာခဲ့ပြီး ယခုအချိန်တွင် ကြည်ရှုသူ ၃ ထောင့်ခြောက်ရာကျော်အထိ ရှိလာနေပြီဖြစ်သည်။ သတင်းဆန်းစစ်ချက်အရ “NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ” ဆိုသည့် သတင်းကို ယုံကြည်စိတ်ချရသော မည်သည့် သတင်းမီဒီယာစာမျက်နှာများတွင်မျှ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲက အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရပါသည်။ ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရသည့်သတင်းမဟုတ်ဘဲ “EAOs တွေ လက်နက်ဆက်ကိုင်ချင်ရင် BGF အဖြစ် ပူးပေါင်းနိုင်တယ်လို” အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို ပြန်လည်ဖော်ပြတဲ့ ဝါဒဖြန့်ဗီဒီယိုတစ်ခုသက်သက်သာ ဖြစ်နေသည်။ ထို့ကြောင့် “NUG ငွေတိုက်ဝယ်ယူမှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရသည်” ဆိုသည့် အကြောင်းအရာသည် သတင်းခေါင်းစဥ်အမှား တစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုလို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်များဖြင့် သတင်းအမှားများကို ကြည်ရှုသူများစိတ်ဝင်စားအောင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းမှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာဖြစ်သည်။ သို့ဖြစ်ပါ၍ ဒီလို သတင်းခေါင်းစဥ် အမှားများဖြင့် Youtube ဗီဒီယိုများကို ကြည်ရှုသူတွေအနေနဲ့ … - [၂၁ မိုင်ဂိတ်တွင် ဖမ်းဆီးခံရသည့် ကိုစိုင်းမောင်နှင့် ကိုမျိုးကျော် ၂ဦး စစ်ကြောရေးတွင် သတ်ဖြတ်ခံရကြောင်း သတင်းထွက်ပေါ်](https://burmese.kachinnews.com/2022/09/10/zm2-3/): မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော် နှင့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင် ၂ဦးကို စစ်ကောင်စီတပ်မှ သတ်ဖြတ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် မမုံသပိတ်ခေါင်းဆောင် အသက် ၃၇နှစ်ရွယ် ကိုစိုင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အသက် ၃၀နှစ်ရွယ် ကိုမျိုးကျော်တို့ ၂ဦးအား စစ်ကောင်စီတပ်မှ စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ပြီဟု သတင်းထွက်နေသည်ဟု ဖမ်းဆီးခံရသူ ၂ဦးနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အတည်ပြုဖို့တော့ခက်နေတယ် ဖြစ်နိုင်ဖို့ကပိုများနေတယ်။ ဘာလို့လဲဆိုတော့ ကိုမျိုးကျော်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတယ်။ NLD ဆိုရင် စစ်ကောင်စီက အငြိုးထားပြီးတော့ စစ်ဆေးမှာပဲ။ စစ်ဆေးတဲ့အခါမှာလည်း တစ်ခြားသူတွေထက် ပိုကြမ်းမှာပဲ။ အဲ့တော့ စစ်ကြောရေးမှာ ဆုံးသွားတာက ၉၀ ရာခိုင်နှုန်းတော့ သေချာလောက်တယ်။ ပြီးရင် စိုင်းမောင်က ၂မျိုးကြားနေရတယ်။ သတ်လိုက်သလိုလို တစ်ခြားနေရာဘက် ရွှေ့ပြောင်းလိုက်သလိုလိုကြားနေရတယ်”ဟုပြောသည်။ လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်နှင့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ကို သတ်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း တဖက်တွင် စစ်ကောင်စီတပ်ဘက်မှ ဆက်စပ်သတင်းများ ဖော်ထုတ်နိုင်ရန်နှင့် ဖားကန့်ဘက်မှ အချက်အလက်များကို ဆက်လက်ဖော်ထုတ်နိုင်ရန် သီးခြားနေရာဘက်သို့ ပြောင်းရွှေ့ထားသည်ဟုလည်း ကြားနေရသည်ဟု သူကဆက်ဆိုထားသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ၂ဦးသည် NUG အစိုးရငွေတိုက်စာချုပ် နှင့် PDF ဆက်စပ်သည့် ဓာတ်ပုံများစစ်ဆေးတွေ့ရှိခဲ့သဖြင့် ဩဂုတ်လ ၁၄ရက်နေ့ မြစ်ကြီးနားမှ ဖားကန့်ဘက်သို့ ဆင်းလာစဉ် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ စစ်သားနှင့်ရဲများက သွားလာသည့် … - [မြစ်ကြီးနားတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုရသည့် ဆန်ဆိုင်တစ်ခု ဖောက်ခွဲခံရ](https://burmese.kachinnews.com/2022/09/10/zm1-9/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အန်တီမော်အမည်ရှိ ဆန်ဆိုင်အား စစ်ကောင်စီ သတင်းပေး ဒလန်ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် မြစ်ကြီးနား ဒလန်ရှင်းလင်းရေးအဖွဲ့မှ စက်တင်ဘာလ ၉ရက်နေ့ ညနေ ၅နာရီဝန်းကျင်တွင် ဖောက်ခွဲမှုပြုလုပ်ကာ သွားရောက်သတိပေးခဲ့ကြကြောင်း ဒလန်ရှင်းလင်းရေးအဖွဲ့ထံမှသိရသည်။ “အဲ့ဆိုင်ပိုင်ရှင်က စစ်တပ်ကို သတင်းပေးလုပ်နေတာကြာပြီ။ သူ့ကြောင့် ဖမ်းခံရတဲ့ သူတွေဆို ပြီးခဲ့တဲ့ ၈လပိုင်းမှာ ၂ယောက်ရှိတယ်။ ဒီတစ်ခါက နောက်ဆုံးသတိပေးတာပါ”ဟု ဒလန်ရှင်းလင်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ ဆန်ဆိုင်အတွင်းဖောက်ခွဲခံရမှုတွင် လူထိခိုက်သေဆုံးမှုမရှိသော်လည်း အသက် ၅၀နှစ်ဝန်းကျင်အရွယ်ရှိ ဆိုင်ပိုင်ရှင် အန်တီမော်သည် ဖောက်ခွဲခံရသည့် အသံကြောင့် နားထိခိုက်မှုဖြစ်သွားသည်ဟု သိရသည်။ “ဆိုင်အတွင်းမှာ ပေါက်ကွဲမှုဖြစ်သွားတာ တော်တော်ကျယ်တယ်။ ပေါက်ကွဲတဲ့ အသံကြောင့် ဆိုင်ရှင်က နားမကြားရတော့ဘူး။ သိရသလောက်က ထမင်းတောင်မစားနိုင်ဘူးလို့ ပြေတယ်။ အခုကတော့ ဆေးကုသခံယူနေတယ်”ဟု ပမ္မတီးဒေသခံ တစ်ဦး ပြောဆိုသည်။ မြစ်ကြီးနားတွင် ဒလန်ရှင်းလင်းရေးအဖွဲ့က မြို့ပေါ်တွင်း စစ်ကောင်စီ သတင်းပေး လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ စားသောက်ဆိုင်များ မည်သည့် ကိုမဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သည်ဟုလည်း သတိပေးပြောဆိုထားသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့သော ၂၀၂၁ ခုနှစ်ထက် ယခုနှစ် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီ သတင်းပေး ဒလန်များကြောင့် PDF အဖွဲ့များ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။ - [နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်](https://burmese.kachinnews.com/2022/09/09/az2-18/): ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ ဧက ၂၀ ကျော်ရှိခဲ့သည့်အနက် ၇ ဧကခန့်သည် ပြန်လည် ပြုပြင်၍မရအောင် ပျက်စီးသွားသဖြင့် နောင်မွန်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ပယ်ဖျက်လိုက်ကြောင်း နောင်မွန်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “ပျက်စီးသွားတဲ့ ဧက ၃၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ချို့နေရာတွေမှာက ရေဝင်ပြီး အမှိုက်ဆို့သွားတာလောက်ဘဲရှိတယ်။ ၇ ဧကလောက်ကတော့ လုံးလုံးယူလို့မရအောင်ဖြစ်သွားတယ်။ ကမ်းခြေလူမျိုး ကျောက်ခဲတွေဖုံးသွားတယ်။ တောင်ခြေနဲ့နီးတော့ မြေစာတွေအပြည့်ဖုံးသွားတယ်။ လုံးဝကို ပျက်စီးသွားတယ်။ တာဝန်ရှိတဲ့သူတွေက လယ်ယာမြေစာရင်းထဲက ပယ်ဖျက်လိုက်ကြောင်း ပြောကြားလာတယ်”ဟုပြောသည်။ မြေစာရင်းဌာနမှ ပယ်ဖျက်လိုက်သည့် လယ်ယာမြေ ၇ ဧက သည် နောင်မွန်မြို့ပေါ်ရပ်ကွက် ၅၊ ရပ်ကွက် ၁၊ နမ်ပန်ဒမ်း၊ ကဆန်ခူး၊ ကွမ်လိန်၊ ထန်ထု၊ ရပ်ဘော့ စသော ကျေးရွာနေ ဒေသခံ တောင်သူများ၏ လယ်ယာမြေများဖြစ်ကြောင်းသိရသည်။ အဆိုပါ လယ်ယာမြေများပျက်စီသွားသည့် လယ်ရှင်များအနေဖြင့် လက်ရှိ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများကို သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်အစားထိုးဖော်ဆောင်ပေးရန်အတွက် ​မျှော်လင့်နေကြကြောင်းသိရသည်။ နောင်မွန်တွင် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ရေကြီးရေလျှံမှုတစ်ကြိမ် ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ၏ လယ်စပါးခင်းအများအပြား နှင့် လမ်းတံတားများ ပျက်ဆီးခဲ့သည်။ - [ဖမ်းဆီးခံရသည့် သာယာကုန်း ဒေသခံ ၅၀ ကျော် ရိုက်နက်ခံရပြီး ပြန်လည်လွတ်လာ](https://burmese.kachinnews.com/2022/09/09/az1-23/): ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာမှ လူသားဒိုင်းအသုံးပြုရန် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၅၀ ကျော်ခန့် ရိုက်နက်ခံရပြီး စက်တင်ဘာလ ၈ရက်နေ့ လွတ်မြောက်လာကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၆ရက်နေ့ ဒေသခံပြည်သူ ၅၀ ကျော်ခန့်ကို စစ်ကောင်စီတပ်၏ စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ရက်ခန့်အကြာမှ  ပြန်လည်လွတ်လာခဲ့ရာတွင် တစ်ချို့မှာ ပြင်းထန်စွာ ရိုက်နက်ခံရသူများပါရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “သူတို့ကို ဖမ်းသွားတဲ့အချိန်မှာ စစ်သားတွေက အိမ်မီးရှို့တာတွေလုပ်တယ်။ အိမ်တွေမီးလောင်တော့ နောက်ပြန်လှည့်ကြည့်တဲ့အခါမှာ စစ်သားတွေက သူတိုပရဲ့ စစ်ဖိနပ်တွေနဲ့ မျက်နှာတွေမှာ ကန်ပေးတယ်တဲ့။ တစ်ချို့က မျက်ကွင်းတွေညိုနေတာ။ တစ်ချို့က နှိပ်စက်ခံရလို့ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်”ဟုပြောသည်။ ဖမ်ဆီးခံရသည့် ၅၀ ကျော်အနက်တွင် စစ်ကောင်စီတပ်သားများ ရိုက်နက်မှုကြောင့် ၆ဦးခန့်က ဒဏ်ရာပြင်းထန်စွာဖြင့် လွတ်မြောက်လာသည်ဟုသိရသည်။ စစ်ကောင်စီ စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၅၀ ကျော်တွင် အမျိုးသမီးများလည်းပါဝင်ကြောင်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသူများသည် ကျေးရွာအနီးတဝိုက် ဟင်းသီးဟင်းရွက်လိုက်ရှာသူများ၊ လယ်လုပ်ကိုနေစဉ်အတွင်း စစ်ကြောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သူများကို ၎င်းတို့၏ အထုပ်အပိုးများ ထမ်းခိုင်းခြင်း နှင့် စစ်ကြောင်းရှေ့တွင် သွားခိုင်းခြင်းများပြုလုပ်ခဲ့ပြီး ကျေက်ကြီးရွာအနီးတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု လွတ်မြောက်လာသူများနှင့်နီးစပ်သူ ဒေသခံများပြောဆိုချက်မှသိရသည်။ ထို့နောက် စစ်ကောင်စီတပ်သည် စစ်တင်ဘာ ၆ရက်နေ့ သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် လူနေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟုလည်း ဆက်သိရသည်။ သာယာကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ဖြင့် ရွှေကူမြို့မှ ၇မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသော … - [ချီဖွေဘက်သို့ စစ်ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီ စစ်ကား ၄စီးတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/09/08/yl1-10/): မြစ်ကြီးနားမှ ချီဖွေဘက်သို့ စစ်ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ချီဖွေမြို့နယ် အဝင် ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ စက်တင်ဘာလ ၈ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် စစ်အင်အား ၂၀ ကျော်ခန့်အပါ ဆန်နှင့် အခြား စားနပ်ရိက္ခာများသယ်ဆောင်လာသည့်  စစ်ရိက္ခာသယ် ကား ၄စီးကို ရှငေါ် ကျေးရွာအုပ်စု လောဆာနှင့် ဆနီခူး ကျေးရွာ ၂ခုကြားတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးထံမှသိရသည်။ “စစ်အင်အားက သိပ်များဘူး။ အဓိကတော့ သူတို့ရဲ့ စစ်ရိက္ခာသယ်ပို့ဖို့ပဲ။ သူတို့ တက်လာမယ်ဆိုတာကို သိလို့စောင့်ကြိုတိုက်ခိုက်ခဲ့တာဟုတ်တယ်။ ဝင်တိုက်တဲ့နေရာက လောဆာနဲ့ ဆန်နီခူး ရွာ ၂ခုကြားမှာဟုတ်တယ်။ သေဆုံးတာနဲ့ ထိခိုက်တာ ဆိုရင် ၈ယောက်လောက်ရှိမယ်”ဟုပြောသည်။ စစ်ကောင်စီယာဉ်တန်းကို KIA စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၃ဦးခန့် ကျဆုံးပြီး ၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ရိက္ခာသယ် စစ်ယာဉ်တန်းသည် KIA အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရမှုကြောင့် ချီဖွေဘက်သို့ ဆက်တက်သွားနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားဘက်သို့ ဦးတည်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁)လက်အောက် တပ်ရင်း ၄ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ချီဖွေမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်နှင့် သက်ဆိုင်သည့် ကုန်တင်ကားများကို KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ပုံမှန်ဖြစ်ပွားလျက်ရှိနေပါသည်။ - [ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နန့်မွန်းရှိ လယ်ခင်းများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/09/08/az2-17/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွား ရွာသွန်းမူကြောင့် ချောင်းရေကြီးကာ ‌ပျက်စီးဆုံရှုံးသွားသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံ မှ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နန့်မွန်းချောင်းရေသည် တောင်ကျချောင်းရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး တောင်ခြေအနီးတွင် စိုက်ပျိုးထားသည့် ဒေသခံများ၏ လယ်ဧက ၃၀ ထက်မနည်း ဗွပ်နွံဖုံးလွှမ်းခြင်း၊ ရေတိုက်စားခြင်းများကြောင့် ပျက်စီးသွားခဲ့သည်ဟု နန့်မွန်းဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”ပျက်စီးသွားတဲ့ထဲမှာ စပါးစိုက်ပြီးသားလယ်လည်းရှိတယ်။ တချို့က စပါးမစိုက်သေးပေမယ့် မြေပြိုပြီးဖုံးသွားတာတွေ လယ်ကန်ဇင်း ပျက်သွားတာတွေရှိတယ်။ ပြီးတော့လယ်ခင်းထဲမှာ ဗွပ်နွံတွေ သုံး လေး ပေလောက်ဖုံးနေတာရှိတယ်။ ခဲလုံးတွေလည်းဖုံးနေတာအများပိုင်း ဆိုးဆိုးရွားရွားပျက်စီးနေတာ ပြန်ပြင်ဖို့အကူ့ညီလိုတယ် ထွန်းစက်တွေလိုတယ်၊ ပြီးတော့ အဓိက စက်သုံးဆီလိုတယ်ဗျ စက်သုံးဆီမရှိတော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်”ဟုပြောဆိုသည်။ လတ်တလောတွင် ဒေသခံများသည် လယ်ခင်းများ ပြုပြင်ရန် လယ်ထွန်းစက်၊ မြေကော်စက်နဲ့ မြေသယ်စက်များအတွက် စက်သုံးဆီများ လိုအပ်နေပြီး ပျက်စီးသွားသည့် မြေဧက ၃၀ ကျော်သည် နန့်မွန်းဒေသခံများ၏ လယ်အများဆုံးပါဝင်ပြီး ရွှေလက်ပံရွာနဲ့ အခြားအနီးဝန်းကျင်ကျေးရွာရှိဒေသခံများ၏ လယ်မြေလည်းပါဝင်ကြောင်း သိရသည်။ ”တချို့လယ်ခင်းတွေက စိုက်ပြီးသားပါတယ် အဲ့စိုက်ပြီးသားထဲမှာ တချို့အခင်းတွေက အရမ်းကြီးမပျက်စီးသွားဘူးဗျ ဒါပေမယ့် ရေတိုက်စားထားတာဆိုတော့စပါးပင်သန်ဖို့အတွက် ဓာတ်မြေသြဇာတွေလည်းလိုအပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း အလွန်အကျွံရွှေတူးဖော်မှုကြောင့်နန့်မွန်းချောင်းနှင့် နီးသည့် တောင်ခြေဘက်တွင် မြေယာများပျက်စီးပြီး ယခုမိုးတွင်းကာလတွင် ရေကြီးရေလျှံမှုဖြစ်ကာ ရွှေတူးခဲ့သည့် မြေစာများသည် ရွံနွံအဖြစ်ပြောင်းလဲ၍ လယ်ခင်းထဲသို့ ဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ လယ်စိုက်ခင်းများ ပျက်စီးသွားရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။ - [ဖားကန့်တွင် အိမ်ထောင်သည်အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သတ်](https://burmese.kachinnews.com/2022/09/08/az1-22/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် အိမ်ထောင်ရှိသည့် အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးတစ်ဦးကို ခင်ပွန်းဖြစ်သူက မကျေနပ်၍ ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း ဒေသခံများထံ မှ သိရသည်။ လူသတ်မှု ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မော်စီဆာကျေးရွာ စျေးကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မခိုင်စုကြည် (ခ) ပါကျဲ အသက် (၂၈) နှစ်သည် အိမ်ထောင်သည် ဒေါ် အေးအေးအောင် အသက် (၄၂) ဖြစ်သူ နှင့် တွဲနေသည်မှာ အချိန်ကာလကြာပြီဖြစ်ပြီး မအေးအေးအောင်၏ အမျိုးသားဖြစ်သူ ကိုထွန်းနိုင် (ခ) ကိုမောင် အသက် (၄၂) က မခိုင်စုကြည် ကို ယမန်နေ့က ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း မအေးအေးအောင် နှင့် ရင်းနှီးသူတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။ ”တစ်ဖက်က သေသွားတဲ့သူနဲ့ အမျိုးသမီးနဲ့တွဲနေတာကကြာပြီ။ တွဲနေတယ်ဆိုတာက တစ်ဖက်ကလူက tomboy ကွာ တွဲနေတာကို မအေးအေးအောင် ယောကျ်ားက မကြိုက်ဘူး။ ပထမတစ်ကြိမ်လည်း သတိပေးဖူးတယ်တဲ့။ မတွဲဖို့ အဲ့တာကို ဆက်ပြီးတွဲနေတော့ မနေ့က ကိုထွန်နိုင်အိမ်ပြန်လာတဲ့အခါ သူတို့နှစ်ယောက်က မအေးအေး အောင်ကိုထွန်းနိုင်အိမ်မှာရှိနေတာ။ အဲ့တာနဲ့စကားများရန်ဖြစ်ပြီး မအေးအောင်ကအပြင်ထွက်သွားတာ အဲ့ချိန် ခုတ်သတ်လိုက်တာ ကိုထွန်းနိုင်က ခိုင်စုကြည်ကို အိမ်ထဲမှာပဲ ခုတ်သတ်လိုက်တာပါ့” ဟု မအေးအေးအောင်၏ အသိမိတ်ဆွေတစ်ဦး က ပြေသည်။ မခိုင်စုကြည်သည် လည်ပင်း ဓားခုတ်ဒဏ်ရာဖြင့် ထိုနေရာတွင် သေဆုံးသွားပြီး ကိုထွန်းနိုင်လည်း ဖားကန့်မြို့မရဲစခန်းသို့ မိမိကိုယ်တိုင် ဖုန်းဆက်ခေါ်ကာ အဖမ်းခံလိုက်ကြောင်း သိရသည်။ ”ကိုထွန်းနိုင်က ထွက်မပြေးဘူး လူသတ်မိလိုက်တော့ ရဲကို ချက်ချင်းဖုန်းခေါ်ဆက်ပြီး အဖမ်းခံလိုက်တာ။ မအေးအေးအောင် ကတော့ မနေ့ကတည်းက ရန်ဖြစ်စကားများပြီး ထွက်သွားကတည်းက ပြန်မလာသေးဘူး။ ပါကျဲအသတ်ခံလိုက်ရတာတောင် မသိသေးဘူးနဲ့တူတယ်” ဟု ဖြစ်စဉ်သိသူ ဒေသခံတစ်ဦးက ပြောသည်။ … - [ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/09/07/az2-16/): ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က  ဒေသခံအမျိုးသား ၁၀ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူနေအိမ်မီးရှို့ဖျက်ဆီးမှုများလည်းပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇တပ်ရင်းအဖွဲ့ စက်တင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းအချိန် ရွှေကူနယ်အတွင်းသို့ ဝင်ရောက်လာပြီး သာယာကုန်းကျေးရွာမှ အရပ်သား ပြည်သူ ၁၀ဦး ထက်မနည်းကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ ”မနေ့ကတည်းကဖမ်းခေါ်သွားတာ ခုထိတော့ ပြန်မလွတ်သေးဘူး။ ဘယ်ကိုခေါ်သွားလဲဆိုတော့ ကျောက်ကြီးရွာဘက်ကိုခေါ်သွားတယ်။ အဓိကတော့ အထမ်းထမ်းခိုင်းဖို့ခေါ်သွားတာ တိုက်ပွဲဖြစ်ရင်တော့ သူတို့ကိုလူသားဒိုင်းအဖြစ်ရှေ့ကိုသွားခိုင်မယ်ပေါ့အဲ့လိုတွေလုပ်တယ်။ ဖမ်းခံရတဲ့သူတွေကဘယ်သူဘယ်ဝါမသိရဘူး။ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးကြတဲ့ သူတွေပဲ ဆိုတော့ သေချာမသိရဘူး။ ၁၀ ယောက်ကျော်လောက်က ပါသွားတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံ ၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် သာယာကုန်းကျေးရွာမှ စာသင်ကျောင်းအနီး လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ၂လုံးကို နေအိမ်အတွင်းမှ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သွားဟုဆက်ဆိုသည်။ အဆိုပါ ဖမ်းဆီးခံရသော အရပ်သားပြည်သူ ၁၀ ဦးမှာ ကျေးရွာအနီးတဝိုက် ဟင်းသီးဟင်းရွက်လိုက်ရှာသူများနှင့် လယ်လုပ်ကိုင်သူများကို စုဆောင်း ခေါ်ဆောင်သွားကြောင်းသိရသည်။ “ဒီ နှစ်နောက်ပိုင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ သူတို့ဘက်က အထိနာလို့ ရွာသားတွေကို ဓားစာခံအနေနဲ့ ဖမ်နေတာ။ တစ်ခေါက်ဖမ်းရင် ၃၊၄ရက်လောက်ကြာမှ ပြန်လွတ်ပေးတာမျိုးရှိတယ်။ သူတို့သွားတဲ့နေရာအတိုင်း လျှောက်ခေါ်သွားတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တစ်ဦးပြောသည်။ အဆိုပါ အရပ်သားပြည်သူများကို ခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်တင်ဘာလ ၅ရက်နေ့ သာယာကုန်းနှင့် မင်းကျောင်းကုန်း ကျေးရွာ ၂ခုကြားတွင် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေစဉ်အတွင်း … - [KIA တပ်ရင်း ၉ ရှေ့တန်းစခန်းကို စစ်ကောင်စီမှ လေယာဉ်အဖြစ် အပြင်းအထန် တိုက်ခိုက်နေ](https://burmese.kachinnews.com/2022/09/07/ld1-3/): ရှမ်းမြောက် ကွတ်ခိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ ရှေ့တန်းစခန်းဖြစ်သော ကောင်းဆတ်ဘွမ် (Kawng Sak Bum) တွင် ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ကောင်စီ လေယာဉ် ၂ စီးဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု သိရသည်။ ယနေ့နံနက် ၈ နာရီခွဲခန့် မှ နေ့လည် ၁၂ နာရီအထိ ဂျက်လေယာဉ်တစ်စီးဖြင့် ၁၀ ကြိမ် ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင်လည်း Helicopter တစ်စီးဖြင့် ဆက်လက်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။ “ဒီမနက်အစောကြီးကနေ ပြန်ပစ်ကြတယ်။ မနေ့ကနေ ဒီနေ့ထိ ဆက်တိုက်ဖြစ်နေတာပေါ့။ မနက်ကနေ ဖုန်းလိုင်းပျောက်သွားတာ ခဏကမှ ရတာ။ မနေ့ကလည်း လေယာဉ်နဲ့လာပစ် ဒီနေ့လည်း ဂျက်လေယာဉ်နဲ့ ခေါက်သွားခေါက်လာ ဗုံးကြဲပစ်တယ်။ အခုလည်း helicopter နောက်တစ်စီးလာပြန်ပစ်နေပြန်ပြီ။ နမ်ဖက်ကာကနေလည်း လက်နက်ကြီးဆက်တိုက်ပစ်ကူနေတယ်။” ဟု နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီး၊ နမ်ဖတ်ကာ တပ်မ ဘက်မှလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူနေကြောင်း ပြောသည်။ ယမန်နေ့ည ကား ၂ စီးဖြင့် စစ်အင်အား ထပ်ဖြည့်ထားပြီး ယနေ့ နမ်ဖတ်ကာတစ်လျှောက် စစ်ကောင်စီ တပ်မ ၇၇ မှ စစ်အင်အား ၄၀၀ ကျော် သွားလာလှုပ်ရှားနေကြောင်း သိရသည်။ စစ်တပ်က ကောင်းဆတ်တောင်( Kawng Sak Bum) ၌ ရှိသော KIA တပ်ရင်း ၉ ရှေ့တန်းစခန်းတစ်ခုကို သိမ်းယူရန် လက်နက်ကြီး၊ လေယာဉ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။ ကောင်းဆတ်တောင်သည် နမ်ဖတ်ကာ–မူဆယ် သွားလမ်း ဟိုမုံ ( Humung) ကျေးရွာအရှေ့ဘက်တွင်ရှိပြီး ယမန်နေ့မှစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယနေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။ - [မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/09/07/az1-21/): မိုးမောက်မြို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေသောကြောင့် နှစ်ဖက်တပ်ကြားတွင် ရှိနေသော ဒေသခံ ၃၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့မှ စစ်ကောင်စီ ခမရ ၄၃၇ အင်အား ၂၀၀ ကျော် ဝင်ရောက်လာပြီး လက်ရှိ မိုးမောက်မြို့ ခါနန်ရပ်ကွက်အရှေ့ခြမ်း နှင့် အနောက်ခြမ်းတွင်ရှိသော KIA နှင့် ထိပ်တိုက်အနေအထားရှိနေသောကြောင့်တိမ်းရှောင်ရခြင်းဖြစ်သည်ဟု မိုးမောက်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”အခုက တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေကြတဲ့အနေအထားပေါ့။ သူတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကွာအဝေး ပေ ၄၀၀ လောက်ပဲ ရှိတယ်ဗျ။ ခါနန်ရပ်ကွက်က အိမ်တွေနဲ့ ဝဝမ်ရွာက အိမ်တွေနဲ့ကာနေလို့သာ တစ်ဖွဲ့နဲ့တစ်ဖွဲ့မမြင်ရတာ အခုက ဟိုဖက်ကနေ နည်းနည်းလေးတက်ခဲ့ရင်ပစ်မယ် ဒီကေအိုင်အေတွေဘက်ကနေ လည်းနည်းနည်းလေးရှေ့တိုးလာတာနဲ့ပစ်မယ်။ အဲ့လိုမျိုးဖြစ်နေတာ သူတို့နှစ်ဖွဲ့ကြားမှာက ပေ ၄၀၀ လောက်ပဲ ခြားတာ” ဟု ပြောသည်။ ခါနန်ရပ်ကွက် နှင့် ဝဝမ်ကျေးရွာသည် တစ်ဆက်တည်း တည်ရှိနေပြီး လက်ရှိ စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းသည် ခါနန်ရပ်ကွက် အထက်တန်းကျောင်းအနီး နှင့် ခါနန် KBC ဘုရားကျောင်းရှေ့တွင်စသည့် နေရာများတွင် စစ်ကြောင်း နှစ်ကြောင်းခွဲကာ တပ်ချထားသည်။ ထို့ကြောင့် ခါနန်နှင့် ဝဝမ်ကျေးရွာမှ ပြည်သူ ၂၀၀ ကျော်က လက်ရှိ မိုးမောက်မြို့တွင်းသို့ ယာယီပြောင်းရွေ့နေရကြောင်း သိရသည်။ ခါနန်ရပ်ကွက်သည် မိုးမောက်မြို့အတွင်းရှိ ရပ်ကွက်များမှ နယ်နမိတ်အကျယ်ဆုံးဖြစ်ပြီး နောက်ထပ် ခါနန် ပြည်သူ ၁၀၀ ကျော်ခန့်က ကြေးနန်ရပ်ကွက်နှင့် အလင့်ကောင့်(Alen Kawng)ရပ်ကွက် ၂ခုဘက်သို့ ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းသည် ယမန်နေ့က မိုးမောက်မြို့သို့ စစ်ကြောင်းထိုးဝင်လာစဉ် လမ်းတစ်လျှောက်၌ တွေ့သမျှ ပြည်သူများကို ရပ်တန့်စေကာ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ - [အချိန်ပို သင်ကြားပေးသော ဆရာမများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံ](https://burmese.kachinnews.com/2022/09/07/yl1-9/): ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စစ်ကောင်စီလက်အောက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် အချိန်ပိုခေါ်သင်ကြားပေးနေသော ဆရာ/မများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။ ဩဂုတ်လ မှ ကျောင်းတက်ရောက်နေသည့် ၈ တန်းကျောင်းသားများကို စာသင်နောက်ကျမှုကြောင့် အချိန်ပိုသင်ကြားပေးနေပြီး ကျောင်းသားတစ်ဦးလျှင် ငွေ ၃ ထောင်ကျပ်ကောက်ခံကာ သင်ကြားပေးနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ကျနော်တို့ မိဘတွေနားလည်ထားတာက အချိန်ပိုဆိုတာက သင်ခန်းစာမပြီးမှာ ကြောက်လို့ ခေါ်သင်တယ်လို့ဘဲ မြင်တယ်။ အခုက တစ်ဖက်မှာ ကျောင်းသားတွေဆီက မတရား ငွေညှစ်ယူတယ်လို့ပဲ မြင်ပါတယ်။ ကျောင်းမှာဆိုရင် နားလည်အောင် သင်ကြားပေးဖို့က သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒါက လုံးဝမဖြစ်သင့်ပါဘူး”ဟု ပြောဆိုသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများကြား ပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည့် အချိန် ယခုလို အချိန်ပိုသင်ကြားမှု ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံနေခြင်းကို လုံးဝမလုပ်သင့်ကြောင်း သူက ဆက်ပြောသည်။ “ဒီအချိန်က အရမ်းခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဝင်ငွေမရှိဘူး တစ်နေ့လုပ်ကိုင်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ အချိန်မှာ ကျောင်းသားမိဘတွေအတွက်လည်း ပိုပြီး ဝန်ပိစေတယ်။ တစ်ဖက်မှာ မတရားမှုလည်း ရောက်နေတယ်။ နားကြားလို့လည်းမကောင်းဘူး”ဟု ပြောဆိုသည်။ လက်ရှိ ထိုအထက်တန်းကျောင်းတွင် ၈ တန်းကျောင်းသားများ ၂၀၀ ကျော်ဝန်းကျင် တက်ရောက်နေပြီး တစ်ကျောင်းလုံးတွင် ကျောင်းသား ၂ ထောင်ကျော် တက်ရောက်နေသည့် ပူတာအိုမြို့မှ အကြီးဆုံး ကျောင်းတစ်ခုဖြစ်သည်။ စစ်တပ်က အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းတက်ရောက်သည့် ကျောင်းသူ/သားများ နည်းပါးခဲ့သော်လည်း အဆိုပါ ပူတာအို အထက်တန်းကျောင်းတွင် ကျောင်းသား အားလုံးနီးပါး ပုံမှန်အတိုင်း တက်ရောက်နေသည်ဟု … - [‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ](https://burmese.kachinnews.com/2022/09/07/sn1-4/): “မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ” ဟူသော သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ထပ်မံ ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ပရိတ်သတ် ၃ သောင်း ငါးထောင်ကျော် (Subscriber 34.8K) ရှိသော “တော်လှန်ရေး” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ (၆) ရက်နေ့တွင် နေ့လယ် ၁၂ နာရီခွဲ့ခန့်တွင် စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးရာအထိ ရှိလာနေပြီ ဖြစ်သည်။ သတင်းဆန်းစစ်ချက်အရ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် စက်တင်ဘာလ (၄)ရက်နေ့ ညနေပိုင်း ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့သို့ ထွက်သွားပြီ ဖြစ်သော်လည်း သူ့လက်အောက်မှ စစ်ဗိုလ် စိုးဝင်းသည် အာဏာသိမ်းခြင်း မရှိသေးပါ။ ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာသည် သတင်းအမှားတစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။ ယခုလို သတင်းခေါင်းစဥ်အမှားများဖြင့် ပရိတ်များစိတ်ဝင်စားအောင် နေ့စဥ် Youtube ဗီဒီယိုဖိုင်များကို ပြုလုပ်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ၄င်းတို့၏ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူများအောင်ပြုလုပ်ပြီး Youtube မှ ပိုက်ဆံရှာဖွေနေခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နေ့စဥ် လူမှုကွန်ယက်စာမျက်နှာများမှ သတင်းခေါင်းစဥ်နှင့် သတင်းအကြောင်းအရာများကို ဖတ်ရှုရာတွင်လည်း ဒေသတွင်း သတင်းဌာနများနှင့် ယုံကြည်ထိုက်သော သတင်းဖော်ပြချက်များဖြင့် တိုက်စစ်ကာ ယုံကြည် သင့်ပါသည်။ - [ကွတ်ခိုင်မြို့အဝင် တိုက်ပွဲတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိ](https://burmese.kachinnews.com/2022/09/06/ld-9/): ရှမ်းမြောက် ကွတ်ခိုင်မြို့အဝင် ယနေ့ည ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီး မော်ဟိတ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ ယနေ့ည ၇ နာရီခွဲမှစတင်ကာ စစ်တပ်နှင့် KIA တပ်ရင်း ၉ တပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကွတ်ခိုင်မြို့အဝင် မော်ဟိတ် အေးရှားဝေါးဂိတ်အနီးရှိ နေအိမ်တွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။ “ဒီညနေ ၇ ခွဲလောက်ကနေ အခု ၉ နာရှိပြီ။အခုလည်း လက်နက်ကြီးတွေ ဆက်တိုက်မြည်နေလို့ ကတုတ်ကျင်းထဲ ခိုအောင်းနေကြတယ်။ အားလုံး ကြောက်ပြီး ထိုင်နေကြတယ်။ မော်ဟိတ်က ကလေးလည်း လက်နက်ကြီး အိမ်တွင်းလာကျလို့ ဆေးရုံပို့ထားရပြီ။ စစ်တပ်ဘက် ဘယ်ဘက်က ဘယ်ဘက်ကလည်းမသိ လက်နက်ကြီးဆက်တိုက်ပစ်နေလို့ ကြောက်လန့်နေကြတာ။” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိထားသော ကလေးမှာ မောင် ဖောင်ရမ်နော်ဆန်နန် အသက် ၇ နှစ်ဖြစ်ကာ ပေါင် ၊ ဒူးခေါင်း ၊ခြေဖနောင့် စသည့် ၃ နေရာထိခိုက်ထားသောကြောင့် လက်ရှိ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ အလားတူ နောက်ထပ် ၃ ဦးလည်း ထိခိုက်ထားသည်ဟုဆိုသော်လည်း အသေးစိတ်အချက်အလက်ကို မသိရသေးပါ။ စစ်ကောင်စီက နမ်ဖတ်ကာ-ကွတ်ခိုင် လမ်းမကြီးတစ်လျှောက် အင်အား ၃၀၀ ကျော်ဖြင့် နေရာယူ သွားလာနေသကဲ့သို့ လက်နက်များ နေရာမရွေး ဆက်တိုက်ရမ်းတမ်းပစ်ခတ်မှုလည်း ရှိနေကြောင်းသိရသည်။ … - [ကန့်ဘလူနယ်အတွင်း ပျူစောထီးသင်တန်းပေးနေသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/09/06/sm1-10/): စစ်ကိုင်းတိုင်းဒေသကြီ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ ၃ခုတွင် ပျူစောထီးအဖွဲ့ကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား လင်းယုန်နီ ကန့်ဘလူ PDF ပူးပေါင်းတပ်တို့မှ ဒရုန်းစစ်ဆင်ရေးနှင့် ၆၀ မမ များဖြင့် ၃ ကြိမ်တိုက်သွာရောက် တိုက်ခိုက်ခဲ့သည်ဟု လင်းယုန်နီ PDF အဖွဲ့ထံမှသိရသည်။ လယ်လှ၊ ပေကြီး၊ ပျဉ်တောင် စသည့် ကျေးရွာ ၃ခုတွင် ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ကျေးရွာအတွင်း တပ်စွဲနေထိုင်ကာ စစ်သင်တန်းပေးနေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လင်းယုန်နီ PDF မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “သူတို့က စည်းရုံးတဲ့အနေနဲ့ သင်တန်းပေးနေတာ။ ခြိမ်းခြောက်ပြီးသင်တန်းပေးနေတဲ့အခြေနေရှိလို့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ ၃ရက်နေ့ကတစ်ကြိမ်၊မနေ့ကတစ်ကြိမ်၊ဒီနေ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ၃ရက်နေ့ကတော့  ၇ယောက်ထိတယ်။ တစ်ယောက်ကမျက်လုံးကျွတ်သွားတယ်လို့သိရတယ် မနေ့ကနဲ့ ဒီနေ့တိုက်ခိုက်ခဲ့တာတော့ အထိအခိုက်ကိုအတည်မပြုနိုင်သေးပါဘူး”ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဩဂုတ်လအတွင်းမှ လေကြောင်းလိုင်းဖြင့် ဘန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အဖွဲ့များဖြစ်ကြပြီး လက်ရှိအချိန်အထိ အဆိုပါ ကျေးရွာ ၃ခုတွင် စစ်အင်အား ၂၀ ကျော်စီဖြင့် စာသင်ကျောင်းများတွင် တပ်ချနေထိုင်ထားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ အဆိုပါစစ်ဆင်ရေးကို ကန့်ဘလူစွန်ရဲ၊ Kanbalu Underground Warriors၊ MPF U-18၊ လင်းယုန်နီကန့်ဘလူ စသည့် ညီနောင်မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၇ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ဇီးကုန်းမြို့ရှိ ပျူစောထီး ခေါင်းဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်းနိုင်(ခ)ငရွှီး ကို လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခံခံရကာ သေဆုံးခဲ့သည်။ - [‘ဒေါ့ဖုန်းယန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် KIA စစ်သားများသေဆုံး’ ဟူသော သတင်းအမှားထပ်ဖြန့်နေကြ](https://burmese.kachinnews.com/2022/09/06/sn1-3/): ဒေါ့ဖုန်းယန်မြို့နယ်တွင် ‘တပ်မတော်မှ လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ရာ KIA စစ်သားများ သေဆုံးသွား’ ဆိုသည့် စစ်ရေးနှင့်ပတ်သက်သော ဝါဒဖြန့်သတင်းအမှားတစ်ခု ထပ်မံ ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သတင်းအမှားကို စက်တင်ဘာလ (၄) ရက်နေ့တွင် ‘Truth Media’ Telegram အကောင့်မှ စတင်ဖြန့်ဝေခဲ့ပြီး ‘The Fighters Media (TFM)’ နှင့် ‘အလင်္ကာစစ်’ စသည့် Telegram အကောင့်များတွင်လည်း ဖြန့်ဝေလာခဲ့သည်။ ရေးသားထားသောအကြောင်းအရာမှာ “ဗန်းမော်၊ ဒေါ့ဖုန်းယန်နယ်မြေကို နေ့လည် ၃ နာရီကျော်လောက်က KIA အင်အား ၂၀၀ ဝန်းကျင်ခန့်လောက် တက်လာတယ်။ t ပန်းပွင်ချိန်ရောက်နေတဲ့ကောင်တွေကို တပ်မတော်လေ A5 နဲ့ မိတ်ဆက်ပေးလိုက်တယ်၊ ၇၀ကျော်လောက် မီးသွေးဖြစ်ပြီး ၂၈ ကောင် ဒန်းစီးသွားတယ်လို့ ဆက်သွယ်ရေး အင်တာမှာ တက်လာပီ” ဟု သတင်းအမှား ဖြန့်ဝေထားသည်။ အဆိုပါအကြောင်းအရာများကို သတင်းအမှားဖြစ်သည်ဟု ဖော်ပြရခြင်းမှာ စက်တင်ဘာလ (၄) ရက်နေ့ မှ ယနေ့အထိ ဒေါ့ဖုန်းယန်အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဟု မဖြစ်ပွားခဲ့ကြောင်း ဒေသခံများက KNG ကို ပြောသည်။ ထို့အပြင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲသည် ဗန်းမော်မြို့နယ်မဟုတ်ဘဲ မိုးမောက်မြို့နယ် သာ ဖြစ်သည်။ ထို့ကြောင့် ‘Truth Media’ Telegram တွင်ဖော်ပြထားသော တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် KIA စစ်သား ၇၀ ကျော် ကျဆုံးသည်ဟူသော အချက်မှာ သတင်းအမှားဖြစ်ပြီး စစ်တပ်ထောက်ခံသူများကို ဝမ်းသာပီတိဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းသာဖြစ်သည်။ ယခုအချိန် နေရာတိုင်းတွင် KIA၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် စစ်တပ်ထောက်ခံသူ စစ်တပ်လော်ဘီများသည် တိုက်ပွဲသတင်းအကြောင်းအရာများသာမက အခြားသော သတ်ဖြတ်မှုနှင့် ဖမ်းဆီးခြင်းအစရှိသည့် အကြောင်းအရာများကို … - [ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့](https://burmese.kachinnews.com/2022/09/06/zm2-2/): ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအဝင်တွင် ခြေကျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားကြောင်း သိရသည်။ ဗန်းမော်–ကသာ–မန္တလေးဘက်သို့ ဆင်းလာသည့် စစ်ကောင်စီသင်္ဘော ၆ စင်းကို မြစ်ကြောင်း လုံခြုံရေးပေးရန်အတွက် ဝေဆွယ်ရွာမှ ထွက်လာပြီး ကျောက်ထုံးကြီးကျေးရွာသို့ဝင်ရောက်ရန်တက်လာစဥ် ကျောက်ထုံးကြီးအဝင်တွင် ပြည်သူကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ ထောင်မိုင်လေးလုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ အထိနာသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ‘‘ဗန်းမော်ကနေ ဆင်းလာတဲ့သင်္ဘောက ကသာရောက်သွားပြီ။ အဲ့တာဒီနေ့မနက်မှာ ကသာကနေ ဆုန်မယ့်ဟာကို လုံခြုံရေးပေးဖို့ စစ်ကုန်းမှာ အထိုင်ချနေတဲ့ကောင်တွေက စစ်ကုန်းကနေ ဝေဆွယ် ဝေဆွယ်ကနေ ကျောက်ထုံးကြီးဘက်ကို ရှေ့ပွိုင့်အနေနဲ့ လွတ်လိုက်တဲ့အဖွဲ့ကို ကျောက်ထုံးကြီးတိုက်နယ်က ပကဖတွေက စောင့်နေလိုက်တာ။ မိုင်းကွင်းထဲရောက်တော့ မိုင်းလေးလုံးဆွဲ ပြီးပြန်ဆုတ်ခဲ့တာ။ အထိအခိုက်ကတော့ သေချာပေါက်ရှိတယ်။ မိုင်းကွင်းထဲမှာ ထိထိမိမိ ဆွဲလိုက်တာဆိုတော့” ဟုပြောသည်။ ယင်းစစ်ကြောင်းသည် အင်အား ၃၀ ကျော်ခန့်သာပါဝင်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု မခံရမှီ သေနတ်များ ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်လာသော်လည်း မိုင်းဆွဲခံရသည့်နောက်တွင် သေနတ်သံများ သိသိသာသာလျော့နည်းသွားသဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း ကသာ PDF က သုံးသပ်ပြောဆိုထားသည်။ ”သူတို့ကျောက်ထုံးကြီးကိုရုတ်တရက်တော့ မဝင်နိုင်သေးဘူး။ စစ်ကုန်းမှာကျန်ထားတဲ့အဖွဲ့တွေ ဆက်လိုက်လာပြီးမှပဲ ကျောက်ထုံးကြီး ဘုရားကုန်းဘက်ကို ဝင်သွားပြီလို့သတင်းရတယ်။ ခုထိတော့ ရွာထဲမှာတပ်စွဲထားတုန်း” ဟု ပြောသည်။ ကျောက်ထုံးကြီးကျေးရွာနေပြည်သူများလည်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာနေသည့် သတင်းကြောင့်ယနေ့ နံနက်ပိုင်းကတည်းက ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်းသိရသည်။ ယခုမိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် သြဂုတ် … - [မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ](https://burmese.kachinnews.com/2022/09/06/az1-20/): မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့်ဝင်ရောက်လာသောကြောင့် မြို့အနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်၊ မြို့သစ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာကြောင်း မိုးမောက်မြို့ ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”ဗန်းမော်ကနေတော့ကားနဲ့လာပြီး မိုးမောက်ကနေတော့ဒီဘက်ကို ခြေလျှင်နဲ့တက်လာတာဟုတ်တယ်။ မိုးမောက်မြို့ထဲမှာတော့ မရှိဘူး။ မိုးမောက်နဲ့ နီးတဲ့ရွာတွေဘက်မှာ အဓိကခါနန်ဘက်ကိုထိုးနေတာ ဒီနေ့ထိသိရတာတော့ စစ်ကြောင်းနှစ်ကြောင်းထိုးနေ ခါနန်ဘက်တစ်ကြောင်း တစ်ကြောင်းကတော့တောထဲဝင်သွားတယ်။ တောထဲဝင်သွားတဲ့စစ်ကြောင်းက အင်အားများတော့ နှစ်ကြောင်းခွဲရင်လည်း ခွဲနိုင်တယ်” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ ခါနန်ဘက်တွင် အင်အား ၈၀ ခန့် ဝင်ရောက်သွားပြီး ခါနန်အနီးတစ်ဝိုက်တောဘက်တွင် အင်အား ၁၂၀ ခန့် ဝင်ရောက်နေကြောင်း သိရသည်။ ”ခါနန်ဘက်မှာ KIA နေရာယူထားတာကြာပြီလေ။ အခုက စစ်ကောင်စီက သူတို့ဘက်ကပြန်ပြီး နယ်မြေ စိုးမိုးချင်လို့ ပြန်ဝင်လာတာပဲနေမှာ တိုက်ပွဲ ပြင်းထန်လာမှာကိုတော့ တကယ်စိုးရိမ်တယ်ဗျ။ ဒီကလူတွေကတော့ အထုပ်အပိုးအသင့် အနေထားနဲ့ သတိရှိရှိသွားလာနေကြတယ် ။ ရွာပြင်ခပ်ဝေးဝေးတောင်မသွားရဲကြဘူး” ဟု ခါနန် ဒေသခံတစ်ဦးက KNG ကို ပြောသည်။ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။ ထို့နောက် မိုးမောက်မြို့နယ်အတွင်း မြို့သစ်၊ ကုန်းလော၊ စီဟက် နှင့် မိုးမောက်မြို့ပြင်အနီးတစ်ဝိုက်တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ - [ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ](https://burmese.kachinnews.com/2022/09/06/zm1-8/): ရွှေကူမြို့နယ် သာယာကုန်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နံနက်မှစတင်ကာ မီးရှို့နေပြီဟု ဒေသခံများထံမှ သိရသည်။ စစ်အင်အား ၈၀ ကျော်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ စစ်ကြောင်းသည် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာသို့ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်မှ ဝင်ရောက်လာပြီး လူနေအိမ်များကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေသည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။ ”စရှို့တာက သာယာကုန်းစာသင်ကျောင်းကနေ စပြီးရှို့သွားတာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာလို့ရှို့တာလဲဆိုတော့ဒီရွာမှာ PDF တွေရှိတယ်။ PDF အိမ်တွေရှိတယ်ဆိုပြီးလာရှို့တာတဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျေးရွာမီးရှို့နေသော အဆိုပါစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာ နှင့် မင်းကျောင်းကုန်း ကျေးရွာကြားတွင် သင်္ဘောလုံခြုံရေးယူပေးနေစဉ် မြို့လှ PDF ၏ တိုက်ခိုက်မှုကို ခံရသဖြင့် အထိနာခဲ့ပြီးနောက် သာယာကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် ယနေ့ နံနက်အစောပိုင်းတွင် ကျောက်ကြီးရွာနှင့် အခြားအနီးဝန်းကျင်ရွာများ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦး က KNG ကို ယခုလို ပြောသည်။ ”သူတို့ဝင်လာမယ်ကြားလို့ မနက်စောကြီးကတည်းက ထွက်ပြေးနေကြပြီရွာသားတွေက။ အိမ်တွေ ဘယ်လောက်ပါသွားလောက်မလဲတော့မသိဘူး။ မီးခိုးတွေတော့အလုံးလိုက်မြင်နေရတယ်။ ခုထိပြန်ကပ်မရသေးတော့ ခြေထိပျက်စီးမှုမသိရသေးဘူး” ပြောသည်။ လက်ရှိအချိန်ထိ ပြည်သူထိခိုက်သေဆုံးမှု၊ နေအိမ်မီးရှို့ခဲ့သည့်အရေအတွက်စသည့် မြေပြင်အခြေအနေများကို KNG သတင်းဌာနမှ စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။ သာယာကုန်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ရွှေကူမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဧရာဝတီမြစ်ကမ်းနှင့်နီးသော ကျေးရွာတစ်ခုဖြစ်သည်။ - [နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင် သမိုင်းဝင်မြေနေရာ ကို ဥပဒေအကြောင်းအရ အနိုင်ရရှိ](https://burmese.kachinnews.com/2022/09/06/yl1-8/): မြစ်ကြီးနား မြို့မ ရပ်ကွက် ဧရာဘဏ်အနီးရှိ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်မြေနေရာ တစ်ခုကို ဥပဒေကြောင်းအရ အနိုင်ရရှိထားပြီဟု သိရသည်။ မြန်မာပြည်လွတ်လပ်ရေးမတိုင်မှီ ကချင်ခေါင်းဆောင်များက ကချင်ယူနိုက်တက်ကုမ္ပဏီလိမိတက် အမည်ဖြင့် အင်္ဂလိပ်အစိုးရလက်ထက်တွင် ရရှိခဲ့သောမြေနေရာဖြစ်သော်လည်း ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီက ကချင်ယူနိုက်တက်ကုမ္ပဏီကို ဖျက်သိမ်းပေးလိုက်သည့် မြေနေရာလည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ်မှ စတင်ပြီး ထိုမြေနေရာပေါ်တွင် လုပ်ငန်းရှင်တစ်ချို့က ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် မြေငှားရမ်းလိုကြောင်း ကချင်ယူနိုက်တက်ကုမ္ပဏီ၏ မြေယာထိန်းသိမ်းရေးကော်မတီထံသို့ တောင်းဆိုလာသည့်အချိန်မှစတင်ကာ ယနေ့ထိ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်လိုက်ရသည်ဟု မြေယာပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေသော တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူက KNG ကို ပြောသည်။ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ထိုစဉ်က ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က တရားလိုပြုကာ တရားမကြီးအမှုဖြင့် စတင်တရားစွဲဆိုခဲ့ကြပြီး ၄ နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မြစ်ကြီးနားပြည်နယ်တရားလွှတ်တော်ရုံးမှ အမှုအပြီးသတ် ဆောင်ရွက်ပေးခဲ့သည်ဟု ဒေါ်ဒွဲဘူက ယခုလို ပြောဆိုသည်။ “တရားစွဲဆိုထားတာက ၄ နှစ်လောက်ရှိသွားပြီ။ မနေ့က (ဩဂုတ် ၃၁) အပြီးသတ်အမိန့်ချပေးလိုက်တယ်။ ဒီနေရာက ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ မြေနေရာဆိုပြီး လက်ရောက်ရရှိဖို့အတွက် အားလုံးဝိုင်းဝန်းညှိနှိုင်းပြီး တရားစွဲဆိုခဲ့ကြတယ်။ တကယ်လည်းပဲ စွဲဆိုခဲ့တဲ့အတိုင်း တရားရုံးကလည်းပဲ ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့မြေနေရာဖြစ်တယ်ဆိုပြီး ဒီဂရီအမိန့်ချ အနိုင်ရရှိခဲ့ပြီဖြစ်တယ်” ဟု ပြောဆိုသည်။ မြေနေရာ … - [မြစ်ကြီးနား-တနိုင်း ကားလမ်းပျက်စီးနေသဖြင့် ကားသမားအချို့ ကားမထွက်ပဲ ယာယီရပ်နား](https://burmese.kachinnews.com/2022/09/05/az2-15/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးတွင် ကားလမ်းမကြီး ဆိုးရွားစွာပျက်စီးနေမှုကြောင့် ကုန်ကားများ သွားလာရခက်ခဲသဖြင့် ကားမထွက်ပဲ နားနေရသည်ဟု ကားသမားများထံမှ စုံစမ်းသိရှိရသည်။ မြစ်ကြီးနား–တနိုင်း လီဒိုလမ်းပိုင်းတွင် သြဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရှဒူးဇွပ်ကျေးရွာ နှင့် နောင်းမှီကျေးရွာကြား ၁၀ မိုင်ခန့်အထိ မြေသားလမ်းပျက်စီးနေပြီဟု ကားသမားတစ်ဦးက KNG ကို ပြောဆိုသည်။ ”ရှဒူးဇွပ် ပတ်ချာလည်မှာဆိုးတာလမ်းက မိုးရွာလို့ဆိုးတာ ဗွက်တွေအရမ်းထူတယ်ဗျ။ ကားသေးလေး တွေဆိုရင် ဗွပ်နစ်တယ် ကားလည်းမသွားနိုင်ဘူး။ ကားကြီးကားသေး သွားလာရတော့ခက်ခဲတယ်။ တွန်းရဆွဲရ လုပ်နေရတာ လမ်းကတော့။ အတော်ကိုဆိုးတယ် ၊ လမ်းမကောင်းတာ တစ်လနီးပါးရှိတော့မယ်ဗျ” ဟု ကားသမားတစ်ဦးက ပြောသည်။ ယခုကဲ့သို့ လမ်းပိုင်းပျက်စီးနေမှုကြောင့် ကားပျက်စီးမှာကို စိုးရိမ်သဖြင့် ကားသမားများ ကားမထွက်ပဲ နားထားရသည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခင်က မြစ်ကြီးနားမှ ရှင်ဗွေယန်ထိ တစ်ရက်သာခရီးဖြစ်ခဲ့သော်လည်း လက်ရှိတွင် မြစ်ကြီးနားမှ ရှင်ဗွေယန်သို့ တက်သည့်ကားများမှာ တနိုင်းတွင် ညအိပ်နားရပြီး၊ ရှင်ဗွေယန်မှ ဆင်းလာသည့်ကားများမှာ ရှဒူးဇွပ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ညအိပ်နေရကြောင်း သိရသည်။ ထို့ကြောင့် ပျက်စီးနေသည့် လမ်းပိုင်းနေရာများကို ရပ်ကွက်၊ ကျေးရွာလူကြီးများအနေဖြင့် အမြန်ပြုပြင်ပေးရန် လိုလားကြောင်း ခရီးသည်ယာဉ်မောင်းများ ပြောဆိုနေကြပါသည်။ ကချင်ပြည်နယ်နေရာအချို့တွင် ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုနှင့် လယ်စပါး ပျက်စီးမှုများ ရှိနေဆဲ ဖြစ်သည်။ - [စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို](https://burmese.kachinnews.com/2022/09/05/zm1-7/): ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးယူပေးရန် မြစ်ကမ်းတစ်လျှောက် ခြေကျင်ဖြင့်သွားလာနေသောစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ‌ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ စက်တင်ဘာလ ၅ ရက် ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများသည် ရိက္ခာတင် သင်္ဘောကို လုံခြုံရေးယူပေးရန် ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေစဉ် မိုးတားလေးရွာနှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF နှင့် နီးစပ်သော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။ “သူတို့ဘက်က သုံးယောက်ကျသွားတာ ဟုတ်တယ်။ ဖြစ်ပွားတဲ့နေရာမှာ သွေးစတွေပါ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွဲခေါ်သွားကြတယ်” ဟု ဆိုသည်။ ထိုသို့ မိုင်းခွဲခံရပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အချိန်အတန်ကြာ ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင်သင်္ဘောသည် သြဂုတ်လ ၈ ရက်နေ့ မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဖြစ်ပြီး  မြစ်ကြောင်းတစ်လျှောက် ၎င်းတို့တပ်ရှိရာနေရာများတွင် ရိက္ခာများ နှင့် စစ်အင်အားများ ပို့ဆောင်ပေးနေသည်ဟု သိရသည်။ “အဲသင်္ဘော ၆ စီးက ဗန်းမော်ထိ ရောက်တယ် မြစ်ကြောင်းတစ်လျှောက် ရိက္ခာချလာတယ်။ ခုက ပြန်စုန်လာတာဟုတ်တယ်“ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အား၊ ရိက္ခာအပြည့်နှင့် ဆန်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်၏ သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF များမှ မြစ်ကြောင်းတစ်လျှောက်တွင် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင် တိုက်ပွဲတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ - [နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး  ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့](https://burmese.kachinnews.com/2022/09/05/az1-19/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ နောင်မွန်မြို့  မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လယ်စပါး ဧက ၂၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ပျက်စီးတာက နောင်မွန်းမြို့ပေါ်က လယ်တွေနဲ့ ရနမ်‌ချောင်းဘက်က ရွာတွေရဲ့လယ်တွေပျက်စီးသွားတယ်။ အများပိုင်းကတော့ ရေကြီးလို့ ရေလွှမ်းမိုးလို့ မြေကြီးတွေဖုံးသွားတာ။ စပါးပင်တွေ ခဲလုံးတွေ ဖုံး သွားတာပေါ့။ ပျက်စီးသွားတဲ့ စပါးပင်တွေကနဂိုအတိုင်းတော့ပြန်မရနိုင်လောက်တော့ဘူး။ အရမ်းကြီး ပျက်စီးသွားတာပြီးတော့ အခုက ၉ လပိုင်းဆိုတော့ ပြန်စိုက်လို့လည်း မရတော့ဘူး” ဟု နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပျက်စီးသွားသည့် လယ်ဧက ၂၀ ကျော်သည် နောင်မွန်မြို့ပေါ်မှ သုံးပုံနှစ်ပုံခန့်ပါဝင်ပြီး ၊ ရပ်ဘော့ရွာနှင့် ပါဘော့ကျေးရွာမှ လယ်များပါဝင်ခဲ့သည်။ မလိခမြစ် ကမ်းဘေး နှင့် မလိခမြစ်လက်တက် ရနမ်ချောင်းဘေးတစ်လျှောက်ရှိ လယ်မြေများလည်း ပျက်စီးမှုတွင် ပါဝင်ခဲ့သည်။ “မိုးကတော့ နောင်မွန်မြို့ထဲမှာတော့ ဒီနေ့ထိလည်းရွာနေတုန်းပဲ။ ဒါပေမယ့်ရေက မနေ့ကတည်းက ကျသွားပြီ။ တောင်ကျ ချောင်းရေ ကြီးတာဆိုတော့ ချောင်းဖျားမှာ မိုးမရွာတော့လို့ရေကျတာ။ မြို့တွင်းဘက်တော့ ရွာနေတုန်း ရေးသင့်တွေကတော့ နေအိမ်ပြန်ကုန်ကြပြီ” ဟု နောင်မွန် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ရေကြီးမှုကြောင့် စက်တင်ဘာလ ၃ ရက်နေ့က နောင်မွန် အမှတ် (၂) ရပ်ကွက် မှ အိမ်ထောင်စု ၁၂ စု နှင့် ရပ်ဘော့ ကျေးရွာမှ အိမ်ထောင်စု ၂၀ ကျော်အထိ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ယမန်နေ့ ကတည်းက ရေကျသွားသောကြောင့် ဒေသခံအချို့ နေအိမ်ပြန်ရောက်နေပြီဟု သိရသည်။ နောင်မွန်တွင် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း … - [နောင်မွန်မြို့ပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် နေအိမ်အချို့ ရွေ့ပြောင်းနေရ](https://burmese.kachinnews.com/2022/09/03/az2-14/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူအချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ နောင်မွန်မြို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်မှ စတင်ပြီး မလိခမြစ် လက်တက်တွင် မိုးသည်းထန်စွာ ရွာသွန်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့တွင်းသို့ ရေဝင်ရောက်ခဲ့ပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ်အချို့ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း နောင်မွန်ဒေသခံ လူငယ်တစ်ဦးက KNG ကို ပြောသည်။ “နောင်မွန်မြို့ထဲမှာက အဲလောက်မရွာဘူး။ မြစ်လက်တက်မှာ မိုးကြီးတော့ ဒီဘက်ကိုရေဝင်တာ။ အခုမြေနိမ့်ပိုင်း ရပ်ကွက်က လူနေအိမ် ၂၀ ကျော်လောက်က ကုန်းပေါ်တက်နေရတယ်၊ အခုနေ့လယ်ထိတော့ ၂၀ ကျော်လောက် ပြောင်းနေပြီ” ဟု ပြောသည်။ ယနေ့ နေ့လည်ပိုင်းအထိ မြေနိမ့်ပိုင်း အမှတ် ၂ ရပ်ကွက်တွင် ရေစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀ ကျော်က ကုန်းမြင့်ပိုင်း ဖြစ်သည့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်ရှိ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွေ့နေရကြောင်း သိရသည်။ ”အထက်ပိုင်းမှာ ဒီတိုင်းပဲမိုးဆက်ရွာရင်တော့ ခြေနေပိုးဆိုးနိုင်တယ်။ ရေဒီထက်ကြီးလာရင်တော့ ရပ်ကွက် ၃ ရပ်ကွက် ၄ အထိရေဝင်မှာ။ အဲ့ဆိုတော့ခြေနေပိုးဆိုးလာမယ် ရေဘေးသင့်တွေများလာနိုင်တယ်ဗျ” ဟု ဒေသခံ တစ်ဦးက ပြောသည်။ နောင်မွန်မြို့တွင် ယခင်နှစ်ကလည်း ရေကြီးရေလျှံမှု တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ နောင်မွန်မြို့နယ်သည် ပန်နန်းဒင်မြို့အပါအဝင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ စု … - [အင်းတော် ရဲစခန်း နှင့် စာသင်ကျောင်းတွင် မိုင်းပေါက်ကွဲ](https://burmese.kachinnews.com/2022/09/03/az1-18/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မရဲစခန်းနှင့် အင်းတော် အ.ထ.က ကျောင်းတွင် ယမန်နေ့ည ၉နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။ အင်းတော် အ.ထ.က ကျောင်းဝန်းအတွင်းတွင် တစ်လုံး၊ အင်းတော်မြို့မ ရဲစခန်းနောက်ဖေးတွင် နှစ်လုံးဆင့်တချိန်တည်း ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ကပြောသည်။ “မနေ့ည ၉နာရီကျော်ကျော်လောက်မှာ ကျောင်းမှာအရင်ပေါက်ကွဲသံကြားပြီး ၁၀ မိနစ်လောက်ကြာတော့ ရဲစခန်းမှာ နှစ်လုံးထပ်ကွဲတယ်“ လို့ ဒေသသတင်းရင်းမြစ်ကပြောသည်။ ပေါက်ကွဲချိန်တွင် လူထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းမှစကာ အင်းတော်မြို့တွင်း ပြည်သူများ၏ နေအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အင်းတော်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း အင်းတော် PDF တာဝန်ရှိသူက KNG ကို ပြောသည်။ ”သူတို့ဘက်ကထောင်ထားတဲ့မိုင်းနေမှာ ကျွန်တော်တို့အဖွဲ့က လုပ်တာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အရင်တစ်ခေါက် မဲဇာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သူတို့ရဲစခန်းတွေမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထောင်ထားတယ်လို့ သိရတယ်။ ကျနော်တို့ လုပ်တာတော့ မဟုတ်ပါဘူး“ လို့ အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့် ဆက်စပ်သည့်ရုံးများနှင့် ရဲစခန်းတွင် အင်းတော် PDF ဘက်မှ ယခင်က ဖောက်ခွဲမှုပြုလုပ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်ပေါက်ကွဲမှုမှာ အင်းတော် PDF  မဟုတ်ကြောင်း ပြောသည်။ - [ပြည်သူ့စစ်အဖွဲ့ကို ဖယ်ရှားမည်ဟူသော သတင်းကြောင့် စံပြ၊ ရှဒူးဇွပ် နှင့် အောင်ရာဒေသခံများ ကျေးရွာမှထွက်ခွာ](https://burmese.kachinnews.com/2022/09/03/yl1-7/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtuzup) ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဖယ်ရှားမည်ဟူသော သတင်းစကားကြောင့် အနီးတစ်ဝိုက်ရှိ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ ဒေသခံများမှာ ကျေးရွာအတွင်းမှ ထွက်ခွာနေကြပြီဟု သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာ ၃ ခုမှ ဒေသခံတစ်ချို့ သည် ရှဒူးဇွပ်ဒေသ တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် အစည်းအဝေးပြုလုပ်ခဲ့ပြီနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ တနိုင်း ဒကစ သို့ သွားရောက်တွေ့ဆုံကာ အသနားခံစာတင်ခဲ့သည်ဟု ဆိုသည်။ ထို့တွေ့ဆုံမှုများအပြီးတွင် စစ်ကောင်စီဘက်မှ ‘KIA က တိုက်ခိုက်လာရင် တိုက်ခိုက်မည်’ ဟု အကြောင်းပြန်ခဲ့ပြီး၊ KIA တပ်မဟာ ၂ ဘက်မှ ‘ပြည်သူ့စစ်အဖွဲ့ကို ဖယ်ရှားရမည်ဖြစ်တယ်’ ဟု တုန့်ပြန်ခဲ့သည်ဟု စစ်ကောင်စီနှင့် KIA တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ “အဓိကတော့ ဒီဒေသမှာ တိုက်ပွဲကို ရှောင်ကျဉ်ပေးဖို့နဲ့ အစိုးရ ၂ဖက်က ငြိမ်းချမ်းစွာနဲ့ ဖော်ဆောင်ပေးဖို့ သွားပြောခဲ့ကြတယ်။ KIA ဘက်ကတော့ ဖက်ရှားရမယ်ဖြစ်တယ်။ နောက်ပြီး ဒကစဘက်ကတော့ သူတို့တိုက်ရင် ပြန်တိုက်မယ် ဆိုတဲ့သဘောနဲ့ ပြောဆိုလိုက်တယ်” ဟု ပြောဆိုသည်။ ထိုသို့ နှစ်ဖက်တပ်၏ တုန့်ပြန်ပြောဆိုလိုက်သည့် စကားအရ ရှဒူးဇွပ်ဒေသတွင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ယူဆကာ ဒေသခံပြည်သူအများစုမှာ ကျေးရွာမှ အခြားလုံခြုံရာဒေသသို့ ထွက်ခွာနေကြပြီဟု သူက ဆက်ပြောသည်။ “တိုက်ပွဲဖြစ်မဖြစ်က ကျနော်တို့လည်း သေချာမသိဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြတွေ မှာနေထိုင်တဲ့ ရွာသား တွေက ထွက်ကုန်ကြပြီ။ နေ့တိုင်းလိုလိုထွက်နေကြတယ်။ အိမ်စောင့်လောက်ဘဲ ဒီမှာရှိကြတော့တယ်” ဟု ပြောသည်။ စက်တင်ဘာလ ၂ ရက်နေ့ စစ်ကောင်စီ၏ လေယာဉ်တစ်စီးသည် KIA တပ်ရင်း ၁၄ … - [ဆိုင်းတောင်သပိတ်စစ်ကြောင်းအပြီး ဖမ်းခံရသူ ၈ ဦးအနက် ကိုသိန်းထွန်းကို အမှု ၂ခု ထပ်တိုးတရားစွဲ](https://burmese.kachinnews.com/2022/09/02/az2-13/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် သပိတ်စစ်ကြောင်းမှအပြန် ဖမ်းဆီးခံလိုက်ရသော ပြည်သူ ၈ ဦးကို စစ်ကောင်စီက ပုဒ်မအသီးသီးဖြင့် သြဂုတ်လ ၉ ရက်နေ့က တရားစွဲဆိုခဲ့ပြီးနောက် ၎င်းတို့အနက် ကိုသိန်းထွန်းကို ပုဒ်မနှစ်ခု ထပ်တိုး ထားသည်ဟု သိရသည်။ အဖမ်းခံရသူများအနက် ဒေါ်တိုး အသက် (၆၄) နှစ်၊ ဒေါ်ခိုင် အသက် (၅၁)နှစ် ၊ ဒေါ်မာလင်း အသက်( ၃၁) နှစ်၊ ဒေါ်လင်းလဲ့ အသက် (၄၁) နှစ်နှင့် ဒေါ်ငွေ အသက် (၃၀) နှစ်တို့ကို ပုဒ်မ–၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲထားပြီး ၎င်းတို့နှင့်အတူ ပါလာသည့် ဦးသိန်းထွန်းကို ပုဒ်မ–၅၀၅ (က) အပြင် လက်နက်အက် ဥပဒေ –၁၉ (စ) ဖြင့် ကနဦးက အမှုဖွင့်တရားစွဲခဲ့သည်။ သို့သော်လည်း ဦးသိန်းထွန်းကို အကြမ်းဖက်မှု ၁၉ (ည) ၊ အကြမ်ဖက်မှု ၁၉ (က)တို့ဖြင့် ထပ်တိုးအမှုဖွင့်လိုက်ကြောင်း ကိုသိန်းထွန်း နှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ”အမိန့်ချဖို့ကတော့ကြာအူးမယ်လို့သိရတယ်။ ရုံးကတော့ထုတ်တယ် အဲ့အမှုဖွင့်ပြီးနောက် ၂ခါလောက်တော့ထုတ်ပြီတဲ့ ကျန်တဲ့အမျိုးသမီး ၇ ဦးကတော့ ၅၀၅ နဲ့ပဲဆိုတော့မြို့နယ်မှာပဲ ကိုသိန်းထွန်းကို ပုဒ်မ –၁၉ နဲ့ ဆိုတော့ ခရိုင်မှာလည်းစစ်တယ်”ဟု ပြောသည်။ ကိုသိန်းထွန်းအား ပုဒ်မ ၅၀၅ အပြင် အကြမ်း ဖက်မှု ပုဒ်မ–၁၉ ဖြင့် ထပ်မံ တရားစွဲခြင်းမှာ ဖမ်းဆီးခံရစဉ်က ပစ္စတိုတစ်လက် တွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ကို ဇူလိုင်လ ၁၃ ရက်နေ့ည ၅ နာရီအချိန်တွင် သပိတ်စစ်ကြောင်းမှအပြန် ကျောက်စိမ်းတောင် တံတားအနီးတွင် စစ်ကောင်စီနှင့် ရဲများက သေနတ်ထောက် ကားရပ်ခိုင်း၍ … - [ကွတ်ခိုင် ကချင် ကျမ်းစာကျောင်းတွင် လက်နက်ကြီး ကျရောက်ပြီး ကျောင်းသား ၄ ဦး ထိခိုက်](https://burmese.kachinnews.com/2022/11/03/ld-11/): ရှမ်းမြောက် ကွတ်ခိုင်မြို့ KBC ကျမ်းစာကျောင်းထဲ စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယနေ့ည ၈ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်လိုက်ရာ ကျမ်းစာကျောင်း ယောကျာ်းလေးအဆောင်တွင် ကျရောက်ခဲ့သဖြင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။ “လက်နက်သံ အသေးစား ပရဲ့အရဲ့နဲ့ အရင်မြည်ပြီး လက်နက်ကြီးတစ်ခါထဲမြည်လာတာ။ ကျမတို့လည်း အားလုံးကြောက်ပြီး ကတုတ်ကျင်းထဲရောက်နေတယ်။ နှစ်ကြော့လောက်မြည်ပြီး ပြန်တိတ်သွားပြီ။” ဟု ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိခိုက်သူ ကျောင်းသား ၄ ဦးနှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါ။ စစ်တပ်အနီး လက်နက်ငယ်အသံများ စတင်ကြားရပြီးနောက် စစ်တပ်မှ လက်နက်ကြီး ယမ်းတမ်းပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ် ဟိုမုန်းကျေးရွာအနီး ကောင်းဆတ်ဘွမ်တွင် နိုဝင်ဘာ ၂ ရက် ယမန်နေ့ကလည်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ - [လုံဂျာဘွမ်တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/11/03/az2-42/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နှင့် ခါနန် စသည့် ကျေးရွာနေ ဒေသခံပြည်သူများက လက်နက်ကြီးများထိမှန်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဆိုပါ ကျေးရွာ ၄ ခုမှ စစ်ဘေးရှောင်ပြည်သူများ တစ်ထောင်ဝန်းကျင်ခန့်သည် မိုးမောက်မြို့ပေါ် ကြေးနန်ရပ်ကွက်၊ အလောန့်ကောင့်ရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေးကျောင်းဆောင်များ၊ ဘုန်းကြီးများနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရပြီး ၎င်းတို့ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေသည်ဟု ခါနန်ရပ်ကွက် စစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောသည်။ “စစ်ရှောင်လာတဲ့ ပြည်သူတွေက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အားလုံးက တစ်နေရာထဲမှာမဟုတ်ဘူး နေရာခွဲပြီးနေကြတယ်။ လောဆယ်က လိုအပ်ချက်တွေအများကြီးရှိနေတယ်။ အဓိကပြောရမယ်ဆိုရင် အစားအသောက်တွေပေါ့။ ဆန်၊ ဆီ၊ ဆားလိုအပ်နေတယ်။ ဒီိမှာရောက်လာတဲ့သူတွေက ကိုယ်လွတ်ထွက်ပြေးလာကြတဲ့သူတွေပဲဆိုတော့ ဘာမှပါမလာကြဘူး။ ဆိုင်ကယ်တစ်စီးမှာ သုံး လေး ယောက်စီးပြီး ပြေးလာခဲ့ရတာ ဘာအဝတ်အထည်တွေလည်း ပါမလာဘူး။ အဲ့ကြောင့်အဝတ်အထည်တွေလည်းလိုအပ်တယ်”ဟုပြောဆိုသည်။ လက်ရှိ စစ်ရှောင်အကူအညီများလိုအပ်နေသည့်အပေါ်  တတ်နိုင်သည့် ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းပေးရန် စစ်ရှောင်ပြည်သူများက တောင်းဆိုထားသည်။ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့ စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းအပါ မြေပြင်တွင်လည်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ … - [ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းအင်တာနက်အစား Mytel Wifi တပ်ဆင်နေ](https://burmese.kachinnews.com/2022/11/03/az1-60/): ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi ကို အခကြေးယူပြီး အလျှင်အမြန်တပ်ဆင်လာကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် တစ်နှစ်ကျော်အကြာတွင် ယခုကဲ့သို့ စစ်တပ်ပိုင် Mytel Wifi အင်တာနက်တပ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိ ဖားကန့်မြို့ပေါ်နှင့် အချို့ကျေးရွာများထိ တပ်ဆင်မှုပြီးစီးနေပြီဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”ကြိုး Wifi ဟုတ်တယ် အခုကြိုးတွေဘာတွေတပ်နေပြီ အခုဖားကန့်မြို့ပေါ်မှာတော့ ကြိုးတွေအကုန်ဆွဲပြီးပြီ။ လိုင်းတွေလည်း အကုန်ရနေပြီတဲ့ ဒါပေမယ့် မရောင်းသေးတာ ကြိုးတွေတော့ နေ့တိုင်းလိုလိုဆွဲနေတာ မနားဘူး” ဟု ပြောသည်။ အဆိုပါ Mytel Wifi စက်များတွင် ဖုန်းငါးလုံးအထိအသုံးပြုနိုင်မည့် 5mbs သာပါရှိမည်ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၈၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဟု သိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်ကို ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ပြီး Mytel Wifi အင်တာနက် အလျှင်အမြန် တပ်ဆင်လာနေခြင်းသည် စစ်တပ်၏ အကျိုးစီးပွားအတွက် အသုံးချနေခြင်းသာ ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုလိုသည့် ဒေသခံများမှာ IP Star တပ်ဆင်ထားသည့် အင်တာနက်ဆိုင်များတွင် တစ်နာရီကျပ် ၅၀၀၀ နှင့်ကျပ် ၁၀၀၀၀ ကြားပေး၍အသုံးပြုနေရသည်။  - [မိုးမောက် လုံဂျာဘွမ်တွင် စစ်တပ်က‌ လေယာဉ်ဖြင့် ဓာတုအဆိပ်ငွေ့ ပစ်ခတ်ခဲ့](https://burmese.kachinnews.com/2022/11/02/zm2-6/): မိုးမောက်မြို့ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်ကို စစ်ကောက်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုအဆိပ်‌ ငွေ့အသုံးပြုခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ စစ်ကောင်စီတပ်သည် KIA နှင့် PDFများရှိရာ လုံဂျာဘွမ်ကို လွန်ခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်အချိန်ထိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၄ ရက်နေ့ ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု KIA ရှေ့တန်းရင်းမြစ်က KNG သတင်းကိုပြောသည်။ ”မီးခိုးလုံးကြီးကျလာပြီဆိုရင် ခန္ဓာကိုယ်တစ်ကိုယ်လုံးပျော့ခွေသွားတာ ဘာမှကိုမလုပ်နိုင်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆိပ်ဖြေအောင် လုပ်ယူရတယ်“လို့ KIA ရှေ့တန်းရင်းမြစ်မှ တာဝန်ရှိသူက ပြောသည်။ အလားတူ ပြီးခဲ့သည့် ဩဂုတ်လတွင်းဖြစ်ပွားခဲ့သည့် မြို့လှတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သည် ဓါတုအဆိပ်ငွေ့ အသုံးပြုခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။ ယခုနောက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းများတွင် ဓါတ်ခွဲခန်းဝတ်စုံနဲ့တူသည့် ခဲရောင်ဝတ်စုံဆင်တူ ဝတ်ဆင်ထားသူများလည်း ပါဝင်လာကြောင်း သိရသည်။ “အဲခဲရောင်ဝတ်စုံဝတ်ထားတဲ့သူတွေ စစ်ကြောင်းတစ်ကြောင်းမှာ ၁၀ ယောက်လောက်ပါလာတယ် ကျနော်တို့ သုံးသပ်ရသလောက် ဒီလူတွေက ဓါတုလက်နက်ပစ်မယ့်သူတွေဖြစ်နိုင်တယ်“ဆိုပြီး KPDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ‌စက်တင်ဘာလမှစတင်ကာ ကချင်– စစ်ကိုင်းနယ်စပ်သို့ လေကြောင်းအသုံးပြုပြီး သိသိသာသာ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် လက်ရှိ မိုးမောက်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် လက်ရှိမှာ ဝဝမ်ရွာ၊ လုံဂျာရွာ၊ ခွန်ဂျာရွာ၊ နောင်ပေါက်နှင့် ခါနန်ရပ်ကွက်နေ ပြည်သူများသည်မိုးမောက်မြို့ပေါ်ရှိ ခရစ်ယန်ဘုရားကျောင်းများနှင့် အသိဆွေမျိုးနေအိမ်များ၊ ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင်နေရကြောင်းသ ိရသည်။ မိုးမောက်၊ ဗန်းမော်နှင့် ကသာဘက်မှတက်လာသည့် စစ်ကောင်စီစစ်သား အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကြောင်း ၃ ကြောင်းခွဲ၍ လုံဂျာဘွမ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ … - [ကသာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် အင်းတော်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၂ ဦး အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်ခံထားရ](https://burmese.kachinnews.com/2022/11/02/az2-41/): ကသာမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကြောရေးသို့ပို့ဆောင်လိုက်ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ရိုက်နက်ခံထားရကြောင်း သတင်းရရှိသည်။ အင်းတော် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဝင် ၂ ဦးသည် ကသာမြို့နယ် မိုးတားကျေးရွာသို့ ဆိုက်ကယ်ဖြင့် ဆေးသွားပို့စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီးနောက် ကသာ ခမရ ၃၀၉ တပ် စစ်ကြောရေးသို့ ပို့ခံလိုက်ရခြင်းဖြစ်သည်။ “မိုးတားကြီးဘက်ကို ဆေးသွားပို့တော့ အတွင်းဒလံကြောင့် ဖမ်းခံလိုက်ရတာ ခါတိုင်းဆိုအဲ့ဂိတ်မှာ စစ်လေ့မရှိဘူး သတို့သွားတဲ့ အခါကျမှ စစ်တော့ သေနတ်တွေပါသွားတယ်။ စစ်ကြောရေးထဲမှာ ရိုက်နက် စစ်ဆေးတော့ တစ်ယောက်က ဒဏ်ရာပြင်းထန်ပြီး ကျန်မာရေးစိုးရိမ်ရတယ်”ဟု ပြောဆိုသည်။ အင်းတော်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦးမှာ အသက် ၂၇ နှစ်အရွယ် မောင်ကျော်လင်းထွန်းနှင့် အသက် ၃၅ နှစ်အရွယ် အောင်ကိုမင်းတို့ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်မြို့အပါ ကသာနယ်နှင့် အခြားမြို့နယ်များတွင် ယခုနှောက်ပိုင်း စစ်ကောင်စီတပ်မှ စစ်ဆေးရေးတင်ကြပ်ပြီး ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာသည်။ - [လေကြောင်းအကူနဲ့ ရေကြောင်းအားသာလာတဲ့ စစ်ကောင်စီတပ်](https://burmese.kachinnews.com/2022/11/02/zm1-23/): မြေပြင်မှာထိန်းချုပ်မူအားနည်းလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသအထက်ပိုင်း ကချင်ပြည်နယ်ဘက်ကို စစ်အင်အား၊ လက်နက်၊ ရိက္ခာ၊ လောင်စာဆီ၊ လေယာဉ်ဆီတွေကို ဧရာဝတီမြစ်ကြောင်းကို အဓိကအသုံးပြုလာတာ တွေ့ရပါတယ်။ “ဒီထိတက်လာဖို့ဆိုရင် စစ်ကိုင်းကဖြတ်ရမှာလေ အဲလမ်းတစ်လျှောက်သူတို့ဖြတ်လို့မလွယ်ဘူး ခနနတိုက်ခံနေရတော့ ရေကြောင်းကိုပိုအားသာလာကြတယ်။ ရေကြောင်းက သူတို့ကိုထိရောက်တဲ့တိုက်ခိုက်မူ မလုပ်နိုင်ဘူးဆိုတာ သိနေလို့ ခုနောက်ပိုင်းရေကြောင်းကို သွင်သွင်ကျယ်ကျယ်သုံးလာတာတွေ့ရတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရင်က ရွှေဘို–အင်းတော်–မြစ်ကြီးနား လမ်းနှင့် ထီးချိုင့် ကားလမ်းတွေကို အသုံးပြုပြီး လောင်စာဆီတင်ပို့ပေမယ့် လမ်းကြောင်းတစ်လျောက် ပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် ရေကြောင်းကို အဓိက အသုံးပြုလာတာဖြစ်ပါတယ်။ သို့သော် ရေကြောင်းဖြင့် ပို့ဆောင်လာရာမှာလည်း သင်္ဘောတက်လာရာ မြစ်ကြောင်းတစ်လျှောက် မကြာခနဆိုသလို KIA နှင့် PDF ပူးပေါင်းတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်မူခံနေရကာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၈ ရက်နေ့ မန်းလေးမှဗန်းမော်ဆန်တက်လာတဲ့ သင်္ဘော ၆ စီး တိုက်ခိုက်ခံရမူမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မူအများဆုံးရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အထိနာလာတဲ့ စစ်တပ်ဟာ ပြည်သူတွေကိုငဲ့ညာခြင်းမျိုးမရှိဘဲ စက်တင်ဘာလကနေစပြီး သင်္ဘောဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက် တိုက်လေယာဉ်အပြင် ရဟတ်ယာဉ်တွေနဲ့ သင်္ဘောကို အနီးကပ် ကင်းထောက်ပေးပြီး လမ်းကြောင်းရှင်းတာတွေ စတင်လုပ်ဆောင်လာပါတယ်။ ဒီလိုလေကြောင်းအသုံးပြုလာတဲ့အတွက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအနေနဲ့ ပစ်ကွင်းကို ရှောင်ပေးလိုက်ရတာတွေ ပိုများလာတယ်လို့ သိရပါတယ်။ “အဲပုဇင်းက သင်္ဘောတက်တဲ့လမ်းတစ်လျှောက် နိမ့်နိမ့်လေးပျံနေတာ ဘယ်လောက်ထိနီးလဲဆိုရင် အဲပုဇင်းကနေ စက်သေနတ်နဲ့ မြေပြင်ကနေတောင် လှမ်းပစ်လို့ရတယ်။ ပစ်လို့ရပေမယ့် ကိုယ့်ဘက်က အရမ်းအထိနာနိုင်တဲ့ဟာမျိုးတွေမို့ရှောင်လိုက်ရတာတွေရှိတယ်။ ပြီးတော့ ပြည်သူတွေကိုလည်း ငဲ့တာပါတယ် ကျနော်တို့ဘက်ကသာ သေရင်သေပစ်ကြည့်လိုက်လေ သူတို့ကခုထက်ပိုပြီး ယမ်းပစ်တော့မှာ” ဟု ဆိုသည်။ သင်္ဘောတွေကို အနီးကင်းထောက်ပေးနေတဲ့ စစ်ရဟတ်ယာဉ်ဟာ ကသာမြို့အခြေစိုက် ခမရ ၃၀၉ မှဖြစ်ပြီး တိုက်လေယာဉ်ကတော့ မန္တလေးတံတားဦးဘက်မှ တက်လာတာလို့လည်း … - [လုံဂျာဘွမ်သို့ စစ်တပ်အင်အားထပ်တိုး လက်နက်ကြီးပစ်ခတ်သံများကြားရဟု ဒေသခံများပြော](https://burmese.kachinnews.com/2022/11/02/az1-59/): မိုးမောက်မြို့နယ် လုံဂျာဘွမ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ပြန်လည်ကြားရပြီး စစ်ကောင်စီဘက်မှလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းလာသည်ဟု ဒေသခံများထံမှ သိရသည်။ “ဒီမနက်ကနေ လုံဂျာဘွမ်တောင်ဘက် လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်။ အချက်ပေါင်းအများကြီး ကြားရတယ် ။ ဘယ်ဘက်ကနေ ပစ်ခတ်နေလဲမသိဘူး။ ဒါမှမဟုတ် တိုက်ပွဲဖြစ်နေတာလား။ တစ်ချို့က တိုက်ပွဲငြိမ်သွားပြီထင်လို့  စပါးရိတ်ဖို့သွားကြတယ်။ လက်နက်ကြီးသံတွေ ပြန်ကြားရတော့ အကုန်ပြန်ထွက်ပြေးလာကြတယ်” မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ လက်ရှိတွင် ဒေသခံများ လက်နက်ကြီးသံအဆက်မပြတ်ကြားနေရဟုပြောဆိုနေသော်လည်း တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ အသေးစိတ်မသိရသေးပါ။ ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်မှစကာ ဗန်းမော်မြို့ဘက်ကနေ မိုးမောက်မြို့ လုံဂျာဘွမ်တောင်ကုန်းဘက်သို့ စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်း ၂ခုဖြင့် စစ်အင်အား ၁၀၀ ဝန်းကျင် စစ်အင်အားထပ်မံဖြည့်တင်းလာသည်ဟု မျက်မြင်တွေ့ရှိသည့် မိုးမောက်ဒေသခံများထံမှသိရသည်။ “မနက်အစောကြီး ၄ နာရီလောက်မှာ တစ်ကြောင်းသွားလိုက်တယ်။ ၇ နာရီလောက်မှာ နောက်တစ်ကြောင်း ထပ်ရောက်လာတယ်။ စစ်ကြောင်း ၂ ခုမှာ စစ်အင်အား က ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ဝင်လာတာက ခါနန်၊ ဝဝမ် ဘက်ကနေပဲ ဝင်တာကြတာဟုတ်” ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ဘက်ကို မိုးမောက်မြို့ အခြေစိုက် ခမရ ၄၃၇ တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့ အနောက်ဘက်ခြမ်းစသည့်  ၅ နေရာခန့်မှ နေ့စဉ်အဆက်မပြတ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုသည်။ ထိုသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အလွန်အကျွံပစ်ခတ်မှုကြောင့် မိုးမောက်ဒေသခံများဖြစ်ကြသည့် ခါနန်၊ လုံဂျာနှင့် ဝဝမ် … - [မင်းကင်းနယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး ၅ ဦးအထက်သေဆုံး](https://burmese.kachinnews.com/2022/11/02/sm1-32/): စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သေမသောက်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းနေထိုင်သည့် တပ်စခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်များစုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၄ တို့နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “တိုက်ပွဲအတွင်း သူတို့ဘက်က ရှေ့မှာတင် တစ်ခါတည်း ၅ ယောက်လှဲကျသွားတာတွေ့ရတယ်။ တစ်ချို့က ထိပြီး ဒဏ်ရာနဲ့တကွ ထွက်ပြေးတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ယူနီဖောင်းဝတ်စုံအပြည့်နဲ့ စစ်သားတစ်ယောက်ပါတယ်။ ကျနော်တို့ဘက်က ရဲဘော် ၂ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ အဲ့ကြောင့် ကျနော်တို့ဘက်က တစ်ခါတည်း ခေါက်ပြန်သွားတယ်”ဟုဆိုသည်။ တိုက်ပွဲအတွင်း ၂ ဖက်တပ် အပြန်အလှန် တစ်နာရီခန့်အကြာ ပစ်ခတ်မှုကြာမြင့်ခဲ့ပြီးနောက် PDF အဖွဲ့ဘက်က ပျူစောထီးများကိုင်‌ဆောင်သည့် Carbine M 2သေနတ်၃လက် သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။ ယခုလို စစ်ကောင်စီအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ထိုဒေသတွင် စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆက်သိရသည်။ သေမသောက်ကျေးရွာသည် မင်းကင်းမြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီအဖွဲ့ အများဆုံးနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်ဟုသိရသည်။ - [လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီ ၅ နေရာမှ လက်နက်ကြီးပစ်ခတ်နေသဖြင့် တောင်သူများ စပါးရိတ်သိမ်းချိန်ကျော်လွန်](https://burmese.kachinnews.com/2022/11/01/az1-58/): တိုက်ပွဲပြင်းထန်သည့် မိုးမောက်မြို့ အရှေ့ဘက်ခြမ်း လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျာဘွမ်တောင်ခြေအနီးတဝိုက် လယ်ယာစိုက်ပျိုးသည့် ဒေသခံတောင်သူများ လယ်လုပ်ငန်း အချိန်မှီ မရိတ်သိမ်းနိုင်သည့် ပြဿနာကြုံတွေ့နေရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်း ကုန်းကြောင်းလမ်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လူနေရပ်ကွက်များနှင့် လယ်ခင်းများထဲ လက်နက်ကြီးများ ကျမှန်ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် ခါနန်၊ လုံဂျာနှင့် ဝဝမ် စသည့် ကျေးရွာ ၃ခု၏ တောင်သူများ လယ်ယာစပါးရိတ်သိမ်းယူရန် နှောင့်နှေးမှုရှိ နေသည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ခါန်န်၊ လုံဂျာ၊ ဝဝမ်တစ်လျှောက်က ဒေသခံတွေရဲ့ လယ်ခင်းတွေမှာ လက်နက်ကြီးတွေ ကျမှန်တာတွေရှိတယ်။ တစ်ချို့လက်နက်ကြီးတွေဆို လယ်ကွင်းအပြင်ဘက် အနီးအနားမှာပဲ လာကျတာရှိတယ်။ အဲ့ကြောင့် ဘယ်သူမှ အသက်နဲ့ရင်းပြီး မရိတ်ရဲကြဘူး။ စစ်သားတွေက လက်နက်ကြီးတွေကို နေ့တိုင်းလိုလိုပစ်နေတယ်။ လယ်စပါးတွေကမည့်နေပြီ အခုထိ ဘယ်သူမှမသွားရဲကြသေးဘူး”ဟုဆိုသည်။ လုံဂျာဘွမ်တောင် တိုက်ပွဲဖြစ်ပွားသည့် နေရာဘက်တွင် မိုးမောက်အခြေစိုက် ခမရ ၄၃၇တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့ အနောက်ဘက်ခြမ်း စသည့် ၅ နေရာခန့်မှ လက်နက်ကြီးများ နေ့တိုင်းလိုလိုပစ်ခတ်နေသောကြောင့် ဒေသခံတောင်သူများ လယ်မသိမ်းနိုင်သည့် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကလည်း လုံဂျာကွင်းမှာ ပြည်သူတစ်ယောက်ရဲ့ လယ်ခင်းထဲမှာပဲ လက်နက်ကြီးတစ်လုံးကျတယ် အဲ့နေ့က လူမရှိလို့ ဘာမဖြစ်လိုက်ဘူး။ လက်နက်ကြီးကျတဲ့ နေရာမှာက စပါးခင်းတွေ ပျက်စီးသွားတယ်။ မြေကြီးတွေလည်း ပြောင်းလှန်သွားတဲ့အထိပဲ”ဟု နောက်ထပ် … - [KIA တပ်ရင်း ၁၅ လုံဂျာဘွမ်စခန်းကို သိမ်းပိုက်ခဲ့သည်ဆိုသော စစ်တပ်ထောက်ခံသူများဖြန့်ဝေသော သတင်းအမှား](https://burmese.kachinnews.com/2022/10/31/lungja-bum/): မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၅ နယ်မြေ လုံဂျာတောင်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ သိမ်းပိုက်ရရှိခဲ့သည်ဆိုပြီး သတင်းအမှားကို စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ(၃၀) ရက်နေ့ တွင် ရေးသားဖြန့်ဝေခဲ့ပြီးနောက်  ကိုလှရွှေ(သတင်းမှန်), Kyaw Swar, Truth media, Myanmar Update News နှင့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ အစရှိသည့် Telegram အကောင်များတွင်လည်း ထပ်မံဖြန့်ဝေလာခဲ့သည်ကို တွေ့ရသည်။ ‘Manaw Myay’ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖြန့်ဝေထားသောအကြောင်းအရာမှာ “စစ်ကောင်စီ တပ်မှ  အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၅ နာရီ ခန့်တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲပြီး KIA တပ်မဟာ (၃ ) ရင်း ၁၅ နယ်မြေ  လုံဂျာတောင် မှာရှိတဲ့ KIA/PDF တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်” ဟု ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ ထို့အပြင် တိုက်ပွဲတွင် KIA/PDF တပ်ဖွဲ့များ သေဆုံးမှုများပြီး တပ်ဆုတ်ခွာထွက်ပြေးခဲ့သည်ဆိုပြီး လုံဂျာတောင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ထင်မြင်မိအောင် ရုပ်ပုံများနှင့်တကွ ဖော်ပြထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး မိုးမောက်ဒေသခံများကို KNG က မေးမြန်းကြည့်ရာ အဆိုပါနေရာသည် လုံဂျာတောင် စစ်တပ်စခန်းမဟုတ်ဘဲ ရွာထိပ်ကုန်းရှိ … - [လမုန် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ဖမ်းဆီးရိုက်နက်မှုပြုလုပ်ပြီး ငွေကြေးတောင်းခံနေ](https://burmese.kachinnews.com/2022/10/31/yl1-27/): တနိုင်းမြို့နယ် လမုန် (Lamung) ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြစ်ချောင်းပေါ် မောင်းနင်းနေသော စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး ခရီးသည်အချို့လည်း ရိုက်နက်ခံရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဦးယောဘ (ခီဖာဝူ) ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့သည် လက်နက်အပြည့် အရပ်ဝတ်ဖြင့် တနိုင်းချောင်းနှင့် လမုန်ချောင်း ဆုံသည့်နေရာတွင် တံငါစက်လှေများနှင့် ကုန်တင် စက်လှေများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ပစ္စည်းပေါ်မူတည်ပြီး ကောက်ကြတယ်။ ကောက်တာကလည်း သိန်းဂဏန်းအထက်ပဲ။ ကုန်ပစ္စည်းပါတဲ့ စက်လှေတွေဆိုရင် ၃ သိန်း၊ ၄ သိန်းအထိတောင်းတယ်။ အဲ့လိုတောင်းတော့ ပြည်သူတွေက ဘာလို့ကောက်တာလဲ။ ဘယ်အဖွဲ့အစည်းကလဲ လို့မေးရင်လည်း နင်တို့သိစရာမလိုဘူး ဆိုပြီးပြန်ပြောတဲ့။ ပြီးရင် သူတို့တားခိုင်းပြီး မရပ်တဲ့ စစ်လှေသမားတွေကို ရအောင်ခေါ်ပြီး ရိုက်နက်တာတွေ လုပ်ပေးတယ်”ဟု ပြောဆိုသည်။ ယခုပတ်အတွင်း တနိုင်းချောင်ပေါ်တွင် ပြေးဆွဲသည့် စစ်လှေသမားများကို ရပ်ပေးရန် တားမြစ်ပြီး မရပ်ပေးသည့် စက်လှေသမားများ ဖမ်းဆီးရိုက်နက်ခံရသူ ၇ ဦးအထက်ရှိပြီဖြစ်သည်ဟုလည်း သိရသည်။ ပြည်သူ့စစ်အဖွဲ့သည် ကုန်ပစ္စည်းအပြည့်ပါရှိသည့် စက်လှေတစ်စီးကို ကျပ် ၃ သိန်းမှ ၄ သိန်းဝန်းကျင်အထိ၊ စစ်လှေစီးနင်းပါလာသည့် ပြည်သူများကို သောင်းဂဏန်းကောက်ခံနေပြီး စက်သုံးဆီတစ်ပေပါ  ၂ သောင်းဝန်းကျင်အထိ ကောက်ခံနေကြောင်း သိရသည်။ လမုန်ဒေသတွင် ပြည်သူ့စစ်အဖွဲ့၏ ငွေကြေးအတင်းအဓမ္မကောက်ခံနေသည့် လုပ်ရပ်ကြောင့် ဒေသခံ ပြည်သူများအတွက် သွားလာသည့် လမ်းကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်စေကာ လုံးခြုံရေးအတွက်ပါ စိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု သတင်းအရင်းအမြစ်က ဆက်ဆိုသည်။ “ဒီဘက်မှာက ကုန်းလမ်းဘက်ကနေ သွားလာဖို့ … - [ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/10/31/sm1-31/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများတွင် လှုပ်ရှားသွားလာနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဒေသခံကာကွယ်‌ရေးတပ်ဘက်က ၄ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၆၀၀၆ စစ်ကြောင်းနှင့် ပျူစောထီး ၂၀၀ ဝန်းကျင်ဖြင့် ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းကို သွားလာနေစဉ် ယနေ့အထိ ၁၀ ရက်တာအတွင်း ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ဝေဟင်မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီဘက်က ကျဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ “ကန့်ဘလူရဲ့ အရှေ့တောင်ဘက်ကကျေးရွာတွေကို ပြီးခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ပျူနှင့်စခ အင်အား၂၀၀ကျော်နဲ့ ပတ်ဝင်ပြီးမီးရှို့နေတာ သူတို့ဘက်ကမီးရှို့လာပြီဆို မိုင်းနဲ့ကာခဲ့တာမျိုးတွေပေါ့။ ကျနော်တို့သိသလောက် ဖုန်းမိုင်းနှစ်လုံးနဲ့ မိမိရရ တိုက်ခိုက်နိုင်လိုက်တာ ပျူတွေနဲ့ခွေးတွေတော်တော်ပြုတ်သွားတယ် သိသလောက်၃၀လောက်ဂန့်သွားတယ် ကြားတယ်။ တစ်ယောက်ကတော့သေနတ်ဒဏ်ရာနဲ့ ပြန်လွှတ်လာတယ်” ဟု ကန့်ဘလူဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ဖမ်းဆီးခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးမှာ ရွာမရွာမှ အသက်၂၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး စစ်ကောင်စီဘက်က ဝင်ရောက်နေသည့် ၁၀ ရက်အတွင်း ကျွန်းပင်ကုန်းကျေးရွာမှ ရဟန်းနှစ်ပါးနှင့် ဒေသခံ၄ဦးတို့လည်းဖမ်းဆီးခံခဲ့ရကာ ယနေ့အချိန်ထိ အဆက်အသွယ်တေစ်စုံတစ်ရာ မရရှိသေးကြောင်း သူက ဆက်ပြောသည်။ ထို့အပြင် ယနေ့ မနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များသည် မဲသည်ကျေးရွာကို မီးတင်ရှို့ခဲ့ပြီး ဇီးပင်သာကျေးရွာဘက်သို့ စစ်ကြောင်းရောက်ရှိနေသည်ဟု သိရှိရသည်။ စစ်ကောင်စီဘက်က ပြီးခဲ့သည့်အောက်တိုဘာ ၂၂ မှ ယနေ့အထိ ၁၀ ရက်တာအတွင်း ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ဉာဏ်အင်းကျေးရွာမှ နေအိမ်၁၁လုံး၊ ရွာမကျေးရွာမှ နေအိမ် ၈ လုံး၊ အင်းလယ်ကြီးကျေးရွာမှ နေအိမ် ၁၃၂ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ယခုလို စစ်ကောင်စီတပ်ဘက်မှ ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးကာ နေအိမ် မီးရှို့သွားသောကြောင့် ရွာပေါင်း၂၀ ကျော်မှ ပြည်သူ ၃သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရှိရသည်။ - [ဖားကန့်တွင် ဓာတ်ဆီ တစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်](https://burmese.kachinnews.com/2022/10/31/az1-57/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်နေကြောင်း ဒေသခံများ ပြောသည်။ ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီ တင်ပို့မှုကို စစ်ကောင်စီတပ်မှ အောက်တိုဘာ ၁၅ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ နန့်ယား (Nam Ya) ဂိတ်တွင် တားမြစ်ထားဆဲဖြစ်သောကြောင့် လက်ရှိဖားကန့်မြို့တွင် ဆီပန်းဆိုင်ကြီးအချို့ပိတ်ထားသည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။ ”ဆီပန့်ဆိုင်ကြီးတွေမှာတော့ မရတော့ဘူးဗျ။ ပိတ်နေတာကြာပြီ အခုကဘယ်လို ဆိုင်လေးတွေမှာရလဲဆိုတော့ အပြင်ပုလင်းချိန်ရောင်းတဲ့ လမ်းဘေးဆိုင်တွေ ဆိုင်သေးလေးတွေမှာပဲရောင်းတယ်။ အဲ့တာတောင် တစ်ဂါလံကို ၂၂၀၀၀ တဲ့ တစ်သောင်းဖိုးဝယ်တာ တစ်လီတာကျော်ကျော် နည်းနည်းလေးပဲရတယ်”ဟု အေးမြသာယာ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါပုလင်းချိန်ရောင်းသည့် ဓာတ်ဆီဆိုင်များတွင်လည်း လူတစ်ဦးလျှင် တစ်ဂါလံနှုန်း အကန့်သတ်ဖြင့်သာ ရောင်းချပေးနေပြီး ဒီဇယ်မှာ လုံးဝပြတ်လပ်နေကြောင်း သိရသည်။ ”ဆိုင်သေးလေးတွေမှာ ဒီဇယ်တော့မရဘူးဗျဓာတ်ဆီပဲရတယ်။ ဒါပေမယ့်ကားတွေကတော့တချို့သွားနေကြတာပဲ။ တချို့ကအရင်ကတည်းက နှစ်ပေပါ သုံးပေပါထိကြိုဝယ်ထားကြတော့ သွားလာကြတာတော့ရှိတယ် ဆိုင်ကယ်အတွက်ပဲ စျေးကြီးလည်းထည့်နေကြတာပဲ မထည့်ပဲမှမရတာကို” ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့်တွင် ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်ပြီး ဓာတ်ဆီးစျေးတက်နေသည့်အတွက် လူမှုကူညီရေးအသင်းများ၊ စက်သုံးဆီကို အမှီပြု၍ စီးပွားရေးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ကိုင်သူများ အခက်အခဲဖြင့်ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။ ”အခုက လူနာလာရင်လည်း ဘယ်လိုပြောနေရလည်းဆိုတော့ဆီကအဆင်မပြေဘူးပဲပြောနေရတာ တကယ့်လို့သွားရင်တောင်အရင်က မြစ်ကြီးနားကို လမ်းကြောင်းတစ်ကြောင်းထွက်ရင် ၈၀၀၀၀ လောက်ပဲကုန်တယ် အခုက ၃၀၀၀၀၀ လောက်ကုန်နေတာ အဲ့တော့အဆင်မပြေနိုင်ဘူးဗျ” ဟု ဖားကန့်အခြေစိုက်လူမှုကုညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ - [NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း ၆ မှ အရာရှိအချို့ကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2022/10/29/f-10/): ဖားကန့်မြို့ အနန့်ပါ တွင် စစ်ကောင်စီ မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း (၆) မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းလိုက်သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို “Manaw Myay” ဆိုသည့် စစ်ကောင်စီလော်ဘီ ဖေစ့်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရေးသားဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၇၉ ယောက်ရှိနေပြီကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာမှာ “ KIA တပ်မဟာ ၉ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်မင်းအပါအဝင် ရင်း ၆ မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း PDF လေ့ကျင့်ရေး လက်နက်တိုက်ပေါက်ကွဲသွားပြီး KIAနှင့် PDF အဖွဲ့ဝင်အများအပြား သေဆုံး” ဆိုပြီး ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ NLD အမတ် အောင်ဟိန်းမင်း ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသည့်အချက်ကို စုံစမ်း စစ်ဆေးကြည့်ရာတွင် သတင်းအမှားဖြစ်နေသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် အောင်ဟိန်းမင်း ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞ ဆိုပြီး မီးပိတ်သပိတ် လူထုလှုပ်ရှားမှုကြီး ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို တိုက်တွန်းထားသည့်စာကို ရေးသားဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် အောင်ဟိန်းမင်းကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော ဖော်ပြချက်မှာ သတင်းအမှားတစ်ခုသာ ဖြစ်သည်။ ဖားကန့်လွှတ်တော်ကိုယ်စားလှယ် အောင်ဟိန်းမင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုကြား အထင်မှား အမြင်မှားဖြစ်အောင် ‘Manaw … - [မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား](https://burmese.kachinnews.com/2022/10/29/az1-56/): မိုးမောက်မြို့အရှေ့ဘက် လုံဂျာ ဘွမ်(တောင်ကုန်း) ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေဆဲ ၁ ပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ မိုးမောက်မြို့အရှေ့ဘက် တောင်ကုန်းရှိ လုံဂျာဘွမ်ကို လေကြောင်း၊ ကုန်းကြောင်းဖြင့် စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။ ”ဒီနေ့ နေ့လယ်ပိုင်းထိပစ်နေတုန်းပဲ သူတို့က နေ့တိုင်းလိုလို မနက် ၇ နာရီ ၈ နာရီလောက် ကနေစပစ်ရင် နေ့လယ် တစ်နာရီလောက်ထိပစ်။ ကြားမှာနားလည်း ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲနားတယ်။ တစ်နေကုန်းပစ်တာ မြေပြင်မှာလည်း ပစ်တယ် လက်နက်ကြီးတွေနဲ့လည်း သုံး လေး နေရာလောက်ကနေ ပစ်ကူတယ်။ စစ်သားအင်အားလည်း နေ့တိုင်းလိုလို ဖြည့်တယ်။ အင်အားအလွန်အကျွံသုံးပြီး တိုက်နေတာတောင် ၇ ရက်ရှိပြီ။ တောင်ကုန်းပေါ်ကနေကို မတက်နိုင်သေးဘူး”ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လုံဂျာ ဘွမ် (တောင်ကုန်း) ကို တိုက်ခိုက်ရာတွင် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်တိတိသည် ကုန်းကြောင်း၊ လေကြောင်းဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့ပြီး မိုးမောက်အခြေစိုက် ခမရ ၄၃၇ တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့အနောက်ဘက်ခြမ်းစသည့် နေရာငါးနေရာမှ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ ”၂၄ ရက်နေ့အထိတော့လေကြောင်းသုံးတယ် ဂျက်ဖိုက်တာနဲ့လာပစ်တယ်။ ဟတ်စကီးနဲ့လာပစ်တယ်ခုလေယာဥ်မလာတာ လေးရက်ရှိပြီ။ ဒါပေမယ့် စစ်သားအင်အားကတော့ နေ့တိုင်းပို့တယ် တစ်ရက်နဲ့တစ်ရက်မတူဘူး အင်အားက တစ်ရက်တလေက ၅၀ လောက်ပို့တယ် တစ်ရက်တလေတော့ ၁၀၀ လောက်ပို့တယ်ဗျ။ ဗန်းမော် မိုးမောက်လမ်းကနေပဲပို့တယ်။ စစ်သားတွေကိုတော့ ဒါတောင်သူတို့က နေ့တိုင်းအထိနာနေတယ်” ဟု မိုးမောက်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများကို လူနာတင်ကားများဖြင့် နေ့တိုင်းလာရောက် သယ်ယူနေပြီး ၎င်းတို့ကို ဗန်းမော် ၄ … - [KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား](https://burmese.kachinnews.com/2022/10/29/yl1-26/): ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။ ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ ကျောက်နီ၊ ရွှေမှော်များနှင့် ဖားကန့်မြို့တွင်း ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းများကို ရပ်တန့်စေလိုသည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “သူတို့က အနီးတဝိုက်မှာရှိတဲ့ မှော်တွေမှာ အခွန်အကောက်လုပ်လို့မရတာတွေရှိလာတယ်။ အခုဆို သံဇာတတူးဖော် တာတွေ ပြန်ရှိလာတော့ သူတို့ထိန်းချုပ်ချင်တဲ့သဘောမှာရှိနေတယ်။ ဒါပေမယ့် သူတို့က ဝင်လို့မရတော့ဘူး။ ဒီမှော်တွေကိုက KIA က ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်။ အဲ့ကြောင့် အဲ့မှော်တွေမှာ ဆန်တို့ ဆီတို့ မဝင်နိုင်အောင် နန့်ယားစစ်တပ်ဂိတ်မှာ ထိန်းချုပ်ထားတဲ့သဘောမှာရှိတယ်” ဟု ဆိုသည်။ နမ့်ယာ စစ်တပ်ဂိတ်တွင် ဆန်နှင့် စက်သုံးဆီများကို ပိတ်ဆို့ထားသည့်အတွက် ဖားကန့် လမ်းမကြီးတစ်လျှောက် ကျေးရွာများမှာ ဆီပြတ်လပ်သည့် ပြဿနာကြုံတွေ့နေရပြီဟု သူက ဆက်ဆိုသည်။ “ဆီနဲ့ ပတ်သက်တဲ့ အကုန် ဒီ နန့်ယား စစ်တပ်ဂိတ်မှာ ပိတ်ထားတယ်။ ဆီးကားတွေ တစ်ရာကျော် သွားခွင့်မရလို့ ပြန်ခေါက်သွားတဲ့ ဆီးကားတွေလည်းရှိတယ်။ ဒီကနေ့အထိ ကျနော်တို့ ဒီနားတစ်လျှောက်က ဆီတွေအကုန်ပြတ်သွားပြီ။ သူတို့ အချင်းချင်း အာဏာပြတာက အရေးမကြီးဘူး ပြည်သူတွေပဲ နေရ ထိုင်ရတာ ခက်ခဲလာတယ်” ဟု … - [ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ](https://burmese.kachinnews.com/2022/10/28/az1-55/): စစ်ကောင်စီ၏ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ထောင်ဒဏ်ချတ်မှတ်ခံခဲ့ရသည့် ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်မောင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် ဖားကန့်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။ ကိုဇော်ဝင်မောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ် ၁ နှစ် ၆လ နှင့် ပို့ကုန်/သွင်းကုန် အက်ဥပဒေအရ ပြစ်ဒဏ် ၁ လ အပါ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၇ လအထိ ချမှတ်ခံခဲ့ရပြီး သာမန်လွတ်ရက်စေ့ပြီး လွတ်မြောက်လာခြင်းဖြစ်သည် လွတ်မြောက်လာသူ ကိုဇော်ဝင်းမောင်က KNG ကိုပြောသည်။ “ကျနော် ဒီမနက်ပဲ ၁၀ နာရီလောက်မှာလွတ်လာပါတယ်။ သာမန်လွတ်ရက်စေ့လို့ လွတ်လာတာပါ”ဟုပြောဆိုသည်။ ယနေ့လွတ်မြောက်လာမှုတွင် ကိုဇော်ဝင်မောင်နှင့်အတူ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်ဆီးခံရသည့် ကိုမျိုးဦးခေါ်သူအပါ ၂ ဦးလွတ်မြောက်လာသည်ဟုသိရသည်။ ကိုဇော်ဝင်းမောင်သည် ဖမ်းဆီးခံရမှုမတိုင်မှီ ဖားကန့်မြို့နယ်အတွင်းမှ ဖြစ်ပျက်နေသည့် သတင်းများကို သတင်းဌာနများသို့ ပေးပို့သည့် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့ လုံးခင်းကျေးရွာတွင် ညဆီမီးသပိတ်ပြုလုပ်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သူများ ပြည်သူ ၄၄ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ထို ပြည်သူ ၄၄ ဦးရှိသည့်အနက် လွတ်မြောက်လာသူ ၂၇ ဦးရှိပြီးဖြစ်သည်။ - [ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့](https://burmese.kachinnews.com/2022/10/27/fack-check-1/): ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်အတွက် တေးဂီတပွဲကျင်းပနေစဥ် အောက်တိုဘာလ (၂၃) ရက်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင်း အပြစ်မဲ့ပြည်သူအချို့နှင့် ကချင်ဝါရင့်အဆိုတော် သေဆုံးခဲ့သည် ဆိုသော သတင်းသည် ဟောလဟာလသတင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သည့် သတင်းကို စစ်တပ်သတင်းဌာနတစ်ခု ဖြစ်သည့် မြဝတီသတင်းဝက်ဆိုက်တွင် အောက်တိုဘာလ (၂၄) ရက်နေ့က ဖော်ပြထားခဲ့သည်။ မြဝတီသတင်းဝက်ဆိုက်တွင်  “သတင်းတု သတင်းမှားနှင့် သတင်းလိမ်များ ဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတ ဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင် အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေ လျက်ရှိကြောင်းတွေ့ရှိရသည်” ဟု ဖော်ပြခဲ့သည်။ အဆိုပါ ဖော်ပြချက်သည် ဝါဒဖြန့် သတင်းအမှားသက်သက်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၆၂ နှစ်ပြည့် KIO အထိမ်းအမှတ် တေးဂီတပွဲကျင်းပနေစဥ် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ကချင်ဝါရင့်အဆိုတော် အော်ရာလီ(Aurali) နှင့် ကီးဘုတ်သမား ဇခုန်ဇော်မွန်(ခ)ကိုကင်း (Ko King) အပြင် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သောသတင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာသတင်းများတွင် တွေ့ရှိကြပြီ ဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် “သေဆုံးသူ ၆၂ ဦးရှိခဲ့ကြောင်း” Myitkyina News Journal ကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် အတည်ပြုပြောဆိုထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် မြဝတီသတင်း … - [ဆယ်ဇင်းတွင် စစ်ကောင်စီ တပ်စခန်းနေရာချရန် ဒေသခံပြည်သူများကို အတင်းအဓမ္မဖယ်ရှားခိုင်း](https://burmese.kachinnews.com/2022/10/27/az2-40/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ဘုရားငါးဆူနေရာတွင် စစ်ကောင်စီတပ်မှ တပ်စခန်းနေရာအသစ်ဆောက်လုပ်ကာ တပ်စွဲနေထိုင်နေသည့်အတွက် ဒေသခံ အိမ်ခြေ ၃၀ ဝန်းကျင်ခန့်ကို အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ကြောင်းသိရသည်။ ဘုရားငါးဆူအနီးတဝိုက်တွင် လက်လုပ်စား စိုက်ပျိုးခြံ လုပ်ကိုင်သူများ နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ထိုနေရာတွင် ရှိနေသည့် ပြည်သူများကို ဖယ်ရှားပေးရန် လာရောက်သတိပေးပြောဆိုခဲ့သည်ဟု ဘုရားငါးဆူအနီးတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ “ဘာလို့ဖယ်ရှားခိုင်းနေလဲတော့ သေချာမသိရဘူး ၄၊ ၅ ရက်လောက်ရှိပြီ ဟုတ်တယ်။ အဲ့မှာ လူများများစားစားတော့မနေဘူး ခြံလုပ်တဲ့သူတွေနဲ့ ဝက်မွေးတဲ့ဘာမွေးတဲ့သူတွေပဲရှိကြတယ်။ စစ်တပ်က သတိပေးတော့ ကြောက်လို့ အားလုံး ထွက်ပြေးကုန်ပြီ”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဩဂုတ်လ ၉ ရက်နေ့ ဆယ်ဇင်းကျေးရွာကို လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်း လက်ရှိအချိန်အထိ တပ်စွဲနေထိုင်လျက်ရှိနေရာ ဘုရားငါးဆူနေရာတွင်လည်း တပ်စခန်းအသစ်တစ်ခုဆောက်လုပ်ထားသည်ဟု သိရသည်။ “အခုက ရွာထဲမှာကော ငါးဆူဘုရားနားမှာကော ကတုတ်ကျင်းတွေလုပ်ပြီး သံဆူးကြိုးတွေနဲ့ အကုန်ခတ်ထားပြီ အဲ့နေရာမှာ နေဖို့လုပ်နေကြတယ်”ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ဖယ်ရှားရန် သတိပေးမှုကြောင်း ၎င်းနေရာတွင် နေထိုင်ကြသည့် အိမ်ခြေ ၃၀ ဝန်းကျင်ခန့်  လုံးခင်း ဟောင်းပါဘက် နီးစပ်ရာ ရွှေ့ပြောင်းနေကြပြီးဖြစ်သည်ဟုသိရသည်။ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းကြောင့် ဆယ်ဇင်းကျေးရွာ လူနေအိမ် ၆၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၂၀၀၀ ဝန်းကျင်သည် လုံးခင်း၊ ဟောင်ပါးနှင့်တာမခံ ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိနေသည်။ - [ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ](https://burmese.kachinnews.com/2022/10/27/yl1-25/): ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ - [ဗန်းမော်တွင်  KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး](https://burmese.kachinnews.com/2022/10/27/az1-54/): ကချင်ပြည်နယ် ဗန်းမော်တွင် KIA စစ်သားများတက်လာသည်ဟု ပြောဆိုကာ ဗန်းမော် ၄ မိုင် စစ်တပ်ကုန်းမှ လက်နက်ကြီး ခြောက်လန့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ၄ မိုင်စစ်တပ်နှင့် ၁ မိုင်ခန့်အကွာတွင်ရှိသည့် ဘုံဘောကျေးရွာဘက်သို့ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်သန်းဌေးခေါ်သူ အသက်သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ဒေသခံတွေပြောကြတာက အဲ့ဒီဘုံဘောဘက်ကနေ ၅ မိုင်ဘက်ကို KIA တွေတက်လာကြတယ်ဆိုပြီး ၄ မိုင် စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုတာ။ အဲ့မှာ မံခွန်ကျေးရွာက အခုသေဆုံးသွားတဲ့ အမျိုးသမီးက အခင်းထဲမှာရှိနေတာ လက်နက်ကြီးကျမှန်တော့ သူ့ရဲ့ဗိုက်ကနေ မိုင်းစဖောက်ဝင်ပြီး အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်”ဟုဆိုသည်။ ယမန်နေ့တွင်လည်း ဗန်းမော်ဘက်သို့ ရေကြောင်းလိုင်းဖြင့် ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို လုံးခြုံရေးအတွက်ဟုဆိုကာ ဗန်းမော်မြို့တွင်း တပ်မှ ဧရာဝတီမြစ်ကမ်း တစ်ဖက်ဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်စစ်တပ်မှ မိုးမောက် လုံဂျာဘွမ်ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက် အထက်တန်းကျောင်းတွင် လက်နက်ကြီးတစ်လုံး ကျကွဲမှုဖြစ်ပွားခဲ့ရာတွင် ခါနန်ရပ်ကွက် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော KIA ၊ PDF တို့ကြားတိုက်ပွဲပြင်းထန်လျက်ရှိနေပါသည်။ - [ဗန်းမော်တွင် စစ်ရိက္ခာသယ် သင်္ဘောများ ဝင်ရောက်နေသဖြင့် စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်နေ](https://burmese.kachinnews.com/2022/10/26/zm1-22/): ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို ကာကွယ်ရန်အတွက် လုံခြုံရေးဟုဆိုကာ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် နေကြောင်း ဗန်းမော်ဒေသခံ များထံမှသိရသည်။ “စစ်ရိက္ခာသယ်လာတဲ့ သင်္ဘောတွေ ဒီကနေ့ရောက်မယ်ဆိုတော့ လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ထုနေကြတယ်။ ဒီကနေ့ ၁ နာရီလောက်ကနေ ပစ်နေကြတယ် အချက်ပေါင်းမနည်းတော့ဘူး။ ပစ်လိုက်နားလိုက် လုပ်နေတာ အချက်ပေါင်း ၃၀ ကျော်လောက်ရှိပြီ”ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီးသည် အောက်တိုဘာလ ၂၀ ရက်နေ့  ထီးချိုင့်နယ်ဘက်မှ ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဗန်းမောက်မြို့သို့ ဆိုက်ရောက် လာခြင်းဖြစ်ကာ စစ်ကောင်စီတပ်မှ လုံးခြုံရေးအရ ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ဒေသခံများပြောသည်။ စစ်ကောင်စီ စစ်သင်္ဘော ၇ စီးတွင် စစ်အင်အားအပါအဝင် လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ အပြည့်တင်ဆောင်လာကြောင်းသိရသည်။ ဗန်းမော်မြို့တွင်းမှ စစ်ကောင်စီ လက်နက်ကြီး ပတ်ခတ်မှု အများပြည်သူရှိသည့် ဧရိယာအတွင်းသို့ ရောက်ရှိနိုင်သည်ဟုလည်း ဒေသခံများပြောဆိုနေကြသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီတပ် မြေပြင် စစ်ကြောင်းထိုးခိုက်ခိုက်နေပြီး လေကြောင်းလိုင်းဖြင့်လည်း ၃ ရက်ဆက်တိုက်ခိုက်နေသောကြောင့် ၂ ဖက်တပ်စစ်ရေးတင်းမာလျက်ရှိနေပါသည်။ - [ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတင်းကြပ်နေသည့်အတွက် KIA ဘက်မှ ညမထွက်ရ အမိန့်ထုတ်ပြန်](https://burmese.kachinnews.com/2022/10/26/az1-53/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အများပြည်သူကို ရှောင်တခင် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည့်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် KIA အမိန့်ထုတ်ထားသည်ဟု သိရသည်။ ဖားကန့် မြို့တွင်း မြို့ပြင် လမ်းကြောင်းနေရာများဖြစ်ကြသည့် ဆန်းကြွယ် တံတား၊ ပန်းတင်တံတားနှင့် လုံးခင်းလမ်းဆုံး နေရာများအနှံ့တွင် စစ်ကောင်စီ အဖွဲ့မှ စစ်အင်အား အများအပြားဖြင့် လမ်းပိတ်ဆို့ စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဖားကန့်မြို့ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “သူတို့ ဂိတ်ပိတ်ပြီး ပုံမှန်စစ်နေတာမျိုးတော့မဟုတ်ဘူး ခါတိုင်းစစ်နေတဲ့ နေရာတွေမှာ သူတို့စစ်ချင်တဲ့အချိန်တိုင်းစစ်နေတာ။ မနက်အစောကြီးလည်း စစ်တယ် နေ့လည် နေ့ခင်းလည်း စစ်တယ်။ ဖားကန့်မြို့ပေါ်ဆိုရင် ဖားကန့်အဝင်တွေမှာစစ်တယ် ကျောက်စိမ်းတောင် တံတားတွေမှာစစ်တယ် ဖားကန့်ရဲစခန်းနေရာတွင်မှာစစ်တယ်”ဟုပြောဆိုသည်။ စစ်ကောင်စီ စစ်သားနှင့်ရဲများက လမ်းတံတားများ၊ ဆိုင်းတောင်၊ လုံးခင်နှင့် ယူမာတို့ ရွာအဝင်အထွက် လက်ကိုင်ဖုန်းအတွင်းပါရှိသည့် ဓါတ်ပုံများ၊ ဖုန်းအဆက်အသွယ်များ၊ Messages Box ၊ ဆိုင်ကယ်တူးဘောက်၊ ကားရှေ့ဖုံး၊ အတွင်းခန်းများမကျန် စစ်ဆေးလျက်ရှိနေသည်ဟုသိရသည်။ ယခုလို စစ်ကောင်စီဘက်မှ စစ်ဆေးရေးအလွန်တင်းကြပ်လာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ မလိုအပ်ဘဲ ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် မိန့်စာကို ကချင်စာဘာသာဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လိုက်လံကပ်ထားသည်ကို မြင်တွေ့ရသည်ဟု သိရသည်။ KIA ဘက်မှ ည အပြင်အထွက်ရန် သတိပေးစာ ထုတ်ပြန်လိုက်ပြီးသည့်နောက်ပိုင်း အောက်တိုဘာလ ၂၅ ရက်နေ့ မှစပြီး  ပြည်သူများအားလုံး လုပ်ငန်းခွင်များအစောသိမ်းဆည်းကာ … - [ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို](https://burmese.kachinnews.com/2022/10/25/yl1-24/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ A Nang Pa တွင် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုသည် ‘ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေခြင်းသာဖြစ်သည်’ ဟု ကချင်လူထု ပြောသည်။ စစ်ရေးနှင့် မသက်ဆိုင်ဘဲ ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပေါ် ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “စစ်တပ်က ကျနော်တို့ အတွက် မိတ်ဆွေမဟုတ်ဘူး ရန်သူသာဖြစ်တယ် ဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရတယ်။ အခုလို ပွဲလုပ်နေတဲ့အချိန်အတွင်း ဗုံးကျဲတိုက်ခိုက်တာက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်။ ဒါကလုံးဝမဖြစ်သင့်ဘူး” ဟု ပြောဆိုသည်။ A Nang Pa ပွဲပြုလုပ်နေသည့် ၃ နေရာခန့်တွင် ဗုံးကျဲခံရသဖြင့် သေဆုံးသူဦးရေ ၈၀ ဝန်းကျင်အထိရှိခဲ့ပြီး ထိုထဲတွင် KIA အရာရှိ ၈ ဦးထက်မနည်း၊ ကချင်အနုပညာရှင် ၄ ဦးထက်မနည်း၊ လုပ်ငန်းရှင်များနှင့် အရပ်သားပြည်သူ အများအပြားသေဆုံးမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသွားသည့် ကချင်အနုပညာရှင် ၄ ဦးထဲတွင် တေးသံရှင်ကြီး အော်ရာလီ (Aurali) ၊ ကီးဘုတ်သမား ကိုကင်း (Ko King) တို့ပါဝင်သည်။ ယခုလို စစ်ရေးနှင့်သက်ဆိုင်မှုမရှိဘဲ အများပြည်သူစုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် အင်အားကြီးအသုံးပြုကာ တိုက်ခိုက်ခဲ့သည့်အပေါ်  KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG ကို ယခုလိုပြောဆိုသည်။ “လူတစ်ဦးတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရင်တောင်သိနိုင်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်က အများပြည်သူရှိနေတာ သိနေရက်နဲ့ လာပြီး ဗုံးကျဲတယ်ဆိုကတည်းက နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်ရာဇဝတ်မှုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၃ ရက်ည အရပ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် နောက်ရက် အောက်တိုဘာ … - [မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ](https://burmese.kachinnews.com/2022/10/25/ld-10/): ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄ ဦးခန့် ထိခိုက် ဒဏ်ရရှိထားကြောင်း သိရသည်။ “၁၀၅ မိုင်ကနေလည်း လက်နက်ကြီးပစ်နေတယ်။ မိုင်ဖန်ဘက်ကနေလည်း ပစ်နေတယ်။ ဒီမုံးပေါ်ထဲကလည်း ပစ်နေတယ်။ အခု ၃ ဦးထိထားတယ်။ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ကြပြီး စစ်တပ်က လက်နက်ကြီး ရမ်းတမ်းပစ်နေတုန်း။” ဟု မုံးပေါ်ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်စ ထိမှန်ထားသူများတွင် အမျိုးသမီး ၂ ဦးပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီး ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ရွာသားများ ကတုတ်ကျင်းများတွင်း ပုန်းခိုနေရနေသည်ဟု မိုင်ဖန်ရွာခံတစ်ဦးကလည်း ယခုလိုပြောသည်။ “ခဏက ည ၇း၁၀ မိနစ်ကနေ တိုက်ပွဲဖြစ်လာတာ။ စစ်တပ်စခန်းကို လာပစ်တာ။ ခုထိ စစ်တပ်က လက်နက်ကြီးပစ်နေတုန်း ရွာသားတွေကြောက်ပြီး ပုန်းခိုနေကြရတယ်။ ရွာသားတွေထိမှာကိုပဲ စိုးရိမ်နေတယ်။” ဟုပြောသည်။ မုံးပေါ်အနီး မိုင်ဖန်ရွာရှိ ၎င်းခြေလျင်တပ်စခန်းသည် စစ်ကြောင်း ၂ ခုဖြင့် မုံးပေါ်ဒေသတွင် ပုံမှန်စစ်ရေးလှုပ်ရှားနေပြီး လက်နက်ကြီးများလည်း ပုံမှန်ရမ်းသမ်း ပစ်ခတ်လျက်ရှိသကဲ့သို့ KIA၊ MNDAA တို့နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိသည်။ - [စစ်လှေမှောက်ထဲပါသွားသည့် စစ်ကောင်စီ လက်နက်များ ဒေသခံများကို အတင်းအကြပ်ဆယ်ယူခိုင်း](https://burmese.kachinnews.com/2022/10/25/zm1-21/): ရွှေကူမြို့နယ် မြိုင်သာယာကျွန်း နှင့် ပေါလောကျွန်းကြားတွင် စစ်ကောင်စီ၏ စစ်လှေတိမ်းမှောက်ခဲ့သည့်အတွက် လက်နက်အချို့ ရေထဲမြှုပ်ပါသွားခဲ့ရာ ဘိုကုန်းကျေးရွာ ဒေသခံများအား အတင်းအကြပ်ဖိအားပေးကာ လက်နက်များဆယ်ယူခိုင်နေကြောင်းသိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က မင်းကျောင်းကုန်းရွာမှ စက်လှေ ၃ စီး ဘိုကုန်းဘက်သို့ ကူသွားခဲ့ရာတွင် စက်လှေ တစ်စီးတိမ်းမှောက်သွားခဲ့သည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။ “သူတို့က တံငါ စစ်လှေအသေနဲ့ လက်နက်တွေတင်ပြီး ဘူကုန်းဘက်ကိုကူးသွားပြီ။ ဘယ်လိုဖြစ်ကြလဲတော့မသိဘူး တစ်စီးက မြှုပ်သွားတယ်လို့သိရတယ်။ သူတို့ရဲ့ ခြင်းကြား ၃ သုံးနဲ့ လက်နက်တစ်ချို့ ရေထဲမြှုပ်သွားတာ အဲ့ဒါကို သူတို့က မဆယ်ရဲကြဘူး ဒီဘက်ကလည်း PDF အဖွဲ့က အဲ့လက်နက်လာဆယ်ရင် ပစ်ဖို့စောင့်နေတာကို သတင်းရလို့ဖြစ်မယ် ရွာသားတွေကိုရေငုတ်ဆင်းခိုင်းနေတယ်”ဟုပြောသည်။ ရေမြှုပ်သွားသည့် စက်လှေတွင် စစ်သားအချို့လိုက်ပါခဲ့သော်လည်း ရေးကူးလွတ်မြောက်သွားပြီး လက်နက်များသာ ကျန်ရှိခဲ့ကြောင်းသိရသည်။ စစ်ကောင်စီအဖွဲ့ စစ်လှေမြှုပ်သွားသည်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သတင်းရရှိသွားသည့်အတွက် စစ်ကောင်ဘက်မှ သွားရောက်ယူခြင်းမရှိဘဲ ဒေသခံပြည်သူများကို အတင်းအကြပ်သွားဆယ်ခိုင်ခဲ့သည်ဟု PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောဆိုသည်။ “ကျနော်တို့က စစ်သားတွေ အဲ့လက်နက်လာဆယ်မယ့်အချိန်ကိုစောင့်နေကြတာ ဒလန်သတင်းပေးလိုက်လို့ထင်တယ် မလာရဲတော့ဘဲ ရွာသားတွေကို လာဆယ်ခိုင်တယ်။ အဲ့ကြောင့် ရွာသားတွေလည်း ကြောက်လို့ ထွက်ပြေးကြကုန်တာ”ဟုပြောဆိုသည်။ မင်းကျောင်းကုန်းရွာမှ ဘိုကုန်းသို့သွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် စစ်အင်အား ၅၀ ခန့်ရှိသည့်အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ဗိုလ်မှူးဝင်းမျိုးသန့် ဦးစီးနေသည့် စစ်ကြောင်းဖြစ်သည်။ - [ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ](https://burmese.kachinnews.com/2022/10/25/az1-52/): စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများကို အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်က ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းမှုခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောသည်။ အောက်တိုဘာလ ၂၃ရက်နေ့ ဗုံးကျဲတိုက်ခိုက်ခံရသည့် ညတွင် သေဆုံးသူ ၅၈ ဦးအထိရှိခဲ့ပြီး အောက်တိုဘာလ ၂၅ ရက် ယနေ့နံနက်ပိုင်းအထိ ဒဏ်ရာရရှိသူများ ဆက်တိုးသေဆုံးမှု ၈၀ ကျော်လာပြီဟု ဆေးကုသခွင့်ရရှိအောင် ဆောင်ရွက်နေသည့် KIA နှင့်နီးစပ်သူ ပြည်သူတစ်ဦးက KNG ကို ယနေံနက်ပိုင်း အတည်ပြုပြောဆိုသည်။ “အခုက ထပ်ပြီးသေဆုံးတဲ့သူတွေရှိတယ် တစ်ချို့က ခြေပြတ် လက်ပြတ် နဲ့ဆိုတော့ ဆေးအချိန်မှီမကုသနိုင်တော့ သွေးလွန်ပြီးသေဆုံးကြတာ။ ဆေးရုံတင်ကုသခွင့် ရဖို့တော့ ထပ်ပြီး ဆွေးနွေးဖို့မရှိတော့ဘူးလို့လည်းသိရတယ်။ မနေ့ကအထိ ကချင်ရိုးရာလူကြီးတွေနဲ့ KBC က တာဝန်ရှိသူတွေ PCG တွေတက်ပြီး ညှိကြတာ အဆင်မပြေကြဘူးလေ။ အဲ့ကြောင့် ထပ်ဆွေးနွေးဖို့တော့ဘူးတဲ့”ဟုပြောဆိုသည်။ လက်ရှိအခြေနေမှာ စစ်ကောင်စီဘက်မှ ဆေးကုသခွင့်မရအောင် ပိတ်ဆို့ထားသည့်အပြင် KIA တပ်မဟာ (၉) နယ်မြေအတွင်းသို့ ကျန်းမာရေးသွားရောက်ကူညီလိုသူများကိုလည်း ပိတ်ဆို့ခံထားရသည်ဟုလည်းသိရသည်။ စစ်ကောင်စီဘက်မှ ဆေးကုသ သယ်ယူခွင့်မရအောင် ပိတ်ဆို့ထားသည်မှာ ၎င်းတို့၏ လုပ်ရပ်ပေါ် အလွန်စိုးရိမ်နေသည့်အတွက်  ယခုလိုလုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဖားကန့် … - [ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော်အထိတွေ့ရှိ](https://burmese.kachinnews.com/2022/10/24/az3-8/): ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ  အောက်တိုဘာလ ၂၄ ရက်နေ့  ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး KNG ကိုပြောသည်။  “မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိိုမှ မရခဲ့ဘူး ကံဆီးဂိတ်ကနေ ဟိုဘက်ကိုကျော်လို့မရ သလို ဒီဘက်ကိုလည်း လာခွင့်မပေးဘူး ပိတ်ဆို့ထားတုန်း”ဟုပြောဆိုသည်။  လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လူနာများကို ကယ်ထုတ်နိုင်ရန် ဖားကန့်မြို့ အထွက်တွင် တစ်ရက်လုံးစောင့်ဆိုင်းနေခဲ့ကြပြီး ဝင်ခွင့်မပေးသည့်အတွက် အားလုံးလှည့်ပြန်ခဲ့ရသည်ဟုသိရသည်။ စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ယနေ့ နေ့လည် ၁ နာရီခွဲအထိ သေဆုံးသွားသည့် ရုပ်အလောင်း ၅၈ ဦးအထိ တွေ့ရှိခဲ့ကြပြီး ယနေ ညနေပိုင်းအထိ ထပ်မံရှာဖွေခဲ့ရာ ၂၀ လောင်ကျော် ပြန်တွေ့ခဲ့ကာ လက်ရှိတွင် သေဆုံးသည့် ရုပ်အလောင်း ၈၀ ခန့်ရှိလာပြီဟုလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ လက်ရှိ အချိန်အထိ လူနာများကို ဆေးရုံကြီးများတွင် ဆေးကုသခွင့် ရရှိနိုင်ရေး ရှိမရှိ … - [ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရပြည်သူ ၁၀၀ ကျော်ကို ဆေးကုခွင့်မရအောင် စစ်တပ်က တားမြစ်ထား](https://burmese.kachinnews.com/2022/10/24/az2-39/): ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခွင့်မရအောင် Ginsi ကျေးရွာ အထွက်ဂိတ်တွင် စစ်ကောင်စီက တားမြစ်းထားကြောင်း သိရသည်။ အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် တံတားဦးဘက်မှ ဂျက်ဖိုက်တာ ၃ စီးတက်လာပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရပြည်သူများကို ဖားကန့်၊ မြစ်ကြီးနား စသည့်ဆေးရုံကြီးများသို့ ပို့ဆောင်ကာ ဆေးကုသခွင့်ပေးချင်သော်လည်း စစ်ကောင်စီက ကံဆီးတွင် တားမြစ်ထားကြောင်း ဆေးကုသခွင့်ပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”လူနာတွေကထုတ်လို့မရသေးဘူးဖြစ်နေတယ် ဒီဘက်က လူမှုကူညီရေးနာရေးအသင်းတွေလည်းမနက်ကသွားညှိနှိုင်းကြတယ်။ သွားထုတ်ဖို့တာပေမယ့် ပေးမဝင်ခိုင်းဘူး။ ခုနပဲရမလားဆိုပြီး လူနာတင်ယာဥ်တွေသွားလိုက်တာ ကံစည်းကနေအားလုံးပြန်ခေါက်လာကြတယ်။ တကယ့်လို့ခွင့်ပြုခဲ့ရင်သွားဖို့ဆိုပြီး လူမူကုညီရေးအသင်းတွေကတော့အသင့်စောင့်နေကြတယ်” ဟု ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြောသည်။ လက်ရှိတွင် ကံစည်းဂိတ်၌ လူနာများကိုထွက်လာခွင့်မပေးပဲပိတ်ထားသည့်အပြင် ဖားကန့်ဘက်မှလည်း တပ်မဟာ ၉ နယ်မြေထဲသို့ ပရဟိတ ဆရာဝန်များ၊ ဆေးဝါးများ ဝင်ရောက်ခွင့်မပေးပဲ ပိတ်ပင်ထားကြောင်းသိရသည်။ လူမှုကူညီရေးကားများ၊ ပရဟိတဆရာဝန်များသည် လက်ရှိအချိန်၌ ဖားကန့်မြို့အထွက်တွင်သာ အသင့်စောင့်ဆိုင်းနေကြောင်း သိရသည်။ ”အခုလောလောဆယ်ထိတော့ညှိနှိုင်းနေတုန်းပဲ ရမရ မသိသေးဘူး။ ဒီက ဖားကန့်မြို့နယ်လုံးဆိုင်ရာ  KBC ၊ RC သင်းအုပ်ဆရာကြီးတွေကတော့သွားညှိနှိုင်းနေတယ် ရရင်တော့ကားတွေကထွက်ဖို့အသင့်ပဲ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဆန်းကြွယ်တံတား၊ ပန်းတင်တံတားထိပ်များတွင် အသွားအလာများကိုစစ်ဆေးနေပြီး စစ်အင်အားလည်းဖြည့်တင်နေကြောင်းသိရသည်။ - [မိုးမောက်တွင် တပ်ရင်းမှုး မိုင်းနင်းမိသေဆုံးသဖြင့် ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ](https://burmese.kachinnews.com/2022/10/24/az1-51/): မိုးမောက်မြို့ အရှေ့ဘက် လုံဂျာဘွမ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး တပ်ရင်းမှူးနှင့် စစ်သားအများအပြားသေဆုံးခဲ့သဖြင့် ထိုနေရာကို ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု ဒေသခံများ ပြောသည်။ အင်အား ၅၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဗန်းမော်ဘက်မှ KIA ၊ PDF များရှိရာ လုံဂျာဘွမ်ဘက်သို့ချီတက်လာစဥ် ပထမဆုံး ချီတက်လာသည့် စစ်ကြောင်းမှာ KIA ထောင်ထားသော မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ဦးခန့်သေဆုံးခဲ့သည့်အတွက် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ကို ၃ ရက်ဆက်တိုက် လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေကြောင်း မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”သူတို့က မြေပြင်ကနေ စစ်ကြောင်းအရင်ထိုးတာ အရင်တက်သွားတဲ့အခါကျတော့ မိုင်းတစ်လုံးနင်းမိတာ နင်းမိတဲ့အခါကျတော့ အဲ့မှာတပ်ရင်းမှူးတစ်ယောက်နဲ့ တပ်သားငါးယောက်လောက် ထိသွားတယ်တဲ့ အဲ့ဒါနဲ့သူတို့က လေယာဥ်နဲ့တန်းကျဲတော့တာ သူတို့ မနက်၈ နာရီလောက်မှာ မိုင်းနင်းမိတာ အဲ့နောက် ၁၁ နာရီ လောက်ကနေစကျဲတာညနေပိုင်းထိပဲ။ ဒီမနက်ထိကျဲနေတုန်းအသံတွေ ကြားနေရတယ် အိုးစည် ဗုံမောင်းတီးနေသလိုပါ့ဗုံးကျဲတဲ့အသံကတော့” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် တပ်ရင်းမူးနှင့် တပ်သားများ၏ ရုပ်အလောင်းကို စနေနေ့ နေ့လည်ပိုင်းက ဗန်းမော်မြို့သို့ စစ်ကားဆယ်စီးဖြင့် လာသယ်ယူသွားကြောင်း မျက်မြင်တွေ့သည့် ဒေသခံများကဆိုသည်။ စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ကို ဗုံးကျဲရာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီမှစကာ ည ငါးနာရီခွဲအထိ၊ အောက်တိုဘာလ  ၂၃ ရက်နေ့ နံနက် ၈နာရီခန့်မှ ညနေ ၅နာရီအချိန်ထိ နှင့် ယနေ့ နံနက် ၉နာရီခွဲအချိန်မှစ၍ ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရသည်။ ”သူတို့က တစ်စီးပြီးရင်တစ်စီးအလေ့အကျကျဲနေတာ ဂျက်ဖိုက်တာလည်းလာတယ်။ ဟတ်စကီနဲ့လည်းလာကျဲတယ်။ အလေ့အကျ နားလိုက်ပစ်လိုက်ကျဲနေတာ ဆက်တိုက်ပဲ။ ပြီးတော့လက်နက်ကြီးတွေနဲ့လည်းပစ်နေတယ်”ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီ လေယာဥ်ဖြင့်ဗုံးကျဲမှုကြောင့် KIA နှင့် PDF ဘက်မှ … - [KIO အထိမ်းအမှတ်နေ့ တေးဂီတပွဲပြုလုပ်နေစဉ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ထိခိုက် သေဆုံးမှု များပြား](https://burmese.kachinnews.com/2022/10/24/yl1-23/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် KIO အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပွဲသွားရောက်ပါဝင်သော အနုပညာရှင် နှင့် ပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်သော ၆၂ နှစ်ပြည့် KIO နေ့အထိအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် KIA တပ်မဟာ ၉ အနန့်ပါ (A Nang Pa) တွင် တေးဂီတဖြင့် ပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကို ပြောသည်။ “ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ မနက်ဖြန်ပြုလုပ်မယ့် KIO နေ့အတွက် အကြိုပွဲအနေနဲ့ စတိတ်ရှိုးပွဲလုပ်နေတဲ့အချိန်အတွင်းမှာပဲ ပစ်ခံရတာ။ ထိခိုက်သေဆုံးတာများတယ်။ စာရင်းအတိအကျ မရနိုင်သေးဘူး” ဟု ပြောဆိုသည်။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသည့် ပြည်သူ ၃၀ ကျော်ထဲတွင် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) သီချင်းသီဆိုနေသည့်အချိန်တွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ “စစ်တပ်က ကျနောတို့ အတွက် မိတ်ဆွေမဟုတ်ဘူး ရန်သူသာဖြစ်တယ် ဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရတယ်။ အခုလို ပွဲလုပ်နေတဲ့အချိန်အတွင်း ဗုံးကျဲတိုက်ခိုက်တာက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်။ ဒါကလုံးဝမဖြစ်သင့်ဘူး” ဟု ဖားကန့် ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားသူများစာရင်းတွင် KIA အရာရှိအချို့ပါဝင်သည်ဟုဆိုသော်လည်း လုံခြုံရေးအရ မပြောနိုင်သေးကြောင်း ဖားကန့်ဒေသခံတစ်ဦး ပြောသည်။ ပွဲပြုလုပ်ခဲ့သောနေရာမှာ ဖားကန့် … - [ချီဖွေမြို့နယ်သို့ စားသောက်ကုန်များတင်ပို့ရန် ကန့်သတ်ခံထားရသဖြင့် ဒေသခံများအခက်ကြုံတွေ့နေ](https://burmese.kachinnews.com/2022/10/22/yl1-22/): ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်မြို့နယ် ချီဖွေမြို့သို့ အခြေခံစားသောက်ကုန်များသယ်ယူရန် စစ်ကောင်စီက ကန့်သတ်ထားသောကြောင့် ဒေသတွင်း အစားအသောက် ဝယ်ယူရာတွင် ပိုမိုခက်ခဲလာသည်ဟု ဒေသခံများ ပြောသည်။ မြစ်ကြီးနားမှ ချီဖွေသို့တက်လာသော ကားလမ်းမကြီးပေါ် စစ်တပ်နှင့် ပြည်သူ့စစ်ဂိတ် ၃ နေရာရှိပြီး ထိုနေရာတွင် ကန့်သတ်ထားသော ကုန်ပစ္စည်းများတင်ဆောင်လိုပါက ငွေကြေးပေးဆောင်ရသောကြောင့် ချီဖွေမြို့သို့ ရောက်လာသောအခါ ကုန်စျေးနှုန်း အဆမတန်မြင့်တက်သွားသည်ဟု ချီဖွေဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။ “ကျနော်တို့ ပြည်သူတွေစားသုံးဖို့အတွက်တောင် သယ်ယူဖို့အရမ်းခက်ခဲတယ်။ ဆန်အိတ်တွေဆို တစ်အိတ်ထက်ပိုပြီး သယ်ခွင့်မရှိဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူလောက်ပဲ သယ်ယူနိုင်ကြသလိုဖြစ်နေတယ်။ ဒီမှာ ရောက်တော့ ၂ ဆ ၃ ဆ လောက် စျေးမြင့်သွားပြီ။ ကျနော်တို့မှာ အဲ့ဒါပဲဝယ်စားနေရတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေအတွက်ဆို အရမ်းခက်ခဲ တယ်” ဟုပြောဆိုသည်။ ယခုလို စစ်တပ်ဘက်မှ ချီဖွေဒေသဘက်သို့ အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားခြင်းမှာ ဆန်နဲ့ ရိက္ခာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA သို့ ရောက်ရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု အထက်ပါ ချီဖွေဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။ “သူတို့ဘာလို့ အဲ့လိုလုပ်ထားလဲဆိုတော့ KIA အဖွဲ့ကို သယ်ယူပို့ဆောင်ပေးမှာထင်လို့ပိတ်ထားတာ။ သူတို့ရဲ့ လုပ်ပုံက ဒေသခံတွေငတ်ပြတ်သွားရင်လည်း သူတို့ရဲ့အမြင်ထဲမှာက KIA ကိုသယ်ပို့ပေးမှာပဲ အဲ့လိုပဲမြင်ကြတယ်။ ဒီဟာ ဖြစ်လာတာက ၂၀၁၂ ခုနှစ်လောက်ကနေဟုတ်တယ်။ ဒါပေမယ့် ဒီ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပိုဆိုးသွားတယ်။ အရင်တုန်းကဆို သိပ်မစစ်ဘူး မေးတာလောက်ပဲ လုပ်ကြတယ်။ အခုက ကြိုက်သလို စစ်တယ်” ဟု ဆိုသည်။ စစ်တပ်ဂိတ်များဖြစ်ကြသည့် ချီဖွေနှင့် ဆဒုံးလမ်းခွဲ စုပေါင်းဂိတ်တစ်နေရာ၊ ရှငေါ်ဂိတ်နှင့် မန်ဝိန်း ပြည်သူ့စစ်ဂိတ် စသည့် ဂိတ် ၃နေရာတွင် အခြေခံစားသောက်ကုန်များ ဆန်၊ ဆီ၊ ဆား၊ … - [စစ်ကိုင်း-ကချင်နယ်စပ်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ](https://burmese.kachinnews.com/2022/10/21/az1-50/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်လေယာဥ်သုံးပြီး ဗုံးကျဲတိုက်ခိုက်မူ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။ ယခင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း ယခုလမှစတင်ကာ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ဒီအင်းတော်နယ်မှာတော့ အရင် ၂၀၂၁ ခုနှစ်ကတစ်ကြိမ်ပဲ။ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာ အဲ့နောက်ပိုင်းမရှိဘူး ဒါပေမယ့် ဒီ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ ကနေစပြီးလေကြောင်းပြန်သုံးလာတယ်ဗျ ဒီသုံးရက်ထဲမှာကိုနှစ်ကြိမ်ရှိပြီ ၁၈ ရက်နေ့က အင်ပင်နဲ့ အောင်းကုန်းကိုဗုံးကျဲတယ် ၂၀ ရက်နေ့ကတော့ နန့်သာရွာကို ဗုံးကျဲတယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။ အောက်တိုဘာ ၁၈ရက်နေ့ အောင်းကုန်းနှင့် အင်ပင်ကျေးရွာမှ လူနေအိမ်လေးလုံး၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နန့်သာကျေးရွာမှ ကုန်စုံဆိုင်တစ်ဆိုင်နှင့် လူနေအိမ်သုံးလုံးခန့် သည် လေယာဥ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုလည်းရှိခဲ့ကြောင်း သိရသည်။ အလားတူ ဗန်းမောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား  အောက်တိုဘာလ ၄ရက်နေ့မှ ၁၁ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးမူရှိသလို စစ်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမူများကြောင်း သိရသည်။ ထို့အပြင် ယနေ့နေ့လည် ၁နာရီဝန်းကျင်တွင်လည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ ဆေးရုံဝင်း၊ ဝန်ထမ်း အိမ်ယာများတွင် ‌စစ်လေယာဉ်နှင့် ၂ ကြိမ်တိတိ ဗုံးကြဲသွားသည်ဟု Banmauk Revolution မှ ထုတ်ပြန်ထားသည်။ ယခင်က တိုက်ပွဲအထိနာမှသာ လေကြောင်းအသုံးပြုတတ်သော်လည်း ယခုနောက်ပိုင်းတွင် ထိုးစစ်မစတင်ခင် လေယာဉ်ဖြင့် ကြိုတင်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ”ဒီနောက်ပိုင်း သူတို့က တိုက်ပွဲမဖြစ်ပဲ လေကြောင်းကို သိသိသာသာသုံးလာတယ် သိရသလောက် အခု နန့်သာရောက်နေတဲ့ … - [စစ်ရိက္ခာသယ် သင်္ဘော ၇စီးဆန်တက်လာသည့်အတွက် ရွှေကူနယ် ကျေးရွာတစ်ချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/10/20/az2-38/): ထီးချိုင့်နယ်မှ ဗန်းမော်ဘက်သို့ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီး ဆန်တက်လာသည့်အတွက် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးစစ်နှင့် ရေလဲ ကျေးရွာနေပြည်သူများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောသည်။ ရွှေကူဒေသခံများအနေဖြင့် စစ်ကောင်စီ စစ်သင်္ဘောများ ဆန်တက်လာချိန်တွင် ပစ်ခတ်ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် စစ်ကြောင်းမရောက်မှီ  ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီး တစ်ဦးက KNG ကိုပြောသည်။ “စစ်သင်္ဘောတွေ တက်လာကြပြီဆိုတော့ ဒီမနက်ကနေ တစ်ချို့ကထွက်ပြေးနေကြပြီ။ တစ်ချို့ကတော့ ရွှေကူမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးကြတယ်။ တစ်ချို့ကတော့ ဒီဘက်ကမ်းက လုံးခြုံမယ့် ရွာတွေမှာ တိမ်းရှောင်ကြ တယ်။ သင်္ဘောနီးလာရင်တော့ အားလုံးရှောင်ကြမှာပဲ”ဟုပြောဆိုသည်။ မိုးစစ်နှင့် ရေလဲရွာ ၂ခုသည် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်တည်ရှိနေပြီး စစ်ကြောင်းထိုးဝင်လာတိုင်း အဆိုပါ ကျေးရွာများတွင် ဝင်ရောက်ကာ နေအိမ်များဖျက်ဆီးခံရမှု၊ အိမ်မွေးတိရိတ္ဆန်များအပါ သတ်ဖြတ်ပေးလိုက်ခြင်းနှင့် တွေ့ရှိသည့် ပြည်သူများကိုလည်း ဖမ်းဆီးနှိပ်စက်မှုများ ပုံမှန်လုပ်ဆောင်နေသည့်အတွက် ယခုထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောဆိုသည်။ လက်ရှိ စစ်သင်္ဘော ၇စီးသည် ကသာနယ်သို့ရောက်ရှိလာခဲ့ပြီး ထို သင်္ဘော ၇စီးထဲတွင် စစ်အင်အား ၁၅၀ ကျော်အပါ လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများအပြည့်သယ်ဆောင်လာကြောင်း ထီးချိုင့် PDF နီးစပ်သူ ပြည်သူတစ်ဦးက ယခုလိုပြောဆိုသည်။ “စစ်သင်္ဘော ၇စီးက ကသာနယ်ထဲရောက်ပြီ။ ဗန်းမော်ကိုတက်လာတဲ့ သင်္ဘောတွေဖြစ်တယ်လို့သိရတယ်။ နောက်ပြီး စစ်သားတွေက အင်အား ၁၅၀ ကျော်လောက်ပါတယ်။ အဲ့ထဲမှာ လက်နက်ခဲယမ်းတွေ၊ သူတို့ရဲ့ စစ်ရိက္ခာတွေ အပြည့်သယ်လာတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အားအပါအဝင် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများတင်ပို့ရာတွင် ဧရာဝတီမြစ် ရေကြောင်းလိုင်းဖြင့်သာ … - [ယင်းမာပင်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါ အမျိုးသမီး ၂ဦးသေဆုံး](https://burmese.kachinnews.com/2022/10/20/sm1-30/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအိုကျေးရွာ ၂ခုတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက်ကြီးရွယ်အို တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရင်ပေါင်တိုင်ကျေးရွာအနီး စစ်ကောင်စီ ရဟတ်ယာဉ် ၄ စီးဖြင့် စစ်အင်အား ၁၀၀ ကျော် ပို့ချခဲ့ပြီး စစ်ကြောင် ၂ခွဲကာ ရင်ပေါင်တိုင်နှင့် ပျားအိုရွာ ၂ခု အတွင်း လက်နက်ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့သဖြင့် ယခုလို သေဆုံးမှုရှိခဲ့သည်ဟု ဒေသတစ်ဦး KNG ကိုပြောသည်။ “ရဟတ်ယာဉ်နဲ့ အင်အားလာချသွားတယ် အဲ့စစ်သားတွေက ရွာထဲမှာဝင်ပြီး ရမ်းပစ်လို့မှန်တာဟုတ်တယ်။ လက်နက်ထိမှန်သွားတဲ့ ၂ယောက်က သမီး ယောက္ခမတွေဖြစ်ကြတယ်လို့သိရတယ်။ သူ့ချွေးမဖြစ်သူက ကိုယ်ဝန် ၆ လအရွယ်ရှိပြီလို့သိရတယ်။ ၂ ယေက်စလုံးအဲ့နေရာမှာတင် အသက်သေဆုံးခဲ့ရပါတယ်”ဟုပြောသည်။ အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး ၂ဦးမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ညွန့်ခေါ်သူနှင့် အသက် ၃၀ နှစ်အရွယ်ရှိသူ ဒေါ်စိုးတို့ဖြစ်ကြပြီး ၎င်းတို့သည် နုန်းတန်ကျေးရွာဇာတိများဖြစ်ကြသည်ဟုသိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကျည်ထိမှန်မှုကြောင့် ဒေသခံအမျိုးသမီး ၂ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် အမျိုးသား ၂ဦးလည်း ဒဏ်ရာပြင်းထန်ရရှိထားသည်ဟု သတင်းအရင်းအမြစ်ကပြောသည်။ အဆိုပါ စစ်ကြောင်း ၂ခုပေါင်း စစ်အင်အား ၁၂၀ ဝန်းကျင်ရှိပြီး ယနေ့နံနက်ပိုင်း ရင်ပေါင်တိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဒေသခံအမျိုးသား ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက်သိရသည်။ ယခုလို ယင်းမာပင်နယ်တွင် … - [ကလေးငယ်များကောက်ယူလာသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် လူငယ် တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိ](https://burmese.kachinnews.com/2022/10/20/az1-49/): ရွှေကူမြို့နယ် ရေလဲကျေးရွာတွင် ကလေးငယ်များ ကောက်ယူလာသည့် မိုင်းတစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟုသိရသည်။ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်း ၈နာရီဝန်းကျင် ရေလဲကျေးရွာအပြင်ဘက်တွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းဟုယူဆရသော မိုင်းတစ်လုံး ကလေးငယ်များ ကောက်ယူလာခဲ့ရာ ယင်းမိုင်းကို လူငယ် ၂ဦးက  သိမ်းယူပေးလိုက် ပြီးနောက် ညအချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖြစ်စဉ်သိသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ကလေးတွေက ရွာအပြင်ဘက်ကနေ ကောက်လာတာ ဘယ်ကနေတွေ့ပြီး ကောက်လာမှန်းမသိဘူး။ ကလေးတွေလက်မှာ ကိုင်နေတာတွေ့လို့ လူငယ် ၂ယောက်က အကိုတို့ကိိုပေးပေါ့ ဆော့စရာမဟုတ်ဘူးဆိုပြီး သိမ်းယူသွားတာ။ အဲ့လူငယ် ၂ယောက်ကလည်း သူတို့ရဲ့ ခေါင်းရင်းမှာပဲ ထားရင်း အိပ်ပျော်သွားတဲ့။ အိပ်ပျော်နေတဲ့အချိန်မှာပဲ အဲ့ဒီမိုင်းကို လက်နဲ့ သွားထိလိုက်တော့ ပေါက်ကွဲမှုဖြစ်သွားတာ။ အဲ့နေရာမှာတင် တစ်ယောက်က ဆုံးသွားတယ်”ဟုပြောဆိုသည်။ အဆိုပါ အိမ်နေရင်းမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လူငယ် ၂ဦးသည် အသက် ၂၀ ဝန်းကျင်ရှိသူများသာ ဖြစ်ကြပြီး တစ်ဦးမှာ ဗန်းမော် ရွှေကြီးနားရပ်ကွက်မှဖြစ်ကာ တစ်ဦးမှာ ရွှေကူမြို့ ကုန်းရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။ လူငယ် ၂ဦးအနက် ထိခိုက်ဒဏ်ရာရရှိထားသည့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့နံနက်ပိုင်းအထိ သတိလစ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဆေးကုသခံယူနေရကြောင်းသိရသည်။ - [အင်းတော်မြို့အဝင် စစ်ရေးဂိတ်တစ်ခု တိုက်ခိုက်ခံရ၊ ရဲတစ်ဦးသေဆုံး](https://burmese.kachinnews.com/2022/10/19/az2-37/): စစ်ကိုင်းတိုင်း အင်းတော်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့ အောက်တိုဘာလ ၁၉ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင် အင်းတော် မြို့ပြပြောက်ကျားတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “နေ့လည် ၁ နာရီလောက်သွားပစ်တယ် အဲ့ဒီဂိတ်က ရိက္ခာကုန်းနဲ့နီးတယ်ဆိုတော့ စစ်သားတွေများတယ်။ အဲ့ကြောင့် ကျနော်တို့လည်း ပစ်ပြီး တန်ပြေးလာခဲ့ကြတယ်။ ဒါပေမယ့် ရဲတစ်ယောက်သေတယ်။ တစ်ယောက်ကတော့ ခြေထောက်မှာ ထိသွားတယ်”ဟုအင်းတော် PDF အဖွဲ့ဝင်တစ်ဦး KNG ကိုပြောသည်။ ထိုဂိတ်တွင် စစ်သားနှင့် ရဲများက သွားလာသည့် ပြည်သူများထံမှ ငွေကြေးအလွန်အကျွံကောက်ခံနေသည့်အတွက် ယခုလို သတိပေး သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆက်ဆိုသည်။ “စစ်တပ်နဲ့ နီးတဲ့ဂိတ်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ အဲ့ဂိတ်မှာ လာထိုင်ပြီး စစ်တာတွေလုပ်ကြတယ်။ အဲ့ဂိတ်က တစ်ခါတစ်လေ အရမ်းစစ်တယ် တစ်ခါ ကျနော်တို့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း အဲ့ဂိတ်မှာ ဖမ်းခံရတာရှိခဲ့တယ်။ ပြီးရင် ကုန်တင်ကားတွေကိုလည်း အဆမတန်တောင်း ငွေတောင်းတယ်”ဟုပြောဆိုသည်။ အဆိုပါ ပစ်ခတ်ခံရသည့် အင်းတော် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများနှင့် ဆီဘောက်ဆာကားများကို တစ်စီးတွင် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ကောက်ခံပြီး အနည်းဆုံး ၈၀၀၀ မှ ၁၀၀၀၀ အထိ ကောက်ခံနေသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်ဟု သိရသည်။ ထို့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမျိုးသားတစ်ဦးက ဆန်အိတ်တွင် ကျည်ဆံသယ်ဆောင်လားသည့် တက်နေလင်းခရီးသည်ယာဉ် ကားတစ်စီးကိုလည်း ထိုဂိတ်တွင် စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ - [အင်းတော်နယ် အောင်းကုန်းနှင့် အင်ပင်ရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/10/19/az1-48/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အောင်းကုန်းနှင့် အင်ပင်ကျေးရွာ ၂ခုတွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော် ဝင်ရောက်တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင် ရွာချင်းဆက်နေကြသည့် အောင်းကုန် နှင့် အင်ပင်ကျေးရွာအတွင်းဝင်ရောက်လာကြပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးပေးလိုက်သည်ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “အောင်းကုန်းနဲ့ အင်ပင်မှာ ဝင်နေကြတာဟုတ်တယ် အဲ့ရွာ ၂ခုက ဟိုဘက်ဒီဘက် ကားလမ်းပဲခြားကြတယ်။ အဲ့ထဲမှာ သူတို့က တပ်တွေဖြန့်ထားပြီး နေအိမ်တွေကို မီးရှို့ပေးလိုက်ကြတယ်။ မနေ့ ညနေပိုင်းမှာပဲ အိမ် ၁၀ လုံးလောက် ရှို့ခံလိုက်ရတယ်။ ရွာသားတွေက ဘယ်မှမရှိကြတော့ဘူး ထွက်ပြေးကုန်ကြပြီ”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ အောင်းကုန်း၊ အင်ပင်နှင့် နန့်သာ စသည့် ရွာ ၃နေရာတွင် ရှိနေသည့်အတွက် အောက်တိုဘာလ ၁၉ ရက်နေ့ ကတည်းက ဒေသခံပြည်သူများ ၃၀၀၀ ကျော် အင်းတော်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။ အောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်၊ အင်ပင်ရွာတွင် ၂၀၀ ဝန်းကျင်နှင့် နန့်သာတွင် ၁၀၀ နီးပါခန့် နေထိုင်သည့် ကျေးရွာများဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၈ ရက်နေ့ အောင်ကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာစဉ် လမ်ခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟုလည်းသိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အင်းတော်ဘက်မှ နန့်ကင်ရွာထဲ … - [ယင်းမာပင်နယ်ရှိ ကျေးရွာ ၂ခု ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်စီးနင်းခံရ](https://burmese.kachinnews.com/2022/10/19/sm1-29/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမားပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအို ကျေးရွာ ၂ခုတွင် စစ်ကောင်းစီတပ်ဖွဲ့၏ ရဟတ်ယာဉ် ၂စီးဖြင့် ရုတ်တရက်ဝင်ရောက်စီးနင်းခံရပြီး ဒေသခံအများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်မှစကာ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဒေသခံအမျိုးသား ၂၇ ဦးကို လူသားဒိုင်းအသုံးပြုရန် ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။ “၉ နာရီလောက်မှာ ရဟတ်ယာဉ်၂စီးရယ် mi17 ၂စီးရယ် အားလုံး ၄ စီးနဲ့ လာတယ်။ အဲ့ဒီထဲမှာ ရဟတ်ယာဉ်၂စီးက အနီးပတ်ဝန်းကျင်ကို ပတ်ပြီး ပစ်ခတ်တာဟုတ်တယ်။  နောက် mi17 ၂စီးက စစ်အင်အားချပေးတယ်။ အဲ့ ၂စီးထဲမှာ စစ်အင်အားက ၅၀ ဝန်းကျင်ပါတယ်။ ခဏအကြာမှာပဲ နောက်ထပ် mi17 ၂စီးနဲ့ ပဲ အင်အားထပ်လာချတယ်။ ပြီးရင် စစ်ကြောင်း ၂ခုခွဲပြီး ရွာတွေမှာ စစ်ကြောင်းပြန်ထိုးနေတယ်။ အဲ့ကြောင့် ဖမ်းဆီးခံရတဲ့သူတွေရှိနေတယ်”ဟုပြောဆိုသည်။ စစ်လေယာဉ် ၄ စီးဖြင့် ၂ ကြိမ် ဆက်တိုက် လာရောက်ပို့ချထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့် သည် ပေါင်တိုင်ကျေးရွာနှင့် ပျားအိုကျေးရွာ ၂ခုဘက်တွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်လာပြီး ပျားအိုကျေးရွာမှ ဒေသခံအမျိုးသား ၂၇ ဦးကို ဖမ်းဆီးသွားသည်ဟု ဆက်ဆိုသည်။ “ပျားအိုရွာက စစ်ကြောင်းက ထွက်သွားပြီလို့သိရတယ်။ ရွာဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ၂၀၀ ကျော်ထဲက အမျိုးသမီးတွေကိုတော့ ချန်ထားခဲ့တယ်။ … - [အင်းတော်နယ်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/10/18/zm1-20/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီးတွင် ယနေ့ ညနေ ၄နာရီဝန်းကျင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ အင်းတော်မြို့ဘက်မှ အောင်းကုန်းရွာဘက်သို့ ခြေလျှင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လမ်းခုလပ်တစ်နေရာတွင် ကြားဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အတွက် ယခုလိုလေကြောင်းလိုင်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။ “သူတို့ဘက်က အထိနာလို့ ဂျက်လေယာဉ် ၄ စီးနဲ့ ၉ ကြိမ်လောက် ဗုံးကျဲသွားတယ်။ အဲ့ဒီ ဂျက်လေယာဉ်တွေက ဘယ်ကနေ ရောက်လာမှန်းတော့မသိဘူး။ သူတို့ ဗုံးလာကျဲတဲ့အချိန်မှာ တိုက်ပွဲက ရပ်သွားတာ။ ကျွန်တော်တို့ဘက်တော့ တစ်ယောက်မှ အထိအခိုက်မရှိဘူး”ဟုပြောသသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့ အင်းတော်ဘက်မှ နန့်ကင်ရွာတွင် တောထဲတစ်ညအိပ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ အောင်းကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုသိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် ၂ဖက်တပ်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ကို တိုက်ပွဲဖြစ်ပွားမှုမတိုင်မှီ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် နန်ကင်နှင့် အောင်းကုန်ကျေးရွာ ၂ခုကြားတွင် PDF အဖွဲ့၏ ပထမ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ ထို့နောက် ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ သေဆုံးမှု စားရင်းအတိအကျမသိရသော်လည်း တိုက်ပွဲအပြီး ရုပ်အလောင်းများကို မီးရှို့သဂြိုလ်ခဲ့ကြကြောင်း မြင်တွေ့ရသည်ဟု PDF … - [စစ်ကြောင်းပြန်ဆုတ်သွားသည့်အတွက် ရွှေကူအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်](https://burmese.kachinnews.com/2022/10/18/az2-36/): ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး ၊စီမူကြီး မံဝိန်း အစရှိသည့် ကျေးရွာများမှ ကျေးရွာနေပြည်သူ ၁၀၀၀ နီးပါးသည် ရွှေကူမြို့ပေါ်သို့ စစ်ရှောင်ခဲ့ကြခြင်း ဖြစ်သည်။ ”အခုတော့အားလုံးပြန်ကုန်ကြပြီ စီးမော်၊ စီသာ၊ နတ်လင်းအားလုံး ပြန်ကြပြီ ၂ ရက် သုံးရက်ဆက်တိုက်ပြန်ကြတာ။ ခုတော့ မရှိတော့ဘူး။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိူးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းကတည်းက စတင်နေရပ်ပြန်ကြရာ လက်ရှိတွင် အားလုံး နေရပ်ပြန်ရောက်ကြပြီဟု သိရသည်။ စစ်ကောက်စီ စစ်ကြောင်းသည် ရွှေကူအနောက်ခြမ်းသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ယခုကဲ့သို့ အင်အား အလုံးအရင်းဖြင့် ၅ ရက်ခန့် စစ်ကြောင်းဝင်ရောက်လာသည့်အခြေအနေနှင့်ပတ်သက်၍ ရွှေကူ PDF နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG ကို ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။ ”ကျွန်တော်တို့ကြားရ သိရသလောက်တော့ ရွှေကူမြို့နယ်မှာ တပ်ရင်းမှူးအပြောင်းအလဲကြောင့် နယ်မြေရှင်းလင်းတဲ့ သဘောစစ်ကြောင်းထိုးတာတဲ့။ ရွှေကူမြို့နယ် တပ်ရင်းမှူးက အောက်တိုဘာလဆန်းပိုင်းမှာ ပြောင်းလိုက်တာအဲ့ကြောင်း စစ်ရေးလှုပ်ရှားပြတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကြောင်းထိုးလာသည့် ပထမနေ့တွင် နန့်လင်းနှင့်နောင်လတ်ကြီး ကျေးရွာ ၂ခုကြား၌ စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သောကြောင့် ကျေးရွာ ၂ ရွာမှ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပေးခဲ့ကြကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ - [မူဆယ် ၁၀၅ မိုင်တွင် စစ်ကောင်စီ တပ်ရင်းမှူး ၁ ဦး သေနတ်နှင့် ၇ ချက် အပစ်ခံရ](https://burmese.kachinnews.com/2022/10/18/bs-4/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်၌ စစ်ကောင်စီ ခမရ ၄၂၁ တပ်ရင်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးနိုင်သော အခြေအနေရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “စစ်ဗိုလ် တယောက်ကို ပစ်ခံထားရတယ်။ ၇ ကြိမ် ပစ်ထားတယ်။ တခါထဲ ပွဲချင်းပြီးတော့ မသေဘူး။ သေမယ့် အခြေအနေရှိတယ်။“ ဟု သူက ပြောသည်။ ကားပျက်သဖြင့် ကားသွားယူချိန် ၁၀၅ မိုင်မှ နမ္မတူ နွားခြံ အကျော်နား ပစ်ခံရကြောင်း စစ်တပ် နှင့် နီးစပ်သူက ဆိုသည်။ “တုန်ခန် မဟုတ်ဘူး။ ၁၀၅ မိုင်ထဲမှာပဲ။ ကားပျက်လို့ ဆိုပြီး သွားတဲ့ အချိန် ပစ်ခံရတာ။ လမ်းပေါ်မှာပဲ ပေါ့။“ ဟု သူက ရှင်းပြသည်။ ၎င်း နေရာတွင် ၂၀၂၁၊ ၅ လပိုင်း ကလည်း နကသ ညွှန်မှူး ၁ ဦး ပစ်ခတ် ခံရကာ ဒဏ်ရ ပြင်းထန်စွာ ရရှိခဲ့ဖူးသည်။ မူဆယ်နဲ့ ၁၀၅ မိုင်တွင် အမည် မသိ လက်နက်ကိုင် အဖွဲ့မှ ယခုလ ၁၅ ရက်နေ့တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရပြီး မူဆယ်မြို့ပေါ်တွင်လည်း ယခုလ ၆ ရက်နေ့တွင် မြို့နယ် တရားသူကြီး ၁ ဦး ပစ်သတ်ခံခဲ့ရသည်။ - [ကချင် သမိုင်းဝင်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် စီစဉ်နေမှုကို ဒေသခံများ ကန့်ကွက်](https://burmese.kachinnews.com/2022/10/18/yl1-21/): ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စုရှိ ကချင်တစ်မျိုးသားလုံး တန်ဖိုးထားသင့်သော ဒေသအခေါ်  N’Dum Latep ဒေသတွင် မကြာမှီ လပိုင်းမှစတင်ကာ အကြီးစား ရွှေတူးဖော်မှုများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် ပူတာအိုဒေသခံများ ကန့်ကွက်နေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်ကာ N’Dum Latep ဒေသတွင် ဦးခေါ်သား နှင့် ဦးကျော်ဇင်မင်း လုပ်ရှင် ၂ ဦးတို့သည် ဘက်ဟို ၃ စီးဖြင့် မြေဧက ၁၀ ကျော်ခန့်ကို ရွှေတူးဖော်လိုက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ လာမည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ အဆိုပါဒေသရှိ မြေဧက ၂ထောင်ကျော်ကို လုပ်ငန်းရှင် ၂ဦးအပြင် နောက်ထပ် လုပ်ငန်းရှင် ၂၀ ဦးခန့်ဖြင့် အကြီးစားရွှေတူးဖော်ရန် ပြင်ဆင်နေသည်ကို သိရသဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “နိုဝင်ဘာလ လောက်ကနေ ဒီနေရာမှာ အကြီးစားရွှေတူးဖော်ဖို့ စက်ယန္တရား အလုံးအရင်းတွေနဲ့ ဝင်လာဖို့လုပ်နေကြပြီ။ လုပ်ငန်းရှင်တစ်ချို့က စက်ယန္တရားတွေ သယ်ယူတာတွေလုပ်နေကြပြီ။ တစ်ချို့က ပူတာအိုထဲ လမ်းတဝက်မှာ ရောက်နေပြီလို့ သိရတယ်” ဟု ပြောဆိုသည်။ ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ N’Dum Latep နေရာသို့ ပူတာအိုရှိ လုံးစွတ်၊ ကောင်ကထောင်၊ လုန်ရှာယန်၊ ဆွမ်ပီယန်၊ နောင်ခိုင်၊ ဖတ်မာ၊ လုံဂါကောင်၊ လန်းဒေါင်၊ ရပ့်ဘော့ နှင့် နမ်ဘူယန်စသည့် ကျေးရွာ ၁၀ ခုခန့်က ကချင်လူထုများပူးပေါင်းကာ စီမံကိန်းရပ်တန့်ပေးရန် သွားရောက်ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။ N’Dum Latep ဒေသသည် ကချင်လူမျိုးများ ဆင်းသက်ရာသမိုင်းကြောင်းတွင် အရေးပါခဲ့သောကြောင့် ထိုနေရာကို ဖျက်စီးစေမည့် ရွှေတူးဖော်မည့် စီမံကိန်းများကို ရပ်တန့်ပေးရန် သွားရောက်ကန့်ကွက်ခဲ့ကြသည်ဟု ကန့်ကွက်မှုတွင် … - [ချောင်းဦးနယ်တွင် တစ်ပတ်အတွင်း လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၄ဦးနှင့် ထောက်ပို့ရဲဘော် ၂ဦး သတ်ဖြတ်ခံရဟုဆို](https://burmese.kachinnews.com/2022/10/18/sm1-28/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၄ဦး နှင့် PDF ထောက်ပို့ ရဲဘော် ၂ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချောင်းဦးနယ် မယ်သဲကြိုးကွင်း ကျေးရွာရှိ နေအိမ် ၇၉လုံး၊ ၁၄ ရက်နေ့တွင် မှန်ချိုကျေးရွာ နေအိမ် ၃ လုံးနှင့် ၁၅ ရက်နေ့တွင် ငါးလုံးတင်နှင့်မထိသားကျေးရွာ ၂ခုမှ နေအိမ် ၂၃၃ လုံး စုစုပေါင်း ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဦး KNG ကိုပြောသည်။ “နေအိမ်တွေ မီးရှို့ခံရတာ ၃၀၀ ကျော်ရှိသွားပြီ လုံးဝပြောင်တလင်းခါသွားတာပဲ အခုဆိုပြာပုံပဲကျန်တော့တယ်။ ၁၁ ရက်နေ့က မယ်သဲကြိုးကွင်းရွာက စရှို့ခံရတာဟုတ်တယ်။ စစ်သားတွေက ရွာထဲမှာ တပ်စွဲထားပြီးတော့ ရှို့နေတာ”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် အရပ်သားပြည်သူ ၄ ဦးနှင့် ထောက်ပို့ရဲဘော် ၂ဦးလည်း မီးရှို့သတ်ဖြတ်ထားသည်ကို မြင်တွေ့ရသည်ဟု သူကဆက်ဆိုသည်။ “မီးရှို့ သတ်ဖြတ်ခံရတဲ့ ထောက်ပို့ ရဲဘော် ၂ယေယာက် ငါးလုံးတင်ကျေးရွာကဟုတ်တယ်။ သူတို့ ၂ယောက်နဲ့ အတူတူမီးရှို့ခံထားရတဲ့ တစ်ယောက်က ဘယ်ကမှန်းမသိရဘူး။ နောက်တစ်ယောက်က မှန်ချိုကျေးရွာထိပ်မှာ သတ်ဖြတ်ခံထားရတာ တစ်ယောက်တွေ့တယ်။ အဲ့တစ်ယောက်လည်း ဘယ်ကလည်း ဘယ်သူမှန်းမသိဘူး။ နောက်ဆုံးတစ်ယောက်က ဆင်မြေကျေးရွာက ဒေသခံလို့ပြောတယ်”ဟုဆိုသည်။ မှန်ချိုကျေးရွာထိပ်တွင် သတ်ဖြတ်ခံထားရသည့် သူသည် အသက် ၄၀ နှစ်အရွယ်ရှိသူဖြစ်ပြီး ရဲဘော် ၂ဦးနှင့် ဆင်မြေကျေးရွာတွင် သတ်ဖြတ်ခံရသူမှာ အသက် … - [ကျောက်စိမ်းလုပ်ကွက်ထဲ စစ်ကောင်စီ ဝင်စီးစဉ်ဖမ်းခံလိုက်ရသည့် ပြည်သူ ၂၀ ကျော်ပြန်မလွတ်သေး](https://burmese.kachinnews.com/2022/10/18/az1-47/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရှိ  ကျောက်စိမ်း ကုမ္ပဏီကြီး သုံးခု၏ လုပ်ကွက်များကို စစ်ကောင်စီ အင်အားသုံး ဝင်စီးစဥ် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၂၀ ကျော် ပြန်မလွတ်သေးကြောင်း သိရသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်အား ၁၂၀ ခန့်ပါသော စစ်ကောင်စီတပ်သည် Ever ကျောက်စိမ်းတူးဖော်ကုမ္ပဏီ၊ မြယမုံ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီနှင့် အခြားကုမ္မဏီတစ်ခု  (အမည်စုံစမ်းဆဲ) ကျောက်စိမ်းလုပ်ကွက်များသို့ ဝင်စီးပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိူးသားတစ်ဦးက KNG ကို ပြောသည်။ ”၁၅ ရက်နေ့ ညနေ ၂နာရီလောက်မှာ ဝင်စီးတာ သေနတ်တွေပစ်ဖောက်ပြီးမှဝင်စီးတာ။ အဓိကဆိုဒ် ၃ ဆိုဒ်ကိုဝင်စီးတာဗျ မတူးခိုင်းတာကို ခိုးတူးနေလို့ ဝင်စီးတာတဲ့။ လူ ၂၀ ယောက်ဖမ်းသွားတယ်တဲ့ အဲ့မှာတာဝန်ခံလို့ ယူဆရတဲ့သူတွေဖမ်းခံရတာ ဒီနေ့ထိတော့ ပြန်မလွတ်ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၂၀ ကျော်သည် အမျိုးသားများဖြစ်ကြပြီး ကျောက်စိမ်းကုမ္ပဏီနှင့် ဆက်စပ်တာဝန်ရှိသူများ ဖြစ်သည်ဟု ဆိုသော်လည်း မည်ဝါဖြစ်ကြောင်းကို စုံစမ်းနေဆဲဖြစ်သည်။ ကုဋေမှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်များ ရပ်နားနေသည်မှာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းကဖြစ်ပြီး ရပ်နားခြင်းမရှိပဲ ဆက်တူးနေသည့်အတွက် အဆိုပါ ကုမ္ပဏီ ၃ ခုကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ ကျောက်စိမ်းလုပ်ကွက်သုံးခု၏ ဧရိယာပတ်လည်တွင် စစ်ကောင်စီတပ်မှ အစောင့်များချထားပြီး ကျောက်စိမ်းတူးဖော်မှုများလည်း ရပ်နားနေသည်ဟု သိရသည်။ - [ထီးချိုင့် ၂ ရက်သာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တောင်ကုန်းတစ်ခု လက်လွှတ်လိုက်ရပြီး ထိခိုက်ကျဆုံးမှုရှိ](https://burmese.kachinnews.com/2022/10/18/hteegiant/): ထီးချိုင့်မြို့တောင်ဘက် အလယ်တောရွာအနီး ၂ ရက်သာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် နေထိုင်သည့် တောင်ကုန်းတစ်ခု လက်လွှတ်လိုက်ရသည့်အပြင် ကာကွယ်ရေးတပ်ဖွဲ့မှ ၁ ဦး နှင့် အရပ်သား ၁ ဦး ကျဆုံးခဲ့သည်ဟု ‌ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ စစ်အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်‌ကြောင်းသည် ထီးချိုင့်မြို့တောင်ဘက်ရှိ အလယ်တော​ဘက်သို့ ခြေလျှင်စစ်​ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဘုရားတောင်  စိုးမိုးတောင်ကုန်း) ကို လက်လွတ်ခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ” အင်အားချင်းမမျှတော့ ကျွန်တော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ အခုစကစတွေ တောင်ကုန်းမှာ နေရာယူထားကြပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦးကျဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြည်သူ ၁ ဦးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကိုမူ မသိနိုင်ကြောင်း သူက ဆက်ပြောသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ကသာတကြောတွင် စစ်အင်အား အလုံးအရင်း ဖြည့်တင်းလာပြီး‌ ထိုးစစ်ဆင်မှုများလည်း ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်လည်း ထီးချို့မြို့ အလယ်တောရွာအနီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစကာ … - [ဖားကန့်တွင် ပစ်သတ်ခံလိုက်ရသည့် အခွန် ဒုဦးစီးမှုး၏ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/10/17/az2-35/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး နှင့် စသုံးလုံးမှ အရာရှိတစ်ဦးတို့  ပစ်သတ်ခံရမှုတွင် အခွန် ဒုဦးစီးမှူး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ ၄နာရီအချိန်တွင် အခွန် ဒုဦးစီးမှူးနှင့် စသုံးလုံး အရာရှိ ၂ဦးသည် ဖားပြင်ကျေးရွာ အနှိပ်ခန်းတစ်ခုအတွင်း ရှိနေစဉ် အမည်မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်ခါအုပ်စု ဆွတ်အောင်ရွာအရောက်တွင် ပစ်သတ်လိုက်သည်ဟုသိရသော်လည်း ဒုအခွန်ဦးစီးမှူး၏ ရုပ်အလောင်းသာတွေ့ရှိရကြောင်း ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “သူတို့ ၂ယောက်စလုံးကို ဖားပြင်အနှိပ်ခန်းကနေ ခေါ်သွားပြီးတော့ ဆန်ခါအတက် ဆွတ်အောင်ရွာအရောက်မှာ ပစ်သတ်လိုက်တယ်။ ဒါပေမယ့် စသုံးလုံးအရာရှိတစ်ယောက်က မသေဘူးလို့ပြန်သိရတယ်။ သူတို့က ၂ယောက်စလုံးကိုသေပြီ ဆိုပြီး အလောင်းကို အဲ့နေရာမှာပဲ ပစ်ထားခဲ့တာ။ ဒေသခံတွေပြန်တွေ့တဲ့အခါမှာ အလောင်းက တစ်ခုထဲပဲပြန်တွေ့ကြတယ်။ အဲ့တစ်လောင်းက အခွန် ဦးစီးမှူးရဲ့ အလောင်းဖြစ်နေတယ်”ဟုပြောဆိုသည်။ လက်ရှိတွင် သေဆုံးမှုမရှိဘဲ လွတ်မြောက်နေသည့် စသုံးလုံးမှ အရာရှိမှာ မည်သည့်နေရာတွင် ဆေးကုသမှုခံယူနေရသည်ကို အသေးစိတ်မသိရသေးကြောင်း သူကဆက်ဆိုသည်။ “မသေပဲ လွတ်သွားတဲ့ သူကို ဆေးရုံတွေမှာ လိုက်စုံစမ်းကြည့်တာမရှိဘူး လုံခြုံတဲ့နေရာ ဗျူဟာတို့မှာပဲ ဆေးကုပေးနေတယ်လို့ထင်ကြတယ်။ သူတို့ ၂ယောက်ရဲ့ နာမည်ကတော့ သေချာမသိရသေးဘူး။ သေဆုံးသွားတဲ့ အခွန် ဦးစီးမှူးကတော့ မိုးကောင်းဘက်က ပြောင်းလာတာ ဟုတ်တယ်”ဟုဆိုသည်။ ဖားကန့်မြို့နယ်တွင် ယခုနှောက်ပိုင်း စစ်ကောင်စီရဲများ ဖမ်းဆီး ပစ်သတ်ခံရမှု ပိုမိုများပြားလာသည်နှင့်အမျှ စစ်ကောင်စီစစ်သားများနှင့် ရဲဘက်မှလည်း အရပ်ဝတ်များဖြင့် ပြည်သူများကြား သွားလာလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ - [မန်တုံတွင် စစ်ကောင်စီ နှင့် KIA တိုက်ပွဲဆက်လက်ဖြစ်ပွား](https://burmese.kachinnews.com/2022/10/17/ld1-10/): ရှမ်းမြောက် မန်တုံမြို့တွင် အောက်တိုဘာ ၁၇ ယနေ့ နံနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်း သိရသည်။ စစ်ကောင်စီ အင်အား ၆၀ ကျော်သည် မန်တုံအထက် မုန်ဝွေ– နမ်ခမ်း သွားလမ်းရှိ KIA တပ်စခန်းရှိရာသို့ ချီတက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ “ခုထိ တိုက်ပွဲသံတွေကြားနေတုန်း၊ ဒီနေ့က စစ်တပ်ဘက်ကလည်း KIA ရှိတဲ့ဘက်ကို စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေသလို KIA လည်း မြို့တွင်းမှာရှိတဲ့ စစ်တပ်စခန်းကို လာပစ်နေတာပေါ့။ မနေ့က လာပစ်တဲ့ စစ်တပ်စခန်းမှာပဲ KIA ဒီနေ့ထပ်လာပစ်တာ။ ဟိုဘက်မှာ ဖြစ်တော့ ဒီဘက်လည်းလာပစ်ခတ်တာပေါ့။ ၂ နေရာတစ်ပြိုင်တည်း ဖြစ်နေတယ်အခုက။” ဟု မန်တုံဒေသခံတစ်ဦးက ပြောသည်။   စစ်ကောင်စီမှ KIA စခန်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ဘက်မှလည်း မန်တုံမြို့အဝင်ရှိ  ခမရ ၁၃၀ စစ်တပ်စခန်းကို လာရောက်ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။  စစ်ကောင်စီတပ်မှ လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူတစ်ချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ “မြို့တွင်းက ပြည်သူတွေအားလုံးတောင် ပုန်းတဲ့သူက ပုန်း အားလုံး တိတ်ဆိတ်သွားပြီ။ ဒီနေ့ လက်နက်ကြီး အတကုန် ပစ်ခတ်ပြီ။ ဘယ်ဘက် ဘယ်ဘက် ကိုသွားကျပြီလဲမသိဘူး။ ဒေသခံအားလုံးလည်း ကြောက်ရွံ့ စိုးရိမ်နေ ကြတာပေါ့။ တချို့နေရာရှိတဲ့သူတွေက မြို့ကြီးဘက်ကို ရှေ့ရက်တွေကလည်းက တိမ်းရှောင်ကုန်ပြီ။ ခုထပ်ဖြစ်နေတော့ ရှောင်တဲ့သူ ရှောင်ရင်း ရှိနေကြတယ်။” ဟု အထက်ပါ မန်တုံဒေသခံက ဆက်ပြောသည်။ အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA  လာရောက် ပစ်ခတ်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်း မန်တုံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ယမ်းတမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်မှုနှင့် လူနေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။ လတ်တလော စစ်ကောင်စီတပ်မှ မန်တုံနှင့် နမ္မတူကြား စစ်ကြောင်းများ နေရာယူ လှုပ်ရှားနေပြီး KIA၊ PDF တို့နှင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်။ - [မူဆယ်တွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရ](https://burmese.kachinnews.com/2022/10/17/bs1-5/): ရှမ်းပြည်နယ် မူဆယ်မြို့ ခရစ်ယာန် ရပ်ကွက်တွင် အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ CCTV မှတ်တမ်းအရ ကလေး ၃ ဦး လမ်းလျှောက်သွားစဉ် လမ်းကြားတွင် ရပ်ထားသည့် ကားအဖြူမှ လူထွက်လာပြီး ကလေး ၁ ဦးကို ကားထဲသို့ ဖမ်းထည့်ကာ ကားမောင်းထွက်သွားသည်ကိုတွေ့ရသသည်။ “မနက်ပိုင်း တရုတ်ကျောင်း တက်တဲ့အချိန် ဖမ်းသွားတယ်“ဟု ၎င်း မိသားစုနှင့် နီးစပ်သူ ၁ ဦးက ပြောသည်။ လမ်းလျောက်ထွက်လာသော ကလေး ၃ ဦးအနက် ၁ ဦးကို ရွေးဖမ်းရခြင်းမှာ ငွေကြေးတတ်နိုင်သည့် အခြေအနေကို သိရှိထားသောကြောင့် ဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက သုံးသပ်သည်။ ၎င်း နေရာတွင်ပင် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းတွင်လည်း အမျိုးသမီး၏ ဖုန်း လုယက်ခံရသည်ဟု မြို့ခံများပြောသည်။ “ဟုတ်တယ်။ ကလေးကို ပြန်ပေးဆွဲ သဘောနဲ့ ခေါ်သွားတယ်။ ဒီနေ့လည်း အဲ နေရာမှာပဲ အဖွားတယောက်ရဲ့ ဖုန်းလုပြီးတော့ အရမ်းမြန် ထွက်ပြေးသွားတယ်“ ဟု အနီးနားက မြို့ခံ ၁ ဦးက  ရှင်းပြသည်။ စစ်ကောင်စီ အာဏာ သိမ်းပြီးနောက် မူဆယ်မြို့တွင် ခိုးမှု၊ ဓားပြ တိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ ပစ်ခတ်မှုတွေ ပိုများလာသည်။ မူဆယ်တွင် လိုင်စင်မဲ့ ကားများနှင့် ခိုးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်နေကြသောကြောင့် သက်ဆိုင်ရာမှ ထိန်းသိမ်းပေးရန် ဒေသခံအချို့လည်း တောင်းဆိုနေကြသည်။ ယခုနှစ်အတွင်း ရှမ်းမြောက် ကွတ်ခိုင်မြို့မှ မူလတန်း ကလေး ၁ ဦး၊ နမ့်ခမ်း မြို့မှ … - [ဗန်းမောက်မြို့နယ် ကော်တာရွာကို စစ်တပ်က မီးရှို့ခဲ့](https://burmese.kachinnews.com/2022/10/17/sm1-27/): ဗန်းမောက်မြို့နယ် တောင်ပိုင်း ခမ်းဘတ်တောင်ခြေရှိ ကော်တာကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၆ ရက် ယမန်နေ့တွင် မီးရှို့ခဲ့သည်ဟု သိရသည်။ နံနက်ပိုင်း ၈ နာရီဝန်းကျင် အင်အား၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသကာကွယ်ရေးတပ်များရှိရာ ခမ်းဘတ်တောင်ပေါ်ကို စစ်ကြောင်းထွက်ခွာရာမှ ဒေသခံကာကွယ်ရေးတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နောက်ပြန်ဆုတ်ကာ ကော်တာရွာကို မီးရှို့သွားသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ “သူတို့တက်လာတဲ့အချိန် ကျနော်တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပေါ့ နှစ်ဖက်လက်နက်ကြီးသုံးတာတွေအထိပေါ့ သူတို့ဘက်က အရေးနိမ့်တာနဲ့ ကော်တာရွာဘက်ကိုပြန်ဆုတ်လာတယ်။ ပြီးတော့ ပြည်သူ့နေအိမ်တွေမီးရှို့တာပေါ့။ ၁၂နာရီဝန်းကျင်လောက်မှာပေါ့” ဟု ပြောသည်။ အဆိုပါစစ်ကောင်စီ တပ်ဖွဲ့များသည် ကော်တာ ကျေးရွာကိုမီးရှို့ပြီးနောက် နေ့လည် ၂ နာရီအချိန်တွင် မံကပ်ကျေးရွာတွင် ညအိပ် တပ်ဆွဲခဲ့ပြီး ယနေ့နံနက်ပိုင်း နားမော်ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ နားမော်ကျေးရွာနှင့် ခမ်းဘတ်တောင်သည် ၃ မိုင်ခန့်သာ ကွာဝေးကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရှိရသော်လည်း အထိနာခဲ့သဖြင့် ကော်တာကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း၊ ကော်တာကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့် နေအိမ်မည်မျှ ဆုံးရှုံးသည်ကိုအတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။ မီးရှို့ခံရသည့် ကော်တာကျေးရွာသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းတွင် တည်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများအကြား စစ်ရေးတင်းမာနေပြီး မံပင်၊ မံကတ်၊ နားမော်၊ ကော်တာ စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရှိရသည်။ - [ဆန်အိတ်ထဲ ကျည်ဆံသယ်ဆောင်လာသည့် အမျိုးသား စစ်ကြောရေးတွင် သေဆုံး](https://burmese.kachinnews.com/2022/10/17/az2-34/): ခရီးသည်ယာဉ်ပေါ် ဆန်အိတ်ထဲ ကျည်ဆံတင်ဆောင်လာသည့် အမျိုးသားသည် အောက်တိုဘာလ ၁၅ ရက်နေ့ ကသာစစ်ကြောင်းရေးတွင် သေဆုံးသွားပြီဟု သိရသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး၏ ဆန်အိတ် ၅ အိတ်အတွင်း ကျည်ဆံများတင်ဆောင်လာသောကြောင့် အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး အမျိုးသားကို ကသာ စစ်ကြောရေးဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ “သူတို့အစက အင်းတော်ရဲစခန်းမှာ ဖမ်းထားတာ ဟုတ်တယ်။ နောက်တစ်ရက်နေ့မှာပဲ ကသာတပ်ထဲကို ပြောင်းရွှေ့လိုက်ပြီး စစ်ဆေးကြောရေးလုပ်ရင်းနဲ့ ဆုံးသွားတယ်လို့ ကသာရဲ စခန်းဘက်ကနေ ပြောလာတယ်”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ စစ်ကြောရေးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသား၏ ကိုယ်ရေးအချက်အလက်ကို KNG သတင်းဌာနမှ သီးခြားစုံစမ်းသိရှိနိုင်ခြင်းမရှိသေးပါ။ အဆိုပါ ကျည်ဆံဖမ်းဆီးရမိသည့် တက်နေလင်းမော်တော်ယာဉ်နှင့် ယာဉ်မောင်းတို့ကို အင်းတော်ရဲစခန်းတွင် တစ်ညအိပ်ထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင် ပြန်လည်သွားလာခွင့်ပေးလိုက်ကြောင်းသိရသည်။ အင်းတော် စစ်ဆေးရေးဂိတ်တွင် ယခုလို လက်နက်ကျည်ဆံ ဖမ်းဆီးရမှုသည် ပထမအကြိမ်ဖြစ်ပြီး ထိုဂိတ်တွင် စစ်ကောင်စီစစ်သားများနှင့် ရဲတပ်သားများက သွားလာသည့် မော်တော်ယာဉ်များကို ဂိတ်ကြေးကောက်ခံနေသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။ အလားတူ ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ နန့်စီးအောင်စစ်ဆေးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရမှုမကြာခဏဖြစ်ပွားလျက်ရှိနေပါသည်။ - [ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်](https://burmese.kachinnews.com/2022/10/17/az1-46/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးဖမ်းဆီးခံရမှုတွင် တစ်ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ဖားကန့် PDF နှင့်နီးစပ်သူများထံမှသိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးအား ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ က ဥရုချောင်းတံတားပေါ်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသည့် ၃ဦးအနက် တစ်ဦးမှာ ရေထဲခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု PDF နှင့်နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။ “မနေ့က ဖားကန့်တံတားပေါ်မှာ ရဲ ၃ယောက်ကိုဖမ်းတာ တစ်ယောက်က တံတားပေါ်ကနေ ရေထဲကိုခုန်ချပြီး လွတ်မြောက်သွားတယ်။ အခုက ၂ယောက်ပဲမိတယ်။ ရဲ ၂ ယောက်ကို ရာထူးနဲ့ အမည်ကိုစစ်ဆေးနေတယ်”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် ရဲ ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်မှုများပြုလုပ်နေကြောင်းသိရသသည်။ အလားတူ ပြီးခဲ့သော ဩဂုတ်လ ၃ ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန် KBZ ဘဏ်ရှေ့တွင် ရဲမှူးကိုကိုလွင်နှင့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရပြီး ယခုလ ၁၀ ရက်နေ့တွင် ဖားကန့် မရှီကထောင်ရပ်ကွက်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။ ထို့အပြင် ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသော အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်ပေး ဒလန်များ မကြာခဏ ပစ်သတ်ခံရမှု ဖြစ်ပွားနေဆဲဖြစ်သည်။ - [မိုးကောင်း ၄ မိုင်း ကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/10/16/yl1-20/): ကချင်ပြည်နယ် မိုးကောင်းမြို့ အဝင် ၄ မိုင်ကျေးရွာ၏ ကျောင်းထိုင်ဆရာတော်ဘုန်းကြီး ယနေ့ည ၈နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖြစ်စဉ်မှာ ၄ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အုပ်ချုပ်ရေးမှူးအပါ ကျောင်းထိုင်ဆရာတော်နှင့်အတူရှိနေစဉ် အမည်မသိအဖွဲ့အစည်း ၁၀ ဦးခန့်က ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ပစ်ခတ်သွားသည်ဟု မိုးကောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ သူတို့ ကျောင်းထဲမှာ စကားပြောနေကြတဲ့အချိန်မှာ ပစ်ခတ်ခံလိုက်ရတယ်။ လာပစ်တဲ့အဖွဲ့က ကားနဲ့လာပြီး ဝင်ပစ်သွားတယ်လို့သိရတယ်။ ဘုန်းကြီးလည်း သေနတ်ဒဏ်ရာတော်တော်များတယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးက လွတ်သွားတယ်လို့ကြားတယ်”ဟုပြောသည်။ ကျောင်းထိုင်ဘုန်းကြီးပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မိုးကောင်း ဒေသခံ သတင်းအရင်းအမြစ်က ယခုလို ဆက်လက်ပြောဆိုသည်။ “ဘုန်းကြီးက ဘာလို့ ပစ်ခတ်ခံရတယ်ဆိုတော့ သူတို့ စစ်တပ်နဲ့တော်တော်နီးစပ်တယ်လို့သိရတယ်။ အရင်ကလည်း ဘုန်းကြီးက ကြံ့ခိုင်ရေးဘက်ပါတယ်လို့ပြောတယ်။ အဲ့ကြောင့် ပစ်ခတ်ခံရတယ်လို့ထင်တာပဲ။ ဒါပေမယ့် အခုချိန်အထိ ဘယ်အဖွဲ့အစည်းက ပစ်တယ်လို့က ပြောလို့မရဘူး စုံစမ်းနေဆဲဖြစ်တယ်”ဟုဆက်ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ၄ မိုင် ကျောင်းထိုင်ဆရာတော်သည် အသက် ၆၀ နှစ်အရွယ် ဘန်ဒန္ဒသီတာနန္ဒ(ဦးသူရဇော်) ခေါ်သူဖြစ်သည်ဟုသိရသည်။ ကျောင်းထိုင် ဆရားတော်၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၆ ချက်တွေ့ရပြီး မိုးကောင်း စစ်ဆေးရုံတွင် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။ အဆိုပါ ၄ မိုင်ကျေးရွာသည် မိုင်းကောင်းမြို့အဝင် ညာဘက်ခြမ်းတွင်တည်ရှိပြီး များသောအားဖြင့် ရှမ်းလူမျိုး အများဆုံးနေထိုင်သည့် ကျေးရွာ တစ်ခုဖြစ်ကြောင်းသိရသည်။ - [ရွှေကူတွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးချုပ်နှောင်ခံထားရ](https://burmese.kachinnews.com/2022/10/15/az2-33/): ကချင်ပြည်နယ် ရွှေကူမြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီစစ်သားများ နှင့် ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။  အောက်တိုဘာလ ၁၄ရက်နေ့ ည ၉နာရီဝန်းကျင် ရွှေကူမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးကိုနိုင်ကို စစ်သားနှင့်ရဲ စစ်အင်အားအများအပြားဖြင့် ဝန်းရံကာ လာရောက်ဖမ်းဆီးသွားသည်ဟု ရွှေကူနယ် ဒေသခံတစ်ဦး KNG ကိုပြောသည်။ “လာဖမ်းသွားတာက ည ၉နာရီလောက်ရှိပြီ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကို အသိရဘူး။ သူက အုပ်ချုပ်ရေးမှူးဟောင်းဆိုပေမယ့် CDM လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ စစ်သားနဲ့ ရဲတွေ အင်အားအများနဲ့လာဖမ်းသွားတာ”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနိုင်ကို ရွှေကူမြို့အချုပ်ခန်းအတွင်း ယနေ့နံနက်ပိုင်းအထိ မိသားစုဝင်များနှင့် တွေ့ခွင်မပေးဘဲ ချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။ အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရွှေကူ စစ်လှေဆိပ်မှာ လူလတ်ပိုင်း လူငယ်တစ်ဦးကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးခေါ်သွားသွားပြီး လက်ရှိအချိန်အထိပြန်မလွတ်သေးကြောင်း သတင်းအရင်းအမြစ်များထံမှသိရသည်။ လတ်တလောတွင် ရွှေကူမြို့၏ အနောက်ဘက်ခြမ်း နန့်လင်း၊ စီမော်၊ စည်သာစသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်း ၄၀၀ ကျော်ခန့်ကို စစ်ကြောင်း ၂ခုခွဲကာ စစ်ရေးလှုပ်ရှားမှုများရှိနေသောကြောင့် ကျေးရွာ ၁၀ ခုခန့်က ရွှေကူမြို့နှင့် မိုးကင့်ဘက်သို့ စစ်ရှောင်နေကြဆဲဖြစ်သည်။ - [ရွှေကူနယ် စီမော်တွင် လက်နက်ကျည်ထိမှန်မှုကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး နေအိမ် ၆လုံးထက်မနည်း မီလောင်ပျက်စီး](https://burmese.kachinnews.com/2022/10/14/az1-44/): ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၃ရက် နေ့လည်ပိုင်း ၁နာရီဝန်းကျင်တွင် စီမော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ကျေးရွာရှိသည့်ဘက်သို့ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု KPDF နှင့်နီးစပ်သူ တစ်ဦး KNG ကိုပြောသည်။ “စစ်သားတွေ စစ်ကြောင်းထိုးဝင်လာလို့ KPDF အဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်လိုက်တဲ့သဘောပါ။ အဲ့ဒါကိုသူတို့က ကြောက်လို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ် တာ ရွာထဲမှာ လက်နက်ကျည်တွေသွားကျတယ်။ ရွာသားတွေကပြောတာက နေအိမ်ခြောက်လုံးလောက်လောင်သွားတယ်။ ပြီးရင် တစ်ချို့ကထွက်မပြေးနိုင်ပဲ ကိုယ့်အိမ်မှာပဲ ကျန်ရှိနေတဲ့သူတွေရှိတယ်။ အဲ့တော့ မနေ့က စစ်သားတွေပစ်လိုက်တဲ့ လက်နက်ကြောင့် ပြည်သူ ၂ယောက်ထိသွားတယ်”ဟုပြောသည်။ စီမော်ကျေးရွာနေပြည်သူများသည် အောက်တိုဘာလ ၁၃ ရက်နေ့မတိုင်မှီအတွင်းမှ ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တစ်ချို့မှာ မတိမ်းရှောင်နိုင်ဘဲ နေအိမ်တွင် ရှိနေစဉ် အမျိုးသား ၂ဦး လက်နက်ကြီးကျမှန်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါ စီမော်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ရွာလုံးကျွတ် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်များပြောသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ရွှေကူမြို့နယ်အတွင်းသို့ စစ်အင်အား ၄၀၀ ဝန်းကျင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် နန့်လင်း၊ … - [ဆန်အိတ်အတွင်း ကျည်ဆံသယ်ဆောင်လာသည့် ခရီးသည်ယာဉ်တစ်စီး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/10/14/az1-45/): ခရီးသည်တင်ယာဉ်ကားတစ်စီးတွင် တင်ဆောင်လာသည့် ဆန်အိတ်များအတွင်း ကျည်ဆံများတွေ့ရှိရသဖြင့်  စစ်ကိုင်းတိုင်း အင်းတော်မြို့ အဝင်ဂိတ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံမှသိရသည်။ အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်းခရီးသည် တင်ကားတွင် တင်ဆောင်လာသည့် ဆန်အိတ်များတွင် ကျည်ဆံများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “အင်းတော်ဂိတ်မှာ ဖမ်းခံလိုက်ရတာဟုတ်တယ်။ ခါတိုင်း အဲ့ဂိတ်မှာ စစ်တာသိပ်မရှိဘူး မနေ့ကတော့ သေချာကိုစစ်ဆေးတာဗျာ။ ကျနော်တို့ထင်တာက ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်တယ်။ ကျည်ဆံက ဘယ်နှစ်တောင့်ဆိုတာက မသိဘူး။ ကားကိုလည်း အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်တယ်”ဟုပြောဆိုသည်။ ဖမ်းဆီခံလိုက်ရသည့် ကျည်ဆံများသည် မန္တလေးဘက်သို့ သယ်ဆောင်သွားရန်ဖြစ်ပြီး မည်သည့်အဖွဲ့က တင်ဆောင်ခိုင်းသည်ကို မသိရှိရသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိနေပါသည်။ အဆိုပါ ကျည်ဆံများ ဖမ်းဆီးရမိသည့် တက်နေလင်း ခရီးသည်ယာဉ်ကားကို အင်းတော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ အင်းတော်ဂိတ်တွင် ယခုလို လက်နက်ကျည် ဖမ်းဆီရမိမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုဂိတ်တွင် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်သားများက ပုံမှန် နေထိုင်သည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။ ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ နန့်စီးအောင်ဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရမှုမကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ - [နေရပ်မပြန်နိုင်သေးသော ဆင်လီကောင်ရာဒေသခံများအတွက် စားနပ်ရိက္ခာ လိုအပ်နေ](https://burmese.kachinnews.com/2022/10/13/ld2-2/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ပြေးရှောင်နေရသည့် ဆင်လီကောင်ရာကျေးရွာဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အပြင် အစားအသောက်ပြတ်လပ်မှုဒဏ် ထပ်မံကြုံလာနေရကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆင်လီကောင်ရာ၊ မန်ဂျတ်နှင့် ကုန်းကယား စသည့်ကျေးရွာဒေသခံများ နီးစပ်ရာမြို့ဆီ ထွက်ပြေးတိမ်းရှောင်သွားရာတွင် ယခုချိန်ထိ ကျေးရွာအတွင်းလုံခြုံမှုမရှိသဖြင့် နေရပ်မပြန်နိုင်သေးချိန် စားနပ်ရိက္ခာလိုအပ်လာသည်ဟု ဆိုသည်။ “အခုက ရွာသားတွေလည်း ကိုယ့်အိမ်ကိုပြန်ဖို့ လုံခြုံမှုမရှိဘူး။ ရွာနဲ့မဝေးတဲ့အနီးတဝိုက်မှာ စစ်သားတွေရှိနေသေးတယ်။ ပြီးတော့ အခုက စစ်ရှောင်တွေက နေရပ်ပြန်ဖို့ကို ပြန်ချင်စိတ်ပျောက် နေတာ။ တချို့ဆို ဘာမှကိုမရှိတော့ဘူး။ ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်တွေကအစ၊ ဆန်တွေ၊ အစားအသောက်တွေလည်း ဘာမှမရှိတော့ဘူး။ စောင်တွေလည်း ဘာမှမရှိတော့ဘူး။ အဝတ်အစား တွေအထိ ဖျက်ဆီးပေးလိုက်ကြတာ။ ကိုယ့်နေအိမ်မှာ ဘာမှမရှိတော့ဘူးဆိုတော့ ပြန်လည်း ပိုခက်မဲ့ အနေအထားဖြစ်နေတယ်။” ဟု အမည်မဖော်လိုသူ ဆင်လီကောင်ရာ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ အဖိုးတန်ပစ္စည်းမှန်သမျှ ယူဆောင်သွားခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံများမှာ နေရပ်ပြန်ရန် စိုးရိမ်နေကြောင်း ပြောသည်။ စစ်ကောင်စီမှ ရွာကို ဖျက်ဆီးထားပြီးနောက် လူငယ်တချို့နေရပ်ပြန်ကာ ရှင်းလင်းမှုပြုလုပ်ခဲ့သော်လည်း အမျိုးသမီးများနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများသည် နမ်ခွမ်ကျေးရွာနှင့် နမ္မတူမြို့ အသင်းတော်ဘုရားကျောင်းဝင်း၌သာ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။ သတင်းကျွတ်ကာလ တိုက်ပွဲတည်ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားလာမှုနှင့် တပ်စွဲနေထိုင်မှုများ ဆက်လက်ရှိနေသေးသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်ပြီး ဒေသခံများလည်း နေရပ်မပြန်ရဲသေးကြောင့် ယခုလို ဆက်ပြောသည်။ “အခု သတင်းကျွတ်အတောအတွင်းမလို့ သေနတ်သံတွေငြိမ်နေပေမဲ့ စစ်တပ်က အဆုတ်သွားသေးဘူး။ ဆက်ပြီးထိုးဝင်အုံးမလား၊ နမ္မတူ–မန်တုံ လမ်းမကြီးတစ်လျှောက်တော့ ရှိနေသေးတယ်။ သူတို့က အချိန်မရွေး ထိုးဝင်လာနိုင်တဲ့အနေအထားဖြစ်နေတယ်။ KIA ဘက်ကလည်း အဆင့်အသင့်အနေအထား စောင့်ကြိုနေပုံနဲ့ အချင်းချင်း တင်းမာနေသေးတာဖြစ်တယ်။ ရွာသားတွေအတွက်က လုံခြုံမှုမရှိသေးဘူး။” ဟု ၎င်းကပြောသည်။ ယခုလို စစ်ရှောင်ပြည်သူ … - [ရွှေကူနယ်ရှိ စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော် ၂နေရာသို့ စစ်ကြောင်းဆက်ထိုးနေ၊ တိုက်ပွဲထပ်မံဖြစ်ပွားနိုင်ဟုဆို](https://burmese.kachinnews.com/2022/10/13/az2-32/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်အင်အား ၄၀၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည်  နောက်ထပ် စစ်ကြောင်း ၂ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေသည့်အတွက် စစ်ရေးတင်းမာမှုအခြေအနေတွင်ဖြစ်ပေါ်နေပြီး အချိန်းမရွေးတိုက်ပွဲ ထပ်မံဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများစိုးရိမ်နေကြသည်။ အောက်တိုဘာလ ၁၁ရက်နေ့ ရွှေကူမြို့မှ နန့်လင်းနှင့် နောက်လတ်ကြီး ကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စည်သာရွာနှင့် ရှမ်းမြောက်နယ်စပ် စီးမော် စသည့် ၂နေရာဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ထွက်ခွားသွားသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောသည်။ “မနေ့ည ၃နာရီလောက်ကနေ စည်သာရွာကို ဝင်စီးနေတာ ရွာမှာလူမရှိတော့ ပြည်သူတွေရဲ့ အိမ်တွေပဲ မွှေနှောက် ဖျက်ဆီးသွားလိုက်တယ်။ ဒီမနက်မှတောာ့ စစ်ကြောင်း ၂ခုပြန်ခွဲပြီး စစ်ကြောင်းကတော့ အဲ့စည်သာဘက်မှာပဲဆက်ရှိနေသေးတယ်။ တစ်ကြောင်းကတော့ ရှမ်းမြောက်နယ်စပ်ဘက်က စီးမော်ဘက်ကိုထွက်ခွာသွားကြတယ်”ဟုဆိုသည်။ စစ်ကြောင်းအင်အား ၄၀၀ ဝန်းကျင်ရှိသည့်အနက် ၂၀၀ ခန့်သည် ရှမ်းမြောက်နယ်စပ် စီးမော်ဘက်သို့ ထွက်ခွာသွားပြီး လမ်းကြောင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု သူကဆက်ဆိုသည်။ ထို့သို့ ရွှေကူဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက်ကြောင့် စည်သာ၊ စီးမော်အပါ နန့်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ မံဝိန်း၊ စီမူကြီးနှင့်စီမူလေး စသောကျေးရွာတို့သည် ရွာလုံးကျွတ် ရွှေကူမြို့ပေါ်နှင့် စစ်ကိုင်းနယ်စပ် မိုးကင့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါသည်။ ပြီးခဲ့သောရက် အောက်တိုဘာလ ၁၁ ရက်နေ့တွင် နန့်လင်းနှင့်နောင်လတ်ကြီး ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး … - [ယားယံမှု နှင့် ဖျားနာမှု ဖြစ်ပွားနေသော ကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့ပေးရန် တောင်းဆို](https://burmese.kachinnews.com/2022/10/13/ld1-9/): ကလေးငယ်များတွင် အရေပြားယားယံမှု ဝေဒနာခံစားနေရသော တနိုင်း လီဒိုလမ်းတစ်လျှောက်ကျေးရွာများသို့ သွားရောက် ကုသနိုင်ရန်အတွက် ဆေးဝါး အရေးပေါ် ကူညီမှုလိုအပ်နေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။ လက်ရှိ တနိုင်း လီဒူလမ်းတစ်လျှောက်ကျေးရွာများရှိ ကလေးငယ်များတွင် အဖုအပိန့်ယားယံမှု ဝေဒနာများနှင့် အခြားဆိုးရွားသောရောဂါများကို မြင်တွေ့နေရသော်လည်း ဆေးဝါးလုံလောက်မှု မရှိသောကြောင့် ကူညီနိုင်ရန်ခက်ခဲနေသည်ဟု ကချင်ကျေးလက်ဒေသများသို့ ဆေးဝါး ကူညီကုသပေးနေသော Kachin Backpack Health Worker Team မှ တာဝန်ခံ Mr.Zet မှ KNG သတင်းဌာန ကို ပြောသည်။ “ဘာရောဂါမှန်း ကောင်းကောင်းက မသိရပဲ၊ ကိုယ်ပူ အဖျားလည်းမြင့်ပြီး အကျတတ်နဲ့ ဆိုးဆိုးရွားရွား ဖျားနာနေကြတဲ့အဆင့်ဖြစ်တယ်။ ကျနော်တို့ ဟိုနေ့က ဒွမ်ဘန်ရွာမှာ တစ်နေ့ထဲနဲ့ လူက ၃၀၀ ကျော်ဖြစ်သွားတော့ ဆေးဝါးမလောက်တော့တာ။ အခုနေရာတကာမှာ ဖြစ်ပွားနေတယ်။ ကျနော်တို့လည်း သွားလို့တော့ရပေမဲ့ ဆေးဝါးမရှိဘူးဖြစ်နေတယ်။ ကလေးတွေမှာ ဖြစ်တဲ့ရောဂါဆိုရင် အစက တောရွာတွေမှာပဲဖြစ်တာ ခုဆို မြို့ထဲက ကလေးတွေထိပါ ကူးစက်ပျံ့နှံ့လာပြီ။ အဲ့တာကို အမြန်ဆုံး အရေးပေါ်အနေနဲ့ ကုသထိန်းချူပ်မှ ဖြစ်မယ်ဆိုပြီး ဆေးဝါးကုသဖို့သွားနေပေမဲ့ ဆေးဝါးကုန်နေတဲ့ အခက်အခဲဖြစ်နေတယ်။”ဟု ပြောသည်။ လက်ရှိ လီဒူလမ်းမကြီးတစ်လျှောက်ရှိ ရပ်ကျေးရွာများတွင် ရာသီတုတ်ကွေးကြောင့် ကလေးငယ်အမြောက်အများ ဖျားနာနေကြပြီး စစ်ရှောင်စခန်းရှိ ကလေးများတွင်လည်း ရေကျောက်ကဲ့သို့ ရောဂါဝေဒနာတစ်မျိုး ခံစားနေကြရကြောင်း သိရသည်။ သို့သော်လည်း ဆေးရုံဆေးခန်းများ မရှိသည့်အပြင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ မရှိသောကြောင့် ၎င်းဒေသရှိ ပြည်သူများ အခက်အခဲရှိနေသည်ဟု ဆိုသည်။ “အဲ့ကလေးတွေကို ဆေးကုသပေးနိုင်ဖို့ဆိုလည်း ကလေးတစ်ယောက်အတွက် ဆိုပါစို့ ဆေးတစ်ဗူးမှာ စျေးနှုန်းက ၅၀၀၀ အထက် ၁ သောင်းဝန်းကျင်ရှိနေတော့ ကျနော်တို့မှာလည်း အဲ့တာနဲ့ပတ်သက်တဲ့ဆေးလည်း မရှိနေတော့ ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေတယ်။ ဆေးကုသပေးဖို့ လူအင်အားတော့ရှိပေမဲ့ ဆေးဝါးမရှိဘူးဖြစ်နေတယ်။” ဟု Mr. Zet က ဆက်ပြောသည်။ ကလေးငယ်အများအပြားတွင် တူညီသည့် လက္ခဏာအနေဖြင့် အရေပြားယားယံဝေဒနာ နှင့် ဖျားနာမှုဖြစ်ပွားနေသည်ဟု ဆိုသည်။ တနိုင်းမြို့နယ်တွင်းမှ ကလေးငယ်များတွင် ထိုရောဂါမျိုး ဖြစ်ပွားနေသည်မှာ ၁ လခန့် ရှိလာပြီဖြစ်ပြီး Kachin Backpack အနေဖြင့် ဆေးဝါးကုသပေးနိုင်ရန် သွားရောက်နေသော်လည်း ကျေးရွာတစ်ခုတွင် လူဦးရာဂဏန်းကို ကုသပေးနေရသဖြင့် ဆေးဝါးလုံလောက်မှုမရှိလာသောကြောင့် တတ်နိုင်သည့် မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီပေးပါရန် တောင်းဆိုသည်။ လက်ရှိ အရေးပေါ် လိုအပ်နေသည့် ဆေးဝါးများမှာ paracetamol tab 500mg – 10000 tab x 1000 ပါ (၁၀ဗူး ) ၊ vitamin C tab – 6000 tab x 1000 ပါ ( ၆ ဗူး )၊ mupirocin ointment – 400tub၊ paracetamol syrub 200၊ cough syrub 200 စသည့်ဆေးဝါးများကို ဝယ်ယူကာ ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin BackPack) သို့ ပေးပို့နိုင်ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသကျေးရွာများမှ ကလေးသူငယ်များတွင် ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းမရှိတော့သည့်အပြင် ဆေးရုံဆေးခန်းများလည်း မရှိတော့သဖြင့် ထိုသို့ ကူးစက်ပြန့်ပွားမှု မြန်ဆန်စွာ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း Mr.Zet က ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ပူတာအိုဒေသ ကျေးရွာအများစုတွင် ကလေးသူငယ်များ၌ ထိုသို့ အဖုအပိန့်များ ပေါက်ပြီး ယားယံမှု ဝေဒနာ နှင့် … - [YouTube ပေါ်မှာ သတင်းနားထောင်တဲ့အခါ သတိထားသင့်တဲ့ ချန်နယ်များ](https://burmese.kachinnews.com/2022/10/13/fact-check/): သတင်း ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ် တည်းဖြတ်ပြီးတော့ ဝင်ငွေရှာနေတဲ့ သတင်းအမှား၊ အလွဲတွေ တင်ဆက်နေကြတဲ့ YouTube Channel အများအပြားရှိနေပါတယ်။ တော်လှန်ရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို လူတွေစိတ်ဝင်စားမယ့် သတင်းခေါင်းစဉ် တပ်ပြီးတော့ ဖန်တီးနေကြတာပါ။ တချို့ Youtube Channel တွေဆိုရင် သတင်းမီဒီယာ အယောင်ဆောင်ပြီးတော့ ကြည့်ရှုသူ ပရိတ်သတ် များလာအောင် လုပ်နေကြပါတယ်။ အဲ့ဒီထဲမှာ Subscriber 106K (ပရိသတ် ၁ သိန်း ၆ ထောင်)ရှိတဲ့ DVB Myanmar Media ဆိုတဲ့ Youtube Channel ဟာ သတင်းမီဒီယာအယောင်ဆောင်ပြီးတော့ သတင်းအမှား၊ အလွဲတွေကို လူတွေ စိတ်ဝင်စားမယ့်ခေါင်းစဉ်မျိုးနဲ့တင်ဆက်နေတာ တွေ့ရပါတယ်။ ဒီချန်နယ်တွေဟာ နာမည်တစ်ခုကနေ တစ်ခုကိုပြောင်းလဲနေတာပါ။ အခု ‘DVB Myanmar Media’ ဆိုတဲ့ ချန်နယ်ဟာဆိုရင် ‘အရေးတော်ပုံ’  ဆိုတဲ့ ချန်နယ်ကနေ ပြောင်းလဲထားတာပါ။ အဲဒီချန်နယ်တွေမှာ ဖော်ပြနေတဲ့သတင်းအမှားတွေထဲက တချို့ဆိုရင် “ဇူလိုင်လ ၄ ရက်နေ့ ၁၀နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ’ “မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” စတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ အလားတူ “Real News Myanmar” “People Tv” “Yangon Time” “Random Burma News” ဆိုတဲ့ Youtube Channel တွေမှာဆိုရင်လည်း ‘PDF ၂သိန်း နေပြည်တော်ကို သိမ်းနေပြီ’ ‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်း အာဏာ ကောက်သိမ်း လိုက်ပြီ” “ဗဟိုဘဏ်နှင့် KBZ ပြဿနာတက်ပြီ ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဆိုတဲ့ သတင်းအမှားတွေနဲ့ Thumnail ခေါင်းစဉ်တပ်ပြီး ကြည့်ရှုသူများအောင် ဖန်တီး ပြုလုပ်နေကြတာပါ။ အခုလို Youtube Channel အတုတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူတို့တင်တဲ့ ဗီဒီယိုကို ကြည့်ရှုသူများအောင် ပြုလုပ်ပြီး YouTube ကနေ ဝင်ငွေရှာနေတာဖြစ်ပါတယ်။ သတင်းအမှားတွေဟာ ဖတ်ရှုသူ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင်း ကြည်ရှုသူ ပရိသတ်တွေအနေနဲ့လည်း သတင်းအကြောင်းအရာတစ်ခုကို သက်ဆိုင်ရာ … - [နောင်မွန်တွင် CDM ထွေအုပ်ဝန်ထမ်း ၁ ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံး](https://burmese.kachinnews.com/2022/10/13/az2-31/): ပူတာအိုခရိုင် နောင်မွန်မြို့မှ CDM ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာမသိမ်းမှီ ပန်နန်းဒင်မြို့ ထွေအုပ်ရုံးတွင် အကြီးတန်းစာရေးတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသည့် နောင်မွန်မြို့ အမှတ် ၅ ရပ်ကွက်မှ ဦးခေါင်လန်ခင်ဂျောင်သည် ပန်နန်းဒင်းဘက်ရေခဲတောင်တွင် ဘေချီဥထွက်ရှာသွားရာမှ အောက်တိုဘာ ၇ ရက်နေ့က ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးသွားကြောင်း သေဆုံးသူနှင့်ရင်းနှီးသည့် နောင်မွန်မြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ”သူတို့သူငယ်ချင်းအဖွဲ့တွေနဲ့သွားလိုက်တာ နှစ်ပတ်လောက်တော့ရှိပြီ အဲ့တာမနေ့ကတော့အိုင်ကွန်နဲ့ ဖုန်းဆက်လာတယ်။ ဦးခေါင်လန်ခင်ဂျောင်က ကျောက်ကမ်းပါးကနေ ပြုတ်ကျပြီးဆုံးသွားပြီးဆိုပြီးဆက်လာတယ်။ သူတို့နဲ့တက်သွားတဲ့ အဖွဲ့တွေကလည်း ပြန်လာပြီနေသူ့ကိုတော့ တောင်ပေါ်မှာပဲသဂြိုလ်လိုက်ပြီးဒီမှာတော့ဆုတောင်းပွဲပဲလုပ်ပေးတော့မှာ”ဟု ပြောသည်။ ဘေချီဥရှာရင် ပြုတ်ကျသေဆုံးသည့် ဦးခေါင်လန်ခင်ဂျောင်သည် အောက်တိုဘာလ ၇ ရက်နေ့ ပြုတ်ကျသေဆုံးခဲ့သော်လည်း ဆက်သွယ်ရေး ဖုန်းလိုင်းအခက်ခဲကြောင့် သေဆုံးပြီး တစ်ပတ်ကြာ အောက်တိုဘာလ ၁၃ ရက်နေ့မှ မိသားစုဝင်များသိရကြောင်း ၎င်းကဆက်ပြောသည်။ ဦးခေါင်လန်ခင်ဂျောင်သည် CDM ပြုလုပ်ခဲ့ပြီးနောက် အလုပ်အကိုင်ရှားပါးမှုနှင့် မိသားစုစားဝတ်နေရေးအခက်အခဲများကြောင့် ဘေချီဥထွက်ရှာစဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။ ဘေချီဥသည် ပူတာအိုရေခဲတောင်ဒေသ၌ စက်တင်ဘာလမှ အောက်ဘာလကုန် နိုဝင်ဘာလဆန်းပိုင်းအထိထွက်ရှိပြီး လက်ရှိပေါက်စျေးမှာ နောင်မွန် ဒေသတွင် တစ်ပိသာလျှင် ကျပ် ၆ သိန်းအနည်းဆုံးရပြီး ပူတာအိုမြို့ပေါ်တွင် တစ်ပိသာ ကျပ်ဆယ်သိန်းနီးပါးအထိ ရှိသည့်အတွက် ဒေသခံများက အသက်နဲ့ရင်း၍ ရှာဖွေနေကြကြောင်း သိရသည်။ အဆိုပါ ဘေချီဥကိုတရုတ်နိုင်ငံက ဝယ်ယူနေကြောင်းသိရပြီး ယခုနှစ်စီးပွားဖြစ်စတင်ရောင်းချလာကြောင်းဒေသခံက ပြောသည်။ လွန်ခဲ့သည် စင်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ပူတာအိုမြို့နယ်ဂျူဗလီကျေးရွာမှ ဦးမဖန်းခင်တန်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် မလိခွမ်ကျေးရွာမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတို့ ဘေချီဥရှာရင်းပြုတ်ကျသေဆုံးခဲ့သောကြောင့် ယခုနှစ်တွင် စုစုပေါင်းသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ - [အာဏာသိမ်းပြီးနောက် ရွေ့ပြောင်းအခြေချသူ ပိုများလာတဲ့ ဖားကန့် ကျောက်စိမ်းတွင်း](https://burmese.kachinnews.com/2022/10/13/feature-kng-cj/): အာဏာသိမ်း စစ်ကောင်စီ၏ လူထုအပေါ် ဖိနှိပ် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်ဘဝ စားဝတ်နေရေးပြဿနာ ဖြေရှင်းရန်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသသို့ အခြေချနေထိုင်လာကြသည်။ ဖားကန့်ဒေသတွင် ယခင်ကတည်းက ရွေ့ပြောင်းလုပ်သားအများအပြား လာရောက်လုပ်ကိုင်ခဲ့သည်နည်းတူ အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသော စစ်ကိုင်းတိုင်းအနှံမှ ပြည်သူအများစု ဖားကန့်သို့ ရွေ့ပြောင်းကာ အသက်မွေးဝမ်းကြောင်း ပြုလာကြသည်။ “ကျွန်တော်တို့ဖက်က ဘာမှလုပ်ကိုင်စားလို့မရတော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေလည်း ဟိုပြေးလိုက် ဒီပြေးလိုက်ပဲ၊ ထမင်းထုပ်တောင် သူများပို့ပေးမှ စားနေကြရတာ၊ ဒီမှာတော့ လောပန်းနဲ့နေပြီး ကျောက်လေး ရှာရင်း၊ ကျောက်ရရင် အိမ်ကိုပို့ပေးရင်း နေရတာပဲ” ဟု ကောလင်းမြို့နယ်မှ ဖားကန့်တွင် ကျောက်စိမ်းလာရောက်ရှာဖွေနေသော မောင်မျိုးချစ်( အမည်လွှဲ)က ဆိုသည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ စာရင်းများအရ ဖားကန့်တွင် လူဦးရေ သုံးသိန်း ဝန်းကျင်ခန့်ရှိခဲ့သည်။ သို့သော်လည်း စစ်ကိုင်းတိုင်းတွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ဒေသခံအများစု ထိုဒေသများတွင် လုပ်ကိုင်ရှာဖွေ စားသောက်မရတော့သည့်အခြေအနေသည် ကချင်ပြည်နယ် ဖားကန့်သို့ ရွှေ့ပြောင်းသူ ပိုမိုများပြားရခြင်း၏ အကြောင်းအရင်း ဖြစ်လာသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှ ပြောင်းရွှေ့လာခဲ့သူတစ်ဦးက “ကျွန်တော်တို့ရွာက ရွာခံလူက ဒီမှာ (ဖားကန့်) ကျောက်အရောင်းအဝယ် လုပ်နေတာ၊ သူက ကျွန်တော်တို့ကို အိမ်တန်းယားဆောက်ပြီး နေစရာပေးတယ်၊ မိသားစု(၂၀)လောက်  ခုနေကြတယ်၊ အိမ်ငှားခ ပေးစရာမလိုဘူး၊ ကျောက်ရှာလို့ရလည်း အစုပေးစရာ မလိုဘူး၊ စားသောက်ရေးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် စီစဉ်ရတယ်၊ ကျောက်ရှာလို့ရရင် ပထမဦးဆုံး သူ့ကိုပြရတယ်၊ သူကကျောက်ကိုကြိုက်ရင်ဈေးပေးတယ်။ ကိုယ်ကလည်း ကြိုက်ဈေးရမှ ရောင်းချင်ရောင်း ရှယ်ယာလုပ်ချင်လုပ်၊ ဈေးမတည့်ရင် တခြားလူနဲ့ပြလို့လည်းရတယ်၊ ခုတော့အဲ့လို ဒီတိုင်းနေကြတယ်” ဟု ပြောပြသည်။ ဖားကန့်တွင် စီးပွားရေးအသင့်အသင့် … - [ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/10/13/az1-43/): ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၄ ခုမှ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်မှစတင်ကာ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် နတ်လင်း၊ နောက်လတ်ကြီး၊ ဝင်ဝရွာ စသောကျေးရွာတို့တွင် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦး KNG ကိုပြောသည်။ “စစ်ရှောင်တွေက ရွှေကူဘက်ကို မနေ့က နေ့လည်ပိုင်းကနေရောက်လာကြတယ်။ အခုလောလောဆယ်က ဘုန်းကြီးကျောင်းတွေထဲမှာ တည်းခိုနေကြတယ်။ အခုဒီမှာက ၂၀၀ ဝန်းကျင်လောက်ရှိပြီ။ ကျန်တဲ့ သူတွေက အသိမိတ်ဆွေအိမ်တွေမှာ ရှိနေကြတယ်။ တစ်ချို့ကတော့ မိုးကင့်ဘက်ကို ရှောင်သွားကြတယ်” ဟု ဆိုသည်။ လက်ရှိတွင် ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းဝင်းတွင် ၁၉၆ ဦးနှင့် မိုးကင့်ကျေးရွာရှိ ရွာဘုန်းကြီးကျောင်းတွင် ၃၁၉ ဦး စုစုပေါင်း စစ်ရှောင်လူဦးရေ ၅၁၁ အထိရှိနေကြောင်း သိရသည်။ စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ်မှ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ ရွှေကူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နတ်လင်းနှင့် နောင်လတ်ကြီးကျေးရွာအနီးတွင် အောက်တိုဘာလ ၁၁ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်မှ ည ၁၂ နာရီဝန်းကျင်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နောင်လင်းနှင့် နောင်လတ်ကြီး ကျေးရွာတို့သည် ရွှေကူမြို့နှင့် ၁၀ မိုင်ကျော်ခန့်အကွာတွင် ရှိသည်။ ပြီးခဲ့သော စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ရွှေကူနယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်တပ်စွဲနေထိုင်ခဲ့သောကြောင့် ပြည်သူ ၄၀၀ ကျော် ၂ပတ်ခန့်အထိ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ - [စစ်ကိုင်းတိုင်း တိုက်ပွဲအပေါ် ကာကွယ်ရေးတပ်ဖွဲ့များ၏ အမြင် နဲ့ သုံးသပ်ချက်များ](https://burmese.kachinnews.com/2022/10/13/sm1-26/): အာဏသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အင်အားသုံး ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး ကျေးရွာအလိုက် နေအိမ် မီးရှို့မှုတွေကို အများဆုံးပြုလုပ်နေပါတယ်။ လက်ရှိ စစ်ကိုင်းအတွင်း တိုက်ပွဲအခြေအနေ နဲ့အတူ စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းကို အင်အားသုံးထိုးစစ်ဆင်နွဲနေတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမြင်တွေကို စုဆည်းတင်ပြထားပါတယ်။ Special.9-HPDF (ထီးချိုင့်) တာဝန်ရှိသူတစ်ဦး Special.9-HPDF (ထီးချိုင့်) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီက စစ်ကိုင်းတိုင်းကိုတော့ အဓိကပစ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းတွေထဲမှာ ကျနော်တို့ စစ်ကိုင်းတိုင်းက ပိုပြီးတော်လှန်တာကို။ အဲ့တော့ သူတို့က သူတို့ကို တော်လှန်တဲ့ဒေသမှန်သမျှ မီးရှို့မယ်၊ ဖျက်ဆီးမယ် ဒါကသူတို့ရဲ့ ရည်ရွယ်ချက် ကျနော်တို့ထီးချိုင့်ဆိုလည်း တော်တော်ဖျက်ဆီးခံရတယ် နောက်ဆုံးအဆင့် လေယာဥ်နဲ့ပါ ကြဲခံရတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ငါတို့ကိုတော်လှန်ရင်း ငါတို့လုပ်မှာပဲ ဘယ်သူသေသေငါတို့မသေရင်ပြီးတာပဲ ဒါသူတို့က ပြည်သူတွေကိုလုံးဝလှည့်မကြည့်တာပဲ သူတို့က ဒေသပေါင်းစုံကို သူတို့လက်အောက်ရောက်စေချင်တာပဲ။ သူတို့အာဏာသိမ်းတာကို လက်ခံစေချင်တယ်။ လက်မခံတော့ အကြမ်းနည်းနဲ့ရက်စက်ပြတယ်။ ဒါပေမဲ့ကျနော်တို့ပြည်သူတွေက သူတို့ရဲ့ယုတ်မာမူကို အာဏာသိမ်းမူကို ကျနော်တို့ပြည်သူတွေအားလုံး ကန့်ကွက်နေကြတယ် ဆန္ဒပြနေကြတယ် တိုက်ခိုက်နေကြတယ်ပေါ့လေ ဒီလိုတော်လှန်တဲ့ဒေသတွေကို သူတို့ကအဓိကပစ်မှတ်ထားတာလို့ထင်ပါတယ်။ Salingyi Special Task Force (ဆားလင်းကြီး) Salingyi Special Task Force (ဆားလင်းကြီး) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တော်လှန်ရေးအင်အား အရမ်းကောင်းလွန်းလို့ပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်အာဏာရှင်ဖီဆန်တဲ့ တော်လှန်ရေးအင်အားစု တော်တော်များများက အခြားမြို့နယ်က တော်လှန်ရေးအင်အားစု အားလုံးက စစ်ကိုင်းတိုင်းမှာပဲလာစုပြီး စစ်ကိုင်းတိုင်းမှာပဲ တော်လှန်ရေး အင်အားစုတွေများလာတော့ သူတို့ကဖိအားပေးတဲ့အနေအထားမျိုးပါပဲ။ နောက်ပြီး အစိုးရတစ်ရပ် ပုံဖော်တာကလည်း စစ်ကိုင်းတိုင်းမှာပဲ အစိုးရတစ်ရပ်ကို ပီပြင်အောင်ပုံဖော်နေတဲ့ ပုံရိပ်တွေကလည်း စစ်ကိုင်းတိုင်းမှာပဲ သက်ရောက်လာတာပေါ့။ ကန့်ဘလူဒေသရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦး စစ်ကောင်စီအနေနဲ့က … - [ချောင်းဦးမြို့နယ် မယ်သဲကြိုးကွင်းကျေးရွာမှ နေအိမ် ၄၀ ကျော်မီးရှို့ခံရ](https://burmese.kachinnews.com/2022/10/12/sm2-7/): စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးကွင်း‌ကျေးရွာတွင် ပြည်သူပိုင် နေအိမ်များ ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် အင်အား ၃၀ ကျော် စစ်ကောင်စီတပ်များကို လူသားဒိုင်းသဖွယ်ရှေ့မှသွားစေပြီး ၎င်းတို့နောက်တွင် အင်အား ၄၀ ခန့် ကပ်လိုက်လာကာ စုစုပေါင်း အင်အား ၇၀ ဖြင့် မယ်သဲကြိုးကွင်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ “သူတို့က အင်အား ၇၀ ကျော်လောက်ရှိတယ်။ ချောင်းဦးကနေ စစ်ကြောင်းနှစ်ခု ခွဲထွက်လာတာ သူတို့ကပရိယာယ်သုံးတာပေါ့ ၃၀ကျော်လောက်ကို အရပ်ဝတ်နဲ့ ရှေ့ကထားပြီး လူသားဒိုင်းတွေဆွဲလာတာလိုလိုနဲ့ ထွက်လာတာ မယ်သဲကြိုးကွင်းရွာလည်း ရောက်ရော အဲ့နားကရှိတဲ့ တဲတွေရော အိမ်တွေရောမီးရှို့သွားတာ အလုံး ၄၀ လောက်ပါသွားတယ်။ မီးရှို့တဲ့အခါလည်း အရပ်ဝတ်တွေက စရှို့တာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။ မယ်သဲကြိုးကွင်း ဒေသခံပြည်သူများသည် စစ်ကောင်စီ စစ်ကြောင်းစတင်ထွက်ခွာလာသည်ဟူသော သတင်းကြားရချင်း ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ပြည်သူများအနေဖြင့် ထိခိုက်မူတစ်စုံတစ်ရာမရှိခဲ့ကြောင်း သူကဆက်‌‌ပြောသည်။ ထို့နောက်အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများသည် ပျူစောထီးကျေးရွာများဖြစ်သည့် ကံဇီး၊ ကင်မွန်းတော်ကျေးရွာများသို့ ထွက်ခွာသွားခဲ့ပြီး လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ကကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။ မယ်သဲကြိုးကွင်းကျေးရွာကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့မှု နှစ်ကြိမ်တိုင်တိုင်ရှိပြီဖြစ်သည်။ လက်ရှိတွင် ကံဇီး၊ ကင်မွန်းတော် စသည့်ပျူစောထီးကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာ ၄ ရွာ ထက်မနည်း ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ - [မုံရွာမြို့ စက်မူဇုန် အဝိုင်းပတ်အနီး စစ်ကောင်စီ ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/10/12/sm1-25/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စစ်မှုဇုန် အဝိုင်းပတ် ပန်းတံခွန် ကိုယ်ပိုင်ကျောင်းအနီးတွင် စစ်ကောင်စီ ကား ၃စီး မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ရက် ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်  စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကား ၃စီးသည် မုံရွာမြို့နယ် မအူကျေးရွာမှ လူနေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု FRE CHU တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ မအူကျေးရွာကို ကား ၃စီးနဲ့ ဧည့်စာရင်းတွေ ဝင်စစ်သွားကြတယ်။ ကျနော်တို့က သူတို့ရဲ့ အပြန်လမ်းကို စောင့်ကြည့်ရင်း နေ့လည် ၁၂ နာရီလောက်မှာ ရှေ့ဆုံးက အစီးကို အရင်ဆွဲလိုက်တာဟုတ်တယ်။ အဲ့နားသွားလာတဲ့ သူတွေပြောချက်အရဆို အနည်းဆုံး ၁၅ ယောက်လောက်က လမ်းပေါ်မှာ တုံးလုံးပက်လက်တွေဖြစ်နေတာတဲ့။ တစ်ချို့က လမ်ပြတ်တာတွေလည်းပါတယ်လို့ ပြန်ကြားရတယ်”ဟုပြောဆိုသည်။ ပထမဆုံး ရှေ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောက်ကလိုက်ပါလာသည့် ကား ၂စီးမှ စစ်ကောင်စီတပ်သားများ လက်နက်ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ စစ်ဆင်ရေးကို Farmer Revolution Force (မုံရွာခရိုင်တပ်ရင်း ၈,၉,၁၀)နှင့် Bravel Heart Army မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။ - [ရွှေကူနယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၂ခု ဝင်ရောက်စီးနင်းခံရ](https://burmese.kachinnews.com/2022/10/11/zm2-5/): ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်လင်း နှင့် နောင်လတ်ကြည် ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လူနေအိမ်များကို ဝင်ရောက်စီးနင်း နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်မှ ရွှေကူမြို့ဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့်  နန့်လန်နှင့် နောင်လတ်ကြည်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး KIA ၊ PDF တို့ကြား ယနေ့နံနက်ပိုင်းမှ ယခုည ၁၀ နာရီဝန်းကျင်အထိ ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။ “တိုက်ပွဲက မနက် ၈နာရီလောက်ကနေ နေ့လည်ပိုင်းလောက် ခဏငြိမ်သွားတယ်။ PDF တွေဘက်ကတော့ အင်အားမမျှလို့ နောက်ဆုတ်သွားတယ်။ အခုညမှာ ပြန်ပစ်နေပြီပြီ။ သေနတ်သံတွေဆက်တိုက်ကြားနေရတယ်။ နန့်လန်အနီးမှာပဲ အထိအခိုက်တော့ သေချာမသိရသေးဘူး”ဟုပြောသည်။ စစ်ကောင်စီတပ်သည် နန့်လန်နှင့် နောင်လတ်ကြည် ကျေးရွာ ၂ခုတွင် ဝင်ဝရွာသား ဒေသခံတစ်ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်လာကာ လူနေအိမ် ၃၀ ကျော်ခန့်ကို မွှေနှောက်ဖျက်ဆီးပေးလိုက်ကြောင်းသူကဆက်ဆိုသည်။ လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ခု၏ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားမှု ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သော စက်တင်ဘာလ ၂၂ရက်နေ့တွင်လည်း ရွှေကူနယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော် ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ပြည်သူ ၄၀၀ ကျော် နှစ်ပတ်ခန့်အကြာ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့သည်။ - [အောင်မြင်သာဘက်မှ ပြန်လာသည့် အမျိုးသား ၅ ဦး အူဗျစ်ကျေးရွာအနီး အုပ်စုဖွဲ့ ရိုက်နက်ခံသဖြင့် ၂ ဦးသေဆုံး](https://burmese.kachinnews.com/2022/10/11/az4-3/): မြစ်ကြီးနား အောင်မြင်သာဘက်မှ ပြန်လာသည့် အမျိုးသား ၅ ဦး အူဗျစ်ကျေးရွာအနီးတွင် လူငယ်တစ်စု၏ ပိတ်ဆို့တားမြစ်ခံရပြီး ဝိုင်းရိုက်ခံရသောကြောင့် အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း ရိုက်နက်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။ အောက်တိုဘာ ၁၀ ရက်နေ့ ည ၅နာရီအချိန်တွင် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသား ၅ ဦးသည် အောင်မြင်သာဘက်မှ မြစ်ကြီးနားဘက်သို့ပြန်လာစဥ် အူဗျစ်ကျေးရွာအနီး လူငယ် ၂၀ ကျော်ခန့်ပါအဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ တားဆီးပြီး ရိုက်နက်ရာ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သေဆုံးသွားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကိုပြောသည်။ ”သူတို့ငါးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ အောင်မြင်သာကနေအပြန် အူဗစ်တံတားအကျော်နားလေးမှာ လူငယ် ၂၀ လောက်က တားတာရပ်ပေးဖို့။ အဲ့မှာ ညီမအမျိုးသာနဲ့အတူစီးတဲ့တစ်ယောက်က အဲ့တားတဲ့ လူငယ်တွေထဲမှာ အသိသူငယ်ချင်းတစ်ယောက်ရှိနေတော့ ရပ်ပေးလိုက်တာ အဲ့မှာပြေပြေလည်လည်ပဲစကားပြောတယ်။ သူတို့က ဒီနားမှာကားတစ်စီး ကျော်သွားတာတွေ့လိုက်လားလို့မေးတာ မတွေ့လိုက်ဘူးလို့ပြန်ဖြေတယ်။ ပြေပြေလည်လည်ပဲ ပြောနေတာသူတို့အဖွဲ့ထဲက ပုပုလေးနဲ့တစ်ယောက်က ဝင်လာပြီးစရိုက်နက်တော့တာပဲ” ဟု သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဇနီးသည်ကပြောသည်။ သေဆုံးသူနှစ်ဦးမှာ ဦးနေထက်အောင် အသက် ၂၂ နှစ်နှင့် မောင်ဝင်းမြင့်ထွေး အသက် ၂၀ တို့ဖြစ်ပြီး နေထက်အောင်မှာ ရိုက်နက်ခံရသည့်နေရာတွင် သေဆုံးသွားပြီး မောင်ဝင်းမြင့်ထွေးမှာ ဆေးရုံသို့ ပို့ဆောင်လိုက်ရာ ရိုက်နက်ဒဏ်ရာများဖြင့် ယနေ့ နံနက် ၇ နာရီတွင် ဆုံးသွားကြောင်းသိရသည်။ ရိုက်နက်သည့်အဖွဲ့သည် ဆိုင်ကယ်ရှစ်စီးဖြင့်ဖြစ်ပြီး ရမ်ပူရပ်ကွက်တွင် နေထိုင်သည့်လူငယ်အချို့ပါဝင်ကြောင်း၊ အောင်မြင်သာအပန်းဖြေစခန်းတွင် အရက်ဘီယာသောက်စား၍ ပြန်လာသူများဖြစ်သည်ဟု သိရသည်။ အမျိူးသားနှစ်ဦး ရိုက်နှက်သတ်ခံရမှုနှင့်ပက်သက်ပြီး မိသားစုဝင်များက မြစ်ကြီးနားအမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။ - [ဗန်းမောက် နားမော်ကျေးရွာအနီး တိုက်ပွဲတွင် PDF ၆ ဦးကျဆုံး၊ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများ](https://burmese.kachinnews.com/2022/10/11/az3-7/): စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နားမော်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းမှ နေ့လည် ၁၂ နာရီအချိန်ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ် ရေးတပ်ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးသွားကြောင်းသိရသည်။ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် KIA ၊ စစ်ကိုင်းအထူးတပ် နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့ အချိန်နေ့တစ်ဝက်ခန့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”တိုက်ပွဲက မနက်ထဲကဖြစ်တာနေ့လည်ထိ ဟုတ်တယ် ကာကွယ်ရေးတပ်တွေဘက်က စစ်ကိုင်းအထူးတပ်ထဲက ၆ယောက်ကျဆုံးသွားတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ဆယ်ဂဏန်းတော့သေတယ် သူတို့အလောင်းတွေကို နားမော်ရွာအလွန်က ပေါက်နွယ်ကုန်းမှာပဲ မြှပ်ထားတယ်။ ဘယ်နဦးကျတယ်ဆိုတာကိုတော့ နယ်မြေရှင်းလင်းရေးလုပ်မှပဲသိမယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့ ထိတွေ့တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ စစ်ကြောင်းသည် အောက်တိုဘာ ၄ ရက်နေ့ကတည်းက စီးမော်၊ တောင်ကြီးဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး လက်ရှိ ထိတွေ့တိုက်ပွဲ အပြီး ပေါက်နွယ်ကုန်းကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေကြောင်းသိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းတပ်တို့သည် အင်းတော်နှင့် ဗန်းမောက်ကြား အောက်တိုဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဥ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က နေ့စဥ်ထိခိုက်သေဆုံးမှုရှိနေပြီး လက်နက်ခဲယမ်းများလည်း အများအပြားသိမ်းဆည်းရမိကြောင်း Banmauk Revolution – BR က ထုတ်ပြန်ထားသည်။ ထို့အပြင် ယင်းစစ်ကြောင်းသည် အထိနာနေသည့်အတွက် ပြည်သူများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး ယနေ့အထိ စီးမော်ရွာမှ ၂၆ အိမ် တောင်ကြီးရွာမှ ၇ အိမ်အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ - [ဖားကန့်တွင် အွန်လိုင်းမှတဆင့် စိန်ခေါ်ပြီး ထိုးကြတ်ကြရာ လူငယ် ၂ဦးပွဲချင်းပြီး သေဆုံးမှုဖြစ်ပွား](https://burmese.kachinnews.com/2022/10/11/az2-30/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ်အုပ်စု ၂ဖွဲ့ က အွန်းလိုင်းပေါ်မှ တဆင့် စိန်ခေါ်ကြပြီး အပြင်တွင်ထိုးကြိတ်မှုဖြစ်ပွားခဲ့ရာ လူငယ် ၂ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ အောက်တိုဘာလ ၁၀ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် လူငယ် ၁၀ဦးပါသည့်အဖွဲ့နှင့် ၃ဦးသာပါရှိသည့် အဖွဲ့တို့ကြား လုံးခင်းတံတားအနီး ဦးချစ်အရက်ဆိုင်အတွင်းထိုးကြိတ် ခဲ့ကြရာတွင် ၂ဦးသေဆုံမှုရှိခဲ့သည်ဟု ဖြစ်စဉ်သိသူ ပြည်သူတစ်ဦး KNG ကိုပြောသည်။ “သေတာက ၃ယောက်တစ်ဖွဲ့ထဲက ၂ယောက်သေတာ။ တစ်ယောက်က ထွက်ပြေးသွားတယ်လို့သိရတယ်။ အဲ့သေဆုံးသွားတဲ့ ၂ယောက်ရဲ့ ကျောလှည့်ထိုးသတ်ခံရတာ။ ဟို ၁၀ယောက်အဖွဲ့က သေတာမရှိဘူး။ သူတို့က ဘာကစ္စနဲ့ စိန်ထိုးကြလဲမသိဘူး။ လိုင်းပေါ်ကနေ စိန်ခေါ်ပြီး ထိုးသတ်ကြတယ်လို့ပဲသိရတာ”ဟုပြောသည်။ ဖားကန့်ဒေသတွင် အင်တာနက်ပိတ်ခံထားရသည့်အချိန် စစ်တပ်ပိုင် MY ID ဆောလ်ဝဲအသုံးပြုပြီး အွန်လိုင်းပေါ်မှ အချင်းချင်းစိန်ခေါ် ထိုးသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သေဆုံးသွားသည့် လူငယ် ၂ဦးမှာ လုံးခင်းကျေးရွာမှ အသက် ၁၈နှစ်အရွယ် မျိုးမင်းအောင်နှင့် အသက် ၁၉နှစ်အရွယ် သူရအောင်တို့ဖြစ်ကြပြီး အဆိုပါ ထိုးသတ်သွားသည့် ၁၀ ယောက်အဖွဲ့သည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး လက်ရှိတွင် မည်သည့်ဆက်သွယ်ရေးလိုင်များမရရှိဘဲ စစ်တပ်ပိုင် Mytle တစ်ခုတည်းသာ 3G စနစ်ဖြင့် အသုံးပြုနေရဆဲဖြစ်သည်။ - [ကသာနယ် အောင်ပုံကျေးရွာမှ စစ်ကောင်စီ လက်အောက်ရှိသည့် ပြည်သူ ၂ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/10/11/zm1-19/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျန်တောကျေးရွာအုပ်စု အောင်ပုံကျေးရွာမှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ ၂ဦး အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖမ်းဆီးခံရသည့် ပြည်သူ ၂ဦးသည် နံနက်ပိုင်း ၉နာရီဝန်းကျင်စျေးကအပြန်လမ်းတွင် အမည်မသိလူတစ်စု၏ ဖမ်းဆီးခံလိုက်ရသည်ဟု အောင်ပုံကျေးရွာနေ ပြည်သူတစ်ဦး KNG ကိုပြောသည်။ “ဖမ်းခံရတာ ၂ယောက်ဟုတ်တယ်။ သူတို့က စစ်ကောင်စီနဲ့ပေါင်းစားနေတာဟုတ်တယ်လို့ပြောတယ်။ ပြည်သူတွေ သူတို့ကြောင့် ဒုက္ခရောက်နေတာ အရမ်းများနေပြီ အဲ့ကြောင့် ဖမ်းခံရတယ်တဲ့”ဟုပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ၂ဦးမှာ ဦးသန်းနိုင်ခေါ်သူနှင့် ဦးစိုင်းဖူးအောင်(ခ)တဖိုးနီတို့ဖြစ်ကြသည်ဟုသိရပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေကြောင်း သိရသည်။ လက်ရှိ ကသာနယ်အတွင်း အောက်တိုဘာလဆန်းပိုင်းအတွင်းမှ စစ်ကောင်စီတပ်သည် ညကင်းပုန်းများချကာ ကင်းလှည့်လည်သွားလာမှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။ - [ကန့်ဘလူ စစ်ဘေးရှောင်ပြည်သူများ မြွေအန္တရာယ်ကြုံတွေ့နေရပြီး ဆေးဝါးများလိုအပ်နေ](https://burmese.kachinnews.com/2022/10/11/sm1-24/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်သည့် ပြည်သူများ မြွေအန္တရာယ် ကြုံတွေ့နေရသဖြင့် မြွေဆိပ်ဖြေဆေးများအရေးပေါ်ကူညီပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်ပြည်သူများထံမှသိရသည်။ စစ်ရှောင်များတွင် မြွေဆိပ်ဖြေဆေးများ မကျန်ရှိတော့သည့်အတွက် နောက်ထပ် မြွေကိုက်ခံရမှုများ ထပ်မံကြုံတွေ့ပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်လာနိုင်သည်ဟု စစ်ရှောင်ကူညီပေးနေသည့် ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အခုက အရန်ထိန်းဖို့အတွက် ဆေးက ၂လုံးလောက်ပဲကျန်တော့တယ် တယ်လို့ မြွေကိုက်ခံရတဲ့သူတစ်ယောက်လောက်ကို ပြန်ထိုးပေးလိုက်ရင် ဆေးကမရှိတော့ဘူး။ ကျနောတို့ကို မြွေဆိပ်ဖြေဆေးကို ဆေးပဲရရ တခြားငွေကြေးနဲ့ပဲဖြစ်ဖြစ် ကူညီပေးလို့ရပါတယ်”ဟုပြောဆိုသည်။ ယခင်က မြွေဆိပ်ဖြေဆေးအတွက် ဆေးဝယ်ယူရန် လွယ်ကူခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက ဆေးဝါးပိုင်းဆိုင်ရာများကို ထိန်းချုပ်လိုက်သည့်အပြင် တစ်ဖက်တွင် သယ်ယူပို့ဆောင်ရေးနှင့်ငွေကြေးအခက်အခဲများရှိနေသောကြောင့် ယခုလိုအရေးပေါ်ကူညီရန် လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။ ကန့်ဘလူမြို့နယ်သည် အပူပိုင်းဒေသတွင်ပါဝင်ပြီး မိုးအကုန်ဆောင်းအကူးကာလတွင် မြွေအန္တရာယ်ကို အများဆုံးကြုံတွေ့ရသည့် အချိန်ကာလတစ်ခုဖြစ်သည့်အတွက် ထိုအချိန်တွင် မြေပွေးနှင့်မြွေဟောက်အများဆုံးပေါများသည့် အချိန်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များဆိုသည်။ အောက်တိုဘာလ ၉၊ ၁၀ ရက်နေ့တွင် စစ်ဘေးတိမ်းရှောင်ရင်း ဒေသခံ ၃ဦး မြွေပွေးကိုက်ခံရကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ ထို့နောက် ဇွန်လနှင့်အောက်တိုဘာလအတွင်း မြွေကိုက်ခံရသည့် စစ်ရှောင်ပြည်သူများ ၂၀ ဦးအထိရှိခဲ့ပြီး ၂ဦးသေဆုံးမှုရှိခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများ၏ ထုတ်ပြန်ချက်မှသိရသည်။ ယခုလို ကန့်ဘလူနယ် ဒေသခံများ မြွေကိုက်ခံရမှု အန္တရာယ်ကြုံတွေ့နေရခြင်းသည် စစ်ကောင်စီတပ်များ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ မြွေကိုက်ခံရမှုကြုံတွေ့နေကြခြင်းဖြစ်သည်။ - [ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရ၊ မြစ်ကြီးနားဘက်မှ စစ်ယာဉ်တန်းတက်လာဟုဆို](https://burmese.kachinnews.com/2022/10/11/yl1-19/): ကချင်ပြည်နယ် ချီဖွေမြို့တွင် အောက်တိုဘာလ ၁၀ရက်နေ့မှစပြီး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်သည့် MPT ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများ ဆက်သွယ်ရေး ခက်ခဲမှုကြုံတွေ့ နေကြောင်းသိရသည်။ “ဒီဘက်မှာက များသောအားဖြင့် MPT ပဲ ကိုင်ကြတာများတယ်။ မနေ့က နံနက်ပိုင်း ၆နာရီလောက်ကနေ MPT ဖုန်းလိုင်း ဖြတ်ထားတယ်။ အခုက Telenor တစ်ခုတော့ ရသေးတယ်။ ဒါလည်း ဘယ်ချိန် ဖြတ်ခံရမလဲမသိဘူး။ အချင်းချင်းဆက်သွယ်ဖို့တောင် ခက်ခဲနေကြတယ်”ဟု ချီဖွေဒေသခံတစ်ဦး KNG ကိုပြောသည်။ လက်ရှိ ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့်အပြင် ယနေံနံနက်ပိုင်း အစောပိုင်းကတည်းက တစ်မြို့လုံး မွန်းလွှဲ ၃နာရီဝန်းကျင်အထိ လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားသည်ဟု သူကဆက်ဆိုသည်။ “အခုဆို MPT ဖုန်းလိုင်းပါ မီးလည်းမလာဘူး။ ဒီမနက် အစောကြီးကဟုတ်ပြီ အခု ၃နာရီဝန်းကျင်အထိမလာသေးဘူး။ တစ်ချို့က ဖုန်းလိုင်းရတဲ့သူတွေတောင် မီးမလာလို့ ဆက်သွယ်ရေးမရကြဘူး။ ချီဖွေဘက်ကို စစ်ယာဉ်တန်း တက်လာကြတယ်လို့လည်း ပြောကြတယ်။ ဒါပေမယ့် ဖုန်းလိုင်းမရတော့ သေချာမပြောနိုင်ဘူး” ဟုပြောဆိုသည်။ ယခုလို ချီဖွေဒေသတွင် MPT ဖုန်းလိုင်းများဖြတ်တောက်ခံထားရမှုသည် အောက်တိုဘာလ ၉ရက်နေ့ မြစ်ကြီးနားဘက်မှ ​ ချီဖွေဘက်သို့ စစ်ကောင်စီ ယာဉ်တန်းတက်လာသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ မြစ်ကြီးနားဘက်မှ စစ်ကောင်စီ စစ်ယာဉ်တန်းတက်လာသည်ဟု ချီဖွေဒေသခံများ ပြောဆိုနေသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ချီဖွေဒေသတွင် ဆက်သွယ်ရေးအတွက် MPT နှင့် Telenor ဖုန်းလိုင်း ၂ခုသာ ရရှိသေးသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ရေးတည်ငြိမ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ - [အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2022/10/11/az1-42/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးနေသည့် ဘက်ဟိုး ၆၇ စီး ကို စစ်ကောင်စီတပ်မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၆ရက်နေ့တွင် အင်းတော်ကြီးဒေသ မမုံနှင့်မိုင်းနောင် ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုးယာဉ်များကို စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “အခုချိန်အထိဖမ်းထားတုန်းပဲရှိသေးတယ် ပိုင်ရှင်မဲ့ဆိုပြီး ဖမ်းတာ ပိုင်ရှင်တွေကိုတော့ ဖမ်းမမိဘူး။ သူတို့က တခြားစက်တွေ ဖမ်းတာမရှိဘူး။ ဘက်ဟိုး တွေပဲလိုက်ဖမ်းတာ”ဟုပြောဆိုသည်။ ဖမ်းဆီးခံလိုက်ရသည့် ဘက်ဟိုးယာဉ် များသည် ဟိုပင်–ဖားကန့်  ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် လမ်းနှင့် ၁၅ ပေခန့်အကွာတွင်သာ ရွှေတူးဖော်နေသောကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်သည်ဟု သူက ဆက်လက်သုံးသပ်ပြောဆိုသည်။ “လက်လုပ်လက်စားတွေကတော့ ဝမ်းသာတာပေါ့ လုပ်ငန်းရှင်ကြီးတွေက စိတ်မကောင်းဖြစ်နေမယ်သေချာတယ်။ ဘာလို့လဲဆိုတော့ ဟိုပင်နဲ့ ဖားကန့်သွားတဲ့ လမ်းမကြီးကပျက်တော့မှာ မဖမ်းရင်လည်းမရတော့ဘူး။ လမ်းနဲ့ ၁၅ ပေလောက်ပဲကျန်တော့တယ်လေ”ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ မမုံကိုင်နှင့်မိုင်းနောင်ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များသည် ရာဂဏန်းအထိရှိနေပြီး ဘက်ဖိုးများ ဖမ်းဆီးခံရမှုကြောင့် အောက်တိုဘာလ ၆ရက်နေ့မှစပြီး ရွှေတူးဖော်မှုများ ရပ်နားထားဆဲဖြစ်ကြောင်းသိရသည်။ အင်းတော်ကြီးဒေသတွင် ယခင်က လက်လုပ်လက်စား တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုသာရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှုများ အလွန်များပြားလာကြောင်း ဒေသခံများပြောဆိုသည်။ - [တနိုင်း COC စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါးအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/10/10/ld2/): ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ဖြစ်တာ။ အခုဆိုတစ်ယောက်ပြီး တစ်ယောက်ကူးစက်နေတာ ရောဂါပုံစံ ယားတယ် အရေပြားပေါ်မှာ အဖုတွေထတယ် အနီးစက်တွေဖြစ်နေတာ အခုချိန်က အလုပ်အကိုင်မရှိ ဝင်ငွေမရှိတော့ စျေး တွေကလည်းအစစ အရာရာတက်နေတော့ ဆေးဝယ်ကုဖို့လည်းမတတ်နိုင်ဘူး” ဟု စစ်ရှောင်စခန်းမှ တာဝရှိသူတစ်ဦးက ပြောသည်။ လက်ရှိစစ်ရှောင် ကလေးငယ်များထံ ကူးစက်နေသည့် အဆိုပါအရေပြားရောဂါမှာ ရေကျောက်ပုံစံတူဖြစ်ပြီး စစ်ရှောင်စခန်းတွင် သာမက အနီးတစ်ဝိုက်တွင်လည်း ကူးစက်မှု ဖြစ်နေကြောင်း သိရသည်။ ”အပြင်မှာလည်းဖြစ်နေတယ် အပြင်ကလေးတွေက ဆေးခန်းတွေပြကြတာလည်း မသက်သာဘူးတဲ့။ ရေကျောက်ပုံစုံ ပေါက်ပြီး ယားနေတာ။ ဒါပေမယ့် ရေကျောက်တော့မဟုတ်ဘူး” ဟု စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ အရေပြားရောဂါ ကူးစက်ခံနေရသည့် ကလေးငယ်များမှာ အသက် ၃ နှစ် နှင့် ၁၀ နှစ်ကြားဖြစ်ပြီး လူမှုကူညီရေးအသင်းများမှလည်း ကူညီထောက်ပံ့မှု မရှိတော့သည့်အတွက် ဆေးဝါးကုသနိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။ တနိုင်း COC စစ်ရှောင်များသည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တနိုင်းမြို့နယ် နမ်ဗျူ၊ တုံမနီ စသည့်ကျေးရွာများမှ တိမ်းရှောင်လာကြသော စစ်ရှောင်များဖြစ်ပြီး အိမ်ထောင်စု ၃၀ ကျော် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။ - [နမ္မတူ ကချင်ကျေးရွာတစ်ခုကို စစ်ကောင်စီတပ် ဝင်မွေပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး](https://burmese.kachinnews.com/2022/10/10/ld1-8/): ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဆင်လီကောင်ရာကျေးရွာတွင် စစ်ကောင်စီတပ်မှ တရွာလုံးဝင်မွေပြီးနောက် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကာ၊ ပြည်သူပိုင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ကြား နမ္မတူမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသောကြောင့် ဒေသခံများစစ်ရှောင်သွားပြီးနောက် ကျေးရွာတွင်ဝင်ရောက်ခဲ့သော ကျေးရွာဖျက်ဆီးခံရခြင်း၊ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံရခြင်းနှင့် ရေလှောင်ကန်တွင် ပေါင်းသတ်ဆေးခတ်ခံရခြင်းတို့ ရှိခဲ့ကြောင်း ကျေးရွာသို့ ပြန်လာကြည့်ခဲ့သော ဆင်လီကောင်ရာ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “စစ်တပ်က ရွာထဲ ရစရာမရှိအောင် ဖျက်ဆီးလိုက်ထားတာ၊ နေအိမ်တခုလုံးဝင်မွေပြီး တန်ဖိုးရှိ ပစ္စည်းတွေက တစ်ခုမှ မကျန်တော့ဘူး။ အားလုံး ရှုတ်ရှက်ခတ် ပွစိလှန်နေအောင် လုပ်စုပ်ထားပေးတယ်။ ကြက်၊ ဝက်၊ နွားတွေကိုလည်း သတ်လိုသတ်စား၊ ဖျက်လိုဖျက်ဆီးပြီး ရေတွင်းမှာလဲ ဓာတုမြက်သတ် ဖြန်းဆေးတွေ ထည့်ပေးထားတယ်။ အစုံပဲ ဖျက်ဆီးထား ပေးတယ်။” ဟု ပြောသည်။ ထို့အပြင် ရွာသားများ စျေးသွား စျေးပြန် အသုံးပြုလုပ်လျက်ရှိသော ကား ၂ စီးနှင့်အတူ ကားပေါ်တွင် တင်ဆောင်ထားသော ကုန်ပစ္စည်းများ၊ ပြည်သူပိုင် ဆိုင်ကယ် ၃ စီး စသည့်တို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ရေလှောင်ကန်များတွင် အဆိပ်ဖြစ်စေသော ဆေးဖြန်းဘူးများ လောင်းထည့်ထားသောကြောင့် ကျွဲ၊ နွားတချို့ သေဆုံးနေသည်ကိုလည်း ရွာထဲသွားရောက်ကြည့်ရှုစဉ် တွေ့ရကြောင်း ဆင်လီကောင်ရာ ဒေသခံတစ်ဦးက ပြောသည်။ “ရွာခံအမျိုးသားတချို့ ရွာထဲ ခဏသွားကြည့်ရှုတဲ့အခါမှာတော့ ယောက်ျားသား ဖြစ်နေရင်တောင် အရမ်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်မျက်ခွက်နဲ့ အရမ်းခံစားရတယ်။ ရွာထဲ ဖြစ်ပျက်နေတာကိုလိုက်ကြည့်ပြီး ပြန်လာနေချင်စိတ်တောင်ပျောက်တယ်။”ဟု ၎င်းက ပြောသည်။  ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေထဲသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့်အပြင် နမ္မတူမြို့ စစ်တပ်ဗျူဟာကုန်းမှ … - [စစ်ဘေးရှောင်ရင်း ဒေသခံ ၂ဦးမြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ](https://burmese.kachinnews.com/2022/10/10/sm1-23/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာတောဘက်သို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရသည့် ဒေသခံ ၂ဦး မြွေကိုက်ခံမှုကြုံတွေ့ခဲ့ရကြောင်းသိရသည်။ မြွေကိုက်ခံရသူ ဒေသခံ ၂ဦးသည် အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ကြပြီး စစ်ဘေးရှောင်တိမ်းရင်း လမ်းခုလပ်တစ်နေရာတွင် မြွေကိုက်ခံရကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦး ယခုလိုဆိုသည်။ “ဒေသခံ ၂ယောက်ပိုးထိတာ နေရာတော့မတူဘူး။ တစ်ယောက်ကတော့ မြွေဆိပ်ဖြေဆေးသုံးလုံးထိုးထားတယ်။ သူကတော့ ဆီးစစ်တာရောသွေးစစ်တာရောအဆင်ပြေပါ။ အသက်မပြည့်သေးတဲ့ကလေးကတော့ သွေးစစ် ဆီးစစ်တဲ့အခါမှာ ကျောက်ကပ်ထဲမှာ အဆိပ်ရောက်နေတယ်လို့အဖြေရတယ်။ ပြီးရင်ဆီးထဲမှာသွေးတွေပါလာတဲ့ အနေအထားဆိုတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်”ဟုပြောသည်။ လက်ရှိတွင် မြွေကိုက်ခံရသည့် ဒေသခံ ၂ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက် ဒေသခံ ကျန်းမာရေးဝန်ထမ်းများထံသို့လွှဲပြောင်း ကုသမှုခံယူနေရကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ကျေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာခဲ့သောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယခုလို မြွေကိုက်ခံရမှုကြုံခဲ့ရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များပြောဆိုသည်။  ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုများရှိနေသဖြင့် ဒေသခံပြည်သူများ မကြာခဏ ဆိုရသလို မြွေကိုက်ခံရမှုကြုံတွေ့နေရပြီး လက်ရှိတွင် ဒေသခံ ၂၀ ကျော်ခန့်က မြွေကိုက်ခံမှုကြုံတွေ့ရကာ သေဆုံးမှု ၂ဦးအထိရှိခဲ့ပြီဟု သိရသည်။ - [ဖားကန့်မြို့ နယ်ထိန်းတစ်ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/10/10/az1-41/): ဖားကန့်တွင် ယနေ့ နံနက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် နယ်ထိန်းတစ်ဦး သေနတ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ဦးသိန်းနိုင်ဦးခေါ်သူ ဖားကန့်မြို့  နယ်ထိန်းတစ်ဦးဖြစ်ပြီး အိမ်စီးကားဖြင့် မရှီကထောင်ဘက်သို့ မောင်းနင်းလာစဉ် SKY NET ဘေလ်ဆောင်ရုံးအနီးတွင် သေနတ်ပစ်သတ်ခံလိုက်ရသည်ဟု အေးမြသာယာရပ်ကွက် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “SKY NET ဘေလ်ဆောင်တဲ့ရုံးရဲ့ လမ်းဟိုဘက်ခြမ်းမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်။ သေနတ်ကတော့ တစ်ချက်ပဲထိသွားတယ် ဒါပေမယ့် နယ်ထိန်းရဲ့ ရင်ဘတ်တစ်မှာဖောက်ဝင်သွားတော့ ပွဲချင်းပြီးပဲ နေရာမှာတင် ဆုံးသွားတယ်။ နောက်ပြီး သူ့ရဲ့ကားပါလုထွက်သွားတယ် အလောင်းပဲကျန်ခဲ့တာ”ဟုပြောသည်။ နယ်ထိန်း ဦးသိန်းနိုင်ဦးသည် ယခင်ကတည်းက ဖားကန့် နယ်ထိန်းတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခုနှစ်အတွင်းမှ ဖားကန့်ရဲစခန်းက တာဝန်မှ ခေတ္တအနားပေးခံရသည့်သူတစ်ဦး လည်းဖြစ်သည်။ “အရင်တုန်းကတော့ နယ်ထိန်းလုပ်တာဟုတယ်။ ဒီရက်ပိုင်းနည်းနည်းလွန်ထားတာရှိတော့ သူ့လူအချင်းချင်းတိုင်တန်းတာတွေရှိလို့ သူ့ကိုပြန်ချုပ်ထားတာ ဟုတ်တယ်။ ချုပ်ထားတယ် ဆိုပေမယ့် အပြင်မသွားနဲ့ ဘာညာပေါ့ စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ အခုက သတ်ခံလိုက်ရတာဟုတယ်။ ဘယ်သူ ဘယ်ဝါလုပ်ကြံသွားတယ်ဆိုတာက ခန့်မှန်းကရခက်တယ်”ဟု ဖားကန့်ရဲစခန်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ထပ်မံပြောဆိုထားသည်။ ဦးသိန်းနိုင်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မည်သူ့လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်သွားကိုသည်ကို အသေးစိတ်မသိရှိရသေးဘဲ စစ်ဆေးစုံစမ်းလျက်ရှိနေကြောင်းသိရသည်။ လက်ရှိတွင် ဦးသိန်းနိုင်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းမှ လာရောင်သယ်ယူသွားပြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၁နှစ်ကျော်ခန့်အကြာတွင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ မကြာခဏသတ်ဖြတ်ခံရမှု ဖြစ်ပွားလျက်ရှိနေပါသည်။ - [အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ သေနတ်ထောက်ကာ လုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး သတင်းအမှားဖြန့်](https://burmese.kachinnews.com/2022/10/08/sn1-14/): ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ လူသုံးဦးကို သေနတ်ထောက်ကာ ငွေလုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာခန ဝါဒဖြန့် သတင်းအမှားရေးသားနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် အောက်တိုဘာလ (၃) ရက်နေ့တွင် စတင်ရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသော အကြောင်းအရာမှာ “အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့မှ ဖားကန့်တွင် သေနတ်ထောက်ကာ ငွေသုံးသိန်းလုယက်မှုဖြစ်ပွား” ဆိုသော အချက်ဖြစ်သည်။ ဒီသတင်းနှင့်ပတ်သက်၍ အကြောင်းအရာအချက်အလက် ဆန်းစစ်လေ့လာရာတွင် “ဗလမင်းထင်” ဆိုသည့် ဖေစ့်ဘုတ် အကောင့်ပိုင်ရှင်သည် အောင်ဟိန်းမင်းအဖွဲ့အမှန်တကယ် သေနတ်ကိုင်လုက်မှုများပြုလုပ် နေကြသည်ဟု ပြည်သူများထင်မြင်မိအောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် “ဗလမင်းထင်” ဆိုသည့်ဖေ့စ်ဘုတ်အကောင်ပိုင်ရှင်သည် ဒေသတွင်းသတင်းမီဒီယာ တစ်ခုဖြစ်သည့် The 74Media မှ အောက်တိုဘာလ(၃) ရက်နေ့တွင် ရေးသားခဲ့သော သတင်းအကြောင်းအရာအားလုံးနီးပါးကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဥ်ကိုသာ အောင်ဟိန်းမင်းအဖွဲ့မှ သေနတ်ထောက်ကာ ငွေကျပ်သုံးသိန်းလုယက်ခဲ့သည် ဆိုပြီး ပြောင်းလဲ ရေးသားခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ဖားကန့်မြို့ မရှီကထောင်တွင် အောင်ဟိန်းမင်းအဖွဲ့မှ သေနတ်ထောက်ကာ ငွေကျပ်သုံးသိန်းလုယူခဲ့သည် ဆိုသည့်သတင်းသည် သတင်းအမှားတစ်ခုသာ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသည့် စစ်လော်ဘီအုပ်စုများသည် ပြည်သူလူထုများကို ဝါဒဖြန့်သတင်းအမှားများဖြင့် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများကို ရေးသားဖြန့်ဝေနေကြသည်ကို တွေ့မြင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုကို သတင်းအမှောင်ချရန် ကြိုးစားရေးသားနေကြသော စစ်တပ်လော်ဘီအုပ်စုများ၏ ဖော်ပြချက်ကို ရှောင်ရှားနိုင်ရန် ဒေသတွင်း သတင်းမီဒီယာများကိုလည်း ပုံမှန် ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။ - [ချောင်းဦးနယ် ခင်မွန်ကျေးရွာတွင် ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ် ၁၆လုံးခန့် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/10/07/sm1-22/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ဒေသခံ ၄၀၀ ကျော်အား စစ်ကောင်စီတပ် ပိတ်ဆို့ထားပြီး ရိုက်နက် စစ်ဆေးမှုပြုလုပ်နေကြောင်းသိရသည်။ ယနေ့ နေ့လည် ၁၂နာရီနောက်ပိုင်းမှ ညနေ ၆နာရီဝန်းကျင်အထိ လူနေအိမ် ၁၆လုံးခန့်ကို မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ခင်မွန်ကျေးရွာရှိ မင်းကျောင်းဘုန်းကြီးကျောင်းနှင့် ချမ်းသာကြီး ဘုန်းကြီးကျောင်း ၂နေရာထဲတွင် ပုန်းခိုနေသည့် ဒေသခံပြည်သူများကိုလည်း ပြန်ထွက်လို့မရအောင် ပိတ်ဆို့ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ “အိမ်က ၁၆လုံးလောက်ပါသွားပြီပြောတယ်။ စစ်ကောင်စီတပ်တွေဝင်လာတော့ ကျေးရွာနေပြည်သူတွေက ကြောက်လို့ ဘုန်းကြီးကျောင်းတွေထဲမှာ ဝင်ပုန်းကြတယ်။ အဲ့ထဲကို စစ်သားတွေက ထွက်လို့မရအောင်ပြန်ပိတ်ထားတယ်။ ပြီးရင်ရိုက်နက် စစ်ဆေးတာတွေလုပ်တယ်။ သူတို့က ထမင်းစားရေချိုး အိမ်ပြန်လို့ရတယ်တဲ့။ ဒါပေမယ့် လက်မှတ်ထိုးပြီး ပြန်ခိုင်တယ် ပြီးတာနဲ့ ပြန်လာရတယ်။ အဲ့ထဲမှာ မိန်းကလေးတွေလည်းပါတယ်။ နောက်ဗိုက်ကြီးသည်တွေလည်းပါတယ်”ဟုဆိုသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ပုန်းခိုနေသည့် ပြည်သူ ၄၀၀ ကျော်ခန့်ကို ကြိုးတုတ်မှောက်လျက်နေခိုင်ပြီး ရိုက်နက်စစ်ဆေးမှုတွေပြုလုပ်ကာ မင်္သကာ သူများကို မုံရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆက်ဆိုသည်။ ခင်မွန်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၅ရက်နေ့ ညနေပိုင်းအချိန် ဝင်ရောက်စီးနင်းလာခဲ့သောကြောင့် ဒေသခံပြည်သူများသည် လုံခြုံသည်ဟု ယူဆရသည့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးပုန်းနေကြခြင်းဖြစ်သည်ဟုသိရသည်။ ထိုသို့ ရိုက်နက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ဦး လက်လွန် သေဆုံးခဲ့ရသည်ဟု ဒေသတစ်ဦးပြောသည်။ “သူတို့က ဘယ်လိုရိုက်နက် စစ်ဆေးလဲဆိုရင် မှောက်ခိုင်းထားပြီး ရိုက်တယ်။ အဲ့ကြောင့် တစ်ယောက်ကတော့ လက်လွန်ပြီး သေဆုံးသွားတယ်”ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၄ရက်နှင့် … - [ဗန်းမောက်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/10/07/az2-29/): ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာနှင့် တောင်ကြီးကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၄ ရက်နေ့က ဗန်းမောက်နှင့် အင်းတော်စပ်ရှိ ကျောက်အိုင်၊ ဗေဘင်၊ စီးမော် ၊တောင်ကြီး ကျေးရွာများကို ဂျက်ဖိုက်တာ ၃စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့ကလည်း တောင်ကြီးကျေးရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့်ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဗန်းမောက် နှင့် အင်းတော်အစပ်တွင်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “လေးရက်နေ့တုန်းက အင်းတော်နှင့် ဗန်းမောက်ကြားက စီးမော် ကျောက်မဲတောင်နားကို ကျဲတာ ဗုံးကျဲတဲ့ထဲမှာ လူတွေကတော့ မထိခိုက်ပါဘူးကြိုပြီးတော့တိမ်းရှောင်တော့ အိမ်တွေကတော့ထိခိုက်မှုရှိတယ် ဘယ်လောက်ဆို တာတော့ မသိရသေးဘူး။ ရွာပြန်ကပ်လို့မရသေးဘူး အဝေးကနေတော့မီးခိုလုံးတွေမြင်နေရတယ်“ ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် စီးမော် ၊ တောင်ကြီးကျေးရွာများ တစ်ဝိုက်ယခုကဲ့သို့ လေယာဉ်သုံးဗုံးကျဲတိုက်ခိုက်ခဲ့ရခြင်းနှင့် ပတ်သက်၍ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုကဲ့သို့ပြောသည်။ “လေးရက်နေ့က စီးမော် တောင်ကြီးနားက တောထဲမှာ KIA ၊PDF ပေါင်းပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်တာ ကျနော်တို့ကာကွယ်ရေးတပ်တွေဘက်က အဲ့မှာအင်အားတောင့်တော့သူတို့အထိနာပြီး တောထဲမှာ ပိတ်မိနေတာ အဲ့ကြောင့်ကယ်ထုတ်ဖို့ဆိုပြီး ဗုံးကျဲတာ သူတို့ဘက်ကလည်းအထိအခိုက်အကျဆုံးများတယ် ဘယ်လောက် ဆိုတာ တော့ နယ်မြေရှင်းလင်းရေးလုပ်မှသိရမယ် လက်နက်ခဲယမ်းတွေတော့အများကြီးထားတယ် ဒရုန်းတွေလည်းရထားတယ် အဲ့ကြောင့် အထိနာလို့လေယဉ်သုံးတာ” ဟု အင်းတော် PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အင်းစစ်ကောင်စီတပ်သည် အင်အား ၁၇၀ ကျော်ရှိပြီး ယမန်နေ့က ပိတ်မိရာကနေပြန်လည် လွတ်မြောက်လာသည့် အတွက် စီးမော်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ မီးရှို့ခံနေရသည့် စီးမော်ကျေးရွာသည် အိမ်ခြေ ၃၀၀ … - [လူထုအပေါ် စစ်ဆေးမှု နှင့် သေနတ်ရမ်းသမ်းပစ်ခတ်မှု ပိုမိုလုပ်ဆောင်လာဟု ဖားကန့်ဒေသခံများ ပြောဆို](https://burmese.kachinnews.com/2022/10/07/yl1-18/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က အများပြည်သူသွားလာသည့် လမ်းနေရာများတွင် ကင်းပုန်းများ ချထားကာ ပြည်သူမျးကို စစ်ဆေးမှုများနှင့် သေနတ်လိုက်လံပစ်ခတ်သည့် လုပ်ရပ်များ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ပိုမိုလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်မြို့ပေါ် ရပ်ကွက်များနှင့် လုံးခင်းကျေးရွာရှိ လမ်းဆုံနေရာများတွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက စစ်အင်အား ၁၀ ကျော်အထက် အဖွဲ့များခွဲကာ ည ၈ နာရီနောက်ပိုင်း သွားလာသည့် ပြည်သူများကို ပစ်ခတ် ခြိမ်းခြောက်မှုများလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “နေ့ဘက်မှာတော့ ပုံမှန်လောက်ပဲ ညဘက်မှာဘဲ ပြောင်းလဲသွားတာ ၅ရက်လောက်ရှိပြီ။ အရင်ဆုံးကတော့ စစ်တပ်ကုန်းရှိတဲ့ ကလပ်ကုန်းအဝိုင်းပတ်နားမှာ ကင်းပုန်းချထားမှန်းလည်းမသိကြဘူး။ လူ ၂ယောက်ဖြတ်သွားတာကို လှမ်းတားရင်း မရပ်တဲ့အတွက် လှမ်းပစ်လိုက်တာ ၁ယောက်ထိသွားတယ်။ နောက်တစ်ရက်လည်း လုံးခင်းလမ်းဆုံတွေ ဘက်မှာ ကင်းပုန်းထိုင်ကြတော့ အလားတူ ပစ်ခတ်မှုတွေ ပြန်ဖြစ်တယ်။ အဲ့လိုတွေဆက်တိုက်ဖြစ်လာတော့ ဖားကန့်မှာ အားလုံးထိပ်လန့်နေကြတယ် ဘယ်သူမှ ညအချိန်အပြင် မထွက်ရဲကြတော့ဘူး” ဟု ပြောဆိုသည်။ ဖားကန့်မြို့အတွင်း လမ်းဆုံနေရာတစ်ချို့နှင့် လုံးခင်း လမ်းဆုံ သံတံတား၊ နှစ်မျက်နှာဘုရားရှေ့၊ တံတားဟောင်းနေရာနှင့် ဂေါက်ကွင်းလမ်းထိပ်နေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်များဖြင့်နေရာယူထားကာ စစ်ဆေးမခံသည့်သူများကို သေနတ်ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု သူကဆက်ဆိုသည်။ အောက်တိုဘာလ ၂ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဖားကန့် မြို့မရပ်ကွက် ကလပ်ကုန်းအဝိုင်းပတ်အနီးတွင် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၅နှစ်အရွယ်ရှိ ကချင်လူငယ် ကိုဆိုင်းဂူခေါ်သူနှင့် အသက် ၄၅နှစ်အရွယ်ရှိ ကိုကျော်မျိုးသူ ၂ဦးကို စစ်ကောင်စီတပ်မှ သေနတ်ပစ်ခတ်ခံရမှုကြောင့် ကိုဆိုင်းဂူသည် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ … - [တနိုင်းလီဒိုလမ်းဘက်တွင် ရဟတ်ယာဉ် ၁စီး ၂ရက်ဆက်တိုက်ပျံဝဲမှုကြောင့် ဒေသခံများစိုးရိမ်နေ](https://burmese.kachinnews.com/2022/10/07/yl1-17/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းသွားလမ်း လီဒိုလမ်းတစ်လျှောက်ပေါ်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ စစ်ရဟတ်ယာဉ် ၁စီးဖြင့် ၂ရက်ဆက်တိုက် လာရောက်ပျံသန်းမှုကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၆၇ရက်မှ ယနေ့ ၇ရက်နေ့အထိ ၂ရက်ဆက်တိုက်  နေ့လည် ၁၂နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ စစ်ရဟတ်ယာဉ် ၁စီး ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်နှင့်နောင်းမီ ကျေးရွာအထိ လာရောက်ကြည့်ရှု့သွားသည်ဟု လဝါးကျေးရွာဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “အခုတလောက စစ်ရေးကငြိမ်နေတယ် ဒါပေမယ့် လေယာဉ်ပျံသန်းတာက ဒီကနေ့ဆို ၂ရက်ရှိပြီ။ ဘာတွေထူးခြားလာမလဲဆိုပြီး ကျနော်တို့ စိုးရိမ်နေကြတယ်။ တိုက်ပွဲပြန်ဖြစ်လာမလား။ ဒါမှမဟုတ် သူတို့က KIA နဲ့ PDF တွေရဲ့ စစ်ရေးလှုပ်ရှားတာတွေပဲ လာကြည့်တာလား ပြောဖို့တော့ခက်တယ်။ သိပ်လည်း မကြာဘူး နာရီဝက်လောက်ဆို ပြန်ခေါက်သွားတယ်”ဟုဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းလိုင်းဖြင့် လာရောက်ပျံဝဲခြင်းသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့၏ နယ်မြေလှုပ်ရှားမှုများကို လာရောက်ကြည့်ရှု့မှုဖြစ်နိုင်သလို စစ်ကောင်စီတပ်၏ စစ်ဆင်ရေးတစ်ခုဖြစ်လာနိုင်သည်ဟု တနိုင်းလီဒိုလမ်း ဒေသခံများသုံးသပ်ပြောဆိုနေကြသည်။ ပြီးခဲ့သော စစ်တင်ဘာလတွင် စစ်ကောင်စီတပ်မှ ရှဒူးဇွပ်ဒေသကို လေကြောင်းလိုင်းဖြင့် လာရောက်ကြည့်ရှု့ခဲ့ကြပြီးနောက် ၂၂ရက်နေ့တွင် KIA အခြေစိုက်ထားသည့် ဝခါးတပ်စခန်းကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ - [အင်းတော်ဒေသတွင် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးနေသဖြင့် ဝက်မွေးသူများအရှုံးပေါ်](https://burmese.kachinnews.com/2022/10/07/az1-40/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဝက်နာကျ၍ ဝက်သေဆုံးမှုနှုန်းမြင့်တက်နေပြီး ဝက်မွေးသူများ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလကုန်ပိုင်းအတွင်းမှ ဝက်ရောဂါများ စတင်ဖြစ်ပွားခဲ့ပြီး ဝက်ခြံတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးနေသည့်အထိ ဖြစ်ပွားနေသည်ဟု မိုင်းနောင်ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။ ‘’ယခုရက်ပိုင်းအတွင်း ဝက်ခြံတစ်ခုလုံးကို သေတာတွေဖြစ်နေတယ်။ နေ့တိုင်းလိုလို သေဆုံးမှုပိုပိုတိုးလာတယ်။ ကျနော်ထင်တယ် တစ်ရက်ကို အနည်းဆုံး ၁၀ ကောင်အထက်ရှိမယ်။၉လပိုင်းကုန်ခါနီးမှ စဖြစ်တာ အခုဆိုအရမ်းဆိုးနေတယ်။ အခုဆို တစ်ကောင် နှစ်ကောင်မွေးတဲ့သူတွေက သိပ်မဟုတ်ပေမယ့် လေးဆယ် ငါးဆယ် ဝက်မွေးမြူတဲ့သူတွေဆို ဆယ်ချီအရှုံးတွေပေါ်နေကြတယ်”ဟုပြောဆိုသည်။ လက်ရှိ ဝက်နာကျသည့် ဝက်များတွင် ကိုယ်ပူခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း စသည့်လက္ခဏာများဖြင့် စတင်ဖြစ်ပွားခဲ့ရာမှ အစားမစားနိုင်တော့ဘဲ သေဆုံးမှုဖြစ်ပွားနေသည်ဟုသိရသည်။ “တစ်ချို့ကတော့ တစ်နပ်အစာမစားတော့ဘူးဆိုရင် စျေးပေါပေါနဲ့ ရောက်လိုက်ကြတယ်။ ဒါပေမယ့် ရောင်းမကောင်းဘူးလေ။ တစ်ချို့က ဝက်နာဖြစ်နေတာသိကြတော့ စျေးလျှော့ရောင်းရင်လည်း မဝယ်ကြဘူး”အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။ မိုင်းနောင်ဒေသတွင် ဝက်သားတစ်ပိသာ ၁၅၀၀၀ ကျပ်ရှိပြီး ဝက်ရောဂါဖြစ်ပွားသည့်နောက်ပိုင်း ဝက်သားတစ်ပိသာ ၈၀၀၀ နှင့် ၇၀၀၀ အထိလျှော့ရောင်းနေရကြောင်းသိရသည်။ ထိုနည်းတူ ပြီးခဲ့သော စက်တင်ဘာလအတွင်းမှာ ကချင်ပြည်နယ်အတွင်း ပူတာအို၊ မြစ်ကြီးနား မြို့နယ်တစ်ချို့တွင်လည်း ဝက်နာရောဂါများဖြစ်ပွားလျက်ရှိနေသည်။ - [ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ်မီးရှို့ခံရ](https://burmese.kachinnews.com/2022/10/06/sm1-21/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ တစ်ခုလုံး ယနေ့ နေ့လည်ခန့်တွင် မီးရှို့ခံလိုက်ရကြောင်း သိရသည်။ တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၃ စစ်ကြောင်းမှ အင်အား ၇၀ ဝန်းကျင်ရှိကာ ယမန်နေ့ည လွင်ကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့ ဇော်ချောင်းကျေးရွာကို စစ်ကြောင်းပြန်ဝင်ကာ မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီကနေ့တော့ ဇော်ချောင်းကို အကုန်လုံးကိုမီးရှို့လိုက်တယ်။ နေအိမ်ကတော့ ၁၀လုံးလောက်ပဲကျန်တော့မယ် မနေ့ကလွင်ကြီးမှာအိပ်တယ် ဒီကနေ့မှာ ဇော်ချောင်းကိုတစ်ကျော့ပြန်လာတာပေါ့ ၁၂နာရီဝန်းကျင်လောက်မှာစရှို့တာ ကျန်လည်းနဉ်းနည်းပဲ ပြာပုံအတိဖြစ်သွားပြီ”ဟု ဒေသခံတစ်ဦးကဆိုသည်။ လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇော်ချောင်းကျေးရွာအနီးရှိ သင်တောကျေးရွာကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်အထိုင်ချကာ ပြည်သူပိုင်နေအိမ်များကိုလည်း ဖျက်ဆီးနေသည်ဟု သူကဆက်ပြောသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဇော်ချောင်း‌ကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၄ရက်နေ့က ဝင်ရောက်ကာ နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုတစ်ကြိမ်တွင် လေးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၆၂၀၉ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၂၅၃၇၇ လုံးဖြင့် အများဆုံး မီးရှို့ခံခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စက်တင်ဘာ၂၀ ရက်နေ့ ထုတ်ပြန်ထားသည်။ ဇော်ချောင်းကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၈၀ ခန့် လူဦးရေ ၁ထောင်ဝန်းကျင်ခန့် နေထိုင်သည့် ရွာကြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ - [ခေါင်လန်ဖူးမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိ စျေးမြင့်တက်](https://burmese.kachinnews.com/2022/10/06/az1-39/): ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ စျေးမြင့်တက်နေသည်ဟု သိရသည်။ ခေါင်းလန်ဖူးမြို့မှ ၄ရက် ၅ ရက်ခန့်ကြာ ခြေလျှင်သွားရသည့် ရှိန်းခေါင်ကျေးရွာ၊ မတ်ဂျုံကျေးရွာ၊ မတ်ပေါ်ကျေးရွာ၊ ဇနင်ထီကျေးရွာ ၊ ဇီထန်းကျေးရွာ၊ ဇီးယော့ကျေးရွာ စသည့် ခေါင်လန်ဖူးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ခန့်တွင်  လမ်းပမ်း ဆက်သွယ်ရေးခက်ခဲနေမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းကျော်အထိ ပေးဝယ်နေရသည်ဟု ခေါင်လန်ဖူးမြို့မှ အမျိုးသားတစ်ဦးက KNG  သတင်းဌာနကို ပြောသည်။ “ရွာတွေမှာတော့ တော်တော်စျေး တက်တယ် သူတို့ကဆန်ကို လားနဲ့ပဲထမ်းရတာလည်း ခေါင်လန်ဖူးကနေ တရုတ်နယ်စပ်တစ်ကြောက ခေါင်လန်ဖူးကနေပဲ ပို့နေရတာ အခုဆိုရင် ဆန်တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၅၀၀၀၀ အထိရှိတယ်” ဟု ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုးရာသီဖြစ်သောကြောင့် ခေါင်လန်ဖူးနှင့် ပူတာအိုကြားလမ်းပိုင်းလည်း သွားလာရခက်ခဲပြီး ခေါင်လန်ဖူးမြို့ပေါ်တွင် ဆန်တစ်အိတ် ကျပ် ၈၀၀၀၀ အထိပေးဝယ်ရသည့်အတွက် ကျေးရွာများတွင် တဖန်စျေးတက်သွားခြင်း ဖြစ်သည်။ “အခုတော့ ကားလမ်လည်းပုံမှန်တော့မဟုတ်ပေမယ့် ကားတော့ရောက်တယ်လေး ပုံမှန်မဟုတ်ပေမယ့်တစ်ပတ်မှ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ဆန်ရောက်တယ်။ ရွာတွေဘက်တော့ ၄ရက် ၅ရက် လားနဲ့ လူနဲ့ထမ်းရတာ ထမ်းခက ၅၀၀၀၀ အထိပေးရတယ်။ အဲ့ကြောင့် သယ်ယူခနဲ့ဆို ၁၀၀၀၀၀ ကျော်ပေးရတာ” ဟု ခေါင်လန်ဖူး ဒေသခံတစ်ဦးက ပြောသည်။ သို့သော်လည်း လာမည့် နိုဝင်ဘာလခန့်မှစတင်ကာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်လာပါက ဆန်စျေးပြန်ကျလာနိုင်ကြောင်း ဒေသခံများ ပြောသည်။ လယ်ယာမရှိသည့် ခေါင်လန်းဖူးမြို့နယ်တွင် ပြောင်းဖူး၊ လူး၊ ဆပ်၊ ရှားကော စသည့် စိုက်ပျိုး သီးနှံပင်များနှင့် ရေခဲတောင်ထွက် သစ်ဉ သစ်ဖု ဆေးမြစ်များရှာဖွယ် ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေခြင်း ဖြစ်သည်။ “တရုတ်နယ်စပ် လမ်းမပိတ်လိုက်ရင်တော့အဆင်ပြေတယ်။ တရုတ်ဘက်ကတော့ နီးလေးနီးတော့ စျေးလည်းအဲ့လောက် မတက်ဘူး။ အခုက ကိုဗစ်ကြောင့် နယ်စပ်ပေါက်တွေပိတ်လိုက်လို့ စားသောက်ကုန်လူသုံးကုန်တွေက ပူတာအိုဘက်က ခက်ခက်ခဲခဲတင်နေရတော့အကုန်စျေးတက်ပြီး ဒေသခံတွေက ခက်ခဲသထက်ခက်ခဲနေကြတာ” ဟု … - [ကပ်ဘေးနှစ်ခုကို အံတုရင်း ကြပ်တည်းလာသော လူနေမူဘဝ](https://burmese.kachinnews.com/2022/10/06/sm-2/): မကျယ်မကျဉ်း အနေတော် ခြံဝန်းလေးထဲ ထံရံကာသွပ်မိုးထားတဲ့ အိမ်ကလေးအောက်မှာ နေထိုင်လာတာနှစ် ၂၀ ကျော်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ မွေးထားတဲ့ဝက်မကြီးအတွက် အစာချက်ရင်း တစ်ဖက်မှာလည်း မိသားစုအတွက်ဟင်းချက်ကာ “အိမ်ထောင်သက် ၂၀ ကျော်အတွင်း ဒီကာလလောက်ခက်ခဲတာ မကြုံဖူးသေးဘူးလို့” ဆိုပါတယ်။ အဲ့ဒီ အမျိုးသမီးကတော့ မြစ်ကြီးနားမြို့နယ်က လူတန်းစားအလွှာပေါင်းစုံနေထိုင်ကြတဲ့ ရွာလေးတစ်ရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်ဝင်း ဆိုသူဖြစ်ပါတယ်။ ဒေါ်ဝင်းမှာ သူ့အမျိုးသား ကိုကျော်ရယ် သူသားလေးနှစ်ယောက် သူ့သမီးလေးတစ်ယောက် သူအပါအဝင် မိသားစုဝင် ၅ ဦးရှိတယ်လို့ သူကဆိုပါတယ်။ ဒေါ်ဝင်းတို့မိသားစုဟာ နာနတ်သီးစိုက်ပြီးတော့ အသက်မွေးကြတဲ့ တောင်သူမိသားစုများဖြစ်ကြပြီး နာနတ်ရာသီမဟုတ်တဲ့ ကျန်အချိန်မှာတော့ အမျိုးသားဖြစ်သူက နေ့စားလုပ်လိုက်နဲ့ မိသားစုဘဝကိုရပ်တည်ခဲ့ကြတာပါ။ ဒီလိုနဲ့ သူတို့ မိသားစုဟာ ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်အထိ မိသားစု စားဝတ်နေရေး အဆင်ပြေနေခဲ့တယ်လို့ ဆိုရမှာပါ။ ကိုဗစ်မတိုင်ခင်ကာလတွေမှာ ဒေါ်ဝင်းတို့စိုက်တဲ့ နာနတ်သီးကို တရုတ်ပြည်က စျေးကောင်းပေးဝယ်ယူကြတဲ့အတွက် နာနတ်သီးပေါ်ချိန်ဆို သားသမီးသုံးယောက်အတွက် ပညာရေးစရိတ် ပူပန်စရာတစ်ခုမျှ မရှိခဲ့ပါ။ သို့သော် ကိုဗစ်ရောဂါ မြန်မာနိုင်ငံကို စတင်ကူးစက်လာတဲ့အချိန်ကစလို့ ဒေါ်ဝင်းတို့ မိသားစုရဲ့ အဓိကဝင်ငွေဖြစ်တဲ့ နာနတ်စိုက်ပျိုးမှုကနေ ရတဲ့ဝင်ငွေတွေနည်းပါးလာပါတယ်။ တရုတ်ပြည်က မြန်မာနိုင်ငံမှ ကုန်တင်သွင်းခွင့်ကို ၂၀၁၉ ဇွန်လကစလို့ ပိတ်ပင်လိုက်ပါတယ်။ မြန်မာပြည်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ကပ်ရောဂါ ရိုက်ခိုက်မှုဒဏ်ကို တစ်နှစ်နီးပါး ကြုံနေရချိန်မှာပဲ မြန်မာပြည်တွင် စစ်တပ်က တိုင်းပြည်အာဏာကို ရယူလိုက်တော့ မြန်မာပြည်က ပြည်သူအားလုံး ကပ်ဘေးနှစ်ခုကို တစ်ပြိုင်နက် ခံစားလာရပါတော့တယ်။ အခုဆိုရင် စစ်တပ်က တိုင်းပြည်အာဏာကိုရယူထားတာ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ အခုလို အာဏာသိမ်းတာ ကာလကြာလာတာနဲ့အမျှ တစ်ပြိုင်နက် ဒေါ်လာစျေးနူန်း မြင့်တက်လာပြီး စိုက်ပျိုးရေးနဲ့အသက်မွေးတဲ့ ဒေါ်ဝင်းတို့ မိသားစုအပေါ်  ကုန်စျေးနူန်းတက်လာတဲ့ … - [မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/10/05/sm1-20/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွေးနှင့် ကြေးမုံရွာ ၂ခုတွင် စစ်ကောင်စီတပ်များက အောက်တိုဘာလ ၄ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ဒေသခံ ၃၀၀ ခန့်ကိုလည်း ဖမ်းဆီးရိုက်နက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများပြောဆိုသည်။ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းသို့ လက်နက်များပစ်ခတ်ကာ ဝင်ရောက်လာခဲ့သဖြင့် လူနေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ “မနေ့ကလည်းရှို့တယ် ဒီနေ့လည်းရှို့တယ်။ နေအိမ်တွေ မီးလောင်တဲ့ မီးလုံးတွေတော်တော်ကြီးကြီးကို မြင်ရတယ်။ မနေ့က နေအိမ် ၂လုံး အရှို့ခံရတယ်။ ဒီနေ့ အခြေအနေကိုတော့ အသေးစိတ်ပြောလို့မရသေးဘူး။ အဲ့ဒီစစ်ကြောင်းက ဒီရွာကို မဝင်ခင်မှာ မိုင်းဆွဲခံရတာဟုတ်တယ်။ ပြီးနောက်တစ်ခါတည်း စစ်ကြောင်းထိုးဝင်လာတာပါ။ အခုဆို ပြည်သူ ၃၀၀ လောက်က ဘုန်းကြီးကျောင်းထဲမှာ ထွက်လို့မရအောင် ဖမ်းဆီးထားတယ်လို့ သိရတယ်”ဟုဆိုသည်။ လက်ရှိတွင် ကြေးမုံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးခံထားရသည့် ပြည်သူများကို ရိုက်နက်စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်းလည်း ဒေသခံများပြောသည်။ အဆိုပါ စစ်ကြောင်းသည် စစ်အင်အား ၅၀ ကျော်ခန့်ရှိပြီး အောက်တိုဘာလ ၅ရက်နေ့ စစ်ကား ၂စီးဖြင့် အင်အား ထပ်မံဖြည့်တင်းထားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထံမှသိရသည်။ မုံရွေးနှင့်ကြေးမု့ကျေးရွာ ၂ခုသည် တောင်မြောက် အလျားတွင် တစ်ဆက်တည်းရှိသည့် ရွာများဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ကျေးရွာအတွင်း မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုတွင်ရှိခဲ့သော်လည်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။ - [ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်](https://burmese.kachinnews.com/2022/10/05/az2-28/): ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”စစ်ကြောင်းက ကသာမြို့ထဲကနေ မဂ်လာသုခ ၊ သာစည်ဘက်ကိုစစ်ကြောင်းထိုးလာတာ ခြေလျှင်တက်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းကြိုရတော့မိုင်းဆွဲတိုက်ခိုက်လိုက်တာ ထိခိုက်သေဆုံးတော့ရှိတယ်။ ဘယ်လောက်ဆိုတာတော့သိကျမသိရသေးဘူးနယ်မြေရှင်းလင်းရေးလုပ်မှသိရမှခုက စစ်ကြောင်းက အဲ့အနီးရွာတွေမှာရှိနေသေးတော့ နယ်မြေရှင်လင်းလို့မရသေးဘူး” ဟု ပြောသည်။ စစ်ကြောင်းသည် လက်ရှိမင်္ဂလာသုခကျေးရွာသို့ ဝင်ရောက်တပ်စွဲနေပြီး မဂ်လာဒုံအပါစုစုပေါင်း ကျေးရွာသုံးရွာမှ ကျေးရွာနေပြည်သူများလည်း ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းသိရသည်။ ”လောလောဆယ် မဂ်လာသုခရွာ ၊သာစည်ရွာ မက်လင်ချောင်ကျေးရွာထဲကပြည်သူအများပိုင်းတော့ထွက်ပြေးနေရတယ် ဘေးလွတ်ရာ ပေါ့ အနီးဝန်းကျင်ရွာတွေနဲ့တချို့ကတောထဲလွတ်မယ့်နေရာတွေမှာ ယာယီတိမ်းရှောင်နေကြတယ် တချို့တော့ရွာထဲမှာပဲ စစ်ကြောင်းက မဂ်လာသုခ အနီးဝန်းကျင်မှာပတ်နေသေးတော့ ရှောင်နေကြတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ မင်္ဂလာသုခ၊ သာစည်နှင့်မက်လင်ချောင်ကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်မှ ၂၀၀ ကြားအထိရှိပြီး လက်ရှိကျေးရွာသုံးရွာမှ လူဦးရေ ၁၀၀၀ နီးပါး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ကသာတွင် စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မက်လင်ချောင်ကျေးရွာဘက်သို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းသည် ကသာမှ CDM သစ်တောအုပ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ လက်ရှိ ကသာမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှု တစ်စုံတစ်ရာမပြုလုပ်ပဲ အသက်အန္တာရယ်မှ လွတ်အောင်သာထွက်ပြေးနေကြသည့်အတွက် စစ်ဗျူဟာပြောင်းလာနေသည်ကို သတိထားမိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ပြောသည်။ - [တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ](https://burmese.kachinnews.com/2022/10/05/az1-38/): ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ အလွန်ရှိ ပယင်းမှော်နှင့် ရွှေမှော်များဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့မှုကြောင့် အများပြည်သူသွားလာသောလမ်းများ ဆိုးရွားစွာ ပျက်စီးလာနေကြောင်း ဒေသခံများပြောသည်။ လုပ်ငန်းရှင်များသည် လူသုံးကုန်၊ စားသုံးကုန်နှင့် စက်ပစ္စည်းများကို ယခုနှစ် မိုးရာသီအစပိုင်းကတည်းက ဆင်များအသုံးပြုကာ တင်ပို့နေသောကြောင့် လက်ရှိတွင် တနိုင်း–မိုင်းခွန်–ပယင်းမှော်ဘက်သွားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အများပြည်သူ သွားလာရခက်ခဲနေကြောင်း တနိုင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”လမ်းကတော့ပျက်စီးနေတာ အဲ့ဒီပယင်းစတူး တဲ့နောက်ပိုင်းနေပျက်စီးတာ မိုးရာသီဆိုတော့ ကားလည်းသွားလို့မရ ဆိုင်ကယ်လည်းသွားလို့မရ ဆိုတော့ဆင်တွေနဲ့ကုန်ပစ္စည်းတွေကိုဆွဲပြီးတင်ပို့တာ ဆွဲတဲ့အခါကျတော့လမ်းက မြေသားလမ်းဆိုတော့ပျက်စီးတာပေါ့ မိုးရွာရင်ပိုဆိုးတယ်ရွံ့ဗွပ်တွေအရမ်းထတယ်သွားလို့လာလို့မရဘူး”ဟု ပြောသည်။ ယင်းလမ်းပိုင်းကို ဒေသခံများက ပယင်းမှော်၊ ရွှေမှော်သို့သွားရောက်လုပ်ကိုင်စားသောက်ရန် အသုံးပြုနေကြသည့်အပြင် မိုင်းခွန်ကျေးရွာအလွန်တွင် စိုက်ပျိုးထားသည့် အာလူးခင်း၊ မုံညှင်းခင်း၊ လယ်ခင်း၊ ယာခင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် တနိုင်းနှင့် မိုင်းခွန်ဒေသခံအများအပြားကလည်း အသုံးပြုနေကြကြောင်း သိရသည်။ ”လမ်းက မိုင်းခွန်ရွာဆုံးတာနဲ့ဟိုဘက်တောက်လျှောက်ပျက်စီးနေတာ မိုင်းခွန်နဲ့တနိုင်းကြားကကောင်းတယ်။ မိုင်းခွန်ကနေစပြီး ဆိုးနေတာ ဟိုဘက်ကဒီရာသီဆိုရင် လူပဲသွားလို့ရတယ်။ ပွင့်လင်းရာသီဆိုရင်တော့ဆိုင်ကယ်နဲ့ ကားသေးလေးတွေသွားလို့ရတယ်။ ခုချိန်ဆိုင်ကယ်နဲ့ကားသွားလို့မရလို့ ဆင်တွေနဲ့တင်နေတာအဲ့ကြောင့် ပျက်စီးတာလမ်းက”ဟု တနိုင်းဒေသခံတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တနိုင်း ပယင်းမှော်များ တဖန်တူးဖော်သူများပြားလာပြီး လက်ရှိ ဒေသအသီးသီးမှ လူဦးရေ ထောင်ဂဏန်းခန့်အထိ ပယင်းတူးဖော်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ - [နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2022/10/05/ld1-7/): ရှမ်းမြောက် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ္မတူမြို့နယ် ဆင်လီကောင်ရာ ကျေးရွာအနီး စက်တင်ဘာလ ၅ ရက် ယနေ့နံနက် ၁၁ နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ “တိုက်ပွဲက ဆက်တိုက်ပဲ အခုမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။ စစ်ရှောင်တွေက ပြန်လို့မရသေးဘူး။ ရွာတွေနဲ့ လမ်းကြောင်းတစ်လျှောက် စစ်သားတွေပဲဆိုတော့ စစ်ရှောင်တွေကို ထမင်းပို့ဖို့တောင် ခက်နေတယ်။“ ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး ယနေ့ထိ နမ္မတူမြို့နယ်တွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဆင်လီကောင်ရာကျေးရွာ၊ မန်ဂျတ်နှင့် ကုန်းကယားရွာများမှ ဒေသခံ စစ်ရှောင် အိမ်ထောင် ၃၀၀ ခန့် နေရပ်မပြန်နိုင်ပဲ ဆက်လက်တိမ်းရှောင်နေကြောင်း သိရသည်။ ထိုစစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ခက်ခဲနေသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်မှ ယခုချိန် KIA တပ်ရင်းရှိ နယ်မြေဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ တစ်ဖက်မှာ KIA ဘက်မှလည်း စစ်တပ်စခန်းများအား သွားရောက်တိုက်ခိုက် ပစ်ခတ်တာတွေ ပြုလုပ်ပြီး မန်တုံ နှင့် နမ္မတူ ဒေသတစ်လျှောက် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်လာပြီ ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျေးရွာများထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။ - [ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို](https://burmese.kachinnews.com/2022/10/05/zm1-18/): ဖားကန့်မြို့တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်နိုင်သည့် ညွန်ကြားချက်ရရှိထားကြောင်း တပ်နှင့်နီးစပ်သူများထံမှ သိရသည်။ အများပြည်သူ သိရှိနိုင်ရန်အတွက် တရားဝင်ထုတ်ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က လျှို့ဝှက်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။ “တရားဝင်ကြီး ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး ဒါပေမယ့် ဖားကန့်ထွေအုပ်နဲ့ စစ်တပ်တွေမှာ ပစ်ခွင့်ပြုထားပြီလို့ သိရတယ်“ ဟု တပ်နှင့်နီးစပ်သူကပြောသည်။ အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်ကောင်စီတပ်သည် စစ်အင်အား ဖြည့်တင်းလာခြင်းမျိုးမရှိဘဲ ရှိရင်းစွဲ စစ်အင်အားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဝင်ရောက်ဖမ်းဆီးမူများ လုပ်ဆောင်ခဲ့သော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်အင်အားတိုးလာသည့်အပြင် ည ၈ နာရီနောက်ပိုင်းလည်း ယခင်ထက် စစ်ဆေးမှု ပိုတိုးလာကြောင်း သိရသည်။ ဒေသခံများ၏ ပြောပြချက်အရ ဖားကန့်မြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း မရှိ‌ သော်လည်း အောက်တိုဘာလ ၁ ရက်ညမှစကာ ဖားကန့်မြို့တွင်း မြို့ပြင်များတွင် စစ်သား၊ ရဲများ ညကင်းလှည့်စစ်ဆေးခြင်း ယခင်ထက် ပိုမိုများလာကြောင်း သိရသည်။ အဆိုပါ ကင်းလှည့်သည့် စစ်သား၊ ရဲများသည် အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီဝန်းကျင် ဖားကန့်  မြို့မရပ်ကွက်နှင့် ကလပ်ကုန်းရပ်ကွက်‌ရှိ ပြည်သူများ၏ နေအိမ်များတွင် နိုင်ငံသားစီစစ်ရေးကဒ်များ စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်၊ ကားများဖြင့် ကင်းလှည့်‌နေကြောင်း သိရသည်။ ယင်းကင်းလှည့်သည့်အဖွဲ့များမှ အောက်တိုဘာ ၂ ရက်ည ကလပ်ကုန်းရပ်ကွက်မှ လူငယ် ၂ ဦးအား ပစ်သတ်ခဲ့သည့်အပြင် အောက်တိုဘာလ ၃ ရက်နေ့ညတွင်လည် လုံးခင်း ကုဋေမှော်ရွာဘက်မှ ကျောက်ပြပြီးပြန်သည့် လူငယ်များအား လိုက်လံ ပစ်ခတ်မှုရှိခဲ့သည်။ “သူတို့က တားတယ် တားလို့ရပ်မပေးရင် ပစ်တော့တာဘဲ … - [ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သဖြင့် ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးနေရ](https://burmese.kachinnews.com/2022/10/04/sm2-6/): ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် နေအိမ်များ မီးရှို့နေသည့်အတွက် ဇော်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ရွာ ၄ ရွာမှ ဒေသခံပြည်သူ ၅ထောင်ကျော် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။ ကိုးတောင်ဘို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၃ ရက်နေ့ အင်အား ၇ ၀ကျော်ဖြင့် ချပ်ကုန်းကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး‌နောက် ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ဇော်ချောင်းကျေးရွာကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ မီးရှိုခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မနက်မလင်းခင်ကတည်းက စစ်ဘေးရှောင်လူဦးရေ ၅ ထောင်လောက်ကတော့ တိမ်းရှောင်နေရပါတယ်။ ဒီနေ့ မနက် ၆ နာရီမှာတော့ ဇော်ချောင်းကျေးရွာကို ဦးတည်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးဝင်လာတယ်။ ၈နာရီလောက်မှာ ဇော်ချောင်းကျေးရွာအရှေ့ဘက်ခြမ်းကိုစပြီးမီးရှို့တယ်။ ဘယ်နှစ်အိမ် မီးရှို့တယ်ဆိုတာအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ မီးခိုးလုံးကြီးတွေကတော့ တော်တော်ကြီးကြီးကို နှစ်ကြိမ်တွေ့ရတဲ့အနေအထားပါ” ဟု ဆိုသည်။ ထို့အပြင် နောက်ထပ် မည်သည့်ရွာကို ထပ်မံ မီးရှိုမည်ကို မသိရသောကြောင့် ဇော်ချောင်းကျေးရွာနှင့်အနီးတစ်ဝှိုက် ကျေးရွာများအနေဖြင့် သတိထားနေထိုင်သင့်သည်ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက သုံးသပ်သည်။ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီမှ မီးရှိုမှုမှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ်မီးရှို့မူတွင် နေအိမ်တစ်လုံး၊ ဒုတိယအကြိမ်တွင် နေအိမ် ၉၀‌ ‌ကျော်မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ဇော်ချောင်းကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၈၀ ခန့်ရှိသည်ဟု ဒေသခံများကဆိုသည်။ - [ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့](https://burmese.kachinnews.com/2022/10/04/sm1-19/): စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်‌ရေးတပ်ဖွဲ့များ ယမန်နေ့ကတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၁၈၀ ကျော် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်တပ်ဖွဲ့များကြား ယမန်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၇ နာရီဝန်းကျင်တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့က ခွေးတွေက ရှေ့တိုးတိုးလာလို့ ကာပစ်လိုက် ဝှိုက်လိုက်လုပ်နေတာပေါ့ ထိတွေ့မူက မနေ့ကမနက်ပိုင်းကနေစပြီးအပြင်းအထန်ဖြစ်တာပေါ့။” ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နှစ်ဘက်ထိတွေ့တိုက်ပွဲအနီးရှိ ဒေသခံများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု သူကဆက်ပြောသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပင်လည်ဘူးကို ပြီးခဲ့သည့်နှစ်ပတ်ကျော်က  စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ လက်ရှိ နှစ်ဘက်တပ်ကြား ထိတွေ့တိုက်ခိုက်မှုမရှိသော်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ‌၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ - [ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်](https://burmese.kachinnews.com/2022/10/04/az1-37/): ဖားကန့်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ရဲများသည် ကချင်လူငယ်တစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားပြီး ရုပ်အလောင်းကိုလည်း မိသားစုဝင်များကို ပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖားကန့် မြို့မရပ်ကွက်၊ ကလပ်ကုန်းတွင် ဆိုင်ကယ်၊ ကားဖြင့် ကင်းလှည့်ပတ်နေသည့် စစ်ကောင်စီရဲနှင့် စစ်သားများက ဆိုင်ကယ်စီးနင်လာသည့် လူငယ်တစ်ဦးကို စစ်ဆေးရန်တားစီးစဥ် ယင်းလူငယ်သည် ကြောက်လန့်သဖြင့် ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်က ထိုနေရာတွင် ပစ်သတ်လိုက်ကြောင်းဖြစ်စဥ်သိရှိသူ အေးမြသာယာရပ်ကွက်မှအမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ဖြစ်စဥ်က ရွာထဲကို ဆိုင်ကယ်သမားကဆိုင်ကယ် စီးဝင်လာတာ သူတို့ကိုတွေ့တဲ့ချိန် ဆိုင်ကယ်သမားကို စစ်ဆေးဖို့ရပ်ခိုင်းတာ မရပ်လို့ပစ်လိုက်တာ သေသွားတယ်။ သေသွားတော့အလောင်းကို တိတ်တွေပစ်ထုတ်ပိုးပြီး ဆိုင်ကယ်နဲ့သယ်ယူသွားတာ” ဟု ပြောသည်။ ပစ်သတ်ခံရသည့် လူငယ်မှာ ကလပ်ကုန်းရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် မောင်မရန်ဆိုင်းဂူ ဖြစ်သည်။ ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်တွင် သြဂုတ်လ ၁ ရက်နေ့က ကင်းလှည်နေသည့် စစ်ကောင်စီယာဥ်တန်း မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖားကန့်မြို့တွင်း၌ အစစ်အဆေးများလာပြီး လှည့်ကင်း ပတ်ကင်းလည်း ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။ ”ဟိုတနေ့ညကမရှီကထောင်မှာ လှည်ကင်းမိုင်းဆွဲခံရတာ ထိခိုက်မှုရှိသွားတယ်ကြားတယ်။ အဲ့နောက်ပိုင်းဆို ညတိုင်းလိုလိုစစ်တယ်။ မနေ့ညကလည်း စစ်တပ်ကုန်းအောက်က အဝိုင်းပတ်မှာစစ်တယ်။ အရင်ညကတော့ မော်ဝှမ်းတို့ ကလပ်ကုန်းတွေမှာစစ်တယ်” ဟု အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ယမန်နေ့ညတွင်လည်း ဆန်းကြွယ် ဘုရားကုန်းတွင်ထိုင်ထားသည့် စစ်ကောင်စီစစ်တပ်ကုန်းမှ သေနတ်ငယ်များဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ကြောက်လန့်ခဲ့ရကြောင်း ဒေသခံများ ပြောဆိုသည်။ - [သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ](https://burmese.kachinnews.com/2022/10/03/yl1-16/): အာဏာသိမ်းစစ်တပ် မတရားဖမ်းဆီးခဲ့သော ဖားကန့်မြို့ အခြေစိုက် သတင်းထောက် ကိုနောင်ရိုးအပါဝင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ၁၂ ဦး ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ဖားကန့် လုံးခင်းအုပ်စု မဇွပ်ယာန်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ယနေ့ လွတ်မြောက်လာသည့် ၁၂ ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူများဖြစ်ကြပြီး ပြစ်ဒဏ်ကာလရက်ပြည့်သဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူ ကိုနောင်ရိုးက KNG ကိုပြောသည်။ “ကျနော်အပါ အားလုံး ၅၀၅(က)တွေကြီးပဲ လွတ်လာတယ်။ အမျိုးသား ၁၁ ယောက် အမျိုးသမီး ၁ ယေက်ပါ။ ကျနော်တို့ အားလုံးက ပြစ်ဒဏ်ကာလ တစ်ခွဲစီချမှတ်ခံရတဲ့သူတွေဟုတ်တယ်။ အခုလွတ်လာမြောက်လာတာလည်း ပြစ်ဒဏ်ကာလ ရပ်စေ့ပြီး လွတ်လာကြတာပါ” ဟု ပြောဆိုသည်။ လက်ရှိ ဖားကန့်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် သူများကိုလည်း အမြန်ဆုံး လွတ်မြောက်ပေးရန် သတင်းထောက်ကို နောင်ရိုးက တောင်းဆိုသည်။ ယနေ့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ၁၂ ဦးမှာ ကိုနောက်ရိုးအပါအဝင် မမုံကျေးရွာတွင် ညလုံခြုံရေးဂိတ်ထားရှိမှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား ၁၀ ဦး၊ လုံးခင်းရွာမှ ရာစုသစ် လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးတစ်ဦး တို့ဖြစ်ကြသည်။ လွတ်မြောက်လာသည့် ၁၂ ဦးကို အမှုစစ်ဆေးသည့် ၁နှစ်ခန့်အကြာ ဖားကန့်အချုပ်ထဲတွင် ထားရှိပြီး ယခုနှစ် မတ်လတွင် ပြစ်ဒဏ်ကာလ တစ်နှစ်ခွဲချမှတ်လိုက်သည့်နောက်ပိုင်း မဇွပ်ယာန် အကျဉ်းထောင်တွင် ၅လခန့် အကြာ အကျဉ်းကျခံရပြီး လွတ်မြောက်လာခြင်းဖြစ်သည်။ သတင်းထောက် ကိုနောင်ရိုးကို စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် သတင်းသွားယူနေစဉ်တွင် … - [ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ](https://burmese.kachinnews.com/2022/10/03/az1-36/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများခိုလှုံနေပြီး ထိုအနက် ဟောင်ပါးတွင်ရောက်နေသည့် စစ်ရှောင်ပြည်သူများသည် အစားအသောက် လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”အစားအသောက်ကတော့ ကြပ်တည်းလာပြီ။ တစ်ရက်လည်းမဟုတ် တစ်လလည်းမဟုတ်ဆိုတော့ စစ်ရှောင်လာတာကြာပြီနေပြီဆိုတော့ လူကလည်းများတော့ စားဖို့သောက်ဖို့ မလုံမလောက်ဖြစ်လာတာ မနေ့ညကလည်း တချို့တော့ နည်းနည်းပါးပါး ရှိတဲ့လူတွေဆီမှာ ဆန် ဆီ၊ ဆား အကူအညီတွေလိုက်တောင်းနေတာ ရှိတဲ့လူတော့ပေးလိုက်ကြတယ်။ ခုနောက်ပိုင်းအလှူရှင်တွေမရှိတော့လို့လေး အရမ်းကြပ်တည်းလာတာ” ဟု ပြောသည်။ ဆယ်ဇင်း စစ်ရှောင်များသည် ထွက်ပြေးလာစဉ်က တာမခံ၊ ဟောင်ပါး၊ နတ်ရေတောင် အစရှိသည့်ကျေးရွာများတွင် ခိုလှုံခဲ့ကြပြီးနောက် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မန္တလေးဘက်သို့ ပြောင်းရွေ့သူများလည်း ရှိခဲ့သည်။ လက်ရှိ ဟောင်ပါးကျေးရွာတွင်သာ စစ်ရှောင်အများဆုံးကျန်ရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။ ”ကိုးလ ကုန်ပိုင်းလောက်ကနေ အလှူရှင်မရှိတော့တာ အခုက ရွာခံတွေရှိတဲ့သူ နည်းနည်းပို့ ပြီး ဝိုင်းလုပ်ဝိုင်းစား အဲ့လိုပဲနေနေကြတာ အရမ်းတော့ခက်ခဲလာတယ်။ အလှုရှင်ရှိရင်တော့ ကောင်းတာပေါ့” ဟု ဟောင်းပါးရောက် စစ်ရှောင်ပြည်သူများနှင့် ရင်းနှီးသူဒေသခံတစ်ဦးက KNG ကို ပြောသည်။ ဟောင်ပါး စစ်ရှောင်များကို ထောက်ပံ့လှုဒါန်းလိုပါက ဖားကန့်အခြေစိုက် ပရဟိအသင်းများသို့ဖြစ်စေ၊ ဟောင်ပါး စစ်ရှောင်များကို ကူညီပေးနေသည့်လူပုဂ္ဂိုလ်များထံသို့တိုက်ရိုက်ဖြစ်စေ ဆက်သွယ် လှုဒါန်းနိုင်သည်ဟု … - [KIA/PDF အဖွဲ့ အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟူသော သတင်းအမှား ထပ်ဖြန့်နေ](https://burmese.kachinnews.com/2022/10/02/kia-pdf/): ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ‘အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA နှင့် PDF အဖွဲ့မှ ဓားမြတိုက်ထားသော ငွေများဖြင့် ဖားကန့်မြို့ KTVတွင် ပျော်ပါးနေချိန် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်’ ဆိုပြီး ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာမန သတင်းအမှားဖြန့်ဝေနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Kachin Land” “Oo Sitt” စသည့်အကောင့်များနှင့်အတူချိတ်ကာ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ဖြန့်ဝေ ဖော်ပြထားသောအကြောင်းအရာတွင် “ကချင်ပြည်နယ် ဖားကန့်မြို့နယ် KTV တွင် စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက အောင်ဟိန်းမင်း ခေါင်ဆောင်သည့် KIA/PDF အဖွဲ့မှ ဓားမြတိုက်ငွေများ ခွဲဝေရာတွင် ဝေစုမတည့်သောကြောင့် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အောင်ဟိန်းမင်း၏ ဖေ့စ်ဘုတ်အကောင့်တွင် ဖော်ပြထားသည်မှာ “ဖားကန့်မြို့နယ်အတွင်း PDF အ​ယောင်​ဆောင်ကာ ဓါးပြတိုက်မှု ​​ဆောင်ရွက်​နေသူများကို KIA&KPDF ပူး​ပေါင်းအဖွဲ့က ​ရှောင်တခင်ဝင်​ရောက်စီးနင်း ဖမ်းဆီးလိုက်​ကြောင်း သိရသည်။ တရားခံစုစု​ပေါင်း (၆)​ယောက်ဖြစ်ပြီး ၎င်းတို့ကို စက်တင်ဘာ ၂၉ ရက်၊ ယ​နေ့နံနက်ပိုင်း (၄)နာရီဝန်းကျင်ခန့်က ဆိပ်မူ​ကျေးရွာအုပ်စုတွင် ဖမ်းဆီးမိခြင်းဖြစ်ကာ  လက်နက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းရမိ​ကြောင်း သိရသည်” ဆိုပြီး ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့ ဝေစုမတည့်သောကြောင့် အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေသည်ကို … - [လယ်ယာမြေ ဖော်ထုတ်ရန် လျာထားမြေနေရာကို ရွှေတူးဖော်ရန် ကြိုးစားနေမှု တိန်းကောက်ဒေသခံများ ကန့်ကွက်](https://burmese.kachinnews.com/2022/10/01/yl1-15/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာတွင် ဒေသခံများကို လယ်ယာမြေလုပ်ကိုင်ရန် တားမြစ်ထားသည့် မြေဧရိယာတွင် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသဖြင့် ဒေသခံများကန့်ကွက်နေကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၆ လခန့်အကြာမှစတင်ကာ တိန်းကောက်ကျေးရွာတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခွင့်ပြုမိန့်ဖြင့် စက်ယန္တရားကြီးများအသုံးပြုကာ လုပ်ငန်းရှင် ၃၀ ကျော်ခန့်က ရွှေတူးဖော်ခဲ့ကြသည်။ ထိုနေရာတွင် ရွှေတူးဖော်မှု တစ်နှစ်ခန့်အကြာတွင် ဒေသခံများ၏ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် ပျက်စီးသွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးမရရှိသေးသည့်အပြင် လက်ရှိတွင်လည်း ဒေသခံများ တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် လျာထားသည့် မြေဧရိယာ ၃၀၀ ကိုလည်း KIO နှင့် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသည်ဟု တိန်းကောက် ဒေသခံအမျိုးသားတစ်ဦး KNG ကို အတည်ပြုပြောဆိုသည်။ “ရွာမှာက အိမ်ထောင်စု ၃ စု တစ်စုလောက်ဘဲ လယ်ယာမြေရှိကြတယ်။ ကျန် ၂ စုက လယ်ယာမြေမရှိတဲ့အတွက် မလုပ်နိုင်ကြဘူး။ လယ်ယာမြေတွေ ပြန်တိုးချဲ့ဖို့အတွက် ရွာရဲ့ ထက်ပိုင်းဘက်မှာ လယ်မြေနေရာ ဧက ၃၀၀ ကျော် လောက် ဖော်ထုတ်ဖို့ လျာထားတာရှိတယ်။ အခုက အဲ့နေရာတွေမှာအထိ ရွှေတူးဖော်ဖို့ ပြန်လုပ်လာကြတယ်။ အဲ့နေရာကို မလုပ်ပေးဖို့ ရွာက လူတွေ ကန့်ကွက်နေကြတယ်။ သူတို့ အခုတူးနေတဲ့နေရာတွေက ကုန်သွားတော့ ဒီဘက်ကို ပြန်တူးဖို့ မြေနေရာတွေ တိုင်းတာဖို့အထိ လုပ်လာကြတယ်” ဟု ပြောဆိုသည်။ ဒေသခံပြည်သူများ လယ်ယာမြေဖော်ဆောင်ရန် လျာထားသည့် မြေနေရာသည် လက်ရှိ ရွှေတူးဖော်နေသည့် နေရာသည် တဆက်တည်းရှိနေသောကြောင့် ရွှေတူးဖော်နိုင်ရေးအတွက် လုပ်ငန်းရှင်များ နှင့် ဒေသတွင်းအာဏာပိုင်ဖြစ်သော KIO မှ ကြိုးစားလုပ်ဆောင်နေကြောင်း … - [NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရ” ဟူသော သတင်းအမှား ထပ်ဖြန့်](https://burmese.kachinnews.com/2022/09/30/sn1-13/): ‘NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်တွင် အသတ်ခံရ’ ဆိုပြီး သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ဖြန့်ဝေလာသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို Subscriber 166K ရှိသော “Random Burma News” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်မှာ စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးထောင့်ခုနှစ်ရာကျော်အထိ ရှိလာနေပြီ ဖြစ်သည်။ သတင်းဆန်းစစ်ချက်အရာ “NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရ” ဆိုသည့် သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရဖေ့စ်ဘုတ်စာမျက်နှာနှင့် ပြည်တွင်းပြည်ပသတင်းမီဒီယာစာမျက်နှာများတွင်မျှ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲပါဝင်သော အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရသည်။ ဗီဒီယိုထဲတွင် ဖော်ပြထားသောအကြောင်းအရာမှာ “NUG ယာယီသမ္မတနေအိမ်အတွင်း အသတ်ခံရ”ဆိုသည့် သတင်းအကြောင်းအရာမဟုတ်ပဲ “ရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ်တွင် မဟာသိန်တော်ကြီးအနီးတွင် ပစ်ခတ်မှုဖြင့် စစ်တပ်၊ ရဲနှင့် ဆေးရုံ ကားများရောက်လာပြီး ဆူးလေအထိ မဟာဗန္ဒုလလမ်းမကြီးကို စစ်တပ်ကလမ်းပိတ်စို့” ဆိုသည့် အကြောင်းရာသာ ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ‘အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရတယ်’ ဆိုသော အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုလို ကြည်ရှုသူများစိတ်ဝင်စားအောင် သတင်းခေါင်းစဉ်အမှားများဖြင့် သတင်းဗီဒီယိုများပြုလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းမှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာဖြစ်သည်။ သို့ဖြစ်ပါ၍ ဒီလို သတင်းခေါင်းစဥ်အမှားများဖြင့် Youtube ဗီဒီယိုများဖန်တီးဖြန့်ဝေနေကြသော Youtube Channel များကို သတိထားရမည်ဖြစ်ပြီး ကြည်ရှုသူတွေအနေနဲ့ နေ့စဥ်သတင်းများကို ဖတ်ရှုသောအခါ ဒေသတွင်း သတင်းမီဒီယာများမှ ဖော်ပြသော သတင်းများကိုသာ … - [အာဏာသိမ်း စစ်ခေါင်းဆောင် မြစ်ကြီးနား နှင့် ပူတာအိုမြို့တွင် ရောက်ရှိနေ](https://burmese.kachinnews.com/2022/12/14/yl1-41/): အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ယနေ့နံနက်ပိုင်းတွင် ပူတာအိုဒေသခံများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယမန်နေ့က တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။ “အမျိုးသားလေကြောင်းလိုင်းနဲ့ ၆ နာရီလောက်မှာ ပူတာအိုကို ရောက်လာတယ်။ ပူတာအိုက ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ အကုန်လုံးကို သွားကြိုခိုင်းလို့ သွားကြိုခဲ့ကြတယ်။ ပူတာအိုကို ဘာလို့ရောက်လာတယ် ဆိုတာက အသေးစိတ် မသိရသေးဘူး။” ဟု ပြောဆိုသည်။ တွေ့ဆုံမှုတွင် ပူတာအိုဒေသခံတစ်ချို့၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း ပူတာအိုမြို့သို့ ရောက်ရှိလာသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ကောင်းမှုလုံ ဘုရားသို့ သွားရောက်ဖို့လည်းရှိကြောင်း စစ်တပ်နှင့် နီးစပ်သူများ ပြောဆိုသည်ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆက်ဆိုသည်။ “သူတို့ပြောတာက ဘုရားလာဖူးတယ်လို့ပဲပြောတယ်။ ဒီတစ်ခုထဲအတွက်ပဲ မဖြစ်နိုင်ဘူးလို့ပဲမြင်တယ်။ ပြည်သူတွေကို စည်းရုံးရေး လာလုပ်တာပဲ။ သူတို့ လာတဲ့ပုံစံကလည်း ဘယ်သူ့ကိုမှ အသိမပေးဘူး လုံခြုံရေး စိုးရိမ်လို့ထင်တယ်။ ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာပဲ ဘာတွေပြောမလဲဆိုတာ သိရမှာပေါ့” ဟု ပြောဆိုသည်။ ပူတာအိုမြို့တွင် နံနက်ပိုင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုပြီးနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ဘက်သို့ ပြန်ခေါက်ရန် ရှိကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင်ကလည်း ပူတာအိုမြို့သို့ လာရောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ယခုတစ်ခေါက်မှသာ ရုတ်တရက်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများ ထံမှ သိရပါသည်။ - [မိုးမောက် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်](https://burmese.kachinnews.com/2022/12/13/az2-62/): မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ KIA မိုးမောက်အရှေ့ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းရှိသော လုံဂျာဘွမ်ဘက်သို့ မိုးမောက်မြို့တွင်း အခြေချထားသည့် ခမရ ၄၃၇ တပ်ရင်း မှ လက်နက်ကြီးများ ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ ”မနေ့ည ၁၂ နာရီတိတိမှာ ပစ်တာဟုတ်တယ်။ ၄၃၇ တပ်ကနေပစ်တာ နန့်စိုင်ရွာဘက်နဲ့ လုံဂျာရွာဘက်တွေမှာပစ်တာ ၁၀ ချက်ကျော်တယ်ဗျ ကျနော်တို့ဆို ညကြောက်လို့ အိပ်တောင် မအိပ်တော့ဘူး တိုက်ပွဲများဖြစ်လားပေါ့”ဟု ပြောသည်။ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် လုံဂျာတောင်ခြေတစ်ကြောရှိ လုံဂျာရွာ၊ နောင်ပေါင်းရွာနှင့် နန့်စိုင် ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူများ၏ ထိခိုက်မှု မြေပြင်အခြေအနေ အသေးစိတ် မသိရှိရ သေးပါ။ ”တိုက်ပွဲဖြစ်တာတော့မရှိဘူးဗျ။ ဒီတိုင်းပဲရမ်းပစ်တာ လုံဂျာဘက်လည်း လက်နက်ငယ်သံတွေ ဘာမှမကြားရဘူး။ သူတို့ရှိနေတယ်ဆိုတာ အချက်ပြတဲ့သဘောနဲ့ပစ်တာထင်တယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ လုံဂျာဘွမ်ကို ကုန်းကြောင်း၊ လေကြောင်းဖြင့် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ခါနန်ရပ်ကွက် ၃ မှ အမျိုးသား၂ ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့သောကြောင့် ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ - [ကန့်ဘလူမြို့နယ် စစ်ကောင်စီအထိုင်တပ်စခန်းကို PDFများတိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့](https://burmese.kachinnews.com/2022/12/13/az1-89/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ စစ်ကောင်စီအထိုင်တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားမှု ၃နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများပြားနိုင်သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။ “မနေ့က ၁နာရီလောက်မှာစဖြစ်တာ ဖြစ်လိုက်နားလိုက်ပေါ့။ ကျနော်တို့ဘက်ကတော့ ၄ဦး ဒဏ်ရာရပြီး ၁ဦးကျခဲ့ပါတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကာကွယ်ရေးတပ်ဘက်က စခန်းသိမ်းရန်ပြုလုပ်စဥ် စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသူက ဆက်ပြောသည်။ ကိုးတောင်ဘို့ စစ်ကောင်စီတပ်စခန်းသည် ခမရ–၃၆၃ အထိုင်တပ်စခန်းဖြစ်ပြီး ၄င်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက ကောလင်းမြို့နယ်သို့ စစ်ကြောင်းထွက်ခွာသွားသဖြင့် ကျန်ရှိ နေသော စစ်သားနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် ကောလင်းမြို့နယ်သို့ ထွက်ခွာသွားခဲ့သော စစ်ကောင်စီအဖွဲ့များသည်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကိုးတောင်ဘို့ဒေသသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များအထိုင်ချထားသည့်စခန်းသည် ကိုးတောင်ဘို့ကျေးရွာမြောက်ဘက် ၁မိုင်ခန့်အကွာ ကန့်ဘလူ–ကောလင်း လမ်းမကြီးဘေး၌တည်ရှိသည်ဟု သိရသည်။ - [နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များကို တရုတ်အစိုးရဖြေလျော့](https://burmese.kachinnews.com/2022/12/12/az2-61/):  ကချင်ပြည်နယ် မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တရုတ်အစိုးရဘက်က ချမှတ်ခဲ့သည့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ဖြေလျော့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။  ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ ဖြေလျော့လိုက်သည့်အတွက် ကုန်စည်တင်ပို့မှု ယခင်ကထက် နှစ်ဆခန့်မြင့်တက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ မြန်မာကုန်သည်တစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။ “ဟုတ်တယ်ဗျ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ ဖြေလျော့လိုက်ပြီး လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုပြီ လို့သူတို့ဘက်က ပြောလာပြီ ဟိုအရင်ကိုဗစ်မရှိတုန်းက အစည်းကားဆုံးအချိန်မှာတော့ တစ်နေ့ကို အစီး ၂၀၀ ကနေ ၃၀၀ အထိကိုတင်ပို့နိုင်တာကို အခုကိုဗစ်စည်းကမ်းချက်တွေကြောင့်အချိန်ကြန့်ကြာတော့ တစ်နေ့ကို ၁၀ စီးလောက်တောင်ထွက်ဖို့အနိုင်နိုင်ဖြစ်သွားတယ် အခုပြန်ဖြေလျော့လိုက်ပြီဆိုတော့ တစ်ရက်ကို အစီး ၃၀ အစီး ၄၀ ကနေတဖြေးဖြေး များများတင်ပို့နိုင်တော့မှာပါ”ဟု မြန်မာငှက်မျောကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။ မြန်မာဘက်ခြမ်းရှိ လုပ်ငန်းရှင်များနှင့် ကုန်သည်အသင်းများကလည်း အချို့ဖြေလျော့လိုက်သည့် သတ်မှတ်ချက်များကိုသာ လိုက်နာပြီး ပို့ကုန်ငှက်ပျောများ အပေါ် ပိုးသတ် ဆေးဖြန်ခြင်းများကိုမှု ပုံမှန်အတိုင်းလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့မြန်မာဘက်ခြမ်းမှာတော့ ကိုဗစ်ပိုးသန့်စင်ဖို့အတွက်တော့ စစ်ဆေးဆဲပဲရှိပါတယ်။ ဒီဘက်က ငှက်ပျော လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း အရင်က လက်မှတ်ရေးထိုးထားတဲ့ထဲက အတိုင်းပေါ့ ကုန်စည်ပေါ်မှာ ပိုးမွှား သန့်စင် တာတွေကတော့ လုပ်နေဆဲပါပဲ ငှက်ပျောအလုပ်ရုံတွေမှာ ပိုးသန့်စင်တာဌာနဆိုင်ရာတွေနဲ့ပူးပေါင်း ပြီး ပိုးမွှားသန့်စင်ပြီးမှ တင်ပို့မှုတွေတော့လုပ်ဆောင်နေဆဲပါ လောလောဆယ်အထိတော့”ဟု ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ကချင်ပြည်နယ်စိုက်ပျိုးသီးနှံ ထုတ်လုပ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင် ကိုဗစ် စည်းကမ်း သတ်မှတ်ချက် တင်းကြပ်ထားချိန်တွင် … - [PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2022/12/12/az1-88/): ကသာမြို့နယ် ချောင်းဝ‌ကျေးရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်သည် လမ်းခုလတ်တနေရာ၌ PDF တပ်ဖွဲ့ထောင်ထားသည့် မိုင်းမိ၍  ၁၀ ဦးထက်မနည်း သေဆုံးကာ အများအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အင်အား ၆၈ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်သည် ချောင်းဝရွာဘက်မှ ဆင်ကုန်တိုင်ရွာဘက်သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ရောက်လာစဉ် မြို့လှ KPDF တပ်မှ အသင့်ထောင်ထားသော H-22 ရှေ့ထွက်မိုင်းမိ၍ ထိခိုက်သူများကာ အထိနာခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေ မြေမြုပ်ထားတဲ့ မြေစာပုံတွေတွေ့ရတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေထဲက အချို့သေလို့ လမ်းမှာတင် မြေမြုပ်ထားခဲ့တာတွေရှိတယ်“ ဟု မြို့လှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများအား မြေမြုပ်ခြင်းနှင့် ဒဏ်ရာရရှိသူများအား ထမ်းစင်များဖြင့် ထမ်းခေါ်ကာ စစ်ကြောင်းနောက်ပြန် ဆုတ်ခွာသွားကြောင်း သိရသည်။ - [ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2022/12/10/%e1%80%84%e1%80%bd%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%b6%e1%80%95%e1%80%bc-%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%80%e1%80%ad%e1%80%af/): စစ်ရှောင်များကို နေရာချထားသော မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးပြီးနောက် ရွာသား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့် စစ်ကား ၂ စီး၊ အင်အား ၈၀ ခန့်ဖြင့် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ မြင်သမျှ ယောက်ျားသားအားလုံးကို ဖမ်းဆီး ဆွဲခေါ်သွားကြောင်း ငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ “တအိမ်ပြီးတအိမ် သူတို့ တွေ့တွေ့သမျှ ရွာသားတွေကို သေနတ်ထောက်ပြီး အားလုံးကို ခေါ်သွားတာ။ အလုပ်ကပြန်လာသူတွေ၊ အိမ်ပြင်မှာရှိနေသူတွေ၊ အားလုံးပဲ ၁၀၀ တောင်ကျော်မယ်ထင်တယ်။ အဖွဲ့လိုက်ပဲ ၂၉ တပ်ဘက်ကို အားလုံးကိုခေါ်သွားတာ။“ ငွေပျော်စံပြ ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် တွေ့သမျှ တရွာလုံးရှိ အမျိုးသားများကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြောသည်။ စစ်ရှောင်ပြည်သူများအား ပြန်လည်နေရာချထားသည့် ပလန ငွေပျော်စံပြကျေးရွာသည် KIA တပ်ရင်း ၁၁ နှင့် စစ်ကောင်စီတပ် ၂၉ တပ်ရင်း ကြားတွင် တည်ရှိသည်။ ထို့ကြောင့် စစ်တပ်မှ ထိုရွာထဲတွင် PDF နှင့်  KIA မှ မကြာခဏ လာရောက်မှုရှိကြောင်း သတင်းရရှိထားသဖြင့် ယနေ့ညနေတွင် ရုတ်တရက်ဝင်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ပလန ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိကာ ၂၀၁၄ ခုနှစ်တွင် အစိုးရမှ စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ခုဖြစ်ကာ အိမ်ခြေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။ - [ဖားကန့်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော ပြည်သူ ၂၀၁ ဦး ထိ ရှိလာ](https://burmese.kachinnews.com/2022/12/10/zm1-28/): ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ယနေ့အထိ စစ်ကောင်စီ စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော အရပ်သား ၂၀၁ ဦးထိ ရှိလာပြီဟု စုံစမ်းသိရှိရသည်။ စစ်တပ်သည် ဖားကန့်မြို့နယ် ကျေးရွာများတွင် စစ်ကြောင်းထိုးသွားလာရာတွင် ဒေသခံများကို ဖမ်းဆီးပြီး ၎င်းတို့၏ ရိက္ခာ၊ လက်နက်ခဲယမ်းများကို ထမ်းစေခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။ “သူတို့တစ်ရွာနဲ့တစ်ရွာ ကူးသွားတဲ့ချိန်ဖမ်းထားတဲ့သူကို ကာဗာလုပ်ပြီးသွားတာ အထမ်းလည်းထမ်းခိုင်းတယ်လို့ သိရတယ်“ဟု ပြောသည်။ ဒေသခံများကို မေးမြန်းပြီး KNG သတင်းဌာန၏ ပြုစုထားသည့် စာရင်းအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး ဆိုင်းတောင်၊ ကောင်စံဘက်သို့ ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်‌ကြောင်းသည်  နိုဝင်ဘာ ၂၃ ရက်နေ့ ကရင်ချောင်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်မှ လုပ်သား ၃၀ ကျော်ကိုစတင်ဖမ်းဆီးပြီးနောက် ညပိုင်းတွင် နောက်ထပ် ပြည်သူ ၂၀ ကျော်ခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ထို့နောက် နိုဝင်ဘာလ  ၂၅ ရက်နေ့ ကျောက်သွေးတောင်မှ ယူမာဘက်ဆက်ပြီး စစ်ကြောင်းထိုးသွားပြီး လမ်းတစ်လျှောက် ထပ်မံဖမ်းဆီးရာ နောက် ၃၀ ဦးခန့် ဖမ်းဆီးခံလိုက်ရသည်။ ခလရ ၄၂ ၊ ခမရ ၁၁ မှ စစ်အင်အား ၈၀ ခန့်ရှိသည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၃၀ ရက်နေ့ ဂတ်နွယ်ရွာနှင့် ဂေါ့လူရွာ လမ်းတစ်လျှောက်မှ အရပ်သားပြည်သူ ၇၀ ဦးနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ပျဉ်တောင်ရွာမှ အရပ်သားပြည်သူ ၄၀ ဦးကို ဖမ်းဆီးခဲ့သည်။ အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း မှော်ပုံကျေးရွာမှ အရပ်သား ၁၁ ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။ ထို့ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ  ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ဖမ်းဆီးခံရသူ … - [ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို ပြန်ပေးရန် အစီအစဥ်မရှိဟု ဖားကန့်မြို့နယ်ထွေအုပ်ပြော](https://burmese.kachinnews.com/2022/12/10/az1-87/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖမ်းဆီးထားသော လိုင်စင်မဲ့ကားများကို ပြန်ပေးရန်အစီအစဥ်မရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးက ပြောဆိုလိုက်ကြောင်း သိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်ရှိ ထွေအုပ်ရုံးအစည်းအဝေးတွင် ဖားကန့်မြို့နယ် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်က ပြောဆိုခဲ့သည်ဟု ထွေအုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မနေ့က ငှက်ပျောတော၊မြို့မရပ်ကွက်၊ အေးမြသာယာ ရပ်ကွက်တိုင်းက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးအစည်းအဝေးလုပ်တဲ့ချိန် ပြောတာတဲ့ တပ်မမှူးက ညွှန်ကြားထားတယ်လို့ပြောတာတဲ့”ဟုပြောဆိုသည်။ ဖားကန့်တွင် စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ဖားကန့်မြို့ ရဲစခန်းရှေ့၊ ကျောက်စိမ်းတောင် တံတား၊ လုံးခင်းကျေးရွာထိပ်ရှိ ပန်းတင်တံတား စသည့် နေရာများတွင် ရှောင်တခင် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ကားအစီး ၄၀ နီးပါးအထိ ရွေးယူနိုင်ခြင်းမရှိသေးကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ”ကျွန်မတို့ကားတော့ ဖမ်းခံရတာမရှိပါဘူး။ အသိတစ်ယောက်ကားတော့ဖမ်းခံထားရတယ်။ ခုထိ ပြန်မရွေးခိုင်းလို့ဆိုပြီး ပြောနေတာ တော်တော်များများတော့ဖမ်းခံရပြီးထင်တယ်။ ဟိုနေ့ကတောင် ၁၀ စီးလောက်ဖမ်းသွားတယ်။ ပြည်သူတွေကားကတော့လုံးဝ မရွေးခိုင်းဘူး ဒီနေ့ထိ” ဟု ယင်းအမျိုးသမီးက ပြောသည်။ ဖမ်းဆီးရမိသည့်ကားများအနက် စစ်ကောင်စီနှင့်ပတ်သက်သူများမှ ပြန်လည်ရယူနိုင်သော်လည်း သာမာန်ပြည်သူများ၏ ကားကို စစ်တပ်ဗျူဟာကုန်းတွင် သိမ်းဆည်းထားသည်ဟု သိရသည်။ ”စစ်ကောင်စီနှင့် ပတ်သက်တဲ့သူတွေကိုတော့ ပြန်ရွေးခိုင်းမှာပဲ။ ဒါတော့သူတို့ လုပ်ထုံးလုပ်နည်းပဲလေး။ တခြားလူတွေရဲ့ကားကိုတော့မရွေးခိုင်းဘူး ဟိုနေ့ကလည်း ကားဆရာတွေက သူတို့ကိုယ်တိုင်ကားကို စစ်တပ် ဗျူဟာကုန်းအထိမောင်းပို့ရတယ် ကားကိုထားခဲ့ပြီး ခြေခြင်ပြန်လာရတယ်တဲ့ ခုထိမရွေးခိုင်းလို့”ဟုဖားကန့်မြို့အမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့်မြို့တွင် စစ်ကောင်စီက ယခုကဲ့သို့ … - [စစ်ကောင်စီ စစ်သားများပါရှိသည့် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားသမားသေဆုံး](https://burmese.kachinnews.com/2022/12/10/yl1-40/): ကချင်ပြည်နယ် ဝိုင်းမော်နှင့် ချီဖွေ လမ်းမကြီးပေါ်တွင် စစ်ကောင်စီစစ်သားများလိုက်ပါ စီးနင်းလာသည့် ကုန်တင်ကားတစ်စီးပစ်ခတ်ခံရပြီး ကားသမားဖြစ်သူ ကျည်ထိမှန်သေဆုံးသွား ကြောင်းဒေသခံများ ထံမှသိရသည်။ ဒီဇင်ဘာလ ၉ရက်နေ့ မွန်းလွှဲပိုင်းအချိန် ချီဖွေမြို့နယ်ဘက်မှ ရွှေလုပ်ကျင်းသားများအပါ စစ်ကောင်စီစစ်သား အချို့ပါလာသည့် ဆယ်ဘီးကားတစ်စီး ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာအုပ်စု လောဆာကျေးရွာအနီးတွင် ပစ်ခတ်ခံလိုက်ရသည်ဟု လောဆာကျေးရွာဒေသခံတစ်ဦး KNG ကိုပြောသည်။ “မနေ့ညနေ မန်ဝိန်းနဲ့လောဆာကြားမှာပစ်ခတ်ခံရတာဟုတ်တယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီပစ်ခတ်ခံရတဲ့ ကားကို တွေ့ခဲ့တယ်။ အဲ့နားတဝိုက်က လူတွေကိုမေးကြည့်တော့ ကားထဲမှာ ချီဖွေဘက်နေ ကျင်းတွေသားတွေနဲ့ ရောထွေးပြီး ဗမာစစ်သားတွေ ပါလာလို့ပစ်ခတ်ခံရတယ် လို့ပြောကြတယ်။ ပစ်ခတ်ခံရတဲ့ ကားက ချောက်ထဲ ထိုးမောက်သွားတဲ့ပုံရတယ်။ ကားပေါ်မှာပါလာတဲ့သူတွေလည်း ဒဏ်ရာရကြတယ်လို့တော့ပြောတယ်။ ဒါပေမယ့် အသေးစိတ်မသိဘူး”ဟုပြောဆိုသည်။ ကားပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းကားသမား၏​ ဦးခေါင်းနှင့်ပေါင်ပေါ်တွင် သေနတ်ကျည်ဆံ တစ်ချက်စီထိမှန်ခဲ့ပြီး လူနာကို ဝိုင်းမော်ဘက်သို့ ပို့ဆောင်လိုက်ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်းနှင့် ကားပေါ်တွင် ယာဉ်မောင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ရရှိထားသည်ဟုသိရသည်။ အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၅၀ နှစ်အရွယ် ဦးဇေလွမ်းခေါ်သူဖြစ်ပြီး ပုံမှန် ဝိုင်းမော်နှင့် ချီဖွေလမ်းပိုင်းတွင် သွားလာနေသည့် မုဒ်ကြိတ် ကျေးရွာ ဒေသခံတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။ ချီဖွေနှင့်ဝိုင်းမော် လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသည့် ကုန်တင်ကားများ မကြာခဏပစ်ခတ်ခံရမှုဖြစ်ပွားနေပြီး ပြီးခဲ့သော ဩဂုတ်လ ၁၃ ရက်နေ့တွင် ချီဖွေဘက်မှ စစ်တပ်ပိုင် မြင်း ၉ ကောင်သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်။ - [စစ်ကိုင်းတိုင်းတွင် ဗမာရွာ နှင့် ရှမ်းရွာများကို KIA က လိုက်လံမီးရှို့ သော ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2022/12/09/kia-3/): စစ်ကိုင်းတိုင်းရှိ ဗမာ နှင့် ရှမ်းရွာများကို KIA အဖွဲ့မှ လိုက်လံမီးရှို့နေသည်ဆို သတင်းအမှားတစ်ပုဒ်ကို ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘InnWa News’ ဆိုသည့် ဖေ့စ်ဘုတ်‌စာမျက်နှာတွင် ဒီဇင်ဘာလ ၆ ရက်နေ့  ည ၁၀ နာရီကျော်ဝန်းကျင်တွင် စတင်ရေးသားဖြန့်ဝေခဲ့သည်။ ဖော်ပြထားသော အကြောင်းအရာမှာ “ KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်၊ သူတို့မီးရှို့ရတဲ့ ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊  KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ” ဆိုပြီး ရေးသားဖော်ပြထားသည်။ KIA ဗိုလ်ချုပ်ဂွမ်မော်၏ ရုပ်ပုံကိုအသုံးပြုပြီး ရေးသားဖော်ပြထားသောအကြောင်းအရာမှာ “KIA အဖွဲ့ဝင်တွေ..မင်းတို့မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့.. ထွက်ပြေးကြ၊ ပြီးရင် ရွာတွေကို မီးရှို့ခဲ့ကြ၊ စစ်တပ်က မီးငြိမ်းနေရတာနဲ့ မင်းတို့နောက်ကို မလိုက်နိုင်တော့ဘူး..ပြီးတော့ မီးလောင်းသွားတဲ့ အိမ်တွေဟာလည်း မင်းတို့ အမျိုးတစ်ယောက်မှ မပါဘူး..