ဗိုလ်မှူးကြီးနော်ဘူ
-
Dec- 2025 -6 Decemberသတင်း
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်ရေးအောင်မြင်သွားတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမယ်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေ အားလုံးဆက်ပြီးပူးပေါင်းပါဝင်ပေးကြဖို့ KIO ပြောဆိုလိုက်ပါတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့ထိ ဗန်းမော်မြို့တွင်း၊ နန့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ လမ်းကြောင်းတစ်လျှောက်နဲ့ ဗန်းမော် – မိုးမောက်သွားတဲ့ ၂ မိုင်၊ ၃ မိုင်၊ ခလရ ၄ရ သွားလမ်းတစ်လျှောက် စတဲ့နေရာတွေမှာ တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမပြီးမချင်း စစ်ရေးအနိုင်ရရှိသွားတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။ ဗန်းမော်တိုက်ပွဲအောင်နိုင်ရေးအတွက် ပြည်သူလူထုတွေအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ တော်လှန်ရေးလုပ်ငန်းတွေမှာ ဆက်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ဆိုပါတယ်။ “ပြည်သူလူထုတွေကို ပြောချင်တာက ဗန်းမော်မြို့သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ စစ်တပ်နဲ့ ကျနော်တို့ကြားမှာ မတူညီတဲ့ စစ်အင်အားတွေကြောင့် ဒီကနေ့အထိ အချိန်ကျန့်ကြာနေတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း ဗန်းမော်တိုက်ပွဲအတွက် ကိုယ်တတ်စွမ်းတဲ့ ဖက်ကနေ ဝိုင်းဝန်းကူညီပါဝင်ပေးခဲ့ကြလို့လည်းအထူးကျေးဇူးတင်ရှိပါတယ်။ တစ်ချို့မိသားစုဆိုရင် ကိုယ့်သား၊ သမီးတွေကို အသက်နဲ့ ရင်းပေးလိုက်ရတယ်။ အားလုံးက တော်လှန်ရေးလုပ်ငန်းမှာ အရင်းအနှီးပေးလိုက်တယ်လို့ ခံယူစေချင်တယ်။ ဆက်ပြီးတော့လည်း ဒီစစ်ရေးပန်းတိုင်အောင်မြင်ဖို့အတွက် ပြည်သူလူထုတွေဝိုင်းဝန်းကူညီပေးဖို့လည်း ပြောချင်ပါတယ်”လို့ပြောပါတယ်။ စစ်ရေးအောင်နိုင်ရေးအတွက် ပြည်သူလူထုတွေဘက်နေ ငွေးကြေးအပြင် အစွမ်းအစရှိသေးတဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေလည်း တော်လှန်ရေးလုပ်ငန်းတွေမှာ ဆက်ပြီးပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဝက်ပိုင်း ဇွန်လဝန်းကျင်အထိ ဗန်းမော်မြို့အတွက် အရေးပါတဲ့ မြို့တွင်းနေရာနဲ့ စစ်တပ်နေရာတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးအသာစီးရရှိခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လကနေ စစ်တပ်က စစ်အင်အားအပြင် စစ်လက်နက်၊ ရိက္ခာတွေတင်တဲ့ စစ်သင်္ဘော အစီး ၂၀ ကျော်ကို မန္တလေးဘက်က သယ်ယူပြီး စစ်အင်အားစုဆောင်းကာ တစ်ကျော့ပြန် တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ စစ်ရိက္ခာတွေ သယ်ယူပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ၂၀၂၅ နှစ်စပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်၊ အမတ (၃၆၆) အမြှောက်တပ်ရင်းနဲ့ ခလရ ၂၃၆ ၊ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုလို သိမ်းပိုက်ထားတဲ့နေရာတစ်ချို့ လက်လွတ်လိုက်ရတဲ့ အခြေအနေနဲ့ ဗန်းမော်စစ်ရေးကာလကြာမြင့်သွားတဲ့မြေပြင်အခြေနေမှာ ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ခလရ ၄၃၇ နဲ့ စကခ (၂၁) တပ်တွင်း ပုန်းခိုနေတဲ့ စစ်အင်အားအများအပြားက ဗန်းမော်မြို့တွင်း ရပ်ကွက်နေရာတွေမှာ ကင်းပုန်းဝပ် လုံခြုံရေးရယူလိုက်တာကြောင့် ရှင်းလင်းဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ KIO ပြောဆိုတဲ့ထဲပါရှိပါတယ်။ အဲ့ဒီနောက် စစ်သင်္ဘောတွေ လာရောက်လာပြီး စစ်အင်အားတွေပိုမိုများပြားသွားအခြေနေမှာ တိုက်ခိုက်ရမယ့် စစ်မျက်နှာပြင်ကျယ်ပြန့်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်တိုက်ပွဲ တစ်နှစ်ပြည့်သွားတဲ့အထိ စစ်ရေးကာလကျန့်ကြာသွားတာနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ KIA ကြားမှာ စစ်တပ်ဘက်က အသုံးပြုတဲ့ စစ်အင်အားအပြင် စက်လက်နက်နည်းပညာတွေ ကွာခြားသွားတာကြောင့်ဖြစ်နိုင်တယ်လို့ ကချင်နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောဆိုထားပါတယ်။ “ဗန်းမော်တိုက်ပွဲ ကျန့်ကြာသွားတာနဲ့ အခြေအနေကို သုံးသပ်ကြည့်ရင် အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမတစ်ချက်က ပစ်ခတ်တဲ့ အင်အားကွာပါတယ်။ နောက်တစ်ချက် KIA ဘက်က မြို့ပေါ်တိုက်ခိုက်ရေးစွမ်းရည်အားနည်းနေသေးတယ်လို့မြင်တယ်။ ပစ်ခတ်ရေးစွမ်းရည်ကွာခြားတယ်လို့ ပြောတဲ့ထဲမှာ စစ်တပ်က လေယာဉ်ဆိုမျိုးစုံအသုံးပြုတိုက်ခိုက်တယ်။ အခုနောက်ပိုင်းဆို အဆင့်မြင့်တဲ့ ဒရုန်း၊ စက်လက်နက်တွေအသုံးပြုနိုင်တယ်။ ဒီအပိုင်းမှာ KIA ဘက်က အားနည်းပါတယ်။ နောက် KIA ဘက်က မြို့ပေါ် တိုက်ခိုက်ရေးစွမ်းရည်အရင်ကတည်းကမရှိသေးဘူး။ အရင်ကရှိတယ်ဆိုပေမယ့် မြို့ကြီးနေရာမဟုတ်တဲ့နေရာတွေမှာပဲရှိဘူးတယ်လေ”လို့ပြောပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်သလို စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ စစ်တပ်နေရာတွေခိုင်ခံပြီး နေရာကျယ်ဝန်းတာကြောင့် မြို့တွေနေရာတွေကို ထိန်းချုပ်နိုင်တာတွေရှိပေမယ့် စစ်တပ်နေရာတွေကို ဝင်ရောက်ထိန်းချုပ်ဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဆက်ပြီးသုံးသပ်ထားပါတယ်။ စစ်ကောင်စီတပ်ဘက်လည်း ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်လေယာဉ်မျိုးစုံနဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ ဒရုန်းလက်နက်ကြီးအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို တစ်ဖက်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉…
Read More » -
Nov- 2025 -14 Novemberသတင်း
တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော
တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။ “တရုတ်ငွေအတု တွေ့ရှိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတာတွေ လုပ်နေပါတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာတယ် ဆိုတာကို တိတိကျကျဆုံးဖြတ်ပြောဆိုတာတွေ မလုပ်သေးပါဘူး။ လုပ်ဆောင်နေတာ လုပ်ငန်း မပြီးစီး သေးတော့ ပြောဖို့ခက်ခဲနေသေးတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကပဲ လိုင်ဇာမှာ အမျိုးသမီးတစ်ဦးဆီကနေ တရုတ်ငွေအတု သိန်းချီ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ဟာ အမျိုးသမီးဆီကနေ ဖမ်းဆီးရမိခဲ့တာမဟုတ်ပဲ အမျိုးသမီးကိုယ်တိုင်က တာဝန်သိစိတ်ဖြင့် တရုတ်အမျိုးသားတစ်ဦးဆီကနေ ရရှိထားတဲ့ ငွေကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာ KIO ရဲဌာနဆီ သွားရောက်ပို့ဆောင် စစ်ဆေးခံခဲ့ရာမှ ငွေအတုဖြစ်ကြောင်း…
Read More » -
Aug- 2025 -18 Augustသတင်း
ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ်…
Read More » -
Jun- 2025 -9 Juneသတင်း
ဒေသခံများ သဘောတူညီမှုရှိမှသာ ရွှေတူးဖော်ခွင့်ပေးတယ်လို့ KIO ပြောဆို
ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ မရရှိဘဲ သယံဇာတ မတူးဖော်ဖို့ဆိုတဲ့ KIO ရဲ့ မူဝါဒအတိုင်း အဆိုပါလုပ်ငန်းတွေကို KIO က ပုံမှန် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သယံဇာတ…
Read More » -
Mar- 2025 -7 Marchသတင်းဆောင်းပါး
တအောင်း(ပလောင်) နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် သည်းခံဖို့လိုတယ်လို့ KIO ပြော
တအာင်း (ပလောင်) နဲ့ ကချင်မျိုးနွယ်စုဆိုတာ ရှေးယခင်က အတူယှဉ်တွဲနေထိုင်လာပြီးတော့ တော်လှန်ရေးခရီးကို အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာကြောင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေ ဒီထက် မကြီးထွားလာစေဖို့ သည်းခံခြင်းနဲ့ သွားရမယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ ရှမ်းမြောက်၊ ကချင်ဆပ်စတိတ် ( Kachin Substate) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့…
