သတင်း

ပူတာအိုသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရောက်လာ

ကချင်ပြည်နယ် ပူတာအိုဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ရောက်လာခြင်းမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သာ ရောက်လာခဲ့သည်ဟု သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့် ပူတာအိုသို့ ရောက်လာခဲ့ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသသို့ ရောက်ရှိနေကြောင်း နီးစပ်ရာ ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်ကောင်စီ ဥက္ကဋ္ဌ ရောက်မလာဘူး။ နယ်စပ်ရေးရာဝန်ကြီးသာ ရောက်လာတယ်။ အခု နောင်မွန်နဲ့ ခေါင်လန်ဖူးဘက်ကို နေ့ချင်း ရောက်နေတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ပူတာအိုဒေသသို့ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်အစောပိုင်းက ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်ကို ပူတာအို PDF က တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင် ရောက်လာပါက ပစ်ခတ်မှုပြုလုပ်သွားမည်ဟု PutaO PDF က လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး ၁၉ ရက်နေ့တွင် ပူတာအိုသို့ သွားရောက်ရန်စီစဥ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ ခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button