ကြံ့ခိုင်ရေးပါတီ

  • Jun- 2023 -
    26 June
    သတင်း

    မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

    မြစ်ကြီးနားမြို့  ကြက်ပေါင်ခြံရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား မြစ်ကြီးနား မြို့ပြပျောက်ကျားအဖွဲ့က သွားရောက်သတိပေး ပစ်ခတ်ခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃နာရီဝန်းကျင် ကြက်ပေါင်ခြံရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ရပ်ကွက်အဝင်ဆိုင်းဘုတ်ရှိသည့်အနီးတွင် စောင့်ကြိုပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ပြပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူက ပျူအဖွဲ့ထဲကဘဲ သူ့အပေါင်းအပါတွေအားလုံးကလည်း မြစ်ကြီးနားပျူအဖွဲ့ဖွဲ့ပြီး အလှူခံပြီးထောက်ပံ့နေတာ မြစ်ကြီးနားမှာ စစ်ဆေးရေးလုပ်ပြီဆိုရင် ယူနီဖောင်းအနက်တွေနဲ့က စစ်သားတွေမဟုတ်ဘူး ဒီလူတွေ ပျူခေါင်းဆောင်ထဲက တစ်ယောက်ဘဲ”ဟုပြောသည်။ ကိုဝဏ္ဏသည် လက်ရှိမြစ်ကြီးနားမြို့တွင်း အရပ်ဝတ်ဖြင့် စစ်ဆေးရေးလုပ်ဆောင်ပေးနေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် သွားရောက် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ လက်ရှိ ပစ်ခတ်ခံရသည့် ကိုဝဏ္ဏသည် ၎င်း၏ ကျောဘက်တွင် ကျည်နှစ်ချက်ထိမှန် ဒဏ်ရာရရှိ သွားသည့်အတွက်…

    Read More »
  • Jan- 2023 -
    25 January
    သတင်းနန်းမား

    နန်းမား ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သတ်ခံရသည့် မသင်္ကာမှုဖြင့် အမျိုးသားနှစ်ဦး ဖမ်းဆီး ခံထားရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင်…

    Read More »
  • 24 January
    သတင်း

    နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့…

    Read More »
  • Aug- 2022 -
    27 August
    သတင်း

    ဖားကန့် မော်ဝှမ်းတွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် မှော်ဝှမ်းရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ ည ၅နာရီဝန်းကျင် မှော်ဝှမ်းရပ်ကွက် ကုလားချောင်းတွင် နေထိုင်သည့် ကိုကျော်ဦးခေါ်သူကို အမည်မသိအဖွဲ့အစည်းတစ်ခုက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး…

    Read More »
Back to top button