Read More » -
Sep- 2024 -20 Septemberသတင်း
ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့ KIO ပြော
ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ…
Read More » -
Jun- 2024 -13 Juneသတင်း
ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။ “ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀ ဦး၊ ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ By – အမိုး
Read More » -
Jan- 2024 -29 Januaryသတင်း
ကိုင်းထိပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းအောက် ကိုင်းထိပ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြုပြောဆိုပါတယ်။ မံစီမြို့နဲ့ မံဝိန်းကြီးမြို့ကြားမှာတည်ရှိတဲ့ ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကြီးကို ဇန်နဝါရီ ၂၉ ယနေ့နံနက်ပိုင်း ၉ နာရီခန့်မှာ အပြီးစီးသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ “ကိုင်းထိပ်တပ်စခန်းကို မနေ့ကတည်းက တိုက်ပြီး ဒီမနက် ၉ နာရီခွဲလောက်မှာတော့ အပြီးအားလုံး သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ သတင်းပို့လာတယ်။ သူတို့ရဲ့ တပ်ရင်းက မဂျီဂုန်ဗျူဟာဆိုတော့ အဲ့ဘက်ကို အားလုံးထွက်ပြေးကုန်တာဖြစ်နိုင်တယ်”ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ KIA တပ်ရင်း ၂၇ နယ်မြေရှိ မိုင်းခေါင်အနီး စစ်ကောင်စီ ခလရ ၁၀၂ မဂျီဂုန်တပ်ရင်းဗျူဟာကုန်းအောက်က ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၈ နေ့ နေ့လည်ပိုင်းကစပြီး KIA ဘက်က လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ဒီနေ့ မနက်အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိုင်းထိပ်စစ်တပ်စခန်းက မံစီနဲ့ မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးတပ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၃ တပ်ရင်း ၂၇၊ တပ်ရင်း ၁ အပါအဝင် PDF တွေပူးပေါင်းပြီး ကိုင်းထပ်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကိုင်းထိပ်စစ်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ အများပိုင်းသုံးပြီး တိုက်စစ်အဖြစ် တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်းထဲက စစ်သားတွေ မခံနိုင်တော့လို့ မနေ့ညနေပိုင်းပဲ ထွက်ပြေးသွားကြတာဟုတ်တယ်။ မနေ့ည ၈ နာရီမှာ သူတို့ရဲ့ ခံတပ်ထဲဝင်နိုင်ပြီး ဒီမနက်တော့ အပြီးသိမ်းလိုက်တာဖြစ်တယ်”ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်း–ကချင်–တရုတ်နယ်စပ်မှာ တည်ရှိတဲ့ မံဝိန်းကြီးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုင်းထိပ်စစ်တပ်စခန်းကုန်းကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ “အဲ့ဘက်မှာက စစ်တပ်စခန်းမရှိတော့ဘူး။ မံစီနဲ့ မံဝိန်းကြီးသွားတဲ့ ကားလမ်းတစ်လျှောက်ပေါ့။ အဲ့ဒီကိုင်းထိပ်နဲ့ မံဝိန်းကြီးကြားက ကျောက်ဖျာစစ်တပ်စခန်းလည်း သူတို့ဟာသူတို့ ဆုတ်ခွာသွားပြီးဖြစ်တယ်။ အခုအဲ့ကားလမ်းတစ်လျှောက် စစ်တပ်စခန်းမရှိတော့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ လက်ရှိ မံဝိန်းကြီးဒေသ နဲ့ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဗန်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ By – ဂျာဘောက်ရာ
Read More » -
4 Januaryသတင်း
KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးဗိုလ်မှူးကြီးနော်ဘူပြော
KIO ဌာနချူပ်အနီး KIA ပစ်ချလိုက်တဲ့ စစ်ကောင်စီရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောပါတယ်။ ဇန်နဝါရီလ ၃ ရက် မနေ့ ၁၁ နာရီခန့်က မြစ်ကြီးနား–လိုင်ဇာလမ်း…
Read More »








