မြစ်ကြီးနားလမ်း
-
Nov- 2025 -3 Novemberသတင်း
ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “အတက်အဆင်းတော့ရှိတယ်ဒီနေ့လည်းကားတွေထပ်ဆင်းကြမယ် အဆင်းတော့နည်းနည်းအဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့) ကတော့ပုံမှန်လို့မဟုတ်ဘူး သူတို့သွားဆိုတဲ့အချိန်သွားရတယ် ဂိတ်မှာစောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ပစ္စည်းတွေတင်လို့မရဘူး”လို့ သူကပြောပါတယ်။ လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့်ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက်အခက်အခဲမရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက…
Read More »
