သောက်သုံးရေ

  • May- 2023 -
    9 May
    သတင်း

    လူနေရပ်ကွက်အထိ ကျောက်စိမ်းအလွန်အကျွံ့တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ

    ဖားကန့်မြို့နယ် လုံးခင်း မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များအထိ စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာကြောင်း သိရသည်။  စစ်တပ် အာဏာသိမ်းပြီးချင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ စစ်တပ်နှင့် ပူးပေါင်းသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးများသည် လူနေရပ်ကွက်များအထိပါ ကျောက်စိမ်းတူးဖော်လာသောကြောင့် လက်ရှိတွင် ရေကြောများ ပျက်လာကြောင်း မှော်စီဆာကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်ဒီမှာနေတာ လေးနှစ်ငါးနှစ်ရှိပြီ တစ်ခေါက်မှဒီလောက်ထိရေခက်ခဲတာမကြုံဖူးဘူး ဒီနှစ်ကပိုပြီးရေရှားလာတယ် မနှစ်ကထက်ပေါ့။ ဘာလို့ဆို စက်ယန္တရားကြီးတွေက တဖြည်းဖြည်းနဲ့ရပ်ကွက်ထဲ ရောက်လာတာလေ ။ အခုဟာက အဝီစိတွင်းတောင်ရေခမ်းကုန်ပြီ တချို့အဝီစိရေတွင်းတွေတော့ ရတယ်။ ဒါပေမယ့် သောက်လို့မရဘူး ရေချိုးဘာညာလောက်ပဲရတယ်”ဟုပြောသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စစ်တပ်နှင့် အကျိူးတူ ပူးပေါင်းသည့်…

    Read More »
  • 2 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး‌ နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

    Read More »
  • Jan- 2023 -
    23 January
    သတင်း

    ဖတ်မာကျေးရွာအနီး ရွှေတူးဖော်နေမူကြောင့် ဒေသခံများသောက်သုံးရေ ခက်ခဲနေ

    ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ မြစ်ကြီးနား–ပူတာအို လမ်းမ၊ ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေ နှောက်နေသဖြင့် ဒေသခံများ သောက်သုံးရေ မရှိတော့လောက်အောင် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့…

    Read More »
Back to top button