မိုးကောင်းမြို့နယ်
-
May- 2026 -19 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေမှူး လွတ်မြောက်လာခြင်းမရှိသေး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့ ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။
Read More » -
7 Mayသတင်း
ကံလှ စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေ
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ကံလှကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
Read More » -
Apr- 2026 -27 Aprilသတင်း
မိုးသက်လေပြင်းဒဏ်သင့်ခဲ့တဲ့ စစ်ရှောင်များ ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့ည ၉ နာရီခွဲဝန်းကျင် ကချင်ပြည်နယ်တစ်ခုလုံး မိုးသက်လေပြင်းပြင်းပြင်းထန်ထန်ကျရောက်ခဲ့တာကြောင့် အဓိက စစ်ဘေးရှောင်စခန်းတွေ ၊ လူနေအိမ်တွေ အတော်များများထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ “လေပြင်းမုန်တိုင်းတော်တော်ကြမ်းလို့ သစ်ပင်တွေပြိုတယ်၊ ဓါတ်တိုင်တွေ ကျိုးကျ၊ သွပ်အိမ်တွေဆို ပြောင်ပြန်လှန်ကုန်တယ်။ ဒီနေ့က မိုးကောင်းအတွင်း အထိအခိုက်၊ အပျက်အစီးတွေကို လိုက်လံရှင်းလင်းနေတယ်။ ဒီမှာက စစ်ဘေးရှောင်တွေ တော်တော်များတယ်။ စစ်ဘေးရှောင်စခန်းတွေ တော်တော်ပျက်စီးကုန်တယ်။”လို့ မိုးကောင်းမြို့ အမှုတော်ဆောင်တစ်ဦးက ပြောပါတယ်။ မိုးသက်လေပြင်းကြောင့် မိုးကောင်းမြို့အတွင်း လူနေအိမ်တော်တော်များအပြင် စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေ လှန်ပြီး ၊ အဆောင်တွေ ပြိုကုန်လှဲကုန်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ မိုးသက်လေပြင်းကြား ထိခိုက်ပျက်စီး၊ ပြိုကျပျက်စီးခဲ့တဲ့ သစ်ပင်တွေ၊ နေအိမ်တွေ ကို ရှင်းလင်းပြီး ပြန်လည်တည်ဆောက်မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့နယ်အတွင်း အထိအခိုက်၊ ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ပင်းခါး၊ လွဲလော၊ လွဲစော၊ မာန်ပင်း ၊ ခွေးအော်၊ ထိုပူး ၊ တစ်ကြော တွေအပြင် နမ္မတီးမြို့ ၊ မရမ်းကျေးရွာ တစ်ကြောလုံး ပျက်စီးမှု များခဲ့တာလို့ သိရပါတယ်။ မိုးကောင်းမြို့နယ်တွင်း ခိုလှုံနေတဲ့စစ်ရှောင်တွေဟာ အင်းတော်ကြီး မိုင်းနောင်စစ်ဘေးရှောင်တွေအပြင် ဖားကန့်လမ်းပိုင်းတိုက်ပွဲကြောင့် ကျေးရွာတော်တော်များများက စစ်ဘေးရှောင်များ ခိုလှုံနေကြရတာဖြစ်ပါတယ်။ လက်ရှိ နမ္မတီးမြို့မှာ စစ်ဘေးရှောင်စခန်း ၇ ခုခန့်ရှိပြီး အဲဒီစစ်ဘေးရှောင်စခန်းတွေဟာလည်း မိုးသက်လေပြင်းဒဏ်ကြောင့် အားလုံးထိခိုက်ပျက်စီးမှု နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ “နမ္မတီးမြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေလည်း အတော်ထိခိုက်တယ်၊ စစ်ရှောင်စခန်းတွေဆိုတော့ ဝါးနဲ့ပဲဆောက်ထားကြတော့ သွပ်တွေမိုးတယ်၊ တချို့က မိုးကာလောက်နဲ့ပဲ အမိုးအကာတွေ ပြုလုပ်ထားတော့ လေပြင်းကြောင့် အားလုံးလှန်ကုန်တယ်။ ပျက်စီးကုန်တာပေါ့။” လို့ သူက ဆက်ပြောပါတယ်။ လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အတော်များကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကူညီမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခုက မိုးတွေ ဆက်တိုက်အုံ့နေသေးတယ်၊ မိုးသက်လေပြင်းမုန်တိုင်းကျရောက်အုံးမလား စိုးရိမ်နေကြသေးတယ်။ လောလောဆယ်က သွပ်မိုးတွေ လိုအပ်တယ်၊ ကျိုးကျသွားတဲ့အဆောင်တွေ ပြန်လည်တည်ဆောက်ယူနိုင်ဖို့ ငွေကြေးအကူအညီ၊ သွပ်၊ အမိုးအကာ အကူအညီတွေလိုအပ်နေတယ်။”လို့ မိုးကောင်းမြို့နယ် အမှုတော်ဆောင်ဆရာက ဆက်ပြောပါတယ်။ မိုးကောင်းမြို့နယ်အပြင် မြစ်ကြီးနားမြို့အတွင်းလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် ပြောင်းရွှေ့ဖို့ ဆောက်လုပ်နေဆဲ စစ်ဘေးရှောင်စခန်းတွေ၊ ဆောက်လုပ်ပြီးစီးထားဆဲ စစ်ဘေးရှောင်စခန်း အဆောင်တွေ အားလုံးသွပ်များ လွင့်ကုန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသက်လေပြင်းမုန်တိုင်း မကြာခဏကျရောက်နေတာဖြစ်ကာ စစ်ဘေးရှောင်တွေအများဆုံး တိမ်းရှောင်နေကြရတဲ့ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့မှာ စစ်ဘေးရှောင်စခန်းတွေ မကြာခဏ ပျက်စီးမှု ဒဏ် ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းကလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် အင်းတော်ကြီးဒေ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်စခန်းများ၊ နမ္မတီးမြို့တွင်း စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Nov- 2025 -15 Novemberသတင်း
