ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ

ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်များ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့တွင် ဖုန်းဆိုင်အချို့ အင်တာနက်သုံးစွဲခွင့် ရသော်လည်း သုံးစွဲခ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ သိရသည်။ “ဆိုင်းတောင်မှာ ရှိတဲ့ဖုန်းဆိုင်မှာ အင်တာနက် ပိုက်ဆံပေးပြီး သုံးလို့ရတာတော့ ကြာပြီ။ အဲဒီဆိုင်က အစကတည်းကနေ ဂြိုလ်တုတပ်ထားပြီးသားဆိုတော့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက်မှာ ဘေထည့်ပြီး သုံးတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲဆိုတော့ စစ သုံးတုန်းက တစ်ရက်လုံးမှ ၁၀၀၀၀ ပေးရတယ်။ အဲနောက်ပိုင်း တစ်နာရီကို ၅၀၀၀ဆိုပြီး တက်သွားတယ်။ အခု နှစ်ပတ်လောက်ရှိပြီ တစ်နာရီ ၁၀၀၀၀ ပေးသုံးရပြန်ပြီ” လို့ ဒေသခံတစ်ဦးက ပြောသည်။ အင်တာနက်သုံးစွဲခ ပိုမိုမြင့်တက်လာသော်လည်း လာရောက်သုံးသူဦးရေ လျော့နည်းခြင်းမရှိဘဲ ပို၍များလာကြောင်း သိရသည်။ ထို့အပြင် လက်ရှိသုံးစွဲနေရသည့် အင်တာနက်လိုင်းသည် ဂြိုလ်တုဖြင့်ချိတ်ဆက်ပြီး သုံးနေရသည့်အတွက် တစ်နာရီလျှင် … Continue reading ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