ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲ ကြုံနေရ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ကုန်စည်ကား သွားလာမှု နည်းပါးလာခြင်းကြောင့် ကုန်ဈေးနှုန်း ပိုမို မြင့်တက်လာကြောင်း စျေးရောင်းနေသူများထံမှ သိရသည်။ “ဇူလိုင်လကနေထင်တယ် ဈေးတွေတက်လာလိုက်တာ။ ကိုယ်ကရောင်းတဲ့သူဆိုတော့ ပိုပြီးတောင် စိတ်ညစ်ရတယ်။ တစ်ဆင့်ဖောက်သည်ဈေးယူတာ ဈေးကကြီးနေပြီ အမြတ်ပြန်တင်ရောင်း ၃၀၀-၅၀၀ မြတ်ပေါ့။ ဟိုဘက်ကမ်း ရှဒေါင် နဲ့ မိုင်းနားဘက်ကနေ ယူရောင်းတာ ကားကအရင်လို အဝင်အထွက် သိပ်မရှိတော့ဘူး။ အရင်ဈေးထက်တော့ ၂ ဆလောက်ကွာ တတ်သွားတယ်။ ဖောက်သည်ဈေးယူကတည်းက ကို ဈေးက တတ်နေပြီ။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့ပေါ်တွင် ယခင်က ငွေတိုး-ဆန် တစ်အိတ် ၃ သောင်းစျေး လက်ရှိ ၄သောင်းကျော်နေပြီ၊ ဆီ ၁ ပိဿာယခင်က ၆ ထောင် ယခု ၉ထောင်ကျော် … Continue reading ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲ ကြုံနေရ