ပူတာအိုသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရောက်လာ

ကချင်ပြည်နယ် ပူတာအိုဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ရောက်လာခြင်းမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သာ ရောက်လာခဲ့သည်ဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့် ပူတာအိုသို့ ရောက်လာခဲ့ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသသို့ ရောက်ရှိနေကြောင်း နီးစပ်ရာ ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “စစ်ကောင်စီ ဥက္ကဋ္ဌ ရောက်မလာဘူး။ နယ်စပ်ရေးရာဝန်ကြီးသာ ရောက်လာတယ်။ အခု နောင်မွန်နဲ့ ခေါင်လန်ဖူးဘက်ကို နေ့ချင်း ရောက်နေတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ပူတာအိုဒေသသို့ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်အစောပိုင်းက ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်ကို ပူတာအို … Continue reading ပူတာအိုသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရောက်လာ