လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်လိုက်ကြောင်း COVID-19 Operation Team မှ သိရပါတယ်။ “မနက်ဖြန် နိုဝင်ဘာ ၄ ရက် နေ့ကစပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးများဖြစ်တဲ့ မြို့မဈေး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး၊ လားရှိုးကြီးဈေးတွေမှာ ဆေးဝါးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းကုန်ခြောက်၊ သားငါးဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာ” လို့ COVID-19 Operation Team တာဝန်ရှိ တစ်ဦးက ပြောပါတယ်။ ဈေးဖွင့်ချိန်ကတော့ မနက် ၇ နာရီ ကနေ နေ့လည် ၁၂ ထိသာ ဖွင့်လှစ် ရောင်းချရမယ်လို့ ဆိုပါတယ်။ ပိုးတွေ့လူနာ လျော့နည်းသွားချိန်မှ  လူသုံးကုန်၊ အလှကုန်နဲ့ အထည်အလိပ်ဆိုင်တွေကို ပုံမှန်အတိုင်း … Continue reading လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်