ဆီစျေးနှုန်း
-
Nov- 2024 -5 Novemberသတင်း
မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀ ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw
Read More » -
Jun- 2024 -20 Juneသတင်း
ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓာတ်ဆီပေပါ အလုံး ၃၀၀ စတင်ဝင်ရောက်လာခဲ့ပြီး ဓာတ်ဆီဈေးအနည်းငယ်ကျဆင်းလာပြီလို့ သိရပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ သုံးလကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် စက်သုံးဆီတွေပြတ်လပ်ပြီး ဈေးတွေအဆမတန်မြင့်တက်နေတဲ့ ပူတာအိုမြို့နယ်မှာ မနေ့က ဇွန်လ ၁၉ရက်နေ့ ညပိုင်းမှာပဲ ဓာတ်ဆီပေးပါ သီးသန့်အလုံး ၃၀၀…
Read More »