ကဇူး
-
May- 2024 -20 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng)၊ ဒိန်ဂါ(Ding Ga)၊ ရင်ကွဲတောင်(Lung Zep Kadawng)၊ ကဇူး(Katsu)၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
18 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…
Read More » -
Jan- 2024 -30 Januaryသတင်း
တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး – ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်
ဝိုင်းမော်မြို့နယ် ကဇူး - ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့ ကဇူးဒေသခံတွေဆီကနေ သိရတယ်။
Read More » -
Sep- 2023 -28 Septemberသတင်း
လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁…
Read More » -
Aug- 2023 -15 Augustသတင်း
ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနား –ဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ နမ်ဆန်ယန်ရွာက ပြည်သူ တစ်ချို့ဟာ မြစ်ကြီးနား၊ဝိုင်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သူရှိသလိုနမ်ဆန်ယန်ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကဇူးကျေးရွာမှာတင် တိမ်းရှောင်ခဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကဇူး၊ ဒဘတ်၊ ကျေးရွာတစ်ဝိုက်…
Read More » -
14 Augustသတင်း
ကဇူးရွာက စစ်ရှောင်တွေအတွက် ဆန်အိတ်သယ်လာတဲ့ အမျိုးသားဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်လာခြင်းမရှိသေး
ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်တွေအတွက် ဆန်အိတ်သွားသယ်ရင်း စစ်တပ်ဖမ်းဆီးလိုက်တဲ့ ကဇူးရွာက စစ်ရှောင်အမျိုးသား ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသားဟာ နေရပ်ပြန်စစ်ရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အတွက် အလှူရှင်တွေက လှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ ကို ဝိုင်းမော်မြို့ကနေ ကဇူးရွာဘက်ကို သုံးဘီးနဲ့ သယ်ယူလာချိန် ဩဂုတ်လ ၁၁…
Read More » -
Apr- 2023 -21 Aprilစစ်ပြေးဒုက္ခသည်များ
နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်ကျေးရွာများကို ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီ ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန် သွားရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ဦးခက်ထိန်နန်သည် နေရပ်ပြန် စစ်ရှောင်ကျေးရွာများဖြစ်ကြသော ဂါးရာယန်၊ ကဇူး၊ ဒဘတ် စသည့်ကျေးရွားများသို့ သွားရောက်ခဲ့ပြီး ယခုလို ပြောဆိုခဲ့ကြောင်း ကဇူးဒေသခံ တစ်ဦးက KNG ကိုပြောသည်။ “ကျွန်တော်တို့မှာ ကျောင်းတွေ…
Read More » -
Mar- 2023 -15 Marchစစ်ပြေးဒုက္ခသည်များ
ဝိုင်းမော် ကဇူး ဒေသခံများ နေရပ်ပြန်ပြီ
မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကဇူး(Katsu) ကျေးရွာဒေသခံစစ်ရှောင်များ မတ်လ ၁၄ ရက်နေ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဟု သိရသည်။ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသော ကဇူး (Katsu) ကျေးရွာဒေသခံ အိမ်ခြေ ၁၀၀ ကျော်သည် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ခြင်းဖြစ်ကြောင်း နေရပ်ပြန် စစ်ရှောင်တစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက…
Read More »