ဆားမှော်ရွာ လယ်တောတစ်နေရာမှာ အမျိုးသား၂ ဦးသေဆုံးနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာရဲ့ လယ်တော တစ်နေရာမှာ အမျိုးသား၂ ဦး သေဆုံးလျက်တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင် ဦးအင်ခွမ်လရဲ့မြေးဖြစ်သူကျောင်းပိတ်တဲ့အတွက် လယ်တောမှာနေတဲ့ အဖိုးဆီအလည်သွားချိန်…
Read More » -
13 Novemberသတင်း
မိုးကောင်းမြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေထဲမှာ အထက်တန်းကျောင်းသားများလည်းပါဝင်လာ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အရင်နှစ်တွေထက် ပိုများလာတဲ့အပြင် အထက်တန်းကျောင်းသားတွေကိုလည်း တွေ့လာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မိုးကောင်းမြို့ထဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုအဆိုးဆုံးရပ်ကွက်က ရွာသစ်ရပ်ကွက်မှာဖြစ်တယ်လို့သိရပြီး ရာမတစ်လုံးကို ကျပ် ၂၅၀၀ ကျပ်၊ ဘိန်းဖြူ တစ်ထောင်ကျပ်ကနေ စဝယ်ယူနိုင်ကြောင်း…
Read More » -
Apr- 2025 -22 Aprilသတင်း
ဆားမှော်ရွာ ပြည်သူတွေရဲ့တောင်ယာသွားလမ်း တစ်လနီးပါးကြာမြင့်လာတဲ့ထိ ပိတ်ခံထားရဆဲ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ဒေသခံပြည်သူတွေရဲ့တောင်ယာသွားလမ်း စစ်ကောင်စီတပ်ကပိတ်ထားတာ တစ်လကျော်ကြာမြင့်လာတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။ ဆားမှော်ကျေးရွာ ဒေသခံတွေဟာ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခန်( Chyanghka Pa)၊ ဘန်စိုင်း(…
Read More » -
Sep- 2022 -13 SeptemberFact Check
KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ
မိုးကောင်းမြို့နယ် ပင်းကြိုင်းကျွေးရွာ အောင်မြင်ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ KIA/PDF အဖွဲ့မှ ဓားပြတိုက်မှု ပြုလုပ်ခဲ့သည် ဟူသော သတင်းအမှားကို စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်နေကြသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ပုံမှန် သတင်းအမှားဖြန့်နေကျ “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် စက်တင်ဘာလ ၁၁…
Read More » -
12 Septemberသတင်း
မိုးကောင်းနယ်ရှိ ဘုရားကျောင်းတစ်ခုတွင် PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာ အောင်မြေရပ်ကွက် ဘုရားကျောင်းတွင် အရပ်ဝတ်ဖြင့် လူငယ် ၂ဦးက PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၁ရက်နေ့ ၁၁နာရီဝန်းကျင်တွင် အသင်းသားများ ဝတ်ပြုကိုးကွယ်နေကြစဉ် မျက်နှာပေါ်တွင် အဝတ်စည်းထားသည့်…
Read More » -
Jul- 2022 -22 Julyသတင်း
မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကျဲမည်ဟု သတင်းရရှိထားကြောင်း ဟိုပင် PDF ပြော
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ နှင့် နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသောကြောင့် ပြည်သူများ သတိထားစေလိုကြောင်း ဟိုပင် PDF အဖွဲ့မှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှ…
Read More » -
Jun- 2022 -7 Juneသတင်း
မိုးကောင်းမြို့နယ် ထုံးရင်ပေါက် ကျေးရွာတွင် NLD ပါတီဝင် တစ်ဦးသတ်ဖြတ်ခံရ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရင်ပေါက်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် အမျိုးသားတစ်ဦး သတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အမျိူးသားမှာ ပင်းဘောကျေးရွာအနီးရှိ ထုံးရင်းပေါက်ကျေးရွာမှ အသက် ၃၀ ကျော်ဝန်းကျင်ရှိ NLD ပါတီဝင်…
Read More »









