သယံဇာတတူးဖော်မှုများ ဆက်လက်ရပ်နားမည်ဟု စစ်ကောင်စီထုတ်ပြန်သော်လည်း မြေပြင်တွင် ဆက်လက်တူးဖော်နေ

သဘာဝသယံဇာတ ကျောက်စိမ်းရိုင်းတူးဖော်ရေးလုပ်ငန်းကို ဆက်လက်ရပ်နားထားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း ဖားကန့်ဒေသတွင်မူ ဒေသလိုအပ်ချက်အရ မိုးရာသီကုန်လျှင် တူးဖော်မှု ပိုမိုများလာနိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ “အစိုးရဆိုတာလည်း မရှိတာကြောင့် တာဆီးမယ်ဆိုလည်း အားလုံးသိသလို စစ်တပ်က တရားဝင်အစိုးရလည်း မဟုတ်တာကြောင့် အစိုးရလို ဘယ်သူမှ လက်ခံတာကြောင့် သူတို့ရဲ့ ကြေညာချက် ၊ ထုတ်ပြန်ချက်တွေက ဘာမှအသုံးမဝင်ဘူး။ လုပ်နေကြတယ်။ ကျောက်ကြောရှိတဲ့ လုပ်ကွက်မှန်သမျှ တူးနေကြတာပဲ။” ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်တပ်၏ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ကျောက်မျက်သယံဇာတကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် နှင့် ကိုဗစ်ရောဂါမှ ကာကွယ်နိုင်ရန် ဖားကန့်၊ လုံးခင်း၊ မှော်လူး၊ မှော်ဟန် စသည့် ရတနာနယ်မြေများရှိ လုပ်ငန်းအားလုံး ရပ်နားထားရန် ထုတ်ပြန်ထားသည်။ … Continue reading သယံဇာတတူးဖော်မှုများ ဆက်လက်ရပ်နားမည်ဟု စစ်ကောင်စီထုတ်ပြန်သော်လည်း မြေပြင်တွင် ဆက်လက်တူးဖော်နေ