တိုက်ပွဲ
-
Nov- 2024 -11 Novemberသတင်း
အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး မြို့တွင်းရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ အထိုင်ချထားတဲ့ (ဒေသအခေါ်) ဂျပန်လှိုဏ်ဂူနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “အင်းတော်က ကချင်ပြည်နယ်ဝင်ပေါက်ကြီးလေ။ သူတို့ကလက်လွှတ်မှာမဟုတ် ဘူး။ ပြီးတော့သူက လမ်းဆုံလေ ထီးချိုင့်ရော၊ ကသာရော၊ ဗန်းမောက်ရော၊ ကချင်ပြည်နယ်ရော၊ ရွှေဘိုဘက်လည်းပြန်ဆင်းလို့ရတယ်။ အင်းတော်မြို့က ဗျူဟာတော်တော်ကျတယ်။ အင်းတော်တစ်မြို့ရရင် ဗန်းမောက်ရော၊ ကသာရော ရပြီလို့ပြောလို့ရတယ် လွယ်သွားတာပေါ့”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီး အောက်တိုဘာလ ဒုတိယအပတ်မှာ တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲတစ်ဖန် ပြန်စတင်လာပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်နေကာ နှစ်ဖက်တပ်အကြား နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ တိုက်ပွဲ ၁၀ ရက်အတွင်း မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “ထိတွေ့မှုကတော့နေ့တိုင်းပေါ့ ဘယ်လိုပြောရမလဲ အပြန်အလှန် သေနတ်သံတွေ လက်နက်ကြီးသံတွေ ပစ်ခတ်တာရှိတာပေါ့ လုံးဝမရပ်ဘူး။ အသံကတော့နေ့တိုင်း ကြားနေရတယ်။”လို့ ပြောပါတယ်။ မြစ်ကြီးနား–ရွှေဘို လမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို KIA နဲ့ PDF တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ကနေ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး မြို့ပတ်လမ်းကိုသာအသုံးပြုနေရပေမယ့် မြို့ပတ်လမ်းကိုလည်း စစ်တပ်ဘက်က နိုဝင်ဘာလ လဆန်းကနေ ပိတ်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြောင့် အင်းတော်မြို့နယ်အတွင်းနေထိုင်တဲ့ဒေသခံအများစုဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
1 Novemberသတင်း
နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
Oct- 2024 -31 Octoberသတင်း
မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗန်းမော်ဘက်က စစ်တင့်ကား ၄ စီးပါတဲ့စစ်ကြောင်းတစ်ခု ထပ်မံစစ်အင်အားတိုးချဲ့လားပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မိုးမောက်ဘက်မှာ ဒီလ ၂၀ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ တစ်နေ့ကနဲ့ မနေ့အထိတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ လုံးဝငြိမ်သွားတဲ့ ပုံစံမဟုတ်ဘူး။ တိုက်ပွဲက ဖြစ်နေတုန်း။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေသေးတဲ့အတွက် တိုက်ပွဲက ဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က တင့်ကား၊ ဒရုန်းလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်လဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကုန်းကျော်လွန်လာပြီး ၈ မိုင်နားအထိ စစ်ကောင်စီတပ်တွေ နီးကပ်လာတာရှိတယ်လို့လည်း သိရပါတယ်။ KIA တပ်တွေလည်း မိုးမောက်မြို့နယ်ဘက်ခြမ်းကို မကျော်တက်လာနိုင်အောင် ခမရ ၄၃၇ တပ်ရင်းသိမ်းပြီးကတည်းက ၃ လခန့်အထိ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ဟုတ်တယ်ဗျ။ မနက်က လာပစ်တာ ၄ ကြိမ်ရှိပြီ ထိခိုက်မှုတော့မသိရသေးဘူး။ ဥရုချောင်းမှာလည်း ကျတာတွေရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်းတောင်မှာလည်း စစ်တပ်ရဲ့လေယာဉ်လာရောက်ပျံဝဲနေတယ်လို့ ဆိုင်းတောင်ဒေသခံတွေပြောပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ ထိစပ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ကချင်အထူးဒေသ(၁) ဖီမော်မြို့စောင့်တပ် အမှတ် ၁၀၀၁ တပ်ရင်းနေရာကိုလည်း KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ဌာနချုပ် နေရာဖြစ်တဲ့ ဖီဖော် ၁၀၀၁ နေရာကို KIA ဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆက်အသွယ်အခက်အခဲကြောင့် အတည်ပြုဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA တပ်တွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာပဲ တရုတ်နယ်စစ်တစ်ကြောမှာရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့အပါ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲဲ့ လုပီ ၁၀၀၂၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး အမှတ် ၁၀၀၁ တပ်ရင်းတစ်ခုသာကျန်နေတာလည်း ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
31 Octoberသတင်း
ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…
Read More » -
29 Octoberသတင်း
ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ သို့သော် တိုက်ပွဲငြိမ်သက်သွားတဲ့နောက် အောက်တိုဘာလ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ဒေသခံတစ်ချို့နေရပ်ပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ ငွေကြေးပေးပြီး နေအိမ်မီးရှို့စေခိုင်းတာတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စ်ီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာနေရပ်ပြန်လာနေကြပေမဲ့ နေစရာအိမ်မရှိတော့တဲ့ အကူညီလိုအပ်နေတယ်လို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါတယ်။ “အစကလို ပြန်လာတဲ့သူတွေကတော့ ဆိုင်တွေဘာတွေပြန်ဖွင့်နေပြီ။ အဝေးကိုတိမ်းရှောင်သွားတဲ့သူတွေ၊ မြစ်ကြီးနားဘက်တို့ ဆင်းသွားတဲ့သူတွေကတော့ မပြန်လာဘူး။ မီးလောင်သွားတဲ့အိမ်တွေကိုတော့ KIO ဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ကုမ္မဏီတွေကိုခေါ်ပြီး ကုမ္မဏီတစ်ခု ကားတစ်စီးနဲ့ နေ့တိုင်းလုပ်အားပေးလုပ်နေတယ်” လို့ ဖားကန့် ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး KIO ဘက်က ဦးဆောင်ကာ ပရဟိတအသင်းများရွာသူ၊သားများနဲ့ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ သို့သော် တစ်ချို့ရက်ကွက်တွေကတော့ ရှင်းလင်းရေးလုပ်ဆောင်မှုမပြီးပြတ်သေးတဲ့အတွက် ရွာထဲပြန်လည်နေထိုင်ဝင်ခွင့်မရသေးသူတွေရှိသလို နေအိမ်မရှိတော့တစ်ချို့တစ်ဝက်ဟာ ဖားကန့်မြို့ အနီးအနားကျေးရွာတွေရှိ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပြီး မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားသူတွေလည်းများတယ်လို့ ဆိုပါတယ်။ ရွာထဲဝင်ခွင့်မပြုသေးတဲ့နေရာတွေဟာ ကျောက်တွင်းတောင်၊ ဖားပြင်၊ ယူမာကျေးရွာ(ကျောက်ဝိုင်း) ဘက်က ဒေသခံပြည်သူတွေနဲ့ ယူမာရွာနဲ့ကပ်ရပ် ဆိုင်းတောင် ရပ်ကွက် ၃ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့ အစီအစဉ် ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေဘက်က ပြောပါတယ်။ “ပြန်လည်ထူထောင်ရေးအတွက်ကတော့ စီမံကိန်းရှိမရှိ ကျနော်တို့လည်းမသိရဘူး။ KIO ဘက်က လက်ရှိမှာတော့ စစ်ရှောင်တွေကို ကုမ္မဏီတစ်ခုချင်းစီကနေ ဆန်ဘယ်နှအိတ်ဆိုပြီး ဦးစီးလှူဒါန်းပေးတာတွေတော့ ရှိတယ်။ ကူညီမှုတွေတော့ အများကြီးလိုအပ်နေတယ်။ အားလုံး ပြောင်သလင်းခါသွားပြီလေ။ နေအိမ်တွေ ပြန်လည်ဆောက်ယူဖို့က ဒီအချိန်မှာ မလွယ်ဘူးဒါကြောင့် ကူညီမှုအရမ်းလိုအပ်နေတယ်။ ကုန်စျေးနှုန်းတွေက မြှင့်နဲ့ တော်တော်ခက်ခဲတာပေါ့” လို့ ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ တစ်လခန့် ကြာမြှင့်ခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကနေ မြေပြင်ကနေ မီးလိုက်ရှို့လို့ အရပ်သားနေအိမ် ၁၇၅ ခု မီးလောင်ဆုံးရှုံး ပြာကျသွားပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၈ အိမ်အပြင် တိုက်ပွဲကာလအတွင်း သူခိုးဖောက်ထွင်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတယ်လို့လည်း KIO ကဆိုပါတယ်။ ဒါ့အပြင် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ရပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့ဖော်ပြထားချက်အရ ဆက်လက်သိရပါတယ်။ တိုက်ပွဲကြောင့် အသက်အိုးအိမ်ဆုံးရှုံး နစ်နာသွားသူတဲ့ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ KIO ဘက်က ဦးစီးတာဝန်ယူလုပ်ဆောင်သွားဖို့ စီမံကိန်းရှိမရှိကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနမှ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဖားကန့်မြို့ကနေ မြောက်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဆိုင်းတောင်ကျေးရွာရဲစခန်းကို KIA သိမ်းပိုက်လိုက်ပြီး Luck Man Hotel ထဲ ဝင်ရောက်တပ်ချလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းကို တစ်လခန့်ကြာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်တစ်လျှောက်ကို KIA နဲ့ PDF တပ်ပေါင်းစုတွေထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
23 Octoberသတင်း
ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ
ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။ ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့ ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Octoberသတင်း
မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ
ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …
Read More » -
22 Octoberသတင်း
ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ
ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။ “အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်း ပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့”လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံး ကိုယ်ပိုင်ကား၊ဆိုင်ကယ်ရှိတဲ့သူတွေကတော့ မိမိယာဉ်တွေနဲ့ ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနဲ့တစ်ဆက်တည်း ဖီမော်၊ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီးတစ်ချို့ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်တဲ့အပြင် မြန်မာ–တရုတ်နယ်စပ် ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
16 Octoberသတင်း
ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး
ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၂ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ချီဖွေမြို့နဲ့…
Read More » -
14 Octoberသတင်း
ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော
ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…
Read More »