အားလုံးဗမာအိမ်တွေ၊ ရှမ်းအိမ်တွေချည်းပဲ ရှင်းလား” ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်မှ ညွန်ကြားထားသလို အထင်မှား အမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားထားသည်ကို တွေ့မြင်နိုင်ပါသည်။ အထက်ပါ ဖော်ပြချက်များသည် သတင်းအမှားများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချောင်းကြားရွာမှ နေအိမ် ၈ လုံး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ၄၃၇ လုံး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာ(၆)ရွာမှ အိမ်ခြေ ၁၄၀ ကျော်၊ … - [စစ်ကိုင်းတိုင်း ဝက်သအင်းကျေးရွာတွင် လူနေအိမ် ၄၄လုံးနှင့် စပါးကျီ ၃ခုမီးရှို့ခံရ](https://burmese.kachinnews.com/2022/12/09/sm1-41/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းကျေးရွာတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များ ၄၄ လုံးနှင့် စပါးကျီ ၃ ခုကို စစ်ကောင်စီအဖွဲ့ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ပုဏ္ဏာကြီးကျေးရွာမှ ဝက်သအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယခုလို လူနေအိမ်များ မီးရှို့ဖျက်စီးခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “မနေ့က စစ်ကောင်စီစစ်ကြောင်းက ပုဏ္ဏားကြီးကနေ ဝက်သအင်းကျေးရွာဘက်ကို သွားပြီး ညအိပ်ခဲ့တယ် မနက်ကျတော့ နေအိမ်တွေ မီးစရှို့တော့တာပဲ။ သူတို့ ရှို့လိုက်တဲ့ နေအိမ်တွေက အလုံး လေးဆယ်ကျော်ရှိတယ်”ဟုပြောဆိုသည်။ ထို့အပြင် စစ်ကောင်စီအဖွဲ့သည် ပုဏ္ဏားကြီးကျေးရွာမှ ထွက်ခွာလာစဉ် ဒေသခံအမျိုးသားတစ်ဦးကို လူသားဒိုင်းလမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာမှ မရရှိသေးကြောင်း သူကဆက်ဆိုသည်။ ဝက်သအင်းကျေးရွာတွင် အိမ်ခြေ ၇၂ ခုခန့်ရှိပြီး အဆိုပါ ကျေးရွာနေရာများအတွင်း စစ်ကြောင်းမကြာခဏ ဝင်ရောက်လေ့ရှိသည့် ကျေးရွာများလည်းဖြစ်ကြောင်းသိရသည်။ အဆိုပါကျေးရွာနေရာများအတွင်း နေအိမ်များ လိုက်လံမီးရှို့နေသည့် စစ်ကောင်စီအဖွဲ့မှာ ခမရ ၃၆၉ တပ်အဖွဲ့ဖြစ်ကြပြီး ဝက်သအင်းကျေးရွာမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အရှေ့ဘက်ခြမ်းရှိ ကောလင်းမြို့နယ် အစပ်ဘက် ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သော အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီအဖွဲ့က နေအိမ်နှင့် အဆောက်အအုံများ စုစုပေါင်း ၃၈၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နေအိမ်များ မီးရှို့ခံရမှု ၇၀ ရာခိုင်နှုန်း အထိရှိသည်ဟု  … - [နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို](https://burmese.kachinnews.com/2022/12/09/az1-86/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း ဒေသခံများထံမှသိရသည်။ နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်(ရဲအမှုစစ်)နှင့် ဒုရဲအုပ်သွင်အောင် (နယ်ထိန်း) ၂ ဦးတို့ကို ပြီးခဲ့သော ၂ ပတ်ခန့်အကြာက မြစ်ကြီးနား ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ မေးမြန်းရန်ရှိသည်ဟု တိုက်ရိုက်ခေါ်ယူ ဖမ်းဆီးခဲ့ပြီး PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်ဟု နန်းမား ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ဒုရဲအုပ် ၂ ယောက်စလုံးကို ဖမ်းဆီးပြီးမှ အမှုဖွင့်ထားပါတယ် သူတို့ ၂ ယောက်ကို အလုပ်အကြောင်းပြပြီး တိုက်ရိုက်ခေါ်ယူဖမ်းဆီးလိုက်တယ်လို့သိရတယ်။ ရဲအုပ်မျိုးကျော်ကိုအရင်ခေါ်တာ သူ့ကိုခေါ်ပြီး နောက်နေ့ နယ်ထိန်း သွင်အောင်ကိုယ်ထပ်ခေါ်တယ်။ ပြန်မလွတ်တော့ဘူး တစ်ခါတည်း ဖမ်းထားလိုက်တာ သူတို့ရဲကားမောင်းသမားတွေတောင် တစ်ပတ်လောက်ကြာမှပြန်လွတ်ပေးတယ် အခုတော့အမှုဖွင့် ထားပြီးတဲ့”ဟုပြောဆိုသည်။ လက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ဒုရဲအုပ် ၂ ဦးကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားပြီဖြစ်သည်။ ဒုရဲအုပ်သွင်အောင်နှင့် ဒုရဲအုပ်မျိုးကျော်တို့သည် အာဏာမသိမ်းမှီကတည်းက နန်းမားကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြပြီး ၂ ဦးစလုံးသည် ဒေသခံပြည်သူများနှင့် လူမှုဆက်ဆံရေး ရရှိသူများဖြစ်ကြသည်ဟု ဒေသခံများပြောသည်။ “ဒုရဲအုပ်မျိုးကျော်က နန်းမားသူနဲ့ အိမ်ထောင်ကျထားတာလေ အရင်ကတည်းကလည်း ဒီမှာတာဝန်ကျနေကြတာ မျိုးကျော်တော့ အာဏာသိမ်းပြီး ဆွမ်ပရာဘွမ်ဘက်မှာ ခဏပြောင်းရွှေ့လိုက်တာ ပြန်ရောက်လာတာ တစ်လလောက်ပဲရှိသေးတယ် သူတို့နှစ်ယောက်က ဒေသခံတွေနဲ့ အရမ်းအဆင်ပြေကြတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီဘက်မှ အဆိုပါ ဒုရဲအုပ် ၂ ဦးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု … - [ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး - ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2022/12/08/az2-60/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ် အနီး ဝှေခါကျေးရွာနှင့် မှော်ကလုံ ကျေးရွာဧရိယာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လမ်းထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။ အောက်တိုဘာ လဆန်းပိုင်းကတည်းက အဆိုပါဒေသတွင် စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်လာသည့်အတွက် အင်းတော်ကြီး –ဖားကန့် လမ်းပိုင်းပျက်စီးလာပြီး အသွားအလာ ခက်ခဲသွားမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။ “အဲ့ဘက်ဝှေခါဘက်မှာက အခုမှစလုပ်လာတာ မိုးတွင်းဆိုအဲ့ဘက်ကလုပ်လို့မရဘူး။ အခုပွင့်လင်း ရာသီဝင်လာလို့ သူတို့တွေစလုပ်လာနေကြတာ တကယ်ဆို အဲ့မှာကလုပ်ကိုမလုပ်သင့်ဘူးဗျ ဘာလို့ ဆိုရင် လမ်းပြိုကျတာတို့ဘာတို့ဆိုရင် အကုန်လုံး ညအသွားအလာခက်ခဲ သွားနိုင်တယ်။ တခြားအစားထိုး လမ်းတစ်ခုခု ဖောက်ပေးထားတာမျိုးရှိတယ် ဆိုရင်တော့ တမျိုးပေါ့ အခုကအဲ့လိုလည်းမရှိဘူး” ဟု ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ ဝှေခါ ၊ မှော်ကလုံကျေးရွာ ဧရိယာတွင် စက်ယန္တာရားကြီးနှင့် ကျောက်စိမ်း တူးဖော်နေမှုမှာ နေရာကွက်ကျားရှိနေပြီး လမ်းဧရိယာနှင့် ပေ ၅၀၀ အထက်တွင်တူးဖော်နေပြီး ပိုမိုနီးကပ်လာပါက အများပြည်သူ သွားလမ်းမကြီး ပျက်စီးသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အခုတောင်မှ တချို့နေရာတွေက မြေစာတွေ ကျောက်ခဲတွေနှင့် ပြည့်နေတာ ဖုန်ကတထောင်း ထောင်းနဲ့ သွားရလာရအရင်လို အဆင်မပြေတော့ဘူး။ မိုးတွင်းဆို ပိုဆိုးဖို့ပဲရှိတယ် ရွံတွေထူလာမှာ အခုထက်ပိုပြီး လမ်းဧရိယာထဲ ရောက်လာရင်တော့ စက်ယန္တာရားတွေနှင့် တူးတာဆိုတော့ မြေပြိုဘာညာဖြစ်လာမှာ”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။ ဝှေခါနဲ့ မှော်ကလုံကျေးရွာ ဧရိယာတွင် စက်ယန္တာရားဖြင့် တူးသည့်လုပ်ကွက် ၅ ခု ထက်မနည်းရှိပြီး အထူးသဖြင့် ညဘက် တူးဖော်နေမှုကြောင့် ဆူညံသံများဖြစ်စေခြင်း၊ လူဦးရေ ထူထပ်လာသည်နဲ့အမျှ လောင်ကစားဝိုင်း များလာခြင်း၊ လူမှုရေး ပြသာနာများလာခြင်း စသည့် ပြဿနာများကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။ ထို့အပြင် အဆိုပါလမ်းမကြီးသည် မိုးညှင်း နှင့်ဖားကန့်မြို့ ခရီးသွားများနှင့် ကုန်သွယ်စီးဆင်းမှုအတွက် အဓိက လမ်းပိုင်းဖြစ်သောကြောင့် လမ်းပိုင်း ပျက်စီးလာပါက ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကာ ယခုကဲ့သို့ စနစ်မကျသော ကျောက်စိမ်းတူးမှုများ ပိုမိုကျယ်ပြန့်လာပြီး လူနေအိမ်ဧရိယာ၊ လမ်းဧရိယာအထိမကျန် ကျောက်စိမ်းတူးဖော်မှုများ … - [ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ](https://burmese.kachinnews.com/2022/12/08/az1-85/): ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုဒေသတွင် ဝက်နာကြောင့် ဒေသဝက်သားရှာမရတော့သည့်အထိ ရှားပါးနေပြီး တစ်ပိသာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း သိရသည်။ ပူတာအိုမြို့ပေါ် နှင့် မြို့နှင့်နီးသည့် ကျေးရွာများတွင် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်းမှ စတင်ကာ ရောဂါကူးစက်မှုကြောင့် ဒေသဝက်များ သေဆုံးနှုန်းမြင့်မားခဲ့သည်။ ထို့ကြောင့် လက်ရှိ ပူတာအိုဒေသတွင် မြစ်ကြီးနားမှ တင်သွင်းသည့် မွေးမြူရေးဝက်သားတစ်ပိသာကို ကျပ် ၁၃၀၀၀ အမြင့်ဆုံး ပေးဝယ်နေရကြောင်း ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “အရင်ကတော့ ဝက်သားချက်ဟင်းတစ်ထုပ်ဆိုရင် ၁၀၀၀ ပဲ အခုက ဝက်သားတွေဒီမှာဝယ်လို့မရတော့ဘူး။ ဝက်ခုံတွေပါပိတ်ထားတယ်၊ မြစ်ကြီးနားကပဲယူရတော့ ချက်ဟင်းတစ်ထုပ် ၂၀၀၀ ဖြစ်သွားပြီ။ ရောင်းဖို့တောင်အားနာတယ် consumerတွေကို”ဟု ပြောသည်။ လက်ရှိ ပူတာအိုတွင် စီးပွားဖြစ်ရောင်းချနိုင်သည့် ဝက်ကောင်ရည်များ လုံးဝမျိုးတုန်းသွားသည့်အတွက် ဆုတောင်းပွဲ၊ မဂ်လာဆောင်ပွဲ၊ အလျှူပွဲနှင့် အခြားသာရေး နာရေးအတွက်အသုံးလိုသူများသည် ဝက်အစား နွားကို စျေးကြီးပေးဝယ်နေရသည့်အတွက် အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။ ”ဝက်က ဒီပူတာအိုမှာဝယ်လို့ကိုမရတော့တာ၊ လိုချင်ရင် မချမ်းဘော့တို့ မြို့နဲ့ဝေးနဲ့ရွာတွေမှာ တစ်ကောင်နှစ်ကောင်တော့ ရနိုင်တယ်။ ဒါပေမယ့်သူတို့လည်း မရောင်းဘူးတဲ့ မနည်းတောင်းပန်ပြီးဝယ်တာတောင်မရနိုင်တဲ့အခြေအနေဖြစ်သွားပြီ။ အဲ့ကြောင့်ခုက ပွဲတို့ဘာတို့ တစ်ခုခုအတွက်လိုရင်နွားပဲ နွားတစ်ကောင်က ၁၀ သိန်းအထက်ရှိတယ် မရှိတဲ့လူဆိုရင် သာရေး နာရေးဖြစ်လာရင်တော့ အရမ်းခက်တာဟုတ်တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပူတာအိုတွင် ဝက်နာကြောင့် ယခုနှစ် ဝက်မွေးသူများ အရှူံးပေါ်ခဲ့ရသည့်နောက်ပိုင်း ဒေသဝက်မွေးမြူသူ မရှိသလောက် နည်းပါးသွားသည့်အတွက် လာမည့် နှစ်ကုန်ပိုင်းအထိ ပူတာအို၌ ဒေသဝက် ရှားပါးနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။ ပူတာအိုနှင့်အလားတူ ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ အင်းတော်ကြီး၊ တနိုင်းနှင့် အခြားမြို့ရွာများတွင်လည်း ဝက်နာကျသည့်ရောဂါ ကူးစက်ပြန့်ပွားခဲ့သောကြောင့် ဝက်မွေးမြူသူများ မကြုံဖူးသည့်အရှူံးများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ - [ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ](https://burmese.kachinnews.com/2022/12/08/az1-84/): ထီးချိုင့်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာများကို မီးရှို့နေဆဲဖြစ်သည်ဟု ဒေသကာကွယ်‌ရေးတပ်များထံ မှ သိရသည်။ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတွင် စစ်အင်အား ၃၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၄ခုခွဲကာ ကျေးရွာ‌ ၁၄ ရွာခန့်ကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လောလောဆယ် စစ်ကြောင်းက အင်အား ၃၀၀ ကျော်ရှိမယ် ၄ နေရာခွဲထားတယ်၊ ၄ ရွာခွဲပြီး ဝင်တဲ့သဘောပေါ့။ ကျနော်တို့ရွာတွေလည်း ရောက်တော့မယ်၊ ဘာတိုက်ပွဲမှ မဖြစ်၊ ခုခံမှုမရှိဘဲ မီးရှို့နေတာ ဒီနေ့ဆို အောင်သာကုန်းနဲ့ ဇီးသောင်ရှို့ခံရတယ်။ မီးရှို့ခံရတာ ၁၄ ရွာရှိပြီ မနေ့ကတော့ လေသာနဲ့အင်းတိန်က မရှို့ရသေးတဲ့အိမ်တွေကို ထပ်ရှို့ခဲ့တယ်”ဟု ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ မီးရှို့ခံထားရသည့် ကျေးရွာများမှာ ဆူးပုတ်ချောင်၊ အင်ကြင်း၊ အင်းတိန်၊ အလယ်တော၊ လေသာ၊ ကျက်သရေချောင်း၊ ငခွတ်ချောင်၊ ပဲခင်း၊ ရွှေချောင်း၊ ဘိုတဲကုန်း၊ ဆားတွင်း၊ အောင်သာကုန်း၊ ဇီးသောင်အရှေ့ကမ်း၊ ဇီးသောင်အနောက်ကမ်း အစရှိသည့် ကျေးရွာများမှ နေအိမ် ၅၀၀ ကျော်ရှိပြီ ဖြစ်သည်။ ယခုလို စစ်ကောင်စီက ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာခန့် မှ ဒေသခံပြည်သူ ၁ သောင်းခွဲခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သူက ဆက်ပြောသည်။ ထီးချိုင့်မြို့နယ်တွင် ဒေသခံများ၏ နေအိမ် မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခမရ–၄၆၁ ဖြစ်ပြီး ထီးချိုင့်မြို့နယ်သို့ ဝင်ရောက်လာသည့် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF၊‌ ဒေသခံကာကွယ်‌‌ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်‌ကောင်စီဘက်က အကျအဆုံး များပြားခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတစ်ဝှမ်း အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အတွင်း … - [မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ](https://burmese.kachinnews.com/2022/12/07/az1-83/): ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာရှိ စစ်ရှောင်စခန်းနှင့် လူနေအိမ်အချို့ကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲ အချိန်ခန့်တွင် မှော်စီဆာကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းနှင့် ပြည်သူများ၏ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်သွားပြီး အရပ်သား နှစ်ဦးကို ဖမ်းခေါ်သွားသည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ ”မှော်စီဆာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်တွေ နေ နေတာရှိတယ်ဗျ။ အဲ့ဒီမှာ ဒီနေ့ စစ်ကောင်စီ စစ်သားတွေဝင်ပြီးတော့ စစ်ရှောင်တွေကို ဒူးထောက် ခိုင်းတာတွေရှိတယ်ဗျ သူတို့ရှာချင်တဲ့လူတွေရှာမယ်ဆိုပြီး လုပ်သွားတယ်တဲ့။ ပြီးတော့ လူနေအိမ်အချို့မှာလည်း ဝင်ရောက်စီးနင်းသွားတယ် ၂ယောက်ဖမ်းခေါ်သွားတယ်။ သူတို့သံသယရှိလို့ဆိုပြီးဖမ်းခေါ်သွားတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ မှော်စီဆာမှဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးခံရသည်ကို အသေးစိတ်မသိရှိရသေးပေ။ မှော်စီဆာ ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးသည် သြဂုတ်လ ၉ ရက်နေ့ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် ထွက်ပြေးလာသူများဖြစ်သည်။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်သည် နိုဝင်ဘာလ မှစတင်ပြီး အရပ်သားပြည်သူများကို လူသားဒိုင်းပြုလုပ်ရန် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများနှင့် ယခုကဲ့သို့ PDF ဟုစွပ်စွဲကာအကြောင်းမဲ့ ဖမ်းဆီး မှုများလည်း ပြုလုပ်နေသည်။ - [Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်](https://burmese.kachinnews.com/2022/12/07/yl1-39/): သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ က တရားစွဲဆိုရန် ပြင်ဆင်နေသည်ကို သိရှိထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ကချင်ပြည်နယ် လုံနယ် မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကို ခေါ်ယူတွေ့ဆုံပြီးနောက် သိရှိခဲ့ရသည်ဟု ယနေ့ည KBC ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် တွဲဖက်အတွင်းရေးမှုး Rev. lahpai Zau Ra ပြောဆိုခဲ့သည်။ “သူတို့ဘက်နေ တွေ့ဖို့ ပြောလာတဲ့အတွက် KBC ရုံးချုပ်ကနေ ၄ ယောက်သွားတွေ့ခဲ့တယ်။ လုံနယ်နဲ့တွေ့ဆုံတဲ့အခါမှာ ကျနော်တို့ရဲ့ ဆရာက သူလုပ်ထားတဲ့ အပြစ်တွေရှိနေတယ်ဆိုပြီး ဖိုင်တွေပြလာတယ်။ အစည်းအဝေးက ဖိုင်တွေပါလာတယ်။ အဲ့ကြောင့် ကျနော်တို့ ဆရာတော်ကို တရားစွဲဖို့ လုပ်နေကြပြီလို့ သိရတယ်”ဟု KBC မှ တာဝန်ရှိသူ ဆရာ Lahpai Zau Ra က သတင်းရုပ်သံတွင်ပြောဆိုခဲ့သည်။ ထိုတွေ့ဆုံမှုအပြီး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် အမြန်ဆုံးလွတ်မြောက်လာရန်အတွက် လမ်းစရှာဖို့ ကော်မတီ တစ်ခုကိုလည်း KBC ဘက်မှ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ အထိ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အသေးစိတ်မသိရသေးပါ။ KBC ဥက္ကဋ္ဌ ဟောင်း နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ ဖြစ်သူ Rev. Dr. Hkalam Samson သည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ထွက်ခွာရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ - [ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/12/07/sm1-40/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ကျေးရွာ ၁၀ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူသူများ ၁ သောင်းကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီ စစ်သားများနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ဝန်းကျင်က စစ်ကြောင်း ၂ ခုဖြင့် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ရွာအတွင်းဝင်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ပြည်သူများ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်များ အရေးပေါ်လိုအပ်နေကြောင်း ဒီပဲယင်းစစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောသည်။ “အဓိကတော့ စားနပ်ရိက္ခာပိုလိုအပ်နေတယ် ထမင်းနပ်မှန်အောင် စားနေရတဲ့ ရွာတွေကနေတဆင့် မနည်းလုံးပန်းပြီး ကျွေးနေရတယ်။ ကျနော်တို့ဘက်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေပေမယ့် ရက်တွေကြာလာတော့ သိပ်မနိုင်လာတော့ဘူး ဖြစ်သလိုအဆင်ပြေအောင်ကြံနေရတယ် ပြည်သူတွေလည်း လှူကြပါတယ် ဒါပေမယ့် လိုအပ်နေဆဲပဲ ၇ ရက်ကြာ ရွာတွေကနေ့ စွန့်လာကြတာဆိုတော့ အများအကြီး ခက်ခဲနေကြပြီ”ဟုပြောဆိုသည်။ လက်ရှိတွင် စစ်ရှောင်ပြည်သူများသည် နီးစပ်ရာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် တောတောင်နေရာများတွင် တိမ်းရှောင်ခိုလှုံနေရပြီး ဆောင်းတွင်းကာလဖြစ်သည့်အတွက် စောင်နှင့် အဝတ်အထည်များလည်း လိုအပ်လျက်ရှိနေကြောင်း သူကဆက်ဆိုသည်။ စစ်ကောင်စီအဖွဲ့သည် လူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ကြောင်းဝင်ရောက်လာသည့်အချိန်အတွင်း မရိုးကုန်းကျေးရွာမှ စိတ်ဝေဒနာရှင်တစ်ဦး၊ နများကျေးရွာမှ ပြည်သူ ၇ ဦးအပါအဝင် မရန်ကန်ကျေးရွာမှ ဦးဇင်းတစ်ပါးကိုလည်း လူဝတ်လဲဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူ စုစုပေါင်း ၂၆ ဦးလည်း ဖမ်းဆီးခဲ့သည်ဟု ဆက်သိရသည်။ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် တစ်ပတ်အတွင်း … - [ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ](https://burmese.kachinnews.com/2022/12/07/zm1-27/): ကချင်ပြည်နယ် ဖားကန့်မြို့ Maden Yang (မှော်ပုံ)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံများမှ သိရသည်။ ‌ ဒီဇင်ဘာလ ၅ ရက်နေ့မှစပြီး Maden Yang ကျေးရွာသို့ စစ်အင်အား ၃၀၀ ဝန်းကျင်နှင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာ ဘာသာရေးအဆောက်အအုံများတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့အား  ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ “သူတို့က ရွာထဲက ဘုန်းကြီးကျောင်းအနားတစ်ဝိုက်မှာ တပ်စွဲပြီးနေတဲ့ချိန် KIA၊ PDF တွေက သွားတိုက်ခိုက်တာ  တော်တော်အထိနာသွားတယ်လို့ကြားတယ် ဒီဘက်ကတော့ ၃ ယောက်သေတယ်တဲ့“ဟု ဒေသခံ တစ်ဦးက ပြောသည်။ ထိုသို့ တိုက်ခိုက်ခံရချိန် မဇွပ်ယန်အကျဉ်းထောင်အပြင် ဖားကန့်ဗျူဟာကုန်းမှလည်း ယမန်နေ့ည ၉နာရီဝန်းကျင်ထိ လုံးခင်းကျေးရွာ အုပ်စုအတွင်းရှိ မဒဲန်ယန်၊ ဆန်ခါ ၊ ဆိုင်းရာ ၊ မဇွပ်ယန် ၊ မှော်စီစာ၊ ကုဋေစသည့် ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ယမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ယမန်နေ့ည တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် မှော်ပုံကျေးရွာမှ တပ်ပြန်လည်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာ ၅ ရက်နေ့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးခဲ့ချိန် မဒဲန်ယန် ကျေးရွာဘုန်းကြီးကျောင်းအတွင်း … - [ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ](https://burmese.kachinnews.com/2022/12/06/az2-59/): ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီးတွင် ရွှေတူးဖော်ရန် စက်လှေ များထပ်မံရောက်ရှိလာ၍ နေ့ည မနား ရွှေတူးဖော်မှုအများအပြားလုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရွှေတူးဖော်သည့် စစ်လှေများ ၁၀ စီးထက်မနည်းရောက်ရှိလာပြီး ရွှေတူးဖော်မှုများ ရှိနေသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အရင်တုန်းက လုပ်ခဲ့တဲ့ နေရာဟောင်းမှာ ပြန်လုပ်ဖို့ရောက်လာတာ ဒီတစ်ကြိမ်က သုံးစီးလောက်နဲ့ စတင်ဝင်လာတာ အခုကများလာပြီ တူးတဲ့သူတွေက အောက်ပိုင်းကနေတက်လာတဲ့သူတွေလည်းပါတယ်။ နောက် ဒေသခံတွေလည်းပါတယ်။ နယ်ရာစုံကနေ လာလုပ်နေကြတယ်”ဟုပြောဆိုသည်။ လက်ရှိ ရွှေတူးဖော်နေသည့် ဧရာဝတီမြစ်ထဲ၌ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားနှင့် ပေ ၅၀၀ နှင့် ၁၅၀၀ ခန့်အကွာတွင်ရှိပြီး ရွှေတူးဖော်နေသည့်နေရာသည်  ယခင်တစ်ကြိမ်လာရောက်တူးဖော်မှုကြောင့် ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားရင်ပြင် ပျက်စီးမှုရှိလာသည့်အတွက် ဒေသခံပြည်သူများနှင့် သံဃာတော်များက မေတ္တာရပ်ခံပြီး ရပ်နားထားသည့်နေရာဖြစ်သည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။ “စစ်လှေအကြီးကြီးတွေ  စစ်ကြီးတွေနဲ့ လုပ်တော့ ဘုရားရင်ပြင်နဲ့ နီးလို့ ဘုရားရင်ပြင်တောင်အက်ကွဲလာတာ အဲ့တုန်းက အဲ့ကြောင့်သံဃာတော်တွေနဲ့ ဒေသခံတွေ ၂၀၀ လောက်သွားပြီး မလုပ်ကြဖို့ တောင်းပန်ခဲ့ကြတာဟုတ်တယ်။ အဲ့နောက်မှ ထွက်သွားကြတာ အခုပြန်ရောက်လာကြတယ်။ သူတို့ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဘုရားက ပျက်စီးလာနိုင်တယ် သူတို့ လုပ်နေတာ ဘုရားဧရိယာထဲမှာကြီးဆိုတော့ သဲတွေဖုံးပြီးပျက်စီးသွားမှာ”ဟုပြောဆိုသည်။ အဆိုပါ ရွှေတူးဖော်သည့် စက်လှေများသည် ၂၀၂၂ခုနှစ် ဇွန်လနောက်ပိုင်းမှစ၍ ဝင်ရောက်တူးဖော်လာခဲ့ကြပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ဩဂုတ်လ လဆန်းပိုင်းအတွင်းမှ ထွက်ခွာသွားကြရာ ယခုတဖန် ပြန်လည်တူးဖော်လာခြင်းဖြစ်ဟု ဒေသခံများပြောသည်။ ဒေသခံများနှင့် သံဃာတော်များသည်လည်း … - [စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ](https://burmese.kachinnews.com/2022/12/06/az1-82/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေပြည်သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း  ဒေသခံများပြောသည်။ ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဝင်ရောက်နေထိုင်သည်ဟု စစ်ကောင်စီအဖွဲ့က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်ရှိ ကျေးရွာနေရာများတွင် သွားလာ၍မရအောင် ပိတ်ဆို့ထားသည့်အပြင် ဒေသခံတစ်ချို့လည်း ဖမ်းဆီးခံထားရကြောင်း ဖားကန့်မြို့ပေါ်ရောက်ရှိနေသည့် မှော်ဘုံဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ရွာရဲ့ ဘုန်းကြီးကျောင်းမှာ တစ်ချို့ ဖမ်းဆီးခံထားရတယ်။ ရွာသားတွေကိုလည်း ထွက်ခွင့်မပေးဘူး ဖမ်းထားတဲ့သူတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဝိုင်းထားတယ်။ အဖမ်းမခံရပဲ ရွာထဲမှာကျန်နေတဲ့ သူတွေကိုလည်း ထွက်ခွင့်မပေးဘူး ပိတ်မိနေတာဖြစ်တယ်။ ကျန်တဲ့ တူမောင်တွေလည်း ရွာထဲမှာ ပိတ်မိနေတာ ဖမ်းခံရတဲ့သူတွေဘယ်လောက်ရှိလဲတောင်မသိရဘူး သူတို့ရဲ့ အနားတောင် ကပ်လို့မရဘူးလို့ပြောတယ်”ဟုပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာကို ဝန်းရံပိတ်ဆို့ထားသည့်အတွက် ကျေးရွာအတွင်း ဝင်ရောက်ရန် ခက်ခဲနေပြီး ရွာအတွင်းကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်သွယ်ရန် ခက်ခဲနေသည်ဟု ဆက်ဆိုသည်။ “တချို့တွေက ဖမ်းခံရတဲ့ထဲမှာပါတယ်။ တစ်ချို့ကတော့ မပါဘူး ဖုန်းလည်း ဆက်သွယ်လို့မရဘူး သူတို့ရဲ့ဖုန်းတွေ စက်ပိတ်ထားတယ်။ စစ်သားတွေဝိုင်းထားတော့ ကြောက်နေကြတယ်”ဟုပြောဆိုသည်။ မှော်ဘုံကျေးရွာအတွင်းနေထိုင်သည့် ကျေးရွာနေပြည်သူတစ်ချို့သည် ယမန်နေ့ စစ်ကောင်စီအဖွဲ့ စတင်ဝင်ရောက်လာချိန်မှစတင်၍ ဖားကန့်၊ လုံးခင်း၊ ကျေးရွာနေရာများတွင် တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိတွင် တိမ်းရှောင်ခွင့်မရသည့် ပြည်သူများသာ ပိတ်မိနေဆဲဖြစ်သည်။ လက်ရှိ ကျေးရွာအတွင်း စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့်သူများနှင့်ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ … - [ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အဆက်အသွယ်မရရှိသေး](https://burmese.kachinnews.com/2022/12/06/yl1-38/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son ကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၁ ရက်ခန့် ကြာမြင့်လာသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း သိရသည်။ သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son သည် ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ ၉ နာရီဝန်းကျင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၃ နာရီအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “အခုချိန်ထိ ဘာသတင်းမှ မကြားရသေးဘူး စုံစမ်းနေဆဲဖြစ်တယ်။ ဘယ်နေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ် ဆိုတာကို တိတိကျကျမသိရသေးဘူး။ သူတို့ မိသားစုကိုလည်း ဘာမှအကြောင်းပြန် လာတာမရှိသေးဘူး။ ပြီးရင် စစ်ကောင်စီဘက်ကလည်း ဘာမှ ပြောဆိုလာတာမရှိသေးဘူး”ဟုပြောသည်။ ယမန်နေ့ ဖမ်းဆီးခံရပြီးနောက် နေ့လည် ၁၂ နာရီဝန်းကျင် မန္တလေး လေကြောင်းလိုင်းတစ်ခုဖြင့် မြစ်ကြီးနားသို့ ပို့ဆောင်လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး ကချင်အဖွဲ့အစည်းတစ်ချို့ မြစ်ကြီးနားလေဆိပ်အထိ သွားရောက်ကြိုခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွမ် မပါလာကြောင်း သတင်းအရင်းအမြစ်ကပြောသည်။ ထို့နောက် မီဒီယာတစ်ချို့၏ ဖော်ပြချက်အရ  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) စစ်ကြောရေးသို့ ပို့ဆောင်လိုက်ပြီဟု ရေးသားဖော်ပြမှုများရှိနေသော်လည်း  KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် ဒေါက်တာ Hkalam Sam Son အပါ … - [ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မြောက် မီးရှို့ခံရ](https://burmese.kachinnews.com/2022/12/05/sm2-8/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပင်သာကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ခဲ့သည်ဟု ဒေသခံများပြောသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပင်သာရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ၇ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်ပြီး မီးရှို့နေတာပါ။ ဒီနေ့က ရာသီဥတု လေက အရမ်းတိုက်နေတာ မီးကတော်တော်လေးကိုများပါတယ်။ သူတို့ပတ်ချာလည်ကို လှည့်ပတ်ပြီး အကြောင်းမဲ့ မီးရှို့နေတာပါ“ ဟု ပင့်သာရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဝင်ရောက်မီးရှို့နေသည့်အတွက် အိမ်ခြေ ၆၀၀ ကျော်ရှိသည့် ပင့်သာကျေးရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာ ကျေးရွာများနှင့် နီးစပ်ရာ တောများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သူက ဆက်ပြောသည်။ ပင့်သာကျေးရွာကို စစ်ကောင်စီက သြဂုတ်လ ၁၇ ရက်နေ့တွင်တစ်ကြိမ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တစ်ကြိမ် မီးတင်ရှို့ခဲ့ပြီး နေအိမ် ၃၇ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။ ယခုတစ်ကြိမ်မှာ မီးရှို့ခံရမှု ၃ ကြိမ်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဟုမ္မလင်းတပ် ခမရ–၃၆၉၊ ကလေးအခြေစိုက် ခမရ–၃၆၁ နှင့် ဒေသတွင်း ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ထံမှ သိရသည်။ ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ပင့်သာကျေးရွာနှင့် ၄ မိုင်အကွာရှိ ချောင်းကြား ကျေးရွာကိုလည်း မီးတင်ရှို့ခဲ့ပြီး နေအိမ် ၈ လုံးနှင့် … - [ထီးချိုင့် တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင် တစ်သောင်းကျော်အတွက် အကူညီများစွာ လိုအပ်နေ](https://burmese.kachinnews.com/2022/12/05/sm1-39/): တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက်အစားအသောက် အဝတ်အထည်များစွာ အကူညီလိုအပ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ ရွာစဥ် မီးပတ်ရှို့‌နေခြင်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။ ထို့ကြောင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆောင်နှင့် ဆေးဝါးအကူညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ “ရှောင်နေရတာက ရွာပေါင်း ၂၀ လောက်ရှိတယ်၊ အခုကျနော်တို့က တစ်ခြား မရှောင်ရတဲ့ ရွာတွေကနေ အလှူခံပြီး စားနပ်ရိက္ခာပိုင်းရော၊ အဝတ်အထည်၊ ခြင်ထောင် အကုန်ရတာအလှူခံပြီး ထောက်ပံ့ပေးနေတာ။ လောလောဆယ်အထိတော့ တောင့်ခံနိုင်ပေမဲ့ ‌‌ရေရှည်ကျမလွယ်ဘူးပေါ့၊ တော်တော်ခက်ခဲလာနေတယ်”ဟု စစ်‌ရှောင်ကူညီနေသူတစ်ဦးကဆိုပါတယ်။ လက်ရှိ စစ်ရှောင်များသည် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများ၊ တောတောင်များတွင် တိမ်းရှောင်နေကြရသည့်အပြင် ကိုယ်ဝန်ဆောင်များ၊ လသားအရွယ်ကလေးငယ်များ၊ ကျန်းမာ‌‌ရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခြေခံဆေးဝါးများလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။ “ကိုယ်ဝန်ဆောင်အရေအတွက်က ကိုယ်ဝန်အရင့်အမာဘဲကို ၂၀ ဝန်းကျင်တွေ့ခဲ့ရတယ်။ ကလေးငယ်တွေဆို လသားအရွယ်ကို အများကြီးပဲ အလယ်တောရွာက တစ်ယောက်ဆို အပြေးအလွှားမီးနေ ဝင်လိုက်ရတယ်။ မွေးထားတာ ၇ ရက် မပြည့်သေးတာပေါ့။ အဲ့မျိုးတွေတောင်ပါတယ် လောလောဆယ် စေတနာ့ဝန်ထမ်းတွေနဲ့ ဆရာဝန်အချို့တော့ ရှိနေပါတယ်။ ဆေးဝါးအကူညီတွေကတော့ စစ်‌ရှောင်များတာကြောင့် လိုအပ်နေပါတယ်” ဟု စစ်ရှောင် ကူညီနေသူတစ်ဦးက ဆိုသည်။ စစ်ကောင်စီက ထီးချိုင့်မြို့နယ်သို့ ဝင်ရောက်လာသည့် နိုဝင်ဘာလ ၂၅ ရက်‌နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ၉ ရက်အတွင်း ကျေးရွာပေါင်း ၇ ရွာမှ အိမ်ခြေ ၄၇၃ လုံးကို မီးရှိုခဲ့ပြီး နှစ်ဘက်တိုက်ပွဲများ  ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် ယမန်နေ့ ၉ နာရီဝန်းကျင်တွင်လည်း KIA၊ PDF ၊ … - [ဖားကန့် မှော်ဘုံကျေးရွာ စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2022/12/05/az2-58/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ်အဖွဲ့ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ၅ ရက် ယနေ့  မွန်းလွှဲပိုင်း ၄ နာရီဝန်းကျင် စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့ သည် မှော်ပုံကျေးရွာကို သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF အဖွဲ့တို့ကြား ၂ဖက်တပ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “၄ နာရီခွဲကတည်းက စစ်သားတွေ အဲ့မှော်ဘုံမှာကို ဝင်စီးနေတာဟုတ်တယ်။ အဲ့မှာ KIA နဲ့ PDF တွေရွာထဲမှာရှိတယ် ကြားလို့ဝင်စီးတာလို့သိရတယ်။ အဲ့ကြောင့် ၂ ဖက်ပစ်ခတ်မှုရှိခဲ့တယ် အသေးစိတ်တော့ မသိရသေးဘူး”ဟုပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ၁ နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်မှုရှိမရှိ KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၂၅  ရက်နေ့နောက်ပိုင်းမှ ဖားကန့်မြို့နယ်ရှိ ကောင်စံ၊ သောင်းကော့၊ ကရင်ချောင်းကျေးရွာများတွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၈၀ ကျော်ကိုလည်းဖမ်းဆီးခဲ့သည်။ ထို့နောက် ဖားကန့်ဒေသအတွင်းရှိ KIA နှင့် PDF အဖွဲ့ရှိသည်ဟု ယူဆရသည့် ကျေးရွာနေရာများကို ယခုကဲ့သို့ အင်အားသုံးဝင်ရောက်စီးနင်းမှုများရှိနေသည်။ - [ဖမ်းဆီးသွားသည့် ရွှေကူဒေသခံ ၁၃ ဦးအနက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ မိသားစုနှင့် အဆက်သွယ်ရ](https://burmese.kachinnews.com/2022/12/05/az1-81/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၃ ဦးကို လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသည့်အပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ‌၁ ဦးသာ မိသားစုဝင်များနှင့် အဆက်သွယ်ရသေးကြောင်း သိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ ဆင်တပ် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်အင်အား ၅၀ ကျော်က ဆင်တပ် ဒေသခံ ၁၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ ချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း ရွှေကူမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”အားလုံး တစ်ရက်ထဲမှာပဲ ဖမ်းခံလိုက်ရတာ ဟုတ်တယ် ဒလံသတင်းပေးလို့ဖမ်းခံလိုက်ရတဲ့ပုံစံမျိုးပဲ။ နေအိမ်တွေမှာ ဝင်ဖမ်းသွားတာ ၁၀ ရက်တော့ကျော်နေပြီ ပြန်မလွတ်သေးဘူး။ လူကြီးပိုင်းတွေကိုတော့ ရွှေကူတပ်ထဲမှာထားတယ်လို့သိရတယ်။ ၁၃ နှစ်အရွယ်တစ်ယောက်ကတော့ ရဲ အချုပ်ခန်းထဲမှာတဲ့”ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ၁၃ နှစ်အရွယ် မောင်ဖိုးချစ် ဆိုသောကလေး၏ နေအိမ်အတွင်းသို့ စစ်သားများဝင်ရောက်လာစဥ် ယင်းကလေးနှင့် ရင်းနှီးသည့် PDF တစ်ဦးက ဖုန်းဆက်လာရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။ ”သူက ကလေးဆိုတော့ဖုန်းနဲ့ ဂိမ်းဆော့နေတာ စစ်သားတွေရောက်လာတော့ သူ့ဖုန်းကို ဟိုဘက်က နဲ့ ဖုန်းခေါ်လာတာအဲ့မှာ ကလေးကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးဖမ်းခေါ်သွားတာ”ဟု ဒေသခံတစ်ဦး က ပြောသည်။ ဖမ်းဆီးခံရသည့် သက်ကြီးပိုင်း ၁၁ ဦးတွင် ကုန်စိမ်းရောင်းသည့် အမျိုးသမီး ၃ ဦးနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားများ ပါဝင်ပြီး PDF သတင်းပေးနှင့် ထောက်ပို့ လုပ်ကိုင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖမ်းဆီးသွားသည် ဒေသခံများကို ယနေ့ထိ မိသားစုဝင်များနှင့် လည်း ဆက်သွယ်ခွင့်မပေးသေးကြောင်း စုံစမ်းသိရှိရသည်။ - [KBC ဥက္ကဋ္ဌဟောင်း Rev. Dr. Hkalam Samson မန္တလေး လေဆိပ်တွင် ဖမ်းဆီး ခေါ်ဆောင်ခံရ](https://burmese.kachinnews.com/2022/12/05/yl1-37/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက်တာ Hkalam Sam Son ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ က စစ်ဆေးရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရသည်။ Rev. Dr. Hkalam Sam Son အပါအဝင် ၃ ဦးသည် ထိုင်းငံဘန်ကောက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွားရန် ယမန်နေ့ မြစ်ကြီးနားမှ ထွက်ခွာခဲ့ကြပြီး ယနေ့ နံနက် မန္တလေးလေဆိပ်တွင် ဒေါက်တာ ခလမ်ဆမ်ဆွမ် တစ်ဦးတည်းကိုသာ စစ်ဆေးမေးမြန်ရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားသည်ဟု KBC နှင့် နီးစပ်သူ တာဝန်ရှိသူတစ်ဦး KNG ကို ပြောသည်။ “သူ့ကို ခေါ်သွားတာက ၉ နာရီလောက်မှာဟုတ်တယ်။ လေယာဉ်ကွင်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အချိန်ခေါ်သွား တာဟုတ်တယ်။ သူနဲ့ ပါသွားတဲ့ ၂ ယောက်က လေယာဉ်စီးသွားပြီ။ ဆရာတစ်ယောက်ကိုပဲ ခေါ်သွားတာ။ ကျန်တာက အသေးစိတ်မသိရသေးဘူး။ စုံစမ်းနေဆဲဖြစ်တယ်”ဟု ပြောဆိုသည်။ လက်ရှိ သိက္ခာတော်ရ ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ ခေါ်ဆောင်းသွားမှုနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသလို မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း တာဝန်ရှိသူများက ဆိုသည်။ ဆရာတော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် အတွင်းရေးမှုးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် … - [အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ](https://burmese.kachinnews.com/2022/12/03/sm1-38/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ရှိ နတ်မဟုတ်ကြီးကျေးရွာဘက်ကို အင်းတော် ရဲစခန်းမှ စစ်သားများက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သားအမိ ၄ ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး ၃ ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အင်းတော်ရဲစခန်းမှ စစ်ကောင်စီတပ်များသည် နတ်မဟုတ်ကြီး ဘက်သို့ လက်နက်ကြီး ၄ လုံးအထိ ပစ်ခတ်ခဲ့ရာ နတ်မဟုတ်ကြီး လယ်တောဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် လယ်ခင်းရှိ သားအမိလေးဦး လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ ”လက်နက်ကြီးတွေက နတ်မဟုတ်ကြီးရွာထိပ်က လယ်တောထဲကျတာ အဲ့မှာကောက်လှိုင်းစည်းနေတဲ့ သားအမိတွေ လက်နက်ကြီးစမှန်ကုန်တာ အမေကတော့သိပ်မစိုးရိမ်ရဘူး။ ကလေး လေးယောက်ကတော့ ဒဏ်ရာတွေစိုးရိမ်ရတယ်တဲ့။ ကလေးတွေက နားထင်တွေ ခေါင်းတွေ မှန်တယ်တဲ့” ဟု အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။ လက်နက်ကြီး ထိမှန်သူလေးဦးတွင် ၄ နှစ်အရွယ်မိန်းကလေး တစ်ဦး၊ အသက် ၁၆ နှစ် နှင့် အသက် ၁၄ နှစ်အရွယ်ယောက်ျားလေး ၂ဦးနဲ့ မိခင်ဖြစ်သူ အသက် ၄၀ အရွယ်တို့ဖြစ်ပြီး လုံခြုံရေးအရ အမည်နာမများကို ဖော်ပြမထားခြင်း ဖြစ်သည်။ သားအမိလေးဦးကို လတ်တလော ဆေးကုသမှုပေးနေကြောင်းလည်း သိရသည်။ အင်းတော်ရဲစခန်းနှင့် နတ်မဟုတ်ကြီးကျေးရွာသည် ၂ မိုင်ကျော်အကွာအဝေးသာရှိပြီး စစ်ကောင်စီက ယခုကဲ့သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုမျိုး မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ - [ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့](https://burmese.kachinnews.com/2022/12/02/sm1-37/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ထိုသို့ စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာ၊ အင်းတိန်ရွာ၊ လေသာရွာတို့မှ ခန့်မှန်း အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လေသာကျေးရွာသည် နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရကာ နေအိမ် ၂၀၀ ကျော်ဖြင့် အိမ်ခြေအများဆုံး ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့ဘက် ၂၃ ရက်နေ့မှာ စဝင်လာပြီး ၂၄ မှာ ထိတွေ့မှုတွေစဖြစ်တာ မနေ့ကအထိ တိုက်ပွဲအတွင်း သူတို့ဘက်က တော်တော်အထိနာတာ ခြေကုန်လက်ပန်းကျပြီး ကျည်ကုန်သွားတယ်လို့လည်းသိရတော့ ရွာခံပြည်သူတွေက ဓားရှိတဲ့လူတွေက ဓားနဲ့လိုက်ခုတ် တုတ်ရှိတဲ့သူတွေက တုတ်နဲ့လိုက်ရိုက် ခွေးပြေးဝက်ပြေးကိုပြေးရတာ။ ၃၀ ကျော်လောက်ရှိမယ်“ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ထို့ကြောင့် နိုဝင်ဘာ၂၇ ၊၂၈၊ ၃၀ ရက်နေ့များတွင်  အလယ်တော၊ အင်ကြင်းကုန်း၊ လေသာ ကျေးရွာတစ်ဝှိုက်ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကသာမြို့နယ်ဘက်မှ ထွက်ခွာလာသောစစ်ကြောင်းဖြစ်ပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းများ၏ ယူနီဖောင်း လက်မောင်းတံဆိပ်အရ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတစ်ခု ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ နေအိမ်များ မီးရှိုခံရသောကြောင့် ကျေးရွာပေါင်း ၆ ရွာထက်မနည်းမှ ပြည်သူ ၇၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အနီးပတ်ဝန်းကျင် ရွာဘုန်းကြီးကျောင်းများတွင် အများဆုံးတိမ်း‌‌ရှောင်နေရ သည်ဟု သိရသည်။ “တစ်နေ့တစ်ခြားတိုက်ပွဲကပြင်းထန်လာတာဆိုတော့ … - [ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ](https://burmese.kachinnews.com/2022/12/02/az1-80/): ကချင်ပြည်နယ် ဖားကန့်မြို့တွင်းရှိ ကျောက်စိမ်းတောင်တံတားနှင့် လုံးခင်းကျေးရွာအဝင် တံတားထိပ် နေရာများတွင် စစ်ကောင်စီအဖွဲ့ လိုင်စင်မဲ့ ကားများကို စစ်ဆးဖမ်းဆီးနေကြောင်းသိရသည်။ ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်မှစတင်ကာ စစ်အင်အား ၅၀ ဝန်းကျင်အပါ ဖားကန့်မြို့တွင်း လမ်းနေရာများတွင် လိုင်စမင်မဲ့ ကားများ စစ်ဆေးနေကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ဖားကန့် တံတားနဲ့ လုံးခင်းတံတား အဲ့နေရာတွေမှာ စဖမ်းနေပြီ ဒီတံတား ၂ခုက ၆ မိုင်လောက်ဝေးတာဟုတ်တယ်။ အခုကတော့ ကားတွေကိုပဲ အရင်ဖမ်းနေတာ ဆိုင်ကယ်တွေသာ ပြန်ဖမ်းလိုက်တော့ ပြည်သူတွေက ဒုက္ခရောက်ပြီ”ဟုပြောသည်။ ယနေ့တွင် ပြည်သူများ၏ လိုင်စင်မဲ့ ကား ၅ စီးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။ ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့၏ တော်လှန်ရေးလုပ်ငန်း ပိတ်ဆို့သည့် လုပ်ရပ်ဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုသည်။ “လိုင်စင်မဲ့ဆိုပြီး သူတို့လုပ်လာတဲ့သဘောက တော်လှန်ရေးလုပ်နေတဲ့ သူတွေကို ပိတ်ဆို့တယ်လို့ပဲမြင်တယ်။ ဒီလိုလုပ်လိုက်မှ သူတို့ရဲ့ ပိတ်ဆို့မှုတွေ ပိုပြီးထိရောက်လာမယ်။ တခြားကျန်တဲ့ ကစ္စတွေလည်းပါမှာပေါ့”ဟုပြောဆိုသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက်ကျော်အတွင်း အဆိုပါ ဖားကန့် မြို့တွင်း တံတားနှင့် လုံးခင်းတံတားနေရာများတွင် လိုင်စင်မဲ့ကားများ စစ်ဆေးခဲ့ရာတွင် ၁၀ စီးကျော်ခန့် ဖမ်းဆီးခံလိုက်ရပြီး ငွေပေးပြီး ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဖားကန့်ကျောက်စိမ်းမှော်သည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကားအများဆုံးအသုံးပြုသည့် မြို့တစ်ခုအပါအဝင်ဖြစ်သည်။ - [လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား](https://burmese.kachinnews.com/2022/12/02/zm1-26/): ဖားကန့်မြို့နယ် လုံးခင်ရပ်ကွက်တွင်ရှိသည့် JM မိုဘိုင်းဖုန်းဆိုင် ဓါးပြတိုက်ခံရပြီး ဖုန်း ၇ လုံးအပါအဝင် ငွေသား ၁၀ သိန်းဝန်းကျင် လုယူသွားကြောင်းသိရသည်။ ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်အတွင်း ဝင်ရောက်ဓါးပြတိုက်ခံရမှုတွင် Samsung ဖုန်း ၂လုံး၊ Vivo ဖုန်း ၅ လုံး၊ Service စင်တာမှ ငွေသား ၁၀ သိန်း၊ ကောင်တာမှ ငွေ ၁၂၀၀၀ ကျပ် စုစုပေါင်း သိန်း ၅၀ ဖိုး ဓါးပြတိုက်လုယူသွားသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူ ပြည်သူတစ်ဦး KNG ကိုပြောသည်။ “ဆိုင်ဓားပြတိုက်ခံရတာက မနက်ပိုင်း ၉ နာရီလောက်မှာဟုတ်တယ်။ ဆိုင်ထဲဝင်လာတာက ၂ ယောက်ထဲပဲ အပြင်မှာလုံးခြုံရေးယူပေးနေတဲ့ သူတွေက ဘယ်လောက်ရှိလဲတော့မသိဘူး။ ဖုန်းတန်ဖိုးနဲ့ ငွေသား အားလုံးပေါင်းရင် သိန်း ၅၀ ကျော်လောက်ရှိတယ်လို့သိရတယ်”ဟုဆိုသည်။ ဖုန်းဆိုင်အတွင်း ဓါးပြဝင်ရောက်တိုက်သည့် လူ ၂ ဦးသည် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လမ်းတွင်သွားလာနေသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ်တစ်စီးကိုလည်း ထပ်မံလုယက် မောင်းနင်းသွားသည်ဟု သိရသည်။ ဓါးပြဝင်တိုက်သည့် လူ ၂ ဦး၏ မျက်နှာများအုပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိလိုက်ရကြောင်း သိရသည်။ ယခုလို ဖုန်းဆိုင်အတွင်းထဲအထိ ဓါးပြတိုက်ခံရမှုမှာ ဖားကန့်ဒေသအတွင်း ခိုးယက်မှု အလွန်များပြားလာသည့် အခြေအနေတွင် ဖြစ်ပေါ်လာပြီး နယ်မြေစိုးမိုးမှုအလွန်အားနည်းသည့်အတွက်ကြောင့်လည်းဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။ ဖားကန့်မြို့နယ်သည် သီးခြားမြို့နယ်များထက် လူမျိုးပေါင်းစုံ ကျင်လည်နေသည့် ကျောက်စိမ်းထွက်ရှိသည့် မှော်ဒေသဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီး ယခုလိုဖြစ်စဉ်များ … - [အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး](https://burmese.kachinnews.com/2022/12/02/ld1-12/): ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင် ယမန်နေ့ည နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၇ ဦး သေဆုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်ည ၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာ ကလေး ၆ ဦး နှင့် သက်ကြီးရွယ်အို တစ်ဦး စုစုပေါင်း ၇ ဦး အသက်သေဆုံးခဲ့ရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ဝါယာရှော့ခ်ဖြစ်ပြီး အိမ်အောက်ကနေ မီးစလောင်လာတာ။ အမေဖြစ်သူက အညော်နံ့ရတော့ အောက်ဆင်းသွားပြီး သွားငြိမ်းသတ်ကြည့်တာ မရတော့ဘူး။ အိမ်အောက်မှာ ဓါတ်ဆီနဲ့ ဒီဇယ် ၂ ဂါလန်က ရှိနေတော့ အဲ့ဒီကနေ ပြန်လောင်ပြီး ပိုးဆိုးသွားတော့ သူလည်းအပေါ် တက်မရ၊ အပေါ်ကလူတွေလည်း ဆင်းမရ၊ အခုက အဘွားဖြစ်သူနဲ့ အတူ မောင်နှမ အားလုံးပါသွားတာပေါ့။”ဟု ပြောသည်။ သေဆုံးသွားသည့် မိသားစုဝင်များသည် ဒေါ်အင်ဂန်းခါး (အသက် ၇၀ နှစ်) ၊ မရန်ဂျာဆိုင်းနန် (အသက် ၁၁ နှစ်) ၊ မရန်ဘောက်ဂျာ(အသက် ၉ နှစ်) ၊ မရန်ရွယ်ဆိုင်း (အသက်၇ နှစ်)၊ မရန်ထုရှန်(အသက် ၆ နှစ်)၊ မရန်မွန်းအောင် ( အသက် ၄ နှစ်) ၊ မရန်ရိန်ကျိန် ( အသက် ၂ နှစ်) စုစုပေါင်း ၇ ဦး ဖြစ်သည်။ မီးလောင်ခဲ့သော နေအိမ်မှာ အင်းဂန်းရွာထိပ်မှ ဦးမရန်ဇော်လိုင်၏ နေအိမ်ဖြစ်ပြီး ဖခင်ဖြစ်သူ လယ်ယာခင်း၌ အလုပ်ဝင်နေချိန် အိမ်တွင် အဘွားဖြစ်သူနှင့်အတူ သားအမိများရှိနေစဉ် ထိုသို့ကြုံရပြီး  မိခင်ဖြစ်သူသာ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။ နေအိမ်နှင့်အတူ မိသားစုဝင်များ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် ကူညီမှုများလိုအပ်နေကြောင်းလည်း ကျေးရွာတာဝန်ရှိသူများက တောင်းဆိုထားပါသည်။ - [ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ](https://burmese.kachinnews.com/2022/12/01/yl1-36/): ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် ကျေးရွာနယ်နမိတ်တွင် ရွှေတူးဖော်မည့်အစီစဉ်ကို ကန့်ကွက်သည့် ဒေသခံများနှင့် ခွင့်ပြုခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေတူးဖော်ရန်သာ ခွင့်ပြုခဲ့သည်ဟု ဒေသခံများဆိုသည်။ ဖုန်အိန်ယာန်ကျေးရွာ အနောက်ဘက်ခြမ်း ဖုန်အိန်ချောင်းတစ်ကမ်းရှိ ဒေသခံပြည်သူများ ရာသီအလိုက် တောင်ယာအခင်း လုပ်ကိုင်စားသောက်နေသည့် မြေဧက ၄၀ ဝန်းကျင်ခန့်တွင် ဦးအိုက်ဝမ် နှင့် ဦးအချီ တို့ နှစ်ဦးသည် ဒေသတွင်း KIO တာဝန်ရှိသူများဖြင့် ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ရွှေတူးမည်နေရာသည် ဒေသခံများ၏ စိုက်ပျိုးမြေဖြစ်သည့်အပြင် ကျေးရွာ နယ်နမိတ်အတွင်း ကျရောက်နေသောကြောင့် စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် လုပ်ငန်းရှင် နှစ်ဦးသာ ရွှေတူးခွင့် ရရှိသွားသည်ဟု ဖုန်အိန်ယာန် ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။ “အခုက ကျနော်တို့ ဒေသခံတွေက ရွာနဲ့ အရမ်းနီးတဲ့နေရာဖြစ်သွားတဲ့ အဲ့ဒီနေရာမှာ ရွှေ မတူးပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် မရဘူး သူတို့က အထက်အမိန့်ပုံစံနဲ့ တူးခွင့်ပေးလိုက်တယ်။ ဘာလို့ကန့်ကွက်လဲဆိုတော့ အထဲမှာက တောင်ယာ လယ်တွေရှိတယ်။ ရွာနဲ့လည်း အရမ်းနီးသွားတယ်။ ပြီးရင် ဒီနေရာက ဒေသခံတွေအတွက် လုပ်ကိုင်စားသောက်တဲ့ နေရာလည်း အဆင်ပြေတယ်။ အဲ့ကြောင့် ကန့်ကွက်နေတာ”ဟု ပြောဆိုသည်။ ဖုန်အိန်ယာန် ဒေသခံ အိမ်ထောင်စု ၂၄ စု ကိုယ်စားပြုပြီး လွန်ခဲ့သည့် အောက်တိုဘာလတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံကာ ရွှေတူးဖော်မှုကို ခွင့်မပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉၊ … - [ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား](https://burmese.kachinnews.com/2022/12/01/yl1-35/): ဖားကန့်လမ်း တစ်လျှောက်တွင်ရှိသော ကျေးရွာ ၄ ခုမှ ဒေသခံ အမျိုးသားများ ၅၀ ဦးကို စစ်ကောင်စီတပ်အဖွဲ့ လူသားဒိုင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၃၀ ရက် ယမန်နေ့ ၄ နာရီဝန်းကျင်မှ ယနေ့ နံနက်ပိုင်း ၃နာရီအချိန်အထိ ဖားကန့်ဘက်မှ ဆင်းလာသည့် စစ်ကြောင်းက ကျောက်ထု၊ ဂတ်နွယ်၊ တံတားညီနောင်နှင့် ခွမ်စိုင် စသည့်ကျေးရွာအတွင်းရှိ အမျိုးသားများနှင့် ကားသမားများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခွမ်စိုင်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ဖမ်းဆီးခံရတဲ့ အမျိုးသားတွေနဲ့ နီးစပ်တဲ့သူတွေပြောပြတာက ဖားကန့်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတွေက ရွာအလိုက် တစ်အိမ်ဝင်တစ်အိမ်ထွက် အမျိုးသားမရှိဘူးလားဆိုပြီး အကုန်ဖမ်းသွားတယ်လို့ပြောတယ်။ တစ်ချို့က ဖားကန့်လမ်းမှာပြေးဆွဲနေတဲ့ ကားသမားတွေက ၁၀ ယောက်လောက်ပါသွားတယ်”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အမျိုးသား ၅၀ ဦးကို ယနေ့နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် နန့်ယားစစ်တပ်ဘက်သို့ ခေါ်ဆောင်သွားပြီး လက်ရှိတွင် နန့်ယားစစ်တပ်အတွင်း ဖမ်းဆီထားကြောင်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ၅၀ ဦးအနက် ကားသမား ၁၀ ဦးကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟုသိ ရသည်။ ထိုဖမ်းဆီးခံထားရသည့် အမျိုးသားများကို ကားမိုင်းမြို့ဘက်ကို ဆက်လက် ခေါ်ဆောင်သွားရန်ရှိကြောင်း စစ်တပ်ဘက်ကပြောဆိုသည်ဟု ဖမ်းဆီးခံရသည့် မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။ ယခုလို စစ်ကောင်စီအဖွဲ့မှ အရပ်သားပြည်သူ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ၎င်းတို့၏ စစ်ကြောင်းသွားလာရာ လမ်းကြောင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့၏ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အကာအကွယ်ယူရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များကပြောသည်။ လက်ရှိတွင် … - [အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ](https://burmese.kachinnews.com/2022/11/30/feature-kng/): စစ်ကောင်စီအုပ်ချုပ်သည့်ကာလ အလုပ်အကိုင်ရှားပါးမှုကြောင့် လူငယ်တော်တော်များများ နယ်စပ်ဒေသ အွန်လိုင်းနဲ့ ငွေလိမ်လည်တဲ့ မှောင်ခိုလုပ်ငန်းတွေမှာ လွတ်လမ်း ရှာမတွေ့အောင် လူကုန်ကူးခံနေရပါတယ်။ မြန်မာ–တရုတ်နယ်စပ် လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မြန်မာ–ထိုင်းနယ်စပ် မြ၀တီ၊ ရွှေကုက္ကူဒေသတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အွန်လိုင်းကတစ်ဆင့် ငွေလိမ်ပြီး စီးပွားရှာတဲ့လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ပြီး သိသိသာသာ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ပွဲစားတချို့က လုပ်ငန်းချိတ်ဆက်ပေးမယ်လို့ လိမ်လည်ပြီး လူငယ် ၁၈ ဦး ကို ရှမ်းမြောက် မိုင်းပေါက်မှာ ရောင်းစားလိုက်တဲ့အထဲ ဝိုင်းမော်မြို့က ကချင်တိုင်းရင်းသူ ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ မိသားစုနဲ့အဆက်အသွယ်မရတာ တစ်ပတ်ကျော်ကြာနေပြီဖြစ်ပါတယ်။ “သူတို့ ၁၆ ယောက်လို့ ပြောတယ်။ အခု ၁၆ ယောက်ထဲမှာ ၈ ယောက်တစ်ဖွဲ့စီ ခွဲလိုက်ပြီပြောတယ်။ တစ်ဖွဲ့တစ်ဖွဲ့ဆိုပေမဲ့ ကုမ္ပဏီဝင်းက အကျယ်ကြီး။ အိမ်တွေကလည်း အများကြီးတဲ့။ အဲတစ်ဝင်းတည်းဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရဘူးတဲ့ အဲ့လိုပြောတယ်။ အဲ့ဒါ သူက ကျမတို့ကို နောက်တစ်နေရာပြန်ရောင်းစားတော့မယ် ထင်တယ်တဲ့။ တရုတ်တွေ လာကြည့်သွားတယ်တဲ့။ အဲ့ဒီ မက်ဆေ့စ်က နောက်ဆုံးပို့ခဲ့တဲ့မက်ဆေ့စ်ပဲ။ အခု သူနဲ့အဆက်အသွယ်မရတော့ဘူး။ သူတို့ ဖုန်းလည်းမပေးတော့ဘူးလား ဘာလားမသိဘူး”ဟု ဝိုင်းမော်မြို့ မှ ရောင်းစားခံရသူတစ်ဦးရဲ့ အစ်မဖြစ်သူက KNG ကို ပြောပါတယ်။ အလုပ်ခေါ်စာကို ဖေ့ဘုတ်ကတစ်ဆင့်တွေ့ပြီး ချိတ်ဆက်ယူတာကြောင့် ပွဲစားတချို့ ကနေအိမ်အထိ လာရောက်ခေါ်ယူသွားကာ ၀ ဒေသ မိုင်းပေါက်မှာ ရောင်းစားလိုက်တဲ့အထဲ အသက် ၂၀နှစ်ကျော်အရွယ် ညီမဖြစ်သူလည်း ပါဝင်သွားတယ်လို့ ပြောပါတယ်။ အစပိုင်းမှာ မိသားစုနဲ့ အွန်လိုင်းကတစ်ဆင့် အဆက်အသွယ်ရနေသေးတဲ့အချိန် အမြန်လာကယ်ထုတ်ဖို့ မက်ဆင်ဂျာကတစ်ဆင့် စာရေးလာတာကို မိသားစုကတွေ့ခဲ့ပေမဲ့ အကူအညီတောင်းဖို့ ဘယ်သူမှ မရှိခဲ့ဘူးလို့ အခုလို ဆက်ပြောပါတယ်။ “ဖုန်းပြောလို့မရဘူး။ စာပဲနည်းနည်းပါးပါး အခြေအနေဘယ်လိုလဲ ဘာညာမေးဖြစ်ကြတော့ … - [နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2022/11/30/fackcheck/): ၂၀၂၂ ခုနှစ်အတွင်း KIA နှင့် PDF အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည် ဆိုသော သတင်းအမှားကို စစ်တပ်ထောက်ခံသူများက ထပ်မံ ဖြန့်ဝေနေကြသည်။ အဆိုပါ သတင်းအမှားကို “ခင်ညိုချော”ဆိုသည့်ဖေ့စ်ဘုတ်အကောင့်တွင် နိုဝင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ဆက်တိုက် ရေးသားခဲ့ပြီးနောက် “Tatmadaw Daily Activity” “MT News- Myanmar Transparency” “ Myanmar Newspapers” “Myanmar Hard Talk” “Manaw Myay-မနောမြေ” “NP News-Myanmar” စသည့် Telegram အကောင့်များတွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။ ‘ခင်ညိုချော’ ဖေ့စ်ဘုတ်အကောင့်တွင် ဖော်ပြထားသောအကြောင်းအရာမှာ “KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်း ဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံးနှင့်ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ပျက်စီးခဲ့သည်” ဆိုသော သတင်းအမှားဖြစ်သည်။ ထို့အပြင် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် “စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာမှ စကစတပ် နှင့် KIA၊ PDF ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA များဟာ အလယ်တောကျေးရွာမြောက်ပိုင်းက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အတွက် နေအိမ် ၁၀၀ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်.. အလားတူ အလယ်တောကျေးရွာ တောင်ပိုင်းမှာလည်း ခရစ်ယာန်ဘာသာဝင်အများစုဖြစ်တဲ့ KIA ၊ PDF တွေဟာ ဗုဒ္ဓဘာသာဘုရားကုန်းကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု များလာတဲ့အချိန် ဆုတ်ခွာထွက်ပြေးစဉ်မှာတော့ ရွာတောင်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် … - [အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/11/30/az2-57/): အင်းတော်မြို့ ရဲစခန်းရှေ့မှ ဖြတ်သွားသည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ရဲများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသွားဖြင့်  ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည်ဟု သိရသည်။ အသက် ၆၀ ကျော်အရွယ် ဦးဆက်အောင်သည် နိုဝင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီ အချိန်တွင် နန်းကင် ကျေးရွာမှ အင်းတော်မြို့ ထဲသို့ နာရေးကိစ္စကြောင့် လာရောက်စဥ် အင်းတော်ရဲစခန်း ရှေ့အရောက်တွင် ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်ထိ ရဲစခန်းအတွင်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ ”သူက ည ၇ နာရီလောက်ကို သူ့ရဲ့ ယ္ခောမ နာရေးကနေ ပိုတဲ့ ဟင်းတွေကို အင်းတော်ကို လာပို့တာ၊ အဲ့မှာ အင်းတော် ရဲစခန်းကို ဖြတ်မိတော့ ရဲစခန်း ကနေ သေနတ် ၂ ရက်ပစ်တာ လက်ဖျံရိုးမှန်သွားတယ် အခုသူ့ကို ရဲစခန်းမှာ ဖမ်းထားတုန်း”ဟု အင်းတော် PDF တာဝန်ရှိသူက ပြောသည်။ ယင်းအမျိုးသားသည် နန်းကင်ကျေးရွာဒေသခံဖြစ်ပြီး ဆိုင်ကယ်ဖြင့် ရဲစခန်းရှေ့ဖြတ်မောင်းစဥ် ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် PDF ဟု စွပ်စွဲ အမှုဖွင့်ခံရနိုင်မည့် အခြေအနေရှိနေသည်ဟု သိရသည်။ ”သူတို့ကို လက်ပစ်ဗုံးနဲ့မိတယ် ဆိုပြီး စွပ်စွဲထားတယ်၊ စွဲချက်တင်မယ်တဲ့ အကြမ်းဖက်မှုနဲ့ သူကဘာမှမပါဘူး။ အသက်လည်းကြီးပြီ အဲ့တာကို PDF လို့စွပ်စွဲဖမ်းထားတာ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ ဝဒါဖြန့် Telegram Channel ၊ Facebook page များတွင် PDF တစ်ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း လုပ်ကြံသတင်းများ ဖြန့်လျက်ရှိနေသည်။ အင်းတော် မြို့မရဲစခန်းကို ယမန်နေ့ ည ၄ နာရီခွဲအချိန်တွင် အင်းတော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲခန်းအတွင်းရှိ ရဲအချို့ထိခိုက် ဒဏ်ရရာရှိမှုများရှိခဲ့သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ် ကြောင်းသိရသည်။ အင်းတော်တွင် လွန်ခဲ့သည့် … - [ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ](https://burmese.kachinnews.com/2022/11/30/az1-79/): စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း ကျေးရွာ ၃ ရွာမှ နေအိမ် ၁၇၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး‌လိုက်‌ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၃၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်း ခွဲကာ ညောင်ပင်သာရွာအုပ်စုထဲသို့ ဝင်ရောက်လာပြီး နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် စတင်မီးရှို့ခဲ့ရာ ကံသာကုန်း၊ ဘိုထဲကုန်း၊ ကျီးကံ စသည့် ရွာ ၃ ရွာက နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ သူတို့က စစ်ကြောင်းတွေ ဖြန့်ပြီး ရုတ်တရက်ဝင်လာတာ ရွာက ကင်းအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ် အိမ်ခြေက သုံးရွာပေါင်း ၁၇၀ ကျော် လောက်ပါသွားတယ် ရွာတွေက ကပ်လျှက်ပဲ လမ်းလေးတွေ ချောင်းလေးတွေပဲခြားတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီဘက်က ယခုကဲ့သို့ ကျေးရွာ ၃ ရွာအား တစ်ပြိုင်နက်ကိုမီးရှို့ရခြင်းမှာ ‌ဒေသခံပြည်သူများ တော်လှန်‌ရေး အင်အားစုများ ရပ်တည်နိုင်ရန် ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မီးရှို့သွားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များ ညောင်ပင်သာကျေးရွာအုပ်စုသို့ ဝင်ရောက်လာစဥ် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်များ ရွာထဲမဝင်လာခင် ဒေသခံများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ညောင်ပင်သာ ကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသည်။ - [ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ](https://burmese.kachinnews.com/2022/11/29/sm1-36/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၈ လအတွင်း စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသည့် ပြည်သူ ၃၉ ဦးထိ ရှိလာသည့်အပြင် သေဆုံးသူ ၃ ဦးရှိပြီ ဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ အဆိုပါ မြွေကိုက်ခံရသူများသည် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ် နှင့် ချပ်တင်းတိုက်နယ်မှ စစ်ဘေး‌ရှောင် ပြည်သူများဖြစ်ပြီး သေဆုံးသူ ၃ ဦးမှာ ကိုးတောင်ဘို့ တိုက်နယ်မှ စစ်ဘေးရှောင်ပြည်သူများ ဖြစ်သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကိုးတောင်ဘို့ နဲ့ ချပ်တင်းတိုက်နယ် အနီးဝန်းကျင်ကရွာတွေကဆိုရင် အားလုံး ၃၉ ဦး ရှိလာပြီး ၃ ယောက်က သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ၃ ယောက်က ကိုးတောင်ဘို့ တိုက်နယ်က ၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ် ၅၄ နှစ်နဲ့ ၂၇နှစ်အရွယ် အမျိုးသားနှစ်ယောက်ပါ“ဟု ဆိုသည်။ မြွေကိုက် ခံရသူများနှင့် သေဆုံးသူများ စာရင်းသည် ပြီးခဲ့သည့် ဧပြီလမှ ယနေ့အထိ ၈ လ အတွင်း ကောက်ယူထားသည့် စာရင်းဖြစ်ကာ တိုက်နယ်နှစ်ခုက လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းဖြစ်တာကြောင့် မြေပြင်တွင် မြွေကိုက်ခံရသူမှာ ယခုထက်မက များပြားနိုင်သည်ဟု သူက ဆက်ပြောသည်။ ကန့်ဘလူမြို့နယ်တွင် လက်ရှိ စစ်ကောင်စီဘက်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့မူများရှိနေသေးသဖြင့် စစ်ဘေးရှောင်များသည် နေအိမ်သို့ မပြန်ဘဲ တောထဲတွင်သာ ခိုလှုံနေရကြောင်း သိရသည်။ “မြွေဆိပ်ဖြေဆေးက ဝယ်ဖို့ခက်တယ် လမ်းကြောင်းတွေပိတ်နေတာကြောင့်ပေါ့၊  စျေးကလည်း ဖြည်းဖြည်းချင်း မြှင့်တက်လာနေတယ်။ မြွေဆိပ်ဖြေဆေးကို လှူထားတာတွေရှိပေမဲ့ စပါးသိမ်းချိန်ဖြစ်တာရယ် စစ်ဘေးရှောင်တွေက တောထဲမှာဆိုတော့ မြွေကိုက်ခံရတာတွေက အချိန်မရွေးများလာနိုင်တယ်“ဟု … - [ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/11/29/az1-78/): ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆိုင်းရာကျေးရွာတွင် အများပြည်သူသွားလမ်းမပေါ်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကောင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နိုင်ဘာလ ၂၈ ရက် ယမန်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင် စစ်အင်အား ၃၀ ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့ ဆိုင်းရာကျေးရွာ(ရွာသစ်)လမ်းထိပ်လမ်းဆုံနေရာတွင် သွားလာသည့် ပြည်သူများကိုပိတ်ဆို့ပြီး လက်ကိုင်ဖုန်း၊ ကာ၊ ဆိုင်ကယ်များ စစ်ဆေးမှုပြုလုပ်စဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “မနေ့တုန်းက ဖားကန့် ဆိုင်းရာဘက်မှာ စစ်သားတွေ ဂိတ်လိုမျိုးနဲ့ ထိုင်ခုံတွေချပြီး စစ်ဆေးတာတွေလာလုပ်တာ ၂ နာရီလောက်မှာ KIA နဲ့ PDF အဖွဲ့က ဒရုန်းနဲ့ လာပစ်သွားတယ်။ အဲ့လိုပစ်ခံရတာနဲ့ ချက်ချင်း စစ်ဆေးတဲ့နေရာရုတ်သိမ်းလိုက်ရတယ်။ ပြီးရင် ဖားကန့်ဘက်ကို ထွက်ပြေးသွားကြတယ် အဲ့နေရာမှာတင်  စစ်သားတွေ ၆ ယောက်လောက်က ဒဏ်ရာရသွားတယ်လို့သိရတယ်”ဟုပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့သည် ကြောက်လန့်ပြီး ပြည်သူများရှိသည့်ဘက် လက်နက်ငယ်များ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဖားကန့်မြို့ပေါ်ဘက်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။ “သိပ်မကြာဘူး ပစ်ခတ်ခံရတာနဲ့ ထွက်ပြေးသွားကြတယ်။ အခုတလောက စစ်တာတော့ အရမ်းစစ်တယ် သူတို့တစ်ခုခုရှာနေသလိုပဲ ဖုန်းနဲ့ တိုက်ကြည့်ပြီးကို စစ်တာ။ ဒါပမေယ့် လူဖမ်းခံရတာတော့ မကြားမိသေးဘူး”ဟုသတင်းအရင်းအမြစ်ကဆက်ဆိုသည်။ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူသွားလာသည့် လမ်းထိပ်နေရာများတွင် ကင်းပုန်းများချထားကာ စစ်ဆေးရေးတင်းကြပ်ထားပြီး စစ်ရေးလှုပ်ရှားမှုများပုံမှန်ပြုလုပ်နေခြင်းဖြစ်သည်။ ပြီးခဲ့သောအပတ်တွင် ဖားကန့်မြို့နယ် ကရင်ချောင်းနှင့်သောင်းကော့ ကျေးရွာ … - [ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး](https://burmese.kachinnews.com/2022/11/28/az4-5/): ထီးချိုင့်မြို့နယ်တွင် စစ်‌ကောင်စီ နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့်မြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ဆူးပုတ်ချောင်းကျေးရွာကို မီးရှို့ခဲ့ပြီး‌နောက် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အလယ်တောရွာအနီး၌ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “ဆူးပုတ်ချောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းပါ။ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ဘက်က စနိုက်ပါနဲ့ပစ်တာ ၃ ပွင့်ဗိုလ်လည်းကျတယ်။ နောက်ထပ် အလောင်း ၈ လောင်း ထပ်တွေ့တယ်လို့ မြေပြင်ကနေ အတည်ပြုပါတယ်။ တစ်ပွင့် ဗိုလ်အပါ ၇ ယောက်က ဒဏ်ရာရတယ်လို့ သိရတယ်”ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဘက်မှ ဒဏ်ရာရခဲ့သူ ၅ ဦးရှိပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သောကြောင့် ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်တွင် YAK 130 ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ပတ်ကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စီဘက်က ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဘုရားတောင်မှ စေတီပုထိုးများ ပျက်စီးသွားခဲ့ပြီး လူအထိအခိုက်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ များသည် ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် အလယ်တောကျေးရွာနှင့် ကပ်လျှက်ရှိသော အင်ကြင်းကုန်းကျေးရွာကို မီးတင်ရှို့နေပြီး ရွာအနီးတစ်ဝှိုက်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေဆဲဟု ဒေသခံများထံမှ သိရသည်။ ယခုလို နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီဘက်ကရွာများကို … - [လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ](https://burmese.kachinnews.com/2022/11/28/az3-14/): မိုးမောက်မြို့နယ် လုံဂျာရွာနှင့် နောင်ပေါင်းကျေးရွာမှ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး စစ်သားများနှင့်အတူ နေထိုင် နေရသည်ဟု သိရသည်။ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ကြား တိုက်ပွဲကြောင့် လုံဂျာရွာနှင့် နောင်ပေါင်း ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် အောက်တိုဘာလမှ စတင်ကာ မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရာ လူမရှိသည့်နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီ စစ်သားများက ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်များသည် စစ်သားများနှင့်အတူ နေရပ်ပြန် နေထိုင်နေရသည်ဟု မိုးမောက်မြို့ မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”စစ်သားတွေ ကိုယ်တိုင်လာပြောတာ ပြန်မလာရင် အိမ်မီးရှို့မယ်ဆိုတော့ပြန်သွားရတယ် အခုစစ်သားတွေက အဲ့နှစ်ရွာလုံးမှာရှိတယ်။ အိမ်တိုင်းမှာရှိတယ် အိမ်ရှင်တွေနဲ့ရောပြီးနေနေတာ ကြောက်လန့်တကြီးနေ နေရတာပေါ့ဗျာ ပြည်သူတွေကတော့” ဟု ပြောသည်။ စစ်ကောင်စီ စစ်သားများသည် မိုးမောက်မြို့ပေါ် စစ်ရှောင်စခန်းအထိ ရောက်လာပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား အိမ်ပြန်ကြရန်နှင့် ပြန်မလာပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ဒေသခံအများစု ထိုရက်မတိုင်မှီ နေရပ်ပြန်ကြပြီ ဖြစ်သည်။ လက်ရှိ စစ်ကောင်စီတပ်သည် ရွာသားများနှင့်တူ ရောနှောကာ ကျေးရွာအတွင်း တပ်ချနေထိုင် နေသည်ဟု သိရသည်။ ”တိုက်ပွဲကတော့မရှိပါဘူး ဒါပေမယ့် စစ်သားတွေက တပ်ချိန်းနေ့တိုင်းရှိတယ်။ စစ်သားအပြောင်း အလဲလုပ်တာ မိုးမောက်မြို့ထဲကဟာ ဒီဘက်လာ ဒီဘက်ကဟာ မိုးမောက်မြို့ထဲသွားတာ၊  သူတို့ရှိတယ်ဆိုတာပြချင်တာလားမသိဘူး၊ တစ်နေ့တစ်ကြိမ် ပြောင်းနေတာတစ်ရက်ကို ၁၀၀ လောက်တော့လှုပ်ရှားတယ်။ ပြီးတော့ လယ်တောတွေ ရွာပတ်ဝန်းကျင်တွေမှာ အမြဲတမ်းလှည့်တယ် ရွာသားတွေက သူတို့နဲ့တစ်အိမ်ထဲနေ နေရတော့ ကြောက်ကြတာပေါ့”ဟု မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ လုံဂျာရွာနှင့် နောင်ပေါင်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်စီရှိကြပြီး လက်ရှိ ထိုကျေးရွာ နှစ်ရွာတွင် စစ်အင်အား ၄၀၀ ကျော်အထိ ပုံမှန်ရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ရှိ KIA နှင့် PDF တို့၏ အခြေစိုက်စခန်းများကို သိမ်းပိုက်လိုသည့်အတွက် အောက်တိုဘာ လကုန်းပိုင်းမှ စတင်ကာ ကုန်းကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း နေ့စဥ် ပစ်ကူတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခြင်းမရှိသည့်အတွက် တောင်ခြေတွင်သာ တပ်စွဲ နေထိုင်နေခြင်း … - [ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2022/11/28/az2-56/): ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၂၈ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင် မှော်ဆီစာအနီးရှိ အမြင့်ပေ ၃၀၀ ခန့်ရှိသည့် မြေစာပုံတစ်ခုပြိုကျမှုဖြစ်ပွားခဲ့သည်ဟု နီးစပ်ရာ ရေမဆေးသမားတစ်ဦးက KNG ကိုပြောသည်။ “မြေစာတင်တဲ့ကားက မြေစာလာသွန်းတဲ့အချိန် ပြိုကျလာတာ အောက်မှာက ရေမဆေးရှာတဲ့သူတွေထဲက ၂ ယေက်ပါသွားတယ်။ တစ်ယောက်ကတော့ ခါးပြတ်သွားတယ်။ တစ်ယောက်ကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ အလောင်းကိုတော့ မနက် ၇နာရီလောက်မှာ နာရေးကူညီရေးအသင်းတွေက လာသယ်သွားတယ်”ဟုပြောဆိုသည်။ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသည့် ရေမဆေးသမားသည် အသက် ၃၀ နှစ်အရွယ်ရှိသူဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။ ဖားကန့်ကျောက်စိမ်းဒေသရှိ မှော်ဆီစာ၊ မမုံ၊ မက်လင်ချောင် စသည့်နေရာများတွင်ရှိသည့် ကျောက်စိမ်းလုပ်ကွက်များတွင် ညဘက်အချိန် ကျောက်စိမ်းတူးဖော်မှုများ ပုံမှန်ရှိနေဆဲဖြစ်ကြောင်း ဖားကန့်ဒေသခံများပြောသည်။ ပြီးခဲ့သော အောက်တိုဘာလ ၁ ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု မိုးကာကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာတွင် ရေမဆေးသမား ၂ ဦး သေဆုံးဖြစ်ပွားခဲ့သည်။ - [အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/11/28/az1-77/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာတွင် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရပြီး အရပ်သားပြည်သူ ၉ ဦးခန့်လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများမှသိရသည်။ စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၇ ရက်နေ့ နတ်မဟုတ်ကြီးကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “သူတို့က မနေ့ညကတည်းကနေ ရွာကိုဝင်ပြီးတော့ ရွာသားတွေကိုဖမ်းထားတယ်။ ဒီမနက်မှာတော့ ၈ နာရီလောက်မှာ နေအိမ်တွေကို ပြန်ရှို့တယ်။ ၁၁ နာရီလောက်အထိကတော့ နေအိမ် ၃ လုံးရှို့ပေးလိုက်ပြီ”ဟုပြောဆိုသည်။ လက်ရှိ နေအိမ်မီးရှို့ခံရမှုသည် ဒလံသတင်းပေးမှုကြောင့် ဖြစ်သလို အရပ်သားပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဆက်ဆိုသည်။ “အခု ဖမ်းဆီးခံထားရတဲ့သူတွေက အမျိုးသားတွေကြီးပဲ။ ဖမ်းခံရတာလဲ ဒလံကြောင့်ပဲ  လက်ညိုးထိုးပြီး ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုပြီးကို တိုင်ခံရတာ။ ပြီးရင် ဖမ်းခံရတဲ့သူတွေကို ရိုက်နက်မေးမြန်းတယ်”ဟုဆိုသည်။ နတ်မဟုတ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သည် အနီးရှိသည့် ကမ်းနီကျေးရွာဘက်သို့လည်း စစ်ကြောင်းဆက်လက်ထိုးနေပြီး စစ်ကြောင်းထိုးလာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုလည်းသိရသည်။ အဆိုပါ နတ်မဟုတ်ကျေးရွာမှာ အင်းတော်မြို့၏ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့်အပြင် နေအိမ်များမီးရှို့ခံရမှုကြောင့် လူဦးရေ ထက်ဝက်ခန့်က လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။ အင်းတော်နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့၏ လက်ချက်ဖြင့် မီးရှို့ခံရသည့် … - [ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား](https://burmese.kachinnews.com/2022/11/25/az3-13/): ကချင်ပြည်နယ် ဖားကန့်မြို့ အနောက်ဘက်ခြမ်းရှိ ဆိုင်းတောင်၊ ကောင်ဆန့် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူ ၈၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု သိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ကာ စစ်ကြောင်းဖြင့်သွားလာရာတွင် အရပ်သား ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်နေသည်ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ဒီနေ့ မနက် ၈ နာရီကနေ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက ကျောက်သွေးတောင်ကနေ အဲ့ဒီဆိုင်းတောင် ယူမာဘက်ကို ဆင်းသွားတယ်။ ပြည်သူတွေဘက်အကာအကွယ်ယူပြီး သွားလာနေတာ။ ဆိုင်းတောင် တံတားထိပ်မှာတင် ၃၀ ကျော် ဖမ်းခံရတယ်။ ပြီးတော့ သူတို့စစ်ကြောင်းထိုးတဲ့တစ်လျှောက် လမ်းမှာတွေ့သမျှလူတွေကိုလည်း ဖမ်းတယ်။ ကောင်ဆန့် ကရင်ချောင်တစ်လျှောက်က လမ်းမှာတွေ့သမျှကို ဖမ်းပြီး လူသားဒိုင်းလုပ်နေတာ ၈၀ ကျော်လောက်ဖမ်းခံရပြီ”ဟု ပြောသည်။ စစ်ကောင်စီသည် နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက ကရင်ချောင်ကျေးရွာအနီး ကျောက်စိမ်းလုပ်သား ၃၀ ကျော်ကို စတင်ဖမ်းဆီးပြီးနောက် ညပိုင်းတွင် ကရင်‌ချောင်ကျေးရွာအတွင်းမှ ပြည်သူ ၂၀ ဦးကျော်ခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့နှင့် ယနေ့ နံနက်ပိုင်းအထိ ဆက်လက်ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၈၀ ကျော်အထိ ဖမ်းဆီးခံထားရပြီဟု ဖားကန့် မမုံကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ဖမ်းတာဆီးတာတွေလည်း အများကြီးရှိတယ်။ အသက်ကြီးပိုင်းတွေလည်းပြန်လွတ်လာတယ်။ ဘယ်နှစ်ယောက်ထိ ပြန်လွတ်ပေးပြီဆိုတာတော့မသိရသေးဘူး လူငယ်လူလတ်ပိုင်းတွေအဓိကဖမ်းတယ် သူတို့ရဲ့အထုပ်အပိုးတွေ သယ်ခိုင်းတယ် တချို့လည်း အလွတ်ပဲခေါ်နေတာ သူတို့ကကြောက်လို့ပြည်သူကို ကာဗာလုပ်ချင်တဲ့သဘောပါ”ဟုမမုံကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းစစ်ကောင်စီစစ်သားများသည် ယမန်နေ့ညက ကရင်ချောင်နှင့် ပင့်တင့်ကျေးရွာဘက်တွင် တပ်ဖြန့်ကာ ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ နံနက်ပိုင်း ကျောက်သွေးတောင်ကျေးရွာကို စတင်ဝင်ရောက်ပြီး နေ့လည်ပိုင်းတွင် ဆိုင်းတောင်ကျေးရွာဘက်သို့ … - [ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး](https://burmese.kachinnews.com/2022/11/25/az2-55/): စစ်ကိုင်းတိုင်း ကသာမြို့ အထက (၃) ကျောင်းလမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို ကင်းပတ်‌နေသည့် စစ်ကောင်စီ ရဲကားမှ လိုက်လံပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသခံများမှ သိရသည်။ နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာရရှိထားပြီး နောက်တွင်လိုက်စီးသူမှာ သေဆုံးသွားသည်ဟု ကသာဒေသခံတစ်ဦးက ပြောသည်။ “ကားနဲ့နောက်ကလိုက်ပြီး လိုက်ပစ်သတ်တာ ဆိုင်ကယ်နောက်က တစ်ယောက်ပွဲချင်းပြီးသေတယ် နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာတင်ထားရတယ်“ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူသည် ကသာမြို့ ရပ်ကွက် (၄) မုံလတန်း ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ရှိသူဖြစ်ပြီး လက်ရှိ ရုပ်‌အလောင်းအား ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။ ကသာမြို့တွင် စစ်တပ်အာဏာသိမ်းပြီး‌‌နောက် ည ၇ နာရီနောက်ပိုင်း စစ်ကောင်စီတပ်မှ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ထားသည့်မြို့ဖြစ်သည်။ သို့သော် ယမန်နေ့ည လူငယ် ၂ ဦးပစ်ခတ်ခံရချိန်သည် ၇ နာရီဝန်းကျင်သာရှိသေးသည့်အတွက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်သတ်နေခြင်းသာဖြစ်သည်ဟု ဒေသခံများ ပြောဆိုပါသည်။ - [ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်](https://burmese.kachinnews.com/2022/11/25/yl1-34/): ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ထပ်တိုးတည်ထောင်ပြီး လက်ရှိ ဂိတ်စခန်းဆောက်လုပ်ကာ စစ်ဆေးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှ စတင်ကာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် မကောအုပ်စု ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာ ကားလမ်းမကြီးပေါ်တွင် ဂိတ်စခန်းဆောက်လုပ်ထားကာ သွားလာသည့် ကုန်တင်ကားများ၊ ဆန်၊ စက်သုံးဆီများနှင့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်လာသည်ဟု လမုန်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အခုက သူတို့တွေ နေရာစချပြီဖြစ်တယ်၊ တစ်ပတ်ကျော်လောက်ရှိပြီ ဦးရွှေမင်းကိုယ်တိုင်ကလည်း ဒီမှာရောက်နေတယ်၊ မြင်တွေ့ရသလောက်က သွားလာတဲ့သူတွေရဲ့ ကားတွေကို စစ်တယ်။ သူတို့ မသင်္ကာနိုင်တဲ့ သူတွေကို စစ်တယ်။ ပြီးရင် အဲ့ဂိတ်မှာ နာမည်စာရင်းကောက်တာတွေ လုပ်နေပြီ။ နောက်ဆို ဘယ်လောက်အထိ လုပ်လာမယ်ဆိုတာက မသိနိုင်သေးဘူး”ဟု ပြောဆိုသည်။ လက်ရှိ ဦးရွှေမင်းအဖွဲ့က တနိုင်းဒေသဘက်တွင် စစ်အင်အားအပါ တပ်စခန်းနေရာ ထပ်မံတိုးချဲ့လာခြင်းသည် တနိုင်းဒေသတစ်ခုလုံး နယ်မြေစိုးမိုးရန်အတွက်နှင့် ငွေကြေးကောက်ခံကာ စီးပွားလုပ်ဆောင်ရန်သာဖြစ်သည်ဟု သူကဆက်လက် သုံးသပ်ပြောဆိုသည်။ “ပြောရမယ်ဆိုရင် ဒီဒေသတွေမှာနေကြတဲ့ လီဆူပြည်သူတွေက ဖိတ်ခေါ်ပြီးရောက်လာကြတာမဟုတ်ဘူးလေ။ ပြီးရင် ဒီဒေသတွေက KIA ဘက်ကလည်း အဝင်အထွက်လုပ်နေတဲ့နေရာဖြစ်တယ်။ နောက်ပြီး ရွှေ၊ ပယင်းအကုန်ထွက် တဲ့ ဒေသလည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီပြည်သူ့စစ်အဖွဲ့တွေက ကိုယ်ကျိုးစီးပွားရေးအတွက် ရောက်လာတယ်လို့ပဲ မြင်တယ်”ဟု ဆိုသည်။ လက်ရှိ မကောနှင့် ကျောင်းကုန်း ကျေးရွာတွင် ဦးရွှေမင်းအောက် ပြည်သူ့စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး နောက်ထပ်လိုအပ်သည့် ပြည်သူ့စစ် အင်အားများအတွက် အဆိုပါ ကျေးရွာများမှ လူငယ်များကို နေ့စားခ တစ်သောင်းကျပ်ပေးကာ … - [ရေငုပ်ကျင်း နှင့် ကုန်းကျင်း ရွှေတူးဖော်မှု](https://burmese.kachinnews.com/2022/11/24/%e1%80%9b%e1%80%b1%e1%80%84%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80/): မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားကနေ မြစ်ဆုံအထိ မြစ်ရိုးတစ်လျှောက်မှာ သဲကျောက်တူးမယ်ဆိုတဲ့ ခွင့်ပြုမိန့်နှင့် ရွှေတူးဖော် ကြတဲ့ မြင်ကွင်းတွေဟာ ဒေသခံတွေအတွက် မဆန်းတော့ပါဘူး။ - [ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/11/24/zm1-25/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်တွင် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများ ၅၀၀ ဝန်းကျင်းထွက်ပြေးတိမ်းရှောင်းလာသောကြောင့် စစ်ရှောင်အကူအညီများလိုအပ်နေကြောင်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ဆိပ်မူကျေးရွာအုပ်စုတွင်ရှိသည့် ကောင်စံ၊ အောင်စုကျော်၊ သောင်းကော့၊ ပင်လောင်နှင့် မိုးကာရွာ စသည့်ကျေးရွာတို့သည် လက်ရှိတွင် ဆိပ်မူကျေးရွာနှင့် ဆိုင်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရခဲ့ကြောင်း ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ဒီမနက် ၈နာရီခွဲလောက်ကနေ ရောက်လာကြတာဟုတ်တယ်။ စစ်သားတွေက ရွာတွေထဲမှာ သေနတ်တွေပစ်ပြီးဝင်လာကြတယ်။ ပြီးရင် မောင်းထုတ်လာတွေလုပ်တယ်။ စစ်ရှောင်တွေက ရွာထဲမှာ နေလို့မရတော့ဘူးဆိုပြီး ရောက်လာကြတယ်။ အခုသူတို့အတွက် အကူညီတွေလိုအပ်နေတယ်”ဟုပြောဆိုသည်။ လက်ရှိထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများသည် ဆိုင်းတောင်ကျေးရွာနှင့် ဆိပ်မူကျေးရွာရှိ ဘုန်းကြီးကျောင်းနေရာများတွင် ယာယီခိုလှုံလျက်ရှိနေသည်ဟုသိရသည်။ ထိုထဲတွင် စစ်ကောင်စီတပ် လက်နက်ပစ်ခတ်ဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများအချို့၏ နေအိမ်များ မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၉ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာ ရရှိထားသူ ၉ ဦးထဲတွင် သောင်းကော့ကျေးရွာမှ အသက် ၁၀ နှစ်အောက် ကလေး ၂ ဦးအပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူ ၆ ဦးနှင့် အသက်သေဆုံးသူ ၁ ဦးပါဝင်ကြောင်းသိရသည်။ “ခုလောလောဆယ်တော့ ဒဏ်ရာရထားတဲ့သူတွေကိုလည်း ဆိုင်းတောင်ဘက်တွေမှာ တတ်နိုင်သလောက် ဆေးကုသနေပေးတယ်။ စစ်ရှောင်တွေအားလုံးလည်း လက်ရှိမှာတော့ တတ်နိုင်သလောက်အလှူခံပြီး ကူညီထားပါတယ်”ဟုစစ်ရှောင်ကူညီပေးသူများကပြောဆိုသည်။ လက်ရှိ ကျေးရွာနေပြည်သူများ စွန့်ခွာထားသည့် နေအိမ်များတွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ထားကြောင်းလည်းသိရသည်။ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ဆိုင်းတောင်၊ ဆိပ်မူအုပ်စု ကျေးရွာများဘက်သို့ … - [ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/11/24/az2-54/): ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်း ဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅နာရီ ခွဲ အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဖားကန့်မြို့မှ အမျိူးသားတစ်ဦးက KNG သတင်းကိုပြောသည်။ ”ဖမ်းခံရတာကမနေ့တုန်းကတည်းက ဖမ်းခံရတာရှိတယ် ကျောက်တူးသွားတဲ့လူငယ်တွေကိုဖမ်းတာ အဲ့တာပြန်မလွတ်သေးဘူးဗျ။ ကရင်ချောင်ဘက်မှာဖမ်း ကရင်ချောင်ကတော့မဟုတ်ဘူး။ တခြားရွာကလာတဲ့ကလေးတွေ ပြန်လွတ်လာတာခုထိတော့မကြားသေးဘူး”ဟု အထက်ဖော်ပြပါ အမျိူးသားက ပြောသည်။ ယင်းလူငယ်များကို ကရင်ချောင်ကျေးရွာအနီး ထူးကုမ္ပဏီ၏ ကျောက်စိမ်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ”သူတို့က အဲ့ထူးကုမ္ပဏီဝင်းထဲမှာ ယန္တယားတွေဆင်ပြီးတပ်ထိုင်ထားတာကို ကရင်ချောင်နဲ့တော့ မလှမ်းမကမ်းမှာရှိတယ် စစ်မေးနေတာတွေရှိတယ် တဲ့ PDF တွေရှိလား KIA တွေရှိလား ဘာညာစစ်မေးနေတာတွေရှိတယ်တဲ့”ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထူးကုမ္ပဏီဝင်းတွင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ည ကလည်း ကရင်ချောင်ကျေးရွာအလွန်ရှိ သောင်းကော့ကျေးရွာဘက်သို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ လူနေအိမ်လေးလုံးအထိမီးလောင်ခဲ့သည်။ ယမန်နေ့ ကရင်ချောင်ကျေးရွာအနီးတွင် အိမ်စီးကား နှစ်စီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မိုင်းဆွဲခံရမှုနှင့် ည၄ နာရီခွဲအချိန်တွင် ကောင်စံနှင့် ကရင်ချောင်ရွာကြား၌ စစ်ကောင်စီနဲ့ KIA ၊ PDF တိူ့ကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့အရပ်သားများကို ဖမ်းဆီးလာခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်များလည်းရမ်းသမ်းပစ်ခတ်နေကြောင်းဒေသခံများကဆိုသည်။ - [ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး](https://burmese.kachinnews.com/2022/11/24/sm1-35/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့ ရှိ အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထွေအုပ်ဝန်ထမ်း ၁ သေဆုံးကာ  ၁ ဦးပြင်းထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ကားမိုင်း အုပ်ချုပ်ရေးရုံးဗုံးဖောက်ခွဲခံရမှုတွင် အုပ်ချုပ်ရေးမှူးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ဗုံးစထိမှန်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ကားမိုင်းဒေသခံတစ်ဦး KNG ကိုပြောသည်။ “ထိတာက ၂ ယောက်ဟုတ်တယ် အဲ့မှာ တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ အုပ်ချုပ်ရေးမှူးဟုတ်တယ်။ ဘယ်လောက်ထိ ထိခိုက်သွားတယ်ဆိုတာကတော့ အသေးစိတ်မသိရသေးဘူး”ဟုပြောဆိုသည်။ သေဆုံးသွားသည့်သူမှာ ထွေအုပ်စားရေးဖြစ်သည်ဟုသိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးထက်မနည်းရှိသည်ဟုလည်း သတင်းအရင်းအမြစ်များကပြောဆိုသည်။ လက်ရှိတွင် ကားမိုင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားမိုင်းမြို့တွင်းမြို့ပြင် လမ်းဆုံးနေရာများတွင် စစ်အင်အားအများအပြား လုံးခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။ ထို့နောက် နိုဝင်ဘာလ ၂၃ ရက်​နေ့ ကားမိုင်းမြို့နယ် မြစိမ်းရောင်ရပ်ကွက်မှ စိုင်းဇော်လတ်သည်လည်း ၎င်း၏ လယ်တွင်း ညစောင့်အိပ်နေချိန် ပစ်သတ်ခံရသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သည်ဟုသိရသည်။ - [ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး](https://burmese.kachinnews.com/2022/11/24/yl1-33/): ဖားကန့်မြို့နယ် စပေါ့ကျေးရွာအနီး ကောင်ဆန်ကျေးရွာ(Kawng San)တွင် အရပ်သားပြည်သူများ စီးနင်းလာသည့် ကား ၂စီးကို စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် စစ်ကောင်စီ စစ်သား ၈ ဦးခန့် စီးနင်းလာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် စစ်တပ်ဘက်မှ ပြည်သူများကို ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။ “စစ်သားတွေစီးလာတဲ့ ကားအရင်မိုင်းဆွဲခံရတာဖြစ်တယ်။ အဲ့ကားထဲမှာပါလာတဲ့ စစ်သား ၈ယောက်လောက် ထိခိုက်ခဲ့လို့ ပြည်သူတွေကားတွေကို ပြန်ပစ်တာဟုတ်တယ်။ အဲ့ကြောင့် ၁ နာရီလောက်မှာ ရှေ့ဆင့်နောက်ဆင့်စီးလာတဲ့ ကား ၂ စီးပစ်ခတ်ခံရတာ တစ်ယောက်က သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရထား တယ်”ဟု ပြောဆိုသည်။ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီး အဆိုပါ စစ်ကောင်စီအဖွဲ့သည် သောင်းကော့ မှော်လကင် ဘက်မှ စပေါ့ဘက်သို့ ဆင်းလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။ အရပ်သားပြည်သူ ကား ၂စီး ပစ်ခတ်ခံရမှုတွင် ဖားကန့် ကလပ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် Marip Mung Jat Aung သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ Tu Ja ဆိုသူ ဖြစ်သည်။ စစ်ကောင်စီဘက်မှ တန်ပြန်ပစ်ခတ်မှုတွင် အရပ်သားပြည်သူ ၂ ဦး ထိခိုက် သေဆုံးမှုရှိခဲ့သည့်ပြင် အနီးတဝိုက်ရှိ လူနေအိမ် ၂ လုံးပေါ်တွင်လည်း လက်နက်ကြိးကျမှန်ပြီး မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများ ပြောဆိုသည်။ ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကောင်ဆန်၊ သောင်းကော့နှင့် ကရင်ချောင် ကျေးရွာနေရာများတွင် စစ်ကောင်စီတပ်သား အင်အား … - [ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ](https://burmese.kachinnews.com/2022/11/23/sm1-34/): ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။ “စစ်ဘေး‌ရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက မိုးကာပဲခင်းပြီးနေနေရတယ် ဆေးဝါးထောက်ပံ့မူလည်းလိုအပ်နေပါတယ်”ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဘေးလွှတ်ရာတောတောင်များတွင် တိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။  စစ်ဘေးရှောင် ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အများအပြားပါဝင်ပြီး ကျန်းမာရေးမကောင်းသူများလည်း ပါဝင်သည်ဟု သိရှိရသည်။ ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ပြည်သူ ၆ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။ ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီလှူဒါန်းလိုပါက Khin U Dynamite ဖေ့စ်ဘုတ်စာမျက်နှာနှင့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား‌‌ရေး ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခင်ဦးမြို့နယ်ရှိ ရွာပေါင်း၅၅ရွာမှ နေအိမ်၂၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၂၀၀ကျော်အသက်ဆုံးရှုံးခဲ့ရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ - [ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ](https://burmese.kachinnews.com/2022/11/23/az2-53/): ကချင်ပြည်နယ် ဖားကန်မြို့နယ်တွင် ယခုရက်ပိုင်း ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု သုံးစွဲမှု ပိုမိုများလာသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဖားကန့်မြို့ပေါ် လုံခင်းကျေးရွာ၊ ဆန်းကြွယ်ကျေးရွာများရှိ ကုန်စုံဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် ကျောက်အရောင်းအဝယ်ပြုလုပ်သည့် စျေးကွက်များအထိပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတုများကို အသုံးပြုလာနေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”ဒီနောက်ပိုင်းအသုံးပြုလာနေတာကို သတိထားမိလာကြတာ ဟိုနေ့ကလည်း ကျောက်ပွဲတစ်ပွဲတည့်တော့ အဲ့မှာ တစ်သိန်းတန်အုပ်မှာ ညှပ်ပြီးပါပါလာတယ်။ တစ်သိန်းလောက်ဆို တစ်ရွက်လောက်ပါပါလာတယ်။ ဒီတိုင်းဆိုမသိဘူးအဲ့နေ့က သူ့လက်ကရေစိုနေတာ ရေစိုတဲ့လက်နဲ့ပိုက်ဆံကိုင်တော့ရေထိတဲ့နေရာက မျှင်ရည်ကပယ်နေတာ အဲ့တာနဲ့သိလိုက်တာ အချင်းချင်းဆိုတော့ဘာမှမဖြစ်ဘူးသူလည်းဘယ်ကပါလာတာလည်းမသိဘူးတဲ့”ဟုပြောဆိုသည်။ ဖားကန့်ဒေသတွင် ငွေစက္ကူအတုအသုံးပြုလာမှုမှာ ယခုလအတွင်းပိုမိုများလာသည်ဟု ဒေသခံများပြောဆိုနေကြသည်။ ”ဘယ်ကဘယ်ကလူတွေလည်းမသိဘူး လာဝယ်ကြတာ တစ်ဆိုင်ထဲမှာအများကြီးတော့မဝယ်ဘူး။ ဟို ဟိုဆိုင်မှာနည်းနည်း၊ ဒီဆိုင်မှာနည်းနည်းဝယ်တာသူတို့ပြန်ထွက်ပြီးမှစစ်ကြည့်တော့အတုဖြစ်နေတာ။ အဲ့လူကနောက်ထပ်လည်းလာမဝယ်တော့ဘူး ဟိုနေ့ကလည်း ဆန်းကြွယ်ကုန်စုံဆိုင်က ကလေးမတစ်ယောက်က လာအပ်တယ်ငွေအတုဆိုပြီးသုံးရွက်လာအပ်တယ်။ စုံစမ်းဖို့ဖမ်းပေးဖို့ပေါ့။ အခုထိတော့လက်သည် ဘယ်သူလည်းဘယ်ကလည်းမသိရဘူး”ဟု ဆန်းကြွယ်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါငွေစက္ကူအတုသည် ငွေကြိုးမပါခြင်း၊ မျှင်ရည်စွန်းထင်နေခြင်း၊ ငွေစက္ကူရွက်သေးနေခြင်းတို့ကြောင့် ငွေစက္ကူ အစစ်နဲ့ကွာဟနေကြောင်း ဒေသခံများကဆိုသည်။ ငွေစက္ကူအတုဖြန့်နေသူများကို ဖမ်းမိနိုင်ရေးအတွက် ဖားကန့် မြို့ပေါ်၊ ရပ်ကွက်၊ကျေးရွာအလိုက် စောင့်ကြည့်ရန် ရပ်ကျေးတာဝန်ရှိသူများက စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လတွင် ပူတာအိုမြို့မူလာရှီးဒီ ကျေးရွာရှိကုန်စုံဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးက ၁၀၀၀၀ တန် ငွေစက္ကူအတုအများအပြားဖြင့် စျေးလာဝယ်စဥ်ရပ်ကွက်နေ ပြည်သူများကဖမ်းဆီးခဲ့သည့်အပြင် မြစ်ကြီးမြို့ရှိ ငွေလွှဲဆိုင်တွင်လည်း ၁၀၀၀၀ ကျပ်တန်အတုဖြင့် ငွေလာလွှဲသူရှိခဲ့သည်။ - [လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2022/11/23/az1-76/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသည့် လူငယ်တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် လုံးခင်းကျေးရွာ ပေါ်ဦး လက်ဘက်ရည်ဆိုင်ရှေ့တွင် လူငယ် ၂ ဦး ဆိုင်ကယ်စီးနင်း လာစဥ် အနောက် ၌ လိုက်ပါစီးနင်းလာသည့်လူငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”လုံးခင်းကျောက်ဝိုင်းအကျော်ပေါ့ ပေါ်ဦးလက်ဘက် ရည်ဆိုင်နားလေးမှာဖြစ်သွားတာကျောက်ဝိုင်း စည်နေတဲ့အချိန်ဟုတ်တယ်။ အဲ့မှာ လူငယ်နှစ်ယောက်က ဆိုင်ကယ်အတူစီးလာတာ နောက်ကပါလာတဲ့သူကို လူငယ်နှစ်ယောက်က ဆိုင်ကယ်ပေါ်ကနေပဲ ပစ်သတ်သွားတာ အရှေ့ကတစ်ယောက်တော့ဘာမှမဖြစ်ဘူး နောက်ကလူကိုပဲ ပစ်သွား တာ”ဟုပြောဆိုသည်။ သေဆုံးသူသည် မောင်ရှိုင်းမင်းအောင် အသက် (၃၀)နှစ်၊ အဘအမည် ဦးဝင်းမြင့် လုံးခင်းအမှတ် ၂ ရက်ကွက်နေသူဖြစ်ပြီး လက်ယာဘက် ချိုင့်အောက်တွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားကြောင်းသိရသည်။ မောင်ရှိုင်းမင်းအောင် ကိုပစ်သတ်သွားသည့် လူငယ်နှစ်ဦးမှာ ဆိုင်ကယ်မောင်း၍ ထွက်ပြေးလွတ်မြောက်သွားပြီး Mask တပ်ထားပြီး မျက်မှာဖျက်ထားသည့်အတွက် မည်သူမည်ဝါ မသိလိုက်ရကြောင်း ဒေသခံများက ဆိုသည်။ လုံးခင်းကျေးရွာအုပ်စုတွင် ယခုကဲ့သို့ အမျိုးသားများ အကြောင်းမဲ့ပစ်သတ်ခံရမှု ငါးဦးထက်မနည်းရှိလာပြီဖြစ်ပြီး လွန်ခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း အမည်မသိ အမျိုးသားတစ်ဦး မှော်မောင်းလျှံကျေးရွာအနီးတွင် လက်နောက်ပြန်ကြိုးသုပ်၍ ဓားထိုးသတ် ခံလိုက်ရသည်။ - [အင်းတော်နှင့် ဗန်းမောက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/11/22/az2-52/): အင်းတော်မြို့နယ်ရှိ အောက်တောရွာ နှင့် ပင်ဝေကျေးရွာကြား၊ ဗန်းမောက်မြို့အနောက်ဘက်ရှိ ဖောင်းပြင်ရွာ တို့ကို စစ်ကောင်စီတပ်က ယနေ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် တံတားဦးမှတက်လာသော ဂျက်လေယာဉ် ၂စီးသည် အင်းတော်မြို့မြောက်ဘက်ခြမ်းရှိ အောက်တောကျေးရွာနှင့် ပင်ဝေကျေးရွာကြားတောထဲတစ်‌နေရာနှင့် ဗန်း‌မောက်မြို့နယ် ဖောင်းပြင်ရွာကို ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ဗုံးကတော့ ၄ လုံးကျဲသွားတယ် လေယာဥ်ကတော့၂ စီး အောက်တောနဲ့ပင်ဝေကြားမှာကျဲတာတိုက်ပွဲဖြစ်တာတော့မရှိဘူး အဲ့မှာ KIA နဲ့ PDF ရှိတယ်ထင်လို့လာကျဲတာနေမှာ ရွာတွေမရှိတော့ ထိခိုက်တာတော့မရှိဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် အဆိုပါဂျက်လေယာဉ်သည် အင်းတော်တွင် ဗုံးကျဲသွားပြီးနောက် တစ်ဆက်တည်း ဗန်းမောက်မြို့နယ် ဖောင်းပြင်ရွာဘက်ကိုလည်း ဗုံးကြဲချသွားကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကောင်စီသည် အင်းတော်မြို့နှင့် နယ်နိမတ်ချင်းထိစပ်နေသည့် ကသာ ကောက်ကွေ့ချောင်းဖျားနှင့် ဗန်းမောက်နယ်ရှိ မံထုံကျေးရွာတို့ကိုလည်း နိုဝင်ဘာ ၁၆ရက်နေ့၊  ၂၀ရက်နေ့ နှင့် ၂၁ ရက်နေ့တို့တွင် လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါဒေသများတွင် စစ်ကောင်စီတပ်က ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် ထိခိုက်မှု အသေးစိတ်သိရန် ခက်ခဲနေဆဲဖြစ်သည်။ - [စစ်ရေးတင်းမာမှုရှိနေသည့် အင်းတော် နှင့် ဖားကန့် ဝှေခါလမ်း KIA သွားလာခွင့်ပိတ်ထား](https://burmese.kachinnews.com/2022/11/22/az1-75/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်  ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့်အတွက် ဝှေခါလမ်းပိုင်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်နှင့် ဝှေခါလမ်းပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲများရှိနေသည့်အပြင် စစ်ကောင်စီဘက်မှ နေ့စဉ်အဆက်မပြတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိနေသောကြောင့် ဝှေခါလမ်းပိုင်ကို KIA က နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး သွားလာခွင့် ယာယီပိတ်ထားကြောင်း ဖားကန့် ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ဝှေခါလမ်းမှာသွားလို့မရဘူး ပိတ်ထားတယ် အခုက ၂ ဖက်တပ်စစ်ရေးတင်းမာနေတဲ့ အခြေအနေထားမှာရှိတယ်။  ခရီးသွားလာတာလည်းမရှိဘူး ဘယ်နှစ်ရက်နေ့အထိ ပိတ်တယ်ဆိုတာတော့မသိရဘူး”ဟုပြောဆိုသည်။ KIA က ဖားကန့် ဝှေခါ ကားလမ်းမကြီးကို သွားလာခွင့် ပိတ်ဆို့ထားခြင်းသည် တိုက်ပွဲဖြစ်ပေါ်လာပါက ခရီးသွားပြည်သူများကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ပိတ်ဆို့ထားသည်ဟုသိရသည်။ ဝှေခါကျေးရွာသည် ဖားကန့်မြို့နှင့် မိုင် ၂၀ ကျော်ခန့်ကွာရှိပြီး ဖားကန့် နှင့် အင်းတော်ကြီးကားလမ်းမကြီးပေါ်တွင် တည်ရှိသည့်နေရာဖြစ်သည်။ ယခုလို အင်းတော်နှင့် ဖားကန့် လမ်းကို KIA ဘက်က ပိတ်ဆို့လိုက်သည့်အပေါ်  အဆိုပါ လမ်းမကြီးကို အသုံးပြုနေသည့် ပြည်သူများအတွက် ရည်ရှည်တွင် အခက်အခဲများကြုံတွေ့လာနိုင်သည်ဟု ဖားကန့် အေးမြသာယာ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ယခုလိုပြောဆိုသည်။ “ရေရှည်ပိတ်လိုက်ရင်တော့ ခက်ခဲလာနိုင်တယ် အခုပိတ်လိုက်တဲ့လမ်းတွေက ဖြတ်လမ်းလည်းဖြစ်နေတယ်။ ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ကားတွေလည်း အဲ့လမ်းကို အသုံးပြုတာများတယ်။ နန့်ယားလမ်းဘက်လည်း စစ်တပ်ထိုင်ထားတယ် အခုဆိုစစ်ဆေးတာတွေအရမ်းတယ်”ဟုပြောဆိုသည်။ ဖားကန့်မြို့နယ်အတွင်းသို့ … - [မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ ၂ ဦးကို ဖမ်းဆီးထား](https://burmese.kachinnews.com/2022/11/21/yl1-32/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ က ကျေးရွာရပ်ကွက်အတွင်း ကချင်နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်နေပြီးနောက် ဒေသခံ ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ် မိုးကောင်းချောင်းတံတားထိပ်ပိုင်း အနီးတဝိုက် မြေမြှုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ယမန်နေ့ညအထိ စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “မိုင်းပေါက်ကွဲသွားတဲ့ အနီးမှာရှိကြတဲ့ ကချင်အိမ်တွေကို စစ်ဆေးတယ်။ အဲ့မှာလေး ငါးယောက်လောက်ကို ဖမ်းဆီးသွားတယ်။ တစ်ချို့ကိုတော့ ပြန်လွတ်ပေးလိုက်တယ်လို့ သိရတယ်။ ၂ ယောက်လောက်က ကျန်သေးတယ်။ အဲ့ဒီ စနေနေ့ ညကနေ လိုက်စစ်တာ မနေ့ညအထိပဲ သူတို့က ကချင်အိမ်တွေပဲ ရွေးပြီးစစ်တယ်။ စစ်တဲ့ အိမ်တွေကို အိမ်တံခါးတွေ ရိုက်ဖွင့်ပေးတယ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပြီး လိုက်စစ်နေတာ”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၂ ဦးမှာ ရပ်ကွက် (၁) တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဦးခရမ်ခါးဂျာခေါ်သူနှင့် ဆိုင်ကယ် ကယ်ရီသမား ဦးမရန်လ ခေါ်သူ တို့ကို ပြည်သူ့စစ်အဖွဲ့က မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး စံပြပြည်သူ့စစ်စခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ ကျေးရွာပြည်သူများ၏ ပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့သည် ကျေးရွာအတွင်း ကချင်နေအိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် တံခါးများ ရိုက်ချိုးပေးခြင်း၊ နေအိမ်အတွင်းသို့ သေနတ်များကိုင်ဆောင်ထားကာ စစ်ဝတ်စုံများဖြင့် ခြိမ်ခြောက်ပြောဆိုပြီး နေရာအနှံ့ရှာဖွေခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သော အပတ်တွင်လည်း ရှဒူးဇွပ်ကျေးရွာမှ … - [ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2022/11/21/az2-51/): ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၈) နယ်မြေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။ ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိ KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစတင်ကာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကသာပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”လောလောဆယ်တော့ ဘယ်နေရာတွေမှာကျတယ် ဆိုတာနေရာအတိအကျတော့မပြောနိုင်သေးဘူး။ အပေါ်ကနေ ဗုံးကျဲတာ ၄ လုံးတော့ ရှိသွားပြီတဲ့။ ပြီးရင် စက်သေနတ်တွေနဲ့ကောပစ်တယ် လေယာဥ်ပေါ်ကနေ ကောက်ကွေ့ချောင်းရိုးတစ်လျောက်တွေ ကိုပတ်ကျဲနေတာ အဲ့မှာက KIA တပ်မဟာ ၈ နယ်မြေဟုတ်တယ်။ သူတို့ကအဲ့တာကို ဦးတည်ပြီးကျဲတာ အဲ့ဘက်မှာက ရွာကြီးတွေတော့မရှိဘူး။ မထင်မရှားရွာငယ်လေးတွေ လောက်တော့ရှိတယ်” ဟု ကသာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် တံတားဦးလေဆိပ်မှ တက်လာသည့် လေယာဥ်ဖြစ်ပြီး ဗုံးကျဲမှုကြောင့် ခပေါင်းကျေးရွာငယ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်းသိရပြီး အခြား ထိခိုက်မှုများကို စုံစမ်းနေဆဲ ဖြစ်သည်။ ”မြေပြင်အခြေအနေအလုံးစုံကိုတော့ မသိရသေးဘူးဗျ။ ကလေးတစ်ယောက်တော့ လက်မောင်းမှန်ထားတယ်ပြောတယ်။ အစမှန်ထားတယ် ဒဏ်ရာရသွားတယ် ခပေါင်းရွာကကလေးမတစ်ယောက်ဟုတ်တယ်”ဟု ကသာ PDF တာဝန်ရှိသူတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့များ လှုပ်ရှားရာ ကချင်–စစ်ကိုင်းနယ်စပ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲပုံမှန်ဖြစ်ပွားနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၂ရက်နေ့ ကလည်း ဘန့်ဘွေးကုန်းရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်းရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့ကြောင့် နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ပြီး အရပ်သား ၄ဦးအထိ သေဆုံးမှုဖြစ်ခဲ့သည်။ - [မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူ EPC ရုံးကို PDF က မိုင်းခွဲသတိပေး](https://burmese.kachinnews.com/2022/11/21/az1-74/): မီတာခ ပေးဆောင်ကြရန် အတင်းလှုံ့ဆော်နေသည့် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ EPC ရုံးကို ရွှေကူ PDF က ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ရွှေကူ EPC ရုံးအနေဖြင့် လွန်ခဲ့သည့် စနေနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှစတင်၍ မီတာခ မပေးဆောင်သည့် ရွှေကူပြည်သူများ မီတာခလာရောက် ပေးဆောင်ကြရန်နှင့် လာရောက်ပေးဆောင်ခြင်းမရှိပါက မီးဖြတ်ခြင်း၊ မီတာဘောက်ပြန်လည် ဖြုတ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လှည့်လှည်လှုံ့ဆော်နေသည့်အတွက် ယနေ့ နံနက်ပိုင်း တွင် မိုင်းခွဲသတိပေးခံလိုက်ရကြောင်း ရွှေကူ PDF နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”အဲ့စနေ နေ့ကစပြီး သူတို့က အတင်းလှုံ့ဆော်နေတာ နေ့ဆိုရင်သုံးဘီးနဲ့ လော်စပီကာတပ်ပြီး အသံသွင်းထားတဲ့ဟာဖွင့်ပြီး လိုက်အော်နေတာ။ မီတာလာဆောင်ဖို့ ညဆိုရင်လည်း ဆိုင်ကယ်နဲ့ပတ်ပြီးမှ လိုက်အော်တယ်။ မီတာကြေး မဆောင်ရင် မီးဖြတ်မယ် မီတာဘောက်ဖြုတ်မယ်ဆိုပြီး အဲ့ကြောင့် ဒီနေ့ မနက်တော့ အစောကြီး ၄ နာရီတိတိမှာ epc ရုံးကို မိုင်းတစ်လုံးခွဲပြီး သတိပေးခံလိုက်ရတယ်။ မိုင်းကတော့ လက်ပစ်မိုင်းတဲ့ တစ်လုံးထဲပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အဆိုပါ မိုင်းသည် EPC ရုံးရှေ့ခြံစည်းရိုးတွင်ပေါက်ကွဲပြီး မနက် ၄ နာရီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိသော်လည်း EPC ရုံခြံစည်းရိုးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ EPC က ရွှေကူပြည်သူများအား သတိပေးလှုံ့ဆော်ရာတွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်တိတိဖြစ်ပြီး သတိပေးကာလအတွင်း မီတာလာမဆောင်ပါက မီတာဖြုတ်၊ မီးဖြတ်မှုများပြုလုပ်မည်ဟုသိရသည်။ ”မီတာခက ဒီနှစ် ၂ လပိုင်းကနေ ၁၀ ပိုင်းစာအထိ တစ်ခါတည်းဆောင်ခိုင်းတာ တချို့ကတော့ ၁ သိန်းကျော်လောက်ပဲကျမယ်။ တချို့ကတော့ ၃ သိန်း ၄သိန်းထိကျတဲ့သူရှိတယ်။ ဒီမှာက မဆောင်ကြတာများတယ် ကျမတို့လည်းမဆောင်ဘူး။ ဆောင်ရင်သူတို့ကို … - [အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး](https://burmese.kachinnews.com/2022/11/19/az1-73/): အင်းတော်မြို့မြောက်ဘက် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တစ်ရက်တည်း ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင်  ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့တွင်းမှ မြောက်ဘက်တောထဲသို့ စစ်ကြောင်းထိုးတက်လာသည့် စစ်အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်နှင့် KIA ၊ အင်းတော် PDF တို့သည် နံနက်ပိုင်း ၇ နာရီခွဲအချိန်တွင်တစ်ကြိမ်၊ နေ့လည် ၁၂ နာရီအချိန်တွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် တစ်ကြိမ် စသဖြင့် စုစုပေါင်း ၃ ကြိမ်တိတိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”တိုက်ပွဲကတော့ အင်းတော်မြောက်ဘက်ပေါ့။ နဘားကျေးရွာအနောက်ဘက်ကျတယ် တောထဲမှာ ဖြစ်တာ အင်းတော်နဲ့ အရမ်းတော့မဝေးဘူးဗျ။ ပထမတစ်ကြိမ်တိုက်ခံရပြီးသူတို့က တောထဲဘက်ကို ဆက်တိုးလာတာ အဲ့တာနဲ့ နေ့လယ် ၁၂ နာရီလောက် ရောက်တော့ နှစ်ဖွဲ့ပေါင်းပြီးထပ်တိုက်တယ် သူတို့က ထိခိုက်တာများတော့အဝေးကြီးမသွားနိုင်ဘူး။ ပထမဖြစ်တဲ့အနီးနားမှာပဲ ထပ်တိုက်ခံရတာ ည သုံး ၃ နာရီမှာတော့ နောက်ထပ်တစ်ဖွဲ့က စောင့်ကြိုပြီးထပ်တိုက်တယ်။ သူတို့ဘက်က အတော်လည်း အထိနာသွားခဲ့ပါတယ်သုံးကြိမ်စလုံးမှာ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်မှ ဟိုပင်မြို့ တဂွင်းကျေးရွာနေ တပ်ရင်းမှူး ထိန်လင်းစံနှင့် နှစ်ပွင့်ဗိုလ် ၁ ဦးအပါအဝင် စုစုပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့ကြောင်းသိရသည်။ ”တပ်ရင်းမှူးရဲ့အလောင်းကိုတော့ မြစ်ကြီးနားလေတပ်ကနေ ဟတ်စကီးတစ်စီးဆင်းလာပြီး အင်းတော်ဘောလုံးကွင်းကနေ လာသယ်သွားတယ်။ အလောင်းကိုလည်းအဝတ်ဖြူနဲ့ပတ်ထားတယ်။ ကျန်တဲ့တပ်သားအဆင့်အလောင်းတွေကိုတော့ တောထဲမှာပဲမြှပ်ထားတယ်တဲ့ ဒဏ်ရာရတာလည်း ၁၀ ဂဏန်းရှိတယ် ကားနဲ့လာသယ်ပြီး အင်းတော် ရိက္ခာကုန်းတပ်မှာ ပို့လိုက်တယ်။ အခုတော့ဆေးကုသမှုခံယူနေကြတယ်တဲ့”ဟု အထက်ဖော်ပြပါ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်ခံရသည့် … - [ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2022/11/18/zm1-24/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဘူးတောင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းတွင် ရွှေ‌ဖောင် စက်လှေ ၁၀ စီးအနက် ဗန်းမော်သတ္တုတွင်းဝန်ကြီး၏ ညီမပိုင်ဆိုင်သည့် ရွှေဖောင်စက် ၃ စီးမှ လွှဲ၍ ကျန် ၇ စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပေးလိုက်ကြောင်း ရွှေဖောင်စက်လှေ နှင့် နီးစပ်သူများထံ မှ သိရသည်။ အဆိုပါ ရွှေဖောင်စက်လှေများအား နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် ပြန်လည်ရွေးယူနိုင်ရန် စက်လှေပိုင်ရှင်များ သွားရောက်ညှိနှိုင်းသော်လည်း ခွင့်မပြုဘဲ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီးရှို့ပေးလိုက်ကြောင်း သိရသည်။ “သူတို့စစ်တပ်နဲ့ နီးစပ်တဲ့ စက်လှေ ၃ စီးဘဲ ချန်ထားပေးတယ်လို့ ပြောတယ်။ ကျန်တာတော့ အားလုံး မီးရှို့လိုက်ပြီတဲ့“ဟု ရွှေဖောင်စက်လှေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရွှေဖောင် စက်လှေဖမ်းဆီးသည့် စစ်ကောင်စီတပ်များမှာ ခလရ ၂၆ နှင့် ခလရ ၃၁၉ တပ်တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါရွှေဖောင်စက်လှေ လာရောက်ဖမ်းဆီးချိန် ရွှေဖောင်စက်‌လှေတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ချို့နှင့် စင်းခန်းတံတားနားမှ လူငယ်များ စုစုပေါင်း လူငယ် ၄၀ ဝန်းကျင်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ “ဖမ်းခံသွားရတာ တော်တော်များတယ်လို့သိရတယ်။ ခုထိလည်း တစ်ယောက်မှ လွှတ်လာတာမရှိသေးဘူး“ဟု ဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်‌လျှောက်‌ ရွှေတူးဖော်မူများအား စစ်ကောင်စီတပ်မှ အာဏာမသိမ်းခင် ယခင်အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရံဖန်ရံခါ ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခြင်း မရှိသည့်အတွက် ရွှေတူးဖော်မှုပိုများလာခဲ့သည်။ ထိုကဲ့သို့ ရွှေတူးဖော်မှုများကို အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အထိ ဖမ်းဆီးခြင်းမပြုခဲ့ဘဲ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မြစ်ဆုံ၊ တန်ဖရဲ၊ အူဗျစ်‌ဘက်မှ ရွှေဖောင်အစီး ၂၀ ကျော်ကိုလည်း ဖမ်းဆီးမီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုဖမ်းဆီးမှုတွင် ရွှေဖောင်စက်လှေပိုင်ရှင်များအနေဖြင့် … - [ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/11/17/yl1-31/): ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ သွားတိုက်ခဲ့တယ်။ စစ်သားတွေ ၅ ယောက်လောက်က သေတယ်လို့ပြောတယ်။ ဒဏ်ရာရသွားတဲ့ သူတွေက သေချာမသိရဘူး။ KIA ဘက်ကတော့ သွားပစ်ပြီး ပြန်သွားတဲ့နောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်”ဟု ပြောဆိုသည်။ KIA အဖွဲ့ဘက်မှ ဒရုန်းဖြင့် သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီအဖွဲ့က KIA နှင့် PDF အဖွဲ့ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆက်လက်သိရသည်။ ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် စစ်ကောင်စီအဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ အင်းတော်ဘက်မှ ဖားကန့်ဝှေ့ခါဘက်သို့ တက်လာစဉ် ဖားကန့်မြို့နယ်အစပ် ညောင်ထောက်ကုန်းနေရာတွင် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရသည့်အဖွဲ့ဖြစ်သည်။ အဆိုပါ စစ်ကောင်စီအဖွဲ့သည် ဖားကန့်ဘက်သို့ စစ်အင်အားတိုးချဲ့ရန် တက်ခဲ့သည့် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့ဖြစ်ပြီး … - [စစ်တပ်၏ လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၈‌၆ ဦး လွှတ်မြောက်လာပြီး နိုင်/ကျဉ်း ၁၈ ဦးပါဝင်လာ](https://burmese.kachinnews.com/2022/11/17/az2-50/): အမျိုးသား‌နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီတပ်က ပြစ်ဒဏ်ချခံနေသည့် အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးရာမှာ ကချင်ပြည်နယ်မှ လွှတ်မြောက်လာသူ ၈၆ ဦးပါဝင်ပြီး ထိုအထဲတွင် နိုင်/ကျဉ်း ၁၈ ဦး ပါဝင်လာကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ ကျရောက်သည့် ၁၀၂ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းကျနေသူ ၆၀၀၀ ဝန်းကျင်ကို လွှတ်ပေးမည်ဟု စစ်တပ်ကကြေညာပြီးနောက် ကချင်ပြည်နယ်တွင်လည်း ဖားကန့် မဇွပ်ယန်အချုပ်ထောင်မှ ၁၅ ဦးနှင့် မြစ်ကြီးနားအကျဉ်းထောင်မှ ၇၁ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။ “ဖားကန့်ကတော့ ၁၅ ယောက်လွှတ်တယ် အဲ့ထဲမှာ ၅၀၅ နဲ့ ပုဒ်မတစ်ခုထဲနဲ့ ကျနေတဲ့သူတွေတော့ အားလုံးလွှတ်ပြီလို့ပြောလို့ရပါတယ်။ ခု ကျန်နေသေးတဲ့ဟာတွေတော့ ပုဒ်မတွဲတွေ ၃ ယောက်ကျန်နေသေးတယ်” ဟုလွှတ်မြောက်လာသူနဲ့ နီးစပ်သူတွေက ပြောသည်။ ဖားကန့်အချုပ်ထောင်မှ လွှတ်မြောက်လာသူ ၁၅ ဦးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က နှင့် ကျခံနေသည့် နိုင်/ ကျဉ်းသား ၁၁ ဦးပါဝင်ကြောင်း သိရသည်။ ထို့အပြင် မြစ်ကြီးနားအကျဉ်းထောင်မှ ၇၁ ဦး လွှတ်‌မြောက်လာရာ ၎င်းထဲမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅–ကနဲ့ အကျဉ်းကျနေသူ ၇ ဦး ပါဝင်ကြောင်း သိရသည်။ “မြစ်ကြီးနားကတော့ နိုင်/ကျဥ်းသား ၇ ယောက်ပါလာတယ်။ ကျန်တာတော့ တစ်ခြားပုဒ်မတွေနဲ့ လွှတ်လာသူများတယ်“ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် ဖားကန့်အချုပ်ထောင်၊ ဗန်းမော်အကျဥ်း‌ထောင်၊ မိုးညှင်းအကျဉ်းထောင် ၄ ခုရှိရာ ယခုတစ်ကြိမ် လွှတ်ငြိမ်းခွင့်တွင် မိုးညှင်းအကျဉ်းထောင်နှင့် ဗန်းမော်အကျဉ်းထောင်မှ ပါဝင်လာခြင်း ရှိမရှိ မသိရှိရသေးပေ။ … - [မံထုံးကျေးရွာ ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့်အတွက် ‌ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2022/11/17/az1-72/): ဗန်းမောက်မြို့နယ် ရှိ မံထုံကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သွားသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ပြောသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင် မန္တလေးတံတားဦး လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ ၂ စီးသည် မံထုံကျေးရွာကို ၁၀ မိနစ်ခန့်ကြာဝဲပျံပြီး ကျေးရွာအလယ်ခေါင်ကျသည့်နေရာတွင် ဗုံးနှစ်လုံးတိတိ ကျဲချသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG ကို ပြောသည်။ ”ကျဲတာကနှစ်လုံးကျဲသွားတာ တစ်လုံးက မံထုံကျေးရွာက အလယ်တန်းကျောင်းရှေ့တည့်တည့်ကို ကျတာ စာသင်ကျောင်းရှေ့က မျက်နှာစာကတော့တော်တော်လေးစုတ်ပြတ်သတ်သွား တယ်။ တစ်လုံးကတော့ ရဲစခန်းထဲမှာကျတာ အဲ့ရဲစခန်းထဲမှာက လူမနေဘူး ရွေ့လိုက်တာကြာပြီ အဲ့နှစ်လုံးပဲကျဲသွားတာ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ ကျဲချသွားသည့်နှစ်လုံးအနက် စာသင် ကျောင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့သည့်တစ်လုံးမှာ ပေါက်ကွဲပြင်းသောကြောင့် စာသင်ကျောင်းအနီး နေအိမ်တစ်လုံးပြတင်းပေါက်မှန်များကွဲအက်ပြီး ဆယ်ကျောက်သက် မိန်းကလေးငယ်တစ်ဦး မှန်စ ထိမှန်ခဲ့ကြောင်း သိရသည်။ ”လူတွေကတော့ဆိုးဆိုးဝါးဝါးထိတာမရှိဘူး။ ညဘက်ကြီးဆိုတော့မိန်းခလေးငယ်တစ်ယောက်ပဲမှန်စထိတာမစိုးရိမ်ရဘူး နေ့ခင်းဆိုရင်တော့ လူတွေသေဆုံးနိုင်တယ်။ အဲ့ကြောင့်ရွာသားတစ်ချို့ကတော့နီးစပ်ရာကျေးရွာတွေမှာတချို့ ဒီနေ့မနက်ကတည်းက တိမ်းရှောင်နေကြတယ်။ အများပိုင်းတော့ရွာထဲမှာရှိနေသေးတယ်” ဟု အထက်တွင်ဖော်ပြခဲ့သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီသည် မံထုံရွာကို လေယာဥ်ဖြင့်ဗုံးကျဲခြင်းမှာ ယခုပထမအကြိမ်ဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဗုံးကျဲတိုက်ခိုက်သည်ကို ဒေသခံများက မသိရှိရသေးပေ။ မံထုံကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး ဗန်းမောက်မြို့နယ် နှင့် အင်းတော်မြို့နယ်အစပ်တွင် တည်ရှိသည်။ စစ်ကောင်စီသည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာရှိ ဆေးရုံနှင့် ဆေးရုံဝန်ထမ်းအိမ်ရာတို့ကို လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိမှန်သေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ - [ဖားကန့် တွင် စစ်ကောင်စီ တပ်ဆင်ပေးနေသည့် Mytel Wifi တပ်ဆင်သူ နည်းပါး](https://burmese.kachinnews.com/2022/11/17/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae/): ဖားကန့် မြို့နယ်တွင် စစ်ကောင်စီ တပ်ဆင်နေသည့် Mytel wifi ကို တပ်ဆင်သူ နည်းပါးကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။ - [ဖားကန့်ဒေသကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ အစွမ်းကုန် ကြိုးပမ်းနေ](https://burmese.kachinnews.com/2022/11/16/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%ac%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%95/): ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို အာဏာသိမ်းစစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကို အင်အား ကျဆင်းသွားအောင် ပိတ်ဆို့တားမြစ်မှုများကို အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုနေကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီများကို ဖားကန့်လမ်း နမ့်ယာ(Nam Ya Mare) စစ်တပ်ဂိတ်တွင် စတင်တားမြစ်ခဲ့ပြီးနောက် KIA နှင့် ဆက်နွယ်မှုရှိသည့် ကျောက်စိမ်ကုမ္ပဏီတစ်ချို့ကိုလည်း လုပ်ငန်းလည်ပတ်ခွင့်မရအောင် ပိတ်ဆို့မှုများ လုပ်ဆောင်လာသည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရှယ်ယာလုပ်ငန်းများနှင့် ကျောက်စိမ်းလုပ်ကွက်အခွန်၊ အိမ်ဆောက်လုပ်ခွန်၊ စျေးဆိုင်များ၊ မော်တော်ယာဉ် စသည်တို့မှ အခွန်အသီးသီးရရှိနေခြင်းဖြစ်ပြီး အဆိုပါ ရရှိနေသည့် အခွန်ဝင်ငွေများကို ပိတ်ဆို့ရန် စစ်ကောင်စီက လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသူ ဖားကန့်ဒေသခံ ကချင်အမျိုးသားတစ်ဦး ယခုလို ပြောဆိုသည်။ “အခုစစ်တပ်ရဲ့လုပ်ရပ်က ဖားကန့်မှာ KIA နဲ့ PDF ကိုအဓိက အင်အားနည်းသွားအောင် ပိုပြီးကျပ်တည်းလာအောင် လုပ်ဆောင်နေပြီဖြစ်တယ်။ ဒါကြောင့် ဆန်နဲ့ စစ်သုံးဆီတို့ကို ပိတ်ဆို့လာတာတယ်။ ပြီးရင် KIA နဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေကို လည်ပတ်ခွင့်မရအောင် လုပ်ဆောင်လာတာတွေ့ရတယ်။ နောက် KIA အခွန်ရရှိနေတဲ့ အခွင့်လမ်းတွေကိုလည်း ဒီထက်ပိတ်ဆို့တာတွေလုပ်လာနိုင်တယ်။ ဖားကန့်ကို သူတို့ပဲ ထိန်းချုပ်ဖို့လုပ်နေတယ်လို့ပဲ ပြောချင်တယ်”ဟု ပြောဆိုသည်။ ဖားကန့်သည် မြန်မာတနိုင်ငံလုံးအတွက် အဓိက ဝင်ငွေရရှိနေသည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး KIA ရရှိနေသော အခွန်ဝင်ငွေများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အခြားမဟာမိတ် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများထံသို့အထောက်အကူပြုနေသောကြောင့် ထိုသို့ရရှိနေမှုကို လျှော့ကျသွားအောင် စစ်ကောင်စီတပ်က ပိတ်ဆို့မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ စစ်ကောင်စီအဖွဲ့၏ ပိတ်ဆို့ခံရမှုကြောင့် KIA အတွက်ကျပ်တည်းမှုတစ်စုံတစ်ရာဖြစ်ပေါ်လာနိုင်သော်လည်း ရေရှည်တွင် ထိခိုက်မှုခံစားရမည်မှာ ပြည်သူတွေသာဖြစ်တယ်လို့လည်း အထက်ပါ ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။ “KIA/KIO ဘက်ကလည်း … - [လုံဂျာဘွမ်တောင်ဘက် စစ်ကား ၁၈ စီးဖြင့် စစ်ရိက္ခာများအပါ အင်အားဖြည့်တင်း](https://burmese.kachinnews.com/2022/11/16/az1-71/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းဘက်တွင် စစ်ကောင်စီအဖွဲ့ စစ်အင်အားအများအပြားဖြင့် လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများ သယ်ယူပို့ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။ လုံဂျာဘွမ်တောင်ခြေရှိ လုံဂျာရွာ၊ နောင်ပေါင်းနှင့် ဝဝမ်ကျေးရွာ အနီးတဝိုက်တို့တွင် ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီအဖွဲ့သည် ယခုရက်ပိုင်း စစ်ရိက္ခာတင် စစ်ကား ၈ စီးနှင့် စစ်သားများသီးသန့် ပါရှိသည့် စစ်ကား ၁၀ စီး တို့ဖြင့် လုံဂျာဘွမ်တောင်ကုန်းဘက်သို့ ပို့ဆောင်နေကြောင်း မြင်တွေ့ရှိသူများကပြောသည်။ ထိုသို့ စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း မိုးမောက်မြို့နေခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ဒီရက်ပိုင်းအတွင်း စ်စကောင်စီတွေဘက် အရမ်းပြင်ဆင်နေတာကို တွေ့ရတယ် ၁၄ ရက်နေ့ဆို စစ်ကား ၈ စီးလောက်နဲ့ ပစ္စည်းတွေအများကြီးတင်သွားတယ်။ အဲ့ထဲမှာ သူတို့ရဲ့ လက်နက်ခဲယမ်း စားနပ်ရိက္ခာတွေပါတယ်။ ပြီးရင် မနေ့ကတော့ စစ်သားတွေပဲပါတဲ့ စစ်ကား ၁၀ စီး အဲ့ဒီလုံဂျာဘွမ်ဘက်ကိုပဲသွားလိုက်တာ”ဟုပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ လုံဂျာဘွမ်တောင်ဘက်တွင် တက်သွားသည့် စစ်ကား ၁၀ စီးထဲတွင် စစ်အင်အား ၄၀၀ ဝန်းကျင်ခန့်ပါရှိနိုင်ပြီး အဆိုပါ စစ်အင်အားများသည် ဗန်းမော်ဘက်မှ ဖြည့်တင်းလာကြောင်း ဒေသခံမျးကဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ လက်နက်ရိက္ခာများအပါဝင် စစ်အင်အား အများအပြားဖြင့် စစ်အင်အားတိုးချဲ့နေသည့်အတွက်ကြောင့် လာမယ့် နိုဝင်ဘာလ ရက် ၂၀ ကျော်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်သည်ဟု မိုးမောက်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ “ဒီလ ၂၀ ကျော်လောက်မှာက တိုက်ပွဲပြန်ဖြစ်လာနိုင်တယ် အဲ့ကြောင့် စစ်သားတွေ ပြင်ဆင်နေတာဟုတ်တယ်။ အခုရက်ပိုင်းအတွင်း ငြိမ်နေတာ ဆိုတာက … - [အူဗျစ် ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချ](https://burmese.kachinnews.com/2022/11/16/dl1/): မြစ်ကြီးနားမြို့ အူဗစ် (U Byit) ကျေးရွာတွင် ဖမ်းဆီးခံရသူ KIO အရာရှိများထဲမှ တစ်ဦး၏ ဆွေမျိုးနေအိမ်ကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဘက်ဟိုးဖြင့် သွားရောက်ဖျက်ဆီးလိုက်သည်ဟု သိရသည်။ နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီကား ၅ စီးဖြင့် အင်အား ၅၀ ကျော်ခန့်ဖြင့် ရောက်ရှိလာပြီးနောက် အာလမ်အုပ်စု အူဗစ်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချခဲ့ကြောင်း ဒေသခံ တစ်ဦးက KNG ကိုပြောသည်။ “KTV မှာဖမ်းဆီးခံရတဲ့ KIO အရာရှိတွေရဲ့အဆက်အစပ်ပေါ့။ အဲ့ထဲကတစ်ဦးနဲ့ ဆွေမျိုးတော်တာဟုတ်တယ်။ ဒီမနက်တော့ စစ်ကား ၃ စီး အင်အားက ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ ရောက်လာပြီး အိမ်ကို လာဖြိုချဖျက်ဆီးပစ်သွားတာ။ အိမ်က ပျဉ်ထောင်အိမ် ၂ ထပ်ဟုတ်တယ်။” ဟု အူဗစ်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ၎င်းနေအိမ်သို့ ကားဖြင့် လာရောက်စစ်ဆေးမှုရှိခဲ့ပြီး နေအိမ်အတွင်း ရွှေ၊ ငွေ နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIO အရာရှိ ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့နှင့် ဆက်စပ်သူများကို လိုက်လံဖမ်းဆီးနေသည့်အပြင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီလိုက်လံ ရှာဖွေ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရပါသည်။ - [အင်းတော် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၂၀ ကျော်သေဆုံး](https://burmese.kachinnews.com/2022/11/15/az2-49/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား ဖြစ်ပွားခဲ့သည့် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။ စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့သည် အင်းတော်မြို့နယ် နန်းမကြိုင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၄ရက်နေ့ ည ၄နာရီအချိန်တွင် ကမ်းနီကျေးရွာထိပ်၌တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ ”၁၃ရက်နေ့မှာက နန်းမကြိုင်ကနေ အင်းတော်ဘက်ကိုဆင်းလာတာ အင်အား ၁၀၀လောက် ပထမဦးဆုံးသူတို့က မိုင်းကွင်းထဲကိုဝင်ခဲ့တာဝင်ခဲ့တော့ မိုင်းဆွဲလိုက်တာ အဲ့မှာသူတို့ဟန်ပျက်သွားတော့မှ ဒီဘက်စပစ်တာ အပြန်အလှန်တစ်နာရီလောက်ကြာ တယ်ပစ်ကြတာ အဲ့မှာပွဲချင်းပြီးသုံးယောက်သေတယ် တစ်ယောက်ကဒဏ်ရာနဲ့ ကသာဆေးရုံမှာသေတယ်”ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။ နန်းမကြိုင်ကျေးရွာအနီးတိုက်ပွဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ဦးအထိရှိခဲ့ပြီး သေဆုံးရုပ်အလောင်း ၄ လောင်းကို နားမကြိုင်ကျေးရွာထိပ်တွင် စစ်ကောင်စီက မြှုပ်နှံထားကြောင်း သိရသည်။ အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့တွင်လည်း ကသာဘက်မှ ဆင်းလာသည့်စစ်ကြောင်းနှင့် အင်းတော်ဘက်မှ တက်လာသည့်စစ်ကြောင်းတစ်ကြောင်းတို့ ပူးပေါင်းသွားပြီး အင်အား ၈၀ ကျော်ခန့်ရှိခဲ့ရာ ယင်းစစ်ကြောင်းသည် ညပိုင်း၌ ကမ်းနီကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ရာ KIA နှင့် PDF တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။ ”၁၄ ရက်နေ့ကတော့ သူတို့က ကမ်းနီရွာထိပ်မှာ ကားတစ်စီးကိုကြောဆွဲပြီးတော့တက်ဖို့လုပ်နေတာ အဲ့တာကို KIA နှင့် PDF တွေက အနောက်ကနေခြုံခိုပြီး မှတိုက်ခိုက်ခဲ့တာ အဲ့မှာ ဒဏ်ရာရတဲ့ဟာနဲ့သေတဲ့ဟာတွေကို မှန်လုံကားနဲ့ အင်းတော်ဆေးရုံထဲ ပြန်သယ်သွားတာ ဆေးရုံရောက်တော့ Nurse မတွေတောင်ဖွင့်မကြည့်ရသေးဘူးအကုန်လုံးကို အင်းတော်ရိက္ခာကုန်းဘက် (စစ်တပ်ကုန်း)ဘက်ကိုသယ်သွားတာ။ အဲ့အင်အား ၈၀ ကျော်စစ်ကြောင်းက အင်အား ၆၀လောက်ပဲကျန်တော့တယ် ၂၀ နီးပါးသေတယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကမ်းနီရွာ ထိပ်တိုက်ပွဲတွင် နာရီဝက်ကျော်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ် နှင့် KIA တို့ဘက်မှ … - [ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား](https://burmese.kachinnews.com/2022/11/15/yl2-6/): မိုးညှင်း နှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင်ရှိ ညောင်ထောက်ကုန်းအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က စ်ကောင်စီတပ်နှင့် KIA၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် အင်းတော်ဘက်မှ ဖားကန့်ဝှေခါဘက်သို့ တက်လာခဲ့ရာတွင် KIA နှင့် PDF အဖွဲ့ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုသည်။ “ဒီကနေ့ ၁ နာရီလောက်ကနေ တိုက်ပွဲဖြစ်ကြတယ် ၃နာရီလောက်အထိပစ်ကြတာ။ အခုက ဗမာစစ်သားတွေဘက်က နောက်ဆုတ်ထားလို့ ခဏပြန်ငြိမ်နေတယ်။ စစ်သားတွေက KIA တပ်စခန်းရှိတဲ့ ဘက်ကိုတက်လာတာ ကြားဖြတ်တိုက်ခိုက်ခံရတာဟုတ်တယ်။ သိရသလောက်က ဗမာစစ်သားဘက်က ထိခိုက်မှုများတယ်လို့ပြောလာတယ်”ဟုပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ၂ ဖက်တပ် ၃ နာရီဝန်းကျင်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည့်အတွက် ဆုတ်ခွာသွားကြောင်းသိရသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် KIA တပ်မဟာ ၉ နယ်မြေ တပ်ရင်း ၂၆ နှင့် တပ်ရင်း ၆ နယ်မြေဖြစ်ပြီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့သည် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့တို့ဖြစ်ကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည့်အတွက် ၂ ဖက်တပ်စောင့်ကြည့်နေသည့် အနေအထားတွင်ရှိနေပြီး ဆက်လက်တိုက်ပွားနိုင်ကြောင်း သတင်းအရင်းအမြစ်ကပြောသည်။ ထို့နောက် KIA တပ်ရင်း ၂၆ နေရာဟောင်းဖြစ်သည့် သုန်ပျဉ်ကျေးရွာ … - [မှော်မောင်းလျှံကျေးရွာအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ](https://burmese.kachinnews.com/2022/11/15/az1-70/): ဖားကန့်မြို့နယ် မှော်မောင်းလျှံ(Mau Maw Layang) ကျေးရွာအနီးတွင် အမည်မသိ အမျိူးသားတစ်ဦး ဓာတ်ထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နှင့် မှော်မောင်းလျှံရွာကြား မှော်မောင်းလျှံကျေးရွာထိပ် ကားလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။ ”ဘယ်သူ ဘယ်ဝါမသိရဘူး သတ်ခံထားရတာက မနေ့ည ၁၂ ည ၁၂ နာရီနောက်ပိုင်းလောက်မှာ သတ်ခံထားရတာ။ အလောင်းကတောင့်တင်းနေပြီ ကြောမှာ ထိုးသွင်းဒဏ်ရာ ၅ချက်ရှိတယ်။ လည်ပင်းကတော့လှီးထားတာပြတ်ခါနီးနီးပဲ။ အလောင်းကိုတော့ ဆာလာအိတ်နဲ့ဖုံးထားတာ လမ်းဘေးမှာပဲ”ဟု မှော်မောင်းလျှံ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးရုပ်အလောင်းကို လက်နောက်ပြန်ကြိုးသုတ်ကာ မျက်လုံးနှစ်ဖက်ကိုလည်း တိတ်အဝါရောင်ဖြင့် စည်းခံထားရကြောင်း သိရသည်။ ”အလောင်းကိုတော့ လူမှုကူညီရေးအသင်းတစ်ခုက ကောက်သွားတယ်။ ဖားကန့်ရင်ခွဲရုံပို့ထားတယ်ကြားတယ်။ အခုထိတော့ ပိုင်ရှင်မဲ့အလောင်းပဲပိုင်ရှင်မပေါ်လာသေးဘူး”ဒေသခံတစ်ဦးက ပြောသည်။ ဖားကန့်မြို့နယ်တွင် ယခုနှစ်အတွင်း ဓားထိုးသတ်ခံရသူနှင့် သေနတ်ပစ်သတ်ခံရသူ ၂၀ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး အားလုံးမှာ အမျိုးသားများဖြစ်ကြသည်။ ထို့အပြင် အမျိုးသား ၄ ဦးအထိ တစ်ပြိုင်နက် တစ်နေရာတည်း အစုလိုက်သတ်ခံရသည့် ဖြစ်စဥ်မျိုးလည်း ယခုနှစ် မေလ ၃၁ ရက်နေ့က ဆွတ်အောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်။ - [စစ်ကောင်စီလက်အောက်မှ KIA ထဲ ဝင်ရောက်လာသူများကို လုံခြုံစွာ စောင့်ရှောက်ထားကြောင်း KIO ပြော](https://burmese.kachinnews.com/2022/11/15/yl1-30/): ကချင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတော့သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ အယောက် ၅၀၀ ဝန်းကျင်ခန့် ရှိလာပြီဟု သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသည့် စစ်မှုထမ်းများ၊ ရဲဝန်ထမ်းများနှင့် ပညာရှင်များ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာသူများကို လုံခြုံစွာကာကွယ် စောင့်ရှောက်ထားပေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ပြောဆိုသည်။ “ကျနော်တို့ဘက်ကို ဝင်ရောက်လာတဲ့ သူတိုင်းကို လုံခြုံမှုရှိအောင် ကာကွယ်ထားပေးတယ်။ သူတို့ရဲ့ စားဝတ်နေရေး ဖူလုံဖို့အတွက် သူတို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေ ဖော်ဆောင်ပေးထားတယ်”ဟု ပြောဆိုသည်။ ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းပြီး ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် KPEZ ဗဟိုကော်မတီဖွဲ့စည်း ဖွင့်လှစ်ခဲ့ကာ အလင်းဝင်လာသူများကို လက်ခံခဲ့ကြကြောင်း သိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများကို ငွေကြေးချီးမြင့်မှုများရှိသလို လုပ်ငန်းနေရာပေးမှုများလည်း စီစဉ်ပေးကာ လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း KIO သတင်းများတွင် ဖော်ပြထားသည်။ ထို့နောက် အလင်းဝင်ရောက်လာပြီး လုံခြုံရေးအရ စခန်းနေရာဘက်သို့ မရောက်ရှိလာနိုင်သေးသူတစ်ချို့ကိုလည်း KPEZ ကော်မတီမှ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ - [ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်](https://burmese.kachinnews.com/2022/11/15/az2-48/): ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာသုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်” ဟု ပြောသည်။ စစ်ကောင်စီက ဤသို့စစ်ဆေးရာတွင် မနက် ၇ နာရီမှ မနက် ၁၀ နာရီခွဲအချိန်ခန့်ထိ တစ်ကြိမ်၊ ည ၂ နာရီနောက်ပိုင်းမှ ၃နာရီ ခွဲအချိန်ခန့်ထိတစ်ကြိမ် စစ်ဆေးလျက်ရှိပြီး အဆိုပါသုံးရက်တွင်း စစ်ဆေးမှုတွင် လူအဖမ်းခံရမှုနှင့် ယာဥ်အဖမ်းခံရမှုဖြစ်စဥ်မျိုး မရှိသေးကြောင်းလည်းသိရသည်။ ဖားကန့်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖားကန့်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးပျောက်ဆုံးသွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် ဖားကန့်မြို့တွင်းနေရာအချို့တွင် လူနေအိမ်များ၊ အနှိပ်ခန်း များစသည့်နေရာများတွင် ၂ရက်ဆက်တိုက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်းလည်းသိရသည်။ အလားတူ ယခုရက်ပိုင်း ဖားကန့်မြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများလိုက်လံ ဖမ်းဆီးမည်ဟူသည့် သတင်းများ ဖားကန့် ပြည်သူကြားတွင် ပျံ့နှံ့နေသောကြောင့် မြို့တွင်းသွားလာမှု သိသိသာသာလျော့နည်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ ဆန်းကြွယ်၊ ကံစီး အစရှိသည့်ကျေးရွာများတွင် ပြည်သူများ၏ အကာကွယ်ကိုယူကာ ကင်းပုန်းဝပ်နေထိုင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများကို အောက်တိုဘာ ၂၃ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့ထိ … - [KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ](https://burmese.kachinnews.com/2022/11/15/ld1-11/): မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော အခန်းသို့ တိုက်ရိုက်ရောက်လာကာ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးသွားပြီးနောက် အမျိုးသမီး ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်။ ထိုအနက် KIO အရာရှိ ၁၃ ယောက် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့မှတဆင့် နေ့တွင်းချင်း နောက်ထပ် လူ ၁၀ ယောက်ကျော်လည်း ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု အမည်မဖော်လိုသူ KIA အရာရှိတချို့ထံမှ သိရသည်။ “နောက်ဆက်တွဲလိုက်ပြီး ပြန်ဖမ်းတာက ည ၁၁ နာရီအထိပြန်လိုက်ကြတယ်။ သူတို့ဖုန်းကနေ Contact list ကိုကြည့်ပြီး ဖုန်းဆက်တာတွေ၊ ပြီးရင် ဖုန်းထဲကနံပါတ် ကိုကြည့်ပြီး ဒီတစ်ယောက်က ဘယ်မှာနေတယ်။ ဘယ်သူလဲ ဘာလုပ်တယ်ဆိုတဲ့ ဟာတွေမေးပြီး လူကိုယ်တိုင်ခေါ်လိုက်ပြခိုင်းပြီး အိမ်တိုင်ရာရောက် လိုက်ဖမ်း တာ။ လူ ၄၀ လို့ပြောကြတာက သိပ်မသေချာဘူး။ ၁၀ ယောက်ကျော် ပြန်ပါသွားတာက မှန်ပါတယ်။” ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးက ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်များသည် အိမ်စီးကားများဖြင့် လျှောက်ပတ်သွားကာ နောက်ဆက်တွဲများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။ ထို KTV ဆိုင်မှ တစ်ဆင့် KIO အရာရှိများ ဖမ်းဆီးခံရမှုမှာ ၂ ကြိမ်ထက်မနည်း ရှိခဲ့သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီ ထောက်ခံသူများ၏ မီဒီယာ ပလက်ဖောင်းများမှတဆင့် နိုဝင်ဘာ ၁၄  ရက် ယနေ့ ပျံ့နှံ့လာသည့် ဖမ်းဆီးခံရသော KIO အရာရှိပုံများသည် ဖမ်းဆီးရမိသူအားလုံး မဟုတ်သေးကြောင်းလည်း KIA နှင့် နီးစပ်သူသော နောက်ထပ် ဒေသခံတစ်ဦးက KNG ကို … - [မိုးမောက် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/11/14/az2-47/): မိုးမောက်မြို့နယ် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကို စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်မှ စစ်ကောင်စီတပ်များသည် ၁၅ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်အောင်နှင့် ဦးလမာယော်ထုံ ၂ဦးအား နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “၂ ယောက်စလုံးက အိမ်ကနေလာဖမ်းသွားတာ ဒါပေမယ့် ဦးလမာယောထုံက အသက်လည်းအရမ်းကြီးနေလို့လားမသိ မနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်“ဟု မိုးမောက်ဒေသခံ တစ်ဦးကပြောသည်။ ‌‌ဖမ်းဆီးသွားသည့် အဆိုပါ ၂ ဦးအနက် အသက် ၇၀ ဝန်းကျင်ရှိ ဦးလမာယော်ထုံကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကိုမူ ဗန်းမော်ဘက်သို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့်လည်း ဆက်သွယ်မရသေးကြောင်း သိရသည်။ “ဘာကြောင့်ဖမ်းသွားတာလဲဆိုတာလဲ ဘာမှမသိရဘူး  ပြီးတော့ ခုကဗန်းမော်ဘက်ကို လွှဲလိုက်ပြီလို့ပြောနေကြတယ်”ဟုဒေသခံအမျိုးသမီး ၁ဦးကပြောသည်။ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှစကာ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။ - [ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ](https://burmese.kachinnews.com/2022/11/14/az1-69/): အင်းတော်မြို့တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီမှ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း အင်းတော် ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ အင်းတော် စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့ဖြစ်သည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီးခံလိုက်ရပြီးနောက် ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ခန့်မှန်းငွေပမာဏ ၁၀ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ ”စစ်တာကတော့ အရင်နေ့တွေလည်း စစ်တယ် ဖမ်းတာတွေမရှိခဲ့ဘူး။ မနေ့ကတော့ သူတို့မသင်္ကာတဲ့သူတွေကို အကုန်ဖမ်းလိုက်တာ။ အမျိုးသားတွေ ဆိုင်ကယ်နှစ်ယောက်စီးပြီး အင်္ကျီအနက်ရောင်ဝတ်ထားတဲ့သူတွေ စုတ်စုတ်ပြတ်ပြတ်ဝတ်ပြီး တောဘက်မှာ နေတယ် ထင်တဲ့ လူငယ်လေးတွေကိုဖမ်းလိုက်တာ။ ဒီနေ့ကြားတာက ပိုက်ဆံနဲ့ပြန်ရွေးခိုင်းမယ်တဲ့ ၁၀ သိန်းလို့တော့ပြောပေမယ့် ငွေပမာဏကိုအတည်ပြုလို့မရသေးဘူး”ဟုပြောဆိုသည်။ ဖမ်းဆီးခံရသည့် လူငယ်၂၀ ဦးသည် အမျိုးသားများဖြစ်ပြီး ပိုက်ဆံဖြင့်ပြန်ရွေးခိုင်းနေသည်မှာ အတည်ပြုသော်လည်း ငွေပမာဏကိုမှု အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။ ဖမ်းခံရသည့် လူငယ် ၂၀ ဦးတွင် အသက် ၂၀ ကျော်အရွယ်နှင့် အသက် ၃၀ ကျော်အရွယ်များပါဝင်ကာ CDM ကျောင်းဆရာတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကျောင်းဆရာကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်ထားပြီး ဖြစ်ကြောင်းသိရသည်။ ”ကျောင်းဆရာကတော့ ညီညီထွေး အသက်ကတော့ ၂၇ နှစ်ဟုတ်တယ်။ သူကတော့ရွေးခိုင်းတဲ့ထဲမပါဘူး ဥပဒေပုဒ်မ ၅၀ (ည) နဲ့တရားစွဲထားတယ်။ သူ့ကိုတော့ အရမ်းရိုက်စစ်ထားတယ်တဲ့”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးထားသည့် လူငယ်များကို အင်းတော်မြို့ ရဲအချုပ်ခန်းတွင် … - [ဖားကန့်တွင် စစ်ကောင်စီ ရဲတပ်သား ၂ ဦးပျောက်ဆုံးနေသဖြင့် နေရာအနှံ့လိုက်ရှာနေ](https://burmese.kachinnews.com/2022/11/12/az1-68/): ဖားကန့်မြို့တွင်း မြို့မရဲစခန်းမှ ရဲတပ်သား ၂ ဦး ပျောက်ဆုံးနေသဖြင့် ဖားကန့် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။ ရဲတပ်သား ၂ဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ပျောက်ဆုံနေသောကြောင့် စစ်ကောင်စီအဖွဲ့  မြို့တွင်း မြို့ပြင် လိုက်လံရှာဖွေနေသည်ဟု ဖားကန့် ငှက်ပျောတောရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “သူတို့က ရဲ ၂ ယောက်ပျောက်တယ်ဆိုလို့ မနေ့ကလည်း မရှီကထောင်ရယ် ငှက်ပျောတော ရပ်ကွက်မှာလိုက်ရှာကြတယ်။ အဓိကတော့ လူဝင်လူထွက်များမယ်လို့ ထင်တဲ့နေရာတွေမှာ လိုက်ရှာနေတာ။ အနှိပ့်ခန်းတွေပါမကျန်လိုက်ရှာကြတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ ၁ နာရီဝန်းကျင်မှ မရှီကထောင်၊ ငှကပျောတော ရပ်ကွက်နေရာများတွင် ဝင်ရောက်ရှာဖွေခဲ့ကြပြီး ည ၆နာရီနောက်ပိုင်းလည်း မြို့ပေါ်ရပ်ကွက်အတွင်းနေရာအနှံ့လိုက်လံရှာဖွေခဲ့ကြသည်ဟုသိရသည်။ “မနေ့က ညပိုင်းတော့ ဖားကန့်မြို့ရဲ့ သံယောစဉ်လမ်းကြားက အိမ်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ရှာခဲ့ကြတယ်။ ပြီးရင် လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်”ဟု ဖားကန့်မြို့တွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။ လက်ရှိတွင် ပျောက်ဆုံးနေသည့် ရဲတပ်သား ၂ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရသေးပါ။ ယခုလို ရဲတပ်သား ၂ ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မရှီကထောင်ရှိ အနှိပ့်ခန်းနေရာများတွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာတွင် အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရကြောင်းလည်း သတင်းအရင်းအမြစ်များပြောသည်။ ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ဖားကန့်မြို့နယ်ရဲစခန်းမှ နယ်ထိန်းတစ်ဦးပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ရဲမှူးကိုကိုလွင် နှင့် … - [မိုင်းဆွဲခံလိုက်ရသည့်  စစ်ကောင်စီတပ်သည် မိုးမောက် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့](https://burmese.kachinnews.com/2022/11/12/z-5/): ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် လုံဂျာဘွမ်ဆုတောင်းတောင်ဘက်မှဆင်းလာသည့် စစ်ကြောင်းအား KIA တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင်းပစ်ခတ်မူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ - [မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရကာ ၅ ဦး သေဆုံး](https://burmese.kachinnews.com/2022/11/11/az2-46/): မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ပေါင်းစုများက လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ထံမှ သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ အိပ်နေစဥ်အတွင်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးဆောင်ရွက်စဥ်ပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ဒီနေ့မနက်၅နာရီဝန်းကျင်မှာ မြင်းမူမြို့ပေါ်က မြန့်မာ့စီးပွားရေးဘဏ်မှာ စောင့်နေတဲ့ စခ၈ကောင် အိပ်ပျော်နေတဲ့အချိန်မှာ လက်ပစ်ဗုံးနဲ့အနီးကပ်ပစ်ခတ်ခဲ့တယ် ၅ယောက်သေပြီး တစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်”လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည့်အတွက် လက်ရှိ မြင်းမူမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေးမူများပြုလုပ်လျှက်ရှိသည်ဟု သူကဆက်ပြောသည်။ အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ကို ဒေသကာကွယ်ရေးတပ်ပေါင်းစုများက ပြီးခဲ့သည့်နိုဝင်ဘာ၆ရက်နေ့ကလည်း သွားရောက်တိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးခဲ့ပြီး မြန်မာ့စီးမွားရေးဘဏ်ကိုသွားရောက်တိုက်ခိုက်တာ ၄ကြိမ်မြောက်ရှိပြီဟု သိရှိရသည်။ အဆိုပါစစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ တပ်ရင်း–၇)နှင့် True Fighter (တပ်ခွဲ–၃)တို့မှပူးပေါင်း‌တောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ - [နန့်ယားစစ်တပ်ဂိတ်တွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်](https://burmese.kachinnews.com/2022/11/11/yl1-29/): ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများက သွားလာရေး အခက်ကြုံတွေ့နေရသည်ဟု သိရသည်။ နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ကျေးရွာဂိတ်ဖြတ်သန်းခွင့်ကို နံနက်ပိုင်း ၈ နာရီမှ ညနေပိုင်း ၅ နာရီအထိသာ သတ်မှတ်လိုက်သောကြောင့် နံနက်အစောပိုင်း စျေးသည်များသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ခက်ခဲသွားသည်ဟု နန့်ယားကျေးရွာအနီးရှိ ဆိုင်ဖရာဒေသခံတစ်ဦး KNG ကို ပြောသည်။ “၈နာရီအထိ စျေးမသွားဖို့ ဘယ်မှမသွားဖို့ လမ်းတွေမှာ မိုင်းထောင်ထားတယ်လို့ စစ်သားတွေက ပြောတယ်။ သူတို့ အဲ့လုပ်လိုက်တော့ နန့်ယားဘက်ကို ပုံမှန်သွားနေတဲ့ စျေးသည်တွေအတွက်က စျေးသွားမရောင်းရတော့ဘူးခက်ခဲနေတယ်။ မနေ့ကဆို စျေသည်တွေက အရင်က အချိန်ထင်ပြီးသွားလိုက်ကြတာ ဂိတ်မှာမသွားခိုင်းဘူး လမ်းပိတ်ထားတယ်။ ပြီးရင် အမြန်ခေါက်ပြကြဖို့ ပြောတယ် မပြန်ရင် အကုန်လုံးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလုပ်တယ်”ဟု ပြောဆိုသည်။ ယခင်က နမ့်ယာဂိတ်တွင် နံနက်ပိုင်း ၆ နာရီမှ ည ၆ နာရီအထိပုံမှန် သွားလာခွင့်ပြုထားကြောင်း သိရသည်။ နန့်ယားကျေးရွာအနီးရှိသော ဂတ်နွယ်၊ ဂေါလိုယာန်၊ ခရိုင်ရွန်း၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ မနော့နှင့် စပေါ့မှော် စသည့်ကျေးရွာများက နန့်ယားကျေးရွာဘက်တွင် စျေးသွား စျေးဝယ် ပြုနေရပြီး ယခုလို စစ်တပ်၏ လမ်းပိတ်ဆို့တားမြစ်မှု ကြုံတွေ့နေရခြင်း ဖြစ်သည်။ နမ့်ယာတွင် ညပိုင်းသွားလာခွင့် လုံးဝပိတ်ပင်ထားသည့်အပြင် စစ်ကောင်စီက ကျေးရွာရှိသည့်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ညစဉ် လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ယခုထပ်မံပြောဆိုသည်။ “မနေ့ညက လက်နက်ကြီးမပါဘူး လက်နက်အသေးတွေနဲ့ ပစ်တာ ၇ နာရီလောက်ကနေ ၉ … - [PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2022/11/11/az1-67/): မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အရပ်သားပြည်သူ အမျိုးသမီး ၂ဦးကို KPDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း နန်းမားကျေးရွာ အလယ်တောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်တင် နှင့် ဒေါ်ညိုလေးတို့ ၂ ဦးအား KPDF ထောက်ပံ့သည်ဟု စွပ်စွဲ၍ ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ ”မနေ့က ညနေပိုင်းလောက်မှာ ဖမ်းသွားတာ သူကအိမ်မှာ ဝက်ကိုအစာကျွေးနေတာ အဲ့ချိန်စစ်သားတွေကားနဲ့ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။ ဒေါ်ယဥ်ယဥ်တင်သည် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး ဝက်မွှေးမြူရေးလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒေါ်ညို‌လေးခေါ်သူသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသမီး၂ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အပြင် မိသားစုဝင်များနဲ့လည်း အဆက်အသွယ်မရသေးကြောင်းသိရသည်။ ”အိမ်မှာကျန်နေတဲ့သူ့မိသားစုဝင်တွေကိုတော့ ဘာမှနောက်ယှက်တာမရှိဘူး ဒေါ်ယဉ်ယဉ်တင် သူ့တစ်ယောက်ထဲကိုပဲ ဖမ်းသွားတယ်။ သူက ဝက်မွေးပြီးအေးအေး ဆေးဆေး နေတတ်သူပါ ဘယ်လိုလုပ်ပြီး ဖမ်းခံထိတာလည်းတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုနည်းတူ ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း PDF အဖွဲ့ကို ထောက်ပံ့သည်ဟုဆိုကာ နန်းမားမြို့မရပ်ကွက် ကားလမ်းမကြီးနဘေးတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဘကြီးမုံ(ခ) ဦးသန်းစိုး၏ နေအိမ်ကို ဘက်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခံခဲ့ရသည်။ - [ဗန်းမော်တွင် ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် ၂၀၀ ကျော် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/11/10/az3-12/): ဗန်းမော်မြို့တွင် စစ်ကောင်စီက ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ စုစုပေါင်း ၄ ရက် ဆက်တိုက် ဗန်းမော်မြို့တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟု ဗန်းမော်မြို့တွင်း အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”အရင်နေ့က ဖမ်းတဲ့ နေရာတွေမှာပဲ ဖမ်းတာ။ ၈ရက်နေ့ကတော့ နောင်ခို ရပ်ကွက်ဘက်မှာ ပိုပြီးဖမ်းတယ်။ ပထမနေ့ကတော့ မနက် ၈နာရီ ကနေ ညနေ သုံးနာရီ ထိ ဖမ်းတယ်။ နောက်ဆုံး ၃ ရက်နေ့ ကတော့ အချိန်ပြည့်တော့မဟုတ်ဘူး မနက်ပိုင်း ၁၁ နာရီလောက်ထိ ဖမ်းပြီး ညပိုင်းအသွားအလာများတဲ့ချိန်ပြန်ဖမ်းတာ။ နေ့ခင်းတော့မဖမ်းဘူး”ဟု ဆိုသည်။ စစ်ကောင်စီက ဗန်းမော်မြို့တွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးရာတွင် ဗန်းမော် ၂ မိုင်ရပ်ကွက်၊ နောင်ခိုရပ်ကွက်၊ ဗန်းမော် ၅မိုင် လမ်းမကြီးနဲ့ ၂မိုင် ရပ်ကွက်တို့ရှိ လူသွား လူလာများသည့် လမ်းမကြီးများတွင် ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသော ဆိုင်ကယ်များအနက် စစ်ကောင်စီနှင့် နီးစပ်သည့် ပြည်သူများ၏ ဆိုင်ကယ်များကိုသာ ပြန်ရွေးခိုင်းကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။ ”ကျ‌နော်တို့ သိရတာကတော့ ပြည်သူတွေဟာကတော့ ပြန်မပေးသေးဘူးလို့သိရတယ်။ သူတို့ရဲတို့ ထွေအုပ်တို့ပေါ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဟာတော့ ပြန်ပေးတယ်။ ပြီးတော့ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ပြည်သူတွေပေါ့ သူတို့ဟာတော့ ၂သိန်း နဲ့ ပြန်ရွေးထခိုင်းတယ်တဲ့” ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။ ဗန်းမော်မြို့တွင်း ဖမ်းဆီးထားသည့် ဆိုင်ကယ်များအနက် စစ်ကောင်စီ နှင့် ဆက်နွယ်သူများကို ကျပ် ၂သိန်းဖြင့် ရွေးခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုသော်လည်း KNG အနေဖြင့် ကိုယ်တွေ့ ထုတ်ယူနိုင်ခဲ့သူများကို မေးမြန်းအတည်ပြုနိုင်ခြင်း … - [ဖားကန့်သို့ ဆန်တင်ပို့နိုင်ရေး စစ်ကောင်စီနှင့် ညှိနှိုင်း‌သော်လည်း တားမြစ်ခံထားရဆဲ](https://burmese.kachinnews.com/2022/11/10/az2-45/): ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သို့ ဆန်တင်ပို့နိုင်ရေးအတွက် စစ်ကောင်စီတပ်ထံ ဆန်ကုန်သည်များ ရက်ပေါင်း ၂၀ ကြာ ညှိနှိုင်းခဲ့သော်လည်း ခွင့်ပြုမိန့်မရသေးကြောင်း စုံစမ်း သိရှိရသည်။ ဖားကန့်မြို့နယ်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းနေသည့် ဆန်ကားအစီးရေ ၇၀ ကျော်အထိ နန့်ယားစစ်ကောင်စီဂိတ်တွင် ပိတ်မိနေကြောင်း ဖားကန့်သို့ ဆန်တင်ပို့သည့် ဆန်ကုန်သည်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”ပိုက်ဆံပေးဝင်လို့လည်းမရဘူး ငိုယိုတောင်းပန်ပြီးပြောရင် တောင်လုံးဝကို မဝင်ခိုင်းဘူး။ အခုတချို့ဆန်းကားတွေဆို စောင့်နေတာကြာတော့ပြန်လှည့်သွားကြတယ်”ဟု ပြောသည်။ လက်ရှိ ပိတ်မိနေသည့် ဆန်ကားများမှာ ၁၂ ဘီး ယာဥ်များဖြစ်ပြီး ကားတစ်စီးလျှင် ဆန်အိတ် ၃၀၀ ကျော်ထိ တင်ဆောင်ထားသောကြောင့် ပိတ်မိနေသည့် ဆန်အိတ်အရေအတွက်မှာ အိတ် ၂၀၀၀၀  ကျော်အထိ ရှိမည်ဟု သုံးသပ်နေကြသည်။ ယင်းပိတ်မိနေသည့် ဆန်အိတ်များကို ဖားကန့်မြို့နယ်အတွင်းသို့အလျှင်အမြန် တင်ပိုနိုင်ရေးအတွက် ဆန်ကုန်သည်များကလည်း စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ယနေ့ထိ ဖြတ်ခွင့်မရသေးသောကြောင့် ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ”ဆန်းစျေးကတော့တက်နေတုန်းပဲ။ လက်ကျန်ရှိတဲ့သူတွေကထိန်းပြီးမျှရောင်းပေးနေတာ ပေါ်ဆန်းမွှေးဆိုအရင်က ၈သောင်း အခု ၁၂၀၀၀၀ အထိတက်သွားပြီ တခြားဆန်တွေလည်းအရင်က ၅သောင်း ၆ သောင်းတန်တွေက အခု ၈သောင်း ၉ သောင်းအထိတက်သွားပြီ တချို့ဆိုဗျာ မရှိတဲ့လူဆိုရင် ဆန်ပြုတ် ပြုတ်ပြီးပဲသောက်နေကြတာအဲ့လိုခြေနေထိဖြစ်နေပြီ ကျနော်တို့မြင်တွေ့နေရတယ်”ဟု ဖားကန့်မြို့နေ အမျိူးသားတစ်ဦးက KNG သတင်းကို ပြောသည်။ ဖားကန့်ဒေသတွင် ဆန်ပြတ်လပ်စပြုနေပြီဖြစ်ပြီး လက်ရှိအခြေအနေတိုင်း ဆန်စျေးနှုန်းများ တက်သွားမည်ဆိုပါက ဖားကန့်ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာနိုင်ပြီး အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ဒေသခံများကဆိုသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်နှင့်အတူ စက်သုံးဆီကားများကိုပါ နန့်ယားဂိတ်တွင် ပိတ်ပင်ထားခဲ့ရာ စက်သုံးဆီကားများကိုမူ နိုဝင်ဘာ ၅ ရက်နေ့မှစတင်ပြီး တစ်စီးလျှင် ငွေကျပ် ၃သိန်းအခွန်ပေးဆောင်ခိုင်း၍ ပြန်လည် ဖြတ်သန်းခွင့်ပြုထားသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ … - [ကသာတွင် မီတာကြေးမဆောင်ကြသည့် ရပ်ကွက်တွင် မီးကြိုးများစတင်ဖြတ်တောက်နေ](https://burmese.kachinnews.com/2022/11/10/az1-66/): ကသာမြို့တွင် တစ်နှစ်ကျော်အတွက် ပေးဆောင်ရမည့် မီတာကြေးများကို လိုက်လံကောက်ခံနေပြီး မီတာကြေးမဆောင်ကြသည့် နေအိမ်များကို ကသာ EPC အဖွဲ့မှ မီးကြိုးဖြတ်တောက်မှုများ လုပ်ဆောင်ပေးနေကြောင်း ဒေသခံများပြောသည်။ မီတာကြေးကောက်ခံရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလအတွက်ပါ ပေးဆောင်ကြရန် အောက်တိုဘာ လဆန်းပိုင်းအတွင်းမှ မီတာစာရွက်များဖြန့်ဝေကြေညာခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှစကာ မီတာကြေးမဆောင်သည့် ရပ်ကွက်အတွင်း မီးဖြတ်တောက်မှုများ လုပ်ဆောင်နေသည်ဟု ကသာဒေခံတစ်ဦး KNG ကိုပြောသည်။ “သူတို့က မီတာစာရွက်တွေ အရင်နှစ်ကနေ ဒီနှစ်အောက်တိုဘာလအထိ မီတာကြေးတွေ ဆောင်ရမယ်ဆိုပြီး မီတာစာရွက်တွေ ဝေထားတယ်။ အခုက မီတာကြေးမဆောင်တဲ့ ရပ်ကွက်တွေကို Transformer ကနေဖြတ်ပေးလိုက်တာတွေလုပ်နေတယ်။ တစ်ချို့ရပ်ကွက်တွေဆို မီးမရတော့ဘူး”ဟုပြောဆိုသည်။ လျှပ်စစ်မီးကြိုးများလိုက်လံဖြတ်တောက်ခဲ့ရာတွင် သေနတ်ကိုင်ဆောင်ထားသည့် လျှပ်စစ်ဝန်ထမ်း ၄ ဦးအပါအဝင် စစ်သားများနှင့် ရဲများ စုစုပေါင်း ၁၀ ဦးထက်မနည်းတွေ့ရသည်ဟုသိရသည်။ တစ်နှစ်ကျော်အတွက် မီတာစာရွက်တွင် တစ်သိန်းကျော်မှ ၁၀ သိန်းဝန်းကျင်အထိ ပေးဆောင်ရမည်ဖြစ်ပြီး ရပ်ကွက်တစ်ချို့တွင် မီးကြိုးဖြတ်တောက်ပေးလိုက်သည့်နောက်ပိုင်း မီတာကြေးလာသွင်းသူများရှိသလို မဆောင်သေးသည့် ပြည်သူများလည်းရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ကသာမြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းမှာလည်း သဲအိတ်ဘန်ကာများတပ်ချထားကာ စစ်ကောင်စီတပ်များအပါ လျှပ်စစ်ဝန်ထမ်းများ သေနတ်ကိုင်ဆောင်ထားပြီး နေ့စဉ်ပုံမှန်တွေ့ရကြောင်း သိရသည်။ “သေနတ်ကိုင်ထားတဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေပဲ ကျနော်တို့ရဲ့ Transformer ကနေ မီးကြိုးလာဖြတ်သွားတယ်။ အခုရပ်ကွက်ထဲ မီးမလာတော့ဘူး”ဟုနောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။ လက်ရှိ ကသာမြို့ပေါ်ရပ်ကွက်အတွင်း ရပ်ကွက် ၁၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၈ ၊ မီတာ ၂၀၀ အားကာတိုက်တန်းနှင့် မြို့ပြင် ကျေးရွာများဖြစ်ကြသည့် ရေဘုတ်၊ … - [တနိုင်း လမုန်ကျေးရွာတွင် ပြည်သူ့စစ်ဖြစ် ရပ်တည်နိုင်ရေး ဦးရွှေမင်းအဖွဲ့များ ကြိုးပမ်းနေ](https://burmese.kachinnews.com/2022/11/10/yl1-28/): ဝိုင်းမော်မြို့နယ်တွင် အပြင်းအထန် ကန့်ကွက်မှုခံနေရသော ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ပြန်လည်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။ လီဆူ လူမျိုးအများစုနေထိုင်သည့် လမုန်ကျေးရွာဘက်သို့ ရွှေ့ပြောင်းမည်ဟု ဦးရွှေမင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တင်ပြတောင်းဆိုထားသည့်သတင်းကို ကြားသိရသည်မှာ တစ်လကျော်လာပြီဟု လမုန်ကျေးရွာ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ဦးရွှေမင်းကို ဝိုင်းမော်ဘက်က ပြည်သူတွေ မလိုလားလို့ ကန့်ကွက်ကြတော့ မပခ ကနေ နေရာရွှေ့ပြောင်းဖို့ လုပ်လာ ကြတာထင်တယ်။ သိရသလောက် ဦးရွှေမင်းက ဒီတနိုင်းဘက်ကို ပြန်ပြီးအခြေစိုက်ဖို့ တောင်းဆိုထားတယ်တဲ့။ အဲ့ကြောင့် မြောက်ပိုင်းတိုင်းကနေ တနိုင်း ဒကစ ကိုပြောတယ်။ အခုအဲ့မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့က အလုပ်မလုပ်ဘူး စစ်ရေးလှုပ်ရှားတာတွေလည်းမရှိဘူး။ အင်အားလည်းနည်းတယ်။ အင်အားကြီးတဲ့ ရွှေမင်းအဖွဲ့ကို အဲ့ဘက်နေရာပြန်ချပေးမယ်”ဟု ညွန်းကြားထားကြောင်း ပြောဆိုသည်။ လက်ရှိ လမုန်ကျေးရွာတွင် ဦးယောဘခေါ် (ခီဖာဝူ) ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည်လည်း ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်ခန့်ဖြင့် စုဖွဲ့မှုရှိနေပြီး ၎င်းတို့ကို အင်အား ၈၀ ကျော်အထိ ရှိလာအောင် ပြန်လည်စည်းရုံးရန် စစ်ကောင်စီ တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှ လမုန်ပြည်သူ့စစ်ခေါင်းကို ညွှန်ကြားထားသည်ဟုလည်း သိရသည်။ ဦးယောဘ (ခီဖာဝူ) ကိုယ်တိုင် လမုန်ကျေးရွာဘက်သို့ ဦးရွှေမင်းဦးဆောင်သော အဖွဲ့များ ရောက်မလာနိုင်အောင် စစ်ကောင်စီ တနိုင်း ဒကစ မှ ညွန်ကြားသည့်အတိုင်း ၎င်း၏ပြည်သူ့စစ်တပ်တွင် လူအင်အားများလာအောင် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု လမုန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ကာ … - [ရွှေကူ တစ်ဖက်ကမ်းဘက် စစ်အင်အား ၂၀၀ ကျော်ထပ်မံတိုးချဲ့ပြီး လက်နက်သံများကြားရဟုဆို](https://burmese.kachinnews.com/2022/11/09/az2-44/): ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်ဖက်တွင် စစ်ကောင်စီတပ်များ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ယနေ့နံနက်ပိုင်းမှ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ရွှေကူဒေသခံများထံမှသိရသည်။ ရွှေကူနယ် ကျောက်ကြီးနှင့် ပေါက်ကုန်း ကျေးရွာ ၂ခုတွင် နိုဝင်ဘာလ ၅ ရက်နေ့အတွင်းမှ စစ်အင်အား ၂၀၀ ကျော် ရောက်ရှိနေသည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ရွှေကူမြို့ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်အင်အား ၂၀၀ ထပ်မံဖြည့်တင်းလာပြီး  လက်နက်သံများ ပြန်ကြားရသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “ကျောက်တစ်လုံးနဲ့ပေါက်ကုန်းကြားမှာ စစ်အင်အား ၂၀၀ လောက်ရှိနေတယ်။ အဲ့ဘက်ကနေ လက်နက်သံတွေကြားရတယ် သူတို့ပဲ ရမ်းပစ်တာလား တိုက်ပွဲပဲ ဖြစ်နေတာလား သေချာမသိဘူး။ အဲ့ဒီဘက်ကို စစ်ကား ၄ စီးပြန်သွားလိုက်ပြီ စစ်အား ၂၀၀ လောက်ရှိတယ်။ စစ်အင်အား ထပ်ဖြည့်ဖို့ဟုတ်တယ်”ဟုပြောဆိုသည်။ ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးသံ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်သံကြားရပြီး ကျောက်ကြီးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာဘက်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကျေးရွာနေပြည်သူများသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်းသိရသည်။ ရွှေကူမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ ဆက်သွယ်ရေး MPT ဖုန်းလိုင်းများကို ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း ဒေသခံများပြောဆိုသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၅ ရက်နေ့ မှ ၆ ရက်နေ့အထိ ကသာဘက်သို့ ဆင်သွားမည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီး ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့ရာတွင် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း ရေလဲကျေးရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ … - [ဖားကန့်သို့ဝင်မည့် စက်သုံးစီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ](https://burmese.kachinnews.com/2022/11/09/az1-65/): ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုကို ရက်ပေါင်း ၂၀ နီးပါး စစ်ကောင်စီ ပိတ်ပင်ခဲ့သော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး စက်သုံးဆီကား တစ်စီးလျှင် ငွေကျပ် ၃ သိန်းတောင်းခံကာ ပြန်လည်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခွင့်ကို အောက်တိုဘာ ၁၉ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ နန့်ယားဂိတ်တွင် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ နီးပါးအကြာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ငွေကြေးကောက်ခံကာ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ”ဆီဆိုင်တွေကတော့ပြန်ဖွင့်ပါပြီ။ အားလုံးနီးပါးတော့ မဟုတ်ဘူး။ တစ်ချို့တစ်ဝက်လေးပိတ်နေသေးတယ်။ တော်ဝန်ဆီဆိုင်တို့ ဆိုရင်တော့ ပြန်ဖွင့်ပြီ ဒါပေမယ့် နန့်ယားဂိတ်မှာ တစ်စီးကို သုံးသိန်းပေးပြီးဝင်ရတာတဲ့။ အ့ကြောင့်လားမသိဘူး တချို့ဆိုင်တော့ခုထိ မဖွင့်ကြသေးဘူး”ဟု ဆီဆိုင်လုပ်ငန်းရှင်များနှင့် ရင်းနှီးသည့် ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။ ဖားကန့်တွင် ယခုကဲ့သို့စက်သုံးဆီ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီဖြစ်သောကြောင် နိုဝင်ဘာ ၅ ရက်နေ့ မတိုင်မှီက 92 တစ်ဂါလံ ၁၈၀၀၀ ကျပ်၊ 95 တစ်ဂါလံ ကျပ် ၂၂၀၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ပြီး ယခုတွင် 92 တစ်ဂါလံ ၁၄၀၀၀ ကျပ်နှင့် 95 တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် အနန့်ပါ ကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်းမှစ၍ ဖားကန့်မြို့နယ် အတွင်းသို့ စက်သုံးဆီ နှင့် ဆန်တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဆန်တစ်အိတ် ၆၀၀၀၀ ကျော်မှ ကျပ် ၁၁၀၀၀၀ အထိ စျေးတက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ နန့်ယား (Nam Ya) စစ်တပ် စစ်ဆေးရေးဂိတ်တွင် ခရီးသွားကားများ၊ ခရီးသည်များ၊ ကုန်ကား များကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ဖားကန့်ဘက်ဝင်မည့်ခရီးသည်များ နှင့် ကားများကိုစစ်ဆေးမှု ပိုလုပ်နေကြောင်းသိရသည်။ - [KIA နှင့် PDF တပ်ဖွဲ့များကြား အချင်းချင်းပစ်ခတ်ခဲ့တယ်ဆိုပြီး သတင်းအမှား ဝါဒဖြန့်နေ](https://burmese.kachinnews.com/2022/11/09/f-11/): “KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေ လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့ တရားခံဟာ PDF တပ်ဖွဲ့ဝင်တွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIAနှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သတင်းရပါသည်” ဆိုပြီး သတင်းအမှား ဝါဒဖြန့်ရေးသားထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် နိုဝင်ဘာလ (၃) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay” “ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့” ဆိုသည့် Telegram အကောင့်များနှင့် “သံလွင်ဦး” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာများတွင် “KIA တပ်မဟာ (၅) မှ KIA တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကို တပ်မတော်နှင့် ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့တယ်လို့ သတင်းရပါသည်” ဆိုသော အချက်လည်းပါဝင်သည်။ မြေပြင်သတင်းအချက်အလက်များကို စုံစမ်းရာတွင် အဆိုပါ ဖော်ပြချက်များမှာ သတင်းအမှားများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်မဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စစ်တပ်ထောက်ခံသူများက လုပ်ကြံရေးသားခဲ့ခြင်း ဖြစ်သည်။ ယခုချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရန် အတူတကွ ပူးပေါင်း ဆန့်ကျင်တော်လှန်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နှင့် ပြည်သူလူထုများကြား အမုန်းစကားများဖြင့် သွေးခွဲရန် စစ်လော်ဘီများသည် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများကို ဝါဒဖြန့်ရေးသားနေကြသည်ကို တွေ့မြင်နိုင်သည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း အဆိုပါ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့် သတင်းအမှားများကို သတိပြုရှောင်ကျဉ်ရမည်ဖြစ်ပြီး သတင်းများကို ဖတ်ရှုရာတွင်လည်း ယုံကြည်ရသော ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြထားသော သတင်းများကိုသာ ဖတ်ရှုသင့်ပါသည်။ - [စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် မိုးမောက်ဒေသခံများ လယ်စပါးရိတ်သိမ်းရန် အခက်ကြုံနေ](https://burmese.kachinnews.com/2022/11/08/az4-4/): မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲနေထိုင်နေသည့်အပြင် နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များ လယ်စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ် စသည့်ကျေးရွာများရှိ ပြည်သူလူထု၏ လယ်စပါးခင်းများမှာ လုံဂျာဘွမ်တောင်ခြေ တကြောတွင်သာရှိပြီး ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီ အင်အား ၆၀၀ ခန့် တပ်ဆွဲထားသည်။ နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များလယ်စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေကြောင်း မိုးမောက်ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”အဲ့လယ်စပါးခင်းတွေက သူတို့စစ်သားတွေရဲ့ လက်နက်ကြီးပစ်ကွင်းဘက်မှာရှိနေတာလေးအဲ့ဆိုတော့ဘယ်သူ့မှ အသက်နဲ့လဲပြီးမသွားရဲကြဘူး။ ပိုက်ဆံများများပေးပြီးခေါ်နေရတာ ပိုက်ဆံများများ ပေးခေါ်တာတောင်လူကရှားတယ်။ လက်နက်ကြီးတွေလည်းပစ်တော့ အဲ့ဘက်ကိုဆို မသွားရဲကြဘူးလေ လယ်ရှင်တွေကအခက်အခဲဖြစ်တာပေါ့။ မရိတ်သိမ်းလည်းမဖြစ်ဘူး”ဟုပြောသည်။ မိုးမောက်ဘက်တွင် ယခင်နှစ်များက လယ်စပါးရိတ်သိမ်းခ နေ့စားတစ်ဦးလျှင် ကျပ် ၅၀၀၀ သာပေးရသော်လည်း လက်ရှိတွင် ၈၀၀၀ ကျပ် ပေး၍ နေ့စားငှားနေရကြောင်း သိရသည်။ သို့သော်လည်း နေ့စားလိုက်မည့်သူ ရှားပါးနေဆဲဖြစ်သောကြောင့် အဆိုပါဒေသရှိ လယ်ယာဧက ၈၀၀ ကျော် လယ်စပါးအချိန်မှီ မရိတ်သိမ်းနိုင်မည့်အခြေအနေဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက လုံဂျာဘွမ်တောင်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာ ယာခင်းတစ်နေရာတွင် လက်နက်ကြီး တစ်လုံးကျမှန်ပေါက်ကွဲခဲ့ရာ အမျိုးသမီတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ခါနန်ရပ်ကွက် အထက်တန်းကျောင်းရှေ့ တွင်လည်း လက်နက်ကြီး တစ်လုံးကျကွဲခဲ့သည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုနည်းတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မိုးမောက် ခါနန်ရပ်ကွက် ၃ နေအိမ်တစ်ခုတွင် လက်နက်ကြီး ထပ်မံကျကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ကျမှန်ပေါက်ကွဲခဲ့သောကြောင့် ကျောင်း များ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။ - [ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့်  စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံး](https://burmese.kachinnews.com/2022/11/08/az3-11/): ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့် စစ်သင်္ဘော ၇ စီးပေါ်မှ လက်နက်ကြီးများ ခြောက်လန့်ပစ်ခတ်မှုကြောင့် ရေလဲကျေးရွာပြည်သူများ၏  အိမ်မွေးတိရိစ္ဆာန်အများပြားသေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၅ ရက်နေ့ ဗန်းမော်ဘက်မှ စစ်ရိက္ခာပို့ဆောင်ခဲ့ပြီး ကသာဘက်သို့ ဆုန်ဆင်းလာသည့် စစ်သင်္ဘော ၇ စီးသည် ရွှေကူသင်္ဘောဆိပ်ကမ်းတွင် ၂ ည တပ်စွဲအိပ်ခဲ့ရာတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ရွှေကူမြို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “စစ်သားတွေက လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်တော့ ရေလဲရွာသားတွေရဲ့ ကြက်၊ ဝက်၊ နွား တွေအများကြီး သေဆုံးသွားတယ်။ ရွာသားတွေက ရွာပြန်ရောက်သွားကြတော့ အဲ့ဒါတွေကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတယ်”ဟုပြောဆိုသည်။ အဆိုပါ စစ်သင်္ဘော ၇ စီးသည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ကသာဘက်သို့ ဆင်းသွားကြပြီး ရွှေကူမြို့ပေါ်တိမ်းရှောင်ခဲ့ကြသည့် ရေလဲ ဒေသခံပြည်သူများ ၃၀၀ ကျော်ခန့်သည် နေရပ်ပြန်နေထိုင်ကြပြီဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်သည် ရွှေကူသင်္ဘော ဆိပ်ကမ်းမှ နိုဝင်ဘာလ ၅ရက်မှ ၆ရက်နေ့အထိ နံနက်ပိုင်း ၆ နာရီဝန်းကျင်မှ နေ့လည် ၁၂ နာရီအထိ ၂ရက်ဆက်တိုက် လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ယခုလို ရေလဲကျေးရွာဒေသခံပြည်သူများ အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံးရှိခဲ့ရသည်။ ယနေ့နံနက်ပိုင်းအထိ ကျေးရွာအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသွားသည့် နွားများ ၁၀ ကောင်ထက်မနည်းတွေ့ရပြီး ဝက်သေဆုံးမှုမှာ ၈ ကောင်ခန့်အထိရှိကာ အိမ်မွေးကြက်သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဒေသခံများပြောဆိုသည်။ ရေလဲကျေးရွာနေပြည်သူများသည် စစ်ကောင်စီအဖွဲ့၏ စစ်သင်္ဘောများ ဆုန်ဆင်းလာသည်ဟု သတင်းများရရှိခဲ့သည့်နောက်ပိုင်း ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။ ရေလဲကျေးရွာ၏ … - [ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ](https://burmese.kachinnews.com/2022/11/08/az1-64/): ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ်](https://burmese.kachinnews.com/2022/11/08/sm-3/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ဆားတောင်ပြင်ဒေသတွင် စစ်ဘေးရှောင်နေသော အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ - [လုံဂျာဘွမ်တောင်ခြေ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်သားများ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူဖျက်ဆီးနေ](https://burmese.kachinnews.com/2022/11/07/az3-10/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ နောင်ပေါင်း၊ တပ်စခန်းနှင့် လုံဂျာကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်များကို ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်အင်အား ၆၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါ ကျေးရွာများတွင် တပ်ဖြန့်ချ နေထိုင်လျက်ရှိနေပြီး ယခုလိုလုပ်ဆောင်နေသည်ဟု မိုးမောက်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “နောင်ပေါင်း၊ လုံဂျာ၊ တပ်စခန်း အဲ့ဒီရွာတွေအကုန်လုံးမှာ သူတို့က လုပ်ချင်သလို နေနေကြတယ်။  အိမ်တွေမှာ တပ်ထားတဲ့ Wifi တွေလည်း ယူသုံးသာမက တခါတည်းယူသွားပေးတယ်။ ရွာမှာရှိတဲ့ ကြက်တွေ ဝက်တွေ ကြိုက်သလို ရိုက်သတ်စားပေးတယ်။ နွားတွေကိုလည်း သေနတ်နဲ့ ပစ်သတ်စားကြတယ်။ ပြီးရင် အိမ်တွေလည်း ရိုက်ဖွင့် ဖျက်းဆီးနေတာတွေလုပ်ပေးတယ်။ သူတို့က အိမ်တိုင်းလိုလိုမှာရှိနေတယ်”ဟုပြောဆိုသည်။ စစ်အင်အား ၆၀၀ ဝန်းကျင်ရှိသည့်အနက် တစ်ရွာတွင် ၂၀၀ ခန့် တပ်ဖြန့်ချထားသည်ဟုသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ရှိသည့်နေရာဘက်တွင် စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး လေကြောင်းလိုင်းအပါအဝင် မြေပြင်တွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီဘက်မှ လုံဂျာဘွမ်တောင်ကုန်းကို သိမ်းပိုက်ရန် အဆိုပါကျေးရွာများတွင် လက်ရှိအချိန်အထိ တပ်စွဲနေထိုင်လျက်ရှိနေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေကြောင်းသိရသည်။ “သူတို့က တောင်ထိပ်ဘက်ကို မတက်ရဲလို့ တောင်ခြေမှာပဲ ရှိနေကြတာဟုတ်တယ်။ အခုဆိုရင် ၁ လလောက်ရှိနေပြီ မြေပြင်ကနေ လက်နက်ကြီး … - [ဗန်းမော်တွင် လိုင်စင်မဲ့ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို တစ်စီးလျင် ၂ သိန်းကျပ်ဖြင့်ရွေးယူခိုင်းနေ](https://burmese.kachinnews.com/2022/11/07/az2-43/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်သူများ၏ ကားနှင့်ဆိုင်ကယ် လိုင်စင်မဲ့ဖမ်းဆီးနေပြီး ဆိုင်ကယ်တစ်စီးတွင် ဒဏ်ငွေ ၂ သိန်းကျပ်ဖြင့် လာရောက်ရွေးယူခိုင်းနေကြောင်း ဗန်းမော်ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၆ ရက် ယမနေ့တွင် စစ်ကောင်စီရဲနှင့်စစ်သားများအပါအဝင် ယာဉ်ထိန်းများနှင့်ပူးပေါင်းပြီး ဗန်းမော် ၂ မိုင်ရပ်ကွက်၊ နာရီစင်အနီး၊ နောင်ခိုရပ်ကွက်နှင့် ဗန်းမော် ၅ မိုင်လမ်းမကြီးနေရာများတွင် ပိတ်ဆို့ထားကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့သောကြောင့် ဆိုင်ကယ်အစီး ၁၀၀ ကျော်နှင့် ကားအစီး ၃၀ ကျော်ဖမ်းဆီးခံထားရသည်ဟု နောင်ခိုရပ်ကွက်နေ အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ “ယာဉ်မောင်းလိုင်စင်မပါတာ ခေါင်းစဉ်တပ်ပြီးအကုန်ဖမ်းခံရတာ ဦးထုပ်၊ ဘက်မှန်၊ ယာဉ်မောင်းလိုင်စင် မပါတဲ့သူတွေကို အကုန်ဖမ်းတယ်။ တွေ့ရသလောက်က ဆိုင်ကလုန်း ဆိုင်ကယ်က ၁၅စီးလောက်ပါတယ်။ ကျန်တာက Kenbo ဆိုင်ကယ်တွေကြီးပဲ။ သူတို့က ဘယ်သူမှမထင်တဲ့အချိန်ဖမ်းတာဆိုတော့ အကုန်နီးပါးလောက်ဖမ်းခံရတာ။ နောက်ကားတွေလည်းဖမ်းတယ် ကြားရသလောက်က ဒီနေ့ရွေးခိုင်းမယ်လို့တော့သိရတယ်”ဟုပြောဆိုသည်။ ယမန်နေ့  နံနက်ပိုင်း ၈နာရီမှ မွန်းလွှဲ ၃ နာရီဝန်းကျင်အထိ ဖမ်းဆီးမှုများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို စစ်ကားများနှင့် သယ်ယူသွားပြီးနောက် ယနေ့တွင် ဆိုင်ကယ်တစ်စီးတွင် ဒဏ်ငွေ ၂ သိန်းကျပ်ပေးဖြင့် လာရောက်ရွေးယူခိုင်းနေသည်ဟု သူကဆက်ဆိုသည်။ လက်ရှိတွင် ကားအပါအဝင် ဖမ်းဆီးခံထားရသည့် ကားအစီး ၃၀ ကျော်ကို ပြန်ရွေးခိုင်းရန် ရှိမရှိ အသေးစိတ်မသိရသေးပါ။ ဗန်းမော်မြို့တွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း ယခုကဲ့သို့ ပြည်သူများ၏ ဆိုင်ကယ်များကို လိုင်စင်မဲ့ဖမ်းဆီးခဲ့ပြီး ပြည်သူများကို ဒဏ်ငွေ ၂ သိန်းကျပ်မှ ၃ သိန်းအထိ ပေးဆောင်ခိုင်းကာ လာရောက်ရွေးယူမှုများရှိခဲ့သည်ဟုလည်းသိရသည်။ - [စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ ၅ ဦးကို ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးယူခိုင်းသော်လည်း ပြန်မလွတ်ပေး](https://burmese.kachinnews.com/2022/11/07/az1-63/): ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် နိုင်ဝင်ဘာလ ၆ ရက်နေ့ ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် ဒေသခံ ၄ ဦးအား ငွေကျပ် သိန်း ၂၀ ပေးလျှင် ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် မိသားစုဝင်များက ငွေကျပ်သိန်း ၂၀ ပေးခဲ့ရသော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင် ဒေသခံတစ်ဦးကိုပါ ထပ်မံဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။ “ဖမ်းသွားတဲ့သူတွေကို ပြန်လွတ်ပေးဖို့ ငွေ သိန်း ၂၀ တောင်းတယ်။ အဲ့ကြောင့် သူတို့ရဲ့ မိသားစုတွေက ပေါင်းပြီး သိန်း ၂၀ ပေးလိုက်ရတယ်။ ဒါပေမယ့်အခုချိန်အထိ ပြန်မလွတ်ပေးသေးဘူး။ ပြီးရင် အဲ့ဖမ်းဆီးခံရတဲ့သူတွေကို သွားတွေ့တဲ့ တစ်ယောက်ကိုပါ ပြန်ဖမ်းထားတယ်”ဟုပြောသည်။  နိုဝင်ဘာလ ၆ ရက်နေ့တွင် ဗန်းမောက်မြို့ဘက်မှ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကြောင်းသည် စက်တောကျေးရွာဘက်သို့ ခြေလျင်ဖြင့် ဝင်ရောက်လာခဲ့ပြီးနောက် လမ်းမကြီးပေါ်တွင် သွားလာသည့် ဒေသခံပြည်သူများကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူ ၅ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို သက်ဆိုင်ရာ မိသားစုဝင်များက အသေးစိတ်မသိရသေးကြောင်း သိရသည်။ လတ်တလော ဗန်းမောက်မြို့နယ်အတွင်းရှိ နေရာတစ်ချို့တွင် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟုလည်းသိရသည်။ ဗန်းမောက်နယ်တွင် ပြီးခဲ့သောအောက်တိုဘာလ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည့် ဒေသတစ်ခုအပါဝင်ဖြစ်သည်။ - [ဖားကန့်တစ်မြို့နယ်နေရာအနှံ့တွင် စစ်ကောင်စီက တစ်ပြိုင်နက်တည်း လက်နက် ရမ်းသမ်းပစ်ခတ်](https://burmese.kachinnews.com/2022/11/05/az1-62/): ဖားကန့်မြို့တွင် ယမန် နေ့ညက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီအဖွဲ့က လက်နက်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။ နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ် အချိန်တိတိတွင် ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများတွင် တစ်ပြိုင်နက်တည်း စစ်ကောင်စီက လက်နက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ဟုတ်တယ် အားလုံးနေရာတိုင်းမှာ တစ်ပြိုင်နက်တည်းပစ်တာ အတွဲလိုက်ပစ်တာဘာအဓိပ္ပယ်လည်းတော့ မသိဘူး။ တပ်လှန့်တဲ့သဘောလားဆိုတော့လည်း တစ်ချက်နှစ်ချက်ပစ်တာမဟုတ်ဘူး။ အတွဲလိုက် အတွဲလိုက်ပစ်တာ ဝှေခါပစ်တယ်၊ ဆိုင်းဂျာဘွမ်ပစ်တယ် နန့်ယားကစပစ်တယ် ဘာသဘောလည်းတော့မသိဘူး။ တိုက်ပွဲ ဖြစ်တာလည်းမရှိပဲနဲ့ပစ်တာ၊ စက်လက်တွေလည်းပစ်တယ်”ဟုပြောသည်။ လက်နက်ဖြင့် မရပ်မနား ရမ်းသမ်းပစ်ခတ်မှုသည် မိနစ် ၂၀ ကျော်ခဲ့ပြီး ဖားကန့်မြို့၊ ဆိုင်းတောင်၊ လုံးခင်း၊ ဆန်းကြွယ်၊ ဝှေခါ၊ ဆိုင်းဂျာဘွမ် နန့်ယား စသည့်တပ်စခန်းများမှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ အလားတူ ယမန်နေ့ ည ၅ နာရီခွဲအချိန်ခန့်တွင်လည်း ဖားကန့် မှော်ဝမ်းရပ်ကွက်ရှိ စီးပွားရေးဘဏ်နှင့် စည်ပင်ရုံးကြားတွင် ပေါက်ကွဲမှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စစ်ကောင်စီသည် အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကို လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဖားကန့်တစ်မြို့နယ်လုံးတွင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုလည်း ပိုမိုပြုလုပ်လာကြောင်းသိရသည်။ - [ကသာနယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို အင်းရွာ PDF အဖွဲ့ ဖမ်းဆီးထား](https://burmese.kachinnews.com/2022/11/04/az3-9/): စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အင်းရွာကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တစ်ဦးဖြစ်သူကို အင်းရွာ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပျူစောထီးအဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် ကိုမြတ်မိုး ခေါ်သူသည် သူ၏ ဇနီးဖြစ်သူနှင့် အင်းရွာစစ်လှေဆိပ်ဘက်သို့ရောက်လာစဉ် အင်းရွာ PDF အဖွဲ့က ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထားများဖြင့် ဖမ်းဆီးခဲ့သည်ဟု PDF နှင့် နီးစပ်သူ ဒေသခံတစ်ဦးထံမှသိရသည်။ “အမျိုးသမီးကိုတော့ မဖမ်းဘူး အမျိုးသားကိုပဲဖမ်းတာပါ။ ကိုမြတ်မိုးက ရဲရဲ့ သမီးနဲ့ အိမ်ထောင်ကျထားတာ။ အဲ့ဒါကို ပျူစောထီးဟုတ်တယ်ဆိုပြီး ဖမ်းသွားတယ်။ နောက် သူ့ရဲ့ Facebook အကောင့်မှာလည်း သေနတ်ကိုင်ထားတဲ့ပုံတင်ထားဟုတ်တယ်”ဟုပြောဆိုသည်။ လက်ရှိတွင် စစ်တပ်လက်အောက်ခံ သတင်းရေးသားဖြန့်ဝေသူများက ကိုမြတ်မိုးနှင့် သူ၏ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားကြောင်း ရေးသားဖော်ပြနေကြောင်းသိရသည်။ အင်းရွာ PDF အဖွဲ့ ဖမ်းဆီးသွားသည့် ကိုမြတ်မိုးကို PDF ထိန်းချုပ်နေမြေတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေဆဲဖြစ်သည်ဟုသိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကသာမြို့အဝင်တွင် ဒလန်သတင်းပေးမှုကြောင့် အင်းတော်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးတွင် ရိုက်နက်ခံရမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟုလည်းသိရသည်။ - [ဖားကန့်တွင် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာ](https://burmese.kachinnews.com/2022/11/04/az1-61/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့် ပိတ်ဆို့ထားဆဲဖြစ်သည့်အတွက် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသည်ဟု ဖားကန့်ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်နှင့် လုံးခင်း၊ ဆိုင်းတောင် နေရာများတွင် ဆန်စျေးနှုန်းများ ခင်စျေးနှုန်းထက် အဆမတန် မြင့်တက်သွားပြီး ဆန်ဆိုင်အချို့မှာ ပိတ်ထားသည်ကို မြင်တွေ့ရကြောင်း လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောဆိုသည်။ “ဆန်စျေးကတအားတက်လာတယ် ဟိုနေ့က သွားဝယ်တာ ပေါ်ဆန်းမွှေးတစ်အိတ်ကို တစ်သိန်း တစ်သောင်းအထိတက်သွားပြီ။ အရင်တုန်းကဆို ၇ သောင်းပဲရှိတာ။ ဧရာပဒေသာဆန်က ၈ သောင်းအထိတောင် စျေးတက်သွားတယ် အဲ့ဒါလည်းအရင်တုန်းက ၅ သောင်းပဲပေးရတယ်။ ဆန်စျေးတွေ အကုန်တက်တယ် တစ်မျိုးကို သုံး လေးသောင်းလောက်ကို တက်သွားတယ်”ဟုပြောသည်။ ယခုလို စစ်သုံးဆီနှင့် ဆန်စျေးနှုန်းများမြင့်တက်လာခြင်းသည် ဖားကန့်သွားလမ်း နန့်ယားကျေးရွာအဝင် စစ်တပ်ဂိတ်တွင် ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန် နှင့် စက်သုံးဆီ တင်ပို့ခွင့်ပိတ်ဆို့ထားသည်။ ဖားကန့်တွင် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်းမှစတင်ကာ ဆန်နှင့် စက်သုံးဆီ တင်ပို့ခွင့်များပိတ်ဆို့ခံထားရပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်လခန့်ကြာမြင့်လာပြီဖြစ်သည်။ “အခုဆို ဆန်ဆိုင်တွေလည်း တဖြေးဖြေးနဲ့ ပိတ်လာတယ် တစ်ချို့က ဆန်အဝင်မရှိလို့ပြောကြတာပဲ။ ပြီးခဲ့တဲ့အပတ်မှာ ၃ အိတ်သွားဝယ်တာ အဝင်မရှိဘူးဆိုပြီး သိပ်မရောင်းချင်ဘူး။ နောက်လူတွေလည်း ဝယ်ရမယ်လို့ပြောလာတယ်”ဟု လုံးခင်း ဒေသခံအမျိုးသမီးက ဆက်ဆိုသည်။ ဖားကန့်မြို့နယ်တွင် ဆန်စျေးနှုန်းအပြင် စက်သုံးဆီများလည်း အဝင်မရှိသည့်အတွက် ဓါတ်ဆီ တစ်ဂါလံတွင် ၂၀၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟုသိရပြီး ဆီဆိုင်အချို့မှာပိတ်ထားဆဲဖြစ်သည်ဟု … - [ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မူကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊၃ဦးဒဏ်ရာရ](https://burmese.kachinnews.com/2022/11/04/sm1-33/): ကန့်ဘလူမြို့နယ် ဇီးကနားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် နေအိမ်တစ်လုံး မီးလောင်ကာ ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ညနေ ၂ နာရီဝန်းကျင်တွင် ကန့်ဘလူမြောက်ဘက်ခြမ်း ခမရ ၃၆၃ ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ်ဖွဲ့များက ဇီးကနားကျေးရွာကို လက်နက်ကြီးဖြင့်အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကဆိုသည်။ “အသက်မပြည့်သေးတဲ့ကလေးငယ်တစ်ယောက်ကတော့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးသွားတယ်။ ၆၈နှစ်အရွယ်အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဗိုက်ပွင့်ထွက်ပြီး အူတွေပါမြင်နေရတဲ့အနေအထားပါ ၆၇နှစ်အရွယ် နောက်ထပ်အမျိုးသမီးကတော့ လက်ကိုထိခိုက်ဒဏ်ရာရပါတယ် ၇နှစ်အရွယ် မိန်းကလေးငယ်ကတော့ ဦးခေါင်းနဲ့ရင်ညွန့်မှာဒဏ်ရာရတယ် သူတို့နှစ်ဦးကတော့ အသက်အန္တရာယ်ကတော့မစိုးရိမ်ရပါဘူး”ဒေသခံတစ်ဦးက ဆိုသည်။ ထို့အပြင် ဇီးကနားကျေးရွာရှိ ရွာသား ၁၄ ဦး ကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားပြီး ယခုအချိန်ထိ အဆက်အသွယ် တစ်စုံတစ်ရာ မရရှိသေးကြောင်း သူကဆက်ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဇီးကနားကျေးရွာနှင့်အနီးတစ်ဝှိုက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ဝင်ရောက် စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံအများအပြား ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရှိရသည်။ လက်ရှိ အဆိုပါစစ်ကြောင်းသည် ကိုးတောင်ဘို့မြောက်ဘက်ရှိ ပေါက်ဦးကုန်းတွင် တပ်စွဲထားလျှက်ရှိသည်ဟု သိရသည်။ ဇီးကနားကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် ကုမ္ပဏီဝင်းတစ်ခုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ၊ PDF ကသွားရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/01/23/az1-112/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယူမာကျေးရွာ၏ အနောက်ဘက်ကြော ရပ်ကွက်သုံးရှိ အဲဗားကုမ္ပဏီဝင်းတွင် ယခုရက်ပိုင်းအတွင်းမှလာရောက် တပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီတပ်စခန်းကို KIA ၊ PDF တို့က ယနေ့ နံနက် ၄နာရီ ခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် ဒေသခံ KIA နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ ”အဲ့ဒီကျောက်သွေးတောင်နဲ့ယူမာကြား ယူမာထဲက ကုမ္ပဏီရဲဲ့အဆောင်တွေမှာ သူတို့က တပ်စွဲနေထိုင် နေတာ အဲ့တာကိုသွားပစ်တာ ဒီဘက်ကပစ်တော့ သူတို့ဘက်ကလည်းပြန်ပစ်နဲ့ မိနစ်လေးဆယ်ကျော် ကျော်လောက်တော့ပစ်ကြတယ် ။အထိအခိုက်ကတော့ သေချာမသိရသေးဘူးစစ်ကောင်စီဘက်က ထိခိုက်တော့ရှိတယ်သိရတယ်စုံစမ်းနေတုန်း”ဟုအထက်ပါအမျိုးသားကပြောသည်။ စစ်သားအင်အား ၂၀ ကျော်သာရှိသည့် အဆိုပါ တပ်စခန်းသည် တပ်ထိုင်ထားသည်မှာ ၁၀ ရက်ကျော်အတွင်း တပ်စခန်းရှေ့ သွားလာသော ပြည်သူများကိုလည်း စစ်ဆေး ခြိမ်းလန့်မှုများရှိနေကြောင်း သိရသည်။ ”ဒီကောင်တွေကအခုအဲ့မှာရှိတာလေး ယူမာနောက်ကြောဘက်ကျမယ် ယူမာတောင်ကြောပေါ့အဲ့မှာတပ်စွဲ ထားတာ ဒီကောင်တွေက အောက်ဆင်းဆင်းပြီးပြည် သူတွေကိုဒုက္ခပေးပေးတာ အခုတပ ဆုတ်သွား လာမဆုတ်သေးဘူးလားမသိရသေးဘူး မနက် ၆နာရီလောက်မှာတောင်သူတို့အဲ့ကနေ လက်နက်ငယ် တစ်ချက်တစ်ချက်ပစ်သေးတယ်”ဟုအခြားဒေသခံအမျိူးသားတစ်ဦးကပြောသည်။ KIA ၊ PDF သွားရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကကျဆုံးမှုရှိမရှိနှင့် တပ်ဆုတ်သွားခြင်းရှိမရှိကိုစုံစမ်းနေဆဲ ဖြစ်သည်။ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီဝင်းများအတွင်းတပ်စွဲနေထိုင်ခြင်း၊ ကျောက်စိမ်းလုပ်သားများနှင့် ကုမ္ပဏီကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ၊ ငွေကြေးကောက်ခံခြင်းများပိုမိုပြုလုပ်လာသည်။ ဇန်နဝါရီလ ၂၁ရက်နေ့ညကလည်း ဖားကန့်မြို့ … - [ဖတ်မာကျေးရွာအနီး ရွှေတူးဖော်နေမူကြောင့် ဒေသခံများသောက်သုံးရေ ခက်ခဲနေ](https://burmese.kachinnews.com/2023/01/23/bb1-5/): ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ မြစ်ကြီးနား–ပူတာအို လမ်းမ၊ ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေ နှောက်နေသဖြင့် ဒေသခံများ သောက်သုံးရေ မရှိတော့လောက်အောင် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့ အခုဆိုရင် သုံးစရာရေ လုံးဝမရှိတော့ဘူး၊ ကျွန်တော်တို့ ဒီချောင်းမှာဘဲ အဝတ်လျှော်တယ်၊ ရေချိုးတယ်၊ သောက်ရေလည်းအဲ့ကဘဲ၊ အခုအဲ့ဒီရေတွေက အကုန်နှောက်နေတော့ ရေချိုးလို့လဲမရ ရေကယားတောင်ယားနေပြီ၊ ရေခပ်သောက်လို့လဲမရ၊ မိခင်တွေဆိုပို ဒုက္ခရောက်တယ် အဝတ်တွေဘယ်မှာသွားလျှော်ရတော့မလဲ”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ဒေသခံပြည်သူများအနေဖြင့် ထိုကဲ့သို့ ရေရှားပါးလာမှုအပါ် တာဝန်ယူဖြေရှင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သွားရောက်ပြောဆိုရာ ယခုလိုပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက KNG ကို ပြောသည်။ “အခုဒီကုမ္ပဏီတွေက စစ်ကောင်စီရဲ့ ဗျူဟာတွေပြီးတော့ ဒီ KIA ၊ PDF တွေ အကုန်လုံးနှင့် ပူးပေါင်းပြီးမှ လက်မှတ်ထိုးထားတာ၊ ကချင်တကယ့် အရာရှိတွေနဲ့ရောလက်မှတ်ရေးထိုးထားတာ”ဟု ဆိုပြီး ၎င်းတို့အားပြောခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး ခွင့်ပြုကြောင်း သဘောတူစာချုပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးပေးခဲ့သော်လည်း ဒေသခံများအနေဖြင့် လက်ခံရေထိုးခဲ့ခြင်းမရှိကြောင်း ဒေသခံပြည်သူက KNG ကိုပြောသည်။ “ကျွန်တော်တို့ကို ဘာတစ်ခုမှ မတိုင်ပင်ဘဲ သူတို့အရင် လက်မှတ်ထိုးခဲ့တယ် ပြီးမှ ကျွန်တော်တို့ကို ပြန်ထိုးခိုင်းနေတာ၊ ကျွန်တော်တို့ မထိုးပေးခဲ့ဘူး၊ ကျွန်တော်တို့ ကန့်ကွက်တယ်၊ ဆန္ဒပြမယ်ပြောတော့ သူတို့က အထက်ကနေ သဘောတူပြီး အကုန်လုပ်တာလို့ပြောတယ်”ဟု ဒေသခံပြည်သူက KNG ကို ပြောသည်။ ဖတ်မာချောင်းသည် ဖတ်မာကျေးရွာအတွင်းတည်ရှိပြီး ရွှေတူးဖော်မှုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်တူးဖော်ခဲ့ပြီးနောက် ၂ရက်အကြာတွင် ရေများစတင်နှောက်ကာ ရွံ့အိုင်ကဲ့သို့ ဖြစ်လာခြင်း‌ကြောင်း သိရဖြစ်သည်။ အဆိုပါ ဖတ်မာချောင်းကို အဓိကအသုံးပြုနေသည့် ကျေးရွာများသည် ဖတ်မာကျေးရွာအုပ်စုမှ … - [NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ်မှ လိုက်လံမီးရှို့နေ](https://burmese.kachinnews.com/2023/01/23/zm1-35/): ကသာမြို့နယ် မိုးတားလေးတိုက်နယ် တိုက်ကုန်းရပ်ကွက်ရှိ NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ် မှ လိုက်လံမီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မ ၇၇ နှင့် ABDSF ၊ KPDF ပူးပေါင်းတပ်တို့ကြား ဇန်နဝါရီလ ၁၉ ရက်နေ့မှ  ၂၃ ရက်နေ့ထိ ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ‌NLD ပါတီဝင်နေအိမ်များကို လိုက်လံမီးရှို့နေကြောင်း ဒေသခံများ ပြောသည်။ “သူတို့ဝင်ချင်တဲ့ မိုးတားလေးရွာမဆိုတာက တိုက်ကုန်းဖြတ်ပြီးရင် ဘုန်းကြီးကျောင်းတွေ တောလမ်းလေးတွေဖြတ်ပြီးမှ စည်ကားတဲ့ ရွာလမ်းမကြီးကိုရောက်တာ အဲဒီကို မဝင်နိုင်လို့ ရွာဦး ရပ်ကွက်ဖြစ်တဲ့ တိုက်ကုန်းရပ်ကွက်က NLD ပါတီဝင်တွေရဲ့ နေအိမ်ရှို့နေတာ အစိမ်းအိမ်လေးပါကုန်ပြီ“ဟုအမည်မဖော်လိုသည့် မိုးတားလေးဒေသခံ အမျိုးသမီးက ပြောသည်။ စစ်ကောင်စီတပ်မ ၇၇ သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစကာ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ မိုးတားလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာမှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မိုးတားလေးကျေးရွာအနီး ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့်‌နေရာအပြင် မိုးတားလေးကျေးရွာသို့ လေယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အဆိုပါတိုက်ပွဲသည် ၄ ရက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးတစ်ဦးအပါအဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ABSDF မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ KPDF မှ တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ် တိုက်ကုန်းရပ်ကွက်မှ နေအိမ်များ လိုက်လံမီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် မိုးတားလေးတိုက်နယ်တွင် စစ်ကောင်စီတပ် နှင့် KIA ၊ ဒေသကာကွယ်ရေးတပ်ပူးပေါင်းတပ်တို့အကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားနေသည်။ - [မိုးတားလေးတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးကျဆုံးသဖြင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံပစ်ခတ်နေ](https://burmese.kachinnews.com/2023/01/20/zm1-34/): စစ်ကိုင်း–ကချင်အစပ် မိုးတားလေးတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ABSDF၊ KPDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတစ်ဦးကျဆုံးပြီး လက်ရှိချိန်တွင်လည်း ဂျက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်နေကြောင်း KPDF ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှစကာ ကသာ၊ ချောင်းဝကျေးရွာမှ မိုးတားလေးကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စ်ီတပ် တပ်မ ၇၇ စစ်ကြောင်းအား ABSDF ၊ KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ “သူတို့က ဝင်နေကျမိုးတားလေးရွာထဲဝင်ချင်တာ ဒီဘက်ကလည်းပေးမဝင်ဘူး ခုနောက်ဆုံးအခြေနေကတော့ သူမဆုတ် ကိုယ်မဆုတ် နှစ်ဖက်စလုံးစောင့်ကြည့်အနေထားဘဲအပြန်အလှန်ပစ်ခတ်မှုကတော့ ဒီမနက်မှာတောင်တစ်ခါ ထိတွေ့တိုက်ပွဲတစ်ခါဖြစ်သေးတယ်။ သူတို့ဘက်က ဗျူဟာမှူးအပါ ၃၀ လောက်ကျတော့ကျဆုံးရှိပြီ ခုလည်းလေကြောင်းနဲ့ လာပစ်နေပြီ”ဟု KPDF ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ABSDF၊ KPDF  ပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သကဲ့သို့ ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားသည့် မိုးတားလေးရွာအနီး ဂျက်ဖိုက်တာ ၃စီးဖြင့် နေ့လည် ၁၂ နာရီဝန်းကျင်တစ်ကြိမ်နှင့် ညနေ ၅ နာရီဝန်းကျင်တွင်တစ်ကြိမ် စုစုပေါင်း ၂ကြိမ် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။ “အရင်နေ့ ဗုံးကြဲတဲ့ထဲမှာတော့ တိုက်ပွဲဖြစ်နေတဲ့နေရာလည်းလာကြဲတယ်။ ဒါပေမယ့် ရဲဘော်တွေထိတာမရှိဘူး မနေ့ကတော့ ကျနော်တို့ဘက်က ၁ယောက်ထိထားတယ် … - [မြင်းမူတွင် ‌ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် စီးနင်းမီးရှို့ခံရ](https://burmese.kachinnews.com/2023/01/20/sm1-57/): စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ လ.ဝ.က ရုံးတွင် ယမန်နေ့ ညပိုင်း ၇ နာရီခန့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်မှ မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို လ.ဝ.က ရုံးအတွင်း စာရင်းပြုစုနေသည်ကို သတင်းရရှိသဖြင့် ဒေသကာကွယ်‌ရေးတပ်များစုပေါင်းကာ ယခုလို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့ကြားတာက သူတို့ဘက်က မဲစာရင်းတွေကိုလိုက်မကောက်တော့ပဲ အရင်ရှိတာနဲ့တိုက်ပြီး လ.ဝ.က ရုံးထဲမှာလုပ်နေတယ်လို့သတင်းရတယ်။ အဲ့တာနဲ့ မနေ့ညက ဝင်စီးပြီး ဝန်ထမ်းတွေကို ခနထိန်းထားပြီးတော့ ‌မဲစာရင်းစာရွက်စာတမ်းမှန်သမျှကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျနော်တို့ရည်ရွယ်တာက သူတို့လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟုအာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် အဆိုပါ လ.ဝ.က ရုံးသည် မြင်းမူမြို့ပေါ်တွင် တည်ရှိပြီး မြင်းမူမီးသတ်ရုံးနှင့် ကပ်လျှက်၊ ရဲစခန်းနှင့် ပေ ၁၀၀၀ခန့် အကွာတွင် တည်ရှိတာကြောင့် စစ်ဆင်‌ရေးကို ခက်ခဲစွာဆောင်ရွက်ခဲ့ရကြောင်း သူကဆက်ပြော သည်။ ရုံးတွင်းစာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် မြင်းမူမြို့ပေါ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က နိုင်ငံတစ်ဝှမ်းရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်နေပြီဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသည် နေရာစုံမှာကျင်းပနိုင်ခြေနည်းပါးသည်ဟု ‌ရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူတွေ သုံးသပ် ပြောဆိုသည်။ အဆိုပါစစ်ဆင်ရေးကို People Army To Fight Dictatorship (PAFD)၊ တပ်ခွဲ DK PDF … - [အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ ဆရာမ ၂ ဦး အမှု တရားမျှတမှုရရှိအောင် ကချင်အမျိုးသမီးအဖွဲ့ ၁၄ ဖွဲ့ ထုတ်ပြန်တောင်းဆို](https://burmese.kachinnews.com/2023/01/20/ld1-17/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့အချုပ် KBC ပညာရေး စေတနာ့ဝန်ထမ်း ဆရာမ ၂ဦး အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရမှုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ဆို ၈ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ယနေ့ချိန်ထိ တိကျတဲ့ အဖြေမရရှိသေးတဲ့အတွက် တရားမျှတရေးအတွက် ဆက်လက်ကြိုးပမ်းကြဖို့ ကချင်အမျိုးသမီးအဖွဲ့အစည်း ၁၄ ဖွဲ့က ထုတ်ပြန်ချက်ပါတယ်။ ဆရာမ ၂ ဦး အမှုနှင့်ပတ်သက်ပြီး တရားမျှတမှု မရသေးတဲ့အတွက် အားလုံးကို ပြန်လည်သတိပေးတဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြီးခဲ့တဲ့ ၈နှစ်ကတည်းဒီအမှုက ခုချိန်ထိတရားမျှတမူမရရသေးတာဖြစ်တဲ့အတွက် ရှေ့ဆက်မေ့မေ့လျော့လျော့နဲ့ သွေးအေးသွားတာမျိုးမဟုတ်ဘဲ တရားမျှတမူရရှိအောင်ဆက်လက်လုပ်ဆောင်သွားဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကချင်အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်း ၁၄ ဖွဲ့ကထုတ်ပြန်တာပါ”လို့ပြောပါတယ်။ ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတွေဟာ စစ်ကောင်စီတပ်ဖြစ်ပြီး သူတို့ကိုယ်တိုင် သက်သေနှင့် အမှန်တရားအားလုံးကိုလည်း ပိတ်ပင်လိုက်တဲ့အပြင် ဒီကနေ့ထိ ကချင်တိုင်းရင်းသူတွေအပေါ် နှိပ်စက်သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ဆက်လက်လက် ကျူးလွန်နေသေးတယ်လို့ ဆိုထားပါတယ်။ ဆရာမ ၂ ဦးရဲ့ မိသားစုတွေကတော့ အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ရက်ပတ်လည်နေ့ ရောက်တိုင်း၊ အမြဲသတိရနေတယ် လို့ ဆရာမ တန်ဘောင်ခေါန်နန်စင်ရဲ့ မိခင်ဖြစ်သူ ဒေါ်လုဘူက ခုလိုပြောပါတယ်။ “ဘယ်ချိန်ဘဲရောက်ရောက်ဘယ်လောက်ဘဲကြာကြာ အချိန်ပြည့်သတိရနေတယ်။ သူတို့ ၂ယောက်ကိုကြုံတွေ့ခဲ့ရတဲ့ဟာကို ရင်နာလို့မဆုံးဘူး။ ခုလို နှစ်ပတ်လည်ပြည့်နေ့ရောက်ရင် ပိုပြီးသတိရတယ် ပိုပြီးခံစားရတယ်။ သူတို့ ၂ယောက် သတ်ဖြတ်ခံရတာ ခုဆို ၈နှစ်ရှိပေမယ့်လို့ ခုထိတရားမျှတမှုက မရရှိသေးဘူး။ ဒါပေမယ့် ဘယ်လောက်ဘဲကြာကြာ ဘယ်ချိန်ဘဲရောက်ရောက် ဒီအမှုအတွက် တရားမျှတမူမရမချင်းတော့ ကျမတို့အနေနဲ့လက်လျှော့မှာမဟုတ်ဘူး”လို့ပြောပါတယ်။ ဆရာမ ၂ဦးကို အဓ္ဓမပြုကျင့်သတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့အထိ ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ လွှတ်မြောက်နေမှုဟာ ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသူအမျိုးသမီးတွေအတွက် ကြောက်ရွံ့မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ကတော့ ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရတဲ့ရက်၊ နှစ်စဉ် ဇန်နဝါရီလ ၁၉ ရက်နေ့ ရောက်တိုင်းဆုတောင်းတဲ့အစီစဉ်ကို ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြဘူးလို့ … - [ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်စခန်း‌တွေမှာ လူဦးရေစာရင်း စတင်ကောက်ခံနေ](https://burmese.kachinnews.com/2023/01/20/ld1-16/): အာဏာသိမ်းစစ်ကောင်စီတပ်ကနေ ဦးဆောင်ပြီး လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေအထွေရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင် ကောက်ခံနေပြီလို့ သိရပါတယ်။  အဲ့ဒီလူဦးရေစာရင်းကိုတော့ ဇန်နဝါရီလ ၉ ရက်ကနေ ၃၀ ရက်အတွင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တာဝန်ခံတွေကို ညွှန်ကြားထားတာလို့ မြစ်ကြီးနား မြို့ပေါ်က စခန်းနာမည် မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။ “စခန်း ဦးဆောင်ကော်မတီတွေကို ခေါ်ယူပြီးတော့ ကောက်ခိုင်းတဲ့အခြေအနေပါ။ တချို့စခန်းတွေက ကောက်နေပြီ၊ တချို့ကောက်ပြီးပြီ။ စခန်းတာဝန်ခံတွေကတော့ ဗမာစကားလိုဆိုရင် နီးရာဓါး ကြောက်ရတာပေါ့။ အစိုးရဘက်ကလည်း စတင်လုပ်ဆောင်နေပြီဆိုတော့ လူဦးရေ မကောက်ပေးဘူးဆိုရင်လည်း သူတို့ကို တစ်ခုလုပ်လာမလားဆိုပြီး စဉ်းစားကြတယ်ထင်တယ်။ ပြီးတော့ ရပ်ကွက်တွေမှာဆိုရင်လည်း အုပ်ချုပ်ရေးမှူးတွေက စာရင်း စကောက်နေပါပြီ”ဟုပြောသည်။ ပြီးခဲ့တဲ့ ၂၀၂၀ ‌ရွေးကောက်ပွဲမှာတော့ အသက် ၁၈ ထက်ပြည့်မှီသူ‌တွေအထက်သာ မဲပေးပိုင်ခွင့်ရှိတာကြောင့် အသက် ၁၈ နှစ်အထက်တွေကိုသာ လူဦးရေစာရင်းကောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အိမ်ထောင်စုစာရင်းထဲက ရှိသမျှ လူဦးရေစာရင်းအားလုံးကို ကောက်ယူနေတာလို့ မြစ်ကြီးနား စစ်ရှောင်စခန်းတစ်ခုက နောက်ထပ် ပြည်သူတစ်ဦးက ဆိုပါတယ်။ “အရင်နှစ်ရွေးကောက်ပွဲမှာတော့ ၁၈ နှစ်အထက်ရှိတဲ့စာရင်းဘဲ ယူတယ် ဒီနှစ်တော့ ဥပမာ မိသားစု ၆ ယောက်ရှိရင် ၆ ယောက်စလုံးရဲ့ စာရင်းကောက်ယူသွားတယ်။ ကျနော်တို့အနေနဲ့ မထည့်ချင်ပေမယ့်လို့ သူတို့လက်အောက်မှာရှိနေတော့ မထည့်ချင်လည်းရှိသမျှလူစာရင်းအားလုံးပေးလိုက်ရတယ်။ ရွေးကောက်ပွဲကာလမှာတော့ ဒီအတိုင်းထားပြီး၊ ရွေးကောက်ပွဲပြီးသွားရင် စစ်ရှောင်တွေကို ဒီအတိုင်း မောင်းထုတ်လိုက်မယ်ဆိုပြီး သတင်းတွေလည်း ကြားနေရတယ်“ဟုပြောသည်။ လက်ရှိမှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြစ်ကြီးနား ၊ဝိုင်းမော်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာလူဦးရေစာရင်း ကောက်ခံနေပြီဖြစ်ပေမယ့် ဆဒုံးမြို့နယ် စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင်စစ်ရှောင် စခန်းတွေမှာတော့ လူဦးရေစာရင်း ကောက်ယူသေးတာ မရှိသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့်၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံရာတွင် eID ကွန်ပျူတာစနစ်နဲ့ ကောက်ခံနေတဲ့အပြင် စစ်တပ်ပိုင် ရုပ်သံလိုင်းများ၊ … - [လုံးတုံ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်နံပါတ်ပြားအတု အတင်းအဓမ္မ တပ်ဆင်ခိုင်းပြီး  ဖြတ်သန်းခွင့်ပေး](https://burmese.kachinnews.com/2023/01/19/az2-75/): ကချင်ပြည်နယ် အင်းတော်ကြီး နှင့် ဖားကန့်လမ်းပိုင်း ကားလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ် တစ်နေရာတွင် နံပါတ်ပြားမပါသည့် ဆိုင်ကယ်များကို နံပါတ်ပြားအတု တပ်ဆင်််််််််််ခိုင်းပြီးမှသာ ဂိတ်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။ အင်းတော်ကြီးဒေသ စစ်ကောင်စီအဖွဲ့၏  လုံးတုံစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ နံပါတ်မပါသည့် ဆိုင်ကယ်များကို နံပါတ်ပြား တစ်ခု ၄၀၀၀ ကျပ်ဖြင့်ရောင်းချပေးကာ အတင်းအဓမ္မ တပ်ဆင်ခိုင်းပြီး ဖြတ်သန်းခွင့်ပေးနေသည်ဟု အင်းတော်ဒေသခံတစ်ဦး KNG သတင်းဌာနကိုပြောသည်။ “အခုက အဲ့ဂိတ်မှာ ဆိုင်ကယ် နံပါတ်ပြားမပါတဲ့သူတွေကို မဖြတ်ခိုင်းတော့ဘူး။ ပြန်လှည့်ခိုင်းတယ် ဆိုင်မှာနံပါတ်ပြားပြန်တပ်ခိုင်းတယ်။ အဓိက နံပါတ်ပြားပါလာဖို့ အရေးကြီးတယ်။ ဘယ်လိုဖြစ်လို့ ယခုလို လုပ်လာသလဲတော့ နားမလည်ဘူး”ဟုပြောသည်။ လက်ရှိတွင် ဆိုင်ကယ် နံပါတ်ပြားမပါသည့် ဆိုင်ကယ်များသည် ထိုစစ်တပ်ဂိတ်အနီး ၎င်းတို့ တပ်ဆင်ခိုင်းသည့် နေရာတွင် ၄၀၀၀ ကျပ်ပေးဆောင်ကာ မဖြစ်မနေ တပ်ဆင်ပြီးမှသာ ဂိတ်ဖြတ်သန်းခွင့်ပေးနေသည်ဟု သူက ဆက်ဆိုသည်။ “နံပါပြားမပါတဲ့ သူတွေက တော်တော်များကြတယ်။ ဒီဘက်မှာတော့ ဘယ်သူမှ သိပ်မတပ်ကြဘူးလေ အဲ့တော့ ပြန်လှည့်ခိုင်းပြီး သူတို့ရဲ့ စစ်တပ်ဂိတ်နေရာနားမှာ နံပါတ်ပြား ပြန်တပ်ခိုင်းပြီး ပြန်သွားခွင့်ပေးတယ်” ဟုပြောသည်။ အဆိုပါ စစ်တပ် စစ်ရေးဂိတ်သည် စစ်တပ် အာဏာမသိမ်းမှီကတည်းက စစ်သား၊ ရဲနှင့် မူးယစ်အဖွဲ့က ပုံမှန်ရှိသည့် စုပေါင်းဂိတ်ဖြစ်ပြီး လက်ရှိ ထိုဂိတ်တွင် ခရီးသွားပြည်သူများနှင့် ကုန်ကားများကို စစ်ဆေးရေးတင်းကြပ်ထားကာ နံနက် ၆ နာရီမှ ည ၅ နာရီခွဲအထိ သွားလာခွင့် ကန့်သတ်ထားကြောင်းသိရသည်။ ထိုလမ်ပိုင်းသည် မိုးညှင်းမြို့နယ်မှ ဖားကန့်မြို့နယ်ဘက်သို့ ဖြတ်လမ်းဖြင့် ဝင်ရောက်နိုင်သည့် … - [ကသာနယ်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/01/19/zm1-33/): စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် မိိုးတားလေးကျေးရွာကို စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် ၃ မိုင်ခန့်အကွာရှိ မိုးတားလေးကျေးရွာကို ရှည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောသည်။ “တိုက်ပွဲဖြစ်တာက မိုးတားလေးရွာနဲ့ ၃မိုင်ကျော်လောက်မှာပဲဖြစ်တာ။ အဲ့နေရာမှာလည်း ဗုံးလာကျဲသွားတယ် ပြီးရင် ဘာမှမဆိုင်တဲ့ ရွာထဲကိုလည်း လာကျဲသွားတဲ့အတွက် အလှူလုပ်နေတဲ့ အိမ်မှာထိသွားတာဟုတ်တယ်”ဟုပြောသည်။ စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့်  အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် မစန်းမြင့်၊ ဒေါ်တင်ငြိမ်း၊ မအေးခိုင်၊ ဒေါ်ညို၊ မခင်မာကြည်၊ မဥ နှင့် ကိုမောင်လွင်တို့သည် ဗုံးစထိမှန်သေဆုံးသွားပြီး အဆိုပါ သေဆုံးမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား တစ်ဦးပါဝင်သည်။ သေဆုံးမှုရှိခဲ့သည့်အနက်  ဒဏ်ရာပြင်းထန်ရရှိသွားသူများမှာ ဦးဝေလင်းထွန်း၊ မကြူနွယ်နှင့် သူ၏ သမီးဖြစ်သူ အပါအဝင် အမည်မသိ ၂ ဦးနှင့် စုစုပေါင်း ၅ ဦးအထိရှိကြောင်းသိရသည်။ “အခုမနက်ထိတော့ သေတဲ့စာရင်းကအတည်ပြုနိုင်တာ ၇ ယောက်ပါ။ တစ်ချို့တွေက မီးထဲပါသွားတာတော့ ရုပ်ကြည့်မရဖြစ်သွားတယ်။ နောက်ပြီး အိမ်မွေးတိရိတ္ဆန်တွေလည်း သေတာများတယ်”ဟုသတင်းအရင်းမြစ်ကဆက်ဆိုသည်။ ကသာမြို့နယ် မိုးတားတိုက်နယ်နှင့် အင်းရွာတိုက်နယ်တစ်လျှောက် ရွာနှင့် ၃ မိုင်ခန့်ဝေးသည့်နေရာတွင် ယခုရပိုင်း စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ် ABSDF ၊ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတဘက်အထိနာခဲ့သည့်အတွက် ယခုလို လေကြောင်းလိုင်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ … - [ဒီပဲယင်းတွင် ဒေသခံတစ်ဦး စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုမှ လွတ်လာပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံး](https://burmese.kachinnews.com/2023/01/19/sm1-56/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ချောင်းနားကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမီးရှို့စဥ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသော ဒေသခံ ၂ ဦးအနက် ဒေသခံတစ်ဦးသည် ပြန်လွှတ်လာပြီးနောက် တစ်ပတ်ခန့်အကြာတွင် သေဆုံးခဲ့သည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။ “သူက ၉ ရက်နေ့က ချောင်နားကျေးရွာကို စကစတွေ ဝင်မီးရှို့တဲ့အချိန်ဖမ်းခံရတာ ကျနော်တို့ကဖမ်းခံရတယ်လို့ မထင်ဘူးပျောက်နေတယ်ပဲထင်တာ။ ဖမ်းခံရတာက နှစ်ယောက် တစ်ယောက်ကတော့ နှိပ်စက်ဒဏ်ရာတွေ မတွေ့ဘူး သူလည်းပြန်လွှတ်လာ ခဲ့တယ် အဲ့တာ ၁၁ ရက်နေ့က‌တော့ ရိုက်နှပ်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ပြန်ရောက်လာတယ် မနေ့ကပဲသေဆုံးသွားပါတယ်။ မိသားစုကိုတောင် ကောင်းကောင်း စကားပြောနိုင်ခြင်းမရှိခဲ့ဘူးလို့သိရတယ်“ ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သေဆုံးခဲ့သူမှာ အသက် ၄၅ နှစ်အရွယ် ဦးသိန်းထွန်းဆိုသူဖြစ်ပြီး ချောင်းနားကျေးရွာဒေသခံတစ်ဦးဖြစ်သည်။ သူ့ကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ မီးရှို့ခံခဲ့ရသည့် ချောင်းနားကျေးရွာသည် အိမ်ခြေ ၄၀ ကျော်ခန့်သာရှိသည့် ရွာငယ်လေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ‌ရေဦးနှင့် ဒီပဲယင်းရှိကျေးရွာများကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့နေသည့် ခမရ-၃၆၄ နှင့် ခလရ-၇၀၁ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူနေအိမ် ၄၈၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ၃၆၀၀၀ ကျော် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ဒေသဖြစ်သည်ဟု Data For Myanmar ၏ … - [လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် တရုတ်နှစ်သစ်ကူးကာလ ရက်အကန့်အသတ်မရှိပိတ်](https://burmese.kachinnews.com/2023/01/18/az2-74/): မြန်မာ–တရုတ်နယ်စပ်၊ လွယ်ဂျယ်– လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးကို တရုတ်နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု သိရသည်။ လွယ်ဂျယ်–လိုင်ရင်း နယ်စပ် ကုန်သွယ်ရေးဂိတ် မှ ကုန်ကားများဖြတ်သန်းသွားလာခွင့်အပြင် ခရီးသည်ဝင်ထွက်သွားလာခွင့်ကိုပါ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ကုန်ကားကော ခရီးသည်တွေဝင်ထွက်ခွင့်ပါ ပိတ်လိုက်ပြီဗျ။ ဒီနေ့မနက်ပဲ ပိတ်လိုက်ပြီဆိုပြီး ဂိတ်ကိုသတင်းရောက်တယ်။ တရုတ်နှစ်သစ်ကူးကာလ မလို့ပိတ်တာပါ။ တရုတ်ဘက်ကပိတ်တာ”ဟုကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လွယ်ဂျယ်ဂိတ်တွင် ကုန်စည်ကားများ ဝင်ထွက်သွားလာခွင့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မတိုင်မှီကတည်းက ပုံမှန်အတိုင်း ခွင့်ပြုထားပြီး ခရီးသည်ဝင်ထွက်ခွင့်ကို ကိုဗစ်ကြောင့် နှစ်ဖက်အစိုးရက လရှည်ပိတ်ထားရာမှ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ရာ ယနေ့ပြန်ပိတ်လိုက်ခြင်းဖြစ်သည်။ မြန်မာ –တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တင်းတင်းကြပ်ကြပ် ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို တရုတ်အစိုးရဘက်က ဒီဇင်ဘာလကတည်းက ဖြေလျော့လိုက်သည့်နောက်ပိုင်း ကချင်ပြည်နယ်ရှိ လွယ်ဂျယ်ဂိတ် ကန်ပိုက်တည်ဂိတ်များတွင် ကိုဗစ်အစစ်အဆေးမရှိ Quarantine ဝင်စရာမလိုပဲ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယင်းဂိတ်များမှ စုံစမ်းသိရှိရသည်။ ”အခုက လွတ်လွတ်လပ်လပ်သွားလို့ရပြီ ကိုဗစ်စစ်ဆေးတာမရှိဘူး။ ကွာရန်တင်းဝင်စရာလည်းမလိုတော့ဘူး။ အရင်လိုပုံမှန်အတိုင်းပဲ သွားလာနေတာ ဒါပေမယ့် ခရီးသည်ကတော့ စည်စည်ကားကားသိပ်မရှိသေးဘူး”ဟု လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ်၊ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ၂၀၂၀–၂၀၂၁– ၂၀၂၂ သုံး နှစ်တာပတ်လုံး ကိုဗစ်ကြောင့် ကုန်သွယ်ရေးနှောက်နှေးခဲ့ရာ သီးနှံစိုက်ပျိုးသူများအရှူံးနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှ တစ်ဖန် ပြန်လည်စည်ကားလာစ ဖြစ်သည်။ - [မိုင်းအသိပညာပေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်ရန် ဒေသခံများ လိုလား](https://burmese.kachinnews.com/2023/01/18/zm1-32/): ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေအပြင် စစ်ကောင်စီတပ်စခန်းနှင့် နီးကပ်တဲ့ပတ်ဝန်းကျင်က ပြည်သူတွေကို မိုင်းအသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ယနေ့ထိ စစ်တပ်က ပစ်ခတ်လိုက်တဲ့ မိုင်း၊ ဗုံးများ မပေါက်ကွဲဘဲကျန်ရှိနေတဲ့အထဲက ကလေးငယ်များ သွားရောက်ကောက်ဆော့ကစားရာမှ ပေါက်ကွဲကာ ထိခိုက်သေဆုံးသူ ၉ ဦး ထက်မနည်းရှိလာပြီဖြစ်ပါတယ်။ “ကျနော်တို့ပြည်သူတွေမှာ မိုင်းအသိပညာက မရှိသလောက်ဘဲ ကလေးတွေမပြောနဲ့ လူကြီးတွေကိုယ်တိုင်တောင်မပေါက်ကွဲဘဲ ကျနေရင်တေ့ာ သွားကောက်မှာဘဲ အရင် ၅၈ (ခလရ ၅၈) ကပစ်လိုက်တာတောင် ကျနော့ ကြက်ခြံနား လာကျတာလည်းရှိတယ် အဲတော့ မိုင်းအသိပညာပေးက လိုကို လိုအပ်နေပြီ“လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်တဲ့နောက်ပိုင်း သူတို့ရဲ့တပ်စခန်းနေရာတွေကနေ KIA နဲ့ PDF ရှိတယ်လို့ ယူဆတဲ့နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ယမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ဝူယန်ကျေးရွာအတွင်း ပြည်သူ့စစ် စခန်းအနီးမှာ ကျကျန်ခဲ့တဲ့ မိုင်းတစ်လုံးကောက်ယူ ဆော့ကစားရာကနေ ပေါက်ကွဲပြီး အသက် ၁၀ နှစ်အောက် ကလေးတစ်ဦးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး လက်ရှိချိန်ထိ ဆေးဝါးကုသနေကြရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်းမော် ၅၈ တပ်ရင်းကနေပစ်လိုက်တဲ့လက်နက်ကြီးလည်း အခုထိ မပေါက်ကွဲ ကျကျန်နေတာ ရှိနေဆဲ ဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း ရွှေကူ ရေလဲရွာမှာ ကလေးတွေကောက်ယူလာတဲ့မိုင်းကို သိမ်းရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးပွဲချင်းပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။ အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်း၊ ကချင်အစပ် ကသာမြို့နယ် ချောင်းဝရွာအတွင်း မြစ်ရေတက်ချိန် စစ်ကောင်စီတပ်က ယမ်းသမ်းပစ်ချထားတဲ့မိုင်းဟာ ချောင်းရေကျချိန်နွံမှာနစ်နေတာကို နွားကျောင်းသွားတဲ့ ကလေးငယ် ၂ ဦးသွားယူဆော့ကစားရာကနေ ပေါက်ကွဲပြီး ၂ … - [ရှဒူးဇွပ်တွင် KIA က ရွှေမှော်များ ပိတ်ထားသော်လည်း ပြည်သူ့စစ်အဖွဲ့က ရွှေတူးဖော်ခွင့်ရရှိနေဆဲ](https://burmese.kachinnews.com/2023/01/18/yl1-54/): ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ရွှေတူးဖော်သူမရှိအောင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တားမြစ်မှုများပြုလုပ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှာ လက်ရှိအချိန်အထိ ရွှေတူးဖော်မှုရှိနေသည့်အတွက် ဒေသခံများက မေးခွန်းထုတ်နေကြသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ ရှဒူးဇွပ်ဒေသရှိ ရွှေမှော်များဖြစ်ကြသည့် ကနွယ်သူ၊ ချောင်းဆုံ၊ ဘန်ကောက်၊ ဂျာဝမ်နှင့် ကိုင်းတောနေရာတို့တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA ဘက်က လိုက်လံ သတိပေးပြောဆိုခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၀ ရက်မတိုင်မှီ အဆိုပါ ရွှေမှော်များမှ လုပ်သားအားလုံး ရွှေလုပ်ငန်းများရပ်ဆိုင်းကာ ထွက်ခွာသွားခဲ့ကြသော်လည်း လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်တစ်ဦးတည်းသာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခွင့်ရရှိနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။ “KIA က မှော်မှာရှိတဲ့သူတွေ အကုန်လုံးကို မောင်းထုတ်လိုက်ပြီ ဘယ်သူမှမရှိတော့ဘူး။ ဒါပေမယ့် မေးခွန်းထုတ်စရာရှိတယ်။ ပြည်သူ့စစ်ကို မကြိုက်ဘူး ပြည်သူ့စစ်ကိုတိုက်မယ်လို့တော ပြောနေတယ်။ ဘာကြောင့် မင်းဇင်သန့်က သူတစ်ယောက်ထဲ ကိုင်းတောမှော် စက်ယန္တရားအကြီးတွေနဲ့ ရွှေတူးဖော်ခွင့်ရရှိနေတာလဲ။ သူကတူးဖော်ခွင့်ရတယ်။ ကျနော်တို့ ပြည်သူတွေက ဘာလို့ တူးဖော်ခွင့်မရတာလဲ”ဟုပြောသည်။ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့သည် လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာ၏ ရွာထိပ်ပိုင်းခြမ်း ကိုင်းတော်မှော်အဝင် မိုးကောင်းချောင်းအနီးတဝိုက်ရှိ မြေဧက ၅၀ ခန့်နေရာတွင် ဘက်ဟို ၄ စီးခန့်ဖြင့် စစ်အင်အားချကာ ရွှေတူးဖော်နေကြောင်းသိရသည်။ ထိုနေရာသည် ရှဒူးဇွပ်ကျေးရွာဖြင့် ၁ မိုင်ခန့်အကွာတွင်သာ ရှိနေသည့်အတွက် ထိုနေရာအထိ KIA အဖွဲ့က လာရောက်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း ပြည်သူလူထုကို အကာအကွယ်ယူပြီး ဆက်လက်တူးဖော်နေခြင်း ဖြစ်သည်ဟု  ရှဒူးဇွပ် ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။ “မင်းဇင်သန့် ရွှေတူးနေတဲ့နေရာက ရွာအနီးနားမှာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို အကာအကွယ်ယူထားတယ်လို့ ပြောလို့ရတယ်။ … - [အင်းတော် ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်](https://burmese.kachinnews.com/2023/01/18/az2-73/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဇန်နဝါရီလ ၁၇ ရက်ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ဖြင့် ပြန်လည်းရမ်းသမ်းပစ်ခတ်ရာတွင် ပြည်သူနှစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ အင်းတော် အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီ၏ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်ရုံးကို မြို့တွင်းပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ည ၄ နာရီအချိန်တွင် လက်လုပ်မိုင်းနှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အင်တော်မြို့ရှိ စစ်တပ်ကုန်းမှ လက်နက်ကြီး သုံးလုံးဖြင့် တန်ပြန်ပစ်ခတ်ခဲ့ရာ သုံးနှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။ ”မနေ့က လေးနာရီလောက်မှာ သတိပေးတဲ့အနေနဲ့ ခွဲခဲ့တာပါ။ လူတော့မရှိတော့ဘူး။ ရုံးထဲမှာတော့ လူမထိဘူး ဒါပေမယ့် စကစ (စစ်ကောင်စီစစ်သား) တွေဘက်ကတော့သူတို့လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ မြို့ထဲစျေးပေါက်ကိုတစ်လုံးကျတယ်။ ပြီးတော့ နောက်နှစ်လုံးက အင်းတော်သချိုင်းကုန်းဘက်ကိုကျတယ်။ စျေးပေါက်မှာကျတဲ့တစ်လုံးက လူနှစ်ယောက်ထိတယ် မိုင်းစ စင်သွားတာပေါ့ ဒဏ်ရာအရမ်းကြီးတော့ မစိုးရိမ်ရဘူး”ဟု ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သည့် သုံးနှစ်အရွယ်ကလေးနှင့်အမျိုးသားကို လက်ရှိ ဆေးကုသမှုပေးနေကြောင်း သိရသည်။ ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲခံရမှုကြောင့် စစ်ကောင်စီက လက်နက်ကြီးသုံးလုံးအပြင် ရဲစခန်းမှ လက်နက်ငယ်များလည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ”သူတို့မြို့ထဲတွေမှာ သွားပြီးတော့ အိမ်ထောင်စု ဇယားကောက်တယ် ပြီးတော့ အဲ့ရုံးမှာလည်း နေ့တိုင်းလိုတော့လုပ်နေကြတယ် ဟန်ပြလောက်ပါပဲ ရွေးကောက်ပွဲကတော့ သတိပေးတဲ့အနေနဲ့ဗုံးခွဲခဲ့တာ”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်း ရွေးကောက်ပွဲလုပ်ရန် အရိုန်အဟုန်မြင့် ပြင်ဆင်နေပြီး ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခံရမှုများရှိသကဲ့သို့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီနှင့် ပူးပေါင်းလှုပ်ရှားနေသူများကို PDF က ဖမ်းဆီးမှုများလည်း ရှိနေသည်။ အင်းတော်တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက်မှု မကြာခဏရှိနေပြီး လွန်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့လည်း စစ်ကောင်စီ ပစ်ခတ်သည့် … - [မရှီကထောင် အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းခေါ်သွားပြီး ပစ်သတ်](https://burmese.kachinnews.com/2023/01/18/az1-111/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်ရှိ အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်သည်ဟု သိရသည်။ မရှီကထောင်ရပ်ကွက် ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် ဦးဝင်းကို(ခ) မောင်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်တွင် နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူမျက်ကွယ်တွင် ပစ်သတ်လိုက်ကြောင်း အသတ်ခံရသည့် ဦးဝင်းကိုနှင့် ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။ ”ပစ်သတ်လိုက်ပြီဆိုတာ အတည်ပြုတယ်ဗျ။ သူတို့က ည ၁၂ နာရီကြီးမှာလာခေါ်သွားတာ အဲ့နောက်မကြာဘူး သေနတ်သံကြားတယ် မနက်တော့ပစ်သတ်လိုက်ပြီးဆိုတာသိရတယ်။ အတွင်းသတင်းအရသိရတာ အတည်ပြုတယ်။ အလောင်းကတော့ ပြန်ပေးမပေးမသိရသေးဘူး။ ပြန်ပေးမယ်လို့တော့ထင်တယ်။ ကျန်ရစ်မိသားစုကိုတော့ ဘာမှမလုပ်ဘူး”ဟု သေးဆုံးသူ ဦးဝင်းကိုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ ဦးဝင်ကို ပစ်သတ်ခံရမှုသည် KIA နှင့် ဆက်နွယ်မှုရှိသောကြောင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထွက်ပေါ်နေသော်လည်း KNG သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ”ည ၁၂ နာရီကြီးဆိုတော့လည်း အရပ်ဝတ်နဲ့လားစစ်ယူနီဖောင်းနဲ့လားသေချာမသိရဘူး။ အခုလည်းရဲတွေ စစ်သားတွေ က မရှီကထောင်ထဲကိုဝင်ပြီး ခြေရှုပ်နေတယ်ဗျ အရမ်းစစ်ဆေးနေတယ်”ဟု ဖားကန့်မြို့ မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့် ဗျူဟာကုန်းမှလည်း ယမန်နေ့ ည ၁၂ နာရီအချိန်တွင် ယူမာ၊ ငှက်ပျောတောဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လူနှင့်အခြားထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲ ဖြစ်သည်။ - [KIO မြေရှားတူးဖော်နေတာကို ရပ်တန့်ဖို့ ကချင်ဒေသတွေ ဆန္ဒပြ တောင်းဆို](https://burmese.kachinnews.com/2023/01/18/ld1-15/): ကချင်ပြည်နယ် မိုးမောက်ထဲမှာ KIO အစိုးရကနေ မြေရှားတူးဖော်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ဆောင်နေကြပါတယ်။ အဲဒီဆန္ဒပြတောင်းဆိုမူကို ဇန်နဝါရီ ၁၃ ရက်နေ့နဲ့ ၁၆ ရက်နေ့ ၂ ရက်တာအတွင်း အင်ဘာပါ ဒေသခံပြည်သူ ၂၀၀ ဝန်းကျင်ခန့်ပါဝင်ပြီးတော့ မြေရှားတူးဖော်နေတဲ့ လုပ်ကွက်ထိသွားပြီး ဆန္ဒပြတောင်းဆိုတာတွေလုပ်ခဲ့တာလို့ သိရပါတယ်။ “ဒီလုပ်ငန်းကို လုံးဝ ရပ်တန့်သွားအောင် ကန့်ကွက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါက လုံးဝ မကောင်းဘူးဆိုတာ အားလုံးသိတယ်။ ကျနော်တို့ အသက်ကြီးရွယ်အိုတွေအတွက် ဘာမှ မပူပေမယ့် လာမယ့် မျိုးဆက်သစ်တွေအတွက် တိုးတက်ဖို့လမ်းကြောင်းမှာ အတားအဆီးဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုဆို ဒီက ဒေသခံတွေလည်း ဒီလုပ်ငန်းမကောင်းဘူးဆိုတာသိလာပြီ။ ပိုက်ဆံက အခုသုံးလိုက်ရင် ကုန်သွားမယ်။ ပြည်သူသာ အဓိက ဒုက္ခရောက်မှာဖြစ်တယ်ဆိုတာ သိတဲ့အတွက် ကန့်ကွက်နေတာဖြစ်ပါတယ်”လို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ၁၆ ရက်နေ့က ဆန္ဒဖော်ထုတ်ရာမှာ စစ်ရှောင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမောက်ဇုံနယ်က တာဝန်ခံတွေ နှင့် မိုးမောက် ကတ်သလစ်ဘုန်းတော်ကြီးတပိုင်ကလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဒေသမှာ မြေရှားတူးဖို့ပြင်ဆင်နေတာကို လုံးဝ ရပ်တန့်ပေးဖို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကနေစပြီး KIO ဗဟိုအစိုးရကို စာဖြင့်သော်လည်းကောင်း ဘာသာရေးခေါင်းဆောင်များလူကိုယ်တိုင်သွားရောက် တောင်းဆိုတာတွေလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ Dingsing Pa မှာ မြေရှားတူးဖော်ဖို့အတွက် မြေတိုင်းမှုတွေ၊ ပစ္စည်းတင်ပို့ထားမှုတွေကို လုပ်ဆောင်လာတာဖြစ်ပါတယ်။ KIO အုပ်ချုပ်ရာနယ်မြေဖြစ်တဲ့ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒိန်စိန်းပါ၊ အင်ဘာပါတွေမှာ KIO က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး မိုင်းဂျာယန်နဲ့လွယ်ဂျယ်ကြားမှာရှိတဲ့ အင်ခေါင်းပါအနီး ဂေါင်ရီကရုန် တောင်ကုန်းတစ်ကြောမှာ ၃နှစ်တာ တူးဖော်ခွင့် ပြုခဲ့ပြီးတဲ့နောက် ခုလည်း ဒိန်စိန်းပါမှာ မြေရှားထပ်မံတူးဖော်ရန် … - [စစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိသော ဆန်များကို မီးဘေးသင့်ပြည်သူများကိုပြန်လည်ထောက်ပံ့ ](https://burmese.kachinnews.com/2023/01/17/sm1-55/): စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းစစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိခဲ့သော ဆန် ၅၅ အိတ်ကို မီးဘေးသင့်ကျေးရွာ၂ခုမှပြည်သူများထံ ထောက်ပံ့လှူဒါန်းခဲ့သည်ဟု ကျောက်လုံးကြီး KLG PDF ကာကွယ်ရေး တပ်ထံမှသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ၃ရက်နေ့တွင် KLG PDFကာကွယ်ရေးတပ်ဖွဲ့သည် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့ စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့သည့် ဆန်နှင့်စားနပ်ရိက္ခာများကို မီးဘေးသင့် ပြည်သူများထံသို့ ပြန်လည်ထောက်ပံ့ခဲ့သည်ဟု KLG PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “၃ရက်နေ့ကနေ၅ရက်နေ့အထိသူတို့မီးရှို့သွားတဲ့ နတ်ကြီးကျေးရွာက မီးဘေးသင့်ပြည်သူတွေကို ဆန်၄၅တင်း ထောက်ပံ့ခဲ့တယ် အလယ်ကျွန်းပျူရွာရဲ့ရန်ကို ကြောက်လို့ တိမ်းရှောင်နေရတဲ့ အိမ်ထောင်စု၄၅စု ကိုလည်းဆန်၁၅တင်းပြန်လည်ထောက်ပံ့ခဲ့ပါတယ်”ဟုပြောသည်။ အဆိုပါ စစ်ကောင်စီထောက်ပို့စက်လှေသည် ဇန်နဝါရီလ၃ရက်နေ့ညနေပိုင်းတွင် ချင်းတွင်းမြစ်တစ်လျှောက် ဆန်တက်လာရာမှ ပန်းဆိုင်းကျေးရွာအရောက်တွင် KLG PDFနှင့်မဟာမိတ်တပ်ဖွဲ့ DRPA တို့ပူးပေါင်း တိုက်ခိုက်သဖြင့် သိမ်းဆည်းရမိခဲ့သည့် စက်လှေဖြစ်သည်ဟု သူကဆက်ပြောသည်။ နတ်ကြီးကျေးရွာသည် စစ်ကောင်စီရဲ့မီးရှို့မူကြောင့် အိမ်ခြေ ၅၀၀ကျော်ထဲမှ နေအိမ် ၈၄ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့ရပြီး နတ်ကြီးကျေးရွာရှိ မီးဘေးသင့်ပြည်သူ နှင့် စစ်ဘေး‌ရှောင်ပြည်သူများသည်လည်း အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု KLG PDF မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တစ်ဝှမ်းတွင် စစ်ကောင်စီက အိမ်ခြေ ၄၈၀၀၀ကျော်မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်တိုင်းသည် အိမ်ခြေ၃၆၀၀၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသဖြစ်ပြီး အဲ့ဒီပမာဏဟာ မြန်မာပြည်တစ်ဝှမ်းတွင်အများဆုံးဖြစ်သည်ဟု ၂၀၂၂ခုနှစ်ဒီဇင်ဘာ ၃၁ရက်နေ့က Data For Myanmar ၏ထုတ်ပြန်ချက်များကဖော်ပြသည် - [မိုးညှင်းထွေအုပ်ရုံးအနီး ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် ပြည်သူများ အင်တာနက်အသုံးပြုရန်ခက်ခဲလာ](https://burmese.kachinnews.com/2023/01/17/az1-110/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် မိုးညှင်းမြို့တွင်း၌ Wifi နှင့် မိုဘိုင်းအင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ ထွေအုပ်ရုံးအနီး၌ ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်ကာ ဒရုန်ကာကွယ်ရေးစနစ် (Drone Jammer) တပ်ဆင်ထားလိုက်မှုကြောင့် အနီးဝန်ကျင်နေထိုင်သူနှင့် ထွေအုပ်ရုံးနှင့်ဝေးသည့် ရပ်ကွက်များအထိ တစ်မြို့လုံးနီးပါး အင်တာနက်လိုင်းမကောင်းသည့် အခက်အခဲနဲ့ ကြုံတွေ့နေရကြောင်း မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ”ကြာပြီကော လိုင်းမကောင်းဖြစ်နေတာ တစ်ပတ်ကျော် နှစ်ပတ်နီးပါးရှိနေပြီ။ မိုဘိုင်းဒေတာက စျေးကြီးတော့ Wifi ပဲသုံးကြတာ လိုင်းလုံးဝမကောင်းဘူး။ ခန ခနပြုတ်ပြုတ်ကျနေတာ လုံးဝကိုသုံးလို့မရဘူး။ အော်ပရီတာတွေအားလုံး ဒီလိုပဲတဲ့ အခုလူတိုင်းပြောနေကြတာ ကျမသူငယ်ချင်းတွေလည်းပြောတယ် လိုင်းမကောင်းဘူးဆိုပြီး”အသက် ၅၀ ဝန်းကျင်ရှိ အထက်ပါအမျိူးသမီးက ပြောသည်။ မိုဘိုင်းအင်တာနက်မှာ အနည်းငယ်သာလိုင်းကောင်းပြီး Wifi အင်တာနက်မှာ အသုံးပြု၍ လုံးဝ အဆင်မပြေဖြစ်နေကြောင်း wifi အင်တာနက်ကိုအားထား၍ စီးပွားရေးလုပ်နေသူ ဒေသခံတစ်ဦးက ပြောသည်။ ”ကျွန်တော်တို့က ဒီ Wifi ကို အားကိုးပြီးအလုပ်လုပ်နေရတာ ကျွန်တော်တို့အလုပ်လုပ်တဲ့သူတွေဆိုရင်လုံးဝကိုအဆင်မပြေဘူး။ ဖြစ်နေတယ် သူများတွေလည်းအဲ့လိုပဲဖြစ်နေတယ်။ အခုရက်ပိုင်း ပိုပိုဆိုးလာတယ်ဗျ ခနခနပြုတ်ကျနေတာ။ ကျနော်တို့သုံးတဲ့ အော်ပရီတာပဲအဆင်မပြေလို့လားတခြားပြောင်းသုံးရမလားဆိုတော့လည်း တခြားသူတွေလည်းကိုယ့်လိုပဲဖြစ်နေတာ ဘာလုပ်ရမှန်းမသိဘူး”ဟုအခြားဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဒရုန်းကာကွယ်ရေးစနစ်ကြောင့် မြို့မရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်၊ အရှေ့စု၊ စိမ်းရတနာမွန်ရပ်ကွက်အထိ သာမက ထွေအုပ်ရုံးနှင့် အလှမ်းဝေးသည့် နောင်စွန်းရပ်ကွက်များအထိပါ အင်းတာနက်လိုင်းခက်ခဲနေကြောင်းသိရသည်။ wifi အင်တာနက် နှင့် မိုဘိုင်းအင်တာနက်ခက်ခဲနေသည့်အပြင် ဖုန်းလိုင်းလည်း ယခုနောက်ပိုင်း မကြာခန တောက်ပြတ်နေကြောင်း သိရသည်။ ဒရုန်းဖျက်စနစ်နှင့် ဒရုန်းကာကွယ်ရေးစနစ်များသည် GPS စနစ်နှင့်အင်တာနက်စနစ်များကို အနှောက်အယှက်ဖြစ်နေသည့် နည်းပညာဖြစ်သည်။ မိုးညှင်းမြို့ရှိ ထွေအုပ်ရုံး၊ EPC ရုံးနှင့် စစ်ကောင်စီနဲ့ဆက်နွယ်သည့် အဆောက်အဦးများ တိုက်ခိုက်ခံရမှု ယခင်က မကြာခနရှိခဲ့သောကြောင့် စစ်ကောင်စီက ယခုကဲ့သို့ ဒရုန်းကာကွယ်ရေးစနစ်တပ်ဆင်လာခြင်းဖြစ်နိုင်‌ကြောင်း ဒေ‌သခံများက သုံးသပ်ကြသည်။ - [ရွှေကူမြို့နယ် နန်းဖျားချောင်းအနီး‌ရွှေတူးဖော်နေမူကြောင့် ကျေးရွာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်နေ](https://burmese.kachinnews.com/2023/01/17/bb1-4/): ကချင်ပြည်နယ်၊ ရွှေကူမြို့ ငါးဘက်ကြီးကျေးရွာ နန့်ဖျားချောင်းအနီးတစ်ဝိုက် ရွှေတူးဖော်မှုကြောင့် ကျေးရွာအတွင်းသို့ ရေဝင်ရောက်လာပြီး ရေကြီးရေလျှံဖြစ်လာမည်ကို ဒေသခံများပြည်သူများက စိုးရိမ်နေကြောင်းပြောဆိုသည်။ ရွှေကူမြို့နယ် ဗန်းမော်–မန္တလေး မဟာဗျူဟာလမ်းမဘေးရှိ ငါးဘက်ကြီးကျေးရွာအနီးတစ်ဝိုက်၊ နန့်ဖျားချောင်း‌ဘေး ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ဘက်ဟိုးကြီးများနှင့် ‌ရွှေလုပ်ကွက်လာရောက်တူးဖော်နေမှုကြောင့် ကျေးရွာများသို့ တောင်ကျရေများ ယခင်ထက် ဝင်ရောက်လာနိုင်ကြောင်း  ဒေသခံတစ်ဦးမှ KNG ကိုပြောသည်။ “အခုချိန်ကတော့ ရေတွေပါးတော့ မသိသာသေးဘူးပေါ့။ မိုးတွင်းဆိုရင် ချောင်းတွေကကောပြီး ရွာထဲကို ရေတွေက တောက်လျှောက်ထိုးပြီးဝင်တာ၊ ပုံမှန်နှစ်တွေဆို ရေဝင်ရင်လည်းနှေးတယ် အခုက အရမ်းမြန်လာတယ်၊ အရင်ရက် ၂၀ လောက်ကလည်း တံတာတစ်ခု ရေတိုက်စားပြီး သူ့အလိုလိုကျိုးသွားတာ”ဟုပြောသည်။ အဆိုပါ ရွှေလုပ်ကွက်တူးဖော်နေသည့် အနီးပတ်ဝန်းကျင်‌ရှိ‌ ကျေးရွာများမှာ တော်လှန်၊ ကိုင်းရွာ၊ ပန်းတင်၊ လမ်းကူး၊ ငါးဘက်ကြီး စသည့် ကျေးရွာများဖြစ်ပြီး အဆိုပါကျေးရွာများသည် နှစ်စဉ် နန့်ဖျားချောင်းအထက်ဘက်မှ တောင်ကျရေ ဝင်ရောက်မူကြောင့် အိမ်၊ လယ်တွေမြုပ်သည့်အပြင် လက်ရှိရွှေတူးဖော်မှုများကြောင့် မိုးတွင်းကာလမရောက်ခင်တွင်ပင် ရေဝင်မှုနှုန်း ပိုမိုမြန်ဆန်လာကြောင်း ဒေသခံများက ပြောသည်။ ရွှေကူမြို့နှင့် ငါးဘက်ကြီးကျေးရွာ ချိတ်ဆက်ထားသည့် တံတားတိုသည် ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇၊ မနက် ၃ နာရီဝန်းကျင်ခန့်၌ ရေတိုက်စားမှုကြောင့်  ကျိုးကျသွားသော်လည်း ယနေ့အထိ ယာယီသဘောဖြင့်သာ ပြုပြင်ပေးထားကြောင်းလည်း ဒေသခံကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ၎င်းလုပ်ကွက်သည် ယခင်ကပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စတင်ပြီး နှစ်ကုန်ပိုင်း ဩဂုတ်လ နှင့် စက်တင်ဘာလအထိ တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခဲ့သည်။ - [သက်တမ်းရာချီရှိသည့် သမိုင်းဝင် ကတ်သလစ်ဘုရားကျောင်းအပါအဝင် ရွာ ၄ ရွာကို စစ်ကောင်စီတပ်က မီးရှို့](https://burmese.kachinnews.com/2023/01/16/sm1-54/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာမှ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိသည့် ကက်သလစ်ဘုရားကျောင်းအပါအဝင် ရွာပေါင်း ၄ ရွာမှ ပြည်သူပိုင်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အနောက်ခြမ်းဘက်သို့ စစ်အင်အား၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စတင်မီးရှို့ခဲ့ကြောင်း သိရသည်။ “မနေ့က မီးရှို့ခံရတာဟုတ်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ဘာသာဝင်တွေကလည်း ဆုတောင်းဝတ်ပြုတဲ့နေ့ဆိုတော့ မီးရှို့ခံရတာ အားလုံးမြင်နေကြရလည်း ဘာမှမတတ်နိုင်လိုက်ကြဘူး“ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ဘုရားဝတ်ပြုကျောင်းဆောင်အပြင် ဘုရားကျောင်းဝန်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်အပါအဝင် သက်တမ်းရာချီရှိပြီဖြစ်သည့် သီလရှင်ကျောင်းဆောင်နှင့် အဆောင်နှစ်ခုကိုပါ မီးရှိုဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့သည့် ကက်သလစ်ဘုရားကျောင်းသည် မန္တလေးကက်သလစ်သာသနာမှ လွန်ခဲ့သည့် ၁၈၉၄ ခုနှစ်တွင် လာရောက်တည်ဆောက်ထားသည့်ကျောင်းဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် သက်တမ်းအကြာဆုံး ဘုရားကျောင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မီးရှို့ခဲ့သည့် ကျေးရွာများမှာ မူးဆုံရွာ၊ကုန်းသာရွာ၊ ချမ်းသာရွာ၊ရွာမိဿာကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။ မီးရှို့ခံခဲ့ရသည့် ချမ်းသာကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး စစ်ကောင်စီက ယခင်ကသုံးကြိမ်တိုင် မီးရှို့ခဲ့မှုကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများကဆိုသည်။ ထို့အပြင် ရွာမိဿာကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိသည့်အနက် ၅၀၀ ကျော်မီးထဲပါသွားပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကုန်းသာကျေးရွာမှာမူ ရွာလုံးကျွတ်မီးလောင်ပြာကျခဲ့ရပြီဖြစ်သည်။ ထိုစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ရေဦးမြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးကာ ရွာပေါင်း ၁၇ ရွာမှ နေအိမ် ၁၆၀၀ကျော်ကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ခမရ၃၆၄ နှင့် ခလရ၇၀၁ ပူးပေါင်း စစ်ကြောင်း ဖြစ်သည်ဟုသိရသည်။ လက်ရှိအဆိုပါ စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်နှင့် … - [ဆားလင်းကြီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်‌ကောင်စီတပ်မှ MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့](https://burmese.kachinnews.com/2023/01/16/az3-17/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလှေကျေးရွာမှ ထွက်ခွာလာစဉ် ဆားထုံးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။ “တိုက်ပွဲ ဖြစ်တာပါ အဲ့စစ်ကြောင်းက မနေ့က ရွှေလှေမှာ ညအိပ်တယ် ဒီနေ့ အဲ့ဒီကနေထွက်လာပြီး ဆားထုံးရွာ မရောက်ခင်လေးမှာဖြစ်တယ်။ နာရီဝက်လောက်နေတော့ သူတို့ဘက်က တော်တော်အထိနာလို့ ဝေဟင်ကနေ MI 35 နဲ့ မိနစ် ၂၀ လောက် ပစ်ခတ်သွားတယ်”ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တစ်နာရီကြာ ပြင်းထန်ခဲ့သော တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်မှလည်း အထိနာခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဆားလင်းကြီးမြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာနှင့် အနီးတစ်ဝှိုက်ရှိ ရွာပေါင်း ၁၀ ရွာမှ ပြည်သူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာသည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက် ဆားလင်းကြီးမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များကြောင့် ဒေသခံ ၇ သိန်းကျော် စစ်ပြေးတိမ်းရှောင်နေရပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့မဟာဗူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ မှတ်တမ်းများမှ သိရသည်။ - [အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2023/01/16/az2-72/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား ၃၀ လောက်ရှိတယ်။ ၁၁ ရက်နေ့က စစ်ကြောင်းထိုးသွားတာ မနေ့ကပြန်လာတယ် ပြန်လာတော့ ဘတ်ဟိုးရယ် မြေကောတဲ့ကားရယ် မောင်းလာတယ်။ ပြီးတော့ ကျင်းသားတွေလည်း အများကြီးဖမ်းလာတယ် ကျင်းသားဦးရေက အတိအကျမသိရဘူး ၂၀ နီးပါးရှိမယ်ဗျ”ဟုမျက်မြင်တွေ့ခဲ့သည့် မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ဖမ်းဆီးထားသည့် ဘက်ဟိုးတစ်စီး၊ မြေကောစက်တစ်စီး၊ မှုံစက်နှစ်လုံးနှင့် ကျင်းသားများကို လက်ရှိ လုံးတုံးမြို့ရှိ စစ်ကောင်စီ၏ အရှေ့တိုင်းရုံးတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ လက်ရှိ မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း တောထဲတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင် ရာဂဏန်းရှိနေပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် လုပ်ငန်းရပ်နားထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ”အဲ့မိုင်းနောင်တောမှာက ရွှေတူးနေတာကြာပြီလေ။ အရင် NLD အစိုးလက်ထက်ကတည်းက ခိုးတူးနေတာ တာပေမယ့်အဲ့ချိန်တုန်းက အရမ်းဖမ်းတော့ နားလိုက်ကြတာ။ အခုအာဏာသိမ်းတဲ့နောက်ပိုင်းပြန်တူးလာကြတာ အခုဖမ်းထားတဲ့စက်တွေပြန်ပေးမပေးတော့မသိဘူး။ ကျင်းသားတွေကိုတော့ ပြန်လွတ်လာဖို့တော့ အလားအလာရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အင်းတော်ကြီးဒေသ ဖားကန့် – အင်းတော်ကြီး လမ်းမကြီးအနီး မမုံကိုင်ကျေးရွာရွာအနီးတွင်တစ်နေရာနှင့် လုံးတုံးနှင့်မိုင်၂၀ခန့်ဝေးသည့် နန့်ရင်းခ ချောင်းဖျား တရားမဝင်ရွှေတူးဖော်မှုများဆက်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ အင်းတော်ကြီးဒေသတစ်ဝိုက် မမုံကိုင်၊ မိုင်းနောင်နှင့် လုံးတုံကျေးရွာ အနောက်ကြောဘက်တွင် တရားမဝင်ရွှေတူးဖော်နေသည့် ဘက်ဟိုး၊ မြေသယ်ကား အစီး ၅၀ ခန့်ကို စစ်တပ်က ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဖမ်းဆီးခဲ့ပြီးနောက် အင်းတော်ကြီးဒေသတစ်ဝိုက် ကြီးကြီးမားမား ရွှေတူးဖော်မှု ခေတ္တရပ်နားခဲ့ပြီးနောက် ယခုပြန်လည်စတင်လာခြင်းဖြစ်သည်။ - [ဖမ်းဆီး မီးရှို့ပြရမည့် အမိန့်ကြောင့် တနိုင်းရွှေမှော်ရှိ ဘက်ဟိုးများ စစ်တပ် လိုက်လံဖမ်းဆီးနေ၊ တဲအိမ်များကိုလည်း မီးရှို့ပြီး ဓါတ်ပုံရိုက်ယူ](https://burmese.kachinnews.com/2023/01/16/yl1-53/): တနိုင်းမြို့နယ် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး အစီး ၂၀ ခန့်ကို မဖြစ်မနေ ဖမ်းဆီးပြရမည့် တိုင်းစစ် အမိန့်ကြောင့် လက်ရှိ ဘက်ဟိုးများ လိုက်လံဖမ်းဆီးနေပြီး ရွှေမှော်ရှိတဲများကိုလည်း စစ်ကောင်စီတပ်က လိုက်လံ မီးရှို့ဖျက်ဆီးကာ ဓါတ်ပုံ မှတ်တမ်းယူနေသည်ဟု သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ တနိုင်းမြို့နယ် လပူခမှော် (Lapu Hka) နှင့် ပရင်းတောင်မှော် စသည့် ၂ နေရာတွင် စစ်ကောင်စီ ခလရ ၈၆ တပ်ရင်း ၊ ခလရ ၂၃၈ တပ်ရင်း နှင့် မင်းဇင်သန့် ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်များအပါ စစ်အင်အား ၁၀၀ ကျော်ခန့်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ညွန်ကြားချက်ဖြင့် စစ်ကြောင်းဝင်ရောက်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ “သူတို့က တရားမဝင် လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင်တွေရဲ့ ဘက်ဟိုး အစီး ၂၀ နဲ့ စက်ဆိုင်းတွေကို မဖြစ်မနေ ဖမ်းဆီးရမယ်လို့ လာပြောတယ်။ မှော်က လူကြီးတွေနဲ့ ညှိကြတဲ့အခါမှာ အစီး ၂၀ တော့ မရနိုင်ဘူးလို့ပြန်ပြောတယ်။ နောက် ၁၅ စီးတော့လုပ်ပေး။ နောက်ဆုံး ၁၀ စီးတော့ မဖြစ်မနေ ရအောင် ဖမ်းပေးရမယ်လို့ ညှိကြတယ်။ သူတို့က ပိုက်ဆံလည်းလိုချင် ဖမ်းပြရမယ်ဆိုတော့ ဘက်ဟိုးပဲရချင် ဖြစ်နေကြတယ်။ ပြီးရင် တဲအလုံး ၂၀ ကျော်ကိုလည်း မီးရှို့ ပြီးမှတ်တမ်းလည်းယူရမယ်တဲ့ အဲ့ကြောင့် မနေ့ကတော့ စရှို့နေပြီ”ဟု ရွှေမှော်ရှိ ဒေသခံများနှင့် ရင်းနှီးသော တနိုင်းဒေသခံတစ်ဦးထံ … - [နေအိမ်တွင် PDF တစ်ဦး တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း နှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/01/16/%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-pdf-%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8-%e1%80%90%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%ad/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း၏ နေအိမ်တွင် PDF တစ်ဦး လာရောက်တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအပါ မိသားစုဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။ မိုင်းနောင်ကျေးရွာ ဘိုသဲကုန်းရပ်ကွက်ရှိ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်၊ အသက် ၆၃ နှစ် ၏ နေအိမ်တွင် ယခုလဆန်းပိုင်းက PDF တပ်ဖွဲ့ဝင်တစ်ဦး လာရောက်တည်းခိုခဲ့ဖူးပြီးနောက် မကြာမှီ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်အချို့ ဖမ်းမိသောကြောင့် ဦးတင်အောင်အပါ မိသားစုဝင်နှစ်ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ”ဦးတင်အောင်က သူ့သမက်က အောက်ပိုင်းဘက်ကဆိုတော့ ကောလင်းဘက်က PDF တစ်ယောက်က သူ့သမက်နဲ့ရင်းနှီးတော့ အဲ့မှာလာနားတာလာတည်းတာပေါ့ခဏ။ အဲ့ PDF ကလေး ပြန်သွားတဲ့နောက်နေ့ စစ်တပ်က သွားစစ်တာ လက်လုပ်မိုင်းနဲ့ သေနတ်တစ်လက်မိတယ်။ အဲ့ကြောင့် ဦးတင်အောင်ရယ် သူ့သမက်နဲ့ ဝပ်လျော့မှာနေတဲ့ ကလေးတစ်ယောက်ပေါ့ ဖမ်းသွားတယ်” ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောသည်။ ဦးတင်အောင်နှင့် မိသားစုဝင်နှစ်ဦးသည် ဇန်နဝါရီ လ ၁၁ ရက်နေ့ ညပိုင်းတွင် နေအိမ်၌ စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ထိ ပြန်မလွတ်လာပဲ လုံးတုံ စစ်တပ်တွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။ ”လုံးတုံအရှေ့တိုင်းရုံးမှာ ထိမ်းသိမ်းထားတယ်။ သူတို့အမှုဖွင့် ဘာညာလုပ်မယ်ထင်တယ်။ လက်နက်တွေ မိတာဆိုတော့ လွတ်လာဖို့ မလွယ်တော့ဘူးလေ။ PDF ကလေးတော့ မဖမ်းမခံလိုက်ရပါဘူး။ အိမ်ရှင်က နေရင်းထိုင်ရင်း ခံလိုက်ရတာပေါ့ ။ ဟိုနေ့ကထိကြားတာတော့ မိသားစုဝင်တွေကို တွေ့ခွင့်မပေးသေးဘူး စစ်နေတုန်းတဲ့” ဟု မိုင်းနောင်ကျေးရွာမှ … - [ဖားကန့် မီးသတ်အရာရှိတစ်ဦးကို လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွားပြီး ၅ ရက်ကြာ ပျောက်ဆုံးနေ](https://burmese.kachinnews.com/2023/01/16/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%99%e1%80%ae%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%a1%e1%80%9b%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%85%e1%80%ba/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မီးသတ်အရာရှိတစ်ဦးကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးခေါ်သွားပြီးနောက်  ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သိရသည်။ ဖားကန့် မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ အရာရှိ ဦးပြည့်ငြိမ်းကို လွန်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အပြင်ထွက်စဥ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွာခြင်းဖြစ်ပြီး ယနေ့ထိအဆက်အသွယ်မရပျောက်ဆုံးနေကြောင်း မီးသတ်ရုံးနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြုပြောကြားသည်။ ”သုံးရက်ရှိပြီ ဖမ်းသွားတာ ဒီနေ့ထိ ရုံးကနေ ဆက်သွယ်လို့မရသေးဘူးတဲ့။ ဘယ်ကိုခေါ်သွားပြီး ဘယ်မှာပျောက်နေတယ်ဆိုတာ သတင်းစနတောင် မသိရသေးဘူး။ အဖမ်းခံလိုက်ရတာဟုတ်တယ်” ဟု ဖားကန့် မြို့နယ် မီးသတ်ရုံးနှင့် နီးစပ်သူအမျိုးသားတစ်ဦး က ပြောသည်။ ဦးပြည့်ငြိမ်းသည် လက်ရှိဖားကန့် မီးသတ်ရုံး၌ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပြီး သူ့ကို မည်သည့်အဖွဲ့က ဖမ်းသွားသည်ကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။ ဖားကန့်မြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း စစ်ကောင်စီလက်အောက်၌ တာဝန် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများဖမ်းခံရမှု ဖြစ်စဥ်မျိုးရှိခဲ့ဖူးပြီး မီးသတ်ဝန်ထမ်း ဖမ်းခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။ ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့ရှိ မီးသတ်ရုံးမှ ဦးစီးအရာရှိတစ်ဦးကိုလည်း ၂၀၂၁ ခုနှစ်တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးသည့် ဖြစ်စဉ် ရှိခဲ့သည်။ - [အောင်လအင်ဆန် ပြိုင်ဖက် ကစားသမားကို ပွဲအစတွင် အနိုင်ယူ ထိုးသတ်နိုင်ခဲ့](https://burmese.kachinnews.com/2023/01/14/bb1-3/): ထိုင်းနိုင်ငံ ဘန်ကောက်မြို့ One Fight Night ထိုးသတ်သည့် ယနေ့ နံနက်ပိုင်း ပွဲစဉ်တွင် အောင်လအင်ဆန်သည် ဘရာဇီးလ်နိုင်ငံသား ဂီလ်ဘာတို ကိုပထမအချီမှာတင် ထိုးသတ် အနိုင်ရရှိခဲ့သည်။ ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၇း၃၀၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Impact Arena တွင် ကျင်းပခဲ့သည့် ပွဲစဉ်တွင် အောင်လအင်ဆန်သည် ပြိုင်ဘက်အားကစားသမား ဂီလ်ဘာတို ကို ၁ မိနစ် ၂၉ စက္ကန့်ဖြင့် ပထမအချီမှာတင် အနိုင်ထိုးသတ်နိုင်ခဲ့သည်။ အနိုင်ရရှိမှုနှင့် ပက်သက်ပြီး ကျေးဇူးတင်ကြောင်း အောင်လအင်ဆန်သည် ကစားကွင်းတွင် မြန်မာဘာသာဖြင့် ယခုလို ပြောဆိုခဲ့သည်။ “မြန်မာပရိတ်သတ်တွေကို ကျွန်တော်အမြဲတမ်းအရမ်း ကျေးဇူးတင်တယ်။ အရင်တစ်နှစ်ဆိုရင် ကျွန်တော့ အတွက် အရမ်းခက်ခဲခဲ့တယ် စိတ်ဓာတ်တွေကျခဲ့တယ်။ အားလုံးစိတ်ကို တင်းတင်းထားပါ ငြိမ်းချမ်းရေးအကျိုးအတွက် အရေးအကြီးဆုံးဘဲ အားလုံး ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးပါ လို့တိုက်တွန်းချင်ပါတယ်”ဟု အောင်လ အင်ဆန် ပြောခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ONE 163 ပွဲစဉ်တွင်လည်း အောင်လအင်ဆန်သည် ပြိုင်ဖက်အားကစားသမားယူရှင်အိုကာမိ ကို ပထမတစ်ချီ မှာတင် အနိုင်ရရှိခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် နှစ်များတွင် One Championship Middle Weight နှင့် Light Heavy Weight ချန်ပီယံ ဆုံးရှုံးခဲ့သော အောင်လအင်ဆန်သည် လက်ရှိတွင် အဆိုပါ ခါးပတ်များ ပြန်လည်ရရှိရေးအတွက် ပြင်ဆင်နေကြောင်းလည်းသိရသည်။ - [လီဒိုလမ်းမပေါ်တွင် စက်သုံးဆီ တင်သွင်းခွင့် ပြည်သူ့စစ် နှင့် KIA အပြိုင်ပိတ်](https://burmese.kachinnews.com/2023/01/13/yl1-52/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေ၊ ရှဒူးဇွပ် (Ja Htu Zup) တွင် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုကြား လီဒိုလမ်း တစ်လျှောက်ပေါ်တွင် စက်သုံးဆီ ရောင်းဝယ် တင်သွင်းခွင့် ပိတ်ထားကြောင်း သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ပြည်သူ့စစ်နှင့် KIA တို့ အပြိုင်အဆိုင်ပိတ်ဆို့မှုကြောင့် တနိုင်း လီဒိုလမ်းဘက်သို့ ဆီဘောက်ဆာ အဝင်ကားများ မရှိတော့သည်မှာ ၄ ရက်ခန့်ရှိလာပြီဟု ရှဒူးဇွပ်ဒေသခံ တစ်ဦးက KNG ကို ပြောဆိုသည်။ “တနိုင်းလမ်းတစ်ကြောလုံး ပိတ်ထားတယ်လို့ပြောတယ်။ ဆီဘောက်ဆာကားတွေ ဆီသယ်တဲ့ကားအသေးတွေ မတက်တာ ၄ ရက်လောက်ရှိပြီ။ အခုရှဒူးဇွပ်မှာက အရင်က လက်ကျန်ဆီတွေပဲ ရောင်းနေတာဟုတ်တယ်။ ဆီကားအဝင်တော့ မရှိတော့ဘူး။ တစ်ချို့ဆီဆိုင်တွေဆိုရင် ဆီမရှိတော့ဘူး။ နမ္မတီးမြို့ဘက်မှာ ဝင်ခွင့်ပိတ်ထား တယ်လို့ပြောတယ်။ ဘယ်နားမှာ ဘယ်လိုပိတ်ထားတယ်ဆိုတာက အသေးစိတ် မသိရဘူး”ဟုပြောဆိုသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ ဇန်နဝါရီလ ၁၀ ရက် နောက်ပိုင်း ဟူးကောင့်ဒေသအတွင်းရှိ ရွှေမှော်များတွင် စက်ယန္တရားလည်ပတ်ခွင့်မရှိအောင် စက်သုံးဆီများ တင်သွင်းခွင့် နှင့် ရောင်းချခွင့်ပိတ်ထားကြောင်း ရှဒူးဇွပ်ဒေသခံများ ပြောဆိုသည်။ စစ်သုံးဆီများ ရောင်းဝယ်တင်သွင်းခွင့် မရှိကြောင်း KIA ဘက်က သတိပေးပြောဆိုလိုက်သည့်နောက် တဖက်တွင် ဝါရာဇွပ်ပြည်သူ့စစ် မင်းဇင်သန့်အဖွဲ့ဘက်မှလည်း ထပ်မံပိတ်ဆို့မှုများ ရှိလာသည့်အတွက် ယခုလို တနိုင်း လီဒိုလမ်းဘက်တွင် ဆီကား အဝင်များ မရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် ရှဒူးဇွပ်ကျေးရွာတွင် ဒီဇယ် တစ်ပေပါ ၉ သိန်း၊ ဓါတ်ဆီ တစ်ပေပါ ၁၀ သိန်းဝန်းကျင်အထိ စျေးတက်သွားပြီး လက်ရှိတွင် စက်သုံးဆီရောင်းဝယ်သည့် ဆီဆိုင်များတွင်လည်း ပြတ်လပ်လာပြီဟု … - [ဖားကန့်တွင် စစ်ကောင်စီတပ်က ညဘက် စစ်ဆေးရေး ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးမှုများလည်း ရှိနေ](https://burmese.kachinnews.com/2023/01/13/az1-109/): ဖားကန့်မြို့ပေါ် နှင့် လုံးခင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ညဘက် လမ်းသွား လမ်းလာများကို စစ်ဆေးမှု ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ညစဥ် လမ်းသွားလမ်းလာ ပြည်သူများကို ရပ်တန့်စစ်ဆေးခြင်း၊ သံသယရှိပါက ဖမ်းဆီးမှုများပါ ပြုလုပ်နေကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ဒီရက်ပိုင်းတွေမှာ ဒီကောင်တွေ လှုပ်ရှားမှု ခပ်စိပ်စိပ်ရှိနေတယ်။ ဟိုနားစစ်ဆေး ဒီနားစစ်ဆေး အဲ့လိုတွေလုပ်နေတာ။ ညအပြင်တောင် မထွက်ရဲဘူး မနေ့ညကလည်း ကိုးနာရီလောက်မှာ လုံးခင်းဆေးရုံ ကုန်းအဆင်းနားမှာ ကားသုံးစီးဖမ်းသွားတယ်။ ဘယ်သူဝယ်ဝါ ကားဆိုတာတော့ စုံစမ်းနေတုန်းညကြီးဆိုတော့ မမြင်ရဘူး။ ဖမ်းသွားတာပဲ သိတယ်။ သူတို့နားလည်း ကပ်လို့ မရဘူးလေ”ဟု ပြောသည်။ စစ်ကောင်စီက ည ၉နာရီနောက်ပိုင်း စစ်ဆေးလျက်ရှိပြီး အရပ်ဝတ်စုံ၊ စစ်ဝတ်စုံများဖြင့် စစ်ကားများအသုံးပြုကာ လှည့်လည် လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ”သူတို့ အဲ့လိုကားတွေနဲ့လှည့်နေတာ အင်အား ၄၀ ကျော် ၅၀ လောက်နဲ့လှည့်တယ်။ သူတို့က အနိုင်ကျင့်တဲ့ပုံစံပေါ့ဗျာ ခပ်စိပ်စိပ်လုပ်လာတယ်။ လူတွေ့ရင် ဖုန်းတွေစစ် ဘာတွေစစ် ရမန် ရှာလို့ရရင်သူတို့ခေါ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ Happy KTV ကိုဝင်စီးပြီး ဆိုင်အတွင်းမှ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများလုယူခြင်း၊ ဆိုင်မှ ငွေသားများလုယူခြင်း ပြည်သူများကို အကြောင်းမဲ့ရိုက်နက်ခြင်းများ ပြုလုပ်ပြီး မနက်ပိုင်းအထိ သီးချင်းသီဆိုခြင်း စသည့် အနိုင်ထက်စီးနင်း လုပ်ရပ်များ လုပ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် သြဂုတ်လ … - [စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်](https://burmese.kachinnews.com/2023/01/12/az3-16/): အင်းတော်မြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦး ထိမှန်ရာမှ အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အနောက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပဲစိုက်နေသည့် လင်မယားနှစ်ဦးအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားဖြစ်သူမှာ သွေးထွက်လွန်၍ သေဆုံးသွားကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”တိုက်ပွဲလည်းမဖြစ်ပါဘူး အဲ့ဒီအင်းတော်မြို့နောက်ဘက်က အင်းပတ်လမ်းဘက်မှာ လက်နက်တွေ ရမ်းပစ်တာ အဲ့ဒါကြောင့်မို့ အင်းပတ်လမ်းနားက ပဲခင်းမှာ လင်မယားနှစ်ယောက် ပဲစိုက်နေတာ။ ထိတာက ၂ယောက်လုံးထိတာ။ ဒါပေမယ့်အမျိုးသားက သွေးထွက်လွန်ပြီး သေသွားတယ်”ဟု ပြောသည်။ သေဆုံးသွားသည့် အမျိုးသားမှာ ဦးနိုင်ဝင်း အသက် ၄၂ နှစ်ဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ အင်းတော်မြို့ နယ် နန့်မဟုတ်ကြီးကျေးရွာအနီးရှိ လယ်ကွင်းတစ်ခုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ကလည်း အင်းတော်ရဲစခန်းဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိသုံးဦးထိမှန်ခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး မိခင်နှင့် ကျန်ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ဖူးသည်။ - [မနက်စာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရကာ ၂ဦး သေဆုံး](https://burmese.kachinnews.com/2023/01/12/sm1-53/): စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ် မှ စစ်ကောင်စီတပ်သား ၄ ဦး သည် ယနေ့နံနက်အစောပိုင်းက  အထက်အရာရှိများအတွက် နံနက်စာ ထွက်ဝယ်စဥ် လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် ၂ စီးဖြင့် လက်နက်များကိုင်ဆောင်ကာ မကြာခဏဆိုရသလို ၎င်းတို့အထက်အရာရှိများအတွက် မနက်စာ ထွက်ဝယ်လေ့ရှိသည့် အဆိုပါ စစ်ကောင်စီတပ်သားများကို လယ်ကြီး‌ကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား စစ်ကိုင်း မြင်းမူ  လမ်းမပေါ်တွင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း–၇ မြင်းခြံခရိုင် နှင့် သရဲနီအဖွဲ့မှ ကာကွယ်ရေး ရဲဘော် များပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီကောင်တွေက အရာရှိတွေအတွက် မကြာမကြာမနက်စာ ထွက်ဝယ်ပေးရတာ။ အဲ့တာကိုစောင့်ကြည့်ပြီး အပြင်းစား မိုင်း ၃ လုံး လမ်းဘေးမှာချပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့က၂စီးနဲ့ ၄ယောက်လာတာ ပထမတစ်စီးကို ထိထိမိမိဆွဲနိုင်ခဲ့တယ်။ ဆိုင်ကယ်က တစ်စဆီ လွှင့်ထွက်သွားပြီးတော့ စခနှစ်ကောင်ကအပေါ်ကို မြှောက်တက်သွားတာ ပွဲချင်းပြီး သေသွားတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားနှစ်ဦးသည် လိုက်လံပစ်ခတ်မှုများ ရှိခဲ့သော်လည်း ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း မြင်းမူမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား၃ဦး အပြင်ထွက်လာစဥ်တွင် Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၂ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ - [ဓါတ်အားလိုင်းတည်ဆောက်စဉ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့ မီးပြတ်တောက်မည်](https://burmese.kachinnews.com/2023/01/12/az2-71/): မြစ်ကြီးနားမြို့  နန်ကျင် ဖီဒါ နှင့် တပ်ကုန်း (၂) ဖီဒါ 11 KV ဓါတ်အားဝန်မျှရန် ဓါတ်အားလိုင်းတည်ဆောက်မည်ဖြစ်သောကြောင့် မြို့ပေါ် ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှု ဖြစ်ပွားမည်ဟု ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း မှ သိရသည်။ အဆိုပါ ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့မှ စတင်ကာ ၄ ရက်ခန့်ကြာမြှင့်နိုင်ပြီး၊ ထိုကာလတွင် ဓာတ်အားလိုင်းကို မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်တောက်ထားမည်ဟု ဘူးဂါး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ ဓါတ်အားလိုင်းအသစ်ဆွဲတာပါ အဟောင်းကိုအသစ် ပြန်ပြောင်းတာပေါ့ ခွဲရုံတွေကနေ မီးပေးရတာ အဆင်ပြေအောင် ဆောင်ရွက်တာပါ။ ၄ရက်ခန့်တော့ကြာမြှင့်နိုင်ပါတယ် အလုပ်လုပ်နေတဲ့ နေ့လည်ပိုင်းလောက်ကို မီးဖြတ်ထားမှာပါ။ ညပိုင်းမှာတော့ မီးပြန်ပေးမှာပါ” ဟု ဆိုသည်။ ထို့ကြောင့် နန်ကျင်ဖီဒါ နှင့် တပ်ကုန်း(၂) ဖီဒါတွင်ပါဝင်သော ရပ်ကွက်များဖြစ်သည့် ထီဝန်း၊ မန်ခိန်၊ ရွှေစက်၊ ကဝါးခ၊ ပလန၊ ၁၀မိုင်၊ နောင်နန်း၊ လမြန်၊ အူဗျစ်၊ အာလမ်၊ ဒွန်ဂမ်၊ လုံဂါဂွမ်၊ ဂေါ့နမ်၊ ယိန်းခေါ၊ မော်တောင်း၊ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ယုဇနမြိုင်၊ ကံ့ကော်မြိုင်၊ အင်ကြင်းမြိုင်၊ နန်ကျင်၊ ကြာရာပတ္တီး A B စသည့် ရပ်ကွက်များတွင် ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောက်ရွက်နေစဉ် မီးပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။ - [ဒီပဲယင်းမြို့နယ်တွင် တစ်ပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာ မီးရှို့ခံရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/01/12/za1/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာခန့် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဒီပဲယင်းမြို့မှ စတင်စစ်ကြောင်းထွက်ခွာလာပြီး ဒီပဲယင်းအနောက်ခြမ်းရှိ ကျေးရွာ ၁၂ ရွာကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီပဲယင်းမြို့ပေါ်ကနေ တစ်ခါပြန်ထွက်လာပြီးရှို့တာ ဒီပဲယင်းအနောက်ခြမ်းကို ဒီနေ့ထိဆို ရွာပေါင်း ၁၂ ရွာ နေအိမ် ၄၀၀ ကျော်ပြီပေါ့။ သူတို့က မြို့ထဲပြန်ဝင်လိုက်‌ ကျေးရွာတွေဘက်လှည့်လိုက်နဲ့ ဒီနေ့ထိပေါ့။ လက်ရှိတော့ ဒီနက်မှာပဲကို ဒီပဲယင်းနဲ့ ရေဦး အစပ်ကလျှော်ဖြူရွာကို မီးရှို့ပြီး မြို့ထဲပြန်ထွက်သွားတယ်”ဟုပြောသည်။ အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒီပဲယင်းအရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ခဲ့သည့် ခမရ–၃၆၄ နှင့် ခလရ–၇၀၁ တပ်ရင်းများဖြစ်သည်ဟု သူက ဆက်ပြောသည်။ ထို့အပြင် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒီပဲယင်းရှိ ကျေးရွာ ၁၁ ရွာကို မီးတင်ရှို့ခဲ့သည့်အပြင် အသက် ၈၀ ကျော်အရွယ် အဘိုးအိုနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ကိုဖြိုးကြီးက ဆိုသည်။ “အခုထိကိုကျနော်တို့အတည်ပြုလို့ရတဲ့ သတ်ဖြတ်ခံရသူစာရင်းက မီးလောင်သေဆုံးတဲ့ ဆပ်ပြာကျင်းက ၈၄ နှစ်အရွယ် ဦးဖိုးတာရယ်၊ အင်တိုင်းလေး‌ကျေးရွာက ၈၅နှစ်အရွယ် အဘိုးဦးဝန်မြ၊ သူဆိုနေမကောင်းလို့ စစ်ဘေးမရှောင်နိုင်တဲ့အချိန်မှာ မီးရှို့တဲ့ထဲပါသွားခဲ့တယ်။ ပျောက်ဆုံးနေတဲ့သူကလည်း အင်တိုင်‌လေးနဲ့ ချောင်းနား ကျေးရွာက ၆ယောက်လောက်က ပျောက်နေသေးတယ်”ဟုဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှကိုဖြိုးကြီးက … - [ဆရာတော် ခလမ် ဆမ်ဆွန်ကို စစ်ကော်စီက ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထား](https://burmese.kachinnews.com/2023/01/11/yl2-10/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပထမဆုံးအကြိမ် မြစ်ကြီးနားအကျဉ်းထောင်တွင် ရီမန်ယူခဲ့ပြီးနောက်ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တဖန် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း KBC တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ဒီကနေ့ကတော့ ထောင်ထဲက တရားရုံးမှာ စတင် ရုံးထုတ်တယ်။ အဓိက စစ်ဆေးတာတွေ မလုပ်သေးဘူး။ ရီမန်ယူတဲ့ရက်ပဲ ရှိသေးတယ်။ ရှေ့နေတွေနဲ့ ဆရာကြီးနဲ့ တွေ့ဆုံပေးတယ်။ ပြီးရင် စစ်တပ်ဘက်ကလည်း သူတို့ ဘာအမှုတွေနဲ့ စွဲထားတယ်ဆိုတာကို လာပြောပြတယ်”ဟုပြောသည်။ ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်မည့်ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဆရာတော်နှင့်တွေ့ဆုံရန် မြစ်ကြီးနားအကျဉ်းထောင်အထိ သွားရောက် ဝန်းရံခဲ့ကြသော်လည်း တွေ့ခွင့်မရဘဲ အမှုစစ်ဆေးမည့် ရှေ့နေများဖြင့်သာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။ ဆရာတော် ခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရန် မန္တလေး လေဆိပ်တွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးခံလိုက်ရသည်။ ထို့နောက် ရက်ပေါင်း ၂၄ ရက်အကြာ စစ်တပ်၏ စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။ သူသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌအဖြစ် ၁၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိတွင် အကြံပေးအဖြစ် ထမ်းဆောင်နေသူဖြစ်သည်။ … - [KIO ဗိုလ်မှူးချုပ် လဖိုင်လ ကို ဗုံးကျဲခံရမှုကြောင့် သေဆုံးသူအဖြစ် စစ်တပ် ထောက်ခံသူများ အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေ](https://burmese.kachinnews.com/2023/01/11/fact-check-2/): နာမကျန်းမှုကြောင့် ကွယ်လွန်သွားသော KIO အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် လဖိုင်လ ကို KIA တပ်မဟာ ၂ ဗုံးကျဲ တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူအဖြစ် စစ်ကောင်စီဝါဒဖြန့် လူမှုစာမျက်နှာများတွင် အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေကြသည်။ KIO တရားရေးအရာရှိ ဗိုလ်မှူးချုပ်လဖိုင်လ အပါအဝင် KIA တပ်ဖွဲ့ဝင် ၇၀ ခန့်သည် ဇန်နဝါရီလ ၉ ရက်နေ့ တပ်မဟာ ၂ တွင် လေယာဉ်ဖြင့် ဗုံးကျဲခံရမှုတွင် ကျဆုံးခဲ့သည်ဟု သတင်းအမှား ရေးသားဖြန့်ဝေ နေကြခြင်း ဖြစ်သည်။ အဆိုပါ သတင်းအမှားကို ‘Ko Thet’ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ရေးသားဖြန့်ဝေခဲ့ပြီးနောက် ‘Thit Lwin’ ‘ဖားစည်သံ’ ‘မှိုင်းဝေ’ ‘အထွန်းဖွား’ ‘Min Din’ ‘Pyay News’ ‘Link’ ‘Snow Queen’ ‘ပြည်သတင်းမှန်’ ‘Kyaw Win Maung’ ‘Kachin Daily News’ အစရှိသည့် Telegram အကောင့်များတွင်လည်း ဆက်တိုက် ဖြန့်ဝေခဲ့ကြသည်။ ‘Ko Thet’ ဆိုသည့် Telegram အကောင့်တွင် ပထမဆုံး ဖြန့်ဝေထားသော အကြောင်းအရာအပြည့်အစုံမှာ ‘မနေ့ည တနိုင်းမြို့နယ်ထဲက KIA တပ်မဟာ ၂ ကို လေယာဉ်အသစ်တွေ စမ်းလိုက်တာ KIO တရားရေးတာ၀န်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့  လဖိုင်လဂျာ အပါအ၀င် မွင်းငါး ပွဲ ၇၀ လောက် ရောင်းလိုက်ရကြောင်းပါဗျာ’ တို့ဖြစ်သည်။ ဗိုလ်မှူးချုပ် လဖိုင်လ သည် ဇန်နဝါရီလ ၈ ရက်နေ့ KIO ဗဟိုဌာနချုပ်တွင် နာမကျန်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ လိုင်ဇာမြို့တွင် သဂြိုလ်ခဲ့ခြင်းဖြစ်သည်။ Kachinwaves သတင်းဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “KIO ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်ပြီး … - [ကုန်စည်ရှားပါးမှုကြောင့် တရုတ် နယ်စပ် မြန်မာကုန်ကားသမားများ အခက်အခဲကြုံနေဆဲ](https://burmese.kachinnews.com/2023/01/11/az1-108/): ကချင်ပြည်နယ် မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် – လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မောင်းနင်နေသည့် မြန်မာကုန်ကားသမားများသည် ကုန်စည်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက် ကြုံနေရဆဲ ဖြစ်သည်ဟု သိရသည်။ ဗန်းမော်ခရိုင်အတွင်းက တစ်သျှူးငှက်ပျော၊ ကြံ စသည့် သီးနှံစိုက်ပျိုးသူများသည် ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကုန်စည်ပျက်စီး ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီး ယခုနှစ်သီနှံရာသီအတွက် တစ်သျှူးငှက်ပျောနဲ့ ကြံစိုက်ပျိုးသူ နည်းပါးသွားသည့်အတွက် ယခုလို ခက်ခဲလာသည်ဟု အဆိုပါ လမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက KNG ကို ပြောသည်။ ”တစ်လတစ်ခေါက်တောင် အနိုင်နိုင်ထွက်နေရတယ်ဗျ။ ကျွန်တော်တို့ကလည်း ကုန်စည်ကားမောင်းဖို့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားတာ စာချုပ်တော့ချုပ်ထားပြီ ကားကမထွက်ရ အခေါက်စားဆိုတော့ ကားထွက်မှ ပိုက်ဆံရတာ။ အဓိကပြသာနာ ကစားဝတ်နေရေး ခက်ခဲသွားတာ”ဟု ကားသမားတစ်ဦးက ပြောသည်။ ကိုဗစ်မတိုင်ခင်က ပုံမှန်အားဖြင့် တစ်လလျှင် ငါးကြိမ်ထက်မနည်း ကားထွက်ခွင့်ရခဲ့သော်လည်း ယခုနှစ်ကာလများတွင် တစ်လလျှင် အများဆုံး ၂ကြိမ် အထိသာ ကားထွက်ခွင့်ရသည့်အတွက် ကားသမားများ ခက်ခဲလာခြင်းဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ ”အခက်အခဲကတော့ ဒီမှာကားစောင့်နေရတဲ့ကိုယ့် စားဖို့ရှာရမလား မိသားစုကိုပို့ပေးဖို့ပဲရှာရမလားဖြစ်နေတယ်”ဟု အခြားကားသမားတစ်ဦးက ပြောသည်။ လွယ်ဂျယ် နယ်စပ်ဂိတ်မှ ပုံမှန်အားဖြင့် တစ်နေ့လျှင် ကုန်စည်ကားထွက်နှုန်း အစီးရေ ၂၀၀ အထက်ရှိပြီး ကိုဗစ်ကာလအတွင်း တစ်နေ့ ကားထွက်နှုန်း အစီးရေ ၁၀၀ အောက် လျော့ကျသွားခဲ့ရာ ယခုနှစ် သီးနှံရာသီစသည့် ၂၀၂၂ သြဂုတ်လနောက်ပိုင်းမှစ၍ ကုန်စည်ရှားပါးမှုကြောင့် တစ်နေ့လျင် အစီး ၂၀ ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလများတွင် မြန်မာ နှင့် တရုတ် နှစ်နိုင်ငံအစိုးရ၏ ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်းသတ်မှတ်ချက်များကြောင့် ကုန်စည်တင်ပို့မှု လျော့ချခံရခြင်း ၊ ကုန်စည်တင်ပို့ခွင့်ပိတ်ပင်ခံရခြင်းစသည့် အချက်များကြောင့် သီးနှံစိုက်ပျိုးသူများ ဆုံးရှုံးနစ်နာမှုများစွာ … - [စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်](https://burmese.kachinnews.com/2023/01/11/az2-70/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။ နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် နန့်ခင်းခ ချောင်းဖျားဘက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ ၊ ရွှေဝါ တူးဖော်မှု ပိုမိုများပြားလာသည်ဟု အင်းတာ်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”အင်းတော်ကြီးနဲ့တော့ မိုင် ၂၀ ကျော်ကျော်လောက် ဝေးတယ်။ လုံးတုံးရွာထဲကနေ အင်းတော်ကြီးကန်ထဲကို စီးဝင်တာလေရေက အဲ့ကြောင့် အခုလောလောဆယ် အရမ်းကြီးမပျက်စီးသေးပေမယ့် ကြာရင်တော့ ပျက်စီးမှာ သေချာတယ်။ အခုတောင် ကန်ထဲကို နွံတွေဘာတွေ ရောက်ခဲ့ပြီ အမိုက်တွေ ရေတွေလည်းစနောက်နေပြီ ဆက်တူးနေရင်တော့ ကန်က နွံတွေဖြစ်သွားမှာ ရေနောက်သွားမှာသေချာပဲ” ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ နန့်ရင်းခ ချောင်းဖျားတွင် ယခုကဲ့သို့ ရွှေတူးဖော်နေမှုမှာ ၂လခန့်ကြာနေပြီဖြစ်ပြီး လုပ်ငန်းရှင် ၄၀ ဦး ဝန်းကျင်နှင့် ဘတ်ဖိုး အစီး ၂၀ ကျော်ဖြင့် တွင်တွင်ကျယ်ကျယ် တူးဖော်နေကြောင်း ဒေသခံများက ဆိုသည်။ ”တူးနေတဲ့လူတွေက ဒေသခံအချို့ပါတယ် နယ်ဝေးကလည်းပါတယ်။ သူတို့က အစက မိုင်းနောင်ရွာနောက်ကြောမှာ တူးတဲ့အဖွဲ့တွေပဲ စစ်တပ်ကဘတ်ဖိုးတွေ ဖမ်းလိုက်တော့ အဲ့မှာတူးမရတော့ဘူးလေ စစ်တပ်နဲ့အလှမ်းဝေးတဲ့ လက်လှမ်းမမှီနိုင်တဲ့ နန့်ရင်းခ ချောင်းဖျားဘက်ကိုရွေ့သွားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ အင်းတော်ကြီးကန်သည် အလျား ၂၄ ကီလိုမီတာ ၊အကျယ်ဆုံး အနံ ၁၃ ကီလိုမီတာရှိပြီး ရေလယ်ခေါင်တွင် ကချင်ပြည်နယ်၏ အထင်ကရ ရွှေမဉ္ဇူဘုရားကို တည်ထားသောကြောင့် ဘုရားပွဲများ စည်စည်ကားကား ကျင်းပလျက်ရှိသည့်အပြင် ဒေသခံများက … - [ဖမ်းဆီးခံရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ပြန်လည်လွတ်လာ](https://burmese.kachinnews.com/2023/01/11/bb1-2/): မန္တလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ယမန်နေ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း နီးစပ်သူများမှ သိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး  ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃နာရီ ဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု  နီးစပ်သူ တစ်ဦးမှ KNG ကိုယခုလို ပြောသည်။ “ကျွန်တော်လည်း တစ်ဆင့်ပြန်မေးရတာဆိုတော့ ဟိုဘက်ကပြောတာ ညနေပိုင်းလောက်က ဖမ်းဆီးပြီး ခနစစ်ဆေးမေးမြန်းတယ် ပြီးရင်  မနက်ကျပြန်လွတ်လိုက်တယ် အမှုဖွင့်ထားတာတော့ မရှိဘူးတဲ့ အကုန်လုံးအဆင်ပြေတယ် အေးဆေးဘဲလို့ ပြောတယ်တဲ့”ဟုကိုဇော်မိုးထက်နှင့် နီးစပ်သူကပြောသည်။ ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက် ဇော်မိုးထက်ကို ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိတွင် ဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောဆိုသည်။ “ကျွန်တော်ရဲ့ လုံခြုံရေးအတွက် မီဒီယာတွေနဲ့ မတွေ့ချင်သေးဘူး၊ ကျွန်တော့အကြောင်းဘာမှ မပြောချင်သေးဘူး၊ မီဒီယာတွေဘက်က ဘာဖြစ်တယ်ဆိုပြီးတော့ ထွက်လာရင် ကျွန်တော် ပြန်ဆွဲခံရမှာစိုးတယ် ဆိုတော့လေ ကျွန်တော် အဆင်ပြေပါတယ် အဲ့တာလေးပြောချင်တာ”ဟု ဇော်မိုးထက်ကပြောသည်။ ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက်သည် မန္တလေးမြို့ အနောက်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ - [ဝိုင်းမော်တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး ထိခိုက် သေဆုံးမှုဖြစ်](https://burmese.kachinnews.com/2023/01/11/yl1-51/): ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာ လီဆူရပ်ကွက်တွင် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူ ဆော့ကစားခဲ့သော ဆယ်ကျော်သက် ကျောင်းသား ၃ ဦးသည် ကျည်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၁၀ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျောင်းဆင်းပြီး ပြန်လာသည့် ကလေးငယ် ၃ ဦးသည် ၎င်းတို့၏ အိမ်ပြန်လမ်း ပြည်သူ့စစ်တပ်စခန်းအနီးတဝိုက်တွင် လက်နက်ကြီးကျည်တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဝူယန်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “ပေါက်ကွဲမှုဖြစ်သွားတာက ၄ နာရီခွဲလောက်မှာ ဖြစ်မယ် ကြားလိုက်ရတယ်။ ဖြစ်စဉ်က အဲ့ဒီရပ်ကွက်ကလေးတွေ ကျောင်းဆင်းပြီး ပြန်လာတဲ့အချိန် ပြည်သူ့စစ် စခန်းအနီးတဝိုက်မှာ မကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ့ကြတယ် ထင်တယ်။ ကလေးတွေက အဲ့ဒါကို ယူပြီးတော့ ဒီအနီးနားမှာပဲရှိတဲ့ ကချင်မူရင်းဘုရားကျောင်းရဲ့ အနောက်ဘက်မှာ ခေါက်လိုက် ဆော့လိုက်နဲ့ ကစားနေတာကနေကွဲသွားတယ်လို့ပြောတယ်”ဟု ဆိုသည်။ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မောင်ခေါဆီးသည် ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး၊ ၁၀ နှစ်အရွယ် မောင်လာလူးနှင့် အသက် ၈ နှစ်အရွယ် မောင်ဗျာဆားတို့မှာ မြစ်ကြီးနားမြို့ စစ်တပ်ဆေးရုံတွင် ခွဲစိတ် ကုသမှု ခံယူနေရကြောင်း သိရသည်။ ကလေးများ ဆော့ကစားခဲ့သော လက်နက်ကြီးကျည်သည် ပြည်သူ့စစ်အဖွဲ့မှ ပြုတ်ကျထားသည့် လက်နက်ကြီးကျည်ဖြစ်နိုင်သလို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ပြည်သူ့စစ်စခန်းအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် မပေါက်ကွဲဘဲ ကျန်နေခဲ့သော လက်နက်ကြီးလည်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။ ယခုလို … - [ထီးချိုင့်တွင် စစ်ကောင်စီ နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာတိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိ](https://burmese.kachinnews.com/2023/01/10/sm1-52/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ် ဘက်မှလည်း အကျအဆုံးများပြား ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအချို့သို့ ဝင်ရောက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်  ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်နေ့တွင် KIA+PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ “စကစ ဘက်ကတော့ တော်တော်လေးအထိနာသွားတယ်။ သူတို့ထီးချိုင့်မြို့ပေါ်ပြန်ဝင်တဲ့အချိန်မှာ ထမ်းဆင် ၇ခုနဲ့ ဝင်သွားတယ်။ ကျနော်တို့ဘက်ကတော့နှစ်ဦးကျတယ် KIA ဘက်ကတစ်ယောက်၊ PDFဘက်က တစ်ယောက်“ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသည့် အလယ်တောရွာနှင့် အင်ကြင်းကုန်း ရွာ၂ ခုကြားတွင် တစ်ကြိမ်၊ အလယ်တောရွာနှင့် ထန်းကုန်းကျေးရွာကြားတွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သူက ဆက်ပြောသည်။ ထို့နောက် ၄င်းစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် အလယ်တောကျေးရွာမှ ထီးချိုင့်မြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ထွက်ခွာသွားရာလမ်းတစ်လျှောက်က စစ်ဘေးရှောင်တဲတိုက်များကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် များကဆိုသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း အလယ်တောကျေးရွာ၌သာ စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သေးသည်။ အလယ်တောကျေးရွာနှင့် အနီးတစ်က်ရှိ ကျေးရွာများမှ ပြည်သူသောင်းချီ သည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ မှ ယနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့တွင် တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၈ သိန်းနီးပါး … - [KIA တပ်မဟာ ၂ နှင့် ၉ တို့တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် KIA ဘက် ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2023/01/10/yl1-50/): ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ နှင့် ၂၆ တပ်စခန်းများနှင့် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ ဌာနချုပ်တို့တွင် ဖြစ်သည်။ ယမန်နေ့ ညနေ ၆ နာရီ ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ဌာနချုပ်တွင် ဂျက်လေယာဉ် ၃ စီးဖြင့် ၃ ကြိမ် ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA ဝန်ထမ်း ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု KIA တပ်မဟာ ၂ နှင့် နီးစပ်သည့် ပြည်သူတစ်ဦးထံမှ သိရသည်။ “ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်တယ် စခန်းအတွင်းက အဆောင်တစ်ခုလည်း လက်နက်ကြီးထိသွားတယ်လို့ကြားတယ်။ ပြီးရင်အထဲက ၃ ယောက်လောက်ထိသွားတယ်တဲ့။ ၃ ယောက်ထဲမှာ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်််််််််််််လို့ပြောတယ်။ ကျန် ၂ ယောက်တော့ အသေးစိတ် မသိရသေးဘူး”ဟုပြောဆိုသည်။ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ ဦးအနက် ၂ ဦးမှာ အမျိုးသားဖြစ်ပြီး ၁ ဦးမှာ အမျိုးသမီးဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးတစ်လုံးသည် တပ်မဟာ ၂ အနီးတဝိုက် လောဒ်အောင် ကျေးရွာတွင် ကျမှန်ပေါက်ကွဲမှုရှိခဲ့သည်ဟုလည်း သိရသည်။ ယခုလို KIA တပ်မဟာ ၂ တိုက်ခိုက်ခံရမှုမှာ … - [ဖားကန့်တွင် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဆုတောင်းခြင်းနှင့် အလံလွှင့်ထူ](https://burmese.kachinnews.com/2023/01/10/bb1/): ဇန်နဝါရီလ ၁၀ ရက် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြှောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) မှ ဉီးဆောင်ကာ ဖားကန့်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း (Myusha Zinlum Hpung) မှ သိရသည်။ အစီအစဉ် အခမ်းအနားကို ဖားကန့်မြို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရုံးချုပ်တွင် ဆုတောင်းခြင်းနှင့် ယနေ့နံနက်အစောပိုင်းက ဖားကန့်ဒေသရှိ ကချင်ပြည်သူများအားလုံး ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြသည်ဟုတာဝန်ရှိသူ ဦးဒရှီနော်လောန်(Dashi Naw Lawn)မှ KNG ကိုပြောခဲ့သည်။ “ကျွန်တော်တို့ ကချင်လူမျိုးအိမ်တိုင်းမှာတော့ လွှင့်ထူထားကြပြီဖြစ်တယ်၊ ရုံးချုပ်မှာလည်းလုပ်ထားပြီ ယနေ့မနက်၁၀နာရီ ရုံးမှာ ဆုတောင်းခဲ့တယ်“ ဟုကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) တာဝန်ရှိသူကပြောသည်။ ကချင်အမျိုးသားအလံကို ဆိုင်းတောင်၊ ဖားကန့်၊ လုံးခင်းရပ်ကွက်ရ်ှိ ကချင်လူမျိုးနေရာများတွင် အဓိက လွှင့်ထူခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဖားကန့်မြို့တွင်းရှိ အကျဉ်းထောင်နှင့်ဆေးရုံအတွက် အစားအသောက်များကိုလည်း ပြင်ဆင်ပေးခဲ့ကြောင်းလည်း ဦးဒရှီနော်လောန်က ခုလိုပြောသည်။ “အကျဉ်းထောင်အတွက်က ကျွန်တော်တို့ သွားပေးလို့မရဘူး၊ ချက်ပေးလို့မရဘူးတဲ့ အဲ့တာကြောင့် ဆန်တစ်အိတ်နဲ့ ပိုက်ဆံသုံးသိန်း ပို့ထားပေးတယ် ပြီးတော့ ဆေးရုံအတွက်က ဒံပေါက်ဘူးတစ်ရာပေးဖို့ လုပ်ထားတယ်”လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) တာဝန်ရှိသူကပြောသည်။ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ်  ၇၂ ကြိမ်မြှောက်၌  ကျင်းပပြုလုပ်နိုင်ခဲ့သော်လည်း ၂၀၂၁ခုနှစ် ၇၃ ကြိမ်မြှောက်နှင့်၂၀၂၂ခုနှစ် ၇၄ ကြိမ်မြှောက်ကိုမူ ကိုဗစ်ရောဂါ၊ နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်နားခဲ့ရသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၃ ယခုနှစ်တွင် ကျရောက်သည့် ၇၅ ကြိမ်မြောက်အထိမ်းအမှတ်ကို … - [ကချင် မြို့နယ်အချို့တွင် စစ်တပ်က ရွေးကောက်ပွဲအတွက် လူဦးရေ စတင်ကောက်ခံနေ](https://burmese.kachinnews.com/2023/01/10/zm1-31/): ကချင်ပြည်နယ်ရှိ မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က လာမည့်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ခံနေပြီဟု ဒေသခံများပြောသည်။ မဲစာရင်းအမှားရှိခဲ့သည်ဟုဆိုကာ အာဏာသိမ်းလိုက်သော စစ်ကောင်စီတပ်သည် လာမည့် ဩဂုတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေသည့်အလျောက် ကချင်ပြည်နယ်တွင်လည်း လူဦးရေ စာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်‌ကာ ကောက်ခံ‌နေပြီဟုသိရသည်။ “သန်းခေါင်စာရင်းက အိမ်တိုင်း မထည့်မနေရလို့ ပြောလို့ မနေ့က သွားထည့်တယ်“ဟုမိုးညှင်းမြို့ဒေသခံတစ်ဦးက KNG ကို ပြောသည်။ လက်ရှိတွင် အဓိကအားဖြင့် မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့၊ ပူတာအိုမြို့၊ တနိုင်းမြို့၊ ဆဒုံးမြို့၊ ဝိုင်းမော်မြို့အစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက လူဦးရေ စာရင်း စတင်ကောက်ခံနေပြီဟု ဒေသအသီးသီးမှ ပြည်သူများပြောသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လက်ရှိကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ပေါ်ရပ်ကွက် နှင့် မြို့နှင့် နီးသည့် ကျေးရွာများတွင် ဦးစားပေး ကောက်ခံနေခြင်းဖြစ်သည်။ ဗန်းမော်မြို့နယ်အတွင်း လူဦးရေ စာရင်းကောက်ခံရာတွင် ဦးစားပေး နယ်မြေ ၁ အဖြစ် မြို့ပေါ်ရပ်ကွက်၊ ဦးစားပေးနယ်မြေ ၂ အဖြစ် တာမိုင်းလုံမှ နောင်လိုက်အထိသတ်မှတ်ထားကာ၊ ဦးစားပေးနယ်မြေ ၃ အဖြစ် ဗန်းမော်အနောက်ဘက် မြစ်ကမ်းရွာများဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို ဇန်နဝါရီလ ၉ ရက်နေ့မှစကာ ၃၁ ရက်နေ့ထိ ကောက်ခံမည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် လာမည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံရာတွင် ကွန်ပျူတာစနစ်ဖြင့် ကောက်ခံနေသည့်အပြင် စစ်တပ်ပိုင် ရုပ်သံလိုင်းများမှလည်း ရွေးကောက်ပွဲဆိုင်ရာ မဲပေးစနစ်များအား ထုတ်လွှင့်နေသည်။ သို့သော် အဆိုပါရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံး ဆန့်ကျင် တိုက်ဖျက်ကြရန် ဇန်နဝါရီလ ၅ ရက်နေ့ရက်စွဲဖြင့် NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ … - [Maden Yang တွင် ဖမ်းဆီးခံရသော အရပ်သား ၁၀ ဦး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မရသေး](https://burmese.kachinnews.com/2023/01/10/az2-69/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၀ ဦးကို တစ်လကျော်ကြာသည့်အထိ စစ်တပ်က စစ်ကြောရေးတွင်သာ ထားရှိထားပြီး မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မှော်ဘုံကျေးရွာ ဘုံးကြီးကျောင်းအတွင်း ခေတ္တတိမ်းရှောင်နေကြသည့် Ginsi (ကံဆီး) ဘက်မှ စစ်ရှောင်ပြည်သူအချို့နှင့် CDM ပြုလုပ်ထားသည့် လူငယ်အချို့တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ”ဒီလ ၆ ရက်နေ့ဆို သူတို့ဖမ်းခံရတာ တစ်လပြည့်ပြီ ခုထိ ဘာသတင်းမှကိုမရသေးဘူး။ မဇွပ်ယန် ထောင်ပို့လိုက်ပြီလားဆိုပြီး စုံစမ်းတော့လည်းမပို့သေးဘူးတဲ့။ ရဲအချုပ်မှာလားဆိုတော့လည်း အဲ့မှာလည်းမရှိဘူး။ အခုထိ စစ်ကြောရေးမှာပဲတဲ့ လူ ၁၀ ယောက်ကို ဒီလောက်ကြာကြာ စစ်နေဖို့တော့မလို ဘူးထင်တာပဲ။ တူမလေးတစ်ယောက်ပါသွားတော့ အရမ်းစိတ်ပူနေကြတယ်”ဟုဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အမျိူးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီ မူလဖမ်းဆီးမှုတွင် အမျိုးသမီး ၇ ဦးနှင့် အမျိုးသားလေးဦးပါဝင်သော်လည်း အမျိုးသားတစ်ဦးမှာ မှော်ပုံဘုန်းကြီး ကျောင်းမှ ကျောင်းသားဖြစ်နေသည့်အတွက် ၅ ရက်ခန့်အကြာတွင် ပြန်လွတ်ပေးခဲ့သည်ဟုသိရပြီး လက်ရှိ ၁၀ ဦး ထိန်းသိမ်းထားခံရဆဲ ဖြစ်သည်။ KNG သတင်းဌာနက စုံစမ်းရရှိထားသည့် သတင်းအရ အဆိုပါ ဖမ်းဆီးထားသည့် ပြည်သူ ၁၀ ဦးကို လုံးခင်းကျေးရွာရှိ ယမ်းတိုက်စခန်းတွင် ထိမ်းသိမ်းထားပြီး စစ်ဆေးရေး ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဖားကန့်တွင် ယခုလို အရပ်သားအများအပြား ဖမ်းဆီးခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ဆိုင်းတောင်သပိတ် စစ်ကြောင်းမှအပြန် ပြည်သူ ၈ ဦးအထိ ဖမ်းခံရမှာ ပထမအကြိမ်ဖြစ်ခဲ့သည်။ အဆိုပါ ပြည်သူ ၈ဦးမှာ အမှုဖွင့်တရားစွဲ ထောင်ခံရမှုပြီးနောက် စစ်ကောင်စီ၏  လွတ်ငြိမ်းချမ်းသာမှုဖြင့် … - [ဖားကန့်တွင် ငွေကြေးမပေးသည့် ကျောက်ကုမ္ပဏီများကို စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2023/01/10/az1-107/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီများတွင် စစ်ကောင်စီတပ်က ငွေကြေးအဓမ္မကောက်ခံမှုများ ပိုမိုလုပ်ဆောင်လာပြီး ငွေကြေးမပေးသည့် ကုမ္ပဏီတာဝန်ရှိသူများကို ဖမ်းဆီးနေသည်ဟု ဒေသခံများ ပြောသည်။ ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းအတွင်း မနမှော်၊ မှော်စီဆာမှော် ၊ ဝှေခါမှော်အစရှိသည့် လုပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများက စစ်ဝတ်စုံ၊ အရပ်ဝတ်များဖြင့် ကုမ္ပဏီလုပ်ကွက်များအတွင်း ဝင်ရောက်ကာ ငွေကြေးတောင်ခံလျက်ရှိပြီး မပေးပါက ကုမ္ပဏီ တာဝန်ရှိသူများကို ဖမ်းဆီးခြင်း စက်ယန္တယားများ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”အဲ့တာတွေက တကယ်ဟုတ်တယ်။ ကိုယ်စား လှယ်တွေဖမ်းပြီးတော့မှ ထိန်းသိမ်းပြီးတော့မှ သူတို့ပိုက်ဆံတွေတောင်းတယ် တချို့ကုမ္ပဏီတွေဆိုရင်သိန်းသောင်းထပ်အောင်ကိုတောင်းတယ်တဲ့ အခုထိဆိုရင်ကိုယ်စားလှယ်တွေ ဖမ်းဆီးထိမ်းသိမ်းခံရ တဲ့ကုမ္ပဏီ၂ခုအထိရှိလာပြီ”ဟုပြောသည်။ စစ်ကောင်စီတပ်က ကုမ္ပဏီများအတွင်းသို့ နေ့ခင်းဘက်တွင် ဝင်ရောက်လျက်ရှိပြီး ကုမ္ပဏီတံခါး ပိတ်ထားပါက သော့များကို ရိုက်ဖြုတ်ဖျက်ဆီးမှုများပြုလုပ်နေကြောင်းသိရသည်။ မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစတင်ကာ KIA ၊ PDF ကို ထောက်ပံ့မှု ပြုလုပ်နေသည်ဟု ယူဆသော ကုမ္ပဏီများကို စစ်ကောင်စီဘက်ကလည်း ငွေကြေး ပိုမိုကောက်ခံလာခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ယခုကဲ့သို့ပြောသည်။ ”ဦးကျော်သူရ ဖမ်းခံရတဲ့နောက်တွေပိုပြီးလုပ်လာတာ သူ့ကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက်တွေကို လိုက်ပြီး အနိုင်ကျင့်နေတဲ့သဘောရှိတယ်။ အခုတူးနေတာတွေက နားလည်မှုနဲ့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ပဲတူးနေတာလည်း တရားဝင်တစ်ခုမှမရှိဘူး ဆိုတော့ အားလုံးလိုလိုမတောင်းဘူးသူတို့သံသယရှိတဲ့ကုမ္ပဏီတွေတောင်းတာ သူတို့ဘက်ပါတဲ့ကုမ္ပဏီတွေတောင်းတာတော့မကြားမိဘူး”ဟု ကျောက်မျက်လုပ်ငန်းရှင်များနှင့်သိကျွမ်းသည့် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ်က ဤသို့ငွေကြေးတောင်းခံရာတွင် ကုမ္ပဏီ၏ လုပ်ကွက်အပေါ်မူတည်၍ လုပ်ကွက်တစ်ခုလျှင် ငွေကျပ် သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိ တောင်းခံလျက်ရှိနေကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များမှ စုံစမ်းသိရှိရသည်။ ယခင်လအတွင်း ဖားကန့် လုံးခင်းတွင် စစ်တပ်ဝင်ဆီးခံရသည့်ကုမ္ပဏီနှစ်ခုအထိရှိပြီး ကိုယ်စားလှယ်နှင့် ကုမ္ပဏီ လုပ်သားများ ဖမ်းဆီးထိမ်းသိမ်းခံရသည့်အပြင် ကုမ္ပဏီတစ်ခု၏ မြေသယ်ကား နှစ်စီးလည်း အကြောင်းမဲ့ … - [တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံး](https://burmese.kachinnews.com/2023/01/09/az1-106/): စစ်ကိုင်းတိုင်း‌ဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။ “အလယ်တောမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ မိုင်ဝက်လောက်ကွာတဲ့ဘုန်းကြီးကျောင်းမှာ ကျ‌တော့ အဲမှာ စစ်ရှောင်နေတဲ့သူတွေထိတယ်။ တစ်‌ယောက်ကပွဲချင်းပြီးသေတယ် ၈ ယောက်လောက်က ထိခိုက်ဒဏ်ရာရတဲ့သူ‌လည်း ရှိတယ်။ အသေးစိတ်မသိရသေးဘူး“ဟုဒေသကာကွယ်ရေးတပ်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ စစ်အင်အား ၈၀ ကျော်ဖြင့် ထီးချိုင့်မြို့ပေါ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဆားတွင်းကျေးရွာ၊ အလယ်တော‌ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ကပြောသည်။ “တိုက်ပွဲက မနေ့ကတစ်ကြိမ် ဒီနေ့တစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲက မနေ့ကတော့ အလယ်တောနဲ့ အင်ကြင်းကုန်းကြားမှာ ဒီနေ့က အလယ်တောနဲ့ ထန်းကုန်းကြားမှာ ဖြစ်တာလို့သိရတယ်။ စစ်ကောင်စီအဖွဲ့က အလယ်တောမှာတပ်စွဲထားတာ မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အကျအဆုံးရှိပါတယ်။ ဒီနေ့အခြေနေကိုတော့ အတည်မပြုနိုင်သေးပါဘူး”ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူမှာ အသက် ၆၀ ခန့်အရွယ် ဦးကျော်ခင်ဆိုသူဖြစ်ပြီး ထန်းကုန်း‌ကျေးရွာမှဒေသခံ တစ်ဦး ဖြစ်သည်ဟုသိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ၎င်းတို့တပ်စွဲထားသည့် အလယ်တောကျေးရွာကို မီးတင်ရှို့နေပြီး ဆုံးရှုံးမူများနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်နေ့တွင်လည်း အဆိုပါစစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မူ ကြောင့် ဆားတွင်း‌ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အသက်၆၀ကျော်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ၃ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သေးသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ … - [ကချင် ဂန္တဝင်တေးသံရှင်ကြီး ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်](https://burmese.kachinnews.com/2023/01/09/yl1-49/): ကချင်အနုပညာရှင်အသင်းချုပ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည့် ဂန္တဝင်တေးသံရှင်ကြီး အသက် ၉၁ နှစ်အရွယ် ဆရာမကြီး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja Ra) သည် ဒီဇင်ဘာလ ၉ ရက် ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံးကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်း ၅ နာရီအချိန်တွင် ရုတ်တရက် ခန္ဓာကိုယ်အတွင်း နာမကျန်ဖြစ်လာသည့်အတွက် မြစ်ကြီးနားမြို့ ရှိ ရင်စိန်ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားသည်ဟု သားဖြစ်သူ ဆရာအင်ဒိန်အားဂျာက KNG ကို ပြောဆိုခဲ့သည်။ “အိမ်မှာ တရုတ်တရက်အန်တာတွေဖြစ်ပြီး အသက်ရှုကြပ်တာတွေဖြစ်တယ်။ ရင်စိန်ဆေးရုံကို ပို့လိုက်ရတယ် ဆရာဝန်တွေပြောတော့ နှလုံးရောင်တယ် ပြီးရင် အဆုတ်ထဲရေရှိတယ်လို့ပြောတယ်။ အဲ့ကြောင့် စနေ့နဲ့ တနင်္ဂနွေ ၂ ရက်ကတော့ သူတော်တော်လေး ကျော်ဖြတ်ခဲ့ရတယ်။ မနေ့ညကတော့ သူအိမ်ပြန်မယ်လို့ မယ်လို့ပြောတယ်။ ဒီမနက် အိမ်ကိုခေါ် သွားမယ်လို့ စီစဉ်နေတုန်း ၉နာရီခွဲ ဆုံးသွားတယ်” ဟု ပြောဆိုသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် အသက် ၉၁ နှစ်အရွယ်အထိ ယခုလို အသက်ရှုကြပ်ခြင်း၊ နှလုံးရောင်ခြင်း လုံးဝမရှိခဲ့ဘဲ ကျန်မာရေးအလွန်ကောင်းမွန်သူဖြစ်ပြီး ယခုအကြိမ်မှသာ တရုတ်တရက် ထဖောက်ပြီး ကွယ်လွန်သွားရခြင်းဖြစ်သည်ဟု သိရသည်။ ဆရာမကြီး အင်ဖန်းဂျာရာ ဆေးရုံတက်နေစဉ် လာရောက်ကြည့်ရှု့သော ဘာသာရေးဆရာများ၊ ရိုးရာတာဝန်ရှိသူများကို ကိုယ့်လူမျိုးအတွက် သမိုင်းကြွေးမတင်ကြဖို့ ပြောကြားသွားသည်ဟု သိရသည်။ “ဆရာမကြီးက သမိုင်းကြွေးမတင်အောင် အားလုံးလုပ်ဆောင်ကြဖို့၊ ကချင်လူမျိုးဆိုတာက လူဖြစ်ရုံနဲ့ … - [ရွှေမှော်လုပ်ငန်းရှင်များကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ မှ KIA ကိုပိတ်ဆို့](https://burmese.kachinnews.com/2023/01/07/yl1-48/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ဒေသတွင် ရွှေတူးနေသူများကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ရွှေမှော်လမ်းများကို ထပ်မံ ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေ စိုးမိုးထားသော ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ် နှင့် ကိုင်းတော စသည့် နေရာများတွင် ရွှေတူးဖော်နေသူများကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA က သတိပေးခဲ့သည်။ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ အဆိုပါ ရွှေမှော်သွားလမ်းများကို ပိတ်ဆို့သွားမည်ဟု လုပ်ငန်းရှင်များကို ညွှန်ကြားထားသည်ဟု ရှဒူးဇွပ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုသည်။ “KIA က ဒီနား တဝိုက်ရှိမှာရှိကြတဲ့ ရွှေမှော်လုပ်ငန်းရှင်တွေကို မောင်းထုတ်နေတယ်။ ၁၀ ရက်အတွင်း အကုန်ထွက်ကြဖို့ လုပ်ငန်းရှင်တွေကို ပြောဆိုထားတယ်။ အဲ့ကြောင့် တစ်ချို့သူတွေက အကုန်ထွက်ကြပြီ။ အဲ့ကြောင့် ပြည်သူ့စစ်အဖွဲ့တွေကလည်း ရွှေမှော်လမ်းတွေကို ပြန်ပိတ်ဖို့ ပြောတယ်။ ပြောရမယ်ဆိုရင် ၂ ယောက် အားပြိုင်နေကြတယ်ပေါ့”ဟု ပြောဆိုသည်။ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် စံပြကျေးရွာရှိ လမ်းမကြီးကို အဓိက ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုလမ်းမကြီးသည် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်လုပ်ငန်းရှင်များ ပုံမှန်သွားလာနေသည့် လမ်းမကြီးတစ်ခု ဖြစ်သည်။ ရှဒူးဇွပ်ဒေသတွင် ရွှေမှော်သို့ သွားနိုင်သောလမ်းမကြီး ၄ ခုရှိသည့်အနက် ကျန်လမ်းမကြီး ၃ ခု ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ပြည်သူ့စစ်အဖွဲ့က ဘက်ဟိုးဖြင့် ဖြတ်တောက်လိုက်ပြီး ‘မိုင်းထောင်ထားသည်’ ဟူသော ဆိုင်းဘုတ်များကို စိုက်ထူထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများ ပြောဆိုသည်။ … - [စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား](https://burmese.kachinnews.com/2023/01/06/sm1-51/): စစ်ကိုင်းမြို့နယ်ရှိ ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီးနောက် သံဃာတော်တစ်ပါး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း ၆ နာရီ ဝန်းကျင်ခန့်က ကြွယ်ပုံကျေးရွာ မှ ပျူစောထီး နှင့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့်မှာ ဒီပဲယင်း ကွဲကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ် ဝင်ရောက်လာပြီးနောက် နေအိမ်  ၇၀ ကျော်ကို မီးတင်ရှို့ခဲ့ပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိ သံဃာတော်တစ်ပါး၊ စစ်ကိုင်းခရိုင် တပ်ရင်း ၈ တပ်ခွဲ ၃ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင်၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၃၅ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီပဲယင်း ကွဲကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ၁၀ နာရီဝန်းကျင်မှာ ၎င်းတို့အထိုင်ချရာ ကြွယ်ပုံကျေးရွာကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၁၁ ရွာ နှင့် ဆားတောင်မြို့ရှိ ရပ်ကွက် ၃ခုကို မီးတင်ရှို့ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် အပါအဝင် နေအိမ် ၈၀၀ ကျော် မီးရှို့ဖျက်ဆီး ခံလိုက်ရပါတယ်။ - [PDF နှင့် CDM များ အလင်းဝင်ကြရန် စစ်ကောင်စီတပ်က လက်ကမ်းစာစောင် ဖြန်ဝေနေ](https://burmese.kachinnews.com/2023/01/06/az1-105/): အင်းတော်မြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော PDF များ၊ CDM ဝန်ထမ်းများအနေဖြင့် အချိန်မှီအလင်းဝင်လာကြရန် ဖိတ်ခေါ်တဲ့ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ် ကား၊ ခရီးသွားကားတွေကို ရပ်တန့်ပြီးတော့ အဆိုပါ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ”မနေ့တုန်းက အင်းတော်ဂိတ်မှာ ပေါ့လာသမျှကားတွေ ဆိုင်ကယ်တွေကိုတားပြီးတော့ ဝေနေတာ သူတို့က အဓိက ကတော့ ပြည်ပမှာ ထွက်ပြေးနေတဲ့ သူတွေပြန်လာကြဖို့၊ နောက်ပြီးတော့ သူတို့ပုဒ်မတပ်ပြီး ထွက်ပြေးနေတဲ့လူတွေ CDM တွေ ပြန်လာဖို့နဲ့ PDF တွေအလင်းဝင်လာဖို့ အခုဝင်လာရင်တော့ သူတို့ဖြေလျှော့ပေးမယ်၊ ကောင်းကောင်းကြိုဆိုမယ်ပေါ့ အဲ့လိုတွေပါတယ်” လို့ ဆိုပါတယ်။ စစ်ဆေးရေးဂိတ်မှာ လက်ကမ်းစာစောင်ဖြန့်ဝေမှုအပြီး ညပိုင်းမှာလည်း အင်းတော်မြို့တွင်းမှာ လော်စပီကာနဲ့ လှည့်လည်ပြီးတော့ ထပ်မံ ကြေညာခဲ့တယ်လို့ သိရပါတယ်။ ကချင် နှင့် စစ်ကိုင်းအစပ် အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတာ် KIA နှင့် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ ထိခိုက်ကျဆုံးမှုများလာနေတဲ့ စစ်ကောင်စီတပ်ဟာ အခုလို PDF တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်လာတာဖြစ်တယ်လို့ Indaw PDF တာဝန်ရှိသူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။ ”ဘယ်လိုအခြေအနေကြောင့်လည်းဆိုရင်တော့ မြေပြင်မှာ ကာကွယ်ရေးအဖွဲ့တွေကို သူတို့ကမနိုင်တော့ဘူးလေ။ သံတမန်ရေးမှာလည်း အဖက်ဖက်က သူတို့ရှုံးနိမ့်နေတော့ သူတို့လုပ်မိလုပ်ရာတွေ လုပ်မိတာနေမှာပေါ့ တစ်ယောက်လည်းပဲ ပါပါ နှစ်ယောက်လေးပဲပါပါ လုပ်တာနေမှာပါ”လို့ သုံးသပ်ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာပဲ အင်တော်တောင်ပိုင်း ညောင်ကုန်းရွာ၊ ဂျုံးဂျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း စတဲ့ ကျေးရွာတွေထဲက လူနေ အိမ်ခြေ ၁၀၀ နီးပါး ရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်ကမ်းစာစောင်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက”သူတို့က ခေါ်သာခေါ် နေတာ ဝင်လာရင် ကြိုဆိုမယ်ဘာညာပေါ့ ဒါပေမယ့် သူတို့လုပ်ရပ်တွေက ကျနော်တို့ ပြည်သူတွေအတွက်ကော တောထဲက PDF ကလေးတွေအတွက်ကော မရေမရာဖြစ်နေတာ မြေပြင်မှာက ခုထိလည်း … - [ဆယ်ဇင်း စစ်ရှောင် ၂၀၀၀ နီးပါးအတွက် ဆေးဝါး အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/01/05/az2-68/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသခံ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်လို့ ကျေးရွာမီးလောင်သွားတဲ့အတွက်ကြောင့် လက်ရှိ ဖားကန့်မြို့နယ်က မှော်ဘုံ (မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာတွေမှာစစ်ရှောင်နေရတဲ့ ဆယ်ဇင်း ပြည်သူ ၅၀၀၀ ကျော်ထဲက ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ”အခုကသိတဲ့အတိုင်းပဲ ဆေးစရိတ်ကလည်း ထောင်တက်နေတော့ ကျနော်တို့ကလည်း လူမှုကူညီရေးအသင်းဆိုတော့ အများကြီးမတတ်နိုင်ဘူး။ ကုရင်တော့ စခန်းအားလုံးကို လှည့်ပြီးကုရမှာ။ အဖျားအနာကတော့များတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ လူ ၁၀၀ ရှိရင် ၅၀ လောက်ကိုတော့ ဆေးကုလို့ရတယ်။ အဲ့ကြောင့် အားလုံးလှည့်ပြီးကုမယ်ဆို ဆေးစရိတ်များမှာ အခုလောလောဆယ်တော့ ဆေးဝါးတွေလိုအပ်နေသေးလို့ မကုနိုင်သေးဘူး” လို့ ပြောပါတယ်။ လက်ရှိ ဆယ်ဇင်း စစ်ရှောင်ပြည်သူအများစုမှာ ရာသီ တုပ်ကွေး၊ ငှက်ဖျား၊ အကိုက်အခဲ၊ ဝမ်းပျက်ဝမ်းလျှော်၊ နှာစေး ချောင်းဆိုး၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါအဖြစ်များနေတယ်လို့လည်း