ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။ “မနေ့ညစပြီး ပိုးတွေ့လူနာက သိသိသာသာ ပိုများလာသည့်အတွက် ဒီနေ့ကစပြီးတော့ တစ်မြို့လုံး Lockdown ပြန်သတ်မှတ်ထားလိုက်တာဟုတ်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ပိုးတွေ့တဲ့သူ တစ်ဦးစ နှစ်ဦးစရှိလာပြီ” ဟု ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ကပြောသည်။ လက်ရှိ လိုင်ဇာမြို့တွင်း ပိုးတွေ့လူနာများနေပြီး ရပ်ကွက်တိုင်း ကူးစက်မှုပျံ့နေသည့်အပြင် ဝေကျိုင်နှင့် ရပ်ကွက် (၁) တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် နေရာအနှံမှ လာရောက်ခိုလှုံသူ … Continue reading ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်