မိုးညှင်း
-
မြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…
Read More » -
သတင်း
နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး…
Read More » -
သတင်း
မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား
ကချင်ပြည်နယ် မိုးညှင်းမြို့တွင်းရှိ မြို့မ အလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲမှုအပြီး မြို့တွင်း ပစ်ခတ်သံများ အဆက်မပြတ်ပြန်လည်ကြားရသည်ဟု မိုးညှင်းဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “ပေါက်ကွဲတာက မြို့မအလယ်ကျောင်းမှာဟုတ်တယ်။…
Read More » -
သတင်း
မိုးညှင်းထွေအုပ်ရုံးအနီး ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် ပြည်သူများ အင်တာနက်အသုံးပြုရန်ခက်ခဲလာ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် မိုးညှင်းမြို့တွင်း၌ Wifi နှင့် မိုဘိုင်းအင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ ထွေအုပ်ရုံးအနီး၌ ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်ကာ ဒရုန်ကာကွယ်ရေးစနစ် (Drone Jammer) တပ်ဆင်ထားလိုက်မှုကြောင့်…
Read More » -
တိုက်ပွဲ
ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား
မိုးညှင်း နှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင်ရှိ ညောင်ထောက်ကုန်းအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က စ်ကောင်စီတပ်နှင့် KIA၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား…
Read More » -
သတင်း
မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ
ကချင်ပြည်နယ် မိုးညှင်း နှင့် မော်ဟန်ကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ခရီးသည်ယာဉ်၊ ကုန်တင်ကားများနှင့် ဆီဘောက်ဆာ ကားများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ကာ မိုးညှင်းမြို့တွင်းမှ ဆင်းလာသော အင်အား…
Read More » -
သတင်း
မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း
ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ…
Read More » -
သတင်း
အင်းတော်ကြီးဒေသ အများပြည်သူသွားလာရန်အချိန်ကန့်သတ်ချက်ကို KIA နှင့် PDF တို့ ထုတ်ပြန်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသအတွင်း ဖြတ်သန်းသွားလာနေသော ပြည်သူများ၏ အသက်အန္တရာယ်ကို ငဲ့ညှာသောအားဖြင့် အများပြည်သူသွားလာချိန်ကို ကန့်သတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ပူးပေါင်းတပ်တို့မှ ထုတ်ပြန် ကြေညာထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မိဘပြည်သူများအနေဖြင့် ကားလမ်းမကြီးပေါ်တွင် ည…
Read More » -
သတင်း
စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်
မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား…
Read More » -
သတင်း
မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ သုန်ပြင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း (၂၆) နယ်မြေတွင် နိုဝင်ဘာလ ၂၅ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ ဂျက်လေယာဉ် ၂စီးဖြင့် ၅ကြိမ် ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့…
Read More »