နမ်ဗျူ
-
Jan- 2026 -29 Januaryသတင်း
တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။ ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မှော်မပိတ်ခင်က မုန်လာပန်းတစ်ပွင့်ကို ၅,၀၀၀ ဝန်းကျင်ရခဲ့ပေမယ့် လက်ရှိမှော်တွေအားလုံးပိတ်ုလိုက်တဲ့အတွက် ဟင်းသီး၊ဟင်းရွက်ရောင်းဖို့အလွန်ခက်ခဲသွားပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကျော်ကတည်းက အဲဒီမှော်ဒေသတွေမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာတဲ့နောက် ပြည်သူ့စစ်နဲ့စစ်တပ်တွေဟာ မှော်တွေထဲက ပြည်သူအားလုံး ထွက်လာကြဖို့ အမိန့်ပေးထားတဲ့အပြင် မှော်တွေအားလုံးကိုပိတ်လိုက်တယ်လို့သိရပါတယ်။ ဒါ့အပြင် မှော်လုပ်ကွက်တွေတစ်ဝိုက်ကိုလည်း မိုင်းတွေထောင်ထားတယ်လို့ပြောဆိုထားတာကြောင့် မှော်ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေဟာ တနိုင်းမြို့ပေါ်လာရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ တနိုင်းမြို့ထဲမှာ အခန်းခတွေလည်း စျေးအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် လက်ရှိ မှော်တွေပိတ်သွားတာကြောင့် မှော်တွေဘက်ကိုတင်ပို့ဖို့ မြစ်ကြီးနားဘက်ကနေ တနိုင်းကို သယ်လာတဲ့ကုန်စိမ်းတွေလည်း ပျက်စီးပုပ်သိုးကုန်ပြီး စျေးသည်တွေ အရှုံးပေါ်တာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။ ခုလို စစ်ရေးအခြေနေကြောင့် တနိုင်းမြို့တွင်း အလုပ်လက်မဲ့လူတွေ ပေါများလာပြီး သူခိုးတွေ၊ မူးယစ်သောင်းကျန်းမှုတွေ ပိုမိုဆိုးရွားလာတာမျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “မှော်တွေပိတ်လိုက်တော့ တနိုင်းမြို့ထဲကို လာရောက်စုပြုံစစ်ရှောင်ကြတော့ အခန်းခတွေ စျေးတက်လာတယ်။ မှော်တွေဘက်ကိုပို့ဖို့ ယူထားတဲ့ ကုန်စိမ်းတွေလည်း ပျက်စီးကုန်တယ်။ ဒီနှစ်က တနိုင်းမှာလည်း မိုးမကောင်းလို့ အခင်းလုပ်တဲ့သူတွေလည်း နဂိုကတည်းက အရှုံးပေါ်နေတာ ဟုတ်တယ်။ မှော်ပိတ်လိုက်ပြီဆိုတော့ အလုပ်အကိုင်မရှိတဲ့သူတွေ တော်တော်များလာပြီး ခိုးမှုတွေများလာတယ်။ မူးယစ်ဆေးသမားတွေ များလာတာတွေရှိတယ်။ စျေးသည်တွေကတော့ မှော်တွေမဖွင့်တော့ အရင်လို စျေးမရောင်းကောင်းတော့ဘူးပေါ့။”လို့ တနိုင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ထိန်းချုပ်ထားတဲ့ လမုန်ချောင်းရွှေမှော်၊ ဝိုင်လောမှော်တွေကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ မင်းဇေသန့်ပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် SNA တွေက ပြန်လည်ရယူလိုတာကြောင့် ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ တနိုင်းဒေသဟာ မှော်တွေကို အဓိကမှီခိုပြီး ကုန်စည်စီးဆင်းဖလှယ်ကာ စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေများတာကြောင့် အခုလို မှော်တွေပိတ်လိုက်တဲ့အတွက် ကြပ်တည်းမှုတွေနဲ့ ကြုံလာရတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Dec- 2025 -27 Decemberသတင်း
တနိုင်းဒေသ တိုက်ပွဲဖြစ်ပြီး ပယင်းမှော်၊ ရွှေမှော် ရောက်အရပ်သားအားလုံးထွက်ခွာလာဖို့ စစ်ကောင်စီတပ်အမိန့်ပေးထား
ကချင်ပြည်နယ် တနိုင်းဒေသထဲ ပယင်းမှော်၊ ရွှေမှော်တွေမှာ ရောက်နေတဲ့ အရပ်သားအားလုံးကို မှော်ထဲကနေ ထွက်ခွာသွားကြဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊ ဝေလွန်၊ စံလော၊ လမုန်ခစတဲ့ပယင်းမှော်တွေနဲ့ တုံမနီ၊ ဒလူစတဲ့ ရွှေမှော်တွေမှာရောက်နေတဲ့ အရပ်သားတွေအားလုံးကို ဒီဇင်ဘာလ…
