အခြေခံစားသောက်ကုန်
-
Nov- 2025 -27 Novemberသတင်း
ဟုမ္မလင်းမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် စျေးအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေစပြီး ဟုမ္မလင်းမြို့နယ်ထဲမှာဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကြက်ဥတစ်လုံး ၂၀၀၀ (နှစ်ထောင်) ကြက်သွန်နီတစ်ပိဿ ကျပ် ၅၀၀၀၀ (ငါးသောင်း) စသဖြင့်အဆမတန်စျေးတက်နေကြောင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓာတ်ဆီမဝင်တာ ဆယ့်ငါးရက်လောက်ရှိပြီ စားသောက်ကုန်တွေကတော့ လေယာဥ်နဲ့လာတယ်။ ဒါပေမယ့် လေကြောင်းနဲ့ဆိုတော့တန်ဆာမြင့်တယ်လေ ခုကြက်ဥတစ်လုံး ၂၀၀၀ ရှိနေပြီ။ စားသောက်ကုန်ကော၊ဓာတ်ဆီကောမတရားစျေးတက်နေတာ”လို့ အသက် ၅၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲ စက်သုံးဆီ၊အခြေခံစားသောက်ကုန်တွေကို ဗန်းမောက်–ဟုမ္မလင်းကားလမ်းကနေသယ်ယူကြပေမယ့် လတ်တလော ယင်းလမ်းပိုင်းကို SNA၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာကြောင့် ကုန်တွေအဝင်ရပ်တန့်နေတယ်လို့ သိရပါတယ်။ “ဆီကားတွေက ပင်ခုတ်မှာပိတ်ထားတယ်ပြောတယ် အဲ့ကနေမကျော်ခိုင်းတာ လမ်းက SNAထိန်းချုပ်တဲ့နေရာမှာ SNA ကပိတ်တယ်။ ကာကွယ်ရေးတပ်တွေထိန်းချုပ်တဲ့နေရာမှာက ကာကွယ်ရေးတပ်တွေက ပိတ်တယ် ပင်ခုတ်ကလောလောဆယ် ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဟုမ္မလင်းမြို့နယ်ထဲဝင်မယ့် ဆီကားနဲ့ အခြေခံစားသောက်ကုန်တင်တဲ့ ကားတွေကို ဟုမ္မလင်းမြို့နယ်၊နန့်ချောကျေးရွာအုပ်စုထဲက…
Read More »