သိရပါတယ်။ ”အပြင်ဆေးခန်းပြမယ်ဆိုရင်လည်း တစ်ခါပြရင် အနည်းဆုံး ၃၀၀၀၀ လောက်ကုန်တော့မတတ်နိုင်ဘူး။ အရင်လာကုပေးနေကြ လူမှုကူညီရေးအသင်းတွေကိုတော့ ဆေးကုန်နေပြီလို့ အသိပေးထားတယ်။ ဆေးလာကုပေးကြဖို့ အကူအညီတောင်းထားတယ်ခုထိတော့ မလာသေးဘူးလာမယ်လို့တော့ပြောတယ်”လို့ ဟောင်ပါး ကျေးရွာရောက် ဆယ်ဇင်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။ အထူးသဖြင့် အသက် ၁၂ နှစ်အောက် ကလေးသူငယ် နှင့် အသက် ၄၀ အထက်သက်ကြီးရွယ်အိုတွေမှာ ရာသီတုပ်ကွေး၊ နှာစျေးချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ ဆယ်ဇင်း စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်မှာ လက်ရှိ ကျေးရွာ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းဝင်းများမှာ စုပုံနေထိုင်နေရပြီး စစ်ရှောင်စခန်း သီးသန့်မရှိတဲ့အတွက် နေရာထိုင်ခင်းအခက်အခဲ များလည်း ရှိနေတယ်လို့ သိရပါတယ်။ သူတို့အတွက် ဆေးဝါးအကူအညီအပြင် အခုနောက်ပိုင်း အစားအသောက် ကူညီထောက်ပံ့မှုပါ ပိုမို လိုအပ်လာကြောင်း စစ်ရှောင်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ … - [ဖားကန့်မှာ လွတ်လပ်ရေးနေ့တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းဖွင့်ပေး](https://burmese.kachinnews.com/2023/01/05/az1-104/): ဖားကန့်မြို့နယ်မှာ လွတ်လပ်ရေးနေ့ တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းအချို့ပြန်ဖွင့်ပေးခဲ့ပြီးနောက် ဒီကနေ့မှာ ပြန်ပိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ATOM နှင့် Mytel ဖုန်းအင်တာနက်လိုင်းတွေကို ဖွင့်ခဲ့ပေမယ့် ဒီကနေ့ မှာ ပြန်ပိတ်သွားတာလို့ မမုံကျေးရွာ ဒေသခံတစ်ဦး က KNG ကိုပြောပါတယ်။ ”ဒီကောင်တွေ သက်သက်နဲ့လုပ်တာပါ။ မနေ့က လွတ်လပ်ရေးနေ့မို့ ခနဖွင့်ပေးတဲ့သဘောဖြစ်မယ်။ အခုပြန်ပိတ်သွားပြီ မနေ့ညပိုင်းကတည်း က ပိတ်သွားတာခုထိ ပြန်မဖွင့်တော့ဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီ က ATOM နှင့် Mytel အင်တာနက်လိုင်းကိုသာ ခေတ္တဖွင့်ပေးခဲ့တာဖြစ်ပြီး MPT ၊ Ooredoo တွေကိုတော့ မဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။ ဖားကန့်မြို့နယ်မှာ ကချင်ပြည်နယ်ထဲက ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ပိတ်ခံထားရတဲ့ မြို့နယ်ဖြစ်တာကြောင့် စီးပွားရေး၊ လူမှုရေးစတဲ့ ကိစ္စရပ်တွေမှာ နစ်နာနောက်ကျနေပြီး အင်တာနက်အသုံးပြုလိုသူတွေကတော့ တစ်နာရီ ကျပ် ၅၀၀၀ ၊ ကျပ် ၁၀၀၀၀ အထိပေးသုံးနေရတယ်လို့ သိရပါတယ်။ အလားတူ စစ်ကောင်စီတပ်ဟာ ဖုန်းအင်တာနက်လိုင်း ပိတ်ထားပေမယ့် စစ်တပ်ပိုင် Mytel Wifi ကို တပ်ဆင်ပေးပြီးတော့ ဝင်ငွေရှာဖွေဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ - [ဒီပဲယင်းနယ် ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/01/05/sm1-50/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ က မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၃၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “အစပိုင်းမှာတော့ အလှူရှင်တွေ ကူညီကျတဲ့ ဆန်တွေပဲတွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပေါင်းပြီး ချက်ပြုတ်ပေးတာရှိတယ်။ တစ်ချို့ကျ ကိုယ့်ဘာသာ အဆင်ပြေအောင် ဖြေရှင်းကြရတယ်။ ကျနော်တို့ ကူညီနိုင်တာကလည်း တစ်အိမ်မှာ ဆန်တစ်ပြည် ငွေတစ်သောင်းပဲလေ အိမ်ခြေက ၃၀၀၀ ကျော်ဆိုတော့ ခက်တာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆေးကုသဖို့ မလွယ်ကူပါဘူး” လို့ ပြောပါတယ်။ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ ဝင်ရောက် စီးနင်းမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မော်လိုက်အခြေစိုက် ခမရ–၃၆၄ နှင့် မှောဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ–၇၀၁ တပ်တွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ကြောင်းတွေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတဲ့အတွက် မီးဘေးသင့် ဒေသခံတွေအတွက် ယာယီတဲတည်များဆောက်လုပ်နေထိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ “မီးဘေးသင့်ပြည်သူတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေးအတွက်က မလွယ်သေးဘူး။ ဒါ့ကြောင့် ဖြစ်သလို မိုးကာတွေကာပြီး ဖျာတွေခင်းပြီးနေရတာပေါ့။ တစ်ချို့ဆို ဘုန်းကြီးကျောင်းမှာပဲ နေနေရတာမျိုးရှိပါတယ်။ အခက်အခဲက ကြီးပါတယ်။ ယာယီတဲဆောက်ဖို့ဆို စားရိတ်ကများတယ်။ လက်တလောဆို ဆောက်ဖို့ အဆင်မပြေသေးပါဘူး“လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာပြည်တစ်ဝှမ်းက အိမ်ခြေ ၄ သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်းတိုင်းမှာ နေအိမ် ၃ သောင်းကျော် ဖျက်ဆီး မီးရှို့ခံရပြီး အဲဒီထက်က ဒီပဲယင်းတစ်မြို့နယ်တည်းမှာဘဲ နေအိမ် ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ - [ဖားကန့် ထွေအုပ်ရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/01/04/az1-103/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရမှုကြောင့်  ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် KIA နှင့် PDF အဖွဲ့တို့က လက်နက်ကြီး ၄၀ မမ ရှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဖားကန့် ဒေသခံ PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “မနက်အစောပိုင်းက ပစ်ခတ်ခံလိုက်ရတာဟုတ်တယ်။ ထွေအုပ်ရုံးမှာ လူစုနေတဲ့အချိန်ကို သွားပစ်ထည့်လိုက်တာဟုတ်တယ်။ ရဲတွေ ၅ ယောက်လောက်က ထိခိုက် သေဆုံးမှုရှိခဲ့တယ်”ဟု ပြောဆိုသည်။ ဖားကန့် အထွေအုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် ထွေအုပ်ရုံး အဆောက်အဦးတစ်ချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့တွင်းနေရာများတွင် အင်းအားအလုံးအရင်းဖြင့် လိုက်လံစစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဖားကန့်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ နေရာများတွင် ပေါက်ကွဲခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။ - [စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ](https://burmese.kachinnews.com/2023/01/04/sm1-49/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထက် ကနီမြို့နယ်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ ရိက္ခာတင်ရေယာဥ်နှစ်စီး သောင်တင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရိက္ခာတင်ယာဥ်ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါရှိသည့် ရေယာဉ်တစ်စီးနှင့် ရိက္ခာတင်တစ်စီးတို့ဖြင့် ကနီမြို့နယ်ကို ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာစဉ် ကနီမြို့၏ ငါးဖျတ်ကျေးရွာအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Deparment Of Information-DRPA မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “မုံရွာကနေ ဖလပ်အမြန်ယာဥ်နှစ်စီးနဲ့ တက်လာတယ်။ တစ်စီးက ရိက္ခာတင်လာတယ် နောက်တစ်စီးက အင်အား ၇၀ လောက်ပါတယ်။  ကနီမြို့နယ် ငါးဖျတ်ရွာအ‌ရာက်နားမှာ အဲ့ ရေယာဥ်နှစ်စီးထဲက ရိက္ခာတင်တဲ့တစ်စီးက သောင်တင်နေတယ်။  အဲ့တာနဲ့ ကျနော်တို့က သတင်းကြိုရထားတော့ လက်နက်ကြီးတွေ မောင်းပြန်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မူတွေလည်းရှိခဲ့တယ်။  သူတို့ဘက်က ၂ ယောက်ကျသွားပါတယ်။ ပြီးရင် သူတို့ရဲ့ ‌ရေယာဥ်ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်”ဟုဆိုသည်။ ထိုနေရာတွင် ၂ နာရီခန့်အကြာ ပစ်ခတ်မှုရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရေယာဉ်နှင့်အတူ သယ်ဆောင်လာသည့် ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံ ၁ ပုံ၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီများ သိမ်းပိုက်ရရှိခဲ့ကာ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီ အင်အား ၇၀ ခန့်ပါရှိလာသည့် ရေယာဉ်သည်လည်း ငါးဖျတ်ကျေးရွာအကျော်တွင် ယနေ့နံနက်ပိုင်းအထိ သောင်တင်နေသဖြင့် အနီးတဝိုက်ရှိသော ကျေးရွာလူနေအိမ်များတွင် ဝင်ရောက်စီးနင်းလာမည်ကို ဒေသခံပြည်သူများတစ်ချို့က စိုးရိမ်နေကြကြောင်း သတင်းအရင်းအမြစ်များကပြောသည်။ - [KNC ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ​ဒေါက်တာ M Kawn La လွတ်မြောက်လာ](https://burmese.kachinnews.com/2023/01/04/yl2-9/): ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ် အကျဉ်းချခံထားရသည့် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La သည် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီက လွတ်လပ်ရေးနေ့တွင် အကျဉ်းသားများကို လွတ်ပေးခဲ့ရာတွင် ဒေါက်တာ M Kawn La ပါဝင် လွတ်မြောက်လာခဲ့သည်ဟု KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာက KNG ကို ပြောသည်။ “ကျခံရမယ့် ရက်တော့ မစေ့သေးဘူး ၂ နှစ်မှာ ၂လလောက်တော့ လိုသေးတယ်။ ဒါပေမယ့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ အတွက် လွတ်ငြိမ်းနဲ့ လွတ်လာတာဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိပျော်ပါတယ်”ဟုပြောဆိုသည်။ ဒေါက်တာ M Kawn La သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ နေပြည်တော်တွင် တရားစွဲဆိုခံရသည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထပ်မံ စွဲဆိုခံရသည့်အတွက် အမှုရင်ဆိုင်ဖို့ရန် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ​ဒေါက်တာ M Kawn La ကို နေပြည်တော်မှ … - [ရှဒူးဇွပ်ဒေသတွင် ရွှေမှော်လုပ်ငန်းရှင်များ အမြန်ထွက်ခွာကြရန် KIA သတိပေး](https://burmese.kachinnews.com/2023/01/04/yl1-47/): တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ဒေသတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတိပေးပြောဆိုထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ တဝိုက်ရှိနေသည့် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေစိုးမိုးထားသည့် ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ်၊ ကိုင်းတောစသည့်ရွှေမှော်များတွင် ခိုးကျင်းများဖြင့် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို အမြန်ဆုံးထွက်ခွာသွားကြရန် KIA က သတိပေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အခုက တစ်ချို့လုပ်ငန်းရှင်တွေတောင် အကုန်ထွက်သွားကြပြီ။ ဒေသပြည်သူ့စစ်အဖွဲ့တွေကို ပိတ်ဆို့ဖို့ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းကနေ အကုန်ထွက်ကြဖို့ ပြောဆိုထားတာ ဟုတ်တယ်။ ဒီနားတဝိုက်မှာ ခိုးလုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး သတိပေးတာတွေလုပ်ပြီး ပြန်လွတ်ပေးတာတွေလုပ်နေတယ်”ဟုပြောဆိုသည်။ လက်ရှိတွင် အဆိုပါ ရွှေမှော်များမှ ငွေကြေးအများအပြားကို ပြည်သူ့စစ်အဖွဲ့က ရရှိနေသည့်အတွက်ကြောင့် ပြည်သူ့စစ်အဖွဲ့၏ ငွေကြေးစီးဆင်းမှု လျော့နည်းသွားအောင် KIA အနေဖြင့် လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်နေကြသည်။ ထို့နောက် KIA သည် ယခုရက်ပိုင်းအတွင်း ရွှေမှော်အတွင်းသို့ လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ လုပ်ငန်းရှင်တစ်ချို့ကို ၎င်းတို့၏ တပ်စခန်းနေရာသို့ ဖမ်းဆီးသွားပြီး သတိပေးလုပ်ဆောင်ချက်များ ဆောင်ရွက်နေသည်ဟုသိရသည်။ ရှဒူးဇွပ်ဒေသတွင်ရှိသော ရွှေမှော်များသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့စစ်အဖွဲ့ထံ ငွေကြေးပေးဆောင်ကာ ရွှေတူးဖော်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။ သို့သော် စစ်တပ် အာဏာသိမ်းပြီနောက် ၂ နှစ်ကာလအတွင်း မင်းဇင်သန့် ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အင်အားကြီးလာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နှစ်ဖက် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ - [လွယ်ဂျယ်တွင် ထမင်းဆိုင် တစ်ဆိုင်မှ အရက်သောက်မိသူ ၁၅ ဦးသေပြီး ၂ ဦး ဆေးရုံရောက်](https://burmese.kachinnews.com/2023/01/04/az1-102/): ကချင်-တရုတ်နယ်စပ် လွယ်ဂျယ်မြို့  အောက်ဆွဲရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အရက်သောက်မိသူ ၁၅ ဦး သေဆုံးပြီး ၂ ဦး ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလ ဒီဇင်ဘာ ၂ ရက်နေ့ ညဆိုင်အတွင်း အဖွဲ့လိုက်အရက်လာသောက်သူများအနက် ၁၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ၂ ဦးမှာ ဆေးရုံတင် ကုသမှုခံးယူနေရကြောင်း လွယ်ဂျယ်ဒေသခံ အမျိူးသမီးတစ်ဦးက KNG ကို ပြောသည်။ ”အခု ကျွန်မတို့နေတဲ့အောက်ဆွဲ့ပေါ့နော် အခုလွယ်ဂျယ်ဆေးရုံကုန်းအောက် မီးသတ်ရုံးအရှေ့နားလေးက ထမင်းဆိုင်လေး ပေါ့အဲ့မှာ အရက်သောက်မိတာ အိပ်နေရင်းနဲ့လည်း အမြှပ်ထပြီးမှ သေတာ။ တချို့ကဆေးရုံကိုရောက်တယ်။ မနေ့က မနက်ထိတော့ သေတာအားလုံးပေါင်း ၁၅ ယောက် တချို့က မနက်စောမှ အိပ်နေရင်းသေတာဆိုတော့ မနက်မှသိရတာ ၂ရက်နေ့ည တုန်းက သေတာ ၁၀ ယောက်”ဟုပြောဆိုသည်။ သေဆုံးသူ ၁၅ ဦးအနက် အချို့မှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ်သေဆုံးပြီး အချို့မှာ ၎င်းတို့၏အိမ်အတွင်း သေဆုံးခဲ့ကြောင်း၊ နှစ်ဦးမှာ ခရီးသွားနေစဥ် ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူများ သောက်မိသည့်အရက်မှာ ဒေသချက်အရက်ဖြစ်ပြီး ဆေးမြစ်စုံစိမ်ထားသည့်အရက်ဖြစ်ကြောင်း ပြောဆိုသည်။ ”သေဆုံးသွားတဲ့သူတွေက ဒေသခံတွေမဟုတ်ကြဘူး။ ကုန်ထမ်းသမားတွေနဲ့ ဒီဘက်မှာအလုပ်လာလုပ်တဲ့သူတွေ အောက်ပြည်အောက်ရွာနဲ့ တခြားနယ်ကလူတွေပဲ လာသောက်ကြရင်းဖြစ်သွားတာ ဆိုင်ကိုတော့မနေ့ညကတည်းက ပိတ်ထားလိုက်ပြီ’‘ဟု ဒေသခံတစ်ဦးက ပြောသည်။ လူပေါင်း ၁၅ ဦး အဆိပ်သင့်သေဆုံးမှုနှင့် ပတ်သက်၍ ထမင်းဆိုင်ပိုင်ရှင်ကို သက်ဆိုင်ရာအာဏာပိုင်များက ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ - [အင်းတော်နယ်တွင် အသက် ၇၀ ကျော် အမျိုးသား ၄ ဦး ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/01/03/az2-67/): အင်းတော်မြို့နယ် မဲဇာကျေးရွာအုပ်စု နန့်သဲကျေးရွာတွင် အသက်ကြီးရွယ်အို အမျိူးသား ၄ ဦးကို စစ်ကောင်စီစစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၆ နာရီဝန်းကျင် မဲဇာရဲစခန်းမှ စစ်အင်အား ၆၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီ စစ်ကြောင်းသည် နန့်သဲကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး အသက် ၇၀ နှစ်ဝန်းကျင်ရှိ အမျိုးသား ၄ ဦးကို အကြောင်းအရင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ဒီကနေ့အထိတော့ ပြန်မလွတ်သေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိရဘူး ဒီတိုင်းဖမ်းခေါ်သွားတာ အခုက မဲဇာရဲစခန်းမှာ ဖမ်းထားတယ်”ဟုပြောဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အမျိုးသား ၄ ဦးကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီအဖွဲ့သည် အင်းတော်မြို့နယ်အတွင်း ဇန်နဝါရီလ ၂ရက်နေ့မှ စတင်၍ ည ၈နာရီမှ နံနက်ပိုင်း ၄ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ချိုးဖောက်ခဲ့ပါက ပစ်မိန့်ပေးထားကြောင်း ဒေသခံများထံမှသိရသည်။ အင်တော်မြို့နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့၏ မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၅၀ ကျော်အထိရှိလာပြီး အင်းတော်ရဲစခန်းတွင်လည်း ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းသိရသည်။ - [စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သူ ပြည်သူ ၇ ဦးအနက်တစ်ဦး သေဆုံး၊ ၆ ဦး ဆေးကုသခံယူနေရဆဲ](https://burmese.kachinnews.com/2023/01/03/az1-101/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မဇွပ်ယန်ထောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး နှစ်လုံးသည် ဆန်ခါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၂ ဦးနှင့်အမျိုးသားတစ်ဦးတို့ထိမှန်ခဲ့ပြီး ယင်းအနက် အသက် ၅၂ နှစ်အရွယ် ဦးကွန်ရန်ဂျာနော် မှာသေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ ”ဆုံးသွားတာက တစ်ယောက်ပါပဲ ဦးကွန်ရန်ဂျာနော်ဟုတ်တယ်။ သူက ခေါင်းမှာထိတာ ဒဏ်ရာကပြင်းတော့ အဲ့နေ့ ညမှာပဲ ဆုံးသွားတယ် ကျန်တဲ့သူတွေကတော့ ဆေးကုသမှုခံယူနေတုန်း လုံခြုံတဲ့နေရာမှာ အရမ်းကြီးစိုးရိမ်ရမယ့်သူတော့ မရှိတော့ဘူး အဆင်ပြေအောင်တတ်နိုင်သလောက်ကုပေးနေပါတယ်”ဟု နာရေးကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိဆေးကုသမှု ခံယူနေဆဲ ၆ ဦးမှာ မလှဟန် အသက် ၂၈ နှစ်၊ မောင်မျိုးဂျတ်နော် အသက် ၁၃ နှစ်၊ မူကြိုဆရာမဒေါ်မဂျီခေါန် အသက် ၁၉ နှစ်၊ ဒေါ်ဘောက်ဂျာ အသက် ၄၀ နှစ်၊ မူကြိုဆရာမဒေါ်ဆိုင်းမိုင်နှင့် တူမဖြစ်သူ မထွယ်ဆန် အသက် ၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးအနက် ပထမဆုံးကျရောက်ပေါက်ကွဲသည့်တစ်လုံးသည် လူနေအိမ်အနီး ကျရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးထိမှန်ခဲ့ပြီး ဒုတိယအကြိမ်ကျသည့်တစ်လုံးမှာ ဆန်ခါ ခရစ်ယာန်ဘုရားကျောင်းဝင်း၌ … - [ကောက်လှိုင်းပုံထဲတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းပေါက်ကွဲ၍ စပါးချွေနေသည့်ပြည်သူတစ်ဦး မိုင်းစထိမှန်](https://burmese.kachinnews.com/2023/01/02/az2-66/): အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က ကောက်လှိုင်းပုံထဲ၌ မိုင်းတစ်လုံးထောင်ထားခဲ့ရာ ယင်းမိုင်းပေါက်ကွဲမှုကြောင့် စပါးချွေနေသည့် ဒေသခံတစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် နမ့်စီးအောင်ဘက်မှ ဝင်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက အင်းတော် တောင်ပိုင်းရှိ အလယ်ဆိပ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း ကျေးရွာအတွင်းမှ ပြန်ထွက်စဥ် အလယ်ဆိပ်ဒေသခံတစ်ဦးရှိ လယ်ကွင်းအတွင်းက ကောက်လိုင်းပုံတစ်ခုထဲ၌ မိုင်းတစ်လုံး ထောင်ထားခဲ့ရာ ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးမိုင်းစ ထိမှန်ခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”သူတို့အလယ်ဆိပ်ရွာက ကောက်လိုင်းပုံတွေကိုမီးရှို့တုန်းက အကုန်လုံးကိုမီးရှို့ပြီး အဲ့တစ်ပုံထဲကိုပဲကျန်ထားတာ အဲ့ကျန်ခဲ့တဲ့တစ်ပုံကိုရွာသားတွေမနေ့တုန်းက ဝင်ပြီးတော့စပါးချွေကြတာ အဲ့စပါးချွေနေတဲ့ချိန်ထပေါက်ကွဲတာ အဲ့မှာ လူတစ်ယောက်ကတော့ လွင့်ထွက်သွားတာပေါ့ အသက်ကတော့ မစိုးရိမ်ရဘူး ဒဏ်ရာတော့ရထားတယ်”ဟုပြောသည်။ ပေါက်ကွဲမှုသည် မွန်းလွဲ ၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အလယ်ဆိပ်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းစထိမှန်ပြီး စပါးချွေလှည့်စက်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် လက်ရှိ သံဘိုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး ဒေသခံအများပိုင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း အင်းတော် PDF မှ သိရသည်။ အဆိုပါ မိုင်းထောင်ခဲ့သည့် စစ်ကြောင်းသည် ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက အလယ်ဆိပ်ကျေးရွာနဲ့ မဲဇာကျေးရွာကြားတွင် KIA ၊ PDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာစစ်သား ၂၀ နီးပါးသေဆုံးခဲ့ပြီး အထိနာခဲ့သောကြောင့် အလယ်ဆိပ်ရွာကို မြေပြင်ဖြင့်မီးရှို့ခြင်း၊ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ကချင် စစ်ကိုင်း နယ်စပ် အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခဲ့သည့် … - [ဖားကန့်တွင် လူမဲ့သပိတ်ပြုလုပ်မှုအပြီး စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်](https://burmese.kachinnews.com/2023/01/02/az1-100/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု Maden Yang ကျေးရွာဘက်တွင် လုံးခင်းသပိတ်ကော်မတီမှ ဦးဆောင်၍ လူမဲ့သပိတ်ပြုလုပ်ခဲ့ရာ သပိတ်အပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နံနက် ၁ နာရီအချိန်တွင် လုံးခင်းသပိတ်ကော်မတီ ဦးဆောင်၍ လုံးခင်း-ဖားကန့်ပြည် ထောင်လမ်းမကြီးကိုပေါ်တွင် ပေ ၂၀ ကျော်ရှည်လျားသည့် ‘၂၀၂၃ အပြတ်ချေမှုန်း ဘုံရန်သူ အာဏာရှင် စနစ်မြေလှန်ပစ်ကြ ကျွန်လိုဘဝကလွတ်မြောက်ဖို့ နောက်ဆုံးအခွင့် အရေးမို့ ရုန်းကြစို့’ စာတမ်းကိုချိတ်ဆွဲခဲ့ရာ နောက်နာရီပိုင်းအကြာတွင်စစ်ကောင်စီက လက်နက်ကြီးများ ရမ်းပစ်ခတ်ခဲ့ကြောင်း လုံးခင်း သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကို ပြောသည်။ ”ကျွန်တော်တို့က မနက်အစောကြီးသွားချိတ်လိုက်တာ သွားချိတ်ထားတဲ့အဲ့ဗီနိုင်းစာသားကို စစ်သားတွေက ညပိုင်းမှာလာဖြုတ်သိမ်းသွားတာ ဖြုတ်သိမ်းသွားပြီနောက်မကြာဘူး ကျွန် တော်တို့ဘက်ကိုလက်နက်ကြီးလေးလုံးပစ်တယ် ထိခိုက်တာတော့လူထိခိုက်တာတော့ မရှိဘူးဗျ”ဟု သပိတ်ကော်မတီမှ တာဝန်ရှိသူအမျိုသားတစ်ဦးက ပြောသည်။ လက်နက်ကြီးမှာ ည ၇ နာရီခွဲအချိန်တွင် ပစ်ခတ်ခဲ့ပြီး လေးလုံးအနက် နှစ်လုံးမှာ မှော်ဘုံ ကျေးရွာအစွန်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ မှော်ဘုံကျေးရွာနဲ့ ဆန်ခါ ကျေးရွာကြားတွင် ကျရောက်ပေါက်ကွဲပြီး လူနဲ့အခြား ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မဇွပ်ယန်ထောင်မှ ဆန်ခါကျေးရွာဘက် သို့လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဆန်ခါ ဘုရားကျောင်းဝင်း အတွင်း ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူခြောက်ဦး ထိခိုက်ခဲ့ရာ ယင်း ၆ ဦးအနက် ဖားကန့် ဆေးရုံတင်ထားသည့် ပြည်သူတစ်ဦး သွေးလွန်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့ညတွင် သေဆုံးသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်ကို … - [ကုန်စိမ်းသည် အမျိုးသမီး ၄ ဦးကို PDF ကိုထောက်ပံ့သည်ဟု ဖမ်းဆီးအမှုဖွင့်](https://burmese.kachinnews.com/2022/12/30/%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားခါ ကျေးရွာမှ ဒေသခံ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီက PDF ကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သိရသည်။ နားခါကျေးရွာမှ ဒေါ် ခင်မာဦး၊ ဒေါ်အေးဆန်း၊ ဒေါ်ခင်စောထွေး(ခ) မေရှားနှင့်ဒေါ်မဲရှင်(ခ) ဒေါ်မဲ တို့သည် ဒီဇင်ဘာ ၂၉ ရက်နေ့ အင်းတော် မနက်စျေးတွင် ကုန်စိမ်းရောင်းနေစဥ် ဖမ်းဆီးခံလိုက်ရပြီး သူတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ”ခုထိတော့ အင်းတော်ရဲစခန်းအချုပ်ထဲမှာပဲ ထိမ်းသိမ်းထားတုန်း၊ အကြမ်းဖက်မှုနဲ့အမှုဖွင့်ထားတယ်။ အကြမ်းဖက်မှုနဲ့ဆိုတော့ ကသာကို ပို့လောက်တယ်။ သူတို့ကို PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ။ တကယ်ထောက်ပံ့လား မထောက်ပံ့လား ကျနော်တို့လည်းမသိဘူး သူတို့ပဲစွပ်စွဲပြီးဖမ်းတာ” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအမျိူးသမီး ၄ ဦးသည် ဒလံသတင်းပေးမှုကြောင့် ဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း အင်းတော် PDF က ဆက်လက် ပြောဆိုသည်။ ဖမ်းခံရသည့် ယင်းအမျိုးသမီးလေးဦးကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်ထားကြောင်း စစ်တပ်လော်ဘီ Telegram Channel တစ်ခုဖြစ်သည့် Firty Two Channel တွင် ရေးသားဖော်ပြထားသည်။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၅၀ ကျော်အထိရှိလာပြီး ၎င်းတို့အနက် ၄၀ ကျော်ကို အင်းတော်ရဲအချုပ်တွင် ဖမ်းဆီးထားပြီး အချို့ကို ကသာသို့ ပို့ဆောင်ထားကြောင်း သိရသည်။ - [စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီး ခရစ်ယာန်ဘုရားကျောင်းတွင် ကျရောက်ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2022/12/30/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%90%e1%80%95%e1%80%ba-%e1%80%95%e1%80%85%e1%80%ba%e1%80%81%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac/): ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မဇွပ်ယန်အကျဉ်းထောင်မှ စစ်ကောင်စီတပ်များ ပစ်ခတ်သော လက်နက်ကြီးသည် ဆန်ခါကျေးရွာတွင် ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးအပါအဝင် အမျိုးသမီး  ၃ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ “ပထမတစ်ချက်က ရွာထဲကိုကြတယ်။ နောက်တစ်ချက်က ကသလစ်ဘုရားရှိခိုးကျောင်းကို ထိမှန်တယ်။ ဆရာမတွေ၊ ကလေးတွေပါ ထိခိုက်ကုန်တယ်” ဟု ဆန်ခါကျေးရွာသားတစ်ဦးက ပြောသည်။ ကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲခဲ့သည့် ပထမအကြိမ် လက်နက်ကြီးတွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ပစ်ခတ်မှုတွင် ကတ်သလစ် ကချင်အသင်းတော် ဘုရားကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ကက်သလစ် ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့်  ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသူများကို ဆန်ခါကျေးရွာနှင့် လုံးခင်းမှ လူမှုရေးအသင်းအဖွဲ့များက ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် အရပ်လေးမျက်နှာသို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်။ - [ဖားကန့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ကိုဇော်မင်းဦးအား ထောင်ဒဏ် ၁၆ နှစ် ၆လချမှတ်](https://burmese.kachinnews.com/2022/12/30/az1-99/): ကချင်ပြည်နယ် ဖားကန့်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးကို စစ်တပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၆ နှစ် ၆ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်းသိရသည်။ ပုဒ်မ ၅၀၅ က ၊ ပုဒ်ပ ၅၀ ည တို့ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်မင်းဦးသည်  ပုဒ်မ ၂ ခုစလုံးအတွက် ပြစ်ဒဏ်စီရင်ချရာမှာ ထောင်ဒဏ် ၁၆ နှစ်နှင့် ၆ လချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်တစ်ဦးက ခုလိုပြောသည်။ “ဒီနေ့အမိန့်ချတာပေါ့၊၁၅နှစ်ကျခံရတယ်လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အထိ ပြစ်ဒဏ်တွေချတာတော့ စိတ်မကောင်းဘူး“ဟု မိသားစုဝင်တစ်ဦးကပြောသည်။ ကိုဇော်မင်းဦးသည် ဖားကန့်မြို့ လုံးခင်းရပ်ကွက် ၁ တွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ မှော်ပုံကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကိုဇော်မင်းဦးသည် ဖားကန့်မြို့တွင်ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅–က ပုဒ်မဖြင့် ထောင်ဒါဏ် ၁နှစ် ၆လ၊ ၅၂(က)နှင့် ၅၀ (ည) ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ်ချမှတ်ခံရကာ၊ စုစုပေါင်းပြစ်ဒါဏ် ၁၆ နှစ်နှင့် ၆ လ ချမှတ်ခံရခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား ငါးဦး၊ အမျိုးသမီးဆယ်ဦးထက်မနည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထို့ပြင် ယခု ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် မှော်ပုံကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ဆယ်ဦးထက်မနည်းမှာလည်း မိသားစုများနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။ - [Rev. Dr. Hkalam Samson ကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး မိသားစုနှင့် တွေ့ခွင့်မပေး](https://burmese.kachinnews.com/2022/12/30/yl1-46/): အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဟု သိရသော်လည်း မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း မိသားစုဝင် တစ်ဦးပြောသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို ရက်ပေါင်း ၂၄ ရက်အကြာ စစ်ကြောရေးတွင် ထားရှိပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းတွင် မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်သည်ဟု သိရကြောင်း ဆရာတော်၏ အမျိုးသမီးက ပြောသည်။ “သူ့ကို ချစ်တဲ့သူတွေက အကြောင်းကြားလာတယ်။ ၂၈ ရက်နေ့မှာ အမှုဖွင့်ထားတယ်လို့ ကြားပြီး ရဲစခန်းကို လိုက်သွားတယ်။ အဲ့မှာ ရဲစခန်းမှူးကိုမေးကြည့်တော့ ၁၇ (၁) ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြောလာတယ်။ သူ့ကိုလည်း ၂ နာရီလောက် ရဲစခန်းမှာထားပြီး ထောင်ထဲကို ပြန်ပို့လိုက်ပြီလို့သိရတယ်”ဟု ဆရာတော်၏ အမျိုးသမီးဖြစ်သူက KNG ကို ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆရာတော်နှင့်တွေ့ခွင့်ရရန်အတွက် မိသားစုများမှ မြစ်ကြီးနားအကျဉ်းထောင်ထဲသို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့ကြောင်း အမျိုးသမီးဖြစ်သူက ဆက်ဆိုသည်။ “ထောင်ထဲရောက်သွားပြီဆိုတာနဲ့ မနေ့က မနက်ပိုင်း တစ်ကြိမ် ညနေပိုင်းတစ်ကြိမ် ထောင်ကိုလိုက်သွားတယ်။ ပြီးရင် ဒီမနက်လည်း တစ်ကြိမ်ပြန်သွားတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တယ်ဆိုပြီး တွေ့ခွင့် မပေးဘူး။ သူစားဖို့ အစားအသောက်နဲ့ ပစ္စည်းတွေပဲ ပေးလိုက်ရတယ်”ဟု ပြောဆိုသည်။ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အပေါ် စစ်ကောင်စီမှ စွဲဆိုထားသည့်အမှုသည် မတရားသဖြင့် စွဲဆိုချက်သာဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို … - [ဒီပဲယင်းမြို့နယ်တွင် နှစ်ရက်အတွင်း နေအိမ် ၇၀၀ မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/12/28/sm2-11/): ဒီပဲယင်းမြို့နယ်ရှိ ကြည်ကျေးရွာနှင့် ဘုရားထွက်ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်းမှ စ၍ ယနေ့ မနက်ပိုင်းအထိ နေအိမ်များကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၇၀၀ ခန့် မီးထဲပါသွားခဲ့ပြီး မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ညနေ ၄ နာရီဝန်းကျင်တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်း နှစ်ဖွဲ့ခွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့က သူတို့က နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ရွာအရှေ့ကဝင်လာပြီးတော့ တစ်ဖွဲ့ကရွာအနောက်ကနေဝင်လာတာပေါ့။ သူတို့က ပတ်ဝင်တဲ့ သဘောပေါ့ ရွာထဲရောက်တာနဲ့ ထုံးစံအတိုင်းမီးစရှို့တာပဲ။ သူတို့က မနေ့ကလည်းရှို့တယ် ဒီနေ့လည်းရှို့တယ် နှစ်ရက်ဆက်ပေါ့ ဘုရားထွက်ကျေးရွာက နေအိမ် ၄၀၀ ပါသွားတယ်။ ကြည်ရွာက နေအိမ် ၃၀၀ လောက် မီးလောင် ပြာကျခဲ့တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၂ ရွာတွင် ဘုရားထွက်ကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ဖူးပြီး နေအိမ် ၁ လုံးနှင့် ဘော်ဒါဆောင်တစ်ခု မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သူက ဆက်ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီးနောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း နယ်မြေရှင်းလင်း‌ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်စဥ် မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ ပြန်ထွက်သွားတဲ့အခါမှာ ထင်းပုံထဲမှာ မီးရှို့သဂြိုလ်ထားဟန်တူတဲ့ အလောင်းတစ်လောင်းတွေ့ခဲ့ရတယ်။ ဘယ်သူ ဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး”ဟု ဒေသခံတစ်ဦးက ဆိုပါသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဒီဇင်ဘာလအတွင်း နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရေဦးနှင့် ဒီပဲယင်း မြို့နယ်ရှိ … - [စစ်တပ်က ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်‌ဆောင်နေ](https://burmese.kachinnews.com/2022/12/28/az3-15/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာများ စုပေါင်းကာ ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်ဆောင်နေကြကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွက် ဗန်း‌မော်မြို့နယ်တွင် ဦးစားပေး နယ်‌‌မြေ ၄ ခု သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှစကာ ရပ်ကျေးဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “မိုးဖိန်းရွာမှာ ၂၃ ရက်နေ့က လူစုခိုင်းပြီးတော့ ရွေးကောက်ပွဲစည်းရုံးရေးဆင်းတာလို့ပြောတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲလိမ်တာ မဲ မသာမာမှုတွေရှိခဲ့တယ်ဆိုပြီး ဒါတွေပြောသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်မှ ဦးစားပေးသတ်မှတ်ထားသည့် နယ်မြေများမှာ ဗန်းမော်မြို့ပေါ်ရပ်ကွက်များအပါအဝင် တာမိုင်းလုံ မှ နောင်လိုက်အထိ ဖြစ်ပြီး ဗန်းမော်အနောက်ဘက်မြစ် ကမ်းနဘေးရှိ ကျေးရွာများ၊ မံဖာရွာ မှ မံရွတ်ရွာများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း တာမိုင်းလုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်း ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ “သူတို့စစ်တပ်နဲ့ နီးစပ်သူတွေအများဆုံးနေတဲ့နေရာတွေကို ဦးစားပေးနယ်မြေသတ်မှတ်ပြီး စည်းရုံးရေးလုပ်နေတာ။ ခုဆက်တိုက် စည်းရုံးရေးဆင်းဖို့ကို ပြင်နေပြီလို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၁၁၅၀၄၀၇ ရှိသည့်အနက် ဗန်းမော်ခရိုင်တွင်း မဲပေးခွင့်ရှိသူ ၂ သိန်းခွဲပါဝင်ကြောင်း သိရသည်။ - [ကန့်ဘလူမြို့န့ယ် အောက်တဲကျေးရွာတွင် နှမ်းရိတ်နေသော ပြည်သူ ၅ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2022/12/27/sm1-48/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အောက်တဲကျေးရွာတွင် နှမ်းအငှားရိတ်နေသော ပြည်သူ ၅ ဦးကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကိုးတောင်ဘို့ အထိုင် ခမရ-၃၆၃ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ကောလင်းမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာမီးရှို့ပြီး ကန့်ဘလူမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာရာမှ ယခုလို ပြည်သူ ၅ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က ကောလင်းမြို့နယ်ကနေ ကန့်ဘလူကိုပြန်လာတဲ့ ကိုးတောင်ဘို့အထိုင်စစ်ကြောင်းပါ။ အဲ့ဒီကနေ အောက်တဲဘက်ကို ၉ နာရီ ဝန်းကျင်မှာ ရောက်လာတယ်။ အဲ့မှာ ကြံချက်ဖိုကနေအလုပ်သမားတွေက ဒီနေ့ကြံချက်တာနားတော့ နှမ်းလှိုင်းတွေကို ရိတ်နေတာပေါ့ အဲ့ဒီကနေဖမ်းဆီးခံရတာပါ”ဟု ဒေသခံတစ်ဦး က ဆိုသည်။ ဖမ်းဆီးခံရသည့် ပြည်သူ ၅ ဦးမှာ ဇီးကနားကျေးရွာမှ အသက် ၅၀ ဝန်းကျင် နှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦး၊ မိဿလင်ကုန်း ကျေးရွာမှ အသက် ၅၀ ကျော်အမျိုးသား ၁ ဦး၊ ဇော်ချောင်းကျေးရွာမှ အသက် ၅၀ ကျော် ၁ ဦးနှင့် ကိုင်းမ ကျေးရွာမှ အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦး တို့ဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်တစ်စုံတစ်ရာ မရရှိသေးကြောင်း သူက ဆက်ပြောသည်။ ၎င်းစစ်ကြောင်းသည် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အောက်တဲကျေးရွာနှင့် ၂ မိုင်ကျော်အကွာရှိ ပေါက်ဆိန်ကုန်းကျေးရွာ ကို ပစ်ခတ်ဝင်ရောက်ကာ တပ်စွဲနေထိုင်နေသည်ဟု ဒေသခံများထံမှသိရသည် ။ ထို့ကြောင့် … - [ဗန်းမော်တွင် မီတာကြေး မပေးသည့် နေအိမ်များကို စစ်တပ်က မီတာဘောက်များ လိုက်လံဖြုတ်သိမ်းနေ](https://burmese.kachinnews.com/2022/12/27/az2-65/): ဗန်းမော်မြို့တွင် မီတာခမဆောင်သည့် နေအိမ်ရှိ မီတာဘောက်များကို စစ်ကောင်စီတပ်က နှစ်ရက် ဆက်တိုက် လိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်သား၊ ရဲတပ်ဖွဲ့နှင့် EPC ဝန်ထမ်း စုစု ပေါင်း အင်အား ၂၀ ကျော်ပါဝင်သော အုပ်စုသည် စစ်ကား တစ်စီးဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် မီတာမဆောင်နိုင်သည့် နေအိမ်များကို မီးတာဘောက်များ ဖြုတ်သိမ်းနေကြောင်း ဗန်းမော်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”မနေ့ကတော့ ခွန်သာရပ်ကွက်မှာ ဖြုတ်နေတာ ဒီနေ့ကတော့ မနက် ၉နာရီလောက်ကနေ ပေါက်ကုန်းရပ်ကွက်ထဲမှာ လိုက်ဖြုတ်နေပြီ။ ကျနော်သိရသလောက် ၄ ၊ ၅၊ ၁၀ အိမ်လောက်တော့ဖြုတ်သွားတယ်။ ဒီမနက် တခြားဘယ်နအိမ်လောက် ဖြုတ်သိမ်းသွားလဲတော့ မသိရဘူး။ သူတို့နောက်တောက်လျှောက်ကြီး လိုက်ကြည့်လို့လည်းမရဘူးလေ”ဟု ပြောသည်။ စစ်ကောင်စီသည် မီတာကြေးကောက်ခံရာတွင် ယခင် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလ မီတာကင်းလွတ်ခွင့် ပေးထားသည့် ကာလများကိုပါ ထည့်တွက်ပြီး ခန့်မှန်း ငွေနှုန်းဖြင့် အတင်းပေးဆောင်ဆိုင်းနေသည်ဟု ဆိုသည်။ ”သူတို့က မီတာလုံးဝမဆောင်တဲ့အိမ်တွေကို မီတာစာရွက်တွေနဲ့တစ်ခါတည်းဝင်တာ မီတာစာရွက်လည်း ၇ရွက်၊ ၈ရွက်လောက်ရှိတယ်။ အရင်ကိုဗစ်တုန်းက ဆောင်စရာမလိုဘူးဆိုပြီး ကင်းလွတ်ခွင့်ပေးတဲ့ဟာကို ခန့်မှန်းရေးပြီး ယူလာတာထင်တယ်။ တစ်ချို့အိမ်တွေက တစ်သိန်း တစ်သိန်းခွဲပဲ တချို့ကျတော့ လေးသိန်း ငါးသိန်းဆိုတော့ တခါတည်း မဆောင်နိုင်ဘူး။ အဲ့ကြောင့်မီတာဘောက်ဖြုတ်သိမ်းခံလိုက်ကြရတာပဲ”ဒေသခံတစ်ဦးက ပြောသည်။ ယခု ဖြုတ်သိမ်းခံရသည့် မီတာဘောက်များကို ပေးဆောင်ရမည့် မီတာခများအားလုံး တစ်ပါတည်းပေးဆောင်ပါက ပြန်လည် တပ်ဆင်ပေးမည်ဟု ပြောဆိုသွားကြောင်း သိရသည်။ ဗန်းမော်တွင် ယခုနှစ် စက်တင်ဘာလတွင်လည်း အောင်သာရပ်ကွက် … - [အင်းတော် တောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာသဖြင့် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2022/12/27/az1-98/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် တောင်ပိုင်း အလယ်ဆိပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အလယ်ဆိပ်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေသည့်အပြင် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် မဲဇာကျေးရွာမှ အလယ်ဆိပ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KIA ၊ PDF တို့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်။ ထို့နောက် စစ်တပ်က အလယ်ဆိပ်ရွာကို လေယာဥ်ဖြင့်ဗုံးကျဲ ခြင်း၊ မြေပြင်တွင် မီးရှို့ခြင်းများကို ပြုလုပ်နေကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။. ”တိုက်ပွဲဖြစ်ပြီးနောက်မှ လာတာလေယာဥ်က ၁၀ နာရီ ၂၇ မိနစ်လောက်မှာ မြစ်ကြီးနားဘက်ကနေ ဂျက်ဖိုက်တာ တစ်စီး တက်လာပြီးမှ လာကျဲသွားတာ အလယ်ဆိပ်ရွာကို အဲ့လေယာဥ်နဲ့ ဗုံးကျဲပြီးမှပဲ စစ်ကြောင်းကရွာကိုဝင်ပြီးမီးစရှိုတာ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလယ်ဆိပ်ကျေးရွာအနီး တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် နံနက် ၁၀ နာရီတွင် မဲဇာကျေးရွာတွင်းသို့ ခေတ္တဆုတ်ခွာ ခဲ့ပြီးနောက် လေယာဥ်ဖြင့် မိနစ် ၂၀ ခန့် ဗုံးကျဲခဲ့သည်။ ထို့နောက် အဆိုပါ စစ်ကြောင်းသည် အလယ်ဆိပ်ကျေးရွာ အတွင်းသို့ တဖန် ပြန်လည်ဝင်ရောက်ကာ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် အဆယ်ဆိပ်ရွာကို စတင်မီးရှို့ခဲ့ကြောင်း သိရသည်။ ”မဲဇာနဲ့အလယ်ဆိပ်က နီးနီးလေးဆိုတော့ သွားလိုက်ပြန်လိုက်လုပ်နေတာ အခုထိတော့စစ်ကြောင်းကရွာထဲမှာပဲဆိုတော့ နေအိမ်တွေဘယ်နလုံးလောက်မီးထဲပါသွားလဲမသိရသေးဘူး။ စစ်ကြောင်းထွက်ပြီး ရွာထဲပြန်ဝင်နိုင်မှတိကျသိရမှာ”ဟု အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။ ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးနိုင်သည်ဟု PDF တာဝန်ခံများ သုံးသပ်သည်။ သို့သော်လည်း အသေးစိတ်အချက်အလက်နှင့် လေယာဥ် ဗုံးကျဲမှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေကို KNG က စုံစမ်းနေဆဲ ဖြစ်သည်။ ယနေ့ နံနက်တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ယမန်နေ့ကလည်း မိုးလှိုင်းကုန်းကျေးရွာအနီးတွင် KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကြာတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် … - [တန့်ဆည်နယ်တွင် ကျေးရွာ ၄ခုမှ နေအိမ် ၇ထောင်နီးပါးခန့် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/12/26/sm1-47/): စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် ၄ ရက်အတွင်း ကျေးရွာပေါင်း ၆ ခုကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားပြီး လူနေအိမ် ၇ ထောင်နီးပါးခန့် မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများအပါအဝင် အင်အား ၂၀၀ ကျော်ခန့်က ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တန့်ဆည်မြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “သူတို့က ကန့်ဘလူဘက်ကနေ လက်နက်အင်အားအပြည့်နဲ့ ပျူအင်အားတွေနဲ့ ဝင်ရောက်လာတာ ၁၉ ရက်နေ့ ညနေပိုင်းလောက်မှာက ဖလံချိုင်ရွာကို စရှို့တာ ၂၀ ရက်နေ့မှာက တန့်ဆည်အရှေ့ဘက်ခြမ်းက ငတန်းရွာကို ရှို့တယ်။ ၂၁ ရက်နေ့မှာက ရွှေလှန်ကို ရှို့တယ် အဲ့ဒီနေ့မှာပဲ တန့်ဆည်နဲ့ ရေဦးအစပ်က တပ်သစ်ကလှဇဉ်နဲ့ ရွာဗုကြီးကိုရှို့တယ်။ တပ်သစ်ရွာကတော့ အိမ်တွေကိုမရှို့ပဲ ဆိုင်ကယ် ၇ စီးကို ရှို့သွားတယ်။ နောက် ၂၂ ရက်နေ့ကျတော့ ပေကုန်းရွာကို ပြန်ရှို့တယ် တစ်ရက်ထဲမှာပဲ ရွာဗုကြီးကို ထပ်ရှို့တယ်။ အခုသိရလောက်က မီးရှို့ခံရတဲ့နေအိမ် ၇ ထောင်လောက်ပါသွားတယ်”ဟုပြောဆိုသည်။ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုတွင် ငတန်းကျေးရွာမှ နေအိမ် ၄၅၀ လုံး၊ ကလှဇဉ် ကျေးရွာမှ ၁၅၀ လုံး၊ ရွှေလှန်းကျေးရွာမှ ၉၁ လုံး၊ ဖလံချိုင်ကျေးရွာမှ နေအိမ် ၃ လုံး၊ တပ်သစ်ကျေးရွာမှ ဆိုင်ကယ် ၇ စီး မီးလောင်ပျက်စီးသွားပြီး ရွာဗုကြီးနှင့် ပေကုန်း စသည့် ကျေးရွာ ၂ခုမှ မီးလောင်ဆုံးရှုံးမှု … - [အင်းတော်နယ်တွင် စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားပြီး သတ်ဖြတ်ခံရသည့် ပြည်သူ ၈ ဦး၏ ရုပ်အလောင်းပြန်တွေ့ရှိ](https://burmese.kachinnews.com/2022/12/26/zm1-30/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နတ်မဟုတ်မကျေးရွာတွင် စစ်ကောင်စီိအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၈ ဦး သတ်ဖြတ်ခံရကာ  ရုပ်လောင်းများ ပုပ်ပွလျက်ပြန်တွေ့ခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ သတ်ဖြတ်ခံရသည့် ပြည်သူ ၈ ဦးကို ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် စစ်ကောင်စီအဖွဲ့က ဖမ်ဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်ပေါင်း ၂၀ ခန့်အကြာမှ ကမ်းနီးကျေးရွာအနီး ရုပ်အလောင်းများ ပြန်တွေ့ရှိခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောသည်။ “နိုဝင်ဘာလ ၂၈ ရက်နေ့ကတည်းက ဘယ်ကိုခေါ်သွားတယ်ကိုမသိရဘူး။ အဆက်အသွယ်ပြတ်နေခဲ့တာဟုတ်တယ် မနေ့ကပြန်တွေ့တော့ ကမ်းနီရွာအနီးမှာ ရိုက်သတ်ပြီး မြေမြှုပ်ထားတာတွေ့ရတယ်။ ၃၀ ရက်လောက်မှာ သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်။ အလောင်းတွေက အရိုးတွေထွက်ပြီး အရည်တွေကျနေပြီ”ဟုပြောဆိုသည်။ သတ်ဖြတ်ခံရမှု ၈ ဦးတွင် ၆ ဦးကို လက်နောက်ပြန်ကြိုးတုတ် သတ်ဖြတ်ခံရပြီး ကျန် ၂ဦးသည် ဦးခေါင်းလှီးသတ်ဖြတ်ခံခဲ့ရသည်ဟု ဒေခံများပြောသည်။ နတ်မဟုတ်ကျေးရွာမှ စစ်ကောင်စီအဖွဲ့ သတ်ဖြတ်လိုက်သည့် ၈ ဦးမှာ အသက် ၅၀ နှစ်အရွယ် ဦးမင်းနိုင်၊ အသက် ၆၀ နှစ်အရွယ် ဦကျော်သန်း၊ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ၊ အသက် ၅၀ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၅၀ နှစ်အရွယ် ဦးကျော်ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၆၀ နှစ်အရွယ် ဦးမြင့်ဖေနှင့် အသက် ၆၈ နှစ်အရွယ် ဦးသာပြူးတို့ဖြစ်ကြသည်။ … - [ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2022/12/23/sm1-46/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ပျံကျကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် မီးတင်ရှို့နေပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ အင်အား ၈၀ ဝန်းကျင်ဖြင့် ပျံကျကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး ယနေ့အထိ မီးတင်နေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “လက်ရှိအခြေနေကတော့ ဆိုးဝါးတဲ့အနေအထားရှိတယ်။ သူတို့ဝင်လာကတည်းကရှို့ တာ ကျေးရွာတစ်ဝက် အိမ်ခြေ ၂၀၀ ကျော် လောက်ရှို့ခံထားရတယ်လို့ သိရတယ်။ သူတို့လည်းရှိနေသေးတာကြောင့် ထပ်ရှို့နိုင်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။ ပျံကျ ကျေးရွာသည် ဒီပဲယင်းမြို့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိကာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသည့် ကျေးရွာကြီးတစ်ခုဖြစ်ပြီး ပထမအကြိမ် နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သူက ဆက်ပြောသည်။ ထို့အပြင် ပျံကျကျေးရွာအတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကြည်ဘုရားထွက်ကျေးရွာမှ ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန် ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီး ထိမှန်ခဲ့သည့် ကလေး ၃ ဦးမှာ မသိမ့်ရတနာစိုး(ခ)မဖွေးဖွေး အသက် ၁၁ နှစ်မှာ ဗိုက်ပွင့်ထွက်ကာ အသက်အန္တရာယ် စိုးရိမ်ရပြီး အသက်၁၄နှစ်အရွယ် မောင်အောင်ငွေဖြိုးဆိုသူမှာ နောက်ကျောလက်နက်ကြီး စဖောက်ဝင် ဒဏ်ရာနှင့် ကျန်ကလေးငယ်တစ်ဦးမှာ လက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။ လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် … - [စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ](https://burmese.kachinnews.com/2022/12/23/az1-97/): ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ အကာအရံတွေ ကတုတ်ကျင်းတွေလုပ်ပြီး နေနေကြတယ်ဗျ အထဲကပြည်သူတွေကို ကာဗာလုပ်ပြီးနေ နေတဲ့သဘော မနေ့ညကလည်း သေနတ်တွေ ပစ်ဖောက်နေ ပြည်သူကို ကြောက်လန့်အောင်”ဟု ပြောသည်။ ယင်းကုမ္ပဏီဝန်းအတွင်းရှိ စစ်သားများက ယမန်နေ့ည ၈ နာရီခန့်အချိန်တွင် လက်နက်ငယ် ၁၀ ချက်မနည်း ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။ ဆင်စိန်ကုမ္ပဏီသည် မှော်စီဆာ ကျေးရွာနှင့် ကိုက် ၁၀၀၀ ခန့်သာကွာဝေးပြီး မည်သည့်ကိစ္စကြောင့် ဝင်စီးခံထားရသည်ကို အသေး စိတ်မသိရှိရသေးပေ။ စစ်ကောင်စီတပ်များသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်း တပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်းကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။ - [အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးပြီး ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရ](https://burmese.kachinnews.com/2022/12/23/yl1-45/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆယ်စုနှစ်တစ်ခုအကြာ အကြီးစား ရွှေတူးဖော်မှုများကြောင့် လူနေအိမ်များ ပြောင်းရွေ့နေရသည့်အပြင် အရေးပါသည့် ရေကြောင်းလမ်းများပါ ပျက်စီးနေပြီဟု ဒေသခံများ ပြောဆိုသည်။ ယခင်က ထိုဒေသ ရွှေတူးဖော်မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သတ်မှတ်ထားသည့်နေရာကျော်လွန်းပြီး အလွန်အကျွံ တူးဖော်နေသည့်အပေါ် အလွန်းစိုးရိမ်နေရကြောင်း မိုင်းနောင်ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ဒီလို စက်ယန္တရားတွေနဲ့သာ ဆက်တူးနေရင်တော့ နောက်ထပ်ဆယ်စုနှစ်တောင်မကြာဘူး အကုန်ရွှေ့ပြောင်းရမယ့် အနေအထားမှာ ရောက်သွားတော့မှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အိမ်ခြံဝင်းတွေကို ရောင်းစားပြီး ဖြည်းဖြည်းချင်း တူးနေကြတယ်။ သူတို့က တစ်ဧကကို ၁ လကျော်လောက်တောင်မတူးကြဘူး။ ပြီးရင် ရွှေတူးလိုက်တဲ့နေရာတွေမှာဆို မြေကြီးတွေပြန်ဖို့ ပေးတာတွေ လုံးဝ မရှိဘူး။ ဒါကြောင့် ရေရှည်မှာ လုံးဝ အလားအလာ မရှိတော့ဘူး”ဟု ပြောဆိုသည်။ ထို့သို့ကြောင့် အကျိူးဆက်အနေဖြင့် ဒေသခံများ မှီခိုအသုံးပြုနေသည့် ခေါင်းတုန်ခ၊ နမ့်တန်ခ နှင့် အင်မြန်ခ စသည့် ချောင်းရေများသည် ရေလမ်းကြောင်းများ ပျက်စီးသွားကာ ရေခမ်းခြောက်နေပြီဟု သူက ဆက်ပြောသည်။ “မနှစ်တုန်းနဲ့ ဒီနှစ်ကတော့ အရင်တုန်းက တူးလိုက်တဲ့နေရာမှာပဲ စက်ကြီးတွေနဲ့ အောက်ကြောကို ပြန်တူးနေကြတယ်။ အဲ့ကြောင့် ရေကြောတွေပြတ်လာတယ်။ ရေကြောပြတ်လာတော့ ဒေသခံတွေသောက်သုံးတဲ့ ချောင်းရေတွေပါ ခမ်းခြောက်လာတယ်။ ပြီးရင် ရွှေတူးလိုက်တဲ့ နုန်းမြေတွေက ရေလမ်းကြောင်းတွေပိတ်ဆို့သွားတော့ လယ်ယာမြေတွေထဲ ပြန်ဝင်ပြီး လယ်ယာမြေပျက်စီးသွားတယ်။ အခုဆို ခေါင်တုန်းခနဲ့ အင်မြန်းခက လုံးဝသုံးလို့ မရတော့ဘူး”ဟု ပြောသည်။ ထို့အပြင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးအိုင်သို့ ရွှံ့နွံများပြန်စီးဝင်ပြီး ရေတွင်းသတ္တဝါးများ အဆိပ်သင့်သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် … - [ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား](https://burmese.kachinnews.com/2022/12/23/az1-96/): နေရာထိုင်ခင်း အခက်အခဲကြောင့် ဖားကန့်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများပေါ်တွင် နေရာချပေး စေလိုကြောင်း စစ်ရှောင်ပြည်သူများပြောသည်။ ယခုနှစ် သြဂုတ်လကတည်းက ဖားကန့်မြို့နယ် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်လာကြသည့် ဆယ်ဇင်းပြည်သူများသည် စစ်ရှောင်ကာလ ၅လနီးပါး ကြာမြင့်လာပြီးနောက် နေရာထိုင်ခင်း ပိုမို ခက်ခဲလာနေသည့်အတွက် ယခုလို ဆန္ဒရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းတစ်ခု တာဝန်ရှိသူက ပြောသည်။ ”အခုလောလာဆယ်အဓိကလိုအပ်နေတာက ကိုယ်ပိုင်နေရာ လိုအပ်နေတယ်။ အခု ကုမ္ပဏီ တော်တော်များများက မြေစာတစ်ခါစွန့်ပစ် လိုက်ရင်သူတို့က ပြန်လှည့်မကြည့်တော့ဘူး။ အဲ့စွန့်ပစ်မြေစာပုံနေရာတွေမှာ စစ်ရှောင်တွေကို အကွက်ချပြီးတော့မှ နေရာပေးလိုက်ရင် သူတို့ရဲ့နေရာထိုင်ခင်း ပိုအဆင်ပြေသွားမယ်။ အခုက ဘုန်းကြီးကျောင်းတွေမှာဆိုတော့ ခက်ခဲလာတယ်”ဟု စစ်ရှောင်ကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းစစ်ရှောင်ပြည်သူအများသည် ကျေးရွာဘုန်းကြီးကျောင်းများ၊ ခရစ်ယာဘာသာရေး အဆောက်အဦးများတွင် ယာယီခိုလုံနေထိုင်နေပြီး လူဦးရေများသည့် နေရာများတွင် ခက်ခက်ခဲခဲနေထိုင်နေရသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းဆောင်များတွင်လည်း ပွဲလမ်းသဘင် နှင့်အခြားဘာသာရေးကိစ္စရပ်များအတွက် အဆောက်အဦးအသုံးလိုနေသည့်အခါတွင် အခက်အခဲဖြစ်နေသည့်အတွက် ကိုယ်ပိုင်နေရာပေးစေလိုကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက KNG ကို ပြောသည်။ ”အဓိက အများစုက ဘုန်းကြီးကျောင်းတွေမှာနေရတော့ ဘုန်းကြီးတွေအတွက်လည်းကြာလာတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ဒါကြီးက ဘယ်ချိန်ထိဖြစ်နေမလဲမသိဘူး။ အရမ်းကြာနိုင်မယ့်အခြေအနေဆိုပိုပြီးခက်လာဖို့ပဲရှိတယ်။ အဲ့ကြောင့် စွန့်ပစ် မြေစာပုံတွေမှာ တစ်မိသားစုကို ပေ ၃၀၊ ပေ ၄၀ ဖြစ်ဖြစ်ပေါ့ မိုးကာတဲလည်းထိုးပြီးနေရရင်တောင်အဆင်ပြေတယ်။ ကိုယ်ပိုင်နေရာလေးနဲ့ဆိုတော့ စားဖို့သောက်ဖို့ကတော့ နေရာရသွားရင်ရှာကြံစားလို့ရတယ်”ဟု ဟောင်ပါးကျေးရွာရှိ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ စစ်ရှောင်ပြည်သူများအတွက် နေရာချထားပေးမည်ဆိုပါက တဲထိုးရန်မိုးကာ၊ အိုးခွက်ပန်းကန်စသည့်အိမ်သုံးပစ္စည်းများပါ ထောက်ပံ့လျှူဒါန်းပေးရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများတွင် နေရာချထားပေးရန်အတွက် ဖားကန့်သက်ဆိုင်ရာအာဏာပိုင်များ၊ ကုပ္မဏီများ၊ ရပ်ကျေးတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းစေလိုကြောင်းလည်း စစ်ရှောင်များကိုကူညီပေးနေသည့် အသင်းများက ဆိုသည်။ … - [စက်တောကုန်းတွင် အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီ ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2022/12/21/az1-95/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာတွင်  အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီတိုက် ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။ အင်းတော်မြို့နယ် တောင်ပိုင်းတွင် တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင်နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့က စက်တောကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်း အင်းတော် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စက်တောကုန်းရွာက အိမ်ခြေ တစ်ရာစွန်းစွးန်းလေးရှိတယ်။ အဲ့မှာ အိမ်ခြေ ၄၁ အိမ်အထိ မီးရှို့တဲ့ထဲပါသွားတယ်။ စပါးတိုက်က ၃၀ ကျော်လောက်ပါသွားတယ်။ ရွာထဲမှာက တစ်ညအိပ်ခဲ့တာ မနက်ရွာကနေ အထွက် အဲ့ချိန်ရှို့သွားကြတာ”ဟုပြောဆိုသည်။ လက်ရှိတွင် အိမ်ထောင်စု ၃၀ ကျော်ပိုင်ဆိုင်သည့် စပါးကျီတိုက် ၃၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လူဦးရေ ၁၀၀ ကျော်က အစားအသောက် ပြဿနာအခက်အခဲဖြစ်နေပြီး လတ်တလောတွင် စားသောက်ရေးအတွက် ရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်များက ဝိုင်းဝန်းကူညီပေးထားသည်ဟုသိရသည်။ သို့သော် ရည်ရှည်တွင် အဆိုပါ ဒေသခံများအတွက်  အကူအညီးများထောက်ပံ့ပေးရန် လိုအပ်သည်ဟု ဒေသခံများက စိတ်မကောင်းစွာပြောဆိုသည်။ ထို့နောက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စက်တောကုန်းကျေးရွာ ဒေသခံ ၄၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကြောင်းထွက်ခွာသွားသည့် ယနေ့နံနက်ပိုင်းမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ထီးချိုင့်မြို့နယ်မှ အင်းတော်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး အင်အား … - [ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်](https://burmese.kachinnews.com/2022/12/20/sm2-10/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဇီးပင်သာကျေးရွာတွင် ခြောက်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ထန်းကုန်းကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့သည် ဇီးပင်သာကျေးရွာဘက်သို့ လက်နက်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းလာခဲ့ပြီး ကလေးငယ်တစ်ဦးအား အကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “သူတို့ဝင်လာတာ ည ၈ နာရီခွဲလောက်မှာ လက်နက်တွေပစ်ခတ်ပြီး ဝင်လာကြတာဟုတ်တယ်။ သူတို့ဝင်လာတဲ့ခါမှာ တွေ့သမျှအကုန်ပစ်တာ အဲ့မှာ တန်းကျောင်းသားကို ပစ်သတ်သွားတယ်။ ဘယ်လိုပုံစံနဲ့ ပစ်သတ်သွားတယ်ဆိုတာကိုတော့ မတွေ့လိုက်ရဘူး။ ဒါပေမယ့် ပစ်သတ်သွားတာက အတည်ပြုပါတယ်”ဟုပြောသည်။ စစ်ကောင်စီအဖွဲ့ ပစ်သတ်သွားသည့် ၆ တန်းကျောင်းသားသည် ဇီးပင်သာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်သုတဇော်ခေါ်သူဖြစ်သည်။ ဇီးပင်သာကျေးရွာတွင်  ကလေးငယ်တစ်ဦး ပစ်သတ်ခံထားရသည့်အပြင်  လူနေအိမ် ၃ လုံးထက်မနည်းကိုလည်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားသည်ဟု သတင်းအရင်းအမြစ်က ယခုလိုထပ်မံပြောဆိုသည်။ “ကျနော်တို့ ဇီးပင်သာကျေးရွာက တော်လှန်ရေးလုပ်တဲ့ ရွာလည်းမဟုတ်ဘူးဗျာ။ အကုန်လုံးက အေးအေးချမ်းချမ်းပဲနေကြတယ်။ ပြီးရင်တိုက်ပွဲဖြစ်တယ်ဆိုတာလည်းမရှိဘူး။ သူတို့က ဒေသခံတွေကို ရန်သူတွေလို သဘောထားပြီး တွေ့သမျှအကုန်ပစ်  မီးတွေရှို့တော့တာပဲ”ဟုပြောသည်။ အဆိုပါ ဇီးပင်သာကျေးရွာနှင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲနေထိုင်သည့် ထန်းကုန်းကျေးရွာမှာ ၁ မိုင်ခန့်သာရှိပြီး ကန့်ဘလူမြို့နယ်၏ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာအဝေးတွင်တည်ရှိသည်။ - [ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2022/12/20/az2-64/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ဝန်ထမ်း ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်းလုပ်ကွက်သို့ စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ဝန်ထမ်းများကို ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖားကန့်မြို့ အမျိုးသားတစ်ဦးက ပြောသည်။ ”မှော်စီဆာအပိုင်းထဲက ဆင်စိန် ကုမ္ပဏီကို ဝင်စီးထားတယ်။ အဲ့မှာ ကုမ္ပဏီထဲက ကိုယ်စားလှယ်တစ်ချို့နှင့် စားဖိုမတွေကော ကျောက်ရှာတဲ့ လူတွေကော အဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားတုန်းဗျ ခုချိန်ထိ သူတို့ဘာကိုစစ်ဆေးနေတာလဲတော့မသိဘူး။ ခုထိ မထွက်သေးဘူး အခုနဲ့ဆို သုံးရက်ရှိပြီ”ဟု ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံထားရသူများတွင် အမျိုသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပြီး KNG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ ”သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့လည်းဖြစ်နိုင်တယ် တခြားကတော့ သေချာမသိရဘူး”ဟု ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။ စီးနင်းခံထားရသည့် ဆင်စိန် ကုမ္ပဏီသည် လတ်တလော ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။ စစ်ကောင်စီ စစ်သားများသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းကုမ္ပလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်းတပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်ကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။ - [ရေဦးတွင် ကျေးရွာ ၁၉ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် မီးဘေးသင့်ပြည်သူ ၆ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2022/12/20/sm1-45/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် တောင်ဘက် နှင့်အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၉ ရွာအား စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှစကာ စစ်အင်အား ၁၅၀  ဝန်းကျင်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရေဦးတောင်ဘက်ခြမ်းမှ‌ ရွာ ၃ ရွာအားစတင်မီးရှို့ခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တစ်ပတ်အတွင်း ရွာပေါင်း ၁၉ ရွာအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မီးဘေးသင့်ပြည်သူ ၆၀၀၀ ဝန်းကျင်ထိရှိလာကြောင်းစစ်ရှောင်ကူညီသူ ၁ ဦးက ဆိုသည်။ “ဒီကောင်တွေက အင်အား ၁၅၀ လောက်ပါတယ်ဗျ။ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစလို့ ရေဦးနယ်တောင်ဘက်ခြမ်းက စဝင်လာတာ အနောက်ခြမ်းအထိပေါ့။ ကျေးရွာပေါင်းကတော့ မနေ့ကအထိ ၁၉ ရွာအထိ မီးရှို့ခံထားရပါတယ်။ တောင်ဘက်ခြမ်းက ၃ ရွာ ကျန်တာတွေကတော့ အနောက်ခြမ်းကချည်းပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ မီးရှို့ခံလိုက်ရသည့် ကျေးရွာများမှာ ရှာမိဿာရှာရွာ၊မုတ်စီရွာ၊ ချမ်းသာရွာ၊ ကုန်းသာရွာ၊ ရွာသစ်ရွာ၊ထန်းပင်ကုန်းရွာ၊ဆည်ကြီးရွာ၊ ပေါက်သာရွာ၊ ဇိန့်ဇွန်းရွာ၊ ပိဋိကက်ကျရွာ၊ ဇဝရှာ၊ ဝက်ဖိုးရွာ၊ ငှက်ပျောတောရွာ၊ တောင်ကုန်းရွာ၊ ချောင်းဆုံရွာ၊ သရက်ကန်ရွာ၊ မိုးဒေါင်ရွာ၊ ကွမ်းအုံရွာ၊ ညောင်ပင်သာရွာ တို့ဖြစ်ကြောင်း သိရသည်။  အဆိုပါ ကျေးရွာများအားမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ မော်လိုက် အခြေစိုက်တပ်ရင်း ခမရ–၃၆၄ နှင့် မှော်ဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ–၇၀၁ တပ်ရင်း၂ခု ပူးပါင်းတပ်ဖွဲ့ဖြစ်ကာ ရေဦးနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နယ်မြေရှင်းလင်းရေးဆိုသည့် ခေါင်းစဥ်ဖြင့် ရွာစဥ် မီးပတ်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။ “အဲ့ဒီ … - [ဖားကန့်မြို့တွင်းက ရွှေဆိုင်တစ်ခုဓားပြတိုက်ခံရ](https://burmese.kachinnews.com/2022/12/20/az1-94/): ဖားကန့်မြို့တွင်းရှိ စင်ကြယ်ရွှေဆိုင် တစ်ဆိုင် ယနေ့ နံနက်ပိုင်းတွင် ဓားပြတိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ငှက်ပျောတောရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် အမည်မသိ လူတစ်စုမှ သေနတ်ကိုင်ဆောင်က ဓားပြဝင်တိုက်သွားကြောင်း ဖားကန့် မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ဓားပြတိုက်ခံရတာဟုတ်တယ် ရွှေတွေဘယ် လောက်ပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး။ သေနတ်ပြပြီးလုပ်တာ သေနတ်ဆိုတာ အခုကတော်လှန်ရေးကာလလည်းဖြစ်တော့ တချို့ကအခွင့်ကောင်းယူပြီး အတုနဲ့လည်းလုပ်ရင်လုပ်မှာပဲ။ ပြည်သူတွေကတော့ကြောက်နေရတာ”ဟုပြောာဆိုသည်။ ဓါးပြတိုက်ခံရသည့် အဆိုပါရွှေဆိုင်အား စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင်ဆိုင်ပိတ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။ ထို့အပြင် ဓါးမြလာတိုက်သည့်အချိန်တွင် ဖားကန့်မြို့တွင် မီးပျက်နေ‌တာကြောင့် CCTV မှတ်တမ်းလည်း ရိုက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။ ”ခုနလေးတင် ကြားလို့ဝင်ကြည့်မယ်လုပ်တာ ဆိုင်ပိတ်ထားတယ်သော့တွေခတ်ပြီးပိတ်ထားလိုက်ပြီး သူတို့ဓားပြတိုက်ခံရတဲ့အချိန်က မီးပြတ်နေတော့ CCTV မှတ်တမ်းလည်း မရလိုက်ဘူးတဲ့”ဟု ပြောသည်။ ဖားကန့်မြို့နယ်တွင် ယခုနောက်ပိုင်း ရွှေဆိုင်၊ ဖုန်းဆိုင်များဓားပြတိုက်ခိုက်ခံမှုမကြာခဏ ဖြစ်ပွားလျက်ရှိပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ည၄ နာရီအချိန်တွင် လုံးခင်းကျေးရွာရှိ ဝေဖြိုးအောင်ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် လုံးခင်းရှိ JM ဖုန်းဆိုင်သေနတ်ထောက် ဓားပြတိုက်ခံရမှုတို့ဖြစ်ပွားခဲ့သည့်အပြင် အခြားဖြစ်စဥ်များလည်း အမြောက်အများရှိခဲ့သည်။ - [အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2022/12/20/sm1-44/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာဘုန်းကြီးကျောင်းဝန်းတွင် စစ်ကောင်စီ သတ်ဖြတ် မြှုပ်နှံထားသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်ည ပိန်းအင်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ် စွဲခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ကျေးရွာအတွင်းမှ ထွက်ခွာစဥ် နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အပြင် အရပ်သားလေးဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းများကို ကျေးရွာဘုန်းကြီး ကျောင်းအနီးတွင် မြှုပ်နှံထားခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ရွာသားလေးယောက်က အိမ်မီးရှို့ခံရတော့ သွားကြည့်တာ မီးငြိမ်းဖို့သွားကြည့်တာမှာ သတ်ခံလိုက်ရတာ နှစ်ယောက်ကိုတော့ ဒီတိုင်းပစ်သတ်လိုက်တာ နောက်နှစ်ယောက်ကတော့ ဖမ်းပြီးမှရိုက်နှက်သတ်ခံလိုက်ရတာ။ သူတို့အလောင်းတွေကိုတော့ ဘုန်းကြီးကျောင်းထဲမှာ ဖြစ်သလိုမြှပ်ထားတာ ရွာသားတွေကတွေ့လိုက်တာ”ဟု ပြောသည်။ အဆိုပါ အရပ်သားလေးဦးသည် နန့်သဲရွာမှ ကိုအောင်နိုင်ထွန်း၊ ကွမ်းချောင်းရွာမှ ကိုနေဝင်း မအူကုန်းရွာမှ ကိုကျော်လွင်နှင့် မကြာသေးမှီအချိန်က ကောလင်းဘက်မှပြောင်းရွေ့လာသည့် ရွှေချောင်းကျေးရွာနေ အမည်စုံစမ်းဆဲတို့ ဖြစ်သည်။ အလားတူ ယနေ့ကျောင်းကုန်းဘက်မှ တက်လာသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၈ နာရီအချိန်တွင် စက်တောကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များကို စတင်မီးရှို့နေပြီး အများပြည်သူ ထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။ အင်အား ၇၀ ဖြင့် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာသည့် ယင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ညောင်ကုန်းရွာအနီး၌ ၂ ကြိမ်၊ ၁၇ ရက်နေ့တွင် တစ်ကြိမ်ဂျုံးဂျရွာအနီး၌ တစ်ကြိမ် နှင့် … - [KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်](https://burmese.kachinnews.com/2022/12/19/zm1-29/): ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ်မှ ယနေ့ည‌နေ ၃ နာရီဝန်းကျင်မှစကာ လက်နက်ကြီးဖြင့် ပစ်ခတ် တ်ိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်တည်ရှိရာ ခါရာတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံး  လိုင်ဇာမြို့အနီးရှိ တောင်ကုန်းတစ်နေရာတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လိုင်ဇာဒေသခံတစ်ဦး KNG ကိုပြောသည်။ “မြို့ထဲမှာတော့ ကျတာတော့ မကြားဘူး ဒါပေမယ့် မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ကုန်းဘက်မှာတော့ ၂ လုံးကျတယ်လို့ပြောကြတယ်”ဟုပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။ စစ်ကောင်စီတပ်သည် လိုင်ဇာမြို့ဘက်သို့ ပြီးခဲ့သော ဇူလိုင်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု စုစုပေါင်း ၃ ကြိမ်ထက်နည်းရှိလာပြီဖြစ်သည်။ - [အင်းတော် သုံးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ကျော် ထိခိုက်သေဆုံး၊ ပြည်သူ ၅၀၀၀ ကျော်လည်း ထွက်ပြေးနေရ](https://burmese.kachinnews.com/2022/12/19/az1-93/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် သုံးရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ၄၀ ဦး ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာခဲ့ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၂ ကြိမ်၊ ၁၇ ရက်နေ့တွင် တစ်ကြိမ် နှင့် ၁၈ ရက် နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်မှ စစ်သား ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးက KNG ကို ပြောသည်။ “၁၆ ရက်နေ့ကတော့ ညောင်ကုန်းဘက် တောထဲမှာဖြစ်တာ စစ်ကြောင်းက ညောင်ကုန်းရွာကနေ အထွက်မှာ မနက် ၇နာရီမှာ တစ်ကြိမ် မနက် ၉နာရီမှာတစ်ကြိမ်ပေါ့။ တစ်မနက်ထဲမှာ ၂ ကြိမ်တိုက်ခိုက်ခံရတာ ၁၇ ရက်နေ့ ကတော့ မနက်ကို ဂျုံးဂျုံးဂျရွာမကနေ မအူကုန်းကို အထွက်တောလမ်းမှာပဲ ပြန်တိုက်ခိုက်ခံရတာ။ အဲ့နေ့ကတော့ စစ်ကောင်စီဘက်က သေဆုံးတာများတယ် ၁၀ယောက်ကျော်လောက်ရှိမယ် ကျွန်တော်တို့ရှေ့မှာတင်ကို သေတာ”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း စစ်သားအင်အားအနည်းငယ်သာကျန်ရှိသည့် ယင်းစစ်ကြောင်းသည် ပိန်းအင်းကျေးရွာမှ တောလမ်းအတိုင်း စတင်ထွက်ခွာလာချိန် ပိန်းအင်းကျေးရွာအနီး၌ KIA နှင့် PDF တို့က နံနက် ၁၀ နာရီအချိန်တွင် တစ်ကြိမ်ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက် ၂၀ နီးပါး ထပ်မံ သေဆုံးခဲ့ကြောင်း ဆက်လက်သိရသည်။ “သူတို့ ညောင်ကုန်းရွာကိုစဝင်တုန်းက အင်အား ၇၀ ကျော်ပါတယ် တိုက်ခိုက်ခံရတော့ အင်အားက တဖြေးဖြေးလျော့လာတာ ညောင်ကုန်းကို စဝင်တုန်းက အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းက အခုပိန်းအင်းကုန်းကိုပြန်ရောက်နေတယ် အင်အား ၃၀ … - [Rev.Dr. Hkalam Samson လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို](https://burmese.kachinnews.com/2022/12/18/yl1-44/): စစ်ကောင်စီ၏ အကြာင်းမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် သိက္ခာတော်ရ ဆရာတော် Rev.Dr. Hkalam Samson ကို အမြန်ဆုံးလွတ်ပေးရန်အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့ အမေရိကန်ရောက် ကချင်လူထုများက မြန်မာသံရုံးရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။ ဆရာတော်ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွတ်ပေးရန် Calvary Baptist Church တွင် နံနက်ပိုင်း ၁၂ နာရီအထိ ဆုတောင်းပွဲအစီအစဉ်ပြုလုပ်ခဲ့ကြပြီးနောက် ညနေပိုင်း ၃ နာရီအထိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု KBC USA မှ တာဝန်ရှိသူ ဆရာတော်တစ်ပါးက KNG ကိုပြောသည်။ “အဓိက ကျနော်တို့လိုချင်နေတာက ဆရာတော်ကို စစ်ကောင်စီအဖွဲ့တွေကနေအမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုကြ တယ်။ မနက်ပိုင်းက ဆုတောင်းပွဲအရင်လုပ်ပြီးမှ ညနေပိုင်းအထိ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်” ဟု ပြောဆိုသည်။ ဆန္ဒပြထုတ်ဖော်မှုတွင် ဆရာတော်ခလမ်ဆမ်ဆွန်အမြန်ဆုံးလွန်ပေးရန်အပြင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုခဲ့ကြသည်ဟုသိရသည်။ အဆိုပါ ဆန္ဒပြပွဲအစီအစဉ်ကို KBC USA နှင့် အမေရိကန် ဝါရှင်တန်ဒီစီမှ ဘာသာရေးအသင်းအဖွဲ့တစ်ချို့ နှင့်အတူ ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်တွင်ရှိသော အမေရိကန်ရောက် မြန်မာပြည်သားတစ်ချို့ စသဖြင့် စုစုပေါင်း လူထုအင်အား ၁၀၀ ကျော်ခန့် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။ Rev.Dr. Hkalam Samson ကို ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွား ရန် မန္တလေးလေဆိပ်တွင် စောင့်ဆိုင်းနေချိန် စစ်ကောင်စီက မေးမြန်ရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ဆရာတော်ကို … - [လီဒိုလမ်းမပေါ်မှာ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို KIA မိုင်းဆွဲတိုက်ခိုက်](https://burmese.kachinnews.com/2022/12/17/yl2-8/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းသည် တစ်ရက်အတွင်း ၂ ကြိမ်ထက်မနည်း KIA အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် ဝါရာဇွပ် ပြည်သူ့အဖွဲ့နှင့် ခလရ ၂၉၇ တပ်တို့သည် တနိုင်းဘက်သို့ တက်လာခဲ့ရာ နမ်းဖျက်နှင့် အောင်ရာကြား ၂ နေရာတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “အဲ့ဒီ စစ်ယာဉ်တန်းက ရှဒူးဇွပ်ဘက်ကနေ တက်လာတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က လူကြီးလမ်းစဉ်တစ်ခုခုရှိလို့ လုံခြုံရေးယူပေးဖို့ တက်လာတဲ့ ပုံစံဟုတ်တယ်။ သူတို့ ကျေးရွာတစ်လျှောက်မှာ လမ်းရှင်းလင်းရေးလုပ်ပြီး တက်လာကြတာကို KIA ကလမ်းမှာ မိုင်းဆွဲတိုက်ခိုက်တဲ့ သဘောဟုတ်တယ်။ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားတဲ့ ပုံစံမျိုးတော့မဟုတ်။ ပြောရင် KIA က အဲ့လိုလျှောက်သွားတာကို မကြိုက်လို့ တားမြစ်တဲ့ပုံစံပါပဲ”ဟု ပြောဆိုသည်။ စစ်ကောင်စီ ယာဉ်တန်းကို KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၄၃ တပ်ရင်းအဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ၅ ဦးထက်မနည်းရှိသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။ ယခုလို ပြည်သူ့စစ်နှင့် စစ်ကောင်စီအဖွဲ့သည် တနိုင်းလမ်းတွင် စစ်ရေးလှုပ်ရှားသွားလာနေသည်မှာ ၂ ခန့်ရှိလာပြီဟု သိရပြီး တနိုင်းဘက်သို့ စစ်တပ်နှင့် ဆက်စပ်သည့် လူကြီးခရီးစဉ်သွားရန် ရှိသောကြောင့် လုံခြုံရေးတင်းကြပ်နေသည့် ပုံစံဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း တနိုင်းမြို့နယ် လမုန်ကျေးရွာဘက်သို့ နယ်မြေစိုးမိုးရန် ရောက်ရှိလာ သည့် ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တပ်ချနေထိုင်ခဲ့သည့် ယခင် ကျားထိန်းရေးအဖွဲ့ ဆောက်လုပ်ထားသည့် … - [ဆိုင်မိုင်ကျေးရွာ သံကျောက်တူးသည့် လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်](https://burmese.kachinnews.com/2022/12/17/%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%9e%e1%80%b6%e1%80%80%e1%80%bb%e1%80%b1/): မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ဆိုင်မိုင်ကျေးရွာ သံကျောက်တူးဖော်သည့် လုပ်ကွက်ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ နံနက် ၁ နာရီတွင် လေယာဉ် ၁ စီးဖြင့် စစ်တပ်က အကြီးစား ဗုံး  ၄ လုံးကို ကျဲချခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။ “လူမရှိတဲ့ နေရာမှာ ကျတယ်။ မြေစာပုံမှာ တစ်ခု၊ ဂလန်ဂျာမှာ တစ်ခု နဲ့ ကျန်တဲ့ ၂ ခုတော့ ရှာမတွေ့သေးဘူး” ဟို ဆိုသည်။ ဆိုင်မိုင်ကျေးရွာသည် သံကျောက်ထွက်သည့်နေရာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ထိန်းချုပ်မှုဖြင့် တူးဖော်နေခြင်း ဖြစ်သည်။ ဆိုင်မိုင်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဒေသဖြစ်ပြီး လက်ရှိတွင် KIA နှင့် ရက္ခိုင်တပ်တော် AA တို့ စခန်းချ နေထိုင်သည်ဟု သိရသည်။ - [ဒီပဲယင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2022/12/17/sm2-9/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ဝန်းကျင်သည် သံချပ်ကာ ကား ၂ စီးဖြင့် ရေဦးမြို့နယ် ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဥ် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို ၁၂၀ မမ ၉လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညောင်ပင်လှကျေးရွာအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “အသက်၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်လို့သိရတယ်။ ပြီးတော့ အိမ်တွေပေါ်ကျတယ် တော်တော်ဆိုးပါတယ်၊ ၁၂၀မမတွေနဲ့ထုတာ ထန်းပင်တွေဆို ပြတ်တောင်ကျတယ်။ နေအိမ်တစ်လုံးတော့ တော်တော်ပျက်စီးသွားတယ်“ဟု ဒေသခံတစ်ဦးက ဆိုသည်။ ညောင်လှကျေးရွာနှင့် အနီးတစ်ဝှိုက်ကို စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။ လက်နက်ကြီး ပစ်ခတ်ခံခဲ့ရသည့် ညောင်လှကျေးရွာသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကလည်း စစ်ကောင်စီအဖွဲ့များ  ဝင်ရောက်စဥ် နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။ ဒီပဲယင်းမြိုနယ် အရှေ့ခြမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ကျေးရွာ ၁၉ ရွာမှ နေအိမ် ၁၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ - [မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း](https://burmese.kachinnews.com/2022/12/17/az1-92/): ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုတွင်ရှိသည့် မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ နံနက် ၉ နာရီဝန်းကျင်မှစကာ စစ်အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီတပ်သည် ကျောက်စိမ်းလုပ်ကွက်တွင်း ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေသည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။ “မနက် ၉နာရီကနေ ခုထိ စစ်ဆေးနေတုန်းလို့ သိရတယ်။ ညနေပိုင်း ၃နာရီဝန်းကျင်မှာ အဲလုပ်ကွက်ဘဲ သေနတ်သံလည်းကြားရတယ်။ ခုချိန်ထိတော့ ဖမ်းဆီးခံရတာရှိမရှိ အခြေနေအသေးစိတ်တော့ သိဖို့ခက်နေသေးတယ်“ဟု ကျောက်စိမ်းလုပ်ကွက်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ဝင်ရောက်စီးနင်း နေခြင်းသည် မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် ၎င်းတို့ခွင့်မပြုထားသည့် လုပ်ငန်းများရှိနေသည်ဟု ယူဆမှုရှိသည့်အတွက် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်ကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။ ဖားကန့် ကျောက်စိမ်းမှော်တွင် စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ - [အနန့်ပါ ဖြစ်စဉ်တွင် ထိခိုက်သေဆုံးသူများအတွက် Chin Baptist Churches USA မှ ဒေါ်လာ ၁ သိန်း လှူဒန်း](https://burmese.kachinnews.com/2022/12/17/yl1-43/): ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့သူများအတွက် အမေရိကန်နိုင်ငံရှိ Chin Baptist Churches မှ US ဒေါ်လာ ၁ သိန်း လှူဒန်းခဲ့သည်ဟု သိရသည်။ အဆိုပါ လှူဒန်းငွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ Chin Baptist Churches  ရုံးချုပ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်KBC USA တာဝန်ရှိသူများက လက်ခံရရှိခဲ့သည်ဟု KBC USA မှ Rev. Maw San က KNG သတင်းဌာနကို ပြောဆိုသည်။ “ပြီးခဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကျနော်တို့ ကချင်ပြည်သူတွေကြား ဆိုးရွာလှတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကို သူတို့ချင်းလူမျိုးတွေလည်း ကျနော်တို့နဲ့အတူ ဝမ်းနည်းကြေကွဲရတယ်ဆိုပြီး ကူညီပါဝင်ပေးလိုကြောင်း ပြောဆိုလာဟုတ်တယ်။ အဲ့ကြောင့် မနေ့ကတော့ ငွေကိုလက်ခံရရှိခဲ့ပါတယ်”ဟု ပြောဆိုသည်။ အာဏာသိမ်းစစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကချင်ပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချင်းလူမျိုးများသည်လည်း ကချင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသောကြောင့် ယခုလို ကူညီပေးခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။ ယခု ထောက်ပံ့ပေးမှုတွင် Chin Baptist Churches USA အသင်းတော်တစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ ချင်းလူမျိုးများအားလုံးလည်း ပါဝင်လှူဒါန်းထားသည်ဟု သိရသည်။ KBC USA လက်ခံထားသော ထောက်ပံ့ငွေများကို ဗုံးကျဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သူများထံ အမြန်ဆုံး ရောက်ရှိအောင် စီစဉ်ထားပြီ ဖြစ်ကြောင်းလည်း Rev. Maw San က ဆက်လက်ပြောဆိုသည်။ “ကျနော်တို့ဘက်ကနေ လက်ခံရရှိထားတဲ့ ဝင်တွေကို အမြန်ဆုံးရောက်သွားအောင် စီစဉ်နေပါပြီ။ တကယ် မြေမြင်မှာ တွေ့ကြုံခံစားခဲ့ရတဲ့ မိသားစုဝင်များထံသို့ ရောက်သွားအောင်လည်း လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” ဟု ဆိုသည်။ ကချင်ပြည်သူများထံသို့ ချင်လူမျိုးများ၏ ကူညီထောက်ပံ့မှုသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်တုန်းကလည်း ကူညီထောက်ပံ့ပေးမှုများရှိခဲ့သည့်အပြင် အမေရိကန်ရောက် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များနှင့်လည်း ရင်းနှီးသည့် ခင်မင်မှုများရှိသည် … - [ကန့်ဘလူနှင့်ခင်ဦးအစပ်တွင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရကာ ၁၅ဦးခန့်သေဆုံး](https://burmese.kachinnews.com/2022/12/17/sm1-43/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခင်ဦးအစပ်လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။ ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ ၈ နာရီဝန်းကျင် ကန့်ဘလူခရိုင်ဘက်ကနေ ထွက်ခွာလာသည့် ကား ၂ စီးပေါ်တွင် စစ်ကောင်စီစစ်သားများ လိုက်ပါစီးနင်းလားသည့်အတွက် ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု Dynamite Emperror အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ “ကန့်ဘလူမြောက်ဘက်ခြမ်း ခင်ဦးအစပ် လမ်းမတစ်နေရာမှာ ၁၂ ဘီးကားရယ် ၆ ဘီးကားရယ် ၂ စီး စလုံးထဲ စစ်သားတွေပါလာတယ်လို့ သတင်းရလို့ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ သူတို့ဆက်သွားလို့မရအောင် လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တယ်။ ကျနော်တို့ပြန်သိရတာက ပေကြီးဆိိုတဲ့ ပျူစောထီးရွာမှာ ရုပ်အလောင်း ၁၅ လောင်းမီးရှို့သဂြိုလ်လိုက်ကြောင်းသိရတယ်”ဟုပြောဆိုသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း စစ်ဆင်ရေးအတွင်း RPG တပ်သားတစ်ဦး ဘယ်လက်တစ်ချောင်းပြတ်သွားကာ မျက်နှာတစ်ခြမ်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဘက်မှ တိုက်ခိုက်ခံရသည့်နောက်ပိုင်း လမ်းပိုင်းတစ်လျှောက်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ပြုခဲ့သည်ဟုသိရသည်။ ထိုသို့ စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီးပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ဒေသခံပြည်သူ အမျိုးသားတစ်ဦး လက်မောင်းတစ်ဖက် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုထပ်မံသိရသည်။ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်တွင် ပြီးခဲ့သော နိုဝင်ဘာလနောက်ပိုင်းမှ ဒီဇင်ဘာလအထိ အင်းအားအလုံးအရင်းဖြင့် ပြည်သူပိုင်ကျေးရွာများ ဝင်ရောက်စီးနင်း မီးတင်ရှို့မှုများ ပုံမှန်ပြုလုပ်လျက်ရှိနေသောကြောင့် ၎င်းဒေသရှိ ဒေသခံပြည်သူများ သောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ - [အင်ဝမ်းကောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့မှု လိုအပ်နေ](https://burmese.kachinnews.com/2022/12/17/ld2-3/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး– ကံပိုက်တည်လမ်းတွင် ရှိသည့် အင်ဝမ်းကောင့် (N Wan Kawng) စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ အင်ဝမ်းကောင့်  စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဆဒုံး – ကန်ပိုက်တီလမ်း အင်ဝမ်းကောင့် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ဆဒုံး KBC ဘုရားကျောင်းဝင်းကို ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။ “တဲပဲ ဆောက်ပေးထားနိုင်တာ အစားအသောက်က ဟိုဘက်က တောင်းလိုက်၊ ဒီဘက်က တောင်းလိုက်နဲ့ မတောင်းနိုင်တဲ့အခါတော့ အသင်းတော်က တတ်နိုင်တာလေး နည်းနည်းပါးပါးဖြစ်ဖြစ် ထောက်ပံ့ပေးတာလေးနဲ့ ဖြစ်သလိုနေနေတယ်“ဟု စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။ လက်ရှိ အင်ဝမ်း‌ကောင့်‌ကျေးရွာတွင် စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တပ်တို့ အပြင်အဆိုင်ရှိနေသေးသဖြင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ဆဒုံး KBC ဘုရားကျောင်းဝင်းတွင်း ယာယီတဲများဆောက်ကာနေကြရပြီး ရေ၊ မီး၊ အစားအသောက်များ အလွန်ခက်ခဲနေကြောင်း သိရသည်။ “အခုက မီးလည်းမရှိဘူး ရေလည်းခက်တယ် အစားအသောက်ခက်ခဲတယ်။ KBC ကလည်း စစ်ရှောင်တွေ အရမ်းများတော့ အချိန်မှီ မကူညီနိုင်ဘူး။ ကူညီတာတော့ သူတို့ပဲ ကူညီနေတော့တာ ဟုတ်တယ်။ ဒီလိုပဲ ကျမတို့ အသိဆွေမျိုးတွေဆီက တောင်းရသလောက် အကူအညီတောင်းပြီး စားသောက်နေကြရတာပေါ့”ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။ ဆဒုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ယနှစ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုအားဖြင့် ၅၀ ကျော်ရှိပြီဖြစ်သည်။ - [အင်ခိုင်ဘွမ်တောင်ခြေတွင် စစ်တပ် နှင့် KIA စစ်ရေးတင်းမာလာ](https://burmese.kachinnews.com/2022/12/17/ld1-14/): မြစ်ကြီးနားမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ တည်ရှိရာ အင်ခိုင်ဘွမ်တောင်ခြေဘက်သို့ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားလာသဖြင့် စစ်ရေးတင်းမာလာနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်သည် အင်ခိုင်ဘွမ်တောာင်ဘက်သို့ နမ်ကျင်ဘက်မှ စစ်‌ကြောင်းတစ်ကြောင်း၊ ပလနဘက်မှ စစ်ကြောင်း တစ်ကြောင်းခွဲကာ KIA တပ်ရင်း ၁၁ ကို တိုက်ခိုက်ရန် လုပ်ဆောင်လာသောကြောင့် စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသူ ငွေပျော်စံပြဒေသခံ တစ်ဦးက ပြောသည်။ “ရွာသားတွေအားလုံးက တစ်ခုခုဖြစ်ပြီဆို လန့်ပြီး နေတောင်မနေရဲတော့တာ ဆုတောင်းပြီးနေရုံမှအပဆိုပြီး နေနေကြသူတွေ ချည်းပဲ။ အားလုံးက ဘယ်အချိန် ဘယ်လိုပြန်ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြသူတွေချည်းပဲ။ အရင်က ဦးခက်ထိန်နန် ပြောခဲ့တာတော့ စစ်ရှောင်ရွာဖြစ်တယ်၊ ဒီရွာက စိုးရိမ်စရာ မလိုဘူး၊ ကောင်းကောင်းနေနော်ဆိုပြီး ပြောခဲ့တာပဲ။ အခုက ဒီလိုအခြေအနေ ဖြစ်လာတော့ အားလုံး စိုးရိမ်ကုန်ပြီ”ဟုပြောသည်။ ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ကလည်း ငွေပျော်စံပြကျေးရွာ အလွန်တွင်ရှိသည့်  တာရိုးယန်ရွာမှ KIA ဂိတ်တစ်ခုကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ခဲ့သည်။ အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် စစ်ကား ၂ စီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် ငွေပျော်စံပြကျေးရွာတွင်းသို့ သေနတ်ပစ်ဖောက်ဝင်လာပြီး ‌အရပ်သားပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ နာရီအကြာတွင် ပြန်လွတ်ပေးခဲ့သည်။ KIA တပ်ရင်း ၁၁ သည် ယခင်က နမ္မတီးမြို့အနီး ကဆုန်ကျေးရွာတွင်တည်ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် စစ်တပ်က ရှောင်တခင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြန်လည်နေရာပြောင်းရွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့နယ် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ပလန ရဲစခန်း နှင့် ဂိတ်တို့ကို KIA နှင့် PDF တပ်ဖွဲ့များ မကြာခဏ သွားရောက်တိုက်ခဲ့သောကြောင့် ပြီးခဲ့သည့် လမှစတင်ကာ စစ်ကောင်စီတပ်သည် အင်ခိုင်ဘွမ်တောင်ခြေဘက်သို့ စစ်ရေး လှုပ်ရှားလာခြင်းဖြစ်သည်ဟု သိရသည်။ ငွေပျော်စံပြကျေးရွာသည် စစ်ရှောင်များကို ပြန်လည်နေရာချထားသော ကျေးရွာတစ်ခုဖြစ်ကာ ၂၀၁၄ … - [အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2022/12/16/az2-63/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်း သုံးကြောင်းအနက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ ညောင်ကုန်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ညောင်ကုန်းဘက်ကတောထဲမှာဖြစ်တာ သူတို့က တောလမ်းအတိုင်း ဆင်းလာတာ။ ဒီဘက်ကာကွယ်ရေးတပ်တွေက ဝင်ပစ်တာ မနက် ၇ နာရီမှာတစ်ကြိမ်ပစ်တယ် ၉နာရီမှာတစ်ကြိမ်ပြန်ဖြစ်တယ်။ သူတို့ဘက်က အထိအခိုက်တော့ များတယ်ဗျ စာရင်းမသိရသေးဘူး။ ခြုံခို တိုက်ခိုက်ခံလိုက်ရတာဆိုတော့ သူတို့ဘက်က ထိခိုက်တာများတယ်”ဟု ပြောသည်။ မိနစ်သုံးဆယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်သည် ညောင်ကုန်းကျေးရွာအနီးရှိ ဂျူံးဂျရွာသစ်ကို မီးရှို့နေကြောင်းလည်း သိရသည်။ ”အရင်ဆုံးဂျုံးဂျရွာသစ်အနီးက ရွှေအင်းတော် စားသောက်ဆိုင်ကိုမီးရှို့ဖျက်ဆီးလိုက်တာပြီးမှ ဂျူံးဂါးရွာသစ် ကိုမီးထပ်ရှို့တယ် ဘယ်နအိမ်လောင်သွားလည်းတော့မသိရသေးဘူး မီးခိုးတွေပဲမြင်ရတယ်”ဟု အထက်ဖော်ပြပါ အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ အင်အား ၃၀၀ ပါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်မှ အင်းတော်ဘက်သို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာခြင်းဖြစ်သည်။ အင်အား ၁၀၀ ခန့်စီပါသည့် စစ်ကြောင်းတစ်ကြောင်းသည် လက်ရှိ ဂျုံးဂျ ရွာမကြီး၊ ညောင်ကုန်းဘက်သို့ ဦးတည် ဝင်ရောက်လာသောကြောင့် အနီးဝန်းကျင်ကျေးရွာ ၄ ရွာခန့်မှ ပြည်သူများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ထီးချိုင့်မြို့နယ်အတွင်း  နေအိမ် ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခု ကချင်–စစ်ကိုင်းနယ်စပ် အင်းတော်ဘက်သို့ ရောက်ရှိလာကာ ကျေးရွာများကို မီးရှို့လာခြင်းဖြစ်သည်။ - [ဖမ်းခံထားရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးသေး](https://burmese.kachinnews.com/2022/12/16/az1-91/): ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မပေးသေးသည့်အပြင် ယနေ့ထိ စစ်ကြောရေးတွင်သာ ထားရှိဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာ ၅ ရက်နေ့  မှော်ပုံ ကျေးရွာဘုန်းကြီးရှိ အမျိုးသမီး ၇ ဦး အမျိုးသား ၄ ဦး ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးထားဆဲဖြစ်သည်ဟု မမုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”အဆက်အသွယ်ကို မရသေးတာ ရဲလက်ကိုမအပ်သေးဘူး အခုထိ လုံးခင်းထဲက ယမ်းတိုက် စခန်းမှာပဲ ထိမ်းသိမ်းထားတုန်း အဲ့မှာ SB တွေ၊ စရဖတွေအားလုံးရှိတယ် စစ်ကြောရေးလုပ်နေတုန်းတဲ့”ဟု ဖမ်းဆီးခံရသည့်အမျိုးသမီးတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အထက်ပါအမျိုးသားက ပြောသည်။ အဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးတွင် ကံဆီး (Ginsi) ဘက်မှ စစ်ရှောင်ပြည်သူအချို့နှင့် CDM ပြုလုပ်ထားသည့် လူငယ်များပါဝင်ပြီး မမုံကျေးရွာဘုန်းကြီးကျောင်းတွင် ခေတ္တတိမ်းရှောင်နေစဥ် ဒလံသတင်းပေးမှုကြောင့် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး ပိတ်စို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ယနေ့အထိ စစ်ကောင်စီ စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော အရပ်သား ၂၀၀ ကျော်အထိရှိလာပြီးနောက် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိကြောင်း ဒေသခံများကဆိုသော်လည်း KNG သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါ။ ဖားကန့်မြို့နယ်တွင် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲကြောင့် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သော ဒေသခံများ၏ အချက်လက် တိတိကျကျ ရယူနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ - [ထီးချိုင့်တွင် ကျေးရွာမီးရှို့ခဲ့သော စစ်ကောင်စီတပ် အင်းတော်သို့ ဝင်ရောက်လာသဖြင့် ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2022/12/15/az1-90/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိအင်းတော်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် ကျေးရွာများ ထပ်မံ မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယခုလဆန်းပိုင်းက ထီးချိုင့်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ နေအိမ်ပေါင်း ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၇၀ ပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အင်းတော်မြို့နယ် တောင်ဘက်ပိုင်းသို့ ဝင်ရောက်လာခဲ့သည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့ဘက်ကနေ ပြည်သူတွေကို ကြိုတင်သတိပေးချက်တော့ ထုတ်ပြန်ထားတယ်။ ဒီလိုမျိုး ထုတ်ပြန်တာက ကျွန်တော်တို့လည်း နည်းနည်းသတင်းတွေကြားထားလို့ ဒီအင်းတော်ကိုလည်း ထီးချိုင့်ကိုလုပ်ခဲ့သလိုမျိုး မီးရှို့တာတွေ လုပ်မယ်။ သူတို့ရဲ့ဗျူဟာက မီးရှို့တဲ့ဗျူဟာကိုသုံးမယ် ဆိုပြီးကြားထားတယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်းတော် PDF က သတိပေးထုတ်ပြန်ရာတွင် ဆန်၊ စပါး၊ ထွန်စက် စသည့်တန်ဖိုးကြီးပစ္စည်းများကို နေရာရွေ့ထားရန်၊ အရေးကြီးပစ္စည်းများကို အလွယ်တကူသယ်ဆောင်နိုင်ရန် ထုပ်ပိုးထားရန်နှင့် အိမ်မွေးတိရိစာန်များကိုလည်း ဘေးလွတ်ရာသို့ လွတ်ထားပေးရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။ ယမန်နေ့ ထီးချိုင့်မှ ဝင်လာသည့် စစ်ကြောင်းမှာ အင်းတော်မြို့တောင်ဘက်ရှိ ညောင်ကုန်းကျေးရွာဘက်မှ အင်အား ၁၀၀၊ အိုက်မကျေးရွာဘက်မှ အင်အား ၇၀ ကျော်တို့ဖြစ်သည်။ လက်ရှိအင်းတော်မြို့နယ်သို့ ရောက်ရှိလာသော စစ်ကြောင်းနှစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ထီးချိုင့်မြို့နယ်မြောက်ဘက်ရှိ ဆူးပံချောင်ရွာ၊ အင်ကြင်းကုန်းရွာ၊ အင်းတိန်ရွာ၊ အလယ်တောရွာ၊ လေသာရွာ၊ ကျက်သရေချောင်းရွာ၊ သခွက်ချောင်ရွာတို့မှ အိမ်ခြေပေါင်း ၄၇၃ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  ထုတ်ပြန်ထားသည်။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် ကျေးရွာပေါင်း ငါးရွာမှ လူနေအိမ်ခြေပေါင်း ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ - [ဖမ်းဆီးခံထားရသည့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို တွေ့နိုင်ရန် KBC ကြိုးပမ်းနေဆဲ](https://burmese.kachinnews.com/2022/12/15/yl1-42/): သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်က ဖမ်းဆီးထားသည့် ရက်ပေါင်း ၁၀ ရက်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အနေဖြင့် လမ်းစရှာ ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။ “အခုချိန်အထိ ဆရာကြီးနဲ့တွေ့နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ ကျနော်တို့ဆီက ဆရာကြီးနဲ့တွေ့နိုင်အောင် ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာကို သိနိုင်အောင် လုပ်ဆောင်ပေးမယ့် သူတွေ မရှိသေးဘူးဖြစ်နေတယ်။ အဲ့ကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းစရှာနေဆဲဟုတ်တယ်”ဟု KBC တွဲဖက်အတွင်းရေးမှူး Rev. Lahpai Zau Ra က KNG ကို ပြောသည်။ စစ်ကောင်စီမှ ဆရာတော် ခလမ်ဆမ်ဆွန်ကို တရားစွဲဆိုရန် ပြင်ဆင်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဒီဇင်ဘာလကုန်ခန့်တွင် အကြောင်းကြားလာဖွယ်ရှိသည်ဟု သူကဆက်ဆိုသည်။ “ဒီအပတ်မဟုတ်ရင် လာမယ့်အပတ်လောက်မှာ အကြောင်းကြားလာမယ်လို့တော့ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် KBC အနေနဲ့တော့ အရင်ဆုံး ဆရာကြီးနဲ့တွေ့နိုင်ဖို့ ကြိုးစားသွားမယ်။ ပြီးမှ အများပြည်သူရဲ့ တောင်းဆိုမှုအပေါ်မှာပဲ ဆက်လက် လုပ်ငန်းဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီးနောက် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း ဒီဇင်ဘာလ ၇ ရက်နေ့ည KBC ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာသွားခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ လုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ တာဝန်ရှိသူ ၄ ဦးကို ခေါ်ယူတွေ့ဆုံခဲ့ကြပြီး ဆရာတော်ကြီးသည် သူလုပ်ဆောင်ထားသည့် ပြစ်တွေရှိနေကြောင်း အစည်းအဝေးများ ပြုလုပ်ရာတွင် ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်များပြသပေးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်အထိ ဆရာတော် ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ကို မသိရသည့်အပြင် အဆက်အသွယ် တစ်စုံတစ်ရာမရရှိသည့်အတွက် အလွန်စိုးရိမ်ပူပန်နေရကြောင်း ဆရာတော်၏ ဇနီးဖြစ်သူက ယခုလိုပြောဆိုသည်။ “ဘာမဖြစ်ဖြစ် သူ့ကိုဘယ်နေရာမှာ ဖမ်းဆီးထားတယ်ကိုတော့ အရင်ဆုံးနေရာသိချင်တယ်။ ပြီးရင်ဘာကြောင့် ဖမ်းတယ်ဆိုတာလည်းသိချင်တယ်။ သူ … - [မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2022/12/15/sm1-42/): စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မရဲစခန်းအဝင်ဝတွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဗုံးထောင်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး နှင့် စစ်သား၂ ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့မှ ရဲစခန်းရှိ စစ်သားနှင့် ရဲ ၄ ဦးသည် လက်ဖက်ရည် ထွက်သောက်စဥ် အခုလိုထောင်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့က မိုင်းနှစ်လုံးနဲ့ ရဲစခန်းဝကို သွားချခဲ့တယ်။ ရဲတွေက ကင်းလုပ်ပြီးတော့ လက်ဖက်ရည်သောက်တဲ့အချိန်ပေါ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးသိရတဲ့အခြေနေက ရဲတစ်ကောင်ကနေရာမှာတင် ပွဲချင်းပြီးသေတယ်။ စစ်သားနှစ်ကောင်က မုံရွာအရောက်မှာ သေသွားတယ်လို့ သိရတယ်။ ရဲစခန်းဝမှာ ကင်း‌စောင့်နေတဲ့ ရဲမေတစ်ယောက်က မျက်နှာထိတယ်လို့ သိရတယ်။ နောက်တစ်ယောက်က စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်”ဟု ပြောသည်။ မြင်းမူ မြို့မရဲစခန်းတွင် စစ်သားနှင် ရဲအင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး တိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲစခန်းအဝင်အထွက်ကို ပိတ်ထားကာ ရဲစခန်းအနီးတစ်ဝှိုက်တွင် စစ်ဆေးရေး တင်ကြပ်ထားကြောင်း သူက ဆက်ပြောသည်။ အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ True Fighter (တပ်ခွဲ–၃)၊ တပ်ရင်း(၇) မြင်းခြံခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း တောချောင်းဦး ရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၇ ဦး သေဆုံးခဲ့သေးသည်။ - [ပူတာအိုဒေသကို ထိန်းသိမ်းကာကွယ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆို](https://burmese.kachinnews.com/2022/12/14/yl2-7/): အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းက ပူတာအိုဒေသသည် စိုက်ပျိုးရေနှင့်မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန် ကောင်းမွန်သည့် ဒေသခံတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမည့် လုပ်ရပ်များကို ရှောင်ကျဉ်ကြရန် ပြည်သူတစ်ချို့ကိုပြောဆိုသွားကြောင်းသိရသည်။ အပြန်လမ်းဖြစ်သည့် ပူတာအိုလေယာဉ်ကွင်းအရောက်တွင် သွားရောက်ပို့ဆောင်ခဲ့သည့် ရိုးရာအဖွဲ့နှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖွဲ့တို့ကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်သုဉ်းစေမည့် လုပ်ရပ်များ ကာကွယ်ကြရန် ပြောဆိုခဲ့သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောသည်။ “ပြည်သူတွေနဲ့တွေ့ဆုံတာမျိုးတော့မရှိခဲ့ဘူး။ အားလုံးက တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် မတွေ့ပဲ ပြန်သွားလိုက်တယ်။ လယ်ယဉ်ကွင်းမှာတော့ ရိုးရာအဖွဲ့နဲ့ အသေးစားလုပ်ငန်းရှင်အဖွဲ့တွေနဲ့ မိနစ် ၂၀ လောက်တွေ့ကြတယ်။ အဲ့မှာက ပူတာအိုဒေသမှာ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေ၊ နောက်ခရီးသွားလာရေးတွေ ကောင်းမွန်တဲ့ ဒေသဖြစ်တဲ့အတွက် ဂေဟစနစ်ပျက်စီးလာမယ့် လုပ်ရပ်မျိုးတွေ ကာကွယ်ကြဖို့ပြောသွားတယ်။ သလောက်ပဲ ပြောသွားတယ်”ဟုပြောဆိုသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင် ပူတာအို မြို့တော် စည်ပင်ခန်းမတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာအသီးသီး၊ ရိုးရာနှင့် စာပေယဉ်ကျေးမှုအဖွဲ့၊ အသေးစားလုပ်ငန်းရှင်များနှင့် ဘာသာရေးအဖွဲ့တို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲ တက်ရောက်လာသူများက စောင့်ဆိုင်းခဲ့ရသည်ဟုလည်း သိရသည်။ “မနေ့ညလည်း ၆ နာရီလောက်မှာ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီး မတွေ့လိုက်ရဘူး။ အဲ့လိုပဲ ဒီမနက်လည်း ၈ နာရီခွဲလောက်မှာ တွေ့မယ်ဆိုပြီး တမနက်လုံးစောင့်နေကြတာ ရောက်မလာဘူး ပြန်သွားလိုက်တယ်။ ပြည်သူတွေကိုတော့ သူနဲ့တွေ့ဖို့ အစာငတ်ခံပြီး စောင့်ခိုင်းထားခိုင်းတာ တမနက်လုံးပဲ တစ်ချို့က စိတ်မကောင်းဖြစ်နေကြတယ်”ဟုသတင်းအရင်းအမြစ်ကဆက်ပြောသည်။ စစ်ကောင်စီအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုထားသည့်အတွက် ဒေသခံ ၂၀၀ ဝန်းကျင်ခန့်က သွားရောက်စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ ဒေသခံပြည်သူများတစ်ချို့က … - [IDP ဆိုသည့်အသံ မကြားလိုတော့ကြောင်း ဒုတိယ ဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က စစ်ရှောင်များကို ပြောဆိုခဲ့](https://burmese.kachinnews.com/2022/12/14/ld1-13/): ‘IDP ဆိုသည့်အသံ မကြားချင်တော့သဖြင့် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး အမြန်ဆုံးဆောင်ရွက်နေသည်ဟု’စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က မြစ်ကြီးနားရှိ စစ်ရှောင်များကို ပြောဆိုခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဇီးလွန် စစ်ရှောင်စခန်းတွင် စစ်ကောင်စီ၏ ဝန်ကြီးများသွားရောက်ခဲ့စဉ် ယခုလို ပြောဆိုခဲ့သည်ဟု ဇီးလွန်စစ်ရှောင်စခန်း မှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာ သူတို့အားလုံးစီစဉ်တော့မှာတဲ့ စခန်းပိတ်သိမ်းဖို့။ နိုင်ငံတကာက ကြည့်လည်း မသင့်တော်တော့ဘူး။ နိုင်ငံတကာကလည်း ပြောနေပြီ။ စစ်ရှောင်မရှိတော့ရင် ကောင်းလိမ့်မယ်ဆိုပြီး ပြောနေပြီ ဖြစ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ စစ်ကြောင့်ထွက်ပြေးနေရတဲ့ IDP လို့ မပြောပဲနေရအောင်။ အခြေအနေအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတယ်ပဲ ပြောရအောင် ဆိုပြီး လာပြောတယ်။ IDP ဆိုတာနားကြားခါးတယ်တဲ့ မကြားချင်တော့ဘူးတဲ့”ဟု ပြောသည်။ အဆိုပါ စစ်ရှောင်များကို လာရောက်ပြောဆိုရာတွင် စစ်ကောင်စီ ဗိုလ်ချူပ်ကြီးထွန်းထွန်းနောင်နှင့်အတူ ကချင်ပြနယ် လူကယ်ပြန်၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဖွဲ့  စုစုပေါင်း ၁၀ ယောက်ကျော် ပါဝင်ခဲ့ကြောင်းသိရသည်။ စစ်ရှောင်ပြည်သူများကို မူလထွက်ပြေးခဲ့ရသော နေရပ်သို့ပြန်ရေး၊ စစ်တပ်က ပြန်လည်နေရာချထားသည့် ငွေပျော်စံပြ ကျေးရွာတွင် နေထိုင်ရေး နှင့် မိမိအစီအစဉ်ဖြင့် ရပ်တည်နေထိုင်သွားရေး စသည့် အချက် ၃ ချက်အနက်တစ်ခုခုကို ရွေးချယ်စေကာ စခန်းပိတ်သိမ်းရေး လုပ်ဆောင်နေသည်ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း ဗက်လင်စစ်ရှောင်ပြည်သူတစ်ဦးပြောဆိုသည်။ “ဘာဘဲဖြစ်ဖြစ်သူတို့က အိမ်ကတော့ မဆောက်ပေးဘူး။ ပလန ငွေပျော်စံပြ ကျေးရွာကို သွားနေမဲ့ သူတွေကိုတော့ အဲ့ရွာကအတိုင်း အိမ်ရမယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ခြံဝယ်ပြီး နေသွားမဲ့ သူတွေကိုလည်း ညီတူညီမျှပေးမယ်။ ဘယ်လောက်ဘယ်လိုပေးမယ် ဆိုတာတော့ မပြောဘူး၊ မပြောနိုင်သေးဘူးလို့ပြောတယ်”ဟုဆိုသည်။ ထိုသို့ စစ်ကောင်စီ၏ စခန်းပိတ်သိမ်းရေး စီမံချက်အတိုင်းလိုက်နာပြီး ထောက်ပံ့ပေးသည့် ငွေကြေးလက်ခံသော မည်သူမဆို IDP မဟုတ်တော့ကြောင်း သဘောတူ လက်မှတ်ရေးထိုးရမည့် အခြေအနေဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ “စခန်းပိတ်သိမ်းချိန်မှာတော့ နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် သူတို့ရဲ့ထောက်ပံ့ငွေ ရယူသူ ဘယ်သူမဆိုက ကျနော်၊ကျမက IDP  မဟုတ်တော့ကြောင်း ခံယူပြီး လက်မှတ်ထိုးခိုင်းမဲ့ သဘောဖြစ်တယ်”ဟု ပြောသည်။ ပြီးခဲ့သည့် ၃ လခန့်မှစတင်ပြီး စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ကချင်ဒေသရှိ စစ်ရှောင်စခန်းများပိတ်သိမ်းရေးအတွက် နည်းအမျိုးမျိုးဖြင့် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။ ထိုသို့ စစ်ကောင်စီကိုယ်စားလှယ်များ၏ ဖိအားပေးမှုကြောင့် စစ်ရှောင်ပြည်သူအချို့သည် နေရပ်ပြန်နေကြသလိုအချို့မှာ စခန်းတွင်သာ ဆက်လက်နေထိုင်မည်ဟု ဆုံးဖြတ်ထားသူများလည်း ရှိနေသည်။ “ပြန်လို့ရပြီ။ တည်ငြိမ်အေးချမ်းပြီဆိုပြီး စစ်တပ်က အတင်းအကြပ်လုပ်နေတာဖြစ်တယ်။ သူတို့ကတော့ အခုလိုအချိန်မှာ ဘယ်သူ့မျက်နှာမှ ထောက်မှာ မဟုတ်ဘူး။ သူတို့အမိန့်တစ်ခုနဲ့ပဲ သွားလိမ့်မယ်။ စစ်ရှောင်တွေ ဒီနေ့ပြန်တော့လို့ အမိန့်ပေးရင် ပြန်ရမှာပဲဖြစ်တယ်။ IDP ဆိုတာကို မကြားချင်တော့ဘူးဆိုတော့ စဉ်စားရတော့မှာပဲ။ ဒါပေမဲ့ ကျနော်တို့ စစ်ရှောင်တွေ ဘာမှ ပြင်ဆင်ထားခြင်းမရှိပဲ ဘာလုံခြုံမှုအာမခံမှ မရှိပဲပြန်ဖို့က တော်တော်တော့ခက်လိမ့်မယ်”ဟု လယ်ကုန်း မလိယန် စစ်ဘေးရှောင်စခန်း မှ စစ်ရှောင်ပြည်သူတစ်ဦး က ပြောသည်။ နိုင်ငံရေးအခြေအနေတွင် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ရှောင်များကို အတင်းအဓမ္မ နေရပ်ပြန်ရန် ဖိအားပေးနေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း စစ်ရှောင်များ နေပြာဆိုနေကြသည်။ လက်ရှိ မိုးမောက် နှင့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် စစ်ရှောင်အသစ်များ ရှိနေဆဲ ဖြစ်သည်။ - [မြစ်ကြီးနားတွင် အဆောင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2023/02/28/zami3/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရွှေလိပ်ပြာအဆောင်ပိုင်ရှင်အား စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ - [စစ်တပ်က ကျင်းပဖို့ကြံစည်‌နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်](https://burmese.kachinnews.com/2023/02/28/zm2-9/): မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ - [တနိုင်း-ရှင်ဗွေယန် လမ်းပိုင်းဆိုးရွာစွာ ပျက်စီးနေသည့်အတွက် သွားလာရေးအခက်အခဲကြုံတွေ့နေရ](https://burmese.kachinnews.com/2023/02/28/az3-21/): ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ရှင်ဗွေယန်သို့ သွားလာနေသည့် ကားလမ်မကြီးသွားလာ၍မရအောင် အလွန်အကျွံ ပျက်စီးနေသည့်အတွက် သွားလာရေးခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ - [KIO ဌာနချုပ်အနီး နမ့်ဆန်ယန်တွင် စစ်ကောင်စီ တပ်စခန်းထိုင်ရန် ပြင်ဆင်နေသဖြင့် စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2023/02/28/zm1-48/): ဝိုင်းမော်မြို့နယ် မြစ်ကြီးနားမြို့နယ်– ဗန်းမော်ကားလမ်းမပေါ် နမ့်ဆန်ယန် (Namsan Yang) ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်ရန် ပြင်ဆင်နေသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ - [တိုက်ပွဲသွားရန် ပြင်ဆင်ရင်း ဗုံးသီပေါက်ကွဲသွားသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး](https://burmese.kachinnews.com/2023/02/28/sm1-69/): စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် တိုက်ပွဲသွားရန် လက်နက်ပြင်ဆင်ရင်း ဗုံးသီးမတော်တဆပေါက်ကွဲမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ - [နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား](https://burmese.kachinnews.com/2023/02/28/az2-85/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။ - [‘Fact Check’ ဆိုသော စကားလုံးပါတိုင်း ယုံကြည်ရန် ခက်ခဲလာပြီ](https://burmese.kachinnews.com/2023/02/28/fact-check-5/): “အမှန်တရားက ဖိနပ်စီးနေတုန်းလောက်ပဲရှိဦးမယ်၊ အလိမ်အညာကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပါပြီး” ဟု မက်ခ်တွိုင်း _Mark Twain ပြောခဲ့သည်။ Mark Twain သည် အမေရိကန် ဟာသပညာရှင်၊ ဝတ္ထုရေးဆရာနှင့် ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်ပြီး ‘The Adventures of Tom Sawyer (1876) နှင့် Adventures of Huckleberry Finn (1885)’ တို့ကို ရေးသားခဲ့သူလည်း ဖြစ်သည်။ ထိုနည်းတူ မြန်မာပြည်တွင်လည်း သတင်းမီဒီယာများ၏ ဖော်ပြချက်များကို ‘သတင်းအမှားဖြစ်သည်’ ဟု စစ်ကောင်စီ ထောက်ခံသော ဖေ့စ်ဘုတ်အကောင့် နှင့် စာမျက်နှာများသည် စနစ်တကျ ပြန်လည်ဖြန့်ဝေကာ လူထုအပေါ် စိတ်ဇဝေဇဝါ ဖြစ်အောင် ပြုလုပ်နေသည်ကို တွေ့ရသည်။ - [ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ](https://burmese.kachinnews.com/2023/02/28/az1-138/): ကချင်ပြည််နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။ - [တော်လှန်ရေးစခန်းတစ်နေရာက သူနာပြုဆရာမလေး](https://burmese.kachinnews.com/2023/02/27/feature-kng-4/): “တော်လှန်ရေးကြီးပြီးတာနဲ့ အမေတို့အမေတို့ဆီပြန်လာပြီး မိဘကျေးဇူးကိုဆပ်နိုင်အောင် အများကြီးကြိုးစားမှာမို့လို့ အဖေနဲ့အမေ ကျန်းကျန်းမာမာနဲ့သမီးပြန်လာတဲ့ထိ စောင့်နေပေးပါ။ ပြီးတော့ အဖေ့ကိုလည်း အသက်ကြီးလာပြီဖြစ်တဲ့အတွက် အရက်မသောက်ခိုင်းစေချင်ဘူး ဖြစ်နိုင်ရင် အဖေလည်းအရက်မသောက်ဘဲ ကျန်းမာရေးဂရုစိုက်ပါလို့ မှာချင်တယ်” - [ရွှေကူတွင် စစ်ကောင်စီ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ ၂ ဦးသေဆုံး](https://burmese.kachinnews.com/2023/02/27/az2-21-2/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ - [နေရပ်ပြန်ရေး ဖိအားပေးမှုအောက်က စစ်ရှောင်အမျိုးသမီးနဲ့ ကလေးသူငယ်များ](https://burmese.kachinnews.com/2023/02/27/feature-kng-3/): လုံခြုံမှု မရှိသေးပေမဲ့ ဖိအားပေးခံရတာကြောင့် နေရပ်ပြန်ရတော့မယ့် စစ်ရှောင်တွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ လုံခြုံရေးအတွက် ခက်ခဲမှုရှိနေပါတယ်။ - [မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အိမ်ငှားနေထိုင်သူများထံမှ ငွေကြေးကောက်ခံနေ](https://burmese.kachinnews.com/2023/02/27/az1-137/): ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရပ်ကွက်အတွင်းအိမ်ငှားနေထိုင်သည့် မိသားများထံမှ လစဉ် တစ်အိမ်လျင် တစ်သောင်းကျပ်နှုန်းဖြင့် လိုက်လံကောက်ခံနေကြောင်းသိရသည်။ - [စစ်ကြောင်း ထိုးလာသဖြင့် နန်းမားဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/02/27/az1-136/): မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်သားများ သေနတ်ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ - [နယ်စပ်တစ်လျှောက် တိုက်ပွဲဖော်ဆောင်တာမလုပ်ဖို့ တရုတ်အစိုးရရဲ့ အာရှရေးရာသံအမတ်ဆို](https://burmese.kachinnews.com/2023/02/27/zm2-8/): မြန်မာ – တရုတ်နယ်စပ်တလျှောက်မှာ တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ဖို့ တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun (ဒင်ရှီကျွင်) ဟာ KIO ဌာနချူပ်သို့ လာရောက်တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ KIO ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ - [ရွေးကောက်ပွဲအတွက် လက်နက်အားကိုးရတဲ့ စစ်တပ်ရဲ့ လားရာ](https://burmese.kachinnews.com/2023/02/27/zm1-47/): “စစ်ကားတန်းကြီး အိမ်ရှေ့ရောက်လာတော့ အရမ်းကိုကြောက်သွားတာ ကိုယ့်ကိုကိုယ်လည်း ဘာအပြစ်များ လုပ်မိထားပြီလဲပေါ့ ချွေးတောင်ပြန်သွားတယ်”လို့ဒေါ်တင်တင်( အမည်လွှဲ) ဆိုပါတယ်။ - [ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်](https://burmese.kachinnews.com/2023/02/25/hy1-3/): ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။ - [မြေရှားတူးဖော်မည့် ကုမ္ပဏီများ ယခုလအတွင်း အပြီးထွက်ခွာသွားရန် ဒေသခံများ သတိပေးထား](https://burmese.kachinnews.com/2023/02/24/zm1-46/): KIO ထိန်းချုပ်ရာနယ်မြေ၊ ဗန်းမော်ခရိုင်၊ ဒိန်ဆင်းပါ (Dingsing Pa) ဒေသတွင် မြေရှားသတ္တုတူးဖော်ရန်ပြင်ဆင်နေသည့် တရုတ်ကုမ္မဏီများ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား လုပ်ငန်းခွင်အပြီးပိတ်သိမ်းသွားရန် ဒေသခံများ KIO အစိုးရထံ စာဖြင့် ထပ်မံတောင်းဆိုထားကြောင်း သိရသည်။ - [နန့်ယားစစ်တပ်ဂိတ်တွင် ဆန်သည်များ၏ ဆန်ကားများကိုသာ ဝင်ခွင့်ပြုသည့်အတွက် ပြည်သူအချို့အခက်တွေ့နေ](https://burmese.kachinnews.com/2023/02/24/az2-84/): ဖားကန့်မြို့နယ်အတွင်းသို့ ဆန်ကုန်သည်များ၏ ဆန်ကားများကိုသာ စစ်ကောင်စီက ဝင်ခွင့်ပြုထားပြီ မိသားစုများမှ တပိုင်တနိုင် တင်ဆောင်လာသည့် ဆန်အိတ်များကို ဝင်ခွင့်မရဘဲ တားမြစ်ထားဆဲ ဖြစ်သည်ဟု သိရသည်။ - [စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်](https://burmese.kachinnews.com/2023/02/24/az1-135/): ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ - [ကချင်နာမည် နှင့် သတင်းဌာနယောင်ဆောင်ကာ သတင်းအမှားဖြန့်ဝေနေသော ဖေ့စ်ဘုတ် အကောင့်နှင့် စာမျက်နှာများ](https://burmese.kachinnews.com/2023/02/23/factcheck/): ‘ကချင်’ သို့မဟုတ် ကချင်ပြည်နယ်၏ အထင်ကရ နာမည် အသုံးပြုခြင်း နှင့် သတင်းဌာန ယောင်ဆောင်ကာ သတင်းအမှားများနှင့် ဝါဒဖြန့် အကြောင်းအရာများကို ဖြန့်ဝေနေသော ဖေ့စ်ဘုတ်အကောင့်နှင့် စာမျက်နှာများကို ယခုနောက်ပိုင်း ပိုမို တွေ့လာရသည်။ - [ဝိုင်း‌မော်-ချီဖွေလမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို KIA တပ်ရင်း ၃ တိုက်ခိုက်](https://burmese.kachinnews.com/2023/02/23/zm1-45/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ချီဖွေမြို့နယ်သို့သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ - [မံစီတွင် စစ်ကောင်စီတပ် နှင့် KIA တပ်ရင်း ၂၇ တိုက်ပွဲ ပြင်းထန်](https://burmese.kachinnews.com/2023/02/23/ld1-20/): ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအနီးတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီခန့်တွင် မိုင်းခေါင် (Mung Hkawng) အနီး လိုင်ကာဇွပ်ဂျာ ကျေးရွာ (Laika Zupja) ၌ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း လိုင်ကာဇွပ်ဂျာကျေးရွာမှ မိုင်းခေါင်တွင် စစ်ရှောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။ “၁၇ ရက်နေ့ကတည်းက စစ်တပ်အင်အားအလုံးအရင်းနဲ့ ဒီဘက်ကိုတက်လာတယ်။ လမ်းဖောက်ဘဒူဇာလည်းပါတယ်။ လက်နက်ကြီးလည်းပါတဲ့ စစ်ပစ္စည်းတင်ကားတွေနဲ့ တက်လာကြ တာဟုတ်တယ်။ အဲ့မှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လိုက်တာ၊ ၁၈ ရက် တနေ့နားပြီး ၁၉ ရက်နေ့ကနေ ဆက်တိုက်ပြန်ပစ်နေတာ။ မနေ့က နဲ့ ဒီနေ့တော့ အကြီးအကျယ်ပစ်နေကြတယ်”ဟုမိုင်းခေါင် ဒေသခံတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစပြီး စစ်ကောင်စီ ခလရ  ၂၃၇ ၊ ခလရ ၂၃၆ နှင့် ခလရ  ၂၂၃ စသည့် စစ်အင်အား ၂၀၀ ကျော်ပါသော စစ်ကြောင်းသည် မဂျီဂုန်စစ်တပ်ဗျူဟာကုန်းသို့ စစ်ရိက္ခာအပြည့်အစုံဖြင့် ချီတက်လာစဉ် KIA တပ်ရင်း ၂၇ မှ ကြားဖြတ် ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲစတင်ပြင်းထန်လာကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ယနေ့ထိ  ၅ ရက်ဆက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများကို ဗန်းမော်ဆေးရုံးဘက်သို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။ “စစ်တပ်ဘက်က ၁၇ ရက်နေ့ နဲ့ ၁၉ ရက်နေ့က တိုက်ပွဲမှာတော့ ၁ ယောက်သေတာ တိတိကျကျသိရတယ်။ ခုထိ ဘယ်နှယောက်ဆက်သေလည်းတော့ မသိဘူး။  ထိခိုက်ဒဏ်ရာရတာ … - [ဖားကန့်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၃၀ ကို ပြန်မလွတ်ဘဲ ငွေကြေးဖြင့် ရွေးယူခိုင်းနေ](https://burmese.kachinnews.com/2023/02/23/az1-134/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် ပြီးခဲ့သည့်အပတ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်ကို ကုမ္ပဏီဝင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ စစ်ကောင်စီစစ်သား အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၄ နာရီအချိန်က မှော်စီဆာကျေးရွာ အောင်သာယာရပ်ကွက် ၁ မှ ဝင်ရောက်လာပြီး ကုမ္ပဏီလုပ်သားများ၊ ရေမဆေးသမားများနှင့် အမျိုးသမီးအချို့အပါ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး ယနေ့ထိ ပြန်မလွတ်သေးဘဲ ဖမ်းဆီးထားကြောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ပြန်မလွတ်သေးဘူးဗျ။ ဒီမနက်ပဲထပ်စုံစမ်းကြည့်တာ ဖမ်းထားတုန်းပဲ နမ္မဖြစ်ကျေးရွာက မြန်မာသူရကျောက်မျက် ကုမ္ပဏီဝင်းထဲမှာ အားလုံးကို ဖမ်းထားတုန်းတဲ့။ ဘာကြောင့်ပြန်မလွတ်သေးတာလည်းတော့မသိဘူး”ဟုခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အဆိုပါဖမ်းထားသူများကို စစ်ကောင်စီက ငွေကြေးဖြင့် ပြန်ရွေးယူခိုင်းနေကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း KNG က စုံစမ်းနေဆဲ ဖြစ်သည်။ စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုအရပ်သားပြည်သူ ၃၀ ကျော်ထဲတွင် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်(၁)မှ အမျိုးသမီး ၅ ဦးပါဝင်ပြီး မင်းနိုင်စိုးကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ကျင်းသား ၁၃ ဦးပါဝင်ကာ ကျန်ရှိသူများသည် ရေမဆေးသမားများသာဖြစ်ကြောင်းသိရသည်။ ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများကို မကြာခဏရိုက်နက် ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့တွင်း မြို့ပြင်နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သွားလာသည့် အပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်ထားသည်။ - [လဝါးဒေသခံ ၂ ဦး အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေဆဲဟုဆို](https://burmese.kachinnews.com/2023/02/22/az3-20/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ ဒေသခံအမျိုးသား ၂ ဦး နှစ်ပတ်ကျော်ကြာလာသည့်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးဘဲ ပျောက်ဆုံးနေသေး ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အသက် ၄၂ နှစ်အရွယ်ရှိ ဦးအင်ဗွင်ဘရန်နန်နှင့် အသက် ၁၇ နှစ်အရွယ် မောင်ရိန်အောင်တို့သည် ကားမိုင်းမြို့ဘက်သို့ နေ့ချင်းပြန် စျေးဝယ်သွားရန် ထွက်သွားသည့်နေ့မှစပြီး ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက KNG ကိုပြောသည်။ “ဘာသတင်းအစတောင်မရသေးဘူး။ ဘယ်မှာ ဘယ်သူက ထိန်းသိမ်းထားလဲမသိ မိသားစုဝင်တွေအားလုံးက အခုအချိန်အထိ စိတ်ပူနေကြတုန်း။ ရပ်ရွာကလူတွေကတော့ နယ်ထိန်းတွေ၊ ရဲတွေ ထွေအုပ်တွေနဲ့တော့သွားအကူအညီတောင်းကြသေးတယ်။ ဒါပေမယ် အခုအထိမထူးသေးဘူး”ဟုပြောသည်။ ပျောက်ဆုံးနေဆဲဖြစ်သည့် ဦးအင်ဗွေဘရန် နှင့် မောင်ရိန်အောင်တို့သည် တောင်သူများသာဖြစ်ပြီး ၅ ရက်နေ့ ကားမိုင်းမြို့သို့ သုံးဘီးပြင်ရန် စက်ပစ္စည်းအချို့သွားဝယ်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ လဝါးဒေသခံ ၂ ဦးပျောက်ဆုံးနေသည့် ကစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်စုံးစပ်မေးမြန်းချက်အရ စစ်ကောင်စီဘက်က ဖမ်းဆီးထားခြင်းဖြစ်နိုင်သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “အခုစုံစမ်းကြည့်ရသလောက် စစ်တပ်ကနေ ဖမ်းသွားတာက သေချာတယ်။ ဒီဘက် KIA ဘက်ကနေ ဖမ်းထားတယ်ဆိုရင် ပြန်မလွတ်ရင်တောင် ကျနောတို့ဆီမှာ သတင်းရမှာပဲလေ။ အခုက စစ်တပ်ကနေ ဖမ်းဆီးထားတာဟုတ်တယ်”ဟုပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ယင်းအမျိုးသားနှစ်ဦးကို စစ်ကောင်စီဖမ်းထားသည်ဟုပြောဆိုထားသော်လည်း KNG သတင်းဌာနအနေဖြင့် အသေးစိတ်အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်သည်။ - [ကန့်ဘလူတွင် သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၂၄၈ လုံး မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2023/02/22/sm1-68/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ်၂ ၄၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းသည် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ မြေမွန်ကျေးရွာ၊ သရော်ကိုင်းကျေးရွာနှင့် ကန့်ဘလူမြောက်ဘက်ခြမ်းရှိ ချောင်းကြားကျေးရွာတို့ကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ကန့်ဘလူတောင်ဘက်ခြမ်းက ၂ ရွာနဲ့မြောက်ဘက်ခြမ်းကတစ်ရွာရှို့ခံရတာပါ မြေမွန်ရွာက နေအိမ်၂၁၈လုံး၊ သရော်ကိုင်းက နေအိမ်၁လုံးရှို့ခံရတယ် ပြီးတော့လက်နက်ကြီးထိမှန်လို့ နေအိမ်တစ်လုံးပျက်ဆီးခဲ့ရပါတယ်။ မြောက်ဘက်ခြမ်းကတော့ ချောင်းကြားကျေးရွာပါ နေအိမ်၂၈လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ် မီးရှို့ခံရတဲ့ထဲမှာ စပါးကျီတွေလည်းပါသွားတယ်လို့သိရတယ် ဒါပေမဲ့ ဘယ်လောက်ဆိုတာတော့ အတည်မပြနိုင်သေးပါဘူး”ဟုပြောသည်။ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုကို မီးရှို့ခဲ့သည့် စစ်ကြောင်းမှာ ခမရ ၃၆၉ မှ  အင်အား၈၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး မြောက်ဘက်ခြမ်းရှိ ချောင်းကြား‌ကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကြောင်းမှာ ပေကုန်း(တောင်)ရွာ မှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၃ ရွာထဲမှ ချောင်းကြား‌ကျေးရွာသည် သုံးကြိမ်မြောက်မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ သုံးကြိမ်အတွင်း နေအိမ် ၅၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးနေရသူ ၆ သိန်းခွဲဝန်းကျင်ရှိကြောင်း Data For Myanmar နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ စာရင်းအရ သိရသည်။ - [အင်းတော်တွင်  လက်နက်ကြီးထိမှန်ခဲ့သည့် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/02/22/az2-83/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄ဦး ထိမှန်ကာ တစ်ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်တွင် အင်းတော်မြို့ စစ်တပ်ကုန်း( ဒေသအခေါ် ရိက္ခာကုန်း) မှ အင်းတော်မြို့တောင်ဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျော်ရွာနှင့် မိုးယူရွာမကျေးရွာအတွင်းသို့ကျ ရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး၏ အခြေနေမှာ စိုးရိမ်ရကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ထိတာကတော့လေးယောက်ထိတယ်ကျော်ရွာက သုံးယောက် မိုးယူရွာမထဲက အမျိုးသမီး တစ်ယောက်ပေါ့ ကျော်ရွာက ထိထားတဲ့ပြည်သူတွေကတော့နေအိမ်မှာပဲ ဆေးကုနေတယ် မိုးယိုရွာမထဲက တစ်ယောက်ခြေ နာခေါင်းတွေခေါင်းတွေမှာ ထိထားတော့ အခြေအနေဆိုးတယ်။ ဆေးရုံတင်ပြီးကုနေရတယ်”ဟု ပြောသည်။ လက်နက်ကြီး ထိမှန်ခဲ့သည့်လေးဦးမှာ ကျော်ရွာမှ အသက် ၇၈ နှစ်အရွယ်အဖွားအိုတစ်ဦး၊ အသက် ၂၄ နှစ် နှင့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး၊ မိုးယိုရွာမမှ အသက် ၄၀ အရွယ်အမျိုးသမီး တို့ဖြစ်ကြောင်း သိရသည်။ အရပ်သားပြည်သူများ ထိခိုက်ခဲ့သည့်အပြင် ကျော်ရွာမှ လူနေအိမ်သုံးလုံး မိုးယိုရွာမမှ နေအိမ်တစ်လုံးတို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက လက်နက်ကြီး ၆ လုံး ပစ်ခတ်လိုက်သည့်အနက် လူမနေသည့် နန်းနောင်ရွာတွင် နှစ်လုံး၊ ကျော်ရွာတွင် ၃လုံး နှင့် မိုးယိုတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ အင်းတော်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း အင်းတော်ရဲစခန်း မှပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နန့်မဟုတ်ကြီးကျေးရွာမှ သားအမိသုံးဦး ထိမှန်ခဲ့ပြီး ကလေးငယ်တစ်ဦး သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ - [ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/02/22/az1-133/): ဖားကန့်မြို့တွင်  အမျိုးသားတစ်ဦး ယနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ပစ်ခတ်ခံရသည့် အမျိုးသားက နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလားသည့် လူ ၅ ဦးက သူ၏ နေအိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “သေနတ်နဲ့လာပစ်သွားတယ်။ ငါးယောက်က ဆိုင်ကယ် ၂ စီးနဲ့ နှစ်ယောက်က အိမ်ထဲအထိ ဝင်ပစ်သွားတယ်”ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။ အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးသန်းစိုးခေါ်သူဖြစ်ပြီး သူ၏ ဦးခေါင်းနေရာမှာ ကျည်ဖောက်ဝင်သွားသဖြင့် ပွဲချင်းပြီး ထိုနေရာတွင် သေဆုံးသွားကြောင်းသိရသည်။ လက်ရှိတွင် ဦးသန်းစိုကို အိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည့် အဖွဲ့အစည်းမသိရဘဲ ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။ ဦးသန်းစိုးသည် မှော်ဝမ်းရပ်ကွက် ၅ အိမ်အမှတ်(၁၀၉) နေအိမ်တွင် သူ၏ မိသားစုနှင့်တကွ ကျောက်အရောင်းအဝယ်လုပ်ကိုင်ပြီး နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။ ဖားကန့်မြို့တွင် ယခုကဲ့သို့ လုယက်မှုနှင့် သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင်း သတ်ဖြတ်ခံရသူ ၄ ဦးအထိရှိလာပြီဖြစ်သည်။ - [ဖားကန့်သို့ ဆန်ကား မဝင်သေးသဖြင့် ဆန်ပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရ](https://burmese.kachinnews.com/2023/02/21/az3-19/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်တင်ပို့ခွင့်  ပိတ်ဆို့ခံထားရသည့်အတွက် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆန်ဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ နန့်ယားစစ်တပ်ဂိတ်တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် ဆန်အဝင်မရှိတော့ဘဲ ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “မနေ့က အထိတော့ ဆန်တွေအိတ်လိုက်နဲ့ ဝယ်လို့ရသေးတယ်။ ဒီိမနက်မှာတော့ အိတ်လိုက်နဲ့ဆိုမရောင်းပေးတော့ဘူး။ ပြီးတော့ ဆန်ဆိုင်တွေလည်း ပိတ်ထားကြတယ် တစ်ချို့ကတော့ ဖွင့်တော့ ဖွင့်တယ် အိတ်လိုက်မရောင်းတာပဲရှိတယ်။ ဆန်သည်တွေပြောတာက ဆန်တွေမဝင်တော့လို့တဲ့”ဟုပြောသည်။ ယမနေ့အထိ ငွေတိုးဆန်တစ်အိတ်တွင် ၁၀၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် ၁၅၀၀၀၀ အထိ စျေးမြင့်တက်သွားခဲ့ပြီး ယနေ့တွင် ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟုသိရသည်။ “ငွေတိုးနဲ့ ချင်းတုံးဆိုရင် တစ်အိတ်ကို တစ်သိန်းတစ်သောင်းအထိရှိတယ်။ ပေါ်ဆန်းမွေးကတော့ ၁ သိန်းခွဲအထိရှိသွားပြီ။ ဒါတောင် အိတ်လိုက်မရောင်းတော့ဘူး။ တစ်ပြည်နဲ့ နှစ်ပြည် အဲ့လောက်ပဲ ရောင်းပေးတော့တယ်။ ကိုယ်က အိတ်လိုက်ဝယ်ချင်ရင်တောင် မရောင်းပေးတော့ဘူး”နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။ ဖားကန့်မြို့သို့ ဆန်တင်ပို့ခွင့်ကို စစ်တပ် နယ်လုံဝန်ကြီး၏အမိန့်အရ တားမြစ်ထားဟုလည်းသိရသည်။ လက်ရှိတွင် ဖားကန့်ဘက်သို့ တက်လာသည့် ကုန်တင်များကိုလည်း နန့်ယားစစ်တပ်ဂိတ်တွင် စစ်ဆေးမှုပြုလုပ်ကာ ဆန်ပါသည့် ကားသမားများကို သယ်ယူခွင့်တားမြစ်ထားသည်ဟုသိရသည်။ “ဆန်ကားကလုံးဝအဝင်မခံဘူးဗျ။ ကျနော်လည်းအသိကားသမားတစ်ယောက်ကိုအိမ်မှာစားဖို့ဆိုပြီး အောက်ပိုင်းကနေ ဆန်တစ်အိတ်မှာလိုက်တာ တင်တော့တင်လာပြီး နန့်ယားဂိတ်မှာမဝင်ခိုင်းဘူး တောင်းပန်လည်းမရဘူး။ နန့်ယားက အိမ်တစ်အိမ်မှာပဲ ထားခဲ့ရတယ်”ဖားကန့်လမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးနှင့် ရင်းနှီးသူက ပြောသည်။ အလားတူ ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့်ကိုလည်း ပိတ်ထားသောကြောင့် လက်ရှိဖားကန့်မြို့တွင် ဓာတ်ဆီတစ်ဂါလံ ၁၉၀၀၀ ကျပ်အထိ စျေးတက်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယခုကဲ့သို့ ဖားကန့်မြို့နယ်အတွင်း ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့်ကို … - [ပူတာအိုတွင် မူးယစ်ဆေးဝါး လက်သည်များ ရဲကို ငွေကြေးပေးဆောင်ကာ ရောင်းချမှုများ ဆက်လက်ပြုလုပ်နေ](https://burmese.kachinnews.com/2023/02/21/az2-82/): ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဘိန်းဖြူ၊ ရာမ နှင့် စိတ်ကြွဆေးပြား ရောင်းသည့် လက်သည်များကို ရဲကဖမ်းမိသော်လည်း ငွေကြေးပေးပါက ပြန်လွတ်ပေးနေသည်ဟု ဒေသခံများ ပြောသည်။ ပူတာအိုမြို့ပေါ်ရှိ ၊ လုံးစွတ်၊ မြို့မ၊ လေယာဥ်ကွင်းရပ်ကွက်များတွင် မူးယစ်ဆေးဝါးရောင်းသည့် လက်သည်များကို ပူတာအိုရဲ၊ နယ်ထိန်းများက ပူးပေါင်းဖမ်းဆီးမှုများရှိနေကြောင်းသိရသည်။ သို့သော် ဖမ်းဆီးခံရသူများထံမှ ငွေကြေးတောင်းခံပြီး ပြန်လွတ်ပေးကြောင်းနှင့် ဆက်လက်ရောင်းချခွင့်ကိုလည်း ပြုထားသည်ဟု အမည်မဖော်လိုသူ လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “လုံးစွတ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေမှာဆို လေးခေါက်တောင်ရှိပြီ။ ပထမအကြိမ်ဖမ်းတာက မနှစ်က ၃ လပိုင်းမှာ ဖမ်းခေါ်သွားတယ်။ ခဏဆိုပြန်လွတ်လာတယ် ပြန်ကြားရတာက ၅ သိန်းပေးပြီး ပြန်လွတ်လာတယ်တဲ့။ အခုဆို ဖမ်းသာဖမ်းခံရတာ ဆက်ရောင်းနေတာပဲ”ဟုပြောသည်။ ယမန်နှစ်အတွင်း မူးယစ်ဆေးဝါးရောင်းချသူများ ဖမ်းခံရမှု လုံးစွတ်ရပ်ကွက်တွင် နှစ်ကြိမ်၊ မြို့မတွင် တစ်ကြိမ်၊ လေယာဥ်ကွင်းတွင် တစ်ကြိမ်ရှိခဲ့ပြီး ယခုနှစ်တွင် လုံးစွတ်ရပ်ကွက်၌ နှစ်ကြိမ်ထပ်အဖမ်းခံရသူများရှိခဲ့သည်။ ၎င်းဖမ်းဆီးခံရသူအားလုံးက ငွေကြေးဖြင့် ပြန်လွတ်ပေးနေပြီး အဖမ်းခံရသူများကိုယ်တိုင် ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း မြို့မ ရပ်ကွက်မှ အမည်မဖော်လိုသော ဒေသခံတစ်ဦး ပြောသည်။ “အောက်ခြေမှာ နယ်ထိန်းတွေ လက်အောက်ဝန်ထမ်းတွေပဲလုပ်စားနေတာလား ဒါမှမဟုတ် ခရိုင်ရဲကသိသိနဲ့ ခွင့်ပြုထားတာလားတော့မသိဘူး။ ဒီဇန်နဝါရီလတုန်း ကပဲ မြို့မမှာလည်းဖမ်းတယ် လုံးစွတ်မှာလည်း ၂ ခါတောင် သွားဖမ်းတယ်။ ဒါပေမယ့် တစ်ယောက်ကိုတော့ ၁၀ သိန်း တစ်ယောက်ကိုတော့ ၁၀ သိန်းကျော်နဲ့ပြန်လွတ်ပေးတယ်တဲ့။ ရဲတွေက အရပ်ဝတ်နဲ့လာပြီး ၂ယောက် သုံးယောက်အဲ့လိုပဲလာပြီး ဖမ်းတာ။ ပြီးတော့ခေါ်မသွားဘူး အိမ်မှာပဲညှိကြတယ်။ ပိုက်ဆံပေးတော့ လွတ်ပေးလိုက်တာ”ဟု KNG ကို ပြောသည်။ ပူတာအိုတွင် မူးယစ်ဆေးဝါး ရောင်းချသော လက်သည်များကို ငွေကြေးဖြင့် ပြန်လွတ်ကာ ရောင်းချခွင့်ပြုနေသည့်အတွက် ဆယ်ကျော်သက် ကလေးအရွယ်များအထိပါ မူးယစ်ဆေးဝါး အသုံးပြုသူ များပြားလာနေကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ ယခင်က မူးယစ်ဆေးဝါးရောင်ဝယ်သူနှင့် သုံးစွဲသူ အနည်းငယ်သာရှိခဲ့သည့် ပူတာအိုမြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း … - [သမိုင်းဝင် N’dum Latep တွင် အကြီးစားရွှေတူးဖော်နေမှု အမြန်ရပ်တန့်ရန် တတိအကြိမ် ထပ်မံ သတိပေး](https://burmese.kachinnews.com/2023/02/21/yl1-59/): ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စု ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်) တွင် အကြီးစားရွှေတူးဖော်နေသော လုပ်ငန်းရှင်များ တစ်ပတ်အတွင်း အမြန်ထွက်ခွာသွားရန် ဒေသခံများ သွားရောက် သတိပေးခဲ့သည်ဟု သိရသည်။ အာဏာသိမ်းပြီးနောက် ထိုနေရာတွင် စက်ယန္တရားဖြင့် ရွှေတူးနေမှုကို ရပ်တန့်ပေးရန် ယခင်နှစ်က ဒေသခံများ သွားရောက် ကန့်ကွက်ခဲ့ဖူးသော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်အပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပူတာအို ဒေသခံ ၅၀ ဦးခန့်ဖြင့် တတိယအကြိမ် သွားရောက် ဆန္ဒပြထုတ်ဖော်ကာ သတိပေးခဲ့သည်ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။ “အဲ့ဒီနေရာမှာ ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းရှင်တွေကို ထွက်သွားကြဖို့ အရင် ၂ ခေါက်လည်း သွားပြောခဲ့တယ်။ ဒါပေမယ့် မထွက်ဘူး ဆက်တူးနေကြတယ်။ အဲ့ကြောင့် တစ်နေ့က ပြန်ပြီးတော့ ထွက်မှာလား မထွက်ဘူးလား မထွက်ဘူးဆိုရင် စက်ဆိုင်းတွေအကုန်လုံး ငါတို့ရွှေ့ပေးလိုက်မယ်လို့ သွားပြောတော့ သူတို့ရွှေ့ပေးမယ်တဲ့။ တစ်ပတ်အတွင်း ရွှေ့ပေးဖို့ပြောထားတယ်။ တကယ်လို့မရွေ့ဘူးဆိုရင် တရားဥပဒေအရ လုပ်တော့မယ်လို့ သတိပေးခဲ့တယ်”ဟုပြောသည်။ N’dum Latep တွင် ရွှေတူးဖော်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ဦးခေါ်သားနှင့် ကျော်ဇင်းမင်း လုပ်ငန်းရှင် ၂ ဦးမှ စတင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် လုပ်ငန်းရှင် ၈ ဦး ထက်မနည်း တိုးချဲ့လာသည့်အပြင် မြေဧက ၁၀၀ ကျော်ကိုလည်း တူးဖော် ဖျက်ဆီးလိုက်ကြပြီဟု သိရသည်။ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သောအဖွဲ့မှာ ပူတာအို ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ … - [ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲများ ရွှေ့ပြောင်းရန် ဖိအားပေးနေ](https://burmese.kachinnews.com/2023/02/21/az1-132/): ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲ ၁၅၀ ခန့်ကို ယခုသီတင်းပတ်အတွင်း ရွှေ့ပြောင်းပေးကြရန် ဖိအားပေးခံနေသည်ဟု သိရသည်။ “ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ကျလာခဲ့လို့ ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်၊ အခုရက်ပိုင်းအတွင်း ရွှေ့ရမယ်လို့ ပြောလာခဲ့ပါတယ်“ဟု ယင်းနေရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။ နေအိမ်တဲများအား ရွှေ့ပြောင်းရန် ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်မှစကာ လာရောက်ပြောဆိုထားပြီး မည်သည့်အဖွဲ့အစည်းမှန်း ပြောင်းရွှေ့ခိုင်းသည်ကို တိတိကျကျ မသိရသေးပေ။ ဒေသခံများ၏ ပြောဆိုချက်အရ ရွှေ့ပြောင်းပေးသူများအား ၁၅ ပေခန့်ကျယ်ဝန်းသည့် မြေနေရာ အစားထိုးပြန်လည်ပေးမည်ဟု ဆိုထားပြီး နေအိမ်တဲ တစ်လုံးလျှင် ငွေကျပ်တစ်သိန်းစီ အလျော်ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။ သို့သော်အစားထိုးပေးသည့် မြေနေရာသည် ဒေသအခေါ် သဘာဝ မျောချောင်း‌ နေရာများဖြစ်နေသည့်အတွက် အဆင်ပြေမည် မဟုတ်ကြောင်း သိရသည်။ “မျောချောင်းဆိုတာက မိုးရာသီကာလရောက်လာတဲ့ချိန်ဆိုရင်‌တော့ ကုန်းမြင့်တွေက‌နေ ရေစီးတဲ့‌ နေရာဖြစ်တဲ့အတွက် လူမပြောနဲ့အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါသွားမယ့်နေရာတွေဖြစ်တာကို သိထားလို့ မနေရဲတာ“ဟုပြည်သူတစ်ဦးကပြောသည်။ လက်ရှိ ပြောင်းရွှေ့ပေးရန်ဆိုထားသည့်မြေနေရာတွင် နေထိုင်သူများသည် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်ဆုံးဖြစ်သည့် စစ်ကိုင်းဒေသဘက်မှ ပြောင်းရွှေ့လာသူအများဆုံးပါဝင်ကာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ ငါးရာဝန်းကျင်ရှိ‌ကြောင်း သိရသည်။ “ဒီမှာလာနေတာ ခုဆိုရင်တစ်နှစ်ကျော်ရှိပြီ။ အများစုက စစ်ကိုင်းတိုင်းထဲကပေါ့ ကိုယ့်ရပ်ရွာက ဒုက္ခရောက်လို့ ဖားကန့်ကို လာခဲ့တာ၊ အခုနေအိမ်လေးပါ ဖျက်ရမယ်ဆိုတော့ အများကြီးဒုက္ခရောက်တာပေါ့ဗျာ“ဟုကိုမောင်မြင့်(အမည်လွှဲ) က လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောသည်။ အဆိုပါရွှေ့ပြောင်းရန် ဖိအားပေးနေသည့် နေရာအနီးတွင်လည်း စက်ယန္တယားများဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး မည်သည့်အဖွဲ့အစည်း၏ ကုမ္ပဏီမှ လုပ်ကိုင်နေသည်ကို အသေးစိတ် မသိရသေးပေ။ စစ်တပ် အာဏာသိမ်းယူပြီးသည့်နောက် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် စက်ယန္တယားကြီးများဖြင့် ကျောက်စိမ်းတူးဖော်နေမှုများအား ပိုမိုပြုလုပ်နေပြီး၊ လုပ်ကွက်အနီးပါတ်ဝန်းကျင်ရှိ … - [ကန့်ဘလူက စစ်ဘေးရှောင်၂သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများလိုအပ်နေ](https://burmese.kachinnews.com/2023/02/20/sm1-67/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူ ၂သောင်းကျော်အတွက် သောက်သုံးရေ၊စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သောအပတ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၄ ခုဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့သည် ကန့်ဘလူတောင်ဘက်ခြမ်းရှိ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူများ ယခုကဲ့သို့ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီပေးသူ တစ်ဦးက KNG ကိုပြောသည်။ “စစ်ရှောင်က အကုန်လုံးဆို ၂သောင်းကျော်လောက်ရှိနိုင်တယ် ကျနော်တို့အတွက် စားရေးသောက်ရေး ကတော့အဓိကခက်နေတယ်။ အခုကနွေပိုင်းလည်းရောက်လာပြီကို သောက်သုံးရေကလူအတွက်ကသိပ်ပြဿနာမရှိဘူး ကိုယ်မွေးထားတဲ့ကျွဲ၊နွားတိရစ္ဆာန်တွေအတွက်က ရေကတော်တော်ခက်ခဲတယ်”ဟုစစ်ရှောင်ကူညီနေသူတစ်ဦးကဆိုသည်။ အဆိုပါစစ်ဘေးရှောင်များထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးချို့တဲ့သူတစ်ချို့နှင့် ကလေးသူငယ်များလည်းပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မူများလည်း လိုအပ်နေကြောင်း သိရသည်။ “အဓိကက သက်ကြီးရွယ်အိုပိုင်းရယ် အဲ့ဒီထဲမှာက ကျန်းမာရေးမကောင်းသူတွေရှိတယ်။ သူတို့ကိုစောင့်ရှောက်ဖို့ကျ လူငယ်တွေကနေခဲ့လို့မရပြန် စစ်ကြောင်းနဲ့တွေ့ရင် ဖမ်းခံရနိုင်တာကို အဲ့တော့သူတို့ကိုပဲထားခဲ့ရတယ်။ အဲ့တော့ကျန်းမာရေးစောင့်ရှောက်မူကဘယ်လိုမှကို မလုပ်ပေးနိုင်ဘူး အရင်စစ်ကြောင်းတုန်းကဆို ကျောက်ကပ်မကောင်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက် သေဆုံးတာ တောင်ရှိခဲ့တယ်”ဟုပြောသည်။ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာများသည် ရွာမ၊ ထိန်တော၊ အင်းလယ်ကြီး၊ သရက်တော၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျီးပင်အောက်၊ မြကျွန်းသာ၊ မြကန်သာ၊ မန်ကျီးကုန်း၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ မဲသည်၊ ညောင်ဇင်ကြီး၊ မင်ကုန်း၊ လယ်လှ၊ရွာသစ်ကုန်း၊ ညန်အင်း၊ မြိုင်သာယာ၊ ပေလယ်၊ သပြေသာ၊ ဘိုကုန်း စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁သန်းကျော်ရှိပြီး အဆိုပါစာရင်းထဲတွင် စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းခွဲဝန်းကျင်ပါဝင်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ စာရင်းတွေအရသိရသည်။ - [ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2023/02/20/az1-131/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ ”ညကသွားပစ်တာဟုတ်တယ်တဲ့ ၇၉ မမ တွေ၊ ပြီးပဒိန် လက်နက်တွေနဲ့သွားပစ်တာတဲ့ ဟိုဘက်က အကျအရှုံးတော့ရှိမယ်လို့သိရတာ သေချာစီစဥ်ပြီး သွားပစ်တာဆိုတော ညကြီးဆိုတော့ဘယ်လောက်ကျလဲ အတိအကျမသိရသေးဘူး”ဟုပြောသည်။ သွားရောက်ပစ်ခတ်မှုတွင် မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း နှစ်ဖက်ကျဆုံးမှု ရှိမရှိကို KNG အသေးစိတ်စုံစမ်းနေဆဲ ဖြစ်သည်။ ဆိုင်းတောင်စစ်တပ်ကုန်းသည် ယခုနောက်ပိုင်း မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းနှင့် အရပ်သားပြည်သူများကို ဝင်ရောင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။ - [ဖားကန့်မှာ ချောင်းရှင်းလင်းရေးမလုပ်ဘဲ ဖျက်ဆီးရေးသာ လုပ်နေသည်](https://burmese.kachinnews.com/2023/02/17/zm1-44/): ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း နှစ်စဉ်ရေကြီးရေလျှံမှုကို လျော့ကျစေဖို့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက ငွေကြေးသန်းပေါင်းစွာသုံးစွဲပြီး ချောင်းရှင်းလင်းရေးကို ပြုလုပ်လာခဲ့ကြပေမယ့် ထိရောက်တဲ့ လုပ်ငန်းတစ်ခု မဖြစ်နိုင်ခဲ့ပါဘူး။ - [ဖားကန့်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီ စျေးအဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2023/02/17/az1-130/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည်ဟု ဒေသခံများပြောသည်။ ယခင်အပတ်က ဧရာမင်း၊ ငွေတိုးစသည့် ဆန်အမျိုးအစားများ တစ်အိတ်လျင် ကျပ် ၇၀၀၀၀ ကျော်မှ ၇၅၀၀၀ ကျပ် ၊ ပေါဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၈၀၀၀၀ ခွဲအထိစျေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် ငွေတိုး၊ ဧရာမင်းဆန် များမှာ တစ်အိတ် ကျပ် ၉၀၀၀၀ ၊ ပေါဆန်းမွေး တစ်အိတ် ကျပ် ၁၂၀၀၀၀ ဝန်းကျင်အထိ စျေးတက်နေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”လွန်ခဲ့တဲ့ပတ်က အဲ့လောက်စျေးမတက်ဘူးဗျ။ ကျနော်တို့က လုပ်ငန်းနဲ့ဆိုတော့လူများတယ်။ ခဏခဏ ဆန်ဝယ်ရတာ မနေ့ကပဲ ဧရာမင်းတစ်အိတ်ဝယ်တာ ၉၀၀၀၀ တဲ့။ ပေါဆန်းမွေးကတော့ တစ်သိန်းကျော်သွားပြီ။ ဒီတစ်ပတ်ထဲမှာပဲ စျေးတွေ တက်သွားတာဗျ။ သူတို့ပြောတာဆန်တွေမဝင်လို့စျေး တင်ရောင်းနေ တာတဲ့”ဟုပြောသည်။ အလားတူ စက်သုံးဆီများစျေးလည်းမြင့်တက်နေပြီး အချို့ဆီပန့်ဆိုင်ကြီးများမှာ ဆီလက်ကျန် မရှိသဖြင့် ပိတ်ထားကြရကြောင်း အခြားဒေသခံတစ်ဦး ကပြော သည်။ ”ဆီကတော့ တစ်လီတာကို ၄၀၀၀ ကျော်သွားပြီ ဟိုအရင်နေ့ကတော့ တစ်လီတာ ၃၅၀၀ လားပဲရှိတာ ပြီးတော့ဆိုင်တွေကလည်း မဖွင့်ကြဘူး မနက်ပိုင်းခနပဲ ဖွင့်ပြီးတစ်နေကုန်ပိတ်တယ်ဗျ။ ဓာတ်ဆီဆိုတစ်ဂါလံ ၁သောင်း ခွဲ ဒီဇယ်က ၁၉၀၀၀ လောက်ရှိနေပြီ” ဟု ဖားကန့်ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဆန်နှင့်စက်သုံး ဆီစျေးမြင့်တက်နေခြင်းမှာ အင်းတော်ကြီး–ဖားကန့် လမ်းပိုင်းပိတ်ထားခြင်းနှင့် လက်ရှိ သွားလာခွင့်ပြုထားသည့် မိုးကောင်း–နန့်ယား–ဖားကန့်လမ်းပိုင်းတွင် လည်း ဆန်နှင့် စက်သုံးဆီက အဝင်ပိတ်ထားသောကြောင့်ဟု လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”အရင်ပတ်ကတည်းက နန့်ယားဂိတ်မှာ ဆန်ကား နဲ့ဆီကားတွေကိုမဝင်ခိုင်းဘူးလို့ပြောတယ် ခရီးသည်တွေကိုလည်း အရမ်းစစ်တယ်တဲ့ ဒီဘက်ဝင်လာမယ့်ဆန်၊ဆီကားတွေ တော့ရှိတယ် … - [လာချိဒ် ရိုးရာအိမ်တော် မနောတိုင်-ကွင်း၊ မုခ်ဦး-ခန်းမဆောင်ဖွင့်ပွဲနှင့် မနောပွဲတော်ကြီးကို ၃ ရက်ကြာ ကျင်းပရန် ပြင်ဆင်နေ](https://burmese.kachinnews.com/2023/02/17/bubu1-4/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ရပ်ကွက်တွင် လာချိဒ်လူမျိုးများ၏ ရိုးရာအိမ်တော် မနောတိုင်–ကွင်း၊ မုခ်ဦး–ခန်းမဆောင်ဖွင့်ပွဲနှင့် မနောပွဲတော်ကြီးကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ လာချိဒ်မနောကွင်းသည် အနေနေအရပ်ရပ်တွင်ရှိနေသည့် လာချိဒ်လူမျိုးတိုင်း၏ စိတ်တူကိုယ်တူ ဆုံစည်းခွင့်ရသည့်နေရာတစ်ခု အဖြစ်သတ်မှတ်၍ မနောပွဲတော်ကြီးအားပြုလုပ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “ကျွန်မတို့ လာချိဒ်အမျိုးတွေ မနောကွင်းပြုလုပ်ရရှိခဲ့တာက ဘုရားကျေးဇူးတော်ကြောင့်ပေါ့၊ ဒါက လာချိဒ် လူမျိုးတိုင်းဆုံစည်းခွင့်ရမဲ့ နေရာလည်းဖြစ်တယ်၊ ပထမဦးဆုံး အကြိမ်လည်းလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံအရပ်ရပ်မှာရှိနေတဲ့ လာချိဒ်လူမျိုးတွေ အကုန်လုံးကို အတက်နိုင်ဆုံးတော့ ပါဝင်စေချင်တယ်”ဟုပြောသည်။ ထိုပွဲတွင် ပြည်ထောင်စုအဆင့် စစ်ကောင်စီ ဝန်ကြီးများကိုလည်း ဖိတ်ကြားသွားမည်ဟုလည်း သိရသည်။ ပြင်ပနိုင်ငံသို့ ရောက်ရှိနေကြသည့် လာချိဒ်လူငယ်တစ်ဦးအနေဖြင့်လည်း ဝိုင်းမော်တွင်ပြုလုပ်မည့် မနောပွဲအပေါ် သူ၏ ခံစားချက်ကို ယခုလို ပြောသည်။ “ဒီမနော တိုင်ဖွင့်ပွဲဟာဆိုရင် ကျွန်တော်တို့လာချိဒ်လူမျိုးတွေရဲ့ ပထမဆုံး လာချိဒ်ရိုးရာ မနောကွင်းနဲ့ မနောတိုင် ဖွင့်ပွဲလည်းဖြစ်တယ်၊ ဝိုင်းမော်မြို့မှာ တခြားသူတွေရဲ့မနောကွင်း နဲ့မနောတိုင် ရိုးရာ Campus ရှိကြတယ်၊ ကျွန်တော်တို့ လာချိဒ်တွေမှာမရှိခဲ့ဘူး။ ခုကျွန်တော် တို့လာချိဒ်တွေရဲ့မနောတိုင်ရော၊ မနောကွင်းရော ရိုးရာယဥ်ကျေးမှု Campus ကိုရော ဝိုင်းမော်မြို့လယ်မှာ ရထားတာဆိုတော့ လာချိဒ်လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်”ဟုပြောသည်။ ဝိုင်းမော် ဒေသခံ လာချိဒ်လူငယ်တစ်ဦးကလည်း မိမိတို့၏ အမျိုးပိုင် လာချိဒ် မနောကွင်းအား ရရှိခဲ့ခြင်းနှင့် မနောပွဲပြုလုပ်ရခြင်းအပေါ်  ထင်မြင်ချက်အား KNG ကို ယခုလိုပြောသည်။ “ကျွန်တော်တို့ လာချိဒ်အမျိုးတွေ မနောပွဲ၊ မနောအက ကခဲ့တယ်ဆိုတာတော့ကြားဖူးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မနောတိုင်တွေ၊ မနောအိမ်တော်တွေ ဘယ်နေရာမှာမှ မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးလည်း ဖြစ်တော့ သား၊ မြေး၊ … - [ရှဒူးဇွပ်စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွေ့သွားသော်လည်း အကူညီ လိုအပ်နေဆဲ](https://burmese.kachinnews.com/2023/02/16/bubu1-3/): နှစ်စဉ်ရေဘေးအန္တရာယ်ကိုကြုံတွေ့ရသည့် တနိုင်းသွားလီဒိုလမ်းမပေါ် ရှိ ရှဒူးဇွပ်စစ်ရှောင်ပြည်သူများက ပြန်လည်ထူထောင်ရေးနေရာအသစ်သို့ အပြီးရွှေ့ပြောင်းသွားခဲ့သော်လည်း အကူအညီများလိုအပ်နေဆဲ ဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံများထံမှသိရသည်။ အိမ်ထောင် ၁၆ စုသာရှိသည့် စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး လက်ရှိ နေရာအသစ်တွင် နေထိုင်ရေးအခက်အခဲများကြုံတွေ့နေ၍သဖြင့် အကူအညီများလိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံက KNG ကိုပြောသည်။ “ပြောင်းဖို့အတွက် ဘယ်သူမှလာကူညီတာတော့မရှိဘူး။ ပြောင်းလိုက်ရတာပဲရှိတယ်။ အခုက ကျနော်တို့နေကြတဲ့ အဆောင်တွေကို ငွေချေးထားပြီးတော့ အကုန်ပြီးအောင် ဆောက်ထားတာဆိုတော့ အခုဆောက်လုပ်ရေးတွေကို ပိုက်ဆံတွေပေးရအုံးမယ်၊ အကြွေးတွေနဲ့လည်း အများကြီး ကျန်သေးတယ်၊ စားဝတ်နေရေးတွေရော အကုန် ခက်ခဲနေတုန်းဘဲ”ဟုပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် မူလ စစ်ရှောင်နေရာဖြစ်သည့် ရှဒူးဇွပ်ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းနေထိုင်စဉ် နှစ်စဉ် ရေကြီးရေလျှံကြုံတွေ့ခဲ့ရသည့်အတွက် နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်ရန် ပြီးခဲ့သော ၂၀၂၁ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့ကြရာ ၅ နှစ်ခန့်အကြာမှ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အိမ်ထောင်စုတစ်ခုတွင် မြန်မာငွေ ၅ သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၆ စုအတွက် အကူအညီပေးခဲ့သည်။ ထိုရရှိသော အလှူငွေဖြင့် နေအိမ်အဆောက်အဦးများဆောက်လုပ်ခဲ့ကြပြီး ငွေပမာဏလုံလောက်မှုမရှိသည့်အတွက် ဆောက်လုပ်ရေးအဖွဲ့ထံ ချေးငွေဖြင့် အပြီးဆောက်လုပ်နိုင်ခဲ့ကြသည်ဟု ဆက်သိရသည်။ လက်ရှိ စစ်ရှောင်များ ပြန်လည်ထူထောင်ရေးအဖြစ် ရွှေ့ပြောင်းထားသည့်နေရာသည် ရှဒူးဇွပ်ကျေးရွာအဝင် အောင်ရာကျေးရွာ၏ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနောက်ဘက်ခြမ်းရှိ မြေနေရာ ၆ ဧက ပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ - [ရွှေဘိုနယ်တွင် ၅ ရက်အတွင်း ကျေးရွာ ၆ ခုမီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/02/16/sm1-66/): စစ်ကိုင်းတိုင်းဒေသ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ယနေ့အထိ ၅ ရက်ခန့်အကြာ ကျေးရွာနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၄ ခုမှ ဒေသခံပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု  ဒေသသတင်းအရင်းအမြစ်များက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ဝန်းကျင်က သီးလုံးကျေးရွာတွင် တပ်ချနေထိုင်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ရွှေဘိုမြို့နယ်၏ အနောက်ဘက်ခြမ်းရှိသော ကျေးရွာများကို ရွာစဉ်အလိုက် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း  People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “စစ်သားတွေက သီးလုံးမှာ ရက်အကြာကြီး အထိုင်ချနေတာဟုတ်တယ်။ သူတို့က ၁၂ ရက်နေ့ကနေ ရွာတိုင်းလိုလို ပတ်ရှို့နေတာ။ အခုရှို့ခံရတဲ့ ရွာက အတည်ပြုထားတာ ၆ ရွာလောက်ရှိပြီ။ ဒီမနက်အထိ ဆက်ရှို့နေကြတုန်း။ နေအိမ်ဆုံးရှုံးမှုက ခန်းမှန်လောက်ပဲသိရတယ် အားလုံး ၆၀၀ ထက်တော့မနည်းဘူး။ ဘာလို့လဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပြောဆိုချက်အရပါ။ သူတို့က ရွာလုံးကျွတ်နီးပါးရှို့တယ်လို့တော့ပြောတယ်”ဟုပြောသည်။ လက်ရှိတွင် ကျောက်မြင့်၊ တင့်တယ်၊ ငါးဆူကုန်း၊ မဲတော၊ ပန်းလှိုင်၊ မုန့်စီ စသည့်ကျေးရွာ ၆ ခုက  မီးရှို့ဖျက်ဆီးခံရပြီး ကျန်ကပ်ယက်ရှိသော ကျေးရွာ ၈ ခုသည်လည်း မီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်းနေကြကြောင်း သိရသည်။ “ဒေသခံပြည်သူတွေက  အခုမီးရှို့ခံရတဲ့ကျေးရွာ၆‌ရွာကိုမှ ရွာချင်းကပ်လျက်ကရွာတွေလည်းရှောင်ရတာ။ ကျေးရွာစုစုပေါင်း ၁၄ ရွာလောက်ကနေ ဒေသခံ၅၀၀၀လောက်တိမ်းရှောင်နေရပါတယ်။ ဘေးလွှတ်ရာရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နောက်လယ်ကွင်းတွေမှာပဲ တိမ်းရပါတယ်”ဟုပြောသည်။ အဆိုပါ ကျေးရွာများအနက် ပန်းလှိုင်ကျေးရွာထဲတွင် စစ်ကောင်စီအဖွဲ့က တပ်စွဲထားပြီး … - [ဖားကန့်တွင် အရပ်သားပြည်သူ ၃၀ ကို စစ်ကောင်စီအဖွဲ့ အကြောင်းမဲ့ ဖမ်းဆီးထား](https://burmese.kachinnews.com/2023/02/16/az1-129/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် စစ်ကောင်စီအဖွဲ့က ယမန်နေ့ ၄ နာရီဝန်ကျင်အချိန် အရပ်သားပြည်သူ ၃၀ ကျော်ကို အတင်းအဓမ္မ အကြမ်းဖက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ စစ်အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီအဖွဲ့က ဖားကန့်မြို့ပေါ်ဘက်မှ မှော်စီဆာကျေးရွာသို့ ဝင်ရောက်လာပြီး အမျိုးသမီးများအပါအဝင် ရေမဆေးသမားများနှင့် ကုမ္ပဏီလုပ်သားတစ်ချို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “စစ်သားတွေနဲ့က စစ်ဝတ်စုံအပြည့်နဲ့ သေနတ်တွေဖောက်ပြီး ဝင်ရောက်လာကြတာဟုတ်တယ်။ သူတို့ဝင်လာတဲ့အချိန် တွေ့သမျှကို ဆွဲတာပဲ အဲ့ထဲမှာ မိန်းကလေးတွေလည်းပါသွားတယ်။ အများပိုင်းတော့ ရေမဆေးသမားတွေဟုတ်တယ်။ ဖမ်းဆီးသွားတဲ့ သူတွေကို လက်ပြန်ကြိုးတုတ်ပြီးတော့ ဖားကန့်ဘက်ကိုခေါ်သွားတာ”ဟုပြောသည်။ စစ်ကောင်စီအဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုအရပ်သားပြည်သူ ၃၀ ကျော်ထဲတွင် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်(၁)မှ အမျိုးသမီး ၅ ဦးပါဝင်ပြီး  မင်းနိုင်စိုးကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ကျင်းသား ၁၃ ဦးပါဝင်ကာ ကျန်ရှိသူများသည် ရေမဆေးသမားများသာဖြစ်ကြောင်းသိရသည်။ “မှော်စီဆာက မြေစာပုံမှာ လူနေအိမ်တွေရှိတယ်။ အောင်သာယာ(၁)နဲ့ (၂) ၂နေရာဆိုပြီး သူတို့က ဝင်ဖမ်းကြတာ။ ဒါပေမယ့် အောင်သာယာ (၁)မှာပဲဝင်ဖမ်းသွားကြတယ်။ ဒီကနေ့အထိတော့ ပြန်လွတ်လာတာ မကြားရသေးဘူး”သတင်းအရင်းအမြစ်က ဆက်ဆိုသည်။ အဆိုပါ စစ်ကောင်စီအဖွဲ့သည် အရပ်သားပြည်သူများကို ဝင်ရောက်ဖမ်းဆီချိန်တွင် လက်နက်ငယ်များ မိုးပေါ်ထောင် ရမ်းသမ်းပစ်ခတ်ခြင်းဖြင့် ၅ နာရီခန့်အထိ လုပ်ဆောင်ပြီး ဖားကန့်ဘက်သို့ ပြန်လည်လှည့်ပြန်သွားခဲ့ကြောင်း ဒေသခံများပြောသည်။ ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများကို မကြာခဏရိုက်နက် ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့တွင်း မြို့ပြင်နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သွားလာသည့် အပြည်သူများကို စစ်ဆေးမှုများတင်းကြပ်ထားသည်။ - [ကသာ၊ အင်းတော်၊ ဗန်းမောက် ဒေသများတွင် အလွန်အကျွံ သစ်ခိုးထုတ်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2023/02/16/az1-128/): ကသာခရိုင် အင်းတော်နှင့် ဗန်းမော်မြို့နယ်တွင် တရုတ်နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ ကျွန်းသစ် အလွန်အကျွံ ခိုးထုတ်နေသဖြင့် ရပ်တန့်ပေးကြရန် ဒေသခံပြည်သူများ တောင်းဆိုနေကြသည်။ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ခန့်အကြာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ဗန်းမောက်မြို့နယ်တောင်းပိုင်းရှိ သစ်တောကြိုးဝိုင်းများ၊ ဗန်းမောက်မြို့နယ်ပိုင်းရှိ မဲတော၊ ပန်းတော၊ မန်ကပ်တော၊ ခေါင်းသစ် စသည့်သစ်တောကြိုးဝိုင်းများနှင့် အင်တော်မြို့နယ် အရှေ့ဘက်ခြမ်း ရွာဟောင်း၊ ဂဟဲနေရာများ၊ ဗန်းမောက်မြို့နယ်အစပ် အင်းတော်ဘက်ခြမ်း စသည့် နေရာတို့တွင် သစ်အလွန်အကျွံ ခိုးထုတ်နေသည်ဟု အင်းတော်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အင်းတော်မြို့နယ်မှာ ကျွန်းသစ်တွေတောင် မရှိသလောက်ကုန်ပြီ။ အခုဗန်းမောက်ဘက်က အများပိုင်း ခိုးထုတ်နေကြတယ်။ အင်းတော်မှာတော့ မရှိတော့ဘူး။ သူတို့က အဲ့သစ်တွေကို တရုတ်ပြည်ဘက်ကို ပို့တာ။ ပြီးရင်သူတို့က တောတဲမှာ သစ်စက်ကြီးတွေနဲ့ ထောင်ပြီး လုပ်တာ။ သစ်အခွံတွေကိုဖင်ပြီးတော့ အတုံးလိုက်တင်ပို့တာ ၁၂ ဘီးကားကြီးတွေနဲ့ ပို့နေကြတာ။ အဲ့ဒီတရုတ်တွေက မြန်မာစကားတောင်မပြောတတ်ဘူးလာကြတာ”ဟု ပြောသည်။ အင်းတော်နှင့် ဗန်းမောက်မြို့နယ်တွင် ခိုးထုတ်သည့် ကျွန်းသစ်များကို ဗန်းမောက်မှ အင်းတော်၊ အင်းတော်မှ ကသာ၊ ကသာမှ မံစီနှင့် ချောင်းဝမှ ရွှေကူလမ်းဘက် တောလမ်းအတိုင်း တရုတ်ပြည်သို့ တင်ပို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ နေရာဒေသများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေထိန်းချုပ်ထားသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တရားမဝင်ကျွန်းသစ်များကို စနစ်တကျ တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံပြည်သူများက တောင်းဆိုထားသည်။ ”အခုလိုမျိုး ကျွန်းသစ်တွေ ခိုးထုတ်နေတာမလိုလားဘူး။ ပြီးတော့ဒီမှာက NUG အစိုးရကအပြည့်အဝ စိုးမိုးထားတဲ့ နယ်လို့ပြောလို့ရတယ်။ အဲ့ကျွန်းသစ်တွေက စစ်ကောင်စီကို အခွန်မပေးဘူး။ ဒီတိုင်းတောလမ်းအတိုင်းခိုးထုတ်နေတာ။ အဲ့ကြောင့် NUG အစိုးရအနေနဲ့အောက်ခြေမှာ ဖြစ်တာတွေကို တာဝန်ယူဆောင်ရွက်ပေးစေချင်တယ်”ဟုနောက်ထပ် အင်းတော် ဒေသခံတစ်ဦးက … - [ရွှေမှော်ဧရိယာရှိ KIA အခွန်ရုံးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့](https://burmese.kachinnews.com/2023/02/15/yl3-2/): ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ လပူခမှော် (ဒေသအခေါ်) La Pu Hka Maw ရှိ KIA အခွန်ရုံးကို စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် တနိုင်းမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့သည် လပူခမှော် KIA အခွန်ရုံးနေရာဘက်သို့ ဦးတည်ကာ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု လပူခမှော် ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “မနေ့က ၉ နာရီလောက်ရှိမယ် တိုက်ပွဲဖြစ်တော့မဟုတ်ဘူး တနိုင်းဘက်ကနေ ဒီဘက်ကို ၆ ချက်လောက်ပစ်လာတာ။ တခြားထိခိုက်ပျက်စီသွားတာတော့ မရှိခဲ့ဘူး”ဟုပြောသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့ ယခုကဲ့သို့ KIA အခွန်ရုံးနေရာကို ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဆက်လက် သိရသည်။ လပူခမှော်အတွင်း KIA အခွန်ရုံးထားရှိသည့်အပေါ် စစ်ကောင်စီတပ်မှ မလိုလားသည့်အတွက် ယခုလို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က သုံးသပ်သည်။ KIA တပ်ဖွဲ့၏ ထိုအခွန်ရုံးနေရာသည် လပူမှော်အတွင်း ဝင်ရောက်လာသည့် စက်ယန္တရားဆိုင်ရာ အခွန်အကောက်များ၊ လုပ်ကွက်ခွန်၊ လေလံပေးထားသည့် ကြက်၊ ဝက်၊ အမဲသား၊ ဆန်၊ စက်သုံဆီများနှင့် အခြား အခွန်အကောက်များ ကောက်ခံနေသည့် နေရာဖြစ်သည်ဟုလည်းသိရသည်။ ထိုကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လပူခမှော်ရှိ လုပ်ငန်းရှင်တစ်ချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဝင်ရောက်သူများလည်းရှိကြောင်း သိရသည်။ ယမန်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်သည် တနိုင်းမြို့အဝင် တိန်ကောက်ကျေးရွာ အရှေ့ဘက်ခြမ်း ဂါးရှားရား (Ga Shara) ဘက်သို့ လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သော နှစ်ဆန်းပိုင်းက တနိုင်းအခြစိုက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့သည် စစ်အင်အားအလုံးအရင်းဖြင့် လပူခမှော်အတွင်း ဝင်ရောက်လာပြီး ရွှေတူးဖော်သည့် လုပ်ငန်းရှင်များ၏ ဘက်ဟိုး ၈ … - [နန့်ယားစစ်တပ်ဂိတ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရ](https://burmese.kachinnews.com/2023/02/15/yl2-11/): ဖားကန့်လမ်း နန့်ယားကျေးရွာအဝင်ရှိ စစ်ကောင်စီဂိတ်တွင် ခရိုင်ရွန်း(Hkrai Run)ကျေးရွာဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရပြီးနောက် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ခရိုင်ရွန်းဒေသခံ အသက် ၅၀ နှစ်အရွယ် ဦးခန်းလောန်(Hkang Leng) သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန် နန်းယားကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ထွက်လာခဲ့ရာ စစ်ကောင်စီတပ်များက သူ့ကို မင်္သကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှု ပြုလုပ်ခဲ့ကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “အဲ့ဒီဖြစ်တဲ့အချိန် ဘယ်သူမှ မမြင်ရဘူးလေ သူတို့ပြောတာက သူ့ရဲ့ ဆိုင်ကယ်ထဲမှာ ဝါယာကြိုးတစ်ခု တွေ့တယ်လို့ ပြောတာပဲ။ ပြီးရင် အဲ့အမျိုးသားက စကားမပြောတတ်တာလားတော့ မသိဘူး။ တော်တော်ရိုက်နက် လိုက်ကြတယ်လို့သိရတယ်”ဟု ပြောသည်။ ဖမ်းဆီးရိုက်နက်ခံရသည့် အမျိုးသားကို ပြန်လွတ်ပေးရန်အတွက် ရွာတာဝန်ခံတစ်ချို့နှင့် မိသားစုများ နန့်ယားစစ်တပ်သို့ သွားရောက်ပေးဆိုခဲ့သော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သူကဆက်ဆိုသည်။ အဆိုပါ နန့်ယားစစ်တပ်ဂိတ်သည် ဖားကန့်လမ်းတစ်လျှောက်ပေါ်ရှိသော ခရိုင်းရွန်း အပါ ဆိုင်းဖရာ၊ ဂတ်နွယ်၊ ပျားအုံ၊ ခွန်စိုင်ဇွပ် စသည့်ကျေးရွာဒေသခံများ နန့်ယားကျေးရွာသို့ စျေးဝယ်ထွက်ကြရာတွင် ပြည်သူများကို မကြာခဏ ရိုက်နက်မှုများပြုလုပ်နေသော ဂိတ်ဖြစ်သည်။ ထို့အပြင် နန့်ယားစစ်တပ်ဂိတ်တွင် ဖားကန့်ဘက်သို့ သွားလာသည့် ခရီးသည်များနှင့် ကုန်တင်ကားများကို စစ်ဆေးရေးတင်းကြပ်ထားသည့် စစ်တပ်ဂိတ်တစ်ခုဖြစ်သည့်အပြင် ဆန်နှင့် စက်သုံးဆီများကိုလည်း ပိတ်ဆို့ထားသည့် နေရာလည်းဖြစ်သည်။ - [ဒေါ့ဖုန်းယန် ဒေသခံတစ်ဦး မိုင်းနင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့](https://burmese.kachinnews.com/2023/02/15/yl1-58/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ယမန်နေ့ ၄ နာရီခွဲအချိန် ဒေသခံအမျိုးသားတစ်ဦး ဟင်းရှာထွက်သွားရာမှ မိုင်းတစ်လုံး နင်းမိပေါက်မှုဖြစ်ပွားခဲ့သဖြင့်  အသက်အန္တရယ်စိုးရိမ်ရသည့်အထိ ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။ မိုင်းနင်းပေါက်ကွဲခံရသော အမျိုးသားသည် ဒေါ့ဖုန်းယန်မြို့၏ အရှေ့ဘက်ခြမ်း ၅ မိုင်ခန့်အကွာရှိ အင်ဒုန်ဒဘန် Ndung Dabang (ဒေသအခေါ်) နေရာဘက်သို့ ဟင်းရှာထွက်သွားရှာစဉ် မိုင်းနင်းပေါက်ကွဲမှုကြောင့် သူ၏ ကိုယ်ပေါ် ၃ နေရာတွင် မိုင်းစထိမှန်ခဲ့သည်ဟု ဒေါ့ဖုန်းယန်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ပြောကတာ ဟင်းရွက်တွေသွားကောက်တယ်လို့ပြောတယ်။ သူရဲ့ ဘယ်ဘက်ခြမ်းပေါင်တစ်ဖက်နဲ့ လက်တစ်ဖက်မှာ ထိသွားတယ်။ ပြီး နားရွက်တစ်ဖက်လည်းထိတယ်။ တော်တော်စိုးရိမ်ရတဲ့အခြေနေမှာရှိတယ်”ဟုပြောသည်။ မိုင်းနင်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိထားသည့်သူမှာ အသက် ၅၀ နှစ်အရွယ် ဦးမရန် နော်ဆိုင်းခေါ်သူဖြစ်ပြီး လက်ရှိ ပြင်းထန်စွာ ရရှိထားသည့်အတွက် ဆေးကုသခံယူနေရကြောင်း သိရသည်။ လက်ရှိ မိုင်းနင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော တောတွင်းနေရာတစ်ဝိုက်သည် စစ်ကောင်စီတပ်နှင့် KIA တို့ ပုံမှန် သွားလာလှုပ်ရှားသောနေရာဖြစ်သောကြောင့် မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို တိတိကျကျပြောဆိုရန် ခက်ခဲသည်ဟု ဒေသခံများ ပြောသည်။ အဆိုပါ အင်ဒုန်ဒဘန်ဘက်တွင် ဒေသခံပြည်သူများ နှစ်စဉ် မိုင်းနင်းပေါက်မှုကြုံတွေ့နေရသည့်အတွက်ကြောင့် ပြီးခဲ့သောနှစ်အနည်းငယ်က အမည်းရောင်နယ်မြေအဖြစ်သတ်မှတ်ထားသည့်အတွက် ပြည်သူများသွားလာခြင်း မပြုရန် တားမြစ်ထားသည့်နေရာဖြစ်သည်ဟုလည်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း ယခုဖြစ်စဉ်ကဲ့သို့ ဟင်းရှာထွက်သည့် ပြည်သူ ၂ ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။ - [ဖားကန့်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေ](https://burmese.kachinnews.com/2023/02/15/az1-127/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်းသိရသည်။ ဖားကန့်မြို့ပေါ်၊ လုံးခင်းကျေးရွာနှင့် အခြားနေရာများတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှစတင်ကာ ဆီပန့်ဆိုင်များစတင်ပိတ်ခဲ့ရာ  လက်ရှိအချိန်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားကြောင်းနှင့် ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသား တစ်ဦးက KNG ကို ပြောသည်။ ”ဒီနေ့တော့အားလုံးနီးပါးပိတ်ထားတယ်ဗျ။ မနေ့ကတော့တစ်ဆိုင်နှစ်ဆိုင်ဖွင့်တာရှိတယ်။ ဒါတောင် တစ်နေကုန်မဖွင့်ဘူး။ အချိန်ပိုင်းပဲဖွင့်တာ ဖားကန့်လုံးခင်း တမြို့နယ်လုံးလို့ ပြောလို့ရတယ်။ ဒီဘက်ကတော့ အားလုံးနီးပါး ပိတ်ထားကြပြီ”ဟုပြောသည်။ ယမန်နေ့အထိ လုံးခင်းကျေးရွာမှ ဆီဆိုင် ၂ ဆိုင်နှင့် ဖားကန့်မြို့ပေါ်မှ ဆီဆိုင် ၃၊ ၄ ဆိုင်ခန့်သာ မနက်ပိုင်းဖွင့်ထားပြီး ယနေ့ အားလုံးနီးပါး ပိတ်နေကြောင်း ပိတ်ထားသည့်ဆိုင်များတွင် ဒီဇယ်ဝယ်ယူ၍ရသော်လည်း ဓာတ်ဆီဝယ်ယူ၍ မရကြောင်း ဒေသခံများထံမှသိရသည်။ ”ဓာတ်ဆီမရတော့ဆိုင်တွေကပိတ်ထားတယ်။ ဒီဇယ်ကအဲ့လောက် အသုံးမပြုကြဘူးလေ။ ဓာတ်ဆီကလောလောဆယ် လမ်းဘေးဆိုင်တွေမှာ ပုလင်းချိန်ရတယ်။ ဒါပေမယ့်အများကြီးမရဘူး”ဟုဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။ အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး ဒီဇယ်မှာ တစ်ဂါလံ ၁၄၀၀၀ ရှိကြောင်း သိရသည်။ ဖားကန့်ဒေသရှိ  ရွှေစင်ဝင်း၊ ကြယ်စင်လင်း၊ ထိပ်တန်းအောင် ၊ တော်ဝင် အစရှိသည့် ဆီပန့်ဆိုင်များ ယနေ့ အထိ အားလုံးပိတ်ထားကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဆီပန့် ဆိုင်များပိတ်ထားခြင်းမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်နေ့မတိုင်မှီ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီကား အဝင်ပိတ်ထားသောကြောင့်ဟုသိရပြီး လက်ရှိ ဆီလက်ကျန်ကုန်နေသဖြင့် ဆီပန့်ဆိုင်များအားလုံးနီးပါးပိတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီအပါ အခြားကုန်စည်များခရီးသည်များဝင်ရောက်နိုင်သည့် လမ်းကြောင်းမှာမိုးညှင်း–အင်းတော်ကြီး–ဖားကန့်လမ်းနှင့် မိုးကောင်း–နန့်ယား– ဖားကန့်လမ်း ၂ လမ်းသာရှိပြီး မိုးညှင်း–အင်းတော်ကြီး–ဖားကန့်လမ်းကိုမှုစစ်ကောင်စီက … - [လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း စစ်တပ်လုယူသွား](https://burmese.kachinnews.com/2023/02/15/az2-81/): ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တွင်း စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းအား စစ်တပ်မှလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအမြှာက်တပ်–၃၆၇ တပ်မှ ပစ်ခတ်သည့်  လက်နက်ကြီးသည် နန်းမားဆေးရုံးအနီး အောင်မင်္ဂလာရပ်ကွက်ရှိ ဦးစန်းလွင်၏ နေအိမ်ဝင်းတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်ကြောင့်  အိမ်ရှေ့၌ ဖုန်းပြောနေသည့် သားဖြစ်သူလက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ရ‌​ကြောင်း မိသားစုနှင့်နီးစပ်သူပြောသည်။ “၃၆၇ ကပစ်လိုက်တာ ဦးစန်းလွင်အိမ်‌ရှေ့ကိုကျတာ အဲမှာအိမ်ရှေ့ထွက်ပြီး ဖုန်းပြော‌တဲ့သားကိုကျည်ထိပြီး ဆုံးသွားတယ်။ အဲဒါကို သင်္ဂြိုဟ်ဖို့ တရားနာနေတုန်း တရားတောင်ပြီးအောင် မနာရသေးဘူး စစ်တပ်ကအလောင်းကို အတင်းမထုတ်သွားတယ်“ဟုပြောသည်။ သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် သဂြိုလ်ရန်တရားနာနေစဉ် စစ်ကောင်စီတပ်မှ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးရန်လိုအပ်သည်ဟုဆိုကာ လုယူသွားကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူမှာ အသက် ၃၀ ဝန်းကျင်ရှိ ကိုဒီပါဆိုသူဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအမြှာက်တပ်–၃၆၇သည် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစကာ အမြှောက်တင်ဘီးတပ်လှည်းဖြင့် နန့်စော်လော်နှင့်နန်းခမ်းကြားရှိ စိုက်ခင်းဘက်နှင့် နန်းမားမြို့ နန့်ရင်းချောင်းအနောက်ဖက်ခြမ်းသို့ချိန်ရွယ်ပြောင်းလှည့်ထားကာ အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ - [ပြည်တွင်း ပြည်ပတင်ပို့မှုနှင့် ကုန်သည်ကြီးများ ဆန်ဝယ်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်းမြင့်တက်လာဟုဆို](https://burmese.kachinnews.com/2023/02/14/bubu1-2/): ကချင်ပြည်နယ်အတွင်း ထွက်ရှိသည့်ဆန်များကို ပြည်တွင်းအခြားနေရာများနှင့် တရုတ်ဘက်သို့တင်ပို့မှု များပြားလာခြင်းနှင့် ကုန်သည်ကြီးများ ဆန်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်း အဆမတန်မြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ လက်ရှိ ကချင်ပြည်နယ်ဒေသထွက်ဆန်များကို မြန်မာနိုင်ငံအောက်ပိုင်း နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်ဘက်သို့ အဓိကတင်ပို့နေသည့်အပြင် ကုန်သည်ကြီးများကလည်း ဆန်လှောင်လိုက်သဖြင့် ကချင်ပြည်နယ်အတွင်း ဆန်စျေးများ ယခင်ကထက် ပိုမိုမြင့်တက်လာသည်ဟု မြစ်ကြီးနား ဆန်ကုန်သည်တစ်ဦးက KNG ကို ပြောသည်။ “အရင်ကဆိုရင် စစ်ကိုင်းတိုင်း ရွှေဘိုက ဆန်စပါးတွေယူကြတာပေါ့။ အခုက နိုင်ငံရေးအခြေအနေ တွေကြောင့် အဲ့ဘက်က စပါးတွေသိပ်မစိုက်ကြတော့ဘူးလေ၊ အဓိကတော့ ကုန်သည်ကြီးတွေပေါ့ သူတို့က အကုန်ဝယ်ယူပြီး လှောင်လိုက်တော့ အစိုးရတွေက ဆန်ဈေးတွေကို ထိန်းချုပ်လို့ မရတော့ဘူးလေ”ဟု KNG ကို ပြောသည်။ တရုတ်ပြည်ဘက်သို့ ဆန်များကို မြစ်ကြီးနား – ဗန်းမော်လမ်းမှတင်ပို့ပြီး ကန်ပိုင်တီဘက်မှလည်း အဓိကတင်ပို့နေကြောင်း ၎င်းက ဆက်ပြောသည်။ ဆန်ဈေးမြင့်တက်လာသည်မှာ ပြည်ပသို့ တင်ပို့ခြင်းကြောင့်သာ မဟုတ်ဘဲ နိုင်ငံရေးအခြေအနေနှင့် ကုန်သည်ကြီးများ၏ ကုန်ဈေးနှုန်းကစားမှုများကြောင့်လည်း ဖြစ်သည်ဟု အထက်ပါ ဆန်ကုန်သည်မှ KNG ကို ယခုလို ဆက်ပြောသည်။ “နိုင်ငံရေးအခြေအနေကြောင့် ဒေါ်လာဈေးတွေ၊ ကုန်ဈေးနှုန်းတွေ အကုန်တက်တော့ တောင်သူလယ်သမား တွေကလည်း သူတို့ကိုက်မဲ့ ဈေးနဲ့ရောင်းတာပေါ့၊ သူတို့ရောင်းပြီး ကုန်သည်တွေဆီရောက်တော့ ဆန်ဈေးနှုန်းတွေက ကုန်သည်လက်ထဲမှာလေ၊ ကုန်သည်တွေသာ ဈေးထိန်းပြီးရောင်းနိုင်ရင် ယခုဈေးထက်မပို မလျောဘဲ အဆင်ပြေနိုင်တာပေါ့”ဟုပြောသည်။   ယခု ဖေဖော်ဝါရီ လဆန်းမှစတင်ကာ နှစ်ပတ်အတွင်း စပါးတစ်တင်းလျှင် တစ်သောင်းခွဲ၊ ရိုးရိုးဆန်တစ်အိတ် ခြောက်သောင်း၊ ငွေတိုး– ခြောက်သောင်းခွဲ၊ ချင်းရှယ်– ခြောက်သောင်းခွဲ၊ မော်ဘီ– ခြောက်သောင်း၊ လုံးသွယ်မွေး– ခုနှစ်သောင်း ပေါ်ဆန်းမွေး– ရှစ်သောင်းခွဲ၊ ဆန်မာတစ်အိတ် ခုနှစ်သောင်းဝန်းကျင် စသဖြင့် ဆန်ဈေးများ တစ်သောင်းခွဲအထိ မြှင့်တက်လာကြောင်း ၎င်းက … - [စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့အတွင်း မာရှယ်လော ထုတ်ပြန်](https://burmese.kachinnews.com/2023/02/14/ld-13/): ကချင်ပြည်နယ် ဆဒုံးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်သတင်းပေးတစ်ဦးကို KIA တပ်ရင်း ၃ မှ ဖမ်းဆီးလိုက်ပြီးနောက် ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရ မာရှယ်လောထုတ်ပြန်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဆဒုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးလုပ်ကိုင်‌နေသည့်သူအား ဖမ်းဆီးရမိပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ရွှေမော်လုပ်ကွက်ကြည့်ရန် အိမ်စီးကားဖြင့်ထွက်လာသည့် ခလရ ၃၈၉ ဒုတပ်ရင်းမှူးနှင့်အတူ အဖွဲ့သားများကိုလည်း ဆဒုံးရေတံခွန်နဲ့ ဘွမ်တောင်ရွာကြား လမ်းတစ်နေရာတွင် KIA မှ ထပ်မံဖမ်းဆီးလိုက်ကြောင်း KIA တပ်ရင်း ၃ အရာရှိတစ်ဦးက ယခုလို ပြောသည်။ “ဖြစ်စဉ်က ၁၂ ရက်နေ့ သူတို့သတင်းပေး ထောက်ပို့တစ်ဦးပေါ့ ပြည်သူပဲ၊ သူ့ကို ကျနော်တို့ဘက်က စုံစမ်းဖမ်းဆီးထား လိုက်တာကနေ စလာတာ။ ဆိုတော့ အဲ့ညမှာပဲ သူတို့က စစ်အင်အားတွေနဲ့လှုပ်ရှားပြီး မြို့တွင်းလုံခြုံရေးတွေယူပြီး ပြည်သူတွေကို ၉ နာရီ နောက်ပိုင်းမထွက်ရဆိုပြီး မာရှယ်လော ထုတ်လိုက်တယ်။ တပြိုင်နက် မနေ့က မနက်က ဒုတပ်ရင်းမှူးနဲ့ သူ့အဖွဲ့ကို ရေတံခွန်အထက်မှာ ပြန်တားဆီး ဖမ်းထားလိုက်တယ်။ အခု မနေ့ညအထိ မြို့တွင်းသူတို့ လုံခြုံရေးတွေ တော်တော် တင်းကြပ်ထားတယ်။” ဟု အမည်မဖော်လိုသူ KIA တပ်ရင်း ၃ အရာရှိတစ်ဦး KNG ကို ပြောသည်။ စစ်တပ် ဒုတပ်ရင်းမှူးအဖွဲ့ ဖမ်းဆီးခံရပြီးနောက် ထိုနေရာတဝိုက်သို့ ယမန်နေ့ နေ့လည်ပိုင်း၌ပင် စစ်ကောင်စီစစ်ကြောင်း ဆက်လက်ချီတက်လှုပ်ရှားလာရာ KIA မှကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။ ယခုချိန် … - [ကသာတွင် ၃ ရက်အတွင်း ကျေးရွာ ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရ](https://burmese.kachinnews.com/2023/02/14/zm-5/): ကသာမြို့နယ်တွင် ၃ ရက်အတွင်းကျေးရွာ‌ပေါင်း ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ - [KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ](https://burmese.kachinnews.com/2023/02/14/ld-12/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး KIA တပ်ရင်း ၉ ကောင်းဆတ်ဘွမ် (Kawng Sak Bum) ဘက်ကသို့ စစ်ကောင်စီတပ်မှ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှစကာ ဂျက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ သိရသည်။ KIA တပ်မဟာ ၆ တပ်ရင်း ၉ နေရာ ကွတ်ခိုင်မြို့အနီး ခိုမုန်းရွာအရှေ့ဘက် ကောင်းဆတ်ဘွမ်၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ဆက်တိုက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက် နမ်ဖတ်ကာဗျူဟာကုန်းမှ လက်နက်ကြီးများဆက်တိုက် ပစ်ခတ်နေသည့်အပြင် ယနေ့တွင် ဂျက်လေယာဉ်ဖြင့်ပါ အသုံးပြုပြီးတိုက်ခိုက်နေကြောင်း နမ်ဖတ်ကာဒေသခံတစ်ဦးပြောသည်။ “မနေ့ညကနေ အခုထိ မရပ်မနားတိုက်ပွဲဖြစ်ပွားနေတာဟုတ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ နေ့တိုင်းလိုလိုဖြစ်နေတယ်တိုက်ပွဲက အခုဒီနေ့က လေယာဉ်နဲ့ လည်း ဆက်တိုက်လာပစ်နေပြီ။ အခု ၅ ရက်လောက်ရှိနေပြီ ဒီမှာတိုက်ပွဲ ပြင်းထန်နေတယ်” ဟု ပြောသည်။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထား‌ကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ ရှုခင်းသာအနီးမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ လက်ရှိချိန်နားဖိုင်ရွာဘက် ကောင်းဆတ်ဘွမ်အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွား‌နေကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ နေရာကို စစ်ကောင်စီတပ်မှလေယာဉ်နှင့် အင်အားအလုံးအရင်းသုံး တိုက်ခိုက်ခဲ့သည်။ - [မှော်စီစာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများ အမျိုးသမီးတစ်ဦးကိုပစ်သတ်](https://burmese.kachinnews.com/2023/02/14/az-4/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာ ကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများမှ အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ - [လူထုဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက် ချမှတ်ရေး ကချင်ပါတီများ အခက်အခဲ ဖြစ်နေ](https://burmese.kachinnews.com/2023/02/14/yl1-57/): အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတစ်ချို့ ဟာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ဖို့အထိ အခက်ခဲဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာ အခုနှစ်ဆန်းကစပြီးတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နဲ့ ဗန်းမော် စရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက လူဦးရေစာရင်း လိုက်လံကောက်ခံခဲ့ပြီးတော့ မြို့နယ်တစ်ချို့မှာတော့ လက်နက်အင်အားအသုံးပြုပြီးတော့ ကောက်ခံခဲ့တာပါ။ အခုလို စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပအရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့အပေါ်မှာ ကချင်နိုင်ငံရေးပါတီတစ်ချို့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သဘောထားဆန္ဒတစ်စုံတစ်ရာ ချမှတ်ဖို့ ခက်ခဲနေသေးသလို တိတိကျကျက ပြောဆိုဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပေါင်းစည်းပါတီကြီးတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေနဲ့ကတော့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ KSPP ပါတီရဲ့ တာဝန်ရှိသူတစ်ဦးပြောပါတယ်။ “ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့မစဉ်းစားရသေးသလို ဆွေးနွေးတာတွေလည်းမရှိသေးဘူး။ ဒါပေမယ့် ပါတီတစ်ခုထူထောင်တယ်ဆို တာက ငွေကုန်ကျခံပြီး ထူထောင်ထားတာဖြစ်တဲ့အတွက် အားလုံးစဉ်းစားရတဲ့ အပိုင်တွေဖြစ်လာတယ်။ အဲ့လိုဖြစ်ဖို့ကလည်း ကိုယ့်အဖွဲ့အစည်းလည်း တရားဝင်ဖြစ်နေဖို့လိုအပ်တယ်။ တစ်ချို့က ပြန်အသက်မသွင်းချင်တဲ့ သူတွေရှိသလို တစ်ချို့က ဒီတိုင်းဆက်သွားချင်တဲ့ သူတွေရှိတယ်။ အဲ့ကြောင့် ကျနော်တို့ဘက်ကလည်း အခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ်”လို့ပြောတယ်။ KSPP ပါတီဟာ နိုင်ငံရေးအကူးအပြောင်းကာလမှာ ပါတီသက်တမ်းကုန်းဆုံးသွားပြီဖြစ်တဲ့အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ရှိနေဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံသို့ ပြန်လည်ပြီး မှတ်ပုံတင် သွားဖို့တော့ရှိနေတယ်လို့ သူက ဆက်ဆိုပါတယ်။ “ကျနော်တို့မှာ ကော်မရှင်အသစ်ပြောင်းလဲတိုင်း ပါတီတက်တမ်းပြန်တိုးရတာဖြစ်တယ်။ သူတို့ဘက်ကနေ ဘယ်အချိန်မှာ စာရင်းပြန်သွင်းမှ ပါတီက တရားဝင်ဖြစ်နေမယ် အသိပေးထားတာရှိတယ်။ ဒါမဟုတ်ရင် ပါတီရုတ်သိမ်းဖို့ဖြစ်တယ်။ အဲ့ကြောင့် ပါတီရုတ်သိမ်းခံရမှာစိုးရိမ်တဲ့အတွက် မှတ်ပုံတင်ထားဖို့တော့ ဆုံးဖြတ်ခဲ့ကြတာဟုတ်တယ်။ အဖွဲ့ဝင်တွေက ပါတီဖျက်တဲ့အထိက ဘယ်သူမှအားမပေးကြဘူး”လို့ ဆက်ပြောပါတယ်။ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်သွားဖို့အတွက် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလဆန်းပိုင်း ပြုလုပ်ကျင်းပခဲ့တဲ့ KSPP ပါတီရဲ့ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့ကြကြောင်း သူက ဆက်ပြောပါတယ်။ အလားတူ ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC အနေနဲ့လည်း စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ … - [အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုများ ရပ်နားခိုင်းကြောင်းဆို](https://burmese.kachinnews.com/2023/02/14/az1-126/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက် တရားမဝင်ရွှေတူးဖော်နေမှုများကို စစ်ကောင်စီမှ အပြီးတိုင်ရပ်နားခိုင်းကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများထံမှသိရသည်။ မိုင်းနောင်၊ လုံးတုံနှင့် မမံကိုင်ကျေးရွာနေရာများတွင် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်နေသည့်အပေါ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ပြောဆိုသွားသည်ဟု မိုင်းနောင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “၁၁ ရက်နေ့ကတည်းက အားလုံးရပ်နားခိုင်းထားတယ်။ စက်ကြီးတွေနဲ့ကော လက်လုပ်လက်စားတွေနဲ့ကော တူးနေတဲ့သူတွေအားလုံးကို ဆက်မတူးကြဖို့ လာပြောသွားတယ်။ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ပြီး လုပ်နေတဲ့နေရာအထိ ရွှေမတူးကြဖို့ လာပြောသွားတယ်”ဟုပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်း အင်တော်နယ်အတွင်းမှ  လုပ်ငန်းရှင်အများစုက ၎င်းတို့၏ စက်ဆိုင်းများသယ်ယူကာ ထွက်ခွာမှုများလည်းရှိနေကြောင်းသိရသည်။ “အရင်ကတော့ ရွှေတူးဖော်တဲ့စက်တွေဆိုရင် သိမ်းလိုက် ပြန်ရွေးခိုက်လိုက်နဲ့ လုပ်ပေးတယ်။ ဒီတစ်ခေါက်ကတော့ ပထမဆုံးအကြိမ် လုပ်ကွက်တွေကို ရပ်နားခိုင်းလိုက်တာဟုတ်တယ်”ဟုဆက်ဆိုသည်။ ယခုလို အင်းတော်ကြီးဒေသအတွင်း စက်ယန္တရားကြီးဖြင့် တွင်ကျယ်စွာ ရွှေတူးဖော်နေသည့်အခြေအနေတွင်  သဘာဝပတ်ဝန်းကျင် ပျက်စီးစေကြောင်း၊ ရွှေလုပ်ကွက်များမှ အဆမတန်ငွေကောက်ခံခြင်းနှင့် စစ်တပ်မှ ခွင့်ပြုထားသည်ဟု သတင်းမီဒီယာများက ရေးသေားဖော်ပြနေသည့်အတွက်ကြောင့် ယခုလို ရွှေလုပ်ကွက်များရပ်နားရန် လာရောက်ညွှန်ကြားခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ ထိုဒေသများတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြီးစားရွှေတူးဖော်မှုများ ပြန်လည်းလုပ်ဆောင်လာသည်ဟု ဒေသခံများပြောဆိုချက်အရသိရသည်။ အင်းတော်ဒေသတွင် ယခင်အစိုးရ ခေတ်အဆက်ဆက် ရွှေတူးဖော်မှုရှိခဲ့သည့် နေရာဒေသတစ်ခုဖြစ်နေသည့်အပြင် စစ်တပ်အာဏာသိမ်း​ပြီး ၂ နှစ်အတွင်းမှာ ပိိုမိုဆိုးရွာစွာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုသောကြောင့် ဒေသအတွင်းရှိ  ခေါင်းတုန်ခ၊ နမ့်တန်ခနှင့် အင်မြန်ခ စသည့်ချောင်းများသည် ရေလမ်းကြောင်းများပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ၏ စားကျက်မြေများပျောက်ကွယ်ခြင်း စရှိသဖြင့် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။ - [စစ်အုပ်စုကို ဆက်လက်ဆန့်ကျင်ရန် ပင်လုံစာချုပ်နေ့တွင် KNF ထုတ်ပြန်](https://burmese.kachinnews.com/2023/02/13/bubu1/): (၇၆) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုသောနေ့တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုကို ဆက်လက်တိုက်ပွဲဝင်ရန်နှင့် ဆန့်ကျင်ကြရန် Kachin National Forum KNF မှ အချက် ၃ ချက်ဖြင့် သဘောထား ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၇၆ ကြိမ်မြောက် ပင်လုံစာချုပ်နေ့တွင် ကချင်အရပ်ဘက် အဖွဲ့အစည်း ၉ ဖွဲ့မှ မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအုပ်စု အမြစ်ပြတ်ချေမှုန်းရန် သဘောထား ထုတ်ပြန်ချက်ပြုလုပ်ရခြင်းဖြစ်ကြောင်း KNF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ပင်လုံစာချုပ်နေ့ လည်းဖြစ်တယ်၊ ပြည်ထောင်စုနေ့လည်းဖြစ်တယ်၊ ပင်လုံစာချုပ်ဆိုပြီး လက်မှတ်သာ ထိုးထားတယ် လက်တွေ့ခံစားရတဲ့ထဲမှာတော့ ကျွန်တော်တိုင်းရင်းသားတွေ မပါဘူး၊ အခုထိလည်း တိုက်ပွဲတွေ တိုက်နေရတုန်းဘဲ၊ အဲ့တာတွေကြောင့် ဒီနေ့ကလည်း ရက်ကြီးခါကြီးလည်းဖြစ်နေတော့ အခုလို ထုတ်ပြန် လိုက်တာပါ”ဟုပြောသည်။ အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပြည်သူလူထုများ မပါဝင်ရန်နှင့် ဆက်လက်ပြီးဆန့်ကျင်သွားကြရန် KNF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “အခုရွေးကောက်ပွဲကလည်း သူတို့ဘာသာတရားဝင်အောင်လုပ်ပြီး ကြေငြာမှာပေါ့၊ သိစေချင်တာက သူတို့ရဲ့ရွေးကောက်ပွဲကတရားမဝင်ဘူး၊ အကုန်လုံးလည်းသိတယ်၊ လက်ခံမှာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်၊ အဲ့တာကြောင့် ပြည်သူတွေအနေနဲ့ရော ၊ တခြားအဖွဲ့အစည်းတွေကိုရော မပါဝင်ဖို့ရန် တိုက်တွန်းချင်ပါတယ်” ဟုပြောသည်။ ကချင်အရပ်ဘက် အဖွဲ့အစည်းအနေဖြင့် နာမည်မဖော်ပြလိုသည့် အခြားသောအဖွဲ့အစည်းများနှင့်လည်း  စစ်ကောင်စီအုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရန် လက်တွေ့အကောင်အထည်များ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ Kachin National Forum (KNF) ကို အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ကချင်ပြည်နယ်အရပ်ရပ်တွင် ဖြစ်ပျက်နေသည့် ကိစ္စအရပ်ရပ်အား စုပေါင်းကာ ဖြေရှင်းပေးနေသည့် Forum တစ်ခုဖြစ်ကြောင်း သိရသည်။ - [အင်းတော် - ဖားကန့်လမ် စစ်ကောင်စီ ပိတ်ဆို့ထားသည့်အတွက် သွားလာရေးအခက်တွေ့နေ](https://burmese.kachinnews.com/2023/02/13/az1-125/): ကချင်ပြည်နယ် မိုးညှင်းနှင့် ဖားကန့် မြို့နယ် ၂ ခုကို ဆက်သွယ်ထားသည့် အင်းတော် – ဝှေခါလမ်းပိုင်းအား စစ်ကောင်စီအဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားသဖြင့် ထိုလမ်းပိုင်းကို အသုံးပြုနေသည့် အင်းတော်ဒေသခံပြည်သူများက သွားလာရေးအခက်အခဲဖြစ်နေကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ အင်းတော်မြို့အထွက် လုံးတုံစစ်ဆေးရေးဂိတ်မှ ဖားကန့်မြို့နယ်အဝင် ဝှေခါကျေးရွာအထိ  သွားလာခွင့်ပိတ်ထားဆဲဖြစ်သည်ဟု အင်းတော်ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “ဘယ်နေ့အထိပိတ်ထားတယ် မပြောဘူး။ ဒီအတိုင်း ပိတ်လိုက်တာ ရက်အကန့်အသတ်မရှိပဲ။ အဲ့ဒီလမ်းပိုင်းက ပြည်သူတွေ စားဝတ်နေရေးအတွက် တစ်နေ့လုပ် တစ်နေ့စား သွားလာရတဲ့ လမ်းပိုင်းဖြစ်တယ်”ဟုပြောသည်။ အဆိုပါ ပိတ်ဆို့ခံထားရသည့် လမ်းပိုင်းသည် အင်းတော်ဒေသခံတောင်သူများနှင့် ဖားကန့်ဘက်သို့ သွားလာနေသည့်  ရေမဆေးသမားနှင့် စျေးသည်များအတွက် အရေးပါသည့်လမ်းပိုင်းဖြစ်ပါသည်။ ထို လမ်းပိုင်းကို အမြန်ဖွင့်ပေးမှသာ စားဝတ်နေရေးအတွက် ပြေလည်ကြမည်ဖြစ်သည့်အတွက် အမြန်ဖွင့်ပေးရန် လိုအပ်ကြောင်း အင်တော်ဒေသခံများကတောင်ဆိုနေကြသည်။ “ကြည့်ရတာ စစ်ကောင်စီကနေ နယ်မြေလုံခြုံရေးကို အကြောင်းပြပြီးတော့ ပိတ်လိုက်တာဖြစ်တယ်။ အဲ့ဒီ အင်းတော်ကြီးနဲ့ ဝှေခါလမ်းပိုင်းမှာ မကြာခဏတိုက်ပွဲဖြစ်တာတော့ရှိတယ်။ ဒါပေမယ့် ဒီလမ်းပိုင်းတွေက အများပြည်သူသုံးနေတဲ့ လမ်းဖြစ်တဲ့အတွက် အကြာကြီးပိတ်ဖို့က မသင့်ဘူးလေ။ ကြာလာရင် ပြည်သူတွေပဲ ဒုက္ခရောက်စေတယ်”ဟုပြောသည်။ ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်နိုင်သည့် ကားလမ်းများမှာ မိုးညှင်း– အင်းတော် လမ်းနှင့် မိုးကောင်း– နန့်ယား စသည့် ကားလမ်း ၂ခု ရှိပြီး လက်ရှိပိတ်ဆို့လိုက်သည့် လမ်းပိုင်းသည် ဖြတ်လမ်းအသုံးပြုနေသော လမ်းပိုင်းလည်းဖြစ်သည်။ - [ဆားလင်းကြီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး](https://burmese.kachinnews.com/2023/02/13/sm1-65/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲနယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံးမှုရှိခဲ့သည်ဟု တော်လှန်ရေးအင်အားဖြစ်သည့် ဒေသပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ “ကျဆုံးခဲ့တဲ့ ၇ ယောက်ထဲက ၂ ယောက်ကတော့ လည်ပင်းကို ဓားနဲ့ထိုးခံရတာဟုတ်တယ်။  ၅ ယောက်ကတော့ ကျည်မှန်ပြီး လဲကျသွားတယ်။ အဲ့နေရာမှာတင် မသေသေးဘူး သူတို့ နှိပ်စက်ညှင်းပန်းပြီးမှ သေသွားကြတာ ပြီးရင်မီးရှို့ခံလိုက်ရတယ်”ဟုပြောသည်။ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အသက် ၃၀ နှစ်အရွယ်ရှိသူများဖြစ်ကြပြီး ပုလဲမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကျန် ၆ ဦးမှာ ပုလဲအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ မှ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ကြသည်။ အဆိုပါ ကျဆုံးသွားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးအနက် မီးရှို့သတ်ဖြတ်ခံခဲ့ရသော ရဲဘော် ၅ ဦးကို မီးရှို့သဂြိုလ်ပေးခဲ့ပြီး ကျန် ၂ ဦးကို မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် ဆားလင်းကြီးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး ပုလဲမြို့နယ်အစပ်တွင်ရှိသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။ - [စစ်ကောင်စီနှင့် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ NUG ယာယီသမ္မတဒူဝါလရှီးလ‌ ပြောတယ်ဆိုသည့် သတင်းအမှား](https://burmese.kachinnews.com/2023/02/13/fact-check-kng/): ‘အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စစ်ကောင်စီကို အပြတ်တော်လှန်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်သင့်ပြီဟု NUG ယာယီသမ္မတဒူဝါလရှီးလမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသွားသည်’ ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ့တွင် ‘မှိုင်းဝေ’ ဆိုသည့် Telegram အကောင့်မှ စတင် ရေးသား ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ အဆိုပါသတင်းအမှားကို ‘Ko Thet’ ‘အထွန်းဖွား’ ‘Thit Lwin’ ‘Kyaw Win Maung’ ‘စစ်တောင်းသစ္စာ’ ‘Pyay News’ နှင့် ‘ဘိုးစင်္ကြာ’ စသည့်  Telegram အကောင့်များတွင်းလည်း ထပ်မံဖြန့်ဝေထားသည်ကို တွေ့ရသည်။ ရေးသားဖြန့်ဝေထားသောအကြောင်းအရာတွင် “စကစကို အပြတ်တော်လှန်နိုင်ဖို့မဖြစ်နိုင်တာကြောင့် ညှိနှိင်းမှု တွေ လုပ်သင့်ပြီလို လရှီးလ ပြော၊ တိုက်ပွဲတွေ နေ့စဥ်ရက်ဆက်တွေဖြစ်နေပေမယ့် အခြေပင်မယိုင်နဲ့ သွားတဲ့ စကစ ကို အပြုတ်တိုက်ဖိုဆိုတာ မဖြစ်နိုင်ကြောင်း မိမိတို ထိပ်ပိုင်းခေါင်းဆောင်အချို စကစ နဲ့ ဆွေးနွေဖို စီစဥ်နေကြောင်း အောက်ခြေကိုတော့ တွေမယ့် အစီအစဥ်တွေ ချမပြသေးကြောင်း၊အမေရိကန်ရဲ့ NDAA ဆိုတာကလည်း စာရွက်ပေါ်မှာသာဖြစ်တဲ့အတွက် မျှော်ကိုးလို့ မရကြောင်း၊ ယမန်နေ့က လည်းမိမိတို အောက် ခြေအဖွဲတွေ တော်တော်အထိနာနေကြောင်း၊ EAOsအဖွဲတွေကိုလည်း စိတ်မချရကြောင်း ပြီးခဲ့တဲ့ရက်ကလည်း PDF ၅၀ ကျော်လောက် လက်စပျောက်သွားကြောင်း စတဲ့အချက်တွေကို meeting မှာပြောသွားခဲ့ကြောင်းသိရ၊ လရှီးလကတော့ အမြင်မှန်ရနေပြီ” ဟု Zoom အစည်းအဝေး Screenshot ပုံများနှင့်အတူ ရေးသား ဖော်ပြထားပါသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်၍ သတင်းအချက်အလက်ကို စုံစမ်းစစ်ဆေးကြည့်ရာတွင် ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ ‘Acting President Duwa Lashi … - [မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းအနီး လူငယ် ၂ ဦးဖမ်းခံရ](https://burmese.kachinnews.com/2023/02/10/zm1-43/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အနီးရှိ  လေ့ကျင့်ရေးကျောင်းအနီးတွင် ယမန်နေ့ ၄ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က လူငယ် ၂ ဦးကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည်  ပညာရေးကောလိပ်ကျောင်းလမ်းဆုံးတွင် ဆိုကယ် ၂ စီးဖြင့် စီးနင်းလာသည့်အချိန် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးခန့်က စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးက KNG ကိုပြောသည်။ “ဖမ်းခံရတဲ့ လူငယ် ၂ ယောက်က အသက်အားဖြင့် ၂၀ ဝန်းကျင်လောက်ပဲရှိနိုင်တယ်။ ဆိုင်ကယ်နဲ့လာတာကို စစ်ဆေးတာတွေလုပ်ပြီး ၂ ယောက်စလုံးကို ဖမ်းခေါ်သွားတယ်”ဟုပြောသည်။ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရသေးပါ။ ယနေ့တွင်လည် မြစ်ကြီးနားမြို့၏ မြို့တွင်း ရပ်ကွက် လမ်းကြားနေများမှာ စစ်ကောင်စီတပ်က နေရာအနှံ့ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေသည်ဟု သိရသည်။ “အခုချိန် ရပ်ကွက် လမ်းကြားတွေမှာ စစ်သားတွေက အရပ်ဝတ်တွေဝတ်ဆင်ထားပြီးတော့ နေ့တိုင်းလိုလိုစစ်နေတယ်။ တစ်ခါတစ်လေရဲတွေလည်းပါတယ်။ ဆိုင်ကယ်ရော ကားရော အကုန်စစ်တယ်”ဟုမြစ်ကြီးနား ပြည်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သော ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့တွင်း သီတာရပ်ကွက် အဝိုင်းပတ်အနီးရှိ ဆိုင်ကယ်ပြင်ဆိုင် လမ်းတောင့်နေရာတွင် လူငယ် ၂ ဦးအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထို့နောက် စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော ဇန်နဝါရီလ ၂၃ ရက်နေ့  မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့တွင် ည မထွက် အမိန့်စာထုတ်ပြန်ထားသည်။ ၂၀၂၃ … - [လဝါးဒေသခံ အမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံများပြော](https://burmese.kachinnews.com/2023/02/10/az1-124/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အမျိုးသားနှစ်ဦး ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများ ပြောဆိုသည်။ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ  ဦးအင်ဗွင်ဘရန်နန်  နှင့် အသက် ၁၇ နှစ်အရွယ် မောင် ရိန်အောင်  နှစ်တို့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကာမိုင်းမြို့သို့ နေ့ချင်းပြန်စျေး ဝယ်သွားရာမှ ယနေ့ထိမိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေပြီး ဒေသခံများပြောဆိုချက်အရ စစ်တပ်က ဖမ်းထားသည်ဟု သိရသည်။ ”ပျောက်သွားတာက တနဂ်နွေနေ့တုန်းကတည်းကဗျ သူတို့က ဘုရားကျောင်းပြီးပြီး ကာမိုင်းကို စက်သုံးဆီနဲ့ သုံးဘီးပြင်ဖို့ဆိုပြီး စက်ပစ္စည်းလေး သွားဝယ်မယ်ဆိုပြီးသွားလိုက်ကြတာ မပြန်မလာဘူး။ ဖုန်းတွေလည်းဆက်တာအကုန် စက်ပိတ်ထားတယ်ဆက်မရဘူး နောက်တော့ တဖြေးဖြေးချင်းစုံစမ်းတော့ ကာမိုင်း စစ်တပ်ကုန်းမှာ ဖမ်းထားတယ်ဆိုပြီး စုံစမ်းသိရှိရတယ်ဗျ”ဟုအဖမ်းခံရသူနှစ်ဦးနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။ ပျောက်ဆုံးနေသည့် ဦးအင်ဗွင်ဘရန်နန်သည် တောင်သူဖြစ်ပြီး မောင်ရိန်အောင်သည် ကျောင်းသားဖြစ်ကြောင်း ကိုဗစ်ကြောင့် ကျောင်းပိတ်ထားသည့် အချိန်ကျောင်းနားထား၍ မိဘကို အလုပ်အကိုင်ပြုနေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ ”ကာမိုင်းမှာစစ်တပ်ဂိတ်တော့မရှိဘူးဗျ။ တကယ်လို့ဖမ်းခံရတာမှန်ရင်တော့ သူတို့အပြင်ထွက်တဲ့ခါတိုးပြီး မသင်္ကာလို့ ဖမ်းထားတာဖြစ်နိုင်တယ်တကယ်တော့ ရိုးရိုးသားသားတောင်သူတွေပါ။ ဘာကြောင့်ဖမ်းလဲတော့ မသိရသေးဘူး”ဟုဒေသခံတစ်ဦးက ပြောသည်။ ယင်းအမျိူးသားနှစ်ဦးကို စစ်တပ်ကဖမ်းထားကြောင်းအချက်ကိုဒေသခံများ၏ ပြောဆိုချက်မှ သိရသော်လည်း အသေးစိတ်ကို KNG ကအတည်ပြုနေဆဲ ဖြစ်သည်။ ကာမိုင်းမြို့အနီး ဖားကန့်–မြစ်ကြီးနားလမ်းပေါ်၌ ထိုင်ထားသည့် စစ်တပ်ဂိတ်ကို KIA နှင့် PDF တို့က ၂၀၂၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ယင်းဂိတ် ရုပ်သိမ်းသွားပြီး ယနေ့ထိ ကာမိုင်းအနီး၌ စစ်တပ်ဂိတ်မရှိတော့ကြောင်း သိရသည်။ - [မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား](https://burmese.kachinnews.com/2023/02/09/az1-123/): စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မဲဇာကျေးရွာ ရဲစခန်းရှေ့တွင် ယမန်ည ၁၀ နာရီဝန်းကျင် စခန်းရှေ့ဖြတ်သွားသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်လိုက်ကြောင်းသိရသည်။ ပစ်သတ်ခံလိုက်ရသူသည် အလယ်ဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ခေါ်သူဖြစ်ပြီး မဲဇာကျေးရွာဘက်မှ အလယ်ဆိပ်သို့ ပြန်လာစဉ် မဲဇာရဲစခန်းရှေ့တွင် သေနတ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အင်းတော် PDF တစ်ဦးထံမှသိရသည်။ “သူက ဘာရေးကြီးလဲတော့မသိဘူး။ မဲဇာကနေ အလယ်ဆိပ်ကိုအပြန် ရဲစခန်းရှေ့မှာ နောက်ကျောကနေ ပစ်သတ်ခံလိုက်ရတယ်။ သေနတ်ကျည်က သူ့ရဲ့ နောက်ကြောကနေ ဖောက်ဝင်သွားတာ။ အခုက ရဲစခန်းမှာက ရဲနဲ့ စစ်သားအတူနေကြတော့ ရဲပဲပစ်တာလား စစ်သားပစ်တာလား မသိလိုက်ဘူးဖြစ်တယ်”ဟုပြောသည်။ စစ်ကိုင်းတိုင်းအတွင်း အင်းတော်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် အင်းတော်မြို့တွင်း ည ၆ နာရီမှ နံနက်ပိုင်း ၆ နာရီအထိ ည မထွက်ရ အမိန်ထုတ်ပြန်ထားသည်။ ပစ်သတ်ခံလိုက်ရသည့် အမျိုးသား၏ ရုပ်အလောင်းကို မိသားစုဝင်များက သွားသယ်ယူလာပြီး ယနေ့ သဂြိုလ်ကြမည်ဖြစ်သည်။ ထိုနည်းတူ ပြီးခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇နာရီအချိန်တွင် နန့်ကင်းကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဦးဆက်အောင်ခေါ်သူလည်း အင်တော် ရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် မောင်းနင်းလာစဉ် ပစ်ခတ်ခံရကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ - [ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို](https://burmese.kachinnews.com/2023/02/08/sm1-64/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ၂ နေရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး   စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရေဦးမြို့နယ်၏ မြောက်ဘက်ခြမ်းတစ်ကြိမ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရေဦးမြို့နယ်၏ အနောက်ဘက်ခြမ်း တစ်ကြိမ် ၂ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် PDF ဘက်ကလည်း ၃ ဦး ကျဆုံးခဲ့ရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။ “ရွှေဘိုခရိုင်တပ်ရင်း ၉ က ရဲဘော် ၂ ယောက်က ၆ ရက်နေ့ တိုက်ပွဲမှာ ကျသွားတာပါ။ ၂ ယောက်စလုံးက လက်နက် ငယ်ထိမှန်ခဲ့တာပါ။ ပြီးတော့ ၄ ရက်နေ့ တိုက်ပွဲမှာက မဟာမိတ်တပ်ဖွဲ့က ကင်းထောက် ရဲဘော်တစ်ဦးကျသွားတယ်။ သူကတော့ လက်နက်ကြီးထိပြီး မပြေးနိုင်တဲ့အချိန် သတ်ခံခဲ့ရတာ။ အဲ့ဒီ ၄ ရက်နေ့တိုက်ပွဲမှာပဲ စစ်ကောင်စီဘက်ကလည်း ထိခိုက်တာနဲ့ သေဆုံးတာ ၁၅ ယောက်လောက်ရှိတယ်”ဟုပြောသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရေဦးမြို့နယ် မင်းပေါင်ကျေးရွာအနီးရှိ ချောင်းအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရွှေဘိုခရိုင် တပ်ရင်းမှ အသက် ၃၅ နှစ်အရွယ် ဒု–တပ်ရင်းမှူး ကိုဇင်ယော်နှင့် ရဲဘော် သောကြာတို့က ကျဆုံးသွားခဲ့ရကြောင်းသိရသည်။ အဆိုပါ PDF ဘက်မှ ကျဆုံးသွားသည့် ၃ ဦးအနက် ရွှေဘိုခရိုင်တပ်ရင်းမှ ဒု– တပ်ရင်းမှူး ကိုဇင်ယော် … - [ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ](https://burmese.kachinnews.com/2023/02/08/az2-80/): ဖားကန့်မြို့နယ် မော်မောလယန် (Maw Maw La Yang) တွင် ပြီးခဲ့သော ၈ လခန့်က ရေကန်တစ်ခုအတွင်းပြုတ်ကျ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်လည် ထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း သိရသည်။ ကလေးငယ်အပါအဝင် လင်မယား ၂ ဦးတို့ စီးနင်းလာသည့် ပါကျဲရိုကားတစ်စီးသည် ပေ ၄၀၀ နီးပါးနက်သည့် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာတွင် မိသားစုဝင် ၃ ဦးသေဆုံံံးမှုဖြစ်ပွားခဲ့သည်မှာ ၈ လခန့်ကြာမြင့်လာပြီဖြစ်သည်။ အဆိုပါ ပြုတ်ကျသေဆုံးသွားသည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းသည် ယနေ့နံနက်အစေားပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “ရေကန်နားမှာ ပထမက ဖော့တုံးပေါ်နေတာထင်တယ်။ နောက်မှ ကမ်းကပ်ပြီး သွားကြည့်တော့ အလောင်းဖြစ်နေတာ။ မျက်နှာလည်းမရှိတော့ဘူး ဆံပင်လည်းမရှိတော့ဘူး ခြေချောင်း လက်ချောင်းတောင်မရှိတော့ဘူး။ အမျိုးသမီးကြီးလို့ ဘာလို့ပြောနိုင်လဲဆိုတော့ သူ့ကိုယ်မှာ ကျန်နေတဲ့ အဝတ်ကြောင့်ပြောနိုင်တယ်”အလောင်းကယ်ဆယ်ယူရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းကို ဖားကန့် ကြက်ခြေနီ လူမှုကူညီရေးအသင်းများက ဦးဆောင်ပြီး ယနေ့တွင် သဂြိုလ်ပေးလိုက်ကြောင်းသိရသည်။ ရေကန်တွင်းထဲ ပြုတ်ကျသေဆုံးသွားသည့် မိသားစုဝင် ၃ ဦးသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဆေးခန်းပြရန် ဖားကန့်မြို့ဘက်သို့ ဆင်းလာစဉ်အတွင်း ကားဘရိတ်ပေါက်ကွဲမှုဖြစ်ကာ ရေကန်ထဲပြုကျသေဆုံးမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အချိန် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ၁ ပတ်ခန့်အကြာ လုပ်ဆောင်ခဲ့သော်လည်း မိသားစု ၃ ဦး၏ ရုပ်အလောင်းမတွေ့ရှိခဲ့သည့်အတွက် … - [မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ](https://burmese.kachinnews.com/2023/02/08/zm1-42/): ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား နဲ့ ဖားကန့်မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး ပိုမိုတင်းကြပ်လာနေတဲ့အတွက် ပြည်သူများ သွားလာရေးအခက်အခဲ ပြဿနာကြုံတွေ့နေရတယ်လို့ ပြောဆိုနေကြပါတယ်။ ယခုရက်ပိုင်း စစ်ကောင်စီတပ်တွေဟာ မြို့တွင်းရပ်ကွက်ရှိ လမ်းကြားတွေမှာ ကင်းပုန်းချထားပြီး လက်နက်အပြည့်အစုံနဲ့ လမ်းသွားလမ်းလာတွေကို တားမြစ်စစ်ဆေးနေတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “တစ်ခါတစ်လေကျရင် အရမ်းစိတ်တိုချင်တယ် လူတိုင်းကအရေးအကြောင်း သွားလာရတာမျိုးလည်းရှိတယ်။ အချိန်လုပြီးသွားနေရတဲ့အချိန်လည်းရှိတယ် အဲ့ဒါကို သူတို့မှာ စစ်လို့ကိုမပြီးဘူး စိတ်အနှောက်အယှက်အရမ်းဖြစ်တယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့မှာ သန်ခေါင်စာရင်းလိုက်လံစစ်ဆေးတာတွေပြုလုပ်နေသလို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အကြောင်းပြုကာ သွားလာတဲ့ ပြည်သူများကို မင်္သကာမှုနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေလို့ ဆက်ဆိုထားတယ်။ “ဘေးနားအိမ်ကို ညသန်းခေါင်ကြီး ၁ နာရီကျော်လောက်မှာ ဝင်စစ်တာ အိမ်လာဌားနေတဲ့ လင်မယား ၂ ယောက်ကို မင်္သကာလို့ဆိုပြီး ဖမ်းခေါ်သွားတာတဲ့ မနက်ကျတော့ ပြန်လွှတ်ပေးခဲ့တယ်။ ပြီးရင် မနက်ပိုင်းစျေးသွားတဲ့ စျေးသည်တွေကိုပါမကျန် စစ်ဆေးတယ်”လို့ ပြောပါတယ်။ လက်ရှိမှာလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ DJ KTV လမ်းထိပ်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာရှိကြတဲ့ ရမ်ပူ၊ ခေမာသီရိ၊ ယုဇန၊ မြို့သစ်ကြီး အစရှိတဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီအဖွဲ့က အင်အားအလုံးအရင်းနဲ့ ညစဉ်ပုံမှန် တားမြစ်စစ်ဆေးတာတွေပြုလုပ်နေသလိုမြို့တွင်းအများပြည်သူသွားလာတဲ့နေရာတွေမှာ Slow Down များလုပ်ထားသည်ကိုလည်း တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့တွေမှာ ည ၉ နာရီနောက်ပိုင်းကနေ မနက်ပိုင်း ၄ နာရီအထိ သွားလာတာတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ အလားတူ ဖားကန့် မြို့တွင်းနေရာတွေမှာလည်း နေ့ခင်းအချိန် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေသည့်အပြင် … - [စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်](https://burmese.kachinnews.com/2023/02/08/yl1-56/): စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။ အလားတူ KIO/KIA ဗဟိုဌာနချုပ်မှလည်း ကချင် စစ်ကိုင်းနယ်စပ် KIA တပ်မဟာ ၈ နှင့် ၉ ဒေသများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုအပေါ် တန်ပြန် ပစ်ခတ်ရန် ညွန်ကြားထားသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၂၆၊ ၆ နှင့် ၄၄ တို့သည့် တစ်ချိန်တည်း နေရာ ၃ခုတွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေ အင်းတော်၊ ကသာ နှင့် ထီးချိုင့် စသည့်ဒေသများတွင်လည်း စစ်ကောင်စီတပ်ကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားလျက်ရှိနေသည်။ စစ်ကောင်စီတပ်မှ ကချင်ပြည်နယ်သို့ စစ်ရိက္ခာပို့ဆောင်ရာတွင် အဓိကအရေးပါသော ဧရာဝတီမြစ်ကြောင်းနှင့် ကားလမ်းမဖြတ်သန်းရာ KIA တပ်မဟာ ၈ နယ်မြေဖြစ်သော ကသာ၊ ရွှေကူမြို့နယ်၊ အင်းတော်၊ မိုးညှင်းလမ်းပိုင်းတို့တွင် ယခုနှစ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်ဟု KIA နှင့် နီးစပ်သော မိုးညှင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။ … - [အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ](https://burmese.kachinnews.com/2023/02/08/feature-kng-2/): မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ထဲက အရက်ဆိုင်တဆိုင်မှာ အသံတခု ဆူညံနေပါတယ်။ အကြောင်းရင်းကတော့ တရုတ်တဆေးဖြင့် ချက်ပြီးထုတ်လုပ်ထားတဲ့အရက်လျော့သောက်ဖို့ တိုက်တွန်းနေတဲ့အသံပဲဖြစ်ပါတယ်။ တရုတ်တဆေးဖြင့် ပြုလုပ်ထားတဲ့အရက်ဟာ သောက်သုံးသူများ၏ ကျန်းမာရေးကိုထိခိုက်ပြီး အသက်သေဆုံးမှုအထိ ဖြစ်စေတဲ့အတွက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ တချို့က ဆေးရုံမှာ၊ တချို့က အိမ်တွေမှာ အရက်ကြောင့် နာတာရှည် ဝေဒနာတွေကို ခံစားကုသနေကြပါတယ်။ ထိုဝေဒနာများမှာ လိပ်ခေါင်းရောဂါ၊ လေဖြတ်တဲ့ရောဂါတို့ပဲဖြစ်ပါတယ်။ တကယ်တော့ အရက်ကို ဘဝအမောဖြေဖို့ ဝယ်သောက်ကြတာဖြစ်ပေမဲ့ ရောဂါဝယ်သောက်သလိုဖြစ်နေကြပါတယ်။ အရပ်ထဲ ရောင်းချနေတဲ့ အရက်ကို ဖော်စပ်သူတွေဟာ သဘာဝ တစေးမသုံးတော့ဘဲ အလွယ်တကူ ဓာတုနည်းပညာများဖြင့် ပေါင်းစပ်ဖော်ထုတ်ထားတဲ့ တဆေးကိုသာ သုံးကြတဲ့အတွက် ပျော်ရွင်မှုအစား ရောဂါကိုသာ ပေးနေတယ်လို့ အရက်ကြောင့် ဝေဒနာခံစားနေရသူတွေကို ပြောဆိုနေကြပါတယ်။ ဓာတုနည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ တရုတ်တဆေးများဟာ အရက်ချက်ဖျော်စပ်ဖို့အလွယ်ကူဆုံးဖြစ်ပြီး ကုန်ကျစာရိတ်များလည်းသက်သာစေပါတယ်။ မြန်ဆန်လွယ်ကူပြီးစျေးကွက်ထဲသို့ အလွယ်တကူ ဖြန့်နိုင်တဲ့အတွက်ကြောင့် စီးပွါးရေးလုပ်ငန်းရှင်တွေက ထိုနည်းလမ်းကိုအသုံးပြုလာကြပါတယ်။ သဘာဝနည်းလမ်းများဖြင့်ပြုလုပ်လျှင် အချိန်ကြာ ပြီး စျေးကွက်ထဲသို့လျှင်မြန်စွာဖြန့်ချီနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ “ကချင်တစေးပြုလုပ်ရတဲ့ချိန် ကုန်ကျငွေက ခုနှစ်ထောင်ကျပ်လောက်ကုန်တယ်။ ဒါပေမဲ့ တဆေးမှာပါဝင်တဲ့ ဆေးမြစ်စုံရှာဖို့ရဖို့က မလွယ်ဘူး။ ခက်တယ်တောင်ပေါ်မှာရှာရတာဆိုတော့လေ“ဟု ကချင်အရက်ချက်ပြီး ရောင်းချနေတဲ့ ဒေါ်ဂျာခေါန်က ပြောပါတယ်။ ကချင်တဆေးမှာပါဝင်တဲ့ အရာတွေကတော့ ဂျင်း၊ ငရုပ်သီး၊ တောနက်တောင်ပေါ်မှ ရှာဖွေပြီးရရှိလာတဲ့ ဆေးမြစ် ဆေးရွက်တွေနဲ့ ပြုလုပ်ပြီး အရက်ချက်ရာမှာ ထည့်သွင်းဖျော်စပ်ကာ သဘာဝနည်းဖြင့် အရက်ထုတ်လုပ်ပြီး သောက်သုံးသူတွေဆီ ပို့ကြပါတယ်။ ဟိုးရှေးယခင်ကတည်းက အသုံးပြုလာကြတဲ့ ဓလေ့ရိုးရာပဲဖြစ်ပါတယ်။ အရက်ဖြစ်လာဖို့ပြုလုပ်ရတဲ့အဆင့်များမှာ ခက်ခဲပြီး ၁၀ ရက်လောက် အချိန်ကုန်ခံပြီး သောက်လို့ရတဲ့အဆင့်ကိုရောက်ပါတယ်။ တရုတ်ပြည်ဘက်က ဝင်လာတဲ့ ဓာတုနည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ အရက်တွေကို ရက်အနည်းငယ်ချက်လုပ်ပြီး စျေးကွက်ထဲကို ပို့လို့ရပါတယ်။ သဘာဝတစေးဖြင့်ချက်လုပ်ထားတဲ့အရက် အနည်းဆုံး ၁၀ ရက်ကျော် ကြာမြင့်သောကြောင့် ရောင်းချရန်အတွက် စီးပွါးရေးသမားများက လွယ်ကူမြန်ဆန်တဲ့ တရုတ်ထုတ်တစေးဖြင့် ချက်လုပ်ထားတဲ့အရက်တွေကို စျေးကွက်ထဲ ဖြန့်ချီနေကြပါတယ်။ “ဒီလိုတရုတ်ထုတ် တဆေးနဲ့ချက်ပြီး … - [ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့](https://burmese.kachinnews.com/2023/02/07/ld1-19/): ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန် ပြည်သူ့စစ်တပ်စခန်းဝင်ရောက် စီးနင်းမှုတွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဒေသခံ ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု သိရသည်။ လားရှိုးမြို့ အရှေ့မြောက်ဘက် ဂျာယန်ကျေးရွာတွင် တပ်စခန်းချနေသည့် စစ်ကောင်စီလက်အောက်ခံ Kachin Defense Army KDA ပြည်သူ့ စစ်စခန်းတစ်ခုကို တအောင်း TNLA တပ်ဖွဲ့မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဝင်ရောက်စီးနင်းလာချိန် ဒေသခံ ကလေးသူငယ်အပါအဝင် ရွာသား ၇၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ယူပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ဖမ်းဆီးအသုံးပြုခံရသူ ဂျာယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ယခုလိုပြောသည်။ “မနက်မိုးမလင်းသေးဘူး။ တံခါးလာဆောင့်ကန်ဖွင့်ပြီး ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ ၁ နှစ်ကျော်အရွယ် ကလေးတစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါတယ်။ ကျမတို့အမျိုးသမီးတွေက ၇ ယောက်ဟုတ်တယ်။ ယောက်ျားတွေအားလုံးကိုတော့ ကြိုးနဲ့ချီထားပြီး ကန်တဲ့သူကကန် သေနတ်ဒင်နဲ့ ထုနဲ့သူကထု အဲ့လိုမျိုးနဲ့ KDA တပ်စခန်းဝင်းဘက် ခေါ်သွားတာ။ သူတို့က အနောက်ကနေလိုက် ကျမတို့ကိုအရှေ့မှာထားပြီးခေါ်ဝင်သွားတယ်။ စခန်းတံတားရှေ့ရောက်တော့ တံခါးဖွင့်လို့အော်ခိုင်းတာ ကျမတို့ဘယ်သူမှ မအော်ရဲကြဘူးဆိုတော့ ကချင် ကချင်သပ်သပ်ထိုင် တအောင်း တအောင်းသပ်သပ်ထိုင်ဆိုပြီး ခွဲလိုက်ပြီး ခြိမ်းခြောက်တာ။” ဟု KDA တပ်စခန်းရှေ့သို့ လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ခံရသော အမျိုးသမီးဖြစ်သူက ပြောသည်။ KDA တပ်စခန်းရှေ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် ကလေးသူငယ်အပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် စုစုပေါင်း အမျိုးသမီး ၇ ဦး ပါဝင်ခဲ့ကာ အမျိုးသားဦးရေ ၆၀ နီးပါး ပါဝင်သည်။ ထို့အပြင် ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်မွေကာ ရွာသားများပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ၊ ငွေကြေးများ ဆိုင်ကယ်များကိုလည်း သိမ်းယူသွားသည်ဟု ယခုလို ဆက်ပြောသည်။ “ကလေးတွေရဲ့ စုဘူး၊ ဆယ်ဗို့တစ်ဗို့ စုထားတဲ့ဟာတွေထိ အားလုံးဖောက်ယူ သွားတာ။ တချို့အိမ်ဆို ရွှေဆွဲကြိုးတွေ၊ ငွေ … - [ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/02/07/sm1-63/): စစ်ကိုင်းတိုင်းဒေသ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင်ရှိ ကျေးရွာ ၅ ခုကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့တို့က  မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဒေသခံ ပြည်သူ ၈ ထောင်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောသည်။ စစ်အင်အား ၁၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ချပ်သင်းတိုက်နယ်ရှိ ချပ်ကြီးရွာတွင် ၄ ရက်ခန့်အကြာ တပ်စွဲနေထိုင်ခဲ့ကြပြီး တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များ မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ဒီကောင်တွေက ချပ်ကြီးပျူရွာမှာ ရောက်နေတာ ၄ ရက်လောက်ကြာပြီ။ ၄ ရက်နေ့မှာကတော့ ချပ်လယ်မှာ ညအိပ်တယ် အထွက်ကို မီးရှို့သွားတယ်။ မနေ့ကတော ကျနော်တို့ရွာကို ပြန်ဝင်တယ် မကြာဘူး မီးစတင်တယ် အခုထိ ဒေသခံတွေက ရှောင်နေရတုန်းပဲ တဖြည်းဖြည်းနဲ့ စစ်ကြောင်းရွေ့တဲ့ပေါ်မူတည်ပြီးတော့ ရှောင်ကြရတယ်။ အခုက ရွာကြီးတွေလည်း ဖြစ်တော့ ၈ ထောင်ကျော်လောက်ရှိတယ်”ဟုပြောသည်။ ချပ်လယ်ရွာနှင့် ပိတောက်ပင် ရွာ ၂ ခု မီးရှို့ခံရမှုတွင် နေအိမ် ၁၅ လုံး၊ စပါးတိုက် ၁၂ လုံးနှင့် စပါးတင်း တစ်ထောင်ဝန်းကျင် မီးရှို့ခံလိုက်ရကြောင်းသိရသည်။ ထို့နောက် ယနေ့နံနက်ပိုင်းတွင်လည်း ပိတောက်ပင်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ ပေါက်တောရွာကို ပြန်လည်ဝင်ရောက်ရှို့နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီအဖွဲ့က ပိတောက်ပင်၊ နဂါးပေါ်၊ အုပ်ခ၊ ချပ်လည်၊ ပင့်သာကြီး အစရှိသည့် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုကျေးရွာအတွင်းရှိ ဒေသခံများက နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် … - [ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်](https://burmese.kachinnews.com/2023/02/07/az1-122/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ကုန်းချောင်းကြီးကျေးရွာဘက် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း မိုးစစ်ကျေးရွာဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “စစ်ကြောင်းအဖွဲ့က ကားနဲ့တော့မဟုတ်ဘူး ခြေလျင်နဲ့ တက်သွားကြတာဟုတ်တယ် အင်တားကတော့ ၃၀၀ လောက်ရှိတယ်။ သူတို့ရဲ့ စစ်ရိက္ခာတွေအပြည့်နဲ့ ဖြည့်တင်းလာတယ်။ အခုကြားရသလောက်က အဲ့ဘက်မှာ PDF တွေရှိတဲ့ဘက်ကို ထိုးစစ်ဆင်ဖို့လို့ပြောတာပဲ။ အဲ့ကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်”ဟုပြောသည်။ ယခုလို စစ်ကောင်စီအဖွဲ့ စစ်ကြောင်းထိုးမှုမတိုင်မှီ ကုန်းချောင်းကြီးကျေးရွာများဘက်သို့ ညအချိန် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများပြောသည်။ အဆိုပါ စစ်ကောင်စီအဖွဲ့သည် ယခင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ မိုးစစ်တိုက်နယ် ဆင်တပ်ကျေးရွာများတွင် ထိုးစစ်ဆင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး ဧရာဝတီမြစ်ကမ်းနဘေး ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မကြာခဏဆိုရသလို စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။ - [စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော](https://burmese.kachinnews.com/2023/02/04/zm1-41/): နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အာဏာကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လော (Martial Law) ကျင့်သုံးရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာတော့ ဒေသကာကွယ်ရေးနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ကိုင်းတိုင်းတိုင်းထဲက မြို့နယ် ၁၁ မြို့နယ်လည်း ပါဝင်လာပါတယ်။ ဒါပေမယ့် စစ်တပ်က ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုတွေအတွက် ဘာမှအကျိုးသက်ရောက်မှာမဟုတ်ဘူးလို့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ဘက်က ဘယ်လိုအဆုံးသတ်ဥပဒေဘဲချချ ကျနော်တို့ဘက်က ဂရုမစိုက်အားသလို ကျနော်တို့ပန်းတိုင်ရောက်ဖို့ဆိုရင် ဘယ်လိုအတားအဆီးမဆို ရအောင်ကျော်ဖြတ်မှာဘဲ။ ဒီမာရှယ်လောထုတ်ပြန်တာက သူတို့အချင်းချင်းကြားမှာ အားနည်းလာလို့ ထုတ်ပြန်တာဖြစ်နိုင်သလို သူတို့ရဲ့ဒီထုတ်ပြန်ချက်ကလည်း ကျနော်တို့အတွက်ဘာအကျိုးသက်ရောက်မှုမှာ ရှိမှာမဟုတ်ဘူး”လို့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗန်းမောက်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ မာရှယ်လောက မြို့ပေါ်မှာနေတဲ့ ပြည်သူတွေကိုသာ အဓိက ထိခိုက်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ဗန်းမောက်မြို့နယ်ထဲ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ ရဲဌာနတွေကြား အချင်းချင်းကြား ယုံကြည်မှုအားနည်းလာသလို ဖေဖော်ဝါရီလ ၂ ရက်နေ့ မာရှယ်လောထုတ်ပြန်လိုက်တဲ့နေ့မှာပင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာတော့ စစ်တိုင်းမှူးတွေက လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအပြင် တရားစီရင်ရေးစနစ်ကိုပါ ကျင့်သုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးသတ်မှတ်ခံရတဲ့မြို့နယ်တွေမှာ နိုင်ငံရေးအခြေအနေအရပ်ရပ်တိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်အထိ အစီရင်ခံနေစရာမလိုဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပါတယ်။ … - [အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး](https://burmese.kachinnews.com/2023/02/03/az1-121/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ Silent Strike နေ့တွင် လမ်းမထွက်ပြီး ဓာတ်ပုံထွက်ရိုက်နေစဥ် ဖမ်းဆီးခံလိုက်ရသည့် အရပ်သားပြည်သူတစ်ဦး ယနေ့ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း‌ ဒေသခံများထံမှ သိရသည်။ အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ဦးလှအောင်ခေါ်သူ သည် ဇန်နဝါရီ ၁ ရက်နေ့ Silent Strike နေ့တွင် လမ်းမထွက်ပြီး ဓာတ်ပုံထွက်ရိုက်နေစဥ် စစ်ကောင်စီယာဥ်တန်းနှင့်တိုး၍ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ”သူက သတင်းထောက်တော့မဟုတ်ဘူးဗျ ဒီတိုင်း ရိုးရိုးသာမာန်ပြည်သူပဲ ဓာတ်ပုံထွက်ရိုက်တာ စစ်ကောင်စီ လှည့်ကင်းနဲ့ တိုးတော့အဲ့မှာ ဖမ်းခံလိုက်ရတာ ဒီနေ့ထိတော့ပြန်မလွတ်သေးဘူး။ မိသားစုဝင်တွေနဲ့တော့ တွေ့ခွင့်ပေးတယ်ပြောတယ်” ဟု အင်းတော်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။ ဦးလှအောင်ကို လက်ရှိ အင်းတော်မြို့ စစ်တပ်ကုန်း (ဒေသအခေါ် ရိက္ခာကုန်း) တွင် ဖမ်းဆီးထားပြီး တရားစွဲရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့အပြင် Silent Strike နေ့တွင် ပိတ်ခဲ့ကြသည့်စျေးဆိုင်များကိုလည်း စစ်ကောင်စီစစ်သားများ လက်နက်ပြခြိမ်းခြောက်ကာ အတင်းဖွင့်ခိုင်းခဲ့ကြပြီး အချို့ဈေးဆိုင်များကိုလည်း အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။ အင်းတော်တွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း PDF သင်တန်းဆင်းဟုဆိုကာ အလှပြင်ဆိုင်ဖွင့်ထားသည့် အသက် ၂၅ နှစ်အရွယ်ရှိ မနွယ်နွယ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။ အင်းတော်မြို့တွင် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ယနေ့ထိ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၆၀ ကျော်အထိရှိလာပြီး အများစုမှာ အင်းတော်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ - [နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2023/02/03/ld1-18/): နာဂဒေသ လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာရှိ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် အဆက်အသွယ်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့် ရွာထဲ ကလေးများသာကျန်ရှိနေပြီး လူကြီးများ အလုပ်သွားနေချိန်အတွင်း တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မီးကဘယ်လို စလောင်လာတယ် မသိရသေးဘူး။ မနေ့ညအထိတော့ အဆက်အသွယ်ရသေးတာ ဒီမနက်မရတော့ဘူး။ ဒါတောင် အိုင်ကွန်နဲ့ပဲ ဆက်သွယ်တာ။ ၇၀ ဝန်းကျင်လောက်လောက်မီးလောင်သွားတယ်ပဲသိရသေးတာ။ အသေးစိတ် လူတွေ ဘာတွေ ထိခိုက်မှု ရှိလား မရှိလား မသိရသေးဘူး” ဟု နာဂတောင်တန်းဒေသခံတစ်ဦး KNG ကိုပြောသည်။ ၎င်းဒေသတွင် ဖုန်းလိုင်း အင်တာနက်လိုင်းမရှိသောကြောင့် အခြေအနေကိုသိရဖို့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။ ယခုမီးလောင်မှုဖြစ်ပွားသည့် ဆော်လော်နောက်ကုန်းရွာသည် လဟယ်မြို့မှ ဆိုင်ကယ်ဖြင့် ၁ ရက်ခရီးသွားရသော ရွာဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ကြမ်းတမ်းသကဲ့သို့ ဆင်းရဲသည့်တောင်ပေါ်ရွာတစ်ရွာ ဖြစ်သည်ဟုဆိုသည်။ “အဲ့ဒီရွာက ဆိုင်ကယ်နဲ့ မနက်အစောကြီးမိုးမလင်းခင်သွားမှ ညမိုးချူပ်ရောက်တာ။ ပြီးရင် သူတို့တွေ တရွာလုံးက သွပ်မိုးတောင် မမိုးနိုင်ကြဘူး။ အားလုံး သက်ကယ်လေးတွေနဲ့ ပဲ အခုက တရွာလုံးနီးပါး မီလောင်သွားတော့ သူတို့အတွက် တော်တော်ခက်ခဲမှာ” ဟု၎င်းကပြောသည်။ မြန်မာ–အိန္ဒိယ နယ်စပ်ရှိ ၎င်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိသည့်အနက် ၇၀ ခန့်မီးလောင်ဆုံးရှုံးသွားခြင်းဖြစ်ပြီး ဒေသခံ ရွာသားများ ရွှေ့ပြောင်းတောင်ယာကိုသာ အဓိကလုပ်ကိုင်ကြ ကြောင်းသိရသည်။ - [ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး](https://burmese.kachinnews.com/2023/02/02/az1-120/): စစ်ကိုင်းတိုင်းဒေသကြီး ‌ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ရသည်ဟု Black Wolf Army PDF ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် အင်အား၂၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ဘန့်ဘွဲ့ကျေးရွာအနီးတွင် နာရီဝက်ကြာထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Black Wolf Army PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “မစ်ရှင်သွားရင်းထိပ်တိုက်တွေ့တာပါ အင်အားက ၂၀လောက်ရှိပါတယ် နာရီဝက်လောက်ထိတွေ့မူဖြစ်တယ် ကျဆုံးခဲ့တဲ့ရဲဘော်တွေက လက်နက်ကြီးထိမှန်တာပါ ၂ယောက်ကနေရာမှာပဲကျဆုံးတာ ရဲဘော်ခန့်သီဟကတော့ ဆေးခန်းရောက်မှကျဆုံးတာပါ”ဟု Black Wolf Army PDFမှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ကျဆုံးခဲ့သည့် ရဲဘော်များမှာ အသက် ၃၀ နှစ် တပ်စုမှူးရဲဘော်ပိုင်ကြီး၊ အသက်၂၇ နှစ် ရဲဘော်ဝင်းစိုးနှင့် အသက် ၁၈ နှစ် အရွယ်သာ ရှိသေးသည် ရဲဘော်ခန့်သီဟ(Fundrising and Photographer)တို့ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီတွင် မီးသဂြိုလ်ခဲ့သည်ဟု သူကဆက်ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ဝေဟင်က တိုက်ခိုက်မူကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး ထိုအထဲတွင် Black Wolf Army PDF မှ ရဲဘော်ကိုလှိုင်ဝင်းလည်းကျဆုံးခဲ့သည်။ - [ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ](https://burmese.kachinnews.com/2023/02/01/sm2-12/): စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ခုမှ လူနေအိမ် ၁ ထောင်ကျော် တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ စစ်အင်အား ၁၅၀ ကျော်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေဦးမြို့မှ ဒီပဲယင်းမြို့သို့ ဦးတည် ထွက်ခွာလာခဲ့ပြီး ၂၄ ရက်နေ့မှစတင်ကာ ၂၉ ရက်နေ့အထိ ရွာစဥ် မီးပတ်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီရွာတွေက ရွာကြီးတွေဟုတ်တယ် သုံးထပ်တိုက်၊ တစ်ထပ်တိုက်၊ ပျဥ်ကာအိမ် အိုးအိမ် အပြည့်ပေါ့ အခုတော့ အကုန်ဖြိုချမီးရှို့ခံရတယ်။ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ဘဝရောက်သွားရတာ ဘယ်လောက်ခံစားနေရလဲဆိုတာကိုတော့ ပြောပြစရာစကားလုံးရှာမတွေ့ဘူး”ဟုဒေသခံတစ်ဦး က ဆိုသည်။ ညောင်လှရွာ ၃၆၇ လုံး၊ လက်ယက်ကုန်းရွာ ၃၉ လုံး၊ အုန်းတပင်ရွာ ၂၂၀ လုံး၊ ဒိုင်နတ်ရွာ၁၂၂လုံး၊ မရကန်ရွာ ၇၀ လုံး၊ သရက်တော ၉၆ လုံး၊ မူးခတွင်း ၆ လုံး၊ ယဉ်ကျေး ၁၃၉ လုံး၊ မစိုးရိမ် (အရှေ့) ၂ လုံး နှင့် မူးရိုးကုန်းကျေးရွာမှ ၁၅ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ နေအိမ် မီးရှို့ခံရမှုတွင် ဒေသခံများ၏ စပါးကျီ များပါ မီးရှို့ခံခဲ့ရတာကြောင့် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။ “လက်ရှိမိုးကာလေးတွေနဲ့ တဲထိုးနေကြရတယ်။ တစ်ချို့လည်းဘုန်းကြီးကျောင်းမှာ နေကြရတယ်။ တစ်ချို့ဆို နွားလှည်းအောက်မှာ နေနေကြရတယ်။ အဓိကတော့ စားနပ်ရိက္ခာခက်ခဲတာပေါ့ သူတို့မှာအိမ်မှာစုဆောင်းထားတဲ့ ဆန်စပါးကအစ အရှို့ခံခဲ့ရတာဆိုတော့ ဘာမှစားစရာမရှိဘူးပေါ့။ ကျနော်တို့ထောက်ပံ့တာကိုပဲ မျှော်ကိုးနေကြတာပေါ့။ သူတို့ကိုယ်ပိုင် မရပ်တည်နိုင်ခင်မှာ ကူညီထောက်ပံ့မှုတွေက လိုအပ်နေမှာဖြစ်တာကြောင့် … - [ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ](https://burmese.kachinnews.com/2023/02/01/zm1-40/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၁၄ ဦးအနက် ၁၃ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အသက်အငယ်ဆုံး ၁၇ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်တစ်ဦးကို ကလေးအကျဥ်း ထောင်ပို့ရန် စီစဥ်နေကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ဆင်တပ်ကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆင်တပ်ရွာမှ အရပ်သားပြည်သူ ၁၄ ဦးကို PDF နှင့်ဆက်သွယ်ပြီး ထောက်ပို့လုပ်နေသည်ဟုဆိုကာ ဗန်းမော်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦးကိုသာပြန်လွတ်ပေးခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မောင်ဖိုးချစ်ကိုမှု ကလေးအကျဥ်းထောင်သို့ ပို့ရန်စီစဥ်နေကြောင်း မောင်ဖိုးချစ်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက KNG သို့ ပြောသည်။ ”အဲ့ကလေးက ဆင်တပ်ရွာကသူ့အဖွားအိမ်ကို ခနအလည်သွားတာ အဲ့ချိန်စစ်သားတွေရောက်လာပြီး ဖမ်းခံရတဲ့ထဲပါသွားတာ တခြားသူတွေအားလုံးပြန်လွတ်လာတယ်သူပဲမလွတ်လာတာ အကြမ်းဖက်မှုနဲ့ စွဲတာ မနေ့က ရုံးချိန်းလုပ်တယ် ကလေးအကျဥ်ထောင်မှာ ပို့မယ်တဲ့ ဘယ်နေ့ပို့မယ်တော့ တိကျကျမသိသေးဘူး”ဟုမောင်ဖိုးချစ်နဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ မောင်ဖိုးချစ်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး စစ်ကိုင်းမြို့ရှိ ကလေးအကျဥ်းထောင်သို့ ပို့ဆောင်ရန်စီစဥ်နေကြောင်း စုံစမ်းသိရှိရသည်။ လွတ်မြောက်လာသူများထဲတွင် အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦးပါဝင်ကာအားလုံးမှာ အသက် ၂၀ ကျော်နှင့် လူလတ်ပိုင်းအရွယ်များသာ ဖြစ်ကြောင်းသိရသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း ၁၃၀၀၀ ကျော်အထိ ရှိကြောင်းသိရသည်။ - [မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား](https://burmese.kachinnews.com/2023/02/01/az1-119/): ကချင်ပြည်နယ် မိုးညှင်းမြို့တွင်းရှိ မြို့မ အလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲမှုအပြီး မြို့တွင်း ပစ်ခတ်သံများ အဆက်မပြတ်ပြန်လည်ကြားရသည်ဟု မိုးညှင်းဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “ပေါက်ကွဲတာ​က မြို့မအလယ်ကျောင်းမှာဟုတ်တယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လိုလုပ်ပြီး ဘယ်လိုကွဲသွားမှန်းမသိလိုက်ရဘူး။ ပေါက်ကွဲတာပဲသိတယ် တခြား ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်ကို မသိရသေးဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့က silent strike နေ့ဆိုတော့ အပြင်မထွက်ကြဘူးလေ”ဟုပြောသည်။ ထို့နောက် မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့များကလည်း အနီးပတ်ဝန်းကျင် ထန်းတပင်ကျေးရွာဘက်သို့ လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ယနေ့ ဗုံးဖောက်ခွဲခံရမှုသည် စစ်ကောင်စီအဖွဲ့၏ လက်ချက်သာ ဖြစ်ပြီး မိုးညှင်းတော်လှန်ရေးအင်အားစုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း Mohnyin Revolution Force ယခုလို ပြောသည်။ “မြို့မထဲက ဖုန်းဆက်လာလို့ သိရချင်း မြေပြင်စုံစမ်းမှုတွေလုပ်ခဲ့တယ် စကစဘက်က လုပ်တာဆို‌တာကို သတင်းတိတိကျကျ ရထားတယ်“ဟု Mohnyin Revolution Force မှ တာဝန်ရှိသူက ယခုလိုပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြို့မ အလယ်တန်းကျောင်းသည် မိုးညှင်းမြို့တွင်း စည်ပင်ရုံ၊ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်သူ့ဆေးရုံးအနီးတဝိုက်တွင်တည်ရှိပြီး ထိုနေရာများတွင် စစ်ကောင်စီအဖွဲ့က လုံခြုံရေးတင်းကြပ်ထားသည့် နေရာလည်းဖြစ်ကြောင်းဒေသခံများကဆိုသည်။ - [စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ](https://burmese.kachinnews.com/2023/01/31/sm1-62/): စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူညီလိုအပ်‌နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်အင်အား ၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ် ခမရ–၃၆၈ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းတပ်တို့သည် ကျွန်းလှနယ်စတင်ကာ ကန့်ဘလူမြို့နယ်အစပ်ထိ ရွာပေါင်း ၁၂ ရွာကို မီးရှို့နေကြောင်း သိရသည်။ “ဒီစစ်ကြောင်းက ရွာတွေကို မီးလိုက်ရှို့နေတာ ၂ ရက်ရှိပြီ စစ်ကြောင်းဝင်တဲ့နားက ရွာ ၁၂ရွာက စစ်ရှောင်တဲ့ ပြည်သူ ၁ သောင်းကျော်တယ်ရှိတယ် ဒီဘက်မှာက စစ်ရှောင်စခန်း‌ဖွင့်ထား‌တာတွေ မရှိတော့ တောထဲမှာဘဲနေရတာ ပိုခက်ခဲတယ်“ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့ကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်၊ ဆောင်၊ မိုးကာ၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ လိုအပ်လျှက်ရှိသည့်အပြင် စစ်ဘေးရှောင်များ နာမကျန်းဖြစ်သည့်အခါတွင်လည်း ကုသမှုခံယူရန် ကျန်းမာရေးဝန်ထမ်းများ မရှိသည့်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သူကဆက်ပြောသည်။ စစ်ဘေး‌ရှောင်နေရသည့်ဒေသခံများမှာ ကန့်ဘလူနှင့် ကျွန်းလှအစပ်မှ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျီးကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနှင့် မြဘုံသာအပါအဝင် ကျေးရွာ‌ပေါင်း ၁၂ ရွာရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းထိုးဝင်ရောက်မူများကြောင့် ဒီဇင်ဘာလမှ ယခုလ ၃၀ ရက်နေ့အထိ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်နှစ်ခုမှ ရွာပေါင်း ၈ ရွာမှနေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲအလုံး ၃၀လုံး၊ စပါးတင်းထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၁၃ဦး … - [စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး](https://burmese.kachinnews.com/2023/01/31/az1-118/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ လုံးခင်းကျေးရွာ ဥရုပန်းချီစားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲနှစ်ဦးအရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ကာရောက်လာပြီး လိုင်းကားမောင်းသည့် အမျိုးတစ်ဦး (အမည်စုံစမ်းဆဲ) နှင့် စားသောက်ဆိုင်အတွင်းဝင်လာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တို့ကို ဖမ်းဆီးသွားရာ ယနေ့ထိ ဆက်သွယ်၍ မရဖြစ်နေကြောင်း လုံခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”ကားသမားက ကုန်တင်ပစ္စည်းတင်တဲ့ကားသမားဟုတ်တယ်။ အရပ်ဝတ်နှစ်ယောက်က ကားသမားကိုရိုက်နက်ပြီး သူ့ကားနောက်ဖုံးထဲက အစကတော့ အချင်းချင်းရန်ဖြစ်ပြီး ရိုက်နက်ကြတာထင်တာနောက်တော့ ရဲတွေကလာဖမ်းသွားတာ ကောင်လေးကတော့ ဆိုင်တဲ့ဝင်လာတာကို မဆီမဆိုင်ပဲ ဖမ်းခံလိုက်ရတယ်”ဟုမျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။ ကားသမားအား ဖမ်းဆီးလိုက်ပြီး‌နောက် စစ်ကောင်စီအဖွဲ့သည် ဥရုပန်းချီစားသောက်ဆိုင်အတွင်းသို့ ဝင်လာသည့် ‌လူငယ်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ လူငယ်သည် ကားသမားနှင့် ပတ်သက်ခြင်းမရှိဘဲ စစ်‌တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ‌ဒေသခံများက‌ ပြောသည်။ ”အဓိက သူတို့လာဖမ်းချင်တာက ကားသမားကိုဖမ်းချင်တာထင်တယ်။ ကားသမားက အဲ့နေ့က ဖားကန့်ကနေ လုံးခင်းဘက်ဝင်လာတဲ့အချိန် နှစ်မျက်နှာဘုရားရှေ့က စစ်တပ်ကင်းပုန်းဂိတ်နားမှာချထားတဲ့ ပီပါ ပုံးတွေကို မသိပဲနဲ့ ဝင်တိုက်လိုက်မိတာ အဲ့တာကို ရဲနှစ်ယောက်ကလိုက်လာပြီးအဲ့ကားသမားက ဆိုင်ရှေ့မှာပစ္စည်းချနေတဲ့ချိန်ဖမ်းသွားတာ ဟိုကလေးကတော့ ဘာမဆိုင်ဘဲ ဖမ်းသွားတာ”ဟုအနီးပတ်ဝန်းကျင်က ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးအား လက်ရှိ လုံးခင်းယမ်းတိုက် (လုံးခင်းစစ်တပ်ကုန်း) တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီက … - [အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း](https://burmese.kachinnews.com/2023/01/31/zm1-39/): စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမူ) ပြုလုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်းမှာ ပြည်သူတွေဟာ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြပြီး နွေဦးတော်လှန်ရေးဟာလည်း ခုချိန်ထိ အရှိန်အဟုန်နှင့် သွားနေဆဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ (အသံတိတ် အာဏာဖီဆန်ရေး) မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပေးဖို့ တိုက်တွန်းချက်တွေကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နယ် မြို့ပြပျောက်ကျားတပ်ဖွဲ့ ဝင်တစ်ဦးက“မနက်ဖြန်လုပ်မယ့် Silent Strike မှာ မြစ်ကြီးနားက ပြည်သူတွေလည်း ကိုယ်စီအသိစိတ်ဓါတ်လေးတွေနဲ့ လှိုက်လှိုက်လဲလဲ ပါဝင်စေချင်တယ်။ မြစ်ကြီးနားက ပြည်သူတွေကလည်း အကြမ်းဖက်စစ်ကောင်စီကို မလိုလားကြောင်း ပြသစေချင်တယ်”ပြောတယ်။ မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီ ကနေ မွန်းလွဲပိုင်း ၃ နာရီအထိ လမ်းအပြင် လုံးဝမထွက်ဘဲ နေတဲ့ သပိတ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်မယ့် အစားအသောက်များ ကြိုတင်ပြင်ဆင်ပေးထားကြဖို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ ဖားကန့် တော်လှန်ရေးအင်အားစု“ကျနော်တို့ဘက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေအားလုံးပါဝင်ပေးဖို့ ဗီနိုင်းတွေထုတ်ပြီး  အသိပေးထားတာရှိပါတယ်။ ဖားကန့်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ အပြင်မထွက်ခြင်း အသံတိတ်သပိတ် ပါဝင်ပေးဖို့နဲ့  ၂၀၂၃ မှာ ပြည်သူတွေနဲ့အတူလက်တွဲပြီးတော့ အရွှေ့တစ်ခုကို ချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ပြောတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ အာဏာသိမ်းမှု တစ်နှစ်ပြည့် ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့မှာ စစ်ကောင်စီတပ်က စျေးဆိုင်များ မပိတ်ဖို့ ခြိမ်းခြောက်ခဲ့သည်။ ဒါကြောင့် အခုနှစ်မှာတော့ ခြိမ်းခြောက်မှု မခံရအောင် စျေးဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်ထားသင့်ပါက ဖွင့်နိုင်ကြောင်း နွေဦးတော်လှန်ရေးသပိတ်ပေါင်းစုက ဆိုထားပါတယ်။ မိုးကောင်းတော်လှန်ရေးအင်အားစု“ခုဆိုရင် တော်လှန်ရေးကာလ ၂ နှစ်ပြည့်ခဲ့ပြီ။ ၂၀၂၃ … - [မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို](https://burmese.kachinnews.com/2023/01/30/yl1-55/): မြစ်ကြီးနားမြို့ သီတာရပ်ကွက် အဝိုင်းပတ်လမ်းတောင့်နေရာတွင် အမျိုးသား ၂ဦးကို စစ်ကောင်စီိအဖွဲ့က ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အချိန် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် အမျိုးသား ၂ ဦးသည် ဆိုင်ကယ်စီးနင်းလာချိန် အရပ်ဝတ်ဖြင့် သေနတ်များကိုင်ဆောင်ထားသည့် လူ ၅ ဦးခန့်က  လမ်းပိတ်ဆို့ ဖမ်းဆီးကာ ကြိုးတုတ်ပြီး အိမ်စီးကားတစ်စီးပေါ်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပြည်သူတစ်ဦးက KNG ကိုပြောဆိုခဲ့သည်။ “PDF တွေလားတော့ သေချာမသိရဘူး။ လူငယ်တစ်ယောက်နဲ့ လူလတ်ပိုင်းတစ်ယောက်ဟုတ်တယ်။ သူတို့လုပ်တဲ့ပုံစံက ကြောက်စရာကြီး တစ်ခါတည်း မရရအောင်ဖမ်းပြီးတော့ ခြေထောက်ကော လက် ၂ ဖက်ကော ကြိုတုတ်ပြီးတော့ တင်သွားတယ်။ ဖမ်းခံရတဲ့ ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်ကတော့ ကားလမ်းမပေါ်မှာပဲ မောက်နေခဲ့တယ်။ ကြောက်လွန်းလို့ အဝေးကနေပဲ လှမ်းမြင်ရတယ်”ဟုပြောသည်။ စစ်ကောင်စီိအဖွဲ့၏ ဖမ်းဆီးခံရသည့် ၂ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရဘဲ လူငယ် ဖြစ်သူ တစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ်ရှိသူများဖြစ်ကြသည်ဟုသိရသည်။ အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြစ်ကြီးနား PDF အဖွဲ့ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ PDF အဖွဲ့ဝင်များမဟုတ်ကြောင်း ငြင်းဆိုထားသည်။ ပြီးခဲ့သောနှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းမှ စစ်ကောင်စီအဖွဲ့သည် မြစ်ကြီးနားမြို့တွင်း မြို့ပြင် နေရာအနှံ့ ကင်းပုန်းများချထားကာ သွားလာသည့် ပြည်သူများကို စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ကို မြင်တွေ့ရကြောင်း ပြည်သူများပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် ဆက်နွယ်မှုရှိသည့် သူများ၏ ပြောဆိုချက်အရ ဖေဖဝါရီလ ၁ ရက်နေ့မှစကာ မြစ်ကြီးနားမြို့တွင် ၅/ နှင့် … - [မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်](https://burmese.kachinnews.com/2023/01/30/sm1-61/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် အတူ ပူးပေါင်းလုပ်ဆောင်နေသည့်  ရှမ်းနီအမျိုးသားတပ်မတော် SNA ခေါင်းဆောင်အပါအဝင် ၉ ဦးကို မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLACK-K က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။ ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်နေ့ မိုးကောင်းမြို့ အလယ်ရပ်ကွက်တွင်နေထိုင်သည့် SNA ခေါင်းဆောင် ဦးကျော်စိုး(ခ) မင်းမင်းလှိုင်ခေါ်သူ နှင့် အဖွဲ့ဝင်အချို့ကို လခေါင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ပဲစိုက်ခင်းအတွင်း ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း  UG BLACK-K မှတာဝန်ရှိသူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “သူက SNA ခေါင်း‌ဆောင်ပြည်သူ့စစ်ဆိုတာကို ကျနော်တို့စုံစမ်းရရှိထားတယ် ၂၄ ရက်နေ့ ည ၉နာရီလောက်မှာပဲ လခေါင်ရွာအနောက်ဘက်မှာ သူတို့ဟန်ပြလုပ်ထားတဲ့ ပဲခင်းကနေ ဖမ်းဆီးခဲ့တယ်။  သူက ကျနော်တို့ရဲ့ တော်လှန်ရေး လှုပ်ရှားမူတွေကိုလည်း နှောင့်ယှက်တားဆီးတာတွေလုပ်ဆောင်တယ်။ သူကိုယ်တိုင်လည်းထွက်ဆိုထားတယ်။ သူနဲ့ ပါတဲ့အဖွဲ့ကလည်း SNA ဖြစ်ကြောင်းဝန်ခံပါတယ်”ဟုပြောသည်။ SNA အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် ၎င်းတို့၏ စစ်ယူနီဖောင်းများကိုလည်း သိမ်းဆည်းရခဲ့ကြောင်းနှင့် လက်ရှိတွင် ဖမ်းဆီးခံရသော သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသေးကြောင်း သူက ဆက်ဆိုသည်။ အဆိုပါ SNA ခေါင်းဆောင် ကျော်စိုး(ခ)မင်းမင်းလှိုင်အဖွဲ့၏ ထွက်ဆိုချက်အပေါ်အခြေခံ၍ ကွင်းဆက်ကို လိုက်လံ စစ်ဆေးခဲ့ရာတွင်  ဇန်နဝါရီလ၂၈ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင် ဖားကန့် – မြစ်ကြီးနားလမ်းတစ်နေရာတွင် ဗန်းမော်အခြေစိုက် တပ်မ ၄၇ မှ ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ခေါ်သူအား UG … - [လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး  စစ်ကောင်စီအထိနာ](https://burmese.kachinnews.com/2023/01/30/az1-117/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်ရှိ လယ်ပြင် စစ်ကောင်စီ စစ်ဆေးဂိတ် ယနေ့နံနက်ပိုင်း ၂ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်းသိရသည်။ ဖားကန့်မြို့အထွက် လုံးခင်းကျေးရွာအဝင် စစ်ကောင်စီအဖွဲ့ တပ်ချထားသည့် လုံးခင်းစစ်ဆေးရေးဂိတ် (ဒေသအခေါ် လယ်ပြင်ဂိတ်) ကို KIA တပ်ရင်း ၆ တပ်ဖွဲ့များ သွားရောက်တိုက်ခဲ့ကြသည်ဟု အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ”လယ်ပြင်ဂိတ်ခေါ်တာပေါ့ အဲ့မှာစစ်သားတွေအမြဲထိုင်ထားတယ် စစ်ဆေးရေးတွေလုပ်တယ် အဲ့တာကို ဒီမနက်သွားပစ်တာ တိုက်ပွဲကတော့အကြာကြီးပဲဖြစ်တယ် အခုဏက ၈နာရီခွဲထိတောင် ပစ်ခတ်သံတွေကြားနေရတုန်း စကစ (စစ်ကောင်စီ) ဘက်ကအတော်လည်းအထိနာသွားတယ်။ ဒါပေမယ့် ထိခိုက်မှုက အသေးစိတ်မသိရသေးဘူး”ဟုပြောသည်။ လယ်ပြင်ဂိတ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ တပ်ဘက်က အကျအဆုံးရှိခဲ့သည့်အပြင် KIA ဘက်မှ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသော်လည်း ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။ ”လက်နက်ကြီးကတော့ မနေ့ညကတည်းကပစ်နေတာ ဘုရားကုန်းတို့ ပြီးရင်တခြားနေရာကနေရောပဲ ညကလည်းလက်နက်ကြီးတွေတိုက်ပွဲ မဖြစ်ပဲပစ်တာ ။အခုမနက်တိုက်ခိုက်ခံရတော့ သူတို့တပ်စွဲထားတဲ့နေရာတွေ ကနေရမ်းပစ်တော့တာပဲ ကိုးနာရီလောက်ထိကို”ဟုလုံးခင်းမှ အခြားဒေသခံတစ်ဦးကပြောသည်။ လယ်ပြင်စစ်ဆေးရေးဂိတ်သည် အာဏာသိမ်းသည့်နောက်မှ ထိုင်ထားသည့်ဂိတ်ဖြစ်ကြောင်းသိရပြီး စစ်သားအင်အား ၃၀ အထက်နှင့် လိုင်စင်အကြောင်းပြကာ ကုန်တင်ကားများအပါအဝင် လူအဝင်အထွက် စစ်ဆေးခြင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်။ - [စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား](https://burmese.kachinnews.com/2023/01/28/fact-check-4/): စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် နစက ကို NUG အဖွဲ့မှ လျှို့ဝှက်ကမ်းလှမ်းနေကြောင်း သတင်းအမှားတစ်ပုဒ်ကို ‘မှိုင်းဝေ’ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ‘Ko Thet’ ‘အထွန်းဖွား’ ‘Thit Lwin’ ‘Pyay News’ Telegram အကောင့်များနှင့်  ‘စောမှိုင်းဝေ’ ‘အမွှေစိန် မျိုးချစ်မြန်မာ’ ‘Linna Yee’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင်လည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။ ရေးသားဖြန့်ဝေထားသော အကြောင်းအရာမှာ ‘NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲ တော့မသိဘူး ကြားရတဲ့သတင်းကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေဆိုတော့ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ်၊ စောင့်ကြည့်ကြအမျိုးတို့’ ဟု ဖော်ပြထားသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများနှင့် သတင်းအချက်အလက် လိုက်လံတိုက်စစ်ကြည့်ရာတွင် အဆိုပါသတင်းသည် NUG အစိုးရကို ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြင့်တိုက်ခိုက်ရန် ဝါဒဖြန့်ရေးသားထား သော သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ၏တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တင်ထားသော ‘တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာ’ တွင် ရေးသားဖော်ပြထားသောအကြောင်းအရာတွင် ‘ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဥ်ကို ငြင်းဆန်း မပူးပေါင်းကြပါရန်’ နှင့် ဇန်နဝါရီလ ၉ ရက်နေ့ တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ပြည်ထဲရေး နှင့် … - [ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2023/01/28/fact-check-3/): ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ‘Kyaw Swar’ ‘PAN’ ဆိုသည့် Telegram အကောင့်များတွင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂ သောင်းကျော်ရှိနေသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ‘KyawKyaw’ ဆိုသည့် ဖေ့စ်ဘုတ်စာမျက်နှာအကောင့်တွင်လည်း ထပ်မံဖြန့်ဝေထားသည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာမှာ ‘စစ်ကိုင်းတိုင်းဒေသကြီ၊ ကသာမြို့နယ်၊ မိုးတာလေး ရွာကို ယနေ့နံ န က် ၇နာရီ၃၀မိနစ်ခန့်တွင် KIA နှင့် PDF အဖွဲ့များဝင်ရောက် မီးရှို့ ဖျက်စီးခဲ့ပါတယ်။ ပြီးခဲ့သော ၂ရက် ခန့်က မိုးတာလေးရွာပတ်ဝန်းကျင်တွင် အကြမ်းဖက် အုပ်စုများနှင့် တပ်မတော် စစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြီး kia pdf များအထိ အခိုက်အကျအဆုံးများခဲ့ရာမှ ၄င်းတို့၏ သတင်းကို မိုးတားလေးရွာက တပ်မတော်ကို ဒလန်လုပ်ပြီးသတင်းပေသည် ဆိုသော စွတ်စွဲ ချက်ဖြင့် မကျေမနပ်ဖြစ်ကာမိုးတားလေးရွာကို  ဝင်ရောက် မီးရှို့ဖျက်စီး ကြခြင်းဖြစ်ပါသည်” ဟု ဖော်ပြထားသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်၍ သတင်းအချက်အလက်ကို စုံစမ်းစစ်ဆေးကြည့်ရာတွင် ဝါဒဖြန့်သတင်းအမှား ဖြစ်နေသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် “စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးဒါးလေးကျေးရွာ၊ တိုက်ကုန်းရပ်ကွက်မှ ပြည်သူပိုင်နေအိမ် ၄၁ လုံးအား စစ်ကောင်စီတပ်သားများက ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်” ဟု ‘Mizzima-News Burmese’ သတင်းဌာနတွင် ဖော်ပြထားသည့်အပြင် ဒေသခံတစ်ဦးမှ ရုပ်သံဗီဒီဖိုင်နဲ့တကွ ဖြေဆိုထားသည်ကို တွေ့မြင်နိုင်သည်။ ဒါ့အပြင် “ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် … - [ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/01/27/sm1-60/): စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အ‌ရှ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာမှ ဒီပဲယင်း ညောင်လှ၊ ဝဲကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထိုကျေးရွာများတွင် တပ်စွဲနေထိုင်ကာ နေအိမ်များ မီးရှို့နေသောကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၂၂ ရက်နေ့ကထွက်လာတယ် ၂၃ ရက်နေ့ကရောက်တယ်။ သူတို့စရောက်ကတည်းက လက်ယက်ကုန်း၊ညောင်လှ၊ မူကတွင်းကိုရှို့တယ် ဒီမနက်မှာ မရကန်ရယ်အခုကတော့ အုန်းတပင်ရွာကိုရှို့နေပါတယ်။ စုစုပေါင်း၅ရွာရှိပါပြီ” ဟု ပြောသည်။ စစ်ကောင်စီတပ်မှ နေအိမ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စသည့်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်‌ပြီး အရေးပေါ်အကူညီ လိုအပ်နေသည်ဟု သူကဆက်ပြောသည်။ “ကျေးရွာ ၁၅ ရွာလောက် တိမ်းရှောင်နေရတာပါ ၄ ရက်အတွင်း  စစ်ရှောင်က၁ သောင်းကျော်လောက်ရှိသွားပြီ။ ကျနော်တို့ ကူညီပေးနေတာက ၇၀၀၀ လောက်ရှိတယ်။ အခက်အခဲတွေက အများကြီးပါ။ နေစရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အဲ့တာတွေက အဓိကလိုအပ်နေတာပါ”ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စစ်ဘေးရှောင်အများစုသည် စစ်ကောင်စီ စစ်ကြောင်း နှင့် ဝေးသော ကျေးရွာများမှ ဘုန်းကြီးကျောင်း၊ တောတောင် နှင့် တဲတိုက် များတွင်ခိုလှုံနေကြရသည်ဟု သူက ဆက်ပြောသည်။ … - [မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/01/27/az2-79/): ဖားကန့်မြို့နယ် မဇွပ်ယန် ကျေးရွာအတွင်းရေးမှူး ဦးအောင်ဝင်းကို အမည်မသိ လူငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ နေအိမ်၌ ရှိနေစဥ် အမည်မသိ လူ ၅ ဦးဝင်လာ၍ သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ ”မနေ့က တစ်နာရီလောက်မှာ ဖမ်းခေါ်သွားတာ သေနတ်အတိုထောက်ပြီး ဖမ်းသွားတယ်။ သူက အခု အတွင်းရေးမှူး လုပ်နေတုန်းဗျ ဘယ်သူဘယ်ဘယ်ဝါဖမ်းသွားတာလဲဆိုတာအတိအကျတော့မသိသေးဘူး စစ်ကောင် စီက ဖမ်းသွားတာဖြစ်ဖို့များတယ်”ဟုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် ဦးဝင်းကိုသည် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသည်မှာ အာဏာမသိမ်းမှီကတည်းကဟု သိရပြီး ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဦးဝင်းကို ကိုမည်သူမည်ဝါမည်သည့်အဖွဲ့ကဖမ်းသွား သည်ကို KNG သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူး အတွင်းရေးမှူးများ ဖမ်းဆီးခံရမှု မကြာခနရှိနေသည့်အပြင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ ဒလံ သတ်ခံရမှူမှာလည်း ၂၀ ဦး ကျော်လာပြီဖြစ်သည်။ - [စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/01/27/zm1-38/): ကသာမြို့နယ် ကျောက်ထုံးကြီးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိ‌ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ကသာမြို့ ရပ်ကွက် ၈ လယ်ကွင်းကျောက်ထုံးကြီး ကျေးရွာဘက်သို့ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး‌ ပွဲချင်းပြီး‌သေဆုံးပြီး အသက် ၁၄ နှစ်အရွယ်ယောကျာ်းလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသခံများကပြောသည်။ “ဦးဆန်းလင်း အိမ်တည့်တည့်ကျတာ သမီးဖြစ်သူက ခေါင်းပွင့်ထွက်ပွဲချင်းပီးဆုံးတယ် အကိုဖြစ်သူက လက်မောင်း စုတ်ပြတ်သတ်ဖြစ်သွားတယ်“ဟုအမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် ကလေးငယ်၏ မိဘ ၂ ပါး ဖြစ်သည့် ဦးဆန်းလင်း နှင့် ဒေါ်မျိုးသည် အိမ်အပြင်ခြံဝင်းတွင်း အလုပ်လုပ်ကိုင်နေပြီး ကလေး ၂ ဦးမှာ အိမ်ထဲစော့ကစားနေချိန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ သေဆုံသွားသူမှာ အသက် ၁၂ နှစ်အရွယ် မစန်းဒီလင်းခေါ်သူဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးသူရလင်းခေါ်သူမှာ လက်မောင်းတစ်ဖက် စုတ်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလို စစ်ကောင်စီတပ်ဘက်မှ  လက်နက်ကြီးရမ်းသမ်း ပစ်ခတ်နေခြင်းသည် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက‌ ပြောဆိုသည်။ “ကျောက်ထုံးကြီးကျေးရွာမှာ ဘာတိုက်ပွဲမှမရှိဘူး တမင်ပြည်သူတွေကို နှိပ်စက်နေတာ“ဟုဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် ကျောက်ထုံးကြီးကျေးရွာသည် ကသာမြို့မှ မိုးတား‌လေးသို့သွားသည့် လမ်းမပေါ်တည်ရှိပြီး ကသာမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ကျေးရွာဖြစ်သည်။ ကျောက်ထုံးကြီးကျေးရွာသို့ လက်နက်ကြီးပစ်ခတ်သည့် စစ်ကောင်စီတပ်သည် တပ်မ … - [အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/01/27/az1-116/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ ယခုတစ်ပတ်အတွင်း ဒေသခံ ပြည်သူ ၃ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်မှ ဦးချစ်ကိုကို(ခ) ဦးဖိုးစီ၊ အောင်မဂ်လာ ရပ်ကွက်မှ လင်မယားနှစ်ဦးဖြစ်သည့် ဦးမြဝင်း(ခ) ကံထူးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်သစ်ဆုံတို့ကို PDF နှင့် ဆက်သွယ်ခြင်း၊ NUG ကိုထောက်ပံ့ခြင်းများ လုပ်ဆောင်နေသည်ဟုဆိုကာ ယခုတစ်ပတ်အတွင်း ဖမ်းဆီးခဲ့ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။ ”သူတို့ကို အမှုဖွင့်မယ်ကြားတယ် အမှုတောင် ဖွင့်လိုက်ပြီလားမသိဘူး။ အခုသူတို့သုံးယောက်လုံးကို အင်းတော်ရဲအချုပ်ခန်းမှာ ထိန်းသိမ်းထားတယ်။ ဟိုလင်မယားကိုတော့ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ ဦးချစ်ကိုကို ကျတော့ NUG ကျောင်းတွေ မှာ စာအုပ်တွေလှူဒါန်းပေး နေတယ်ဆိုပြီးစွပ် စွဲဖမ်းသွားတာသူကတော့ စာအုပ်ဆိုင်ဖွင့်ထားတာဟုတ်တယ်။ တဖက်သက်စွပ်စွဲပြီးဖမ်းသွားတာဗျ”ဟုပြောသည်။ ဦးချစ်ကိုကိုခေါ်သူသည် ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၇နာရီအချိန်တွင် စာအုပ်ဆိုင်အတွင်းရှိနေစဥ် ဝင်ရောက်ဖမ်းဆီးခံလိုက်ရပြီး လင်မယားနှစ်ဦးဖြစ်သည့် ဦးမြဝင်းနှင့် ဒေါ်သစ်ဆုံတို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ကိုးနာရီတွင် ထမင်းဆိုင်၌ရှိနေစဥ် ဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ အထက်ပါ လင်မယားနှစ်ဦးသည် အင်းတော်တွင် ဒလံဟု နာမည်ကြီးနေသည့် ကိုဝင်းမိုးသူ ယင်းလင်မယားနှစ်ဦး၏ ထမင်းဆိုင်ရှေ့၌ အဖမ်းခံရသည့်နောက် စစ်ကောင်စီ ယင်းလင်မယားနှစ်ဦးကို လာရောက်ဖမ်းဆီးခဲ့သည်။ အင်းတော်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီက အကြောင်းအမျိူးမျိုးပြ၍ ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၆၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး ၄၀ ဦးခန့်် လက်ရှိအချိန်ထိ အင်းတော် ရဲအချုပ်ခန်းတွင် ထိမ်းသိမ်းထားခံရဖြစ်ပြီသည်။ - [ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်](https://burmese.kachinnews.com/2023/01/26/sm1-59/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား စစ်ကောင်စီအဖွဲ့က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းများတပ်ဆင်ပေးကာ စစ်ကြောင်းအတွင်း ခေါ်ဆောင်သွားနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှသိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ထီးချိုင့်နယ် ကျွန်းကြီးကုန်းသို့ စစ်ကောင်စီ စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကို ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းအတွင်းခေါ်ဆောင်သွားကာ နေအိမ်များလိုက်လံ မီးရှို့ဖျက်ဆီးပေးနေသည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဖမ်းဆီးခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို မသတ်သေးဘူး။ ညောင်ပင်လှကို သွားတဲ့ စစ်ကြောင်း နဲ့ ပါသွားပြီ သူ့ရဲ့ ခန္ဓာကိုယ်မှာ မိုင်းတွေ တပ်ပေးထားတယ်။ ရွာတွေကို လိုက်ပြခိုင်းပြီးတော့ မီးရှို့တယ်”ဟုပြောဆိုသည်။ ကျွန်းကြီးကုန်းရွာ မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားသည့် အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ညောင်ပင်သာကျေးရွာ၏ ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်လျက်ရှိနေကြောင်းသိရသည်။ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်တွင် စစ်ကောင်စီအဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် မယ်ဇလီ၊ ဒိုးပင်၊ ကျွန်းကြီးရွာများနှင့် ထီးချိုင့်မြို့နယ်နှင့် နယ်နမိတ်ထိစပ်သည့် သပိတ်ကျင်းမြို့နယ်ရှိ ကုက္ကိုလ်ကုန်းကျေးရွာ စသည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအင်စတီကျု့(ISP Myanmar) ၏ ဇန်နဝါရီလ၂၄ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ် ၄သောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။ - [စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ](https://burmese.kachinnews.com/2023/01/26/zm1-37/): စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံး ဖောက်ခွဲခံရမှု ဇန်နဝါရီလတစ်လအတွင်း ၅ ကြိမ် အထိရှိလာပြီလို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်က ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက်သာဖြစ်တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “ဒီရွေးကောက်ပွဲကလူထုဆန္ဒကိုမျက်ကွယ်ပြုပြီး တစ်စုတစ်ဖွဲ့အတွက် ရပ်တည်ထားတဲ့အတုအယောင် ရွေးကောက်ပွဲဖြစ်နေလို့ တိုက်ခိုက်နေတာ” လို့ အင်းတော် တော်လှန်ရေးအင်အားစုတစ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားအဖွဲ့တစ်ဖွဲ့က လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသက် ၃နှစ်အရွယ်ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က လဝကရုံးတွင်း မဲစာရင်းပြုစုနေချိန် သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် မဲစာရင်းနှင့် စာရွက်စာတမ်းများ ကွန်ပျူတာများ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အာဏာရှင်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ကလည်း ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ တမူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောင်းသာားတပ် (ABSDF) ပူးပေါင်းတပ်တို့ပူးပေါင်းကာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ကိုင်းရပ် ခရိုင်လဝကရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အာစုအဖွဲ့တစ်ဖွဲ့က ဆိုထားပါတယ်။ ဒါ့အပြင်ဇန်နဝါရီလ လဆန်းပိုင်းမှာမြောင်မြို့နယ် တောင်ရပ်ကွက်မှာရှိတဲ့ မြို့နယ် လဝကရုံးလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲဖောက်ခွဲခံရမူနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ကတော့ ဇန်နဝါရီလ ၂၃ ရက်ထုတ်သတင်းစာမှာ အာဏာသိမ်းကာလအတွင်း ရွေးကောက်ပွဲကော်မရှင်ရုံးဖျက်ဆီးခံရမူ ၁၃ ကြိမ်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းကအမျာဆုံးပါဝင်ပြီး … - [ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး](https://burmese.kachinnews.com/2023/01/26/az2-78/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဒလန်ဟု သတင်းထွက်‌နေသည့် အမျိုးသားတစ်ဦး ထမင်းဝယ်ယူနေစဥ် ဖမ်းဆီးခံလိုက်ရပြီးနောက် ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အင်းတော်မြို့နယ်အတွင်း ဒလန်ဟု သတင်းထွက် နာမည်ကြီးနေသည့် ကိုဝင်းမိုးသူ ခေါ်သူအား အောင်မင်္ဂလာရပ်ကွက်ရှိ ‘သစ်စုံ‘ ထမင်းဆိုင်တွင် ထမင်းဝယ်ယူနေစဥ် အင်းတော်ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးသွားပြီးနောက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထမင်းဆိုင်ပိုင်ရှင် လင်မယားကို ပြန်လည်ဖမ်းသွားကြောင်း အင်းတော်မြို့နေ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။ ”သူကဒလန်ဟုတ်တယ် အင်းတော်မှာနာမည်ကြီးနေတာကြာပြီ ရဲစခန်းမှာပဲနေတာ ဟိုနေ့က ထမင်းဆိုင်မှာ မြို့နယ်ရဲမှူးအတွက် ထမင်းလာဝယ်ပေးတာ ဆိုင်ရှေ့ရပ်နေတုန်း ဖမ်းခေါ်သွားတာ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့နေ့ညပိုင်းပဲ ထမင်းဆိုင်ပိုင်ရှင်တွေကိုလည်း လာဖမ်းသွားတယ်စစ်သားတွေက ခုထိတော့မလွတ်သေးဘူး”ဟု အင်းတော်မြို့နေ အမျိုးသားတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသည့် ထမင်းဆိုင်ပိုင်ရှင် အမျိူးသမီးမှာ ဒေါ်သစ်စုံနှင့် အမျိုးသားဖြစ်သူ (အမည်စုံစမ်းဆဲ) တို့ဖြစ်ပြီး လက်ရှိချိန်ထိ အင်းတော်စစ်တပ်ကုန်းတွင်ထိမ်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။ ကိုဝင်းမိုးသူ၏ သတင်းပေးမူကြောင့် ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပို့လုပ်ခဲ့ဖူးသည့် ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း အင်းတော်ကာကွယ်‌ရေးတပ်ဖွဲ့က တာဝန်ရှိသူက ခုလိုပြောသည်။ “ခုဖမ်းထားတဲ့ ကိုဝင်းမိုးသူကြောင့် ကျနော်တို့ကိုကူညီနေတဲ့ ဒေသခံတစ်ချို့ဖမ်းခံထားရတာရှိတယ်။ အဲကြောင့် သူ့ကိုကျနော်တို့အဖွဲ့က ဝင်ဖမ်းလိုက်တာ“ ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့သည် အကြောင်းအမျိုးမျိုးပြ၍  ဖမ်းဆီးခံရသည့ ဒေသခံပြည်သူ ၅၀ ဦး ကျော်လာပြီဖြစ်ပြီး အများစုမှာပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ အင်းတော်မြို့ရဲအချုပ်ခန်းတွင်သာ ထိမ်းသိမ်းထားကြောင်းသိရသည်။   - [မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ](https://burmese.kachinnews.com/2023/01/26/az1-115/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာရှိ စစ်ကောင်စီ စစ်သားနှင့်ရဲများ ပူးပေါင်းတပ်ထိုင်သည့် ရဲကင်းစခန်း တိုက်ခိုက်ခံပြီး‌နောက် စစ်ကောင်စီတပ်မှ လက်ရှိချိန်ထိ မှော်စီဇာအနီးတစ်ဝိုက် သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။ မှော်စီဆာကျေးရွာ တာဝါတိုင်အနီးရှိ ရဲကင်းစခန်း (ဒေသအခေါ်တာဝါကုန်းရဲကင်း) ကို ယမန်နေ့ည ၈ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်းတပ်တို့က လက်နက်ငယ်များ၊ ၇၉ မမ များနှင့် ပဒိန်လက်နက်တို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကူရောက်လာသဖြင့် တပ်ဆုတ်ခဲ့ရကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ ”ပြောက်ကျားသွားပစ်တာ ၁၅ မိနစ်လောက်ပဲ ပစ်ရသေးတယ် သူတို့ဘက် စစ်ကားတစ်စီးနဲ့စစ်ကူရောက်တာလာ အင်အားမမျှတာနဲ့နောက်ဆုတ်ခဲ့ရတယ် ၇၉ မမ တွေနဲ့လှမ်းထုတော့ အဆောင်တစ်ခုမီးလောင်သွားတယ်”ဟုအထက်ပါအမျိုးသားကပြောသည်။ အဆိုပါသွားရောက်ပစ်ခတ်မှုတွင် KIA ၊ PDF ဘက်က အထိအခိုက်မရှိပြန်ဆုတ်ခဲ့ပြီး စစ်ကောင်စီ ရဲကင်းစခန်းရှိ ရဲနှင့်စစ်သား ထိခိုက်သေဆုံးမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။ ”အဲ့ဒီကင်းစခန်းကနေပဲနေမှာ မနေ့ကအသံကြားတဲ့နေရာမှာပဲ အခုထိပစ်နေတယ် လက်နက်ကြီးတော့မဟုတ်ဘူး လက်နက်ငယ်တွေပစ်နေတာ နားလိုက်ပစ်လိုက်လုပ်နေတယ် အခုမနက်စောစောက်ုပစ်နေတာ မနေ့ကလာပစ်ခံရတော့ အခုသူတို့ရှိနေသေးတယ်ဆိုတာ သတိပေးချင်တဲ့သဘောပစ်နေတာလားကြောက်လို့လားမသိဘူးပစ်နေတုန်း”ဟုလုံးခင်း ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ ကင်းစခန်းပစ်ခတ်ခံရမှုကြောင့် မှော်စီဆာဘုရားကုန်းရှိ စစ်တပ်ကုန်းမှာလည်း ယမန်နေ့ ညက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့နယ်ရှိ ရဲစခန်း၊ ရဲကင်းနှင့် ထွေအုပ်ရုံး စသည့် စစ်ကောင်စီနှင့် ဆက်နွယ်သည့် နေရာများကို ဖားကန့် KIA နှင့် PDF တို့ကြား ခကြာခဏဝင်ရောက်ပစ်ခတ်လျက်ရှိသည်။ - [ကားမိုင်း ဗျူဟာကုန်း နှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/01/26/%e1%80%80%e1%80%ac%e1%80%b8%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%97%e1%80%bb%e1%80%b0%e1%80%9f%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%84/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်း ဗျူဟာကုန်းနှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား  KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ကားမိုင်း ဗျူဟာနှင့်အတူ ၎င်း၏ တပ်ခွဲ နန့်ဟိုင် (Nam Sheng) တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နန့်ဟိုင် (Nam Sheng) ကျေးရွာဒေသခံများထံမှ သိရသည်။ “ကားမိုင်းဗျူဟာမှာလည်း ပစ်ပေး၊ ဒီ နန့်ဟိုင်ရွာ(Nam Sheng)က စစ်တပ်စခန်းမှာလည်း ဒီမနက် ၆ နာရီကနေ လာပစ်ပေးတယ်။ မနေ့ညက ဖားကန့် ဆယ်ဇင်းမှာလည်း သွားတိုက်ခိုက်ပြီး ဒီမနက်တော့ နေရာတကာပစ်ပေးတဲ့ သဘောလို့ကြားတယ်” ဟု ‌ကားမိုင်းဒေသခံတစ်ဦးက ပြောသည်။ စစ်အင်အား ၈၀ ခန့် ရှိနေသည့် စစ်တပ်ဗျူဟာနှင့် တပ်စခန်းခွဲ ၂ ခုအား KIA တပ်ရင်း ၄၄ ပူးပေါင်းတပ်ဖွဲ့တို့ တချိန်တည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအရ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ၎င်းကပြောသည်။ ၂ နာရီခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသောကြောင့် ဒေသခံအချို့ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိကြောင်း သိရသည်။ “ရွာသားအားလုံးကြောက်လန့်ပြီး တချို့က ဘေးကင်းလုံခြုံရာကို ယာယီတိမ်းရှောင်သူ တိမ်းရှောင်ပြီး  အခုက စောင့်ကြည့်အခြေအနေ သတိနဲ့နေနေကြတယ်။ ကျနော်တို့ ရွာသားတွေက ရွာကို မီးရှုံ့ပေးမှာလည်း စိုးရိမ်နေတယ်။ စစ်တပ်က ရွာကို … - [နန်းမား ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သတ်ခံရသည့် မသင်္ကာမှုဖြင့် အမျိုးသားနှစ်ဦး ဖမ်းဆီး ခံထားရ](https://burmese.kachinnews.com/2023/01/25/az1-114/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဥ် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက မြို့တွင်းနေရာအနှံ့ စစ်ဆေးခဲ့ရာ ပြည်သူနှစ်ဦး ဖမ်းခံလိုက်ရကြောင်း နမ္မားမြို့ မှ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။ ”ဦးတင်ညွန့်သတ်ခံရတဲ့နောက် စစ်သားတွေရဲတွေ မြို့ထဲနေရာစုံလိုက်စစ်တော့တာပဲ ဆိုင်တွေကောစစ်တယ် အမျိုးသားနှစ်ယောက်ဖမ်းသွားတယ်။ တစ်ယောက်က ငွေလွဲငွေထုတ်ဆိုင်လုပ်တာ တစ်ယောက်က အဲ့လက်ဖက်ရည်ဆိုင်ရှေ့ကပဲ။ မနေ့က ညပိုင်းမှာ ဖမ်းခံလိုက်ရတာ”ဟုအထက်ပါ အမျိုးသားက ပြောသည်။ ဖမ်းဆီးခံလိုက်ရသည့် အမျိုးသားနှစ်ဦးမှာ ငွေလွဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်အောင်ကြည် အသက် စုံစမ်းဆဲနှင့် ဖြစ်စဥ်ဖြစ်ပွားသည့်အနီး နေထိုင်သူ ဦးသာစန်း အသက်စုံစမ်းဆဲတို့ဖြစ်ပြီး ယနေ့နံနက်ပိုင်းထိ နမ္မားစစ်တပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရမှုသည် ဦးတင်ညွန့် ပစ်သတ်ခံရမှုဖြစ်စဥ်နှင့်ဆက်နွယ်သည်ဟုဆိုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရကြောင်း ဒေသခံများပြောဆိုနေသော်လည်း KNG က သီးခြားအတည်မပြုနိုင်ပေ။ ယမန်နေ့ အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။ - [မြစ်ကြီးနားတွင် လူနေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2023/01/25/bb1-6/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၈ လုံးတပြိုင်နက် မီးလောင်းပျက်စီးသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာ မြို့ဦးဘုန်းကြီးကျောင်းရှေ့ အိမ်ငှားနေထိုင်သည့် အိမ်ခန်းတစ်ခု၏ မီးဖိုဆောင်အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးကပ်ယက်ရှိသော နေအိမ်များသို့ ဆင့်ကူး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စလောင်တာက အိမ်ခန်းတွဲ ၅ တွဲတန်းလျားမှာ ကောက်ညှင်းပေါင်းနဲ့ ကြော်ရောင်းတဲ့ မိသားစုက တစ်ခန်းငှားနေကြတာ သူတို့က မနက်လုပ်ပြီး စီတာပူဘက်မှာ စျေးသွားရောင်းတာ အဲ့နေရာကနေ မီးသွေး မီးကြွင်းတွေကျန်ခဲ့လို့ အဲ့ကနေ စလောင်ခဲ့တာဟုတ်တယ်”ဟုပြောသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်သည် အိမ်ငှားများနေထိုင်ကြသည့် ၅ ခန်းတွဲပါ အိမ်ဝန်းဖြစ်သည်။ ထို့အပြင် မီးလောင်မှုဖြစ်ပွားခဲ့သည့် အခန်းတန်းလျားနှင့် အနီးကပ်ယက်ရှိသော နေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးသွားသည့်အတွက် ယနေ့ မီးလောင်ပျက်စီးမှုတွင် အိမ်ငှား အခန်း ၅ ခန်းနှင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။ - [ကန့်ဘလူနယ်တွင် ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၂၉ လုံးခန့် မီးလောင်ပြာကျ](https://burmese.kachinnews.com/2023/01/25/sm1-58/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာနှင့် ဂုံညင်းသျှို ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် ၂၉ လုံးနှင့် စပါးတင်း ၄၀၀ ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။ ကန့်ဘလူ ကိုးတောင်ဘို့တွင် အခြေစိုက်ထားသော ခမရ ၃၆၃ တပ်ရင်းမှ စစ်အင်အား ၅၀ ခန့် ပါရှိိိိိသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဂုံညင်းသျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ ၂၄ နေ့ ညနေပိုင်း ၅ နာရီအထိ လူနေအိမ်များ အကြောင်းမဲ့ မီးရှို့ခဲ့ကြသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။ “ဂုံညင်းသျှိုကျေးရွာက အားလုံး ၁၁ လုံးလောက်ရှို့ခံရတယ်။ ပြီးတော့ ကိုင်းမကိုထွက်သွားတယ် ကိုင်းမကနေ အိမ်တစ်လုံးကို ထပ်ရှို့သွာတယ်”ဟုပြောသည်။ လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဂုံညင်းသျှို အနီးတဝိုက်ရှိ ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။ ထို့အပြင် ပင့်သာတိုက်နယ်အတွင်းရှိ အင်းမကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ခမရ ၃၆၈ တပ်နှင့် ပျူစောထီးအဖွဲ့တို့ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရသဖြင့် ထိုနေရာတွင် နေအိမ် ၁၄ လုံးနှင့် စပါးတင်း ၄၀၀ ခန့်ထပ်မံ မီးလောင်ပျက်စီးသွားသည်ဟု အင်းအရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။ “သူတို့ဝင်လာတဲ့နေ့ မနက်ပိုင်းမှာပဲ ရွာမြောက်ပိုင်းကနေ အိမ် ၂ လုံးကို အရင်ရှို့သွားတယ်။ နောက်နေ့မှ ရွာတောင်ပိုင်းကိုစရှို့တယ် ပြည်သူတွေက ကြိုရှောင်လိုက်နိုင်လို့ အန္တရာယ်ကင်းသွားတယ်။ ဒါပေမယ့် … - [ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီး ပြည်သူတစ်ချို့ပိတ်မိနေ](https://burmese.kachinnews.com/2023/01/24/az2-77/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးဖမ်းဆီးနှိပ်စက်ခံ‌နေရပြီး ဒေသခံပြည်သူအချို့လည်း ပိတ်မိနေသည်ဟု ဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦး ထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင်အချိန် စစ်အင်အား ၁၂၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းကြီးကျေးရွာအတွင်းသို့ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ချို့ထွက်ပြေးထွက်မြောက်ခဲ့သော်လည်း တစ်ချို့မှာ ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “မိုးမလင်းခင် ၅ နာရီလောက်မှာ ကျွန်းကြီးကုန်းရွာကိုဝင်တယ်။ အဲ့တာကိုဘယ်သူမှမသိလိုက်ကြဘူး ပြည်သူတွေကလည်း သူတို့လာမယ်မှန်းမသိတော့ အကုန်လုံးရွာထဲမှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း အနားယူနေကြတာ ခုကရုတ်တရက်ဝင်လာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးနဲ့ ပြည်သူတွေတော့ပိတ်မိနေတယ်”ဟုပြောသည်။ အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၃ ရက်‌ နေ့လည် ၁၁ နာရီဝန်းကျင်တွင် မန္တလေး မှ ထီးချိုင့်မြို့ဘက်သို့ ရေကြောင်းလမ်းဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ယခုလို ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာ‌ခြင်းဖြစ်သည်။ လက်ရှိတွင် ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ထိုဖမ်းဆီးခံထားရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ညှင်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း လွတ်မြောက်လာသူများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ ကျွန်းကြီးကျေးရွာကို စစ်အင်အားအများအပြားဖြင့် ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မည်သည့် လက်အောက်ခံတပ်ရင်များဖြစ်သည်ကို မသိရကြောင်း ဒေသခံများပြောဆိုသည်။ ကျွန်းကြီးကျေးရွာသည် ထီးချိုင့်မြို့၏တောင်ဘက်၁၀မိုင်အကွာ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိပြီး အိမ်ခြေ၄၀၀ခန့်ရှိသည့် ‌ကျေးရွာကြီးတစ်ခုဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ - [နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/01/24/az1-113/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ”သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ တေ့ပစ်သွားတာ လူငယ်နှစ်ယောက်က မမိလိုက်ဘူး ထွက်ပြေးသွားတယ်။ သူကအရင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်းပါ့ အခုတော့ ပျူစောထီးခေါင်းဆောင်ဟုတ်တယ် သေနတ်အတိုတောင် ကိုင်ထားတယ် အဲ့ကြောင့် သတ်ခံရတာ”ဟုပြောသည်။ အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။ နမ္မားတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် လက်ရှိ နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက စစ်ဆေးမေးမြန်းမှုပြုလုပ်နေသည်ဟု သိရသည်။ ”အခု နမ္မားမှာ အရမ်းခြေရှုပ်နေတယ် ဆိုင်တွေဝင်စစ် ရပ်ကွက် ထဲဝင်စစ် လုပ်နေတယ်။ နမ္မားကလူတွေကတော့ မနက် ၈ နာရီလောက်ကတည်းက ဆိုင်တွေပိတ်ထားကြတယ်ဗျ သူတို့ခြေရှုပ်နေလို့”ဟုဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် ပျူစောထီးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ သတ်ပစ်ခံရမှု ဖမ်းဆီးခံရမှု မကြာခနရှိနေဆဲဖြစ်သည်။ - [ကချင် စစ်ကိုင်းအစပ် မြို့နယ်များမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား (မေးမြန်းချက်)](https://burmese.kachinnews.com/2023/01/24/zm2-7/): တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန်စီစဉ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၉ ရက်ကစပြီး လူဦးရေသန်း‌ခေါင်စာရင်းကို စတင်‌ကောက်ခံ‌နေပြီဖြစ်ပါတယ်။ ယခုလို လူဦးရေသန်း‌ခေါင်စာရင်းကောက်ယူရမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းနဲ့ စစ်ကိုင်း–ကချင်အစပ်ဒေသတွေမှာတော့ စစ်တပ်လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်က ကျင်းပမယ့် ဒီရွေးကောက်ပွဲက တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ စစ်ကိုင်း– ကချင်အစပ်ဒေသမှာရော တကယ်ဖြစ်နိုင်လား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်‌ခြေအလားအလာ‌တွေကို ကသာ၊ ထီးချိုင့်၊ အင်းတော်နဲ့ ဗန်းမောက် ဒေသကတော်လှန်ရေးအင်အားစုတွေကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ ဗန်းမောက်မြို့နယ် Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦး “ကျနော်တို့ဗန်းမောက်မှာ ရွေးကောက်ပွဲကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်မယ်လို့ သူတို့ဘက်ကကြုံးဝါးထားတာတွေ ကြားရတယ်။ ဒါပေမဲ့ ဖြစ်ရင်တော်ကျနော်တို့ဆီမှာ မြို့ပေါ်ရပ်ကွက်၄ရပ်ကွက်ပဲဖြစ်မှာ တိတိကျကျပြောရရင် မြနန္ဒာရပ်ကွက်၊ မြို့မရပ်ကွက်၊ အောင်သာကုန်းရပ်ကွက်အဲ့ဒီရပ်ကွက်တွေလောက်ပဲ သူတို့ကဒီဘက်ရွာဘက်ကို လာပြီးစာရင်းကောက်နိုင်တဲ့ အနေအထားမရှိဘူး။ ကျနော်တို့ဗန်းမောက်မှာ ရွာပေါင်း၂၄၄ ရွာရှိတယ်။ ၂၀၀ကျော်လောက်က ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေတွေဖြစ်နေပြီ အဲ့ဒီရွာတွေမှာလည်း ကျနော်တို့ဘက်ကနေ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမူးတွေလည်းရှိနေပြီ အဲ့တာကြောင့်မို့ပြည်သူလူထုကလည်း သူတို့ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးမဟုတ်ရင်တော့ သူတို့လက်ခံမှာမဟုတ်ဘူး ကျနော်တစ်ဦးထဲအမြင်အရ အဖြူနဲ့အမည်းကွဲအောင်လို့တော့ လုပ်နိုင်ရင်လုပ်ပေါ့ ဒါပေမဲ့ ကျနော်တို့အဖွဲ့အစည်းတွေကတော့ ဒီတရားမျှတမူမရှိတဲ့ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့တားမဲ့အစီအစဥ်တွေရှိပါတယ်”ပြောပါတယ်။ ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး (ပကဖ) “ကျနော်တို့ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီဘက် မဲစာရင်းကောက်လို့ရတဲ့နေရာ၊ ကျနော်တို့လက်လှမ်းမမှီတဲ့ နေရာပေါ့ ၃နေရာပဲရှိတယ်။ ထီးချိုင့်မြို့ပေါ်ရယ်၊ မြတောင်ရွာရယ်၊ မောင်းကုန်းတိုက်နယ် အဲ့ဒီနေရာပေါ့ ကျန်တဲ့နေရာတွေကတော့ မဲစာရင်းကောက်တဲ့သူတောင်မရှိစေရဘူး ရှိလည်းမရှိနိုင်ဘူး သူတို့နဲ့နီးစပ်တဲ့ နေရာတွေလောက်ပဲ အဲ့ဒီသုံးနေရာကလွဲပြီးကျန်တဲ့ ဘယ်နေရာမှသူတို့မစိုးမိုးနိုင်ဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ထီးချုင့်မှာရွာအုပ်စုပေါင်း၃၁အုပ်စုရှိတယ်။ ကျနော်တို့က ၂၆အုပ်စု စိုးမိုးထားနိုင်ပြီ မြေပြင်မှာသူတို့အရင်ကလို မဲစာရင်းကောက်ဖို့ သူတို့ဘယ်လိုမှမဖန်တီးနိုင်ဘူး မဲပေးဖို့ သူတို့စည်းရုံးလာရင် စည်းရုံးတဲ့ပုံစံအလိုက် အရေးယူသွားဖို့လည်းရှိပါတယ်”ပြောပါတယ်။ ကသာမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး “စစ်ကောင်စီရဲ့ ကသာမြို့မှာမဲစာရင်းကောက်ယူမှုက မြို့ပေါ်မှာပဲသူတို့လှုပ်ရှားနိုင်တယ်။ ဒါတောင်မှ သူတို့က … - [မြစ်ကြီးနားမြို့တွင် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား စစ်ဆေးအရေးယူသွားရန် စစ်ကောင်စီပြင်ဆင်နေ](https://burmese.kachinnews.com/2023/01/24/zm1-36/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကိုင်းတိုင်း မှတ်ပုံတင်ဖြစ်သော ၅/ နှင့် မကွေးတိုင်း မှတ်ပုံတင် ၈/ ကိုင်ဆောင်ထားသူများကို စစ်ဆေးကာ မသင်္ကာသူများကို ဖမ်းဆီးအရေးယူသွားမည်ဟု တပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ဆေးမှုကိုလာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်နိုင်ရန် စီစဉ်နေသည်ဟု တပ်နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ “အဓိက စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်တဲ့သူနှင့် မကွေးတိုင်းမှတ်ပုံတင်ကိုင်တဲ့သူတွေ စစ်ဆေးဖို့ဆိုပြီး လုပ်နေကြတာ တော့ကြာပြီ။ နောက်လကစပြီး စစ်ဆေးတော့မှာတဲ့”ဟုတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လုပ်ငန်းစဉ်အနေဖြင့် ရပ်ကွက်အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် လိုက်လံ စစ်ဆေးမည်ဟု သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးမြို့ပေါ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးအား KNG သတင်းဌာနမှ မေးမြန်းရာ ယနေ့ချိန်ထိ ညွှန်ကြားလာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ခုလိုပြောသည်။ “ခုထိတော့ပြောလာတာ ညွှန်ကြားလာတာတော့မရှိသေးဘူး။ ဒါပေမယ့်ဖြစ်နိုင်တာကတော့ ညွှန်ကြားတာမရှိလည်း စစ်မယ့်ရက် တစ်ခါတည်း ဝင်စစ်တာမျိုးလည်းဖြစ်နိုင်တယ်”ဟုမြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူများထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ အများဆုံးပါဝင်နေသောကြောင့် ၎င်းတို့ကို စစ်ကောင်စီက အဓိကထား ရှာဖွေခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက KNG ကို သုံးသပ်ပြောဆိုသည်။ “တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ စစ်ကိုင်းနဲ့ မကွေးအဖွဲ့တွေက စစ်တပ်ကို တော်လှန်တာများတယ်လေ။ ဒါကြောင့် သူတို့ကို ဦးစားပေးပြီး မသင်္ကာတာလေ။ ဒီဘက် KIA တော်လှန်ရေးစစ်သားတွေကိုတောင် အဓိကမဟုတ်ဘူး။ စစ်တပ်က PDF တွေကို အဓိကထား စစ်ဆေးနေတာဟုတ်တယ်။” ဟု ပြောသည်။ စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့အတွင်းအပြင် ဆိုင်ကယ်၊ ကားများအား စစ်‌ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပြင် ၂၀၂၃ ခုနှစ် စစ်ကောင်စီတပ်မှ ကျင်းပမည့် ရွေးကောက်ပွဲအတွက်လည်း လူဦးရေသန်းခေါင်စာရင်းများကို စတင်ကောက်ခံနေပြီ ဖြစ်သည်။ - [အင်းတော် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက KIA ဟုပြောဆိုကာ ဝင်ရောက်တပ်စွဲနေ](https://burmese.kachinnews.com/2023/01/23/az3-18/): အင်းတော်မြို့နယ် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ကိုယ့်ကို KIA တပ်ဖြစ်ကြောင်း ပြောဆိုကာ ပြည်သူများ၏ ကြက်များကို သတ်ဖြတ် စားသောက်နေကြကြောင်း သိရသည်။ ထီးချိုင့်ဘက်မှ ဝင်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်ကာ မဲဇာအုပ်စု လယ်ဇင်းကျေးရွာသို့ ဝင်ရောက်တပ်စွဲထားသည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”စစ်ယူနီဖောင်းနဲ့ပဲဗျ အဲ့တာကိုသူတို့ကိုသူတို့ KIA စစ်သားတွေပါလို့ပြောပြီး ရွာသားတွေရဲ့ ကြက်တွေသတ်ခိုင်းပြီး ထမင်းတွေချက်ခိုင်း လုပ်နေတယ်တဲ့ ရွာသားတွေကသိတာပေါ့ စစ်သားမှန်းကြောက်လို့သာ လက်ခံကျွေးမွေးထားရတာတဲ့”ဟုပြောသည်။ စစ်ကောင်စီတပ်များ ဝင်ရောက်လာသောကြောင့် ကျေးရွာသား အချို့ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း ထွက်မပြေးပဲ ကျန်နေသည့်ဒေသခံများကို ကျေးရွာအပြင်မထွက်ခိုင်းပဲ အမျိုးသမီးများကို ထမင်း၊ဟင်း ချက်ပြုတ်ခိုင်းနေကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့က ထီးချိုင့်ဘက်မှ တက်လာသည့် စစ်ကြောင်းဖြစ်ပြီး ၂၁ ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာဘက်မှ သစ်ပုံလွင်ကျေးရွာဘက်သို့ ဆင်းလာစဥ် KIA ၊ PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်။ အင်းတော်တွင်လက်ရှိ လယ်ဇင်းကျေးရွာသို့ ရောက်နေသည့် အင်အား ၇၀ ပါစစ်ကြောင်းတစ်ကြောင်းနှင့် နဘားသို့ ရောက်နေသည့် အင်အား ၈၀ ပါစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်နေကြောင်းသိရသည်။ - [တဲကြီးတောကျေးရွာမှ ပျူစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/01/23/az2-76/): စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တဲကြီးတောကျေးရွာမှ ပျူစောထီးစခန်းတစ်ခုကို ဒေသကာကွယ်‌ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားအပါအဝင် ပျူစောထီး ၅ဦးသေဆုံးပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့ကြောင်း Dynamite Empire အဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ‌၂၂ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ရွှေဘိုမြို့အနောက်ခြမ်းရှိ ပျူစောထီးကျေးရွာအဖြစ် နာမည်ကြီးသော တဲကြီးတောကျေးရွာမှ ပျူစခန်းကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့က ရွာပတ်ပတ်လည်ကို ဘန်ကာတွေနဲ့ ကင်းတွေချထားတယ်။ အဲ့တာကို လက်နက်ကြီးတွေနဲ့အရင်ပစ်ခတ်တယ်။ ကျနော်တို့ဝင်စီးတဲ့အချိန် ဒီကောင်တွေက‌အရှုံးပေးပါပြီဆိုပြီးအော်ပြီးပြေးကြတာ။ အဲ့ဒီကင်းတွေနဲ့ သူတို့စခန်းတွေကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ် သူတို့ဘက်ကအင်အားက ၄၀ကျော်ရှိတယ်လို့ သိရတယ်။ ကျဆုံးတာက စစ်သား၁ယောက်၊ ပျူ၄ယောက်ကျတယ်လို့ သိရတယ်“ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာမြှင်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်မှလည်း ၃ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပျူကင်းတဲစခန်းများကို မီးရှို့ဖျက်ဆီးနေစဥ် စစ်ကောင်စီဘက်က စစ်ကားသုံးစီးဖြင့် စစ်အင်အားထပ်မံဖြည့်တင်းကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ တဲတောကြီးကျေးရွာသည် ရွှေဘိုမြို့အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ ရွှေဘိုမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် မောင်းနင်း သွားရသည့် ကျေးရွာ ဖြစ်သည်။ အဆိုပါ တဲတောကြီးကျေးရွာမှ ပျူစောထီးများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများကို အနိုင်ကျင့်နှိပ်စက်ကာ ပြည်သူပိုင်ဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းခိုးယူခြင်းများ မကြာခနပြုလုပ်နေသောကြောင့် ယခုလိုကာကွယ်ရေးတပ်များ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို Dynamite … - [ရွှေကူနယ်တွင် တစ်ရက်အတွင်း ၃ ကြိမ် လေကြောင်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ကျေးရွာ ၃ ရွာ မီးလောင်ပြာကျမှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2023/04/05/az3-27/): ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် အရှေ့ခြမ်းရှိသော ကျေးရွာများတစ်လျှောက်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်  မြေပြင်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ ၃ ရွာ မီးလောင်ပြာကျသွားပြီး ဒေသခံများအခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။ - [အင်းတော်တွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်](https://burmese.kachinnews.com/2023/04/05/az2-95/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် ဧပြီလ ၃ ရက်နေ့တွင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။ - [ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများကို ထပ်မံရွှေ့ပြောင်းစေရန်အတွက် ခြံစည်းရိုးကာရန်ခြင်းများ လုပ်ဆောင်နေ](https://burmese.kachinnews.com/2023/04/05/az1-166/): ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများ နေထိုင်သော တဲအိမ်များအား ရွှေ့ပြောင်းပေးစေရန်အတွက် ခြံစည်းရိုး (ဝါးထရံ) ကာခြင်း၊ အဆောက်အဦး ဆောက်လုပ်ရန်အတွက် သစ်များ လာရောက်စုပုံ နေရာချထားကြသည်ဟု ထိုနေရာတွင် နေထိုင်သူများကပြောသည်။ - [မီးဘေးသင့် ထီးချိုင့်ပြည်သူများအတွက် ဆေးဝါးနှင့် အရေးပေါ်အကူညီများလိုအပ်နေ](https://burmese.kachinnews.com/2023/04/05/sm1-79/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ညောင်ပင်သာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဆေးဝါးနှင့် အခြားအကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ - [သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရေးဇတ်လမ်းတို ပြိုင်ပွဲအတွက် ဖိတ်ခေါ်](https://burmese.kachinnews.com/2023/04/05/ld-14/): သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ပညာပေးဇတ်လမ်းတို ပြိုင်ပွဲအစီအစဉ် ပြန်လည်ပြုလုပ်မယ်လို့ World Kachin Congress (WKC) က မတ်လ ၂၄ ရက်နေ့မှာ ကြေညာထားပါတယ်။ ‘Asak Lamu Ga’ (ကမ္ဘာမြေ အသက်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဇတ်လမ်းတို ပြိုင်ပွဲကို ဇွန်လ ၅ ရက်နေ့ ကျရောက်မယ့် ‘World Environment Day’ မှာ ဆုရရှိသူတွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ WKC လူငယ်တာဝန်ခံ ကိုထွယ့်လာ က ပြောပါတယ်။ “ခါတိုင်း မိုးမရွာတဲ့အချိန် မိုးတွေရွာတယ်၊ မပြိုသင့်တဲ့ တောင်တွေ၊ မြေတွေ ပြိုလာတယ်။ ဒီလို သဘာ၀ဘေးဒဏ်အမျိုးမျိုး ကြုံတွေ့ ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေကြီးကို ဒီထက်ပိုပြီး ရှင်သန်တည်မြဲ လှပနေဖို့ဘယ်လို တာဝန်ယူ ဖြေရှင်းပြီး ဘယ်လိုအသုံးချရမလဲဆိုတဲ့ဘက်ကို ပြန်ပြီး အမြင်ဖွင့်ပေးတဲ့သဘော၊ အသိပညာတွေကို ဝေမျှပေးချင်တယ်၊ ရောက်ရှိစေချင်တဲ့အတွက် ဒီ ပညာပေးဗီဒီယိုပြိုင်ပွဲကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ယခုဇတ်လမ်းတို ပြိုင်ပွဲမှာ နိုင်ငံအသီးသီးမှ အသက်အပိုင်းအခြားမရှိဘဲ စိတ်ဝင်စားတဲ့ ကချင်ပြည်သူတွေအကုန်လုံး ပါဝင်နိုင်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်မှစပြီး ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပညာပေးဇတ်လမ်းတို ပြိုင်ပွဲအတွက် ယခုနှစ်လည်း ပထမဆုအတွက် အမေရိကန် ဒေါ်လာ (၁၀၀၀)၊ ဒုတိယဆုအတွက် ဒေါ်လာ (၈၀၀) နဲ့ တတိယဆုအတွက် ဒေါ်လာ (၆၀၀) ချီးမြင့်သွားဖို့ ရှိတယ်လို့ သိရတယ်။ - [ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အရပ်သားများကို ဖမ်ဆီးပြီး ငွေကြေး သိန်းဂဏန်းရရှိနေ](https://burmese.kachinnews.com/2023/04/05/yl1-68/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်က စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီး ရိုက်နက်ပြီးတော့ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကန့်ဘလူတွင် နှစ်ရက်အတွင်း ကျေးရွာ ၃ ရွာမီးရှို့ခံရ](https://burmese.kachinnews.com/2023/04/04/sm1-78/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များက နှစ်ရက်အတွင်း ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့ကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ - [အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ](https://burmese.kachinnews.com/2023/04/04/az1-165/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်ဖမ်းဆီးထားသော ဒေသခံတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။ - [ဟူးကောင်းချိုင့်ဝှမ်းဒေသ မြေယာအရေးလှုပ်ရှားသူ ဦးလရှီးအောင်လတ် ကွယ်လွန်](https://burmese.kachinnews.com/2023/04/04/yl1-67/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယခင် ယုဇနကုမ္ပဏီ သိမ်းယူခဲ့သော လယ်ယာမြေများကို ပြန်လည်ရရှိအောင် ၁၀ စုနှစ် တစ်ခုကြာ ကြိုးပမ်းကာကွယ်ခဲ့သူ ဦးလရှီးအောင်လတ် (Slg.Lashi Awng Lat) သည် ယနေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဟု သိရသည်။ - [ကျောက်စိမ်းလုပ်ကွက်အတွင်း စစ်ကြောင်းဝင်ရောက်ပြီး ဘက်ဟိုးယာဉ်အချို့ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/04/04/az1-164/): ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်များတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး ဘတ်ဖိုးယာဥ်အချို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။ - [ထီးချိုင့်တွင် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တိုက်ပွဲ ဆက်လက်ဖြစ်ပွား](https://burmese.kachinnews.com/2023/04/03/sm1-77/): စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူး‌ပေါင်းတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ - [မော်လူးကျေးရွာတွင် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ် အများအပြားပျက်စီး](https://burmese.kachinnews.com/2023/04/03/az1-163/): အင်းတော်မြို့နယ် မော်လူးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ - [ရွှေကူမြို့နယ် ကျေးရွာတစ်ရွာကို KIA၊ PDF တပ်ဖွဲ့များ  မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2023/04/02/f-12/): ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူလေးကျေးရွာကို KIA၊ PDF တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှားကို စစ်ထောက်တပ်ခံသူများ၏ ဖေ့စ်ဘုတ်အကောင့်နှင့် တယ်လီဂရန်ချန်နယ်များတွင် အသီးသီးရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ ဒီသတင်းအမှားကို စစ်ကောင်စီထောက်ခံသည့်  ‘Ko Thet’ ဆိုသည့် တယ်လီဂရန်ချန်နယ်တွင် မတ်လ (၃၀) ရက်နေ့ ညနေပိုင်း ၂ နာရီခွဲအချိန်တွင် စတင်ရေးသားဖြန့်ဝေထားသည်ကို တွေ့ရပြီး ‘Kachin Daily News’ ‘Thit Lwin’ ‘Myanma Today’ စသည့် အခြားတယ်လီဂရန်ချန်နယ်များတွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။ ‘Ko Thet’ တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားသောအကြောင်းအရာမှာ “ယနေ့ မနက်ပိုင်းမှာ KIA/PDF များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီမူလေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်းသိရှိရ” ဟု ဖော်ပြထားသည်။ ထို့အပြင် ‘KhinNyo Chaw, Oo Sitt, Htet Aung, စစ်ဘီဘူး’ စသည့်ဖေ့စ်ဘုတ်အကောင့်များတွင်လည်း “မတ်လ ၂၉ ရက် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စကစတပ်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် စီမူလေးကျေးရွာ အနောက်ဘက်သို့အရောက် နေရာ ၂ နေရာမှ  KIA၊ PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်က စတင်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA၊ PDFများ ရွာ အနောက်ဘက်နှင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ဆုတ်ခွာထွက်ပြေးစဉ်စီမူလေးကျေးရွာရှိ နေအိမ် ၈၀ လုံးအနက်မှ ၁၅ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်” ဟု ရေးသားထားသည်။ သို့သော် အထက်ဖော်ပြပါ အချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်သည်ကို တွေ့ရသည်။ … - [ထီးချိုင့်တွင် စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ၃ ဦး သေဆုံး](https://burmese.kachinnews.com/2023/04/01/sm1-76/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာထဲနှင့် ဦးလာဘဘုရားအနီးကို စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦး သေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိမှန် ပျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ - [ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် (ဧပြီလ ၁ ရက်)](https://burmese.kachinnews.com/2023/04/01/april-1-ethnic-language-tv/) - [ကားမိုင်းတွင် ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်](https://burmese.kachinnews.com/2023/03/31/az1-162/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အဝင် ယခင် စစ်တပ်ဂိတ်ရှိသည့်နေရာတွင်  စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်သားများက ဖားကန့်တက်လာသည့် ကုန်ကားသမားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သိရသည်။ - [ရွှေကူနယ်ရှိ ကျေးရွာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် မီးလောင်းပြာကျ](https://burmese.kachinnews.com/2023/03/30/az2-94/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း  လက်ရှိ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် ကျေးရွာ ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ထပ်မံ လာရောက်ဗုံးကျဲတိုက်ခဲ့ကြောင့် ကျေးရွာ ၂ ခုမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ - [ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ မောင်းထုတ်ခံရပြီး ပြည်သူ ၄၀ ကျော်ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/03/30/az1-161/): ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ရေးတင်းမာနေမှုကြောင့် ရွှေကူမြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် ကျေးရွာနေပြည်သူများအား စစ်ကောင်စီအဖွဲ့က နေရပ်ပြန်ကြရန် မောင်းထုတ်နေပြီး ၄၀ ဦးထက်မနည်းလည်း ဖမ်းဆီးသွားကြောင်းသိရသည်။ - [ရွှေကူ စီမူလေးရွာအနီးတိုက်ပွဲဖြစ်၊ အရပ်သား ၃၀ ကျော်လည်းဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/03/29/az1-160/): ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူလေးကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နန့်လန်ကျေးရွာ မှ အရပ်သား ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။ - [ရွှေကူနယ်တွင် စစ်ရေးတင်းမာလျက်ရှိနေပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခံထားရ](https://burmese.kachinnews.com/2023/03/28/az1-159/): စစ်ရေးတင်းမာမှုရှိနေသည့် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှသိရသည်။ - [တစ်ကျော့ပြန် ခြိမ်းခြောက်လာတဲ့ မူးယစ်ဆေးဝါးအန္တရာယ်](https://burmese.kachinnews.com/2023/03/28/sm-feature/): လူအသွားအလာ နည်းပါးတဲ့အတွက် ဒူးလောက်အမြင့်ရှိတဲ့ ချုံနွယ်ပိတ်ပေါင်းတွေက ထူထပ်လို့နေပြီး ဆိုင်ကယ်တစ်စီးစာမျှသာ ဝင်လို့ရတဲ့ လမ်းကြားကလေးထဲမှာ လူတစ်စု ထိုင်နေကြပါတယ်။ - [အရပ်သား ၉ ဦးသတ်ဖြတ်ခံရသောဖြစ်စဉ် အမှုမှန်ဆောင်ရွက်ရေးအတွက် ကြန့်ကြာမှု ရှိနေဆဲ](https://burmese.kachinnews.com/2023/03/28/yl1-66/): ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်  လဝါးကျေးရွာအုပ်စု