Read More » -
May- 2024 -16 Mayသတင်း
နမ့်ဗျူ(Nambyu) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နမ့်ဗျူမှော် စစ်ကောင်စီတပ်စခန်းကို KIA တပ်က မေလ ၁၁ ရက်နေ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာ တပ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ နမ့်ဗျူမှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုအတည်ပြုပြောပါတယ်။ “၁၁ ရက်နေ့က စဖြစ်တာ ဒီကနေ့မှာ အပြီးစီးသိမ်းသွားတာဟုတ်တယ်။ အဲ့မှာ စစ်အင်အားက ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ အခုတော့ KIA တပ်တွေ အကုန်နေရာယူလိုက်ပြီ။ ရှင်းလင်းရေးတွေလုပ်နေတယ်လို့ပဲ သေချာသိရသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို လက်နက်ခဲယမ်းအများအပြားကိုလည်း KIA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ လက်ရှိ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ နမ့်ဗျူတပ်စခန်းမှာ ခလရ ၂၆၀ တပ်နဲ့ တပ်မ ၈၆ လှုပ်ရှားတပ်တွေ စစ်အင်အား ၅၀ နဲ့ ၆၀ ကြားမှာ လာရောက် တပ်ချထားတဲ့တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ စစ်ဘက်ကနေ နမ့်ဗျူတပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ဒီနေ့ မနက်ပိုင်း တပ်စခန်းသိမ်းပိုက်မှုအပြီး ၈ နာရီခွဲလောက်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ လှည့်ပတ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့မှော်ဒေသခံတွေကပြောပါတယ်။ “၈ နာရီလောက်မှာ ထင်တာပဲ ဂျက်လေယာဉ် ၃ စီးနဲ့ လာပစ်တာ။ ဒီဘက်မှာ တိုက်ပွဲဖြစ်တာက ၁ ပတ်လောက်တော့ ရှိလာပြီထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒရုန်းချတာတောင် ဒီကနေ မြင်ရတယ်။ စခန်းသိမ်းမသိးတော့ ကျနော်တို့လည်း သေချာတော့ မသိရဘူး”လို့ နမ့်ဗျူမှော်အနီး ဆယ်သိန်းမှော် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ နမ့်ဗျူတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ လောက်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသရှိ ရွှေမှော်ဒေသအားလုံးကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း လာရောက်တပ်ချထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ နမ့်ဗျူမှော်အပါဝင် ဆယ်သိန်းမှော်၊ လုံကြပ်မှော်၊ နမ္မနား စတဲ့ရွှေမှော်တွေကို အဓိကထိန်းချုပ်ထားတာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ အထက်က နမ်ဗျူမှော်မှာရှိတဲ့ ပြည်သူက ဆက်ပြောပါတယ်။ “နမ့်ဗျူမှော်တပ်စခန်းက ဒီဘက်မှာရှိတဲ့ မှော်ဒေသအတွက်ဆိုရင် အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်တယ်။ ဘာလို့လဲအဆိုတော့ နမ်ဗျူမှော်အနီးတဝိုက်မှာက မှော် သုံး၊လေး နေရာလောက်ရှိတယ်။ အဲဒီမှော်တွေကို ဒီကနေပဲကြည့်နေတာ”လို့ပြောပါတယ်။ နမ့်ဗျူမှော်ဒေသဟာ ၂၀၁၆ ဝန်းကျင်လောက်အထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ၊ တပ်ရင်း (၁၄) နေရာ တည်ရှိခဲ့တဲ့…
Read More » -
Apr- 2024 -15 Aprilသတင်း
စစ်ဘေးရှောင်ကလေး ၅ ဦးရေနစ်သေဆုံး
ကချင်နယ် တနိုင်းမြို့နယ် နမ့်ဗျူချောင်းမှာ ရေချိုးရင်း စစ်ဘေးရှောင် မိန်းကလေးငယ် ၅ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ အသက် ၁၃ နှစ်အောက် မိန်ကလေးငယ် ၅ ဦး ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက…
Read More »



