,

Breaking News :

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ

ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်များ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့တွင် ဖုန်းဆိုင်အချို့ အင်တာနက်သုံးစွဲခွင့် ရသော်လည်း သုံးစွဲခ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ သိရသည်။

“ဆိုင်းတောင်မှာ ရှိတဲ့ဖုန်းဆိုင်မှာ အင်တာနက် ပိုက်ဆံပေးပြီး သုံးလို့ရတာတော့ ကြာပြီ။ အဲဒီဆိုင်က အစကတည်းကနေ ဂြိုလ်တုတပ်ထားပြီးသားဆိုတော့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက်မှာ ဘေထည့်ပြီး သုံးတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲဆိုတော့ စစ သုံးတုန်းက တစ်ရက်လုံးမှ ၁၀၀၀၀ ပေးရတယ်။ အဲနောက်ပိုင်း တစ်နာရီကို ၅၀၀၀ဆိုပြီး တက်သွားတယ်။ အခု နှစ်ပတ်လောက်ရှိပြီ တစ်နာရီ ၁၀၀၀၀ ပေးသုံးရပြန်ပြီ” လို့ ဒေသခံတစ်ဦးက ပြောသည်။

အင်တာနက်သုံးစွဲခ ပိုမိုမြင့်တက်လာသော်လည်း လာရောက်သုံးသူဦးရေ လျော့နည်းခြင်းမရှိဘဲ ပို၍များလာကြောင်း သိရသည်။

ထို့အပြင် လက်ရှိသုံးစွဲနေရသည့် အင်တာနက်လိုင်းသည် ဂြိုလ်တုဖြင့်ချိတ်ဆက်ပြီး သုံးနေရသည့်အတွက် တစ်နာရီလျှင် (၃)ဦးသာ သုံးခွင့်ပြုထားကြောင်းလည်း သိရသည်။

“မနက် ဆိုင်ဖွင့်ကတည်းကနေ ညနေဆိုင်ပိတ်တဲ့ထိ လူပြတ်တယ်ကို မရှိဘူး။ တစ်ခါတစ်လေကျရင် ကိုယ်သုံးမယ်ဆိုပြီး သွားတဲ့ချိန် လူပြည့်နေပြီဆိုရင် ၁နာရီလောက်ထပ်စောင့်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် အင်တာနက်သုံးခွင့်ရသော်လည်း Viber နှင့် Messenger သာ သေချာသုံးခွင့်ရကြောင်း Facebook ၊ Telegram များတွင် နိုင်ငံရေးနှင့်ဆိုင်သည့် ပိုစ်များတင်ခွင့်မရှိကြောင်းလည်း သိရသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း အချို့နေရာများတွင် Mytel card ဖြင့် လိုင်းသုံးခွင့်ရသော်လည်း ယခင်ကဲ့သို့ လိုင်းစွဲအား ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်သည် ၂၀၁၅ ခုနှစ်မှစကာ အင်တာနက်သုံးစွဲခွင့်ရခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဩဂုတ်လ (၂၀) ရက်နေ့မှစကာ အင်တာနက်လိုင်းများ ပြန်လည်ဖြတ်တောက်ခံထားရသည့် မြို့ဖြစ်သည်။

Read Previous

ကွတ်ခိုင် သိန္နီကြား ဓားပြတိုက်နေသူ ၆ ဦး ဖမ်းဆီးခံရ

Read Next

မြန်မာ ငွေစျေး ကျဆင်းတာကြောင့် တရုတ် နယ်စပ် ကုန်သည်အချို့ လုပ်ငန်း ရပ်နားထားရ

Leave a Reply

Your email address will not be published. Required fields are marked *