,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

  1. Home
  2. ပြည်သူ့ကာကွယ်ရေးတပ် PDF

Tag: ပြည်သူ့ကာကွယ်ရေးတပ် PDF

သတင်း
စစ်ကောင်စီက PDF ယောင်ဆောင်ကာ ကျေးရွာအတွင်း ဖမ်းဆီးမှု ပြုလုပ်မည်ဟု သတင်းရထားကြောင်း အင်းတော် PDF ထုတ်ပြန်

စစ်ကောင်စီက PDF ယောင်ဆောင်ကာ ကျေးရွာအတွင်း ဖမ်းဆီးမှု ပြုလုပ်မည်ဟု သတင်းရထားကြောင်း အင်းတော် PDF ထုတ်ပြန်

အင်းတော်မြို့နယ်တွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ် PDF ဝတ်စုံဖြင့် အယောင်ဆောင်ကာ မြို့၊ ရွာများတွင် စစ်ဆေးဖမ်းဆီးမူများ ပြုလုပ်မည်ဟု သတင်းထွက်နေသည့်အတွက် ပြည်သူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အင်းတော် PDF က သတိပေးထားသည်။ သြဂုတ်လ ၂၃ ရက်နေ့က နဘားကျေးရွာဘက် မှ အင်းတော်ဘက်သို့စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ခန့်ပါသော တပ်မ ၈၈ တပ်သည် PDF ဝတ်စုံများ တစ်ပါတည်းယူဆောင်လာပြီး PDF အယောင်ဆောင်၍ ပြည်သူများကို လိုက်လံဖမ်းဆီးရန် ကြိုတင်စီစဥ်နေသောကြောင့် ပြည်သူများအနေဖြင့်အထူးသတိပြုရန်လိုအပ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ ''စစ်သားတွေက ဒီအင်းတော်နယ်ဘက်မှာ PDF အယောင်ဆောင်ပြီး PDF ကိုကူညီပေးနေတဲ့ ပြည်သူတွေကို ဖမ်းဖို့ စီစဥ်နေတာကကြာပြီဗျ။ သူတို့အမိန့်စာလည်း အရင်ရထားတယ်

တိုက်ပွဲ
ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မှ သိရသည်။ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍ ၆

တိုက်ပွဲ
မဲဇာရဲမှူး စီးနင်းလာသော ကားနှစ်စီး မိုင်ဆွဲခံရပြီး သုံးဦးပြင်းထန်ဒဏ်ရာရ

မဲဇာရဲမှူး စီးနင်းလာသော ကားနှစ်စီး မိုင်ဆွဲခံရပြီး သုံးဦးပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသ အင်းတော်နယ်တွင် မဲဇာကျေးရွာ၏ ရဲစခန်းမှူးအပါ စီးနင်းလာသော ကားနှစ်စီးကို ယမန်နေ့ ဇွန်လ ၂၀ရက် မွန်းလွှဲ ၃နာရီဝန်းကျင်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စခန်းမှူးအပါ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခသတင်းအရင်းအဖြစ်ထံမှသိရသည်။ အဆိုပါ ကား ၂စီးတွင် စခန်းမှူးအပါ ရဲတပ်သား ၃ဦးပါဝင်ပြီး အင်းတော်မြို့မှ မဲဇာဘက်သို့ ပြန်ခေါက်လာခဲ့ရာ လမ်းခုလပ်တစ်နေရာတွင် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း တစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG