ကချင်လူငယ် ၂ ဦးအမှု တရားလိုသက်သေများကို စစ်ဆေး

ကချင်စစ်ဘေး (၈) နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော်ပြသမှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရ သည့် ကိုပေါလု နှင့် မဆိုင်းနူးပန်တို့ အမှုနှင့်ပတ်သက်ပြီး တရားလိုအပါအဝင် သက်သေ ၄ ဦးကို ယနေ့ မြို့နယ် တရားရုံး တွင် စစ်ဆေးမှု ပြီးပြီ ဖြစ်ကြောင်း သိရပါသည်။ တရားလိုသက်သေများအဖြစ် ရဲအုပ်ဝင်းနိုင်၊ ရှမ်းစုမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း နှင့် မြို့နယ် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇင်ကိုကို…