စျေးနှုန်းမြင့်တက်

  • Jul- 2025 -
    29 July
    သတင်း

    ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့  မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)  ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ

    Read More »
  • Dec- 2024 -
    3 December
    သတင်း

    ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။ “တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာလို့သိရပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်း တစ်ချို့ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ဆိုင်ကယ်ဈေးသည်တွေပိုပြီး ထိခိုက်တာပေါ့ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိမထခိုက်သေးဘူး။ သူတို့က ဆီလှောင် ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး” လို့ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီကနေ့မှာတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့က စက်သုံးဆီပန့် ဆိုင်တွေမှာ စက်သုံးဆီတွေပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • Jul- 2024 -
    8 July
    သတင်း

    ပူတာအိုမှာ ဆီကားတွေဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ကားစျေးနဲ့သာရောင်းပေးနေတာကြောင့် ဆီစျေးမကျနိုင်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲကို စက်သုံးဆီကားအများအပြားဝင်ရောက်ထားပြီဖြစ်ပေမယ့် ဆီပန့်အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို ဆီပန့်ဆိုင်မှာမရောင်းချပေးပဲ အပြင် လက်ကားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီစျေးဆက်လက်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လနဲ့ချီစက်သုံးဆီကားအဝင်ရပ်တန့်ခဲ့တဲ့ ပူတာအိုမြို့မှာ ဇွန်လ ၂၇ ရက်နေ့က ပထမဆုံးအကြိမ် ဆီပန့်ဆိုင်ကြီးတွေရဲ့ဆီကားအများအပြားဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သို့သော် ဇွန်လ ၂၈ ရက်နေ့တစ်ရက်တည်းသာ ဆီပန့်ဆိုင်တွေမှာရောင်းချပေးခဲ့ပြီး နောက်ပိုင်းအပြင်မှာ လက်ကားစျေးနဲ့သာထုတ်ရောင်းနေတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကKNGကို ပြောပါတယ်။ “တစ်ရက်ပဲရောင်းပြီး ပိတ်သွားတာဟုတ်တယ် ဒီနေ့ဆီရောက်တယ်ဆိုရင်နောက်နေ့လိုတစ်ရက်ပဲ ရောင်းပေးပြီးပိတ်သွားတာ ဆီကုန်သွားတယ်ဆိုပြီး တစ်ရက်ပဲရောင်းပေးတာဘယ်ကုန်မလဲသူတို့ကဆီတွေက်ိုပေပါလိုက်အပြင်မှာထုတ်ရောင်းပေးနေတာ ဇေယျာမင်းနဲ့ တိုင်းကျော်မှာ ခုထိရတယ်ပေပါလိုက်ယူမယ်ဆိုရင်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားက ပြောပါတယ်။ ဇွန်လ ၂၇ရက်နေ့မှာ ဇေယျာမင်းဆီပန့်ဆိုင်၊ တိုင်းကျော်၊BTK ဆီပန့်ဆိုင် ရွှေပိုးဝါဆီပန့်ဆိုင်နဲ့အခြားဆီပန်ဆိုင်ကြီးတွေရဲ့ ဆီကားအများအပြားရောက်လာခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့က ဓာတ်ဆီ တစ်ပုလင်းကျပ် ၈၀၀၀၊ တစ်ဂါလံ ကျပ် ၂၈၀၀၀ ဝန်းကျင်နဲ့ဆီပန့်ဆိုင်တွေမှာရောင်းပေးခဲ့ပြီး နောက်ပိုင်းအပြင်မှာလက်သားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီးစျေးတက်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ခံ အခြားအမျိုးသားတစ်ဦးက ပြောပါတယ်။ “BTK ဆိုင်ကတော့ နှစ်ရက်သုံးရက်အထိ မနက်ပိုင်းရောင်းပေးသေးတယ် အကန့်အသတ်နဲ့ပဲ ဇေယျာမင်း တိုင်းကျော်တို့ကတော့တစ်ရက်ပဲ ရောင်းပြီးပိတ်သွားတာပဲ. အခုသူတို့က အပြင်မှာ တစ်ပေပါ သိန်း ၃၀ ၊သိန်း ၄၀ နဲ့ထုတ်ရောင်းနေလို့အခုလမ်းဘေးဆိုင်တွေမှာစျေးတက်နေတာ တစ်ပုလင်းကို ၂၅၀၀၀ အထိရှိတယ် အပြင်မှာတော့ဆီကပေါတယ် နေရာတိုင်းရှိတယ် စျေးကြီးတာတစ်ခုပဲ”လို့ သူကပြောပါတယ်။ လက်ရှိ ဇေယျာမင်း၊တိုင်းကျော်စတဲ့ ဆီပန့်ဆိုင်ကြီးတွေဆိီကနေ စီးပွားရေးလုပ်ကိုင်သူတစ်ချို့ကလက်ကားယူပြီး အပြင်မှာပုလင်းချိန်နဲ့ဓာတ်ဆီတစ်ပုလင်းကျပ် ၁၇၀၀၀ ကနေ ကျပ် ၂၅၀၀၀ ၊ တစ်ဂါလံ ကျပ် ၅၀၀၀၀ ကနေ ကျပ် ၇၀၀၀၀ အထိစျေးတင်ရောင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပူတာအိုမြို့ပေါ်က အဓိက ဆီပန့်ဆိုင်ကြီးတွေ ဖြစ်တဲ့ ဇေယျာမင်း၊တိုင်းကျော်စတဲ့ဆီပန့်ဆိုင် ကြီးတွေ မှာ ဇွန်လ ၂၇ ရက်နေ့က တစ်ဆိုင်ကို ဆီပေပါအနည်းဆုံး အလုံး ၃၀၀ ထက်မနည်း ရောက်လာပေမယ့် တစ်ရက်သာထုတ်ရောင်းပေးပြီး လက်ရှိလို့ဆီကုန်နေတယ်လို့ဆိုကာ ဆိုင်ပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။ ခုလိုစက်သုံးဆီတွေကို လက်ကားနဲ့သာရောင်းချပေးနေတဲ့အတွက် ဆီစျေးမကျနိုင်တာကြောင့် လက်လုပ်လက်စားပြည်သူတွေနဲ့သာမန်ပြည်သူတွေ ဝယ်ယူနိုင်ဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။ ဇွန်လ ၂၇ရက်နေ့ နောက်ပိုင်းမှာလည်း ပူတာအိုမြို့ဘက်ကို ဆီကားတွေထပ်မံတက်သွားပေမယ့် မိုးသည်းထန်စွာရွာသွန်းပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ကားလမ်းမြေပြိုမှုကြောင့်ဆီကားတွေနဲ့ ကုန်းကားအများအပြားပိတ်မိနေဆဲဖြစ်ပါတယ်။ လက်ရှ်ိကချင်ပြည်နယ်ထဲ ဝင်မယ့်စက်သုံးဆီကားအများအပြားဟာ နန့်စီးအောင်ဂိတ်မှာပိတ်မိနေသလို လွယ်ဂျယ်ဂိတ်ကနေလည်း ဆီကားတွေ ဖြတ်ခွင့်မရတာကြောင့် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စက်သုံးဆီပြတ်လပ်တာအပြင် ဆီစျေးနှုန်းမြင့်တက်တာတွေ ပိုဆိုးရွားလာတာဘဲဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jun- 2024 -
    18 June
    သတင်းဆောင်းပါး

    တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ

    “ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
Back to top button