မဂေါင်းတောင် (Magawng Tawng) ကျေးရွာတွင် အရပ်သား ပြည်သူ ၉ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် KIO/KIA သည် အမှုကျူးလွန်သူများနှင့် ဆက်စပ်နေသူတချို့ကို အရေးယူမှုမပြုဘဲ အမှုကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု အမှုမှန်ပေါ်ပေါက်ရေး လူထုကော်မတီ(Mung Shawa Lamtam Commitee)ဆောင်ရွက်နေသူများက ပြောဆိုသည်။ - [ပူတာအိုမြို့အနီး စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ](https://burmese.kachinnews.com/2023/03/28/ld1-23/): ပူတာအို ၊ ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့သည် ၂ ပတ်ကျော်ကြာ တပ်စွဲနေထိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်သော ဒေသခံများသည် ကတုတ်ကျင်းများ တူးထားကြောင်းသိရသည်။ - [စရဖ အရာရှိတစ်ဦးကို မိုးညှင်း KPDF အဖွဲ့ ပစ်ခတ်ရှင်းလင်းကြောင်း ထုတ်ပြန်](https://burmese.kachinnews.com/2023/03/27/az3-26/): ကချင်ပြည်နယ် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ - [ဖားကန့် တွင် ဒုရဲအုပ်တစ်ဦးနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2023/03/27/az2-93/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့  ညနေ ၄ နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ - [ရွှေကူနယ်တွင် စစ်ရေးတင်းလျက်ရှိပြီး ကျေးရွာ ၈ ခုပြည်သူများ တိမ်းရှောင်နေရဆဲဟုဆို](https://burmese.kachinnews.com/2023/03/27/az1-158/): ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ ၈ ခုမှ ဒေသခံပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ - [ရွှေကူတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/03/25/az1-157/): ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများရှိသည့်နေရာဘက်တွင် ယနေ့ မွန်းလွှဲ ၃ နာရီခွဲအချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောသည်။ - [ရွှေကူမြို့နယ် ၂ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2023/03/24/az1-156/): ကချင်ပြည််နယ်၊ ​ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ - [ရွှေကူနယ်တွင် စစ်ကြောင်းဝင်ရောက်ထိုးနေသဖြင့် ရွာသားတစ်ချို့ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/03/23/az4-7/): ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးတဝိုက်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ကျေးရွာနေပြည်သူတစ်ချို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ - [ဖတ်မာကျေးရွာ လူနေအိမ်များတွင် စစ်သားများတပ်စွဲနေ၊ ခရီးသွားကားများကိုလည်း စစ်ဆေး](https://burmese.kachinnews.com/2023/03/23/az3-25/): ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ (Hpak Ma Mare) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ကျေးရွာအတွင်း လူနေအိမ်များ နှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။ - [အခွန်ကောက်ခံသည့်ဂိတ် များလာသောကြောင့် ဆော့လော်ဒေသခံများ အစားအသောက် အခက်ကြုံ](https://burmese.kachinnews.com/2023/03/23/sm1-75/): ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်ကောက်ခံသည့် ဂိတ်ပိုမိုများလာသောကြောင့် ဆော့လော်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်လာသည့် အခက်အခဲကို ဒေသခံများ ရင်ဆိုင်နေရကြောင်း သိရသည်။ - [မာန်ဟဲတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို ဖမ်းဆီးပိတ်ဆို့နေ](https://burmese.kachinnews.com/2023/03/23/az2-92/): စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ် မာန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသသတင်းအရင်းအမြစ်များပြောသည်။ - [စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်တွင် မီးရှို့ခံရသည့် အိမ် ခြေ ၄၀၀ ကျော်အထိရှိပြီး ဖားကန့်မြို့နယ်မှ အများဆုံးပါဝင်](https://burmese.kachinnews.com/2023/03/23/az1-155/): စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၄၀၀ ကျော်အထိ ရှိလာပြီး အများဆုံးမှာ ဖားကန့်မြို့နယ်ထဲမှ ဖြစ်ကြောင်းသိရသည်။ - [အင်းတော်-ကသာ လမ်းပိုင်းတွင် စစ်ကောင်စီတပ် ရိက္ခာယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2023/03/22/az2-91/): ကသာမြို့နယ် မှ အင်းတော်မြို့နယ်သို့ ရိက္ခာပို့ဆောင်သော စစ်ကောင်စီတပ်၏ ယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရသဖြင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း အင်းတော်ကာကွယ်ရေးတပ် မှ ပြောသည်။ - [ပူတာအိုအနီး စစ်ရေးတင်းမာနေပြီး ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကို ဒေသခံများစိုးရိမ်နေ](https://burmese.kachinnews.com/2023/03/22/yl1-65/): ပူတာအိုမြို့ အနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ တို့ကြား စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲပြင်းထန်ကာ ထပ်မံ ထွက်ပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ - [ဖမ်းဆီးခံရသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ နာရီပိုင်းအတွင်း ပြန်လည်လွှတ်မြောက်](https://burmese.kachinnews.com/2023/03/22/ab1-2/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်ဖေ သည် ဖမ်းဆီးခံရပြီးနောက် ၂ နာရီအကြာတွင် ပြန်လည်လွှတ်မြောက်လာကြောင်း ဒေသခံများမှ သိရသည်။ - [လုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ](https://burmese.kachinnews.com/2023/03/22/hpakant/): “လုံတော့ မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှ မလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေခံစားနေရတာပေါ့ မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့” ဒါကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသ ရှရော်ခ (Sharaw Hka) ကျေးရွာမှာနေတဲ့ ကျောက်တူး သမားလေးတစ်ယောက်ရဲ့ ပြောစကားဖြစ်ပါတယ်။ သူ့ရဲ့အမည်နာမကို လုံခြုံရေးကြောင့်ဆိုပြီး KNG မှာ မဖော်ပြပေးဖို့ တောင်းဆိုထားပါတယ်။ - [ငွေပျော်စံပြကျေးရွာ နေအိမ် ၂ လုံးမီးလောင်ကာ သက်ကြီးရွယ်အိုတစ်ဦး မီးလောင်ဒဏ်ရာရ](https://burmese.kachinnews.com/2023/03/22/%e1%80%84%e1%80%bd%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%b6%e1%80%95%e1%80%bc%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac-%e1%80%94%e1%80%b1%e1%80%a1/): မြစ်ကြီးနား ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် ယမန်နေ့ညက နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားပြီး အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ကျောကုန်းတစ်ခြမ်း မီးလောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ - [မြေရှားတူးဖော်ရေး လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ သွားရောက် ဖျက်ဆီး](https://burmese.kachinnews.com/2023/03/21/%e1%80%99%e1%80%bc%e1%80%b1%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%90%e1%80%b0%e1%80%b8%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84/): ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ မြေရှားတူးဖော်ရေး လုပ်ငန်းရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ ယနေ့ သွားရောက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။ အင်ဘာပါနှင့် ဒိန်ဆင်းပါဒေသတွင် မြေရှားတူးဖော်နေသော တရုတ်ကုမ္မဏီများကို အပြီးထွက်ခွာသွားရန် မတ်လ ၂၁ ရက် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေသခံပြည်သူ အင်အား ၉၀၀ ခန့် သွားရောက်ဆန္ဒပြတောင်းဆိုခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် မိုးကာတဲများကို ဖျက်စီးခဲ့ကြောင်း မြေရှားတူးဖော်ရေး ကန့်ကွက်ကော်မတီ အဖွဲ့ဝင်တစ်ဦးက KNG ကို ပြောသည်။ “မြေရှားတူးဖို့ ပြင်ဆင်နေတဲ့ တရုတ်ကုမ္မဏီတွေ လုပ်ငန်းပိတ်သိမ်းပြီး အပြီးထွက်သွားဖို့၊ အဲ့မှာရှိနေတဲ့ လုပ်ငန်းရှင်တွေ နဲ့ လုံခြုံရေးအစောင့်ဝန်ထမ်းတွေ အားလုံး ပြန်သွားဖို့ သဘောတူမှုယူတယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ နေချင်လို့နေနေတာ မဟုတ်ဘူး။ KIO အစိုးရအမိန့်နဲ့ ရှိနေတာဆိုပြီး သဘောမတူဘူး။ ကျနော်တို့အားလုံး ညနေ ၆ နာရီလောက်ထိ စောင့်တယ်။ ဒါပေမဲ့ သဘောတူမှုမပေးလို့ လုပ်ငန်းခွင်အားလုံး ဖျက်ဆီးလိုက်ကြပြီး ပြန်လာကြတယ်။” ဟု မြေရှားတူးဖော်မှု ကန့်ကွက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦး KNG သတင်းဌာန ကို ပြောသည်။ လုပ်ငန်းခွင်တာဝန်ရှိသူများနှင့် ဒေသခံများ ညနေမိုးချူပ်ခါနီးအထိ စိတ်ရှည်စွာ ညှိနှိုင်းခဲ့သော်လည်း တိကျသောအဖြေမပေးသဖြင့် ယခုလို ဖျက်စီးပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အင်ဘာပါဒေသတွင် မြေရှားတူးဖော်ရန် စီစဉ်နေမှုကို ဖေဖော်ဝါရီလနောက်ဆုံးထား လုပ်ငန်းပိတ်သိမ်းပေးရန် ဒေသခံများသည် KIO အစိုးရအဆင့်အဆင့်သို့ စာဖြင့်သော်လည်းကောင်း၊ တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့်လည်းကောင်း … - [ကွတ်ခိုင် စစ်ရှောင်များကို နာမည်ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီ ပြောဆို](https://burmese.kachinnews.com/2023/03/21/ld1-22/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ရှောင်စခန်း ၇ ခုအား စစ်ရှောင်စခန်းနာမည် ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီအဖွဲ့ဝင်များက စစ်ရှောင်များကို ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။ - [ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်](https://burmese.kachinnews.com/2023/03/21/az1-154/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။ - [လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ](https://burmese.kachinnews.com/2023/03/20/zm1-54/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ - [ပူတာအိုဒေသတွင် ကြိမ်ခုတ်ယူ ရောင်းဝယ်မှုပြန်လည်ရှိလာ](https://burmese.kachinnews.com/2023/03/20/yl1-64/): ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုဒေသရှိ ကျေးရွာများတွင် ယခုနောက်ပိုင်း ကြိမ် အလွန်အကျွံ ခုတ်ယူကာ တရုတ်နိုင်ငံသို့ ရောင်းချမှုများ ပြန်လည်တွေ့မြင်လာရသည်ဟု ဒေသခံများ ပြောသည်။ - [အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ](https://burmese.kachinnews.com/2023/03/20/az1-153/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ - [မီးလောင်သွားသော ဂျေယန့်စစ်ရှောင်စခန်းမှ အိမ်ခြေ ၃၆ ခုအတွက် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/03/20/bb1-7/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ ဂျေယန့် (Jeyang) စစ်ရှောင်စခန်းမီးလောင်မှုတွင် ပါသွားသော နေအိမ်များအတွက် ပြည်လည်ထူထောင်ရေး ခက်ခဲမှုရှိနေသည်ဟု သိရသည်။ - [ဖားကန့်တွင် KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိလာခြင်း (အင်တာဗျူး)](https://burmese.kachinnews.com/2023/03/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-kia-%e1%80%90%e1%80%95%e1%80%ba%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%9d%e1%80%84%e1%80%ba/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်သည် ရပ်ကွက် ၊ ကျေးရွာများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု သံသယရှိသူများအား အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေပြီး ထိုဖမ်းဆီးခံရသူများတွင် KIA တပ်ဖွဲ့ဝင်များပါ ဆက်တိုက်ပါဝင်လာခဲ့သည်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရသည့်ဖြစ်စဉ်တွင် အရပ်သားပြည်သူ ၃၂၀ ကျော်ထိရှိလာပြီး ပြန်လွှတ်လာသူဦးရေမှာ ၁၆၀ ဝန်းကျင်သာရှိသောကြောင့် အများစုမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။ အဆိုပါဖမ်းဆီးခံရမှုဖြစ်စဉ်များအနက် မတ်လ ၁၁ ရက်နေ့ ဖားပြင်ကျေးရွာ ရိုးရာယဉ်ကျေးမှုရုံး၌ အစည်းအဝေးကျင်းပနေစဉ် ဖမ်းဆီးခံလိုက်ရသည့်  KIA အရာရှိများအပါအဝင် အရပ်သားပြည်သူ  ၉ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးကို ကချင်သတင်းဌာန KNG ကမေးမြန်းထားသည်။ မေး။ လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆရာသိသလောက်ပြောပြပေးပါ။ ဖြေ။ ဘယ်လိုသတင်းပေါက်ကြားသွားလဲ မသိဘူး၊ ဘေးပတ်ဝန်းကျင်မှာလည်း လုံခြုံရေးမယူထားကြဘူးထင်တယ်။ အရပ်ဝတ်နဲ့ ကားနဲ့တစ်ခါတည်းဝင်လာပြီး သေနတ်ဖောက်ပြီး ဝင်ဖမ်းတယ်။ အဲဒီလို ဖြစ်သွားတယ်။ အစတော့ အဲဒီမှာ စုဝေးနေတာက များတယ်ထင်တယ် တစ်ချို့က လွတ်သွားတဲ့သူတွေလည်းရှိတယ် ထင်တယ်။” မေး။ ဒီနေရာက စစ်တပ်နဲ့နီးသလား။ ခါတိုင်းလည်း ဒီလိုပဲ ဖမ်းခံရတာမျိုးရှိလား။ ဘာကြောင့်ဖမ်းခံရတယ်လို့ မြင်သလဲ။ ဖြေ။ ကျွန်တော်တို့ ဖားကန့်က ရှုပ်ထွေးနေတဲ့အချိန်ဖြစ်နေတယ်လို့ မြင်တယ်။ နှစ်ဖက်စစ်ရေးလှုပ်ရှားတဲ့အခြေအနေတွေ၊ လူတွေလွတ်ထားတာ၊ သတင်းပို့တာမျိုး။ စကစဘက်ကလူတွေ သတင်းပို့လို့ အခုလိုဖြစ်တာ ဟုတ်တယ်။ KIA ဘက်က အများပိုင်း လှုပ်ရှားတဲ့နေရာဖြစ်တယ်။ စစ်တပ်နဲ့လည်း ဝေးတဲ့နေရာဖြစ်တယ်။ မေး။ နောက်ပိုင်း KIA အရာရှိတွေ လှုပ်ရှားတိုင်း ခဏခဏဖမ်းခံရတဲ့အပေါ် ဘာကြောင့် ခဏခဏအခုလိုဖမ်းခံရတာလဲ။ ဘယ်လိုအားနည်းချက်တွေရှိနေလဲဆိုတာ ဆရာ့အမြင်ကို … - [ဖမ်းဆီးခံသွားရသည့် ဂေါပကဥက္ကဋ္ဌ အဆက်အသွယ်မရသေး](https://burmese.kachinnews.com/2023/03/20/%e1%80%96%e1%80%99%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%b6%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%82%e1%80%b1%e1%80%ab%e1%80%95/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာအုပ်စု ကျောက်သွေးတောင်ရှိ ခန္တီးရာမ ကျောင်းတိုက် ဂေါပကဥက္ကဋ္ဌအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခံသွားရပြီးနောက် ယနေ့ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် သတင်းဆက်အသွယ် မရဖြစ်နေကြောင်း ဒေသခံများမှ သိရသည်။ ခန္တာရာမကျောက်တိုက်မှ ဂေါပက္ကဥက္ကဌဦးတင်ဌေး အသက် ၅၀ ဝန်းကျင်သည် မတ်လ ၁၈ ရက်နေ့က ညပိုင်းတွင် နေအိမ်တွင်ရှိနေစဉ် အမည်မသိလက်နက်ကိုင်ထားသည့် အရပ်ဝတ် ၅ ဦးသည် အိမ်းစီးကားတစ်စီးဖြင့်ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “အဖမ်းခံရတာတော့ဟုတ်တယ် ဒါပေမယ့်ဘယ်သူဘယ်ဝါဖမ်းသွားသလဲတော့မသိရဘူးဖြစ်နေတယ်။ ဒီနေ့ထိ တော့ပြန်လွတ်လာတယ် မကြားရသေးဘူး။ အတည်ပြုလို့တော့မရဘူး” ဟု ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ ဂေါပကဥက္ကဋ္ဌ ဦးတင်ဌေးဖမ်းခံရမှုသည် စစ်ကောင်စီကဖမ်းဆီးသွားသည်ဟု ဒေသခံအချို့ သုံးသပ်ကြသော်လည်း KNG အတည် အတည်ပြုနေဆဲ ဖြစ်သည်။ စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ယခုနောက်ပိုင်း အရပ်ဝတ်၊ အိမ်စီးကားများ အသုံးပြုကာ အရပ်သားပြည်သူများကို ဖမ်းဆီးမှု ခပ်စိပ်စိပ်ပြုလုပ်လာသည် “ဒီနှစ်ထဲမှာ ပိုဆိုးလာတယ် နေ့ရောညရော မလုံခြုံဘူး။ ခနနဝင်ဖမ်းတာ ပစ်ခံရတာတွေလည်းရှိနေတော့လေ သွားရေးလာရေးက အရမ်းခက်ခဲလာတယ်။ ကျနော်တို့ဖားကန့်မှာက တစ်ယောက် နှစ်ယောက်လောက်ပျောက်သွားတာ ဖမ်းခံရတာတွေက အစရှာလို့မရအောင်ဖြစ်သွားတဲ့ ဖြစ်စဉ်တွေလည်း အများကြီးဘဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖားကန့်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အခြားဒေသမှ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများလာပြီး စစ်ကောင်စီတပ်မှလည်း စစ်အင်အား ပိုမို တိုးချဲ့ထားသော မြို့လည်း ဖြစ်သည်။ ယခု မတ်လအတွင်း ကျေးရွာအလိုက် စစ်ကောင်စီတပ်မှ အစုလိုက်အပြုံလိုက်ဖမ်းဆီးထားသော ပြည်သူဦးရေ ၃၂၀ ဝန်းကျင်အထိ ရှိလာပြီ … - [တရုတ်ဖိအားကြောင့် FPNCC အဖွဲ့ဝင်များ စစ်ကောင်စီနှင့် တွေ့ဆုံမှု လုပ်လာမလား](https://burmese.kachinnews.com/2023/03/20/fpncc/): ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပခဲ့သော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံကြောင်း FPNCC မှ သဘောထားထုတ်ပြန်ခဲ့သည်။ အမေရိကန်အစိုးရဘက်မှ Burma Act ကိုအတည်ပြုလိုက်ပြီးနောက် တရုတ်အစိုးရအထူးကိုယ်စားလှယ်မှ  စစ်ကောင်စီနှင့်အတူ မြောက်ပိုင်းတော်လှန်ရေးအဖွဲ့များကို တွေ့ဆုံခဲ့ပြီးနောက် မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ တွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ယခုလို သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းမှုများကြောင့် စစ်ကောင်စီတပ် နှင့် FPNCC တို့ကြား တွေ့ဆုံမှု ရှိလာနိုင်ကြောင်း ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက KNG ကို ပြောဆိုသည်။ “FPNCC နဲ့ တရုတ်က ယူနန်မှာတွေ့မယ် အဲမှာတော့ စစ်ကောင်စီနဲ့ ဘယ်လိုဆက်လုပ်မလဲ ဆွေးနွေးမည့်သဘောရှိတယ်။ ဒီလိုနဲ့ မကြာခင်မှာ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့လာနိုင်တယ်။ FPNCC ဘက်ကလည်း တရုတ်ညှိနှိုင်းပေးနေတာ ဖြစ်တဲ့အတွက် တွေ့ဖို့ရှိလာနိုင်ပေမယ့် ဘယ်လိုအဖြေရှာမလဲဆိုတာကတော့ သဘောတူဖို့ အချိန်တိုအတွင်း ပြောဖို့ခက်တယ်။” နှစ်ရက်ကြာကျင်းပခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ဆောက် အကောင်ထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်းအားအစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုလို FPNCC ၏ ထုတ်ပြန်ချက်အပေါ် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ယခုလို ထပ်မံ သုံးသပ် ပြောဆိုသည်။ “ FPNCC ရဲ့ထုတ်ပြန်ချက် နံပါတ် ၄ မှာကြည့်ရင် … - [တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း](https://burmese.kachinnews.com/2023/03/19/zm1-53/): ဖားကန့် လုံးခင်းကျေးရွာအနီး သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)နှင့် ဆက်စပ်နေသည့် ကားကြီးကွင်းဘေးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နေအိမ် သုံးဆယ်ကျော်လောက်တော့ ဖျက်ပြီးသွားပြီ၊ထပ်ပြီးဖျက်ဖို့လည်း လုပ်နေကြတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။   ဖျက်ဆီးခံရတဲ့ နေအိမ်များမှ ပြည်သူတွေဟာ ၎င်းတို့ပိုင် ပစ္စည်းများကို သုံးဘီးဆိုင်ကယ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေကလည်း အခုလိုပြောပြပါတယ်။   “အဲ့ဒီနေရာရောက်မဲ့ ကိုက် ၂၀၀ လောက်ကနေ၊ကြိုးတားပြီး ဘယ်သူမှ ဝင်လို့မရဘူး၊ဖျက်ထားတဲ့အိမ်တွေကတော့ လိုအပ်တာယူပြီး ရွှေ့ခိုင်းနေတာကို တွေ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောပါတယ်။   အဲ့ဒီနေရာမှာ ယခုသတင်းရေးသားနေသည့် ညနေ ၅း၃၀ အချိန်အထိ စကစ တပ်ဖွဲ့ဝင် တစ်ရာကျော် ရောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။   ကချင်သတင်းဌာန KNG အနေနဲ့ နေအိမ်ရွှေ့ပြောင်းရသူတွေကို တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။   ယနေ့ဖျက်ဆီးရွှေ့ပြောင်းခံရသည့် ငြိမ်းချမ်းသာယာကျေးရွာ ကားကြီးကွင်းဘေးရှိ နေရာသည် နေအိမ်ခုနှစ်ဆယ်ကျော်ရှိပြီး၊ဆယ်နှစ်ကျော် နေထိုင်ခဲ့ကြကြောင်း ကျေးရွာဒေသခံတွေဆီက သိရပါတယ်။   ဖားကန့်မြို့၊လုံးခင်းကျေးရွာအနီး သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီးတွင် တပ်စွဲထားသည့် စကစ တပ်ဖွဲ့ဝင်များနှင့် KIA+PDF တို့ ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံး၍၊သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။   - [လုံးခင်း တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူ ၆ ဦးအပြင် ဒဏ်ရ ရရှိသူ ၂ ဦးရှိ](https://burmese.kachinnews.com/2023/03/19/az1-152/): ဖားကန့်မြို့ လုံးခင်းကျေးရွာအနီးရှိ သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA,PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၆ ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများမှ သိရသည်။ - [လုံးခင်းကျေးရွာအနီး တိုက်ပွဲတွင် ရဲ ၃ ဦးနှင့်အရပ်သား ၆ ဦး သေဆုံး](https://burmese.kachinnews.com/2023/03/19/zm1-52/): ဖားကန့်မြို့ လုံးခင်းကျေးရွာအနီးရှိ သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA,PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ရဲ ၃ ဦးနှင့် အရပ်သားပြည်သူ ၆ ဦး စုစုပေါင်း ၉ ဦးသေဆုံးကြောင်း ဒေသခံများမှ သိရသည်။ - [ဖားကန့်တွင် ကွန်ပျူတာသင်ကြားပေးမည့်စင်တာ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2023/03/18/yl1-63/): ဖားကန့်မြို့ မှော်စီဆာရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ ကွန်ပျူတာသင်ကြားရေး အလုပ်ရုံ စင်တာ (Computer Learning Center) တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် သွားရောက်ဖျက်ဆီးလိုက်သည်။ - [ဖားကန့်ဒေသ အမျိုးသမီး နှင့် လူငယ်များ ကွန်ပျူတာလေ့လာသင်ယူနိုင်မည့် အလုပ်ရုံစင်တာ ဖွင့်လှစ်](https://burmese.kachinnews.com/2023/03/17/yl1-62/): ဖားကန့်မြို့ မှော်စီဆာကျေးရွာတွင် ဒေသတွင်း အမျိုးသမီများ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေ့လာသင်ယူနိုင်သည့် ကွန်ပျူတာစင်တာ (Computer Learning Center) တစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ - [ဖားကန့် ဆိုင်းတောင်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/03/17/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba/): ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ - [အင်းတော်မှာ စစ်အင်အား ၅၀၀ ခန့်ဖြင့် ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်နေ](https://burmese.kachinnews.com/2023/03/17/%e1%80%a1%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%ba/): ကချင် စစ်ကိုင်းနယ်စပ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်တော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဝိုင်းမော် ကဇူး ဒေသခံများ နေရပ်ပြန်ပြီ](https://burmese.kachinnews.com/2023/03/15/ld1-21/): မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကဇူး(Katsu) ကျေးရွာဒေသခံစစ်ရှောင်များ မတ်လ ၁၄ ရက်နေ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဟု သိရသည်။ - [ဖားကန့်တွင် ပြည်သူ ၆ ဦး ထပ်မံ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/03/15/az1-151/): ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု သောင်းချိုရပ်ကွက်တွင် ယနေ့ နံနက် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ - [လိုင်ဇာမှာ အမှိုက်ကောက်ခြင်း အစီစဉ်ပြုလုပ်](https://burmese.kachinnews.com/2023/03/14/%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%87%e1%80%ac/): ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်အဖြစ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြစ်ချောင်းများတစ်လျှောက် အမှိုက်ကောက်ခြင်း အစီစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒေသတွင်း အမှိုက် ပိုမိုများပြားလာခြင်းကို လျော့ချလာနိုင်ရန်၊ ရေထဲသို့ အမှိုက်များ ပစ်ထည့်ခြင်း မပြုလုပ်ရန်နှင့် ပတ်သက်ပြီး အသိပညာပေးလိုသောကြောင့် အထက်ပါအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Htoi Gender & Development Foundation မှ ဒါရိုက်တာ Nbau Nang Pu က KNG ကိုပြောသည်။ “ကျွန်မတို့ မြစ်ချောင်း အင်းအိုင်တွေကို ကာကွယ်ဖို့ မြစ်ချောင်းတွေ ရေစီးကြောင်း ကောင်းကောင်းနဲ့ သန့်ရှင်းပြီး စီးဆင်းဖို့ရန်လိုအပ်တယ်၊ ဒီလိုမျိုး ပတ်ဝန်းကျင်မှာရှိတဲ့ ချောင်းတွေထဲက အမှိုက်တွေကိုကောက်ရင်း ကျွန်မတို့ ပက်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ပြုလုပ်လာနိုင်ရန်နဲ့ ရေထဲမှာ အမှိုက်တွေမထည့်ဖို့ Awareness ပေးပြီး အမူအကျင့်တွေပြောင်းလဲ လာနိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။ လိုင်ဇာမြို့ရှိ မုန့်လိုင်ချောင်း၊ လိုင်ဇာမြို့လယ်ချောင်း၊ ခရာချောင်း၊ ခကျန်ချောင်း စသည့်နေရာများတွင် အမှိုက်များ လိုက်ကောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှိုက်ကောက်ခြင်း ချောင်းရှင်းလင်းရေးလုပ်ဆောင်ရာတွင် ဒေသခံလူငယ်များလည်း လာရောက်  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ “ ဒီမှာ လာရောက်ပါဝင်ရခြင်း အကြောင်းကတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မြစ်ချောင်းတွေမှာ အမှိုက်တွေ အရမ်းများတယ်၊ အဲ့တာကို ကိုယ့်ဘက်က တက်နိုင်သလောက် လျော့ချလာနိုင်အောင်ဆိုပြီး အမှိုက်တစ်ခုဖြစ်ဖြစ်၊ သန့်ရှင်းနိုင်အောင်ဆိုတဲ့ စိတ်နဲ့ ဒီအစီအစဉ်မှာ ပါဝင်ရခြင်းဖြစ်တယ်” ဟု လူငယ်တစ်ဦးက … - [ခင်ဦးနယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/03/14/sm1-74/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သံဘိုကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ - [ဖားကန့် မြို့လယ် ကြိုးတံတားတစ်ခုကို သံဆူးကြိုးများဖြင့် ပိတ်ထား](https://burmese.kachinnews.com/2023/03/14/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba/): ဖားကန့်မြို့လယ်ရှိ အများပြည်သူအသုံးပြုနေသည့် ကြိုးတံတားတစ်ခုကို စစ်ကောင်စီတပ်မှ လုံခြုံရေးအရဟုဆိုကာ သံဆူးကြိုးများဖြင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ - [ဆွမ်ပရာဘွမ့်တွင် ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီအဖွဲ့ လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2023/03/13/yl1-61/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ခင်ဒူယန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူ ၂ ဦးကို လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [လွယ်ဂျယ်မြို့ ကုန်မာဆိုင် ဓါးပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားလည်း သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/03/13/zm1-51/): ကချင်ပြည်နယ် တရုတ်–မြန်မာနယ်စပ် လွယ်ဂျယ်မြို့ ကုန်မာဆိုင်တစ်ဆိုင်တွင် ဓါးပြဝင်တိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား လည်ပင်းလှီး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/03/13/az3-24/): ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ၇ ဦးကို  PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း  ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် တက္ကသိုလ်ဝင်တန်းစာဖြေသူ ၇၀၃ ဦးသာရှိပြီး၊ စာဖြေဌာန တစ်ခုသာ ဆောင်ရွက်နိုင်ခဲ့](https://burmese.kachinnews.com/2023/03/13/az2-90/): ဖားကန့်မြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၀၃ ဦးသာ ရှိခဲ့ပြီး စာဖြေဌာနတစ်ခုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ - [အသစ်ပြောင်းလားသည့် ဖားကန့်မြို့နယ် လဝက ဒု- ဦးစီးမှူးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/03/13/az1-150/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်၏ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒု– ဦးစီးမှူးတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်းသိရသည်။ - [ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/03/11/az1-149/): ကချင်ပြည်နယ် ဖားကန့်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် KIA ၊ PDF  အပါအဝင် ပြည်သူ စုစုပေါင်း ၉ ဦးထက်မနည်း ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/03/11/kia-pdf-2/): ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး နှင့် အရပ်သားပြည်သူ ၅  ဦး နေရာတစ်ခုတွင် ဖမ်းဆီးခံရကြောင်း ဒေသခံများမှ သိရသည်။ - [KIA တပ်ရင်း ၆ ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ](https://burmese.kachinnews.com/2023/03/10/yl1-60/): ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်တွင်းနေရာအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။ - [နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ](https://burmese.kachinnews.com/2023/03/10/az1-148/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ - [ချီဖွေမြို့ လူမြင်ကွင်းတွင် ရွှေတူးဖော်နေမှုကို မည်သည့်အဖွဲ့ထံ ကန့်ကွက်စာပို့ရမည်ကို မသိဘဲ အခက်တွေ့နေ](https://burmese.kachinnews.com/2023/03/09/az2-89/): ချီဖွေမြို့ မြစ်ဘေးတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များကို ဒေသခံများ ကန့်ကွက် တိုင်းကြားလိုသော်လည်း မည်သူမည်ဝါထံ လိပ်မူရမည်ကို မသိရသောကြောင့် အခက်တွေ့နေကြောင်း သိရသည်။ - [ဆယ်တန်းစာမေးပွဲကာလ စစ်ကောင်စီတပ် အစစ်အဆေး တင်းကြပ်နေ](https://burmese.kachinnews.com/2023/03/09/az1-147/): တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ကျင်းပသည့် မတ်လ ၈ ရက်နေ့မှစတင်ကာ ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီ စစ်သားများက တက္ကသိုလ်ဝင် တန်းစာမေးပွဲရှိသည်ဟုဆိုကာ မြို့တွင်းစစ်ဆေးမှု တင်းကြပ်နေကြောင်း ဖားကန့်မြိုနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ - [ဖားကန့် စားသောက်ဆိုင်တစ်ခုမှ အရပ်သားပြည်သူ ၈ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/03/08/az4-6/): ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက် စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း ၄ ဦးနှင့်အပါအဝင် ဆိုင်အတွင်းရှိနေသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား လိုင်ဇာမြို့ စစ်ရှောင်စခန်းတွင် ပြုလုပ်](https://burmese.kachinnews.com/2023/03/08/%e1%80%a1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/): မတ်လ ၈ ရက် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ - [အင်းတော်တွင် အမျိုးသမီး ဖမ်းဆီးခံရမှု ပိုများလာ](https://burmese.kachinnews.com/2023/03/08/az3-23/): ကချင်– စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းပိုင်းမှ စတင်ကာ အမျိုးသမီး ဖမ်းဆီးခံရမှု ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ - [ထီးချိုင့် နှစ်ရက်သာ ထိတွေ့တိုက်ပွဲတွင် ကလေးငယ်တစ်ဦး သေဆုံး](https://burmese.kachinnews.com/2023/03/08/az1-146/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDFပူးပေါင်းတပ်များအကြား ၂ ရက်သာတိုက်ပွဲဲဲဲဲတွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ဒေသခံကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ - [မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပစ္စည်းများကို ဖမ်းဆီးမီးရှို့ခြင်းသည် TNLA နှင့် ဆက်ဆံရေး ထိခိုက်စေခြင်းမရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ ပြောဆို](https://burmese.kachinnews.com/2023/03/08/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8-tnla/): ရှမ်းမြောက် မူဆယ်-နမ့်ခမ်းကြား ကားလမ်းမတနေရာတွင် မူးယစ်ဆေးချက်လုပ်ရာ၌အသုံးပြုသည့် ဓာတုဆေးများ တင်ဆောင်လာသောကားကို KIA ဖမ်းဆီး မီးရှို့ခဲ့ခြင်းသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းသာဖြစ်ပြီး TNLA နှင့် KIA တပ်ဖွဲ့တို့ကြား ဆက်ဆံရေးကိုဖျက်ဆီးစေခြင်း မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ - [ခင်ဦးနယ် စစ်ရှောင်စခန်းတစ်ခုတွင် အမွှာကလေးငယ် ၂ ဦး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၀၀ ကျော်အတွက် အကူအညီလိုအပ်](https://burmese.kachinnews.com/2023/03/08/sm1-73/): စစ်ကိုင်းတိုင်းဒေသကြီး ခင်းဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် အမွှာပူးကလေးငယ်မိသားစုအပါအဝင် သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၀၀ ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှသိရသည်။ - [ဖားကန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လူငယ် ၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2023/03/07/az2-88/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ လူငယ် ၃၀ ကျောက်ခန့်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ - [ယင်းမာပင်တွင် ဒေသခံပြည်သူတစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/03/07/az1-145/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၆ ရက်နေ့ ၄ နာရီဝန်းကျင်အချိန် အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/03/07/az1-144/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအုပ်စု ဖားပြင်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင်တစ်ဦး မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ကြောင်းသိရသည်။ - [နေအိမ် အလုံး ၃၀ လုံးကို KIA/PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား](https://burmese.kachinnews.com/2023/03/07/%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba-%e1%80%a1%e1%80%9c%e1%80%af%e1%80%b6%e1%80%b8-%e1%81%83%e1%81%80-%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%ad%e1%80%af-kia-pdf/): ရွှေကူမြို့နယ်၊ ကျောက်တစ်လုံးရွာရှိ နေအိမ် အလုံး ၃၀ လုံးကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှား ဖြန့်ထားသည်ကို တွေ့ရသည်။ - [ဝက်လက်တွင် ၅ ရက်အတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ကျေးရွာ ၈ခု မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2023/03/06/sm2-13/): စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၅ ရက်အတွင်း ကျေးရွာပေါင်း ၈ ခု မှ လူနေအိမ် ၆၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ ၁၃ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သတ်ဖြတ်ခံရကြောင်းသိရသည်။ - [အင်းတော်တွင် သုံးရက်အတွင်း PDF နှင့်ဆက်စပ်မှုရှိသည်ဟု ဖမ်းဆီးခံရသူ ၂၂ ဦးအထိရှိ](https://burmese.kachinnews.com/2023/03/06/az2-87/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ၃ ရက်အတွင်း PDF အဖွဲ့၏ ထောက်ပို့လုပ်သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၂၂ ဦးအထိရှိလာပြီး ထိုထဲတွင် အမျိုးသမီး ၁၇ ဦးပါဝင်ကြောင်း သိရသည်။ - [ခင်ဦးတွင် ကလေးငယ်တစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲသေဆုံးမှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2023/03/06/sm1-72/): ခင်ဦးမြို့နယ် အလယ်ရှိုးကျေးရွာအနီးတွင် ကလေးငယ်တစ်ဦး မပေါက်သေးသည့် ၄၀ မမ ဗုံးသီးတစ်လုံး ကောက်ယူဆော့ကစားနေရာမှ ပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ - [ရွှေကူ ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားပြီး လူနေအိမ် ၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့](https://burmese.kachinnews.com/2023/03/06/az1-143/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီးငယ် ၄ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့်အပြင် နေအိမ် ၃၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများ ပြောသည်။ - [ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်](https://burmese.kachinnews.com/2023/03/06/az1-142/): ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ - [နန့်ယားစစ်တပ်ဂိတ်ကို ရှောင်ကွင်းပြီး မောင်းနင်းသွားသည့် အိမ်စီးကာ ၇ စီးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/03/05/zm1-50/): ဖားကန့်မြို့နယ် နန့်ယားစစ်တပ်ဂိတ်ကို ရှောင်းကွင်းပြီး တောလမ်းဖြတ်လာသည့် အိမ်စီးကား ၇ စီးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။ - [ဟိုကပ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြားစစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2023/03/04/az3-22/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဟိုးကပ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှသိရသည်။ - [PDF ရဲဘော်တို့ရဲ့ ထောက်ပို့ မိခင် ဒေါ်အေးအေး](https://burmese.kachinnews.com/2023/03/03/sm1-71/): “ကျမက တကယ်တမ်းဆို တော်လှန်ရေးထဲကို ဝင်ဖို့ စိတ်ကူးမရှိဘူး။ အခုတော့ စခန်းမှာရှိတဲ့ ကလေးတွေကလည်း ကျမကို အမေ အရာထားပြီး ဟိုကလေးကလည်းအမေ ဒီကလေးကလည်း အမေဆိုတော့ သံယောဇဥ်တွေ ငြိ တွယ်နေပြီ” လို့ ဆိုလာသူက အာဏာမသိမ်းခင် စိုက်ပျိုးရေးနဲ့ အသက်မွေးခဲ့သူ အသက် ၄၆ နှစ်အရွယ် ထီးချိုင့်မြို့နယ်က ထောက်ပို့ရဲမေ ဒေါ်အေးအေး ဆိုသူပါ။ သူမဟာ မိဘနှစ်ပါးထံမှ အမွေရတဲ့ ရွာနှင့် မဝေးလှတဲ့ ၅ ဧကအကျယ်ခြံကြီးထဲမှာ မနက်ဝေလီဝေလင်း ကစလို့ အလုပ်ရှုပ်လို့ နေပါပြီ။ အကြောင်းအရင်းမှာ အဲ့ဒီခြံကြီးထဲ သူမ စီးပွားဖြစ် မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကိုအစာကျွေး ကျန်တဲ့မြေမှာတော့ ရာသီပေါ်သီးနှံများစိုက်ပျိုးထားပြီး ပြုစုရတာကြောင့်ပါ။ ဒါပေမယ့် အဲ့ဒီဘဝလေးဟာ သူမအတွက်အေးချမ်းပြီး တစ်ဖက်မှာလည်းဝင်ငွေထွက်ငွေညီမျှကာ ငွေစုမိဆောင်းမိ ရှိခဲ့တဲ့အတွက်ကြောင့် ပျော်ရွှင်စရာဘဝလေးကို ပိုင်ဆိုင်ခဲ့ကြောင်း ဒေါ်အေး‌အေးကဆိုပါတယ်။ မွေးချင်းမောင်နှမတွေထဲ အကြီးဆုံးပီပီ သူ့အိုးသူ့အိမ်နဲ့ “တစ်အိမ်စီ တစ်ဆန်စား” ဖြစ်နေတဲ့ မောင်နှမတွေကို မကြာခဏ တွေ့ဆုံစေချင်တဲ့စိတ်နဲ့ သီးနှံစိုက်ပျိုးရိတ်သိမ်းချိန်တွေမှာ သူမနေထိုင်တဲ့ခြံကြီးထဲ သူမ မိသားစု အပြင် မောင်နှမတွေကိုပါ ခေါ် အဲ့ဒီစိုက်ပျိုးခြံကြီးထဲ ပျော်ရွှင်စွာဖြတ်သန်းခဲ့”ကြောင်းသူမကဆိုပါတယ်။ ဒီအခြေအနေတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က အခြေအနေပါ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အုပ်စုရဲ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်းက မိသားစုပေါင်းများစွာ၏ ဘဝအခြေအနေကို ဗြောင်းဆန်သွားစေပြီး အဲ့ဒီထဲမှာ ဒေါ်အေးအေးတို့ မိသားစုလည်း အပါအဝင်ပါ။ အဲ့ဒီအချိန်မှာ သူမမှာ … - [ဗန်းမော်တွင် ကား၊ဆိုင်ကယ် ဖမ်းဆီးမှုပြန်လည်ပြုလုပ်နေ](https://burmese.kachinnews.com/2023/03/03/zm1-49/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း လေးမိုင်ရပ်ကွက်ရှိ BOC အမည်ရှိသော ဓါတ်ဆီဆိုင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြုကာ သွားလာသည့်ပြည်သူများကို စစ်ဆေးရေးတင်းကြပ်ထားပြီး ဖမ်းဆီးမှုတွင် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် ပြည်သူအများအပြားဖမ်းဆီးခံရသည့်အထဲမှ တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲ](https://burmese.kachinnews.com/2023/03/03/az2-86/): ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ အများပိုင်းကို ပြန်လည်လွတ်ပေးပြီး တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ - [မှော်စီဆာကျေးရွာတွင် စစ်ကောင်စီတပ် လူငယ်အချို့ကို လိုက်လံဖမ်းဆီနေ](https://burmese.kachinnews.com/2023/03/03/az1-141/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာရှိ ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားလုံးအရင်းဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုများရှိနေသည့်အတွက်  ရပ်ကွက်နေ လူငယ်များတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲကြောင်း ဒေသခံများထံမှသိရသည်။ - [ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် လေယာဉ်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2023/03/02/az1-140/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းကာ ယနေ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ပြန်လည်လာရောက်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ - [ယင်းမာပင် ကုန်းရွာ နှစ်ရက်ဆက်တိုက်မီးရှို့ခံရပြီးနောက် ပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရ](https://burmese.kachinnews.com/2023/03/02/sm1-70/): စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကုန်းရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့နေသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတစ်သောင်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ‌ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ - [ပူတာအို-မြစ်ကြီးနားလမ်းပိုင်း၌ ဖြတ်သန်းသွားလာခွင့်ကို ပူတာအို PDF အချိန်ကန့်သတ်ထား](https://burmese.kachinnews.com/2023/03/02/%e1%80%95%e1%80%b0%e1%80%90%e1%80%ac%e1%80%a1%e1%80%ad%e1%80%af-%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8/): ကချင်ပြည်နယ် ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ည ၆ နာရီမှ မနက် ၆နာရီအတွင်း ကုန်ကားနဲ့ ခရီးသည်ကားများ ဖြတ်သန်းသွားလာခွင့်ပြုမည် မဟုတ်ကြောင်း ပူတာအို PDF ထုတ်ပြန်ထားသည်။ - [အင်းတော် နန်းကင်ကျေးရွာအနီး စစ်တပ်စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်နေ](https://burmese.kachinnews.com/2023/03/02/%e1%80%a1%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%ba-%e1%80%94%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac/): စစ်အုပ်ချုပ်ရေးကြေညာထားသော ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နန်းကင်ကျေးရွာအနီးတွင် စစ်ကောင်စီက တပ်စခန်းအသစ်တစ်ခုကို ရက်ပိုင်းအတွင်း အခိုင်အမာတည်ဆောက်ထားပြီဟု သိရသည်။ - [ဂါးရာယန်ဒေသခံ စစ်ရှောင်အိမ်ထောင် ၂၈၀ ကျော် နေရပ်ပြန်](https://burmese.kachinnews.com/2023/03/01/%e1%80%82%e1%80%ab%e1%80%b8%e1%80%9b%e1%80%ac%e1%80%9a%e1%80%94%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာ ဒေသခံစစ်ရှောင်များ အိမ်ထောင်စု ၂၈၀ ကျော် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေရပ်ပြန်နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တလျှောက်ရှိ စစ်ရှောင်စခန်းများထဲမှ ဂါးရာယန်ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်လာခဲ့ရာ ၂ နှစ်အကြာမှ နေရပ်ပြန်နိုင်ခြင်းဖြစ်သည်။ “ကျနော်တို့က ဒီနေ့ကအထူးတလည်ပြန်တာတော့မဟုတ်ဘူး။ အရင်နှစ်ထဲက ပြင်ဆင်နေကြတာဟုတ်တယ်။ ဒီနေ့နေရပ်ပြန်ပြီဆိုတာက အရင်ပြင်ဆင်ပြီးစီး သူတွေက စစ်ရှောင်စခန်းထဲက နာမည်ထုတ်ပြီး ရွာထဲစာရင်းသွင်းကြတဲ့ အစီအစဉ်ဟုတ်တယ်။ ရွာထဲနေပြီဆိုတဲ့သူတွေရဲ့ စာရင်းပြန်ချုပ်တာပေါ့။ ဝိုင်းမော်၊ မြစ်ကြီးနား၊ နယ်စပ်တလျှောက်က အခုရောက်ရှိသူအားလုံး ၂၈၇ အိမ်ထောင်ရှိပြီဖြစ်တယ်။” ဟု နေရပ်ပြန်သူ ဂါးရာယန်ဒေသခံတစ်ဦးက ပြောသည်။ ဂါးရာယန်ကျေးရွာဒေသခံများသည် စစ်ရှောင်စခန်းထဲနေစဉ် အခြေအနေအမျိုးမျိုးကြား ပိုမိုခက်ခဲကြပ်တည်းလာသောကြောင့် လုံခြုံရေးမရှိသေးသော်လည်း နေရပ်ပြန်နိုင်ရေးအတွက် ရွာပြန်ရှင်းလင်းပြီး နေအိမ်များဆောက်လုပ်ကာ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၂ နှစ်ခန့်အကြာ ပြင်ဆင်ခဲ့ပြီးနောက် ယခုအကြိမ် ပထမဆုံးအဖြစ် အပြီးစီး နေရပ်ပြန်နေထိုင်သူများ အိမ်ထောင်စုစုပေါင်း ၂၈၇ ခုနှင့် လူဦးရေး ၁၄၀၀ ကျော်ရှိကြောင်းသိရသည်။ “ကျွန်မတို့ ပြန်ချင်နေတာတော့ကြာပြီ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အမြန် မပြန်နိုင်တာပေါ့ အခုက ပြန်လို့ရပြီဆိုတော့ ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ ပြန်ရောက်ရင်လည်း အရင်တုန်းက ထားခဲ့ရတဲ့ပုံစံတွေ မဟုတ်နေဘူး။ ဘယ်လိုပြောရမလဲ တစ်ခုခုလိုနေသလိုလိုနဲ့ မပြည့်စုံသလိုမျိုး ကိုယ့်အိမ်တွင်း အရင်လိုတိရစ္ဆာန်တွေလည်းမရှိတော့ဘူး။ အိမ်တွေလည်းအရင်ကလို မဟုတ်တော့ဘူး၊ ရင်ထဲ ငိုလည်းငိုချင်သလိုမျိုး ခံစားချက်ဖြစ်ပါတယ်။” ဟု နေရပ်ပြန် ဂါးရာယန်စစ်ရှောင် အမျိုးသမီးက ဆိုသည်။ ဂါးရာယန်ကျေးရွာသို့ … - [ရှရော်ခ ကျေးရွာကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးကာ အရပ်သား ၂၀၀ ခန့်ကို ဖမ်းခေါ်သွား](https://burmese.kachinnews.com/2023/03/01/az-5/): ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးပြီး အရပ်သား ၂၀၀ ခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ - [အင်းတော်တွင် PDF ဟုစွပ်စွဲခံရ အမျိုးသား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ](https://burmese.kachinnews.com/2023/03/01/az1-139/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဖြစ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ - [“တရားလက်လွန် ဥပဒေမဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု သေသေချာချာလုပ်ရမယ်”](https://burmese.kachinnews.com/2023/03/01/sn1-15/): လီဒိုလမ်းမပေါ်၊ လဝါးကျေးရွာအနီး ဒေသခံ ၉ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး တစ်လအကြာမှသာ အလောင်းတွေကို မီးရှို့ခွင့်ရခဲ့ပါတယ်။ လူသတ်မှုကျူးလွန်တဲ့ KIA တပ်ရင်း ၂၀ နှင့် PDF အဖွဲ့တချို့ကိုလည်း KIA ဘက်က ဖမ်းဆီးပြီး စစ်ဆေးနေတဲ့အခြေအနေမှာ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ - [ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ](https://burmese.kachinnews.com/2023/05/04/az1-190/): ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [မလန်းလယ်ကွင်း အနီးရှိသော အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/05/04/zm1-58/): ဖားကန့်မြို့နယ် ကာမိုင်းမြို့အထွက်ဘက်ရှိသော မလန်းလယ်ကွင်းအနီးတဝိုက်နေရာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင် ကာမိုင်းဗျူဟာကုန်းမှဆင်းလာသည့် စစ်အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖားကန့်ဘက်သို့ ထွက်ခွာလာစဉ် မလန်းလယ်ကွင်းနေရာ အရောက်တွင် ရွာသားအချို့ကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မလန်းလယ်ကွက်အနီးတဝိုက်နေထိုင်သော အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ - [စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ကချင်ပြည်နယ်မှ အကျဉ်းသား ၃ ဦးသာ ပါဝင်](https://burmese.kachinnews.com/2023/05/03/zm2-10/): ယနေ့ မေလ ၃ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကျဉ်းသား/ သူ ၂၁၅၃ လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင် ၂ ခုမှ ၃ ဦးသာ လွှတ်ငြိမ်းခွင့် ပါဝင်လာကြောင်း သိရသည်။ - [ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ](https://burmese.kachinnews.com/2023/05/03/az2-111/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ - [လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကားမိုင်း ဒေသခံ ၃၀ ကျော် ပြန်လွတ်လာ](https://burmese.kachinnews.com/2023/05/03/zm1-57/): ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော လဝါး နှင့် ဒွမ်ဘုန်းကျေးရွာမှ ဒေသခံ ၃၀ ကျော် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။ - [မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်များနှင့် အပင်များအား သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်းမပြုရန်အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ](https://burmese.kachinnews.com/2023/05/03/ld1-26/): ပူတာအိုဒေသအတွင်းရှိ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သဘာ၀ဇီ၀မျိုးစိပ်မျိုးကွဲ တောရိုင်းတိရစ္ဆာန်များနှင့်အပင်များကို သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်း မပြုလုပ်ကြရန် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအစီအစဉ်အား သစ်တောဦးစီးဌာနမှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ - [ဉရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ပြီး သောက်သုံးရေပြတ်လပ်လာ](https://burmese.kachinnews.com/2023/05/03/az1-189/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် တွင်းရေများ ခမ်းခြောက်ကာ အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်သည့် ပြဿနာကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ - [ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ](https://burmese.kachinnews.com/2023/05/02/sm1-91/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။ - [ကျေးရွာမှ ထွက်ပြေးသူများ၏ နေအိမ်မီးရှို့မည်ဟု စစ်တပ် ခြိမ်းခြောက်နေ](https://burmese.kachinnews.com/2023/05/02/az2-109/): ကချင်ပြည်နယ် ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံများကို ထွက်မပြေးရန် ကျေးရွာမှထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ - [အင်းတော်ကြီး ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော် မှုကြောင့်ဒေသခံများ သောက်သုံးရေအခက်တွေ့](https://burmese.kachinnews.com/2023/05/02/az2-108/): ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေမှုကြောင့် ဒေသခံများ သောက်သုံးရေး ပြဿနာကြုံတွေ့နေရကြောင်း သိရသည်။ - [ချောင်းရေတိမ်ကောလာသောကြောင့် ပူတာအို မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိ](https://burmese.kachinnews.com/2023/05/02/az1-188/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်ချောင်းရေတိမ်ကောလာသောကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများတွင် လျှပ်စစ်မီး ၂ ရက်ခြားတစ်ကြိမ်သာ ရရှိတော့ကြောင်း ပူတာအိုမြို့ ဒေသခံများထံမှ သိရသည်။ - [မှော်ဝမ်းရပ်ကွက် ရေဆေးဆီလိုက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး အရပ်သားပြည်သူ ၁၃ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/05/02/az2-110/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိသော မင်းမင်းကျော် ဆိုင်ကယ်နှင့် ကား ရေဆေးဆီလိုက် ဆိုင်ဝင်စီးခံပြီး ဆိုင်ဝန်ထမ်းအချို့နှင့် လမ်းသွားလမ်းလာပြည်သူများအပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ - [ရွာမကျေးရွာမှ ‌ဒေသခံ ၇ ဦးဖမ်းဆီး ဖမ်းဆီးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/05/01/sm1-90/): စစ်ကိုင်းမြို့နယ် ရွာမကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း တိုက်နယ်စွန် PDF အဖွဲ့ထံမှ သိရသည်။ - [စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်များအတွက် အကူညီလိုအပ်နေဆဲ](https://burmese.kachinnews.com/2023/05/01/bb1-13/): ဗန်းမော်မြို့နယ် ခဲမနိုင်၊ နမ့်သဲ၊ မံစီမြို့နယ် နမ့်အူကြီး ကျေးရွာ ၃ ရွာမှ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့်အပြင် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ - [ဖမ်းဆီးခံရသည့် ဖားကန့် ဒေသခံ ၇၀ ဦးကို KIA နှင့် ဆက်စပ်သည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားဆဲ](https://burmese.kachinnews.com/2023/05/01/az2-107/): ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးထားသော အရပ်သား ၂၀၀ နီးပါးအနက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားပြီး အသတ်ခံရသူအချို့လည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံထားရ](https://burmese.kachinnews.com/2023/05/01/az1-187/): ကချင်ပြည်နယ် ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ - [တာစန့်ကျေးရွာမှ ရပ်ကွက်မှူးတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/04/29/zm1-56/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု တာစန့်ကျေးရွာမှ ရပ်ကွက်မှူးအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ](https://burmese.kachinnews.com/2023/04/29/az2-106/): ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ - [နာဂဒေသ ညှင်ရှောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အကူအညီလိုအပ်နေဆဲ](https://burmese.kachinnews.com/2023/04/29/az1-186/): စစ်ကိုင်းတိုင်းဒေသ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ညှင်ရှောင်ကျေးရွာတွင် ကျေးရွာမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် မီးဘေးသင့် ပြည်သူတစ်ရာကျော်အတွက် အကူအညီများဆက်လက် လိုအပ်နေသည်ဟု ဒေသခံများထံမှသိရသည်။ - [နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများ အတွက် နေအိမ်အကူအညီများလိုအပ်နေ](https://burmese.kachinnews.com/2023/04/29/bb1-12/): ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့နယ် နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနေထိုင်ရန် နေအိမ်အကူအညီများလိုအပ်နေ စစ်ရှောင်များထံမှ သိရသည်။ - [ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2023/04/29/az4-8/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ - [နန်းမားတွင် ဒလန်ဟုနာမည်ထွက်နေသည့် အမျိုးသားတစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/04/28/az3-34/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကေင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ - [ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး PDF ဘက်မှ ၂ ဦးထိခိုက်မှုရှိခဲ့ဟုဆို](https://burmese.kachinnews.com/2023/04/28/sm2-18/): စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် ဧပြီလ ၂၇ရက်နေ့ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု  Banmauk Revolution -BR အဖွဲ့ထံမှသိရသည်။ “သူတို့ အနောက်တောဘက်ကို စစ်ကြောင်းထိုးလာတာ အဲ့တာနဲ့ ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်တာကနေ တိုက်ပွဲစဖြစ်တာပါ။ စကစဘက်က ကျဆုံးမူရှိတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ဆိုတာကို အတည်မပြုနိုင်ပေမယ့် နယ်မြေ ရှင်းလင်းရေးဝင်တဲ့ အချိန်မှာ အလောင်းဆွဲသွားတာတွေတွေ့ရတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရတာ ၂ယောက် ရှိတယ် ဆေးကုသမူ ခံယူနေဆဲပါ” ဟု BR မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကြောင်လည်ကျေးရွာအနီးတွင် နောက်ထပ် စစ်ကြောင်းတစ်ခုဖြစ်သည့် စစ်ကောင်စီ၊ ရှမ်းနီ SNA ပူးပေါင်းတပ်တို့ကြား ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သူကဆက်ဆိုသည်။ “ဒီနေ့တော့ ဗန်းမောက်အနောက်ဘက် ကြောင်လည်မှာလည်း ထိတွေ့မူဖြစ်နေသေးတယ်။ အနောက်တောဘက်ကနေ စစ်ကြောင်းနဲ့တော့ မဟုတ်ဘူး ကြောင်လည်ဘက်မှာထိုင်နေတဲ့ တစ်ဖွဲ့နဲ့ဖြစ်နေတာပါ။ အခြေနေအသေးစိတ် ကတော့ ဖုန်းလိုင်းအခက်ခဲကြောင့်ဘာမှမသိရသေးပါဘူး”ဟုပြောသည်။ ဗန်းမော်မြို့နယ် အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် ဧပြီလအတွင်းမှ စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား မကြာခဏတိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နောယောကျေးရွာ ရှိ ကူးဆိပ်စျေးတန်းနှင့် ရွှေမှော်များ မီးရှို့ခံခဲ့ရမှုများရှိခဲ့သည်။ ပြီးခဲ့သော ဧပြီလ ၈ ရက်၊ ၁၂ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗန်းမောက်အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ နေအိမ်အချို့ ပျက်ဆီးမှုများရှိသည်။  ထို့နောက် သာယာကုန်းကျေးရွာမှ အသက် … - [မဇွပ်ယန်ကျေးရွာ နေအိမ်အချို့ စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်စီးသွား ](https://burmese.kachinnews.com/2023/04/28/az2-105/): ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [PDF အဖွဲ့များနေထိုင်သည်ဟု နေအိမ် ၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2023/04/28/az1-185/): ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ နေထိုင်သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်မှ နေအိမ် ၂ လုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ - [ကန့်ဘလူတွင် မြွေဆိပ်ဖြေဆေးအကူညီများ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2023/04/27/sm1-89/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြွေဆိပ်ဖြေဆေးအကူညီများ လိုအပ်နေ‌ကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ - [မဇွပ်ယန်နှင့်ဆန်ခါ ကျေးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ၁၀၀ ကျော်ထပ်မံဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/04/27/az1-184/): ဖားကန့်မြို့နယ်တွင် မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ခု ကို စစ်ကောင်စီတပ်ဖွဲ့ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား ၁၀၀ နီးပါးခန့် ထပ်မံ ဖမ်းဆီးခံထားရကြောင်း ဒေသခံများပြောသည်။ - [အင်းတော်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/04/26/az2-104/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၅ဦး တစ်လကျော်ခန့်အကြာမှ သတ်ဖြတ်ထားသည့် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ - [လူသားဒိုင်းအဖြစ် အသုံးချခံနေကြရသည့် အရပ်သားပြည်သူ ၅၀ ခန့်အား မဇွပ်ယန်အချုပ်ထောင်ထပ်ပို့](https://burmese.kachinnews.com/2023/04/26/az1-183/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် မှော်ဘုံကျေးရွာသားအချို့ကို မဇွပ်ယန်ထောင်သို့ ထပ်ပို့မံဆောင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ - [အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2023/04/25/sm1-88/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ နေအိမ်အချို့ကို  ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လိုက်လံလုပ်ဆောင်နေသည်ဟု အင်းတော်ကာကွယ်ရေးတပ်မှ သိရသည်။ - [ထီးချိုင့် ၃ ရက်တိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးအပါအဝင် ၅၀ ဦးခန့် ကျဆုံးဟုဆို](https://burmese.kachinnews.com/2023/04/25/az3-33/): စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ ဗျူဟာမှူးအပါအဝင် ၅၀ ဦးခန့် ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြောသည်။ - [လွတ်လပ်တဲ့ငှက်တွေဟာ စိတ်ဒဏ်ရာတွေကိုယ်စီ ](https://burmese.kachinnews.com/2023/04/25/%e1%80%9c%e1%80%bd%e1%80%90%e1%80%ba%e1%80%9c%e1%80%95%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%9f%e1%80%ac-%e1%80%85%e1%80%ad%e1%80%90/): အာဏာမသိမ်းခင်တုန်းက အားလုံးသောလူငယ်တွေဟာ ရည်မှန်းထားတဲ့ အိမ်မက်တွေကို အသက်သွင်းဖို့ ကြိုးစားရုန်းကန် နေကြတာပါ။ လူငယ်တစ်ဖွဲ့ဆိုရင် ကဗျာပြပွဲလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမဲ့ အာဏာသိမ်းလိုက်တော့ သူတို့ စိတ်ကူးတွေကို တစ်စုံတယောက်က အပိုင်းအစတွေဖြစ်အောင် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလကြာလာတာနဲ့အမျှ ဒီအပိုင်းအစတွေကို ပြန်ပြီးတည်ဆောက်ရမှာလား၊ ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်နေကြပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် လူငယ်တွေရဲ့ စိတ်ဟာ မလွတ်လပ်တော့ဘဲ အကျဥ်းကျနေသလို ဖြစ်နေကြတယ်။ ပိုပြီးဆိုးတာက အောက်ခြေဘဝက လူငယ်တွေအတွက် စိတ်အပန်းဖြေနိုင်ဖို့အတွက် ခက်ခဲလွန်းတာကြောင့်လဲ ပါပါတယ်။ လူငယ်တွေဟာ အရင်က သွားလာလှုပ်ရှားဖူးတဲ့ လွတ်လပ်မှုတွေမရှိတော့တာကြောင့် ဝေးဝေဝါးဝါး မလန်းဆန်းတဲ့အခြေအနေကို ရင်ဆိုင်လာရပါတယ်။ “ငါအခု သူငယ်ချင်းတယောက်နဲ့မှ စကားမပြောဖြစ်ဘူး။ သူတို့ဆီသွားပြီးတော့လဲ စကား မပြောချင်ဘူး။ သူတို့ဆီ မလည်ဖြစ်တာလည်း သုံးလေးလရှိပြီ တယောက်ထဲ အေးဆေးအိမ်မှာပဲ နေချင်တဲ့စိတ်က ငါ့စိတ်ထဲမှာဖြစ်နေတယ်။ စိတ်ကကွာ တယောက်ထဲပဲ ဖြစ်နေချင်တယ် ညဆိုလဲ တယောက်ထဲ အိမ်ဝရံတာမှာ ဆေးလိပ်ထိုင်သောက်ပြီး အတွေးတွေနောက်လိုက်ရင်းနေတယ် ကောင်းတာလဲတွေးဖြစ်တယ်။ ဘာမှမဟုတ်တဲ့အရာလဲ တွေးဖြစ်တယ်” ဟု ကို မျိုးလတ်က သူရဲ့ လက်ရှိဖြစ်တည်နေတဲ့ စိတ်အခြေအနေကိုပြောပြပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ နေ့စဥ် ကြားနေရတဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ ကုန်စျေးနှုန်းမြင့်တက်လာမှု၊ အခြားအနှုတ်လက္ခာဆောင်တဲ့ သတင်းအကြောင်းအရာတွေဟာ လူကိုပိတ်လှောင် မွန်းကျပ်ရူးသွပ်စေတဲ့ ဒဏ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် စိတ်တွေ မွန်းကျပ်နေတဲ့အချိန် ထိလွယ်ရှလွယ်စိတ်အခြေအနေဖြစ်နေတဲ့အချိန် မိသားစုပြဿနာများ၊ ဖိအားများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ မီးခဏခဏပျက်တဲ့ မပျော်ရွှင်မှုတွေ၊ ချစ်သူက ထားပစ်ခဲ့တဲ့ ဝေဒနာတွေ တော်လှန်ရေးရဲဘော်တွေ ကျဆုံးတဲ့သတင်းတွေဟာ လူငယ်တွေခံစားနေရတဲ့ ပိတ်လှောင်မှုတွေပဲဖြစ်ပါတယ်။ … - [မလိဆွတ်ယန်စစ်ရှောင်များ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်](https://burmese.kachinnews.com/2023/04/25/bb1-11/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိဆွတ်ယန်‌ စစ်ရှောင်များ ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဖြစ်ကြောင်းသိရသည်။ - [မှော်ဘုံကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်ကြောင်းထဲခေါ်ဆောင်](https://burmese.kachinnews.com/2023/04/25/az3-32/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားများအား စစ်ယူနီဖောင်းဝတ်ဆင်ပေးကာ တိုက်ပွဲအတွင်း အသုံးချနေကြောင်း ဒေသခံများထံမှ သိရသည်။  - [ရွှေကူတွင် ဖမ်းဆီးခံရသည့် လင်မယား ၂ဦး၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို စစ်ကောင်စီ ချိတ်ပိတ်](https://burmese.kachinnews.com/2023/04/25/az2-103/): ကချင်ပြည်နယ် ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်းသိရသည်။ - [ပေါက်ကွဲသွားသည့် လျှပ်စစ်ထွမ်စဖော်မာ ဝယ်ယူရန် ပြည်သူများထံမှ စစ်ကောင်စီ ငွေကြေးကောက်ခံနေ](https://burmese.kachinnews.com/2023/04/25/az1-182/): စစ်ကိုင်းတိုင်းဒေသ ကသာမြို့ ရပ်ကွက် (၁)တွင် လျှပ်စစ်ထွမ်စဖော်မာတစ်ခု အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ပြီးနောက် အစားထိုးရန် ကုန်ကျမည့် ငွေကြေး သိန်း ၇၀ အတွက် စစ်ကောင်စီအဖွဲ့သည် ဒေသခံပြည်သူများကို မထည့်မနေရ လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်](https://burmese.kachinnews.com/2023/04/24/az3-31/): ဖားကန့်တွင် စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူနှင့် လုပ်ငန်းရှင်များ ဧပြီလ ၂၃ ရက်နေ့  ပစ်သတ်ခံခဲ့ရသော Happy KTV ရှေ့တွင် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ - [ထီးချိုင့်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ ၄ စီဖြင့် ဗုံးကျဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2023/04/24/az2-102/): ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှသိရသည်။ - [ဖားကန့် Happy KTV တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင် ၄ ဦးပစ်ခတ်ခံရပြီး သုံးဦးသေဆုံး](https://burmese.kachinnews.com/2023/04/23/az1-181/): ဖားကန့်မြို့တွင်း မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင်လေးဦးတို့ ပစ်ခတ်ခံရပြီး အဆိုပါ ဗိုလ်မှူး နှင့် လုပ်ငန်းရှင် ၂ ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ - [ကန့်ဘလူတွင် ရှစ်နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး မြွေကိုက်ခံရလို့ သေဆုံး](https://burmese.kachinnews.com/2023/04/22/sm1-87/): ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ် စစ်ဘေး‌ရှောင်ကလေးငယ်တစ်ဦး တောထဲတွင် စစ်ဘေးရှောင်နေစဥ် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။ - [ထီးချိုင့်တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဝင်ရောက်ထိုးနေသည့်အတွက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/04/22/az3-30/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှသိရသည်။ - [လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသွားရသည့် အရပ်သားပြည်သူအများစု မဇွပ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ](https://burmese.kachinnews.com/2023/04/22/az2-101/): ဖားကန်မြို့လုံးခင်းကျေးရွာအုပ်စု မဒဲ့ယာန်(မှော်ပုံ) ကျေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အနက် ၁၅၀ ဦးအား မဇွယ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း ဒေသခံများမှ သိရသည်။ - [စစ်တပ်ဖမ်းဆီးသွားသော Maden Yang ကျေးရွာသားများကို ပြန်မလွတ်သေးဘဲ နောက်ထပ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေ](https://burmese.kachinnews.com/2023/04/22/az1-180/): ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အရပ်သားများ လွတ်မြောက်လာခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီတပ်သည် မှော်ရှန်၊ ကံဆီးနှင့် ဆန်ခါဘက်သို့ ဆက်လက်ပြီး စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ - [ပူတာအိုမြို့တွင် ၃လတာအတွင်း သက်ငယ်မုဒိန်းမှု ၂ ခုဖြစ်ပွား](https://burmese.kachinnews.com/2023/04/22/child-rape-bb/): ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၃ လအတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများထံမှ သိရှိရသည်။ - [လူတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် Earth Day တွင် KNF ထုတ်ပြန်တောင်းဆို](https://burmese.kachinnews.com/2023/04/22/earth-day-bb/): ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းရန် လူတိုင်းတွင် တာဝန်ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့ကျရောက်သော (၅၃) ကြိမ်မြောက် Earth Day တွင် Kachin National Forum KNF မှ ထုတ်ပြန်ချက်ဖြင့် ပြောဆိုထားသည်။ “ကချင်ပြည်နယ်မက မြန်မာပြည်မက တစ်ကမ္ဘာလုံးမှာ မြေရှားတူးဖော်လာတာတွေအရမ်းများတယ်၊ လိုတာထက်ပိုပြီး ထုတ်ယူနေကြတဲ့အတွက် ရာသီဥတုတွေ အရမ်းဖောက်ပြန်လာတယ်၊ အဲ့တာကြောင့် အသိတရားရှိရှိနဲ့ အမြင်ပွင့်အောင် လုပ်သင့်တယ်၊ ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ်ရမှာက ကျွန်တော်တို့ လူတိုင်း အယောက်စီတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိရှိစေချင်တယ်၊ပြီးရင် အခုကျွန်တော်တို့ ဆီမှာ ဖြစ်ပျက်တွေ့ကြုံတွေ့နေရတဲ့ ပြသာနာတွေကိုလည်း သတိပြုစေချင်တယ်  ” ဟု KNF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ကချင်ပြည်နယ် တရုတ် တစ်သျူးငှက်ပျောစိုက်ပျိုးမှုကြောင့် မြေယာများပျက်စီးနေခြင်း၊ မြေရှားသတ္တုတူးဖော်နေမှုကြောင့် တောတောင်များ ပျက်စီးနေခြင်း၊ ရွှေတူးဖော်မှု အလွန်အကျူး ပြုလုပ်မှုကြောင့် မိမိတို့ ဒေသတွင် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးနေကြောင်း KNF မှ ထောက်ပြထားသည်။ ထို့ကြောင့် KNF အနေဖြင့် သဘာ၀ပတ်၀န်းကျင်နှင့် ပတ်သက်သော သင်တန်းများ ဆက်လက် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ “နိုင်ငံရေးကောင်းလာရင် ကျွန်တော်တို့အနေနဲ့ Earth Day နေ့မှာဘဲမဟုတ်ဘူး ဘယ်အချိန်ဖြစ်ဖြစ် ဒီပတ်၀န်းကျင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ အမြင်ပွင့်အစီအစဉ်တွေ၊ တစ်သျူးငှက်ပျောနဲ့ ပတ်သက်တာဖြစ်ဖြစ် သူ့နေရာနဲ့သူ ဆက်လုပ်သွားဖို့ အမြဲတမ်းရှိတယ်” ဟု ပြောသည်။ Kachin National Forum (KNF) သည် … - [နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့](https://burmese.kachinnews.com/2023/04/21/bb1-10/): မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်  ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်ကျေးရွာများကို ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီ ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန် သွားရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊ တချို့ရိုက်နက်ခံထားရ](https://burmese.kachinnews.com/2023/04/21/az2-100/): ဖားကန့် မှော်ဘုံ (Maden Yang) ကျေးရွာကို ဝင်စီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် အရပ်သားပြည်သူ ၁၀၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချိုု့ကို ရိုက်နက်ထားသည်ဟု သိရသည်။ - [မှော်ပုံကျေးရွာကို စစ်ကောင်စီတပ် ဝင်‌ရောက်စီးနင်း‌ပြီး လူနေအိမ်များမီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2023/04/21/az1-179/): ဖားကန့်မြို့ မှော်ပုံ (Maden Yang) ကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်များကိုလည်း မီးရှို့နေကြောင်း သိရသည်။ - [ခင်ဦးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး ကျဆုံး](https://burmese.kachinnews.com/2023/04/20/sm2-17/): ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဘက်မှ ၅ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ - [ပဇီကြီးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာ](https://burmese.kachinnews.com/2023/04/20/sm1-86/): လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားအစုပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်အင်အား ၁၅၀ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်ဟု သိရသည်။ - [ဟိုပင်မြို့ စည်ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ](https://burmese.kachinnews.com/2023/04/20/az2-99/): မိုးညှင်းမြို့နယ် ဟိုပင်မြို့စည် ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ - [KIA တပ်ရင်း ၆ ဌာနချုုပ်ကို စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်](https://burmese.kachinnews.com/2023/04/20/yl2-13/): ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ပိုင်း အင်မာဘွမ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဌာနချုပ် တပ်စခန်းကို ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ရွှေကူမြို့ပတ်လည်တွင် စစ်ကောင်စီတပ် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်လှုပ်ရှားနေ](https://burmese.kachinnews.com/2023/04/20/az1-178/): ဗန်းမော်ခရိုင် ရွှေကူမြို့ပတ်လည်တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် စစ်အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှ သိရသည်။ - [ကားမိုင်း ရှိ လိုင်နှောင်းခူး စစ်ရှောင်များကို ပြန်လည်နေရာချထားပေး](https://burmese.kachinnews.com/2023/04/20/yl1-73/): ကားမိုင်းမြို့ ထွယ်ဆန့်ယန် ရပ်ကွက်တွင် ၇ နှစ်ခန့်အကြာ စစ်ဘေးရှောင်နေရသော Lai Nawng Hku (မံဝယ်) စစ်ရှောင်ပြည်သူများသည် လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်တော့သဖြင့် ပြန်လည်နေရာချပေးသည့်နေရာတွင် နေထိုင်ရန် စီစဉ်ထားပြီဟု သိရသည်။ - [ခင်ဦးတွင် နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/04/19/sm1-85/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်း‌ရှောင်နေရ‌ ကြောင်းသိရသည်။ - [နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ စျေးတက်နေ](https://burmese.kachinnews.com/2023/04/19/az1-177/): စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ စျေးတက်နေကြောင်း ဒေသခံများပြောသည်။ - [ဆိုင်းဖရာအနီးတစ်ဝိုက် စစ်တပ်အင်အားဖြည့်မည့်သတင်းကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/04/19/yl1-72/): ဖားကန့် လမ်းမပေါ်သို့ စစ်တပ်အင်အားထပ်ဖြည့်မည်ဟူသော သတင်းကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။ - [တစ်သျှူးငှက်ပျောခြံမှ စွန့်ပစ်သော အမှိုက်များကို တာဝန်ယူပေးရန် တောင်းဆို](https://burmese.kachinnews.com/2023/04/19/bb1-9/): ဝိုင်းမော်မြို့ တစ်သျှူးငှက်ပျောခြံများတွင် စွန့်ပစ်ထားသော ပလပ်စတစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။ - [ရွှေကူ အရှေ့ဘက်ခြမ်း ရွာမီးရှို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းများ အနောက်ဘက်ခြမ်းသို့ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေး](https://burmese.kachinnews.com/2023/04/18/az3-29/): ရွှေကူမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၁ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိ ရွှေကူမြို့အနောက်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ - [စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဆိုင်းဖရာဒေသခံ တစ်ဦးသေဆုံးပြီး ၆ ဦးပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2023/04/18/yl3-3/): ဖားကန့်သွား လမ်းမပေါ်တွင်ရှိသော ဆိုင်းဖရာကျေးရွာ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့်  ဒေသခံပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးသွားကြောင်းသိရသည်။ - [SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား](https://burmese.kachinnews.com/2023/04/18/yl2-12/): ကချင် နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။ - [ပူတာအိုမြို့ပေါ်တွင် ငါးပစ်ဂိမ်း လောင်းကစားရုံ ပေါ်ပေါ်တင်တင် ဖွင့်လှစ်နေ](https://burmese.kachinnews.com/2023/04/18/az1-176/): ပူတာအိုမြို့ပေါ် လုံးစွပ်ရပ်ကွက်တွင် ငါးပစ်ဂိမ်းလောင်းကစားရုံတစ်ခု ပေါ်ပေါ်တင်တင်ဖွင့်လှစ်ထားကြောင်း ဒေသခံများမှ သိရသည်။ - [ဆိုင်းဖရာကျေးရွာ စီးနင်းခံရပြီး အရပ်သား အများစု ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/04/18/yl1-71/): ဖားကန့်လမ်းမပေါ်  ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး ဒေသခံအများအပြားကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု သိရသည်။ - [ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် ကလေးသူငယ် ၄၀ ဦး ဝန်းကျင်ပါဝင်](https://burmese.kachinnews.com/2023/04/17/sm1-84/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် အရပ်သားပြည်သူ ၁၇၁ ဦးပါဝင်ရာ ထိုအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၇ ဦး နှင့် အမျိုးသမီး ၂၄ ဦးပါဝင်‌ကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ - [စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်ရ](https://burmese.kachinnews.com/2023/04/17/zm1-55/): မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။ - [လုံးခင်းတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2023/04/17/az3-28/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ - [မူးယစ်ရောင်းချသူများကို သိရှိသော်လည်း အရေးယူပေးရန် တိုင်ကြားမည့်သူ မရှိ](https://burmese.kachinnews.com/2023/04/17/ld1-25/): မြစ်ကြီးနားမြို့ ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် မူးယစ်ဆေးဝါးကို အဓိက ဖြန့်ဖြူးရောင်းချနေသော အိမ်ထောင်စု ၃ စုကို ကျေးရွာသားအားလုံး သိရှိထားသော်လည်း တိုင်ကြားမည့်သူ မရှိသဖြင့် အရေးယူပေးမည့်သူလည်း မရှိကြောင်း သိရသည်။ - [ရွှေကူမြို့အရှေ့ဘက် စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် ဆေးဝါး အကူညီ လိုအပ်နေ](https://burmese.kachinnews.com/2023/04/17/az2-98/): ရွှေကူမြို့နယ် အရှေ့တောင်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်ဝင်မည်ဟု သတင်းထွက်‌ပေါ်နေသောကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်‌ဘဲ အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများ ထံမှသိရသည်။ - [ဖားကန့်တွင် ရိုက်နှက်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/04/17/az1-175/): ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာအနီး ဥရုချောင်းကမ်းဘေးတစ်နေရာတွင် ရိုက်နှက်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း မျောလာကြောင်း ဒေသခံများထံမှ သိရသည်။ - [အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်များထားရှိရန် လိုအပ်နေကြောင်း လုံးခင်းကျေးရွာ ဒေသခံများပြော](https://burmese.kachinnews.com/2023/04/17/az1-174/): လုံးခင်းကျေးရွာတွင် နေ့စဥ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များကို အမှိုက်ကန်များထားရှိ၍ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေကြောင်း ဒေသခံများ ပြောသည်။ - [မြေရှားတူးဖော်ရေး စီမံကိန်းများ ရပ်တန့်မည်ဟု KIO ဥက္ကဋ္ဌ ပြောဆိုခဲ့ကြောင်း ဒေသခံများဆို](https://burmese.kachinnews.com/2023/04/15/rare-earth-ld-2/): ကချင်လူထုအပြင်းအထန် ကန့်ကွက်နေသော ဗန်းမော်ခရိုင် ဒိန်းဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုပ်သိမ်းပေးမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ဒေသခံများကို ယနေ့ပြောဆိုလိုက်ကြောင်း သိရသည်။ - [ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် (ဧပြီလ ၁၅ ရက်)](https://burmese.kachinnews.com/2023/04/15/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8/) - [နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်](https://burmese.kachinnews.com/2023/04/13/az1-173/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ - [ဗန်းမောက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/04/13/sm2-16/): စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ကြီးရွယ်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူများထံမှသိရသည်။ - [ပူတာအိုမြို့တွင်း ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2023/04/13/bb1-8/): ပူတာအိုမြို့တွင်း ဌာနဆိုင်ရာရုံးအနီးတွင် စီးဆင်းနေသော မဂျော့ဝေါ့ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ထိရောက်စွာ အရေးယူပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။ - [ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၆၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ရှင်းလင်းရေးဆောင်ရွက်နေဆဲ](https://burmese.kachinnews.com/2023/04/13/sm1-83/): ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးမှုတွင် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၆၈ ဦးအထိရှိခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ - [ရွှေကူမြို့ပေါ် အရပ်သားနေအိမ်များတွင် စစ်ကောင်စီတပ် နေရာယူပြီး အရပ်သားများကို ပစ်ခတ်မှုပြုလုပ်နေ](https://burmese.kachinnews.com/2023/04/12/az1-172/): ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် အရပ်သားပြည် နေအိမ်အချို့တွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် တပ်စွဲထားပြီး လမ်းသွား လမ်းလာပြည်သူများကို ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ - [ပဇီကြီးကျေးရွာအနီး ရဟတ်ယာဉ် ပျံဝဲနေသေးသဖြင့် ရုပ်အလောင်းများကို သဂြိုလ်မှုမပြီးစီးသေး](https://burmese.kachinnews.com/2023/04/12/sm1-82/): လေကြောင်းတိုက်ခိုက်မှု ခံရသော ကန့်ဘလူ ပဇီကြီးကျေးရွာတွင် စစ်တပ် ရဟတ်ယာဉ်များ ပျံဝဲနေဆဲ ဖြစ်သောကြောင့် သေဆုံးခဲ့သော အရပ်သား ပြည်သူများ၏ ရုပ်အလောင်းအားလုံးကို သဂြိုလ်ပြီးစီးနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ကကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ - [ဖားကန့်မြို့တွင် စစ်ကောင်စီက အရပ်ဝတ်များဖြင့် အစစ်အဆေး တင်းကြပ်နေ](https://burmese.kachinnews.com/2023/04/12/az1-171/): ဖားကန့်မြို့တွင် စစ်ကောင်စီ စစ်သား နှင့် ရဲများက အရပ်ဝတ်များ ဝတ်ဆင်ကာ မြို့တွင်းလူသွားလူလာများသည့် နေရာများတွင် အစစ်ရေးပြန်လည် တင်းကြပ်နေကြောင်း သိရသည်။ - [ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/04/11/sm2-15/): ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေသော ရုပ်အလောင်းများကို ကောက်ယူနေသော အရပ်သားများကို စစ်တပ်က ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ - [ရွှေကူ နန့်လန် နှင့် နောင်လတ်ကြီးကျေးရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့](https://burmese.kachinnews.com/2023/04/11/az1-170/): ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သည် ယနေ့ နံနက် ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။ - [ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးနိုင်ပြီး ထိုထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် ၃၀ ကျော်ပါဝင်နေ](https://burmese.kachinnews.com/2023/04/11/sm2-14/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့လုံခြုံရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၀၀ ကျော်အထိရှိနိုင်ပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အများဆုံးပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ - [စစ်ကိုင်းတွင် PDF ပူးပေါင်းတပ် စခန်းတစ်ခု စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခံရ](https://burmese.kachinnews.com/2023/04/11/sm1-81/): စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF တပ်ချနေထိုင်ထားသည့် ယာယီတပ်စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရမှုကြောင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းခံလိုက်ရပြီး ငွေကြေးတန်ဖိုးအရ သိန်း ၅၀၀ ဝန်းကျင်အထိ လက်လွတ်ဆုံးရှုံးလိုက်ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။ - [မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်](https://burmese.kachinnews.com/2023/04/10/rare-earth-ld/): ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းသွားရန် နှင့် သက်ဆိုင်ရာ KIO အစိုးရမှ ပြည်သူ့ဆန္ဒအား အလေးပေးလာတတ်ရန် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ကို ဧပြီလ ၁၀ ရက်နေ့ တွင် ဒေသခံများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ပါးလုံးနှင့် ကက်သလစ်အသင်းတော်များ ပါဝင်ကာ ဧပြီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစပြီး ဝိုင်းဝန်းဆုတောင်းဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒိန်ဆင်းပါ မြေရှားသတ္တုတူးဖော်ခြင်း ကန့်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦး KNG ကို ယခုလိုပြောသည်။ “ကျနော်တို့ ပြည်သူတွေ ဝိုင်းဆုတောင်းရခြင်းအကြောင်းရင်းက ဗဟို KIO အစိုးရလည်း မှန်ကန်သောနည်းလမ်းနဲ့ ဦးဆောင်တတ်ဖို့နဲ့ မကောင်းဘူး မသင့်ဘူးဆိုတဲ့လုပ်ငန်းကို ကောင်းကောင်းဦးဆောင်ပိုင်းခြားတတ်ဖို့၊ ဒီမြေရှားသတ္တု တူးဖော်ခြင်းကို ကျနော်တို့ပြည်သူတွေ အောင်မြင်စွာ ကန့်ကွက်နိုင်ဖို့ KIO အစိုးရလည်း နားထောင်ပေးဖို့ အဓိက ထား ဝိုင်းဆိုတောင်းကြတာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသရှိ ကျိန်းလပ်ပါတွင်ရှိသော တရုတ်ကုမ္မဏီ၏ မြေရှားတူးဖော်ရေး လုပ်ငန်းခွင်အား မတ်လ ၂၁ ရက်နေ့ ဒေသခံများ သွားရောက်ဆန္ဒပြကာ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ ထို့နောက် KIO ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ နှင့် ခရစ်ယာန်အသင်းတော် ၅ ပါးမှ ဒေသခံများကိုယ်စား ခေါင်းဆောင်တို့သည် ဗဟိုဌာနချူပ်တွင် မြေရှားသတ္တုတူးဖော်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း မြေရှားတူးဖော်မှုအစီစဉ် ဆက်လက်လုပ်ဆောင်ရန် နှင့် ရပ်တန့်ရန် KIO အစိုးရ၏ ဆုံးဖြတ်ချက်ကို မသိရသေးကြောင်း ဒေသခံများပြောသည်။ … - [ကန့်ဘလူက ပထမဦးဆုံး စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အခြားအကူညီများလိုအပ်နေ](https://burmese.kachinnews.com/2023/04/10/sm1-80/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပထမဦးဆုံး စစ်ရှောင်စခန်းဖြစ်သော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ - [ရွှေကူ စီသောင်ရွာ ထပ်မံ ဗုံးကျဲတိုက်ခိုက်ခံရသဖြင့်  ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့](https://burmese.kachinnews.com/2023/04/10/az2-97/): ရွှေကူမြို့နယ် အရှေ့ဘက် စီသောင်းကျေးရွာကို စစ်ကောင်စီတပ်မှ ဧပြီလ ၉ ရက်နေ့တွင် လေယာဉ် ၂ စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတစ်ခုလုံး မီးလောင်ပြာကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2023/04/10/az1-169/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ရှိ ”ယွမ်း” လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။ - [ရှားပါး ငှက်မျိုးစိတ်များအား ဖမ်းဆီးရောင်းချနေမှုကို တားဆီးသင့်ကြောင့် ပူတာအိုဒေသခံအချို့ ပြောဆို](https://burmese.kachinnews.com/2023/04/10/ld1-24/): ပူတာအိုစျေးတွင် ထိန်းသိမ်းကာကွယ်ထားသင့်သော ရှားပါးငှက်မျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ကာ ပေါ်ပေါ်တင်တင် ရောင်းချနေမှုကို တားဆီးသင့်ပြီဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။ - [ယုဇနကုမ္ပဏီထွက်ခွာခြင်း ၂ နှစ်ပြည့်ခဲ့သော်လည်း ဒေသခံများ မြေယာပိုင်ဆိုင်ခွင့်မရရှိသေး](https://burmese.kachinnews.com/2023/04/10/yl1-70/): ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ယုဇနကုမ္ပဏီ ထွက်ခွာသွားခြင်း ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်း လယ်ယာမြေလုပ်ကိုင်ခွင့် အပြည့်အဝ မရရှိသေးကြောင်း ဒေသခံတောင်သူများဖွင့်ဟပြောဆိုသည်။ - [ခေတ်က ဖိအားပေးလိုက်တဲ့ မသန်စွမ်းများ၏ ရင်တွင်းသံ](https://burmese.kachinnews.com/2023/04/08/%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%80-%e1%80%96%e1%80%ad%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%99/): “ကျမခင်ပွန်းက တောထဲတောင်ယာသွားလမ်းမှာ မြေမြှုပ်မိုင်းထိခိုက်ခံလိုက်ရတာကြောင့် မိသားစုအသက်ဆက်ဖို့ ပိုပြီးခက်ခဲသွားတယ် အဆိုးဆုံး က ကလေးတွေရဲ့ပညာသင်ကြားရေး ရပ်တန့်သွားခဲ့ရတယ်” ဟု ဒေါ်ထုဆန်က ပြောပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်သူများအဘက်ဘက်ကနေ ခက်ခဲမှုတွေနဲ့တွေ့ကြုံနေရပါတယ်။ ထိုပြည်သူများထဲတွင် မသန်စွမ်းများလည်း အကြီးအကျယ် ခက်ခဲနေတဲ့ ဒဏ်ကိုခံစားနေရပါတယ်။ မသန်စွမ်းများမှာ ယခုချိန်ခါတွင် ကူညီထောက်ပံ့မှုများကို ဟိုးအရင်ကလို မရရှိတော့တာကြောင့် စားဝတ်နေရေးအတွက် ပူပန်နေရကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေလည်း လျော့နည်းလာခဲ့ကြောင်း သိရပါတယ်။ မသန်စွမ်းတွေရဲ့ ဖြစ်တည်နေတဲ့အခြေအနေနှစ်မျိုး ရှိနေပါတယ်။ မူလက ဖြစ်တည်လာတဲ့ မသန်စွမ်းဖြစ်မှုနဲ့ ၂၀၁၁ မှ စတင်လာသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်သွားတဲ့ ပြည်သူတွေအများအပြားရှိပါတယ်။ အဲဒီအထဲ မြေမြုပ်မိုင်းကြောင့် ခြေထောက်ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားခဲ့ရတဲ့ ပြည်သူတွေလဲ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေပါတယ်။ “စစ်ရှောင်ထဲ မသန်စွမ်းတွေက နေရပ်ဖြစ်တဲ့ရွာပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်။ သူတို့မှာပြန်ရင်လည်း နေစရာအိမ်တွေ မရှိတော့ဘူး။ အိမ်တွေပြန်ဆောက်ဖို့ ငွေကြေးတွေမရှိဘူး ဘာမှအဆင်မပြေဘူးဖြစ်နေတယ်။ မိသားစုထဲမှာ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်နေတဲ့သူတွေရှိတယ်။ မွေးရာပါကြောင့် မသန်စွမ်းဖြစ်နေတဲ့သူတွေ အဲ့ဒီနှစ်ခုစလုံးအတွက် နိုင်ငံတကာအကူအညီ ရရှိမှုလည်းနည်းပါးနေပါတယ်” ဟု ကချင်ပြည်နယ်ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးဇုံးဆောင်က ပြောပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် မိသားစုထဲက အိမ်ထောင်ဦးစီးများ ရွေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ဖို့လည်း လမ်းခရီးအခက်အခဲ တိုက်ပွဲအခြေအနေတွေကြောင့် ဝင်ငွေရှာဖွေရာ၌ ခက်ခဲနေကြကြောင်းသိရပါတယ်။ မသန်စွမ်းများကိုယ်တိုင်လည်း အပြင်ထွက် အလှူခံတဲ့အခါမှာ ခါးပိုက်နှိုက်၊ ဓားပြတိုက်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် အိမ်ထဲမှာပဲကြောက်ရွံ့ပြီးနေရတဲ့အတွက် စစ်ရှောင်စခန်းက မသန်စွမ်းတွေဟာ ပိုပြီး … - [မိုးကောင်းမြို့ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/04/08/az2-96/): ကချင်ပြည်နယ် မိုးကောင်းမြို့တွင် CDM ထွေအုပ် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီအဖွဲ့က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ - [ရွှေကူမြို့ပြင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/04/08/az1-168/): ကချင်ပြည်နယ် ရွှေကူမြို့နှင့် ၉ မိုင်ခန့်သာဝေးသော မံခါးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဥ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [ကချင် စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်တွေကို သင်ကြားပေမယ့် အွန်လိုင်းကျောင်း](https://burmese.kachinnews.com/2023/04/08/msie-ld/): ကချင်အမျိုးသားစာပေ ယဉ်ကျေးမှု နှင့်သမိုင်းဘာသာရပ်တွေကို သင်ကြားပေးမယ့် Mungmyit Sinli Institute of Education (MSIE) အွန်လိုင်းကျောင်းတစ်ခုကို ဖွင့်လှစ်ထားပြီလို့ သိရပါတယ်။ - [ကိုယ့်စည်းကို  လုံအောင်စောင့်ကြမယ်](https://burmese.kachinnews.com/2023/04/07/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%af%e1%80%b6%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): “အချစ် နဲ့ စစ် မှာမတရားတာမရှိဘူး အကုန်လုံးတရားတယ်” ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပေမယ့်လို့ လူသားချင်းစာနာမှုရှိဖို့နဲ့ နိုင်ငံတကာစစ်ဥပေဒများကို လက်နက်ကိုင်ထားတဲ့တပ်ဖွဲ့တိုင်းက လိုက်နာဖို့ အထူးပင်လိုအပ်နေပါတယ်။ နွေဦးတော်လှန်ရေးဟာ လူသတ်ပွဲမဖြစ်ချင်ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအနေထားအရမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်သတ်ဖြတ်နေမှုဟာ ဓလေ့တစ်ခုဖြစ်လာပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဏာသိမ်းမှုကို လက်မခံတဲ့ပြည်သူတွေဟာ လမ်းမပေါ် ထွက်ပြီးတော့ နည်းလမ်းပေါင်းများစွာနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြ ပြည်သူတွေကို စစ်တပ်က လက်နက်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ ၊ နေ့ဖမ်း ညဘက်အလောင်းလာပို့တဲ့စနစ် ကျင့်သုံးလာတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် လက်နက်ကိုင်လမ်းစဉ်တွေကို ရွေးချယ်ဖို့ အဓိကတွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်း အပိုဒ် ၈ မှာဖော်ပြချက်အရ “လူ့အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေ အကူအညီယူခွင့်ရှိတယ်” ဆိုပြီး ဖော်ပြထားပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေနေမှာတော့ ဥပဒေအကူအညီမရှိတော့တဲ့အပြင် ကိုယ့်တရားကို ကိုယ်စီရင်ရမယ့်အခြေနေတစ်ခုရောက်လာခဲ့တာကြောင့် အာဏာသိမ်းမှုကိုလက်မခံတဲ့ မြန်မာပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ခုခံတော်လှန်စစ်အဖြစ် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာကနေ စစ်ပွဲအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုတွေကလည်း တစ်ဆက်တည်း ပေါ်ပေါက်လာပါတယ်။ ဒီသတ်ဖြတ်မှုတွေအားလုံးရဲ့ တရားခံဟာ စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းလိုက်ရခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။ “မြန်မာနိုင်ငံရဲ့ အခြေနေအရက တရားဥပဒေကိုင်ထားတဲ့သူတွေကိုယ်၌က စပြီးသတ်ဖြတ်လာကြတာဆိုတော့ ပြည်သူတွေကလည်း သူတို့လုပ်သလို တန်ပြန်လုပ်လိုက်မှ တရားမျှတမှုရှိတယ်ဆိုပြီး ခံယူလာကြတာလည်းပါတယ်” ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကသာနယ်  မိုးတားကြီးကျေးရွာအနီး ကျွန်းပင်ရွာအပြင်လမ်းဘေးတစ်နေရာမှာ နဖူးမှာ ပစ်သတ်ထားတဲ့ဒဏ်ရာတွေအပြင် လက်ပြန်ကြိုးတုတ်ထားပြီး ရိုက်နှက်သတ်ခံထားရတဲ့အမျိုးသမီး … - [မြစ်ကြီးမြို့တွင် ၃ လအတွင်း နေအိမ် ၁၈ လုံး မီးလောင်](https://burmese.kachinnews.com/2023/04/07/myitkyina-bb/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ၃ လ အတွင်း မီးလောင်မှု ၁၀ ကြိမ်အထိရှိခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီးလောင်ခဲ့ရသည့် အကြောင်းအရင်းများမှာ လျှပ်စစ်ဝိုင်ယာရှော့မီး ၅ ကြိမ်၊ မီးဖိုမီး ၃ကြိမ် ၊ ပေါ့ဆမီး ၂ ကြိမ် စုစုပေါင်း ၁၀ ကြိမ်ရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်ရှိတဖြေးဖြေး ပူလာတဲ့ အပိုင်းကိုရောက်လာပြီ၊ ပြည်သူတွေအနေနဲ့ သုံးစွဲတဲ့မီးတွေကို မီးဖိုမီးနဲ့ ချက်လို့ဖြစ်ဖြစ်၊ လျှပ်စစ်နဲ့ ချက်လို့ဖြစ်ဖြစ်ပေါ့ အခုချိန်က မီးလာတာ ပျက်တာမမှန်တဲ့အတွက် အပြင်ထွက်မယ်ဆိုရင် သက်ဆိုင်ရာမိန်းတွေကို အကုန်ချ၊ မီးသွေးတို့ ထင်းတို့နဲ့ ချက်တယ်ဆိုရင်လည်း အမြဲလူစောင့်ကြည့်ဖို့၊ မီးဖိုဘေးမှာ ရေတွေဖြန်းထားဖို့ ဒါလေးတွေမှာချင်တယ်” ဟု ပြောသည်။ မီးလောင်မှု သတင်းပေးသည့် အချိန်တွင်လည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ လမ်း၊ တည်နေရာတွေကို တိကျမြန်ဆန်စွာ သတင်းပေးပို့ရန် အကြံပြုချင်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ဆက်ပြောသည်။ ထို့အပြင် အပြင်ထွက်လျှင် မိန်းချထားရန်၊ သတ်မှတ်ဝင်အားထက် ကျော်လွန်ပြီး လျှပ်စစ်တွေကို မသုံးစွဲရန်၊ မီးသွေး မီးဖို သုံးစွဲသူများ မီးသေချာသတ်ပေးရန် လိုအပ်ကြောင်းလည်း ပြောသည်။ မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ စုစည်းထားသည့် စာရင်းအရ မြစ်ကြီးနားခရိုင်တွင် မီးလောင်မှုများမှာ ဇန်နဝါရီလတွင် ၂  ကြိမ်၊ ဖေဖော်ဝါရီလတွင် ၄ ကြိမ် နှင့် မတ်လတွင် ၄ ကြိမ်အထိရှိခဲ့သည်။ မတ်လ ၁၉ ရက်နေ့ … - [စစ်တပ် ဖမ်းဆီးထားသော ရွှေကူ ကုန်စုံဆိုင်ပိုင်ရှင် နှင့် ဝန်ထမ်းများ ပြန်မလွတ်လာသေး](https://burmese.kachinnews.com/2023/04/07/az1-167/): ရွှေကူမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်ဆီးသွားသော ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးတို့ကို တစ်ပတ်နီးပါးကြာသည်အထိ အဆက်သွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။ - [ဆရာတော် ခလမ်ဆမ်ဆွန် ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ](https://burmese.kachinnews.com/2023/04/07/yl1-69/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဟောင်း သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် ပုဒ်မ ၃ ခုအတွက် ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ အကျဉ်းထောင်တရားရုံမှ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က) ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ် အထိချမှတ်လိုက်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ “အမှု ၃ ခုအတွက် ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်လိုက်တာဖြစ်တယ်။ ကျခံရမယ့် ထောင်ဒဏ်က ၆ နှစ်ဖြစ်တယ်။ ဒါပေမယ့် ကျမတို့မှာ အယူခံပြန်ဝင်ခွင့်ရှိတယ်။ အဲ့ကြောင့် ထပ်မံပြီးတော့ အယူခံအဆင့်ဆင့် ပြန်ဝင်သွားဖို့ရှိတယ်” ဟု ပြောသည်။ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သော်လည်း ဆက်လက်အယူခံဝင်သွားမည်ဟု သူက ဆက်ဆိုသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို KIO/KIA ထိပ်ပိုင်းခေါင်းအဖွဲ့ နှင့် တွေ့ဆုံရှိခဲ့ဆိုသော စွပ်စွဲချက်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံခဲ့သည်ဆိုသောအချက် အပြင် လူငယ်ဆွေးနွေးပွဲတစ်ခုတွင် နိုင်ငံတော် အကြည်အညိုပျက်စေသည့် အသုံးအနှုန်းများ ပြောဆိုခဲ့သည်ဆိုသော အချက်များဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဗိုလ်မှူးသူအောင်ဇော် မှ တရားလိုပြုလုပ်ကာ ပုဒ်မ … - [ဆန်တစ်အိတ် ကျပ် ၃ သိန်းနီးပါး ပေးဝယ်ရသော ပူတာအိုမြောက်ပိုင်း ဒေသခံများ၏ စားဝတ်နေရေးအခြေအနေ မေးမြန်းချက်](https://burmese.kachinnews.com/2023/04/07/putao-bb/): ကချင်ပြည်နယ် ပူတာအို နှင့် နောင်မွန်မြို့နယ်အထက်ဘက် ရေခဲတောင်ခြေကျေးရွာများရှိ ပြည်သူများသည် ယခုနှစ်တွင် စားဝတ်နေရေးအခက်ခဲဆုံးအခြေအနေဖြင့်ရင်ဆိုင်နေရပြီး လာမယ့် မိုးတွင်းအတွက် ပိုမို စိုးရိမ်နေကြသည်။ - [ပုလဲတွင် PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ချို့နှင့် အဆက်အသွယ် ပြတ်နေ](https://burmese.kachinnews.com/2023/04/06/sm-4/): စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပန်းရွာအနီးရှိ M-7 PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် PDF ရဲဘော်တစ်ချို့နှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် စခန်းတစ်ဝှိုက်ကို ရုတ်တရက်စီးနင်းပစ်ခတ်ခဲ့ပြီး အင်အားလေးခေါက်ချကာ စခန်းကို စီးနင်းမီးရှို့သွားခဲ့ခြင်းဖြစ်သည်ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့အင်အား ၁၀၀ ဝန်းကျင်လောက်ချသွားတယ်။ စခန်းလည်းမီးရှို့ခံခဲ့ရတယ် တပ်သားအချို့နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ ဝေဟင်ကပစ်တာထိရင်တော့ သူတို့ဖမ်းဆီးခံရနိုင်တယ် ပွန်းပဲ့ဒဏ်ရာတစ်ချို့နဲ့ ၇ ဦးတော့ လွတ်မြောက်လာပါတယ်“ ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရဲဘော်အချို့သာ စခန်းတွင်းကျန်ရှိနေစဉ် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏများနိုင်သည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စီဘက်က စခန်းတည်နေရာကို တိတိကျကျ သတင်းရရှိကာ လာရောက်ပစ်ခတ်ခဲ့သဖြင့် သတင်းပေးဒလန်များကြောင့် ဖြစ်နိုင်သည်ဟု ပုလဲ ပကဖအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။ “ဒီစခန်းက ရွာနဲ့အခြေပြု မထားတဲ့စခန်း အဲ့တာကြောင့် တော်ရုံတန်ရုံမသိနိုင်ဘူး သူတို့ဘက်က သုံးသပ်တာကတော့ သတင်းပေး ဒလန်ကြောင့်လို့ပြောတယ်။ ပြေးလို့လွှတ်မြောက်လာတဲ့ သူတွေပြောကြားချက်အရတော့ ကျနော်တို့စခန်းက ဒီနေရာပါလို့ လက်ညိုးထိုးပြီး ပစ်ခိုင်းသလိုပဲ ခေါင်းကိုမဖော်နိုင်ပဲ ပြေးခဲ့ရတာလို့ပြောတယ်” ဟု ပုလဲ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စီးနင်းခံခဲ့ရသည့်စခန်းသည် ပုလဲမြို့နယ်မြောက်ဘက်ခြမ်း ပုလဲမြို့ပေါ် နှင့် ၈ မိုင်အကွာခန့်တွင် တည်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ ပုလဲမြို့နယ်ကို စစ်ကောင်စီက … - [စစ်ကောင်စီထံ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေကြတဲ့ ကချင်ပါဝင်များ](https://burmese.kachinnews.com/2023/04/06/kachin-party-yl/): မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအောက် ရွေးကောက်ပွဲ ကော်မရှင်ထံပါတီမှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ အထိရှိနေပြီလို့ စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီထဲမှာ ကချင်နိုင်ငံရေးပါတီတွေလည်း ပါတီဆက်လက်တည်ရှိခွင့်အတွက် ပါတီမှတ်ပုံတင်အသစ် ပြန်တင်တဲ့အတွက် ကချင်ပြည်သူတွေ ဝေဖန်နေကြတာပါ။ လူသိများတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDPK စတဲ့ နိုင်ငံရေးပါတီ ၄ ခုဟာ စစ်ကောင်စီမှာ စာရင်းတင်သွင်းထားတာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတစ်ခုဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဟာ လက်ရှိမှာ ပါတီ ဆက်လက်ရှင်သန်းရေးတစ်ခုအတွက် ပါတီမှတ်ပုံတင်ထားပြီးတော့ စစ်ကောင်စီ ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိမရှိဆိုတာ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒသာဖြစ်တယ်လို့ KSPP ပါတီ ဥက္ကဋ္ဌ ဦးအင်ရှန်ဆန်အောင် က KNG ကို ပြောပါတယ်။ “အခုချိန်အထိ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လုံးဝ မစဉ်းစားရသေးဘူး။ ပါတီဆက်ရှိနေဖို့ မှတ်ပုံတင်ထားတာပဲ ရှိသေးတယ်။ အားလုံးကို ပြောချင်တာက ကျနော်တို့ရဲ့ပါတီက ပြည်သူလူထုရဲ့ပါတီဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းသွားဖို့ပဲရှိတယ်” လို့ပြောပါတယ်။ ကချင်အမျိုးသားကွန်ကရက်သစ်ပါတီ KNC အနေနဲ့တော့ တရားဝင် နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက်နဲ့ ပါတီ တရားဝင်ဆက်ရှိနိုင်ဖို့အတွက် မှတ်ပုံတင်ထားတယ်လို့ KNC ပါတီရဲ့ ပြောဆိုခွင့်တာဝန်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာ က ပြောပါတယ်။ “ကျနော်တို့က တရားဝင်တဲ့အနေနဲ့ နိုင်ငံရေးလုပ်ချင်တာ။ ဘာကို … - [မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်](https://burmese.kachinnews.com/2023/06/05/zm1-67/): မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်းလျား လိုင်းခန်း ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှားရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကိုလည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအကြပ် နှင်ထုတ်နေကြောင်း သိရသည်။ - [လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/06/05/ld1-30/): ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်း ၂ နေရာ ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။ - [ရွှေကူနယ် NUG အစိုးရ ကျောင်းတွင် တက်နေသည့် ကျောင်းသား/သူများအတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/06/03/zm1-66/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာသင်ယူနေကြသည့် မီးဘေး သင့် ကျောင်းသား/သူ များအတွက် ကျောင်းအသုံးပစ္စည်း အကူအညီများလိုအပ်နေကြောင်းသိရသည်။ - [ပူတာအို မူလာရှီးဒီချောင်းတွင် လူငယ်တစ်ဦး ရေနစ်ပြီးသေဆုံး](https://burmese.kachinnews.com/2023/06/02/bb2/): ဇွန်လ ၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် မူလာရှီးဒီချောင်းထဲသို့ သူငယ်ချင်းများနဲ့အတူ ရေဆင်းချိုးသည့် အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အသက်က ၂၄ နှစ်တဲ့ သူ့သူငယ်ချင်းတွေနဲ့ ရေဆင်းချိုးတဲ့ တံတားအောက်မှာနစ်သွားတာ”ဟု ပြောသည်။ အဆိုပါရေနစ်သေဆုံးသွားသည့်ရုပ်အလောင်းကို မူလာရှီးဒီဒေသခံများက ဝိုင်းဝန်းသယ်ဆောင်သွားပြီး အမည်နာမကိုစုံစမ်းနေဆဲ ဖြစ်သည်။ မူလာရှီးဒီ ချောင်းထဲတွင် ရေနစ်သေဆုံးသူများ နှစ်စဥ်ရှိနေပြီး တံတားအောက်နေရာဘက်တွင် ရေနစ်သေဆုံးမှု ပိုမိုဖြစ်ပွားနေကြောင်းသိရသည်။ “ဒီမူလာရှီးဒီချောင်းမှာက နှစ်တိုင်းလိုလိုဖြစ်တယ်နော် ဧည့်သည်ရေနစ်သေတာများတယ်။ ရေနစ်သေတဲ့ထဲမှာက ဧည့်သည်တွေပဲ အဖြစ်များတယ် အခုလည်းဗမာဆိုတော့ ဧည့်သည်ပဲနေမှာ ဒေသခံကလေးတွေကမဖြစ်ဘူး အဲ့တံတားအောက်ဘက်ဆို နာမည်ကြီးပဲ ခဏခဏ နစ်လို့”ဟုအထက်တွင်ဖော်ပြခဲ့သည့် အမျိူးသမီးက ဆက်ပြောသည်။ အဆိုပါ မူလာရှီးဒီချောင်းထဲတွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း လူငယ်တစ်ဦး တံတားအောက်တွင်ရေနစ်သေဆုံးမှု ဖြစ်စဉ်ရှိခဲ့သည်။ - [မြစ်ကြီးနား အထက(၄) ကျောင်းတွင် ကျောင်းသားသစ် တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ် တောင်းခံ](https://burmese.kachinnews.com/2023/06/02/bb1-23/): မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဝင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား အသစ်တစ်ဦး ကျောင်းအပ်လျှင် ကျပ်တစ်သိန်းပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက KNG ကို ပြောသည်။ “ကျောင်းသားအသစ်တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ကောက်ခံနေပါတယ် ကျွန်တော်ကိုယ်တိုင်မြေးလေးကို ကျောင်းသွားအပ်ခဲ့တာပါ အလှူငွေဆိုပြီး တစ်သိန်းထည့်ခဲ့ရပါတယ်”ဟုပြောသည်။ လက်ရှိ အမှတ် (၄) အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ စစ်တက္ကသိုလ်အပတ်စဉ် (၄) ဆင်း ဗိုလ်မှူးကျော်ဇေယျာလှိုင် ဆိုသူဖြစ်ပြီး ကျောင်းသားသစ် အလှူငွေများကို အလယ်တန်းပြ ဆရာမတစ်ဦးကို ကောက်ခံခိုင်းထားသည်ဟု ကျောင်းသား မိဘက ပြောသည်။ “ကျမတို့အိမ်က တူမနဲ့ တူ ၂ ယောက် တစ်ယောက်ကို ၁ သိန်းနှုန်းနဲ့ ၃သိန်းပေးခဲ့ရတယ်ပြောတယ်” ဟု ကျောင်းအပ်ခဲ့သည့် အမည်မဖော်လိုသည့် ကျောင်းသား မိခင်တစ်ဦးကလည်း ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက (၄) တွင် ကျောင်းသားသစ်တစ်ဦးလျှင် ကျပ် ငါးသောင်းကောက်ခံခဲ့ရာမှ ယခုနှစ်တွင် ငါးသောင်းထပ်တိုး ကောက်ခံလာခြင်း ဖြစ်သည်ဟု သိရသည်။ - [မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ](https://burmese.kachinnews.com/2023/06/02/az2-124/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။ - [အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု ၄ လကြာတဲ့အထိ KIO ဘက်က အမှုမှန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ](https://burmese.kachinnews.com/2023/06/02/yl1-77/): ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရတာ ၄ လကြာခဲ့ပေမယ့် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ကြန့်ကြာမှုတွေ ရှိနေတယ်လို့ လူထု အမှုမှန် ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။ - [ကသာရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံပြီး နေအိမ် ၁၀၀ ကျော် မီးလောင်](https://burmese.kachinnews.com/2023/06/02/zm-8/): ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ - [သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်](https://burmese.kachinnews.com/2023/06/02/child-rape-case-putao-bb/): ပူတာအိုမြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ်အနှစ် ၂၀ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။ - [ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေ ကြုံတွေ့နေရ](https://burmese.kachinnews.com/2023/06/02/sm-7/): စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဆင်များကို ပြုစုစောင့်ရှောက်နေသော ဆင်ဦးစီးမိသားစုများသည် စားဝတ်နေရေးခက်ခဲလာသောကြောင့် ဆင်များကိုစွန့်လွှတ်ကာ နေရပ်ပြန်ရမည့်အခြေနေဖြင့် ကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။ - [အင်းတော်ကြီးတွင် ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများရှိ](https://burmese.kachinnews.com/2023/06/01/zm1-65/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် အင်အား အသင့်သင့်ရှိ ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိသည့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဖြတ်လိုက်ရ](https://burmese.kachinnews.com/2023/06/01/az1-209/): ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ - [ဝက်လက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၅ထောင်ခန့်ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/06/01/sm1-101/): စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာသောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။ - [စစ်တပ်နယ်မြေ နှင့် VIP အုပ်စုတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ဘူးဂါးရုံး ထုတ်ပြန်](https://burmese.kachinnews.com/2023/05/31/bb/): စစ်တပ်နယ်မြေ နှင့် အုပ်ချုပ်ရေးရုံးများတည်ရှိရာ ရပ်ကွက်များကို အုပ်စု D အဖြစ် ၂၄ နာရီ လျှပ်စစ်မီးရရှိမည်ဟု ဘူးဂါးလျှပ်စစ်ရုံးမှ လစဉ်ထုတ်ပြန်နေသည့် ဓာတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားအရ သိရသည်။ - [စစ်ရေးနဲ့ ဝမ်းရေးကြားက အပူသည်များ](https://burmese.kachinnews.com/2023/05/31/zm1-feature/): “ပြေးရ လွှားနေရတာနဲ့ဘဲ တစ်နှစ်ပြည့်လာနေပြီ ခုချိန်ထိဘာမှ မလုပ်ရသေးဘူး” လို့ ပြောလာသူကတော့ ဗန်းမော်ခရိုင် မိုးမောက်မြို့ ဝဝမ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ကိုင်လိန် (အမည်လွှဲ) ဖြစ်ပါတယ်။ ဒေါ်ကိုင်လိန် (အမည်လွှဲ) တို့ မိသားစုဝင်တွေဟာ ဝဝမ်ကျေးရွာ ဒေသခံတွေဖြစ်ကြပြီးတော့ မိသားစုဝမ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့သူတွေပါ။ မိသားစု စားဝတ်နေရေး ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် လိုအပ်တဲ့အရာမှန်သမျှ လယ်ကနေရရှိလာတဲ့စပါးတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ မိုးမောက် ဝဝမ်ကျေးရွာအနီးမှာရှိတဲ့ လုံဂျာဘွမ်တောင်မှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေါ်ကိုင်လိန်တို့ မိသားစုအပါအဝင် ဝဝမ်ကျေးရွာနေပြည်သူတွေဟာ ဝဝမ်ကျေးရွာကနေ မိုးမောက်မြို့ပေါ်မှာရှိတဲ့ တဂေါဘော်ဒါ Camp၊ ဧဒင်ရပ်ကွက် RC Camp ၊ ခါနန်ရပ်ကွက်(၁) ဘုရားကျောင်းဝင်းနှင့် မိုးမောက် စိုက်ပျိုးရေး Camp နေရာတွေနဲ့ အသိဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင် နေကြရတာပါ။ တိုက်ပွဲဖြစ်တဲ့ချိန်ဟာ မိုးစပါးစတင်မှည့်လာချိန်ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ငွေကုန်ကြေးကျခံ လူပင်ပန်း၊ စိတ်ပင်ပန်းမှုများစွာ လုပ်အား၊ ငွေအား အရင်းနှီးများစွာထည့်ပြီး စိုက်ပျိုးခဲ့ကြရတဲ့ မိုးစပါးဟာ ရိတ်သိမ်းရမယ့် အချိန်ရောက်ခါနီးမှ စပါးခင်းကို ပစ်ထားခဲ့ရတယ်လို့ ဒေါ်ကိုင်လိန်ကပြောပါတယ်။ နဖူးကချွေး ခြေမကျသည်အထိ ကြိုးစားစိုက်ပျိုးခဲ့ကြတဲ့ ပြည်သူတွေရဲ့ စပါးခင်းတွေဟာ ကျွှဲ၊နွား တိရိစ္ဆာန်ရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့အပြင် စစ်ကောင်စီတပ်တွေက စပါးခင်းထဲကနေ လမ်းသဖွယ် ဖြတ်သွား ဖြတ်လာ လုပ်ပေးကြတဲ့အတွက် စပါးခင်းအားလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ တစ်နှစ်စာအတွက် ကြိုးစားပြီး စိုက်ပျိုးထားကြတဲ့စပါးခင်းကြီးတွေဟာ တိုက်ပွဲကြောင့် ဖျက်ဆီးခံလိုက်ရတဲ့အတွက် “အရုပ်ကြိုးပျက်” ဖြစ်ခဲ့ရတယ်လို့ ဒေါ်ဂျာဘူ( အမည်လွှဲ) က ပြောပါတယ်။ “ကျမတို့ လယ်က တစ်နှစ်တစ်နှစ်ဆို စပါင်းတင်းရေ ၂၀၀ ဝန်းကျင်လောက်ရတယ်။ လုပ်အားခအကုန်နုတ်ရင် စပါးတင်း ၁၃၀ လောက်ကျန်တယ်။ အဲဒါ တစ်နှစ်စာလုံလောက်တယ်။ မနှစ်က စပါးမရိတ်ရတော့ … - [မန်လုံကျေးရွာတွင် စာသင်ကျောင်းဖွင့်လှစ်နိုင်ရန် အကူညီများ လိုအပ်နေ](https://burmese.kachinnews.com/2023/05/31/bb1-22/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်လုံကျေးရွာတွင် စာသင်ကျောင်းဖွင့်လှစ်မည့် အချိန်နီးလာသော်လည်း ကူညီမည့်သူ မရှိသောကြောင့် ကျောင်းဆောင်များ ပြုပြင်ရန် အရေးတကြီး အကူညီလိုအပ်နေသည်ဟု သိရသည်။ - [နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/05/31/az2-123/): တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ - [ဆိုင်းတောင်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက် သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/05/31/az1-208/): ဖားကန့်မြို့ ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်မှုဖြစ်ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း ပြည်သူ ၅၀ ကျော် ထပ်မံ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/05/30/az2-122/): ဖားကန့်မြို့နယ် ဆန်ခါနှင့် မော်မောင်းလယာန် ကျေးရွာတစ်လျှောက်ရှိသော ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်နေရာများတွင် စစ်ကောင်စီတပ် အင်အားများဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် လုပ်ကွက်အတွင်းရှိသော ကျောက်စိမ်းတူဖော်နေသည့် အရပ်သားပြည်သူများ  ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ - [ရွှေကူတွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2023/05/30/az1-207/): ရွှေကူမြို့တွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ - [သေရာပါမယ့် နာကျည်းချက်များစွာနဲ့ အမေအို](https://burmese.kachinnews.com/2023/05/30/%e1%80%9e%e1%80%b1%e1%80%9b%e1%80%ac%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%80%e1%80%ba/): အသက် ၆၀ နှစ်အရွယ် ဒေါ်တိုးဟာ သမီးလေး ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်ဆိုးကို တစ်ပိုင်းတစ်စပြောနေရင်းမှာဘဲ ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ငိုချလိုက်ပါတော့တယ်။ - [ယင်းမာနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဗုံးကျဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/05/30/sm1-100/): ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို စစ်ကောင်စီတပ် မေလ ၂၉ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ - [မူလတန်းကျောင်းရှေ့ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအား ပိတ်‌ပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2023/05/30/az1-206/): ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက် မူလတန်းကျောင်းရှေ့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို ပိတ်သိမ်းပေးဖို့ ဒေသခံများတောင်းဆိုနေကြသည်။ - [ဒဘတ်ကျေးရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်](https://burmese.kachinnews.com/2023/05/29/bb1-21/): ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာမှ နေရပ်ပြန် ပြည်သူများ ကျေးရွာတွင် မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ - [ဆိုင်းတောင်တွင် တရုတ်သူဌေးအိမ် ဓားပြတိုက်ခံရပြီး ကျောက်စိမ်းနှင့်ငွေသား သိန်းတစ်သောင်းကျော်လုယူသွား](https://burmese.kachinnews.com/2023/05/29/az3-37/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ တရုတ်သူဌေး အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ငွေသားနှင့် ကျောက်စိမ်းတုံးများပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း ဖမ်းဆီးခံရသည့် ရေမဆေးသမား ၂၀ ကျော်ပြန်မလွတ်သေး](https://burmese.kachinnews.com/2023/05/29/az2-121/): ဖားကန့်မြို့နယ် မော်မောင်းလယာန် နှင့် မော်ဝမ်းကြီး ကျေးရွာကြားရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးသွားရာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့် ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံရသည့် ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာ](https://burmese.kachinnews.com/2023/05/29/az1-205/): ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဥရုခ(Uru Hka)တည်းခိုခန်းတွင် မေလ ၂၄ ရက်နေ့ စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမျိုးသား ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ - [ကျွန်းလှနယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ တစ်သောင်းကျော် ထွက်းပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/05/29/sm1-99/): စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ ကုက္ကိုကုန်း နှင့် လွှတ်တိုက်ကျေးရွာ နှစ်ရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာမီးရှို့ဖျက်ဆီးမှုများရှိနေသောကြောင့်  ကျေးရွာ ၁၀ ကျော်မှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ ထံမှသိရသည်။ - [KIO နှင့် PSLF ကြား မိုင်ဂျာယန် သဘောတူညီချက်](https://burmese.kachinnews.com/2023/05/28/kio-vs-pslf-at-mai-ja-yang/): ရှမ်းမြောက်ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား စစ်ရေးတင်းမာခဲ့ပြီးနောက် နှစ်ဖက်တာဝန်ရှိသူများသည် မိုင်ဂျာယန်တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ - [ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှု ရှိနေ](https://burmese.kachinnews.com/2023/05/27/yl1-76/): ဖားကန့် ရေကြီးရေလျှံမှု အန္တရာယ်ကိုကာကွယ်ရန်အတွက် ဥရုချောင်းရှင်းလင်းရေးကို ပြီးခဲ့သော ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်မှုနေရသောကြောင့် နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်စေသည်ဟု သိရသည်။ - [ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး](https://burmese.kachinnews.com/2023/05/26/sm1-98/): စစ်ကိုင်း– ကချင်နယ်စပ် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တို့ကြား တစ်ပတ်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် အကျအဆုံး ၄၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။ - [လုံးခင်း နှစ်မျက်နှာ ဘုရားရှေ့တွင် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်များဖြင့် ငွေကြေးကောက်ခံနေ](https://burmese.kachinnews.com/2023/05/25/az2-120/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားရှေ့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ကုန်ကား နှင့် ခရီးသည်ကားများထံ ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ - [ဒဘတ်ချောင်းရွှေတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2023/05/25/bb1-20/): ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ - [အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/05/25/az1-204/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ ကျွန်းတောကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့သောကြောင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်ထဲဗုံးသီးကျ၍ အိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ခု ပျက်စီးသွားကြောင်း ဒေသခံများမှ သိရသည်။ - [မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/05/25/myitkyina/): မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်းအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [စစ်ကောင်စီ အထိုင်ချထားသည့် နန့်သာကျေးရွာတွင် အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ](https://burmese.kachinnews.com/2023/05/25/nanthar-indaw/): စစ်ကောင်စီတပ် အထိုင်ချထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ နန့်သာကျေးရွာတွင် အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း ဒေသခံများမှ သိရသည်။ - [မိုးတားတိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ၅ ကြိမ် တိုက်ခိုက်ခံရပြီး အထိနာခဲ့](https://burmese.kachinnews.com/2023/05/24/zm-7/): ကသာခရိုင်၊ မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ် ခမရ ၄၁၅ စစ်ကြောင်းသည် တပတ်အတွင်း ၅ ကြိမ်အထိ တိုက်ခိုက်ခံရသောကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ - [စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့်သောက်သုံးရေ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2023/05/24/sm-6/): စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ - [စစ်ရှောင် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ](https://burmese.kachinnews.com/2023/05/24/sm-5/): စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ - [လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီ တပ်စွဲထားဆဲဖြစ်သောကြောင့် ဒေသခံတောင်သူများ အခက်တွေ့နေ](https://burmese.kachinnews.com/2023/05/24/ld1-29/): ဗန်းမော်ခရိုင် မိုးမောက်မြို့ လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလိုက်သောကြောင့် အနီးတဝိုက်ရှိသော ဒေသခံပြည်သူများ တောင်ယာစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။ - [စစ်ကောင်စီတပ်၏ ကင်းစခန်းပစ်ခံရ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ရ](https://burmese.kachinnews.com/2023/05/24/az2-119/): ကချင်ပြည်နယ် မိုးကောင်းမြို့အရှေ့ဘက်ရှိ ဝေပုလတောင်ခြေအောက်ရှိ စစ်ကောင်စီတပ် ခလရ ၇၄ တပ်၏ ကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံး](https://burmese.kachinnews.com/2023/05/24/az1-203/): ဖားကန့်မြို့နယ် လုံးခင်းနှင့် ဖားပြင်ကျေးရွာ ၂ နေရာတွင် ယနေ့နံနက်ပိုင်း လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်တစ်ချို့ပျက်စီးမှုရှိခဲ့ကာ မိုးကြိုးပစ်ခံရသည့် အမျိုးသားနှစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။ - [မုန်တိုင်းသင့် စင်ကြိုင်စစ်ဘေးရှောင်စခန်းအတွက် နေအိမ်များပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေ](https://burmese.kachinnews.com/2023/05/24/bb1-19/): ဝိုင်းမော်မြို့နယ်၊ စစ်ကြိုင်စစ်ရှောင်စခန်းအတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် အကူညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ - [မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/05/23/dl2/): မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [ဗန်းမောက် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရ](https://burmese.kachinnews.com/2023/05/23/sm2-22/): ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Banmauk Revolution – BR အဖွဲ့ထံမှ သိရသည်။ - [ရှမ်းမြောက် KIA အခွန်ရုံးတစ်ခု ဝင်စီးခံရ](https://burmese.kachinnews.com/2023/05/23/dl1-2/): ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ၏ အခွန်ရုံးတစ်ခုကို စစ်ကောင်စီတပ် ဝင်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [လယ်ထွန်လိုသည့်တောင်သူများ စစ်ကောင်စီတပ်ထံ စာရင်းသွင်းပြီး စစ်အုပ်ချုပ်ရေးအောက်တွင် နေရမည်ဟုဆို](https://burmese.kachinnews.com/2023/05/23/az2-118/): အင်းတော်မြို့နယ် နန့်သာကျေးရွာတွင် လယ်ထွန်လိုသော တောင်သူများသည် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ထံ နာမည်စာရင်းသွင်းပြီး စစ်အုပ်ချုပ်မှုကို ခံယူရမည်ဟု အမိန့်ထုတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ - [ချီဖွေတွင် ကျောင်းပြောင်းကြမည့် သူများကို ကျောင်းအုပ်က ငွေကြေးကောက်ခံ](https://burmese.kachinnews.com/2023/05/23/yl1-75/): ကချင်ပြည်နယ် ချီဖွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပြောင်းလက်မှတ်ရယူသော မိဘများထံမှ ကျောင်းအုပ်က ငွေကြေးကောက်ခံနေသဖြင့် ကျောင်းပြောင်းရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ - [အင်းတော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/05/23/az1-202/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ ရွာသာရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အင်းတော် PDF နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ - [မြွေကိုက်ခံရသော စစ်ဘေးရှောင် ၇၀ ဦး အထိရှိလာ](https://burmese.kachinnews.com/2023/05/23/sm1-97/): ကန့်ဘလူမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးနေရသော စစ်ဘေးရှောင်များထဲတွင် မြွေကိုက်ခံရသူ ၇၀ ဦးခန့်ရှိလာပြီဟု စုံစမ်း သိရှိရသည်။ - [ပဒူကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2023/05/22/sm3/): စစ်ကိုင်းမြို့နယ် ပဒူကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ - [ဗန်းမောက် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများပြား](https://burmese.kachinnews.com/2023/05/22/sm2-21/): ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကြား ၄ ရက်တာ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ - [ပိတ်မိနေသည့် နန့်သာ ဒေသခံများ အကြမ်းဖက် နှိပ်စက်ခံနေရ](https://burmese.kachinnews.com/2023/05/22/az3-36/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်ရှိ နန့်သာကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ထွက်ပြေးခွင့် မရလိုက်သော ဒေသခံ အယောက် ၂၀၀ ကျော်သည် ကျေးရွာအတွင်း ပိတ်မိနေကာ နှိပ်စက်ခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ - [ဖားကန့်တွင် အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ](https://burmese.kachinnews.com/2023/05/22/az2-117/): ဖားကန်မြို့ မှော်ဝမ်းရပ်ကွက်တွင် ယနေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင် အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး အခြေနေစိုးရိမ်ရ​​ကြောင်း ဒေသခံများထံမှ သိရသည်။ - [အင်းတော်တွင် ABSDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့](https://burmese.kachinnews.com/2023/05/22/az1-201/): ကသာခရိုင် အင်းတော်မြို့နယ် မှော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော် ABSDF နှင့် စစ်ကာင်စီတပ်တို့ကြား ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ - [သိန်းလေးရာ ကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်အရက်ဘီယာများ ဖမ်းဆီးဖျက်ဆီး](https://burmese.kachinnews.com/2023/05/22/sm1-96/): ခင်ဦးမြို့နယ်ထဲသို့ သယ်ဆောင်လာသော စစ်ကောင်စီထုတ် အရက်ဘီယာ ကား ၃ စီးကို မြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာသိမ်းဆည်းဖျက်ဆီးခဲ့သည်ဟု သိရသည်။ - [ဆဒုံးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/05/22/zm1-64/): ကချင်ပြည်နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဆဒုံးမြို့အဝင် ရေတံခွန်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ စစ်ကြောင်းထိုးလာစဉ် KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ရွှေမင်းရဲ့ပြည်သူ့စစ်နဲ့ စကစအဖွဲ့ ရေတံခွန်အောက်ဘက်လမ်းကနေပြီး တက်လာတာ ဒီဘက်ကကြားဖြတ်ပြီး ဝင်ပစ်တာဟုတ်တယ်” ဟု ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်မှ အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ဘက်မှလည်း အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်တိုက်ခိုက်မှု တစ်နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးချေ။ ဆဒုံးရေတံခွန်အနီးတွင်  KIA ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည့် အခွန်ဂိတ်တစ်ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်တွင်ရှိနေသည့် လုပ်ငန်းရှင် ၂ ဦးနှင့် ဂိတ်အနီးစျေးရောင်းနေသည့် အရပ်သားပြည်သူတစ်ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့သည် ဂိတ်မှ တရုတ်ယွင်ငွေ ၇ သောင်းအပြင် မြန်မာကျပ်ငွေ သိန်း ၄၀၀ ဝန်းကျင်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ ထို့နောက် မေလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၊ ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၃၅ ဝန်းကျင်ရှိသည့်တပ်ဖွဲ့သည် ပစ်သတ်ခဲ့သည့်သူများ နေထိုင်သည့်နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့နေစဉ် KIA ဘက်မှ တစ်ဖန်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။ ဒေသခံများ၏ ပြောပြချက်အရ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမဖြစ်ခင် ယင်းအခွန်ကောက်သည့်ဂိတ်သည် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဂိတ်ထိုင်သည့် နေရာဖြစ်ကြောင်း သိရပြီး အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် KIA ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်တစ်ချို့ကောက်ခံနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း … - [ဆွမ်ပီယန်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/05/19/zm1-63/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာပြင်းထန်ပြီး KPDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း KPDF နဲ့ နီးစပ်သူများမှ သိရသည်။ - [ဆိုင်းတောင် ရဲကင်းစခန်း မိုင်းခွဲ ဖျက်ဆီးခံရ](https://burmese.kachinnews.com/2023/05/18/az-7/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို KIA နှင့် PDF မှ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ ရှိ စစ်ကောင်စီရဲကင်းစခန်းအား မေလ ၁၇ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သွားရောက်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း KPDF တစ်ဦးက KNG ကို ပြောသည်။ ”ဟုတ်တယ် ကျွန်တော်တို့ဘက်က အဲ့ဆိပ်မူရဲစခန်းဘက်ညက လှုပ်ရှားမှုတွေရှိခဲ့တယ်။ အခြေအနေ အသေးစိတ်ကိုတော့ ပြောပြလို့မရဘူးဗျ” ဟု ဖားကန့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ယမန်နေ့ မိုင်းခွဲဖျက်ဆီးခံရသည့် အဆိုပါရဲကင်းစခန်းသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခံရသည်။ အဆိုပါရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၁၂ ရက်နေ့မနက် မတိုင်မှီစခန်းကနေ တိမ်းရှောင်သွားကြပြီး ယမန်နေ့ တိုက်ခိုက်စဥ်တွင် ရဲတပ်ဖွဲ့ဝင်များမရှိသောကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ရဲစခန်းဆိုင်းဘုတ်နဲ့ အဆောက်အဦးများပျက်စီးသွားကြောင်းသိရသည်။ “ခုအဲစစ်သားတွေ ရဲတွေပြန်လာနေမယ်ဆိုပြီး သတင်းတွေထွက်နေတယ် အဲကြောင့်လာပစ်ပေးတာနေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအထက် ပုံမှန် အစောင့်ထိုင်လျက်ရှိပြီး ယင်းစခန်းသည် စစ်အာဏာမသိမ်းမှီကတည်းက ထိုင်ထားသည့် စခန်းဟု သိရသည်။ - [ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ](https://burmese.kachinnews.com/2023/05/18/zm-6/): ကချင်ပြည်နယ် ဗန်းမော်မြို့ မြေနုရပ်ကွက်တွင် နေထိုင်သည့် PDF လူငယ်တစ်ဦးသည် စစ်ကောင်စီ လက်အောက်သို့ ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့အတွင်း PDF နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ - [မုန်တိုင်းသင့် ရခိုင်ဒေသအတွက် KIO မှ သိန်း ၃ထောင်လှူဒါန်း](https://burmese.kachinnews.com/2023/05/18/%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%92%e1%80%b1/): မိုခါ မုန်တိုင်းကြောင်း လေဘေးသင့် ရခိုင်ဒေသ ပြည်သူများအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငွေကျပ်သိန်း ၃ ထောင်လှူဒါန်းခဲ့ကြောင်း သိရသည်။ - [နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စစ်ရှောင်များတောင်းဆို](https://burmese.kachinnews.com/2023/05/18/az2-116/): ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ - [ဖားကန့်လမ်း ကျေးရွာ ၃ ခုမှ ဒေသခံပြည်သူ ၄၀ လူသားဒိုင်း ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/05/18/az1-200/): ဖားကန့်မြို့နယ်ရှိ နန့်ယား၊ ရေကာတာနှင့် ခင်တောင်ကျေးရွာ ၃ ခုမှ ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [နန်းမားတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသော‌ကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/05/15/az2-115/): မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံ တန်းကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် လန်ပံတန်ရွာနဲ့ ကျားကြီးကွင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ်းမားဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် KIA နှင့် စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/05/15/az1-199/): ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် KIA နှင့် စစ်တပ်တို့ ယမန်နေ့မှစတင်ကာ ယနေ့နံနက်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် KIA ဗိုလ်ကြီးတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/05/13/az1-198/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ ရှင်းရင်ဟိုတယ်ရှေ့တွင် KIA ဗိုလ်ကြီးတစ်ဦး နှင့် ဟိုတယ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ - [နေရပ်ပြန် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/05/12/bb1-18/): ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အခက်အခဲရှိနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ - [PDF တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်လာဖို့ ဆုကြေးငွေများနဲ့ မက်လုံးပေးစည်းရုံးတဲ့အပေါ် ကချင်ပြည်နယ်မှာရှိတဲ့ PDF တွေ ဘာပြောလဲ](https://burmese.kachinnews.com/2023/05/12/zm2-12/): အာဏာသိမ်း စစ်ကောင်စီတပ်ဟာ စစ်တပ်ပိုင်ရုပ်သံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ PDF တွေနဲ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့က စတင်ပြီးတော့ ပြည်နယ် နေရာတချို့မှာ ထုတ်ပြန်လာပါတယ်။ - [ဆိုင်းတောင် ရဲကင်း မီးလောင်ပြာကျ](https://burmese.kachinnews.com/2023/05/12/az1-197/): ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [KIA ၊ PDF နှင့် ပတ်သက်သူများကို ဖမ်းဆီးရမိပါက ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ပစ်သတ်ရန် ဖားကန့်တပ်မမှုး ညွှန်ကြားထား](https://burmese.kachinnews.com/2023/05/12/zm1-62/): ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF များအပြင်၊ ပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးရမိပါက ယခင်ကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ချက်ချင်းပစ်သတ်ရန် ဖားကန့်မြို့သို့ အသစ်ပြောင်းလာသော တပ်မမှုးက ညွှန်ကြားထားသည်ဟု ဒေသခံများထံမှ သိရသည်။ - [ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/05/12/sm1-95/): စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် မေလ ၅ ရက်နေ့က ပုပ်ပွနေသည့် SNA တပ်သား ရုပ်အလောင်း ၆ လောင်း တွေ့ရှိခဲ့သည်ဟု Banmauk Revolution BR အဖွဲ့ထံမှ သိရသည်။ ရုပ်အလောင်းများကို ဗန်းမောက်မြို့နယ် အနောက်ဘက် ဆိတ်စခူမှော်အနီးတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုတ်ပွကာအရိုးစုများဖြစ်နေတာကြောင့် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည် ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ - [ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီ တပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြင့် သေဆုံး](https://burmese.kachinnews.com/2023/05/11/sm1-94/): စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦး–ရေဦးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ - [ကချင် ဘိုးဘွားရိပ်သာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ](https://burmese.kachinnews.com/2023/05/11/ld1-28/): မြစ်ကြီးနားမြို့ နောင်းနန် ဂျော်မဆပ် (Jaw Masat) တွင် ဖွင့်လှစ်ထားသည့် ကချင်ဘိုးဘွားရိပ်သာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာတာဝန်ရှိသူများမှ သိရသည်။ - [မိုးကောင်းမြို့နယ် တရားရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ](https://burmese.kachinnews.com/2023/05/11/az2-114/): ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တရားရုံး မေလ ၁၀ ရက် ညတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ - [အာဏာသိမ်း ၂နှစ်တာ ကာလအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၁၈၈ ဦး သေဆုံး](https://burmese.kachinnews.com/2023/05/11/zm1-61/): အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၁၁၈၈ ယောက်ထိရှိလာပြီဟု BNI ၏ Myanmar Peace Monitor မှ မေလ ၁၀ ရက်နေ့ထုတ်ပြန်ချက်တွင် တွေ့ရသည်။ - [ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး](https://burmese.kachinnews.com/2023/05/11/az1-196/): ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ - [ဖမ်းဆီးထားသည့် ရွှေဖောင်များကို ပိုက်ဆံဖြင့်ရွေးခိုင်းပြီး ပြန်လွတ်ပေး](https://burmese.kachinnews.com/2023/05/10/az1-195/): ဗန်းမော်မြို့ မြလယ်ကျွန်းအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် တရားမဝင် ရွှေဖောင်များကို ပိုက်ဆံဖြင့် ရွေးခိုင်းပြီး ပြန်လွတ်ပေးနေကြောင်း ဒေသခံများ ပြောသည်။ - [စစ်ကောင်စီတပ်သည် စာသင်‌ကျောင်းများကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2023/05/10/sm1-93/): စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စာသင်ကျောင်းအချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။ - [ရေခဲတောင်တက်သည့် ခရီးသည်များ အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန် ဒေသခံလူငယ်များတောင်းဆို](https://burmese.kachinnews.com/2023/05/10/bb1-17/): ပူတာအို ရေခဲတောင်သို့ လာရောက်လည်ပတ်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများပြားလာသည့်အတွက် သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ရေခဲတောင်ခြေ ဒေသခံများပြောသည်။ - [ဆဒုံးမြို့အဝင် အခွန်ဂိတ်ကို စစ်ကောင်စီပူးပေါင်းတပ်ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2023/05/09/sadung-zm/): ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးရှိ အခွန်ဂိတ်တစ်ခုကို စစ်ကောင်စီတပ် နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်မှ ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောသည်။ - [စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန် ရှင်းလင်းရေးစတင်](https://burmese.kachinnews.com/2023/05/09/az1-194/): စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ဒေသခံများကိုယ်တိုင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။ - [မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်များ နေအိမ်မရှိသေးဖြင့် ကူညီမှုများ လိုအပ်နေ](https://burmese.kachinnews.com/2023/05/09/bb1-16/): မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲတွင် ခိုလှုံနေရဆဲ ဖြစ်ပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ - [လမြန်ကျေးရွာတွင် ရေတွင်းတူးရာမှ သားအဖနှစ်ဦး သေဆုံးမှုဖြစ်ပွား](https://burmese.kachinnews.com/2023/05/09/sm2-20/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း လမြန်ကျေးရွာတွင် ရေတွင်းတူးရင်း ပြုတ်ကျပြီး သားအဖနှစ်ဦး အသက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း  Myanmar Rescue (Kachin) လူမူကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ - [KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ](https://burmese.kachinnews.com/2023/05/09/ld1-27/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂–၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။ - [လူနေရပ်ကွက်အထိ ကျောက်စိမ်းအလွန်အကျွံ့တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ](https://burmese.kachinnews.com/2023/05/09/az1-193/): ဖားကန့်မြို့နယ် လုံးခင်း မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များအထိ စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာကြောင်း သိရသည်။ - [ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၁၅ ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/05/08/sm2-19/): ကန့်ဘလူမြို့နယ်ရှိ ထောက်ရှာအိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၅ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။ - [ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/05/08/sm1-92/): ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ - [အင်းတော်အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများ ပဲကောက်တောင်သူများအခက်တွေ့နေ](https://burmese.kachinnews.com/2023/05/08/az2-113/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေမှုကြောင့် ပဲကောက်တောင်သူများ ပဲကောက်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ - [လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး](https://burmese.kachinnews.com/2023/05/08/az1-192/): ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ - [ထီးချိုင့်မြို့နယ် ကျေးရွာအချို့တွင် စစ်ကြောင်းထိုးနေသောကြောင့်  ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရ ](https://burmese.kachinnews.com/2023/05/06/zm1-60/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်စီးနင်းနေသဖြင့် ဒေသခံတစ်ထောင်ကျော်ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ - [သေနတ်ဒဏ်ရာဖြင့် သေဆုံး‌နေသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်မံတွေ့ရှိ](https://burmese.kachinnews.com/2023/05/06/az-6/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောသည်။ - [PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ကချင်ဒေသ PDF တပ်ဖွဲ့ဝင်တွေရဲ့ ရင်တွင်းစကား](https://burmese.kachinnews.com/2023/05/05/zm1-59/): ယနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းတဲ့ ၂ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့နောက် အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာနဲ့လမ်းမထွက်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ - [ဖတ်မာချောင်း ရွှေတူးဖော်နေမှုကို ရပ်တန့်စေလိုကြောင်း ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2023/05/05/bb1-15/): ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။ - [ဖားကန့်တွင် ကချင်လူငယ် ၂ ဦးသတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ ](https://burmese.kachinnews.com/2023/05/05/az3-35/): ဖားကန့် ရှရော်ခကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်ဟု ယူဆရသည့် လူငယ်နှစ်ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။ - [ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုမှ နေအိမ် ၃၀ ကျော် စစ်ကောင်စီ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2023/05/05/az2-112/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိသော ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ - [ဖားကန့်တွင် ဧပြီလတစ်လအတွင်း အရပ်သားဖမ်းဆီးခံရမှု ၃၀၀ ကျော်အထိရှိခဲ့](https://burmese.kachinnews.com/2023/05/05/az1-191/): ဖားကန့်မြို့နယ်တွင် ပြီးခဲ့သော ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူများ ၃၀၀ ကျော်ထိရှိခဲ့ကြောင်း KNG ၏ စုစည်းချက်အရ သိရသည်။ - [တိုင်းရင်းမီဒီယာ ညီလာခံကို နယ်စပ်မြို့တစ်နေရာတွင် ၃ရက်သာကျင်းပခဲ့](https://burmese.kachinnews.com/2023/05/04/yl2-14/): လက်ရှိမြန်မာနိုင်ငံ၏ သတင်းမီဒီယာများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် တိုင်းရင်းသားမီဒီယာ မူဝါဒဆိုင်ရာအဆိုပြုချက်များကို ရေးဆွဲအတည်ပြုခဲ့ကြသည့် အဋ္ဌမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတစ်ခုကို ဧပြီလ နောက်ဆုံးပတ် နယ်စပ်မြို့ တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ - [စစ်တပ် အာဏာသိမ်း ၂ နှစ်အတွင်း မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃၃၉၀ ယောက်အထိရှိလာ](https://burmese.kachinnews.com/2023/05/04/zm2-11/): အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးများ ၃၃၉၀ ယောက် ထိရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ( Burmese Women’s Union)က မေလ ၂ ရက်နေ့ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ - [ဆိုင်းဖရာနှင့် ကပ်မှော် ဒေသခံများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီ သတိပေး](https://burmese.kachinnews.com/2023/05/04/yl1-74/): ဖားကန့် လမ်းမပေါ်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်  စစ်‌ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဆိုင်းဖရာနှင့်ကပ်မှော် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီတပ် သတိပေးပြောဆိုလာကြောင်း ဒေသခံများမှ သိရသည်။ - [ဂျာပူ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေ](https://burmese.kachinnews.com/2023/05/04/bb1-14/): ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ်ရှိ ဂျာပူဒေသခံများသည် စစ်ရှောင်စခန်းမှ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ - [ချောင်းဦးမြို့နယ်က ပျူစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2023/07/06/sm1-124/): စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်က ပျူစောထီးအထိုင်စခန်းလေးခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု များနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။ - [မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/07/05/sm1-123/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူနယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့နေ](https://burmese.kachinnews.com/2023/07/05/az2-132/): ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွှေကူနယ်အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိဒေသခံအမျိုးသားတစ်ဦးက ကKNG ကိုအခုလိုပြောပါတယ်။ “ချောင်းဝကော၊ ဘိုကုန်းကောမီးရှို့တယ် ဘိုကုန်းထဲက အိမ်ရှစ်လုံးမီးရှို့တယ် ချောင်းဝကတော့ အိမ်ဘယ်လောက်ပါသွားလဲ မသိရသေးဘူး အဲ့ဘက်ကဖုန်းလိုင်းတွေလည်းပြတ်နေတယ် ခုလောလောဆယ်က ပြည်သူတွေလည်းပြေးနေတယ်”လို့ အမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းတစ်ကြောင်းကို စစ်အင်အား ၁၀၀ လောက်သုံးပြီး ရှေ့ဆင့်နောက်ဆင့်တက်လာတာလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ယင်း စစ်ကြောင်း နှစ်ကြောင်းထဲက တစ်ကြောင်းကတော့ ဘိုကုန်းမှာရှိနေပြီး နောက်ထပ်စစ်ကြောင်းကတော့ ဒီကနေ့ ညနေပိုင်းမှာ သပြေလှကျေးရွာကို ဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒါ့အပြင် ယနေ့ညနေပိုင်းအထိ ကျေးရွာစဉ်အလိုက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး နေအိမ်တွေကို လိုက်လံမီးရှိုနေသေးတဲ့အတွက် မီးရှို့ခံရတဲ့ နေအိမ်အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ “ဘိုကုန်းကတော့ ဆက်တိုက်ရှို့ခံထားရတာတွေရှိတယ်လို့လည်းသိရတယ်။ လောလောဆယ်ဆယ်က သူတို့လည်းပြေးနေရတော့ ကောင်းကောင်းကိုအဆက်အသွယ်မရဖြစ်နေတယ်။ ဖုန်းလိုင်းတွေကလည်းနေရာတိုင်း မရဘူး” လို့ ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လတ်တလော စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေဟာ ဘိုကုန်း၊ သပြေလှ၊ ချောင်းဝနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်ပြီး ကျေးရွာနေပြည်သူတွေကတော့ စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ သိရပါတယ်။ လက်ရှိ ဘိုကုန်းဘက်ဝင်နေတဲ့ တပ်မ ၇၇နဲ့ တပ်မ ၁၀ ပူးပေါင်းစစ်ကြောင်းတို့ဟာ  ပြီးခဲ့တဲ့ မတ်လ ၂၀ ကျော်ကလည်း ရွှေကူအရှေ့တောင်ခြမ်းက နန့်လန်၊နောင်လတ်ကြီး၊ မံဝင်း၊ စီသာ၊စီသောင်စတဲ့ကျေးရွာပေါင်း ၁၂ ခန့်ကို ဝင်ရောင်မီးရှို့မှုတွေလုပ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပါတယ်။မီးရှို့ခံထားရတဲ့ ဘိုကုန်းကျေးရွာနှင့် ချောင်းဝကျေးရွာတို့ဟာ အိမ်ခြေ ၃၀၀ ခန့်စီရှိတဲ့ကျေးရွာကြီးတွေ ဖြစ်ကြပါတယ်။ - [အင်းတော်နယ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တဲ့အတွက် အသက်သေဆုံးသူများလာ](https://burmese.kachinnews.com/2023/07/05/az1-223/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူသက်ကြီးရွယ်အိုတွေဟာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် သေဆုံးသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်ခဲ့တဲ့ လိုင်ကာဇွပ်ဂျာဒေသခံများ အစားသောက်နဲ့နေရာထိုင်ခင်း ခက်ခဲနေ](https://burmese.kachinnews.com/2023/07/05/ld1-37/): မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမယ့် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်များက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်နေထိုင်တာ ၂ လခန့်ကြာလာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းမရှိတဲ့အပြင် နှစ်ကြာရှည်ပစ်ထားခဲ့တဲ့နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးသေးတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။ “တချို့က မိုးကာတဲထိုးပြီးနေနေတယ်၊ တချို့ အိမ်တွေက နေလို့မရတော့တာကြောင့် ဆွေမျိုးတွေရဲ့ အိမ်တွေမှာ မှီခိုပြီး ပူးတွဲနေနေရတာတွေ၊ တချို့ကျတော့လည်း စပါးကျီ ၊ စပါးသိုက်တတွေထဲ ဖြစ်သလို ကြပ်ကြပ်တည်းတည်း နေပြီး ဖြတ်ကျော်နေကြပါတယ်”လို့ ပြောပါတယ်။ လိုင်ကာဇွပ်ဂျာကျေးရွာစစ်ရှောင်ပြည်သူများဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ မိုင်းခေါင်စစ်ရှောင်စခန်းကနေ လိုင်ကာဇွပ်ဂျာကျေးရွာကို ကိုယ်ထူကိုယ်ထနေရပ်ပြန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀ နှစ်ကျော်ပစ်ထားခဲ့တဲ့ နေရပ်မှာပြန်လည်နေထိုင်ဖို့  စစ်လက်ကျန် မိုင်းစ၊ လက်နက်စအပြင် မပေါက်ကွဲပဲကျန်နေသေးတဲ့ လက်နက်ကြီးများကို  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မိုင်းရှင်းလင်းရေးတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း အထက်မှာဖော်ပြခဲ့တဲ့ နေရပ်ပြန် လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။ “လောလောလတ်လတ် နေရပ်ပြန်လာကြတာဆိုတော့ လယ်ယာ၊ခြံတွေလည်း မပြုလုပ်နိုင်သေးဘူး။ ဆိုတော့ အစားအသောက်အတွက် ဖြေရှင်းရခက်နေတဲ့သူတွေလည်း တော်တော်များတယ်။ သောက်ရေခက်တာက တစ်မျိုး၊ တချို့ရေတွင်းတွေဆို အရမ်းကြာသွားလို့လားမသိဘူး။ ရေကြောတွေပြတ်ပြီး ရေမရှိတော့တာမျိုး၊ ရွာထိပ်ကနေ ရေသွယ်တာပဲအားလုံး ဝိုင်းသုံးတော့ မလောက်သုံးတာမျိုးတွေ၊ ဒီလိုပဲ အခက်အခဲတွေတော့ တော်တော်ကိုများတယ်။ ဒါပေမဲ့ ဖြစ်သလိုဖြေရှင်း နေနေကြတယ်” လို့ပြောပါတယ်။   စစ်ရှောင်ပြည်သူများ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်စဉ်မှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ကိုလည်း ဒေသခံများက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်ကို စာနဲ့တောင်းဆိုထားတယ်လို့ သိရပါတယ်။ လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကြားက နေရပ်ပြန်ရန်သာ အဓိကကြိုးစားလုပ်ဆောင်ခဲ့တာဟာ စစ်ရှောင်စခန်းအတွင်း နေထိုင်ရန် ပိုမိုခက်ခဲလာတဲ့အတွက် ဖြစ်တယ်လို့ စစ်ရှောင်ကြည်သူတစ်ဦးက ပြောပါတယ်။ “စစ်ရှောင်စခန်းမှာက စစ်ရှောင်စခန်းမှာ ခိုလှုံနေနိုင်တယ်ဆိုရုံလောက်ပဲ။ လုံခြုံရေးက စစ်ရှောင်စခန်းထဲ ရှိနေရင်လည်း မလုံခြုံဘူး။ ဘာကြောင့်ဆို စစ်ရှောင်စခန်းဆိုပေမဲ့ စစ်တပ်ဘက်က ဖြတ်ချင်သလိုဖြတ်သွား၊ လက်နက်တွေကိုင်ပြီး ဝင်ချင်သလိုဝင်တာ၊ အဲ့လိုကိစ္စတွေရှိတယ်။ ပြီးတော့ WFP ကထောက်ပံ့မှုနဲ့ပဲ မလောက်စားဘူး။  ပြီးတော့ စစ်ရှောင်စခန်းမှာဆို ပူးကပ်ပြီးနေနေရတော့ ကလေးတွေ အကျင်စာရိတ္တ အရမ်းပျက်စီးလာတယ်။ အခြားအဖွဲ့အစည်းတွေ တော်တော်များများလည်း နေရပ်ပြန်ရေးပဲ အဓိကအားပေးနေကြတော့တာဆိုတော့ ကျနော်တို့လည်း ကိုယ့်အစီအစဉ်နဲ့ ကြိုးစားပြီး နေရပ်ပြန်လာကြတာဟုတ်ပါတယ်” လို့ ပြောပါတယ်။ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဟာ အိမ်ခြေ ၇၅ အိမ်ရှိပြီး လူဦးရေ ၃၇၀ ရှိတယ်လို့ သိရပြီးပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား … - [ဆဒုံးတိုက်ပွဲမှာ KIA ရဲ့ တပ်စခန်းတစ်ခု နောက်ဆုတ်ပေးလိုက်ရ](https://burmese.kachinnews.com/2023/07/04/18188/): ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တစ်ပတ်ကျော်ကာလအတွင်းမှာ စစ်တပ်ကရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် KIA တပ်စွဲနေထိုင်တဲ့ လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းရင်း မြစ်တွေကနေ ပြောပါတယ် ဇွန်လ ၂၆ ရက်နေ့ကနေကစပြီး စစ်ကောင်စီတပ်ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့ဟာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရောက်လာရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။ ထိတွေ့တိုက်ပွဲတစ်ပတ်အတွင်းမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ လာရောက်ပစ်ကူတာတွေရှိသလို ဇူလိုင်လ ၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က  ဝူယန်ကျေးရွာမှာနေတဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်အင်အားထပ်ဖြည့်လာပြီး ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့နေတာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေစဉ်အတွင်း ဇူလိုင်လ ၄ ရက်နေ့မှာတော့ KIA နယ်မြေက လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။ “ တိုက်ပွဲက ရက်ပေါင်း ၁၀ ရက်နီးရှိလာပြီလေ သူတို့ဘက်ကလည်း အထိနာလို့လေကြောင်းကနေ လာပစ်ကူတာလည်းရှိတယ်။ မနေ့ကတော့ သူတို့ဘက်ကဝူယန်ဘက်က အင်အားထပ်ဖြည့်လာတာ ကားတစ်စီးမိုးကာအုပ်ပြီး စစ်ကြောင်းထပ်ထိုးလာတာ တိုက်ပွဲလည်းပြင်းထန်ခဲ့တယ် စခန်းတစ်ခုတော့ နောက်ဆုတ်ပေးလိုက်ရတယ်” လို့ပြောပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသလို KIA ဘက်ကလည်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်း မြစ်တွေက  ဆက်ပြောပါတယ်။ လက်ရှိချိန်မှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေသေးတာကြောင့် ဆဒုံး-ကန်ပိုက်တီသွားလမ်းမကြီးမှာ ခရီးသွားယာဉ်တွေဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက်က တားမြစ်စစ်ဆေးတာ ကန့်သတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဆဒုံး-ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ KIA ရဲ့ခွင့်ပြုချက်နဲ့ အခွန်ကောက်နေတဲ့ ဂိတ်တစ်ခုကို ရွှေမင်းပြည်သူ့စစ်တပ်က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် လုပ်ငန်းရှင် ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်း ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာမှုအရှိန် သိသိသာသာမြင့်တက်လာပြီးတော့ ခုဆို တိုက်ပွဲဖြစ်ပွားနေတာ  ၁၀ ရက်ရှိပြီဖြစ်ပါတယ်။ ဆဒုံး- ကန်ပိုက်တီလမ်းပိုင်းမှာ စစ်ရေးတင်းမာနေစဉ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ မြစ်ကြီးနား၊ နမ့်ကျင်စီးပွားရေးဇုံအတွက် ဆွေးနွေးဖို့ရောက်လာတဲ့ ယူနန်ပြည်နယ်တရုတ် ကောင်စီဝန်ရုံးအဖွဲ့ယာဉ်တန်းဟာ ဆဒုံး လနားရေတံခွန်နားမှာ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ - [ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေ](https://burmese.kachinnews.com/2023/07/04/sm1-122/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့  Non-CDM ကျောင်းဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့ ပြန်လွတ်လာခြင်းမရှိသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ပြတ် နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု တာပန်ကျေးရွာက စစ်ကောင်စီအစိုးရဖွင့်လှစ်ထားတဲ့မူလတန်းကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာ၊မတွေရဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်တယ် အဲ့တာ PDF ကဖမ်းတာလား ရှမ်းနီကဖမ်းတာလား မသိဘူး။ သူတို့က Non- CDM တွေဟုတ်တယ် စာသင်ပေးနေတာ ကျန်တဲ့ဆရာတွေကိုတော့ မခေါ်သွားဘူး အဲ့ဆရာတစ်ယောက်နဲ့ဆရာမတစ်ယောက်ကိုပဲ ခေါ်သွားတယ်။မိသားစုဝင်တွေလည်းလိုက်တော့စုံစမ်းတာပါ့ ခုထိတော့ဆက်သွယ်မရသေးဘူး”လို့ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းဆရာနဲ့ဆရာမနှစ်ဦးက ဆရာ ဦးအောင်မင်းသူနဲ့ ဆရာမဒေါ်မြထွေးယဥ်တို့ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ညပိုင်း ၅နာရီဝန်းကျင်မှာ ကျောင်းဝင်းထဲက အဆောင်မှာရှိနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားတဲ့လူငယ်တွေ အိမ်စီးကား ၂စီးနဲ့လာဖမ်းသွားကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ ဒေသခံတွေပြောတာကတော့ ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းထွက်နေတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ “ကြားတာကတော့သူတို့က Non-CDM ဘိန်းဖြူရောင်းလို့ လို့ပြောတာပဲ။ကျန်တဲ့ဆရာ ဆရာမတွေရှိတယ် မဖမ်းသွားဘူး။ကျောင်းကလည်းဆက်ဖွင့်နေတုန်းပဲ”လို့ သူကဆက်ပြောပါတယ်။ ဟုမ္မလင်း နောင်ဖာမူကျေးရွာအုပ်စုဟာSNA တပ်တွေစိုးမိုးထားသလို PDF အားကောင်းတဲ့နေရာဒေသ လည်းဖြစ်တာကြောင့် ကျောင်းဆရာနဲ့ဆရာမကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတာလဲဆိုတာကိုတော့ သိနိုင်ဖို့ လက်နက်ကိုအဖွဲ့နှစ်ဖွဲ့စလုံးကို KNG  သတင်းဌာနက ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။ ဟုမ္ပလင်းမြို့နယ်မှာ လွန်ခဲ့တဲဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း CDM ကျောင်းအုပ်ကြီးဦးအောင်ဆန်းဝင်းကို SNA တပ်ကပစ်သတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ပေါ်က CDM ကျောင်းဆရာမဒေါ်မေနှင်းအေးကိုလက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့တဲ့ဖြစ်စဥ်မျိုးရှိခဲ့ပါတယ်။ - [ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့စာသင်ကျောင်း စစ်တပ်ရဲ့ခြိမ်းခြောက်မှုကြောင့် ပြောင်းရွေ့လိုက်ရ](https://burmese.kachinnews.com/2023/07/04/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%91%e1%80%b0%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%91%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%90/): ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ခြိမ်းခြောက်မှုကြောင့် တခြားနေရာကို ရွေ့ပြောင်းလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ လကုန်ပိုင်းကနေ ကျောင်းသားမိဘ၊ စေတနာ့ဝန်ထမ်း CDM ကျောင်းဆရာ/မ များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖွင့်လှစ်ထားတဲ့ ဟောင်းပါးကျေးရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီသတင်းပေးတိုင်ကြားသူများကြောင့် စစ်တပ်ဘက်က ခြိမ်းခြောက်လာတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ ”သူများကတိုင်လိုက်တာတိုင်တဲ့ အချိန်ကျတော့ ရပ်ရွာလူကြီးတွေကိုစစ်တပ်ကခေါ်သွားတယ် ရွာလူကြီးတွေလည်း ကိုယ့်ဘက်ကမဟုတ်တော့ NUG ကျောင်းဘာညာဆိုပြီးပြောလိုက်တာနေမှာ အဲ့ကျတော့အားလုံးရှုပ်ကုန်တာ ဆရာ ဆရာမတွေလည်း စိတ်ကမလုံမခြုံဖြစ်သွားတာ ကျောင်းကိုလည်းဗုံးလာကျဲမယ်ဖြစ်လာတော့ အားလုံးကကြောက်ကြတော့ကျွန်မတို့ပဲကျောင်းကိုရွေ့ပေးလိုက်တယ်တခြားနေရာကို”လို့ တာမခံကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဟောင်ပါးကိုယ်ထူကိုယ်ထကျောင်းဟာ KG တန်းကနေ (၁၀) တန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၂၀၀ ကျော်နဲ့ ဖွင့်လှစ်နေတဲ့ ကျောင်းဖြစ်ပြီး ကျောင်းဖွင့်ပြီး တလနီးပါးအကြာမှာတော့ ဒလံသတင်းပေးပို့မှုကြောင့် ခုလိုပြောင်းရွှေ့လိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ ပြောင်းရွှေ့လိုက်ရတဲ့ စာသင်ကျောင်းဆောင်ထပ်မံဆောက်လုပ်နေရပြီး ကျောင်းဆောင်အတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုတော့ ဒေသခံကျောင်းသားမိဘတွေက ကူညီပေးနေတဲ့အတွက် အခက်ခဲမရှိသော်လည်း ကျောင်းသုံးထိုင်ခုံနဲ့အခြားကျောင်းသုံးပရိဘောဂပစ္စည်းတွေတော့ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုများကြောင့် သယ်ယူရန်ခက်ခဲနေကာ ကူညီထောက်ပံ့မှုအနည်းငယ်လို အပ်နေတယ်တယ်လို့လည်း ကျောင်းသားမိဘတွေကဆိုပါတယ်။ ဒါ့အပြင် လက်ရှိချိန်မှာ ကျောင်းဆောင်အတွက်ပြင်ဆင်မှုတွေလုပ်ဆောင်နေတာကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိသေးဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ ”အဲ့မှာစာသင်တာ ၂ပတ်ရှိပြီ ကျွန်တို့ကတောင့် ခံထားမယ်ဆိုလည်း ဆရာဆရာမတွေနဲ့ ကလေးတွေကရှိသေးတော့ရွေ့လိုက်ရတယ် နောက်တစ်ရက် နှစ်ရက်ဆိုကျောင်းပြန်ဖွင့်နိုင်မှာပါ။ ”လို့ ဟောင်ပါးဒေသခံတစ်ဦးကပြောပါတယ်။ အခုလိုကျောင်းရွေ့လိုက်ရတဲ့အတွက် တက်ကျောင်းတဲ့ကျောင်းသားကျောင်းသူ လျော့နည်းမသွားတဲ့အပြင်  ပိုတိုးလာနိုင်တယ်လို့သိရပါတယ်။ ဟောင်ပါးကျေးရွာမှာ စစ်ကောင်စီလက်အောက်ဖွင့်ထားတဲ့ စာသင်ကျောင်းမှာ ပုံမှန်တွေဆိုတက်ရောက်တဲ့ကျောင်းသား၊သူ ၁၀၀၀ ဝန်းကျင်ရှိပေမယ့် ဒီနှစ်မှာတော့ အတန်း ၈တန်းထိသာ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊သူ ၁၀၀ ဝန်းကျင်သာ တက်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြောင်းရွှေ့လိုက်ရတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာတော့ တက်ရောက်နေတဲ့ ကျောင်းသား၊သူ ၂၀၀ ဝန်းကျင်ရှိပြီး ကျောင်းအပ်နှံသူ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ် ဟောင်းပါး၊ဆယ်ဇင်း တာမခံကျေးရွာတွေဟာ KIA ရင်း ၂၆ ဘက်ကျရောက်ပြီး KIA နဲ့PDF ထိန်းချုပ်မှုအားကောင်းတာကြောင့် ကချင်ပြည်နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ NUG စာသင်ကျောင်းတွေ ဖွင့်လှစ်ထားနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ - [နမ်ဆန်ယန်မှာ စစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းဖြည့်နေ](https://burmese.kachinnews.com/2023/07/04/zm1-72/): KIO ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာမှာ မနေ့ကမနက်ပိုင်းကနေစပြီးတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဒီမနက်ပိုင်းကနေစပြီး အင်အားအလုံးအရင်းထပ်ဖြည့်နေတယ်လို့ KIA  နဲ့နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက် ၆နာရီဝန်းကျင်ကနေ စစ်ကားအစီးရေ ၁၀ စီးနဲ့ ဗန်းမော်ဘက်ကနေစစ်အင်အားထပ်မံဖြည့်တင်းလာပြီးတော့ မနက် ၉နာရီဝန်းကျင်ကနေ နမ်ဆန်ယန်ချောင်းကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ညနေက ဗန်းမော်ဘက်က အရပ်ဝတ်နဲ့ကားတစ်စီးလာပို့ထားခဲ့တယ် ဒီမနက်အစောပိုင်းမှာတော့ စစ်ကားအစီး ၁၀ ဗန်းမော်ဘက်ကနေတက်လာတယ်လို့ သတင်းပို့လာတယ် ခုထိတော့ ပစ်လိုက်နားလိုက်ဖြစ်နေတယ်” လို့ပြောပါတယ်။ တိုက်ပွဲကြောင့် နမ်ဆန်ယန်ပြည်သူအချို့က မနေ့ကတည်းကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စစ်တပ်ဘက်က စစ်အင်အားဖြည့်တင်းတာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်လာမယ်ဆိုရင် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့  KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ရန်သူဆိုတော့ ထိုးစစ်ဆင်တာ ဆက်တိုက်လုပ်လာရင် တိုက်ပွဲတော့ဖြစ်မှာပါ ဒါဘဲရှိမှာပါ တိုက်ပွဲတော့ဆက်ဖြစ်လာနိုင်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာအနီးမှာရှိတဲ့ ဒွမ်ဘန်ဘွမ်နဲ့ဘန်ဒေါင်လမ်းခွဲမှာ တပ်စွဲနေထိုင်ဖို့ကြိုးစားနေတာ အကြိမ်ကြိမ်ရှိလာပြီး ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ကနေ သိသိသာသာ စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် မြစ်ကြီးနား- ဗန်းမော်လမ်းဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က တားမြစ်ထားကြောင်း ဒေသခံတွေကပြောပါတယ်။ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေဟာ ၂၀၁၁ ခုနှစ် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာထွက်ပြေးတိမ်းရှောင်ကနေ ၂၀၁၈ ခုနှစ်မှာတော့ နေရပ်ပြန်လည်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်များ လုံခြုံစွာနေထိုင်နိုင်ဖို့ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးက ကျေးရွာတွင်း၊ပြင် ဝင်ရောက်တပ်စွဲတာတွေမလုပ်ဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်ဟာ ဒီသဘောတူညီမှုကို ချိုးဖောက်ပြီး စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် လက်ရှိနမ်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက် စစ်ရေးတင်းမာနေတဲ့အတွက် လိုင်ဇာမြို့မှာနေထိုင်တဲ့အရပ်သားပြည်သူတွေအနေနဲ့ လုံခြုံရေးကိုအလေးနက်ထားပြီး သွားလာကြဖို့နဲ့ မလိုအပ်ပါက တိုက်ပွဲဖြစ်နေတဲ့နေရာတစ်ဝိုက်သွားလာတာ မပြုဖို့  KIO အစိုးရ လိုင်ဇာခရိုင်အုပ်ချုပ်ရေးဌာနကနေ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။ - [PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာ ဘာကြောင့်လဲ](https://burmese.kachinnews.com/2023/07/04/sm2-28/): အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း အထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်ခံရမှုအများဆုံးဖြစ်သလို နေ့စဉ်ဆိုသလိုနေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေရာကနေ ပြီးခဲ့တဲ့လမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ - [တလိုင်းကျေးရွာစီးနင်းခံရပြီး PDF ၅ ဦးသေဆုံး](https://burmese.kachinnews.com/2023/07/04/sm1-121/): စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်း  ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် ( ပကဖ) ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မနေ့ကပေါ့နော် မနက်ပိုင်း ၄နာရီခွဲလောက်မှာ ရွာကိုဝင်စီးတယ် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာတောင်ဘက်ကနေပစ်ဝင်တယ် အဲ့လိုဝင်တဲ့အချိန် ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦး ကျဆုံးတယ် ရွာသူရွာသားတွေလည်း အကုန်ထွက်ပြေးကြတာပေါ့ နေ့လည်၁၁လောက်မှာရွာကို မီးတင်ခဲ့တယ်”ဟုပြောပါတယ်။   ဒါ့အပြင် စစ်ကောင်စီတပ်က တလိုင်းကျေးရွာထဲက နေအိမ်အလုံး ၁၅၀ ကိုလည်း မီးရှို့ဖျက်ဆီးခံတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆက်ပြောပါတယ်။ စစ်ကြောင်းဟာ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်း  ၂နာရီလောက်မှာပဲ တလိုင်းရွာနဲ့ ၁၀မိုင်အကွာမှာရှိတဲ့ ပဒူရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တာကြောင့် ဒီကနေ့မနက်ပိုင်းမှာပဲ ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တယ်လို့ သူက အခုလိုဆက်ပြောပါတယ်။ “ဒီနေ့ရုပ်အလောင်းတွေကိုရခဲ့ပါတယ် ဒီနေ့ပဲရွာကိုရှင်းလင်းရေးဝင်ခဲ့တာပါ ရုပ်အလောင်းတွေကိုလည်း ပြန်ရတော့ ဒီနေ့ပဲသဂြိုလ်ပေးလိုက်တယ်”ဟု ပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့ကလည်း တလိုင်းရွာ အနီးတိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က ၁၄ ဦးအထိကျဆုံးခဲ့ရပါသေးတယ်။ - [ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ](https://burmese.kachinnews.com/2023/07/03/%e1%80%86%e1%80%92%e1%80%af%e1%80%b6%e1%80%b8-%e1%80%80%e1%80%94%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%ae%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac/): ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ဝန်းကျင်ရှိလာပြီလို့ KIA နဲ့နီးစပ်သူတွေက ပြောပါတယ်။ - [နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ](https://burmese.kachinnews.com/2023/07/03/az2-131/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်ကတောင်ကြားပြန်တယ်။ ဘယ်သူ့အိမ်ဝန်းထဲမှာ ဆိုလည်းသတ်ထားတယ်တဲ့ သတ်ထားတာလည်း တွေ့တယ်။ ကျင်းလည်းတူးထားတယ်တဲ့ အဲ့မှာသတ်နေတာ ၁၀ ယောက်ကျော်နေပြီ သတင်းအရဆို ၁၀ ယောက်ကျော်ပြီသူတို့ရောက်ကတည်း ကနေသတ်နေတာ”လို့ ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ နန့်သာရွာ လေးတန်ချောင်းတံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ပြည်သူ စုစုပေါင်း ၁၃ ဦးအထိရှိလာပြီး လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေရဲ့ ကားဆိုင်ကယ်၊လက်ကိုင်ဖုန်း၊ မှတ်ပုံတင်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ “သူတို့ ဘယ်လိုဟာတွေသတ်သလဲဆိုတော့ နည်းနည်း အပြောအဆိုမတတ်တဲ့ဟာတွေ တချို့အူကြီးအူကြောင်သမားတွေ ပြီးတော့သူတို့က နိုင်ငံရေးသမားထင်ပြီးသတ်တာ။ အမှန်ကနိုင်ငံရေးသမားဘယ်သွားမလဲသူတို့ ရှိတဲ့နေရာကို။ နန့်သာရွာသားတွေကို သတ်တာမကြားသေးဘူး အပြင်ကလာတဲ့လူကို ဖမ်းဖမ်းပြီးသတ်တာ”လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ငွေတောင်းခံမှုတွေလည်းရှိနေပြီး ဂိတ်ကိုဖြတ်တဲ့ ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၁သောင်း၊ ကားတစ်စီးလျှင် ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ကောက်ခံနေတယ်လို့လည်းသိရပါတယ်။ “ဂိတ်ကတော့အချိန်အတိအကျမထိုင်ဘူး တခါတလေ မနက်အစောကြီးထိုင်ပြီးတခါတလေကျရင်တော့ နေ့လည်မှလည်းရောက်လာတတ်တယ် သူတို့တပ်စွဲထားတဲ့နေရာနဲ့နီးတယ် စစ်ဆေးရေးဂိတ်က အဲ့လိုပဲပိုက်ဆံက လည်းသူတို့တောင်းချင်တဲ့လူဆီတောင်းတာ ဖြတ်သွားတဲ့လူတိုင်းကိုတော့မတောင်းဘူး။ တချို့ဆိုဗန်းမောက်ဘက် အကြောင်းရှိလို့သွားရင်တာတောင် ပိုက်ဆံပေးရမှာကြောက်လို့ မသွားရဲကြဘူးအခြေအနေတွေက အဲ့လိုဖြစ်နေတာ”လို့ မော်တိတ်ဒေသခံတစ်ဦးကပြောပါတယ်။ နန့်သာကျေးရွာထဲမှာ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားတာ မတ်လ ၂၀ ကျော်ကတည်းကဖြစ်ပြီး လက်ရှိနန့်သာကျေးရွာနဲ့ မော်တတ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေရှိနေတာကြောင့် အောင်းကုန်း၊နန့်သာ၊ တုံ့တော်၊ဘေပင်၊ အင်ပင်၊ မော်တိတ်၊ ကျွန်းတောစတဲ့ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရဆဲ … - [ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး](https://burmese.kachinnews.com/2023/07/03/az1-222/): ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။ ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။ - [နမ့်ဆန်ယန်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံများ ထွက်ပြေး](https://burmese.kachinnews.com/2023/07/03/%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%9a%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%90%e1%80%84%e1%80%ba/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ သိရပါတယ်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “အားလုံးက မနည်းပြန်ထူထောင်ထားတာကို ထပ်မံထွက်ပြေးရမယ်ဆိုရင် ပြန်လာရမယ်ဆိုတာ မသေချာလို့ သည်းခံပြီး နေနေကြသေးတာ။ နမ်ဆန်တံတားထိ စစ်ကောင်စီစစ်ကြောင်းရောက်နေတော့ မနက်ကလည်း လက်နက်သံတွေကြားသေးတယ်။ အခုတော့ ထွက်ပြေးကြဖို့ လာပြောနေပြီ။ အခုအရမ်းရှုပ်နေကြတယ် တိမ်းရှောင်ဖို့လုပ်နေကြပြီ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း နမ့်ဆန်ယန်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က တားဆီးခဲ့ပြီးနောက် စစ်ရေးတင်းမာလာတာဖြစ်ပါတယ်။ အဲဒီနောက် တစ်ပတ်အကြာမှာတော့ နမ့်ဆန်ယန်ရွာက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုရှိတဲ့ မိသားစုများကတော့ ကြိုတင်ပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တွေမှာ တိမ်းရှောင်နှင့်ကြပြီဖြစ်ပြီး လက်ရှိမှာ ရွာသားအားလုံး ထပ်မံ တိမ်းရှောင်ဖို့ ပြင်ဆင်နေတာပါ။ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီနှင့် KIA တပ်တွေကြားစစ်ရေးတင်းမာနေမှု အခြေအနေနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်ရာမှာတော့ အခုလိုပြောပါတယ်။ “စစ်ကောင်စီဘက်မှ နမ်ဆန်ယန်တံတားအတိုင်း အဲ့ဘက်ကနေ စစ်ကြောင်းထိုးဝင်နေတယ်ကြားရတယ်၊ ပြီးတော့ ခယာတောင် (Hka Ya Bum) ဘွမ်လဲ့တောင်(Bum Len Bum) တို့ သူတို့ရဲ့ နေရာပတ်ဝန်းကျင်တလျှောက် ၁၂၀ မမလို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်ကြားတယ်။ ဘာကြောင့် သူတို့ဝင်လာတယ်ဆိုတာတော့ အတိအကျတော့ မသိဘူး။ နမ်ဆန်ယန်တစ်ဝိုက်က အရင်ကသူတို့ထိုင်နေတဲ့ တောင်ကုန်းတွေကို ပြန်ထိုင်ချင်တဲ့သဘောလားပေါ့ သုံသပ်တာပေါ့။ ဒါမှမဟုတ် နမ်ဆန်ယန်ဘက်ကို သူတို့ပြန်ထိုင်ချင်လို့လားပေါ့။ မသိဘူးပေါ့ အားလုံးရဲ့ ယုံကြည်မှုကတော့ နမ်ဆန်ယန်ကတော့ တိုက်ပွဲမဖြစ်ဖို့အားလုံးမျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအားလုံး ၈ နှစ်ခန့်ကြာ … - [အင်းတော်နယ်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် အရပ်သားပြည်သူများ ထောင်ချီထွက်ပြေးနေရပြီး ဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေ](https://burmese.kachinnews.com/2023/06/29/az1-221/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာတစ်ချို့က အရပ်သားပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူတွေများလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်အား ၁၈၀ နီးပါးလောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက မိုးညှင်းဘက်ကနေ အင်းတော်အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်တယ်လို့ အင်းတော်မြို့က ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ “အခုစစ်ကြောင်းက ပင်ဝယ်၊အောက်တော၊ ဖါးပန်ကြားထဲမှာရှိနေတာ အဲ့တာနည်းန ည်း ကြောက်ပြီးတော့ အဲ့နားဝဲယာ ကျေးရွာတွေကျတော့ရှောင်တိမ်းနေကြတယ်။ ပင်ဝယ် ဥက္ကဌကိုလည်းညက ခေါ်သွားတယ်တဲ့။ ဖါးပန်ဘက်ကလည်း ပြည်သူ လေး ၊ငါး ယောက်ခေါ်ခဲ့ပြီးပြီတဲ့”လို့ ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေဟာ ပင်ဝယ် အုပ်ချုပ်ရေးမှူးနဲ့ ဖါးပန်ရွာသား ၅ ယောက်ဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းသွားလာတဲ့လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ် ခေါ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်နယ်မှာ စစ်ကောင်စီတပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရရင်အနည်းဆုံး ၂ ရက်ကနေ တစ်လလောက် ဖမ်းဆီးထားပြီးမှသာ ပြန်လွတ်ပေးလေ့ရှိတယ်လို့ အင်းတော်အရှေ့မြောက်ဘက်ခြမ်းကကျေးရွာသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ထုံးစံအတိုင်းသူတို့ကလူသားဒိုင်းခေါ်တာ သူတို့ကသူတို့ပဲက မသွားရဲဘူးလေ။ တစ်ကြောင်းနဲ့တစ်ကြောင်းမတူဘူးတချို့ကျတော့လည်း တစ်ရွာနှစ်ရွာရောက်ရင်ပြန်လွတ်ပေးခဲ့တယ်။ တချို့ တလကြာသွားတဲ့လူတွေရှိတယ်။ ပြန်လွတ်လာတဲ့သူတွေပြောတာတော့ သူတို့ပိုးခိုင်းတာပိုးရတယ် သူတို့ရဲ့ရှေ့ကနေသွားပေးရတယ်။ ညအိပ်ရင်လည်းသူတို့ပတ်ပတ်လည်မှာအိပ်ပေးရတယ်တဲ့”လို့ ပြောပါတယ်။ အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ နားမကြိုင်းရွာ၊ ပင်ဝယ်ရွာ၊အောက်တောရွာ၊တုံခွဲရွာများဖြစ်ကြပြီး အိမ်ခြေ ၁၀၀  လူဦးရေအားဖြင့် ထောင်ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ရက်ပေါင်း ရှစ်ရာကျော် စစ်တပ်ဆန့်ကျင်ရေးသပိတ် ဦးဆောင်နေတဲ့ CDM ဆရာမ](https://burmese.kachinnews.com/2023/06/29/zm-feature/): “ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး ဒို့အရေး၊ ငါတို့ပြည်သူ ငါတို့ပြန်ပေး လုံဝအုပ်ချုပ်ခွင့်မရစေရ၊ အရေးတော်ပုံအောင်ရမည်၊ အရေးတော်ပုံအောင်ရမည်” ဆိုတဲ့အသံတွေနဲ့အတူ လက်သီးလက်မောင်းတန်းပြီး သပိတ်ဦးဆောင်နေသူကတော့ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုး ဖြစ်ပါတယ်။ - [ကန့်ဘလူ NUG လက်အောက်ခံကျောင်းတွေ ကိုယ်ထူကိုယ်ထ ရပ်တည်နေရ](https://burmese.kachinnews.com/2023/06/29/sm1-120/): စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းတွေ အခုနှစ်မှာတော့ ကိုယ်ထူကိုယ်ထ ရပ်တည်နေကြရတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ - [မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ](https://burmese.kachinnews.com/2023/06/28/az1-220/): ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် လမ်းဆုံနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မဲ့ ကားများကို စစ်ဆေးဖမ်းဆီးနေပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။ - [ညောင်ကုန်းကျေးရွာ လေကြောင်းပစ်ခတ်ခံရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ  ၉ ယောက်သေဆုံး](https://burmese.kachinnews.com/2023/06/28/sm1-119/): စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၉ ယောက်နဲ့  စုစုပေါင်း ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံကနေ သိရသည်။ - [ကားလမ်းပိုင်းပျက်စီး နေသည့်အတွက် နောင်မွန်းနှင့်ခေါင်လန်ဖူးဒေသ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2023/06/27/az2-130/): မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအို – နောင်မွန်း  ကားလမ်းပိုင်းတွင် မြေပြိုမှုဖြစ်ပွားနေသည့် တစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ပြုပြင်မှုမပြီးစီးသေးသည့်အတွက် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ကုန်စျေးနှုန်းများအဆမတန် မြင့်တက်သောကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။ - [မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ကာ ဖရဲစစ်ရှောင်နေအိမ်တစ်ချို့ပျက်စီး၊ သောက်သုံးရေခက်ခဲနေ](https://burmese.kachinnews.com/2023/06/27/ld2-7/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေမြို့နယ် တရုတ်နယ်စပ်ရှိ ဖရဲ (Hpare) စစ်ရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုကြောင့် နေအိမ်တစ်ချို့ပျက်စီးပြီး စစ်ရှောင်ပြည်သူများ သောက်သုံးရေခက်ခဲနေကြောင်း သိရသည်။ - [ရိုက်နက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်](https://burmese.kachinnews.com/2023/06/27/ld1-36/): ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ ဒေသခံအမျိုးသားတစ်ယောက်ကို ကိုးကန့် MNDAA တပ်ဖွဲ့တွေက ရိုက်နှက်သတ်ဖြတ်လိုက်တဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးဖို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ မန်ပိန်းဒေသခံတွေကပြောပါတယ်။ - [ရှဒူးဇွပ်ဒေသတွင် KIA ကန့်သတ်မြေ သတ်မှတ်လိုက်နောက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/06/27/yl1-85/): တနိုင်း လီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် KIA က ထုတ်ပြန်လိုက်သည့် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ - [မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများလားခြင်းသည် စစ်တပ်၏ နိုင်ငံရေးနည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟုဆို](https://burmese.kachinnews.com/2023/06/26/bb1-32/): စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု ပိုမိုများလာသည့်အပေါ်  စစ်တပ်က မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံရေးဗျူဟာ တစ်ခုအနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများကပြောဆိုလိုက်သည်။ - [ကလေး တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး](https://burmese.kachinnews.com/2023/06/26/sm1-118/): စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ပိုင်း သာစည်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဘက်မှ တပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ - [မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ](https://burmese.kachinnews.com/2023/06/26/zm1-71/): မြစ်ကြီးနားမြို့  ကြက်ပေါင်ခြံရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား မြစ်ကြီးနား မြို့ပြပျောက်ကျားအဖွဲ့က သွားရောက်သတိပေး ပစ်ခတ်ခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။ - [ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး](https://burmese.kachinnews.com/2023/06/26/az3-40/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း‌ သိရသည်။ - [အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်](https://burmese.kachinnews.com/2023/06/26/az2-129/): အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ - [ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/06/26/sm1-117/): စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်ဝင် PDF တပ်သား၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ - [ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု များပြားလာတဲ့ ဖားကန့်မြို့](https://burmese.kachinnews.com/2023/06/26/az1-219/): ဖားကန့်မြို့နယ်မှာ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲခံရမှု၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ ခိုးဆိုးလုယက်မှုတွေ ယခုနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဝက်လက်မြို့နယ်  ဒေသခံ၂ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/06/24/sm1-116/): စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။ - [မြစ်ကြီးနား ရှမ်းရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး](https://burmese.kachinnews.com/2023/06/23/zm1-70/): မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အုပ်စု ရှမ်းရွာမှ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်  ၁၁ နာရီဝန်းကျင်လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ - [အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ သုံးဦးထိခိုက်](https://burmese.kachinnews.com/2023/06/23/az1-218/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင်း စစ်ကောင်စီတပ် တပ်ထိုင်ထားသည့် စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ - [ကွတ်ခိုင် KBC စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ငွေကြေးအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/06/22/bb1-31/): ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများကပြောသည်။ - [ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစု ၄ ဦးထိခိုက်ခဲ့ပြီး ကလေးငယ် သေဆုံး](https://burmese.kachinnews.com/2023/06/22/sm2-27/): စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အနောက်စံသာကျေးရွာတွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့်  ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ - [ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2023/06/22/sm1-115/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chindwin Attack Force အဖွဲ့၏ လက်နက် ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီးပျက်စီးသွားသည့်အတွက် ဆုံးရှုံးမူတန်ဖိုး ကျပ်ငွေသိန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု Chindwin Attack Force အဖွဲ့က ဒီကနေ့ ဇွန်လ၂၁ ရက်နေ့တွင်အသိပေးထုတ်ပြန်ပါသည်။ - [နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီအောက် ဖွင့်လှစ်နေသည့် စာသင်ကျောင်းများ ပိတ်ရန် KIO ညွှန်ကြားစာထုတ်ပြန်](https://burmese.kachinnews.com/2023/06/21/ld2-6/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီလက်အောက် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်းများကို သင်ကြားခွင့်မပြုဘဲ ပိတ်ရန် KIO ဘက်မှ တားမြစ်စာများ ပို့ထားပြီးနောက် ကျောင်းလာတက်သည့် ကျောင်းသားများ နည်းပါးသွားသည်ဟု  ဒေသခံများပြောသည်။ - [နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ](https://burmese.kachinnews.com/2023/06/21/ld1-35/): မြစ်ကြီးနားမြို့နယ် ရေကြည်(Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင်များနှင့် နေရပ်ပြန်စစ်ရှောင်ပြည်သူများအတွက်  စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများမရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ - [ကလေးမြို့နယ်တွင် လက်နက်ကြီးထိမှန်သောကြောင့် ၅ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး](https://burmese.kachinnews.com/2023/06/21/sm1-114/): စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက် အတွင်း ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များပြောသည်။ - [မိုးညှင်း မြို့နယ်ရဲစခန်းကို KPDF အဖွဲ့ သွားရောက်ပစ်ခတ်](https://burmese.kachinnews.com/2023/06/21/bb2-3/): မိုးညှင်းမြို့တွင်ရှိ မြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်းဒေသခံများမှ သိရသည်။ - [အောင်နန်ကျေးရွာ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ](https://burmese.kachinnews.com/2023/06/21/bb1-30/): မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မံစီမြို့နယ် အောင်နန်ကျေးရွာမှ စာသင်ကျောင်းပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ - [ဟိုပင် လူသတ်မှုနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးရန် KIO ထံ တောင်းဆိုထား](https://burmese.kachinnews.com/2023/06/21/yl2-15/): မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေတွင် KIA တပ်သားတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုကို ဇွန်လအတွင်း အပြီးဖြေရှင်းပေးရန် KIO/KIA ထံ တောင်းဆိုထားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ - [KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးခံရပြီး ထိခိုက်သေဆုံးမှုရှိ](https://burmese.kachinnews.com/2023/06/21/yl1-84/): ဖားကန့်မြို့ ဆိုင်းတောင် ရပ်ကွက် (၃) ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူရှိခဲ့ပြီး အဆောက်အဦးကိုလည်း မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ - [စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ](https://burmese.kachinnews.com/2023/06/20/sm1-113/): စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သုံးထောင်ကျော်က စစ်ရှောင်ကာလ ၁၀ ရက်ကျော်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးပိုမို ခက်ခဲလာကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံမှသိရသည်။ - [ချီဖွေစစ်ရှောင်စခန်းတွင် ရာသီတုတ်ကွေး ဖျားနာသူများလာ၊ ကုန်စျေးနှုန်းအဆတန်မြင့်တက်မှုပြဿကြုံတွေ့နေရ](https://burmese.kachinnews.com/2023/06/20/bb1-29/): ချီဖွေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂ နေရာတွင် မိုးတွင်းကာလ ဝင်ရောက်လာသည့်အတွက် ရာသီတုတ်ကွေး ဖျားနာသူ ပိုမိုများလာပြီး ဆေးဝါးကုသမှု အကူအညီိများလိုအပ်နေကြောင်းသိရသည်။ - [မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား](https://burmese.kachinnews.com/2023/06/20/ld1-34/): ချီဖွေမြို့နယ် ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည် ဟုသိရသည်။ - [ဖားကန့်တွင် ပျူစောထီးအဖွဲ့ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုရှိနေ](https://burmese.kachinnews.com/2023/06/20/az1-217/): ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင်ရှိသော နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့က ဟုပြောဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံမှုရှိနေကြောင်း သိရသည်။ - [နောင်မွန်ဒေသတွင် တောင်ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့မှုကြောင့် သွားလာရေးခက်ခဲနေ](https://burmese.kachinnews.com/2023/06/20/yl1-83/): ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် တစ်ပတ်အတွင်း အဆက်အပြတ် မိုးရွာသည်းထန်စွာသွန်းမှုကြောင့် အများပြည်သူသွားလာသည့် လမ်းနေရာများတွင် တောင်ကမ်းပါးများပြိုကျပြီး လမ်းတံတားများပျက်စီးနေသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ကာ ခရီးသွားလာမှုပြတ်တောက်နေကြောင်းသိရသည်။ - [အင်းတော်နှင့် ဗန်းမောက်လမ်းဆက်သွယ်ထားသည့် တုံစီတံတား မိုင်းခွဲခံရမှုကြောင့် သွားလာရေးခက်ခဲနေ](https://burmese.kachinnews.com/2023/06/19/az2-128/): စစ်ကိုင်းတိုင်းဒေသ အင်းတော်နှင့် ဗန်းမောက်မြို့နယ် ၂ခုကို အဓိကဆက်သွယ်ပေးထားသည့် တုံစီတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရမှုကြောင့် ကုန်ကားကြီးများနှင့် ခရီးသည် ကားများသွားလာရ ခက်ခဲနေကြောင်းဒေသခံများထံမှသိရသည်။ - [မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား စစ်ရေးတင်းမာမှုရှိနေ](https://burmese.kachinnews.com/2023/06/19/az1-216/): ကသာခရိုင် မိုးတားတိုက်နယ်တွင် ကသာမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိသည်ဟု သိရသည်။ - [ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ](https://burmese.kachinnews.com/2023/06/19/sm1-112/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ နှစ်ပတ်အတွင်း ၉ ဦးအထိ ရှိလာသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ - [စစ်မေဦးဆောင်သည့် စစ်ကြောင်းမိုင်းဆွဲခံရပြီး လေးဦးသေဆုံး](https://burmese.kachinnews.com/2023/06/17/az1-215/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာဒေသ သံဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်မေများဦးဆောင်သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး လေးဦးသေဆုံးကြောင်း အင်းတော်ကာကွယ်ရေးတပ်မှ သိရသည်။ - [ရွှေကူမြို့နယ်  KIA ၊ PDF စိုးမိုးထားသည့် နေရာများတွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်းပြောဆို](https://burmese.kachinnews.com/2023/06/17/zm1-69/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF စိုးမိုးထားသည့်နေရာများတွင် စစ်ကောင်စီ စာသင်းကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ - [အွန်လိုင်းပေါ် တွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများလာဟုဆို](https://burmese.kachinnews.com/2023/06/17/bb1-28/): စစ်တပ်အာဏာသိမ်းပြီး  ၂၀၂၂ ခုနှစ်နောက်ပိုင်း အွန်လိုင်းပေါ် တွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများ ပိုမိုများပြားလာသောကြောင့် လိမ်လည်ခံရသည့် ပြဿနာ ကြာခဏ ဖြစ်ပွားနေသည်ဟု လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။ - [ဝန်းသိုတွင် ပျူစောထီး ၃ ဦး တိုက်ခိုက်ခံရပြီး လက်နက်အချို့သိမ်းဆည်းရမိ](https://burmese.kachinnews.com/2023/06/17/sm2-26/): စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ဆီကားများအား အခွန်ကောက်ရန်စောင့်ဆိုင်းနေသည့် ပျူစောထီးအဖွဲ့ကို ကာကွယ်ရေးတပ်ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ၃ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့သည်ဟု Wuntho Revolution -WR က သတင်းထုတ်ပြန်သည်။ - [ဆားတောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၃၀ ခန့်သေဆုံးဟု သိရ](https://burmese.kachinnews.com/2023/06/17/sm1-111/): စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် ကာကွယ်ရေးတပ်ပေါင်းစုတို့ကြား ၃ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များ ဇွန်လ ၁၅ ရက်နေ့ သတင်းထုတ်ပြန်သည်။ - [KIA တပ်သား နှင့် ဇနီး တို့အား သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO ဘက်က လုပ်ဆောင်နေ](https://burmese.kachinnews.com/2023/06/16/yl1-82/): မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၄၁ ရှေ့တန်း ကင်းစခန်းတစ်နေရာတွင် KIA တပ်သားတစ်ဦးကိုသတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO/KIA ဘက်က လုပ်ဆောင်နေသည်ဟု သိရသည်။ - [အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားနေအိမ် မီးရှို့ခံရမူ ၇ သောင်းကျော်ရှိလာ](https://burmese.kachinnews.com/2023/06/16/sm2-25/): အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မူများကြောင့် နေအိမ်ပေါင်း ၇ သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု Data For Myanmar ၏ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ - [သာဇင်ရွာတွင် နေအိမ် ၇၀၀ခန့်မီးရှို့ခံရပြီး အမျိူးသမီးတစ်ဦး မီးလောင်သေဆုံးသည့်အပြင် ဒေသခံ ၃၀ ဝန်းကျင်ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/06/16/sm1-110/): စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ပြီး ဒေသခံအမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ - [မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/06/15/az1-214/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ - [ဖားကန့်တွင် အုပ်ချုပ်ရေးမှူးများ နှင့် ယာယီတာဝန်ခံများ နုတ်ထွက်ရန် ပြင်ဆင်နေ](https://burmese.kachinnews.com/2023/06/15/yl1-81/): ဖားကန့် လုံးခင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးတဲ့နောက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးယန္တရားအတွက် အရေးပါတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေ ပြောပါတယ်။ - [ဖားကန့်မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ပြန်ပေးဆွဲခံရ](https://burmese.kachinnews.com/2023/06/14/az3-39/): ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်သည် ဇွန်လ ၁၃ ရက်နေ ညနေပိုင်းအချိန် ပြန်ပေးဆွဲခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။ - [ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး](https://burmese.kachinnews.com/2023/06/14/sm1-109/): စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် မေလတစ်လအတွင်း ကျေးရွာ ၁၇ ရွာမှ နေအိမ် ၆၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး အသတ်ခံလိုက်ရသည်ဟု သိရသည်။ - [ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုများအား ဒေသခံများသွားရောက်ဖျက်ဆီး](https://burmese.kachinnews.com/2023/06/14/bb1-27/): ပူတာအိုမြို့နယ် ဖတ်မာချောင်းအနီး ရွှေတူးဖော်မှုများကိုရပ်တန့်ပေးရန်  ဒေသခံများတောင်းဆိုနေသည့်ကြား ဆက်လက်လုပ်ကိုင်နေသော ရွှေလုပ်ကွက်များကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။ - [စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ](https://burmese.kachinnews.com/2023/06/14/az2-127/): ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း သိရသည်။ - [ပိတ်မိနေသည့် နန့်သာနှင့် မော်တိတ်ကျေးရွာဒေသခံများ ရိုက်နက်ခံရမှုများရှိနေ](https://burmese.kachinnews.com/2023/06/14/az1-213/): အင်းတော်မြို့နယ် နန့်သာကျေးရွာနှင့် မော်တိတ်ကျေးရွာတို့တွင် ပိတ်မိနေသောပြည်သူများကို ညဘက် ဘုန်းကြီးကျောင်းများတွင် စုအိပ်ရန် စစ်တပ်က အမိန့်ထုတ်ထားပြီးနောက် နောက်ကျပါက ရိုက်နက်မှုများ ရှိနေသည်ဟု သိရသည်။ - [မင်းကင်း ပျူစောထီးစခန်းတစ်ခုကို ကျောင်းသာတော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံး၊ ၄ ဦး အရှင်ဖမ်းမိ ](https://burmese.kachinnews.com/2023/06/13/sm2-24/): စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် အင်ကြင်းတောင်ပျူရွာကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးကာ ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု Student’s Revolution Force အဖွဲ့က ဇွန်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်သည်။ - [မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့](https://burmese.kachinnews.com/2023/06/13/ld2-5/): ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွံ့ရေအဖြစ်ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။ - [မြစ်ကြီးနားတွင် ဆန်စျေး ထပ်မံ မြင့်တက်လာ](https://burmese.kachinnews.com/2023/06/13/bb1-26/): မြစ်ကြီးနားတွင် ယခုလဆန်းပိုင်းမှစပြီး ဆန်တစ်အိတ်လျှင် မူရင်းစျေးထက် နှစ်သောင်းဝန်းကျင် စျေးမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ - [မိုးညှင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်လာ](https://burmese.kachinnews.com/2023/06/13/sm1-108/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ညပိုင်းစစ်ဆေးရေးများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။ - [စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲကြောင့် ကလေးမိခင်တစ်ဦးသေဆုံးပြီး တစ်နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာ ရရှိ](https://burmese.kachinnews.com/2023/06/13/ld1-33/): လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA နှစ်ဖက်တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး သားဖြစ်သူကလေးငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ - [ဆားလင်းကြီး ရဲစခန်းတိုက်ခိုက်ခံသဖြင့် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2023/06/12/sm1-107/): ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးပူးပေါင်တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေးရက်ဆက်တိုက် ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေသည်ဟု သိရသည်။ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ စုပေါင်းကာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အထိနားခဲ့သည့် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မုံရွာဘက်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်အင်အား ၂၀၀ခန့် ဖြည့်တင်းကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ “စခန်းသိမ်းတိုက်ပွဲပြီးတာနဲ့ မုံရွာဘက်ကမ်းကနေ စစ်အင်အားအလုံးအရင်းနဲ့ထိုးလာတာ။ အဲ့တာ ဒီနေ့ လေးရက်မြောက်တဲ့နေ့ အထိကို မီးရှို့နေတာ ညောင်ပင်ကြီးအုပ်စုတစ်ခုလုံးကို အပြောင်ကို ရှို့မယ်လို့ ယူဆ ရတယ် ဆုံးရှုံးမူကိုတော့မသိရသေးပါဘူး”ဟုဆိုသည်။ ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ညောင်ပင်ကြီးအုပ်စုရှိ ရွာရှည်ကျေးရွာနှင့် သိမ်တော်ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေသည်ဟု ဆာလင်းကြီးဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ ညောင်ပင်ကြီး ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ရဲ၊ စစ်သားအပါအဝင် ၁၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များ အရသိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးအုပ်စုကို ဝင်ရောက်စီးနင်းမီးရှို့နေခြင်းကြောင့် ဒေသခံ ၂၀၀၀ ထက်မနည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆားလင်းကြီး သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။ ညောင်ပင်ကြီးကျေးရွာအုပ်စုသည် ဆားလင်းကြီးမြို့နှင့် ၁၀ မိုင်အကွာ မုံရွာမြို့နှင့်ချင်းတွင်းမြစ်အနောက် ဘက်ကမ်းတွင် တည်ရှိပြီး ရွာရှည်၊ သိမ်တော်၊ အမှတ်၂၊ အမှတ်၃၊ အမှတ်၄၊ ထန်းတော၊ အိုမ စသည့်ကျေးရွာများ တည်ရှိသည့် ကျေးရွာအုပ်စုကြီးတစ်ခု ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၃၁ … - [NUG အောက် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ယခုနှစ် ကျောင်းသား ၇၀၀ ဝန်းကျင်ရှိ](https://burmese.kachinnews.com/2023/06/12/ld1-32/): NUG အောက်ဖွင့်လှစ်ထားသည့် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ၂၀၂၃–၂၀၂၄ ပညာနှစ်တွင် ကျောင်းသား၊သူ စုစုပေါင်း ၇၀၀ ခန့်ဖြင့်စတင် ကျောင်းဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ - [KIA တပ်ဖွဲ့ဝင် ၈ ဦးကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး](https://burmese.kachinnews.com/2023/06/12/yl1-80/): ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေတွင် စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် နှစ်ပတ်အတွင်း KIA တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။ - [လွှတ်တော်ရုံး အနောက်က လောင်းကစားရုံ](https://burmese.kachinnews.com/2023/06/12/sm-feature-2/): “သုံးတန်း နှစ်တန်း ဘေးစိပ် ခွဖဲ ကြိုး ပျောက်” အစရှိတဲ့ တစ်ယောက်တစ်ပေါက် အော်သံတွေ နဲ့အတူ ဆဲဆိုသံ တွေပါ တစ်ပါးတည်းလိုက်ပါလာပြီး ကျနော့နားထဲမှာ ဆူဆူညံညံကို ကြားနေရပါတယ်။ - [ကန့်ဘလူတွင် သုံးရက်အတွင်း စစ်ဘေးရှောင်၂ဦး မြွေပွေးကိုက်ခံရ](https://burmese.kachinnews.com/2023/06/09/sm2-23/): စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ဘေးရှောင် အမျိူးသား၂ဦး မြွေပွေးကိုက်ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ - [တကျော့ပြန် ကချင်တိုက်ပွဲ ၁၂ နှစ်ပြည့် စစ်ရှောင်အမျိုးသမီးများ၏ အသံများ](https://burmese.kachinnews.com/2023/06/09/bb2-2/): ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သော ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲသည် ယနေ့တွင် ၁၂ နှစ်ပြည့်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ရှောင်အများစုမှာ နေရပ်မပြန်သေးသလို နေရပ်ပြန်သောပြည်သူများသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုအများအပြားလိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ - [စစ်တပ်အုပ်ချုပ်နေသည့် အင်းတော်-ဗန်းမောက် ကားလမ်းဘေးရှိ ကျေးရွာများတွင် စပါးပျိုးကြဲရန် အခက်ခဲဖြစ်နေ](https://burmese.kachinnews.com/2023/06/09/az3-38/): အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသောကြောင့် အင်းတော် –ဗန်းမောက် ကားလမ်းပိုင်းတလျှောက်ရှိ တောင်သူများ စပါးပျိုးကြဲရန် အခက်ခဲနေသည်ဟု သိရသည်။ - [လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/06/09/az2-126/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ယနေ့ နေ့လည် ၂ နာရီဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ - [ထောက်ပို့အမျိုးသားသုံးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/06/09/az1-212/): ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသားသုံးဦး စစ်ကောင်စီတပ်၏ လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ - [နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်](https://burmese.kachinnews.com/2023/06/09/bb1-25/): မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်းသားရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ - [စစ်ကောင်စီဖမ်းဆီးသွားသည့် ကောလင်းဒေသခံများထဲမှ ၈ ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/06/08/sm1-106/): ကောလင်းမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးသွားခံရသော ဒေသခံပြည်သူ  ၁၆ ဦးထဲမှ ၈ဦး ကို နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်ဟု Kawlin Revolution – KR ထုတ်ပြန်ထားသည်။ - [ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ ၇၅ ရွာမီးရှို့ခံရ](https://burmese.kachinnews.com/2023/06/08/khin-oo-sm/): ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၅ ရွာအထိ ရှိလာပြီး မီးဘေးသင့်ပြည်သူ ၃ သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ - [ရွှေတူးဖော်သည့်လုပ်ကွက်တွင် ဘက်ဟိုးမောင်းသည့် သားအဖ ၂ ဦးကို စစ်တပ် ဖမ်းဆီး](https://burmese.kachinnews.com/2023/06/08/shwegu-az/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက်ခြမ်း ငါးဘတ်ကြီးကျေးရွာတွင် စစ်ကောက်စီ စစ်ကြောင်းဝင်ရောက်လာချိန် ရွှေတူးဖော်နေသည့်လုပ်ငန်းခွင်မှ ဘက်ဟိုးမောင်းသည့် သားအဖနှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့ ညပိုင်းက ရွှေကူမြို့နယ်ရှိ ငါးဘတ်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရွှေကူမြို့ ပေါ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ”စစ်သားတွေက မနေ့ညနေပိုင်းက ငါးဘတ်ကြီးဘက်ကို ကားခြောက်စီးနဲ့ပတ်တာ အဲ့ငါးဘတ်ကြီးမှာရွှေတူးနေတဲ့ ရွှေမော်ကိုရပ်နားခိုင်းတယ်ပြီးတော့ သူတို့နဲ့တိုးမိတဲ့ဘတ်ဖိုးမောင်းတဲ့ သားအဖနှစ်ယောက်ကိုလည်း ဖမ်းသွားတယ် ။ သေနတ်နဲ့ချိန်ပြီးရပ်ခိုင်းတာလို့သိရတယ်”ဟု အထက်ဖော်ပြပါ အမျိုးသမီးပြောသည်။ ဖမ်းဆီးခံရသည့် သားအဖနှစ်ဦးသည် ရွှေကူ ငါးဘတ်ကြီးဒေသခံဟု သိရပြီး ဘတ်ဖိုးတစ်စီးနှင့်အတူ သားအဖနှစ်ဦးကို ရွှေကူအခြေစိုက်တပ်ရင်းထဲသို့ ခေါ်သွားကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီစစ်သားများသည် ယမန်နေ့ညပိုင်းတွင် ထော်လာဂျီ ၊ တုံဖုံးကားများ စုစုပေါင်းကားခြောက်စီးဖြင့် ရွှေကူ ငဘတ်ကြီးဘက်သို့ လည့်လှည်စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။ ”အဓိကတော့မနေ့တုန်းကတော့ ဟိုရက်ပိုင်းကမှ ရှေ့တန်းကပြန်ခဲ့တဲ့ပြည်တော်ပြန်စစ်သားတွေကို လိုက်ပို့တဲ့ပုံစံပဲ အင်အားပြတာနေမှာ အရပ်သားကား ၆ စီးအပြည့်ပဲ အဲ့စစ်ကြောင်းက ဖမ်းတာဟုတ်တယ်။ ဒီနေ့တော့ငြိမ်တယ် မနေ့က တစ်ရက်ထဲပဲ” ဟု နောက်ထပ်ဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့်သားအဖနှစ်ဦး၏ အမည်နာမကိုစုံစမ်းနေဆဲ ဖြစ်ပြီး ပြန်လွတ်လာခြင်းရှိမရှိ အသေးစိတ်ကို မသိရှိရသေးပေ။ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က တရားမဝင်ရွှေတူးဖော်နေသည့် နေရာများတွင် ရုတ်တရက်ဝင်ရောက် ဖမ်းဆီးမှုများ မကြာခနရှိနေသည့်အပြင် ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ငပေါက်ဝကျေးရွာ အရှေ့ဘက် … - [ဆွမ်ပီယန်တွင် တောဆင်ရိုင်း လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံး ](https://burmese.kachinnews.com/2023/06/08/az1-211/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့က လူငယ်သုံးဦးအား တောဆင်ရိုင်း(အထီး) လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။ - [နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှုပိတ်ထားသဖြင့် ကျပ် ၁ သိန်းမှ ၅ သိန်းအထိပေးကာ ပြုလုပ်နေရ](https://burmese.kachinnews.com/2023/06/08/yl1-79/): ကချင်–တရုတ်နယ်စပ် ကန်ပိုက်တည် နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) အသစ်ပြုလုပ်ပေးမှုကို ရပ်ဆိုင်းထားသဖြင့် ပွဲစားများနှင့် ညှိနှိုင်းပြီး ကျပ် ၁ သိန်းခွဲမှ ၅ သိန်းဝန်းကျင်အထိ ပေးဆောင်ကာ စာအုပ်အသစ် ပြုလုပ်ကာ သွားလာခွင့်ရနေသည်ဟု သိရသည်။ - [ဖားကန့်မြို့နယ်တွင် NUG ကျောင်းဖွင့်ပေးစေလိုကြောင်း ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2023/06/07/az2-125/): ဖားကန့်မြို့နယ်အတွင်းရှိ တာမခံ၊ ဟောင်ပါးစသည့်ကျေးရွာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာသင်ကျောင်းများ ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများ ပြောသည်။ - [ဖောင်းပြင်တိုက်ပွဲတွင် ဒေသခံ ၄ ဦး ကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2023/06/07/sm1-105/): စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နှင့် ဖောင်းပြင်–ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရာမှ ဒေသခံ ၄ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။ - [သံကျောက်သတ္တုတူးဖော်မှုကို ကန့်ကွက်နေသည့် ဒေသခံများကို ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ လိုက်လံဖမ်းဆီးနေ](https://burmese.kachinnews.com/2023/06/07/ld2-4/): ဝိုင်းမော်မြို့နယ် အောင်မြေ (၁) (Nlung hka) ကျေးရွာရှိ  ဒေသအစုအဖွဲ့ပိုင်သစ်တော CF နေရာတွင် ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့မှ သံကျောက်သတ္တုတူးဖော်နေသည်ကို ကန့်ကွက်သော ဒေသခံများကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။ - [မြစ်ကြီးနား တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/06/07/ld1-31/): မြစ်ကြီးနားမြို့ ၊ အင်ဂျန်ဒုံ(တောင်) ရှိသော Butterfly တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။ - [ရိုက်နက် သတ်ဖြတ်ခံရသည့် အလောင်း ၂လောင်းတွေ့ရှိ၊ တစ်လောင်းတွင် ဓားပြဟုချိတ်ဆွဲထား](https://burmese.kachinnews.com/2023/06/07/az1-210/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး တစ်ဦး၏ အလောင်းပေါ်တွင် ဓားပြဟု စာသားချိတ်ထားကြောင်း သိရသည်။ - [ဒေသခံများကန့်ကွက်နေသည့်ကြား မြေရှားတူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေ](https://burmese.kachinnews.com/2023/06/06/hpare-rare-earth-ld/): ချီဖွေမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဌာနချုပ် ဖရေး (Hpare) ကျေးရွာအတွင်းထိ မြေရှားတူးဖော်ဝင်လာမှုအား ဒေသခံများ ကန့်ကွက်နေသည့်ကြား ဆက်လက်တူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ - [နမ့်ဖက်ကာစစ်ရှောင်ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီ လိုအပ်နေ](https://burmese.kachinnews.com/2023/06/06/namhpakka-bb/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ - [ဖားကန့်လမ်းတွင် လိုင်စင်မဲ့အကြောင်းပြကာ ကားအများအပြားကို စစ်တပ်ဖမ်းဆီးထား](https://burmese.kachinnews.com/2023/06/06/yl1-78/): ဖားကန့်သွားလမ်း ကားမိုင်းနှင့် နန့်ယားစစ်တပ်ဂိတ် ၂ နေရာတွင် စစ်ကောင်စီတပ်သည် လိုင်စင်မဲ့ကားများကို အကြောင်းပြကာ ကားအများအပြားကို ဖမ်းဆီးထားသည်ဟု သိရသည်။ - [စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေချိန် လေယာဉ်ဖြင့် တိုက်ခိုက်ခံရသဖြင့် ဒေသခံ ၄ ဦး ထက်မနည်း ထိခိုက်](https://burmese.kachinnews.com/2023/06/06/sm1-104/): ကလေးမြို့နယ်မြောက်ပိုင်းရှိ ရှု့ခင်းသာကျေးရွာတွင် စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ - [ဝက်လက်တွင် လူငယ်တစ်ဦး ခေါင်းဖြတ် မီးရှို့သတ်ခံရ](https://burmese.kachinnews.com/2023/06/06/sm1-103/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဘဲပင်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦး ခေါင်းဖြတ်မီးရှို့ သတ်ဖြတ်ခံရကြောင်း  Wetlet သိရသည်။ - [ဟိုပင်မြို့ နယ်ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း](https://burmese.kachinnews.com/2023/06/06/zm1-68/): ကချင်ပြည်နယ် ဟိုပင်မြို့မှ ရဲတပ်ကြပ် နယ်ထိန်းတစ်ဦးကို KPDF နှင့် မြောက်ပိုင်းဝံပလွေတို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းသို့ ခေါ်သွားစဉ် သေနတ်လုပြီးထွက်ပြေးရန်ကြိုးစားလာသောကြောင့်  ရှင်းလင်းလိုက်သည်ဟု KPDF နီးစပ်သူများပြောသည်။ - [ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အဘွားအိုတစ်ဦး အမောဖောက်သေဆုံး](https://burmese.kachinnews.com/2023/06/05/sm1-102/): ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဝင်လာပြီး ကျေးရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင် ထွက်ပြေးရင်း အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ရသည်ဟု သိရသည်။ - [သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် စီးပွားရေးလုပ်ငန်းများကို အရေးယူပေးရန် တောင်းဆို](https://burmese.kachinnews.com/2023/06/05/bb1-24/): ဇွန်လ ၅ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအား ထိရောက်စွာအရေးယူရန် Kachin National Forum (KNF) က တောင်းဆိုလိုက်သည်။ - [ဖားကန့်၊မဇွပ်ယန် အချုပ်ထောင်မှ အကျဉ်းသား/သူ ၁၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရ](https://burmese.kachinnews.com/2023/08/01/cj1/): စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ ဖားကန့်မြို့ မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၁၇ ဦးလွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ - [ဖားကန့်မှာ ပုပ်ပွနေတဲ့ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/08/01/wl2-4/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအနီးမှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ - [စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/08/01/ld1-46/): ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ - [နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2023/08/01/wl1-7/): စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာတစ်လအတွင်း ခိုးဆိုးလုယက်ခံရမှု ၉ ကြိမ်ရှိလာ](https://burmese.kachinnews.com/2023/08/01/zm1-80/): ဖားကန့်မှာ ဇူလိုင်လ တစ်လအတွင်း KNG သတင်းဌာနရဲ့ စုစည်းထားတဲ့ အချက်အလက်အရ ခိုးဆိုးလုယ်မှု၊ပစ်ခတ်မှု၊ဖမ်းဆီးခံရမှု  ၉ ကြိမ်ရှိခဲ့ပါတယ်။ - [လုပ်ငန်းရှင်တွေ ပစ်မှတ်ထားဖိနှိပ်လာတဲ့ဖားကန့်](https://burmese.kachinnews.com/2023/07/31/ab1-feature/): “ဖမ်းသွားတဲ့ စက်တွေက သိန်း ၁၇၀၀၀ နဲ့ပြန်ရွေးလိုက်ရတယ် အခုတော့ဘာမလုပ်တော့ဘူးဗျ နားလိုက်ပြီ” ဒါကတော့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ၆ နှစ်ကျော်လုပ်လာပြီးမှ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းရပ်နား သွားတဲ့ လုပ်ငန်းရှင်တစ်ဦးပြောပြသွားတာပါ။ - [သရက်ချောင်းရေကြီးမှုကြောင့် ဟိုပင်မြို့ပေါ် ရပ်ကွက်တစ်ချို့ရေနစ်မြှပ်ပြီးပျက်ဆီးဆုံးရှုံးမှုတွေရှိ](https://burmese.kachinnews.com/2023/07/27/az1-232/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ ဒီကနေ့မနက်ပိုင်းကနေ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ - [စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ](https://burmese.kachinnews.com/2023/07/27/zm4/): ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ - [အမိန့်ရအရက်ဆိုင်ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသား ပစ်ခံရ၊ ဇနီးဖြစ်သူကို ဖမ်းဆီးသွား ](https://burmese.kachinnews.com/2023/07/27/zm2-14/): ဖားကန့် လုံးခင်းရပ်ကွက်မှာရှိတဲ့ အမိန့်ရ အရက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသားကို‌ သေနတ်နဲ့ပစ်ပြီး ဓါးနဲ့မွှန်းခဲ့တဲ့အပြင် ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ](https://burmese.kachinnews.com/2023/07/27/zm3-2/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အပျော်ကနေ ဘဝပျက်ခဲ့ရသူ](https://burmese.kachinnews.com/2023/07/27/%e1%80%a1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%94%e1%80%b1-%e1%80%98%e1%80%9d%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%b2%e1%80%b7%e1%80%9b%e1%80%9e%e1%80%b0/): လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။ ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။  ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို မီးခြစ်နဲ့မြိုက်ပြီး ထွက်လာတဲ့အငွေ့တွေကိုတော့ လက်မှာကိုင်ထားတဲ့ ပိုက်အစိမ်းရောင်နဲ့ မျက်စိမှိတ်ပြီး အားရပါးရရှုရှိုက်နေပါတယ်။ “ကျနော်စရောက်တုန်းက ဖားကန့်မှာ ဘိန်းခန်းရှိတယ်။ အဲမှာသူငယ်ချင်းတွေနဲ့ အပျော်သွားလုပ်ရင်းကနေ ခုလိုဖြစ်သွားတာဘဲ” ဆိုပြီး နုတ်ခမ်းထောင့်မှာ ကိုက်ထားတဲ့ ပိုက်အစိမ်းရောင်ပြုတ်ကျဖို့ ကြောက်နေတဲ့အလား ပါးစပ်ကိုမပွင့်တပွင့် ပြောနေပါတယ်။ သူကတော့ ရှမ်းပြည်နယ် လားရှို့မြို့က ကိုကျော်ကျော်ခိုင်ဆိုသူပါ။ မိသားစုစားဝတ်နေရေးအတွက် ငွေရှာဖို့ ဖားကန့်ကို ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ရောက်လာရာကနေ အိမ်ပြန်လမ်း ပျောက်ခဲ့ရသူပါ။ ကိုကျော်ကျော်ခိုင်ဟာ ဖားကန့်စရောက်တုန်းက ကျောက်စိမ်းတူးတဲ့အလုပ်ကို တစ်စိုက်မတ်မတ်လုပ်နိုင်ခဲ့တဲ့အတွက် ငွေကြေးအသင့်သင့်အဆင်ပြေခဲ့ပါတယ်။ စားဖို့သောက်ဖို့ လုံလုံလောက်လောက်ရှိတဲ့အပြင် မိသားစုတွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သူပါ။ ဒါပေမယ့် သူ့ဘဝမှာ မလုပ်သင့်တဲ့အရာတစ်ခုကို အပျော်လုပ်မိရာကနေ ဘဝပျက်ပြီးတော့ မိသားစုတွေနဲ့လည်းအဆက်သွယ် မလုပ်ဖြစ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။ ဖားကန့်မြို့မှာ ငွေလာရှာလို့ ဘဝတိုးတက်ပြောင်းလဲပြီး ကောင်းစားသွားတဲ့သူတွေရှိသလို မူးယစ်ဆေးဝါးတွေကြောင့် လူလုံးမလှ ဘဝပျက်သွားကြတဲ့သူတွေလည်း များစွာရှိနေပါတယ်။ အဲဒီဘဝပျက်သွားတဲ့သူတွေထဲမှာ ကိုကျော်ကျော်ခိုင်လည်းတစ်ယောက်အပါအဝင်ဖြစ်ပြီး သူ့အနေနဲ့ ဒီမူးယစ်ဆေးဝါးကို အကြိမ်ကြိမ်ဖြတ်ဖို့ ကြိုးစာခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပြတ်သားစွာ မစွန့်လွှတ်နိုင်တဲ့အကျင့်ကြောင့် ကိုယ့်ဘဝကို ဖျက်ဆီးပစ်သလိုဖြစ်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။ “ကျနော်ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးစားဖူးတယ် ဖြတ်လည်းဖြတ်ဖူးတယ်။ ဒါပေမယ့်ကွာ ဒီနေရာမှာက မူးယစ်ဆေးပေါနေတော့ ဖြတ်ဖို့ဆိုတာမလွယ်ဘူး တစ်ခါစထားမိရင် ဖြတ်ဖို့ဆိုတာ သိပ်မသေချာတော့ဘူး ခနနားတဲ့သဘောဘဲ … - [ဟုမ္မလင်းနယ်က လွှစင်ကုန်းရွာနှင့် မြောက်ရွာ ဒေသခံတွေကျေးရွာကနေ နေရပ်စွန့်ခွာဖို့ ရှမ်းနီတပ်ကအမိန့်ထုတ်](https://burmese.kachinnews.com/2023/07/26/wl2-3/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်းကျေးရွာနှင့် မြောက်ရွာက ဒေသခံတွေကို အိုးအိမ်စွန့်ခွာပြီးတိမ်းရှောင်ကြဖို့ ရှမ်းနီးအမျိုးသားတပ်မတော် (SNA) က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ - [စစ်ရိက္ခာသယ် စစ်သင်္ဘော ၉ စီး ဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်](https://burmese.kachinnews.com/2023/07/26/yl1-95/): မန္တလေးတိုင်းဘက်နေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများသယ်လာတဲ့ စစ်သင်္ဘော ၇ စီးဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [အင်းတော်နယ်မှာ မိုင်းနင်းမိပြီး အမျိုးသား နှစ်ဦး ပွဲချင်းပြီးသေဆုံ](https://burmese.kachinnews.com/2023/07/26/wl1-6/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်အုပ်စု အင်ပင်ကျေးရွာအဝင်မှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ်ဆန်ယန်လမ်းမပေါ်မှာ တစ်ရက်ထဲတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2023/07/25/yl1-94/): မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာ ၃ ခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကြား ထိတွေ့တိုက်ခိုက် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [စပျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/07/25/zm2-13/): ဖားကန့်မြို့ အေးမြသာယာအုပ်စု စပျစ်ခူးမော်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်း သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိသားစုနှင့်နီးစပ်သူတွေဆီကနေ သိရပါတယ်။ “မနေ့ည ခုနှစ်နာရီလောက်က လူငယ်လေး ၄ ယောက် ဆိုင်ကယ်နှစ်စီးနဲ့ သူ့အိမ်ကိုရောက်လာခဲ့ပြီး ခေါ်သွားခဲ့တာ၊မနက်ကျတော့ သေဆုံးတာကို ကြားသိရတာပါပဲ“လို့ပြောပါတယ်။ သေဆုံးသူ ဦးအောင်လင်းအား ဒီနေ့မနက် ၉ နာရီခန့်မှာ ဝှေခါ–ဖားကန့်သွား လမ်းမကြီးတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ပြီး၊ဦးခေါင်းနောက်စေ့မှာ သေနတ်ပစ်ဒဏ်ရာ၊မျက်နှာမှာ ညိုမဲဖူးယောင်ပြီး ရိုက်နက်ထားတဲ့ ဒဏ်ရာနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ဦးအောင်လင်းစီးသွားတဲ့  အိမ်စီးကားကိုလည်း မတွေ့ရှိရဘဲ ရုပ်အလောင်းကိုသာတွေ့ခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ဦးအောင်လင်းကိုဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကိုတော့ KNGအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံတစ်ချို့ပြောတာကတော့ သတ်ခံရတဲ့ဦးအောင်လင်းဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ဆက်နွယ်သူဖြစ်တယ်ဆိုပြီး သတင်းပေါက်ကြားနေတာကြောင့် သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ “သူ့ကို ကာကွယ်ရေးတပ်နဲ့ပတ်သက်တယ်ဆိုပြီး ပြောကြတာတော့ ရှိတယ်  ခုသတ်ခံရတာ အဲဒါနဲ့  ဆက်စပ်နိုင်တယ်”လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို KNG သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုပ်ဆောင်တာမဟုတ်ဘူးလို့ ပြောပါတယ်။ စစ်တပ်မှ အာဏာရယူပြီးနောက် ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနားယူသွားခဲ့ကြပြီးနောက် ဒေသတွင်း ကိစ္စရပ်များအား အဆင်ပြေစေရန်အတွက် ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာတွေများလာတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ဖို့ စစ်ကောင်စီထံကို စာတင်သူတွေလည်း များလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မေလ ၁၀ ရက်နေ့မှာ ဆန်းကြွယ်က အုပ်ချုပ်ရေးမှူးဦးမြင့်မောင်၊ မေလ ၃၁ ရက်နေ့မှာ မနကျေးရွာက အုပ်ချုပ်ရေးမှူးဦးတင်စိုးအပြင် ဒီနှစ် ဇွန်လအတွင်းမှာ လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ဆွေ သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ - [ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ အရပ်သား ၃၀ ကျော်ပါဝင်](https://burmese.kachinnews.com/2023/07/25/az1-231/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကိုတက်လာတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံတဲ့ အရပ်သား ၃၀ ကျော်ဟာ စစ်သားအသွင်ယူပြီးစစ်ကြောင်းမှာပါဝင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကိုင်းတိုင်းဟာ လူသားချင်းစာနာထောက်ပံ့မှုအကူညီ လုံးဝမရရှိသေးဘူးဟုဆို](https://burmese.kachinnews.com/2023/07/25/am1-6/): မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကအကူညီလိုအပ်ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ - [TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2023/07/25/ld2-11/): မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မူဆယ်မြို့ပေါ်  နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်](https://burmese.kachinnews.com/2023/07/25/ld1-45/): ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော်မှာ ရှမ်း လူငယ် ၃ ယောက် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/07/24/yl2-19/): ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာနားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ ဂိတ်နေရာမှာ ဖြတ်ကျော်လာတဲ့  ရှမ်းလူငယ် ၃ ဦးကို သေနတ်ပစ်ခတ်လိုက်တဲ့အတွက် လူငယ်တစ်ဦး ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/07/24/%e1%80%9f%e1%80%af%e1%80%99%e1%80%b9%e1%80%99%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%95%e1%80%bc/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”တိုက်ပွဲက မနက် ၃နာရီထဲကစဖြစ်တာ မနေ့က ညနေ ၄ နာရီလောက်ထိဖြစ်တယ်။ လက်နက်ကြီးတွေကော တိုက်ဆက်ပစ်နေတာ စစ်တပ်ဘက်က ။နားလိုက်ပစ်လိုက်ပါ့ ရွာသားတွေလည်းကြောက်လို့လန့်လို့ပြေးကြတာခုထိပြေးကြတုန်း ”လို့ သူကပြောပါတယ်။ ယနေ့ နေ့လည်ပိုင်းထိလွှစင်ကုန်းရွာကနေ စစ်သားတွေက လက်နက်ကြီးတွေ တစ်ဖက်သတ်ပစ်ခတ်မှုရှိနေပြီး စစ်ရေးမတည်ငြိမ်သေးတာကြောင့် နောင်ပိုအောင်ကျေးရွာနှင့်လွှစင်ကုန်းဒေသခံတွေက ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ ”တိုက်ပွဲက နောင်ပိုအောင်ရွာမှာတော့မဖြစ်ဘူး တာပေမယ့်လွှစင်ကုန်းရွာနဲ့တစ်ဆက်တည်းဖြစ်နေတာ ပြေးရတာပေါ့ ဟုမ္မလင်းဘက်ကိုတော့နည်းနည်းပဲရောက်လာတယ် အများစုက အဲ့ဘက်ကရွာတွေထဲမှာပြေးကြတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လွှစင်ကုန်းကျေးရွာထဲက စာသင်ကျောင်းနဲ့ဘုန်းတော်ကြီးကျောင်းမှာ ၂၀၂၂ ခုနှစ်ကတည်းကတပ်စွဲနေထားတာလို့သိရပါတယ်။ ”စစ်သားတွေလွှစင်ကုန်းကနေလက်နက်ကြီး ပစ်လို့ နောင်ပိုအောင်ဆေးရုံရှေ့တစ်လုံးကျတယ် လူတော့မထိဘူးဆေးရုံမှန်တွေကွဲတယ်။ သူတို့တပ်စွဲတဲ့ လွှစင်ကုန်းဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းလည်းပျက်စီးသွားတယ်”လို့ အထက်မှာဖော်ပြတဲ့ ဟုမ္မလင်း မြို့နေ အမျိုးသမီး တစ်ဦးကပြောပါတယ်။ တိုက်ပွဲကြောင့် ဟုမ္မလင်း -နောင်ပိုအောင်-လွှစင်ကုန်းကားလမ်းကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကတည်းက အသွားအလာခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၂ မိုင်ကျော်ဝေးတဲ့ လွှစင်ကုန်းကျေးရွာမှာ အိမ်ခြေ ၈၀ နှင့်နောင်ပိုအောင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး လူဦးရေ ၁၀၀၀ နီးပါးစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။  - [မူးယစ်ဆေးသမားတွေကို တပ်သတင်းပေးအဖြစ် အသုံးနေချတဲ့စစ်တပ်](https://burmese.kachinnews.com/2023/07/24/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%95%e1%80%ba/): ကချင်- စစ်ကိုင်းအစပ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အလွတ်လပ်ဆုံးသူတွေကိုညွှန်းပါဆိုရင် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေနဲ့သုံးစွဲတဲ့သူတွေလို့ပဲ ညွန်းချင်ပါတယ်။ “ ဖိုးသမားတွေကိုခေါ် ခေါ်ပြီးတော့မှ ဆေးဖိုးဘာဖိုးတွေပေး သူတို့လိုချင်တဲ့သတင်းတွေကိုယူခိုင်းလုပ်နေတာ”လို့ စစ်ကိုင်းတိုင်း အင်းတော်နယ် အောင်းကုန်းရွာက လအသက် ၄၆ နှစ်ဦးအောင်(အမည်လွဲ)က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ တပ်တွေဟာ အင်းတော်နယ်မှာရှိတဲ့ နန့်သာရွာနဲ့ မော်တိတ်ရွာအနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကတည်းကနေ တပ်စွဲနေထိုင်နေပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တပ်သတင်းပေးအနေနဲ့ သိသိသာသာအသုံးပြုလာနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ မူးယစ်ဆေးသမားတွေဟာ ရွာထဲကသတင်းတွေ စစ်တပ်ကိုသတင်းသွားပေးတဲ့အပြင် စစ်ကောင်စီတပ်ကလည်း မူးယစ်ဆေးသမားတွေရဲ့ပြောစကားတွေအတိုင်း လိုက်လုပ်ပေးတာ မူးယစ်ဆေးသမားတွေ ညွှန်ပြတဲ့နေအိမ်တွေကိုလည်း မီးလိုက်ရှို့ပေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေအတွက် အဖက်ဖက်မှ ထိခိုက်နစ်နာမှု စိုးရိမ်မှုတွေများစွာရှိလာတယ်လို့ ပြောပါတယ်။ အင်းတော်နယ်တောင်ပိုင်း မော်တိတ်ဒေသထဲမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ATS ပုံစံ ဆေးပြား၊ ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးစွဲတဲ့လူဦးရေက ၁၀၀နီးပါးအထိရှိပြီး အဲ့ထဲမှာ အများစုက အသက် ၁၇ ၊ ၁၈ နှစ် ကျောင်းနေအရွယ်တွေ နဲ့ အသက် ၂၀ ကျော် ဝန်းကျင်တွေအများဆုံးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဟာ ကျောင်းနေရမယ့်အစား ရွာထဲမှာအုပ်စုလိုက်ဖွဲ့ပြီး နေထိုင်သလို စစ်သားတွေပေးတဲ့မူးယစ်ဆေးသုံးပြီးတော့ အင်းတော်နယ်ထဲက တော်လှန်ရေးမှာပါဝင်နေသူတွေရဲ့ နာမည်စာရင်းတွေအပြင် တော်လှန်ရေးမှာမပါဝင်တဲ့သူတွေရဲ့ နာမည်တွေကိုလည်း သတင်းအမှားပေးတာတွေကြောင့် သာမာန်အရပ်သားပြည်သူတွေလည်း ခုနောက်ပိုင်း PDF လို့စွပ်စွဲပြီး ဖမ်းခံထားရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေက ဆီကနေသိရပါတယ်။ “ဟိုနေ့က အမျိုးသားနှစ်ယောက်ကို ပီဒီအက်ဆိုပြီး သတင်းမှားပေးလို့ဖမ်းတာတစ်ယောက်က ဆေးချမှန်းသိ တော့ သူတို့ဆီခေါ်ထားလိုက်တော့တာ တစ်ယောက်ကတော့ပြန်လွတ်လာတယ်ပီဒီအက်မဟုတ်လို့တဲ့” လို့ ပြန်လွတ်လာသူနဲ့ရင်းနှီးတဲ့ တုံ့တော်ဒေသခံ အမျိုးသားတစ်ယောက်ကပြောပါတယ်။ အာဏာသိမ်းပြီးနောက် အင်းတော်နယ်ထဲအထိုင်ချထားတဲ့စစ်ကောင်စီစစ်တပ်ဂိတ်တွေမှာတော့ မူးယစ်ဆေးသုံးစွဲသူတွေကို အစစ်အဆေးမရှိဖြတ်သန်းသွားလာခွင့်ပြုထားပြီး သာမာန်အရပ်သားပြည်သူတွေကို တော့အစစ်အဆေးတင်းကြပ်ထားတဲ့အပြင် မသင်္ကာသူတွေကို ဖမ်းဆီး၊သတ်ဖြတ်တာမျိုးတွေလည်း လုပ်နေ တာဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးစွဲနေတဲ့သူတွေဟာ တောတောင်တွေနဲ့ ရပ်ရွာတွေထဲမှာ ပုံမှန်လည့်လည် သတင်းရယူတာမျိုးရှိနေတာကြောင့် ကာကွယ်တပ်တွေအနေနဲ့လည်း စစ်ရေး လှုပ်ရှားဖို့ခက်ခဲလာတဲ့အပြင် ရေချိုးသွားဖို့တောင် အဲ့ဒီမူးယစ်ဆေးစွဲသူတွေနဲ့မတိုးမိအောင်ရှောင်ကွေးပြီး သွားလာနေရတဲ့ အခြေအနေတွေကို အင်းတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ခုလိုရင်ဖွင့်ပြောဆိုလာပါတယ်။ “ကာကွယ်ရေးတပ်တွေရေချိုးသွားမယ်ဆိုရင်တောင်မှ သူတို့က ချောင်းတာ ရေချိုးသွားပြီဆို သူတို့က သတင်းပေးတော့ … - [ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး](https://burmese.kachinnews.com/2023/07/24/yl1-93/): KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ - [တနိုင်းမှာ အမှိုက်ကားပုံမှန်မလာလို့ ဒေသခံတွေ အမှိုက်ပစ်ရန်အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2023/07/24/wl1-5/): ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ စည်ပင်ကအမှိုက်ကားတွေ ပုံမှန်မလာတာကြောင့် ဒေသခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ် လို့သိရပါတယ်။ - [စုန်ချောင်းရွာက လူသတ်ပွဲ](https://burmese.kachinnews.com/2023/07/24/sm-feature-1/): “အကိုရေကျနော်တို့ နာရေးကိစ္စတွေလုပ်နေလို့ အလုပ်ရှုပ်နေလို့ပါ အခုက နောက်ထပ်အလောင်းတွေထပ်တွေ့နေလို့ပါ”  လို့ပြောပြီး ကဗျာကယာနဲ့ ဖုန်းချသွားသူက ယင်းမာပင်နယ် စုန်းချောင်းရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပါ။ အာရုံတက်ချိန် မနက်၂နာရီလောက်ရှိနေပေမဲ့ မအိပ်နိုင်သေးတဲ့ စုန်းချောင်းရွာထဲက အသက်၂၀ကျော်အရွယ် လူငယ်တစ်စုဟာ ရွာထဲကမွေးနေ့အလှူကလာပို့တဲ့ မုန့်ဟင်းခါးသောက်ရင်း ကင်းယူနေကြတာပါ။ ပုံမှန်ဆို ဒီအချိန် ရွာထဲကင်းပတ်လေ့ရှိပေမဲ့ မိုးဖွဲကျနေလို့ ရွာမြောက်ဘက်က တစ်နေရာမှာအထိုင်ကင်းယူရင်း ရွာရဲ့အသံကိုနားစွင့်ရင်းနေခဲ့ကြတယ်လို့ ဆိုလာသူက စုန်းချောင်းရွာလူသတ်ပွဲမှာလွတ်မြောက်လာတဲ့ အသက်၂၃နှစ်အရွယ် ကိုသက်တန့်ဆိုသူပါ။ ကင်းယူရင်း မုန့်ဟင်းခါးစားပြီး စကားစမြည်ပြောနေချိန်မှာပဲ ကိုသက်တန့်ဆီ ရွာတောင်ဘက်ကဖုန်းတစ်လုံးဝင်လာ ပါတော့တယ်။  “ရွာတောင်ပိုင်းမှာ လက်နက်ကိုင်တစ်ချို့က အိမ်တစ်အိမ်ကိုဝင်စီးနေတယ် ဓါတ်ဗူးကွဲသံတွေလည်းကြားရတယ် လာကြည့်ကြအုံး” လို့ ဆိုပြီး ကင်းစောင့်နေတဲ့ကိုသက်တန့်တို့ဆီကို ဒေသခံတစ်ဦးက ဆက်လာတာပါ။ သတင်းရရချင်းပဲ ကိုသက်တန့်တို့ကင်းအဖွဲ့က သူတို့ရဲ့ ခေါင်းဆောင်နေအိမ်ဘက်ကိုသွားချိန်မှာဘဲ အမှောင်ထုထဲနေ လက်နက် ကြီး ၄၀ မမအပါအဝင် သေနတ်တွေနဲ့တရစပ်ပစ်ခတ်ခံလိုက်ရတဲ့အတွက်  ကိုသက်တန့်တစ်ယောက် ရွာထဲကိုစစ်တပ်ကဝင်စီးပြီဆိုတာကို သိလိုက်ရတာပါ။ ပစ်ခတ်ခံခဲ့ရချိန်မှာ ကိုသက်တန့်တို့အဖွဲ့ထဲက သူငယ်ချင်း ရဲဘော် ၄ ယောက်လဲကျကျန်နေခဲ့ပြီးကိုသက်တန့် နဲ့အတူ ၃ ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လာပြီးနောက်မှ စစ်ကောင်စီတပ်တွေက အင်အား၁၀၀ လောက်နဲ့ စုန်းချောင်းရွာကို၁နာရီလောက်ကြိုပြီးဝင်စီးနှင့်ပြီးသားဆိုတာ နဲ့ သူ့သူငယ်ချင်းရဲဘော်တွေအသတ်ခံလိုက်ရပြီဆိုတာသတင်းရလိုက်တယ် လို့ ကိုသက်တန့်က ဆိုပါတယ်။  “ ကျနော်တို့ခေါင်းဆောင်အိမ်ဘက်ကို သေနတ်သွားမယူခင်တည်းက အထင်ကရပုဂ္ဂိုလ်ဆိုတဲ့ ကာကွယ်ရေးတပ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို သူတို့က အဖွဲ့၃ဖွဲ့ခွဲပြီး နေရာယူပြီးသားဖြစ်နေတာသူတို့ရောက်နေတာက ကျနော်တို့ သတင်းမရခင် ၁နာရီခွဲလောက်တည်းကကြိုရောက်နေတာ ” သတ်ဖြတ်ခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းထဲက အလောင်း ၃ခုကို မနက်ပိုင်းမှာတွေ့ခဲ့တဲ့အပြင် စစ်တပ်က နောက်ထပ်အရပ်သားပြည်သူတွေကိုလည်း ထပ်ပြီးဖမ်းဆီးခံသွားတာရှိတယ်လို့ သိလိုက်ရတဲ့အတွက်ဖမ်းဆီးခံသွားရသူထဲ အများစုက ဒေသခံတွေဖြစ်တဲ့အတွက် ပြန်လွှတ်လာလိမ့်မယ်လို့သာမျှော်လင့်ထားပေမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ချန်နယ်မှာ ဖမ်းဆီးခံရသူတွေကို သတ်ဖြတ်ထားတဲ့ပုံတွေ တက်လာမှ သတ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်လို့ မီးသဂြိုလ်ပေးခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးကပြောပြပါတယ်။ “ဖမ်းသွားတာတော့ မနက်ပိုင်းတည်းကသိရတယ် ဖမ်းပြီးရင်ပြန်လွှတ်လာမယ်လို့ပဲထင်ခဲ့တာသတ်ထားခဲ့ တာကို သူတို့ရဲ့ဝါဒဖြန့်တဲ့တယ်လီဂရမ်ကနေ တင်မှသိခဲ့ရတာအဲ့တာနဲ့အလောင်းတွေပြန်ရှာတော့တာပါပဲ” သတ်ခံရတဲ့ထဲမှာ ကင်းယူခဲ့ကြတဲ့ ကိုသက်တန့်သူငယ်ချင်း ၃ ဦးအပါအဝင် အသက် ၁၇နှစ်ကနေ၄၀နှစ် အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၂ဦးအပါ၉ဦးသတ်ဖြတ်ခံခဲ့ရပြီးတော့ ကျန်တဲ့၈ဦးက အရပ်သားတွေလို့ စုန်းချောင်းရွာက ၅၆နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ရုပ်အလောင်းတွေကို ရွာထဲမှာသုံးလောက်တွေ့ခဲ့ပြီးတဲ့နောက် တစ်နေရာနဲ့တစ်နေရာခပ်လှမ်းလှမ်းရှိနေတဲ့ နှစ်ယောက်တစ်တွဲစီသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုမြင်ရက်စရာမရှိလောက်အောင် သတ်ဖြတ် ထားတယ်လို့ အသက် ၅၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သူမြင်ခဲ့ရတဲ့မြင်ကွင်းကိုပြောပြပါတယ်။ “ခေါင်းကနေလည်း ဦးနှောက်တွေထွက်လိုထွက် … - [ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ](https://burmese.kachinnews.com/2023/07/22/yl2-18/): တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [စစ်ကိုင်းမှာ လူသတ် မီးရှို့ နေတဲ့ ဗိုလ်မှူးချုပ် စိုးလှိုင် မပခ တိုင်းမှူးအဖြစ် ရာထူးတိုး ခန့်အပ်ခံရ](https://burmese.kachinnews.com/2023/07/22/zm1-79/): မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိများ ဖမ်းဆီးစစ်ဆေးခံရပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က  ဗိုလ်မှူးချုပ် စိုးလှိုင်ကို ဗိုလ်ချုပ် ရာထူးတိုးကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးအဖြစ် ခန့်လိုက်တယ်လို့ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ - [စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး](https://burmese.kachinnews.com/2023/07/22/zm1-78/): ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ - [နမ်ဆန်ယန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကျဲတိုက်ခိုက်၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုရှိ](https://burmese.kachinnews.com/2023/07/22/yl1-92/): တစ်လဝန်းကျင်ခန့်အကြာ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်နေ့  ည ၁၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကျဲသွားကြောင်း သိရသည်။ - [ဒင်ဂါနှင့် နောင်ဝမ့် စစ်ရှောင်များကို တစ်ရက်အတွင်း ပစ္စည်းအပြီး သိမ်းယူရန် စစ်ကောင်စီပြော](https://burmese.kachinnews.com/2023/07/21/yl1-91/): တိုက်ပွဲဖြစ်ပွားမှုကြောင့် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒင်ဂါနှင့် နောင်ဝမ့် ကျေးရွာ ၂ ခုမှ စစ်ရှောင်ဒေသခံများကို တစ်ရက်အတွင်း ၎င်းတို့၏ ပစ္စည်းများ အပြီးသယ်ယူကြရန် စစ်ကောင်စီပြောဆိုထားသည်ဟု သိရသည်။ - [ယင်းမာပင်မှာ ကာကွယ်ရေးတပ်စခန်းတစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးဆုံး](https://burmese.kachinnews.com/2023/07/21/am1-5/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်စခန်း တစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရတယ်လို့ မြေပြင်ကကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ - [တောပုန်းရွာဒေသခံများ ကျောင်းထိုင်ဆရာတော်ကို လစဥ်ငွေကြေးပေးဆောင်နေရ](https://burmese.kachinnews.com/2023/07/21/%e1%80%90%e1%80%b1%e1%80%ac%e1%80%95%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%80%e1%80%bb/): ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာမှာရှိတဲ့ တောပုန်းကျောင်းထိုင်ဆရာတော်ကို ရွာသားတွေက တစ်လကို ကျပ်ငွေ တစ်သောင်းပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့နဲ့ ၅မိုင်လောက်ဝေးတဲ့ တောပုန်းကျေးရွာကျောင်းထိုင်ဆရာတော်ဟာ စစ်ကောင်စီတပ်နဲ့ပေါ်ပေါ်တင် တင်ပူးပေါင်းဆောင်ရွက်နေတဲ့ပျူစောထီးတွေတောပုန်းရွာမှာရှိလာပေါ်လာပြီးနောက် ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ရွာသားတွေဆီကနေ တစ်အိမ် ကျပ် ၁၀၀၀၀ နှုန်း လစဥ်ကောက်ခံနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”သူကကျောင်းထိုင်ပါ့အေး သူက ရွာသားတွေတော်တော်များများကိုနိုင်ပြီးသားလေ ထွေထွေထူးထူးပြောစရာမလို့တော့ဘူး ဘုန်းကြီးကြေးကောက်တယ်ပေး။ ကောက်ပြီးရင် ၅၆တပ်နဲ့ ၆၀၂ တပ်ကိုခွဲ ပို့အဲ့လိုလုပ်နေတာ”လို့ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ဒေသခံအမျိုးသားကပြောပါတယ်။ အဲ့ဒီတောပုန်းကျောင်းထိုင်ဆရာတော်ဟာ ရွာသားတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေကို စစ်ကောင်စီတပ် ၅၆ တပ်နှင့်၆၀၂ တပ်ကို ထောက်ပံ့ပေးနေတယ်လို့လည်း ဒေသခံတွေပြောဆိုတာတွေရှိပေမယ့် KNG  သတင်းဌာနအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့တောပုန်းကျေးရွာမှာ ကြံ့ခိုင်ရေးပါဝတီဝင်တွေကကျေးရွာအိမ်ခြေရဲ့ထက်ဝက်ကျော်ရှိသလို ကျောင်းထိုင်ဘုန်းကြီးကလည်း ကြံ့ခိုင်ရေးအားပေးသူ လို့ဆိုပါတယ်။ ”တောပုန်းရွာက အစိမ်း(ကြံ့ခိုင်ရေးပါတီ) တွေများတယ် အဲ့ဘုန်းကြီးကလည်းအစိမ်းအားပေးပဲလေ စစ်ကြောင်းတွေလာရင် သူ့သံခွန်မော်တော်ကြီးနဲ့သွားကြိုပေးတာ။ ကောက်နေတာတော့မှန်တယ် လတိုင်းကောက်တယ်။ အရင်ကအဲ့လောက်မဆိုး ဘူးအခုနောက်ပိုင်းပိုပိုဆိုးလာတယ်အဲ့ဘုန်းကြီးက”လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသခံအမျိူးသားတစ်ဦးကပြောပါတယ်။ အဲ့ဒီတောပုန်းဘုန်းကြီးဟာ စစ်ကောက်စီတပ်က သေနတ်အတိုတစ်လက် တပ်ဆင်ပေးထားပြီးရွာသားတွေက ပျူစောထီး ခေါင်းဆောင်ဖြစ်ကြောင်း ပြောဆိုနေကြပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးပါဘူး။ လစဉ်ငွေကြေားကောက်ခံတာကို ကြံ့ခိုင်ရေးပါဝတီဝင်တွေအချို့က လိုလို လားလားပေးကြပေမယ့် နွေဦးတော်လှန်ရေး ထောက်ခံသူတွေနဲ့ အချို့ကြံ့ခိုင်ရေးပါတီဝင် အိမ်ထောင်စုအချို့ကတော့ မပေးချင်ပေးထည့်ပေးနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တော်ပုန်းဆရာတော်မှာ လူ ၁၀၀ နီးပါးဆန့်တဲ့ သံခွန်မော်တော်တစ်စီးရှိပြီး စစ်ကြောင်းသွားလာတဲ့ အခါတိုင်းစစ်တပ် ကိုပေးသုံးနေသလို ဒီနေ့မနက်ပိုင်းက ကျောက်ကြီးကနေတောပုန်းဘက်ကိုလာမယ့်စစ်ကြောင်းကိုလည်း သွားကြိုပေးတယ်လို့သိရပါတယ်။ တောပုန်းကျေးရွာဟာရွှေကူမြို့နောက်ဘက် ခြမ်း ရွှေကူမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့နေရာ မှာတည်ရှိပြီး အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ရွာဖြစ်ပါတယ်။  BY; WL - [အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2023/07/21/wl2-2/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား ၂ယောက်ကိုတော့ ဂုန်းပိုးသွားတယ် အသေလား အရှင်ဒဏ်ရာနဲ့လားတော့မသိရဘူး ပိုးသွားတာတော့တွေ့လိုက်ကြတယ်”လို့ အောင်းကုန်းဒေသခံ အမျိုးသားကပြောပါတယ်။ တိုက်ပွဲဟာ မနက် ၈ နာရီကနေ ၉ နာရီအချိန် ၁ နာရီကြာဖြစ်ပွားခဲ့တယ်လို့သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ထားသူတွေကို အင်းတော်နဲ့ ၅မိုင်ကျော်ဝေးတဲ့ သက်ကယ်ကျင်းကျေးရွာဘက်ကို သယ်ဆောင်သွားပြီးနောက် သက်ကယ်ကျင်းရွာမှာ ညအိပ်တပ်စွဲခဲ့ရာကနေ ဒီကနေ့မှာတော့အင်းတော်မြို့ထဲကိုဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အင်းတော်-ဗန်းဗောက်ကားလမ်းဘေးမှာ ရှိတဲ့ ကြိုးကြာလွင်ပြင်ကွင်းဟာ အောင်းကုန်း ဒေသခံတွေရဲ့ နွားတွေမျက်စားလွတ်တဲ့နေရာ ဖြစ်ပြီး အဲ့ဒီကွင်းမှာ ရှိနေတဲ့နွားတွေကို ပစ်ခတ်သွားတာလို့သိရပါတယ်။ “လေးကောင်လုံး အောင်းကုန်းကနွားတွေလို့ဆိုတယ်။ အားလုံးက ၄နှစ်သားတွေပဲရောင်းရင် ဒီမှာ ၁၀ ကျော် ၂၀ နီးပါးရနိုင်မယ့်အကောင်ကြီးတွေပစ်သွားတာတဲ့၊သေနတ်သံကြားတော့နွားကျောင်းတဲ့လူတွေကပြေးကုန်တာ ပြန်လာတော့မှနွားတွေက နေသတ်နဲ့ပစ်ထားကုန်ပြီ”လို့ ကြိုးကြာလွင်ပြင်ကွင်းအနီးရှိ အင်ပင်ကျေးရွာ နေအမျိုးသားတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းက တက်လာ ခဲ့အဲ့ဒီစစ်ကြောင်းဟာ ဗန်းမောက် ဘက် ကိုထိုးစစ်ဆင်ဖို့တက်လာတာလို့သိရပြီး မော်တိတ်ဒေသထဲက ခကြာခနတိုက်ခိုက်ခံလိုက်ရတာကြောင့်အထိနာပြီး ပြန်ဆုတ်သွားတာလို့ သိရပါတယ်။ အင်းတော်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေကြား မကြခနထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။ - [ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/07/21/wl1-4/): ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ - [ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2023/07/21/zm1-77/): ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ - [စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ](https://burmese.kachinnews.com/2023/07/20/zm1-76/): မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ယနေ့ ပြန်လည်လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေကနေ သိရပါတယ်။ - [ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး](https://burmese.kachinnews.com/2023/07/20/am1-4/): စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေကူမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/07/20/wl1-3/): ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာကနေ မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ - [ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/07/19/wl3/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အဉီးလည်းပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နောင်မွန်ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ဒေသခံတွေအခက်တွေ့နေ](https://burmese.kachinnews.com/2023/07/19/wl2/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာရှိတဲ့ ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ဒေသခံ တွေအခက်အခဲဖြစ်နေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/07/19/ld1-44/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ နမ့်ဖတ်ကာအနီးမှာရှိတဲ့ ကောင်ရာတောင်ကုန်းဘက် သေနတ်ပစ်ခတ်သံတွေဆူညံလာပြီးနောက် စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ညနေ ၅ နာရီကနေ ၈ နာရီခွဲထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ရွာဘက်ကိုလက်နက်ကြီးနဲ့ဆက် တိုက်ပစ် ခတ်ခဲ့တာဖြစ်တယ်လို့ နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “လက်ရှိ ကျမတို့သိရသလောက် ၅ ယောက်ထိတယ်။ ဆေးရုံရောက်သွားတာက ၃ ယောက်ဟုတ်တယ်။ မောင်ဘရန်ဆန်အောင်၊ မောင်နော်ပါ၊ ဒေါ်ခေါန်နန် သားအမိတွေ ဆေးရုံရောက်တယ်။ ဒါပေမဲ့ မောင်နော်ပါက ည ၉ နာခွဲလောက်မှာ သေဆုံးသွားတယ်။ ဒါကြောင့် ကွတ်ခိုင်ဆေးရုံက အိမ်ကိုခေါ်လာပြီး ဆုတောင်းသဂြိုလ်ဖို့ ပြင်ဆင်နေတယ်။ အမေဖြစ်သူက ဆေးရုံမှာ ကျန်နေခဲ့ပြီ။” လို့ ကူညီပေးနေသူ နမ့်ဖတ်ကာဒေသခံတစ်ဦးပြောပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲကြာချိန် ၄ နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကောင်ရာဘက် ဇွပ်ရာကျေးရွာက နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျပြီး မီးလောင်ဆုံးရှုံးသွားတဲ့အပြင် ဇီးဒဗန်ရပ်ကွက်မှ နေအိမ်ဝင်းတစ်ခုထဲကိုလည်း လက်နက်ကြီးကျပြီး မိသားစု ၃ ဦးလုံး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်နီးချင်း အမျိုးသမီးငယ်တစ်ဦးလည်း ထိခိုက်တဲ့အပြင် တအောင်းအမျိုးသား ဦးအိုက်မူ ဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူထဲက ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံရောက်နေတဲ့ မိသားစု ၃ ယောက်အနက် … - [ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2023/07/19/zm1-75/): စစ်ရေးတင်းမာနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မနေ့က အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြန်မြန်မာအမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ - [ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်ရပ်တစ်ခုနဲ့ကျေးရွာ ၉ ရွာရေနှစ်မြှုပ်နေ](https://burmese.kachinnews.com/2023/07/19/wl1-2/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတက်တာကြောင့် မြို့ပေါ်ရပ်တစ်ခုနှင့်ကျေးရွာ အများစုရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေကနေ သိရပါတယ်။ - [နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီအသစ်ထုတ်းပေးမှု ပိတ်ထားဆဲဖြစ်ပြီး ပွဲစားတွေကို ၁၀ သိန်းအထက် ပေးဆောင်နေရ](https://burmese.kachinnews.com/2023/07/19/yl1-90/): ကချင် – တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှာ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီ အသစ်လုပ်ပေးတာကိုပိတ်ထားပြီး ပွဲစားကနေတစ်ဆင့် ကျပ်ငွေ ၁၀ သိန်းအထက် ပေးဆောင်မှသာ သွားလာခွင့်ရရှိနေတဲ့အတွက် ပိတ်ဆို့နေတဲ့ခရီးသည်ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/07/19/ld1-43/): ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ နမ့်ဖတ်ကာအထက် ဟိုမုန်ကျေးရွာ ကောင်ရာတောင်ကုန်း(Kawngra Bum) ပေါ် မှာ စစ်တပ် တပ်မ ၈၈ နဲ့ ခလရ ၁၂၃ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ ခန့် ရှိနေစဉ် KIA တပ်ရင်း ၉ ဘက်က သွားရောက်ပစ်ခတ်တိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားလာတာဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။ “၅ နာရီလောက်နေ ၈ နာရီထိ ပစ်နေကြပြီး ခဏတော့ ပြန်ငြိမ်နေပြီ။ နမ့်ဖတ်ကာစစ်တပ်တွေ လက်နက်ကြီး အတကုန်ပစ်တာကြောင့် ရွာသားအိမ်မှာ လာကျပြီး အိမ်သားတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အခုတော့ ကွတ်ခိုင်ဆေးရုံကို ရောက်နေပြီ။” ဟု နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာ စစ်တပ် ခလရ ၁၂၃ ကနေ လက်နက်ကြီးပစ်ခိုက်တာကြောင့် နမ့်ဖတ်ကာ ဇီးဒဗန်ရပ်ကွက်မှ နေအိမ် တစ်အိမ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ဒေါ်ကဒူ ခေါန်နန် အသက် ၄၈ နှစ်မှာ ရင်၀မှာထိခိုက်ပြီး၊ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်နော်ပါ နဲ့ မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် မောင် ဘရန်ဆန်အောင် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း … - [KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ](https://burmese.kachinnews.com/2023/07/18/kio-%e1%80%8c%e1%80%ac%e1%80%94%e1%80%81%e1%80%bb%e1%80%b0%e1%80%95%e1%80%ba%e1%80%98%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%85/): KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ - [ဖားကန့်မြို့ပတ်လမ်းမကြီးမှာ ၁၂ဘီးယာဉ်တစ်စီးတိမ်းမှောက်](https://burmese.kachinnews.com/2023/07/18/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%90%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%bc/): ဖားကန့်မြို့ပတ်လမ်းမကြီးရဲ့အပေါ်လမ်းမှာ ယနေ့ ဇူလိုင်လ ၁၈ ရက်၊နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ကုန်ပစ္စည်းအပြည့်တင်လာတဲ့ ၁၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ၁၂ ဘီးယာဉ်ဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိ ဈေးဆိုင်များနဲ့တံတိုင်းများ၊ဈေးဆိုင်ရှေ့ မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးနှင့်အတူ လမ်းဘေးမီးတိုင်များကိုပါ တိုက်မိထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အခုလိုပြောပါတယ်။  “လူထိခိုက်မိတာတော့ မရှိဘူး၊ကားဒရိုင်ဘာကိုတော့ ရဲစခန်းကို ခေါ်သွားတယ်လို့ သိရတယ်”ဟု ပြောပြပါတယ်။ ကုန်တင် ၁၂ ဘီးယာဉ်တိမ်းမှောက်ပြီးနောက် ဖားကန့်မြို့တွင်းသို့ သွားလာနိုင်တဲ့ ဖားကန့်မြို့ပတ်လမ်း(အပေါ်လမ်း)အား ယာယီပိတ်ထားရပြီး၊မြို့ပါတ်လမ်း(အောက်လမ်း)ကိုသာ အသုံးပြုနေကြတာကို တွေ့ရပါတယ်။ ဖားကန့်မြို့တွင်းသို့ ကုန်ပစ္စည်းအပြည့်တင်ဆောင်လာသည့် ယာဉ်ကြီးတွေကို ညနေ ၆း၀၀ နာရီနောက်ပိုင်း ညအချိန်များမှသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရပြီး အခု ယာဉ်ကြီးများအနေဖြင့် အချိန်မရွေး ဖားကန့်မြို့တွင်းသို့ ဝင်၊ထွက် သွားလာနေတာဟာ ဖားကန့်မြို့တွင်းမှာနေထိုင်တဲ့ ပြည်သူတွေအတွက် အန္တရယ်ရှိတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။ “ဖားကန့်မြို့ထဲကို ယာဉ်ကြီးတွေက ညအချိန်တွေမှ ဖြတ်သန်းခွင့်ပြုထားတာပါ၊အခုက အချိန်မရွေး ဖြတ်သန်းသွားလာနေကြတာကို တွေ့လာရတယ်”လို့ ဖားကန့်မြို့ပေါ်က မြိုမိမြို့ဖတစ်ဦးက ပြောပါတယ်။ ယင်းကဲ့သို့ ယာဉ်ကြီးများအား ဖားကန့်မြို့တွင်းသို့ နေ့လည်ပိုင်းအချိန်များ ဝင်ရောက်လာမှုကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေတဲ့အတွက်၊ကုန်ပစ္စည်းတင်ယာဉ်ကြီးများအား ညအချိန်မှသာ မြို့ထဲဝင်ရောက်စေလိုကြောင်း ယာဉ်မောင်းသူများအနေနဲ့မြို့တွင်း သတိထားမောင်းနှင်ကြဖို့ကိုလည်း ဖားကန့်နေပြည်သူတွေက ပြောပါတယ်။ By; NY - [ဗန်းမော်မြို့နဲ့ လဂျားယန်ကြား စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူအချို့ ပိတ်မိနေ](https://burmese.kachinnews.com/2023/07/18/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%82%e1%80%bb%e1%80%ac%e1%80%b8%e1%80%9a/): ဗန်းမော်မြို့နဲ့ လဂျားယန်ကြားမှာ စစ်ရေးတင်းမာနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေတဲ့အပြင် ဒေသခံပြည်သူတချို့ လည်း ပိတ်မိနေတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး လဂျားယန်အနီးမှာရှိတဲ့ ဒုန်ခုန်းကျေးရွာဒေသခံတချို့ဟာ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ပြီဖြစ်ပေမဲ့ တစ်ချို့ကတော့ဒုန်ခုန်းကျေးရွာမှာကျန်နေသေးတယ်လို့ သိရပါတယ်။ အလားတူ လွယ်မောက်ယန်က ဒေသခံတွေလည်း ဇူလိုင်လ ၇ ရက်နေ့ကနေ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် လွယ်မောက်ယန်ဘက်ကနေ မန်ဆိုင်းရွာမှာထွက်ပြေး တိမ်းရှောင်လာခဲ့ရာမှ လက်ရှိချိန်  ပိတ်မိနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး KNG ကို ယခုလိုပြောပါတယ်။ “လွယ်မောက်ယန်က ရွာသားတွေက အရမ်းရှုပ်လာတော့ သိပ်တော့မကြာလောက်ဘူးပေါ့ အခြေအနေပြန်ငြိမ်ရင် ပြန်လာမယ်ဆိုပြီး မန်ဆိုင်းရွာဘက် ခဏတိမ်းရှောင် သွားတာ။ အဲ့ဒါနဲ့ အခုချိန်ထိ အခြေအနေက တင်းမာနေဆဲဆိုတော့ သူတို့အတွက် အရမ်းခက်နေတာ။ ဗန်းမော်ဘက်ကို ဆင်းလာချင်ပေမဲ့ လမ်းအခြေအနေက ဆင်းမရဘူးဖြစ်နေတယ်။ ဒုန်ခုန်းက ရွာသားတချို့လည်း ရွာမှာ ကျန်နေသေးတယ်။ ဗန်းမော်ဘက်က ကားလည်းတက်လို့မရဘူးဖြစ်နေတော့။ ရွာသားတွေ ကြားမှာ ပိတ်မိနေတဲ့အခြေအနေပေါ့” လို့ ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မှာလည်း စစ်ရေးတင်းမာနေတဲ့ ဒေါ့ဖုန်းယန်- လဂျားယန်ကြားမှာရှိတဲ့ လွယ်မောက်ယန်၊ ဒေါ့ဖုန်းယန်၊ နားလုံ၊ မန်ဆိုင်း၊ ဆမ်ပါ စတဲ့ကျေးရွာတွေမှာ ဖုန်းလိုင်းများ ဆက်သွယ်လို့မရဖြစ်နေပြီး အချိတ်အဆက်ပြတ်တောက်နေကြောင်းလည်း သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၇ ရက်နေ့က လွယ်မောက်ယန်ဘက်ကိုစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ချိန် ရွာအဝင်မှာမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာသားတွေကို အပြစ်တင်ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အပြင် ၊ ဖုန်းများသိမ်းယူတဲ့အထိ ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် လွယ်မောက်ယန်ဘက်မှာ စစ်တပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်လာတာကြောင့် လွယ်မောက်ရွာဒေသခံတွေဟာ မုန်လိုင်ချောင်းအနီး မန်ဆိုင်းရှမ်းရွာဆီ ယာယီထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ လွယ်မောက်ယန်ဒေသခံတွေဟာ လက်ရှိချိန်ထိ မန်ဆိုင်းရွာက ပြန်ထွက်လို့မရဖြစ်နေတဲ့အပြင် ယူဆောင်လာတဲ့ အစားအသောက်တွေလည်း ကုန်နေပြီဖြစ်တာကြောင့် အစားအသောက်ပြတ်လပ်တဲ့ အခက်အခဲကြုံတွေ့နေကြောင်း သိရပါတယ်။ လက်ရှိ မန်ဆိုင်းရွာမှာ ပိတ်မိနေတဲ့ လွယ်မောက်ယန်ဟာ အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ စုစုပေါင်း ၁၃၂ ရှိပြီး မန်ဆိုင်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေးဝါးအခက်အခဲများ ကြုံတွေ့နေကြောင်း သိရပါတယ်။ ဒေါ့ဖန်းယန်နဲ့ လဂျားယန်ကြား ကားလမ်းမပေါ် … - [ရွှေကူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွေ့နေကြ](https://burmese.kachinnews.com/2023/07/18/wl1/): ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က မြို့မရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုတွေအားလုံး ညဘက်တွေမှာ ရွှေကူစစ်တပ်ထဲကိုပြောင်းရွှေ့အိပ်နေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ](https://burmese.kachinnews.com/2023/07/18/am1-3/): စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ - [ငါးပစ်ဂိမ်းဆိုင်ဓါးမြတိုက်ခံရပြီး ပြည်သူတစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/07/18/zm1-74/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ၆ မှာရှိတဲ့ ကိုအောင်မင်းသန့်ရဲ့ ငါးပစ်ဂိမ်းဆိုင်မှာ အမည်မသိလူတစ်စု ဓါးမြဝင်တိုက်ပြီး ဂိမ်းဆော့နေတဲ့ ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ မှော်ဝမ်းရပ်ကွက်ကဒေသခံတွေဆီကနေ သိရပါတယ်။ - [ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ](https://burmese.kachinnews.com/2023/07/18/zm1-73/): ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ - [ဝက်လက်က စစ်ဘေးရှောင်တွေ ဖျားနာသူတွေများလာပြီး ဆေးဝါးအကူညီတွေလိုအပ်နေ](https://burmese.kachinnews.com/2023/07/17/%e1%80%9d%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%80-%e1%80%85%e1%80%85%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ တော၊တောင်တွေမှာဖြစ်သလိုအိပ်နေရတဲ့အတွက် ဖျားနာသူတွေများလာပြီး မိုးကာနဲ့ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တွေထံကသိရပါတယ်။‌ ဝက်လက်နယ်အရှေ့ခြမ်းက သုံးဆင့်ကန်ရွာနဲ့သာလိုင်းရွာကို ပြီးခဲ့တဲ့ဇူလိုင် ၁၃ရက်နေ့ကစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ ၃ထောင်နီးပါးမိုးထဲရေထဲထွက်ပြေးခဲ့ကြရတာဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အဲ့မှာမိုးကရွာ မိုးကတစ်အားမပြင်းထန်ပေမဲ့ လေကတိုက်တော့ နေမကောင်းတာတွေသက်ကြီးရွယ်အို တွေလည်းပါတဲ့အခါကျတော့ ဖျားနာတာတွေဖြစ်နေတယ်ဗျ အဲ့တာတွေကလည်း မြေကြီးပေါ်မှာအိပ်ကြ တယ် ဖြစ်သလိုယာယီဖျာလေး တွေခင်းပြီးအိပ်ကြတာပေါ့” လို့ပြောပါတယ်။ ဒေသခံတွေဟာလက်ရှိမှာ နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာထန်းတောတွေနဲ့သရက်ခြံတွေမှာလှည်းတွေ၊ လက်ကျန်အစားအသောက်တွေနဲ့ စစ်ရှောင်နေကြရပြီးမိုးကာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကအခုလိုဆက်ပြောပါတယ်။ “ကျနော်တို့က မိုးကာတွေကို လက်တလောကူညီချင်ပေမဲ့ပေးဖို့ရာငွေရေးကြေးရေးကအဆင်မပြေဖြစ်နေ တယ် လက်တလောကလည်းဒေသခံတွေကရွာထဲကိုပြန်မဝင်ရဲဘူး ပြန်ဝင်ရင်တောင်နေစရာက ပြောင်တလင်းခါသွားတော့ယာယီတဲဆောက်ဖို့ကလည်းပြန်လိုမယ်” လို့ပြောပါတယ်။ ရွှေဘိုလေ့ကျင့်ရေး၈တပ်က အင်အား၈၀ကျော်ရှိတဲ့စစ် ကောင်စီတပ်ဖွဲ့တွေဟာ ဝက်လက်နယ်သုံးဆင့်ကန် ရွာနဲ့သာလိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ ဇူလိုင်၁၃ရက်နေ့မှာ နေအိမ်၂၀၀ခန့်ဖျက်ဆီးခံခဲ့ရသလို အသက်၇၀အရွယ် အဘိုးအိုနဲ့ပင်စင်ကျောင်းဆရာတစ်ဦးလည်းသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ၇သိန်းခွဲကျော်ဘေးလွှတ်ရာသို့အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးရုံး(UN OCHA)က ပြီးခဲ့တဲ့ လဇူလိုင်၁၃ရက်နေ့ကထုတ်ပြန်ထားပါတယ်။ By; Am - [ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ](https://burmese.kachinnews.com/2023/07/17/am2/): စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။ - [ကန့်ဘလူ၊ကျွန်းလှနဲ့ကောလင်း သုံးမြို့နယ်အစပ်က ရွာပေါင်း ၂၅ ရွာလျှပ်စီးမီးဖြတ်တာ ၄ လကျော်ရှိလာ](https://burmese.kachinnews.com/2023/07/17/am1-2/): စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းအစပ်က ရွာပေါင်း ၂၅ရွာကိုစစ်ကောင်စီတပ်က လျှပ်စီးမီး ဖြတ်တောက်ထားတာ ၄လကျော်ကြာမြှင့်လာပြီဖြစ်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။ - [KIO ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ တပ်စခန်းအခြေချဖို့ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ](https://burmese.kachinnews.com/2023/07/15/yl1-89/): ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်က စစ်စခန်း ၃ ခုလောက် အထိုင်ချဖို့ စစ်ကြောင်းထိုးနေရင်း တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၁၀ ရက်ကျော် ရှိလာပါပြီ။ - [မိုးရွာသွန်းမှုကြောင့် ကုဋေကျေးရွာက ရွာပတ်လမ်းမကြီးပြေပြိုပြီး လူနေအိမ် ၅အိမ်ပြောင်းရွှေ့ရ](https://burmese.kachinnews.com/2023/07/15/ny1/): ဖားကန့်မြို့ မှာ ယခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် လုံးခင်းအုပ်စု ကုဋေကျေးရွာဧရိယာမှာရှိတဲ့  အများပြည်သူသုံး‌ရွာပတ်လမ်းမကြီးပြိုကျပြီးပျက်စီးပြီး လူနေအိမ် ၅လုံးပြောင်းရွှေ့ပြောင်းရွှေ့ရမယ်လို့ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ - [ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/07/14/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%80%80%e1%80%ba%e1%80%80/): စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။ လက်နက်ကြီးကြောင့် စီးစံရွာက ၁၄နှစ်နဲ့၂နှစ်အရွယ်ကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက္ကန့်ရွာကတော့ ဒေသခံအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့ရသူတွေဟာ စီးစံရွာက အသက်၂၅နှစ်အရွယ်ဦးလာလာလ်ဆိုသူနဲ့ဇနီးဖြစ်သူတို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ပေါ်ကနေ ဒကစ( ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ တပ်ရင်း၂၂၈ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့ပေါ်နဲ့အနီးတစ်ဝှိုက်က ရွာတွေကို မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေသေဆုံးနေရတဲ့အပေါ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ စစ်ကောင်စီကတော့ ကျနော်တို့စိုးမိုးထားတဲ့နေရာတွေအားလုံးကိုသူပုန်ရွာတွေလို့သတ်မှတ်ထားတာပေါ့ အဲ့တာကြောင့် ကျနော်တို့ထိန်းချုပ် နယ်မြေတွေမှာ ရှိတဲ့ပြည်သူတွေအနေနဲ့ လက်နက်ကြီးသံကြားတာနဲ့ ယုံကြည်စိတ်ချရတဲ့နေရာတွေမှာ ပုန်းခိုကြဖို့ နေရာရွေ့ပြောင်းဖို့အကြံပြုပါတယ် အခုလို စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အပေါ် ကျနော်တို့ကတော့ အပြင်းအထန်ကန့်ကွက်တယ် ရှုံ့ချတယ် လူစိတ်မရှိဘူးလို့ ပြောချင်တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၁၁ရက်နေ့ကလည်း ကလေးမြို့ပေါ်ကနေပစ်ခတ်တဲ့လက်နက်ကြီးကြောင့်ကလေးမြို့ပေါ်က တောင်ဖီလာရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီးအမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်း သမ်းပစ်ခတ်မူတွေကြောင့် ကလေး မြို့နယ်တောင်ပိုင်းမှာ ကလေးငယ် ၂ဦးအပါအဝင် အရပ်သားပြည်သူ ၆ဦးအထိသေဆုံးခဲ့ရပြီး ဒေသခံ ၃၀နီးပါးဒဏ်ရာရရှိခဲ့ရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ဇွန်၂၆ရက်နေ့ကမြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)က ထုတ်ပြန်ခဲ့ပါတယ်။ By;AM - [ဝက်လက်မှာကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦးသတ်ဖြတ်ခံရ၊နေအိမ်၂၀၀နီးပါးကိုမီးရှို့ဖျက်ဆီးသွား](https://burmese.kachinnews.com/2023/07/14/%e1%80%9d%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%9b%e1%80%ac%e1%80%90%e1%80%85%e1%80%ba/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ဘက်ခြမ်း ရထားသံလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ကြာစစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၂၀၀နီးပါးမီးရှို့ခဲ့တဲ့အပြင် ကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့မနက်ပိုင်းကနေ မနေ့ကညပိုင်းအထိ ဝက်လက်နယ်တောင်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းပတ်ထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေပါသတ်ဖြတ်ခံခဲ့ရတာလို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “၁၂ ရက်နေ့က သာလိုင်းရွာကိုစဝင်တာပေါ့ အသက် ၇၀ကျော်အဘိုးကြီး တစ်ယောက်ကိုပစ်သတ်သွားတယ် အဲ့ဒီနောက် ၁၃ရက်မနက်ကျတော့ သုံးဆင့်ကန်ရွာကိုရောက်ပြီးမီးရှို့တယ် အိမ်ခြေ ၁၈၀ကျော်ပါသွားတယ်ပင်စင်ကျောင်း ဆရာလည်းမီးထဲပါသွားတယ်” လို့ပြောပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ပေါက်ကန်ရွာကို ထပ်မံဝင်ရောက်ကာနေအိမ်၁၀လုံးခန့်မီးရှို့ဖျက်ဆီးခဲ့ပြီး ထန်ကြီးရွာမှာ ညအိပ်တပ်စွဲခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီကနေ့ဇူလိုင်လ၁၄ရက်နေ့မနက်ပိုင်းမှာတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ် စစ်ကိုင်းနယ်ထဲကခက်ခရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်ကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ သိရပါတယ်။ ဝက်လက်မှာ ရွာတွေကို စစ်ကောင်စီတပ်က တစ်လကို ၃ကြိမ်လောက်စစ်ကြောင်း ထိုးနေတဲ့အတွက် မိုးကျတဲ့အချိန်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေပိုမိုခက်ခဲလာတယ်လို့ ဝက်လက်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ လောလောဆယ်စစ်ကြောင်းကလည်း စိပ်တဲ့အတွက် ဒေသခံတွေစစ်ရှောင်ရတာ ပိုပင်ပန်းတယ် မိုးကလည်း ဆက်တိုက်ရွာတော့ ပိုပင်ပန်းသလိုပိုခက်ခဲလာတယ်။ စာရေးသောက်ရေးက ခက်တယ်လေ ဒီမှာကတစ်လကို ၃ကြိမ်လောက် စစ်ကြောင်းတွေဝင်နေကြတာ” လို့ပြောပါတယ်။ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား၈၀ကျော်ရှိပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်၉ရက်နေ့က ရွှေဘိုနယ် လေ့ကျင့်ရေး၈တပ်ကနေ ၁၂ဘီးကားနဲ့စတင်လာခဲ့တဲ့စစ်ကြောင်းဖြစ်တယ် လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၆ရက်နေ့ကလည်း ဝက်လက်နယ်အရှေ့ခြမ်းက ရွှေပန်းကုန်း ကျေးရွာကိုဈေးရောင်းဖို့သွားတဲ့ သမ္မာရိုးရွာနဲ့ကတို့ ကိုင်းရွာ  ဒေသခံ ၇ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၆ရက်နေ့ကမြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)ကထုတ်ပြန်ထားပါတယ်။  BY; AM - [ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ဆီပန့်ဆိုင်များဓာတ်ဆီပြတ်လပ်](https://burmese.kachinnews.com/2023/07/14/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%9e%e1%80%9a%e1%80%ba/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီတပ်က တစ်လနီးပါး ထပ်ပိတ်ထားတာကြောင့် လုံးခင်း၊ဆိုင်းတောင်တွေမှာရှိတဲ့ ဆီပန့်ဆိုင်ကြီးတွေဓာတ်ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်မကြာခနပိတ်ပင်လျက်ရှိပြီး ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းကပိတ်ထားခဲ့ရာကနေ တစ်လကျော်လာပြီဖြစ်တယ်လို့ ဖားကန့်မြို့ပေါ်က ဆီပန့်ဆိုင်ပိုင်ရှင်အမျိူးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”ဟုတ်တယ်လတ်တလောဓာတ်ဆီဆိုင်ကဘယ်လိုမှ မဖွင့်နိုင်သေးဘူး အခုဖွင့်တာလည်း ဒီဇယ်လက်ကျန်ရှိတော့ ဒီဇယ်လေးကိုပဲ ရောင်းပေးနေတာ။ ဖွင့်ရောင်းပေးတော့ဘယ်လိုဖြစ်လဲဆိုတော့ ဓာတ်ဆီ 92 အဓိက ထားရောင်းတာလဲနော် အခြေခံလူတန်းစားတွေက ဒီဓာတ်ဆီပဲအခြေံ ဖြစ်နေတော့ ဒီ ဒီဇယ်ပဲဆိုတော့ သိပ်မရောင်းရဘူးအဲ့ကြောင့်မီးလာတဲ့အချိန်လောက်ပဲရောင်းပေးတော့တာ”လို့ ဆီပန့်ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ထဲ စက်သုံးဆီဝင်ရောက်ခွင့်ကို ဇွန်လ ၁၃ ရက်နေ့ကရုတ်တရက် ပိတ်လိုက်ချလိုက်တာကြောင့် ဖားကန့်မြို့နယ်ထဲဝင်မယ့်ဆီကားတွေဟာ မိုးကောင်း ၈မိုင်ဂိတ်နဲ့ ဖားကန့် နန့်ယားဂိတ်တို့မှာ ပိတ်မိနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ မိုးကောင်း-ဖားကန့်လမ်းဟာ စစ်ဆင်ရေး နယ်မြေဖြစ်တာကြောင့် လမ်းခနပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်နေတာဖြစ်တယ်လို့လည်း ဆီဆိုင်အရောင်းဆိုင်တွေကဆက်ပြောပါတယ်။ စစ်ကောင်စီဟာဖားကန့်မြိုနယ်ကို စစ်ရေးအကြောင်းပြပြီး လမ်းပိတ်တယ်လို့ဆိုပေမယ့် စက်သုံးဆီကားတွေကလွဲပြီးတခြား ကုန်စည်တွေနဲ့ ခရီးသည်သွားလာခွင့်ကိုတော့ ပုံမှန် ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ လက်ရှိဆီပန့်ဆိုင်ကြီးတွေ ပိတ်နေတာကြောင့် ဓာတ်ဆီဝယ်ယူလိုသူတွေမှာ အပြင်ပုလင်းချိန်ရောင်းချတဲ့ဆိုင်တွေမှာဝယ်ယူနေရပြီး အပြင်ပုလင်းချိန်ရောင်းတဲ့ ဆိုင်တွေမှာတော့ တစ်ပုလင်းကျပ် ၅၀၀၀ ပေးရပြီး တစ်ဂါလံ ကျပ် ၂သောင်းကျော်တယ်လို့သိရပါတယ်။ ”ဆီတွေကလောလောဆယ် လမ်းမှာပိတ်တော့ ဆိုင်အသေးလေးတွေလက်လုပ်လက် စားလေးတွေပဲဖွင့်တယ်။ အပြင်မှာတော့ ၄၀၀၀ တို့ ၅၀၀၀ တို့ပေးဝယ်ရတယ် တစ်ပုလင်းကို”လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက ဆီပန့်အရောင်းဆိုင် ၁၈ ဆိုင်ထိရှိပြီး ဆီဆိုင်များအားလုံး တရားဝင်လိုင်စင်လုပ်ပြီးရောင်းချနေတာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လိုင်စင်ရှိပေမယ့် ဆီသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်နေတာကြောင့် ဖားကန့်မြို့ပေါ်က ဆီဆိုင် ၁၀ ဆိုင်ထက်မနည်း ဆီပြတ်လပ်လာတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ … - [အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား](https://burmese.kachinnews.com/2023/07/14/az1-230/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။ - [နောင်မွန်မြို့နယ်ထဲမှာ ဆန်ပြတ်လပ်လာပြီး ဒေသခံများစားသောက်ရေးအခက်တွေ့နေ](https://burmese.kachinnews.com/2023/07/14/az1-229/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲက ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ်စပြုနေပြီး ဆန်စျေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေ စားသောက်ရေးပိုမိုခက်ခဲလာတယ်လို့ နောင်မွန်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ နောင်မွန်မြို့နယ်နဲ့ပူတာအို့မြို့နယ်ထဲမှာ ၂ လကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပူတာအို- နောင်မွန်ကားလမ်းပိုင်း မြေပြိုမှုတွေရှိနေတဲ့အပြင် ကုန်ကားကြီးတွေသွားလာရခက်ခဲလာပြီးတဲ့နောက် နောင်မွန်မြို့နယ်ထဲ ဆန်တွေရောက်နည်းလာပြီး ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ် လာတာဖြစ်တယ်လို့ နောင်မွန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “ကုန်စျေးနှုန်းတွေကမကျဘူးနော် ကြက်ဥဆိုတစ်လုံး ၅၀၀လဆန်တွေလည်းမရောက်ဘူး ခုဆန်တစ်အိတ်ဆို သိန်းဂဏန်း ကုန်ကားတွေမလာဘူး ကားအသေးတွေပဲလာတော့ တင်ခစျေးကြီးတယ် အဲ့ကြောင့်ဆန်ဆိုင်တွေကလည်းမကိုက်တော့မတင်ကြဘူး ဘယ်လိုရောင်းရောင်းအရင်းပြုတ်တယ်”လို့ ပြောပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ကုန်ကားအဝင်မရှိတော့တာဟာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဆန်အရောင်းဆိုင်တွေဟာ ကားသေးလေးတွေနဲ့ ဆန်မှာယူတဲ့အခါ တင်ခနဲ့မကိုက်တဲ့အတွက် ဆန်တင်သွင်းမှုကိုရပ်တန့်ထားကြပြီး လက်ရှိ လက်ကျန်ဆန်တွေကိုလည်း တစ်အိတ် ၁၆၀၀၀၀ ကျပ်နဲ့ ၁၇၀၀၀၀ ကျပ်နီးပါးအနီစျေးတင်ရောင်းလာကြတာကြောင့် ဒေသခံတွေက ဝယ်မစားနိုင်ပဲအခက်အခဲ ဖြစ်နေတယ်လို့နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “မိုးတာအားရွာတယ်ဒီမှာမိုးရွာတာ သုံးလလောက်ရှိပြီ လုံးဝမတိတ်ဘူး။ စပါးလှန်းဖို့နေလည်း မပူဘူး အရမ်းခက်ခဲတယ် ဒီနှစ်တော့ မြို့ပေါ်ကလူတွေကတော့ အရမ်းကြီးမခက်ခဲဆိုနိုင်ပေမယ့် ရွာတွေမှာတော့အရမ်းကိုခက်ခဲနေတယ်။ ထမင်းအစား အူလိုင်တွေချက်စားနေရတယ် တခြားတောထဲကဟာတွေရှာစားရတဲ့အထိဖြစ်နေတယ်။ဆန်စျေးကတက် စပါးလှန်းဖို့နေတာမပူအဲ့လိုဖြစ်နေတာ”လို့ အခြားဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဆန်စျေးမြင့်တက်မှုနှင့်အတူမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စပါးလှန်ဖို့အခက်အခဲ ဖြစ်နေတဲ့ကာလမှာ နောင်မွန်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ဆန်ဝယ်နိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ ကျေးရွာနေပြည်သူတွေဟာ ဆန်မဝယ်စားနိုင်တဲ့အတွက် ထမင်းအစား တော်ထဲက ထွက်တဲ့အူလိုင်နဲ့အခြား တောထွက် အစားအစာတွေစားသောက်ပြီးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဇွန်လ ၁၀ ရက်နေ့က နောင်မွန်မြို့နယ် ရပ်ဘော့နှင့် ကဆမ်ဒမ်းကျေးရွာကြားမှ လမ်းအရှည်ပေ ၁၀၀ ကျော်ပြိုကျပျက်စီးခဲ့ပြီး တံတားငယ်အချို့ပျက်ဆီးခဲ့တဲ့နောက် ကုန်ကားအဝင်မရှိတော့ဖြစ်ပြီး လက်ရှိအချိန်ထိလည်းမိုးရွာသွန်းနေဆဲဖြစ်ပြီး ဒေသခံတွေအနေနဲ့ရေရှည်မှာ အငတ်ဘေးဒီထက်မက ကြုံရနိုင်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ နောင်မွန်မြို့ဟာပင်လယ်ရေမျက်နှာပြင် အထက် ၁၇၉၈ပေ မှာတည်ရှိပြီး မြို့ပေါ် ရပ်ကွက် ၆ခု နှင့်ကျေးရွာအုပ်စု ၁၃ စုကျေးရွာပေါင်း ၄၀ ကျော်အထိရှိပါတယ်။ By;14 - [ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား](https://burmese.kachinnews.com/2023/07/13/am1/): စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ](https://burmese.kachinnews.com/2023/07/13/az2-134/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ - [ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်](https://burmese.kachinnews.com/2023/07/13/az1-228/): ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တနိုင်းချောင်းရေကြီးလာတဲ့အတွက် မြို့ပေါ်ရပ်ကွက် အများပိုင်းရေမြှပ်](https://burmese.kachinnews.com/2023/07/13/%e1%80%90%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac/): ကချင်ပြည်နယ် တနိုင်းမြို့မှာ တနိုင်းချောင်းရေကြီးလာတာကြောင့် မြို့ပေါ်ရပ်ကွက် အများပိုင်းရေဝင်ရောက်နေပြီး ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိ တနိုင်းချောင်းရေကြီးနေပြီး မြို့ပေါ် ရပ်ကွက်အများပိုင်းမှာရှိတဲ့ လူနေအိမ်တွေ နဲ့ လမ်းမပေါ်တွေမှာရေမြှပ်နေတာဖြစ်တယ်လို့ တနိုင်းမြို့ အေးသုခရပ်ကွက်နေအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”မိုးတာရွာနေတာ ဒီနေ့နဲ့ဆို ၁၄ ရက်လောက်ရှိပြီမရပ်ဘူးရွာနေတာ အခုရပ်ကွက်အားလုံးလိုလိုရေမြှပ်နေတယ် အောက်ချိုင့်ရပ်ကွက်ဆိုပိုဆိုးတယ် တနိုင်းချောင်းရေဝင်တော့ ရပ်ကွက်ကြားတောင် လှေနဲ့သွားနေရတယ်”လို့ သူကပြောပါတယ်။ တနိုင်းချောင်းရေကြီးလာတဲ့အတွက် လက်ရှိ ဆင်(မ်)ဆားရာရပ်ကွက်၊ အေးသုခရပ်ကွက်၊ အောက်ချိုင့်ရပ်ကွက်၊ နာဂကုန်းရပ်ကွက်နဲ့တစ်ခြားအနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း ရေဝင်လာနေပြီဖြစ်တဲ့အတွက် နီးစပ်ရာကိုပြောင်းရွေ့နေရတဲ့ သူတွေရှိတယ်လို့သိရပါတယ်။ ”ရေကြီးတာ ၂ရက်မြောက်ရှိပြီ။ အောက်ချိုင့်ကတော့ နေအိမ်အောက်ခန်းတဝက်လောက်ထိရေဝင်တဲ့အိမ်တွေရှိတယ် နေလို့မရဘူးအ့ကြောင့် ကျွန်မသိရသလောက် အိမ်၊ ၈အိမ်လောက်တော့နီးစပ်ရာကိုပြောင်းကြရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကထပ်ပြောပါတယ်။ တနိုင်းမြို့ဟာ တနိုင်းချောင်းနံဘေးမှာတည်ထားတဲ့မြို့ဖြစ်တဲ့အတွက် လက်ရှိရေကြီးမှုကြောင့်တနိုင်းချောင်းဝဲယာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲမှာလည်းရေဝင်နေပြီး ပျက်စီးမှုတွေရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ယခင် ၂၀၂၂ ခုနှစ် ဇွန်လ တုန်းကလည်းမိုးရွာသွန်းမြို့ကြောင့် တနိုင်းချောင်းရေမြင့်လာပြီး တနိုင်းမြို့ပေါ်က အိမ်ထောင်စု ၄၀၀ ကျော်ရေဘေးသင့်ခဲ့ရပါတယ်။ BY;WL - [ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/07/13/%e1%80%92%e1%80%b1%e1%80%ab%e1%80%b7%e1%80%96%e1%80%94%e1%80%ba%e1%80%b8%e1%80%9a%e1%80%94%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%92%e1%80%84%e1%80%ba%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%ac/): စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ဒီကနေ့မနက်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ကစပြီး နမ်ဆန်ယန်ဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့အတွက် KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတာယ်။ “ ဒီနေ့ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ အဲဒါအောင်ဂျာမရောက်ခင် ခလားကဒေါင်နားမှာ ဒီဘက်က KIA ကကြားဖြတ်တိုက်နေတာဟုတ်တယ်။ ဒီမနက်ကတည်းက ခုနေ့လည်အထိ ပစ်နေကြတုန်း”လို့ပြောပါတယ်။ လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့နယ်မှာအခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂၁ အောက် ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်း ၁၀ ရင်းကျော်ရှိတဲ့ထဲက ခလရ ၂၃၆ ၊၂၃၇၊ ခမရ ၃၁၉ နဲ့ မိုးမောက်ဘက်က ခမရ ၄၃၈၊ ၄၃၇ တွေဖြစ်ပြီး  ဗန်းမော်မြို့ကနေ တောလမ်းဘက် တချို့၊ ဟူးလီယန်ကနေ မြို့သစ်၊ ကုန်းလော လမ်းကနေ ဒေါ့ဖုန်းယန်ဘက်တောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ နမ်ဆန်ယန်ကျေးရွာဟာ ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နဲ့ KIA တို့အကြားတိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ စစ်ဘေးရှောင်နေရာကနေ ၂၀၁၈ မှာနေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံပြည်သူများ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်နိုင်ဖို့ လက်နက်ကိုင်နှစ်ဖွဲ့လုံးက နမ်ဆန်ယန်ရွာအနီးမှာ တပ်စွဲနေထိုင်တာတွေမလုပ်ကြဖို့ နှုတ်ကတိနဲ့သဘောတူညီထားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က ဒီကတိတွေကိုချိုးဖောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတစ်ကြိမ် ဝင်ရောက်လာဖို့ကြိုးစားခဲ့သလို ဒီနှစ် ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ ထိတွေ့တိုက်ပွဲဖြစ်နေတာပါ။ လက်ရှိမှာ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်နေတာကြောင့် နေ့စဉ်ဆိုသလိုတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ နမ်ဆန်ယန်ကျေးရွာဟာ မြစ်ကြီးနား- ဗန်းမော်သွားရာ လမ်းမပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်တဲ့အပြင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမလည်း ပိတ်ပင်ထားပြီး စစ်ကောင်စီတပ်က … - [ဗန်းမော်မှာ မာရှယ်လော ထုတ်ပြန်](https://burmese.kachinnews.com/2023/07/12/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%99%e1%80%ac%e1%80%9b%e1%80%be%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac-%e1%80%91%e1%80%af/): ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က ဒီညကစပြီး မာရှယ်လောထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။<br>   KIO ဌာနချုပ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ ဒီည ၉ နာရီကစပြီး မာရှယ်လောထုတ်လိုက်ပြီဆိုတဲ့အကြောင်း ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပြောဆိုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ဒီညကစပြီး မာရှယ်လော ၁ ဆိုတာ ထုတ်ထားတယ်တဲ့။ ဒါကြောင့် ပြည်သူတွေ ညဘက်အပြင်ရှောက်မထွက်ဖို့ အကြောင်းကြားလာတယ်။ ၉ နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့်ပေါ့။” ဟု ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။   မာရှယ်‌လော ကြေညာတာဟာ အခြေအနေ အလျင်အမြန်ဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ညွှန်ကြားချက်နဲ့ မတူဘဲ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တဲ့ ပြင်းထန်တဲ့စီရင်ခွင့်ရှိတဲ့ စစ်အုပ်ချုပ်ရေး ဖြစ်တယ်လို့ သိရပါတယ်။   လက်ရှိ မာရှယ်လောထုတ်ပြန်ခံထားရတဲ့ ဗန်းမော်မြို့ရဲ့ မြို့ပြင်ဘက်မှာတော့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေပြီး နမ်ဆန်ယန်ဘက်ကို စစ်အင်အားဆက်တိုက် ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။     “မြို့ပြင်ဘက်က စစ်ရေးလှုပ်ရှားနေကြတယ်။ ဗန်းမော်အပြင် မံစီမြို့နယ် နမ်လင်းပါ၊ မုန်းဒင်ပါ ဘက်တက်သွားတဲ့ လမ်းတကြောလည်း စစ်ကြောင်းတွေရှိတယ်ပြောတယ်။ အခု လုံဂျာဘွမ်ဟိုဘက် မြို့သစ်၊ ကုန်းလော ဘက်ကနေ နမ်ဆန်ယန်သို့ သွားလမ်းတလျှောက် စစ်အင်အားဖြည့်တဲ့ စစ်ကြောင်းတွေ ပို့ထားတယ်ပြောတယ်။ အဲ့တကြော ခရီးသွားလာရေးလည်းမရသလို အခုပိုပြီး မြို့တွင်း မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေကိုလည်း အခုလို မာရှယ်လောပြန်ထုတ်လာတာဖြစ်တယ်။” လို့ ဗန်းမော်မြို့ရှိ ဒေသခံကပြောပါတယ်။ … - [ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/07/12/sm2-29/): စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/07/12/sm1-129/): စစ်ကိုင်းတိုင်း ဝက်လက်နယ်‌တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2023/07/12/ld2-10/): ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/07/12/ld1-42/): ရှမ်းမြောက်၊ ကွတ်ခိုက်မြို့အနီး စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဂျာပူရွာနားမှာ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/07/12/ld1-41/): နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ်မိုင်ယန်(Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်](https://burmese.kachinnews.com/2023/07/12/ld1-40/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံးကာ၊ ရဲမှူးအပါအဝင် ၆ဦးဒဏ်ရာရ](https://burmese.kachinnews.com/2023/07/12/az1-227/): ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က ရွှေကူနယ်မြေ ရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရပြီး ရဲသုံးယောက်သေဆုံးတဲ့အပြင်ရဲ ၆ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ရွှေကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ရွှေကူ PDFက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်တယ်လို့ ရွှေကူ PDF  နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ထိတာက ၉ယောက်ထိတယ် သေတာကတော့ သုံးယောက် ။သေတဲ့ထဲအရာရှိတော့ မပါဘူး အရှာရှိတော့ပါတော့ပါတယ် ဒဏ်ရာရတဲ့ထဲပါတယ်။ ဒဏ်ရာရတဲ့သူတွေက ရွှေကူဆေးရုံရောက်ထားပြီ”လို့ ပြောပါတယ်။ ရွှေကူ PDF သွားရောက်ပစ်ခတ်ချိန်မှာ ညနေ ၃နာရီဝန်းကျင်ဖြစ်သောကြောင့် ရဲဌာနရုံးထဲတစ်စုတစ်စည်းထဲရှိနေချိန်ဖြစ်တဲ့အတွက် အဆိုပါ ပစ်ခတ်မှုမှာ ရဲမှုးအပါအဝင် ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ဇနီး၊ရဲမေ တစ်ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိထားပြီး နောက်ထပ် ရဲ ၃ ဦးက ပွဲချင်ပြီး သေဆုံးကြောင်း ရွှေကူရဲ့စခန်းနဲ့နီးစပ်သူများက အတည်ပြုပြောဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၅ ဘက်က လုပ်ဆောင်တာဖြစ်တယ်လို့ ရွှေ PDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အဲ့တာကကျတော့ကျွန်တော်တို့ ရင်း ၅ ဘက်က တိုက်တာ တပ်မဟာ ၈ လက်အောက်ခံရင်း ၅ ပစ်တာပါ။ ရဲစခန်းဘက်ကပြန်ပစ်တာတော့မရှိဘူး သူတို့ဘက်က ဘာမှကိုလုပ်လို့မရလိုက်တာ”လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာလည်း ရွှေကူရဲစခန်းကို PDF ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရကြောင်းလည်း စစ်ကောင်စီတပ်ထောက်ခံတဲ့ Telegram Channel မှာလည်း ရေးသားဖော်ပြထားပါတယ်။ ရွှေကူရဲစခန်းဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း မကြာခန တိုက်ခိုက်ခံရပြီး ဒီနှစ်ထဲမှာတော့ အခုပထမဆုံးအကြိမ်လို့သိရပါတယ်။ - [သံချပ်ကာနဲ့ အမြှောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ](https://burmese.kachinnews.com/2023/07/11/yl2-17/): လီဒိုလမ်းမပေါ်  တနိုင်းမြို့အဝင် နမ့်ဖျက်ကျေးရွာနဲ့ ကပ်လျက် ဧက ၂၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ် ၊ အမြောက်တပ်တွေစခန်းချမယ့် တပ်စခန်းကြီးတစ်ခုကို စစ်တပ်က တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2023/07/11/sm1-128/): စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ - [NSCN- K အဖွဲ့ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲနေပြီး ရက်ပိုင်းအတွင်း ၂ကြိမ်ပစ်ခတ်မှုဖြစ်](https://burmese.kachinnews.com/2023/07/11/nscn-k-%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba/): စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေစိုက်ထားတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ( NSCN- K)အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေရှိလာနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ အဖွဲ့အချင်းချင်းကြားပစ်ခတ်မှု ၂ ကြိမ်ရှိခဲ့တယ်လို့ နာဂအမျိုးသားရေးကျွမ်းကျင်သူတွေဆီကနေသိရပါတယ်။ NSCN- K အဖွဲ့ထိပ်သီးခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ယုန်းအောင်၊ ဗိုလ်ချုပ်အန်းမိုင်းနှင့်လန်ညေးတို့ကြားမှာ ၂၀၂၂ ခုနှစ်ကတည်းက အချင်းချင်းကြားသဘောထား ကွဲလွဲ မှုတွေ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၃ ဧပြီလမှာတော့ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်အဖွဲ့က NSCN-K ကနေခွဲထွက်ဖို့ဖြစ်လာပြီးတဲ့နောက် သဘောထားကွဲလွဲမှုပိုကြီးမားလာပြီး တပ်ဖွဲ့ဝင်တွေအချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွားတဲ့အထိဖြစ်လာတယ်လို့ နာဂအမျိုးသားရေးကျွမ်းကျင်တဲ့ လဟယ်ဒေသခံတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ ”အခုကသူတို့အချင်းချင်းပိုပြီးတော့တင်းမာတဲ့အခြေအနေဖြစ်လာနေတယ် ဘာလို့ဆို ဒီလထဲမှာကိုသူတို့ပစ်ခတ်တာ ၂ကြိမ် ရှိပြီ ။အချင်းချင်းပစ်ကြတာ။ ထိခိုက်မှုတွေရှိတယ် ဆိုတော့ အခုလိုဖြစ်တာက အန်းမိုင်းအဖွဲ့က ခေါင်းဆောင်သစ်ရွေးဖို့အစည်းအဝေးလုပ်တာကနေစတယ်ဗျ။ အခုလောလောဆယ် ယုန်းအောင်က NSCN-K ရဲ့ခေါင်းဆောင်အဲ့တာကိုအသစ်ရွေးဖို့စည်းဝေးခေါ်တော့ ဟိုကမလိုလားဘူးအဲ့မှာစပစ်ကြတာ”လို့ သူကပြောပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့မှာ ကွန်ညပ်နယ်မြေ(NSCN-K) ထိန်းချုပ်နယ်မြေ ထဲမှာ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး လက်ရှိ ဗိုလ်ချုပ်ယုန်းအောင် ဦးဆောင်တဲ့ဘက်မှာရှိနေတဲ့ ဗိုလ်ချုပ်ကွန်းကျောက်ကို NSCN -K အဖွဲ့ခေါင်းဆောင်အဖြစ်တင်မြောက်ဖို့ကြိုးစားခဲ့ပေမယ့် ဗိုလ်ချုပ်ကွန်းကျောက်က ဗိုလ်ချုပ်အန်းမိုင်းတို့နဲ့မပူးပေါင်းပဲ ခေါင်းဆောင်ရာထူးကိုလက်မခံပဲ ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့နှင့် ပူးပေါင်းမှုလုပ်သွားရာကနေ ပဋိပက္ခပိုမိုကြီးမာလာပြီးပစ်ခတ်မှုအထိဖြစ်လာတယ်လို့ သိရပါတယ်။ ” ပစ်ခတ်မှုက၂ကြိမ်ဖြစ်တယ် ပထမတစ်ကြိမ်ကတော့ ထိခိုက်တာမရှိဘူး ဒုတိယတစ်ကြိမ်ကတော့ ဇူလိုင် ၅ ရက်နေ့က ညပိုင်း ၃နာရီလောက်မှာဖြစ်တာ ၁နာရီကျော်ကြာတယ် ပစ်ခတ်မှုမှာ သေဆုံးမှုတွေလည်းရှိသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဇူလိုင်လ ၅ရက်နေ့ ပစ်ခတ်မှုဟာ လဟယ်မြို့နယ် ကွပ်ညပ်ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၁ နာရီကျော်ကြာတိုက်ပွဲမှာ ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့ဘက်က ၂ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒေသခံတွေပြောတာကတော့ NSCN-K ထိပ်ပိုင်းခေါင်းဆောင်သဘောထားကွဲလွဲမှုဟာ အိန္ဒိယနယ်စပ်အစိုးရနဲ့ အိန္ဒယဘက်ရှိနာဂလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်းပြီး NSCN-K ကိုဖြိုခွင်းဖို့လုပ်ဆောင်နေမှုမှာ ဗိုလ်ချုပ်အန်းမိုင်းနှင့်လန်ညေးတို့အဖွဲ့ကို အသုံးချနေတာကြောင့်ဖြစ်တယ်လို့ ပြောဆိုနေမှုအပေါ်  KNG အနေနဲ့ NSCN-K  ကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang (ခပ်လန်)ဟာ ၂၀၁၇ ၊ဇွန်လ ၉ ရက်နေ့က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ယုန်းအောင်ဟာ ခပ်လန်ရဲ့ … - [မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ](https://burmese.kachinnews.com/2023/07/11/sm1-127/): စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ - [တနိုင်းတွင် စစ်ကောင်စီတပ်က သိုလှောင်ထားသည့် စက်သုံးဆီများရောင်းချပြီး ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2023/07/11/yl1-88/): တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၁၀ ရက်ကျော်ခန့်အကြာအထိ ပိတ်ဆို့ထားပြီး ၎င်းတို့ သိုလှောင်ထားသည့် စက်သုံးဆီများကို ပြန်လည်ရောင်းချကာ ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီများ အဆမတန်စျေးနှုန်မြင့်တက်နေသည်ဟု သိရသည်။ ပြီးခဲ့သော ဇွန်လကုန်ပိုင်း ၂ ပတ်ခန့်မှစတင်ကာ တနိုင်းမြို့နယ်တွင် စက်သုံးဆီးများ၊ ရွှေမှော်သုံး စက်ပစ္စည်းများနှင့် ဆန်များကို တင်သွင်းခွင့် ပိတ်ဆို့လာခဲ့ပြီး ဇူလိုင် ၃ ရက်နေ့နောက်ပိုင်း တနိုင်းမြို့ပေါ် ရောင်းချပေးနေသည့် ဆီဆိုင်များ ဆီပြတ်လပ်မှုဖြစ်ပေါ်လာခဲ့ရကြောင်း ဒေသခံများပြောသည်။ ယခုလို ပိတ်ဆို့ပြီး ဝင်ငွေရှာဖွေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ဝန်းကျင်ခန့်က စက်သုံးဆီများကို သယ်ယူသိုလှောင်ထားခဲ့ပြီး တနိုင်းမြို့ပေါ်နှင့် အနီးတဝိုက်ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များကို ကိုယ်စားလှယ်များဖြင့် ရောင်းချပေးနေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဆီးကားတွေတော့ မဝင်တော့ဘူး။ ဒါပေမယ့် ဆီက လုံးဝပြတ်သွားတာမဟုတ်ဘူး။ သူ့ဟာနဲ့ သူက လည်နေတာပေါ့လေ။ အခုက စစ်တပ်က သူတို့သယ်လှောင်ထားတဲ့ ဆီတွေကို ကိုယ်စားလှယ်တွေနဲ့ ပြန်ရောင်းချပေးနေတာ။ ဆိုင်တွေမှာ ဆီတွေပြတ်သွားတော့ နီးစပ်ရာရောင်းနေတဲ့ နေရာတွေမှာ နည်းနည်းစီလိုက်ဝယ်ရတယ်။ အဲ့ကနေ မဝယ်ရင်လည်း ဘယ်ကနေမှ မရဘူးလေ။ ပြောရမယ်ဆိုရင် သူ့ဝင်ငွေရှာယူတဲ့သဘောပေါ့လေ”ဟုပြောသည်။ ဇွန်လ ကုန်ပိုင်းအထိ စစ်သုံးဆီ သယ်ယူခွင့်ကို ပိတ်ဆို့မှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများသည် ဆီပုံးအသေးများဖြင့် အိမ်စီးကားများနှင့် စစ်တပ်ဂိတ်နေရာတွင် ငွေကြေးပေးဆောင်ကာ သယ်ယူနိုင်မှုများရှိခဲ့သည့်အတွက် နိုင်းမြို့အပေါ်တွင် ၂ ပတ်ဝန်းကျင်အထိ ဆီလည်ပတ်မှုရှိခဲ့သေးကြောင်း ဒေသခံများပြောသည်။ ဇူလိုင်လ ၆ ရက်နေ့နောက်ပိုင်း အဆိုပါ သယ်ယူခွင့်များကိုပါ ထပ်မံတင်းကြပ်လိုက်သည့်အတွက် တနိုင်းမြို့ပေါ်တွင် စက်ဆုံးဆီ လုံးဝပြတ်လပ်သွားပြီး လုပ်ငန်းရှင်တစ်ချို့က စစ်တပ်က … - [ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုအရင်း ရှဒူးဇွပ် တိုက်ပွဲမှာ သေဆုံး](https://burmese.kachinnews.com/2023/07/10/yl1-87/): တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာ တိုက်ပွဲမှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုယ်အရင်း ဖြစ်သူ လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ - [ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ](https://burmese.kachinnews.com/2023/07/10/sm1-126/): စစ်ကိုင်းတိုင်း ဝက်လက်နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော်ဘေးလွှတ်ရာကိုထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ - [စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး](https://burmese.kachinnews.com/2023/07/10/ld2-9/): ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး အိမ်အလုပ်ပဲပြန်လာလုပ်ဖို့ ဆင်းလာတာ။ အရင်လည်း သူက ခရီးသည်မရရင် အိမ်စောစောပြန်လာပြီး အလုပ်ပြန်လာလုပ်နေကျလေ။ အဲ့နေ့မှာတော့ အဲ့လိုပဲ အိမ်ကိုပြန်ဆင်းလာချိန် ဟိုမုန်းရွာရောက်တော့ ခရီးသည်ရှိလို့ ခေါ်တင်လာတာတဲ့။ သူခေါ်တင်လာတဲ့ ခရီးသည်တွေက ဘယ်လိုလူမျိုးလည်း မသိဘူးလေ။ သူ့သူငယ်ချင်းကားသမားပြောတာတော့ ဆင်းလာချိန် နမ်ဖတ်ကာစစ်တပ်မှာ ရပ်ကျန်နေခဲ့ပြီဆိုတာပဲ။ အဲ့တာပဲသိရပြီး စုံစမ်းမရတော့ဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့ ဦးဇော်ဂျာ(သို့မဟုတ်) ဦးဇော်အောင်ဟာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ် ၃ ယောက်ရဲ့ ဖခင်ဖြစ်ပြီး မူဆယ်-ကွတ်ခိုင်ကြားမှာ ပြေးဆွဲတဲ့ ကားသမားဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က ဦးဇော်အောင်ကို ဟိုမုန်းရွာက KIA တပ်သား ၄ ဦးတင်ဆောင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုလိုဖမ်းဆီးခံလိုက်တာဟာ သတင်းပေးသူရှိတဲ့အတွက်ဖြစ်နိုင်တယ်လို့ နမ်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးလည်း ဆက်ပြောပါတယ်။ “အဲ့ကားသမားက ခရီးသည်မရဘူးဆိုတော့ KIA ဘက်ကလူတွေနဲ့ လမ်းမှာကြုံခဲ့ပုံရတယ်။ သူတို့ဆင်းလာတဲ့အကြောင်းကို ဟိုမုန်း ၊ နမ်အွမ် အဲ့ဘက်က သတင်းပေးလိုက်ပုံပဲ။ ဆိုတော့ အခြားကားတွေမစစ်ဘူး။ သူ့ကားကိုပဲစစ်ပြီး အားလုံးကို ဖမ်းထားလိုက်တယ်။ အဲ့နေ့ကတည်းက ဒီနေ့ချိန်ထိ ဘယ်မှာထားထားမှန်းမသိဘူး။ သတင်းလည်းမကြားဘူး။ ဘယ်မှာမှစုံစမ်းလို့မရသေးဘူး။ ကျမတို့လည်း စုံစမ်းတယ် ဘယ်မှမေးမေး မသိဘူးပဲ။ သူ့မိန်းမနှင့် မိသားစုတွေက အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။ ဦးဇော်အောင် ဖမ်းဆီးခံလိုက်ရတဲ့နေ့ကစပြီး မိသားစုဝင်များဟာ ကွတ်ခိုင်စစ်တပ်စခန်း၊ ရဲစခန်း၊ နမ်ဖတ်ကာစစ်တပ်တွေမှာ လိုက်လံစုံစမ်းရှာဖွေကြိုးစားခဲ့ပေမယ့် စစ်တပ်ဘက်က သတင်းတစ်စုံတစ်ရာမှမပေး၊ မပြောပြသောကြောင့် ယနေ့ထိ လုံး၀အဆက်အသွယ် ပြတ်နေခြင်း ဖြစ်ပါတယ်။ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ယခုကဲ့သို့ KIA တပ်သားများဖမ်းဆီးခံရမှုနှင့်အတူ ပြည်သူတစ်ဦး ပါဖမ်းဆီးခံရလိုက်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသူ KIA ဘက်မှ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခုလိုပြောပါတယ်။ “အဲ့နေ့က နမ်ဖတ်ကာဂိတ်မှာ ဖမ်းခံလိုက်ရတယ်ဆိုတဲ့သူတွေက KIA က တပ်သားတွေမဟုတ်ဘူး။ … - [ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်](https://burmese.kachinnews.com/2023/07/10/%e1%80%9b%e1%80%b1%e1%80%a6%e1%80%b8%e1%80%94%e1%80%9a%e1%80%ba-%e1%80%98%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/): စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။ ရေမြက်ကျေးရွာမှာတော့ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာလည်းမရှိပမယ့် သတင်းမှားပေးတာတွေကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ရေဦးနယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကအခုလိုပြောပါတယ်။ “ ဖိုက်တာနှစ်စီးသုံးပြီး လာတိုက်ခိုက်တယ် လာပစ်တဲ့အချိန်ကလည်းကလေးတွေစာသင်နေတဲ့အချိန်ပေါ့ ဒလန်သတင်းပေးချက်တစ်ခုခုကြောင့်လို့ထင်တယ်သတင်းမှားတာပဲဖြစ်ဖြစ်မှန်တာပဲဖြစ်ဖြစ် တစ်ခါ တစ်လေ အစည်းအဝေးရှိတယ်တို့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်တို့သတင်းပေးရင် ဟုတ်ဟုတ် မဟုတ်ဟုတ်သူတို့ကလာတိုက်ခိုက်တာပဲ” လို့ပြောပါတယ်။ ရေမြက်ကျေးရွာဟာ ရေဦးနယ်အနောက်ခြမ်း ရေဦးမြို့နဲ့မိုင်၂၀အကွာက အိမ်ခြေ၃၀၀နီးပါးရှိတဲ့ကျေးရွာဖြစ်ပြီး တန့်ဆည်နယ်နဲ့ တစ်မိုင်ခန့်သာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ရေမျက်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၂၀ရက်နေ့မှာလည်း စစ်ကောင်စီတပ်ကMi 35 ရဟတ် ယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ၆ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ - [ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/07/10/az1-226/): ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။ - [စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်](https://burmese.kachinnews.com/2023/07/10/ld1-39/): ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ - [မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေပြီး ပြည်သူများသွားလာရေးခက်ခဲနေ](https://burmese.kachinnews.com/2023/07/09/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba/): ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေတဲ့အတွက် ပြည်သူများ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ လုံးခင်း-ဖားကန့် သွား လမ်းမကြီးပေါ်ရှိ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာအကြားလမ်းအရှည် နှစ်မိုင်ခန့်ပျက်စီးနေ‌ကြောင်း ဒေသခံတစ်ဦးနေကြောင်း လုံးခင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းက အရင်တုန်းက ချိုင့်ခွက်တွေနဲ့မို့ မုန့်လင်မယားလို ဖြစ်နေတာ၊အခုက လကမ္ဘာပေါ်က မျက်နှာပြင်လို ဖြစ်နေပြီ”  လို့ ပြောပါတယ်။ အဆိုပါလမ်းအပိုင်းမှာ ယခင်က ဆိုင်ကယ်၊ကားတွေ ကောင်းမွန်စွာဖြတ်သန်းသွားလာခွင့်ရပေမယ့် ခုရက်ပိုင်း  မိုးသည်းထန်စွာရွာပြီးနောက် ချိုင့်ခွက်များ၊ရေအိုင်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် သွားလာရေး အလွန်ခက်ခဲနေတယ်လို့ မှော်စီရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ “ဖားကန့်ကနေ လုံးခင်းကို ကျောက်ပွဲသွားတိုက်တာ၊ကျောက်က ရောင်းရ၊မရ မသေချာပေမဲ့၊အဲ့ဒီကနေ ပြန်လာရင် ဆိုင်ကယ်ကတော့ ဝပ်လျော့ ပို့လိုက်ရတာပါပဲ”ဟု လမ်းအသုံးပြုနေသူ ကျောက်ပွဲစားတစ်ဦးက” ကပြောပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ လုံးခင်း-ဖားကန့်သွား လမ်းမကြီးမှာ ၆မိုင်ခန့်ရှည်လျားပြီး အများပြည်သူ နေ့စဉ်သွားလာမှုအများဆုံးဖြစ်ပါတယ်။ကမ္ဘာ့အဖိုးတန်ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ပွင့်လင်းရာသီမှာ ဖားကန့်-လုံးခင်းသွား လမ်းမကြီးကို ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကနေ ဦးဆောင်ပြီး ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီများနဲ့လုပ်ငန်းရှင်များပူးပေါင်းကာ လုံးခင်းကျေးရွာအုပ်စု၊မှော်စီစာကျေးရွာမှ ဖားကန့်မြို့၊မော်၀မ်းရပ်ကွက်၊ရှမ်းမဆီဆိုင်အထိ (၂၄)ပေအကျယ် ထုထည် ၁၀လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါတယ်။ - [မိုးညှင်းမြို့ လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦး သတ်ခံရ](https://burmese.kachinnews.com/2023/07/08/az1-225/): ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ သတ်ခံထားရတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်က ၇ ရက်နေ့ နေအိမ်မှာရှိနေချိန် အိမ်ခြံမြေကြည့်ချင်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခေါ်လာတဲ့အတွက် အိမ်ခြံမြေပြဖို့ နေအိမ်ကနေ သားဖြစ်သူနဲ့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ချိန် မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ ဓါးနဲ့လုပ်ကြံသတ်ဖြတ်လခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ခြံမြေလိုက်ပြပေးပါ ကြည့်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတော့ သူ့သားအငယ်နဲ့ အိမ်ကနေဆိုင်ကယ်နဲ့သွားလိုက်တာ သားကိုတော့ ဘာမှလုပ်မသွားဘူး အမေကိုသတ်ထားခဲ့တာလို့ ပြောကြတယ်”လို့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။ သတ်ခံရသူဟာ မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် ထိုက်ထိုက်အေးဆိုသူဖြစ်ပြီး အလောင်းကိုတော့ ဒေသခံတစ်ချို့ကတွေ့ရှိခဲ့ပြီး ဒေါ်ထိုက်ထိုက်အေးနဲ့အတူပါသွားတဲ့ သားကိုတော့ မြို့ရှောင်လမ်းတစ်နေမှာ တွေ့ခဲ့တာလို့ သိရပါတယ်။ “သူ့သားက ၃ နှစ်ကျော်ဘဲရှိသေးတယ် အဲဒါမြို့ရှောင်လမ်းမှာ ပစ်ထားခံခဲ့ရတဲ့သဘောရှိတယ် သူအမေသတ်ခံရတဲ့နေရာမှာတော့ ကလေးကမရှိဘူး အဲမြို့ရှောင်လမ်းဘက်မှာ လောက်စာတောင်ဆိုတာရှိတယ် အဲနားတစ်ဝိုက်မှာတဲ့” လို့နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။ မိုးညှင်းမြို့ရှောင်လမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ချစ်သူစုံတွဲနှစ်ယောက် သတ်ဖြတ်ခံ ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးပတ်မှာလည်း မိုးညှင်းမြို့နယ် ဘီလူးမြို့ ကန်တော်ကုန်းရပ်က နေအိမ် တစ်အိမ်မှာ ရေမွေးရောင်းသူဟန်ဆောင်ထားတဲ့ လူငယ် ၂ ဦးရေတောင်းသောက်ဖို့ ဝင်လာပြီး အိမ်ပိုင်ရှင် အမျိုးသမီးတစ်ဦးကိုတို့ဆေးနဲ့တို့ကာ နေအိမ်ကငွေတွေ ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ  လောင်းကစားဝိုင်းတွေ များလာသလို ခိုးဆိုးလုယက်မှုနဲ့ လူသတ်ဖြတ်ခံရမူတွေဖြစ်လာနေပါတယ်။ - [ရှဒူးဇွပ်တိုက်ပွဲတွင် KIA ဘက်မှ ၃ ဦး ၊ ပြည်သူ့စစ်ဘက်မှ ၅ ဦး၊ ပြည်သူ ၁ ဦး သေဆုံး](https://burmese.kachinnews.com/2023/07/08/yl2-16/): တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်ဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ - [ခင်ဦးမှာ ကလေးနဲ့ သက်ကြီးရွယ်အို ၃၀၀ ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/07/08/%e1%80%81%e1%80%84%e1%80%ba%e1%80%a6%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်သက်ကြီးရွယ်အိုနဲ့ကလေးငယ် ၃၀၀ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ အင်းပတ်ကွေ့အထိုင်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးပူးပေါင်းအဖွဲ့အင်အား၂၀ကျော်က ဇူလိုင်လ ၇ရက်နေ့ကစပြီး ကျေးရွာတစ်ချို့မှာ ဝင်ရောက်စီးနင်းခဲ့ကြတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ နှစ်ရက်ရှိပြီ သူတို့အထိုင်စခန်းတွေနဲ့အနီးနားကရွာတွေကိုအကြမ်းဖက် ဝင်ရောက်ပြီးဒုက္ခပေးနေတာ ပြေးနေရတဲ့ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးပေါင်းကို ၃၀၀ကျော် ၄၀၀ ဝန်းကျင်ရှိတယ် ဒေသခံ အားလုံးပေါင်းကို ၃၀၀၀ကျော်ရှိတယ်ဗျ” လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ကျေးရွာတွေရဲ့ အနီးဆုံးကကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒါ့အပြင် အဲ့ဒီစစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေဝင်ရောက်စီးနင်းခဲ့တဲ့ မြကန်ကျေးရွာမှာမီးရှို့သတ်ခံ ထားရတဲ့ ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့တယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။  “ မနေ့ကမနက်ခင်းမှာဆို မြကန်ရွာက ဒေသခံနှစ်ယောက်ကိုဖမ်းသွားတယ်အိမ်နှစ်လုံးလည်းမီးရှို့ခဲ့တယ် ဖမ်းသွားတဲ့ဒေသခံ၂ယောက်ထဲက တစ်ယောက်ကိုတော့လမ်းမှာမီးရှို့သတ်ထားခဲ့တယ် နှစ်ယောက်ထဲက ဘယ်သူဘယ်ဝါသတ်ခံရလဲဆိုတာကိုတော့ရုပ်အလောင်းကမပီသတော့လို့မသိရတော့ဘူး” လို့ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံပျူစောထီးတွေ ပူးပေါင်းပြီးတော့ ရွာတွေကို မကြာခဏဝင် ရောက်စီးနင်းလေ့ရှိတဲ့အတွက် ဒေသခံတွေ မကြာခဏထွက် ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးအမောဖောက်သေဆုံးခဲ့တဲ့သက်ကြီးရွယ်အို ၅ဦးခန့်ရှိပြီလို့လည်းဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇သိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးမူးရုံး(UN OCHA)က ပြီးခဲ့တဲ့လ ဇွန်၁၃ရက်နေ့က ထုတ်ထားပါတယ်။ - [ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/07/08/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%80%e1%80%b0%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba/): ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည ၁၁ နာရီအချိန် နေအိမ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရွှေကူကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ ”ညက ၁၁ နာရီလောက်အမျိုးသမီးတစ်ယောက် သတ်ခံလိုက်ရတယ် အိမ်မှာပဲသတ် ခံလိုက်ရတယ်။ ဘယ်ဘက်က သတ်လို့သတ်မှန်းကိုမသိရဘူးလို့။ကျွန်တော်တို့ဒီဘက်က (PDF) ဘက်ကတော့မဟုတ်ဘူး။” လို့ သူကပြောပါတယ်။ ပစ်သတ်ခံရတဲ့အမျိုးသမီးဟာ လက်ရှိ စျေးရောင်းစျေးဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ရွှေကူ အရှေ့တောင်ခြမ်း မံဝင်း၊စီသာ၊ ဘက်က စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူလို့သိရပါတယ်။ ”သူကမိသားစုနဲ့နေတာ ညကဘယ်လိုဖြစ်သွားလဲဖြစ်စဥ်အသေးစိတ်တော့မသိရဘူး။ သူက ကျွန်တော်တို့စစ်ရှောင်တွေဘက် ကူညီဖူးတဲ့ ပရဟိတဟုတ်တယ်။ ည သတ်ခံလိုက်ရပြီလို့သတင်းရောက်လာတာ”လို့ရွှေအရှေ့တောင်ခြမ်းက စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေါ်အေးအေးသန်း(ခ)ဒေါ်တုံးစိန်ကို မည်သူမည်ဝါဘယ်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားတယ်ဆိုတာKNG ကအတည်ပြုနေဆဲ ဖြစ်ပြီး ဒေသခံတွေကတော့ ပျူစောထီးတွေရဲ့လက်ချက်လို့သုံးသပ်နေကြပါတယ်။ KNG ကရရှိထားတဲ့အချက်အလက်အရ ရွှေကူမြို့ပေါ်မှာစစ်အာဏာသိမ်းပြီး အရပ်သား အမျိုးသမီး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတာဟာ အခုပထမအကြိမ်ဖြစ်ပါတယ်။ - [ရှဒူးဇွပ်တိုက်ပွဲတွင် နေအိမ်အများအပြားပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိဟုဆို](https://burmese.kachinnews.com/2023/07/08/yl1-86/): ရှဒူးဇွပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်းဇင်းသန့် ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။ - [လက်နက်ကြီးကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ကလေးငယ်အတွက် အကူညီများလိုအပ်နေ](https://burmese.kachinnews.com/2023/07/07/%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%bc%e1%80%b1%e1%80%90%e1%80%85/): စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောာင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့်လက်နက်ကြီးထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ကလေးငယ်အတွက် အကူညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦး၊ပေါက်ခုံအနားမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီ တပ်နဲ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၆နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောပါတယ်။ “ပြီးခဲ့တဲ့မေလလောက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တယ်ဗျ အဲ့ချိန် ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြတာပေါ့လှည်းတွေဆိုင်ကယ်တွေနဲ့ပြေးကြတဲ့အချိန် လက်နက် ကြီးကျတာဗျအသက်တော့ ကယ်လိုက်နိုင်ပေမဲ့ ညာဖက်ခြေထောက်တော့ဖြတ်လိုက်ရတယ်ဗျ ကူညီပံ့ပိုးမူ ကတော့ မရသလောက်ဖြစ်နေတယ် ဆေးကုသမူတော့ခံယူနေရဆဲပေါ့”လို့ပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ရေလဲဦး၊ပေါက်ခုံကျေးရွာ အနီးတစ်ဝှိုက်ကို လက်နက်ကြီးတွေနဲ့ ဇွန်လတစ်လလုံးနီးပါးလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်၂ဦးအပါအဝင် ၆ဦးသေဆုံးခဲ့ရပါသေးတယ်။ ခုလိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်မူတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ရေလဲဦး၊ ပေါက်ခုံ၊ဇင်းကလင်း၊ သာစည်၊အရှေ့သာစံ၊ အနောက်သာစံ နဲ့နဂါးပွက်ကျေးရွာက ဒေသခံပြည်သူတွေ ယနေ့ ချိန်ထိရွာ မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ကလေးမြို့နယ်တောင်ပိုင်း သာစည်ကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးအပတ်အတွင်းမှာပဲ စစ်ကောင်စီတပ် တွေနဲ့ကာကွယ်ရေးတပ် တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဖက်အကျအဆုံးများရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေထံကသိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခတွေ‌ ကြောင့် သေဆုံးခဲ့ရသူ ၂၄၀၀ကျော်ရှိတယ်လို့မြန်မာ့မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar) က ပြီးခဲ့တဲ့ ဇွန်လ၁၄ရက်နေ့က ထုတ်ပြန်ထားပါတယ်။ - [ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/07/07/sm1-125/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကျေးရွာ ၃ ရွာက နေရပ်ပြန်ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2023/07/07/bb1-33/): မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယာန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒဘတ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့  ကျွန်တော်တို့ရွာက ကလေးတွေဆိုအကုန်နီးပါးကိုဖျားကြတာ တုတ်ကွေး ငှက်ဖျား ပျောက်ဆေးတွေ တစ်ခြားဆေးဝါးခြင်ထောင်တွေကအစပေါ့ အကူအညီ တွေလိုအပ်နေတာ။  ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရမှာ” လို့ပြောပါတယ်။ လက်ရှိမှာ ဒေသခံတွေဟာ ဂါးရာယာန်ရွာမှာဖွင့်ထားတဲ့ဆေးပေးခန်းနှင့် ဒဘတ် အသင်းတော်မှချမှတ်ပေးထားတဲ့ ဆေးပေးခန်းတွေမှာ ဆေးကုသမှုခံယူနေပေမယ့် ဖျားနာသူများနေပြီး ငှက်ဖျားရောဂါဖြစ်သူ အယောက် ၁၀၀ ကျော်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာန (KBC –HDD) ကလည်း ဆေးကုသပေးတာတွေနဲ့ ဆေးဝါးကူညီတာတွေ ရံဖန်ရံခါ လာရောက်ကုသပေးတာတွေ ရှိနေပေမယ့် ဖျားနာသူများလာတဲ့အတွက်ဆေးဝါးနှင့် ဆေးဝါးအထောက် အကူပစ္စည်း အခက်အခဲများရှိနေကြောင်း ဒဘတ်ကျေးရွာက ဆေးဆရာမတစ်ဦးက KNG ကိုပြောပါတယ်။ “ဖျားတဲ့သူတွေအရမ်းများတယ် နေ့တိုင်းတော့ မဟုတ်ဘူး တစ်ခါတလေဆို ၅၀ ၆၀လည်းရောက်လာတယ်၊ အခုမှဘဲနေရပ်ပြန်တာ မကြာသေးတဲ့အတွက်လည်း ဆေးတွေမစုံဘူး၊ အခုကငှက်ဖျားတွေအများကြီး ဖြစ်နေကြတာ ကလေးကအစ လူကြီးအကုန်၊ KBC ကနေလည်းလာပြီးကုပေးတာတွေရှိတယ် သူတို့လည်း အချိန်ပြည့်မဟုတ်ဘူးလေ၊ ငှက်ဖျားဆေးတွေနဲ့တစ်ခြားဆေးတွေ အရမ်းခက်ခဲနေတယ်”လို့ပြောပါတယ်။ ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာက ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ရပ်ရွာရှင်းလင်းရေးများကို သေချာ မပြုလုပ်နိုင်သေးတဲ့အတွက် ခုလို ဖျားနာသူတွေများလာတာဖြစ်တယ်လို့ ဆရာမ ဆက်ပြောပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာ၊ခြင်ကိုက်မခံရအောင် အဝတ်အစားအရှည်တွေကိုဝတ်ကြဖို့နဲ့ သောက်သုံးရေတွေကို သေချာဖုံးကြဖို့၊ မြောင်းပုတ်များကိုရှင်းလင်းရေး လုပ်ဖို့ကိုလည်း ဆေးဆရာမက တိုက်တွန်းထားပါတယ်။ လက်ရှိမှာ ဒေသခံပြည်သူတွေဟာ ကျန်းမားရေးအတွက်စိုးရိမ်နေရသလို မြစ်ကြီးနား- ဗန်းမော်လမ်းမတစ်လျှောက် စစ်ကောင်စီတပ်နဲ့KIA တပ်တွေအကြား စစ်ရေးတင်းမာနေတဲ့အတွက် စားဝတ်နေရေးစိုးရိမ်နေတဲ့အပြင် သွားလာရေးအခက်အခဲနဲ့ စစ်ရေးအခြေအနေတွေကိုလည်းစိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါသည်။ ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာပြည်သူတွေဟာ  ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တွေမှာ စစ်ရှောင်ခဲ့ကြပြီး ၂၀၂၃ ဖေဖော်ဝါရီကစပြီး အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၅၀၀၀ ဝန်းကျင် က နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။ - [ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ လှည့်လည်ဆေးကုပေးနေတဲ့ ကချင်နယ်လှည့်ကျမ်းမာရေးလုပ်သားအဖွဲ့ ဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရ](https://burmese.kachinnews.com/2023/07/06/ld2-8/): ဝေးလံခေါင်ဖျားတဲ့ ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack)ဟာ လက်ရှိဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရကြောင်း သိရပါတယ်။ - [ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်](https://burmese.kachinnews.com/2023/07/06/az2-133/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ နားမှာတစ်ကြိမ်၊ ဇင်းဘုံကျေးရွာနားမှာတစ်ကြိမ် ၂ကြိမ်တိတိတိုက်ခိုက်ခဲ့ပြီး စစ်တပ်ကပြန်လည်ရမ်းသမ်းပစ်ခတ်တာကြောင့်အရပ်သား ၂ဦးလည်းထိထားတယ်လို့ ဇင်းဘုံကျေးရွာက အမည်မဖော်လိုတဲ့ရွာသားတစ်ဦးက အခုလိုပြောပါတယ်။ “ငပေါက်ဝအထက်နားလေးမှာဖြစ်သွားတာမနက်က အဲ့မှာပြည်သူနှစ်ယောက်တော့ ထိသွားတယ်။ ငပေါက်ဝမှာကခနလေးဖြစ်သွားတာ သူတို့မြစ်ကြောင်းထဲမှာ အပေါ်ကနေ ဒရုန်းနဲ့ချတာကာကွယ်ရေးတပ်တွေက။ ၁၁နာရီလောက်မှာဖြစ်သွားတာ သူတို့ငပေါက်ဝဘုရားကုန်းမှာလည်း တချို့ရှိနေတာစစ်သားတွေအဲ့ကနေလှမ်းပစ်တာပြည်သူ ၂ယောက်ထိထားတယ်”လို့ ဇင်းဘုံရွာသားကပြောပါတယ်။ စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အရပ်သား ၂ဦးဟာ ငပေါက်ဝကျေးရွာကဖြစ်ပြီး အသက် ၃၃ နှစ်အမျိုးသားတစ်ဦးနဲ့အသက် ၁၈ နှစ်အမျိုးသမီးတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။ ငပေါက်ဝကျေးရွာမှာ တိုက်ခိုက်ခံရပေမယ့် လက်ဆက်ချီတက်လာနေတဲ့ အဲ့ဒီစစ်ကြောင်းကို ဇင်းဘုံကျေးရွာအနီးမှာ ကာကွယ်ရေးတပ်တွေက နောက်ထပ်တစ်ကြိမ် ခြုံခိုတိုက်ခဲ့ပြီး တိုက်ပွဲအနည်းငယ်ပြင်ထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ စစ်သားတွေက သံခွန်မော်တော်တွေနဲ့ တက်လာတာ သုံးစီးတက်လာတာ အခုကဇင်းဘုံမှာဖြစ်နေတယ် ရေကြောင်းမှာဖြစ်နေတယ်”လို့ ပြောပါတယ်။ ဇင်းဘုံကျေးရွာအနီးဖြစ်တဲ့တိုက်ပွဲမှာ အချိန် မိနစ် ၃၀ နီးပါးရှိပြီး ကာကွယ်ရေးဘက်က ဒရုန်း၊ လက်နက်ငယ်တွေအသုံးပြု တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့သိရပါတယ်။ ယနေ့ထိတွေ့မှုဖြစ်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ KNG သတင်းက အသေးစိတ်မသိရသေးပါဘူး။ စစ်သားတွေအသုံးပြုလာတဲ့ သံခွန်ရေမော်တော်သုံးစီးထဲမှာတစ်စီးက တောပုန်းကျေးရွာ ဘုန်းကြီးကျောင်းဆရာတော်ပိုင်တဲ့သံခွန်ရေမော်တော်တစ်စီးပါပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာ့အလံကို တပ်ဆင်အသုံးပြုပြီး စစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကဆိုပါတယ်။ လက်ရှိစစ်ကြောင်းထိုးလာပြီးကာကွယ်ရေးတပ်နဲ့စစ်ကောင်စီတပ်တွေကြားထိတွေ့မှုဖြစ်နေတာကြောင့် ငပေါက်ဝ၊ ဇင်းဘုံ၊တောပုန်းစတဲ့ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဗန်းမော်ဘက်ဆန်တက်သွားတဲ့အဲ့ဒီစစ် ကြောင်းဟာ ဇူလိုင်လ ၃ရက်နေ့ကရွှေကူအနောက်ခြမ်းမှာရှိတဲ့ သံဘို၊ ချောင်းဝကျေးရွာဘက်မှာစစ်ကြောင်းထိုင်းဝင်ရောက်ခဲ့ပြီး ဘိုကုန်းကျေးရွာက လူနေအိမ် ၅ လုံးနဲ့ ချောင်းဝကျေးရွာက လူနေအိမ် ၆လုံးနဲထင်းကားရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲက အဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ခလရ ၇၇နှင့် … - [မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းသာ ဖြစ်တယ်လို့ ပြည်သူတွေပြော](https://burmese.kachinnews.com/2023/07/06/ld1-38/): မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချူပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ဟာ တရုတ်စီးပွားရေး စီမံကိန်းများနှင့် လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြည်သူတချို့ ပြောဆိုပါတယ်။   ကိုးကန့် MNDAA ၊ တအောင်းတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းများအပေါ် နှောက်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုကုမ္မဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောက်အယှက်ပေးတာတွေ၊ ဆတ်ကြေးတောင်းခံတာမလုပ်ဖို့ဖော်ပြထားပြီး ပြစ်မှုကျူးလွန်သူမည်သူကိုမဆို ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။ ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး တရုတ်စီးပွားရေးစီမံကိန်းတစ်ချို့  စတင်တိုးချဲ့အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း လားရှိုး-မူဆယ် လမ်းမတစ်လျှောက် တရုတ်၏စီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်တာကြောင့် အဲဒီစီမံကိန်းလုပ်ငန်းစဉ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ရှမ်းမြောက် ဒေသတွင်းကျွမ်းကျင်သူတစ်ဦး KNG ကို အခုလို သုံးသပ်ပြောဆိုပါတယ်။ “တရုတ်ရဲ့စီးပွားရဲ့စီမံကိန်းကြီးတွေ ဝင်လာတော့မယ်၊ OBOR မီးရထားလမ်းစီမံကိန်း၊ အခြားစီးပွားရေးစီမံကိန်းတချို့တွေက ဒီဘက်ကို အရင်နှစ်ကတည်းက မြေတွေသိုင်းပြီးအကောင်အထည်ဖော်နေပြီ။ တချို့ဆို စတင်လုပ်ငန်းစနေတာလည်းရှိတယ်။ ကွတ်ခိုင်မှာဆို နွားကုမ္မဏီအကြီးကြီးရှိတယ်။ ဒါတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ စီးပွားရေးတစ်ခုပဲ။”လို့ ပြောပါတယ်။ တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းအတွက်ကိုတော့ မန္တလေး-မူဆယ် လမ်းဖြစ်နိုင်ခြေ မြေပြင်အနေအထား လေ့လားဆန်းစစ်ချက်ကို တရုတ်ကုမ္မဏီ CREEG ဘက်မှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြေများသိုင်းထွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ တရုတ် ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနယ်စပ် ရှမ်းမြောက်ကိုဖြတ်ပြီး မန္တလေးကနေတဆင့် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူအထိ ဖောက်လုပ်ဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှမ်းမြောက် လားရှိုး- မူဆယ် အာရှလမ်းမကြီးတစ်လျှောက်က လမ်းမနေရာတချို့လမ်းဘေးတွေမှာတော့ တရုတ်စီးပွားရေး စီမံကိန်းအတွက် ဆိုင်းဘုတ်စာများ မြေယာသတ်မှတ်တဲ့ ဆိုင်းဘုတ်တွေကို စတင်စိုက်ထူထားပြီဟု ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တရုတ်နယ်စပ်ရှိ မိုင်းလားမြို့မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအောင်း TNLA နှင့် ရခိုင့်တပ်တော် AA တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးမှုအပြီး ခုလို ထုတ်ပြန်ချက်ဖြစ်ပေါ်လာခဲ့တာဟာ … - [နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2023/07/06/az1-224/): စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ပိတ်တာက ခလုံးရေဆိပ်ကနေပိတ်လိုက်တာ ခရီးသည်တွေကတော့ပုံမှန်သွားခိုင်းတယ်လေး တခြားကုန်လည်းရတယ်။ ဆန်နဲ့ စက်သုံးဆီတွေကိုပိတ်တာ သယ်လို့မရဘူး။ ခလုံးရေဆိပ်နဲ့ အဲ့ဒီတလူးနဲ့တကားကြားပိတ် တာပေါ့ ရက်ပေါင်း ၂၀လောက်ရှိပြီပိတ်ထားတာ”လို့ ပြောပါတယ်။ လက်ရှိရေကြောင်းပိတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ ဆန်တို့ကို ခန္တီး၊လဟယ်ဘက်ကနေ ကုန်းကြောင်းနဲ့တင်သွင်းနေရပေမယ့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆန်တအိတ်မှာ ငွေကျပ် ၁၅၀၀၀၀၊စက်သုံးဆီတစ်ပေပါမှာ ကျပ် ၁၄၀၀၀၀၀ ဝန်းကျင်အထိ စျေးတက်နေတယ်လို့ တလူးကျေးရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “တလူးတကားဘက်ကိုက ဆန်၊ဆီ၊ဆားကအစ ခလုံးရေဆိပ်လမ်းနဲ့ပဲလာတာလေး နီးလေးနီးတယ် ဟိုးခန္တီးတို့ဘက်ကတော့ ကားလမ်းကောင်းကောင်းမှမရှိတာဝေးလေးဝေးတယ် အဲ့ကြောင့်အဲ့လမ်းကြောင်းနဲ့က ကုန်တွေလာဖို့မလွယ်ဘူး အဲ့ကြောင့်စျေးတက်နေတာ”လို့ ပြောပါတယ်။ တလူး၊တကားဘက်က ဒေသခံတွေဟာ တောင်ယာနှင့်လယ်စပါးကိုအဓိအားထားကြလို့ အခက်အခဲသိပ်မရှိပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နာဂလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ တနိုင်းဘက်က ရေကြောင်းနဲ့တင်ပို့တဲ့ ဆန်၊စက်သုံးဆီကိုအဓိက အားထားနေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေကြောင်းမပိတ်ခင်မှာတော့ တလူး၊တကားဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၂၅၀၀၀ ဝန်ကျင်းနဲ့ စက်သုံးဆီတစ်ပေပါ ကျပ် ၁၂၀၀၀၀၀ နဲ့ ၁၃သိန်း ဝန်ကျင်အထိသာရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်က တလူး၊တကားကျေးရွာဘက်တွေမှာအရင်က ဆန်၊ဆီသယ်ယူခွင့်ပိတ်ပင်ခဲ့တာမရှိခဲ့ပေမယ့် လက်ရှိဘာကြောင့် ပိတ်ပင်တယ်ဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။ လက်ရှိပိတ်ထားတဲ့ရေကြောင်းဟာ တလူး၊တကား၊တုံမနီ၊ ဝေဘီခူး၊ထမံစီ၊ဒိုက်စီး၊မှော်ဝှမ်းပလန် စတဲ့ကျေးရွာတွေအတွက် အဓိက အားထားရတဲ့လမ်းကြောင်းဖြစ်ပါတယ်။ - [မိုးကောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၅ ယောက်ထပ်ဖမ်းခံရ](https://burmese.kachinnews.com/2023/08/26/wl2-11/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ဒေသခံ ၅ယောက်ကို စစ်ကောင်စီတပ်က ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မိုးကောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ အရပ်သား ၁၇ ဦးထိရှိလာ](https://burmese.kachinnews.com/2023/08/26/wl1-22/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေရာကနေ ဒီကနေ့ မနက်ပိုင်းအထိ အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်း‌ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နန့်ယားမှာ ပြည်သူတစ်ထောင်ကျော် ပိတ်မိနေ](https://burmese.kachinnews.com/2023/08/25/yl2-22/): စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့  ၂ ဖက်စလုံး သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တဲ့တွက်  နန့်ယားကျေးရွာထဲက ယာဉ်ရပ်နားစခန်းနေရာမှာ ပြည်သူ ၁၅၀၀ လောက်က ပိတ်မိနေကြတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဖမ်းဆီးရမိ](https://burmese.kachinnews.com/2023/08/25/zm1-98/): ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဖမ်းဆီးရမိထားပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဆီကနေ သိရပါတယ်။ - [နန့်ယားဒေသခံအပါအဝင် ခရီးသည်နဲ့ကားသမား ၃၀ ကျော်ကို စစ်တပ်ကလူသားဒိုင်း အနေနဲ့ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/08/25/yl1-105/): ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့ည နန့်ယားရွာက ဒေသခံတွေအပါအဝင် ရွာမှာတည်းခိုနေတဲ့ ခရီးသည်၊ကားသမား စုစုပေါင်း ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတယ်လို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်](https://burmese.kachinnews.com/2023/08/24/yl1-104/): မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ - [“ဆုံးမ သွန်သင်ခြင်း (Parenting)"](https://burmese.kachinnews.com/2023/08/24/hope-1-feature/): ဘာအရည်အချင်းမှမရှိဘူး မျိုးရိုးကိုကအဆင့်မရှိ အောက်တန်းစားမျိုးရိုး…” အမေကနီရဲပြီးတင်းနေတဲ့ မျက်နှာထားနဲ့ အဖေ့ကိုပြောလိုက်ပါတယ်။ အဲဒီစကားကြောင့်လဲ အမေရဲ့ မျက်နှာပေါ် အားပြင်းတဲ့ အဖေလက်ဝါးက ကျရောက်စေခဲ့တာဘဲ။ - [KIO ဌာနချုပ် နှင့် ကချင်တစ်ပြည်နယ်လုံး စစ်ရေးအခြေအနေ မေးမြန်းချက်](https://burmese.kachinnews.com/2023/08/24/zm1-96/): အာဏာသိမ်းစစ်တပ်ဟာ KIO ဌာနချုပ်နယ်မြေ နမ်ဆန်ယန် (Namsan Yang) ကျေးရွာကို ခြေကုပ်အခြေချတပ်စွဲနေထိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေပေမယ့် တစ်လကျော်ကြာလာတဲ့အထိ ထိရောက်တဲ့ စစ်ဆင်ရေးလုပ်နိုင်တာမရှိသလို ထိခိုက်သေဆုံးပြီး အထိနာ နေပါတယ်။ - [နန့်ယားဂိတ်မှာ ခရီးသည်ကားနဲ့ကုန်ကားတွေရာချီ ပိတ်မိနေဆဲ](https://burmese.kachinnews.com/2023/08/23/zm2-17/): ကားမိုင်း– ဖားကန့်လမ်းကြောင်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာ ယာဥ်ရပ်နားဂိတ်မှာ ခရီးသည်ကနဲ့ကုန်ကား‌တွေ ဒီညနေထိ ရာနဲ့ ချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ - [ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး](https://burmese.kachinnews.com/2023/08/23/am1-17/): စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ - [နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းကြောင့် ရွာပေါင်း ၇ ရွာကပြည်သူတွေကြိုတင် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/08/23/ld1-54/): ဖားကန့်သွားလမ်းပေါ်မှာရှိတဲ့ နန့်ယားဂိတ်မှာ စစ်ကောင်စီစစ်ကြောင်းတွေရောက်ရှိနေလို့ နန့်ယားအထက်မှာရှိတဲ့ ရွာပေါင်း ၇ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန် စျေးနှုန်းအဆမတန် မြင့်တက်နေပြီး ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေ](https://burmese.kachinnews.com/2023/08/23/wl2-10/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေ ပြတ်လပ်စပြုနေပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာအမှတ် ၁ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ ရဲ ၁ ယောက်လက်ပြတ် ၃ ယောက်ကျည်ထိမှန်](https://burmese.kachinnews.com/2023/08/23/zm1-95/): စစ်ကိုင်းတိုင်း ကသာမြို့ အမှတ် ၁ ရဲစခန်းဝင်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး ရဲ ၁ ယောက်လက်ပြတ်ပြီး နောက်ထပ် ၃ ယောက်ကျည်ထိမှန်ထားတယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား- တနိုင်းလီဒိုကားလမ်းပိုင်းတစ်ချို့ ဆိုးဆိုးဝါးဝါးပျက်ဆီးနေ](https://burmese.kachinnews.com/2023/08/23/wl1-21/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ တနိုင်းမြို့နယ်ကို ဆက်သွယ်ပေးထားတဲ့ လီဒိုလမ်းမကြီး ကားလမ်းပိုင်းနေရာတစ်ချို့မှာ ကားလမ်းတွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းပိုင်း ၂ နေရာမှာ KIA ဘက်က ပိတ်ဆို့ထား](https://burmese.kachinnews.com/2023/08/23/yl1-103/): စစ်ရေးတင်းမာနေတဲ့ ကားမိုင်း- ဖားကန့်သွားလမ်းမပေါ်မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကဘက် ဒီမနက်ကစပြီး နေရာ  ၂ နေရာကို လမ်းပိတ်ဆို့ထားတယ်လို့ KIA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/08/22/yl2-21/): ဖားကန့်သွားလမ်း နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်လုံးလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန့်ယားကျေးရွာရဲ့ လူနေအိမ်ရပ်ကွက်တစ်ချို့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ကနီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်ရဲ့ တပ်စိတ်မှူးကို အရှင်ဖမ်းမိ](https://burmese.kachinnews.com/2023/08/22/am1-16/): စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်စိတ်မှူးတစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ - [ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား](https://burmese.kachinnews.com/2023/08/22/ld1-53/): ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကားမိုင်းအထွက် ကျောက်ထုရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/08/22/yl1-102/): ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားမိုင်းမြို့အထွက် ကျောက်ထုကျေးရွာ အနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့  အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၉  နာရီလောက်မှာ ကားမိုင်းမြိို့က နေ ဖားကန့်ဘက်ကို ထွက်လာအချိန်မှာပဲ ကျောက်ထုကျေးရွာအရောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “စစ်ကောင်စီစစ်သားတွေက ကားမိုင်းကနေ ထွက်လာတဲ့အချိန် လမ်းတစ်လျှောက်ကြောက်လို့ လက်နက်ငယ်တွေ ပစ်ပြီးတက်လာကြတာဟုတ်တယ်။ မအူပင်လည်း ကျော်သွားပြီး ကျောက်ထုနားရောက်တော့ ကျနော်တို့ဘက်က စောင့်နေတာ အဲ့မှာပစ်ကြတာဟုတ်တယ်။ အခု ၁၁ နာရီခွဲလောက်အထိ လက်နက်သံတွေက ဆက်တိုက်ကြားနေတာဖြစ်တယ်”ပြောပါတယ်။ နှစ်ဖက်တပ် အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားမိုင်းဘက်ကို သယ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ၂ ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာရှိကြတဲ့ ဆိုင်းဖရာ၊ ဂတ်နွယ်၊တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကျေးရွာတွေမရောက်မှီ နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာ အားလုံးပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရပဲ ကျေးရွာထဲမှာသာ ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီးနဲ့တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ကားမိုင်းကနေ ပြန်လည်ထွက်ခွာလာတဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချဖို့တက်လာတဲ့အဖွဲ့ဖြစ်တယ်လို့သိရပြီး စစ်ကြောင်းတက်လာတဲ့ တစ်လျှောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ - [လိင်ကျွန်အဖြစ်ရောင်းစားခံရာကနေ ပြန်လည်လွတ်မြောက်လာသူ](https://burmese.kachinnews.com/2023/08/22/a-person-who-escaped-from-being-sold-as-a-sex-slave/): “တစ်ညမှာ ယောင်္ကျား (ဖောက်သည်) ၃-၄ ယောက်နှင့် အတူအိပ်ရတယ်။ တချို့ဖောက်သည်တွေဆို သူတို့စိတ်တိုင်းမကျရင် ရိုက်နက်ပြီး အကြမ်းပတမ်း ဆက်ဆံတာတွေလည်း လုပ်တယ်” လို့ ရင်ဖွင့်လာသူကတော့ ဝပြည် ပန်ဆန်းမြို့မှာ လိင်လုပ်သားအဖြစ် ရောင်းစားခံနေရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၀ ဝန်းကျင် အားပန် (အမည်လွဲ) ကချင်အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ - [ကလေးမြို့နယ် သာစည်ရွာကို စစ်တပ်က ၆ ရက်ဆက်တိုက်မီးရှို့](https://burmese.kachinnews.com/2023/08/21/am1-15/): စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို စစ်ကောင်စီတပ်က တပ်စွဲထားပြီး မီးရှို့ဖျက်ဆီးနေတာ ၆ ရက်ဆက်တိုက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ](https://burmese.kachinnews.com/2023/08/21/ld2-13/): ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွားလမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ ‌ဒေသခံတွေ ပြောပါတယ်။ - [ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေ တစ်စီးကို ငွေကျပ် ၁ သိန်းနဲ့ရွေးခွင့်ပြုနေ](https://burmese.kachinnews.com/2023/08/21/zm1-94/): စစ်ကိုင်း– ကချင်အစပ်ဖြစ်တဲ့ ကသာမြို့ထဲမှာ စစ်တပ်က အခုရက်ပိုင်း ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို တစ်စီးမှာ  ငွေကျပ် ၁ သိန်းနဲ့ ရွေးခွင့်ပြုနေတယ်လို့ ကသာဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ](https://burmese.kachinnews.com/2023/08/21/ld1-52/): ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီးသွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်နဲ့ဗုံးကျဲ](https://burmese.kachinnews.com/2023/08/21/wl1-20/): စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ဩဂုတ်လ ၂၀ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ ထီးချိုင့်PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချိူ့ကိုလည်း ကာကွယ်ရေးတပ်ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ - [မိုးကောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2023/08/19/zm1-93/): ကချင်ပြည်နယ် မိုးကောင်းမြို့ အထက ၁ ကျောင်းအနီး ကျောင်းသား၊ သူတွေကို ကျောင်းလာကြိုတဲ့ စစ်ကားတစ်စီး ပစ်ခတ်ခံရလို့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းဒေသခံတွေဆီကသိရပါတယ်။ - [ဗန်းမော် - လွယ်ဂျယ် ကားလမ်းပိုင်း ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားဆဲဖြစ်တဲ့အတွက် ပြည်သူများအခက်တွေ့နေ](https://burmese.kachinnews.com/2023/08/19/yl2-20/): ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စားသောက်ကုန်များနဲ့ အခြားကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားတာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်တဲ့အတွက် လွယ်ဂျယ်ဘက်မှာ ရှိတဲ့ပြည်သူတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဖားကန့်လမ်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းလာ](https://burmese.kachinnews.com/2023/08/19/yl1-101/): ဖားကန့်သွားတဲ့လမ်းမကြီးပေါ် တစ်လျှောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားများပြတ် တောက်နေတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်စခန်းအသစ်ချပြီး အုပ်ချုပ်ရေးယန္တရားတွေနဲ့ ထိန်းချုပ်ဖို့ စစ်အင်အားတိုးချဲ့တာတွေ လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [အထက်နမ့်ထွမ်ရေအားလျှပ်စစ်ရုံမှာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံးလျှပ်စစ်မီးပြတ်တောက်](https://burmese.kachinnews.com/2023/08/18/wl3-3/): ကချင်ပြည်နယ် ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ ပူတာအို EPC ကနေ သိရပါတယ်။ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံတစ်ခုလုံးကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး စက်ရုံလည်ပတ်မှုစနစ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့်ပူတာအို တစ်မြို့နယ်လုံး သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကတည်းကနေလျှပ်စစ်မီးပြတ်တောက်နေတာလို့ ပူတာအို EPC တာဝန်ရှိသူတစ်ဦးကKNG ကိုအခုလိုပြောပါတယ်။ “Control ပိုင်းကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာပျက်သွားလို့ဟုတ်တယ် သြဂုတ် ၁၆ ရက်နေ့ မနက် ၈နာကီကနေစပြတ်သွားတာပါ ဘယ်နေ့ပြန်ရမယ်တော့မသိသေးဘူး ဒီကလူတွ”လို့သူကပြောပါတယ်။ လျှပ်စစ်မီးဟာသြဂုတ် ၁၆ ရက်နေ့ကနေ ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့အထိ လုံးဝပြတ်တောက်သွားတာဖြစ်ပြီး နောက်ထပ် ၅ရက်လောက်ပြတ်တောက်နိုင်ခြေရှိတယ်လို့ ပူတာအို EPC နဲ့နီးစပ်တဲ့အခြားဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “အဲ့ရေအားလျှပ်စစ်စက်ရုံကို ကျွန်တော်တို့သာမာန်စက်တွေလိုတာဘိုင်တွေနဲ့လှည့်ပြီးနိုးတာမဟုတ်ဘူးဗျ စက်ရုံကိုအဖွင့်အပိတ်က အစ ကွန်ပျူတာ စနစ်နဲ့ပဲသွားတာအဲ့ကွန်ပျူတာပျက်နေတာ ဒီကလူတွေကမပြင်တတ်လို့အခု ရန်ကုန်ကနေအင်ဂျင်နီယာခေါ်ထားတာသူမရောက်လာသေးဘူးလောလောဆယ်ပူတာအိုတက်မယ့်လေယာဥ်စောင့်နေတာ နောက်ထပ်ကြာအုံးမယ်သိရတယ်”လို့ သူကပြောပါတယ်။ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေကြောင်း သိရပါတယ်။ - [အင်းတော်မှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသားနှစ်ဦး ထောင်ဒဏ်တစ် သက်တကျွန်းချမှတ်ခံရ](https://burmese.kachinnews.com/2023/08/18/wl1-19/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တကျွန်းချမှတ် လိုက်ကြောင်းသိရပါတယ်။ - [ဆယ်ဇင်းမှာ  SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး  အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/08/18/ny1cj-2/): ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက်  အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ](https://burmese.kachinnews.com/2023/08/18/wl1-18/): ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/08/17/ld2-12/): ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး  ချီတက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ခြေလျင်နဲ့ တက်လာ အဲဒီ စစ်ကြောင်းဟာ မန်လုံအကျော် နမ့်ခိုင်တံတားနားမှာ KIA တပ်ရင်း ၉ တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ် လို့ ဆိုပါတယ်။ ရှမ်းမြောက် မူဆယ်ဘက်သို့ စစ်အင်အားပုံမှန်ပို့ဆောင်ကာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်နမ့်ဖတ်ကာကြား မှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်ကာ တိုက်ပွဲမကြားခန ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။ - [ကသိုဏ်းတောင်တပ်စခန်း စစ်တပ်ကပြန်လည်တပ်စွဲနေထိုင်နေပြီဟုဆို](https://burmese.kachinnews.com/2023/08/17/ld1-51/): ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်ပြန်လည်တပ်စွဲထားတဲ့အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန်ကျောက်စိမ်းတောင် ရေကန်ကြီး ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ပေါက်ထွက်မှာကို ဒေသခံများစိုးရိမ်နေ](https://burmese.kachinnews.com/2023/08/17/yl1-100/): ဖားကန့် မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ ၂ခုကြားမှာရှိတဲ့ ယခင်ကျောက်စိမ်လုပ်ကွက်ဟောင်းနေရာလည်းဖြစ် ကျောက်စိမ်းတောင်ရေကန်(ဒေသအခေါ်)နေရာမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တစ်ချို့က ရေကန်ထဲကို စွန့်ပစ်မြေစာတွေ သွန်ထည့်နေတာကြောင့် ရေစိမ့်ယိုမှုဖြစ်ပေါ်နေပြီးတော့ ရေကန်ပေါက်ထွက်လာမယ့် အခြေအနေမှာ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ - [ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်](https://burmese.kachinnews.com/2023/08/17/zm1-92/): စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ ၂ ဦးသေနတ်ထိမှန်ထား‌တယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2023/08/17/wl1-17/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ - [မြင်းမူမှာ စစ်ဘေးရှောင် ၄ ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/08/16/am2-5/): စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင် အမျိုးသား ၄ ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ - [ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ](https://burmese.kachinnews.com/2023/08/16/wl1-16/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ - [မနမှော်မြေပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူရုပ်အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ](https://burmese.kachinnews.com/2023/08/16/tlm1/): ဖားကန့်ကျောက်စိမ်းမှော်ဒေသ မနမှော်မြေပြိုကျမှုတွင် ရေထဲမျောပါပျောက်ဆုံးနေသူများထဲမှ ရုပ်အလောင်း ရှစ်လောင်းထပ်မံရှာဖွေရရှိတယ်လို့ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံမှ သိရပါတယ်။ - [ယင်းမာပင်မှာ လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/08/16/am1-14/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်၉နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/08/16/zm1-91/): ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/08/15/az2-135/): စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/08/15/am1-13/): စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ - [ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2023/08/15/ld1-50/): စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနား –ဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဒေါ့ဖုန်းယန်ကျေးရွာ တိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူတွေ သွားလာရေးကန့်သတ်ခံထားရပြီး စစ်ရှောင်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/08/15/yl1-99/): မြစ်ကြီးနား – ဗန်းမော်လမ်မကြီးတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် ဒေါ့ဖုန်းယန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ချင်ပေမယ့် သွားလာရေးကန့်သတ်ခံရထားရတယ်လို့သိရပါတယ်။ - [မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ ရေမဆေးသမားများအနက် အလောင်း ၁၀ လောင်းရှာတွေ့](https://burmese.kachinnews.com/2023/08/15/zm1-90/): ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံး နေရာကနေ ဒီမနက်မှာတော့ အလောင်း ၁၀ လောင်းရှာတွေ့ခဲ့တယ်လို့ မနမှော်ဒေသခံတွေကပြောပါတယ်။ - [ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/08/14/am2-4/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အမှတ် ၂ ရပ်ကွက် အင်ကြင်းဥယျာဥ်နားမှာနေထိုင်တဲ့ မိသားစုဝင် ၅ ယောက် နေအိမ်မှာပဲသတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီကသိရပါတယ်။ - [ကဇူးရွာက စစ်ရှောင်တွေအတွက် ဆန်အိတ်သယ်လာတဲ့ အမျိုးသားဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်လာခြင်းမရှိသေး](https://burmese.kachinnews.com/2023/08/14/ld1-49/): ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်တွေအတွက် ဆန်အိတ်သွားသယ်ရင်း စစ်တပ်ဖမ်းဆီးလိုက်တဲ့ ကဇူးရွာက စစ်ရှောင်အမျိုးသား ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြေပြိုကျမှုမှာ ပါသွားတဲ့ ရေမဆေးသမားများရဲ့ ရုပ်အလောင်းရှာမတွေ့သေးသည့်အပြင် ကယ်ဆယ်ရေးသမားများ ရှာဖွေရေးအခက်အခဲကြုံတွေ့နေရ](https://burmese.kachinnews.com/2023/08/14/ny1cj/): ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပေမယ့် မြေစာပုံအောက်ခြေမှာ ရေစိမ့်ထွက်နေတာကြောင့် ခက်ခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံကလူမှုကယ်ဆယ်ရေးအဖွဲ့( ဖားကန့်) အဖွဲ့ဆီကနေ သိရပါတယ်။ - [စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး](https://burmese.kachinnews.com/2023/08/14/wl1-15/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ - [ဝက်လက်မှာ ကျေးလက်ဆေးခန်းနဲ့စာသင်ကျောင်းကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2023/08/14/am1-12/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ပေါက်ကန်ရွာက ဆေးခန်းနဲ့စာသင်ကျောင်းကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ](https://burmese.kachinnews.com/2023/08/14/am1-11/): ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ - [တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2023/08/14/ny1-2cj/): ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး‌တဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်‌တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။ - [အင်းတော်မှာ ၂ ရက်အတွင်း ၃ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/08/12/wl1-14/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီက မြို့တွင်းမြို့ပြင်အစစ်အဆေးတင်းကြပ်နေပြီး ၂ ရက်အတွင်းမှာ အရပ်သား ၃ ဦးအထိဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ - [တနိုင်းမှာ စက်သုံးဆီသယ်ခွင့်ပိတ်လိုက်တဲ့နောက် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေ](https://burmese.kachinnews.com/2023/08/11/wl3-2/): ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ၂ လနီးပါးကြာပိတ်ထားတဲ့အတွက် ဒေသခံတွေအဓိကသွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။ - [ပုလဲမှာ ကျေးရွာ PDF  ဒုခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံခဲ့ရ](https://burmese.kachinnews.com/2023/08/11/am2-3/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာကကျေးရွာ ပကဖ( ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)  ဒုတိယခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ Pale Entertainment အဖွဲ့ထံကနေ သိရပါတယ်။ - [ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် ရွှေတူးနေသူတွေအမြန်ဆုံးထွက်ခွာပေးဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2023/08/11/zm1-89/): တနိုင်းသွား လီဒိုလမ်းမကျေးရွာတစ်လျှောက် လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာ ခမာချောင်းနားမှာ ရွှေတူတူးဖော်နေသူတွေအနေနဲ့ ဒီလ ၂၀ ရက်နေ့ အပြီးထွက်ခွာပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။ - [တလိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၈ လသားအရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး](https://burmese.kachinnews.com/2023/08/11/am1-10/): စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရ တဲ့အတွက် ၈လသား အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအပါအဝင် ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ထံမှသိရပါတယ်။ - [ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးငယ်အလောင်းတွေ့](https://burmese.kachinnews.com/2023/08/11/wl2-9/): ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးငယ်တစ်ဦးရဲ့အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီရုပ်အလောင်းကို ဝှေခါကျေးရွာ RC အသင်းတော် ဘုရားကျောင်းကုန်း အထက်ဘက် တောတစ်နေရာမှာ လည်ပင်းနဲ့ နားအောက်မှာ ထိုးသွင်းဒဏ်ရာလေးချက်နဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အလောင်းကို မနေ့ည ၅နာရီမှတွေ့တာ သူတို့ချွန်ထက်တဲ့ဟာနဲ့ထိုးထားတာဒဏ်ရာလေးချက် လည်ပင်းကို ဟိုဖက် ဒီဖက် ၂ချက် နားအောက် နှစ်ဖက်စလုံးမှာ ၂ချက်ထိုးထားတယ်”လို့ သေဆုံးသူအမျိုးသမီးနဲ့ရင်းနှီးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ဝှေခါကျေးရွာအုပ်စု ဂျမ်ဂါရွာက အသက် ၂၂ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ မကေသွယ်ဦးဆို သူဖြစ်ပြီး သေဆုံးနေတာ ၁ရက်ခန့်အကြာလောက်မှာ ပြန်တွေ့တာဖြစ်တယ်လို့  ဆိုပါတယ်။ “အလောင်းကိုတော့ လူမှုကူညီရေးအသင်းက လာကောက်ပေးတယ် သူ့မိသားစုအမေတွေ ဒီမှာရှိတယ် ဘယ်လိုဖြစ်သွားတာလဲဆိုတာတော့စုံစမ်းတုန်း”လို့ နောက်ထပ်ဝှေခါဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဝှေခါကျေးရွာမှာ ယခုနှစ်အတွင်း အခုလိုသတ်ဖြတ်ခံထားရတဲ့အလောင်းတွေ့တာအခုနဲ့ဆို ဒုတိယအကြမ်မြောက်ရှိပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးနောက် ခုလိုသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းမကြာခန မြင်တွေ့ရလျှက်ရှိပြီး ဒီလိုသတ်ဖြတ်နေသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့အပြင် ပြစ်မှုကျူးလွန်နေသူတွေဟာ လွတ်မြောက်နေကြဆဲဖြစ်ပါတယ်။ - [ရွှေကူ အရှေ့ဘက်ခြမ်း မီးသွေးချောင်းအနီးမှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2023/08/11/wl1-13/): ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း မီးသွေးချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ ](https://burmese.kachinnews.com/2023/08/11/zm1-88/): မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/08/11/yl1-98/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ - [တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ](https://burmese.kachinnews.com/2023/08/10/yl1-97/): တနိုင်းမြို့အထက်မှာရှိကြတဲ့ ပယင်းမှော်နဲ့ ရွှေမှော်ဒေသ ၃ နေရာက ပြည်သူတွေကို မှော်ထဲကနေ ထွက်ခွာကြဖို့ စစ်တပ်ကပြောဆိုထားတဲ့နောက်ပိုင်း  လက်ရှိ မြို့ပေါ်မှာတော့ လူဦးရေ တစ်ထောင်ကျော်လောက်က သောင်တင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ - [ရွှေကူမှာ ရွာပေါင်း ၈ ရွာက ပြည်သူရာချီစစ်ရှောင်နေရ  ](https://burmese.kachinnews.com/2023/08/09/wl2-8/): ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဝင်ရောက်ထိုးဝင်လာတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။ - [ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်](https://burmese.kachinnews.com/2023/08/09/am1-9/): စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ “ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်”လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ လက်နက်ကြီးကြောင့် မရမ်းအင်းရွာသားတွေဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဒေါဝင်းစိန်၊ အသက် ၄၉ နှစ် အရွယ် ဒေါ်မာလာဦး၊ အသက်၃၃နှစ်အရွယ် ကိုဇင်မျိုးထွန်းနဲ့ ၁၀နှစ်အရွယ် မောင်ဇင်လင်းဖြိုးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးတာတွေကြောင့် ခင်ဦးနယ်တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ဒေသခံပြည်သူ ၈၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။ “ဒီမနက်မှာ ခင်ဦးမှာ စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်ခဲ့တယ် အဲ့ဒီစစ်ကြောင်းကြောင့် ဒေသခံရှစ်ထောင် ကျော် နေရပ်စွန့်ပြီးပြေးနေရတယ် အခုတော့ စစ်ကြောင်းနှစ်ကြောင်းလုံးကသူတို့အထိုင်နေရာတွေကို ပြန်ဆုတ်သွားပေမဲ့လို့ ဒေသခံအားလုံးတော့ပြန်မဝင်နိုင်သေးဘူး”လို့ပြောပါတယ်။ ရွှေဘိုနယ်ဖုတ်ကုန်းပျူရွာ နဲ့ ရွှေဘိုမြို့ အမှတ်၈ အခြေခံလေ့ကျင့်ရေးတပ်ပူးပေါင်းစစ်ကြောင်း အင်အား ၁၀၀ခန့်ဟာ ခင်ဦးနယ်တောင်ဘက်ခြမ်းက ရွာတွေကိုဝင်ရောက်နေပြီးတော့ခင်ဦးနယ်အနောက်ဘက်ခြမ်း မှာတော့ အင်းပတ်ကွေ့ဈေးတန်းအထိုင်တပ်နဲ့ ရွာသစ်ကုန်းရွာကပျူစောထီး ၃၀ ကျော်လောက်ပေါင်းပြီး စစ်ကြောင်းထိုးနေခဲ့တာလို့ သိရပါတယ်။ ခင်ဦးမြို့နယ်ထဲက အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ၊ လက်ပံလှ၊ ကျီးကန်၊ ရေအေးကုန်း၊ ရွာသန်း၊ ပဒွင်း၊ လက်ပံကြီး နဲ့ လောင်းရှည်စတဲ့ ကျေးရွာပေါင်း ၁၃ရွာက ဒေသခံ ၈၀၀၀ကျော် ထွက်ပြေးနေရတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂ သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင် တွေဖြစ်တယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ ၂ ရက်နေ့က … - [ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်](https://burmese.kachinnews.com/2023/08/09/zm1-87/): ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာ ကုန်ပစ္စည်းတင်သွင်းခွင့်ကို စစ်တပ်က ရက်အကန့်သတ်မရှိပိတ်ပင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။ - [ဆွမ်ပီယန်ရွာက ကျွှဲ၊နွားတွေမှာ အရေပြားရောဂါနဲ့လည်ချောင်းကွဲရောဂါဖြစ်ပွားနေပြီး သေဆုံးမှုများလာ](https://burmese.kachinnews.com/2023/08/08/wl/): ကချင်ပြည်နယ် ဆွမ်ပီယန်ရွာက ကျွှဲ၊နွားတွေမှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး အရေပြားရောဂါအဖြစ်များလာနေတဲ့အပြင် သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအရေပြားရောဂါနဲ့လည်ချောင်းကွဲရောဂါကြောင့် ပြီးခဲ့တဲ့တစ်လတာအတွင်း ကျွှဲ၊နွား သေဆုံးတဲ့ အကောင်ရေ ၂၀ ထက်မနည်းရှိခဲ့တယ်လို့ ဆွမ်ပီယန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဆွမ်ပီယန်မှာဆိုရင်လည်း နေရာတိုင်းမဖြစ်ဘူး ရွာအထက်ပိုင်းနဲ့အောက်ပိုင်းမှာဖြစ်တာ လည်ချောင်းကွဲရောဂါလို့ ပြောကြတယ်။ ခု နွားက ၅ကောင်လို့သေပြီ ကျွှဲက အကောင်ရေ ၂၀ ကျော်နေပြီ” လို့ပြောပါတယ်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်မှာ အရေပြားရောဂါကြောင့် အရင်နှစ်တွေမှာလည်းသေဆုံးတာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့သေဆုံးမှု အများဆုံးဖြစ်လာနေတယ်လို့ သိရပါတယ်။ အလားတူ စစ်ကိုင်းတိုင်း နန်းယွန်းမှာလည်း ကျွှဲ၊နွားအရေပြား ရောဂါအဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ နန်ယွန်းဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ ”ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ အနာတွေဖြစ်တာ ပိန်ပြီးတော့အနာတွေဖြစ်နေတာ ကျနော့်အိမ်ဘေးနားကတစ်ကောင်ဆိုသေတော့မယ်ပိန်ချုံးနေတာ အရင်ကမဖြစ်ဖူးဘူးဒီလိုဆိုးဆိုး ဝါးဝါးကြီးက အစာမစားဘူး အဲ့ကြောင့်ပိန်ချုံးနေတာနွားတွေက အစာစားလို့မရဘူးထင်တယ်သူတို့ ကိုကြည့်ရတာ ဘယ်လိုဆက်ဖြစ်လာမလဲစိုးရိမ်နေကြတယ် ”လို့ အသက် ၃၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ နန်းယွန်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဟာဝါးရွာ၊ လန်းနိုးကျေးရွာ၊ ရောင်ငွေးကျေးရွာစတဲ့ ကျေးရွာတွေက ကျွှဲ၊ နွားတွေမှာ အရေပြားရောဂါကူး စက်မှုပြင်းထန်လာနေသလို အဆိုးဝါးဆုံးက နန်းယွန်းမြို့ပေါ်က မြို့မ၊ရော်ကော့၊ယိုးဝတွေမှာဖြစ်ပြီး နယ်ကျေးရွာတွေမှာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ အဲ့ဒီအရေပြား ရောဂါကူးစက်မှုကြောင့် နန်းယွန်းမြို့ပေါ်မှာ သေဆုံးတဲ့နွား ၂ ကောင်ထက်မနည်းရှိနေပြီး နယ်ကကျေးရွာတွေမှာတော့ သေဆုံးတဲ့အထိမရှိသေးပေမယ့် ကူးစက်မှုပြင်းထန်နေလို့ဒေသခံ တွေက ပြောပါတယ်။ နန်းယွန်းမြို့နယ် တိ/ကုဌာန အနေနဲ့အဲ့ဒီနွားအရေပြားရောဂါကို အမည်နာမဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးသလို ထိရောက်တဲ့ကုသမှုလည်းမပေးနိုင်သေးဘူးလို့ဒေသခံတွေဆီကနေ သိရပါတယ်။ … - [ဖားကန့် မှော်ရှန်ဘုန်းကြီးကျောင်းရောက် စစ်ရှောင်တစ်ထောင်ကျော်အတွက် အစားအသောက် ကူညီထောက်ပံ့မှုအရေးပေါ် လိုအပ်နေ](https://burmese.kachinnews.com/2023/08/08/ld-15/): ဖားကန့် ကသိုဏ်းတောင် (Kasen Bum) တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ပြည်သူ ၁ ထောင်ကျော် အတွက် အစားအသောက်နဲ့ဆေးဝါးကူညီမှုလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ - [နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ](https://burmese.kachinnews.com/2023/08/08/wl2-7/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။ - [နမ့်ဖတ်ကာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားလာရင် ပြည်သူတွေကို မငဲ့တော့ဘဲ လက်နက်ကြီးပစ်ခတ်တော့မယ်လို့ စစ်တပ်ပြော](https://burmese.kachinnews.com/2023/08/08/ld1-48/): ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာရင် ဒေသခံပြည်သူတွေကို မငဲ့ညာတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တော့မယ်လို့ သတိပေးပြောဆိုလာတဲ့အတွက် နမ့်ဖတ်ကာဒေသခံတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။ - [ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ](https://burmese.kachinnews.com/2023/08/08/am2-2/): စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ - [တနိုင်းမှာ ပထွေးဖြစ်သူက ၇ နှစ်သမီးငယ်ကို အဓမ္မပြုကျင့်](https://burmese.kachinnews.com/2023/08/08/yl1-96/): ကချင်ပြည်နယ် တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်မှာ ပထွေးဖြစ်သူက အသက် ၇ နှစ်အရွယ်လောက်ရှိတဲ့ သမီးဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ](https://burmese.kachinnews.com/2023/08/08/am1-8/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ - [သင်္ဘောဆန်တက်ချိန် လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရွာသား ၃၀ ကျော်ကို စစ်တပ်ကဖမ်းသွား](https://burmese.kachinnews.com/2023/08/08/wl1-12/): ရွှေကူမြို့နယ် အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရွာတွေက  အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ် လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေကို ပုဒ်မ ၅၀၅- က နဲ့အမှုဖွင့် အရေးယူ](https://burmese.kachinnews.com/2023/08/08/zm1-86/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသန်းမြင့်ဝေကို စစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅– က နဲ့ အမှုဖွင့်အရေးယူလိုက်ပြီလို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ - [ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ](https://burmese.kachinnews.com/2023/08/07/cj1-2/): ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို  ဒီနေ့မနက် ကချင်လွတ်‌လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။ - [ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့](https://burmese.kachinnews.com/2023/08/07/zm2-16/): ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ - [ရွှေကူမှာ စစ်သင်္ဘောဆိုက်ခါနီး လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ရေလဲရွာက အမျိုးသမီးတစ်ဦးကျည်ထိမှန်  ](https://burmese.kachinnews.com/2023/08/07/wl1-11/): ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ ရွှေကူ သင်္ဘောဆိပ်မှာ စစ်သဘော် ၉ စီး ဆိုက်ကပ်ခါနီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်လာတဲ့အတွက် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [KIO ကို လူမျိုးရေး၊ ဘာသာရေးအားဖြင့် သွေးခွဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်](https://burmese.kachinnews.com/2023/08/07/zm1-85/): မြန်မာ့သမိုင်း နောက်ပြန်လှန်ကြည့်လိုက်ရင် စစ်ကောင်စီတပ်ဟာ နိုင်ငံရေးအကြပ်ရိုက်လာချိန်တိုင်း ဘာသာရေး၊ လူမျိုးရေး သွေးခွဲတိုက်ခိုက်နည်းကိုအသုံးပြုခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ နည်းလမ်းကို  ပြန်လည်ကျင့်သုံးနေပါတယ်။ - [ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်](https://burmese.kachinnews.com/2023/08/07/zm1-84/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ  ကသိုဏ်းတောင်ကို ၈ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ စခန်းကိုလည်း အားလုံးမီးရှိုဖျက်ဆီးလိုက်နိုင်ခဲ့ပြီဆိုပြီး အဲမှာနေတဲ့သူတွေကပြောလာတယ်”လို့ပြောပါတယ်။ KIA ဘက်က သွားရောက်သွားတိုက်ခိုက်ခဲ့တဲ့ ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းဟာ အနီးပတ်ဝန်းကျင်မှာ လယ်ယာလုပ်ကိုင်စားသောက်တဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးတာတွေ အခွန်ကောက်ခံတာ ပိုမိုဆိုးရွားလာတဲ့အတွက် ခုလိုသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒီမနက်တိုက်ခိုက်ခံရမှုများ စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံးပြုတ်သွားတဲ့အပြင် တပ်စခန်း ၂ ခုစလုံးက ထိခိုက်သေဆုံးသူစာရင်းနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့စာရင်း အတိကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ နမ့်မော်ရွာနားမှာထိုင်ထားတဲ့ စစ်တပ်စခန်းနဲ့ ကသိုင်းတောင်စစ်တပ်စခန်းဟာ ဖားကန့်အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့တောင်ကုန်းတွေဖြစ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဲနမ့်မော်ဆိုတာကလည်း စစ်ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ် အဲကနေ ဆိုင်းတောင်ရွာတစ်လှမ်းမိုးနိုင်တဲ့အမြင့်မှာရှိထားတာ။ဆိုင်းတောင်ရွာရဲ့တောတစ်ခြမ်းကိုကာထားတာ နမ့်မော်ရဲ့ဟိုဘက်မှာ ကသိုဏ်းတောင် ကသိုဏ်းတောင်တစ်ဖက်ဆိုရင်တောတွေဘဲရှိတော့တယ်။ စစ်ရေးအရဆိုရင် တာမခံ၊ဟောင်ပါးကိုဖြတ်တောက်နိုင်တဲ့နေရာဖြစ်တယ်” လို့ပြောပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲဟာ မနက် ၈ နာရီအထိပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ကူတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနမ့်မော်ရွာစခန်းကုန်းနဲ့ ကသိုဏ်းတောင်စခန်းကုန်းဟာ ဖားကန့် မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး တပ်စခန်း အင်အား ၆၀ ဝန်းကျင်ရှိကာ စစ်ကောင်စီတပ်အတွက် အဓိက တပ်စခန်းကူန်းတစ်ခုလို့လည်းသိရပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ဇူလိုင်လကလည်း ပန်းတင်တံတားမှာရှိတဲ့စစ်တပ်ရဲ့ တပ်စခန်းဂိတ်တစ်ခုကို KIA၊ PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။ - [အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာရှိတဲ့ တုံစီတံတားဖောက်ခွဲခံလိုက်ရပြီးနောက် ဆိုင်ကယ်ကယ်ရီခ အဆမတန်မြင့်တက်](https://burmese.kachinnews.com/2023/08/04/wl2-6/): အင်းတော်–ဗန်းမောက်ကားလမ်းပိုင်းရှိ တုံစီတံတား မိုင်းခွဲခံရပြီးနောက် ဆိုင်ကယ်ကယ်ရီခမြင့်တက်လာတာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာနေတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပုလဲမှာ PDF ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/08/04/am1-7/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး လည်ပင်းလှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကျောက်ထုံးကြီးကျေးရွာအဝင်မှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့](https://burmese.kachinnews.com/2023/08/04/zm3-3/): စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျောက်ထုံးကြီးကျေးရွာအဝင် လမ်းမကြီးဘေးမှာ ရိုက်နက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/08/04/ld1-47/): ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ - [မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ](https://burmese.kachinnews.com/2023/08/04/zm2-15/): မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး](https://burmese.kachinnews.com/2023/08/04/wl1-6-2/): စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ - [နမ္မတီးစည်ပင်ဦးစီးမှူး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/08/04/zm1-83/): မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်းကူးနားမှာ နမ္မတီး စည်ပင်ဌာနက ဦးစီးမှူး မနေ့ည ၈နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ - [ဒီပဲယင်းက မရကန်ရွာ ၃ ကြိမ်မြောက်မီးရှို့ခံရ](https://burmese.kachinnews.com/2023/08/04/sm1-132/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၃ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် နေအိမ်၂၇လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မန္တလေးတိုင်းကနေတက်လာတဲ့ စစ်သင်္ဘော ၉ စီးမှာအချုပ်သား ၅၀ ကျော်တင်ဆောင်လာ](https://burmese.kachinnews.com/2023/08/04/wl1-10/): ကချင်ပြည်နယ်ထဲကို ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးမှာ ကသာနယ်ထဲဝင်ရောက် နေပြီဖြစ်ပြီး သင်္ဘောထဲမှာအချုပ်သား ၅၀ ကျော်လည်း ပါဝင်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ - [ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/08/03/zm1-82/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် မနေ့ည ၈နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ - [မန္တလေးကနေ ကချင်ပြည်ဘက်ဆန်တက်နေတဲ့ စစ်သင်္ဘောကနေ စစ်ကောင်စီတပ်တွေက မြစ်ကမ်းတစ်လျှောက် ရွာတွေကို ဆက်တိုက်ပစ်ခတ်လာ](https://burmese.kachinnews.com/2023/08/03/sm1-131/): မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော ၉စီးက စစ်ကောင်စီတပ်သားများဟာ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုဆက်တိုက်ပစ်ခတ်လာနေတယ်လို့ ထီးချိုင့်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ - [ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့](https://burmese.kachinnews.com/2023/08/03/wl2-5/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [စစ်ကောင်စီပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မူဆင့် ဒေသခံ ၃ ဦးတစ်လကျော်ကြာပျောက်ဆုံးနေ](https://burmese.kachinnews.com/2023/08/03/wl1-9/): ကချင်ပြည်နယ် မံစီမြို့နယ် မူဆင့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ မူဆင့်ဒေသခံအမျိုးသား ၃ ဦး တစ်လကျော်ကြာတဲ့အထိပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်လျော့လိုက်တဲ့အပေါ် အမြင်များ](https://burmese.kachinnews.com/2023/08/03/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%92/) - [အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/08/02/wl1-8/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တနိုင်းချောင်းတံတားအောက်က စွန့်ပစ်အမှိုက်တွေကြောင့် အမှိုက်ပုံနားနေထိုင်တဲ့ ဒေသခံများ ဖျားနာသူများလာ](https://burmese.kachinnews.com/2023/08/02/bb1-34/): ကချင်ပြည်နယ် တနိုင်းမြို့ပေါ်တံတားအောက်မှာ စည်းမဲ့ကမ်းမဲ့ လာရောက်စွန့်ပစ်ထားတဲ့ အမှိုက်အညစ်အကြေးကြောင့် အမှိုက်ပုံဘေးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၃ဦး မြွေကိုက်ခံရပြီး ၁ ဦးသေဆုံး](https://burmese.kachinnews.com/2023/08/02/sm1-130/): စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်း မြွေကိုက်ခံရသူ ၁၃ ဦးအထိရှိခဲ့ပြီး ၁ဦး သေဆုံး ခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကသိရပါတယ်။ - [မြစ်ဆုံဒေသမှာ လုပ်ငန်းရှင်တစ်ချို့ တားမြစ်နေရာသတ်မှတ်ပြီး နယ်မြေတိုးချဲ့လာတာကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာ](https://burmese.kachinnews.com/2023/08/02/dl1-3/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်မှာရှိတဲ့ မြစ်ဆုံဒေသမှာ အာဏာရှိသူတွေက တားမြစ်နယ်မြေတွေသတ်မှတ်ပြီး နယ်မြေတိုးချဲ့သိမ်းယူမှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်တစ်ချို့က အကျဉ်းသား၊သူ ၁၅၉ ဦးလွတ်မြောက်၊ နိုင်ကျဉ်း ၁၅ ဦးပါဝင်](https://burmese.kachinnews.com/2023/08/02/zm1-81/): ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား၊သူ  ၁၅၉ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာတယ်လို့ သိရပါတယ်။ - [ဒရုန်းစစ်ဆင်ရေးကြောင့် ကသာ နဲ့ ရွှေကူဒေသ စစ်ကောင်စီတပ်ကို အသာစီးရယူ (မေးမြန်းချက်)](https://burmese.kachinnews.com/2023/09/22/zm1-114/): ကချင်–စစ်ကိုင်း အစပ်ဒေသ၊ ကသာအထက်ပိုင်း နဲ့ ရွှေကူမြို့နယ် တစ်လျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ၂ နှစ်ကျော်ရှိလာနေပြီ ဖြစ်ပါတယ်။ အခုနှစ်တွေမှာတော့ မြို့လှနဲ့ ရွှေကူမြို့တစ်လျှောက် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပိုပြီးအထိနာနေတယ်လို့ မြို့လှ K-PDF တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ - [စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း လိုက်နာကြဖို့ လိုက်လံစည်းရုံးနေ](https://burmese.kachinnews.com/2023/09/22/yl1-118/): စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်မှာ ပြစ်မှု မကျူးလွန်ကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်မှုမရှိကြဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တို့က ပြည်နယ်အတွင်း လှည့်လည်စည်းရုံးပြောဆိုနေတယ်လို့သိရပါတယ်။ - [တန်ဖရဲဂိတ်မှာ လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/09/22/zm1-113/): မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာဂိတ်မှာ စစ်ကောင်စီတပ်တွေဟာ ပူတာအိုဘက်ကနေဆင်းလာတဲ့ ခရီးသည်တွေထဲက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ချိပ်ပိတ်ခံရပြီး ဆိုင်ရှင်ကိုလည်းဖမ်းဆီး](https://burmese.kachinnews.com/2023/09/21/am1-29/): စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် ဈေးလမ်းက Hello Mobile ဖုန်းဆိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖုန်းဆိုင်ကိုပါချိပ်ပိတ်သွားတယ်လို့ စစ်ကိုင်းမြို့‌ဒေသခံတွေဆီက သိရပါတယ်။ - [ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/09/21/ny2-2/): ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ  ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ‌ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစ်စီးပစ်ခံရ ရဲတပ်ကြပ် တစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/09/21/ny1-5/): ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးစီးလာတဲ့ ကားတစ်စီးပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး](https://burmese.kachinnews.com/2023/09/21/zm1-112/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ - [ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/09/20/ld3/): မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ - [ပုလဲနယ်မှာ စစ်ကောင်စီတပ်က ပျူစောထီးရွာတွေအတွက် ရိက္ခာစုစောင်းပေးနေ](https://burmese.kachinnews.com/2023/09/20/am1-28/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းပြီးတော့ ပျူစောထီးရွာ ၂ ရွာအတွက် တစ်ရွာဝင်တစ်ရွာထွက်ပြီး ပြည်သူတွေရဲ့ ဆန်နဲ့စားသောက်ကုန်တွေကို ရိက္ခာအဖြစ်သိမ်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/09/20/ld2-15/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်တပ်ကနေ နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ - [စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို](https://burmese.kachinnews.com/2023/09/20/ld1-63/): ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ - [မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်](https://burmese.kachinnews.com/2023/09/20/wl2-19/): စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ - [ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး  စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး](https://burmese.kachinnews.com/2023/09/20/zm1-111/): ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ်ဘက်က  ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတာ‌တွေရှိတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ - [ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/09/20/yl1-117/): ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ](https://burmese.kachinnews.com/2023/09/20/am2-9/): စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။ “ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့ ရိက္ခာနဲ့ ပြီးတော့ မိုးတွင်းဆိုတော့ ဆောင်နဲ့ ခြင်ထောင်တွေရယ် ဆေးဝါးတွေလိုအပ်နေတယ်“လို့ကိုသူရိန်ဇင်ကပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် အမည်မဖော်လိုတဲ့အရပ်ဘက် အဖွဲ့အစည်းတစ်ခုက တစ်လကို အိမ်ထောင် တစ်စုကို သုံးသောင်းထောက်ပံ့ပေးပေမဲ့လို့ ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက် စားဝတ်နေရေးက ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ အာဏာသိမ်းပြီးကတည်းက သူတို့နေထိုင်တဲ့ ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလိုက်တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုမှာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ ကိုသူရိန်ဇင်ကပြောပါတယ်။ “ဝေးလံတယ်အဲ့ဒီစခန်းက အကူညီပေးဖို့တောင် မိုင်၄၀လောက်သွားရတယ် ကားခပေးဖို့တောင်၁၀သိန်း လောက်တောင်းတာရှိတယ် အဲ့တာကြောင့် အမြဲသွားဖို့ကြလည်း လမ်းကလည်းကြမ်းတယ် မြေကြီးလမ်း အခုသွားမယ်ဆို မိုးကကြီးတော့ တောင်တွေပါပြိုတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်စခန်းဟာ မြို့ပြ နဲ့မိုင် ၄၀ လောက်အကွာအဝေးရှိပြီးတော့ တစ်စုံတစ်ရာအကူညီပေးဖို့ ဆိုင်ကယ်နဲ့ပဲ သွားလို့ရတယ်လို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေ ၅၀၀ ကျော်လောက်နေထိုင်ကြပြီးတော့ အဲ့ဒီထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်ခဲ့တဲ့ ကြံသာရွာနဲ့ဟံသာဝတီရွာကနေ ထွက်ပြေးလာရတာ ၂ နှစ်ကျော်ကြာလာပြီဖြစ်သလို လက်ရှိအချိန်ထိ ကြံသာနဲ့ဟံသာဝတီရွာထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းက အကူညီ အလိုအပ် ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က … - [အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မသန်စွမ်းတွေ စားဝတ်နေရေးပိုခက်ခဲလာ](https://burmese.kachinnews.com/2023/09/20/am1-26/): မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာ တာနဲ့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေကြောင့် နိုင်ငံတစ်ဝှမ်းကမသန်စွမ်းတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေဆီကနေ သိရပါတယ်။ - [အင်းတော်နယ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/09/20/wl1-34/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF တပ်ဖွဲ့တွေကြား စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး မနေ့ညအထိနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ - [ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2023/09/19/wl1-33/): ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ - [ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ](https://burmese.kachinnews.com/2023/09/19/yl1-116/): မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။ - [စစ်ကောင်စီတပ်တွေဟာ ရေလှဲကျေးရွာက လူနေအိမ်ရာချီမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးထား](https://burmese.kachinnews.com/2023/09/18/wl2-18/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကနေ ဝင်ရောက်နေပြီး လူနေအိမ်ရာချီကိုမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့လည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/09/18/yl1-115/): ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ်အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ - [မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2023/09/18/ld1-62/): ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA  တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ - [အင်းတော်နယ်မှာ ညဘက်စစ်ကောင်စီရဲ့ဒရုန်းတွေ ပျံဝဲနေတဲ့အတွက် NUG ကျောင်းတွေကို ပိတ်ထားရ](https://burmese.kachinnews.com/2023/09/18/wl1-32/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ညဘက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ် ရှားမှုတွေရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။ - [ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2023/09/18/zm2-19/): ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပုလဲမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးစစ်ကြောင်းတွေတိုက်ခိုက်ခံရလို့ ၁ဦးသေဆုံး](https://burmese.kachinnews.com/2023/09/18/am1-27/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သား နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ် ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး သေနတ်တစ်လက် ပါသိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ် ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ - [စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၆ စီး ဝင်ရောက်လာလို့ ပြည်သူတွေရဲ့ရွှေမော်တော်ယာဉ်တွေ အများအပြားမီးရှို့ခံရ](https://burmese.kachinnews.com/2023/09/18/zm1-110/): ရွှေကူမြို့နယ် ရေပျံသင်္ဘောဆိပ်မှာ ဆိုက်ထားတဲ့ စစ်တပ်ရဲ့သင်္ဘော ၆ စီး ဒီကနေ့ မနက် ဧရာဝတီမြစ်အထက်ဘက်ကို ဆက်ပြီးဆန်တက်နေချိန်တစ်ဆက်တည်းမှာဘဲ ရွှေကူ အမှတ် ၂ ရွာသစ်မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ပြည်သူတွေရဲ့ ရွှေမော်တော်ယာဉ်ခေါ် (စက်လှေ) တွေကို မီးရှို့ပြီး ဆန်တက်နေတယ်လို့ ရွှေကူဒေသခံတွေကပြောပါတယ်။ - [တိုင်းရင်းသားဘာသာရုပ်သံအစီစဉ် (စက်တင်ဘာလ ၁၆)](https://burmese.kachinnews.com/2023/09/16/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9e/) - [တိုက်ပွဲ ဒေသဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေ](https://burmese.kachinnews.com/2023/09/16/yl2-24/): ကချင်ပြည်နယ် ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလထဲ မနောပွဲတော်ကြီးကျင်းပဖို့ စီစဉ်နေတဲ့အပေါ်မှာ ဒေသခံတစ်ချို့က မလုပ်ဖို့ တောင်းဆို ကန့်ကွက်တာတွေရှိပေမယ့် စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ၅ ရက်သာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ - [လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/09/16/yl1-114/): မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် နမ့်ဆန်ယန်ကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီမနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ - [ပြန်လည် လှုပ်နိုးလာသည့် မြစ်ဆုံစီမံကိန်း](https://burmese.kachinnews.com/2023/09/15/cj-feature1/): မြန်မာပြည်မြောက်ဖျားပိုင်း မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်အစမှာ တရုတ်ရင်းနှီးမြုပ်နှံမှု ရေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်သည့် “မြစ်ဆုံ” စီမံကိန်းရပ်နားခဲ့သည်မှာ ဆယ်စုနှစ် တစ်စု ကျော်လာ ခဲ့ပြီ  ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ရပ်နားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ အစိုးရလက်ထက်တွင်လည်း အကောင်အထည်ဖော်ခြင်းမရှိခဲ့ပြီးနောက် စီမံကိန်းနှင့်ပတ်သက်ပြီး ပြောဆိုမှုများလည်း တိုးတိတ်နေခဲ့သည်။ - [ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/09/15/am1-25/): စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ကသာနယ်မှာ  အရပ်သား  ၉ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/09/15/wl1-31/): စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ](https://burmese.kachinnews.com/2023/09/15/wl1-30/): ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင််ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အမျိူးသားတစ်ဦး ဒီနေ့မနက်ပိုင်းက သေနတ်ပစ်ခံလိုက်ရကြောင်း မှော်ဝမ်းရပ်ကွက်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ - [မိုင်းနောင်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA ၊PDF တို့ကြား တိုက်ပွဲဖြစ်ပွား ](https://burmese.kachinnews.com/2023/09/13/wl2-17/): ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက် ရွှေမှော်တွေရှိတဲ့ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုင်းနောင်ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ်က စင်းခန်းရွာကနေ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့](https://burmese.kachinnews.com/2023/09/13/wl1-29/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာတံတားထိပ်ကနေ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့လို့  ကျေးရွာတွင်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ စင်းခန်းဒေသခံတွေက ပြောပါတယ်။ - [ခခူး အူးမားဂါး ဒေသခံတွေ အစားအသောက်ပြတ်လပ်ဒဏ် ကြုံတွေ့နေရ](https://burmese.kachinnews.com/2023/09/12/ld1-61/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်အရှေ့ဘက်ခြမ်းဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခအပါအဝင် ၃ သိန်းကျော်အထိ ကုန်ကျနေလို့ ဒေသခံပြည်သူများ အစားသောက်ပြတ်လပ်ဒဏ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [ကျောက်စိမ်းတူးနေတဲ့ အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပျောက်ဆုံးနေ](https://burmese.kachinnews.com/2023/09/12/ny1-4/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ကထန်နဲ့– ဆန်ခါရွာကြားမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်နေရာမှာ လက်လုပ်ကျင်းတူးနေတဲ့အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပြီး ရေနစ်မြုပ်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။ - [မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး](https://burmese.kachinnews.com/2023/09/12/am1-24/): ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [ခလားမှာတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်း ထိခိုက်သေဆုံးမှုများတဲ့အတွက် ယာဉ်တန်းတစ်ကြောင်းလုံး ဆုတ်ခွာ](https://burmese.kachinnews.com/2023/09/12/yl1-113/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အထက် ခလားရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရဲ့ လမ်းကြောင်းပိတ် ဆို့ပြီး တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းတစ်ဖွဲ့လုံးအထိနာ သေဆုံးမှုများလာတဲ့အတွက် ပြန်ပြီးဆုတ်ခွာသွားပြီလို့ ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပုလဲတိုက်ပွဲမှာ စစ်ကောင်စီက အထိနာသဖြင့် လေကြောင်းဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2023/09/12/%e1%80%95%e1%80%af%e1%80%9c%e1%80%b2%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84/) - [စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ](https://burmese.kachinnews.com/2023/09/11/ld1-60/): မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ - [စစ်သင်္ဘော ၆ စီး မန္တလေးကနေ ဧရာဝတီမြစ်အထက်ဘက်ကို ဆန်တက်လာ](https://burmese.kachinnews.com/2023/09/11/am2-8/): မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လက်နက်နဲ့ ရိက္ခာအပြည့်တင်ဆောင်ထားတဲ့ စစ်သင်္ဘော ၆ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဦးတည်ပြီး ဆန်တက်လာနေတယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေ](https://burmese.kachinnews.com/2023/09/11/ny2/): ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ နဲ့ ဘဇံချောက်ကျေးရွာအကြား လမ်းမပေါ် ရှိ ဒေသအခေါ် (သရက်ခြံ)မှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့အပြင် တစ်ကိုယ်လုံးဓါးခုတ်ဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မော်တိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ ပျဥ်တွေကို ခိုးထုတ်ရောင်းချနေ](https://burmese.kachinnews.com/2023/09/11/wl2-16/): အင်းတော်မြို့နယ် မောတိတ်ကျေးရွာမှာ ဒေသခံတွေအိမ်ဆောက်ဖို့ စုဆောင်းထားတဲ့ ပျဥ်တွေကို စစ်ကောင်စီက ခိုးထုတ်ပြီးတော့ ရောင်းချနေတယ်လို့ သိရပါတယ်။ - [တပ်မ ၈၈ လက်အောက်ခံ တပ်သား ၃ ဦး မြို့လှ KPDF တပ်ရင်းဆီမှာ အလင်းဝင်လာ](https://burmese.kachinnews.com/2023/09/11/zm1-109/): ကချင်ပြည်နယ် ဗန်မော်ခရိုင်ထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်က တပ်သား ၃ ဦးဟာ KIA တပ်မဟာ ၈ ၊ အမှတ် ၅ တပ်ရင်း မြို့လှ K-PDF ထံမှာ အလင်းဝင်ရောက်လာတယ်လို့ မြို့လှ K-PDF ကမနေ့က ထုတ်ပြန်ထားပါတယ်။ - [စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း](https://burmese.kachinnews.com/2023/09/11/am1-23/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကြားကာလပညာသင်ကြားနေတဲ့စာသင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ခလားယန်(Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေ](https://burmese.kachinnews.com/2023/09/11/yl1-112/): စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန်(Hkala Yang)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့  ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟောင်ပါးမှာ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀ ဦးကျော် ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2023/09/11/wl1-28/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဟောင်ပါးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အရပ်သား ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ - [ပြည်သူ့အလောင်းခင်းပြီး ရထားလမ်းပြန်ဆွဲဖို့လုပ်နေတဲ့ စစ်တပ်](https://burmese.kachinnews.com/2023/09/09/am-feature1/): “ကိုယ်ဝန် ၃ လရှိတဲ့ အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်တယ်။ ပြီးတော့ တော်တော်ယုတ်မာရိုင်းဆိုင်းစွာပဲ အမျိုးသမီးရဲ့ အင်္ဂါထဲမှာ Royal D အချိုရည်ဘူးကို အတင်းအဓမ္မ ထိုးထည့်ပြီးတော့ ဇက်ကို ဓားနဲ့လှီးပြီး သတ်သွားတာ” - [စစ်ယာဉ်တန်း ပြန်ထွက်နိုင်ဖို့ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်](https://burmese.kachinnews.com/2023/09/09/yl1-111/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် ရိက္ခာသယ် ထောက်ပို့ယာဉ်တန်းတွေ ထွက်ခွာဖို့ ပြင်ဆင်နေချိန် အနီးနားက စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး](https://burmese.kachinnews.com/2023/09/09/wl1-27/): ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့  အင်းတော်ဒေသခံတွေက ပြောပါတယ်။ - [ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် (စက်တင်ဘာလ ၉ ရက်)](https://burmese.kachinnews.com/2023/09/09/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%98%e1%80%ac%e1%80%9e%e1%80%ac-2/) - [စစ်တပ်ထောင်ခဲ့တဲ့ မိုင်းတွေကို ဒေသခံတွေ ကိုယ်ထူကိုယ်ထနဲ့ မှိုင်းရှင်းလင်းနေရ](https://burmese.kachinnews.com/2023/09/08/wl2-15/): ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလဆန်းပိုင်းအထိ ဝင်ရောက်တပ်စွဲခဲ့တဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာအတွင်းအပြင်မှာ နင်းမိုင်းထောင်ခဲ့တဲ့အတွက် အင်းဒရန်းကျေးရွာခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ မှိုင်းရှင်းလင်းနေရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။ - [စဗျစ်ခူးရွာကို ရွာလုံးကျွတ်ပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖို့ စီစဉ်နေ](https://burmese.kachinnews.com/2023/09/08/zm1-107/): ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု စ‌ဗျစ်ခူးမှော်ကျေးရွာတစ်ရွာလုံးကိုပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီစဉ်နေကြတယ်လို့ စဗျစ်ခူးကျေးရွာက ပြည်သူတွေ ပြောပါတယ်။ - [ကုန်စက်လှေတွေ တစ်လကျော်ပိတ်ခဲ့လို့ ကုန်စိမ်းသည်များ အရှုံးပေါ်](https://burmese.kachinnews.com/2023/09/08/wl1-26/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲကိုဝင်မယ့် ကုန်စက်လှေတွေ ကနီနယ်ဘက်မှာ တစ်လလောက်ပိတ်မိခဲ့လို့ ကုန်စိမ်းများ ပုပ်ပွပြီး အရှုံးပေါ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဒေါ့ဖုန်းယန်ထဲ ဝင်လာတဲ့စစ်ကြောင်းက ရွာသားတွေရဲ့ အဖိုးတန်ပစ္စည်းများ လုယူသွား](https://burmese.kachinnews.com/2023/09/08/yl1-110/): ဒေါ့ဖုန်းယန်မြို့ထဲကို စက်တက်ဘာလ ၇ ရက်နေ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပန်းကောင်းမှုနဲ့ လုံဂျူယန် ကျေးရွာထဲက နေအိမ်တွေကို ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူသွားကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [လုံးခင်း စစ်တပ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းသွားလမ်းလာပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းခံ](https://burmese.kachinnews.com/2023/09/08/zm1-106/): ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်မှာ စစ်ကောင်စီတပ် နဲ့ ရဲတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာပြည်သူတွေကို ငွေကြေးတောင်းခံနေတဲ့အတွက် သွားလာရေးမှာ ပိုမိုခက်ခဲလာတယ်လို့ လုံးခင်းရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။ - [ဖားကန့်သတင်းထောက် တာလင်းမောင် ကားတိုက်ခံရ](https://burmese.kachinnews.com/2023/09/08/zm1-108/): ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ဟာ စက်တင်ဘာလ ၈ ရက် ဒီညနေ ၅ နာရီ ၃ မိနစ်မှာ ကားတိုက်ခံရတယ်လို့  Red News Agency သတင်းဌာနက တရားဝင်ထုတ်ပြန်လာပါတယ်။ - [မုံရွာမှာ ကာကွယ်ရေးတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး](https://burmese.kachinnews.com/2023/09/07/am2-7/): စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြေးမုံရွာနားက ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရပြီးတော့ ၂ ဦးဆေးကုသမှုခံယူ နေရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီကနေ သိရပါတယ်။ - [သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံး](https://burmese.kachinnews.com/2023/09/07/am1-22/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဩဂုတ်လ ၆ရက်နေ့ မနက်ပိုင်း ၈နာရီ လောက်က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ - [တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေ အာဏာရှင်ဆန်လာခဲ့ရင် ပြတ်ပြတ်သာသားဖယ်ထုတ်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလပြော](https://burmese.kachinnews.com/2023/09/07/zm1-105/): တော်လှန်ရေးမှာပါဝင်နေသူတွေအနေနဲ့ အာဏာရှင်မဆန်ကြဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေလည်း ပြည်သူကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့နဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ( ၂ ) နှစ်ပြည့်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာ ပြောကြားလိုက်ပါတယ်။ - [ဒေါ့ဖုန်းယန်အနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ](https://burmese.kachinnews.com/2023/09/07/yl3-4/): ဒေါ့ဖုန်းယန့်မြို့အနောက်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ပန်ကောင်းမှုနဲ့ လုံဂျုံယန်ရပ်ကွက် ၂ ခုက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ - [ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၁ ယောက်မြွေကိုက်ခံရပြီး ၂ ယောက်သေဆုံး](https://burmese.kachinnews.com/2023/09/06/sm1-133/): စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း မြွေပွေးကိုက်ခံရသူ ၁၁ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲမှာ ၁၄နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ - [ပျဉ်ထောင်လေးရွာက နေအိမ် ၃၀ ကျော်ကို စစ်တပ်ကမီးရှို့သွား](https://burmese.kachinnews.com/2023/09/06/wl2-14/): စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပျဥ်ထောင်လေးရွာကို စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လူနေအိမ် အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။ - [ရွှေကူမြို့ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2023/09/06/wl1-25/): ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီကနေ့တစ်ရက်ထဲ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ်ဖမ်ကာရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ](https://burmese.kachinnews.com/2023/09/06/ld1-59/): ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်ကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသလို TNLA ဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ - [ဂျာပူနဲ့ ဒဘတ်ကြားမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/09/06/yl1-109/): မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် မှာရှိတဲ့ ဂျာပူရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်တော် KIA တပ်ဖွဲ့တို့ကြား ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မိုးညှင်းမှာ စစ်တပ်သတင်ပေး အမျိုသားတစ်ယောက် ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/09/06/zm1-104/): ကချင်ပြည်နယ်  မိုးညှင်းမြို့  အရှေ့စုရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အမျိုးသားတစ်ယောက် စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က ပြောပါတယ်။ - [အင်းတော်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်](https://burmese.kachinnews.com/2023/09/05/wl3-4/): စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်လိုက်ပြီး ကျန် ၂ ယောက်ကိုတော့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ်တွေကြောင့် ကုန်တင်စက်လှေတွေပိတ်မိနေပြီး ဟုမ္မလင်းနယ်ထဲ အခြေခံစားသောက်ကုန်ပြတ်လပ်](https://burmese.kachinnews.com/2023/09/05/wl2-13/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်း – ခန္တီးဘက်ကို စစ်ကောင်စီရဲ့ သံခွန်မော်တော်ယာဥ်တွေတက် လာနေတာကြောင့် ဟုမ္မလင်းနယ်ဘက်ပို့မယ့် ကုန်တင်စက်လှေတွေ ပိတ်မိနေလို့ ဟုမ္မလင်းနယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်းရွာနားမှာ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/09/05/yl1-108/): ဗန်းမော်ဘက်ကနေ နမ့်ဆန်ယန်ကို စစ်အင်အားအပါ ရိက္ခာတင်ဆောင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်း(Dasai Mare) ရွာနားမှာ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ - [ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး](https://burmese.kachinnews.com/2023/09/05/zm1-103/): ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ - [ဆားလင်းကြီးမှာ ဈေးသည်အမျိုးသားတစ်ယောက် ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/09/04/am2-6/): စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိတ်သားရောင်းတဲ့ ဈေးသည်တစ်ယောက်သေဆုံးခဲ့ရတယ်လို့ အညာပစ်တိုင်းထောင် လေးများအဖွဲ့ဆီကသိရပါတယ်။ - [မော်တိတ်စစ်ဘေးရှောင်တွေ ရာသီတုပ်ကွေးအဖြစ်များနေ](https://burmese.kachinnews.com/2023/09/04/wl2-12/): စစ်ကိုင်းဒေသကြီး အင်းတော်နယ် မော်တိတ်ဒေသ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ ရာသီတုပ်ကွေးအဖြစ်များနေလာနေတယ်  မော်တိတ်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကန့်ဘလူမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/09/04/am1-21/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်ကခြမ်းကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ](https://burmese.kachinnews.com/2023/09/04/wl1-24/): ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  K-PDF ဘက်က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။ - [ဇင်ယော်ဆီဆိုင်ကို စစ်တပ်က ဘက်ဟိုးနဲ့ဖျက်ဆီး](https://burmese.kachinnews.com/2023/09/04/zm1-101/): ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားတဲ့ ဝန်ထမ်းအယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်လွတ်ပေးတာမရှိတဲ့အပြင် ဇင်ယောက်ဆီဆိုင် တစ်ဆိုင်ကိုလည်း မနေ့က နေ့လည်ပိုင်းမှာ ဘက်ဟိုးနဲ့ဖြိုချဖျက်ဆီးပေးလိုက်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ - [ဖားကန့် မှာ ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးတက်ခိုးယူသူ ဓါတ်လိုက်သေဆုံး](https://burmese.kachinnews.com/2023/09/03/ny1-3/): ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ဆိုင်း‌အောင်ကျေးရွာမှာ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာ‌ပေါ်က ကေဘယ်ကြိုးကို တက်ခိုးယူတဲ့အမျိုးသားတစ်ယောက် ဓါတ်လိုက် သေဆုံးခဲ့တယ်လို့ ဆိုင်းအောင် ဒေသခံတွေဆီက သိရပါတယ်။ - [ကသာနယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် KIA၊ PDFတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2023/09/01/wl1-23/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊PDF ပူးပေါင်း တပ်ဖွဲ့တွေကြား ၃ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေရဲ့နေအိမ် တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ - [နမ့်ဖတ်ကာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ယောက်သေဆုံး ၂ ယောက် ဒဏ်ရာပြင်းထန်ရ](https://burmese.kachinnews.com/2023/09/01/ld1-58/): ရှမ်းမြောက် နမ့်ဖတ်ကာမှာ စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ နမ့်ဖတ်ကာ ‌ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ့်တောင်းနဲ့ ဖာဖစ်ရွာချင်းဆက်လမ်း စစ်တပ်က လမ်းမြေတူးဖော်ဖြတ်တောက်](https://burmese.kachinnews.com/2023/08/31/ld1-57/): ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖစ်-နမ်ဂတ် ဘန်ဂျုံ စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ၂ နေရာမှာ လမ်းမြေတွေကိုတူးပြီးဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေ သွားလာရေး ခက်ခဲနေကြောင်း နမ့်တောင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ထောက်ပို့မိခင် အကြော်သည်](https://burmese.kachinnews.com/2023/08/31/wl-feature2/): ယိုင်နှဲ့နှဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအိမ်လေးထဲမှာ ဒေါ်နာမ်တစ်ယောက် ညစာစားဖို့ထမင်းခူးခပ်နေတုန်း စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကိုင်ဖုန်းလေးမြည်လာပါတယ် “အမေရေ.. သားဒီလဖုန်းအသစ်လှဲရမယ် ပိုက်ဆံငါးသိန်းလောက် လိုတယ်။ အမေ သားကိုပိုက်ဆံ ငါးသိန်းလောက် အဆင်ပြေရင်ပို့ပေးပါနော်” ဆိုပြီး ဖုန်းချသွားသူကတော့ဖားကန့်ကာကွယ်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူ အဖုန်(အမည်လွှဲ) ပါ။ - [မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ](https://burmese.kachinnews.com/2023/08/31/am1-20/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ ဒီနေ့တစ်ရက်အတွင်း ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက်သေဆုံး](https://burmese.kachinnews.com/2023/08/31/ny1-2/): ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက်နဲ့လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ရွာမှာ ဒီနေ့တစ်ရက်အတွင်းမှာဘဲ ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ - [ရွှေကူ ကျောက်ကြီးတပ်စခန်းက‌နေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ](https://burmese.kachinnews.com/2023/08/31/zm1-102/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ မှာတပ်စွဲထားတဲ့ ခလရ ၇၇ အထိုင်တပ်စခန်းနဲ့ ရဲစခန်းကို မြို့လှ K- PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၅ ယောက်သေဆုံးပြီး ၆ ‌ယောက် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ မြို့လှ K- PDF က မနေ့ညမှာ ထုတ်ပြန်လာပါတယ်။ - [စစ်အကြွင်းကျန် မြေမြုပ်မှိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ](https://burmese.kachinnews.com/2023/08/31/wl-feature2-2/): ‘’ကျနော်လူဖြစ်မှာ မဟုတ်တော့ဘူး။ သားသမီးတွေကိုလည်း ရှာကျွေးနိုင်မှာ မဟုတ်တော့ဘူး”လို့ ရင်ဖွင့်ပြောပြ လာသူကတော့ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာထဲက ဦးဇော်သောင်း (အမည်လွဲ) ပဲ ဖြစ်ပါတယ်။ - [နမ့်ဖတ်ကာမှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/08/30/ld2-14/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက် လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ - [လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦးဖမ်းခံရ](https://burmese.kachinnews.com/2023/08/30/ld1-56/): မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့  ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [စစ်ရှောင်တွေ ရဲ့ အားကိုးရာလက်တစ်စုံ ကိုသူရိန်ဇင်](https://burmese.kachinnews.com/2023/08/30/am-feature-1/): “ကလေးမြို့နယ် တောင်ပိုင်းမှာ ပထမဆုံးမီးရှို့ခံခဲ့ရတာ ကျနော့အိမ်ဗျ” အသံတုန်တုန်ရီရီ နဲ့ ဆိုလာသူက ကလေးမြို့ရဲ့အစွန်ဆုံး မကွေးတိုင်းနဲ့ အစပ်မှာရှိတဲ့ ကြံသာရွာသား အသက် ၂၇ နှစ်အရွယ် ကိုသူရိန်ဆိုသူပါ။ - [စစ်ကြောရေးမှာ သတ်ဖြတ်လိုက်တဲ့ ဝဘော်တန်ဂွန်းကို နာရေးအတွက် စစ်တပ်က ၅ သိန်းလျော်ကြေးပေး](https://burmese.kachinnews.com/2023/08/29/zm1-100/): မိုးကောင်းမြို့  နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဦးဝဘော်တန်ဂွန်းကို စစ်ကြောရေးထဲ သတ်ဖြတ်လိုက်ပြီးနောက် စစ်တပ်က နာရေးအတွက်ဆိုပြီး ပိုက်ဆံ ၅ သိန်းပေးသာပေးပြီးတော့ ရုပ်အလောင်းကို ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ - [ရေဦးမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံး](https://burmese.kachinnews.com/2023/08/29/am1-19/): စစ်ကိုင်းတိုင်း‌ ရေဦးမြို့နယ်မှာ မနေ့ကဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းလောက်က စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ရင်း ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်က ပြောပါတယ်။ - [ဗန်းမော်လမ်း မြို့သစ်မှာတိုက်ခိုက်ခံရတဲ့ စစ်လက်နက်ရိက္ခာသယ်ယာဉ်တန်း နွမ်လန့်မှာရောက်ရှိ](https://burmese.kachinnews.com/2023/08/29/yl2-23/): ဗန်းမော်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားအပါအဝင် စစ်လက်နက်ရိက္ခာအပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းက မြို့သစ်နဲ့ ဒါဆိုင်း ကျေးရွာကြားမှာ တိုက်ခိုက်ခံလိုက်ရပေမယ့် နွမ်လန့်(Numlang) တပ်စခန်းအထိ စစ်ကြောင်းထိုးရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဖားကန့်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/08/29/yl1-107/): ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက နမ့်တိန်ကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်သူတွေကပြောပါတယ်။ - [နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/08/29/ld1-55/): ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်နေတယ်လို့ နမ့်အွမ်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/08/28/zm1-99/): ကချင်ပြည်နယ် ဗန်းမော်မြို့ မအူပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေခသံတွေဆီကနေ သိရပါတယ်။ - [၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး](https://burmese.kachinnews.com/2023/08/28/yl1-106/): စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား  ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ - [မိုးကောင်းမှာ အသစ်ဖွင့်တဲ့လောင်းကစားရုံပြန်ပိတ်လိုက်ရ](https://burmese.kachinnews.com/2023/08/28/am1-18/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ အသစ်ဖွင့်တဲ့ လောင်းကစားရုံဒီကနေ့ မနက် ၈နာရီလောက်မှာပဲ ပြန်ပိတ်သိမ်းလိုက်ရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဖားကန့်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၁ သောင်းခွဲထိ ပေးဝယ်နေရ](https://burmese.kachinnews.com/2023/08/27/zm3-4/): စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကားမိုင်း– ဖားကန့်လမ်းပိုင်း ပိတ်ထားတာကြာမြင့်လာတဲ့အတွက်  ဖားကန့်မှာတော့ ခုရက်ပိုင်းအခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာနေကြောင်း လုံးခင်းဒေသခံတွေဆီက သိရပါတယ်။ - [စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသား မိုးကောင်းဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး](https://burmese.kachinnews.com/2023/08/27/zm2-18/): မိုးကောင်းမြို့နယ် နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက် ( Pyaw Len lawk)က ဖမ်းဆီးခံသွားရတဲ့ ဝဘော်တန်ဂွန်းမိသားစု ၃ ယောက်ထဲက ဖခင်ဖြစ်တဲ့ ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ - [မိုးကောင်းမြို့မှာ စစ်တပ်ကဖွင့်ခိုင်းထားတဲ့ လောင်းကစားရုံ ပိတ်ပေးစေလို](https://burmese.kachinnews.com/2023/08/27/zm1-97/): မိုးကောင်းမြို့ထဲမှာ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ အလယ်ရပ်ကွက်မှာ ဖွင့်ထားတဲ့လောင်းကစားရုံကို ပိတ်ပေးစေလိုတယ်လို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ - [အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်တပ်က ဖားကန့်တိုက်ပွဲအထိနာလို့ တန်ပြန်တိုက်ခိုက်တာလို့ KIO ပြော](https://burmese.kachinnews.com/2023/10/18/yl2-29/): KIA တပ်မဟာ ၉ ဌာနချူပ်နဲ့ အနန့်ပါနေရာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖားကန့်လမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တာကြောင့် အခုလို တန်ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ KIO ဘက်ကပြောပါတယ်။ - [ဆယ်ဇင်းတာမခံမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2023/10/18/yl1-127/): ဖားကန့် ဆယ်ဇင်း တာမခံကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက် လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ - [မုံရွာမှာ ပျူစောထီးတပ်ဖွဲ့က အရပ်သားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်](https://burmese.kachinnews.com/2023/10/18/am1-45/): စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာမှာ မနေ့က နေ့လည်ပိုင်း ၁၂ နာရီလောက်က အရပ်သားတစ်ယောက်ကို ပျူစောထီးတပ်ဖွဲ့တွေက နားထင်ကိုသေနတ် နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ ကားပိုင်ရှင်တွေကို တရားစွဲဆိုဖို့ စစ်ကောင်စီ ပြင်ဆင်နေ](https://burmese.kachinnews.com/2023/10/18/zm1-122/): ကချင်ပြည်နယ် မိုးကောင်းနဲ့ နမ္မတီးမြို့မှာ  စစ်ကောင်စီတပ်က လိုင်စင်အကြောင်းပြပြီး ဖမ်းဆီးထားတဲ့ အိမ်စီးကား ၁၉ ကို အပိုင်သိမ်းယူလိုက်တဲ့အပြင် ကားပိုင်ရှင်တွေကိုပါ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [မူဆယ် - လားရှိုးလမ်းမကြီးမှာ ငွေးကြေးတောင်းခံတဲ့ စစ်တပ်ဂိတ်တွေ ပိုများလာတဲ့အတွက် ကားသမားများအခက်တွေ့နေ](https://burmese.kachinnews.com/2023/10/18/ld1-73/): မူဆယ် – လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့၊ရွာ အဝင်အထွက် တိုင်း ဂိတ်ချပြီး ကားသမားတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [ရွှေကူ ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/10/18/zz1-7/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၆၀၂ တပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။ - [ခင်ဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2023/10/17/am2-15/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့ မနက်ပိုင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ - [ယင်းမာပင်မှာ အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/10/17/am1-44/): စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲကုန်းရွာကို အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့အချိန် အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ၅၀၀ တုပ်ကွေးနဲ့ငှက်ဖျားဖြစ်နေ](https://burmese.kachinnews.com/2023/10/17/zz1-6/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ် ဒေသဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ လောက်ဟာ ခုရက်ပိုင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတွေများနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA အထက်တန်းအရာရှိတစ်ချို့သေဆုံး](https://burmese.kachinnews.com/2023/10/17/yl1-126/): ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) နေရာတွေကို ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ KIA ထိပ်တန်းအရာရှိတစ်ချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ - [အမှောင်ထဲမှာ အလှဆင်သူ](https://burmese.kachinnews.com/2023/10/17/feature1-bb/): “ဟိုး….မှာကြည့် ငှက်လေး အရမ်း လှတယ်တဲ့။ ကြည့်လိုက်တော့ ကျွန်တော် မမြင်နိုင်ဘူး၊ ဘယ်လောက် လှတယ်ဆိုတာ ကျွန်တော် မသိရဘူး” ဆရာကြီး လမုန်ဂမ်ဖန်က သူ့အသက် ၇ နှစ် အရွယ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြနေတာပါ။ ဆရာကြီး လမုန်ဂမ်ဖန်ဆိုသူက မြစ်ကြီးနားမြို့မှာရှိတဲ့ မျက်မမြင်ကျောင်းရဲ့ ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်ပြီး ကချင်ပြည်နယ် မသန်စွမ်းသူများအသင်းမှာလည်း ဥက္ကဋ္ဌတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ရှမ်းပြည်နယ် မြောက်ပိုင်း မှော်တောင် ၁၀၅ မိုင်လို့ ခေါ်တဲ့ ကျေးရွာဘေးက ရွာငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ မောင်နှမ ၇ ယောက်ရှိပြီး သူဟာအကြီးဆုံးသားလို့ ဆိုပါတယ်။ ကျောင်းအုပ် တစ်ယောက်ဖြစ်တဲ့အလျောက် နေ့တိုင်းကျောင်းမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကို ကြီးကြပ်ရေးလုပ်ရပြီး ကျောင်းဆောင်တွေ စစ်တာ၊ သင်ကြားရေးပိုင်းတွေ စစ်တာ၊ စားဖိုဆောင်က စလို့ ကျောင်းကိစ္စအရပ်ရပ်ကို တာဝန်ယူလုပ်ဆောင်ရတာက သူရဲ့ နိစ္စဓူဝအလုပ်ပါ။ နေ့စဉ်လုပ်နေရတဲ့ အလုပ်ဆိုပေမယ့် ဒါဟာလည်း မလွယ်ကူလှပါဘူး။ အရင်ကဆိုရင် ပုံမှန် အမြင်အာရုံချို့ယွင်းသူတွေကို လေ့ကျင့်သင်ကြားပေးပေမယ့် အခုနောက်ပိုင်းမှာတော့ ဥာဏ်ရည် အားနည်းသူတွေပါ ကျောင်းလာအပ်ကြတာ ပိုများလာတာက သူ့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်နေပါတယ်။ “အရင်က ပုံမှန်အတန်းပေါ့ ကျောင်းလာအပ်တာနဲ့ လက်ခံပြီး ချက်ခြင်းသင်တယ်၊ နည်းနည်းတော့ နှေးမယ် ဒါပေမဲ့ လိုက်မှီတယ်၊ အခုကျတော့ ဦးနှောက်အားနည်းတဲ့သူတွေ ပိုများလာတယ်၊ အဲ့လို ကလေးတွေက တစ်ခါတလေကျ အငိုမရပ် သောင်းကျန်းတာတွေ လုပ်တတ်တယ်။ သူတို့တွေက အထူးစောင့်ရှောက်မှုတွေ လိုအပ်တာပေါ့” ဒီလို … - [မိုးမောက် ၅ မိုင်ဂိတ်နားက ဘုရားကျောင်းနဲ့နေအိမ်တစ်အိမ်ကို စစ်တပ်က ဓါးမြဝင်တိုက်](https://burmese.kachinnews.com/2023/10/16/ld2-18/): မိုးမောက်မြို့အဝင် ၅ မိုင် ဂိတ်နားက နေအိမ်နဲ့ ဘုရားကျောင်းထဲကို စစ်ကောင်စီတပ်တွေက ဓားမြဝင်တိုက်ပြီး ရွှေ ၊ ငွေအမြောက်အများယူဆောင်သွားတဲ့အပြင် ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးမောက်ဒေသခံတွေဆိကနေ သိရပါတယ်။ - [ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/10/16/am1-43/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ - [စစ်ကိုင်း- ကချင်အစပ်ဒေသကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/10/16/zz2-3/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော် ကိုသိန်းဇော်ဦး(ခ) ကိုရော့ကတ် သတ်ဖြတ်ခံလိုက်ရကြောင်း သိရပါတယ်။ - [ရွှေဘုံသာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းအင်အားအလုံးအရင်းနဲ့ဝင်ရောက်နေလို့ ရွာသားအများပိုင်း ပိတ်မိနေ](https://burmese.kachinnews.com/2023/10/16/zz1-5/): ကချင်ပြည်နယ် ရွှေကူမြို့နယ် အထက်ဘက် ရွှေဘုံသာကျေးရွာထဲမှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေတဲ့အတွက် ရွာသားအများပိုင်းထွက်ပြေးခွင့်မရပဲ ပိတ်မိနေတယ်လို့ ရွှေဘုံသာရွာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ဒိန်ဂါရွာက နေအိမ်တစ်ချို့ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2023/10/16/ld1-72/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လုံဂျုံယန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒိန်ဂါရွာကိုလည်း ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေမင်းပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတဲ့ လမြန်ရွာက ဒေသခံ ၃ ဒီကနေ့ထိ ဦးပြန်မလွတ်သေး](https://burmese.kachinnews.com/2023/10/16/cj1-5/): ဝိုင်းမော်မြို့နယ် လမြန်ရွာက ရွှေမင်းပြည်သူ့စစ်တပ်အဖွဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ဒီကနေ့ထိ ပြန်ပြီးလွတ်မြောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။ - [မုန်လိုင်ခက် (Mung Lai Hkyet)](https://burmese.kachinnews.com/2023/10/16/feature1zm/): မှိုင်းညို့ညို့ ကောင်းကင်အောက် အေးချမ်းတဲ့ တောင်ပေါ်ရွာလေးမှာနေကြတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေဟာ မကြာခင်ကြုံတွေ့ရတော့မယ့် အန္တာရယ်ဆိုးကို သတိမပြုမိကြဘဲ တစ်ရွာလုံးတိတ်ဆိတ်ပြီး အိပ်စက်အနားယူနေကြပါတယ်။ - [လုံဂျုံယန်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2023/10/14/ld1-71/): ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်အနီး လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းမှ ရွာလုံးကျွတ်နီးပါး မီးရှုံ့ဖျက်ဆီးလိုက်ပြီး ဒေသခံရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။ - [ခလားနဲ့ ဒိန်ဂါကြားမှာ စစ်ရိက္ခာသယ်ယာဉ်တန်းကို လုံခြုံရေးယူတဲ့ စစ်ကြောင်း နဲ့ KIA တပ် တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2023/10/14/yl2-28/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီး ခလားနဲ့ ဒိန်ဂါ ကျေးရွာ ၂ ခုကြားမှာ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းထွက်ခွာဖို့ရန်အတွက် လုံခြုံရေးဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မအူပင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေ](https://burmese.kachinnews.com/2023/10/14/yl1-125/): ဖားကန့်သွားလမ်း ကားမိုင်းအထွက် မအူပင်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ - [စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ရွှေကူ ရွာပေါင်း ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/10/13/zz2-2/): ကချင်ပြည်နယ် ရွှေကူမြို့နယ် တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာ တွေထဲမနေရဲပဲ ရွာပေါင်း ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့](https://burmese.kachinnews.com/2023/10/13/zz1-4/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ဆဒုံ လမ်းမြေပြိုမှုမှာ KIA တပ်သားတစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/10/13/hope1-2/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံမြို့ကနေ ခေါင်ရှောင် (Hkau shau)ဘက်သွားတဲ့လမ်းတစ်နေရာမှာ မြေပြိုကျနေတဲ့လမ်းနေရာကို ရှင်းလင်းနေချိန် မြေထပ်မံပြိုကျလာတာကြောင့် KIA တပ်သားတစ်ယောက်က မြေပိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မုန်လိုင်ခက် ဖြစ်စဉ်မှာ သား/သမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်ချက်](https://burmese.kachinnews.com/2023/10/13/yl1-124/): KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ မုန်လိုင်ခက်ရွာမှာ အောက်တိုဘာလ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့  လက်နက် ဗုံးကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရွာသား ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၂၉ ယောက်ထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်များနဲ့ စစ်ရှောင်အမျိုးသမီးတွေ အများဆုံးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ဒေါ်ကမ်ဘူရွယ်ဂျီးဆိုတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က ကလေး ၅ ယောက် ဆုံးရှုံးလိုက်ရပါတယ်။ အခုလို မထင်မှတ်ဘဲ သား ၊ သမီး ၅ ယောက် ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ကြုံခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး KNG သတင်းဌာန ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး ။   ။ ရှေးဦးစွာပေါ့လေ ဒေါ်ရဲ့ နာမည်နဲ့ ဒီ မုန်လိုင်ခက်ရွာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နေရာမှာ ဘယ်လို ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသလဲ။ ဖြေ ။   ။ ကျမ နာမည်ကတော့ ကမ်ဘူရွယ်ဂျီးလို့ခေါ်ပါတယ်။ ကျမမှာ သား/သမီးတွေ အားလုံး ၉ ယောက်ရှိပါတယ်။ အဲထဲမှာ မုန်လိုင်ခက်ပေါက်ကွဲမှုဖြစ်စဉ်ထဲမှာကတော့ သား၊ သမီး ၅ ယောက်က သေဆုံးတဲ့ထဲမှာ ပါသွားပါတယ်။ ၅ ယောက်ထဲမှာ ယောကျားကလေးက ၂ ယောက်၊ မိန်းကလေးက ၃ ယောက်ပါ။ အားလုံးက ဆယ်ကျော်သက်တွေပါပဲ။ အငယ်ဆုံးက ဆယ်နှစ်အရွယ်ပေါ့။ မေး ။    ။ သေဆုံးမှုမှာ သား၊ သမီး ၅ ယောက်ပါသွားတဲ့ အဲဒီည ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်း အခြေအနေကိုလည်း သိရသလောက်ပြောပြပေးပါ။ ဖြေ ။    ။ အဲဒီညက ကျမတို့ မိခင်နဲ့ ဖခင် … - [ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/10/13/zz1-3/): ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။ - [အောင်မြေ ၁ ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ](https://burmese.kachinnews.com/2023/10/12/bb1-36/): ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့ဝင်တွေကနေ သိရပါတယ်။ - [ကောလင်းမှာ သားအဖ ၂ ယောက် မိုင်းထိလို့ ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/10/12/am2-14/): စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်က စက်ရုံလယ်ပြင်ရပ်ကွက်မှာ ဒေသခံသားအဖ ၂ ယောက်မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းဒေသခံ တွေဆီကသိရပါတယ်။ - [ခင်ဦးမှာ ဒေသခံ ၂ယောက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/10/12/am1-42/): စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကန်သာယာရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဒေသခံ ၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဂျေယန်ချောင်းမှာသေဆုံးနေတဲ့  'ဝ' အမျိုးသမီးတစ်ဦးအလောင်းမျောလာ](https://burmese.kachinnews.com/2023/10/12/hope1/): လိုင်ဇာမြို့  ဖွန်လွမ်ယန်ကျေးရွာ နယ်မြေ ၂ ဂျေယန်ချောင်းမှာ ဒီမနက်က အမျိုးသမီးအလောင်း ရေစီးနဲ့မျှောပါလာတယ်လို့ ဖွန်လွမ်ယန် ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းမှာ မိုင်းနင်းမိသူ ၃ ဦးအထိရှိလာ](https://burmese.kachinnews.com/2023/10/12/ld1-70/): ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းကို စစ်တပ်ဖြတ်တောက်ထားပြီး မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ နမ့်တောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ်ဟာ နောင်ကွမ်ကျေးဒေသခံတွေရဲ့ နေအိမ်ထဲကပစ္စည်းတွေကိုခိုးယူသွား](https://burmese.kachinnews.com/2023/10/11/zz4/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းတွေဝင်ရောက်လာပြီး ရွာသားတွေကိုဘုန်းကြီးကျောင်းမှာပြောင်းရွေ့ထားခိုင်းပြီးနောက် နေအိမ်တွေကိုဝင်မွှေပြီး ပစ္စည်းတွေကိုခိုးယူသွားတယ်လို့  မိုးမောက်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဝက်လက်က ရဲစခန်းတိုက်ခိုက်ခံရလို့  ရဲတပ်သား ၇ ယောက်သေဆုံး](https://burmese.kachinnews.com/2023/10/11/am2-13/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောရွာကရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား၇ယောက်သေဆုံးကာ ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ယောက်သေ ဆုံးခဲ့တယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ - [တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေကိုမီးရှို့](https://burmese.kachinnews.com/2023/10/11/am1-41/): စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ၉ရက်နေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။ - [ကိုဖက်တီးစားသောက်ဆိုင်ပိုင်ရှင် သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/10/11/cj1-4/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ဒေသအခေါ် (အောင်သာယာ–၂) မှော်ကွက်ရပ်မှာ စျေးရောင်းတဲ့ စျေးသည်အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေ ခိုးယူခံနေရ](https://burmese.kachinnews.com/2023/10/11/zz3/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေနဲ့ ပရိဘောဂပစ္စည်းတွေ ခိုးယူခံနေရလို့ ကုန်သလောက်ဖြစ်နေပြီလို့ လုံးခင်းရွာမှာနေထိုင်သူတွေက ပြောပါတယ်။ - [ပဋိပက္ခဒေသမှာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ဖို့ တာဝန်ရှိတဲ့အစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းသင့်တယ်လို့ဆို](https://burmese.kachinnews.com/2023/10/11/bb1-35/): မြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့ ပဋိပက္ခဒေသမှာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု များပပျောက်နိုင်ရေးအတွက် တာဝန်ရှိတဲ့အစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းတာတွေ ရှိသင့်တယ်လို့ အမျိုးသမီးရေးရာလှုပ်ရှားသူတွေက ပြောပါတယ်။ - [မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  ရှုံ့ချတဲ့အနေနဲ့ Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ KSCM အဖွဲ့က တောင်းဆို](https://burmese.kachinnews.com/2023/10/11/hope-1/): လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုံချတဲ့အနေနဲ့  Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ Kachin State Civillian Movement (KSCM ) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ - [ခွန်စိုင်ဇွပ် ဒေသခံ ၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးသွားပြီး ငွေသား သိန်း ၂၀၀ ကျော် လုယူသွား](https://burmese.kachinnews.com/2023/10/11/yl3-6/): ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက  ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော် ကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်များလာ](https://burmese.kachinnews.com/2023/10/11/yl2-27/): ဖားကန့်ဒေသမှာ လမ်းသွားလမ်းလာရင်း သတ်ဖြတ်ခံရတဲ့သူတွေ ပိုများလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စျေးသည်ယောင်ဆောင်ပြီး သွားလာတဲ့သူတွေ၊ပိုင်ရှင်မဲ့အလောင်းတွေ အပါအဝင် ဓါးမြတိုက်ခံရလို့သတ်ဖြတ်ခံရတာတွေဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ - [အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/10/11/zz2/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်–ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ အခွန်ဦးစီးရုံးက အရာရှိအဆင့်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/10/11/zz1-2/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့နယ်အခွန် ဦးစီးဌာနရုံးက အရာရှိအဆင့်ဝန်ထမ်း အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ အခွန်ရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ](https://burmese.kachinnews.com/2023/10/11/yl1-123/): မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [လေကြောင်းပစ်ခတ်မှုမှာ ကျန်ရစ်တဲ့လသားအရွယ်ကလေးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ](https://burmese.kachinnews.com/2023/10/10/zm1-121/): လိုင်ဇာမြို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ - [မိုးကောင်းမှာ အသက် ၅ နှစ်အောက်ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ထပ်ဖမ်းခံရ](https://burmese.kachinnews.com/2023/10/10/zm1-120/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ကို စစ်တပ်က ထပ်ပြီးဖမ်ဆီးသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ - [ပူတာအိုမှာ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကားတိုက်ခံရပြီး သေဆုံး](https://burmese.kachinnews.com/2023/10/10/zz1/): ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြားမှာ အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်စီးနင်လာတဲ့အချိန် ကားနဲ့ဝင်တိုက်သွားတာကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။ - [မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုမှာ ၂၉ ဦးသေဆုံးပြီး ၅၇ ယောက် ထိခိုက်ကြောင်း KIO ထုတ်ပြန်](https://burmese.kachinnews.com/2023/10/10/yl2-26/): စစ်ကောင်စီက လိုင်ဇာ မုန်လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ယောက် ပြင်းထန်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သတင်းထုတ်ပြန်ပါတယ်။ - [ဖားကန့်မှာ ၇ နှစ်အရွယ်ကလေးငယ် တစ်ဦးရေနစ်သေဆုံး](https://burmese.kachinnews.com/2023/10/10/ds1-2/): ဖားကန်မြို့ လုံးခင်းရပ်ကွက်မှာရှိတဲ့ မြစိမ်းမြေဂေါက်ကလပ်ကွင်း ကျင်းနံပါတ် ၃ ရေကန်မှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ - [လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိ](https://burmese.kachinnews.com/2023/10/10/yl1-122/): KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။ - [ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ](https://burmese.kachinnews.com/2023/10/09/am1-40/): စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားသောင်းနဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း‌ ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နန်းကင်ရွာက လူငယ် ၂ ဦး စစ်ကောင်စီတပ်ပစ်ခတ် ဖမ်းဆီး](https://burmese.kachinnews.com/2023/10/09/zaw-zaw1/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာဒေသက နန်းကင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် လူငယ် အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [တနိုင်းနဲ့ရှင်ဗွေယန် ကားလမ်းပိုင်းမှာ နာဂလူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံနေရ](https://burmese.kachinnews.com/2023/10/09/wl1-42/): ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာ နာဂလူငယ်တွေကိုပစ်မှတ်ထားပြီး ဖမ်းဆီးနေတာကြောင့် နာဂလူငယ်တွေခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ သိရပါတယ်။ - [ရေရှင်ရွာက အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/10/05/zm1-119/): မိုးကောင်းမြို့နယ် ရေရှင်ရွာက အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ မြေစာပြိုကျပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး ](https://burmese.kachinnews.com/2023/10/05/cj2/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ( ဒေသအခေါ်)  သာယာကုန်းကျောက်ကမ်းပါး မြေစာပြိုကျပြီး ပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံးခဲ့တယ်လို့ လူမူကူညီရေးအသင်းကနေ သိရပါတယ်။ - [မိုးရတနာရွှေဆိုင် ဓါးမြတိုက်ခံရ ](https://burmese.kachinnews.com/2023/10/05/cj1-3/): ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ မိုးရတနာရွှေဆိုင် ဒီ‌က‌ နေ့ နေ့လည် ၂ နာရီလောက်မှာ ဓါးပြတိုက်ခံရတယ်လို့ ဆိုင်တာဝန်ရှိသူကနေ  သိရပါတယ်။ - [ဖားကန့်မှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/10/05/zm1-118/): ဖားကန့်မြို့ မမုံရွာမှာ ဓါတ်ဆီဖြည့်နေတဲ့အမျိုးသားတစ်ယောက်နဲ့ ဆန်းကြွယ်ဘက် အားလူးကြော်လိုက်ပို့တဲ့ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဟုမ္မလင်းနယ် နားနှုန်းရွာထဲမှာ SNA တပ်က အထိုင်တပ်ချဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2023/10/05/wl1-41/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနှုန်းကျေးရွာထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ - [စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာ‌ပို့ခိုင်းနေ](https://burmese.kachinnews.com/2023/10/05/ld1-69/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဆိုင်းတောင်မှာ လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/10/04/zm1-117/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲမှာ မနေ့ညက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံ‌တွေဆီကနေ သိရပါတယ်။ - [ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2023/10/04/am1-39/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး သေနတ်တစ်လက်နဲ့ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ - [အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/10/04/wl1-40/): စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။ - [ဖားကန့်မှာ အချဥ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/10/03/zm2-20/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအပိုင် ရပ်ကွက်(၁)ရှိ ဒေသအခေါ် ရေတွင်းပျက်နေရာမှာ  အချဥ်ပေါင်းရောင်းသူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ  သိရပါတယ်။ - [ဒီပဲယင်းမှာ ဒေသခံ၂ ယောက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/10/03/am1-38/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂ ယောက်သတ်ဖြတ်သွားသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ၂ ကြိမ် အထိ တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက နေသိရပါတယ်။ - [မြစ်ကြီးနားမှာ KIA အရာရှိ ၂ ဦးနဲ့ အရပ်သား ၂ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/10/03/zm1-116/): မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက်အနီး ထီဝန်းရပ်ကွက်လမ်းဆုံမှာ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးနဲ့အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ KIA နဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ - [ကန့်ဘလူမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းဝယ်ယူဖို့ခက်ခဲနေ](https://burmese.kachinnews.com/2023/10/02/am2-12/): စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအဘက်ဘက်က အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ အဲ့ဒီထဲက စစ်ဘေးရှောင် အမျိုးသမီးတွေ လစဥ်သုံးပစ္စည်းဝယ်ယူဖို့ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။ - [ကျောက်ကြီးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/10/02/wl3-5/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ တစ်လအတွင်း စစ်ကောင်စီတပ်စခန်းနေရာ ၅ ကြိမ်ထက် မနည်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/10/02/wl2-20/): ဖားကန့်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဲကင်းနဲ့စစ်တပ်ဂိတ်စခန်း နေရာတစ်ချို့မှာ ၅ ကြိမ်ထက် မနည်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က စရဖအရာရှိ ၂ ဦးနဲ့ စစ်ဗိုလ်တစ်ဦး တပ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေကပြောပါတယ်။ - [KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/10/02/yl3-5/): တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ - [နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့](https://burmese.kachinnews.com/2023/10/02/ld1-68/): မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ် ၊ ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ - [SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး](https://burmese.kachinnews.com/2023/10/02/wl1-39/): စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/10/02/yl2-25/): တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်](https://burmese.kachinnews.com/2023/10/02/am1-37/): စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ - [စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ](https://burmese.kachinnews.com/2023/10/02/yl1-121/): ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းဘွမ့် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက်ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ ခိုးဆိုးလုယက်မှုအခြေနေ ဘယ်လောက်ထိဆိုးရွားနေပြီလဲ (လူထုအသံ)](https://burmese.kachinnews.com/2023/10/02/wl1-38/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ အစိုးရအဆက်ဆက်က သန်းခေါင်စာရင်း တိတိကျကျ ကောက်ယူလို့မရအောင် လူနေထူထပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ အများဆုံးနေရာဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လူဦးရေတစ်နေ့ထက် တစ်နေ့ များလာနေတာ ဖြစ်ပါတယ်။ - [နောင်ပိုအောင်ကျေးရွာမှာ စစ်ကောင်စီနှင့် SNA တပ်တွေ စစ်သင်တန်းပေးနေ](https://burmese.kachinnews.com/2023/09/29/wl1-37/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေ အင်အား ရာချီဝင်ရောက်နေပြီ တပ်သားသစ် ၁၅၀ ဝန်းကျင်လောက်ကိုလည်း စစ်သင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။ - [စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးကို ကာကွယ်‌ရေးတပ်က ဖမ်းဆီးထိန်းသိမ်း](https://burmese.kachinnews.com/2023/09/29/am2-11/): စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးတစ်ယောက်ကို ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ပါတယ်။ - [ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ](https://burmese.kachinnews.com/2023/09/29/am1-36/): စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ရထားစမ်းသပ်ပြေးဆွဲချိန် မိုင်းဆွဲခံလိုက်တဲ့ စစ်ကောင်စီတပ် ရွာတစ်ရွာကို မီးရှို့သွား](https://burmese.kachinnews.com/2023/09/29/am1-35/): စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာထောင်ဘူတာကနေ ရထားစမ်းသပ် ပြေးဆွဲနေချိန်မိုင်းဆွဲတိုက်ခိုက်ခံရချိန် ရထားတိမ်းမှောက်သွားတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ အဲ့ဒီရထားလမ်းပိုင်းမှာရှိတဲ့ ကံကြီးကုန်းရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ](https://burmese.kachinnews.com/2023/09/28/am1-34/): စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ - [လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/09/28/ld1-67/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2023/09/27/zm1-115/): အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ - [ပုလဲမှာ ဒေသခံ ၃ ယောက် ခေါင်းဖြတ်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/09/27/am2-10/): စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာက ဒေသခံ ၃ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီတွေ ပြောပါတယ်။ - [မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ စစ်ကောင်စီကား တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/09/27/am1-33/): မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အေးစေတီကုန်းဆင်းမှာ ဒီကနေ့ညနေပိုင်း ၅ နာရီခန့်က စစ်ကောင်စီ ကားနှစ်စီး နဲ့ စရဖ အဖွဲ့များစီးလာတဲ့ကား လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ ](https://burmese.kachinnews.com/2023/09/27/wl1-36/): စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။ - [ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်](https://burmese.kachinnews.com/2023/09/27/ld2-17/): မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ - [ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ](https://burmese.kachinnews.com/2023/09/27/wm-cj1/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လူငယ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့](https://burmese.kachinnews.com/2023/09/27/ld1-66/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ - [ရွှေကူအနောက်ဘက် ရေလှဲ နဲ့ ဆင်တပ်ဒေသခံများ နေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2023/09/26/wl1-35/): ကချင်ပြည်နယ် ရွှေကူမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာ ဆက်လက်တိမ်းရှောင် နေရပါတယ်။ - [နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ](https://burmese.kachinnews.com/2023/09/26/ld1-65/): နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။ - [မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2023/09/26/am1-32/): မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2023/09/25/yl1-120/): KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [မိုးကောင်းမှာ ဖမ်းဆီးခံရသူ ၂၀၀ အထိရှိလာပြီး စစ်ကြောရေးမှာ သေဆုံးသူ ၄ ဦးအထိရှိလာ](https://burmese.kachinnews.com/2023/09/25/yl1-119/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင်လောက်ရှိလာပြီး စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်လို့ သေဆုံးသွားသူ ၄ ဦးအထိရှိလာပြီလို့ သိရပါတယ်။ - [ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်](https://burmese.kachinnews.com/2023/09/25/ld2-16/): မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဆေးရုံတက်နေတဲ့ စရဖ အရာရှိ တစ်ဦးနဲ့ ရဲ ၂ ဦး သေနတ်နဲ့ ထပ်ပစ်ခံရ](https://burmese.kachinnews.com/2023/09/25/ny1-6/): ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ တစ်ဦးနဲ့ ရဲတပ်ဖွဲ့ ၂ ဦး ဒီကနေ့ နေ့လည်ပိုင်းမှာ သေနတ်နဲ့ ထပ်မံပစ်ခတ်ခံရတယ်လို့   မှော်ဝမ်းရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောပါတယ်။ - [မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/09/25/am1-31/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့က ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ဆီက သိရပါတယ်။ - [တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ](https://burmese.kachinnews.com/2023/09/25/ld1-64/): မြန်မာ–တရုတ်နယ်စပ် မူဆယ်မြို့၊ နယ်စပ်ဂိတ်ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ သိရပါတယ်။ - [ထိရောက်မှုမရှိတဲ့ မြေရှားသတ္တုကွင်းဆင်းစစ်ဆေးမှုများ](https://burmese.kachinnews.com/2023/09/25/%e1%80%91%e1%80%ad%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%bc%e1%80%b1%e1%80%9b%e1%80%be/) - [ကသာမြို့နယ် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်ခဲ့](https://burmese.kachinnews.com/2023/09/23/%e1%80%80%e1%80%9e%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80/) - [ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် (စက်တင်ဘာလ ၂၃ ရက်)](https://burmese.kachinnews.com/2023/09/23/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%98%e1%80%ac%e1%80%9e%e1%80%ac/) - [တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ](https://burmese.kachinnews.com/2023/09/22/am1-30/): စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။ - [စစ်တပ်နဲ့ တွေ့ဆုံတာတွေမလုပ်ဖို့ ဖင်လန်နဲ့ ဆွတ်ဇာလန်အစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်တောင်းဆို](https://burmese.kachinnews.com/2023/11/13/hope1-15/): ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေအနေနဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေက ပံ့ပိုးကူညီနေမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က လက်မှတ်ထိုးတောင်းဆိုထားတဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ - [ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံနေရ](https://burmese.kachinnews.com/2023/11/13/bb1-43/): စစ်ကိုင်း – ကချင် အစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့နောက် မြို့နယ်တစ်ချို့မှာ ခု ရက်ပိုင်းအတွင်း ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံထားရတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ - [အင်းတော် - ထီးချိုင့်လမ်းပိုင်းမှာ ခရီးသွား ပြည်သူတွေ ၅၀၀ လောက် ပိတ်မိနေဆဲ](https://burmese.kachinnews.com/2023/11/13/am2-20/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော် – ထီးချိုင့် လမ်းပိုင်းကို စစ်ရေးအခြေနေတွေအရ ပိတ်ထားတာ ၇ ရက်ကြာ ရှိလာပြီး လမ်းပိုင်းတစ်လျှောက်မှာ ရီးသွားပြည်သူ ၅၀၀ ဝန်းကျင်လောက် ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ](https://burmese.kachinnews.com/2023/11/13/zz1-18/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးဝာာအပြင် ဖမ်းခံရတဲ့ အရပ်သားတွေထဲက တစ်ချို့ကို ငွေကျပ်သုံးသိန်းနဲ့ ပြန်ရွေးခိုင်းပြီးလွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [စပါးကုန်းစစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ](https://burmese.kachinnews.com/2023/11/13/zm1-131/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့(ဒေသအခေါ်) စပါးကုန်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ဆားမှော် မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရခိုင်မှာ နယ်ခြားစောင့်စခန်း၂ခုသိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်တွေမြို့အဝင်အထွက် လမ်းတွေပိတ်ထား](https://burmese.kachinnews.com/2023/11/13/am1-59/): ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက် စစ်တွေမြို့အဝင်အထွက်တပ်ထိန်းဂိတ်နဲ့ ရန်ကုန်–စစ်တွေလမ်းတစ်လျှောက် ဂိတ်စခန်းတွေကိုပိတ်လိုက်ပြီလို့ဒေသခံတွေဆီကသိရပါတယ်။ - [ဆားမှော်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ယောက်သေဆုံးပြီး နေအိမ် ၄ အိမ်ပျက်စီး](https://burmese.kachinnews.com/2023/11/11/yl1-133/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်း ဒရုန်းနဲ့ ပစ်ခတ်ခံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်ချို့ နဲ့ ဒေသခံပြည်သူ တစ်ယောက်သေဆုံးပြီး နောက်ထပ် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ - [ချင်းတွင်းတံတားနဲ့ ဥရုချောင်းတံတားကိုစစ်ကောင်စီဖြတ်သန်းသွားလာခွင့်ပိတ်](https://burmese.kachinnews.com/2023/11/11/zz2-8/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲက ချင်းတွင်းတံတားနဲ့ ဥရုချောင်းကူးတံတားကို စစ်ကောင်တပ်က ပိတ်ထားတာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။ - [မိုးမောက်မြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2023/11/11/zz1-17/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကြံခင်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာမှာ စစ်ကောင်စီ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်တပ်ထဲပြောင်းရွေ့](https://burmese.kachinnews.com/2023/11/09/zz2-7/): စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာစစ်တပ်ကုန်းထဲမှာ ပြောင်းရွေ့ခိုင်းထားတယ်လို့ ကသာဒေသခံတွေကနေ သိရပါတယ်။ - [ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/11/09/zz1-16/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ - [ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/11/09/am1-58/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ဟုမ္မလင်းနယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ရှမ်းနီ SNA တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2023/11/09/yl1-132/): ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စုပေါင်းနေထိုင်ထားတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေပြီးကျေးရွာတစ်ချို့တိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/11/08/zz2-6/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ်တပ်ဖွဲ့တွေကြား ဒီကနေ့မနက်ပိုင်းကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ - [ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်](https://burmese.kachinnews.com/2023/11/08/am3-3/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက်ပိုင်းကစလို့ ကာကွယ် ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [စစ်ကောင်စီတပ်များ အုပ်စုလိုက်အညံ့ခံလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ထပ်ပြီး သိမ်းပိုက်ရရှိ](https://burmese.kachinnews.com/2023/11/08/am1-57/): စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို မနေ့က နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေး တပ်မတော်KIA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကိုင်း–ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကိုအတည်ပြုပါတယ်။ - [ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး](https://burmese.kachinnews.com/2023/11/08/am1-56/): စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ - [သတ်မှတ်ချိန်အတွင်း အမည်စာရင်းလာမပေးရင် နေအိမ်အထိ တပ်သားစုဆောင်သွားမယ်လို့  ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းပြော](https://burmese.kachinnews.com/2023/11/07/am1-55/): ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာမရှိရင် နေအိမ်အထိလာရောက်စုဆောင်းသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကပြောပါတယ်။ - [လုံခြုံရေးကြောင့် လယ်ပြင်စစ်ဆေးရေးဂိတ်ဖြုတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဖားကန့်နေပြည်သူတွေပြော](https://burmese.kachinnews.com/2023/11/07/cj1-9/): ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုရှိ လယ်ပြင်စု‌ပေါင်းစစ်ဆေးရေးဂိတ်ကို စစ်တပ်ဘက်က ဖြုတ်သိမ်းသွားတာဟာ လုံခြုံရေးစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေက ပြောပါတယ်။ - [အမျိုးသားတစ်ဦးကားတိုက်ခံရ ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/11/07/hope1-14/): ကချင်ပြည်နယ် မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်ဘက်မှာ အသက် ၅၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ - [အင်းတော်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေလိုအပ်နေ](https://burmese.kachinnews.com/2023/11/07/zz2-5/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေအကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ရှောင်တွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား-ပူတာအိုလေကြောင်းလိုင်းတွေ တစ်ပတ်တစ်ကြိမ်သာခွင့်ပြုထားတဲ့အတွက် ခရီးသွားပြည် သူတွေ အခက်အခဲတွေ့နေ](https://burmese.kachinnews.com/2023/11/07/zz1-15/): ကချင်ပြည်နယ် မြစ်ကြီးနား–ပူတာအိုကိုပြေးဆွဲတဲ့ လေကြောင်းလိုင်းကို တစ်ပတ်မှာတစ်ကြိမ်သာ ပြေးဆွဲခွင့်ပြုထားတာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာနေတယ်လို့ သိရပါတယ်။ - [မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ](https://burmese.kachinnews.com/2023/11/07/am1-54/): ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [စစ်ရေးပြင်းထန်နေချိန် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က လူသစ်ခေါ်ယူစုဆောင်းနေ](https://burmese.kachinnews.com/2023/11/07/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%a6/) - [ရှိန်းခေါင်ရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် အရေးအပေါ်အကူအညီလိုအပ်](https://burmese.kachinnews.com/2023/11/07/yl2-31/): ပူတာအိုဒေသ ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် နစ်နာဆုံးမှုအလွန်များပြားပြီး ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ - [ပူတာအိုဒေသ ပြည်သူ့စစ် ဖွဲ့စည်းမှုမှာပါဝင်သူတချို့ကို KIA ဖမ်းဆီးထား](https://burmese.kachinnews.com/2023/11/07/yl1-131/): ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် လိုက်လံစည်းရုံးပေးနေတဲ့ ဒေသခံတစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ - [လုပ်ကွက်ဟောင်း‌ရေကန်မှာ ပုပ်ပွနေတဲ့ ပိုင်ရှင့်မဲ့ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/11/06/hope1-13/): ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအပိုင်ထဲက ဒေသအခေါ်(ဂျိတ်လင်းကုမ္ပဏီ )လုပ်ကွက်ဟောင်း ရေကန်မှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဖားကန့် ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ - [လိုက်ထရိုက်ကားကို သဲကျောက်သယ်တဲ့ ခြောက်ဘီးကားတိုက်မိပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/11/06/hope2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ လိုက်ထရိုက်ကားကို ခြောက်ဘီးကားနဲ့ တိုက်ပြေးသွားတာကြောင့် လိုက်ထရိက်ကားမှာစီးပါလာတဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေး အသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။ - [ဖမ်းဆီးရမိထားတဲ့ စစ်တုံ့ပန်းကို ၁၇ ဦးကို လွတ်ငြိမ်းခွင့်ပေး](https://burmese.kachinnews.com/2023/11/06/ld1-81/): ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(မန်ဟိုင်း) စစ်တပ်စခန်းသိမ်းပိုက်ချိန် KIA ဘက်က ဖမ်းဆီးရ မိထားတဲ့ စစ်ကောင်စီတပ်သား စစ်တုံ့ပန်း ၁၇ ဦးကို လူမှုကူညီရေးအဖွဲ့ကနေတစ်ဆင့် လွှဲပြောင်းပြီး လွတ်မြောက်ခွင့်ပေးလိုက် ပြီဖြစ်ကြောင်း ဒေသခံရှေ့တန်းသတင်းရင်း မြစ်များထံမှ သိရပါတယ်။ - [ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ကျွှဲ၊နွားသေဆုံးမှုမြင့်တက်လာ](https://burmese.kachinnews.com/2023/11/06/bb1-42/): ကချင်ပြည်နယ် မြို့နယ်တစ်ချို့က ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲကူးစက် ရောဂါဖြစ်ပွားနေတဲ့အတွက် ကျွှဲ၊ နွားသေဆုံးတာတွေပိုများလာနေတယ်လို့ မြစ်ကြီးနားက တိရစ္ဆာန်ကုဆရာဝန် (တိကုဆရာ) တစ်ယောက်က ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှု ၇၂ ကြိမ်ထက်မနည်းဖြစ်ပွား](https://burmese.kachinnews.com/2023/11/06/hope1-12/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။ - [ကောလင်းမြို့ကို သိမ်းပိုက်လိုက်ပြီလို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတည်ပြု](https://burmese.kachinnews.com/2023/11/06/am1-53/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထိုင်ထားတဲ့ တပ်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး နဲ့ စာသင်ကျောင်းတွေကို KIA၊ AAကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာဒီကနေ့ မှာတော့ ကောလင်းမြို့ကို သိမ်းပိုက်ထိန်းသိမ်းလိုက်ပြီလို့ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါ တယ်။ - [တောင်နီပြည်သူ့စစ်စခန်းဒရုန်းနဲ့တိုက်ခိုက်ခံရ ပြည်သူ့ စစ် တစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/11/04/zz2-4/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီရွာမှာရှိတဲ့ပြည်သူ့စစ်စခန်းကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDFက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။   - [စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/11/04/ld1-80/): အာဏာသိမ်းစစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး လိုင်ဇာနယ်စပ် တရုတ်ဘက်ခြမ်းဘက် နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း လိုင်ဇာဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/11/04/zz1-14/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေကူနယ် စီးသောင်ကျေးရွာအနီးမှာ လုပ်ငန်းရှင်တစ်ချို့ သတ္ထုခိုးတူးနေ](https://burmese.kachinnews.com/2023/11/04/zz1-13/): ကချင်ပြည်နယ် ရွှေကူမြို့နယ် စီးသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္ထုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [သားဖြစ်သူရဲ့ရန်ပွဲကို သွားတားရာကနေ သားအဖ ၂ ဦးဓါးခုတ်ခံရ](https://burmese.kachinnews.com/2023/11/03/hope1-10/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဂျပန်တံတားထိပ်တစ်နေရာမှာ အချင်းများရန်ဖြစ်နေတဲ့သားဖြစ်သူရဲ့ ရန်ပွဲကိုသွားတားရာကနေ သားအဖ ၂ ဦးစလုံး ဓါးခုတ်ခံရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ပူတာအိုမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့အတူ လျှပ်စစ်ပစ္စည်း၊လူသုံးကုန်ပစ္စည်း‌တွေကို အတင်းအဓ္ဓလိုက်လံရောင်းချသူတွေများလာ](https://burmese.kachinnews.com/2023/11/03/bb1-41/): ပူတာအိုမြို့မှာ လျှပ်စစ်ပစ္စည်းတွေနဲ့တခြားလူသုံးကုန်ပစ္စည်း‌တွေကို အတင်းအဓ္ဓမလိုက်လံရောင်းချသူတွေများလာတယ်လို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။ - [စစ်တပ်ရဲ့ သံခွန်မော်တော်ယာဉ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခံရပြီး တစ်စီးထိခိုက်ပျက်စီး ](https://burmese.kachinnews.com/2023/11/03/zz1-12/): စစ်ကိုင်းဒေသကြီး ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခတ်ခံရပြီး တစ်စီးထိခိုက်ပျက်စီးသွားကြောင်း ကသာကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ - [သတင်းသမားများအပေါ်  ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို BNI တောင်းဆို](https://burmese.kachinnews.com/2023/11/03/hope1-9/): မြန်မာ သတင်းသမားတွေအပေါ်  စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့  ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ Burma News International ( BNI ) က နိုဝင်ဘာလ ၂ ရက်နေ့မှာ တောင်းဆိုချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ - [ဆော့လော် PDF တပ်သား ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်း](https://burmese.kachinnews.com/2023/11/03/zm1-130/): ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ်မှာရှိတဲ့ ဆော့်လော် PDF တပ်သား  ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်းသွားတယ်လို့ ဆော့်လော်ဒေသခံတွေဆီက ပြောပါတယ်။ - [ဆဒုံး စုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/11/03/hope1-11/): ကချင်ပြည်နယ် ဆဒုံးမြို့ စစ်တပ်ရဲ့စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေ ဒီကနေ့မနက်ပိုင်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဆဒုံဒေသခံတွေဆီကနေ သိရပါတယ်။ - [မူဆယ်မှာ ဗုံးခိုကျင်းပိလို့ သားအမိနှစ်ဦးသေဆုံး ](https://burmese.kachinnews.com/2023/11/02/am3-2/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာ ၁ရက်နေ့ မနေ့ကညပိုင်းမှာ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေတဲ့ သားအမိနှစ်ယောက် ဗုံးခိုကျင်းပြိုကျလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ကသာမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ‌၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/11/02/zz1-11/): စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က မြို့မရဲစခန်းကို ဒီကနေ့ မနက်ပိုင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ သိရပါတယ်။ - [ကွတ်ခိုင်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/11/02/am2-19/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နမ့်ဖတ်ကာရွာ မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြို့၄ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ဆို ညီနောင်မဟာမိတ်ထုတ်ပြန်](https://burmese.kachinnews.com/2023/11/02/am1-52/): ၁၀၂၇ စစ်ဆင်ရေး ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ - [စစ်ကောင်စီကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ယူကေ နဲ့ ကနေဒါနိုင်ငံများ အရေးယူ](https://burmese.kachinnews.com/2023/11/02/sanction-moge/): မြန်မာအစိုးရ နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့ MOGE (မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း) နဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် နဲ့ မိတ်ဖက်နိုင်ငံတွေက အောက်တိုဘာ ၃၁ ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ထပ်မံကြေညာ လိုက်ပါတယ်။ - [ဒို့ကလေးများကို ပန်းကလေးများ လို့ဆိုရင်..](https://burmese.kachinnews.com/2023/11/02/bb-feature/): စစ်ကို ကြောက်လို့ ရှောင်ပြေးရတဲ့ အသက် ၇ နှစ်အရွယ် သမီးငယ်လေး ရွှေစင် (အမည်လွှဲ) ဟာ သူ့ဘဝမှာ နောက်ထပ် စစ်တပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ - [ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2023/11/02/bb1-40/): ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ - [ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်](https://burmese.kachinnews.com/2023/11/01/wl1-43/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ - [ဖားကန်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/11/01/yl1-130/): ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဘွမ်ရာယန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ - [ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/11/01/ld1-79/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေ](https://burmese.kachinnews.com/2023/11/01/zm1-129/): မြစ်ကြီနား– ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်တစ်စုကြာအထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာာလ ၃၁ ရက်နေ့ကစပြီး KIOဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ - [လုံးခင်းမှာ ငွေလွဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး ဆေးဆိုင်ဓားပြတိုက်ခံရ ကျပ်သိန်း ၁၀၀၀ ကျော်ပါသွား](https://burmese.kachinnews.com/2023/10/31/cj1-8/): ဖားကန့် လုံးခင်းကျေးရွာ ရပ်ကွက်(၂)ရှိ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး‌ဆေးဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားတယ်လို့ လုံးခင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/10/31/ld1-78/): ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄  တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ - [ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2023/10/31/zm1-127/): မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။ - [ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြို့ ၂ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၅ ရက်မြောက်အဖြစ် စစ်ဆင်ရေးများဆက်လက် ဆောင်ရွက်နေ](https://burmese.kachinnews.com/2023/10/31/zm1-128/): ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေး ၅ ရက်အတွင်း ကိုးကန့် အထူးဒေသ ၁ အတွင်းမှာရှိတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်တို့ကို အပြီးသတ် သိမ်းပိုင်းနိုင်ခဲ့သလို သိန္နီမြို့ကိုလည်း ထိန်းချုပ် ထားဆဲ ဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့က ဒီကနေ့ ပူးတွဲထုတ်ပြန်ပါတယ်။ - [နမ့်ဖတ်ကာမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2023/10/30/am2-18/): တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ယောက်အပါအဝင် ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ](https://burmese.kachinnews.com/2023/10/30/ld1-77/): ရှမ်းမြောက် မုံးကိုးမြို့နယ်  ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2023/10/30/hope1-8/): မြစ်ကြီးနားမြို့ ရွှေလမ်းမပေါ်မှာရှိတဲ့  Enrich Bar ရှေ့မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့အမျိုးသား နှစ်ဦးကို ကားတစ်စီးဝင်တိုက်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကြောင်း ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူ ကပြောပါတယ်။ - [သိန္နီတံတားကို ညီနောင်မဟာမိတ်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးပြီးနောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင်တံတားကိုလည်း တိုက်ခိုက်နေလို့သိရ](https://burmese.kachinnews.com/2023/10/30/am1-51/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီတံတားကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ - [တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ထပ်မံပစ်ခတ်](https://burmese.kachinnews.com/2023/10/27/am1-50/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA ပြော](https://burmese.kachinnews.com/2023/10/27/am3/): ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပြီး ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA က KNG ကို ပြောပါတယ်။ - [ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ](https://burmese.kachinnews.com/2023/10/27/am2-17/): စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်သေဆုံး  ၆ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/10/27/am1-49/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက် နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်ကျည်ထိမှန် သေဆုံးပြီး နောက်ထပ် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ - [ရှမ်းမြောက် မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရ](https://burmese.kachinnews.com/2023/10/27/ld-16/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၅ မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကျစခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒီကနေ့ နံနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆီကနေ သိရပါတယ်။ - [လမ်းဘေးရပ်ထားတဲ့ ငှက်ပျောတင်ကားကိုဝင်တိုက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/10/26/hope1-7/): ကချင်ပြည်နယ် ဝိုင်း‌မော်မြို့ သာဂရ ရပ်ကွက် ၄ လမ်းဘေး တစ်နေရာမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဆိုင်ကယ်နဲ့ဝင်တိုက်တဲ့အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ - [မြန်မာသူရကုမ္မဏီထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေတိုက်ခိုက်ခံရပြီးနောက် ကုမ္မဏီဝန်းထဲကကျောက်စိမ်းတွေကို ရေမဆေးသမားနဲ့ပြည်သူတစ်ချို့သယ်ယူ](https://burmese.kachinnews.com/2023/10/26/zm1-125/): ဖားကန့်မြို့နမ္မဖြစ်ကျေးရွာ အပိုင်း ဖားကန့်–လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA/KPDF ဘက်က မနေ့ညသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူသူမရှိချိန် ရေမဆေးသမား‌တွေ နဲ့ဖားကန့်ပြည်သူတစ်ချို့ ကုမ္ပဏီဝန်းထဲဝင်ရောက်ပြီး ကျောက်စိမ်းတွေသယ်ယူနေကြတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။ - [စစ်တပ်ထံ လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ ရောင်းချမှုကို ပိတ်ဆို့ပေးဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့လှုပ်ရှားမှုမှာ ပါဝင်ရန်တိုက်တွန်း](https://burmese.kachinnews.com/2023/10/25/zm1-126/): စင်္ကာပူအစိုးရက စစ်ကောင်စီကို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေရရှိဖို့ ပံ့ပိုးကူညီမှုတွေကို ရပ်တန့်ဖို့ မြန်မာ ပြည်သူတစ်ရပ်လုံး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်ဖို့ အစီစဉ်မှာ ဦးဆောင်သူတွေက တိုက်တွန်း ပြောဆိုပါတယ်။ - [စစ်တပ်ထံ လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ ရောင်းချမှုကို ပိတ်ဆို့ပေးဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့လှုပ်ရှားမှုမှာ ပါဝင်ရန်တိုက်တွန်း](https://burmese.kachinnews.com/2023/10/25/blood-money/): စင်ကာပူအစိုးရက စစ်ကောင်စီကို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေရရှိဖို့ ပံ့ပိုးကူညီမှုတွေကို ရပ်တန့်ဖို့ မြန်မာ ပြည်သူတစ်ရပ်လုံး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်ဖို့ အစီစဉ်မှာ ဦးဆောင်သူတွေက တိုက်တွန်း ပြောဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုက စင်ကာပူနိုင်ငံဘဏ်များကို အသုံးပြုခွင့်ရရှိနေမှုအပြင် စင်ကာပူက ရောင်းချနေတဲ့ စစ်လက်နက်ပစ္စည်း၊ လေယာဉ်ဆီတွေကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုတဲ့အစီစဉ်အဖြစ်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း စင်ကာပူအစိုးရထံ စာရေးသားပေးပို့သွားမှာ ဖြစ်တယ်လို့ အစီစဉ်ဖြစ်မြောက်ရေးမှာ ပါဝင်နေတဲ့ Kachin State  Civilian Movement အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “အများကြီး ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး ဒါပေမယ့်လည်း အဓိကအားဖြင့် လူထုရဲ့ဆန္ဒနဲ့ နိုးဆော်မှုတွေကို စင်ကာပူအစိုးရက ပိုမိုသိရှိပြီး လက်နက်နည်းပညာတွေ မရောက်သွားဖို့နဲ့ လူထုရဲ့အသံကို လျစ်လျူရှုလိုက်ပြီ ဆိုရင်လည်း ကမ္ဘာက စင်ကာပူရဲ့ လုပ်ရပ်တွေကို သိရှိပြီး အရှက်ရစေဖို့“ လို့ ဆိုပါတယ်။ ဒီကမ်ပိန်းရည်ရွယ်ချက်ကတော့ စစ်ကောင်စီကို လက်နက်အင်အားနဲ့ လေယာဉ်ဆီတွေကို သွယ်ဝိုက်သောအားဖြင့် ကူညီပေးနေတဲ့ စင်ကာပူအစိုးးရကို ဖိအားပေးတားဆီးဖို့ ဖြစ်ပြီး စင်ကာပူနိုင်ငံမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ဒေါ်လာ ၄.၆ ဘီလီယမ်ကို စစ်ကောင်ဆီထံ မရောက်ရှိသွားဖို့ ဖြစ်တယ်လို့လည်း ထပ်ဆင့် ပြောဆိုပါတယ်။ မြန်မာလူထုရဲ့ သဘောထားတောင်းဆိုမှုကို စင်ကာပူနိုင်ငံ အစိုးရတွေက ပိုမိုသိရှိလာစေရန် စင်ကာပူအစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မြန်မာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာရေးသားတဲ့ campaign ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းတဲ့အချိန်ကစပြီး စင်ကာပူနိုင်ငံ လက်နက်ကုမ္မဏီ ၁၃၈ ခုကနေ စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး … - [အောင်ဂျာ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီအင်အား ရာကျော်ကို​ ချေမှုန်းခဲ့ပြီး အရေးကြီးတဲ့ အောင်ပွဲဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော](https://burmese.kachinnews.com/2023/10/25/zm-9/): မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ် ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ အောင်ဂျာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားရာကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲဟာ အရေးကြီးတဲ့အောင်ပွဲဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်ပါတယ်။ - [အင်းတော်မှာ ပြည်သူ ၂ ဦးကို ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခံရ](https://burmese.kachinnews.com/2023/10/25/zz1-10/): စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့မှာ စစ်ကောင်စီရဲ့စစ်ခုံရုံးကနေ CDM ကျောင်းဆရာတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ကို ထောင်ဒဏ်တစ်သက် တကျွန်းချမှတ်ခဲ့ပြီး အမျိုးသမီး တစ်ဦးလည်းထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့သိရပါတယ်။ - [စစ်ကောင်စီက ဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ကြဖို့ KIO ဥက္ကဋ္ဌ ပြောဆို](https://burmese.kachinnews.com/2023/10/25/yl1-129/): ကချင်ပြည်နယ်မှာ စစ်ကောင်စီက ဖွဲ့စည်းနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ ယနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုလိုက်ပါတယ်။ - [ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း၂လောင်းတွေ့](https://burmese.kachinnews.com/2023/10/24/am1-48/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။ - [မူးယစ်ဆေးသုံးစွဲတဲ့ ဇနီးမောင်နှံ နှစ်ဦးကို ရွာနှင်ဒဏ်ပေး](https://burmese.kachinnews.com/2023/10/24/bb1-39/): ဝိုင်းမော်မြို့နယ် နေရပ်ပြန် ဂါးရာယာန်ကျေးရွာမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်တဲ့ ဇနီးမောင်နှံဆီကနေ မူးယစ်ဆေးသုံးစွဲတဲ့အချက်အလက်တွေ့ရှိခဲ့တာကြောင့် ရွာနှင်ဒဏ်ပေးလိုက်တယ်လို့ ဂါရာယာန်ရွာက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ ဖရဲဒေသခံအမျိုးသမီး ၂၅ ဦးပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2023/10/24/ld1-76/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ နယ်မြေ ပန်ဝါဒေသ ဖရဲကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းကို သွားရောက် ကန့်ကွက်တဲ့ဒေသခံ အမျိုးသမီး ၂၅ ဦးကို KIA တပ်ရင်း ၃၃ က ဖမ်းဆီးချူပ်နှောင်ထားပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လွတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကားမိုင်း ပြည်သူ့စစ်ဂိတ် ၂ နေရာမှာ ကားသမားတွေဆီက ခြိမ်းခြောက်ငွေတောင်းခံနေ](https://burmese.kachinnews.com/2023/10/24/yl3-7/): ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ ကားမိုင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဂိတ်နေရာတွေ ထပ်တိုးချဲ့ထားပြီး ကားသမားတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် ကားသမားများ  သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ - [ဝိုင်းမော်ဒေသကို လုံခြုံရေးတင်းကြပ်ဖို့ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆို](https://burmese.kachinnews.com/2023/10/24/yl2-30/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဒေသအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်းကြားထားတာကြောင့် ကျေးရွာ၊ ရပ်ကွက်အတွင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်မှာကျင်းပမယ့် မနောပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း](https://burmese.kachinnews.com/2023/10/24/yl1-128/): ကချင်ပြည်နယ် ဗန်းမော်မြို့မှာ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပသွားမယ့် မနောပွဲတော်အပေါ် ကန့်ကွက်မှုတစ်ချို့အပါအဝင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ - [ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ](https://burmese.kachinnews.com/2023/10/23/zz1-9/): ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂နေရာမှာ  စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီး လမ်းသွားလမ်းလာဒေသခံတွေ နဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။ - [မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့](https://burmese.kachinnews.com/2023/10/23/am2-16/): ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ - [“ဆက်၍ချီနေဦးမည့် အမျိုးသမီးများ၏ နိုင်ငံရေးခရီးလမ်း”](https://burmese.kachinnews.com/2023/10/23/%e1%80%86%e1%80%80%e1%80%ba%e1%81%8d%e1%80%81%e1%80%bb%e1%80%ae%e1%80%94%e1%80%b1%e1%80%a6%e1%80%b8%e1%80%99%e1%80%8a%e1%80%b7%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/): မြန်မာ့နိုင်ငံရေးနဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးပါဝင်လာမှုကို အမျိုးသမီးအဖွဲ့အင်အားစု တွေရဲ့ တွန်းတွန်းတိုက်တိုက် ကြိုးပမ်းလှုပ်ဆောင်မှုတွေကြောင့် ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဟာ လွန်ခဲ့သော အာဏာ မသိမ်းခင်ကာလမှာ ခရီးပေါက်လာပြီလို့ ဆိုကြတယ် - [ကျောင်းမတက်တော့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝတစ်ဆစ်ချိုး](https://burmese.kachinnews.com/2023/10/23/am1-feature/): စစ်အာဏာရှင်လက်အောက်မှာ ကျောင်းမတက်ပဲ သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဟာ နဂိုရည်မှန်းချက်ကို စွန့်ပြီး အသက်မွေးဝမ်းကြောင်းတစ်ခုကို ပြန်လည်စတင်နေရပါတယ်။ - [ဝက်လက်မှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့](https://burmese.kachinnews.com/2023/10/23/am1-47/): စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သုံးဆင့်ကန့်ကျေးရွာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ကမီးရှို့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းတစ်လောင်းအပါအဝင် ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ တယ်လို့ ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေဆီကသိရပါတယ်။ - [ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2023/10/23/cj1-7/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအပိုင်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကျင်းဟောင်းကမ်းပါးပြိုကျရာမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [အဝေးသင်တက္ကသိုလ် ကျောင်းသား၊သူ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထား](https://burmese.kachinnews.com/2023/10/21/bb1-38/): မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသား၊ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျောင်းသား၊ကျောင်းသူတွေဆီကနေ သိရပါတယ်။ - [KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး](https://burmese.kachinnews.com/2023/10/21/ld1-75/): ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA  အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [အောင်ဂျာတပ်စခန်း KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/10/20/zm1-124/): မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [ဒီပဲယင်းမှာ မိုင်းနဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ၁၅ ယောက်ထိခိုက်ဒဏ်ရာရပြီးတစ်ယောက် သေဆုံး](https://burmese.kachinnews.com/2023/10/20/am1-46/): စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ရွာတွေထဲဝင်ရောက်စီးနင်းပြီး ထောင်ထားခဲ့တဲ့မိုင်းတွေနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ](https://burmese.kachinnews.com/2023/10/20/bb2-4/): ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ကလူငယ်တစ်ချို့ဘယ်လိုရုန်းကန်နေကြလဲ (ဆက်သွယ်မေးမြန်းချက်)](https://burmese.kachinnews.com/2023/10/20/bb1-37/): မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေက အရင် ကထက် သိသိသာသာ လျော့နည်းလာနေတဲ့အပြင် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်တဲ့ အချက်အလက်များ မျှဝေကူညီပေးနေတဲ့ အဖွဲ့အစည်း Trading economics ရဲ့ လူမူကွန်ယက်စာမျက်နှာနဲ့ဝဒ်ဆိုက်တွေမှာ ဒီနှစ် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးဖော်ပြထားပါတယ်။ - [တာမခံစစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် ရွာ ၃  ရွာက ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရ](https://burmese.kachinnews.com/2023/10/20/zz1-8/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်တပ်ကုန်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် တာမခံအနီးက ရွာ ၃ ရွာမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ - [ရှ‌ငေါ်မှာ ၁၀ ဘီးယာဉ်တစ်စီးတိမ်းမှောက် ၇ ဦးပွဲချင်းပြီး သေဆုံး၊ ၉ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/10/20/hope1-6/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှ‌ငေါ်ကျေးရွာအနီးမှာ လုပ်သား  ၃၅ ဦးပါတဲ့ ၁‌၀ ဘီးယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး အမျိုးသား ၆ဦးနဲ့အမျိုးသမီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၉ ဦးကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။ - [နန်းယွန်း အထက ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုဆိုးလာ](https://burmese.kachinnews.com/2023/10/20/cj1-6/): နန်းယွန်းမြို့ အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ ကျောင်းသား၊သူ တစ်ချို့ရှိနေသလို ဘိန်းဖြူကြောင့် ကျောင်းသား ၁ ဦး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော် အောင်သီရိရတနာဆိုင် ဓားပြတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2023/10/20/hope1-5/): ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိတဲ့ အောင်သီရိရတနာဆိုင်မှာ ကာလတန်ဖိုးသိန်းတစ်သောင်းနီးပါးရှိတဲ့ ရွေထည်လက်ဝတ်ရတနာတွေ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဆိုင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ - [ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/10/19/ld2-19/): ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။ - [ရွှေကူ စစ်ကောင်စီတပ် ဆက်သွယ်ရေးကုန်းအထိုင်စခန်း အလစ်ငိုက်တိုက်ခိုက်ခံရလို့ အထိနာခဲ့](https://burmese.kachinnews.com/2023/10/19/zm1-123/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာ ခမရ ၆၀၂ အထိုင်တပ်စခန်းကို KIA ၊ PDF တပ်ဖွဲ့တွေ အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အပြင် တပ်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက ပြောပါတယ်။ - [ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/10/19/ld1-74/): ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။ - [ဗန်းမော်မှာ KIO အရာရှိဟောင်း တစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2023/10/19/hope1-4/): ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ် ရပ်ကွက်မှာနေထိုင်တဲ့ KIO အရာရှိဟောင်းတစ်ဦး နဲ့ မိသားစုဝင် ၃ ဦးအား စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၁၇ ရက်ညနေပိုင်းမှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၁၀ ရက်အတွင်း ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား](https://burmese.kachinnews.com/2023/10/18/hope1-3/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁၀ ရက်တာအတွင်းမှာဘဲ ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။ - [ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ချွေးနဲစာကို ခေါင်းပုံဖြတ်ဖို့စစ်တပ်ကကြိုးစားနေ](https://burmese.kachinnews.com/2023/12/15/bb-feature1/): နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးကာလ ၃ နှစ်ဝန်းကျင်ရှိလာချိန်မှာတော့ စစ်ရေးအရအဖက်ဖက်က အထိနာနေတာနဲ့တစ်ပြိုက်နက် စီးပွားရေးလည်းတစ်ဟုန်ထိုးကျဆင်းလာနေတာ ဖြစ်ပါတယ်။ - [ဒေါ့ဖုန်းယန် စစ်တပ်မှာ ပိတ်ဆို့ခံထားရတဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းတွေ ထွက်ခွာဖို့ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေ](https://burmese.kachinnews.com/2023/12/15/yl1-147/): စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ စစ်ရိက္ခာတင်ပို့ဖို့ ပြန်ပြီးကြိုးစားလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ - [မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်](https://burmese.kachinnews.com/2023/12/14/am1-73/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ယူကေအနေနဲ့ စစ်အုပ်စုရဲ့အဓိကလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ချက်ချင်းလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တောင်းဆို](https://burmese.kachinnews.com/2023/12/14/bb2-5/): ယူကေအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အဓိကလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချက်မှတ်ပေးဖို့ မြန်မာ့အရေး တက်ကြွလှုပ် ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar က ဒီဇင်ဘာလ ၁၃ ရက်နေ့ မနေ့က တောင်းဆိုလိုက်ပါတယ်။ - [လမ်ဘရော့ယန်မှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်များ မီးဖိုချောင်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2023/12/14/bb1-49/): မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်ဘရော့ယန်(Lambraw Yang)ကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်ပြည်သူများအတွက် မီးဖိုချောင်ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [နန်းမားမှာ နာမည်ကြီးနေတဲ့မူးယစ်ဆေးဝါးရောင်းနေတဲ့ ညီအစ်ကိုနှစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/12/13/zz2-13/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ ဒေသခံတွေကန့်ကွတ်ဆန္ဒပြခဲ့ရတဲ့အထိ နာမည်ကြီးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးလုပ်တဲ့ ညီအစ်ကိုနှစ်ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး](https://burmese.kachinnews.com/2023/12/13/ld1-93/): ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်ထား](https://burmese.kachinnews.com/2023/12/13/dsa1-3/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်ခုတွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ - [မော်လူးရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ](https://burmese.kachinnews.com/2023/12/13/zz1-35/): စစ်ကိုင်း– ကချင်အစပ် အင်းတော်မြို့နယ်ထဲက မော်လူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား၆ ဦးလည်း အရှင်ဖမ်းမိထားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ - [ပုလဲမြို့နယ် ယာယီတရားရုံးကို ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ယောက်သေဆုံး](https://burmese.kachinnews.com/2023/12/12/am3-4/): စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ယာယီတရားရုံးကို ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ](https://burmese.kachinnews.com/2023/12/12/ld1-92/): ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့  အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်](https://burmese.kachinnews.com/2023/12/12/am2-24/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ - [ရဝမ်ရိုးရာလူကြီး ဦးထုံဖူးဒဂုဏ်အပါ ၃ ယောက်ကို KIA ဖမ်းဆီးထား](https://burmese.kachinnews.com/2023/12/12/yl1-146/): မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့်ယာဉ်ကျေးမှုအသင်း နာယက ဦးထုံဖူးဒဂုဏ်အပါအဝင် ၃ ယောက်ကို ပန်ဝါဒေသဘက်ကလာတဲ့ အပြန်လမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ သတင်းသိရှိရပါတယ်။ - [ရွှေကူနယ်အရှေ့ခြမ်းက မီးဘေးသင့်ပြည်သူများ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးစတင်](https://burmese.kachinnews.com/2023/12/12/zz2-12/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေမီးလောင်ပျက်ဆီးခဲ့ရတဲ့ကျေးရွာနေပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးတွေစတင်လုပ်ဆောင်ပြီလို့ ဒေသခံတွေကပြောပါတယ်။ - [နာဂလူမျိုးနဲ့ နာဂပြည်နယ်ကို ကာကွယ်သွားမယ့် ENNO/ENDA](https://burmese.kachinnews.com/2023/12/12/zm1-137/): ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ မြန်မာပြည်အနှံ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့အတူ လူမျိုးကိုအခြေခံတဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ကချင်နဲ့ စစ်ကိုင်းအထက်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ နာဂလူမျိုးတွေအတွက် ENNO/ENNA ဆိုတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အတူ လှုပ်ရှားနေပါတယ်။ - [နမ့်ဆန်မှာ စစ်ကောင်စီရဲ့တပ်စခန်းတွေသိမ်းပိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2023/12/12/am1-72/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဆန်ရဲစခန်းအပါအဝင် စခန်းပေါင်း ၃ ခုကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဟုမ္မလင်းနယ်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိပေးဝယ်နေရ](https://burmese.kachinnews.com/2023/12/12/zz1-34/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့ သယ်ယူနေရတာာကြောင့် ကုန်စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းပါပြတ်တောက်နေ](https://burmese.kachinnews.com/2023/12/11/hope/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေတာ ၅ ရက်ဝန်းကျင်လောက်ရှိနေပြီလို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ - [ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/12/11/am2-23/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံး နောက်ထပ်အရပ်သား ၆ ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေ ဆီကသိရပါတယ်။ - [နမ့်ဆန်နဲ့လားရှိုးက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်](https://burmese.kachinnews.com/2023/12/11/am1-71/): ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ထပ်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။ - [ဗန်းမောက်မှာ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခု ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/12/08/am1-70/): စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ - [ဘတ်မိုင်ရွာက သာသနာပြုဆရာမရွယ်ဆိုင်း](https://burmese.kachinnews.com/2023/12/08/dsa-feature1/): “တစ်နေ့ကျမ မရှိတော့တဲ့နောက်ပိုင်း ဒီအကြောင်းအရာသမိုင်းတွေကို နောင်လာနောက်သားတွေသိဖို့ ခုလိုကြိုးစားသင်ပြပေးနေတာဟုတ်တယ်” ဒီ စကားကို ပြောခဲ့တဲ့သူကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ် ကချင်ရွာတစ်ရွာမှာ ကချင်ဘာသာစကား မပျောက်ပျက်ရေး ကြိုးစားလုပ်ဆောင်နေတဲ့ ခရစ်ယာန် သာသနာပြုဆရာမ Sumlut Roi Seng ဖြစ်ပါတယ်။ - [တော်လှန်ရေးခုတုံးလုပ်ပြီး အွန်လိုင်းပေါ် ငွေလိမ်လည်တာတွေများလာ](https://burmese.kachinnews.com/2023/12/08/bb1-48/): မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ စစ်တပ်ကို အပြီးတိုင်တိုက်ထုတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြပါတယ်။ - [KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး](https://burmese.kachinnews.com/2023/12/08/ld2-23/): ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး](https://burmese.kachinnews.com/2023/12/08/ld1-91/): ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ - [လောက်ကိုင်ကနေ နေရပ်ပြန်လာသူတစ်ချို့ MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရ](https://burmese.kachinnews.com/2023/12/08/dsa1-2/): ရှမ်းမြောက် လောက်ကိုင်ကနေ နေရပ်ပြန်လာတဲ့ပြည်သူတစ်ချို့ ကိုးကန့်တပ် MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ ပြန်ပြီးလွတ်မြောက်လာသူတွေက ပြောပါတယ်။ - [မဘိန်း- ငအို ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲခံရမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သား ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2023/12/07/zz1-33/): ကချင် – ရှမ်းပြည်နယ်အစပ် ရှမ်း​မြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး–မဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ဒေါ့ဖုန်းယန်မှာ ဒေသခံတောင်သူတွေရဲ့ စပါးတွေကို စစ်ကောင်စီတပ် အတင်းအဓမ္မဝယ်ယူစုဆောင်းနေ](https://burmese.kachinnews.com/2023/12/07/yl1-145/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေါ့ဖုန်းယန်ဒေသခံတောင်သူတွေဆီကနေ ရိတ်သိမ်းပြီး ရာသီပေါ် စက်ခြွေစပါးတွေကို တင်းထောင်ချီ ဝယ်ယူစုဆောင်းနေတယ်လို့ သိရပါတယ်။ - [နာဂဒေသမှာ အထက်တန်းကျောင်းသူအဖွဲ့လိုက် ပျောက်ဆုံးနေ](https://burmese.kachinnews.com/2023/12/07/zz1-32/): စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့ ဆပ်ပြာကျေးရွာက Grade-9 အထက်တန်းကျောင်းသူ ၆ ဦးအဖွဲ့လိုက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [လုံးခင်းကျောက်ဝိုင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/12/06/cj1-11/): ဖားကန့်မြို့ လုံးခင်းကျေးရွာမှာရှိတဲ့ ညကျောက်ဝိုင်းမှာ ဒီကနေ့ည ၇ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ အမျိုးသားတစ်ဦး ဒဏ်ရာရရှိတယ်လို့ ကျောက်အရောင်း၊အဝယ် လုပ်သူတွေဆီက သိရပါတယ်။ - [နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2023/12/06/ld2-22/): “အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။ - [နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ](https://burmese.kachinnews.com/2023/12/06/ld1-90/): ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲ](https://burmese.kachinnews.com/2023/12/06/zm1-136/): KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ - [မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/12/06/am2-22/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/12/06/yl1-144/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လီဆူအမျိုးသားတစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ထီးချိုင့်မြို့လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ခုခံနေ](https://burmese.kachinnews.com/2023/12/06/am1-69/): ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ခုဆိုရင်တစ်လနီးပါးရှိလာပြီး စစ်တပ်ဘက်ကလည်း ထီးချိုင့်မြို့ လက်မလွတ်ရေး မီးကုန်ယမ်းကုန် ခုခံနေတာလည်းဖြစ်ပါတယ်။ - [ကောလင််း နဲ့ ဝန်းသိုမှာ ၆ ရက်အတွင်း Non-CDM ဝန်ထမ်း ၁၆၀ နီးပါးအလင်းဝင်လာ](https://burmese.kachinnews.com/2023/12/05/am1-68/): စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမှာ Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ရောက်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း ၆ ရက်အတွင်းမှာပဲ အလင်းဝင်ရောက်လာတဲ့ Non-CDM ဝန်ထမ်း ၁၅၈ ယောက်အထိရှိလာပြီလို့ NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ - [ဘီးလူးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/12/05/yl1-143/): ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် နန်းမွန်း(Na-Mawn)နဲ့ ဘီလူးကျေးရွာ ၂ခုကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [ဗန်းမော်မြို့ထဲ ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေ](https://burmese.kachinnews.com/2023/12/05/bb1-47/): ကချင်ပြည်နယ် ဗန်းမော်မြို့ထဲ ကုန်စည်စီးဆင်းတဲ့ ကားလမ်းမကြီး ၂ ခုစလုံး ပိတ်ခံလိုက်ရတဲ့နောက် ကုန်ကားအဝင်နည်းသွားတဲ့အတွက် ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေပြီး ပြည်သူတွေသွားလာရေးမှာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မရန်ကထောင်ရွာထဲ ပစ်ခတ်မှုဖြစ်ပေါ်လာပါက ကျေးရွာမီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်](https://burmese.kachinnews.com/2023/12/04/yl1-142/): မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာထဲမှာ ပစ်ခတ်မှုတွေထပ်ပြီးဖြစ်လာခဲ့ရင် နေအိမ်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ စစ်ကောင်စီဘက်ကနေ ခြိမ်းခြောက်ပြောဆိုထားတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ - [အင်းတော်မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်များလာ](https://burmese.kachinnews.com/2023/12/04/zz2-11/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်အဆေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံအရပ်သားတွေကို ခပ်စိပ်စိပ်ဖမ်းဆီးလာနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ - [ကသာနယ်မှာ စစ်ကောင်စီတ်တပ်သား ၃ ဦး KIA ဆီအလင်းဝင်](https://burmese.kachinnews.com/2023/12/04/zz1-31/): စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပုလွေရွှေကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၃ ယောက် ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ ကသာကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၅၇ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2023/12/01/dsa2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [ရွှေကူနယ်က စစ်တပ်ရဲ့ အထိုင်တပ်စခန်းတစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/12/01/am1-67/): ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှနယ် ရွှေငြိမ်းချမ်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ် ဘက်က KNG ကိုအတည်ပြုပါတယ်။ - [ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း တစ်ထောင်ကျော်ရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ](https://burmese.kachinnews.com/2023/12/01/hope1-18/): ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း ၁၄၁၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။ - [ဒီဇင်ဘာလ ပထမနေ့မှာတင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ](https://burmese.kachinnews.com/2023/12/01/yl1-141/): KIO ဗဟိုဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ပထမညမှာတင် ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် စစ်ကောင်စီတပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ](https://burmese.kachinnews.com/2023/11/30/ld2-21/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။ - [နန်းယွန်းမြို့ကို KIA,PDF တပ်ဖွဲ့တွေတက်သိမ်းမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူ့ဆေးရုံကလူနာတွေကိုအရေးပေါ်ပြောင်းရွေ့ထားရ](https://burmese.kachinnews.com/2023/11/30/zz1-30/): စစ်ကိုင်းတိုင်းဒေသကြီး ၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာကြောင့် နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ လူနာတွေကိုအရေးပေါ် ပြောင်းရွေ့ထားရတယ်လို့သိရပါတယ်။ - [ကွတ်ခိုင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2023/11/30/ld2-20/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုနောင်ကျေးရွာအုပ်စု တုံဆင်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်မှာလက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၆ ဦးထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ တုံဆင်ဒေသခံတွေဆီကနေ သိရပါတယ်။ - [မူဆယ် ၁၀၅ မိုင်အနီးတစ်ဝိုက် လေကြောင်းနဲ့ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2023/11/30/ld1-89/): ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင်အနီးတစ်ဝိုက်ကို စစ်တပ် ၃ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်မှာ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ](https://burmese.kachinnews.com/2023/11/29/ld1-88/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရကြောင်း ခိုမုန်းဒေသခံတွေဆီကနေ သိရပါတယ်။ - [အသက် ၆၀ ကျော်အမျိုးသားတစ်ဦး ကားကြိတ်ခံရ](https://burmese.kachinnews.com/2023/11/29/dsa1/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကားနဲ့ဖြတ်တိုက် ကြိတ်မိပြီးသေဆုံးသွားတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။ - [လီဆူမျိုးနွယ်စုဝင်တွေကို ရိုးတွင်းခြင်ဆီအထိ ဝါးမြိုဖို့ ကြိုးစားနေသူ](https://burmese.kachinnews.com/2023/11/29/am-feature1-2/): “ကျနော်ကတော့ တစ်ခြားဒေသကိုရောက်နေတာ တစ်ပတ်လောက်ရှိသွားပြီ။ တစ်အိမ်တစ်ယောက် မလုပ်မနေရ အဲ့လို့ပြောနေတာ အဲ့တာကြောင့် ကျနော်လည်း ထွက်ပြေးလာတာ” လို့ဆိုလာသူက ဝိုင်းမော်မြို့ဒေသခံ လူငယ်တစ်ယောက်ပါ။ - [ဟုမ္မလင်းနယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ဆက်တိုက်လက်နက်ကြီးပစ်ခတ်နေ](https://burmese.kachinnews.com/2023/11/29/zz1-29/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ရက် ဆက်တိုက်လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့တွင်းက အထိုင်တပ်တစ်ခုဖြစ်တဲ့ အမှတ် ၂၂၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောင်ဆန်းကျင်ကျေးရွာအုပ်စုဘက်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ နောင်ဆန်းရွာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “မနေ့က မနက် ၈နာရီလောက်ကနေစပစ်တာပဲ ချင်းတွင်းမြစ်ဟိုဘက်ကမ်း ကက်သာရွာရဲ့ နောက်ကြောဘက်က ရွာတွေဘက်ကိုပစ်နေတာ မနေ့ကတော့ ဇီးမင်သာရွာထဲမှာတစ်လုံးကျလို့ နေအိမ်တစ်လုံးလည်းမီးလောင်သွားတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီဟာ ဟုမ္မလင်းနဲ့ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ နောင်ဆန်းကျင်ကျေးရွာ၊ ဇီးမင်သာရွာ၊ မယ်ဇလီကျေးရွာတွေဘက်ကိုတိုက်ပွဲမဖြစ်ပဲပစ်ခတ်နေတာဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လက်နက်ကြီး ၇ လုံးအထိပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့  မနက် ၉နာရီကနေ မွန်းလွဲ ၁နာရီအတွင်း နောက်ထပ် ၁၀ လုံး ထပ်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “လက်နက်ကြီးတွေကတော့ကျွန်မတို့ခေါင်မိုးတွေပေါ်ကနေပဲ ဖြတ်သွားတာပါ့ မီးလုံးကြီးတွေပဲမြင်ရတယ်ဒီကနေ ပစ်လိုက်တဲ့ဟာက ခုပစ်လိုက်ရင်နောက် ၄၊၅၊ ၁၀ မိနစ်လောက်ကြာမှ ဟိုဘက်ကိုပေါက်ကွဲသံတွေကြားရတယ် အကျယ်ကြီးပဲ ကြားရတယ်”လို့ ဟုမ္မလင်းမြို့နယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိစစ်ကောင်စီတပ် လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် နောင်ဆန်းကျင်ကျေးရွာအုပ်စုထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲနိုင်ခြေရှိတဲ့ကျေးရွာတွေနဲ့ လက်နက်ကြီးကျရောက်ခဲ့တဲ့ကျေးရွာနေပြည်သူတွေဟာ မနေ့မနက်ပိုင်းကတည်းက ဘေးလွတ်ရာကိုကြိုတင်တိမ်းရှောင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိဟုမ္မလင်းမြို့နယ်ထဲကို ဖုန်းလိုင်းအချို့ဖြတ်တောက်ထားတာကြောင့် လက်နက်ကြီးပစ်ခတ်ခဲ့မှုရဲ့နောက်ဆက်တွဲအနေနဲ့ ဇီးမင်သာရွာထဲကလူ နေအိမ်တစ်လုံးမီးလောင်မှုကလွဲပြီး အခြား မြေပြင်သတင်းအချက်အလက်အပြည့်အစုံကိုသိရှိနိုင်ဖို့က်ခဲနေဆဲ ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာတော့ SNAတပ်၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေကြား အောက်တို ဘာလ ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာ လဆန်းပိုင်းကနေတော့ နောင်ပိုအောင်နဲ့လွှစင်ကုန်းကျေးရွာဘက်တွေမှာ နှစ်ဖက်တိုက်ပွဲ ခပ်စိတ်ခိတ်ဖြစ်လာပြီးနောက် ကျေးရွာအများအပြားလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဟုမ္မလင်းနယ်ထဲက ရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ By – Zaw Zaw - [ကျေးဇူးတော်ချီးမွမ်းပွဲမှာ ဖမ်းဆီးခံရတဲ့ မရန်ကထောင် ဒေသခံ ၅ ယောက်ပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2023/11/29/yl1-140/): မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာလူကြီး အမျိုးသား ၅ ယောက်ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းသိမ်းပိုက်ထားပြီလို့ ကာကွယ်ရေးတပ်ဘက်ကအတည်ပြု](https://burmese.kachinnews.com/2023/11/29/am1-66/): စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်း ၁၁နာရီ တည်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းအထိသိမ်းပိုက်ထားပြီလို့ တန့်ဆည်ကာကွယ်ရေးတပ်ဘက်က အတည်ပြုပါတယ်။ - [မိုင်းခေါင်စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ](https://burmese.kachinnews.com/2023/11/29/bb1-46/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ ကပြောပါတယ်။ - [အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် နယ်စပ်ဒေသတစ်လျှောက်က စစ်ရှောင်စခန်းမှာကျင်းပ](https://burmese.kachinnews.com/2023/11/28/bb1-45/): နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာလှုပ်ရှားမှုကို လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ မိုင်ဂျာယန်ပါကထောင် စစ်ရှောင်းခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   ဒီလှုပ်ရှားမှုကို ကချင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Kachin Star Gender Group ကနေဦးဆောင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ မိုင်ဂျာယန် ပါကထောင်စစ်ရှောင်စခန်းမှာ လူဉီးရေ စုစုပေါင်း ၃၀၀ ဝန်းကျင်ပါဝင်ခဲ့ပြီး အမျိုးသမီး ၂၇၀ နဲ့အမျိုးသားကတော့ ၃၀ ဝန်းကျင်နဲ့ကျင်းခဲ့တယ်လို့ ဆိုပါတယ်။ ကမ်ပိန်းလုပ်ခြင်းအားဖြင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေကို ပိုမိုသိမြင်လာပြီး အမျိုးသမီးနဲ့ကလေး တွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးမှာ အတူပူးပေါင်းလာ နိုင်မှာဖြစ်တယ်လို့ Kachin Star Gender Group ကတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ ဒီ ၁၆ ရက်သာကိုဘာကြောင့်လုပ်တဲ့ဆိုတာ သူတို့ပိုသိလာမယ်၊ပြီးတော့ ကျွန်တော်တို့ နေရာဒေသတွေမှာ အမျိုးသမီးတွေ ဘယ်လိုမျိုး အကြမ်းဖက်တာတွေ ခံနေရသလဲဆိုတာကို သိမြင်လာပြီး ကာကွယ်တဲ့အခါအတူပါဝင်လာနိုင်မယ်၊ ကိုယ်သိခဲ့တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ပြန်ပြောပြ ဝေမျှလာနိုင်မှာဖြစ်တယ်”လို့ပြောပါတယ်။  ဒီနှစ် ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ဦးဆောင်ကျင်းပသူတွေက ရှင်းပြခဲ့တဲ့အပြင် အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရရှိနိုင် ရေးနဲ့အတူ အကြမ်းဖက်မှုတွေပပျောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ “ဒီနှစ်ရဲ့ သတင်းစကားအတိုင်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့တွေ ရင်းနှီးမြုပ်နှံလျက် အကုန်လိုက်လုပ်တဲ့ အခြေအနေထိရောက်အောင် သတင်းစကားရဲ့ အဓိပ္ပာယ်ကိုရှင်းပြတာတွေ လုပ်သွားမှာပါ”လို့ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပြီး တစ်ပြိုင်နက် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အထူးသဖြင့် အမျိုးသမီးတွေမှာ အလုပ်အကိုင်ရှားလာတာတွေ၊ ပညာရေးတွေအပြင် တရားဉပဒေစိုးမိုးတာတွေ မရှိတော့တဲ့အတွက် လုံခြုံရေးတွေမှာထိခိုက်တာတွေရှိနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်တဲ့အပြင် ကျား–မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆)ရက်တာလှုပ်ရှားမှုကမ်ပိန်း စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့တူ အိမ်တွင်းအကြမ်းဖက်ခြင်းများဟာ ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသမီး ၆၅၇ ဦး‌ အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီး ၃,၆၇၃ ဦးကျော်ဟာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတယ်လို့ UK MYANMAR က ထုတ်ပြန်ထားပါတယ်။ By – Bu Bu - [လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ](https://burmese.kachinnews.com/2023/11/28/ld1-87/): ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ - [ရည်မှန်းချက်အသစ်နဲ့ရှေ့ဆက်နေတဲ့ CDM ကျောင်းသူ](https://burmese.kachinnews.com/2023/11/28/zm1-feature-2/): “အချိန်ကတစ်ပတ်ပဲလိုတယ် အဲ့ဒီတစ်ပတ်ပြီးရင်တော့ မစ္စတာဘွဲ့ရပြီ (M.Sc ဘွဲ့လွန်မဟာသိပ္ပံ) ဒီမစ္စတာဘွဲ့ယူပြီး ရင်တော့ ကျွန်မ Phd (ပါရဂူဘွဲ့) ဆက်တက်ဖို့ပေါ့။ ဘဝမှာ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီးကြိုးစားလာခဲ့တာ အခုတော့ ကြိုးစားခဲ့တာတွေ ရည်မှန်းချက်တွေကို စကစ(စစ်ကောင်စီ) က အားလုံးရိုက်ချိုးပေးလိုက်တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောပြလာသူကတော့ မြစ်ကြီးနား တက္ကသိုလ်မှာကျောင်း တက်ခဲ့တဲ့ Bio chemistry ကျောင်းသူ မလုလု (အမည်လွဲ)ပဲဖြစ်ပါတယ်။ - [မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ](https://burmese.kachinnews.com/2023/11/27/hope1-17/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး  ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ - [ကျောက်မဲမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက်ကျည်ထိမှန်](https://burmese.kachinnews.com/2023/11/27/am1-65/): ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့နီးနားကကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နမ့်ခုံးပရဟိတအသင်းဆီက သိရပါတယ်။ - [မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/11/27/ld1-86/): ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့ပြင် နေရာ ၃ နေရာမှာ စစ်အင်အားအလုံးအရင်းနဲ့ အထိုင်စခန်းထပ်တိုးထား](https://burmese.kachinnews.com/2023/11/27/zz2-10/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့ရဲ့အပြင်ဘက် နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်က အင်အား အများအပြားသုံးပြီး အထိုင်တပ်စခန်းတွေချထားတယ်လို့ သိရပါတယ်။ - [နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကိုအတင်းအဓမ္မစစ်သင်တန်းပေးနေ](https://burmese.kachinnews.com/2023/11/27/zz1-28/): စစ်ကိုင်းဒေသကြီး လဟယ်မြို့မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို အတင်းအဓမ္မစစ်သင်တန်းပေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ - [စစ်ကောင်စီတပ်က လက်နက်ပစ်ခတ်နေတာကြောင့် နဘားကျေးရွာတောင်သူများ လယ်စပါးမရိတ်သိမ်းနိုင်](https://burmese.kachinnews.com/2023/11/24/zz1-27/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကျဲတိုက် ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေတာကြောင့် နဘားကျေးရွာအပါ ရွာသုံးရွာက ပြည်သူတွေလယ်စပါးမရိတ်သိမ်းနိုင်ပဲဖြစ်နေတယ်လို့ နဘားဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်လူငယ်တွေကို တော်လှန်ရေးမှာပါဝင်ဖို့ လူအင်အားဖိတ်ခေါ်တဲ့ KIO ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင်များ](https://burmese.kachinnews.com/2023/11/23/hope1-16/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်လူငယ်တွေကို တော်လှန်ရေးမှာအတူ ပါဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ - [လော်ဝေါ်မျိုးနွယ်ထဲက ခေါင်းဆောင်တစ်ချို့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေ](https://burmese.kachinnews.com/2023/11/23/yl1-139/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ လော်ဝေါ်မျိုးနွယ်စုခေါင်းဆောင်တစ်ချို့ဟာ စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်မြို့ခံ လော်ဝေါ်မျိုးနွယ်စုဝင်တွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းနယ်က SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်း PDF တွေတိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/11/23/zz1-26/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့စစ်ကောင်စီတွေပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ - [ဓါးပြမှုနဲ့ ဆက်စပ်သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေ](https://burmese.kachinnews.com/2023/11/23/cj1-10/): ဖားကန့်မြို့နယ်တွင်း ဓါးပြတိုက်မှုမှာပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေတယ်လို့ KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ - [ဥပက္ခာပြုခံထားရတဲ့ ဖားကန့်မြို့တွင်းလမ်းတစ်နေရာ ](https://burmese.kachinnews.com/2023/11/22/ny-feature1/): ဖားကန့်မှာ မြေတစ်ပေကို ကျပ်တစ်သိန်းကျော်ဝယ်ပြီး ကျောက်စိမ်းတူးဖော်နေကြပေမဲ့ အများပြည်သူသုံးတဲ့ လုံးခင်း–ဖားကန့် လမ်းမကြီးကတော့ ပျက်စီးယိုယွင်းနေဆဲဖြစ်ပါတယ်။ - [စစ်တပ်က ရေလမ်းကြောင်းပိတ်ထားတဲ့အတွက် တလူး၊တကားကျေးရွာမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်](https://burmese.kachinnews.com/2023/11/22/zz1-25/): ကချင်ပြည်နယ် တနိုင်းဒေသ တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် တကားကျေးရွာဘက်ကို စစ်တပ်က ရေလမ်းကြောင်းပိတ်စို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီး အခြေခံစား သောက်ကုန်တွေပြတ်လပ်နေတယ်လို့ တလူးကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မှာ ရွာသားတွေကိုအကာကွယ်ယူပြီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ABSDF  သွားရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/11/22/zm1-135/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် ABSDF ဒီမနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [အင်ဂျန်းယန်မြို့မှာတပ်စွဲတဲ့ ဆယ်စုနှစ်ကြာ စစ်ကောင်စီတပ်စခန်း ၂ ခု အပြီးဆုတ်ခွာ](https://burmese.kachinnews.com/2023/11/21/ld1-85/): ကချင်ပြည်နယ် မြစ်ဆုံအထက် အင်ဂျန်းယန်မြို့မှာတပ်စွဲတဲ့ ဆယ်စုနှစ်ကြာစစ်ကောင်စီတပ်စခန်း ၂ ခု အပြီးရုတ်သိမ်းဆုတ်ခွာသွားပြီလို့ဒေသခံတွေပြောပါတယ်။ - [ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/11/21/zz2-9/): ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ - [အိပ်နေတဲ့အချိန် လက်နက်ကြီးကျလို့ ကလေးငယ်တစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/11/21/am1-64/): ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က အုန်းစွမ်ရွာမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ည၁၂ နာရီခန့် လူတွေအိပ်နေတဲ့အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ် ဥရုချောင်းနံဘေးက ကျေးရွာတစ်ချို့ SNA ပြောင်းရွေ့ခိုင်း](https://burmese.kachinnews.com/2023/11/21/zz1-24/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးမှာနေထိုင်တဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင် - စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို](https://burmese.kachinnews.com/2023/11/21/yl1-138/): စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့  ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။ - [စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့၃ မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများထွက်ပြေးနေရ](https://burmese.kachinnews.com/2023/11/20/ld1-84/): အာဏသိမ်းစစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကွတ်ခိုင်၊မူဆယ်၊  ပန်ဆိုင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတွေရှိနေသလို ဒေသခံတွေကလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းမြောက် ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ကုန်စျေးနူန်းတွေ စံချိန်တင်ထိုးတက်](https://burmese.kachinnews.com/2023/11/20/bb1-44/): စစ်ကိုင်း– ကချင် ပြည်ထောင်စုလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ သွားလာခွင့်ပိတ်ဆို့လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ စံချိန်တင်ထိုးတက်လာတယ်လို့ မြို့ခံလူထုက ပြောပါတယ်။ - [တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားနိုင်တဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေ](https://burmese.kachinnews.com/2023/11/20/am2-21/): ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ၅ ရက်ဆက်တိုက်ရှိလာပြီးတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းရော မြေပြင်ကနေပါ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [အင်းတော်နယ် စော်မှော်ချောင်းအနီး စျေးဆိုင်တန်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦးသေဆုံး](https://burmese.kachinnews.com/2023/11/20/zz1-23/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စော်မှော်ချောင်းအနီးကစျေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ အင်းတော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ့်ဆန်မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ နေအိမ် ၂၅ လုံး ထိခိုက်ပျက်ဆီး](https://burmese.kachinnews.com/2023/11/20/am1-63/):  ရှမ်းပြည်မြောက်ပိုင်း တ​အောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့သစ်ကြီးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် သားအဖနှစ်ယောက် သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရပ်သား၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၅ လုံးထိခိုက်ပျက်ဆီး ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [နမ္မချီးအထိုင်ချတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/11/20/yl1-137/): မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု နမ္မချီးကျောက်စိမ်းမှော် ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၁၉ ရက်နေ့ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [တိုက်ပွဲကျန် လက်နက်ကြီးကျည်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2023/11/17/am1-62/): ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ဆော့ကစားရင်း ပေါက်ကွဲလို့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ရွှေကူနယ်တောင်သူများ လယ်စပါးအထွက်နှုန်း ၁၀ ဆ ခန့်ကျဆင်း](https://burmese.kachinnews.com/2023/11/17/zz1-22/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကျေးရွာမှာ မိုးစပါးစိုက်ထားတဲ့ တောင်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်မိုးစပါးအထွက်နှုန်း အရင်နှစ်တွေထက် ၁၀ ဆခန့် ကျဆင်းသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင် - စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီး ၂ ဖက် စစ်တပ် သွားလာခွင့်ပိတ်ဆို့ထား](https://burmese.kachinnews.com/2023/11/17/yl1-136/): ကချင်ပြည်နယ်ကနေ စစ်ကိုင်းဘက်ကိုဆင်းတဲ့ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် စစ်တပ်ဂိတ်နေရာနဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့စလုံးက နိုဝင်ဘာလ ၁၆ ရက်နေ့စပြီး သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [အင်းတော်မြို့ပေါ်က ဒေသခံပြည်သူအများပိုင်း နေရပ်စွန့်ခွာ](https://burmese.kachinnews.com/2023/11/17/zz1-21/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့ပေါ်က  မြို့ခံပြည်သူလူထုအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပြီလို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ ကျောက်ဂျပိုးစျေးကောင်းရပေမယ့် အထွက်နည်းသွားပြီလို့ ဒေသခံတွေဆို](https://burmese.kachinnews.com/2023/11/16/ld1-83/): ကချင်ပြည်နယ် ပူတာအိုမှာ ကျောက်ဂျပိုးစျေးကောင်းရနေပေမယ့် ဒီနှစ်မှာတော့ ကျောက်ဂျပိုးအထွက်နည်းသွားပြီလို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။ - [လီဆူတိုင်းရင်းသားတွေ စစ်မှုမထမ်းမနေရထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအာတီယောဟန်ရဲ့ သဘောထားနဲ့အမြင် (အင်တာဗျူး)](https://burmese.kachinnews.com/2023/11/16/am1-61/): ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့ စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာ မရှိရင် နေအိမ်အထိ လာရောက် စုဆောင်းသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုလာ ၃၀ ရက်နေ့က ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ - [မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ စတင်တော့မှာလား](https://burmese.kachinnews.com/2023/11/16/zm2-21/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံး နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖုန်းအင်တာနက် လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက် ပြည်သူတွေ အသိချင်ဆုံးအရာက မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်သိမ်းတော့မှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ - [ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဂိတ်ထိုင်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေအခက်တွေ့နေ](https://burmese.kachinnews.com/2023/11/16/zz1-20/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ထိုင်ပြီး အရပ်သားဖြတ်သန်းသွား လာခွင့်ကိုတားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲနှင့် စစ်သားတွေဟာ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူရှေ့ ဖားကန့်– ဆယ်ဇင်း– ဟောင်ပါးကားလမ်းမပေါ်မှာ လွန်ခဲ့တဲ့ အပတ်ကတည်းကနေ အရပ်သားပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို လုံးဝ တားမြစ်ထားတာကြောင့် ဆယ်ဇင်းကျေးရွာအပါ၊ ဟောင်ပါးဘက်ခြမ်းက ဒေသခံပြည်သူတွေသွားရေးလာရေးခက်ခဲနေတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “အခုနဲ့ဆို နှစ်ပတ်လောက်ရှိပြီရှင့် သွားလာလို့မရတာ အရင်ကတော့သူတို့ဂိတ်ထိုင်တယ်ဆိုပေမယ့် တစ်ပတ်ကို သုံး၊လေးခေါက်လောက်တော့သွားခိုင်းတယ်အခုကလုံးဝကိုမသွားခိုင်းတာရှင့် ။ဖားကန့်ဘက်ကိုလည်းတက်လို့မရ ဖားကန့်ဘက်ကလည်းဒီဘက်ကိုလာလို့မရဖြစ်နေတာရှင့်”လို့ အသက် ၄၀ ကျော် အရွယ်ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဆယ်ဇင်းကျေးရွာအနီးစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်ကအသွားအလာပိတ်ထားတာကြောင့်လက်ရှိ ဆယ်ဇင်းကျေးရွာအပါ၊ဟောင်ပါး၊ နန့်စဘိန်း၊ခိုမ၊ ရွှေတောင်ကျော်စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကျေးရွာတွေဟာ သွားလာရေးခက်ခဲ ပြီး ကုန်စျေးနှုန်းတက်တာတွေနဲ့၊ စီးပွားရေးထိခိုက်လာတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ကျွန်မတို့ကတိုင်းရင်းဆေးတွေဘာတွေလည်းဖြန့်တယ်ရှင့်အခုလမ်းပိတ်နေတော့ခါတိုင်းဆိုဟိုပင်တို့မိုးကောင်းတို့ထိဖြန့်တယ်အခုက သွားလာလို့မရတော့ ပစ္စည်းလည်းပို့လို့မရ အခုစားသောက်ကုန်တွေလည်းလမ်းပိတ်တော့အဝင်နည်းပြီးစျေးတွေတက်နေတာ”လို့ ဟောင်ပါးကျေးရွာ နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ပုံမှန်အားဖြင့် ဆယ်ဇင်း၊ ဟောင်ပါးဘက်ကို ဆန်၊ အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်တွေကို ကားနဲ့တင်ပို့တာဖြစ်ပြီးအခုလိုလမ်းပိတ်ထားတာကြောင့် ဆန်၊အခြေခံစားသောက်ကုန်နှင့်လူသုံးကူန်တွေကို ဆိုင်ကယ် ကယ်ရီသမားတွေက ဖြတ်လမ်းအသုံးပြုပြီးတင်ပို့ရတာကြောင့် တန်ဆာခစျေးများပြီးကုန်ပစ္စည်းစျေးတက်တာတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။ အခုလိုလမ်းပိတ်ဆို့ထားတာကြောင့်ဆယ်ဇင်း၊ ဟောင်ပါးဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၆၀၀၀၀ကနေ ကျပ် ၁၈၀၀၀၀ ကျပ်ထိရှိပြီး ခရမ်းချဥ်သီးတစ်ပိသာကျပ် ၁၀၀၀၀၊ ကြ က်သွန်နီ/ဖြူ တစ်ပိသာကျပ် ၆၀၀၀ ကနေ ကျပ် ၇၀၀၀ လောက်အထိစျေးတက် နေတယ်လ်ို့လည်းဒေသခံတွေကဆိုပါတယ်။ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူအနီးစစ်ဆေးရေးဂိတ်မှာတော့ စစ်တပ်နဲ့ရဲတွေပူးပေါင်းတပ်ထိုင် နေတာဖြစ်ပြီး အင်အား ၅၀၊ကနေ ၈၀ ကြားပုံမှန်ရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေ ဆယ်ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့တပ်စခန်းကုန်းသုံးခုကို KIA၊KPDF တပ်တွေက နိုဝင်ဘာ ၉ … - [စစ်မီးဝိုင်းနေတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ထား](https://burmese.kachinnews.com/2023/11/16/zm1-134/): ကချင်– စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွတ်လာနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်တစ်နယ်လုံးကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် တစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။ - [ကောလင်းမြို့ကို KIA,PDF တွေထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူတစ်ချို့မြို့ထဲပြန်ဝင်နိုင်နေပြီလို့ဆို](https://burmese.kachinnews.com/2023/11/15/zz1-19/): စစ်ကိုင်း – ကချင်အစပ်က ကောလင်းမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကောလင်းမြို့ထဲ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဈေးဆိုင်တွေလည်းပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ - [ကွတ်ခိုင် ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး](https://burmese.kachinnews.com/2023/11/15/yl1-135/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ ဒတ်နှိုင်း(Daknai) စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ - [ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစု ၃ ဦးကျည်ထိမှန်၊ ခင်ပွန်းဖြစ်သူပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2023/11/15/zm1-133/): ကချင်ပြည်နယ် ရွှေကူမြို့ထဲမှာ စစ်တပ်လက်အောက်ခံ ရဲစခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး‌ကြောင့် မိသားစု ၃ ဦးကျည်ထိမှန်ပြီး အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/11/14/ld1-82/): ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAဘက်က သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်ပေမယ့် နမ့်ခမ်းမြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စစ်တပ်ကုန်းစခန်းသိမ်းပိုက်နိုင်တာမရှိသေးတာကြောင့် နှစ်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ကချင်-စစ်ကိုင်းနယ်စပ် ကသာမြို့ကို လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန် ကြိုးစားနေ](https://burmese.kachinnews.com/2023/11/14/zm1-132/): ကောလင်းခရိုင် ကောလင်းမြို့ကို KIA-PDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက် အပြင်းအထန်ကြိုးစားနေတယ်လို့ သိရပါတယ်။ - [ကြူကုတ်၊ ပန်ဆိုင်း ဒေသခံပြည်သူတွေ တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းဘက် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2023/11/14/yl1-134/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ခွဲ ဒေသတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ - [ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး](https://burmese.kachinnews.com/2023/11/14/am1-60/): စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ညပိုင်း ၁၁ နာရီလောက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မြေးအဖွားတော်စပ်သူ၂ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်](https://burmese.kachinnews.com/2024/01/15/ld1-104/): ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ဝိုင်းမော်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက မိသားစုပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်း ဖမ်းဆီးနေ](https://burmese.kachinnews.com/2024/01/15/yl1-158/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို မိသားစုတွေပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/01/15/zz1-48/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်](https://burmese.kachinnews.com/2024/01/15/dsa1-9/): မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ - [သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ဥက္ကဌဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်းပြော](https://burmese.kachinnews.com/2024/01/13/am1-81/): ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတားအိုက်ဘုန်းကပြောပါတယ်။ - [မန်ဝိန်းဂိတ်မှာ  ဆန်သယ်ခွင့်ပိတ်ထားတာကြောင့် ချီဖွေစစ်ရှောင်များအခက်တွေ့](https://burmese.kachinnews.com/2024/01/12/bb1-59/): ဝိုင်းမော်– ချီဖွေသွားလမ်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဆန်အိတ်တွေ သယ်ဆောင်ခွင့် မပြုတဲ့အတွက် ချီဖွေ စစ်ရှောင်စခန်းက စစ်ရှောင်တွေ စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ အသေးစိတ်ကို ကချင်သတင်းဌာနက ဘူဘူ က သတင်းပေးပို့ထားပါတယ်။ - [ဝန်းသို ခမရ ၁၂၀ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၃၁ ယောက်သေဆုံး](https://burmese.kachinnews.com/2024/01/11/am1-80/): စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခမရ ၁၂၀ တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၁ ယောက်သေဆုံးခဲ့ပြီဖြစ်‌တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ - [အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/01/11/zz1-47/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို KIA၊PDF ကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီး ဒေသခံတွေက ပြောပါတယ်။ - [ကချင်ပြည်နယ်နေ့အပေါ် လူထုအမြင်](https://burmese.kachinnews.com/2024/01/10/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%a1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-%e1%80%9c%e1%80%b0/): ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် တဆက်တည်း ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတာ နှစ်ပေါင်း ၇၆ နှစ်ကြာမြင့်လာပြီဖြစ်ပေမယ့် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံတဲ့ ကချင်ပြည်သူတွေတောင်းဆိုခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်တို့ဟာ ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်ပြည့် ကချင်ပြည်နယ်နေ့မှာ ကချင်နိုင်ငံရေးသုံးသပ်သူ၊ ကချင်လူငယ်တစ်ချို့ ဘာတွေပြောထားကြသလဲ၊ KNG သတင်းဌာနက စုစည်းဖော်ပြပေးလိုက်ပါတယ်။ မြစ်ကြီးနားဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ “ဒီနေ့ထိ ကချင်လူထုတွေလိုချင်တဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မရဘဲ ဆုံးရှုံးနေသေးတာဖြစ်တယ်။ ဒါကဘာကြောင့်လဲဆိုရင် ပင်လုံကတိကဝတ်ကို လေးစားလိုက်နာတာမရှိတာကြောင့် အဆိုးရွားဆုံးကတော့ စစ်တပ်ကြောင့်ဖြစ်တယ်။ အဲတော့ ကချင်လူထုတွေအနေနဲ့ စဉ်းစားရမှာက ကျနော်တို့ဘာလိုအပ်နေလဲ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာဖန်တီးခွင့်ကို ရအောင်လုပ်ဖို့လိုတယ်။ လက်ရှိကာလမှာ အဓိက တာဝန်ရှိသူတွေက KIO/KIA ဖြစ်တယ် အဲကြောင့်သက်ဆိုင်သူတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာဖို့လိုပါတယ်။” Moon Nay Li “ကချင်ပြည်နယ်နေ့ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းသရွှေ့ ကျမတို့အမှောင်ထဲမှာ နေနေအုံးမှာဘဲဖြစ်တယ်။ အဲကြောင့်တရားမျှတမှုရဖို့ အများကြီးကြိုးစားရမယ်။ ဝန်ကြီးဆိုတဲ့နေရာယူထားတဲ့သူတွေတောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိလား ဒါတွေကိုစဉ်းစားရမှာ ဘာလုပ်ပိုင်ခွင့်မရှိဘဲနဲ့ အပေါ်ယံကြည့်ပြီး သင့်တော်အောင် တည်ဆောက်ထားတဲ့ ထဲက ရုန်းထွက်လာနိုင်ပြီ ဖြစ်သလို အဲကြောင့် ခုတကယ်ဘဲ ကျမတို့လိုချင်တဲ့ အခွင့်အရေးရဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက တကယ်အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေလို့ပြောရင် ကျမတို့သွားချင်တဲ့ နိုင်ငံ၊ပြည်နယ်တည်ဆောက်ရေးမှာ ဘယ်လိုသွားကြမလဲ ကျမတို့ ဒီမိုကရေစီလိုချင်တဲ့သူတွေမှာ။ အဲဒီအောက်မှာ ကဏ္ဍအလိုက်လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေး ဒါတွေကိုဘယ်လိုမြင့်တင်ဆောင်ရွက်သွားကြ မလဲဆိုတာရေ စဉ်းစားဖို့လိုတယ်။” မြစ်ကြီးနားဒေသခံတစ်ဦး “ကိုယ်နိုင်တဲ့ဘက်ကနေ … - [ဝိုင်းမော်- ချီဖွေသွားလမ်းပိုင်း စစ်ဆေးတင်းကြပ်တာတွေ ပိုများလာ](https://burmese.kachinnews.com/2024/01/10/bb1-58/): ဝိုင်းမော်–ချီဖွေသွားတဲ့ ဂိတ်တစ်လျှောက် စစ်ဆေးမှုတွေတင်းကျပ်နေတာကြောင့် ခရီးသွားပြည်သူများ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ - [နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2024/01/10/cj1-12/): စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်‌တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာ‌တွေထိရှိနေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဟုမ္မလင်းနယ် နောင်ဖာမိုကျေးရွာကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2024/01/10/zz2-17/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက နောင်ဖာမိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးကောင်းမြို့ ရွှေပီတိစားသောက်ဆိုင်ကို စစ်တပ်က ချိတ်ပိတ်](https://burmese.kachinnews.com/2024/01/10/zm1-142/): ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက် ရွှေပီတိစားသောက် ဆိုင်ပိုင်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DF နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ခခူးပုံနှိပ်တိုက်က ကချင်လူငယ် ၂ ယောက်ကို စစ်တပ်ကဖမ်းဆီးသွား](https://burmese.kachinnews.com/2024/01/10/yl1-157/): ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ ခခူးပုံနှိပ်တိုက်ဆိုင်ထဲက ကချင်လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်သွားတယ်လို့ ဖားကန့် ဒေသခံတွေဆီက သိရပါတယ်။ - [စစ်တပ်အနေနဲ့ ကချင်ပြည်နယ်ထဲက အမြန်‌ဆုံးထွက်ခွာဖို့ KNF သဘောထားထုတ်ပြန်](https://burmese.kachinnews.com/2024/01/10/bb1-57/): ဇန်နဝါရီလ ၁၀ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျဆုံးရဲ့ဘော်များအားလုံးကို ဂုဏ်ပြုကြောင်းနဲ့ စစ်တပ်အနေနဲ့ ကချင်ပြည်နယ်ကနေ အမြန်ဆုံးထွက်ခွာပေးဖို့ Kachin National Forum က သဘောထားထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ - [စီအူကျေးရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲ၊ ဒေသခံအမျိုးသမီး ၂ ဦးကျည်ထိမှန်](https://burmese.kachinnews.com/2024/01/09/hope1-20/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာက မင်္ဂလာဆောင်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်ကလေယာဉ်နဲ့လာရောက်ဗုံးကျဲသွားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ - [ဖားကန့်သွားလမ်းက ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေထပ်မံတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/01/09/yl2-33/): ဖားကန့်သွားလမ်းမပေါ် နမ်တိန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။ - [နမ်တိန့်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/01/09/yl1-156/): တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်သွားလမ်း နမ့်တိန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲ အဖြစ် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဝှေခါတိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ကျော်အတွက်အကူအညီလိုအပ်](https://burmese.kachinnews.com/2024/01/08/zz3-2/): ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဝှေခါမှော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဖားကန့်နဲ့ဆိုင်းတောင်မှာ လာရောက်စစ်ရှောင်နေကြတဲ့ ဒေသခံတစ်ထောင်ကျော်အတွက် အစားသောက်နဲ့စောင်များလိုအပ်နေတယ်လို့ သိရပါတယ်။ - [ပိတ်စို့ခံထားရတဲ့ တလူးဒေသခံပြည်သူအချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြ](https://burmese.kachinnews.com/2024/01/08/zz2-16/): ကချင်ပြည်နယ် တနိုင်းမြို့နယ် စစ်ကိုင်း နဲ့ ကချင်အစပ်မှာ ပိတ်စို့ခံထားရတဲ့ တလူးကျေးရွာထဲကပြည်သူတစ်ချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်](https://burmese.kachinnews.com/2024/01/08/ld1-103/): ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊သူတွေကို စာသင်ကြားနေပြီလို့ အင်ဂျန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ](https://burmese.kachinnews.com/2024/01/08/zz1-46/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့် နမ့်တိန်နဲ့ ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက် စခန်းမှူးအရှင်ဖမ်းမိ](https://burmese.kachinnews.com/2024/01/06/yl1-155/): ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီ တပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဝှေခါစခန်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KPDF တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ - [ဖက်ဒရယ်ဆိုတာ အားလုံးအတွက်ဖြစ်ပါတယ်](https://burmese.kachinnews.com/2024/01/06/%e1%80%96%e1%80%80%e1%80%ba%e1%80%92%e1%80%9b%e1%80%9a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/): “ဖက်ဒရယ်” လို့ ပြောရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်တောင်းဆိုနေတဲ့ “ခွဲထွက်ခွင့် သို့မဟုတ် နိုင်ငံတော်ပျက်စီးယိုယွင်းသွားမယ့်စနစ်” ဖြစ်တယ်လို့ ပြေးမြင်ကြတာ များပါတယ်။ ဒီလိုရှုမြင်ကြတာကလည်း အမှားတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင် ဖက်ဒရယ်ကို တစိုက်မတ်မတ် တောင်းဆိုနေသူတွေဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဖြစ်ပြီး ဗမာတွေက စိတ်ဝင်စားမှုမရှိခဲ့ဘူး။ ဒီလိုနဲ့ဖက်ဒရယ်ဆိုတာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ကိစ္စလို့ ထင်လာခဲ့ကြတယ်။ ဖက်ဒရယ်အကြောင်းဆွေးနွေးမယ်ဆိုရင် ပင်လုံစာချုပ်ကို ပြန်လှန်ပြီးတော့ ရာဇဝင်ချီပြီး ပြောရမှာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ကချင်၊ ချင်း၊ ရှမ်း တောင်တန်းဒေသတွေဟာ ဗြိတိသျှအစိုးရကနေ သီးခြားလွတ်လပ်ရေးမယူဘဲ ဗမာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပြည်မနဲ့အတူ ရယူဖို့အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ခေတ်အဆက်ဆက် တိုင်းရင်းသားတွေဘက်က ပင်လုံ သဘောတူညီချက်နဲ့ ကတိကဝတ်တွေကို အကောင် အထည်ဖော်ရေး၊ တစ်နည်းအားဖြင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးတွေကို အခိုင်အမာပြု ပြောဆိုကြပါတယ်။ “ပင်လုံစာချုပ်ရဲ့ အဓိကအနှစ်သာရက ပြည်မနဲ့ပြည်နယ် တန်းတူရေးမှုကို အခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ သဘောတူခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသားတွေက လက်မှတ်ရေးထိုးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သူ့ကို ဆက်ခံတဲ့ ဝန်ကြီးဦးနု ပင်လုံစိတ်ဓာတ်၊ပင်လုံအနှစ်သာရကို သွေဖီသွားပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်မှုကို ဖယ်ထုတ်ခဲ့တယ်။ဗမာပြည်မ နယ်မြေကို ပြည်ထောင်စု (ဗဟို) အာဏာနဲ့ တွဲလိုက်တဲ့ အတွက် ဗမာတိုင်းရင်းသား တွေဟာ တစ်ခြားတိုင်းရင်းသားတွေထက် အခွင့်အရေး ပိုရသွားခဲ့ပါတယ်။” လို့ ဖက်ဒရယ်အရေးလေ့လာတဲ့ ဦးခင်မောင်ဝင်းက ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ ၁၉၄၇ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရတယ်လို့ ဖော်ပြထားတာကြောင့် ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုကနေ … - [နောင်မွန်မြို့နယ် ခူထီကျေးရွာက သက်ကြီးရွယ်အိုတွေအတွက်အကူအညီတွေလိုအပ်နေ](https://burmese.kachinnews.com/2024/01/05/%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%81%e1%80%b0%e1%80%91%e1%80%ae%e1%80%80/): ကချင်ပြည်နယ် နောင်မွန်မြို့နယ် ခူထီကျေးရွာထဲက သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ - [KIA-PDF ပူးပေါင်းဂိတ်မှာ စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/01/05/kia-pdf-%e1%80%95%e1%80%b0%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%85%e1%80%ba%e1%80%80/): ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA-KPDF ၊ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်တွေ ပူးပေါင်းထိုင်ထားတဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီစစ်သား ၅ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရွှေကူနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။ - [တနိုင်း စစ်ရှောင်စခန်း ၂ ခုအတွက် လျှပ်စစ်မီးရဖို့ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/01/05/%e1%80%90%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-bb/): ကချင်ပြည်နယ်၊ တနိုင်းမြို့ စစ်ရှောင်စခန်း ၂ ခုမှာ လျှပ်စစ်မီးရဖို့အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ‌တွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၆၀ ကျော်ဖြစ်ပွား](https://burmese.kachinnews.com/2024/01/05/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%85%e1%80%ba/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာလတစ်လအတွင်းမှာ ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ - [ပူတာအို နောင်ခိုင်စက်လှေဆိပ်ကို စစ်တပ်ကပိတ်ထားလို့ ဒေသခံတွေသွားလာရေးမှာ အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/01/05/%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%80%e1%80%ba%e1%80%9c%e1%80%be%e1%80%b1%e1%80%86%e1%80%ad%e1%80%95%e1%80%ba/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် နောင်ခိုင်ကျေးရွာစက်လှေဆိပ်ကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် ဒေသခံတွေသွားလာရေးအခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ - [ကသာမှာ သောင်းကျန်းနေတဲ့ စစ်ကောင်စီ ကျားဘီလူးစစ်ကြောင်း](https://burmese.kachinnews.com/2024/01/05/%e1%80%80%e1%80%9e%e1%80%ac%e1%80%99%e1%80%be%e1%80%ac-%e1%80%9e%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7/): “ခြေတွေလက်တွေရော လက်ချောင်းတွေကိုရောဖြတ်တယ် ဓားတွေနဲ့လည်း အချက်ပေါင်းများစွာလှီးတယ် ပြီးရင်မျက်နှာတွေကိုလည်း သေနတ်နဲ့ဘောက်လိုက်ဆွဲထားတာမျိုးတွေရော ဦးနှောက်တွေဆိုအပြင်ဘက်ကိုထွက်နေတာ အဲ့တာပြီးမှသေနေပါပြီဆိုတဲ့အလောင်းတွေကိုခေါင်းတစ်ခြားကိုယ်တစ်ခြား ဖြစ်အောင်ကိုဖြတ်ပစ်တယ်” ဒါကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်းမှာဘဲ အရပ်သား ၂ ယောက်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက် စုစုပေါင်း ၇ ယောက်ကို စစ်ကောင်စီတပ်ကရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်က ပြောပြသွားတာပါ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းတာဝန်ခံ ကိုဘရန်ရှောင်နဲ့အတူနောက်ထပ်တပ်ဖွဲ့ဝင်တစ်ယောက်ဟာ ကသာမြို့နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ပင်းမလွှတ်ရွာမှာ ညအိပ်နားတဲ့အချိန် စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်သွားတာပါ။ အဲ့ဒီသတ်ဖြတ်ခံရမှုမှာ ကိုဘရန်ရှောင်နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် ညအိမ်ပိုင်ရှင် ကိုဘောက်မိုင်ပါ သတ်ဖြတ်ခံလိုက်တဲ့အပြင် သတ်ဖြတ်ပြီးတာနဲ့ကိုဘရန်ရှောင်တို့တည်းခဲ့တဲ့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ပင်းမလွှတ်ရွာထဲက နောက်ထပ်နေအိမ် ၄ လုံးအထိမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီသတ်ဖြတ်မှုဖြစ်ပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ကသာမြို့နယ်မိုးတားလေးတိုက်နယ်ထဲက ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦး ကသာမြို့အဝင်က စစ်ကောင်စီဂိတ်ကို စစ်ဆင်ရေးသွားလုပ်တဲ့အချိန် အဲဒီစစ်ကြောင်းနဲ့တိုးပြီး ထပ်ပြီးသတ်ဖြတ်ခံခဲ့ရပြန်ပါတယ်။ “အသက်အရွယ်တွေက ၂၀ ကျော်လေးတွေပဲ ကိုဘရန်ရှောင်တို့ကိုသတ်သွားတဲ့စစ်ကြောင်းပဲ “လို့ မိုးတားလေးတိုက်နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကပြောပါတယ်။ အလားတူဘဲ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကသာမြို့နယ်အောင်ပုံရွာထဲက နေအိမ်တစ်အိမ်ထဲကို စစ်တပ်ကဝင်စီးပြီး အိမ်ရှင်ကိုဒူးရှည်ဆိုတဲ့ အရပ်သားကို နေအိမ်ထဲမှာဘဲသတ်ဖြတ်သွားခဲ့ပါတယ်။ ကိုဒူးရှည်ကတော့ အရပ်သားဖြစ်တယ်လို့ KNG က အတည်ပြုရပေမဲ့ စစ်တပ်ဘက်ကတော့ထောက်ပို့ တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုပြီးသတ်ဖြတ်သွားခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီကသိရပါတယ်။ ဒီလို အရပ်သားအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကြောင်းရဲ့နာမည်ကတော့ “ကျားဘီလူးစစ်ကြောင်း” ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။ “သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့စစ်ကြောင်း “  အဲ့ဒီစစ်ကြောင်းကိုယ်တိုင်က အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီးတဲ့အချိန် သတ်ဖြတ်ခံရသူတွေရဲ့ ခန္ဓာကိုယ်ပေါ် “ကျားဘီလူးစစ်ကြောင်း” လို့ ဆော့ပင်နဲ့ရေးသွားတာကြောင့် သိရတာပါ။ “ကျားဘီလူးစစ်ကြောင်းလို့သူတို့ကရေးသွားတာပေါ့နော် ကျမတို့နယ်ဘက်ကို အဲ့ဒီလိုမျိုး တစ်ခါမှာ လှုပ်ရှားတာမျိုးမရှိခဲ့ဘူး ဒီစစ်ကြောင်းက ရှမ်းနီ SNA တပ်ဖွဲ့ဝင်ရယ် စစ်သားတွေရယ်ရောနေတာ … - [KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2024/01/04/ld1-102/): KIO ဌာနချူပ်အနီး KIA ပစ်ချလိုက်တဲ့ စစ်ကောင်စီရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောပါတယ်။ - [စစ်တပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ် ပါဝင်လာခြင်းမရှိ](https://burmese.kachinnews.com/2024/01/04/yl1-154/): ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးအထိမ်းအမှတ်နေ့အဖြစ် စစ်ကောင်စီဟာ အကျဉ်းသား၊သူတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပါဝင်လာခြင်းမရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ - [နမ္မတူမြို့မှာ စစ်ကောင်စီ ဗုံးကျဲတိုက်မှုကြောင့် နေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2024/01/03/ld1-101/): ရှမ်းမြောက် နမ္မတူမြို့ကို TNLA သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေသေးတာကြောင့် ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လာလို့မရသေးဘူးလို့ ဆိုပါတယ်။ - [ခေါင်လန်ဖူး ခရန်ထီဒမ်းပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/01/03/yl1-153/): ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခရန်ထီဒမ်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ - [ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို KPDF စောင့်ကြိုတိုက်ခိုက်](https://burmese.kachinnews.com/2024/01/03/zz1-45/): ကချင်ပြည်နယ် ရွှေကူမြို့ အောက်လေးလမ်းဆုံဂိတ်က ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။ - [ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ KIO ဥက္ကဌပြော](https://burmese.kachinnews.com/2024/01/02/yl1-152/): ၂၀၂၃ ခုနှစ်မှာ မပြီးပြတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုတွေ အတူတကွ တက်ညီလက်ညီ ခုခံတော်လှန်မှုကြောင့် ၂၀၂၄ ခုနှစ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။ - [ကောင်ရွန်ရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစတင်နေပြီလို့ဆို](https://burmese.kachinnews.com/2024/01/02/dsa1-8/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရွန်(Gawngrun)ရွာမှ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးကို စတင်နေပြီဖြစ်တယ်လို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ - [တခက်၊ခလုံး ရွာဘက်မှာ ညဘက်ထွက်တဲ့သူတွေကိုဖမ်းဆီးရိုက်နှက်မယ်လို့ စစ်တပ်ကခြိမ်းခြောက်ထား](https://burmese.kachinnews.com/2024/01/02/zz1-44/): ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာတစ်ချို့မှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေတဲ့အပြင် ညဘက်ထွက်သူတွေကို ဖမ်းဆီးရိုက်နှက်မယ်လို့ စစ်တပ်က ပြောဆိုထားတယ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ - [လုံးခင်းရွာနားက ဂျုံးဂျုံးဂျက်တံတား](https://burmese.kachinnews.com/2024/01/02/ny-feature1-2/): ဖားကန့်မြို့ရဲ့ သက်တမ်းအကြာဆုံး ဥရုချောင်းကို ဖြတ်ပြီးသွယ်တန်းတည်ဆောက်ထားတဲ့ တံတားတွေထဲမှာ လုံးခင်းရွာနားက တံတားလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ - [တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ နေရပ်ပြန်ရွှေညောင်ပင်ပြည်သူများ](https://burmese.kachinnews.com/2024/01/02/am-feature1-3/): “မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေပြီ ဘာလုပ်လို့လုပ်ရမှန်းမသိ ဘယ်အချိန်ဘယ်နေ့ပြေးရမှန်းမသိ အဲ့လိုမျိုးပဲ ဆိုးရွားတဲ့အခြေနေတစ်ခုကိုပဲ စောင့်နေရသလိုဖြစ်နေတယ်” လို့ ဆိုလာသူကတော့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကဒေသခံ ကိုနောနော် (အမည်လွှဲ) ပါ။ - [ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး](https://burmese.kachinnews.com/2024/01/02/am1-79/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်](https://burmese.kachinnews.com/2023/12/28/am2-27/): စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။ - [ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2023/12/28/am1-78/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ - [ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး](https://burmese.kachinnews.com/2023/12/28/zz1-43/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လုံရှာယန်ရွာအလယ်ခေါင်မှာ စစ်တပ်ကတပ်စွဲနေထိုင်ဖို့ စခန်းတည်ဆောက်နေ](https://burmese.kachinnews.com/2023/12/28/ld1-100/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ရွာမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်ဖို့ စခန်းပြန်ပြီးဆောက်နေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ - [လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ](https://burmese.kachinnews.com/2023/12/28/zm1-141/): စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေတယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်ဒေသခံ ၂ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား](https://burmese.kachinnews.com/2023/12/28/yl1-151/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တွေက အမျိုးသား ၂ ယောက်ကို အတင်းအဓမ္မ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပပါတယ်။ - [ရွှေညောင်ပင်စစ်ရှောင်တွေ သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့ဖို့ပြင်ဆင်](https://burmese.kachinnews.com/2023/12/28/bb1-56/): ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာက ကချင်နှစ်ခြင်းအသင်းတော် KBC မှာ လာရောက်ခိုလှုံနေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေဟာ စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပြီလို့ ရွှေညောင်ပင်စစ်ရှောင်တွေက ပြောပါတယ်။ - [တနိုင်း စစ်ရှောင်စခန်း ၂ ခုအတွက် လျှပ်စစ်မီးရဖို့ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/12/28/%e1%80%90%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%81%82/): ကချင်ပြည်နယ် တနိုင်းမြို့ စစ်ရှောင်စခန်း ၂ ခုမှာ လျှပ်စစ်မီးရဖို့အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ‌တွေ ပြောပါတယ်။ - [ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း](https://burmese.kachinnews.com/2023/12/28/zz1-42/): ကချင်ပြည်နယ် ဖားကန်​မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ - [ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2023/12/27/dsa1-7/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ခကွမ်ရပ်ကွက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝိုင်းမော်ဒေေသခံတွေထံမှ သိရပါတယ်။ - [နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ](https://burmese.kachinnews.com/2023/12/27/ld1-99/): ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ စစ်တပ်ကဖမ်းထားတဲ့ ပြည်သူ ၂ ဦး ရဟတ်ယာဉ် နဲ့ နေရာပြောင်းရွှေ့](https://burmese.kachinnews.com/2023/12/26/ny1-8/): ဖားကန့်မှာ စစ်‌ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ  ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်မှာ ကျပ်သိန်း ၁၆၀ ‌ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ](https://burmese.kachinnews.com/2023/12/26/zm2-22/): ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ပြည်သူ ၂ ဦးဆီကနေ ကာလတန်ဖိုးကျပ်သိန်း ၁၆၀ ‌ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ - [နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး](https://burmese.kachinnews.com/2023/12/26/am1-77/): ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ - [မိုးတားလေးမှာ စစ်တပ်က ဗုံးကျဲလို့ KPDF တပ်ဖွဲ့  ၁ ဦးသေဆုံး၊ အရပ်သားလည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2023/12/26/zm1-140/): ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးတားလေးရွာထဲကို အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်သွားတဲ့အတွက် မြို့လှ KPDF က တပ်သားတစ်ဦးသေဆုံးပြီး အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေ ဆီကနေ သိရပါတယ်။ - [ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ](https://burmese.kachinnews.com/2023/12/26/zz1-41/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆယ်စုနှစ်ကြာလာတဲ့ ချီဖွေစစ်ရှောင်စခန်း ရေချိုးခန်း၊အိမ်သာပြုပြင်ဖို့ အရေးကြီးကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/12/26/%e1%80%86%e1%80%9a%e1%80%ba%e1%80%85%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-%e1%80%81%e1%80%bb%e1%80%ae%e1%80%96%e1%80%bd/): ကချင်ပြည်နယ် ချီဖွေမြို့က KBC စစ်ရှောင်စခန်းမှာ ရေချိုးခန်း၊ အိမ်သာတွေပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။ - [အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံရ ](https://burmese.kachinnews.com/2023/12/25/zm1-139/): စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကသာမြို့ခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ](https://burmese.kachinnews.com/2023/12/25/bb1-55/): မြစ်ကြီးနား – ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ - [ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  ](https://burmese.kachinnews.com/2023/12/25/zz1-40/): စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့လူငယ်အများစု မိသားစုနဲ့အဆက်သွယ်မရသေး](https://burmese.kachinnews.com/2023/12/25/dsa1-6/): ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က နေရပ်ပြန်လာရင်း ကိုးကန့်တပ် MMDAA ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ချို့တစ်လကျော်ကြာလာပေမေယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံသွားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ - [ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်စခန်းက အမျိုးသမီးတွေရဲ့ရင်တွင်းစကား](https://burmese.kachinnews.com/2023/12/25/bb1-54/): ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့စတင်ခဲ့တဲ့ ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲဟာ အခုဆိုရင် ၁၂ နှစ်ကျော်လာပြီးဖြစ်ပါတယ်။ - [တလူးဘက်စစ်ရေးတင်း‌မာနေတဲ့အတွက် ရှင်ဗွေယန်မြို့နယ်ဘက် တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေ](https://burmese.kachinnews.com/2023/12/22/zz1-39/): ကချင်ပြည်နယ် တနိုင်းမြို့နယ် တလူးကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာအချို့မှာတိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ - [တရုတ်ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ](https://burmese.kachinnews.com/2023/12/22/am2-26/): ၁၀၂၇ စစ်ဆင်ရေအဖြစ်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ မြို့နယ်တွေကို လေကြောင်းကနေရော မြေပြင်ကနေပါ တိုက်ခိုက်မှုတွေရှိနေတဲ့ အတွက် ပိုက်လိုင်းပေါက်ကွဲမှုတွေဖြစ်လာမှာကို အရပ်သားတွေစိုးရိမ်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က သတင်းထုတ်ပြန်ပါတယ်။ - [သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်း](https://burmese.kachinnews.com/2023/12/22/yl1-150/): မြန်မာသတင်းမီဒီယာသမားများ လုံခြုံရေးနဲ့အကာအကွယ်ရရှိနိုင်ရေးအတွက် ‘လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ’ Independent Press Council – Myanmar (IPCM)ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်နေရာမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ - [မြေစာစွန့်ပစ်မှုကြောင့် နွံကန် ရေများလျှံကျနေ](https://burmese.kachinnews.com/2023/12/22/ny1-7/): ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စု ၊ မမုံကျေးရွာမှာမြေစာစွန့်ပစ်ရာက‌နေ နွံကန်အောက်ခြေမှာရှိတဲ့ ရေနဲ့နွံများလျှံကျနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ - [မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်များ ပြုပြင်ဖို့ ကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/12/22/bb1-53/): မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မံစီမြို့နယ် အောင်နန်ကျေးရွာက စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ဖို့ အကူညီတွေလိုအပ်နေတယ်လို့ အောင်နန်မူလွန်‌ကျောင်းတာဝန်ရှိသူ‌‌တွေဆီကနေ သိရပါတယ်။ - [တာလောကြီးနယ်က ပြည်သူ့စစ်တွေအားလုံး KIA ထံ လက်နက်ချအညံ့ခံဖို့ သတိပေး](https://burmese.kachinnews.com/2023/12/22/ld1-98/): မြစ်ကြီးနားမြို့နယ် တာလောကြီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်လာအပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ - [မိုးတားလေးတိုက်နယ် ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် အသတ်ခံရ](https://burmese.kachinnews.com/2023/12/21/am2-25/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ် မိုးတားလေးတိုက်နယ်မှာ မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း စစ်ဆင်ရေးသွားပြီး ပြန်လာတဲ့ မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါ တယ်။ - [ကချင်မှာ ဆက်ကျော်သက်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာ](https://burmese.kachinnews.com/2023/12/21/dsa-feature/): “မူးယစ်ဆေး မကောင်းမှန်းသိတယ် ဒါပေမယ့်လည်း သွေးသားကနေတောင့်တနေတာ့ စိတ်ကိုထိန်းချုပ်လို့မှမရတာ ငါကရော မပြောင်းလဲချင်ဘဲနေမလား မူးယစ်ဆေးကလေတစ်ခါလုပ်ပြီးရင် ပြန်နောက်ဆုတ်ဖို့ဆိုတာ အရမ်းခက်တယ်”ဆိုသူက တော့ မိသားစုရဲ့ချဉ်ဖတ်၊ ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ယောက်အနေနဲ့ ခုချိန်ထိလည်း မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးတဲ့ မြစ်ကြီးနားမြို့က အသက် ၂၃ နှစ်အရွယ် နောဒီး(အမည်လွဲ)ဆိုတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ - [ပူတာအိုမှာ သားအဖနှစ်ယောက်စကားများရာက‌နေ နှစ်ဦးလုံး ဓာတ်ဆီလောင်းပြီး မီးလောင်သေဆုံး](https://burmese.kachinnews.com/2023/12/21/am1-76/): ကချင်ပြည်နယ် ပူတာအိုမြို့လုံးစွတ်ရပ်ကွက်မှာ သားအဖချင်းစကားများရန်ဖြစ်ရာကနေ ဓာတ်ဆီနဲ့လောင်းမီးရှို့လို့ သားအဖနှစ်ယောက်လုံးသေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [စစ်ဘေးရှောင် ၃၀၀ ကျော်ရှိတဲ့ဘုန်းကြီး ကျောင်းဆောင်မီးလောင်ပြာကျ၊ကိုရင်တစ်ပါးမီးထဲပါသွား](https://burmese.kachinnews.com/2023/12/21/zz2-15/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ခိုလုံနေထိုင်နေတဲ့ နားမော်ကျေးရွာဘုန်းကြီးကျောင်းဆောင် တစ်ဆောင်မီးလောင်ပြာကျခဲ့ပြီး ကိုရင်တစ်ပါးလည်း မီးလောင်တဲ့ထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်ဂျန့်ယန်မှာ ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကြိုးစားနေ](https://burmese.kachinnews.com/2023/12/21/dsa1-5/): ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က တစ်လကျော်အကြာပိတ်ထားရတဲ့ စာသင်ကျောင်းများ ပြန်ပြီးဖွင့်လှစ်နိုင်ဖို့ ရွာကလူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဗန်းမောက်မှာ စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတစ်ခုတိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာ](https://burmese.kachinnews.com/2023/12/21/zz1-38/): စစ်ကိုင်းဒေသကြီးဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်သားတွေက အထိုင်တပ်စခန်းတစ်ခုကို တိုက်ပွဲမဖြစ်ပဲ စွန့်ခွာသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [TNLA မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦးအမှုကို ဆွေးနွေးဖို့အဖြေရှာဖို့ သဘောတူထားတယ်လို့ဆို](https://burmese.kachinnews.com/2023/12/21/ld2-25/): ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီး( Mong Wee) အနီးမှာ TNLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIA နဲ့ TNLA ကြား နှစ်ဖက်ဆွေးနွေးဖြေရှင်းဖို့ သဘောတူထားတယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ - [မူဆယ်မှာ မီးနဲ့ရေပြတ်တောက်တာ ၁ နီးပါးရှိလာ](https://burmese.kachinnews.com/2023/12/21/ld1-97/): ရှမ်းမြောက် မူဆယ်မှာ မီးနဲ့ရေ ပြတ်နေတာ ၁ လခန့်ရှိလာပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဟုမ္မလင်းမြို့ပေါ်မှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်အထိရှိလာ](https://burmese.kachinnews.com/2023/12/21/zz1-37/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ် နေတာကြောင့် ဟုမ္မလင်းမြို့ပေါ်မှာထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်အထိရှိလာပြီလို့ မြို့ခံတွေဆီကနေသိရပါတယ်။ - [တနိုင်းလီဒိုလမ်းမပေါ်မှာ စပါးရိတ်ခြွေစက်မရှိတဲ့အတွက် စပါးသိမ်းယူနိုင်ဖို့ အခက်အခဲကြုံနေရ](https://burmese.kachinnews.com/2023/12/20/yl1-149/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ ကျေးရွာတွေမှာ စပါးရိတ်ခြွေစက်တွေအဝင်မရှိသလောက် မနည်းပါးသွားတဲ့အတွက် လယ်ယာလုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ ဒေသခံတွေသူတွေဟာ စပါးရိတ်သိမ်းဖို့ရန် အချိန်နှောင့်နည်းကျန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ - [ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2023/12/20/ld2-24/): ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ - [ပူတာအို အင်ခါဂါးရွာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်း အပြီးတိုင်ဆုတ်ခွာ](https://burmese.kachinnews.com/2023/12/20/ld1-96/): ပူတာအိုခရိုင် အင်ခါဂါးရွာမှာတပ်စွဲတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုအပြီးရုတ်သိမ်း ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။ - [ဝိုင်းမော်မှာ အချိန်မှီ စပါးမရိတ်သိမ်းနိုင်တဲ့ အခက်အခဲဖြစ်ပေါ်နေ](https://burmese.kachinnews.com/2023/12/19/bb1-52/): ဝိုင်းမော်မြို့မှာ လုပ်သားရှားပါးတဲ့ အခက်အခဲတွေကြောင့် တောင်သူတစ်ချို့ အချိန်မီ စပါးမရိတ်နိုင်ဘဲ စပါးအမှည့်လွန် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ - [မူဆယ် ၁၀၅ အနီး လေကြောင်းပစ်ခတ်မှုဆက်တိုက်ရှိနေဆဲ](https://burmese.kachinnews.com/2023/12/19/ld1-95/): ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်ကို ညီနောင်မဟာမိတ်ဘက်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။ - [တစ်လကျော်တိုက်နေရတဲ့ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်း အပြီးသတ်သိမ်းပိုက်ရရှိ](https://burmese.kachinnews.com/2023/12/19/ld1-94/): စစ်တပ်ဘက်က အပြင်းအထန်ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့က  စခန်းသစ်ဗျူဟာကုန်းကို ညီနောင်မဟာမိတ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ - [နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၆ ယောက်သေဆုံးခဲ့](https://burmese.kachinnews.com/2023/12/19/am1-75/): ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီး နေအိမ် အလုံး ၆၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ဆီက သိရပါတယ်။ - [တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်](https://burmese.kachinnews.com/2023/12/18/ld-17/): မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဖက်ဆစ်စစ်တပ် နဲ့ မပူးပေါင်းဖို့ တရုတ်အစိုးရထံ အိတ်ဖွင့်စာ ပေးပို့](https://burmese.kachinnews.com/2023/12/18/hope-2/): တရုတ်အစိုးရအနေနဲ့ ဖက်ဆစ် စစ်တပ် နဲ့ မပူးပေါင်းဘဲ ဖိနှိပ်ခံ မြန်မာပြည်သူတွေနဲ့ အတူပူးပေါင်းဖို့အတွက် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body-GSCB) နဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၆ ဖွဲ့ တို့က တရုတ်အစိုးရကို အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ပါတယ်။ - [ရွှေညောင်ပင်ဒေသခံများ အောင်မြေ (၁) သို့ တိမ်းရှောင်](https://burmese.kachinnews.com/2023/12/18/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%8a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%81%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1/): ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာမှာ တိုက်ပွဲဖြစ်လာမယ့်အခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ ကြိုတင် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိရပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ဒေသခံတွေဟာ နီးစပ်ရာ အောင်မြေ ၁ ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေညောင်ပင် ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “အခုဆို ရွာထဲမှာ စစ်သားတွေအပြည့်ဘဲ ၊ နေ့နေ့ညည အချိန်မတော် သေနတ်တွေနဲ့ လည်းပစ်တယ်၊ လေယာဉ်တွေနဲ့ လည်း ပစ်တော့ ပြည်သူတွေမနေရဲတော့ဘူးလေ၊ ဒီနေ့လည်း ရွာထဲမှာတောင်ပစ်နေကြပြီ၊ အခုလည်း လေယာဉ်တွေ ပျံနေတယ်” လို့ပြောပါတယ်။ လက်ရှိမှာတော့ နေအိမ်စောင့်ဖို့အတွက် ယောကျ်ားသားတစ်ချို့ကျန်နေခဲ့ပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရွာကနေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ ရွှေညောင်ပင်ဒေသခံတွေဟာ အောင်မြေ (၁) KBC ခရစ်ယာန်ဘုရားကျောင်းဝန်းထဲ ယာယီခိုလှုံနေရတယ်လို့ ဆိုပါတယ်။ “ရုတ်တရက်ဆိုတော့ ကျွန်တော်တို့လည်း အကုန်အံ့ဩနေကြတာပေါ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ လူတွေအများကြီးဆိုတော့လေ အိမ်သာတွေလည်း မလောက်တော့ အခုအဲ့တာတွေ လုပ်ဖို့စီစဉ်နေကြတာပေါ့၊ ပစ္စည်းတွေတောင် အကုန် ဒီအတိုင်းဘဲ ရှိနေသေးတယ်၊ ဟောခန်းမှာဘဲ မိုးကာခင်းပြီး ဖြစ်သလိုဘဲ လုပ်ထားရသေးတယ်” လို့ အောင်မြေ (၁) ရှိ Bansa Zi-Un အသင်းတော်က ဆရာတစ်ပါးက ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ အိမ်ထောင်စု ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၂ထောင်ကျော်ရှိရာကနေ အောင်မြေ (၁) ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွှေညောင်ပင်ဒေသခံ အယောက် ၃၀၀ ဝန်းကျင်လောက်ရှိပြီးတော့ ကျန်တဲ့ဒေသခံတွေကတော့ … - [ပြည်ပရောက် အလုပ်သမားတွေကို အခွန်ကောက်ခံမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ဘန်ကောက် UN ရုံးမှာ ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2023/12/18/bb2-6/): ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂ ရာခိုင်နှုန်းကို အခွန်ကောက်ခံမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ထိုင်းရောက်မြန်မာလုပ်သားတွေက ဘန်ကောက် UN ရုံးမှာ သွားရောက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ - [တလူး၊ တကားကျေးရွာဘက် ရေလမ်းကြောင်းပိတ်တာ တစ်လကျော်ကြာလို့ ဆန်စျေး စံချိန်တင် မြင့်တက်](https://burmese.kachinnews.com/2023/12/18/am3-5/): တနိုင်းမြို့နယ် တလူးကျေးရွာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာဘက်ကို တစ်လကျော်ကြာ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် လက်ရှိမှာတော့ ဆန်တစ်အိတ် ကျပ် ၄ သိန်း ကျော်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ - [ကသာမြို့နယ် ပကဖ အဖွဲ့ရဲ့ သတင်းတာဝန်ခံအပါအဝင် ၃ ယောက်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2023/12/18/am1-74/): ကချင် စစ်ကိုင်းနယ်စပ်၊ ကသာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းတာဝန်ခံတစ်ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ - [KIA ဌာနချုပ်အနီး စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2023/12/18/yl1-148/): မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယန်အထက်မှာ စစ်ရိက္ခာသယ်ပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ တွေက ပြောပါတယ်။ - [ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာမှာ SNA ပြန်လည် ဝင်ရောက်တပ်ချ](https://burmese.kachinnews.com/2023/12/18/zz2-14/): စစ်ကိုင်း ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာထဲမှာ စစ်ကောင်စီ လက်အောက်ခံ SNA တပ်က တပ်ထိုင်ထားပြီလို့ ဒေသခံတွေ ပြောပါတယ်။ - [ပျက်စီးသွားတဲ့ တနိုင်းစစ်ရှောင်စခန်း နေအိမ်တွေ ပြုပြင်ဖို့ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2023/12/18/bb1-51/): ကချင်ပြည်နယ် တနိုင်းမြို့၊ စိန်ဂျိုးဇက် စစ်ရှောင်စခန်းမှာ အိမ်တန်းလျားခေါင်မိုးလဲရန်အတွက် ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ သိရပါတယ်။ - [မော်လူးမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်](https://burmese.kachinnews.com/2023/12/18/zz1-36/): ကချင်–စစ်ကိုင်းနယ်စပ်၊ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်နေပြီလို့ သိရပါတယ်။ - [အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ](https://burmese.kachinnews.com/2023/12/16/bb1-50/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင် ဂိတ်မှာ အများဆုံးပေးဆောင် နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခုလို အခွန်ကြေးတွေများပြီး ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့် စစ်ကြိုင်စစ်ရှောင် ပြည်သူတွေအနေနဲ့ စားဝတ်နေရေးမှာ အခက်အခဲတွေကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက ကိုအခုလိုပြောပါတယ်။ “အစားအသောက်နဲ့ ပက်သတ်ပြီး အရမ်းခက်ခဲနေကြတာဟုတ်တယ်၊ ကျွန်တော်တို့က အလုပ်ဆိုရင်လည်း နေ့စားတွေရှိမှ လုပ်ရတာလေ၊ ဝယ်စားဖို့ဆိုရင်လည်း အကုန်လုံးက ဈေးတွေတက်နေတော့ အနိုင်နိုင်ဖြစ်နေရတယ်၊ အကူအညီတွေလည်း သိပ်မရောက်တော့ဘူးလေ” လို့ဆိုပါတယ်။ စင်ကြိုင်ဒေသခံတွေ ပြောဆိုချက်အရ ၁၃ မိုင်ဂိတ်မှာကောက်ခံတဲ့အခွန်ငွေတွေဟာ ၇သိန်း ၈ သိန်း ထိအခွန်တွေ ပေးဆောင်နေရတာဖြစ်ပြီး ကျန်ဂိတ်တွေမှာတော့ သုံးလေးသောင်းဝန်းကျင် ပေးဆောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က သယ်လာတဲ့ ပစ္စည်းအနည်းအများ ကိုကြည့်ပြီး ကြိုက်သလိုကောက်တာ၊ အဲ့လိုဆိုတော့ ကုန်သယ်ကားတွေလည်း အများကြီးမသယ်ရဲကြတော့ ကျွန်တော်တို့ဆီမှာက ကုန်ဈေးနှုန်းတွေက တက်ပြီလေ” လို့ ပြောပါတယ်။ ကုန်ဈေး၊ ဆီဈေးတွေမြင့်တက်နေတဲ့အပြင် တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေဟာ သွားရေးလာရေးအတွက်လည်း အသက်အန္တရယ်စိုးရိမ်နေကြရသလို စားနပ်ရိက္ခာအတွက်လည်း ပူပန်နေရတယ်လို့  စင်ကြိုင်စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက် ခုလိုပြောပါတယ်။ “နိုင်ငံရေးအခြေအနေတွေက နေရာတိုင်းမှာလည်း ရှုပ်နေတာဆိုတော့ ဒီဘက်မှာလည်း ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ၊ အဲ့လိုနိုင်ငံရေးတစ်မျိုးဖြစ်နေချိန် အခုက လမ်းခရီးတွေ အဆင်မပြေတော့ အရင်ကလို ဆန်ဝယ်ရတာမလွယ်တော့ဘူး၊ ဘယ်ကနေ ဘယ်လိုရနိုင်မှာလဲ ဆိုတာတွေတွေးပြီး စိတ်ပူပန်နေရတယ်”လို့ပြောပါတယ်။ မြစ်ကြီးနားကနေ မိုင် ၇၀ ခန့်ဝေးတဲ့ စစ်ကြိုင်စစ်ရှောင်စခန်းမှာ … - [စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အတွင်းမှာ အရပ်သားပြည်သူ ၅၀၀ ကျော်သေဆုံးဟုဆို](https://burmese.kachinnews.com/2023/12/16/hope1-19/): ခုခံတော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာလာတာနဲ့အမျှ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာပြီး  အရပ်သားပြည်သူ သေဆုံးသူ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့  နိုင်ငံတကာမြန်မာ့သတင်း BNI-Myanmar Peace Monitor က ဒီဇင်ဘာလ ၁၆ ရက် (ဒီကနေ့) မှာ အစီရင်ခံစာနဲ့ ပြောဆိုလိုက်ပါတယ်။ - [မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းပြတ်တောက်ခဲ့တဲ့ တစ်ပတ်အတွင်း လူသေမှု ၄ ခု ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား](https://burmese.kachinnews.com/2023/12/15/dsa1-4/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေရာအနှံ့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေပြတ်တောက်သွားတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၄ ကြိမ်နဲ့ ယာဉ်တိုက်မှုပေါင်း အကြိမ်  ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [ရွှေမင်းပြည်သူ့စစ်စခန်းနှစ်ခုကို  KIA ,PDF တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်](https://burmese.kachinnews.com/2023/12/15/yl2-32/): မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်း လီဆူပြည်သူ့စစ်တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ](https://burmese.kachinnews.com/2023/12/15/zm1-138/): မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ပါဝင်တဲ့ ပြည်သူ့ညီညွှတ်ရေးတပ်ဦးဖွဲ့စည်းကြောင်းကြေညာ](https://burmese.kachinnews.com/2024/02/10/zm1-151/): စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးအင်အားစု ၉ ဖွဲ့ပါဝင်တဲ့ ပြည်သူ့ညီညွှတ်ရေးတပ်ဦး ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာပဲ People’s United Front ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်လာပါတယ်။ - [ကောင်းတုံရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မိသားစုဝင် ၃ ဦးပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2024/02/10/dsa1-18/): ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆိီကနေ သိရပါတယ်။ - [နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/02/09/zz2-24/): ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။ - [ကောလင်းတိုက်ပွဲမှာ စစ်တပ်ပြန်လည်ဆုတ်ခွာ ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ](https://burmese.kachinnews.com/2024/02/09/am1-92/): စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်ကလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Kawlin Info က သတင်းထုတ်ပြန်ထားပါတယ်။ - [ဝှေခါစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်](https://burmese.kachinnews.com/2024/02/09/zz1-61/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနဲ့ မှော်ရှန်ကျေးရွာထဲမှာတိမ်း‌ရှောင်‌ နေတဲ့ ဝှေခါစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။ - [မိုးမိတ် စစ်ရှောင်တွေအတွက် အစားသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2024/02/09/bb1-70/): ကချင်– ရှမ်းအစပ်မှာရှိတဲ့ မိုးမိတ်မြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် အခြေခံအစားသောက်တွေနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အောက်ပြည်နှစ်ခြင်းသာသနာနယ် စစ်ရှောင်ကော်မတီကနေ သိရပါတယ်။ - [မအူပင်ရွာ ဘာကြောင့် မီးရှို့ဖျက်ဆီးခံရသလဲ](https://burmese.kachinnews.com/2024/02/09/yl1-168/): ဖားကန့်မြို့နယ်ထဲက အရေးပါတဲ့ တပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် အခုလို ကချင်အများစုနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ မအူပင်ဒေသခံ အမျိုးသားက KNG ကို ပြောဆိုပါတယ်။ - [အကျဲရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/02/09/dsa1-23/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ - [စစ်အာဏာရှင်အမြစ်ပြတ်ရေး ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အဖွဲ့ ဖွဲ့စည်း](https://burmese.kachinnews.com/2024/02/08/am1-91/): စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အစည်း အရုံး ( Lisu Youth Congress- LYC) ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ လီဆူလူငယ်အစည်းအရုံးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။ - [မံစီမြို့နယ် ကောင်လွင်မှာ ဘိန်းမဲ ၁ပိဿာ ၅၀ ကျပ်သားနဲ့ ငွေကျပ်သိန်းတစ်ရာကျော် ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/02/08/dsa2-2/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်လွင်ရွာမှာ ဘိန်းမဲ၁ ပိဿာ ၂၅ကျပ်သားနဲ့ ငွေသားသိန်းတစ်ရာကျော်ဖမ်းဆီးသိမ်းဆည်းခဲ့ရတယ်လို့ ကောင်လွင်ဒေသအခြေစိုက် လူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေး တာဝန်ခံတွေဆီကနေသိရပါတယ်။ - [မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ](https://burmese.kachinnews.com/2024/02/08/dsa1-16/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ‌၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ - [ရေဦးမှာ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်](https://burmese.kachinnews.com/2024/02/08/am1-90/): စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးတော့ အရပ်သား ၂ ယောက်ကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဖားကန့် ပြည်သူတွေ အခက်အခဲကြုံတွေ့နေရ](https://burmese.kachinnews.com/2024/02/08/ny1-9/): ကချင်ပြည်နယ် ဖားကန့်ဒေသတစ်ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်ပတ်နီးပါးရှိလာနေတဲ့အတွက် ပြည်သူ‌တွေ အစစအရာရာခက်ခဲလာနေတယ်လို့ ဖားကန့်နေပြည်သူတွေက ပြောပါတယ်။ - [ခယာဘွမ့်(Hka Ya Bum)အနီး စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2024/02/07/yl2-35/): မြစ်ကြီးနား – ဗန်မော်ကားလမ်း ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ခယာဘွမ့် အနီးတဝိုက်မှာ အင်တပ့်ဘွမ့်(Ntap Bum) ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ - [မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2024/02/07/yl1-167/): ဖားကန့်သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွားလုံးကျွတ်မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [၂၀၂၄ ခုနှစ် ကချင်ဒေသမှာ စစ်ရေး နိုင်ငံရေး ဘယ်လိုပြောင်းလဲ လာနိုင်မလဲ](https://burmese.kachinnews.com/2024/02/07/yl1-interv/): “ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ တခြားပြည်နယ်တွေလို ပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲတွေက ဖြစ်လာဖို့က မရှိနိုင်သေးဘူးလို့ ထင်ပါတယ်။ တိုက်ပွဲဖြစ်မယ့်နေရာတွေက မြို့နဲ့ဝေးတဲ့ ကျေးလက်ဒေသတွေမှာက ဖြစ်ဖို့ကများပါတယ်” ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦး - [စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ဓါတ်တိုင်ထိမှန်ပြီး မီးပျက်နေ](https://burmese.kachinnews.com/2024/02/07/zz1-60/): ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဖားကန့်ဘက်ကိုသွားတဲ့ ဓာတ်တိုင်တွေထိမှန်ပျက်စီးခဲ့တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့အထိလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ လို့သိရပါတယ်။ - [ဂိတ်ကြေးလျော့ကောက်ပေးဖို့ ကားသမားတွေတောင်းဆို](https://burmese.kachinnews.com/2024/02/07/bb1-69/): မြစ်ကြီးနား – ကန်ပိုက်တည် လမ်းတစ်လျှောက် ဂိတ်ကြေးကောက်ခံတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ‌အခွန်အခကောက်ခံတာလျော့ပေးဖို့ ကားသမားတွေက တောင်းဆိုနေပါတယ်။ - [TNLA ကအတင်းအဓမ္မ ဘက်ဟိုးနဲ့တူးထားတဲ့ နေအိမ်ခြံဝင်းအမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2024/02/07/ld2-27/): “အဲ့ကိစ္စ ကျနော်တို့က လူကြီးတွေကို တင်ပြတော့ သူတို့နဲ့ခေါ်ပြီး ရှင်းလင်းခိုင်းတယ်။ သူတို့တောင်းတဲ့ သိန်း ၅ ထောင်တော့ ကျနော်တို့ မြေကွက်နဲ့ ပြန်ရိုက်ကြည့်မယ်လေ၊ ဘယ်လောက်တန်ဖိုးရှိတယ်ပေါ့။ ဒါမှမဟုတ် သူတို့ကို အခုကျနော်တို့ မြေကွက်ရှာထားပေးတယ်။ မြေကွက်ပေးမယ်၊အိမ်အပါ အဲ့ဒါသူတို့ကိုခေါ်ပြီးပြောမှာပေါ့။ အဲ့အိမ်ပါတဲ့မြေကွက်ယူမယ်ဆိုလည်း ရတယ်။ ဒါမှမဟုတ် မြေကွက်မရချင်ဘူး။ ဒီမြေကွက်တန်ရာတန်ကြေး ကျနော်တို့တော့ ပေးရမှာပဲလေ ဒီနှစ်ခုပဲရှိတယ်။” - [KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား](https://burmese.kachinnews.com/2024/02/07/ld1-113/): KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။   - [NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/02/07/am2-29/): အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။ - [နမ်တိန့် - ဖားကန့်လမ်းပိုင်း အချိန်ကန့်သတ်နဲ့သွားလာခွင့်ပြု](https://burmese.kachinnews.com/2024/02/06/zz2-23/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ထိန်းချုပ်ထားတဲ့ နမ်တိန့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဖားကန့်–နန့်တိန်းကြားလမ်းပိုင်း သွားလာခွင့်ကို အချိန်ကန့်သတ်ထားတယ်လို့သိရပါတယ်။ - [ဝှေခါစခန်းသိမ်းတိုက်ပွဲက အာဂအမျိုးသမီး](https://burmese.kachinnews.com/2024/02/06/am-feature1-4/): “အမျိုးသမီးဆိုပြီး စိတ်ဓာတ်မကျနဲ့ အားမငယ်နဲ့ တစ်ထောင့်တစ်နေရာကနေဝင်ပြီး ပါဝင်ကြိုးစားကြဖို့ ပြောချင်တယ် အရာအားလုံးက စိတ်ဓာတ်မကျပဲ ဆက်လှမ်းရင်အောင်မြင်မှာလို့ ယုံကြည်တယ်“ - [KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2024/02/06/zz1-59/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။ - [အင်းတော်နယ်ထဲက စစ်ဘေးရှောင်ကျေးရွာအချို့ နေရပ်ပြန်](https://burmese.kachinnews.com/2024/02/05/zz2-22/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်နေတဲ့ကျေးရွာတွေထဲက ပြည်သူအချို့နေရပ်ပြန်ကြပြီလို့သိရပါတယ်။ - [ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/02/05/am1-89/): “ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။ - [တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းဖြေရှင်းရမယ့် အချက်တွေကို သမိုင်းအကြောင်းအခြေတည် ဖြေရှင်းမယ်လို့ KIO ဥက္ကဋ္ဌပြော](https://burmese.kachinnews.com/2024/02/05/yl1-166/): စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းဖြေရှင်းရမယ့် အချက်တွေကို သမိုင်းကြောင်းအခြတည်ပြီး ဖြေရှင်းသွားမှာဖြစ်တယ်လို့ ၆၃ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIO ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။ - [လုံးခင်း စစ်တပ်ကုန်းနဲ့ စစ်ဆေးဂိတ်မှ စစ်ကောင်စီတပ်သားများစွန့်ခွာ](https://burmese.kachinnews.com/2024/02/05/zz1-58/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက နှစ်မျက်နှာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းစွန့်ခွာပြောင်းရွေ့သွားပြီလို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ - [မိုးညှင်းမြို့ အမှိုက်ပုံမီး‌လောင်နေတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2024/02/03/bb1-68/): အဲဒီအမှိုက်ပုံဟာ မိုးညှင်းမြို့တရုတ်သချိုင်းဘေးနားမှာရှိပြီး မြို့တစ်မြို့လုံးရဲ့ အမှိုက်တွေ စွန့်ပစ်တဲ့နေရာဖြစ်ရာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ မီးရှို့ခံထားရတာလို့သိရပါတယ်။ - [ဘလောင်ဒိန်ဆာတပ်စခန်းသိမ်းပိုက်ကြောင်း ဗိုလ်မှူး‌ကြီးနော်ဘူ အတည်ပြု](https://burmese.kachinnews.com/2024/02/02/bb2-7/): ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြား ဘလောင်ဒိန်ဆာ တပ်စခန်းကို ( ဒေသအခေါ်) ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်တွေ ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။ - [ကျောက်ပွဲစား လူငယ် ၂ ယောက် ဓါးပြတိုက်ခံရ](https://burmese.kachinnews.com/2024/02/02/cj-hpakant/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှာ ကျောက်ပွဲစားလုပ်တဲ့ ရခိုင်လူငယ်နှစ်ဦးဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာမှ ကလေး ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2024/02/02/am1-88/): ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်က တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာကနေ ကလေးငယ် ၃ ယောက်သေဆုံးသွားတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO ဆီကသိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်ပေါင်းအကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ၄ ဦးသေဆုံး](https://burmese.kachinnews.com/2024/02/02/hope1-21/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်းအကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၄ ကြိမ်ထိရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ - [ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ လိုင်စင်မဲ့ကားတွေရပ်နားပြီး ဒေသခံကားသမားတွေပြန်ပြီးအသုံးပြုနေ](https://burmese.kachinnews.com/2024/02/02/bb1-67/): ဝိုင်းမော်မြို့နယ်မှာ တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေအသုံးပြုနေတဲ့ လိုင်စင်မဲ့တရားမဝင် ၂၂ ဘီး( တွဲကား) တွေရပ်နားလိုက်ပြီး ဒေသခံကားတွေကိုပြန်ပြီး အသုံးပြုအလုပ်လုပ်နေပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [အာဏာသိမ်းခြင်း ၃ နှစ်ပြည့်တဲ့အပေါ် ကချင်ပြည်နယ်က နိုင်ငံရေးလှုပ်ရှားတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေရဲ့အမြင်သုံးသပ်ချက်](https://burmese.kachinnews.com/2024/02/02/dsa1-22/): အာဏာသိမ်းခဲ့တဲ့ ၃ နှစ်အတွင်းမှာ လူငယ်တွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပျောက်ကွယ်ခဲ့ရသလို လူငယ်တော်တော် များများလည်း တော်လှန်ရေးမှာကဏ္ဍမျိုးစုံကနေ ပါဝင်အားဖြင့်ခဲ့ကြပါတယ်။ - [နန့်တိန်းတပ်စခန်း KIA နဲ့ PDF အပြီးသတ်တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/02/02/zm1-150/): ဖားကန့်မြို့နယ် နန့်တိန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒီကနေ့ညမှာဘဲ အပြီးသတ်သိမ်းလိုက်နိုင်ပြီလို့ KPDF တာဝန်ရှိသူကပြောပါတယ်။ - [မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2024/02/01/ld1-112/): “တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး ခွင့်ပြုလိုက်တာတဲ့။ ဒီနေရာဟာ လုံး၀ရွှေမတူးဖို့ ကန့်ကွက်ထားတဲ့နေရာဖြစ်တယ်” ဟု မြစ်ဆုံဒေသခံတစ်ဦးကပြောပါတယ်။ - [မြစ်ကြီးနားမြို့‌ပေါ် ရပ်ကွက်တစ်ချို့ စည်းမဲ့ကမ်းမဲ့အမှိုက်များစွန့်ပစ်တာပိုများလာ](https://burmese.kachinnews.com/2024/01/31/bb1-65/): “ကျွန်မ အဲ့လမ်းကို ဖြတ်လာတဲ့အချိန်ဆို မီးရှို့နေတာတွေ့တယ်၊ မီးခိုးအရမ်းထွက်လို့ သွားလို့တောင်မရဘူး လမ်းလည်း ဘာမှမတွေ့ရဘူး”လို့ ပြောပါတယ်။ - [စစ်တပ်က ဖမ်းဆီးထားသူတွေတစ်ချို့ ပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2024/01/31/bb1-64/): ဗန်းမော်မြို့မှာ စစ်‌ကောင်စီတပ်ဘက်က အကြောင်းမဲ့ ဖမ်းဆီခေါ်ဆောင်သွားတဲ့ အရပ်သား ၁၀၀ ဝန်းကျင်ထဲက တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆားမှော်စစ်ရှောင်ပြည်သူများ မြေနေရာအသစ်မှာ ရွှေ့ပြောင်းနေထိုင်](https://burmese.kachinnews.com/2024/01/31/bb1-66/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက စစ်ရှောင်တွေဟာ စစ်ရေးအခြေအနေ၊ အခက်အခဲတွေကြုံလာတဲ့အတွက် ရပ်ရွာဒေသခံတွေ၊ အသင်းတော်လူကြီးတွေ ဝိုင်းဝန်းပူပေါင်းပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာကိုယ်ထူကိုယ်ထစနစ်နဲ့ နေထိုင်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရပ်ရွာတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ - [ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထား](https://burmese.kachinnews.com/2024/01/31/dsa1-15/): ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေဖွင့်လှစ်ထားတဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။ - [ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/01/31/zz1-57/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ SNAတပ်နဲ့ ပျူစောထီးတွေပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ် ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ - [တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး - ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်](https://burmese.kachinnews.com/2024/01/30/ld1-111/): ဝိုင်းမော်မြို့နယ် ကဇူး - ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့  ကဇူးဒေသခံတွေဆီကနေ သိရတယ်။ - [ပူတာအိုမှာ ဗျူဟာမှူး နဲ့ အုပ်ချုပ်ရေးပေါင်းပြီး ကျေးရွာခြံစည်ရိုးအထိ ရွှေတူးဖော်နေ](https://burmese.kachinnews.com/2024/01/30/zz1-56/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကပ်မုံကျေးရွာမှာ စစ်ကောင်စီတပ်ဗျူဟာမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးတော့ ကျေးရွာခြံစည်းရိုးနားအထိ ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာကြောင့် ရွာနယ်မြေထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးကောင်းနဲ့ ဖားကန့်လမ်းမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်း ဆုတ်ခွာ](https://burmese.kachinnews.com/2024/01/29/yl2-34/): မိုးကောင်းမြို့နယ် နာ့ဟိုင်ကျေးရွာ(Namsheng)မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ - [ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2024/01/29/zz2-21/): ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်”လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။ ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရလာမယ့်  ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw - [ကိုင်းထိပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု](https://burmese.kachinnews.com/2024/01/29/ld2-26/): ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းအောက် ကိုင်းထိပ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြုပြောဆိုပါတယ်။ မံစီမြို့နဲ့ မံဝိန်းကြီးမြို့ကြားမှာတည်ရှိတဲ့ ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကြီးကို ဇန်နဝါရီ ၂၉ ယနေ့နံနက်ပိုင်း ၉ နာရီခန့်မှာ အပြီးစီးသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ “ကိုင်းထိပ်တပ်စခန်းကို မနေ့ကတည်းက တိုက်ပြီး ဒီမနက် ၉ နာရီခွဲလောက်မှာတော့ အပြီးအားလုံး သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ သတင်းပို့လာတယ်။ သူတို့ရဲ့ တပ်ရင်းက မဂျီဂုန်ဗျူဟာဆိုတော့ အဲ့ဘက်ကို အားလုံးထွက်ပြေးကုန်တာဖြစ်နိုင်တယ်”ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ KIA တပ်ရင်း ၂၇ နယ်မြေရှိ မိုင်းခေါင်အနီး စစ်ကောင်စီ ခလရ ၁၀၂ မဂျီဂုန်တပ်ရင်းဗျူဟာကုန်းအောက်က ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၈ နေ့ နေ့လည်ပိုင်းကစပြီး KIA ဘက်က လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ဒီနေ့ မနက်အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိုင်းထိပ်စစ်တပ်စခန်းက မံစီနဲ့ မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးတပ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၃ တပ်ရင်း ၂၇၊ တပ်ရင်း ၁ အပါအဝင် PDF တွေပူးပေါင်းပြီး  ကိုင်းထပ်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကိုင်းထိပ်စစ်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ အများပိုင်းသုံးပြီး တိုက်စစ်အဖြစ် တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်းထဲက စစ်သားတွေ မခံနိုင်တော့လို့ မနေ့ညနေပိုင်းပဲ ထွက်ပြေးသွားကြတာဟုတ်တယ်။  မနေ့ည ၈ နာရီမှာ သူတို့ရဲ့ ခံတပ်ထဲဝင်နိုင်ပြီး ဒီမနက်တော့ အပြီးသိမ်းလိုက်တာဖြစ်တယ်”ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်း–ကချင်–တရုတ်နယ်စပ်မှာ တည်ရှိတဲ့ မံဝိန်းကြီးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုင်းထိပ်စစ်တပ်စခန်းကုန်းကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ “အဲ့ဘက်မှာက စစ်တပ်စခန်းမရှိတော့ဘူး။  မံစီနဲ့ မံဝိန်းကြီးသွားတဲ့ ကားလမ်းတစ်လျှောက်ပေါ့။ အဲ့ဒီကိုင်းထိပ်နဲ့ မံဝိန်းကြီးကြားက ကျောက်ဖျာစစ်တပ်စခန်းလည်း သူတို့ဟာသူတို့ ဆုတ်ခွာသွားပြီးဖြစ်တယ်။ အခုအဲ့ကားလမ်းတစ်လျှောက် စစ်တပ်စခန်းမရှိတော့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ လက်ရှိ မံဝိန်းကြီးဒေသ နဲ့ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဗန်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ By – ဂျာဘောက်ရာ - [နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/01/29/zz1-55/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ဖတ်ကာသိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကို လူထုကြိုဆို](https://burmese.kachinnews.com/2024/01/29/%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%96%e1%80%90%e1%80%ba%e1%80%80%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae/) - [မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား](https://burmese.kachinnews.com/2024/01/29/am1-87/): ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။ - [ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် နေအိမ်ပစ်ခတ်ခံရ ](https://burmese.kachinnews.com/2024/01/29/yl1-165/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ စစ်ကောင်စီလက်အောက် လော်ဝေါ်အမည်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ရဲ့ (Latsa Hkawng Dau)နေအိမ်ပစ်ခတ်ခံရပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့  KIA ပြောဆို](https://burmese.kachinnews.com/2024/01/29/ld1-110/): ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။ - [အရပ်သားပြည်သူ ၉ ဦး သတ်ဖြတ်ခံရတဲ့အမှု တစ်နှစ်ပြည့်သွားတဲ့အထိ တရားမျှမှုမရရှိသေး](https://burmese.kachinnews.com/2024/01/25/yl1-164/): ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှာ အရပ်သားပြည်သူ ၉ ယောက် မတရားသတ်ဖြတ်ခံခဲ့ရတဲ့အမှု တစ်နှစ်ပြည့်သွားပြီဖြစ်ပေမယ့် အမှုမှန်ပေါ်ပေါက်မှုမရှိသေးတဲ့အပြင် စစ်ဆေးမှုကို ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဗန်းမော်မှာ အရပ်သားအယောက် ၁၀၀ ဝန်းကျင်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/01/25/bb1-63/): ကချင်ပြည်နယ် ဗန်းမော်မြို့ထဲမှာရှိတဲ့ ကမ်းနားဈေးတစ်လျှောက် စျေးရောင်းနေသူတွေအပါအဝင် အရပ်သားပြည်သူအယောက် ၁၀၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံဒေသဆီကနေ သိရပါတယ်။ - [နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2024/01/25/yl1-163/): ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဝင်အထွက် လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲကြောင့် တိမ်းရှောင်လိုတဲ့ ဒေသခံထောင်ချီ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ - [စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ](https://burmese.kachinnews.com/2024/01/25/zz1-54/): ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စီခမ်းကြီးကျေးရွာနေပြည်သူတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ - [မဘိန်းမြို့ တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2024/01/25/dsa1-14/): ရှမ်းမြောက် မဘိန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းမခံရှေ့တန်းတပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ကောင်စီတပ်သားအယောက် ၄၀ ဝန်းကျင် နဲ့  ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ မံစီမြို့နယ်ဒေသခံ တစ်ဦးကပြောပါတယ်။ - [NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနေအိမ်မီးရှို့ခံရ](https://burmese.kachinnews.com/2024/01/25/zm1-149/): ဗန်းမော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြည်နယ်လွှတ်တော်အမတ် ဦးဇော်သင်းရဲ့နေအိမ် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မော်လူးမြို့မစျေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၈၀ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့](https://burmese.kachinnews.com/2024/01/24/zz1-53/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့က မြို့မစျေးတန်းမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ - [နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု](https://burmese.kachinnews.com/2024/01/24/ld1-109/): ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။ - [နန့်မွန်းမှာ တပ်သားသစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/01/24/yl1-162/): အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က တပ်သားသစ်စုဆောင်းရေး လုပ်နေတဲ့ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်](https://burmese.kachinnews.com/2024/01/23/ld1-108/): မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာပြည်သူ့စစ်အဖွဲ့က တစ်အိမ်တစ်ယောက်စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးနေ](https://burmese.kachinnews.com/2024/01/23/zz4-2/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ  ဦးတန်ဂူးတန်ဥိီးဆောင်တဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က တစ်အိမ်တစ်ယောက် စစ်မှုထမ်းကြဖို့ လိုက်လံစည်းရုံးနေတယ်လို့သိရပါတယ်။ - [မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း သင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်း ၄၀ အထိရှိလာ](https://burmese.kachinnews.com/2024/01/23/am1-86/): ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရ သူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးရတာ ရုပ်အလောင်း ၄၀ ကျော်အထိရှိလာပြီလို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီကသိရပါတယ်။ - [အမှောင်ဘဝထဲက အလင်းတစ်စက်ဖြစ်လာတဲ့ ကိုယေရမိ](https://burmese.kachinnews.com/2024/01/23/dsa-feature1-2/): “မေ့မရ နိုင်ဆုံးကတော့ ဗိုက်ကလည်းဆာ ဆေးကလည်း အရမ်းကွတ်(ရင်းထ) လမ်းကလည်း လုံးဝလျှောက်လို့မရတော့ဘူး အဲလို အခြေအနေမျိုးမှာ တောင်းစားခဲ့တာဘဲ” - [မှော်ရှန်ကစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/01/23/zz3-3/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ - [ဝူယာန်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့က တပ်စခန်းတစ်ခုထပ်မံတိုးချဲ့ဆောက်လုပ်နေ](https://burmese.kachinnews.com/2024/01/23/yl1-161/): ဝိုင်းမော်မြို့နယ် ဝူယာန် ကျေးရွာမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက တပ်စခန်းမြေနေရာကို ထပ်မံတိုးချဲ့ ထားပြီး အခိုင်အမာကုတ်ယူထားတဲ့ တပ်စခန်းအသစ်တစ်ခု ပြန်လည်ဆောက်လုပ်နေတယ်လို့ ဝူယာန်ဒေသခံတွေက ပြောပါတယ်။ - [အင်းတော်နယ်မှာ အရပ်သား ၆ ဦးအထိဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2024/01/23/zz2-20/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရသူ အရပ်သားပြည်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [တရုတ်ငှက်ပျော်ခြံပိုင်ရှင်တွေ လိုင်စင်မဲ့ကားအသုံးပြုလာတဲ့အတွက် ဒေသခံကားသမားများ အခက်ခဲတွေ့](https://burmese.kachinnews.com/2024/01/23/bb1-62/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ သစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေဟာ လိုင်စင်မဲ့ ၂၂ ဘီး( တွဲကား) တွေကို အသုံးပြုနေတာကြောင့် ဒေသခံတွေရဲ့ကားအစီး ၃၀၀ ရပ်နားထားရတယ်လို့ ဝိုင်းမော်ဒေသခံ ကားသမားတွေဆီကနေ သိရပါတယ်။ - [ကားမိုင်းဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လဝါးဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2024/01/22/yl1-160/): ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် လဝါးဒေသခံ အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဆိုင်းတောင်မှာ စိတ်ဝေဒနာရှင်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ](https://burmese.kachinnews.com/2024/01/22/zz1-52/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန်အမျိုးသား ၂ဦးမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစထိမှန်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မဘိမ်းမြို့ကို KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/01/21/zm1-147/): ကချင်– ရှမ်းအစပ်မှာရှိတဲ့ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KPDF တပ်ဖွဲ့တွေက ပြောပါတယ်။ - [ဝှေခါဗျူဟာကုန်းကို KIA နဲ့ KPDF အပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2024/01/20/zm1-148/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ (Gwihka mare) မှာရှိတဲ့ ဝှေခါဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ KPDFပူးပေါင်းတပ်တွေက  ဒီကနေ့ မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က‌နေ သိရပါတယ်။ - [မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားသေဆုံးမှုရှိ](https://burmese.kachinnews.com/2024/01/19/am1-85/): ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က မိုးမိတ်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ - [မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/01/19/dsa1-13/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝန်းကြီးအနီး ဂေါက်ငူယန်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးအမှု  ၉ နှစ်ကြာသွားပေမယ့် တရားမျှတမှု မရရှိသေး](https://burmese.kachinnews.com/2024/01/19/ld1-107/): ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦးအမှု တရားမျှတမှုရရှိလာမယ့်နေ့ကို မျှော်လင့်နေဆဲလို့ မိသားစုဝင်တွေ ပြောပါတယ်။ - [ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/01/19/zz1-51/): ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ - [နမ့်ဖတ်ကာတိုက်ပွဲအတွင်း အရပ်သား  ၃၀ ဦးဝန်းကျင်ထိခိုက်သေဆုံး](https://burmese.kachinnews.com/2024/01/18/ld1-106/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်ပွဲမှာ အရပ်သား ၃၀ ဦးဝန်းကျင်ထိခိုက်၊ သေဆုံးပြီး နေအိမ် ၁၀၀ ထက်မနည်း ထိခိုက်ပျက်စီး၊ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2024/01/18/dsa1-12/): မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ တစ်ရက်တည်း အေးစေတီရပ်ကွက် ကြက်ခြေနီခြံ အကျော်မှာ ည ၇ နာရီဝန်းကျင်လောက်က ဆိုင်ကယ်သုံးစီးကို ကားတစ်စီးက တစ်ဆက်တည်းဖြတ်တိုက်မှု၊ စီတာပူရပ်ကွက် ဂျပန်တံတားလမ်းမှာ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံးမှုအပြင် ဇန်နဝါရီလ ၁၅ရက်နေ့က တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်း ပလက်ဖောင်းမှာ ကားနဲ့ ဝင်တိုက်မိပြီး လူ ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့ည ၇နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အေးစေတီရပ်ကွက် ကြက်ခြေနီခြံအကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Land Cruiser ကားအဖြူရောင်က သွားလာနေတဲ့ဆိုင်ကယ် သုံးစီးကို ကားနဲ့ အနောက်ကနေ ဝင်တိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းနှင်သူတွေထဲက အသက် ၂၃နှစ်အရွယ် အမျိုးသားကတော့ ဉီးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ကားသမားကတော့ မောင်းပြေးသွားတာဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “နောက်ဆုံး တစ်ယောက်က အခြေအနေဆိုးတယ်ဗျ။ ခေါင်းပါ ပွင့်တဲ့ ပုံစံမျိုးဖြစ်တာဗျ နောက်နှစ်ယောက်ကတော့ ပွန်းပဲ့ယုံဘဲ”လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူကိုတော့ မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်နေ့မှာဘဲ ညနေ၄နာရီဝန်းကျင် စီတာပူရပ်ကွက် ဂျပန်တံတားလမ်းမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုကတော့ ဆိုင်ကယ်အချင်းချင်းတိုက်မိရာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ “ဆိုင်ကယ်နှစ်စီးတိုက်တာဗျ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ တစ်ဖက်က ယောက်ျားလေးတဲ့ … - [မိုးမိတ်မြို့ ရဲစခန်းအလံဖြူထောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး](https://burmese.kachinnews.com/2024/01/18/am1-84/): ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ KIA၊PDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့တိုက်ပွဲမှာ မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကတော့ အလံဖြူထောင်ပြီး တပ်သားတွေထွက်ပြေးသွားကြပြီ လို့ဒေသခံတွေ ဆီကသိရပါတယ်။ - [မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/01/18/zm1-146/): ကချင်– ရှမ်းအစပ် မိုးမိတ်မြို့မှာ ဒီကနေ့မနက် ကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံတစ်ချို့ပိတ်မိနေတယ်လို့ မိုးမိတ်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီစခန်းဆောက်လုပ်နေပြီလို့ဆို](https://burmese.kachinnews.com/2024/01/17/bb1-61/): ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီခိုလှုံဖို့စခန်းဆောက်လုပ်ပေးနေပြီလို့ ဆမာနယ်မြေစစ်ရှောင်ကော်မတီကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2024/01/17/dsa1-11/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမှာ ဒီကနေ့ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ဆီကသိရပါတယ်။ - [နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်တပ်က လုံခြုံရေး ၂ ဆ တိုးမြင့်ပြီး ကျင်းပသွားခဲ့](https://burmese.kachinnews.com/2024/01/17/zm1-145/): စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့မှာ ကျင်းပပြုလုပ်သွားတဲ့ ၃၄ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်တွေဟာ လုံခြုံရေး ၂ ဆတိုးမြင့်ပြီး ကျင်းပသွားတယ်လို့ လေရှီးဒေသခံတွေဆီကနေ သိရပါတယ်။ - [ကောလင်းမြို့နယ်ထဲက လူစီကားတဲ့နေရာတွေကို စစ်တပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေ](https://burmese.kachinnews.com/2024/01/17/am1-83/): ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ - [ဖားကန့်သွားလမ်းကို စစ်တပ်ဘက်က သွားလာခွင့်ပိတ်ဆို့ထား](https://burmese.kachinnews.com/2024/01/17/yl1-159/): စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ ဖားကန့်သွားကားလမ်းမကြီးတစ်လျှောက် ကုန်တင်ကားနဲ့ ခရီးသည်တွေကို စစ်တပ်ဂိတ် ၃ နေရာမှာ သွားလာခွင့်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဝှေခါရွာက ပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ](https://burmese.kachinnews.com/2024/01/17/zz1-50/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ လာရောက်စစ်ရှောင်နေကြတဲ့ ပြည်သူထဲက တစ်ချို့နေရပ်ပြန်ကြပေမယ့် လက်ရှိပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ - [လုံရှာယန်မှာ စစ်တပ်ကအခိုင်အမာတပ်စွဲနေတာကြောင့် ဒေသခံများထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/01/17/ld1-105/): ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာမှာ နယ်မြေလုံခြုံရေးခေါင်စဉ်နဲ့ အခိုင်မာတပ်စွဲနေတာကြောင့် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရတယ်။ - [ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/01/16/am3-6/): စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ](https://burmese.kachinnews.com/2024/01/16/am2-28/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့ ကုန်ကားတွေအပါအဝင် ဖြတ်သန်းသူတွေအားလုံးကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ကားသမားတွေဆီကငွေလုယက်တာတွေပါရှိ‌တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [နမ္မတူမြို့ နဲ့ နမ့်ဆန်ကို စားသောက်ကုန်တစ်ချို့နဲ့ ဆေးဝါးတွေ ဖြတ်သန်းသယ်ယူခွင့်မပေး](https://burmese.kachinnews.com/2024/01/16/am1-82/): “ခရီးသည်တွေကိုတော့ပေးသွားတယ် ကုန်ပစ္စည်းတွေဘာတွေနဲ့ ကားအသေးတွေသွားနေတာတွေရှိတယ် ဒါပေမဲ့ ဆန်လုံးဝပေးမတင်ဘူး၊ ဆီရောပဲ ဆီဆို စားသုံးဆီရော စက်သုံးဆီရော၊ ဆေး လုံးဝပေးမတင်ဘူး တင်းတင်းကြပ်ကြပ်ကို ဂိတ်တွေပိတ်ပြီးလုပ်နေတာ အခုက နမ္မတူနဲ့နမ့်ဆန်မြို့နယ်မှာရှိတဲ့ လူထုက အကြီးအကျယ်ဒုက္ခရောက်နေတာ”လို့ ပြောပါတယ်။ - [ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ](https://burmese.kachinnews.com/2024/01/16/zm2-23/): ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ၂ စီးကို ပစ်ချလိုက်ပါတယ်။ - [အင်းတော်မှာ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/01/16/zz2-19/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ - [နည်းပညာကဏ္ဍတောင်းဆိုမှုအရ စတေးခံနေရတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု](https://burmese.kachinnews.com/2024/01/16/rare-earth-in-kachin/): အဆင်မြင့် နည်းပညာပစ္စည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှား Rare Earth Elements (REE) ကမ္ဘာ့စျေးကွက်ကို တရုတ်နိုင်ငံက လွမ်းမိုးချုပ်ကိုင်ထားပြီး အမေရိကန်၊ ဩစတြေးလျ  နဲ့ မဟာမိတ်တွေကလည်း တရုတ်ရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်ဖို့ တန်ပြန်ကြိုးစားလာနေကြပါတယ်။ United States Geological Survey (USGS) ကထုတ်ပြန်တဲ့ ၂၀၂၂ တစ်နှစ်အတွင်း မြေရှားတင်ပို့တဲ့နိုင်ငံတွေထဲမှာ မြန်မာဟာ ကမ္ဘာ့ စတုထ္တအများဆုံး မြေရှားတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ မြေရှားသတ္တုကို တရားဝင်လုပ်ပိုင်ခွင့်မပေးထားသလို မြေရှားတင်ပို့တဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် တရုတ်အကောက်ခွန်မှတ်တမ်းတွေအရ တရုတ်နိုင်ငံအတွက် လိုအပ်တဲ့ မြေရှားပမာဏရဲ့ ထက်ဝက်ခန့်ကို မြန်မာပြည်ကနေ ရရှိတယ်လို့ ဆိုပါတယ်။ ဒီထုတ်လုပ်မှုပမာဏာဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေနဲ့ ဆော့လော်မြို့နယ်က တရားမဝင် မြေရှားထုတ်လုပ်မှုတွေကနေ ရရှိတာဖြစ်ပါတယ်။ မြေရှားသတ္တု စျေးကွက်ကို တရုတ် နဲ့ အမေရိကန် နိုင်ငံတွေက နိုင်ငံရေးအကျိုးအမြတ်အတွက် လက်နက်သဖွယ် အသုံးပြုလာနေချိန် မြေရှားအများဆုံးတူးဖော်တဲ့ ကချင်ပြည်နယ်ဒေသခံတွေကတော့ စီမံကိန်းကနေ အကျိုးအမြတ် လုံးဝ မရရှိတဲ့အပြင် ရေ၊ မြေ၊ လေ အဆိပ်သင့်တဲ့ စွန့်ပစ်ကျန် အခြေအနေတွေနဲ့သာ ရင်ဆိုင်နေကြရပါတယ်။ မြေရှားသတ္တုဆိုတာ ဘာလဲ ဒြပ်စင်အလှည့်ကျဇယား (Periodic Table) မှာ ဒြပ်စင်နံပါတ် ၅၈ ကနေ ၇၁ အထိအစဉ်တိုင်းရှိတည်ရှိနေတဲ့ ဒြပ်စင် ၁၅ မျိုးအပြင် နံပါတ် ၂၁ နဲ့ ၃၉ တို့ပါဝင်တဲ့ စုစုပေါင်း … - [ရွှေကူနယ်မှာ စစ်ကောင်စီတပ်သား အလင်းဝင်လာသူ ၁၀ ဦးအထိရှိလာ](https://burmese.kachinnews.com/2024/01/16/zz1-49/): ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် ကချင်လွတ်လက်ရေးတပ်မတော် KIAနဲ့ ဒေသကာကွယ်ရေးတပ် LPDF ဆီ အလင်းဝင်ရောက်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ - [ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2024/01/16/bb1-60/): မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်းအားသွင်းရင်း အသုံးပြုရာကနေ ဖုန်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ - [ဗန်းမော် အောက်ချောင်းဒေသဘက် စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထားခံရ](https://burmese.kachinnews.com/2024/01/16/dsa1-10/): ဗန်းမော်ခရိုင် မံစီမြို့ ကောင်လွင်ကျေးရွာအပါအဝင် အောက်ချောင်းဒေသဘက်ပြေးဆွဲနေတဲ့ လိုင်းကားတွေကို စစ်ကောင်စီဘက် ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထားတယ်လို့ ကောင်လွင်ဒေသခံ တစ်ဦးက ပြောပါတယ်။ - [စစ်တပ် ထောက်ခံ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံဆောင်မှုကြောင့် ဖမ်းဆီးခံရသူ ၂၅၀ ဦးဝန်းကျင်ရှိ](https://burmese.kachinnews.com/2024/01/16/zm1-144/): စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေရဲ့ အမုန်းစကားနဲ့ လှုံဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ ၃ လအတွင်း ဖမ်းဆီးခံရသူ လူဦးရေ ၂၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ](https://burmese.kachinnews.com/2024/01/15/zm1-143/): မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့  အမှတ် (၂) နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။ - [နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2024/01/15/zz2-18/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အမှတ် (၂)ရပ်ကွက်နေအိမ်မှာ ပစ်သတ်ခံလိုက်ရတဲ့  NLD ပါတီဝင်ဟောင်းရဲ့ရုပ်အလောင်းကို ဒီနေ့မြှုပ်နှံသဂြိုလ်လိုက်ကြောင်းသိရပါတယ်။ - [KIO  လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/03/07/yl1-180/): မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။ - [မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ](https://burmese.kachinnews.com/2024/03/06/am1-105/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ - [TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့ ညမထွက်ရအမိန့်ရုတ်သိမ်း](https://burmese.kachinnews.com/2024/03/06/ld2-30/): စစ်ကောင်စီက စစ်အုပ်ချူပ်ရေးကြေညာထားတဲ့ မြို့တွေအပါအဝင် TNLA ထိန်းချူပ်ထားတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ - [ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ](https://burmese.kachinnews.com/2024/03/06/am1-104/): စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။ - [မဂျီဂုန်စခန်းသိမ်းနိုင်တာဟာ KIA တွက်အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2024/03/06/ld1-124/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ရွာဘက်မှာရှိတဲ့ စစ်တပ်ရဲ့မဂျီဂုန်ဗျူဟာစခန်းကြီးကိုသိမ်းပိုက်ရရှိနိုင်တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စိုးမိုးနယ်မြေပိုကျယ်ပြန့်လာစေပြီး အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့  KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အရပ်သားတစ်ချို့ဖမ်းဆီးသွား](https://burmese.kachinnews.com/2024/03/06/sac-arrested-civilians-in-myitkyina/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ အရပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆ ခွဲဝန်းကျင် အေးစေတီရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းနားက လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့ရောက်လာပြီး ရှောင်တစ်ခင် ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။ “သူတို့ဘက်ကတော့ ကားသုံးစီးနဲ့ရောက်လာတာ ဟုတ်တယ် လူကဘယ်နှစ်ယောက် ဖမ်းသွားလဲ မသိဘူး အကုန်းလုံးက ကြောက်တော့ အဲလောက်ထိ သိပ်မကြည့်ရဲ့ဘူးပေါ့” လို့ ဆိုပါတယ်။ အဲဒီလောင်းကစားရုံကတော့ အဓိကအားဖြင့် ဖဲဝိုင်း ဂျင်းဝိုင်း ထောင်ထားတဲ့‌ လောင်းကစားရုံဖြစ်ပြီး အမြဲလူစည်ကားတဲ့နေရာ ဖြစ်တဲ့အပြင် စစ်တပ်က ဝင်ရောက်ဖမ်းဆီးချိန်မှာလည်း လူစည်ကားတဲ့ချိန်ဖြစ်တာကြောင့် ဖမ်းဆီးခံသွားရတဲ့လူဦးရေ တိတိကျကျ သိရဖို့ ခက်တယ်လို့ ဆိုပါတယ်။ အခုလို စစ်တပ်ဘက်က ဖမ်းဆီးတာဟာ လူစုဆောင်းတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့ NBPDF တာဝန်ခံ တစ်ဦးကခုလို သုံးသပ်ပါတယ်။ “သူတို့ဘက်ကနေအခုလို ဖမ်းတာက လောင်းကစား ဥပဒေကြောင့် ဖမ်းတာက မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆို သူတို့ ခွင့်ပြုလို့ လုပ်နေတဲ့နေရာတွေဘဲလေ ပြီးတော့ အခုဖမ်းတာလည်း စစ်မှုမထမ်းနေရ ဥပဒေ ထွက်ပြီးမှ သူတို့ဘက်က လူစုဆောင်းမဲ့နေရာတွေက အဲလိုနေရာမျိုးတွေဘဲ ရှိလို့လုပ်တာလို့ မြင်မိပါတယ်” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ရမ်ဘူလမ်းသွယ် ၂၄ ဘက်မှာ စစ်ကောင်စီဘက်က လူငယ်တစ်ချို့ကို ကြိုးတုတ်ပြီးဖမ်းခေါ်သွားခဲ့တာမျိုးလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဘက်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ … - [ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ](https://burmese.kachinnews.com/2024/03/05/zz2-33/): ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ် - [တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ](https://burmese.kachinnews.com/2024/03/05/zz1-78/): ကချင်ပြည်နယ်  မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက‌နေ သိရပါတယ်။ - [တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား](https://burmese.kachinnews.com/2024/03/05/cj1-13/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [နမ့်မှော်ကျေးရွာ‌ပြည်သူတချို့ ရွာထဲပိတ်မိနေ](https://burmese.kachinnews.com/2024/03/04/ny1-12/): ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့ တိုက်ပွဲတိမ်းရှောင်လာကြ‌ပေမယ့် အများပိုင်း ရွာထဲပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဗဲန်ဝိုင်ကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆို](https://burmese.kachinnews.com/2024/03/04/ld1-123/): စိန်လုံတောင်အနီး ဗဲန်ဝိုင်ကျေးရွာမှာ ဒေသခံပြည်သူအိမ်ခြေ ၂၀ ကျော်ရဲ့ ရှောက်ကောစိုက်ခင်းရှိတဲ့ လဂတ်တောင်တစ်ကြောကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒေသခံခြံပိုင်ရှင်တွေကိုခြံထဲဝင်ခွင့်ပိတ်ထားပြီး မြေရှားသတ္တုတူးဖော်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။  - [ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး](https://burmese.kachinnews.com/2024/03/04/am1-103/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။ - [တန့်ဆည်မှာ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့](https://burmese.kachinnews.com/2024/03/04/am1-102/): စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ရပ်ကျေး ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ယောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ](https://burmese.kachinnews.com/2024/03/04/zz1-77/): အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ  KIAနဲ့ KPDF ၊LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ - [တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2024/03/04/yl1-179/): ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း](https://burmese.kachinnews.com/2024/03/02/bb1-79/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကသာနယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ](https://burmese.kachinnews.com/2024/03/02/zz1-76/): စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးတဲကျေးရွာအုပ်စုထဲက ပျဥ်ထောင်လေးကျေးရွာ နဲ့ ပျဥ်ထောင်ကြီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် (March 2, 2024/ ELTV)](https://burmese.kachinnews.com/2024/03/02/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-2/) - [ပန်ဝါမှာ လုံခြုံရေးအပြည့်နဲ့ စစ်တပ်ထာက်ခံပွဲကျင်းပ](https://burmese.kachinnews.com/2024/03/02/zm1-158/): ကချင်ပြည်နယ် ပန်ဝါမြို့မှာ စစ်ကောင်စီတပ်တွေက  လုံခြုံရေးအပြည့်နဲ့ တပ်ထောက်ခံပွဲကျင်းပပြုလုပ်သွားတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ - [ကချင်မှာ မြို့နယ်အားလုံး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေ](https://burmese.kachinnews.com/2024/03/01/zm1-157/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီနေ့ကမနက် ၁၁ နာရီဝန်းကျင်ကစပြီး ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေပါတယ်။ - [တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို ကူညီကြဖို့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့ကတောင်းဆို](https://burmese.kachinnews.com/2024/02/29/ld2-29/): ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေအတွက် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့က ပြောပါတယ်။ - [စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ](https://burmese.kachinnews.com/2024/02/29/zz1-75/): ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။ - [မံစီမှာစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/02/29/ld1-122/): ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းတမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးထိခိုက်ရရှိထားပြီး နေအိမ်တစ်ချို့ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ စီခမ်းကြီးစခန်း ဘက်ကို စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/02/29/zz1-74/): ကချင်ပြည်နယ် ၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဘက်ကို စစ်တပ်ကလေကြောင်းပစ်ခတ်တာအပြင် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ - [တာမခံတပ်စခန်းကို KIA က ပိတ်ဆို့တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/02/29/yl1-178/): ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ပိတ်ဆို့တိုက်ခိုက်နေတဲ့ တာမခံစစ်ကောင်စီတပ်ခန်းကို အလုံးစုံ လက်မလွတ်ရေးအတွက် စစ်တပ်ဖက်ကလည်း လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ](https://burmese.kachinnews.com/2024/02/29/yl1-177/): မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ](https://burmese.kachinnews.com/2024/02/28/bb1-78/): မြစ်ကြီးနား–ချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမို ခက်ခဲလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ - [ပူတာအို နမ်ဆဘွမ်ကျေးရွာဘေး ရွှေတူးဖော်နေသူတွေ စစ်တပ်က မောင်းထုတ်](https://burmese.kachinnews.com/2024/02/28/zz1-73/): ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ်ဆဘွမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံမောင်းထုတ်နေတယ်လို့ ဒေသခံ‌ တွေဆီကနေသိရပါတယ်။ - [ခိုမုန်းဆေးရုံမှာ တပ်စွဲနေရာယူထားတဲ့ MNDAA တပ်ဖွဲ့အနေနဲ့ ဖယ်ရှားပေးဖို့ ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2024/02/28/ld1-121/): ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာက အများပြည်သူအသုံးပြု‌နေတဲ့ဆေးရုံမှာ တပ်ချနေရာယူထားကြတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေအနေနဲ့ ဆေးရုံက‌နေဖယ်ပေးဖို့တောင်းဆိုနေတယ်လို့ ဒေသခံ‌ တွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း စမတ်ကဒ်ပြုလုပ်ရန်စစ်ကောင်စီညွန်ကြားထား](https://burmese.kachinnews.com/2024/02/28/zm1-156/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတိုင်း Smart Card(စမတ်ကဒ်)ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားကြောင်းသိရပါတယ်။ - [ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/02/28/am1-101/): မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ - [တိုက်ပွဲကြောင့် သွားလာခွင့်ပိတ်ထားတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းပြန်ဖွင့်ပေး](https://burmese.kachinnews.com/2024/02/28/yl1-176/): စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲကြောင့် ပိတ်ဆို့ခံထားရတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းတစ်လျှောက် ခရီးသွားလာခွင့်ကို  မနေ့ကစပြီး ပြန်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်](https://burmese.kachinnews.com/2024/02/27/yl1-175/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ - [တာမခံ တပ်စခန်းကိုအပြီးသတ်သိမ်းပိုက််ပြီး စစ်တပ်ဘက် သေဆုံးမှုများ](https://burmese.kachinnews.com/2024/02/27/zz2-32/): ဖားကန့်မြို့နယ် တာမခံကျေးရွာ နန့်ရေတောင်ကုန်းမှာရှိတဲ့ ခမရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်သေဆုံးမှုတဲ့အပြင် အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ - [တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်](https://burmese.kachinnews.com/2024/02/27/zz1-72/): ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ - [နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/02/26/ny1-11/): ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ - [ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ](https://burmese.kachinnews.com/2024/02/26/am2-33/): စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးပြန်လည်လွှတ်မြောက်](https://burmese.kachinnews.com/2024/02/26/bb1-77/): ဗန်းမော်မြို့ စီဟဲရွာ ၅ မိုင်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးကို ပြန်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/02/26/am1-100/): စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ - [ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ](https://burmese.kachinnews.com/2024/02/26/zz1-71/): ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်းဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့က သိရပါတယ်။ - [နန့်ရင်းချောင်းကူးတံတားပေါ်မှာ ကတုတ်ကျင်းတူးပြီး တပ်ချဖို့ ပြင်ဆင်နေ ](https://burmese.kachinnews.com/2024/02/26/zz1-70/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာနီးမှာရှိတဲ့ နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံးကို စစ်ကောင်စီတပ်တွေကဘတ်ဖိုးနဲ့ကတုတ်ကျင်းတူးပြီး အထိုင်ချတပ်စွဲဖို့ ပြင်နေတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် ( Hopin KPDF )  တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ - [ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ](https://burmese.kachinnews.com/2024/02/26/yl1-174/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ - [စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ](https://burmese.kachinnews.com/2024/02/23/zz2-31/): ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ - [၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ](https://burmese.kachinnews.com/2024/02/23/zz2-30/): ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတပ်စခန်း စခန်းစွန့်ခွာသွားတဲ့ နောက် မြို့လှမြို့နဲ့ စခန်းကုန်းကိုပါ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြို့လှ PDF က ဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။ - [ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/02/23/bb1-76/): ဗန်းမော်မြို့အဝင် စီဟဲရွာ ၅ မိုင်ဂိတ်မှာ အမျိုးသား ၁၄ ယောက်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ - [မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ](https://burmese.kachinnews.com/2024/02/23/zz1-69/): စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိ ကျေးရွာ ၈  ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။ - [မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့](https://burmese.kachinnews.com/2024/02/23/am1-99/): ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ - [စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ‌၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို](https://burmese.kachinnews.com/2024/02/22/yl1-173/): မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ခရီးသွားပြည်သူတွေကို တားမြစ်စစ်ဆေးချိန်မှာ စစ်ကောင်စီတပ်တွေက ခရီးသည်တစ်ယောက်ရဲ့  ငွေကျပ် ၁၈ သိန်းကို နိုက်ယူသွားတယ်လို့ သိရပါတယ်။ - [စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား](https://burmese.kachinnews.com/2024/02/22/ld1-120/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC  ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းမှာ ပြည်သူ့စစ်မှုထမ်းဖို့ စစ်တပ်က လူဦး‌ရေ စာရင်းစတင်ကောက်ယူ](https://burmese.kachinnews.com/2024/02/22/zz1-68/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့ လူဦးရေစာရင်း‌တွေကောက်ယူနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ](https://burmese.kachinnews.com/2024/02/22/am2-32/): ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ - [ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/02/22/am1-98/): “မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ - [စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ](https://burmese.kachinnews.com/2024/02/21/bb1-75/): “ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင်မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာ တဲ့သူ တွေများတယ်၊ သူတို့တွေ ဆန်၊ဆီ၊ဆားကအစ အိုးတွေကအစပေါ့ ပြီးရင် ခင်းစရာဖျာလေးတွေ၊ စောင်လေးတွေလည်း လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။ - [ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ကျောင်းဆရာတစ်ဦး သေဆုံး](https://burmese.kachinnews.com/2024/02/21/dsa1-25/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။ - [စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ](https://burmese.kachinnews.com/2024/02/21/am1-97/): စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ](https://burmese.kachinnews.com/2024/02/21/zz2-29/): “စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ  ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ - [မိုးကောင်းနယ်ထဲမှာ ခရီးသည် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး](https://burmese.kachinnews.com/2024/02/21/yl1-172/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွား အမျိုးသား ၂၀ ယောက်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများ](https://burmese.kachinnews.com/2024/02/21/zz1-67/): “ကျနော်တို့ဘက်ကကျတာက ၉ ယောက် AA ထဲက တစ်ယောက်ပါတယ် ခုလက်ရှိလည်း စိစစ်နေတုန်း KPDF ထဲက အများဆုံးပဲဒဏ်ရာရတာလည်း ၄၀ ယောက်ကျော်တယ် ကျဆုံးသွားတဲ့ ၉ယောက်ထဲက ၆ ယောက်ကတော့ကျွန်တော်တို့ မီးရှို့သဂြိုလ်ခဲ့ပြီ”လို့အထက်ပါ တာဝန်ရှိသူ ကပြောပါတယ်။ - [ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက်](https://burmese.kachinnews.com/2024/02/21/dsa1-24/): “စစ်ကောင်စီဘက်က အိမ်ထိလာဆွဲခေါ်သွားမှာလည်း ပြန်စိုးရိမ်ရ KIA ထဲဝင်ပြီး တော်လှန်ရေး လုပ်မယ်ဆိုရင်လည်း မိဘတွေက အသက်ကြီးပြီးဆိုတော့ ကိုယ်မရှိရင်ဘာနဲ့မှ မစားဘူးလေ ဆိုတော့ခြေထောက်အချိုးခံလိုက်ရတဲ့ အခြေအနေလို ဖြစ်နေတာပေါ့”လို့ မြစ်ကြီးနားမြို့ပေါ်က ကချင်လူငယ်အမျိုးသားတစ်ဦးက KNG ကို ပြောဆိုပါတယ်။ - [မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/02/20/zm1-155/): ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့  ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ](https://burmese.kachinnews.com/2024/02/19/zz2-28/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းခံနေရ](https://burmese.kachinnews.com/2024/02/19/am1-96/): ရှမ်းပြည်မြောက်ပိုင်း နဲ့ကချင်ပြည်နယ်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲမှာ မြို့ခံအရပ်သားတွေအပြင် အမည်မသိတဲ့သူတွေအုပ်စုဖွဲ့ပြီး မြို့တွင်းထဲက နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2024/02/19/ld2-28/): မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [မြေရှားတူးဖော်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ့တစ်ချို့ ခံဝန်ကတိနဲ့လွတ်မြောက်](https://burmese.kachinnews.com/2024/02/19/ld1-119/): ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေနဲ့ KIA ကြားပြဿနာဖြစ်ပွားရာမှာ ဖမ်းဆီးသွားတဲ့ အရပ်သား ၄၄ ဦးထဲက ၁၀ ယောက်ကျော်ကို ပြန်လွှတ်ပြီဖြစ်ပေမဲ့ တက်ကြွလှုပ်ရှားသူ ၃၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဖရဲဒေသခံပြည်သူတွေပြောပါတယ်။ - [စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/02/19/zm1-154/): နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊  ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို](https://burmese.kachinnews.com/2024/02/17/zm1-152/): မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ - [မုံးကိုးမြို့ထဲခိုလှုံနေတဲ့ စစ်ရှောင်များကို MNDAA ကအတင်းအဓ္မမောင်းထုတ်](https://burmese.kachinnews.com/2024/02/17/ld1-118/): ရှမ်းမြောက် မုံးကိုးမြို့ထဲမှာ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မလာရောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။ - [နာဂလက်နက်ကိုင် NSCNK နှစ်ဖွဲ့လုံးကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန် စစ်ကောင်စီကြိုးပမ်းနေ ](https://burmese.kachinnews.com/2024/02/17/zz1-66/): စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCNK)လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကို စစ်တပ်က ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ - [စီခမ်းကြီးတပ်စခန်းကို KIA ထိုးစစ်ဆင်တိုက် ခိုက်‌နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/02/17/dsa1-21/): ကချင်ပြည်နယ် မံစီမြိုနယ် စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ် KPDF တို့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲဆက်နွှဲနေတာ‌ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [မံစီမှာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/02/17/zm1-153/): ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာ‌ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ - [နန့်သာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူဘက်ခိုလုံလာ](https://burmese.kachinnews.com/2024/02/16/zz2-27/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူ့ဘက်ကိုထွက်ပြေးခိုလုံလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မုံးကိုးမှာ MNDAA ကတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးနေ](https://burmese.kachinnews.com/2024/02/16/bb2-8/): ရှမ်းမြောက် မုံးကိုးမြို့အတွင်း ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားတွေရဲ့နေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်- ရှမ်းအစပ်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲ](https://burmese.kachinnews.com/2024/02/16/bb1-74/): ကချင်–ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလိုင်းဒေသတစ်လျှောက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတစ်ချို့ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးလိုင်းဒေသခံတွေက ပြောပါတယ်။ - [ချီဖွေနဲ့ ပန်ဝါဒေသဘက်ကို ထောက်ခံချက်ရမှသာ သွားလာခွင့်ရရှိ](https://burmese.kachinnews.com/2024/02/16/yl1-171/): ပန်ဝါဒေသကို တက်လာတဲ့ ခရီးသည်းတွေအားလုံးကို ဝိုင်းမော်မြို့နယ် ရှငေါ် (Shangaw) စစ်တပ်ဂိတ်မှာ သွားလာရေး ကန့်သတ်ထားပြီး သွားလာမယ့် နေရာရဲ့ ထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုနေတယ်လို့ သိရပါတယ်။ - [ရွှေကူမှာ သတ္တုတူးဖော်နေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2024/02/16/zz1-65/): ရွှေတောင် တောင်ခြေမှာရှိတဲ့ စီသောင်၊ မံဝင်း၊ စီမူကြီး၊ စီမူလေး၊ မံနား၊ မံခါးစတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျေးရွာထဲကလူနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်ရှိအဲ့ဒီကျေးရွာတွေဟာ ပြန်လည်ထူထောင်ရေးစလုပ်နေဆဲ ကျေးရွာတွေဖြစ်ပါတယ်။ - [တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်လုပ်ဖို့ကား၊ သုံးဘီးတွေနဲ့လှည့်လည်စည်းရုံးလှုံ့ဆော်နေ](https://burmese.kachinnews.com/2024/02/15/yl1-170/): ပူတာအိုမြို့နယ်ထဲမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ရန်အတွက် ကား၊ သုံးဘီးတွေမှာ လော်စပီကာတပ်ပြီးတော့ လိုက်လံစည်းရုံးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့  ဒေသခံတွေ ဆီကနေ သိရပါတယ်။ - [မိုးကောင်းမြို့ နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ခေါ်ယူစစ်ဆေးခံနေရ](https://burmese.kachinnews.com/2024/02/15/am2-31/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မပခတပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/02/15/am2-30/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [အသက်မဝင်တော့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးပြီး စစ်အင်အားစုဆောင်းနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေသုံးသပ်](https://burmese.kachinnews.com/2024/02/15/am1-95/): စစ်ကောင်စီတပ်က ကာကွယ်ရေးအင်အားလိုအပ်လာလို့ဆိုတဲ့အချက်နဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ - [စီအူရွာအနီး စစ်တပ်က ဗုံးကြဲလို့ တံတား ၂ စင်းထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/02/15/dsa1-20/): ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတားနှစ်စင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်တပ်က စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် ကချင်နဲ့စစ်ကိုင်းအစပ်က တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်တဲ့ လူငယ်တွေများလာ](https://burmese.kachinnews.com/2024/02/14/am1-94/): စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကြောင်းထုတ်ပြန်ပြီးတဲ့ရက်ပိုင်းမှာပဲ ကချင် နဲ့ စစ်ကိုင်းအစပ်က တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်လာတဲ့ လူငယ်တွေများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ - [ကချင်တစ်မျိုးသားလုံးအထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တဲ့အပေါ် KSCM ကန့်ကွက်](https://burmese.kachinnews.com/2024/02/14/bb1-73/): တော်လှန်စစ်အရှိန် မြင့်တက်နေတဲ့ကာလမှာ ကချင်တစ်မျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တာကို  WHG ( WUNPAWNG HTUNGHKING HPUNG GINJAW) မှ တာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုတာဟာ အရှက်ရစရာ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ KSCM ( Kachin State Civilian Movement) က ဆိုပါတယ်။ - [နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် ၂ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်](https://burmese.kachinnews.com/2024/02/14/zz2-26/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာအထက် နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာ ၂ ရက်ခြားတစ်ကြိမ်သာ အလှည့်ကျစနစ်နဲ့ လျှက်စစ်မီးပေးနေတယ်လို့သိရပါတယ်။ - [ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်](https://burmese.kachinnews.com/2024/02/14/zz1-64/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။ - [TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ](https://burmese.kachinnews.com/2024/02/14/ld1-117/): ၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ဒေသ နယ်မြေတစ်ချို့ကို စိုးမိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံတဲ့အသွင်နဲ့ အုပ်ချူပ်လာမှုကြောင့် အတူယှဉ်တွဲနေထိုင်ရေးမှာ အခက်ကြုံလာတယ်လို့ လက်ရှိ TNLA ထိန်းချူပ်မှုအောက်မှာရှိတဲ့ ဒေသခံတွေ ပြောပါတယ်။ - [ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော](https://burmese.kachinnews.com/2024/02/13/zz2-25/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။ - [အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်လာ](https://burmese.kachinnews.com/2024/02/13/bb1-72/): မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမျိုးသမီးတွေ သေဆုံးမှုတွေ ပိုမိုမြင့်တက်လာသလို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ - [ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/02/13/yl1-169/): “အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။ - [စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်ကူညီပေးနေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ NBPDFထုတ်ပြန်](https://burmese.kachinnews.com/2024/02/13/dsa1-19/): စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်လိုက်ပါကူညီနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အုပ်ချုပ်ရေးမှုတို့ ရာအိမ်မှူးတို့ကို ထိရောက်စွာ အရေးယူမယ်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ - [အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/02/13/ld1-116/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ - [မော်လူးစည်ပင်စျေး ဆောက်လုပ်ပြီးစီးဖို့ ငါးလခန့်ကြာမြင့်နိုင်](https://burmese.kachinnews.com/2024/02/13/zz1-63/): စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက မီးလောင်ပျက်စီးသွားတဲ့ မော်လူးမြို့မစျေး တည်ဆောက်ပြီးစီးနိုင်ဖို့ အချိန် ၅ လ ခန့်ကြာမြင့် နိုင်ပြီး NUG အစိုးရကလည်း ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့သိရပါတယ်။ - [တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2024/02/12/ny1-10/): စစ်ရေးတင်းမာ‌‌နေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/02/12/am1-93/): စစ်ကိုင်း နဲ့ ကချင်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို  နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [ချစ်သူနဲ့ အဆင်မပြေရာကနေ ရေနစ်သေဆုံးမှုဖြစ်ပွား](https://burmese.kachinnews.com/2024/02/12/bb1-71/): မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်မှာ အမျိုးသားတစ်ဦး မိမိကိုယ်ကို ရေနစ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [နမ်တိန့်ပြန်ရဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေ](https://burmese.kachinnews.com/2024/02/12/zz1-62/): ဖားကန့်မြို့နယ် နမ်တိန့် ရွာက စစ်ကောင်စီတပ်ရဲ့တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [ဆင်ဘိုမြို့ သိမ်းပိုက်ထားပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/02/12/ld1-114/): မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချူပ်ထားပြီး မြို့နဲ့ ၃ မိုင်အကွာရှိ စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားကာ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ကောင်ဂျာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/02/12/dsa3-2/): “ဗန်းမော်ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တော့ ကတုတ်ကျင်းမှာ ပုန်းနေကြတာဟုတ်တယ်။ နောက်တော့ သူ့ဝက်တွေကို နေရာသွားရွှေ့အုံးမယ်ဆိုပြီး ထွက်သွားတဲ့ချိန်မှာ လက်နက်ကြီးမှန်ပြီးလူရော ဝက်တစ်ကောင်ရောသေသွားတာ ဟုတ်တယ်”လို့ ပြောပါတယ်။ - [မေခမြစ်အထက်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရ](https://burmese.kachinnews.com/2024/02/12/dsa2-3/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတစ်ဖက်ကမ်း မေခမြစ်အထက် မယ်တော်ဂူအနောက်ဘက် ၁ မိုင်အကွာသဲသောင်ပြင်တစ်နေရာမှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2024/02/12/dsa1-17/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြရပ်ကွက်မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အသင်းကနေ သိရပါတယ်။ - [ကိုးကန့်တပ်ဟာ KIA နဲ့ SSA အဖွဲ့ကိုကြူကုတ်ပန်ဆိုင်းထဲ လုံးဝ ဝင်ခွင့်မပြုကြောင်းပြောဆို](https://burmese.kachinnews.com/2024/02/12/ld1-115/): ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIO/KIA နဲ့ ရှမ်းပြည်တပ်မတော် SSPP / SSAကို လုံးဝ ဝင်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ပန်ဆိုင်းဒေသခံတွေကို ခေါ်ယူပြီး အစည်း အဝေးကျင်းပခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။ - [မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ](https://burmese.kachinnews.com/2024/03/29/am1-112/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။ - [ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/03/28/zz2-35/): ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ - [နေရပ်ပြန်တာမခံပြည်သူများ ကောလဟာလသတင်းကြောင့် ထပ်ပြီးတိမ်းရှောင်သူတွေရှိနေ](https://burmese.kachinnews.com/2024/03/28/zz1-93/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ KIA၊ ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF မဟာမိတ်ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ တာမခံကျေးရွာထဲ နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်ပြည်သူအချို့ ကောလဟာလသတင်းတွေကြောင့် ထပ်မံတိမ်းရှောင်သွားကြတာတွေရှိနေကြတယ်လို့ ဆိုပါတယ်။ - [အကျဲစစ်တပ်စခန်းကို KIA လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2024/03/28/dsa1-31/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ရင်း (၁၁) က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး](https://burmese.kachinnews.com/2024/03/28/am2-35/): ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2024/03/28/am1-111/): ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ - [စစ်ကောင်စီ ကင်းစင်နယ်မြေ](https://burmese.kachinnews.com/2024/03/28/yl2-46/): ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ - [သက်တမ်းကြာ လွယ်ဂျယ် ယော်ယုံ(Yaw Yung)နဲ့ မဒါ(Mada) တပ်စခန်း ၂ခုကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/03/28/yl1-196/): တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်(Loije)မြို့ကို ထိန်းချုပ်ထားတဲ့ ယော်ယုံဘွမ့် (Yaw Yung Bum) နဲ့ မဒါးဘွမ့် (Mada Bum) စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ ရက်နေ့ ဒီကနေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ - [ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2024/03/27/z-6/): ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့မနက် ၆ နာရီ ဝန်းကျင်ကနေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်း ၄ ခုထပ်မနည်း သိမ်းဆည်းထားတဲ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။ - [TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ](https://burmese.kachinnews.com/2024/03/26/ld1-130/): ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ - [မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်](https://burmese.kachinnews.com/2024/03/26/am3-7/): မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က လမ်းခုလတ်တွေမှာအထိုင်ချပြီးစစ်ဆေးရေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်](https://burmese.kachinnews.com/2024/03/26/yl1-195/): ‌ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း(တာဝါတိုင်ကုန်း)နဲ့ လုံဂျာဘွမ့် တပ်စခန်း ၄ ခုကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၆ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီးလို့ KIO အတည်ပြုပြောဆိုပါတယ်။ - [စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ  ၂ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2024/03/26/dsa1-30/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ](https://burmese.kachinnews.com/2024/03/26/zz2-34/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို](https://burmese.kachinnews.com/2024/03/26/bb1-86/): ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။ - [ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ](https://burmese.kachinnews.com/2024/03/26/am1-110/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ - [နန့်မွန်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရ](https://burmese.kachinnews.com/2024/03/26/zz1-92/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မချမ်းဘော့မှာ ၅ နှစ်ကြာတပ်စွဲခဲ့တဲ့အလန်ဂါးတပ်စခန်းမှ စစ်သားများစခန်းစွန့်ခွာ](https://burmese.kachinnews.com/2024/03/25/zz1-91/): ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ ၅ နှစ်ကြားတပ်စွဲနေထိုင်ခဲ့တဲ့ အလန်ဂါးစခန်းထဲက စစ်သားများစခန်းဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/03/25/yl1-194/): မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ](https://burmese.kachinnews.com/2024/03/25/am2-34/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ - [ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ](https://burmese.kachinnews.com/2024/03/25/am1-109/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိ‌သေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [နောင်ကွန်(Nawng kawn)အမြှောက်တပ်ကြီးကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/03/23/yl1-193/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မားခွယ်(Mahkoi)ကျေးရွာအုပ်စု နောင်ကွန်(Nawng Kawn) ကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့အမြှောက်တပ်ရင်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသေးတဲ့တပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 23, 2024 / ELTV)](https://burmese.kachinnews.com/2024/03/23/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-6/) - [ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/03/22/am1-108/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဒု - ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ သတိပေးချက်အပေါ် လူငယ်တွေရဲ့ အမြင်](https://burmese.kachinnews.com/2024/03/22/dsa1-29/): “လူ့ဘဝမှာ ရွေးချယ်မှုမှားရင် ဆုံးရှုံးနစ်နာမှုများစွာနဲ့ဘဝမှားသလို ရွေးချယ်မှုကောင်းရင် ဘဝကောင်းမယ်”ဆိုတာ လောကရဲ့ နိယာမတရားဘဲဖြစ်ပါတယ်။ - [နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ](https://burmese.kachinnews.com/2024/03/22/zz1-90/): နာဂပြည်သူ့ကာကွယ်ရေးဖွဲ့(NPDF) အဖွဲ့ဟာ လက်ရှိ နာဂခရိုင်အမှတ် (၁) တပ်ရင်းအဖြစ်ရပ်တည်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းစတင်ဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။ - [ဒုံးတပ်အပါ ထောက်ပို့တပ်စခန်းအကြီးဖြစ်တဲ့ နွမ်လန့် တပ်စခန်း ၂ ခုကို KIA က တစ်ရက်ထဲ သိမ်းပိုက်](https://burmese.kachinnews.com/2024/03/22/yl1-192/): မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဒုံးတပ်အပါ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်တဲ့ နွမ်လန့်တပ်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2024/03/21/yl2-45/): KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw Pajau Bum) အနီတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ - [ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/03/21/yl1-191/): မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [စန်းကားကျေးရွာအနီးက ခန်လုံးတံတားကို စစ်တပ်ကဖောက်ခွဲဖျက်ဆီး](https://burmese.kachinnews.com/2024/03/20/ld2-33/): ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနဲ့ ရွာပေါင်း ၂၀ ဝန်းကျင် မှီခိုသွားလာနေတဲ့ ခန်လုံးတံတား(Hkang Lung mahkrai) ကို စစ်ကောင်စီတပ်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/03/20/ld1-129/): ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ - [ရွှေကူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာ ၃ ခု တစ်ချိန်တည်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/03/20/zz1-89/): ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာရှိတဲ့ မြို့မရဲခစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ နေရာ ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDFအဖွဲ့ဆီကနေ သိရပါတယ်။ - [ပင်းဘောမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ SNA  တပ်အင်အားဖြည့်နေ](https://burmese.kachinnews.com/2024/03/20/zm1-165/): မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SAN တပ်တို့ အင်အားဖြည့်နေတယ်လို့ ပင်းဘောဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/03/20/zz1-88/): ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ - [မော်လူးမြို့မှာ ဒေသခံ‌တွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို](https://burmese.kachinnews.com/2024/03/19/zz1-87/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရပ်သားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ - [နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး](https://burmese.kachinnews.com/2024/03/19/yl1-190/): တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း ၃ နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။ - [ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ](https://burmese.kachinnews.com/2024/03/19/dsa1-28/): ကချင်ပြည်နယ်ထဲက  မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ - [မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ](https://burmese.kachinnews.com/2024/03/19/ld2-32/): ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အောင်မြေ  ၁ နဲ့ အောင်မြေ ၂ ရွာပြည်သူတွေရဲ့နေအိမ် စစ်ကောင်စီတပ်များ ဖောက်ထွင်းပြီးရိက္ခာပစ္စည်းသယ်ယူ‌နေ](https://burmese.kachinnews.com/2024/03/19/ld1-128/): ဝိုင်းမော်မြို့နယ် အောင်မြေ ( ၁) ၊ အောင်မြေ ၂ ကျေးရွာတွေမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်တွေဟာ  စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ် ဖောက်ထွင်းပြီး ရိက္ခာပစ္စည်းတွေ သယ်ယူတာတွေလုပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [မီးဘေးသင့် ဟွေထိုက်ကျေးရွာပြည်သူတွေအတွက် အစားသောက်၊နေရာထိုင်ခင်း အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/03/18/zz1-86/): စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာနေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်](https://burmese.kachinnews.com/2024/03/18/bb1-85/): ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီးလွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။ - [ဆရာခွန်ဂျော်လီ(Sara Hkun Jaw Li)ပစ်သတ်ခံရ ](https://burmese.kachinnews.com/2024/03/18/yl2-44/): “သူရဲ့ ကွန်ပျူတာဆိုင်ထဲမှာ ပထမလူ ၂ ယောက်က မိတ္တူကူးယူမယ်ဆိုပြီးဝင်လာတယ်တဲ့။ အဲဒီမိတ္တူကူးပေးလိုက်ပြီး ဘယ်လောက်မကြာဘူး နောက်ထပ် လူ ၂ ယောက်က ဝင်လာပြီး သူ့ရဲ့ ကွန်ပြူတာ အခန်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတယ်”လို့ပြောပြပါတယ်။ - [လူသားဒိုင်းအဖြစ် ပိတ်ဆို့ခံထားရင်း သေဆုံးခဲ့ရသူများ](https://burmese.kachinnews.com/2024/03/18/%e1%80%9c%e1%80%b0%e1%80%9e%e1%80%ac%e1%80%b8%e1%80%92%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba-%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%ad/): မှောင်မိုက်တဲ့ညတစ်ည လျှပ်စစ်မီး အလင်းရောင်မရှိ၊ အမှာင်ခန်းတစ်ခုမှာ ဖရောင်းတိုင်မီးလေးထွန်းပြီး ငိုသံတွေနဲ့တူ လူအုပ်ကြီးကို မြင်တွေ့ရပါတယ်။ လူအုပ်အလယ်မှာတော့ အနီအစိမ်းရောင်စုံအကွက် ဒေါင်ရှည်ပုဆိုးခြုံပေးထားတဲ့ အဘွားအိုတစ်ယောက်ရဲ့ ရုပ်အလောင်းရှိနေပြီး ဘေးမှာတော့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၃ ယောက် ရှုံးပွဲချ ငိုကြွေးနေတဲ့အပြင် ဘေးပတ်ပတ်လည်မှာလည်း ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်ပေါင်းစုံကလည်း မျက်ရည်စက်လက်နဲ့ ယူကြုံးမရ ပူဆွေးသောက ရောက်နေကြပါတယ်။ - [တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA တိုက်ခိုက်နေပြီး စစ်တပ်ကလေယာဉ်ဗုံးကြဲနေ](https://burmese.kachinnews.com/2024/03/18/yl1-189/): “တိုက်ပွဲက အခုချိန်အထိ တဒုန်းဒုန်းဖြစ်နေကြတုန်း တိုက်ပွဲက ၇ နာရီလောက်ကနေ စတာ။ တိုက်ပွဲအခြေအနေက KIA ဘက်ကနေ နမ့်ကောန့်စခန်းကို အပြီးသိမ်းမယ်လို့ စီစဉ်ချထားကြတယ်။ အခု ၁၁ နာရီလောက်အထိတော့ သိမ်းလိုက်ပြီလို့မကြားရသေးဘူး။ ရအောင်သိမ်းမယ်လို့ပဲကြားထားတာ”လို့ပြောပါတယ်။ - [ခလရ ၂၃၇ တပ်ကနေထွက်ပြေးလာတဲ့စစ်သားတစ်ဦးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2024/03/16/zm1-164/): မိုးမောက်မြို့နယ် ခလရ ၂၃၇ ဒါဆိုင်းတပ်ကနေ ဗန်းမော်မြို့နယ် ခူးလီ၊ နန့်လှိုင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ဦးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ ခူးလီရွာသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 16 ,2024 )](https://burmese.kachinnews.com/2024/03/16/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-5/) - [လိုင်ဇာမြို့ကို ခြိမ်းခြောက်တဲ့ ဘွမ့်ရေဘွမ့်တပ်ခန်ကို  KIA ထပ်မံ သိမ်းပိုက်](https://burmese.kachinnews.com/2024/03/15/yl2-43/): KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ - [မိုင်းနားမှာ တုံဖုံးကားအချင်းချင်းတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2024/03/15/dsa1-27/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တုံဖုံးကား ၂ စီးတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ - [တာမခံစစ်ရှောင်တွေကို နေရပ်ပြန်ဝင်ခွင့်ပြုတော့မယ်လိုဆို](https://burmese.kachinnews.com/2024/03/15/zz1-85/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တာမခံစစ်ဘေးရှောင်ပြည်သူတွေ မတ်လ ၁၇ ရက်နေ့မှာ နေရပ်ပြန်ဝင်ခွင့်ရမှာဖြစ်ပေမယ့် စစ်ရှောင်အားလုံး‌ နေထိုင်ခွင့်တော့ပြုအုံးမှာမဟုတ်ဘူးလို့ သိရပါတယ်။ - [KSCU  ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့](https://burmese.kachinnews.com/2024/03/15/dsa2-4/): ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စစ်ရေးအခြေအနေတင်းမာနေတဲ့ကြားက ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCU) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ ဒုအဓိပတိဖြစ်သူ ဆရာ ဒေါက်တာ ဦးအောင်နိုင်သူကပြောပါတယ်။ - [စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အွန်လိုင်းကနေ လေယာဉ်လက်မှတ်လိမ်လည်ရောင်းချသူများလာ](https://burmese.kachinnews.com/2024/03/15/bb1-84/): စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေငြာလိုက်တဲ့နောက် လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့်လိမ်လည်ရောင်းချသူတွေ သိသိသာသာများလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။ - [ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/03/15/yl1-188/): ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။ - [နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်](https://burmese.kachinnews.com/2024/03/15/dsa1-26/): “သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်”လို့ ဆိုပါတယ်။ - [မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ](https://burmese.kachinnews.com/2024/03/14/bb1-83/): ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/03/14/yl3-10/): ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ - [အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့အထိမ်းအမှတ်ကျင်းပ](https://burmese.kachinnews.com/2024/03/14/bb1-82/): မတ်လ ၁၄ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင် ( International River’s Day) အထိမ်းအမှတ်နေ့ကို တန်ဖရဲမြစ်ဆုံမှာ မလိအင်မိုင်ဇွမ် အမျိုးသမီးအဖွဲ့ချုပ်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ - [ဗန်းမော်လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ပြင်ဆင်နေ](https://burmese.kachinnews.com/2024/03/14/zm2-24/): ပစ်သတ်ခံရသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိခွင့်မပေးဘဲ မှောက်လျှက်အနေထားနဲ့ထားရှိပြီး အလောင်းသယ်ယူတဲ့ နာရေးကူညီမှုအသင်းတွေကိုလည်း မှတ်တမ်းဓါတ်ပုံရိုက်ယူခွင့်မပြု မှောက်လျှက်အနေထားနဲ့သာသယ်ဆောင်ဖို့ ခန်ဝံကတိရေးထိုးခိုင်းစေတယ်လို့ ဆိုပါတယ်။ - [ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ](https://burmese.kachinnews.com/2024/03/14/zm1-163/): မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။ - [ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား](https://burmese.kachinnews.com/2024/03/14/yl2-42/): ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ - [မိုးမောက်နယ် ဒါဆိုင်း(Dasai) တပ်စခန်းကို KIA က သိမ်းပိုက်နိုင်](https://burmese.kachinnews.com/2024/03/14/yl1-187/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအနီးမှာရှိတဲ့ ဒါဆိုင်း(Dasai Dap) စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ မတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်ကလည်း အဆက်မပြတ် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရှိရပါတယ်။ - [ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ ကယ်ထုတ်နိုင်](https://burmese.kachinnews.com/2024/03/13/yl2-41/): တိုက်ပွဲကြောင့် ၅ ရက်ခန့်အကြာ ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို မတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။ - [ဝိုင်းမော်မှာ KIA တပ်ဆုတ်ထားပေမယ့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ](https://burmese.kachinnews.com/2024/03/13/yl1-186/): ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်တာမရှိတော့ပေမယ့် စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး](https://burmese.kachinnews.com/2024/03/13/zm1-162/): ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စကခ ၂၁ စစ်တပ်က ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာ ကမ်းနီကျေးရွာအပါအဝင် ရွာ ၄ ရွာမှာကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ - [ကချင် မျိုးနွယ်စုကြား ရန်သတ်ပွဲ ဖန်တီးပေးတဲ့ စစ်ကောင်စီတပ်](https://burmese.kachinnews.com/2024/03/12/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%85%e1%80%85%e1%80%ba/): ကချင်ပြည်နယ်မှာရှိတဲ့ ကချင်မျိုးနွယ်စုတွေကြား နဲ့ ကချင်မဟုတ်တဲ့ တိုင်းရင်းသားတွေကြား နိုင်ငံရေးနှင့်လူမျိုးရေးအရ အားပြိုင်မှုက အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တဲ့အတွက် ဒီအခြေအနေတွေကို ကောင်းစွာသိရှိနားလည်ထားတဲ့ မြန်မာစစ်တပ်အတွက် အခွင့်ကောင်းတွေ ဖြစ်နေခဲ့ပါတယ်။ - [အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ](https://burmese.kachinnews.com/2024/03/12/yl4/): တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။ - [ပူတာအိုမြို့မှာ ကုန်စျေးနှုန်း အဆမတန်ထိုးတက်](https://burmese.kachinnews.com/2024/03/12/zz1-83/): ပူတာအို–မြစ်ကြီနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေပြီး ကြက်ဥ ၁ လုံးကို ကျပ် ၅၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ မြို့ခံ တွေကနေ သိရပါတယ်။ - [မိုးမိတ်မှာ မြို့တွင်း သန့်ရှင်းရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ](https://burmese.kachinnews.com/2024/03/12/am1-107/): တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်နဲ့ရှမ်းမြောက်အစပ်က မိုးမိတ်မြို့နယ်အတွင်း ဒေသခံတစ်ချို့ပြန်ဝင်နေကြပြီးတော့ မြို့တွင်းသန့်ရှင်းရေးကိုလည်း အရပ်သားတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [အောင်မြေ(၂) ဒေသခံ ၇၀၀ ခန့်ကိုစစ်တပ်က လူသားဒိုင်းကာထားလို့ ကယ်ထုတ်ဖို့ခွင့်မပြုသေး](https://burmese.kachinnews.com/2024/03/12/yl3-9/): တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်ကလူသားဒိုင်းအဖြစ်အသုံးပြု‌နေပြီး ဒီကနေ့ မတ်လ ၁၂ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အထိ ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ - [ကသိုဏ်းတောင်(Kasen Bum)တပ်စခန်းကို KIA က အပြီးသတ်ရှင်းလင်း](https://burmese.kachinnews.com/2024/03/12/yl2-40/): KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တာမခံတပ်စခန်းသိမ်းပိုက်အပြီး မတ်လ ၁၁ နေ့ ညနေပိုင်းပိုင်းလောက်မှာ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်လာချိန်မှာဘဲ စစ်ကောင်စီတပ်သားတွေက တပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။ - [နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး](https://burmese.kachinnews.com/2024/03/12/yl1-185/): မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ - [မနမှော်နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရ ၄ ဦးတွေ့ရှိ](https://burmese.kachinnews.com/2024/03/12/zz1-84/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ထဲကနွံကန်တစ်ခုပေါက်ကျမှု ဖြစ်စဥ်မှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရှိထားသူ ၄ ဦးသာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှု‌တော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်](https://burmese.kachinnews.com/2024/03/11/bb1-81/): ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက  အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ - [အရပ်သားတွေကို တိုက်ပွဲကြားက ထွက်ခွာဖို့ စစ်ကောင်စီတပ် တားမြစ်](https://burmese.kachinnews.com/2024/03/11/%e1%80%a1%e1%80%9b%e1%80%95%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%80/) - [KIO ဌာနချုပ်ကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်အားလုံးကို တိုက်ထုတ်မယ့် စစ်ဆင်ရေး](https://burmese.kachinnews.com/2024/03/11/%e1%80%a1%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2/): တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ရက္ခိုင့်တပ်တော် AA အပါအဝင် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF ၊ ကျောင်းသားတပ်မတော် ABSDF နဲ့ NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ - [တာမခံကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိတိတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/03/11/zz1-82/): “တိုက်ပွဲ ဖြစ်တော့မနေ့ကလက်နက်ကြီးတွေအတော်ထုတယ် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျတယ်အဲ့မှာအလှူလုပ်ဖို့ထမင်းချက်နေတဲ့လူတွေရှိတဲ့ မီးဖိုချောင်ထဲကျတာတစ်ယောက်ကပွဲချင်းပြီး ၂ယောက်က ဒဏ်ရာရတယ် တစ်ယောက်ပါးစပ်ပြဲသွားတယ်”လို့ အထက်ဖော်ပြပါအရပ်သားတစ်ဦးကပြောပါတယ်။ - [စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/03/11/ld1-127/): မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ - [တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/03/11/yl2-39/): ၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ - [ကသာနဲ့မဘိမ်းကြားက ခလရ ၁၂၁ တပ်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက် ](https://burmese.kachinnews.com/2024/03/11/am1-106/): စစ်ကိုင်း– ကချင် နဲ့ ရှမ်းမြောက်အစပ် ကသာမြို့နယ်နဲ့မဘိမ်းမြို့ကြားက ငအိုးရွာမှာရှိတဲ့ စစ်ကောင်စီ တပ် ခလရ–၁၂၁ ကို ဒီကနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ တွေက အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါ တယ်။ - [အောင်မြေ(၂) ဒေသခံပြည်သူရာချီ ပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်၊](https://burmese.kachinnews.com/2024/03/11/yl1-184/): တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ - [ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆောင် ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် ](https://burmese.kachinnews.com/2024/03/10/zm1-161/): ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား လေယာဉ် ခရီးစဉ်တွေ ရပ်နား](https://burmese.kachinnews.com/2024/03/09/bb1-80/): မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းမှာ တိုက်ပွဲဖြစ်ပွားနေချိန်  မြစ်ကြီးနားမြို့ လေယာဉ်ခရီးစဉ်တွေကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ - [တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား](https://burmese.kachinnews.com/2024/03/09/zz1-81/): မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့  ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ - [ဝိုင်းမော်တိုက်ပွဲမှာ ဒေသခံ တစ်ထောင်ကျော် ပိတ်မိနေ](https://burmese.kachinnews.com/2024/03/09/ld2-31/): တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားဘက်သွားလမ်းတွေပိတ်ထားပြီး အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် အနီးတဝိုက်က ကျေးရွာဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်လို့မရပဲ ပိတ်မိနေတယ်လို့ အောင်မြေ ၁ ဒေသခံတစ်ဦးက ပြောပါတယ်။ - [အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 9,2024 / ELTV)](https://burmese.kachinnews.com/2024/03/09/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-3/) - [အောင်မြေ ၁ ၊ အောင်မြေ ၂ တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးဖြင့်ပါ ပစ်ကူနေ](https://burmese.kachinnews.com/2024/03/09/ld1-126/): ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာနဲ့ ရွှေညောင်ပင်ကြားက ၉ မိုင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့လည်း လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ - [လဂျားယန်-လိုင်ဇာမြို့အဝင်ပေါက် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/03/09/yl2-38/): လဂျားယာန်ကျေးရွာကနေ လိုင်ဇာမြို့ကိုဝင်တဲ့ Masen Kawng စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြု ပြောဆိုပါတယ်။ - [ဆွမ်ပရာဘွမ့်မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA တပြိုင်နက် KIA ဝင်ရောက်တိုက်ခိုက်](https://burmese.kachinnews.com/2024/03/09/yl1-183/): ဆွမ်ပရာဘွမ် – ကချင်ပြည်နယ် ဆွမ်ပရာဘွမ့် (Sumpra Bum) မြို့တွင်းအခြေစိုက် ခလရ ၄၆ တပ်ရင်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်ရင်းမဟာ ၁ ၊ တပ်ရင်း ၇ တို့က မနေ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ - [ရွှေမြစ်ဆုံဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် တည်းခိုနေတဲ့ဧည့်သည်တွေအားလုံး စစ်တပ်ဖမ်းဆီးသွား](https://burmese.kachinnews.com/2024/03/08/zm1-160/): ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာရှိတဲ့ ရွှေမြစ်ဆုံဟိုတယ်က ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းများအားလုံးအပါအဝင် ဟိုတယ်မှာလာရောက်တည်းခိုနေတဲ့ဧည့်သည်တွေကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ - [Nlung Hka ပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း](https://burmese.kachinnews.com/2024/03/08/yl2-37/): “တပ်စခန်းမှာက ပြည်သူ့စစ်တပ်သားတွေက ၃၊ ၄ ယောက်ပုန်းခိုပြီး ကျန်ရှိနေတာဖြစ်တယ်။ အဲဒါကို အကုန်ရှင်းလင်းလိုက်ပြီ။ KIA အဖွဲ့တွေက အင်လုန်ခတံတားရဲ့ တစ်ဖက်ကမ်းမှာ မနေ့ကနေ ရောက်ရှိနေကြတာဟုတ်တယ်။ ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ တပ်ထဲဝင်ရောက်နိုင်ကြတယ်။ KIA တပ်တွေက အဲထဲမှာရှိနေပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ - [မှော်စီဆာ နဂါးရေကန်အနီး မိုးကာတဲနဲ့ နေထိုင်ကြတဲ့ သူတွေကို ဖယ်ရှားဖို့ ကျောက်စိမ်းကုမ္ပဏီတွေပြောဆို](https://burmese.kachinnews.com/2024/03/08/zz1-80/): အဲဒီ မိုးကာတဲတွေထိုးတဲ့နေရာတွေဟာ လုပ်ကွက်နဲ့မလွတ်တာကြောင့် လက်ရှိနေတဲ့နေရာကနေ တစ်လအတွင်းပြောင်းရွေ့ခိုင်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး က KNGကိုပြောပါတယ်။ - [ဒေါ့ဖုန်းယန်မြို့တွင်းအခြေစိုက် ခလရ ၁၄၂ တပ်စခန်း အလံဖြူထောင် လက်နက်ချ](https://burmese.kachinnews.com/2024/03/08/yl1-182/): မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ၊ စစ်ကောင်စီတပ်ရဲ့ ဒေါ့ဖုန်းယန် (Hangkai Bum) ခလရ ၁၄၂ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [လိုင်ဇာမှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကျဲ၊ တရုတ်ဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲ](https://burmese.kachinnews.com/2024/03/08/sac-airstrike-in-laiza/): KIO ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်တပ်က မတ်လ ၈ ရက်၊ ဒီကနေ့ မနက်မှာ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2024/03/07/zz1-79/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။ - [ဖွန်းပရန်ဘွမ့် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/03/07/ld3-2/): “မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်းခဏငြိမ်ပြီး ညနေပိုင်းကနေ ပြန်တိုက်တာ လိုင်ဇာနဲ့အနီးဆုံး ဖွန်ပြန်ဘွမ်(Hpunpyen bum) ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ်၊ ခယာဘွမ်၊ ရှဒန်ပါ စသဖြင့် နေရာတိုင်းက တပ်ရင်းတွေရဲ့ ရှေ့တန်းစခန်းပေါ့ ကာကရိန်းPost စုစုပေါင်း ၁၀ ခုလောက်တော့သိမ်းလိုက်ပြီ” ဟုဗိုလ်မှူးကြီးနော်ဘူက ညနေ ၅ နာရီခွဲမှာ KNG ကချင်သတင်းဌာနကိုပြောပါတယ်။ - [ဒေ့ါဖုန်းယန်နဲ့ မြို့သစ်ကြားက ကျေးရွာ ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/03/07/yl3-8/): KIO လိုင်ဇာအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပွားနေတာကြောင့် ဒေါ့ဖုန်းယန် နဲ့ မြို့သစ် ကုန်းလောတစ်လျှောက်မှာရှိတဲ့ ကျေးရွာအားလုံးက မိုးမောက်မြို့နယ်နဲ့ နီးတဲ့ မန်နောင်နဲ့ နမ့်ရီ ကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ - [ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး](https://burmese.kachinnews.com/2024/03/07/zm1-159/): ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခံလိုက်တဲ့အတွက် ဦးရွှေမင်းပွဲချင်းပြီး သေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - [လိုင်ဇာ KIA ဌာနချုပ်တိုက်ပွဲ ရှေ့ဆက်အခြေအနေ](https://burmese.kachinnews.com/2024/03/07/%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%87%e1%80%ac-kia-%e1%80%8c%e1%80%ac%e1%80%94%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95/) - [စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သားအမိ ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/03/07/ld1-125/): KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး စစ်တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ၁ ဦးထိလည်း ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကိုးကန့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်မှာ ပန်ဆိုင်းဒေသခံတွင် ဘယ်လိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။](https://burmese.kachinnews.com/2024/03/07/yl1-181/): “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းနှင့် အခြားမြို့နယ်များကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ - [တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ](https://burmese.kachinnews.com/2024/03/07/yl2-36/): တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုများပေမယ့် တပ်စခန်းလက်မလွတ်ရအောင် ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားထပ်မံလာချသွားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [နဘားလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ် အင်းတော်မြို့ထဲဆုတ်ခွာ](https://burmese.kachinnews.com/2024/04/23/zz1-107/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားလမ်းဆုံမှာတပ်ထိုင်ပြီး စစ်ဆေးရေးတင်းကြပ်နေတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းဘက်ကို ပြန်ပြီးဆုတ်ခွာသွားတယ်လို့ အင်းတော်မြို့ဒေသခံတွေကနေ သိရပါတယ်။ - [ဒေါက်တာခလမ်ဆမ်ဆွန်ကိုပြန်ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘာပြောလဲ](https://burmese.kachinnews.com/2024/04/23/yl1-211/): KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် Rev. Dr Hkalam Sam Son ကို စစ်တပ်ကပြန်ပြီးဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာသတင်းဌာနတစ်ချို့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြေဆိုထားပါတယ်။ - [ခါမ်းပါတ်နဲ့ ကလေးမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၃ ယောက်သေဆုံး](https://burmese.kachinnews.com/2024/04/23/am1-124/): စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့နယ်နဲ့ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၂ ရက် နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ](https://burmese.kachinnews.com/2024/04/23/ld1-139/): မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ - [KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်း ခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့  ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပြော](https://burmese.kachinnews.com/2024/04/23/dsa1-39/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ ကချင်လူထုစည်းဝေးပွဲတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် က ပြောဆိုခဲ့ပါတယ်။ - [ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်](https://burmese.kachinnews.com/2024/04/22/am1-123/): တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။ - [ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/04/22/yl2-56/): ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ - [သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြည်သူတစ်ဦးချင်းမှာတာဝန်ရှိတယ်လို့ သဘာဝပတ်ဝန်း  ကျင်အရေးလှုပ်ရှားသူတွေဆို](https://burmese.kachinnews.com/2024/04/22/bb1-94/): “အရင်တုန်းကတည်းကလည်း  ရှိခဲ့တယ်၊ ဒါပေမဲ့ ဒီအာဏာသိမ်းပြီးနောက်မှာ ပိုတွေ့လာရတာပေါ့၊ ပြောရမယ်ဆိုရင် မြစ်ဆုံအထက်ဘက်တွေမှာဆိုရင် ရွေတူးဖော်တာတွေ ပိုလုပ်လာကြတယ်၊ မြစ်ရေတွေဆိုရင်လည်း ပိုညစ်လာတယ်၊ မြေရှားတူးတဲ့အတွက်ကြောင့်လည်း မြေဆီလွှာတွေ ခြောက်သွေ့ပျက်စီးလာရတယ်၊ ပလက်စတစ်တွေ အသုံးများလာတယ်၊ စနစ်တကျမလုပ်ကိုင်တော့ ထိခိုက်မှုတွေအများကြီးရှိလာတယ်”လို့ ပြောပါတယ်။ - [မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ](https://burmese.kachinnews.com/2024/04/22/ld2-36/): မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ - [ကောလင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ](https://burmese.kachinnews.com/2024/04/22/am1-125/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ မနေ့က ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကောလင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [စိန်လုံတောင် (Sinlum Bum) တစ်ကြော ဒေသခံတွေ ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေရှားမတူးဖို့ ကန့်ကွက်](https://burmese.kachinnews.com/2024/04/22/ld1-138/): ဗန်းမော်ခရိုင် မိုးမောက်မြို့ နဲ့ လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တစ်ကြော ဒေသခံတွေပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေသတ္တုတူးဖော်မည့် စီမံကိန်းကို ဒေသခံတွေ ဆက်လက် ကန့်ကွက်နေတယ်လို့ သိရပါတယ်။ - [မိုးမောက်မှာ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/04/22/yl1-210/): မိုးမောက်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေစစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2024/04/20/yl1-209/): ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ - [ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို](https://burmese.kachinnews.com/2024/04/19/ld1-137/): တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။ - [မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းစိန်ဂျိုးဇက်စစ်ရှောင်စခန်းက အဆောင်ပြုပြင်ဖို့ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/04/19/bb1-93/): မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းမြို့ စိန်ဂျိုးဇက်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေရဲ့အဆောင် ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ - [သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ](https://burmese.kachinnews.com/2024/04/19/yl2-55/): မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2024/04/19/yl1-208/): ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဲဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်မြေမြုပ်ခံရ](https://burmese.kachinnews.com/2024/04/19/dsa1-38/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ဝင်ခွင့်မပြုသေး](https://burmese.kachinnews.com/2024/04/19/zz1-106/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာတိုက်ပွဲဖြစ်တာမရှိတော့ ပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဒေသခံတစ်ချို့နေရပ်ပြန်ဝင် ခွင့်မပြုသေးဘူးလို့ ဟုမ္မလင်းကာကွယ်ရေးတပ်က ပြောပါတယ်။ - [နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့](https://burmese.kachinnews.com/2024/04/18/zz1-105/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ - [ဒိန်ဆင်းပါ မြေရှားတူးဖော်တဲ့စီမံကိန်းရပ်တန့်တာ တစ်နှစ်ရှိပြီး ဒေသခံများကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေရပြီလို့ဆို](https://burmese.kachinnews.com/2024/04/18/ld1-136/): ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ - [မလေးရှားနိုင်ငံမှာ ကချင်စစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေရှာပွဲကျင်းပ](https://burmese.kachinnews.com/2024/04/18/dsa1-37/): မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ကချင်စစ်ဘေးရှောင်တွေအတွက် ဘော်လုံးပြိုင်ပွဲကျင်းပြီးရန်ပုံငွေရှာခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ရှိသူဆီကနေ သိရပါတယ်။ - [ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ](https://burmese.kachinnews.com/2024/04/18/am1-122/): ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ - [နေအိမ်ပျက်စီးသွားတဲ့ စီခမ်းကြီးစစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေ](https://burmese.kachinnews.com/2024/04/18/zz1-104/): ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ - [KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ](https://burmese.kachinnews.com/2024/04/17/yl2-54/): ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။ - [NLD ဝန်ကြီး ၂ ဦး ထပ်မံလွတ်မြောက်](https://burmese.kachinnews.com/2024/04/17/nld-minister-released/): စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်ဝင်း နဲ့ လူမူရေးဝန်ကြီးဦးနေဝင်း ဒီကနေ့ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ - [ပယင်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/04/17/yl1-207/): “တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။ - [သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2024/04/16/zm1-174/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်ထဲက ရွာတစ်ရွာလေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/04/16/am1-121/): ကချင် နဲ့ ရှမ်း‌မြောက်အစပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ](https://burmese.kachinnews.com/2024/04/16/zz1-103/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ - [နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/04/15/zm1-173/): မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ - [ဟူးကောင့်ဒေသမှာ ရွှေမှော်အသစ်တိုးချဲ့တာ၊ စည်းကမ်းမဲ့ရွှေတူးနေတာကို ရပ်တန့်ပေးဖို့ဒေသခံများတောင်းဆို](https://burmese.kachinnews.com/2024/04/15/ld2-35/): ကချင်ပြည်နယ် ဟူးကောင့်ဒေသတစ်လျှောက် တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူး ဖော်မှုတွေကြောင့် ချောင်းရေများပျက်စီးပြီး ဒေသခံပြည်သူတွေရဲ့ ကျွဲ၊ နွားသေဆုံးတာအပြင် လယ်ယာမြေပျက်စီးဆုံးရှုံးတာလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နမ့်ဖတ်ကာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဂိတ်များလွန်းတာကြောင့် ဒေသခံများသွား လာရေးအခက်ကြုံနေ](https://burmese.kachinnews.com/2024/04/15/ld1-134/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာတအာင်းတပ်မတော် TNLA တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရဲ့ဂိတ်  ၁၀ ခုထက်မနည်းရှိတာကြောင့် ဒေသခံပြည်သူတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နန်းယွန်းမြို့နယ်မှာ ရာထူးကနေနုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးများလာ](https://burmese.kachinnews.com/2024/04/15/zz1-102/): ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာထူးကနေနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေများလာတယ်လို့ နန်းယွန်းဒေသခံတွေကနေ သိရပါတယ်။ - [စစ်ဘေးရှောင်က‌လေး ၅ ဦးရေနစ်သေဆုံး](https://burmese.kachinnews.com/2024/04/15/ld1-135/): ကချင်နယ် တနိုင်းမြို့နယ် နမ့်ဗျူချောင်းမှာ ရေချိုးရင်း စစ်ဘေးရှောင် မိန်းကလေးငယ် ၅ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ - [ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ](https://burmese.kachinnews.com/2024/04/13/am1-120/): ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ - [ဖားကန့် မမုံမှာအရပ်သား ၂ ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2024/04/13/zm1-172/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်  မမုံကျေးရွာအနီးမှာ အရပ်သား ၂ ဦးသတ်ဖြတ်ခံထားရပြီး ပါလာတဲ့လက်ဝတ်ရတနာတွေလည်းလုယက်သွားတယ်လို့သိရပါတယ်။ - [လွယ်ဂျယ်နယ်စပ်ဂိတ်ဖွင့်လိုက်ပြီး KIO အစိုးရ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်](https://burmese.kachinnews.com/2024/04/12/yl3-11/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတရားဝင်တံခါးပေါက်ကို စတင်ဖွင့်လိုက်ပြီး KIO ရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီလို့ သိရပါတယ်။ - [ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း](https://burmese.kachinnews.com/2024/04/12/zz1-100/): ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ - [ကားမိုင်းမှာ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်ထား](https://burmese.kachinnews.com/2024/04/12/yl2-53/): ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်(Lamawng Kahtawng)ရွာအဝင်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ကချင်အမျိုးသားတစ်ဦးကို ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ](https://burmese.kachinnews.com/2024/04/12/yl1-206/): ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ](https://burmese.kachinnews.com/2024/04/12/bb1-92/): ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး  ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ကျွန်းကုန်းရွာဘက် ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း PDF ကြားဖြတ်တိုက်ခိုက် ](https://burmese.kachinnews.com/2024/04/11/zz3-4/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ - [ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ](https://burmese.kachinnews.com/2024/04/11/zz2-38/): ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ - [လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း](https://burmese.kachinnews.com/2024/04/11/zz1-101/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။ - [ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/04/11/yl2-52/): ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား ၆ ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။ - [ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်](https://burmese.kachinnews.com/2024/04/11/bb1-91/): မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ - [နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ ](https://burmese.kachinnews.com/2024/04/11/yl1-205/): ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ - [နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/04/10/yl2-51/): ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လူနေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော](https://burmese.kachinnews.com/2024/04/10/am1-119/): မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။ - [MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ](https://burmese.kachinnews.com/2024/04/10/ld1-133/): ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ - [ကျောက်စခန်းရွာစစ်ဘေးရှောင်များအတွက် စားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/04/10/bb1-90/): မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်စတင်တိုက်ခိုက်](https://burmese.kachinnews.com/2024/04/10/zz1-99/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းကနေစပြီး စတိုက်ခိုက်နေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ - [လွယ်ဂျယ်မြို့ ခလရ ၁၄၂ တပ်ရင်းထဲက ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် KIA ရရှိ](https://burmese.kachinnews.com/2024/04/10/yl1-204/):  ကျပ်သိန်းပေါင်းများစွာရှိတဲ့ ငွေတွေကို စစ်တပ်ထဲက သိမ်းဆည်းရရှိတာဖြစ်တဲ့အတွက် ငွေတွေအားလုံးကို KIA ရဲ့ စခန်းသိမ်းပိုက်မှုမှာရရှိတဲ့ ပစ္စည်းအဖြစ် သိမ်းယူထားပြီလို့ သူကဆက်ဆိုပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား](https://burmese.kachinnews.com/2024/04/09/dsa1-36/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ - [နန့်ယားမှာတိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA သတိပေး‌](https://burmese.kachinnews.com/2024/04/09/yl2-50/): ဖားကန့်သွားလမ်းမပေါ်  နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ဧပြီလ ၉ ရက်နေ့ ဒီနေ့ ညနေပိုင်း ၃ နာရီအထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA ဘက်က သတိပေးထားတယ်လို့ သိရပါတယ်။ - [KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး](https://burmese.kachinnews.com/2024/04/09/yl1-203/): “စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေဆဲ](https://burmese.kachinnews.com/2024/04/08/yl2-49/): ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ဖားကန့်မှာ ရေတွင်းတူးရင်းမြေစာပြိုလို့ အမျိုးသားတစ်ယောက်သေဆုံး](https://burmese.kachinnews.com/2024/04/08/am1-118/): ဖားကန့်မြို့နယ် မှော်စီဇာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေး ရေတွင်းတူးရင်းမြေစာပြိုကျလို့ အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Organization-Hpakant ဆီကသိရပါတယ်။ - [ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်း PDF တိုက်ခိုက်သိမ်းပိုက် အင်အား ၄၀ ကျော်လက်နက်ချ](https://burmese.kachinnews.com/2024/04/08/zz1-98/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီိအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်ရဲ့ရှေ့တန်းခံတပ်စခန်းတစ်ခု ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက််ခဲ့ရာ စစ်တပ်ဘက်က အင်အား ၄၀ ကျော်လက်နက်ချအလင်းဝင်လာတယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ - [ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2024/04/08/yl1-202/): ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့်  ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို](https://burmese.kachinnews.com/2024/04/07/zm1-171/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့](https://burmese.kachinnews.com/2024/04/07/zm1-168/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စိန်လုံဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ ဗျူဟာမှူးနဲ့တပ်သား ၂၆ ဦးထက်မနည်း KIA ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/04/06/zm1-169/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် စိန်လုံရွာ ဗျူဟာကုန်းက‌နေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံဖမ်းဆီးရာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်နဲ့ တပ်သားအဆင့် ၂၆ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA နဲ့နီးစပ်တဲ့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။ - [ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ](https://burmese.kachinnews.com/2024/04/06/am1-117/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ](https://burmese.kachinnews.com/2024/04/06/zm1-170/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့](https://burmese.kachinnews.com/2024/04/05/am1-116/): ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ](https://burmese.kachinnews.com/2024/04/05/bb1-89/): စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား](https://burmese.kachinnews.com/2024/04/05/zm1-167/): မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်ကပြည်သူတွေစားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ](https://burmese.kachinnews.com/2024/04/05/bb1-88/): စစ်ကောင်စီတပ်စွဲထားတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ စားသောက်ကုန်တွေနဲ့ စက်သုံးဆီသယ်ယူခွင့် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ](https://burmese.kachinnews.com/2024/04/05/dsa1-35/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ - [ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ](https://burmese.kachinnews.com/2024/04/05/zz2-37/): စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့်  အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား - မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ](https://burmese.kachinnews.com/2024/04/05/zz1-97/): မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ - [ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/04/05/yl1-201/): နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ - [လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်](https://burmese.kachinnews.com/2024/04/04/yl2-48/): “စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။  ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ - [မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/04/04/yl1-200/): ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် – မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံမှာရှိတဲ့ ဟန်ထက်(Han Htet)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ](https://burmese.kachinnews.com/2024/04/04/bb1-87/): ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဧရာဝတီမြစ်ကမ်းဘေး လဘန်ရွာမှာစစ်ရှောင်နေတဲ့ ပြည်သူတွေ သောက်သုံးရေအခက်ခဲကြုံနေ](https://burmese.kachinnews.com/2024/04/04/ld1-132/): ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာ ဧရာ၀တီမြစ်ကမ်းနားဘေးမှာစစ်ဘေးရှောင်နေရတဲ့ အောင်မြေ ၂ ကျေးရွာက စစ်ရှောင်ပြည်သူများ သောက်သုံးရေအခက်အခဲကြောင့် ဒုက္ခကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကဆီကနေ သိရပါတယ်။ - [မိုင်းနဲ့ အန္တရာယ်ရှိတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ပြည်သူတွေဘယ်လိုအကျိုးဆက်မျိုး ခံစားနေရပါလဲ။](https://burmese.kachinnews.com/2024/04/04/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%b2/) - [မြစ်ကြီးနားမြို့မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရ အမျိုးသားဖြစ်သူ ပွဲချင်းပြီးတစ်ဦးသေ](https://burmese.kachinnews.com/2024/04/04/dsa1-34/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရပြီး အမျိုးသားဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ - [ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်](https://burmese.kachinnews.com/2024/04/03/am3-8/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။ - [ဖားကန့်မှာ KTV ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ် စောင့်ကြိုတိုက်ခိုက်](https://burmese.kachinnews.com/2024/04/03/zz1-96/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ကျေးရွာမှာရှိတဲ့ Happy  KTV ကနေ ထွက်လာတဲ့စစ်ကောင်စီစစ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တွက် စစ်တပ်ဘက်ထိခိုက်သေဆုံးသူတွေရှိသွားတယ်လို့  KPDF တာဝန်ရှိသူက ပြောပါတယ်။ - [ခဝမ်ဘန်(ကျောက်စခန်း)စစ်တပ်ဂိတ်နဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်](https://burmese.kachinnews.com/2024/04/03/yl1-199/): မိုးမောက် နဲ့ လွယ်ဂျယ်သွားလမ်းပေါ်က ဆယ်စုနှစ်တစ်ခုအကြာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ငွေကြေးကောက်ခံနေတဲ့ ကျောက်စခန်း(Hka Wan Bang) စစ်တပ်စခန်းအပါ မိုင်ဆပ်ကောင့်(Mai Sak Kawng) တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ - [ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/04/03/am1-114/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [နာဂလက်နက်ကိုင် ENDA ဗိုလ်မှူးတစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2024/04/03/zz2-36/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Naga Defense Army (ENDA )အဖွဲ့ထဲက ဗိုလ်မှူးတစ်ဦးခရီးသွားရင်းလုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ENDA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2024/04/03/am2-37/): ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မိုးမောက် လွယ်ဂျယ်လမ်းကြောင်းကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/04/03/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%80%82%e1%80%bb%e1%80%9a%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80/) - [စစ်တပ်ကဖမ်းသွားတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားများပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2024/04/03/dsa1-33/): မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဖမ်းဆီးခံထားရတဲ့  ဘာသာရေးဆရာ ၃ ဦးအပါအဝင် အရပ်သားများအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းမှာ SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တပ်စွဲထားတဲ့ ကျေးရွာနှစ်ရွာကို PDF တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/04/02/zz1-95/): စစ်ကိုင်းတိုင်းဒေသကြိီး ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တပ်စွဲထားတဲ့ကျေးရွာနှစ်ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ - [တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/04/02/yl1-198/): “ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။ - [မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်](https://burmese.kachinnews.com/2024/04/01/ld2-34/): ဗန်းမော်ခရိုင် မိုးမောက်မြို့ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော့ KIA တို့အကြား မြို့တွင်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဂျန်မိုင်ရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံး၊၂ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2024/04/01/ld1-131/): မံစီမြို့နဲ့ လွယ်ဂျယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လွယ်ဂျယ်ဒေသခံတွေကို ၂ ရက်အတွင်းမှာ တိမ်းရှောင်ကြဖို့ KIA ပြောဆိုထား](https://burmese.kachinnews.com/2024/04/01/yl2-47/): တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ၂ ရက်အတွင်း ယာယီရွှေ့ပြောင်းခိုင်းထားတယ်လို့သိရပါတယ်။ - [ကချင်ပြည်နယ်က NLD ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့ပြီးလွတ်မြောက်လာ](https://burmese.kachinnews.com/2024/04/01/am2-36/): မြစ်ကြီးနားအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝန်ကြီးနှစ်ဦး ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ လွတ်မြောက်လာတယ်လို့ NLD အဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [ဖားကန့်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2024/04/01/zz1-94/): ကချင်ပြည်နယ် ဖားကန့်မြို့ နယ် မော်မောင်းလယန်ကျေးရွာထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိူးသမီးတစ်ဦးသေဆုံးပြီး  နောက်ထပ် ၇ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဟိုပင်တိုက်ပွဲမှာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများ ](https://burmese.kachinnews.com/2024/04/01/am1-113/): မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်းကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား မနေ့ကမနက်ပိုင်း ၁၀ နာရီဝန်းကျင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကိုစစ်တပ်ဖမ်းဆီးထား](https://burmese.kachinnews.com/2024/04/01/dsa1-32/): မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကို စစ်တပ်ကဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2024/04/01/am1-115/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [နှစ်ပေါင်း ၆၀ ကျော်ရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum)ဗျူဟာတပ်စခန်းကြီးကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/04/01/yl1-197/): ဗန်းမော် – လွယ်ဂျယ်လမ်းမပေါ်မှာရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum) စစ်တပ်ဗျူဟာကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ](https://burmese.kachinnews.com/2024/04/01/zm1-166/): မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆  ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။ - [ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/05/21/yl1-223/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန် ကျေးရွာနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်ကြတဲ့ ရွာပေါင်း ၂၀ ကျော်ရှိပြီလို့သိရပါတယ်။ - [မြစ်ကြီးနားမြို့ပေါ်  စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ](https://burmese.kachinnews.com/2024/05/21/am1-133/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့](https://burmese.kachinnews.com/2024/05/21/zz1-125/): ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ - [မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော](https://burmese.kachinnews.com/2024/05/21/ld1-152/): ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။ - [လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး](https://burmese.kachinnews.com/2024/05/21/dsa1-47/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ - [ဗန်းမော်မြို့မှာ လျှပ်စစ်မီးကြိုးနဲ့သံထည်ပစ္စည်းခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်လာ](https://burmese.kachinnews.com/2024/05/21/bb1-103/): ကချင်ပြည်နယ် ဗန်းမော်မြို့ မှာ လျှပ်စစ်မီး (ဆားဗစ်ကြိုး) ဖြတ်ခိုးတာ၊ ရေမော်တာ၊ လူနေအိမ်တွင်း သံထည်ပစ္စည်းခိုးခံရတာ ခပ်စိပ်စိပ်ဖြစ်လာ‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး၊](https://burmese.kachinnews.com/2024/05/20/am2-42/): ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ](https://burmese.kachinnews.com/2024/05/20/am2-41/): “အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ” - [တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ](https://burmese.kachinnews.com/2024/05/20/ld2-37/): မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ - [ခတ်ချို၊မခန္တီး၊ နောင်ဟီး ကူးသို့ဆိပ်အားလုံး ယာယီပိတ်](https://burmese.kachinnews.com/2024/05/20/zm1-177/): မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ထဲက ခတ်ချို၊ နောင်ဟီးရွာ၊ မခန္တီး ရွာမှာရှိတဲ့ ကူးသို့ဆိပ်တွေအားလုံးကို ဒီနေ့ နေ့လည်ကစပြီး ဖြတ်သန်းသွားလာခွင့်ယာယီပိတ်လိုက်ပြီဖြစ်တယ်လို့ ခတ်ချိုဒေသခံတွေကပြောပါတယ်။ - [တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး](https://burmese.kachinnews.com/2024/05/20/ld1-151/): တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။  - [ဝိုင်းမော် ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များစာနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/05/20/dsa1-46/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မုတ်ကျိတ်(Muk Chyik) ရွာနဲ့ နောင်းခယူး(Nawng Hkyu)ရွာဘက်ကို တိမ်းရှောင်နေကြတဲ့ ဝူယန်ကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်လာပြီး နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက နေ သိရပါတယ်။ - [မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်](https://burmese.kachinnews.com/2024/05/20/ld1-150/): မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်နေပြီး ကားလမ်းပိတ်ထားပေမယ့် သစ်ကားကြီးတွေက ညတိုင်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဖားကန့်မြို့နယ်ထဲက  KIO/ KIA ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေ](https://burmese.kachinnews.com/2024/05/20/zz1-124/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက  KIO/ KIA ထိန်းချုပ်နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ](https://burmese.kachinnews.com/2024/05/20/yl1-222/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ - [ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ](https://burmese.kachinnews.com/2024/05/18/yl2-61/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ ကျန်‌တော့တယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်](https://burmese.kachinnews.com/2024/05/18/yl1-221/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ကားတိုက်ခံရတဲ့ လူနာသေဆုံး](https://burmese.kachinnews.com/2024/05/17/dsa1-45/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၁၆ ရက်ည ကားတိုက်ခံရတဲ့ အမျိုးသားတစ်ဦး ဆေးရုံတင်ထားရာ ဒီမနက်ဆုံးသွားပြီဖြစ်တယ်လို့ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းတွေ ဆီကနေသိရပါတယ်။ - [ပူတာအိုမှာ တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့ စတင်ရောင်းချပေး](https://burmese.kachinnews.com/2024/05/17/zz1-123/): ကချင်ပြည််နယ် ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေထွန်ယက်မယ့်တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ ပူတာအိုမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်](https://burmese.kachinnews.com/2024/05/16/am1-132/): စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ - [နမ့်ဗျူ(Nambyu) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2024/05/16/yl1-220/): တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး](https://burmese.kachinnews.com/2024/05/16/zz1-122/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ - [စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ](https://burmese.kachinnews.com/2024/05/15/am1-131/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။ - [ဟဲလုံသစ်ရွာမှာနေ့တိုင်းလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံများ ရွာကနေထွက်ပြေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/05/15/bb1-102/): ဗန်းမော်မြို့နယ် ဟဲလုံသစ်ရွာမှာ လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူများ နီးစပ်ရာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဟဲလုံသစ်ရွာ ဒေသခံတွေက ပြောပါတယ်။ - [တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/05/15/yl1-219/): ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့  ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် ဒေသခံများနေရပ်ပြန်ဝင်ခွင့်မရသေး](https://burmese.kachinnews.com/2024/05/15/ld1-149/): မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများနေရပ်ပြန်လို့မရသေးဘူးလို့ ဆွမ်ပရာဘွမ်ဒေသခံတွေက ပြောပါတယ်။ - [ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရွေးချယ်သွားခဲ့တဲ့ KIA စစ်ဦးစီးချုပ် ](https://burmese.kachinnews.com/2024/05/15/ld1-148/): ဒီနေ့မှာတော့ KIA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရုတ်ချောင်ခေါင်လွမ်းဆိုတာ ဘယ်လိုလူလဲ KNG သတင်းဌာန ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်တွေနဲ့ သိကျွမ်းသူတွေကို မေးမြန်းတင်ဆက်ထားပါတယ်။ - [မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/05/14/yl1-218/): “ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ - [မံစီမြို့မရဲစခန်း KIA ပူးပေါင်းတပ် ဒုတိယအကြိမ်သိမ်းပိုက်](https://burmese.kachinnews.com/2024/05/13/zm1-176/): “ပထမတစ်ကြိမ်သိမ်းထားပြီးပြီလေ။ အဲ့တာလေကြောင်းနဲ့နေ့တိုင်းလိုလာပစ်နေတော့ ဒီဘက်ကခနဆုတ်ထားတာ။ အဲ့တာ ရဲနဲ့စစ်သားတွေကပြန်လာထိုင်တယ်ဆိုလို့ ဒီမနက်ပြန်ပြီးသိမ်းယူလိုက်တာ စဝင်တာကတော့မနက် ၁၀ နာရီလောက်ကဝင်နေပြီ အခုညပိုင်းမှပဲထိန်းချုပ်လိုက်နိုင်တာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ - [စီအင်ရွာမှာ  လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ နှစ်အရွယ်အဘိုးတစ်ဦးနဲ့ ရွာသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/05/13/bb1-101/): ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ အရွယ်အဘိုးတစ်ဦးနဲ့ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး](https://burmese.kachinnews.com/2024/05/13/am1-130/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ - [စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/05/13/zz2-43/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/05/13/ld1-147/): ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး  ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲ‌နေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ](https://burmese.kachinnews.com/2024/05/13/yl1-217/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဖမ်းမိ ](https://burmese.kachinnews.com/2024/05/13/zz1-121/): ကချင်ပြည််နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို  မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူကိုဖမ်းဆီးရမိပြီလို့သိရပြီး တရားခံကို သေဒဏ်စီရင်ပေးဖို့ ဒေသခံ ၅၀၀၀ ဝန်းကျင် ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ - [ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2024/05/11/zz3-5/): ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ - [လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့  ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/05/11/dsa1-44/): ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။ - [ဖောင်းပြင်က စစ်တပ်နဲ့ပျူစောထီးပူးပေါင်းတပ်စခန်းနှစ်ခုကို PDF သိမ်းပိုက်](https://burmese.kachinnews.com/2024/05/11/zz2-42/): စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် စစ်တပ်နဲ့ပျူစောထီးပူးပေါင်း တပ်ထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကို PDF တွေ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။ - [ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ](https://burmese.kachinnews.com/2024/05/11/zz1-120/): ကချင်ပြည်နယ် ပူတာအိုဒေသအတွက်  အခြေခံစားသောက်ကုန်တွေကို  စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့် ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။ - [တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ](https://burmese.kachinnews.com/2024/05/10/yl2-60/): ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ - [တာမခံ‌ကျေးရွာမှာ KIO ပြန်လည်ထူထောင်ရေးစတင်လုပ်ဆောင်ပေးနေ](https://burmese.kachinnews.com/2024/05/10/yl1-216/): ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။ - [စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/05/10/bb1-100/): ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နန့်ယားကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ဒေသခံတွေ တောင်းဆို](https://burmese.kachinnews.com/2024/05/09/yl4-2/): ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နန့်ယားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေရပ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေ နေစရာ အခက်အခဲဖြစ်နေတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံ‌တွေ တောင်းဆိုနေကြပါတယ်။ - [နှစ်ပေါင်း ၃၀ ကြာတပ်စွဲနေထိုင်တဲ့ ဖုန်ကျန်းတပ်စခန်းဆုတ်ခွာ](https://burmese.kachinnews.com/2024/05/09/yl3-13/): ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် မေလ ၈ ရက်ညမှာ တပ်ဆုတ်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ - [ဖောင်းပြင်မှာ စစ်တပ်နဲ့ပျူစောထီးတွေပူးပေါင်းတပ်ထိုင်တဲ့ ရွာ ၃ ရွာတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/05/09/zz1-119/): စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်း တပ်ထိုင်နေတဲ့ ကျေးရွာ ၃ ရွာကို ဖောင်းပြင်PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတစ်ပြိုင်တက်တည်း ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ](https://burmese.kachinnews.com/2024/05/09/yl2-59/): ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဗန်းမော်မှာထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမောက် နဲ့ မံစီ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/05/09/bb1-99/): ဗန်းမော်ခရိုင် မိုးမောက်၊ မံစီနဲ့ ဗန်းမော် မြို့နယ် ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဗန်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးအပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ - [မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး](https://burmese.kachinnews.com/2024/05/09/yl1-215/): ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ - [နေအိမ် မီးရှို့မှု၊ အရပ်သားပစ်မှတ်တိုက်ခိုက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ (Jan-April, 2024)](https://burmese.kachinnews.com/2024/05/08/human-rights-update-kachin-april/): စစ်တပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ၂၀၂၁ မှ ၂၀၂၃ အထိ တိုက်ပွဲများ ခပ်ကျဲကျဲရှိခဲ့ရာမှ ၂၀၂၄ နှစ်ဆန်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ချိန် တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ် မီးရှို့မှုများဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ ထို့နောက် မတ်လ ၇ ရက်နေ့တွင် KIA ၏ စခန်းသိမ်းတိုက်ပွဲများ အရှိန်မြင့် ဆင်နွဲခဲ့ရာ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု နှင့် မီးရှို့မှုတို့ကြောင့် နေအိမ်အမြောက်အများ လောင်ကျွမ်း ပျက်စီးသွားသည်။ မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ KNG သတင်းဌာနပြုစုခဲ့သော စာရင်းများအရ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ စုစုပေါင်း ၅၅၅ ကျော် ပျက်စီးခဲ့သည်။ ၄ လအတွင်း နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့နယ်မှ လွဲပြီး ကျန်သည့် မြို့နယ် ၁၆ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်သည် အရပ်သားများ၏ နေအိမ် မီးလောင်၊ ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည်။ စဉ် ကျေးရွာ မီးလောင် ၊ ပျက်စီးမှု အရေအတွက် မြို့နယ် စုစုပေါင်း ၁ တာမခံ ကျေးရွာ မီးရှိုခံရမှု ၃၉၄ ဖားကန့် ၄၉၉ ၂ မအူပင် (Maubin) ၂၀ ၃ နန့်ယား (Namya) ၂၄ ၄ ဆယ်ဇင်း … - [ကသာမှာ တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2024/05/08/zz1-118/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ - [ဆော့လော်မြို့နယ်မှာ မြို့တွင်းတပ်တစ်ခုသာ ကျန်ရှိ](https://burmese.kachinnews.com/2024/05/08/zm1-175/): ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလ လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ဆော့်လော်မြို့တွင်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အကြမ်းဖက်တာတွေပါပြုလုပ်လာ ](https://burmese.kachinnews.com/2024/05/08/dsa2-5/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ  အကြမ်းဖက်မှုတွေကိုပါပြုလုပ်လာတယ်လို့ ရမ်ပူရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ](https://burmese.kachinnews.com/2024/05/08/zz1-117/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဝူယန်စစ်ရှောင်ပြည်သူတစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေ](https://burmese.kachinnews.com/2024/05/08/dsa1-43/): ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို စစ်ဘေးရှောင်နေတဲ့ပြည်သူတစ်ချို့  စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ](https://burmese.kachinnews.com/2024/05/07/yl2-58/): ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဖောင်းပြင်မှာ စစ်တပ်ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီငယ်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/05/07/zz1-116/): စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် အရှေ့ ခမိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ စစ်ရှောင်နေတဲ့အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ - [စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/05/07/zz1-115/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ - [မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/05/07/yl1-214/): ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ - [ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ](https://burmese.kachinnews.com/2024/05/06/zz1-114/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ - [ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော](https://burmese.kachinnews.com/2024/05/06/ld3-3/): ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ - [ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ](https://burmese.kachinnews.com/2024/05/06/ld1-146/): မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ - [ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ](https://burmese.kachinnews.com/2024/05/06/ld1-145/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ - [ဆိုင်းတောင်မှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တပ်ဘက်ကစစ်ရေးလှုပ်ရှားနေ](https://burmese.kachinnews.com/2024/05/06/am2-40/): ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းအသုံးပြုပြီးတော့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ - [ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/05/06/am1-129/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင် မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ - [ဆယ်ဇင်းရွာအနီး သံယောဇဥ်ကုန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ ](https://burmese.kachinnews.com/2024/05/03/zz2-41/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီ၊SNA ပူးပေါင်းတပ် နဲ့ KIA၊KPDF တပ်တွေကြားတိုပ်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ် ခြေ ၂၀ ခန့်ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/05/03/zz2-40/): ကချင်ပြည်နယ် မံစီမြို့နယ် စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေ သိရပါတယ်။ - [ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား ](https://burmese.kachinnews.com/2024/05/03/ld1-144/): ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတာ ၃ ရက်ကြာလာပေမယ့် ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ - [မြစ်ကြီးနား နဲ့ ဝိုင်းမော်မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွား](https://burmese.kachinnews.com/2024/05/03/dsa1-42/): မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ စုစည်းထားချက်အရ သိရပါတယ်။ - [တာမခံကျေးရွာ မီးဘေးသင့်အိမ်ခြံတွေ လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေ](https://burmese.kachinnews.com/2024/05/03/zz2-39/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာတိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေကြတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးမောက်မြို့ စျေးဆိုင် နဲ့ လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရတဲ့အပြင် အရပ်သားနေအိမ်တစ်ချို့မှာစစ်တပ်ကနေရာယူထား ](https://burmese.kachinnews.com/2024/05/03/bb1-98/): မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူနေအိမ်တစ်ချို့မှာလည်း ဝင်ရောက်နေရာယူထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/05/02/am1-128/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က ခမရ ၃၀၉ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာရာကနေ ဒရုန်းနဲ့ပစ်ခတ်ခဲ့ပြီး ထိတွေ့မှုဖြစ်ခဲ့တာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ပထမက ဆိုင်ကယ်အဖွဲ့အရင်လာတယ် လမ်းလျှောက်လာတယ် ပြီးမှ ကားနဲ့လာပြီးတော့ ၁၂ဘီးတစ်စီး ၆ဘီးတစ်စီး ကားအသေး၃စီးနဲ့ ကပ္ပလိပ်ကိုပဲဦးတည်လာတာ အဲ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ“လို့ပြောပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့သိရပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို အပြန်အလှန်ထိတွေ့မှုအနည်းငယ်ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ကပ္ပလိပ်ရွာဟာကသာမြို့နဲ့မိုင်တစ်ဝက်ခန့်သာဝေးပြီး စစ်ကောင်စီတပ်ဘက်ကကသာမြို့ပြင်ကို မကြာခဏ ကင်းပတ်ပြီး စစ်ကြောင်းထိုးလုံခြုံရေးယူလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ပုံမှန်လှည့်နေကျသူတို့က ဒီနေရာမှာကာကွယ်ရေးတပ်တွေရှိတာလည်း သူတို့သိနေတာပဲ သူတို့ရဲ့လှုပ်ရှား စစ်ကြောင်းက မြို့ရဲ့ဆင်ခြေဖုံးရွာတွေကို လိုက်ပတ်နေတာပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းပတ်ထိုးတဲ့အပြင် မြို့တွင်းက အရပ်သားတွေလည်းမကြာခဏဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကဆိုရင် ကသာမြို့ ရွှေပြည်အိုးကားဂိတ်က ကုန်တင်၊ကုန်ချ အလုပ်သမားတစ် ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်ဆေးပြီးမှပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိပါတယ်။ ဒါ့အပြင် ဧပြီလ နောက်ဆုံးအပတ်ကစလို့ ကသာမြို့ပြင်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း ကာကွယ်ရေးတပ်တွေအကြားမကြာခဏ ထိတွေ့မှုတွေဖြစ်နေပြီး နှစ်ဖက် ထိခိုက်မှု တွေလည်းရှိတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ By – အမိုး - [မံစီမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း](https://burmese.kachinnews.com/2024/05/02/zz1-113/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ဒေသခံတွေနဲ့ မြို့နဲ့နီးတဲ့ ကျေးရွာနေပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တပ်က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ - [KIO ထိန်းချုပ်ရာနယ်မြေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူတွေကို ပြန်ဖြေဆိုခွင့်ပြုမည်](https://burmese.kachinnews.com/2024/05/02/dsa1-41/): ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေ အထက်တန်းကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်သူ ၆၀ရာခိုင်နှုန်းကျော်ထိရှိတယ်လို့ KIO ပညာရေးဌာနကနေ ထုတ်ပြန်ထားပါတယ်။ - [ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/05/02/zz1-112/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ - [ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/05/01/am2-39/): ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။ - [ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်](https://burmese.kachinnews.com/2024/05/01/am1-127/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ - [စင်းခန်းကျေးရွာပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း](https://burmese.kachinnews.com/2024/04/30/zz1-111/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIA နှစ်ဖက်တပ်တို့က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ - [ကွတ်ခိုင် - မူဆယ် ကားလမ်းမကြီးပေါ်ရှိ ရွာ ၃ ရွာမှာ KIO အစိုးရ အမှိုက်များရှင်းလင်းပေး](https://burmese.kachinnews.com/2024/04/30/ld1-143/): ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ကျေးရွာ ၃ ရွာမှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ပထမဦးဆုံးအကြိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်တွေကို ရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ - [ဆယ်ဇင်းအနီး သံယောဇဥ်‌မှော်မှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA၊KPDF တို့တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2024/04/29/zz1-110/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ် ရွှေမှော်မှာ တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော်  KIA၊ KPDF တပ်တို့ကြားတိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။ - [ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2024/04/29/am2-38/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2024/04/29/ld1-142/): မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ - [ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး](https://burmese.kachinnews.com/2024/04/29/am1-126/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး](https://burmese.kachinnews.com/2024/04/29/dsa1-40/): မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဥ်းထောင်က ထောင်ပိုင်လေး၊ ထောင်ဆေးရုံ ဆရာဝန်အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို အထူးစုံစမ်းရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM_) မှတာဝန်ရှိသူ တစ်ဦးက KNG ကို ပြောပါတယ်။ - [ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်](https://burmese.kachinnews.com/2024/04/29/yl1-213/): ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ](https://burmese.kachinnews.com/2024/04/29/military-tension-in-sawlaw-and-chiphwi/): စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ - [ကချင်မှာ ၄ လအတွင်း အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/04/29/civilian-arrested-4-months/): ဖမ်းဆီးခံရမှုတွေထဲမှာ ပြန်လွတ်လာတဲ့သူတွေရှိသလို့ လက်ရှိချိန်ထိ ပြန်မလွတ်လာသေးဘဲ သတင်းမကြား၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။ - [အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( April 27,2024/ ELTV )](https://burmese.kachinnews.com/2024/04/27/%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-7/) - [ဆယ်ဇင်း စခန်းသိမ်းတိုက်ပွဲမှာ အိမ်ခြေ ၂၀ ကျော်ထပ်ပြီး မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2024/04/26/houses-torched-in-sezin/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက် စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲမှာ အိမ်ခြေ ၂၀ ကျော် ထပ်မံ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ - [MNDAA က မုံးကိုး KIO ရုံးကို ချိတ်ပိတ် ၊ ကချင် မနောင်ကွင်း ခန်းမဆောင် ဆောက်လုပ်မှုကိုလည်း တားမြစ်](https://burmese.kachinnews.com/2024/04/26/munggu/): “အခု KIA က ကချင်ရိုးရာယဉ်ကျေးမှုဝင်းနဲ့ ရုံးမှာ နေကြတာ။ အဲတာကို ကိုးကန့်တွေက ချိတ်ပိတ်လိုက်တယ်။ တရုတ်စာအကြီးအကြီးနဲ့ ကြက်ခြေခတ်ပုံစံကပ်လိုက်တယ်။ မနေနဲ့ထွက်လို့တော့မပြောဘူး အဲလိုမျိုးစာလိုက်ကပ်လိုက်တာပေါ့။ ဒါက ကျနော်တို့ ကိုးကန့်နဲ့ပဲဆိုင်တယ် သိမ်းလိုက်ပြီဆိုတဲ့ သဘောပေါ့။“ - [လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆင်ဘို အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/04/26/sinbo-airstrike/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/04/26/ld1-141/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက်ကွဲလို့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ](https://burmese.kachinnews.com/2024/04/25/bb1-96/): ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ပူတာအိုမှာဓာတ်ဆီတစ်ပုလင်းကျပ် ၂ သောင်း၊ ငရုပ်သီးတစ်ဗူး ၃၀၀၀ ကျပ်အထိစျေးမြင့်တက်](https://burmese.kachinnews.com/2024/04/25/zz1-109/): ကချင်ပြည်နယ် ပူတာအိုဒေသမှာဓာတ်ဆီတစ်ပုလင်း ကျပ် ၂ သောင်းကျပ်အထိ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတ်ခံရ](https://burmese.kachinnews.com/2024/04/25/bb1-97/): ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ - [KIA တပ်ဖွဲ့ဝင်တွေကို နမ့်အွမ်ရွာကနေ ထွက်ပေးဖို့ TNLA စာပို့ ဖိအားပေး](https://burmese.kachinnews.com/2024/04/24/ld1-140/): ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်ဖတ်ကာအထက်ရှိ နမ့်အွမ်ကျေးရွာရှိ KIO/KIA တပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားဖို့ TNLA က ပြောဆိုထားတယ်လို့ နမ့်အွမ်ရွာ KIO တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ - [မိုးမောက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2024/04/24/bb1-95/): စစ်ရေးတင်းမာနေတဲ့ မိုးမောက်မြို့မှာ လက်နက်ကြီးပစ်ခတ်တာဆက်တိုက်ရှိနေဆဲဖြစ်တာကြောင့် မြို့ခံပြည်သူတွေအပါအဝင် မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တနိုင်းမှာ မုန်တိုင်းနဲ့မိုးသီးကျလို့ နေအိမ် ၁၀၀ ကျော်ပျက်စီး](https://burmese.kachinnews.com/2024/04/24/yl3-12/): တနိုင်းမြို့နယ်အထက်ပိုင်းမှာ လေမုန်တိုင်းပြင်းထန်ပြီးမိုးသီးကျလို့ ကျေးရွာ ၄ ခုက အိမ်ခြေ ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ပန်းတင်တံတားမှာ လိုင်စင်မဲ့ကားတွေဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/04/24/zz1-108/): ကချင်ပြည်နယ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာလိုင်စင်မဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖားကန့်ဘက်ပြန်ဆုတ်ခွာသွားတယ်လို့ ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ - [ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်သေဆုံးတာတွေရှိနေ](https://burmese.kachinnews.com/2024/04/24/yl2-57/): ဝိုင်းမော်မြို့နယ် ခကွမ်ရွာ(Hka Krum Mare)အနီးမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ပြည်သူပိုင်နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတာအပြင် အိမ်မွေးတိရိစ္ဆာန်သေဆုံးတာလည်းရှိနေတယ်လို့ သိရပါတယ်။ - [ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ](https://burmese.kachinnews.com/2024/04/24/yl1-212/): စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ - [အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ](https://burmese.kachinnews.com/2024/06/19/ld1-164/): မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပူတာအို - နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ](https://burmese.kachinnews.com/2024/06/19/zz1-133/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြို‌နေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ - [ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2024/06/19/dsa2-8/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ - [ဝါးရှောင် စစ်ရှောင်ပြည်သူတွေ  ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/06/19/dsa1-62/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ - [တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ](https://burmese.kachinnews.com/2024/06/18/cj1-18/): “ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ - [ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး](https://burmese.kachinnews.com/2024/06/18/dsa1-61/): KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက်  ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ - [မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ](https://burmese.kachinnews.com/2024/06/17/am1-147/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး ဖွင့်တဲ့ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချနေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ - [ကချင်ဒေသ တိုက်ပွဲအရှိန်မြင့်လာသည်နှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ပိုများလာ](https://burmese.kachinnews.com/2024/06/17/kng/): မိုးမောက်မြို့တွင်လည်း အရပ်သား (၁၁) ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အမျိုးသမီး (၃)ဦးနှင့် ကလေးသူငယ် (၃)ဦး ပါဝင်ကြောင်း ပြုစုထားသည့် စာရင်းအရ သိရှိရသည်။ - [ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ](https://burmese.kachinnews.com/2024/06/17/yl1-234/): နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ - [နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/06/17/dsa1-60/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ](https://burmese.kachinnews.com/2024/06/17/zm1-179/): ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ - [KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို](https://burmese.kachinnews.com/2024/06/14/ld1-163/): ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့  KIO ဘက်က ပြောဆိုပါတယ်။ - [မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ](https://burmese.kachinnews.com/2024/06/14/cj1-17/): မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့  မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ - [အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးကျောင်း ၁၀ ခုထက်နည်းဗုံးကြဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2024/06/14/dsa1-59/): ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်  ဘာသာရေးကျောင်း ၁၀ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ - [ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့](https://burmese.kachinnews.com/2024/06/14/yl2-65/): ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2024/06/14/am2-49/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ - [ကသာမှာတိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/06/14/am1-146/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကသိရပါတယ်။ - [ဆနီခူးစစ်တပ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး တင့်ကားတစ်စီးလည်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/06/14/yl1-233/): ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ် ရှိ ဆနီးခူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA တပ်တွေ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေ](https://burmese.kachinnews.com/2024/06/13/yl2-64/): ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်က  တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေတာ ၄ ရက်လောက်ရှိလာပြီလို့ သိရပါတယ်။ - [ဖားကန့်မှာ မြေစာပုံပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/06/13/cj1-16/): ဖားကန့်မြို့ မှော်စီဇာကျေးရွာမှာရှိတဲ့ သာယာကုန်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးတစ်ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ](https://burmese.kachinnews.com/2024/06/13/ld1-162/): ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ - [ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ](https://burmese.kachinnews.com/2024/06/13/yl1-232/): ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2024/06/13/am1-145/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ - [TNLA ဖမ်းဆီးထားတဲ့ ပန်ရှော်ရွာ အုပ်ချုပ်ရေးမှူး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2024/06/12/ld1-161/): တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ (Bangshau) အုပ်ချူပ်ရေးမှူးကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။ - [မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ကြောင့် တစ်ပတ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိလာ](https://burmese.kachinnews.com/2024/06/12/cj1-15/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာပြီး တစ်ပတ်ကျော်အတွင်းဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွက ပြောပါတယ်။ - [စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့အခြေံပညာစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ပိုလျော့နည်းလာ](https://burmese.kachinnews.com/2024/06/12/asa1/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။ - [မိုးညှင်းမြို့မှာ ဓါးပြတိုက်လုယက်ခံရမှုများလာ](https://burmese.kachinnews.com/2024/06/12/cj1-14/): ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဓါးပြတ်ိုက်လုယက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မိုးညှင်းမြို့ခံတွေကပြောပါတယ်။ - [ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2024/06/11/yl2-63/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ - [ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး](https://burmese.kachinnews.com/2024/06/11/am2-48/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာမှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ကုန်ကား ၁၄ စီး ပူတာအိုရောက်ရှိ](https://burmese.kachinnews.com/2024/06/11/am2-47/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်သွားတဲ့ ကုန်ကားတစ်ချို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာပဲ ပူတာအိုမြို့ကိုရောက်ရှိသွားပြီလို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားဆရာတွေဆီက သိရပါတယ်။ တင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ကိုအဓိကထားတင်ပို့ခဲ့တာဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုကားလမ်းကို အပြီးသတ်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ ကုန်ကားတစ်ချို့သာတက်ခွင့်ရသေးတာလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းကတည်းက မြစ်ကြီးနားမြို့ကနေ အခြေခံစားသောက်ကုန်တင်ထားတဲ့ ကုန်ကား ၁၄ စီးလောက် ပူတာအိုမြို့ ကိုထွက်ခွာသွားတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာပဲရောက်ရှိသွားတာ လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲသူတစ်ယောက်ကပြောပါတယ်။ “မနေ့ကညနေပိုင်းလောက်ရောက်သွားတယ်။ အခြေနေက စစ်ဆေးရေးတွေတော့နည်းနည်းစစ်တယ်တဲ့ အဲ့လောက်ပါပဲ မူလာရှီးဒီးဂိတ်မှာတော့ စစ်ဆေးရေးကြမ်းတယ်တဲ့။ လမ်းမှာကတော့ နှစ်ဖက်အဖွဲ့တွေ များတယ်ပြောတယ်။ “ လို့ပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က ကားလမ်းကိုပိတ်ခဲ့တာဖြစ်ပြီး ၃ လကျော်အကြာမှာ အခုလိုကုန်ပစ္စည်းတွေတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကုန်ပစ္စည်းကားတွေ ပူတာအိုမြို့ကိုရောက်ပြီဆိုတဲ့သတင်းသာ ကနဦးသိရသေးပြီး ရောက်ရှိလာတဲ့ အခြေခံစားသောက်ကုန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ရောင်းချပေးမလဲဆိုတာတော့ ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် KNG ကအတည်မပြုနိုင်သေးပါဘူး။ ဒီအခြေနေမှာ ရောက်ရှိသွားတဲ့ ကုန်ပစ္စည်းတွေက ကုန်ပစ္စည်းလှောင်တဲ့သူတွေဆီသာရောက်ရှိသွားရင် ကုန်ပစ္စည်းသာရောက်လာပြီး ဈေးနှုန်းကတော့ကျမယ့်အနေအထားမရှိဘူးလို့ ကားဆရာ တစ်ယောက်က သုံးသပ်ပါတယ်။ “ ပစ္စည်းဈေးနှုန်းကတော့ကျမှာမဟုတ်ဘူးကျနော်တို့ထင်တာ။ ဘာကြောင့်ဆိုတော့ အခုကပူတာအိုမှာ ပိုက်ဆံရှိလည်းဝယ်လို့မရဘူးလေ။ အခုက ပစ္စည်းရောက်သွားတယ် ပိုက်ဆံရှိရင်ဝယ်လို့ရမယ် အဲ့လောက်ပဲ ဈေးကတော့ကြီးနေအုံးမယ်ထင်တယ်။ ကုန်တွေလှောင်တဲ့အဖွဲ့တွေပစ္စည်းရောက်သွားရင်ဘာမှထူးမှာ မဟုတ်ဘူး”  လို့ပြောပါတယ်။ ဒါ့ကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းမဖွင့်ခင်မှာ ရောက်ရှိသွားတဲ့ကုန်စည်တွေကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပေးပြီး အကန့်အသတ်နဲ့ ရောင်းချပေးရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်လို့ သူကဆက်ပြော ပါတယ်။ ပူတာအိုမြို့ကို ပုံမှန်ဆိုရင် မြစ်ကြီးနားကနေ ၁၂ နာရီဝန်းကျင်ခန့်သာမောင်းရပြီး ဒီတစ်ကြိမ်တော့ လမ်းခရီး မှာ နှစ်ဖက်တပ်တွေရဲ့စစ်ဆေးရေးတင်းကြပ်တာ၊ ရာသီဥတုကြောင့်မြေပြိုတာ စတဲ့အခက်အခဲတွေကြောင့် ၂ ညအိမ် ၃ ရက် ကြာမြှင့်ခဲ့ရတယ်လို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ပူတာအိုမြို့ကို ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မနေ့ကပဲ ကုန်ပစ္စည်းတွေရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ By – အမိုး - [လယ်ကုန်းရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများလာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်နေရ](https://burmese.kachinnews.com/2024/06/11/dsa1-58/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ (၂) ဘုရားကျောင်းလမ်းပတ်ဝန်းကျင်တစ်လျှောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုများလာနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မြို့နယ် ခတ်ချို့ရွာလက်နက်ကြီးကျလို့အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/06/11/am1-144/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှာ မနေ့က ညပိုင်း ၈ နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။ - [ဆဒုံး - ကန်ပိုက်တည်လမ်းက ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/06/11/yl1-231/): ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို သိမ်းပိုက်ထားပြီလို့သိရပါတယ်။ - [စန်းကား အထက်တန်းကျောင်းမှာ စစ်အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး ရွာအဝင်အထွက် တင်းကြပ်](https://burmese.kachinnews.com/2024/06/11/am1-143/): ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရဲ့ အခြေခံအထက်တန်း‌ကျောင်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်တပ်စွဲနေရာယူထားတဲ့အပြင် ရွာအဝင်အထွက်ကိုလည်း စစ်ဆေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတယ်လို့ တအာင်းတပ်မတော် TNLA ပြော](https://burmese.kachinnews.com/2024/06/10/am2-46/): ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ပါတယ်။ - [ဖားကန့်ဒေသ တပ်မဟာ ၉ နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/06/10/yl1-230/): ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ အပါအဝင် KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားတဲ့ပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ - [ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်ပေါ် လက်နက်ကြီးကျ](https://burmese.kachinnews.com/2024/06/10/am1-142/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းတစ်ခုနဲ့အရပ်သားနေအိမ်ပေါ် ဇွန်လ ၈ ရက်နေ့ မနက်ပိုင်း ၉နာရီဝန်းကျင်လောက်က လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ - [ရှမ်းမြောက်မှာ KIA သိမ်းပိုက်ထားတဲ့ ကျေးရွာတချို့ကို မြို့ပြအဆင့် ပြောင်းလဲသတ်မှတ်](https://burmese.kachinnews.com/2024/06/07/ld2-39/): ရှမ်းမြောက်မှာ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာတစ်ချို့ကို မြို့ပြအဖြစ်ပြောင်းလဲသတ်မှတ်ပြီး မြို့အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အုပ်ချူပ်ရေး ယန္တရားစတင်ချမှတ်နေပြီလို့ KIO ဘက်က ပြောပါတယ်။ - [KIO ထိန်းချုပ်နယ်မြေမှာ အခြေခံစာသင်ကျောင်း ၂၀၀ ကျော်ထပ်မံတိုးချဲ့](https://burmese.kachinnews.com/2024/06/07/dsa1-57/): ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ယခုနှစ် ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO  ပညာရေးဌာနကနေ သိရပါတယ်။ - [ခတ်ချို-စန်းကားလမ်းပိတ်ထားလို့ ငှက်ပျောကားများ ရွာပတ်လမ်းကိုအသုံးပြုနေတဲ့အတွက် တံတားတွေ ပျက်စီးမှာဒေသခံတွေစိုးရိမ်](https://burmese.kachinnews.com/2024/06/07/am2-45/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတွေအဓိကအသုံးပြုတဲ့ ခတ်ချို-စန်းကား ကားလမ်းမပိတ်ထားလို့ ငှက်ပျောကားတွေဟာ ရွာနောက်ဖေးလမ်းကြားတွေကိုအသုံးပြုနေတာကြောင့် အဲ့ဒီလမ်းတွေမှာရှိတဲ့ တံတားငယ်တွေပျက်စီးမှာကိုဒေသခံတွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။ - [မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ](https://burmese.kachinnews.com/2024/06/07/am2-44/): ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြေရှားသတ္တုလုပ်ကွက်မြေပြိုမှု ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိ](https://burmese.kachinnews.com/2024/06/07/ld1-160/): ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွတ်တစ်ခုမှာ မြေပြိုမှုမှာ ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိထားသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့ မူးယစ်ဆေးဝါးကင်းစင်ဖို့နဲ့မြို့လုံခြုံရေးအထူးကြပ်မတ်နေပြီလို့ဆို ](https://burmese.kachinnews.com/2024/06/07/yl1-229/): နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအောက်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လွယ်ဂျယ်ပြည်သူတွေ ပထမဆုံးအကြိမ်လူထုတွေ့ဆုံပွဲကို ၃ ရက်သာကျင်းပခဲ့ကြတယ်လို့ လွယ်ဂျယ်ပြည်သူတွေကပြောပါတယ်။ - [ပူတာအိုကို ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့သိရ](https://burmese.kachinnews.com/2024/06/07/am1-141/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG ရဲ့အကူအညီနဲ့ ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့အတွက် ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားသမားတွေဆီက သိရပါတယ်။ - [မန်တုံမြို့နယ် မိုင်းမော် (နမ်ဟိုင်း) အနီးရှိ သတ္တုတွင်းတဝိုက်  KIA နဲ့ TNLA တပ်တို့အကြား နှစ်ဖက် တင်းမာနေ](https://burmese.kachinnews.com/2024/06/06/ld1-159/): ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(နမ်ဟိုင်း) အနီးရှိ သတ္တုတွင်းတဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား နှစ်ဖက်အခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဝိုင်းမော်မြို့နယ်က တောင်သူတွေမိုးစပါးစိုက်ပျိုးဖို့အခက်ကြုံနေ](https://burmese.kachinnews.com/2024/06/06/dsa1-56/): စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတောင်သူတွေ ဒီနှစ်အတွက်မိုးစပါးစိုက်ပျိုးဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ - [မျောမောပါရွာက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/06/05/bb2-11/): ချီဖွေမြို့နယ် မျောမောပါကျေးရွာအထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူအယောက် ၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ - [ဂါလိုင်ရွာမှာ ကျောင်းမဖွင့်ဖို့ TNLA တားမြစ်နေတဲ့ကြားက ကျောင်းသားမိဘများကျောင်းစဖွင့်နိုင်ပြီ](https://burmese.kachinnews.com/2024/06/05/ld1-158/): ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ(Galeng ) အလယ်တန်းကျောင်းမှာ တအာင်းတပ် TNLA တပ်စွဲလိုက်ပြီး ကျောင်းမဖွင့်ဖို့တားဆီးပိတ်ပင်နေတဲ့ကြားက ဒေသခံကျောင်းသားမိဘတွေက ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ - [အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်နေ့အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ပြုလုပ်](https://burmese.kachinnews.com/2024/06/05/bb2-10/): ဇွန်လ ၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) အထိမ်းအမှတ်အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ - [မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေဆဲ](https://burmese.kachinnews.com/2024/06/05/zm1-178/): ပန်ဝါမြို့အနီးမှာရှိတဲ့ လုပ်ကွက်နံပါတ် အမှတ် ၃ မှာ  မြေရှားသတ္တုကုမ္မဏီလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသား၂ ဦးရဲ့ရုပ်လောင်းရှာဖွေတွေ့ရှိထားပေမယ့် နောက်ထပ် ၁၂ ဦးခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပန်ဝါ‌ဒေသခံ‌တွေ ပြောပါတယ်။ - [စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို](https://burmese.kachinnews.com/2024/06/05/dsa2-7/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။ - [ပူတာအို ရာသီပေါ် ဂရိတ်ဖရုသစ်သီးများ တင်သွင်းရောင်းချခွင့် မရှိတာကြောင့် ဒေသခံများ ဆုံးရှုံးမှုဖြစ်ပေါ်နေ](https://burmese.kachinnews.com/2024/06/05/bb1-106/): မြစ်ကြီးနား – ပူတာအို ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုမြို့နယ် လုံရှာယန်ဒေသခံအများစု လုပ်ကိုင်ကြတဲ့ ရာသီပေါ် ဂရိတ်ဖရုတ်သီး လုပ်ငန်းတွေ ရပ်တန့်လိုက်ရတာကြောင့် ဒေသခံတွေရဲ့ တစ်နှစ်စာ ဝင်ငွေဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ - [မြစ်ကြီးနားမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူငယ်အများဆုံး ပါဝင်](https://burmese.kachinnews.com/2024/06/05/dsa1-55/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ လူငယ်အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ - [နန်းယွန်းမှာ မိုးသက်လေပြင်းကြောင့် လမ်းတံတား ကျိုးကျပျက်စီးပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေ](https://burmese.kachinnews.com/2024/06/05/zz2-48/): ကချင်ပြည်နယ်အနောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် လမ်းပမ်းဆက်သွယ်ရေးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ - [စက်သုံးဆီသယ်ယူနေတဲ့ ရှိန်းခေါင်လမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ ခုမှာ ဂိတ်ကြေးအလွန်များတာကြောင့် ဆီစျေးမြင့်တက်နေဆဲ](https://burmese.kachinnews.com/2024/06/05/zz1-132/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွက် တရုတ်ပြည်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေ ဓာတ်ဆီတွေသယ်ယူလို့ရနေပြီဖြစ်‌ပေမယ့် စစ်ကောင်စီနဲ့ပြည်သူ့စစ်ဂိတ်မှာ အခွန်ကောက်ခံနေတာကြောင့် ဓာတ်ဆီစျေးတွေဆက်လက်မြင့်တက်နေတယ်လို့သိရပါတယ်။ - [ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်](https://burmese.kachinnews.com/2024/06/04/yl1-228/): တနိုင်းသွားလီလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလာတော့မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအများအပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ပြီးကြိုတင်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ - [ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA  တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ](https://burmese.kachinnews.com/2024/06/03/ld2-38/): ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေကပြောပါတယ်။ - [ရမ်ပူရပ်ကွက်မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ](https://burmese.kachinnews.com/2024/06/03/am3-9/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဖားကန့်မြို့ လူနေရပ်ကွက်မှာကျောက်စိမ်းတူးဖော်နေတာကြောင့် သောက်သုံးရေခက်ခဲနေ](https://burmese.kachinnews.com/2024/06/03/zz3-6/): ကချင်ပြည်နယ် ဖားကန့်မြို့၊ မြို့မရပ်ကွက်ထဲက လူနေအိမ်ဝန်းထဲမှာ စက်ယန္တရားသုံးပြီး ကျောက်စိမ်းတူးဖော်နေတာကြောင့် အနီးဝန်းကျင်ရပ်ကွက်နေပြည်သူတွေ သောက်သုံးရေခက်ခဲနေတယ်လို့ သိရပါတယ်။ - [ကသာမှာထိတွေ့မှုဖြစ်](https://burmese.kachinnews.com/2024/06/03/am2-43/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရ ပါတယ်။ - [ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး](https://burmese.kachinnews.com/2024/06/03/ld1-157/): မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ - [ပူတာအိိုမှာ ဗလာစာအုပ်တစ်ဒါဇင် ကျပ် ၄၀၀၀၀ ကျော်အထိစျေးတက်](https://burmese.kachinnews.com/2024/06/03/zz2-47/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဗလာစာအုပ်တစ်ဒါဇင်ကျပ် ၄၀၀၀၀ ဝန်းကျင်အထိစျေးတက်နေကြောင်းသိရပါတယ်။ - [ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/06/03/am1-140/): ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ပူတာအိုမှာ CB ဘဏ်ပိတ်ထားလို့ ငွေထုတ်၊ငွေသွင်းအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/06/03/zz1-131/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်က တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်ဖြစ်တဲ့  CB Bank ပိတ်ထားတာ‌ကြောင့် ဘဏ်ကိုအားထားနေရတဲ့ ငွေထုတ်၊ငွေသွင်းလုပ်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ - [တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ရနေတဲ့ ရမ်ပူရပ်ကွက် မူးယစ်ဈေးတန်း](https://burmese.kachinnews.com/2024/05/30/dsa1-54/): ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးနဲ့ ၁၅ မိနစ်ခန့်သာဝေးတဲ့ မြို့ပေါ်ရပ်ကွက်လို့ပြောလို့ရတဲ့ ရပ်ကွက်တစ်ခုဖြစ်ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေထဲမှာ အဆိုးဆုံးနေရာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်းမူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကိ သိသိရက်နဲ့ ဥပက္ခာပြုနေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ - [မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ လူဦးရေ ၄၀၀ ကျော် ညတွင်းချင်းနေရာရွှေ့ပြောင်းရ](https://burmese.kachinnews.com/2024/05/30/am1-139/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မြို့ပေါ်ကမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ နေအိမ်တစ်ချို့ဘေးလွှတ်ရာကိုရွှေ့ပြောင်းနေရတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့တွေဆီကသိရပါတယ်။ - [KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း](https://burmese.kachinnews.com/2024/05/30/yl1-227/): ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို  KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA  ဘက်ကပြောပါတယ်။ - [လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား](https://burmese.kachinnews.com/2024/05/29/zz2-46/): စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော် - မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်](https://burmese.kachinnews.com/2024/05/29/23037/): ဗန်းမော် – မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ - [ဒုဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ(Wang Hkang Aung Seng La) စစ်ဦးစီးချုပ်ဖြစ်လာ](https://burmese.kachinnews.com/2024/05/29/yl1-226/): ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း(Qukhkyawng Hkawng Lum) ကွယ်လွန်သွားပြီးနောက် စစ်ဦးစီးချုပ်တာဝန်ကို ဒု–စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာ (WangHkang Aung Seng La) ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ - [ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/05/29/dsa1-53/): ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မှာ  ဒေသခံတွေ စွန့်ခွာထားတဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရ](https://burmese.kachinnews.com/2024/05/29/am1-138/): ဝိုင်းမော်မြို့နယ်မှာ ဒေသခံတွေတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရချိန် ပစ္စည်းရွှေ့ပြောင်းတဲ့ပုံစံအယောင်ပြပြီးတော့ ပစ္စည်းတွေခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ပူတာအိုမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၁၀၀၀၀ စျေးနဲ့ရောင်းချနိုင်ဖို့ ရှိန်းခေါင်ဘက်ကနေ သယ်ယူပေမယ့် စစ်တပ်ကအဝင်မခံပဲဖမ်းဆီးထား](https://burmese.kachinnews.com/2024/05/29/zz1-130/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဓာတ်ဆီပြတ်တောက်နေပြီး တစ်ပုလင်းကျပ် ၇၀၀၀၀ ကျော်ဖြစ်နေချိန် လုပ်ငန်းရှင်တစ်ချို့ကတစ်ပုလင်းကိုကျပ် ၁၀၀၀၀ စျေးနှုန်းနဲ့ရောင်းချနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေသယ်ယူနေပေမယ့် စစ်ကောင်စီတပ်က ရီဒမ်းကျေးရွာဂိတ်ကနေ ဖြတ်သန်းခွင့်မပေးပဲ ဖမ်းဆီးတားမြစ်ထားတယ်လို့ ပူတာအိုသခံတွေဆီကေန သိရပါတယ်။ - [မျောမောပါရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေလျှံလို့ ကလေးငယ်တစ်ဦး ရေထဲမျောပါသေဆုံးတဲ့အပြင် နေအိမ် ၁၀ လုံးပျက်စီး](https://burmese.kachinnews.com/2024/05/29/ld1-156/): ချီဖွေမြို့နယ် မျောမောပါတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၁၀ အိမ်ကျော်ရေထဲမျောပါသွားပြီး ကလေးငယ် ၁ ဦး မျောပါသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဆွမ်ပီယန်စစ်ရှောင်တစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/05/29/ld1-155/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုက ဒေသခံစစ်ဘေးရှောင်ပြည်သူတစ်ထောင်ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့နေရာထိုင်းခင်း အရေးပေါ် ကူညလိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်](https://burmese.kachinnews.com/2024/05/28/dsa1-52/): ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2024/05/27/bb2-9/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ - [ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်နေပြီး ပြည်သူတွေတစ်ချို့ဆန်ပြုတ်သောက်နေရပြီလို့ဆို](https://burmese.kachinnews.com/2024/05/27/bb1-105/): မြစ်ကြီးနား- ပူတာအိုလမ်းမကြီး သွားလာခွင့်ပိတ်ထားတာ၂ လကျော်ကြာလာတာနဲ့အမျှ ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်မှုကြုံတွေ့နေကြရပြီး ဒေသခံတစ်ချို့ ဆန်ပြုတ်သာစားနေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ပူတာအိုမှာ ဆန်ပြတ်လပ်မှုတွေရှိနေတဲ့အပြင် ဒေသထွက်ဆန်တွေဟာဆိုရင်လည်း ဈေးကြီးပေးဝယ်စားနေရတဲ့အတွက် ဆန်ပြုတ်ကိုသာစားနေရတဲ့ ဒေသခံတွေရှိနေပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “တစ်ချို့ကျတော့လည်း ရှိတဲ့ဟာလေးတွေကိုရောင်းပြီး ဆန်ဝယ်စားတာတွေ ခက်ခက်ခဲခဲဖြေရှင်းနေကြတာ တွေရှိတယ်။ တစ်ချို့တစ်ချို့ဆိုရင်တော့ ထမင်းတောင်မချက်စားနိုင်တော့ဘူးလေ၊ ဆန်ပြုတ်လေးတွေ ချက်ပြီးမှ ဆန်ပြုတ်တွေသောက်ပြီး ဖြတ်သန်းနေကြတာတွေလည်းရှိတယ်လေ၊ အဓိကတော့ ဒီလမ်းမြန်မြန် ဖွင့်ပေးစေချင်တာပေါ့” လို့ပြောပါတယ်။ ပူတာအိုမှာ လက်ရှိဒေသဆန် တစ်ပုံး ၁ သိန်းခွဲ၊ ဓာတ်ဆီတစ်ပုလင်း ၈ သောင်းဝန်းကျင်၊  အိုင်အိုဒင်းဆားတစ်ထုပ် ၅ထောင်ကျပ်၊ မာမီးခေါက်ဆွဲတစ်ထုတ် ၂ထောင်ကျပ်ထိရှိနေတဲ့အပြင် ကျန်တဲ့ကုန်စိမ်းပစ္စည်းတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေလည်း ဈေးတွေသာတက်နေပြီး ဝယ်ယူလို့မရတော့ဘူးလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ကုန်စည်တွေပြတ်လပ်မှုတွေလည်း ရှိနေတဲ့အတွက် ငွေကြေးတတ်နိုင်ပေမယ့် ဝယ်လို့မရတော့ဘူးလို့ မချမ်းဘော့က ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူးလေ၊ အခုဆို ဆိုင်တွေမှာ တစ်ထောင်နှစ်ထောင်နဲ့ ဘာမှမရတော့ဘူးလေ အကုန် တစ်သောင်းနှစ်သောင်းအထက်ဘဲဖြစ်ကုန်ပြီလေ၊ ကလေးတွေအတွက် မုန့်ဆိုတာတောင် မရှိတော့ဘူး။ ဆန်တွေဆိုရင်လည်း ၁ သိန်းနဲ့တောင်မရတော့ဘူး၊ မချမ်းဘော့မှာဆို ဈေးတွေမှာ ဆန်တွေတောင်မရောင်းတော့ဘူး၊ မရောင်းတော့တာအရမ်းကြာပြီ”လို့ပြောပါတယ်။ လက်ရှိ ပူတာအိိုမြို့နယ်ထဲက မြို့နဲ့နီးတဲ့နေရာတွေမှာ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုအနည်းငယ်ရနေပေမယ့်  မြို့နဲ့ ဝေးပြီး လယ်ယာမလုပ်တဲ့ ဒေသခံပြည်သူတွေကတော့ အခက်ခဲဆုံးအခြေအနေကို ကြုံနေရတာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ပူတာအိုမြို့နယ်ရဲ့ တစ်ချို့နေရာတွေမှာ ပရဟိသအသင်းတွေ၊ အသင်းတော်တွေကတစ်ဆင့် ကူညီပေးတာမျိုးတွေတော့ရှိနေတယ်လို့လည်း သိရပါတယ်။ ပူတာအိုဒေသခံတွေဟာ စက်သုံးဆီ ရှားပါးမှုကြောင့် သွားလာရေးခက်ခဲနေသလို ကုန်စျေးနှုန်းမြင့်မားမှုကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးကုသရေးအတွက် ခက်ခဲမှုကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့်  မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းသွားလာခွင့်ကို ဒီ့ထက်မကရှည်ကြာအောင်ပိတ်ထားပါက ပြည်သူတွေဒီထက်ပိုမို ခက်ခဲလာမှာဖြစ်တဲ့အတွက် လမ်းတွေကို ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော်KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By – BU BU - [မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/05/27/yl3-14/): ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ - [စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/05/27/am1-137/): စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုမှာ  နိုင်ကျဉ်းသား ၁၃ ဦးကို ပြစ်ဒဏ်ထပ်ပြီးချမှတ်နေတယ်လို့ PPNMပြော](https://burmese.kachinnews.com/2024/05/27/dsa1-51/): မြစ်ကြီးနားအကျည်းဦးစီးထောင် ဆူပူမှုမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ်ပြန်လည်တိုးမြင့်ချမှတ်တာဟာ လူအခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက KNG ကိုပြောပါတယ်။ - [KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ](https://burmese.kachinnews.com/2024/05/27/yl2-62/): ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့  ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။ - [ဘုရားကျောင်းဝင်းထဲမှာ ဖမ်းဆီးခံရတဲ့ ကချင်အမျိုးသား ၈ ဦးပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2024/05/27/yl1-225/): ဖားကန့်မြို့၊ ငှက်ပျော်တောရပ်ကွက်မှာ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရမှုကြောင့် စွပ်စွဲမှုနဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသာ ၈ ဦး ဒီနေ့ မနက်ပိုင်းမှာ ပြန်လွတ်မြောက်လာပြီလို့သိရပါတယ်။ - [KIO ထိန်းချုပ်ထားတဲ့နယ်မြေမှာ NON-CDM ပညာရေးဝန်ထမ်းတွေကို အသုံးပြုမယ့်အပေါ် ကန့်ကွက်မှုတစ်ချို့ရှိနေ](https://burmese.kachinnews.com/2024/05/27/dsa1-50/): ကချင်လွတ်လပ်ရေး အဖွဲ့ KIO သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေမှာ NON-CDM ဆရာ/မ ပညာရေးဝန်ထမ်းတွေကို အသုံးပြုဖို့ ပြင်ဆင်နေတဲ့အပေါ်  CDM ဆရာ/မတွေ ကန့်ကွက်နေကြပါတယ်။ - [ဆယ်ဇင်းကျေးရွာအနီး SNA တပ်စခန်းတစ်ခုကျန်ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မပြုသေး](https://burmese.kachinnews.com/2024/05/25/zz2-45/): ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တွေရှိနေသေးတာကြောင့် ဆယ်ဇင်းစစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မရသေးဘူးလို့ သိရပါတယ်။ - [စက်သုံးဆီအခက်အခဲကြောင့် ပူတာအိုမှာဖုန်းလိုင်းအများပိုင်းပြတ်တောက်နေ](https://burmese.kachinnews.com/2024/05/25/zz1-129/): ကချင်ပြည််နယ် ပူတာအိုမြို့နယ်မှာ စက်သုံးဆီအခက်အခဲကြောင့် တာဝါတိုင်မှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအများပိုင်းပြတ်တောက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ - [စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ် မြစ်ဆုံစီမံကိန်းကို စစ်ရေးထွက်ပေါက်အဖြစ်အသုံးပြုလာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆို](https://burmese.kachinnews.com/2024/05/24/ld1-154/): စစ်ကောင်စီတပ်အနေနဲ့ ဆယ်စုနှစ်ကြာရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကိုနိုင်ငံရေးအာရုံလွဲဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အကြောင်းရှာနေတာဖြစ်တယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ - [မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေကြတဲ့ နမ့်လင်းပါပြည်သူများ](https://burmese.kachinnews.com/2024/05/24/dsa2-6/): ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ် နန်လင်းပါကျေးရွာဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ပြင်ဆင်နေကြပြီဖြစ်ပေမယ့် စစ်ကြွင်းစစ်ကျန်မြေမြုပ်မိုင်းအန္တရယ်စိုးရိမ်နေရဆဲဖြစ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ နန့်လင်းပါ ဒေသခံတွေက ပြောပါတယ်။ - [မြစ်ကြီးနား စီတာပူရပ်ကွက်မှာ လူနေအိမ် မီးလောင်မှုဖြစ်](https://burmese.kachinnews.com/2024/05/24/dsa1-49/): ကချင်ပြည်နယ် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ စီတာပူရပ်ကွက်နေပြည်သူတွေ ဆီကနေ သိရပါတယ်။ - [KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကျောင်းဆရာ/ မ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားမယ်လို့  KIO ပညာရေးအဖွဲ့ဆို](https://burmese.kachinnews.com/2024/05/24/ld1-153/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ ပညာရေးကျောင်းဖွင့်လှစ်သွားဖို့ပြင်ဆင်နေပြီး  ကျောင်းဆရာ၊ဆရာမ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားဖို့ပြင်ဆင်ထားတယ်လို့ KIO ပညာရေးအဖွဲ့က ပြောပါတယ်။ - [ဝိုင်းမော်မှာ ငှက်ပျောသီးတင်တဲ့ကားရာနဲ့ချီပိတ်မိနေ](https://burmese.kachinnews.com/2024/05/24/am1-136/): ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ယာဥ်တန်းများလွန်းတဲ့အတွက် ငှက်ပျောသီးကားရာနဲ့ချီ ခတ်ချိုကျေးရွာတစ်ဝိုက်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မန္တလေး- ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာချိန် ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်](https://burmese.kachinnews.com/2024/05/23/bb1-104/): မန္တလေး– ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာတာနဲ့အမျှ ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်စည်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး](https://burmese.kachinnews.com/2024/05/23/am1-135/): ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားမြို့က  အခြေခံပညာရေးကျောင်းများ ကျောင်းစတင်အပ်နှံ](https://burmese.kachinnews.com/2024/05/23/dsa1-48/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက် ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအားလုံး ကျောင်းစတင်အပ်နှံနေကြပြီဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ စစ်ကောင်စီက Smart Card စတင်လုပ်ပေးနေ](https://burmese.kachinnews.com/2024/05/23/zz2-44/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီက စမတ်ကဒ်လို့ခေါ်တဲ့  UID  ကဒ်ကို စတင်လုပ်ပေးနေပြီလို့သိရပါတယ်။ - [စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကား အစီးရေ ၁၀၀၀ နီးပါးစင်းခမ်းတံတားမှာပိတ်မိနေ](https://burmese.kachinnews.com/2024/05/23/zz1-128/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခမ်းတံတားမှာ စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကားအစီးရေ ၁၀၀၀ နီးပါးပိတ်မိနေတယ်လို့သိရပါတယ်။ - [ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့](https://burmese.kachinnews.com/2024/05/22/yl1-224/): ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ - [ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးသတင်းနားစွင့်ကြဖို့ ဗိုလ်မှူးကြီးနော်ဘူသတိပေး](https://burmese.kachinnews.com/2024/05/22/am1-134/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတာ‌ကြောင့် စစ်ရေးသတင်းနားစွင့်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပါတယ်။ - [ဗန်းမော်မြို့တွင်း လမ်းမဘေးမှာ မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေများလာ](https://burmese.kachinnews.com/2024/05/22/zz1-127/): ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်းနေရာတစ်ချို့မှာ မူးယစ်ဆေးဝါးတွေကို လမ်းမဘေးပေါ်တင်ရောင်းချပြီး သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို](https://burmese.kachinnews.com/2024/05/22/zz1-126/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ - [မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Semi Final Welterweight မှာ ကချင်သားလေး အနိုင်ရ](https://burmese.kachinnews.com/2024/07/22/dsa2-9/): မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph  Sut Du Aung  ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ - [အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/07/22/dsa1-74/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ - [ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်](https://burmese.kachinnews.com/2024/07/22/communication-cut-kachin/): ကချင်ပြည်နယ် တစ်ပြည်နယ်လုံး မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကနေ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်သွားပြီး သတင်းရေးသားနေတဲ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ - [မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ](https://burmese.kachinnews.com/2024/07/19/am1-159/): ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ - [ရေဘေးဒဏ်ကြောင့် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေး ရွာ ၃ရွာက လူနေအိမ် ၈၀ ဝန်းကျင်ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/07/19/dsa1-73/): ရေဘေးသင့်ခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၃ ရွာက နေအိမ် ၈၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။ - [TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ](https://burmese.kachinnews.com/2024/07/19/ld1-178/): ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား](https://burmese.kachinnews.com/2024/07/19/zz1-149/): ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ - [သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး](https://burmese.kachinnews.com/2024/07/19/ld1-177/): လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။    - [ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေငွေသားထုတ်ယူမှု ရာခိုင်နှုန်းတွေမြင့်တက်](https://burmese.kachinnews.com/2024/07/18/zz2-52/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းတွေမြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ကိုယ်စားလှယ်တွေဆီကသိရပါ တယ်။ - [တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်](https://burmese.kachinnews.com/2024/07/18/yl2-71/): ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ - [သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်ကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေ ဖမ်းဆီးသွား](https://burmese.kachinnews.com/2024/07/18/yl1-250/): ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်ဇုံနယ်ရဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်(Mading Hkaw Bum)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ - [နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/07/18/zz1-148/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော](https://burmese.kachinnews.com/2024/07/17/am2-54/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ - [TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး](https://burmese.kachinnews.com/2024/07/17/ld1-176/): လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ](https://burmese.kachinnews.com/2024/07/17/am1-158/): စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/07/17/dsa1-72/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ - [ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ ကတုတ်ကျင်းတူးပြီး လုံခြုံရေးတင်းကြပ်နေ  ](https://burmese.kachinnews.com/2024/07/17/yl1-249/): ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/07/17/ld1-175/): မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ - [ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး](https://burmese.kachinnews.com/2024/07/17/cj1-24/): ဗန်းမော်ခရိုင် မံစီမြို့နယ် ‌ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2024/07/16/yl1-248/): မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ](https://burmese.kachinnews.com/2024/07/16/ma1/): စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပကို ရောက်လာတဲ့ လူငယ်တွေရဲ့ရုန်းကန်နေရမှု](https://burmese.kachinnews.com/2024/07/16/conscription-law-and-youth/) - [မြစ်ကြီးနား - ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ](https://burmese.kachinnews.com/2024/07/15/yl1-247/): မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့  အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ - [ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ](https://burmese.kachinnews.com/2024/07/15/zz2-51/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့် ဒေသခံတွေ ဆီဝယ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ - [နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/07/15/zz1-147/): စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲ‌မျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ - [ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်  (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ](https://burmese.kachinnews.com/2024/07/15/dsa1-71/): Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ - [အင်းတော်နယ်ထဲက ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်နေရပ်ပြန်](https://burmese.kachinnews.com/2024/07/15/zz1-146/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ၂ နှစ်ကျော်စစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာက ပြည်သူတွေနေရပ်ပြန်နေပြီလို့ သိရပါတယ်။ - [ရေဘေးသင့်ခဲ့တဲ့ မလိယန်ကျေးရွာမှာ လူနေအိမ် ၅၀ကျော်ပျက်စီး](https://burmese.kachinnews.com/2024/07/15/mali-yang-hope/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ဆုံဒေသဖြစ်တဲ့ မလိယန်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၅၀ကျော်ပျက်စီးသွားခဲ့တယ်လို့ မလိယန်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် မူလရှိနေတဲ့ စစ်ရှောင်တွေကြား နေရာပြဿနာဖြစ်နေ](https://burmese.kachinnews.com/2024/07/12/ld1-174/): ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိတဲ့ချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုမူလရှိ​တဲ့ စစ်ရှောင်ပြည်သူတွေဟာ နေရာစရာအခက်အခဲကြုံတွေ့နေရပြီး စစ်ရှောင်ပြည်သူတွေကြား နေရာပြဿနာဖြစ်နေကြတယ်လို့ သိရပါတယ်။ - [ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ](https://burmese.kachinnews.com/2024/07/12/yl2-70/): ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ](https://burmese.kachinnews.com/2024/07/12/am1-157/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ - [ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်းချနေရ](https://burmese.kachinnews.com/2024/07/12/yl1-246/): ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင် စစ်တပ်ဂိတ်မှာ ပိတ်ဆို့ထားတဲ့ စက်သုံးဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို တင်သွင်းခွင့်မပြုသေးတာကြောင့် ဆီကုန်သည်တစ်ချို့က ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တဆင့်ခံသယ်ယူပြီး ပြန်လည်ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ - [TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ](https://burmese.kachinnews.com/2024/07/11/ld1-173/): ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ - [ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး](https://burmese.kachinnews.com/2024/07/11/cj1-23/): ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ - [နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး  အမျိိုးသား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2024/07/11/dsa1-70/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ  အစာအဆိပ်သင့်ပြီး  အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ](https://burmese.kachinnews.com/2024/07/10/yl1-245/): “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ - [ပူတာအိုမှာ ခွေးရူးကိုက်ခံရလို့သေဆုံးသူ ၅ ဦးထက်မနည်းရှိလာ](https://burmese.kachinnews.com/2024/07/10/zz1-145/): ကချင်ပြည်နယ် ပူတာအိုဒေသထဲမှာ ခွေးရူးကိုက်ခံရတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/07/10/am1-156/): “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။ - [ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး](https://burmese.kachinnews.com/2024/07/10/dsa1-feature1/): “အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့စိတ်နဲ့ ကြိုးစားလို့ရှိရင် အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်” လူငယ်တွေကို ခွန်အားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြံပေးစကားကို ပြောခဲ့တဲ့သူကတော့ လက်ရှိ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The University of Queenland)တက္ကသိုလ်မှာ  Master of Education in  Leadership မေဂျာကို သင်ယူနေတဲ့ ပူတာအိုတောင်ပေါ်သားလေး အင်ခွန်ဆွတ်မိုင်ဘဲ ဖြစ်ပါတယ်။ - [ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ](https://burmese.kachinnews.com/2024/07/09/dsa1-69/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ - [နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ](https://burmese.kachinnews.com/2024/07/09/zz2-50/): စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ - [မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2024/07/09/am1-155/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ](https://burmese.kachinnews.com/2024/07/09/zz1-144/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူ‌သောင်းချီရေ‌ဘေးသင့်‌‌နေတယ်လို့သိရပါတယ်။ - [ပူတာအိုမှာ ဆီကားတွေဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ကားစျေးနဲ့သာရောင်းပေးနေတာကြောင့် ဆီစျေးမကျနိုင်](https://burmese.kachinnews.com/2024/07/08/zz1-143/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲကို စက်သုံးဆီကားအများအပြားဝင်ရောက်ထားပြီဖြစ်ပေမယ့် ဆီပန့်အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို ဆီပန့်ဆိုင်မှာမရောင်းချပေးပဲ အပြင် လက်ကားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီစျေးဆက်လက်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး](https://burmese.kachinnews.com/2024/07/08/ld1-172/): “မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ - [ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ](https://burmese.kachinnews.com/2024/07/08/yl2-69/): “မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။ - [မြစ်ကြီးနား - ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား](https://burmese.kachinnews.com/2024/07/08/yl1-244/): မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ](https://burmese.kachinnews.com/2024/07/06/cj1-22/): ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ ရေထဲ ပျက်စီးသွားသဖြင့် စခန်းကို အစမှ ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည်။ - [လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ](https://burmese.kachinnews.com/2024/07/05/am2-53/): ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ - [ဗန်းမော်မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်မြင့်တက်နေပြီး သောက်သုံးရေအကူညီလိုအပ်နေ](https://burmese.kachinnews.com/2024/07/05/am1-154/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်နေပြီးတော့ ရေဘေးပြည်သူတွေအတွက် သောက်သုံးရေအကူညီအဓိကလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေကပြောပါ တယ်။ - [ဉရုချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းအပါအဝင် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/07/04/dsa1-68/): ကချင်ပြည်နယ် ဖားကန့်မြို့  ဉရုချောင်း ရေကြီးရေလျှံ မှုကြောင့် တံတားနှစ်စင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား - ပူတာအိုကားလမ်းပိုင်း မြေပြိုကျတဲ့နေရာများတဲ့အတွက် ပုံမှန်တိုင်းသွားလာနိုင်ဖို့လချီကျန့်ကြာနိုင်](https://burmese.kachinnews.com/2024/07/04/yl1-243/): မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း နေရာ ၃ ခုမှာ ကားလမ်းပိုင်းမြေပြိုကျပျက်စီးနေတဲ့အတွက်  ပုံမှန်အတိုင်းသွားလာနိုင်ဖို့ လချီကြာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်](https://burmese.kachinnews.com/2024/07/04/cj1-21/): မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။  - [ဗန်းမော်မှာ ရွာပေါင်း ၅ ရွာက ပြည်သူတွေအတွက် အစားသောက်နဲ့သောက်သုံးရေအရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2024/07/03/am1-153/): ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၅ ရွာက ပြည်သူတွေအစားသောက် နဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်ထားပြီးနောက် ပုလင်းချိန်တွေ စျေးအဆမတန်တင်ရောင်းနေ](https://burmese.kachinnews.com/2024/07/03/yl2-68/): ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်သွားပြီး လမ်းဘေး ပုလင်းချိန်နဲ့ ရောင်းချသူတွေ စျေးအဆမတန်ရောင်းချပေးနေတာကြောင့် ပြည်သူတွေစက်သုံးဆီရရှိဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ ရပ်ကွက် ၄ ခုရေဘေးသင့်နေဆဲဖြစ်ပြီး တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်နေ](https://burmese.kachinnews.com/2024/07/03/dsa1-67/): ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်းရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရက်ကွက် ၄ ခု ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ - [မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ](https://burmese.kachinnews.com/2024/07/03/yl1-242/): ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး  စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့်  မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။ - [လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး](https://burmese.kachinnews.com/2024/07/03/ld1-171/): ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးကောင်းမှာ လျှပ်စစ်မီးပျက်တာ ၄ ရက်ရှိပြီ](https://burmese.kachinnews.com/2024/07/02/am2-52/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက လျှပ်စစ်မီးပျက်သွားပြီး မီးပျက် နေတာ ၄ ရက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။ - [ချီဖွေမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေ](https://burmese.kachinnews.com/2024/07/02/yl1-241/): ကချင်ပြည်နယ် ချီဖွေမြို့မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတာတွေကြောင့် ကားလမ်းပိုင်းမှာ လမ်းပိတ်ဆို့နေတဲ့အပြင် မြို့တစ်ခုလုံးလည်း လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2024/07/02/ld1-170/): ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။ - [ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နီးကပ်လာတဲ့အတွက်  ဒေသခံ တစ်ထောင်နီးပါးဘေးလွှတ်ရာရွှေ့ပြောင်း](https://burmese.kachinnews.com/2024/07/02/am2-51/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်နီးကပ်လာတာနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကဒေသခံတစ်ထောင်နီးပါး ဘေးလွှတ်ရာတွေမှာကြိုတင်ရွှေ့ပြောင်းနေကြရပြီလို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး](https://burmese.kachinnews.com/2024/07/02/am1-152/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို ၄ လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။ - [ဖားကန့်မြို့မှာ လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ](https://burmese.kachinnews.com/2024/07/02/dsa1-66/): ဖားကန့်မြို့ ငှက်ပျော်တောရပ်ကွက်မှာ ရေဘေးရှောင်တွေစီးလာတဲ့ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျှောပါသွားတယ်လို့  ပြည်သူတစ်ဦးက ပြောပါတယ်။ - [မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ပြည်နယ်မိုးဇလသတိပေး](https://burmese.kachinnews.com/2024/06/30/zm1-180/): ကချင်တစ်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု နှစ်မိုးရာသီရဲ့ဧရာဝတီမြစ်ရေမှတ်ဟာ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ - [ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ](https://burmese.kachinnews.com/2024/06/28/ld1-169/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ - [စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ](https://burmese.kachinnews.com/2024/06/28/dsa1-65/): ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား](https://burmese.kachinnews.com/2024/06/28/zz1-142/): စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ - [ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/06/27/zz1-141/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ - [နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ](https://burmese.kachinnews.com/2024/06/27/zz1-140/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင်  ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ  ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆  ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/06/27/zz1-138/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး  ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ - [နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ](https://burmese.kachinnews.com/2024/06/26/yl2-67/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ](https://burmese.kachinnews.com/2024/06/26/am1-151/): ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ - [ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/06/26/yl1-240/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/06/26/ld1-168/): ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား](https://burmese.kachinnews.com/2024/06/25/yl1-239/): ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ - [စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ အင်းတော် နားခါးရွာသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/06/25/zz1-137/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နားခါးကျေးရွာသားတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ကြောင်းသိရပါတယ်။ - [လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ](https://burmese.kachinnews.com/2024/06/25/zz1-139/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2024/06/25/zz2-49/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KPDF တပ်တို့ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေသိရပါတယ်။ - [ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ](https://burmese.kachinnews.com/2024/06/25/am1-150/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ - [ပူတာအိုမှာ ဖုန်းအင်တာနက်လိုင်းပြန်ရနေပြီ](https://burmese.kachinnews.com/2024/06/25/zz1-136/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇွန်လ ၂၄ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းတွေ ပြန်ရနေပြီလို့ ပူတာအိုမြို့ခံတွေဆီကနေ သိရပါတယ်။ - [TNLA ဖမ်းဆီးထာ:တဲ့ ပန်ရှော်အုပ်ချုပ်ရေးမှူး နဲ့  မိသားစုတွေ အဆက်သွယ်မရသေး](https://burmese.kachinnews.com/2024/06/25/ld1-167/): လားရှိုးမြို့နယ်က ပန်ရှော်(Bangshau) ကချင်ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA တပ် ဖမ်းဆီးထားတာ နှစ်ပတ်‌ကျော်ကြာလာပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ - [စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ](https://burmese.kachinnews.com/2024/06/24/yl2-66/): ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ - [ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ](https://burmese.kachinnews.com/2024/06/24/dsa1-64/): ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ - [ပူတာအိုမှာ စက်သုံးဆီတွေကို သတ်မှတ်ထားတဲ့ စျေးနှုန်းထက်ပိုပြီး လုပ်ငန်းရှင်တွေက ဝယ်ယူနေ](https://burmese.kachinnews.com/2024/06/24/am1-149/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုရောက်လာတဲ့  စက်သုံးဆီတွေကို တစ်ပေပါ ၁၈ သိန်းဝန်းကျင်နဲ့ရောင်းချဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကသတ်မှတ်ထားပေမယ့် လုပ်ငန်းရှင်တစ်ချို့က သတ်မှတ်စျေးထက်ပိုပေးပြီး ဝယ်ယူနေတာကြောင့် စျေးထပ်ပြီးတက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ - [အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/06/24/yl1-238/): မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA က ချိတ်ပိတ်လိုက်ပြီး ဆရာ၊မတွေကိုလည်း ကျောင်းကနေမောင်းထုတ်ထား](https://burmese.kachinnews.com/2024/06/24/ld1-166/): ကွတ်ခိုင်မြို့နယ် ဂါလိုင်(Galeng Jawng)ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ပေးလိုက်ပြီး ကျောင်းမှာနေတဲ့ ဆရာ၊ဆရာမတွေကိုလည်းမောင်းထုတ်လိုက်တယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား - ပူတာအိုကားလမ်းမြေပြိုမှုကြောင့် ကားသေးတွေသာသွားလာလို့ရ](https://burmese.kachinnews.com/2024/06/21/zz1-135/): ကချင်ပြည်နယ် ပူတာအိို–မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာမှာမြေပြိုထားတဲ့အတွက် ကုန်ကားကြီးတွေပိတ်မိနေပြီး ကားအသေးတွေသာ သွားလာလို့ရနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [မိုးမိတ်မှာ TNLA ကိုဒေသခံတွေဆန္ဒပြ](https://burmese.kachinnews.com/2024/06/21/ld1-165/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာကဒေသခံများက ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်း ကျင်လောက်မှာ တအာင်းတပ်မတော် TNLA အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ - [နန့်စီးအောင်ဂိတ်မှာ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခ သိန်း ၂၀၀ အထိ အခွန်ကောက်ခံပြီး အကန့်အသတ်နဲ့သာသွားခွင့်ပြုနေ](https://burmese.kachinnews.com/2024/06/21/am2-50/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်မှာ စစ်ကောင်စီတပ်က ဆီဘောက်ဆာကားတစ်စီး ဖြတ်သန်းခအတွက် ကျပ်သိန်း ၂၀၀ အထိအခွန်ကောက်နေပြီး တစ်ရက်ကိုကားကြီး ၅ စီးလောက်ပဲ ဖြတ်သန်းခွင့်ပြုတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ - [နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ](https://burmese.kachinnews.com/2024/06/21/yl1-237/): တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မှာ ဒရုန်းဗုံးသီးစထိမှန်လို့ အရပ်သားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/06/21/am1-148/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ](https://burmese.kachinnews.com/2024/06/21/cj1-20/): ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ - [KIA နဲ့ TNLA အကြားလတ်တလောဖြစ်နေတဲ့ ပြသာနာ စိုးရိမ်စရာမလိုဘူးလို့ လက်နက်ကိုင်နှစ်ဖွဲ့ပြော](https://burmese.kachinnews.com/2024/06/20/dl1-4/): ရှမ်းမြောက် နေရာတစ်ချို့မှာ KIA နဲ့ TNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား မြေပြင်မှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး လူထုတွေ စိုးရိမ်စရာမလိုဘူးလို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးက ပြောပါတယ်။ - [ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ](https://burmese.kachinnews.com/2024/06/20/dsa1-63/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓာတ်ဆီပေပါ  အလုံး ၃၀၀ စတင်ဝင်ရောက်လာခဲ့ပြီး ဓာတ်ဆီဈေးအနည်းငယ်ကျဆင်းလာပြီလို့ သိရပါတယ်။ - [နောင်ဟီးနဲ့စန်းကားရွာအဝင်တွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေဆဲ](https://burmese.kachinnews.com/2024/06/20/cj2-2/): ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာနဲ့စန်းကားကျေးရွာ စာသင်ကျောင်းနေရာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်အထွက်စစ်ဆေးရေးတင်းကြပ်နေပြီး မှတ်ပုံတင်ကိုင်ဆောင်သူတွေသာ ရွာထဲဝင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ](https://burmese.kachinnews.com/2024/06/20/yl1-236/): “မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။ - [ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ](https://burmese.kachinnews.com/2024/06/20/cj1-19/): ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ - [နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ](https://burmese.kachinnews.com/2024/06/19/zz1-134/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ - [ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ](https://burmese.kachinnews.com/2024/06/19/yl1-235/): ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ - [ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ](https://burmese.kachinnews.com/2024/09/03/zz1-155/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး](https://burmese.kachinnews.com/2024/09/03/am1-175/): စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ - [ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်](https://burmese.kachinnews.com/2024/09/02/am1-174/): စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်](https://burmese.kachinnews.com/2024/09/02/dsa1-82/): ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ - [မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့  KIO ပြော](https://burmese.kachinnews.com/2024/09/02/yl1-269/): ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ](https://burmese.kachinnews.com/2024/09/02/zm1-190/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ](https://burmese.kachinnews.com/2024/08/30/ld1-188/): ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ချီဖွေမြို့မှာ  အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေပြတ်လပ်လာ](https://burmese.kachinnews.com/2024/08/30/dsa2-11/): ကချင်ပြည်နယ် ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့  ချီဖွေဒေသခံတွေက KNGကိုပြောပါတယ်။ - [မြန်မာကျပ်ငွေစျေးကျဆင်းမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့စစ်ရှောင်များ အခက်တွေ့](https://burmese.kachinnews.com/2024/08/30/dsa1-81/): မြန်မာကျပ်ငွေကျအဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် တရုတ်–မြန်မာနယ်စပ်မှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ](https://burmese.kachinnews.com/2024/08/30/zz1-154/): မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ](https://burmese.kachinnews.com/2024/08/29/zm1-189/): မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။ - [တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို ](https://burmese.kachinnews.com/2024/08/29/am1-173/): စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား](https://burmese.kachinnews.com/2024/08/28/feature-zm1/): မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။ - [နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို - မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်](https://burmese.kachinnews.com/2024/08/28/zz1-153/): နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ - [မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ](https://burmese.kachinnews.com/2024/08/28/yl1-268/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ](https://burmese.kachinnews.com/2024/08/28/dsa1-80/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ](https://burmese.kachinnews.com/2024/08/28/zz1-152/): ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ - [သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်](https://burmese.kachinnews.com/2024/08/27/am2-59/): ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ - [အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ](https://burmese.kachinnews.com/2024/08/27/dsa1-79/): ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ - [မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ](https://burmese.kachinnews.com/2024/08/27/ld2-41/): မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ - [မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ ](https://burmese.kachinnews.com/2024/08/27/ld1-187/): မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။ - [သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး](https://burmese.kachinnews.com/2024/08/26/am3-10/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ - [ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ](https://burmese.kachinnews.com/2024/08/26/am2-58/): စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ် ပြန်ထားပါတယ်။ - [အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/08/26/am1-172/): “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။ - [ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ](https://burmese.kachinnews.com/2024/08/26/zm1-188/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ - [ပူတာအိုကနေ မြစ်ကြီးနား - မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်](https://burmese.kachinnews.com/2024/08/26/zz1-151/): ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ - [မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/08/26/yl1-267/): မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ](https://burmese.kachinnews.com/2024/08/26/dsa1-78/): ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။ - [ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်တပ်ကလေကြောင်းအသုံးပြုပြီးအင်အားဖြည့်နေ](https://burmese.kachinnews.com/2024/08/23/am1-171/): စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဟာ လေကြောင်း အသုံးပြုအင်အားဖြည့်တင်းမှုတွေဆက်တိုက်လုပ်နေတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ - [မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးစာလိုက်ကပ်တာတွေရှိနေ](https://burmese.kachinnews.com/2024/08/23/zm1-187/): မြစ်ကြီးနားမြို့  ရပ်ကွက်တစ်ချို့မှာ ပြည်သူတွေအမြန်ဆုံးနေရပ်စွန့်ခွာကြဖို့ သတိပေးပေးစာ လိုက်ကပ်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ - [ပူတာအိုမှာ ဆားတစ်ထုပ် ကျပ် ၅၀၀၀ ပေးဝယ်နေရတဲ့အထိ ကုန်စျေးနှုန်းဆက်မြင့်တက်](https://burmese.kachinnews.com/2024/08/23/zz1-150/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ လေကြောင်းလိုင်းတစ်ခုတည်းနဲ့တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှန်းဆက်ပြီးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်ပြည်နယ်က ဖျက်ဆီးခံရတဲ့ သဘာဝရဲ့တုံ့ပြန်မှု ](https://burmese.kachinnews.com/2024/08/23/zm-feature1/): ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိနေပါတယ်။ - [စစ်ကောင်စီ ကင်းစင် မိုးမောက်နယ်](https://burmese.kachinnews.com/2024/08/23/yl2-75/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်လျှောက် တိုက်ပွဲကာလအကြာဆုံးလို့ပြောရင်  မိုးမောက် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲ ထိပ်ဆုံးမှာပါဝင်မှာ သေချာပါတယ်။ - [ချီဖွေနဲ့ ပန်ဝါဒေသမှာ  ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/08/23/yl1-266/): ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ - [ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော](https://burmese.kachinnews.com/2024/08/22/am1-170/): “မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ - [လူထုအတွက်လား၊ စစ်ကောင်စီ အာဏာတည်မြဲဖို့လား](https://burmese.kachinnews.com/2024/08/21/ld1-186/): ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ စစ်ကောင်စီအောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားချက်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။ - [မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။](https://burmese.kachinnews.com/2024/08/21/dsa1-interv/): ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။ - [အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ](https://burmese.kachinnews.com/2024/08/21/am1-169/): “နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။ - [တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ ](https://burmese.kachinnews.com/2024/08/20/yl1-265/): ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ  တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက်  ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ - [ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ](https://burmese.kachinnews.com/2024/08/20/zm2-27/): ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး  အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်](https://burmese.kachinnews.com/2024/08/20/zm1-186/): ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ](https://burmese.kachinnews.com/2024/08/19/am2-57/): တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ  ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ](https://burmese.kachinnews.com/2024/08/19/am1-168/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်–ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။” လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။ By – အမိုး - [တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2024/08/19/yl2-74/): KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။ - [မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်](https://burmese.kachinnews.com/2024/08/19/yl1-264/): တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ - [ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2024/08/16/lh1/): KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။ - [တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့](https://burmese.kachinnews.com/2024/08/16/am-2/): အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။ - [စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ](https://burmese.kachinnews.com/2024/08/16/zm1-185/): မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ  ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ - [KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်](https://burmese.kachinnews.com/2024/08/15/yl2-73/): ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ - [ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်](https://burmese.kachinnews.com/2024/08/15/zm2-26/): ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက်   မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/08/15/zm1-184/): ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ - [လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု](https://burmese.kachinnews.com/2024/08/15/yl1-263/): ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ - [တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ](https://burmese.kachinnews.com/2024/08/14/zm2-25/): ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်  လမောင်တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/08/14/zm1-183/): ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား](https://burmese.kachinnews.com/2024/08/13/yl1-262/): ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။ - [ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ](https://burmese.kachinnews.com/2024/08/13/dsa1-77/): ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။  - [ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2024/08/13/zm1-182/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ - [မိုးကောင်းမြို့ ရပ်ကွက် ၂  ခုမှာ MPT ဖုန်းလိုင်းရ](https://burmese.kachinnews.com/2024/08/12/zm1-181/): ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂  ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2024/08/12/cj1-31/): ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ - [ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ](https://burmese.kachinnews.com/2024/08/12/ld1-185/): ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ - [စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော](https://burmese.kachinnews.com/2024/08/10/cj1-30/): စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။ - [မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ](https://burmese.kachinnews.com/2024/08/09/yl1-261/): ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ - [ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ](https://burmese.kachinnews.com/2024/08/08/ld1-184/): ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2024/08/08/yl1-260/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ - [လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို](https://burmese.kachinnews.com/2024/08/07/yl2-72/): ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။ - [ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/08/07/yl1-259/): ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး](https://burmese.kachinnews.com/2024/08/07/am1-167/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆ ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။ - [မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/08/06/yl1-258/): တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။ - [ကချင်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်ထားတဲ့အတွက်  ပြည်ပမှာကျောင်းတက်နေသူတွေငွေကြေးခက်ခဲမှုကြုံနေရ](https://burmese.kachinnews.com/2024/08/06/dsa1-76/): ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ အသက်သေဆုံးတဲ့အထိ ငှက်ဖျားရောဂါအဖြစ်များနေ](https://burmese.kachinnews.com/2024/08/06/cj1-29/): ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားရောဂါဖြစ်သူတွေ များလာနေပြီး အသက်သေဆုံးတဲ့အထိ ဖျားနာ နေကြတယ်လို့ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ - [TNLA တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မှာ ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီ](https://burmese.kachinnews.com/2024/08/06/am2-56/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ - [ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော](https://burmese.kachinnews.com/2024/08/06/am1-166/): သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။ - [ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2024/08/05/am1-165/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ - [နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ](https://burmese.kachinnews.com/2024/08/05/yl1-257/): ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူဖို့ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/08/02/yl1-256/): မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ - [မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/08/01/yl1-255/): မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်](https://burmese.kachinnews.com/2024/08/01/am1-164/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။ - [မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ](https://burmese.kachinnews.com/2024/07/31/ld1-183/): ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မြို့နယ်တစ်ခုလုံး ငွေလွှဲ၊ ငွေထုတ် ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ် နဲ့ သာထုတ်ခွင့်ရ](https://burmese.kachinnews.com/2024/07/31/cj1-28/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ်နဲ့သာထုတ်ပေးနေတာကြောင့် ပြည်သူတွေ ခက်ခဲနေကြတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ - [ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို](https://burmese.kachinnews.com/2024/07/30/cj1-27/): ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ - [စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး](https://burmese.kachinnews.com/2024/07/30/yl1-254/): မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ - [လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ](https://burmese.kachinnews.com/2024/07/29/ld1-182/): ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ - [ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ](https://burmese.kachinnews.com/2024/07/29/cj1-26/): ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ - [ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ](https://burmese.kachinnews.com/2024/07/29/yl1-253/): ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/07/29/am1-163/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ - [ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ](https://burmese.kachinnews.com/2024/07/29/cj1-25/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ - [လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော](https://burmese.kachinnews.com/2024/07/26/ld2-40/): ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်](https://burmese.kachinnews.com/2024/07/26/dsa1-75/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ - [ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး](https://burmese.kachinnews.com/2024/07/26/ld1-181/): ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ - [မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/07/25/yl1-252/): တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ကချင်မှာ ဖုန်းအင်တာနက် ပြတ်တောက်နေပေမဲ့ အစိုးရရုံးနဲ့ MPT ရုံးတွေမှာ လိုင်းရရှိနေတယ်လို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2024/07/25/am1-162/): ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာ ၅ ရက်မြောက်ရှိလာပြီး မြစ်ကြီးနားမြို့ အစိုးရရုံးနဲ့ MPT ရုံးအနီးတစ်ဝှိုက်မှာ ဖုန်းလိုင်းရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/07/24/am1-161/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်](https://burmese.kachinnews.com/2024/07/24/yl1-251/): တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ယာယီသမ္မသလွှဲပြောင်းယူလိုက်တဲ့အပေါ် ကချင်ပြည်သူတွေရဲ့ အမြင်သုံးသပ်ချက်](https://burmese.kachinnews.com/2024/07/24/am/): အခုလို ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူလိုက်တဲ့ နောက် မြန်မာနိုင်ငံတဝှမ်း ဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။ - [လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်](https://burmese.kachinnews.com/2024/07/23/am2-55/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ - [လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2024/07/23/am1-160/): “မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။ - [သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2024/07/23/ld1-180/): အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းထားတဲ့ သိက္ခာတော်ရဆရာတော် Rev. Dr Hkalam Sam Son ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတွေ ကချင်သတင်းဌာန KNG ကိုအတည်ပြုပြောဆိုပါတယ်။ - [လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ](https://burmese.kachinnews.com/2024/07/22/ld1-179/): လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ - [ဗန်းမော် - မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ](https://burmese.kachinnews.com/2024/07/22/bb1-107/): ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ - [ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2024/07/22/dsa2-10/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ - [လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး](https://burmese.kachinnews.com/2024/10/19/dsa1-89/): KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင်](https://burmese.kachinnews.com/2024/10/18/yl1-291/): တနိုင်း– လီဒိုလမ်းမပေါ်  ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ](https://burmese.kachinnews.com/2024/10/18/zz1-166/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ - [သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ](https://burmese.kachinnews.com/2024/10/17/am1-190/): အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ မနေ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ - [မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ](https://burmese.kachinnews.com/2024/10/17/ld2-44/): ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ](https://burmese.kachinnews.com/2024/10/17/ld1-199/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ရွာပေါင်း ၃ ရွာ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဝန်းကျင် တော၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြောပါတယ်။ - [၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2024/10/16/ld1-198/): ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော](https://burmese.kachinnews.com/2024/10/16/yl1-290/): ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး](https://burmese.kachinnews.com/2024/10/16/zm1-210/): ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ](https://burmese.kachinnews.com/2024/10/16/zz1-165/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု](https://burmese.kachinnews.com/2024/10/15/yl1-289/): တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။ - [စစ်ရှုံးနေတဲ့ နယ်ခြားစောင့်တပ် တပ်သားသစ်အပူတပြင်းစုဆောင်းနေ](https://burmese.kachinnews.com/2024/10/15/zm1-209/): နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာတဲ့ နယ်မြေတွေကို လက်လွှတ်လာရတဲ့ နယ်ခြားစောင့်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းတာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ - [လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦး သေဆုံး](https://burmese.kachinnews.com/2024/10/15/am1-189/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံအမျိုးသား ၄ ဦး သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။ - [ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်](https://burmese.kachinnews.com/2024/10/15/am1-188/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [မြစ်ကြီးနား- မန္တလေးလမ်းပိုင်းပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာပြီး ကုန်စျေးနှုန်းဆက်မြင့်တက်](https://burmese.kachinnews.com/2024/10/14/zz1-164/): မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း စစ်ရေးအခြေနေကြောင့်ပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာတဲ့အတွက် မြစ်ကြီးနားမြို့မှာ ကုန်စျေးနှုန်းဆက်မြင့်တက်နေဆဲပဲလို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ - [လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ](https://burmese.kachinnews.com/2024/10/14/zm1-208/): ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ - [ချီဖွေ - ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော](https://burmese.kachinnews.com/2024/10/14/yl1-288/): ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ - [ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ ](https://burmese.kachinnews.com/2024/10/14/dsa1-88/): ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ](https://burmese.kachinnews.com/2024/10/12/zm2-29/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ - [ပန်ဝါမြို့အနီး ၁‌၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်‌ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ](https://burmese.kachinnews.com/2024/10/12/zm1-207/): ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။ - [မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ](https://burmese.kachinnews.com/2024/10/11/ld1-197/): ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ - [ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/10/11/zm1-206/): ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်မကျရေးအတွက် စစ်တပ်က လေကြောင်းအသုံးပြုပြီး အပြင်းထန်တိုက်ခိုက်နေတယ်လို့ ပန်ဝါဒေသခံတွေဆီကနေ သိရပါတယ်။ - [ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ](https://burmese.kachinnews.com/2024/10/10/yl1-287/): တနိုင်းလီဒိုလမ်းမပေါ်  ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/10/10/zm1-205/): ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ - [စိန်ခေါ်မှုအခက်ခဲတွေကြား ရုန်းကန်နေကြရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ](https://burmese.kachinnews.com/2024/10/09/dsa1-interv-2/): မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကို လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် အတော်များများ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာကြပါတယ်။ - [ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ](https://burmese.kachinnews.com/2024/10/09/zm1-204/): ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ - [အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ](https://burmese.kachinnews.com/2024/10/09/zz1-163/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ - [မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် အချက် ၆ ချက်ပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်ထံ ပေးပို့](https://burmese.kachinnews.com/2024/10/08/dsa1-87/): အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ရပ်တန်ဖို့အပါအဝင် အချက် ၆ ချက်ပါဝင်တဲ့ အိဖွင့်ပေးစာကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေကို ပေးပို့ခဲ့ပါတယ်။ - [ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ](https://burmese.kachinnews.com/2024/10/08/zm2-28/): စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ - [တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း](https://burmese.kachinnews.com/2024/10/08/yl1-286/): တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [ပင်လည်ဘူးမြို့ကို  KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်](https://burmese.kachinnews.com/2024/10/08/zm1-203/): တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ - [ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ](https://burmese.kachinnews.com/2024/10/07/zz1-162/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့  ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။ - [ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ](https://burmese.kachinnews.com/2024/10/07/zz1-161/): ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ - [တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/10/04/yl2-76/): အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်မြို့ဒေသခံပြည်သူသုံးထောင်ဝန်းကျင်အတွက် အစားအ သောက်နဲ့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ - [စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ](https://burmese.kachinnews.com/2024/10/04/zm1-202/): ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ - [ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/10/04/yl1-285/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့   COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ - [လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်](https://burmese.kachinnews.com/2024/10/04/ld1-196/): ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ](https://burmese.kachinnews.com/2024/10/03/am1-187/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ - [ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး  KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ](https://burmese.kachinnews.com/2024/10/02/yl1-284/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ - [ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား](https://burmese.kachinnews.com/2024/10/02/am1-186/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထောက်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအပါအဝင် ဒေသခံတစ်ချို့ ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ](https://burmese.kachinnews.com/2024/10/02/ld1-195/): ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။ - [ဆော့လော်မြို့နယ်မှာ ကျန်ရှိနေတဲ့ ခလရ ၂၉၈ တပ်ရင်းကို KIA ထပ်မံသိမ်းပိုက်လိုက်ပြီ](https://burmese.kachinnews.com/2024/10/02/yl1-283/): ဆော့လော်မြို့နယ် မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ဆော့လော်မြို့နယ်တွင်း တစ်ခုတည်းသောစခန်းဖြစ်တဲ့  ခလရ ၂၉၈ တပ်ရင်းကို စက်တင်ဘာလ ၂၉ ရက်ကနေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့  အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆော့လော်ကို ၄ ရက်တိုက်တယ်လို့ပြောလို့ရတယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာက အားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။ ဆော့လော်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပြီ။ စစ်တပ်မရှိတော့ဘူး”လို့ပြောပါတယ်။ ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများပြားကိုလည် KIA တပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပြပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ ဆော့လော်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပြီးတော့ နယ်စပ်ဒေသကို အဓိက လုံခြုံရေးယူထားပေးတဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ တပ်ရင်းက လာရောက်အခြေစိုက်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလလောက်မှာ ဆော့လော်ဒေသကို KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလမှာ စစ်တပ်စခန်း ၃ နေရာလောက်ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ ဆော့လော်မြို့ကို သွားတဲ့ ၅ မိုင်အကွာ မျောမော်(Myawmaw) ပြည်သူ့စစ်တပ်စခန်းနဲ့ ထောက်ပို့တပ်စခန်းဖြစ်တဲ့ မျှော်ဇန်းကူး(Myaw Zan Ku) နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့အထိ ဆော့လော်မြို့တွင်းတပ်စခန်း တစ်ချို့နဲ့ နယ်ခြားစောင့်တပ် စုစုပေါင်း ၅ ခုအထက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတဲ့ ၆ အကြာမှာ တပ်စခန်းကြီးဖြစ်တဲ့ ခလရ ၂၉၈ တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဆော့လောက်မြို့နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားတဲ့ မြို့နယ်တစ်ခုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဆော့လော်မြို့နယ်ကို မသိမ်းပိုက်မှီ စက်တင်ဘာလ ၂၉၊ ၃၀ ရက်မှာ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့တွေ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေမြို့တစ်ခုလုံးကိုလည်း KIA တပ်တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုစလုံးကို တစ်ရက်ခြားအကြာမှာပဲ KIA သိမ်းပိုက်လိုက်ပြီးနောက် မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို စစ်ရေးအရ ဦးတည်လာနေတယ်လို့လည်း စစ်ရေးသုံးသပ်သူတွေပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) - [လေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ချီဖွေပြည်သူများ မြို့ထဲပြန်မဝင်နိုင်သေး](https://burmese.kachinnews.com/2024/10/01/zm1-201/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တိုက်ပွဲငြိမ်သွားပေမယ့် လေကြောင်းရန်ကို စိုးရိမ်နေရသေးတာကြောင့် ဒေသခံတွေမြို့တွင်းပြန်မဝင်နိုင်သေးဘူးလို့ ချီဖွေပြည်သူတွေက ပြောပါတယ်။ - [ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်](https://burmese.kachinnews.com/2024/10/01/zz1-160/): ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး](https://burmese.kachinnews.com/2024/10/01/am1-185/): စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ - [တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ကလေးငယ်နဲ့မသန်စွမ်းတွေအတွက် ကူညီထောက်ပံ့မှုဆက်လိုအပ်နေသေး](https://burmese.kachinnews.com/2024/10/01/zm1-200/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်၊မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံံ့မှု ဆက်ပြီးလိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ - [ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA သိမ်းပိုက်ထား](https://burmese.kachinnews.com/2024/09/30/yl1-282/): ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ](https://burmese.kachinnews.com/2024/09/26/yl1-281/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်နဲ့ စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ - [မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ](https://burmese.kachinnews.com/2024/09/26/zz1-159/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) အထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။ - [ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ](https://burmese.kachinnews.com/2024/09/25/yl1-280/): ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ - [စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်](https://burmese.kachinnews.com/2024/09/25/ld1-194/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး  ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ - [ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ](https://burmese.kachinnews.com/2024/09/25/zz2-54/): ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး](https://burmese.kachinnews.com/2024/09/25/zz1-158/): ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [ချင်းမိုင်ရောက် ကချင်တက္ကသိုလ်ကျောင်းသား၊သူတွေရဲ့ အခက်ခဲကိုကူညီဖြေရှင်းပေးမယ့်  KUSA](https://burmese.kachinnews.com/2024/09/25/dsa1-86/): “ကျွန်တော်တို့ ဆက်လက်ပြီး ပညာရေးနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အချိန်တွေမှာ (Hpaji Hte Myu Hpe Shalawt)“ပညာရေးဖြင့်လွတ်မြောက်ခြင်း” [MOU1] ဆိုတဲ့ ပန်းတိုင်အလျောက် ကျွန်တော်တို့အနေနဲ့ ပညာရေးကို ပိုမိုထိရောက်အောင် ကြိုးစားပြီး ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာတွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် ဆပ်ကပ်ပါဝင်သွားဖို့ စဉ်းစားထားပါတယ်“ဆိုပြီး  Kachin University Student Association (KUSA) ဦးဆောင်သူ Lakum Brang Lat (ကို လကွမ်းဘရန်လတ်) က ပြောပါတယ်။ - [ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ](https://burmese.kachinnews.com/2024/09/25/yl1-279/): ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ  အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2024/09/24/ld3-4/): ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ကျားဖြန့်အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ကြား ပစ်ခတ်မှုရှိနေ](https://burmese.kachinnews.com/2024/09/24/ld2-43/): ရှမ်းမြောက် မူဆယ်မြို့ကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ](https://burmese.kachinnews.com/2024/09/24/ld1-193/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို ခေါ်ယူပြီးစစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [လေကြောင်းနဲ့တိုက်ခိုက်မှုအပြင်းထန်ကြုံနေရတဲ့ ပင်လည်ဘူးတိုက်ပွဲ ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2024/09/23/zm1-199/): စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ တစ်လနဲ့ ၇ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ - [Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/09/23/yl1-278/): ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့  KIO ပြော](https://burmese.kachinnews.com/2024/09/20/zm1-198/): ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ - [ဗန်းမော်မြို့ကို စစ်သင်္ဘောတစ်စီးရောက် လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူအတည်ပြု](https://burmese.kachinnews.com/2024/09/19/am1-183/): မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတစ်စီးနဲ့ မနေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။ - [မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲမှုတွေကြောင့် ဖားကန့်မြို့ စွန့်ခွာသူများလာ](https://burmese.kachinnews.com/2024/09/19/zm-11/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့တွင်းလက်နက်ကြီးကျပေါက်ကွဲပြီးနောက် မြို့စွန့်ခွာသူ များလာနေတယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကစတင်ပြီး ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ အပြန်လှန်ပစ်ခတ်နေတဲ့အတွက် မြို့တွင်း လက်နက်ကြီး ကျပေါက်ကွဲမှု ရှိနေပါတယ်။ ဒါကြောင့် လက်နက်ကြီးကျပေါက်ကွဲတဲ့ အနီးပတ်ဝန်းကျင် ပြည်သူတစ်ချို့နဲ့မြို့တွင်းရပ်ကွက်ပြည်သူတွေ မြစ်ကြီးနားဘက်ကို ယာယီပြောင်းရွှေ့ကြတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ဖားကန့်မြို့လယ်ခေါင်လမ်းပေါ် လက်နက်ကြီးကျတာကြောင့် ဒီနေ့ အတော်များများ ကားငှားဆင်းကြတာ၊ ဖားကန့်မြို့ပေါ် ဆိုင်တွေ အိမ်တွေ အတော်များများပိတ်ထားကြတာ။ ဖားကန့်မြို့ပေါ်တော့ ဆိုင်ပိတ်တာ များလာတယ် နည်းနည်းတော့ ခြောက်သွားတယ်၊ အားလုံးက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြတယ် “လို့ ပြောပါတယ်။ ဖားကန့်ပြည်သူတွေ ပြောချက်အရ လက်နက်ကြီးကျပေါက်ကွဲပြီးနောက် မြို့တွင်း ကုန်စုံဆိုင်၊ စျေးဆိုင်အများပိုင်းလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ ဖားကန့်မြို့တွင်း ငှက်ပျောတော ရပ်ကွက်၊ မြို့ပြင် ဖားပြင်နဲ့ မှော်တောင်း ကျေးရွာတွေမှာ လက်နက်ကြီး ကျပေါက်ကွဲခဲ့လို့ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ၁၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြတာပါ။ လတ်တလော ဖားကန့်မှာ ကျန်နေတဲ့ပြည်သူတွေကလည်း အခြေခံစားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲလာမှု၊  ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံရမှုတို့ကြောင့် တိုက်ပွဲသတင်း အချက်လက်ရရှိရန် ခက်ခဲမှု၊ လက်နက်ကြီးအန္တရယ် စိုးရိမ်မှုတွေနဲ့ နေနေရတယ်လို့ ဖားကန့်မြို့တွင်း နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။ မြို့တွင်း၊ မြို့ပြင်ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေဟာ မည်သည့်အဖွဲ့က လက်နက်ကြီးဖြစ်တယ်ဆိုတာ တိတိကျကျသိဖို့ ခက်တယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ “ပြောဖို့ခက်တယ်ဗျ ဗျူဟာကုန်းကလည်း ဆက်တိုက်လိုပစ်နေတာ။ ဒီနေ့တော့ ငြိမ်နေတယ် အရင်နေ့ကဆို မနက် ၄ နာရီ လောက်ကတည်းကနေ ထုနေပြီ အဲတော့ ဟိုကလည်းပစ် ဒီကလည်းပစ် ဘယ်သူ့လက်နက်ကြီးလဲဆိုတာတော့ မပြောတတ်ဘူး ဗျ။ တော်တော်လေးတော့ တိတ်ဆိတ်သွားတယ်” လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ မြို့ထဲကပြည်သူတွေ ယာယီတိမ်းရှောင်နေကြပေမယ့် တိမ်းရှောင်ဖို့ခက်ခဲတဲ့  ဆိုင်းတောင်၊ယူမာဘက်က ပြည်သူတွေကတော့ မြို့ထဲလာရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဖားကန့်မြို့ထဲထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ဘေးရှောင် ၄ ထောင်ထက်မနည်း ရှိလာပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေပါတယ်။ - [ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး](https://burmese.kachinnews.com/2024/09/19/am1-184/): ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/09/18/yl1-277/): ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ - [စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တစ်ချို့ စျေးနှုန်းအနည်းငယ်ကျဆင်း](https://burmese.kachinnews.com/2024/09/18/zm-10/): တရုတ်နယ်စပ် ဝိုင်းမော်- ဆဒုံး- ကံပိုက်တည်လမ်းပိုင်းမှာ ဇွန်လမတိုင်ခင် ရံဖန်ရံခါ စစ်ရေးအခြေနေကြောင့် ကားလမ်းတွေ ပိတ်ပေမယ့် ဇွန်လနှောင်းပိုင်း ဆဒုံးလမ်းတစ်လျှောက် စစ်တပ်စခန်းကို  KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီးနောက် စက်သုံးဆီတွေကို စတင်သယ်ယူခွင့် ရခဲ့တာလို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့အနီးတဝိုက် စစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး မြို့တွင်းဂိတ်တစ်ချို့မှာ ဘီးခွန် စတင်ကောက်ခံ](https://burmese.kachinnews.com/2024/09/18/zz/): မြစ်ကြီးနားမြို့ အနီးတဝိုက် ကျေးရွာတွေထဲ မသင်္ကာတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်စစ်ဆေးနေတဲ့အပြင် မြို့တွင်းမှာ ဂိတ်ဆောက်လုပ်ပြီး အခွန်ကောက်ခံနေတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2024/09/17/yl1-276/): တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ - [ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ](https://burmese.kachinnews.com/2024/09/17/am1-182/): ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအထက်ဘက်ကိုဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/09/17/yl1-275/): ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ - [နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ](https://burmese.kachinnews.com/2024/09/16/ld2-42/): ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင် ကားလုပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကားလည်း ယူသွားလိုက်တယ် အလောင်းကတော့ တွေ့ပြီ။ မိသားစုတွေ လိုက်လံစုံစမ်းရင်း အလောင်းကတော့ ပြန်တွေ့ခဲ့တယ်။ သိရသလောက်တော့ နမ့်ဖတ်ကာကနေ ကားအငှားလိုက်သွားတယ်။ နမ့်ဖတ်ကာကနေ နမ့်ခမ်းအရင်သွားပြီး နမ့်ခမ်းကနေ ပြောင်းပြန် မုံးကိုးကိုပြန်ခေါက်တယ်။ အဲဒီအချိန် မုံးကိုးမရောက်ခင် ရွာတစ်ရွာရှိတယ် အဲဒီရွာနားက လမ်းဘေးမှာ သတ်ဖြတ်ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကားသမားဟာ အသက် ၃၃ နှစ်အရွယ်  ဦးယောင်ကုန်းဖူဆိုတဲ့ တရုတ်လူမျိုးဖြစ်ပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် မုံးကိုးမြို့နားတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအမှုဟာ မုံးကိုးမြု့နားသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ကိုင်တွယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကားသမားကိုသတ်ဖြတ်လိုက်တဲ့ တရားခံတွေဟာ လုယူသွားတဲ့ကားကိုလည်း မုံးကိုးမြို့ထဲက ပြည်သူတစ်ယောက်ထံက တစ်ဆင့်ပြန်လည်ရောင်းချခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင်– နမ့်ဖတ်ကာ– မူဆယ် – နမ့်ခမ်း – မုံးကိုး တစ်ကြော လိုင်းကားသမားများ သတ်ဖြတ်ခံရမှု အရင်ကလည်းဖြစ်ပျက်ခဲ့ပေမယ့် အခုဖြစ်စဉ်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့် MNDAA နဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ထိန်းချူပ်မှုအောက် ရောက်သွားခဲ့တဲ့ ကာလတစ်လျှောက် ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားလာတဲ့ လူသတ်မှု ဖြစ်ပါတယ်လို့  ဒေသခံတွေ ပြောပါတယ်။ “ဒီဒေသ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်မှာရောက်သွားခဲ့ချိန်ကစပြီး အခုလိုဖြစ်စဉ်က ပထမဆုံးဖြစ်တာပဲ။ ဒီဖြစ်စဉ်ကြောင့် အခုအားလုံးထိပ်လန့်ကြတာပေါ့။ အဓိက ကားသမားတွေအတွက် လုံခြုံမှုမရှိတော့တာပေါ့။ ကားသမားတွေအတွက် ခရီးသွားဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်သွားတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တော့ လမ်းသွားလမ်းလာတွေမှာ တကယ်ခက်ခဲတဲ့သူတွေ လှမ်းအကူအညီတောင်းတာတွေကိုလည်း ကားသမားတွေက လုံခြုံရေးကို စိုးရိမ်လို့ မကောက်တင်ရဲတော့တာမျိုးတွေထိ ဖြစ်လာတာပေါ့။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ လက်ရှိ နမ့်ဖတ်ကာကို မြို့အဆင့်မြင့်တင်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA ဘက်က အုပ်ချူပ်မှုယန္တရား လည်ပတ်နေတာဖြစ်ပါတယ်။ ကွတ်ခိုင်ဘက်ကိုတော့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ထိန်းချူပ်ထားပြီး မူဆယ်အထက် မုံးပေါ်ဒေသနဲ့ မုံးကိုး – ဖောင်းဆိုင်ဒေသတစ်လျှောက်လုံးကို KIA နဲ့ ကိုးကန့် MNDAA နှစ်ဖက်လုံးထိန်းချူပ်နေတာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ - [ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ ](https://burmese.kachinnews.com/2024/09/16/ld1-192/): ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ - [KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ ](https://burmese.kachinnews.com/2024/09/13/zm1-197/): “တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။ - [မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်](https://burmese.kachinnews.com/2024/09/13/zz2-53/): ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ](https://burmese.kachinnews.com/2024/09/13/zz1-157/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ - [ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး](https://burmese.kachinnews.com/2024/09/12/yl1-274/): စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ](https://burmese.kachinnews.com/2024/09/11/yl1-273/): ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်း ၇ ကျောင်းဖွင့်လှစ်ထား](https://burmese.kachinnews.com/2024/09/11/dsa1-85/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်တယ်လို့ ဆင်ဘိုဒေသခံပြည်သူတွေက KNG ကို ပြောပါတယ်။ - [လမြန်ရွာအနီး ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2024/09/11/zm1-196/): ဝိုင်းမော်မြို့နယ် လမြန်ရွာမှာရှိတဲ့ ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲနေရာယူဖို့ပြင်ဆင်နေတယ်လို့ ဝူယန်ဒေသခံတွေကပြောပါတယ်။ - [ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ](https://burmese.kachinnews.com/2024/09/10/yl1-272/): ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ - [အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2024/09/10/am1-181/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ရဲ့  မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ](https://burmese.kachinnews.com/2024/09/10/am1-180/): စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ](https://burmese.kachinnews.com/2024/09/10/ld1-191/): ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး  တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို](https://burmese.kachinnews.com/2024/09/10/zm1-195/): ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။ - [လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို](https://burmese.kachinnews.com/2024/09/09/ld1-190/): “အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ - [မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Welterweight မှာ ချန်ပီယံသစ်ဖြစ်လာတဲ့ ကချင်သားလေး ](https://burmese.kachinnews.com/2024/09/08/dsa1-84/): မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph  Sut Du Aung  ဗိုလ်လုပွဲကိုအနိုင်ရပြီး ချန်ပီယံသစ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ - [ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ ](https://burmese.kachinnews.com/2024/09/07/zm1-194/): ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ](https://burmese.kachinnews.com/2024/09/06/zm1-193/): စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ - [ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်](https://burmese.kachinnews.com/2024/09/06/zm1-192/): ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ - [နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး](https://burmese.kachinnews.com/2024/09/06/am1-179/): စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။ - [တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ](https://burmese.kachinnews.com/2024/09/06/am1-178/): စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တ‌လေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ - [ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ](https://burmese.kachinnews.com/2024/09/05/yl1-271/): ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ - [ဖားကန့် မရှိီကထောင်ရွာအနီး စစ်တပ်ကတပ်စွဲလာလို့ ပြည်သူများစစ်ဘေးရှောင်](https://burmese.kachinnews.com/2024/09/04/zm1-191/): ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းမှာ စစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ - [အင်းတော်ဘုန်းကြီးကျောင်းမှာ ပိတ်မိပြည်သူတစ်ထောင်ဝန်းကျင်ရှိပြီး အစာရေစာပြတ်လပ်မှုကြုံနေရ](https://burmese.kachinnews.com/2024/09/04/z-7/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ပြည်သူတစ်ထောင်နီးပါးရှိပြီး အစာရေစာပြတ်လပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ](https://burmese.kachinnews.com/2024/09/04/am1-177/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ - [ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2024/09/04/yl1-270/): ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [KIO  ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ](https://burmese.kachinnews.com/2024/09/04/dsa1-83/): မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ - [KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ](https://burmese.kachinnews.com/2024/09/04/ld1-189/): ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2024/09/03/am1-176/): စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ - [ပူတာအိုမှာ  CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/09/03/zz1-156/): ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ](https://burmese.kachinnews.com/2024/12/03/am1-208/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ](https://burmese.kachinnews.com/2024/12/03/ld1-212/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ](https://burmese.kachinnews.com/2024/12/02/ld1-211/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ](https://burmese.kachinnews.com/2024/12/02/zz3-7/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ခလရ ၄၆ ဗျူဟာမှူးဆီမှာ အမည်စာရင်းကြိုပေးရ](https://burmese.kachinnews.com/2024/12/02/zz2-60/): ကချင်ပြည်နယ် ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ဗျူဟာမှူးဆီမှာ နာမည်စာရင်းကြိုတင်ပေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ](https://burmese.kachinnews.com/2024/12/02/zz1-185/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ](https://burmese.kachinnews.com/2024/11/29/zm1-216/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်တဲ့ရပ်ကွက်နေပြည်သူများ နေထိုင်ခွင့်ထောက်ခံစာလုပ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ - [မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ](https://burmese.kachinnews.com/2024/11/28/yl1-305/): ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်](https://burmese.kachinnews.com/2024/11/28/zz1-184/): ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ - [ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ](https://burmese.kachinnews.com/2024/11/28/ld1-210/): ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ - [မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ](https://burmese.kachinnews.com/2024/11/28/am1-207/): ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။ - [ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး လန်ဆယ် ခရီးစဉ် ဖျားနာပြီး ကွယ်လွန်](https://burmese.kachinnews.com/2024/11/28/am-3/): ကချင်ပြည်နယ် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ် လန်ဆယ်ဒေသခရီးစဉ်မှာ ဖျားနာပြီး နိုဝင်ဘာလ ၂၇ ရက်ညမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ - [မန္တလေး - မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ](https://burmese.kachinnews.com/2024/11/27/am1-206/): မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့ အန်စာတုံးကားတစ်စီးကို အခွန် ၁၀ သိန်းဝန်းကျင် နှစ်ဖက် လက်နက်ကိုင်တပ် ဂိတ်တွေမှာ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ - [ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ](https://burmese.kachinnews.com/2024/11/26/dsa-interv/): စစ်တပ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ‌ထွက်ခွာလာကြသူတွေ များစွာရှိနေပါတယ်။ - [ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တစ်သျှူငှက်ပျောကား သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်က ကုန်ကားမဝင်သေး](https://burmese.kachinnews.com/2024/11/26/yl1-304/): မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်မှာ တစ်သျှူးငှက်ပျောကား သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်](https://burmese.kachinnews.com/2024/11/26/am1-205/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။ - [ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/11/25/zz2-59/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော](https://burmese.kachinnews.com/2024/11/25/yl2-80/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး  KIO အရာရှိ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂  ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ](https://burmese.kachinnews.com/2024/11/25/yl1-303/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ - [ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား](https://burmese.kachinnews.com/2024/11/25/zz1-183/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ - [NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ](https://burmese.kachinnews.com/2024/11/23/zz1-182/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကျောက်ဝိုင်းကပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယက်](https://burmese.kachinnews.com/2024/11/23/yl1-302/): ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု  မြောက်ကုန်းစစ်တပ်ကုန်းအနီး တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယူသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း](https://burmese.kachinnews.com/2024/11/21/yl1-301/): မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ - [နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ](https://burmese.kachinnews.com/2024/11/20/yl2-79/): မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ - [ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ](https://burmese.kachinnews.com/2024/11/20/yl1-300/): မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး  စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မန္တလေး - မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2024/11/19/am1-204/): မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နဲ့ ခရီးသွား ၄ ဦးသေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ - [မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်](https://burmese.kachinnews.com/2024/11/19/ld2-47/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ ဆို](https://burmese.kachinnews.com/2024/11/19/ld1-209/): ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ KIO ဘက်ကပြောပါတယ်။ - [စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း](https://burmese.kachinnews.com/2024/11/19/zm1-215/): စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။  စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami - [မြစ်ကြီးနား - ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ](https://burmese.kachinnews.com/2024/11/19/zz1-181/): ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့်  မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ - [အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/11/18/yl1-299/): အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာ‌ရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ - [စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်](https://burmese.kachinnews.com/2024/11/18/dsa1-96/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်တာတွေလုပ်နေတယ်လို့ စန်းကားကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ](https://burmese.kachinnews.com/2024/11/18/zz1-180/): ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှု နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေဆုံးမှု ဆက်ရှိနိုင်သေး](https://burmese.kachinnews.com/2024/11/18/am1-203/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ် လို့ ဒေသခံတွေကပြောပါတယ်။ - [KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို](https://burmese.kachinnews.com/2024/11/15/yl1-298/): ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။ - [KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းမှုကြောင့် ကချင်အထူးဒေသ ၁ နယ်မြေကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဦးအားတီယောဟန်ပြော](https://burmese.kachinnews.com/2024/11/15/am2-64/): ကချင်အထူးဒေသ ၁ နယ်မြေကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဘက်က KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းခဲ့တာကြောင့်ဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ကပြောပါတယ်။ - [မြေစာပုံပြိုကျတဲ့နေရာ  ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ](https://burmese.kachinnews.com/2024/11/15/am1-202/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို  ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့  ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ](https://burmese.kachinnews.com/2024/11/15/zz1-179/): ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ  စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ - [တွဲလက်မေတ္တာစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် နေရာထိုင်ခင်းအခက်ကြုံနေ](https://burmese.kachinnews.com/2024/11/15/dsa1-95/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ လဘန်ကျေးရွာမှာရှိတဲ့ တွဲလက်မေတ္တာလူမျိုးပေါင်းစုံစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက KNG ကို ပြောပါတယ်။ - [ပူတာအိုမှာ ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ EPC တစ်နှစ်စာငွေယူပြီး မီးလိုင်းဖြတ်](https://burmese.kachinnews.com/2024/11/14/dsa1-94/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် EPC ရုံးက ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ တစ်နှစ်စာငွေယူထားပြီး မီးလိုင်းဖြတ်ထားတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ - [နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ](https://burmese.kachinnews.com/2024/11/14/zz2-58/): စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက်  ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။ - [နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို ](https://burmese.kachinnews.com/2024/11/14/zz1-178/): စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ - [အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော](https://burmese.kachinnews.com/2024/11/14/ld1-208/): ဗန်းမော်ခရိုင် မံစီမြို့နယ်  အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်](https://burmese.kachinnews.com/2024/11/14/zz1-177/): ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ ](https://burmese.kachinnews.com/2024/11/12/am1-201/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ  ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ - [နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်](https://burmese.kachinnews.com/2024/11/11/ld2-46/): ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ - [အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး  ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို](https://burmese.kachinnews.com/2024/11/11/am1-200/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ - [SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ](https://burmese.kachinnews.com/2024/11/11/zz2-57/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/11/11/yl2-78/): ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက် ](https://burmese.kachinnews.com/2024/11/11/zz1-176/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို ](https://burmese.kachinnews.com/2024/11/11/ld1-207/): ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး  PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်](https://burmese.kachinnews.com/2024/11/11/yl1-297/): ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ - [လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို](https://burmese.kachinnews.com/2024/11/06/ld1-206/): ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား  ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ - [အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ်](https://burmese.kachinnews.com/2024/11/06/zz1-175/): မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ - [တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ](https://burmese.kachinnews.com/2024/11/05/ld1-205/): မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ခရီးသည်ကားနဲ့ကုန်တင်ကားတွေ ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ - [ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး](https://burmese.kachinnews.com/2024/11/05/ld1-204/): ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ  ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်](https://burmese.kachinnews.com/2024/11/05/zz1-174/): မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ](https://burmese.kachinnews.com/2024/11/01/zz2-56/): ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်](https://burmese.kachinnews.com/2024/11/01/am1-199/): ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ](https://burmese.kachinnews.com/2024/11/01/zz1-173/): စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး](https://burmese.kachinnews.com/2024/11/01/ld1-203/): ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်](https://burmese.kachinnews.com/2024/10/31/ld1-202/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2024/10/31/yl1-296/): ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ - [ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2024/10/31/am1-198/): ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ](https://burmese.kachinnews.com/2024/10/30/dsa1-93/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ - [ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားသာဝင်ထွက်ခွင့်ပြုနေ ](https://burmese.kachinnews.com/2024/10/30/am1-197/): ကချင်အထူးဒေသ (၁) ဖီမော်မြို့နယ် နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေတော့ အဝင်အထွက်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ](https://burmese.kachinnews.com/2024/10/30/zz1-172/): မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ - [ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊ ](https://burmese.kachinnews.com/2024/10/29/ld3-5/): ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး KIA ပူးပေါင်းတပ်နဲ့  SNA တပ်တို့ တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2024/10/29/zm1-214/): စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့  SNA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်တိတိရှိလာပြီလို့ ဟုမ္မလင်းနယ်ခံတွေပြောပါတယ်။ - [မြစ်ကြီးနားမှာ Wifi တပ်ဆင်ထားတဲ့ဆိုင်ရှင်တစ်ချို့ ဖမ်းဆီးခံရတာရှိနေ](https://burmese.kachinnews.com/2024/10/29/ld2-45/): ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ WIFI အင်တာနက်ဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံစစ်ဆေးဖမ်းဆီးနေပြီး ဆိုင်ရှင်တစ်ချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ - [နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/10/29/zz1-171/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။ - [လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ](https://burmese.kachinnews.com/2024/10/29/am1-196/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ](https://burmese.kachinnews.com/2024/10/29/ld1-201/): ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ - [ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ](https://burmese.kachinnews.com/2024/10/28/zz1-170/): ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ ဦးပြန်လည်လွတ်မြောက်](https://burmese.kachinnews.com/2024/10/28/zm1-213/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးခံထားရတဲ့ ဖားကန့်မြို့ နယ်ခံသတင်းထောက် ၂ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။ - [သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2024/10/28/dsa1-92/): ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ](https://burmese.kachinnews.com/2024/10/28/am1-195/): ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2024/10/28/dsa1-91/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ - [လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ](https://burmese.kachinnews.com/2024/10/28/yl1-295/): ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ](https://burmese.kachinnews.com/2024/10/28/yl-interv1/): မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ - [နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ](https://burmese.kachinnews.com/2024/10/25/zz1-169/): စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ - [တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai ](https://burmese.kachinnews.com/2024/10/25/dsa1-90/): ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ - [တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက်](https://burmese.kachinnews.com/2024/10/24/zz2-55/): မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက်  မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ - [ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ](https://burmese.kachinnews.com/2024/10/24/am2-63/): ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့်  ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား](https://burmese.kachinnews.com/2024/10/24/am1-194/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ - [အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2024/10/24/zz1-168/): စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ](https://burmese.kachinnews.com/2024/10/23/yl2-77/): ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2024/10/23/yl1-294/): ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ - [မြန်မာနိုင်ငံနိုင်ငံတစ်ဝှမ်းမှာ သုံးလအတွင်း အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့ရ](https://burmese.kachinnews.com/2024/10/23/am2-62/): မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အရပ်သား ၁၀၄၄ ဦး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။ - [KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော](https://burmese.kachinnews.com/2024/10/23/am1-193/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ - [လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး](https://burmese.kachinnews.com/2024/10/22/am1-192/): ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2024/10/22/zz1-167/): မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ - [BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2024/10/22/yl1-293/): ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ](https://burmese.kachinnews.com/2024/10/22/ld1-200/): ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2024/10/21/am2-61/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ - [နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်](https://burmese.kachinnews.com/2024/10/21/zm1-212/): နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ  ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ](https://burmese.kachinnews.com/2024/10/21/am2-60/): မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ - [ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ](https://burmese.kachinnews.com/2024/10/21/am1-191/): ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ ](https://burmese.kachinnews.com/2024/10/20/zm1-211/): နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ - [ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု](https://burmese.kachinnews.com/2024/10/19/yl1-292/): ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ - [ကချင်မှာ အာဏာသိမ်း လေးနှစ်တာအတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦး ခန့်အထိ ရှိခဲ့](https://burmese.kachinnews.com/2025/02/06/yl1-326/): စစ်တပ် အာဏာသိမ်းကာလ လေးနှစ်အတွင်း ကချင်ဒေသမှာ စစ်တပ်ရဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့](https://burmese.kachinnews.com/2025/02/06/dsa1-107/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေ သိရပါတယ်။ - [မြန်မာ့တိုင်ရင်းသားအရေး အမေရိကန်အစိုးရ အသစ်လက်ထက် ဘယ်လောက် မျှော်လင့်နိုင်မလဲ](https://burmese.kachinnews.com/2025/02/06/dsa-interv1/): အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ဖေဖော်ဝါရီ ၃ ရက် နဲ့ ၅ ရက်ကြားမှာ ကျင်းပခဲ့တဲ့ congressional briefing နဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် IRF ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာပြည်က ကချင်အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး မြန်မာ့အရေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ - [ယာယီ ပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်](https://burmese.kachinnews.com/2025/02/06/zm1-227/): ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့ သိရပါတယ်။ - [‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့’ KIO ဥက္ကဋ္ဌ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြောဆို](https://burmese.kachinnews.com/2025/02/05/yl1-325/): လေးနှစ်တာအထိ ပြည်သူအာဏာ လုယူထားဆဲဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါင်းအပါတွေအနေနဲ့ ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ KIO/KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။ - [ဗန်းမောက်မြို့ ဒေသခံတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက နေရာ ရွှေ့ပြောင်းပေးထားဟုဆို](https://burmese.kachinnews.com/2025/02/04/am1-223/): စစ်ကိုင်းတိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတစ်ချို့က ဒေသခံတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ - [ပူတာအို ထဝါဒမ်းကျေးရွာအထိုင်တပ် စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကြပ်ထား](https://burmese.kachinnews.com/2025/02/03/yl1-324/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ထဝါဒမ်းကျေးရွာအထိုင်တပ်ကို စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်နေပြီး လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။ - [တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ](https://burmese.kachinnews.com/2025/02/03/yl1-323/): မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ကြွေလွင့်သွားသော ပန်ကလေးများ၏  ဥယျာဉ်မှူး](https://burmese.kachinnews.com/2025/01/31/am-feature1-5/): “ဆရာရေ ကျနော်တို့ဘယ်လိုဖြေသိမ့်ရမှာလဲ” ဆိုတဲ့အသံနှင့်အတူ တဟင့်ဟင့် ရှိုက်သံ တငင့်ငင့် ငိုညည်းသံများ ကြားနေရ သည်။ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှင့်အမျိုးသမီး ၆ ယောက်ခန့် ယူကြုံးမရ ငိုညည်းနေကြခြင်း ဖြစ်သည်။ “သားတို့ရေ ဖြေသိမ့်ကြနော်…သားတို့လည်း ပင်ပန်းလာပြီ ” ဟု ခါးကိုင်းကိုင်းနဲ့အဖွားအိုတစ်ဦးကလည်း နာရီပေါင်းများစွာ ယူကြုံးမရ ငိုညည်းထားကြသည့်သူတို့ကို ကျောလေးပွတ်သပ်ကာ နှစ်သိမ့်ပေးနေသည်။ - [ဖားကန့်မှာ မြေစာပြိုကျလို့ အမျိုးသား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2025/01/31/am2-67/): ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဖားကန့်မြို့နယ် စပေါ့ကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ မြေစာထပ်မံ ပြိုကျလို့ ဘတ်ဟိုးမောင်းတဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [အင်းတော် မြို့သိမ်းတိုက်ပွဲ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ](https://burmese.kachinnews.com/2025/01/31/am1-222/): စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ](https://burmese.kachinnews.com/2025/01/31/dsa1-106/): ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ - [လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ](https://burmese.kachinnews.com/2025/01/31/yl1-322/): ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [စစ်ရှောင်စခန်း နို့စို့အရွယ် ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအရွယ်အထိ ပွေး ယားနား ဖြစ်ပွားနေ  ](https://burmese.kachinnews.com/2025/01/30/dsa1-105/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့  လဘန်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းတွေထဲမှာ မွေးကင်းစ ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိ ပွေး ယားနာ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။ - [မကျေပွဲပြန်ထိုးမယ့် အောင်လအင်ဆန်နဲ့ တူရကီနိုင်ငံသား အာဒိုဂန်](https://burmese.kachinnews.com/2025/01/29/am2-66/): မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးသိုင်းပေါင်းစုံ(MMA)ကစားသမား အောင်လအင်ဆန်ဟာ ဒီလာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပဲ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နဲ့ ပြန်လည်ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ - [အင်းတော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ကာကင်းစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်](https://burmese.kachinnews.com/2025/01/29/am1-221/): စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ ကာကင်းစခန်း ၂ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [KIA နဲ့ TNLA နယ်မြေ အငြင်းပွားမှု ပြဿနာကို ညှိနှိုင်းဖို့ ဆောင်ရွက်နေဟု ဆို](https://burmese.kachinnews.com/2025/01/27/ld1-225/): ရှမ်မြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နယ်မြေ အငြင်းပွားမှုနဲ့ ပဠိပက္ခဖြစ်ပွားမှုတွေကို ညှိနှိုင်းဖို့ လုပ်ဆောင်နေတယ်လို့ နှစ်ဖက်တပ် တာဝန်ရှိသူတွေ ပြောပါတယ်။ - [ဖောင်းပြင်မြို့နယ် နယ်မြေအများစု ကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ဟုဆို](https://burmese.kachinnews.com/2025/01/27/zz1-200/): ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ - [အင်းတော်မြို့သိမ်း တိုက်ပွဲ ပြန်လည်ပြင်းထန်](https://burmese.kachinnews.com/2025/01/27/am1-220/): စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ - [တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ](https://burmese.kachinnews.com/2025/01/27/dsa1-104/): ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ - [ဗန်းမော် လေယာဉ်ကွင်း KIA ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2025/01/27/yl1-321/): ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့် တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဗန်းမော်လေယာဉ်ကွင်း တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ - [ပူတာအို-ခေါင်လန်ဖူး ကားလမ်းကို ရီဒမ်းဂိတ်ကနေ ပိတ်ထား](https://burmese.kachinnews.com/2025/01/27/zz1-199/): ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်းဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြု ပြေးဆွဲနေ](https://burmese.kachinnews.com/2025/01/25/am1-219/): မြစ်ကြီးနား–မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြုပြီး ပုံမှန်ပြေးဆွဲနေတယ်လို့ ကားသမားတွေ ပြောပါတယ်။ - [မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ](https://burmese.kachinnews.com/2025/01/24/yl2-83/): ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ - [ပွင့်လင်း မြင်သာမှုမရှိတဲ့ MNDAA ရဲ့ သက်ငယ် မဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှု မရှိ](https://burmese.kachinnews.com/2025/01/24/ld1-224/): ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ကိုးကန့် MNDAA တပ်အရာရှိကို တရားလိုမိသားစု မပါဝင်ဘဲ ထောင်ဒဏ် နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ်  မိသားစုဝင်တွေက ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ - [တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်](https://burmese.kachinnews.com/2025/01/24/yl1-320/): ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တဖန် စစ်ရှိန်မြင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီး လက်ရှိမှာ လေယာဉ်ကွင်းအနီးရှိ သံချပ်ကာတပ်ရင်းတစ်ခု နဲ့ စစ်ဗိုလ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ - [စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/01/21/dsa1-103/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ - [စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ](https://burmese.kachinnews.com/2025/01/21/am1-218/): ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ - [ဗန်းမော် ခလရ ၄၇ နဲ့ စကခ(၂၁) နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေဆဲ](https://burmese.kachinnews.com/2025/01/21/yl1-319/): ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လိို့သိရပါတယ်။ - [စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့](https://burmese.kachinnews.com/2025/01/21/am1-217/): မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်လိုက်ပါတယ်။ - [ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU နဲ့ ဂျာမနီ Goethe တက္ကသိုလ် MOU ရေးထိုး](https://burmese.kachinnews.com/2025/01/20/dsa1-102/): ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU နဲ့ ဂျာမနီနိုင်ငံ Frankfurt မြို့က Goethe တက္ကသိုလ် တို့ကြား အပြန်အလှန် နားလည်မှု စာချွန်လွှာ MOU ရေးထိုးခဲ့ကြတယ်လို့ KSCU ဒုတိယ အဓိပတိ ဒေါက်တာအောင်နိုင်သူက KNG ကို ပြောပါတယ်။ - [ဝိန်းဆိုင် ကျေးရွာအလယ် တပ်ချဖို့ပြင်ဆင်တဲ့ ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်](https://burmese.kachinnews.com/2025/01/20/ld1-223/): ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်မှာရှိတဲ့ အများပိုင်ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချဖို့ ပြင်ဆင်လာတဲ့အပေါ် ဒေသခံပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ - [ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့ ဖော်ပြချက်အပေါ် စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူပြော](https://burmese.kachinnews.com/2025/01/18/zz1-198/): ကချင်ပြည်နယ် ပူတာအိုမြို့ကို တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ လတ်တလော လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ သတင်းတွေဟာ KPF ရဲ့ ထုတ်ပြန်ချက်လွဲမှားမှုသာ ဖြစ်ပြီး လူထုတွေ စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူက ပြောဆိုပါတယ်။ - [ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ](https://burmese.kachinnews.com/2025/01/18/yl1-318/): စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။ - [အင်းတော်မှာ စစ်ကောင်စီစစ်သားတွေက Non-CDM နဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချနေ](https://burmese.kachinnews.com/2025/01/17/zz1-197/): ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ Non-CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး အင်းတော်မြို့ လက်မလွတ်ရေး ခုခံနေတယ်လို့ သိရပါတယ်။ - [ဖားကန့်မြို့နယ် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးသူငယ်ကနေ အသက် ၅၀ကျော်အရွယ်ထိပါဝင်](https://burmese.kachinnews.com/2025/01/15/am-dsa/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံ့ကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးကနေ အသက်၅၀ကျော်အရွယ်ထိပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်](https://burmese.kachinnews.com/2025/01/15/yl1-317/): ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ - [ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2025/01/15/zz1-196/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆန်ခါကျေးရွာမှာ လေယာဉ်ဗုံးတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေ](https://burmese.kachinnews.com/2025/01/14/yl2-82/): ဖားကန့်မြို့နယ် ဆန်ခါကျေးရွာမှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ လေယာဉ်ဗုံးတွေထဲကနေ တစ်လုံး ပေါက်ကွဲမှုမရှိသေးဘဲ ကျန်ရှိနေသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့ လုံခြုံရေးတင်းကြပ်ပြီး အချိန်အကန့်သတ်နဲ့သာဖြတ်သန်းခွင့်ပြု](https://burmese.kachinnews.com/2025/01/14/zm1-226/): ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက်အပါအဝင် ကျေးရွာတစ်ချို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို အချိန်အကန့်သတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ - [ကချင်ဒေသက ကျောက်စိမ်းနဲ့  ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ](https://burmese.kachinnews.com/2025/01/14/yl1-316/): ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ - [ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ](https://burmese.kachinnews.com/2025/01/14/ld1-222/): ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ - [ဖားကန့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံး](https://burmese.kachinnews.com/2025/01/13/yl2-81/): ဖားကန့် မြို့နယ် ဆန်ခါ နဲ့ မဇွပ်ယန်ကျေးရွာ နှစ်ရွာဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀  ဦးကျော်အထိ ရှိတယ်လို့ တယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့် နွံကန်ပြိုကျမှု နေအိမ်ပျက်စီးမှုနှင့် အရပ်သားသေဆုံး ထိခိုက်မှု များပြား](https://burmese.kachinnews.com/2025/01/13/ld1-221/): ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့် နေအိမ် ၅၀ ခန့် ပါသွားပြီး လူအသေအပျောက်များခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား](https://burmese.kachinnews.com/2025/01/13/yl1-315/): ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု အများအပြားရှိနေတယ်လို့ ကနဦး သိရပါတယ်။ - [တအာင်းအလံ မထောင်မနေရ ညွန်ကြားချက်ကို ဒေသခံများ ဝေဖန် ကန့်ကွက်](https://burmese.kachinnews.com/2025/01/10/ld1-220/): ရှမ်းမြောက် နမ္မတူမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒေသခံ လူထုကို TNLA အမျိုးသားအလံ မထောင်မနေရ အမိန့်နဲ့အတူ အလံတန်ဖိုးကို ပေးဆောင်ခိုင်းစေတယ်လို့ ဒေသခံတွေ ပြောဆိုလာပါတယ်။ - [ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2025/01/10/zz1-195/): ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ - [တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2025/01/09/zz1-194/): ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ](https://burmese.kachinnews.com/2025/01/09/yl1-314/): ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ - [တရုတ် ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရမှု နိုင်ငံတဝှမ်းများပြားလာ](https://burmese.kachinnews.com/2025/01/09/dsa1-101/): တရုတ် ဇနီးမယားအဖြစ် လူကုန်ကူး ရောင်းစားခံရမှုဖြစ်စဉ် မြန်မာပြည်တဝှမ်း ပျံ့နှံ့ လာတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT အစီရင်ခံစာ က ဖော်ထုတ်လိုက်ပါတယ်။ - [ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊အခန်းငှားခ ဈေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2025/01/08/zm1-225/): ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ - [မံစီမြို့ ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်စခန်း ၃ ခုစလုံးကို KIA အပြီးသတ် သိမ်းပိုက်](https://burmese.kachinnews.com/2025/01/08/yl1-313/): ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတွေ က ဒီကနေ့ မနက်မှာ သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ - [စစ်ကောင်စီ လွတ်ငြိမ်းခွင့်မှာ ကချင်ပြည်နယ်က နိုင်ငံရေးအကျဥ်းသား ၄ ဦး ပါဝင်](https://burmese.kachinnews.com/2025/01/07/am1-216/): လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီလ ၄ ရက်နေ့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကချင်ပြည်နယ်အတိုင်းအတာနဲ့ နိုင်ငံရေးအကျဥ်းသား ၄ ဦးသာပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် PPNM ထုတ်ပြန်ချက်အရ သိရပါတယ်။ - [မြစ်ဆုံ မှာ လုပ်ငန်းရှင်များ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီး](https://burmese.kachinnews.com/2025/01/07/ld1-219/): မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသ မှာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် နှင့် နီးစပ်တဲ့ လုပ်ငန်ရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။ - [ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်](https://burmese.kachinnews.com/2025/01/06/dsa1-100/): ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ - [မြစ်ကြီးနား ယာဉ်တိုက်မှုမှာ ဆိုင်ကယ်မောင်းသူ အမျိုးသမီးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/01/06/dsa1-99/): မြစ်ကြီးနားမြို့ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုမှာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက KNG ကို ပြောပါတယ်။ - [စက်သုံးဆီ တင်ပို့သူ ၁၇ ဦး နဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး](https://burmese.kachinnews.com/2025/01/06/am1-215/): ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။ - [မြစ်ကြီးနားမှာ MPT ဖုန်းဆင်းကဒ် သုံးသောင်းခွဲအထိ ဈေးမြင့်တက်](https://burmese.kachinnews.com/2025/01/06/zm1-224/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ - [ပူတာအို ကုန်ကားကြီးများ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေး အဆမတန် ပေးဆောင်နေရ](https://burmese.kachinnews.com/2025/01/06/zz1-193/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်တဲ့ ကုန်ကားကြီးတွေ မြစ်ကြီးနားမြို့အထွက်ဂိတ်တွေမှာ ငွေကျပ် ၁၀ သိန်းနီးပါး ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရကြောင်း ကုန်ကားမောင်းသူတွေ ပြောပါတယ်။ - [စစ်အာဏာရှင် ကျဆုံးရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ KNF ထုတ်ပြန်](https://burmese.kachinnews.com/2025/01/04/dsa1-98/): စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ KNF သဘောထား ထုတ်ပြန်ပါတယ်။ - [ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2025/01/03/am1-214/): စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်](https://burmese.kachinnews.com/2025/01/03/zz1-192/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး](https://burmese.kachinnews.com/2025/01/03/yl1-312/): တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့  ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ - [ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ](https://burmese.kachinnews.com/2025/01/02/ld1-218/): ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ - [တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ကားလမ်း ပိတ်ထား](https://burmese.kachinnews.com/2025/01/02/am1-213/): မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေလို့ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။ - [ကချင် နယ်စပ်ဒေသ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်ဖို့ KIO ဥက္ကဋ္ဌ ဖိတ်ခေါ်](https://burmese.kachinnews.com/2025/01/02/yl1-311/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်မှု အများအပြား လိုအပ်နေတယ်လို့ KIO ဥက္ကဋ္ဌ နှစ်သစ် မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ - [မြစ်ကြီးနား-ဝိုင်းမော် နောင်ချိန်း ကူးသို့ဆိပ်ဖြတ်သန်းခွင့် စစ်တပ်က ပိတ်ထား](https://burmese.kachinnews.com/2025/01/02/zm1-223/): ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ အရေးပါတဲ့ ဧရာဝတီမြစ် ကူးသို့ဆိပ် ဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က ပိတ်လိုက်လို့ ဒေသခံတွေ ဖြတ်သန်းသွားလာရေးမှာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရပြီး KIA တပ်သား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2024/12/18/yl1-310/): ကချင်ပြည်နယ် တနိုင်းလီဒိုသွားလမ်းမပေါ်ရှိ  လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA ဂိတ်စခန်းတစ်ခုကို မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေသွားရောက်ခဲ့တာကြောင့် KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လဝါးဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ်ကျေးရွာဘက်ကနေ ကား ၂ စီးနဲ့ ဆင်းလာပြီး လဝါးကျေးရွာအထက်မှာရှိတဲ့ KIA ဂိတ်စခန်းစခန်းကို လာရောက်တိုက်ခိုက်ခဲ့ရာမှာ KIA ဘက်က ၄ ဦး အသက်သေဆုံးပြီး ၂ ဦးထက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝါးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မှန်ပါတယ် မနေ့ တစ်နေ့က ၉ နာရီခွဲလောက်မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ကား ၂ စီးနဲ့  ဗြုန်းကနဲ ဆင်းလာပြီး KIA ရဲ့ ဂိတ်စခန်းကို လာပစ်သွားတယ်။ အဲ့မှာ လေးယောက်က အသက်သေဆုံးသွားတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”လို့ပြောပါတယ်။ KIA  ဂိတ်နေရာတွေကို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အဖွဲ့တွေက ကား ၂ စီးထဲမှာ စစ်အင်အား ၁၀ ဦးခန့်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ အသက်သေဆုံးသွားတဲ့ KIA တပ်သား ၄ ဦးမှာ ဂိတ်မှာတာဝန်ကျနေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းကမှန်ကန်ပေမယ့် ပစ်ခတ်ခံရမှုအသေးစိတ်မသိရသေးဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ KIA ဂိတ်ကို လာပစ်တဲ့ အခြေအနေက ဒေသခံတွေပြောဆိုနေကြလို့သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်မှာ တရားဝင်အသေးစိတ်က ဘာမှပြောလာတာမရှိသေးဘူး။ ပြည်သူတွေပြောဆိုအရဆိုရင်တော့မှန်ကန်ပါတယ်”လို့ပြောပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် တစ်ကြော တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ အခုလို လာရောက်ပစ်ခတ်ပြီး KIA တပ်သား ၄ ဦးသေဆုံးမှုဖြစ်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေထိုင်တဲ့ ရှဒူးဇွပ်ကျေးရွာက နေအိမ်ကိုလည်း KIA တပ်တွေ သွားရောက်တိုခိုက်ခဲ့တာကြောင့် KIA ဘက်က ၄ ဦးထက်မနည်းအသက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း KIA တပ်တွေရှိတဲ့ ချောင်းဆုံ ရွှေမှော်အနီးရှိ ကနွယ်သူမှော်က KIA စစ်တပ်စခန်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် KIA တပ်သား ၂ ဦးအသက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ ၂၀၂၂ ဩဂုတ်လ အတွင်းမှာလည်း စံပြကျေးရွာက မင်းဇေသန့်ပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က သွားရောက်တိုက်မှုမှာလည်း KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ By – နော်ထွယ့်(ဟူးကောင့်) - [ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်](https://burmese.kachinnews.com/2024/12/18/zz1-191/): ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့်  ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ](https://burmese.kachinnews.com/2024/12/18/ld1-217/): ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ - [ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ ](https://burmese.kachinnews.com/2024/12/17/zz2-62/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ပူတာအိုမြို့မှာ ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်](https://burmese.kachinnews.com/2024/12/17/zz1-190/): ကချင်ပြည််နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့တယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ - [အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်ရှိနေ](https://burmese.kachinnews.com/2024/12/16/zz1-189/): နာဂလက်နက်ကိုင်ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်ပြီလို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်](https://burmese.kachinnews.com/2024/12/16/zm1-222/): ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ - [အင်းတော်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ](https://burmese.kachinnews.com/2024/12/13/am2-65/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ကစတင်လို့တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ - [ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ](https://burmese.kachinnews.com/2024/12/13/am1-212/): ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။ - [ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို](https://burmese.kachinnews.com/2024/12/12/am1-211/): ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [စန်းကားကျေးရွာမှာ  ၃ ရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံသူ ၄ ဦးထိရှိလာ](https://burmese.kachinnews.com/2024/12/12/dsa1-97/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့  တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ](https://burmese.kachinnews.com/2024/12/11/yl1-309/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။ - [ဗန်းမော်မြို့နဲ့မံစီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချပေးနေ](https://burmese.kachinnews.com/2024/12/11/zm1-221/): ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ - [တိုက်ပွဲပြင်းထန်‌နေတဲ့ ဗန်းမော်မြို့တွင်း အဆောက် အအုံတစ်ချို့ မီးလောင်နေ](https://burmese.kachinnews.com/2024/12/11/zz1-188/): ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်‌နေသလို မြို့ တွင်း အဆောက်အအုံ တစ်ချို့မီးလောင်နေတယ်လို့  သိရပါတယ်။ - [ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ](https://burmese.kachinnews.com/2024/12/11/zz1-187/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ - [ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့](https://burmese.kachinnews.com/2024/12/10/zz2-61/): ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄  ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား](https://burmese.kachinnews.com/2024/12/10/zz1-186/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။ - [အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို  သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2024/12/10/ld1-216/): ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ - [ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2024/12/09/zm1-220/): ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ - [ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်](https://burmese.kachinnews.com/2024/12/09/ld2-48/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ - [ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး](https://burmese.kachinnews.com/2024/12/09/ld1-215/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ](https://burmese.kachinnews.com/2024/12/06/dsa1-feature/): “လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။ - [မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့](https://burmese.kachinnews.com/2024/12/06/am1-210/): ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ](https://burmese.kachinnews.com/2024/12/06/yl1-308/): “လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။ - [မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား](https://burmese.kachinnews.com/2024/12/06/ld1-214/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [PSLF/ TNLA အနေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူတွေရဲ့အမြင်](https://burmese.kachinnews.com/2024/12/05/ld1-213/): ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုအခြေအနေနဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံပြည်သူအကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုမှုအနေနဲ့ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့တွေ့ဆုံဆွေးနွေးရန် အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ - [ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ](https://burmese.kachinnews.com/2024/12/05/zm1-219/): ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ - [ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ](https://burmese.kachinnews.com/2024/12/05/zm1-218/): ဗန်းမော်မြို့  ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2024/12/05/yl1-307/): ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ - [၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။](https://burmese.kachinnews.com/2024/12/05/yl-interv/): ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ](https://burmese.kachinnews.com/2024/12/04/zm1-217/): ကချင်ပြည််နယ် မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေပြောပါတယ်။ - [တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်](https://burmese.kachinnews.com/2024/12/04/am1-209/): ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ - [ဗန်းမော်- မံစီအကြားမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါး KIA ပိတ်ဆို့တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့သိမ်းပိုက်နိုင်](https://burmese.kachinnews.com/2024/12/04/yl1-306/): ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး  စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီးတော့ တပ်စခန်းတစ်ချို့ သိမ်းပိုက်ရရှိထားပြီလို့ KIA ရှေ့တန်း သတင်းအရင်းမြစ်ကနေ သိရပါတယ်။ - [လဝါးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများသလို တိုက်ပွဲကြောင့် ပြည်သူတွေ ပိတ်မိနေ](https://burmese.kachinnews.com/2025/04/02/yl1-345/): စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာ (Lawa Mare) မှာ စစ်ကောင်စီလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများပြီး တိုက်ပွဲကြောင့်ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဓါးပြတစ်ဦးဖမ်းဆီးရမိ](https://burmese.kachinnews.com/2025/04/02/dsa1-118/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဓားပြတစ်ဦးဖမ်းဆီးရမိတယ်လို့ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ - [KIO ခွင့်ပြုချက်နဲ့တရုတ်ကို မြေရှားတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့နီးစပ်သူတွေပြော](https://burmese.kachinnews.com/2025/04/02/am1-245/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တုတွေတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ - [လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေး](https://burmese.kachinnews.com/2025/04/01/yl3-15/): စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် တနိုင်းလီဒိုလမ်း လဝါးကျေးရွာမှာ(Lawa Mare) တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA က သွားရောက်ပစ်ခတ်မောင်းထုတ်လိုက်တယ်လို့ သိရပါတယ်။ - [စစ်ကောင်စီ လေယာဉ်ဗုံးကျဲလို့ KIA ထံ စစ်သင်တန်းတက် လူငယ် ၄၀ နီးပါးသေဆုံး](https://burmese.kachinnews.com/2025/04/01/yl2-86/): ကချင်ပြည်နယ် မိုးညှင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်သင်တန်းတက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ - [ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထိုင်းရောက်မြန်မာဘောလုံးဝါသနာရှင်များ ရန်ပုံငွေဘောလုံးပွဲကျင်းပ](https://burmese.kachinnews.com/2025/04/01/am1-244/): မြန်မာပြည်အလယ်ပိုင်းဒေသတစ်ချို့ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကိုရောက်နေတဲ့ မြန်မာလူငယ်ဘောလုံးဝါသနာရှင်တွေစုပေါင်းပြီးတော့ ရန်ပုံငွေရှာတဲ့ ဘောလုံးပွဲကျင်းပခဲ့ပါတယ်။ - [တိုက်ပွဲမရှိတဲ့ ဝိုင်းမော်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/04/01/yl1-344/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ငလျင်ဒဏ်သင့်ပြည်သူများတွက် KBC မှ ကျပ်သိန်း ၁,၅၀၀ မတည်‌ငွေနဲ့အတူ ကချင်လူထုများလည်းကူညီဆောင်ရွက်မှုပြုလုပ်နေ](https://burmese.kachinnews.com/2025/04/01/dsa1-117/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ငလျင်ဒဏ်သင့် ပြည်သူလူထုတွက် ကျပ်သိန်း ၁,၅၀၀ မတည်လှူဒါန်းမှုနဲ့အတူ ပြည်တွင်း၊ပြည်ပရှိ ကချင်လူထုများကလည်း ကူညီဆောင်ရွက်မှုတွေလုပ်နေတယ်လို့ KNG ကနေပြီးတော့ စုံစမ်းသိရှိရပါတယ်။ - [ငလျင်ဒဏ်သင့်ဒေသဆီ သွားတဲ့ ကချင်ပြည်နယ် ကူညီရေးအဖွဲ့ တော်လှန်ရေးလက်နက်ကိုင်တွေရဲ့ လမ်းပိုင်းပိတ်ဆို့မှု ကြုံနေရ](https://burmese.kachinnews.com/2025/03/31/am1-243/): ငလျင်ဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနဲ့မန္တလေးတို့ကိုကူညီဖို့သွားတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေကို လက်နက်ကိုင်တပ်တစ်ချို့ရဲ့ လမ်းပိုင်းပိတ်ဆို့တာတွေကြောင့် ခရီးနှောင့်နှေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။ - [နိုင်ငံတဝန်း ငလျင်‌ဘေးသင့်ချိန် ကချင်မှာ‌ စစ်တပ်ကလေကြောင်းအပြင် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေ](https://burmese.kachinnews.com/2025/03/31/yl2-85/): နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန် ကချင်ဒေသထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အပါ မြို့တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိ‌ပေမယ့် စစ်ကောင်စီဘက်က‌ လေကြောင်းတိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။ - [ငလျင်ဘေးသင့် ပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/03/31/yl1-343/): မြန်မာပြည်အလယ်ပိုင်းဒေသ ငလျင်ဒဏ်တဲ့ပြည်သူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့  တတ်နိုင်တဲ့လမ်းကြောင်းကနေ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ - [ငလျင်‌ဘေးသင့်ခဲ့တဲ့ ပြည်သူ‌တွေကို ကချင်ပြည်နယ်က လူမူကူညီရေးအဖွဲ့များက ကူညီရေးမှာပါဝင်သွားကြမယ်လို့ဆို](https://burmese.kachinnews.com/2025/03/30/am2-70/): စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် ငွေကြေးနဲ့ပစ္စည်းအင်အားဖြစ်စေ၊ လူအင်အားဖြစ်စေ တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီသွားဖို့ ပြင်ဆင်နေတယ်လို့ အကူညီပေးရေးဆောင်ရွက်‌ နေသူတွေပြောပါတယ်။ - [ငလျင်နောက်ဆက်တွဲ ကချင်၊ မန္တလေးနဲ့ စစ်ကိုင်း က တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးထဲပါသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်](https://burmese.kachinnews.com/2025/03/30/am1-242/): စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲမှာ မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အပါအဝင် မန္တလေးနဲ့စစ်ကိုင်းကတက္ကသိုလ်ဝင်စာမေးပွဲအခြေလွှာအားလုံးမီးထဲပါ သွားတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် မနေ့ညကဘဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ - [ကသာတိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမှာ အတင်းအဓ္ဓမတပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ချို့ပါဝင်](https://burmese.kachinnews.com/2025/03/27/am2-69/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ပင်လွတ်ကျေးရွာတစ်ဝှိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁ ဦး ထဲမှာ အတင်းအဓ္ဓမစစ်သားစုဆောင်းခံခဲ့ရတဲ့လူငယ်တစ်ချို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ - [လီဒိုလမ်းမကြီးပေါ် ခရီးသွားကားတွေကိုလူတစ်စုက ဓားပြတိုက်](https://burmese.kachinnews.com/2025/03/27/am1-241/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ သေနတ်နဲ့ဓားကိုင်ဆောင်ထားတဲ့လူတစ်စုက ခရီးသွားကားတွေကိုတားပြီး ဓားပြတိုက်ခဲ့တယ်လို့ ခရီးသွားတွေဆီကသိရပါတယ်။ - [ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေဖောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2025/03/27/am1-240/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအောက်ဘက်ကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ထိန်းချုပ်ဖို့ ပြည်သူ့စစ် နဲ့ စစ်ကောင်စီတပ် ကြိုးပမ်းလာ](https://burmese.kachinnews.com/2025/03/26/yl1-342/): ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဖားကန့်လမ်းပေါ်က ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး လဝါးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [မိုးရွာသွန်းမှုကြောင့် ပူတာအို - ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်](https://burmese.kachinnews.com/2025/03/26/zz2-63/): မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေပြတ်တောက်နေတယ်လို့သိရပါတယ်။ - [ဆွမ္မရာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ နာဂလူငယ် ၃၀ ဦးပြန်လွတ်လာ](https://burmese.kachinnews.com/2025/03/26/zz1-215/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့မှာ လက်နက် ကိုင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ နာဂ လူငယ်( ၃၀) ဦးပြန်လည် လွတ်မြောက်လာပြီလို့သိရပါတယ်။ - [ဝိုင်းမော်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုရှိ](https://burmese.kachinnews.com/2025/03/26/ld1-242/): ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ နဲ့ ၀ူယန်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ - [နွေရာသီ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ အခက်](https://burmese.kachinnews.com/2025/03/26/dsa1-116/): မြစ်ကြီးနားမြို့မှာ ဖုန်းအင်တာနက်လိုင်း ခက်ခဲမှုနဲ့ အတူ တစ်ဖက်မှာ လျှပ်စစ်မီးလုံလောက်စွာ မရရှိမှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ နေ့စဉ်ဘဝမှာ အခက်ခဲဆုံး ဖြတ်သန်းနေရပါတယ်။ - [မီတာကြေး အဆမတန်မြင့်တက်မှုအတွက် ပန်ဝါဒေသခံတချို့ မေးခွန်းထုတ်](https://burmese.kachinnews.com/2025/03/25/ld1-241/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်နေတဲ့ ကချင်–တရုတ် နယ်စပ် ပန်ဝါမြို့မှာ လျှပ်စစ် မီတာကြေး အရင်ကထက် ပိုလွန် ပေးဆောင်နေရမှုအတွက် ဒေသခံတချို့ မေးခွန်းထုတ်နေကြပါတယ်။ - [ဖားကန့်-ကာမိုင်း လမ်းပိုင်းမှာတိုက်ပွဲ ဖြစ်လို့ အတက်အဆင်းကားတွေ ပိတ်မိနေ](https://burmese.kachinnews.com/2025/03/24/zz1-213/): ကချင်ပြည်နယ် ဖားကန့်–ကာမိုင်းကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် အတက်အဆင်းကားတွေ ပိတ်မိ​နေတယ်လို့ သိရပါတယ်။ - [အခွန် စနစ်တကျကောက်ခံဖို့ ဖားကန့် ပြည်သူများ တောင်းဆို](https://burmese.kachinnews.com/2025/03/24/yl1-341/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အခွန်ကောက်ခံရာမှာ ပွင့်လင်းမြင်သာမှု နဲ့ စနစ်တကျဖြစ်မှုကို စံထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ - [ကချင်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/03/19/asa1-2/): ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ ထုတ်ပြန်ပါတယ်။ - [စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး](https://burmese.kachinnews.com/2025/03/19/yl2-84/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ - [ချီဖွေမှာ တာဝန်ကျတဲ့ KIO အုပ်ချုပ်ရေးဝန်ထမ်းတွေ ပြည်သူကို ငဲ့ညာဖို့ တောင်းဆို](https://burmese.kachinnews.com/2025/03/19/yl1-340/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တာဝန်ကျတဲ့ အုပ်ချုပ်ရေးတာဝန်ခံသူတွေအနေနဲ့ အရပ်သားဆက်ဆံရေးကို ကြိုးစားမြင့်တင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ - [အင်းတော်ကြီးဒေသမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေ](https://burmese.kachinnews.com/2025/03/19/zz1-214/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေ နဲ့ SNA စစ်ကောင်စီတပ် နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရကြောင်း သိရပါတယ်။ - [အင်းတော်ကြီးဒေသမှာ လုပ်ငန်းရှင်တွေနဲ့ SNA ပေါင်းပြီး လယ်ယာမြေပျောက်ကွယ်လို့နီးပါးအထိ ရွှေတူးဖော်နေ](https://burmese.kachinnews.com/2025/03/18/zz1-212/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ SNAနဲ့ လုပ်ငန်းရှင်တို့ပူးပေါင်းပြီး စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုဆိုးရွားလာတာကြောင့် လယ်ယာမြေကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆားမှော်ရွာအနီး စစ်ရေးတင်းမာနေတာကြောင့် တောင်သူများစိုက်ပျိုးရေးလုပ်ကိုင်ဖို့အခက်တွေ့](https://burmese.kachinnews.com/2025/03/17/dsa1-115/): ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်‌ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာမှုရှိနေတာကြောင့် ဆားမှော်ဒေသခံတောင်သူများ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုအရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့](https://burmese.kachinnews.com/2025/03/17/am1-239/): စစ်ကိုင်းတိုင်း‌ဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ - [ဝါရာဇွပ်ကျေးရွာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲခံရ](https://burmese.kachinnews.com/2025/03/14/yl1-338/): ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ်  မင်းဇေသန့် ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ဝါရာဇွပ်ကျေးရွာအနီး နမ်ဆိုင်ကျေးရွာ(Nam Sai Mare) ကို စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [ခြံမြေသိမ်းယူနေမှုကို ရပ်တန့်ပေးဖို့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဒေသခံတွေ တောင်းဆိုထား](https://burmese.kachinnews.com/2025/03/14/ld1-240/): ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒေသအာဏာပိုင်တချို့က ဒေသခံတွေ ပိုင်ဆိုင်တဲ့ ဘာသာရေးနယ်မြေ အပါအဝင် ခြံမြေကို မြေကွက်ရိုက် ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ - [ဝါရာဇွပ်ကျေးရွာက လူနေအိမ် ၁၆ လုံးခန့် မီးရှို့ဖျက်ဆီးခံရ](https://burmese.kachinnews.com/2025/03/14/yl1-339/): တနိုင်းသွား လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ လူနေအိမ် ၁၆ လုံးထက်မနည်း စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီးဆေးကုသနေရ](https://burmese.kachinnews.com/2025/03/13/zz1-211/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့ နေအိမ်တစ်အိမ် ဗုံးခွဲခံရအမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ](https://burmese.kachinnews.com/2025/03/13/am1-238/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်က နေအိမ်တစ်အိမ်ဗုံးခွဲခံရလို့ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ပူတာအိုက သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့တရားခံကိုကြိုးမိန့်ချမှတ်လိုက်တယ်လို့ဆို](https://burmese.kachinnews.com/2025/03/13/yl1-337/): ကချင်ပြည်နယ် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို မဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ တရားခံအမျိုးသားကို နေပြည်တော်တရားရုံးမှ ကြိုးမိန့်ချလိုက်တယ်လို့ သိရပါတယ်။ - [စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စစ်ဆေးနေဆဲလို့ဆို](https://burmese.kachinnews.com/2025/03/12/ld1-239/): လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက်အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ - [အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်မှာ အိန္ဒိယအစိုးရဘက်က တစ်ရက်လျှင် လူဦးရေ ၂၀ သာဝင်ခွင့်ပြု ](https://burmese.kachinnews.com/2025/03/11/zz1-210/): စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့  အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ဖွင့်ထားပေးပေမယ့် တစ်ရက်လျှင် လူဦးရေ ၂၀ ဦးသာဝင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာမှာ  စစ်တပ်က စက်တပ်လေထီးအသုံးပြုပြီး စစ်ရေးလေ့ကျင့်နေ](https://burmese.kachinnews.com/2025/03/11/zz1-209/): စစ်ကိုင်းဒေသကြီး ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းမှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စက်တပ်လေထီး (Paramotor) အသုံးပြုစစ်ရေးလေ့ကျင့်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်မှာ စစ်တပ်ဒရုန်း ၇ လုံး KIA ပစ်ချနိုင်ခဲ့ပြီး စကခ ၂၁ မှာ တိုက်ပွဲဆက်ဖြစ်နေ](https://burmese.kachinnews.com/2025/03/11/yl1-336/): နှစ်လအကြာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်ကနေ အပြင်အထန်ခုခံတိုက်ခိုက်နေတဲ့ ဒရုန်း ၇ စီး ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချပေးလိုက်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့တွင်း ညဥ့်နက်အချိန် အင်အားသုံး ဧည့်စာရင်းစစ်ဆေးမှုတွေရှိနေ](https://burmese.kachinnews.com/2025/03/11/am1-237/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း ညဥ့်နက်အချိန် ၁၂ နာရီဝန်းကျင်မှာ ရဲနှင့်စစ်သား အင်အား ၅၀ ခန့်အသုံးပြုပြီး ဧည့်စာရင်း စစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဧရာဝတီမြစ်ကမ်း ရွှေတူးဖော်မှုကိုတားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ပြတောင်းဆိုမှု အကြောင်းမပြန်](https://burmese.kachinnews.com/2025/03/11/ld1-238/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုနဲ့သဲကျောက်ထုတ်ယူမှုတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒေသခံတွေစာတင်ပြတောင်းဆိုထားပေမယ့် တစ်လခန့်ကြာလာတဲ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာ](https://burmese.kachinnews.com/2025/03/10/est1-2/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းနေရာတစ်ချို့မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို ရှောင်တခင်တားဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ - [တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ](https://burmese.kachinnews.com/2025/03/10/zz1-208/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ](https://burmese.kachinnews.com/2025/03/10/dsa1-intrev/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ - [KIA မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်တပ်အမြစ်ဖြတ် ချေမှုန်းရေး စစ်ဆင်ရေး တစ်နှစ်ပြည့်](https://burmese.kachinnews.com/2025/03/07/am1-236/): ကချင်ပြည်နယ်မှာ အရှိန်အဟုန်နဲ့စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်ရေးဟာ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာပဲ တစ်နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ - [ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ တိုက်ခိုက်](https://burmese.kachinnews.com/2025/03/07/yl1-335/): ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်း(Lido Lam) ရှဒူးဇွပ်ကျေးရွာ (Jahtuzup) ဒေသ ဝခါး(Wahka)မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းရဲ့ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦး‌ဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [တအောင်း(ပလောင်) နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် သည်းခံဖို့လိုတယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/03/07/ld1-237/): တအာင်း (ပလောင်) နဲ့ ကချင်မျိုးနွယ်စုဆိုတာ ရှေးယခင်က အတူယှဉ်တွဲနေထိုင်လာပြီးတော့ တော်လှန်ရေးခရီးကို အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာကြောင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေ ဒီထက် မကြီးထွားလာစေဖို့ သည်းခံခြင်းနဲ့ သွားရမယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ - [ဖားကန့်ပြည်သူတွေ ဗုံးခိုကျင်း ပြင်ဆင်ထားဖို့ KIA ညွန်ကြား](https://burmese.kachinnews.com/2025/03/06/yl1-334/): ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေမှာ ကတုတ်ကျင်း ပြင်ဆင်ထားဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားတယ်လို့ သိရပါတယ်။ - [မုံရွာ-ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့်ပိတ်ထားတယ်လို့ဆို](https://burmese.kachinnews.com/2025/03/06/zz1-207/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ မကြာသေးခင်က ပြန်လည်ဖွင့်ပေးထားတဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းသွားလာခွင့်ကို ထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်တပ် သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ](https://burmese.kachinnews.com/2025/03/05/ld1-236/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့် ( MNDAA) တပ်ကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေသေနတ်ပစ်ခတ်ခံရပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၄ ဦး စုစုပေါင်း ၆ ဦးသေဆုံးကာ၊ နောက်ထပ် ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ချီဖွေ၊ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ](https://burmese.kachinnews.com/2025/03/05/est1/): ကချင်ပြည်နယ် ချီဖွေ၊ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံထားရ](https://burmese.kachinnews.com/2025/03/05/dsa1-114/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။ - [KIO နယ်မြေမှာ ကလေး ကာကွယ်ဆေးထိုးနိုင်မှု အခွင့်အလမ်း နည်းပါး နေဆဲ](https://burmese.kachinnews.com/2025/03/05/yl1-333/): ကချင်ပြည်နယ်က မြို့တချို့မှာ မွေးကင်းစအရွယ် ကလေးငယ် ကနေ အသက် ၉ နှစ်အရွယ်အထိ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ခက်ခဲသွားတဲ့အတွက် ကာကွယ်ရေးထိုးနိုင်ဖို့ သွားလာရေးခရီးစရိတ်က အလွန်များတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မြစ်ကြီးနားမြို့ အမှိုက်ပုံမှာ ‌အမျိုး သမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2025/03/04/dsa1-113/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့  မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ - [အရေးပေါ်အကူညီလိုအပ်နေတဲ့ သတင်းသမားတွေကို ထောက်ပံ့သွားမယ်လို့ IPCM ကြေညာ](https://burmese.kachinnews.com/2025/03/03/am1-235/): သတင်းမီဒီယာလုပ်ငန်းကနေ ရပ်နားထားပြီး၊ လက်ရှိအခြေနေအရ စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းမီဒီယာသမားတွေကို ကူညီထောက်ပံ့မယ်လို့ IPCM က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ကြေညာပါတယ်။ - [မြစ်ကြီးနား-မန္တလေး လမ်းပိုင်းခရီးစဥ် တိုက်ပွဲကြောင့် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်လာ](https://burmese.kachinnews.com/2025/03/03/am1-234/): စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ခရီးစဥ် ၅ ရက် ဝန်းကျင်အထိ ကြာမြှင့် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။ - [လန်ဆယ်ဒေသမှာ ဒေသခံ နဲ့ ကုမ္ပဏီတွေအထိ ရွှေတူးဖော်ခွင့်ပြုဖို့ KIO စီစဉ်](https://burmese.kachinnews.com/2025/02/28/ld1-235/): ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသကို လိုအပ်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေ နဲ့ ပူးပေါင်းကာ ရွှေတူးဖော်သွားဖို့ အစီစဉ် ရှိသလို ဌာနေဒေသခံတွေနဲ့ ပြည်သူတွေကိုလည်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ - [မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ](https://burmese.kachinnews.com/2025/02/27/ld1-234/): ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။ - [ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ](https://burmese.kachinnews.com/2025/02/27/yl1-332/): လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ - [ကူညီမှုများ ရပ်တန့်ခြင်းနဲ့ ကချင်ဒေသ ကျန်းမာရေး နဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှု](https://burmese.kachinnews.com/2025/02/27/dsa1-112/): “နဂိုကတည်းက အကူအညီတွေ တုန်တုန်ရီရီနဲ့ဘဲ ရောက်လာတဲ့ကြားက ပြန်ရုပ်သိမ်းမယ်ဆိုတော့ ကျွန်မတို့ဒေသမှာ တွေးကြည့်ရုံနဲ့တင် သိရှိနိုင်လည်နိုင်မယ်လို့ ထင်တယ် ဘယ်လောက်ထိ ခက်ခဲလာနိုင်တယ်ဆိုတာ”ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် (San Htoi) ပြောတာပါ။ - [သည်းထိပ်ဖွယ် ကလေး ၃ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို KIO အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ ဒေသခံများ တောင်းဆို](https://burmese.kachinnews.com/2025/02/26/ld1-233/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကို ထိရောက်စွာ စစ်ဆေး အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ - [ပူတာအို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လို့ ဆေးကုစရိတ် အကုန်ကျ များနေ](https://burmese.kachinnews.com/2025/02/26/zz1-206/): ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေး ယာဥ် ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်စိမ်းနဲ့ အသားငါး ပုပ်သိုး](https://burmese.kachinnews.com/2025/02/26/am1-233/): မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပိတ်ထားတာတစ်ပတ်နီးပါးရှိလာတာနဲ့အမျှ ယာဥ်တန်း ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်တင်ဆောင်လာတဲ့ ကုန်စိမ်းနဲ့ စားသောက်ကုန်တစ်ချို့ပုပ်သိုးသွားတယ်လို့ ကားသမားတွေက ပြောပါတယ်။ - [အမေရိကန် မူဝါဒအပြောင်းအလဲကြား မလေးရှားရောက် ကချင်ဒုက္ခသည်များ အခြေအနေ မေးမြန်းချက်](https://burmese.kachinnews.com/2025/02/26/dsa1-interv2/): မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ စောင့်ဆိုင်းနေတဲ့  မြန်မာနိုင်ငံသားအများအပြားရှိပြီး သူတို့ထဲမှာ တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေရှိသလို တရားမဝင် ပုံစုံမျိုးနဲ့ နေထိုင်ပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ - [မန်တုံ KIA တပ်စခန်း နဲ့ တိုက်နယ်ရုံးတွေကို TNLA ဆက်တိုက် စီးနှင်းသိမ်းပိုက်](https://burmese.kachinnews.com/2025/02/25/ld1-232/): မန်တုံ– မိုးမိတ်သွားလမ်းပေါ်ရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော TNLA က အင်အားနဲ့ ဝင်စီးပြီး  တပ်စခန်းနဲ့ ရုံးနေရာတစ်ခုပြီး တစ်ခုကို သိမ်းပိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်](https://burmese.kachinnews.com/2025/02/25/am1-232/): စစ်ကိုင်း–ကချင်အစပ် ကသာမြို့နယ်က ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နေအိမ် ၃ လုံးပျက်ဆီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မြစ်ကြီးနား-မန္တလေး ခရီးစဥ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကားသမားတွေ အကြံပြု](https://burmese.kachinnews.com/2025/02/24/am1-231/): မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ နဲ့ ကာကွယ်ရေးတပ်တွေက စစ်သားစုဆောင်းရေး အပြင်းအထန် ပြုလုပ်နေတဲ့အတွက် တစ်စုံတစ်ရာအရေးကြီးကိစ္စမရှိဘဲ ခရီးမသွားကြဖို့ ကားသမားတွေက ပြောပါတယ်။ - [စစ်ကိုင်း - ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ](https://burmese.kachinnews.com/2025/02/24/am-indep1/): စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ - [KSCU တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်မှာ ကျောင်းသား ၂၀၀ နီးပါး ဘွဲ့ရယူ](https://burmese.kachinnews.com/2025/02/24/dsa1-111/): ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် KSCU ကျောင်းတတိယအကြိမ်မြောက် ဘွဲနှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့ မှာ ဖေဖော်ဝါရီလ ၂၂ ရက်‌နေ့က လုပ်ဆောင်ခဲ့တယ်လို့ KSCU ဒုတိယ အဓိပတိ ဒေါက်တာအောင်နိုင်သူက KNG ကို ပြောပါတယ်။ - [ရွှေကူ နဲ့ မံစီမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/02/24/zz1-205/): ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ရွှေကူမြို့နယ် နဲ့ မံစီမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။ - [အောင်လအင်ဆန် ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသားကို ပထမအချီမှာ ရှုံးနိမ့်](https://burmese.kachinnews.com/2025/02/21/am1-230/): မြန်မာနိုင်ငံရဲ့ သိုင်းပေါင်းစုံ(MMA)ကစားသမားတစ်ဦးဖြစ်တဲ့ အောင်လအင်ဆန်ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့  ညမှာကျင်းပခဲ့တဲ့ One Championship 171 ပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နဲ့ ထပ်မံထိုးသတ်တဲ့ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ - [ဝါရာဇွပ်ကျေးရွာအတွင်း မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်နေ](https://burmese.kachinnews.com/2025/02/20/yl1-331/): တနိုင်းသွား လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဒရုန်းနဲ့ပစ်ခတ်နေတာ ၁၇ ကြိမ်ထက်မနည်း ရှိလာပြီလို့ ဒေသခံတွေပြောပါတယ်။ - [စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှာ ကလေးအပါအဝင် အရပ်သားသေဆုံး ထိခိုက်မှု များပြား](https://burmese.kachinnews.com/2025/02/20/dsa1-110/): ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာ စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေ ကနေ သိရပါတယ်။ - [နေရပ်မပြန်နိုင်သေးတဲ့ ဂျပူကျေးရွာမှာ စက်ယန္တရားနဲ့ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်](https://burmese.kachinnews.com/2025/02/20/ld1-231/): ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်လာတဲ့အတွက် အခြားကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားသကဲ့သို့ ကြုံတွေ့ရမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။ - [TNLA နဲ့ စစ်ကောင်စီ တို့ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီမှု မရဘဲ အဆုံးသတ်](https://burmese.kachinnews.com/2025/02/19/ld1-230/): တရုတ်ကြားဝင်မှုဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် PSLF/ TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူ ရလဒ်မရရှိပဲ ဆွေးနွေးမှုအဆုံးသတ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ - [အိန္ဒိယ အရိုနာချာပရာဒေ့ရှ် မှာ Shapawng Yawng မနောင်ပွဲတော် ပြုလုပ်](https://burmese.kachinnews.com/2025/02/19/ld1-229/): အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အရိုနာချာပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ် ၊ နမ်ဆိုင်း (Namsai) ခရိုင်၊ နမ်ဂို (Namgo) ကျေးရွာမှာ India Singpho (ကချင်) လူထု ဦးဆောင်ပြီး Shapawng Yawng Manau Poi (ရှပေါင်ယောင်မနောင်ပွဲကြီး) ကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။ - [ဗန်းမော် အမတ ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုကို KIA သိမ်းပိုက်ပြီး စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2025/02/19/y-2/): ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်း နှစ်ခုကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် စကခ ၂၁ မှာ နှစ်ဖက်တပ်က တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ - [ဝိုင်းမော်မြို့ မှာ အသက်၁၅ နှစ်အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုတ်ခံရပြီး ရေတွင်းထဲ သေဆုံးနေ](https://burmese.kachinnews.com/2025/02/19/dsa1-109/): ဝိုင်‌မော်မြို့ ၊ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာ အသက် ၁၅ အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုပ်ခံရတဲ့ အနေအထားနဲ့ ရေတွင်းထဲ သေဆုံးနေတယ်လို့  မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ရွှေကူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထား](https://burmese.kachinnews.com/2025/02/18/zz1-204/): ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး မြို့ဝင်မြို့ထွက်နေရာတွေကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ - [ဗန်းမောက်မြို့နယ်ထဲက စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်က ပြန်သိမ်းပိုက်](https://burmese.kachinnews.com/2025/02/18/am1-229/): စစ်ကိုင်း–ကချင်အစပ်၊ ဗန်းမောက်မြို့နယ်၊ ၅၇၁ ပွိုင့်အမည်ရှိတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်နှစ်ကျော် အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။ - [စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဝါရာဇွပ်ဒေသခံတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/02/18/yl1-330/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ - [ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ လေး ရွာ ထွက်ပြေး တိမ်းရှောင်နေရ](https://burmese.kachinnews.com/2025/02/17/zz1-203/): စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း လေး ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။ - [အင်းတော် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်](https://burmese.kachinnews.com/2025/02/17/am1-228/): စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ - [တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ](https://burmese.kachinnews.com/2025/02/14/ld1-228/): ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့က စတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လ ပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး](https://burmese.kachinnews.com/2025/02/14/yl1-329/): မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။ - [အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ](https://burmese.kachinnews.com/2025/02/13/am1-227/): စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [“ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး” အခြေခံချည်းကပ်မှုဖြင့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမည်ဟု ထုတ်ပြန်](https://burmese.kachinnews.com/2025/02/12/am2-68/): “ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” ကို အခြေခံတဲ့ချည်းကပ်မှုနဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းသွားမယ်လို့ စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ ပါဝင်တဲ့ ပူးတွဲကြေညာချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ - [၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ နဲ့ ကချင်လူထုအမြင်](https://burmese.kachinnews.com/2025/02/12/dsa1-108/): ဖေဖော်ဝါရီလ ၁၂ ရက် မှာ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပြီး တောင်တန်းဒေသနဲ့ ပြည်မ စုပေါင်းပြီးတော့ ဗြိတိသျှ အစိုးရ ကနေ လွတ်လပ်ရေးအတူရယူဖို့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ ဖြစ်ပါတယ်။ - [ဘန်ရှောင် ကျေးရွာထဲ KIO ရုံးတည်ဆောက်မှုကို UWSA ကန့်ကွက်ပြီး၊ ဒေသခံတွေက UWSA ကို ပြန်လည်ကန့်ကွက်](https://burmese.kachinnews.com/2025/02/12/ld1-227/): လားရှိုးမြို့နယ်၊ မိုင်းယော် (Mungyaw) ကျေးရွာအနီး၊ ဘန်ရှောင်ကျေးရွာ (Bangshau mare) မှာ KIO ရုံးတည်ဆောက်မှုကို UWSA တပ်ဖွဲ့နဲ့ TNLA က တားဆီးပိတ်ပင်နေသလို ဘန်ရှောင်ဒေသခံတစ်ချို့ကလည်း UWSA ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ - [ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/02/12/yl1-328/): ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။ - [တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ](https://burmese.kachinnews.com/2025/02/12/am1-226/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် OKFA စခန်းဟောင်းမှာ မနောင်ပွဲ ကျင်းပ](https://burmese.kachinnews.com/2025/02/12/am1-225/): ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ထိုင်း–မြန်မာ နယ်စပ် ထမ်းငေါ့ (Htam Ngawp) တောင်ပေါ်မှာ ကချင်အမျိုးသားတော်လှန်ရေးနေ့ ၆၄ နှစ်မြောက် နဲ့ Office of Kachin Foreign affairs Camp OKFA မနောင်ကျင်းပခဲ့ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ရိုးရာမနောင်ပွဲ ပြန်လည် ကျင်းပခဲ့ပါတယ်။ - [ပူတာအို မြို့တွင်းမှာ အစစ်အဆေး တင်းကြပ်](https://burmese.kachinnews.com/2025/02/11/zz1-202/): ပူတာအိုမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေ ယခင်ထက် ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့ကို KIA က ဖမ်းဆီးရမိပြီး တပ်နဲ့ စခန်းတွေကိုလည်း သိမ်းပိုက်ရရှိ](https://burmese.kachinnews.com/2025/02/11/yl1-327/): ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [မြစ်ဆုံ ဒေသမှာ စစ်ကောင်စီ နဲ့ KIA စစ်ရေးတင်းမား](https://burmese.kachinnews.com/2025/02/10/ld1-226/): မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်အင်အား အများအပြားဝင်ရောက်လာပြီး အင်ခိုင်ဘွမ့်တောင်ခြေ တောလမ်းကတဆင့် ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/02/10/am1-224/): ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ - [မိုးညှင်းမြို့မှာ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ](https://burmese.kachinnews.com/2025/02/07/zm1-228/): ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်လက်‌အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်လာတယ်လို့ မိုးညှင်းမြို့ပြည်သူတွေဆီကနေ သိရပါတယ်။ - [နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ](https://burmese.kachinnews.com/2025/02/07/zz1-201/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ - [မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/05/20/dsa1-135/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၅ ရက်အတွင်း မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ စစ်တပ်က ဒရုန်းအလွန်ကျွံတိုက်ခိုက်မှုကြောင့် မြို့သိမ်းဖို့ ကြန့်ကြာနေ](https://burmese.kachinnews.com/2025/05/20/yl1-362/): ငါးလခန့်ကြာမြင့်လာတဲ့ ဗန်းမော်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဘက်က မြို့သိမ်းနိုင်ဖို့ အပြင်းထန်ကြိုးစားနေ‌ပေမယ့် စစ်တပ်ရဲ့ ဒရုန်းအလွန်အကျွံပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် မြို့အပြီးသတ်သိမ်းနိုင်ဖို့ ကြန့်ကြာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ - [မိုင် ၄၀ ကျော်ကွင်းလမ်း ဆိုးဆိုးဝါးဝါးပျက်စီးနေလို့ မြစ်ကြီးနားတက်တဲ့ကားများ ပိတ်မိနေ](https://burmese.kachinnews.com/2025/05/20/am1-262/): စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မြို့သိမ်းတိုက်ပွဲအပြီးမှာ အင်းတော်မြို့နယ်လမ်းပိုင်းကိုကာကွယ်‌ရေးတပ်ဘက်က ပြန်ဖွင်ပေးခဲ့ပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုဆက်လက်အသုံးပြုနေရဆဲလို့ ကားသမားတွေကပြောပါတယ်။ - [ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်း ခိုးယူနေ](https://burmese.kachinnews.com/2025/05/19/yl1-361/): ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယားကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကို ကားအကြီးတွေနဲ့ ခိုးယူသယ်ထုတ်နေတယ်လို့ သိရပါတယ်။ - [အမျိုးသားတစ်ဦး သစ်ပင်ကို ဆိုင်ကယ်ဝင်တိုက်မိပြီး ပွဲချင်း ပြီးသေဆုံး](https://burmese.kachinnews.com/2025/05/19/dsa1-133/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရင်း သစ်ပင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ကားတိုက်ခံရတဲ့ ဖခင် အရေးပေါ်ခန်းမှာ သတိမေ့မျောနေဆဲ ဖြစ်တဲ့အတွက် သားဖြစ်သူကို ဖခင်မပါဘဲ သင်္ဂြိုလ်လိုက်ရ](https://burmese.kachinnews.com/2025/05/19/dsa1-132/): မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၄ ရက်ခန့်က ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူလည်း ဒဏ်ရာဖြင့် ဆေးရုံမှာ သတိမေ့မျောနေဆဲ အခြေအနေကြောင့် ဖခင်မပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီ သိရပါတယ်။ - [လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော](https://burmese.kachinnews.com/2025/05/17/dsa1-131/): စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေး သူငယ်အများအပြား သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။ - [နောင်မွန်မြို့အဝင် ကဆန်ချောင်းမှာ စက်ယန္တရားကြီးဖြင့် ရွှေအလွန်အကျွံတူးဖော်နေ](https://burmese.kachinnews.com/2025/05/16/zz1-237/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့အဝင်ရှိ ကဆန်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေ အလွန်အကျွံလုပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။ - [အင်းတော်ကြီးဒေသကို စစ်ကောင်စီ ပူးပေါင်းတပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေဆဲ](https://burmese.kachinnews.com/2025/05/16/zz1-236/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [KIO ဥက္ကဋ္ဌ ဟောင်း ဦးလညော် ဇောင်းဟရား ကွယ်လွန်](https://burmese.kachinnews.com/2025/05/15/yl1-360/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား (Salang Kaba Lanyaw Zawng Hra) မှာ ဒီကနေ့ မေလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ - [စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ](https://burmese.kachinnews.com/2025/05/15/dsa1-130/): ဝိုင်းမော်မြို့ စန်းကားစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အများအပြား ဖောက်ထွင်းခံ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2025/05/15/am1-261/): စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ - [အင်းတော်ကြီးမှာ KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2025/05/14/zz1-235/): ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA ပူး‌ပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံဆီက‌နေ သိရပါတယ်။ - [ဖားကန့် ဒေသကို စစ်တပ်က စစ်မျက်နှာ ၃ ခုကနေထိုးစစ်ဆင်နေဆဲ](https://burmese.kachinnews.com/2025/05/13/yl1-359/): ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ - [စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့၂မြို့ကို ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2025/05/13/am1-260/): စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက မော်လူးမြို့နဲ့ထီးချိုင့်မြို့တွေကို စစ်ကောင်စီတပ်က မနေ့က မေလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပဲ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်း သိရပါတယ်။ - [နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ](https://burmese.kachinnews.com/2025/05/13/zz1-234/): ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက် ပို့ဖို့ပြင်‌ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ - [ဗလမင်းထင်တံတားအောက် ရွှေတူးဖော်မှု ဆိုးဆိုးရွားရွားလုပ်ဆောင်နေ](https://burmese.kachinnews.com/2025/05/13/ld1-248/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက်မှာ ကုမ္ပဏီကြီးတွေအပါအဝင် လက်လုပ် လက်စားရွှေတူးဖော်မှု ဆိုးဆိုးရွားရွားမြင်တွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ကသာနယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်း ပြန်စီစစ်ပေးဖို့ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2025/05/13/am1-259/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်းတွေမြင့်တက်လို့ ကူးတို့ဖြတ်သန်းအသုံးပြုနေတဲ့ ဒေသခံတွေသွားလာရေးအခက်ကြုံနေရပြီး ကူးတို့ဆိပ်လေလံနှုန်းထားတွေကိုပြန်လည်စီစစ်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ - [မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်](https://burmese.kachinnews.com/2025/05/13/zz1-233/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ - [ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား](https://burmese.kachinnews.com/2025/05/12/dsa1-129/): ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က KNGကိုပြောပါတယ်။ - [ပူတာအိုမှာအိမ်ငှားခစျေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2025/05/10/zz1-232/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ အိမ်ငှားခတွေ ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ](https://burmese.kachinnews.com/2025/05/10/am1-258/): စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်လောက်ကနေ စတင်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အဲ့ဒီဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ - [တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ](https://burmese.kachinnews.com/2025/05/09/yl1-358/): ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ - [ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြော](https://burmese.kachinnews.com/2025/05/09/zm1-233/): ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ - [RFA မြန်မာပိုင်းအစီစဥ်များရပ်နား](https://burmese.kachinnews.com/2025/05/09/am1-257/): ရန်ပုံငွေမသေချာမရေရာမှုတွေကြောင့် လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီစဥ်ထုတ်လွှင့်မှုတွေကို ရပ်နားထားရ တော့မှာဖြစ်ကြောင်း ဒီကနေ့မေလ ၉ ရက်နေ့မနက်ပိုင်းမှာဘဲ RFA Burmese ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်အသိပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ RFA မြန်မာပိုင်းအစီစဥ်ကိုအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး တစ်နေ့နေ့မှာတော့ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာမယ်လို့အလေးအနက်မျှော်လင့်ကြောင်းဆိုခဲ့ပါတယ်။ “ပရိသတ်များအားလုံးကိုဝမ်းနည်းစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။ RFA ကိုအားပေးတဲ့ မြန်မာပြည်သူပရိသတ်တွေ မရှိဘဲ RFA ဆိုတာဖြစ်တည်လာစရာအကြောင်းမရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ကူညီမှုတွေကြောင့်ပဲ ပြည်သူတွေရဲ့အကြောင်း တွေကို RFA အနေနဲ့ တင်ပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်”စတဲ့ Narration ကို RFA ရဲ့ဌာနမှူးဦးကျော်ကျော်အောင်ကရေရွတ်ကာ RFAရဲ့ မြန်မာပိုင်းအစီစဥ်ရပ်နားရတော့မယ့် အကြောင်းအသိပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တက်လာပြီးတဲ့နောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်နားခဲ့ရတာအပါ RFA ကလည်း သတင်းထုတ်လွှင့်မှုတွေကို အကန့်အသတ်နဲ့ထုတ်လွှတ်ခဲ့ရာကနေ ဒီကနေ့မှာတော့အပြီးရပ်နားကြောင်း ကြေညာလာတာဖြစ်ပါတယ်။ “ငယ်ငယ်တုန်းကတည်းကနေ။ နှစ်ပေါင်းများစွာကတည်းကနေပြီးတော့ BBC တို့ VOA၊ RFA တို့ကို နားထောင်ခဲ့ရတာ။ အခုတော့ဘာမှမသိရတော့ဘူး။ ကျနော်မှတ်မိသလောက်ဆိုရင် အသက် ၄၀ ကျော်လောက်တည်းက နားထောင်ခဲ့တာ။ ရင်ထဲမှာဘယ်လိုကောင်းမလဲ။ ကျနော်တို့ဆိုရင် သူတို့ကိုအားကိုးပြီးမှ သတင်းမှန်ကိုသိခဲ့ရတာ ။ ကျနော်တို့နိုင်ငံမှာက သတင်းအမှန်မှမသိခဲ့ရတာ။ သူတို့ကိုပဲအားကိုခဲ့ရတာ” အသက် ၇၀ ဝန်းကျင်အရွယ် RFA ပရိသတ်တစ်ဦးကဝမ်းနည်းကြောင်း KNG ကိုပြောပါတယ်။ RFA မြန်မာသတင်းဌာနဟာ ၁၉၉၆ ခုနှစ်ကတည်းကလွတ်လပ်တဲ့သတင်းဌာနအဖြစ်ရပ်တည်လာခဲ့တဲ့ သက်တမ်း ၃၀ နီးပါးရှိပြီဖြစ်တဲ့ သတင်းဌာနကြီးတစ်ခုဖြစ်သလို မြန်မာနိုင်ငံလို စစ်အာဏာရှင်ကြီးစိုး သတင်းအမှောင်ချခံခဲ့ရချိန်မှာ မြန်မာပြည်တစ်ဝှမ်း ပြည်သူတွေအတွက်အားကိုးရာသတင်းဌာနတစ်ခုဖြစ်ခဲ့တာအမှန်ပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ကျရောက်တဲ့ မေလ ၃ ရက်နေ့မှာဘဲ သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်တဲ့ Tachileik … - [နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ](https://burmese.kachinnews.com/2025/05/09/dsa1-128/): မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။ - [ရေမဆေးကျောက်ရှာပြီး ငလျင်ဒဏ်သင့်စစ်ကိုင်းမြို့အတွက် ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်း](https://burmese.kachinnews.com/2025/05/08/zz1-231/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရွာက ရေမဆေးသမားများ ရေမဆေးကျောက်ရှာပြီး ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်းနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ နေအိမ်‌ ဖောက်ထွင်းတဲ့ သူခိုးတစ်ဦးဖမ်းဆီးရမိ](https://burmese.kachinnews.com/2025/05/08/ame1/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်း ဖုန်းဝင်ခိုးတဲ့ သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ - [စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား - တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများအခက်ကြုံ](https://burmese.kachinnews.com/2025/05/07/zz1-230/): ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်းလီဒိုလမ်းမတစ်‌လျှောက် KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိနေသေးတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ - [နန်းယွန်းမှာ စစ်တပ်ကအင်အားဖြည့်နေ](https://burmese.kachinnews.com/2025/05/07/zz1-238/): စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ ‌‌‌‌စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/05/07/zm1-232/): မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊‌ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ - [ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ](https://burmese.kachinnews.com/2025/05/06/zm1-234/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လုံရှာယန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ](https://burmese.kachinnews.com/2025/05/06/zz1-239/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ - [ငလျင်ဒဏ်သင့်ပြည်သူတွေ နောက်ဆက်တွဲကျန်းမာရေးပြသာနာ ဘာတွေရှိနေလဲ](https://burmese.kachinnews.com/2025/05/06/dsa1-134/): စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ ဒဿမ ၇ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။ - [KIO နှင့် PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီး ဖြစ်ကြောင်း TNLA ပြော](https://burmese.kachinnews.com/2025/05/05/kio-and-pslf/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီးကြောင်း မေလ ၄ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။ - [ရှစ်လကြာ ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနား ဗျူဟာကားလမ်းမကြီး ပြန်ဖွင့်](https://burmese.kachinnews.com/2025/05/05/indaw-myitkyina-road/): ကချင်-စစ်ကိုင်းအစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ရှစ်လကြာပိတ်ထားခဲ့ရတဲ့ မြစ်ကြီးနား -မန္တလေးဗျူဟာ လမ်းမကြီး ပြန်ဖွင့်လိုက်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် သိရပါတယ်။ - [ဆားမှော်ဒေသခံတွေရဲ့ တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေး](https://burmese.kachinnews.com/2025/05/02/dsa1-127/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ နှစ်လနီးပါးပိတ်ခံထားရတဲ့ ဒေသခံတွေရဲ့တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ - [မိုးရွာသွန်းမှု‌ကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး](https://burmese.kachinnews.com/2025/05/02/zz1-229/): ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။ - [အခွင့်အရေးထက် အလုပ်အကိုင်ကို အလေးထားနေရတဲ့ မြန်မာ အလုပ်သမားများ](https://burmese.kachinnews.com/2025/05/01/am1-256/): ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားအခွင့်အရေးအပြည့်အဝ ရရှိဖို့ တောင်းဆိုနေကြချိန် မြန်မာလူထုတွေဟာ အလုပ်အကိုင်ရရှိရေးအတွက် မြန်မာအလုပ်သမား တရားဝင် လက်ခံခြင်းမရှိတဲ့ တရုတ် အပါအဝင် အိမ်နီးချင်း နဲ့ ပြည်ပနိုင်ငံအတော်များများမှာ အခွင့်အရေးအပြည့်အဝ မရရှိဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေကြရပါတယ်။ - [မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပျက်စီး](https://burmese.kachinnews.com/2025/05/01/dsa1-126/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ - [အင်းတော်ကြီးမှာ SNA တပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေ](https://burmese.kachinnews.com/2025/05/01/zz1-228/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ စစ်ကောင်စီပူးပေါင်းတပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေလို့ ပြည်သူများသွားလာရေးမှာ အခက်ကြုံနေတယ်လို့ ဒေသခံ တွေပြောပါတယ်။ - [KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအထိ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းတွေ ပြန်လည် ရောက်ရှိလာ](https://burmese.kachinnews.com/2025/05/01/yl1-357/): ဖားကန့်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ နန့်ယားကျေးရွာ မရောက်မှီ အွမ်ကျေးရွာ (Um Mare)  ဆုတောင်းကုန်းနေရာမှာ တပ်စွဲလိုက်ပြီး စစ်ကြောင်းဆက်လက်ချီတက်နိုင်ရန်အတွက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနား - မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး](https://burmese.kachinnews.com/2025/05/01/am1-255/): စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ - [စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒေက အမျိုးသမီးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ](https://burmese.kachinnews.com/2025/04/30/dsa1-125/): စစ်ကောင်စီကနေပြီးတော့ ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် လူငယ်တွေကို စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာဟာ ၂၀၂၅ဧပြီလ ထိဆိုရင်အပတ်စဉ် ၁၂ထိ ရှိလာပြီဘဲ ဖြစ်ပါတယ်။ - [ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2025/04/30/am1-254/): စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ - [စစ်ရေးအခြေနေကြောင့် လီဒိုလမ်းမပေါ်ရှိ ရွာများ လယ်လုပ်ဖို့အခက်ကြုံ](https://burmese.kachinnews.com/2025/04/30/ld1-247/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်လျှောက် စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာဒေသခံတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။ - [မြစ်ကြီးနားမြို့ ဧရာဦးပန်းခြံထဲ အမျိုးသားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/04/30/dsa1-124/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဦးပန်းခြံမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံး‌နေတဲ့ ရုပ်အလောင်း တွေ့ရှိတယ်လို့ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဗန်းမော်မြို့တွင်း သီရိရတနာစျေးအပါအဝင် လူနေအိမ်အများအပြား မီးလောင် ပျက်စီးနေ](https://burmese.kachinnews.com/2025/04/30/yl1-356/): မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ မြို့အထင်ကရ သီရိရတနာ နံနက်စျေးကြီး ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့အထိ မီးလောင် ပျက်စီးနေဆဲဖြစ်သလို အရပ်သားနေအိမ် အများအပြားလည်း ဆက်ပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသသတင်းအရင်းအမြစ် တွေကနေ သိရပါတယ်။ - [မြစ်ဆုံအထက် တန်ဖရဲရွာမှာ စစ်တပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2025/04/29/yl1-355/): မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ](https://burmese.kachinnews.com/2025/04/28/yl1-354/): ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ်အပါအဝင်  စကခ (၂၁)၊ ခလရ ၄၇ နဲ့ တခြားစစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဗလမင်းထင်တံတားမှာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေရှိနေ](https://burmese.kachinnews.com/2025/04/28/ahmi1/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်မြစ်ကူးတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်ကြီးဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၅ ရွာက ပြည်သူများတိမ်းရှောင်](https://burmese.kachinnews.com/2025/04/28/zz1-227/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လက်ပံဆိုက်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ရွာပေါင်း ၅ ရွာက ပြည်သူများ တိမ်းရှောင်နေရတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2025/04/28/yl1-353/): ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ - [ကသာကို စစ်တပ်က လေကြောင်းအသုံးပြုအင်အားဖြည့်](https://burmese.kachinnews.com/2025/04/26/am1-253/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ထဲ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီးအင်အားဖြည့်တင်းခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ - [ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်](https://burmese.kachinnews.com/2025/04/25/yl1-352/): တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့](https://burmese.kachinnews.com/2025/04/25/zz1-226/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီက‌နေသိရပါတယ်။ - [ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ‌ ထောင်ချီတိမ်းရှောင်](https://burmese.kachinnews.com/2025/04/25/yl1-351/): ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ငလျင်အပြီး နိုင်ငံတစ်ဝှမ်း စစ်တပ်က လေကြောင်း နဲ့ လက်နက်ကြီး ပစ်ခတ်မှုအကြိမ် ၃၀၀ ဝန်းကျင် လုပ်ဆောင်ခဲ့](https://burmese.kachinnews.com/2025/04/24/am-4/): ငလျင်နောက်ဆက်တွဲ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၃၀၀ ဝန်းကျင်ပြုလုပ်ခဲ့တယ်လို့ Justice Myanmar ရဲ့ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားပါတယ်။ ဧပြီလ ၂၃ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားတာဖြစ်ပြီး အရပ်သားတွေကိုသတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါထိခိုက်စေတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝှမ်းယာယီအပစ်ရပ်တယ်လို့ ကြေညာထားပေမဲ့ ကချင်ပြည်နယ်တစ်ဝှမ်းမှာတော့ အပစ်ရပ်တာမရှိကြောင်း အခုလိုတုံ့ပြန်ပါတယ်။ “ဘာမှမရပ်ပါဘူး တစ်ရက်မှမရပ်ပါဘူး။ နေ့တိုင်းသူတို့ကထိုးစစ်ဆင်နေတာ။ လေကြောင်းနဲ့မြေပြင်နဲ့ အမြဲတမ်းထိုးစစ် လုပ်နေတာ။ အခုလည်း အပစ်ခတ်ရပ်စဲရေးထပ်တိုးရင်လည်းဘဲ ဖားကန့်ဘက်မှာသူတို့က စစ်ကြောင်းအင်အားစုပြီးမှ ထိုးလာတာ။ ဒါ့ကြောင့်သူတို့ရဲ့အပစ်အခတ်ရပ်စဲရေးဆိုတာအတုအယောင်ပါ။” လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ငလျင်နောက်ဆက်တွဲ ထူထောင်ရေးအတွက်ဆိုကာ ပထမအကြိမ် ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ အပစ်ရပ်ကြောင်း ကြေညာထားခဲ့ပြီး အဲ့ဒီအပစ်ရပ်ကာလပြည့်တဲ့ညမှာဘဲ အပစ်ရပ်ကာလကို နောက်ထပ်တစ်ပတ် ထပ်တိုးကြောင်းကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတစ်ချို့ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးတွေအပါအဝင် အရပ်သား ၂၇ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အင်အားပြင်းငလျင်ကြောင့် သေဆုံးမှုထောင်နဲ့ချီရှိနေပေမဲ့လည်း စစ်ကောင်စီတပ်ကစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသောရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှဒတွေကိုကျူးလွန်နေဆဲလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ BWU ကထောက်ပြပါတယ်။ “ ထူးခြားမှုတစ်ခုကဘာရှိလဲဆိုရင် အရင်လတွေထက်စာရင်၊ ဒီလအတွင်းမှာပိုပြီးတော့မှ အကြိမ်ရေစိပ်လာတာတွေတွေ့ရ တယ်။ အကြိမ်ရေပိုများလာတာတွေ့ရတယ်” လို့BWU ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ယဉ်မျိုးလှိုင်ကပြောပါတယ်။ တစ်ဖက်မှာ ငလျင်ဘေးကြောင့်ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ခုခံမှုမှအပထိုးစစ်အားလုံးရပ်တန့်ကြောင်း … - [နန့်မွန်းမြို့အထိုင်တပ်က လက်နက် ကြီးဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတစ်ချို့တိမ်းရှောင်](https://burmese.kachinnews.com/2025/04/24/zm-12/): ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့ရှိ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီး‌ဒေသအနီးရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်နေတယ်လို့ ဒေသခံ‌တွေဆီကနေ သိရပါတယ်။ - [ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေလို့ ဧရာဝတီမြစ်ရေမြင့်တက်လာ](https://burmese.kachinnews.com/2025/04/24/ester1/): ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းလို့ မေခ၊ မလိခမြစ်ရေကြီးပြီး ဧရာဝတီမြစ်ရေမြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [အပစ်ရပ်ကြေညာထားတဲ့ စစ်တပ် ဖားကန့်ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/04/24/yl1-350/): ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။ - [လားရှိုးမှာ ကိုးကန့်တပ်နောက်ဆုတ်ပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ တပ်ချနေရာယူ](https://burmese.kachinnews.com/2025/04/24/ld1-246/): ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတစ်ထောင်ဝန်းကျင်နဲ့ လားရှိုးတက္ကသိုလ်ဝင်းထဲ ဝင်ရောက်တပ်ချနေရာယူနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [မန္တလေးမှာ ကျောင်းတက်နေတဲ့ ကချင်ဒေသလူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်းအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2025/04/23/dsa1-123/): ကချင်ပြည်နယ်ကနေ မန္တလေးမြို့မှာ ကျောင်းသွားတက်တဲ့ လူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်း အဆင်မပြေမှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ](https://burmese.kachinnews.com/2025/04/23/yl1-349/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်းအမျိုးသမီး ၆၆ ဦးသေဆုံး](https://burmese.kachinnews.com/2025/04/23/am1-252/): မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့တဲ့မတ်လ ၁ လအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးအထိသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပါတယ်။ - [ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်ဆီးမှုပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်တက် ကြွလှုပ်ရှားသူများပြော](https://burmese.kachinnews.com/2025/04/22/ld1-245/): ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်စီးတာတွေပိုများလာတဲ့အခြေနေမှာ လူတိုင်း မိမိဒေသသာယာလှပဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေကို လျစ်လျူမရှု့ကြရန် ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာမြေနေ့မှာ သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းပြောဆိုထားပါတယ်။ - [နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2025/04/22/zz1-225/): ကချင်နယ်ပြည်နယ် မချမ်းဘော့မြို့နယ် နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းရေတွေအားလုံးနီးပါး တိမ်ကောပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။ - [ဆားမှော်ရွာ ပြည်သူတွေရဲ့တောင်ယာသွားလမ်း တစ်လနီးပါးကြာမြင့်လာတဲ့ထိ ပိတ်ခံထားရဆဲ](https://burmese.kachinnews.com/2025/04/22/dsa1-122/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ဒေသခံပြည်သူတွေရဲ့တောင်ယာသွားလမ်း စစ်‌ကောင်စီတပ်ကပိတ်ထားတာ တစ်လကျော်ကြာမြင့်လာတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။ - [ကချင်ဒေသအပါအဝင် ငလျင်ကြောင့်မီးလောင်သွားတဲ့ဒေသကအဖြေလွှာတွေ ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီထုတ်ပြန်](https://burmese.kachinnews.com/2025/04/22/am1-251/): ရာစုနှစ်တစ်ခုကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဘေးမှာ မီးလောင်ပျက်စီးသွားတဲ့အဖြေလွှာတွေကို ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ - [ပိန်းခမ်းရွာအနီး အရပ်သား ၆ ဦးပစ်သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်က တာဝန်ယူ‌ဆောင်ရွက် ပေးခြင်းမရှိသေး](https://burmese.kachinnews.com/2025/04/21/ld1-244/): ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က အမှုပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ - [ခတ်ချိုမှာ အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံး](https://burmese.kachinnews.com/2025/04/21/dsa1-121/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေသိရပါတယ်။ - [ပူတာအိုမှာ သောင်းကျန်းနေတဲ့ဆင်ကို ပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေ နေရပ်ပြန်](https://burmese.kachinnews.com/2025/04/21/zz1-224/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ မုန်ယိုပြီးသောင်းကြမ်းနေတဲ့ ဆင်ကိုပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေနေရပ်ပြန်ကြပြီလို့ သိရပါတယ်။ - [ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး](https://burmese.kachinnews.com/2025/04/18/zz2-64/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် အင်နဒူးရွာမှာ အမျိူးသမီးတစ်ဦး မှိုချက်စားရာကနေ မှိုအဆိပ်သင့်ပြီးသေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား - မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်](https://burmese.kachinnews.com/2025/04/18/zz1-223/): စစ်ကိုင်– မန္တ‌လေးမှာ ငလျင်လှုပ်ခတ်ပြီးနောက် မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းမှာ ကုန်တန်ဆာခတွေတစ်ဟုန်ထိုးမြင့်တက်နေတယ်လို့ သိရပါတယ်။ - [ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး](https://burmese.kachinnews.com/2025/04/18/am1-250/): ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ ဆင်တစ်ကောင်သောင်းကျန်းလို့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်းသိရပါတယ်။ - [မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့](https://burmese.kachinnews.com/2025/04/17/zz1-222/): ကချင်ပြည်နယ် မချမ်းဘော့မြို့ မလိခချောင်းထဲမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးပြီး ရုပ်အလောင်းကို ဒီနေ့ထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေပြောပါတယ်။ - [လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ](https://burmese.kachinnews.com/2025/04/16/yl1-348/): တစ်လဝန်းကျင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်–တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးလိုက်ပြီးအရပ်သား ၁၀ ဦးထက်မနည်းလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။ - [ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2025/04/11/zz1-221/): စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ကဲဆန်ဆာလင်ကျေးရွာက ဒေသခံအိမ်ခြေ ၁၀၀ ရဲ့ စပါးကျီမီးလောင်သွားတာကြောင့် အစားအသောက်အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ](https://burmese.kachinnews.com/2025/04/11/dsa1-120/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ - [ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/04/11/am1-249/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ပါတယ်။ - [ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2025/04/11/yl1-347/): ဖားကန့်မြို့နယ် မှော်ဆီစာအုပ်စု အောင်သာယာ(၂) ကျေးရွာရှိလောင်းကစားဝိုင်းတစ်ခုမှာ စကားများရန်ဖြစ်ရာက‌နေ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ - [မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ](https://burmese.kachinnews.com/2025/04/09/zz1-220/): မန္တလေး –မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်းခက်ခဲတယ်လို့ ခရီးသည်တွေပြောပါတယ်။ - [အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းမိ](https://burmese.kachinnews.com/2025/04/09/am1-248/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွှတ်မြောက်သွားတဲ့တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ်တစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ KNG ကစုံစမ်းသိရပါတယ်။ - [ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး](https://burmese.kachinnews.com/2025/04/09/zm1-231/): စစ်ကိုင်းတိုင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က ‌ဂျက်လေယာဉ် နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ သိရပါတယ်။ - [တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ](https://burmese.kachinnews.com/2025/04/09/ld2-49/): ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။ - [စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ်စီရင်လိုက်ပြီလို့ KIO ပြော](https://burmese.kachinnews.com/2025/04/09/ld1-243/): KIO  ဌာနချူပ်လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူတရားခံကို KIO တရားရုံးက သေဒဏ်ချမှတ်ပြီး အမှုစီရင်ပြီးပြီလို့ ဆိုပါတယ်။ - [မိုးညှင်းမြို့၊ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNA ပူးပေါင်းတပ်က အဝင်အထွက်ကန့်သတ်](https://burmese.kachinnews.com/2025/04/08/cj1-32/): ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘီလူးမြို့အပါအဝင် ရွာ ‌‌၂ ရွာကို SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ကအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်](https://burmese.kachinnews.com/2025/04/08/am1-247/): ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ - [တနိုင်း-မြစ်ကြီးနားကားလမ်းပိုင်း စစ်ရေးတင်းမာနေလို့ ခရီးသွားပြည်သူတွေအခက်ကြုံ](https://burmese.kachinnews.com/2025/04/08/zz1-219/): ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်းလီဒိုကားလမ်းပိုင်းမှာ KIA နှင့်မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ခရီးသွား ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ - [ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်](https://burmese.kachinnews.com/2025/04/07/zz1-218/): ကချင်ပြည််နယ် ပူတာအိုမြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းဖွင့်လှစ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ - [မိုးညှင်းမြို့ ဆန်းသစ်စတိုးဆိုင်အနီး ပေါက်ကွဲမှုဖြစ်](https://burmese.kachinnews.com/2025/04/04/zm1-230/): ကချင်ပြည်နယ် မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ၊ ဆန်းသစ်စတိုးဆိုင်အနီးပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [လိုင်ဇာမှာ Positive Vibe Zone လူငယ်အဖွဲ့ဦးဆောင်ပြီး ငလျင်ဘေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေရှာ](https://burmese.kachinnews.com/2025/04/04/dsa1-119/): ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ငလျင်ဘေးနဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် Positive Vibe Zone လူငယ်အဖွဲ့ကနေ ဦးဆောင်ပြီး ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ တာဝန်ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ - [မိုးညှင်းမှာ လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ](https://burmese.kachinnews.com/2025/04/04/zm1-229/): ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံရတယ်လို့ မိုးညှင်းဒေသခံ တွေပြောပါတယ်။ - [ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ](https://burmese.kachinnews.com/2025/04/03/yl3-16/): ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ - [ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/04/03/zz1-217/): စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့‌ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ - [အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ်က ကချင်မှာ တိုက်ပွဲဖော်ဆောင်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/04/03/yl2-87/): အာဏာသိမ်းစစ်တပ်က ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ လေကြောင်းအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ယာယီထိုးစစ်ရပ်မယ်လို့ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ](https://burmese.kachinnews.com/2025/04/03/yl1-346/): ငလျင်နောက်ဆက်တွဲ ကယ်ဆယ် ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတဝိုက်ကို ဒရုန်းပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပူတာအို တိမ်ပင်လယ်အပန်းဖြေစခန်း‌ရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲအထိုင်ချ](https://burmese.kachinnews.com/2025/04/02/zz1-216/): ကချင်ပြည်နယ် ပူတာအိုမြို့အပန်းဖြေလည်ပတ်စရာနေရာတစ်ခု ဖြစ်တဲ့ ‘ပူတာအို တိမ်ပင်လယ်’နဲ့ မျက်နှာချင်းဆိုင်နေရာရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းပူတာအို ဒေသခံတွေဆီက‌နေသိရပါတယ်။ - [အင်းတော်တိုက်ပွဲ စစ်တပ်ကနှစ်ရက်ဆက်တ်ိုက်လေကြောင်းအသုံးပြုတိုက်ခိုက်‌](https://burmese.kachinnews.com/2025/04/02/am1-246/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ - [စစ်ကောင်စီဥက္ကဌကို BIMSTEC ထိပ်တန်းအစည်းအဝေးတက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆိုရတာ ဘာကြောင့်လဲ။](https://burmese.kachinnews.com/2025/04/02/dsa-interv1-2/): ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လာမယ့် ၂၀၂၅ ဧပြီ ၃ ရက်နဲ့ ၄ရက်နေ့မှာ BIMSTEC အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာ တို့ကနေပြီးတော့ BIMSTEC ထိပ်တန်းအစည်းအဝေး ကိုကျင်းပသွားဖို့ ရှိ‌နေပါတယ်။ - [လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေအခက်ကြုံနေ](https://burmese.kachinnews.com/2025/07/15/dsa1-146/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။ - [ဖားကန့်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/07/14/yl1-391/): ဖားကန့်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် မော်မောကုန်းကျေးရွာက စာသင်းကျောင်းထိခိုက်ပျက်စီးသွားသလို တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ - [ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်](https://burmese.kachinnews.com/2025/07/14/yl1-390/): တနိုင်းသွားလီဒိုလမ်းပေါ်  ဝါရာဇွပ်ကျေးရွာ၊ မိုးကောင်းချောင်းမြစ်ကမ်းနံဘေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံတွေပြည်တွေ ကန့်ကွက်နေပါတယ်။ - [ဆွမ်ပရာဘွမ်ဘက်ကို စစ်တပ်က စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာ](https://burmese.kachinnews.com/2025/07/10/zz1-259/): ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2025/07/10/cj/): ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာရှိ  Sky ဟော်တည်ရှေ့မှာ အချဉ် ပေါင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ - [ဆိုင်ကယ်မှောက်သူကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွား](https://burmese.kachinnews.com/2025/07/10/dsa1-145/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ - [မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို](https://burmese.kachinnews.com/2025/07/09/zz1-258/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ - [ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြား စစ်ရှောင်ပြည်သူတွေ အဖက်ဖက်ကကြပ်တည်းလာ](https://burmese.kachinnews.com/2025/07/09/yl2-91/): ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် တိုက်ပွဲဧရိယာအတွင်းနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာခန့်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လမ်းပိုင်းပိတ်ဆို့ထားမှုတွေကြောင့် အစားအသောက်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/07/09/yl1-389/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအကျယ်ချုပ်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းနဲ့ ဗန်းမော်ထိုးစစ်မရပ်ရင် တရုတ်အစိုးရက မြေရှားမဝယ်တော့ဘူးဆိုတဲ့ သတင်းအကြောင်းအရာ နှစ်ရပ်စလုံးက အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေသာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ - [ဖားကန့်မြို့နယ်ထဲ စစ်တပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာ](https://burmese.kachinnews.com/2025/07/08/am1-277/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီတပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာတာကြောင့် ဒေသခံတွင်း ဆန်ဝယ်ယူရတာခက်ခဲလာတယ်လို့ဒေသခံတွေကပြောပါတယ်။ - [ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့](https://burmese.kachinnews.com/2025/07/08/zz1-257/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ - [အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို](https://burmese.kachinnews.com/2025/07/07/zz1-256/): ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K  လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ - [ကသာ-အင်းတော်လမ်းပိုင်းရှိ တံတား ၃ စင်း မိုးများလို့ကျိုးကျ](https://burmese.kachinnews.com/2025/07/07/am1-276/): စစ်ကိုင်းတိုင်းဒေသကြီး ကသာနဲ့အင်းတော်မြို့တွေကိုချိတ်ဆက်ထားတဲ့ ဗျူဟာလမ်းပိုင်းက တံတား ၃ စင်း မိုးများလို့ပျက်စီး ကျိုးကျသွားတာကြောင့် ကုန်စည်တင်ပို့်တာနဲ့ ဒေသခံတွေသွားလာနေထိုင်ရေးအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ - [ဖားကန့်မှာ စစ်တပ်က တိုက်ပွဲဆက်ဖော်ဆောင်နေတဲ့အတွက် နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2025/07/07/yl1-388/): ဖားကန့်မှာ စစ်တပ်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းစတဲ့ စစ်မျက်နှာပြင် ၃ နေရာမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ စစ်ကြောင်း သုံးခုကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2025/07/05/yl1-387/): ဖားကန့်စစ်ရေးအတွက် အရေးပါတဲ့ လမောင်ကုန်း(Lamawng Kawng) နဲ့  မော်မောဘွမ့် (Mawmaw Bum) နှစ်နေရာကို စစ်ကောင်စီတပ်က ပြန်လည်ရရှိဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဇူလိုင် ၅ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ကချင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ](https://burmese.kachinnews.com/2025/07/04/dsa1-144/): ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ  ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch(KHRW) ကနေသိရပါတယ်။ - [မြစ်ကြီးနားမှာ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာ](https://burmese.kachinnews.com/2025/07/03/dsa1-143/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် ဒရုန်းဗုံးသီးကျလို့ အရပ်သား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2025/07/03/am1-275/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဆွတ်ဘွမ့် (ခေါ်) အမှိုက်ပုံကျေးရွာက ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ - [မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို - မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ](https://burmese.kachinnews.com/2025/07/03/zz1-255/): ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။ - [လုံးခင်းသင်္ချိုင်းမြေတူးဖော်နေတဲ့လုပ်ငန်းရပ်တန့်လိုက်တဲ့နောက် စစ်တပ်ကစစ်ဆေးမေးမြန်း](https://burmese.kachinnews.com/2025/07/03/yl2-90/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ အများပိုင်သင်္ချိုင်းမြေနေရာမှာ မြေတူးဖော်ပြီး အကွက်ရိုက်ဖို့လုပ်နေတဲ့ လုပ်ငန်းစဉ်ကို KIO ဘက်က ရပ်တန့်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လာရောက်စစ်ဆေး တာတွေလုပ်ဆောင်သွားတယ်လို့ သိရပါတယ်။ - [ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ](https://burmese.kachinnews.com/2025/07/03/yl1-386/): ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ - [ဖားကန့်မှာ နှစ်ဖက်တပ်ကြား လက်နက်ကြီးပစ်ခတ်မှု အရပ်သား နေရာတွေမှာ ကျမှန်ပေါက်ကွဲနေ](https://burmese.kachinnews.com/2025/07/03/yl1-385/): ဖားကန့်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီး အပြန်လှန်ရမ်းသမ်းပစ်ခတ်မှုရှိနေတဲ့အတွက်လူနေထူထပ်တဲ့နေရာတွေမှာ ကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။ - [မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2025/07/02/yl1-384/): ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ - [ကချင်မှာ ငှက်ဖျားဖြစ်သူများပြီး ဆေးပြတ်လပ်မှုကြုံနေရ](https://burmese.kachinnews.com/2025/07/02/dsa1-142/): ကချင်ပြည်နယ်မှာ ငှက်ဖျားဖြစ်သူတွေများနေပြီး ဆေးပြတ်လပ်မှုတွေကြုံနေတာ ၂ နှစ်ဆက်တိုက်ရှိလာပြီလို့ ကချင်ပြည်နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ ကျန်းမာရေးဆိုးရွားသူများလာ](https://burmese.kachinnews.com/2025/07/01/zm1-241/): မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ အစာအာဟာရ ပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေနေဆိုးရွားသူများလာနေတယ်လို့ တပ်မှ KIA ပူးပေါင်းတပ်ထံ ထွက်ပြေးလာသူတွေဆီကနေ သိရပါတယ်။ - [နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်းမှုကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေ](https://burmese.kachinnews.com/2025/07/01/zz1-254/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လွင့်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရှာချို့ယွင်းမှုတွေဖြစ်နေတာကြောင့် တစ်မြို့နယ်လုံးလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။ - [ရာဒါကောင်သုသာန်မြေနေရာမှာ မိလ္လာကန်ထပ်မလုပ်ဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2025/07/01/zm1-240/): မြစ်ကြီးနားမြို့၊ ရာဒါကောင်ဘီရပ်ကွက်ရှိ အများပိုင်သုသာန်မြေနေရာမှာ မိလ္လာကန်ထပ်မလုပ်ဖို့ အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ပြည်သူတွေတောင်းဆိုနေပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဆွဲကြိုးလုယက်ခံရမှုထပ်ဖြစ်ပွား](https://burmese.kachinnews.com/2025/06/30/zm1-239/): ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ညီအစ်မနှစ်ဦး ဆွဲကြိုးလုယက်ခံလိုက်ရတယ်လို့ လုယက်ခံရသူမိသားစုကပြောပါတယ်။ - [မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/06/30/am1-274/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်–ဆိပ်မူသွားကားလမ်းမကြီးပေါ် ယူမာကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိရာကနေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရ](https://burmese.kachinnews.com/2025/06/30/arrm1/): မြစ်ကြီးနားမြို့၊ ဂျပန်တံတားလမ်းမှာ အမျိုးသမီးတစ်ဦးဆွဲကြိုးလုယက်ခံရတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ - [နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား](https://burmese.kachinnews.com/2025/06/27/zz1-253/): စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၅ လအတွင်း ခိုးဆိုးလုယက်မှုအကြိမ်ပေါင်း ၅၀ ခန့်ထိရှိလာ](https://burmese.kachinnews.com/2025/06/26/dsa1-141/): ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ခိုးဆိုးလုယက်မှု အကြိမ်ပေါင်း ၅၀ ထိရှိခဲ့ပါတယ်။ - [ဖားကန့်မှာ စစ်‌ရေးအရအချက်ချာကျတဲ့ တောင်ကုန်းနှစ်ခုရဖို့စစ်တပ်ကြိုးပမ်းနေ](https://burmese.kachinnews.com/2025/06/26/yl1-383/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီး လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အမြင့်ဆုံးတောင်ကုန်းတွေဖြစ်တဲ့ လမောင်ကုန်း(Lamawng Bum) နဲ့ မော်မောကုန်း(Mawmau Bum) နှစ်နေရာကို ပြန်ရဖို့ စစ်ကောင်စီတပ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ - [နောင်မွန်မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်ဖြင့်သာဖွင့်ပေး](https://burmese.kachinnews.com/2025/06/25/zz1-252/): ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်နဲ့ သာဖွင့်ပေးတာကြောင့် ပြည်သူတွေအကြား ဆက်သွယ်ရေးမှာ အခက်အခဲတွေရှိ နေတယ်လို့သိရပါတယ်။ - [မေခမြစ်မှာ ပုပ်ပွနေတဲ့ရုပ်အလောင်းတစ်လောင်းတွေ့ရှိ](https://burmese.kachinnews.com/2025/06/25/ester1-2/): ချီဖွေမြို့ မေခမြစ်မှာ ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။ - [လိုင်စင်မဲ့ကားဖမ်းဆီးခံရသူတွေ ငွေကျပ် သိန်း ၃၀ နဲ့ ၅၀ ကြားဒဏ်ရိုက်ခံရ](https://burmese.kachinnews.com/2025/06/25/yl1-382/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ မော်တော်ယာဉ်ကားတွေကို စစ်တပ်က နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်တဲ့အပြင် ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလည်း အမြင့်ဆုံး ကျပ် သိန်း ၃၀ နဲ့ ၅၀ အထိ ဒဏ်ငွေပေးဆောင်နေရတယ်လို့ သိရှိရပါတယ်။ - [နောင်မွန် - ပူတာအိုလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့်သွားလာနေရ](https://burmese.kachinnews.com/2025/06/24/zz1-251/): ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန် – ပူတာအိုကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့မှာ  Mytel အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ရနေ](https://burmese.kachinnews.com/2025/06/24/am1-273/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး စစ်ကောင်စီထုတ် Mytel အော်ပရေတာရဲ့ အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်လို့ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [လမ်းခွကျေးရွာမှာ စစ်‌ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးခံနေရ](https://burmese.kachinnews.com/2025/06/24/yl1-381/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ(Lambraw Yang Mare) မှာ ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့သွားနေတဲ့ အုပ်ချုပ်ရေးယန္တရားကိုရုတ်သိမ်းပြီး စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [ကချင်‌မှာရှိတဲ့ နယ်စပ်ဂိတ်တွေမှာ သွင်းကုန်ကန့်သတ်ချက်ရှိနေဆဲ](https://burmese.kachinnews.com/2025/06/24/ld1-255/): ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ်မှာ သွင်းကုန်ကန့်သတ်ထားချက်ရှိပေမယ့် ပို့ကုန်ကိုတော့ကန့်သတ်ချက်မဲ့သယ်ယူခွင့်ရှိ‌နေတယ်လို့ ဒေသခံ တွေဆီ‌ကနေ သိရပါတယ်။ - [လုံးခင်းအုပ်စုက ရေမြောင်းတွေရှင်းလင်းဖို့ ဒေသခံတစ်ချို့အကြံပြု](https://burmese.kachinnews.com/2025/06/23/am1-272/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက ရပ်ကွက်တစ်ချို့ကရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးမများပေမဲ့ ရေဝင်ရောက်မှုတွေရှိနေတဲ့အတွက် ရေမြောင်းတွေရှင်းလင်းဖို့ဒေသခံတစ်ချို့ကအကြံပြုလိုက်ပါတယ်။ - [ပူတာအိုမှာ ပြည်သူ့စစ်တပ်ဖွဲ့ ၁၀ ဦး လက်နက်နဲ့အတူထွက်ပြေးသွားဟုဆို](https://burmese.kachinnews.com/2025/06/23/zz1-250/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ် ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်နဲ့အတူထွက်ပြေးသွား‌ ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။ - [ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့်‌ နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်](https://burmese.kachinnews.com/2025/06/21/zz1-249/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ - [ဖားကန့်မှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာ နဲ့ ထပ်မံသေဆုံးနေ](https://burmese.kachinnews.com/2025/06/20/cj1-33/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာအရှေ့မုဒ်ဝမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ - [ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားပြီး အစားအသောက်များ ပြတ်လပ်](https://burmese.kachinnews.com/2025/06/20/yl2-89/): တိုက်ပွဲငြိမ်သက်သွားလို့ နေရပ်ပြန်လာနေထိုင်ကြတဲ့ ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ - [ဝါရာဇွပ်ကျေးရွာမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးတိရိစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံး](https://burmese.kachinnews.com/2025/06/20/yl1-380/): ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာ အိမ်မွေးတိရိစ္ဆာန်များ ရောဂါကူးစက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ သိရပါတယ်။ - [KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ](https://burmese.kachinnews.com/2025/06/19/dsa-interv1-3/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ - [စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ](https://burmese.kachinnews.com/2025/06/19/yl1-379/): ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ - [လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု](https://burmese.kachinnews.com/2025/06/18/ld1-254/): ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။ - [KIO သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အိမ်ထောင်စု၊ မှတ်ပုံတင် စတင်လုပ်ပေးနေ](https://burmese.kachinnews.com/2025/06/18/dsa1-140/): ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အစိုးရက သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် စလုပ်ပေးနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လုံးခင်းသင်္ချိုင်းမြေမှာ အကွက် ရိုက်နေရာချတဲ့ကိစ္စ ဖားကန့်တွေပြည်သူတွေကန့်ကွက်](https://burmese.kachinnews.com/2025/06/18/yl1-378/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ အများပိုင်သင်္ချိုင်းမြေနေရာပေါ်မှာ အာဏာရရှိထားတဲ့သူတွေက မြေနေရာတူးပြီး အကွက်ရိုက်နေရာချပေးဖို့ ပြင်ဆင်နေတဲ့အတွက် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။ - [ဖားကန့်မှာ စစ်ကြောင်းမှူး ကျသွားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် နှစ်ဖက်တပ် စစ်ရေးပိုတင်းမာလာ](https://burmese.kachinnews.com/2025/06/18/zm1-238/): ဖားကန့်မြို့နယ်ထဲမှာ မှော်လှည့်ပြီး ကုမ္မဏီဝင်းနေရာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကြောင်းမှူးတိုက်ပွဲတွင်းကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ - [မြစ်ကြီးနား - မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်](https://burmese.kachinnews.com/2025/06/17/zz1-248/): မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ - [လုံးခင်းမှာလက်နက်ကြီးကျ ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/06/17/yl1-377/): ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နတ်စင်အနောက်ဘက်ခြမ်းရှိ လူနေအိမ်မှာကျမှန်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း တစ်စစီပျက်စီးသွားတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ My Tel ဖုန်းလိုင်းပြန်ရ](https://burmese.kachinnews.com/2025/06/17/am1-271/): တစ်နှစ်နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမြို့မှာ Mytel အော်ပရေတာရဲ့ ဖုန်းလိုင်းတွေပြန်လည်ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ](https://burmese.kachinnews.com/2025/06/16/yl1-376/): စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ - [ပူတာအိုခရိုင်တွင်းရှိ စာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ်စာအုပ်များ မရရှိသေး](https://burmese.kachinnews.com/2025/06/14/dsa1-139/): ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်းရှိ အခြေံခံစာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ် စာအုပ်မရရှိတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေ စာသင်ကြားရေးမှာ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ - [စီတာပူရပ်ကွက် ဓါးပြ ၃ ဦးဖမ်းဆီးရမိ၊ တပ်မိသားစုဝင်တစ်ဦးပါဝင်တယ်လို့ဆို](https://burmese.kachinnews.com/2025/06/14/est1-3/): မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ ဓါးပြ ၃ ဦးဖမ်းဆီးရမိပြီး အဲဒီထဲမှာ တပ်မိသားစုတစ်ဦးပါဝင်တယ်လို့ မြို့ခံတွေပြောပါတယ်။ ဖြစ်စဉ်မှာ မေလ ၁၃ ရက်ည ၉နာရီဝန်းကျင် စီတာပူရပ်ကွက် KBC ဘုရားကျောင်းရှေ့မှာ လူငယ် ၃ ဦးက ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို တားဆီးပြီးဆိုင်ကယ်ဝိုင်းလု ဓါးမြတိုက်နေချိန် အနီးပတ်ဝန်းကျင်လူတွေနဲ့ လမ်းသွားလမ်းလာသူတွေ ဝိုင်းဖမ်းဆီးကြရာမှာ ဘုရားကျောင်းအကျော် ဂျပန်တံတားလမ်းကြားမှာ ဖမ်းဆီးရမိတာလို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဘုရားကျောင်းရှေ့မှာ အမျိုးသမီးဆိုင်ကယ်ဝိုင်းလုနေလို့ ဝိုင်းဖမ်းကြတာတဲ့ ဖမ်းရမိတော့ မေးကြတာ ပမ္မတီးဘက် စစ်တပ်ဝင်းထဲက တပ်မိသားစုဝင်တစ်ယောက်ပါတယ်။ကျန်တဲ့နှစ်ယောက်တော့ အပြင်လူတွေလို့ သိရတယ်”လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ဓါးပြ ၃ ဦးဟာ ခေတ်လက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့သိရပြီး ဒေသခံတွေက ရဲလက်အပ်လိုက်ပြီလို့ သူကဆက်ပြောပါတယ်။ ဆိုင်ကယ်အလုခံရတဲ့အမျိုးသမီးကတော့ ဓါးပြ ၃ ဦးရဲ့ရိုက်နှက်ခြင်းခံရတာကြောင့်အနည်းငယ်ထိခိုက်ဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှုများလာသကဲ့သို့ မြစ်ကြီးနားမြို့ပေါ် လူနေအိမ်၊စျေးဆိုင်၊လမ်းမပေါ်၊ရွှေဆိုင်တွေမှာ လုယက်မှု၊ဓါးပြမှုအပြင် လူသတ်မှုတွေ မကြာခနဖြစ်ပေါ်လျက်ရှိနေပါတယ်။ ခိုးဆိုးလုယက်သူတွေဟာ ခိုးရာပါ ပစ္စည်းတွေကို တရားမဝင်အပေါင်ဆိုင်များနှင့် second အရောင်းဆိုင်လို့ လူသိများသည့် တစ်ပတ်ရစ်ဆိုင်တွေမှာ အဓိကရောင်းချကြပြီး ဝယ်ယူသူများအနေဖြင့်လည်းပစ္စည်းတန်းဖို့ရဲ့ တစ်ဝက်စျေးပေးကာ ဝယ်ယူနေကြသလို လောင်းကစားရုံတွေမှာလည်း အပေါင်လက်ခံတာရှိတယ်လို့ ဒေသခံတစ်ချို့ကပြောပါတယ်။ ဒါ့အပြင် ခုလိုခိုးဆိုးလုယက်၊ဓါးပြတိုက်ခံရမှုများလာတာဟာ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးနိုင်ခြင်းမရှိတဲ့အပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားရုံတွေများ လာတဲ့နောက်ဆက်တွဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။ “ခုမြစ်ကြီးနား အဲခေမာသိရိရပ်ကွက် လမ်းတစ်လျှောက်မှာတောင် လောင်းကစားလုပ်လို့ရတဲ့နေရာ ၄ ခုလောက်ရှိတယ်။ ပြီးတော့ လောင်းကစားရုံတွေက အပေါင်လည်းလက်ခံတယ်။ မူးယစ်ဆေးဝါးလည်းရတော့ ခိုးဆိုးလုယ်မှုက ပိုဆိုးလာတာပေါ့” လို့ ပြောပါတယ်။ KNG ရဲ့စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ … - [မြစ်ကြီးနား-မန္တလေးကွင်းလမ်းပျက်စီးလို့ ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေ](https://burmese.kachinnews.com/2025/06/13/zz1-247/): မိုးရွာသွန်းမှု‌ကြောင့် မြစ်ကြီးနား–မန္တလေးကွင်းလမ်းပျက်စီးနေပြီး ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေတာ ၅ ရက်ခန့်ရှိလာပြီလို့ ကားသမားတွေနဲ့ဂိတ်မှူးတွေကပြောပါတယ်။ - [ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော](https://burmese.kachinnews.com/2025/06/13/ld1-253/): ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ - [စစ်ရေးတင်းမာနေတဲ့ လမြန်ရွာမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2025/06/12/zm1-237/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊လမြန်ကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ကုမ္ပဏီဝန်းထမ်း ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား](https://burmese.kachinnews.com/2025/06/11/yl1-375/): ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ အေးဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ကုမ္ပဏီဝန်ထမ်း ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အေးဗားကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီဝင်းအတွင်းမှ ထွက်ခွာသွားဖို့ သတိပေးပြောဆိုထားပြီးနောက် ဝန်ထမ်းတစ်ချို့က ထွက်ခွာခွင့်ရရှိခဲ့ပေမယ့် ဝန်ထမ်း ၃ ဦးကို စစ်တပ်က ဖမ်းဆီးတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ “ယူမာ အေးဗားကုမ္ပဏီမျောခြံတစ်ခုရှိတယ်။ အဲ့ထဲမှာ ပြီးခဲ့တဲ့ ဆိုင်းတောင် Lucky Man တိုက်ပွဲအတွင်းက တပ်သားတစ်ချို့ကျန်ရစ်နေတယ်။ အဲဒါကြောင့် KIA က ဒီကနေ့ကစပြီး ဝန်ထမ်းတွေကို ထွက်ခွာသွားဖို့ ပြောဆိုထားတယ်။ ကုမ္ပဏီဝန်ထမ်းအများစုက ရုံးချုပ်ကို ထွက်ခွာသွားကြတယ်။ ဝန်ထမ်း ၃ ဦးကိုတော့ မထွက်ခိုင်းပဲ တံခါးစောင့်ကြည့်ထားခိုင်ပြီး ဖမ်းဆီးထားတယ်။ အဲ့ကြောင့် ကုမ္ပဏီဘက်ကလည်း စိုးရိမ်နေကြတယ်”လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ လက်ရှိ အေးဗားဝင်ကုမ္ပဏီဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ လာရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် အခုလို လူသားဒိုင်းဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၁၀ ရက်နေ့ကစပြီး အေးဗားဝင်းကုမ္ပဏီထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေက ကုမ္ပဏီဝင်းထဲကနေ ဆိုင်းတောင်ကျေးရွာပတ်ပတ်လည်ဘက်ကို ဒရုန်းပျံဝဲတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကုန်းပိုင်း လဝါး – ကားမိုင်း လမ်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်ရေးတစ်ဖန် … - [ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ](https://burmese.kachinnews.com/2025/06/11/zz1-246/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ - [စစ်ဘေးသင့် ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ရေးအတွက် ကချင်အဖွဲ့အစည်းများ တောင်းဆိုထား](https://burmese.kachinnews.com/2025/06/10/%e1%80%85%e1%80%85%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af/): ကချင်ဒေသတစ်ကျော့ပြန် စစ်ပွဲစတင်ခဲ့ခြင်း ၁၄ နှစ်ပြည့်သော ဇွန်လ ၉ ရက်နေ့မှာ စစ်ဘေးသင့် ကချင်ဒေသက ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကချင်အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ - [ကချင်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းသားမိဘများအခက်တွေ့](https://burmese.kachinnews.com/2025/06/10/zm1-236/): ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းကြို၊ကျောင်းပို့လုပ်နေရတဲ့ ကျောင်းသားမိဘတွေ အဖက်ဖက်ကနေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ - [ဒေသခံများ သဘောတူညီမှုရှိမှသာ ရွှေတူးဖော်ခွင့်ပေးတယ်လို့ KIO ပြောဆို](https://burmese.kachinnews.com/2025/06/09/ld1-252/): ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ မရရှိဘဲ သယံဇာတ မတူးဖော်ဖို့ဆိုတဲ့ KIO ရဲ့ မူဝါဒအတိုင်း အဆိုပါလုပ်ငန်းတွေကို KIO က ပုံမှန် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ - [ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံး](https://burmese.kachinnews.com/2025/06/07/yl1-374/): ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။ - [ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော](https://burmese.kachinnews.com/2025/06/06/am1-270/): ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ - [ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား](https://burmese.kachinnews.com/2025/06/05/zz1-245/): ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခု အထိ ရေစီးထဲ မျောပါသွားကြောင်းသိရပါတယ်။ - [လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2025/06/05/yl1-373/): ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ - [ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို](https://burmese.kachinnews.com/2025/06/04/dsa1-138/): ရွှေကူမြို့နယ် နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေ အနေနဲ့ လက်ရှိကာလမှာ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ခွင့်ကို လိုလားတယ်လို့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက KIO အစိုးရကို တောင်းဆိုထားပါတယ်။ - [အိမ်ခြေ ၁၄ အိမ်ရှိတဲ့ တလာထုကျေးရွာ လူနေအိမ် ၁၀ လုံး ရေထဲမျောပါသွား](https://burmese.kachinnews.com/2025/06/04/zz1-244/): ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ထဲက တလာထုကျေးရွာတစ်ရွာလုံးနီးပါး ရေထဲမျောပါသွားတယ်လို့ သိရပါတယ်။ - [မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ](https://burmese.kachinnews.com/2025/06/04/ld1-251/): ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။ - [ဖားကန့်မှာ စစ်တပ်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2025/06/03/yl1-372/): ဖားကန့်မြို့ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက အာဏာပြန်ရယူဖို့အတွက် ကျောက်စိမ်းကုမ္ပဏီတွေရဲ့ အဆောက်အဦးတွေ၊ ဘက်ဟိုးတွေ၊ မြေသယ်ယာဉ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ - [တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ](https://burmese.kachinnews.com/2025/06/03/ld1-250/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ - [ဖားကန့် ကျောက်မျက်ကုမ္ပဏီ ပေါက်ကွဲမှု ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြား](https://burmese.kachinnews.com/2025/06/03/am1-268/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုမှာ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ KNG က စုံစမ်း သိရှိရပါတယ်။ - [လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်](https://burmese.kachinnews.com/2025/06/03/am1-267/): ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ - [မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ](https://burmese.kachinnews.com/2025/06/02/dsa1-137/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ‌ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ](https://burmese.kachinnews.com/2025/06/02/am1-269/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်](https://burmese.kachinnews.com/2025/05/31/zm1-235/): ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ - [လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား](https://burmese.kachinnews.com/2025/05/29/yl1-371/): ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ - [KIA နဲ့ TNLA တွေ့ဆုံဖို့ အခြေခံ အချက် ၂ ချက် ရရှိထားပြီး အချိန်ညှိနှိုင်းနေဆဲ](https://burmese.kachinnews.com/2025/05/29/am1-266/): ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့နှစ်ဖွဲ့အကြား ဆွေးနွေးပွဲအတွက် အခြေခံအားဖြင့် ခေါင်းစဥ်နှစ်ခုအထိ ရရှိထားပြီး ဆွေးနွေးပွဲအမြန်ဆုံး ဖြစ်မြောက်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နေတယ်လို့ TNLA က ပြောပါတယ်။ - [လုံးခင်းကျေးရွာကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ](https://burmese.kachinnews.com/2025/05/29/yl1-370/): ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဖားကန့် စစ်တပ်ကုန်းဘက်ကို ဆက်လက်ချီတက်ဖို့ လူသားဒိုင်းအဖြစ် ရပ်မိရပ်ဖတွေကို ခေါ်ဆောင်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာနေကြပြီလို့ သိရပါတယ်။ - [ဖားကန့်မြို့နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2025/05/28/yl1-369/): ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်အချိန် ဖားကန့် ဗျူဟာကုန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ၃ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ](https://burmese.kachinnews.com/2025/05/27/zz1-243/): မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ ကွင်းလမ်းအသုံးပြုပြီးသွားလာနေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်လာပြီး ကုန်စျေးလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဗန်းမော် တဖန်ထိုးစစ်မှာ စကခ ၂၁ ရှေ့တန်း ကာကင်းစခန်းတစ်ချို့ကို KIA ပြန်လည်သိမ်းပိုက်](https://burmese.kachinnews.com/2025/05/27/yl2-88/): ဗန်းမော်တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် နှစ်စင်း KIA ပစ်ချလိုက်ပြီးနောက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်တိုက်ပွဲ ပြန်လည်စတင်လိုက်ရာ စစ်တပ်တပ်စွဲထားတဲ့ ဝင်းလိုက် (Win Light) ဟိုတယ်အပါအဝင် စကခ ၂၁ ကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ - [စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့အဝင်ထိရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျေးရွာတစ်ချို့ကိုတိမ်းရှောင်ဖို့ KIA သတိပေးပြောဆို](https://burmese.kachinnews.com/2025/05/27/yl1-368/): ဖားကန့်မြို့ပေါ်ဘက်ကို စစ်ကောင်စီတပ် စစ်အင်အား ရာနဲ့ချီရောက်ရှိလာတဲ့အတွက် ဖားကန့်မြို့အဝင်ဝမှာရှိတဲ့ လယ်ပြင်နဲ့ ဖန်ခါးကုန်း ကျေးရွာနေ ဒေသခံပြည်သူတွေကို လုံခြုံရေးအရ ယာယီတိမ်းထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ - [လုံးခင်းရဲစခန်းတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/05/27/zz1-242/): ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိတဲ့ လုံးခင်းရဲစခန်း တိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ - [ကားမိုင်းလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဖားကန့်မြို့အဝင်ဝ အထိ ရောက်ရှိလာ](https://burmese.kachinnews.com/2025/05/26/yl1-367/): တစ်လခန့်အကြာ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မေလ ၂၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့်မြို့အဝင်ဝနားအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။ - [မိုးညှင်းမြို့နယ်က ကျေးရွာတစ်ရွာ လက်နက်ကြီးကျလို့ သက်ကြီးရွယ်အိုနှစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/05/26/am1-265/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ဟဲပါကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သက်ကြီး ရွယ်အို လင်မယားနှစ်ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး](https://burmese.kachinnews.com/2025/05/26/dsa1-136/): မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ဝိုင်းမော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2025/05/24/yl1-366/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ ဝါးရှောင်နဲ့ ဆဒုံး – ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ - [ဖားကန့်လမ်းပိုင်းက စစ်ရှောင်တစ်ချို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2025/05/24/yl1-365/): ကချင်ပြည်နယ် ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် တောတွင်းတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ ရွာထဲစားနပ်ရိက္ခာပြန်ဝင်ယူချိန် စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဟုမ္မလင်းနယ်မှာ SNA တပ်ရဲ့ တပ်သားသစ်စုဆောင်းခိုင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများတိမ်းရှောင်နေရ](https://burmese.kachinnews.com/2025/05/23/zz1-241/): စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်က အတင်းအဓမ္မလူသစ်စုဆောင်းခိုင်းမှုတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ - [မြစ်ကြီးနားမြို့တွင်း စစ်တပ်က စစ်ဆေးရေးတင်းကြပ်တာ ၂ ရက်ရှိလာ](https://burmese.kachinnews.com/2025/05/23/am1-264/): ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်း မေလ ၂၀ ရက်နေ့ကစလို့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ရွှေကူမှာအရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် လေယာဉ်နဲ့ တင့်ကားများ ပျက်စီး](https://burmese.kachinnews.com/2025/05/21/yl1-364/): ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်ပြီးနောက် ရွှေကူမြို့ထဲကို အရေးပေါ် ဆင်းတက်သွားတဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA ပူးပေါင်းတပ်တွေ ယနေ့ ထပ်မံသွားရောက်ပစ်ခတ်ရာ လေယာဉ် တစ်စစီ ပျက်စီးသွားပြီလို့ သိရပါတယ်။ - [မုံး‌မော်ရှိ KIA တပ်စခန်းတွေဖယ်ပေးဖို့ TNLA က အင်အားသုံးဖိအားအားပေးနေ](https://burmese.kachinnews.com/2025/05/21/ld1-249/): ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်](https://burmese.kachinnews.com/2025/05/21/zz1-240/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူ‌တွေဆီကသိရပါတယ်။ - [အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း စစ်လေယာဉ် ၅ စီးအထိ KIA ပစ်ချနိုင်ခဲ့](https://burmese.kachinnews.com/2025/05/21/yl1-363/): စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးကာလ ၅ နှစ်တာအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ် ၅ စီးအထိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ချနိုင်ခဲ့ပြီလို့ KIO ပြောပါတယ်။ - [ဖားကန့်တိုက်ပွဲမှာ စစ်တပ် လေကြောင်းအကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2025/05/20/am1-263/): ကချင်ပြည်နယ် ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ KIO ပြန်ကြား‌ရေးတာဝန်ရှိသူက ပြောပါတယ်။ - [ဗန်းမော်အပါအဝင် မြို့နယ် ၃ ခုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေ](https://burmese.kachinnews.com/2025/08/29/yl1-414/): ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဗန်းမော်၊ ဖားကန့်အပြင် နောက်ထပ်လက်လွတ်ထားရတဲ့ ဝိုင်းမော်မြို့နယ်မှာလည်း တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ကြာမြင့်လာပြီလို့ သိရပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2025/08/29/am1-295/): စစ်ကောင်စီတပ်က အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ကားသမားတွေဆီကသိရပါတယ်။ - [အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး](https://burmese.kachinnews.com/2025/08/28/yl1-413/): စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ - [စစ်‌ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်‌ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ](https://burmese.kachinnews.com/2025/08/27/yl1-412/): စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ - [ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို](https://burmese.kachinnews.com/2025/08/27/yl1-411/): ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ - [ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်](https://burmese.kachinnews.com/2025/08/27/zz1-277/): ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင် ထားကြဖို့ KPDF တပ်တွေက သတိပေးထားတယ်လို့သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/08/26/dsa1-164/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့  မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [မန္တလေး - မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ](https://burmese.kachinnews.com/2025/08/26/am1-294/): စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ - [လမြန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/08/26/zm1-248/): ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ‌‌ယာဉ်နဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ဖားကန့်မှာ စစ်ကောင်စီရဲ့ ဒရုန်း ၅ စီးနဲ့ကားတစ်စီးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်](https://burmese.kachinnews.com/2025/08/25/am1-293/): ဖားကန့်မြို့နယ် နမ္မဖြစ်ရွာနားမှာ အိမ်စီးကားနဲ့စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ ပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ပြီးကားတစ်စီးနဲ့အတူ ဒရုန်း ၅ စီးကိုပါသိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်။ - [ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2025/08/25/zz1-276/): ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ](https://burmese.kachinnews.com/2025/08/23/dsa1-163/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ](https://burmese.kachinnews.com/2025/08/22/am1-292/): မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ - [ဖားကန့်မှာ အမျိုးသား ၂ ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2025/08/22/yl1-410/): ဖားကန့် မှော်ဆီစာကျေးရွာမှာ အရပ်သားပြည်သူ ၂ ဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဖားကန့် ဒေသခံ တွေဆီကနေ သိရပါတယ်။ - [နေရပ်ပြန် ကဇူးရွာမှ ကလေးငယ်တွေအတွက် ကျောင်းဆောင်လိုအပ်နေ](https://burmese.kachinnews.com/2025/08/22/ld1-263/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှာ စာသင်ကျောင်းမရှိတာကြောင့် ကလေးတွေ စာသင်ဖို့နေရာ အခက်အခဲကြုံတွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ](https://burmese.kachinnews.com/2025/08/22/zz1-275/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများဆီက‌နေသိရပါတယ်။ - [အမှိုက်ကား ပုံမှန်မလာတဲ့အတွက် ပူတာအိုမြို့ခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2025/08/21/zz1-274/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်ပင်အမှိုက်သိမ်းကားပုံမှန်မလာတဲ့အတွက် ဒေသခံတွေအမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ - [SNA တပ်  မတရားဖမ်းဆီးမှုကြောင့် လယ်လုပ်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2025/08/21/zm1-247/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွေမှာ SNA တပ်ရဲ့တပ်သားသစ် ဖမ်းဆီးမှုတွေကြောင့် ဒေသခံပြည်သူများ လယ်လုပ်ဖို့ ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ - [ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2025/08/21/am1-291/): စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား](https://burmese.kachinnews.com/2025/08/21/yl1-409/): ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ်  ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့သဘောထားအမြင် ဘယ်လိုရှိလဲ](https://burmese.kachinnews.com/2025/08/21/dsa1-162/): တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ရွေး‌ကောက်ပွဲကျင်းပဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းဆက်တိုက်ကြေညာလာပါတယ်။ - [ဗန်းမော်မှာ စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီး KIA ပစ်ခတ်လို့ ပျက်စီးသွား](https://burmese.kachinnews.com/2025/08/20/yl1-408/): ဗန်းမော်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးတော့ KIA ရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ - [စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့‌ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ](https://burmese.kachinnews.com/2025/08/20/ld1-262/): ရှမ်းမြောက်နဲ့ကချင်‌ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ ‌‌သိရတယ်။ - [မိုးညှင်းမြို့အမြောက်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/08/19/zm1-246/): မိုးညှင်းခရိုင် နန်းမားမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် မိုးညှင်းမြို့ (၄၀၉) အမြောက်တပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ - [နမ္မတူမှာ (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးနေ့ကျင်းပ](https://burmese.kachinnews.com/2025/08/19/ld1-261/): ရှမ်းမြောက်၊ နမ္မတူမြို့မှာ ကချင်အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ - [လေကြောင်းနဲ့ ဒရုန်းရန်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကို KIA အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေသေး](https://burmese.kachinnews.com/2025/08/19/yl1-407/): မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ - [ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်](https://burmese.kachinnews.com/2025/08/19/zz2-66/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ နေ့ခင်းဘက် ဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ](https://burmese.kachinnews.com/2025/08/19/zm1-245/): ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ နေ့ခင်းဘက် အကြောင်းမဲ့ဖမ်းဆီးခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေ ပြောပါတယ်။ - [ပူတာအိုမှာ ကလေးတစ်ဦး ကျောင်းကအပြန် ကားတိုက်ခံရပြီးသေဆုံး](https://burmese.kachinnews.com/2025/08/18/zz1-273/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ KG တန်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးကျောင်းသွားနေစဥ်ကားတိုက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/08/18/yl2-94/): ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ - [လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2025/08/18/yl1-406/): မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်လိုက်ရတဲ့ မမုံကိုင်ကျေးရွာကို KIA ဘက်က ပြန်လည်သိမ်းယူလိုက်ပြီး မိုင်းနောင်ကျေးရွာဘက်မှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် မမုံကိုင်ကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက် တဆက်တည်း မိုင်းနောင် ကျေးရွာကိုပြန်လည်တိုက်ခိုက်နေတာလို့ မိုင်းညှင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မမုံကိုင်ကို KIA ပြန်ပြီးထိန်းချုပ်လိုက်ပြီ။ မိုင်းနောင်မှာလည်း တပ်စခန်းတစ်ချို့ ပြန်သိမ်းထားနိုင်ပြီလို့တော့ပြောတယ်။ ဒါပေမယ့် သေချာမသိသေးဘူး။ မိုင်းနောင်မှာက ရှမ်းနီ SNA တပ်တွေရှိသေးတယ်။ မမုံကိုင်မှာတော့ ရှမ်းနီတပ်တွေမရှိတော့ဘူး။ KIA တပ်တွေ ပြန်လည်နေရာယူထားပြီ”လို့ပြောပါတယ်။ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ ထိန်းချုပ်ထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ နှစ်ခုစလုံးကို KIA နဲ့ မဟမိတ်ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ KIA တပ်တွေ မမုံကိုင်ကျေးရွာကို သိမ်းပိုက်ခဲ့ပြီး တစ်ပြိုင်နက် မိုင်းနောင်ကျေးရွာကို ထိုးစစ်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။ “မိုင်းနောင်နဲ့ မမုံကိုင်က တစ်မိုင်လောက်ပဲကွာတယ်။ မိုင်းနောင်မှာက ပြန်ပစ်လိုက် ပြန်ငြိမ်လိုက်နဲ့ တိုက်ပွဲဖြစ်နေသေးတယ်။ ပြီးရင် တိုက်ပွဲဖြစ်လို့ စစ်တပ်က လေယာဉ်နဲ့လာပစ်ရင် ပြည်သူတွေက ဘုန်းကြီးကျောင်းထဲကို ဝင်ပုန်းလိုက်နဲ့ ၊ တစ်ချို့က မိုင်းနောင်ထဲကို ဝင်လို့ရပြီလို့ပြောတယ်။ အခုက တိုက်ပွဲဖြစ်နေတာက မိုင်းနောင်ရွာအပြင်မှာဖြစ်နေတာပါ”လို့ပြောပါတယ်။ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ … - [သားအဖချင်း ရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညာလက်ပြတ်](https://burmese.kachinnews.com/2025/08/16/dsa2-12/): မြစ်ကြီးနားမြို့မှာ သားအဖချင်း စကားများရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညဘက် လက်ပြတ်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတွေ ဆီကနေ သိရပါတယ်။ - [အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ ](https://burmese.kachinnews.com/2025/08/16/dsa1-161/): မြစ်ကြီးနားမြို့မှာ အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်ခု ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [နာဂဒေသ ဆေးဝါးပြတ်တောက်မှုကြောင့် ဒေသခံတွေ ဆေးကုသခံယူဖို့ အခက်ကြုံ](https://burmese.kachinnews.com/2025/08/15/zz1-272/): စစ်ကိုင်းတိုင်းဒေသကြီး နာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‌ခန္တီးမြို့ နဲ့ လဟယ်မြို့နယ်၊ လေရှီးမြို့တွေမှာ ဆေးဝါးပြတ်တောက်မှုကြောင့် ဒေသခံတွေဆေးကုသ‌ရေးမှာအခက်အခဲကြုံနေရကြောင်း သိရပါတယ်။ - [ဖားကန့် - ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/08/15/am1-290/): ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ ရာသီတုပ်‌ကွေး၊ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောအဖြစ်များလို့ ဆေးဝါးအကူညီလိုအပ်](https://burmese.kachinnews.com/2025/08/14/dsa1-160/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတဲ့အတွက် ဆေးဝါးအကူညီ နဲ့ ကျန်းမာ‌ရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီနေ သိရပါတယ်။ - [မူဆယ်မြို့အဝင်ထွက်နေရာတွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်](https://burmese.kachinnews.com/2025/08/14/ld1-260/): ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အဝင်အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေ ကြောင့် ပြည်သူတွေသွားလာရေးပိုခက်ခဲလာတယ်လို့ ပြောပါတယ်။ - [ကားမိုင်း-နန့်ယားကြား တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2025/08/14/yl2-93/): ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်](https://burmese.kachinnews.com/2025/08/14/yl1-405/): ဖားကန့် ၊ ရှရော်ခ(Sharaw Hka) ကျေးရွာရှိ ရဝမ်ကုန်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်ထိမှန်ပြီး ဆယ်ကျော်သက် ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [ကချင်ပြည်သူ ၁၄ ဦး အသတ်ခံရပြီးနောက် ရှမ်းနီ နဲ့ ကချင်အတူတကွယှဉ်တွဲနေထိုင်ရေး မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး](https://burmese.kachinnews.com/2025/08/13/yl1-404/): အင်းတော်ကြီးဒေသမှာ ကချင်ပြည်သူ ၁၄ ဦးကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ကချင်လူထုကို နေထိုင်လို့ မရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ် လူမျိုးရေးပြဿနာ မဖြစ်စေရေးအတွက် နှစ်ဖက်လူထုကြား တွေဆုံမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ - [စစ်သင်္ဘောရောက်ပြီးနောက် အမြောက်တပ် ၃၆၆ နဲ့ လေယာဥ်ကွင်းတို့ကို KIAပူးပေါင်းတပ်လက်လွှတ်ထားရ](https://burmese.kachinnews.com/2025/08/13/am1-289/): စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက် တိုက်ပွဲတွေပြင်းထန်နေတဲ့ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ကထိုးစစ်တွေ စတင်လာပြီး KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတချို့ကိုလည်းလက်လွှတ်လိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [နန့်မွန်းနဲ့ မိုင်းနောင်မှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရ](https://burmese.kachinnews.com/2025/08/13/zz1-271/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့နဲ့ မိုင်းနောင်ကျေးရွာမှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရကြောင်းသိရပါတယ်။ - [မြစ်ကြီးနားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဓားထိုးလုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ](https://burmese.kachinnews.com/2025/08/12/dsa1-159/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားထိုးလုယက်မှု ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်သင်္ဘောကနေထွက်ပြေးလာတဲ့ ဒုရဲအုပ်နဲ့စစ်မှုထမ်း ၂ ဦးကို NUG ထိန်းသိမ်းထား](https://burmese.kachinnews.com/2025/08/12/am1-288/): ကချင်ပြည်နယ်ဗန်းမော်ကိုရောက်လာတဲ့ စစ်သင်္ဘောတွေနဲ့အတူပါလာတဲ့ ဒုရဲအုပ်အပါအဝင် အဓ္ဓမလူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း ၂ဦးကိုအမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကထိန်းသိမ်းစောက်ရှောက်ထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ - [ကားမိုင်း - နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ](https://burmese.kachinnews.com/2025/08/12/yl1-403/): ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ - [HIV၊ တီဘီ၊ ငှက်ဖျားဆေးတွေကန့်သတ်ထိန်းချုပ်တာဟာ လူနာတွေအတွက် ပိုခက်ခဲလာနိုင်တယ်လို့ဆို](https://burmese.kachinnews.com/2025/08/12/dsa1-158/): အာဏာသိမ်းစစ်တပ်က HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ပြည်သူတွေအတွက် အဖက်ဖက်ခက်ခဲလာနိုင်တယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက KNG ကို ပြောပါတယ်။ - [လိုင်ဇာမှာ တစ်လအတွင်း ဒုတိယအကြိမ် ချောင်းရေကြီးမှုထပ်ဖြစ်](https://burmese.kachinnews.com/2025/08/11/zm1-244/): KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်းကျရေကြောင့် ချောင်းရေကြီးပြီးမြို့ထဲမှာရှိတဲ့ ဆိုင်ခန်းတစ်ချို့နဲ့ဆိုင်ကယ်တစ်ချို့ ရေစီးနဲ့အတူမျှောပါသွားတာရှိတယ်လို့ သိရပါတယ်။ - [ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ](https://burmese.kachinnews.com/2025/08/11/zz1-270/): ကချင်ပြည််နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ထိုးဖို့ပြင်နေတဲ့အတွက် စာသင်ကျောင်းတစ်ချို့ ခနပိတ်ထားရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီး‌လောင်](https://burmese.kachinnews.com/2025/08/11/dsa1-157/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ - [ENDA တပ်ဖွဲ့ ရဲ့ တပ်သားစုဆောင်း ဖမ်းဆီးခံရမှုကြောင့် လူငယ်တွေသွားလာရေးအခက်တွေ့နေ](https://burmese.kachinnews.com/2025/08/08/zz2-65/): ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့အနီးတဝိုက်မှာ အရှေ့နာဂကာကွယ်ရေးတပ်မတော် ENDA တပ်ဖွဲ့တွေ တပ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ - [ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့](https://burmese.kachinnews.com/2025/08/08/am1-287/): မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ - [တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဖြတ်ပေးမယ်လို့ခေါ်နေပေမယ့် တပ်သားစုဆောင်းခံရမှာစိုးလို့ စာရင်းပေးသူမရှိ](https://burmese.kachinnews.com/2025/08/08/zz1-269/): ပူတာအိုနဲ့မချမ်းဘော့မြို့နယ်ထဲက မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို မူးယစ်ဆေးဖြတ်ပေးမှာဖြစ်တဲ့အတွက် နာမည်စာရင်းလာသွင်းကြဖို့ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ခေါ်နေပေမယ့် စာရင်းပေးသူမရှိဘူးလို့ သိရကြောင်း ဒေသခံတွေကဆိုပါတယ်။ - [စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး KBC ဘုရားကျောင်းဝင်းထဲကျပြီး စစ်ရှောင် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2025/08/08/yl1-402/): တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်က စစ်မျက်နှာမဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေသလို  ဩဂုတ်လ ၇ ရက်နေ့ တစ်ညထဲမှာပဲ လက်နက်ကြီးကျမှန်ပြီး စစ်ရှောင်တသေဆုံးကာ ၅ ဦးဏ်ရာရရှိခဲ့ပါတယ်။ မနေ့ည ၉ နာရီခွဲအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ကြတဲ့ ဖားကန့် ဆိုင်းတောင် ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းမှာ ကျမှန် ပေါက်ကွဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုလို တိုက်ပွဲကြီးအနေနဲ့တော့ ရှိနေတာမဟုတ်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်က ညညဆို ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ အခုရက်ပိုင်းဆိုရင် ပိုဆိုးတယ်။ လူနေရပ်ကွက်တွေကိုပဲ ချိန်ပြီးပစ်နေတာ။ အဲ့ဒါကြောင့် နေစဉ် ထိခိုက်သေဆုံးမှုတွေဖြစ်နေတာ။ မနေ့ညဆိုရင်လည်း ဖားကန့်ဗျူဟာကုန်းကနေ ပစ်တဲ့ လက်နက်ကြီးက ဆိုင်းတောင်က KBC ဘုရားကျောင်းမှာ ထိတာ။ အဲ့ကြောင့် အမျိုးသမီးတစ်ဦးဆုံးတယ် ကလေးငယ်တွေက အစထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်”လို့ပြောပါတယ်။ စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် KBC ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ကလေးငယ် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးဟာ အသက် ၅၀ ကျော်အရွယ် ဒေါ်ဘွမ့်ဆမ်ဆိုသူဖြစ်ပြီးတော့ ဒေါ်လရှီးဒွဲလိန်၊ မဂျာဆိုင်းရွယ်အိန်၊ မောင်မုန်လတ်နော်၊ မောင်ဂျုံးလွမ်း ကလေးငယ်တွေပါ ၅ ဦး ဒဏ်ရာပြင်းထန်ရှိခဲ့ပါတယ်။ ဖားကန့်တိုက်ပွဲဟာ ဩဂုတ်လဆန်းပိုင်းက ရှရော်ခ ညောင်ပင်ကုန်းနေရာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဩဂုတ်လ … - [စကခ (၂၁) တပ်တွင်း လေယာဥ်နဲ့ချပေးတဲ့ရိက္ခာ ဈေးအဆမတန်တင်ရောင်းနေတဲ့အတွက် တပ်မိသားစုတွေ စားနပ်ရိက္ခာပိုကြပ်တည်းလာတယ်လို့ဆို](https://burmese.kachinnews.com/2025/08/07/cj1-35/): မြို့သိမ်းတိုက်ပွဲပြင်းထန်‌နေတဲ့ ဗန်းမော်မြို့ စကခ (၂၁) တပ်ထဲမှာ လေယာဉ်နဲ့ချပေးတဲ့ရိက္ခာ တွေကို ဈေးအဆမတန်ရောင်းနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းများ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။ - [ကသာမှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီကအစည်းအဝေးလုပ်](https://burmese.kachinnews.com/2025/08/07/am1-286/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့အပါအဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကောင်စီကအစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့ကသာမြို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [မြစ်ကြီးနားမြို့အဝင်အထွက်မှာ စစ်တပ်က စစ်ဆေးရေးဘယ်‌‌လိုတင်းကြပ်နေသလဲ](https://burmese.kachinnews.com/2025/08/07/dsa1-156/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့အဝင်အထွက် စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ဒေသတွင်းပြည်သူ‌များ သွားလာရေးမှာ ပိုခက်ခဲလာတယ်လို့မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။ - [နမ္မတီးမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်အတွက် နေရာထိုင်အခင်း၊စားနပ်ရိက္ခာအကူညီလိုအပ်](https://burmese.kachinnews.com/2025/08/07/ld1-259/): ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် နမ္မတီးမြို့မှာ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်းမှာ ဆေးဝါးအကူညီလိုအပ်နေ](https://burmese.kachinnews.com/2025/08/06/ld1-258/): လိုင်ဇာမြို့မှာ ရေကြီးရေလျှံမှု‌ကြောင့် အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်း ရေလွှမ်းမိုးခဲ့ရပြီး ဆေးဝါးအားလုံးဆုံးရှုံးသွားတဲ့အတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ - [ရှမ်းနီ SNA တပ်ထိုင်ထားတဲ့ လုံးတုံဂိတ်မှာကုန်ကား ၁၀၀ ဝန်းကျင်ပိတ်မိနေ](https://burmese.kachinnews.com/2025/08/06/zz1-268/): ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းမှာ ဖားကန့်တက်မယ့် ကုန်ကားကြီးတွေ နဲ့ ကားသေး စုစု‌ပေါင်း အစီး ၁၀၀ ဝန်းကျင် လုံးတုံဂိတ်မှာ ပိတ်မိနေဆဲလို့သိရပါတယ်။ - [စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ](https://burmese.kachinnews.com/2025/08/06/am1-285/): ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးကြောင်း KHRW ထုတ်ပြန်](https://burmese.kachinnews.com/2025/08/05/dsa1-155/): ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ KHRW-Kachin Human Rights Watch အဖွဲ့ကနေပြီးတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ - [ကားမိုင်း - နန့်ယားလမ်းကို စစ်တပ်က ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီလစဉ်သုံးပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်ထား](https://burmese.kachinnews.com/2025/08/05/yl1-401/): ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်‌ပေမယ့် ဆန်နဲ့ အခြား အခြေခံစားသောက်ကုန်တစ်ချို့ကန့်သတ်ချက်နဲ့သာသယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။ - [လက်လွတ်လိုက်ရတဲ့ ညောင်ပင်ကုန်းကို KIA ပြန်သိမ်းပိုက်](https://burmese.kachinnews.com/2025/08/04/yl1-400/): ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ တိုက်ပွဲဆက်လက်ဖြစ်နေပြီး လက်လွတ်လိုက်ရတဲ့ ရှရော်ခ(Sharaw Hka) ကျေးရွာအနီးက ညောင်ပင်ကုန်း(Lagat Kawng) တပ်စခန်းနေရာကို KIA ဘက်က ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ - [မြေမြှုပ် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ခြေ‌ထောက်တစ်ဖက် ပြတ်ထွက်သေဆုံး ](https://burmese.kachinnews.com/2025/08/04/dsa1-154/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်း စစ်တပ်က ပြန်ဖွင့်](https://burmese.kachinnews.com/2025/08/02/yl1-399/): လေးလခန့်အကြာ ပိတ်ဆို့ထားတဲ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ မှာ ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ ဖားကန့်ထဲကို ဝင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ - [ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံ‌နေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ](https://burmese.kachinnews.com/2025/08/02/yl1-398/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ - [စစ်သင်္ဘောအားလုံး ဗန်း‌မော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်](https://burmese.kachinnews.com/2025/08/01/am1-284/): ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမှာ ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွား](https://burmese.kachinnews.com/2025/08/01/dsa1-153/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ် ၆ ဦးကနေပြီးတော့ ဆိုင်ကယ်တစ်စီးလုယက်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [မုံရွာကနေဆန်တက်တဲ့ စစ်သင်္ဘောတွေ ဟုမ္မလင်းမြို့မှာအများပိုင်းဆိုက်ကပ်ထား၊ ခန္တီးဘက် ၈ စီးဆန်တက်](https://burmese.kachinnews.com/2025/07/31/zz1-267/): စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဟုမ္မလင်းမြို့မှာရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ - [ဖားကန့် ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့ထားဆဲဖြစ်လို့ ပြည်သူတွေ ပိုမိုကြပ်တည်းလာ](https://burmese.kachinnews.com/2025/07/31/yl1-397/): ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်တွေက ဖမ်းဆီးစစ်ဆေးတာတွေ တင်းကြပ်ထားတာကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာလက်နက်ကြီးကျလို့ မိခင်ဖြစ်သူသေဆုံး၊ ကလေးငယ် ၂ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2025/07/31/am1-283/): ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းအုပ်စုမှာ မနေ့ညက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၃၇နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင်သေဆုံးခဲ့ရပါတယ်။ - [ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2025/07/30/yl1-396/): တနိုင်းသွားလီဒိုလမ်းပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်ပစ်ခတ်ခံရတာကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2025/07/30/zz1-266/): ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ - [ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး](https://burmese.kachinnews.com/2025/07/30/ld1-257/): ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့](https://burmese.kachinnews.com/2025/07/29/cj1-34/): ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ - [ဗန်းမော်ကိုဦးတည်‌နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ](https://burmese.kachinnews.com/2025/07/29/am1-282/): ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ](https://burmese.kachinnews.com/2025/07/25/yl1-395/): ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေ‌ကြောင်းအကူနဲ့အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်‌ပြီး တန်ပြန်ထိုးစစ်ဆင်နေတာ ခုဆိုနှစ်လကျော်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ - [မြစ်ကြီးနားမှာ သစ်ပင်ကျိုးကျလို့ ကလေးငယ်တစ်ဦး‌ ခြေ ထောက်ကျိုး၊ နောက်ထပ်အမျိုးသားတစ်ဦးခါးကျိုးဒဏ်ရာရ](https://burmese.kachinnews.com/2025/07/25/dsa1-152/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သစ်ပင်ကြီးကျိုးကျမှုကြောင့် ကားတစ်စီးပျက်စီးခဲ့ရပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။ - [လာဟီဆင်စခန်းပြန်ရဖို့ စစ်ကောင်စီပူးပေါင်းတပ်ကြိုးပမ်းနေ](https://burmese.kachinnews.com/2025/07/24/zz1-265/): ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီလက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လာဟီဆင်ရှေ့တန်းစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြိုးပမ်းနေတယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ကျေးရွာနဲ့ ခေါင်လန်းဖူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က လာဟီဆင် မဆုတ်တမ်းခံစစ်စခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေကြိုးပမ်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “မြေပြင်သတင်းအရကတော့ သူတို့ ခေါင်လန်ဖူးမှာ စစ်သားအင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့ မြို့ထဲမှာသင်တန်းတွေလည်းပေးနေတယ်ပေါ့ ဟိုတလော ခေါင်လန်ဖူးရှေ့တန်းပေါ့ လာဟီဆင်ဘက်ကိုလှုပ်ရှားလာတာတွေရှိတယ်။ သူတို့က လာဟီဆင်စခန်းနဲ့ဆုံးရှုံးထားတဲ့နေရာတွေတော့ပြန်လိုချင်မှာပဲ”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအိုဘက်ကနေ ဖြည့်တင်ထားတဲ့စစ်သားအင်အား၊လက်နက်ခဲယမ်းတွေနဲ့ ခေါင်လန်းဒေသအတွင်းက လိုက်လံစည်းရုံးပြီး သင်တန်းပေးထားတဲ့ ဌာနေပြည်သူ့စစ်တပ်တွေပူးပေါင်းကာ လာဟီဆင်ဘက်ကို ယခုလအတွင်းနှစ်ကြိိမ်တိတိ စစ်ကြောင်းထိုးလာပေမယ့် ကာကွယ်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်တာခံလိုက်ရတယ်လို့သိရပါတယ်။ “သူတို့ကတော့လာဟီဆင်ကိုတက်သိမ်းမယ်ဆိုပြီးလိုင်းပေါ်တွေတောင်တင်ထားတာကြာပြီ။အဲ့နောက် နှစ်ခါတောင်တက်လာတယ်။ ဒါပေမယ့်ကာကွယ်ရေးတပ်တွေက လာဟီဆင်မဝင်ခင်မှာပဲ ဖြတ်တိုက်ဖြတ်တိုက်တော့ပြန်ပြန်ဆုတ်သွားတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဇူလိုင်လဆန်းပိုင်းကတစ်ကြိမ် ဇူလိုင်လ ၁၀ ရက်ကျော်ကတစ်ကြိမ် အင်အားအများအပြားနဲ့နှစ်ကြိမ်တိတိစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လာဟီဆင်ကို အင်အားသုံးပြီးပြန်သိမ်းမယ်ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာပျံ့နှံ့နေပြီး လက်ရှိမှာတော့ နောင်မွန်မြို့ပေါ်နဲ့ခေါင်လန်ဖူးမြို့ပေါ်တွေမှာတစ်အိမ်တက်တစ်အိမ်ဆင်းပြီး တပ်သားသစ်စုဆောင်းတာ၊စစ်သင်တန်းပေးတာတွေပြုလုပ်ကာ စစ်အင်အားစုနေတယ်လို့သိရပါတယ်။ “နောင်မွန်ကနေခေါင်လန်ဖူးကိုသင်တန်းဆင်းကလေးတွေပို့တာ နှစ်ခါရှိပြီ မကြာသေးဘူးတစ်လနှစ်လလောက်ပဲရှိအုန်းမယ် တစ်ခါပို့ရင် နှစ်ဆယ်သုံးဆယ်ပါတယ် ဒီမှာက ပြည်သူ့စစ်တစ်အိမ်တစ်ယောက်မဝင်မနေရဆိုပြီးနာမည်စာရင်းနဲ့လိုက်ကောက်နေတာ ကလေးတွေက မသွားချင်လည်းသွားနေရတယ်ခေါင်လန်ဖူးဘက်ကိုပဲပို့နေတယ်”လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။ ခေါင်လန်းဖူးနဲ့နောင်မွန်းမြို့ပေါ်တွေမှာ ထွေအုပ်၊ပြည်သူ့စစ်နဲ့စစ်တပ်ပူးပေါင်းပြီး ယခုနှစ်အတွင်းတစ်အိမ်တက်တစ်အိမ်ဆင်းကာ ပြည်သူ့စစ်မှုထမ်းအတွက်လူငယ်တွေကိုနာမည်စာရင်းနဲ့တကွလိုက်လံခေါ်ယူပြီး မြို့ပေါ်တွေမှာပဲစစ်သင်တန်းပေးကာ သင်တန်းဆင်းကလေးတွေကိုခေါင်လန်ဖူးဘက်ပို့ဆောင်လျက်ရှိနေကြောင်းဒေသခံတွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ပြန်ယူဖို့ကြိုးပမ်းနေတဲ့ လာဟီဆင်ရှေ့တန်းစခန်းဟာ ခေါင်လန်ဖူးမြို့နယ်အတွက်အရေးပါတဲ့စခန်းဖြစ်တဲ့အပြင် ယင်းလမ်းကြောင်းကနေတဆင့်လန်ဆယ်ရွှေမှော်ဒေသနဲ့ လန်ဆယ်ကနေတဆင့် ချီဖွေ၊ပန်ဝါဘက်အထိကုန်ကြောင်းနဲ့ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ခေါင်လန်းဖူး ပြည်သူ့စစ်တွေနဲ့စစ်ကောင်စီစစ်သား စုစုပေါင်းအင်အား ၈၀ ဝန်းကျင်ထိုင်ထားတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို KIAနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလထဲသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw - [မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့မှာ ကိုးကန့်အလံဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူ](https://burmese.kachinnews.com/2025/07/24/ld1-256/): ရှမ်းမြောက် မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့ရှိ ကိုးကန့် ( MNDAA) ရဲ့ အစိုးရဆိုင်ရဌာနရုံးတွေမှာ ကိုးကန့်(MNDAA ) အလံကိုဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [NSCN-K ဂိတ်ကို ရုပ်သိမ်းပေးဖို့သတိပေးထားပေမယ့် ရုပ်သိမ်းခြင်းမရှိလို့ KIA ဖယ်ရှား](https://burmese.kachinnews.com/2025/07/23/zz1-264/): ကချင်ပြည်နယ် တနိုင်းမြို့နယ်၊တလူးကျေးရွာအနီး တနိုင်းချောင်း(Danai Kha)နံဘေးမှာထိုင်ထားတဲ့ NSCN-K(ယုန်းအောင်) တပ်ဖွဲ့ရဲ့စစ်ဆေးရေးနှင့်အကောက်အခွန်ဂိတ်တစ်ခုကို ရုပ်သိမ်းပေးဖို့ KIA က အကြိမ်ကြိမ်သတိပေးအကြောင်းကြားပေမယ့်ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် KIA ဘက်က ဖယ်ရှားပေးလိုက်တယ်လို့သိရပါတယ်။ - [အင်းတော်ကြီးဒေသမှာ SNA တပ်က လူမျိုးရေးအခြခံပြီး ခြိမ်းခြောက်မှု ပြုလုပ်နေ](https://burmese.kachinnews.com/2025/07/23/yl1-394/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်က ဒေသခံ ကချင်နေအိမ်တွေကို ချိတ်ပိတ်ပြီး ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ကချင်လူမျိုးအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ](https://burmese.kachinnews.com/2025/07/22/dsa1-151/): စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။ - [ဖားကန့်မှာ မြေစာပြိုကျလို့ ရေမဆေးသမား နှစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/07/21/zm1-243/): ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျလို့ ကျောက်ရှာဖွေတဲ့ရေမဆေးသမား ၂ ဦးသေဆုံးသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [နာရေးကပြန်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2025/07/21/dsa1-150/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး နာရေးအိမ်ကနေ ပြန်လာချိန် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး](https://burmese.kachinnews.com/2025/07/21/zz1-263/): ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးမှုတစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်](https://burmese.kachinnews.com/2025/07/21/am1-281/): မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ - [မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်](https://burmese.kachinnews.com/2025/07/18/yl1-393/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ - [စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်](https://burmese.kachinnews.com/2025/07/18/am1-280/): လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ - [အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု](https://burmese.kachinnews.com/2025/07/18/dsa1-149/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီးလေးရာကျော်သေဆုံး](https://burmese.kachinnews.com/2025/07/17/dsa1-148/): နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၄၁၅ ဦး သေဆုံးပြီး၊ ၄၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burmese Women’s Union(BWU) ရဲ့အချက်အလက်ဖော်ပြချက်အရ သိရပါတယ်။ - [စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်](https://burmese.kachinnews.com/2025/07/17/am1-279/): အာဏာသိမ်းစစ်‌ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘော‌အပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။ - [ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ](https://burmese.kachinnews.com/2025/07/17/zz1-262/): ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ - [ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား](https://burmese.kachinnews.com/2025/07/16/zz1-261/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသရေးအတွက်အခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။ - [နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ](https://burmese.kachinnews.com/2025/07/16/zz1-260/): စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ](https://burmese.kachinnews.com/2025/07/16/zm1-242/): ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ - [ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2025/07/16/yl2-92/): ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ - [ကားမိုင်း - ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး](https://burmese.kachinnews.com/2025/07/16/yl1-392/): ကားမိုင်း – ဖားကန့်လမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ထားတဲ့ လမ်းပိုင်းနေရာတစ်ချို့ ရှင်းလင်းရေးဆောင်ရွက်ကာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ - [KIO ထိန်းချုပ်နယ်မြေမှာ တစ်လတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးဖမ်းဆီးရမိ](https://burmese.kachinnews.com/2025/07/15/dsa1-147/): ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေမှာ ဇွန်လ တစ်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးနဲ့ မူးယစ်ဆေးအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ KIO ပိုင် ( Alen Yang -TV )ရုပ်သံကနေထုတ်ပြန် ကြေညာထားပါတယ်။ - [မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2025/07/15/am1-278/): စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာပဲလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြပါတယ်။ - [ဗန်းမော်စစ်ရေး ပြန်ပြီးအားကောင်းလာကြောင်း KIO ပြော](https://burmese.kachinnews.com/2025/10/09/yl1-435/): ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်ထားတဲ့ တပ်နေရာတွေရဲ့ ရှေ့တန်းကာကင်းတပ်စခန်းတွေကို ဆက်သိမ်းပိုက်တာတွေရှိနေပြီး ဗန်းမော်စစ်ရေးအခြေအနေအရ ပြန်ပြီးအားကောင်းလာတယ်လို့ KIO ပြောပါတယ်။ - [မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ](https://burmese.kachinnews.com/2025/10/08/zz1-297/): ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ - [လမြန်ရွာအတွင်း လက်လွှတ်လိုက်ရတဲ့နေရာတွေကို KIA ပြန်လည်သိမ်းပိုက်](https://burmese.kachinnews.com/2025/10/08/ld1-272/): လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ဝိုင်းမော် (၅၈) တပ်ရင်းကနေ မီတာ ၈၀၀ ကျော်လောက်အကွာအဝေးမှာရှိပြီး ဆိုင်ကယ်နဲ့ ၁၀ မိနစ်ဝန်းကျင်သာသွားရတဲ့ ဝူယန်နဲ့လမြန်ကျေးရွာတဝိုက်မှာဖြစ်ပါတယ်။ - [အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ](https://burmese.kachinnews.com/2025/10/08/am1-313/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ - [လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ](https://burmese.kachinnews.com/2025/10/08/yl1-434/): “KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။  ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။ - [လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ](https://burmese.kachinnews.com/2025/10/07/zz1-296/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ - [စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်](https://burmese.kachinnews.com/2025/10/07/feature1/): သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ - [နမ္မတူမြို့ကို စစ်တပ်က တစ်ပတ်အတွင်း ၃ ကြိမ်တိတိလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူများဘေးလွှတ်ရာတိမ်းရှောင်](https://burmese.kachinnews.com/2025/10/07/ld1-271/): ရှမ်းမြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူအများပိုင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေပြည်သူတွေပြောပါတယ်။ - [ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်](https://burmese.kachinnews.com/2025/10/07/zz1-295/): စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။ - [မြစ်ကြီးနားမြို့မှာ စလော့ဂိမ်းနဲ့လောင်းကစားရုံများကြောင့် လူငယ်အများစုပျက်စီး](https://burmese.kachinnews.com/2025/10/06/dsa1-178/): အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်အများစု စလော့ဂိမ်းနဲ့လောင်းကစားရုံတွေကြောင့်လူငယ်အများပိုင်းပျက်စီးနေကြပြီလို့ မြစ်ကြီးနားဒေသခံပြည်သူတွေ ပြောပါတယ်။ - [ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ပြန်ထိုးစစ်ဆင်၊ မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာ](https://burmese.kachinnews.com/2025/10/06/am1-312/): တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေပြီး နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။ - [နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး](https://burmese.kachinnews.com/2025/10/06/ld1-270/): ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာ ကုန်သွယ်ခွင့်ကန့်သတ်မှုကြောင့် ကားသမားတွေ အခက်တွေ့](https://burmese.kachinnews.com/2025/10/06/am1-311/): မန္တလေး–ကချင်ပြည်နယ်ကို ပြေးဆွဲတဲ့ယာဥ်မှန်သမျှကို နှစ်ဖက်လက်နက်ကိုင်တွေက ကုန်သယ်ယူခွင့် ကန့်သတ်မှု နဲ့ စစ်ဆေးရေး တင်းကြပ်မှုတွေကြောင့် ကားသမားတွေ ခရီးစဥ်ပုံမှန်ပြေးဆွဲဖို့ အခက်တွေ့လာရတယ်လို့ သိရပါတယ်။ - [စစ်တပ်နဲ့ လက်တွဲပြီး KIA နဲ့ PDF များကို ချေမှုန်းသွားမယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ပြော](https://burmese.kachinnews.com/2025/10/04/yl1-433/): စစ်တပ်အာဏာတည်မြဲအောင် KIA အပါအဝင် PDF များကို ချေမှုန်းသွားမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်က ပြောဆိုလိုက်ပါတယ်။ - [MMA ကစားသမားဘဝကို အနိုင်နဲ့ အဆုံးသတ်သွားတဲ့ အောင်လအင်ဆန် (Aung La N'sang)](https://burmese.kachinnews.com/2025/10/04/yl1-432/): MMA သိုင်းပေါင်းစုံ ချန်ပီယံဆိုပြီး နာမည်ကြီးတဲ့ အားကစားဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအင်ဆန်ဟာ နောက်ဆုံးပွဲအဖြစ် ထိုးသတ်တဲ့ပွဲမှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်ကို အနိုင်ရရှိခဲ့ပြီး ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ - [ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ](https://burmese.kachinnews.com/2025/10/03/yl1-431/): ဗန်းမော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်လွတ်ထားတဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်နေရာရယူနိုင်ပြီး အရေးပါတဲ့ ဗျူဟာမြောက်တပ်နေရာ ၃ နေရာလောက်မှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ - [မြန်မာ့ဂုဏ်ဆောင် ကချင်ဖိုက်တာအောင်လအင်ဆန် နောက်ဆုံးနှုတ်ဆက်ပွဲ မနက်ဖြန်ထိုးသတ်မယ်](https://burmese.kachinnews.com/2025/10/03/am1-310/): မြန်မာ့စပါးအုံးလို့ နာမည်ကျော်တဲ့ MMA ဖိုက်တာ အောင်လအင်ဆန်ဟာ သူ့ရဲ့ဖိုက်တာဘဝ နောက်ဆုံးပွဲအဖြစ် မနက်ဖြန် မြန်မာ စံတော်ချိန် မနက်ပိုင်း ၉ နာရီလောက်မှာဘဲ ထိုးသတ်သွားဖို့ရှိနေပါတယ်။ - [အထိနာတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်](https://burmese.kachinnews.com/2025/10/02/yl2-95/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၂ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ](https://burmese.kachinnews.com/2025/10/02/yl1-430/): ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2025/10/02/ld1-269/): ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ရှောင်စခန်း ခိုလှုံရာတဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည် ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ](https://burmese.kachinnews.com/2025/10/01/dsa1-177/): ကချင်ပြည်နယ် ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး](https://burmese.kachinnews.com/2025/09/30/zz1-294/): စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ - [မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်တန့်သွားရေး ဒေသခံများ ဆုတောင်း](https://burmese.kachinnews.com/2025/09/30/ld1-268/): မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေရဲ့ ဆုတောင်းပွဲတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်မှ နေ့လည် ၁၂ နာရီအထိ မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။ - [လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ](https://burmese.kachinnews.com/2025/09/30/yl1-429/): ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ - [ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး](https://burmese.kachinnews.com/2025/09/29/yl1-428/): ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2025/09/29/ld1-267/): ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ဝိုင်းမော် တိုက်ပွဲမှာ ခမရ ၃၁၈ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2025/09/29/yl1-427/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို ဦးတည် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ တိုက်ပွဲမှာ စစ်ကူအဖြစ်ရောက်ရှိလာတဲ့ တနိုင်းအခြေစိုက် ခမရ ၃၁၈ တပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး](https://burmese.kachinnews.com/2025/09/29/dsa1-176/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ လေယာဉ်ကွင်းနဲ့ မနောကွင်းအနီး တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2025/09/26/yl1-426/): ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ လေယာဉ်ကွင်း နဲ့ မနောကွင်းရှိတဲ့ ဘက်ခြမ်းကို စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ - [ဗန်းမောက်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေ SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိ](https://burmese.kachinnews.com/2025/09/26/am1-309/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ - [ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2025/09/26/am1-308/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း](https://burmese.kachinnews.com/2025/09/25/dsa-feature1-3/): “‌‌ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်‌တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအ‌နေနဲ့‌ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ - [လမ်းကြောင်းအသစ်ရှာပြီးထိုးစစ်ဆင်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ အထိနာပြီးပြန်ဆုတ်](https://burmese.kachinnews.com/2025/09/24/zz1-293/): ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းပြန်ရဖို့ အပြင်းထန်ကြိုးစား‌နေတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက လမ်းကြောင်းသစ်ရှာပြီးထိုးစစ်ပြန်ဆင်လာရာအထိပြီးပြန်ဆုတ်သွားကြောင်းသိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိ](https://burmese.kachinnews.com/2025/09/24/dsa1-175/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိခဲ့တယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေနဲ့ လူမူကူညီရေးအသင်းတွေဆီကနေသိရပါတယ်။ - [ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမလုပ်မနေရဟု ဖိအားပေးနေ](https://burmese.kachinnews.com/2025/09/24/ld1-266/): ရှမ်းမြောက် မုံးကိုးမြို့နယ်ရှိ ဒေသခံပြည်သူတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်မနေရဟု ကိုးကန့် (MNDAA) တပ်ဖွဲ့ကပြောဆိုနေတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ပြောပါတယ်။ - [မြစ်ကြီးနားမြို့တွင်း တောင်းရမ်းသူပိုများလာပြီး ၁၀နှစ်အောက်ကလေးအများဆုံးပါဝင်](https://burmese.kachinnews.com/2025/09/24/dsa1-174/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တောင်းရမ်းသူတွေအလွန်များလာပြီး အဲဒီထဲမှာ ၁၀ နှစ်အောက်ကလေးအများဆုံးပါဝင်‌နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်](https://burmese.kachinnews.com/2025/09/23/yl1-425/): ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူ‌ထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ ဦးထွက်ပြေးလွတ်မြောက်](https://burmese.kachinnews.com/2025/09/23/am1-307/): စစ်ကိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ - [မိုင်းနားရွာအနိီး အမျိုးသားတစ်ဦး ဓားအချက်ပေါင်းများစွာဖြင့် သတ်ဖြတ်ခံထားရ](https://burmese.kachinnews.com/2025/09/23/dsa1-173/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးမှာ ဓားအချက်ပေါင်းများစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [မြစ်ဆုံစီမံကိန်းအကြောင်းပြုပြီး တရုတ်အကူညီပိုရအောင်လုပ်‌နေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြော](https://burmese.kachinnews.com/2025/09/23/ld2-51/): အာဏာသိမ်းစစ်‌ခေါင်းဆောင်ဟာ မြစ်ဆုံစီမံကိန်းကိုဆက်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာက တရုတ်အစိုးရရဲ့အကူအညီပိုရလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ကချင်ဒေသခံနိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောပါတယ်။ - [မြစ်ဆုံ - တန်ဖရဲလမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး သွားခွင့်ပိတ်ပင်နေ](https://burmese.kachinnews.com/2025/09/23/ld1-265/): မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်ကောင်စီတပ်တွေက ဂိတ်တွေထပ်တိုးထားကာ စစ်ဆေးမှုတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ အဲဒီလမ်းပိုင်းနေ ပြည်သူတွေပြောပါတယ်။ - [ပူတာအို တောင်ပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲ](https://burmese.kachinnews.com/2025/09/23/zz1-292/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေခွန်ကျေးမှာ မြေပြိုမှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံများမှ သိရပါတယ်။ - [လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ](https://burmese.kachinnews.com/2025/09/22/zz1-291/): ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ - [အမျိုးသမီးအဆောင်ဓါးပြဝင်တိုက်တဲ့ ရဲတပ်သားတစ်ဦး သေနတ်နဲ့အတူဖမ်းဆီးရမိ](https://burmese.kachinnews.com/2025/09/22/zm1-255/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် (၁) အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ဓါးပြဝင်တိုက်တာအပြင် အမျိုးသမီးငယ် တွေကိုမဖွယ်မရာပြုလုပ်ဖို့ကြိုးစားတဲ့ ရဲတပ်သားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးမိတယ်လို့ အဆောင်နဲ့နီးစပ်သူ‌တွေ ပြောပါတယ်။ - [တောင်ကျချောင်းရေကြောင့် ပူတာအိုမှာ လယ်ဧက ၁၀၀ ခန့်ပျက်စီး](https://burmese.kachinnews.com/2025/09/20/zz1-290/): ကချင်ပြည်နယ်၊ ပူတာအိုမြို့ထဲက ကျေးရွာတစ်ချို့မှာ တောင်ကျချောင်းရေတိုက်စားမှုကြောင့် စပါးစိုက်ပျိုးထားတဲ့ လယ်ဧက ၁၀၀ ဝန်းကျင်ခန့်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ခရိုင်ညွှန်ကြားချက်နဲ့ ယာယီပိတ်သိမ်းခိုင်းတဲ့ KTV ၊အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ပြော](https://burmese.kachinnews.com/2025/09/20/am1-306/): စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊အင်းတော်မြို့နယ်မှာ ခရိုင်ညွှန်ကြားချက်နဲ့ယာယီပိတ်သိမ်းခိုင်းနေတဲ့ KTV နဲ့အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ KNG ကိုပြောပါတယ်။ - [KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့](https://burmese.kachinnews.com/2025/09/19/yl1-424/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ - [ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ](https://burmese.kachinnews.com/2025/09/18/zz1-289/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် လူကြီးလူငယ်မရွေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ဗန်းမောက်မြို့တိုက်ပွဲ ကာကင်းစခန်း ၆ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်](https://burmese.kachinnews.com/2025/09/18/am1-305/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ - [လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်](https://burmese.kachinnews.com/2025/09/18/yl1-423/): ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ - [ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ](https://burmese.kachinnews.com/2025/09/17/zz2-68/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ ‌‌စက်‌ လှေသမားများဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2025/09/17/dsa1-172/): မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ - [ပူတာအိုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ](https://burmese.kachinnews.com/2025/09/17/zz1-288/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချောင်းရေတွေကြီးပြီး လမ်းတံတားနဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ဆိုင်းတောင်အုပ်စုထဲက ကျေးရွာတစ်ချို့ကို စစ်တပ်ကပြန်ပြီးနေရာယူ](https://burmese.kachinnews.com/2025/09/17/yl1-422/): ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။ - [လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာမှာ စစ်အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိပဲ လွတ်ပေးနေ](https://burmese.kachinnews.com/2025/09/16/zm1-254/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စစ်တပ်၊ယာဉ်ထိန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိဘဲ လွတ်ပေးနေတာကြောင့် တရားမျှတမှုမရှိဘူးလို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောဆိုနေပါတယ်။ - [ကချင်အထူးဒေသ(၁) ပြန်ရဖို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က လမ်းကြောင်း ၃ ခုနဲ့စစ်‌ရေးပြင်ဆင်နေ](https://burmese.kachinnews.com/2025/09/16/yl1-421/): မြစ်ကြီးနားမြို့ထဲရှိမြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)နဲ့ မြို့မရောက်ခင် ၁၅ မိုင်ဝန်းကျင်မှာအကွာမှာရှိတဲ့ ပြည်ထောင်စစ်လေ့ကျင့်ရေးသင်တန်း‌ကျောင်းဟာ ကချင်ဒေသတွင်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့အဓိက စစ်သင်တန်းပို့ချရာနေရာဖြစ်ပါတယ်။ - [မြစ်ကြီးနား - မန္တလေး - ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်](https://burmese.kachinnews.com/2025/09/16/zz1-287/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေး – ရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။ - [ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ](https://burmese.kachinnews.com/2025/09/16/am1-304/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိ‌နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [အင်းတော် - ဗန်းမောက်ကို ဆက်သွယ်ထားတဲ့လမ်းအားလုံး အကန့် အသတ်မရှိပိတ်](https://burmese.kachinnews.com/2025/09/16/am1-303/): စစ်ကိုင်းတိုင်း ကချင်အစပ်မှာရှိတဲ့ အင်းတော်–ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့ ဗျူဟာလမ်းအပါအဝင် တခြားလမ်းပိုင်းအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ - [ပူတာအိုမှာ PPP ပါတီရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်နေ](https://burmese.kachinnews.com/2025/09/15/zz1-286/): ကချင်ပြည်နယ် ၊ပူတာအိုမြို့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေစပြီးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦးပစ်ခတ် ဖမ်းဆီးခံရ ](https://burmese.kachinnews.com/2025/09/15/ld1-264/): ကချင်ပြည်နယ် မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ KIA နဲ့နီးစပ်သူတွေ KNG ကို ပြောပါတယ်။ - [ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်](https://burmese.kachinnews.com/2025/09/15/am1-302/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု](https://burmese.kachinnews.com/2025/09/12/yl1-420/): ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။ - [ခေါင်လန်ဖူး - ပူတာအိုကြား ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးရ](https://burmese.kachinnews.com/2025/09/12/zz1-285/): ကချင်ပြည်နယ် ပူတာအို – ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးနေတာကြောင့် ဆိုင်ကယ်ကယ်ရီငှားရမ်းခတစ်စီးကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [တိုက်ပွဲကြောင့် ဝါးရှောင်ရွာ အပါကျေးရွာတစ်ချို့ပြန်တိမ်းရှောင်](https://burmese.kachinnews.com/2025/09/11/zm1-253/): ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ဝါးရှောင် ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာက ပြည်သူတွေထပ်မံတိမ်းရှောင်နေရတယ်လို့ ဝါးရှောင် ဒေသခံတွေပြောပါတယ်။ - [ဖားကန့်မှာ စစ်တပ်ရဲ့ ထိုးစစ်ဘယ်ကို ဦးတည်နေပြီလဲ](https://burmese.kachinnews.com/2025/09/11/yl1-419/): ဖားကန့်မှာ စစ်တပ်က စစ်ရေးအရ မျှော်မှန်းထားတဲ့ အခြေအနေအထိ မရောက်ရှိသေးတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ရေးက ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ - [ခေါင်လန်ဖူး‌ဒေသမှာ ပြည်သူ့စစ်တပ်က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကိုအတင်းအဓ္ဓမစေခိုင်းနေ](https://burmese.kachinnews.com/2025/09/11/zm1-252/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဒေသမျိုးစေ့ထိန်းသိမ်းဖို့ ခက်ခဲလာတဲ့အထိ ကြွက်ဘေးဆိုးရွားနေ](https://burmese.kachinnews.com/2025/09/10/yl1-418/): ကချင်ပြည်နယ် ဆွမ့်ပရာဘွမ့် ၊ အင်ဂျန့်ယန်ဒေသတွေမှာ ကြွက်ဘေးဒဏ်ကို ဆိုးဆိုးရွာရွာ ကြုံတွေ့နေရတဲ့အတွက် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ ကောက်ပဲသီးနှံများ ပြန်ရိတ်သိမ်းယူဖို့မရနိုင်တဲ့အထိ ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။ - [အိန္ဒိယဘက်ခြမ်း စျေးဝယ်ခွင့် တစ်ပတ် ၆ ကြိမ်အထိခွင့်ပြုလာ](https://burmese.kachinnews.com/2025/09/09/zz2-67/): အိန္ဒိယ – မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေ အိန္ဒိယဘက်ခြမ်းကို စျေးဝယ်ခွင့် ယခင်တစ်ပတ်တစ်ကြိမ်ခွင့်ပြုပေးရာကနေ ယခုတစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။ - [စစ်သင်္ဘောစုန်ဆင်းချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုထဲ အမျိုးသမီး ၇ ဦးပါဝင် ](https://burmese.kachinnews.com/2025/09/09/am1-301/): ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေစုန်ဆင်းသွားချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦးအထိပါဝင်သေဆုံးသွားခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သူတွေကပြောပါတယ်။ - [မိုးညှင်းမြို့ပေါ်မှာ Mytel အင်တာနက်လိုင်းပုံမှန်ပြန်ရ](https://burmese.kachinnews.com/2025/09/09/zz1-284/): ကချင်ပြည်နယ် မိုးညှင်းမြို့မှာ Mytel ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပုံမှန်လိုပြန်ရနေပြီလို့သိရပါတယ်။ - [ဖားကန့်မှာမိသားစုတစ်စုလက်နက်ကြီးထိလို့ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူနဲ့အမျိုးသမီးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2025/09/09/am1-300/): ဖားကန့်မြို့နယ် မြို့မဆွတ်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုတစ်စုထဲကဘဲ ဖခင်ဖြစ်သူသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ - [ရှိန်းခေါင်မှာ ပြည်သူ့စစ်တပ်က ဒေသတွင်း ကုန်အဝင်အထွက်ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအခက်တွေ့](https://burmese.kachinnews.com/2025/09/09/zm1-251/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝေးလံ‌ခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံ‌ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေတယ်လို့ သိရပါတယ်။ - [မောင်နှမချင်း စကားများရာကနေ အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်](https://burmese.kachinnews.com/2025/09/08/dsa2-15/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာကနေ အစ်မဖြစ်သူကို ဓားအချက်ပေါင်းများစွာနဲ့သတ်လိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ကချင်မှာ တစ်လအတွင်း လက်နက်ကြီးနဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးထိရှိလာ](https://burmese.kachinnews.com/2025/09/08/dsa1-171/): ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း လက်နက်ကြီးကျ‌ပေါက်ကွဲမှု နဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးထိရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ - [လိုင်ဇာ - မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီက လုပ်အားခခေါင်းပုံဖြတ်နေ](https://burmese.kachinnews.com/2025/09/08/ld2-50/): လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီတွေက လုပ်အားခအပြည့်မပေးပဲ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ - [ဖမ်းဆီးခံရတဲ့ ဟုမ္မလင်း  HPDF- 124 ခေါင်းဆောင် နဲ့ တပ်ဖွဲ့ဝင်တွေပြန်မလွတ်သေး](https://burmese.kachinnews.com/2025/09/08/zz1-283/): ရှမ်းနီ PDF ဖွဲ့မည့်သတင်းကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့တပ်ဖွဲ့ဝင်တွေပြန်လည်လွတ် မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ - [စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး](https://burmese.kachinnews.com/2025/09/08/am1-299/): ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [TNLA အပေါ်တရုတ်ဖိအားရှိနေတာကြောင့် ကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသတွက် လုံခြုံရေးစိုးရိမ်လာဖွယ်ရှိနေ](https://burmese.kachinnews.com/2025/09/08/dl1-5/): စစ်ကော်မရှင်နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တအာင်းလွတ် မြောက်ရေးအဖွဲ့ TNLA ကို ဆက်တိုက်ဖိအားပေးနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာဒေသတွေဟာ လုံခြုံရေးစိုးရိမ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2025/09/06/dsa1-170/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ](https://burmese.kachinnews.com/2025/09/05/dsa1-169/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ - [လေရှီးမြို့ အနောက်ဘက်ခြမ်း စစ်ကောင်စီ စစ်ကြောင်းထိုးနေ](https://burmese.kachinnews.com/2025/09/05/zz1-282/): အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [မြစ်ကြီးနားမှာ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု‌ကြောင့် ပြည်သူတွေ ပိုကြပ်တည်းနေ](https://burmese.kachinnews.com/2025/09/05/dsa2-14/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ်ဖမ်းဆီး‌တာကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေ သွားလာရေးပိုခက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ - [ဝိုင်းမော်မှာ တစ်ရက်အတွင်း လူသေအလောင်း ၂ လောင်းတွေ့](https://burmese.kachinnews.com/2025/09/05/dsa1-168/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ တစ်ရက်အတွင်း လူသေရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း](https://burmese.kachinnews.com/2025/09/05/am1-298/): ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်](https://burmese.kachinnews.com/2025/09/04/zz1-281/): စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီတပ် ခရီးသွားလာတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ကထုတ်ပြန်ထားပါတယ်။ - [မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2025/09/04/zz1-280/): ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့မမုံကိုင်ကျေးရွာကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ်ပူးပေါင်းတပ်ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [သတင်းတု၊သတင်းမှားတွေကြောင့် မော်လူးဒေသခံများမကြာခဏတိမ်းရှောင်နေရ](https://burmese.kachinnews.com/2025/09/03/zz1-279/): စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊အင်းတော်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မော်လူးမြို့ခံတွေဟာ သတင်းတု၊ သတင်းမှားတွေကြောင့် မကြာခနတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ - [KIA တပ်မဟာ (၂) နေရာကို စစ်တပ်က လေကြောင်းနဲ့ အကြိမ် ၂၀ ခန့် ပစ်ခတ်](https://burmese.kachinnews.com/2025/09/03/yl1-417/): ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂) နေရာကို စစ်တပ်က Y – 12 လေယာဉ် နှစ်စီးနဲ့ အကြိမ် ၂၀ လောက် လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ - [စစ်ရေးကြောင့် ဖားကန့်မြို့ပေါ်ကျောင်းများတစ်ပတ်ကြာပိတ်ထားမယ်လို့ သိရ](https://burmese.kachinnews.com/2025/09/03/am1-297/): ဖားကန့်မြို့တွင်း စစ်ရေးအခြေနေတွေကြောင့် မြို့ပေါ်ကျောင်းတွေအားလုံး တစ်ပတ်တိတိပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2025/09/03/am1-296/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ - [မြစ်ကြီးနားမြို့ ကိုယ်ပိုင်ကျောင်းတွေကိုငွေညှစ်ပြီး ဗုံးခွဲတာခပ်စိပ်စိပ်လုပ်လာ](https://burmese.kachinnews.com/2025/09/02/dsa1-167/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငွေညှစ် ပြီး ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဆွမ်ပရာဘွမ်၊အင်ဂျန့်ယန်မြို့နယ်တစ်လျှောက် ကြွက်သောင်းကျန်းလို့ ကောက်ပဲသီးနှံအားလုံးဖျက်စီးခံရ](https://burmese.kachinnews.com/2025/09/02/dsa2-13/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြို့နယ်တစ်လျှောက် ကြွက်ဘေးသင့်ပြီး စပါးအပြင် တစ်ခြား‌သောကောက်ပဲသီးနှံတွေ အကုန်ပျက်စီးသွားပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ အမေအိုသားအမိနှစ်ဦးလုယက်ခံရ](https://burmese.kachinnews.com/2025/09/02/dsa1-166/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမေအိုနဲ့သမီးဖြစ်သူတို့ ဆိုင်ကယ်လုယက်ခံရတယ်လို့ မိသားစုဝင်တွေဆီကနေ သိပါတယ်။ - [လေရှီး-လဟယ် ရေလမ်းကြောင်း စစ်တပ်ကပိတ်ထားလို့ လဟယ်မှာ စက်သုံးဆီနဲ့ ဆန်တွေပြတ်လပ်](https://burmese.kachinnews.com/2025/09/01/zz1-278/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊လဟယ်ဘက်သွားတဲ့ရေကြောင်းလမ်းကို စစ်ကောင်စီတပ်ကခန္တီးမြို့ကနေ ပိတ်ထားလို့ လဟယ်မြို့မှာ ဆန်နဲ့စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ ၃ ရက်အတွင်း ဖမ်းဆီးခံရသူ ၃၅ ဦးအထိရှိလာ](https://burmese.kachinnews.com/2025/09/01/yl1-416/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စတင်လုပ်ဆောင်လာနေပြီး သုံးရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၅ ဦးအထိရှိလာတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/09/01/yl1-415/): စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦးသတ်ဖြတ်ခံရ](https://burmese.kachinnews.com/2025/08/31/dsa1-165/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [လန်ဆယ်မှာ အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရမှု KIA အရာရှိဘက်က တောင်းပန်ပြီး ယွမ်ငွေတစ်သောင်းနဲ့ နှစ်ဖက်ကျေအေး](https://burmese.kachinnews.com/2025/08/31/zm1-250/): ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်‌မြို့  အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့တဲ့အမှုမှာ KIA အရာရှိက ပြန်လည်တောင်းပန်လိုက်တဲ့အတွက် နှစ်ဖက်ကျေအေးမှုရရှိပြီလို့ ဒေသခံ‌တွေပြောပါတယ်။ - [လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်](https://burmese.kachinnews.com/2025/08/30/zm1-249/): ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ဝိုင်းပြီးရိုက်နှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ - [မြစ်ကြီးနားမှာ နယ်ထိန်းရဲတွေက မူးယစ်ဆေးရောင်းသူများကို ဒဏ်ရိုက်ပြီး ပြန်လွတ်နေ](https://burmese.kachinnews.com/2025/12/02/dsa1-196/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာလုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့နီးစပ်သူများထံမှသိရပါတယ်။ - [ဖားကန့်လမ်းနဲ့လီဒိုလမ်းမပေါ်က စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေ](https://burmese.kachinnews.com/2025/12/01/ld2-52/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ထဲ တိမ်းရှောင်နေကြတဲ့ ဖားကန့်စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ - [မိုးမိတ်ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခွာ](https://burmese.kachinnews.com/2025/12/01/ld1-281/): ရှမ်းမြောက် မိုးမိတ်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် ယာဉ်တန်းပြန်လည်ဆုတ်သွားတယ်လို့ မိုးမိတ်ဒေသခံတွေပြောပါတယ်။ - [ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ](https://burmese.kachinnews.com/2025/12/01/am1-331/): စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ - [ကချင်ဒေသထွက် ကျောက်ဂျပိုး စျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2025/11/29/ld1-280/): ကချင်ပြည်နယ်ရဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေမြို့တွေမှာ ဆောင်းအဝင်ထွက်လေ့ရှိတဲ့ ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ - [TPS ဖျက်သိမ်းတာက စစ်တပ်ကို ထောက်ခံတဲ့သဘောဆောင်နေတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူတွေပြော](https://burmese.kachinnews.com/2025/11/28/dsa1-195/): ဒေါ်နယ်ဒ်ထရမ့် အစိုးရကနေပြီးတော့ ယာယီနေထိုင်ခွင့် TPS( Temporary Protected Status)ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Department of Homeland Security ကနေပြီးတော့ နိုဝင်ဘာ ၂၄ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဘဲ ဖြစ်ပါတယ်။ - [ပူတာအို - ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီး‌နေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ](https://burmese.kachinnews.com/2025/11/28/zz1-320/): ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [နိုင်ငံတကာရဲ့ဖိအား‌ကြောင့် နိုင်ကျဉ်းတွေကို လွတ်ပေးတာဖြစ်တယ်လို့ဆို](https://burmese.kachinnews.com/2025/11/28/yl2-97/): စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ကျဉ်းတွေကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်ပေးလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအားအပြင် တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်ပြသလိုတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။ - [နန့်ရင်းချောင်းကူးတံတားနေရာ မြေတူးဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူတွေသွားလာရေးအခက်တွေ့နေ](https://burmese.kachinnews.com/2025/11/28/yl1-455/): မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ နန့်ရင်းချောင်းကူးလမ်းတံတားနေရာကို စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေ အကြောင်းမဲ့ မြေတူးပြီး လမ်းပ်ိုင်းဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲသွားတယ်လို့ သိရပါတယ်။ - [လိင်စိတ်ခံယူချက်ပေါ် မူတည်‌နေတဲ့ခွဲခြားဆက်ဆံခြင်းပြသာနာ](https://burmese.kachinnews.com/2025/11/28/dsa1-197/): ကျနော်တို့လူမှုအသိုင်းအဝိုင်းမှာ များသောအားဖြင့် လုပ်ငန်းခွင်တွေမှာ အလုပ်တာဝန်နဲ့ ရာထူးတွေကို Gender ဆိုတဲ့ ကျား၊ မ၊ လိင်စိတ်ခံယူချက်ပေါ် မူတည်ပြီး ဆုံးဖြတ်လေ့ရှိတယ်လို့ Gender အခွင့်အ‌ရေးနဲ့ ပက်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ - [စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ကချင်အမျိုးသမီးလှုပ်ရှားသူများ ရှုတ်ချ](https://burmese.kachinnews.com/2025/11/27/yl1-454/): လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ ကချင်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ - [ဟုမ္မလင်းမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် စျေးအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ](https://burmese.kachinnews.com/2025/11/27/zz1-319/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ပလပ်စတစ်အလွန်ကျွံသုံးခြင်းရဲ့ကျန်းမာ‌ရေးပြသာနာ](https://burmese.kachinnews.com/2025/11/27/dsa1-198/): ပလပ်စတစ်တွေကိုအလွန်အကျွံအသုံးပြုတာ၊စနစ်တကျစွန့်ပစ်ခြင်းမပြုလုပ်ပါက ကင်ဆာရောဂါတွေကို ဖြစ်စေတယ်လို့ ဆရာဝန်တွေက သုံးသပ်ပြောဆိုထားပါတယ်။ - [မိုးကောင်းမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတွေကို ဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2025/11/26/dsa1-194/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။ - [စစ်ရေးကြောင့် ပူတာအိုဒေသထွက် ဂရိတ်ဖုသီးအရှုံးပေါ်နေ](https://burmese.kachinnews.com/2025/11/26/zz1-318/): ဒေသတွင်းမတည်မငြိမ်မှုတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ပူတာအိုဒေသထွက် ဂရိတ်ဖုသီးတွေစျေးကွက်မှာအရှုံးပေါ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [စစ်တပ်ရဲ့  ဒရုန်းဗုံးကြောင့် ဆားမှော်ဒေသခံတစ်ချို့စပါးရိတ်သိမ်းဖို့အခက်တွေ့နေ](https://burmese.kachinnews.com/2025/11/26/dsa1-193/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူတစ်ချို့စပါးစိုက်ပျိုးထားတဲ့ တောင်ခြေဘက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲနေတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [KIA နဲ့ KPDF နေရာယူထားတဲ့ဘက် ဒရုန်းပစ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးပြီး အရပ်သားထိခိုက်မှုဆက်ဖြစ်နေ](https://burmese.kachinnews.com/2025/11/26/yl1-453/): ဖားကန့်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးကာ ဒရုန်းလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အဦး၊ လူနေအိမ်ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သားထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ - [စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား](https://burmese.kachinnews.com/2025/11/24/zz1-317/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ.လ.ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ချီဖွေ၊ ပန်ဝါလမ်းပိုင်း KIA ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို သေချာစီစစ်ခန့်အပ်ဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2025/11/21/ld1-279/): ချီဖွေ – ပန်ဝါကြား KIA ဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဂိတ်စောင့်တဲ့တပ်ဖွဲ့ဝင်တွေကြား ပြဿနာမဖြစ်အောင် တာဝန်ရှိသူ‌တွေအနေနဲ့ သေချာစွာ တာဝန်ယူလုပ်ဆောင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ - [မှော်ဆီစာရှိ မူးယစ်ဆေးသမား ရာချီနေထိုင်တဲ့ အဆောက်အဦးကို Pat Jasan အဖွဲ့ သွားရောက်ရှင်းလင်းဖျက်ဆီး](https://burmese.kachinnews.com/2025/11/21/yl1-452/): ဖားကန့်ဒေသ မှော်ဆီစာကျေးရွာအနီး သာယာကုန်းနဲ့ ကုဋေမှော်ရွာနှစ်ခု ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးနဘေးရှိ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ နေထိုင်တဲ့ အဆောက်အဦးတဲနေရာတွေကို ဖားကန့် ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Jasan အဖွဲ့က သွားရောက်ရှင်းလင်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ - [နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ](https://burmese.kachinnews.com/2025/11/20/zz1-316/): ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲကြပ်သည်းလာတယ်လို့သိရပါတယ်။ - [ဗန်းမောက်နယ်ထဲက ဆေးရုံဗုံးကြဲခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ ဦးသေဆုံးခဲ့တယ်လို့ NUG အတည်ပြု](https://burmese.kachinnews.com/2025/11/20/am1-330/): စစ်ကိုင်းနဲ့ကချင်အစပ် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ MOH ဆေးရုံတည်ရှိရာ ဗန်းမောက်မြို့တောတွင်း တစ်နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရတယ်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကအတည်ပြုပါတယ်။ - [စစ်တပ်က လန်ဟီဆင်စခန်းဘက် ဗုံးကြဲလို့ကျေးရွာတစ်ချိူ့တိမ်းရှာင်နေရ](https://burmese.kachinnews.com/2025/11/19/zz2-71/): ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဟီဆင်စခန်းဘက်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်မှုလုပ်နေတာကြောင့် ကျေးရွာတစ်ချို့လေကြောင်းရန်စိုးရိမ်ပြီးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [နန်းမားရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိတယ်လို့ဆို](https://burmese.kachinnews.com/2025/11/19/zz1-315/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက နန်းမားမြို့မ ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုများခဲ့ကြောင်း နန့်မားပြည်သူတွေဆီကနေ သိရပါတယ်။ - [ခိုးမှု၊ လုယက်မှုများလာတဲ့ မြစ်ကြီးနားမြို့မှာ ရွှေ၊ ငွေလက်ဝတ်ရတနာဆင်မြန်းပြီးသွားလာကြတဲ့အပေါ်  ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ](https://burmese.kachinnews.com/2025/11/18/ld1-278/): စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု‌‌တွေက တစ်နေ့ထက် တစ်နေ့ပိုဆိုးရွားလာပါတယ်။ - [နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်ကလုပ်ဆောင်လာ](https://burmese.kachinnews.com/2025/11/18/zz1-314/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်](https://burmese.kachinnews.com/2025/11/18/am1-329/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ - [အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ](https://burmese.kachinnews.com/2025/11/16/am-feature1-6/): “မြန်မာနိုင်ငံ၊ ကမ္ဘာ့ချန်ပီယံတစ်ယောက် ရှိတာဘယ်လိုခံစားရသလဲ?” - [ဆားမှော်ရွာ လယ်တောတစ်နေရာမှာ အမျိုးသား၂ ဦးသေဆုံးနေ](https://burmese.kachinnews.com/2025/11/15/dsa1-192/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာရဲ့ လယ်တော တစ်နေရာမှာ အမျိုးသား၂ ဦး သေဆုံးလျက်‌တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဘောလုံးကန်ပြီးချင်း ရေသောက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/11/15/dsa1-191/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး ဘောလုံးကန်ပြီးနောက် မောလို့ရေသောက်ရာကနေ မူးလဲပြီး သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ - [ပူတာအိုမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု နေရာပိုပြီးကျယ်ပြန့်လာတယ်လို့ဆို](https://burmese.kachinnews.com/2025/11/14/zz1-313/): စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ အရှေ့ဘက် မချမ်းဘော့၊ ထန်ဂါးဘက်နဲ့ မြို့ရဲ့ တောင်ဘက် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပီယန်၊ တန်ဂျာဘက်ကို စစ်ရေးလုပ်ရှားမူတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း သိရပါတယ်။ - [တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/11/14/yl1-451/): တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး](https://burmese.kachinnews.com/2025/11/13/yl1-450/): ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ - [KIA ကလုံခြုံရေးအရ မီးရှို့စွန့်ခွာသွားတဲ့ စခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးအောင်ပွဲခံနေ](https://burmese.kachinnews.com/2025/11/13/zz1-312/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ လုံခြုံရေးအရ မီးရှို့စွန့်ခွာခဲ့တဲ့ စခန်းထဲကို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ဝင်လာပြီး အောင်ပွဲခံနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [လက်နက်နဲ့ အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီဘက်ပြောင်းလာ](https://burmese.kachinnews.com/2025/11/13/am1-328/): စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီ လက်နက် ၂ လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ - [မိုး‌ကောင်းမြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ‌တွေထဲမှာ အထက်တန်းကျောင်းသားများလည်းပါဝင်လာ](https://burmese.kachinnews.com/2025/11/13/dsa1-190/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး‌ရောင်းဝယ်သုံးစွဲမှု အရင်နှစ်တွေထက် ပိုများလာတဲ့အပြင် အထက်တန်းကျောင်းသားတွေကိုလည်း တွေ့လာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော](https://burmese.kachinnews.com/2025/11/12/yl1-449/): ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ - [လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်](https://burmese.kachinnews.com/2025/11/12/am1-327/): စစ်ကိုင်းတိုင်း‌ဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံနေရာကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အကြီးအကဲတွေက တိုက်ရိုက်ခန့်အပ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကသိရပါတယ်။ - [ပူတာအို - မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး](https://burmese.kachinnews.com/2025/11/11/zz1-311/): စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့် တစ်ပတ်တစ်ကြိမ်သာဖွင့်ပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ](https://burmese.kachinnews.com/2025/11/11/yl1-448/): ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ - [ပွဲခင်းထဲ လျှောက်လည်နေတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ](https://burmese.kachinnews.com/2025/11/11/dsa1-189/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပွဲလမ်းသဘင် တစ်ခုမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ - [ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်‌ရောက်နိုင်ဖို့ ကြိုးပမ်းနေ](https://burmese.kachinnews.com/2025/11/10/zz4-3/): အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်း‌နေတယ်လို့ သိရပါတယ်။ - [ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ ](https://burmese.kachinnews.com/2025/11/10/ld1-277/): ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ - [ပူတာအိုမှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး  ကျပ်သိန်း ၄၀၀ ဝန်းကျင်ပါသွား](https://burmese.kachinnews.com/2025/11/10/zz2-70/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ မနေ့ည ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄၀၀ ကျော်ပါသွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ - [ရဲတပ်သားအပါ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်မှုရှိနေ](https://burmese.kachinnews.com/2025/11/10/yl1-447/): ကားမိုင်း - နန့်ယားလမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေ ဖားကန့်အဝင် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာ မိန်းလမ်းမတစ်လျှောက် တိုက်ခိုက်ခံရကာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်စဉ်မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ - [အင်းတော်မှာ စစ်တပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ရှောင်တစ်ချို့နေရပ်မပြန်နိုင်သေး](https://burmese.kachinnews.com/2025/11/10/zz1-310/): စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ဘေးရှောင်တစ်ချို့နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။ - [လစ်လပ်သွားတဲ့အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာ ပြည်သူတွေ မဲပေးရွေးချယ်ဖို့လို](https://burmese.kachinnews.com/2025/11/09/am1-326/): စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို ပြည်သူတွေရဲ့ဆန္ဒနဲ့အညီမဲပေးရွေးချယ်လိုကြောင်း ဒေသခံတွေဆီကသိရပါတယ်။ - [ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို - မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်](https://burmese.kachinnews.com/2025/11/07/zz1-309/): ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ‌ ရောင်းဌာနက သိရပါတယ်။ - [ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ](https://burmese.kachinnews.com/2025/11/06/yl1-446/): ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2025/11/06/dsa1-188/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/11/05/yl1-445/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ - [၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2025/11/03/am1-325/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ](https://burmese.kachinnews.com/2025/11/03/zz1-308/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ](https://burmese.kachinnews.com/2025/10/31/am1-324/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာဘဲ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတစ်လုံးတွေ့ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [တိုင်းရင်းသားဒေသက ရိုးရာဆေးကုနည်းရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ](https://burmese.kachinnews.com/2025/10/31/dsa1-187/): ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လက်ရှိချိန်ထိ နာမကျန်းဖျားနာတဲ့အခါ  မိရိုးဖလာ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ - [မြစ်ကြီးနားမြို့က တောင်းရမ်းတဲ့ကလေးငယ်တွေ အနိုင်ကျင့်ခံရတာတွေရှိနေ](https://burmese.kachinnews.com/2025/10/31/dsa1-186/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ တောင်းရမ်းတဲ့ကလေးတွေ အနိုင်ကျင့်ခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့နေပြည်သူတွေ ပြောပါတယ်။ - [ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး](https://burmese.kachinnews.com/2025/10/30/am1-323/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ - [ပူတာအိုတက်မယ့် ကားအစီး ၇၀ ဝန်းကျင် လမ်းခုလတ်မှာစောင့်ဆိုင်းနေရဆဲ](https://burmese.kachinnews.com/2025/10/30/zz1-307/): ကချင်ပြည်နယ် ပူတာအိုကိုတက်မယ့် ကုန်ကားအစီး ၇၀ နီးပါးဟာ စစ်တပ်ရဲ့လမ်းပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် လမ်းခုလတ်မှာစောင့်စိုင်းနေရကြောင်းသိရပါတယ်။ - [စစ်ကိုင်းတိုင်းလွတ်မြောက်နယ်မြေမှာ အသည်းရောင်အသားဝါ‌ရောဂါပိုးပျံ့နှံ့နေ](https://burmese.kachinnews.com/2025/10/29/am1-322/): စစ်ကိုင်းတိုင်းအထက်ပိုင်းလွတ်မြောက်နယ်မြေအတွင်းက အရပ်သားတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား အသည်းရောင်အသားဝါရောဂါ A ပိုးပြန့်နှံ့ဖြစ်ပွားနေတယ်လို့ စစ်ကိုင်းနဲ့ကချင်အစပ်ကဒေသခံတွေဆီကသိရပါတဘ်။ - [စစ်တပ်က ခေါင်လန်ဖူးကိုအင်အားဖြည့်တင်း](https://burmese.kachinnews.com/2025/10/29/zz1-306/): ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ပြိုင်ဘက်မရှိ အမတ်ဖြစ်မယ့်ထဲမှာ ကချင်က ၄ ဦးပါဝင်](https://burmese.kachinnews.com/2025/10/29/zm1-257/): စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိအနိုင်ရမယ့် အမတ် ၄ ဦးပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ - [ဗန်းမောက်မြို့ လေကြောင်းအပြင် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦးတစ်ချို့ မီးလောင်ပျက်ဆီး](https://burmese.kachinnews.com/2025/10/29/am1-321/): စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က အဆောက်အဦးတစ်ချို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကနေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ - [မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ့](https://burmese.kachinnews.com/2025/10/29/dsa1-184/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အ‌လောင်း တွေ့ရှိခဲ့ရတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ - [တရုတ်အစိုးရနဲ့ ညှိနှိုင်းမှုရရှိပြီး နယ်စပ်ဂိတ်တွေ ဖွင့်လိုက်တာမဟုတ်ကြောင်း KIO ပြော](https://burmese.kachinnews.com/2025/10/29/yl1-444/): ကချင်ပြည်နယ်ထဲက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လိုက်တာဟာ တရုတ်အစိုးရနဲ့ သဘောတူညီချက်၊ တစ်စုံတရာ ညှိနှိုင်းမှုရလို့ ဖွင့်ပေးလိုက်ခြင်းမဟုတ်ဘူးလို့ KIO ပြောပါတယ်။ - [ရှိန်းခေါင်ဘက်က ပြည်သူ့စစ်ခန်း ၂ ခု KIA တိုက်ခိုက်သိမ်းပိုက်](https://burmese.kachinnews.com/2025/10/29/ld1-276/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဘက်က ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ရဲ့ ခံစစ်တပ်စခန်း ၂ ခုကို KIA ဘက်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။ - [မြစ်ကြီးနားမြို့က လူမှုဖွံ့ဖြိုးရေး ကျောင်းတစ်ခု မီးလောင်](https://burmese.kachinnews.com/2025/10/29/dsa1-185/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာမှာ ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးကျောင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ပူတာအိုမှာ Mytel အင်တာနက်လိုင်းတွေပြန်ရ](https://burmese.kachinnews.com/2025/10/28/zz2-69/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ Mytel ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာ ရက်သတ္တပတ် ကျော်ရှိလာပြီလို့ ဒေသခံများထံမှသိရပါတယ်။ - [နယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ပိတ်ထား](https://burmese.kachinnews.com/2025/10/28/zz1-305/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ်တကြောနယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ၅ ဦး ပြန်ဖမ်းမိ](https://burmese.kachinnews.com/2025/10/28/am1-320/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၁၂ ဦး ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပြေးသွားခဲ့ပြီး အဲ့ဒီထဲက စစ်သုံ့ပန်း ၅ ဦးကိုပြန်ဖမ်းမိပြီလို့ အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ - [စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော](https://burmese.kachinnews.com/2025/10/25/yl1-443/): လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အတွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅) နှစ်ပြည့် KIO အထိမ်းအမှတ်နေ့မှာ KIO/KIA ပြောဆိုလိုက်ပါတယ်။ - [ဖားကန့်တိုက်ပွဲ ၅ လအတွင်း စစ်တပ်နဲ့ SNA တပ်သား ၃၀ ကျော် KIA ဖမ်းဆီးရမိ](https://burmese.kachinnews.com/2025/10/24/yl1-442/): ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ ၅ လကျော်အတွင်း တိုက်ပွဲနေရာက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိထားတဲ့ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA ) တပ်သားစုစုပေါင်း ၃၀ ကျော်ရှိတယ်လို့ KPDF အဖွဲ့မှသိရပါတယ်။ - [စျေးကောင်းရပြီး ရှာဖွေသူများတဲ့ ဘေချီဥ](https://burmese.kachinnews.com/2025/10/24/ld1-275/): ကချင်ပြည်နယ်၊ ပူတာအို‌ဒေသရေခဲတောင်နဲ့ကျောက်ဆောင်တွေမှာ ခက်ခဲစွာရှာဖွေရတဲ့ ဘေချီဥဟာ ဒီနှစ်မှာအထွက်နည်းသွားပြီဖြစ်ပေမဲ့ ရှာဖွေသူတွေများတယ်လို့ ဘေချီဥရှာသူတွေက ပြောပါတယ်။ - [အင်းတော်အင်း သန့်ရှင်းရေး ထိန်းသိမ်း‌ ပေးကြဖို့ဒေသခံများ မေတ္တာရပ်ခံ](https://burmese.kachinnews.com/2025/10/24/am1-319/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော််််အင်း ကိုလာရောက်လည်ပတ်သူတွေရဲ့ အမှိုက်ပစ်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ Indaw Revolution IR ရဲ့ ထုတ်ပြန် ချက်အရသိရပါတယ်။ - [ပူတာအိုမြို့စောင့်တပ်ထဲ စစ်အင်အားနဲ့လက်နက်ခဲယမ်းဖြည့်တင်းနေ](https://burmese.kachinnews.com/2025/10/23/zz1-304/): ကချင်ပြည်နယ် ပူတာအိုမြို့‌စောင့်တပ်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်း‌နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ](https://burmese.kachinnews.com/2025/10/23/yl1-441/): အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့ ၊ KIO အမှုထမ်းများ၊ အပြစ်မဲ့ပြည်သူ စုစုပေါင်းသေဆုံးသူ ၆၉ ဦး သေဆုံးခဲ့ကာ အဆိုးရွားဆုံးလူသတ်မှုကို စစ်တပ်က ပြောင် ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အနန့်ပါ အရပ်သားသေဆုံးမှုဖြစ်စဉ်ဟာ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီအဖြစ်အပျက်ကြီးကို အခုချိန်အထိ ဝမ်းနည်းပူဆွေးအမှတ်ရနေရဆဲဖြစ်တယ်လို့ ကချင်အနုပညာရှင်တစ်ဦးက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောဆိုပါတယ်။ “ဒီဖြစ်စဉ်ထဲမှာ အနုပညာရှင်တွေနဲ့ ပတ်သက်နီးစပ်သူက ၃ ယောက်ပါတယ်။ အားလုံးသိတဲ့ အော်ရာလီပါမယ်။ ဇော်မွန်း(King) တို့ပါတယ်။ အခင်းဖြစ်ပွားတဲ့ အနန့်ပါအထိသွားခဲ့ရတယ်။ အဲချိန် တကယ်လို့ အချိန်နည်းနည်းနောက်ကျသွားရင်တောင် ပြန်တောင်မတွေ့နိုင်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ပြောချင်တာက သူများတွေအတွက်တော့မသိဘူး။ ဒီလိုအဖြစ်ပျက်ကြီးဖြစ်ခဲ့တဲ့ အချိန်ကာလတစ်ခုရောက်လာတိုင်း ၊ သူတို့ဖန်တီးခဲ့ရတဲ့ အနုပညာပုံရိပ်တွေ ပြန်မြင်တိုင်း အနုပညာလုပ်ငန်းလုပ်ရင်းနဲ့ပဲ အသက်ပေးဆပ်လိုက်ရတယ်ဆိုပြီး သတိရတိုင်းအမြဲစိတ်မကောင်းဖြစ်ရတယ်။ အချိန်ကသာ သုံးနှစ်ဆိုပေမယ့် မနေ့ တစ်နေ့ကလိုပါပဲ”လို့ပြောပါတယ်။ အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုဟာ (၆၂) နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကချင်အနုပညာရှင်တွေနဲ့အတူ ဂုဏ်ပြုပွဲလုပ်နေရင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်အပါ KIO အမှုထမ်း၊ လုပ်ငန်းရှင်တစ်ချို့နဲ့ ပွဲတက်ရောက်သူများ ၆၉ ဦးသေဆုံးခဲ့သလို ထိဒဏ်ရာရရှိခဲ့သူလည်းများပြားခဲ့တဲ့အတွက် ကချင်လူထုရဲ့ နှလုံးသားထဲမှာ မေ့မရတဲ့ နေ့အဖြစ် … - [ပူတာအို - မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်](https://burmese.kachinnews.com/2025/10/23/zz1-303/): ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်ကပိတ်ထားကြောင်းသိရပါတယ်။ - [တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်](https://burmese.kachinnews.com/2025/10/22/ld1-274/): ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်‌ကောင်စီပူးပေါင်းတပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လန်ဆယ်ကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲမှာလည်းထလန်ဆယ်ကနေ တစ်မိုင်ဝန်းကျင်အကွာရှိ ရွှေမှော်တစ်ဝိုက်ကို ဗုံးအလုံး ၂၀ ကြိမ်ထက်မနည်း ကြဲသွားတယ်လို့ သိရပါတယ်။ “အခုတလော ၃ ဆက်တိုက်ဟုတ်ပြီ နေ့တိုင်းလာကြဲနေတယ်။ ရွာတွေထဲပဲ လိုက်ကြဲနေတယ်။ ဒီနေ့ကတော့ လန်ဆယ်ရွှေမှော်တဝိုက်ကြဲသွားတယ်။ ဟိုတလောက ကျနော်တို့ကို သူတို့လာတိုက်ခိုက်တဲ့ လန်ဟီဆင်တပ်စခန်းကနေ အရှေ့ဘက် မီတာ ၃၀၀၀၊၄၀၀၀ လောက်အကွာမှာ သူတို့ရဲ့ တပ်စခန်းကြီးရှိတယ်လေ။ အဲဒီတပ်စခန်းကြီးကို ကျနော်တို့ သွားတိုက်ခိုက်သိမ်းပိုက်လိုက်လို့ ဟုတ်တယ်”လို့လန်ဆယ်ရောက် KIA အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။   လန်ဆယ်နဲ့ ခေါင်လန်ဖူးကြားရှိ လန်ဟီဆင်KIA စခန်းနဲ့ အနီးကပ်ဆုံးရှိ စစ်တပ်နဲ့ပြည်သူ့စစ်စခန်းကြီးတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဘက်က အောက်တိုဘာလ ၂၀ ရက်နေ့တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ KIA ပူး‌ပေါင်းတပ်သိမ်းလိုက်တဲ့စခန်းဟာ လန်ဟီဆင်ကနေ မီတာ ၄၀၀၀ ခန့်အကွာရှိ မခေါင်ဒမ်းရွာ ဆုတောင်းတောင်ကုန်းပေါ် မှာ အခိုင်အမာတပ်ချထားတဲ့ ပြည်သူ့စစ်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ မခေါင်ဒမ်းပြည်သူ့စစ်စခန်းကြီးကို မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ရှလာန်ဒမ်း(Shalang Dam)ပြည်သူ့စစ်စခန်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်တွေဘက်က တပ်စခန်း ၂ ခုကို … - [မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ](https://burmese.kachinnews.com/2025/10/22/dsa1-183/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေအပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း စတဲ့ ရပ်ကွက်တွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “မြစ်ကြီးနားမှာ တစ်ခြားအသင်းတွေဖမ်းမိတာနဲ့ ပြောမယ် ယှဥ်မယ်ဆိုရင်တော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေက ပိုများနိုင်တာပေါ့။ ရေမဝင်တဲ့နေရာတွေ မတွေ့ဘူးလားဆိုတော့ ရေမဝင်တဲ့နေရာတွေမှာလည်း တွေ့တယ်။ အများဆုံးကတော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေ အများဆုံး ဖြစ်မယ်လို့တော့ ယူဆလို့ရတယ်ရှင်”လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အမျိုးသမီး အဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရပေမယ့် တစ်ပတ်ကို အနည်းဆုံး တစ်ကောင်ကနေ အများဆုံး ၃ ကောင်ထိ ဖမ်းဆီးရမိနေတယ်လို့ သိရပြီး အဆိပ်ပြင်းမြွေတွေတွေဖြစ်တဲ့ ငန်းတော်ကျားနဲ့ လည်ပင်းနီမြွေ အမျိုးအစားတွေအပြင် စပါးအုံးမြွေ၊ လင်းမြွေနဲ့ တခြားအဆိပ်ပျော့ မြွေတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ယခင်က မြစ်ကြီးနားမြို့မှာ အဆိပ်ပျော့မြွေတွေကိုတောင် တစ်ခါတစ်ရံသာ တွေ့ရှိရပေမယ့်လည်း ရေကြီးရေလျှံပြီးနောက်ပိုင်းမှာ ခုလိုအဆိပ်ပြင်းမြွေတွေကို ပိုမိုတွေ့ရှိလာရတာလို့ လူမူကူညီရေးအသင်းတစ်ချို့ ပြောပါတယ်။ ခုလိုရေကြီးရေလျှံပြီးနောက်ပိုင်း လူနေအိမ်တွေမှာ မြွေတွေကို ပိုပြီး တွေ့ရှိလာရတာဟာ သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေကြည့်ရင် ရေမြေသဘာဝ ဟေဂစနစ်၊ အစာကွင်းစက်နဲ့ ကျင်လည်ကျက်စားရာနေရာတွေ ပျက်ဆီးသွားမှုကြောင့် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူ(Environmental Advocate) ဆရာ ဇုန်းတိန့်က ခုလို သုံးသပ်ပြောဆိုပါတယ်။ “မြွေကတော့ တွင်းအောင်သတ္တဝါဖြစ်တဲ့အတွက် … - [မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို](https://burmese.kachinnews.com/2025/10/21/ld1-273/): ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်တဲ့အတွက် လယ်ယာမြေလုပ်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ - [NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး](https://burmese.kachinnews.com/2025/10/21/zz1-302/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2025/10/21/am1-318/): ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ မိုးကုတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းမှာပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ - [KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2025/10/21/yl1-440/): ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဌာနချုပ်ကို စစ်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ၇ နာရီခွဲအချိန် လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ - [ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်](https://burmese.kachinnews.com/2025/10/20/yl1-439/): ဖားကန့်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ချို့ ထွက်ခွာသွားပေမယ့် စစ်တပ်တပ်စွဲထားတဲ့ နေရာတစ်ချို့မှာ နှစ်ဖက်တပ်အကြားအပြန်အလှန် ပစ်ခတ်မှုတွေဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်။ - [ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး](https://burmese.kachinnews.com/2025/10/20/am1-317/): စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား](https://burmese.kachinnews.com/2025/10/20/dsa1-182/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှုမကြာခဏ ဖြစ်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား](https://burmese.kachinnews.com/2025/10/19/dsa1-181/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ပူတာအို-နောင်မွန်လမ်းပိုင်းကို စစ်ကောင်စီတပ်တပ် ထန်ဂါးရွာကနေပိတ်ထား](https://burmese.kachinnews.com/2025/10/17/zz1-301/): ကချင်ပြည််နယ် ပူတာအို – နောင်မွန် ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ထန်ဂါးကျေးရွာကနေပိတ်ထားကြောင်းဒေသခံများထံမှ သိရပါတယ်။ - [ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြစ်ကြီးနားမြို့မှာ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စည်ကားနေ](https://burmese.kachinnews.com/2025/10/17/dsa1-180/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း ဘုရားပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေများစွာ ဖွင့်လှစ်နေတယ်လို့ မြစ်ကြီးနားနေ ပြည်သူတွေက ပြောပါတယ်။ - [လိုင်ဇာမြို့ အသေခံဒရုန်းနဲ့တိုက်ခိုက်ံခံရ၊ တရုတ်လူမျိုးဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/10/17/yl1-438/): KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ ထိုးစစ်တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ချို့ပြန်ထွက်ခွာ](https://burmese.kachinnews.com/2025/10/16/yl1-437/): ဖားကန့်ဒေသမှာ ငါးလကျော်ခန့်အကြာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ချို့ ဖားကန့် – ကားမိုင်းလမ်းဘက်ဦးတည်ပြီး ပြန်ထွက်ခွာသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [ဗန်းမောက်မှာ သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခု ပြန်လက်လွှတ်လိုက်ရ](https://burmese.kachinnews.com/2025/10/16/am1-316/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က မံလူ၊ ပင်းခါး ကျေးရွာနားမှာရှိတဲ့ စခန်းကုန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်အပြီးရက်ပိုင်းအကြာမှာဘဲ ပြန်လက်လွှတ်လိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေဆီကသိရ ပါတယ်။ - [ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့](https://burmese.kachinnews.com/2025/10/15/zz1-300/): ကချင်ပြည်နယ် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ - [ပူတာအိုခရိုင်မှာ မဲစာရင်းကြည့်သူနည်းနေတဲ့အတွက် မဲစာရင်းကြေငြာတဲ့ရက်ထပ်တိုး](https://burmese.kachinnews.com/2025/10/14/zz1-299/): ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး မဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်တဲ့သူတွေနည်းတာကြောင့် မဲစာရင်းကြေငြာရက်ထပ်တိုးထားကြောင်း ဒေသခံများထံမှသိရပါတယ်။ - [လျှပ်စစ်မီးအဆင်မပြေမှုကြောင့် စစ်ရှောင်ကလေးတွေ စာကျက်ဖို့ အခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2025/10/14/dsa1-179/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်လျှောက် နောင်ချိန်း၊ လဘန်ကျေးရွာ၊ အင်ဂန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လျှပ်စစ်မီးသေချာမရရှိတာကြောင့် ကလေးတွေအတွက် ညဘက် စာကျက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကနေ သိရပါတယ်။ - [ဗန်းမောက် - ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2025/10/14/zz1-298/): စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [ဗန်းမောက်တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုခပ်စိပ်စိပ်ပြုလုပ်](https://burmese.kachinnews.com/2025/10/13/am1-315/): ဗန်းမောက်မြို့ပေါ်ကိုတော်လှန်ရေးအင်အားစုတွေ‌ထိန်းချုပ်ပြီးနောက် စစ်ကြောင်းပြန်ထိုးနေတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေ နဲ့ တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်လို့ ‌‌စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ရှမ်းမြောက်မှာ တစ်ပတ်အတွင်း အရပ်သား ၂၈ ဦးထိခိုက်သေဆုံး](https://burmese.kachinnews.com/2025/10/10/am1-314/): ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ချို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ - [ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ](https://burmese.kachinnews.com/2025/10/10/yl1-436/): ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ - [ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ](https://burmese.kachinnews.com/2025/10/10/zm1-256/): လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်](https://burmese.kachinnews.com/2025/10/09/yl2-96/): ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေးထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ - [မိုးညှင်းမြို့ပေါ်က လောင်းကစားဝိုင်းများကြောင့် လူမှုဘဝပျက်ပြားမှု ရှိလာ](https://burmese.kachinnews.com/2026/01/27/dsa1-211/): ကချင်ပြည်နယ် မိုးညှင်းမြို့က လောင်းကစားဝိုင်းတွေကြောင့် မိသားစုတွေ ပြိုကွဲပြီး ဘဝပျက်သူတွေ များပြားလာတယ်လို့ ဒေသခံတွေဆီနေ သိရှိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိမိုးညှင်းမြို့မှာ ရပ်ကွက်ကြီး ၂၂ ခုရှိပြီး ရပ်ကွက်တိုင်းလိုလိုမှာ လောင်းကစားရုံ ရှိတယ်လို့ ဆိုပါတယ်။ - [တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး](https://burmese.kachinnews.com/2026/01/27/zz1-338/): ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ - [မြေရှားသတ္တုကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းဖြင့် တူးဖော်ဖို့ ညှိနှိုင်းထားတယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/01/26/ld1-289/): တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို နိုင်သမျှ သိမ်းစည်း သွားတာကလွဲပြီး ပတ်ဝန်းကျင်ကို ပြန်လည်မွမ်းမံပြင်ဆင်ပေးတာ မရှိသေးဘူးလို့ လုပ်သားတွေက ပြောပါတယ်။ - [ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2026/01/26/dsa1-210/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရှိရပါတယ်။ - [အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ](https://burmese.kachinnews.com/2026/01/26/zm1-269/): ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2026/01/24/zm1-268/): ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံသွားရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ - [စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/01/24/am1-353/): စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ရွေးကောက်ပွဲနီးလာတဲ့အတွက် ရွှေကူမြို့ပြည်သူများ ကြိုတင်တိမ်းရှောင်သူတွေများလာ](https://burmese.kachinnews.com/2026/01/23/zm1-267/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ထဲမှာ စစ်ကောင်စီတပ်က မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတဲ့အတွက် ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေ](https://burmese.kachinnews.com/2026/01/23/zm1-266/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲမှာ ဒီရက်ပိုင်း ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေတဲ့အတွက် ပြည်သူတွေ သွားလာရေးအခက်ခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။ - [မော်လူးမြို့ပကဖရုံး ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/01/23/am1-352/): ကချင်ပြည်နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့ မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံး စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ - [ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/01/23/yl1-470/): ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ  နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ - [မချမ်းဘောမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆို](https://burmese.kachinnews.com/2026/01/22/zz1-337/): "အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေးတိုက်ပွဲကဖြစ်နိုင်တယ် စကမ(စစ်ကော်မရှင်တပ်)တွေက ဒီဘက်ကိုစစ်ကြောင်းဝင်နေတာ"လို့သူကပြောပါတယ်။ - [တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းပြန်ဖွင့်နေ](https://burmese.kachinnews.com/2026/01/21/am1-351/): စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နေပြီ လို့ ကသာမြို့ခံတွေဆီကသိရပါတယ်။ - [ပူတာအိုမှာ မီတာယူနစ်အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2026/01/21/zz1-336/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ ယခုလအတွင်းလျှပ်စစ်အသုံးပြုတဲ့မီတာယူနစ်တွေအဆမတန်မြင့်တက်သွားတာကြောင့် မီတာခတွေလည်းပုံမှန်ထက်ပိုပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဝိုင်းမော်မှာ ၃ ပတ်အတွင်း မူးယစ်ဆေးရှော့စ်ကြောင့် အမျိုးသား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/01/21/dsa1-209/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၃ ပတ်အတွင်း မူးယစ်ဆေးသုံးစွဲပြီးရှော့ဖြစ်လို့ သေဆုံးသူအမျိုးသား ၄ ဦးထိရှိခဲ့တယ်လို့ ဝိုင်းမော်မြို့အခြေစိုက်မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ဂွေထူပါ ပြည်သူ့စစ်ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ဦးမဂျီနော်လီ ဒေသတွင်း ဘာတွေလုပ်နေလဲ။](https://burmese.kachinnews.com/2026/01/21/yl1-469/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဦးမဂျီမနော်လီက အာဏာရယူပြီးနောက် ဒေသအတွင်း မြေယာသိမ်းယူမှုအပြင် လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ဝင်ငွေရှာတဲ့လမ်းကြောင်းကို ပိုပြီးတိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် နန်းမားမြို့အနီးဝန်းကျင် ကျေးရွာတစ်ချို့စတင်တိမ်းရှောင်](https://burmese.kachinnews.com/2026/01/21/zm1-265/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့အနီး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူတွေစတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေပြောပါတယ်။ - [တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ရဲ့ တစ်ဝက်ကို စစ်တပ်နဲ့ SNA ပြန်လည်ထိန်းချုပ်](https://burmese.kachinnews.com/2026/01/20/am1-350/): စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့ ကျေးရွာတစ်ချို့ကို စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေပြန်လည်သိမ်းပိုက်သွားတာကြောင့် မြို့ရဲ့တစ်ဝက်ကို တော်လှန်ရေးအင်အားစုဘက်က လက်လွှတ်လိုက်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ - [တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ပြင်ဆင်နေ](https://burmese.kachinnews.com/2026/01/20/am1-349/): မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတယ်လို့ကသာမြို့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [ဝိုင်းမော် လမြန်ရွာဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်](https://burmese.kachinnews.com/2026/01/20/yl1-468/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်ဆရာမ ၂ ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ၁၁ နှစ်တိုင်တိုင်ရှိလာပေမယ့် အမှုမှန်ပေါ်ပေါက်ဖို့ အလှမ်းဝေးနေဆဲ](https://burmese.kachinnews.com/2026/01/19/ld1-288/): ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကစေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး ရက်စက်စွာမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု အမှုမှန်မပေါ်ပေါက်နိုင်တာဟာ မြန်မာစစ်တပ်က သက်သေတွေကို ဖျောက်ဖျက် ဖျက်ဆီးပစ်ကာ တရားရေးလုပ်ငန်းတွေကို ထိန်းချုပ်တားဆီးလိုက်တာကြောင့်ဖြစ်တယ်လို့ ကချင်အမျိုးသမီးများအဖွဲ့အစည်းက ထောက်ပြပြောဆိုပါတယ်။ - [ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေ](https://burmese.kachinnews.com/2026/01/19/am1-348/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ခေတ္တပြန်ငြိမ်သက်ရာကနေ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ် ဘက်က လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြန်လုပ်လာတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ - [ကချင်မှာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေး ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးသေဆုံး](https://burmese.kachinnews.com/2026/01/19/dsa1-208/): ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ - [မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့နဲ့ မြစ်ဆုံဒေသကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2026/01/16/zm1-264/): မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။ - [ပယင်းမှော်ရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ စစ်တပ်က ဆေးသမားတွေကို ငွေပေးပြီးစေခိုင်းနေ](https://burmese.kachinnews.com/2026/01/16/yl1-467/): ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခ(Lapu Hka) အနီး ဝိုင်လော(Wailaw) မှော်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆေးသမားတွေကို ငွေပေးပြီး စေခိုင်းနေတယ်လို့ သိရပါတယ်။ - [ပူတာအို၊မချမ်းဘော့မြို့နယ်တွေမှာ ရပ်နားထားတဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေပြန်စနေ](https://burmese.kachinnews.com/2026/01/16/zz1-335/): ကချင်ပြည်နယ် မြောက်ဘက်မှာရှိတဲ့ ပူတာအိုမြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေထဲမှာ ရွေးကောက်ပွဲကာလအတွင်းရပ်နားထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့က လောင်းကစားဝိုင်းတစ်ခု လူဦးရေ ၄၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးသွား](https://burmese.kachinnews.com/2026/01/15/zm2-30/): ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ လောင်ကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဝင်စီးပြီး လောင်းကစားဝိုင်းဝန်ထမ်းများအပါ စုစုပေါင်း လူဦးရေ ၄၀ ဝန်းကျင်ကိုဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ဘန်းဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2026/01/15/zm1-263/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ နှစ်ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ပြီး သေဆုံးသူတစ်ဦးရှိ](https://burmese.kachinnews.com/2026/01/15/dsa1-207/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇန်နဝါရီလ ၂ ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ - [ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်](https://burmese.kachinnews.com/2026/01/15/am1-347/): မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း ခိုးယူတာတွေဖြစ်ပွားနေပြီး အဲ့ဒီသူခိုးအဖွဲ့မှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ ကသာမြို့ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကပြောပါတယ်။ - [ဗန်းမော် စကခ (၂၁)၊ ခလရ ၄၇ တပ်ရင်း နဲ့ ထောက်ပို့ ၉၃၃ တပ်ရင်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲ](https://burmese.kachinnews.com/2026/01/15/yl1-466/): ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့  စကခ ၂၁ ၊ ခလရ ၄၇တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ တပြိုင်နက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ သားအမိ ၂ဦး လုယက်ခံရ](https://burmese.kachinnews.com/2026/01/15/dsa1-206/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သားအမိ၂ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေသိရပါတယ်။ - [ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ](https://burmese.kachinnews.com/2026/01/14/am1-346/): မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ - [ဥရုရတနာတံတားပေါ်က စစ်တပ်သားနဲ့ ရဲ့ ပစ်ခတ်ခံရပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ](https://burmese.kachinnews.com/2026/01/14/yl1-465/): ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားပေါ် မှာ လုံခြုံရေးတင်ကြပ်ထားပြီး အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ခုက အမျိုးသားတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ - [တနိုင်း ပယင်းမှော်ဒေသမှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေသိမ်းယူနေ](https://burmese.kachinnews.com/2026/01/14/yl1-464/): ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai Law)မှော်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို လိုက်လံသိမ်းယူပေးနေတယ်လို့ မှော်ဒေသမှာနေတဲ့ပြည်သူတွေကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ](https://burmese.kachinnews.com/2026/01/14/zm1-262/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။ - [ပိတ်မိနေတဲ့စက်လှေတွေရောက်လာပေမယ့် စားသောက်ကုန်တင်တဲ့စက်လှေမပါတာကြောင့် ဟုမ္မလင်းဒေသခံတွေအခက်တွေ့](https://burmese.kachinnews.com/2026/01/14/zz1-334/): စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွက် သုံးလမှတစ်ကြိမ်ဝင်ရောက်လာတဲ့ ကုန်စက်လှေတွေထဲမှာ စားသောက်ကုန်နဲ့အခြေခံလူသုံးကုန်တင်တဲ့စက်လှေတွေပါမလာတာကြောင့် ဒေသခံတွေ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရဆဲလို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ - [ခေါင်လန်ဖူးဘက်ကို စစ်ကောင်စီတပ်ကကုန်ကြောင်း ၊လေကြောင်းသုံးပြီးအင်အားဆက်ဖြည့်နေ](https://burmese.kachinnews.com/2026/01/14/zz1-333/): ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ကုန်းသုံးပြီး အင်အားဖြည့်နေတယ်လို့ သိရပါတယ်။ - [ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ](https://burmese.kachinnews.com/2026/01/13/zm1-261/): စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို ](https://burmese.kachinnews.com/2026/01/12/zz1-332/): စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။ - [ကသာမြို့နယ် ကူးတို့ဆိပ် ဖြတ်သန်းခဈေးနှစ်ဆတက်](https://burmese.kachinnews.com/2026/01/12/am1-345/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကအင်းရွာ–ကလုံ ကူးတို့ဆိပ်တွေ ဖြတ်သန်းခဈေးနှစ်ဆတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၄၀ နီးပါးရှိ](https://burmese.kachinnews.com/2026/01/12/dsa1-205/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိလာတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော](https://burmese.kachinnews.com/2026/01/09/am1-344/): စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ - [နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်](https://burmese.kachinnews.com/2026/01/09/zz1-331/): စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို  NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ - [ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2026/01/09/am1-343/): စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး](https://burmese.kachinnews.com/2026/01/08/ld1-287/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့ မြေနေရာမှာ ကိုးကန့်တပ် နေရာယူလိုက်တာနဲ့ပတ်သက်ပြီး နေရာဖယ်ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုမှုအပေါ် သဘောညီမှုမရရှိ‌သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ - [တနိုင်းပယင်း‌မှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး](https://burmese.kachinnews.com/2026/01/07/zz2-73/): ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး မှော်ထဲမှာကျန်နေတဲ့ပြည်သူတွေအားလုံးထွက်လာကြဖို့ ထပ်မံသတိပေးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေ‌ပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေး](https://burmese.kachinnews.com/2026/01/07/am1-342/): စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။ - [NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ](https://burmese.kachinnews.com/2026/01/07/zz1-330/): ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်း–အိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ နာဂလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K(YA) နဲ့ NSCN-K (AM) ကြား အခြေအနေတင်းမာနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ - [ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ](https://burmese.kachinnews.com/2026/01/06/am1-341/): ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ - [စစ်ဘေးရှောင်တွေများလာတဲ့တနိုင်းမြို့ပေါ်မှာ အိမ်ငှားခတွေ စျေးမြင့်တက်လာ](https://burmese.kachinnews.com/2026/01/06/zz1-329/): ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ မှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေများလာတာကြောင့် အိမ်ငှားခနဲ့အခန်းခတွေ စျေးအဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။ - [နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းများပြန်ယူတဲ့ ကသာစစ်ဘေးရှောင် တချို့ သေဆုံး](https://burmese.kachinnews.com/2026/01/05/am1-340/): ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူရင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ - [ကုန်တွဲကား အခွန်တိုးမြှင့်မှုကို လျှော့ပေါ့ပေးဖို့ ကားသမားအချို့ တောင်းဆို](https://burmese.kachinnews.com/2026/01/05/dsa1-204/): မြစ်ကြီးနား–ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျှောက်မှာ ပြေးဆွဲနေတဲ့ ကုန်တွဲကားတွေကို အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ကားသမားတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့ သွေးကွဲစေမည့် တိုက်ခိုက်မှုများကို သတိပြုဖို့ KIO ဥက္ကဌက နှစ်သစ်မိန့်ခွန်းမှာ ပြောဆို](https://burmese.kachinnews.com/2026/01/02/yl1-463/): အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အုပ်စွဲကွဲသွားအောင် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်နေတာကို ပြည်သူတွေသတိထားဖို့ KIO ဥက္ကဌ က ပြောပါတယ်။ - [ကသာမြို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ](https://burmese.kachinnews.com/2026/01/02/am1-338/): စစ်ကိုင်း–ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေကပြောပါတယ်။ - [မော်လူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံး ကျောင်းသူ ၂ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2026/01/02/am1-339/): ကချင်ပြည်နယ်နှင့် ကပ်လျှက် မော်လူးမြို့ ပဲခူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့Indaw Revolution IR အဖွဲ့က ပြောပါတယ်။ - [ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ](https://burmese.kachinnews.com/2025/12/30/am1-337/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ပရင်းမှော်ဒေသကို ဒရုန်းဗုံးကြဲတိုက်ခိုက်မယ်လို့ ဝါရာဇွပ်ပြည်သူ့အဖွဲ့ခြိမ်းခြောက်](https://burmese.kachinnews.com/2025/12/30/yl1-462/): ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခမှော်အနီးတဝိုက် လေကြောင်းအားကိုးပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မှော်ဒေသအသီးသီးနေထိုင်ကြတဲ့ပြည်သူတွေကို အမြန်ဆုံးထွက်ခွာကြဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ - [ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်](https://burmese.kachinnews.com/2025/12/29/am1-336/): လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [အင်ဂျန့်ယန်မြို့နယ် ကျေးရွာတစ်ခုကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2025/12/29/ld1-286/): ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ အင်ဂျန့်ယန်မြို့နယ် (Njang Yang) ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ - [မြစ်ကြီးနားက ပြည်သူတချို့ အရေးယူခံရမှာ စိုးရိမ်လို့ မဲသွားထည့်ခဲ့တာလို့ ပြော](https://burmese.kachinnews.com/2025/12/28/election-myitkyina/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်တပ်က ပြန်လည်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးခဲ့ပြီး မဲပေးခဲ့တဲ့ ပြည်သူတွေကလည်း အရေးယူခံရမှာစိုးရိမ်တဲ့အတွက် ပေးခဲ့တာလို့ ပြောပါတယ်။ - [ရွေးကောက်ပွဲလုပ်နေတဲ့ ကသာမြို့မှာ ပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကင်းထောက်မှုတွေလုပ်](https://burmese.kachinnews.com/2025/12/28/am2-71/): စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ - [တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ](https://burmese.kachinnews.com/2025/12/28/am1-335/): ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ - [KIA ၏ ၂၀၂၅ ခုနှစ် စစ်ရေး မှတ်တိုင်များ](https://burmese.kachinnews.com/2025/12/27/yl1-461/): ကချင်ဒေသတွင်း ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ခုခံတဲ့ တိုက်ပွဲတွေအဖြစ်သာ အများဆုံးဖြစ်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ - [စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို မလေးရှားအခြေစိုက် မြန်မာလူထု ပြင်းထန်စွာ ကန့်ကွက်ရှုံချ](https://burmese.kachinnews.com/2025/12/27/dsa1-203/): စစ်ကောင်စီ လက်ရှိ ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ်  မလေးရှားအခြေစိုက် မြန်မာတိုင်းရင်းသားများ ညီညွတ်ပေါင်းစည်းရေးအဖွဲ့ (COBEM) နှင့် မြန်မာရေးရာမဟာမိတ်အဖွဲ့ (MAA) တို့မှ ပြင်းထန်စွာ ကန့်ကွက် ရှုံးချကြောင်း ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ - [တနိုင်းဒေသ တိုက်ပွဲဖြစ်ပြီး ပယင်းမှော်၊ ရွှေမှော် ရောက်အရပ်သားအားလုံးထွက်ခွာလာဖို့ စစ်ကောင်စီတပ်အမိန့်ပေးထား](https://burmese.kachinnews.com/2025/12/27/zz1-328/): ကချင်ပြည်နယ် တနိုင်းဒေသထဲ ပယင်းမှော်၊ ရွှေမှော်တွေမှာ ရောက်နေတဲ့ အရပ်သားအားလုံးကို မှော်ထဲကနေ ထွက်ခွာသွားကြဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။ - [ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က KIO ဌာနချုပ်နဲ့ တပ်ရင်း ၁၁ တွေကို လေကြောင်းဖြင့် တိုက်ခိုက်](https://burmese.kachinnews.com/2025/12/25/yl1-460/): ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ - [ခရစ္စမတ်ကာလ နဲ့ သူတို့ အသံ](https://burmese.kachinnews.com/2025/12/24/hope1-22/): ကချင်ဒေသတွေမှာ ဒီဇင်ဘာလဆိုတာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ မိသားစု စုံစုံလင်လင် မွေးရပ်ဒေသ၊ အိမ်၊ ဘုရားကျောင်း စတဲ့ နေရာတွေမှာ စည်းကားသိုက်မြိုက်စွာနဲ့ ခရစ္စမတ်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။ - [မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့ ဆန္ဒဖော်ထုတ်](https://burmese.kachinnews.com/2025/12/24/myitsone-dam-rejected/): ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့ ဖားကန့်မြို့ မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုတွေ စုပေါင်းပြီးတော့ ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ - [စစ်ကောင်စီ ရဲ့  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် စစ်ရှောင် ၅ ဦး ထိခိုက် ဒဏ်ရာရ](https://burmese.kachinnews.com/2025/12/23/airstrike-in-bhamo-township/): ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မံမလင်းကျေးရွာမှာ စစ်ကောင်စီက လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင်  စစ်ရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေး ခရီးသွားကားတွေ တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်ဆီးမှု များပြား](https://burmese.kachinnews.com/2025/12/20/mdl_mkn-airstrike/): မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမကြီးပေါ် ခင်ဦးမြို့နယ် အမှတ် ၃ လမ်းဆုံနေရာက ဆီခြံတစ်ခုကို စစ်ကောင်စီက လေကြောင်း ကနေ ဂျက်ဖိုက်တာ  ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ပျက်ဆီးမှု များပြားခဲ့တယ်လို့ ကားသမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ပိတ်မိနေတဲ့ကားသမားတွေဟာ အဲ့ဒီဆီခြံမှာလမ်းအဖွင့်ကိုစောင့်နေကြရာကနေ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။ အဲ့ဒီ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ဆီပေပါ ၃၀၀ နီးပါး ပျက်ဆီးခဲ့ရသလို ဒဏ်ရာရရှိသူက ၁၀ ဦး ထက်မနည်းရှိခဲ့ တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ကားသမားတစ်ဦးက အခုလို ပြောပါတယ်။ “အဲ့ဒီနေရာက ဆီခြံလို့သိရတယ်။ ဆီခြံဆိုတော့ ကွင်းပြင်ကျယ်တာပေါ့ အဲ့တော့ ပိတ်မိနေတဲ့ကားကြီးတွေ၊ လမ်းပိတ်နေတဲ့ ကားတွေက အဲ့ထဲကိုသွားနေကြတာပေါ့။ လမ်းပေါ်မှာနေတာထက်စာရင် အဲ့မှာသွားနေကြတာပေါ့။ လူထိခိုက်မှုကတော့ အသေအပျောက်က ၂ ယောက်၊ ကားတွေလည်းပျက်ဆီးတယ်။ ဆီပေပါတွေလည်းထိကုန်တာပေါ့။” လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာကို မြေနီသျှိုလမ်းဆုံလို့ ဒေသခံတွေကခေါ်ကြပြီး ရွှေကူ၊ဗန်းမော်၊ ကျောက်တန်း၊ ကောလင်း၊ မြစ်ကြီးနား စတဲ့မြို့ကြီးတွေကိုသွားလို့ရတဲ့ အချက်အချာကျတဲ့လမ်းဆုံဖြစ်တယ်လို့ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလမ်းဆုံတစ်ဝှိုက်မှာပဲ နှစ်ဖက်တပ်တွေက လမ်းတွေပိတ်ထားကြတာလို့သိရပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းက စလို့ နှစ်ဖက်တပ်တွေရဲ့တိုက်ပွဲတွေအကြား မြစ်ကြီးနား-မန္တလေးလမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် အလည်အပတ် ခရီးသွားတွေ မရှိခဲ့တာကြာမြင့်လာပြီဖြစ်ပါတယ်။ “ယာဥ်ကြောပိတ်ဆို့၍ လူစုလူဝေး ဖြစ်နေသော၊ စစ်ရေးပစ်မှတ် မဟုတ်သည့် … - [KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော](https://burmese.kachinnews.com/2025/12/16/ld1-285/): မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။ - [ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို](https://burmese.kachinnews.com/2025/12/16/zz2-72/): ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ကချင်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေက  စစ်တပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေပြော](https://burmese.kachinnews.com/2025/12/16/dsa1-202/): ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ KNGကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ - [လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်](https://burmese.kachinnews.com/2025/12/16/zz1-327/): ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ - [လုံးခင်းဆေးရုံမြေ၊ သင်္ချိုင်းမြေနေရာ မြေကွက်ဖော်ဆောင်တာ ရပ်တန့်ပေးဖို့ ဖားကန့်ပြည်သူတွေတောင်းဆို](https://burmese.kachinnews.com/2025/12/12/yl1-459/): အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။ - [ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခု အခွန်အဆမတန်ကောက်နေလို့ ဆိုင်ကယ်ကယ်ရီသမားမျာအခက်တွေ့](https://burmese.kachinnews.com/2025/12/12/zm1-260/): ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက် ဆိုင်ကယ်နဲ့စျေးရောင်းပြီးလုပ်ကိုင်စားသောက်နေတဲ့ ဆိုင်ကယ်၊ ကယ်ရီသမားတွေ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး](https://burmese.kachinnews.com/2025/12/10/zz1-326/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ](https://burmese.kachinnews.com/2025/12/10/zz1-325/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဟိုပင်၊ မိုးကောင်းက KIA တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရ](https://burmese.kachinnews.com/2025/12/09/yl1-458/): စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်နဲ့ မိုးကောင်းမြို့နယ်ထဲက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တပ်စခန်းနှစ်ခုကို လက်လွတ်လိုက်ရတယ်လို့သိရပါတယ်။ - [ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2025/12/09/am1-334/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ - [မန်တုံမှာ TNLA က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးမြေရှားတူးဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2025/12/09/ld1-284/): ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့ စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2025/12/09/dsa1-201/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦးကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ဆီကနေ သိရပါတယ်။ - [ဘုန်းကြီးကျောင်းရံပုံငွေရှာဖွေရေးခေါင်းစဉ်အောက် လောင်းကစားဝိုင်း ၄၀ ကျော်ဖွင့်ထား](https://burmese.kachinnews.com/2025/12/08/zm1-259/): ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ ဘုန်းကြီးကျောင်းရံပုံငွေရှာဖွေရေးခေါင်းစဉ်အောက် လောင်းကစားဝိုင်း ၄၀ ကျော်ဖွင့်ပြီးကျင်းပနေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။ - [ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး](https://burmese.kachinnews.com/2025/12/08/yl1-457/): ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦးပွဲချင်းအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ - [ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2025/12/08/am1-333/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ‌ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မဘိမ်းမှာ စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး](https://burmese.kachinnews.com/2025/12/06/ld2-53/): ရှမ်းမြောက်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့အနီး မြစ်ဆုံကျေးရွာကို စစ်ကောင်စီကလေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဗန်းမော်စစ်ရှောင် ၃,၀၀၀ ကျော်အတွက် နေရာထိုင်ခင်း အကူညီလိုအပ်နေ](https://burmese.kachinnews.com/2025/12/06/ld1-283/): ကချင်ပြည်နယ် ဗန်းမော်စစ်ဘေးရှောင်တွေထဲမှ KIA တပ်မဟာ ၈ နယ်မြေထဲ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင် ၃,၀၀၀ ကျော် စစ်ရှောင်စခန်းမရှိတာကြောင့် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ - [ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော](https://burmese.kachinnews.com/2025/12/06/yl1-456/): “၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။ - [ကချင်မှာ ခရစ္စမတ်ပွဲစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်ပေးထား](https://burmese.kachinnews.com/2025/12/05/zz1-324/): ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပမယ့် မြို့/ရွာတွေမှာ ခရစ္စမတ်ပွဲကိုစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်‌ပေးထားကြောင်း အစိုးရဌာနဆိုင်ရာရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။ - [နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2025/12/05/zz1-323/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့](https://burmese.kachinnews.com/2025/12/05/zz1-322/): ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ - [ကြိုတင်မဲပေးကြဖို့ ထုတ်ပြန်ချက်အပေါ် ထိုင်းရောက်မြန်မာတွေဘာပြောလဲ](https://burmese.kachinnews.com/2025/12/05/dsa1-200/): မဲမသမာကြောင့်လိုဆိုကာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကဟာ  ထိုင်းရောက် မြန်မာ‌နိုင်ငံသား‌တွေကို ဘန်ကောက်မြို့ရှိ စစ်ကောင်စီအောက် မြန်မာသံရုံးမှာ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေ ကြိုတင်မဲလာ‌ပေးဖို့ဆိုပြီး ဒီဇင်ဘာ ၁ရက်နေ့က ထုတ်ပြန်ကြေငြာထားတာဘဲ ဖြစ်ပါတယ်။ - [အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို](https://burmese.kachinnews.com/2025/12/05/zz1-321/): အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [တနိုင်းဘက် မဲဆွယ်သွားတဲ့ ပါတီ ၃ ခုလမ်းခုလတ်ကနေ ပြန်ခေါက်လာရ](https://burmese.kachinnews.com/2025/12/04/zm1-258/): စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်အပြည့်အခမ်းအနားမှာ ရွေးကောက်ပွဲမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားထားပေမယ့် ကချင်ဒေသမှာတော့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမဲဆွယ်ဆင်းလို့မရတဲ့နေရာတွေရှိနေပါတယ်။ - [မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2025/12/04/dsa1-199/): ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ](https://burmese.kachinnews.com/2025/12/03/ld1-282/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [စွန့်ပစ်ပစ္စည်းဖြင့် ဖက်ရှင်ဖန်တီးသူဖြစ်လာတဲ့ မဆိုင်းအောန်](https://burmese.kachinnews.com/2025/12/03/dsa-feature1-4/): မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ ထားတတ်ကြပါတယ်။ - [ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး](https://burmese.kachinnews.com/2025/12/02/am1-332/): ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ - [ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်](https://burmese.kachinnews.com/2025/12/02/cj1-36/): ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်သလို ရွေးထုတ်ဖို့ပြင်ဆင်တဲ့အိမ်တွေကို မီးရှို့မယ်လို့ SAN တပ်ကခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [လယ်ဧကရာချီနစ်မြုပ်သွားတဲ့ ပူတာအိုဒေသခံတွေ စားဝတ်နေရေးအခက်ကြုံ](https://burmese.kachinnews.com/2026/03/05/zz1-352/): ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက လယ်ဧက ရာနဲ့ချီနစ်မြုပ်ဆုံးရှုံးလိုက်ရတဲ့ ဒေသခံတွေ စားဝတ်နေရေးခက်ခဲနေကြောင်း သိရပါတယ်။ - [ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်၊ တရုတ်အလံအားလုံးဖြုတ်သိမ်းခိုင်း](https://burmese.kachinnews.com/2026/03/04/ld1-302/): ချီဖွေမြို့နယ် ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်ပြီး အခြေခံစားသောက်ကုန်တွေ ပုံမှန်အတိုင်းပြန်ဝင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ](https://burmese.kachinnews.com/2026/03/04/am1-376/): ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်](https://burmese.kachinnews.com/2026/03/04/dsa1-227/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(ဖေဖော်ဝါရီ ၃ရက်) ၇နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဆိုတဲ့ ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “စာအုပ်တွေ ဘာမရလိုက်ဘူးလို့ ပြောတာဘဲ။ ကျွန်တော်တို့ သွားလုပ်ပေးတဲ့အချိန်မှာတော့ လုံးလုံးဘာမှမရှိတော့ဘူး။ အိမ်တောင်မှ အပေါ်အထပ်တွေအကုန်ယိုင်သွားပြီ။ တော်တော်လောင်ကျွမ်းသွားတဲ့အချိန်အခြေဆိုတော့ မီးသတ်တွေနဲ့ ပေါင်းပြီးမှ ပြန်တွန်းလှဲလိုက်ရတယ်”လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးဆိုပါတယ်။ မီးအရှိန်ကြောင့် အဆောင်နှစ်ခုရှိတဲ့ထဲက တစ်ခုလုံးဝပြာကျသွားတဲ့အထိမီး‌လောင်သွားတယ်လို့  သူကဆက်ပြောပါတယ်။ မီးကိုတော့ မီးသတ်တပ်ဖွဲ့အပြင် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းနဲ့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေကပါ ပါဝင်ကူညီ ငြိမ်းသတ်ပေးခဲ့ရပြီး ၁နာရီ ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်ကျွမ်းမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေ မရှိခဲ့သလို ကျောင်းသား/သူတွေအားလုံးလည်း ဘေးကင်းလုံခြုံကြတယ်လို့ ဆိုပါတယ်။ ဒီမီးလောင်ကျွမ်းမှုဟာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်တာကြောင့်လို့ ကြားသိရပေမယ့်လည်း KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ တစ်လအတွင်းမှာဘဲ လယ်ကုန်းရပ်ကွက် နယ်မြေ(၉)မှာ နေအိမ် ၄လုံးမီးလောင်ခဲ့သလို မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး လောင်ကျွမ်းသွား ခဲ့တာဘဲ ဖြစ်ပါတယ်။ KNG ကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်မှာ မီးလောင်ကျွမ်းမှု ၅ကြိမ် ဖြစ်ပွားခဲပြီး လူသေဆုံးသူ တစ်ဦးရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအချက်အလက်တွေဟာ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောကြားချက်အပေါ်မူတည်ပြီး ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ကတော့ အနည်းငယ်ကွဲလွဲမှုတွေ … - [မြစ်ကြီးနားမှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်ဆက်တိုက် လုယက်ခံနေရ ](https://burmese.kachinnews.com/2026/03/03/dsa1-226/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ မကြာခနကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။ - [ငြိမ်းချမ်းရေးအတွက်လား စစ်တပ်အာဏာတည်မြဲရေးအတွက်လား](https://burmese.kachinnews.com/2026/03/03/yl1-492/): ဆန်းစစ်ချက် ဆောင်းပါး အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်တွေကို ပြန်ခေါ်ထားပါတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအတွက် မေးခွန်းများစွာ ရှိနေပါတယ်။ - [ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ ](https://burmese.kachinnews.com/2026/03/02/zz1-351/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ](https://burmese.kachinnews.com/2026/03/02/dsa1-225/): မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို  ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ - [ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ](https://burmese.kachinnews.com/2026/03/02/am1-375/): မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ - [ပဋိပက္ခနဲ့နိုင်ငံရေးမတည်ငြိမ်မှုကြား GZ လူငယ်တစ်ချို့ ဘယ်လိုရုန်းကန်နေကြလဲ](https://burmese.kachinnews.com/2026/02/28/am1-374/): စစ်ကော်မရှင်တပ်က အာဏာသိမ်းတာ ၅ နှစ်ပြည့်လာတာနဲ့အတူ အဖက်ဖက်ကနေဆိုးယုတ်လာတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေထဲ ၄ ယောက်မှာ ၁ ယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး နိုင်ငံရဲ့လူဦးရေထဲက ၄ သန်းနီးပါးသော လူငယ်တွေဟာ အလုပ်မရှိတဲ့အခြေနေကြုံနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကထုတ်ပြန်ထားပါတယ်။ - [မြစ်ဆုံဆည်လုပ်တာက ဧရာဝတီကို သတ်တာပဲ](https://burmese.kachinnews.com/2026/02/27/am1-373/): လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်က အာဏာသိမ်းပြီး ၅ နှစ်ပြည့်ချိန် ၂၀၂၆ ခုနှစ်အစပိုင်းမှာပဲ ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ စတင်တွေ့လာရပြီဖြစ်ပါတယ်။ - [မြစ်ကြီးနားမှာ KIA ကိုဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွား](https://burmese.kachinnews.com/2026/02/27/zm1-276/): ကချင်ပြည်နယ် မြစ်ကြီးနားမှာ လေယာဉ်ကွင်းပစ်ခတ်ခံရတဲ့အပေါ် KIA ကိုအလိုမရှိကြောင်း ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွားတယ်လို့ ဌာနဆိုင်ရာနီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား](https://burmese.kachinnews.com/2026/02/27/ld1-301/): KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ ](https://burmese.kachinnews.com/2026/02/27/zz1-350/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို  SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်ကော်မရှင်ရဲ့ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကိုပိတ်ပင်ဖို့ နိုင်ငံ ၅ ခုကအစိုးရတွေကို Justice For Myanmar တောင်းဆို](https://burmese.kachinnews.com/2026/02/27/am1-372/): စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ချက်ချင်း ပိတ်ဆို့ဖို့၊ လေယာဉ်ဆီတင်ပို့မှုတွေကိုလည်း တားမြစ်ပိတ်ပင် ဖို့ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေကို Justice For Myanmar က တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်လာပါတယ်။ - [ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ](https://burmese.kachinnews.com/2026/02/27/ld1-300/): ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း မြေမြုပ်မိုင်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ Landmine Monitor ထုတ်ပြန်](https://burmese.kachinnews.com/2026/02/26/am1-370/): Landmine Monitor ရဲ့ နောက်ဆုံးထုတ် ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ တခြားသော စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ - [ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ](https://burmese.kachinnews.com/2026/02/26/yl1-491/): ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။ - [မြစ်ကြီးနားမှာ KIA ကို ဆန္ဒပြဖို့စစ်ကောင်စီပြင်ဆင်နေ](https://burmese.kachinnews.com/2026/02/26/zm1-275/): ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီကပြင်ဆင်နေတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ - [ဗန်းမောက်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/02/26/am1-371/): စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှား လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ဘန်ရှောင်ရွာမှာ ဝတပ်ဖွဲ့ကားက ဆိုင်ကယ်စီးလူငယ်တစ်ဦးကို ဝင်တိုက်ပြီး လျော်ကြေးပြန်တောင်းဆိုမှုဖြစ်ပွား](https://burmese.kachinnews.com/2026/02/26/ld1-299/): ရှမ်းမြောက် လားရှိုးမြို့နယ် ဘန်ရှောင်ကျေးရွာမှာ United Wa State Army (UWSA) ဝတပ်ဖွဲ့ဝင်တွေက ဒေသခံလူငယ်တစ်ဦးကို ကားနဲ့တိုက်ခဲ့ပြီး အဲဒီလူငယ်ဆီကနေ လျော်ကြေးငွေကို အတင်းအဓ္ဓမပြန်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ](https://burmese.kachinnews.com/2026/02/25/dsa1-224/): ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။ - [မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ပြည်သူတွေတောင်းဆို](https://burmese.kachinnews.com/2026/02/25/dsa1-223/): မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။ - [ကသာကမ်းနားကျေးရွာများ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2026/02/24/am1-369/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကလုံကျေးရွာနဲ့ သာဂရကျေးရွာတစ်ဝှိုက်ကို စစ်ကော်မရှင်က တိုက်ပွဲတစ်စုံတစ်ရာမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရလို့ အဲ့ဒီဒေသကဒေသခံ တွေထိတ်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ - [မြစ်ကြီးနားမှာ မြစ်ဆုံအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ  ၃ ကြိမ်ရှိလာ](https://burmese.kachinnews.com/2026/02/24/am1-368/): လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြစ်ကြီးနား မြို့မှာ စစ်ကော်မရှင်ကလူထုတွေ့ဆုံပွဲပြုလုပ်တာ ၃ ကြိမ်အထိရှိလာတာပဲဖြစ်ပါတယ်။ - [ဟုမ္မလင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူများတိမ်းရှောင်](https://burmese.kachinnews.com/2026/02/24/am1-367/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ပဲနုတ်ဆွပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက် အနီးအနားကျေးရွာတစ်ချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ](https://burmese.kachinnews.com/2026/02/24/ld1-298/): ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပဲနုပ်ဆွပ်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/02/23/am1-366/): စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ကျေးရွာကို စစ်ကော်မရှင်က ဝေဟင်ကနေဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၇ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ](https://burmese.kachinnews.com/2026/02/23/ld1-297/): ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ - [KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ](https://burmese.kachinnews.com/2026/02/23/ld1-296/): ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ - [မြစ်ကြီးနားမှာ ဘိလပ်မြေစျေးစံချိန်တင်မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့ဆို](https://burmese.kachinnews.com/2026/02/23/am1-365/): ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၈ သောင်းအထိစံချိန်တင်မြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေလည်းရှိနေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတယ်လို့ မြို့ခံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။ - [စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး](https://burmese.kachinnews.com/2026/02/23/ds1-3/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [ယူမာကျေးရွာလမ်းမကြီးပေါ် မှာအမျိုးသား နှစ်ဦးပစ်သတ်ခံရ](https://burmese.kachinnews.com/2026/02/23/yl1-490/): ဖားကန့်မြို့နယ် ယူမာကျေးရွာထဲက လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ - [KIA ထိန်းချုပ်နယ်မြေ နေရာ ၅ ခုကို စစ်တပ်ကတစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/02/21/yl1-489/): စစ်ကောင်စီတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားခဲ့တယ်လို့ KIO ပြောပါတယ်။ - [မြစ်ကြီးနားလေဆိပ်လက်နက်ကြီးကျပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ KIO/KIA ရဲ့ပုံရိပ်ကျဆင်းအောင်လုပ်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေပြော](https://burmese.kachinnews.com/2026/02/21/yl1-488/): မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေး KIO/KIA ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဇတ်ဖန်းတီးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။ - [မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်](https://burmese.kachinnews.com/2026/02/21/dsa1-222/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။ - [မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော](https://burmese.kachinnews.com/2026/02/20/ld1-295/): ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ - [မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်](https://burmese.kachinnews.com/2026/02/20/yl1-487/): တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ - [တနိုင်းမှာ ရေခဲငါးတစ်ပိဿာ ငါးသောင်းကျပ် အထိစျေးမြင့်တက်](https://burmese.kachinnews.com/2026/02/20/zz1-349/): ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်သွားတဲ့နောက် တနိုင်းမြို့မှာ ရေခဲငါးတစ်ပိဿာ ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိစျေးမြင့်တက်နေတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ - [ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ](https://burmese.kachinnews.com/2026/02/20/am1-364/): စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။ - [၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု](https://burmese.kachinnews.com/2026/02/19/am1-363/): ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ - [ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နေ](https://burmese.kachinnews.com/2026/02/18/ld1-294/): ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း များစွာထိခိုက်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား ](https://burmese.kachinnews.com/2026/02/18/zz1-348/): ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ - [မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ](https://burmese.kachinnews.com/2026/02/17/yl1-486/): ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ - [စစ်အာသိမ်းနောက်ပိုင်း ပူတာအိုဒေသမှာ KTV နဲ့ Bar တဖြေးဖြေးများလာ](https://burmese.kachinnews.com/2026/02/17/zz1-347/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့ Bar တွေတဖြေးဖြေးများလာနေတယ်လို့ဒေသခံတွေ ပြောပါတယ်။ - [ကုဋေမှော် မြေစာကန်ပြိုကျ၊ ရေမဆေးသမား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲ](https://burmese.kachinnews.com/2026/02/17/yl1-485/): ဖားကန့်မြို့နယ်၊ ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေစာကန်ပြိုကျမှုကြောင့် ရေမဆေးသမား အယောက် ၂၀ ခန့်ပါသွားတဲ့ထဲကနေ ၁၀ ယောက်ခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ](https://burmese.kachinnews.com/2026/02/16/zz2-74/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ - [မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်](https://burmese.kachinnews.com/2026/02/16/yl1-484/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ - [မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ](https://burmese.kachinnews.com/2026/02/16/am1-362/): မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။ - [နှစ်လအကြာရပ်နားထားတဲ့ တနိုင်းဒေသက ပယင်းမှော်နဲ့ရွှေမှော်တွေပြန်ဖွင့်](https://burmese.kachinnews.com/2026/02/16/zz1-346/): တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေ ပြန်လည်ဖွင့်လှစ်နေပြီး အရပ်သားတွေအများအပြားဝင်ရောက်နေကြပြီလို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ - [ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို](https://burmese.kachinnews.com/2026/02/16/zz1-345/): ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ  KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ - [အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်](https://burmese.kachinnews.com/2026/02/16/dsa1-221/): ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ - [တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ](https://burmese.kachinnews.com/2026/02/14/yl1-483/): တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ - [အင်း‌တော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်](https://burmese.kachinnews.com/2026/02/13/dsa1-220/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/02/13/yl1-482/): ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။ - [ဗျူဟာလမ်းမပေါ်က တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကြန့်ကြာမှုရှိနေ](https://burmese.kachinnews.com/2026/02/13/am1-361/): မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမပေါ်က ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားတွေကွင်းလမ်းအသုံးပြုသွားလာနေရတဲ့အတွက် ခရီးစဉ် ၃ ညအိပ် ၄ ရက် ခရီးနှင်နေရတယ်လို့ ကားသမားတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ - [မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ](https://burmese.kachinnews.com/2026/02/13/dsa1-219/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ - [ကြွက်ဘေးဒဏ်သင့် ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာတစ်ချို့ စားနပ်ရိက္ခာအကူညီလိုအပ် ](https://burmese.kachinnews.com/2026/02/13/ld1-293/): ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင်း ကြွက်ဘေးဒဏ်ကျ ရောက်ခဲ့တဲ့ကျေးရွာတစ်ချို့မှာဆေးဝါးနဲ့စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိ‌နေ](https://burmese.kachinnews.com/2026/02/12/zz1-343/): ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက်  ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။ - [ဗန်းမောက်မြို့အလုံးစုံကို SNA ပြန်လည်ထိန်းချုပ်](https://burmese.kachinnews.com/2026/02/12/am1-360/): ဗန်းမောက်မြို့ကို ၄ လကျော်ကြာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ - [လက်လွတ်လိုက်ရတဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေပြန်ရဖို့ ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်လာတဲ့အထိ တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/02/12/yl1-481/): ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။ - [ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့](https://burmese.kachinnews.com/2026/02/10/yl1-480/): တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ - [အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ](https://burmese.kachinnews.com/2026/02/10/zz1-342/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ](https://burmese.kachinnews.com/2026/02/07/zm1-274/): “ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ - [ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်](https://burmese.kachinnews.com/2026/02/06/yl1-479/): ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ - [ဗန်းမောက်မြို့ ရပ်ကွက် ၄ ခုမှာ ၃ ခုကို SNA ပြန်သိမ်းပိုက်](https://burmese.kachinnews.com/2026/02/06/am1-359/): တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က ရပ်ကွက် ၄ ခုမှာ ၃ ခုကို ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားတဲ့အကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ - [မြစ်ကြီးနားမှာ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ](https://burmese.kachinnews.com/2026/02/06/dsa1-218/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ကတစ်ရက်အတွင်း သေဆုံး‌နေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ အနံ့ဆိုးထွက်အောင်လုပ်စေခဲ့တဲ့ အမျိုးသားနှစ်ဦးကို KIA ဖမ်းဆီး](https://burmese.kachinnews.com/2026/02/06/yl1-478/): ကချင်ပြည်နယ် ဖားကန့်မြို့တစ်ခုလုံး အနံ့ဆိုးထွက်စေအောင် ဥရုချောင်းထဲ အင်ဂျင်ဝိုင်ဟောင်းတွေ သွန်ပစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖမ်းဆီးထားပြီး အရေးယူဖို့လုပ်ဆောင်နေတယ်လို့ဒေသခံများထံမှ သိရပါတယ်။ - ["ထမ်းငေါ့တောင်သို့"](https://burmese.kachinnews.com/2026/02/05/am1-358/): ယနေ့သည် အဖိနှပ်ခံဘဝမှလွှတ်မြောက်ဖို့၊ တန်းတူအခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့သည့်ကချင်အမျိုးသားတော်လှန်ရေးခရီး ၆၅ နှစ်မြောက်ခဲ့ပြီဖြစ်သည်။ - [မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးရရှိမှုပိုလျော့နည်းလာ](https://burmese.kachinnews.com/2026/02/05/dsa1-217/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေဆီကနေ သိရပါတယ်။ - [ရှမ်းနဲ့ ကချင်ကြား လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ဖို့ KIO/KIA ဥက္ကဋ္ဌပြော](https://burmese.kachinnews.com/2026/02/05/yl2-99/): ရှမ်းနဲ့ ကချင်လူမျိုးတွေဟာ ဘိုးဘေးစဉ် ခေတ်အဆက်ဆက် အတူတကွယှဉ်တွဲနေထိုင်လာကြတာဖြစ်ပြီး စစ်အုပ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်တဲ့ (၆၅) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIO၊KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။ - [ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်ချုပ်နယ်မြေတွေကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်](https://burmese.kachinnews.com/2026/02/05/yl1-477/): ကချင်တော်လှန်ရေးနေ့ (၆၅) နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO လိုင်ဇာဌာနချုပ်အနီးတဝိုက်နဲ့ KIA တပ်မဟာနေရာတစ်ချို့ကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်း(အသေခံ)ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ - [မြစ်ကြီးနားက ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ငွေညစ်ခြိမ်းခြောက်ခံနေရ ](https://burmese.kachinnews.com/2026/02/05/dsa1-216/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ကို ရဲတပ်ဖွဲ့ဝင်တစ်ချို့ငွေညစ်ခြိမ်း‌ခြောက်တာတွေလုပ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ - [ဖားကန့်မှာ လူငယ်နှစ်ဦးမိုင်းထိပြီး ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2026/02/04/zm1-273/): ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ရေးကြောင့် ပိတ်ထားတဲ့လမ်းကနေဖြတ်လာတဲ့ လူငယ်နှစ်ဦး မိုင်းထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံများထဲမှ သိရပါတယ်။ - [မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း ဂိတ်တွေမှာအခွန်လျော့ကောက်ပေးဖို့ကားသမားတွေပြော](https://burmese.kachinnews.com/2026/02/04/zz1-341/): ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး တစ်စီးကိုကျပ်သိန်း ၄၀ နီးပါးအထိအခွန်ပေးဆောင်နေရတာကြောင့် အခွန်လျော့ပေါ့ကောက်ခံပေးဖို့ကားသမားတွေက ပြောပါတယ်။ - [ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်](https://burmese.kachinnews.com/2026/02/04/zm1-272/): ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ - [ဖားကန့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုပြီးလုပ်ဆောင်နေ](https://burmese.kachinnews.com/2026/02/04/yl1-476/): တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား](https://burmese.kachinnews.com/2026/02/04/dsa1-215/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက်က နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2026/02/04/yl1-475/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2026/02/03/am2-72/): တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ - [နာဂဒေသ ကျဲသရောက်ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်](https://burmese.kachinnews.com/2026/02/03/zz1-340/): စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဖားကန့်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က တပ်ခွဲမှူးနဲ့တပ်သားတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦးအလင်းဝင်လာ](https://burmese.kachinnews.com/2026/02/03/am1-357/): တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲအတွင်း အရာရှိတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ - [လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်](https://burmese.kachinnews.com/2026/02/03/ld1-292/): ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။ - [မြစ်ကြီးးနားမြို့မှာ  မူးယစ်ဆေးလာဝယ်တဲ့စစ်သားတစ်ဦး ရိုက်နှက်ခံရ](https://burmese.kachinnews.com/2026/02/03/dsa1-214/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ - [ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ](https://burmese.kachinnews.com/2026/02/03/zz1-344/): ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။ - [ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်](https://burmese.kachinnews.com/2026/02/02/yl2-98/): ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ တစ်လအတွင်း ယာဉ်တိုက်မှု ၃၁ ကြိမ်ဖြစ်၊ အမျိုးသမီး ၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/02/02/dsa1-213/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ](https://burmese.kachinnews.com/2026/02/02/yl1-474/): ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/02/02/am1-356/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ - [ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ပိတ်မိနေ](https://burmese.kachinnews.com/2026/01/31/zm1-271/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာဘက်မှာ မနေ့ညကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ - [ဗလမင်းထင်တံတားအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတူးဖော်နေ](https://burmese.kachinnews.com/2026/01/30/dsa1-212/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေအများအပြားတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ](https://burmese.kachinnews.com/2026/01/29/zz1-339/): ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။ - [ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြန်လည်စတင်](https://burmese.kachinnews.com/2026/01/29/am1-355/): စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲစတင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတွေကပြောပါတယ်။ - [ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို](https://burmese.kachinnews.com/2026/01/29/zm1-270/): ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ - [မိုးမိတ် မြစ်ဆုံရွာ ရွှေလီမြစ်တံတားအထိ စစ်တပ်ကို နေရာပေးဖို့ TNLA ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာနေ](https://burmese.kachinnews.com/2026/01/29/ld1-291/): ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။ - [တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်](https://burmese.kachinnews.com/2026/01/29/ld1-290/): ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ - [ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/01/28/yl1-473/): ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ - [တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ](https://burmese.kachinnews.com/2026/01/28/yl1-472/): ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ - [အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့ ဖားကန့်ရွေးကောက်ပွဲ](https://burmese.kachinnews.com/2026/01/27/yl1-471/): ဖားကန့်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနေ့ရက်မှာ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွေးကောက်ပွဲပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ - [ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ](https://burmese.kachinnews.com/2026/01/27/am1-354/): စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ - [ပူတာအိုဒေသရဲ့ အထင်ကရ မူလာချောင်းမှာရွှေတူးဖော်တာကို တားမြစ်ပေးဖို့ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2026/04/20/zz1-368/): ကချင်ပြည်နယ် ပူတာအိုဒေသရဲ့ အထင်ကရချောင်းတစ်ခုဖြစ်တဲ့ မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာတွေကိုတားမြစ်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ - [စစ်တပ်က ဆိုင်းတောင်၊ အင်းတော်ကြီး - ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/04/20/yl2-100/): KIA က ၂ နှစ်ခန့်အကြာ ထိန်းချုပ်ထားပြီဖြစ်တဲ့ အင်းတော်ကြီး - ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့  ဖားကန့် ဆိုင်းတောင်ဘက်မှာ စစ်ရေးဖော်ဆောင်လာတာဖြစ်တယ်လို့ပြောပါတယ်။ - [ရေလောင်ကန်နဲ့ ဝိုင်းလော တပ်စခန်းပစ်ခတ်ခံရပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေဆဲ](https://burmese.kachinnews.com/2026/04/20/yl1-507/): ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် လမူခမှော်ဒေသရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အထိုင်ချထားတဲ့ ရေလောင်ကန်(Hka Lawng Kawng) နဲ့ ဝိုင်လော (Aoi Law) တပ်စခန်းနှစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း အမြန်ပြုပြင်ပေးဖို့ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2026/04/20/zm1-280/): ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသရှိ ရီဒမ်းမှ ခေါင်လန်ဖူးမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ချောလမ်းဟာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပြိုကျပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာအာဏာာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ - [လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ အင်းတော်ကြီးစစ်ဘေးရှောင်တွေ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2026/04/20/ld1-318/): မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေမှာ လေပြင်းမုန်တိုင်းဒဏ်မကြာခဏကြုံတွေ့နေရတဲ့အတွက် အဆောင်တွေပျက်စီးပြီး နေစရာအခက်ကြုံနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ - [မြစ်ကြီးနားမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ](https://burmese.kachinnews.com/2026/04/20/zm1-279/): မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက် ဘုန်းကြီးကျောင်းနောက်ကျောဘက် လမ်းကြားတစ်နေရာမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ပန်ဝါမြို့အနီး မြေရှားလုပ်ကွက်မြေပြိုပြီး လုပ်သားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/04/18/ld1-317/): ချီဖွေ– ပန်ဝါကြား မြေရှားလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး လုပ်သားတစ်ဦး‌သေဆုံးသွားတယ်လို့ မြေရှားလုပ်သားတွေဆီကနေ သိရပါတယ်။ - [မေခမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု ပိုများလာ](https://burmese.kachinnews.com/2026/04/17/ld1-316/): ကချင်ပြည်နယ် ချီဖွေ – ဆော့လော်လမ်း မေခမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ယခင်ထက် အဆမတန် များလာပြားလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ - [ကသာစစ်ဘေးရှောင်တွေ မိုးလေဒဏ်၊ နေပူဒဏ်ကြား နေထိုင်ရေးခက်ခဲ](https://burmese.kachinnews.com/2026/04/17/am1-398/): စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြို့ကိုဝင်ရောက်လာလို့ ထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးရှောင်တွေ မိုးဒဏ်၊လေဒဏ်နဲ့နေပူဒဏ်တွေအကြားနေထိုင်ရေးနဲ့စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားမှာ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ကလေးသူငယ်တစ်ဦးပါအဝင်  ၃ ဦးသေဆုံး](https://burmese.kachinnews.com/2026/04/17/dsa1-248/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီလ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့်  ကလေးသူငယ်တစ်ဦးအပါဝင် သေဆုံးသူ ၃ ဦးထိရှိလာပြီလို့ လူမူကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ - [ထီးချိုင့်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြစ်ကမ်းနဘေးကျေးရွာတွေအထိ ဝင်ရောက်လာ](https://burmese.kachinnews.com/2026/04/17/am1-397/): စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ကသာမြို့နယ်ကိုရောက်ရှိလာပြီလို့ ထွက်ပြေးနေရတဲ့ ကသာမြို့ကဒေသခံတွေကပြောပါတယ်။ - [ဖားကန့်မှာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ](https://burmese.kachinnews.com/2026/04/13/zm_hpakant/): ဖားကန့်မြို့နယ် မရှီကထောင် ဆုတောင်းတောင်အနီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်တပ်တို့ စစ်ဆိုင်ထားတဲ့အခြေနေမှာ စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က စစ်ရေးစတင်လှုပ်ရှားလာတဲ့အတွက် ဒီနေ့တစ်ကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ - [နမ့်ဖတ်ကာအနီး ခရီးသွားကားတစ်စီးတိမ်းမှောက် ၅ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2026/04/11/ld1-315/): ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့ လွယ်ကန်ကုန်းလမ်းပိုင်းမှာ ခရီးသွားကားတစ်စီးကားမှောက်လို့ ခရီးသည် ၅ ဦးသေဆုံးပြီး ကျန်ခရီးသည်များထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ကသာမြို့မှာ ကူးတို့ဆိပ်လိုင်း လွှဲပြောင်းပေးမှုအပေါ် ဒေသခံများမကျေနပ်](https://burmese.kachinnews.com/2026/04/10/am1-396/): စစ်ကိုင်းတိုင်း- ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ လွှဲပြောင်းပေးခဲ့တာကြောင့် ဒေသခံတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။ - [KIC ဒုတိယ ဥက္ကဋ္ဌ ရှမ်းမြောက်ခရီးစဉ်မှာ တော်လှန်ရေးအဖွဲ့တွေ နဲ့ ဒေသခံတွေ ကို သီးခြားတွေဆုံခဲ့](https://burmese.kachinnews.com/2026/04/09/ld1-314/): ရှမ်းပြည်နယ်မြောက်ပိုင်းကို ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ အတူ ဗိုလ်ချုပ်ဇော်ရော် တို့ သွားရောက်ခဲ့ခြင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနဲ့ လိုက်လံတွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ - [ဝါရာဇွပ်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2026/04/08/yl1-506/): တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေးအတွက်ကူညီပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။ - [မြန်မာ့မြေရှားသတ္တုနှင့် မဟာဗျူဟာမြောက် ထောက်ပံ့ရေးကွင်းဆက်၌ သြဇာလွှမ်းမိုးနိုင်မှု အခွင့်အရေးတိတ်တဆိတ် ဆုံးရှုံးနေခြင်း](https://burmese.kachinnews.com/2026/04/08/myanmars-rare-earths-and-the-quiet-loss-of-strategic-supply-chain-leverage/): လက်ရှိတွင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မဟာဗျူဟာမြောက် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်၌ အလွန်အရေးပါသော အခန်းဏ္ဌာမှာ တည်ရှိနေသော်လည်း ထောက်ပံ့ရေးကွင်းဆက်၌ သြဇာလွှမ်းမိုးမှုအခွင့်အရေး တဖြည်းဖြည်း တိတ်တဆိတ် ဆုံးရှုံးနေရပါတယ်။ - [မြစ်ကြီးနားမှာ စက်သုံးဆီသိုလောင်တဲ့ဂိုဒေါင်မီးလောင်](https://burmese.kachinnews.com/2026/04/08/am1-395/): မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းသွားရာလမ်းမကြီးနဘေးက စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်နေရာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ - [ဝိုင်းမော်မှာ ကုန်ကားအစီးရေ ၅၀ ဝန်းကျင် စစ်တပ်ကဖမ်းဆီးထား](https://burmese.kachinnews.com/2026/04/08/zm1-278/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနဲ့နောင်ချိန်းရွာနေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တွဲကား၊ ကုန်ကား၊အိမ်စီးကား အစီး ၅၀ ဝန်းကျင်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကားသမားတွေပြောပါတယ်။ - [ဖားကန့် ဗျူဟာကုန်းပစ်ခတ်ခံရပြီးနောက် စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေ](https://burmese.kachinnews.com/2026/04/07/yl1-505/): ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် လုံးခင်းကျေးရွာအနီး ရွာတစ်ချို့မှာ စစ်ရေးတင်းမာမှုဖြစ်နေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ လောင်းအထိတွေ့ရှိ](https://burmese.kachinnews.com/2026/04/07/dsa1-247/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး  ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ခုထိရှိလာပြီဖြစ်ပါတယ်။ - [မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲစေဖို့ SCEF က ဘယ်လောက်ထိအရေးပါနိုင်လဲ](https://burmese.kachinnews.com/2026/04/07/yl1-504/): အာဏာသိမ်းစစ်ကောင်စီအဖွဲ့  တရားမဝင်ရွေးကောက်ပွဲကျင်းပပြီးနောက် လက်ရှိမှာတော့ တရားမဝင်အရပ်သားအစိုးရအဖွဲ့ကိုလည်း စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ - [ထီးချိုင့်ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် မြို့ပတ်လည်မှာ တပ်စွဲနေရာယူထား](https://burmese.kachinnews.com/2026/04/06/am1-394/): စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ရဲ့ပတ်ပတ်လည်ကို တပ်သားတွေကအထိုင်ယူနေရာချထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ - [“မြစ်ဆုံစီမံကိန်း နှင့် တိတ်ဆိတ်သွားသော လူထုအသံများ”](https://burmese.kachinnews.com/2026/04/06/am1-393/): မြစ်ဆုံစီမံကိန်းသည် လူထုကန့်ကွက်မှုကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော် ရပ်နားထားခဲ့ရသောစီမံကိန်းတစ်ခုဖြစ်သည်။ သို့သော် စစ်ကော်မရှင်ဘက်မှ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် ထိုစီမံကိန်းကို ပြန်လည် စတင်နိုင်ရန်အသည်းအသန်ကြိုးစားလာနေသည်။ - [ကသာမြို့အခြေနေ ဆက်သွယ်မေးမြန်းချက်](https://burmese.kachinnews.com/2026/04/04/am1-392/): စစ်ကိုင်းတိုင်း ကချင်နဲ့အစပ်မှာရှိတဲ့ ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေးလုပ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ - [ပူတာအိုမှာ နွားတွေအနာဖြစ်ပြီး သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2026/04/03/zz1-367/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေမှာ ဒီရက်ပိုင်း နွားတွေအနာဖြစ်ပြီးသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [နမ္မတီးမှာ မိုးသက်လေပြင်းကျလို့ စစ်ရှောင်စခန်းအများပိုင်းထိခိုက်ပျက်စီး၊ ကူညီမှုလိုအပ်နေ](https://burmese.kachinnews.com/2026/04/03/ld1-313/): ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မိုင်းနောင်က ကားသမားတစ်ဦးသတ်ခံရ](https://burmese.kachinnews.com/2026/04/03/zz1-366/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ မိုင်းနောင်ရွာက ကားသမားတစ်ဦး SNA ထိန်းချုပ်ထားတဲ့ကားလမ်းပိုင်းမှာသတ်ဖြတ်ခံထားရကြောင်း ဒေသခံများမှ သိရပါတယ်။ - [မြစ်ကြီးနားမှာ ဆိုင်ကယ်နှစ်စီးတိုက်မိပြီးအမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/04/02/dsa1-246/): မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ - [လက်လွတ်လိုက်ရတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA ပြန်လည်သိမ်းယူ](https://burmese.kachinnews.com/2026/04/02/yl1-503/): ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ သင်္ချိုင်းကုန်းတစ်လျှောက် နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်း(၃) နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ - [ဖားကန့်မှာ တိုက်ပွဲပြန်စဖြစ်နေပြီး လက်နက်ကြီးကြောင့်အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာ](https://burmese.kachinnews.com/2026/04/02/yl1-502/): တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဒီကနေ့ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲပြန်ဖြစ်နေပြီး လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [တစ်လကျော်ရပ်နားထားတဲ့ မြစ်ကြီးနားလေကြောင်းလိုင်းခရီးစဉ်အားလုံးပြေးဆွဲတော့မည်](https://burmese.kachinnews.com/2026/04/01/dsa1-245/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လကျော်ရပ်နားထားတဲ့ လေကြောင်းခရီးစဉ်တွေအားလုံး ပြန်လည်ပြေးဆွဲတော့မယ်လို့ လေကြောင်းလိုင်း ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ - [တိုက်ပွဲကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိပိတ်](https://burmese.kachinnews.com/2026/04/01/zz1-365/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက ရက်အကန့်အသတ်မရှိပိတ်ချ လိိုက်ပြီလို့  ဒေသခံတွေ KNG ကိုပြောပါတယ်။ - [ဝိုင်းမော်စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးပိုခက်ခဲလာ](https://burmese.kachinnews.com/2026/04/01/dsa1-244/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ - [KIO၊ KNU၊ CNF၊ KNPP ၊ CRPH နှင့် NUG တို့ပါဝင်တဲ့ SCEF ဖွဲ့စည်း](https://burmese.kachinnews.com/2026/03/31/y-3/): ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အပြီးတိုင်အဆုံးသတ်ဖို့ နှင့် တော်လှန်ရေးကိုအရှိန်အဟုန်မြင့်တင်ဖို့ ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ ကို ဖွဲ့စည်းလိုက်ပါတယ်။ - [ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော](https://burmese.kachinnews.com/2026/03/31/zz1-364/): စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ - [စစ်ပွဲနောက်ကွယ်မှာ ပျောက်ကွယ်သွားတဲ့ ပယင်းဈေးကွက်](https://burmese.kachinnews.com/2026/03/27/yl1-501/): ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသွားတဲ့အပြင် စျေးကွက်ပါ ပျောက်လုနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။ - [ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာ](https://burmese.kachinnews.com/2026/03/27/am3-11/): တရုတ်နီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း– ကချင်အစပ်က ထီးချိုင့်မြို့ရဲ့ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး မြတောင်လမ်းဆုံကို ထိန်းချုပ်သွားပြီလို့ မြေပြင်ကဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတည်ပြုပါတယ်။ - [ကသာပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရ](https://burmese.kachinnews.com/2026/03/27/am1-391/): စစ်ကိုင်းတိုင်း ကချင်အစပ် ကသာမြို့နယ်က ကသာပြည်သူ့ဆေးရုံ၊ ကျောက်ထုံးကြီးကျေးရွာက တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ ကသာမြို့ဒေသခံတွေကအတည်ပြုပါတယ်။ - [ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး](https://burmese.kachinnews.com/2026/03/27/am1-390/): စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ဖလဲရွာကို မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ - [မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ](https://burmese.kachinnews.com/2026/03/26/zz1-363/): စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။ ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ  ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။ - [ကသာမြို့မှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေ](https://burmese.kachinnews.com/2026/03/25/am1-389/): ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကသာမြို့လယ်ခေါင်မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့အမည်ရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံး မှုတွေဖြစ်ပွားခဲ့ပါတယ်။ - [မြစ်ကြီးနား လေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းချခြင်းမရှိသေး](https://burmese.kachinnews.com/2026/03/25/dsa1-243/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။ - [မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2026/03/25/dsa1-242/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [နေရပ်ပြန် နမ်ဆာရွာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2026/03/25/dsa1-241/): ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ သံတိုသံစရောင်းဝယ်ရေးဆိုင်မီးလောင်](https://burmese.kachinnews.com/2026/03/24/dsa1-240/): “မီးလောင်တဲ့အိမ်မှာ လူမရှိဘူး သော့ခတ်ထားတယ် အိမ်ရှင်တွေက ခရီးထွက်သွားတာတဲ့ အိမ်စောင့်တွေက အလှူသွားနေတဲ့အချိန် လောင်တာ”လို့  မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။ - [ဥရုချောင်းမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေကြောင့် ရေကြောင်းလမ်းပျက်စီးလာ](https://burmese.kachinnews.com/2026/03/23/yl1-500/): ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ စက်ယန္တရားအများအပြားနဲ့ ဥရုချောင်းရေလမ်းကြောင်း ပိတ်ဆို့နေတဲ့အထိ ပေါ်ပေါ်တင်တင် ရွှေတူးဖော်နေကြတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ - [ပူတာအို-မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်](https://burmese.kachinnews.com/2026/03/23/zz1-362/): ကချင်ပြည်နယ်အတွင်း လေကြောင်းလိုင်းအားလုံးရပ်နားသွားတဲ့နောက် ပူတာအို– မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမား‌တွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုတွေ့](https://burmese.kachinnews.com/2026/03/23/dsa1-239/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်သောက်သုံးရေခက်ခဲတဲ့အထိဖြစ်လာ](https://burmese.kachinnews.com/2026/03/23/zz1-361/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။ - [ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ ဒေသခံတွေသွားလာရေးပိုခက်ခဲလာ](https://burmese.kachinnews.com/2026/03/20/zz1-360/): ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားလာရေးပိုခက်ခဲသွားကြောင်း သိရပါတယ်။ - [ကသာမြို့လယ်ခေါင် ဗုံးကြဲခံရ၊ သေဆုံးဒဏ်ရာရသူတွေများနိုင်တယ်လို့ဆို](https://burmese.kachinnews.com/2026/03/20/am1-388/): စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့ အမည်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဒီမနက် ၁၁ နာရီဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာ ရသူတွေများနိုင် တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း‌ပြုပြင်ဖို့ အကူညီလိုအပ်နေ](https://burmese.kachinnews.com/2026/03/19/dsa1-238/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း လေပြင်းတိုက်လို့ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ - [တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး](https://burmese.kachinnews.com/2026/03/19/ld1-312/): တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ - [ဖမ်းဆီးခံရတဲ့ အယ်ဒီတာ ကိုတာလင်းမောင်ပြန်လွတ်လာ](https://burmese.kachinnews.com/2026/03/18/yl1-499/): ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ Uru News သတင်းဌာနအယ်ဒီတာ ကိုတာလင်းမောင်ပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။ - [လုံးတုံရှိ ကာကင်းတစ်ချို့တိုက်ခိုက်ခံပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေ](https://burmese.kachinnews.com/2026/03/18/yl1-498/): မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် KIA နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ မိုင်းပေါက်ကွဲရာကနေ အမျိုး သား နှစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/03/18/am1-387/): ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘလခမှော်ကျေးရွာနဲ့ မှော်စီစာကျေးရွာတို့မှာ မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းမှာပဲ အမျိုးသား ၂ ဦး မိုင်းပေါက်ကွဲရာကနေ ခန္ဓာအစိတ်အပိုင်းတွေတစ်စစီပြတ်ထွက်ပြီးသေဆုံးခဲ့ရတဲ့ဖြစ်စဥ်နှစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ - [ပူတာအိုမှာ ၁၂ တန်းကျောင်းသူနှစ်ဦး ကားတိုက်ခံရ](https://burmese.kachinnews.com/2026/03/18/zz1-359/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူနှစ်ဦး ကာတိုက်ခံရပြီး အခြေနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ](https://burmese.kachinnews.com/2026/03/18/dsa1-237/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ အိမ်မွေးခွေးတွေ မကြာခဏပျောက်ဆုံးနေ](https://burmese.kachinnews.com/2026/03/18/dsa1-236/): မြစ်ကြီးနားမြို့မှာ အိမ်မှာမွေးထားတဲ့ခွေးတွေ မကြာခနပျောက်ဆုံးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ - [ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေးမဆေးသမား ၅ ဦးသေဆုံး](https://burmese.kachinnews.com/2026/03/17/yl1-497/): ဖားကန့်မြို့နယ် မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ - [ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာ ကိုတာလင်းမောင်ဖမ်းခံရ ](https://burmese.kachinnews.com/2026/03/17/yl1-496/): ဖားကန့်ဒေသအခြေစိုက်ဖြစ်တဲ့ Uru Daily News – ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာဖြစ်သူ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ - [ရွှေကူနယ်အတွင်း  KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ](https://burmese.kachinnews.com/2026/03/17/zz1-358/): ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ချောင်းဝရွာမှာ အုပ်ချုပ်ရေးမှူးပြန်လည်ခန့်အပ်မှုအပေါ် ဒေသခံများဆန္ဒပြ](https://burmese.kachinnews.com/2026/03/17/am1-386/): စစ်ကိုင်းတိုင်း ကသာခရိုင် ကသာမြို့နယ် ချောင်းဝကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်မှုအပေါ် ဒေသခံရွာသူ ရွာသားတွေအကြား မကျေနပ်မှုတွေဖြစ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။ - [ကချင်ပြည်နယ်ဝင်ပေါက်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆယ်ရက်အတွင်း အရပ်သား ၂၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/03/17/am1-385/): ကချင်ပြည်နယ်ရဲ့ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့်နဲ့ မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကိုရင် ၄ ပါး၊ ဦးဇင်း ၂ ပါးအပါအဝင် စုစုပေါင်းလူဦးရေ ၂၄ ဦး အထိသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [မြစ်ကြီးနားမြို့လေဆိပ်ပြန်လည်ဖွင့်လှစ်](https://burmese.kachinnews.com/2026/03/17/dsa1-235/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် ဒီကနေ့မှာဘဲ စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ - [ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်စခန်းတွေဖယ်ပေးဖို့ ဖိအားပေးခံနေရ](https://burmese.kachinnews.com/2026/03/17/ld1-311/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုပါတယ်။ - [ကွတ်ခိုင်မြို့ ကိုးကန့်ထိန်းချုပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်လုပ်နေ](https://burmese.kachinnews.com/2026/03/16/ld1-310/): ကွတ်ခိုင်မြို့နယ်အားလုံးကို ကိုးကန့်တပ် MNDAA တပ်က သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုပြီး မြို့ပြင်တွေမှာ ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ - [တနိုင်းမှာ ကုန်စိမ်းသည်တစ်ဦး ဓားထိုးခံရပြီးသေဆုံး](https://burmese.kachinnews.com/2026/03/16/ld1-309/): ကချင်ပြည််နယ် တနိုင်းမြို့မှာ ကုန်စိမ်းရောင်းတဲ့အမျိုးသမီးတစ်ဦး ဓားထိုးလုယက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [မြေရှား လုပ်သားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရမှုကို ဖြေရှင်းပေးရန် တောင်းဆို](https://burmese.kachinnews.com/2026/03/15/ld1-308/): မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကျေးရွာကြားရှိ မြေရှားသတ္တုလုပ်ကွက်ထဲက အလုပ်သမားတွေ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု နှင့် လစာပုံမှန် မရရှိမှု စသည့်အခြေနေတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။ - [ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်နေပြီး TNLA စခန်းတစ်ချို့ ကိုးကန့်တပ်ဝင်စီးထား](https://burmese.kachinnews.com/2026/03/14/ld1-307/): ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ထိန်းချူပ်ထားတဲ့ TNLA ကို ကိုးကန့် MNDAA တပ်က ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီး လက်ရှိ မြို့ထဲက TNLA စခန်းတစ်ချို့ကို ကိုးကန့်တပ် ဝင်စီးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ - [စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား](https://burmese.kachinnews.com/2026/03/13/yl1-495/): ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ - [စစ်တပ်နှင့် SNA တပ်တို့ မရှီကထောင်ရွာအထိဝင်ရောက်နေရာယူပြီး တိုက်ပွဲဖော်ဆောင်လာ](https://burmese.kachinnews.com/2026/03/13/yl1-494/): ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ - [KBZPay ကို အကြောင်းပြပြီး လိမ်လည်မှုတွေ များလာတာကြောင့် အသုံးပြုသူတွေ စိုးရိမ်မှုမြင့်တက်](https://burmese.kachinnews.com/2026/03/13/dsa1-234/): KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေမှာ “KBZPay Call Center ကပါ” ဆိုပြီး ဆက်သွယ်လာတဲ့ လိမ်လည်မှုတွေ များလာနေတာနဲ့အတူ တချို့အသုံးပြုသူတွေ KBZPay အကောင့်ဟက်ခံရတာ၊ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ - [ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/03/13/am1-384/): စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ - [သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ](https://burmese.kachinnews.com/2026/03/12/zz1-357/): ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ - [ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့](https://burmese.kachinnews.com/2026/03/12/zz1-356/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ - [ကွတ်ခိုင်မှာ PDF နှစ်ဦးကို TNLA ဖမ်းဆီး](https://burmese.kachinnews.com/2026/03/12/ld1-306/): ရှမ်းမြောက်၊ ကွတ်ခိုင်မြို့မှာ မန္တလေး PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူစုဆောင်းနေတဲ့ PDF နှစ်ဦး TNLA ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ မီးရရှိတယ်လို့ဆို](https://burmese.kachinnews.com/2026/03/12/dsa1-233/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။ - [လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး](https://burmese.kachinnews.com/2026/03/12/am1-383/): စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ - [စင်းခန်း ရွှေဖောင်လုပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ရွှေလုပ်သား ၃၀ ခန့် သေဆုံး၊ ရုပ်အလောင်းတွေမဖော်နိုင်](https://burmese.kachinnews.com/2026/03/11/yl1-493/): ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရွှေဖောင်လုပ်သား ၃၀ ခန့် သေဆုံးမှုရှိခဲ့ပေမယ့် ရုပ်အလောင်းတွေကို ဖော်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ - [ရှိန်းခေါင်နယ်စပ်၊ ရှာကာတီရွာအနီး တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2026/03/11/ld1-305/): ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်နယ်စပ် KIA ရှိတဲ့ဘက်ကို စစ်တပ်ကထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ - [ကချင်မှာ စစ်လက်နက်ပစ်ခတ်မှု‌ကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2026/03/11/dsa1-232/): ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ - [မြစ်ကြီးနားလေဆိပ်ရပ်နားလိုက်တဲ့‌နောက် ကားလမ်းပိုင်းခရီးသွားပိုများလာ](https://burmese.kachinnews.com/2026/03/11/am1-382/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်ခရီးစဥ်အားလုံး ရပ်ဆိုင်းထားတဲ့နောက် မြစ်ကြီးနား–မန္တလေး ကားလမ်းခရီးအသုံးပြုခရီးသွားလာသူတွေများလာတယ်လို့ ကားသမားတွေ နဲ့ ခရီးသွားတွေဆီကသိရပါတယ်။ - [ထန်ဂါး-ဒိန်ချက်လမ်းပိုင်းမှာ မြေမြှပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦး ခြေတစ်ဖက်ဖြတ်လိုက်ရ](https://burmese.kachinnews.com/2026/03/11/zz1-355/): ကချင်ပြည်နယ် ၊မချမ်းဘော့မြို့အရှေ့ဘက် ထန်ဂါး–ဒိန်ချက်လမ်းပိုင်းမှာလက်နက်ကိုင်တပ်တွေ မြေမြှပ်မိုင်းထောင်ထားတဲ့အတွက် အရပ်သားတစ်ဦးမိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေပြောပါတယ်။ - [အာမခံကြေး သိန်း ၅၀၀ ကြောင့်လူမှုကူညီရေးအသင်းတွေ လိုင်စင်သက်တမ်းတိုးဖို့ ခက်ခဲနေ](https://burmese.kachinnews.com/2026/03/11/dsa1-231/): နိုင်ငံတဝန်းရှိ လူမူကူညီရေး အသင်းအားလုံး လိုင်စင်သက်တမ်းတိုးဖို့ အာမခံကြေး မတည်ငွေ သိန်း ၅၀၀ ရှိရမည်ဆိုတဲ့အတွက် ကချင်ပြည်နယ်ထဲက လူမူကူညီရေးအသင်းတစ်ချို့ သက်တမ်းတိုးဖို့အခက်ကြုံနေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းဝင်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/03/10/dsa1-230/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမှာ ဓားထိုးခံရပြီး သေဆုံးမှုထပ်မံဖြစ်ပွား](https://burmese.kachinnews.com/2026/03/10/dsa1-250/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဓားထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ထပ်မံဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရှိရပါတယ်။ - [မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး](https://burmese.kachinnews.com/2026/03/09/ld1-304/): ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ - [ဗုံးကြဲခံရပြီးနောက် တာမခန်၊ ဟောင်ပါးပြည်သူတွေ ဗုံးခိုကျင်းတူးပြီးနေနေရ](https://burmese.kachinnews.com/2026/03/09/zz1-354/): ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တာမခန်ကျေးရွာထဲက ရှင်ကထောင်ကုန်းဗုံးကြဲခံရပြီးနောက် တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဗုံးခိုကျင်းတူးပြီးနေနေရကြောင်းသိရပါတယ်။ - [ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/03/09/am1-381/): မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။ - [ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/03/09/am1-380/): စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ - [နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး အသက်သေဆုံး](https://burmese.kachinnews.com/2026/03/09/ld1-303/): ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ](https://burmese.kachinnews.com/2026/03/07/dsa1-229/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို](https://burmese.kachinnews.com/2026/03/06/dsa1-228/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ - [ကချင်မှာ စက်သုံးဆီရောင်းဝယ်မှုအခြေနေ ဘယ်လိုရှိနေသလဲ](https://burmese.kachinnews.com/2026/03/06/am1-379/): အစ္စရေး၊ အမေရိကန် နဲ့ အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီမလုံလောက်မှာကိုကမ္ဘာတစ်ဝှမ်းက ကြုံနေရချိန် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှာလည်း စက်သုံးဆီတွေကိုအလုအယက်ဝယ်ယူမှုတွေရှိနေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက် ရှိလာပြီဖြစ်ပါတယ်။ - [ပန်နန်းဒင်ဒေသမှာ ဆန်တစ်အိတ် ကျပ် ၁၀ သိန်းဝန်းကျင် ပေးဝယ်နေရ](https://burmese.kachinnews.com/2026/03/06/zz1-353/): ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲ ကား၊ ဆိုင်ကယ်လမ်းမပေါက်တဲ့ ပန်နန်းဒင်မြို့အထက်ဘက်ကျေးရွာတွေဘက်မှာ ဆန်တအိတ်ကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ဒေသခံ‌တွေပြောပါတယ်။ - [မြစ်ကြီးနားမှာ သဲကျောက်ကား‌တွေကြောင့်လမ်းတွေပျက်စီးလာ](https://burmese.kachinnews.com/2026/03/05/am1-378/): ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာ‌တယ်လို့မြို့ခံတွေကပြောပါတယ်။ - [မြစ်ကြီးနား-မန္တလေးလမ်း‌မရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်](https://burmese.kachinnews.com/2026/03/05/am1-377/): ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ - [ဟိုပင်မှာ ကလေး ၃ ဦးအပါအဝင် ၆ လောင်းပြိုင်လူသတ်မှုဖြစ်](https://burmese.kachinnews.com/2026/03/05/zm1-277/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ နေအိမ်တစ်အိမ်မှာ ၆ လောင်းပြိုင်လူသတ်မှုဖြစ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ  ကူညီမှုလိုအပ်နေ](https://burmese.kachinnews.com/2026/05/27/ld1-331/): ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။ - [ဗလမင်းထင်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး](https://burmese.kachinnews.com/2026/05/27/dsa1-274/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ - [KIA က ဖားကန့်လမ်းပိုင်း ယာယီပြန်ဖွင့်ပေး](https://burmese.kachinnews.com/2026/05/27/yl1-523/): ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်ပိတ်ထားတဲ့ ကားမိုင်း–နန့်ယား–ဖားကန့်လမ်းပိုင်းကို မေ ၂၈ ရက်နေ့ကစပြီး ၁၀ ရက်ကြာ ယာယီသွားလာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ - [မေခမြစ်ကို ဝါးမြိုနေတဲ့ ရွှေဖောင်များ](https://burmese.kachinnews.com/2026/05/26/zm-feature1-2/): ရွှေတူးဖော်မှုကနေ ရရှိလာတဲ့ငွေကြေးတွေဟာ စစ်ရေးအသုံးစရိတ်၊ လက်နက်ဝယ်ယူမှုနဲ့ ဒေသတွင်း အာဏာထိန်းချုပ်မှုတွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ သဘာဝပတ်ဝန်းကျင် နဲ့ ပဋိပက္ခအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ - [NSCN-K နှစ်ဖွဲ့ပူးပေါင်းရေး ကမ်းလှမ်းလာခြင်းမရှိဟုဆို](https://burmese.kachinnews.com/2026/05/26/zz1-375/): စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လှုပ်ရှားနေတဲ့  NSCN-K (အန်းမိုင်း) နှင့် NSCN-K (ယုန်းအောင်) အဖွဲ့တို့ ပြန်လည်ပေါင်းစည်းရန် ကမ်းလှမ်းလာခြင်းမျိုး မရှိသေးကြောင်း NSCN-K (ယုန်းအောင်) ဘက်က ပြောပါတယ်။ - [မြေရှားစမ်းသပ်တူးဖော်မှုအပေါ် ဒေသခံများ စိုးရိမ်](https://burmese.kachinnews.com/2026/05/26/ld1-330/): ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသဘက်တွင် မြေရှားသတ္တုတူးဖော်ရန် KIO က ပြင်ဆင်နေပြီး လက်ရှိတွင် ကျေးရွာများအတွင်း စမ်းသပ်တူးဖော်မှုများ လုပ်ဆောင်လာနေတဲ့အတွက် ဒေသခံတချို့ ကန့်ကွက်နေကြပါတယ်။ - [မိုးကောင်းက မူးယစ်ဒိုင်သတင်းပေါက်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဆို](https://burmese.kachinnews.com/2026/05/26/dsa1-273/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး ဒိုင်ကြီးအဖြစ် ရောင်းဝယ်ဖြန့်ချိနေသူတစ်ဦး သတင်းပေါက်ကြားပြီးနောက် တိမ်းရှောင်ထွက်ပြေးသွားပြီလို့ မိုးကောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ တစ်ရက်တွင်း မီးလောင်မှု ၂ နေရာဖြစ်ပွား](https://burmese.kachinnews.com/2026/05/25/dsa1-272/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု ၂ နေရာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ရွှေကူဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ရွာတွေကို မီးရှို့ဖျက်ဆီးနေ](https://burmese.kachinnews.com/2026/05/25/zz1-374/): ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ဘက်ကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကချင်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ - [ကျောင်းအပ်နှံရေးပွဲအကြောင်းပြပြီး မြစ်ဆုံလူထုတွေ့ဆုံပွဲပြုလုပ်](https://burmese.kachinnews.com/2026/05/25/am1-419/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၂ ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့ “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ တက်ရောက်စေခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတွေဆီကသိရပါတယ်။ - [တိုက်ပွဲကြောင့် ခရီးသွားပြည်သူထောင်ချီပိတ်မိနေ](https://burmese.kachinnews.com/2026/05/25/am1-418/): မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင် ထီးချိုင့်-ကသာလမ်းပိုင်းနဲ့ ကသာမြို့တွေမှာပိတ်မိနေတာ ၄ ရက်ကြာရှိလာပြီလို့ ပိတ်မိနေသူတွေနဲ့ကားသမားတွေဆီကသိရပါတယ်။ - [မြေရှားလုပ်ကွက်တစ်ခုမှာ မြေပြိုပြီး လုပ်သားနှစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/05/25/yl1-522/): ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာဒေသ ပန်ဝါနဲ့ ဖရဲကြားက မြေရှားသတ္တု လုပ်ကွက်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်  နှစ်ဦးအသက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ - [မြစ်ကြီးနားမှာ သေနတ်ထောက်ပြီး ဓားပြတိုက်ခံရ](https://burmese.kachinnews.com/2026/05/25/dsa1-271/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေခင်းကြောင်တောင် သေနတ်ထောက်ပြီး ဓားပြတိုက်ခံရတယ်လို့ မိသားစုဝင်တစ်ဦး ဆီကနေ သိရပါတယ်။ - [ကချင် စစ်မျက်နှာ အများအပြားကို ထိုးစစ်ဆင်ဖို့ အာဏာသိမ်း စစ်တပ် အင်အားဖြည့်](https://burmese.kachinnews.com/2026/05/23/yl1-521/): စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးဖို့ ပြောဆိုနေပေမယ့် ကချင်ဒေသတစ်ခုလုံမှာတော့ စစ်မျက်နှာ အများအပြားကို တစ်ပြိုင်နက် ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။ - [ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီး](https://burmese.kachinnews.com/2026/05/23/dsa1-276/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ - [ပယင်းမှော်ဒေသကိုရဖို့ စစ်ကောင်စီပူးပေါင်းတပ်ထိုးစစ်ဆင်ပြီး ဗုံးကြဲတိုက်ခိုက်နေ](https://burmese.kachinnews.com/2026/05/23/zz1-376/): ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ဒေသတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [စစ်ရှောင်တွေကို စစ်တပ်က နေရာပြောင်းရွှေ့ခိုင်းထားတယ်လို့ဆို](https://burmese.kachinnews.com/2026/05/22/ld1-329/): ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စစ်တပ်က ပြောဆိုထားတာကြောင့် စစ်ဘေးရှောင်တချို့ တုံးကြီးဘက်ကို ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ - [မှော်ဝမ်းလေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီး](https://burmese.kachinnews.com/2026/05/22/yl1-520/): တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဖားကန့် မှော်ဝမ်းလေးကျေးရွာကို စစ်တပ်က ပြည်သူပိုင်လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ - [အင်းတော်မြို့နဲ့ ၂ မိုင်အကွာမှာတိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/05/21/am1-417/): စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မှာ မေလ ၁၇ ရက်နေ့က စလို့ ဒီနေ့အထိ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေကပြောပါတယ်။ - [ကားမိုင်းလမ်း ထပ်ပိတ်မယ်လို့သတင်းထွက်နေ](https://burmese.kachinnews.com/2026/05/19/yl1-519/): အာဏာသိမ်းစစ်တပ်က ဖားကန့်- ကားမိုင်း - နန့်ယားလမ်းပိုင်းကိုပိတ်ပြီး စစ်အင်အားနဲ့ စစ်လက်နက်တွေသယ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေမှူး လွတ်မြောက်လာခြင်းမရှိသေး](https://burmese.kachinnews.com/2026/05/19/zm1-287/): ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ - [မြစ်ကြီးနားမှာ မီးလောင်မှုထပ်ဖြစ်](https://burmese.kachinnews.com/2026/05/19/dsa1-270/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [မူးယစ်ဒိုင်ကြီးတွေကိုပါ ဖမ်းပေးဖို့ရပ်ကွက်နေပြည်သူတွေတောင်းဆို](https://burmese.kachinnews.com/2026/05/19/dsa1-269/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပေမယ့် ဒိုင်တွေကဆက်ရောင်းချနေဆဲ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ - [လေယာဉ် လက်မှတ် အခက်အခဲကြောင့် ဆေးကုသမည့် လူနာများ အခက်တွေ့](https://burmese.kachinnews.com/2026/05/18/dsa1-268/): လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့် လူနာတွေအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [စစ်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုအတွင်း အရပ်သားသေဆုံးမှုရှိနေ](https://burmese.kachinnews.com/2026/05/18/yl1-518/): ဖားကန့်၊ လုံးခင်းအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီ ဒရုန်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေဖြစ်နေတယ်လို့သိရပါတယ်။ - [ရွှေကူမှာ တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/05/18/am1-416/): ကချင်ပြည်နယ် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် မေလ ၁၇ ရက်နေ့ မနေ့ကစလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မချမ်းဘော့မြို့ခံတွေ စည်ပင်ရေ ဝယ်သုံးသူ များလာ](https://burmese.kachinnews.com/2026/05/17/zz1-373/): ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ - [နမ့်ခမ်းမှာ မြေရှားစမ်းသပ်ရှာဖွေနေမှုကို ဒေသခံတွေ ကန့်ကွက်စာ တင်ထား](https://burmese.kachinnews.com/2026/05/15/ld1-328/): ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို မြေရှားသတ္တုတူးဖော်ဖို့ ကိုးကန့်တပ်ဖွဲ့က စမ်းသပ်တူးဖော်ရေးတွေ လိုက်လံလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ - [ရွှေမှော် လက်လုပ်လက်စားများ ဖမ်းဆီးခံနေရမှုကြောင့် အငြင်းပွားမှု ဖြစ်ပေါ်နေ](https://burmese.kachinnews.com/2026/05/15/ld1-327/): ဆော့လော်မြို့နယ် လန်ဆယ်ရွှေမှော်မှာ ကုမ္ပဏီ နယ်နမိတ်အနီး ရွှေလာတူးတဲ့ လက်လုပ်လက်စားတွေ နဲ့ ကုမ္ပဏီစောင့် တပ်ဖွဲ့တွေကြား အငြင်းပွားမှု နဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ - [မြို့ခံတွေ ပြန်မလာရင် နေအိမ် ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်](https://burmese.kachinnews.com/2026/05/15/dsa1-266/): အင်းတော် နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေသလို ထွက်ပြေးနေတဲ့ မြို့ခံတွေကိုလည်း ပြန်မလာရင် နေအိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။ - [ရက် ၁၀၀ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း ဆက်လက်ရောင်းဝယ်နေ](https://burmese.kachinnews.com/2026/05/15/dsa1-265/): မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ စစ်အစိုးရက ရက် ၁၀၀ မူယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း မူးယစ်ဆေးဝါးပြန်လည် ရောင်းဝယ်နေကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောဆိုနေကြပါတယ်။ - [ပူတာအိုမြို့လယ်ခေါင်မှာ ရဲကင်း ထိုင်ပြီး အခွန်ကောက်နေမှုကြောင့် ဒေသခံများ အခက်တွေ့](https://burmese.kachinnews.com/2026/05/14/zz1-372/): ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး အခွန်ကောက်ခံနေမှုကြောင့် အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေနဲ့ ကားသမားတွေက ဆိုပါတယ်။ - [ဖမ်းဆီးခံထားရတဲ့ 'မိုင်' ဆေးခန်းက ဒေါက်တာနဲ့ လူနာတွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2026/05/13/yl1-517/): ဖားကန့်မှာ ဧပြီလအတွင်း စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင် (Mai) ဆေးခန်းက ဒေါက်တာရာဇာထွန်းအပါအဝင် ဆရာဝန်တစ်ချို့နဲ့  ဦးဇော်မိုးတို့ လွတ်မြောက်လာခြင်းမရှိသေးဘဲ သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ - [လူနာသေဆုံးမှုကြောင့် 'ဂုဏ်ထူးဆောင်' ဆေးခန်းက ဆရာဝန် ကို ဖမ်းဆီးထား](https://burmese.kachinnews.com/2026/05/13/dsa1-264/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူသေဆုံးမှုကြောင့် ‘ဂုဏ်ထူးဆောင်‘ ဆေးခန်းက ဆရာဝန်မ ဆိုသူကို တာဝန်ရှိသူတွေက ဖမ်းဆီး ထားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေ ဆီကနေ သိရပါတယ်။ - [ငအိုးရွာ ဒေသခံဆီက အလှူငွေ သိန်း ၇၀ ကျော် စစ်တပ်က လုယူရိုက်နှက်ခဲ့ဟုဆို](https://burmese.kachinnews.com/2026/05/13/am1-415/): ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မဘိမ်းမြို့နယ် ငအိုးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းက ဒေသခံတစ်ဦးဆီက အလှူလုပ်ဖို့ ယူဆောင်လာတဲ့ ငွေကျပ်သိန်း ၇၀ ကျော်ကို လုယူခဲ့ပြီး လူကိုပါ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2026/05/13/am1-414/): စစ်ကိုင်း-ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာချိန်မှာပဲ ထီးချိုင့်-ကသာလမ်းပိုင်း တစ်နေရာမှာ မေလ ၁၁ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။ - [KIA သိမ်းပိုက်နယ်မြေ မဘိမ်းကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေ](https://burmese.kachinnews.com/2026/05/12/ld1-326/): ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေပြီး မိုးမိတ် – မဘိမ်းကြားမှာရှိတဲ့ စစ်ရှောင်တွေကိုလည်းရွှေ့ပြောင်းဖို့ ပြောဆိုထားတာတွေ ရှိတယ်လို့ သိရပါတယ်။ - [ဖားကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို စစ်တပ်က သယ်ထုတ်ယူ](https://burmese.kachinnews.com/2026/05/11/yl1-516/): ဖားကန့်မှာ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့မှာ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။ - [ထီးချိုင့်မြို့ထဲ ယာဉ် ၃၀၀ ကျော် ဝင်လာပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့ ပြင်ဆင်လာ](https://burmese.kachinnews.com/2026/05/11/am1-413/): စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ထဲကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က အိမ်စီးကား၊ Express ကားတွေအပြင် စစ်ကားတွေပါဝင်တဲ့ ယာဉ်အစီးရေ ၃၀၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [ထောက်ပံ့ပွဲ ခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း စည်းရုံးမှုတွေ ဆက်လက်လုပ်ဆောင်နေ](https://burmese.kachinnews.com/2026/05/11/ld1-325/): ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ပေါ်  ရပ်ကွက်တွေမှာ ‘ထောက်ပံ့ ပေးအပ်ပွဲ’ခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ဆောင်နိုင်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ယာဉ်မတော်တဆဖြစ်မှုမှာ အသက်မပြည့်တဲ့ကလေးတွေပါဝင်](https://burmese.kachinnews.com/2026/05/09/dsa1-263/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက် အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးထိပါဝင်နေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းတွေပြောပါတယ်။ - [အာဏာသိမ်းမှုနောက်ပိုင်း လူပြောနည်းသွားတဲ့ ဝိုင်းမော်ဒေသက တစ်သျှူးငှက်ပျော](https://burmese.kachinnews.com/2026/05/08/yl1-515/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှု တဖန်တွင်ကျယ်လာပြီး လူနေဧရိယာ နှင့် မွေးမြူရေးအတွက်ပါ ခက်ခဲလာတဲ့ အခြေအနေကို ကြုံတွေ့လာရပြီလို့ ဒေသခံတွေ ပြောပါတယ်။ - [လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး](https://burmese.kachinnews.com/2026/05/08/yl2-103/): ဖားကန့်မှာ တစ်ရက်တည်း စစ်တပ်ရဲ့ လေကြောင်း နှစ်ကြိမ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး မှော်ဆီစာကျေးရွာက လူနေအိမ်များစွာ မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ - [မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး](https://burmese.kachinnews.com/2026/05/08/am1-412/): စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။ - [ထိန်းသိမ်းခံထားရတဲ့ MGM Director မရန်ဆိုင်းနော်အမှုကို သက်ညာပေးဖို့ ကချင်အနုပညာရှင်များ တောင်းဆို](https://burmese.kachinnews.com/2026/05/08/yl1-514/): Miss Grand Myanmar အလှမယ် ပြိုင်ပွဲ စီစဉ် ကျင်းပသူ National Director ဖြစ်တဲ့ Maran Seng Naw (မရန်ဆိုင်းနော်) အပါ ၄ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထားတာ ၃ ရက် ကြာမြင့်လာချိန် အမှုကို သက်ညာနားလည်ပေးဖို့ ကချင်အနုပညာရှင် အသိုင်းအဝိုင်းကလည်း တောင်းဆိုနေကြပါတယ်။ - [စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့အရပ်သားလေးဦးထိမှန်](https://burmese.kachinnews.com/2026/05/08/zz1-371/): ကချင်ပြည်နယ် ရွှေကူ-ငအိုးကားလမ်းပိုင်းမှာရှိတဲ့ ငို့စင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးထိမှန်ခဲ့ကြောင်း ဒေသခံတွေက KNG ကိုပြောပါတယ်။ - [ဖားကန့် တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများ](https://burmese.kachinnews.com/2026/05/07/yl2-102/): ဖားကန့် ၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ - [ကသာစစ်ကြောင်းမှာပေါ်တာဆွဲခံရတဲ့ လူငယ်အများစုပါဝင်](https://burmese.kachinnews.com/2026/05/07/am1-411/): စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ ပေါ်တာအဖြစ်ခေါ်ခံရသူအများပိုင်းပါဝင်နေကြောင်း ဒေသခံတွေဆီကသိရပါတယ်။ - [ကံလှ စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေ](https://burmese.kachinnews.com/2026/05/07/yl1-513/): မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ကံလှကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။ - [ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ](https://burmese.kachinnews.com/2026/05/07/yl1-512/): ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။ - [ရွှေကူဘက်ဦးတည်လာတဲ့ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရလို့ပြန်ဆုတ်သွား](https://burmese.kachinnews.com/2026/05/06/zz1-370/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ခံရလို့ တပ်ပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ - [မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို](https://burmese.kachinnews.com/2026/05/06/am1-410/): စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့အထိဝင်ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။ - [ရွှေလုပ်ကွက်မြေပြိုမှု‌ကြောင့် လုပ်သား နှစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/05/05/ld1-324/): ဆော့လော်မြို့နယ် လန်ဆယ်ရွှေမှော်က ကုမ္ပဏီလုပ်ကွက်ဆိုဒ်တစ်ခုမြေပြိုလို့ ဘတ်ဖောတစ်စီး‌ရေထဲမျောပါသွားပြီး လုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ - [ပြည်သူ့လုံခြုံရေးနဲ့နည်းဗျူဟာကြောင့် နယ်မြေတစ်ချို့ဆုတ်ခွာခဲ့ရတယ်လို့ NUG ပြော](https://burmese.kachinnews.com/2026/05/05/am1-409/): အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လတ်တလော မြေပြင်တိုက်ပွဲအခြေအနေတွေမှာ ပြည်သူလုံခြုံရေးနဲ့ စစ်ရေးနည်းဗျူဟာအရ လိုအပ်လာတာတွေကြောင့် တချို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ယာယီဆုတ်ခွာမှုတွေလုပ်ခဲ့ရတယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကပြောပါတယ်။ - [အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရတဲ့ဒဏ်ရာကြောင့်သေဆုံး](https://burmese.kachinnews.com/2026/05/05/dsa1-262/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး အဲဒီဒဏ်ရာနဲ့ဘဲ မနေ့ကသေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။ - [မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်](https://burmese.kachinnews.com/2026/05/05/am1-408/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [လေယာဉ်လက်မှတ်ဈေးနှုန်း စစ်ဆေးပေးဖို့ တောင်းဆိုနေ](https://burmese.kachinnews.com/2026/05/05/dsa1-261/): မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် သက်ဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေဘက်က သေချာစစ်ဆေးပေးဖို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။ - [မြစ်ကြီးနားမှာ နေအိမ်တစ်လုံး မီးလောင်](https://burmese.kachinnews.com/2026/05/04/dsa1-260/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့နယ်မှာ Star Link Wifi အသုံးပြုခွင့်ယာယီပိတ်](https://burmese.kachinnews.com/2026/05/04/am1-407/): စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့Star Link Wifi ဝန်ဆောင်မှုဆိုင်တွေအပါအဝင် မိမိနေအိမ်မှာအသုံးပြု ခွင့်တွေကိုပါ ယာယီပိတ်သိမ်းလိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ - [ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2026/05/04/zm1-286/): ဖားကန့်မြို့ လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ ဒီမနက် ၄ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ ကချင်ဒေသ သတင်းမီဒီယာကဏ္ဍ](https://burmese.kachinnews.com/2026/05/03/dsa1-267/): ဆွေးနွေးမှုစကားဝိုင်း မေလ ၃ ရက်နေ့ဟာ World Press Freedom Day  သတင်းမီဒီယာ လွတ်လပ်ခွင့် ရဲ့ အရေးပါမှုကို သတိပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ကချင်ပြည်နယ်က သတင်းတွေကို နှစ်ပေါင်း ၂၀ ကျော်ကြာ ရေးသားတင်ဆက်နေတဲ့ Kachin News Group KNG သတင်းဌာန သတင်းထောက်တွေက လွတ်လပ်စွာရေးသားခွင့်အကြောင်း ဆွေးနွေးထားပါတယ်။ ဒီအစီစဉ်မှာ KNG သတင်းဌာန အယ်ဒီတာချုပ် ဆရာဆမ်၊ လက်ထောက်အယ်ဒီတာ မဇမီ နဲ့ သတင်းထောက် မဂျာဘောက်ရာတို့က ပါဝင်ဆွေးနွေးထားပါတယ်။ မေး။  ။ ပထမဆုံး အနေနဲ့ အယ်ဒီတာချုပ်ကို မေးမြန်းချင်တာကတော့ World Press Freedom Day  ရဲ့ အဓိပ္ပာယ်ကို လိုတိုရှင်း အရင် ရှင်းပြပေးလို့ရမလားဗျ။ ဖြေ။   ။ နှစ်တိုင်း ကမ္ဘာ့နေရာအနှံ့မှာ World Press Freedom Day  ဆိုပြီး ကျင်းပကြတယ်။ Press ဆိုတာက စာနယ်ဇင်းနဲ့ ပတ်သက်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာနိုင်အောင် နိုင်ငံတိုင်းလိုလို ကျင်းပပြုလုပ်တဲ့  အစီအစဉ် ဖြစ်ပါတယ်။ အောင်ပွဲခံတဲ့ ပျော်ပွဲ မဟုတ်ဘဲနဲ့ World Press Freedom Day ရောက်တဲ့အခါတွေမှာ ကိုယ့်ဒေသမှာ သတင်းလွတ်လပ်စွာ ထုတ်လုပ်လာနိုင်အောင် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်အရာတွေမှာပိုပြီး တာဝန်ရှိတယ်ဆိုတာကို အမှတ်ရ စေတာမျိုး ဖြစ်ပါတယ်။ ဥပမာ အစိုးရတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို မီဒီယာလုပ်နေတဲ့ သူတွေက ဘာတွေ အခက်အခဲ ရှိနေသလဲဆိုတာကို ပြောပြတာမျိုး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ မီဒီယာကို ဘယ်လောက်ထိ ဖိနှိပ်တာမျိုး ရှိသလဲ။ ဒါမှမဟုတ် သတင်းလုပ်တဲ့အချိန် လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးထားသလား။ ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်တွေနဲ့ မီဒီယာတွေ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်တာမျိုးတွေ ရှိသလား ဆိုတာမျိုးတွေပေါ့။ အဲဒါတွေကို ပိုပြီး အသိပေးစေတာမျိုး ဖြစ်ပါတယ်။ မေး။ ။ သတင်းပိုင်းကို … - [အလန်ဂါးရွာအဝင် ထီခချောင်းပျောက်ကွယ်လုနီးပါးအထိ ရွှေတူးဖော်နေ](https://burmese.kachinnews.com/2026/05/01/zz1-369/): ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က ထီခချောင်းမှာရွှေအလွန်အကျွံတူးဖော်မှုကြောင့် ချောင်းပျောက်ကွယ်လုနီးပါးအထိဖြစ်နေပြီလို့ ဒေသခံတွေပြောပါတယ်။ - [မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့တောင်းဆို ဒေသခံတွေတောင်းဆို](https://burmese.kachinnews.com/2026/04/30/am1-406/): မြစ်ဆုံရေကာတာစီမံကိန်းကိုအပြီးတိုင်ရပ်တန့်ပေးဖို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံ ၈၀ ကျော်ဟာ ဧပြီလ ၂၉ ရက်နေ့ မနေ့က ဧရာဝတီမြစ် ကမ်းတစ်နေရာမှာ စုပေါင်းပြီး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ - [မက်သာဒုန်းရောင်းချသူတွေကို စည်းကမ်းကြပ်မတ်ပေးဖို့တောင်းဆို](https://burmese.kachinnews.com/2026/04/30/zm1-282/): မြစ်ကြီးနားမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံရှေ့မှာ မက်သာဒုန်းသောက်သုံးသူတွေက တစ်ဆင့်ပြန်ရောင်းတာတွေလုပ်နေတဲ့အတွက် စည်းကမ်းကြပ်မတ်ပေးဖို့ မက်သာဒုန်းသောက်သူတစ်ချို့တောင်းဆိုနေပါတယ်။ - [ရမ်ပူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရပ်ကွက်နေပြည်သူတွေ နှောက်အယှက်ဖြစ်နေ](https://burmese.kachinnews.com/2026/04/30/dsa1-259/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှာ မိုးလင်းပေါက်မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကြောင့် ရပ်ကွက်နေသူတွေ နေ့စဉ်လူမှုဘဝနေထိုင်မှုမှာ အဆင်မပြေမှုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [တနိုင်းမှာ ဘာသာရေးအကြောင်းပြပြီး လောင်းကစားဝိုင်းရက်ရှည်ခွင့်ပြုထား](https://burmese.kachinnews.com/2026/04/29/zm2-31/): ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆင်ဆရပ်ကွက်မှာ ကဆုန်လပြည့်နေ့ကိုအကြောင်းပြပြီး လောင်းကစားဝိုင်းကို ရက်ရှည်ဖွင့်နေတာကို တားမြစ်ပေးဖို့ မြို့ခံတွေပြောပါတယ်။ - [စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်တဲ့ကလေးအပါ နှစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/04/29/zm1-283/): မိုးညှင်းမြို့နယ်၊ နန်းမားမြို့ မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနဲ့အမျိုးသားတစ်ဦး လက်နက်ကြီးကြကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေပြောပါတယ်။ - [လျှပ်စစ်မီးပြတ်တောက်နေချိန် မြစ်ကြီးနားပြည်သူတွေဘယ်လိုကျော်ဖြတ်နေလဲ။](https://burmese.kachinnews.com/2026/04/28/dsa1-258/): မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာဟာ ၁၀ ရက်ကျော်ထိကြာမြင့်လာပြီ ဖြစ်ပါတယ်။ - [KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်ဘက် စစ်တပ်ကစစ်ကြောင်းထိုးနေ](https://burmese.kachinnews.com/2026/04/28/ld1-323/): ပူတာအိုမြို့နယ် ဆွမ်ပရာဘွမ်ကိုဦးတည်ပြီး စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာ‌‌နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ](https://burmese.kachinnews.com/2026/04/28/am1-405/): စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။ - [ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်းလွှတ်မြောက်ခြင်းမရှိသေး](https://burmese.kachinnews.com/2026/04/28/yl1-511/): ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်းတစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက ဖမ်းဆီးခံရသူတွေ အများပိုင်းလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ - [ဩစတေးလျနိုင်ငံရောက် ကချင်တိုင်းရင်းသားများ မနောပွဲကျင်းပ](https://burmese.kachinnews.com/2026/04/28/dsa1-257/): ဩစတေးလျ နိုင်ငံမှာရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်း  ၈ ကြိမ်မြောက်ကချင်ရိုးရာ မနောပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။ - [ရွှေကူတိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ](https://burmese.kachinnews.com/2026/04/28/am1-404/): ကချင်ပြည်နယ် ရွှေကူမြို့အထွက် လမ်းဆုံနေရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတချို့ပါသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။ - [ဝိုင်းမော်မှာ ရွှေကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ ဦးထိရှိလာ](https://burmese.kachinnews.com/2026/04/28/dsa1-256/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂ ရက်တာအတွင်း ရွှေတူးထားတဲ့ကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ဦးထိရှိလာပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [ယာဉ်မတော်တဆဖြစ်ပြီး မိန်းကလေးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ](https://burmese.kachinnews.com/2026/04/28/dsa1-255/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆမှုကြောင့် မိန်းကလေးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [စစ်ရေးသတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့ စစ်ဘေးစတင်တိမ်းရှောင်](https://burmese.kachinnews.com/2026/04/28/am1-403/): စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးလာပြီဆိုတဲ့သတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့စတင်တိမ်းရှောင်နေကြ ရပြီလို့ မြို့ခံတွေကပြောပါတယ်။ - [မိုးသက်လေပြင်းဒဏ်သင့်ခဲ့တဲ့ စစ်ရှောင်များ ကူညီထောက်ပံ့မှုလိုအပ်နေ](https://burmese.kachinnews.com/2026/04/27/ld1-322/): ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ - [ကွတ်ခိုင်မှာ တအာင်းစာ‌ပေနဲ့အလံသုံးခွင့် ကိုးကန့်ကပိတ်ပင်ထား](https://burmese.kachinnews.com/2026/04/27/ld1-321/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကျေးရွာတွေမှာ ကိုးကန့်တပ်က တအာင်း(ပလောင်)စာပေနှင့် အလံတွေအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သူခိုးတစ်ဦးဖမ်းမိ](https://burmese.kachinnews.com/2026/04/27/dsa1-254/): ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓားမြှောင်ကိုင်ဆိုင်ထားတဲ့ သူခိုးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [ပူတာအို-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားများသတိထားသွားလာကြဖို့ပြော](https://burmese.kachinnews.com/2026/04/27/zm4-2/): ပူတာအို - မကနလမ်းပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KIA  ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ - [စစ်တပ်က မြို့တွင်းထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက်သတိနဲ့သွားလာဖို့ပြော](https://burmese.kachinnews.com/2026/04/27/zm3-5/): ဖားကန့်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မြို့တွင်းဘာသာရေးကျောင်းနဲ့အထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက် ပြည်သူတွေသတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ - [ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး](https://burmese.kachinnews.com/2026/04/26/zm1-284/): ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။ - [တရုတ်အနေနဲ့ မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုဟာ နယ်စပ်လုံခြုံရေးကိုပိုဆိုးရွားလာနိုင်တယ်လို့ KNO ပြော](https://burmese.kachinnews.com/2026/04/25/zm1-285/): ရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဖို့ စီစဉ်ထားတာကိုပယ်ဖျက်ပေးဖို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ - [ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ](https://burmese.kachinnews.com/2026/04/25/zm2-32/): မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။ - [မြစ်ကြီးနားမှာ ဈေးသည် ၇ ဦးဖမ်းခံရ](https://burmese.kachinnews.com/2026/04/25/zm1-281/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး တစ်ချို့ကိုတော့ ခံဝန်ကတိတွေထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိတဲ့ မိုးမလင်းဈေးသည်တွေဆီကနေ သိရပါတယ်။ - [ကသာမှာ စစ်တပ်က စစ်အင်အားဆက်တိုက်ဖြည့်တင်းနေ](https://burmese.kachinnews.com/2026/04/24/am1-402/): စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကိို စစ်တပ်က ဧပြီလ တတိယအပတ်ကစပြီး လက်ရှိချိန်ထိ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။ - [မီးပြတ်နေချိန် မီးသွေးနဲ့ထင်းစျေးတစ်ဆမြင့်တက်လာ](https://burmese.kachinnews.com/2026/04/24/zm2-33/): မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့နယ်မှာ မီးပြတ်နေတဲ့နှစ်ပတ်အတွင်း ထင်းနဲ့မီးသွေးတွေစျေးအဆမတန်မြင့်တက်လာနေတယ်လို့ မြို့ခံတွေပြောပါတယ်။ - [KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောက်ယှက်တာမလုပ်ဖို့ ကိုးကန့်နဲ့ သဘောတူထား](https://burmese.kachinnews.com/2026/04/23/ld1-320/): ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အနှောက်အယှက်ပြုတာမျိုးတွေ မလုပ်ဖို့ KIO နဲ့ MNDAA နှစ်ဖွဲ့ ဆွေးနွေး ညှိနှိုင်းထားတယ်လို့ သိရပါတယ်။ - [ကသာမှာ စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်ဘေးတပ်ဖြန့်ထား](https://burmese.kachinnews.com/2026/04/23/am1-401/): စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နဘေး ကျေးရွာတွေမှာ တပ်ဖြန့်ကာအထိုင်ချနေရာယူထားကြတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။ - [ဝိုင်းမော်မှာ ၁၂နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံး](https://burmese.kachinnews.com/2026/04/22/dsa1-253/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၁၂နှစ်အရွယ် ကလေးတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ - [ဖားကန့်ပြည်သူတွေ စစ်တပ်ရဲ့ အကြမ်းဖက် စီးနင်းခံရပြီး လုယက်မှုဆက်တိုက်ကြုံနေရ](https://burmese.kachinnews.com/2026/04/22/yl2-101/): ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ကျေးရွာ၊ ရပ်ကွက်အတွင်း အရပ်သားပြည်သူတွေဆီကနေ ငွေနဲ့တန်ဖိုးရှိပစ္စည်းလုယက်တာတွေ ဆိုးဆိုးရွားရွာလုပ်နေတယ်လို့ ဖားကန့် ပြည်သူတွေဆီကနေ သိရပါတယ်။ - [အင်းတော်စစ်ရေးကြောင့် ဆေးဝါးနှင့်ရိက္ခာများကြိုတင်ပြင်ဆင်ထားရန် IR အဖွဲ့သတိပေး](https://burmese.kachinnews.com/2026/04/22/am1-400/): တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုးနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေထုပ်ပိုး ပြင်ဆင်ကြဖို့ Indaw Revolution ( IR) အဖွဲ့အသိပေး ထုတ်ပြန်လိုက်ပါတယ်။ - [Transformer ကြိုးခိုးမခံရ‌အောင် စောင့်ကြည့်ကြဖို့ ဘူးဂါးရုံးသတိပေး](https://burmese.kachinnews.com/2026/04/22/dsa1-252/): မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ နှစ်ပတ်အတွင်း transformer ကြိုးခိုးမခံရ‌အောင်သတိထားစောင့်ကြည့်ကြဖို့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေကနေပြီးတော့ သတိပေးနိုးဆော်ထားပါတယ်။ - [ဖားကန့်မှာ ဆေးရုံတစ်ခုစီးနင်းခံရပြီး ဆရာဝန်အပါ အယောက် ၂၀ ခန့်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2026/04/22/yl1-510/): ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာရှိ မိုင်ဆေးရုံက ဒေါက်တာ ရာဇာထွန်းနဲ့ ဆေးဝန်ထမ်း အယောက် ၂၀ ဦးကို ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ - [ကသာမြို့ထဲဝင်ခွင့်မပြုသေးသော်လည်းဒေသခံများနေရပ်ပြန်](https://burmese.kachinnews.com/2026/04/21/am1-399/): စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဝင်ရောက်ခွင့်မပြုသေးသော်လည်း မြို့ခံအများ အပြား ဒီရက်ပိုင်းအတွင်းမှာဘဲနေရပ်ပြန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ - [ဖားကန့်တိုက်ပွဲမှာ နာဂ NPDF တပ်သား နှစ်ဦးကျဆုံး](https://burmese.kachinnews.com/2026/04/21/yl1-509/): ဖားကန့် မြေပြင်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့ မဟာမိတ်တိုက်ပွဲဆင်နွှဲနေတဲ့ နာဂ NPDF တပ်သားနှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ - [ဖားကန့် တိုက်ပွဲတွင်း အရပ်သားသေဆုံးသူများလာ](https://burmese.kachinnews.com/2026/04/21/yl1-508/): ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူထိခိုက်၊ သေဆုံးသူစုစုပေါင်း ၁၀ ဦးခန့်ရှိလာပြီလို့သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ရေနစ်သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုတွေ့](https://burmese.kachinnews.com/2026/04/21/dsa1-251/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရေနစ်ပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ပေးဆပ်သူလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [အိမ်ယာမရှိတဲ့ အမှုထမ်းနဲ့စစ်ရှောင်တွေကို KIO က အိမ်ခြံမြေခွဲဝေပေးနေ](https://burmese.kachinnews.com/2026/04/21/ld1-319/): မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်ရှိကျေးရွာတစ်ချို့မှာ  အိမ်ယာမရှိတဲ့ အမှုထမ်းတွေနဲ့စစ်ရှောင်တွေကို KIO က အိမ်ခြံမြေခွဲဝေပေးနေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားနဲ့မိုးညှင်းအကျဉ်းထောင်က နိုင်ကျဉ်း ၁၇ဦး လွတ်မြောက်](https://burmese.kachinnews.com/2026/04/21/dsa1-249/): ကချင်ပြည်နယ်က မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၇ဦးထိ လွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်(PPNM) အဖွဲ့ကနေ သိရပါတယ်။ - [ထွက်ပြေးသွားတဲ့ မူးယစ်ဒိုင်ပြန်ရောက်လာပြီး ပုံမှန်တိုင်းရောင်းဝယ်နေ](https://burmese.kachinnews.com/2026/07/08/dsa1-297/): ကချင်ပြည်နယ် မိုးကောင်းမြို့က ထွက်ပြေးနေတဲ့ မူးယစ်ဒိုင်နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုတွေလည်း အရင်လို ပြန်လည် စည်ကားနေတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ - [KTV နှင့် လောင်းကစားရုံတိုးလာတဲ့တွက် လူငယ်တွေ ပိုပျက်စီးလာဟု ဒေသခံဆို](https://burmese.kachinnews.com/2026/07/08/ld1-344/): ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်တွေ၊ လောင်းကစားရုံတွေနဲ့ အပျော်အပါးဆိုင်တွေ တိုးချဲ့ဖွင့်လှစ်လာတာကြောင့် လူငယ်တွေကြား အကျင့်စရိုက်ပျက်စီးမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ - [Non-CDM ကျောင်းဆရာမတစ်ဦးကို စစ်သား ၅ ဦး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2026/07/08/am1-444/): စစ်ကိုင်းတိုင်း အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ Non CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [KIA တပ်သားနှစ်ဦးရမ်းကားမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2026/07/07/yl1-538/): ဖားကန့် - ဝှေခါ အင်းတော်ကြီးဒေသက ဝှေလုံကျေးရွာမှာ KIA တပ်သားနှစ်ဦးရဲ့ မူးယစ်ရမ်းကားသောင်းကျန်းမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ - [ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်](https://burmese.kachinnews.com/2026/07/07/am1-443/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။ - [လက်လွှတ်နယ်မြေပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ဆို](https://burmese.kachinnews.com/2026/07/07/zz1-389/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ - [ကသာမြို့နယ် လမ်းပိုင်းနေရာတစ်ချို့ ဘက်ဟိုးနဲ့ဖျက်ဆီးခံထားရ](https://burmese.kachinnews.com/2026/07/07/am1-442/): စစ်ကိုင်းတိုင်းဒေသကြီး ကသာာမြို့နယ်အတွင်း ထီးချိုင့်-ကသာ လမ်းပိုင်းတစ်ချို့ဘက်ဟိုးတွေနဲ့ တူးဖော်ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဗန်းမော်နဲ့ရွှေကူမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ဆို](https://burmese.kachinnews.com/2026/07/06/zm1-291/): ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ရွှေကူမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ - [မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ကုန်တင်ကားတွေပိတ်မိနေတာ တစ်ပတ်ခန့်ရှိလာ](https://burmese.kachinnews.com/2026/07/06/am1-441/): ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာနဲ့အတူ လမ်းပိုင်းတချို့ပိတ်ဆို့နေပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်အများအပြားပိတ်မိနေတာ တစ်ပတ်ကြာရှိလာပြီလို့သိရပါတယ်။ - [ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်က အဖမ်းဆီးကြမ်းနေတယ်လို့ဆို](https://burmese.kachinnews.com/2026/07/06/zz1-388/): စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ် မှာ စစ်ကောင်စီပူးပေါင်းတပ်က နေ့ခင်းဘက်အဖမ်းဆီးကြမ်းနေတာကြောင့် လူငယ်တွေသွားရေးလာရေးအခက်အခဲဖြစ်လာနေတယ်လို့သိရပါတယ်။ - [မြေးဖြစ်သူ ဓားဖြင့်ခုတ်သဖြင့် အဖွားသေဆုံး](https://burmese.kachinnews.com/2026/07/06/dsa1-296/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အဖွားဖြစ်သူကို အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ခုတ်ခဲ့တာကြောင့် အဖွားဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်ကြောင်းဘက် လမ်းကြောင်းပြောင်း](https://burmese.kachinnews.com/2026/07/04/am1-440/): မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ဘက်ကို ဆန်တက်လာတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းဘက်ကို လမ်းကြောင်းပြောင်းသွားပြီလို့ KNG က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအထိ အကူအညီဆက်ပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2026/07/03/ld1-343/): ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးပြီးတဲ့အထိ အကူညီဆက်ပေးဖို့ ဒေသခံတွေ ပြောပါတယ်။ - [ကန့်ကွက်နေတဲ့ကြားက လယ်ယာမြေတွေပေါ် ရွှေတူးဖော်ဖို့ပြင်ဆင်နေ](https://burmese.kachinnews.com/2026/07/03/zz1-387/): ပူတာအိုမြို့ရဲ့ အရှေ့ဘက် မြို့နဲ့ ၅ မိုင်ကျော်အကွာရှိ မကပ်မုံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွှေလုပ်ငန်းရှင်တွေက ဒေသခံတချို့ကန့်ကွက်နေတဲ့ကြား လယ်ယာမြေတွေပေါ် ရွှေတူးဖော်ဖို့ လုပ်နေတယ်လို့ မကပ်မုံကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ - [ရွှေကူ–ကသာအစပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ](https://burmese.kachinnews.com/2026/07/02/am1-439/): ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ရွှေကူမြို့နယ်ဘက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ - [အင်းတော်–မဲဇာကြား တိုက်ပွဲဆက်ဖြစ်နေဆဲ](https://burmese.kachinnews.com/2026/07/01/am1-438/): ကချင်နဲ့စစ်ကိုင်းအစပ်က မြစ်ကြီးနား−မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်နဲ့ မဲဇာကြား လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။ - [စစ်ရေးတင်းမာမှုကြား အရပ်သားကာကွယ်ရေး IHL စည်းမျဉ်းများ အလေးထားရန်လိုအပ်](https://burmese.kachinnews.com/2026/07/01/am1-437/): ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇွန်လအတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် သက်ရောက်မှု လည်း ပိုမိုကြီးမားလာနေပါတယ်။ - [မြစ်ကြီးနားမှာ လုယက်မှုများကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိလာ](https://burmese.kachinnews.com/2026/06/30/dsa1-295/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ တစ်လအတွင်း လုယက်မှုတွေကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ - [ဂျပန်တံတားအောက် ညစ်ညမ်းရေများသွန်နေကြတဲ့အပေါ်အရေးယူပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2026/06/30/dsa1-294/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ မကြာခဏ လာသွန်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ - [KIO အရာရှိတစ်ဦးကို ဆွေးမျိုးအရင်းချာက လုပ်ကြံခဲ့တယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/06/30/yl1-537/): ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စု ဖားပြင်ကျေးရွာမှာ KIO မြို့နယ်အုပ်ချုပ်ရေးမှူး မရှော့ဆိုင်းအောင်နန်(Mashaw Seng Aung Nan) သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ ဆွေမျိုးသားချင်းရဲ့ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်တယ်လို့ KIO ပြောပါတယ်။ - [မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းတံတားငယ်တစ်စင်းကျွံနေလို့ ဖြတ်သန်းသွားလာဖို့ခက်ခဲနေဟုဆို](https://burmese.kachinnews.com/2026/06/30/ld1-341/): မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်း တံတားတစ်စင်းကျွံကျနေဆဲဖြစ်တာကြောင့် လမ်းသွားလမ်းလာ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ - [စစ်သင်္ဘောတက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြစ်ကမ်းနဘေး ဒေသခံတွေ စိုးရိမ်နေ](https://burmese.kachinnews.com/2026/06/30/am1-436/): ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဧရာဝတီမြစ်ကမ်းနဘေးမှာနေထိုင်တဲ့ ဒေသခံတွအကြား စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရေခဲတောင်ခြေက လယ်စပါးခင်းတွေရဲ့ နောက်ဆုံးနေ့ရက်များ](https://burmese.kachinnews.com/2026/06/30/am1-435/): "ကျွန်တော့်လယ်က ကျွန်တော့်အသက်ထက် နှစ်ဆလောက် အသက်ကြီးတယ်။ ကျွန်တော့်အဖိုးခေတ်ကတည်းက ဒီလယ်ကို လုပ်ကိုင်လာတာ။ အခုတော့ မြေစာပုံ ဖြစ်သွားပြီ။ ကျွန်တော်လည်း ကြုံရာကျပန်းအလုပ်သမား ဖြစ်လာတော့မယ်။ တွေးကြည့်တိုင်း ရင်နာတယ်။" - [တိတ်တဆိတ်အသက်နုတ်နေတဲ့ ငှက်ဖျားအန္တရာယ်](https://burmese.kachinnews.com/2026/06/29/dsa1-293/): မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးတောက်တောက်နဲ့ ချစ်စရာကောင်းတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ - [မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးခန့် သေဆုံးဟုဆို](https://burmese.kachinnews.com/2026/06/29/yl1-536/): ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျပြီး ရေမဆေးသမား ၁၀ ဦးထက်မနည်း အသက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။ - [ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးအရွေးမခံရတဲ့အတွက် ရွေးကောက်ခံရသူကို ဖမ်းဆီး](https://burmese.kachinnews.com/2026/06/27/yl1-535/): မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှာ ရပ်ကွက်နေ ဒေသခံပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအား မကျေမနပ်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ - [ကွတ်ခိုင်မြို့ရှိ စာသင်ကျောင်းတွေမှာ သင်ကြားမှုအချိန်ဇယားနှင့် ဘာသာရပ်ပြောင်းလဲမှုများကြောင့် စိန်ခေါ်မှုများရှိနေ](https://burmese.kachinnews.com/2026/06/26/ld1-340/): ရှမ်းမြောက် ကွတ်ခိုင်မှာ ပညာသင်ကြားတဲ့စနစ် မကြာခဏပြောင်းလဲနေမှုကြောင့် ကျောင်းသား၊သူများအတွက် စာသင်ယူရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ - [ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော](https://burmese.kachinnews.com/2026/06/26/am1-434/): ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။ - [မြစ်ဆုံစီမံကိန်းကို ၈ နှစ်အတွင်းအပြီးဆောက်လုပ်မည်](https://burmese.kachinnews.com/2026/06/26/yl1-534/): ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အသိပေးပြောလိုက်ပါတယ်။ - [အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကာကွယ်နိုင်ဖို့ ဖိုရမ်တစ်ခုထပ်မံဖွဲ့စည်း](https://burmese.kachinnews.com/2026/06/26/ld1-342/): ကချင်ဒေသတွင်း အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကာကွယ်နိုင်ဖို့နဲ့ အမျိုးသမီးတွေအချင်းချင်း ချိတ်ဆက်မှုအားကောင်းအောင် Kachin Women Forum ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။ - [စစ်ယာဉ်တန်းတွေ မပခဆီ ဆက်တိုက်ဝင်ရောက်နေမှုက ဘာကိုပြသနေသလဲ](https://burmese.kachinnews.com/2026/06/25/am1-feature1/): မန္တလေး−မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ် စစ်ယာဉ်တန်းတွေ အကြိမ်ကြိမ် ဖြတ်သန်းသွားလာနိုင်နေတာဟာ လမ်းကြောင်းတစ်ခု ပြန်ပွင့်လာတာထက်ပိုတဲ့ အဓိပ္ပာယ်တွေကို သယ်ဆောင်နေပါတယ်။ - [တောထဲတဲထိုးနေရတဲ့ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ](https://burmese.kachinnews.com/2026/06/25/zz1-386/): ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်း တိုက်ပွဲကြောင့်တောထဲထွက်ပြေးတိမ်းရှောင်နေကြတဲ့  စစ်ဘေးရှောင်ပြည်သူတွေ နေရာထိုင်ခင်းနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ရေနဲ့အတူ မျှောပါလာတဲ့ ဆေးထိုးအပ်တွေကြောင့် ကူးစက်ရောဂါဖြစ်မှာကို ပြည်သူတွေစိုးရိမ်နေ](https://burmese.kachinnews.com/2026/06/25/dsa1-292/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ မျှောပါလာတာကြောင့် ကူးစက်ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ - [ဖားကန့်မှာ ၃ ရက်ကြာလာတဲ့အထိ ရေဘေးဆက်ကြုံနေရ](https://burmese.kachinnews.com/2026/06/24/yl1-533/): ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ် ရပ်ကွက် (၅)ခုစလုံးမှာ ရေကြီးရေလျှံဖြစ်နေတာ ၃ ရက်ခန့်ကြာမြင့်လာပေမယ့် ရေမကျသေးတာကြောင့် ပြည်သူတွေရေဘေးဒဏ်ကို ဆက်ပြီးကြုံတွေ့နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ - [ချိီဖွေမြို့အနီး မြေရှားတူးဖော်လာမှုအပေါ် ဒေသခံတွေကန့်ကွက်](https://burmese.kachinnews.com/2026/06/24/ld1-339/): ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ ဝင်ရောက်လာနေတာကြောင့် ကျေးရွာတချို့မှာ ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ - [စနစ်တကျထိန်းကျောင်းနိုင်ခြင်းမရှိတဲ့ ကျွှဲ၊ နွားတွေကို ပစ်သတ် အရေးယူနေတဲ့အပေါ် ဝေဖန်ပြောဆိုနေ](https://burmese.kachinnews.com/2026/06/24/yl1-532/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာတဝိုက်မှာ စနစ်တကျထိန်းကျောင်းခြင်းမရှိတဲ့ ကျွဲ၊ နွားတွေကို ပစ်သတ်လိုက်တဲ့ ဖြစ်စဉ်တွေကြောင့်  ဒေသခံပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေရှိနေကြောင်းသိရပါတယ်။ - [ခေါင်လန်ဖူး-ပူတာအိုလမ်းပိုင်းမှာ ဂိတ် ၅ ခုထိရှိလာ](https://burmese.kachinnews.com/2026/06/23/zz1-385/): ကချင်ပြည်််နယ် ပူတာအိုခရိုင်ထဲက နောင်မွန်–ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အကောက်အခွန် ဂိတ်တွေ ၅ ခုအထိရှိလာတဲ့အတွက် ခေါင်လန်ဖူးဒေသဘက် ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ - [စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်](https://burmese.kachinnews.com/2026/06/22/ld1-338/): ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။ - [ဖားကန့် မြို့ပေါ် (၅) ရပ်ကွက်နဲ့ ဆယ်ဇင်းကျေးရွာတစ်ခုလုံးရေဘေးဒဏ်ကြုံတွေ့နေရ](https://burmese.kachinnews.com/2026/06/22/yl1-530/): ဖားကန့် ဥရုချောင်းရေကြီးနေတာကြောင့် မြို့ပေါ်ရပ်ကွက် (၅)ခုစလုံးမှာ ရေဝင်ရောက်ခဲ့ပြီး ပြည်သူတွေအများပိုင်းရေဘေးကြုံတွေ့နေရသလို နေအိမ်မြေပြိုကျပြီး ပျောက်ဆုံးနေတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ - [ရေကြီးနေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပိုဆိုးလာ](https://burmese.kachinnews.com/2026/06/22/dsa1-291/): မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ - [ရွှေကူမြို့ပေါ် လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/06/22/am1-433/): ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်းမှာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ခဲ့ပြီး အဲ့ဒီအထဲက အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ငှက်ပျောလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး](https://burmese.kachinnews.com/2026/06/22/dsa1-290/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ငှက်ပျောလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေထံကနေ သိရပါတယ်။ - [ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံး](https://burmese.kachinnews.com/2026/06/22/dsa1-289/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်မတော်တဆမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ - [အွန်လိုင်းလေယာဉ်လက်မှတ်ဝယ်ယူရာမှ ကျပ်သိန်း ၅၀ နီးပါး အလိမ်ခံရ](https://burmese.kachinnews.com/2026/06/20/dsa1-288/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုကလေယာဉ်လက်မှတ်အတု လိမ်လည်သွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရပါတယ်။ - [စစ်ရှောင်တစ်ဦး မြေမြုပ်မှိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်](https://burmese.kachinnews.com/2026/06/20/dsa1-287/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာဘက်ကို မျှစ်သွားရှာတဲ့ စစ်ရှောင်ဇနီးမောင်နှံနှစ်ဦး  မြေမြုပ်မှိုင်းနင်းမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ - [မိုးအဆက်မပြတ်ရွာလို့ လူနေအိမ်တစ်ချို့ရေနစ်မြှုပ်ပြီး လမ်းပိုင်းပျက်စီး](https://burmese.kachinnews.com/2026/06/20/yl1-531/): ဖားကန့်မြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့မှာ ရေဝင်ရောက်ပြီး လူနေအိမ်တွေ နစ်မြှုပ်သွားခဲ့သလို နန့်တိန့် ကားလမ်းပိုင်းလည်း သွားလာလို့မရအောင် ဆိုးရွားစွာပျက်စီးနေတယ်လို့ သိရပါတယ်။ - [ဗျူဟာကုန်းကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိ](https://burmese.kachinnews.com/2026/06/19/yl1-529/): ဖားကန့်မြို့နယ်မှာ ဒေါ်ဆောင်ဆန်းစုကြည့်ရဲ့ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းနေတဲ့ နေရာဘက်ကို ဦးတည်ပြီး  စစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ - [ရွှေကူကို ဘာကြောင့် အပြိုင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြသလဲ](https://burmese.kachinnews.com/2026/06/19/am1-432/): ကချင်ပြည်နယ် ရွှေကူမြို့နယ်တစ်ဝှိုက်မှာ လတ်တလော တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးဒေသကနေ အင်အားထပ်မံဖြည့်တင်းနေပါတယ်။ - [မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ](https://burmese.kachinnews.com/2026/06/18/am1-431/): ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။ - [ရွှေကူမြို့တွင်းတပ်အတွက် လေထီးဖြင့် ထောက်ပို့ပစ္စည်းများချပေး](https://burmese.kachinnews.com/2026/06/18/am1-430/): ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်တပ်ဘက်က မြို့တွင်းအခြေစိုက်တပ်အတွက် လေယာဉ်ပေါ်ကနေ လေထီးအသုံးပြုပြီး ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ရွှေကူမှာ အခြေခံစားသောက်ကုန် ပြတ်လပ်မှု စတင်ကြုံတွေ့နေ](https://burmese.kachinnews.com/2026/06/18/zz1-384/): တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန် ပြတ်လပ်မှုတွေ စတင်ကြုံတွေ့လာရပြီလို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [စစ်ရေးထိန်းချုပ်မှုများကြား ပူတာအိုဆေးရုံသုံး ဓာတ်မှန်စက်သိမ်းဆည်းခံရ](https://burmese.kachinnews.com/2026/06/18/zz1-383/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းရှိ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပူတာအိုပြည်သူ့ဆေးရုံအတွက် တင်ပို့လာတဲ့ ဓာတ်မှန်ရိုက်စက် (X-ray Machine) တစ်လုံးကို သိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ စိစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [လမ်းပိုင်းအခက်ခဲကြောင့် အင်းရွာဇက်ဆိပ်မှာ ယာဉ်များစုပုံနေ](https://burmese.kachinnews.com/2026/06/17/am1-429/): စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ မိုးတွင်းကာလ ရောက်ရှိလာတာနဲ့အမျှ ရင်ကွဲတောင်လမ်းပိုင်း သွားလာရခက်ခဲလာတာကြောင့် အင်းရွာဇက်ဆိပ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ စုပုံနေတယ်လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။ - [စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ဓါးပြတိုက်၊ လုယက်မှုသောင်းကျန်းနေ](https://burmese.kachinnews.com/2026/06/17/yl1-528/): ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အရပ်သားပြည်သူတွေဆီကနေ ဓါးပြတိုက်၊ လုယက်တဲ့ ဖြစ်စဉ်တွေဟာ ပိုမိုဆိုးရွားလာပြီး ပြည်သူတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ သောင်းကျန်းနေတယ်လို့ သိရပါတယ်။ - [ရွှေကူမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာရ](https://burmese.kachinnews.com/2026/06/16/zz1-382/): ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရက်တွင်း  နေရာ ၃ ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချခဲ့တာကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ - [ဖားကန့်မှာ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရ ](https://burmese.kachinnews.com/2026/06/16/zm1-290/): ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက်(၅)မှာရှိတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဓားပြဝင်တိုက်သွားတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံတွေပြောပါတယ်။ - [လေယာဉ်လက်မှတ် ဝယ်ရပိုခက်လာ](https://burmese.kachinnews.com/2026/06/16/dsa1-286/): လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမရောင်းရန် ထုတ်ပြန်ပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံတွေကနေ သိရပါတယ်။ - [ဝိုင်းမော်မှာ ငှက်ဖျားအဖြစ်များလာပြီး သေဆုံးသူ ၃ ဦးအထိရှိလာ](https://burmese.kachinnews.com/2026/06/16/dsa1-285/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဦးနှောက်ငှက်ဖျားရောဂါဖြစ်သူများလာပြီး သေဆုံးသူ ၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဝိုင်းမော်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေထံက သိရပါတယ်။ - [ရွှေကူမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံရဟုဆို](https://burmese.kachinnews.com/2026/06/15/zz1-381/): ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူထဲရောက်နေတဲ့စစ်ကြောင်း ဗန်းမော်ကိုဆက်ဦးတည်ဖို့ကြိုးစားနေလို့ တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/06/15/am1-428/): ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်၊ ငအိုးရွာဘက်ကနေ ရွှေကူမြို့ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ အင်အားအများစုဟာ ရွှေကူဘက်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [မြစ်ဆုံရေကာတာစီမံကိန်း ထာဝရဖျက်သိမ်းပေးဖို့ လူငယ်များတောင်းဆို](https://burmese.kachinnews.com/2026/06/13/ld1-337/): မြစ်ဆုံဆည် အလိုမရှိကြောင်းနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို မြစ်ကြီးနားဒေသခံ လူငယ်တွေက ဒီကနေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ - [ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ရေးတင်းမာနေ](https://burmese.kachinnews.com/2026/06/12/zz1-380/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲဲ့ဝင်တွေပြောပါတယ်။ - [မြေယာတွေ မတရားသိမ်းခံနေရတဲ့အပေါ် အမြန်ဖြေရှင်းပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2026/06/12/ld1-336/): ရှမ်းမြောက်၊မူဆယ်ခရိုင် ၊ မုံးပေါ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ဒေသခံတွေရဲ့ မြေယာစိုက်ခင်းဖျက်ဆီးလိုက်မှု အမြန်ဆုံး ဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေ တောင်းဆိုနေပါတယ်။ - [ယူမာကူးတို့ဆိပ်မှာ ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲဖြေရှင်းပေးဖို့ပြည်သူတွေတောင်းဆို](https://burmese.kachinnews.com/2026/06/12/yl1-527/): ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ ကူးတို့ဆိပ်ကမ်းမှာ ယာဉ်ကြီး၊ ယာဉ်ငယ်ကားပိတ်ဆို့ ကျန့်ကြာမှုတွေကြောင့် ဖားကန့် ပြည်သူတွေ ခရီးသွားလာဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [နယ်စပ်မြစ်များ အဆိပ်သင့်မှုကို ဝိုင်းဝန်းဖြေရှင်းရန် တောင်းဆို](https://burmese.kachinnews.com/2026/06/11/ld1-335/): မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း သတ္တုတူးဖော်မှုတွေ တဖြည်းဖြည်း ပိုကျယ်ပြန့်လာနေတယ်လို့ ပြောရပါတယ်။ - [ရွှေကူမြို့ခံများ မြို့စွန့်ခွာဖို့ အခက်အခဲရှိနေ](https://burmese.kachinnews.com/2026/06/11/am1-427/): ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ စစ်တပ်ဘက်ကတော့ ရွှေကူမြို့အတွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ အရပ်သားတွေကို တိုက်တွန်းနေတယ်လို့ ရွှေကူမြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ - [မြစ်ဆုံဆည် စီမံကိန်းကြောင့် ထိခိုက်ဒေသရှိ အမျိုးသမီးများ၏ အသံ](https://burmese.kachinnews.com/2026/06/11/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%86%e1%80%8a%e1%80%ba-%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1/): English Edition Below Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။ Nick Name – Ah Win အသက် – ၄၉ နှစ် တစ်ကယ်တမ်း မြစ်ဆုံအကြောင်းကို သူများတွေက အရမ်းပြောကြတယ်။ ဒါပေမယ့် ကျမစိတ်ထဲမှာ ကျမတို့ရဲ့ တန်ဖိုးထားရမည့်နေရာဆိုပြီး အဝေးကဘဲ ကြားရတော့ သိပ်နားမလည်ခဲ့ဘူး။ သို့သော်လည်းအိမ်ထောင်ကျပြီး သွားနေဖြစ်တော့ မြစ်ဆုံနေရာ မှာအိမ်ထောင်ကျတယ်။ ကျမတတ်နိုင်သလောက် ဒီမြစ်ဆုံတစ်ဝိုက်နားက ရွာ (၁၅)ရွာပါဝင်ပြီးဖွင့်လှစ်ထားတဲ့ “ အမျိုးသမီးအဖွဲ့ မှာ အတွင်းရေးမှူးတာဝန်ယူလုပ်ဆောင်နေပါတယ်။ ဝိုင်းမော်ဘက်ခြမ်းနှင့် မြစ်ကြီးနားဘက်ခြမ်းမှာနေထိုင်ကြတဲ့ ရွာ (၁၅) ရွာမှ အမျိုးသမီးတွေ စုစည်းပေါင်းစည်းပြီးလုပ်ငန်းစုပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ အခု ကျမအနေနဲ့ ကျမတို့ရပ်ရွာဒေသမှာ ရှိတဲ့ မြစ်၊ချောင်း အင်းအိုင် (Hkashi Hkanu ni) တွေကို ပျက်စီးစေတာ၊ ပရမ်းပတာ လုပ်ဆောင် နေတာတွေ၊နောက် တစ်ခုက ကျမတို့ နေရာဒေသပတ်ဝန်းကျင်တွေမှာနေထိုင်သည့် အမျိုးသမီးငယ်တွေနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ၊ အထင်မြင် သေးခံရတာတွေ စသည့် ဘာမှမသိပေမယ့် အရှုံးသမားဘက်ရပ်ပြီး အများအားဖြင့်အလုပ်လုပ်လေ့ရှိပါတယ်။ EC တွေနဲ့သေချာလေးဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီးကျမက အတွင်းရေးမှူးတာဝန်ကို တာဝန်ယူတာ၄၊၅ နှစ်ရှိလာပြီ။ ကျမတို့ဒီအဖွဲ့ကို ၂၀၁၈ ခုနှစ်က စပြီးဖွဲ့စည်းခဲ့ပေမယ့် အလုပ်ကို ထိထိရောက်ရောက် လုပ်ဖြစ်လာတာက ၂၀၂၀ ခုနှစ်က စပြီး ကျမတို့ ကော်မတီတွေနဲ့သေချာလုပ်လာနိုင်လာတယ်။ EC အဖွဲ့ဝင် (၅ ယောက်)၊ရုံးအဖွဲ့ဝင် နဲ့ပေါင်းရင် ၁၃ ယောက်ခန့်ရှိပြီး … - [ကချင်မြေရှားသတ္တုတူးဖော်မှု၏ သက်ရောက်မှုများအလယ်က အမျိုးသမီးများ၏ အသံများ (အပိုင်း ၂)](https://burmese.kachinnews.com/2026/06/11/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%af%e1%80%90%e1%80%b0%e1%80%b8%e1%80%96%e1%80%b1/): English Edition Below Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။ နာမည် – Ah Tawng၊ အသက် – ၃၀ နှစ် အစ က ကျမ အစိုးရဝန်ထမ်းပညာရေးဌာနမှလုပ်တယ်။ အာဏာသိမ်းကာလမှာ CDM မှာပါဝင်ပြီး ပန်ဝါဘက်မှာစားသောက်ဆိုင်ဖွင့်ပြီးလေးနှစ်သွားနေခဲ့တယ်။ ၂၀၂၁ ကနေ ဒီဇင်ဘာလ၊၂၀၂၄ ထိနေထိုင်ခဲ့ပြီး ဒီချီဖွေမှာပြန်လာနေပါတယ်။ ၂၀၂၅ မှစပြီး ချီဖွေမှာပြန်လာနေတယ်။ ကေအိုင်အို အစိုးရကဖွင့်ထားတဲ့ အထက်တန်းကျောင်းမှာ Volunteer ပညာရေးဝန်ထမ်းအနေနဲ့ဝင်ရောက်လုပ်ကိုင်နေတယ်။ ပြည်သူ့စစ် (နယ်ခြားစောင့်တပ်)တွေအုပ်ချုပ်တဲ့ အချိန်ကာလမှာ ဒီသတ္တူဆိုက် လုပ်တဲ့အလုပ်မှာသွားနေ ဖြစ်ခဲ့သည့် အတွက်ကြောင့်မို့ လက်တွေ့မြင်ခဲ့ရ တာတွေအများကြီးရှိတယ်။ အခုတော့ ချီဖွေမှာနေထိုင်တယ်။ ဒီချီဖွေမှာက နဘုတ်၊ ချီဖွေရဲ့ဘေးပတ်ဝန်ကျင်းရွာတွေမှာတော့ သတ္တု ပြန်လုပ်နေတာတွေ့ရတယ်။ ကျမ နေခဲ့တဲ့ အချိန် အတောအတွင်းကြည့်လိုက်မယ်ဆိုရင် လူတွေကလုပ်ငန်း၊ ကိုင်ငန်းတွေ အများကြီးရှိတယ် ဆိုပြီးမြင်ရတယ်။ ဒါပေမယ့် တကယ်တမ်း ပန်ဝါဒေသခံတွေကျတော့ သူတို့က မြေရောင်းစားသည့်ထဲမှာ ပါတယ်။ သူတို့ကြတော့တရုတ်တွေဆီမှာ သတ္တူတူးပြီးရောဂါရတဲ့ နေရာ၊ မြေပြိုပြီးသေကြေပျက်စီးရတဲ့ နေရာတွေဆီ သွားပြီးတော့ အလုပ်မလုပ်ရဘူး။ ဈေးရောင်းတယ် ၊ဘေးပတ်ဝန်ကျင်းရောင်းစားတဲ့အတွက် အေးဆေးနေလို့ရတယ်။ အဝေးက ဒီမြစ်ကြီးနားဘက်၊ အနယ်နယ်အရပ်ရပ်က အဝေးက လူတွေက ဈေးလာရောင်းစားတယ်။ ဒီထဲမှာ ကျမလဲအပါအဝင်ဖြစ်တယ်။ အဲ့ဒီမှာ အဓိက ကတော့ တရုတ်တွေက ဒီအလုပ်သမားတွေအပေါ်မှာလစာ ပေးတာက အစ ကျမတို့ဆီမှာ ခွဲခြားတာတွေရှိတယ်။ ဒီဆယ်ဘီးကားမောင်းတာတို့ စသည့် ဆိုရင်လည်းခွဲခြားပေးတာတွေရှိတယ်။ … - [ရွှေတူးဖော်မှုကိစ္စ KIA–SSPP အငြင်းပွားမှု ပြေလည်](https://burmese.kachinnews.com/2026/06/10/ld1-334/): ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာ ရွှေတူးဖော်မှုကိစ္စနဲ့ ပတ်သက်ပြီး SSPP/SSA နဲ့ KIA ကြားအငြင်းပွားမှု ပြေလည်စွာ ဖြေရှင်းပြီးစီးသွားပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ထောက်ပို့မသွားနိုင်တဲ့ အိမ်တွေကို ဆန်တစ်ပုံးနဲ့ ငွေ ၅ သောင်း ကောက်ခံနေဟုဆို](https://burmese.kachinnews.com/2026/06/10/zz1-379/): ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန်ဖူးဒေသတွေမှ ရှေ့တန်းစစ်မျက်ပြင်အတွက် ထောက်ပို့မလိုက်နိုင်တဲ့ အိမ်ထောင်စုတွေကို ဆန်တစ်ပုံးနဲ့ ငွေကျပ် ၅ သောင်း ကောက်ခံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ - [ရွှေကူမြို့ကို စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့  KIA ပြော](https://burmese.kachinnews.com/2026/06/10/am1-426/): ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ဘက်ကပြောပါတယ်။ - [ကချင်ဒေသ စစ်ရှောင်အရေး အကူအညီနှင့်ကာကွယ်မှု တိုးမြှင့်ရန် တောင်းဆို](https://burmese.kachinnews.com/2026/06/10/dsa1-284/): ကချင်ဒေသက စစ်ဘေးသင့်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ - [SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး](https://burmese.kachinnews.com/2026/06/10/zm1-289/): မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ - [SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး](https://burmese.kachinnews.com/2026/06/10/zm1-288/): မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ “မလွှတ်သေးဘူး အုပ်ချုပ်ရေးမှူးရောဖမ်းသွားတာဟုတ်တယ် ဒီနေ့ထိတော့ မလွှတ်သေးဘူး”လို့ မိုးကောင်းဒေသခံတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့တွေကိုထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ  ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။ ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။ “နောက်ဆုံးသိရတာတော့ စစ်ကြောရေးမှာသတိမေ့နေတယ်ဆိုတာ သိရတယ်။ ဒီကနေ့အထိ အခြေနေမသိရသေးဘူး”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။ အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး  ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ By – Zami - [ယမ်းပေါက်ကွဲမှုနစ်နာသူတွေကို TNLA အပြည့်အဝတာဝန်ယူပေးဖို့တောင်းဆို](https://burmese.kachinnews.com/2026/06/09/ld1-333/): ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို အပြည့်အဝတာဝန်ယူပေးဖို့ TNLA ကို လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ - [၁၅ နှစ်ကြာလာတဲ့ ကချင်လူထုရဲ့ စစ်ရှောင်ခရီး](https://burmese.kachinnews.com/2026/06/09/dsa1-283/): ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ပွဲဟာ ဒီကနေ့မှာ ၁၅ နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။  - [ကချင်မြေရှားသတ္တုတူးဖော်မှု၏ သက်ရောက်မှုများအလယ်က အမျိုးသမီးများ၏ အသံများ (အပိုင်း ၁)](https://burmese.kachinnews.com/2026/06/08/woman-storytelling-from-rare-earth-mining-area-episode-1-29m/): English Translation Below Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။ နာမည်က အပန် ၊ အသက် ၃၃ နှစ်ရှိပါပြီ။ ကျမက ဖရဲရွာမှာ ၂၀၁၇ ခုနှစ် ကတည်းက စရောက်လာခဲ့တယ်။ ဒီ နေရာမှာ rare-earth လုပ်ငန်းကို ၂၀၁၈-၂၀၁၉ နှစ်တွေမှာ စတင်လုပ်ဆောင်လာတာကို တွေ့ရတယ်။ အမျိုးသမီးအခန်းကဏ္ဍမှာတော့ ကျမ ၂၀၁၄ ခုနှစ်ကနေ အခုထိတိုင် ပါဝင်လုပ်ဆောင် နေပါ တယ်။ ဒီလုပ်ငန်းကြောင့် ကျန်းမာရေး ပိုဆိုးလာတာတွေရှိတယ်။ အရင်တုန်းက မဖြစ်ဖူးတဲ့ အနာ၊ ကလေးတွေမှာ တကိုယ်လုံးယားလာပြီး အဖု-တစ်ဖုဘဲ ဖုတာမဟုတ်ဘဲ အနာတကိုယ်လုံး အရေပြားရောဂါလို ဖြစ်လာတယ်။ အရင်တုန်းက မဖြစ်ဖူးဘူး။ အခုဒီသတ္တုလုပ်ငန်း လုပ်လာပြီး နောက်ပိုင်း မနှစ်ကစပြီး ဖြစ်လာတာ တွေ့ရတယ်။ တစ်ရွာလုံးနီးပါး ယားလာတယ်။ ဆရာတွေ လာပြော ပြတာက ရေကြောင့်ဖြစ်တယ်ပေါ့နော။ သူတို့က လာစမ်းသပ်ထားတာဖြစ်တယ်။ ရေမသန့်တာ ကြောင့် ဖြစ်တယ်။ သတ္တုဆိုက် လုပ်ပြီဆိုတာနဲ့ လူမျိုးလဲပေါင်းစုံ လာကြတယ်။ အဲ့ဒီမှာ တစ်ချို့အမျိုးသမီးတွေက အလုပ်သွားလုပ်တာတွေရှိတယ်။ အချို့က တရုတ်အမျိုးသားတွေရဲ့ မယားငယ်တွေ လုပ်ခိုင်းတာတွေရှိတယ်။ အရင်တုန်းကတော့ သိပ်မရှိဖူးဘူး။ ပြောရမယ်ဆိုရင်တော့ ၁၀ ယောက်မှာ သုံးယောက်နှုန်းလောက် ဖြစ်နေပြီ။ ကျမတို့က အရင်က ၂၀၁၂ ခုနှစ်ကတည်းက စစ်ဘေးရှောင်တာ အခုချိန်ထိ ဟုတ်တယ်။ အရင်က အခုသတ္တုလုပ်ထားတဲ့နေရာက ပြောင်းတွေ စိုက်စားတဲ့ … - [လမ်းကြောင်းထိန်းချုပ်ရေးအတွက် ငအိုး–ရွှေကူလမ်းအပါအဝင် ရွှေကူမြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်နေ](https://burmese.kachinnews.com/2026/06/08/am1-425/): ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေက နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ - [ကချင်အမျိုးသမီးတစ်ဦး နော်ဝေနိုင်ငံက ပေးတဲ့ Stefanus လူ့အခွင့်အရေးဆုရရှိ](https://burmese.kachinnews.com/2026/06/08/dsa1-299/): မြန်မာနိုင်ငံက ကချင်အမျိုးသမီး တစ်ဦးဟာ နော်ဝေ နိုင်ငံကပေးတဲ့ Stefanus Award လူ့အခွင့်အရေးဆုကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ - [မြစ်ကြီးနားမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး](https://burmese.kachinnews.com/2026/06/05/dsa1-282/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။ - [မူးယစ်ဒိုင်တွေနဲ့ ပတ်သက်တဲ့သတင်းထွက်လာပြီးနောက် နယ်ထိန်းရဲတစ်ချို့ ရွှေ့ပြောင်းခံရ](https://burmese.kachinnews.com/2026/06/05/dsa1-281/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာပြီးနောက် နယ်ထိန်းရဲတချို့အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါး ရွှေ့ပြောင်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ ရှိနေ](https://burmese.kachinnews.com/2026/06/05/dsa1-280/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့ အလိမ်ခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး](https://burmese.kachinnews.com/2026/06/05/am1-424/): ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [တိုက်နယ်ဆေးရုံဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/06/04/zz1-378/): ရွှေကူမြို့နယ် စီသာရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကချင်ကိုဝင်လာတဲ့ စစ်ယာဉ်တန်းတွေ၊ အရပ်သားအကူအညီလား စစ်ရေးထောက်ပို့လား](https://burmese.kachinnews.com/2026/06/04/am1-423/): ကချင်ပြည်နယ်ကို ဝင်ရောက်လာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေမှာ ဘာတွေတင်ဆောင်လာသလဲဆိုတဲ့ မေးခွန်းက လတ်တလော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ - [ပူတာအို–ခေါင်လန်ဖူးလမ်း သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံး](https://burmese.kachinnews.com/2026/06/03/zz1-377/): ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း တစ်နေရာမှာ သစ်ပင်အိုကြီးတစ်ပင် လှဲကျပြီး သစ်ပင်ပိမိခဲ့ရာကနေ အမျိုးသားတစ်ဦးသေဆုံးပြီး  အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ - [မင်းအောင်လှိုင်ကို တော်လှန်တဲ့အဖွဲ့များအားလုံး ပါဝင်တဲ့ဆွေးနွေးမှုသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/06/03/yl1-526/): စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ရှိလာရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ပါဝင်သွားမှာ ဖြစ်တယ်လို့ KIO က ထပ်မံပြောဆို လိုက်ပါတယ်။ - [စစ်ကိုင်း-ကချင်အစပ် တင်းမာမှုနှင့် စစ်ယာဉ်တန်းဝင်ရောက်မှုအပေါ် KIA အမြင်ဘယ်လိုရှိလဲ](https://burmese.kachinnews.com/2026/06/02/am1-422/): စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေမှာ နှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေချိန် စစ်တပ်ဘက်က ကချင်ပြည်နယ်ကို စစ်အင်အားနဲ့ ထောက်ပို့ပစ္စည်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ - [စည်းကမ်းမဲ့ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် မြစ်ကြီးနားပြည်သူတွေအခက်ကြုံ](https://burmese.kachinnews.com/2026/06/02/dsa1-279/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် ပြည်သူတွေအတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [ကချင်ကိုတက်လာတဲ့ စစ်တပ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2026/06/01/sm1-134/): ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [ကောင်းတပ်ရွာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာ](https://burmese.kachinnews.com/2026/06/01/ld1-332/): TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာပြီး လက်ရှိ ဒဏ်ရာရသူတွေဟာ နမ့်ခမ်းဆေးရုံမှာ မဆံ့တော့တာကြောင့် မူဆယ်ဆေးရုံမှာလည်း ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ကားတိုက်ပြေးမှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်](https://burmese.kachinnews.com/2026/06/01/dsa1-278/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကားတိုက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ - [တိုက်ပွဲငြိမ်နေလို့ မန္တလေး–မြစ်ကြီးနားလမ်းကို ခရီးသွားတွေ ပြန်သုံးလာ](https://burmese.kachinnews.com/2026/05/29/am1-421/): မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ရက်ပိုင်းကြာပိတ်မိနေခဲ့တဲ့ ကားတန်းတချို့ကို အခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လွှတ်ပေးလာနေပြီး ခရီးသွားတချို့လည်း ဒီလမ်းပိုင်းကို ပြန်အသုံးပြုလာနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။ - [မီတာယူနစ်အဆမတန်တက်နေတဲ့အတွက် အဆင်မပြေမှုတွေကြုံတွေ့နေရ](https://burmese.kachinnews.com/2026/05/29/dsa1-277/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီတာယူနစ်တွေ အဆမတန် မြင့်တက်လာတာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။ - [စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ](https://burmese.kachinnews.com/2026/05/28/am1-feature-2/): မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ - [စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ဒေသစစ်ရေးဘယ်လိုပြောင်းလဲလာနိုင်မလဲ။](https://burmese.kachinnews.com/2026/05/28/yl1-525/): အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ - [မင်းဇေသန့်အဖွဲ့ ဒရုန်းတိုက်ခိုက်ရေးသမားတစ်ဦး KIA ဖမ်းဆီး](https://burmese.kachinnews.com/2026/05/28/yl1-524/): ဖားကန့်မြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းဆရာတစ်ဦးကို KIA ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမှာ လုယက်မှုဆက်တိုက်ဖြစ်နေ](https://burmese.kachinnews.com/2026/05/27/dsa1-275/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက် ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [မြန်မာနိုင်ငံမြောက်ပိုင်းရှိ သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ](https://burmese.kachinnews.com/2026/05/27/looking-beyond-extraction-centred-governance-approaches-in-nothern-myanmar/): မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်သည် ယနေ့တွင် အရှေ့တောင်အာရှ ဒေသအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ အထိအခိုက်အများဆုံးဒေသများမှ တစ်ခုဖြစ်သော်လည်း မဟာဗျူဟာအရ အရေးပါသည့် ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာနေပါသည်။ ကျောက်စိမ်း၊ ရွှေ၊ သစ်တောသယံဇာတ များနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာစက်မှုလုပ်ငန်းများ၊ ခေတ်မီလက်နက် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စွမ်းအင်ကူးပြောင်းရေးအတွက် အရေးကြီးသော မြေရှားသတ္တု (Rare Earth Elements) များ ရှိနေသည့်အတွက် ယခုအခါ စီမံအုပ်ချုပ်မှုကွဲပြားမှုနှင့် လူမှုစီးပွားရေး ထိခိုက်လွယ်မှု၊ သယံဇာတထုတ်ယူမှုနှင့်၊ လက်နက်ကိုင်ပဋိပက္ခတို့၏ လမ်းဆုံလမ်းခွတွင် ရှိနေသည်။ သယံဇာတထုတ်ယူမှုများသည် ဒေသအတွင်း စီးပွားရေးအခွင့်အလမ်းများနှင့် နိုင်ငံရေးအခွင့်အလမ်း များ ဖန်တီးပေးခဲ့သော်လည်း၊ ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များကို အဓိကခံစားနေရသူများမှာ ၎င်းတို့၏ မြေယာ၊ မြစ်များနှင့် သစ်တောများ အပေါ် ရေရှည်မှီခိုနေသော ဒေသခံလူထုများပင် ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပေါ်ပေါက်လာနေသော ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း များသည် သယံဇာတထုတ်ယူမှုတစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ တရားဝင်ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် မြေပြင်၌အကောင်အထည်ဖော်နိုင်မှုအကြား ကြီးမားလာသော ကွာဟချက်များကြောင့် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ အုပ်ချုပ်ရေးမူဘောင်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း ယန္တရားများ တရားဝင်တည်ရှိနေသော်လည်း၊ ပဋိပက္ခဒဏ်ခံစားနေရ သော ဒေသများတွင် ယင်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ရေရှည်မတည်ငြိမ်မှု၊ ဒေသဆိုင်ရာ အာဏာခွဲဝေစိုးမိုးမှု၊ အဖွဲ့အစည်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုများ အားနည်းခြင်း၊ တရားမဝင်သယံဇာတ ထုတ်ယူမှုစီးပွားရေးများနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ ဖိအားများကြောင့် အကန့်အသတ် များ ရှိနေပါသည်။ အထူးသဖြင့် ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် တရုတ်–မြန်မာနယ်စပ်တစ်လျှောက် မြေရှားသတ္တုတူးဖော်မှုများ … - [ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စတင်ပေး](https://burmese.kachinnews.com/2026/05/27/am1-420/): မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို ဒီနေ့ မေလ ၂၇ ရက်နေ့မှာ ၁၀ စီးစီ အုပ်စုလိုက် ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ ကားသမားတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ - [မိုးကြိုးပစ်ခံရပြီး နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်း၊ ပူတာအိုနဲ့ မချမ်းဘော့ မီးပြတ်တောက်](https://burmese.kachinnews.com/2026/08/18/zz2-75/): ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွားတာကြောင့် မြို့နယ်နှစ်ခုစလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဒေသခံတွေနဲ့ EPC နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ - [မန္တလေး–မြစ်ကြီးနား ကုန်စည်တန်ဆာခ ထက်ဝက်ကျော် မြင့်တက်နေ](https://burmese.kachinnews.com/2026/08/18/am1-460/): မန္တလေးကနေ မြစ်ကြီးနားဘက်ကို ကုန်စည်သယ်ယူရာမှာ အသုံးပြုနေရတဲ့ ကွင်းလမ်းတွေ မိုးဆက်တိုက်ရွာသွန်းပြီး လမ်းတွေ ပျက်စီးလာတာကြောင့် တန်ဆာခတွေ အဆမတန်မြင့်တက်လာတယ်လို့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်သူတွေထံက သိရပါတယ်။ - [မန်တုံ မခုတ်ချောင်းဖျားမှာ မြေရှားသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ တောင်းဆို](https://burmese.kachinnews.com/2026/08/18/ld1-357/): ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မယ့်ကျေးရွာက ဒေသခံတွေ ကန့်ကွက်စာတင်တာ ၄ လခန့်ကြာလာပြီဖြစ်ပေမဲ့ အလေးထား တုံ့ပြန်ပြောဆိုမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ - [မိုးကောင်းမှာ ဝက်သေဆုံးမှုများလာ](https://burmese.kachinnews.com/2026/08/18/dsa1-321/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဝက်တွေ ရောဂါကူးစက်ပြီး သေဆုံးတာတွေ ဆက်တိုက်ဖြစ်နေပြီး ဩဂုတ်လဆန်းပိုင်းကစလို့ ပိုများလာတယ်လို့ မြို့ခံတွေနဲ့ ဝက်မွေးမြူသူတွေဆီက သိရပါတယ်။ - [မြစ်ကြီးနား အခြေခံစားသောက်ကုန်ဈေးနှုန်း ဆက်မြင့်တက်၊ ကုန်စည်ဝင်လမ်းကြောင်းတွေ အခက်အခဲရှိ](https://burmese.kachinnews.com/2026/08/18/am1-459/): ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ရပ်ကွက်ဈေးတွေမှာ ကြက်ဥတစ်လုံး ကျပ် ၁,၂၀၀ အထိ ရှိလာတယ်လို့ ဈေးသည်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။ - [နေအိမ်ထဲအထိ တပ်သားစုဆောင်း၊ လူငယ်တွေ တိမ်းရှောင်နေရ](https://burmese.kachinnews.com/2026/08/18/zz1-407/): ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှ SNA ပူးပေါင်းတပ်တွေက နေအိမ်ထဲအထိ ဝင်ရောက်ပြီး တပ်သားသစ်ဖမ်းဆီးစုဆောင်းနေတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [နာဂဒေသမှာ ကျောင်း ၄၀ ကျော် မဖွင့်နိုင်သေး၊ ကလေးတွေပညာသင်ယူခွင့် ထိခိုက်နေ](https://burmese.kachinnews.com/2026/08/18/am1-458/): နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာ စာသင်ကျောင်း အနည်းဆုံး ၄၀ ကျော် လေးနှစ်နီးပါးကြာ မဖွင့်နိုင်သေးတာကြောင့် ကလေးတွေရဲ့ ပညာရေးပြတ်တောက်နေတယ်လို့ နာဂဒေသရဲ့ ပညာရေးအခြေအနေကို လေ့လာထားတဲ့ အရှေ့နာဂအမျိုးသမီးများအသင်း (Eastern Naga Women's Association - ENWA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ - [မိုးမိတ်အနီး စစ်ရေးတင်းမာနေ လမ်းပိုင်းနှစ်ခု KIA ယာယီပိတ်ထား](https://burmese.kachinnews.com/2026/08/18/ld1-356/): ရှမ်းမြောက် မိုးမိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် လမ်းပိုင်း နှစ်ခုကို ယာယီပိတ်ထားတယ်လို့ KIA တပ်ရင်း ၃၄ က ထုတ်ပြန်ထားပါတယ်။ - [ပင်လည်ဘူးမှာ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ](https://burmese.kachinnews.com/2026/08/17/am1-457/): စစ်ကိုင်းနဲ့ ကချင်အစပ်က ပင်လည်ဘူးမြို့နယ်မှာ မနေ့က ကင်းပန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒီနေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ - [တိုက်ပွဲကြောင့် အစားအသောက်နဲ့ ဆေးဝါးရရှိဖို့ ပိုခက်ခဲလာ](https://burmese.kachinnews.com/2026/08/17/zz1-406/): ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွင်း လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ကျေးရွာတွေမှာ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ ရရှိဖို့ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - ["ဒုတိယအကြိမ် တိုက်ခိုက်မှု" ကို ဒီနှစ်ထဲကမှ သတိထားမိတယ်လို့ IIMM အကြီးအကဲ ပြော၊ ကချင်မှာလည်း စုရုံးရာနေရာတွေ ပစ်မှတ်ထားခံနေရဆဲ](https://burmese.kachinnews.com/2026/08/13/sn1-16/): ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ နေရာတည်းကိုပဲ ဒုတိယအကြိမ် ပြန်လာတိုက်ခိုက်တဲ့ "ဒုတိယအကြိမ်တိုက်ခိုက်မှု" (Double Tap) နည်းလမ်းကို မြန်မာစစ်တပ်က ဒီနှစ်ထဲမှာ စတင်ကျင့်သုံးလာတာကို သတိထားမိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က KNG ကို ပြောပါတယ်။ - [ကချင်ဒေသထဲက ဗန်းမော်၊ ရွှေကူအပါ မြို့နယ် ၅ ခု မှာ တိုက်ပွဲပုံမှန်ဖြစ်နေ](https://burmese.kachinnews.com/2026/08/13/yl1-549/): ကချင်ပြည်နယ်ထဲက မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားလျက်ရှိနေတယ်လို့ KIO ပြောပါတယ်။ - [မိုးမိတ်မြို့ပြင်မှာ စစ်တပ် နဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်](https://burmese.kachinnews.com/2026/08/12/ld1-355/): ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပြင်မှာ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။ - [မြစ်ကြီးနားမြို့မှာ ၁ရက်အတွင်း ရေနစ်သေဆုံးမှု ၂ကြိမ်ဖြစ်ပွား](https://burmese.kachinnews.com/2026/08/11/dsa1-320/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ရက်အတွင်းမှာဘဲ ရေနစ်သေဆုံးမှု ၂ကြိမ်ထိဖြစ်ပွားခဲ့တယ်လို့  သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ - [သတ်ဖြတ်ခံရတဲ့ နောင်းမီ ဒေသခံ ၄ ဦး၏ ရုပ်အလောင်းပြန်ပေးရန် ပြည်သူ့စစ်အဖွဲ့ ငြင်းဆန်ထား](https://burmese.kachinnews.com/2026/08/11/yl1-548/): ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တဲ့ နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို ပြန်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုခဲ့ပေမယ့် ပြည်သူ့စစ်အဖွဲ့က မပေးသေးဘူးလို့ သိရပါတယ်။ - [မြစ်ကြီးနား-မန္တလေးလမ်း ခရီးမသွားသင့်သေးကြောင်း ကားသမားတွေပြော](https://burmese.kachinnews.com/2026/08/11/am1-456/): ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ မြစ်ကြီးနား-မန္တလေး ကားလမ်းမှာ စစ်ရေးအခြေအနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိုင်းတချို့ ဆက်လက်ပိတ်ဆို့နေဆဲဖြစ်သလို ကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ - [မြေရှားလုပ်ကွက်မှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို လုပ်ခလစာပုံမှန်မပေးဘူးလို့ဆို ](https://burmese.kachinnews.com/2026/08/11/ld1-354/): ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအများစုကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလစာပေးရမယ့်အချိန်ရောက်ပေမယ့် ပုံမှန်ထုတ်မပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်။ - [SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေး မရပ်မနားကြိုးစားနေတဲ့အတွက် ပြည်သူတွေထောက်ခံဖို့ KIO ဥက္ကဋ္ဌတိုက်တွန်း](https://burmese.kachinnews.com/2026/08/10/yl1-547/): လူမျိုးချင်း ကိုယ်စီ ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ - SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေးကို မရပ်မနား လုပ်ဆောင်နေတာကြောင့် တိုင်းသူပြည်သားနဲ့ ကချင်ပြည်သူများအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးကြဖို့ KIO ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ - [ရွှေကူမှာတိုက်ပွဲတွေ ဆက်ဖြစ်နေ](https://burmese.kachinnews.com/2026/08/08/am1-455/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နှစ်ဖက်တပ်တို့ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း အသုံးပြုတာနဲ့ ရိက္ခာဖြည့်တင်းတာတွေဆက်လုပ်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ကချင်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အကြမ်းဖက်မှုများလာ](https://burmese.kachinnews.com/2026/08/08/dsa1-319/): ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေဟာ အကြမ်းဖက်မှုနဲ့ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်တာ ပိုမိုတွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [US မှာ ဖမ်းခံရတဲ့ ကချင်ကျောင်းသားနှစ်ဦး ပြန်လည်လွတ်မြောက်လာ](https://burmese.kachinnews.com/2026/08/08/dsa1-318/): အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဥပဒေ စိုးမိုးရေးအဖွဲ့ (ICE) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကချင်ကျောင်းသားနှစ်ဦး ပြန်လည်လွတ်မြောက်လာပြီလို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။ - [လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားနှစ်ဦး ထိခိုက်၊သေဆုံးမှုရှိ](https://burmese.kachinnews.com/2026/08/07/yl1-546/): ကသာမြို့နယ် ဝန်ဂရကျေးရွာမှာ စစ်ကောင်စီတပ်က စစ်တပ်သုံး လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အရပ်သား ၂ ဦး ထိခိုက်၊ သေဆုံးခဲ့ကြောင်းသိရပါတယ်။ - [VIP လိုင်းတွေကို မီးအပြည့်ပေးပြီး ပုံမှန်လိုင်းတွေကို ဖြတ်တောက်ထား](https://burmese.kachinnews.com/2026/08/07/zz1-405/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ EPC က လစဉ်ကြေးပိုပေးရတဲ့ VIP လျှပ်စစ်လိုင်းအသုံးပြုသူတွေကို အချိန်ပြည့်မီးပေးနေပြီး ပုံမှန်လျှပ်စစ်လိုင်းအသုံးပြုသူတွေကိုတော့ မီးဖြတ်တောက်ထားသလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မော်ဝမ်းလေး စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေ](https://burmese.kachinnews.com/2026/08/07/yl1-545/): ဖားကန့်မြို့နယ် မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ လက်နက်နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ နေရပ်ပြန်တော့မှာဖြစ်တာကြောင့်  ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ - [ရေဘေးကြောင့် အိမ်ထောင်စု ၇ စု အိမ်ခြေမဲ့၊ KIO ကူညီပေးဖို့စီစဉ်နေ](https://burmese.kachinnews.com/2026/08/06/yl1-544/): ဖားကန့်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် မမုံနဲ့ ဖားပြင်ကျေးရွာတွေမှာ အိမ်ခြေပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အိမ်ထောင်စု ၇ စု အိမ်ခြေမဲ့သွားခဲ့ရတယ်လို့ သိရပါတယ်။ - [မလိခမြစ်ရေမြင့်တက်မှုကြောင့် နောင်ခိုင်ရွာတဝက်ခန့်ရေနစ်မြှပ်](https://burmese.kachinnews.com/2026/08/06/zz1-404/): ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်မှာ မလိခမြစ်ရေမြင့်တက်လာတာကြောင့် နောင်ခိုင်ကျေးရွာနဲ့ စက်လှေဆိပ် တစ်ဝက်ခန့် ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [မိုးကြောင့် ကွင်းလမ်းသွားလာရေး ပိုခက်၊ ကုန်တင်ယာဉ်တွေကို ဆင်၊ ထွန်စက်နဲ့ ဆွဲထုတ်နေရ](https://burmese.kachinnews.com/2026/08/05/am1-454/): မန္တလေး–မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပေါ်က စီပိန်းကျေးရွာတစ်ဝိုက် ပင်မလမ်းပိုင်းကို အသုံးပြုလို့ မရသေးတာကြောင့် ကားတွေဟာ ကွင်းလမ်းကို အသုံးပြုနေကြရပါတယ်လို့ ကားသမားတွေပြောပါတယ်။ - [ရွှေကူတိုက်ပွဲမှာ အရေးပါတဲ့ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ကြောင်း KIO ပြော](https://burmese.kachinnews.com/2026/08/05/yl2-104/): စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ရှေ့တန်းခြေကုတ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောပါတယ်။ - [လယ်ယာမြေထဲရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ဒေသခံတွေတောင်းဆိုနေ](https://burmese.kachinnews.com/2026/08/05/zz1-402/): ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ဆင်လုံဒမ်း (၂) ကျေးရွာက လယ်မြေတွေမှာ ရွှေအလွန်အကျွံ တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဖားကန့်မှာ ရေဘေးထပ်ကြုံရတဲ့အခြေအနေဘယ်ရှိနေသလဲ။](https://burmese.kachinnews.com/2026/08/05/yl1-543/): ဖားကန့်မြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဥရုချောင်းနဘေးရှိ ကျေးရွာအများစုမှာ ရေဝင်ရောက်နစ်မြှုပ်ပြီး ပြည်သူတွေ ရေဘေးအန္တရာယ်ကို ဆက်လက်ကြုံတွေ့နေရပါတယ်။ - [ဘုန်းကြီးကျောင်းပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦးသေ၊သံဃာတစ်ပါးပျံလွန်တော်မူ](https://burmese.kachinnews.com/2026/08/05/am1-453/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာမှာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတဲ့အတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့သလို သံဃာတစ်ပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [မြစ်ကြီးနားမှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်](https://burmese.kachinnews.com/2026/08/05/dsa1-317/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ - [ခြိမ်းခြောက်ငွေတောင်းမှုတွေကြောင့် မြစ်ကြီးနား စျေးသည်တွေ ပိုခက်ခဲလာ](https://burmese.kachinnews.com/2026/08/04/dsa1-316/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Viber ကနေ ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [အလယ်တန်းအရွယ်ကလေးတွေ ရာမသုံးစွဲသူများလာ](https://burmese.kachinnews.com/2026/08/03/dsa1-315/): မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာမှာ အလယ်တန်းကျောင်းသားအရွယ်််တွေ ရာမသုံးစွဲသူတွေ များလာနေတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။ - [လမုန်ဇွပ်ဂိတ်မှာ အမျိုးသား ၅ ဦး ဖမ်းဆီးခံရ၊ စစ်ဆေးရေး ပိုတင်းကြပ်လာ](https://burmese.kachinnews.com/2026/08/03/ld1-353/): မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်း လမုန်ဇွပ်စစ်တပ်ဂိတ်မှာ အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ - [ပူတာအိုမှာ ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးတက်](https://burmese.kachinnews.com/2026/08/03/zz1-401/): ကချင်ပြည်နယ် ပူတာအိုဒေသမှာ ကုန်စည်ဝင်ရောက်မှု အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်လာပြီး ခရမ်းချဉ်သီးတစ်လုံးကို ကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ - [သားဖြစ်သူ ဓားဖြင့်ခုတ်သတ်မှုကြောင့် မိဘနှစ်ပါး သေဆုံး](https://burmese.kachinnews.com/2026/08/03/dsa1-314/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ သားဖြစ်သူက မိဘနှစ်ပါးကို ဓားနဲ့ခုတ်သတ်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေထံက သိရပါတယ်။ - [မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်လာတဲ့ ကလေးငယ်များ](https://burmese.kachinnews.com/2026/07/31/dsa1-312/): ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာဟာ နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ ရှိနေတယ်ဆိုတာကလည်း ဒေသခံတွေအတွက် အသစ်အဆန်း မဟုတ်တော့ပါဘူး။ - [ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးပြီး စပါးတွေရေနစ်မြုပ်ပျက်စီး](https://burmese.kachinnews.com/2026/07/31/zz1-400/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့် တာပိန်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံတွေရဲ့ စပါးခင်းတွေရေနစ်မြုပ်ပျက်စီးသွားပြီလို့ သိရပါတယ်။ - [Starlink အသုံးပြုခွင့်အပေါ် ကချင်ဒေသပြည်သူတွေရဲ့ စိုးရိမ်မှုအခြေနေ ဘယ်လိုရှိနေလဲ](https://burmese.kachinnews.com/2026/07/30/dsa1-311/): ဖုန်းလိုင်းနဲ့ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေ ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ Starlink ဟာ သတင်းအချက်အလက်ရယူဖို့၊ ဆက်သွယ်ရေးနဲ့ နေ့စဉ်လူမှုဘဝအတွက် ပြည်သူတွေ အားထားနေရတဲ့ အဓိက ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်လာနေပါတယ်။ - [ဟုမ္မလင်းမှာတိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2026/07/30/zz1-399/): စစ်ကိုင်းတိုင်းဒေသ ဟုမ္မလင်းမြို့နယ်အတွင်းမှာ KIA ပူးပေါင်းတပ်နဲ့ SNA တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မန္တလေး–မြစ်ကြီးနားပြန်ပိတ်လို့ အင်းတော်ကွင်းလမ်း ပြန်သုံးနေရ၊ လချီပိတ်မိတဲ့ကုန်ကားတွေလည်းရှိနေ](https://burmese.kachinnews.com/2026/07/30/am1-452/): မန္တလေး–မြစ်ကြီးနား အဓိကကုန်စည်လမ်းကြောင်းမှာ စစ်ရေးပြန်တင်းမာလာပြီးနောက် ကားသမားတွေ အင်းတော်ကွင်းလမ်းကို ပြန်သုံးနေရသလို၊ ဇူလိုင်လအစပိုင်းက ထွက်ခွာလာတဲ့ ကုန်တင်ယာဉ်တချို့လည်း လချီပိတ်မိနေတယ်လို့ ကားသမားတွေနဲ့ ခရီးသွားတွေဆီကပြောပါတယ်။ - [ကချင်စစ်ရှောင်များ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အခွင့်အလမ်းလိုအပ်](https://burmese.kachinnews.com/2026/07/30/dsa1-313/): ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အလှူရှင်အကူအညီများအပေါ်သာ မှီခိုနေရတာမျိုးမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများနှင့်အတူ ရေရှည်ရပ်တည်နိုင်ရန်အတွက် ထိရောက်တဲ့ မူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ကချင်တက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ - [ဥရုချောင်းပျက်စီးမှုနဲ့ ဖားကန့်ရဲ့ရေဘေးအန္တရာယ်](https://burmese.kachinnews.com/2026/07/30/yl-feature1/): တစ်ချိန်က မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းမြို့တော်လို့ လူသိများတဲ့ ဖားကန့်ဟာ ခုတော့ မိုးရာသီရောက်တိုင်း ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။ - [ဆိုင်ကယ်မတော်တဆမှုကြောင့် လူ ၂ ဦးသေဆုံး](https://burmese.kachinnews.com/2026/07/30/dsa1-310/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုကြောင့် ၄  ရက်အတွင်း လူ ၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ - [အမေရိကန်မှာ ကချင်ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ](https://burmese.kachinnews.com/2026/07/30/dsa1-309/): အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေ စိုးမိုးရေးအဖွဲ့ (ICE) က ကချင်ကျောင်းသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။ - [နွားသေဆုံးမှုများလာတဲ့အတွက် အသားစားသုံးသူတွေစိုးရိမ်မှုမြင့်တက်](https://burmese.kachinnews.com/2026/07/29/zm1-301/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်အတွင်း အရေပြားရောဂါဖြစ်နေတယ်လို့ ယူဆရတဲ့ နွားတွေ လမ်းဘေးနေရာတွေမှာ သေဆုံးနေတာတွေ့ရှိလာတာကြောင့် အသားစားသုံးသူတွေအကြား စိုးရိမ်စရာ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပြည်သူ့ဆေးရုံကြီးနဲ့ ကျောင်းတွေမှာ ဆိုင်ကယ်ခိုးမှုများလာ](https://burmese.kachinnews.com/2026/07/29/zm1-300/): မြစ်ကြီးနားမြို့တွင်းရှိ ပြည်သူ့ဆေးရုံကြီးနဲ့ အခြေခံပညာအထက်တန်းကျောင်းတချို့မှာ ဆိုင်ကယ်ခိုးယူခံရတဲ့ ဖြစ်စဉ်တွေ များလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ - [ကျောင်းသုံးပစ္စည်းအကြောင်းပြချက်နဲ့ ငွေကောက်ခံမှုရှိနေဟု မိဘများပြော](https://burmese.kachinnews.com/2026/07/29/zm1-299/): မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းတစ်ချို့မှာ ကျောင်းသား၊ကျောင်းသူတွေဆီက ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက KNG ကိုပြောပါတယ်။ - [မြစ်ကြီးနားမှာ ကြက်ဥတစ်လုံးတစ်ထောင်ကျပ်အထိ ပေးဝယ်နေရ](https://burmese.kachinnews.com/2026/07/29/zm1-298/): မြစ်ကြီးနားမြို့မှာ  ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင်အထိ ပေးဝယ်နေရတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက ပြောပါတယ်။ - [တံတားတွေ ဗုံးခွဲဖျက်ဆီးခံနေရတဲ့အတွက် သွားလာရေးအခက်တွေ့](https://burmese.kachinnews.com/2026/07/29/zz1-398/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သလို တံတားတွေကိုလည်း ဒရုန်းနဲ့ ဗုံးခွဲဖျက်ဆီးနေတာကြောင့ ပြည်သူတွေ သွားလာရေး အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ - [လုံကောက်ဆရာတော် ဖမ်းဆီးခံရတဲ့သတင်း မှန်ကန်မှုမရှိဟုဆို](https://burmese.kachinnews.com/2026/07/28/zz1-403/): ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ လုံကောက်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးနိန္ဒကို ဖမ်းဆီးခံရတယ်ဆိုတဲသတင်းဟာ မမှန်ကန်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ KNG ကိုပြောပါတယ်။ - [ဆိုင်ကယ်ဝယ်မယ့်ပုံစံ ဟန်ဆောင်ပြီး မောင်းပြေးမှုကြုံနေ](https://burmese.kachinnews.com/2026/07/27/zm1-302/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်တွေနဲ့ ပွဲစားတန်းတွေကို ပစ်မှတ်ထားပြီး ဆိုင်ကယ်ဝယ်ယူမယ့်ပုံစံ ဟန်ဆောင်ပြီးမောင်းပြေးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဆိုင်ကယ်ရောင်းဝယ်သူတွေက ပြောပါတယ်။ - [စစ်ကောင်စီတပ် ၄ ဦး မိုင်းဆွဲခံရ](https://burmese.kachinnews.com/2026/07/27/yl1-542/): ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးမှာ ထောင်မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ - [တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ](https://burmese.kachinnews.com/2026/07/27/dsa1-308/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊စန်းကားကျေးရွာအနီး တရုတ်နိုင်ငံသားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်ဝယ်ရ ပိုခက်ခဲလာ](https://burmese.kachinnews.com/2026/07/24/dsa1-307/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ်ဝယ်ယူဖို့ နှစ်လနီးပါးအထိ စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်ခရီးသွားရမယ့် ပြည်သူတွေအခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [လမ်းပြင်နေစဉ် ကုန်ကားကြီးတွေ ဖြတ်သန်းခွင့်ယာယီီီရပ်နားမယ်လို့ဆို](https://burmese.kachinnews.com/2026/07/24/zz1-397/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို ပြုပြင်နေတဲ့ကာလအတွင်း ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်နားထားမယ်လို့ ကားသမားတွေဆီကနေ ရပါတယ်။ - [ခိုးရာပါပစ္စည်းဝယ်ယူနေတဲ့အဖွဲ့ကို ဖော်ထုတ်အရေးယူပေးဖို့ မြစ်ကြီးနားပြည်သူတွေ တောင်းဆို](https://burmese.kachinnews.com/2026/07/24/zm1-297/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးရာပါပစ္စည်းတွေ ဝယ်ယူရောင်းချနေတဲ့ အဖွဲ့တွေကို ဖော်ထုတ်ပြီး ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ပြည်သူတွေ တောင်းဆိုနေပါတယ်။ - [ဟိုပင်လျှပ်စစ်ရုံး မီတာခကောက်ခံမှုအပေါ် ပြည်သူတွေနဲ့ အငြင်းပွားမှုများလာ](https://burmese.kachinnews.com/2026/07/24/dsa1-306/): ကချင်ပြည်နယ် ဟိုပင်မြို့က လျှပ်စစ်ရုံးတာဝန်ရှိသူတွေဟာ မြို့ခံပြည်သူတွေကို မီတာခအကြွေးဟောင်းဆိုပြီး ငွေထပ်တောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ ကုန်ဈေးအဆမတန်မြင့်တက်](https://burmese.kachinnews.com/2026/07/24/zm3-6/): မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ ပိတ်မိနေတာ ၁၀ ရက်ကျော်ကြာလာတဲ့နောက် မြစ်ကြီးနားမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက KNG ကို ပြောပါတယ်။ - [မြစ်ကြီးနားမှာ စက်သုံးဆီရည်ညွှန်းဈေးရှိပေမယ့်  ဆီဈေးမကျသေး](https://burmese.kachinnews.com/2026/07/24/zm2-34/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၆,၀၀၀ ကျပ် သတ်မှတ်ထားပေမယ့် လက်တွေ့မှာတော့ ပေါက်ဈေးနဲ့သာ ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ - [Starlink ပိတ်ဆို့မှုကြောင့် သန်းချီပြည်သူထိခိုက်ဟုဆို](https://burmese.kachinnews.com/2026/07/24/zm1-296/): မြန်မာနိုင်ငံမှာ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ပိတ်ဆို့မှုကြောင့် အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ အဖွဲ့အစည်း ၂၅၅ ဖွဲ့က ဇူလိုင် ၁၇ ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ - [စစ်ရှောင်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေပြော](https://burmese.kachinnews.com/2026/07/24/zz1-396/): ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာဘက်ကို စစ်ဘေးရှောင်လာတဲ့ အမတ်ပေါ်ကျေးရွာဒေသခံတွေ စစ်မှုထမ်းဖို့အတင်းအဓမ္မ ဖိအားပေးခံနေရတယ်လို့ ရှိန်းခေါင်ဒေသခံတွေက KNG ကို ပြောပါတယ်။ - [မြစ်ကြီးနား–မိုးညှင်း ရထားပြန်ပြေးဆွဲ](https://burmese.kachinnews.com/2026/07/23/zm1-295/): ကချင်ပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါး ရပ်နားထားခဲ့တဲ့ မြစ်ကြီးနား–မိုးကောင်း–မိုးညှင်း ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မီးရထားဝန်ထမ်းတွေဆီကနေ သိရပါတယ်။ - [နာမ့်ထွမ်ချောင်း ရွှေတူးဖော်မှုကြောင့် လယ်ယာမြေထိခိုက်မှာကို စိုးရိမ်](https://burmese.kachinnews.com/2026/07/23/zz1-395/): ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ နာမ့်ထွမ်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ရွှေတူးဖော်မှုကြောင့် လမ်းတံတားပျက်စီး၊ ဒေသခံတွေ သွားလာရေးခက်ခဲ](https://burmese.kachinnews.com/2026/07/22/ld1-352/): ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာမှာ ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ - [တစ်နှစ်ကျော်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့် ထွက်ပြေးတိမ်းရှောင်](https://burmese.kachinnews.com/2026/07/22/zm1-294/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းမှာ တစ်နှစ်ကျော်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း ထွက်ပြေးတိမ်းရှောင်သွားပြီလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ - [ရေဘေးသင့် ဖားကန့်ပြည်သူတွေ အရေးပေါ် အကူညီတွေလိုအပ်နေ](https://burmese.kachinnews.com/2026/07/21/yl1-541/): ရေဘေးကြုံတွေ့နေရတဲ့ ဖားကန့်ပြည်သူတွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ - [ကွာရှင်းရန် ပြောဆိုခံရပြီးနောက် အမျိုးသားတစ်ဦး အဆုံးစီရင်](https://burmese.kachinnews.com/2026/07/21/ld1-351/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်-နမ့်ဖတ်ကာကြား နမ့်ဖလွန်ကျေးရွာမှာ အိမ်ထောင်ရေးပြဿနာကြောင့် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ခေါင်လန်ဖူးဘက်ကို ကား ၆ စီးနဲ့ စစ်အင်အားဖြည့်နေလို့ဆို](https://burmese.kachinnews.com/2026/07/20/zz1-393/): ကချင်ပြည်နယ် ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ ဗျူဟာတပ်ကနေ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ကင်မရာဖလက်ရှ်မီးအောက်က ကံကြမ္မာ သို့မဟုတ် ဂန္ထဝင်မြောက် လက်ဆင့်ကမ်းခြင်း](https://burmese.kachinnews.com/2026/07/19/am1-451/): “ဓာတ်ပုံရိုက်တယ်ဆိုတာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သမိုင်းဝင်ဖြစ်ရပ်တစ်ခုရဲ့ အနှစ်သာရကို ကင်မရာမှန်ဘီလူးထဲ ထည့်လိုက် တာပဲ”တဲ့။ ဂန္ထဝင် လမ်းဘေးသတင်းဓာတ်ပုံဆရာကြီး ဟင်နရီ ကာတီယာ–ဘရက်ဆွန် Henri Cartier-Bresson ရဲ့အဆိုအမိန့်ပါ။ - [ထီးချိုင့်–ကသာလမ်းပိုင်းမှာ တိုက်ပွဲပြန်ပြင်းထန်](https://burmese.kachinnews.com/2026/07/18/am1-450/): စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ် ထီးချိုင့်-ကသာလမ်းပိုင်း ကျောက်မှော်ရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ - [အင်းတော်ကြီးနဲ့ ဆယ်ဇင်း နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ](https://burmese.kachinnews.com/2026/07/18/yl1-540/): မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ဖက်ခြမ်းနဲ့ ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ - [မိုင်ဂျာယန်လမ်းပိုင်းပျက်စီးနေမှုကြောင့် ဒေသခံနဲ့ ကုန်သည်တွေသွားလာရေးခက်ခဲနေ](https://burmese.kachinnews.com/2026/07/17/ld1-350/): ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မန်ဝိန်းကြီး–မိုင်ဂျာယန်လမ်းပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွံ့ဗွက်ထူပြီး လမ်းပျက်စီးနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စိမ်းရောင်းဝယ်သူတွေ သွားလာရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ - [မြေပြင်ထိုးစစ်အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်](https://burmese.kachinnews.com/2026/07/17/zz1-394/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြေပြင်ထိုးစစ်အတွင်း အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ KIA ပူးပေါင်းတပ်ဘက်က သတင်းရင်းမြစ်တွေထံက သိရပါတယ်။ - [တောင်ပြိုမှုကြောင့် ဆဒုံး–ကန်ပိုင်တီလမ်း ခရီးသွားလာလို့မရသေးဟုဆို](https://burmese.kachinnews.com/2026/07/17/ld1-349/): ကချင်ပြည်နယ် ဝိုင်းမော်–ဆဒုံး–ကန်ပိုင်တီလမ်းမှာ တောင်ပြိုမှုတွေကြောင့် လမ်းပိတ်နေပြီး ခရီးသွားလာလို့ မရသေးဘူးလို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲတွင်းအရပ်သား ၇ ဦး သေဆုံး](https://burmese.kachinnews.com/2026/07/17/am1-449/): မန္တလေး– မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနဲ့ အင်းတော်–ကသာလမ်းပိုင်းတိုက်ပွဲအတွင်း ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ခေါင်လန်ဖူးမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေ](https://burmese.kachinnews.com/2026/07/16/zz1-392/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲမှာ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [အရက်၊ဘီယာပုလင်းခွံတွေ မြစ်ထဲစွန့်ပစ်တာတွေမလုပ်ကြဖို့ တောင်းဆို](https://burmese.kachinnews.com/2026/07/16/dsa/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်မှာအရက်၊ဘီယာပုလင်းခွံစွန့်ပစ်တာတွေ မလုပ်ကြဖို့ ရပ်ကွက်နေပြည်သူတွေ တောင်း ဆိုနေကြပါတယ်။ - [ဆီဆိုင်လိုင်စင်တိုးဖို့ ထောက်ခံချက်အတွက် ကျပ် ၇ သိန်းကျော်ကုန်ကျဟုဆို](https://burmese.kachinnews.com/2026/07/16/zm1-293/): မြစ်ကြီးနားမြို့နယ်တွင်း စက်သုံးဆီအရောင်းဆိုင်ကြီးတွေ လိုင်စင်သက်တမ်းတိုးရာမှာ မီးသတ်ဦးစီးဌာနရဲ့ ထောက်ခံချက်ရယူဖို့ ငွေကျပ် ၇ သိန်းကျော် ကုန်ကျနေရတယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တွေက KNG ကို ပြောပါတယ်။ - [ကချင်ဒေသ မြို့နယ် ၃ ခုမှာ စစ်ရေးတင်းမာ၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုရှိနေ](https://burmese.kachinnews.com/2026/07/16/zam1/): ကချင်ဒေသထဲက  မြိုန့ယ် ၃ ခုမှာ ဒီရက်ပိုင်း စစ်ရေးတင်းမာမှုရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ - [ကချင်စစ်ရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း လိုအပ်နေ](https://burmese.kachinnews.com/2026/07/16/zm1-292/): ကချင်ဒေသရှိ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ - [မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2026/07/15/dsa1-305/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။ - [မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို](https://burmese.kachinnews.com/2026/07/15/ld1-348/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။ - [ရွှေတူးဖော်မှုကြောင့် မြစ်ကြီးနား–ပူတာအိုလမ်း မြေပြိုမှုများလာဟုဆို](https://burmese.kachinnews.com/2026/07/15/ld1-347/): မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း မြေပြိုမှုတွေဟာ မလိခမြစ်ကမ်းပါးတစ်လျှောက် ရွှေအလွန်အကျွံတူးဖော်မှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။ - [စစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုမရှိခြင်းကြောင့် ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေလို့ KHRWပြော](https://burmese.kachinnews.com/2026/07/15/dsa1-304/): ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်နေတာဟာ နိုင်ငံတကာအဖွဲ့အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ ဥပဒေကိုတွေ ကာကွယ်ဖို့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ KHRWရဲ့ ၂၀၂၆ ဇူလှိုင် ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ - [ပိတ်မိနေတဲ့ ခရီးသွားနဲ့ကားသမားတွေအတွက် ကသာဒေသခံတွေ ထမင်းဝေ](https://burmese.kachinnews.com/2026/07/15/am1-448/): မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် ရက်ရှည်ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေကို ကသာမြို့နဲ့ အနီးဝန်းကျင်က ဒေသခံတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက နေ့စဉ် ထမင်းချက်ကျွေးပြီး လိုက်လံဝေငှပေးနေကြတယ်လို့ သိရပါတယ်။ - [ကသာ–နဘားလမ်းပိုင်း ယာယီသွားလာခွင့်ပြန်ရပေမယ့် လမ်းအခြေအနေ မတည်ငြိမ်သေး](https://burmese.kachinnews.com/2026/07/14/am1-447/): မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးရဲ့ ကသာ–နဘားလမ်းပိုင်းမှာ ကားတချို့ ပြန်လည်သွားလာနိုင်လာပေမယ့် လမ်းတစ်လျှောက်လုံးကို ပုံမှန်အတိုင်း သွားလာနိုင်တဲ့အခြေအနေတော့ မဟုတ်သေးဘူးလို့ အဲဒီလမ်းကို အသုံးပြုနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ - [ကားဝင်တိုက်မိပြီး ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရရှိပြီး ဓါတ်တိုင်ပျက်စီး](https://burmese.kachinnews.com/2026/07/14/yl1-539/): ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ မောင်းနှင်လာတဲ့ ကားဝင်တိုက်မိပြီး ကလေးငယ်တစ်ဦး လက်ကျိုးသွားတဲ့အပြင် ဓါတ်တိုင် ၃ ချောင်းကျိုးကျသွားတယ်လို့ သိရပါတယ်။ - [ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားလို့ ခရီးသွားသည်နဲ့ကားသမားတွေအခက်ကြုံ](https://burmese.kachinnews.com/2026/07/14/am1-446/): စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားတဲ့အတွက် ခရီးသည်၊ ကားသမားတွေအပြင် နေ့စဉ်ဇက်ကူးသွားလာနေတဲ့ ဒေသခံတွေပါ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မြစ်ကြီးနားမှာ အသက်မပြည့်တဲ့ ကလေးငယ်များ မူးယစ်ဆေးရောင်းချနေဟုဆို](https://burmese.kachinnews.com/2026/07/14/dsa1-303/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ မူးယစ်ဆေးဝါးရောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ - [ခေါင်လန်းဖူးမြို့နယ်ထဲက စစ်တပ်စခန်းတစ်ချို့ KIA သိမ်းပိုက်](https://burmese.kachinnews.com/2026/07/13/zz1-391/): ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်၊ လာဟီဆင်–ခေါင်လန်ဖူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့ကို KIA ဘက်က သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ - [ကျောင်းဆောက်ဖို့ ငွေကောက်ခံမှုကြောင့် နောင်းချိန်းဒေသခံနဲ့စစ်ရှောင်များ အခက်ကြုံ](https://burmese.kachinnews.com/2026/07/13/dsa1-302/): ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာ၊ အထက်တန်းကျောင်းမှာ ကျောင်းဆောင်သစ်ဆောက်ဖို့အတွက် ငွေကြေးကောက်ခံမှုတွေရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေ နဲ့ ဒေသခဲံကျောင်းသားမိဘတွေ အခက်ကြုံ နေရတယ်လို့ သိရပါတယ်။ - [ဆားမှော်ကျေးရွာက ဖမ်းဆီးခံရသူတွေအားလုံး ပြန်လည် လွတ်မြောက်လာ](https://burmese.kachinnews.com/2026/07/10/dsa1-301/): ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော် ကျေးရွာက ဖမ်းဆီးခံရတဲ့ ပြည်သူတွေအားလုံး ပြန်လည် လွတ်မြောက်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [မြေပြိုမှုကြောင့် လမ်းပိုင်းတစ်ချို့နဲ့ နေအိမ်များပျက်စီးမှုရှိနေ](https://burmese.kachinnews.com/2026/07/09/ld1-346/): ကချင်ပြည်နယ်််အတွင်း ဒီရက်ပိုင်းမိုးသည်ထန်စွာရွာသွန်းနေတဲ့တွက် မြေပြိုမှုတွေဆက်တိုက်ဖြစ်နေပါတယ််။ - [လစာထဲ ငွေစက္ကူအစုတ်များ ပါဝင်လာသဖြင့် ဝန်ထမ်းတစ်ချို့ အခက်ကြုံ](https://burmese.kachinnews.com/2026/07/09/dsa1-300/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက်က အစိုးရဝန်ထမ်းတစ်ချို့ရဲ့ လစာတွေမှာ ငွေစက္ကူအစုတ်တွေ အများအပြားပါဝင်လာတာကြောင့် စျေးဝယ်ရာမှာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။ - [တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့](https://burmese.kachinnews.com/2026/07/09/ld1-345/): ကွတ်ခိုင်မြို့နယ် တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး KIA တပ်သားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကာ နှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ - [ပိတ်မိနေတဲ့ ကုန်တင်ကားပေါ်က ကုန်များ ပုပ်သိုး၊ ကုန်သည်များ ထက်ဝက်ဈေးဖြင့် အရှုံးခံရောင်းချ](https://burmese.kachinnews.com/2026/07/09/am1-445/): ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေတာကြောင့် ယာဉ်ပေါ်တင်ဆောင်လာတဲ့ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ စားသောက်ကုန်တချို့ ပုပ်သိုးလာနေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ - [ဆားမှော်ကျေးရွာမှာ ကလေးငယ်သုံးဦး နဲ့ ဘာသာရေးဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ](https://burmese.kachinnews.com/2026/07/08/dsa1-298/): ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာမှာ ကလေးငယ် ၃ ဦး၊ ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦး အပါအဝင် လူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီ လက်အောက် ပြည်သူ့စစ် တပ်ဖွဲ့က ယနေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ - [ရွှေကူမှာ စစ်ကောင်စီတပ် စစ်ကြောင်းအများစု ပြန်ဆုတ်](https://burmese.kachinnews.com/2026/07/08/zz1-390/): ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ - [မြစ်ဆုံစီမံကိန်း — ဖွံ့ဖြိုးရေးစီမံကိန်းလား၊ နယ်မြေ ထိန်းချုပ်ရေး မဟာဗျူဟာလား](https://burmese.kachinnews.com/2026/09/28/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8-%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96/): စီမံကိန်းကို ဖွံ့ဖြိုးရေးအဖြစ် တင်ပြနိုင်သော်လည်း တစ်ချိန်တည်းတွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေထိန်းချုပ်မှု ဆိုင်ရာ အကျိုးဆက်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ - [မြစ်ကြီးနားမှာ ဆန်ဈေး သိသိသာသာမြင့်တက်](https://burmese.kachinnews.com/2026/09/28/am1-493/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တချို့ရဲ့ ဈေးနှုန်းတွေ ဩဂုတ်လနဲ့နှိုင်းယှဉ်ရင် ပြန်ကျလာပေမယ့် ဆန်ဈေးနှုန်းကတော့ သိသိသာသာ မြင့်တက်လာပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခက်အခဲတွေလည်း ဆက်ရှိနေတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။ - [မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူ့အသံ နားထောင်ပေးဖို့ ဝိုင်းမော်ဒေသခံတွေ တောင်းဆို](https://burmese.kachinnews.com/2026/09/28/ld1-366/): မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့အသံကို နားထောင်ပေးဖို့နဲ့ ဧရာဝတီမြစ်ကို သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းခွင့်ပေးဖို့ ဝိုင်းမော်ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ - [ကချင်ဒေသတစ်ချို့ လေကြောင်းတိုက်ခိုက်ခံရ ၊ လိုင်ဇာဘက်မှာ လေယာဉ်ပျံဝဲခဲ့](https://burmese.kachinnews.com/2026/09/24/yl1-556/): စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာပဲ KIO ထိန်းချုပ်ရာ လိုင်ဇာနဲ့ ဖားကန့်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ - [ညောင်ပင်သာရွာ လက်နက်ကြီးပစ်ခတ်ခံရ၊ အမျိုးသမီး ၁ ဦးသေ ၄ ဦးဒဏ်ရာရ](https://burmese.kachinnews.com/2026/09/24/am1-492/): စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ မောင်းကုန်းထူးဆိပ် ကမ်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ - [ဖမ်းခံရတဲ့ နာဂလူငယ် ၁၁ ဦး ခံဝန်ကတိနဲ့ပြန်လွတ်လာ](https://burmese.kachinnews.com/2026/09/24/zz1-426/): စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံရတဲ့ နာဂလူငယ် ၁၁ ဦး ခံဝန်ကတိထိုးပြီး ပြန်လွတ်လာတယ်လို့ဒေသခံတွေပြောပါတယ်။ - [လေကြောင်းဗုံးကြဲခံရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်](https://burmese.kachinnews.com/2026/09/24/am1-491/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေ နေရပ်ပြန်နေထိုင်ဖို့ အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက ၉ ဦး ပြန်လွှတ်ပေး](https://burmese.kachinnews.com/2026/09/24/zz1-425/): ကချင်ပြည်နယ်၊ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၂၀၀ နီးပါးထဲက ဆေးသမား ၈ ဦးကို ပြန်လွှတ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [NUG နဲ့ တရုတ်ကြား ထိတွေ့ဆက်ဆံမှုတွေ ရှိနေဟု ဒုဝန်ကြီးပြော](https://burmese.kachinnews.com/2026/09/23/am1-490/): တရုတ်နိုင်ငံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား ထိတွေ့ဆက်ဆံမှုတွေဟာ လူအများမြင်တွေ့နိုင်တဲ့ အဆင့်မှာ မရှိပေမယ့် အလွှာလိုက်ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး David Gum Awng က ပြောပါတယ်။ - [မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ လေကြောင်းဗုံးကြဲခံရ၊ ကားသမားနဲ့ စပါယ်ယာ သေဆုံး](https://burmese.kachinnews.com/2026/09/23/am1-489/): စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းတစ်နေရာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်တပ်က Y-12 လေယာဉ်အသုံးပြုပြီး ဒီနေ့ စက်တင်ဘာ ၂၃ ရက် နေ့လည်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [မီတာခ အဆမတန်တက်ရင် ဘူးဂါးလျှပ်စစ်ရုံးမှာ လာရောက်ဖြေရှင်းနိုင်ဟုဆို](https://burmese.kachinnews.com/2026/09/22/am1-488/): မြစ်ကြီးနားမြို့မှာ မီတာခ အဆမတန် မြင့်တက်တာမျိုး ကြုံရရင် ဘူးဂါးလျှပ်စစ်ရုံးကို လာရောက်တိုင်ကြားပြီး ဖြေရှင်းနိုင်တယ်လို့ ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ - [ခေါင်လန်ဖူးမှာ တိုက်ပွဲဆက်ပြင်းထန်နေ](https://burmese.kachinnews.com/2026/09/22/zz1-424/): ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက စစ်တပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်တွေရဲ့ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါစခန်းကုန်းကို သိမ်းပိုက်ခံရပြီးနောက် နှစ်ဖက်တပ်တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ - [စစ်သင်္ဘောတွေ ပြန်စုန်လာချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/09/22/am1-487/): ဗန်းမော်နဲ့ ရွှေကူဘက်ကနေ မန္တလေးဘက်ကို စစ်သင်္ဘောတွေ ပြန်စုန်ဆင်းလာချိန် ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။ - [မော်ဖောင်းနဲ့ အကျဲရွာတစ်လျှောက် ရာမပြဿနာ ပိုဆိုးရွား](https://burmese.kachinnews.com/2026/09/22/dsa1-334/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အကျဲ၊ မော်ဖောင်း၊ ရှဒေါင်နဲ့ ဂတ်ရှယန်ကျေးရွာတစ်လျှောက်မှာ ရာမရောင်းဝယ်သုံးစွဲမှု ပြဿနာ အလွန်ဆိုးရွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ခေါင်လန်ဖူးနယ်စပ်မှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖို့ပြင်ဆင်](https://burmese.kachinnews.com/2026/09/22/zz1-423/): ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ - [ပူတာအိုမှာ လူငယ် ၂၀၀ ဝန်းကျင်ဖမ်းဆီးခံရ](https://burmese.kachinnews.com/2026/09/21/zz1-422/): ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လူငယ် ၁၅၀ ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ တန်ဂူးတန်ပြည်သူ့စစ်နဲ့နီးစပ်သူတွေ KNG ကို ပြောပါတယ်။ - [Pantoja ကို အမှတ်နဲ့အနိုင်ယူ၊ Joshua Van ချန်ပီယံခါးပတ် ဆက်ထိန်း](https://burmese.kachinnews.com/2026/09/20/am1-486/): “အခု ကျွန်တော့်ကို ထပ်ပြီး သံသယဝင်ကြည့်ကြစမ်းပါဦး” Joshua Van ခါးပတ်ဆက်ထိန်း - [မြစ်ဆုံမှာ ဘယ်သူတွေ ရွှေတူးနေကြသလဲ၊ မြစ်ဆုံ ပျောက်ကွယ်တော့မှာလား](https://burmese.kachinnews.com/2026/09/19/ld1-365/): ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံဒေသမှာ အကြီးစားရွှေတူးဖော်မည့်လုပ်ငန်းများကို ရေကာတာစီမံကိန်းအဖွဲ့ တရုတ်ကုမ္ပဏီ CPI ၊ စစ်တပ်ထောက်တိုင် လုပ်ငန်းရှင်ကြီးများနဲ့ တရုတ်လုပ်ငန်းရှင်များကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပြုတော့မယ့်အကြောင်း စစ်တပ်ဘက်က ပြောဆိုထားတယ်လို့ မြေပြင်အခြေနေ သိရှိတဲ့သူတွေက ပြောပါတယ်။ - [နယ်မပြောင်းချင်တဲ့ ရဲတွေကို သိန်း ၁၀၀ အထိ တောင်းခံနေတယ်လို့ဆို](https://burmese.kachinnews.com/2026/09/19/zm1-318/): ကချင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေအပြောင်းအရွှေ့မှာ ငွေကြေးပေးနိုင်သူတွေကို နယ်မပြောင်းဘဲ လူစားထိုးပြောင်းရွှေ့ပေးနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တချို့က KNG ကို ပြောပါတယ်။ - [တကောင်းနီကယ်စက်ရုံဆိပ်ကမ်းမှာ ရပ်နားခဲ့တဲ့ စစ်သင်္ဘောအုပ်စု ဘာတွေလုပ်နေလဲ](https://burmese.kachinnews.com/2026/09/19/am1-485/): မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို ဒုတိယအကြိမ် ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဥ် ၃၃ စီးပါ အုပ်စုဟာ စက်တင်ဘာ ၄ ရက်နေ့မှာ စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ - [ရွှေကူမှာ နောင်ကုပ်ရွာ ဗုံးကျဲခံရပြီး အရပ်သား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/09/19/am1-484/): ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ထဲက နောင်ကုပ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ - [မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2026/09/18/zm1-317/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကြက်ခြေနီခြံဝန်းအတွင်း အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ ဆေးရှော့ဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ - [KIA ဒုတပ်ရင်းမှူးဟု စွပ်စွဲဖမ်းဆီးခံရသူမှာ ကျောက်လုပ်ငန်းရှင်ဖြစ်ကြောင်း ပြော](https://burmese.kachinnews.com/2026/09/18/yl1-555/): ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က KIA ဒုတပ်ရင်းမှူးတစ်ဦးဖြစ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိမဟုတ်ဘဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ - [စင်းခန်းတံတားတစ်ဝှိုက် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၊ ဒေသခံများ နေရပ်စွန့်ခွာနေရ](https://burmese.kachinnews.com/2026/09/18/am1-483/): ကချင်ပြည်နယ် ဗန်းမော်၊ မံစီနဲ့ ဇင်းဘုံ၊စင်းခန်းတံတားတစ်ဝှိုက်ဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။ - [SNA တပ်သားသစ်စုဆောင်းရာမှာ ရွေ့လျားစျေးသည်တွေပါ ဖမ်းဆီးလာတယ်လို့ဆို](https://burmese.kachinnews.com/2026/09/18/zz1-421/): ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် ဆိုင်ကယ်၊ သုံးဘီးနဲ့ လှည့်လည်ဈေးရောင်းနေကြတဲ့ ရွှေ့လျားစျေးသည်တွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ရေယာဉ် ၁၈ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ပြော](https://burmese.kachinnews.com/2026/09/18/am1-482/): မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်အုပ်စုတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရေယာဉ် ၁၈ စီးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ - [ဖမ်းဆီးထားသူ ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ENDA ပြော](https://burmese.kachinnews.com/2026/09/18/zz1-420/): စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ENDA က တပ်သားသစ်စုဆောင်းဖို့ ဖမ်းဆီးထားတဲ့သူတွေထဲက ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ENDA တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ - [KIO အရာရှိ ၁၃ ဦး ပြစ်ဒဏ်စေ့ပြီ ပြန်လွတ်](https://burmese.kachinnews.com/2026/09/17/ld1-364/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ KIO အရာရှိ ၁၃ ဦးဟာ ပြစ်ဒဏ်ကျခံပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ KIO နဲ့နီးစပ်သူတွေထံက သိရပါတယ်။ - [ကောင်ရာဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် မိသားစုဝင် ၂ ဦး ကျန်းမာရေးစိုးရိမ်ရ](https://burmese.kachinnews.com/2026/09/17/yl1-554/): ကချင်ပြည်နယ်၊တနိုင်းမြို့အဝင် လီဒိုလမ်းမပေါ်က နောင်းလုံ ကောင်ရာကျေးရွာမှာ အစည်းအဝေးလုပ်နေချိန် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က နေအိမ်အထိ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတဲ့ဖြစ်စဉ်ဟာ ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ - [ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေပြော](https://burmese.kachinnews.com/2026/09/17/zm1-316/): တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ကုန်ပစ္စည်းသယ်ယူရာမှာ တရားဝင်အခွန်အပြင် လမ်းတလျှောက် ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးနေရတာကြောင့် ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေက ပြောပါတယ်။ - [ပူတာအို လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲပေးဖို့ ဒေသခံတောင်းဆို](https://burmese.kachinnews.com/2026/09/17/zz1-419/): ကချင်ပြည်နယ် ပူတာအို-မြစ်ကြီးနား လေကြောင်းလိုင်းတွေကို  တိုးချဲ့ပြေးဆွဲပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ - [ကချင်မှာ ART ဆေးပြတ်လပ်လာလို့ HIV လူနာတွေ စိုးရိမ်နေရ](https://burmese.kachinnews.com/2026/09/17/zm1-315/): ကချင်ပြည်နယ်အတွင်း HIV ပိုးထိန်းဆေး ART ပြတ်လပ်နေတဲ့အတွက် HIV လူနာတွေ စိုးရိမ်မှု မြင့်တက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ - [ရွှေကူကနေအထက်ကို ဆန်တက်လာတဲ့ ရေယာဉ် ၂ စီး နစ်မြုပ်](https://burmese.kachinnews.com/2026/09/16/am1-481/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အထက်ပိုင်းမှာ ရွှေကူဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ရေယာဉ် ၃ စီးအနက် ၂ စီးဟာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး နစ်မြုပ်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ - [မူးယစ်ဆေးရောင်းတဲ့ ဒိုင်ကြီးတွေကို ငွေယူပြီး ပြန်လွတ်ပေးတာ၊ ရှောင်ပြေးခိုင်းတာတွေ ရှိနေ](https://burmese.kachinnews.com/2026/09/16/dsa1-333/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒိုင်လတ်နဲ့ ဒိုင်ကြီးတွေကို ပိုက်ဆံယူပြီး ပြန်လွတ်ပေးတာနဲ့ ကြိုတင်ရှောင်ပြေးခိုင်းတာမျိုးတွေ ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။ - [ပရဟိတအသင်းတွေ မှုခင်းသတင်း မတင်ဖို့ နယ်ထိန်းရဲတွေ သတိပေးထား](https://burmese.kachinnews.com/2026/09/16/dsa1-332/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ပရဟိတလူမှုကူညီရေးအသင်းတွေကို ရဲအရေးပိုင်မှုခင်းတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို ရဲဌာနရဲ့ ခွင့်ပြုချက်မရဘဲ လိုင်းပေါ်မတင်ဖို့ ကန့်သတ်လာတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ - [ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေလုံခြုံရေးကြောင့် ရဲတွေရဲ့ မူလတာဝန်ပျက်ကွက်နေ](https://burmese.kachinnews.com/2026/09/15/zm1-314/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီခန့်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေအတွက် လုံခြုံရေးယူပေးနေရတာကြောင့် နယ်မြေခံရဲတွေဟာ မူလတာဝန်တွေကို ထိထိရောက်ရောက် မလုပ်နိုင်ပဲဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ မြို့ခံတွေက ပြောပါတယ်။ - [ဆင်လုံဒမ်းရွာလယ်ခေါင်က ချောင်းမှာ ရွှေတူးဖော်နေ](https://burmese.kachinnews.com/2026/09/15/zz1-418/): ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်ထဲက ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ဆင်လုံဒမ်းချောင်းမှာ ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ - [လာမယ့်အပတ် Joshua Van ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ လာပြီ](https://burmese.kachinnews.com/2026/09/15/am1-480/): မြန်မာနိုင်ငံဖွား UFC ချန်ပီယံ Joshua Van ရဲ့ နောက်ထပ်ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုတော့ ဒီလာမယ့် စက်တင်ဘာ ၁၉ ရက်မှာ ကြည့်ရတော့မှာပါ။ - [မန္တလေး–မြစ်ကြီးနား ခရီးစဉ် တစ်ပတ်နီးပါးကြာ၊ကသာမှာ ဇက်ကူးပြီး သွားလာနေရ](https://burmese.kachinnews.com/2026/09/14/am1-479/): ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ အဓိကလမ်းပိုင်းမှာ လက်ရှိအချိန်ထိ သွားလာရေး အခက်အခဲတွေ ရှိနေသေးတာကြောင့် ခရီးသည်တင်ကားတွေဟာ လမ်းကြောင်းပြောင်းပြီး ကသာမြို့ဘက်ကို ဇက်ကူးကာ သွားလာနေရတယ်လို့  ကားသမားတွေဆီကနေ သိရပါတယ်။ - [ကောင့်ဂျာယန်တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်](https://burmese.kachinnews.com/2026/09/14/yl1-553/): ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်ဘက်မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်သွားတဲ့အထိ ထိခိုက်မှုများခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ - [ရွာပေါင်း ၁၈ ရွာ လေကြောင်းဗုံးကြဲခံရ၊ အိမ်ခြေထောင်ချီပျက်စီး](https://burmese.kachinnews.com/2026/09/14/zz1-417/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေထောင်ချီ ပျက်စီးသွားပြီလို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးနဲ့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [စစ်တပ် နဲ့ KIO တွေ့ဆုံဆွေးနွေးဖို့ အလှမ်းဝေးနိုင်သေးကြောင်း လေ့လာသုံးသပ်သူများ ပြောဆို](https://burmese.kachinnews.com/2026/09/12/yl1-552/): အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ သတင်းထွက်ပေါ်နေပေမယ့် တွေ့ဆုံနိုင်ဖို့ အလှမ်းဝေးနိုင်သေးတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ - [ကျောင်းမှာ ငွေကြေးကောက်ခံမှုတွေကြောင့် မိဘတစ်ချို့ အခက်တွေ့နေ](https://burmese.kachinnews.com/2026/09/12/dsa1-331/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စာသင်ကျောင်းတချို့မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြေးကောက်ခံနေတာကြောင့် ကျောင်းသားမိဘတချို့ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။ - [အမျိုးသမီးတစ်ဦး ဓာတ်လှေကားစက် ချို့ယွင်းမှုကြောင့် ခြေထောက်ပြင်းထန်ဒဏ်ရာရ](https://burmese.kachinnews.com/2026/09/11/zm1-313/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဓာတ်လှေကားစက် ချို့ယွင်းမှုကြောင့် တံခါးနဲ့ ညှပ်မိပြီး ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ - [ဗလမင်းထင်တံတားကနေ အခြေခံစားသောက်ကုန်တွေ အမြန်ဆုံးတင်သွင်းခွင့်ပြုဖို့ တောင်းဆို](https://burmese.kachinnews.com/2026/09/11/zm1-312/): မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေဝင်ရောက်လာတဲ့ ဗလမင်းထင်တံတားကနေ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာ အခုဆိုရင် တစ်လကျော်ရှိလာပြီလို့ ကုန်သည်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။ - [နန့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခံရ၊ လေယာဉ်ဆင်းသက်မရသေး](https://burmese.kachinnews.com/2026/09/11/zm1-311/): မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နန့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာ ၁၀ ရက်အထိ လေယာဉ်တွေ ပုံမှန်ဆင်းသက်လို့ မရသေးဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ - [ခေါင်လန်ဖူးဒေသမှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲ](https://burmese.kachinnews.com/2026/09/11/zz1-416/): ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - [မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း အသက် ၁၅ မှ ၄၀ အောက် ခရီးသွားခွင့် ကန့်သတ်ထား](https://burmese.kachinnews.com/2026/09/10/zz1-415/): ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၄၀ အောက် ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်က ခရီးသွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ - [ရေကြောင်းလမ်း အမြန်ပြန်ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆို](https://burmese.kachinnews.com/2026/09/09/zz1-414/): ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားတဲ့ ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ - [စစ်တပ်ရဲ့ ရေယာဉ် ၂ စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIO ပြော](https://burmese.kachinnews.com/2026/09/09/am1-478/): ကချင်ပြည်နယ် ရွှေကူမြို့မှာ ကမ်းကပ်ထားတဲ့ စစ်တပ်ရဲ့ ဒုတိယအကြိမ် ဧရာဝတီရေကြောင်းစစ်ကြောင်းထဲက ရေယာဉ် ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် ဒီနေ့ စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းမှာ မီးလောင်ပျက်စီးသွားတယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို အတည်ပြုပြောပါတယ်။ - [စင်းခန်းတံတား ဘာကြောင့်အရေးကြီးလဲ၊ ဒုတိယအကြိမ် ဧရာဝတီရေကြောင်းစစ်ကြောင်း ဘယ်ကိုဦးတည်နေလဲ](https://burmese.kachinnews.com/2026/09/09/am1-477/): မန္တလေးဂေါဝန်ဆိပ်ကမ်းဘက်မှ ဒုတိယအကြိမ် ဆန်တက်လာသည့် ရေယာဉ်အုပ်စုထဲမှ ရေယာဉ် ၄ စီးသည် ကသာမြို့တွင် တစ်ညအိပ်ရပ်နားပြီးနောက် စက်တင်ဘာလ ၈ ရက် ယနေ့နံနက်တွင် ဧရာဝတီမြစ်အတိုင်း အထက်ဘက်သို့ ဆက်လက်ဆန်တက် သွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောသည်။ - [MNDAA မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲ၊ အရပ်သားနဲ့ တပ်သားတစ်ချို့ ထိခိုက်](https://burmese.kachinnews.com/2026/09/08/ld1-363/): ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ကောင်းဆာကျေးရွာအနီးမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲပြီး အရပ်သားတွေနဲ့ ကိုးကန့်တပ်သားတစ်ချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ဝေမာသကြားစက်ရုံအနီး ရေဆိပ်မှာ ဖလပ်သံခွန် ၂၈ စီးကမ်းကပ်၊ ကျောက်မီးသွေးချရန်ပြင်ဆင်နေ](https://burmese.kachinnews.com/2026/09/08/am1-476/): မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုထဲက ဖလပ်သံခွန် ၂၈ စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဝေမာသကြားစက်ရုံအနီး ရေဆိပ်မှာ ကမ်းကပ်ပြီး ကျောက်မီးသွေး ချဖို့ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ - [စင်းခန်းတံတား လေကြောင်းဗုံးကြဲခံရ၊ ဒေသတွင်း တိုက်ပွဲဆက်ဖြစ်နေ](https://burmese.kachinnews.com/2026/09/07/am1-475/): ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောယာဉ်တန်းတွေ စင်းခန်းဒေသအနီးမှာ တိုက်ခိုက်ခံနေရချိန် စင်းခန်းဧရာဝတီမြစ်ကူး ကားနဲ့ရထားသွား သံမဏိသံဘောင်တံတားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ ဗန်းမော်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ - [မြစ်ကြီးနားမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး](https://burmese.kachinnews.com/2026/09/07/dsa1-330/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ - [ပူတာအိုမှာ စည်းကမ်းမဲ့နွားတွေ ဖမ်းဆီးခံရ၊ ငွေနဲ့ပြန်ရွေးရ](https://burmese.kachinnews.com/2026/09/07/zz1-413/): ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွတ်ထားတဲ့ နွားတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး နွားပိုင်ရှင်တွေက ငွေပေးပြီး ပြန်ရွေးယူနေရသလို လာမရွေးတဲ့နွားတွေကို လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ - [အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် အရေးယူခံထားရ](https://burmese.kachinnews.com/2026/09/07/dsa1-329/): ကချင်ပြည်နယ် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ မိုးကောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။ - [ဝိုင်းမော်မှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးထိရှိလာ](https://burmese.kachinnews.com/2026/09/07/dsa1-328/): ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးထိ ရှိလာပြီလို့ ဝိုင်းမော်အခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ စည်ပင်အရာရှိတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး](https://burmese.kachinnews.com/2026/09/07/dsa1-327/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ပေါ်ဦးအုပ်စု နယ်မြေ (၁၃) မှာ စည်ပင်ဝန်ထမ်းအရာရှိတစ်ဦး ဦးခေါင်းရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေထံက သိရပါတယ်။ - [ရဲဌာနအပြောင်းအလဲနောက် မိုးကောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု လျော့ကျလာ](https://burmese.kachinnews.com/2026/09/07/dsa1-326/): ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရဲဌာနအတွင်း အပြောင်းအလဲလုပ်ပြီးတဲ့နောက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ လျော့ကျသွားတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။ - [မြစ်ထဲမျောလာတဲ့ စစ်လက်နက်ပစ္စည်း အရပ်သားတွေ ဆယ်ယူနေ၊ မြစ်အသုံးပြုသူတွေ သတိထားဖို့လိုအပ်](https://burmese.kachinnews.com/2026/09/04/am1-474/): ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စု သယ်ဆောင်လာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ဟာ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် မြစ်ထဲမျောပါလာတာတွေ ရှိနေပြီး ဒေသခံတချို့က ဆယ်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [ပူတာအိုမှာ ထင်း၊ မီးသွေး အဆမတန်ဈေးတက်](https://burmese.kachinnews.com/2026/09/04/zz1-412/): ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ ထင်းနဲ့ မီးသွေးဈေးအဆမတန်တက်နေတာကြောင့် အသုံးပြုသူတွေအခက်တွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - [ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို စတင်စစ်ဆေးနေပြီလို့ KIO ပြော](https://burmese.kachinnews.com/2026/09/04/yl1-551/): ရွှေကူမှာ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းမှု စတင်လုပ်ဆောင်နေပြီလို့ KIO က ပြောပါတယ်။ - [စစ်သင်္ဘောအုပ်စုထဲက ၇ စီး ဗန်းမော်ကမ်းကပ်ရောက်ရှိ](https://burmese.kachinnews.com/2026/09/04/am1-473/): မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ကိုဖြတ်ပြီး ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင်သင်္ဘော ၅ စီး၊ စုစုပေါင်း ၇ စီးဟာ ဗန်းမော်မြို့ကို ကမ်းကပ်ရောက်ရှိနေပြီလို့ ဗန်းမော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ - [အလံဖြူထောင်ခဲ့တဲ့ စစ်သင်္ဘောနဲ့အတူ တပ်မိသားစုနဲ့ဝန်ထမ်းတွေ လိုက်ပါလာတယ်လို့ဆို](https://burmese.kachinnews.com/2026/09/03/am1-472/): ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန် တိုက်ခိုက်ခံရပြီး အလံဖြူထောင် လက်နက်ချ လာတဲ့ စစ်သင်္ဘောပေါ်မှာ တပ်မိသားစုဝင်တွေအပြင် ဗန်းမော်နယ်ခံတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ၊ သူတို့မိသားစုဝင်တွေနဲ့ ဗန်းမော်ကို ပြန်ဝင်မယ့် စစ်ရှောင် တချို့ပါဝင်တယ်လို့ ဗန်းမော်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။ - [ပူတာအို-မြစ်ကြီးနား မိုးတွင်း လမ်းပိုင်းပျက်စီးမှုကြောင့် နောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်လာ](https://burmese.kachinnews.com/2026/09/01/zz1-411/): ကချင်ပြည်နယ်၊ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်း နေရာတချို့မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။ - [ဧရာဝတီမြစ်ကမ်းဘေးက ဇင်းဘုံရွာအနီး တစ်ပတ်ကြာ တပ်ဖြန့်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေ ပြန်တိုက်ထုတ်](https://burmese.kachinnews.com/2026/09/01/am1-471/): ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်ကို ဩဂုတ် ၂၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်အင်အား ဖြန့်ကျက်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။ - [မခုတ်ချောင်းဖျား မြေရှားသတ္တုဆိုက်ကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံး တာဝန်ယူမယ်လို့ TNLA ပြော](https://burmese.kachinnews.com/2026/08/31/ld1-362/): ရှမ်းမြောက် မန်တုံမြို့နယ် ရေပုံးမန်လုံရွာအနီး မခုတ်ချောင်းဖျားမှာ လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံးကို တာဝန်ယူမယ်လို့ TNLA က ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ - [နောင်းမီ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံတွေ ဘာတွေကြုံနေရလဲ](https://burmese.kachinnews.com/2026/08/31/yl1-550/): တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းမီဒေသခံ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူတွေကြား လုံခြုံရေးစိုးရိမ်မှု ပိုမိုမြင့်တက်လာပါတယ်။ - [မြစ်ကြီးနားမှာ Wi-Fi စက် လိမ်လည်ရောင်းချမှုတွေ ရှိနေ](https://burmese.kachinnews.com/2026/08/31/dsa1-325/): ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Wi-Fi စက်တွေကို ဈေးနှုန်းသက်သာတယ်ဆိုပြီး လူမှုကွန်ရက်ကနေ လိမ်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက KNG ကို ပြောပါတယ်။ - [တရုတ်ပညာရှင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ မြစ်ဆုံကို ကွင်းဆင်](https://burmese.kachinnews.com/2026/08/31/ld1-361/): မြစ်ကြီးနားမြို့နယ်အတွင်းက မြစ်ဆုံရေကာတာစီမံကိန်းနေရာကို တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ကချင်ပြည်နယ် စစ်ကော်မရှင်အဖွဲ့ဝင်တချို့ ဩဂုတ်လ ၃၀ ရက် မနေ့က လာရောက်ကွင်းဆင်းလေ့လာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [Starlink ဈေးနှုန်းနဲ့ အသုံးပြုပုံပြောင်းလာပေမယ့် မြစ်ကြီးနားမှာ ဆက်လက်အားထားနေရ](https://burmese.kachinnews.com/2026/08/31/am1-470/): မြစ်ကြီးနားမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပုံမှန်မရသေးတာကြောင့် Starlink ကို အားထားအသုံးပြုနေကြရပြီး လက်ရှိမှာတော့ အချိန်အလိုက် ငွေပေးသုံးရတဲ့ပုံစံကနေ ဒေတာအလိုက် ဝယ်သုံးရတဲ့ပုံစံ ပြောင်းလာပါတယ်။ - [ခေါင်လန်ဖူးစစ်ရှောင်များ ထင်းမီးနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေ](https://burmese.kachinnews.com/2026/08/31/ld1-360/): ခေါင်လန်ဖူးဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော် ပူတာအိုမြို့ပေါ် ရောက်ရှိနေပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အများအပြားပါဝင်တာကြောင့် နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ - [ပဋိပက္ခကြားက ငွေညှစ်ခြိမ်းခြောက်မှု](https://burmese.kachinnews.com/2026/08/31/dsa1-feature-2/): စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနဲ့ စီးပွားရေးအခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ကချင်ဒေသက ပြည်သူတွေအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အမည်သုံးပြီး ခြိမ်းခြောက်ငွေညှစ်ခံနေရတာက နောက်ထပ်ဖိအားတစ်ခု ဖြစ်လာပါတယ်။ - [ရွှေကူမှာ စစ်သင်္ဘောအုပ်စု ကုန်ချချိန် အရပ်သားကုန်ထမ်းတွေ ထိခိုက်သေဆုံးမှုရှိနေ](https://burmese.kachinnews.com/2026/08/31/am1-469/): ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စု ရောက်ရှိပြီး ကုန်ပစ္စည်းတွေ ကုန်ချနေတဲ့အချိန်အတွင်း ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။ - [တွဲတွန်းသင်္ဘောတစ်စီး KIA သိမ်းပိုက်ပြီးနောက် ရွှေကူမှာလေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာ](https://burmese.kachinnews.com/2026/08/30/am1-468/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲမှာပါဝင်တဲ့ တွဲတွန်း သင်္ဘောတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ရွှေကူမြို့နဲ့ အနီးတစ်ဝိုက် မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ - [ရွှေကူမြစ်ကမ်းဘေးကျေးရွာတွေ လေကြောင်း၊ မြေပြင်ကပါဗုံးကြဲခံနေရ](https://burmese.kachinnews.com/2026/08/28/am1-467/): ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုရောက်ရှိလာတဲ့ ဒီကနေ့မှာပဲ ဧရာဝတီမြစ်ကမ်းနား တဝိုက်ကကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကနေဗုံးကြဲခံရတာတွေဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှု တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ - [စစ်သင်္ဘောအုပ်စု ရွှေကူရောက်ရှိ၊ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုများတစ်ပြိုင်တည်းရှိနေ](https://burmese.kachinnews.com/2026/08/28/am1-466/): မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ မနက်ပိုင်းမှာ ရွှေကူမြို့ ဆိပ်ကမ်းကို ရောက်ရှိနေလာ။ - [စစ်အာဏာသိမ်းပြီးနောက် ကချင်မှာ Rare Earth တူးဖော်ရေးနေရာ ၃၀၂ ခု တိုးလာ](https://burmese.kachinnews.com/2026/08/28/zm1-310/): စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု (Rare Earth )သတ္တုတူးဖော်ရေးနေရာသစ် ၃၀၂ ခု တိုးလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) ရဲ့ ဩဂုတ် ၂၅ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ - [တစ်ပတ်အတွင်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၃၃၀ ကျော်ရှိ](https://burmese.kachinnews.com/2026/08/28/zm1-309/): ကချင်ပြည်နယ််််မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု ၃၃၀ ကျော်ရှိခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ - [ရေဘေးအလှူကို အခွင့်ကောင်းယူပြီး လိမ်လည်အလှူခံသူတွေများလာ](https://burmese.kachinnews.com/2026/08/28/zm1-308/): မြစ်ကြီးနားမြို့ပေါ်မှာ ရေဘေးသင့်ပြည်သူတွေကို အခွင့်ကောင်းယူပြီး ရေဘေးကယ်ဆယ်ရေးအတွက်ဆိုကာ လိမ်လည်အလှူခံသူတွေ များလာနေတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။ - [မြစ်ကြီးနားမှာ ဆိုင်ကယ်ဆီပြတ်ဟန်ဆောင်ပြီး ငွေလိမ်တောင်းတာတွေများလာ](https://burmese.kachinnews.com/2026/08/27/zm1-307/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်ဆီပြတ်ဟန်ဆောင်ပြီး ငွေလိမ်တောင်းတဲ့ပုံစံခပ်စိပ်စိပ် တွေ့လာရတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။ - [အင်းတော်ကွင်းလမ်းပိုင်း ကားထောင်ချီပိတ်မိနေဆဲ၊ခရီးသည်တွေ စားဝတ်နေရေးအခက်ကြုံ](https://burmese.kachinnews.com/2026/08/27/zm1-306/): မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းမှာ ခရီးသွားကားနဲ့ကုန်ကားတွေထောင်ချီ ပိတ်မိနေတဲ့အတွက် ခရီးသည်တွေနဲ့ ကားသမားတွေ အစားအသောက်၊ သောက်သုံးရေနဲ့ နေထိုင်ရေး အခက်အခဲပိုများလာတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာတစ်လအတွင်း ရေနစ်သေဆုံးသူ ၄ ဦးထိရှိလာ](https://burmese.kachinnews.com/2026/08/27/dsa1-324/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဩဂုတ်လတစ်လအတွင်း ရေနစ်သေဆုံးသူ ၄ ဦးအထိ ရှိလာတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းနဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ - [ရွှေကူမှာ စစ်တပ်က ချောဆွဲကြမ်းနေ၊ ကားသမားတစ်ဦး သေဆုံး](https://burmese.kachinnews.com/2026/08/27/zm1-305/): ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ကား၊ ကားသမားနဲ့ အရပ်သားတွေကို ချောဆွဲနေတဲ့အတွက် ချောဆွဲခံရတဲ့ ကားသမားတစ်ဦးလည်း လက်နက်ထိမှန် သေဆုံး - [မှတ်တိုင် ၃၀ ဘက် စစ်ကောင်စီပူးပေါင်းတပ် ထိုးစစ်အရှိန်မြှင့်](https://burmese.kachinnews.com/2026/08/26/zz1-410/): ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်တွေက နယ်စပ်မှတ်တိုင် ၃၀ ဘက်ကို ဒီရက်ပိုင်းအတွင်း ထိုးစစ်အရှိန် မြှင့်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ - [မြစ်ကြီးနားမှာ အမှိုက်သိမ်းကားမလာလို့ လမ်းဘေးမှာအမှိုက်ပိုများလာ](https://burmese.kachinnews.com/2026/08/26/zm1-304/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့မှာ အမှိုက်သိမ်းကား ပုံမှန်မလာတဲ့အတွက် အိမ်သုံးအမှိုက်တွေကို လမ်းဘေးနဲ့ လူသွားလူလာနည်းတဲ့ နေရာတွေမှာ စည်းကမ်းမဲ့ စွန့်ပစ်တာတွေ ပိုများလာနေတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။ - [စစ်သင်္ဘောဆန်တက်လာချိန် မြစ်ကမ်းဘေးတိုက်ပွဲဖြစ်လို့ အရပ်သား ၄ ဦးသေဆုံး](https://burmese.kachinnews.com/2026/08/25/am1-465/): မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာနေတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စု ရွှေကူမြို့နယ်ဘက်ကို ဦးတည်ဆန်လာနေချိန်မှာပဲ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးက ကျွန်းတော်ကျေးရွာမှာ မနေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ဒေသတွင်းသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ - [စစ်ရေးတင်းမာမှုကြောင့် ပူတာအိုဘက် နေရပ်စွန့်ခွာလာသူ ပိုများလာ](https://burmese.kachinnews.com/2026/08/25/zz1-409/): ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပူတာအိုမြို့ဘက်ကို နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [မြစ်ကြီးနားမှာ တစ်လအတွင်း မီတာခ သုံးဆကျော်မြင့်တက်](https://burmese.kachinnews.com/2026/08/25/dsa1-323/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီတာခတွေ တစ်လအတွင်း သုံးဆကျော်အထိ မြင့်တက် - [စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်၊ ဗန်းမော်အထိ ဆန်တက်လာနိုင်ဟု ကာကွယ်ရေးတပ်ဖွဲ့များ ခန့်မှန်း](https://burmese.kachinnews.com/2026/08/24/am1-464/): မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စု ဟာ သြဂုတ် ၂၃ ရက် ညပိုင်းမှာ သပိတ်ကျင်းမြို့နယ် ပန်းပင်ကျေးရွာအနီး ကျောက်ချခဲ့ပြီး ဒီနေ့တော့ ထီးချိုင့်မြို့နယ်ထဲစတင် ဝင်ရောက်လာပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ - [ဂိတ်ကြေး အဆမတန် ကောက်ခံမှုများကြောင့် ကုန်စျေးနှုန်းဒဏ် အများပြည်သူအပေါ် သက်ရောက်](https://burmese.kachinnews.com/2026/08/24/ld2-54/): မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ကန်ပိုင်တီဂိတ်ကနေ ဝင်လာတဲ့ စက်သုံးဆီတင်ကားတွေဟာ မြစ်ကြီးနားအထိ သယ်ယူရာမှာ လမ်းပိုင်း ဂိတ်ကြေးမှာတင် သိန်း ၅၀၀ ခန့်အထိ ကုန်ကျတာကြောင့် ဆီစျေးနှုန်း နဲ့ အများပြည်သူအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ဆီကုန်သည်တွေ ပြောပါတယ်။ - [မြစ်ဆုံစီမံကိန်း တစ်ဝိုက် စစ်တပ်အင်အားထပ်ချထား](https://burmese.kachinnews.com/2026/08/24/ld1-359/): မြစ်ကြီးနားမြို့နယ် မြစ်ဆုံ စီမံကိန်းနေရာတစ်ဝိုက်မှာ စစ်တပ်အင်အား ကားသုံးစီးအပြည့်နဲ့ ရောက်လာပြီး လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မလှမ်းဝေးတဲ့ နေရာမှာ တပ်ချ နေရာယူထားတယ်လို့ သိရပါတယ်။ - [အခမဲ့သွေးလှူသူတွေရှိပေမယ့် ကြားခံသွေးရှာပေးသူတွေက လူနာတွေဆီက ငွေယူနေ](https://burmese.kachinnews.com/2026/08/21/dsa1-322/): ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အခမဲ့သွေးလှူဒါန်းသူတွေ ရှိနေသေးပေမယ့် သွေးလိုအပ်တဲ့ လူနာတွေအတွက် ကြားခံသွေးရှာပေးသူတချို့က လူနာရှင်တွေဆီကနေ ငွေကြေးတောင်းယူနေတယ်လို့ ပုံမှန်သွေးလှူဒါန်းသူတွေဆီက သိရပါတယ်။ - [ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦး ဒဏ်ရာရ](https://burmese.kachinnews.com/2026/08/21/am1-463/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး စိုးရိမ်ရဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးနဲ့ မော်တော်ဘုတ်တစ်စီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [KIA ဂိတ်ဖျက်ဆီးခံရမှု နှစ်ဖက်ညှိနှိုင်းနေဆဲ](https://burmese.kachinnews.com/2026/08/20/ld1-358/): ရှမ်းမြောက်၊ မူဆယ်-နမ့်ခမ်းသွားလမ်းပေါ်က KIA ဂိတ်ကို ဒေသခံတွေအင်အားသုံးဖျက်ဆီးခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး KIA က တာဝန်ယူဖြေရှင်းနေဆဲဖြစ်တယ်လို့  KIO ဘက်ကပြောပါတယ်။ - [ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ၊ ရွာ ၃ ရွာ ဗုံးကြဲခံနေရ](https://burmese.kachinnews.com/2026/08/20/am1-462/): ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ဩဂုတ် ၂၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဆင်တပ်၊ ရေလဲနဲ့ ကျောက်တလုံးကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - [လမ်းပိတ်လို့ ကားသမားတွေ တော်လှန်ရေးအင်အားစုနဲ့ ညှိနှိုင်း](https://burmese.kachinnews.com/2026/08/20/am1-461/): မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ကားတွေ ပုံမှန်အသုံးပြုနေတဲ့ ကွင်းလမ်းကို လမ်းပြုပြင်ဖို့ အကန့်အသတ်မရှိ ပိတ်ထားပြီး နောက်ထပ်ကွင်းလမ်းတစ်ခုကို လွှဲပြောင်းအသုံးပြုခိုင်းတာကြောင့် ကားသမားတွေ စုပေါင်းပြီး တော်လှန်ရေးအင်အားစုတွေနဲ့ သွားရောက်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ - [ဗလမင်းထင်တံတားမှာ ကုန်ကားဝင်ခွင့်ပိတ်ထားတဲ့အတွက် စားသောက်ကုန်တွေကို စက်လှေနဲ့ အဆင့်ဆင့်သယ်ယူနေရ](https://burmese.kachinnews.com/2026/08/20/zm1-303/): မြစ်ကြီးနားမြို့ထဲကို ကုန်ကားတွေ ဝင်ရောက်နိုင်ဖို့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဗလမင်းထင်တံတားမှာ ကုန်ကားဝင်ခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်တွေကို ဧရာဝတီမြစ်ကြောင်းကနေ စက်လှေတွေနဲ့ အဆင့်ဆင့် သယ်ယူနေရတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ - [ဆိုင်ခန်းဖိုးမပေးနိုင်ပါက လေလံတင်မည်ဟု ပူတာအိုစည်ပင်ပြော](https://burmese.kachinnews.com/2026/08/20/zz1-408/): ကချင်ပြည်နယ်၊ ပူတာအိုမြို့မဈေး ပြန်လည်တည်ဆောက်ဖို့ ဈေးသည်တွေဆီက ငွေကောက်ခံနေပြီး ဆိုင်ခန်းဖိုး မပေးနိုင်ရင် ဆိုင်ခန်းသိမ်းပြီး လေလံတင်မယ်လို့ စည်ပင်က ပြောဆိုထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ## Pages - [Kachin News Group (KNG) ၏ PSHEA ကတိကဝတ်](https://burmese.kachinnews.com/pshea-commitment/): ဘေးကင်းသော သတင်း မီဒီယာရပ်ဝန်း၊ ဘေးကင်းသော လူမှုအသိုင်းအဝိုင်း - [Support Independent Journalism in Kachin State](https://burmese.kachinnews.com/subscribe-kng/): (English Version Below) စာဖတ်ပရိသတ်များ၏ ကူညီထောက်ပံ့မှုကို လိုအပ်နေပါသည်။ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်သင့်နေရသော ကချင်ဒေသသည် ကဏ္ဍတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေရသည်။  ထိုထဲတွင် Kachin News Group (KNG) သည် လွတ်လပ်သော သတင်းမီဒီယာအဖြစ် ရပ်တည်နေပြီး တိုင်းရင်းသားဘာသာစကားကို မြင့်တင်ခြင်း၊ ဒေသတွင်း မတရားမှုများကို ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ရေရှည်ရပ်တည်နိုင်ရေးနှင့် သတင်းအရည်အသွေးကို မြင့်တင်ရန် စာဖတ်ပရိတ်များ၏ ကူညီထောက်ပံ့မှု လိုအပ်လာပါသည်။ KNG ကို ကူညီထောက်ပံ့ခြင်းသည် ကချင်ဒေသတွင်းရှိ နိုင်ငံရေး၊ စစ်ရေးပဠိပက္ခ ၊ စီးပွားရေး၊ လူမှုရေး အပြင် တရုတ်နယ်စပ်ရေးရာ၊ သယံဇာတ အကြောင်းအရာတို့ကို ပိုမိုသိရှိရန် ကူညီခြင်းဖြစ်သည်။ Support Independent Journalism in Kachin State In the face of severe restrictions and dire humanitarian situations in Kachin State, Myanmar, the Kachin News Group (KNG) stands as a crucial beacon of truth and hope. Our mission is to deliver accurate, timely news, especially in the local Kachin language, ensuring the Kachin … - [Support Independent Journalism in Kachin State](https://burmese.kachinnews.com/about-us/support-independent-journalism-in-kachin-state/): (English Version Below) စာဖတ်ပရိသတ်များ၏ ကူညီထောက်ပံ့မှုကို လိုအပ်နေပါသည်။ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်သင့်နေရသော ကချင်ဒေသသည် ကဏ္ဍတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေရသည်။  ထိုထဲတွင် Kachin News Group (KNG) သည် လွတ်လပ်သော သတင်းမီဒီယာအဖြစ် ရပ်တည်နေပြီး တိုင်းရင်းသားဘာသာစကားကို မြင့်တင်ခြင်း၊ ဒေသတွင်း မတရားမှုများကို ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ရေရှည်ရပ်တည်နိုင်ရေးနှင့် သတင်းအရည်အသွေးကို မြင့်တင်ရန် စာဖတ်ပရိတ်များ၏ ကူညီထောက်ပံ့မှု လိုအပ်လာပါသည်။ KNG ကို ကူညီထောက်ပံ့ခြင်းသည် ကချင်ဒေသတွင်းရှိ နိုင်ငံရေး၊ စစ်ရေးပဠိပက္ခ ၊ စီးပွားရေး၊ လူမှုရေး အပြင် တရုတ်နယ်စပ်ရေးရာ၊ သယံဇာတ အကြောင်းအရာတို့ကို ပိုမိုသိရှိရန် ကူညီခြင်းဖြစ်သည်။ Support Independent Journalism in Kachin State In the face of severe restrictions and dire humanitarian situations in Kachin State, Myanmar, the Kachin News Group (KNG) stands as a crucial beacon of truth and hope. Our mission is to deliver accurate, timely news, especially in the local Kachin language, ensuring the Kachin … - [လူ့အခွင့်အရေး မှတ်တမ်း](https://burmese.kachinnews.com/human-rights-reporting/): https://lookerstudio.google.com/embed/reporting/256c0a01-3f1c-4d63-82b2-efb380f7d91b/page/9h2AE - [ရုပ်သံ](https://burmese.kachinnews.com/video-3/) - [Home](https://burmese.kachinnews.com/) - [စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း](https://burmese.kachinnews.com/%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%bb%e1%80%be%e1%80%ad%e1%80%af%e1%80%b7/): KNG ရဲ့ အင်တာနက် စာမျက်နှာများကို မြန်မာပြည်တွင်းက ကြည့်လို့မရအောင် ပိတ်ဆို့ထားတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဥပမာဆိုရင် https://burmese.kachinnews.com ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့၊ အဲဒီ အင်တာနက်စာများကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပြူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲ့ဒီလို ကြားခံ ကွန်ပြူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ စာမျက်နာတွေကို ကြည့်နိင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိင်ပါဘူး။ ကွန်ပြူတာ အသုံးပြုသူဟာ ကြားခံကွန်ပြူတာထဲကို ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့သဘောပါပဲ။ ဘယ်လိုရှာဖွေကြမလဲ အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကြားခံကွန်ပြူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တစ်ခုခုကို သုံးပြီးရှာရမှာဖြစ်ပါတယ်။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။ တခြားနည်းတစ်ခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။ အဲ့ဒီလို ရှာလိုက်တဲ့အခါ ကြားခံကွန်ပြူတာ  ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ်  ကြားခံကွန်ပြူတာဆီကို သွင်းနိုင်တဲ့ link လမ်းကြောင်းတွေကိုရှာရမှာ ဖြစ်ပါတယ်။ https://rb.centerinteract.pw တခြား proxy လိပ်စာများ https://aircraftaccents.com/rb http://proxify.com/ (This is free but … - [Home Page Testing](https://burmese.kachinnews.com/home-page-testing/) - [Privacy Policy](https://burmese.kachinnews.com/privacy-policy/): Who we are Our website address is: https://burmese.kachinnews.com. Comments When visitors leave comments on the site we collect the data shown in the comments form, and also the visitor’s IP address and browser user agent string to help spam detection. An anonymised string created from your email address (also called a hash) may be provided to the Gravatar service to see if you are using it. The Gravatar service Privacy Policy is available here: https://automattic.com/privacy/. After approval of your comment, your profile picture is visible to the public in the context of your comment. Media If you upload images to the … - [Video](https://burmese.kachinnews.com/video/): [elfsight_youtube_gallery id=”2″] - [Home Page](https://burmese.kachinnews.com/home-11/): တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း 19th March 2023 RECENT FAVORITES သတင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း တိုက်ပွဲ လုံးခင်း တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူ ၆ ဦးအပြင် ဒဏ်ရ ရရှိသူ ၂ ဦးရှိ သတင်း လုံးခင်းကျေးရွာအနီး တိုက်ပွဲတွင် ရဲ ၃ ဦးနှင့်အရပ်သား ၆ ဦး သေဆုံး သတင်း ဖားကန့်တွင် ကွန်ပျူတာသင်ကြားပေးမည့်စင်တာ ဖျက်ဆီးခံရ သတင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း တိုက်ပွဲ လုံးခင်း တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူ ၆ ဦးအပြင် ဒဏ်ရ ရရှိသူ ၂ ဦးရှိ သတင်း လုံးခင်းကျေးရွာအနီး တိုက်ပွဲတွင် ရဲ ၃ ဦးနှင့်အရပ်သား ၆ ဦး သေဆုံး သတင်း ဖားကန့်တွင် ကွန်ပျူတာသင်ကြားပေးမည့်စင်တာ ဖျက်ဆီးခံရ ဖားကန့်ဒေသ အမျိုးသမီး နှင့် လူငယ်များ ကွန်ပျူတာလေ့လာသင်ယူနိုင်မည့် အလုပ်ရုံစင်တာ ဖွင့်လှစ် ဖားကန့်မြို့ မှော်စီဆာကျေးရွာတွင် ဒေသတွင်း အမျိုးသမီများ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေ့လာသင်ယူနိုင်သည့် ကွန်ပျူတာစင်တာ (Computer Learning Center) တစ်ခု ဖွင့် ဖားကန့် ဆိုင်းတောင်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် … - [footer](https://burmese.kachinnews.com/footer/): [yikes-mailchimp form=”1″] Facebook Twitter Youtube Google-plus Pinterest © 2018, Vinkmag. All rights reserved - [About Us](https://burmese.kachinnews.com/about-us/): နောက်ခံသမိုင်းကြောင်း ကချင်သတင်းဌာန KNG သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ဒီမိုကရေစီလိုလားသော ကချင်ကျောင်းသားလူငယ်များဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယတွင်ဖွဲ့စည်းခဲ့သောအဖွဲ့ဖြစ်သည်။ ၁၉၈၈ အရေးအခင်းနှောင်းပိုင်း ကချင်ပြည်နယ်နှင့် ကချင်ဒေသတွင် ပထမဆုံး သတင်းထုတ်ဝေဖော်ပြသော သတင်းမီဒီယာဖြစ်သည်။ နောက်ပိုင်းတွင် ရုံးချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၇ တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်လည်လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ လွတ်လပ်သော မီဒီယာများကို စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်လာသောကြောင့် KNG အနေဖြင့်လည်း ၎င်း၏ ရုံးခန်းများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ကာ လုပ်ကိုင်နေဆဲဖြစ်သည်။ ဆက်သွယ်ရန် Email: contact@kachinnews.com Facebook Messenger: http://m.me/theKachinNews [wpforms id=”4734″ title=”false” description=”false”] ## Optional - [Agent (MCP protocol)](websites-agents.hostinger.com/burmese.kachinnews.com/mcp) [comment]: # (Generated by Hostinger Tools Plugin)