တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီး မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား ဩဂုတ် ၂၆ ရက်ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မုံးကိုးမှာ ဒီညနေ (ဩဂုတ် ၂၆ ရက်) ၆ နာရီ ၁၀ မိနစ် ခန့်ကစ စစ်ကောင်စီနဲ့ ကိုးကန့်တို့ မိနစ် ၃၀ လောက် ပြောင်းဖူးဖောက် စားနေကြတယ်။” လို့ ဒေသခံ တစ်ဦးက တိုက်ပွဲ ပြင်းထန်နေကြောင်း ပြောပါတယ်။ မုံးကိုးမြို့မှာ နေထိုင်တဲ့ ဒေသခံ လူငယ်တစ်ဦးကလည်း “မြို့ဘက်ကလူတွေတော့ ဘာမှ မဖြစ်ဘူး။ မန်ဂျေဘက် ဖြစ်တာ။ လက်ရှိတော့ မရှောင်ကြသေးဘူး။ ရွာမှာ နေပြီးမှလည်း ပစ်နေတယ်။ ထိခိုက်မှု ဘာတွေတော့ … Continue reading တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီး မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်