စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “သူတို့ခေါ်လို့ သွားဖြစ်ကြတာပါ။ အစည်းအဝေးမှာက စစ်ရှောင်တွေနေရပ်ပြန်ဖို့ ပြန်ပြီးလုပ်ဆောင်ရအောင်။ အရင်လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေပြန်လုပ်ဖို့နဲ့ အတူအားလုံးပါဝင်ဆောင်ရွက်ပေးဖို့ ပြောဆိုတယ်။ နေရပ်ပြန်တဲ့အခါမှာလည်း စစ်ရှောင်တွေ ဘေးကင်းလုံခြုံအောင်။ နောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားဖို့။ အဓိက ဒီအချက်တွေဘဲ … Continue reading စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့